ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.48.0-wmf.3
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ
0
6457
22322
22310
2026-11-05T14:35:52Z
Tejinda
173
22322
wikitext
text/x-wiki
{{header
| title = တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း]]
| previous2 =
| next = [[ဉာတပရိညာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ

[၁] မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပို့တွဲလပြည့်ကျော် (၁၃)ရက်၊ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂ဝ)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်၊ မြတ်ဗုဒ္ဓသာသနာ တော်နှစ် ၂၆ဝဝ ပြည့် အထိမ်းအမှတ် ညဉ့်ဦးယံ ဓမ္မ သဘင်အခမ်းအနား၌ ဟောကြားအပ်သော “တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ"အကြောင်းတရားဒေသနာတော်။

ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ မဇ္ဈိမနိကာယ်မှာလာတဲ့ မဟာသကုလုဒါယီသုတ် ဆိုတာ ရှိတယ်။ ဥဒါယီဆိုတဲ့ ပရဗိုဇ်တစ်ဦးရဲ့ လျှောက်ထား ချက်ကို အကြောင်းပြုပြီးတော့၊ ဒီသုတ္တန်ကို မြတ်စွာ ဘုရားက ဟောကြားခဲ့တာ ဖြစ်တယ်။ ဒီသုတ္တန်ကိုပဲ [၂] “တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ” လို့ ခေါင်း စဉ်တပ်ပြီးတော့ ဘုန်းကြီးတို့ ဟောမှာဖြစ်တယ်။ ဒီကနေ့ ဗုဒ္ဓမြတ်စွာသာသနာတော်နဲ့ ပတ် သက်ပြီးတော့ မြတ်ဗုဒ္ဓသာသနာတော် (၂၆ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓမြတ်စွာကို ပူဇော်တဲ့အနေနဲ့ ဆင်ယင်ကျင်းပပြုလုပ်အပ်တဲ့ ဒီဓမ္မသဘင် အခမ်းအ နားကိုပေါ့။ ဗုဒ္ဓမြတ်စွာ သာသနာတော်နဲ့ပတ်သက် ပြီး မှတ်သားစရာက မြတ်စွာဘုရားပရိနိဗ္ဗာန်စံတဲ့နှစ် ကို ရည်ညွှန်းတော့ ဘုရားပရိနိဗ္ဗာန်စံတဲ့နှစ်က စပြီး တော့ရေတွက်လို့ သာသနာ(၂၅၅၅)ခုလို့ ပြောတယ်။ ဆိုလိုတာက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် ခြွင်းချန်ရစ်တဲ့သာသနာ၊ တည်ထားခဲ့တဲ့ သာသနာ နှစ်ဟာ (၂၅၅၅)ရှိပြီလို့ ဆိုလိုတယ်။

အခု (၂၆၀၀)လို့ဆိုတာ ဗုဒ္ဓမြတ်စွာ ဘုရား အဖြစ်သို့ ရောက်တော်မူတဲ့နှစ် (သို့မဟုတ်) ဓမ္မစကြာ တရားဦး ဟောတော်မူခဲ့တဲ့နှစ်က စတွက်တာ။ သာသ [၃] နာသက္ကရာဇ်နဲ့ပတ်သက်ပြီး မှတ်သားစရာက ဗုဒ္ဓ မြတ်စွာရဲ့ မွေးနေ့နဲ့ တွက်မယ်ဆိုလို့ရှိရင်၊ ( အကယ် ၍များ မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေမယ်ဆို လို့ရှိရင် ) ဒီကနေ့ဟာ ဗုဒ္ဓမြတ်စွာရဲ့ သက်တော် (၂၆၃၅)နှစ်မြောက်မွေးနေ့လို့ ပြောရမယ်။ ဘုရား အလောင်းတော်လေး မွေးဖွားတဲ့ သက္ကရာဇ်နဲ့ပတ် သက်ပြီးပြောတာ။ ဘုရားဖြစ်တဲ့နှစ်ကို တွက်ပြီးတော့ (၂၆ဝဝ)လို့ ပြောတာကို “ ဗုဒ္ဓနှစ် ”လို့ ဒီလို မှတ်သား လို့ရသလို။ ထိုဘုရားဖြစ်တဲ့ နှစ်မှာပဲ မြတ်စွာဘုရား ဟာ ဓမ္မစကြာတရားဦးကို (ဝါ) သစ္စာဒေသနာတော် ကို ဟောကြားခဲ့တာဖြစ်သောကြောင့် “ ဓမ္မနှစ် ”လို့ ပြောလို့ရှိရင်လည်း (၂၆၀၀)ပဲ။ ဓမ္မစကြာတရားဦး ဟောပြီးတဲ့နောက်မှာ ရှင်ကောဏ္ဍညဟာ ပထမဆုံး သာသနာကို ဝင်ရောက်ပြီး ဓမ္မစကြာတရားဦး ဟော တဲ့နောက် (၅)ရက်မြောက် အနတ္တလက္ခဏသုတ်ကို ဟောတဲ့နေ့မှာ ပဉ္စဝဂ္ဂီရဟန်းငါးပါးလုံးဟာ သာသနာ [၄] ဘောင်ကို ရောက်ရှိလာလို့ သံဃာပေါ်လာတာဖြစ် သောကြောင့် (၂၆ဝဝ)ကိုပဲ “သံဃာနှစ်” လို့ ဒီလို ပြောလို့ရတယ်။

အဲတော့ ဗုဒ္ဓနှစ်ဆိုရင်လည်း (၂၆၀၀)ပဲ၊ ဓမ္မနှစ်လို့ပြောရင်လည်း (၂၆၀၀)ပဲ၊ သံဃာ့နှစ် လို့ပြောရင်လည်း (၂၆၀၀)ပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ဘဝနဲ့ ပတ်သက်ပြီးတော့ ဘုရားမွေးဖွားတဲ့နှစ်က စပြီးတော့ တွက်မယ်ဆိုရင် (၂၆၃၅)နှစ်။ ဒီကနေ့ အသုံးပြုနေတဲ့ (၂၅၅၅)ဆိုတာက ဗုဒ္ဓမြတ်စွာရဲ့ “ပရိနိဗ္ဗာန်နှစ်” ဖြစ်ပါတယ်။ ပရိနိဗ္ဗာန်စံတော်မူခဲ့တာ ၂၅၅၅ နှစ် ရှိပြီလို့ ဆိုလိုတယ်ပေါ့။ မြန်မာသက္ကရာဇ်နဲ့ ဘယ် လောက်ကွာသလဲလို့ဆိုရင် “ဥဩရေကြက် ရော စွက် သာသနာ” လို့ မှတ်တမ်းပြုထားတဲ့အတိုင်း (၁၁၈၂)ကို မြန်မာသက္က ရာဇ်ထဲ ထည့်ပေါင်းလိုက်ရင် သာသနာသက္ကရာဇ် မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူ တဲ့နှစ်ကို တွက်လို့ရပါတယ်။

[၅] အင်မတန်မှ ရှည်ကြာတဲ့ကာလက ဗုဒ္ဓမြတ် စွာဟောကြားခဲ့တဲ့ တရားတွေဟာ ဒီကနေ့ထိအောင် ဘုန်းကြီးတို့တစ်တွေ သင်ယူလေ့လာခွင့် ကြားနာ မှတ်သားခွင့် ကျင့်သုံးလိုက်နာခွင့်တွေ ရနေတာဟာ အလွန်တရာ ကံကောင်းကြတယ်လို့ ပြောကြရမှာပါ။ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တရားဓမ္မထဲက ထုတ်နုတ်ပြီးတော့ ဒီကနေ့ “တပည့်များ လေးစား မြတ်နိုးတဲ့ဆရာ”ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတာ တုန်းဆိုတော့ “ဗုဒ္ဓမြတ်စွာ”ကို ရည်ညွှန်းတာပါ။ ဒီ သုတ္တန်မှာ “တပည့်တွေရဲ့ လေးစားမှုကို မြတ်နိုးမှု ကို အခံရဆုံးဖြစ်တဲ့ ဘာသာရေးခေါင်းဆောင် သို့မ ဟုတ် အယူဝါဒ ဘာသာတစ်ခု တည်ထောင်ပြီးတော့ ဟောပြောတဲ့ ဆရာတွေထဲမှာ တပည့်တွေရဲ့ မြတ်နိုး မှုကို အရရှိဆုံးသော ဆရာဟာ ဘယ်သူတုန်းလို့ဆို ရင် ဂေါတမဗုဒ္ဓပဲ ဖြစ်ပါတယ်ဆိုတာကို တခြားဘာ သာဝင်တွေကပါ အသိအမှတ်ပြုခဲ့တယ်။ ဒီအချက် [၆] ကို “မဟာသကုလုဒါယီ” သုတ္တန်မှာ ရှင်းလင်းဖော် ပြထားတာကို တွေ့ရတယ်၊ ဘုန်းကြီးတို့ ဒီကနေ့ ဓမ္မလက်ဆောင်အနေနဲ့ ဒီတရားကို ဟောပြောမှာ ဖြစ်ပါတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်မှာ ဝါဆိုဖို့ ကြွရောက်နေထိုင်တဲ့အချိန် ရာဇဂြိုဟ်မြို့ကို ထူးထူး ခြားခြား တစ်ခြားဘာသာဝင် “ဂဏာစရိယ”ဆိုတဲ့ ဂိုဏ်းဆရာကြီးတွေ ( ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဂိုဏ်းဆရာ ကြီး(၆)ဦး ) ရာဇဂြိုဟ်မြို့ကို ရောက်ရှိလာကြတယ်။ ထိုခေတ် ထိုအချိန်အခါ ကာလတုန်းက မဂဓတိုင်း ဟာ ဘာသာရေးထွန်းကားတဲ့နယ်မြေကြီးတစ်ခု ဖြစ်ခဲ့တယ်ပေါ့။ ဒါကြောင့်မို့ မြတ်စွာဘုရားကို တရား ဟောဖို့ တောင်းပန်လျှောက်ထားတဲ့ သဟမ္ပတိဗြဟ္မာ ကြီးက ဖွင့်ဟပြီးတော့ ဘုရားကို လျှောက်တဲ့အထဲမှာ “ပါတုရဟောသိ မဂဓေသု ပုဗ္ဗေ၊ ဓမ္မော အသုဒ္ဓေါ [၇] သမလေဟိ စိန္တိတော” ဘာသာ ဝါဒ အမျိုးမျိုး မာဂဓတိုင်းမှာ ထွန်းကားခဲ့တယ်ဆိုတာ ထွန်းကား လျက် ရှိနေတယ်ဆိုတာကို ပြောခဲ့တယ်။ အဲတော့ မဂဓတိုင်းဟာ ထိုအချိန်က အယူ ဝါဒရေးရာ ဘာသာတရားတို့ရဲ့ထွန်းကားရာ နယ် မြေကြီးဖြစ်ခဲ့တယ်။ မြတ်စွာဘုရား သီတင်းသုံးတဲ့ အချိန်မှာပဲ မဂဓတိုင်းအသီးသီးမှာ။ ပုရာဏ ကဿပ၊ မာက္ခလိဂေါသာလ၊ အဇိတ ကေသကမ္ဗလ၊ ပကုဓကစ္စာယန၊ သဉ္စယ ဗေလဋ္ဌပုတ္တ၊ နိဂဏ္ဌ နာဋပုတ္တဆိုတဲ့ ဆရာကြီး (၆) ဦးဟာလည်း သူတို့ရဲ့ တပည့် ပရိသတ်စုံလင်စွာနဲ့ နောက်လိုက်နောက်ပါ မြောက်မြားစွာနဲ့ ရာဇဂြိုဟ်မြို့ရှိ ဆိုင်ရာဆိုင်ရာ သူ တို့ရဲ့ အာရာမ်ဥယျာဉ်တွေမှာ လာရောက်ပြီးတော့ နေထိုင်နေကြတယ်။ အဲဒီအချိန်မှာပဲ “ပရိဗ္ဗာဇက” ဆိုတဲ့ ပုဂ္ဂိုလ်တွေ မြန်မာလိုတော့ “ပရဗိုဇ်” လို့ ခေါ်ကြတယ်ပေါ့။ အဲဒီ ဘာသာခြား ပရဗိုဇ်တွေထဲ [၈] မှာလည်းပဲ အလွန်နာမည်ကြီးတဲ့ ထင်ရှားကျော်ကြား တဲ့ ပရိဗ္ဗာဇက ခေါင်းဆောင်တွေဟာလည်းပဲ အဲဒီနှစ် က တိုက်တိုက်ဆိုင်ဆိုင် ရာဇဂြိုဟ်မြို့ကို ရောက်ရှိပြီး တော့ ပရိဗ္ဗာဇကတို့ရဲ့ ကျောင်းအာရာမ်မှာ နေထိုင် လျက်ရှိကြတယ်။ အဲဒီအချိန်မှာ ဒီသုတ္တန်ဖြစ်ပေါ်လာ ဖို့ အခြေအနေတစ်ခု ဖြစ်ပေါ်လာတယ်။

မြတ်စွာဘုရားဟာ နံနက်မိုးသောက် အလင်း ရောက်တဲ့အချိန် ကျောင်းတော်ကထွက်ပြီးတော့ ရာဇဂြိုဟ်မြို့ထဲကို ဆွမ်းခံကြွတဲ့အခါမှာ ရာဇဂြိုဟ် မြို့တွင်းကြွဖို့ အချိန်စောနေသေးတယ်ဆိုပြီး လမ်း ဘေးမှာ ကြုံတဲ့ပရဗိုဇ်တွေရဲ့ကျောင်းကို ခေတ္တခဏ ဝင်ရောက်တော်မူတယ်။ စာထဲမှာ ကြုံလို့ဝင်တဲ့ အဓိပ္ပာယ် ဖော်ပြထားသော်လည်းပဲ တကယ်ကတော့ မြတ်စွာဘုရားဟာ ဘယ်ကိစ္စပဲဖြစ်ဖြစ် ကြိုတင်မြင် ပြီးသား ဖြစ်ပါတယ်။ ဒီသုတ္တန်ကိုဟောဖို့ အခြေအ နေတွေ ဖန်တီးတဲ့အနေနဲ့ ပရဗိုဇ်ကျောင်းဥယျာဉ်ထဲ [၉] ကို ဝင်ရောက်လာတယ်။ အဲဒီကျောင်းကြီးကလည်းပဲ တောအုပ်ကြီးနဲ့ လမ်းခရီးမှာရှိတော့ မောရနိဝါပ ဥဒေါင်း ငှက်တွေကို အစာကျွေးထားတဲ့ ငှက်တွန်သံ တွေနဲ့ဆူညံနေတဲ့ ပရဗိုဇ်တို့ရဲ့ အာရာမ်ကျောင်းကြီး လို့ ဒီလိုဆိုလိုတယ်ပေါ့။ အဲဒီကျောင်းကြီးကို မြတ်စွာ ဘုရား ဆွမ်းခံကြွရင်း ဝင်လာတဲ့အချိန်မှာ ဥဒါယီ ခေါင်းဆောင်တဲ့ (“သကုလဒါယီ”လို့ဆိုတဲ့ သူနာ မည် အတိုကောက်ခေါ်ရင်တော့ “ဥဒါယီ” ပေါ့။) ဥဒါယီခေါင်းဆောင်တဲ့ ပရဗိုဇ်တွေဟာ ဆူညံဆူညံနဲ့ ထွေရာလေးပါး ပြောဆိုနေကြတယ်။ ထွေရာလေး ပါးဆိုတာ ဟိုရောက်သည်ရောက် စပ်မိစပ်ရာတွေ လျှောက်ပြောကြတာ။ အဲဒါကို မြတ်စွာဘုရားက “တိရစ္ဆာနကထာ”လို့ ခေါ်တယ်။

လောကလူတွေဟာ ဆုံမိတဲ့အခါမှာ ရောက် တက်ရာရာ ပြောလေ့ရှိကြတယ်။ အဲဒီပြောတဲ့စကား တွေဟာ တကယ်တော့ စပ်မိစပ်ရာ လျှောက်ပြောနေ [၁၀] ကြလို့ မဆုံးနိုင်ဘူး။ ဦးတည်ချက်မရှိတဲ့ စကားမျိုး တွေချည်းပဲ။ အဲဒီ စကားမျိုးတွေကို “တိရစ္ဆာနကထာ”လို့ ခေါ်တယ်။ ဆူညံဆူညံနဲ့ စကားပြောနေတဲ့ ပရဗိုဇ် အာရာမ်ထဲကို မြတ်စွာဘုရား ဝင်လာတာကို ခပ်လှမ်းလှမ်းက မြင်တဲ့အခါမှာ ဘုရားကို ကြည်ညို လေးစားရင်းရှိတဲ့ ဥဒါယီက သူ့ရဲ့တပည့်တွေကို သတိပေးတယ်။ “ဟိုမှာ သမဏဂေါတမ ကြွလာ တယ် အားလုံး တိတ်တိတ်နေကြ၊ သူကတိတ်ဆိတ် ငြိမ်သက်တာကို အင်မတန်မှ ကြိုက်တယ်။ တိုးတိုး တိတ်တိတ် နေတာကိုလည်း အမြဲတမ်း ချီးမွမ်းစကား ပြောလေ့ရှိတယ်” တဲ့။ ဒါ မြတ်စွာဘုရားရဲ့ ဂုဏ် သတင်း တစ်ခုပဲ။ မြတ်စွာဘုရားဟာ ဘယ်အခါမှာပဲ ဖြစ်ဖြစ် ငြိမ်သက်နေတာ။ အမြဲတမ်း တိတ်ဆိတ်ငြိမ် သက်မှုကို မြတ်နိုးတယ်၊ ရဟန်းတော်တွေကိုလည်းပဲ အမြဲတမ်း ဆုံးမလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်။ “အေး တစ်ဦးနဲ့တစ်ဦး ဆုံမိပြီဆိုရင် တရားစကားရင် [၁၁] လည်းပြော၊ မပြောလို့ရှိရင် Noble Silence အရိယတုဏှိဘာဝ တိတ်တိတ်ဆိတ်ဆိတ် နေရမယ်လို့ သင်ပေးထားတာ။

အဲဒီတော့ ဘုရားကျောင်းသွားတဲ့အခါ တရားဟောနေတဲ့ အသံကြားရင် ကြားမယ်။ စကား တွေ ဆူညံဆူညံ ပြောတဲ့အသံမျိုးကို မကြားရဘူး။ ဒီအကြောင်းကို တခြားဘာသာဝင် ပုဂ္ဂိုလ်တွေအား လုံးက သိထားကြတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရား ကြွလာတဲ့အခါမှာ တိတ်တိတ်နေဖို့ သတိပေးတယ်။ အားလုံး ငြိမ်သွားတယ်။ ငြိမ်သွားတဲ့အခါ မြတ်စွာ ဘုရားက ပရဗိုဇ်တွေ စုရုံးနေထိုင်တဲ့ အဆောက်အဦး ဘက်ကြွသွားတယ်။ ကြွသွားတော့ သကုလုဒါယီ ပရဗိုဇ်က ဆင်းလာပြီး မြတ်စွာဘုရားကို ကြိုဆိုတယ်။ အဲဒီခေတ်က မြတ်စွာဘုရားဟာ လူ့ဘဝက လည်း အင်မတန်မှ ဂုဏ်ရှိသရေရှိတယ်။ ရဟန်းဝတ် လာတဲ့အခါမှာလည်း အင်မတန်မှ ကြည်ညိုဖွယ် [၁၂] ကောင်းပြီးတော့ ဂုဏ်သတင်းကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ မြတ်စွာဘုရား ကြွလာတယ်ဆိုတာနဲ့ မကြိုဆိုတဲ့ ပုဂ္ဂိုလ် မရှိဘူး၊ အားလုံးက ကြိုဆိုတယ်။ သကုလု ဒါယီပရဗိုဇ်က ဆင်းလာပြီး “အရှင်ဘုရားကြွပါ” သူတို့သုံးတဲ့ စကားလုံးဟာ အခုခေတ်သုံးတဲ့ စကား လုံးနဲ့ အင်မတန်မှ နီးစပ်တယ်။ “သွာဂတံ ဘန္တေ” ဆိုတဲ့ စကားနဲ့ ကြိုဆိုတာ။ သွာဂတံဆိုတဲ့ စကား လုံးက သု+အာဂတ- ကောင်းသော လာရောက်ခြင်း ပါ။ အင်္ဂလိပ်လို ဘာသာပြန်ရင်တော့ “ကြိုဆိုပါ တယ်” ဆိုတဲ့ Welcome နဲ့ ဆင်တူတယ်။ အဲဒီလို ကြိုဆိုပါတယ် ဆိုပြီးတော့ နေရာထိုင်ခင်းပေးတယ်။ “အရှင်ဘုရား မကြွလာတာကြာပြီ။ ကြွပါ ဘုရား ဒီနေရာမှာထိုင်ပြီး သီတင်းသုံးပါ” လို့ ကြိုဆို တယ်။ မြတ်စွာဘုရားက ထိုင်ပြီး သီတင်းသုံးတဲ့အခါ မှာ သကုလုဒါယီပရဗိုဇ်က ဘုရားကို အင်မတန်မှ လေးစားတယ်။ ဒါကြောင့်မို့ နိမ့်တဲ့နေရာမှာ ထိုင် [၁၃] တယ်။ ကျန်တဲ့ ပရဗိုဇ်တွေအားလုံးလည်း ထိုင်ကြ တယ်။ ငြိမ်ငြိမ်ဆိတ်ဆိတ် ထိုင်နေကြတယ်။ အဲဒီမှာ မြတ်စွာဘုရားက မေးတယ်။ “ဥဒါယီ, ဒို့ ကြွလာတဲ့ အချိန်မှာ ဘာစကားတွေ ပြောနေကြတာတုန်း” ဆိုတော့ သူတို့က တောင်ရောက် မြောက်ရောက် ထွေရာလေးပါး ပြောနေကြတာ။ အဲတော့ သူက “အရှင်ဘုရား တပည့်တော်တို့ ပြောတဲ့စကားဟာ အရှင်ဘုရား ကြားရဖို့ မခဲယဉ်းပါဘူး၊ ဒီစကား ထားလိုက်ပါ”တဲ့။ သူတို့ဘာတွေ ပြောနေတယ်ဆို တာကို ထားလိုက်ပါတဲ့။ နောက်လည်းပဲ ကြားဖို့လွယ် ပါတယ်တဲ့။

တပည့်တော် တစ်ခု လျှောက်ချင်တယ်တဲ့။ မကြာခင် ရက်များတုန်းက အယူဝါဒ အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ “ကောတုဟလသာလာ” လို့ခေါ်တဲ့ အဆောက်အဦးကြီးတစ်ခုထဲမှာ ဘာသာပေါင်းစုံ မကြာခဏ ဆွေးနွေးကြတဲ့နေရာကြီးလို့ ပြောရမယ်။

[၁၄] အဲဒီ ကောတုဟလသာလာကြီးထဲမှာ အယူဝါဒ မျိုးစုံ ရှိတဲ့ပုဂ္ဂိုလ်တွေစုပြီး စကားပြောခဲ့ ကြတယ်တဲ့။ အဲဒီ စကားပြောတဲ့အခါမှာ မေးခွန်းတစ်ခု ထွက်လာပါ တယ်တဲ့။ အဲဒီ မေးခွန်းကဘာလဲဆိုတော့ “ဘာသာ ရေးဂိုဏ်းတွေ တည်ထောင်ပြီးတော့ နောက်လိုက် နောက်ပါ တပည့်ပရိသတ် အင်မတန်များတဲ့ ထင်ရှား ကျော်ကြားတဲ့ ဘာသာရေးဂိုဏ်းဝင် ဂိုဏ်းကြီးတွေ ဦးဆောင် ခေါင်းဆောင်လုပ်နေတဲ့ ဘာသာရေး ဆရာကြီးတွေ။ (သတ္ထာဆိုတဲ့ ဒီစကားလုံးဟာ အင်မ တန်မှ ကြီးကျယ်တဲ့ဆရာတွေကို ရည်ညွှန်းတာ။) နောက်လိုက်နောက်ပါ တပည့်တွေကို ဆုံးမဩဝါဒ ပေးတဲ့ “သတ္ထာ” လို့ခေါ်တဲ့ နောက်လိုက်တွေ အလွန် များတဲ့ ဆရာကြီးတွေ မဂဓတိုင်းမှာ ရှိကြတယ်။ အဲဒီဆရာကြီးတွေထဲက ဘယ်ပုဂ္ဂိုလ်ဟာ တပည့်တွေ ရဲ့ မြတ်နိုးမှုကို အခံရဆုံးလဲ”တဲ့။

နောက်လိုက်နောက်ပါ တပည့်သာဝကတွေ [၁၅] ရဲ့ ကြည်ညိုလေးစားမှုကို ဘယ်ပုဂ္ဂိုလ် အခံရဆုံး လဲဆိုတဲ့ ဒီမေးခွန်းလေး ထွက်လာတယ်။ တပည့်သာ ဝကတွေက ဘယ်ဆရာကို လေးစားမြတ်နိုးပြီး မှီခို အားထားပြီးတော့ နေကြသလဲလို့ မေးခွန်းထွက်လာ တဲ့အခါမှာ ထင်မြင်ချက်အမျိုးမျိုးတွေ ပြောကြတယ်။ အဲဒီမှာ တစ်ဦးက ဘာပြောတုန်းဆိုတော့ နောက် လိုက်နောက်ပါ အလွန်များတဲ့ အကိရိယဝါဒကြီးကို ဦးဆောင်ဟောပြောနေတဲ့ ပုရာဏကဿပ ဆိုတာရှိ တယ်။ အဲဒီ “ပုရာဏကဿပ” ဟာ နောက်လိုက် တပည့်တွေရဲ့လေးစားခံရမှုကို မရပါဘူးတဲ့။ နောက် လိုက်တပည့်တွေက သူ့ကိုလေးစားမြတ်နိုးမှု မရှိကြ ဘူးတဲ့။ ဘာဖြစ်လို့တုန်း?

တစ်ခါတုန်းက ပုရာဏကဿပ ဟာ သူ့ရဲ့ အကိရိယဝါဒ ဟောပြောနေတဲ့အချိန်မှာ တပည့်တစ် ဦးက ထပြီးတော့ ကန့်ကွက်တယ်။ မေးခွန်းတွေတက် လာတဲ့အခါမှာ တပည့်တစ်ဦးက ထပြီးတော့ ကန့် [၁၆] ကွက်တယ်။ “ပုရာဏကဿပကို မမေးကြနဲ့၊ ပုရာဏကဿပ ဘာမှမသိဘူး၊ မေးစရာရှိ ငါ့မေး၊ ငါကမှသိတာ” ဆိုပြီး သူ့တပည့်က ပရိသတ်ထဲမှာ ထပြောတယ်။ အဲဒီလို ထပြောတဲ့အခါမှာ ပုရာဏကဿပ ဆရာကြီးက “အရှင်တို့ကို မေးတာ မဟုတ်ပါဘူး၊ ဒီမေးခွန်းက ကျွန်ုပ်ကိုမေးတာပါ၊ ဒါကြောင့်မို့လို့ တိတ်တိတ်နေကြပါ၊ စကားမပြောကြပါနဲ့၊ ငြိမ်ငြိမ်နေကြပါလို့ လက်မြှောက်ပြီးတော့ အော်ဟစ်ပြောတာတောင်မှပဲ ပြောလို့မရဘူးတဲ့။ ပရိသတ်ငြိမ်အောင် မလုပ်နိုင်ဘူး။ သူ့တပည့်တွေက သူ့ကိုထအော်ကြတယ်။ လူကြားထဲမှာအရှက်ခွဲတာနဲ့ ကြုံခဲ့ရတယ်။ “ဒါတင်မကဘူး” တဲ့။ သူ့ရဲ့အယူဝါဒကို ဝေဖန်ရှုပ်ချပြီးတော့ အကိရိယဝါဒ ဂိုဏ်းကြီးကနေ ထွက်ခွာသွားတဲ့ ပုဂ္ဂိုလ်တွေအများကြီးပဲ။ ထွက်ခွာသွားတဲ့ပုဂ္ဂိုလ်တွေက ဒီပုရာဏကဿပကို ဘယ်လိုထိအောင် ပြောသွားကြသလဲဆိုလို့ရှိရင် ဒီ အကိရိယ [၁၇] ဝါဒ ဓမ္မစကူးလ်ကြီးကို တည်ထောင်ထားတဲ့ ဒီပုဂ္ဂိုလ်ဟာ တကယ်တော့ ကျကျနန အကိရိယဝါဒကို မသိဘူးပေါ့။ ဂိုဏ်းခေါင်းဆောင်ကြီး လုပ်နေပေမဲ့လို့ မသိဘူး။ သိတာက ငါ။ ဘာဖြစ်လို့ မသိတုန်းဆိုတော့ ပုရာဏကဿပဟာ မှန်ကန်တဲ့ အကျင့်မရှိဘူးတဲ့။ မှားယွင်းတဲ့ အကျင့်တွေကျင့်တာ။ တို့ကမှ မှန်ကန်တဲ့ အကျင့်ရှိတာ။ သူပြောတဲ့ စကားတွေဟာ ရှေ့နောက်လွဲနေတယ်။ ညီညွတ်စေ့စပ်ခြင်း မရှိဘူး၊ ဒါကြောင့်မို့ ပုရာဏကဿပကို Challenge လုပ်တယ်၊ စိန်ခေါ်တယ်။ အခုပဲ သူပြောတဲ့စကားတွေ မှားတယ်ဆိုတာ ပြောဆိုမယ်။ ယှဉ်ပြောမယ်ဆိုရင် လာပြော။ ပြောတဲ့အခါမှာ သူတစ်သက်လုံး လိမ်လာခဲ့တဲ့ဟာ အခုတစ်ချက်တည်းနဲ့ သူအရှက်ကွဲသွားမယ်။ ပြန်ဖြေနိုင်ရင် ဖြေ။ သူ့ရဲ့ဝါဒကို သူကျကျနန သိသူမဟုတ်ဘူးဆိုပြီးတော့ ပရိသတ်ထဲက ထွက်ခွာသွားကြတာ တွေ့ကြုံခဲ့ဖူးတယ်။ ဒါကြောင့်မို့ [၁၈] ပုရာဏကဿပဟာ တပည့်ပရိသတ်ရဲ့ လေးစားမှုကို မခံရဘူးတဲ့။ ဟော အတွေ့အကြုံနဲ့ အဖြေပြောတာ။ ထို့အတူပဲ မာက္ခလိဂေါသာလရော နောက်လိုက်နောက်ပါတွေ အလွန်များတယ်။ သူ့ရဲ့ဝါဒက “သံသာရသုဒ္ဓဝါဒ”လို့ ဆိုတယ်။ “အဟေတုကဝါဒ” လို့လည်းဆိုတယ်။ ဘာပဲဖြစ်ဖြစ် အကြောင်းမဲ့ဖြစ်လာတာ။ အကြောင်းမရှိဘူး၊ သူဖြစ်ချင်လို့ ဖြစ်တာဆိုတဲ့ အကိရိယဝါဒ။ တစ်နေ့တစ်ချိန်ကျလို့ရှိရင် မဟာကပ် လေးသန်းပြည့်တဲ့အခါမှာ လူတွေအားလုံး အဆုံးသတ်သွားမယ်။ ပညာရှိလို့ သံသရာတိုချင်လို့လည်း မရဘူး။ လူမိုက်မို့ သံသရာပိုရှည်မှာလည်း မဟုတ်ဘူး။ သူက ဥပမာလေး ပေးထားသေးတယ်။ အမြင့်ကနေပြီးတော့ အပ်ချည်လုံးလေးရဲ့ အပ်ချည်စလေးကို ကိုင်ထားပြီးတော့ ပစ်ချလိုက်မယ်ဆိုရင် အပ်ချည်လုံးလေးဟာ လိမ့်ဆင်းသွားလိမ့်မယ်။ အပ်ချည်လေးတွေ ဆုံးသွားတဲ့အချိန်မှာ ရပ်သွားလိမ့်မယ်။

[၁၉] မဆုံးမချင်းတော့ လိမ့်နေမှာပဲ။ ထို့အတူပဲ ရက်စေ့ရင် သံသရာအားလုံးဟာ ဆုံးသွားကြမှာပဲတဲ့။ သူဟောတဲ့ဝါဒက ဒီဝါဒ။

အဲဒီဝါဒနဲ့ ပတ်သက်ပြီးတော့လည်းပဲ ပရိသတ်တွေဟာ မာက္ခလိဂေါသာလ အပေါ်မှာ ကျေနပ်ကြတာ မဟုတ်ဘူး၊ သူ့ရဲ့တပည့် နောက်လိုက်နောက်ပါ လုပ်နေပေမဲ့လို့ ဒီဝါဒနဲ့ပတ်သက်ပြီး မာက္ခလိဂေါသာလဟာ မသိဘူး၊ ငါတို့ကမှ သိတာ၊ သူပြောတာတွေ မှားနေတာတွေရှိတယ်ဆိုပြီးတော့ သူ့ကို စိန်ခေါ်ပြီးတော့ ပရိသတ်ကြားကနေ ထွက်ခွာသွားတာတွေ ရှိတယ်။

နောက်တစ်ခါ အဇိတကေသကမ္ဗလ။ သူကတော့ အဇိတ ဘယ်သူကမှ သူ့ကို အနိုင်မယူနိုင်ဘူး ဆိုတဲ့ နာမည်နဲ့၊ ကေသကမ္ဗလဆိုတာ လူတွေရဲ့ ဆံပင်နဲ့ ရက်လုပ်ထားတဲ့ Special ဝတ်ရုံကြီးကို ဝတ်ထားတယ်။ သူက ရိုးရိုးချည်အဝတ်ကို မဝတ်ဘူး။

[၂၀] လူရဲ့ဆံပင်နဲ့ ရက်ထားတဲ့အဝတ်ကို ဝတ်တာမို့ ကေသကမ္ဗလ လို့ခေါ်တယ်။ သူက ဘာဝါဒကို ဟောပြောတာတုန်းဆိုတော့ “နတ္ထိကဝါဒ”။ နတ္ထိကဝါဒ ဆိုတာ လှူတာတန်းတာ မှန်သမျှ ဘာအကျိုးမှ မရှိဘူး။ ကုသိုလ် အကုသိုလ်မှန်သမျှ လုပ်သမျှ ဘာအကျိုးမှ မရှိဘူး။ ဒီလောကဆိုတာလည်း မရှိဘူး၊ နောက်လောကဆိုတာလည်း မရှိဘူး။ အမေဆိုတာလည်း မရှိဘူး၊ အဖေဆိုတာလည်း မရှိဘူး။ “နတ္ထိ မာတာ၊ နတ္ထိ ပိတာ” အမေအဖေ မရှိဘူးလို့ ပြောတာ အမေအဖေကို အသိအမှတ်မပြုတာ။ အမေအဖေကို အသိအမှတ်မပြုခြင်းဖြင့် သူပြောလိုတာ ဘာလဲလို့ဆိုရင် အမေဆိုတာမရှိဘူးဆိုရင် အမေကို အသိအမှတ် မပြုသည့်အတွက်ကြောင့် အမေကို စော်ကားလို့လည်း အပြစ်မဖြစ်ဘူး၊ ပြုစုလို့လည်း အကျိုးမရဘူး။ ဒီဝါဒကို ဟောတာနော်။ အဖေကို စော်ကားလို့လည်း အပြစ်မရဘူး။ ပြုစုလို့လည်း အကျိုးမရှိဘူး။ နတ္ထိ မာတာ၊ [၂၁] နတ္ထိ ပိတာ လို့ သူကငြင်းပယ်တယ်။

နတ္ထိ သတ္တာ ဩပပါတိကာ - သတ္တဝါတွေ သေပြီးတော့ ပြန်ဖြစ်တယ်ဆိုတာ မရှိဘူး။ လောကမှာ မှန်ကန်တဲ့အကျင့် ကျင့်ပြီး ထူးခြားတဲ့အသိဉာဏ်ရပြီး လောကကို ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဟာ တစ်ယောက်မှ မရှိဘူးလို့ ဘုရားဆိုတာကိုပါ ငြင်းပယ်ထားတာ။

အဲဒီဝါဒကို ဟောနေတဲ့ အဇိတကေသကမ္ဗလကိုလည်း သူ့တပည့်တွေက အားလုံးသူ့နောက်က လိုက်မပြောကြဘူး။ သူ့ကို ဆန့်ကျင်ဖက်လုပ်ပြီးတော့ သူ့ကို ဝေဖန်ရှုတ်ချပြီးတော့ ထွက်သွားကြတာတွေ ရှိတယ်။ သူ့ပရိသတ်ကို သူမနိုင်ဘူးလို့ ဒီလိုပြောတာ။ အဲတော့ တပည့်ပရိသတ်တွေရဲ့ ချီးမွမ်းမှုကို သူလည်းမရဘူး။

နောက်တစ်ဦးက ဘယ်သူတုန်းဆိုတော့ ပကုဓကစ္စာယန။ သူကတော့ ဧကစ္စသဿတဝါဒ- [၂၂] အချို့ မြဲတယ်၊ အချို့ မမြဲဘူးတဲ့။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဓာတ်ကြီးလေးပါး၊ သုခ၊ ဒုက္ခဆိုတဲ့ ချမ်းသာ ဆင်းရဲ၊ ဇီဝအသက်၊ ဒီခုနစ်ခုကလွဲရင် ဘာမှမမြဲဘူး၊ ဒီခုနစ်ခုကတော့ ထာဝရမြဲတဲ့အရာတွေလို့ ဟောတယ်။ သူ့ဝါဒကို သူ့နောက်လိုက်တဲ့ တပည့်တွေကလည်း ဝေဖန်ရှုတ်ချပြီးတော့ သူ့ရဲ့အယူဝါဒက စွန့်လွှတ်ပြီးတော့ ထွက်ခွာသွားကြတာပဲ။

ဟော နောက်တစ်ဦးကတော့ သဉ္စယဗေလဋ္ဌပုတ္တ။ သူကတော့ ပရဗိုဇ်ပဲ။ သူ့ရဲ့ဝါဒက “အမရာဝိက္ခေပဝါဒ။” ဘယ်တော့မှ ဆုပ်ကိုင်လို့ မရဘူး။ အမြဲတမ်းရှောင်ပြီးတော့ ပြောလေ့ရှိတဲ့ဝါဒ။ အရှင်သာရိပုတ္တရာတို့ အရှင်မဟာမောဂ္ဂလာန်တို့ လူ့ဘောင်ကနေပြီးတော့ တရားရှာဖို့ ထွက်လာတဲ့အခါမှာ သူ့ထံကို ပထမဆုံး ရောက်သွားကြတယ်။ သူ့ရဲ့ဝါဒက ရှောင်တိမ်းဝါဒ၊ “ဒါကုသိုလ်လား ဆိုလို့ရှိရင် ကုသိုလ်လို့လည်း မဆိုလိုပါဘူး။ ဒါဖြင့်ကုသိုလ် [၂၃] မဟုတ်ဘူးလား ဆိုလို့ရှိရင် မဟုတ်ဘူးလို့လည်း မဆိုလိုပါဘူး။” ဒီလိုလျှောက်ပြီးတော့ ငြင်းနေတာ။ ဘယ်ဟာရယ်လို့ တိတိကျကျ မပြောဘူး။ သူက ကြောက်တယ်။ သူတစ်ခုခုကို ကိုင်စွဲလိုက်ရင် သူ့ကို ပြစ်တင်မှာ ဝေဖန်မှာကြောက်တယ်။ ဒါကြောင့်မို့ ရှောင်တိမ်းတဲ့ဝါဒ။ ဘယ်လိုမေးမေးသူ့ကို ဖမ်းလို့မမိဘူး။ ဟိုရှောင်ဒီတိမ်းလုပ်တဲ့ “အမရာဝိက္ခေပ” ဝါဒ လို့ ဆိုတာပေါ့နော်။

အဲဒီဝါဒ ကိုင်စွဲထားတဲ့ သဉ္စယဗေလဋ္ဌပုတ္တ ဆိုတဲ့ နောက်လိုက်နောက်ပါ တပည့်များတဲ့ဆရာကြီးကိုလည်းပဲ သူ့တပည့်တွေက အားလုံးက ကြည်ညိုလက်ခံကြတာ မဟုတ်ဘူး။ လူလယ်ခေါင်မှာ အရှက်ခွဲပြီးတော့ သူ့ရဲ့အယူဝါဒကနေ ထွက်ခွာသွားကြတဲ့ ပုဂ္ဂိုလ်တွေဟာ အများကြီး ရှိခဲ့တယ်။

နောက်တစ်ဦးက နိဂဏ္ဌနာဋပုတ္တ။ ဒီကနေ့ခေတ် အိန္ဒိယနိုင်ငံမှာ ဂျိန်းလို့ခေါ်တယ်။ မဟာဝီရ [၂၄] သူတို့ကျမ်းစာအရဆိုရင်တော့ ဝဍ္ဎမာနမဟာဝီရလို့ ခေါ်တယ်။ ဒီ မဟာဝီရဆိုတဲ့ ဂျိန်းဂိုဏ်းခေါင်းဆောင်ကြီးကလည်း “စာတုယာမသံဝရ”လို့ဆိုတဲ့ လေးဘက်လေးတန်က ကိုယ့်ကိုယ်ကို စောင့်စည်းခြင်းဆိုတဲ့ မှန်ကန်တဲ့ တရားကိုတော့ ဟောတယ်။ သူဟောတဲ့ ဝါဒတွေက အကုသိုလ်ရှောင်ဖို့ အဓိက။ သို့သော် သူ့မှာ အပြစ်တင်စရာ ဘာလဲလို့ဆိုရင် အတ္တကို စွဲကိုင်ထားတယ်။ ထာဝရမြဲတဲ့ အရာတစ်ခုကို သူက မကျော်ဖြတ်နိုင်ဘူး။ ဒါကြောင့်မို့ အရှင်မဟာဗုဒ္ဓဃောသကတောင် သူ့ဝါဒကို ဘယ်လိုပြောတာတုန်း ဆိုတော့ ဧတဿ ဝါဒေ ကိဉ္စိ သာသနာနုလောမမ္ပိ အတ္ထိ မြတ်စွာဘုရားရဲ့ အဆုံးအမနဲ့တူတဲ့အရာတွေ သူ့ဝါဒထဲမှာ ပါပါတယ်တဲ့။ ဘာလဲလို့ဆိုရင် မကောင်းမှုကို တားမြစ်တဲ့ဝါဒ။ မကောင်းမှု မလုပ်ရဘူးဆိုတဲ့ဝါဒ တူတယ်။ သို့သော်လည်းတဲ့ “အသုဒ္ဓလဒ္ဓိတာယ သဗ္ဗာဒိဋ္ဌိယေဝဇာတာ” သူ့ရဲ့ အယူ [၂၅] ဝါဒတွေဟာ မှားယွင်းတာတွေ အခြေခံထားလို့ သူဝါဒလည်းပဲ မိစ္ဆာဝါဒထဲ ပါသွားတယ်။

သူက အစွန်းရောက် “အဟိံသာ” သမားနော်။ ဘာကိုမှ မပိုင်ဆိုင်ရဘူးလို့ သူက ပညတ်ထားတာ၊ “အပရိဂ္ဂဟ” တဲ့။ သူကိုယ်တိုင်ကလည်း မိမွေးတိုင်း ဖမွေးတိုင်း နေတယ်။ ဝတ်စရာအဝတ်မရှိဘူး၊ ဆွမ်းစားစရာ သပိတ်မပါဘူး ပိုင်ဆိုင်မှုအားလုံးကို စွန့်လွှတ်ထားတဲ့ ပုဂ္ဂိုလ်။ အဟိံသာတရားကိုလည်း အစွန်းရောက် လက်ခံကျင့်သုံးနေတာ။ ဘယ်အရာပဲ ဖြစ်ဖြစ် ဇီဝရှိတယ်။ ရေကို အစိမ်းသောက်ရင် ပါဏာတိပါတကံ ဖြစ်တယ်လို့ဆိုပြီးတော့ Fresh water ကို သူကရှောင်တယ်။ ဒီလိုကျင့်တဲ့ ပုဂ္ဂိုလ်ပေါ့။ ဒါကြောင့်မို့ သူ့ကို ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေဟာ တောင်သူလယ်သမားတွေ မဟုတ်ကြဘူး၊ ဘာဖြစ်လို့တုန်း ဆိုတော့ တောင်သူလယ်သမားတွေက သစ်ပင်တွေ ခုတ်ဖြတ်ရတယ်။ မြေကြီးတူးရတယ်။ သူ့ဝါဒအရ [၂၆] မြေကြီးတူးရင် မြေကြီးကို သတ်ရာရောက်တယ်။ သစ်ပင်ကိုခုတ်ရင် သစ်ပင်ကို သတ်ရာရောက်တယ်။ ဇီဝတွေသတ်တယ်ဆိုတော့ သူ့ဝါဒနဲ့ အပြစ်မလွတ်ဘူး။

အဲ ဘယ်သူတွေက ကိုးကွယ်တုန်းဆိုတော့ ကုန်သည်ပွဲစားတွေက ကိုးကွယ်တယ်။ ကုန်သည်ပွဲစားဆိုတာ အရောင်းအဝယ်ပဲ လုပ်တယ်။ မြေကြီးလည်း မတူး၊ သစ်ပင်လည်းမခုတ်ဘူး၊ ဒါကြောင့်မို့ ကုန်သည်ပွဲစားတွေက ကိုးကွယ်တာ၊ ဒါကြောင့် သူ့ဝါဒဟာ ဒီကနေ့ထိအောင် အိန္ဒိယမှာ ရှင်သန်နေတယ်။ အဲဒီ နိဂဏ္ဌနာဋပုတ္တ ဆရာကြီးကိုလည်း တပည့်တွေက ထော်လော်ကန့်လန့်လုပ်ပြီးတော့ ထွက်သွားကြတာရှိတယ်။ ဒါကြောင့်မို့ တပည့်တွေရဲ့လေးစားမှုကို ဒီဆရာကြီး ခြောက်ဦးလုံးဟာ မရဘူးတဲ့။ ဒါသူတို့ ဝေဖန်ဆွေးနွေးနေကြတာ။

နောက် ဂေါတမဗုဒ္ဓဟာ နောက်လိုက်နောက် [၂၇] ပါ အလွန်များတယ်။ ဒါပေမဲ့ ဂေါတမဘုရားရဲ့ တပည့်တပန်း သာဝကတွေဟာ ဂေါတမဗုဒ္ဓကို သိပ်ရိုသေလေးစားကြတာကို တွေ့ရတယ်တဲ့။ တစ်ခါတုန်းက ပရိသတ်အလယ် ဂေါတမဘုရား တရားဟောနေတဲ့အချိန်မှာ တပည့်သာဝကတစ်ဦးက ချောင်းဟန့်မိတယ်။ အနားနားရှိတဲ့ ကိုယ်တော်က ဒူးတို့ပြီးတော့ သတိပေးဖူးတယ်။ “ကိုယ်တော် တိတ်တိတ်နေ၊ တိတ်တိတ်နေ မြတ်စွာဘုရား တရားဟောနေတယ် အသံမလုပ်ပါနဲ့၊ အသံမထွက်ပါနဲ့” လို့ တားတာကို သိလိုက်ကြရတယ်၊ မြင်လိုက်ကြရတယ်။ ဘယ်လောက်ထိအောင် ဂေါတမဗုဒ္ဓရဲ့တပည့် သာဝကတွေဟာ ဘုရားကို လေးစားကြသလဲတဲ့။ နောက် ဂေါတမဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ မြတ်စွာဘုရား တရားဟောပြီဆိုတဲ့အချိန်ကျရင် ဘုရားဟောတဲ့ တရားပွဲတွေမှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ချောင်းဟန့်သံလည်း မကြားရဘူး၊ ချေဆတ်သံ [၂၈] လည်း မကြားရဘူး။ တိတ်ဆိတ်ငြိမ်သက်ပြီးတော့ နားထောင်နေကြတယ်တဲ့။ အားလုံးဟာ ဘုရားရဲ့ တရားကို တလေးတစား နားထောင်နေကြတာ တွေ့ရတော့ ဂေါတမဗုဒ္ဓရဲ့တပည့်သာဝကတွေဟာ သူတို့ဆရာကို အင်မတန်မှ လေးစားမြတ်နိုးတယ် ဆိုတာကို သိရတယ်။

ဒါတင်မကဘူး ဂေါတမမြတ်စွာဘုရားရဲ့ သာသနာတော်မှာ မြတ်သောအကျင့်ကို မကျင့်နိုင်လို့ ဘုန်းကြီးတွေ လူထွက်သွားတာတွေ ရှိတယ်။ အဲဒီ လူ့ဘောင်ရောက်သွားတဲ့ဘုန်းကြီးတွေဟာလည်း ဘုရားကို မကဲ့ရဲ့ဘူး၊ တရားကို မကဲ့ရဲ့ဘူး၊ သံဃာကို မကဲ့ရဲ့ဘူး။ သူ့ကိုသူပဲ အပြစ်တင်ကြတယ်၊ “ငါတို့က မနေနိုင်တာ၊ ငါတို့ကိုယ်က မကျင့်နိုင်တာ။ မကျင့်နိုင်လို့ တို့တစ်တွေဟာ သာသနာတော်က ထွက်ခွာလာခဲ့တာ သာသနာ့ကျင့်စဉ်က... မှားလို့ မဟုတ်ဘူး” လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး နောက် [၂၉] ဆုံးမှာ ဥပါသကာအဖြစ် ခံယူပြီးတော့ နေကြတာတွေ ရှိတယ်။

ဒါက ဂေါတမဗုဒ္ဓနဲ့ ပတ်သက်ပြီးတော့ ကြည်ညိုလေးစားမှုခံရတာကို သကုလုဒါယီ ပရဗိုဇ်က မြတ်စွာဘုရားကို လျှောက်တာ။ မြတ်စွာဘုရားက အဲဒီမှာမေးတယ်။ “ဥဒါယီ ငါ့ကိုအခုလို တပည့်သာဝကတွေက လေးစားတာ၊ မြတ်နိုးတာ ဘာကြောင့်လို့ ထင်သလဲ၊ ဘယ်လိုအရည်အချင်းတွေရှိလို့လို့ ထင်သလဲ၊ ဘယ်ဂုဏ်ရည်တွေဟာ ဒီလို လေးစားလောက်တယ်လို့ ယူဆသလဲ?”

ဒီတော့ သကုလုဒါယီ ပရဗိုဇ်က သူ့အထင်ကို လျှောက်တယ်။ “အရှင်ဘုရားကို... တပည့်သာဝကတွေက လေးစားတာဟာ တပည့်တော်အမြင် အချက် ၅ ချက် ရှိတယ်ဘုရား”တဲ့။ အချက် ၅ ချက်က ဘာတုန်းဆိုတော့ အရှင်ဘုရားက အစာအာဟာရနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ဘုန်းပေးတယ်။

[၃၀] အစာ အင်မတန်မှ ခြိုးခြံတယ်တဲ့။

ပရဗိုဇ်တွေက တစ်ခါတစ်ခါ သူတို့မှာ လျှော့စားတာကို ဂုဏ်ယူတဲ့အကျင့်ရှိတယ်။ အစာကို နည်းနည်းလေးစားပြီး နေနိုင်တာကိုပဲ တကယ့် ကျင့်စဉ်ကြီး တစ်ခုလိုလုပ်တာ။ ဗမာပြည်မှာလည်း လိုက်ကျင့်ကြတာရှိတယ်လေ၊ ၉ ရက် မီးလွတ်စားတာတို့၊ ၉ ရက် သစ်သီးလေးပဲ စားတာတို့ ဒီကျင့်စဉ်တွေပဲ။

အစာအာဟာရနည်းနည်းလေး စားတာ သူများတွေလို အများကြီးမစားဘဲနဲ့ ရေသောက်ကျင့်တယ်ဆိုတာမျိုးလိုပေါ့။ အရှင်ဘုရားဟာ နည်းနည်းလေးစားတဲ့အပေါ်မှာ ပြုလုပ်ဆောင်ရွက်လေ့ရှိတယ်။ ဒီအချက်ဟာလည်းပဲ အရှင်ဘုရားကို တပည့်တွေ လေးစားမြတ်နိုးခြင်းအကြောင်း ဖြစ်ပါလိမ့်မည်တဲ့။

နောက်တစ်ခုက ဘာတုန်းဆိုရင် သင်္ကန်းနဲ့ [၃၁] ပတ်သက်လာလို့ရှိရင် အရှင်ဘုရားဟာ ရသမျှနဲ့ ရောင့်ရဲတယ်၊ တင်းတိမ်တယ်။ အဲဒီ ရောင့်ရဲတင်းတိမ်မှုဆိုတဲ့ဂုဏ်နဲ့ပြည့်စုံတယ်၊ ဒါကြောင့် တပည့်တွေ လေးစားတယ်။

ဆွမ်းနဲ့ ပတ်သက်လာလို့ရှိရင်လည်း အရှင်ဘုရားဟာ ရရသမျှ ဆွမ်းနဲ့ပဲ တင်းတိမ်ရောင့်ရဲတယ်။ ဒါကြောင့်မို့ တပည့်တွေက ရိုသေလေးစားကြတယ်။ ကျောင်းကန်နဲ့ပတ်သက်လာလို့ရှိရင်လည်း ဘယ်လို ကျောင်းကန်မျိုးပဲဖြစ်ဖြစ် ရရသမျှ ကျောင်းကန်နဲ့ အရှင်ဘုရားက ကျေနပ်တယ်တဲ့။ ဒါကြောင့်မို့ တပည့်တွေက အရှင်ဘုရားကို ရိုသေလေးစားကြတာ ဖြစ်နိုင်တယ်။

နောက်တစ်ခုက အရှင်ဘုရားဟာ ဘယ်သူနဲ့မှ ရောရောနှောနှော မနေတတ်ဘူး။ အရှင်ဘုရား နေလို့ရှိရင် တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေတတ်တဲ့ [၃၂] အကျင့်ရှိတယ်။ အဲဒါကြောင့်လည်း တပည့်တွေက လေးစားတာဖြစ်နိုင်တယ်။

အဲဒီလို မြတ်စွာဘုရားကို လျှောက်တော့ မြတ်စွာဘုရားက အစာနည်းနည်းစားလို့ ငါ့ကို လေးစားတာလည်း မဟုတ်ဘူး။ ငါ့တပည့်တွေထဲမှာ တချို့ကိုယ်တော်တွေဟာ ဥသျှစ်သီးလုံးလောက်လေးပဲ စားမယ်လို့ အဓိဋ္ဌာန်ပြီးတော့ ဥသျှစ်သီးလုံးလေးလောက်ပဲစားကျင့်တဲ့ကိုယ်တော်တွေ ရှိတယ်။ ဥသျှစ်သီး တစ်ခြမ်းလောက် စားပြီးနေတဲ့ ကိုယ်တော်တွေလည်း ရှိတယ်တဲ့။ ကျင့်ကြတာ။ တချို့ကျတော့ အိမ်တွေမှာ ထမင်းကို သီးသန့်ချက်ပြီးတော့ ဦးဦးဖျားဖျား ဆိုပြီးတော့ ခွက်ငယ်၊ ပန်းကန်ငယ်လေးတွေနဲ့ ထည့်ထားတယ်။ ကြွလာတဲ့ပုဂ္ဂိုလ် ဘယ်သူပဲဖြစ်ဖြစ် အဲဒီ ခွက်တစ်ခွက် လှူလိုက်တယ်။ အဲဒီမှာ တချို့ကိုယ်တော်တွေဟာ အဲဒီခွက်ကလေး တစ်ခွက်စာလောက်နဲ့ တင်းတိမ်နေကြတာမျိုးတွေ အများကြီး [၃၃] ရှိတယ်တဲ့။

အကယ်၍သာ အစာအာဟာရနည်းနည်းလေးစားလို့ ငါ့ကို ကြည်ညိုမယ်ဆိုလို့ရှိရင် ငါ့ကို လေးစားတယ်ဆိုရင် အဲဒီလို တပည့်မျိုးတွေက ငါ့ကို ဘယ်လေးစားမှာတုန်းတဲ့။ သူတို့က ငါ့ထက်စားတာ နည်းတယ်တဲ့၊ အာဟာရနဲ့ပတ်သက်ပြီးတော့ ငါ့ထက်ခြိုးခြိုးခြံခြံ ကျင့်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်တဲ့။ ဒါလည်းပဲ အကြောင်းမဟုတ်ဘူးတဲ့။

နောက်တစ်ခု သင်္ကန်းနဲ့ပတ်သက်လာလို့ရှိရင်လည်း ငါ့ရဲ့တပည့်တွေထဲမှာ ရာသက်ပန် ပံ့သကူ သင်္ကန်းဝတ်နေကြတာတွေ ရှိတယ်။ ငါကမှ သူဌေးတွေလှူတဲ့အဝတ်တွေ ဘုရင်တွေကလှူတဲ့အဝတ်တွေ အင်မတန်မှ ကောင်းတဲ့အဝတ်တွေကို တစ်ခါတစ်ရံ ဝတ်သေးတယ်တဲ့။ ငါ့တပည့်တွေက တကယ့်ကို သုဿာန် သင်္ချိုင်း အမှိုက်ပုံတွေက ရလာတဲ့ ပံ့သကူ သင်္ကန်းတွေကို ချုပ်ပြီးဝတ်ကြတာ။ တစ်သက်လုံး [၃၄] ပံ့သကူသင်္ကန်းနဲ့ နေသွားကြတာ အများကြီးရှိတယ်။ အကယ်၍သာ သင်္ကန်းနဲ့ခြိုးခြံလို့ ကြည်ညိုကြတယ်ဆိုရင် ငါ့ထက်ခြိုးခြံတဲ့ တပည့်တွေက ငါ့ကို ဘယ်ကြည်ညိုမလဲ၊ ဒါကြောင့်မို့ မင်းပြောတဲ့ အချက်ဟာ မဟုတ်သေးဘူးတဲ့။

ဆွမ်းနဲ့ ပတ်သက်လာလို့ရှိရင်လည်း ငါ့ရဲ့ တပည့်တွေထဲမှာ အမြဲတမ်း ဆွမ်းခံစားကြတာ ရှိတယ်။ မြို့ထဲရွာထဲရောက်လို့ “တပည့်တော်တို့ အိမ်ကိုကြွပါဦး ဘုရား၊ ဆွမ်းစားပါဦး ဘုရား” ဆိုရင် လက်မခံဘူး၊ ပင့်ပြီးကျွေးတဲ့ ဆွမ်းကို လက်မခံတဲ့ တပည့်တွေအများကြီးရှိတယ်။ ဆွမ်းခံလို့ရတဲ့ ဆွမ်းနဲ့ပဲ ကျေနပ်ပြီး ကျင့်တဲ့တပည့်တွေ ရှိတယ်။ ငါကကျတော့ အဲဒီလို မဟုတ်ဘူး။ တစ်ခါတစ်လေ ဆွမ်းစားပင့်တာ လိုက်ရတယ်။ ကောင်းပေ့ဆိုတဲ့ ဆွမ်းတွေနဲ့ တစ်ခါတစ်ရံ ဘုန်းပေးတာရှိတယ်။ ဆွမ်းစားပင့်တာတွေ ရှိတယ်။ ဆွမ်းခံတာတင် မဟုတ်ဘူးတဲ့။

[၃၅] အကယ်၍သာ ဆွမ်းကွမ်းနဲ့ပတ်သက်ပြီး ခြိုးခြံလို့ ရောင့်ရဲလို့ ကြည်ညိုမယ်ဆို ငါ့ကို ဘယ်ကြည်ညိုမလဲတဲ့။ သူတို့လောက် ငါကျင့်တာ မဟုတ်ဘူးတဲ့။

နောက်တစ်ခု ကျောင်းနဲ့ပတ်သက်တဲ့အခါမှာလည်း ငါ့ရဲ့တပည့်သာဝကတွေမှာ ရှစ်လတိတိ အမိုးအောက်ကို မဝင်ဘူး။ Shelter ဆိုတဲ့ အမိုးအကာအောက်မှာ မရှိဘူး။ သစ်ပင်အောက်နဲ့ လွင်ပြင်မှာသာ နေကြတယ်။ ရှစ်လဆိုတာ ဆောင်းလေးလနဲ့ နွေလေးလကို ပြောတာ။ မိုးရာသီကျတဲ့အခါမှာ အမိုးအောက် ဝင်တာ။ ရုက္ခမူဓုတင်တို့ အဗ္ဘောကာသိကဓုတင်တို့ ဒီလိုဆိုလိုတာပေါ့။ လွင်ပြင်မှာနေတဲ့ ဓုတင်အကျင့်။ သစ်ပင်ရင်း သစ်ပင်ရိပ်မှာနေတဲ့ ဓုတင်အကျင့်။ အဲဒီ ဓုတင်အကျင့်တွေကို ကျင့်ကြံကြိုးကုတ်အားထုတ်နေတဲ့ ငါ့ရဲ့တပည့်တွေ ရှိတယ်။ ငါက သူတို့လိုနေတာ မဟုတ်ဘူးတဲ့။ လှလှပပ ဆောက်ထားတဲ့ ဂန္ဓကုဋီ ကျောင်းကြီးတွေ ခမ်းနား [၃၆] တဲ့အဆောက်အအုံကြီးတွေမှာ တစ်ခါတစ်လေ ငါက နေတာတဲ့။ အဲဒီတော့ ကျောင်းနဲ့ပတ်သက်ပြီး ရသမျှ ကျေနပ်လို့ ငါ့ကိုကြည်ညိုတယ်ဆိုလို့ရှိရင် ခုနက အမိုးအကာအောက် ရှစ်လတိတိ မဝင်တဲ့တပည့်တွေက ဘယ်လိုလုပ် ငါ့ကို ကြည်ညိုနိုင်ကြမလဲ၊ လေးစားမလဲတဲ့။ မလေးစားနိုင်ပေဘူးတဲ့။ ဒါကြောင့်မို့လို့ ဒါလည်း အကြောင်းမဟုတ်ဘူးတဲ့။

နောက်တစ်ခါ “အရှင်ဘုရားဟာ ဘယ်သူနဲ့မှ ရောရောနှောနှော မနေဘူး” လို့ သင်ကပြောတယ်။ ဒီအချက်ဟာလည်း မဖြစ်ဘူးတဲ့။ ငါ့တပည့်တွေထဲမှာ ဘယ်သူနဲ့မှ အတွေ့မခံဘဲ တောထဲမှာ ဧကစာရီ ကျင့်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ဘယ်သူနဲ့မှ အတွေ့မခံဘူး။ အစွန်အဖျားကျတဲ့ တောနက်တွေထဲသွားပြီး တစ်ဦးတစ်ယောက်တည်းနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ သူတို့ဟာ ဝိနည်းစည်းကမ်းအရ ဥပုသ်ပြုဖို့ဆိုပြီးတော့ လပြည့်လကွယ် တစ်လမှာ နှစ်ကြိမ်ပဲ [၃၇] သံဃာ့အလယ်ကို ရောက်တယ်။ ကျန်တဲ့အချိန်မှာ ဘယ်သူနဲ့မှ မတွေ့ဘူး။ ရောရောနှောနှောမနေလို့ ငါ့ရဲ့တပည့်တွေက ငါ့ကို လေးစားတယ်ဆိုလို့ရှိရင် ရောရောနှောနှော မနေတဲ့အရာမှာ ငါ့ထက်သာတဲ့ ဒီတပည့်တွေက ငါ့ကို ဘယ်လိုလုပ် လေးစားမတုန်းတဲ့။ ဒါကြောင့်မို့ ဒါလည်းပဲ မဟုတ်ဘူးတဲ့။ အဲဒီတော့ ဥဒါယီပြောတဲ့ အချက် ၅ ချက်လုံးဟာ မြတ်စွာဘုရားကို တပည့်တွေက လေးစားမြတ်နိုးခြင်းရဲ့ဂုဏ်ရည်တွေ မဟုတ်နိုင်ဘူး။ ဒီအချက်တွေကြောင့် ငါ့ကို လေးစားတာ မဟုတ်ဘူးတဲ့။ ငါ့ကို လေးစားကြခြင်းရဲ့ အကြောင်း ၅ မျိုးရှိတယ်လို့ မြတ်စွာဘုရားက ဒီတပည့်တို့ရဲ့ လေးစားမြတ်နိုးရတဲ့ ဂုဏ်အရည်အချင်းတွေကို ဟောတယ်။ ဒါက အင်မတန်မှ မှတ်သားစရာကောင်းတယ်။ ရဟန်းတွေ၊ နောက်လိုက် တပည့်သာဝကတွေက ဘာဖြစ်လို့ ဒီလောက် လေးစားတာလဲ၊ လေးစားရခြင်းရဲ့ အ [၃၈] ကြောင်းက ဘာလဲဆိုတာကို မြတ်စွာဘုရားက ထုတ်ပြီးတော့ ဟောပြောထားတာ။ နံပါတ်တစ်က ငါ့ကို တပည့်တွေ လေးစားမြတ်နိုးရတဲ့ အကြောင်းတစ်ခုက အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရား ငါ့မှာရှိတယ်။ အဆင့်မြင့်တဲ့သီလကို အဓိသီလလို့ ခေါ်တယ်။ အဲဒီအဆင့်မြင့်တဲ့ ကိုယ်ကျင့်သီလပေါ်မှာ၊ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့အခါမှာ လုံးဝပြောစရာမရှိအောင် မှဲ့တစ်ပေါက် မစွန်းတဲ့၊ အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရား ရှိတယ်ဆိုတာကို တပည့်သာဝကတွေက သိလို့ ငါ့ကို ကြည်ညိုကြတာဖြစ်တယ်။ အဆင့်မြင့်တဲ့သီလဟာ လေးစားခံရခြင်းရဲ့အကြောင်း တစ်ခုပဲတဲ့။

ဒါက အလွန်မှန်ကန်တယ်။ ခေါင်းဆောင်လုပ်တယ်လို့ ဆိုပေမယ့်လို့ တစ်ခါတစ်ရံ ခေါင်းဆောင်တွေရဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှုတွေ ရှိတတ်တယ်။ မြတ်စွာဘုရားကျတော့ ကိုယ်ကျင့် [၃၉] တရားပျက်ပြားမှု ဆိုတာ လုံးဝမရှိဘူးနော်။ သာမန် ကိုယ်ကျင့်တရားမျိုးမဟုတ်ဘဲနဲ့ အလွန့်အလွန် အဆင့်မြင့်တဲ့ကိုယ်ကျင့်တရား၊ ဘယ်လိုနည်းနဲ့မှ မြတ်စွာဘုရားရဲ့ အကျင့်တရားနဲ့ပတ်သက်ပြီးတော့ ထောက်ပြစရာ မရှိအောင် စင်ကြယ်သန့်ရှင်းမှု ရှိတယ်။ အဲဒီ အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရားရှိမှုဟာ တပည့်များရဲ့ လေးစားမြတ်နိုးမှုကို ခံရခြင်းရဲ့ အကြောင်းတစ်ခုပဲတဲ့။

နောက် နံပါတ်(၂)အချက်က ဘာတုန်းဆိုတော့ “အဘိက္ကန္တဉာဏဒဿန” ထူးခြားတဲ့ အမြင်ဉာဏ်ပဲ။ သာမန်ပုဂ္ဂိုလ်တွေ အမြင်ဉာဏ်မျိုး မဟုတ်ဘူး၊ ဘုရားရဲ့အမြင်ဟာ အင်မတန်မှ ထူးခြားတန်ဖိုး ကြီးမားတယ်။ ရှေ့ကိုလည်း မြင်နိုင်တယ် နောက်ကိုလည်း မြင်နိုင်တယ်။ ဘာဖြစ်လာမယ် ဆိုတာကိုလည်း အတိအကျ။ အားလုံးအရာခပ်သိမ်းကို သိနိုင်တဲ့စွမ်းရည်မြင့်မားတဲ့ အမြင်မျိုးရှိတယ်။ အဲဒီအမြင်နဲ့ [၄၀] ပတ်သက်လာလို့ရှိရင်လည်း မြတ်စွာဘုရားကို မှီတဲ့ ပုဂ္ဂိုလ် ဘယ်သူမှ မရှိဘူး။

ရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်မျိုးတောင်မှ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ရှိတယ်လေ။ ရွှေပန်းထိမ်သည် သားရဟန်းလေးကို ကမ္မဋ္ဌာန်းပေးတဲ့အခါမှာ ဩော် လူငယ်လူရွယ်တွေဆိုတာ ရာဂများတတ်တယ် တွယ်တာမှုတွေ အားကြီးလိမ့်မယ်။ အဲဒီတော့ အသုဘကမ္မဋ္ဌာန်းပေးမှ တော်မယ်ဆိုပြီး အသုဘကမ္မဋ္ဌာန်းပေးတာ။ လေးလအားထုတ်တာ သမာဓိတောင် မရဘူး။ မြတ်စွာဘုရားထံ ရောက်တော့ ကမ္မဋ္ဌာန်း Technique ကို ပြောင်းလိုက်တာ ချက်ချင်းပဲ ရဟန္တာဖြစ်သွားတယ်။ အဲဒီလို အမြင်မျိုးကျတော့ မြတ်စွာဘုရားလို မြင်တဲ့ပုဂ္ဂိုလ် တစ်ယောက်မှ မရှိဘူး။

အဲဒီ အချက်ကြောင့်မို့လို့ ရှင်သာရိပုတ္တရာလို ပညာထက်တဲ့တပည့်မျိုးက စပြီးတော့ ဘုရားကို [၄၁] ရိုသေလေးစားကြရတယ်။ မြတ်နိုးတန်ဖိုးထားကြရတယ်။ ဒါ ဒုတိယရိုသေလေးစားဖို့အတွက် အရေးကြီးတဲ့ ဆရာ့ရဲ့ ဂုဏ်ရည်တစ်ရပ်ပဲ ဖြစ်တယ်။ ဟုတ်တယ်၊ ဒါလည်း ဆရာဆိုတာ တပည့်တွေထက် သာလွန်တဲ့ စူးရှထက်မြက်တဲ့အမြင် ရှိဖို့လိုတယ်။ တပည့်တွေနဲ့ တန်းတူအမြင်ဆိုလို့ရှိရင် ဆရာလုပ်ဖို့ခက်တယ်။ ဒါကြောင့်မို့ ဒီအချက်မှာ တပည့်တွေထက် သာလွန်နေလို့ တပည့်တွေက ငါ့ကိုလေးစားတာတဲ့။

နောက် တတိယနံပါတ်(၃)အချက်က ဘာလဲလို့ဆိုရင် ပညာဉာဏ် ကြီးမားထက်မြက်မှုပဲ။ ပညာဉာဏ် ကြီးမားထက်မြက်မှုဆိုတာ မြတ်စွာဘုရားရဲ့ပညာဟာ ဘယ်လောက် ကြီးမားတုန်းဆိုရင် ဘယ်ဘက်ကပဲ မေးမေး၊ ဘယ်ဘက်ကပဲ အပြစ်တင်တင် မြတ်စွာဘုရားမှာ ဖြေစရာ၊ ရှင်းလင်းစရာ ဟောပြောနိုင်တဲ့ အနေအထားမျိုးတွေ ပညာရဲ့စွမ်းအားဟာ အင်မတန်မှ မြင့်မားတယ်လို့ ဒီလိုပြောရ [၄၂] မယ်။ ဘယ်ပုဂ္ဂိုလ်မှ ပညာအရာမှာ ဘုရားကို တုယှဉ်လို့မရဘူး။ ဒါကြောင့်မို့ ကြီးမားတဲ့ပညာရှိမှုဟာလည်း တပည့်သာဝကတွေက မြတ်စွာဘုရားကို လေးစားမြတ်နိုးရခြင်းရဲ့ အကြောင်းတစ်ခု ဖြစ်တယ်။ မှန်တယ် အမြင်စူးရှရုံတင် မဟုတ်ဘူး၊ ပညာဉာဏ်ထက်မြက်ကြီးမားမှုဟာလည်းပဲ အင်မတန်မှ အရေးကြီးတယ်။ ဉာဏ်ကြီးတဲ့အရာမှာ ဘုရားနဲ့ယှဉ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ မရှိဘူး။ ဒါကြောင့်မို့ တပည့်သာဝကတွေက လေးစားတာ။

နောက်စတုတ္ထ နံပါတ်(၄)အချက်က ဘာလဲလို့ဆိုလို့ရှိရင် သစ္စာလေးပါးနဲ့ ပတ်သက်လာတဲ့ မေးခွန်းတွေပဲ။ အေး ဒုက္ခရောက်လာလို့ ဒုက္ခအကြောင်း ကောင်းကောင်းသိချင်လို့ အရိယသစ္စာနဲ့ ပတ်သက်လာတဲ့ မေးခွန်းတွေဆိုလို့ရှိရင် မြတ်စွာဘုရားရဲ့ဖြေဆိုချက်ဟာ အားလုံးရဲ့စိတ်ကို ကျေနပ်သွားအောင် ဖြေပြနိုင်တယ်။ လောကမှာ အမှန်လို့ [၄၃] ပြောတဲ့ အရာတွေဟာ မှားယွင်းမှုတွေ ရှိနေတတ်တယ်။ မြတ်စွာဘုရားရဲ့ အရိယသစ္စာ ကျတော့ အမှားဆိုတာ ထောက်ပြစရာ မရှိဘူး။ ဒါကြောင့်မို့ သစ္စာလို့ဆိုတဲ့အတိုင်း မှန်ကန်တာ။

လယ်တီဆရာတော်ဘုရားကြီး ရေးသားထားတဲ့ သဘာဝသစ္စာ၊ အရိယသစ္စာ၊ ပရမတ္ထသစ္စာ ခွဲခြားချက်လိုပဲ၊ ဆိုပါစို့ သဘောပေါက်အောင် ပြောရမယ်ဆိုလို့ရှိရင် စာပေကျမ်းဂန်မှာ ဘာရေးထားတုန်းဆိုတော့ “ကုသလာ အနဝဇ္ဇသုခဝိပါက လက္ခဏာ” ကုသိုလ်တရားသည် အပြစ်ကင်းတယ်။ ကောင်းကျိုးချမ်းသာကို ပေးနိုင်တယ်လို့ ရှုထောင့်ကနေ ဒီလိုပြောထားတယ်။

မှန်တယ်။ ကုသိုလ်ဆိုတာ ချမ်းသာတဲ့ အကျိုးကိုပေးတာ မှန်တယ်။ သို့သော် ကုသိုလ်လုပ်ပြီးတော့ လူဖြစ်တယ်။ လူ့စည်းစိမ်ချမ်းသာတွေ ရတယ်။ ကောင်းတဲ့အကျိုးတွေရတယ်။ မှန်တယ် သို့သော် [၄၄] အိုရတာလဲ ဒုက္ခ၊ နာရတာလဲ ဒုက္ခ၊ သေရတဲ့ဒုက္ခဟာ ဘာဖြစ်လို့ ရတာတုန်းဆိုရင် ကုသိုလ်ရဲ့အကျိုးထဲမှာ တွဲဖက်ပြီးတော့ ပါလာတာ။ အဲတော့ လူ့ဘဝ ရလာတာ သုခဝိပါကလို့ပြောရင် အိုတာဟာ သုခလား၊ နာတာဟာ သုခလား၊ သေရတာဟာ သုခလား ဆိုတော့ မဟုတ်ပြန်ဘူးနော်။ ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုလုပ်ခြင်းဟာ ချမ်းသာတဲ့ အကျိုးကိုပေးတယ်လို့ ဆိုပေမယ့်လို့ ဒီစကားဟာ အရိယသစ္စာ ရှုထောင့်ကကြည့်ရင် မှားနေသလို ဖြစ်သွားတယ်။ မမှန်ကန်သေးဘူး။ လုံးဝမှန်ကန်တာ မဟုတ်သေးဘူး။

အရိယသစ္စာ ရှုထောင့်က ကြည့်မယ်ဆိုရင် “သဗ္ဗေ သင်္ခါရာ ဒုက္ခာ” သင်္ခါရတရား မှန်သမျှ ဒုက္ခ။ ဒါကြောင့်မို့ အရိယသစ္စာ ကျတော့ အမှားလုံးဝ မရှိတော့ဘူး။ ဒုက္ခလို့ပဲ အကုန်လုံးပြောလိုက်တယ်။ သုခ ဆိုတာ မပါဘူး။ သုခတွေ အားလုံးဟာလည်းပဲ [၄၅] ဒုက္ခထဲဝင်သွားတယ်။ ဈာန်ချမ်းသာတွေလည်းပဲ ဒုက္ခသစ္စာ ထဲမှာ အကုန်ပါတယ်။ လောကီသဘာဝ တရားတွေ မှန်သမျှ ဒုက္ခသစ္စာထဲ အကုန်ပါသွားတယ်။

အဲဒီဒုက္ခကို ထုတ်လုပ်နေတဲ့ အဓိကအကြောင်း တဏှာသမုဒယ။ ထိုဒုက္ခဆင်းရဲ မှန်သမျှတွေ ချုပ်ငြိမ်းသွားတာ နိရောဓနိဗ္ဗာန်။ ထိုနိဗ္ဗာန်ကို ရောက်ကြောင်းဖြစ်တဲ့ ပဋိပဒါအကျင့်က အဓိက မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးနဲ့ပတ်သက်ပြီး အရိယာသူမွန်တို့ ထိုးထွင်း၍သိရတဲ့ သို့မဟုတ် အရိယာအဖြစ်ကို ဆောင်စွမ်းနိုင်တဲ့ တရားတွေကို ဟောပြောတဲ့အခါမှာ မြတ်စွာဘုရားရဲ့ ဖြေရှင်းဟောပြောသမျှကို အားလုံးဟာ စိတ်ထဲမှာလုံးဝကျေနပ် လက်ခံသွားပြီးတော့ အမှားအယွင်းမရှိတဲ့ သစ္စာတရား။

လောကမှာ တခြားအယူဝါဒတွေမှာလည်း သစ္စာဆိုတာ ရှိတယ်။ သူတို့ပြောလိုက်လို့ရှိရင် [၄၆] အမြဲတမ်း ပြောလေ့ရှိတယ်။ “ဣဒမေဝ သစ္စံ မောဃမညံ” “ဒါသာအမှန်၊ ကျန်တာတွေက အမှားချည်းပဲ အလကား” ဒီလို ပြောတယ်။ သို့သော် တစ်ခုနဲ့တစ်ခုဟာ လုံးဝ ဆန့်ကျင်ပြီးတော့ ပြောနေတာ။ ဟိုလူကလည်း သူပြောတာ အမှန်။ နောက်လူကလည်း သူပြောတာ အမှန်။ အမှန်လိုပြောတဲ့အရာ နှစ်ခုသည် တောင်နဲ့မြောက်၊ အရှေ့နဲ့အနောက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့အရာတွေ ဖြစ်တယ်ပေါ့။ မြတ်စွာဘုရားရဲ့ သစ္စာလေးပါးကျတော့ အဲဒီ အနေအထားမျိုး မရှိဘူး၊ လုံးဝမှန်ကန်တယ်။ အမှား လုံးဝ မပါတဲ့ အမှန်မျိုးဖြစ်လို့ သစ္စာတရားနဲ့ ပတ်သက်လို့ ရှင်းလင်းဟောကြားတဲ့နေရာမှာ မြတ်စွာဘုရားရဲ့ဟောကြားချက်ကို အားလုံးက စိတ်တိုင်းကျတယ်။ အဲဒီသစ္စာတရားကို ဟောကြားနိုင်ခြင်းဟာလည်း သာဝကတွေရဲ့ အရာမဟုတ်ဘူး ဒါကြောင့်မို့ သာဝကတွေဟာ သစ္စာမေးခွန်းနဲ့ပတ်သက်လာလို့ရှိ [၄၇] ရင် မြတ်စွာဘုရား ဟောကြားထားတာကို လုံးဝကြီး ကျေနပ်ကြလို့ ဘုရားဟာ တပည့်များရဲ့လေးစားမှုကို ခံရတယ်ဆိုတာ ဒီအချက်ကြောင့်လည်း ဖြစ်တယ်လို့ ဆိုလိုတာ။

ခုနတုန်းကလို သာမန်ကျင့်စဉ်တွေ မဟုတ်ဘူး၊ တခြားအယူဝါဒတွေဆိုရင် ဘယ်လောက် ခြိုးခြိုးခြံခြံ ကျင့်နိုင်တယ်၊ အစာလေး နည်းနည်းစားတယ်။ အဝတ်မဝတ်ဘဲ ခြိုးခြိုးခြံခြံ နေတယ်ဆိုတာတွေက ပရိဗ္ဗာဇကဂိုဏ်းတွေ၊ အစေလကဂိုဏ်းတွေ ကျင့်နေတဲ့ အကျင့်တွေထဲမှာပါတယ်။ ဒါကြောင့် အဲဒါတွေက ဘာမှထူးခြားတာ မဟုတ်ဘူးတဲ့။ အဲဒါတွေနဲ့ လေးစားခံရလောက်အောင် မဖြစ်နိုင်ဘူးတဲ့၊ အခုလို တကယ့်ကို ပြည့်ဝတဲ့ အရည်အချင်းကြောင့်သာ တပည့်တွေက ဘုရားကိုလေးစားကြတာ ဖြစ်တယ်ပေါ့၊ ဆရာအဖြစ်လေးစားတာ ဒီအရည်အချင်းတွေကြောင့်ပဲ။

[၄၈] ဟော - နောက်ဆုံး ၅ ခုမြောက်ကို သကုလုဒါယီသုတ်မှာ ဟောလိုက်တာက ဒီ ဗုဒ္ဓ သာသနာမှာ ကျင့်ရတဲ့ ပဋိပဒါ ၁၉ မျိုး၊ အပိုင်း ၁၉ မျိုးကို ပိုင်းခြားပြီးတော့ ဟောသွားတယ်။ အဲဒါတွေကိုတော့ ဘုန်းကြီးတို့ အတိုချုံးပြီးတော့ ပြောပြမယ်။ ဒီ သကုလုဒါယီသုတ်မှာ ၁၉ မျိုးရှိတယ်။ အကျဉ်းချုပ်ပြီးတော့ဟောတဲ့အတွက်ကြောင့် သိစရာတွေအများကြီး ကျန်တာတော့ မဟုတ်ဘူး။ perspective အနေနဲ့ ခြုံငုံ သုံးသပ်လိုက်လို့ရှိရင် မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေကို ချမှတ်ပေးထားတဲ့လမ်းစဉ် တပည့်သာဝကတွေကို ချမှတ်ပေးထားတဲ့ နိဗ္ဗာန်သွားဖို့ အကျင့်တရား သို့မဟုတ် တစ်စုံတစ်ခုအတွက် ရည်ညွှန်းပြီးတော့ ကျင့်ရတဲ့အကျင့်တရားတွေဟာ အားလုံးပြောတဲ့အတိုင်း လိုက်နာကျင့်သုံးလို့ရှိရင် တကယ်ရောက်တယ်။

ဥပမာမယ် ရွှေတိဂုံဘုရားကြီးကို တက်မယ် [၄၉] အနောက်ဘက်က တက်တက်၊ မြောက်ဘက်က တက်တက်၊ အရှေ့ဘက်က တက်တက်၊ တောင်ဘက်က တက်တက် ဘုရားကြီးပေါ်ရောက်တာချည်းပဲ။ မြတ်စွာဘုရားဟောတဲ့ ဒီပဋိပဒါ ၁၉ မျိုးရှင်းပြတာ ဆိုင်ရာဆိုင်ရာ လမ်းကြောင်းကို ရောက်တာချည်းပဲ။ မရောက်တဲ့လမ်းကြောင်း တစ်ခုမှ မရှိဘူး။

အဲဒီမှာ နံပါတ်(၁) ပဋိပဒါမှာ ဘာကို အမိန့်ရှိတုန်းဆိုတော့ သာဝကတွေကို ကျင့်ရမယ်လို့ ကျင့်စဉ်တစ်ခု ချမှတ်တဲ့အခါမှာ ဒီအကျင့်အတိုင်း ကျင့်သွားလို့ရှိရင် သတိပဋ္ဌာန်လေးပါး အောင်မြင် ပေါက်ရောက်သွားနိုင်တယ်။ သတိပဋ္ဌာန ပဋိပဒါ သတိပဋ္ဌာန် အကျင့်ပဲ။ အဲဒီသတိပဋ္ဌာန် အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ကာယာနုပဿနာ။ contemplation of the body ခန္ဓာကိုယ်နဲ့ဆက်စပ်နေတဲ့အရာတွေပေါ်မှာ နှလုံးသွင်းဆင်ခြင်ပြီးတော့ ရှုမှတ်ပွားများမှုပေါ့။

[၅၀] နောက်တစ်ခုက ဝေဒနာနုပဿနာ။

ဝေဒနာနဲ့ ပတ်သက်ပြီးတော့ ရှုမှတ်ဆင်ခြင်မှု။ စိတ္တာနုပဿနာ စိတ်နဲ့ပတ်သက်ပြီး ရှုမှတ်ဆင်ခြင်မှု။ ဓမ္မာနုပဿနာ ကျန်တဲ့ သဘာဝတရားတွေ အားလုံးနဲ့ ပတ်သက်ပြီးတော့ ရှုမှတ်ဆင်ခြင်မှုဆိုပြီး သတိကို အဓိကထားပြီးတော့ ဟောထားတယ်။ သတိကို အဓိကဟောတယ်ဆိုပေမယ့် သတိတစ်ခုတည်းနဲ့ ဖြစ်တာမဟုတ်ဘူး။ အားလုံးဟာ ပေါင်းစုပြီးတော့လုပ်တာ၊ ဆိုလိုတာကတော့ ဒီထဲမှာ မဂ္ဂင်ရှစ်ပါး အကုန်ပါတယ်။ ဒါကြောင့်မို့ ရှင်းပြောတဲ့အခါမှာ “ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ ဆိုတဲ့အထဲမယ် ... အာတာပီလို့ဆိုတဲ့ စကားက သမ္မာဝါယာမကို ရည်ညွှန်းတယ်။ သမ္ပဇာနော ဆိုတဲ့စကားက သမ္မာဒိဋ္ဌိကို ရည်ညွှန်းတယ်။ သတိမာက သတိကို ရည်ညွှန်းတယ်။

[၅၁] ကာယေ ကာယာနုပဿီလို့ ဆိုတဲ့အထဲမှာ သမာဓိလည်း ပါတယ်၊ သမ္မာသင်္ကပ္ပလည်း ပါတယ် ဆိုတော့ သီလမဂ္ဂင်ဖယ်ထား၊ တကယ်တရားအားထုတ်တဲ့အချိန်မှာ တရားအလုပ်လုပ်တဲ့ မဂ္ဂင် ၅ မျိုး သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ။ ဒီ ၅ ခုဟာ တရားအားထုတ်နေတဲ့အချိန်မှာ ဟန်ချက်ညီညီ အလုပ်လုပ်နေတာကို အကုန် ထည့်သွင်းပြီး မြတ်စွာဘုရားက ဟောထားတာ။ ဒီ သတိပဋ္ဌာန်နဲ့ ကျင့်တဲ့အခါမှာ မြတ်စွာဘုရားက ဒီကျင့်စဉ် ကျင့်တဲ့ ပုဂ္ဂိုလ်တိုင်း၊ ပုဂ္ဂိုလ်တိုင်းဟာ လမ်းဆုံးက ဘယ်လဲလို့ဆိုရင် အဘိညာ ဝေါသာန, အဘိညာ ပါရမီပတ္တ ဆိုတဲ့စကားကို သုံးထားတယ်။ အဘိညာဆိုတာ ကိုယ်တိုင်ထူးခြားတဲ့ဉာဏ်နဲ့သိပြီးတော့ ဝေါသာန ပြီးဆုံးမှုကို ရရှိသွားတယ်။ ပန်းတိုင် ရောက်သွားတယ်လို့ ပြောတာ။ သတိပဋ္ဌာန် ကျင့်စဉ်ကို ကျင့်ပြီးတော့လည်း အရဟတ္တမဂ် အရဟတ္တဖိုလ် [၅၂] ဆိုတဲ့ပန်းတိုင်ကို ရောက်တယ်လို့ ဆိုလိုတာပေါ့။

အထွတ်အထိပ်ကို ရောက်တယ်။ မြတ်စွာဘုရားရဲ့သာသနာတော်မှာ အရဟတ္တဖလပရိယောသာနံ ဘဂဝတော သာသနံ မြတ်စွာဘုရားသာသနာတော်ရဲ့ ပန်းတိုင်ဟာ ဘာလဲလို့ဆိုရင် အရဟတ္တဖိုလ်ပဲ ဖြစ်တယ်ပေါ့။ ဒီကျင့်စဉ် တစ်ခုအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်လိုက်တဲ့အခါမှာ အရဟတ္တဖိုလ်ဆိုတဲ့ ပန်းတိုင်ကို ရောက်တယ်လို့ ဆိုလိုတာပေါ့။ အထွတ်အထိပ်ကို ရောက်တယ်။ မြတ်စွာဘုရားရဲ့သာသနာတော်မှာ အရဟတ္တဖလပရိယောသာနံ ဘဂဝတော သာသနံ မြတ်စွာဘုရားသာသနာတော်ရဲ့ပန်းတိုင်ဟာ ဘာလဲလို့ဆိုရင် အရဟတ္တဖိုလ်ပဲ ဖြစ်တယ်ပေါ့။ ဒီကျင့်စဉ် တစ်ခုအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်လိုက်တဲ့အခါမှာ အရဟတ္တဖိုလ်ဆိုတဲ့ လမ်းဆုံးပန်းတိုင်ကို ဆိုက်ထိတယ်။ အားလုံး တပည့်သာဝကတွေဟာ [၅၃] ချမှတ်ထားတဲ့ သတိပဋ္ဌာန်ကျင့်စဉ်ကို ကျင့်ခြင်းအားဖြင့် အရဟတ္တဖိုလ် ထိအောင်ပေါက်တဲ့ပုဂ္ဂိုလ်တွေ မြောက်များစွာရှိတယ်။ ဒီအကျင့်နဲ့ ပတ်သက်ပြီးတော့ တပည့်တွေအားလုံးဟာ ကျေနပ်ကြတယ်။ ကျေနပ်ကြသည့်အတွက်ကြောင့် အကျင့်နဲ့ပတ်သက်ပြီးတော့ လေးစားတယ်။ အကျင့်နဲ့ပတ်သက်ပြီးတော့ ဟောပြောတာမှန်ကန်သည့်အတွက်ကြောင့် တကယ်ကျင့်ရင် တကယ်ရတဲ့ အကျိုးကျေးဇူးတွေကို ကိုယ်တွေ့ ခံစားကြရလို့ တပည့်တွေရဲ့ လေးစားမြတ်နိုးမှု အရဆုံး ဆရာဖြစ်ရတယ် ဒီလိုဆိုလိုတာနော်။

ထို့အတူပဲ နံပါတ် (၂) က သမ္မပ္ပဓာန်၊ နံပါတ် (၃) က ဣဒ္ဓိပါဒ်။ နံပါတ် (၄) က ဣန္ဒြေ၊ နံပါတ် (၅) က ဗိုလ်၊ နံပါတ် (၆) က ဗောဇ္ဈင်၊ နံပါတ် (၇) က မဂ္ဂင်လို့ ဗောဓိပက္ခိယတရား တစ်ခုစီတစ်ခုစီ ဘယ်ဟာပဲကျင့်ကျင့် သူတို့ရဲ့လမ်းဆုံးက အရဟတ္တဖိုလ် နိဗ္ဗာန်ကို ချည်းပဲ။ ဆိုလိုတာက ထူးခြားတဲ့ [၅၄] အရဟတ္တဖိုလ် နိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကို ကျင့်စဉ်တွေ အားလုံးဟာ ဆိုက်ရောက်သွားကြတာ ချည်းပဲ။ ဒီအကျင့်နဲ့ ပတ်သက်ပြီးတော့ လမ်းချော်သွားတာဆိုတာ တစ်ခုမှမရှိတာကြောင့် တပည့်တွေဟာ အကျင့်နဲ့ ပတ်သက်လာတဲ့အခါမှာ အလွန်ကျေနပ်ကြတယ်။ ဒါကြောင့် တပည့်သာဝကတွေရဲ့ မြတ်နိုးမှုကို အခံရဆုံး ဖြစ်တယ်လို့ ဒီလိုပြောတာနော်။ နောက်တစ်ခုကျတော့ သမထကျင့်စဉ်တွေနဲ့ ပတ်သက်တယ်။ နံပါတ် (၈) ဝိမောက္ခရှစ်ပါး အကျင့်တရား၊ အဲဒီ ဝိမောက္ခရှစ်ပါး အကျင့်တရားဟာလည်းပဲ ကျင့်ကြံကြိုးကုတ်အားထုတ်မယ်ဆိုလို့ရှိရင် ဆိုင်ရာ ဆိုင်ရာအကျိုးတရားတွေကို ပြီးစေတယ်။

နောက်ထပ် နံပါတ် (၉) က အဘိဘာယတန ရှစ်ပါးဆိုတာလည်း ဈာန်အကျင့် တစ်မျိုးပဲ။ ဒါလည်းပဲ ကျွမ်းကျင်မှုဆိုတဲ့လမ်းဆုံးပန်းတိုင်ကို ရရှိတာပဲ။ နောက်တစ်ခါ နံပါတ် (၁၀) က ကသိဏာ [၅၅] ယတန ဆယ်ပါးလို့ဆိုတဲ့ ကသိုဏ်းဆယ်ပါး ကျင့်စဉ်ဟာလည်းပဲ ဆိုင်ရာဆိုင်ရာပန်းတိုင်ကို ရောက်တာ ချည်းပဲ မရောက်တာ တစ်ခုမှမရှိဘူး။ နောက်တစ်ခု နံပါတ် (၁၁) ဈာန်လေးပါးကို ကျင့်ကြံအားထုတ်လို့ရှိရင်လည်း ဆိုင်ရာဆိုင်ရာ လမ်းစဉ်တွေကို ရတယ်။ နောက်တစ်ခု နံပါတ် (၁၂)က ဘာတုန်းဆိုတော့ ဝိပဿနာကျင့်စဉ်။ အဲဒီ ဝိပဿနာ ကျင့်စဉ်နဲ့ ပတ်သက်ပြီးတော့ အနည်းငယ် မှတ်သားကြည့်ကြမယ်, မြတ်စွာဘုရားဟောတဲ့ ဝိပဿနာတရား။ ဒီကနေ့ခေတ်မှာ ဗုဒ္ဓမြတ်စွာသာသနာတော်နဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေမှာ ဖြစ်ပေါ်နေတာတွေရှိတယ်။ တစ်လောတုန်းက ကိုရီးယားကပြန်လာတဲ့ ဘုန်းကြီးတစ်ပါးက ပြောတယ်၊ မြန်မာပြည်မှာ အားထုတ်နေကြတဲ့တရား ဝိပဿနာတရားတွေဟာ မြတ်စွာဘုရားကိုယ်တိုင် ဟောခဲ့တဲ့တရားတွေ မဟုတ်ဘူး၊ ဗုဒ္ဓဃောသ ရေးထားတဲ့အတိုင်းလိုက်ပြီးတော့ [၅၆] ကျင့်နေကြတာ၊ ဘုရားဟောတဲ့ဝိပဿနာ မဟုတ်ဘူးလို့ ပြောဆို,ရေးသားနေတာတွေတောင် ရှိတယ်ပေါ့။

ဒါက ရှိနေတယ်ဆိုတာ သိရုံပဲပြောပြတာပါ။ ရှင်မဟာဗုဒ္ဓဃောသ ရေးတယ်ဆိုတာလည်းပဲ မြတ်စွာဘုရားရဲ့ ဒေသနာတော်တွေထဲက ထုတ်နုတ်ပြီးတော့ ရေးတာပဲ။ ဘယ်အချက်ဟာဖြင့် ဒေသနာတော်နဲ့ ဘယ်လိုကွဲလွဲတယ်ဆိုတာ ထောက်ပြပြီးပြောလို့ရှိရင် လက်ခံရမှာပေါ့။ အခုတော့ ထောက်ပြနိုင်စွမ်း မရှိဘဲနဲ့ ရမ်းပြီးတော့ ပြောတာကတော့ အရေးစိုက်စရာ မဟုတ်ဘူး၊ မှန်ကန်တာ မဟုတ်ဘူးပေါ့။ တချို့ကကုန်အောင်လည်း မဖတ်ဖူးဘူး၊ အဋ္ဌကထာကို ပြောနေကြတာ။ နောက်ဆုံးမှာ စာအုပ်အနှောင့်ကိုတောင် မဖတ်ဖူးဘဲနဲ့ ဘာသာညာညာ ပြောတာကတော့ လွန်တယ်၊ မမှန်တဲ့ဟာတွေပဲ လျှောက်ပြောကြတာပေါ့။ မြတ်စွာဘုရားက ဝိပဿနာကျင့်စဉ် [၅၇] ဆိုပြီးတော့ ဟောတဲ့နေရာမှာ ရုပ်နဲ့နာမ် နှစ်ခုကို ခွဲခွဲခြားခြား မြင်ဖို့လေးအတွက် ဟောထားတာလေး တစ်ခုရှိတယ်။ ကိုယ့်ကိုယ်ကို ဆင်ခြင်စဉ်းစားဖို့ရာ ဟောထားတာ။

