ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.47.0-wmf.10 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk ကူညီတတ်သော ခွေးလိမ္မာ -ဆရာ 0 865 22255 2928 2026-07-09T16:26:52Z Tejinda 173 22255 wikitext text/x-wiki {{header | title = ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) | author = ဓမ္မစကူးလ်ဖောင်ဒေးရှင်း | override_author = | editor = | translator = | contribuor = | override_contributor = | section = သင်ခန်းစာ (၂၁) ကူညီတတ်သော ခွေးလိမ္မာ [[ကူညီတတ်သော ခွေးလိမ္မာ|(ကျောင်းသားကိုင်သို့)]] | previous = [[ဆရာ ဆရာမကို ရိုသေမယ် -ဆရာ|သင်ခန်းစာ (၂ဝ) ဆရာ ဆရာမကို ရိုသေမယ်]] | previous2 = | next = [[အလှူရှင်လေးများ -ဆရာ|သင်ခန်းစာ (၂၂) အလှူရှင်လေးများ]] | next2 = | year = | notes = | edition = | categories = ဓမ္မစကူးလ် | shortcut = | portal = }}
သင်ခန်းစာ (၂၁)

ကူညီတတ်သော ခွေးလိမ္မာ

သင်ယူမှုဦးတည်ချက်  ။ ။ သံဃာတော်များအား ကူညီလုပ်ဆောင်ပေးရမည်ကို သိရှိစေရန်။

စာသင်ချိန် (၁)  ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ကူညီတတ်သော ခွေးလိမ္မာဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ခွေးလိမ္မာလေး၏ ကုသိုလ်ပြုပုံ ရုပ်ပုံများကို ပြပြီး “ဘုန်းကြီးတွေကို ကူညီဖူးလား၊ “ဘုန်းကြီးတွေကို ကူညီရတာပျော်လား” စသည်ဖြင့် ကလေးများကို မေးမြန်းပြီး စာသင်ချိန်ကို စတင်ပါ။

֍ထို့နောက် “အခု ဆရာက ခွေးလိမ္မာလေးတစ်ကောင်အကြောင်း ပြောပြမယ်”ဟု အစချီပြီး ဟန်အမူအရာဖြင့် အောက်ပါ ကူညီတတ်သော ခွေးလိမ္မာဇာတ်လမ်းကို ပြောပြပါ။

ကူညီတက်သော ခွေးလိမ္မာ

ဟိုးရှေးရှေးတုန်းက ရွာလေးတစ်ရွာမှာ နွားကျောင်းသားလေး တစ်ယောက်ရှိ တယ်။ အဲဒီနွားကျောင်းသားလေးမှာ အလွန်လိမ္မာတဲ့ ခွေးလေးတစ်ကောင် ရှိတယ်။ နွားကျောင်းသားလေးက အဲဒီခွေးလေးကို သူသွားလေရာ အမြဲခေါ်ဆောင်သွားလေ့ရှိတယ်။
<ref group=သတိပြုရန်>ပစ္စေကဗုဒ္ဓါ (ပစ်စေက ဗုဒ်ဓါ) ဟု အသံထွက်ပါ။</ref>
တစ်နေ့တော့ အဲဒီရွာလေးကို ပစ္စေကဗုဒ္ဓါတစ်ပါး ကြွလာတယ်။ ပစ္စေကဗုဒ္ဓါဟာ <ref>ပစ္စေကဗုဒ္ဓါ (ပစ်စေကဗုဒ်ဓါ)ဟု အသံထွက်ပါ။</ref> ကြည်ညိုဖွယ်ရာ ရုပ်အဆင်း၊ လေးစားဖွယ်ရာ သီလနဲ့ ပြည့်စုံလို့ နွားကျောင်းသားလေးက အလွန်ကြည်ညိုသွားတယ်။ ဒါကြောင့် ရွာနဲ့မနီးမဝေးမှာ ဝါတွင်းသုံးလ သီတင်းသုံး နေထိုင်ဖို့ လျှောက်ထားတောင်းပန်ခဲ့တယ်။ ဆွမ်းကိုလည်း မိမိကပင် တာဝန်ယူ လှူဒါန်း လိုတဲ့အကြောင်း လျှောက်ထားတယ်။ ပစ္စေကဗုဒ္ဓါလည်း နွားကျောင်းသားလေးရဲ့ လျှောက်ထားချက်ကို လက်ခံခဲ့တယ်။ ပြီးတော့ နွားကျောင်းသားလေးတဲနဲ့ မနီးမဝေး တောအုပ်တစ်ခုမှာ သီတင်းသုံး နေထိုင်ခဲ့တယ်။

