ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.11
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
မဲဇာတောင်ခြေရတု
0
6438
22260
2026-07-19T08:42:37Z
~2026-40631-02
800
စတင်ထည့်သွင်းသည်
22260
wikitext
text/x-wiki
မဲဇာတောင်ခြေ၊ စီးတွေတွေတည့်
မြစ်ရေဝန်းလည်၊ မြိုင်တောစည်က
ရွှေပြည်ကိုသာ၊ တရှာတော့မိ
မိုးရှိရှိလျှင်၊ သီရိကျက်သရေ
တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့
ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု
တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး
ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်
ရွှေလင်းပင်နှင့်၊ ရွှေစေတီကြီး
အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း
လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ
အလုံးစုံကို၊ အာရုံမျက်မြင်
ဖူးမြော်ချင်၍၊ သည်တွင်ရွှေမြို့
သည်သို့စေတီ၊ သည်ဆီရွှေနန်း
ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်
ရွှေပြည်ဌာန ဝေးသောကြောင့်။
သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း
အကြေတစ်ပြင်၊ တို့အောက်ခွင်ဝယ်
ရေရှင်ပတ်ဝန်း, ပျော်ဖွယ်ထွန်းလိမ့်
တစ်ကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့
စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း
ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်
တောကြီ့းဆိတ်ညံ၊ ဆည်းကျံကျံဝယ်
ဓူဝံမပေါ်၊ မမြော်ပါရ
နေကိုတလည်း၊ ဘယ်ကရှေ့နောက်
ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်
ဖန်ဖန်အံ့ဩ၊ ကြံတိုင်းမောစွ
ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်
ကင်းစမ်းတောင်က၊ လေဦးစ၍
နောက်မှလေရှည်၊ အတည်တည်သည်
လေပြည်လာက အေးသောကြောင့်။
ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်
ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်
မဲဇာရပ်သူ၊ တောင်းဆုယူသည်
ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား
မိုးမြင့်သီခေါင်၊ မဲဇာချောင်က
တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်
တောင်တိုင်းယှက်၍၊ ဝန်းကာဝေ့သည်
တောင်ငွေ့ဝေဝေ၊ အထွေထွေနှင့်
လေလည်းရောရာ၊ မိုးမပါဘဲ
သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း
မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်
ယုဂန်ထင်ရှား၊ တောင်တော်ဖျားက
ရထားယာဉ်သာ၊ နေစကြာလည်း
ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍
တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု
စေ့ရေလှည့်လည်၊ တလျက်မြည်သည်
နေခြည်ဖြာမှ နွေးသောကြောင့်။
poqx9r7vfl49c3pxgaz1dtyu4d9rk7n
22261
22260
2026-07-19T08:51:01Z
~2026-40631-02
800
22261
wikitext
text/x-wiki
{{Header}}
မဲဇာတောင်ခြေ၊ စီးတွေတွေတည့်
မြစ်ရေဝန်းလည်၊ မြိုင်တောစည်က
ရွှေပြည်ကိုသာ၊ တရှာတော့မိ
မိုးရှိရှိလျှင်၊ သီရိကျက်သရေ
တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့
ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု
တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး
ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်
ရွှေလင်းပင်နှင့်၊ ရွှေစေတီကြီး
အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း
လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ
အလုံးစုံကို၊ အာရုံမျက်မြင်
ဖူးမြော်ချင်၍၊ သည်တွင်ရွှေမြို့
သည်သို့စေတီ၊ သည်ဆီရွှေနန်း
ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်
ရွှေပြည်ဌာန ဝေးသောကြောင့်။
သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း
အကြေတစ်ပြင်၊ တို့အောက်ခွင်ဝယ်
ရေရှင်ပတ်ဝန်း, ပျော်ဖွယ်ထွန်းလိမ့်
တစ်ကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့
စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း
ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်