နံပါတ်တစ်က “အယံကာယော-ငါ့ရဲ့ body လို့ခေါ်တဲ့ ရုပ်ခန္ဓာကိုယ်ကြီးဟာ၊ စာတုမဟာဘူတိကော- မဟာဘုတ်လေးပါး (ဓာတ်ကြီးလေးပါး) နဲ့ တည်ဆောက်ထားတာ။” ဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့။ ခန္ဓာကိုယ်ကြီးထဲမှာ အသားစိုင်တွေ၊ မာမာတွေ အတုံးအခဲတွေရှိတယ်။ အတုံးအခဲတွေဟာ ပထဝီ။ သွေးစတဲ့ အရည်တွေမှန်သမျှ အာပေါ၊ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့အပူငွေ့တွေ အအေးတွေက တေဇော၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့လေတွေက ဝါယော။ ခန္ဓာကိုယ်ကြီးကို ဓာတ်ခွဲကြည့်လိုက်မယ်ဆိုရင် ပထဝီရယ်၊ အာပေါရယ်၊ တေဇောရယ်၊ ဝါယောရယ်ပဲ ရှိတယ်။ ဒါကြောင့်မို့ ဒီခန္ဓာကိုယ်ကြီးဟာ [၅၈] စာတုမဟာဘူတိကော- မဟာဘုတ်လေးပါးနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကြီးတဲ့၊ ဒါ မြတ်စွာဘုရား ကိုယ်တိုင် ခန္ဓာကိုယ်ရှုပုံနဲ့ ပတ်သက်ပြီးတော့ ပြောတဲ့ စကားနော်။

“အယံကာယော ရူပီ စာတုမဟာဘူတိကော ခန္ဓာကိုယ်ကြီးကို ရုပ်နဲ့တည်ဆောက်ထားတယ်၊ မဟာဘုတ်လေးပါးနဲ့ ဖန်တီးထားတယ်။ မာတာပေတ္တိက သမ္ဘဝေါ၊ အမေအဖေတို့ရဲ့ sperm ovum ဆိုတာတွေကို မှီတည်ပြီး ဖြစ်လာတာ၊” ဒါကတော့ မှန်တာပေါ့။ လူမွေးတယ်ဆိုတာ sperm နဲ့ ovum နှစ်ခုပေါ်မှာ သန္ဓေတည်ကြတာပဲ။ clone ဆိုတာတွေ လုပ်တဲ့ပုဂ္ဂိုလ်တွေလည်း ဒါတွေနဲ့ပဲ လုပ်တာပဲလေ။ ဖန်ပြွန်လူသား ဖန်တီးတဲ့ပုဂ္ဂိုလ်တွေ လည်း ... ဒါတွေနဲ့ပဲ လုပ်တာပဲ။ မာတာပေတ္တိက သမ္ဘဝေါ သစ်စေ့လေး, မျိုးစေ့လေးချရင် မြေနဲ့ရေနဲ့ ရှိရမှာပေါ့။ အဲဒီလိုပဲ မိဘရဲ့ သုတ်သွေးဆိုတဲ့အရာ [၅၉] ပေါ်မှာ ဝိညာဏ်မျိုးစေ့လေးဟာ စတင်ဖြစ်ပေါ်တယ်။ ဘုန်းကြီးတို့တစ်တွေရထားတဲ့ ခန္ဓာကိုယ်ကြီးဆိုတာ မာတာပေတ္တိက သမ္ဘဝေါ။ အဲဒီပေါ်မှာ အခြေပြုပြီးတော့ ဖြစ်ပေါ်လာတယ်။

အဲဒီလို ဖြစ်လာတဲ့ခန္ဓာကိုယ်ကြီး မိခင်ဝမ်းကနေ ကျွတ်လာတဲ့အခါမှာ အခုလို လူကောင်းကြီး ကြီးလာအောင် ... ဘာဖြစ်တုန်းဆိုတော့ “ဩဒန ကုမ္မာသူပစယော-ထမင်းတွေ မုန့်တွေစားပြီးတော့ ကြီးလာတာ။” ဒါက လူတိုင်းနားလည်အောင် ပြောတဲ့ စကားတွေနော် လူ့ခန္ဓာကိုယ်ကြီးဟာ မိဘရဲ့သုတ်သွေးအပေါ်မှာ အမှီပြုဖြစ်လာပြီးတဲ့အခါ ထမင်းတွေ, မုန့်ပဲသရေစာတွေ စားပြီးကြီးလာတယ်။ အဲဒီကြီးလာတဲ့ ခန္ဓာကိုယ်ကြီးဟာ ဒီအတိုင်း တည်တံ့နေတာလား .. ခိုင်မြဲနေတာလားဆိုတော့ မတည်တံ့ဘူး၊ မခိုင်မြဲဘူးတဲ့။ အနိစ္စ-မမြဲဘူး၊ ပြောင်းလဲနေတယ်၊ ထာဝရ ပြောင်းလဲနေတယ်။ ထာဝရ ပြောင်းလဲနေရုံ [၆၀] မကဘူး၊ ဥစ္ဆာဒန အနံ့အသက်တွေဆိုးလို့ သနပ်ခါး အမွှေးအကြိုင်တွေလိမ်းကျံကြရတယ်။ နောက်ဆုံးမှာ ဆပ်ပြာအမွှေးလေးတွေနဲ့သုံးပြီးတော့ ခန္ဓာကိုယ်ကြီးရဲ့အနံ့ကို ဖျောက်ပေးနေကြရတယ်။ ဒါက ဟုတ်တယ်။

ဒါတင်မရသေးဘူး၊ ပရိမဒ္ဒန-နှိပ်နယ်ပေးရသေးတယ်။ massage တွေ ဘာတွေလုပ်ပေးရသေးတယ်။ ဒီလိုခန္ဓာကိုယ်ကြီးရဲ့ သဘောကို ပြောတာနော်။ အနိစ္စစ္ဆာဒန ပရိမဒ္ဒန၊ ဒီလိုလုပ်ပေးတော့ ခန္ဓာကိုယ်ကြီးက တည်မြဲနေသလားဆိုတော့ မတည်မြဲဘူး၊ ပရိဘေဒန နောက်ဆုံးမှာ ပြိုကွဲသွားတယ်။ ဟိုနားက ဟိုဟာဖြစ်၊ ဒီနားက ဒါဖြစ်၊ ဝိဒ္ဒေသန ပျက်စီးတဲ့ သဘောရှိတယ်။ ဒါဟာ ရုပ်ခန္ဓာကိုယ်ကြီးရဲ့သဘောကို ဖော်ပြတာပဲ။ ပြီးတော့ “ဣဒဉ္စ ပန ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓ ငါ့ရဲ့အသိဆိုတဲ့ နာမ်တရားလေးဟာ ဟောဒီရုပ်ခန္ဓာကိုယ်ကြီးမှာ [၆၁] မှီပြီးတော့ ဖြစ်နေတာပါလား”။ ဆိုလိုတာက နာမ်တရားဟာ ရုပ်တရားနဲ့ကွဲပြားသွားအောင် ရုပ်နဲ့ နာမ်နဲ့ နှစ်ခုခွဲပြီး ရှင်းပြတာ။ သာမညဖလသုတ်မှာလည်း မြတ်စွာဘုရားက ဒီအတိုင်းပဲ ဟောတယ်။ အခု မဟာသကုလုဒါယီသုတ်ကို ဟောတော့လည်း ဒီအတိုင်းပဲ ဟောတယ်။ ရုပ်နဲ့နာမ် နှစ်ခုခွဲပြီးပြတာ။

ဥပမာမယ်တဲ့ သေသေချာချာ ထွင်းထားတဲ့ ကြိုးနဲ့သီထားတဲ့ ပတ္တမြားလေးမှာဆိုရင် ပတ္တမြားလေးကိုလည်း မြင်ရ ပတ္တမြားကို သီကုံးထားတဲ့ ကြိုးလေးကိုလည်း မြင်ရတယ်။ ရုပ်ကတစ်ခြား နာမ်ကတစ်ခြားလို့ ဒီလိုဆိုလိုတာနော်။ ရုပ်နဲ့နာမ်ဟာ ဆက်စပ်နေပေမယ့်လို့ သဘာဝချင်း မတူဘူး။ ပတ္တမြားလုံးနဲ့ ပတ္တမြားကို ဖောက်ပြီး သီထားတဲ့ ကြိုးနဲ့မတူဘူး။ ပတ္တမြားလုံးထဲမှာ ကြိုးရှိနေတာကို မြင်ရသလိုပဲ ဟောဒီရုပ်ခန္ဓာကိုယ်ကြီးထဲမှာ ဒီနာမ် [၆၂] တရားဟာ ဖြစ်ပေါ်လာတယ် ဆိုတာကို သိရတယ်။ ဒီရုပ်နဲ့နာမ်ကို ကွဲကွဲပြားပြားသိပြီး အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ ရှုမြင်သုံးသပ်နိုင်တဲ့ ဝိပဿနာဉာဏ် ဖြစ်ပုံကို ဒီနေရာမှာ အတိုချုပ်ကလေး ဟောထားတာ။ အဲဒါဟာလည်း ဝိပဿနာကျင့်စဉ် ကျင့်ခြင်းဖြင့် လမ်းဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရတာချည်းပဲတဲ့။

ဒီအကျင့်ဟာလည်းပဲ မှန်ကန်တယ်။ ဒီအကျင့်ကို ဟောသည့်အတွက်ကြောင့် အားလုံးဟာ ကျေနပ်ကြတယ်။ တပည့်တွေဟာ ဒါကြောင့်မို့ လေးစားကြတယ်။ နောက်တစ်ခု သမထကျင့်စဉ်နဲ့ကျင့်လို့ စိတ်နဲ့ ကိုယ့်ရုပ်ကိုယ် ဖန်တီးနိုင်တဲ့ မနောမယိဒ္ဓိအဘိညာဉ် ဆိုတာ ရတယ်။ အဲဒါဟာလည်းပဲ ဒီအကျင့် ကျင့်ရင် ဒီလိုလုပ်နိုင်တယ်လို့ မြတ်စွာဘုရားက ဟောထားတဲ့အတိုင်း တကယ်ဖြစ်တယ်ပေါ့။ နောက် ၁၄ ခုမြောက်ကတော့ ဣဒ္ဓိဝိဓအဘိညာဉ် ပုံစံ အမျိုးမျိုး [၆၃] ဖန်ဆင်း၊ မြေလျှိုးမိုးပျံ ပုံသဏ္ဌာန် အမျိုးမျိုး လုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေဟာလည်းပဲ၊ တကယ်လုပ်ရင် တကယ်ဖြစ်တယ်။ မြတ်စွာဘုရားဟောတဲ့အတိုင်း နောက်တစ်ခါ ဒိဗ္ဗသောတ အင်မတန် ဝေးလံတဲ့နေရာက အသံတွေ သေးငယ်တဲ့အသံတွေ နားထောင်ရတာ၊ နားထောင်နိုင်တာပေါ့။ နောက်တစ်ခုက စေတောပရိယ အဘိညာဉ်၊ တစ်ဖက်သားရဲ့စိတ်တွေကို သိထားနိုင်တယ်။ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သိနိုင်တဲ့ စေတောပရိယ အဘိညာဉ်ဟာလည်း တကယ်လက်တွေ့ ဆောင်ရွက်နိုင်တယ်တဲ့။ နောက်တစ်ခါ ပုဗ္ဗေနိဝါသာနုဿတိ ကျင့်စဉ်အတိုင်း တကယ်ကျင့်ကြံ ကြိုးကုတ်အားထုတ်လို့ရှိရင် ကိုယ့်ဘဝ အတိတ်ဘဝက အကြောင်းအရာတွေ ကမ္ဘာချီအောင် သိနိုင်တယ်ဆိုတာလည်း တကယ့်လက်တွေ့ ဘုရားဟောထားတဲ့အတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်လို့ အောင်မြင် [၆၄] ပေါက်မြောက်သွားတဲ့ပုဂ္ဂိုလ်တွေ များစွာရှိတယ်။ ဒါကလည်းပဲ ကျေနပ်စရာ တစ်ခုပဲတဲ့။

နောက်ထပ် တစ်ဆယ့်ရှစ်ခုမြောက်ကျတော့ ဒိဗ္ဗစက္ခု၊ ဘယ်လောက် ဝေးဝေး၊ ဘယ်လောက် ကွယ်နေနေ အားလုံးကို မြင်နိုင်တဲ့ဒိဗ္ဗစက္ခုအဘိညာဉ် ဆိုတာရှိတယ်။ အဲဒါဟာလည်း ကျင့်ကြံလို့ အောင်မြင်ပေါက်ရောက်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ဒီအချက်တွေကို ထောက်ထားပြီးတော့ တပည့်များရဲ့ လေးစားမြတ်နိုးမှုခံရတဲ့ ဂုဏ်ရည်တွေဟာ ဒီအကျင့်တရားတွေကို မှန်မှန်ကန်ကန်ဟောလို့ ဟောတဲ့အတိုင်း အောင်မြင်ပေါက်ရောက်တဲ့ဂုဏ်ဟာ နည်းလှတဲ့ဂုဏ်မဟုတ်ဘူး။ တချို့ကျတော့ လမ်းစဉ်ကြီး ချမှတ်ထားပေမယ့် အဲဒီလမ်းစဉ်တိုင်း လိုက်လုပ်လို့ မဖြစ်တာတွေ အများကြီးပဲ။ လမ်းစဉ်ကြည့်လိုက်တော့ အင်မတန် ကောင်းတယ်။ အကောင်အထည် ဖော်လို့မရတာတွေ အများကြီးပဲ။

[၆၅] ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ပဋိပဒါဆိုတဲ့ ကျင့်စဉ်တရားတွေဟာ အကောင်အထည် ဖော်လို့ရ တာ ချည်းပဲလို့ ဒီလိုဆိုလိုတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ အောင်မြင်ပေါက်မြောက်သွားတဲ့ပုဂ္ဂိုလ်တွေ မြောက်များစွာရှိတယ်၊ ဒီအကျင့်အတိုင်း ကျင့်သွားလို့ ပေါက်မြောက်အောင်မြင်သွားကြတာ။ နောက်ဆုံးက တော့ အာသဝက္ခယ ကျင့်စဉ်တစ်ခု၊ ၁၉ ခုမြောက် ပေါ့။ အာသဝက္ခယ ကျင့်စဉ်ဆိုတာ အရဟတ္တမဂ် အရဟတ္တဖိုလ်ထိအောင် သီးခြားတော့ မဟုတ်ဘူး။ ဝိပဿနာကျင့်လာလို့ နောက်ဆုံးမှာ မဂ်ဖိုလ်နိဗ္ဗာန် ကိုရပြီး အာသဝတရား ကုန်သွားပြီးတော့ စေတောမုတ္တိ ပညာဝိမုတ္တိဆိုတဲ့ ကိလေသာတွေက လွတ် မြောက်မှုတွေကို ရရှိသွားတယ်။ ဒီရရှိမှုတွေဟာ ဒီမြတ်စွာဘုရား ဟောထားတဲ့ကျင့်စဉ်အတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်လို့ ပေါက်ရောက်အောင်မြင် သွားတဲ့ပုဂ္ဂိုလ်တွေ မြောက်များစွာရှိတယ်။

[၆၆] ဒါကြောင့်မို့လို့ ဒီအချက်တွေကို ထောက် ထားပြီး ဒီအကျင့် ၁၉ မျိုး ဟောကြားချက်အတိုင်း ကျင့်ကြံ ကြိုးကုတ်အားထုတ်လို့ အောင်မြင်သည့် အတွက်ကြောင့် တပည့်များရဲ့လေးစားမြတ်နိုးမှုကို အခံရဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်လို့ သကုလုဒါယီပရိဗ္ဗာဇ် ကို မြတ်စွာဘုရားက ရှင်းပြပါတယ်။

မြတ်စွာဘုရားကို တပည့်တွေက ရိုသေလေး စားတယ်ဆိုတာ တခြားအကြောင်းတွေကြောင့် မဟုတ်ဘူး။ (၁) အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရား၊ (၂) အရာရာကို စူးစူးရှရှ မြင်နိုင်တဲ့ အမြင်၊ (၃) ကြီးမားတဲ့ ဉာဏ်ပညာ၊ (၄) သစ္စာတရား ဟောကြားတဲ့နေရာမှာ တိကျခိုင်မာမှုနဲ့၊ (၅) ကျင့်စဉ် ကို ကျင့်တဲ့အခါမှာ အောင်မြင်ပေါက်ရောက်နိုင်တဲ့ အကျင့်မှန် လမ်းမှန်တွေကို ဖော်ပြဟောပြပေးနိုင်မှု ဆိုတဲ့ ဒီ အချက် (၅) ချက်ဟာ တပည့်များက မြတ်စွာ ဘုရားကိုလေးစားမြတ်နိုးရခြင်းရဲ့ အဓိကအကြောင်း [၆၇] တရားတွေ ဖြစ်တယ်လို့ မြတ်စွာဘုရားက ဒီလို ရှင်းလင်းဟောကြားတာဖြစ်ပါတယ်။

ဒါကြောင့် ... တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ ဗုဒ္ဓမြတ်စွာကို ကြည်ညိုလေးစား ကြရတယ်ဆိုတာ သူမတူအောင် အလွန်ထူးချွန်တဲ့ ဒီအချက်တွေကို ကြည့်ပြီး မြတ်စွာဘုရားဟာ တစ် လောကလုံးက ဦးညွှတ်လေးစားရတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ် မြတ်ဖြစ်သောကြောင့် ဗုဒ္ဓဂုဏ်ကို အာရုံပြုပြီး မြတ်စွာဘုရားချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ကျင့် ကြံကြိုးကုတ်အားထုတ်ကြမယ်ဆိုရင် ဘုရားဟောတဲ့ အတိုင်း ဒီလမ်းလျှောက်လို့ရှိရင် ဒီစခန်း ရောက် တယ် ဆိုတာကို ယုံကြည်သိမှတ်ပြီးတော့ မဂ္ဂင်ရှစ်ပါး အကျင့်တရားတွေကို ကျင့်ကြံကြိုးကုတ် အားထုတ် ခြင်းဖြင့် နောက်ဆုံး ထာဝရအငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြ ပါစေကုန်သတည်း။

eynq8zbp0bgpaadiuz0kiw7vqpx71k7
ဉာတပရိညာ
0
6458
22323
22311
2026-11-05T14:37:11Z
Tejinda
173
22323
wikitext
text/x-wiki
{{header
| title = ဉာတပရိညာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ]]
| previous2 =
| next = [[တမလွန်ဘဝက ဆွေမျိုးများအရေး]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

07 ဉာတပရိညာ

ပုံမှတ်တမ်း

သာသနာတော်နှစ် ၂၅၅၁ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ နတ်တော်လဆန်း (၉) ရက်။ ၂၀၁၁ ခုနှစ်၊ မတ်လ (၁၃) ရက်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မိုးကုတ်ရိပ်သာအတွင်း၌ ဟောကြားအပ်သော “ဉာတပရိညာ” အကြောင်းတရားဒေသနာတော်။

ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီ ဆိုလို့ရှိရင် သာမန် အသိမျိုးမဟုတ်ဘဲ ထူးခြားတဲ့အသိတစ်ခုရရှိဖို့ လိုအပ်တယ်။ ဘဝသံသရာ ကျင်လည်တဲ့နေရာမှာ ကံ,ကံ၏ အကျိုးကိုသိတယ်လို့ဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိက အရေးကြီးတယ်။ ဘုရားအလောင်းတွေ၊ ပစ္စေကဗုဒ္ဓါ [၁] တွေ၊ တခြား သူတော်သူမြတ်တွေ ဟောပြောတာ နာရလို့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဆိုတဲ့ မှန်ကန်တဲ့ အမြင်ဟာ လူ့ဘဝမှာ ရနိုင်ဖို့အခွင့်အရေးရှိတယ်လို့ ပြောရမယ်။ ရနိုင်တဲ့ဘဝနဲ့ မရနိုင်တဲ့ဘဝ ခွဲခြားကြည့် လို့ရှိရင် မရနိုင်တဲ့ဘဝက များတယ်ပေါ့။

မြတ်စွာဘုရားက သာသနာတော်အတွင်း၌ ကြုံတွေ့လာတဲ့အခါ ပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ပြီး တော့ အလုပ်ပေးတရားကို ဟောကြားလေ့ရှိတယ်။ တရားဟောတိုင်းဟောတိုင်း တရားနာပရိသတ်ထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တစ်ဦးစီ တစ်ဦးစီရဲ့ သဒ္ဓါတရား ထက်သန်မှု ရှိမရှိ၊ ဝီရိယတို့၊ သတိတို့၊ သမာဓိတို့၊ ပညာတို့ ထက်သန်မှုရှိမရှိ သို့မဟုတ် ရင့်ကျက်မှုရှိမရှိ ဒါတွေကို ရှေးဦးစွာ ဉာဏ်တော်နဲ့ကြည့်တယ်။ နောက်ပြီးတော့ အာသယာနုသယဉာဏ် နဲ့ သိတယ်၊ ဘဝသံသရာက ပါလာတဲ့ တစ်ဦးနဲ့တစ်ဦး မတူတဲ့အမြင်ကလေးတွေ၊ အာသယ ဆိုတာ မတူညီတဲ့ အမြင်ကလေးတွေ။ အမြင်ဆိုတာ လူတိုင်းလူတိုင်း [၂] တစ်ဦးနဲ့တစ်ဦးတူတာမဟုတ်ဘူး။ စိတ်ထဲကအတွေးနဲ့ အမြင်ကလေးတွေ ကွဲပြားခြားနားမှုရှိတယ်။ အနုသယ ဓာတ်အနေနဲ့ ပါလာတဲ့ သဘောတွေနဲ့ စိတ်နေ သဘောထားတွေနဲ့ အနေအထားကိုမြင်တယ်။ အဲဒီနောက် “ဣန္ဒိယပရောပရိယတ္တိဉာဏ်” လို့ခေါ်တဲ့ ဉာဏ်နဲ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ရင့်ကျက်မှု ရှိမရှိသိတယ်။ ဣန္ဒိယပရောပရိယတ္တိဉာဏ်နဲ့ သတ္တဝါ တို့ရဲ့ စိတ်နေသဘောထား၊ နှလုံးသွင်းအနေအထားကို သိတာ၊ အာသယာနုသယဉာဏ်။ အဲဒီ ဉာဏ်နှစ်မျိုးကို ဗုဒ္ဓစက္ခုလို့ခေါ်တယ်။ အဲဒီ ဗုဒ္ဓစက္ခုနဲ့ ကြည့်ပြီးတဲ့ အခါမှာ ဘယ်တရားဟောရမလဲဆိုတာ မြတ်စွာဘုရား က ဆုံးဖြတ်ချက်ချတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ သာဝက တွေက ဒီလိုသိနိုင်စွမ်းမရှိဘူး။ ဘုရားကိုယ်တော်တိုင် သာ ရနိုင်တဲ့ဉာဏ် ဖြစ်တဲ့အတွက်ကြောင့် ဒါကို ဗုဒ္ဓစက္ခု၊ ဘုရားတို့ရဲ့ မျက်လုံးလို့ ဒီလိုသတ်မှတ်ထား တယ်၊ အဲဒါနဲ့ကြည့်ပြီးတော့ ဟောတဲ့အခါမှာ သတ္တဝါ [၃] တွေရဲ့စိတ်ထဲ နှလုံးထဲမှာ တိုက်ရိုက်ရောက်ရှိပြီးတော့ အသိဉာဏ်တွေဟာ မြန်မြန်ဆန်ဆန် ပွင့်လင်းနိုင်တာ။ အဲဒီ မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မကိုပဲ အားလုံးခြုံငုံသုံးသပ်ပြီး ကျန်တဲ့သာဝကတွေဟာ ဒီလို ဟောကြရတယ်။ ဘာနဲ့ဥပမာတူတုန်းဆိုတော့ ခဲနဲ့ ဆုပ်ပြီးတော့ ပရိသတ်ထဲကိုကြဲရင် မှန်တဲ့သူမှန်၊ မမှန် တဲ့သူ မမှန်ဘူးပေါ့၊ ဒီလိုလေးတော့ဖြစ်မယ်။ ပန်းပွင့်နဲ့ ဆုပ်ပြီးတော့ ပရိသတ်ထဲကြဲလိုက်လို့ရှိရင် ပန်းပွင့်နဲ့ ထိတဲ့လူရှိတယ်၊ မထိတဲ့လူ ရှိတယ်ပေါ့။ သို့သော် မြတ်စွာဘုရားတရားတော်ဟာ ကြားနာခွင့် ရလိုက် တယ်ဆိုတဲ့ ပုဂ္ဂိုလ်တိုင်း၊ ပုဂ္ဂိုလ်တိုင်းဟာ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရရှိတယ်။ ထူးခြားတဲ့ အကျိုး ကျေးဇူးဆိုတာ ပုဂ္ဂိုလ်အလိုက် မှတ်သားကြရတယ် ပေါ့။ အဲ တချို့ပုဂ္ဂိုလ်က ဒီစကားလုံးသုံးလိုက်လို့ အသိဉာဏ်တွေ ပွင့်သွားတဲ့ ပုဂ္ဂိုလ်ရှိတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်က စဉ်းစားတုန်းရှိသေးတယ် ဒီလိုဟာမျိုးပေါ့။

[၄] ထပ်ဆင့်ပြီးတော့ရှင်းလိုက်တဲ့အခါ အဲဒီစဉ်းစားနေတဲ့ ပုဂ္ဂိုလ်က ဉာဏ်ပွင့်သွားတာမျိုးလည်း ရှိတယ်ပေါ့။ တချို့ပုဂ္ဂိုလ်တွေကျတော့ ပြောရုံနဲ့ ဟောရုံနဲ့ ရှင်းပြရုံနဲ့ အသိဉာဏ်မပွင့်သေးဘူး။ ပုံမှန် တရားစခန်း တွေသွားလို့ နေ့စဉ်လည်း တရားတွေကျင့်ကြံကြိုးကုတ် အားထုတ်လို့ မကြာမကြာ တရားကိုနှလုံးသွင်းပြီးတော့ နေမှ အသိဉာဏ်ပွင့်လာတဲ့ ပုဂ္ဂိုလ်လည်း ရှိတယ်။ တချို့ပုဂ္ဂိုလ်ကျတော့ ဒီဘဝမှာ အသိဉာဏ်မပွင့်ဘူး။ ကြားဖူးနားဝ ရှိသွားတယ်။

အဲဒါကို စာလိုပြောရင် ဟောလိုက်တာနဲ့ အသိ ဉာဏ် ပွင့်သွားတာ “ဥဂ္ဃဋိတညူ” လို့ခေါ်တယ်။ ဥဂ္ဃဋိတ ဆိုတာ နှုတ်ကထုတ်ပြောလိုက်တာနဲ့၊ ညူ ဆိုတာ သိသွားတယ်ပေါ့။ အဲဒီတော့ တရားနာပရိသတ်တွေ ဘယ်ပရိသတ်ပဲဖြစ်ဖြစ် “ဥဂ္ဃဋိတညူ” ထုတ်ပြောလိုက် တာနဲ့ သဘောပေါက်သွားတဲ့ပုဂ္ဂိုလ်၊ အသိဉာဏ် ပွင့်သွားတဲ့ပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ်တွေကတော့ နံပါတ်တစ် ပုဂ္ဂိုလ်၊ အင်မတန်ရှားတယ်။

[၅] ရှင်သာရိပုတ္တရာတို့လို ပုဂ္ဂိုလ်မျိုးတွေ အရှင် အဿဇိနဲ့တွေ့တော့မေးတယ်။ “သင်တို့ဆရာ ဘာပြော တာတုန်း ပြောပြစမ်းပါ”လို့၊ “ငါ အကျယ်ကြီး မပြောနိုင် ဘူး။ အတိုလေးပဲ ပြောမယ်” “အရှင်ဘုရားတဲ့ အကျယ်ကြီးပြောစရာမလိုပါဘူးတဲ့ တပည့်တော် အတို လေးပဲ ပြောပါ”ဆိုတော့ အကြောင်းနဲ့အကျိုး ဒီသစ္စာ လေးပါး ပဋိစ္စသမုပ္ပါဒ်ကို ခြုံပြီးတော့ သစ္စာလေးပါးကို ပြောလိုက်တာ။ “အကြောင်းကိုလည်း ဟောတယ်၊ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးကိုလည်း ဟောတယ်။ အကြောင်းရဲ့ ချုပ်ငြိမ်းမှုကိုလည်း ဟောတယ်” ဒါလေး အတိုချုပ်ဟောလိုက်တာနဲ့ ဟော- လုံးဝကို သဘော ပေါက်သွားတယ်နော်။ သောတာပန် ဖြစ်သွားတယ်။ သောတာပန် ဖြစ်သွားတယ်ဆိုတာ တရားဓမ္မနဲ့ ပတ်သက်ပြီး သံသယ မရှိတော့ဘူး။ အမြင်တွေဟာ ရှင်းသွားတယ်။ ဒါကို ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို ပယ်တယ်လို့ ပြောတာ။ ဘယ်တော့မှ ပြန်မလာတဲ့ အရှင်းမျိုးနဲ့ ရှင်းသွားတာနော်။ ပြန်ပြန်ပြီးရှုပ်တဲ့ အရှင်းမျိုး [၆] မဟုတ်သေးဘူး။ တစ်ခါတည်း အပြီးတိုင် တရားဓမ္မနဲ့ ပတ်သက်တဲ့ အမြင်ဟာ ရှင်းရှင်းလင်းလင်း ရှိသွား ပြီးတော့ သံသယဆိုတဲ့ အတွေးတွေ ဘယ်တော့မှ မလာတော့ဘူး။ ရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်မျိုးကို “ဥဂ္ဃဋိတညူ” လို့ခေါ်တယ်။

“ဝိပဉ္စိတညူ” ဆိုတာ အဲဒါလေးနဲ့ နားမလည် သေးဘူး၊ ထပ်အမိန့်ရှိပါဦး။ အသေးစိတ်ရှင်းပြတယ်။ ဆိုပါစို့- ပဉ္စဝဂ္ဂီတွေထဲက ဆိုလို့ရှိရင် ဓမ္မစကြာတရား မြတ်စွာဘုရား အသေးစိတ်ဟောတယ်။ ရှင်ကောဏ္ဍည ပထမရက် ... သဘောပေါက်သွားတယ်။ ကျန်တဲ့ ကိုယ်တော်တွေ သဘောမပေါက်သေးဘူး၊ နောက် တစ်ရက် ရှင်းရှင်း ရှင်းရှင်း ဟောတဲ့အခါကျတော့ သဘောပေါက်သွားကြတယ်။ အဲဒါတွေကျတော့ ဝိပဉ္စိတညူလို့ခေါ်တယ်။

နောက်တစ်မျိုးကျတော့ နေယျပုဂ္ဂိုလ်။ နေယျပုဂ္ဂိုလ်ဆိုတာ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားဖို့ လိုအပ်တယ်။ ခုခေတ်လိုပြောရင် တရားစခန်းတွေ [၇] အကြိမ်ကြိမ်ဝင်၊ နေ့စဉ်နဲ့အမျှ တရားအားထုတ်၊ အဲဒီလို လုပ်ရင်းလုပ်ရင်း လုပ်ရင်းနဲ့မှ ရင့်ကျက်လာ ပြီးတော့ နောက်ဆုံးသေခါနီးအချိန်မှာဖြင့် တရားထူး တရားမြတ်ရသွားတဲ့ ပုဂ္ဂိုလ်မျိုးတွေ နေယျပုဂ္ဂိုလ် လို့ ခေါ်တာပဲ။

တချို့ပုဂ္ဂိုလ်ကျတော့ အဲဒီသုံးမျိုးထဲမှာမပါဘူး။ ဘုရားဆီမှာ တရားတော့နာတယ်၊ မှတ်တယ်။ ဒါပေ မယ့် တရားရဲ့အဓိပ္ပာယ် အနှစ်သာရအတိုင်း သဘော ပေါက် သိရှိ နားလည်သွားခြင်း မရှိဘူး။ သာမန် လောက်ပဲသိတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ “ပဒပရမ” စကားလုံး ပဲတဲ့၊ စကားလုံးထက်ပိုပြီး မသိဘူးပေါ့နော်။ စကား တော့ ရလိုက်တာပဲ။

ဒီနေရာမှာ “ပဉ္စဂ္ဂပုဏ္ဏား” ဆိုတာ ကြားဖူးလိမ့် မယ်။ ဘာလှူလှူ အဦးအဖျား သူ ငါးမျိုး ငါးမျိုးလှူလေ့ ရှိတာ၊ အဦးငါးမျိုးလှူလို့ ပဉ္စဂ္ဂ လို့ခေါ်တာ။

ကဿပဘုရားလက်ထက်တုန်းက သူက“နာမရူပ” ဆိုတဲ့ စကားလုံးကို ကြားခဲ့တယ်။ ကြားပြီးတော့ [၈] စကားလုံးသာ သူမှတ်မိနေတယ်။ နာမ်ရုပ်ရဲ့ သဘာဝ တွေကို သူ သိရှိနားလည်ခဲ့ခြင်း မရှိဘူး။ ဝိပဿနာဉာဏ် ကောင်းကောင်းမဖြစ်ခဲ့ဘူးပေါ့။ ဟော- ဂေါတမ ဘုရားလက်ထက်ကျတော့ “ဘိက္ခုဆိုတာ ဘာခေါ်တာ တုန်းဘုရား” လို့ဆိုတော့ မြတ်စွာဘုရားက “သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ” နာမ်နဲ့ရုပ်ပေါ်မှာ ငါဆိုတဲ့ တဏှာနဲ့တွေးတော့ သိမ်းပိုက်မှု လုံးဝကင်း သွားတဲ့ပုဂ္ဂိုလ်ဟာ ဘိက္ခုလို့ခေါ်တယ်” လို့ ပြောလိုက် တာနဲ့ “ဒီစကားလုံး ငါကြားဖူးပါတယ်”လို့ စဉ်းစားရင်း စဉ်းစားရင်းနဲ့ သူက အနာဂါမ်ထိအောင်ဖြစ်သွားတာ၊ အဲဒီစကားလုံးက ဘယ်တုန်းက ကြားခဲ့တာလဲဆိုတော့ ကဿပဘုရား လက်ထက်တုန်းက ကြားခဲ့တာ။ အဲဒီ တုန်းက ကြားခဲ့တဲ့ စကားလုံးလေးက ဒီမှာလာ အထောက်အကူပြုလိုက်တာ၊ နာမ်ရုပ်လို့ ဆိုတာနဲ့ သဘောပေါက်သွားပြီးတော့ သောတာပန် သကဒါဂါမ် အနာဂါမ်အဆင့်ထိအောင် ရောက်သွားတယ်။

[၉] အဲဒါ ကဿပဘုရားလက်ထက်တုန်းက သူက ပဒပရမ ပုဂ္ဂိုလ်ဖြစ်ပေမယ့်လို့ ဂေါတမ မြတ်စွာဘုရား လက်ထက်ရောက်တဲ့အခါ ရင့်ကျက်လာတဲ့သဘောပဲ။ အဲဒါကြောင့်မို့လို့ ယောဂီပုဂ္ဂိုလ်တွေအနေနဲ့ ကိုယ် ရနိုင်တဲ့အဆင့်အတန်း ကိုယ်လုပ်နေဖို့ပဲ လိုတယ်ပေါ့။ အေး- တချို့က တို့ပါရမီမရှိသေးဘူး၊ တို့က မရှိသေးဘူး ဆိုပြီး မလုပ်ဘဲနဲ့ အေးအေးဆေးဆေးနေရင် ဘယ် တော့မှ ရမှာမဟုတ်ဘူးမှတ်၊ လုပ်နေခြင်းဟာ မှန်ကန် တယ်လို့ ဒီလိုပြောရမယ်။ ကျင့်နေရမယ်၊ လုပ်နေရ မယ်။ မလုပ်တဲ့သူတွေ အများကြီးလေ။ တရားစကား မကြားဘူးတဲ့သူတွေ အများကြီးပဲ။

ဒီ့ပြင်မကြည့်နဲ့၊ ဒီ ထားဝယ်မြို့မှာပဲ လူဦးရေ ဘယ်လောက်ရှိလဲ ကိုယ့်ဟာကိုယ်တွက်ကြည့်၊ အဲဒီ လူဦးရေထဲကနေပြီးတော့ တရားကို ဝါသနာပါတဲ့လူ၊ မပါတဲ့လူ။ တရားနာတဲ့လူ၊ မနာတဲ့လူ။ ဒီတစ်နေရာ ထဲတင် ဘယ်ဟာကများမယ်ထင်လဲ။ အဲဒီတော့ ဘုရား သာသနာတော်နဲ့ပွင့်တိုင်း တရားဓမ္မနဲ့ကြုံတိုင်း၊ ကြားဖူး [၁၀] တယ်ဆိုတာ ပြောလို့မရဘူးလေ။ မြန်မာနိုင်ငံမှာ လူဦးရေသန်းပေါင်း ၆ဝ-ကျော်ရှိတယ်။ အခု နေ့စဉ်နဲ့ အမျှ တိုးပွားနေတယ်။ သန်းပေါင်း ၆ဝ၊ ၇၀၊ ၈၀၊ ၉၀၊ ၁ဝဝ နော်၊ သန်းပေါင်း ၁ဝဝ ထိအောင် ဖြစ်လာမယ်။ အဲဒီသန်းပေါင်း ၁၀၀ ထဲက လူတွေက ဒီရုပ်နာမ် ဆိုတဲ့ ဝိပဿနာဉာဏ်အဆင့်ကိုရောက်တဲ့ ပုဂ္ဂိုလ်ဟာ တစ်သန်းတောင် ရှိဖို့မလွယ်ဘူးနော်။

အဲဒီတော့ ကမ္ဘာနဲ့ချိန်ကြည့်မယ်ဆိုလို့ရှိရင် ကမ္ဘာ မှာကြည့် သန်းပေါင်း ၆၀၀၀ ဆိုတာရှိတယ်။ နေ့စဉ်နဲ့ အမျှ ... တိုးတက်နေတယ်။ မကြာခင် သန်းပေါင်း တစ်သောင်းထိအောင် ရောက်သွားမှာ။ အဲဒီလို နေ့စဉ် လူဦးရေတိုးနေတယ်လေ။ ဝိပဿနာဉာဏ် အသိတွေ တိုးနေတာမဟုတ်ဘူး။ မကြားဖူးတဲ့လူတွေ အများကြီး ပဲ၊ ကြားဖူးတဲ့လူက နည်းနည်း။ အဲဒါတွေနဲ့ ကြည့်မယ် ဆိုလို့ရှိရင် တို့တတွေ ဒီလိုကြားနာခွင့်ရရှိတာ တို့ အတွက် အင်မတန်မှ အခွင့်အရေး ကောင်းတယ်လို့ ဒီလိုမှတ်ရမယ်။ ဘယ်တရားဖြစ်ဖြစ် ကြိုးစားနာပြီး [၁၁] နှလုံးသွင်းဖို့ လိုအပ်တယ်ပေါ့။ အသိဉာဏ်ရဖို့ရာ အတွက်၊ အသိပညာ ရဖို့ရာအတွက်၊ အပြင်ဘက်က အကြောင်းနှစ်မျိုးနဲ့ အတွင်းအကြောင်းနှစ်မျိုးဆိုတာ ရှိတယ်။ ဘယ်အရာပဲဖြစ်ဖြစ် အတွင်းနဲ့အပြင် နှစ်ခု ပေါင်းစပ်ရတယ်။ တစ်ခုတည်းနဲ့ ဘာမှမဖြစ်ဘူး။ မီးခြစ်လေးတောင်မှပဲ ပေါင်းစပ်ရတယ် မဟုတ်လား။ မီးခြစ်ဟာ နှစ်ခုပေါင်းတာပဲ မဟုတ်လား။ မီးခြစ်ဗူး ဆိုလို့ရှိရင်လည်းပဲ ဂက်စ်မီးခြစ်ဗူးဆိုလို့ရှိရင် အထဲမှာ လည်း ဂက်စ် ရှိရတယ်နော်။ ဘီးလုံးတပ်ဆင်ပြီးသား ဖြစ်ရမယ်။ ဒါက အတွင်းအကြောင်းဖြစ်တယ်၊ အပြင် ဘက်က ဖိခြစ်တယ်ဆိုတဲ့ အကြောင်းတစ်ခု မလာရင် မီးတောက်ပါ့မလား။ အတွင်းနဲ့အပြင် ပေါင်းစပ်ရတယ်။
၁၀ ဘယ်အရာဖြစ်ဖြစ် အတွင်းနဲ့ မျက်စိကနေ ပြီးတော့ အဆင်းတစ်ခုကို မြင်တာပဲကြည့်၊ အတွင်းက မျက်လုံး၊ အပြင်ကမြင်စရာ၊ အဲဒီမျက်လုံးနဲ့မြင်စရာနှစ်ခု မပေါင်းဘဲနဲ့ မြင်သိဆိုတာ ဖြစ်ပါ့မလား။ မဖြစ်ဘူး။

[၁၂] အတွင်းနဲ့အပြင် ပေါင်းနေတယ်ဆိုတာ ပေါင်းလိုက်မှ။ စောင်းတီးတာလည်းကြည့်ပေါ့။

ဘာပဲတီးတီးပေါ့။ စောင်းတီးတာ ကြည့်လို့ရှိရင်ကြည့် စောင်းအိုး၊ စောင်းကြိုး အတွင်းပစ္စည်းနှစ်ခု၊ ပြီးတော့ လက် အပြင်က အဲဒါပေါင်းလိုက်မှ အသံဆိုတာထွက်လာ တာ။ သူ့ဟာသူနေရင် မထွက်ဘူး။ အဲဒီအတိုင်းပဲမှတ်၊ အသိပညာရဖို့ရာအတွက် အတွင်းနဲ့အပြင် နှစ်ခု ပေါင်း ရမယ်။ အတွင်းကို (Internal condition) လို့ခေါ်တယ်။ အပြင်ကို (External condition) လို့ ခေါ်တယ်။ အပြင်ဘက်ကအကြောင်းလို့ခေါ်တယ်။ နေ့စဉ်စားနေတဲ့အစာတွေပဲကြည့်ပါဦး။ လူတွေ ဟာ ခန္ဓာကိုယ်ထဲမှာ ကမ္မဇအာဟာရ ကံကြောင့်ဖြစ်တဲ့ အာဟာရဩဇာရုပ် ဆိုတာရှိတယ်။ ခန္ဓာကိုယ်ထဲမှာ အာဟာရရုပ် ဆိုတာရှိတယ် ... ဟုတ်ကဲ့လား။ အဲဒီ အာဟာရရုပ်ချည်း ဒီအတိုင်းထားလို့ အာဟာရဇရုပ် ဆိုတာ မဖြစ်ဘူး။ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်ဆိုတာ မဖြစ်ဘူး။ အာဟာရနဲ့ အာဟာရဇကို ကွဲပြားအောင် [၁၃] သတိထား၊ အာဟာရဆိုတာ ဩဇာရုပ်ကိုပြောတာ၊ အာဟာရဇဆိုတာ အဲဒီ ဩဇာရုပ်က ထုတ်လုပ်လိုက် တဲ့ အကျိုးကျေးဇူးကိုပြောတာနော်။ ကဲ လူတွေကြည့် လေ။ မွေးရာပါ အာဟာရဆိုတာ ကိုယ့်သန္တာန်ထဲမှာ ဩဇာရုပ်ဆိုတာ ရှိတယ်။ အပြင်ဘက်က အစာနဲ့ မပေါင်းလို့ရှိရင် အဲဒီဩဇာရုပ်က အာဟာရဇရုပ်ကို မထုတ်နိုင်ဘူး၊ စားပေးရတယ်။ အတွင်းကအာဟာရ နှစ်ခုပေါင်းပြီးတော့မှ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနိုင်တဲ့ အသက်ကိုရှည်အောင်၊ တည်တံ့အောင် လုပ်ပေးနိုင်တဲ့ အာဟာရကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်ဆိုတာ ပေါ်လာ တယ်၊ သူ့ချည်းမပေါ်ဘူး။ ဒါကြောင့်မို့ အတွင်း အာဟာရ ညံ့သွားလို့ရှိရင် အပြင်က ဘယ်လောက် စားစား အားမဖြစ်တော့ဘူး။ အတွင်းရော အပြင်ရော ကောင်းဖို့ လိုအပ်တယ်ပေါ့။ ဒါ ဥပမာအနေနဲ့ပြောတာ၊ ဘယ်အရာပဲဖြစ်ဖြစ် ဒီလိုပဲ အတွင်းနဲ့အပြင်။ အဲဒီတော့ မြတ်စွာဘုရားသာသနာတော်နဲ့ ပွင့်နေ တဲ့အချိန်မှာ ပညာတစ်ခုရဖို့ ဆိုပါစို့- ဝိပဿနာဉာဏ် [၁၄] ရဖို့ဆိုတာ အတွင်းနဲ့အပြင်ပေါင်းရတယ်။ အပြင်ဆိုတာ ဘာလဲ။ “သပ္ပုရိသူပနိဿယ” သူတော်ကောင်း အမှီရခြင်း၊ “သပ္ပုရိသူပသံသေဝ” သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း။ ဒီနေရာမှာ သူတော်ကောင်းဆိုတာ တကယ့် သူတော်ကောင်းက ဘုရားပဲပေါ့။ အဲဒီ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့ထံကနေပြီး ရထားတဲ့ တရား ကို မှန်မှန်ကန်ကန် ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ကိုလည်း ဒီအထဲမှာထည့်တယ်။

နောက်တစ်ခုက “သဒ္ဓမ္မသဝန” အဲဒီပုဂ္ဂိုလ်က ဟောပြောတဲ့တရား၊ ဒီနှစ်ခုကအပြင်။ ဆိုလိုတာက တရားဟောနိုင်တဲ့ပုဂ္ဂိုလ် ဟို- ဝိပဿနာဉာဏ် ကို ပေးနိုင်တဲ့ပုဂ္ဂိုလ်၊ ဝိပဿနာဉာဏ် ပေးတဲ့တရား ဒီနှစ်ခုက အပြင်အကြောင်းတရားနှစ်ခု၊ စာလိုပြော တော့ အဲဒါက “သပ္ပုရိသူပသံသေဝ သဒ္ဓမ္မသဝန” ဟုတ်တယ်လေ၊ ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ သောတာပန် ဖြစ်တယ်ဆိုတာ သူ့ဟာသူဖြစ်သွားတာ မဟုတ်ဘူးပေါ့။ နံပါတ်တစ် ရှင်အဿဇိနဲ့တွေ့တယ်၊ [၁၅] သူကိုယ်တိုင်က တွေ့အောင်ကြိုးစားတယ်၊ ဟုတ်ကဲ့လား။ တွေ့တယ်ဆိုတာနဲ့ မြင်တယ်ဆိုတာနဲ့ တခြားစီနော်။ တွေ့တယ်ဆိုတာ တွေ့ချင်လို့သွားတာ၊ ရှင်အဿဇိနဲ့တွေ့တယ်။ တွေ့တော့ ရှင်အဿဇိဆီက တရားနာရတယ်။ အဲဒီနှစ်ခုဟာ အပြင်အကြောင်းတရားနှစ်ခု။ အဲဒီတော့ ဒီ အပြင်အကြောင်းနဲ့တင် ပြည့်စုံရဲ့လား။ အခုဒီမှာ ဓမ္မကထိက ဆရာတော်တွေ ကြွလာတယ်၊ ဟောကြတယ်၊ ပြောကြတယ်၊ ဒါ အပြင်အကြောင်းတွေ။ အရေးကြီးတဲ့ အတွင်းအကြောင်းနှစ်ခု လိုသေးတယ်။ ဒီ အပြင်အကြောင်း နှစ်ခုထဲနဲ့ ဝိပဿနာဉာဏ် မရနိုင်ဘူး။

ရော၊ အတွင်းအကြောင်းနှစ်ခုက ဘာလဲ၊ အတွင်းအကြောင်းဆိုတာ ပုဂ္ဂိုလ်အသီးသီးရဲ့ သန္တာန်မှာ ရှိတယ်နော်။ လူတိုင်း လူတိုင်းမှာ ဒီဟာကတော့ မတူညီနိုင်ဘူး။ ဥပမာပြောမယ်- ဓမ္မကထိကဆရာတော်တစ်ပါး ကြွလာပြီးတော့ တရားဟောတယ်။ လူ ၅၀၀၊ ၁၀၀၀ လာပြီးနာတယ်။ အပြင်အကြောင်းရတာချင်း အတူတူ [၁၆] ပဲ၊ သူတို့ အပြင်အကြောင်း အတူတူပဲ၊ တရားနာလို့ ရတယ်ဆိုတဲ့ အခွင့်အရေးတစ်ခု အတူတူပဲ။ သို့သော်လည်း မတူတာတွေကဘာတုန်းဆိုရင် ကိုယ်တိုင် အသီးသီးမှာရှိနေတဲ့ အတွင်းအကြောင်းတွေမတူဘူး။ မတူသည့်အတွက်ကြောင့် အကျိုးရှိပုံချင်း တူနိုင်ပါ့မလား။ မတူတာက အတွင်းအကြောင်းချင်း မတူလို့။ ဆိုပါစို့ - လူနှစ်ယောက် ... အာဟာရဓာတ် ဆိုပါစို့ ပြည့်အောင် ... အစားကောင်းကောင်း စားကြတယ်။ တစ်ယောက်က မကျန်းမာဘူး၊ တစ်ယောက်က ကျန်းမာတယ်။ ကျန်းမာတဲ့ပုဂ္ဂိုလ် စားလိုက်လို့ရှိရင် သူက အာဟာရအကျိုးကိုပိုပြီးတော့ရတယ်။ မကျန်းမာတဲ့ပုဂ္ဂိုလ် စားလိုက်တဲ့အခါ ဒီလောက်ကြီး ထိထိရောက်ရောက် မရဘူး။ စားတဲ့အစာ တူပေမယ့်လို့ အခြေခံမကောင်းလို့ရှိရင် ပြည့်စုံအောင် မလာနိုင်ဘူး။ ဟုတ်ကဲ့လား။ အဲဒါကြောင့်မို့လို့ အတွင်းအကြောင်း အပြင်အကြောင်းဆိုတဲ့ နှစ်ခုဟာ ပေါင်းပြီးတော့ နှစ်ခု [၁၇] စလုံးကောင်းပြီဆိုရင် အခြေအနေကောင်းပြီ ဆိုလို့ရှိရင်တော့ ထူးခြားတဲ့ အသိဉာဏ်တစ်ခု ရလာမှာပဲ။ ဒါဖြင့် အတွင်းအကြောင်းနှစ်ခုဆိုတာ လူတိုင်း လူတိုင်းမှာ ဒါက ကိုယ်စီကိုယ်စီ လိုအပ်တယ်။ တူညီသောအကျိုး မရနိုင်ဘူး။ ဒါက တူညီတဲ့ အခွင့်အရေး မရလို့ ကိုယ်ကိုယ်တိုင်ရနိုင်တဲ့ အခွင့်အရေးလေးသာ ဖြစ်တယ်။ ဒါက (Individual) လို့ခေါ်တယ်။ ပုဂ္ဂိုလ်ဆန်တဲ့ အကြောင်း၊ အဲဒါက ဘာလဲ ဆိုလို့ရှိရင် “ယောနိသောမနသိကာရ ဓမ္မာနုဓမ္မပဋိပတ္တိ” တဲ့၊ ဒါ ဘုရားဟောထားတာနော်။ ယောနိသောမနသိကာရ၊ ယောနိသော-ဆိုတာ မှန်ကန်တဲ့အတိုင်း၊ မနသိကာရ- နှလုံးသွင်းတာ၊ မှန်မှန်ကန်ကန် နှလုံးသွင်းတတ်တာလို့ ပြောတာ။ (Right attention) လိမ္မာပါးနပ်တဲ့ နှလုံးသွင်းမှုလို့ ဒီလိုပြောရမယ်။ အဲဒီ ယောနိသောမနသိကာရ ဆိုတာ အလွန်အရေးကြီးတယ်။ ယောနိသောမနသိကာရ၊ လောကမှာ စိတ်ထဲမှာ ကုသိုလ်ဖြစ်သမျှ ယောနိသောမနသိကာရ ရှိမှဖြစ်တာ။

[၁၈] ယောနိသောမနသိကာရ မရှိရင် ကုသိုလ်လုပ်လုပ်၊ တရားထိုင်နေနေ ယောနိသောမနသိကာရ မပါဘူးဆိုရင် ကုသိုလ်ဖြစ်ကိုမဖြစ်ဘူး။ ဒါကြောင့်မို့လို့ စိတ်သဘောထား အင်မတန်မှ အရေးကြီးတယ်။ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်တဲ့စိတ် အဲဒါပါဖို့လိုတယ်။ အဲဒါ ယောနိသောမနသိကာရ ဆိုတာ အင်မတန် အရေးကြီးတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ နှလုံးသွင်းနိုင်ရမယ်၊ စိတ်သဘောထား မှန်ကန်မှုရှိရမယ်။ နောက်တစ်ခုက “ဓမ္မာနုဓမ္မပဋိပတ္တိ” အဲဒီမှာ စကားလုံးသုံးလုံးရှိတယ်။ ဓမ္မ အနုဓမ္မ ပဋိပတ္တိ ဆိုတာ စာလုံးသုံးလုံးပေါင်းတာနော်။ ဓမ္မရယ်၊ အနုဓမ္မရယ်၊ ပဋိပတ္တိရယ်။ ပဋိပတ္တိ ဆိုတာ ကျင့်တာ၊ လိုက်နာ ကျင့်သုံးတာ၊ အသုံးပြုနေတာ၊ ပဋိပတ္တိ တရားကျင့်တယ်ဆိုတာ စိတ်နဲ့အာရုံနဲ့ တွေ့ပြီးတော့ မှန်ကန်တဲ့ လမ်းစဉ်အတိုင်းလုပ်နေတာ၊ သွားနေတာ၊ ဟုတ်ရဲ့လား။ လူဆိုလို့ လမ်းလျှောက်ရင်တော့ သွားနေတာပဲ ရပ်နေတာ မဟုတ်ဘူး။ အဲဒီတရားနဲ့ လုပ်နေတာ [၁၉] ပဋိပတ္တိကျင့်တယ်လို့ပြောတာ၊ လေ့ကျင့်နေတယ်ပေါ့။ ဘာကိုလေ့ကျင့်တာတုန်းဆိုတော့ အနုဓမ္မကို လေ့ကျင့်တာ။ အနုဓမ္မဆိုတာ လျော်တဲ့တရား၊ လျော်တဲ့တရားကို ကျင့်တယ်။ လျော်တဲ့တရားဆိုတာ ဘာပြောတာတုန်းဆိုတော့ သီလအကျင့်၊ သမာဓိအကျင့်၊ ပညာအကျင့်၊ သိက္ခာသုံးပါး အကျင့်တရား သို့မဟုတ် ဝိပဿနာ ကျင့်စဉ်တစ်ခုကိုကျင့်တယ်။ ဒါ အနုဓမ္မကိုကျင့်တယ်။ ဓမ္မာနုဓမ္မပဋိပတ္တိ၊ တရားအားထုတ်တယ်ဆိုတာ အနုဓမ္မကို ကျင့်နေတာလို့ ပြောရမယ်။
၇။ မဂ်ဖိုလ်ဆိုတာ ကျင့်ရတာ မဟုတ်ဘူး။ ကျင့်ရတာက ဝိပဿနာအကျင့်၊ သမထအကျင့်၊ ဝိပဿနာအကျင့် ဒါကျင့်ရတာ။ သီလဆိုတာ ကျင့်သုံးရတယ်။ သမာဓိဆိုတာ ကျင့်သုံးရတယ်။ ဝိပဿနာဆိုတာ ကျင့်သုံးရတယ်၊ လုပ်ရတယ်။ အဲဒါတွေကို ခြုံငုံပြီးတော့ အနုဓမ္မလို့ခေါ်တာ။ တစ်ခါတစ်ရံကျတော့ မိုးကုတ်ဆရာတော်ကြီးသုံးတာတွေ့တယ်။ ပုဗ္ဗဘာဂမဂ် ဆိုတာ ဝိပဿနာကိုပြောတာ။ ပုဗ္ဗဘာဂ ရှေ့ပိုင်းက မဂ် ဆိုတဲ့ [၂၀] စကားလုံးက မဂ္ဂဆိုတာ ဘာလဲ။ မဂ္ဂဆိုတဲ့စကားလုံးက ဘာကိုရည်ညွှန်းတာလဲဆိုရင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဒီ ရှစ်ခုအစုကို မဂ္ဂလို့ ခေါ်တာ၊ တစ်ခုတည်းကို မဂ္ဂလို့ခေါ်လိုက်တာ မဟုတ်ဘူး။ အစုပေါင်းထားတာ။ အဲဒါကို ပုဗ္ဗဘာဂမဂ္ဂ လို့ ပြောတာ၊ ဒီရှစ်ခုဖြစ်နေအောင် လုပ်နေတာ။

အဲဒီ ရှစ်ခုကလည်းပဲ အကျဉ်းချုံးလိုက်ရင် ဘာလဲဆိုရင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ က သီလပဲလေ။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိက သမာဓိပဲ။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပက ပညာပဲဆိုတော့ ဒါ လေ့ကျင့်နေတာ။ အဲဒါကို အနုဓမ္မ လို့ခေါ်တယ်။ အဲဒီ အနုဓမ္မ ကိုကျင့်တာ၊ အဲဒီ အနုဓမ္မကိုကျင့်မှ ဓမ္မ ဆိုတာကိုရမယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို ဓမ္မ လို့ပြောတာ။ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ ဓမ္မကို ရတယ်။ ဒါကြောင့်မို့ ဓမ္မံ သရဏံ ဂစ္ဆာမိ ဆိုတာ ဒီ မဂ်ဖိုလ်နိဗ္ဗာန်ကိုပြောတာ။ အဓိက ဓမ္မကိုအားကိုးရာအဖြစ် အသိအမှတ်ပြုပါတယ် [၂၁] ဆိုတာ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားပဲ။ ဒါ ဓမ္မ၊ ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ လို့ ဆိုနေကြတယ် မဟုတ်လား။ ဓမ္မဆိုတာ မဂ်ဖိုလ်ကိုပြောတာ၊ အဲဒီ မဂ်ဖိုလ်ဆိုတာ ကျင့်ရတဲ့ဟာမဟုတ်ဘူး။ ရ,ရမယ့်ဟာ။ ကျင့်ရမယ့်ဟာက အနုဓမ္မကို ကျင့်တာ။ အနုဓမ္မကို ကျင့်ပြီးတော့ ဓမ္မကိုရတာ ဒီလိုဆိုလိုတာနော်။ အဲ ကိုယ်ကျင့်နေတာ အနုဓမ္မ၊ အဲဒီတော့ ဓမ္မာနုဓမ္မပဋိပတ္တိ ဆိုတာ မကျင့်ဘဲနဲ့ ဓမ္မဆိုတဲ့ မဂ်ဖိုလ်နိဗ္ဗာန်တရား မရနိုင်ဘူး။ ဝိပဿနာကျင့်စဉ်တစ်ခု မကျင့်ဘဲနဲ့၊ သမာဓိကျင့်စဉ်တစ်ခု မကျင့်ဘဲနဲ့၊ လိုအပ်တဲ့ အတိုင်းအတာတစ်ခု မိမိသန္တာန်မှာဖြစ်အောင် မလုပ်ဘဲနဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ဘူး။

ဆိုပါစို့- အဆောက်အဦကြီးတစ်ခုတက်မယ် ဆိုလို့ရှိရင် တက်စရာ လှေကားတို့၊ ဝင်စရာတံခါးတို့ မရှိဘူးလား။ အဲဒီ လှေကားကနေ မတက်ဘဲနဲ့ နံရံကနေ တက်လို့ ရောက်ပါ့မလား။ မရောက်ဘူး။ လှေကားကပဲ တက်ရမယ်။ သူ့လှေကားရှိတယ်။ ဒါ ဝိပဿနာကျင့်စဉ် [၂၂] ကျင့်တယ်ဆိုတာ မဂ်ဖိုလ် လှေကားပဲလေ။ အဲဒီလို ဆိုလိုတာ။ အဲဒီတော့ ပေါင်းလိုက်တဲ့အခါ ယောနိသောမနသိကာရ၊ ယောနိသောမနသိကာရ ဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ နှလုံးသွင်းတာလည်း ယောနိသောမနသိကာရပဲ။ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းနိုင်တာမှန်သမျှ ယောနိသောမနသိကာရ ဓမ္မာနုဓမ္မပဋိပတ္တိကျင့်စဉ်အတိုင်း ကျင့်တာ။ ဓမ္မာနုဓမ္မပဋိပတ္တိ၊ အဲဒီနှစ်ခုဟာ (Internal condition) လူအသီးသီးရဲ့ ယောဂီအသီးသီးရဲ့သန္တာန်မှာ ထက်သန်မှု၊ ဉာဏ်နုံ့နှေးမှုဆိုတာ... မတူညီဘူး။ တစ်ယောက်နဲ့တစ်ယောက် ယောဂီပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာရှိတဲ့ အနေအထားအတိုင်း ဒီနှစ်ခုက တုံ့နှေးမှုဆိုတာ မတူညီဘူး။ တစ်ယောက်နဲ့ တစ်ယောက် ယောဂီပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာရှိနေတဲ့ အနေအထားအတိုင်း ဒီနှစ်ခုက အကျိုးပြုရင် ပြုသလောက်ပဲ။ ခုနက အပြင်အကြောင်း နှစ်ခုဖြစ်တဲ့... သူတော်ကောင်းကို... ဆည်းကပ်ခြင်း၊ သူတော်ကောင်း တရားကို နာခြင်း ဆိုတဲ့ အပြင် [၂၃] အကြောင်း နှစ်ခုရယ်။ နာပြီးတဲ့ တရားအပေါ်မှာ မှန်ကန်တဲ့ နှလုံးသွင်းတရားနဲ့ လက်တွေ့ကျင့်သုံးမှု ဆိုတဲ့ ဓမ္မာနုဓမ္မပဋိပတ္တိ။ အဲဒီမှာ ရှင်သာရိပုတ္တရာတော့ မကျင့်လိုက်ရဘဲ တရားရသွားတယ်လို့ ဒီလိုမအောက်မေ့နဲ့။ ကျင့်တယ်ဆိုတာ ဟောနေတဲ့အချိန်မှာ ခန္ဓာကိုယ်နဲ့ စပ်ကြည့်တာကို ကျင့်တယ်ပြောတာ။ ဟုတ်တယ်မဟုတ်လား။
၄။ တရားထိုင်တယ်ဆိုတာ ဒီလိုထိုင်နည်းကိုပြောတာ မဟုတ်ဘူး။ ထိုင်ပြီးတော့ အိမ်တွေးနေရင် ဘယ်လိုလုပ်မလဲ။ လူကတော့ တရားထိုင်နေတာပဲ၊ တရားကျောင်းမှာသွားပြီးစဉ်းစားနေတာက အရောင်းအဝယ် ကိစ္စတွေ စဉ်းစားနေတယ်၊ အိမ်တွေးနေတယ်၊ မနေ့က ကိစ္စကိုတွေးနေတယ်၊ ဟို မနက်ဖန်ခါ ဘာတွေလုပ်မယ်ဆိုတာ စဉ်းစားနေရင် တရားထိုင်တာ ဟုတ်ပါ့မလား။ အေး- လူကတော့ထိုင်လို့ရတာပေါ့၊ တရားထိုင်တယ်ပေါ့၊ ငုတ်တုတ်ကြီး ထိုင်ပြီးတော့ သူတွေးချင်ရာ တွေးနေမယ်ပေါ့။ အဲဒါ တရားထိုင်တာမှ မဟုတ်တာ။

[၂၄] အဲဒီတော့ တရားထိုင်တယ်ဆိုတာ ဘာလဲလို့ဆိုတာ စိတ်က မှန်ကန်တဲ့အာရုံတစ်ခုကိုတွေးပြီးတော့ အလုပ်လုပ်နေတာကို ပြောတာ။ ကိုယ်လုပ်နေတဲ့အာရုံ၊ ကိုယ်တွေးနေတဲ့ အတွေးဟာ တရားကော ဟုတ်ကဲ့လား။ ဒါပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရတာ။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ အေး- ယောဂီတွေ တရားထိုင်နေတယ်လို့ပဲ ပြောမှာပဲ။ ယောဂီတွေဟာ တရားထိုင်နေတယ်လို့ပဲ ဖြစ်မှာပဲ။ ဒါပေမဲ့ သူတွေးနေတာကို သိနိုင်ပါ့မလား။ ဟော- တရားထိုင်တယ် မထိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုပဲသိတယ်။ နော်။

ဒါကြောင့်မို့လို့ ယောနိသောမနသိကာရ ဓမ္မာနုဓမ္မပဋိပတ္တိ ဆိုတာ ဒါ ကိုယ်တိုင်လုပ်ရမှာ။ အကြောင်းမပြည့်စုံဘူး ဆိုလို့ရှိရင် ထူးခြားတဲ့ အသိဉာဏ်တစ်ခု ဖြစ်ပေါ်မလာနိုင်ဘူးတဲ့။ ဒါ အင်္ဂုတ္တရနိကာယ်မှာ မြတ်စွာဘုရားက ဟောထားတာ။ သုတ္တန်တစ်ခုမှာ သောတာပန် ဖြစ်ဖို့အတွက် အင်္ဂါလေးရပ်လိုတယ်။ သို့မဟုတ် ဝိပဿနာဉာဏ် အသိဉာဏ်ရဖို့အတွက် [၂၅] အကြောင်းတရား လေးမျိုးလို့လည်း ခေါ်တယ်။ ဒါ စာထဲမှာပါတဲ့အတိုင်းပဲ ရှင်းပြတာနော်။ အဲဒီတော့ ဒီလိုအသိဉာဏ်တွေဖြစ်ဖို့ ဆိုတာဟာ သူတော်ကောင်း ဆည်းကပ်ပြီး သူတော်ကောင်းတရားနာဖို့က တစ်ပိုင်း၊ ကိုယ်ကိုယ်တိုင်က ယောနိသောမနသိကာရနဲ့ ဓမ္မာနုဓမ္မပဋိပတ္တိ ကတစ်ပိုင်း၊ နှစ်ပိုင်းစုံရမယ်။ အတွင်းအကြောင်း နှစ်မျိုး၊ အပြင်အကြောင်းနှစ်မျိုး ဒီလေးမျိုးကို အချိုးညီညီပေါင်းစပ်လိုက်ပြီ ဆိုလို့ရှိရင် ရလာတဲ့ အကျိုးအမြတ် (Result) က ဘာတုန်းဆိုရင် ပညာပဲ၊ ဒါကို အဓိဂမ လို့ခေါ်တယ်နော်။ အဓိဂမ ဆိုတာ ရရှိတာကိုပြောတာ။ ဒီလောကလူတွေက စီးပွားရေး လုပ်ရင်တော့ အမြတ်တွက်ကြတယ် မဟုတ်လား၊ ဈေးရောင်းတယ်။ ဒီနေ့... ဘယ်လောက် ရင်းလိုက်တယ်၊ မြတ်တယ်၊ တွက်လို့ရတယ် မဟုတ်လား။ အသားတင်အမြတ် ဘယ်လောက်ဆိုပြီးတော့ တွက်တာ။ တရားထိုင်ရင်လည်း အဲဒီလို တွက်လို့ရတာပဲ၊ ရင်းနှီးလိုက်တာ [၂၆] တစ်နာရီ ရင်းနှီးလိုက်တယ်၊ အလုပ်လုပ်လိုက်တယ်။ အသိဉာဏ် ဘယ်လောက်ထိရလာသလဲ ကိုယ့်ကို ဈေးတွက် တွက်ကြည့်၊ စီးပွားရေးဈေးတွက် တွက်ကြည့်ရင်သိတာပဲ။ အမြတ်ရဖို့ အရေးကြီးတယ်။ အမြတ် ရတာ မရတာ မသိဘူး ဆိုလို့ရှိရင် နောက်ဆုံးမှာ အပြောခံရလိမ့်မယ်။

ငယ်ငယ်တုန်းက ဘုန်းကြီးတို့... စာသင်တော့ ပြောကြတယ်။ စာမတတ်ဘူးဆိုရင် မင်းဟာ ဒူးပွန်းတာနဲ့ တံတောင်ပွန်းတာပဲ အဲဒီလို အပြောခံရတယ်နော်။ ဒူးပွန်း တံတောင်ပွန်း ဆိုလို့ရှိရင် ယောဂီတွေ ကျတော့ ဘယ်လိုပြောရမလဲ၊ ကြမ်းပြောင်ရုံပဲရှိမယ် ထင်တယ်။ ဟုတ်ကဲ့လား။ အကျိုးအမြတ်တွက်ရမယ်။ ကိုယ့်ဟာကိုယ် တွက်ရမယ်။ မရသေးရင်လုပ်ဖို့ မြတ်စွာဘုရားက ဘယ်အခါဖြစ်ဖြစ် သင့်တဲ့နေရာကို ဆင်ခြင် သုံးသပ်မှုရှိရမယ်။ စီးပွားလုပ်တဲ့လူတွေဟာ ဒီလို တွက်နေတာ၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာလည်း

[၂၇] ၁၀။ မဟာသတိပဋ္ဌာနသုတ် ဓမ္မာနုပဿနာအခန်း

ကြည့်လေ၊ “ငါ့သန္တာန်မှာ သတိသမ္ဗောဇ္ဈင် ဖြစ်ရဲ့လား။ ဓမ္မဝိစယသမ္ဗောဇ္ဈင် ရှိလား မရှိဘူးလား” ဆိုတာ ဒါပဲ တွက်ခိုင်းတယ်။ နီဝရဏတရားတွေနဲ့ ပတ်သက်လာလို့ ရှိရင်လည်း “ကာမစ္ဆန္ဒနီဝရဏတွေ ငါ့သန္တာန်မှာ ရှိနေသလား” ရှိနေလို့ရှိရင် ပယ်ဖို့ကြိုးစားရမယ်။ မရှိဘူး ဆိုလို့ရှိရင် အေး- နောင်လည်းမရှိအောင် သတိထားရမယ်၊ မရှိဘူးဆိုရင် ဝမ်းသာရမယ်။ ဒီလိုကိုယ့်ကိုယ်ကို (checking) လုပ်တာ၊ ဘယ်အရာဖြစ်ဖြစ် (checking) မလုပ်ရင် ဘာမှမသိဘူး။ အဲဒီလို ကိုယ့်ကိုယ်ကို အမြဲတမ်း သတိထားပြီးတော့နေတာ။ ကောင်းပြီ- အဲဒါ ပညာရခြင်း အကြောင်းတရား ဆိုတာ ဝိပဿနာအလုပ်ကို စလုပ်တော့မယ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လမ်းကြောင်းပေါ် တက်ရမယ်ပေါ့။ ဝိပဿနာလမ်းကြောင်းပေါ် တက်ရမယ်။ ဝိပဿနာ လမ်းကြောင်းဆိုတာ ဘယ်ဟာလဲ၊ ခုနက ပြောခဲ့တဲ့ ပုဗ္ဗဘာဂမဂ်ပဲ၊ ပုဗ္ဗဘာဂမဂ်လမ်းကြောင်းမှာ [၂၈] ထားတာ၊ သမ္မာဒိဋ္ဌိကို မြတ်စွာဘုရားက ဦးစီးဦးဆောင်အနေနဲ့ ဘာဖြစ်လို့တုန်းဆိုရင် ဘာလုပ်လုပ် မှန်မှ ဖြစ်မှာ၊ တရားအားထုတ်ရင်လည်း မှားမှားယွင်းယွင်းတွေ ထုတ်နေရင်လည်း အကျိုးရမှာ မဟုတ်ဘူး။ မမှန်မကန်တွေဆိုရင် ကောင်းကျိုးရမှာ မဟုတ်ဘူး။ မျှော်လင့်တဲ့အထိ ရောက်မှာမဟုတ်ဘူး။ ဆိုပါစို့- ခု ရေးဘက်ကနေ ထားဝယ်ဘက် လမ်းဆိုပြီးတော့ သွားတယ်။ သွားတာက ထားဝယ်ဘက်သွားတဲ့လမ်း မဟုတ်ဘူး၊ တခြားလမ်းဆိုရင် ထားဝယ် ရောက်ပါ့မလား။ လမ်းမှန်ဖို့ အရေးကြီးတယ်ဆိုတာ အင်မတန်မှ ဟုတ်ရဲ့လား။ မောင်းမကန်သွားတဲ့လမ်းကို မယူဘဲနဲ့ ဟိုဘက်ကို ထွက်သွားတယ် ဆိုလို့ရှိရင် ဘယ်လိုလုပ် မောင်းမကန်ကို ရောက်မလဲ၊ ရောက်ပါ့မလား။ အဲဒါကြောင့်မို့လို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို တင်ပေးတာ၊ တင်ပေးရတယ်။ အဲဒီ မှန်ကန်တဲ့ လမ်းကြောင်းကို မြတ်စွာဘုရားက နံပါတ်တစ် သီလစင်ကြယ်အောင်လုပ်။ ဟော မဂ္ဂင်ရှစ်ပါးပေါ် စတက်တာပဲ။ သမ္မာဝါစာ၊ [၂၉] သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဒါ မဂ္ဂင်ရှစ်ပါးပေါ်ကို ရောက်လာတာ။ ခုနက ရှစ်ပါးသီလ ယူလိုက်တယ်။ ဘယ်ပေါ်ရောက်သွားတာတုန်း၊ မဂ္ဂင်ရှစ်ပါးပေါ်ထဲက သီလပေါ်ရောက်သွားပြီ ဟုတ်ကဲ့လား။ အဲ-တက်လိုက်တာပဲ၊ ဒါ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုပေါ် တက်စပြုတယ်။ တက်လိုက်တာက လမ်းကြောင်းပေါ်တော့ တက်တာပဲ၊ ဒါပေမယ့် ထိုင်နေတယ် မသွားဘူး။ ရှေ့ဆက်ပြီးရောက်ပါ့မလား။ အင်း- လမ်းကြောင်းပေါ် တက်ပြီးတော့လည်း လျှောက်ဦးမှနော်။ အဲဒီတော့ ရှေ့ဆက်လျှောက်ဖို့ရာအတွက် မြတ်စွာဘုရားက သီလ ပြီးရင် သမာဓိကျင့်စဉ်တဲ့၊ သမာဓိပြီးရင် ဝိပဿနာကျင့်စဉ် ဉာဏ်အမြင်။ အဲဒါတွေကို ပြည့်စုံအောင် မြတ်စွာဘုရားက မဂ္ဂဆိုတဲ့လမ်းကြောင်းပေါ်မှာ အကုန်လုံးတည့်။ ဒါတွေကိုဆင်ခြင်သိတတ်ဖို့ သမ္မာဒိဋ္ဌိဆိုတာ ဒါ မှန်မှန်ကန်ကန် မြင်ပါစေ။ ကိုယ်သွားနေတာ မှန်မှန်ကန်ကန်မြင်တဲ့ဘက်ကိုပဲ (Right Understanding)

[၃၀] သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဒါ မဂ္ဂင်ရှစ်ပါးပေါ်ကို ရောက်လာတာ။ ခုနက ရှစ်ပါးသီလ ယူလိုက်တယ်။ ဘယ်ပေါ်ရောက်သွားတာတုန်း၊ မဂ္ဂင်ရှစ်ပါးပေါ်ထဲက သီလပေါ်ရောက်သွားပြီ ဟုတ်ကဲ့လား။ အဲ-တက်လိုက်တာပဲ၊ ဒါ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုပေါ် တက်စပြုတယ်။ တက်လိုက်တာက လမ်းကြောင်းပေါ်တော့ တက်တာပဲ၊ ဒါပေမယ့် ထိုင်နေတယ် မသွားဘူး။ ရှေ့ဆက်ပြီးရောက်ပါ့မလား။ အင်း- လမ်းကြောင်းပေါ် တက်ပြီးတော့လည်း လျှောက်ဦးမှနော်။ အဲဒီတော့ ရှေ့ဆက်လျှောက်ဖို့ရာအတွက် မြတ်စွာဘုရားက သီလ ပြီးရင် သမာဓိကျင့်စဉ်တဲ့၊ သမာဓိပြီးရင် ဝိပဿနာကျင့်စဉ် ဉာဏ်အမြင်။ အဲဒါတွေကို ပြည့်စုံအောင် မြတ်စွာဘုရားက မဂ္ဂဆိုတဲ့လမ်းကြောင်းပေါ်မှာ အကုန်လုံးတည့်။ ဒါတွေကိုဆင်ခြင်သိတတ်ဖို့ သမ္မာဒိဋ္ဌိဆိုတာ ဒါ မှန်မှန်ကန်ကန် မြင်ပါစေ။ ကိုယ်သွားနေတာ မှန်မှန်ကန်ကန်မြင်တဲ့ဘက်ကိုပဲ (Right Understanding)

[၃၁] နော်။ မှန်မှန်ကန်ကန် နားလည်တာ ပညာပဲ။ ပညာဆိုတာ အမြဲတမ်းလိုအပ်နေတယ်။ မဟာသတိပဋ္ဌာနသုတ်မှာကျတော့ ဟိုရှေ့ပိုင်းကို သမ္ပဇညလို့ ဟောတာပဲ။ ဒီ သမ္ပဇညနဲ့ သမ္မာဒိဋ္ဌိက အတူတူပဲပေါ့။ ဒါမှမဟုတ် သမ္မာဒိဋ္ဌိကို ခွဲလိုက်တဲ့အခါမှာ ကမ္မဿကတာသမ္မာဒိဋ္ဌိတဲ့၊ ဈာနသမ္မာဒိဋ္ဌိတဲ့၊ ဝိပဿနာသမ္မာဒိဋ္ဌိတဲ့၊ မဂ္ဂသမ္မာဒိဋ္ဌိတဲ့၊ ဖလသမ္မာဒိဋ္ဌိ ဆိုပြီးတော့ အဆင့်ဆင့်ခွဲသွားတာ။ အဲဒီတော့ မှန်မှန်ကန်ကန် မြင်ဖို့အတွက်က အင်မတန်မှ အရေးကြီးတယ်။ သီလ အရေးကြီးတယ်ဆိုတာ မြင်တာလည်း သမ္မာဒိဋ္ဌိနဲ့ မြင်တာပဲပေါ့။ ဒီလိုမှန်မှန်မြင်ဖို့ရာလည်းပဲ အမှန်အကန် စဉ်းစားမိမှ မြင်တာလေ။ မစဉ်းစားဘဲနဲ့ သူ့ဟာသူမြင်တာမှ မဟုတ်ဘဲ။

ကြည့်တဲ့လူတစ်ယောက်ဟာ မျက်လုံးဖွင့်ကြည့်မှ မြင်တယ်ဆိုတာဖြစ်တာ မဟုတ်လား။ မျက်လုံးပိတ်ထားရင် ဘယ်မြင်မလဲ။ အဲဒီတော့ မျက်လုံးဖွင့်ကြည့်သလိုပဲ သမ္မာသင်္ကပ္ပနဲ့ တွေးတောကြည့်တာ၊ မှန်မှန် [၃၂] ကန်ကန် တွေးတာ၊ မှန်မှန်ကန်ကန်တွေးတော့ မှန်မှန်ကန်ကန် မြင်လာတယ်။ မြင်တာရော တွေးတာရော သူ့အဆင့်နဲ့သူပဲ။ သမ္မာဝါယာမ ဆိုတဲ့ ကြိုးပမ်းအားထုတ်မှု၊ ကြိုးပမ်းအားထုတ်မှုတိုင်းမှာ သတိရှိရတယ်။ သတိမရှိဘဲနဲ့ ကြိုးပမ်းအားထုတ်ရင် လွဲလွဲချော်ချော်တွေဖြစ်မှာပေါ့။ ဒါကြောင့်မို့ သတိရှိရတယ်။ အေး- သတိရှိပြီဆိုလို့ရှိရင် အရေးကြီးတာ ဘာတုန်းဆိုရင် သတိတော့ရှိပါရဲ့ စိတ်က မငြိမ်လို့ရှိရင် မှန်မှန်ကန်ကန်မြင်မှုဆိုတာ ခက်တယ်ပေါ့။ ရေအိုင်လေးတစ်ခုနား သွားရပ်ပြီး ရေကကြည်နေတယ်ဆိုရင် ကိုယ့်အရိပ်မမြင်ရဘူးလား။ ကိုယ့်အရိပ် မြင်ရတယ်၊ ဒါပေမယ်လို့ အဲဒီရေထဲကို ခဲလေးတစ်လုံး ချလိုက်လို့ရှိရင် အဲဒီ (View) ဟာ ဘယ့်နှယ့်ဖြစ်သွားလဲ၊ လှုပ်ရှားမသွားဘူးလား။ အဲဒီလို ရေထဲမှာ ခဲလေးကျလိုက်လို့ အရိပ်ဟာ လှုပ်ရှားသွားတယ်။ လူက မလှုပ်ပါဘူး၊ ရေလှုပ်တာနော်။ ရေလှုပ်ရင်လှုပ်ရှားသွားတော့ အမြင်ဟာလည်း ဝိုးဝါးသွားတာပေါ့။ အဲဒီလိုပဲ စိတ်ဟာ [၃၃] တည်ငြိမ်မှုဆိုတာ မရဘူးဆိုလို့ရှိရင် အမြင်ဟာလည်း ဝိုးတိုးဝါးတား ဖြစ်သွားတယ်။ ဒါကြောင့်မို့ သမ္မာသမာဓိ ဆိုတဲ့ စိတ်တည်ငြိမ်မှုဟာ အရေးကြီးတယ်။ အားလုံးဟာ မြင်ဖို့အတွက်ချည်းပဲ။ မြင်တာနဲ့စတယ်။ မြင်တာ အလယ်ပဲ။ မြင်တာ အဆုံးပဲ။

ဒါကြောင့်မို့ သမ္မာဒိဋ္ဌိဟာ သမ္မာဒိဋ္ဌိ ပုရေဇဝံ မြတ်စွာဘုရားက ဟောထားတယ်။ သမ္မာဒိဋ္ဌိက ရှေ့ဆောင်သွားနေတာ။ ဘယ်ကိစ္စဖြစ်ဖြစ် သူပါနေတယ်နော်။ နောက်ဆုံးမှာ နိဗ္ဗာန်ကိုမြင်တာလည်း သူဦးဆောင်တာပဲ။ သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တနဲ့ သူဦးဆောင်တာပဲ။ သူ့ရဲ့ စွမ်းရည်သတ္တိချင်းသာ မတူတာ။ မြင်တဲ့အာရုံသာ ပြောင်းသွားတာ အမှန်ကတော့ သူ့ရဲ့ဦးဆောင်မှုပဲ။ ဒါကြောင့်မို့ မဂ္ဂင်ရှစ်ပါးမှာ သမ္မာဒိဋ္ဌိက ရှေ့တန်းထားတာ၊ ဒါ သံသရာဝဋ်က လွတ်မြောက်ကြောင်းမှာ ဒီလိုရှေ့တန်းထားတာ။

ကဲ တစ်ဖက်ကကြည့်လိုက်၊ ပဋိစ္စသမုပ္ပါဒ်ကျတော့ ဘယ်သူ့ကို ရှေ့ထားသလဲ။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ [၃၄] လို့ဆိုပြီးတော့ အဝိဇ္ဇာ ဆိုတာ မောဟတဲ့။ အဝိဇ္ဇာကို ရှေ့ထားလိုက်တာ။ အေး- အဝိဇ္ဇာ ရှေ့ကနေရင်တော့ သံသရာလည်မှာပဲ၊ သံသရာလည်ခြင်း အကြောင်းတရားတွေကျတော့ အဝိဇ္ဇာက ရှေ့ဆောင်နေတယ်၊ တဏှာက ရှေ့ဆောင်နေတယ်။ သံသရာဝဋ်ကကျွတ်ဖို့ကျတော့ သမ္မာဒိဋ္ဌိဆိုတဲ့ ဝိဇ္ဇာက ရှေ့ဆောင်တယ်။ ဟော- ဒီနှစ်ခုကို မြတ်စွာဘုရားက မစဉ်းစားဘဲ ဟောတာမဟုတ်ဘူး။ တမင် သေသေချာချာ ဒီအစီအစဉ်အတိုင်း ထားတာနော်။ ဖြစ်စဉ်ကော ဟောစဉ်ကော အင်မတန်မှ သဘာဝကျတယ်။ သံသရာဝဋ်က လွတ်ဖို့အတွက် မှန်မှန်ကန်ကန် နားလည်ခြင်း၊ မှန်မှန်ကန်ကန်သိခြင်းဆိုတာ အရေးကြီးတယ်။ သံသရာလည်တာ မသိလို့လည်တာကိုး။ ဘာမသိတာတုန်း၊ သစ္စာမသိတာပေါ့၊ အမှန်ကိုမသိတာပေါ့။

အေး- ကောင်းပြီ၊ အဲဒီမှာ မဂ္ဂင်ရှစ်ပါးလမ်းပေါ် တက်လိုက်တယ်။ သီလ ဆောက်တည်လိုက်တယ်။ တက်ပြီးတဲ့အခါမှာ အလုပ်လုပ်ပြီဆိုရင် ဘာနဲ့လုပ်မလဲ။

[၃၅] ဆိုပါစို့- အရောင်းအဝယ်လုပ်တယ်ဆိုရင် ဘာနဲ့လုပ်မလဲ၊ ကိုယ့်ဆိုင်ရာဆိုင်ရာအလုပ်၊ အလုပ်ခွင်ဆိုတာ တစ်ခုခုနဲ့ ပူးတွဲပြီးတော့ အလုပ်လုပ်ရတာလေ။ ဝိပဿနာကျင့်စဉ် အလုပ်လုပ်ပြီဆိုလို့ရှိရင် ဒီစိတ်ကလေးဟာ အာရုံတစ်ခုနဲ့ လုပ်ရမှာလေ။ အဲဒီအာရုံကို သိစရာတရားတွေကို သိတယ်ဆိုတဲ့ အသိဉာဏ်ရှိဖို့ ဖြစ်အောင်လုပ်ချင်တယ်ဆိုရင် သိစရာတွေ အရင်ရှာရလိမ့်မယ်။ အဲဒီသိစရာတွေကို “ဉာတ” လို့ခေါ်တယ်။ သိစရာတွေက လောကမှာ အများကြီးပဲ။ အဲဒီအများကြီးထဲက ဝိပဿနာဉာဏ်ဆိုတာ ဖြစ်ဖို့ရာအတွက် သိစရာတရားက ရုပ်နဲ့နာမ်နှစ်ပါး။ အဲဒီ ရုပ်နဲ့နာမ်နှစ်ပါးကို ပိုင်းခြားပြီး ပိုင်ပိုင်နိုင်နိုင် သိတယ်။ ပိုင်းခြားပြီးသိတယ်ဆိုတာ ဒါက ရုပ်ပဲ၊ ဒါက နာမ်ပဲ ပိုင်းခြားပြီးသိတယ်။ ရုပ်ဆိုတာဒါပဲ ဒီ့ထက်မပိုဘူး။ နာမ်ဆိုတာလည်းဒါပဲ ဒီ့ထက်မပိုဘူးနော်။ ဒီလိုသိတာကို ပိုင်းခြားသိတာလို့၊ ဒီရုပ်နာမ်တွေဟာ ဘယ်ကလာတာတုန်း၊ အကြောင်းကြောင့် ဖြစ်ပေါ်လာတာ။

[၃၆] ဆိုင်ရာဆိုင်ရာ ဘယ်ကမှ လာတာမဟုတ်ဘူး။ အကြောင်းတွေကြောင့် ဖြစ်ပေါ်လာတာ၊ ဒီလိုသိတာလည်း ပိုင်းခြားသိတာပဲပေါ့။ အဲဒါကြောင့်မို့လို့ ဉာတပရိညာ လို့။ ဉာတ ဆိုတာ သိစရာ၊ ရုပ်နဲ့နာမ်နှစ်ခု၊ ပရိညာ ဆိုတာ ပိုင်ပိုင်နိုင်နိုင်သိတာ။ ဝိပဿနာအသိတစ်ခုကို ပရိညာ လို့ခေါ်တယ်။

အဲဒီတော့ ဝိပဿနာဉာဏ်ဆိုတာ အားလုံးသိတဲ့အတိုင်း သူ့အဆင့်နဲ့သူသွားတာ။ ဝိပဿနာလုပ်ငန်းစဉ်ကို စပြီဆိုလို့ရှိရင် ဉာတပရိညာက စတယ်။ မစဘဲနဲ့ အနိစ္စ၊ ဒုက္ခက အရင်စလို့မရဘူး။ အဆောက်အဦတစ်ခုဆောက်တယ် ဆိုလို့ရှိရင် နံရံက စတက်ရမှာ မဟုတ်ဘူး။ (Foundation) က စချရတာနော်။ အဲဒီတော့ (Foundation) ခိုင်ခိုင်ချပြီးတော့မှ အဆောက်အဦ ဆိုတာ ဆက်တက်ရတယ်။ အမိုးကစမိုးရင် ပြိုကျသွားမှာပေါ့။

အဲဒါလိုမျိုးပဲ ဉာတပရိညာ ဆိုတဲ့ အနေအထား ရောက်အောင် ခုနက ကိုယ်ကျင့်သီလ ပြည့်စုံအောင် [၃၇] လုပ်။ ပြည့်စုံအောင်လုပ်ပြီးတဲ့အခါကျတော့ ဝိပဿနာရဲ့ အာရုံအစစ်အမှန်ဖြစ်တဲ့ သင်္ခါရအာရုံ သို့မဟုတ် ရုပ်နဲ့နာမ် ရုပ်နာမ်ရယ်။ ဒီနေရာမှာ သင်္ခါရလို့ပြောတာရယ် အတူတူပဲလို့ မှတ်ထား။ ရုပ်နာမ်ဟာ သင်္ခါရပဲ၊ သင်္ခါရဟာ ရုပ်နာမ်။

သို့သော် ပဋိစ္စသမုပ္ပါဒ်က သင်္ခါရနဲ့ မတူဘူးဆိုတာ မှတ်ထား။ သင်္ခါရက သုံးမျိုးရှိတယ်။ အကျဉ်းအားဖြင့် သုံးမျိုး ခွဲနိုင်တယ်ပေါ့။ လေးမျိုးခွဲတာလည်း ရှိတယ်။ သို့သော် သုံးမျိုးကိုပဲ မှတ်ကြည့်မယ်။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ မှာပါတဲ့ သင်္ခါရက စေတနာ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကို ပြောတာ။

သဗ္ဗေ သင်္ခါရာ ဘဝတစ်ခုကို ပြုပြင်တည်ဆောက်နိုင်သလို၊ ဆိုင်ရာဆိုင်ရာ ရုပ်တွေနာမ်တွေကို ဖြစ်ပွားစေတတ်သလို တည်ဆောက်လို့ သင်္ခါရလို့ခေါ်တာ။ အဲဒါက အခုပြောတဲ့ ရုပ်နာမ်သင်္ခါရနဲ့ မဆိုင်ဘူး။ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုတဲ့အထဲမယ် သင်္ခါရပါတယ်။ အဲဒီသင်္ခါရက သင်္ခါရတရားအားလုံးနဲ့ သက်ဆိုင်တယ်။

[၃၈] အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တွေနာမ်တွေ အားလုံးကို သင်္ခါရလို့ ပြောလိုက်တာ၊ အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တွေနာမ်တွေ သင်္ခါရဆိုတာ ကံက၊ အကြောင်းတရားတွေက စုပေါင်းပြီး သင်္ခါရ ပြုလုပ်ထားတာ။ အကြောင်းတရားကို ပေါင်းပြီးတော့ လုပ်တဲ့အရာတွေဟာ ဘာလဲပြောလိုက်မယ်ဆိုရင် ရုပ်နဲ့နာမ်ပဲရှိတာ။ ဒါကြောင့်မို့ သင်္ခါရလို့ပြောတာ။ နောက်တစ်ခါ သင်္ခါရက္ခန္ဓာ လို့ဆိုတဲ့ ခန္ဓာထဲမှာ ပါတဲ့ သင်္ခါရကျတော့ သူ့အဓိပ္ပာယ်ကတစ်မျိုး၊ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဝေဒနာ၊ သညာမှကြွင်းတဲ့ စေတသိက်တွေ၊ တွေးတာတွေ၊ ကြံတာတွေ၊ လိုချင်တာတွေ၊ စိတ်ဆိုးတာတွေ၊ မသိတာတွေ အားလုံးပေါင်းပြီးတော့ သင်္ခါရလို့ ပြောတာ။ အဲဒီတော့ သင်္ခါရက္ခန္ဓာမှ သင်္ခါရရယ်၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာမှ သင်္ခါရရယ် ဒီနေရာမှာ ပြောလိုရင်း မဟုတ်ဘူး။ ဒီနေရာမှာ ပြောချင်တဲ့ သင်္ခါရက “သဗ္ဗေ သင်္ခါရာ အနိစ္စာ” နဲ့ ပြောချင်တာ။ ဟော- ဝိပဿနာဉာဏ်နဲ့ [၃၉] ကြည့်လို့ရှိရင် “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ထဲမှာပါတဲ့ ရုပ်နဲ့နာမ် သင်္ခါရတရားဟာ ကိုယ့်ရဲ့အာရုံအဖြစ် အသုံးချရမယ်တဲ့။ ဒါဖြင့် အဲဒီသင်္ခါရကို ဘယ်လိုက်ရှာရမလဲဆိုလို့ရှိရင် တရားရှာကိုယ်မှာတွေ့ ဆိုတဲ့အတိုင်း ကိုယ့်သန္တာန်မှာပဲရှိတယ်။ ကိုယ့်သန္တာန်မှာရှိတဲ့ သင်္ခါရကို ရှာရမယ်။ အဲဒီတော့ မရှိတဲ့ ကိုယ့်အသိဉာဏ်ထဲမှာ ပေါ်တာတွေ အကုန်လိုက်ရှာနေဖို့မလိုဘူး။ ပေါ်တာကို မိမိ ပိုင်ပိုင်နိုင်နိုင်သိဖို့ လိုတယ်ပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် တစ်ပြိုင်နက် ဖြစ်နိုင်တာ တစ်ခုမှမရှိဘူး။ ဒီအဆောက်အဦကြီးတောင်မှပဲ ဟိုတစ်ဖက်ကကြည့်ရင် တစ်ဖက်ပုံစံပဲမြင်ရမယ်။ ကျန်တဲ့နောက်ကျော မမြင်ရဘူး။ မြင်ရရဲ့လား။ တိုင်လေးတစ်လုံးတောင်မှပဲ ဒီဘက်ကကြည့်ရင် ဒီဘက်ပဲ မြင်ရမယ်။ ဟိုဘက်မမြင်ဘူး။ မြင်တာလေးကိုသိဖို့ လိုအပ်တယ်ပေါ့၊ ဆိုလိုတာက ဪ - ရုပ်နာမ်တရားတွေထဲမှာလည်းပဲ ကိုယ်မြင်တာ ကိုယ့်အသိဉာဏ်ထဲမှာ ပေါ်တဲ့ဟာကြည့်။