နွားကျောင်းသားလေးဟာ ပစ္စေကဗုဒ္ဓါကို သွားရောက်ပင့်တဲ့အခါတိုင်း ခွေးငယ် လေးကို ခေါ်ဆောင်သွားတတ်တယ်။ အဲဒီလိုသွားတဲ့အခါမှာ တောအုပ်ထဲကနေ သွားရ တာဆိုတော့ လမ်းခရီးမှာ သစ်ပင်ချုံပုတ်တွေတွေ့ ရင် ကျားတွေ၊ ခြင်္သေ့တွေစတဲ့ သားရဲ တိရစ္ဆာန်တွေ ရန်မပြုဘဲ ထွက်ပြေးသွားအောင် တုတ်နဲ့ ခြောက်လှန့်ပုတ်ခတ်လေ့ရှိတယ်။ အဲဒီလို နွားကျောင်းသားလေးက တုတ်နဲ့ ခြောက်လှန့်ပုတ်ခတ်တာတွေကို ခွေးငယ်လေး ကလည်း သေချာမှတ်ထားတယ်။

တစ်နေ့မှာ နွားကျောင်းသားလေးက ပစ္စေကဗုဒ္ဓါကို “တပည့်တော် မအားလပ်တဲ့ နေ့တွေမှာ ခွေးငယ်ကို အကြိုလွှတ်လိုက်ပါမယ်၊ ခွေးငယ် ရောက်လာပြီဆိုရင် တပည့် တော်အိမ်ကို ဆွမ်းခံကြွရောက်တော်မူပါဘုရား”လို့ မှာကြားလျှောက်ထားခဲ့တယ်။ အဲဒီ လို မှာကြားပြီးနောက်ပိုင်း နွားကျောင်းသားလေးဟာ သူ မအားလပ်တဲ့နေ့တွေမှာ သူ့ရဲ့ ခွေးလိမ္မာလေးကို ခေါင်းလေးပွတ်ပြီး “ချစ်သား ဘုန်းဘုန်းကို သွားပင့်လိုက်ပါဦး”လို့ ပြောပြီး ဆွမ်းခံကြွဖို့ ပင့်ခိုင်းလေ့ရှိပါတယ်။ ခွေးလိမ္မာလေးကလည်း ဆွမ်းခံချိန်ရောက်တဲ့ အခါတိုင်း အိမ်ကနေ ပျော်ရွှင်မြူးတူးစွာ ထွက်သွားပြီး ပစ္စေကဗုဒ္ဓါရဲ့ ခြေရင်းမှာ သွားသွား ဝပ်နေတတ်တယ်။ ခွေးလိမ္မာလေး အခုလို ရောက်လာပြီဆိုရင် ပစ္စေကဗုဒ္ဓါကလည်း ဆွမ်းခံကြွဖို့ လာပင့်တယ်ဆိုတာကို သိသွားတယ်။

