ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.9
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
ထန်းသမားဘွဲ့ တျာချင်း
0
1434
22252
4790
2026-07-05T03:50:32Z
Nay Min Khant750
783
/* */ စာလုံးပေါင်းပြင်ဆင်ခြင်း
22252
wikitext
text/x-wiki
{{header
| title = ထန်းသမားဘွဲ့ တျာချင်း
| author = ဝန်ကြီး ပဒေသရာဇာ
| translator =
| section =
| previous =
| next =
| year =
| notes =
|portal =
}}
<poem>နွေဦးကာလ မြူထသောခါ၊
ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊
ဓားနှီးထက်စွာ ခါးမှာချပ်လျက်၊
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေဝေ၊
စင်အောင်ခုတ်ထစ် နုမျစ်ကယ်ထန်းဦးရေ၊
မယားငယ်ဆွေ ထန်းရည်သိမ်းဆည်း၊
သားမြေးဟစ်ကြော် ခွေးဝက်ကယ်ခေါ်၊
ထန်းလျှော်သာယုန်ပိုက်စည်းငယ်နှင့်လေး။
ခေါ်သံရိုက်ဟည်း လူလည်းကြော်ငြာ၊
ခွေးဟစ်လူဟစ် ခတ်ပစ်ကယ်ခြောက်သောခါ၊
ပုတက်ယုန်ခါ တောမှာရှိကြ၊
ငုံးကြက်ကယ်ဖွတ်မြွေ ဝံပုလွေ၊
မနေထွက်လာကြသည်တည့်လေး။
ဝမ်းသာအားရ မယားကတစ်သွယ်၊
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်၊
လင်ကတစ်သွယ် ယုန်ငယ်ကစ၊
တောသတ္တဝါ တွေ့တိုင်းကိုသာ၊
အိတ်မှာသာယူ၍ချသည်နှင့်လေး။
သို့နှင့်ရောက်က ခဏအောင့်လျှင်၊
တံစို့ထက်နှင့် ထန်းလျက်ဖိုမှာကင်၊
ဟင်းအိုးဆူလျှင် အကင်ခပ်ပြီး၊
အိုးကင်းနှင့်လှော် ရေနှင့်ကြော်၊
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။
နှီးဒေါင်းလန်းကြီး ခူးပြီးသောခါ၊
သမီးနှင့်သား များလို့မဝင်သာ၊
ဒူးတစ်ဖက်ဟာ တွန်းကာဖယ်လျက်၊
သူ့ထက်ငါလေ စားတော့မည်စေ၊
စပေသာလှအုန်းခွက်ကယ်နှင့်လေး။
ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်။
ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။
</poem>
{{PD-old}}
[[Category:မြန်မာကဗျာများ]]
[[Category:ညောင်ရမ်းခေတ်]]
[[Category:မြန်မာဘာသာ]]
[[Category:တျာချင်း]]
mrd0xx6w9959cqlfv91cuatmb250asm