[၄၀] ရုပ်နာမ်တွေအားလုံး တချို့ကတော့ ရုပ်နာမ်တွေ အကုန်လုံးမြင်မှ အကျွတ်တရား ရတယ်လို့လည်း ပြောကြတယ်ပေါ့။ မြတ်စွာဘုရားက ဟောထားတာ ရှိပါတယ်။ “သဗ္ဗံ ဘိက္ခဝေ အဘိဇာနိတဗ္ဗံ” အားလုံးကို သိရမယ်။ အဲဒီ အားလုံးကိုဆိုတာ အာယတနတွေ ရည်ညွှန်းပြီးတော့ပြောတယ်။ ခန္ဓာကို ရည်ညွှန်းပြီးတော့ ပြောတယ်။ အားလုံးသိဖို့ဆိုတာ မလွယ်ဘူး။ ကိံသုကောပမသုတ်ကို ကြည့်မယ်ဆိုလို့ရှိရင် အားလုံးသိတာ မဟုတ်ဘူး။ ကိုယ်သိတဲ့ဟာကလေးကနေပြီး သိလိုက်တာ။ ကျန်တာတွေက အနုမာန လို့ခေါ်တယ်။ ပစ္စက္ခဉာဏ်နဲ့ တစ်ခုကို ပိုင်ပိုင်သိလို့ရှိရင် ကျန်တာတွေကို အနုမာနနဲ့ သိတယ်။

အဲဒီတော့ ပစ္စက္ခ၊ အနုမာနဆိုတာနဲ့ သိတော့ သိတာချည်းပဲ။ သို့သော် သိပုံသိနည်း ကွာသွားတယ်။ ပစ္စက္ခသိတယ်ဆိုတာ (Direct Knowledge) တိုက်ရိုက်သိတာ။ အနုမာနဆိုတာ (Inference) မှန်းဆတွေးကြည့်တာ။ ဒီနှစ်ခုလုံးဟာ မှန်ကန်တဲ့အသိတွေ [၄၁] ချည်းပဲ အကုန်လုံး။ ဆိုပါစို့ လူတစ်ယောက်က ပန်းကန်လေးထဲမှာ ဆားထည့်လာတယ်။ ဆားထည့်လာတဲ့အခါမှာ ဆားပန်းကန်လေးတစ်ခုတည်းမှာဆိုရင် ဆားပွင့်ပေါင်း အများကြီးပါမယ်ပေါ့နော်။ ကဲ-ဆားပွင့်လေးတစ်ပွင့်ကို လျှာလေးပေါ်မှာတင်ပြီးတော့ ကြည့်လိုက်ရင် အရသာ မသိဘူးလား။ အဲဒါက ကိုယ်တိုင်သိလိုက်တဲ့အသိ။ ကျန်တဲ့ဆားတွေလည်းပဲ ငံမှာပဲဆိုတာကို သိတာကျတော့ ခုနက ဒီလိုတိုက်ရိုက်သိတာ ဟုတ်ကဲ့လား။ အဲဒီတော့ တိုက်ရိုက်သိချင်လို့ ဆားမှန်သမျှ အကုန် လျှာပေါ်တင်ဖို့ လိုသလား။ ဘယ်လိုမလဲ သိသွားပြီလေ။ ဆားဆိုတာ ငံတယ်ဆိုတာ ဒါသူ ဆုံးဖြတ်တာ မှားသလား၊ မှန်သလား၊ မှန်တယ်။ အဲဒါကြောင့်မို့လို့ ပစ္စက္ခအသိနဲ့ အနုမာနအသိဆိုတာ တူတယ်ပေါ့။ အကုန်လိုက်သိစရာမှ မလိုဘဲနဲ့။ မောင်းမကန်ကမ်းခြေကနေ ကြည့်လိုက်မယ်ဆိုရင် ပင်လယ်ကြီး အကုန်လုံး မြင်ရသလား၊ ဘယ်မြင်ရမှာလဲ။ ကိုယ့်မျက်စိတစ်ဆုံးပဲ မြင်ရမှာပေါ့။

[၄၂] ဟိုဘက်မှာ ပင်လယ်ရှိသေးလား မရှိဘူးလား။ ဟော- မောင်းမကန်ကမ်းခြေကနေ ကြည့်ပြီးတော့ ပင်လယ်မြင်ဖူးရင် “ငါ ပင်လယ်မြင်ဖူးတယ်” လို့ပဲ ပြောကြတာပဲ။ ဟုတ်တယ် မဟုတ်လား။ ပင်လယ်မြင်ဖူးတယ် ပြောတယ်၊ သူအကုန်မြင်ခဲ့ရဲ့လားဆိုတော့ မမြင်ဘူး။ ရန်ကုန်သွားတဲ့လူတွေလည်း ရွှေတိဂုံဘုရား ဖူးခဲ့တယ်လို့ ပြောချင်ပြောမယ်။ သူ တစ်ဖက်ကိုဖူးလာတာ။ ကျန်တစ်ဖက်ကို ရောက်ချင်မှ ရောက်မှာ။ ရောက်ဦး သူမြင်တာ တစ်ပြိုင်နက် မဟုတ်ဘူး။ အရှေ့မုခ်ကိုမြင်ရင် အရှေ့မုခ်ပဲ မြင်ရမှာပဲ။ အနောက်မုခ်က ကွယ်နေဦးမှာပဲ၊ အဲဒီလိုပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် မြင်ရင် ဪ-ဒီအတိုင်းပဲလို့ ဆိုတာ ခြုံငုံသိလို့ရတယ်လေ။ သစ်ပင်တစ်ပင်မှာရှိတဲ့ အရွက်တစ်ရွက်၊ တမာပင် ဆိုပါစို့- တမာရွက်လေး တစ်ရွက် ခူးပြီးတော့ လျှာနဲ့ဝါးကြည့်လိုက်တဲ့အခါ ခါးတယ်။ ဟ- ဒါခါးတယ်။ ကျန်တာတွေ ခါးမခါး လိုက်စုံစမ်းစရာ လိုသေးလား။ ကျန်တာတွေက [၄၃] အနုမာနဉာဏ်နဲ့ ဟော- တမာရွက်ဆိုတာ ခါးတယ်လို့ ပြောမှာပဲ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အရွက်တွေ ဒီအတိုင်းပဲ ပြောမှာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ အဲဒီလို ဆုံးဖြတ်နိုင်သွားလို့ရှိရင် သိတဲ့အသိက မှန်ကန်တဲ့အသိလို့ ပြောရမယ်။ ဘာဖြစ်လို့တုန်းဆိုတော့ လက်တွေ့ကို အခြေခံပြီး ဆုံးဖြတ်တာလေ။ ဆားကို လျှာပေါ်မှာ လုံးဝမတင်ဘဲနဲ့ သူက ငံတယ်ပြောနေရင်တော့ သူရမ်းပြောတာပဲ။ အဲဒါကြောင့်မို့လို့ ပစ္စက္ခနဲ့ အနုမာနဆိုတဲ့ နေရာမှာ ပစ္စက္ခဉာဏ်ကို အကြောင်းပြုပြီးတော့လည်း ကိလေသာ ပယ်လိုက်တယ်။ ကျန်တာတွေကိုလည်း အနုမာနနဲ့ ကိလေသာပယ်သွားတယ်။

အဲဒီတော့ ကိသုကောပမသုတ်မှာ မြတ်စွာဘုရား ဟောထားတာကို သေသေချာချာ လေ့လာကြည့်ရမယ်။ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ရှုထောင့်က ကိုယ် ရှုသွားတာပဲ။ တရားဓမ္မကို အကုန်သိပြီးမှ ဖြစ်တာမဟုတ်ဘူး။ အေး- ဒါလည်း သတိထားစရာ အချက်တစ်ခုပဲပေါ့။ အဲဒီသုတ္တန်မှာ တွေ့တာလေးကို [၄၄] ဉာတပရိညာအနေနဲ့ ကြည့်ကြမယ်။ ဝိပဿနာ အလုပ်ကိုလုပ်မယ် ဆိုတဲ့အခါ တချို့က မေးလျှောက်ကြတယ်။ “ဝိပဿနာလုပ်ရင် ဘာက စရှုရမှာတုန်း” လူ့ရဲ့ သန္တာန်မှာ ရုပ်နဲ့နာမ်နှစ်ခုရှိတယ်။ ဒါက ပုဂ္ဂိုလ်အလိုက် ပြောရမှာပဲ။ တချို့ပုဂ္ဂိုလ်မှာ ရုပ်ကထင်ရှားရင် ရုပ်က စပေါ့။ နာမ်ကထင်ရှားရင် နာမ်က စရှု။ ပုံသေကားချကြီးကို ပြောလို့မရဘူး။ သို့သော် ဝိသုဒ္ဓိမဂ်မှာ မှာထားတာတစ်ခုရှိတယ်။ ဒါ့လည်းပဲ (Advise) လုပ်တာပါ၊ အကြံပေးတဲ့ သဘောလေးနဲ့ အကြံပေးတာ၊ ဒါပဲလုပ်ရမယ်လို့ ပြောတာမဟုတ်ဘူး။

အဲဒီတော့ သမထယာနိက သမထကျင့်စဉ် ကျင့်ပြီးတော့ .. ဝိပဿနာသွားမယ်။ သမာဓိတွေကို ခိုင်ခိုင်မာမာဖြစ်အောင် ဥပစာရသမာဓိ အဆင့် သို့မဟုတ် အပ္ပနာသမာဓိ အဆင့်အထိ ထူထောင်ပြီးတော့မှ ဝိပဿနာရှုမယ် ဆိုလို့ရှိရင် သမာဓိစွမ်းအားတွေ ကောင်းနေသည့်အတွက်ကြောင့် နာမ်တရားဟာ ထင်ထင်ရှားရှားကြီး ပေါ်နေတယ်။ သူ့စိတ်ထဲမှာ [၄၅] ဖြစ်နေတဲ့ နာမ်တရားတွေကို ထင်ထင်ရှားရှားသိနေတယ်။ ရုပ်ထက် နာမ်က ပိုပေါ်လွင်နေတယ်။ ဒါကြောင့်မို့ သူ့ကျတော့ နာမ်က စရှုလို့ပြောတယ်၊ နာမ်က စရှုရတယ်။

အဲဒီလို မဟုတ်ဘဲနဲ့ သုဒ္ဓဝိပဿနာယာနိက ဝိပဿနာကို တိုက်ရိုက်သွားတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရုပ်က စရှုလို့ ဒီလိုပြောတာနော်။ ဒါဖြင့် သမထယာနိက က နာမ်ကပဲ စရမှာလားဆိုတော့ မဟုတ်ဘူး။ နာမ်က စချင်စ၊ ရုပ်ကစချင်စ။ သို့သော် ဝိပဿနာယာနိက သက်သက်သွားရင် ရုပ်ကစပါတဲ့၊ ဒါဘာဖြစ်လို့ အကြံပေးတာတုန်းဆိုတော့ ပေါ်လွင် ထင်ရှားအောင်၊ လွယ်ကူအောင်လို့ပါ။ လုပ်တယ်ဆိုတာ လွယ်တာက စလုပ်ရတာ၊ ခက်တာက စလုပ်ရင် ဘယ်ဖြစ်မလဲ။ ဘယ်အလုပ်ပဲဖြစ်ဖြစ် လွယ်တာက စရမှာပေါ့။ အဲဒါကြောင့် ဝိသုဒ္ဓိမဂ်မှာ ဒီလိုအကြံပေးထားတာရှိတယ်။ ကဲ-ကောင်းပြီ၊ ရုပ်ကစရှုမယ်ဆိုလို့ရှိရင် များသောအားဖြင့် ထွက်လေဝင်လေကတော့ အလွယ်ကူဆုံးပဲ။

[၄၆] ဘာလို့ လွယ်ကူတုန်းဆိုတော့ အသက်မရှူဘဲမှ နေမှ မရတာကို၊ အသက်ရှူနေတာဆိုတော့ ဒီကိုယ့်နှာခေါင်းမှာ လေလေးက အမြဲထွက်နေတယ်။ ထွက်တိုင်း နှာသီးဖျားထိနေတာဆိုတော့ ဒီလေကို အာရုံစိုက်လိုက်ရုံပဲ။ အမြဲရနေတဲ့ အာရုံတစ်ခုအနေနဲ့ ဖြစ်တာပေါ့နော်။ ဝေဘူဆရာတော်ကြီးကတော့ လက်ချောင်းလေး နှစ်ချောင်းကို ပွတ်နေတယ်လို့ ကြားဖူးတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ အဲဒါ ထိတာနဲ့သိတာ လုပ်နေတဲ့သဘော။ အဲဒီတော့ ရှုလို့တော့ရတာလေ။

မဟာစည် ဆရာတော်ကြီးတို့ကျတော့ ပိန်ဖောင်းကိုရှုတယ်။ ဒီ ပိန်ဖောင်းကလည်း မဟာစည် ဆရာတော်ကြီး စထွင်တာမဟုတ်ဘူး။ မင်းကွန်း ဇေတဝန် ဆရာတော်ကြီးက စတာ။ မင်းကွန်း ဆရာတော်ကြီးဆီကနေ မဟာစည် ဆရာတော် နည်းရလာတာ။ ဘာပဲဖြစ်ဖြစ် ကမ္မဋ္ဌာန်းဆိုတာ မြတ်စွာဘုရားဟောတဲ့ တရားတွေထဲမှာ ရုပ်နဲ့နာမ် ဆိုရင် ရှုကောင်းတာပဲ။ တချို့ကတော့ နှလုံးခုန် [၄၇] တာကို ရှုတဲ့လူလည်းရှိတယ်။ ဘာပဲရှုရှု သမာဓိရပြီးတော့ သဘာဝတရားတွေကို မှန်မှန်ကန်ကန်သိဖို့က အဓိက။ ဒီ အဲဒီတော့ ထွက်လေ ဝင်လေကို ရှုတယ်ဆိုပါစို့။ ရုပ်နာမ်ကို စမယ်။ ရုပ်က စရှုတယ်။ အဲဒီတော့ ဝိပဿနာကျင့်စဉ်ကျင့်တဲ့ ပုဂ္ဂိုလ်ဟာ နံပါတ်တစ် ရုပ်ကပဲစစ နာမ်ကပဲစစ သိတာတော့ ရုပ်လည်းသိရမယ်၊ နာမ်လည်းသိရမယ်၊ နှစ်ခုလုံးကိုလည်းပဲ သိရမယ်။ ကဲ - ဝင်လေ ထွက်လေကို မြတ်စွာဘုရား ကိုယ်တိုင် ဘုရားလောင်းတုန်းကကျင့်တာ။ ဘုရားဖြစ်တဲ့ ကမ္မဋ္ဌာန်း ဘာကမ္မဋ္ဌာန်းတုန်းလို့မေးရင် အာနာပါနဿတိကမ္မဋ္ဌာန်း။ အဲဒါကိုကျင့်တာ၊ အဲဒီတော့ ကိုယ့်နှာခေါင်းက ကိုယ့်စိတ်လေးကို သက်သာတဲ့နည်းနဲ့ ထိုင်ပြီးတော့ ဟို-မြတ်စွာဘုရား ညွှန်ကြားတဲ့အတိုင်းပေါ့။ ခါးအထက် ကိုယ်လေးကို ဆန့်ဆန့်ထား၊ သတိက နှာသီးဖျားကိုပို့ပြီးတော့ မှန်ကန်တဲ့ အနေအထားနဲ့ ပုံမှန်အနေအထားလေး ရှုခိုင်းတာ။ သိပ်ပြင်းပြင်းရှုရင်လည်း မောပြီးတော့သွားတတ်တယ်။ သိပ်ပြီးတော့ [၄၈] လျော့လျော့လေး ရှုလို့ရှိရင်လည်း .. အိပ်ပျော်သွားတတ်သေးတယ်။ အဲဒီတော့ ပုံမှန်လေးအနေအထားနဲ့ သတိတို့ ဝီရိယတို့ ပြင်းပြင်းထားပြီးတော့ ကြိုးစားကြည့်ခြင်းအားဖြင့် ဘာတွေမတုန်းဆိုတော့ နံပါတ်တစ် လေလေး တွေ့လိမ့်မယ်။ အဲဒီ လေလေး တိုးသွားတဲ့ နေရာလေး တွေ့လိမ့်မယ်။ လေက အကုန်လုံး ထိနေတာမဟုတ်ဘူး။ ထိတာ နှာသီးဖျားပဲထိမှာ။ တချို့ နှုတ်ခမ်းတိုတဲ့လူကျတော့ နှုတ်ခမ်းအထက်ဖျားကိုထိတဲ့လူလည်း ရှိတာပေါ့။

အဲဒီတော့ ထိတဲ့နေရာသာမှတ်၊ ကိုယ်အသက်ရှူတော့ ဘယ်နားထိလဲ၊ ထိတဲ့နေရာသာမှတ်ဖို့ အရေးကြီးတယ်။ စာဆိုတာက (General Point) ပဲ ပေးရတယ်နော်။ အဲဒီမှာ လေဆိုတာတွေ့မယ်။ လေထိတဲ့နေရာတွေ့မယ်။ လေက ဝါယော ဖောဋ္ဌဗ္ဗရုပ်ပဲ။ လှုပ်ရှားတွန်းကန်တဲ့ သဘောရှိတယ်။ ဒါဝါယောဓာတ်ရဲ့ သဘောပဲ၊ အဲဒီ လှုပ်ရှား တွန်းကန်မှုကလေးက ကာယပသာဒကို သွားထိတာ၊ ကာယပသာဒရုပ်ကို [၄၉] ထိတာ၊ အဲဒီတော့ ကာယပသာဒရုပ်ရယ်၊ ဝါယော ဖောဋ္ဌဗ္ဗရယ် လှုပ်ရှားတဲ့ သဘောလေးကို အာရုံစိုက်ရင် ဝါယောဓာတ်ကို သိတယ်လို့ပြောတာ။ တစ်ခါတစ်ခါ ရှူလိုက်တဲ့လေက အေးတာကို သွားသတိထားမိရင် တေဇော။ ရှူလိုက်တဲ့လေလေးက တစ်ခါတလေကျတော့ ပူတာလည်းရှိတယ်လေ။ လေက နွေးနွေးလေးကို သွားသတိထားမိရင်တော့ တေဇော။ အေးတာလေးကို သတိထားမိလို့ရှိရင် တေဇော။ လှုပ်ရှားတာကို သတိထားမိတယ်ဆိုရင် ဝါယော။ ဝင်တဲ့အထိလေးက ညင်သာတယ်လို့ထင်လာရင် ပထဝီ၊ ဟော ပထဝီရယ်၊ တေဇောရယ်၊ ဝါယောရယ်၊ ဘယ်နှစ်ခုရလဲ။ သုံးခုပဲ နော်။ ဒီနေရာမှာ အာပေါ မပါဘူး၊ လေလေးထဲမှာ ဝါယောဖောဋ္ဌဗ္ဗတွေထဲမှာ ဖောဋ္ဌဗ္ဗရုပ်ဆိုတာ ဒီသုံးခုနဲ့ ခွဲတာနော်။

အဲဒီတော့ ... ကိုယ်နှလုံးသွင်းပြီးတဲ့ဟာပေါ်မှာ တစ်ပြိုင်နက်တည်း နှလုံးသွင်းလို့မရဘူး။ လှုပ်ရှားတယ်ဆိုတာရယ်၊ ပူတယ်အေးတယ်ရယ်၊ ညင်သာတယ်ရယ်၊ [၅၀] မညင်သာဘူးဆိုတာ ဒါတစ်ခါတည်းတွေးလို့မရဘူး။ စိတ်ဟာ တစ်ခုစီပဲ လုပ်လို့ရတယ်။ ဟုတ်ကဲ့လား။ တစ်ပြိုင်နက်မသိနိုင်ဘူး။ အဲဒီတော့ ပူတယ်အေးတယ် သိရင် တေဇောကိုသိတယ်လို့ပြောရမယ်။ လှုပ်ရှားတာ တွန်းကန်တာလေးကို သတိထားမိလို့ရှိရင် ဝါယောကို သိတယ်။ နောက်ပြီးတော့ ညင်သာတယ် မညင်သာဘူး အထိအတွေ့လေးက ပထဝီကိုသိတယ်လို့ ပြောရမယ်။ ဟောဒီလို သုံးမျိုးဟာ သွားတွေ့တယ်။ အဲဒါကမ္မဋ္ဌာန်း အာရုံတစ်ခုပဲ။

တစ်ဖက်က ကာယပသာဒကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကာယပသာဒရုပ်ကလေးက ဒီနေရာမှာ ကာယပသာဒကတော့ သူတစ်ခုတည်း မဟုတ်ဘူး၊ အဘိဓမ္မာသဘောက ရုပ် ၁၀-ခု အပေါင်းပဲ။ အာရုံနဲ့ ထိလို့ (Sensitive) ဖြစ်တဲ့နေရာကို ပသာဒရုပ် ခေါ်တယ်။ အဲဒါက ပသာဒရုပ်၊ ဟော ဒီရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သိသွားတယ်။

[၅၁] အဲဒီလို ထိလိုက်တဲ့အခါမှာ ထိမှန်းသိလိုက်တဲ့ အသိစိတ်ကလေး ပေါ်မလာဘူးလား။ အဲဒီပေါ်လာတာလေးကျတော့ နာမ်တရားလို့၊ အဲဒီတော့ အကြမ်းဖျင်းအားဖြင့် ကမ္မဋ္ဌာန်းထိုင်နေတဲ့အချိန်မှာ ဒီလောက် သိလိုက်လို့ရှိရင် ရုပ်နဲ့နာမ်ကွဲတယ်။ ဒါကိုသိဖို့လိုတာ။

အဲဒီကနေပြီး ထိုင်နေတဲ့ကြမ်းပြင်က မာလို့ မာတယ်လို့ အဲဒီကို အာရုံရောက်သွားလို့ရှိရင် ဒါ မာတဲ့သဘောကိုသိလို့ အဲဒီက ပထဝီကို သိပြန်တယ်။ ပျော့ရင် ပျော့တဲ့သဘောကို သိပြန်တယ်။ ဒီထဲ လေပူလေး ပူတာလေး ခန္ဓာကိုယ်ထဲမှာ ပူကနဲဖြစ်ရင် တေဇော၊ အေးကနဲဖြစ်ရင်လည်း တေဇော။ မာမာကြမ်းကြမ်းဆိုရင် ပထဝီ၊ အထဲက လှုပ်လှုပ်ရှားရှားတွေဆိုရင် ဝါယော၊ ဒီလို ခန္ဓာကိုယ်ထဲမှာ ပေါ်လာတာတွေ မှန်သမျှဟာ ကိုယ့်ဟာကို နာမည်မတပ်ပေမယ့်လို့ သဘာဝအတိုင်း လိုက်သိနေလို့ရှိရင် ဒါ ဘာကို သိတာတုန်းဆို ရုပ်ကိုသိနေတာ။ သင်္ခါရကိုသိနေတာ လို့ပြောတယ်။ လားရွာ ရွာဝင် [၅၂] ့ အဲဒီ သိသိနေတာ ဘယ်သူနဲ့သိတာတုန်းဆိုတော့ သမ္မာဒိဋ္ဌိနဲ့ သိနေတာ။ သမ္မာသင်္ကပ္ပက ဆင်ခြင်ပေးတာ၊ သိနေအောင် ကြိုးစားတာက ဝီရိယ၊ အဲဒီအသိ အာရုံလေးပေါ်မှာ စိတ်စိုက်နေတာက သမ္မာသတိ၊ ဒီပေါ်မှာ စိတ်လေးက ငြိမ်ကျသွားတာ သမ္မာသမာဓိ လို့ဆိုတော့ မဂ္ဂင်ငါးပါး၊ ဒါကို ကာရကမဂ္ဂင်က အလုပ်လုပ်နေတယ်၊ ကမ္မဋ္ဌာန်းထိုင်နေတယ်ဆိုတာ ဒီငါးခုက လုပ်နေတာ၊ သူတို့ငါးခု အလုပ်လုပ်နေတာ။ အဲဒီ အလုပ်ငါးခုနဲ့ အလုပ်လုပ်တဲ့အခါ အာရုံတစ်ခုကို ပိုင်ပိုင်နိုင်နိုင်သိသွားပြီ ဆိုလို့ရှိရင် ... ဘယ်လောက်ထိအောင် အသိက တက်လာတုန်းဆိုရင် အေး- လူဆိုတာ မရှိပါလား၊ သတ္တဝါဆိုတာမရှိပါလား၊ ဟောဒီ ရုပ်နဲ့နာမ် နှစ်မျိုးထဲပါလားလို့ ... ကျန်တဲ့ ရုပ်တွေပါ ဆက်စပ်ပြီးတော့ သိရှိလာတယ်။ အဲဒါ ဉာတပရိညာပဲ။

ဒီအချိန်မှာ အနိစ္စ ဒုက္ခ မမြဲတဲ့သဘောတွေကို မစဉ်းစားရဘူးနော်၊ မစဉ်းစားရဘူး။ စဉ်းစားလိုက်လို့ရှိရင် သူ့ သဘာဝတွေ လွတ်ထွက်သွားတယ်။ ဒီနေရာ [၅၃] မှာ ရုပ်ရဲ့သဘာဝ နာမ်ရဲ့သဘာဝ သဘာဝလက္ခဏာကိုပဲသိရတယ်။ ဒီအချိန်မှာ ဉာတပရိညာပိုင်းမှာ သဘာဝလက္ခဏာကိုသာသိတယ်။ သဘာဝလက္ခဏာ ဆိုတာ (Individual characteristic) ကိုယ်ပိုင်သဘောလေးတွေ ကိုယ်ပိုင်အမှတ်အသားလေးတွေ။ ကိုယ်ပိုင်အမှတ်အသားဆိုတာ ကြည့်- ဝါယောဆိုတာ လှုပ်ရှားတယ် တွန်းကန်တယ်။ ပထဝီ ဆိုတာနော် ခက်မာတယ် ပျော့ပြောင်းတယ်။ တေဇောဆိုတာ ပူတယ်အေးတယ်။ ဒါသူ့သဘာဝလေးတွေ၊ သဘာဝကနေပြီးတော့သိတာ အမှတ်အသားကနေပြီးတော့ ဒီတရားကိုသိနေတာ။ အဲဒီတော့ ဒီ ဉာတပရိညာပိုင်းမှာ သဘာဝလက္ခဏာကိုသာ သိတယ်၊ သိပြီးတဲ့အခါမှာ အကြောင်းကိုပါ နောက်ပိုင်းကျတော့ သိလာတယ်။ ဒီသဘာဝလေးတွေက သူ့ဟာသူဖြစ်နေတာ မဟုတ်ပါလား။ ဆိုပါစို့ ဒီ ထွက်လေ ဝင်လေလေးဟာ စိတ်ကြောင့်ဖြစ်နေတာပါလား။ စိတ်ထဲက ခန္ဓာကိုယ်များ သေသွားတဲ့လူ၊ စိတ်မရှိတော့တဲ့လူဟာ ထွက်လေ [၅၄] ဝင်လေ မဖြစ်တော့ဘူးလေ။ နောက် သတိမေ့မျောသွားတဲ့ ပုဂ္ဂိုလ်လည်းပဲ ထွက်လေဝင်လေ ပြတ်သွားတယ်လေ။ အဲဒါလေးကြည့်လိုက်မယ်ဆိုရင် ဒါ ဟော အသိစိတ်ကလေးကြောင့် ... ထွက်လေ ဝင်လေလေး ဖြစ်နေတာ၊ အောင့်ကြည့်ပါလား လေကရပ်နေမှာပေါ့။ အဲဒီတော့ အသက်ရှူချင်တဲ့စိတ် ပေါ်မလာဘူးလား။ အသက်ရှူတာ စိတ်ကြောင့်ဖြစ်နေတာလို့ ပြောတာနော်။ အဲဒါလေးက သူ့ရဲ့အကြောင်းတရားက စိတ်ပဲဆိုတာ ဆုံးဖြတ်တာ။ နောက်တစ်ခါ အဲဒီလေလေးက နှာသီးဖျားက ကာယပသာဒကို ထိလိုက်တယ်။ ထိလိုက်လို့သိတဲ့စိတ်ပေါ်တယ်။ ဟော အာရုံနဲ့ စက္ခု နှစ်ခုဆုံလို့ ဒီ စိတ်ဆိုတာ ဖြစ်ပေါ်လာတာပါလားလို့ဆိုတော့ အကြောင်းလေးနဲ့ တွဲဖက်ပြီးတော့ သိလိုက်တာ၊ ခုနကတုန်းက ရုပ်ဆိုတာဒါပဲ နာမ်ဆိုတာ ဒါပဲလို့ ကွဲကွဲပြားပြားသိတယ်။ သိပြီးတော့ အကြောင်းတရားကိုပါ တွဲဖက်ပြီးသိလာတယ်။ ခုခ [၅၅] ဘုရားလောင်းတွေကျတော့ ဒီ့ထက်ကျယ်ကျယ်ပြန့်ပြန့်သိတယ်။ ပဋိစ္စသမုပ္ပါဒ်နဲ့လည်း သိနိုင်တယ်။ မြတ်စွာဘုရားအလောင်းက ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ရလာတဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံးကို ပစ္စယပရိဂ္ဂဟဉာဏ်နဲ့ ဆင်ခြင်တာပေါ့။ ကျန်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီလိုသိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဘုရားလောင်းတွေကျတော့ ပဋိလောမနည်းနဲ့ ဆင်ခြင်တယ်။ ပဋိလောမဆိုတာ အချုပ်ဘက်ကိုပြောတာ မဟုတ်ဘူး။ အနုလောမကို ပြောင်းပြန်ပြန်သွားတဲ့ ပဋိလောမ၊ ဇာတိ ဇရာ မရဏကနေစပြီးတော့ ဘုရားလောင်းတွေဟာ ဆင်ခြင်တယ်။ အေး နောက်က လူတွေ အိုကြတယ်၊ ဘာ့ကြောင့် အိုတာတုန်း။ သေတယ်၊ ဘာဖြစ်လို့သေရတာတုန်းဆိုတော့ ဩော် မွေးလို့ပဲ၊ ဇာတိကြောင့်ပဲ။ ဇာတိရှိနေလို့ အိုတယ် နာတယ် ဆိုတာ ရှိနေရတာ၊ ဒါဖြင့် ဇာတိက ဘာလို့ရှိရတာတုန်း၊ ဘဝရှိနေလို့၊ ဘဝကဘာလို့ရှိရတာတုန်း ဥပါဒါန်ဆိုတဲ့ စွဲလမ်းမှု ရှိနေလို့၊ ဥပါဒါန်ကဘာလို့ရှိတာတုန်း တဏှာ [၅၆] ဆိုတဲ့ လိုချင်မှုရှိနေလို့၊ တဏှာကဘာဖြစ်လို့ ဖြစ်ရတာတုန်းဆို ဝေဒနာဆိုတဲ့ခံစားမှု၊ ဝေဒနာခံစားမှုက ဘာလို့ လာတာတုန်းဆိုတော့ အာရုံနဲ့စိတ်နဲ့ ဆက်သွယ်မှု ဖဿကြောင့်လာတာ။ အာရုံနဲ့စိတ်နဲ့ ဆက်သွယ်မှုက ဖဿက ဘာကြောင့်လာတာတုန်း ဆိုလို့ရှိရင် လူတွေရဲ့ သန္တာန်မှာ (sense organ) ဆိုတဲ့ အာယတန ၆ ပါး ရှိနေလို့။ အဲဒါတွေမရှိရင် မျက်စိမရှိရင် ဘယ်လိုလုပ် အပြင်ဘက်ကနေ ဆက်မလဲ၊ နားမရှိရင်လည်း အပြင်ဘက်က အသံနဲ့ .. ဘယ်လို ဆက်သွယ်မလဲ။ နှာခေါင်းမရှိရင်လည်း အနံ့နဲ့ဆက်သွယ်လို့မရဘူးလေ။ လျှာမရှိရင်လည်း အရသာကိုသိနိုင်မှာမဟုတ်ဘူးလေ။ အဲဒီတော့ ပြင်ပနဲ့ဆက်သွယ်ရေး ကိရိယာတွေပေါ်လာတယ်။ အဲ- ခုခေတ်လူတွေက တယ်လီဖုန်းလေးနဲ့ ဆက်ကြတာပေါ့၊ ရန်ကုန်လည်း လှမ်းဆက်၊ ဟိုလည်း လှမ်းဆက် ဆက်သွယ်ရေးတွေ ။ တယ်လီဖုန်းမရှိတဲ့လူ ဆက်လို့ရလား၊ အဲဒါလိုပဲ .. သဠာယတနဆိုတာ ဆက်သွယ်ရေး ...ကိရိယာပဲ၊ အဲဒါရှိလို့ ဆက်သွယ် [၅၇] လာတာ။

ဒါဖြင့် ဒီ ဆက်သွယ်မှု ကိရိယာတွေရှိတာ ဘာကြောင့်ရှိလာရတာတုန်းဆိုတော့ ဟော- နာမ်တွေ ရုပ်တွေရှိလို့၊ နာမ်တွေ ရုပ်တွေက ဘာကြောင့်ရှိတာတုန်းဆိုတော့ ပဋိသန္ဓေဆိုတဲ့ ဝိညာဏဓာတ်ရှိလာလို့၊ ဝိညာဏ်က ဘာကြောင့် ရှိရတာတုန်းဆိုတော့ သင်္ခါရလို့ ဆိုတဲ့ အတိတ်က ကုသိုလ်ကံ အကုသိုလ်ကံတွေ လုပ်ခဲ့လို့၊ ဒီကုသိုလ်ကံ အကုသိုလ်ကံတွေက ဘာကြောင့် ရှိနေရတာတုန်းဆိုတော့ အဝိဇ္ဇာ- အမှန်တရားကို မသိလို့ဆိုတော့ ဟော- ပဋိစ္စသမုပ္ပါဒ် အတိုင်းပဲ။ အကြောင်းအရာတွေကို ဆက်သွယ်ပြီးတော့ကြည့်တာ။ အဲဒီလိုကြည့်တတ်တာဟာ ပစ္စယပရိဂ္ဂဟဉာဏ် လို့ခေါ်တယ်။ အကျဉ်းချုပ်အားဖြင့်တော့ ကိုယ် သိရမှာက ဟော- ထွက်လေဝင်လေလေးက နှာသီးဖျားကို လာထိလို့ ထိသိစိတ်ပေါ်တယ်။ ကြမ်းမှာထိုင်နေရင်းကနေ အောက်က ထိုင်ခုံကမာလို့ သို့မဟုတ် ပျော့လို့ တင်ပါးမှာလာပြီးတော့ ဟုတ်လား မာတယ် ဆိုတဲ့ အသိစိတ်လေးဖြစ်ရတယ်။ မျက်စိကလည်း အဆင်း [၅၈] အာရုံကိုမြင်လို့ မြင်သိစိတ် ဖြစ်ရတယ်။ နားက အသံကိုကြားလိုက်လို့ ကြားသိစိတ်ဆိုတာ ဖြစ်ရတယ်။ နှာခေါင်းနဲ့အနံ့ဆုံမိလို့ နံသိစိတ်ဆိုတာ ဖြစ်ရတယ်။ လျှာနဲ့အရသာနဲ့ ဆက်သွယ်မိလို့ လျက်သိစိတ်ဆိုတာ ဖြစ်ရတယ်ဆိုတာ ဒါလေးတွေဟာ အကြောင်းလေးတွေ သိလာတယ်လို့ ဒီလိုပြောတာ။

ယောဂီပုဂ္ဂိုလ်တွေဟာ ဒီလောက်သိလာပြီဆိုလို့ရှိရင် ပစ္စယပရိဂ္ဂဟဉာဏ်ထဲ ရောက်လာတယ်လို့ ပြောတာ။ အဲဒီ ပစ္စယပရိဂ္ဂဟဉာဏ် ရောက်သည်ထိအောင် (Individual characteristic) လို့ခေါ်တဲ့ သဘာဝလက္ခဏာနဲ့ သွားရတယ်။ အနိစ္စ ဒုက္ခ မရှိတော့ဘူး။ ဒီအချိန်မှာ သဘာဝလက္ခဏာကို ပိုင်ပိုင်နိုင်နိုင် သိရမယ်။

ဘုရားလောင်းနဲ့ အတူတူတောထွက်ခဲ့တဲ့ ရှင်ဆန္နဟာ ဉာတပရိညာကို ပိုင်ပိုင်နိုင်နိုင်သိအောင် မလုပ်ဘဲနဲ့ အနိစ္စ ဒုက္ခ အနတ္တတွေကို သွားစဉ်းစားသည့်အတွက်ကြောင့် သူ တရားထူး မရနိုင်ဘူး။ အဲဒါကြောင့်မို့လို့ [၅၉] ဒီဉာတပရိညာ အကြောင်းနဲ့အကျိုး ပိုင်ပိုင်နိုင်နိုင်ကို သိအောင် လုပ်ရမယ်။ နာမရူပပရိစ္ဆေဒဉာဏ်ရယ် ပစ္စယပရိဂ္ဂဟဉာဏ်ရယ် အဲဒီဉာဏ်နှစ်ခုဟာ ဝိပဿနာဉာဏ်ရဲ့ အခြေခံဉာဏ်နှစ်ခုဖြစ်တယ်။

ဒါ ဉာတပရိညာဆိုတာ သိစရာတွေကို သိအောင် လုပ်ရမယ်ဆိုတာ ဒီဉာဏ်နှစ်ခုရဲ့ ဒါအခြေခံတွေပဲ။ အဲဒီလို ဒီအခြေခံနှစ်ခုရပြီးတဲ့အခါမှာ နောက်ပိုင်းမှာ တိရဏပရိညာကျတော့ သဘာဝလက္ခဏာကို ကျော်ပြီးတော့ သာမညလက္ခဏာလို့ခေါ်တဲ့ အများဆိုင်တဲ့ အနိစ္စ ဒုက္ခ အနတ္တကို သိသွားတယ်။ အဲဒီလို မမြဲတဲ့ သဘောတွေကို ဆင်ခြင်စဉ်းစားလာတဲ့ အချိန်ဟာ သမ္မသနဉာဏ်။ မမြဲတာကို သိလာတဲ့အတွက်ကြောင့် မြဲတယ်ဆိုတဲ့အမှတ်ကို မမြဲဘူးဆိုတာကို ဆုံးဖြတ်ချက် ချလာနိုင်တယ် တိရဏပရိညာ။ အဲဒီလို နောက်ပိုင်းကျတော့ ဥဒယဗ္ဗယဉာဏ်တွေ ကျော်သွားပြီးတော့ ဘင်္ဂဉာဏ် ရောက်လာတဲ့အခါကျတော့ မမြဲဘူးဆိုတာတွေ ပျောက်သွားတယ်နော်။ ချမ်းသာတယ်ဆိုတဲ့ အမှတ် [၆၀] သညာတွေ ပျောက်သွားတယ်။ အဲဒီလို ဉာတပရိညာ၊ တိရဏပရိညာ၊ ပဟာနပရိညာ ဆိုတဲ့ အပိုင်းတွေဟာ နောက်ဆုံးဝိပဿနာဉာဏ်ဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်သည်ထိအောင် ရင့်သန်ရင့်သန်ပြီးတော့ အဲဒီလိုသွားတယ်။

အရေးကြီးဆုံးက ဝိပဿနာရဲ့ (foundation) ဖြစ်တဲ့ ဝိပဿနာ တည်ဆောက်တော့မယ်ဆိုရင် ဟောဒီ (foundation) ဖြစ်တဲ့ ဒီဉာဏ်နှစ်ခု မိမိသန္တာန်မှာ အခြေခိုင်အောင် ကြိုးစားအားထုတ်ရမှာဖြစ်တယ်။ သိစရာအာရုံပေါ်မှာ ပိုင်ပိုင်နိုင်နိုင်သိအောင် ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်။ ဝိသုဒ္ဓိမဂ်မှာ အဋ္ဌကထာဆရာကြီးက ဒီဉာဏ်နှစ်ခုနှင့်ပြည့်စုံရင် သာသနာတော်မှာ ရပ်တည်ရာ ရပါပြီတဲ့၊ နောက်ဆုံးမှာ သောတာပန် စူဠသောတာပန်ပုဂ္ဂိုလ်ဖြစ်ပြီလို့ ပြောတာ။ ဒီဉာဏ်နှစ်ခုနဲ့ သောတာပန်က အစစ်ပြောတာ မဟုတ်ဘူး။ စူဠသောတာပန် အခြေခံကောင်းသွားပြီလို့ ဒီလို ပြောတာနော်။ ဒါကြောင့်မို့လို့ ဝိပဿနာကျင့်စဉ် တစ်ခုကို

ssfdyhedaxhe3qdof1lyovj39yg51ai
22324
22323
2026-11-05T14:37:32Z

pqe5a10yqs01ku4jp6ptigmw156awd5
တမလွန်ဘဝက ဆွေမျိုးများအရေး
0
6459
22325
22312
2026-11-05T14:38:33Z
Tejinda
173
22325
wikitext
text/x-wiki
{{header
| title = တမလွန်ဘဝက ဆွေမျိုးများအရေး
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဉာတပရိညာ]]
| previous2 =
| next = [[ဒါနအခြေခံတဲ့ သမထ ဝိပဿနာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

တမလွန်ဘဝက ဆွေမျိုးများအရေး

[၁] သာသနာတော်နှစ် ၂၅၅၃-နှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၄)ရက်၊ ရန်ကုန်တိုင်း လှိုင်မြို့နယ် ကျောင်းကုန်း (၁,၂,၃)လမ်း လူငယ်များ၏ ဒုတိယအကြိမ်မြောက် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မပူဇာ၊ ဓမ္မသဘင်အခမ်းအနားဝယ် ဟောကြားအပ်သော “တမလွန်ဘဝက ဆွေမျိုးများအရေး” တရားဒေသနာတော်။

စာပေမှာ ဘဝနဲ့ပတ်သက်ပြီး နှစ်မျိုးခွဲခြား ပြောလေ့ရှိတယ်။ မျက်မှောက်ဘဝ နဲ့ တမလွန်ဘဝ။ အသက်ထင်ရှား ရှိနေတဲ့ အချိန်အတွင်းကာလကို မျက်မှောက်ဘဝလို့ ခေါ်တယ်။ မျက်မှောက်ဘဝကို ပါဠိစာပေမှာ “ဒိဋ္ဌဓမ္မ” လို့ သုံးတယ်။

[၂] လက်ရှိ ဘဝအဆုံးသတ်သွားပြီးနောက် ရလာတဲ့ဘဝကို တမလွန်ဘဝလို့ ခေါ်တယ်။ တမလွန်ဘဝကို ပါဠိစာပေမှာ “သမ္ပရာယ” လို့ သုံးတယ်။ ဒါကြောင့် မျက်မှောက်ဘဝ ဆိုတာက တစ်ခု၊ နောင်ဖြစ်ရမယ့် တမလွန်ဘဝဆိုတာက တစ်ခုလို့ ဘဝနှစ်ရပ်ကို ခွဲခြားဖော်ပြလေ့ရှိတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားဒေသနာမှာ မျက်မှောက်ဘဝမှာ ရနိုင်တဲ့အကျိုးကို ဖြစ်စေတတ်တဲ့တရားနဲ့ တမလွန်ဘဝမှာ ရနိုင်မယ့် အကျိုးကို ဖြစ်စေတတ်တဲ့တရားလို့ ဒီလို နှစ်မျိုး ခွဲခြားပြီးဟောတယ်။ ဒိဋ္ဌဓမ္မဟိတ- မျက်မှောက်ဘဝမှာ အကျိုးဖြစ်ထွန်းစေတဲ့ အကြောင်းတရား၊ သမ္ပရာယဟိတ- တမလွန်ဘဝမှာ အကျိုးဖြစ်ထွန်းစေမည့် အကြောင်းတရားလို့ ၂-မျိုး ရှိတယ်။ လောကလူတွေဟာ မျက်မှောက်ဘဝအတွက်သာ အလုပ် [၃] လုပ်ကြရတာ မဟုတ်ဘူး၊ တမလွန်ဘဝအတွက်ပါ အလုပ်လုပ်ကြရတယ်။

အတွေးအခေါ်မရှိတဲ့ တစ်ချို့လူတွေက တမလွန်အရေးကို စဉ်းစားလေ့ မရှိကြဘူး။ “မျက်မှောက်ဘဝမှာ ချမ်းသာရင်ပြီးရော၊ နောင်ဘဝ ကိုယ်သိတာမှ မဟုတ်ဘဲ”ဆိုပြီး တမလွန်ဘဝအရေးကို ပစ်ပယ်ထားကြတယ်။

မြတ်စွာဘုရားက-
ဒိဋ္ဌိ ဓမ္မေ စ ယော အတ္ထော၊
ယော စတ္ထော သမ္ပရာယိကော၊
အတ္ထာဘိသမယာ ဓီရော၊
ပဏ္ဍိတောတိ ပဝုစ္စတိ။
ဒိဋ္ဌိ ဓမ္မေ စ ယော အတ္ထော - မျက်မှောက်ဘဝမှာ ရရှိရမယ့်အကျိုး၊
ယော စတ္ထော သမ္ပရာယိကော - တမလွန်ဘဝမှာ ရရှိမယ့်အကျိုး၊ [၄] အတ္ထာဘိသမယာ ဓီရော - အဲဒီအကျိုး နှစ်မျိုးလုံးကို ရအောင်လုပ်နိုင်တဲ့ ပညာရှိကိုမှ၊
ပဏ္ဍိတောတိ ပဝုစ္စတိ - တကယ့်ပညာရှိလို့ ခေါ်ပါတယ်။ ဒီလို ဟောတော်မူတယ်။

ဆိုလိုတာက ဒီဘဝကောင်းစားရေး၊ နောင်ဘဝကောင်းစားရေးလို့ နှစ်မျိုးခွဲခြား စဉ်းစားရမယ်။ ဒီဘဝ ကောင်းစားရေး သက်သက်ကိုသာ လုပ်ပြီး နောင်ဘဝကောင်းစားရေး မလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာ ပညာရှိမဟုတ်ဘူး။ အမြော်အမြင်ရှိသူ မဟုတ်ဘူး။ ဥပမာ ဒီနေ့ စားရပြီးရော၊ မနက်ဖြန်အတွက် မစဉ်းစားဘူးဆိုတဲ့ လူမျိုးဟာ ပညာမဲ့သာဖြစ်တယ်။

ကဲ.. စဉ်းစားကြည့်ကြရအောင် ဒီကနေ့ အရေးတစ်ခုသာ စဉ်းစားမယ်၊ မနက်ဖြန်အရေး မတွေးဘူးဆိုရင် ဘာဖြစ်နိုင်သလဲ၊ ကလေးငယ်တွေ မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေး [၅] ထားတဲ့ ပုံပြင်ကလေး တစ်ပုဒ်ရှိတယ်။ အဲဒီမှာ “ပုရွက်ဆိတ်နဲ့ နှံကောင် အကြောင်း” ကြည့်။ “ပုရွက်ဆိတ်ကလေးတွေဟာ အလွန်အလုပ်လုပ်တဲ့ အကောင်လေးတွေ၊ နားနေတယ်မရှိဘူး။ သူတို့ အသိုက်အအုံထဲမှာ အစာတွေ ဖြည့်တင်းလေ့ရှိကြတယ်။ အမြဲတမ်း အစာရှာပြီး အစာကို သိုမှီးသိမ်းဆည်းကြတယ်။ နေ့ရောညရော ပုရွက်ဆိတ်ဟာ အိပ်တယ်လို့ မရှိဘူး၊ အလုပ်လုပ်တယ်။ တစ်နေ့မှာ တစ်နေ့စား ဒီလိုမဟုတ်ဘူး၊ အစာအာဟာရ ရိက္ခာတွေကို စုဆောင်းထားလေ့ ရှိကြတယ်။ မိုးရာသီ မိုးတွေရွာတဲ့အခါမှာ အစားအစာဒုက္ခ မရောက်ရအောင် ပုရွက်ဆိတ်တွေက ကြိုတင် ပြင်ဆင်ထားကြတယ်။

အေး.. နှံကောင်ဆိုတဲ့ အကောင်ကတော့ အဲဒီလို ပြင်ဆင်ထားခြင်း မရှိဘူး။ ဒီနေ့ရ ဒီနေ့စား၊ စားစရာတွေ သူ့အဖို့ မကုန်လောက်ဘူးလို့ ဒီလိုထင် [၆] တယ်။ မိုးတွေရွာလို့ ရေတွေ လွှမ်းသွားတဲ့အခါ နှံကောင်ဟာ စားစရာ မရှိတော့ဘူး။ စားစရာမရှိတော့ အစာငတ်ပြီး သေဆုံးရတယ်။”

နှံကောင်က မနက်ဖြန်အရေး မတွေးဘူး၊ ဒီကနေ့အရေးပဲ တွေးတယ်တဲ့.. နော်။ ပုရွက်ဆိတ်ကလေးတွေက ဒီနေ့အရေးတင်မကဘူး မနက်ဖြန်အရေးပါ တွေးတယ်။ ဒီကနေ့လည်း ဝအောင် စားမယ်၊ မနက်ဖြန်အတွက်လည်း ရှိစေရမယ်။ မြတ်စွာဘုရားက မျက်မှောက်ဘဝမှာ ရရှိတဲ့အကျိုး၊ တမလွန်ဘဝမှာ ရရှိနိုင်တဲ့အကျိုး၊ အဲဒီ အကျိုးနှစ်မျိုးလုံးကို ရအောင်ကြိုးစားရမယ်။ အဲဒီလို အကျိုးနှစ်မျိုးလုံးကို ရအောင်ကြိုးစားယူမှ တကယ့် ပညာရှိပုဂ္ဂိုလ်လို့ ဒီလို ဟောတယ်။

အဲဒီတော့ ဘုန်းကြီးတို့တတွေဟာ မျက်မှောက်ဘဝ အကျိုးအတွက်လည်း အလုပ်လုပ်ကြ [၇] ရမယ်၊ တမလွန်ဘဝ အကျိုးအတွက်လည်း ပြင်ဆင်ထားကြရမယ်။

မိသားစုထဲမှာ တမလွန်ဘဝ ရောက်သွားကြတဲ့ ဆွေတွေမျိုးတွေ မရှိဘူးလား၊ ရှိတယ်။ ဒီဘဝမှာ အတူနေရတဲ့ ဆွေတွေမျိုးတွေ ရှိသလိုပဲ ဒီဘဝကို စွန့်ခွာသွားပြီး တမလွန်ဘဝ ရောက်သွားကြတဲ့ ဆွေတွေမျိုးတွေလည်း ရှိနေကြတယ်။

ဘုန်းကြီးတို့မိသားစုမှာ ညီအစ်ကို မောင်နှမ ၁၂-ယောက် ရှိတယ်။ ၁၂-ယောက်ထဲက မျက်မှောက်ဘဝမှာ ရှိတာ ၄-ယောက်ပဲ ရှိတော့တယ်။ ကျန်တဲ့ပုဂ္ဂိုလ် ၈-ယောက်က တမလွန်ဘဝ ရောက်သွားကြပြီ။ အဲဒီတမလွန်ဘဝက ဆွေမျိုးတွေရဲ့အရေးကို ဘယ်လိုစဉ်းစားမလဲ။ မိသားစုတိုင်းဟာ တမလွန်ဘဝရောက်သွားတဲ့ ဆွေမျိုးတွေရဲ့အရေးကို စဉ်းစားကြတယ်။ စဉ်းစားပုံ စဉ်းစားနည်းကတော့ [၈] မတူကြဘူး။ မိမိတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ စဉ်းစားကြတယ်၊ ဆောင်ရွက်လုပ်ကိုင်ကြတယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကတော့ တမလွန်ဘဝ ရောက်သွားတဲ့ ဆွေတွေမျိုးတွေအတွက် ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှအတမ်း ပေးဝေလေ့ ရှိကြတယ်၊ ဒါက အစဉ်အလာ တစ်ခုပေါ့။ မိမိတို့ ရိုးရာ အစဉ်အလာအရ တမလွန်ဘဝက ဆွေမျိုးများအရေးကို ဆောင်ရွက်ပေးကြတဲ့ အလေ့အထတွေ နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ရှိကြတယ်။ တမလွန်ဘဝက ဆွေမျိုးတွေအရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်လေ့ရှိကြတယ်။

နိုင်ငံခြား တိုင်းပြည်များမှာ (ဆိုပါစို့ အနောက်တိုင်းက လူတွေ) ဆွေမျိုးတွေ ကွယ်လွန်သွားတဲ့ နှစ်ပတ်လည် အခါသမယမှာ သင်္ချိုင်းသွားပြီး ပန်းခြင်းလေးတွေ ချကြတယ်။ ပန်းခြင်းလေး [၉] တွေချပြီး ဆွေမျိုးတွေကို အမှတ်ရကြောင်း ပြသကြတယ်။ သို့သော် ပန်းခြင်းကလေးချပြီး ဆွေမျိုးတွေကို အမှတ်ရကြောင်း ပြတာဟာ တမလွန်ဘဝက ဆွေမျိုးတွေအတွက် အကျိုးရှိသလား ဆိုတာ စဉ်းစားရမှာ ဖြစ်တယ်။

ဒီဘဝက ပုဂ္ဂိုလ်တွေက တမလွန်ဘဝ ဆွေမျိုးသားချင်းတွေကို အမှတ်ရလို့ ပန်းခြင်းကလေး သွားချရရင် အလွမ်းပြေမှာပေါ့။ မိဘခေါင်းချသွားတဲ့ နေရာကို သွားပြီး ပန်းခြင်းကလေးချ၊ ထုံးတမ်းစဉ်လာအရ ရှိခိုးဦးချ၊ မျက်ရည်ကလေးကျပြီး တမလွန်ဘဝက ဆွေမျိုးအရေးကို မျက်ရည်ကလေးနဲ့ စဉ်းစားတဲ့ လူမျိုးတွေလည်း ရှိတာပဲ။ အဲဒီ တစ်စက်တစ်စက်ကျတဲ့ မျက်ရည်ကလေးတွေက တမလွန်ဘဝ ဆွေမျိုးတွေအတွက် အကျိုးရှိသလား စဉ်းစားကြရမှာ ဖြစ်တယ်။

[၁၀] အေး.. တချို့ပုဂ္ဂိုလ်တွေကလည်း တမလွန်ဘဝ ဆွေမျိုးသားချင်းတွေကို ရည်စူးပြီး ဆီမီးတွေ ထွန်း၊ ပန်းတွေလှူဒါန်းပြီး ဆုတောင်းကြတယ်။ “ကောင်းရာသုဂတိ ရောက်ပါစေ၊ တမလွန်ဘဝမှာ ပျော်ရွှင်ချမ်းမြေ့ပါစေ”လို့ ဆုတောင်းကြတယ်။ အဲဒီလို ဆုတောင်းတာကရော အကျိုးဖြစ်ထွန်းမှု ရှိရဲ့လား စဉ်းစားသင့်တယ်။ စဉ်းစားရမယ့်အချက်တွေကို ပြောတာနော်။

ဂျပန်လူမျိုးတို့၏ ယုံကြည်ချက်

ဘုန်းကြီးတို့ ၁၉၉၇-ခုနှစ်က ဂျပန်နိုင်ငံ ရောက်သွားတယ်။ အိုဆာကာမြို့နားမှာ ကိုယာဆန်ဆိုတဲ့ တောင်ပေါ်မြို့တစ်မြို့ ရှိတယ်။ အဲဒီ ကိုယာဆန်မြို့က ကိုယာဆန်ဆိုတဲ့ တောင်ပေါ်မှာ ဂျပန်ဘုန်းကြီးကျောင်းတွေ အများကြီးရှိတယ်။

[၁၁] အဲဒီကိုယာဆန်မြို့မှာ အကျယ်ဝန်းဆုံး နေရာက သင်္ချိုင်းကြီးပဲ။ အဲဒီသင်္ချိုင်းကြီးထဲ လျှောက်ကြည့်မယ် ဆိုရင် မဆုံးနိုင်ဘူး။ တမလွန်ဘဝက ဆွေမျိုးများအရေး ဆောင်ရွက်ထားကြတာ အံ့ဩစရာပဲ၊ ပိုက်ဆံ တတ်နိုင်ရင် တတ်နိုင်သလောက် လုပ်ထားပေးကြတယ်။

ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာတော့ အကုန်မသိဘူးပေါ့။ သို့သော် တမလွန်ဘဝက ဆွေမျိုးတွေရဲ့အရေး စဉ်းစားပေးထားကြတာကတော့ အားရစရာပဲ။ တချို့က ကလေးငယ် ဆုံးသွားတာ ထင်ပါရဲ့၊ ကလေးကစားစရာ အရုပ်ကလေးတွေ ချပေးထားတယ်။ အေး.. တချို့ကျတော့ သင်္ချိုင်းဂူအနီးမှာ လိပ်ရုပ်ကလေးတွေ၊ မျောက်ရုပ်ကလေးတွေ ထားပေးတယ်၊ ပျင်းနေမှာစိုးလို့ ထင်ပါရဲ့။ တချို့ကျတော့ ခွေးရုပ်ကလေးတွေ ချပေးထားတာ [၁၂] လည်း ရှိတယ်။ အဲဒီလို မိမိစိတ်ကူးတည့်ရာ လုပ်ထားကြတာကို တွေ့ရတယ်။

‘Anniversary’ လို့ခေါ်တဲ့ ကွယ်လွန် အနိစ္စရောက်တဲ့ နှစ်ပတ်လည်နေ့ ရောက်တိုင်း ဂျပန်ဘုန်းကြီးတွေကို ပင့်တယ်။ ဂျပန်ဘုန်းကြီးတွေက သင်္ချိုင်းသွားပြီး ဗုံတောင်လေးခေါက်ကာ ရွတ်ဖတ်ပေးကြတယ်။ အဲဒီ ကိုယာဆန်မှာ ဘုန်းကြီးတို့ (၃)ရက်လောက် သီတဂူဆရာတော်ဘုရားကြီးနဲ့ အတူတူနေခဲ့တယ်။

တစ်နေ့တော့ အဲဒီရွတ်ဖတ်ပေးတဲ့ ဂျပန်ဘုန်းကြီးနဲ့ စကားစပ်မိတယ်၊ ဘုန်းကြီးက “နေပါဦး တမလွန်ဘဝပြောင်းသွားတဲ့ ပုဂ္ဂိုလ်အတွက် အခုလို ရွတ်ဖတ်ပေးတာ ဘာအတွက်လဲ၊ ဘယ်လိုအဓိပ္ပာယ်နဲ့ ရွတ်ဖတ်ပေးတာလဲ” မေးတယ်။ ဂျပန်ဘုန်းကြီးက ပြောတယ်၊ “သေသွားတဲ့ပုဂ္ဂိုလ်ရဲ့ ဝိညာဉ်ဟာ [၁၃] နောင်ဘဝကူးဖို့ရာအတွက် လမ်းရှာနေတာ။ ကောင်းတဲ့လမ်း တွေ့အောင်လို့ ဆုတောင်းပတ္တနာ ပြုပေးတာ”တဲ့။ နို့မို့ဆို ဝိညာဉ်လေးဟာ လမ်းပျောက်နေတာ။ လမ်းပျောက်နေသူ ကောင်းရာမွန်ရာ မရောက်နိုင်ဘူးပေါ့။ မျက်စိလည်နေရင် ဒီနားတင် သူတဝဲလည်လည် ဖြစ်နေမှာပေါ့။ အဲဒီလို လမ်းကြောင်း တွေ့သွားအောင် ကောင်းတဲ့ဘဝရောက်သွားအောင် ရွတ်ဖတ်ပေးတာပါတဲ့။

“ဪ.. အဲဒီလိုလား။ ဒီလိုဆိုလို့ရှိရင် ရွတ်ဖတ်ပေးလိုက်လို့ ဝိညာဉ်လေးတွေ ကောင်းရာသုဂတိ ရောက်သွားတယ်ဆိုတဲ့ မှတ်တမ်းများ ရှိသလား”

“ဟာ.. အဲဒီလိုတော့ မသိပါဘူးတဲ့။ အဲဒီလိုတော့ မသိဘူး၊ ထုံးစံမို့ပဲ ရွတ်ပေးတာပါ။”

အဲဒီလို ဂျပန်ဘုန်းကြီး ဖြေတာကို ကြားနာ မှတ်သားခဲ့ရတယ်။ အဲဒါဆို အကျိုးရှိလိုရှိငြား [၁၄] လုပ်တာ။ အကျိုး ရှိမရှိ ဘယ်သူမှ မပြောနိုင်ဘူး။ တမလွန်ဘဝ ရောက်သွားတဲ့ ပုဂ္ဂိုလ်ကလည်း ဘယ်နေမှန်းလည်း မသိဘူး။ သို့သော် အကျိုးရှိလို ရှိငြား တမလွန်ဘဝက ဆွေမျိုးများအရေးကို စဉ်းစားပေးပုံ တစ်မျိုးပေါ့။

ဒတ်ချ်လူမျိုးတို့၏ ယုံကြည်မှု

နယ်သာလန်နိုင်ငံ နာဒန်မြို့မှာ တောအုပ်ကြီးတစ်ခုကို ဖြတ်လိုက်တာနဲ့တပြိုင်နက် သုသာန်ကြီး တွေ့ရတယ်။ သုသာန်ဆိုပေမဲ့ သန့်သန့်ပြန့်ပြန့် ပန်းဥယျာဉ်ကြီးလို လုပ်ထားတာ။ ထူးထူးခြားခြား သုသာန်အဝင်နားမှာ သစ်ပင်ကြီးတွေက ဆံပင် ဖားလျား ချရပ်နေတာနဲ့တူတယ်။ သစ်ကိုင်းကြီးတွေက အပေါ်ထောင်မနေဘဲနဲ့ အောက်ကို ပြားကျပြီး ကားထွက်နေကြတယ်။ ဆံပင် ဖားလျားချထားတဲ့ [၁၅] ပုံစံဘဲ။ အဲဒီ သစ်ပင်ကြီးတွေကို weeping tree “ငိုနေသောသစ်ပင်ကြီး”များလို့ ခေါ်တယ်။

အဲဒီ ငိုနေသောသစ်ပင်ကြီးများရဲ့ အောက်မှာ တောယုန်လေးတွေ ခိုအောင်းပြီးနေကြတယ်။ သုသာန်ထဲ လှည့်လည်ကြည့်တဲ့အခါမှာ ပန်းခြင်းလေးတွေ ချထားတာရှိတယ်။ အရုပ်ကလေးတွေ ချထားတာရှိတယ်။ နာမည်လေးတွေ ရေးထားတာ ရှိတယ်၊ ဘယ်နေ့ဘယ်ရက်က ဘယ်သူ ကွယ်လွန် အနိစ္စ ရောက်သည်ဆိုတာ မှတ်တမ်းလေးတွေ ရေးထားတယ်။ ကျောက်ပြားလေးတွေ ကပ်ထားတယ်။ တမလွန်ဘဝက ဆွေမျိုးများ အရေးကို ဒီလိုဆောင်ရွက်ထားကြတယ်။

အဲဒီ ဆောင်ရွက်မှုတွေဟာ ဒီဘဝကပုဂ္ဂိုလ် အတွက်တော့ အလွမ်းဖြေစရာ ဖြစ်ကောင်းဖြစ်မယ်။ တမလွန်ဘဝက ပုဂ္ဂိုလ်အတွက် အကျိုးရှိလား၊ မရှိဘူးလားဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး။

[၁၆] တရုတ်လူမျိုးတို့၏ ယုံကြည်မှု

တရုတ်လူမျိုး ကွယ်လွန်အနိစ္စ ရောက်သွားတဲ့အခါ တမလွန်ဘဝမှာ အသုံးပြုဖို့ ငွေစက္ကူ အတုတွေ မီးရှို့ပြီးပေးလိုက်တယ်။ သို့သော် တမလွန်ဘဝ ပါသွားတာကတော့ ဘာမှမမြင်ဘူး။ ရှို့လိုက်တာနဲ့ ပြာဖြစ်သွားတာကိုပဲ တွေ့လိုက်ရတယ်။ လမ်းတစ်လျှောက်မှာလည်း စာရွက်တွေ ခင်းသွားတယ်၊ ဘာတွေ ရေးထားသလဲတော့ မသိဘူးပေါ့။ အဝတ်တွေ အစားတွေလည်း ပြည့်စုံအောင် မြေထဲမြုပ်ပြီး ထည့်ပေးလိုက်ကြတယ်။ သို့သော် ညကျတော့ သုသာန်စောင့်တွေ၊ သုဘရာဇာတွေက ဖော်ပြီး ကောင်းတာတွေ ယူလိုက်ကြတယ်။ တုံးလုံးပဲ ကျန်ရစ်တယ်။ နောင်ဘဝမှာ နေဖို့ထိုင်ဖို့ အိမ်၊ စီးဖို့ ယာဉ်တွေရော ထည့်ပေးလိုက်ကြတယ်၊ အမျိုးစုံပဲ။

[၁၇] သင်္ချိုင်းတစ်ခုကို လေ့လာကြည့်မယ် ဆို လူသားမျိုးနွယ်တွေဟာ အမျိုးမျိုး စိတ်ကူးကြံဆပြီး တမလွန်ဘဝက ဆွေမျိုးများအရေးကို ဒီကနေ့အထိ ဆောင်ရွက်နေကြတုန်းပဲ။ အဲဒီ ဆောင်ရွက်သမျှတွေဟာ တကယ်ရော အကျိုး ရှိပါ့မလားလို့ စဉ်းစားသင့်တယ်။ သို့သော် မစဉ်းစားဘဲနဲ့ တကယ် အကျိုးရှိ မရှိ မသိဘဲနဲ့ လုပ်နေကြတယ်။ ဒီလိုလုပ်တာ ဘာ အကျိုးရှိတုန်းဆိုတာ စဉ်းစားသင့်တာပေါ့။

အခု မြန်မာပြည်မှာ လုပ်နေတာလေးတွေ ရှိသေးတယ်။ သေတဲ့လူက သေသွားပြီ၊ မွေးနေ့တွေ လုပ်နေကြတယ်။ သေသွားတဲ့ပုဂ္ဂိုလ်ကို အသက် ၁၀၀-ပြည့် မွေးနေ့တဲ့၊ သေသွားတဲ့ပုဂ္ဂိုလ်က အသက် ရှိပါ့ဦးမလား။ လူတစ်ယောက်ဟာ သေသွားပြီ၊ ဆိုပါစို့ ၇၀-၈၀ လောက်က သေသွားပြီ။ သူ့ရဲ့မွေးနေ့ အနှစ် ၁၀၀-ပြည့်ဆိုပြီးတော့ နောက်အနှစ် ၂၀- [၁၈] ကြာတော့လုပ်တယ်။ လူက ရှိသေးလို့လား၊ တကယ် အသက်ရှင်နေတာလားလို့ ယုံမှားစရာ ဖြစ်တယ်။ သေတာဖြင့် ကြာပြီ၊ အရိုးတောင် ဆွေးသွားပြီ၊ သို့သော် မွေးနေ့ပွဲဆိုပြီး လုပ်ကြတယ်။ မွေးနေ့လုပ်ပြီး ကုသိုလ်ကောင်းမှု လုပ်ရင် ကုသိုလ်ရတာပေါ့၊ အမှတ်တရလည်း ဖြစ်တာပေါ့။ သို့သော် အဲဒီလူက အသက်- ၁၀၀ ဟုတ်ပါ့မလား။ သူသေတာ ၈၀- လောက်က သေသွားတာဆိုတော့ သူဘယ်လိုလုပ်ပြီး အသက် ၁၀၀-ပြည့်မလဲ၊ မပြည့်ဘူးပေါ့။

နိုင်ငံရပ်ခြားမှာ ဆိုပါစို့ စင်ကာပူတို့ မလေးရှားတို့ ရောက်တဲ့အခါ ဓာတ်ပုံကြီးတွေနဲ့ လွမ်းပြထားတဲ့သတင်းတွေ သတင်းစာထဲမှာ အများကြီး တွေ့ရတယ်။ ဗမာပြည်မှာတော့ တစ်ခါတခါတော့ တွေ့ပါတယ်။ “ဘယ်နှစ်နှစ် ပြည့်သွားပြီ၊ မေ့လို့မရသေးဘူး” ဆိုတဲ့ အလွမ်းစာတွေ၊ အလွမ်းကဗျာတွေကို ဓာတ်ပုံ [၁၉] ကြီးတွေနဲ့ ဖော်ပြကြတယ်။ မလွမ်းသင့်ဘူးလား ဆိုတော့ လွမ်းသင့်တာပေါ့။ ဒါပေမဲ့ လွမ်းပြလိုက်လို့ ရတဲ့အကျိုးက ကိုယ့်အတွက် ဖြေသိမ့်စရာလေး တစ်ခုတော့ ဖြစ်ကောင်းဖြစ်မယ်။ တမလွန်ဘဝက ဆွေမျိုးတွေအတွက် ဘာအကျိုးရမလဲ၊ ဘာအကျိုးမှ မရဘူး။ ပြီးတော့ ကိုယ်ကသာ လွမ်းတာ၊ သူက လွမ်းချင်မှ လွမ်းမှာ။

ဖြစ်ရာဘဝမှာ ပျော်တယ်

ကိုယ်ကသာလွမ်းပြီး သူက လွမ်းချင်မှ လွမ်းမယ်ဆိုတာ တကယ်ပဲ။ ကြားဖူးကြပါလိမ့်မယ်။ “ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့ အင်မတန် ချောမော လှပတဲ့မိဖုရားငယ်ငယ်ရွယ်ရွယ် သေဆုံးသွားတဲ့အခါ အဲဒီ ရုပ်အလောင်းကို မစွန့်ပစ်ရက်ဘူး။ မပုပ်မသိုးအောင် စီမံ မှန်ခေါင်းထဲထည့်ပြီး မစား [၂၀] မသောက်နိုင် မအိပ်နိုင် အဲဒီ အလောင်းနားမှာပဲ ထိုင်ပြီး တငိုငို တယိုယို လုပ်နေတယ်။ ဘယ်သူကမှ နားချလို့ မရဘူး။ သေသွားတဲ့ ပုဂ္ဂိုလ်ဆိုတာ ပြန်ခေါ် လို့လည်း ရတာမဟုတ်ဘူး။ နောက်ဆုံးတော့ ပညာရှိ အမတ်တွေက ဥယျာဉ်ထဲမှာ ရောက်နေတဲ့ ပညာရှိ ရသေ့ကြီးကို ပင့်ပြီးတော့ နားချခိုင်းရတယ်။ ရသေ့ကြီးက ပြောတယ်တဲ့ “အရှင်မင်းကြီး၊ ဘယ်သူ့ကို လွမ်းနေတာတုန်း”၊ “မိဖုရားလေးကို လွမ်းနေတယ်”။ “အဲဒီ မိဖုရားလေး ဘယ်ရောက်နေ တယ်ဆိုတာ သိလား”။ “မသိဘူး၊ အရှင်ဘုရားသိရင် ပြောစမ်းပါ”။ “မင်းကြီးရဲ့ မိဖုရားလေး ဥယျာဉ်ထဲ ရောက်နေတယ်၊ လူတော့မဟုတ်ဘူး။ နောက်ချီး ပိုးထိုး ဖြစ်နေတယ်”။

လူ့ဘဝတုန်းကလည်း အလှပြင်နေတာနဲ့ အချိန်ကုန်တယ်။ သေတော့ နောက်ချီးပိုးထိုး [၂၁] ဖြစ်တယ်။ ဘုရင်ကြီးကသာ လွမ်းနေတယ်။ ဟိုက နောက်ချေးပိုးထိုးဘဝမှာ နောက်ချေးပိုးထိုးဖိုကြီးနဲ့ ပျော်လို့။ နောက်ချေးပိုးထိုး အဖိုက ရှေ့ကသွားတယ်၊ သူက နောက်က လိုက်နေတယ်။ နောက်ဘဝမှာ သူ့အတွဲနဲ့ သူ ဖြစ်နေတယ်။ ဒီက သူ့အလောင်းကို မစွန့်နိုင်ဘူး၊ တငိုငိုတယိုယို လုပ်နေတယ်။ ဘုရင်ကြီးက ရသေ့ကြီး ပြောစကားကို မယုံဘူး။ “အေး.. မယုံလို့ရှိ သူကိုယ်တိုင်ပြောရင် ကော ယုံမလား”၊ “ယုံမယ်”။ ဒါဖြင့် ဥယျာဉ်ကို သွားကြမယ်။ ဥယျာဉ်မှာ နောက်ချီးပိုးထိုးကောင် တွေ့တယ်။ “နင် ဘယ်သူတုန်း” လို့ မေးတော့၊ နောက်ချီးပိုးထိုးက သူဟာ “ဥပရိဒေဝီ မိဖုရားပါ”တဲ့။ “ဒီဘုရင်ကြီးကို ချစ်သလား”လို့ မေးတဲ့အခါ “ဟိုတုန်းကတော့ ချစ်တာပေါ့။ ခုတော့ သူ့ကို သတိ မရပါဘူး”လို့ ပြောတယ်။ သူက သတိမရပါဘူးလို့ [၂၂] ပြောတာက တော်သေးတယ်၊ ဘာပြောတုန်းဆို “ဘုရင်ကြီးရဲ့ လည်ချောင်းသွေးနဲ့ နောက်ချီးပိုးထိုး အဖိုရဲ့ ခြေထောက်ကို ဆေးပေးချင်တယ်”တဲ့။ အဲဒီအသံကြားရတော့ ဘုရင်ကြီး စိတ်နာ သွားတယ်။ ချက်ချင်းပဲ မှန်ခေါင်းထဲက အလောင်း ကို မီးသင်္ဂြိုဟ်ခိုင်းလိုက်တယ်။ ရေမိုးချိုး ပျော်ပျော် ပါးပါး နေနိုင်တဲ့ဘဝ ရောက်သွားတယ်။ ဒါတကယ့် ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုအနေနဲ့ ဟောပြထား တာ ဖြစ်တယ်။

အေး.. လောကကြီးမှာ လူတွေက ဘယ်လို လွမ်းနေနေ တမလွန်ဘဝက ဆွေမျိုးက ကိုယ့်ကို လွမ်းချင်မှ လွမ်းမှာ၊ ဒါကတော့ သေချာတယ်။ သို့သော် လွမ်းသည်ဖြစ်စေ မလွမ်းသည်ဖြစ်စေ တမလွန်ဘဝက ဆွေမျိုးများအရေးကိုတော့ အလေး [၂၃] ထားစဉ်းစားသင့်တယ်။ အကျိုးရှိတဲ့ အလုပ်တစ်ခုကို လုပ်ပေးသင့်တယ်။

တိရောကုဋသုတ်

အကျိုးရှိတဲ့အလုပ် လုပ်နိုင်ဖို့ မြတ်စွာဘုရား က တိရောကုဋသုတ် ကို ဟောထားတယ်။ “တိရောကုဋ” ဆိုတာ “နံရံရဲ့ ဟိုဘက်မှာ”လို့ အဓိပ္ပာယ်ရတယ်။ လူတွေက အိမ်နံရံရဲ့ အတွင်းမှာ နေကြတာ။ တမလွန်ဘဝက ဆွေမျိုးများကတော့ ဟိုဘက်ရောက်သွားပြီ။ နံရံဟိုဘက်ကလူဖြစ်သွားပြီ။ မြတ်စွာဘုရားက “ဆွေမျိုးသားချင်းတွေနဲ့ ပတ် သက်ပြီး ငိုယိုပြီး မျက်ရည်ကျလွမ်းပြနေလို့ သူတို့ အတွက် ဘာမှ အကျိုးမရှိဘူး”တဲ့။

ဆိုပါစို့၊ ဆွေမျိုးသားချင်းတစ်ယောက်ဟာ ပြိတ္တာဖြစ်သွားတယ်။ အဲဒီပြိတ္တာဘဝမှာ စီးပွားရေး [၂၄] လုပ်ငန်းဆိုတာ ဘာမှမရှိဘူး။ ဆိုင်ဖွင့်ပြီး ဈေးရောင်း လို့လည်းမရဘူး။ ကျွဲနွားမွေးပြီး စီးပွားလုပ်လို့လည်း မရဘူး။ မြေကွက်တွေရှာပြီး လယ်ယာလုပ်ငန်း လုပ်လို့လည်း မရဘူး။ သူတို့ဘဝမှာ ကံပေးသမျှနဲ့ အသက်ရှင်နေကြရတယ်တဲ့။

အဲဒီတော့လုပ်သင့်လုပ်ထိုက်တာက ဘာလဲ ဆိုတော့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေရမယ်။ ကုသိုလ်ပြု အမျှဝေခြင်းဟာ တမလွန်ဘဝက ဆွေမျိုးများအရေး ကို မှန်ကန်သော နည်းဖြင့် ဆောင်ရွက်ခြင်းပဲ။

ဇာဏုသောဏိသုတ်

“မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန် ကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် သာဝတ္ထိပြည်မှာ 'ဇာဏုသောဏိ' ဆိုတဲ့ ပုဏ္ဏားကြီးတစ်ယောက် [၂၅] ရှိတယ်။ ဇာဏုသောဏိ ဆိုတာ ရာထူးရဲ့ နာမည်လို့ ပြောတယ်။ မင်းဆရာ ပုရောဟိတ်ရာထူးပဲ သူက မြတ်စွာဘုရားကို မေးတယ်။ သူတို့အစဉ်အလာ ယုံကြည်ချက်အရ တမလွန်ဘဝက ဆွေမျိုးများ အတွက် ကုသိုလ်ကောင်းမှုတွေ ဒါနကောင်းမှုတွေ ပြုပေးကြတယ်၊ အလှူအတန်း လုပ်ပေးကြတယ်။ တမလွန်ဘဝ ပြောင်းသွားတဲ့ ပုဂ္ဂိုလ်တွေကို ရည်စူးပြီး ထမင်းဟင်းတွေ ကျွေးမွေးကြတယ်။ ဒါကို ပါဠိလို “သဒ္ဓ”လို့ ခေါ်တယ်။ “အဲဒီလို လုပ်တာဟာ တမလွန်ဘဝ ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေအတွက် တကယ်ပဲ အကျိုးရှိနိုင်သလား၊ ဒီ ဒါနကောင်းမှု တွေကို သူတို့တကယ်ပဲ ခံစားရသလား” ဒီမေးခွန်း မေးတာ။

ဘုန်းကြီးတို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အစဉ်အလာအရ လူတွေဟာ တမလွန်ဘဝက [၂၆] ဆွေတွေမျိုးတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ကို လုပ်ကြတယ်။ “အဲဒီလို လုပ်တာဟာ တမလွန် ဘဝရောက်သွားတဲ့ ပုဂ္ဂိုလ်တွေအတွက် အကျိုးရှိ သလား” လို့ဆိုတာ စဉ်းစားဖို့ လိုအပ်တယ်ပေါ့။ တမလွန်ဘဝက ပုဂ္ဂိုလ်ဆိုတာ ဘယ်နေမှန်း မသိဘူး။ လိပ်စာလည်း မရှိဘူး။ တယ်လီဖုန်းနံပါတ် လည်း မရှိဘူး။ တယ်လီဖုန်းနံပါတ်ရှိရင် လှမ်းခေါ်ရ သေးရဲ့။ လိပ်စာရှိရင်လည်း စာနဲ့ဆက်သွယ်လို့ ရသေးတယ်။ အခုတော့ တယ်လီဖုန်းနံပါတ်လည်း မရှိဘူး။ လိပ်စာလည်း မရှိဘူး။ ဘယ်မြို့ ဘယ်ရွာ ဆိုတာ မသိဘူး။ အဲဒီလို မသိဘဲ မှန်းရမ်းပြီး လုပ်နေ ကြခြင်းဟာ သူတို့အတွက် အကျိုးရနိုင်ပါ့မလားလို့ မစဉ်းစားသင့်ဘူးလား။ စဉ်းစားသင့်တယ်။ သို့သော် မစဉ်းစားကြဘူး။ အစဉ်အလာ အရပဲ လုပ်ကြတယ်။ ခုနက ဂျပန်ဘုန်းကြီး ပြောသ [၂၇] လို ထုံးစံအရသာ လုပ်လိုက်တာ။ ဝိညာဉ်တွေ ဘယ်နှစ်ဦး လွတ်သွားတယ် ဆိုတာ သူတို့မသိဘူး။ အေး.. တို့တတွေလည်း ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး အမျှအတမ်းတော့ ပေးဝေနေကြတာပဲ။ ကိုယ်ပေးဝေနေတဲ့ ကုသိုလ်ကောင်းမှု အမျှအတမ်း ကို သူတို့ရလား မရဘူးလားဆိုတာ မစဉ်းစားဘူး ဆိုရင် မတော်ဘူး။ ဒါကြောင့်မို့ စဉ်းစားတတ်တဲ့ ဇာဏုသောဏိ ပုဏ္ဏားကြီးက မြတ်စွာဘုရားကို မေးတယ်။ “ဒီလို ရည်စူးပြီးလုပ်တဲ့ ဒါနကောင်းမှုရဲ့ အကျိုးကို သူတို့ခံစားရသလား”တဲ့။ မြတ်စွာဘုရားက တိုတို ဖြေလိုက်တယ်။ “ဌာနေ ကပ္ပတိ၊ အဋ္ဌာနေ န ကပ္ပတိ”တဲ့၊ “ရနိုင်တဲ့ နေရာဆိုရင် ရတယ်။ မရနိုင်တဲ့ နေရာဆိုရင် မရနိုင် ဘူး” တဲ့။ “အရှင်ဘုရား တပည့်တော် နားမလည်ဘူး၊ ရနိုင်တဲ့နေရာ၊ မရနိုင်တဲ့နေရာကို ခွဲပြောပေးပါဦး”။

[၂၈] မြတ်စွာဘုရားက ရှင်းပြတယ်။ ဘယ်သူပဲ ဖြစ်ဖြစ်၊ သတ္တဝါဆိုတာ ကံစီမံရာဘဝ ရောက်ကြရ တယ်။ ကိုယ်လုပ်ခဲ့တဲ့ ကံအားလျော်စွာ တမလွန် ဘဝ ရောက်ရှိသွားတယ်။ သေသွားပြီးတဲ့နောက်မှာ ဝိညာဉ်အနေနဲ့ စောင့်ဆိုင်းနေရတာမျိုး မရှိဘူး။ အခုသေ အခုနောက်ဘဝမှာ မွေးမယ်။ အနန္တရ ပစ္စယောအရ သေသည်၏ အခြားမဲ့မှာ ချက်ခြင်း ဖြစ်တယ်။ ကြားထဲမှာ ဘာမှမခြားဘူး။ တမလွန်ဘဝ ဆိုတာ သေသည်၏ အခြားမဲ့ပဲ။ အခု စုတိစိတ် ကျလိုက်တာနဲ့တပြိုင်နက် ပဋိသန္ဓေစိတ် နောက်က လိုက်လာတာပဲ။

သို့သော် လူတွေက မျက်မှောက်ဘဝနဲ့ တမလွန်ဘဝ ဒီဘဝနှစ်ခု စပ်ကြားမှာ “အန္တရာဘဝ” ကြားကာလ ဘဝလေးတစ်ခု ရှိသေးတယ်လို့ [၂၉] ယုံကြည်ကြတယ်။ ဒါ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းမှာ ကိုပဲ အဲဒီလို ယုံကြည်တယ်ဆိုတာ ရှိတယ်။ တိဗက်နိုင်ငံ တိဗက်ဗုဒ္ဓဘာသာဝင်တွေက လူတစ်ယောက် သေသွားလို့ရှိရင် ကြားကာလ ဘဝမှာ ၄၉-ရက် နေတယ်။ ၄၉-ရက် အတွင်း ဆုတောင်းပေးမယ်၊ မေတ္တာပို့ပေးမယ်၊ ကုသိုလ်တွေ လုပ်ပေးမယ်ဆိုရင် ကောင်းရာမွန်ရာ ရောက်တယ် လို့ ယုံကြတယ်။ မြန်မာလူမျိုးတွေမှာလည်း ဒီလို ယုံကြည်ချက်သဘောလေး ရှိတာပဲ။ “၇-ရက် မစေ့မချင်း သေသွားတဲ့လူက အိမ်ပေါ်ကမဆင်းဘူး” တဲ့။

ကြားကာလ ဘဝတစ်ခု ရှိတယ်လို့ယူတဲ့ “အန္တရာဘဝဝါဒီ” ဆိုတာ ရှိတယ်။ ဒါကြောင့်မို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်း ဝီထိမုတ်ပိုင်းမှာ “ဘဝန္တရ ပဋိသန္ဓာရဝသေန ပဋိသန္ဓေသင်္ခါတံ မာနသံ ဥပ္ပဇ္ဇ [၃၀] မာနမေဝ ပတိဋ္ဌာတိ ဘဝန္တရေ” တဲ့၊ ပဋိသန္ဓေစိတ် လေး ပေါ်လိုက်ကတည်းက တမလွန်ဘဝ ရောက် သွားပြီတဲ့။ ဘုန်းကြီးတို့တတွေလည်း ဟိုဘဝက သေလာတာ ဒီဘဝ အသက် ၅ဝ-ရှိရင် သေလာတာ အနှစ် ၅၀-ရှိပြီ။ ဒီဘဝ အသက် ၆၀ ရှိတဲ့လူက သေလာတာ အနှစ် ၆ဝ ရှိလာပြီ။ သေပြီးတာနဲ့ တစ်ပြိုင်နက် ချက်ချင်းဖြစ်ကြတယ်။

ဘဝကူးတဲ့နေရာမှာ အဓိပ္ပာယ် အဆုံးအဖြတ် ပေးနေတာတွေက ဘယ်အရာလဲဆိုရင် သုစရိုက်နဲ့ ဒုစရိုက်ပဲ။ သုစရိုက်လုပ်သူတွေက လူ့ဘဝ၊ နတ်ဘဝ ရောက်ကြတယ်။ ဒုစရိုက် လုပ်သူတွေက ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘဝ ရောက်ကြတယ်။

ဒုစရိုက် ၁၀-ပါးထဲမှာ မနောဒုစရိုက်ကို သိပ်ပြီးလူတွေက အသိအမှတ် မထားကြဘူး။ ကျန် တာတွေကိုသာ ဒုစရိုက်လို့ထင်တာ၊ စိတ်မှာဖြစ်တဲ့ [၃၁] မနောဒုစရိုက်က ဘာတွေလဲ - အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ။ အဘိဇ္ဈာ ဆိုတာ သူများပိုင်တဲ့ပစ္စည်းကို ကိုယ်ပိုင်ဖြစ်ချင်တဲ့အတွေး၊ လောဘနဲ့တွေးတာ၊ သူ့ပစ္စည်း ကိုယ့်ပစ္စည်း လုပ်ချင်တဲ့အတွေး၊ အဲဒီ တွေးရုံနဲ့တင် ဒုစရိုက်ဖြစ်သွားပြီ။ ကမ္မပထ မြောက် သွားပြီ။ အဲဒီ အဘိဇ္ဈာဆိုတဲ့ လောဘကိုယ်တိုင် ကိုယ်က ကံဖြစ်သွားပြီ။ ကံဖြစ်သွားတယ်ဆိုတော့ အကျိုးပေးမှာပေါ့၊ ဟုတ်လား။

ထို့အတူပဲ ဗျာပါဒ၊ ရိုးရိုးစိတ်ဆိုးတာ မဟုတ် ဘူး။ “ဒီလူ ဒုက္ခရောက်သွားပါစေ၊ သေသွားရင် ကောင်းမှာပဲ၊ ပျက်စီးသွားရင် ကောင်းမှာပဲ”။ ဒီ အတွေးလေး တွေးလိုက်ရင် ဗျာပါဒ ဖြစ်သွားပြီ။ အဲဒီ ဗျာပါဒအတွေးလေးဟာ ကံအရာ မြောက်သွား လို့ အကျိုးပေးဖို့ အခြေအနေ ဖြစ်သွားပြီ။

[၃၂] နောက်တစ်ခုက မိစ္ဆာဒိဋ္ဌိ မမှန်မကန် တွေး လိုက်တယ်၊ ကံတရားတွေရဲ့ အကျိုးဆိုတာ မရှိဘူး၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ရဲ့ အကျိုးကို ငြင်းပယ် တယ်။ ဒီဘဝ၊ ဟိုဘဝကို ငြင်းပယ်တယ်။ အမေ အဖေကို ငြင်းပယ်တယ်။ အမေအဖေပေါ်မှာ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှု ကျေးဇူးပြုမှု၊ စော်ကား မှုတွေကို ငြင်းပယ်တယ်။ သေပြီး ပြန်ဖြစ်တယ် ဆိုတာကို ငြင်းပယ်တယ်။ လောကကြီးကို ထူးထူး ခြားခြား သိမြင်ပြီးတော့ အကျင့်မှန်နဲ့ လောကကြီး အကြောင်းကို ပြောပြနိုင်တဲ့ဘုရား ရှိတယ်ဆိုတာကို ငြင်းပယ်တယ်။ အဲဒီ ငြင်းပယ်တဲ့ အတွေးအမြင်ကို မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ သက္ကာယဒိဋ္ဌိ တို့ ဘာတို့နဲ့ မဆိုင်ဘူး။ မနောဒုစရိုက်ထဲမှာပါတဲ့ မိစ္ဆာဒိဋ္ဌိ၊ အဲဒီ မိစ္ဆာဒိဋ္ဌိသည် ဖြစ်လိုက်တာနဲ့ ကံအရာမြောက်သွားပြီ လို့ ဆိုတယ်။ အပါယ်ကို ကျစေနိုင်တယ်၊ ငရဲမှာ [၃၃] ဖြစ်စေနိုင်တယ်၊ တိရစ္ဆာန်ဘဝ ရောက်စေနိုင်တယ်၊ ပြိတ္တာဘဝ ရောက်စေနိုင်တယ်။ နှုတ်ကပြောတဲ့ ဝစီဒုစရိုက်ကို လူအများ သိကြတယ်။ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ၊ တဖန် ကိုယ်ထိလက်ရောက် လုပ်တဲ့ ကာယဒုစရိုက်က ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ ပေါင်းလိုက်တော့ ဒုစရိုက် ၁၀-မျိုး၊ အဲဒီ ဒုစရိုက် ၁၀-မျိုးကို ပြုလုပ်တဲ့ ပုဂ္ဂိုလ် ဟာ သေသည်၏အခြားမဲ့မှာ အပါယ် ၄-ဘုံ ရောက် တယ်တဲ့။

ငရဲဘုံမှာ ရှိနေသမျှ ကုသိုလ်အမျှ မရ

ငရဲဘုံရောက်သွားတဲ့ ပုဂ္ဂိုလ်ဟာ ငရဲဘုံမှာ ရရှိထားတဲ့ အနေအထားအတိုင်းပဲ ဆင်းရဲဒုက္ခ ခံစားပြီး နေကြရတယ်။ ငရဲရောက်နေတဲ့ပုဂ္ဂိုလ်က [၃၄] သူ့ကံနဲ့သူ။ ငရဲမှာ ဆက်ပြီးရှင်သန်နေမှာပဲ။ ငရဲဘုံ မှာ သတ်လို့သေတာ မဟုတ်ဘူး။ ကံမကုန်မချင်း မသေဘူးတဲ့။ လက်ဖြတ်ခြေဖြတ် ဘယ်လောက် သတ်သတ် မသေဘူး။ ကံကုန်မှ သေတာ။ ကံမကုန် မချင်း လွတ်လမ်းမရှိဘူး။ ဆင်းရဲတာတော့ အလွန့် အလွန်ပဲ။ မီးတွေ ဘယ်လောက် လောင်လောင်၊ ငရဲဘုံရောက်တဲ့လူက ပြာဖြစ်မသွားဘူး၊ လက်တွေ ခြေတွေဖြတ်လို့ သွေးလွန်သွားတယ် ဆိုတာမရှိဘူး။ အသက်ကတော့ ရှင်နေတုန်းပဲ။ ကိုသက်ပြင်းတို့ မသက်ပြင်းတို့ဟာ ငရဲပြည်မှာမှ ရှိကြတာ။ ဘယ်လို ဒုက္ခရောက်လို့မှ မသေဘူး။ ကံကုန်မှ သေတယ်။ သတ်လို့ သေမယ်ဆိုရင် ငရဲက တခဏနဲ့ ကျွတ်သွား မှာပေါ့။ အဲဒီလို မသေဘူး။

ငရဲရောက်သွားတဲ့ ပုဂ္ဂိုလ်ဟာ သူ့ကံနဲ့သူ ရပ်တည်နေမှာပဲတဲ့။ ဒီကနေ ကုသိုလ်ကောင်းမှု [၃၅] လုပ်ပေးပေမယ်လို့ ကုသိုလ်ကောင်းမှု အကျိုးကို သူမခံစားရဘူးတဲ့။ ဘာဖြစ်လို့ မခံစားရတာတုန်းလို့ မေးလို့ရှိရင် သူနဲ့အဆက်အသွယ် ပြတ်သွားပြီ။ ဒီက ကုသိုလ်ကောင်းမှု လုပ်တာကို သူမသိဘူး။ မသိလို့ သာဓု မခေါ်နိုင်ဘူး။ ပတ္တိဒါနအနေနဲ့ အမျှပေးဝေ လိုက်တဲ့အခါမှာ ပတ္တာနုမောဒနလို့ဆိုတဲ့ “သာဓု သာဓု” ဆိုတဲ့ ဝမ်းမြောက်အနုမောဒနာ လက်ခံလိုက် မှ ကုသိုလ်ဆိုတာရတာ၊ ဒီအတိုင်းမရဘူး။ ဒါကြောင့် မို့ ‘အမျှအမျှ’ ဆိုတဲ့အခါ ‘သာဓုသာဓု’နဲ့ ခေါ်ကြရ တာ။ သာဓုမခေါ်ဘဲ ပါးစပ်ပိတ်နေလို့ရှိရင် အမျှ မရဘူး။

အေး.. တချို့က သူများ ကုသိုလ်ကောင်းမှု လုပ်လို့ သာဓုခေါ်တာဟာ အကျိုးမရှိဘူးလို့ ထင် ကောင်း ထင်လိမ့်မယ်။ သို့သော် သက်ရှိထင်ရှား [၃၆] ဘဝမှာ သာဓုခေါ်ရင် အကျိုးပေးတယ်ဆိုတာ ၅၅၀ -ဇာတ်နိပါတ်ထဲမှာ ရှိတယ်။

သင်္ခဇာတ်လမ်း

“သင်္ခပုဏ္ဏား ဆိုတာ ဘုရားလောင်းပဲ။ ပင်လယ်ခရီးကို သွားခါနီး လမ်းမှာတွေ့တဲ့ အရှင် မြတ်တစ်ပါးကို သူစီးလာတဲ့ဖိနပ်ကိုချွတ်ပြီး သန့်ရှင်း အောင်ပွတ်သပ်ကာ ဖိနပ်တစ်ရံ လှူလိုက်တယ်။ လှူပြီး သူက သင်္ဘောတက်တယ်။ သင်္ဘောနဲ့ ခရီး ဆက်တဲ့အခါ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီးတော့ သင်္ဘောပျက်ပါလေရော။

သူ့နောက်က သူ့ရဲ့အဖော် သူ့ ရဲ့အလုပ် အကျွေး တစ်ယောက်ပါတယ်။ ဆရာတပည့်နှစ် ယောက် သင်္ဘောက ပျဉ်ချပ်တစ်ခုကိုရလို့ အဲဒီ ပျဉ်ချပ်ကိုမှီတွယ်ပြီး ပင်လယ်ထဲ မျောပါနေကြတယ်။

[၃၇] ၇-ရက် လောက်ကြတယ်။ ဖိနပ်လှူခဲ့တဲ့ ကုသိုလ် ကောင်းမှုကြောင့် မဏိမေခလာနတ်သမီးက လာ ကယ်တယ်။ မဏိမေခလာက ကယ်တယ်ဆိုတာ ကုသိုလ်ကြောင့် ကယ်လို့ရတာ။ ကုသိုလ်ကြောင့် ဒီပုဂ္ဂိုလ် ဒုက္ခရောက်နေတာကို မြင်ရတာ။ နို့မို့ဆို မမြင်ဘူး။ ပြောရရင် ကုသိုလ်က ကယ်တာ။ အဲဒီ ကုသိုလ်ကံကြောင့် မဏိမေခလာနတ်သမီးက သင်္ဘောကြီးဖန်ဆင်းပြီး ကယ်သွားတာ။ (ခုခေတ်မှာ ဆို နိုင်ငံခြားသင်္ဘောတစ်စီးက တွေ့လို့ ကယ်လာခဲ့ တယ်လို့ပဲ ပြောရမှာပေါ့။)