အဲဒီလို ခွေးလိမ္မာလေးရောက်လာပြီဆိုတာနဲ့ ပစ္စေကဗုဒ္ဓါကလည်း နွားကျောင်းသား လေးရဲ့အိမ်ကို ဆွမ်းခံကြွတော်မူပါတယ်။ ခွေးလိမ္မာလေးဟာ သူ့သခင် နွားကျောင်းသား လေး ကျားတွေ၊ ခြင်္သေ့တွေစတဲ့ သားရဲတိရစ္ဆာန်တွေ ထွက်ပြေးသွားအောင် . သစ်ပင် ချုံပုတ်တွေကို ပုတ်ခတ်ရိုက်နှက်တဲ့နေရာတွေကို ရောက်ပြီဆိုရင် အသံအကျယ်ကြီး ဟောင်တတ်တယ်။ ကျားတွေ၊ ခြင်္သေ့တွေ စတဲ့ သားရဲတိရစ္ဆာန်တွေကလည်း ခွေးဟောင် သံ အကျယ်ကြီးကြားတော့ ကြောက်ပြီး ပြေးလွှားသွားကြတယ်။ အဲဒီတော့ ပစ္စေကဗုဒ္ဓါ လည်း နွားကျောင်းသားလေးရဲ့ အိမ်ကို ဘေးမသီရန်မခဘဲ ကြွလာနိုင်တယ်။ ပစ္စေကဗုဒ္ဓါ ဟာ နွားကျောင်းသားလေးရဲ့ အိမ်မှာ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ ခွေးလိမ္မာလေးကိုလည်း ကျွေးမွေးလေ့ရှိတယ်။ ခွေးလိမ္မာလေးကလည်း သူ့ကိုကျွေးမွေးတဲ့ အရှင်မြတ်ကို အရင် ကထက် ပိုပြီး ခင်မင်လာခဲ့တယ်။ အဲဒီလို ခွေးလေးက သိပ်လိမ္မာတော့ ပစ္စေကဗုဒ္ဓါနဲ့ သူ့သခင် နွားကျောင်းသားလေးတို့ဟာ ခွေးလိမ္မာလေးကို အလွန်ချစ်ကြတယ်။ ရွာသူ ရွာသားတွေကလည်း ခွေးကလေးရဲ့ လိမ္မာပုံကို ချီးကျူးစကားဆိုပြီး ဝိုင်းချစ်ကြပါတယ်။

ဒီလိုနဲ့ ခွေးလိမ္မာလေးဟာ သူ့သခင် နွားကျောင်းသားနဲ့အတူ ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်စွာ နေသွားခဲ့တယ်။ အဲဒီလို လိမ်လိမ်မာမာနဲ့ ပစ္စေကဗုဒ္ဓါကို ဘေးရန်ကင်း အောင်အသံနဲ့ ကူညီပေးခဲ့တဲ့အတွက် နောက်ဘဝမှာ အသံအလွန်ကောင်းတဲ့ နတ်သား လေးတစ်ပါး ဖြစ်သွားခဲ့တယ်။

မှီငြမ်း ။ ။ [[သာမာဝတီဝတ္ထု]]။ ဓမ္မပဒဝတ္ထု မြန်မာပြန်၊ ပထမတွဲ၊ ၂၃၁။ ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၁ဝ၃။

ဆရာသိစေရန်
<ref group=သတိပြုရန်>ကလေးများအား ပစ္စေက ဗုဒ္ဓါဆိုသည်မှာ “ဘုရား ငယ်” ဟုသာ ရှင်းပြရန်။</ref>
ဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓါနှစ်မျိုးကို မြန်မာဘာသာဖြင့် ဘုရားဟု ခေါ်ဆိုနိုင်သည်။ ပါရမီဖြည့် ကျင့်ရာ အချိန်ကာလအားဖြင့် ထက်ဝက်မျှ ကွာခြားသကဲ့သို့ ဂုဏ်အရည်အချင်းအားဖြင့် လည်း အဆများစွာ ကွာခြားကြသည်။ ဘုရားရှင်တို့သည် သစ္စာလေးပါးကို မိမိတို့ကိုယ် တိုင် သိမြင်ပြီးလျှင် သူတစ်ပါးတို့ကိုလည်း သိမြင်အောင် ဟောပြနိုင်သည်။ ပစ္စေကဗုဒ္ဓါ တို့သည် မိမိကိုယ်တိုင် သစ္စာလေးပါးတရားတို့ကို သိသော်လည်း သူတစ်ပါးတို့ကို သိမြင်အောင် မဟောပြနိုင်ချေ။ ဥပမာအားဖြင့် စကားမပြောတတ်သူ လူအသည် အိပ်မက်၌ တွေ့ မြင်ရသောအကြောင်းအရာတို့ကို ပြန်မပြောပြနိုင်သကဲ့သို့ ဖြစ်ပါသည်။

ကျမ်းညွှန်း - တိပိအဘိဓာန်၊ ပဝဂ်၊ အတွဲ - ၁၃၊ ၃၃၀။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါ မေးခွန်းများ မေးပါ။

-သားတို့၊ သမီးတို့ အိမ်မှာရော ခွေးလိမ္မာလေးတွေ ရှိသလား။ (ဖြေချင်သော ကလေးအားလုံး ဖြေကြပါစေ။)
-ဇာတ်လမ်းထဲကလို ခွေးလိမ္မာလေးတွေကို မြင်ဖူးသလား။
-ဇာတ်လမ်းထဲက ခွေးလိမ္မာလေးဟာ ပစ္စေကဗုဒ္ဓါကို ဘယ်လို ကူညီသလဲ။
-ခွေးလိမ္မာလေးဟာ နောက်ဘဝမှာ ဘာဖြစ်သွားလဲ၊ ဘာကြောင့်လဲ။