တောကြီ့းဆိတ်ညံ၊ ဆည်းကျံကျံဝယ်
ဓူဝံမပေါ်၊ မမြော်ပါရ
နေကိုတလည်း၊ ဘယ်ကရှေ့နောက်
ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်
ဖန်ဖန်အံ့ဩ၊ ကြံတိုင်းမောစွ
ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်
ကင်းစမ်းတောင်က၊ လေဦးစ၍
နောက်မှလေရှည်၊ အတည်တည်သည်
လေပြည်လာက အေးသောကြောင့်။
ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်
ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်
မဲဇာရပ်သူ၊ တောင်းဆုယူသည်
ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား
မိုးမြင့်သီခေါင်၊ မဲဇာချောင်က
တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်
တောင်တိုင်းယှက်၍၊ ဝန်းကာဝေ့သည်
တောင်ငွေ့ဝေဝေ၊ အထွေထွေနှင့်
လေလည်းရောရာ၊ မိုးမပါဘဲ
သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း
မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်
ယုဂန်ထင်ရှား၊ တောင်တော်ဖျားက
ရထားယာဉ်သာ၊ နေစကြာလည်း
ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍
တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု
စေ့ရေလှည့်လည်၊ တလျက်မြည်သည်
နေခြည်ဖြာမှ နွေးသောကြောင့်။
3929gbze3lundprtgrkap4n8yxg6tfv
22262
22261
2026-07-19T08:54:04Z
~2026-40631-02
800
22262
wikitext
text/x-wiki
{{Header}}
မဲဇာတောင်ခြေ၊ စီးတွေတွေတည့်
မြစ်ရေဝန်းလည်၊ မြိုင်တောစည်က
ရွှေပြည်ကိုသာ၊ တရှာတော့မိ
မိုးရှိရှိလျှင်၊ သီရိကျက်သရေ
တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့
ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု
တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး
ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်
ရွှေလင်းပင်နှင့်၊ ရွှေစေတီကြီး
အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း
လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ
အလုံးစုံကို၊ အာရုံမျက်မြင်
ဖူးမြော်ချင်၍၊ သည်တွင်ရွှေမြို့
သည်သို့စေတီ၊ သည်ဆီရွှေနန်း
ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်
ရွှေပြည်ဌာန ဝေးသောကြောင့်။
သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း
အကြေတစ်ပြင်၊ တို့အောက်ခွင်ဝယ်
ရေရှင်ပတ်ဝန်း, ပျော်ဖွယ်ထွန်းလိမ့်
တစ်ကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့
စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း
ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်
တောကြီ့းဆိတ်ညံ၊ ဆည်းကျံကျံဝယ်
ဓူဝံမပေါ်၊ မမြော်ပါရ
နေကိုတလည်း၊ ဘယ်ကရှေ့နောက်
ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်
ဖန်ဖန်အံ့ဩ၊ ကြံတိုင်းမောစွ
ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်
ကင်းစမ်းတောင်က၊ လေဦးစ၍
နောက်မှလေရှည်၊ အတည်တည်သည်
လေပြည်လာက အေးသောကြောင့်။
ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်
ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်
မဲဇာရပ်သူ၊ တောင်းဆုယူသည်
ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား
မိုးမြင့်သီခေါင်၊ မဲဇာချောင်က
တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်
တောင်တိုင်းယှက်၍၊ ဝန်းကာဝေ့သည်
တောင်ငွေ့ဝေဝေ၊ အထွေထွေနှင့်
လေလည်းရောရာ၊ မိုးမပါဘဲ
သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း
မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်
ယုဂန်ထင်ရှား၊ တောင်တော်ဖျားက
ရထားယာဉ်သာ၊ နေစကြာလည်း
ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍
တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု
စေ့ရေလှည့်လည်၊ တလျက်မြည်သည်
နေခြည်ဖြာမှ နွေးသောကြောင့်။
[[ကဏ္ဍ:ကုန်းဘောင်ခေတ်]]
[[ကဏ္ဍ:လက်ဝဲသုန္ဒရ]]
[[ကဏ္ဍ:လ-စာဆိုများ]]
[[ကဏ္ဍ:မြန်မာကဗျာများ]]
[[ကဏ္ဍ:ရတု]]
gg4s5qh47seaa5l1lx58ekzw9wcqm3y