အဲဒီမှာ သူ့ကို ကယ်ပေမယ်လို့ သူ့နောက် က ပါတဲ့လူကို လှည့်တောင် မကြည့်ဘူး၊ မကယ်ဘူး။ မကယ်တော့ ကယ်ဖို့ ပြောတယ်၊ နတ်သမီးက ကုသိုလ်ကံမရှိရင် မကယ်နိုင်ဘူးလို့ ပြောတယ်။ ဘုရားအလောင်းဆိုတာ အင်မတန် စဉ်းစားဉာဏ် [၃၈] ရှိတယ်။ ဘုရားအလောင်းက “ငါ့တပည့် ငါ သင်္ဘော တက်ခါနီးမှာ ဖိနပ်တစ်ရံ လှူခဲ့တယ်၊ အဲဒီကောင်းမှု ရဲ့အဖို့ကို မင်းအား အမျှဝေပါတယ်”၊ ဟိုလူက “သာဓု သာဓု” ခေါ်တယ်။ အဲဒီကျတော့မှ အဲဒီလူကို နတ်သမီးက ကယ်တယ်။ အဲဒီဇာတ်အရ သာဓုခေါ် တာ အကျိုးပေးတယ်လို့ပဲ မှတ်ကြပါ။ ခုချိန်မှာလည်း သာဓုခေါ်ရင် သာဓုက အကျိုးပေးမှာပဲ။

တိရိစ္ဆာန်ဘဝ အမျှဝေလိုမရ

အေး.. နောက်တစ်ဦးကတော့ အကုသိုလ် တွေလုပ်လို့ သေတဲ့အခါ တိရစ္ဆာန်ဖြစ်တယ်။ တိရစ္ဆာန်ဘဝမှာ သူ့ကံနဲ့သူ ရပ်တည်တယ်။ ဒီဘဝ က ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်းပေးဝေ ပေမယ့် ဒီကုသိုလ်အမျှကို သူရမှာ မဟုတ်ဘူး။

[၃၉] လူ့ဘဝ အမျှကုသိုလ်

နောက်တစ်ဦးကတော့ ကုသိုလ်ကောင်းမှုတွေ သူလုပ်တယ်။ သုစရိုက်(၁၀)ပါး အကျင့်တရား တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်တယ်။ သေသည်၏အခြားမဲ့၌ လူဖြစ်တယ်။ လူ့ဘဝရောက်တဲ့ အခါမှာ လူ့စည်းစိမ်ချမ်းသာခံစားပြီး အသက်ရှင်နေတယ်။ ကျန်ရစ်တဲ့ ဆွေတွေမျိုးတွေက အမျှအတမ်း ပေးဝေပေမယ့် လူ့ဘဝရောက်တဲ့ ပုဂ္ဂိုလ်က မရဘူး။ ရစေကာမူ များစွာထူးခြားမှု မဖြစ်ဘူး။

နတ်ဘဝ အမျှကုသိုလ်

တစ်ဦးက ကုသိုလ်ကောင်းမှုတွေ လုပ်လို့ သေသည်၏အခြားမဲ့၌ နတ်ပြည်ရောက်သွားတယ်။ အဲဒီနတ်ပြည်ရောက်သွားတဲ့ ပုဂ္ဂိုလ်လည်း နတ်စည်းစိမ်ချမ်းသာနဲ့ နတ်ဘုံနတ်ဘဝမှာ ပျော်မွေ့နေတယ်။

[၄၀] ဒီဘဝကကျန်ရစ်တဲ့ မိဘဆွေမျိုးတွေက အမျှအတမ်း ပေးဝေလို့ သူ မရဘူးလို့ ဆိုတယ်။

ကဲ. . အားလုံး တမလွန်ဘဝ ရောက်သွားတဲ့ ပုဂ္ဂိုလ်ဟာ
(၁) ငရဲကျသွားရင်လည်း အမျှဝေလို့ မရဘူး၊
(၂) တိရစ္ဆာန်ဖြစ်နေရင်လည်း အမျှအတမ်း ပေးဝေလို့ မရဘူး၊
(၃) လူ့ပြည်ရောက်နေရင်လည်း အမျှဝေလို့ မရဘူး၊
(၄) နတ်ပြည်ရောက်နေရင်လည်း အမျှဝေလို့မရဘူးတဲ့ ဒီလိုဆိုလိုတယ်။

ပြိတ္တာဘဝ အမျှရ

အကုသိုလ်ကံတွေ လုပ်သည့်အတွက် သေသည်၏အခြားမဲ့၌ ပြိတ္တာဖြစ်သွားတယ်။ ပြိတ္တာဆိုတာ တစ္ဆေတို့ သရဲတို့ပဲ ပြောပါစို့။ ပစ္စည်းစွဲလို့ပဲဖြစ်စေ၊ မိသားစုအပေါ် စွဲလို့ဖြစ်စေ အိမ်နှင့် အိမ်အနီးအပါးမှာ ပြိတ္တာဖြစ်နေတယ်။ လူတွေက [၄၁] မကျွတ်ဘူးလို့ ပြောကြတယ်။ သံသရာဝဋ်က မလွတ်သေးသမျှ မကျွတ်သူတွေချည်းပဲ။ သို့သော် တစ္ဆေဖြစ်တာကိုမှ မကျွတ်ဘူးလို့ ထင်နေကြတာ။ အဲဒီလို ပြိတ္တာဘဝရောက်နေတဲ့ပုဂ္ဂိုလ်ဟာ ပြိတ္တာဘဝမှာ သူ့ အကျိုးပေးသမျှနဲ့ ရပ်တည်တာက တစ်ခုတဲ့။ ဒီဘဝက ဆွေတွေမျိုးတွေက ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်း ပေးဝေလို့ရှိလည်း အဲဒီ ကုသိုလ်ကောင်းမှုကို အမှီပြုပြီး ဘဝရပ်တည်မှု ရနိုင်တယ်တဲ့။ ဘဝရပ်တည်ဖို့ လမ်းကြောင်းက နှစ်ခုရှိတယ်၊ သူ့ကံ အကျိုးပေးနဲ့ ရပ်တည်တာက တစ်ခု၊ ဒီဘဝက ဆွေတွေမျိုးတွေက ကုသိုလ်ပြုပြီး အမျှဝေတဲ့အခါမှာ သာဓုခေါ်လိုက်လို့ရတဲ့ ကုသိုလ်ကို မှီပြီး ရပ်တည်နိုင်တာက တစ်ခု၊ ဒီလိုပြောတာ။

[၄၂] ဂတိ ငါးပါး

ဂတိဆိုတာ ငါးပါးရှိတယ်။ ‘နိရယဂတိ’ ‘တိရစ္ဆာနဂတိ’၊ ‘ပေတဂတိ’၊ ‘မနုဿဂတိ’၊ ‘ဒေဝဂတိ’။ သတ္တဝါတွေရဲ့ သွားရာလမ်းကြောင်းကြီး ၅-သွယ်ရှိတယ်၊ အဲဒီထဲမှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဆိုတာ ဒုစရိုက်ကြောင့် ရောက်ရတဲ့ဂတိ။ လူ့ဘုံ၊ နတ်ဘုံဆိုတဲ့ ဒီဂတိနှစ်ခုကိုတော့ သုစရိုက်ကြောင့် ရောက်ရတဲ့ ဂတိလို့ ဒီလိုမှတ်ရမယ်။ အဲဒီထဲမှာ ပေတဂတိ ရောက်တဲ့ပုဂ္ဂိုလ် တစ်ဦးတည်းသာလျှင် ဒီဘဝက ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှအတမ်းပေးဝေရင် အကျိုးရှိနိုင်တယ်လို့ ဒီလို ဟောတယ်နော်။

ဇာဏုသောဏိပုဏ္ဏားကြီးကို အဲဒီလိုရှင်းပြီး ဟောလိုက်တဲ့အခါ ပုဏ္ဏားကြီးက ထပ်မေးတယ်၊ “အရှင်ဘုရား တပည့်တော်တို့ ရည်စူးတဲ့ ပုဂ္ဂိုလ်ကတဲ့ [၄၃] အဲဒီပြိတ္တာဘုံမှာ မဖြစ်ဘူးဆိုရင် အမျှအတမ်း ပေးဝေလိုက်တဲ့ ကုသိုလ်ကို ဘယ်သူရတုန်း” တဲ့။ ဒါလဲ စဉ်းစားစရာကောင်းတဲ့ မေးခွန်းတစ်ခုပဲ။ အဲဒီ မေးခွန်းကို မြတ်စွာဘုရား ဖြေတာက “အေး.. ကိုယ်ရည်ညွှန်းတဲ့ပုဂ္ဂိုလ် မရဘူးဆိုရင် ဆွေဟောင်း မျိုးဟောင်း ဘိုးဟောင်းဘွားဟောင်းတွေ ရှိတာပေါ့ တဲ့ အဲဒီဆွေတွေမျိုးတွေက ရတာပဲ”တဲ့။ ကိုယ်ကသာမေ့ချင်မေ့နေမှာ ဆွေမျိုးတွေဆိုတာက မေ့ချင်မှမေ့မှာလေ။ ရှင်သာရိပုတ္တရာ လွန်ခဲ့တဲ့သုံးဘဝက မယ်တော်ကြီးဟာ ပြိတ္တာမကြီးဖြစ်နေတယ်။ အားကိုးလိုက်ရှာတဲ့အခါ ရှင်သာရိပုတ္တရာကို တွေ့တယ်၊ “ဪ. . ဒါငါ့သားကြီးပဲ” ဆိုပြီး အကူအညီ လာတောင်းတယ်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်က ဝါးကျောင်းလေးဆောက်ပြီး သံဃာအားလှူ၊ ဆွမ်းခံရတဲ့ ဆွမ်းကိုလည်း သံဃာအားလှူဒါန်းပြီး [၄၄] အဲဒီ ပြိတ္တာမကြီးကို အမျှဝေလိုက်တဲ့အခါ နေစရာ ဗိမာန်ကြီး ရသွားတယ်၊ စားစရာ နတ်ဩဇာတွေလည်း ရသွားတယ်။

ဒီလိုပုံဝတ္ထုတွေကိုသိချင်လို့ရှိရင် ပေတဝတ္ထုတို့ ဝိမာနဝတ္ထုတို့ကို ဖတ်ရမယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုအတွေ့အကြုံရေးထားတဲ့ ဝတ္ထုမျိုးတွေလည်း ရှိတယ်။ အမျှအတမ်း ပေးဝေလိုက်လို့ရှိရင် ရတယ်၊ ကုသိုလ်ကောင်းမှုကြောင့် ချမ်းသာသုခ ရသွားကြတာတွေ မြောက်မြားစွာ ရှိတယ်ပေါ့။

အဲဒီမှာ ဇာဏုသောဏိပုဏ္ဏားကြီးကမေးတဲ့အခါ မြတ်စွာဘုရားက “ကိုယ်ရည်စူးတဲ့ ဆွေမျိုးသားချင်းက တမလွန်ဘဝ ပြိတ္တာဘုံမှာ မရှိဘူးဆိုရင် ရှိတဲ့ဆွေတွေမျိုးတွေ ရတာပေါ့”လို့မေးတယ်။ ပုဏ္ဏားကြီးကထပ်မေးတယ်။ “အရှင်ဘုရား တပည့်တော်တို့ ရည်စူးတဲ့ ပုဂ္ဂိုလ်လည်းမရှိဘူး တခြားဆွေမျိုးသား [၄၅] ချင်းတွေလည်း မရှိဘူးဆိုရင်ကော ဘယ်သူရမှာလဲ”။ မြတ်စွာဘုရားက “သံသရာဆိုတာ အလွန်ကြာတယ်။ ကိုယ့်ဆွေမျိုးတွေမရှိတဲ့ ပြိတ္တာဘုံဆိုတာ ဘယ်တော့မှ မရှိနိုင်ဘူး”တဲ့။

လွန်ခဲ့တဲ့ ၉၂-ကမ္ဘာ ဖုဿဘုရားလက်ထက်က ဗိမ္ဗိသာရမင်းကြီးရဲ့ ဆွေတွေမျိုးတွေ ပြိတ္တာဘုံ ရောက်နေတာတွေ ရှိတယ်။

ပြိတ္တာဘဝရောက် ဆွေတွေမျိုးတွေက ကိုယ့်ဆွေမျိုး အမျှအတမ်းပေးဝေမှာကို စောင့်စားပြီးနေကြတယ်၊ အမျှအတမ်း ပေးဝေတဲ့အခါ ဝမ်းမြောက်နုမော် သာဓုခေါ်လိုက်တာနဲ့ တပြိုင်နက် သူတို့ရဲ့ ဘဝအခြေအနေတွေဟာ တိုးတက်ပြောင်းလဲသွားတယ်တဲ့။ ဘယ်အရာကြောင့် ပြောင်းလဲတာတုန်း ဆိုရင် သူတို့ သန္တာန်မှာဖြစ်တဲ့ ကုသိုလ်ကြောင့် ပြောင်းလဲတာ။

[၄၆] ကုသိုလ်ဟာ အဓိကကျတယ် ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မှတ်သားစရာတစ်ခု ပြောရဦးမယ်။

“ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ၊
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။”
သဗ္ဗဗုဒ္ဓါနုဘာဝေန ကို “အလုံးစုံသော ဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်” လို့ ဒီလို ဘာသာပြန်လေ့ ရှိကြတယ်။

“ဘုရားရဲ့တန်ခိုးကြောင့် ချမ်းသာတယ်” လို့ ဒီလိုပြောရင် လူတွေဟာ တန်ခိုးကို အားကိုးကြမယ်။ အစွမ်းတန်ခိုးရှိတဲ့ ပုဂ္ဂိုလ်ဆိုရင် အားကိုးကြမယ်၊ ချမ်းသာလိမ့်နိုး မြှောက်ကိုးကြမယ်။ တကယ်ကတော့ ဘုရားတန်ခိုးကြောင့် ချမ်းသာတာ မဟုတ်ဘူး။

[၄၇] သဗ္ဗဗုဒ္ဓါနုဘာဝေန ကို တကယ်ဘာသာပြန် သင့်တာက ဘာတုန်းဆို “အလုံးစုံသော ဘုရားသခင် ကိုယ်တော်မြတ်တို့ကို ရှိခိုးပူဇော်ရတဲ့ ကုသိုလ်ကောင်းမှု၏ အစွမ်းတန်ခိုးကြောင့်” လို့ ဒီလိုဘာသာပြန်သင့်တယ်။ ဘုရားကို အာရုံပြုပြီး ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ကုသိုလ်တရားကမှ တကယ့်အစွမ်း တန်ခိုးထက်တာ။ အဲဒီအစွမ်းတန်ခိုးကြောင့် ချမ်းသာကြပါစေဆိုမှ ပိုမှန်ကန်တယ်။ မြတ်စွာဘုရားက မ,တာ မဟုတ်ဘူး။ ကိုယ်လုပ်တဲ့ ကုသိုလ်က မ,တာ။ အဲဒါကြောင့်မို့ ကိုယ့်သန္တာန်မှာ ကုသိုလ်ဖြစ်အောင်ကြိုးစားရမယ်။ အဲဒီလို မသိလို့ရှိရင် လူတွေက ဘုရားကိုးကွယ်တာတောင်မှ လာဘ်ကောင်းတဲ့ ဘုရားကိုမှ ကိုးကွယ်ကြမယ်။ လာဘ်မကောင်းရင် စွန့်ပစ်ကြလိမ့်မယ်။ လာဘ်မျှော်ကိုးကွယ်ရန် သရဏဂုံတောင် မမြောက်ဘူး။

[၄၈] မြတ်စွာဘုရား ကိုယ်တိုင်ကလည်း “ပုညာနံ ဘိက္ခဝေ မာ ဘာယိတ္ထ၊ သုခဿေတံ အဓိဝစနံ ယဒိဒံ ပုညာနီတိ” ချမ်းသာချင်ရင် ကုသိုလ်ကို မကြောက်နဲ့တဲ့၊ ကုသိုလ်များများလုပ်၊ ကုသိုလ်များမှ ချမ်းသာမယ်။ ဒီလိုဟောထားတာ။

အေး ဒါကြောင့်မို့ တမလွန်ဘဝပြောင်းသွားတဲ့ ပုဂ္ဂိုလ်လည်း ဒီကကုသိုလ်ကြောင့် ချမ်းသာသုခ ရသွားတယ် ဆိုတဲ့နေရာမှာ ဆက်စပ်မှုရှိတာကိုသာ ပြောတာ။ ဒီက အမျှဝေလျက်သားနဲ့ သူတို့က သာဓု မခေါ်ဘူးဆိုရင် မရဘူး။ သာဓုခေါ်တာဟာ ပုညကြိယာဝတ္ထု ၁၀-မျိုးထဲမှ ပတ္တာနုမောဒန ကုသိုလ်တစ်ခုပဲ။

ပုညကြိယာဝတ္ထု ဆိုတာ ပြုလုပ်သင့်ပြုလုပ်ထိုက်တဲ့ ကုသိုလ်မို့ ပုညကိရိယ၊ ချမ်းသာသုခရဲ့ တည်ရာဖြစ်လို့ ဝတ္ထု၊ ချမ်းသာသုခရဲ့ အကြောင်း [၄၉] တရားဖြစ်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ် ၁၀-မျိုးထဲမှာ သာဓုခေါ်တာလည်း ကုသိုလ်တစ်မျိုးပဲတဲ့။ အဲဒီသာဓုခေါ်တဲ့ ကုသိုလ်ကြောင့် ပြိတ္တာဘုံရောက်နေတဲ့ ပုဂ္ဂိုလ်တွေ အကျိုးခံစားကြရတာလို့ ဒီလို မှတ်ရမယ်၊ အကယ်၍ သာဓုမခေါ်နိုင်ဘူးဆိုရင် သူတို့မရဘူး။

မြတ်စွာဘုရားကဖြေတယ် “ပြိတ္တာဘုံမှာ ကိုယ့်ဆွေမျိုးသားချင်းတွေ မရှိတဲ့အခါဆိုတာ မရှိနိုင်ပါဘူး”တဲ့။ “ဒါ့အပြင် လှူသူကိုယ်တိုင် ကုသိုလ်တွေ အများကြီးရပါတယ်”လို့ ဒီလိုဟောတာ။ ပြုသူကိုယ်တိုင်က အများကြီးရတယ်လို့ ပြောတာ၊ ဆွေမျိုးသားချင်းကို ရည်စူးပြီးတော့ ပြုတာဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင် ကုသိုလ်ရဖို့ လုပ်တာပဲဖြစ်ဖြစ်၊ ပြုလုပ်တဲ့ပုဂ္ဂိုလ်ကတော့ ကုသိုလ်ရပြီးသားပဲ။

[၅၀] တချို့ကထင်တယ် “ဒီကောင်းမှုက အမေ့အတွက်လုပ်တယ်၊ အဖေ့အတွက် လုပ်တယ်၊ ကိုယ့်အတွက်မပါဘူး”လို့ ဒီလိုထင်ကောင်းထင်မယ်။ မဟုတ်ဘူး ကုသိုလ်ကောင်းမှု လုပ်လို့ရှိရင် ဘယ်သူ့အတွက်ပဲ ရည်စူးရည်စူး၊ ပထမ ကုသိုလ်ရသူက ကိုယ်ပဲ။ တဖက်သားက သာဓုခေါ်နိုင်မှသာ အဲဒီ ကုသိုလ်ကို သူတို့ရတာ၊ သာဓုမခေါ်နိုင်ရင် သူတို့ မရဘူး” ဒီလိုမှတ်ရမယ်။

အေး.. ကောင်းပြီ မြတ်စွာဘုရားက “လှူသူတန်းသူ ကုသိုလ်ကောင်းမှု ပြုသူကိုယ်တိုင်က ဒီ ကုသိုလ်ရဲ့ အကျိုးတွေကို ခံစားရတယ်” လို့ ရှင်းပြတဲ့အခါ ပုဏ္ဏားကြီးက ဝမ်းသာတယ်။ “အရှင်ဘုရား အဲဒီလိုဆို မဖြစ်နိုင်တဲ့ နေရာမှာလည်းပဲ အရှင်ဘုရား အကျိုးခံစားရတယ်”လို့ဆိုလိုတာလား လို့ မေးပြန်တယ်။

[၅၁] မြတ်စွာဘုရားက ရှင်းပြတယ်။ “ဆိုပါစို့တဲ့ လူတစ်ယောက်ဟာ ဒုစရိုက်လုပ်ငန်းတွေလုပ်တယ် ဒုစရိုက်တွေကြောင့် သေသွားတဲ့အခါမှာ ဆင်သွားဖြစ်တယ်၊ သို့သော် သူက ဒုစရိုက်တွေ လုပ်ပေမယ့်လို့ လှူမှုတန်းမှု ဝါသနာပါတယ်၊ လှူတယ်။ ဒါကြောင့်မို့ သူဟာ ဒုစရိုက်လုပ်လို့ ဆင်ဖြစ်တယ်၊ တိရစ္ဆာန်ဘဝ ရောက်သွားတယ်၊ လှူခဲ့တန်းခဲ့သည့် အတွက်ကြောင့် ဆင်ဖြူတော်ဆိုပြီးတော့ ခမ်းခမ်းနားနား၊ သူ့ အကာအရံနဲ့ အမိုးနဲ့ ကျွေးတာမွေးတာတွေနဲ့ ရေချိုးပေးမယ့်လူနဲ့ နေရတယ်။” ဆင်ပေမယ့်လို့ ဇိမ်နဲ့ နေရတဲ့ဆင်က ရှိသေးတယ်။

အဲဒီအတိုင်းပဲ ခွေးတွေရော ဇိမ်နဲ့နေရတဲ့ ခွေးမရှိဘူးလား၊ ရှိတယ်။ အခုခေတ်ဆို ခွေးတွေက မော်ဒယ်မြင့်တဲ့ ကားကြီးတွေစီးလို့၊ လူအိပ်တဲ့ နေရာကြီးတွေအိပ်လို့၊ ခွေးစာတောင်မှပဲ စပါယ်ရှယ် [၅၂] ထုတ်လုပ်ထားတဲ့ ခွေးစာကျွေးရတယ်။ တချို့များ ကြက်ဥကဘယ်နှစ်လုံး အသားကဘယ်နှတုံးနဲ့ လူအချို့ထက်တောင် သာနေသေးတယ်။ အဲဒါ ဒါနရှိခဲ့တဲ့ခွေးပဲ။ ဒါနမရှိခဲ့တဲ့ ခွေးကျတော့ ဟိုအမှိုက်ပုံးနမ်း၊ ဒီအမှိုက်ပုံးနမ်းနဲ့ စားစရာ လိုက်ရှာနေကြရတာ။ တိရစ္ဆာန်ဘဝ ရောက်တောင်မှ ဒါနကုသိုလ်ရဲ့ အကျိုးကို ခံစားရတယ်လို့ မြတ်စွာဘုရားက ဟောတာနော်။ လှူတဲ့ပုဂ္ဂိုလ်ဟာ တိရစ္ဆာန်ဖြစ်ဦးတော့ ကောင်းကျိုးချမ်းသာတွေ ရတယ်လို့ပြောတာ။ ထို့အတူပဲ လှူတဲ့ပုဂ္ဂိုလ်ဟာ လှူပြီဆိုလို့ရှိရင် ထိုလှူတဲ့ အကျိုးဟာ ဖြစ်လေရာဘဝမှာ အကျိုးပေးမယ်။ ဒါနကောင်းမှုလုပ်တယ်၊ သုစရိုက်တရားတွေ ကျင့်သုံးဆောက်တည်တယ်။ ကျင့်သုံး ဆောက်တည်သည့်အတွက်ကြောင့် လူ့ပြည်ရောက်တယ်၊ ဒါနကောင်းမှုတွေ လုပ်ခဲ့သည့်အတွက်ကြောင့် လူ့ဘုံ [၅၃] လူ့ဘဝမှာ လူချမ်းသာတစ်ယောက် ဖြစ်တယ်။ သုစရိုက် လုပ်သည့်အတွက်ကြောင့် လူဖြစ်တယ် ဆိုတာက သီလကြောင့် လူဖြစ်တယ်၊ သီလကြောင့် လူ့ဘဝ ရောက်တယ်။ ဒါနကြောင့် လူချမ်းသာ ဖြစ်တယ်။

ထို့အတူပဲ သုစရိုက်တရားတွေကို ကျင့်သုံးခဲ့သည့်အတွက်ကြောင့် နတ်ပြည်ရောက်တယ် ဒါနကောင်းမှုကြောင့် နတ်စည်းစိမ်ချမ်းသာ သူများနဲ့ မတူအောင် ချမ်းသာတယ်၊ ဟော. . ဒီအကျိုးရတယ်။

ဒါကြောင့်မို့ သူ့ အကျိုးနဲ့သူပဲ၊ ဒါနကောင်းမှု လုပ်တဲ့ပုဂ္ဂိုလ်က တိရစ္ဆာန်ဖြစ်လည်း ကောင်းကျိုးချမ်းသာတွေ ခံစားရတယ်၊ လူဖြစ်လဲ ကောင်းကျိုးချမ်းသာတွေ ခံစားရတယ်၊ နတ်ဖြစ်လဲ ကောင်းကျိုးချမ်းသာတွေ ခံစားရတယ်။ ဒါကြောင့်မို့ ဒါနကောင်း [၅၄] မှုပြုလုပ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ အကျိုးမဲ့မဖြစ်ဘူးလို့ မြတ်စွာဘုရားက ဟောထားတာ။ အဲဒီလိုဟောလိုက်တဲ့ အခါဆွေတွေမျိုးတွေကို ရည်စူးပြီး ဒါနကောင်းမှုပြုတာ ဆွေမျိုးတွေ အတွက်သာ၊ ပြုတဲ့သူမရဘူးလို့ ထင်နေတဲ့ ပုဏ္ဏားကြီးဟာ “အရှင်ဘုရား ဝမ်းသာစရာပဲ၊ ဒီလိုဆိုရင် ဒါနတွေ သိပ်လုပ်သင့်တာပေါ့”တဲ့။ လှူသင့်တန်းသင့်တယ် ဖြစ်လေရာဘဝမှာ ဘယ်ဘဝရောက်ရောက် ချမ်းချမ်းသာသာ နေရတယ်ဆိုတော့ အင်မတန်မှ တန်ဖိုးရှိပါလားလို့ ဝမ်းမြောက်စကား လျှောက်ထားတယ်။ အဲဒီ ဇာဏုသောဏိသုတ်ဆိုတာ အင်္ဂုတ္တရနိကာယ် မှာ ပါရှိတယ်။

အေး မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ဟာ တမလွန်ဘဝက ဆွေမျိုးတွေရဲ့အရေးကို မှန်ကန်တဲ့နည်းလမ်းနဲ့ စဉ်းစားပြီး [၅၅] ထိုဆွေမျိုးတွေအတွက် ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှအတမ်း ပေးဝေကြတယ်။ ထိုအမျှအတမ်း ပေးဝေတဲ့အလုပ်ဟာ မှန်ကန်တဲ့ အလုပ်တစ်ခု ဖြစ်တယ်။ ဘာကြောင့် မှန်ကန်သလဲဆိုရင် လုပ်သူတွေ ကိုယ်တိုင်လည်း ကုသိုလ်ရတယ်။ အလွမ်းပြေရုံမျှမက ဒီကုသိုလ်ကောင်းမှုကို တမလွန်ဘဝက ဆွေတွေမျိုးတွေ သိရှိပြီး ဝမ်းမြောက်နုမော် သာဓုခေါ်မယ်ဆိုရင် သူတို့ဘဝဟာလည်း တိုးတက်ကောင်းမွန်သွားကြမှာ ဖြစ်ပါတယ်။

ဒီဘဝမှာ အဆောက်အအုံ ဆောက်လှူပြီး အမျှဝေလိုက်ရင် ဟိုဘက်မှာ သူတို့ဘုံဗိမာန်တွေ ရမယ်။ ဒီဘဝက အဝတ်အစား လှူပြီး အမျှဝေလိုက်ရင် ဟိုဘက်မှာ နတ်ဝတ်တန်ဆာတွေရတယ်၊ ဒီဘဝက လှူလိုက်တဲ့ ကုသိုလ်ကောင်းမှုဟာ ချက်ချင်း သူတို့ဘဝမှာ အကျိုးပေးတယ်။

[၅၆] ချက်ချင်းလို့ဆိုတာ ဘယ်လောက်ထိ မြန်သလဲဆိုတာ မြတ်စွာဘုရားက ဥပမာနှစ်ရပ်နဲ့ ရှင်းပြတယ်။

ဥန္နမေ ဥဒကေ ဝုဋ္ဌံ၊
ယထာနိန္န ပဝတ္တတိ၊
ဧဝမေဝ ဣတော ဒိန္နံ၊
ပေတာနံ ဥပကပ္ပတိ၊
ကုန်းမြင့်ပေါ် ရွာချလိုက်တဲ့မိုးရေတွေဟာ နိမ့်ရာအရပ်ကို ဒလဟောစီးဆင်းသွားတယ်၊ အဲဒါလိုပဲ ဒီဘဝက ကုသိုလ်ကောင်းမှုတွေကို အမျှပေးလိုက်တာနဲ့တပြိုင်နက် တစ်ခါတည်း ပြည့်ပြည့်စုံစုံကြီး ရသွားတယ်တဲ့။

နောက်ဥပမာတစ်ခုက-
ယထာ ဝါရိဝဟာ ပူရာ၊
ပရိပူရေန္တိ သာဂရံ၊ [၅၇] ဧဝမေဝ ဣတော ဒိန္နံ၊
ပေတာနံ ဥပကပ္ပတိ။
မြစ်ချောင်းအင်းအိုင်တွေက မြစ်တွေဟာ ပင်လယ်ထဲကို စီးဝင်နေကြတယ်၊ ရေတွေ ပင်လယ်ထဲကို စီးဝင်သွားသလိုပဲ ဒီဘဝက လှူလိုက်တဲ့ ကုသိုလ်ကောင်းမှုတွေဟာ မိမိတို့ရည်ညွှန်းတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဘဝထဲကို စီးဝင်သွားတယ်။

အေး ဒါကြောင့်မို့ တမလွန်ဘဝက ဆွေမျိုးတွေအရေးကို စဉ်းစားမယ်ဆိုရင် ကုသိုလ်လုပ်ပြီး အမျှဝေရမယ်။ သတင်းစာထဲ အလွမ်းပြေထည့်တာကလည်း ကိုယ့်အတွက် စိတ်ဖြေသိမ့်ရုံမှတစ်ပါး သူတို့အတွက် ဘာမှ အကျိုးမရှိဘူးတဲ့။ သင်္ချိုင်းသွားပြီး ပန်းခြင်းလေးတွေ ချတာကလည်း ကိုယ့်အတွက် စိတ်ဖြေသိမ့်ရုံမှတစ်ပါး သူတို့အတွက် ဘာမှအကျိုးရမှာ မဟုတ်ဘူး။ ကြိုက်တတ်တဲ့ အစားအစာလေး [၅၈] တွေ သွားချတာလည်းပဲ သူတို့အတွက် အကျိုးရမှာ မဟုတ်ဘူး။ သူတို့အတွက် တကယ်အကျိုးရတာကတော့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်း ပေးဝေခြင်းဖြစ်တယ်၊ အဲဒါကသာလျှင် သူတို့အတွက် ကောင်းကျိုးချမ်းသာ ရနိုင်တယ်။

ယခုကို မှန်ကန်တဲ့ အသိနဲ့ တမလွန်ဘဝက ဆွေမျိုးတွေရဲ့ အရေးကို စဉ်းစားပြီး အကျိုးရှိတဲ့ အလုပ်ကိုလုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို တမလွန်ဘဝက ဆွေမျိုးများအရေး တရားဒေသနာနဲ့ ရှင်းလင်းဟောကြားခြင်း ဖြစ်ပါတယ်။

တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် တမလွန်ဘဝက ဆွေမျိုးတွေရဲ့ အရေးကို စဉ်းစားမယ်ဆိုရင် ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှအတမ်းပေးဝေခြင်းသည်သာလျှင် မှန်ကန်သော

58tk09blgtaunt7tvyggcv6fg05unh7
ဒါနအခြေခံတဲ့ သမထ ဝိပဿနာ
0
6460
22326
22313
2026-11-05T14:39:21Z
Tejinda
173
22326
wikitext
text/x-wiki
{{header
| title = ဒါနအခြေခံတဲ့ သမထ ဝိပဿနာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[တမလွန်ဘဝက ဆွေမျိုးများအရေး]]
| previous2 =
| next = [[ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဒါနအခြေခံတဲ့ သမထ ဝိပဿနာ

[၁] သာသနာတော်နှစ် ၂၅၅၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်၊ ၂၀၁၂-ခု ဒီဇင်ဘာလ(၆)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော အထူးတရားပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး ဆေးရောင်းဝယ်ရေး မိသားစုများနှင့် ဓမ္မမိတ်ဆွေများ၏ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကျောင်းတိုက် အသီးသီးတို့၌ သီတင်းသုံးတော်မူကြသော သံဃာတော်အရှင်မြတ် (၄၃၀၀)ကျော်တို့အား ဆွမ်းအစရှိသော လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒန်းခြင်း သာသနာ့ပူဇာအောင်ပွဲ အထိမ်းအမှတ်အဖြစ်ဖြင့် ဟောကြားအပ်သော - “ဒါန အခြေခံတဲ့ သမထဝိပဿနာ”အကြောင်း တရားဒေသနာတော်။

[၂] ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်မှာ သံဃာဆိုတဲ့ ဦးတည်ချက်နဲ့ သံဃာ့ဂုဏ်ကို အာရုံပြုပြီး ဒါန ကောင်းမှု လုပ်ကြတယ်၊ မြတ်စွာဘုရားက ပုဂ္ဂလိကဒါနနဲ့ သံဃိကဒါန ခွဲခြားဟောခဲ့တယ်၊ 'ပုဂ္ဂလိကဒါန' ဆိုတာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ပိုင်ဆိုင်မှုအဖြစ် လှူဒန်းတာ၊ ပုဂ္ဂိုလ်တစ်ဦးပိုင်တဲ့ပစ္စည်းကို ပုဂ္ဂလိက လို့ ခေါ်တယ်နော်၊ သံဃိက ဆိုတာ သံဃာပိုင်ဆိုင်တဲ့ပစ္စည်းကို ခေါ်တယ်၊ 'သံဃိကဒါန'ဆိုတာ သံဃာပိုင်လှူတာ။

အဲဒီတော့ ဒီနေရာမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ညွှန်းပြီး လှူဒန်းတဲ့ဒါနကို ပုဂ္ဂလဒါနလို့လည်း ခေါ်တယ်၊ ပြောမယ်ဆိုရင် ပုဂ္ဂလိကအဖြစ် လှူတဲ့ဒါနမို့ ပုဂ္ဂလိကဒါန၊ သံဃာကို ဦးတည်ပြီး လှူတာက သံဃဒါနနော်၊ သံဃာအားလုံးကို ရည်ညွှန်းတယ်၊ နောက်တစ်ခါ သံဃာရဲ့ အများပိုင်ပစ္စည်းအဖြစ် လှူဒန်းတာကို သံဃိကဒါန၊ ဒီလိုလည်း ခေါ်ကြတာပေါ့။

[၃] အဲဒီတော့ ပုဂ္ဂလဒါနနဲ့ သံဃဒါန၊ ဒီလို နှစ်ခု ခွဲခြားမှတ်သားထားရမယ်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုလှူတဲ့ ပုဂ္ဂလိကဒါန (သို့မဟုတ်) ပုဂ္ဂလဒါနဟာ အများသံဃာကို ရည်ညွှန်းပြီးတော့ လှူဒန်းတဲ့ သံဃဒါန (သံဃိကဒါန)နဲ့ လုံးဝကွဲပြားခြားနားတယ်၊ ဘာဖြစ်လို့ ကွဲပြားခြားနားသလဲလို့ဆိုရင် ... ပုဂ္ဂိုလ်ဆိုတာ တစ်ဦးတစ်ယောက်နဲ့သာ သက်ဆိုင်သည့်အတွက် ဒီပုဂ္ဂိုလ်တစ်ဦးတည်းရဲ့ အရည်အချင်းအားလျော်စွာသာ အကျိုးပေးတယ်၊ သံဃာဆိုတာကျတော့ ပုဂ္ဂိုလ်မျိုးစုံ ပါဝင်တယ်၊ တစ်ဦးမကောင်း တစ်ဦးကောင်း ဆိုတာလိုနော်၊ စွမ်းအားတွေ ပိုပြီးတော့ ပြည့်တယ်။

အလှူခံပုဂ္ဂိုလ်အနေနဲ့ ပြောမယ်ဆိုရင် ပုဂ္ဂိုလ်လှူတဲ့အခါ အဲဒီပုဂ္ဂိုလ်က ထူးမြတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်၊ ထူးမြတ်တဲ့ပုဂ္ဂိုလ်ဆိုတာ သူ့ကို အကြောင်းပြုပြီး ကောင်းမှုဟာ အကျိုးကျေးဇူးတွေ ဖြစ်ပွားနိုင်တယ်၊ ဒါက တစ်ခု။ သံဃိကဒါန ဆိုတာတော့ [၄] သံဃာတွေအားလုံးကို ရည်ညွှန်းတာ၊ သံဃာတွေထဲမှာ ထူးခြားတဲ့ပုဂ္ဂိုလ်တွေဆိုတာ ပါလာတတ်တယ်၊ ဒီတော့ ကိုယ်က ရည်ညွှန်းလိုက်တာလည်း သံဃာဆိုတော့ ကိုယ့်ရဲ့ကုသိုလ်နယ်ပယ်ကြီးဟာ ပိုကျယ်သွားတယ်၊ ပုဂ္ဂလိကဒါနကျ ကုသိုလ်နယ်ပယ်က ကျဉ်းမြောင်းတယ်၊ ဒီလိုပြောရမှာပေါ့နော်၊ တစ်ဦးတည်းကို အာရုံစိုက်တာ။ တစ်ချို့နေရာမှာဆိုရင် မြတ်စွာဘုရားက ပုဂ္ဂိုလ်တစ်ဦးတည်းကို ကြည်ညိုလို့ရှိရင် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို ဟောထားတာတွေ ရှိတယ်။ ပုဂ္ဂလပသာဒ တစ်ဦးတစ်ယောက်တည်းကို ကြည်ညိုလို့ရှိရင် အဲဒီပုဂ္ဂိုလ် တိမ်းယိမ်းဖောက်ပြန်တာမျိုး ဖြစ်လာတဲ့အခါမှာ သူ့ရဲ့အမူအကျင့်နောက် ကိုယ်က လိုက်သွားရင် ဒုက္ခရောက်တတ်တယ်ပေါ့။ အဲဒါကြောင့်မို့ ပုဂ္ဂလဆိုတာ ရွေးချယ်ဖို့တော့ လိုတယ်၊ ဒီစကားက မကြည်ညိုရဘူးလို့ ပြောတာ မဟုတ်ဘူးနော်။

[၅] ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကို ကြည်ညိုလို့ရှိရင်- ဆိုပါစို့ - သူ့ရဲ့ကိုယ်ကျင့်တရားအရ သံဃာတွေက အရေးယူတယ်ဆိုရင် ဒီပုဂ္ဂိုလ်ကို အလေးထားသည့်အတွက်ကြောင့် သံဃာတွေကို သွားပြစ်မှားလို့ရှိရင် ကိုယ့်မှာ ဒုက္ခရောက်တတ်တယ်။ အနာထပိဏ်သူဌေးကြီးဟာ သံဃာတွေထဲမှာဆိုရင် အရှင်သာရိပုတ္တရာကို အကြည်ညိုဆုံးပဲ၊ လူဆိုတာ တစ်ဦးနဲ့ တစ်ဦး မတူကြဘူးပေါ့နော်၊ ကြည်ညိုတယ်ဆိုတဲ့နေရာမှာ ဘဝပါရမီရေစက် ဆိုတာလည်း ပါတတ်သေးတယ်၊ တစ်ချို့ဆိုလို့ရှိရင် ဘုရားထက် ပိုကြည်ညိုတဲ့ပုံစံမျိုးတောင် ပေါက်တယ်ပေါ့နော်။

တစ်ခါတုန်းက ကလေးငါးရာ မုန့်တောင်းကြီးတွေ ထမ်းပြီးတော့ ပျော်ပွဲစားထွက်လာကြတယ်၊ ဘုရားနဲ့ သံဃာတွေ တွေ့တဲ့အခါမှာ မုန့်တောင်းတွေ ချပြီး ကန်တော့ရုံ ကန်တော့လိုက်ကြတယ်၊ ဘယ်သူ [၆] မှ လှူချင်စိတ် မပေါက်ကြဘူး၊ မလှူကြဘူး၊ သူတို့လမ်း သူတို့ဆက်သွားကြတယ်။

နောက်က တစ်ပါးတည်းကြွလာတဲ့ အရှင်မဟာကဿပမထေရ်ကြီး တွေ့တဲ့အခါကျတော့ အားလုံး မုန့်တောင်းတွေ ချပြီး အရှင်မဟာကဿပကို လှူကြတယ်၊ သူတို့ပိုပြီးတော့ သဒ္ဓါဖြစ်တယ်လို့ ဒီလိုပြောရမယ်။

အဲဒီကိစ္စမှာ မြတ်စွာဘုရားက ဘယ်လောက် စိတ်ကောင်းရှိတယ်ဆိုတာ ကြည့် - သာမန်ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ဖြစ်နေမယ်ဆိုလို့ရှိရင် .. ကိုယ့်ကို ကျော်ပြီး နောက်လိုက်တွေအတွက် ဦးစားပေးလုပ်တာ မကြိုက်ကြဘူး၊ လူတွေ တော်တော်များများဟာ ဒီအတိုင်းပဲ။

လူတွေရဲ့စိတ်က တစ်မျိုးပဲ၊ “အဖွဲ့အစည်းတစ်ခုမှာ ငါ ခေါင်းဆောင်၊ (သို့မဟုတ်) ဒီနေရာမှာ ငါ ခေါင်းဆောင်”ဆိုပြီး သူ့ကို ကျော်လုပ်ရင် မကြိုက် [၇] တတ်တဲ့သူတွေ အများကြီးပဲ၊ ကြိုက်တဲ့သူ ခပ်နည်းနည်းပဲ။

မြတ်စွာဘုရားကျတော့ ကြည့်လေ၊ ဘုရား, သံဃာတွေကို ကျော်ပြီး အရှင်မဟာကဿပကို လှူတာ သိတယ်၊ ရဟန်းတွေကို ခဏဆိုင်းခိုင်းတယ်၊ နောက်က မုန့်တောင်းတွေ လှူလိမ့်မယ်၊ သစ်ပင်ရိပ်ကနေ ခဏစောင့်ပေးတယ်၊ အရှင်မဟာကဿပက ခေါ်လာတယ်၊ “လာကြ၊ ရှေ့နားမှာ ဘုရားရှိတယ်၊ ဘုရားသွား လှူကြမယ်” ဘုရားက “ငါနဲ့ တွေ့တုန်းကတော့ မလှူဘူး၊ ခုမှ မလှူနဲ့” လို့ မပြောဘူး၊ မြတ်စွာဘုရားမှာ ဣဿာတို့, မစ္ဆရိယတို့ ဆိုတာ အရိပ်အရောင်ကလေးတောင် မရှိဘူး။ ကျန်တဲ့ပုဂ္ဂိုလ်တွေမှာ ရှိတတ်သေးတယ်တဲ့၊ ရဟန္တာဖြစ်သွားတာတောင် အရိပ်အရောင် ရှိသေးတယ်၊ အရိပ်အရောင်ဆိုတာ ဝါသနာကို ပြောတာနော်၊ ဝါသနာရဲ့ အဓိပ္ပါယ်က ဥပမာ- အရက်ထည့်ထားတဲ့ပုလင်းက အရက်တွေ ကုန်အောင် သွန်ပစ် [၈] လိုက်ပေမယ့် အနံ့ကလေးတော့ ကျန်သေးတယ်၊ ရဟန္တာပုဂ္ဂိုလ်မှာ ကိလေသာတွေ ကုန်အောင် ပယ်သတ်လိုက်ပေမယ့်လို့ အနံ့အသက်ကလေး ကျန်နေတတ်သေးတယ်။

မြတ်စွာဘုရားကျတော့ အဲဒီလို အနံ့အသက်တောင် မကျန်တာ၊ ဝါသနာနဲ့တကွ ကိလေသာကို ပယ်တယ်ဆိုတာ ဘုရားတစ်ပါးပဲ ရှိတယ်၊ ဒါကြောင့်မို့ ဘုရားကျတော့ လုံးဝကြည်ညိုစရာကောင်းတဲ့ အနေအထား၊ လုံးဝဖြူစင်တယ်, လုံးဝစင်ကြယ်တယ် ဆိုတဲ့အနေအထားမျိုး ရောက်တယ်၊ မြတ်စွာဘုရားကျတော့ ကိလေသာတွေဟာ အနံ့အသက်တောင် မကျန်ဘူးတဲ့။

ကျန်တဲ့ပုဂ္ဂိုလ်တွေကျတော့ ... စရိုက်ကလေးတွေ အနံ့အသက်ကလေးတွေ ရှိနေသေးတယ်၊ ရဟန္တာပုဂ္ဂိုလ် ဖြစ်တောင်မှပဲ .. အဲဒီစရိုက်ဆိုးလေးတွေက ပါနေသေးတယ်၊ သို့သော် စိတ်ကတော့ စင်ကြယ်သွားပြီ၊ Intentionally action တော့ [၉] မလုပ်တော့ဘူး၊ ဒီလိုဆိုလိုတာ၊ “လွှတ်ခနဲ” ပါးစပ်က နှုတ်ကျိုးနေလို့ ပြောချင် ပြောလိုက်မယ်။

အရှင်ပိလိန္ဒဝစ္ဆဆိုတာ ရှိတယ်၊ လူ့ဘဝတုန်းက သူက ဝိဇ္ဇာဓိုရ်ကြီး၊ ဂန္ဓာရီဝိဇ္ဇာလိုင်းကို လိုက်တာ၊ ဖိုထိုးတာတော့ မဟုတ်ဘူး၊ မန္တာန်နဲ့ အလုပ်, လုပ်တာ၊ သူက ဘယ်လောက် အစွမ်းတန်ခိုးထက်တုန်းဆိုတော့ သူများစိတ်ကို သိတယ်၊ သူများအတွေးကို ဖတ်နိုင်တယ်၊ “မင်း, ဒါတွေ တွေးနေတာ မဟုတ်လား၊ ဒီလာတုန်းက မင်း, ဒါတွေ ကြံနေတာပဲ၊ အခု ဒါတွေတွေးနေတယ်” ဆိုတာ သူက ဖတ်နိုင်တယ်၊ အဲဒီလို သူများစိတ်ကို သိတယ်၊ .. အဲဒီသိနိုင်တဲ့အတတ်ပညာ သူ့မှာ ရှိတယ်၊ နောက်တစ်ခုက ဘာတုန်းဆိုတော့ သူလိုအပ်လို့ရှိရင် ကောင်းကင်ကို ပျံနိုင်တယ်၊ အဲဒီအစွမ်းတန်ခိုးနှစ်ခုကို အဲဒီ ဝိဇ္ဇာဓိုရ်ကြီးက ရထားတာ။

မြတ်စွာဘုရားကြွလာတဲ့အခါကျတော့ သူ့ရဲ့ အတတ်ပညာတွေ အသုံးချလို့ မရတော့ဘူး၊ ဘုရား [၁၀] ရဲ့နယ်မြေထဲလည်း ရောက်လာရော သူများစိတ်လည်း သူမသိတော့ဘူး၊ သူ့အတတ်ပညာတွေက မထိရောက်တော့ဘူး၊ လောကီပညာရပ်ဟာ အကန့်အသတ်ရှိတယ်၊ နေရာတိုင်းမှာ အစွမ်းမထက်ဘူး။ ဒိပြင်ဟာ မပြောနဲ့၊ ဈာန်အဘိညာဉ်တောင်မှပဲ တစ်ခါတစ်ခါ ကိလေသာတွေက လွှမ်းမိုးတတ်တယ်၊ ရသေ့ကြီးဈာန်လျောတယ်ဆိုတာ ကြားဖူးမှာပေါ့နော်၊ ဈာန်တန်ခိုးနဲ့ နေပေမယ်လို့ ကိလေသာရဲ့ စွမ်းအားကို သူ မတားနိုင်ဘူး၊ မတားနိုင်သည့်အတွက်ကြောင့် .. ရင်ထဲက ကိလေသာထွက်လာတာနဲ့ ဈာန်လျောကျသွားတာနော်၊ မလျောနိုင်တာ မပျက်တာကတော့ လောကုတ္တရာဈာန်ပါပဲတဲ့၊ လောကုတ္တရာမဂ်ဖိုလ်ရရင် မလျောတော့ဘူး၊ မပျက်တော့ဘူး၊ လျောရင် ပျက်ရင် လောကုတ္တရာမဟုတ်ဘူးတဲ့။

ငယ်ငယ်တုန်းက သတင်းစာထဲမှာ ဖတ်လိုက်ရတယ်၊ သန်လျင်ဘက်မှာ ရဟန္တာပူဇော်ပွဲဆိုပြီး [၁၁] တော့ ကြေညာတယ်၊ အမျိုးသမီးတွေလည်း ပါတယ်၊ အမျိုးသားတွေလည်း ပါတယ်၊ နောက်တော့ အဲဒီရဟန္တာတွေက လူထွက် အိမ်ထောင်ကျကုန်တယ်၊ လျောကုန်တာနော်၊ အဲဒါမျိုးတွေလည်း ရှိတတ်တယ်၊ မဟုတ်ဘူးဆိုရင်တော့ လျောမှာပဲ။

အဲဒီတော့ ခုနက ဝိဇ္ဇာကြီးဟာ သူ့အတတ်ပညာတွေ အသုံးချလို့ မရတော့ဘူး၊ အဲဒီတော့ သူက ကြားဖူးတယ်၊ မဟာဂန္ဓာရီဝိဇ္ဇာတစ်ဦးရဲ့ နယ်မြေမှာ စူဠဂန္ဓာရီဝိဇ္ဇာ အစွမ်းမထက်တော့ဘူး၊ အရှုံးပေးရမယ်ဆိုတာ သူက သိနေတော့ “ဂေါတမဘုရားဟာ မဟာဂန္ဓာရီဝိဇ္ဇာကြီး ဖြစ်မယ်၊ သူ့ဆီမှာ ပညာသင်မယ်”ဆိုတဲ့ရည်ရွယ်ချက်နဲ့ သာသနာ့ဘောင်ဝင်တာ၊ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းပြပေးပြီးတော့ တရားအားထုတ်ခိုင်းလိုက်တာ သူ ရဟန္တာဖြစ်သွားတယ်။

အဲဒီပိလိန္ဒဝစ္ဆရဟန္တာကြီးဆိုတာ အစွမ်းတန်ခိုး အင်မတန်မှ ထက်တယ်၊ လူ့ဘဝတုန်းက ဝိဇ္ဇာဓိုရ် [၁၂] ကြီး၊ သူ့မှာ နှုတ်ကျိုးနေတာတစ်ခု ရှိတယ်၊ လူမြင်လို့ရှိရင် “ပါပီမ”လို့ ခေါ်လေ့ ရှိတယ်၊ ပါပိမဆိုတာ “မကောင်းတာလုပ်သူ”လို့ အဓိပ္ပါယ် ရတယ်၊ ... သူယုတ်မာပေါ့၊ မကောင်းမှုရှိသူကို ပါပိမ၊ မကောင်းတာလုပ်တဲ့သူ, လူဆိုးလို့ ခေါ်တယ်ပေါ့။ (အခုခေတ်လည်း ချစ်စနိုးနဲ့ခေါ်တာ ရှိတယ်၊ “လူဆိုး, လူဆိုး”နဲ့ ဟုတ်လား) အဲဒီလို သူကလည်း နှုတ်ကျိုးနေတယ်၊ “လူဆိုး, လူယုတ်မာ”နဲ့ ခေါ်လေ့ရှိတယ်။

အဲဒီတော့ ဒါကို သင်ခန်းစာယူပြီး ကိုယ့်ဘဝမှာ မကောင်းတဲ့နှုတ်တွေ ကျိုးမနေအောင် ပြင်ဖို့ လိုတာပေါ့၊ နှုတ်မကျိုးစေနဲ့၊ ကျိုးနေရင် အခုဘဝထဲက ပြင်၊ မပြင်လို့ရှိရင် သံသရာမှာ နှုတ်ကျိုးသွားလိမ့်မယ်နော်၊ စရိုက်ဆိုးတွေနဲ့ နှုတ်မကျိုးစေနဲ့၊ နှုတ်လည်း မကျိုးစေနဲ့၊ အမူအရာလည်း မကျိုးစေနဲ့၊ အမူအရာကျိုး နှုတ်ကျိုးသွားလို့ရှိရင် ... သွားပြီ၊ ရဟန္တာဖြစ်တဲ့ဘဝတောင်မှ နှုတ်ကျိုးနေရင် မဖျောက်နိုင်တော့ဘူး။

[၁၃] မြတ်စွာဘုရားကျတော့ အဲဒီလို နှုတ်ကျိုးတာ မရှိဘူး၊ စကားတစ်ခုပြောပြီဆိုလို့ရှိရင် သဗ္ဗဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ မြတ်စွာဘုရားက စကားပြောမယ်ဆိုရင် ဘုရားရဲ့ပါးစပ်က ‘လွှတ်ခနဲ’ ထွက်သွားမျိုး မရှိဘူး၊ ဒီစကားပြောသင့်လို့ ပြောတာ၊ ပြန်ပြင်စရာမရှိဘူး၊ စကားပြောပြီးမှ ပြန်ပြင်တယ်ဆိုတဲ့လူက အမှတ်တမဲ့ပြောလို့၊ ပြီးမှ မှားမှန်းသိလို့ ပြင်တာလေ၊ မြတ်စွာဘုရားမှာ စကားမှားလို့ ပြန်ပြင်ရတယ်ဆိုတာ ရှိကို မရှိဘူး၊ အဲဒီတော့ ကိုယ်ကိုယ်တိုင်က သိသိချည်းနဲ့ မမှားမိအောင်တော့ ကြိုးစားရမှာပဲ၊ ဘုရားလည်း ဒီလိုပါပဲ၊ ပါရမီပြည့်ပြီးလို့ ကြိုးစားလာလို့ နောက်ဆုံးမှာ စကားလုံးဟာ အမှားမရှိဘူး။

ရှင်ရာဟုလာကို ဆုံးမတဲ့အခါ “ရာဟုလာ- ပြောတော့မယ်ဆိုရင် မပြောမီက စဉ်းစား၊ ပြောနေတုန်း စဉ်းစား၊ ပြောပြီး စဉ်းစား၊ အဲဒီလို စဉ်းစားပြောရင် ဘယ်တော့မှ မမှားဘူး” တဲ့နော်၊ [၁၄] အဲဒီအလေ့အကျင့်လေး လုပ်ထားလို့ရှိရင် ကိုယ်ပြောတဲ့စကားဟာ အမှားမရှိနိုင်ဘူး။

‘စဉ်းစား’ ဆိုတာ ဘယ်လိုစဉ်းစားရမှာလဲ၊ “ငါပြောတဲ့စကားသည် ငါ့ကို .. ထိခိုက်သလား? ပတ်ဝန်းကျင်ကို ထိခိုက်သလား? ကောင်းကျိုးချမ်းသာတွေကို ဖြစ်စေတာလား? ... ဆိုးကျိုးကို ဖြစ်စေတာလား?”လို့ စဉ်းစားရမယ်၊ အဲဒီစံနဲ့ စဉ်းစား။ .. “မပြောခင်က ... စဉ်းစား”တဲ့၊ . တစ်ခါစဉ်းစားမယ်၊ ‘ပြောနေတုန်းလည်း ထပ်ပြီး စဉ်းစား’၊ “ပြောပြီးတော့လည်း ထပ်စဉ်းစား” တဲ့၊ အဲဒီလို ၃-ကြိမ်, ၃-ခါ စကားအရာမှာ စဉ်းစားမှုတွေနဲ့ လွှမ်းခြုံထားမယ်ဆိုရင် အမှားဆိုတာ မထွက်တော့ဘူး၊ အဲဒီနည်းနဲ့ နှုတ်မကျိုးအောင် ပြင်ဆင်ထားဖို့ လိုအပ်တာပေါ့နော်။

တစ်ခါတစ်ရံ အရေးမကြီးဘူးထင်ရတဲ့ ကိစ္စမျိုးမှာတောင် သတိထားစရာတွေ..အများကြီးရှိတယ်၊ [၁၅] အကုသိုလ်မှ အကျိုးပေးတာ မဟုတ်ဘူး၊ အကုသိုလ်လို့ မပြောပလောက်တဲ့အရာကလည်း ဝင်ပြီး အကျိုးပေးချင် ပေးနေတတ်တယ်။

အဲဒါနဲ့ ပတ်သက်ပြီး သတိရလို့ ပြောရဦးမယ်နော်၊ စာအုပ်လေးတစ်အုပ် ဖတ်ဖူးတဲ့အထဲမယ် လူတစ်ယောက်ဟာ နားမကြားဘူး၊ နားလေးနေတယ်၊ ဘာဖြစ်လို့ ဒီလူ ဒီရောဂါဖြစ်တာလဲ? ဘာဖြစ်လို့ ဒီနားရောဂါဖြစ်ရသလဲဆိုတော့ ဟိုဘဝတုန်းကတဲ့, အလှူခံလာတာကို မကြားချင်ယောင်ဆောင်နေလို့ ဖြစ်တာတဲ့၊ ကဲ အဲဒီတော့ ကိုယ်လှူနိုင်သလောက်တော့ နည်းနည်းလေးဖြစ်ဖြစ် လှူလိုက်၊ မကြားချင်ယောင်တော့ မဆောင်နဲ့တဲ့၊ နားလေးတတ်တယ်တဲ့၊ အဲဒါ ဘုရားဟောတာတော့ မဟုတ်ဘူး။

Many Mansions ဆိုတဲ့ စာအုပ်ကို ချမ်းမြေ့ဆရာတော်ကြီးက “အနောက်တိုင်းမှ ဘဝပြဿနာ” အမည်နဲ့ ဘာသာပြန်ထားတဲ့ စာအုပ်လေးတစ်အုပ် [၁၆] ရှိတယ်၊ အဲဒီစာအုပ်လေးကို ဖတ်ကြည့်၊ ဒေါက်တာဂီနာစာမီနရာရေးတာ၊ အဲဒီစာအုပ်ဖတ်ကြည့်လို့ရှိရင် ကံအကြောင်းတွေ တွေ့ရလိမ့်မယ်၊ သူတို့က ကံယုံတဲ့သူတွေ မဟုတ်ဘူး၊ အိပ်မွေ့ချပြီးတော့ ရောဂါကုတာ၊ အဲဒီအိပ်မွေ့ချတဲ့အချိန်မှာ သူမြင်တာတွေ ပြောတာ၊ သူ့စိတ်ထဲမှာ ပေါ်တာတွေ ပြောတာ၊ သူက သိလို့ ပြောတာ မဟုတ်ဘူး၊ အိပ်မွေ့ချတဲ့အချိန်အတွင်းမှာ ဘေးကလူက မေးတာ “ဒီလူ ဘာကြောင့် ဒီရောဂါဖြစ်တာတုန်း” ဆိုတော့ . သူပြောတာက, “တစ်ချိန်တုန်းကတဲ့ အလှူခံလာတာကို မကြားချင်ယောင်ဆောင်နေလို့ ဖြစ်ရတာ”လို့ ပြောတယ်။

အဲဒီတော့ ဒီစာအဓိပ္ပါယ်ရှိရဲ့လား၊ အကုသိုလ်မဟုတ်ဘဲနဲ့ အကျိုးပေးတာ ဖြစ်နိုင်ရဲ့လားဆိုရင် ဖြစ်နိုင်တယ်၊ မြတ်စွာဘုရားဟောတဲ့သုတ္တန်တစ်ခု ရှိတယ်၊ ဝဏိဇ္ဇသုတ်လို့ ခေါ်တယ်၊ အဲဒီသုတ်ကို ကြည့်ရင်တော့ သူပြောတာ ဖြစ်နိုင်တယ်နော်။

[၁၇] ဝဏိဇ္ဇသုတ်မှာ အရှင်သာရိပုတ္တရာက မြတ်စွာဘုရားကို မေးလျှောက်တယ်၊ ကုန်ရောင်းကုန်ဝယ်ကိစ္စတွေနဲ့ ပတ်သက်တယ်ပေါ့၊ မင်္ဂလာဈေးဆိုတော့ အရောင်းအဝယ်လုပ်နေကြတာ၊ အဲဒါ သတိထားစရာပေါ့နော်၊ ပစ္စည်းကို အရောင်းအဝယ်လုပ်တဲ့အခါမှာ လေးမျိုးလေးစားကွဲသွားတယ်တဲ့။
(၁) တစ်ယောက်က အရောင်းအဝယ်လုပ်တာ အရှုံးပေါ်တယ်၊
(၂) နောက်တစ်ဦးကတော့ ထင်သလောက် မရဘူး၊ မမြတ်ဘူး၊ ထင်သလောက် ဖြစ်မလာဘူး၊
(၃) နောက်တစ်ယောက်ကျတော့ မှန်းထားတဲ့အတိုင်း ရတယ်တဲ့၊
(၄) နောက်တစ်ယောက်ကျတော့ မှန်းတာထက် ပိုရတယ်တဲ့။

ဒီပစ္စည်းတစ်ခုတည်းကိုပဲ အရောင်းအဝယ်လုပ်တာနော်၊ အဲဒီလို ပစ္စည်းတစ်မျိုးတည်းမှာ အရောင်းအဝယ်လုပ်တာ လူ ၄-ယောက် ဘာဖြစ်လို့ ဒီလို ဖြစ်ရသလဲ?

[၁၈] ပစ္စုပ္ပန်အကြောင်းတော့ ရှိချင်ရှိမယ်၊ မြတ်စွာဘုရားက ပစ္စုပ္ပန်အကြောင်းကို မဖြေဘူး၊ ကံနဲ့ဆက်စပ်ပြီး ဖြေတာ၊ အဲဒါ အင်္ဂုတ္တရနိကာယ် ဝဏိဇ္ဇသုတ်မှာ ပါတယ်၊ ဝဏိဇ္ဇဆိုတာ ကုန်သွယ်မှု ဆိုတဲ့ အဓိပ္ပာယ်ရတယ်၊ ကုန်ရောင်းကုန်ဝယ်မှု၊ အဲဒီမှာ ဖြေထားတာတွေ သတိထားစရာလေးပေါ့။ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကုန်ပစ္စည်းကို ရောင်းတယ်တဲ့၊ ပျက်တယ် ရှုံးတယ်၊ ဘာဖြစ်လို့လဲ? သူဟာ သံသရာမှာ ကျင်လည်ခဲ့တုန်းက သူတော်စင်တစ်ဦးဦးကို ချဉ်းကပ်ပြီး “အရှင်ဘုရား လိုတာရှိရင် အမိန့်ရှိပါ”ဆိုပြီးတော့ ဖိတ်ကြားတယ်၊ ဖိတ်ကြားပေမယ့်... လိုတဲ့အခါကျတော့ မလှူဘူးတဲ့၊ အဲဒီလို မလှူလို့ ဖြစ်တာတဲ့။

ကဲ ခုနက မကြားချင်ယောင်ဆောင်တာမျိုး ဖြစ်နေပြီ၊ မလှူတာ အကုသိုလ်တော့ မဟုတ်ဘူးနော်၊ ကံတရားဟာ ဆန်းကြယ်တယ်ဆိုတဲ့အကြောင်း ပြောတာ၊ ကိုယ်လုပ်တာဟာ အကောင်းအဆိုး [၁၉] အကုန်တွက်လို့ ရအောင်နော်၊ အကုသိုလ်ဖြစ်မှလို့ မဟုတ်ဘူး၊ ဒီဟာလည်း ကြည့် - မဖြည့်ဆည်းဘူး၊ ကိုယ်ပြောတဲ့အတိုင်း ဖြည့်ဆည်းမှု မလုပ်ဘူး၊ ဒါကြောင့် ရှုံးတာ၊ ဒါက ဘုရားဖြေထားတဲ့စကားနော်၊ သူက ကုန်သွယ်လုပ်ငန်းလုပ်တဲ့အခါကျတော့ ပျက်စီးတယ်၊ မအောင်မြင်ဘူးတဲ့၊ ဘာဖြစ်လို့တုန်း၊ သူ့ကတိအတိုင်း မတည်ခဲ့လို့ပေါ့၊ ဒါက တစ်ခု။ နောက်တစ်ယောက်ကျတော့ သူလည်း ဒီလိုပဲ ဖိတ်မန်ထားတယ်၊ သို့သော် ယထာဓိပ္ပါယ - လိုသလောက်ကို သူက မဖြည့်ဆည်းဘူးတဲ့၊ ဒါကြောင့်မို့ သူထင်သလောက် အမြတ်မရဘူးတဲ့၊ ကြည့် - ဆက်စပ်နေပုံလေးတွေကို ပြောတာ၊ လူဆိုတာ ကံနဲ့ချည်းပဲဆိုတော့ ဒီဟာ တကယ်မှန်တယ်။ နောက်တစ်ယောက်ကျတော့ လိုချင်တဲ့အတိုင်း ရတယ်တဲ့၊ လိုချင်တဲ့အတိုင်း ဖြစ်တယ်၊ သူက ဝန်ခံထားတဲ့အတိုင်း လိုသလောက် ဖြည့်ဆည်း [၂၀] လှူဒါန်းပေးတယ်၊ ဒါကြောင့် သူက လိုချင်တဲ့အတိုင်း ရတယ်တဲ့။

နောက်တစ်ယောက်ကျတော့... လိုတာထက် ပိုပြီးတော့... သူက ဖြည့်ဆည်းလှူဒါန်းတယ်တဲ့၊ ဒါကြောင့်မို့ လိုတာထက် ပိုရတယ်တဲ့၊ တကယ် စဉ်းစားကြည့်ရင်၊ ဒီ ၄-ယောက်ဟာ ဘယ်လိုလုပ် အတူတူဖြစ်နိုင်မှာတုန်း? မဖြစ်နိုင်ဘူးပေါ့၊ သူတို့ ၄-ယောက်ရဲ့ လုပ်ရပ်ချင်းဟာ တူမှ မတူတာကိုး၊ တစ်ယောက်က လုံးဝကတိပျက်တယ်၊ တစ်ယောက်က ကတိရဲ့တစ်ဝက်လောက်ပဲ လုပ်တယ်၊ တစ်ယောက်ကျတော့ ကတိအတိုင်း လုပ်တယ်၊ ဟိုတစ်ယောက်ကျတော့ ကတိပေးတာထက် ပိုလုပ်တယ်ဆိုတော့ ၄-ယောက်ကို အတူထားမယ် ဆိုရင်တော့လည်း “နွားထီးငါးကျပ် နွားမငါးကျပ်” ဖြစ်တော့မယ်ပေါ့။

အဲဒီလို ကံတရားဟာ မတူဘူးဆိုတာ သတိထားဖို့ လိုတယ်လို့ ပြောရမှာပေါ့နော်၊ အဲဒီတော့ [၂၁] ဒီဘဝမှာ လုပ်စရာတွေ အများကြီးရှိတယ်၊ ကုသိုလ်ကောင်းမှုလုပ်ကြတာ မှန်တယ်၊ လုပ်ကြတယ်၊ အရေးကြီးတာက ကုသိုလ်ကောင်းမှုလည်း လုပ်၊ စရိုက်ဆိုးတွေလည်း ပြင်၊ နှုတ်မကျိုးစေနဲ့နော်၊ ကိုယ်အမူအရာ အချိုးကျပါစေပေါ့၊ နောက်ဆုံး မျက်နှာအမူအရာကစပြီးတော့ ပြုံးမရ ရယ်မရတဲ့ မျက်နှာမျိုး မဖြစ်အောင် သတိထားရမယ်၊ တချို့ တကယ့်ကို ဘယ်လိုမှ ပြုံးမရတဲ့မျက်နှာမျိုး ရှိသေးတယ်၊ ဇီးကွက်မျက်နှာမျိုးလို၊ ဘယ်ပြုံးရမလဲနော်၊ ဘယ်လိုမှ ပြုံးမရတဲ့မျက်နှာမျိုး၊ အဲဒါမျိုး မဖြစ်စေနဲ့နော်။

မေတ္တာနှလုံးသားနဲ့ သူများကို အကျိုးစီးပွား လိုလားတဲ့စိတ် မွေးတာက ပိုက်ဆံလည်း မကုန်ဘူးနော်၊ ကုန်ကျစရိတ် ဘာမှမရှိဘူး၊ မေတ္တာထားနိုင်လို့ရှိရင် အများကြီး ကုသိုလ်ဖြစ်တယ်၊ အဲဒီစိတ်ကလေးတောင် မထားနိုင်ဘူးဆိုရင် ဖြစ်လေရာဘဝမှာ အတွန့်တွေအတက်တွေ မျက်နှာမှာ ပေါ်နေမှာပဲ၊ [၂၂] စိတ်ထဲက အတွန့်အတက်များရင် မျက်နှာမှာလည်း အတွန့်အတက်တွေ ဖြစ်ကုန်မှာပဲ။ မြတ်စွာဘုရားရဲ့အဆုံးအမကို Mind Centred Teaching လို့ ခေါ်တယ်၊ စိတ်ကို ဗဟိုပြုပြီး ဆုံးမတာ၊ အဲဒါကို သတိထားဖို့နော်၊ အရာရာကို စိတ်ဓာတ်နဲ့ တိုင်းတာရတယ်၊ စိတ်ကောင်းနှလုံးကောင်း မွေးမြူရာမှာ ဒါ အရေးကြီးတယ်၊ ဘယ်သူ့အပေါ်ဖြစ်ဖြစ် စိတ်ကောင်းနှလုံးကောင်း ထားရမယ်၊ လူတွေက စိတ်ကောင်းနှလုံးကောင်းထားရင် အရှုံးပေးတယ်လို့ ထင်နေကြတယ်၊ အဲဒါကိုက အထင်မှားနေကြတာ၊ မိစ္ဆာဒိဋ္ဌိပဲနော်။

အဲဒီ မိစ္ဆာဒိဋ္ဌိကို အကြောင်းပြုပြီး ဆိုးကျိုးတွေ ဖြစ်တယ်၊ မိစ္ဆာဒိဋ္ဌိအခေါ်ခံရတယ်လို့ ကြိုက်ချင်မှ ကြိုက်မှာ၊ မှားတာကို မြင်နေရင် မိစ္ဆာဒိဋ္ဌိပဲလေ၊ ဘာကိစ္စပဲဖြစ်ဖြစ်... အယာထာဝဒိဋ္ဌိ - မမှန်မကန် မြင်တာ၊ အမှန်ကို မမှန်ဘူးလို့ မြင်တာ မိစ္ဆာဒိဋ္ဌိပဲ၊ ဘုရားဟောတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာ အဲဒါ ပြောတာနော်၊ [၂၃] အဲဒီတော့ မှန်မှန်ကန်ကန်မြင်ပြီး ကိုယ့်ကိုကိုယ် ဆင်ခြင်သုံးသပ်ရမယ်၊ ကိုယ့်ကိုကိုယ် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်နိုင်ဖို့ မြတ်စွာဘုရားရဲ့အဆုံးအမကို ရဖို့ လိုတယ်၊ ရဖို့ဆိုတာ သာသနာနဲ့ ကြုံမှသာ ရတာလေ၊ အင်မတန်မှ ခဲယဉ်းတယ်၊ မမျှော်မှန်းနိုင်လောက်အောင် ခဲယဉ်းတာနော်၊ မတော်တဆ ရနေတာကို အဟုတ်ကြီးထင်နေလို့ရှိရင်တော့ အခါကောင်းတွေ လွတ်သွားမှာပဲ၊ ဒါက သေချာတယ်၊ အမြဲတမ်း အမှန်တရားဆိုတာ သိခွင့်ရတာ မဟုတ်ဘူး။

ဘုရားပွင့်တဲ့အချိန်တောင် တကယ့်ကို လက်တစ်ဆုပ်စာလူလေးတွေသာ အမှန်တရားကို သိခွင့်ရတာ၊ ကံကောင်းလွန်းလို့ အမှန်တရား သိခွင့်ရတာ၊ ပြောမယ်ဆိုရင် ကမ္ဘာ့လူသားတွေထဲက အလွန်သေးငယ်တဲ့ အပြောက်အစက်ကလေးကသာ ဘုရားရဲ့ အဆုံးအမကို ရကြတာ၊ ဦးရေများပြားလှတဲ့ လူသား [၂၄] တွေဟာ ဒီအဆုံးအမကို မရကြဘူးဆိုတာ သေချာတယ်။

အလေးအနက်စဉ်းစားကြည့် သူတို့က ဘယ်လိုအဆုံးအမတွေ ရတုန်း၊ လုပ်ချင်တာ လုပ်၊ ဘုရားရှေ့မှာ ဒူးထောက်လိုက်လို့ရှိရင် အကုန်လုံး ပြည့်စုံတယ်နော်၊ တိရစ္ဆာန်ဆိုတာ မိုးကျောပေးထားတဲ့ သတ္တဝါတွေ ဖြစ်တယ်၊ လူတွေစားဖို့ ဖန်ဆင်းပေးတာဆိုတဲ့ အတွေးတွေနော်၊ သတ်ပြီးတော့ ဘုရားကို ပူဇော်တယ်ဆိုရင် အမြတ်ဆုံးပဲဆိုတဲ့ အတွေးဟာ အတော့်ကို ကြောက်စရာကောင်းတဲ့ အတွေးပဲ၊ ဒီအဆုံးအမအတိုင်း လိုက်နာရင်တော့ တွေးဝံ့စရာတောင် မရှိဘူး၊ ဘဝဖြစ်တိုင်း ဇက်ပြတ်သေရတာ၊ ဒါ အတိတ်ဘဝတုန်းက လုပ်ခဲ့တဲ့လူတွေပဲ ဖြစ်မှာနော်။

တစ်ခါတစ်ခါ စဉ်းစားကြည့်မိတယ်၊ လမ်းသွားတဲ့အခါမှာ ကြက်တွေကို ခြေထောက်တွေမှာ စုချည်ပြီး ဇောက်ထိုးဆွဲသွားတာ၊ အရှင်တွေပဲနော်၊ [၂၅] ဒါက “ပြုသူအသစ်၊ ဖြစ်သူအဟောင်း” ဆိုတဲ့အတိုင်း သူတို့ တစ်ချိန်က သူများကို အဲဒီလို ဆွဲခဲ့တာ ဖြစ်လောက်တယ်၊ အခု သူတို့အလှည့် ရောက်နေပြီ၊ အတုံ့အလှည့်ဆိုတာ လာတာပဲ၊ မရဘူးနော်။ မေးခွန်းထုတ်ဖို့ ကောင်းတယ်၊ ဆိုင်တွေ ဆိုင်တွေမှာ ရေးထားတာ “ဘယ်သူ့အလှည့်လဲဟေ့”လို့၊ အဲဒီတော့ ကိုယ်က ကောင်းတာတွေချည်းပဲ လုပ်ထားလို့ရှိရင် ကောင်းတာတွေက ကိုယ့်အလှည့်ချည်းပဲ ဖြစ်မှာပေါ့၊ မကောင်းတာ လုပ်ထားလို့ရှိရင်တော့ ကိုယ့်အလှည့် လာလိမ့်မယ်နော်။ အကုသိုလ်တွေရဲ့ အကျိုးခံစားရမယ့် အလှည့်ဟာ ကြောက်စရာကောင်းမယ့် အလှည့်ပဲ၊ ခံနေရတဲ့သူက အဟောင်းခံရတယ်လို့ မှတ်၊ လုပ်တဲ့သူကသာ အသစ်လုပ်နေတာ၊ လာလိမ့်မယ်, အလှည့်ဆိုတာ ရောက်လာမှာပဲ၊ ကိုယ့်အလှည့် သူ့အလှည့်ဆိုတာ ရှိတယ်လေ၊ အဲဒါကြောင့်မို့ “ဒီဘဝမှာ စရိုက်ဆိုးတွေ နှုတ်ကျိုးနေတာတွေ ဒါတွေကို ဖယ်ရှားပြီး [၂၆] တော့ အကောင်းဆုံးဖြစ်အောင် တို့တစ်တွေ ကြိုးစားရမယ်”လို့ ဒီလို ပြောတာနော်။

အခုလို ကုသိုလ်ကောင်းမှု အတူတူပြုကြတယ်၊ ပြုဖော်ပြုဖက်တွေနဲ့ ကုသိုလ်ကောင်းမှုလုပ်တယ်၊ သံဃာတော်တွေကို ဆွမ်းကပ်မယ်ဆိုတဲ့ ဆန္ဒ၊ သံဃိကဒါနအလှူကို လှူမယ်ဆိုတဲ့ ဆန္ဒတွေကို စုလိုက်ပြီးတော့ အတူတကွ လုပ်ကြတယ်၊ ဒီအချိန်မှာ စေတနာတွေက တူတယ်၊ စေတနာတူသည့်အတွက်ကြောင့် ဖြစ်လေရာဘဝမှာ အတူတူ အကျိုးပေးတတ်တယ်ပေါ့၊ အဲဒီလို အတူတူအကျိုးပေးတဲ့အထဲမယ် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသလို့ဆိုတဲ့ အဓိပတိတပ်တဲ့ ပုဂ္ဂိုလ်က ပိုပြီးတော့ ထူးချွန်သွားမှာပဲ၊ အလတ်တန်းစားရှိတဲ့ ပုဂ္ဂိုလ်က အလတ်တန်းစား ဖြစ်မှာပဲ၊ ညံ့နေတဲ့ ပုဂ္ဂိုလ်က အညံ့ထဲမှာ ပါမှာပဲ။ အတိတ်ဘဝတုန်းက ကုသိုလ်ကောင်းမှု အတူလုပ်ခဲ့ကြသည့်အတွက်ကြောင့် အခု မင်္ဂလာဈေးမှာ အတူတူ ဈေးရောင်းကြရတာနော်၊ မွေးတာက မင်္ဂလာ [၂၇] ဈေးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ လာပြီး အလုပ်လုပ်ကြတော့ အတူတူဖြစ်နေကြတယ်၊ ဒါကြောင့်မို့ အခုလည်း ကုသိုလ်ကောင်းမှု အတူတူလုပ်ကြတော့ နောင်ဘဝလည်း အတူတူဖြစ်ကြရဦးမှာပဲ၊ အတူတူဖြစ်ဖို့ သေချာနေတယ်၊ မှတ်မိတာ မမှတ်မိတာကတော့ တခြားပေါ့၊ မမှတ်မိဖို့ကတော့ များတာပေါ့နော်။

သာသနာမှာ ပထမဆုံး ဘိက္ခုနီဝတ်ခွင့်ရတာ မိထွေးတော်ဂေါတမီ၊ သူနဲ့အတူ ပါလာတာက သာကီဝင်မိဖုရားငါးရာ၊ မိထွေးတော်ဂေါတမီအမှူးပြုတဲ့ မိဖုရားငါးရာဟာ ကုသိုလ်ကောင်းမှု လုပ်လာကြတုန်းကလည်း အတူတူလုပ်လာကြတာ၊ အတူတူလုပ်လို့လည်း ဘဝမှာ အတူတူဖြစ်ကြတယ်၊ အမှန်ကတော့ သူတို့ဟာ တစ်အိမ်ထောင်စီ နေကြတာ၊ နောက်တော့ ပေါင်းမိသွားကြတယ်၊ ဘိက္ခုနီဝတ်တဲ့အခါ အတူတူဖြစ်သွားကြတယ်။

[၂၈] ဆိုလိုတာက သံသရာမှာ ခရီးသွားလည်း အတူတူ၊ ကုသိုလ်ကောင်းမှုလုပ်လည်း အတူတူပဲ၊ စုန်ချည်ဆန်ချည် ဖြစ်တတ်တယ်၊ ဘာဖြစ်လို့ ဒီလို တူရသလဲဆိုတော့ ခုနက စေတနာတူ ဆန္ဒတူ ပေါင်းပြီးတော့ ကုသိုလ်တစ်ခုကို ဦးတည်ပြီး လုပ်ကြလို့၊ ဒါကြောင့်မို့ တူကြတာတဲ့။ မကောင်းမှုလုပ်တဲ့သူတွေကလည်း... အဲဒီလို တူတတ်တယ်၊ သာကီဝင်မင်းတွေ ဝိဋဋူဘက ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲမှာ အများကြီး အသတ်ခံလိုက်ရတယ်၊ အဲဒီလို အသတ်ခံလိုက်ရတာ ဘာလုပ်ခဲ့လို့တုန်းဆိုတော့ တစ်ခါတုန်းက မြစ်ထဲ အဆိပ်ခတ်ပြီး သူများတွေ သေအောင် လုပ်ခဲ့ကြတယ်တဲ့၊ အဆိပ်ခတ် သတ်ခဲ့ကြတဲ့သူတွေပေါ့၊ အဲဒါကြောင့်မို့လို့လည်း အတူတူ သေကြတာ၊ ကံတရားဆိုတာ တော်တော် ကြောက်စရာကောင်းတယ်နော်။ ကောင်းတဲ့အလုပ်မှာ အတူတူလုပ်ရင် ကောင်းတဲ့အကျိုးတွေ အတူတူ ခံစားကြရတယ်၊ မကောင်း [၂၉] တဲ့အလုပ်တွေမှာ အတူတူလုပ်ရင် မကောင်းတဲ့အကျိုးတွေကို အတူတူ ခံစားကြရတယ်တဲ့၊ ကံရဲ့သဘောဟာ နိယာမချည်းပဲ၊ The Law of Kamma (ကမ္မနိယာမ)အရ ဖြစ်တာ၊ ဘယ်သူကမှ ဖန်ဆင်းတာ မဟုတ်ဘူး၊ ကိုယ့်ရင်ထဲမှာ ဖြစ်သွားတဲ့အရာတစ်ခုဟာ အကျိုးပေးရင် ကိုယ့်ပဲ ပေးမှာပေါ့၊ စိတ်ထဲမှာ ဖြစ်တာကိုး။

ရုပ်မှာဖြစ်တာကျ လူတွေက ကြောက်တယ်လေ၊ HIV Positive ဆိုရင် ကြောက်နေပြီနော်၊ စီပိုး, ဘီပိုး, အေပိုး Positive ဆို ကြောက်နေတယ်၊ သံသရာကပါလာတဲ့ လောဘ, ဒေါသ Positive တွေကျတော့ မကြောက်ကြဘူး၊ အဲဒီ လောဘ ဒေါသကမှ ကြောက်စရာကောင်းတာ၊ အဲဒါ Positive ဖြစ်နေတာ၊ အဲဒါတွေကို Negative ဖြစ်အောင် လုပ်ရမယ်၊ မဖြစ်သေးတောင်မှ Non-Activate ဖြစ်အောင် လုပ်ထားဖို့ လိုတယ်နော်၊ နှိမ်ထားရမယ်၊ ဘာနဲ့ နှိမ်ရမလဲ၊ ဒါနနဲ့ နှိမ်ရမယ်၊ သီလနဲ့ နှိမ်ရ [၃၀] မယ်၊ ဘာဝနာနဲ့ နှိမ်ရမယ်၊ အဲဒီအလုပ်ကို လုပ်ထားလို့ရှိရင် သူက Activate မဖြစ်တော့ဘူး၊... Negative ဖြစ်အောင်ကတော့... ဘယ်ကျတော့မှ ဖြစ်မလဲဆိုရင် ရဟန္တာဖြစ်မှ Negative ဖြစ်မှာ။ ရဟန္တာဖြစ်ဖို့ကျတော့ အရင်းအနှီးတွေ အများကြီး ပေးရလိမ့်မယ်၊ ပေးရမယ်ဆိုတာက စွန့်လွှတ်မှုတွေ လုပ်ရမယ်၊ အားလုံး စွန့်လွှတ်ပြီး နိဗ္ဗာန်တစ်ခုတည်း ဦးတည်ပြီးတော့ ကျင့်မှ ဖြစ်တယ်၊ ဒါတောင်မှ ရမယ်လို့ အာမခံတာ မဟုတ်ဘူး၊ ရတာ,မရတာ ကိုယ့်တာဝန် မဟုတ်ဘူးနော်၊ ဒီဘဝ မရရင် နောက်ဘဝကျတော့ ကိုယ်ရဖို့ ရှိတာပေါ့။

မြတ်စွာဘုရားက ဟောထားတာ ရှိတယ်၊ “အေး တရားကို ကြိုးကြိုးစားစား အားထုတ်လို့ရှိရင်”တဲ့ “အခုလောလောဆယ် မရသေးဘူးဆိုတောင် သေခါနီးကျတော့ ရနိုင်တယ်”၊ လူတွေက နောက်ဆုံး Last Chance မှာ သက်စွန့်ကြိုးပမ်း လုပ်တတ်ကြတယ်၊ “သေမှာပဲ၊ မထူးဘူး” ဆိုပြီး [၃၁] အစွမ်းကုန် ကြိုးစားတတ်ကြတယ်၊ “အဲဒီ Last Chance မှာ ရဟန္တာဖြစ်နိုင်တယ်”လို့ ဒီလို ဟောတာ။ မဖြစ်လို့ လွဲသွားရင်လည်း ကိစ္စမရှိဘူး၊ နတ်ပြည်ရောက်သွားမယ်၊ နတ်ပြည်ရောက်သွားရင် တရားနာရမယ်၊ ဟိုမှာ ဘုရားပွင့်သွားတာ မကြာသေးဘူး၊ ဘုရားအကြောင်း ပြောကြတုန်းပဲ ရှိဦးမယ်၊ လူ့ပြည်မှာသာ ကြာနေတာ၊ ကြာနေတော့ ဟိုကျတော့ တရားနာလိုက်ရတာနဲ့ “ဪ - လူ့ပြည်တုန်းက ငါ ကျင့်လာတဲ့တရားတွေပဲ” ဆိုပြီး ချက်ချင်း သဘောပေါက်တယ်၊ ရဟန္တာဖြစ်နိုင်တယ်တဲ့။

အကယ်၍ ပါရမီက နုနယ်သေးတယ်, မလုံလောက်သေးဘူးဆို ကိစ္စမရှိဘူး ထားလိုက်၊ သံသရာလည်တဲ့အခါမှာ ပစ္စေကဗုဒ္ဓ ဖြစ်နိုင်သေးတယ်တဲ့၊ ဒီလိုဆိုတာပဲနော်၊ ပါရမီပြည့်ပြီးတော့ ပေါ့လေ ပစ္စေကဗုဒ္ဓ ဖြစ်နိုင်တယ်၊ သို့မဟုတ်လို့ရှိရင် ဘုရားပွင့်တာနဲ့ ကြုံတဲ့အခါမှာ ကုသိုလ်ကောင်းမှုတွေ ရပြီး တစ်မဂ်တစ်ဖိုလ် ရသွားနိုင်လို့ ဒီလိုပြောတာ။

[၃၂] အဲဒါကြောင့်မို့ လုပ်တာက ကိုယ့်တာဝန်ပဲ၊ ဖြစ်တာက ကိုယ့်တာဝန် မဟုတ်ဘူး၊ “လုပ်နေခြင်းသည် ကိုယ့်အလုပ်၊ ဖြစ်လာခြင်းသည် သူ့အလုပ်” လို့ ခွဲခြားထားပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ်လုပ်မယ်။

ကိုယ်လုပ်ရမယ့်အလုပ်က အခြေခံကနေ စပြီးတော့ ဘာတုန်း? နှုတ်မကျိုးစေနဲ့၊ မကောင်းတဲ့ စရိုက်ဆိုးတွေ ပါမလာစေနဲ့၊ စိတ်ထဲမှာ မရှိအောင် ရှင်းထုတ်၊ နှုတ်ထဲမှာ ပါမလာအောင် ရှင်းထုတ်၊ ကိုယ်ထဲမှာ ပါမလာအောင် ရှင်းထုတ်နော်၊ အဲဒီလို ရှင်းထုတ်တာတွေ လုပ်ထားမှ သန့်ရှင်းပြီးတော့ ကြည်လင်တာ ဖြစ်မယ်တဲ့။

ကဲ - အခု ဒါနကောင်းမှုလုပ်တယ်ဆိုတာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘဆိုတဲ့ အညစ်အကြေးတစ်ခုကို ရှင်းထုတ်တဲ့သဘော၊ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ဒါနကောင်းမှုလို့ ဒီလို ပြောကြတယ်ပေါ့၊ သို့သော် တွယ်တာမှုကို ဖယ်ရှားပစ်တဲ့ [၃၃] သဘောပဲ၊ အဲဒီမှာ စိတ်သဘောထားက တွယ်တာမှုကို ဖယ်ရှားရမယ့်အစား တွယ်တာမှုတစ်ခု ထပ်တိုးလာတတ်တယ်ဆိုတာ သတိထားဦး၊ ဒါနကောင်းမှု လုပ်တဲ့အခါမှာ တွယ်တာမှုကို ဖယ်ရှားတာ ဖြစ်ရမယ်၊ မဖယ်ရှားဘဲနဲ့ “ညောင်စေ့ကလေးလောက် လှူပြီးနောက် ညောင်ပင်ကြီးလောက် ခံစားမယ်” ဆိုတဲ့ အတွေးနဲ့တော့ မလှူနဲ့၊ အဲဒီလို လှူလို့ရှိရင် ဒီတစ်ခုကို လွှတ်ပြီး နောက်တစ်ခုအတွက် တွယ်တာမှုတဏှာက ရှင်းမထုတ်ဘဲ ထပ်ပိုးလာတဲ့သဘော ဖြစ်သွားတယ်။

ဒါနဆိုတာ ... တကယ်တော့ .. အလောဘပဲ နော်၊ ပစ္စည်းပေါ်မှာ တွယ်တာမှုကို စွန့်လွှတ်ရတာ၊ “ထောင်မြင် ရာစွန့်” ဆိုတာ မလုပ်နဲ့ပေါ့၊ အတွေးထဲမှာ မထားနဲ့ပေါ့၊ “လုပ်သင့်လို့ လုပ်တယ်”လို့ပဲ ထား၊ ဒါနကောင်းမှုကုသိုလ်ဆိုတာ လုပ်ကို လုပ်ရမယ်၊ ဘုရားအစရှိတဲ့ သူတော်ကောင်းတွေ ကျင့်သွားတဲ့လမ်းစဉ် ဖြစ်တယ်၊ လုပ်ရမယ်၊ ဒါ တစ်ခု။

[၃၄] နောက်တစ်ခုက “အေး - တို့က စီးပွားရှာနေမယ်၊ ဘုရားတရားတော်တွေကို ကျက်မှတ်နေကြတဲ့သံဃာတွေက စီးပွားမရှာရဘူး၊ တို့အနေနဲ့ တာဝန်ဝတ္တရားအရ လုပ်ကို လုပ်ရမယ်၊ (သို့မဟုတ်) မြတ်စွာဘုရားဟောတဲ့တရားတွေကို မပျောက်ပျက်အောင် ကျက်မှတ်ထိန်းသိမ်းနေတဲ့ ဒီလိုသံဃာတွေကို လှူဒါန်းထောက်ပံ့ပေးမှ ... သာသနာဆိုတာ တည်တံ့နိုင်တယ်၊ သာသနာတည်မှ မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေ ကြားနာရမယ်၊ ဒီအခွင့်အရေးတွေ ... တို့ရဲ့သားမြေးစဉ်ဆက် ဘယ်သူမှ မပျောက်ပျက်အောင် တို့ပြည်တို့ရွာ တို့သာသနာမှာ တို့လုပ်သင့်တယ်”ဆိုပြီးတော့ လှူတဲ့အလှူမျိုး။

နောက်တစ်နည်းက “မြတ်စွာဘုရားသာသနာ အရှည်တည်ပါစေ၊ အရှည်တည်မှ လူတွေ ဘုရားအဆုံးအမရပြီးတော့ လိမ္မာယဉ်ကျေးကြမှာ ဖြစ်တယ်၊ စိတ်နှလုံးတွေ နူးညံ့ကြမှာ ဖြစ်တယ်”လို့ ဆိုတဲ့ [၃၅] ချီးမြှောက်လိုတဲ့ စိတ်ဓာတ်ကလေးနဲ့ လှူဖို့ လိုတယ်တဲ့။

“ဒီဒါနအကျိုးကို နောင်ဘဝ ငါခံစားမယ်” ဆိုရင်တော့ Give and Take ဖြစ်သွားမယ်နော်၊ တဏှာကို တစ်ဖက်ကစွန့်ပြီး တစ်ဖက်က ယူတာ ဖြစ်နေတယ်နော်၊ အဲဒါကို ‘အပေးအယူ’လို့ ခေါ်တယ်နော်၊ အပေးသက်သက် မဟုတ်ဘူး၊ အယူပါ ပါလာတာ၊ အယူနဲ့ တွဲဖက်လာတာ၊ Give and Take ပေါ့၊ ‘အပေးအယူ' လုပ်တယ်၊ မင်္ဂလာဈေးထဲမှာ နေ့တိုင်း အပေးအယူလုပ်ကြတယ်၊ ဒီက ကုန်ပစ္စည်း ပေးလိုက်၊ ဟိုက ပိုက်ဆံယူလိုက်၊ တစ်ဖက်က ပိုက်ဆံကို ယူလိုက်၊ တစ်ဖက်က ကုန်ပစ္စည်း ပေးလိုက်နော်၊ အပေးအယူဆိုတာ အရောင်းအဝယ်ပဲလေ၊ ပေးတယ်ယူတယ်၊ အရောင်းအဝယ်လုပ်တာမျိုး ဖြစ်သွားပြန်ရော၊ အဲဒီလို မဖြစ်အောင် မွန်မြတ်တဲ့ဒါနမျိုးဖြစ်အောင် ကြိုးစားအားထုတ်ကြဖို့ လိုအပ်တယ်ပေါ့၊ အရေးကြီးဆုံးက စိတ်နေသဘောထားပဲ၊ [၃၆] တို့လုပ်သင့်တဲ့အလုပ် လုပ်ရပြီလို့ ဝမ်းသာစရာဖြစ်သည်။

ကဲ - ကောင်းပြီ၊ ဒီဒါနလုပ်ပြီးတဲ့အခါမှာ ဒါနရဲ့အကျိုးတရားကို ကြည့်လိုက်၊ ဘဝသံသရာမှာ လူဖြစ်ရင်လည်း အဆင်ပြေ၊ ကြည့်လေ၊ ဒါန ရှိသူနဲ့ မရှိသူဟာ ဘယ်ဘဝရောက်ရောက် ကွာသွားတယ်၊ နောက်ဆုံးမှာ ပြောရမယ်ဆိုရင် ခွေးဖြစ်သွားလည်း ဒါနရှိတဲ့ခွေး (ဒါနလုပ်ခဲ့တဲ့ဘဝက လာတဲ့ခွေး)ကျတော့ သူဌေးအိမ်မှာ ကားတွေဘာတွေ စီးလို့၊ ကောင်းတာတွေ စားလို့၊ ကြက်ဥတို့ အသားတို့ အဲဒီလိုကောင်းတာတွေ စားရတာ။

ဒါနမရှိတဲ့ခွေးကျတော့ ဟိုအမှိုက်ပုံထဲ နှိုက်၊ ဒီအမှိုက်ပုံထဲ နှိုက်၊ ဒီအထဲမှာ ခဲနဲ့အထုခံရတာတို့ ရေနွေးပူနဲ့ အလောင်းခံရတာတို့ ရှိတယ်၊ ကွဲပြားခြားနားပုံလေးကို ပြောတာ၊ ဒါ သတိထားရမှာလေ၊ ကိုယ့်မျက်စိအောက်မှာ တွေ့နေရတာတွေ မတူဘူးဆိုတာ တွေ့ရတယ်၊ အဲဒီတော့ ဒါနဟာ လုပ်သင့် [၃၇] သလား မလုပ်သင့်ဘူးလားဆိုတာ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပေါ့။

ကြည့်ပါလား၊ မတော်တဆ တိရစ္ဆာန်ဖြစ်သွားတာတောင် ဒါနရှိတဲ့အကောင်က ချမ်းချမ်းသာသာ နေရတယ်၊ ဒါနမရှိတဲ့အကောင်က ဆင်းဆင်းရဲရဲနေရတယ်၊ ကဲ - လူထဲလည်း ကြည့်ဦး၊ မင်္ဂလာဈေးထဲမှာ အထုပ်ထမ်းနေရတဲ့သူတွေ ရှိတယ်၊ ဆိုင်ပိုင်ရှင်တွေ ရှိတယ်၊ အကူလုပ်နေတဲ့လူတွေလည်း ရှိတယ်၊ အဲဒါ ဘာလို့ ကွဲနေတာလဲ၊ “ဘယ်သူမပြု မိမိမှု”ပဲ နော်၊ ကိုယ်ကိုယ်တိုင်က ဒါနကောင်းမှု နည်းပါးလာတဲ့အချိန်ကျတော့ လူ့ဘဝ ရောက်လာပေမယ့်လို့ တစ်ယောက်နဲ့ တစ်ယောက် မတူတာတွေ ဖြစ်လာတယ်။