֍ထို့နောက် ဇာတ်လမ်းကို လိုအပ်သလို အနှစ်ချုပ်ပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ခွေးလိမ္မာလေး၏ ကုသိုလ်ပြုပုံရုပ်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ခွေးလိမ္မာလေး၏ ကုသိုလ်ပြုပုံ ရုပ်ပုံများကို ဆေးရောင်ခြယ်ကြပါစေ။

֍ဆေးရောင်ခြယ်ပြီးသောအခါ ကလေးများအချင်းချင်း ပြပါစေ။

֍ကလေးများ၏ ပန်းချီပုံများ လှကြောင်း၊ တော်ကြောင်း ချီးကျူးပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ခွေးလိမ္မာလေး၏ ကုသိုလ်ကဗျာနှင့် ရုပ်ပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ခွေးလိမ္မာလေး၏ ကုသိုလ်ပြုပုံ ရုပ်ပုံများကို ပြလျက် အောက်ပါကဗျာကို အသံနေ အသံထား ဟန်အမူအရာဖြင့် ရွတ်ဆိုပြပါ။

ခွေးလိမ္မာလေး၏ကုသိုလ်

နွားကျောင်းသားလေး သွားလေရာ၊
ခွေးလိမ္မာလေး အမြဲပါ။
ပစ္စေကဗုဒ္ဓါ အပင့်သွား၊
နေ့စဉ် သူလိုက်သွား။
သားရဲတိရစ္ဆာန် အန္တရာယ်၊
အသံပေးလို့ သူကာကွယ်။
လမ်းမှန်ပြကာ သတိပေး၊
ကုသိုလ်ယူတဲ့ ခွေးကလေး။

֍ကဗျာရွတ်ဆိုပြီးသောအခါ ကူညီတတ်သော ခွေးလိမ္မာ ဇာတ်လမ်းကို ပြန်လည် အမှတ်ရစေပြီး ခွေးလိမ္မာလေး၏ ကုသိုလ်ပြုပုံ ရုပ်ပုံကို ၁၀-စက္ကန့်ခန့် ပြထားပါ။

֍ထို့နောက် ပန်းချီကားကို ဖုံး/ဝှက်ထားပြီး “ပုံထဲက ဘယ်နှစ်ခု မှတ်မိသလဲ”ဟု မေးမြန်းပါ။

֍၃-ခု မှတ်မိသူ လက်ထောင်၊ ၄-ခု မှတ်မိသူ လက်ထောင် စသည်ဖြင့် မေး၍ ဖြေစေပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဘုန်းကြီးတွေကို တွေ့ ဖူးလား”၊ “ဆရာလေးတွေကိုရော တွေ့ ဖူးလား”ဟု မေးမြန်း ပြီး စာသင်ချိန်ကို စတင်ပါ။

֍“ဘုန်းကြီးနှင့် ဆရာလေးဆိုတာ ဘယ်လိုမျိုးလဲ၊ ဘာတွေ လုပ်တတ်သလဲ စသည် တို့ကို ရှင်းပြပါ။

֍ထို့နောက် ကလေးများကို သင့်လျော်သလို (၈) ယောက်ခန့်စီပါသော အုပ်စုဖွဲ့ပါ။

֍ကလေးများကို အုပ်စုလိုက် ဝိုင်းထိုင်စေပြီး “ဘုန်းဘုန်း သို့မဟုတ် ဆရာလေးတွေကို တွေ့ ရင် ဘယ်လို ကူညီပေးချင်သလဲဟူသော မေးခွန်းကို ဆွေးနွေးကြပါစေ။

֍အနည်းဆုံး (၃) ချက်ခန့်စီ ရအောင် စဉ်းစားကြစေပြီး အုပ်စုကိုယ်စားလှယ်က အတန်းသား အားလုံးကြားအောင် ပြန်လည်ပြောပြရမည်။
{{reflist|group=သတိပြုရန်}} [[Category:ဓမ္မစကူးလ်]] [[Category:ယဉ်ကျေးလိမ္မာ]] [[Category:မြန်မာဘာသာ]] fgt0vhnc3hz4e3otovg80mvbev69lx3 22256 22255 2026-07-09T16:28:36Z Tejinda 173 22256 wikitext text/x-wiki {{header | title = ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) | author = ဓမ္မစကူးလ်ဖောင်ဒေးရှင်း | override_author = | editor = | translator = | contribuor = | override_contributor = | section = သင်ခန်းစာ (၂၁) ကူညီတတ်သော ခွေးလိမ္မာ [[ကူညီတတ်သော ခွေးလိမ္မာ|(ကျောင်းသားကိုင်သို့)]] | previous = [[ဆရာ ဆရာမကို ရိုသေမယ် -ဆရာ|သင်ခန်းစာ (၂ဝ) ဆရာ ဆရာမကို ရိုသေမယ်]] | previous2 = | next = [[အလှူရှင်လေးများ -ဆရာ|သင်ခန်းစာ (၂၂) အလှူရှင်လေးများ]] | next2 = | year = | notes = | edition = | categories = ဓမ္မစကူးလ် | shortcut = | portal = }}
သင်ခန်းစာ (၂၁)

ကူညီတတ်သော ခွေးလိမ္မာ

သင်ယူမှုဦးတည်ချက်  ။ ။ သံဃာတော်များအား ကူညီလုပ်ဆောင်ပေးရမည်ကို သိရှိစေရန်။

စာသင်ချိန် (၁)  ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ကူညီတတ်သော ခွေးလိမ္မာဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ခွေးလိမ္မာလေး၏ ကုသိုလ်ပြုပုံ ရုပ်ပုံများကို ပြပြီး “ဘုန်းကြီးတွေကို ကူညီဖူးလား၊ “ဘုန်းကြီးတွေကို ကူညီရတာပျော်လား” စသည်ဖြင့် ကလေးများကို မေးမြန်းပြီး စာသင်ချိန်ကို စတင်ပါ။

֍ထို့နောက် “အခု ဆရာက ခွေးလိမ္မာလေးတစ်ကောင်အကြောင်း ပြောပြမယ်”ဟု အစချီပြီး ဟန်အမူအရာဖြင့် အောက်ပါ ကူညီတတ်သော ခွေးလိမ္မာဇာတ်လမ်းကို ပြောပြပါ။

ကူညီတက်သော ခွေးလိမ္မာ

ဟိုးရှေးရှေးတုန်းက ရွာလေးတစ်ရွာမှာ နွားကျောင်းသားလေး တစ်ယောက်ရှိ တယ်။ အဲဒီနွားကျောင်းသားလေးမှာ အလွန်လိမ္မာတဲ့ ခွေးလေးတစ်ကောင် ရှိတယ်။ နွားကျောင်းသားလေးက အဲဒီခွေးလေးကို သူသွားလေရာ အမြဲခေါ်ဆောင်သွားလေ့ရှိတယ်။
<ref group=သတိပြုရန်>ပစ္စေကဗုဒ္ဓါ (ပစ်စေက ဗုဒ်ဓါ) ဟု အသံထွက်ပါ။</ref>
တစ်နေ့တော့ အဲဒီရွာလေးကို ပစ္စေကဗုဒ္ဓါတစ်ပါး ကြွလာတယ်။ ပစ္စေကဗုဒ္ဓါဟာ ကြည်ညိုဖွယ်ရာ ရုပ်အဆင်း၊ လေးစားဖွယ်ရာ သီလနဲ့ ပြည့်စုံလို့ နွားကျောင်းသားလေးက အလွန်ကြည်ညိုသွားတယ်။ ဒါကြောင့် ရွာနဲ့မနီးမဝေးမှာ ဝါတွင်းသုံးလ သီတင်းသုံး နေထိုင်ဖို့ လျှောက်ထားတောင်းပန်ခဲ့တယ်။ ဆွမ်းကိုလည်း မိမိကပင် တာဝန်ယူ လှူဒါန်း လိုတဲ့အကြောင်း လျှောက်ထားတယ်။ ပစ္စေကဗုဒ္ဓါလည်း နွားကျောင်းသားလေးရဲ့ လျှောက်ထားချက်ကို လက်ခံခဲ့တယ်။ ပြီးတော့ နွားကျောင်းသားလေးတဲနဲ့ မနီးမဝေး တောအုပ်တစ်ခုမှာ သီတင်းသုံး နေထိုင်ခဲ့တယ်။