ဒီမေးခွန်းလေးကို အဖြေထုတ်ကြည့်ပေါ့၊ ဒါနဆိုတာ လုပ်သင့်သလား? .. မလုပ်သင့်ဘူးလား? တော်ကြာကျတော့ “ဒါနဟာ သံသရာရှည်တယ်၊ ဒါနလုပ်စရာမလိုဘူး”လို့ ဟောတာနဲ့ သွားတိုးနေ [၃၈] လို့ရှိရင်၊ ဟော- နဂိုကမှ ပိုက်ဆံကုန်မှာလည်း ကြောက်ကြောက်ဆိုတော့၊ ဒါနမလုပ်ဘဲနဲ့ နေရင် နောင်ဘဝမှာ ပိုဆိုးမယ်နော်၊ အတွေးတွေ လွဲသွားတတ်တယ်တဲ့။

ဘုရားအလောင်း ပါရမီဖြည့်တာ ကြည့်လေ၊ သုမေဓာဘဝမှာ ဒါနက စလိုက်တာ၊ အကြီးအကျယ် လှူတာပဲလေ၊ နောက်ဆုံးပါရမီဖြည့်တဲ့ဘဝလို့ ဆိုတဲ့ ဝေဿန္တရာဘဝမှာတောင် တိုင်းပြည်က နှင်ထုတ်ခံရသည့်တိုင် လှူတာပဲ၊ သားလှူတယ်၊ သမီးလှူတယ်၊ ဇနီးလှူတယ်၊ ဟော- လှူတာမှ အကုန်လှူတာ၊ နောက်ဆုံး သူ့ပဲ လှူဖို့ ကျန်တော့တာနော်၊ အဲဒီလောက်ထိအောင် ဒါနကောင်းမှု လုပ်သွားတာ၊ ဒါတွေကို သတိထားပြီးတော့ ကြည့်ရမယ်၊ ဝိပဿနာသန်တဲ့သူက “ဝိပဿနာပဲ လုပ်၊ ဒါနလုပ်စရာ မလိုဘူး”လို့များ ပြောမယ်ဆိုလို့ရှိရင် နားမယောင်လေနဲ့နော်၊ သူ့ အပိုင်းနဲ့ သူပဲ။

[၃၉] ဒါနဆိုတာ ပိုက်ဆံချမ်းသာမှ လုပ်လို့ရတယ် လို့လည်း မတွက်လေနဲ့၊ ကိုယ်စားနေတဲ့အထဲက လှူတာလည်း ဒါနပဲနော်၊ တစ်နေ့ကို ထမင်းတစ်လုပ် လျှော့စားလို့ ပိန်တဲ့သူ မရှိပါဘူး၊ တချို့ ဝိတ်တောင် ချနေတယ်၊ အဲဒီဝိတ်ချတဲ့အထဲကလည်း လှူလို့ရတာပဲ၊ အဲဒီတော့ ဒါနကောင်းမှုဆိုတာ လုပ်တတ်ရင် ဖြစ်ပါတယ်။

မြတ်စွာဘုရားက ဘယ်လောက်ထိ ဟောထားတုန်းဆိုတော့ ကိုယ့်ရဲ့စားကြွင်းစားကျန် အိုးခွက်ကလေးဘာလေး ဆေးတာကြောတာကအစ သွန်တဲ့အခါမှာ “တိရစ္ဆာန်လေးတွေ စားကြပါစေ” လို့ အာရုံပြုလိုက်ပါတဲ့၊ အဲဒီဒါနရဲ့အကျိုးက ... ကိုယ့်ဆီ ရောက်တာပဲ၊ ဝစ္ဆဂေါတ္တသုတ်မှာ ဟောထားတယ်၊ ဝစ္ဆဂေါတ္တသုတ်ဟာ အင်္ဂုတ္တရနိကာယ်မှာ ရှိတယ်၊ မြတ်စွာဘုရားက ဒါနနဲ့ပတ်သက်ပြီး အဲဒီလောက်ထိအောင် ဟောထားတာနော်၊ အဲဒီတော့ ဒါနဖြစ်ဖို့ဆိုတာ ပိုက်ဆံချမ်းသာမှ ဖြစ်တာ မဟုတ်ဘူး၊ ပိုက်ဆံ [၄၀] ချမ်းသာမှ ဒါနလုပ်နိုင်တာ မဟုတ်ဘူး၊ အားလုံး လုပ်နိုင်ကြတယ်၊ ကောင်းပြီ - ဒါနဆိုတာ လုပ်မိအောင် လုပ်ပါ ကိုယ့်အတိုင်းအတာအရ ဒါနဆိုတာ လုပ်ရမယ်။

ကဲ အဲဒီဒါနကို အခြေခံတဲ့ သမထဝိပဿနာကျတော့ ဘယ်လိုကျင့်မှာတုန်း၊ အခု နှစ်စဉ်နှစ်တိုင်း စာသင်တိုက်ကြီးတွေက သံဃာတွေကို လှူတယ်၊ တန်းတယ်၊ စိတ်ထဲအာရုံထဲ ကြည်နူးတယ်၊ မလှူခင်ကလည်း “လှူမယ်”ဆိုပြီး ဝမ်းသာနေကြတယ်၊ လှူနေတဲ့အချိန်မှာလည်း ဝမ်းသာ၊ လှူပြီးတဲ့နောက်မှာလည်း ဝမ်းသာ၊ ဝမ်းသာမှု ၃-ရပ် ပြည့်စုံပြီဆိုရင် ဒီဒါနဟာ အောင်မြင်တဲ့ဒါန ဖြစ်တယ်။ လှူတာတန်းတာကို စိတ်ထဲအာရုံထဲမှာ မှတ်ထားပြီးတော့ တစ်နေ့ကို တစ်ခါပဲဖြစ်စေ နှစ်ခါဖြစ်စေ အိပ်ရာဝင်အိပ်ရာထလေးမှာ “တို့ ဘယ်တုန်းက ဒါနကောင်းမှုတွေ လုပ်တယ်” ဆိုတာ ကိုယ်လုပ်တဲ့ဒါနတွေကို တစ်နေ့မဟုတ် တစ်ခါမဟုတ် အကြိမ်ကြိမ် [၄၁] ကိုယ့်စိတ်ထဲမှာ ဝမ်းသာအားရ ဖြစ်သည်ထိအောင် အထပ်ထပ် ဆင်ခြင်သုံးသပ်တာကို စာဂါနုဿတိ ကမ္မဋ္ဌာန်းလို့ ခေါ်တာပဲ၊ သမထကျင့်စဉ်တစ်ခု ဖြစ်လာတယ်နော်၊ အဲဒီပေါ်မှာ စိတ်ကလေးငြိမ်လာပြီးလို့ရှိရင် သမထ ဖြစ်လာတာ၊ အဲဒါကို “ဒါန အခြေခံတဲ့ သမထ”လို့ ခေါ်တယ်၊ အဲဒီလို သမာဓိ ရပြီး ပီတိတွေ ဖြစ်လာသည်ထိအောင် ဆင်ခြင်စဉ်းစား၊ အဲဒါက သမထဘာဝနာ။ ဝိပဿနာဖြစ်အောင်ကျတော့ ... စဉ်းစားလို့ လွယ်တယ်၊ အေး “တို့လှူတဲ့ဆွမ်း မရှိတော့ဘူး”၊ အခု ကျောင်းလှူရင်လည်း “ကျောင်းလှူတာ၊ ဟို တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားပြီ” အဝတ်သင်္ကန်း လှူရင်လည်း “အဝတ်သင်္ကန်းဆိုတာ တစ်နှစ် ဝတ်ရုံလိုက်တယ်ဆိုရင် တစ်နှစ်အတွင်းမှာပဲ ဟောင်းနွမ်းသွားတယ်၊ တစ်ခုစီ ဒီလို စဉ်းစားကြည့်ပြီး “ဘယ်အရာမှ မမြဲဘူး၊ တို့ အဲဒီတုန်းက ဖြစ်ခဲ့တဲ့စေတနာတွေကလည်း သင်္ခါရသဘောအရ ပျက်စီးသွားပြီ၊ [၄၂] အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတဲ့သဘာဝတရားတွေဟာ ဖြစ်ပြီးရင် ပျက်သွားတာပဲ၊ တို့လှူတဲ့ဆွမ်း ခဲဘွယ် ဘောဇဉ် ချိုချဉ်အရသာဆိုတဲ့ သဘာဝတရားတွေဟာ ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘာဝတရားတွေ ဖြစ်သောကြောင့် အနိစ္စ၊ မမြဲတဲ့အန္တရာယ်ကြီးက အမြဲတမ်းနှိပ်စက်နေလို့ ဒုက္ခ၊ (ဒုက္ခဆိုတာ အရပ်ထဲမှာ အရောင်းအဝယ် မကောင်းလို့ ညည်းတဲ့ဒုက္ခ မဟုတ်ဘူး)၊ မမြဲတဲ့သဘောတရားကြီးက နှိပ်စက်နေလို့ ဒုက္ခ၊ အဲဒီလို နှိပ်စက်နေတာကို ကိုယ်က ဘာမှ မတတ်နိုင်လို့ အနတ္တ” လို့ ဒီသဘောလေးတွေကို ဆင်ခြင်စဉ်းစားခြင်းအားဖြင့် ဒါနကနေ ဆင့်ပွားပြီးတော့ ဝိပဿနာတရား ဖြစ်လာတယ်။

အဲဒီကနေတစ်ဆင့် အဆင့်မြင့်မြင့် ဆင်ခြင်ရင် ဘယ်လိုဆင်ခြင်မတုန်း၊ “တို့ လှူခဲ့တဲ့တန်းခဲ့တဲ့ ဆွမ်းတွေဆိုတာ ရုပ်တရားတွေပဲ၊ ရုပ်တရားတွေဆိုတာ ဖြစ်ပြီး ပျက်သွားတာပဲ၊ အလှူခံပုဂ္ဂိုလ် ရဟန်းသံဃာတွေဟာလည်း ရုပ်နာမ်တရားတွေပဲ၊ [၄၃] အဲဒီတော့ ရုပ်တရား နာမ်တရားကလွဲလို့ ဘာမှ မရှိဘူး၊ အားလုံးဟာ ရုပ်တရားနာမ်တရားဆိုတာ ဖြစ်ပြီးရင် ပျက်သွားတတ်တဲ့သဘောတွေပဲ” လို့ ဆင်ခြင်ရမယ်။

ဒါနစေတနာဆိုတာက နာမ်တရားလေးပဲ၊ ကလည်း ဖြစ်လာပြီးတဲ့နောက် ... ပျက်သွားတာ၊ အလှူခံပုဂ္ဂိုလ်ဆိုတဲ့ အာရမ္မဏပစ္စည်း၊ အလှူဝတ္ထုဆိုတဲ့ အာရမ္မဏပစ္စည်း၊ အဲဒါကို အကြောင်းပြုပြီးတော့ သဒ္ဓါတို့ အလောဘတို့ ဆိုတဲ့ ဒီတရားတွေ ပေါင်းစုပြီး ဖြစ်ပေါ်လာတတ်တယ်၊ အဲဒါတွေက အာရမ္မဏပစ္စည်းရဲ့အကျိုးတရားတွေပဲလို့-အကြောင်းနဲ့အကျိုးကို ဆင်ခြင်စဉ်းစားလိုက်ရင်လည်း ဒါ ဝိပဿနာလမ်းကြောင်းပေါ် ရောက်လာတာပဲ၊ “ဘယ်အရာမှ မမြဲဘူး၊ အားလုံးဟာ ဖြစ်ပြီးတဲ့နောက် ပျက်သွားတာချည်းပဲ”လို့ ဆင်ခြင်သုံးသပ်နိုင်တယ်။ နောက်ဆုံး အနီးကပ် ဆင်ခြင်သုံးသပ်ချင်ရင်တော့ ဒါနကောင်းမှုကို ဆင်ခြင်သုံးသပ်တဲ့အခါ ပီတိ [၄၄] တွေ ဖြစ်လာတယ်၊ အဲဒီဖြစ်လာတဲ့ပီတိကိုပဲ ဆင်ခြင်တာ၊ “ဪ - စိတ်ထဲမှာ အခုလို လှိုက်လှိုက်လှိုက်လှိုက်နဲ့ ဝမ်းသာလာတာဟာ ပီတိပါလား၊ ဒီပီတိတရားဟာ အာရုံကို အကြောင်းပြုပြီး အာရုံနဲ့ စိတ် နှစ်ခုပေါင်းစပ်လာလို့ ဖြစ်လာတာပါလား” လို့ အကြောင်းတရားကို ဆင်ခြင်တယ်၊ မမြဲတဲ့သဘော အနိစ္စလို့ ဆင်ခြင်တယ်၊ ဒီမမြဲမှုဟာ အမြဲဒုက္ခပေးနေလို့ အနှောင့်အယှက်ပေးနေလို့ ဒုက္ခ၊ ကိုယ် ဘာမှ မတတ်နိုင်လို့ အနတ္တလို့ဆိုတဲ့ ဒီသဘောတရားတွေကို ဆင်ခြင်တယ်၊ ဒါ ဝိပဿနာလမ်းကြောင်းပေါ် ရောက်သွားတယ်။

အဲဒီတော့ ဒါနကို အခြေခံပြီးတော့ သမထကို ကျင့်လို့ ရတယ်၊ ဝိပဿနာကို ကျင့်လို့ ရတယ်၊ ဝိပဿနာကျင့်ခြင်းအားဖြင့် ဘယ်အထိအောင် ရောက်သွားနိုင်တုန်း? ကိုယ့်ပါရမီရှိသည့်အားလျော်စွာ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး နောက်ဆုံး သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်၊ အဲဒီကနေ [၄၅] ဝိပဿနာတိုးမြှင့်လိုက်တဲ့အခါ သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်၊ ဝိပဿနာကို အဆင့်မြှင့်ရင် အနာဂါမိမဂ် အနာဂါမိဖိုလ်၊ အမြင့်ဆုံးကျင့်နိုင်ပြီ ဆိုလို့ရှိရင် ... အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ မဂ်အဆင့်ဆင့် ... တိုးမြင့်သွားတယ်၊ နောက်ဆုံး နိဗ္ဗာန်ဆိုတာကို အပြည့်အဝရရှိကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး “ဒါနအခြေခံတဲ့ သမထဝိပဿနာ”ကို မှတ်သားနာယူကြပြီး သမထဝိပဿနာဖြစ်အောင် ကြိုးစားပွားများနိုင်ကြပါစေကုန်သတည်း။

သာဓု •
သာဓု •
သာဓု။

n9kkqku4k3k6a7vovujq4lj3r308svm
ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား
0
6461
22327
22314
2026-11-05T14:45:08Z
Tejinda
173
22327
wikitext
text/x-wiki
{{header
| title = ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဒါနအခြေခံတဲ့ သမထ ဝိပဿနာ]]
| previous2 =
| next = [[ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား

[၁] သာသနာတော်နှစ် ၂၅၅၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ်၊ နယုန်လပြည့်ကျော် (၅)ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇွန်လ(၉)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိ ဓမ္မဗိမာန်တော် အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနား၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး မိဘဘိုးဘွား ဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင် အမတဒါန ဓမ္မဒါနအဖြစ် ဟောကြားအပ်သော “ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား” အကြောင်း တရားဒေသနာတော်။

ဒုဂ္ဂတိဘုံဆိုတာ

ဒုဂ္ဂတိဆိုတာ ပါဠိစကားလုံးဖြစ်တယ်။ “ဒုက္ခဿ ဂတိ ဒုဂ္ဂတိ” ဆင်းရဲဒုက္ခတို့ရဲ့ လားရာဘုံဌာနကို ဒုဂ္ဂတိလို့ ခေါ်တာ။ လောကသတ္တဝါတွေဟာ မကောင်းမှု အကုသိုလ်တွေပြုလို့ မကောင်းမှု အကုသိုလ်တွေရဲ့ အကျိုးပေးရာဖြစ်တဲ့ ဒုဂ္ဂတိဘုံကို ရောက်ကြရတယ်။ မကောင်းမှု အကုသိုလ်တွေဟာ ဒုဂ္ဂတိဘုံမှာ စုပြုံပြီး အကျိုးပေးလေ့ရှိတယ်။

[၂] သုဂတိဘုံမှာရော အကုသိုလ်က အကျိုးမပေးဘူးလား ဆိုတော့ ပေးတယ်။ သို့သော် သုဂတိဘုံမှာ အကျိုးပေးတဲ့အခါ ဒုက္ခတွေအားလုံး စုပြုံပြီးမပေးဘူး၊ ကုသိုလ်ကံရဲ့ အကျိုးတရား အဖြစ် ချမ်းသာသုခ ခံစားနေရမှုတွေ ရှိတယ်ပေါ့။

သို့သော် ဒုဂ္ဂတိဘုံ ရောက်သွားပြီဆိုရင် အကုသိုလ်တွေ စုပြုံပြီး အကျိုးပေးတာဖြစ်တယ်။ အကုသိုလ်ရဲ့ အကျိုးတရားသည် ဆင်းရဲဒုက္ခသာ ဖြစ်တယ်။ “အကုသလာ သာဝဇ္ဇ ဒုက္ခဝိပါကလက္ခဏာ” တဲ့။ အကုသိုလ်ဆိုတာ အပြစ်ရှိပြီး ဆင်းရဲတဲ့အကျိုးကိုပေးခြင်း လက္ခဏာရှိတယ်။ မကောင်းတဲ့ ဆင်းရဲတဲ့ အကျိုးမှန်သမျှဟာ အကုသိုလ်ရဲ့အကျိုးလို့ ဒီလို သတ်မှတ်တယ်ပေါ့။ ဒါကြောင့် အကုသိုလ်ကံတွေ စုပြုံ အကျိုးပေးရာ ဘုံဌာနမျိုးကို ဒုဂ္ဂတိဘုံလို့ခေါ်တာဖြစ်တယ်။

သုဂတိဘုံဆိုတာ

အဲဒီ ဒုဂ္ဂတိဘုံရဲ့ ဆန့်ကျင်ဘက် ကုသိုလ်ကံတွေ အကျိုးပေးလို့ ချမ်းသာသုခတွေ ရရှိတဲ့ဘုံမျိုးကို သုဂတိဘုံ လို့ ခေါ်တယ်။ ဘုန်းကြီးတို့တတွေ အခုရရှိနေတဲ့ လူ့ဘုံဟာ သုဂတိဘုံ ထဲမှာ ပါတယ်။ “သုခဿ ဂတိ သုဂတိ” ချမ်းသာသုခရဲ့ တည်ရာ ဘုံဌာနလို့ ဆိုလိုတယ်။

[၃] ဂတိငါးမျိုး

ဂတိကို ငါးမျိုးခွဲတာရှိတယ်။ နှစ်မျိုးခွဲရင်တော့ ဒုဂ္ဂတိနဲ့ သုဂတိပေါ့။ ဂတိဆိုတာ သတ္တဝါတွေ ကံအားလျော်စွာ ရောက်ရတဲ့ ဘုံဌာနတွေကို ဂတိလို့ခေါ်တယ်။ အင်္ဂလိပ်လိုတော့ Destination လို့ သုံးတယ်။ ကံအားလျော်စွာ ရောက်ရှိသွားရတဲ့ ဘုံဟာ ငါးမျိုးရှိတယ်။ ငါးမျိုးက ဒုဂ္ဂတိကို သုံးမျိုးခွဲလိုက်တယ်။ အဆိုးဆုံးက “နိရယဂတိ” ငရဲဘုံ၊ အဲဒီထက် နည်းနည်းသက်သာတာက “တိရစ္ဆာနဂတိ” တိရစ္ဆာန်ဘုံ၊ အဲဒီထက် နည်းနည်းသက်သာတာက “ပေတဂတိ” ပြိတ္တာဘုံ။ ဒုက္ခတွေ အင်မတန်မှ များပြားလှတဲ့ ဘုံတွေကို အဆင့်ဆင့် ဒီလိုပြောထားတာ။ နိရယဂတိ၊ တိရစ္ဆာနဂတိ၊ ပေတဂတိ ဆိုပြီး ဒုဂ္ဂတိသုံးမျိုးပေါ့။ သုဂတိကို ခွဲတဲ့အခါ “ဒေဝဂတိ” နတ်ဘုံ, ဗြဟ္မာ့ဘုံနဲ့ “မနုဿဂတိ” လူ့ဘုံဆိုပြီး နှစ်မျိုးပေါ့။ စုပေါင်းတော့ ဒီလိုဂတိငါးမျိုးလို့ မှတ်သားကြရမယ်။

ဘုံဆိုသည်မှာ

သုံးဆယ့်တစ်ဘုံကို ခြုံငုံပြီး ငါးမျိုးခွဲရင် ဒုဂ္ဂတိဘုံက သုံးမျိုး၊ သုဂတိဘုံက နှစ်မျိုး၊ နှစ်မျိုးခွဲတဲ့အခါမှာ ဒုဂ္ဂတိဘုံနဲ့ သုဂတိဘုံ ပေါ့။ ဘုံဆိုသည်မှာ ကံအားလျော်စွာ သတ္တဝါတွေ ဖြစ်ရတဲ့ ဌာနကို ဘုံလို့ပြောတာ။ အဲဒီတော့ သတ္တဝါနဲ့ ဘုံနဲ့၊ ကံနဲ့ ဘုံနဲ့ ဆက်စပ်ပြီးနေတာ။ ဘုံကို မယုံဘူးဆိုတဲ့လူက ကံကိုမယုံဘူး ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ်။

[၄] တချို့က ဘုံနဲ့မြှောက်တယ်ဆိုပြီး ဘုံကိုမယုံဘူး။ မျက်စိနဲ့ မြင်ရတဲ့ လူ့ဘုံနဲ့ တိရစ္ဆာန်ဘုံ ဒီနှစ်ခုပဲလက်ခံတယ်။ ကျန်တာတွေ မျက်စိနဲ့ မမြင်ရလို့ မရှိဘူးလို့ ငြင်းပယ်တယ်။ မျက်စိနဲ့ မမြင်ရလို့ မရှိဘူးဆိုရင် လောကမှာ မရှိတဲ့အရာတွေ ပိုများသွားမယ်။ မျက်စိနဲ့ မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ လောကမှာ ရှိနိုင်တဲ့အရာတွေ အများကြီးပဲ။ တခြားဟာမတွေးနဲ့။ အသံဆိုတာ မျက်စိနဲ့ မြင်ရတာ မဟုတ်ဘူးနော်။ အနံ့ဟာလည်း မျက်စိနဲ့မမြင်ရဘူး။ အရသာဟာလည်း မျက်စိနဲ့ မမြင်ရဘူး။ အထိအတွေ့ကလည်း မျက်စိနဲ့မမြင်ရဘူး။ လောကမှာ မျက်စိနဲ့ မြင်လို့ရတာ ရုပ် ၂၈-ပါးထဲမယ် ရူပါရုံဆိုတဲ့ အဆင်းရုပ်ကလေးတစ်ခုပဲ ရှိတယ်။ ကျန်တဲ့ ၂၇-ပါးဟာ မျက်စိနဲ့ မြင်ရတဲ့ ရုပ်တွေမဟုတ်ဘူး။ ဒါကြောင့် လူတွေရဲ့ မျက်စိအောက် ရောက်တဲ့အရာဟာ အင်မတန်နည်းပါးတယ်။ မမြင်ရပေမယ့် လောကကြီးမှာ ရှိနေတာတွေ အများကြီးပေါ့။ အဲဒီတော့ ကံရယ် ဘုံရယ် သတ္တဝါရယ်ဆိုတာ ဆက်စပ်ပြီးတော့ နားလည်ရမယ့် အရာတွေသာဖြစ်တယ်၊ သတ္တဝါတွေရဲ့ဖြစ်ရာကို ဘုံလို့ခေါ်တယ်။

၃၁-ဘုံနှင့်သတ္တဝါ ဘာကြောင့်ဖြစ်လဲ?

ထိုသတ္တဝါတွေဟာ ဘာ့ကြောင့် အသီးသီး မတူညီတဲ့ ဘုံတွေမှာ ဖြစ်ရသလဲဆိုရင် .. ကံကြောင့်ဖြစ်ရတယ်။ ဒါက မြတ်ဗုဒ္ဓရဲ့ ဟောပြောချက်အရ ကံကြောင့်ဖြစ်တယ်လို့ပြောတာ။

[၅] ကံကြောင့်ဖြစ်တယ်လို့ ဘာကြောင့်ပြောသလဲ။ ဒိဗ္ဗစက္ခုကို အခြေခံပြီးတော့ ရလာတဲ့ ယထာကမ္မူပဂဉာဏ် ဆိုတာ မြတ်စွာဘုရားမှာရှိတယ်။ တဖန် “ဒသဗလ” ဆိုတဲ့ မြတ်စွာဘုရားရဲ့ အားဆယ်မျိုးထဲမှာ ကံနဲ့ပတ်သက်တဲ့ ဉာဏ်တော်ကြီးတစ်ခု ရှိတယ်။ အဲဒီဉာဏ်တွေနဲ့ကြည့်ပြီးတော့ မြတ်စွာဘုရားက ကံကြောင့်လို့ဟောတာဖြစ်တယ်။ မသိဘဲနဲ့ဟောတာမဟုတ်ဘူး။ လက်တွေ့ကြည့်ရှုပြီးတော့မှ ဟောတာမျိုး ဖြစ်တယ်တဲ့။ မြတ်စွာဘုရားဟာ “သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေမိ” လို့ဆိုတဲ့အတိုင်း .. ကိုယ်တိုင် လက်တွေ့သိပြီး၊ မျက်မှောက်ပြုပြီးတဲ့အခါမှ ဟောတာဖြစ်တယ်ပေါ့။ ဒါကြောင့်မို့ သတ္တဝါတွေဟာ ကံကိုအခြေခံပြီးတော့ ကိလေသာတွေရဲ့ အကူအညီနဲ့ ဘဝတွေမှာ ဖြစ်နေကြတယ်။ ကိလေသာ အကူအညီ မပါဘဲနဲ့လည်း ကံတစ်ခုတည်းက အကျိုးမပေးဘူး။ ကိလေသာဆိုတာ အဝိဇ္ဇာနဲ့တဏှာပဲ။ အဝိဇ္ဇာက အမှန်မသိအောင် ဖုံးလွှမ်းတယ်။ တဏှာက တွယ်တာတယ်။ တွယ်တာမှုကို အခြေခံပြီး ကံတရားက ဖန်တီးလိုက်တာဆိုတော့ ကိလေသာနဲ့ကံ ပေါင်းစပ်ပြီး ဘဝတစ်ခုကို ဖန်တီးတယ်ပေါ့။ ဒါက မြတ်စွာဘုရားရဲ့ ဟောပြောချက်။

တခြားဘာသာတွေကတော့ သတ္တဝါတွေ ဘာကြောင့် ဖြစ်လဲဆိုရင် တန်ခိုးရှင်ကြီး ဖန်ဆင်းလို့ ဖြစ်တယ်လို့ ဒီလို ဆိုတယ်။ ဒီအယူအဆဟာ အင်မတန်မှ ရှေးကျတယ် “ဣဿရနိမ္မာနဝါဒ” လို့ ခေါ်တယ်။ ကံကိုငြင်းပယ်ပြီး တန်ခိုးရှင် [၆] ဖန်ဆင်းရှင်ကြီးရဲ့ ဖန်ဆင်းမှုကြောင့် တောတောင်ရေမြေ စတဲ့ သက်မဲ့တွေရော သက်ရှိသတ္တဝါတွေရော ဖြစ်တယ်လို့ဆိုတယ်။ သို့သော် တန်ခိုးရှင်ကြီးဖန်ဆင်းလို့ ဖြစ်တယ်ဆိုတဲ့ အယူအဆကို အားလုံးက လက်ခံတာလားဆိုတော့ လက်မခံဘူး။ တစ်ချို့က ငြင်းပယ်တယ်။ ဘာကြောင့်မှမဟုတ်ဘဲ မတော်တဆ Accidental ဖြစ်လာတာလို့ဆိုကြတယ်။ အကြောင်းမရှိဘူး။ သူ့ဟာသူ ဖြစ်ချင်လို့ ဖြစ်တယ်ဆိုတဲ့ အယူအဆလဲရှိတယ်။

မြတ်စွာဘုရားကတော့ ဖြစ်ချင်လို့ ဖြစ်တာလည်း မဟုတ်ဘူး။ တန်ခိုးရှင်ဖန်ဆင်းလို့ ဖြစ်တာလည်း မဟုတ်ဘူး။ လောကမှာ သတ္တဝါတွေ ဖြစ်လာတယ်ဆိုတာ ကိလေသာနဲ့ပေါင်းစပ်ပြီး ကံတရားရဲ့ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာတာတဲ့။ ဒါဖြင့် ဒီကံက ဘယ်မှာဖြစ်တာလဲဆိုရင် အသီးသီးသော သတ္တဝါတွေရဲ့ နေ့စဉ် တွေးကြံပြောဆိုပြုမူမှုတွေ အပေါ်မှာ ဖြစ်တာ။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး စိတ်နေ သဘောထားချင်း မတူတော့ ပြုလုပ်တဲ့ ကံချင်းကလည်း မတူကြဘူး။ မတူညီတဲ့ ကံပေါ်မှာ အခြေခံပြီး ကံကြမ္မာပုံရိပ်တွေဟာ သတ္တဝါတွေမှာ ထင်ဟပ် ပေါ်လွင်နေတယ်။ ဒါက လွဲမှားစရာ မရှိဘူး။

ထာဝရဘုရားက ဖန်ဆင်းတယ်ဆိုရင် ပုံစံတူပဲ ဖန်ဆင်းရမှာပေါ့။ ဘာပြုလို့တုန်းဆိုရင် သူက မူကလေးလုပ်ပြီး ဖန်ဆင်းရမှာ။ ပန်းပုဆရာဆိုရင် မူလုပ်ပြီးဖန်ဆင်းတာ ပုံတူဖြစ်တာပေါ့။ အဲ သူက ပုံစံမတူအောင် အမျိုးမျိုး ဖန်ဆင်းရတယ်ဆိုရင် တော်တော်လက်ဝင်မှာပဲ။ လိပ်ပြာဆိုတဲ့ Species တစ်ခုတင်ပဲ [၇] ပန်းချီဆရာတွေ ရေးလို့မမှီအောင် ဒီဇိုင်းအမျိုးမျိုးနဲ့လေ။ လိပ်ပြာ ဖန်ဆင်းတာနဲ့တောင် သူ့အသက် လောက်ချင်မှ လောက်မယ်နော်။ လိပ်ပြာဖန်ဆင်းတာနဲ့ပဲ အချိန်တွေ အများကြီးကုန်သွားမယ်။ သို့သော် ပြောကြလိမ့်မယ် တန်ခိုးရှင်ပဲ “ဥုံဖွ” ဆို အကုန်ဖြစ်တယ်လို့။

ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားတော်အရ ကံတရားနဲ့ ဘုံဘဝတွေဟာ ကိလေသာနဲ့ ဆက်စပ်မှုရှိနေတယ်။ ကံတရားကို လက်ခံရင် ဘုံဘဝကိုလည်း လက်ခံရမယ်။ သုံးဆယ့်တစ်ဘုံ ဘာ့ကြောင့်ဖြစ်လဲ? မတူညီတဲ့ ကံတရားတွေကြောင့် ဖြစ်တယ်ပေါ့။

ဒုဂ္ဂတိဘုံသား ပြိတ္တာများ

သတ္တဝါတွေဖြစ်ရာ ဘုံဌာနတွေကို “ဘူမိ” သို့မဟုတ် “ဘဝ” လို့ ဆိုတယ်။ ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကားမှာ ဒုဂ္ဂတိဘုံသားဆိုတာ ဘယ်သူတွေကို ပြောတာလဲဆိုရင် စဉ်ဆက်မပြတ် ဒုက္ခတွေကျရောက်နေတဲ့ ငရဲသူ ငရဲသား သတ္တဝါတွေ၊ တိရစ္ဆာန်တွေ၊ ပြိတ္တာတွေပဲဖြစ်တယ်။ အဲဒီတော့ “ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကား” ဆိုတာ ပေတဝတ္ထု ပါဠိတော်မှာလာတဲ့ လူ့ဘုံ လူ့ဘဝနဲ့ ဆက်စပ်ပြီး အကုသိုလ်ရဲ့အကျိုးကို ခံနေရတဲ့ သတ္တဝါအချို့ရဲ့ အမှာစကားကို ဆိုလိုတယ်။

ပိဋကတ်သုံးပုံထဲမယ် ပေတဝတ္ထုဆိုတာ ရှိတယ်။ ပြိတ္တာတွေရဲ့ အကြောင်းကို စုစည်းဖော်ပြထားတဲ့ စာပေဖြစ်တယ်။

[၈] လူ့ဘဝ အဆုံးသတ်သွားတဲ့အခါ ဒုဂ္ဂတိဘုံ ရောက်သွားတယ်။ နောက်ဆုံး လွတ်လာတဲ့အခါ လူ့ဘဝမရောက်သေးဘဲနဲ့ ပြိတ္တာဘုံ ရောက်ရှိနေကြတယ်။ ရံဖန်ရံခါ လူ့ဘဝကနေ တိုက်ရိုက် ရောက်သွားတာလည်း ရှိတယ်ပေါ့။ ခုခေတ် တစ္ဆေတို့ သရဲတို့ လည်း ပါဝင်တယ်ပေါ့။ သူတို့ပြောတဲ့ အမှာစကားတွေကို ပေတဝတ္ထုပါဠိတော်မှ ကောက်နှုတ်ပြီး ဟောပြောမှာဖြစ်တယ်။

Reasonable ဖြစ်တဲ့ ပေတဝတ္ထု

ဒီပေတဝတ္ထု ပါဠိတော်ဆိုတာ ယုံတမ်းစကားလားလို့ မေးစရာရှိတယ်။ သို့သော် အကြောင်းနဲ့ အကျိုးနဲ့ ဘာ့ကြောင့် ဖြစ်တယ် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာတွေနဲ့ဖော်ပြတာဖြစ်တယ်။ အရမ်းမဲ့ဖော်ပြတာ မဟုတ်ဘူး။ ဘယ်တုန်းက ဘာတွေဖြစ်ခဲ့တယ်၊ ဘာဖြစ်ပြီး ဘာတွေလုပ်ခဲ့လို့ ဒီဘဝရောက်တော့ ဒီဒုက္ခတွေ ခံစားနေရတယ်ဆိုတာကို အကြောင်းနဲ့ အကျိုးနဲ့ အသေးစိတ်ဖော်ပြတာဖြစ်သောကြောင့် Reasonable ဖြစ်တယ်။

လူတွေဟာ ယုတ္တိမရှိတာတွေတောင်မှ လက်ခံနေကြတာပေါ့။ ဒီပေတဝတ္ထုဆိုတာ အင်မတန်မှ ယုတ္တိရှိတဲ့ အရာတွေပဲ ဖြစ်တယ်။ ကိုယ်ကိုယ်တိုင် မမြင်ရ မကြားရပေမယ့်လို့ အကြောင်းနဲ့အကျိုးကိုက်ညီရင် လက်ခံရတာတွေအများကြီးပဲ။ ပိဋကတ်ထဲမှာ ပါတာထက် ပိုများတဲ့ အကြောင်းအရာတွေ ရှိသော်လည်း အားလုံးကို မှတ်တမ်းတင်နိုင်တာတော့ မဟုတ်ဘူး။

[၉] ငါးရာ့ငါးဆယ် နည်းသေးတယ်

မြတ်စွာဘုရား ပါရမီဖြည့်တဲ့ ဘဝပဲကြည့် - “ငါးရာ့ ငါးဆယ်” ပဲ မှတ်တမ်းတင်နိုင်တာ။ စာထဲမှာ “ငါးရာ့ လေးဆယ့်ခုနစ်ဇာတ်”ပဲ ရှိတာနော်။ လေးအသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းမှာဖြစ်တဲ့ ဘဝဟာ နည်းတဲ့ဘဝလား။ တစ်ကမ္ဘာမှာတောင် ငါးရာ့ငါးဆယ် မကနိုင်ဘူးလေ။ သို့သော် မြတ်စွာဘုရား အလောင်းဟာ ဘဝပေါင်း ငါးရာ့ငါးဆယ်ပဲ ဖြစ်ခဲ့တာလား၊ ဒို့ပြင်မရှိဘူးလားလို့ မေးစရာရှိတယ်။

တစ်ခါတုန်းက သိသပါဝန ဆိုတဲ့ ယင်းတိုက်တောကြီးထဲမှာ ကြွေကျနေတဲ့ ယင်းတိုက်ရွက်ကလေးတွေကို လက်ထဲမှာ ဆုပ်ကိုင်ပြီး “ချစ်သားရဟန်းတို့၊ ငါဘုရားလက်ထဲမှာ ရှိနေတဲ့ အရွက်ကလေးတွေနဲ့ တောကြီးထဲမှာရှိနေတဲ့ အရွက်တွေ ဘယ်ဟာကပိုများလဲ”လို့ မေးတယ်။ “တောထဲက မရေမတွက်နိုင်အောင် များပါတယ်၊ အရှင်ဘုရားလက်ထဲမှာ နည်းနည်းလေးပဲ ရှိပါတယ်”“အဲဒီအတိုင်းပဲ၊ ငါသိပြီး မပြောတာတွေက အများကြီးပဲ” တဲ့နော်။

မြတ်စွာဘုရားဟောခဲ့တာနည်းနည်းပဲ။ သိသမျှဟောမယ်ဆိုရင်လည်း ဆုံးနိုင်ဖွယ်ရာမရှိဘူးပေါ့။ အတိတ်ဘဝ ဇာတ်တော်ကို ပြန်ဟောတယ်ဆိုတဲ့ နေရာမှာလည်းပဲ အင်မတန်မှ နည်းပါးတဲ့ ဇာတ်ကြောင်းတွေလောက်ပဲ အကြောင်းပေါ် လာတဲ့အခါမှာ ဟောတာမျိုးဖြစ်တယ်။ ငါးရာ့ငါးဆယ်ဆိုတာ အလွန်ကို နည်းတယ်ပေါ့။ ငါးရာ့ငါးဆယ်ထဲမပါတဲ့ ဇာတ်လမ်းတွေလည်း [၁၀] ပိဋကတ်သုံးပုံထဲမှာ ရှိနေသေးတယ်။ ဥပမာ အင်္ဂုတ္ထိုရ်ထဲမှာ ပါတဲ့ “သစေတနသုတ်” တို့လိုဟာမျိုးပေါ့။ အဲဒီလို စာပေကို အကြောင်းနဲ့အကျိုးနဲ့ သေချာ လေ့လာသုံးသပ်ကြည့်ရင် မှတ်တမ်းတင်ထားတာဟာ အင်မတန်မှနည်းတယ်။ ဒီလောက် နည်းတာတောင် ဘုန်းကြီးတို့တတွေ တိုတောင်းလှတဲ့ ဘဝ အတွင်းမှာ သိရှိမှတ်သားဖို့ များနေသေးတယ်လို့ပဲ ပြောရမှာနော်။

အကြောင်းနဲ့အကျိုး

အေး-ကောင်းပြီ၊ မြတ်စွာဘုရားရဲ့ တရားတော်ဟာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်လို့ဆိုတဲ့ လည်ပတ်ပြီး ဖြစ်နေတဲ့ သဘာဝတရားတွေ ဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်အရပြောရင် အကြောင်းတရားတစ်ခုကို အမှီပြုပြီး အကျိုးတရားတွေကို ထုတ်လုပ်နေတဲ့ အကြောင်းတရားတွေ၊ အကြောင်းတရားက ထုတ်လုပ်ထားတဲ့ အကျိုးတရားတွေ ဖြစ်တယ်။ ဒါတွေဟာ စဉ်ဆက်မပြတ် ဖြစ်နေသည့်အတွက် ဘဝဆိုတာ ဖြစ်တယ်လို့ မှန်ကန်တဲ့အမြင်နဲ့ သိဖို့လိုတယ်။ အကြောင်းနဲ့အကျိုး ဆက်စပ်ပြီး ဖြစ်နေတာဆိုရင် အကျိုးကို မလိုချင်တဲ့အခါ အကြောင်းကို ဖယ်ရှားဖို့လိုတယ်ပေါ့။ အကြောင်းတွေ ဖယ်ရှားနိုင်ဖို့ နည်းစနစ်တွေကိုလည်း မြတ်စွာဘုရားက ဟောပြောခဲ့တယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာလည်း ဟောထားတယ်။ ဖြစ်တာတွေကို မလိုချင်တော့ဘူး ဆိုရင်လည်း ဘယ်နည်းနဲ့ ချုပ်ငြိမ်းအောင် လုပ်လို့ [၁၁] ရတယ် ဆိုတာကိုလည်း ဟောခဲ့တယ်။ အင်မတန်မှ ပြီးပြည့်စုံတဲ့ တရားဓမ္မတွေပဲ။

သံသရာဝဋ်က လွတ်တဲ့နည်း

သံသရာဝဋ်က လွတ်ဖို့ဆိုတာ တရားမကျင့်ဘဲနဲ့ လွတ်နိုင်တာ မဟုတ်ဘူး။ အကြောင်းကို ဖယ်ရှားဖို့ဆိုတာ မှန်ကန်တဲ့ နည်းလမ်းကို မသုံးဘဲနဲ့ ဖယ်ရှားလို့ရတာမဟုတ်ဘူး။ ဖယ်ရှားလို့ ရမယ်ဆိုရင် အလွယ်တကူ လူတိုင်းဖယ်ရှားမှာပေါ့။ မှန်ကန်တဲ့ အကျင့်လို့ခေါ်တဲ့ “ဗြဟ္မစရိယ” မြတ်သောအကျင့်ကို ကျင့်သုံးခြင်းဖြင့် ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကို ဖယ်ရှားနိုင်တယ်။ ဆိုပါစို့- သံသရာဝဋ်က လွတ်ချင်တယ်ဆိုရင် ကိလေသာတွေကို ဖယ်ရှားရမယ်။ ကိလေသာတွေကို ဖယ်ရှားခြင်းဖြင့် ကံကိုဖယ်ရှားပြီးဖြစ်သွားတယ်။ ကိလေသာနဲ့ကံကို ဖယ်ရှားခြင်းအားဖြင့် ဝိပါကဆိုတဲ့ အကျိုးတရားတွေဟာ မလာတော့ဘူး။ ဒါ သံသရာဝဋ်က လွတ်တဲ့နည်းပဲ။

သတ္တဝါဘယ်လိုဖြစ်?

ကံကို တိုက်ရိုက်ဖယ်ရှားလို့ မရဘူး။ ဘာဖြစ်လို့တုန်း၊ ဆိုပါစို့ စိတ်ကူးတယ်ဆိုတဲ့ မနောကံ မိမိသန္တာန်မှာ ဖြစ်သွားပြီ၊ ဖြစ်သွားပြီးတဲ့နောက်မှာ “မဖြစ်ဘူး”လို့ ငြင်းဆိုလို့မှ မရတာ။ နှုတ်ကပြောပြီးရင်လည်း ပြောပြီးသွားပြီ။ ကိုယ်ထိလက်ရောက် လုပ်ပြီးသွားရင်လည်း လုပ်ပြီးသွားပြီ။

[၁၂] ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

အဲဒီ ကြံစည်မှု၊ ပြောဆိုမှု၊ လုပ်ကိုင်မှုရဲ့နောက်မှာ စွမ်းအားပြည့်နေတဲ့ စေတနာတွန်းအားလေးတွေဟာ စိတ်အစဉ် Remain ဖြစ်သွားပြီပေါ့။ Accumulate ဖြစ်သွားပြီ။ Accumulate ဖြစ်သွားတယ်ဆိုတာ မျိုးစေ့ပါတဲ့ အသီးလေး သီးလာတာ။ အသီးလေးဟာ တဖြည်းဖြည်း ရင့်လာပြီ၊ မြေနဲ့ ရေနဲ့ တွေ့ရင် ပေါက်မယ့်အနေအထား ရောက်တာပဲ။ ဒီလိုဆိုလိုတာပေါ့။

မျိုးစေ့ထဲမှာ သတ္တိဝင်သွားသလို သတ္တဝါတွေရဲ့ စိတ်အစဉ်ထဲမှာလည်း သတ္တိလေးတွေ ဝင်သွားတာ။ ဘာသတ္တိတုန်းဆိုတော့ ကမ္မသတ္တိ၊ အာသေဝနသတ္တိ၊ ပံ့ပိုးတဲ့ ကျန်တဲ့သတ္တိတွေ အတ္ထိသတ္တိတို့၊ အဝိဂတသတ္တိတို့ ဖြစ်တယ်ပေါ့။ သတ္တဝါတွေရဲ့ စိတ်အစဉ်မှာ ကံရဲ့စွမ်းရည်သတ္တိတွေ ပျံ့နှံ့စိမ့်ဝင်သွားတဲ့အခါ ကိလေသာရဲ့ အကူအညီရတာနဲ့ တစ်ပြိုင်နက် ဘဝတစ်ခုဖြစ်ဖို့ရာ အဆင်သင့် ဖြစ်လာတယ်။ ဒီလိုနဲ့ သတ္တဝါတွေဟာ စဉ်ဆက်မပြတ် ဖြစ်နေတယ်။ ဒီလိုဆိုတာပေါ့နော်။

ဗုဒ္ဓမြတ်စွာရဲ့ ကမ္မဝါဒ

အဲဒီတော့ ဗုဒ္ဓမြတ်စွာရဲ့ ကမ္မဝါဒနဲ့ တခြားကမ္မဝါဒတွေ တူသလား? ဥပမာ ဗုဒ္ဓပွင့်တော်မူခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ဗြဟ္မဏတွေလည်း ကံရှိတယ်လို့ လက်ခံတယ်။ ဒီနေ့ခေတ် Hinduism ဟိန္ဒူဝါဒကလည်း ကံကိုလက်ခံတယ်။ ဗုဒ္ဓဝါဒကလည်း ကံကို လက်ခံတယ်။ နောက် Jainism ကလည်း ကံကိုလက်ခံတယ်။

[၁၃] သို့သော် ကံလို့ပြောလိုက်တာနဲ့ တူသလားဆိုရင် မတူညီတဲ့ အချက်တွေ အများကြီးရှိတယ်။

မြတ်စွာဘုရားက ... ကံဆိုတာ ... စေတနာကိုပြောတာ။ စေတနာဆိုတာ လူတွေရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ သဘာဝ တွန်းအားတစ်ခုပဲ။ တွန်းအားဆိုတာ ကြံစည်အောင် လှုံ့ဆော်တယ်၊ ပြောဆိုမိအောင် လှုံ့ဆော်တယ်၊ လုပ်မိအောင် လှုံ့ဆော်တယ်။ အဲဒီ လှုံ့ဆော်တဲ့ တွန်းအားကို ကံလို့ခေါ်တာ။ တွန်းအားဟာ တွန်းအားသက်သက်မျှသာ ဖြစ်တယ်။ ငါလည်းမဟုတ်ဘူး၊ ငါ့ဟာလည်းမဟုတ်ဘူး၊ ထာဝရမြဲတဲ့ အရာလည်း မဟုတ်ဘူး။ ဆိုင်ရာအကြောင်းတွေကြောင့် ဆက်လက်ဖြစ်ပေါ်နေခြင်းမျှသာ ဖြစ်တယ်။ သင်္ခါရတရား သက်သက်မျှသာ ဖြစ်တယ်လို့ မြတ်စွာဘုရားက ဒီလိုဟောပြောတယ်။

ဟိန္ဒူဝါဒကတော့ မဟုတ်ဘူး။ ဒီကံဆိုသည်မှာ အတ္တရဲ့ တွေးခေါ်မှု၊ အတ္တရဲ့ပြောဆိုမှု၊ အတ္တရဲ့လုပ်ကိုင်မှုတွေသာ ဖြစ်တယ်။ ပြုလုပ်သူက အမြဲတမ်းရှိနေတယ်။ ဗုဒ္ဓဘာသာမှာ ပြုလုပ်သူမရှိဘူး၊ ခံစားသူလည်းမရှိဘူး၊ ပြုလုပ်သူဆိုတာ အကြောင်းတရား၊ ခံစားသူဆိုတာ အကျိုးတရား။ Hinduism မှာတော့ ပြုလုပ်သူဆိုတာ အတ္တ၊ ခံစားသူဆိုတာလည်း အတ္တ၊ ထာဝရမြဲတဲ့ အရာလေးတစ်ခုဖြစ်တယ်။ မြတ်စွာဘုရားကတော့ အားလုံးကို အနတ္တလို့ ဟောတယ်။

အနတ္တဆိုတာ ဆိုင်ရာ အကြောင်းတရားတွေကြောင့် ဖြစ်လာတာ။ စဉ်းစားကြည့်ပေါ့၊ ထင်ရှားအောင်ပြောမယ်ဆိုရင် [၁၄] ကိုယ့်အိမ်မှာ သရက်ပင်လေး တစ်ပင်စိုက်တယ်။ ကိုယ်လုပ်ပေးနိုင်တာ ဘာလဲဆိုတော့ အစေ့လေးကို မြေကြီးထဲထည့်ပြီး ရေလောင်းပေးတယ်။ ဒါပဲ ကိုယ်တတ်နိုင်တာ။ သရက်စေ့က အမြစ်ထွက်လာတာတို့၊ အညှောင့်ထွက်လာတာတို့၊ အပင်ကြီးထွား အကိုင်းအခက်တွေ ထွက်လာတာတို့၊ အပွင့်ပွင့်တာတို့၊ အသီးသီးတာတို့ဟာ ကိုယ်လုပ်တာ မဟုတ်ဘူး။ ဆိုင်ရာ အကြောင်းတရားတွေကလုပ်တာ။ သရက်စေ့ကိုက ကိုယ်လုပ်တာ မဟုတ်ဘူး။ ဆိုင်ရာ အကြောင်းတရားတွေက ဆိုင်ရာ အကျိုးတရားတွေကို ဖြစ်စေတာပေါ့။ သို့သော် ကိုယ်နဲ့ ဆက်စပ်နေတာ ဖြစ်သောကြောင့် လူတွေက “ငါစိုက်တာ ငါ့အပင် ငါ့အသီး” နဲ့ ဒီလိုပြောကြတာကိုး။

အဲဒါလိုပဲ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ကံတရားတွေကိုလည်း “ငါ့ကံ ငါလုပ်တာ”လို့ပြောတာဟာ ဆက်စပ်နေလို့သာ ပြောလို့ရတာ။ တကယ်တော့ ကိုယ်လုပ်တာ မဟုတ်ဘူးတဲ့။ အကြောင်းတရားတွေ ဆုံစည်းပြီး ဖြစ်ပေါ်သွားတာလို့ ဆိုတာနော်။

အဆင့်မြင့်တဲ့ ဝိပဿနာဉာဏ်နဲ့ ကြည့်တဲ့အခါ ငါဆိုတာ မရှိဘူး၊ ငါ့ဟာဆိုတာမရှိဘူး။ ငါမှမရှိရင် ငါ့ဟာဘယ်ရှိမတုန်း။ ဒီလို အမှန်မြင်နိုင်မှ အမှားမြင်တဲ့ အဝိဇ္ဇာကို ဖယ်ရှားနိုင်မယ်။ အဝိဇ္ဇာမရှိမှ တွယ်တာမှု တဏှာဆိုတာ ပယ်နိုင်မှာ။ တွယ်တာမှု တဏှာပယ်နိုင်မှ ကံတရားတွေက အကျိုးပေးလို့ မရမှာ။ ဒါဟာ သံသရာပြတ်ဖို့အတွက်ပဲ။

[၁၅] ဒါကြောင့် “တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော”လို့ ဟောတာ။ အစပိုင်းမှာ “အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော” ပေါ့။ ဒါ သူ့ဟာသူ ချုပ်တဲ့ အချုပ်လားဆိုတော့ မဟုတ်ဘူး။ “အသေသ ဝိရာဂနိရောဓာ” ဝိရာဂလို့ခေါ်တဲ့ အဝိဇ္ဇာကို ချုပ်အောင်လုပ်နိုင်တဲ့ မဂ်ဉာဏ်မျိုး ဖြစ်ပေါ်တာကို ဆိုလိုတယ်။ သူ့ဟာသူ ချုပ်တဲ့ အချုပ်မျိုးမဟုတ်ဘူး။ တရားကျင့်လို့ချုပ်တဲ့ အချုပ်မျိုးဖြစ်တယ်။

အဲတော့ ကံတရားရှိနေသမျှ ဘဝဆိုတာ ရနေမှာပဲ။ ဘဝရနေသမျှ သုခ ဒုက္ခဆိုတာ လာနေမှာပဲ။ ဗုဒ္ဓဟောတဲ့ ကံတရား ဘဝနဲ့ဆက်စပ်ပြီးဖြစ်နေတယ်ဆိုပေမယ့် ဆိုင်ရာအကြောင်းတရားတွေကြောင့် ဆိုင်ရာအကျိုးတရားတွေ ဖြစ်ပေါ်နေခြင်းမျှသာ ဖြစ်တယ်။

ဒါဖြင့် ခံရတော့ ဘာဖြစ်လို့ ခံရလဲ? ဆိုပါစို့ - မီးက ဖယောင်းတိုင်ကိုလောင်ရင် ဘယ်သူ့ကို ဖျက်ဆီးမှာလဲ? ဖယောင်းတိုင်ကိုပဲ ဖျက်ဆီးမှာ။ မီးတောက်လေးက ထင်းပေါ်မှာ တောက်တယ်ဆိုရင် ဘယ်သူ့ကို ဖျက်ဆီးမှာလဲ? ထင်းကိုပဲ ဖျက်ဆီးမှာ။ အိမ်ကိုစွဲတယ်ဆိုရင် ဘယ်သူ့ကို ဖျက်ဆီးမှာလဲ? အိမ်ကိုပဲ ဖျက်ဆီးမှာ။ ဒီတိုင်းပဲ ဖြစ်ရာဌာနကို လောင်ကျွမ်း ပျက်စီးစေတာပဲပေါ့။ သဘာဝတရားက ဒီတိုင်းပဲ။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဟောပြောချက်အရ “ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ကမ္မဿ ဒါယာဒါ ဘဝိဿာမ” တဲ့။ ဘယ်အလုပ်ပဲ လုပ်လုပ်၊ စိတ်နဲ့ပဲ [၁၆] တွေးတွေး၊ နှုတ်နဲ့ပဲပြောပြော၊ ကိုယ်ထိလက်ရောက်ပဲ လုပ်လုပ်၊ ကောင်းတဲ့အလုပ်ပဲ လုပ်လုပ်၊ ဆိုးတဲ့အလုပ်ပဲ လုပ်လုပ်၊ အကောင်းအဆိုး တွေးသမျှ၊ ပြောသမျှ၊ လုပ်သမျှတွေဟာ ကံအရာမြောက်သွားရင် အဲဒီကံရဲ့ အမွေကို ခံရမှာပဲတဲ့။ ဘာလို့တုန်းဆို ကိုယ့်သန္တာန်မှာ ဖြစ်သည့်အတွက် ကိုယ်နဲ့ ဆက်စပ်နေတာကိုး။ မီးတောက်ကလေးသည် ဘယ်နေရာမှာစွဲစွဲ စွဲတဲ့နေရာ လောင်ကျွမ်းပျက်စီးမှာပဲ ဒီအဓိပ္ပာယ်မျိုးပြောတာ။

အကုသိုလ်ကံနဲ့ ကုသိုလ်ကံ

အေး- အကုသိုလ်ကံဟာ သတ္တဝါတွေရဲ့ စိတ်ဆန္ဒထဲမှာ “အယောနိသောမနသိကာရ” လို့ဆိုတဲ့ Unwise Attention မမှန်မကန် နှလုံးသွင်းခြင်း၊ သတိကင်းမဲ့ခြင်း၊ ဆင်ခြင်ဉာဏ် ကင်းမဲ့ခြင်းဆိုတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်တာ။ နောက် “အသပ္ပုရိသူပသဝန” သူတော်မဟုတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းမိခြင်း၊ “အသဒ္ဓမ္မသဝန” သူယုတ်မာတို့ရဲ့ ဟောပြောချက်တွေကို နားယောင်မိခြင်းဆိုတဲ့ အကြောင်းတရားတွေကို အခြေခံပြီး မကောင်းတဲ့ အကုသိုလ် အပြောတွေ၊ အတွေးတွေ၊ လုပ်ရပ်တွေဖြစ်တာ။

အဲဒီလို ဖြစ်သွားရင် ဒီကံကြမ္မာက ဘယ်သူနဲ့ ပတ်သက်သွားတုန်းဆိုတော့ ဖြစ်ရာပုဂ္ဂိုလ်နဲ့ပဲ ပတ်သက်တယ်။ အကျိုးပေးရင်လည်း ဖြစ်ရာပုဂ္ဂိုလ်ကိုပဲ အကျိုးပေးတယ်။ အကုသိုလ်ကံဆိုတာ ဘယ်သူ့သန္တာန်မှာဖြစ်ဖြစ် ဖြစ်ပြီဆိုရင် အတိုင်းအတာ [၁၇] တစ်ခုအရ သာဝဇ္ဇ အပြစ်ရှိပြီး၊ ဒုက္ခဝိပါက ဆင်းရဲတဲ့အကျိုးကို ထုတ်လုပ်တယ်။ ကုသိုလ်ကံကတော့ အနဝဇ္ဇ အပြစ်ကင်းပြီး သုခဝိပါက ကောင်းကျိုးချမ်းသာတွေ ဖြစ်စေတယ်။ ဒီသဘာဝတရားကြီးနှစ်ခုဟာ သတ္တဝါတွေရဲ့သန္တာန်မှာ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေ ဦးဆောင်ပြီး ဖြစ်ပေါ်လေ့ရှိတယ်။

သတ္တဝါတွေဟာ မကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းသင်းမိခြင်း၊ မကောင်းတဲ့ အပြောအဆိုတွေကို ကြားနာရခြင်း၊ မကောင်းတဲ့ လမ်းညွှန်ချက်တွေကို နာခံရခြင်း၊ မကောင်းတဲ့ တိုက်တွန်းမှုတွေကို ခံရခြင်း စတာတွေကြောင့် မကောင်းတဲ့ အကုသိုလ်တွေ လုပ်ဖြစ်တယ်။ လူတော်လူကောင်းတွေနဲ့ ပေါင်းမိလို့ ကောင်းတဲ့စကားတွေ ကောင်းတဲ့လမ်းညွှန်ချက်တွေ ရတယ်။ ကောင်းတဲ့လမ်းညွှန်ချက်တွေရလို့ ကောင်းတဲ့အတွေး၊ ကောင်းတဲ့ အပြောအဆို၊ ကောင်းတဲ့ လုပ်ရပ်တွေကို လုပ်ဖြစ်ကြတယ်။

ဟော အကောင်းနဲ့အဆိုးဟာ ဆိုင်ရာအကြောင်းတရားတွေရဲ့ ဦးဆောင်မှုနဲ့ ဖြစ်တာ။ မတူညီသော လမ်းကြောင်းကြီးတွေပေါ်မှာ လျှောက်လှမ်းနေကြတယ်တဲ့။ အဲလိုလျှောက်လှမ်းတဲ့အထဲမယ် ကံတရားဟာဘယ်သူ့သန္တာန်မှာပဲဖြစ်ဖြစ် မကောင်းတဲ့ အကုသိုလ်ကံက မကောင်းတဲ့အကျိုးတွေကို ပေးတယ်။ ကောင်းတဲ့ကုသိုလ်ကံက ကောင်းတဲ့အကျိုးကိုပေးတယ်။ သတ္တဝါတွေဟာ ဒီလို ကောင်းကျိုးဆိုးကျိုးကို ရရှိခံစားကြရတယ်တဲ့။

[၁၈] သင်ခန်းစာစု ပေတဝတ္ထု

စာပေမှာ ပေတဝတ္ထုကိုမှတ်တမ်းတင်ထားတာ အများကြီး မဟုတ်ဘူး၊ ငါးဆယ့်တစ်ပုဒ်ပဲရှိတယ်။ အဲဒီ ငါးဆယ့်တစ်ပုဒ်ထဲက သင့်တော်ရာ ဝတ္ထုအချို့ကိုထုတ်နှုတ်ပြီး ဟောပြောပေးမယ်။ ဒီတရားကို နာယူပြီးတော့ ဘဝအတွက် သင်ခန်းစာတွေ ရလာနိုင်မယ်။ လောကမှာ ဘဝသင်ခန်းစာဆိုတာ ယူကြရတယ်။ သင်ခန်းစာယူပြီးတဲ့အခါ မိမိရဲ့ဘဝ အဆင်ပြေဖို့ မှန်ကန်တဲ့ လမ်းကြောင်းကို ကြိုးစားလျှောက်လှမ်းကြရမယ်။ ငါးဆယ့်တစ် ဝတ္ထုထဲက သင့်တော်ရာ ဝတ္ထုလေးတွေကို ရွေးကောက်ပြီး “ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကား” အဖြစ် ဟောပြောမှာ ဖြစ်တယ်။

ဒီကနေ့ခေတ်မှာလည်း “သေရွာပြန်တို့ရဲ့ အကြောင်း” ဆိုပြီး ရေးထားတဲ့စာအုပ်တွေရှိတယ်။ အတွေ့အကြုံက တစ်ဦးနဲ့ တစ်ဦး မတူကြဘူးပေါ့။ တချို့ အတွေ့အကြုံက အင်မတန်မှ ထူးဆန်းတယ်။ ယုံနိုင်စရာ မရှိဘူးပေါ့။ မြတ်စွာဘုရား ကိုယ်တိုင်က အကုန်လုံးမပြောဘူး။ ဘာဖြစ်လို့တုန်းဆိုရင် ယုံကြမှာ မဟုတ်လို့ပဲ။ သတ္တလောကကြီးဆိုတာ အင်မတန်မှ ဆန်းကြယ်တယ်။ သက်သေသာဓက ရှိတဲ့အခါမှ မြတ်စွာဘုရားက ဟောပြောတာဖြစ်တယ်။ ဘယ်ဟောပြောချက်ပဲဖြစ်ဖြစ် ဒိဗ္ဗစက္ခု ကို အခြေခံတဲ့ “ယထာကမ္မူပဂဉာဏ်” ကံအားလျော်စွာ သတ္တဝါတွေဟာ ဘုံဘဝကို ရောက်တယ်ဆိုတာကို သိတဲ့ဉာဏ်နဲ့ ဟောတာ။

[၁၉] သတ္တဝါတွေရဲ့ ကံစွမ်းရည်သတ္တိ၊ ပတ်ဝန်းကျင် အခြေအနေ ဒါတွေအားလုံးကို ဘုရားပဲမှန်အောင် ပြောနိုင်တယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေက အကုန်မသိဘူး၊ အပေါ်ယံလောက်ပဲ ပြောနိုင်တယ်။

အရှင်နာရဒနှင့် ပြိတ္တာများ

ပေတဝတ္တုပါဠိတော်မှာ အရှင်နာရဒရဲ့ အတွေ့အကြုံ ဇာတ်လမ်းတွေကို မှတ်တမ်းတင်ထားတယ်။ ရှင်လက္ခဏနဲ့ ရှင်မောဂ္ဂလာန်တို့လည်း အတွေ့အကြုံ ဇာတ်လမ်းတွေ ရှိတယ်နော်။ သံယုတ်ပါဠိတော်မှာ ထူးဆန်းတဲ့ ဒုဂ္ဂတိဘုံသားတွေနဲ့ ကြုံတွေ့ခဲ့တဲ့ မှတ်တမ်းတွေရှိတယ်။ ဘုန်းကြီးတို့ မကြာခင်က “ထူးဆန်းသော သတ္တဝါကြီးများ”ဆိုတဲ့ ခေါင်းစီးနဲ့ ရှင်မဟာမောဂ္ဂလာန်တို့ရဲ့ အတွေ့အကြုံကို ဟောထားတာ ရှိတယ်။

အခု ဒီကနေ့ “ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကား” ကို ဟောမှာဖြစ်တယ်။ များသောအားဖြင့် ရာဇဂြိုဟ်ပြည်က ဂိဇ္ဈကုဋ်တောင် နေရာဟာ ဒုဂ္ဂတိဘုံသားတွေ များပြားတဲ့နေရာတစ်ခု ဖြစ်နိုင်တယ်ပေါ့။ အဲဒီမှာ ဒီနေ့ခေတ်တောင်မှပဲ ရှိသေးတယ်နဲ့ တူတယ်။ ရေပူတွင်းတွေဆိုတာရှိတယ်။ မြန်မာပြည်မှာလည်းပဲ ရေပူတွင်းတွေရှိတယ်။ ဟန်လင်းကြီးဘက်မှာရှိတယ်၊ ထားဝယ်ဘက်မှာ ရှိတယ်။

အိန္ဒိယမှာရှိတဲ့ ရေပူတွင်းကို တပေါဒါ လို့ ခေါ်တယ်။ တပေါဒါရဲ့ အဓိပ္ပာယ်က ရေပူလို့ ပြောတာပဲ။ တပဆိုတာ [၂၀] ပူလောင်နေတဲ့၊ ဥဒဆိုတာ ရေ၊ ရေပူရှိတဲ့မြစ်ကို တပေါဒါမြစ် ရေပူတွင်းပေါ့။ အဲဒီရေက ဘာလို့ ပူတာတုန်းဆိုတော့ လောဟကုမ္ဘီ ငရဲအိုးကြီး နှစ်လုံးကြားက ဖြတ်စီးလာလို့တဲ့။ ဟုတ်တာပေါ့။ ဒီနေ့ခေတ် ရေချိုးခန်းထဲမှာ ရေနွေးနဲ့ ရေချိုးချင်ရင် လျှပ်စစ်ရေနွေးအိုးက ဖြတ်စီးလာတဲ့ ရေပူနဲ့ချိုးရတာပဲ။ အဲဒီရေပူတွင်းက ရေဟာလည်း ငရဲအိုးနှစ်လုံးကြားက ဖြတ်စီးလာတာ ဖြစ်နိုင်တယ်။

ကမ္ဘာမှာ မီးတောင်တွေ အများကြီးရှိတာပဲ။ သတ္တဝါတွေဟာ ကံကြမ္မာရဲ့ အကျိုးပေးမှုကြောင့် အဲဒီ မီးတောင်တွေထဲမှာ သွားဖြစ်တာရော မဖြစ်နိုင်ဘူးလား။ ထူးဆန်းတယ်။ အင်မတန် ပူတဲ့ မီးတောင်ထဲ သတ္တဝါသွားဖြစ်တာ။ အဲဒီသတ္တဝါဟာ ငရဲသတ္တဝါလို့ ပြောလို့ရနိုင်တယ်။ အဲတော့ လောဟကုမ္ဘီ ငရဲမှာ ခံစားနေကြရတဲ့ သတ္တဝါတွေရှိတယ်။ အဲဒီငရဲအိုးနှစ်လုံးကြားက ဖြတ်စီးလာလို့ ရေကပူတယ်လို့ဆိုတယ်။

ဝက်နှုတ်သီးနဲ့ လူတူပြိတ္တာ

တစ်နေ့တော့ ရှင်နာရဒဆိုတဲ့ ရဟန်းတော်တစ်ပါးဟာ ဂိဇ္ဈကုဋ်တောင်ပေါ်ကနေ ဆင်းလာတဲ့အခါမှာ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကို မြင်ခဲ့ရတယ်။ သူမြင်ခဲ့တဲ့ သတ္တဝါက ဝက်နှုတ်သီးနဲ့ လူပုံစံ ပြိတ္တာတစ်ကောင်ဖြစ်တယ်။ အဲဒီ ပြိတ္တာရဲ့ ခန္ဓာကိုယ်က အင်မတန်မှလှတယ်။ အသားအရေက ဝင်းပြီး ပတ်ဝန်းကျင်တောင်မှ ဖိတ်ဖိတ်တောက်တယ်။ သို့သော် သူ့ [၂၁] နှုတ်သီးက ဝက်နှုတ်သီးကြီးတဲ့။ ကဲ-ဘယ်လောက်ထူးဆန်းတဲ့ သတ္တဝါတုန်းဆိုတော့ ဝက်နှုတ်သီးနဲ့ ပြိတ္တာကြီးပေါ့။ ကြည့်လိုက်ရင်တော့ အင်မတန်မှ လှပတဲ့လူတစ်ယောက်၊ သို့သော် မျက်နှာမြင်လိုက်တာနဲ့ ဝက်နှုတ်သီးကြီးနဲ့ လူတစ်ယောက် ဖြစ်နေတယ်။

အင်မတန်မှ ထူးဆန်းတဲ့ သတ္တဝါကို သူမြင်တော့ အနီးရောက်လာတဲ့အခါမှာ သူ စကားပြောကြည့်တယ်။ “ထူးဆန်းလှချေလား။ ခန္ဓာကိုယ်ကတော့ အင်မတန်မှလှတယ်။ အသားအရေတွေက စိုပြေဝါဝင်းပြီး မျက်နှာကတော့ ဝက်နှုတ်သီးကြီးနဲ့။ ဘာကြောင့် ဒီဘဝမျိုး ရောက်တာလဲ?”လို့ မေးတယ်။

သူကပြောတယ် “သူဟာ အရင်ဘဝတုန်းက လူသားတစ်ယောက်ပါ” တဲ့။ “ကိုယ့်အမှုကိုတော့ စောင့်စည်းတယ်။ သူများကို ပုတ်တာ ခတ်တာ မလုပ်ဘူး။ သို့သော် နှုတ်ကိုတော့ မစောင့်စည်းခဲ့ဘူး”တဲ့။ “ဆဲရေးတိုင်းထွာတယ်၊ ကြမ်းတမ်းသော စကားကို ပြောတယ်၊ နှုတ် အင်မတန် ကြမ်းတမ်းခဲ့တယ်။ သူတော်ကောင်းတွေကို ဆဲရေးတယ်၊ ရဟန်းသံဃာတွေကို ဆဲရေးခဲ့တယ်” တဲ့။

ဆဲတယ်လို့ ဆိုကတည်းက သူ့စိတ်ဟာ ဒေါသပြင်းထန်တဲ့ စိတ်မျိုးဖြစ်တာပေါ့။ အဲဒီလို ဒေါသပြင်းထန်တဲ့ စိတ်နဲ့ ဆဲရေးတာ။ အဲဒီဒေါသရဲ့အရှိန်ကြောင့် လူ့ဘဝသေဆုံးတဲ့အခါ ငရဲကို ကျသွားတယ်။ ငရဲက လွတ်လာတဲ့အခါ ကံကြမ္မာက မကုန်သေးတော့ သူ့ရဲ့ပုံပန်းသဏ္ဌာန်ဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်တယ်။

[၂၂] ဒေါသဖြစ်ပြီး စိတ်ဆိုးရင် နှုတ်သီးက ချွန်သွားတာလေ။ အဲဒီတော့ ဝက်နှုတ်သီးလို နှုတ်သီးချွန်တဲ့ ပြိတ္တာဘဝ ရောက်လာတယ်။ အင်မတန်မှ အရုပ်ဆိုးအကျည်းတန်တဲ့ မျက်နှာဖြစ်တယ်။

သူက မှာလိုက်တယ်တဲ့။ “တပည့်တော်ကို အရှင်ဘုရား ကိုယ်တိုင် မြင်တယ်မဟုတ်လား။ တပည့်တော်ဟာ ကာယကံ ကိုတော့ ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။ ယဉ်ယဉ်ကျေးကျေး နေခဲ့တယ်။ သို့သော် နှုတ်ကို မစောင့်စည်းဘဲ ဆဲရေးတယ်၊ လိမ်ညာတယ်၊ ပါးစပ်နဲ့ပတ်သက်တဲ့ အကုသိုလ်တွေ အကုန် လုပ်တယ်။ ဒါကြောင့် အပါယ်ငရဲကျပြီးတဲ့အခါမှာ တပည့်တော် ဒီအခြေအနေမျိုး ရောက်လာရတာပါ”တဲ့။ ကံကြမ္မာပုံရိပ်ဆိုတာ စိတ်ဓာတ်ပေါ် မူတည်ပြီးတော့ဖြစ်တာ။ “အရှင်ဘုရား၊ တပည့်တော်ကိုပဲကြည့်၊ ဘယ်တော့ပဲဖြစ်ဖြစ် နှုတ်ကိုစောင့်စည်းပါ၊ နှုတ်ကို မထိန်းသိမ်း မစောင့်ရှောက်ရင် တပည့်တော်အဖြစ်မျိုးနဲ့ ကြုံတွေ့နိုင်ပါတယ်” လို့ အမှာစကား ပါးလိုက်တာပေါ့။

သူပြောလိုက်တဲ့ စကားကိုကြည့်ရင် သူဘာလုပ်ခဲ့လို့ ဒီဘဝကို ရောက်ရတယ်ဆိုတာ ထင်ရှားတယ်။ သူ အတိတ်ဘဝတုန်းက လုပ်ခဲ့တာကို ပြန်ပြီးမှတ်မိနေလို့ ပြောတဲ့စကား ဖြစ်တယ်။ အဲဒီလို ဝက်နှုတ်သီးနဲ့ ပြိတ္တာကြီးတစ်ကောင်ရဲ့ မှာကြားချက်ကို ရှင်နာရဒက မြတ်စွာဘုရားကို လျှောက်ထားတဲ့အခါ မြတ်စွာဘုရားက ရောက်ရှိလာတဲ့ ပရိသတ်တွေကို ထပ်ပြီး ဟောပြောတယ်။ ဝစီဒုစရိုက် မကျူးလွန်ဖို့၊ ဝစီဒုစရိုက်ရဲ့ အပြစ်တွေဟာ အင်မတန်မှ ကြီးမားတယ်၊ နှုတ်နဲ့ ပတ်သက်တဲ့ [၂၃] အကုသိုလ်တွေ ပြုမိမယ်ဆိုရင် ဒီလို အရုပ်ဆိုး အကျည်းတန်တဲ့ ဘဝ ရောက်တတ်တယ် ဆိုတာကို ဟောပြော ဆုံးမခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။

နှစ်ဦးကြားကုန်းတိုက် ပါးစပ်ပိုးလောက်ကိုက်

နောက်တစ်ခါ အရှင်နာရဒဟာ ဂိဇ္ဈကုဋ်တောင်ပေါ်က ဆင်းလာတဲ့အခါ ကောင်းကင်ယံမှာ ကိုယ်ရောင်ကိုယ်ဝါနဲ့ အလွန်လှပတဲ့ ပြိတ္တာတစ်ကောင်ကို မြင်ရပြန်တယ်။ အဲဒီ ပြိတ္တာဟာ ခန္ဓာကိုယ်အနေနဲ့ အင်မတန်မှ လှပတယ်။ သို့သော် ပါးစပ်ကပုပ်ပြီး လောက်တွေ တဖွားဖွား ထွက်နေတယ်။ အဲဒီလို လောက်တွေ တဖွားဖွားနဲ့ ပါးစပ်ကြီးတစ်ခုလုံး ပုပ်နေတာကို တွေ့ရတော့ အရှင်နာရဒက တအံ့တဩ ဖြစ်တာပေါ့။ အဲဒီ ပြိတ္တာနဲ့ ဆုံတဲ့အခါ မေးကြည့်တယ်တဲ့။ ဘာဖြစ်လို့ ဒီအခြေအနေမျိုး ရောက်ရတာတုန်းပေါ့။

သူကပြောတယ် “သူဟာ ယခင်ဘဝတုန်းက ဘုန်းကြီးတစ်ပါး ဖြစ်ခဲ့တယ်။ နှုတ်ကိုမစောင့်စည်းဘဲ တစ်ပါးနဲ့တစ်ပါး မတည့်အောင် ဂုံးတိုက်တယ်၊ မဟုတ်တမ်းတရားတွေ ပြောတယ်။ တရားကျင့်ခဲ့တဲ့အတွက်ကြောင့် သူ့ရဲ့ခန္ဓာကိုယ် ရုပ်အဆင်းက လှပတယ်။ သို့သော် ပါးစပ်ကပုပ်ပြီး လောက်တွေ တဖွားဖွားကျနေတယ်။ ဒီလို ဖြစ်ရတာက တစ်ခါတုန်းက သူတော်ကောင်း ရဟန်းတော်နှစ်ပါးကို သူက ဂုံးတိုက်ခဲ့လို့”တဲ့။

[၂၄] တောရကျောင်းတစ်ကျောင်းမှာ အင်မတန်မှရင်းနှီးတဲ့ ရဟန်းတော်ကြီးနှစ်ပါး သီတင်းသုံးနေကြတယ်။ ဝါတော်တွေလည်း အတော်ရပြီ။ ဒီကိုယ်တော်က အာဂန္တုအဖြစ် အဲဒီကျောင်းလေးကို ရောက်သွားတယ်။ အဲဒီရွာက လူတွေက သဒ္ဓါတရား အင်မတန် ကောင်းကြတယ်။ ကိုယ်တော်ကြီးနှစ်ပါးနဲ့အတူ ရွာထဲဆွမ်းခံကြွတဲ့အခါ လူတွေက လှူကြတန်းကြတာ၊ ရိုသေ လေးစားကြတာကိုမြင်တော့ “ဪ ဒီရွာကလူတွေ တယ်တော်တာပဲ။ သဒ္ဓါတရားလည်း အင်မတန်ကောင်းတယ်။ ငါဒီရွာမှာ အမြဲနေရအောင်ကြံဦးမှ၊ ဒီကိုယ်တော်ကြီးနှစ်ပါးနဲ့ နေရင်တော့ ငါ သူတို့တပည့်ဖြစ်မှာ။ ငါကိုယ်တိုင်ပဲ ဒီကျောင်းကို ဦးစီးဦးကိုင် နေလို့ရအောင်လုပ်မှပဲ” လို့ ကျောင်းလုဖို့ ကြံတာပေါ့နော်။

ကျောင်းရောက်တဲ့အခါ ဒီကိုယ်တော်နှစ်ပါး မတည့်အောင် ဂုံးတိုက်ဖို့ စဉ်းစားတယ်။ နှစ်ပါးလုံးနဲ့ ခင်မင်ရင်းနှီးအောင် ပေါင်းတယ်။ တစ်ရက်တော့ အကြီးကိုယ်တော်ထံကနေ ဆုံးမဩဝါဒတွေ နာခံပြီးတော့ ကျောင်းကအဆင်းမှာ ပြန်တက်လာတယ်။ ပြန်တက်လာတော့ အကြီးကိုယ်တော်က မေးတယ်။ ဘာလို့လာတာလဲဆိုတော့ တပည့်တော် လျှောက်စရာလေး တစ်ခုကျန်လို့ လာတာပေါ့။ ဘာလျှောက်ချင်တာတုန်းမေးတော့ “အရှင်ဘုရား ဟိုကိုယ်တော်နဲ့ အဆင်ပြေရဲ့လား” တဲ့။ “ဟ- တို့အတူတူနေလာတာ ကြာလှပြီ၊ ဘာမှမဖြစ်ပါဘူး။ အဆင်ပြေပါတယ်” လို့ ဖြေတော့ “အရှင်ဘုရားကသာ သူတော်ကောင်း စိတ်ရှိလို့ အဆင်ပြေတယ်လို့ပြောတာ သူက တပည့်တော်ကို [၂၅] ပြောတယ်၊ မင်းဒီကိုယ်တော်ကြီးနဲ့ မပေါင်းနဲ့၊ ဒီကိုယ်တော်ကြီးက အင်မတန်ဆိုးတာ၊ ကိုယ်ကျင့်တရား မကောင်းဘူးလို့ တပည့်တော်ကို ပြောတယ်” တဲ့။ “မင်းမဟုတ်တာတွေ မပြောနဲ့” ဆိုတော့ “အရှင်ဘုရား တပည့်တော် မဟုတ်တာ မပြောဘူး။ အကျိုးလိုလားလို့ အရှင်ဘုရားကိုပြောတာ။ ယုံတာ မယုံတာတော့ အရှင်ဘုရား သဘောပဲ၊ တပည့်တော်ကြားတာ လာလျှောက်တာပါ” လို့ ပြောခဲ့သတဲ့။

ပုထုဇဉ်ဆိုတော့ စိတ်ထဲမှာ သံသယ ဖြစ်သွားတာပေါ့။ မဆုံးဖြတ်နိုင်ဘူး။ ဟုတ်များဟုတ်နေမလားပေါ့။ အဲဒီစကားကို တစ်ခါ ဒုတိယကိုယ်တော်ကို သွားပြောပြန်တာပဲ။ ဟိုကိုယ်တော်ကလည်း သံသယဖြစ်သွားတယ်။ ကိုယ်တော်နှစ်ပါးဟာ စိတ်ဝမ်းကွဲပြီး ကျောင်းမှာမနေကြတော့ဘဲ ထွက်သွားကြတယ်။ ဒီလိုတွေ ထိအောင် ဖြစ်သွားတယ်ပေါ့နော်။ ဓမ္မပဒမှာပါတဲ့ ဝတ္ထုနဲ့ ခပ်ဆင်ဆင်ပဲ။ ဒါကတော့ ပေတဝတ္ထုမှာ ပါတာ။

အဲဒီလို ကိုယ်တော်နှစ်ပါးကို ဂုံးတိုက်လိုက်တယ်။ ဂုံးတိုက်လိုက်တော့ ခါတိုင်းဆို တော်တော်ကို သင့်သင့်မြတ်မြတ်နေတဲ့ ကိုယ်တော်ကြီးနှစ်ပါးဟာ အဲဒီကျောင်းကနေ ထွက်သွားကြတယ်။ အဲဒီကျတော့မှ သူက ကျောင်းကိုအပိုင်စီးတာ။ နောက်ပိုင်း သူဘာဖြစ်သလဲဆိုတော့ “သော် တကယ့် အနေအထိုင်ကောင်းတဲ့ ပုဂ္ဂိုလ်တွေကို ငါ မဟုတ်တမ်းတရားတွေနဲ့ ပြောမိပြီ”ဆိုပြီး သူ့စိတ်ထဲ ယူကျုံးမရ ဖြစ်လာတယ်။ စိတ်တွေ ပူလာတယ်။ အိပ်လို့လည်း မပျော်ဘူး။ စားလို့လည်း အဆီဩဇာ မဖြစ် [၂၆] တော့ဘူး။ မကြာခင်ပဲ သူ့လုပ်ရပ်အပေါ် နောင်တကြီးစွာရပြီး ဒီကိုယ်တော် ပျံတော်မူသွားခဲ့တယ်။ သူ ဘယ်ရောက်သွားလဲ ဆိုတော့ ငရဲရောက်သွားတယ်။

ဟိုကိုယ်တော်ကြီး နှစ်ပါးကတော့ ဟိုဟိုဒီဒီ ရွှေ့ပြောင်း သွားလာရင်း ပြန်ဆုံမိပြီး တစ်ပါးနဲ့တစ်ပါး ပွင့်ပွင့်လင်းလင်း မေးတဲ့အခါ သူကလည်း မပြောရပါဘူး၊ ဟိုကလည်း မပြောရပါဘူး ဆိုပြီး ပြန်အဆင်ပြေသွားကြတယ်။ ဂုံးတိုက်တဲ့ ကိုယ်တော်က စိတ်နှလုံးပူပန်ပြီး သေတဲ့အခါ ငရဲကျသွားတယ်။

ငရဲကနေလွတ်တဲ့အခါ အခုလို ပါးစပ်ပုပ်တဲ့ ပြိတ္တာကြီး ဖြစ်ရတယ်ပေါ့။ သင်္ကန်းဝတ်ပြီး တရားအကျင့်တွေ ကျင့်ခဲ့လို့ ကပိလငါးကြီးလို ခန္ဓာကိုယ် အနေနဲ့ကတော့ အဆင်းလှပပြီး ရွှေရောင်ထွက်နေတယ်။ သို့သော် နှုတ်နဲ့ မကောင်းတာတွေ လုပ်ခဲ့တယ်၊ သူတော်ကောင်းတွေကို တစ်ဦးနဲ့တစ်ဦး ကွဲပြားအောင် ပြစ်မှားဂုံးတိုက်ခဲ့တာကြောင့် ပါးစပ်ပိုးလောက်ကျပြီး ပုပ်စော်နံတဲ့ ကြောက်စရာကောင်းတဲ့ ပြိတ္တာကြီး တစ်ကောင် ဖြစ်ရတယ်တဲ့။

သူ့ဘဝဇာတ်လမ်းကို ရှင်းပြပြီး ရှင်နာရဒကို လျှောက်လိုက်တယ်။ “အရှင်ဘုရား၊ တပည့်တော် အခုလို မှားယွင်းတဲ့ မိုက်ပြစ်မိုက်ဒဏ်တွေကြောင့် ဒီဘဝရောက်တာဘုရား။ ဘယ်တော့ဖြစ်ဖြစ် နှုတ်ကို စောင့်စည်းပါဘုရား။ နှုတ်ကို မစောင့်စည်းဘဲ လိမ်လည်ပြောမိမယ်၊ ဂုံးတိုက်စကား ပြောမိမယ်ဆိုရင် တပည့်တော်လို အဖြစ်ဆိုးနဲ့ ကြုံနိုင်ပါတယ်”လို့ မှာလိုက်တယ်။

[၂၇] ဒါက သူ့ကိုယ်တွေ့ ခံစားရတဲ့ ဒုက္ခကို ဖော်ပြပြီး မှာလိုက်တာ။ အဲဒီဇာတ်လမ်းတစ်ပုဒ်လည်းပဲ ပေတဝတ္ထုမှာ မှတ်တမ်းတင် ထားတယ်ပေါ့။

ကိုယ့်ကလေးကိုယ်စား ပြိတ္တာ

နောက်ထပ် မှတ်တမ်းတင်ထားတဲ့ ဝတ္ထုဇာတ်လမ်းနှစ်ပုဒ်က ခပ်ဆင်ဆင်ပဲ။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းပေါ့။ တစ်ခုက မနက်မှာ သားသမီးငါးယောက် မွေးတယ်၊ ညနေမှာ သားသမီးငါးယောက် မွေးတယ်၊ မွေးပြီးပြီးချင်း အဲဒီ သားသမီးတွေကို စားပစ်တဲ့ပြိတ္တာမျိုး သွားဖြစ်တယ်။

နောက်တစ်ခုကလည်း မနက်မှာ သားသမီးခုနစ်ယောက် မွေးတယ်၊ မွေးပြီးတာနဲ့ တစ်ပြိုင်နက် အဲဒီသားသမီးတွေ အကုန် စားပစ်တယ်။ ညနေမှာသားသမီးခုနစ်ယောက်မွေးတယ် အကုန် စားပစ်တယ်။ အခုခေတ်မှာလည်း တွေ့ဖူးကြပါလိမ့်မယ်။ ခွေးမကြီးတွေ ခွေးလေးတွေမွေးပြီးရင် စားပစ်တယ်။ ခွေးစုန်းလို့ ခေါ်ကြတယ်။ အခုပြိတ္တာကလည်း သားသမီးတွေ အကုန်စားပစ်တယ်။ ဝလားဆိုတော့ မဝဘူး။ အမြဲတမ်း ဆာလောင်နေတယ်။ စားတာတော့ ဆာလို့စားတာပဲ၊ ကိုယ့်သားသမီးကို စားတယ်ဆိုကတည်းက သူ့မှာ ခံစားချက်နှစ်မျိုး ရှိနိုင်တယ်။ သားသမီးအပေါ် သံယောဇဉ်ရှိလျက် စားရလို့ သနားတဲ့ ခံစားချက်က တစ်မျိုး၊ ဆာလွန်းလို့ မနေနိုင်လို့ ဝမ်းမီးပူတဲ့ ခံစားချက်က တစ်မျိုး၊ ဒီဒုက္ခနှစ်မျိုးကို တစ်ပြိုင်နက် ခံစားစေတယ်ပေါ့။

[၂၈] ထူးဆန်းတဲ့ ဒီပြိတ္တာနှစ်ဦးကိုလည်းပဲ ဂိဇ္ဈကုဋ်တောင်စောင်းမှာဆုံတော့ ဘာဖြစ်လို့ ဒီဘဝ ရောက်လာကြတာလဲ မေးတယ်တဲ့။ အင်မတန်မှ ထူးဆန်းတဲ့ ပြိတ္တာတွေ။ ခဏခဏ လည်း သားသမီးတွေ မွေးဖွားတယ်။ မွေးဖွားပြီးတိုင်းလည်း စားပစ်တယ်။ စားပြီးတော့လည်း ဆာလွန်းလို့ ပူလောင်ပြီး အော်ဟစ်နေရတယ်။ “ဘာဖြစ်လို့ ဒီဘဝ ရောက်တာလဲ?” ဆိုတော့ နှစ်ဦးလုံးဟာ သာဝတ္ထိမြို့က အိမ်ရှင်မတွေပဲ။ သူတို့မှာ သားသမီးမရတဲ့အခါ ယောက်ျားက နောက်အိမ်ထောင်ပြုတယ်။ ဆိုပါစို့၊ အဲဒီ နောက်အိမ်ထောင်က သားသမီးရလာတဲ့အခါ ဆေးဆရာတစ်ဦးနဲ့ပေါင်းပြီး ကိုယ်ဝန်တွေ ဖျက်ချခဲ့ကြတယ်။

အိန္ဒိယရဲ့ထုံးစံက သားသမီးမထွန်းကားရင် ပစ္စည်းလည်း ပိုင်ဆိုင်ခွင့် မရှိဘူး။ သားသမီးထွန်းကားမှ သားသမီးကို အကြောင်းပြုပြီး ယောက်ျားရဲ့ပစ္စည်းကို ပိုင်ဆိုင်ခွင့်ရှိတာ။ အဲဒီတော့ သားသမီးမရတဲ့ပုဂ္ဂိုလ်က အမြဲတမ်း မနာလိုဖြစ်နေတာ။ ပစ္စည်းရေးနဲ့ပတ်သက်ပြီး မနာလိုဖြစ်နေတာ။ မနာလိုဖြစ်ပြီး အခုလို သားသမီးမရအောင် ကိုယ်ဝန်ဖျက်ချတာတွေ ဘာတွေ လုပ်လာတဲ့အခါ ဟိုတဖက်ကမိဘတွေက သူ့လက်ချက်လို့ ထင်လာတယ်။ ထင်တော့ သူ့ကိုစွပ်စွဲတာပေါ့။

လောကမှာ အစွပ်စွဲခံရပြီ ဆိုတဲ့အခါမှာ လူတွေက ကျိန်တတ်ကြတယ် မဟုတ်လား။ ကိုယ်ပြောတဲ့စကား ယုံအောင် ကျိန်တာကို “သပထ” လို့ခေါ်တယ်။ “ယုံကြည်စေလို သစ္စာ [၂၉] ဆိုတာ”ပေါ့။ အဲဒီ ကျိန်တာဟာလည်း အင်မတန်မှ ကြောက်စရာကောင်းတာ။

သူတို့က ဘာကျိန်တုန်းဆိုရင် “သူလုပ်တာ မဟုတ်ပါဘူး၊ အကယ်၍ သူလုပ်တာဆိုရင် နောင်ဘဝမှာ ကိုယ်မွေးတဲ့ သားသမီးကို ကိုယ်စားရပါလို၏” လို့ ကျိန်ခဲ့တယ်။ လုပ်လျက်နဲ့ မလုပ်ဘူးလို့ ကျိန်တဲ့အခါ အကုသိုလ်က မနေဘူး။ ကျိန်လိုက်တယ်ဆိုကတည်းက ဒီကျိန်စာဟာ ဘယ်သူ့မှာသွားသင့်တုန်းဆို သူ့အပေါ်မှာ သွားသင့်တယ်ပေါ့။ ကျိန်စာသည် သူ့ရဲ့ Wish ဆန္ဒလို ဖြစ်သွားတယ်။

ဒီအဖြစ်မျိုးကို ကျိန်စာဆိုပြီး ရောက်လာတဲ့အခါကျတော့ ကိုယ့်သားသမီးကို စားရပါလို၏ဆိုပြီးတော့ စားပေမယ့်လို့ မဝဘဲနဲ့ အမြဲတမ်း ဆာလောင်မွတ်သိပ်နေတယ်။ “သွေးရဲရဲ သံရဲရဲနဲ့ စားပြီး ဆာလောင်မွတ်သိပ်နေရပါလို၏” လို့ ကျိန်ခဲ့တာကိုး။ ဒါကြောင့် ဒီနှစ်ဦးလုံးဟာ တူညီတဲ့ အဖြစ်ဆိုးတွေကို ရရှိခဲ့ကြတယ်။

တစ်ကြိမ်စီတွေ့တဲ့ သူတို့နှစ်ဦးလုံးက အမှာစကား ပြောကြတယ်။ “သူတို့ဟာ အခုလို မကောင်းတာတွေလုပ်ပြီး လိမ်လည် ကျိန်စာဆိုခဲ့သည့်အတွက်ကြောင့် ဒီအဖြစ်မျိုးကို ရပါတယ်။ ဒါကြောင့် နှုတ်ကနေ လိမ်လည်ပြီး ကျိန်တာဟာ အင်မတန်မှ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ရရှိနိုင်ပါတယ်” တဲ့။ ဒါ သူတို့ရဲ့အမှာစကားပေါ့။ အဲဒါကို ရှင်နာရဒက တွေ့ကြုံခဲ့လို့ ပြန်ပြီးတော့ ဟောပြတာ။

[၃၀] အစားသွေးပုပ်ကြီး အဝတ်မီးရဲပြီး

နောက်ဇာတ်လမ်းလေး တစ်ပုဒ်ကတော့ ရှေးတုန်းက အိန္ဒိယနိုင်ငံမှာ အင်မတန်ဝေးလံတဲ့ ခရီးတွေကို သွားကြတဲ့အခါ တောတွေဘာတွေ ဖြတ်သွားရတော့ တစ်ဦးတည်းသွားလို့ အန္တရာယ် မကင်းဘူးပေါ့။ အဲဒါနဲ့ ကုန်သည် လှည်းတွေနဲ့ အတူတူလိုက်ရတာနော်။ ကုန်သည်တွေဟာ လှည်းပေါင်းငါးရာ စုပေါင်းပြီးတော့ သွားတာ။ သူတို့ကိုအမှီပြုပြီး ခရီးသွားတဲ့ ဘုန်းကြီးတစ်ပါး ပါလာတယ်။

တောထဲမှာ စခန်းချတဲ့အခါ ဘုန်းကြီးဆိုတော့ လူတွေနဲ့ ရောနှောပြီး မနေတတ်လို့ ချောင်ကျတဲ့နေရာမှာ သူ့ဟာသူ တစ်ပါးထဲသွားပြီး သီတင်းသုံးနေတာ။ အဲဒီအချိန်မှာ ကုန်သည်တွေက ဒီဘုန်းကြီးကိုခေါ်ဖို့မေ့ပြီး ခရီးဆက်သွားကြတယ်။ ဘုန်းကြီးကပြန်လာတဲ့အခါ တစ်ယောက်မှမတွေ့တော့ သူလည်း ကြုံရာလမ်း လိုက်တာပေါ့နော်။ ဘယ်ရောက်သွားတုန်းဆိုတော့ အင်မတန်မှ ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်ရှိတဲ့ လမ်းထဲကို ရောက်သွားတာ။ အဲဒီသစ်ပင်မှာရှိတဲ့ ရုက္ခစိုးနတ်ကြီးက ဒီဘုန်းကြီးကို မြင်တဲ့အခါမှာ သဒ္ဓါတရားဖြစ်လို့ လူ့အသွင် ဖန်ဆင်းပြီး ဆွမ်းတွေဘာတွေကပ်ပြီး ပြုစုတယ်။