နွားကျောင်းသားလေးဟာ ပစ္စေကဗုဒ္ဓါကို သွားရောက်ပင့်တဲ့အခါတိုင်း ခွေးငယ် လေးကို ခေါ်ဆောင်သွားတတ်တယ်။ အဲဒီလိုသွားတဲ့အခါမှာ တောအုပ်ထဲကနေ သွားရ တာဆိုတော့ လမ်းခရီးမှာ သစ်ပင်ချုံပုတ်တွေတွေ့ ရင် ကျားတွေ၊ ခြင်္သေ့တွေစတဲ့ သားရဲ တိရစ္ဆာန်တွေ ရန်မပြုဘဲ ထွက်ပြေးသွားအောင် တုတ်နဲ့ ခြောက်လှန့်ပုတ်ခတ်လေ့ရှိတယ်။ အဲဒီလို နွားကျောင်းသားလေးက တုတ်နဲ့ ခြောက်လှန့်ပုတ်ခတ်တာတွေကို ခွေးငယ်လေး ကလည်း သေချာမှတ်ထားတယ်။

တစ်နေ့မှာ နွားကျောင်းသားလေးက ပစ္စေကဗုဒ္ဓါကို “တပည့်တော် မအားလပ်တဲ့ နေ့တွေမှာ ခွေးငယ်ကို အကြိုလွှတ်လိုက်ပါမယ်၊ ခွေးငယ် ရောက်လာပြီဆိုရင် တပည့် တော်အိမ်ကို ဆွမ်းခံကြွရောက်တော်မူပါဘုရား”လို့ မှာကြားလျှောက်ထားခဲ့တယ်။ အဲဒီ လို မှာကြားပြီးနောက်ပိုင်း နွားကျောင်းသားလေးဟာ သူ မအားလပ်တဲ့နေ့တွေမှာ သူ့ရဲ့ ခွေးလိမ္မာလေးကို ခေါင်းလေးပွတ်ပြီး “ချစ်သား ဘုန်းဘုန်းကို သွားပင့်လိုက်ပါဦး”လို့ ပြောပြီး ဆွမ်းခံကြွဖို့ ပင့်ခိုင်းလေ့ရှိပါတယ်။ ခွေးလိမ္မာလေးကလည်း ဆွမ်းခံချိန်ရောက်တဲ့ အခါတိုင်း အိမ်ကနေ ပျော်ရွှင်မြူးတူးစွာ ထွက်သွားပြီး ပစ္စေကဗုဒ္ဓါရဲ့ ခြေရင်းမှာ သွားသွား ဝပ်နေတတ်တယ်။ ခွေးလိမ္မာလေး အခုလို ရောက်လာပြီဆိုရင် ပစ္စေကဗုဒ္ဓါကလည်း ဆွမ်းခံကြွဖို့ လာပင့်တယ်ဆိုတာကို သိသွားတယ်။

အဲဒီလို ခွေးလိမ္မာလေးရောက်လာပြီဆိုတာနဲ့ ပစ္စေကဗုဒ္ဓါကလည်း နွားကျောင်းသား လေးရဲ့အိမ်ကို ဆွမ်းခံကြွတော်မူပါတယ်။ ခွေးလိမ္မာလေးဟာ သူ့သခင် နွားကျောင်းသား လေး ကျားတွေ၊ ခြင်္သေ့တွေစတဲ့ သားရဲတိရစ္ဆာန်တွေ ထွက်ပြေးသွားအောင် . သစ်ပင် ချုံပုတ်တွေကို ပုတ်ခတ်ရိုက်နှက်တဲ့နေရာတွေကို ရောက်ပြီဆိုရင် အသံအကျယ်ကြီး ဟောင်တတ်တယ်။ ကျားတွေ၊ ခြင်္သေ့တွေ စတဲ့ သားရဲတိရစ္ဆာန်တွေကလည်း ခွေးဟောင် သံ အကျယ်ကြီးကြားတော့ ကြောက်ပြီး ပြေးလွှားသွားကြတယ်။ အဲဒီတော့ ပစ္စေကဗုဒ္ဓါ လည်း နွားကျောင်းသားလေးရဲ့ အိမ်ကို ဘေးမသီရန်မခဘဲ ကြွလာနိုင်တယ်။ ပစ္စေကဗုဒ္ဓါ ဟာ နွားကျောင်းသားလေးရဲ့ အိမ်မှာ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ ခွေးလိမ္မာလေးကိုလည်း ကျွေးမွေးလေ့ရှိတယ်။ ခွေးလိမ္မာလေးကလည်း သူ့ကိုကျွေးမွေးတဲ့ အရှင်မြတ်ကို အရင် ကထက် ပိုပြီး ခင်မင်လာခဲ့တယ်။ အဲဒီလို ခွေးလေးက သိပ်လိမ္မာတော့ ပစ္စေကဗုဒ္ဓါနဲ့ သူ့သခင် နွားကျောင်းသားလေးတို့ဟာ ခွေးလိမ္မာလေးကို အလွန်ချစ်ကြတယ်။ ရွာသူ ရွာသားတွေကလည်း ခွေးကလေးရဲ့ လိမ္မာပုံကို ချီးကျူးစကားဆိုပြီး ဝိုင်းချစ်ကြပါတယ်။

ဒီလိုနဲ့ ခွေးလိမ္မာလေးဟာ သူ့သခင် နွားကျောင်းသားနဲ့အတူ ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်စွာ နေသွားခဲ့တယ်။ အဲဒီလို လိမ်လိမ်မာမာနဲ့ ပစ္စေကဗုဒ္ဓါကို ဘေးရန်ကင်း အောင်အသံနဲ့ ကူညီပေးခဲ့တဲ့အတွက် နောက်ဘဝမှာ အသံအလွန်ကောင်းတဲ့ နတ်သား လေးတစ်ပါး ဖြစ်သွားခဲ့တယ်။

မှီငြမ်း ။ ။ [[သာမာဝတီဝတ္ထု]]။ ဓမ္မပဒဝတ္ထု မြန်မာပြန်၊ ပထမတွဲ၊ ၂၃၁။ ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၁ဝ၃။

ဆရာသိစေရန်
<ref group=သတိပြုရန်>ကလေးများအား ပစ္စေက ဗုဒ္ဓါဆိုသည်မှာ “ဘုရား ငယ်” ဟုသာ ရှင်းပြရန်။</ref>
ဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓါနှစ်မျိုးကို မြန်မာဘာသာဖြင့် ဘုရားဟု ခေါ်ဆိုနိုင်သည်။ ပါရမီဖြည့် ကျင့်ရာ အချိန်ကာလအားဖြင့် ထက်ဝက်မျှ ကွာခြားသကဲ့သို့ ဂုဏ်အရည်အချင်းအားဖြင့် လည်း အဆများစွာ ကွာခြားကြသည်။ ဘုရားရှင်တို့သည် သစ္စာလေးပါးကို မိမိတို့ကိုယ် တိုင် သိမြင်ပြီးလျှင် သူတစ်ပါးတို့ကိုလည်း သိမြင်အောင် ဟောပြနိုင်သည်။ ပစ္စေကဗုဒ္ဓါ တို့သည် မိမိကိုယ်တိုင် သစ္စာလေးပါးတရားတို့ကို သိသော်လည်း သူတစ်ပါးတို့ကို သိမြင်အောင် မဟောပြနိုင်ချေ။ ဥပမာအားဖြင့် စကားမပြောတတ်သူ လူအသည် အိပ်မက်၌ တွေ့ မြင်ရသောအကြောင်းအရာတို့ကို ပြန်မပြောပြနိုင်သကဲ့သို့ ဖြစ်ပါသည်။

ကျမ်းညွှန်း - တိပိအဘိဓာန်၊ ပဝဂ်၊ အတွဲ - ၁၃၊ ၃၃၀။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါ မေးခွန်းများ မေးပါ။

-သားတို့၊ သမီးတို့ အိမ်မှာရော ခွေးလိမ္မာလေးတွေ ရှိသလား။ (ဖြေချင်သော ကလေးအားလုံး ဖြေကြပါစေ။)
-ဇာတ်လမ်းထဲကလို ခွေးလိမ္မာလေးတွေကို မြင်ဖူးသလား။
-ဇာတ်လမ်းထဲက ခွေးလိမ္မာလေးဟာ ပစ္စေကဗုဒ္ဓါကို ဘယ်လို ကူညီသလဲ။
-ခွေးလိမ္မာလေးဟာ နောက်ဘဝမှာ ဘာဖြစ်သွားလဲ၊ ဘာကြောင့်လဲ။