အဲဒီအချိန်မှာ အမျိုးသမီးတစ်ဦး ရုက္ခစိုးနတ်ကြီးနား ရောက်လာတယ်။ သူက အဝတ်လည်း မပါဘူး၊ စားစရာလည်း မရှိဘူး၊ “သူ့ကို အဝတ်ပေးပါ၊ စားစရာပေးပါ” လို့ တောင်းတယ်။ တောင်းတော့ အဲဒီရုက္ခစိုးနတ်ကြီးက သူတို့စားတဲ့ အင်မတန် [၃၁] မွန်မြတ်တဲ့ အစာအာဟာရတွေ ပေးတယ်။ ကောင်းပေ့ဆိုတဲ့ အဝတ်တွေ သူဝတ်ဖို့ပေးတယ်။ ဒါပေမယ့် အဲဒီ အမျိုးသမီး လက်ထဲလည်းရောက်ရော စားဖွယ် သောက်ဖွယ်တွေက မစင် ကျင်ကြီးတွေ ဖြစ်သွားတယ်၊ သွေးတွေပြည်တွေ ဖြစ်သွားတယ်။ သူ့လက်ထဲရောက်တာနဲ့ အစာအာဟာရတွေဟာ ပြောင်းလဲ သွားတယ်။ ပေးလိုက်တဲ့ အဝတ်က သူလည်းဝတ်လိုက်ရော မီးရဲရဲပူနေတဲ့ သံပြားကြီးဖြစ်သွားတယ်။ ပူလှချေရဲ့ လောင်လှချေရဲ့ဆိုပြီး ချွတ်ချပြီး အော်ဟစ်ထွက်ပြေးသွားရတယ်။

ဒီလိုပဲ နေ့စဉ်နဲ့အမျှ လာလာတောင်းပြီး ပေးလိုက်တိုင်းလည်း ဒီအဖြစ်ဆိုးနဲ့ပဲ ကြုံတယ်တဲ့။ ဒီအဖြစ်ဆိုးကို ဘုန်းကြီး မြင်လိုက်ရတော့ ဘာဖြစ်လို့လဲ မေးတာပေါ့။ ရုက္ခစိုးနတ်ကြီးက ပြောပြတယ်တဲ့။ “သူက တခြားမဟုတ်ဘူး ဘုရား။ အရင်ဘဝတုန်းက တပည့်တော်ရဲ့ဇနီးပဲ။ အိမ်မှာ ရဟန်းသံဃာတွေပင့်ပြီး ဆွမ်းခဲဖွယ် ဘောဇဉ် ချိုချဉ် အရသာ အဖြာဖြာ ဆက်ကပ် လှူဒါန်းတယ်။ သင်္ကန်းတွေ လှူဒါန်းတယ်။ အဲဒီလို လှူတဲ့အခါမှာ သူက လှူရမလားလို့ဆိုပြီး ရဟန်းသံဃာတွေကို ဆဲတယ်။ တပည့်တော်ကိုလည်း ဆဲတယ်။ ရဟန်းသံဃာတွေကို ဆဲတဲ့အခါ ရိုးရိုးမဆဲဘဲ သူလှူတဲ့ ဆွမ်းဟင်းတွေ သွေးပုပ် ပြည်ပုပ်တွေ ဖြစ်ပါစေ၊ ဝတ်ထားတဲ့ အဝတ်သင်္ကန်းတွေလည်း မီးရဲရဲငြီးတဲ့ သံပြားကြီးဖြစ်ပါစေလို့ ဆဲခဲ့ပါတယ်ဘုရား” တဲ့။

အဲဒီအမျိုးသမီးက အမြဲတမ်းဆဲနေတော့ ယောက်ျားက စိတ်ညစ်ပြီး သဘောကောင်းတဲ့ သူ့ညီမနဲ့ အိမ်ထောင်ပြုခဲ့တယ်။

[၃၂] ဒီလိုပဲ ရဟန်းသံဃာတွေကို ဆက်လက်ပြုစုလုပ်ကျွေးခဲ့တယ်။ သူမကတော့ အမြဲတမ်း ရန်လုပ်ပြီး ဆဲရေးတိုင်းထွာနေခဲ့တယ်။ သေတော့ ငရဲကျသွားပြီး ပြိတ္တာမ လာဖြစ်တယ်။ ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ သူ့ယောက်ျားကတော့ အခု ရုက္ခစိုး နတ်ကြီး ဖြစ်တာ။ အမျိုးသမီးကတော့ သူဆဲရေး ပြောဆိုခဲ့တဲ့အတိုင်းပဲ အစားအစာဟာ သူ့လက်ထဲရောက်တာနဲ့ တစ်ပြိုင်နက် သွေးပုပ် ပြည်ပုပ်တွေ ဖြစ်သွားတယ်။ အဝတ်ကလည်း မီးရဲရဲငြီးတဲ့ သံပြားကြီး ဖြစ်တယ်ပေါ့။

ဒါကိုကြည့်ပြီး ဒီလို မကောင်းတဲ့ အကုသိုလ်ကံတွေကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့် ဒီဘဝမျိုးကို ရောက်ကြရတယ်။ အင်မတန်မှ ကြောက်စရာ ကောင်းပါတယ်။ “အရှင်ဘုရား ဘယ်သူမပြု မိမိမှုဆိုတဲ့အတိုင်း သတ္တဝါတွေဟာ ကိုယ်လုပ်ခဲ့တဲ့ ကံအားလျော်စွာ အကောင်းအဆိုးကို ခံနေကြရတယ်” ဆိုတဲ့ အမှာစကားကိုပါးလိုက်တယ်။ ဒီလို မြတ်စွာဘုရားကို လျှောက်တဲ့ အကြောင်းကို ပေတဝတ္ထုမှာ “မဟာပေသကာရပေတိ” ဆိုပြီး ဇာတ်လမ်းတစ်ခုအနေနဲ့ မှတ်တမ်းတင်ထားတယ်ပေါ့။

ဒီကနေ့ “ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကား”ကို ဝတ္ထုငါးပုဒ် နဲ့ မှတ်သားကြပြီးဖြစ်တယ်။ အားလုံးဟာ ကံကြမ္မာရဲ့အကျိုးတွေကို ဖော်ပြထားတာဖြစ်သောကြောင့် ဘုန်းကြီးတို့တတွေ ဘဝ သင်ခန်းစာ ယူရမယ်။ ကိုယ့်စိတ်ကိုလည်း ထိန်းချုပ်ဖို့ လိုအပ်တယ်။ မကောင်းတဲ့ အတွေးအကြံတွေဖြစ်တဲ့ မနောဒုစရိုက်တွေ မဖြစ်အောင် တစ်ဖက်သားကို ထိခိုက်သော “မုသာဝါဒ၊ [၃၃] ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ” ဆိုတဲ့ ဝစီဒုစရိုက်တွေ မဖြစ်အောင်၊ ကာယဒုစရိုက်တွေ မဖြစ်အောင် ထိန်းသိမ်းကြရမယ်။

ဒီလို ဒုစရိုက်ဆယ်ပါး အဆိုးတရားတွေ မိမိတို့သန္တာန်မှာ မဖြစ်မှသာလျှင် အခုလို ဆိုးဝါးတဲ့ ဘုံဘဝမျိုးမှာ ဆိုးကျိုးတွေ မခံရမှာဖြစ်တယ်။ တို့တတွေ အခုလို သိတတ်တဲ့ဘဝမှာ ရှောင်ကြဉ်ဖို့ လိုအပ်တယ်။ ကောင်းမွန်တဲ့ မနောသုစရိုက်၊ ဝစီသုစရိုက်၊ ကာယသုစရိုက် ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို လုပ်မိအောင် သတိထားပြီး ကြိုးစား အားထုတ်ကြရမှာလို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ဒုစရိုက်တရားတွေကို ရှောင်ရှားလို့ သုစရိုက်တရားတွေကို ပွားများ အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု
သာဓု သာဓု [၃၅] သာသနာတော်နှစ် ၂၅၅၆-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၄-ခုနှစ်၊ နယုန်လပြည့်ကျော် (၆)ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇွန်လ(၁၀)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၊ ဇမ္ဗူသီရိ ဓမ္မဗိမာန်တော် အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနား၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး မိဘဘိုးဘွား ဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင် အမတဒါန ဓမ္မဒါနအဖြစ် ဟောကြားအပ်သော “ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား အပိုင်း(၂)” အကြောင်း တရားဒေသနာတော်။

ကိုယ့်ဘဝကိုယ်ပုံဖော်

ပေတဝတ္ထုပါဠိတော်လာ ဝတ္ထုပုဒ်ပေါင်း ၅၁-ပုဒ် ထဲက ရွေးထုတ်ပြီး ဘုန်းကြီးတို့ ဟောပြောပေးပါမယ်။ ဇာတ်လမ်း ဇာတ်ကွက်က အဓိကမဟုတ်ဘူး။ ကံကြမ္မာရဲ့ ပုံရိပ်တွေဟာ သတ္တဝါတွေရဲ့အပေါ် လာရောက် ထင်ဟပ်ပေါ်လွင်နေတတ်တယ်ဆိုတာ သတိပြုပြီး သင်ခန်းစာယူကြဖို့ ဖြစ်တယ်။ အဲဒီလို [၃၆] သင်ခန်းစာယူမှ ကိုယ့်ဘဝကိုယ် ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်ဘဝကိုယ် ပုံဖော်နေတာသာဖြစ်တယ်။ ကိုယ်ဖော်တဲ့ပုံအတိုင်း သို့မဟုတ် ကိုယ်ရေးတဲ့ ပန်းချီရုပ်အတိုင်းပဲ ဘဝမှာထင်ဟပ်နေတယ်။ ဒါကိုသတိထားပြီး သိတတ်တဲ့ဘဝမှာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားကြဖို့ အရေးအကြီးဆုံးပါ။

လူတိုင်းလူတိုင်းဟာ “အတ္တာဟိ အတ္တနော နာထော” လို့ ဆိုတဲ့ ဗုဒ္ဓရဲ့တရားတော်အတိုင်း ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကိုယ်ဖန်တီးကြရမှာ ဖြစ်တယ်။ ဒီလိုဖန်တီးတဲ့အခါမှာ ဆရာကောင်း သမားကောင်းရဲ့ အကူအညီ၊ မိတ်ကောင်း ဆွေကောင်းတို့ရဲ့ အကူအညီ၊ မှန်ကန်တဲ့ တရားဓမ္မ အကူအညီဟာ လိုအပ်ပါတယ်။ မိတ်ကောင်း ဆွေကောင်းတွေဆီက အကြံဉာဏ်၊ တရားဓမ္မအသံတွေ၊ မှန်ကန်တဲ့ လမ်းကြောင်း မှန်ကန်တဲ့ အတွေးအခေါ်တွေရဖို့ ကြိုးစားကြရမှာ ဖြစ်တယ်။

ပစ္စုပ္ပန်ရဲ့အတိတ်

ဘဝမှာ ဇာတ်လမ်းဇာတ်ကွက်တွေ ဆိုတာတော့ နေ့စဉ်နဲ့အမျှရှိနေကြမှာပဲ။ ရာဇဝတ်မှုခင်းတွေနဲ့ ကြည့်မယ်ဆိုရင် တစ်လောကတင်ပဲ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ်။ သနားစရာ ကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်တဲ့။ တစ်ဖက်ကနေကြည့်မယ်ဆိုရင် ဒါလူသတ်ကောင်ရဲ့ လုပ်ဆောင်မှုလို့ အပြစ်တင်ကြမယ်။ ပစ္စုပ္ပန် အကြောင်းတရား [၃၇] အနေနဲ့ သူနဲ့ပတ်သက်နေတာကိုး။ သို့သော် ထိုကဲ့သို့ဖြစ်ဖို့ အတွက် ကံကြမ္မာက ဘယ်လိုဖန်လာတယ်ဆိုတာတော့ မသိနိုင်ဘူး။ မြတ်စွာဘုရားရှိမယ်ဆိုရင် အတိတ်အကြောင်း ဟောပြောကောင်း ဟောပြောလိမ့်မယ်ပေါ့။

ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရား လက်ထက်တော်က ကာလဆိုတဲ့ အမျိုးကောင်းသားတစ်ယောက်ဟာ တစ်ညလုံး ဘုရားကျောင်းတော်မှာ တရားနာတယ်။ တရားနာပြီးတဲ့အခါ နံနက်စောစောထပြီး ရေကန်နားသွား မျက်နှာသစ်နေတဲ့အချိန် မြို့ထဲကသူခိုးတွေက နောက်ကလူအုပ်ကြီး လိုက်လာတော့ မလွတ်တော့ဘူးဆိုတဲ့အခါမှာ လွတ်ရာလွတ်ကြောင်း ကြံစည်တဲ့အနေနဲ့ ခိုးယူလာတဲ့ပစ္စည်းထုပ်ကို ကာလဆိုတဲ့အမျိုးကောင်းသား အနီးမှာ ချသွားကြတယ်။ အဲဒီအထုပ် သူ့ အနီးချသွားသည့်အတွက် သူ့ ဘဝဟာ ပြောင်းလဲသွားတယ်။ လိုက်လာတဲ့ လူတွေက သူ့ကိုသူခိုးလို့ မှတ်ယူပြီး ခိုးထုပ်ခိုးထည်နဲ့ မိပြီဆိုကာ ဝိုင်းဝန်းရိုက်နှက်ကြတယ်။

ရိုက်နှက်ကြတဲ့အထဲမယ် ကံကြမ္မာဆုံတာ နှစ်ဦးရှိတယ်။ တစ်ဦးကသေဆုံးသွားတယ်။ အဖြစ်အပျက်ကတော့ တစ်ချိန်စီပေါ့။ တစ်ဦးကမသေဘူး။ မသေတာ ဘာဖြစ်လို့တုန်းဆိုတော့ ကုမ္ဘဒါသီ လို့ခေါ်တယ်၊ ရေခပ်တာဝန်ကို ဆောင်ရွက်ရတဲ့ အမျိုးသမီးတွေ ရောက်လာပြီး “မဟုတ်ဘူး၊ မလုပ်ကြနဲ့ ဒီပုဂ္ဂိုလ်ဟာ လူတော်လူကောင်း၊ ဘုရားတရား နာနေတာ”လို့ ဝိုင်းဝန်း ပြောဆို ကယ်တင်လိုက်လို့ ဖြစ်တယ်။

[၃၈] ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဒီအကြောင်းကို မြတ်စွာဘုရားဆီ လျှောက်ထားတော့ သေတဲ့လူက အတိတ်ဘဝတုန်းက သူက သေအောင် သတ်ခဲ့တယ်။ ဒီဘဝကြည့်မယ်ဆိုရင် လူတွေက မှားယွင်းပြီး ရိုက်သတ်လို့ သေသွားတယ်လို့ ပြောရမယ်။ သို့သော် ဒီလို ရိုက်သတ်လို့ သေသွားတာက အတိတ်အကြောင်း ရှိတယ်ပေါ့။ ကံကြမ္မာဟောင်းကို ပေးဆပ်ရခြင်းပဲ ဖြစ်တယ်။ ရေခပ်လာတဲ့ အမျိုးသမီးတွေက ဝိုင်းဝန်းထောက်ခံပြောကြားလို့ သေဘေးက လွတ်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ အတိတ် ဘဝတုန်းက သူက သူများကို သေအောင်မသတ်ခဲ့ဘူး။ အဲဒါကြောင့် သူအသတ်မခံရတာဖြစ်တယ်လို့ မြတ်စွာဘုရားက ဖြေရှင်းပြီး ဟောကြားတယ်။

ကံကြမ္မာလှည်းဘီး

ဆိုလိုတာက မမြင်နိုင်တဲ့ ကံကြမ္မာတွေဟာ လူတွေရဲ့ စိတ်အစဉ်မှာ လိုက်ပါပြီးနေတယ်၊ အရိပ်သဖွယ်ပေါ့။ ကံဆိုးကိုတော့ မြတ်စွာဘုရားက လှည်းရုန်းနေရတဲ့ နွားကြီးရဲ့နောက်က လှည်းဘီးလို့ ဥပမာပေးတယ်။ ဒုက္ခတွေဟာ လှည်းဘီးလို လိုက်ပါတယ်။ ကံဟာ အခွင့်ရတိုင်း ဒီပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကို အကျိုးပေးလေ့ရှိတယ်။ ကံကြမ္မာရဲ့စွမ်းအားက ဒီပုဂ္ဂိုလ် အခြေအနေကောင်းရင် အကုသိုလ်ကံက များများအကျိုးမပေးနိုင်ဘူး။ အခြေအနေ မကောင်းဘူးဆိုရင် ဖိပြီး အကျိုးပေးတတ်တယ်။ အဲဒီတော့ ကံကြမ္မာရဲ့ သဘောအတိုင်းပဲ လောကလူသား [၃၉] တွေဟာ ဖြစ်နေကြရတယ်။ တို့ဒီဘဝကစပြီးတော့ မကောင်းမှု အကုသိုလ်တွေကို ရှောင်မယ်၊ ဒုစရိုက်တရားတွေကိုရှောင်မယ်။ ဒုစရိုက်တွေရဲ့အပြစ်ဟာ အင်မတန်မှဆိုးတယ် ဆိုတာကို သင်ခန်းစာယူဖို့ အဓိကကျတာပေါ့။

ဇာတ်လမ်း ဇာတ်ကွက်ဆိုတာ အမြဲတမ်းဖြစ်ပေါ်နေမှာ။ Story လို့ ခေါ်တဲ့ ဝတ္ထုတွေဇာတ်လမ်းတွေ၊ True story ရှိတယ်၊ လုပ်ကြံပြီးရေးထားတဲ့ ဇာတ်လမ်းတွေရှိတယ်။ ဘယ်ဇာတ်လမ်းပဲဖြစ်ဖြစ် ဇာတ်လမ်းက အဓိကမဟုတ်ဘူး။ သင်ခန်းစာယူပြီး ကိုယ်တိုင် လက်တွေ့ကျင့်သုံးမှုက ပိုပြီး အဓိကကျတယ်။ ဇာတ်လမ်းတင် လမ်းမဆုံးဘဲနဲ့ ဒီဇာတ်လမ်းမှာ ရယူရမယ့် သင်ခန်းစာကို မိမိကိုယ်တိုင်သင်ယူပြီး ရှောင်သင့်တာရှောင်ဖို့နဲ့ ဆောင်သင့်တာဆောင်ဖို့ အရေးကြီးတာပေါ့။

“ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကား” ဆိုတာ ဒုဂ္ဂတိဘုံ ရောက်သွားလို့ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ အခြေအနေကနေ လှမ်းပြောလိုက်ကြတဲ့ စကားတွေဖြစ်တယ်။ သူတို့လိုမမှားဖို့နော်။ အဲဒီအချိန်မှာ သူတို့ ဘာမှမတတ်နိုင်ကြပါဘူး။ ဒါကြောင့် တတ်နိုင်တဲ့အချိန်မှာ မြတ်စွာဘုရားဟောတဲ့တရားကို ဦးထိပ်ထားပြီး “အကုသိုလ်မှန်သမျှရှောင်၊ ကုသိုလ်မှန်သမျှ မိမိတို့ သန္တာန်မှာဖြစ်အောင် ကျင့်သုံး၊ စိတ်နှလုံးဖြူစင်အောင်ထား” ဆိုတဲ့အတိုင်း ဒီလိုသင်ခန်းစာ ယူကြရမယ်။

[၄၀] ဝတ်လစ်စလစ် ပြိတ္တာ

ဒီကနေ့ ရွေးချယ်ထားတဲ့အထဲက ခြောက်ခုမြောက် ဇာတ်လမ်းက “ခလ္လာဋိယ ပေတိ” ဝတ္ထုဖြစ်တယ်။ ဆံပင်တွေ ကျွတ်ပြီး ခေါင်းပြောင်နေတဲ့ ပုဂ္ဂိုလ်မျိုးကို ခလ္လာဋလို့ခေါ်တယ်။ သူနဲ့ပတ်သက်တဲ့ ဇာတ်လမ်းမို့ ခလ္လာဋိယ ပေတဝတ္ထုလို့ ခေါင်းစဉ်တပ်တဲ့သဘောရှိတယ်။ သို့သော် ခေါင်းပြောင်နေတဲ့ အချိန်မှာ သူဟာ လူသားတစ်ဦးမျှသာ ဖြစ်သေးတယ်။ သူ ကိုယ်တိုင်က ပြန်ပြီးတော့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို ဟောပြောထားတာ။ သူဘာတွေလုပ်ခဲ့လို့ ဘယ်လိုအကျိုးတွေ ခံစားရတယ်၊ တွေ့ကြုံရတယ်ဆိုတာ ကဗျာဂါထာတွေနဲ့ မှတ်တမ်းတင်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။

ကဗျာဂါထာတွေနဲ့ ဇာတ်လမ်းဆင်ထားတဲ့ နေရာက စတင်ပြီး ပြောကြမယ်ဆိုရင် “အိန္ဒိယနိုင်ငံမှာ ရှေးတုန်းက ရွက်လှေတွေနဲ့ ပင်လယ်ခရီးကိုဖြတ်သန်းပြီး ကုန်ရောင်းကုန်ဝယ် လုပ်ကြတယ်” ခုခေတ်တော့ သင်္ဘောလို့ခေါ်တယ်နော်။ အခု ကုန်သည်တစ်စုဟာ ရွက်လှေကြီးတွေ သင်္ဘောကြီးတွေနဲ့ အိန္ဒိယ သမုဒ္ဒရာလို့ဆိုတဲ့ ပင်လယ်ခရီးကြီးကို ဖြတ်သန်းပြီး သုဝဏ္ဏဘူမိ ဆိုတဲ့အရပ်ကို ကုန်ရောင်းကုန်ဝယ် သွားကြတယ်။

သုဝဏ္ဏဘူမိကို ဒီနေ့ခေတ် Identify လုပ်ကြတာ အမျိုးမျိုး ရှိတယ်ပေါ့။ တချို့ စာအုပ်တွေက အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဒီနေ့ခေတ် ဘင်္ဂလားဒေ့ရှ် နယ်ထဲမှာလို့ Identify လုပ်တာ ရှိတယ်။ မြန်မာစာပေအရ သို့မဟုတ် သီရိလင်္ကာကလာတဲ့ [၄၁] ပါဠိစာပေတွေအရ ဇာတ် အဋ္ဌကထာတို့မှာ ဆိုထားတဲ့ သုဝဏ္ဏဘူမိ ဆိုတာ သထုံမြို့ ပတ်ဝန်းကျင်လို့ ယုံကြည်ကြတယ်ပေါ့။ သို့သော် တချို့ကလည်း အင်ဒိုနီးရှားနိုင်ငံ စူမားတြားကျွန်းနဲ့ ထိုင်းနိုင်ငံတို့ အပါအဝင် အရှေ့တောင်အာရှ ဒေသကြီးကို “သုဝဏ္ဏဘူမိ”လို့ သတ်မှတ်တဲ့ ပုဂ္ဂိုလ်လည်းရှိတယ်။ ဒါကြောင့် ထိုင်းနိုင်ငံက စူဝမ်ဏဘူမိဆိုတဲ့ လေဆိပ်ကြီးတောင်မှ ဒီနာမည်နဲ့ မှည့်ထားတာ ရှိတယ်ပေါ့။

ရာဇဝင်နဲ့ပတ်သက်လို့ နေရာဒေသဆိုတာ အငြင်းပွားတာလေးတွေ ရှိပါတယ်။ ဥပမာ တစ်ခုပြောရမယ်ဆိုရင် မြတ်စွာဘုရား မွေးဖွားတဲ့ ကပိလဝတ်သည်ပင်လျှင် အိန္ဒိယနိုင်ငံက သူတို့နိုင်ငံထဲမှာရှိတယ်ဆိုပြီးတော့ နီပေါနယ်စပ် မြို့တစ်မြို့ကို Identify လုပ်တယ်။ Location ဖော်ပြတယ်၊ အများစုကတော့ အိန္ဒိယနိုင်ငံက မဟုတ်ဘဲနဲ့ နီပေါနိုင်ငံထဲမှာရှိတဲ့ ကပိလဝတ္ထု ဆိုတာကို လက်ခံထားကြတယ်ပေါ့။ ဒီလိုပဲ ရာဇဝင်နဲ့ပတ်သက်တဲ့ Historical side ဆိုတာဟာ မတူညီမှုတွေ ရှိတတ်ပါတယ်။

အဲဒီတော့ ဒီကုန်သည်တွေဟာ ပင်လယ်ခရီးကို ဖြတ်ပြီးတော့ သုဝဏ္ဏဘူမိမှာ ကုန်ပစ္စည်းတွေကို အရောင်းအဝယ် သွားလုပ်ကြတာ။ အခုအိန္ဒိယတောင်ပိုင်း ဩရိဿပြည်နယ် ကနေပြီးတော့ အရှေ့ကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံ ပုသိမ် ကမ်းရိုးတန်း မော်လမြိုင်တို့ထိအောင် အရှေ့စူးစူး အနေအထားမျိုးကို တွေ့ရတယ်ပေါ့။ အဲဒီပင်လယ်ကမ်းရိုးတန်းကို ဖြတ်သန်း [၄၂] ပြီးတော့ သုဝဏ္ဏဘူမိအရပ်ကို ရွက်လှေလွှင့်ပြီး စီးပွားရှာကြတယ်။

တစ်ခါတစ်ရံ ကံမကောင်း အကြောင်းမလှတဲ့အခါ မုန်တိုင်းနဲ့တွေ့ပြီး ရွက်လှေ ပျက်စီးပြိုကွဲ၊ လူတွေဟာ ကစင့်ကလျား ဖြစ်ပြီး သေဆုံးကြရတာလည်းရှိတယ်။ ဆိုပါစို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအားလုံး ကြားဖူးတဲ့ မဟာဇနကဇာတ်တော်ကြီးပဲ ကြည့်၊ ပင်လယ်ခရီး ဖြတ်သန်းတဲ့အခါမှာ လှိုင်းဒဏ် လေဒဏ်ခံရလို့ ရွက်လှေကြီးကွဲပြီး နစ်မြုပ်သွားတာနဲ့ ကြုံရတယ်။ အခု ဒီဇာတ်လမ်းမှာတော့ သုဝဏ္ဏဘူမိဘက်ကို ရွက်လွှင့်သွားရာက မုန်တိုင်းမိပြီးတော့ ရွက်ပြဲတက်ကျိုးပြီး လှေကြီးဟာ မျောချင်ရာမျောပြီးတော့ ပင်လယ်ထဲက ကျွန်းတစ်ကျွန်းကို ရောက်သွားတယ်၊ သုဝဏ္ဏဘူမိကို မရောက်ဘဲနဲ့ ကျွန်းတစ်ကျွန်းကို ရောက်သွားတယ်။

အဲဒီကျွန်းမှာ ဘုံဗိမာန်နဲ့နေတဲ့ ဝေမာနိက ပြိတ္တာမတစ်ဦးနဲ့ သွားတွေ့ကြတယ်။ ဘုံဗိမာန်ကြီးက အင်မတန်မှလှတယ်။ အဲဒီဘုံဗိမာန်ကြီးထဲမှာ ဗိမာန်ရှင်ရှိနေတယ်။ စကားပြောသံ ကြားရတယ်။ သို့သော် ဘုံဗိမာန်ထဲက ထွက်မလာဘဲနဲ့ အသံလောက်သာ ပေးနေတယ်။ ဒီတော့ လှေသူကြီးလုပ်တဲ့ပုဂ္ဂိုလ်က သူ့ကို လှမ်းပြီးတော့ပြောတဲ့စကားနဲ့ ဒီဇာတ်လမ်းကို စထားတယ်။ “ဒီလိုလှပတဲ့ ဗိမာန်ကြီးထဲက ထွက်မလာဘဲနဲ့ စကားပြောနေတဲ့ ဗိမာန်ရှင်၊ ကိုယ်ထင်ပြပြီးထွက်လာခဲ့ပါ။ အားလုံးက တွေ့ချင်ကြပါတယ်”လို့ အပြင်ဘက်က အသံပေးခေါ်ကြတယ်။

[၄၃] အဲဒီလိုခေါ်တဲ့အခါ ဗိမာန်ထဲက တုံ့ပြန်တဲ့အသံက “သူဟာ အဝတ်မပါ ဗလာကိုယ်တီးဖြစ်နေလို့ ထွက်ရမှာရှက်တယ်။ သူ့မှာဝတ်ထားတဲ့အဝတ်မရှိဘူး။ သူ့တစ်ကိုယ်လုံးကို အင်မတန် ရှည်လျားတဲ့ ဆံကေသာနဲ့ဖုံးပြီးတော့ နေရတာ။ ထွက်ပြီးတော့ ပြရမှာ အင်မတန်မှရှက်လို့ သူလုပ်ထားတဲ့ ကုသိုလ်ကံလေး ကလည်း အင်မတန်မှ အားနည်းလို့ သူ့မှာ ပြည့်ပြည့်စုံစုံမရှိပါဘူးတဲ့။ ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတာလို ဝတ်စရာအဝတ်တောင် မရှိပါဘူး”တဲ့။ ဗိမာန်ရှင်က အဲဒီလို အကြောင်းပြန်တယ်။

ဘဝကူးသူ ဖေးမကူ

အကြောင်းပြန်တဲ့အခါ လှေသူကြီးက သူ့မှာ ပါလာတဲ့ အဝတ်တွေကို ဘုံဗိမာန်ထဲကို လှမ်းပြီးတော့ ထည့်ပေးလိုက်တယ်။ ဗိမာန်ရှင်က ဘာပြန်ပြောတုန်းဆိုတော့ “သူတို့ဘဝဟာ အခုလို လက်နဲ့ပေးလို့ ဘာပစ္စည်းမှ ရနိုင်စွမ်း မရှိပါဘူး” တဲ့။ သရဲကားတွေ ဘာတွေ ကြည့်ဖူးကြလိမ့်မယ်။ တချို့ သရဲကားတွေမှာကြည့်၊ ထိလို့ကိုင်လို့ မရဘူး။ ပေးလို့ ကမ်းလို့လည်း မရနိုင်ဘူးပေါ့။ သူတို့ဘဝက အဲဒီလို သူများကပေးတဲ့ပစ္စည်းကို လှမ်းယူပြီးတော့ ဝတ်ဆင်လို့မရဘူးတဲ့နော်။

လူ့ဘဝက တော်တော်ဟန်ကျတာပဲ။ လူ့ပြည်မှာတော့ ကံကြမ္မာက တယ်ကောင်းတယ်လို့ပဲ ပြောရမယ်။ အဝတ်အစား လှလှလေး လက်ဆောင်ပေးလည်း ဝတ်လို့ရတာပဲ။ ဟိုလူကပေး [၄၄] ဒီလူကပေးလည်း ဝတ်လို့ရတယ်။ အဲဒီ ဗိမာန်ရှင်ကတော့ ရွှေဗိမာန်ကြီးနဲ့ နေပေမယ့်လို့ အခုလို လှမ်းပေးတဲ့ အဝတ်ကို ရယူပြီးတော့ ဝတ်နိုင်စွမ်းမရှိပါဘူးတဲ့။ ဒါ သူပြောတဲ့စကားအရ ဆိုရင် “ဟတ္ထေန ဟတ္ထ တေ ဒိန္နံ၊ န မယှံ ဥပကပ္ပတိ” လက်ဆင့်ကမ်းပေးတဲ့အဝတ်မျိုးက သူ့ဆီ ဘယ်တော့မှ မရောက်ဘူးတဲ့။ ဒါကြောင့်ထင်တယ်၊ ခုခေတ် နတ်တင်ထားတာတွေက ဒီအတိုင်းပဲရှိတယ်နော်။ ငှက်ပျောသီး၊ အုန်းသီးတွေ၊ အဝတ်တွေ ဆက်ထား ဒီအတိုင်းပဲ။ ထောက်ကြန့်က ရွှေညောင်ပင် သွားကြည့်ပေါ့။ ကားအသစ်ကလေးတွေ ဆက်ကြသေးလားမသိပါဘူး။ ဒီအတိုင်းပဲ လက်နဲ့ပေးတာမျိုးက သူ့အတွက် ဘာမှအကျိုးမဖြစ်ဘူးတဲ့။

သူက နည်းလမ်းပေးတယ်။ သူ့ကို ပေးချင်ရင်တဲ့ “ရှင်တို့ထဲမှာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပြီး ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ ဥပါသကာတစ်ယောက်ရှိတယ်။ သူဟာ သဒ္ဓါတရားလည်း ကောင်းတယ်၊ ကိုယ်ကျင့်သီလနဲ့လည်း ပြည့်စုံတယ်၊ မြတ်စွာဘုရားရဲ့ တပည့်သာဝကလည်းဖြစ်တယ်၊ အဲဒီဥပါသကာကို လှူပါ။ လှူပြီးတော့ အဲဒီ ကုသိုလ်ကောင်းမှုကို ကျွန်မအတွက် ရည်ညွှန်းအမျှဝေပါ” တဲ့။ ဒါ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းကို ပေးတာ။

ဘုန်းကြီးတို့ တစ်ခါတုန်းက “တမလွန်ဘဝက ဆွေမျိုးများ အရေး” ဆိုပြီး ဟောထားတာရှိတယ်။ ကိုယ့်မိဘဆွေမျိုးတွေ တမလွန်ဘဝ ရောက်သွားလို့ရှိရင် အကျိုးရှိအောင် ဘယ်လို [၄၅] ကူညီနိုင်မလဲဆိုတာ ပါတယ်။ တချို့ကတော့ ပန်းခြင်းလေး သွားချထားတယ်။ ပန်းခြင်းလေး သွားချထားလို့ သူပန်ရမှာတော့ မဟုတ်ဘူးနော်။ စားစရာ သောက်စရာလေးတွေ သွားပြီးတော့ တင်ထားတာလည်း အကောင်ပလောင်တွေတော့ စားရတာပေါ့။ တချို့ကလည်း ခွေးယောင်ဆောင်ပြီး စားတယ်လို့ထင်တာ။ တကယ်တော့ ခွေးနက်ကြီးက စားသွားတာပါ။

တမလွန်ဘဝရောက်သွားတဲ့ ဆွေမျိုးတွေကို ကူညီချင်တယ်ဆိုရင် သူတို့အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှု လုပ်ပေးသင့်တယ်ပေါ့။ အခုခေတ် လုပ်နေကြတာ ရှိတယ်။ အကျွတ်အလွတ်ပွဲဆိုပြီး ကုသိုလ်ကောင်းမှုတွေလုပ်၊ သင်္ချိုင်းတွေကိုသွား၊ အမျှအတန်း ပေးဝေကြတယ်။ အလွန်ကောင်းတယ်။ သူတို့အတွက် ကုသိုလ်လုပ်ပေးတာ။ ကိုယ့်အတွက် ကုသိုလ်လုပ်တာ မဟုတ်ဘူး။ အားလုံးအတွက် ရည်စူးပြီး အမျှအတန်း ပေးဝေတယ်။ အင်မတန်မှ ကောင်းတဲ့ ကူညီမှုတစ်ခုပဲ။ သာဓုခေါ်ရင် သူတို့ အပြည့်အဝ ရပါတယ်တဲ့။ ဒါ ဖြေရှင်းတဲ့နည်းတစ်ခု၊ သူတို့ကို ပေးချင်တယ်ဆိုရင် အဲဒီနည်းနဲ့ပဲ လုပ်ပေးလို့ရမယ်။ တခြားနည်းတွေနဲ့ လုပ်ပေးလို့မရဘူးတဲ့။

ကူညီချင်တဲ့ ကုန်သည်တွေကလည်း အဲဒီ ဥပါသကာကို ရေမိုးချိုးစေပြီး သူတို့ပါလာတဲ့ စားစရာတွေ၊ အဝတ်တွေ သူ့ရှေ့မှာချပြီး လှူဒါန်းကြတယ်။ ဗိမာန်ရှင်အတွက် ရည်ညွှန်းအမျှဝေကြတယ်။ ဒါကြောင့် ဗိမာန်ရှင်ဟာ အင်မတန်မှလှပတဲ့ ဝတ်စုံကြီး တစ်ခု ဝတ်ဆင်ပြီးသား ဖြစ်သွားတယ်။ အတော်အံ့ဩစရာပဲ။

[၄၆] ကုသိုလ်ကံရဲ့ အကျိုးဆိုတာ သာဓုခေါ်လိုက်တာနဲ့ သူ့မှာ ဝတ်စရာပြည့်စုံသွားတယ်။ စားစရာတွေ ရသွားတယ်။ အရင်ကလို “ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်” မဟုတ်တော့ဘဲ ပြည့်ပြည့်စုံစုံ ဖြစ်သွားတယ်။ သူ့မှာ နဂိုက ဆံပင်နဲ့ဖုံးပြီး ဝတ်စရာမရှိ၊ စားစရာမရှိ ဗိမာန်ကြီးထဲမှာ နေရတဲ့ဘဝက လွတ်သွားတယ်။ အခုတော့ ဝတ်စရာ စားစရာတွေ ပြည့်ပြည့်စုံစုံ ရလာတယ်။ အဲဒီလို ရလည်းရရော ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမောနဲ့ ဘုံဗိမာန်ထဲက ထွက်ပြီးပြတယ်။

ကုသိုလ်အကျိုးက ချက်ချင်းရတယ်။ ချက်ချင်းရတယ်ဆိုတာကလည်းပဲ .. မြတ်စွာဘုရား ဟောထားတာ ရှိတယ်။
“ဥန္ဒမေ ဥဒကံ ဝုဋ္ဌ” မြင့်ရာမှာ ရွာချလိုက်တဲ့ မိုးရေဟာ “ယထာ နိစ္စံ ပဝတ္တတိ” နိမ့်ရာကို စီးသွားသလိုပဲ။ “ဧဝ မေဝ ဣတော ဒိန္နံ ပေတာနံ ဥပကပ္ပတိ” ဒီဘဝက လှူလိုက်တဲ့ ကုသိုလ်ကံရဲ့ အကျိုးတရားဟာ တမလွန်ဘဝက ဆွေမျိုးတွေဆီ ချက်ချင်း ရောက်ပါတယ်၊ အချိန်မဆိုင်းပါဘူး၊ သာဓုခေါ်လိုက်တာနဲ့ ချက်ချင်းရသွားတယ်။ ဒီလို ဆိုတာနော်။

“ယထာ ဝါရိဝဟာ ပူရာ ပရိပူရေန္တိ သာဂရံ” မြစ်ချောင်းတွေက စီးသွားတဲ့ ရေတွေအားလုံးဟာ ပင်လယ်ထဲ ဝင်သွားသလိုပဲ ဒီကရည်စူးပြီး လုပ်လိုက်တဲ့ ကုသိုလ်ကောင်းမှုရဲ့ အကျိုးကျေးဇူးတွေဟာ ကိုယ်ရည်စူးတဲ့ ပုဂ္ဂိုလ်ဆီ အပြည့်အဝ ရောက်သွားတယ်၊ စီးဝင်သွားတယ်တဲ့။ ဒါက “တိရောကုဋသုတ်” မှာ မြတ်စွာဘုရား ဟောထားတဲ့ ဂါထာဖြစ်တယ်။

[၄၇] ပုညကိရိယာဝတ္ထု ဆယ်မျိုးဆိုတာရှိတယ်။ အဲဒီ ဆယ်မျိုးထဲမှာ ကြည့်လေ “ပတ္တိဒါန” တဲ့။ ပတ္တိ-ဆိုတာ ကိုယ်ရထားတဲ့ ကုသိုလ်ကောင်းမှုကို၊ ဒါန-တမလွန်ဘဝက ဆွေမျိုးသားချင်းတွေကို Share လုပ်တယ်၊ အမျှဝေတယ်ပေါ့။ “ပတ္တာနုမောဒန” တစ်ဖက်က သူ့အတွက် Share လုပ်လိုက်တဲ့ ကုသိုလ်ကို ဝမ်းမြောက်နုမော် သာဓုခေါ်တယ်။ ဒီဘက်ကပေးတယ် ဟိုဘက်က ခံယူတယ်။ ဒီနှစ်ခု ကိုက်ညီသွားတာနဲ့ တစ်ပြိုင်နက် အကျိုးကျေးဇူးဟာ ချက်ချင်းရောက်သွားတယ်။ မှန်ကန်တဲ့ နည်းစနစ်တစ်ခုပေါ့။ ဒီနည်းနဲ့ ကောင်းကျိုးချမ်းသာတွေ ရတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို ပုံဝတ္ထုလေးတွေ ခဏခဏ ကြားရတယ်။ သူ့အတွက် အမျှဝေပေးပါလို့ အိပ်မက်ပေးတာတို့ ကြားဖူးတယ်ပေါ့။

ဒီဗိမာန်ရှင်ဟာလည်း အခုလို အမျှအတန်း ပေးဝေလိုက်တာနဲ့ တစ်ပြိုင်နက် လှပတဲ့ဝတ်စုံကြီး ဝတ်ဆင်ပြီး ဗိမာန်ထဲက ထွက်လာတယ်။ “ဒက္ခိဏ” လို့ဆိုတဲ့ တစ်စုံတစ်ခု ရည်ညွှန်းပြီး လုပ်လိုက်တဲ့ ကုသိုလ်ကံရဲ့ အကျိုးကျေးဇူးဟာ ချက်ချင်းဖြစ်လာတယ်။ အားလုံး ကြည့်ကြပါ ဆိုပြီးတော့ သူရထားတာကို ပြုံးပြုံးရွှင်ရွှင်နဲ့ ဗိမာန်ထဲကထွက်ပြီးပြတယ်။

အဲဒီမှာ ကုန်သည်တွေက ဝိုင်းမေးကြတယ်။ “ဘာဖြစ်လို့ ဒီလောက်လှတဲ့ ဗိမာန်ကြီးကိုရတာလဲ?၊ ဘာကုသိုလ် လုပ်ခဲ့တာလဲ?” ပေါ့။

[၄၈] ခေတ်ယုံကြည်ချက် သနားလျက်

သူကပြောတယ် “သူဟာ တစ်ခုသောဘဝ ဗာရာဏသီပြည်မှာ ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်စားသောက်ရတဲ့ အမျိုးသမီးဖြစ်တယ်” တဲ့။ ပြည့်တန်ဆာလို့ ခေါ်တယ်။ ရှေးက တစ်ခါတစ်ရံ အမျိုးသမီးငယ်လေးတွေ အင်မတန်မှ သနားစရာကောင်းတယ်။ သူတို့ခေတ် လူနေမှုစနစ်တွေ၊ ခေတ်ရဲ့ ယုံကြည်ချက်တွေ၊ လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကြောင့် သနားစရာ ကောင်းတယ်။

အမေရိကန်ကထုတ်တဲ့ Geography မဂ္ဂဇင်းထဲမှာ တွေ့လိုက်ရတယ်။ လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေက တော်တော်ထူးဆန်းတယ်။ တချို့ လူမျိုးတွေက ရုပ်ကလေးတွေက သနားကမား လှလှပပလေးတွေ အင်္ကျီမဝတ်ဘူး။ တချို့ ဝါးကျည်တောက်ကြီးတွေကို ပါးစပ်မှာ ဆွဲထားတာ။ နှုတ်ခမ်းကြီးက အောက်တွဲကျနေတယ်။ ဘာလို့ဆွဲတယ် မသိဘူး။ ဓာတ်ပုံထဲမှာ အဲဒီလို တွေ့ရတယ်။ အမျိုးမျိုးပဲ နှာခေါင်းတွေကို ဖောက်ထားတယ်။ နားရွက်တွေကို ဖောက်ထားတာလည်း တွေ့ရတယ်။

ဗမာတိုင်းရင်းသားတွေထဲမှာလည်း ပဒေါင်လူမျိုးတွေ ကြည့်၊ လည်ပင်းကြီးကို ရှည်နေအောင် ကြေးကွင်းကြီးတွေ စွပ်ထားတာ။ ဒါ သူတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ ဒီလို ယုံကြည်ချက်ကလည်း လူ့ရဲ့ အလှအပတွေကို ဖျက်ဆီးနေသလို ဖြစ်တာပဲ။ အဲဒီတော့ ရုပ်တန်ဆာဆင်တာတောင်မှပဲ မတူညီကြဘူး။ အခုခေတ် နားကပ်ပန်တာ တစ်ပွင့်တင်မကဘူး နားရွက် [၄၉] တစ်ခုလုံးပန်တာတောင် ရှိတယ်။ နားကပ်တင် အားမရလို့ တချို့ ပါးစပ်ဖောက်ပြီး ပန်တာရှိသေးတယ်။ ဩော် လူ့ရဲ့စိတ်ဆိုတာ အင်မတန်မှဆန်းကြယ်တယ်။ နောက်ဆုံး မျက်လုံးမျက်ခုံးလေးတွေတောင်မှပဲ စိန်စီဦးမလား မသိဘူးနော်။ လူတွေက လှတယ်ထင်ရင် လုပ်ကြတယ်။

ရှေးခေတ်တုန်းက ယုံကြည်မှုစနစ်အရ သိပ်လှတဲ့ အမျိုးသမီးဟာ ပြည့်တန်ဆာ ဖြစ်သွားတယ်။ ပြောရရင်တော့ ဘုံဆိုင်ပစ္စည်း လုပ်တာပေါ့။ ဘုရားလက်ထက် ဇီဝကရဲ့ မယ်တော်က အင်မတန်မှရုပ်ချောတယ်။ ရုပ်ချောလို့ အဲဒီနေရာ ရောက်သွားတာ။ အမ္ဗပါလီ ဆိုတာလည်း ဒီအတိုင်းပဲ။ အင်မတန်မှ ရုပ်ချောသည့်အတွက် ပြည့်တန်ဆာဘဝ ရောက်သွားရှာတာ။ သူတို့ခေတ်ရဲ့ စနစ်ပေါ့။

အခု ဗာရာဏသီပြည်က ဗိမာန်ရှင်ကလည်း အတိတ်ဘဝက ရုပ်အင်မတန်မှ ချောမောလှပတယ်တဲ့။ သူ့ရဲ့ အလှအပဟာ ဘာတုန်းဆိုတော့ ကေသကလျာဏီလို့ ခေါ်ရလောက်အောင် ဆံပင်က သူများထက် ပိုလှတယ်။ ရှေးခေတ်အလှကတော့ ဆံပင်ရှည်ပြီး ကော့ပျံနေတာကို အလှလို့ယူတယ်။ ကနေ့ခေတ်က လှပုံလှနည်း တစ်မျိုးပြောင်းသွားပြီ။ တိုနိုင်သမျှ တိုအောင် ဖြတ်ရတယ် ထင်ပါတယ်။ နောက်ဆုံး ကတုံးဖြစ်သွားတယ်။ အခု သူ့ရဲ့ ဆံပင်က အင်မတန်မှရှည်ပြီး လှပတော့ အားကျတဲ့ အမျိုးသမီးက အားကျ၊ မနာလိုတဲ့ အမျိုးသမီးက မနာလိုဖြစ်ကြတယ်။ ဒါ ဆံပင်ကို တန်ဖိုးထားတဲ့ခေတ်လို့ ပြောရမယ်။ အဲဒီ [၅၀] ဆံပင်ကို မနာလိုဖြစ်တော့ ဆေးဆရာတစ်ယောက်နဲ့ပေါင်းပြီး ဆံပင်ကျွတ်ဆေး ဖော်စပ်တယ်။ အနီးကပ်ပြုစုတဲ့ အမျိုးသမီးတစ်ယောက်ကို ပိုက်ဆံပေးပြီး ဆံပင်လျှော်တဲ့အထဲ အဲဒီ ဆံပင်ကျွတ်ဆေးတွေ ထည့်လိုက်တယ်။

လူ့လောကဆိုတာ တော်တော်ဆန်းတယ်နော်။ အဲဒီ ဆံပင်ကျွတ်ဆေးကလည်း တော်တော်ပြင်းပုံရတယ်။ ဘာနဲ့ ဖော်စပ်တယ်မသိဘူး၊ ခေါင်းလျှော်ပြီး ရေထဲငုံ့လိုက်တာနဲ့ တစ်ပြိုင်နက် ဆံပင်တွေ အကုန်ကျွတ်ပြီး ကတုံးဖြစ်သွားတယ်၊ အဲဒါကို ရည်ညွှန်းပြီး “ခလ္လာဋိယ” ဦးထိပ်ပြောင်လို့ ဆိုတယ်။ ဆံပင်တွေကျွတ်သွားပြီး ကတုံးပြောင်ဖြစ်သွားတော့ ရှက်တာပေါ့။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းကတောင်မှပဲ ကတုံးဆိုတာ ရှက်စရာကြီး။ ငယ်ငယ်တုန်းက ဗုံးကခဏခဏချတော့ “ကတုံးမ ဒေဝီ ဗုံးချသေပြီ” လို့ ဆိုကြတာ ကြားဖူးတယ်။ ကတုံးတွေ့ရင် အဲဒီလို ပြောကြတယ်။ အခုခေတ်ကတော့ ကတုံး ခေတ်စားနေတာ၊ ကိစ္စမရှိဘူး။ ဦးထုပ်လေးဆောင်းလိုက်လည်း ရတယ်။ ဆံပင်တုလေးနဲ့ဆိုလည်း အဆင်ပြေတယ်။ ဒါကြောင့် အမျိုးသမီးလေးတွေ သီလရှင်ဝတ်ကြတယ်။ ကောင်းတယ်။ နို့မို့ဆိုရင် သီလရှင်ဝတ်ဖို့ တော်တော်ခက်တယ်နော်။ ကနေ့ခေတ်တော့ ခေါင်းတုံးတာ ဘာမှပြဿနာမရှိတော့ဘူး။ ဘုန်းကြီးတို့ ငယ်ငယ် ခေါင်းတုံးဖို့ ခက်သေးတယ်။ ယောက်ျားတွေတောင်မှ သျှောင်ထုံးတွေနဲ့။ ဒါသူ့ရဲ့ ထုံးတမ်းစဉ်လာ။ ခေတ်ရဲ့ အခြေ [၅၁] အနေတွေ၊ ခေတ်ရဲ့အမြင်တွေ၊ ခေတ်ရဲ့အတွေးတွေဆိုတာက ထာဝရ ပြောင်းလဲနေတဲ့ အရာတွေသာ ဖြစ်တယ်။

အမေရိကန်နိုင်ငံရဲ့ ရှေးဦးလူသားတွေဖြစ်တဲ့ Red Indian တွေကို အမေရိကန်အစိုးရက ကိုလိုနီနယ်မြေတစ်ခု သတ်မှတ်ပြီး ထောက်ပံ့ကြေးပေးထားတယ်။ အစိုးရထောက်ပံ့တာ စားပြီး သူတို့က အေးအေးဆေးဆေး နေကြတယ်၊ အရက်သောက်ကြတယ်၊ အသက်(၄၀)လောက်ဆို သေကုန်ကြတယ်။ သူတို့တွေမှာ ယုံကြည်ချက်တစ်ခု ရှိတယ်။ သူတို့ဆီကိုသွားရင် ကတုံးနဲ့မသွားနဲ့။ လူဆိုးဆိုပြီး ပိုဒုက္ခပေးတယ်တဲ့။

ဗမာပြည်က ဆရာဝန်တစ်ဦး အဲဒီဘက်ကို ခရီးထွက်ရမယ်။ ဒုလ္လဘရဟန်းဝတ်ဖို့လည်းရှိတယ်။ အဲဒီတော့ ဒုလ္လဘရဟန်းဝတ်ပြီးမှ ခရီးထွက်ရင် ကတုံးနဲ့ဖြစ်မှာကိုး။ ဆံပင်က ရှည်မှာမဟုတ်ဘူး။ ဒါကြောင့် သူ့အစီအစဉ် ပြောင်းလိုက်ရတယ်။ အဲဒီကပြန်မှ ဒုလ္လဘရဟန်းဝတ်တော့မယ်။ ဒီ Red Indian ကိုလိုနီဒေသကို သွားဖို့အတွက် ရဟန်းဝတ်တာကို ရွှေ့ဆိုင်းလိုက်ရတယ်။ နို့မို့ဆိုရင် သူ့ကိုလူဆိုးလို့ အောက်မေ့မှာ။ တကယ်ကတော့ ဆေးကုပေးဖို့ သွားတဲ့ဆရာဝန်ပဲ။ ဒါက သူကိုယ်တိုင် ပြောပြလို့သိရတဲ့ အကြောင်းအရာလေးတစ်ခု ဖြစ်တယ်။ အဲဒီလို ခေါင်းပြောင်အောင် ... တုံးထားလို့ရှိရင် သူတို့က လူဆိုးလို့ သတ်မှတ်တယ်တဲ့နော်။

အိန္ဒိယနိုင်ငံရဲ့ထုံးစံတစ်ခုက ဟိန္ဒူတွေ မိဘသေလို့ရှိရင် သားတွေ ကတုံးတုံးရတယ်။ အမျိုးသမီးတွေတော့ မပါဘူး။

[၅၂] ကတုံးတုံးပေမယ်လို့ ထိပ်ပေါ်မှာ ဆံပင်အရှည်လေးတစ်စု ချန်ထားရတယ်။ အဲဒီအရှည်လေးက ဘာလို့ ချန်ထားတာတုန်းဆိုတော့ ဗြဟ္မာ့ပြည်တက်တဲ့ “ဗြဟ္မရဏ္ဍ” လို့ခေါ်တယ်၊ အတ္တက အဲဒီကနေထွက်ပြီး ဗြဟ္မာ့ပြည်ကိုသွားတာ။ အတ္တ လမ်းပျောက်မှာစိုးလို့ အဲဒီဆံပင်စု ချန်ထားရသေးတယ်လို့ ပြောတာပဲ။ အကုန်လုံးရိတ်လိုက်ရင် လမ်းပိတ်သွားမှာစိုးလို့တဲ့။ ယုံကြည်ချက်က အဲဒီလိုရှိတာ။

တစ်ခါတစ်လေ ယုံကြည်ချက်တွေက ဟုတ်လား မဟုတ်လားလည်း ဘာမှမပြောနိုင်ဘူး။ Tradition တို့၊ Custom တို့ ဆိုတာ ရယ်စရာလည်း ကောင်းတယ်၊ စိတ်ပျက်စရာလည်း ကောင်းတယ်။ တချို့က Reasonable ဖြစ်တယ်။ တချို့က Reasonable မဖြစ်ဘူး။ သို့သော် ယုံကြည်ချက်တွေက မစွန့်လွှတ်နိုင်ကြဘူးပေါ့။

ဘုန်းကြီးတို့ အရပ်တွေမှာ တူးရွင်းထမ်းရင် အသွားကို ရှေ့ကမထားရဘူး။ ဘာကြောင့်လဲဆိုတာတော့ မပြောဘူး။ မထားကောင်းဘူးတဲ့။ လူတွေက လိုက်နာကြရတယ်။ တချို့ အရပ်က နောက်က မထားရဘူး။ ရှေ့ကထားရတယ်။ တစ်ရပ်နဲ့ တစ်ရပ် မတူဘူး။ ရှေ့ကထားပြီးသွားရင် ရှေ့လူ ထိုးမိမှာ စိုးလို့လားမသိပါဘူး။ အဲဒီလို ယုံကြည်ချက်တွေက အမျိုးမျိုးပဲ။

ဘုန်းကြီးတို့ မိသားစုတောင်မှ နတ်နဲ့ ပတ်သက်တဲ့ ပညတ်ချက်ရှိတယ်။ ဘောင်းဘီရှည် မဝတ်ရဘူး။ အဝတ်နက် မဝတ်ရဘူး။ ဘွတ်ခြေနင်း မစီးရဘူး။ အဲဒါ ဘယ်သူက ပညတ် [၅၃] တာတုန်းဆိုတော့ အစဉ်အလာပဲ။ နတ်က မကြိုက်ဘူးလို့ ပြောတာပဲ။ အဲဒီနတ်ကိုလည်း တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး။ တစ်ခုတော့ကောင်းတာရှိတယ်။ နတ်တင်တဲ့အခါ မုန့်ကောင်းကောင်း စားရတယ်။ အဲဒီလို လူတွေရဲ့ ယုံကြည်ချက်ဆိုတာ Reasonable တော့ မဖြစ်ဘူးပေါ့။

မုန့်ညက်လှူဖူး ဗိမာန်ထူး

အခုလည်း ဒီအမျိုးသမီးဟာ ဆံပင်ကျွတ်ဆေးတွေ ခေါင်းလျှော်ရည်ထဲမှာ ရောထည့်ပြီး လိမ်းပေးခံလိုက်ရတဲ့အခါ ဆံပင်တွေ ကျွတ်ထွက်သွားတယ်။ ကတုံးမဘဝ ရောက်သွားတယ်။ သူရှက်တော့ မြို့ထဲတောင် မဝင်နိုင်ဘူး။ မြို့ပြင် တစ်နေရာမှာ နေတယ်။ ကတုံးမဖြစ်သွားတော့ သူ့ရဲ့ ဖောက်သည်တွေလည်း မလာတော့ဘူး ထင်ပါရဲ့။ အဲဒီတော့ သူ့မှာ စားဝတ်နေရေး ခက်ခဲသွားတော့ ဘာလုပ်စားတုန်းဆို ဆီရောင်းစားတယ်၊ အရက်ရောင်းစားတယ်။ အဲဒီလို ဘဝဝမ်းကြောင်းကို ကျောင်းနေရရှာတယ်။

အဲဒီအချိန် သူတော်စင်ရဟန်းတစ်ပါး ဆွမ်းခံကြွလာတာ မြင်တဲ့အခါ အိမ်ပင့်ပြီး အရသာရှိတဲ့ နှမ်းမုန့်ညက်ကို ရဟန်းရဲ့ သပိတ်ထဲ လောင်းထည့်ပြီး တရိုတသေ ဝပ်ချတယ်။ ကုသိုလ်ကောင်းမှုတွေ သူလုပ်ခဲ့တယ်တဲ့။ ဆီရောင်းဖို့ဆီကြိတ်တဲ့အခါ ထွက်လာတဲ့ နှမ်းစချည်ထွေး သို့မဟုတ် နှမ်းမုန့်ညက်ကို သူက လှူတယ်။ အဲဒီ ကုသိုလ်ကံရဲ့ အထောက်အပံ့ကြောင့် ဒီရွှေဗိမာန် [၅၄] ကြီးမှာ နေရတာတဲ့။ ကုသိုလ်ကံကနေ အကျိုးပေးတာပေါ့။ ဒါ ဗိမာန်ရခြင်းရဲ့ အကြောင်းကို သူပြောတာ။

သူဘာဖြစ်လို့ ဝတ်လစ်စလစ် ဖြစ်သွားတာတုန်းဆိုရင် သူ့ဆီ အရက်လာသောက်တဲ့ အရက်သမားတွေ ပုဆိုးကျွတ် ဘာကျွတ် ကျွတ်တဲ့အခါ အဲဒီအဝတ်တွေ သူကခိုးထားလိုက်တယ်။ အဲဒီလို ခိုးယူလိုက်တဲ့ အကုသိုလ်ကံကြောင့် နောက်ဘဝ ရောက်တဲ့အခါ သူ့မှာ ဝတ်စရာအဝတ် မရှိဘူးတဲ့။ ဒီလောက်လေးလုပ်တာနဲ့ ပြင်းထန်လှချေလားလို့ မပြောကြနဲ့။ လူဆိုတာ တစ်ဦးနဲ့တစ်ဦး မတူဘူး။ လူတိုင်းမှာတော့ ပြင်းထန်ချင်မှ ပြင်းထန်မယ်ပေါ့။ ကုသိုလ်ကံ လုံးဝမရှိတဲ့ ပုဂ္ဂိုလ်တွေကိုတော့ အကုသိုလ်က နည်းနည်းလေးလည်း အကျိုးပေးတယ်။ ကုသိုလ်ကံရှိပြီး ကောင်းတာတွေလုပ်ပြီး မကောင်းတာ တစ်ခါတစ်ခါ ဖြစ်တဲ့ ပုဂ္ဂိုလ်မျိုးကိုတော့ ကောင်းတာတွေက အကာအကွယ် ပေးသွားတယ်။

မြတ်စွာဘုရားက နားလည်အောင် ဥပမာနဲ့ ဟောထားတာ ရှိတယ်။ “လောဏကပလ္လ”သုတ် (အင်္ဂုတ္တရနိကာယ်)မှာ ဆားခဲနဲ့ ဥပမာပေးထားတယ်။ ဆီးသီးလုံးလောက် ဆားခဲလေးကို ဖန်ခွက်ထဲကရေထဲ ထည့်လိုက်မယ်ဆိုရင် သောက်မဖြစ်လောက်အောင် ငံသွားမယ်။ မြစ်ထဲ ချောင်းထဲမှာ ထည့်လိုက်လို့ရှိရင် ဘာအရသာမှ မပေါ်ဘူး။ ဆိုလိုတာက ကုသိုလ်ကံ အင်မတန်နည်းပြီး အကုသိုလ်ကံတွေ များနေတဲ့ ပုဂ္ဂိုလ်ဟာ နည်းနည်းလေးလုပ်လည်း ခံရမယ်လို့ ဒီလိုပြောတာ။

[၅၅] လောကမှာ ဒီကနေ့ လူလုပ်တဲ့ ဥပဒေတောင်မှပဲ ပိုက်ဆံ ချမ်းသာတဲ့လူ ကျူးလွန်တဲ့အမှုနဲ့ ဆင်းရဲတဲ့လူ ကျူးလွန်တဲ့အမှု၊ အမှုချင်းတူတယ်။ ပိုက်ဆံချမ်းသာတဲ့လူမှာတော့ အမှုပေါ့တယ်၊ ငွေပေးနိုင်တာကိုး။ ဒါသဘာဝပဲလေ၊ အဲဒါဆိုရင် မတရားဘူးလို့ မပြောနဲ့။ သူက Condition ကောင်းတယ်လေ။ ပိုက်ဆံပေးနိုင်တာကိုက Condition ကောင်းတယ်လို့ပြောတာ။ သို့မဟုတ် သူက အားကိုးလောက်တဲ့ လူတွေရဲ့ အကူအညီကို ရတယ်။ အပြစ်ဒဏ်က လွတ်တယ်။ ကံကြမ္မာအရာမှာ ပိုက်ဆံရှိတာလို ကုသိုလ်ကောင်းမှုတွေ ရှိတယ်။ တခြားကုသိုလ်တွေလုပ်တယ်။ အကုသိုလ် လုပ်တာချင်း တူပေမယ့် ကုသိုလ်ကံရှိတဲ့လူက သက်သာပြီး ကုသိုလ်ကံနည်းတဲ့သူက အပြည့်အဝ ခံရတတ်တယ်တဲ့။ ဒီလိုမတူညီတဲ့ အခြေအနေလေးတွေကို သတိထားရမယ်။

လူတိုင်းဟာ တူညီတဲ့အကျိုး ရလိမ့်မယ်လို့တော့ မအောက်မေ့လေနဲ့။ ပတ်ဝန်းကျင် အခြေအနေဆိုတာ လူ့ရဲ့ အခြေအနေတွေပေါ်မှာ မူတည်တယ်။ Condition ပေါ့။ အဲဒီ Condition တွေဟာ သိပ်ပြီးတော့ အရေးပါတယ်။ ဒါကိုပဲ ဥပနိဿယပစ္စယောလို့ ပြောတာ။

သစ်စေ့လေး စိုက်တာတောင်မှ မြေဩဇာကောင်းတဲ့ နေရာစိုက်တာနဲ့ ကြတ်တီးကုန်းစိုက်တာ ကွာတယ်။ မြေဩဇာ ကောင်းတဲ့နေရာစိုက်ရင် အပင်ကြီးထွားမှု အင်မတန်မှ ကြီးမားတယ်။ ကြတ်တီးကုန်း သွားစိုက်ရင် လှီလှီလေး ဖြစ်မှာပေါ့။

[၅၆] မျိုးစေ့ခြင်း တူတာတောင်မှပဲ အထောက်အကူချင်းက ကွာခြားတယ်။ မိုးခေါင်ရေရှားအရပ် စိုက်တာနဲ့ မိုးကောင်းတဲ့အရပ် စိုက်တာ မတူပြန်ဘူး။ အခြေအနေချင်း မတူတာကို ဆိုလိုတယ်။ ကံကြမ္မာမှာလည်း ဒါတွေကို ထည့်သွင်းစဉ်းစားရတယ်။ “လောဏကပလ္လ” သုတ်ကို နားလည်သဘောပေါက်ရင် ကံကြမ္မာဆိုတာ လုပ်မိပေမယ့် စိုးရိမ်စရာ မရှိဘူး။ စိုးရိမ်စရာ မရှိဘူးဆိုတာ လုပ်သာလုပ်လို့ ပြောတာမဟုတ်ဘူး။ လုပ်တော့ မလုပ်နဲ့၊ သို့သော် လုပ်မိထားရင် ဘာလုပ်ရမလဲ? ကောင်းတာတွေလုပ်ပေါ့။

မြတ်စွာဘုရားနဲ့ တစ်ခေတ်တည်းပွင့်တဲ့ မဟာဝီရဆိုတဲ့ ဂျိန်းဘုရားက ဘယ်လိုဟောတုန်းဆိုတော့ “ယော ကောစိ ပါဏ မတိပါတေတိ၊ သဗ္ဗော သော နိရယံ ဥပပဇ္ဇတိ” ပါဏာတိပါတ လုပ်တဲ့လူမှန်သမျှ ငရဲကျတယ်လို့ ဒီလိုဟောတာ။ သူက အတိအကျကြီး ဟောတာ။ မြတ်စွာဘုရားကတော့ “ပါဏာတိပါတော နိရယသံဝတ္တနိကော” ပါဏာတိပါတ ဆိုတဲ့ အကုသိုလ်အမှုသည် ငရဲ၌ဖြစ်စေနိုင်တယ်လို့ ဟောတယ်။ ဒီစကားနှစ်ခုက အင်မတန်မှ ကွာခြားတယ်။ ဖြစ်နိုင်တယ်လို့ ပြောတာ။ ဖြစ်ချင်မှလည်း ဖြစ်တယ်။ ဖြစ်ချင်မှဆိုတာ တခြား Condition တွေ ပါလာလို့ရှိရင် ဖြစ်ချင်မှ ဖြစ်မှာပေါ့။ အဲဒီတော့ ဘယ်လောက် စိတ်သက်သာရာရစရာ ကောင်းသလဲ။ မြတ်စွာဘုရား တရားတွေဟာ အင်မတန်မှ Logical ဖြစ်တယ်၊ Reasonable ဖြစ်တယ်။ ဆိုင်ရာ အကြောင်းတရားတွေကို ထည့်သွင်း [၅၇] စဉ်းစားရမယ်ဆိုတာ လောကလက်တွေ့နဲ့လည်း အင်မတန် မှန်ကန်တယ်။

ပိုက်ဆံချမ်းသာရင်၊ အားကိုးလောက်တဲ့ လူတွေနဲ့သိရင် ပြစ်မှုသက်သာတယ်။ မိတ်ကောင်း ဆွေကောင်း အထောက်အကူပြုမယ့် လူတွေလာရင်လည်း ပြစ်မှုသက်သာတယ်။ ကူမယ့်လူ မရှိဘူး။ ပိုက်ဆံလည်း မပေးနိုင်ဘူးဆိုရင် အပြစ်လေးတယ်။ ဒါက လောကမှာလည်း ဒီအတိုင်းရှိတယ်။ ကံကြမ္မာမှာလည်း အဲဒီအတိုင်းပဲ။ အဲဒီတော့ ကောင်းတာတွေလုပ်ရင် ကောင်းတာတွေက မကောင်းတာတွေကို ဖယ်ထုတ်သွားမှာပဲ။ ကောင်းတဲ့ အလုပ်တွေကို များများလုပ်ဖို့ လိုအပ်တယ်။

အခု ဒီအမျိုးသမီးက အဝတ်လေးခိုးလိုက်တာနဲ့ ဝတ်လစ်စလစ်ဘဝရောက်ရတယ်ဆိုတာ ကုသိုလ်ကံကလည်း အင်မတန်မှ နည်းတာကိုး။ သူလုပ်ကိုင်စားသောက်ရတဲ့ဘဝ ကုသိုလ်ဖြစ်တဲ့ အချိန်ဟာ အင်မတန်မှနည်းတယ်။ ဖြစ်လိုက်တဲ့ ကုသိုလ်ကလည်း နှမ်းစချည်ထွေး သို့မဟုတ် နှမ်းပျစ်မုန့်လေးကို စေတနာ ထက်ထက်သန်သန်နဲ့ လှူခဲ့လို့ ဘုံဗိမာန်ကြီးရတယ်။ ဒါ ကုသိုလ်ကံရဲ့ အကျိုးတွေ ဖော်ပြတာနော်။

သူ့ဘဝမှာ သူဆုံးရှုံးသွားတာ ဘာတုန်းဆို ဆံပင်ပဲ။ ဒါကြောင့် သူလုပ်တဲ့ကုသိုလ်ကံရဲ့ အကျိုးကို သူဘာဆုတောင်းသလဲဆိုရင် “နောင်ဘဝမှာ အလွန်လှပပြီး ရှည်လျားတဲ့ ဆံပင်ပိုင်ရှင် ဖြစ်ရပါလို၏”လို့ ဆုတောင်းခဲ့တယ်။ ဒါကြောင့် သူဟာ လှပတဲ့ဆံပင်ရှိတဲ့ ဗိမာန်ရှင် ဖြစ်သွားတာ။ သူများရဲ့ အဝတ်ကို [၅၈] ချွတ်ယူခဲ့သည့်အတွက် အဝတ်တော့ ဝတ်စရာ မရှိဘူး။ ဟော ကံကြမ္မာရဲ့ ပြောင်လှောင်မှုကို ခံရတယ်။ လူတွေဟာ ကိုယ်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ တစ်ကြိမ်တစ်ခါတုန်းက ကံဟာ ကိုယ့်ရဲ့သန္တာန်မှာ စဉ်ဆက်မပြတ် သတ္တိတွေလိုက်ပါပြီး အကျိုးပေးပြီဆိုရင်လည်း တူညီတဲ့အကျိုးကို ခံစားကြရတယ်လို့ ဆိုလို။

အဲဒီနောက် သူက ဝမ်းနည်းစကားပြောတယ်။ “သူလုပ်ခဲ့တဲ့ ကုသိုလ်ကံက အင်မတန်မှ နည်းပါးတဲ့အတွက် လေးလပဲ ဒီဗိမာန်မှာ နေခွင့်ရမယ်။ လေးလကျော်တာနဲ့ သူက သေပြီးတော့ အဝီစိငရဲကျမယ်” သူသွားရမယ့်လမ်းကို ဝမ်းနည်းကြေကွဲပြီး စိတ်ပူနေတယ်။ ဒီမှာနေဖို့ရာ သူ လေးလပဲ အချိန်ရတော့တယ်။ သူ့ကို ကယ်တင်နိုင်တဲ့ နည်းလမ်းတွေ မရှိဘူးလားလို့ ဆိုတော့ ခုနက ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့ ဥပါသကာက အကြံပေးတယ်။ ဒီဗိမာန်ရှင် ချက်ချင်း ကုသိုလ်ရဲ့ အကျိုးကျေးဇူး ခံစားရတာကို သိရှိပြီး လှေသင်္ဘောပေါ်က ကျန်တဲ့လူတွေကလည်း ရတနာသုံးပါးကို ကြည်ညိုတဲ့ ဥပါသကာ အဖြစ် ခံယူပြီးဖြစ်တဲ့အတွက် သူတို့ကိုလည်း ကောင်းမှုကုသိုလ် လုပ်ပါ။ သက်တော်ထင်ရှား မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကိုလည်း ကောင်းမှု ကုသိုလ်လုပ်ပါတဲ့။

ဥပါသကာ အကြံပေးတဲ့အတိုင်း ကုသိုလ်ကောင်းမှုတွေ လုပ်တယ်။ သာဝတ္ထိပြည်မှာ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားအတွက် သူလှူလိုက်တဲ့ ဝတ်စုံတစ်စုံ ယူသွားပြီး [၅၉] ဘုရားကို လှူပေးဖို့နဲ့ သူလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်း လျှောက်ကြားဖို့ကို အဲဒီ ဥပါသကာ ကုန်သည်တွေက တာဝန်ယူကြတယ်။

ပင်လယ်ထဲမှာ မုန်တိုင်းမိလို့ လွင့်ချင်ရာလွင့် မျောချင်ရာမျောပြီး ကမ်းတင်လာတဲ့ လှေသင်္ဘောကြီးဟာ ဗိမာန်ရှင်ရဲ့ စွမ်းရည်သတ္တိနဲ့ပဲ သူတို့နေရပ်ကို ပြန်ရောက်သွားကြတယ်။ ပြန်ရောက်တဲ့အခါ သာဝတ္ထိပြည်မှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားကို အကျိုးအကြောင်း လျှောက်ထားတယ်၊ ဝတ်စုံလှူဒါန်းပြီး သူ့ကိုအမျှဝေတော့ သူက သာဓုခေါ်လိုက်တယ်။ သာဓုခေါ်တဲ့ ကုသိုလ်ရဲ့စွမ်းအားကြောင့် လေးလကုန်ရင် ငရဲကျရမယ့်အစား တာဝတိံသာနတ်ပြည်မှာ နတ်သမီးတစ်ထောင် ခြံရံတဲ့ ဘုံဗိမာန်ရှင် ဖြစ်သွားတယ်တဲ့။

ဒီဇာတ်လမ်းမှာ သူ့ရဲ့ဘဝတွေ ကံကြမ္မာရဲ့ ပြောင်လှောင်မှုကို ခံရလို့ သူလုပ်ခဲ့တဲ့ကံတွေရဲ့ အကျိုးအတိုင်း သူခံစားရတယ်ဆိုတဲ့ လူသားတွေအတွက် သူပြောလိုက်တဲ့ အမှာစကားဟာ အင်မတန်မှ ထိရောက်တယ်။ အဲဒီ အမှာစကားကို မှတ်သားပြီးတော့ ဘုန်းကြီးတို့တတွေလည်း မကောင်းတဲ့ ကံကြမ္မာတွေ မပြုမိအောင် ကောင်းတဲ့ကံတွေ လုပ်မိအောင် နေ့စဉ်နဲ့အမျှ သတိထားကြဖို့ အရေးကြီးတယ်ပေါ့။

[၆၀] သွေးပြည်စုပ် ပြိတ္တာ

နောက်ထပ် ဇာတ်လမ်းလေးတစ်ပုဒ်က “နာဂပေတ” ဆိုတဲ့ နာမည်နဲ့ရေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းက အားလုံး ကြားဖူးကြတဲ့ သံကိစ္စသာမဏေ ဆိုတာရှိတယ်။ ခုနစ်နှစ်အရွယ်က ရဟန္တာ ဖြစ်သွားတာ။ သူနဲ့ဆက်စပ်တယ်။ တစ်နေ့ သူ့ရဲ့တူတော်တဲ့ ကိုရင်ငယ်တစ်ပါး ရဟန်းဘဝမှာ မပျော်လို့ လူထွက်ဖို့ ခွင့်တောင်းတယ်၊ သူနဲ့နှစ်ပါး ခရီးသွားတယ်ပေါ့။ တောစပ်ကို ဖြတ်သန်းလိုက်တော့ ရဟန္တာဖြစ်တဲ့ သံကိစ္စသာမဏေက ဘာတွေ တွေ့တုန်းဆိုတော့ အင်မတန်မှ ထူးဆန်းတဲ့ ခရီးသွားနေတဲ့ နတ်နဲ့ပြိတ္တာတွေကို သွားတွေ့တယ်။ တွေ့တော့ ဒီကိုရင်လေး မြင်ရအောင်ဆိုပြီး တန်ခိုးနဲ့ပြလိုက်တယ်။

သူ ဘာမြင်ရတုန်းဆိုတော့ ရှေ့က အစ်ကိုကြီးက ဆင်ဖြူကြီးစီးပြီးတော့ သွားတယ်။ သူ့နောက်က ညီငယ်က မြင်းလေးကောင်ကတဲ့ ရထားကြီးကို စီးတယ်။ နောက်ဆုံး ညီမနဲ့တူတဲ့ နှမငယ်ကတော့ ထမ်းစင်ကြီး စီးပြီးတော့ ခရီးသွားနေကြတယ်။ ခရီးရဲ့နောက်ဆုံးက အရုပ်ဆိုး အကျည်းတန်တဲ့ ပြိတ္တာနှစ်ကောင်ကတော့ သံတင်းပုတ်ကြီးတွေ ကိုင်ထားပြီး တစ်ကောင်နဲ့တစ်ကောင် ထုနေကြတယ်။ ထုလိုက်တော့ ခေါင်းက ဘုကြီးထလာတယ်။ အဲဒီ ဘုကြီးကနေပြီး သွေးတွေ ပြည်တွေ ယိုကျလာတယ်။ ယိုကျလာတဲ့ သွေးပြည်တွေကို အတင်းလုပြီးစုပ်ကြတယ်။ တစ်ကောင်နဲ့ တစ်ကောင် ဘုထွက် [၆၁] အောင်ရိုက်ပြီး ထွက်လာတဲ့ သွေးပြည်တွေကို အငမ်းမရ အော်ဟစ်စုပ်သောက်ရင်း လိုက်လာတဲ့ ပြိတ္တာနှစ်ကောင်ဟာ အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းတယ်ဆိုတဲ့ မြင်ကွင်းကို မြင်ခဲ့ရတယ်။

အဲဒီ မြင်ကွင်းကြီးကို မြင်တဲ့အခါ သံကိစ္စမထေရ်က သူ့ ကိုရင်ကို “ဘာလုပ်ခဲ့လို့ သူတို့ဒီလိုဖြစ်တာလဲ?” ဆိုတာ သွားမေးခိုင်းတယ်။ မေးတဲ့အခါ ဆင်ပေါ်ကနေ ကြော့ကြော့ကြော့ကြော့နဲ့ သွားတဲ့သူကို မမေးဘူး။ မြင်းလှည်းပေါ် စီးသွားတဲ့ သူကိုလည်း မမေးဘူး။ ထမ်းစင်ပေါ်က ညီမငယ်ကိုလည်း မမေးဘူး။ ခုနက သွေးပြည်တွေ အလုအယက် လုသောက်နေကြတဲ့ ပြိတ္တာနှစ်ကောင်ကို မေးတဲ့အခါ သူတို့ပြောပြပုံလေးက “သူတို့ဟာ လူ့ဘဝတုန်းက သားအမိသားအဖ ငါးယောက်တဲ့။ ကြမ်းတမ်းရက်စက်စွာ တူကြီးနဲ့ထုပြီး သွေးလုသောက်နေတဲ့ သူတို့နှစ်ယောက်က ဟိုဘဝတုန်းက ဇနီးမောင်နှံ၊ ရှေ့ကသွားတာက သားအကြီးဆုံး၊ အလယ်ကောင်က သွားတာက သားလတ်၊ နောက်ဆုံးသွားတာက သူတို့ရဲ့ သမီး ဖြစ်တယ်”လို့ ပြောပြကြတယ်။

“ဘာဖြစ်လို့ ဒီဘဝမျိုးရောက်တာလဲ?” ဆိုတော့ သူတို့ မိသားစုဟာ ဘုရား တရား သံဃာကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးတဲ့။ သူတို့ရဲ့ မိတ်ဆွေတစ်ဦးကို အကြောင်းပြုပြီး သားအကြီးက ကုသိုလ်ကောင်းမှုတွေလုပ်တယ်။ သားအလတ်နဲ့ သမီးငယ်ကလည်း ကုသိုလ်ကောင်းမှုတွေ လုပ်တယ်။ အိမ်မှာ [၆၂] အလှူအတန်းလုပ်တိုင်း အမေ အဖေဖြစ်တဲ့ သူတို့က လုံးဝ မကျေနပ်ဘူး။ သားသမီးတွေနဲ့ အလှူခံပုဂ္ဂိုလ်တွေကို ဆဲတယ်တဲ့။ ဒီလိုနဲ့ အိမ်ပြိုကျပြီး သားအမိသားအဖ ငါးယောက်စလုံး သေသွားတယ်။

သေသွားတဲ့အခါ သားအကြီးဆုံးက ခုနက ဆင်စီးရတဲ့ ဘုမ္မစိုးနတ် ဖြစ်လာတယ်။ ညီငယ်လုပ်တဲ့သူက မြင်းရထားကြီး စီးရတဲ့ နတ်သား၊ ညီမငယ်ကလည်း ထမ်းစင်စီးရတဲ့ နတ်သမီး ဖြစ်လာကြတယ်တဲ့။ နောက်က အမေနဲ့အဖေ ဖြစ်တဲ့ သူတို့ကတော့ ဒီလို တင်းပုတ်ကြီးထမ်းပြီး တစ်ယောက်နဲ့တစ်ယောက် ရက်စက်စွာ ထုရိုက်လို့ ယိုကျလာတဲ့ သွေးပြည်တွေကို အငမ်းမရ စုပ်ရတဲ့ ပြိတ္တာတွေ ဖြစ်ရတယ်တဲ့။ ဘယ်တော့မှလည်း မဝဘဲ ဆင်းရဲဒုက္ခတွေ ခံနေရတယ်။ သားသမီးတွေက ကုသိုလ်ကောင်းမှုကြောင့် ချမ်းသာသုခ ခံစားနေရချိန် သူတို့ကတော့ မကျေမနပ် ဆဲဆိုမှုကြောင့် ဒီလိုဘဝကို ရောက်လာကြတာ။ ဒီအကုသိုလ်တွေကြောင့် တမလွန်ဘဝမှာလည်း သူတို့တစ်ကိုယ်လုံးဟာ ပူလောင်ပြီး အမြဲတမ်း ဆာလောင်လို့ တစ်ဦးနဲ့တစ်ဦး ညှဉ်းဆဲပြီး ဆင်းရဲဒုက္ခတွေ ခံစားနေကြရတယ်တဲ့။

စည်းစိမ်ဥစ္စာ ခဏပါ

အဲဒီပြိတ္တာနှစ်ဦးက ကိုရင်ကို ဘာအမှာစကား ပြောလိုက်တုန်းဆိုတော့ “ဣတ္တရံဟိ ဓနံ ဓညံ၊ ဣတ္တရံ ဣဓ ဇီဝိတံ” ဣတ္တရဆိုတာ သိပ်တိုပါတယ်။ ဆိုလိုတာက “ကိုယ်ပိုင်ဆိုင်တဲ့ [၆၃] ဓနကြေးငွေ၊ စားစရာသောက်စရာ စပါး ဆန်ရေတွေဆိုတာ အချိန်တိုလေးအတွင်းမှာပဲ ရှိပါတယ်။ တစ်သက်ထာဝရ စားရမယ့်အရာ မဟုတ်ပါဘူး” မှန်တယ်နော်။ ပိုင်ဆိုင်တဲ့ ဥစ္စာဆိုတာ အချိန်တိုလေးပဲ။ ရန်ကုန်မြို့ကြီး ကြည့်လေ။ အရင်ပိုင်ခဲ့တဲ့ လူတွေ ရှိသေးလား? မရှိဘူး။ ပိုင်ရှင်တွေ ပြောင်းနေကြတာ။ တချို့က ကိုယ်တစ်သက်လုံးပိုင်မှာ အောက်မေ့နေကြတယ်။ “ငါ့အိမ် ငါ့အိမ် ငါ့တိုက် ငါ့တိုက်”နဲ့။ ကိုယ့်ရှေ့က ပိုင်သွားတာတွေ အများကြီးပဲလေ။

ရန်ကုန်မှာ နေသွားတဲ့ ဆာဘိုးသာတို့ ဆာမောင်ကြီးတို့ ဒီလို ဆာဘွဲ့ရသူဌေးကြီးတွေ ပိုင်သွားတာ အများကြီး ရှိတာပဲ။ အဲဒီတော့ ဘယ်အရာပဲဖြစ်ဖြစ် ပိုင်တယ်ဆိုတာ ခဏလေးပဲ။ အချိန်တိုလေးပဲပိုင်တာ။ ဒီကြားထဲမှာပဲ လွှဲပြောင်းလိုက်ရတာတွေလည်း အများကြီးပဲလေ။ ခဏလေးပဲ ပိုင်တာ။ ဒါကြောင့် သူတို့ကပြောတယ်။ “ဣတ္တရံဟိ ဓနံ ဓညံ” ဓနဆိုတဲ့ ငွေကြေးတွေက အချိန်တိုလေးအတွင်းပါ၊ ဓညဆိုတဲ့ စားစရာ သောက်စရာတွေကလည်း အချိန်တိုလေးအတွင်းပါတဲ့။ “ဣတ္တရံ ဣဓ ဇီဝိတံ” လူ့ဘဝ သက်တမ်းလေးကလည်း အင်မတန်တိုပါတယ်တဲ့။

တစ်ရာဟိုဖက် ရောက်တဲ့လူ အင်မတန်မှ ရှားတယ်။ ခြောက်ဆယ်၊ ခုနစ်ဆယ်၊ ရှစ်ဆယ်ဆို သေကုန်ကြပြီ၊ မရှိကြတော့ဘူး။ အကုန်ထားခဲ့ပြီး သွားကြရတာ။ သတိမထားမိလို့ပါ၊ နေ့တိုင်းသွားနေကြတာ။ သူများသာသွားတာ ငါမသွားသေး [၆၄] ဘူးလို့ပဲ ထင်နေတာ။ လူတွေက ကမ္မဋ္ဌာန်းပွားတာတောင်မှပဲ “သူသေငါရို့၊ ငါပို့သူသေ”တဲ့။ ငါသေမဟုတ်ဘူး သေတဲ့ ဖက်မှာ သူများပဲထားတာ။ ကိုယ်မထားဘူး။ အဲဒီလို သေခြင်းတရားကို ကိုယ့်အတွက် ဘယ်တော့မှ မထားဘူး။

ဒီလို မေ့မေ့လျော့လျော့ နေတာတွေကို မမေ့ရအောင် သူတို့ကပြောတာ။ “ကိုယ်ပိုင်ဆိုင်မှုဆိုတာ ခဏလေးပဲ တိုတောင်းတယ်တဲ့။ အသက်ဆိုတာလည်း ခဏလေးပဲ” သေသေချာချာ အလေးအနက်ထား စဉ်းစားပြီး ကိုယ့်အတွက် အားကိုးရာဖြစ်မယ့်အရာကို လုပ်သင့်တယ်တဲ့။ ဟုတ်တယ်လေ၊ ဒီပိုက်ဆံကို အကြောင်းပြုပြီး ကုသိုလ်ရအောင် လုပ်ရမယ်။ အစားအစာကို အကြောင်းပြုပြီး ကုသိုလ်ရအောင် လုပ်ရမယ်။ အသက်ရှင်နေတဲ့ အတွင်းလေးမှာ ကုသိုလ်များများရအောင် လုပ်ရမယ်။ ဒါကြောင့် ကိုယ့်အတွက် အထောက်အကူဖြစ်မယ့် အရာကို များများလုပ်ပါ။ မလုပ်ဘဲနဲ့ တိုတောင်းတဲ့အရာတွေကိုပဲ တစ်သက်လို့ထင်ပြီး တစ်သံသရာလို့ထင်ပြီး နေမယ်ဆိုရင် သူတို့လို လွဲမှားလိမ့်မယ်တဲ့။ “ဒီပံ ကယိရာထ အတ္တနော” ကိုယ့်ရဲ့အားကိုးရာ ကုသိုလ်ကောင်းမှု ကြိုတင်ပြီး ပြင်ထားကြဖို့ မှာတယ်။

အဲဒီလိုသိပြီဆိုရင်“ယေတေဧဝံ ပဇာနန္တိ နရာ ဓမ္မဿ ကောဝိဒါ” ဓမ္မအရေးနဲ့ ပတ်သက်ပြီး လိမ္မာကျွမ်းကျင်လို့ ဒီအချက်ကို ကောင်းကောင်းမွန်မွန် နားလည်တဲ့ ပုဂ္ဂိုလ်တိုင်းဟာ တဲ့ “တေ ဒါနေ န ပမန္တ” ဒါနကောင်းမှု၌ ဘယ်တော့မှ [၆၅] မမေ့ဘူးတဲ့။ ကိုယ်စားတဲ့အထဲက Share လုပ်ပြီး အများကို လှူဒါန်းဖို့ ဘယ်တော့မှမမေ့ဘူးတဲ့။ “သုတွာ အရဟတံ ဝစော” သူတော်ကောင်းတွေ၊ ဘုရား ရဟန္တာတွေရဲ့ ဆုံးမစကားကို နာခံမှတ်သားပြီး ဒါနကောင်းမှုကို မမေ့ဘူးတဲ့။ ဒါနဆိုတာ အဓိက ပဓာနတစ်ခုပဲပြောတာ။ သီလလည်း မမေ့ဘူး။ ဘာဝနာ လည်း မမေ့ဘူး။ ကုသိုလ်ရေးနဲ့ ပတ်သက်ပြီး မမေ့ဘူးတဲ့။ ဒါတွေကို လုပ်သင့်တယ်လို့ နောင်တရလာတဲ့ ခုနက ပြိတ္တာကြီး နှစ်ကောင်က ကိုရင်ကို ပြောကြားရင်း အမှာစကား ပါးလိုက်တာ ဖြစ်တယ်။

ဒါကြောင့် တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့၊ “ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကား”ဟာ ကိုယ့်အတွက် ကြီးမားတဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်၊ ကိုယ်မှတ်သားရမယ့် အဓိက အချက်ကတော့ မှားယွင်းတဲ့၊ မလုပ်သင့်တဲ့ အကုသိုလ်တရားတွေ ရှောင်ကြဉ်ပြီး လုပ်သင့်တဲ့ ကုသိုလ်တရားတွေ ကြိုးစား အားထုတ်ပြီး စိတ်ဖြူစင်အောင်ထားဖို့က အရေးကြီးဆုံး ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ဘုရားအဆူဆူ ဟောကြားတော်မူခဲ့တဲ့ အဆုံးအမအတိုင်း အကုသိုလ်ကိုရှောင်၊ ကုသိုလ်ကိုဆောင်၊ စိတ်ဖြူစင်အောင်ထားခြင်းဖြင့် မိမိဘဝ သင်ခန်းစာရအောင် ယူနိုင်ကြပါစေကုန်သတည်း။

သာဓု
သာဓု
သာဓု [၆၇] သာသနာတော်နှစ် ၂၅၅၆-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၄-ခုနှစ်၊ နယုန်လပြည့်ကျော် (၇)ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇွန်လ(၁၁)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိ ဓမ္မဗိမာန်တော် အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနား၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး မိဘဘိုးဘွား ဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင် အမတဒါန ဓမ္မဒါနအဖြစ် ဟောကြားအပ်သော “ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား အပိုင်း(၃)” အကြောင်း တရားဒေသနာတော်။

ရခဲလှတဲ့ လူ့ဘဝ

ဘဝဆိုတာ အမျိုးမျိုး ကျင်လည်ကြရတာ။ အမျိုးမျိုး ကျင်လည်ရတဲ့ ဘဝတွေမှာ ကိုယ်လုပ်ခဲ့တဲ့ ကံပေါ်မှာပဲ မှီတည်ပြီး သတ္တဝါတွေ သုခ ဒုက္ခကို ခံစားကြရတာ ဖြစ်တယ်။ ကံ မကောင်း အကြောင်းမလှလို့ အကုသိုလ်ကံတွေ အကျိုးပေး အလှည့် ကြုံတဲ့အခါ ဒုဂ္ဂတိဘုံ ရောက်သွားပြီး ဆင်းရဲဒုက္ခတွေနဲ့ တွေ့ကြုံကြရတယ်။

[၆၈] ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် လူ့ဘုံသည် ဘဝ အားလုံးကိုသွားနိုင်တဲ့ Junction ကြီးတစ်ခုနဲ့ တူတယ်။ လူ့ဘုံမှာ ရောက်ရှိနေတဲ့အခိုက် ဘယ်ဘဝ သွားရမယ်ဆိုတာ ရွေးချယ်ဖို့ အတွက် အနေအထားတွေအားလုံး ပြည့်စုံတယ်။ လူ့ဘုံက လုပ်ကိုင်ဆောင်ရွက် ကြံစည် ပြောဆိုကြတဲ့ အရာတွေအားလုံး ကံအရာမြောက်ပြီး ဂတိငါးပါး Destination လို့ဆိုတဲ့ လမ်းကြောင်းကြီး ငါးသွယ်ကို အသီးသီး ရောက်ရှိသွားကြတယ်။ လူ့ဘုံလူ့ဘဝဟာ ထိုလမ်းကြောင်းကြီးငါးသွယ်ရဲ့ ဗဟိုအချက်အချာမှာ ရှိနေတယ်လို့ ပြောနိုင်တယ်။ ဒါကြောင့် ဘုန်းကြီးတို့တတွေဟာ အင်မတန်မှ အရေးကြီးတဲ့ဘဝ ရောက်နေကြပြီပေါ့။

“မနုဿတ္တဘာဝေါ ဒုလ္လဘော” ရခဲတဲ့ လူ့ဘဝကို ရနေကြတယ်။ ရခဲလှတဲ့လူ့ဘဝကို ရနေတဲ့လူတိုင်းဟာ ရရှိထားတဲ့ ဘဝတစ်ခုကို အကျိုးရှိအောင် အသုံးချသွားကြသလားလို့ ဆိုတော့ အသုံးချမသွားကြဘူး။ ရရှိထားတဲ့ ဘဝတစ်ခုကို မှန်မှန်ကန်ကန် အသုံးမချတတ်ရင် အချိန်ဆိုတာ တစ်နေ့ ကုန်ဆုံးလာမှာ ဖြစ်တယ်။ မိမိလုပ်သမျှ ကံအရာမြောက်ပြီး အကြောင်းတရားတွေအဖြစ် အကျိုးပေးဖို့ အဆင်သင့်ဖြစ်လာမှာဖြစ်တယ်။

ဒါကြောင့် လူ့ဘဝရတဲ့ အခိုက်လေးမှာ အမှတ်တမဲ့ မနေကြဘဲ “သတိသမ္ပဇည” ရှိကြရမယ်။ သတိသမ္ပဇည ဆိုတာ သတိထားပြီး ဆင်ခြင်တုံတရားရှိခြင်းဖြစ်တယ်။ ဒါဟာ အရေးအကြီးဆုံးပဲ။ လောကမှာ မစဉ်းစားရင်ဘာမှမသိဘူး။ စဉ်းစားမှုဟာ အင်မတန်မှ အရေးပါတယ်။ စဉ်းစားနိုင်အောင် အရာရာကို သတိထားတတ်ဖို့ လိုတယ်။

[၆၉] ကိုယ်ရထားတဲ့ ဘဝဟာ ထာဝရလား တစ်ခဏလား၊ အချိန်ကောင်းဆိုတာ ထာဝရလား တစ်ခဏလား။ ဘယ်အချိန်ထိအောင် ကိုယ်ဟာအသုံးကျနေတဲ့ပုဂ္ဂိုလ်ဖြစ်မလဲ။ ကျန်းမာရေးဆိုတာ ထာဝရလား တစ်ခဏလား ဆင်ခြင်စဉ်းစားကြည့်ရမယ်။ ကျန်းမာနေတဲ့အခိုက် ဘာတွေလုပ်ရမယ် ဆိုတာကိုလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်ဖို့လိုတယ်။

အဲဒီလိုမှမဟုတ်ဘဲ စားကာ၊ အိပ်ကာ၊ ပျော်ကာ၊ ပါးကာ၊ ရှာကာ၊ ဖွေကာနဲ့ ဘဝတစ်ခု အဆုံးသတ်သွားရင် ကိုယ်ရထားတဲ့ ဘဝရဲ့အကျိုးအမြတ်ကို ရလိုက်မှာမဟုတ်ဘူး။ အင်မတန်မှ တန်ဖိုးရှိလှတဲ့ ဒီလူ့ဘဝကြီးရဲ့ အခြားမဲ့ဘဝမှာ အင်မတန်မှ ကြောက်စရာကောင်းလောက်တဲ့ အနေအထားမျိုးကို ကြုံတွေ့နိုင်တယ်။ မှန်မှန်ကန်ကန် အသုံးမချတတ်ဘူးဆိုရင် ဤဘဝ၏ အခြားမဲ့ဆိုတာ အင်မတန်မှ ကပ်နေတယ်နော်။ မျက်စိလေး မှိတ်သွားတာနဲ့ တစ်ပြိုင်နက် အကြီးအကျယ် ပြောင်းလဲသွားမှာ ဖြစ်တယ်။ အပြောင်းအလဲ ဆိုတာ အကောင်းလည်း ရှိတယ်၊ အဆိုးလည်း ရှိတယ်။ ဒီဘဝ လုပ်ရပ်တွေပေါ်မှာ မူတည်ပြီး အပြောင်းအလဲဆိုတာဖြစ်တယ်။ ဒါကြောင့် အခုလက်ရှိဘဝဟာ ဘဝတွေထဲမှာ အရေးအကြီးဆုံးပဲလို့ ဒီလိုနှလုံးသွင်းရမယ်။

လူ့ဘဝဆိုတာ “ကမ္မဘူမိ” ကံတရားတွေ ဆည်းပူး အားထုတ်တဲ့ နေရာဖြစ်တယ်။ အကုသိုလ်ကံ ဆိုလည်းပဲ [၇၀] ကမ်းကုန်အောင် လူ့ဘဝမှာ ဖြစ်နိုင်တယ်။ ကုသိုလ်ကံဆိုလည်း ကမ်းကုန်အောင် ဖြစ်နိုင်တယ်။ ကုသိုလ်ကံ ကမ်းကုန်တယ် ဆိုတာ ရဟန္တာဖြစ်ရင် ကုသိုလ်ကံ ကမ်းကုန်တယ်လို့ ပြောရမယ်။ အရဟတ္တမဂ် ကုသိုလ်ဆိုတာ အမြင့်ဆုံးကုသိုလ်ပဲ။ အဲဒီ ကုသိုလ်ထိအောင်ရနိုင်တဲ့ ဘုံဘဝဖြစ်တယ်။

“အယံ ကမ္မဘူမိ” တဲ့၊ လူ့ဘဝသာလျှင် တကယ့်ကို အကောင်းအဆိုး အကြောင်းအကျိုး အားလုံးဆောင်ရွက်လို့ရတဲ့ ဘုံဘဝမျိုးဖြစ်တယ်။ တန်ဖိုးရှိတယ်။ ဒါပေမယ့် လူတိုင်းအတွက် တန်ဖိုးရှိချင်မှရှိမယ်။ အသုံးချတတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် တန်ဖိုးရှိတယ်လို့ ဒီလိုဆိုလိုတာ။ လူဖြစ်ကျိုးမနပ်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတာပဲ။ ဒါကြောင့် လူ့ဘဝရတဲ့ အခိုက်လေးမှာ သတိသမ္ပဇညထားပြီး လုပ်သင့်လုပ်ထိုက်တာတွေ ရွေးချယ်ပြီး လုပ်ဖို့၊ မလုပ်သင့် မလုပ်ထိုက်တာတွေ ရွေးချယ်ပြီး ရှောင်ဖို့ ဆိုတာ အရေးအကြီးဆုံးပေါ့။

လူ့ဘဝထဲမှာ ရွေးချယ်စရာ

ဘဝတစ်ခုရလာရင် ဘဝရပ်တည်ဖို့အတွက် အသက်မွေးဝမ်းကျောင်းဆိုတာ ရှိလာတယ်။ အသက်မွေးဝမ်းကျောင်း ပြုတဲ့အခါ ပတ်ဝန်းကျင်ဟာ သိပ်အရေးကြီးသွားတယ်။ ဒါကြောင့် မြတ်စွာဘုရားက (၂၄)ပစ္စည်းထဲမှာ “ဥပနိဿယ ပစ္စယော” ဆိုတာ အင်မတန်မှ အားကြီးတဲ့ အမှီကြီးတစ်ခုပဲ လို့ ပြောတာ။ “ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော”

[၇၁] ဒါကအင်မတန်မှ အရေးကြီးတယ်။ ဘဝတစ်ခု ရောက်လာတယ် ဆိုတာ တစ်ကိုယ်တည်းလာကြတာမဟုတ်ဘူး။ မိသားစု တစ်ခုထဲ ရောက်လာတာ။ အဲဒီအချိန်လေးမှာ မိမိရောက်လာတဲ့ မိသားစုရဲ့ စိတ်ဓာတ်တွေ၊ မိမိရောက်လာတဲ့ ပတ်ဝန်းကျင်တွေ၊ မိမိရောက်လာတဲ့ မိသားစုရဲ့ အနေအထားတွေအတိုင်း လူတွေ ဖြစ်သွားကြတာပဲ။ အများအားဖြင့် မိသားစုအတွေးအခေါ်၊ မိသားစု အလုပ်အကိုင်၊ မိသားစု အသက်မွေးဝမ်းကျောင်း အတိုင်း မှီတည်လုပ်ကိုင်ကြတာ။

လူသတ္တဝါတွေပဲလားဆိုတော့မဟုတ်ဘူး။ တခြားသတ္တဝါတွေ မှန်သမျှလည်း ဒီပုံစံပဲပေါ့။ ဥပမာ တောထဲက ရိုင်းစိုင်းတဲ့ ခြင်္သေ့တို့ ကျားတို့ အသိုင်းအဝိုင်းထဲ ရောက်သွားတယ်ဆိုရင် ဘာလုပ်မလဲ? သားကောင်တွေဖမ်းပြီး ကိုက်ဖြတ်စားသောက်တဲ့ အလုပ်ပဲ သူတို့လုပ်ကြတော့မှာ။ သူတို့ အသက်မွေးဝမ်းကျောင်းက ဒီအတိုင်းပဲ။ ကျွဲနွားတွေရဲ့ အသိုင်းအဝိုင်းထဲ ရောက်သွားလို့ရှိရင်တော့ မြက်စားပြီး ကျား ခြင်္သေ့တွေရဲ့ ကိုက်စားမှု အန္တရာယ်ကနေ မလွတ်နိုင်တဲ့ သနားစရာ သတ္တဝါတွေ ဖြစ်ကုန်ကြပြန်တာပေါ့။

အဲဒီတော့ အသိုင်းအဝိုင်းကို ရှောင်ကွင်းဖို့ဆိုတာ အင်မတန်မှခဲယဉ်းတယ်။ လူ့ဘဝရောက်လာတဲ့အခါ ရှောင်လို့ရတာတွေ အများကြီးရှိတယ်။ မကောင်းတဲ့ အသက်မွေးမှုနဲ့ အသက်မွေးတဲ့ မိသားစုထဲ ရောက်လာဦးတော့ ကိုယ် အရွယ်ရောက်လာတဲ့အခါ ကိုယ်ပိုင်ရွေးချယ်ခွင့်တွေ ရှိတယ်။ တခြား [၇၂] သတ္တဝါတွေမှာတော့ ရွေးချယ်နိုင်စွမ်းမရှိဘူးပေါ့။ ဒါကြောင့် လူ့ဘဝ ကိုယ်ပိုင်အသိဉာဏ်လေးနဲ့ ဆင်ခြင်စဉ်းစားပြီး လုပ်ကြရမှာပေါ့။

မုဆိုးလုပ်ငန်း ပြိတ္တာဆန်း

ဒီနေ့ ဒုဂ္ဂတိဘုံရောက်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ခုကို ဘဝသင်ခန်းစာ ယူကြမယ်။ “သူဟာ လူသားတစ်ဦးပဲပေါ့။ လူသားတစ်ဦးအနေနဲ့ ဘဝ ရပ်တည်မှု အတွက် သူ ဘာလုပ်ကိုင် စားသောက်လဲလို့ဆိုတော့ မုဆိုး လုပ်ငန်း လုပ်တယ်။ မုဆိုးအလုပ်ကို သူဘယ်တော့မှ နောင်တ မရဘူး” မုဆိုးအလုပ်ကို စဉ်းစားကြည့်၊ လက်နက်ကိုင်ပြီး သတ္တဝါတွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ လုပ်ငန်းတစ်ခုပဲပေါ့။ သတ္တဝါတစ်ကောင် တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် အမိအရ ဖမ်းပြီး သတ်ဖြတ်ချင်တဲ့ ဒေါသစိတ်တွေ လွှမ်းမိုးနေတဲ့ အနေအထားမျိုးပေါ့။ လူသားဖြစ်ပါလျက် ကျားတစ်ကောင်ရဲ့ စိတ်ဓာတ်မျိုးတွေ သူ့စိတ်ထဲမှာ ကိန်းဝပ်နေတယ်လို့ ပြောရမှာပဲ။ တောလိုက် မုဆိုးတစ်ယောက်ဟာ သတ္တဝါမြင်ရင် သတ်ဖို့ပဲ ကြိုးစားတယ်။ ဒါပေမယ့် သတ်လို့ရတာရှိတယ်၊ သတ်လို့မရတာ ရှိတယ်။ သတ်ဖို့ ကြိုးစားတယ် ဆိုကတည်းက သူ့ရဲ့စိတ်ထဲမှာ အကုသိုလ်တွေ လွှမ်းမိုးနေတာ။ အကုသိုလ်စိတ်တွေ ဖြစ်နေပြီပေါ့။

[၇၃] ပါဏာတိပါတ ကံအကျိုး၊ ငါးချက်စုံက အဖြစ်ဆိုး

သတ်မှုဖြတ်မှု ဆိုတဲ့နေရာမှာ သတ္တဝါတစ်ကောင်ကို တွေ့ပြီး
(၁) သတ္တဝါလို့လည်း အမှတ်ရှိတယ်၊ မေတ္တာတရား ကရုဏာတရားဆိုတာ လုံးဝမကပ်လာဘူး၊
(၂) သတ္တဝါအစစ် လည်း ဖြစ်တယ်၊
(၃) သေစေလိုတဲ့ စိတ် စေတနာတွေလည်း သူ့မှာရှိတယ်၊
(၄) သေအောင် ဖမ်းမိအောင် ကြိုးစားအားထုတ်မှုတွေလည်း သူ့မှာရှိတယ်၊
(၅) တကယ်လည်း အဲဒီသတ္တဝါ သေသွားတယ်။
ဒီ အင်္ဂါငါးချက် ပြည့်ပြည့်စုံစုံဖြစ်ရင် ပါဏာတိပါတ စေတနာဟာ ကံအရာ မြောက်သွားပြီ။ သူ့ရဲ့ စိတ်အစဉ်ထဲမှာ Accumulation ဖြစ်သွားတယ်။ ပါဏာတိပါတကံ ဖြစ်သွားပြီလို့ ဒီလိုဆိုတာနော်။

အကယ်၍ သတ္တဝါက မသေဘူး၊ မိမိရဲ့ ကြိုးပမ်း အားထုတ်မှု မအောင်မြင်ဘူးဆိုတဲ့ အခါမှာလည်းပဲ သူ့မှာ ဒေါသစိတ်တွေနဲ့ လွှမ်းမိုးနေတဲ့ စိတ်အစဉ်တွေ ဖြစ်ခဲ့တယ်။ ဒီစိတ်အစဉ်တွေနဲ့ပဲ သူ့မှာ ကုသိုလ်စိတ်ဆိုတာဖြစ်ဖို့ အင်မတန် ခဲယဉ်းတယ်။ ဒါကြောင့် ဒေါသစိတ်တွေ လွှမ်းမိုးပြီး သူများ အသက်ကို သတ်ဖြတ်စားရတဲ့ဘဝရဲ့ နောင်ရေးဟာ ဘယ်မှာ စိတ်အေးစရာရှိမလဲ။ မကောင်းတဲ့ဘဝပဲ ရောက်သွားမှာ ဖြစ်တယ်။

ကံကြမ္မာဆိုတဲ့သဘောက ကိုယ်လုပ်သမျှတွေဟာ ကိုယ့် အပေါ် ပြန်ပြီးထင်ဟပ်တတ်တဲ့ သဘောရှိတယ်။ Echo လိုပဲ တုန့်ပြန်မှုက တူညီတယ်လို့ ပြောတာနော်။ ကိုယ်က သတ်ဖြတ် [၇၄] သည့်အတွက် ကိုယ့်အတွက် ရရှိလာတဲ့ရလဒ်ဟာ ကိုယ်ကိုယ်တိုင် အသတ်ခံရတာမျိုး ဖြစ်တတ်တယ်။ ဒါက The law of nature ပဲ။ သဘာဝတရားကြီးရဲ့ မရှောင်လွှဲနိုင်တဲ့ နိယာမကြီးတစ်ခုလို့ ဒီလိုပြောတာ။

အဲဒီတော့ ပါဏာတိပါတ ကျူးလွန်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ လွှမ်းမိုးနေတဲ့ စိတ်ဟာ ဒေါသမူလစိတ် (ဒေါသ အခြေခံနေတဲ့စိတ်) ဖြစ်တယ်။ လှုပ်ရှားမှုတွေကလည်း အဲဒီ စိတ်နဲ့ လှုပ်ရှားနေတာ။ မိမိသတ်လိုတဲ့ သတ္တဝါနောက် လိုက်တယ်၊ ပြေးတယ်၊ လွှားတယ်၊ လှုပ်ရှားတယ်၊ တွေးတော ကြံစည်တယ်၊ အားလုံးဟာ ဒေါသမူလစိတ်ပဲ။ ဒေါသရဲ့ စေခိုင်း လွှမ်းမိုးထားမှုအောက်မှာ ရှိနေတယ်။ ရှိနေသည့်အတွက် လှုပ်ရှားသမျှတွေဟာ ခိုင်မာနေလို့ ဒီဒေါသလေးက ကျန်တဲ့လှုပ်ရှားမှုတွေ အားလုံးကို ဟေတုသတ္တိနဲ့ ကျေးဇူးပြုနေတယ်။ ဒါကြောင့် သူလုပ်သမျှ လုပ်ငန်းတွေဟာ ဒီဒေါသနဲ့ ဆက်နွယ်နေတဲ့ အလုပ်တွေ ဖြစ်တယ်။

ဒေါသအကြောင်းခံရင် အပြစ်ကင်းတဲ့အလုပ် တစ်ခုမှ မရှိဘူး။ တွေးတာလည်း အပြစ်မကင်းဘူး။ ပြောတာလည်း အပြစ်မကင်းဘူး။ လုပ်တာလည်း အပြစ်မကင်းဘူး။ ကာယကံ၊ ဝစီကံ၊ မနောကံတွေအားလုံး အပြစ်လွှမ်းမိုးနေတော့ ကာယကံတွေလည်း ကံအရာမြောက်နေတယ်၊ ဝစီကံတွေလည်း ကံအရာမြောက်နေတယ်၊ မနောကံတွေလည်း ကံအရာမြောက်နေတယ်။ နောက်ဆုံး ပါဏာတိပါတဆိုတဲ့ ကံဟာ စေတနာစွမ်းအားနဲ့ [၇၅] အောင်မြင်သွားပြီဆိုရင် ကမ္မပထ ဆိုတဲ့ လမ်းကြောင်းထဲ ရောက်သွားပြီ။ အောင်မြင်တဲ့ မျိုးစေ့လိုပဲ ဖြစ်သွားတယ်။ အောင်မြင်တဲ့မျိုးစေ့ဆိုတာ တစ်ချိန်ချိန်မှာ အပင်တစ်ခုကို ထုတ်လုပ်နိုင်တယ်။

အဲဒီလိုလူတွေရဲ့ စိတ်အစဉ်ထဲမှာ ကံကြမ္မာမျိုးစေ့တွေ၊ ကမ္မသတ္တိတွေ ရောက်ရှိလာတဲ့အခါ ... အကြောင်းအကျိုး ညီညွတ်တဲ့ အချိန်တိုင်း ဒီကမ္မသတ္တိတွေဟာ အကျိုးတွေကို ထုတ်လုပ်တယ်။ အဲဒီ ကမ္မသတ္တိတွေထဲမှာ တချို့ ကမ္မသတ္တိက ဒီဘဝမှာပဲ အကျိုးပေးမယ်။ တချို့ ကမ္မသတ္တိက ဒီဘဝရဲ့ အခြားမဲ့နောင်ဘဝမှာ အကျိုးကိုထုတ်လုပ်မယ်။ တချို့ ကမ္မသတ္တိ ကတော့ တတိယ ဘဝကနေစပြီး သံသရာထဲမှာ ရှိနေသမျှ အခွင့်စောင့်ပြီး အကျိုးထုတ်တဲ့ကံမျိုးဖြစ်တယ်။ နိဗ္ဗာန် မရမချင်း ပြေးမလွတ်တော့ဘူး။ Accumulation ဖြစ်ပြီး အမြဲတမ်း positive ဖြစ်နေမှာပဲ။ ဒီကံကို ဘယ်တော့မှ negative ပြောင်းပစ်လို့ မရဘူး။ သံသရာရှိနေသမျှ သူက လိုက်နေဦးမှာပဲ။ ရဟန္တာ ဖြစ်သွားလို့ ဒီဘဝမှာ နောက်ဆုံး positive ဖြစ်တာမျိုးတော့ ရှိတယ်။ ပဋိသန္ဓေကျိုး မပေးတောင်မှဘဲ ပဝတ္တိကျိုးအနေနဲ့ ဒုက္ခပေးဖို့ အဆင်သင့်ပဲ။

ရှင်မဟာမောဂ္ဂလာန်ကိုပဲ ကြည့်လေ၊ အတိတ်ဘဝက လုပ်ခဲ့တဲ့ ကံတွေဟာ လိုက်လာတယ်။ ရဟန္တာ ဖြစ်သွားလို့ ကံအသစ်တွေ သူ့သန္တာန်မှာ မဖြစ်တော့ပေမယ့် condition ဆိုတဲ့ အခါအခွင့် သင့်လာရင် ကံဟောင်းတွေက အကျိုးတွေ [၇၆] ထုတ်လုပ်တယ်။ ကံဟောင်းတွေက ချောင်းနေတာ။ ရှင်မဟာမောဂ္ဂလာန်က သံဃာတွေထဲမှာ သီတင်းမသုံးဘူး။ ဝေဠုဝန် ကျောင်းတော်ကြီးထဲမှာ သံဃာတွေနဲ့နေမယ်ဆိုရင် ဒီအဖြစ်ဆိုးမျိုး ကြုံမှာမဟုတ်ဘူး။ သူ အဖြစ်ဆိုး ကြုံတဲ့အချိန်မှာ “ကာဠသိလာ” ဆိုတဲ့ တောင်ပေါ်မှာ တစ်ပါးတည်း “ဧကစာရီ” သွားနေတာကိုး။ ဧကစာရီ သွားနေတယ်ဆိုတော့ လုပ်ကြံသတ်ဖြတ်ဖို့ လွယ်သွားတာပေါ့။ သံဃာတွေထဲမှာနေရင် ဒီအဖြစ်ဆိုး ကြုံချင်မှ ကြုံမယ်။

သို့သော် ကံကြမ္မာ ဖန်လာတယ်လို့ပဲ ပြောရမယ်။ ဒီကံက တစ်ပါးတည်းနေသည့်အတွက် အခွင့်ရတယ်။ အခွင့်ရလာပြီဆိုရင်တော့ ရှောင်လို့မရတော့တဲ့ အနေအထားတစ်ခု ဖြစ်တယ်။ ခန္ဓာရှိသည့်အတွက် ပဝတ္တိအကျိုးကို ပေးနိုင်တယ်လို့ ဆိုလိုတာ။ သို့သော် အရဟတ္တမဂ်ကုသိုလ်က ကိလေသာတွေအားလုံး ချေမှုန်းပစ်လိုက်သည့်အတွက် ကံမျိုးစေ့တွေဟာ နောင်ဘဝထိအောင် ဆက်ပြီး အကျိုးမပေးတော့ဘူး။ ဘဝဆိုတာ မရှိတော့သည့်အတွက် နောင်ဘဝကို လိုက်နိုင်တဲ့ကံ မရှိတော့ဘူး။

ကောင်းဆိုးနှစ်တန် ကြုံရပြန်

အခု ဒီအမျိုးသားက လူ့ဘဝရလာတဲ့အခါ မုဆိုး လုပ်ငန်းနဲ့ အသက်မွေးတယ်။ သတ္တဝါတွေကို သွေးရဲရဲ သံရဲရဲ သတ်ဖြတ်ရုံတင်မကဘူး၊ အသားပေါ်ပြီး ရောင်းချ စားသောက်တယ်။ ကိုယ်တိုင်လည်း စားတယ်။ ဒါ သူလုပ်နေကျ အလုပ် [၇၇] တစ်ခုဖြစ်တယ်။ တောထဲမှာ တိရစ္ဆာန်တွေ လိုက်လံသတ်ဖြတ်ပြီး အသားပေါ်ပြီး ရွာပြန်လာတယ်။ သူက ဗာရာဏသီအနီးမှာရှိတဲ့ “စုန္ဒဋ္ဌိလ”ရွာကဖြစ်တယ်။ အဲဒီရွာမှာ မုဆိုးအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း လုပ်တယ်။ အသားရလို့ ပြန်လာတဲ့အခါ ရွာက ကလေးတွေက သူ့ဆီက အသားဝေစု ယူကြတယ်။

တစ်ရက်တော့ အသားမရလို့ သူက ဘာတွေလုပ်တုန်းဆို တောထဲမှာ ပွင့်နေတဲ့ ငုဝါပန်းတွေကို ချိုးယူလာခဲ့တယ်။ တချို့ကို သူ့ခေါင်းမှာပန်၊ တချို့ ပန်းခက်ကြီးတွေကို ကလေးတွေ တောင်းတဲ့အခါ အသားကို မပေးနိုင်လို့ ငုဝါပန်းတွေကို ပေးခဲ့တယ်။ အဲဒီတော့ ငုဝါပန်းပေးတာနဲ့ အသားပေးတာချင်း မတူဘူး။ ကလေးတွေကို ပျော်ရွှင်စေချင်တဲ့စိတ်နဲ့ ပေးခဲ့တာ ဖြစ်တယ်။

မုဆိုးအလုပ်နဲ့ တစ်သက်လုံး မကောင်းမှု အကုသိုလ်တွေ လုပ်ပြီး အသက်မွေးတော့ နောက်ဘဝ သူ အပါယ်ငရဲ ရောက်သွားတယ်။ အပါယ်ငရဲက လွတ်လာတော့ အဆစ်ခံရတဲ့ သဘောနဲ့ ပြိတ္တာဘုံရောက်တယ်။ ကံကြမ္မာကလည်းပဲ အဆစ်ရတယ်။ မကောင်းမှု အကုသိုလ်ဆိုတာ အရှိန်လျော့သွားလည်းပဲ ဒုက္ခပေးနိုင်တဲ့ အနေအထားတစ်ခုက ဆက်ပြီးဒုက္ခပေးတဲ့ သဘောပေါ့။ ပြိတ္တာဘုံရောက်တဲ့အခါ ကုသိုလ်ကောင်းမှုတွေ မလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်လို့ ဘာမှ စားစရာ သောက်စရာလည်း မရှိဘူး။ အမြဲတမ်း ဆာလောင်နေတယ်၊ ရှာဖွေလို့လည်း မရဘူး။

[၇၈] သို့သော် ကလေးတွေကို ပန်းပွင့်ပေးခဲ့တဲ့ ကုသိုလ်ကံကြောင့် ခေါင်းမှာတော့ ပန်းပန်လျက်ပဲ။ ငုပန်းတွေ ပန်ထားတာ။ ကုသိုလ်ကံက ပေးထားတာကိုတော့ သူရတယ်ပေါ့နော်။ ကံဆိုတာ အလွန်ဆန်းတယ်။ ငုပန်းလေး ခေါင်းပေါ်မှာ ပန်ထားပြီး အဝတ်မပါ ဗလာကိုယ်တီး ရုပ်ကလည်း အင်မတန်မှ ဆိုးတယ်ပေါ့။ ဘာဖြစ်လို့ အရုပ်ဆိုးတုန်းဆိုရင် သတ္တဝါတွေကို လိုက်သတ်နေတဲ့အချိန်မှာ သူ့မျက်နှာဟာ ဒေါသဖြစ်နေတဲ့ မျက်နှာဆိုတာ ဘယ်တော့မှလှတာမရှိဘူး။ ဒါကြောင့် အင်မတန် ရုပ်ဆိုးပြီး ကြောက်မက်ဖွယ် မျက်နှာနဲ့ပေါ့။ သို့သော် ခေါင်းမှာတော့ ငုပန်းခိုင်ကြီးကို ပန်လျက်ပဲ။

ကမ္မဇိဒ္ဓိ ထူးဆန်းဘိ

တစ်နေ့တော့ သူက ဂင်္ဂါမြစ်ကြောပေါ်မှာ မြစ်ရေကြောင်းအတိုင်း သူ့ရဲ့ “ကမ္မဇိဒ္ဓိ” တန်ခိုးနဲ့ လမ်းလျှောက်လာတယ်။ ကမ္မဇိဒ္ဓိဆိုတာက သတ္တဝါတွေဟာ ကံပေးတဲ့ အစွမ်းတန်ခိုးပဲ။ ဆိုပါစို့- လူတွေဟာ ကိုယ့်ခြေကိုယ့်လက်နဲ့ ကောင်းကင်ကို ပျံမတက်နိုင်ပေမယ့် ငှက်တွေကတော့ တောင်ပံအားနဲ့ ကောင်းကင်ကိုပျံနိုင်ကြတယ်။ ဒါဘာလဲဆိုရင် ကမ္မဇိဒ္ဓိလို့ခေါ်တဲ့ အစွမ်းတန်ခိုးလို့ ဒီလိုပြောရတာနော်။ ဒါဖြင့် လူတွေက တန်ခိုးမရှိဘူးလားဆိုတော့ ရှိတယ်။ လူမြင်ရင် ဘယ်တိရစ္ဆာန်ပဲဖြစ်ဖြစ် ကြောက်ကြတယ်။ ဆင်ကြီးတွေကစပြီး လူမြင်လို့ရှိရင် ဒေါသ မုန်တိုင်းထန်နေချိန်မှသာ သူတို့ လူသတ်တာ။ နို့မို့ဆိုရင် လူကို [၇၉] အင်မတန်မှ ကြောက်ကြတယ်။ ဒါက လူရဲ့ အစွမ်းသတ္တိတန်ခိုးပဲ။ သတ္တဝါတိုင်းမှာ အစွမ်းသတ္တိဆိုတာ ကိုယ်စီရှိကြတယ်။ မြွေတွေမှာလည်း မြွေတွေရဲ့ အစွမ်းသတ္တိရှိတယ်။ တခြား တိရစ္ဆာန်တွေမှာလည်း ကံကပေးတဲ့ စွမ်းရည်သတ္တိလေးတွေ ရှိကြတယ်။

ဒီပြိတ္တာမှာလည်းပဲ ကံကြမ္မာကပေးထားတဲ့ အစွမ်းသတ္တိကြောင့် ရေမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်ပြီး လာလို့ရတာ ဖြစ်တယ်။ သာမန်လူသားတစ်ယောက်ဆိုရင် ရေမျက်နှာပြင်ပေါ် ဘယ်လမ်းလျှောက်နိုင်မလဲ။ အဲဒီအချိန်မှာ ဗိမ္ဗိသာရ မင်းကြီးရဲ့ အမတ်စစ်သူကြီး ကောလိယက တိုင်းပြည်မှာ မငြိမ်မသက် ဖြစ်နေတဲ့အချိန် သူပုန်တွေကို နှိမ်နင်းပြီး ရာဇဂြိုဟ်ကိုအပြန် သူဦးဆောင်တဲ့ တပ်တွေကို ကုန်းကြောင်းက လွှတ်လိုက်ပြီး သူက အခြံအရံနှင့်တကွ အေးအေးဆေးဆေး မြစ်ကြောင်းက စုန်ဆင်းပြီး လာခဲ့တယ်။ ညအခါမှာ အဲဒီ ထူးဆန်းတဲ့ပြိတ္တာနဲ့ သွားတွေ့တယ်။

သာဓုခေါ်က ချက်ချင်းကျိုးရ

ရေပြင်ပေါ်မှာ လမ်းလျှောက်လာပြီးတော့ ခေါင်းမှာ ငုပန်းကြီးပန်လို့ ကြောက်စရာ ရုပ်အသွင် အဝတ်မပါ ဗလာကိုယ်တီးနဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးကို မြင်တယ်။ အဲဒီ ထူးဆန်းတဲ့ သတ္တဝါကြီး သူ့လှေနားကို ချဉ်းကပ်တဲ့အခါ သူက မေးတယ်။ “ဘယ်ကိုသွားမလို့ လာတာလဲ”

[၈၀] မေးကြည့်လိုက်တဲ့အခါ သူဟာ “မစားရတာ ကြာပြီ။ ဝတ်စရာလည်း မရှိဘူး။ နေစရာလည်း မရှိဘူး။ အစာအာဟာရ အတွက် အင်မတန်မှ ဒုက္ခရောက်တယ်။ အမြဲတမ်း ဆာလောင်မွတ်သိပ်ပြီးနေတယ်။ ဒီဒုက္ခကြီးကို မခံစားနိုင်ဘူး။ အားကိုးရာ လိုက်ရှာလိုက်တဲ့အခါ သူ့ရဲ့ လူ့ဘဝတုန်းက မိသားစုကို အားကိုးလို့ ရလို့ရငြား မိသားစုရဲ့ မူလရွာ စုန္ဒဋ္ဌိလ ရွာလေးကို သွားမလို့ပါ။ သူတို့ဆီကနေ အကူအညီတောင်းပြီး စားစရာများ ရလိုရငြား အဲဒီကို သွားချင်လို့ပါ” လို့ သူကပြောပြတယ်။ ကောလိယ ဆိုတဲ့ အမတ်ကြီးကလည်း မြတ်စွာဘုရားဆီက တရားဓမ္မတွေ နာနေတဲ့ ပုဂ္ဂိုလ်ထင်တယ်။ ဗိမ္ဗိသာရမင်းရဲ့ အမတ်ကြီးဆိုတော့ ဘုရားတရားနဲ့ သိပ်မဝေးဘူး။ ဒါကြောင့် ဒီပြိတ္တာကြီးကို သူ ကူညီချင်တယ်။ အဝတ်မရှိတော့ အဝတ် ပေးချင်တယ်။ စားစရာမရှိတာ စားစရာတွေ ကျွေးချင်တယ်။ လက်နဲ့ပေးလို့တော့ သူ တစ်ခုမှရမှာမဟုတ်ဘူး။ ဒီလိုဘဝခြားနေတဲ့ သတ္တဝါတစ်ဦးကို ကူညီချင်တယ်ဆိုရင် သူ့အတွက် ရည်စူးတဲ့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်း ပေးဝေခြင်းသာလျှင် မှန်ကန်တဲ့ နည်းလမ်းဖြစ်တယ်။ ဒီလိုအသိဟာ လူတိုင်း မရှိဘူး။ တခြား ဘာသာတွေမှာလည်း ဒီလိုမျိုးမရှိဘူး။ ကုသိုလ်ကောင်းမှုလုပ်ပြီး ရည်စူးအမျှအတန်းဝေရင် ရနိုင်တယ် ဆိုတာ မသိသည့်အတွက် လူတွေဟာ ရမ်းမှန်းပြီး လုပ်ကြတာ။ ဒီအမတ်ကြီးကတော့ သဘောပေါက်လို့ သူ့အခြံအရံ ပရိသတ်ထဲမယ် ဘုရားတရား လေးစားတဲ့ ဆေတ္တာသည်ကို [၈၁] သူ့မှာပါလာတဲ့ အစားအစာတွေ ကျွေးတယ်။ အဝတ်တွေ ပေးတယ်။ ပြီးတော့ အဲဒီ ပြိတ္တာကို အမျှဝေလိုက်တယ်။ သူကလည်းပဲ သူ့အတွက် လုပ်ပေးတယ်ဆိုတော့ ဝမ်းသာပြီး သာဓု ခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ချက်ချင်းကြီး သူ့မှာ အဝတ်တွေ ရသွားတယ်။ စားစရာလည်း ရသွားတယ်တဲ့။ ကုသိုလ်ကောင်းမှု ဆိုတာ အင်မတန်မှ အားကိုးရတယ်။

ဒါနအကျိုး မြတ်နိုးစရာ

ဒါနကောင်းမှုဆိုတာ သာဓုခေါ်တဲ့ ပြိတ္တာတွေ ချက်ချင်း အကျိုးရပြီး ကိုယ်တိုင်လှူဒါန်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘာဖြစ်လို့ ချက်ချင်းအကျိုးမရသလဲလို့ မေးကောင်း မေးကြလိမ့်မယ်။ ရေထဲမှာ မိုးရွာနေရင် သိပ်မထင်ရှားဘူးပေါ့။ ရှိနေတဲ့ပုဂ္ဂိုလ်တွေ အတွက် ဒါနကောင်းမှုက မထင်ရှားသလို ဖြစ်နေတယ်။ သို့သော်လည်း တကယ် စဉ်းစားကြည့်ရင် ဒါနကောင်းမှုတွေ လုပ်နေတဲ့ပုဂ္ဂိုလ်ဟာ အစစအရာရာအဆင်ပြေနေတယ် ဆိုတာတော့ သေချာတယ်။

ကုသိုလ်ကောင်းမှုလုပ်သူနဲ့ မလုပ်သူ အင်မတန်မှ ကွာခြားတယ်။ အတိတ်ဘဝက အခြေအနေတော့ ရှိကောင်း ရှိနိုင်တယ်ပေါ့။ ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်က အားလုံးအဆင်ပြေလာပြီးတော့ လာဘ်လာဘ ရှားပါးတယ်လို့ မရှိဘူး။ ဘုန်းကြီးတို့လည်း ငယ်စဉ်ကစပြီးတော့ ကိုယ့်ကိုယ်ကို သတိထားမိတာ။ ကိုရင်ဘဝကတည်းက ကိုယ်ရလာတဲ့ သင်္ကန်းလေးတွေကို ကိုယ့် [၈၂] မိတ်ဆွေ သူငယ်ချင်းတွေကို မျှဝေပေးခဲ့တယ်။ ရဟန်းခံတဲ့ အရွယ်ရောက်လို့ ရဟန်းခံတယ်ဆိုရင် ရဟန်းသစ်အနေနဲ့ သိမ်အဆင်းမှာ လောင်းလှူကြတာ။ အဲဒီတုန်းက လှူတဲ့သင်္ကန်းတွေ၊ မျက်နှာသုတ်ပုဝါတွေ၊ ဆပ်ပြာခဲတွေကို ရဟန်းခံပွဲကို လာကြတဲ့ သူငယ်ချင်းတွေကို ခွဲပေးလှူလိုက်ရတာ အမှတ်တရပဲ။ အဲဒီလို လှူလိုက်သည့် အတွက်ကြောင့် သင်္ကန်းနဲ့ ပတ်သက်ပြီး ရှားပါးတယ်လို့ တစ်ခါမှ မကြုံခဲ့ဖူးဘူး။ အဆင်သင့် ကိုယ့်မှာ ရှိနေတာချည်းပဲ။ အဲဒီတုန်းက ဒီလို ဒါနရဲ့အကျိုးလို့ သိပ်ပြီးတော့ မသိပါဘူး။

နောက်တစ်ခါ ရဟန်းသုံးဝါရတော့ မန္တလေးသကျသီဟ စာသင်တန်းကိုအောင်တယ်။ အဲဒီလိုအောင်တဲ့အခါ စာသင်တန်း အောင်တဲ့ ပုဂ္ဂိုလ်ငါးပါးကို မဲချတော့ အကောင်းဆုံး ပဒေသာပင်ကို ပေါက်တယ်။ ပဒေသာပင်ထဲမှာ သင်္ကန်းအစုံ သုံးဆယ်ပါတယ်။ စားပွဲ၊ ကုလားထိုင်၊ ဘီရို၊ အိပ်ရာခင်း၊ အိပ်ရာ၊ ခုတင် အပြည့်အစုံ အားလုံး အဲဒီခေတ်က ငါးထောင်တန်ဆိုတာ အင်မတန်မှများတယ်လို့ ပြောကြတယ်။ ခုခေတ် ငါးသိန်းလောက် မကဘူး တန်ကြေးရှိတယ်ပေါ့။ အဲဒီတုန်းက ရလာတဲ့ သင်္ကန်းအစုံသုံးဆယ်ကို မှတ်မှတ်ရရ စစ်ကိုင်းကျောင်း ဝါဆိုသံဃာ အပါးသုံးဆယ်ကို ဝါဆိုသင်္ကန်းကပ်လှူလိုက်တယ်။ ဒီလို ကုသိုလ်ကောင်းမှုလုပ်လို့ ကိုယ့်မှာပြည့်စုံတယ် ဆိုတာကို နောက်ပိုင်းမှ သတိထားမိလာတယ်။ သို့သော် ရချင်လို့လှူတာ [၈၃] မဟုတ်ဘူး။ လှူချင်လို့ လှူလိုက်တာပဲ။ ဒါက ကိုယ်တွေ့လေးကို ပြောပြတာ။

အဲဒီတော့ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဒါနကောင်းမှု လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ လိုအပ်ချက်တွေကို ထပ်ပြီး ဖြည့်ဆည်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ရတယ်။ အခုပြိတ္တာကြီးလို အင်မတန်မှ ဆင်းရဲဒုက္ခ ရောက်နေတဲ့အချိန်မှာ ပုညကိရိယာဝတ္ထုဆယ်ပါးထဲက ပတ္တာနုမောဒန၊ သူများပေးတဲ့ ကုသိုလ်လေးကို သာဓုခေါ်လိုက်တာနဲ့ ကိုယ့်မှာ ပြီးပြည့်စုံသွားတယ်ဆိုတာ လွန်လွန်းတာလို့တော့ မဆိုနိုင်ဘူး။ ကုသိုလ်တရားရဲ့အကျိုးဟာ ချက်ချင်း ခံစားရတယ်လို့ ဒီလိုဆိုတာ။

သာဓုခေါ်မှ အကျိုးပြု

ဒါဖြင့် ခုခေတ်လူတွေ ခဏခဏ သာဓုခေါ်နေကြတာ ဘာလို့မရတာတုန်းလို့ မေးကောင်း မေးလိမ့်မယ်။ ခုနကလိုပဲ ရေထဲ မိုးရွာနေတာပဲလေ။ ဆိုပါစို့- ရှိနေတဲ့လူတွေကို ထမင်းတစ်နပ် ခေါ်ကျွေးတော့ သူ့မှာစားရလည်း သိပ်ပြီးမထူးခြားဘူး။ မစားရလည်း သိပ်ပြီး မထူးခြားဘူး။ ဘာဖြစ်လို့တုန်း ဆိုတော့ ပြည့်စုံနေတာကိုး။ မပြည့်စုံတဲ့ လူတွေကျတော့ အင်မတန်မှ ကွာခြားသွားတယ်။ အခု မပြည့်စုံတဲ့ ပြိတ္တာမှာ ချက်ချင်းကြီး ရသွားတယ်။

ပြိတ္တာဘုံရောက်နေတဲ့ ပုဂ္ဂိုလ်တွေအဖို့တော့ “အကျွတ်အလွတ်ပွဲ”တွေလုပ်ပြီး အမျှအတန်း ပေးဝေတာ အင်မတန်မှ [၈၄] ကောင်းတဲ့ လုပ်ငန်းတစ်ခုပဲ။ သူတို့အတွက် ချက်ချင်းအကျိုးရှိတယ်။ အဲဒီတော့ လူသားတစ်ယောက် ဒီလိုသာဓုခေါ်ရုံနဲ့ ကောင်းကျိုးချမ်းသာတွေရတာ မရှိဘူးလားဆိုတော့ ငါးရာ့ငါးဆယ်ဇာတ်ထဲမှာ သင်္ခဇာတ်ဆိုတာရှိတယ်။ ဘုရားအလောင်း သင်္ခပုဏ္ဏားကြီးက ... ကုသိုလ်ကောင်းမှုလုပ်တယ်။ တစ်နေ့ ပင်လယ်ခရီးထွက်တဲ့အခါ သင်္ဘောပျက်လို့ သူ့နောက်က ပါလာတဲ့ တပည့်နဲ့ သူတို့နှစ်ယောက် ပျဉ်ချပ်တစ်ခုပေါ်မှာ မျောပါပြီး ခုနစ်ရက်လုံးလုံး ပင်လယ်ထဲမှာ ဒုက္ခ ရောက်နေကြတယ်။ သူလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် ပင်လယ်စောင့် နတ်သမီးကလာပြီး သူ့ကိုကယ်တယ်။ ကယ်တဲ့အခါ သင်္ခပုဏ္ဏား တစ်ယောက်ထဲပဲကယ်တယ်၊ သူ့တပည့်ကိုမကယ်ဘူး။ ဘာဖြစ်လို့ မကယ်လဲဆိုတော့ သူ့မှာ ဘာကုသိုလ်မှ မရှိဘူးတဲ့။ ကုသိုလ်ရှိမှ ကယ်လို့ရတာ။

လူဆိုတာ သနားချင်ပေမယ့် သနားလို့ မရဘူးဆိုတာ ရှိတယ်။ ကံမပါရင် သနားလို့မရဘူး။ ဆိုပါစို့ - မြတ်စွာဘုရားက အင်မတန်ကြီးမားတဲ့ တန်ခိုးရှင်ဖြစ်ပေမယ့် လူတိုင်းကို “ဧဟိဘိက္ခု” ခေါ်ပြီး တန်ခိုးနဲ့ပြီးတဲ့ သင်္ကန်းသပိတ်ပေးလို့ မရဘူး။ ကုသိုလ်ကံရှိတဲ့ ပုဂ္ဂိုလ်ကိုသာ ကံလမ်းဖွင့်ပေးတဲ့ သဘောပဲ။ အတိတ်ဘဝတုန်းက သင်္ကန်းသပိတ်လှူပြီး ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မဟုတ်ရင် မြတ်စွာဘုရားတောင် လုပ်ပေးလို့မရဘူး။

[၈၅] အဲဒီတော့ တပည့်က ကုသိုလ်ကံ မရှိသည့်အတွက် နတ်သမီးက လျစ်လျူရှုထားတော့ ဘုရားအလောင်း သင်္ခပုဏ္ဏားက သူ့ကို ကုသိုလ်ရှိအောင် ဘယ်လိုလုပ်ပေးတုန်းဆိုရင် “လမ်းမှာတုန်းက ဖိနပ်တို့ ထီးတို့ လှူခဲ့တဲ့ ငါ့ရဲ့ ကုသိုလ်ကောင်းမှု ရှိတယ်။ အဲဒီကုသိုလ်ကို မင်းအတွက် အမျှဝေပါတယ်” လို့ ပြောပြီး အမျှဝေပေးတယ်။ ဟိုလူက သာဓုခေါ်တယ်။ သာဓုခေါ်လိုက်တဲ့အခါမှ သူ့ကိုကယ်လို့ရသွားတယ်။ သာဓုခေါ်တဲ့ ကုသိုလ်က လူသားစင်စစ်ပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိတယ်နော်။ ဒါကို သတိထားရမယ်။

အမျှပေးဝေခြင်း

အခုလည်း မုဆိုးဘဝမှ ဒုဂ္ဂတိဘုံသို့ ရောက်သွားလို့ ဆင်းရဲဒုက္ခကြုံနေတဲ့ ဒီပြိတ္တာကြီးကို နားလည်ပါးလည်ရှိတဲ့ ကောလိယအမတ်ကြီးက ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှပေးဝေလိုက်တယ်။ ချက်ချင်း သူ့မှာ စားစရာတွေ ဝတ်စရာတွေ ရသွားတယ်။ ဝမ်းသာလွန်းလို့ သူက ဘာပြောတုန်းဆို “တသ္မာ ဒဇ္ဇေထ ပေတာနံ၊ အနုကမ္ပာယ ပုနပ္ပုနံ” တမလွန်ဘဝမှာ ဒုက္ခရောက်သွားတဲ့ ပုဂ္ဂိုလ်တွေအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး အမျှအတန်း ပေးဝေကြပါတဲ့။ အမျှပေးဝေခြင်းဖြင့် ချက်ချင်း ဒုက္ခမှ ကယ်တင်လိုက်နိုင်တယ်ပေါ့။

ပေးဝေ

ဘုန်းကြီးတို့ စစ်ကိုင်းမှာနေတုန်းက အမျှအတန်းဝေတဲ့ ပွဲလေးတစ်ခု လုပ်ကြည့်တယ်။ ကိုယ်ကိုယ်တိုင်တော့ ဘာမှ [၈၆] မမြင်ရဘူး။ မြင်ရတဲ့ ဒကာမကြီးတစ်ယောက်က နာမည်နဲ့တကွ ပြောပြီးဖိတ်တယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ ဘယ်သူတွေ လာတယ်ဆိုတာ ပြောတယ်။ အမျှ လိုချင်လို့လာတာ။ တချို့ အဝတ်မပါဘူးတဲ့။ အမျှလိုချင်လို့ လာတဲ့အထဲမယ် ဘုန်းကြီးတွေ၊ သီလရှင်တွေလည်း ပါတယ်။ အမျိုးစုံ လာကြတယ်တဲ့။ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်း ပေးဝေခြင်းဟာ သူတို့အတွက် အကျိုးရှိတယ်ဆိုတာ သေချာတယ်။ တခြားသူ ကိုယ်တွေ့တွေ ပြောတာကိုလည်း ကြားဖူးတယ်ပေါ့။ ကိုယ်တိုင် မမြင်ရသည့်အတွက် ဖြစ်နိုင်တယ်လို့ပဲ ပြောရမယ်။ ကိုယ်မြင်တဲ့ အရာ မဟုတ်သည့်အတွက် ဖြစ်နိုင်တဲ့အဆင့်လောက်ပဲ ထားရတာပေါ့။

ပြိတ္တာမျိုးစုံရောက်လို့လာ သာဓုခေါ်ဖို့ပါ

ဒီပြိတ္တာကြီးကို ကူညီလိုက်ရတဲ့အတွက် အမတ်ကြီးက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတယ်။ မနက်မိုးလင်းတဲ့အခါ ဗာရာဏသီ ဆိပ်ကမ်းကို ရောက်တယ်။ ဆိပ်ကမ်းမှာ မြတ်စွာဘုရားက ရှိနေတော့ ဘုရားကိုပင့်တယ်။ သူ တွေ့ကြုံခဲ့တဲ့ သနားစရာ ပြိတ္တာကြီးကို ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်း ထပ်ဝေချင်တယ်။ ဘုရားအမှူးရှိတဲ့ သံဃာတွေ သီတင်းသုံးဖို့ မဏ္ဍပ်ကြီးတစ်ခုထိုးပြီး အမျှအတန်းဝေဖို့ စီမံတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ့ အဓိဋ္ဌာန်တန်ခိုးနဲ့ ဗာရာဏသီ ပတ်ဝန်းကျင်မှာရှိတဲ့ ပြိတ္တာတွေ အားလုံး [၈၇] ရောက်လာကြတယ်။ မြတ်စွာဘုရားရဲ့အစွမ်းတန်ခိုးနဲ့ ဖိတ်မန္တက ပြုလို့ ဒီပွဲမှာ အမျှလာပြီး ယူကြတယ်။ “အကျွတ်အလွတ်ပွဲ” ပေါ့။ အဲဒီတော့ ပြိတ္တာတွေ ရောက်လာလိုက်ကြတာ အမျိုးကို စုံနေတာပဲတဲ့။ အဝတ်မပါတဲ့ပြိတ္တာတွေကတစ်မျိုး၊ ခန္ဓာကိုယ်က ကြီးပြီး ပါးစပ်ပေါက်ကသေးနေတဲ့ ပြိတ္တာကတစ်မျိုး၊ မျက်လုံးက ခေါင်းမှာမရှိဘဲနဲ့ ဗိုက်မှာရောက်နေတာက တစ်မျိုး၊ အမျိုးကို စုံနေတာပဲတဲ့။

ပြိတ္တာတွေ အများကြီး အဲဒီပွဲကို ရောက်လာတဲ့အခါ ဘုရားရဲ့ တိုက်တွန်းချက်အရ ဘာကြောင့် သူတို့ ဒီဘဝ ရောက်တယ်ဆိုတာကို ပြောပြကြတယ်။ အားလုံး သူတို့လုပ်ခဲ့တဲ့ ကံတွေကို ပြောပြကြတယ်။ အဓိကကတော့ သူတို့ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို မလှူရုံ မတန်းရုံတင် မကဘူး လာရောက် တောင်းရမ်းတဲ့ ပုဂ္ဂိုလ်တွေကို ဆဲလွှတ်တာတို့၊ ကြိမ်းမောင်း လွှတ်တာတို့၊ ပစ္စည်းဥစ္စာတွေအပေါ် တွယ်တာတာတို့၊ လှူတဲ့ တန်းတဲ့ ပုဂ္ဂိုလ်တွေကို ဆဲဆိုကြိမ်းမောင်းတာတို့ ဒီလိုအလုပ်တွေကြောင့် သူတို့ ဒုက္ခရောက်ရတဲ့အကြောင်း ပြောပြကြတယ်။

တချို့ဆို ဘယ်လောက် ဒုက္ခရောက်တုန်းဆို အစာဆာလို့ လိုက်ရှာတာ ဖတ်ဖတ်မောပြီး စားစရာမတွေ့ဘူး။ မောပြီး လဲသွားတယ်။ ရေငတ်လို့ ရေလိုက်ရှာ သောက်စရာရေ မတွေ့ဘူး။ မြစ်ကြီးထဲဆင်းသွားရင်လည်း ရေမတွေ့ဘူး။ တစ်ခါတုန်းကဆို ပြိတ္တာကြီးတစ်ကောင် ဂင်္ဂါမြစ်ကြောမှာ တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ ပြေးနေတာ။ ဆွမ်းခံသွားတဲ့ ကိုယ်တော် [၈၈] တွေနဲ့တွေ့တော့ ဘာလို့ပြေးတာတုန်း၊ ဘာလိုချင်လို့တုန်းလို့ မေးတဲ့အခါ ရေဆာလွန်းလို့ ရေသောက်ချင်လို့တဲ့၊ ဒီမှာ မြစ်ကြီး စီးနေတာပဲဆိုတော့ သူ မမြင်ရဘူးတဲ့လေ။

“မင်းမျက်စိထဲ မြစ်မမြင်ရဘူးဆိုရင် ဒီသဲခုံပေါ်မှာ ပက်လက်လှန်ပြီးအိပ်၊ တို့ ရေတိုက်ကြမယ်” ဆိုပြီး ရဟန်းတွေက သပိတ်တွေနဲ့ ရေတွေခပ်ပြီး သူ့ပါးစပ်ထဲ လောင်းထည့်ကြတယ်၊ အခေါက်ပေါင်းများစွာတဲ့။ ဆွမ်းခံချိန်ရောက်လို့ ကိုယ်တော်တွေက “ရေတွေအများကြီး တို့တိုက်ပြီးပြီ၊ မင်းလည်း ဒီလောက်ဆိုရင် ဝလောက်ပါပြီ”လို့ဆိုတော့ “အရှင်ဘုရားတို့ တိုက်တဲ့ရေ လည်ချောင်း ဟိုဘက်ရောက်ရင် တပည့်တော် ပြိတ္တာဘဝက မလွတ်ပါရစေနဲ့” လို့ပြန်ပြောတယ်။ လည်ချောင်း ဟိုဘက်ကို မရောက်ဘူးတဲ့။ အကုသိုလ်ကံများ အင်မတန်မှ ကြောက်စရာ ကောင်းတယ်။ အင်မတန်ဆာလောင်ပြီး ဒုက္ခရောက်ကြတယ်။ ခရီးဝေးကြီး ပြေးလွှားပြီးတော့ အစာအာဟာရရှာတာ မစားရဘဲနဲ့ ပိန်ချုံးပြီး အရိုးပြိုင်းပြိုင်းထနေတဲ့ ပြိတ္တာတွေ အမျိုးစုံပဲတဲ့။

သူတို့လုပ်ခဲ့တဲ့ အကုသိုလ်တွေကြောင့် ဒုက္ခရောက်ရတဲ့ အကြောင်းတွေကို သူတို့ကိုယ်တိုင် မြတ်စွာဘုရားရှေ့မှာ ပြောပြကြတယ်။ ပရိသတ်တွေ အားလုံးကြားကြရတယ်။ သူတို့ ပြောတဲ့ထဲမယ် ဘာတွေပါတုန်းဆိုတော့
“အကမ္မကာမာ အလသာ”
အလုပ်မလုပ်ချင်ဘူး။ လူ့ဘဝရောက်လာပြီး လုပ်ကိုင် မစားသောက်ချင်ဘူး။ ပျင်းတယ်တဲ့။
“သာဒုကာမာ မဟဂ္ဂုသာ”
အကောင်းကြိုက်တယ်။ အစားကြီးတယ်။ တချို့ လူတွေက [၈၉] အဲဒီအတိုင်းပဲလေ။ အလုပ်လုပ်ရမှာတော့ပျင်းတယ်။ အစားကြီးတယ်၊ အကောင်းကြိုက်တယ်။
“အာလောပပိဏ္ဍဒါတာရော၊ ပဋိဂ္ဂဟေ ပရိဘာသိမှသေ”
သူတို့အစာထဲက ခွဲပေးရမယ် ဆိုရင် မကျေနပ်ဘူး။ ဆဲတယ်နော်။

တစ်ခါတုန်းက အိမ်တစ်အိမ်မှာ ဘုန်းကြီးတွေ ဆွမ်းဘုဉ်းပေးနေတုန်း ကလေးလေးက ဘာပြောတုန်းဆို “ဘုန်းကြီးတွေ အကုန်စားမသွားနဲ့၊ ငါ့အတွက်ချန်ဦး”တဲ့။ တကယ်ပြောတာနော်။ အဲဒီလိုမျိုးတွေလည်း ရှိတတ်သေးတယ်၊ ကလေးမို့ မသိတတ်သေးလို့ ပြောတယ်ဆိုပေမယ့် သူ့ရင်ထဲရှိတာ ပြောတာပေါ့။ သူ့အတွက် စဉ်းစားနေတာလေ။ ကလေးမို့ စဉ်းစားတယ်၊ လူကြီးကရော မစဉ်းစားဘူးလားဆိုရင် စဉ်းစားမှာပဲ။ နှမြောတာ လူ့သဘာဝမို့ ဒီလိုပဲစဉ်းစားမှာပဲ။

“တေဃရာတာစဒါသိယော၊ တာနေဝါ ဘရဏာနိနော”
ဆိုလိုတာက “သူတို့ လူ့ဘဝရတဲ့ အချိန်မှာ ဒီကုသိုလ်ကောင်းမှုကို လုံးဝသတိမရဘူး။ သူတို့ပိုင်ဆိုင်ခဲ့တဲ့ အဝတ်အစားတွေ စားစရာတွေ ရှာဖွေစုဆောင်းခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို သူတို့ သေသွားတဲ့နောက် ဘယ်သူတွေ သုံးစွဲရစ်တုန်းဆိုရင် တခြားလူတွေ သုံးနေရစ်ကြတယ်။ အဲဒီလို လူတွေလည်း အများကြီး ရှိတယ်။ ရှာရုံရှာသွားတယ်။ တစ်ခါမှလည်း အလှူအတန်း မလုပ်ဘူး။ ကိုယ်ကိုယ်တိုင် ရှာပြီးစုသွားတယ်။ စုနေတုန်းပဲ မစားရခင် သေသွားတယ်။ သူတို့သေသွားတာနဲ့ တစ်ပြိုင်နက် ဒီပစ္စည်းတွေက သူတို့အတွက် ဘာမှတန်ဖိုးမရှိတော့ဘူး။ မျက်စိ [၉၀] နှစ်လုံး မှိတ်သွားတာ၊ ဇီဝိန်ချုပ်သွားတာနဲ့ တစ်ပြိုင်နက် သူတို့ ဒုက္ခကိုခံစားကြရတယ်။

ရာဇဂြိုဟ်ပြည်က ဈေးသည်မကြီး လေးယောက်ဟာ အလေးခိုးပြီး ဈေးရောင်းကြတယ်။ ပစ္စည်းထဲ ဟိုဟာ ဒီဟာတွေ ထည့်ရောင်းတယ်။ မမှန်မကန် ရောင်းဝယ်ကြပြီး ရသမျှတွေ စုထားကြတယ်။ ရုတ်တရက်သေတော့ ပြိတ္တာမကြီးတွေ သွားဖြစ်တယ်။ သူတို့ရှာထားတဲ့ ပစ္စည်းတွေ၊ ဆောက်ထားတဲ့ အိမ်တွေကို သားစဉ်မြေးဆက် အမွေရတဲ့လူတွေက ဇိမ်နဲ့သုံးစွဲ နေထိုင်ကြတယ်။ ယူကြုံးမရဖြစ်ပြီး ညညမှာ အော်ကြတယ်တဲ့။
“မယံ ဘောဂေ သံဟရိမှ၊ သမေန ဝိသမေနစ”
တို့ကတော့ တရားတဲ့နည်းနဲ့ရော မတရားတဲ့နည်းနဲ့ရော စည်းစိမ်ဥစ္စာတွေ ရှာလိုက်ကြ၊ စုလိုက်ကြ။
“တေ အညေ ပရိဘုဉ္ဇန္တိ”
တို့ရှာထားတာတွေကို တခြားလူတွေ သုံးနေကြတယ်။
“မယံ ဒုက္ခဿ ဘာဂိနီ”
တို့ကတော့ ဒုက္ခခံနေကြရတယ်။ တို့ရှာတာတွေလည်း တို့မသုံးရဘူးလို့ ငြီးကြသတဲ့။

ဟုတ်တယ်လေ၊ ပစ္စည်းဆိုတာ မျက်စိနှစ်လုံးမှိတ်ပြီး ဇီဝိန်ချုပ်သွားတာနဲ့ ကိုယ်နဲ့ဘာမှမဆိုင်တော့ဘူး။ ဒီဘဝကပစ္စည်းတွေ အကုန်ထားခဲ့ရတာကိုး။ ဒါလည်း သတိထားစရာ ကောင်းတယ်။ ကိုယ်ရှိနေတုန်း ကိုယ့်ခြေကိုယ့်လက် ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့လိုအပ်တယ်။ သေခြင်းတရားဆိုတာ ကပ်နေတာ။

“တေ ဃရာ တာ စ ဒါသိယော”
တို့ဆောက်ထားတဲ့ အိမ်တွေ တို့ငှားထားတဲ့ လူတွေ၊
“တာနေဝါ ဘရဏာနိနော”

[၉၁] တို့ဝယ်ထားတဲ့ လက်ဝတ်တန်ဆာတွေ အဝတ်အစားတွေ၊
“တေ အညေ ပရိစာရေတိ”
အဲဒါတွေနဲ့ သူတို့က ကြော့လို့ မော့လို့ သုံးနေကြတာ။
“မယံ ဒုက္ခဿ ဘာဂိနော”
ငါတို့တော့ အခု ဒုက္ခခံနေရပြီလို့ ငြီးငြူကြသတဲ့။ ဒါကြောင့် ဒါနကောင်းမှုဆိုတာ ပြုသင့်ပြုထိုက်တဲ့ အရာတစ်ခုပဲပေါ့။

နှမြောခြင်းနဲ့ မေ့လျော့ခြင်း

မြတ်စွာဘုရားက ဟောထားတယ်။ လောကမှာ အစာအာဟာရနဲ့ ကင်းပြီး သတ္တဝါတွေ အသက်မရှင်ကြဘူး။ အဲဒီ အစာအာဟာရက ဘယ်လိုပုဂ္ဂိုလ်ဆီ ရောက်လဲဆိုရင် လှူခဲ့ တန်းခဲ့တဲ့ ပုဂ္ဂိုလ်ဆီသာ စုရောက်တာ။ စားချင်တိုင်း ကိုယ့်ဆီ ရောက်မယ်လို့ မအောက်မေ့လေနဲ့။ လှူခဲ့တန်းခဲ့တဲ့ ပုဂ္ဂိုလ်တွေဆီပဲ ရောက်တယ်တဲ့။ သူစားနိုင်သည် ဖြစ်စေ၊ မစားနိုင်သည် ဖြစ်စေပေါ့။ ကျန်တဲ့ပုဂ္ဂိုလ်ကိုတော့ လှည့်တောင်ကြည့်မှာ မဟုတ်ဘူးတဲ့။ ဒါမှန်တယ်။ တကယ့်ကို ကံက အကျိုးပေးပြီ ဆိုရင် စားစရာ သောက်စရာတွေ သူ့ထံ စုပြုံရောက်လာတယ်။ ဒါကြောင့် မြတ်စွာဘုရားက ပစ္စည်းဥစ္စာနဲ့ ပတ်သက်ပြီး မစ္ဆရိယစိတ်တွေ မထားကြဖို့နဲ့ မစ္ဆရိယကို တော်လှန်ပြီး ဒါနကောင်းမှုကို လုပ်သင့်တယ်လို့ တဖွဖွဟောခဲ့တာ ဖြစ်တယ်။

စားစရာ သောက်စရာတွေ ပေါနေတဲ့ဆီကို သွားပြီးတော့ မငြူစူလေနဲ့။ သူလုပ်ခဲ့တာတွေ သူပြန်ရနေတာ။ လောကလူတွေက ကိုယ်ပိုင်တဲ့ ပစ္စည်းတွေရှိလျက်သားနဲ့ ဘာဖြစ်လို့ [၉၂] ကုသိုလ်ကောင်းမှု မလုပ်ကြတာလဲဆိုရင် “မစ္ဆေရာ စ ပမာဒါစ ဧဝံဒါနံ န ဒီယတိ” တဲ့။ ကိုယ့်အတွက်သာ ကိုယ်ကြည့်တယ်။ ကိုယ့်အတွက်သာ ကိုယ်စဉ်းစားတယ်။ ဒါကို မစ္ဆရိယလို့ ခေါ်တယ်။ ကိုယ်သာသုံးမယ် သူများကိုမမျှဘူးဆိုတဲ့ စိတ်ဓာတ်ဟာ လူတွေမှာ ရှိနေတတ်တယ်။ အဲဒါကို မစ္ဆရိယစိတ်လို့ ခေါ်တယ်။

မစ္ဆရိယဆိုတဲ့ သဘောတရားက စိတ်ကို မှီပြီးဖြစ်တဲ့ သဘောတရား ဖြစ်တယ်။ ဒေါသနဲ့ တွဲဖက်ပြီး လာတယ်။ လောဘနဲ့တွဲတာ မဟုတ်ဘူး။ ဒေါသနဲ့ တွဲတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။ ကိုယ်ပိုင်ပြီဆိုရင် “မထိနဲ့”ဆိုတာ လာတော့တာပဲ။ အဲဒီကတည်းက တစ်ဖက်သားကို ရန်လုပ်တာ။

ကြောင်ကလေးတွေ ကြည့်၊ ပါးစပ်ထဲ ကြွက်ကလေး သို့မဟုတ် အစာလေးတစ်ခု ရောက်သွားရင် အနားနား ကြောင်တစ်ကောင်လာရင် မာန်ဖီတော့တာပဲ။ အဲဒါဘာလုပ်တာတုန်းဆို သူ့ဟာကိုသူ ကာကွယ်တာပဲ။ ကလေးလေးတွေ မုန့်ပေးပြီး ပြန်တောင်းကြည့်ပါလား မရဘူး။ သူတို့လက်ထဲ ရောက်သွားရင် မပေးတော့ဘူး။ ဘာဖြစ်လို့လဲ? ဒါမစ္ဆရိယရဲ့ သဘောကို ပြတာပေါ့။ သူပိုင်ပြီဆိုရင် ပေးမယ်မထင်နဲ့။ အဲဒီလို ပေးဖို့ကမ်းဖို့ လက်တွန့်သွားတာ မစ္ဆရိယကြောင့်ပဲ။ မစ္ဆရိယဆိုတဲ့ သဘောတရားဟာ အစာရေစာ ရှားပါးခြင်းရဲ့ အကြောင်းဖြစ်တယ်။ ကိုယ်ကိုယ်တိုင်က ရက်ရက်ရောရော ပေးကမ်းခြင်း မရှိသည့် [၉၃] အတွက် ကိုယ့်ဆီမှာလည်း ရက်ရက်ရောရော ရောက်လာမှာ မဟုတ်တော့ဘူး။

ကုသိုလ်ကောင်းမှု လုပ်မယ့်အပေါ်မှာ စိတ်မဝင်စားဘူး၊ မေ့ထားတယ်၊ မေ့နေလို့မလှူတာတဲ့။ “မစ္ဆေရာ စ ပမာဒါစ ဧဝံဒါနံ နဒီယတိ” လောကလူတွေဟာ နှမြောလို့ မလှူတာနဲ့ မေ့နေလို့ မလှူတာ ဒီနှစ်ခုကြောင့် အလှူဒါနက မဖြစ်မြောက်ဘူးတဲ့။ အလှူဒါနဆိုတာ အကြီးအကျယ်လှူမှ အလှူဒါန မဟုတ်ဘူး။ ကိုယ်စားတဲ့ထဲကနေ တစ်လုပ်တစ်ဆုပ် သတ္တဝါလေးတွေကိုပဲ ဖြစ်ဖြစ်၊ ကိုယ်နဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ် ပေးတာ ကမ်းတာ ကျွေးတာ မွေးတာ ဒါတွေဟာ ဒါနပဲ။ အိမ်လာတဲ့လူ ကော်ဖီတိုက်တာ၊ လက်ဖက်ရည်တိုက်တာက အစ ဒါနပဲ။

ဒါပေမဲ့ လူတွေက တစ်ခါတစ်ရံ မဟုတ်တဲ့နေရာ သွားပြီး သဒ္ဓါတရား ကောင်းတတ်ကြတယ်။ ကော်ဖီတိုက်ရမှာတော့ ဈေးကြီးလို့တဲ့။ အရက်ဝိုင်းမှာ သောက်ဖော် သောက်ဖက်ကိုသွားပြီး သဒ္ဓါတရားကောင်းနေတယ်။ ဒီတစ်ခါ ဒကာခံလိုက်ဦးမယ်နဲ့ လုပ်နေသေးတာလေ။ တကယ့်ကို တစ်ဖက်သားအကျိုးရှိမယ့် ဒါနမျိုးဖြစ်အောင်လုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်။ မလုပ်ဘူးဆိုရင် ဒေါသနဲ့ တွဲဖက်လာတဲ့ ဒီမစ္ဆရိယ သဘောတရားက ဖြစ်လေရာဘဝမှာ အမွေအရှားရှားပါးပါး ဘဝမျိုးကို ရောက်စေနိုင်တယ်လို့ ဒီလိုဆိုတာ [၉၄] နော်။ ဒါကြောင့်မို့ ဒီပြိတ္တာတွေဟာလည်းပဲ ဒုက္ခရောက်ကြတယ်တဲ့။

ဘဝမှာ အောက်တန်းကျတဲ့ အမျိုးတွေ၊ ဆင်းရဲတဲ့အမျိုးတွေမှာ မစ္ဆရိယကြီးမားတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်တယ်တဲ့။ ဆိုပါစို့ လူ့ဘဝရောက်လာပြီဆိုရင် မွေးကတည်းက တဲစုတ်နဲ့အိမ်မှာ သွားမွေးတယ် သို့မဟုတ် နေစရာမရှိတဲ့ မိသားစုထဲ သွားမွေးတယ်။ မစ္ဆရိယ နည်းပြီးတော့ ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်က မွေးကတည်းက တိုက်အိမ်မှာ သွားမွေးတယ်။ သူဌေးအိမ်မှာ သွားမွေးတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို ဆုံးဖြတ်ရမှာ။ ငါ နောင်ဘဝကျရင် တဲစုတ်ထဲသွားမွေးမလား သို့မဟုတ် သူဌေးအိမ် သွားမွေးမလား။ သူဌေးအိမ်မွေးချင်ရင် ကုသိုလ်ကောင်းမှုတော့ လုပ်နေရမှာပဲ။ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ မစ္ဆရိယကို တော်လှန်ဖို့ အရေးကြီးတာ။ စိတ်ထဲ နှလုံးထဲမှာ မထားဖို့ အရေးကြီးတာ။ မစ္ဆရိယကလည်း တော်တော်ကို လူ့စိတ်ကို လွှမ်းမိုးထားနိုင်တဲ့ အနေအထားမျိုး ရှိတယ်ပေါ့။

မစ္ဆရိယကင်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ အင်မတန်မှ အဆင်ပြေတဲ့ နေရာမျိုးကို ရောက်တယ်တဲ့။ မစ္ဆရိယကင်းလို့ ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့ပုဂ္ဂိုလ်ဟာ ဒီဘဝမှာ ချမ်းသာတဲ့ အမျိုး၊ မြင့်မြတ်တဲ့အမျိုး၊ မိသားစုထဲမှာ မတောင့်မတ မကြောင့်မကြ စားရတဲ့အမျိုးထဲမှာ လာပြီးတော့ လူဖြစ်တယ်တဲ့။ လူဖြစ်ပြီး [၉၅] တော့ သူ့ဘဝမှာ အမြဲတမ်း ပြီးပြည့်စုံတဲ့ဘဝမျိုးကို ရောက်တယ်တဲ့။

ကုသိုလ်ပြုက ချမ်းသာရ

ဒါကြောင့်မို့ ဒီနေရာမှာ သတိပေးတဲ့အနေနဲ့ မှတ်သားစရာ ရေးသားထားတဲ့ စကားလေးတစ်ခုက “သုခံ အကတ ပုညာနံ၊ ဣဓ နတ္ထိ ပရတ္တစ” တဲ့။ အကတပုည ဆိုတာ ကုသိုလ်ကောင်းမှု မလုပ်တဲ့ပုဂ္ဂိုလ်ကို ပြောတာ။ ကုသိုလ်ကောင်းမှုဆိုတာ ဒါနကောင်းမှုရှိတယ်၊ သီလကောင်းမှုရှိတယ်၊ ဘာဝနာကောင်းမှုရှိတယ်။ ကုသိုလ်ကောင်းမှုဆိုတာ တန်ပြန်တူညီတဲ့ အကျိုးတွေကို ပေးတတ်တာဖြစ်လို့ ကုသိုလ်ဆိုတာ စုံအောင်လုပ်သင့်တယ်။ အချို့က ဒါနလုပ်စရာမလိုဘူး ပြောရင်လည်း နားမယောင်လေနဲ့။ နောင်ဘဝ ရှားပါးလိမ့်မယ်။ ဒါနလည်း လုပ်ရမှာပဲ၊ သီလလည်း လုပ်ရမှာပဲ၊ ဘာဝနာလည်း လုပ်ရမှာပဲ။

ဒါနကောင်းမှု မလုပ်ဘူးဆိုတာနဲ့ ပတ်သက်လို့ အားလုံးလည်း ကြားဖူးကြလိမ့်မယ်။ ကဿပဘုရားလက်ထက်က ရဟန်းနှစ်ပါးက ကမ္မဋ္ဌာန်းတရား အားထုတ်နေတဲ့ ကိုယ်တော်တွေပဲ။ တစ်ပါးက ဘယ်လိုတွေးလဲဆိုရင် ဘုန်းကြီးဆိုတာ လှူစရာမလိုဘူးတဲ့။ ကိုယ့်တရား ကိုယ်အားထုတ်၊ တရားအားထုတ်ရင် ပြီးတာပဲ။ ဘာမှလုပ်စရာမလိုဘူးလို့ အတွေးအခေါ်ရှိတယ်။ ကျန်တဲ့ကိုယ်တော်တစ်ပါးက အဲဒီလို မဟုတ် [၉၆] ဘူး။ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ မျှဝေသုံးသင့်တယ်။ ဒါနကောင်းမှု လုပ်သင့်တယ်။ ဒီလိုအယူရှိတယ်။ တစ်ပါးရဲ့အတွေးကို တစ်ပါးက ပြောပေမဲ့လို့ လက်မခံဘူး။ သူငယ်ချင်းနှစ်ယောက် အင်မတန်မှ ရင်းနှီးကြတယ်။

အဲဒီ ကိုယ်တော်နှစ်ပါး ပျံလွန်တော်မူတဲ့အခါ နတ်ပြည်ရောက်တယ်။ ဒါနကောင်းမှု လုပ်သင့်တယ်ဆိုပြီး လုပ်တဲ့ ကိုယ်တော်က အစစအရာရာ သာတယ်။ လုပ်စရာမလိုဘူးဆိုတဲ့ ကိုယ်တော်က အောက်ကျနောက်ကျ ဖြစ်တယ်။ နတ်ဘဝကနေ လူ့ဘဝ ရောက်လာတော့လည်း ဒါနကောင်းမှု လုပ်သင့်တယ်လို့ ခံယူပြီး လုပ်တဲ့ကိုယ်တော်က ဘုရင့်သား လာဖြစ်တယ်။ လုပ်စရာမလိုဘူးဆိုတဲ့ ကိုယ်တော်က အထိန်းတော်သား သွားဖြစ်တယ်။ တစ်ရက်တည်း မွေးကြတယ်။ အထိန်းတော်သားက အောက်မှာ အိပ်ရတယ်။ မင်းသားကတော့ ရာဇပလ္လင်ပေါ်မှာ ထီးဖြူနဲ့ အိပ်ရတယ်။ ကွာခြားတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။

ဒါကြောင့် ဒါနဆိုတာ လုပ်မိအောင် လုပ်ရမယ်။ ဒါနရှိသူနဲ့ မရှိသူ ဘဝသံသရာမှာ ကွဲပြားခြားနားမှု ရှိတယ်။ နောက်ဆုံး အရဟတ္တဖိုလ် ရသွားတာတောင်မှပဲ ဒါနရှိတဲ့ ပုဂ္ဂိုလ်က ဝဝလင်လင် စားရတယ်။ ဒါနမရှိဘူးဆိုရင် ငတ်ငတ်ပြတ်ပြတ်နဲ့ ရဟန္တာဖြစ်ရတယ်။ ဒါနကောင်းမှု ဆိုတာလည်း လုပ်ရမယ်၊ သီလဆိုတာလည်း လုပ်ရမယ်၊ ဘာဝနာဆိုတာလည်း လုပ်ရမယ်။ ဒါကို ရည်ညွှန်းပြောတာ။ “သုခံ အကတ [၉၇] ပုညာနံ” ကောင်းမှုကုသိုလ် မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်မှာ “ဣဓ နတ္ထိ ပရတ္တစ” ဒီဘဝမှာလည်း သူ့အတွက် ချမ်းသာဆိုတာ မရှိဘူး။ နောင်ဘဝရောက်ရင်လည်း သူ့အတွက် ချမ်းသာဆိုတာ မရှိနိုင်ဘူးတဲ့။ ချမ်းသာဆိုတာ ကုသိုလ်ရဲ့ သင်္ကေတတစ်ခုပဲလို့ ဒီလိုပြောတာ။

မြတ်စွာဘုရားကိုယ်တိုင်က သုတ္တန်တစ်ခုမှာ ဟောထားတာရှိတယ်၊ “မာဘိက္ခဝေ ပုညာနံ ဘာယိတ္ထ၊ သုခဿေတံ အဓိဝဓနံ ယဒိဒံ ပုညာနိ” ဆိုတဲ့ စကားလေးရှိတယ်။ “ချစ်သားရဟန်းတို့ ကုသိုလ်ကို မကြောက်ကြနဲ့။ ချမ်းသာဆိုတာ ကုသိုလ်ရဲ့နာမည်ပါ”လို့ ဒီလိုပြောတာ။ ချမ်းသာတယ်ဆိုတာ ကုသိုလ်ကပေးတာလို့ ပြောတာ။ ချမ်းသာတာဆိုရင် လူတွေက လိုချင်တယ်။ ကုသိုလ်ကျတော့ ကြောက်တယ်။ ချမ်းသာကို လိုချင်ရင် ကုသိုလ်ကို မကြောက်နဲ့လို့ ပြောတယ်။ ကုသိုလ် လုပ်ပါ။

“သုခံ အကတ ပုညာနံ၊ ဣဓ နတ္ထိ ပရတ္တ” ကုသိုလ်ကောင်းမှု မလုပ်တဲ့ပုဂ္ဂိုလ်အတွက် ချမ်းသာဆိုတာ ဒီဘဝမှာလည်း မရှိဘူး။ နောင်ဘဝမှာလည်း မရှိဘူးတဲ့။ “သုခဉ္ဇ ကတပုညာနံ၊ ဣဓ စေဝ ပရတ္ထ စ” ကုသိုလ်ကောင်းမှု လုပ်ပြီဆိုတဲ့ ပုဂ္ဂိုလ်တွေအတွက် ဒီဘဝမှာလည်း ချမ်းသာ၊ နောင်ဘဝမှာလည်း ချမ်းသာမယ်တဲ့။ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီး ဘုရားကိုယ်တိုင် ဟောထားတဲ့ သုတ္တန်တွေ၊ ဂါထာတွေ အလွန်များတယ်။ “ဧဝံ ဇာတေန မစ္စေန ကတ္တဗ္ဗံ [၉၈] ကုသလံ ဗဟုံ” လူ့ဘဝ လူရယ်လို့ ဖြစ်လာရင် ကုသိုလ်ကောင်းမှု များများ လုပ်ပါလို့ တိုက်တွန်းထားတာ။ ဘာလို့လဲဆိုတော့ ကုသိုလ်ရဲ့ အကျိုးတရားက ချမ်းသာသုခ ဖြစ်လို့ပဲ၊ ဒီလိုဆိုလိုတာ။ ဘဝတစ်ခုမှာ ကုသိုလ်ကောင်းမှုရဲ့ အကူအညီကြောင့် ဆင်းရဲဒုက္ခ ရောက်နေတာတောင်မှပဲ ချမ်းသာသုခကို ရသွားတယ်။

အဲဒီတော့ ကောလိယ အမတ်ကြီးက ကုသိုလ်ကောင်းမှု လုပ်ပြီး ပြိတ္တာတွေကို အမျှအတမ်း ပေးဝေလိုက်တဲ့အခါ အားလုံး ပြိတ္တာတွေ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြတယ်။ ဒီသာဓုခေါ်တဲ့ ကုသိုလ်က သူတို့ကို ကယ်တင်သွားတယ်။ (အဘိဇ္ဇမာန ပေတဝတ္ထု) သူတို့တွေ ချမ်းသာသုခတွေ ခံစားကြရတယ်။ အင်မတန်မှ ဝမ်းသာကြည်နူးဖွယ်ရာ ကောင်းသည့်အတွက်ကြောင့် “ကုသိုလ်တရားကို မမေ့မလျော့ ကြိုးစားလုပ်သင့်တယ်” ဆိုတာ ဒုဂ္ဂတိဘုံသားတွေရဲ့ အမှာစကားပေါ့။ ဒုဂ္ဂတိဘုံသားတို့ လက်တွေ့ခံစားရတဲ့ အကုသိုလ်ရဲ့အကျိုး ဆင်းရဲဒုက္ခတွေ၊ ကုသိုလ်ရဲ့အကျိုး ချမ်းသာသုခတွေ ဒါတွေကို သိရှိကြပြီး ဘုန်းကြီးတို့တတွေ လူ့ဘဝရနေတဲ့အချိန် ကုသိုလ်လုပ်ဖို့လိုတယ်။ အခွင့်ကောင်းတွေ ကြုံပါလျက် ကုသိုလ်မလုပ်ဘဲနဲ့ မေ့လျော့နေကြမယ်၊ ပစ္စည်းဥစ္စာကို တစ်သက်လို့ထင်ပြီး မက်မောတွယ်တာနေကြမယ်ဆိုရင် တန်ဖိုးရှိတဲ့ လူ့ဘဝကြီးမှာ လူဖြစ်ကျိုးနပ်မှာ မဟုတ်ဘူးလို့ ဒီလို သတိသမ္ပဇညထားပြီး ကုသိုလ်တရားဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်တယ်လို့ ကိုယ်စီ [၉၉] ကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု
သာဓု [၁၀၁] သာသနာတော်နှစ် ၂၅၅၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ်၊ နယုန်လပြည့်ကျော် (၈)ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇွန်လ (၁၂)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိ ဓမ္မဗိမာန်တော်အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနား၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး မိဘဘိုးဘွား ဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင် အမတဒါန ဓမ္မဒါနအဖြစ် ဟောကြားအပ်သော “ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား အပိုင်း(၄)” အကြောင်း တရားဒေသနာတော်။

ဒီကနေ့ “နန္ဒက ပေတဝတ္ထု” အကြောင်း ဟောပြောမှာ ဖြစ်တယ်။ ပေတဝတ္ထုမှာ ဝတ္ထုအပုဒ်ပေါင်း ငါးဆယ့်တစ်ပုဒ် မှတ်တမ်းတင်ထားသော်လည်း အားလုံးစုစုပေါင်း ရှစ်ဝတ္ထုလောက်ပဲ ဘုန်းကြီးတို့တတွေ ဟောကြားပေးမယ်။ ထူးခြားတဲ့ ဝတ္ထုတွေကို ရွေးချယ်ပြီး မှတ်သားရမယ့် အချက်တွေကို ဟောပြောမှာ ဖြစ်ပါတယ်။

[၁၀၂] ကံမကောင်း အကြောင်းမလှလို့ ဒုဂ္ဂတိဘုံဘဝ ရောက်သွားကြတဲ့အခါ လက်တွေ့ ခံစားကြရတဲ့ ဒုက္ခတွေ ဘာကြောင့် ဖြစ်ခဲ့တယ်ဆိုတာ ပြန်လည်တွေးတော ဆင်ခြင်ကြည့်ခြင်းအားဖြင့် ဘာတွေ အမှားလုပ်ခဲ့လို့ အခုလို ဒုက္ခရောက်ရတယ် ဆိုတာတွေ သိရှိနားလည်လာကြတယ်။ အဲဒီလို နားလည်လာတဲ့အခါ အင်မတန်မှ နောက်ကျသွားတဲ့ အနေအထားမျိုး ရောက်တယ်ပေါ့။ ဒုဂ္ဂတိဘုံ ရောက်နေကြတဲ့ သတ္တဝါတွေ အထူးအားဖြင့် ပြိတ္တာတွေ အစားဆင်းရဲ အနေဆင်းရဲ ဒုက္ခအကြီးအကျယ် ခံစားနေရာကနေ မှာကြားလိုက်တဲ့ အမှာစကားတွေကို မှတ်သားပြီး သံဝေဂယူဖို့ဖြစ်တယ်။

မှတ်သားရန်

ဒီ နန္ဒက ပေတဝတ္ထုက ပိဋကတ်စာပေထဲမှာ အတော်နောက်ကျမှ ဝင်လာပြီး မှတ်တမ်းတင်ခဲ့တာ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားလို့ သာသနာတော်နှစ် အနှစ် (၂ဝဝ) ရောက်တဲ့အချိန် ဒီဇာတ်လမ်းဟာ ဖြစ်ပေါ်လာတယ်။ လူသားတွေ ရှိနေသမျှ ဒီလိုဝတ္ထုဇာတ်လမ်းတွေကတော့ အမြဲတမ်းရှိနေမှာပဲ။ မှတ်တမ်းတင်နိုင်တဲ့ ဝတ္ထုဇာတ်လမ်းရှိသလို မှတ်တမ်းမတင်နိုင်တဲ့ ဝတ္ထုဇာတ်လမ်းတွေလည်း အများကြီးရှိတယ်။ လုပ်ကြံ မှတ်တမ်းတင်တဲ့ စိတ်ကူးယဉ်ဝတ္ထုမျိုးတွေ မဟုတ်ဘူး။ တကယ့် အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတာ။

[၁၀၃] အခု နန္ဒကပေတဝတ္ထုကို မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် အနှစ် (၂ဝဝ)၊ အသောကမင်းကြီး လက်ထက် တတိယသံဂါယနာတင်တဲ့ အချိန်လောက်မှ စာပေထဲ ထည့်သွင်းခဲ့တာပေါ့။ ဒါကိုကြည့်မယ်ဆိုရင် ပထမသံဂါယနာတုန်းက မပါတဲ့ ကျမ်းအချို့ကို ဒုတိယသံဂါယနာကျမှ ထပ်ဖြည့်တယ်။ တစ်ခါ နောက်ပိုင်းမှာဖြစ်တဲ့ အကြောင်းအရာတွေကိုလည်း တတိယသံဂါယနာမှာ ထပ်ဖြည့်တယ်။ အဲဒီလိုထပ်ဖြည့်တာလေးတွေရှိတယ်။ သို့သော် ဘုရားလက်ထက်က ဘုရားဟောတဲ့တရား ဆိုတဲ့ ပုံစံမျိုးနဲ့ ဖြည့်တာမဟုတ်ဘူး။ အဖြစ်မှန်အတိုင်းပဲ မှတ်တမ်းတင်ထားတာဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓရဲ့တရားတော်တွေသည် လုပ်ကြံထားတဲ့အရာမျိုး မဟုတ်ဘူး၊ နောက်တိုးဆိုတာလည်း နောက်တိုးတာမှန်းသိအောင် သိသိသာသာ ပွင့်ပွင့်လင်းလင်း ထည့်သွင်းထားတယ်။ ဘာဖြစ်လို့ ထည့်သွင်းသလဲ? မှတ်သားဖို့ရာ အင်မတန်မှကောင်းလို့ ထည့်သွင်းတာ ဖြစ်တယ်။

ဗုဒ္ဓစာပေ

အခု မြန်မာနိုင်ငံမှာ အားလုံးသိကြတဲ့အတိုင်း ဗုဒ္ဓသာသနာ (၂၅ဝဝ) အထိမ်းအမှတ်အနေနဲ့ ဆဋ္ဌသံဂါယနာ တင်ခဲ့တယ်။ အဲဒီ သံဂါယနာတင်တဲ့အချိန်မှာ အသိအမှတ်ပြုပြီး ကျမ်းစာအချို့ တိုးတာလည်း ပါတယ်ပေါ့။ ပိဋကတ်တော် ပါဠိတော် အုပ်ရေ (၄၀)၊ ထို အုပ်ရေ (၄၀) ကို ထပ်ဖွင့်တဲ့ [၁၀၄] အဋ္ဌကထာ (၅၂)အုပ်၊ အဋ္ဌကထာထဲမှာ ကျန်နေတာတွေ၊ မရှင်းတာတွေကို ထပ်ဖြည့်ရှင်းတဲ့ ဋီကာ (၂၆)အုပ်၊ ဒါတွေဟာ ဒီဆဋ္ဌသံဂါယနာမှာပါတဲ့ ကျမ်းတွေပေါ့။

သို့သော် သံဂါယနာထဲမှာ မပါဘဲနဲ့ မြန်မာပြည်မှာ ရွတ်ဖတ်သရဇ္ဈာယ်နေတဲ့ သုတ္တန်နှစ်ခုရှိတယ်။ ဒါတွေက ထေရဝါဒသုတ္တန် ဟုတ်ချင်မှဟုတ်မယ်။ “ပရိမိတ္တဇာလသုတ်” နဲ့ “ဓာရဏပရိတ်” တို့ဖြစ်တယ်။ သံဂါယနာမှာ မပါတဲ့ စာပေတွေ မရှိဘူးလားဆိုတော့ ရှိတယ်။ မြန်မာပြည်မှာ သံဂါယနာမတင်တဲ့ စာပေတွေလည်း တော်တော်များများ ရောက်လာတာရှိတယ်။

ဥပမာမယ် ခုခေတ် ချင်းမိုင်လို့ခေါ်တဲ့ ဇင်းမယ်မှာ ငါးရာ့ငါးဆယ်ပုံစံ ရေးထားတဲ့ ပါဠိရေး ကျမ်းစာတစ်စောင်ရှိတယ်။ ဇာတ်လမ်းဇာတ်ကွက်က အင်မတန်မှ ထူးထူးခြားခြားတွေ ရေးထားတာ။ ဇင်းမယ်ပဏ္ဏာသ လို့ ခေါ်ကြတယ်။ အဲဒီ ချင်းမိုင်က ဆရာတော်တစ်ပါးရေးပြီး မှတ်တမ်းတင်ခဲ့တာ။ သို့သော် သူမှတ်တမ်းတင်တာက ဘုရားလက်ထက်က ဖြစ်ပျက်ခဲ့တဲ့ တကယ့်အဖြစ်အပျက် အကြောင်းအရာတွေ ဆိုပြီးတော့ မှတ်တမ်းတင်တာပဲ။

“ပဏ္ဏာသ” ဆိုတာ ငါးဆယ်၊ ဇာတ်လမ်း ဇာတ်ကွက် ငါးဆယ်ရှိတယ်လို့ပြောတာ။ ဇမ္ဗုပတိ ချွတ်ခန်းတို့ ဘာတို့ဆိုတာ အဲဒီထဲပါတယ်။ သို့သော် သံဂါယနာတင်တဲ့ အသိအမှတ်ပြု ကျမ်းထဲမှာ မပါဘူး။ မြန်မာလူမျိုးတွေ အချို့ ရွတ်ဖတ်နေကြ [၁၀၅] တဲ့ ပရိမိတ္တဇာလသုတ်၊ ဓာရဏပရိတ် တို့ဆိုတာ ဒီ သံဂါယနာတင်တဲ့အထဲမှာ မပါတဲ့ ကျမ်းစာတွေလို့ ဒီလိုပြောရမယ်။ အဲဒီအထဲမယ် ပါဠိတွေကလည်း အင်မတန်မှ ထူးဆန်းတယ်၊ ပရိမိတ္တဇာလသုတ်မှာဆိုရင် “ဣတ္ထိ၊ မိလ္လိ၊ နိလ္လိ၊ ရောရုဝေ၊ မဟာရောရုဝေ” တို့ ကြားရခဲတဲ့ ပါဠိစကားလုံးတွေပေါ့။ အနက်အဓိပ္ပာယ် ပြန်ထားတာလည်း မကြားဖူးတဲ့ အနက်အဓိပ္ပာယ်တွေပဲ။ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတယ်ဆိုတာတော့ မပြောနိုင်ဘူးပေါ့။

ဘုရားဟော ပါဠိတော်တွေထဲမှာပါတဲ့ တကယ့် ပရိတ္တ အစစ်တွေကတော့ အခု မြန်မာပြည်မှာ မှတ်တမ်းတင်ထားတဲ့ ပရိတ်ကြီးပါဠိ ဖြစ်တယ်။ အဲဒီထဲမှာလည်း ဂါထာတွေ၊ နိဒါန်းတွေ၊ သစ္စာဆိုပုံတွေ ထပ်ဖြည့်ထားတယ်။ သို့သော် အဲဒီ “ဣတ္ထိ၊ မိလ္လိ၊ နိလ္လိ” ဆိုတာတွေပါတဲ့ဟာကတော့ သံဂါယနာမှာလည်း မရှိဘူးပေါ့နော်။

ဓာရဏပရိတ်မှာ အချို့ အပိုဒ်ကလေးတွေက ပါဠိစာပေထဲမှာ တွေ့နိုင်တယ်။ မဟာယာနကျမ်းစာတွေမှာလည်း မြတ်စွာဘုရားရဲ့ ဂုဏ်တော် တစ်ဆယ့်ရှစ်ပါး၊ “အဋ္ဌရသဟိ ဓမ္မေဟိ” လို့ဆိုတယ်။ အာဝေဏိက ဂုဏ်တော်လို့လည်း ခေါ်တယ်။ အဲဒါတွေကတော့ ပါဠိ ဝိဘင်းကျမ်းကြီးကို ဖွင့်တဲ့ “သမ္မောဟဝိနောဒနီ အဋ္ဌကထာ”၊ အဲဒီ အဋ္ဌကထာကို ထပ်ဖွင့်တဲ့ “မူလဋီကာ” မှာ တစ်ဆယ့်ရှစ်ကို သရုပ်ဖော်တဲ့အခါ ဒီ အာဝေဏိကဂုဏ်တော် တစ်ဆယ့်ရှစ်ပါးကို ရေတွက်ပြထား [၁၀၆] တယ်။ ဒါပေမဲ့ အခုရွတ်နေတဲ့ ဓာရဏပရိတ်မှာပါတာ အကုန်မဟုတ်ဘူး။

ပါဠိပိဋကတ်မှာ မြတ်စွာဘုရားကိုယ်တိုင်ဟောတဲ့ သုတ္တန်တွေကို ပိုပြီးတော့ အလေးထားသင့်တယ်ပေါ့။ အဲဒါတွေက လူတွေထဲမှာ သိပ်ပြီး မရောက်ကြဘူး။ လက်တွေ့ကျင့်သုံးရမယ့် တရားစာပေတွေကိုပဲ ပိုပြီး အလေးအနက်ထားဖို့ လိုတယ်။ သာသနာ နှစ်ပေါင်းများစွာကြာပြီး ခေတ်အဆက်ဆက် ဖြတ်လာတဲ့အခါမှာ ရေးဖြည့်ထားတာတွေ မရှိဘူးတော့ မဟုတ်ဘူး၊ ရှိတယ်။ အဲဒါတွေကို ခွဲခြားသိရမယ်ပေါ့။

Buddhism & Tradition

ဘုန်းကြီးငယ်ငယ်က ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ် သတိထားစရာ ဗဟုသုတအဖြစ် ပြောပြမယ်။ မြန်မာနိုင်ငံမှာ မြန်မာလိုရေးထုတ်တဲ့ စာအုပ်တစ်အုပ်မှာ ဒီ နန္ဒကပေတဝတ္ထုကို ကိုးကားပြီး ဘာတွေ သူက Conclusion ဆွဲသွားသလဲ၊ ကောက်ချက်ချသွားသလဲဆိုရင် ဗုဒ္ဓရဲ့ ပိဋကတ်တော်တွေထဲမှာလည်း ဟိန္ဒူဝါဒတွေ ပါဝင်နေတယ်တဲ့။ တကယ်တော့ ဝတ္ထုကို သူ သေသေချာချာဖတ်ပုံမရဘူး။ ဝတ္ထုထဲက ပြိတ္တာကြီးက သူ ဒီလိုမှားယွင်းတဲ့ အယူအဆတွေ ယူခဲ့တာကြောင့် ပြိတ္တာဘဝ ရောက်တယ်ဆိုတာ ပြောပြထားတာ။

ပိဋကတ်ထဲမှာ ဟိန္ဒူဝါဒတွေဝင်တာ မဟုတ်ဘူးနော်။ ဒါကို သူက မှားမှားယွင်းယွင်း ကိုးကားပြီး ပိဋကတ်စာပေ [၁၀၇] မသန့်စင်သယောင် ရေးသွားတယ်။ စာမဖတ်ဘဲနဲ့ Conclusion ဆွဲသွားတာ။ ဒါမျိုးတွေကလည်း ရှိတတ်တယ်ပေါ့။ သတိထားစရာပေါ့နော်။ အဲဒီတော့ “ဗုဒ္ဓစာပေထဲမှာ ဟိန္ဒူဝါဒတွေ ရောနေတယ်” ဆိုတာ မဟုတ်ဘူး၊ လုံးဝမရောဘူး။ လူတွေရဲ့ အတွေးအခေါ်ထဲတော့ ရောချင်ရောမယ်၊ စာပေထဲမှာ မရောဘူး၊ စာပေက သန့်စင်တယ်။

တစ်ခါတုန်းက သမိုင်းဘာသာရပ်ကို ပို့ချတဲ့ ဆရာကြီးတစ်ဦးက ပြောသွားတယ်။ မြန်မာနိုင်ငံရဲ့ ထေရဝါဒဟာလည်း မသန့်ရှင်းဘူးပေါ့။ နတ်ကိုးကွယ်မှုတွေ ဟိုဟာဒီဟာ ကိုးကွယ်မှုတွေနဲ့ ရောနေတယ်တဲ့။ ဘာလို့တုန်းဆို ရွှေတိဂုံဘုရားပေါ် တက်ကြည့်တဲ့၊ ဘိုးတော်ရုပ်တွေ နတ်ရုပ်တွေ ပြည့်နေတာတဲ့။ အဲဒီတော့ သူပြောချင်တဲ့စကားရဲ့ အဓိပ္ပာယ်ကို ကွဲအောင်တော့ ပြောသင့်တာပေါ့။ မြန်မာပြည် ထေရဝါဒလို့ဆိုတဲ့ မြတ်စွာဘုရား ဟောတဲ့ တရားထဲမှာတော့ ဒီလိုရောတာမရှိဘူး။ ထေရဝါဒ သာသနာကို ကိုးကွယ်တဲ့ လူတွေထဲမှာတော့ ရောနှောတာ ရှိနိုင်သည်။ ဒါက တရားနဲ့ မဆိုင်ဘူးလေ၊ လူနဲ့ဆိုင်တာ။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် Tradition တွေ၊ Custom တွေ ရောနှောနေကြတယ်။ ဒါက အင်မတန်မှ သတိထားစရာကောင်းတဲ့ အချက်တစ်ခုပေါ့။

မြန်မာပြည်ကို နိုင်ငံခြားသူ အမျိုးသမီးတွေ ရောက်လာကြတယ်။ မြန်မာနိုင်ငံက ဘုရားတွေထဲမှာရှိတဲ့ ဂန္ဓကုဋီတိုက်တွေမှာ “အမျိုးသမီး မဝင်ရ” လို့ရေးထားတယ်။ ကျိုက်ထီးရိုး [၁၀၈] ဘုရားမှာ ဘုရားစေတီတော်နားထိအောင် တံတားကို ဖြတ်ပြီးတော့ အမျိုးသမီးများ မတက်ရတို့ ဆိုတာလေးတွေရှိတယ်။ အဲဒီ ဆိုင်းဘုတ်တွေမြင်ရင် သူတို့က စိတ်ဆိုးတယ်။ Discrimination ခွဲခြားဆက်ဆံတာလို့ ထင်တယ်။ ဒါကို မလည်မဝယ် Guide လုပ်တဲ့လူတွေက လျှောက်ပြောရင် ပိုဆိုးကုန်တယ်။ အဲဒါ တကယ်တော့ အဖြေက အလွယ်လေးရယ်။