֍ထို့နောက် ဇာတ်လမ်းကို လိုအပ်သလို အနှစ်ချုပ်ပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ခွေးလိမ္မာလေး၏ ကုသိုလ်ပြုပုံရုပ်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ခွေးလိမ္မာလေး၏ ကုသိုလ်ပြုပုံ ရုပ်ပုံများကို ဆေးရောင်ခြယ်ကြပါစေ။

֍ဆေးရောင်ခြယ်ပြီးသောအခါ ကလေးများအချင်းချင်း ပြပါစေ။

֍ကလေးများ၏ ပန်းချီပုံများ လှကြောင်း၊ တော်ကြောင်း ချီးကျူးပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ခွေးလိမ္မာလေး၏ ကုသိုလ်ကဗျာနှင့် ရုပ်ပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ခွေးလိမ္မာလေး၏ ကုသိုလ်ပြုပုံ ရုပ်ပုံများကို ပြလျက် အောက်ပါကဗျာကို အသံနေ အသံထား ဟန်အမူအရာဖြင့် ရွတ်ဆိုပြပါ။

ခွေးလိမ္မာလေး၏ကုသိုလ်

နွားကျောင်းသားလေး သွားလေရာ၊
ခွေးလိမ္မာလေး အမြဲပါ။
ပစ္စေကဗုဒ္ဓါ အပင့်သွား၊
နေ့စဉ် သူလိုက်သွား။
သားရဲတိရစ္ဆာန် အန္တရာယ်၊
အသံပေးလို့ သူကာကွယ်။
လမ်းမှန်ပြကာ သတိပေး၊
ကုသိုလ်ယူတဲ့ ခွေးကလေး။

֍ကဗျာရွတ်ဆိုပြီးသောအခါ ကူညီတတ်သော ခွေးလိမ္မာ ဇာတ်လမ်းကို ပြန်လည် အမှတ်ရစေပြီး ခွေးလိမ္မာလေး၏ ကုသိုလ်ပြုပုံ ရုပ်ပုံကို ၁၀-စက္ကန့်ခန့် ပြထားပါ။

֍ထို့နောက် ပန်းချီကားကို ဖုံး/ဝှက်ထားပြီး “ပုံထဲက ဘယ်နှစ်ခု မှတ်မိသလဲ”ဟု မေးမြန်းပါ။

֍၃-ခု မှတ်မိသူ လက်ထောင်၊ ၄-ခု မှတ်မိသူ လက်ထောင် စသည်ဖြင့် မေး၍ ဖြေစေပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဘုန်းကြီးတွေကို တွေ့ ဖူးလား”၊ “ဆရာလေးတွေကိုရော တွေ့ ဖူးလား”ဟု မေးမြန်း ပြီး စာသင်ချိန်ကို စတင်ပါ။

֍“ဘုန်းကြီးနှင့် ဆရာလေးဆိုတာ ဘယ်လိုမျိုးလဲ၊ ဘာတွေ လုပ်တတ်သလဲ စသည် တို့ကို ရှင်းပြပါ။

֍ထို့နောက် ကလေးများကို သင့်လျော်သလို (၈) ယောက်ခန့်စီပါသော အုပ်စုဖွဲ့ပါ။

֍ကလေးများကို အုပ်စုလိုက် ဝိုင်းထိုင်စေပြီး “ဘုန်းဘုန်း သို့မဟုတ် ဆရာလေးတွေကို တွေ့ ရင် ဘယ်လို ကူညီပေးချင်သလဲဟူသော မေးခွန်းကို ဆွေးနွေးကြပါစေ။

֍အနည်းဆုံး (၃) ချက်ခန့်စီ ရအောင် စဉ်းစားကြစေပြီး အုပ်စုကိုယ်စားလှယ်က အတန်းသား အားလုံးကြားအောင် ပြန်လည်ပြောပြရမည်။
{{reflist|group=သတိပြုရန်}} [[Category:ဓမ္မစကူးလ်]] [[Category:ယဉ်ကျေးလိမ္မာ]] [[Category:မြန်မာဘာသာ]] 8xpux427am8so3gmft4mpk1qzw1w7jd