တစ်ခါတုန်းက မက်ဆီကိုက မက်ဆီကန်လူမျိုး သုံးဆယ်လောက် ဘုန်းကြီးတို့ဆီ ရောက်လာတယ်။ မန္တလေး မဟာမြတ်မုနိ ဘုရားကြီးထဲမှာ “အမျိုးသမီး မဝင်ရ” ဆိုတဲ့ ဆိုင်းဘုတ်ကို မကျေမနပ်ဖြစ်လာပြီး မေးခွန်းမေးတယ်။ အမျိုးသမီးတစ်ယောက်က မေးတယ်။ Is this Buddhism? ဒါ Buddhism လားတဲ့နော်။ ဒီလိုအမျိုးသမီးနဲ့ အမျိုးသား ခွဲခြားဆက်ဆံတာ ဗုဒ္ဓတရားတော်အရလားလို့ဆိုတော့ ဘုန်းကြီးကတော့ သူ့ကို တိုတိုပဲပြောတယ်။

This is not the Buddhism. This is tradition. လို့ ပြောလိုက်တယ်၊ သူနားလည်သွားတယ်။ ဒါက ဗုဒ္ဓဘာသာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူး။ ဒါက မြန်မာလူမျိုးတွေရဲ့ Tradition သာ ဖြစ်တယ်လို့ဆိုရင် သူတို့ နားလည်သွားတယ်။ ဘာမှ စောဒကမတက်တော့ဘူး။

လူမျိုးတိုင်း လူမျိုးတိုင်း နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ Tradition ဆိုတာရှိတယ်။ အဲဒီတော့ Guide လုပ်တဲ့ လူတွေကလည်း သိပ်သတိထားဖို့ လိုအပ်တယ်ပေါ့။ ဘာမှ ရှည်ရှည် [၁၀၉] ဝေဝေ ပြောမနေနဲ့။ Tradition ဆိုရင် သူတို့နားလည်တယ်။ Buddhism နဲ့ မဆိုင်ဘူး။

အဲဒီတော့ ရွှေတိဂုံဘုရားပေါ်မှာ ဘိုးတော်ရုပ်တွေ ရောက်တာလည်း ဒါ ယုံကြည်သူတို့ရဲ့ Tradition ပဲ။ ထေရဝါဒ တရားတော်မှာ ဒီအယူအဆတွေ ရောနှောနေတာမဟုတ်ဘူး။ တရားတော်က သန့်စင်တယ်။ ဘုရား သာသနာ ကိုးကွယ်တဲ့ လူတွေက ရောထွေးနေတယ်ပေါ့။ ဒါကတော့ လူနဲ့ဆိုင်တာလေ။ အရေးကြီးတာ ဘုန်းကြီးတို့က ဘုရားတရားတော် သန့်စင်နေဖို့ လိုတယ်။ ဘုရားတရားတော်တွေထဲမှာ မှားယွင်းတဲ့ အယူအဆတွေ ထည့်သွင်းလက်ခံပြီဆိုရင်တော့ တရားတော် ပျက်စီးသွားနိုင်တယ်ပေါ့။ ဒါကြောင့်မို့ သန့်စင်တဲ့တရား Authentic Buddhism ကို ဘုန်းကြီးတို့တတွေ လေ့လာဖို့ လိုအပ်တယ်။ ပိဋကသုံးပုံထဲမှာ တကယ်ပါတဲ့ တရားမျိုးကို လေ့လာလိုက်စားရမယ်။

မြတ်စွာဘုရားက မဟာပဒေသလေးပါး ဆိုပြီး ဟောထားခဲ့တာ ရှိတယ်။ ပရိနိဗ္ဗာန်စံခါနီး မြတ်စွာဘုရားရဲ့ မှာကြားချက်တွေကို ဘုန်းကြီးတို့ သီးသန့်ဟောထားတာရှိတယ်။ “ဗုဒ္ဓရဲ့မှာကြားချက်များ” ဆိုတာပေါ့။ အဲဒီတော့ ရည်ညွှန်းချက်တွေနဲ့ဆိုရင် ဘုရားက ဒါတွေမြင်လို့ မှာထားတာဖြစ်မယ်။ ဘုရားက “ငါဟောတာပါလို့ပြောလာရင် လက်မခံနဲ့ဦး။ စာပေနဲ့ ညှိကြည့်။ စာပေထဲမှာ မပါဘူးဆိုရင် ပြောဆိုရေးသားသူရဲ့ မှားယွင်းတင်ပြချက်သာ ဖြစ်တယ်။ ငါဟောတာ မဟုတ်ဘူး”

[၁၁၀] ဆိုပြီး မဟာပဒေသလေးပါးကို ဟောထားတယ်။ မဟာပရိနိဗ္ဗာနသုတ်မှာရှိတယ်။ “ဓမ္မမှတ်ကျောက်” ဆိုတဲ့ အထဲမှာလည်း ဘုန်းကြီးတို့ ရှင်းပြပြီးတော့ ဟောထားတယ်။ ဒါလေးတွေက သိသင့်သိထိုက်တဲ့ အချက်တွေပေါ့နော်။

အယူမှားက ပြိတ္တာဖြစ်ရ

ကဲ ကောင်းပြီ၊ ဒီဝတ္ထုက သာသနာနှစ် (၂၀၀) ကျမှ ဖြစ်လာတာ။ ဇာတ်လမ်းက “သုရဋ္ဌ” တိုင်း “ပိင်္ဂလက” ဆိုတဲ့ ဘုရင်ကြီးနဲ့ ပတ်သက်တယ်။ သူက အသောကမင်းကြီးရဲ့ လက်အောက်ခံဖြစ်တယ်။ အသောကမင်းကြီးရှိတဲ့ ပါဋလိပုတ်ပြည်ကို ဆင်တပ် မြင်းတပ်ခြံရံပြီး အခွန်ဘဏ္ဍာဆက်သဖို့ သွားတယ်၊ သွားကန်တော့တာပေါ့။

မြန်မာနိုင်ငံမှာလည်း ဒီလိုပဲပေါ့။ မြန်မာဘုရင်တွေ ရှိတုန်းက တိုင်းကြပ်၊ ပြည်ကြပ်၊ စော်ဘွားတို့ ဘာတို့ဆိုတာ ပြည်ငယ်လေးတွေက သွားပြီး ဘုရင်ဆီ ဦးခိုက်ကြရတယ်။ လက်ဆောင်ပဏ္ဏာ နှစ်စဉ်ဆက်သကြရတယ်။ ကိုယ့်နေရာတော့ ကိုယ်ဘုရင်ပဲ၊ သို့သော် ကိုယ့်အထက်က ဗဟိုမှာအုပ်ချုပ်နေတဲ့ ဘုရင်ကြီးဆီ သွားကြရတယ်။

အသောကဘုရင်ကြီးက မောရိယ အင်ပါယာကို တည်ထောင်ပြီးတော့ အိန္ဒိယနိုင်ငံကို အုပ်စိုးတယ်။ မောရိယမင်းဆက်ကို မောရိယလို့ သုံးတယ်။ ပိင်္ဂလကဘုရင်အုပ်စိုးတဲ့ သုရဋ္ဌတိုင်းဆိုတာ အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုပေါ့။

[၁၁၁] ဒါကြောင့် ပိင်္ဂလကဆိုတဲ့ ဘုရင်ကြီးဟာ အသောကမင်းကြီးဆီ သွားပြီး လက်ဆောင်ပဏ္ဏာ ဆက်သရတယ်။

လက်ဆောင်ပဏ္ဏာ ဆက်သပြီး ပြန်အလာ တောခရီးတစ်ခုကို ဖြတ်သန်းရင်း ဘာတွေ့တုန်းဆိုတော့ ဖြောင့်ဖြူးပြီး အင်မတန်မှ သာယာတဲ့လမ်းကြီးတစ်ခုကို တွေ့တယ်။ သွားတွေ့တော့ “ဒီလမ်းကသွားရအောင်” ဆိုပြီး သူ့ရဲ့ ဆင်ဦးစီးကို လမ်းသစ်ကိုရွေးချယ် မောင်းနှင်စေတယ်။ နေ့လယ်အချိန်ကြီး ခါတိုင်း လမ်းရိုးကမသွားဘဲ အဲဒီလမ်းကို ဖြတ်သွားတယ်။

ဝင်လိုက်တဲ့အခါ နောက်ဆုံးက လိုက်လာတဲ့လူက ဘာသတိပြုမိတုန်းဆိုတော့ ရှေ့မှာလမ်းကြီး ဖြောင့်ဖြူးနေတာ ဟုတ်တယ်။ အမှတ်တမဲ့ နောက်လှည့်ကြည့်လိုက်တဲ့အခါ နောက်က လမ်းပျောက်နေတယ်ဆိုတာကို သတိထားမိတယ်။ ရှေ့မှာတော့ လမ်းရှိတယ်၊ နောက်ကြည့်လိုက်တဲ့အခါ သူတို့လာခဲ့တဲ့လမ်းက လုံးဝပျောက်ပြီး တောကြီးဖြစ်နေတယ်။ အဲဒီမှာ သူကလန့်ပြီး ဘုရင်ဆီကို ပြေးသွားပြီး “အရှင်မင်းကြီး၊ ကျွန်ုပ်တို့ လမ်းမှားလာပြီ။ နောက်မှာ လမ်းတွေပျောက်နေပြီ။ ပြန်ကွေ့ချင်လို့ မရတော့ဘူး” ဆိုပြီး လျှောက်တယ်။ ရှေ့က လမ်းကြောင်းကြီးကတော့ ဖြူးနေတယ်။ နောက်လှည့်ကြည့်လိုက်ရင် လမ်းမရှိတော့ဘူး။

ရှေ့ဆက်သွားလိုက်တဲ့အခါ ဘာတွေဖြစ်တုန်းဆိုတော့ ကြောက်မက်ဖွယ်ရာ အသံတွေလည်း ကြားနေရတယ်။ လူသားတွေရဲ့ အနံ့မဟုတ်တဲ့ အနံ့တစ်မျိုးကိုလည်း သူတို့ရတယ်။

[၁၁၂] နေ့လယ်ကြောင်တောင်ကြီးမှာ သူတို့လမ်းမှားပြီး ပြိတ္တာဘုံဘက်ကို သွားမိလျက်သား ဖြစ်နေတယ်။ ဒီလိုသွားမိအောင်လည်းပဲ တန်ခိုးရှိတဲ့ ပြိတ္တာက လမ်းကြောင်းကြီး ဖန်တီးပြီး အဲဒီဘက်ကို မရောက်ရောက်အောင် ဆွဲခေါ်သွားတာပေါ့။ ခုခေတ်မှာလည်း ကျတ်ဆိုတာတွေ ရှိတယ်လေ။ ဖန်ဆင်းပြီး ပြတတ်တယ်။

အဲဒီလို လမ်းမှားလိုက်မိပြီး ဘုရင်ကြီးက ဆင်ပေါ်ကနေ ကြည့်တဲ့အခါ ခပ်လှမ်းလှမ်းမှာ အုံ့ဆိုင်းပြီး အရိပ်အာဝါသ ကောင်းတဲ့ ညောင်ပင်ကြီးတစ်ပင်တွေ့တယ်။ “ဟေ့ ဟိုရှေ့က အုံ့အုံ့ဆိုင်းဆိုင်း အပင်ကြီးဆီ တို့ရောက်အောင်သွားရအောင်၊ အဲဒီမှာ စခန်းချမယ်” လို့ ဘုရင်ကြီးက ပြောပြီး ညောင်ပင်ကြီးဆီ ရောက်အောင်သွားကြတယ်။

ညောင်ပင်ကြီးကလည်း အင်မတန်မှကြီးပြီး အရိပ်အာဝါသလည်းကောင်းတယ်။ ညောင်ပင်ကြီးအောက်ဝင်လိုက်တာနဲ့ သူတို့ကို ဧည့်ခံဖို့ မုန့်ပဲသရေစာတွေ၊ သောက်စရာတွေ ပြင်ဆင်ထားတာကို ထူးထူးဆန်းဆန်း တွေ့ရတယ်။ အဲဒီအချိန်မှာ ပြိတ္တာက လူယောင်ဆောင်ထားတဲ့ လူတစ်ယောက်က ဘုရင်ကြီးကို ခရီးဦးကြိုပြုတယ်။ “အရှင်မင်းကြီး ဘာမှမပူပါနဲ့၊ ဒါတွေကို စားသောက်ပါဦး” ဆိုပြီး မုန့်တွေ ရေချမ်းတွေနဲ့ ဧည့်ခံတယ်။ ဘုရင်ကြီးကလည်း ဒီတောကြီးထဲမှာ မုန့်ပဲသရေစာတွေနဲ့ ဒီလူက တို့ကို ဘာလို့ဧည့်ခံနေရတာတုန်းဆိုပြီး [၁၁၃] တအံ့တဩဖြစ်နေတယ်။ ဒီလူဟာ လူတော့ဟုတ်ပုံမရဘူးဆိုပြီး မေးတယ်။

“ဘယ်သူလဲ? တို့က ဘယ်လို နားလည်ရမလဲ? မင်းက လူတော့ဟုတ်ပုံမရဘူး။ သိကြားမင်းလား၊ ဂန္ဓဗ္ဗနတ်လား၊ တောစောင့်နတ်လား?” လို့ မေးတော့ သူက “မဟုတ်ပါဘူး။ ကျွန်တော်မျိုးဟာ ဝေမာနိကပြိတ္တာ ဗိမာန်ရှိတဲ့ ပြိတ္တာပါ။ တခြားသူမဟုတ်ဘူး၊ ဟိုဘဝတုန်းက အရှင်မင်းကြီးရဲ့ စစ်သူကြီး နန္ဒကပါ” လို့ဖြေတယ်။

“ဘာဖြစ်လို့ ဒီဘဝမျိုး ဖြစ်ရတာတုန်း” ဆိုတော့ သူက “နတ္ထိကဒိဋ္ဌိ လို့ခေါ်တဲ့ ကံ၊ ကံ၏အကျိုးကို မယုံကြည်တဲ့ အယူဝါဒကို စွဲကိုင်ထားတယ်။ လှူဒါန်းရမယ် ဆိုတာတွေ မယုံကြည်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ကူညီရမယ်ဆိုတာတွေ မယုံကြည်ဘူး။ ဘာလုပ်လုပ် အကုသိုလ်လည်း မဖြစ်ဘူး။ ကုသိုလ်လည်း မဖြစ်ဘူး။ ဒီဘဝသေပြီးရင် နောက်ဘဝဆိုတာ မရှိဘူး။ အားလုံးဟာ သတ်မှတ်ထားတဲ့အတိုင်း သွားကြမှာပဲ ဆိုတဲ့ မှားယွင်းတဲ့ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်” လို့ သူက ရှင်းပြတယ်။

အဲဒီလို ရှင်းပြတဲ့အခါမှာ သူ့ မိစ္ဆာဒိဋ္ဌိ အယူဝါဒတွေနဲ့ ပတ်သက်ပြီး သူဘာတွေပြောတုန်းဆို “ဝိပါကော နတ္ထိ ဒါနဿ” သူများကိုပေးတာ ကမ်းတာ၊ လက်ဆောင်ပေးတာ ပေးသမျှ ဘာအကျိုးမှမရှိဘူး။ ပေးကမ်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အကျိုး တစ်ခုမှမရှိဘူးတဲ့။

[၁၁၄] ပြီးတော့ ဘာပြောသေးတုန်းဆို “လောကမှာ ဆရာဆိုတာလည်း မရှိဘူး” တစ်ယောက်က တစ်ယောက်ကို သင်ပြနိုင်တယ်ဆိုတာ မရှိဘူး။ ယဉ်ကျေးတဲ့လူဆိုတာလည်း သူ့ဟာသူ ယဉ်ကျေးလာတာ။ ဘယ်ဆရာမှဆုံးမလို့ ယဉ်ကျေးတာ မဟုတ်ဘူး။ ရိုင်းတဲ့လူကလည်း ဆရာက မဆုံးမလို့ ရိုင်းတာမဟုတ်ဘူး။ သူ့ဟာသူရိုင်းတာ။ ဒါကြောင့် ဆရာဆိုတာကိုလည်း အသိအမှတ် မပြုဘူး။ အမေဆိုတာကိုလည်း အသိအမှတ်မပြုဘူး။ အဖေဆိုတာကိုလည်း အသိအမှတ်မပြုဘူး။ အကြီးအငယ်ဆိုတာလည်း အသိအမှတ်မပြုဘူး။ သတ္တဝါဟာ အတူတူပဲတဲ့။ ကိုယ့်ရဲ့ အစ်ကိုကြီးတွေ၊ ဦးကြီးတွေ၊ ဦးလေးတွေ၊ ကြီးတော်တွေ၊ ဒေါ်ဒေါ်တွေ ဒါတွေတစ်ခုမှ အသိအမှတ်မပြုဘူး။ အတူတူပဲတဲ့။

အကြီးကို အသိအမှတ်မပြုသည့် အတွက်ကြောင့် ကြီးတဲ့လူကို ရိုသေရမယ် ဆိုတာမျိုးလည်း သူလက်မခံဘူး။ “ဝုဍ္ဎာပစာယန” ဟုတ်လား “ငယ်သူကို သနား၊ ကြီးသူကို လေးစား” ဆိုတဲ့ အဆိုအမိန့်ကို သူလက်မခံဘူး။ ဘယ်သူ့ ဘယ်သူမှ လုပ်စရာမလိုဘူး။ အတူတူပဲတဲ့။

နောက်ထပ် သူပြောပုံက “လူတွေမှာ စွမ်းရည်သတ္တိဆိုတာလည်း ဘာမှမရှိဘူး။ လုံ့လဝီရိယဆိုတာလည်း ဘာမှမရှိဘူး။ ဘာလုပ်လုပ် ဘာမှမဖြစ်ဘူး။ အရင်သတ်မှတ်ထားတဲ့ အတိုင်းပဲ ဖြစ်တယ်” လုံ့လဝီရိယရဲ့ အကျိုးကိုလည်း သူလက်မခံဘူးတဲ့။ ဒါတွေက မြတ်စွာဘုရား လက်ထက်တော် အခါကာလ [၁၁၅] တုန်းက တိတ္ထိဆရာကြီး ခြောက်ယောက် ဟောပြောထားတဲ့ အယူအဆတွေပဲ။ သူတို့ရဲ့ Philosophy တွေပဲ။

မာက္ခလိဂေါသာလ ဆိုတာ ဟောတယ်လေ။ “ဝီရိယဆိုတာ အလကား၊ ဘာမှလုပ်မနေနဲ့။ မင်း အေးအေးဆေးဆေး နေ။ လုပ်ရင် မင်းဒုက္ခနဲ့ပဲ တွေ့မယ်။ လုပ်သည့်အတွက်လည်း ဘာအကျိုးမှ မရဘူး” တဲ့။ ဒီလို သူကပြောဆိုတယ်။

နောက်တစ်ခု ဒီပြိတ္တာကြီးက ဘာပြောတုန်းဆို ... အတိတ်ဘဝတုန်းက ကုသိုလ်ကောင်းမှုလုပ်လို့ ဒီဘဝ ချမ်းသာကြွယ်ဝတယ်ဆိုတာ မဟုတ်ဘူး၊ ရသင့်တာကို သူရတာဖြစ်တယ်။ ရဖို့ရာအတွက် သူ့ဟာသူ သတ်မှတ်ပြီးသားပဲ။ ဒီလူက ရရမယ်၊ ဒီလူက မရရဘူး၊ ဒီလူက ဆင်းရဲမယ်၊ ဒီလူက ချမ်းသာမယ် ဆိုတာ ကြိုတင်သတ်မှတ်ချက် ရှိတဲ့အတိုင်းပဲဆိုတဲ့ “နိယတိဝါဒ” ကို လက်ခံတယ်တဲ့။ ဒါလည်း မာက္ခလိဂေါသာလရဲ့ ဝါဒပဲ။

နောက် သူ့ရဲ့ အင်မတန်မှ ဆိုးဝါးတဲ့ Philosophy တစ်ခုက “ပကုဓကစ္စာယန” ရဲ့ ဝါဒဖြစ်တယ်။ “လောကမှာ လူတစ်ယောက်က လူတစ်ယောက်ကို သတ်လို့မရဘူး။ လူတစ်ယောက်ကို ဓားနဲ့ခုတ်သတ်တယ်ဆိုတာ ပထဝီကာယ၊ အာပေါကာယ၊ တေဇောကာယ၊ ဝါယောကာယ၊ သုခ၊ ဒုက္ခ၊ ဇီဝဆိုတဲ့ Seven Body ကာယကြီး ခုနစ်ခုထဲ ဓားဝင်သွားတာ သာဖြစ်တယ်၊ သတ်တာ မဟုတ်ဘူး” တဲ့။ ပြစ်မှုကျူးလွန်ဖို့ မြှောက်ပေးတဲ့ သူ့ရဲ့ Philosophy ပဲနော်။ ရက်ရက်စက်စက် [၁၁၆] ဖြစ်အောင် လုပ်ပေးတဲ့ ဝါဒမျိုးပဲ။ ဒါတစ်ချိန်တုန်းက အိန္ဒိယနိုင်ငံမှာ ထွန်းကားခဲ့တဲ့ Philosophy တစ်ခုပဲ။

နောက်တစ်ခု သူက အတ္တဝါဒကို လက်ခံတယ်တဲ့။ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ထာဝရ မြဲတယ်ဆိုတဲ့ အတ္တ၊ ဗြဟ္မာကြီးက ဖန်ဆင်းပေးထားတဲ့ Individual Soul ဆိုတာလေး ရှိတယ်ပေါ့။ အဲဒီ Individual Soul ကို ဘယ်သူမှ ဖျက်ဆီးလို့ မရဘူးတဲ့။

အဲဒီ Soul လေးရဲ့ ပုံသဏ္ဌာန်က တစ်ခါတစ်ရံ ရှစ်မြှောင့်သဏ္ဌာန် ရှိတယ်။ တစ်ခါတစ်ရံ အလုံးကလေး သဏ္ဌာန်ရှိတယ်။ ဒါသူတို့ တွေးကြံကြတာ။ အတ္တနဲ့ ပတ်သက်လို့ အိန္ဒိယ Philosophy မှာ အများကြီး ရှိတယ်။ အတ္တကို အသေး အကြီး ဒီလိုရှိတာ။ ပုရွက်ဆိတ်ကသေးလို့ သူရဲ့အတ္တက သေးသေးလေးပေါ့။ ဆင်ကြီးရဲ့အတ္တကတော့ ကြီးတယ်ပေါ့။ အတ္တဆိုတာ တစ်ကိုယ်လုံး ပျံ့နှံ့ပြီးနေတာတဲ့။ အိန္ဒိယမှာ အတ္တဝါဒနဲ့ ပတ်သက်ပြီး အမျိုးမျိုး ကြံဆပြောဆိုတဲ့ထဲမယ် ဒီလို အယူအဆတွေက ပိုတယ်ပေါ့။

နောက်တစ်ခါ သူပြောတဲ့ စကားလေးက “လူမိုက်ဖြစ်ဖြစ် ပညာရှိဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အချိန်အတိုင်း သွားမှာပဲတဲ့။ လူမိုက်ကလည်း ငါလူမိုက်ဆိုပြီး သံသရာရှည်ချင်လို့ မရဘူး။ ပညာရှိကလည်း ငါပညာရှိဆိုပြီး သံသရာ တိုချင်လို့ မရဘူး” တဲ့။ သူပြောတဲ့ဥပမာက မာက္ခလိဂေါသာလရဲ့ ဥပမာအတိုင်းပဲ။ မြင့်ရာကနေ အပ်ချည်လုံးတစ်လုံးရဲ့ အပ်ချည်စလေးကို ကိုင်ပြီး [၁၁၇] အဲဒီအပ်ချည်လုံးကို အောက်ကိုပစ်ချလိုက်တဲ့။ ကြိုးမဆုံးမချင်း အပ်ချည်လုံးက လိမ့်နေမှာပဲတဲ့။ အပ်ချည်ကြိုးဟာ သူ့ အတိုင်းအတာဆုံးတဲ့နေရာ ရပ်မှာပဲတဲ့။ လူတွေရဲ့ ဘဝဟာလည်း သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုအတိုင်းပဲ သွားမယ်။ သံသရာခရီးသွားတယ်ဆိုတာ... အဲဒီအတိုင်းအတာနဲ့ သွားနေကြတာ။ ကြိုးကုန်တဲ့နေ့ တစ်နေ့ရပ်ကြမှာပဲတဲ့။ ဒီကြားထဲမှာ ရပ်ချင်လို့လည်း မရဘူးတဲ့၊ ဒီလိုဆိုတာနော်၊ ဒီလို အယူအဆတွေ သူ့မှာရှိခဲ့တယ်ဆိုတဲ့ အကြောင်းကို ပြန်ပြောပြတယ်။

နောက်တစ်ခါ လူတစ်ယောက် သေဆုံးခြင်းနဲ့ ပတ်သက်ပြီး သူယူခဲ့တဲ့ မှားယွင်းတဲ့အယူအဆကို ဥပမာလေးနဲ့ ပြောပြတယ်။

ယထာ ဂါမတော နိက္ခမ္မ၊ အညံ ဂါမံ ပဝိသတိ။
ဧဝမေဝံ စ သော ဇီဝေါ၊ အညံ ဗောန္တိ ပဝိသတိ။
လူတစ်ယောက်ဟာ တစ်ရွာကထွက်ပြီး တစ်ရွာဝင်သွားသလို့ပဲ Soul ဆိုတဲ့ အတ္တလေးဟာ Body တစ်ခုကနေ ထွက်သွားပြီး Body တစ်ခုထဲ ဝင်တာပါတဲ့။

စာအုပ်တစ်အုပ်မှာ ဒါကိုရည်ညွှန်းပြီး “ဗုဒ္ဓဝါဒထဲမှာ ဟိန္ဒူဝါဒတွေ ရောနေတယ်” လို့ ပြောတာ။ ဒါက ဒီလို မိစ္ဆာဝါဒ ရှိခဲ့တဲ့အကြောင်းကို ဒီပြိတ္တာကြီးက ပြန်ပြောနေတဲ့စကားသာ ဖြစ်တယ်။ စာပေထဲမှာရောတာ မဟုတ်ဘူးနော်။ အဲဒါဆိုရင် ဗြဟ္မဇာလသုတ်တို့၊ သာမညဖလသုတ်တို့မှာ မိစ္ဆာဝါဒတွေ ထည့်သွင်းဟောထားတာ။

[၁၁၈] အခု သူပေးတဲ့ ဥပမာအတိုင်း ဗမာတွေပြောတဲ့ “ဝင်စားတယ်” ဆိုတာ အရပ်စကားအနေနဲ့တော့ ပြောလို့ရတယ်၊ အစစ်အမှန်အနေနဲ့ ဝင်စားတာတော့ မရှိဘူး။ ဒီဘဝကနေ နောက်ဘဝကို ပါသွားတာ ဘာမှမရှိဘူး။ ပါသွားတာ မရှိဘူးဆိုပေမယ့် အကြောင်းတရားအနေနဲ့ ဆက်စပ်မှုရှိတာဖြစ်တယ်။ နောင်ဘဝ ဖြစ်ပေါ်ဖို့အတွက် ဒီဘဝဟာ အကြောင်းဖြစ်တယ်။ ဒီဘဝ အကြောင်းမပါဘဲနဲ့ နောင်ဘဝ မဖြစ်ဘူးလို့ ဒီလိုဆိုလိုတာနော်။

သို့သော် ဒီဘဝက တစ်ခုခုက ထွက်သွားပြီး နောင်ဘဝထဲကို ဝင်သွားတာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့တုန်းဆို ဒီဘဝတင်ပဲ ကြည့်လေ၊ စိတ်ကလေးတွေဟာ ဖြစ်ပြီး ပျက်နေတာချည်းပဲ။ ဘယ်အထိပျက်တာတုန်းဆိုရင် ပျက်ပြီး နောက်ထပ် ပြန်မရတဲ့ အပျက်မျိုးဖြစ်တယ်။ ဥပမာ ဖယောင်းတိုင် မီးလေးကို ငြိမ်းလိုက်မယ်ဆိုရင် မီးတောက်ဟာ နောက်ထပ် ပြန်ယူလို့ မရတော့ဘူး။ နောက်ထပ်ထွန်းတာ နောက်မီးပဲ။ အဲဒီသဘောပဲ၊ ပျက်သွားတယ်ဆိုတာ Forever အမြဲတမ်း ပျက်သွားတာ။

အကြောင်းကြောင့် ပေါ်လာတဲ့အရာဟာ ပျက်သွားတဲ့ အရာက ပြန်ပေါ်လာတာ မဟုတ်ဘူး။ သူ့အကြောင်းကြောင့် နောက်တစ်ခုက အသစ်ပြန်ဖြစ်တာ။ စဉ်ဆက်မပြတ် ဖြစ်နေတဲ့ သဘော။ ပုနဘဝ ပုနဘဝနဲ့ သုံးတဲ့ စကားလုံးက အဲဒါပဲ။ ထပ်ဖြစ်တယ်၊ ထပ်ဖြစ်တယ်ဆိုတဲ့သဘော။ ဘာလို့ဖြစ်ရတာလဲ [၁၁၉] အကြောင်းရှိလို့ဖြစ်တာ။ အကြောင်းရှိနေသေးရင် ထပ်ဖြစ်မှာ။ သစ်ပင်တစ်ပင်ကို ခုတ်လိုက်၊ အောက်က အမြစ်ကျန်နေသေးရင် ပြန်ပေါက်မှာပဲ။ ဒီလိုပဲ အကြောင်းရှိနေသေးရင် ပြန်ဖြစ်တယ်။ အကြောင်းမရှိတော့မှ တစ်ခါတည်း ပြတ်သွားတယ်။

အခုသူပြောတဲ့ စကားက “ရွာတစ်ရွာကနေထွက်ပြီး နောက်တစ်ရွာ ဝင်သလိုပဲတဲ့။ ဇီဝဆိုတဲ့ အတ္တလေးဟာလည်း ခန္ဓာတစ်ခုကနေထွက်ပြီး နောက်ခန္ဓာတစ်ခုကို ဝင်တယ်” လို့ ဆိုလိုတာ။ ဒီနေ့ခေတ် ဗုဒ္ဓဘာသာလို့ နာမည်ခံနေတဲ့ တိဘက်တွေဟာ Reincarnation ဆိုတဲ့ ပြန်လည်ဝင်စားခြင်းကို လက်ခံတယ်။ ဗုဒ္ဓဘာသာဝင် ဗမာတွေလည်း ဒီစကားတော့ ပြောနေတာပဲ။ သို့သော် မြတ်စွာဘုရားရဲ့ တရားတော်ကို အမှန်အတိုင်း သိပြီဆိုရင် Reincarnation ဆိုတာ မရှိဘူး။ အကြောင်းရှိလို့ အကျိုးပေါ်တာလို့ပဲ ယူရတယ်။ နောက်ထပ် ဒီကနေပြီးတော့ သွားတယ်ဆိုတာ တစ်ခုမှမရှိဘူး။ သို့သော် ဆက်စပ်မှုတော့ ရှိတယ်။

ဘယ်လိုဆက်စပ်တာလဲ? Process အနေနဲ့ ဆက်သွယ်မှုတော့ရှိတယ်။ အရင်တုန်းက ဘုန်းကြီးတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းဟောထားတဲ့ “န စ သော န စ အညော” ဆိုတာ ရှိတယ်။ “သူလည်းမဟုတ်ဘူး တခြားသူလည်း မဟုတ်ဘူး” ဒီလိုဆိုလိုတာ။ ဆက်စပ်မှုကတော့ ရှိတယ်ပေါ့။ နောက် ဥပမာ တစ်ခုက - [၁၂၀] “ယထာ ဂေဟတော နိက္ခမ္မ၊ အညံ ဂေဟံ ပဝိသတိ” တဲ့။ အိမ်တစ်အိမ်ကနေထွက်ပြီး နောက်အိမ်တစ်အိမ်ထဲ ဝင်သွားသလိုပဲတဲ့။ “ဧဝမေဝံ စ သော ဇီဝေါ၊ အညံ ဗောဋ္ဌိ ပဝိသတိ” တဲ့။ ဇီဝဆိုတဲ့ အတ္တလေးဟာ Body တစ်ခုကထွက်ပြီး Body တစ်ခုထဲ ဝင်တာပါတဲ့။ ဒီဇီဝလေးဟာ ထာဝရမြဲပြီး Body ကြီးသာ ပြောင်းလဲနေတာ။ ဇီဝကတော့ မပြောင်းလဲဘူး၊ ဒီလိုဆိုလိုတယ်နော်။ ဒါဖြင့် ဒီဇီဝလေးပဲ ခွေးကိုယ်ထဲ ရောက်လိုက်၊ နွားကိုယ်ထဲ ရောက်လိုက်၊ ဝက်ကိုယ်ထဲ ရောက်လိုက် ဒီလိုနေတာပေါ့။

ဒီဇီဝလေးက မြဲနေတယ်လို့ဆိုရင် မဂ္ဂင်ရှစ်ပါးကျင့်ပြီး သံသရာဝဋ်က လွတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ မြတ်စွာဘုရားက ဟောတယ်၊ ဒီလိုမဟုတ်ဘူး၊ အကြောင်းနဲ့အကျိုး ဆက်သွယ်နေလို့ဖြစ်တာ။ အမှန်မမြင်သေးလို့ ဖြစ်တာ။ အမှန်မြင်လာတဲ့အခါ အကြောင်းနဲ့အကျိုးနဲ့ ရှင်းရှင်းလင်းလင်း သိသွားပြီဆိုတဲ့အခါ အကြောင်းတရားတွေကို ငြိမ်းသတ်လိုက်တာနဲ့တစ်ပြိုင်နက် အကျိုးတရား နောက်ထပ် မလာတော့ဘူး။ အကြောင်းသတ်တဲ့နည်းနဲ့ သွားတာ။

သမီးကျေးဇူး

အဲဒီတော့ ဒီနန္ဒကဆိုတဲ့ ပြိတ္တာကြီးက သူဒီလို မိစ္ဆာအယူဝါဒတွေ ရှိသည့်အတွက်ကြောင့် ပြိတ္တာဘဝ ရောက်ခဲ့ရတဲ့ [၁၂၁] အကြောင်းကို ဘုရင်ကြီးကို ရှင်းပြတယ်၊ တွေ့ချင်လို့ကို သူက လမ်းလွှဲပြီးတော့ သူ့ဆီခေါ်တာ။

ဘုရင်ကြီးက နောက်တစ်ခုမေးတယ်။ “ဒီလို မိစ္ဆာအယူဝါဒ ရှိလျက်သားနဲ့ ဘာဖြစ်လို့ ဒီဘုံဗိမာန်ကြီးရပြီးတော့ အခုလို မုန့်တွေ ရေချမ်းတွေနဲ့ တို့ကိုဧည့်ခံနိုင်တာလဲ”

သူ့မှာ ဥတ္တရာလို့ခေါ်တဲ့ လိမ္မာတဲ့ သမီးတစ်ယောက် ရှိပါတယ်တဲ့။ ဘုရားတရား အင်မတန်မှ ကြည်ညိုတယ်။ သဒ္ဓါတရား အင်မတန်မှ ကောင်းတယ်။ သူသေသွားတဲ့အခါ သမီးလေးက အဖေ့အတွက်လို့ဆိုပြီး ဆွမ်းခံကြွလာတဲ့ ရဟန်းတစ်ပါးကို သေသေချာချာပင့်ပြီးတော့ သောက်စရာ ရေချမ်းတို့ မုန့်တို့ လောင်းလှူပြီး “ဒီကောင်းမှုသည် တမလွန်ဘဝသို့ ရောက်သွားတဲ့ ကျွန်ုပ်အဖေရဲ့ ကောင်းမှုဖြစ်ပါစေ” လို့ ဒီလို အမျှဝေခဲ့တယ်။ အမျှဝေလိုက်တာကို သာဓုခေါ်လိုက်တဲ့ အချိန်ကစပြီး သူ့မှာ ရေချမ်းတွေလည်း အများကြီးရလာတယ်။ မုန့်တွေလည်း စားမကုန်အောင် သူလိုချင်တဲ့ အချိန်တွေတိုင်း ရလာတယ်။ ဒါ သမီးလေးရဲ့ ကျေးဇူးကြောင့်လို့ ပြန်ပြောပြတယ်။

ခြောက်လလွန်က ငရဲကျမည်

အဲဒီလို ပြန်ပြောပြပြီးတော့ ဘုရင်ကြီးကို သူဟာ မိစ္ဆာအယူဝါဒကြောင့် ခုပြိတ္တာဘဝမှာ သူရောက်ရှိနေတယ်။ သမီးရဲ့ ကျေးဇူးကြောင့် စားစရာတွေ ပေါများသော်လည်း နောင် [၁၂၂] ခြောက်လလွန်တဲ့အခါ ဒီမိစ္ဆာအယူဝါဒကြောင့်ပဲ ငရဲကျရတော့မယ်။ ဒီဘဝမှာ သူအကြာကြီးနေလို့ မရဘူးပေါ့။ အဲဒီတော့ မိစ္ဆာအယူဝါဒ မိစ္ဆာဒိဋ္ဌိဆိုတာကို သာမန် မထင်နဲ့။ သူယူတဲ့ မိစ္ဆာဒိဋ္ဌိကို ဒုစရိုက်ဆယ်ပါးထဲမှာ မနောဒုစရိုက်လို့ ခေါ်တယ်နော်။ အဲဒီ မနောဒုစရိုက်ကို စာလိုပြောတဲ့အခါ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ ဒီလိုပြောတာနော်။ အကုသိုလ် ကမ္မပထတရား ဆယ်ပါးထဲမှာ မနောကံသုံးပါးလို့ ခေါ်တယ်။ ဒုစရိုက် ဆယ်ပါးထဲမှာဆိုရင် မနောဒုစရိုက်။ သူတို့က စေတနာနဲ့ မဆိုင်ဘူး၊ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” လို့ ဟောပေမယ်လို့ ဒီနေရာမှာ စေတနာကို ကံပြောတာ မဟုတ်ဘူး။ အဘိဇ္ဈာဆိုတဲ့ လောဘ၊ ဗျာပါဒဆိုတဲ့ ဒေါသ၊ မိစ္ဆာဒိဋ္ဌိလို့ဆိုတဲ့ ဒိဋ္ဌိ ဒီတရားသုံးမျိုးဟာလည်းပဲ ကံအရာ မြောက်သွားတယ်တဲ့။ စေတနာလိုပဲ ကံဖြစ်တယ်။ ကံဖြစ်တယ်ဆိုတာ Accumulate ဖြစ်ပြီးတော့ အကျိုးကို ထုတ်လုပ်နိုင်တဲ့ စွမ်းရည် သတ္တိတွေ ရှိတယ်လို့ ဆိုလိုတာ။

အဲဒီတော့ ဒီထဲမယ် အဘိဇ္ဈာဆိုတာ ဘာပြောတာတုန်းဆိုတော့ သူများပစ္စည်းကို ကိုယ့်ပစ္စည်း ဖြစ်ချင်တယ်၊ “ဒါ ငါ့ဟာဖြစ်ရင် ကောင်းမှာ” ဆိုတဲ့ လောဘဖြစ်တယ်။ သူများပစ္စည်းကိုတော့ မလိုချင်ဘူး။ သူများပိုင်တဲ့ပစ္စည်းမျိုး ဒါမျိုးလေး ငါရချင်တယ်။ အဲဒါဆိုရင် ရိုးရိုးလောဘ။ သူများပစ္စည်းကိုမှ ကိုယ့်ပစ္စည်း လုပ်ချင်တာကတော့ အဘိဇ္ဈာလို့ခေါ်တယ်။ ဒီ [၁၂၃] လောဘက စေတနာလိုပဲ တွန်းအားတစ်ခုဖြစ်ပြီး ကံဖြစ်သွားတယ်။ အဲဒါ မနောကံ။

သားကိုစိတ်ဆိုးတယ်၊ သမီးကိုစိတ်ဆိုးတယ်၊ မလိမ္မာတဲ့ လူတွေကိုစိတ်ဆိုးတယ်။ ဒီလို ရိုးရိုးစိတ်ဆိုးတာက ဒေါသဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ “ဒီကောင်သေသွားရင် ကောင်းမှာပဲ၊ ဒီကောင် ဒုက္ခရောက်သွားရင် ကောင်းမှာပဲ၊ ဒီကောင် မမြင်ရရင် ကောင်းမှာပဲ” လို့ဆိုတဲ့ ဒီလို သူပျက်စီးဖို့ရာ တွေးတဲ့ ဒေါသမျိုးကျတော့ ဗျာပါဒတဲ့။ အဲဒါကျတော့ မနောကံဖြစ်သွားပြန်ရော။

ရိုးရိုးစိတ်ဆိုးတဲ့ ဒေါသက ဒေါသပဲ။ ဒုစရိုက် မဟုတ်ဘူး။ မနောကံ မဟုတ်သေးဘူး။ အခု ဒါကတော့ မနောကံ ဖြစ်သွားပြီ၊ ပျက်စီးသွားပါစေ၊ သေသွားပါစေဆိုတဲ့ စိတ်ဆိုးပြီး တွေးတဲ့ အတွေးမျိုးတွေ ရောက်လာပြီဆိုရင် ဗျာပါဒတဲ့။ အဲဒါ မနောကံ မြောက်သွားပြီလို့ ဆိုတာ။

တစ်ခါ မိစ္ဆာဒိဋ္ဌိ မှားယွင်းတဲ့ အမြင်ဆိုတာ (၆၂)မျိုး ရှိတယ်။ အဲဒီ(၆၂)မျိုးလုံးကို ဒီနေရာမှာ ဒုစရိုက်လို့ ပြောတာလား ဆိုတော့ မဟုတ်ဘူး။ အဓိကက “ကံ၊ ကံ၏အကျိုးကို ငြင်းပယ်တဲ့ နတ္ထိကဒိဋ္ဌိကို ပြောတာ” နတ္ထိက ဆိုတာမရှိဘူးလို့ ငြင်းပယ်တာ။ ဘာမရှိဘူးလဲဆိုရင် ကုသိုလ်ကံရဲ့ အကျိုးမရှိဘူး၊ အကုသိုလ်ကံရဲ့အကျိုး မရှိဘူး၊ တမလွန်ဘဝမရှိဘူး၊ သေပြီး ပြန်ဖြစ်တာမရှိဘူး၊ ကုသိုလ်လုပ်လုပ် အကုသိုလ်လုပ်လုပ် အကျိုးဆိုတာ မရှိဘူး၊ အမေမရှိဘူး၊ အဖေမရှိဘူး၊ အမေ အဖေ [၁၂၄] မရှိသည့်အတွက်ကြောင့် အမေ အဖေကို အသိအမှတ် မပြုဘူး၊ မပြုသည့်အတွက်ကြောင့် အမေ အဖေကို စော်ကားလည်း ဘာမှမဖြစ်ဘူး၊ ပြုစုလုပ်ကျွေးလည်း ဘာမှ မရဘူး ဆိုတဲ့ အယူအဆမျိုးကို မိစ္ဆာဒိဋ္ဌိလို့ ခေါ်တာ။ အဲဒီ မိစ္ဆာဒိဋ္ဌိကို မနောကံလို့ ခေါ်တာ။ ဟိုသက္ကာယဒိဋ္ဌိတို့ ဘာတို့ ဆိုတာမျိုးကို ခေါ်တာမဟုတ်ဘူး။

သက္ကာယဒိဋ္ဌိဆိုတာ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် လို့ဆိုတဲ့ ခန္ဓာငါးပါးထဲက တစ်ခုခုကို ထာဝရမြဲတဲ့ အရာလို့ပဲ ဖြစ်စေ၊ ထာဝရမမြဲဘူး ပျက်သွားရင် နောက်ထပ် မဖြစ်တော့ဘူးဆိုတဲ့ အယူမျိုးဖြစ်စေ၊ အဲဒီခန္ဓာငါးပါးထဲက တစ်ခုခုကို အတ္တလို့ မှားယွင်းစွာ မှတ်ယူတာဖြစ်စေ ဒါကို သက္ကာယဒိဋ္ဌိ လို့ခေါ်တယ်။ အဲဒါက သံသရာဝဋ်က မလွတ်ရုံဘဲ ရှိတယ်။ အပါယ်ငရဲချတာ မဟုတ်ဘူး။

အခုပြောတဲ့ မိစ္ဆာဒိဋ္ဌိကတော့ အပါယ်ငရဲကို ကျစေနိုင်တဲ့ နတ္ထိကဒိဋ္ဌိဖြစ်တယ်။ ကံ၏အကျိုးတရားကို ငြင်းပယ်တယ်။ အကျိုးတရားကို ငြင်းပယ်တယ်လို့ ဆိုကတည်းက ကံကိုလည်း ငြင်းပယ်ပြီးသား ဖြစ်သွားတယ်။ ဒါကြောင့် “အဟေတုကဒိဋ္ဌိ” “အကိရိယဒိဋ္ဌိ” “နတ္ထိကဒိဋ္ဌိ” ဆိုတဲ့ ဒီသုံးခုဟာ အဆိုးဆုံး မိစ္ဆာဒိဋ္ဌိတွေဖြစ်တယ်။

အဟေတုကဒိဋ္ဌိဆိုတာ အကြောင်းမဲ့ ဖြစ်တယ်လို့ ယူဆတာ။ အကိရိယဒိဋ္ဌိ ဆိုတာ ကံကို ငြင်းပယ်တာ၊ ကံဆိုတာ မရှိဘူး၊ လုပ်လို့လည်း မရဘူး၊ ကုသိုလ်ဆိုတာ မရှိဘူး၊ ကုသိုလ် [၁၂၅] ဆိုတာ လုပ်လို့မရဘူး၊ အကုသိုလ်ဆိုတာလည်း မရှိဘူး၊ လုပ်လို့လည်း မရဘူးလို့ဆိုတဲ့ အယူဝါဒဟာ အကိရိယဒိဋ္ဌိဖြစ်တယ်။ အချက်(၁ဝ)ချက်ကို ငြင်းဆိုထားတာကတော့ နတ္ထိကဒိဋ္ဌိ ဖြစ်တယ်။ ဒီ(၁၀)ချက်က ဘာတုန်းဆိုရင် ကံရဲ့အကျိုးနဲ့ ပတ်သက်တဲ့ (၁၀)ချက်ဖြစ်တယ်။ ဒါနနဲ့ ပတ်သက်ပြီးတော့ (၃)မျိုးကို ငြင်းဆိုတယ်။ “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ” ပေးကမ်းခြင်းအကျိုးဆိုတာ မရှိဘူးဆိုတာ အကျိုးကို ရည်ညွှန်းပြီးတော့ ပြောတာ။ ပေးလို့ကမ်းလို့ ဘာအကျိုးမှ မရှိဘူး။ ပူဇော်ပသလို့ ဘာအကျိုးမှ မရှိဘူး။ လက်ဆောင်ပဏ္ဏာ ပေးလို့လည်း ဘာအကျိုးမှ မရှိဘူး။

“နတ္ထိ သုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော” တဲ့။ ကုသိုလ်၊ အကုသိုလ်တို့ရဲ့ အကျိုးရင်း အကျိုးဆက်ဆိုတာ မရှိဘူး။ “နတ္ထိ မာတာ နတ္ထိ ပိတာ” အမေဆိုတာ မရှိဘူး အဖေဆိုတာ မရှိဘူး။ “နတ္ထိ အယံ လောကော” ဒီလောက ဆိုတာလည်း မရှိဘူး။ “နတ္ထိ ပရော လောကော” နောက် လောက ဆိုတာလည်း မရှိဘူး။ “နတ္ထိ သတ္တာ ဩပပါတိကာ” သေပြီး ပြန်မွေးတဲ့သတ္တဝါဆိုတာ မရှိဘူး။

“နတ္ထိ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမံ စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ” တရားဓမ္မကို ကျင့်ကြံလို့ အသိဉာဏ်ထူးရပြီး လောကကြီး အကြောင်းကို ပြည့်ပြည့်ဝဝ ဟောနိုင်တဲ့ ဘုရားဆိုတာ မရှိဘူးတဲ့။ ဘုရားကိုလည်း ငြင်းပယ်တယ်။ အဲဒီ [၁၂၆] ဒိဋ္ဌိမျိုးကျတော့ ဒုစရိုက်ထဲက မိစ္ဆာဒိဋ္ဌိဖြစ်တယ်။ အဲဒီ မိစ္ဆာဒိဋ္ဌိ ရှိတဲ့ ပုဂ္ဂိုလ်သည် နတ်ပြည်တောင် မရောက်ဘူးတဲ့။ ကောင်းရာ သုဂတိ မရောက်ဘူး။ လူ့ဘဝလည်း မရောက်ဘူးလို့ ဒီလို ပြောတာနော်။ ဒီ မိစ္ဆာဒိဋ္ဌိကိုမှ ဒုစရိုက်လို့ခေါ်တယ်။ ဟို သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတွေကို ပြောတာ မဟုတ်ဘူး။

သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိဆိုတာ သက္ကာယဒိဋ္ဌိပဲဖြစ်တယ်။ ခန္ဓာနဲ့ ပတ်သက်ပြီး Soul လို့ခေါ်တဲ့ အတ္တကို လက်ခံတယ်။ အတ္တဒိဋ္ဌိကို ရည်ညွှန်းတာ။ Soul ဆိုတဲ့ အတ္တလေးရှိတယ်လို့ လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ထို အတ္တရဲ့ မြဲတယ်မမြဲဘူး ဆိုတဲ့ နှစ်ခုဟာ ပေါ်လာတာပဲပေါ့။ ခန္ဓာငါးပါးထဲက တစ်ခုခုကို အတ္တလို့ ယူဆလိုက်တယ်ဆိုရင် သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ ဖြစ်လာတယ်။ အဲဒီ အတ္တဒိဋ္ဌိကိုမှ မြဲတယ်လို့ ယူဆရင် သဿတဒိဋ္ဌိ။ မမြဲဘူးလို့ ယူဆရင် ဥစ္ဆေဒဒိဋ္ဌိပေါ့။

အခု ဒီ နန္ဒကပြိတ္တာကြီးက ပြောနေတဲ့ စကားထဲက သူက သဿတဒိဋ္ဌိကို ပြောတာ။ ဇီဝဆိုတဲ့ ဒီအတ္တလေးဟာ ခန္ဓာကိုယ် တစ်ခုကနေပြီးတော့ ခန္ဓာကိုယ်တစ်ခုထဲ ဝင်သွားတယ်လို့ ဒီလို ပြောတာ။ ဒါမြဲနေတဲ့ သဘောကို ပြောတာနော်။ မမြဲဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေက ရုပ်ဝါဒီသမားတွေ ဖြစ်တယ်။ ဒီဘဝသေပြီးရင် နောက်ဘဝဆိုတာ မရှိဘူး။ အဲဒါကျတော့ မမြဲဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်တယ်။ ကျန်တဲ့ မိစ္ဆာအယူဝါဒတွေဟာလည်း အတ္တဒိဋ္ဌိကို အခြေခံပြီးတော့ ပေါက်ဖွားလာတာတွေပဲ။ တွေးတောပုံချင်းတော့ မတူဘူးပေါ့။

[၁၂၇] ဗမာလူမျိုးတွေကျတော့ လိပ်ပြာတဲ့၊ ဝိညာဉ်ကောင်တဲ့။ လိပ်ပြာဝိညာဉ်ကောင်လဲ အတ္တဆိုတာနဲ့ အတူတူပဲ။ ဇီဝဆိုတာနဲ့ အတူတူပဲ။ အသက်ထွက်တယ်လို့ ဗမာတွေက ပြောကြတယ်။ အဲဒီ အသက်ဟာ ထွက်သွားတာ မဟုတ်ဘူးနော်။ သို့သော် ယုံကြည်ချက်အတိုင်း ဒီစကားလုံးကို ပြောတာ။ အသက်က ထွက်သွားပြီးတော့ နောင်ဘဝ ဝင်စားသွားတာ ဒီလိုမဟုတ်ဘူး။ ချုပ်သွားတာပဲ။ တရားဓမ္မအနေနဲ့ဆိုရင် အကြောင်းကုန်လို့ ချုပ်တာ။ နောက်ထပ် ဖြစ်တာက အသစ်။ အကြောင်းတရားကြောင့် ဆက်ပြီးတော့ ဖြစ်တာ ဒီလိုယူရမယ်။

အေး- အဲဒီတော့ ဒီနန္ဒကပြိတ္တာကြီးက ဒီလို အယူအဆတွေ ယူခဲ့သည့်အတွက်ကြောင့် ဒီပြိတ္တာဘုံ ရောက်တာ။ ဒီအယူအဆကြောင့်ပဲ ခြောက်လလွန်ရင် ဒုက္ခတွေ အင်မတန်မှ ကြီးမားတဲ့ အဝီစိငရဲကို သူကျရမှာပါ။ ဒါကြောင့် သူနေ့စဉ်နဲ့အမျှ စိတ်မချမ်းသာဘူး၊ စိုးရိမ်နေရတယ်။ နောက်ခြောက်လဆိုရင် ငါသွားရတော့မယ်ဆိုပြီး လက်ချိုးရေတွက်နေရမှာ။ သွားရင် ဒီထက်ဆိုးတဲ့ဒုက္ခ သူခံရတော့မယ်ဆိုတာ သိနေတယ်နော်။ ထွက်ရာလမ်းကိုတော့ သူမသိဘူး။ ဒီတော့ ဘုရင်ကြီးကို သူက အမှာစကားပါးလိုက်တယ်။ “မိစ္ဆာအယူဝါဒတွေ မယူပါနဲ့။ လိမ္မာတဲ့သမီးလေးကြောင့် သူဒီဘဝမှာ ခေတ္တခဏ ချမ်းသာခံစားရတာပါ”တဲ့။ အမှန်တရားကို မမြင်နိုင်သည့်အတွက်ကြောင့် မိစ္ဆာအယူဝါဒကို ယူမိတာပါတဲ့။

[၁၂၈] အမြင်ဆိုတာ အင်မတန်မှ ပြင်နိုင်ခဲတယ်။ ဒါကြောင့်မို့ လူတွေရဲ့အမြင်ဟာ စွဲလမ်းမှုတစ်ခုလို့ပြောတာ။ တခြားမပြောနဲ့၊ လူတွေ သူ့အယူအဆ ကိုယ့်အယူအဆမတူလို့ ငြင်းနေကြတာပေါ့။ သာမန်ကိစ္စလေးတောင်မှပဲ လူတွေက စွန့်လွှတ်နိုင်ခဲတယ်။ ကိုယ့်အမြင်မှ၊ ကိုယ်ပြောတာမှ အဟုတ်ထင်တယ်။ သူများပြောရင် လက်မခံနိုင်ဘူး။

ဘုရင့်အတွက် မှာကြားချက်

နောက်ဆုံးမှာတော့ ပြိတ္တာကြီးက ဘုရင်ကြီးကို တရားဟောလိုက်တယ်။ “လောကမှာ အကောင်းဆုံး အမြတ်ဆုံးကတော့ မြတ်စွာဘုရားပဲဖြစ်ပါတယ်” ဗုဒ္ဓကို ကိုးကွယ်ပါတဲ့။ “သဒေဝကဿ လောကဿ၊ ဗုဒ္ဓေါ အဂ္ဂေါ ပဝုစ္စတိ” “လူ့လောကမှာပဲဖြစ်ဖြစ်၊ နတ်လောကမှာပဲဖြစ်ဖြစ် အမြတ်ဆုံးဆိုတာ ဗုဒ္ဓပဲဖြစ်ပါတယ်၊ ဒါကြောင့်မို့ အရှင်မင်းကြီး စိတ်ကူးမလွဲနဲ့၊ ဗုဒ္ဓကို ဆည်းကပ်ပါ။ သူ့ရဲ့ ဆုံးမဩဝါဒကို ခံယူပါ”လို့ သူက တိုက်တွန်းပြီး အမှာစကားပြောကြားလိုက်တယ်။ လက်တွေ့ကျင့်သုံးဖို့ ဘာလုပ်မလဲလို့ဆိုတော့ - “အဋ္ဌင်္ဂိကေန မဂ္ဂေန၊ ဖုသန္တိ အမတံ ပဒံ” သူပြောတဲ့ စကားလေးတွေက အဆင့်မြင့်တယ်။ “မသေရာ နိဗ္ဗာန်ဆိုတာ ဘာနဲ့ရောက်နိုင်မလဲဆိုရင် မဂ္ဂင်ရှစ်ပါးနဲ့မှ ရောက်နိုင်တယ်”တဲ့။ မဂ္ဂင်ရှစ်ပါး မပါဘဲနဲ့ မျက်စိနဲ့ နိဗ္ဗာန်ကို မြင်လို့မရဘူး၊ နားနဲ့နိဗ္ဗာန်ကို ကြားလို့မရဘူး၊ နှာခေါင်းနဲ့ အနံ့ခံလို့ မရဘူး၊ [၁၂၉] လျှာနဲ့ လျက်လို့မရဘူး၊ ခန္ဓာကိုယ်နဲ့ ထိတွေ့လို့မရဘူး၊ သာမန်အသိစိတ်တွေနဲ့လည်း နိဗ္ဗာန်ကို အာရုံပြုလို့မရဘူးတဲ့နော်။ မဂ္ဂင်ရှစ်ပါးဆိုတဲ့ အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့်သာလျှင် အမတဆိုတဲ့ နိဗ္ဗာန်ထိရောက်နိုင်ပါတယ်။ ဒါကြောင့်မို့ အဲဒီ အမတဆိုတဲ့ နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကိုးကွယ်ဆည်းကပ်ပါတဲ့။ ဒါကို ကျင့်သုံးပါလို့ သူက အမှာစကား ပြောကြားတယ်။ နောက်တစ်ခါ - “စတ္တာရော စ ပဋိပန္နာ၊ စတ္တာရော စ ဖလေဋ္ဌိတာ” သံဃာတွေနဲ့ ပတ်သက်လာတဲ့ အခါမှာ အရိယာသံဃာဟာ အဓိကဖြစ်တယ်။ “သံဃံ သရဏံ ဂစ္ဆာမိ” လို့ ဆိုတဲ့ အထဲမယ် ပုထုဇဉ်သံဃာတွေကို ရည်ညွှန်းတာ မဟုတ်ဘူး။ အရိယာသံဃာတွေကို ရည်ညွှန်းတာဖြစ်တယ်။ ဒါကြောင့် စတ္တာရော စ ပဋိပန္နာ ဆိုတာ ကျင့်နေဆဲ ပုဂ္ဂိုလ်လေးဦးတဲ့။ ကျင့်နေဆဲပုဂ္ဂိုလ်ဆိုတာ မဂ်စိတ် ဖြစ်ပေါ်နေဆဲကို ဆိုလိုတယ်။ ဆိုပါစို့ ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ နောက်ဆုံးမှာ ဝိပဿနာဉာဏ်ရဲ့ ဟိုဘက်မှာ မဂ်စိတ်နဲ့ ဝိပဿနာဉာဏ်ကြား ပေါင်းကူးတံတားလေးလိုဖြစ်တဲ့ အနုလောမဉာဏ်ကိုရပြီး မဂ်ဉာဏ်လေး ပေါ်လာလိုက်တဲ့အခိုက်ကလေးကို သူက ကျင့်ဆဲပုဂ္ဂိုလ် “မဂ္ဂဋ္ဌ” ပုဂ္ဂိုလ်လို့ ဒီလိုခေါ်တာနော်။ အဲဒီ အခိုက်ကလေးကို မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လို့ခေါ်တယ်။

[၁၃၀] မဂ္ဂဋ္ဌာန်ဆိုတာ မဂ္ဂဋ္ဌ၊ မဂ္ဂဆိုတာ မဂ်စိတ်ကလေး အခိုက်မှာ တည်နေတဲ့ ပုဂ္ဂိုလ်ကိုခေါ်တယ်။ အဲဒီတော့ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လို့ဆိုတာ ပုဂ္ဂိုလ်သီးသန့်ရှိတာမဟုတ်ဘူး။ အဲဒီ အခိုက်အတန့် (Moment) ကို စွဲပြီးတော့ခေါ်တာ။

တချို့က မဂ်ကျပြီး ဖိုလ်မကျသေးဘဲနဲ့ စောင့်နေတာတွေ့ရှိသေးတယ်လို့ ထင်ကြတယ်။ အဲဒီလို မရှိနိုင်ဘူး။ အကာလိကော မဂ်ကျပြီးရင် ဖိုလ် ချက်ချင်းကျတယ်။ စတ္တာရော စ ပဋိပန္နာ ကျင့်ဆဲဆိုတဲ့ နေရာမှာ အထွဋ်အထိပ် ရောက်တာက မဂ်စိတ်ပေါ်တဲ့အချိန်မှာ အထွဋ်အထိပ် ရောက်သွားတယ်။

အထွဋ်အထိပ် မရောက်သေးခင် Starting Point စတဲ့ နေရာက စပြောမယ်ဆိုရင် သီလကစတင်ပြီးတော့ လုပ်နေပြီ၊ သီလဆောက်တည်ပြီးတဲ့အခါ သမာဓိကျင့်စဉ်ကို ကျင့်နေပြီ၊ ကျင့်နေပြီးတော့ နောက် နာမရူပပရိစ္ဆေဒဉာဏ် ရသွားပြီ၊ ပစ္စယပရိဂ္ဂဟဉာဏ် ရသွားပြီ၊ အဲဒီကနေ တစ်ဆင့်တက်၊ သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုစ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်၊ ဒါတွေရသွားပြီ။

ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ နောက်ဆုံးမှာ အနုလောမဉာဏ် ရသွားပြီးတဲ့အခါ ဒီတံတားလေးကနေပြီး ဟိုဖက်ကို ကူးလိုက်ချိန်မှာ မဂ်စိတ်လေးပေါ်သွားတယ်။ အဲဒီထိအောင်ကို ပဋိပန္နလို့ခေါ်တယ်နော်။ သောတာပတ္တိမဂ်ကို ဦးတည်ပြီးတော့ [၁၃၁] ကျင့်နေတဲ့ အကျင့်တွေကို ဒါက ပဋိပန္နလို့ ဒီလိုပြောလို့ရတယ်။ ဒါကြောင့် ဝိပဿနာကျင့်စဉ် တစ်ခုကို ကျင့်နေတယ်ဆိုတဲ့ အထဲမယ် ဒီအထွဋ်အထိပ် မရောက်သေးတဲ့ ပုဂ္ဂိုလ်ပါထည့်ပြီး အကျုံးဝင်တယ်လို့ ဒီလိုပြောတာ။ သို့သော် Perfect မဟုတ်ဘူး။

Perfect ကတော့ မဂ္ဂဋ္ဌ မဂ်ပေါ်မှ၊ မဂ်ကို ရောက်သွားတဲ့ ပုဂ္ဂိုလ်မှ အဲဒီ အခိုက်အတန့်လေးမှ သောတာပတ္တိ မဂ္ဂဋ္ဌဆိုတဲ့ ပုဂ္ဂိုလ်ကို ခေါ်တာ။ အဲဒီကျမှ အရိယာလို့ ခေါ်တာနော်။ သောတာပတ္တိ မဂ္ဂဋ္ဌ မဖြစ်သေးခင် ကြားမှာတော့ “အာရဒ္ဓဝိပဿက” ဝိပဿနာ အားထုတ်နေတဲ့ ပုဂ္ဂိုလ်လို့ပဲ ဒီလို ခေါ်လို့ရတယ်။ မဂ္ဂဋ္ဌလို့ ခေါ်လို့ မရသေးဘူး။ မဂ်စိတ် ပေါ်လာတဲ့ အခါကျတော့မှ မဂ္ဂဋ္ဌလို့ ခေါ်တာ။

သောတာပန် ဖြစ်ပြီးရင်လည်း ဝိပဿနာကျင့်စဉ်ကို ပြန်ကျင့်ရမယ်။ ဆိုလိုတာက ဝိပဿနာဆိုတာ မဂ္ဂင်ရှစ်ပါးကိုပဲ ကျင့်တာပဲ။ တိုးမြှင့်ပြီးတော့ ကျင့်လိုက်တဲ့အခါ သောတာပတ္တိမဂ်ကို ရသွားတယ်။ နောက်ထပ် ထပ်ပြီး တိုးမြှင့်ကျင့်တဲ့အခါ သကဒါဂါမိမဂ်ကို ရတယ်။ တိုးမြှင့်ပြီးတော့ ကျင့်တဲ့အခါ အနာဂါမိမဂ်ကို ရတယ်။ နောက်ထပ် အဆင့်မြှင့်ပြီးတော့ ကျင့်တဲ့အခါမှာ အရဟတ္တမဂ်ကို ရောက်တယ်။ အဲဒီရောက်တဲ့ အခိုက်လေးကို စတ္တာရော စ ပဋိပန္နာ လို့ အထွဋ်အထိပ် ရောက်သွားတဲ့ပုဂ္ဂိုလ် ၊ မဂ္ဂဋ္ဌပုဂ္ဂိုလ်၊ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လေးယောက် လို့ ဒီလိုပြောတာနော်။ အဲဒီ အခိုက်ကလေးကိုပြောတာ။

[၁၃၂] အဲဒီ အခိုက်ကလေးကိုပြောတာ၊ အဲဒီတော့ “စတ္တာရော စ ပဋိပန္နာ၊ စတ္တာရော စ ဖလေဋ္ဌိတာ” မဂ်စိတ်ဆိုတာ ပေါ်ပြီးတာနဲ့ တစ်ပြိုင်နက် အလုပ်လေးခုကို တစ်ပြိုင်နက် လုပ်တယ်။ ဗမာစကားမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ်လို့ ပြောတယ်။ သူကတော့ တစ်ချက်ခုတ်ရင် လေးချက်ပြတ်တယ် လို့ ပြောရမယ်နော်။ ကိုယ့်ဟာကိုယ် ဖယောင်းတိုင်လေးကို ထွန်းကြည့်။ ဖယောင်းတိုင်လေး ထွန်းလိုက်တာ အလုပ်လေးခု တစ်ခါတည်းပြီးတယ်လို့ ဒီလိုပြောတယ်။ ဘယ်လိုအလုပ်လေးခုလည်းလို့ဆိုတော့ ဖယောင်းတိုင်လေး ထွန်းလိုက်တဲ့အခါ လင်းလိုက်တာနဲ့ တစ်ပြိုင်နက်
(၁) အမှောင်ကို ပယ်ဖျောက်ခြင်းကိစ္စ၊
(၂) အလင်းကို ဖော်ဆောင်ခြင်း ကိစ္စ၊
(၃) ဆီမီးစာလေးကို တိုသွားအောင် လောင်ကျွမ်းပေးခြင်းကိစ္စ၊
(၄) ဆီလေးကို လောင်ပစ်ခြင်းကိစ္စတို့ဖြစ်တယ်။ ဒီလေးခုက တစ်ပြိုင်နက်သွားတာ။

သေသေချာချာ စေ့စေ့စပ်စပ်

အဲဒီလိုပဲ အကြမ်းဖျင်း ပြောမယ်ဆိုရင် မဂ်စိတ်လေးက တစ်ဖက်က ကိလေသာကို ပယ်လိုက်တယ်၊ တစ်ဖက်က ဖိုလ်ကို ထုတ်လုပ်တယ်။ သစ္စာလေးပါးကို သိတယ်ဆိုရင်
(၁) ဒုက္ခသစ္စာကို ပိုင်းခြားသိလိုက်တယ်၊
(၂) သမုဒယသစ္စာကို ပယ်လိုက်တယ်၊
(၃) နိရောဓသစ္စာကို မျက်မှောက်ပြုလိုက်တယ်၊
(၄) မဂ္ဂသစ္စာ ပွားပြီးသားဖြစ်သွားတယ်။ ဟော- လေးချက်ပြီးတယ်လို့ ဒီလို ပြောတာနော်။

[၁၃၃] အဲဒီတော့ စတ္တာရော စ ဖလေဋ္ဌိတာ ဒီဖိုလ် ရောက်အောင် ဘာနဲ့သွားရတုန်း? အကုန်လုံး ဝိပဿနာဉာဏ်နဲ့ပဲ သွားရတယ်။ အဲဒီတော့ မဂ်ကို လေးခါရောက်ရမယ်၊ ဖိုလ်ကလည်း လေးခါရောက်မယ်။ မဂ်ရောက်ပြီးရင် ဖိုလ် တိုက်ရိုက် ရောက်တယ်။ ဩက္ကန္တသံယုတ်ကို ဖတ်ကြည့်ရင် ဘယ်လို ရေးထားတုန်းဆို မဂ်ရောက်ပြီးတဲ့နောက်မှာ ဖိုလ်မဖြစ်ဘဲနဲ့ လွဲချော်သွားတယ်ဆိုတာ လုံးဝမရှိဘူးလို့ ဒီလိုပြောတာ။

အဲဒီလိုပြောတော့ တချို့က ဘယ်လိုယူတုန်းဆိုတော့ မဂ်ရောက်ပြီးလို့ရှိရင် ဖိုလ်က သေချာရောက်မှာ။ သို့သော် မဂ်ပြီးရင် ဖိုလ်ချက်ချင်းလာတယ်လို့ မပြောဘဲနဲ့ “မဂ်တော့ကျပြီးပြီ ဖိုလ်မကျသေးဘူး၊ လေးငါးလ ရှိနေပြီ၊ ဖိုလ်ကျဖို့ ဆိုင်းနေတယ်”လို့ ပြောတာမျိုးက လုံးဝမဟုတ်တဲ့စကားကို ပြောတာနော်။ ဩက္ကန္တသံယုတ်မှာ Impossible မဖြစ်နိုင်တာတွေကို ရှင်းပြတာ။ ဒီမဂ်နဲ့ ဖိုလ်ကြားမှာ ဘာမှ အန္တရာယ်မရှိတော့ဘူးလို့ ဒီလို ပြောလိုတာ။ မဂ်ကျပြီးတဲ့နောက် အကြောင်းမညီညွတ်လို့ ဖိုလ် မရောက်တော့ဘူး ဆိုတာမျိုး မဖြစ်နိုင်ဘူးလို့ ဒီလိုဆိုလိုတာ။ မဂ်ရောက်တာနဲ့ တစ်ပြိုင်နက် ဖိုလ်တိုက်ရိုက်ရောက်မယ်။

အေး ကောင်းပြီ၊ ဒီပြိတ္တာကြီးက ဘုရင်ကြီးကို ရှင်းပြတယ်။ စတ္တာရော စ ပဋိပန္နာ၊ စတ္တာရော စ ဖလေဋ္ဌိတာ မဂ္ဂဋ္ဌပုဂ္ဂိုလ်လေးယောက် ဖလဋ္ဌပုဂ္ဂိုလ်လေးယောက် အားလုံး “ဧသ သံဃော ဥဇုဘူတော၊ ပညာသီလ သမာဟိတော”တဲ့။ ပညာလည်း မြင့်မားတယ်၊ ကိုယ်ကျင့်သီလနဲ့လည်း လုံးဝပြည့်စုံ [၁၃၄] တယ်၊ သမာဓိနဲ့လည်း ပြည့်စုံတယ်ဆိုတဲ့ ဒီအရိယာရှစ်ဖော် သံဃာတော်အရှင်မြတ်ကို ဆည်းကပ်ပါလို့ သူက မှာလိုက်တာနော်။ ဘုရား တရား သံဃာ ရတနာ သုံးပါးကို ဆည်းကပ်ပါ။ သူ့ရဲ့သမီးလိမ္မာ ဥတ္တရာကြောင့် ကောင်းကျိုးချမ်းသာတွေ ရတယ်ဆိုတဲ့ အကြောင်းကို ရှင်းပြတယ်။

ရတနာသုံးပါးကိုဆည်းကပ်ပြီးတဲ့နောက်မှာ “ပါဏာတိပါတာ ဝိရမ ခိပ္ပံ” သရဏဂုံ ဆောက်တည်လိုက်တာနဲ့ တစ်ပြိုင်နက် သူများအသက်သတ်ခြင်းမှ မြန်မြန် ရှောင်ကြဉ်လိုက်ပါတဲ့၊ မသတ်ပါနဲ့တဲ့၊ ငါးပါးသီလ ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုပြောတာ။ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုးကွယ်လိုက်တာနဲ့ တစ်ပြိုင်နက် သူများအသက်သတ်တဲ့ အလုပ်လည်း မလုပ်နဲ့တော့။ လုံးဝရှောင်တဲ့။

“လောကေ အဒိန္နံ ပရိဝဇ္ဇယ” ဘယ်သူ့ပစ္စည်းမှ မတရားယူတာ မလုပ်နဲ့။ “အမဇ္ဇပေါ” အရက်သေစာ မသောက်စားနဲ့။ “မာ စ မုသာ အဘာဏိ” သူများကို လွဲမှားတဲ့ သတင်းတွေမပေးနဲ့။ လိမ်လည်ပြီးတော့ မပြောနဲ့။ မမှန်မကန်တွေ မပြောနဲ့တဲ့။ “သကေန ဒါရေန စ ဟောဟိ တုဋ္ဌော” အိမ်ထောင်ရှိရင် ကိုယ့်ဇနီးနဲ့ကိုယ်ကျေနပ်၊ ဒီလိုဆိုလိုတာပေါ့နော်။ ကာမေသုမိစ္ဆာစာရကို ရှောင်ပါလို့ ဒီပြိတ္တာကြီးက မှာလိုက်တယ်။

အဲဒီတော့ ဘုရင်ကြီးကလည်း သံဝေဂကြီးစွာ ရသွားတယ်။ သူ့ရဲ့ စစ်သူကြီးဟာ အခုလို တောထဲမှာ ပြိတ္တာဘဝ [၁၃၅] ရောက်ပြီး တစ်ခဏတော့ အင်မတန်ကြီးမားတဲ့ ဘုံဗိမာန်ကြီးအောက်မှာ ချမ်းသာတယ်လို့ ထင်ရသော်လည်း မကြာခင် အင်မတန်မှ ကြမ်းတမ်းတဲ့ ငရဲကိုကျတော့မှာ ဆိုတာကို သူကိုယ်တိုင်ကလည်း သိလာတယ်။ ထိတ်လန့်တုန်လှုပ်တယ်။

ဒါကြောင့် ဒီနေ့ကနေစပြီး သရဏဂုံသုံးပါးကိုလည်း သူဆောက်တည်မယ်။ ငါးပါးသီလကိုလည်းပဲ ခံယူကျင့်သုံးမယ်။ လောကမှာ ချမ်းသာသုခရဖို့ရန်အတွက် သရဏဂုံသုံးပါး ငါးပါးသီလက လွဲပြီးတော့ အခြေခံအားဖြင့် မရှိဘူး။ ဒါတွေ ရှောင်ကွင်းလို့ မရဘူး။ ဒီအတိုင်းပဲ ဒီလမ်းကြောင်းကနေ လျှောက်မှသာလျှင် သံသရာဝဋ်က လွတ်မြောက်နိုင်တဲ့ လမ်းစဆိုတာ တွေ့နိုင်တယ်လို့ သူကိုယ်တိုင် ခံယူချက်ရှိပြီး အဲဒီပြိတ္တာကြီးကို ကတိပေးတယ်၊ ပြိတ္တာကြီးရဲ့ တန်ခိုးနဲ့ လမ်းမှန်ပေါ် ပြန်ရောက်လို့ ထိုနေ့မှာပဲ သူ့တိုင်းပြည်ကို ပြန်ရောက်သွားတယ်။ ဒီဇာတ်လမ်းကို ပေတဝတ္ထုမှာ မှတ်တမ်းတင်ထားတာ ရှိပါတယ်။

အေး- ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့၊ အခုပြောခဲ့တဲ့အတိုင်း နိဗ္ဗာန်ကို မျက်မှောက်ပြုချင်ရင်တော့ မဂ္ဂင်ရှစ်ပါးကလွဲပြီး ကျင့်စရာ အခြားမရှိဘူး။ မဂ္ဂင်ရှစ်ပါးဆိုသည်မှာ အဆင့်မမြင့်သေးခင် အခြေခံကျင့်နေတဲ့ အချိန်ပိုင်းမှာ “ဝိပဿနာ”လို့ ခေါ်တယ်။ အဲဒီ မဂ္ဂင်ရှစ်ပါး ကျင့်တာ အထွဋ်အထိပ် ရောက်သွားတာနဲ့ တစ်ပြိုင်နက် [၁၃၆] ကိလေသာကို ပယ်နိုင်တဲ့အဆင့် ရောက်သွားပြီဆိုရင် “မဂ်” လို့ ခေါ်တာပဲ။

ဒီ မဂ္ဂဆိုတာဟာ နိဗ္ဗာန်ကို ပို့ဆောင်ပေးတဲ့တရား ဖြစ်တယ်။ မဂ္ဂဆိုတာ Unite of eight ရှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ မိမိတို့ရဲ့ စိတ်ထဲမှာ ထူထောင်ရမယ့် သဘာဝစွမ်းအားတွေ ဖြစ်တယ်။
(၁) သမ္မာဒိဋ္ဌိ - အမှန်မြင်ရမယ်၊ အမှန်မြင်ဖို့အတွက်
(၂) သမ္မာသင်္ကပ္ပ - မှန်မှန်ကန်ကန် တွေးနိုင်ရမယ်၊ မှန်မှန်ကန်ကန် တွေးပြီးတော့
(၃) သမ္မာဝါစာ - တွေးတဲ့အတိုင်း ပြောတာလည်း မှန်ကန်မှု၊
(၄) သမ္မာကမ္မန္တ - လုပ်တာလည်း မှန်ကန်မှု၊
(၅) သမ္မာအာဇီဝ - အသက်မွေးမှု မှန်ကန်မှု၊ ဒီလို မှန်ကန်မှုတွေအတွက်
(၆) သမ္မာဝါယာမ - မှန်မှန်ကန်ကန် ကြိုးစားအားထုတ်မှု၊ ကြိုးစားအားထုတ်တိုင်း သတိထားမှုဆိုတဲ့
(၇) သမ္မာသတိ - စိတ်တည်ငြိမ်မှု ဆိုတဲ့
(၈) သမ္မာသမာဓိ - ဒီ မဂ္ဂင်ရှစ်ပါးနဲ့ ဖွဲ့စည်းထားတဲ့ ရင့်ကျက်တဲ့ စိတ်ဓာတ်နဲ့သာလျှင် ရနိုင်ခဲတဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီသဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု
သာဓု
သာဓု

j081o5eic50u4l0c68px805jz35jhun
ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ
0
6463
22328
2026-11-05T14:46:54Z
Tejinda
173
"{{header | title = ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previou..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22328
wikitext
text/x-wiki
{{header
| title = ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား]]
| previous2 =
| next = [[ဓမ္မဂီတိကာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ

[၁] မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၆-နှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၄-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၆) ရက်နေ့၊ ၂၀၁၃-ခုနှစ်၊ မတ်လ (၃)ရက်၊ မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရဲဘော် ကွက်သစ်ရပ်၊ “ရွှေကုသိုလ်” ဘုံဆွမ်းလောင်း အသင်းကြီး၏ (၂)နှစ်ပြည့် အထူးဓမ္မသဘင် အခမ်းအနားဝယ် ရဲဘော်ကွက်သစ်ရပ်၊ ပြည်ကြီးတံခွန် မြို့နယ်၊ အလှူဒါယကာ ဦးမြင့်တင် + အလှူဒါယိကာမ ဒေါ်တင်သီတာငြိမ်း ၊ သား- မောင်သူရရဲရင့်၊ သမီး- မသီရိရွှန်းလဲ့ဝတ်ရည် (ခ) သီရိရဲရင့် (ကောင်းထက် လေဆိုင်၊ တာယာရောင်းဝယ်ရေး) မိသားစုတို့၏ အမတဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ” တရားဒေသနာတော်။

[၂] ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ဒုစ္စရိတဝိပါကသုတ္တန် ဆိုတာရှိတယ်။ ကံ, ကံ၏အကျိုးနဲ့ ပတ်သက်ပြီး ရှင်းလင်းဟောကြားခဲ့တဲ့ သုတ္တန်ဒေသနာတော်တွေဟာ တော်တော်များတယ်။ ကံ, ကံ၏ အကျိုးကို ဒိဗ္ဗစက္ခုဉာဏ် ယထာကမ္မူပဂဉာဏ်တို့နဲ့ သိမြင်တော်မူပြီး မြတ်စွာဘုရားက ရှင်းလင်းဟောကြားတော်မူတယ်။

လောက လူသတ္တဝါတွေဟာ နေ့စဉ်နဲ့အမျှ စိတ်ထဲမှာ ဖြစ်ပေါ်တဲ့ မနောကံတွေ၊ နှုတ်ကနေ ထုတ်ဖော်ပြောတဲ့ ဝစီကံတွေ၊ ကိုယ်ထိလက်ရောက် ပြုလုပ်တဲ့ ကာယကံတွေ၊ အကောင်းနဲ့အဆိုး ၂-မျိုးလုံး ဖြစ်ပေါ်နေတယ်။ ကိုယ့်ကိုယ်ကို ပြန်ပြီးသုံးသပ်ကြည့်၊ တို့တတွေ နေ့စဉ် စိတ်ကူးကြံစည်ပြီး မနောကံတွေ ဖြစ်နေသလား။ နှုတ်က ထုတ်ဖော်ပြောဆိုပြီး [၃] ဝစီကံတွေ ဖြစ်နေသလား။ ကိုယ်ထိလက်ရောက် လုပ်ပြီး ကာယကံတွေ ဖြစ်နေသလား။ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” လို့ နိဗ္ဗေဓိကသုတ္တန်မှာ- (အင်္ဂုတ္တရ) မြတ်စွာဘုရား ဟောတဲ့စကားကို အကြောင်းပြုပြီး မြန်မာလူမျိုးတွေ တော်တော်များများ “ကံဆိုတာ စေတနာကို ခေါ်တယ်” လို့ သိကြတယ်။ ကမ္မဆိုတာ အလုပ်ကို ပြောတာ၊ အမှုကိစ္စပဲ။ အဲဒီ အမှုကိစ္စရဲ့ နောက်ကွယ်က တွန်းအားပေးတာ စေတနာဖြစ်တယ်။ စေတနာ မှန်သမျှကိုလဲ ကမ္မလို့ဆိုတယ်။

ပဋ္ဌာန်း (၂၄) ပစ္စည်းမှာ စေတနာဟူသမျှကို “ကမ္မပစ္စယော” လို့ ဟောထားတယ်။ ကမ္မမှာ သဟဇာတကမ္မ ဆိုတာ ရှိတယ်။ ဖြစ်ဖော်ဖြစ်ဖက် စိတ်၊ စေတသိက်တွေနဲ့ ပြိုင်တူဖြစ်လာတဲ့ စေတနာ စေတသိက်ကို သဟဇာတကမ္မလို့ ပြောတာ။

[၄] နောက်ပြီး နာနာက္ခဏိကကမ္မ ဆိုတာ ရှိတယ်။ အခု မြန်မာလူမျိုးတွေ ပြောနေကြတဲ့ “ကံအတိုင်းပဲ၊ ကံကောင်းတယ်၊ ကံမကောင်းဘူး” ဆိုတာ နာနာက္ခဏိကကမ္မ ကိုပဲပြောတာ။ ဒီ နာနာက္ခဏိကကမ္မ ကတော့ ကုသိုလ်အကုသိုလ် စေတနာနဲ့သာ သက်ဆိုင်တယ်။ အခြားစေတနာတွေနဲ့ မသက်ဆိုင်ဘူး။ စေတနာဆိုတာ စိတ်မှန်သမျှမှာ ဖြစ်တယ်။ သို့သော် ကုသိုလ်စိတ် အကုသိုလ်စိတ်နဲ့ တွဲပြီးလာတဲ့ ကုသိုလ်အမှု အကုသိုလ်အမှုကို တွန်းအားပေးတဲ့ စေတနာကိုခေါ်တာ။ နာနာက္ခဏိကကမ္မ ဆိုတာ ကံဖြစ်တဲ့ အချိန်နဲ့ အကျိုးပေးတဲ့အချိန်ဟာ မတူဘူး၊ ဖြစ်တဲ့ ခဏချင်းဟာ ကွာတယ်။ ဘယ်လောက် ကွာတာတုန်းဆိုရင် ကမ္ဘာချီပြီး ကွာချင်လည်းကွာမယ်။ မိနစ်ပိုင်း စက္ကန့်ပိုင်း ကွာတာလည်း ကွာတယ်လို့ ပြောရမယ်။ တပြိုင်နက် မဖြစ်ဘူး။ ကံတရားနဲ့ [၅] အကျိုးတရားဟာ တစ်ပြိုင်နက် ဖြစ်တာမဟုတ်ဘူး။ တစ်ခါတရံ လူတွေရဲ့သန္တာန်မှာ ဖြစ်နေတဲ့ ကုသိုလ်ကံပဲဖြစ်ဖြစ်၊ အကုသိုလ်ကံပဲဖြစ်ဖြစ် ကမ္ဘာပေါင်း မြောက်မြားစွာ ခြားပြီးတော့မှ အကျိုးတစ်ခုကို ထုတ်လုပ်တာလည်း ရှိတယ်။

ကံဆိုတာ သတ္တဝါတို့ရဲ့ စိတ်အစဉ်မှာ ကိန်းတယ်။ သတ္တဝါတွေသန္တာန်မှာ စိတ်အစဉ်ရှိနေသမျှ ကံဆိုတဲ့ သဘာဝတရားသည် Energy အနေနဲ့ တည်ရှိနေတယ်။ ဒီလိုဆိုတော့ တချို့က စောဒက တက်ကြမယ်၊ စေတနာဆိုတဲ့ ကံတရားဟာ အနိစ္စပဲ မဟုတ်လား၊ ဟုတ်ပါတယ် အနိစ္စ။ ဖြစ်ပြီးရင်တော့ ပျက်သွားတာပဲ၊ ဒါပေမယ့် စွမ်းအားသတ္တိ ကျန်ရစ်တယ်။ သတ္တိဆိုတာ အကောင်အထည် မဟုတ်ဘူးလေ။ လူတွေမှာ စွမ်းရည်သတ္တိဆိုတာ ရှိတယ်။ စွမ်းရည်သတ္တိဆိုတာ မြင်ရတာ မဟုတ်ဘူး။

[၆] ဆိုပါစို့၊ ငယ်ငယ်တုန်းက မူလတန်းပညာ သင်ခဲ့တယ်၊ စာရေး စာဖတ် စွမ်းရည်သတ္တိတွေ ရတယ်။ သင်ခဲ့တာတွေ မေ့သွားပေမယ်လို့ အလယ်တန်းတို့၊ အထက်တန်းတို့၊ တက္ကသိုလ်ပညာရပ်တို့ ဆည်းပူးတဲ့အခါ အထောက်အကူ ဖြစ်နေတယ်။ ပျောက်သွားတာမဟုတ်လို့ပေါ့၊ အင်မတန်မှ ထင်ရှားတယ်။ အနိစ္စသဘောတရားအရ ဖြစ်ပြီးရင် ပျက်တာ။ မှန်တယ်။ ဖြစ်ပြီး ပျက်ပေမယ်လို့ ကိုယ့်သန္တာန်မှာ စွမ်းရည်သတ္တိတွေ ကျန်နေတယ်။ ဒါကို အရည်အချင်းလို့ ခေါ်ကြတာပေါ့။ အရည်အချင်းဆိုတာ အကောင်အထည် မဟုတ်ဘူး။ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်သတ္တိပဲ။ ကံဟာ အဲဒီ အရည်အချင်းတွေပဲ။ ဘယ်လောက်ကြာကြာ အရည်အချင်းဟာ ပျက်ယွင်းသွားတာမျိုး မရှိဘူး။

[၇] ဒါကြောင့်မို့လို့ ဒီဘဝက လုပ်ထားတဲ့ကံတွေဟာ နောက်ဘဝတွေမှာ အကျိုးဖြစ်စေတယ်။ ပေါင်း မြောက်မြားစွာ ခြားကွယ်ပြီးတဲ့နောက်မှာ လည်း အကျိုးပေးတာရှိတယ်။ ဘဝပေါင်း မြောက်မြားစွာတင် မကဘူး၊ ကမ္ဘာပေါင်းကြာသော်လည်းပဲ ဒီကံတရားတွေဟာ လူတွေရဲ့ သန္တာန်မှာ ပျောက်ကွယ်သွားတာ မဟုတ်ဘူး။

ကံသုံးမျိုး

ဒီနေရာမှာ ကံကို သုံးမျိုးသုံးစားခွဲပြီး ပြောကြတယ်။ အလုပ်တစ်ခုအောင်မြင်မှုအတွက် တွန်းအားဟာ စေတနာပဲ။ အဲဒီစေတနာတွန်းအားက စွမ်းရည်သတ္တိ သိပ်မပြည့်သေးတဲ့ တွန်းအားမို့ ဖြစ်လွယ် ပျက်လွယ် သဘောရှိတယ်။ ဒီဘဝမှာပဲ အကျိုးပေးနိုင်တယ်။ အဲဒီကံကို ဒိဋ္ဌဓမ္မဝေဒနီယကံ လို့ [၈] ခေါ်တယ်။ အဲဒီတွန်းအားက စကာစဆိုတော့ နုနယ်သေးတယ်၊ နုနယ်သေးတဲ့တွန်းအားသည် နောင်ဘဝထိအောင်မပါနိုင်ဘူး။ ဒီဘဝမှာတင် အကျိုးပေးတယ်။ အကျိုးပေးတယ်ဆိုတာ ပေးကိုပေးမှာလား ဆိုတော့မဟုတ်ဘူး။ အကူအညီ အကြောင်းတွေရမှ ပေးလို့ရတယ်။ ဆိုပါစို့၊ မျိုးစေ့လေးတစ်ခုဟာ အပင်ပေါက်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိတယ်။ ဒါပေမယ့် ပေါက်ကိုပေါက်သလား ဆိုတော့ မြေနဲ့ ရေနဲ့ တွေ့မှ ပေါက်မှာလေ၊ သူ့ချည်းဆို အပင်မပေါက်နိုင်ဘူး။ အဲဒါလိုပဲ ကံတရားဟာ အကျိုးပေးနိုင်တဲ့ စွမ်းရည်သတ္တိ ရှိနေပေမယ်လို့ အထောက်အကူပြုမယ့် အရာတွေရှိမှ သူက အကျိုးပေးတယ်။

စွမ်းရည်သတ္တိ လုံးဝပြည့်သွားတဲ့ ကံတရားကိုတော့ ဥပပဇ္ဇဝေဒနီယကံ လို့ခေါ်တယ်။ ဒီဘဝပြီးရင် နောက်ဘဝကို အကျိုးထုတ်လုပ်မယ့်ကံတရား။

[၉] စွမ်းအားတွေ လုံးဝပြည့်သွားသည့်အတွက် နောက်ဘဝမှာ အကျိုးပေးတယ်။ ဒါဖြင့် နောက်ဘဝမှာ အကျိုးပေးတယ် ဆိုတာရော သေချာပေါက် အကျိုးပေးတာလားလို့ ဆိုတော့ ဒီလိုကံမျိုးတွေ သိန်းသန်းကုဋေချီ ရှိတဲ့အထဲက အကျိုးပေးခွင့်ရတဲ့ ကံတစ်ခုခုကပဲ အကျိုးပေးတယ်၊ ကျန်တဲ့ကံတွေကတော့ အကျိုးပေးခွင့်မရဘူး။

အကျိုးပေးခွင့်မရလို့ရှိရင်တော့ အဟောသိကံ ဖြစ်သွားတယ်။ အဟောသိကံ ဆိုတာ ခုခေတ် စကားနဲ့ ပြောမယ်ဆိုရင် expire ဖြစ်တာကို ပြောတာ။ ဆေးတွေဟာ date လွန်သွားရင် expire ဖြစ်တာလိုပဲ ကံကလည်းပဲ date လွန်သွားတဲ့ကံ ရှိတယ်။ အကျိုးပေးရမယ့်အချိန် ရောက်လျက်သားနဲ့ အကြောင်းအပေါင်း အကူအညီ မရသည့်အတွက် [၁၀] အကျိုးမပေးနိုင်လို့ expire ဖြစ်တာ။ ဒါကို အဟောသိကံ လို့ခေါ်တာ။

နောက်ကံတစ်ခုက စွမ်းအားသတ္တိတွေက ဒီဘဝ အကျိုးပေးလောက်အောင်လည်း မထက်မြက်ဘူး။ ဒုတိယဘဝမှာ အကျိုးပေးလောက်အောင် လည်း မထက်မြက်ဘူး။ သို့သော် စွမ်းရည်သတ္တိတွေ ရထားပြီး ဖြစ်တယ်။ အဲဒီကံမျိုးက တတိယဘဝ ကနေစပြီး နိဗ္ဗာန်အထိ ဘဝသံသရာ ရှိနေသမျှ အကျိုးပေးနိုင်တဲ့ အနေအထားတစ်ခုသို့ ရောက်တယ်။ အဲဒါမျိုးကို အပရပရိယာယဝေဒနီယကံ (အပရာပရိယ) ခေါ်တယ်။ အလှည့်သင့်တဲ့အချိန်မှာ အကျိုးပေးမှာ ဖြစ်တယ်။ အဲဒီကံက လွတ်တဲ့သတ္တဝါ ဆိုတာ မရှိဘူးတဲ့။ အကြောင်းပေါင်း ညီညွတ်လို့ သံသရာဝဋ်က မလွတ်သေးရင် သူက အကျိုးပေးမှာပဲ၊ ဒီလိုဆိုလိုတာပေါ့။

[၁၁] ကုသိုလ်ကံပဲဖြစ်ဖြစ် အကုသိုလ်ကံပဲဖြစ်ဖြစ်၊ နေ့စဉ်နဲ့အမျှ စိတ်ထဲမှာကြံတွေးတဲ့ မနောကံ၊ နှုတ်က ထုတ်ပြောတဲ့ ဝစီကံ၊ ကိုယ်ထိလက်ရောက် လုပ်တဲ့ ကာယကံလို့ဆိုတဲ့ စေတနာတရား။ အဲဒီ စေတနာတရားကို ကံလို့ပြောတာ။ စေတနာမှန်သမျှသည် ကံဖြစ်တယ်။ သို့သော် ကုသိုလ်စိတ် အကုသိုလ်စိတ် နဲ့ တွဲဖက်လာတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံကိုသာလျှင် ဒီနေရာမှာ ဆိုလိုတယ်လို့မှတ်။

ဒါဖြင့် စေတနာကိုသာ ကံလို့ ဆိုသလား၊ မဟုတ်ဘူး။ မနောကံမှာ စေတနာကိုသာ ကံခေါ်တာ မဟုတ်ဘူး။ အဘိဇ္ဈာလို့ဆိုတဲ့ လောဘ၊ ဗျာပါဒလို့ဆိုတဲ့ ဒေါသ၊ မိစ္ဆာဒိဋ္ဌိလို့ခေါ်တဲ့ ဒိဋ္ဌိ၊ အဲဒီ သဘာဝတရားတွေကိုလည်း ကံလို့ ခေါ်သေးတယ်။

ဒါတင်မကသေးဘူး ၊ တခြားကံဆိုတာ ဘာတွေရှိသေးတုန်းဆိုရင် အလောဘ, အဒေါသ, [၁၂] သမ္မာဒိဋ္ဌိ မဂ္ဂင်ရှစ်ပါး ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်း ကံလို့ပြောတာပဲ။ အဲဒီမဂ္ဂင် ဗောဇ္ဈင် ကံတွေကတော့ အခြားကံတရားတွေကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအား ရှိတဲ့ ကံမျိုးတွေ ဖြစ်တယ်။ ကံဖျက်စွမ်းအား မရှိဘူးဆိုရင် ကံတရားတွေ လိုက်အကျိုးပေးနေလို့ လူတွေဟာ ကံက လွတ်မြောက်ဖွယ်ရာ မရှိဘူး။ မဂ္ဂင်ရှစ်ပါး၊ ဗောဇ္ဈင်ခုနစ်ပါးဆိုတဲ့ ဒီကံတရားတွေက အကုသိုလ်ကံတွေကို ဖယ်ရှားပြီး လောကီကုသိုလ်ကံ တွေကိုပါ အကျိုးပေးလို့ မရအောင် လုပ်နိုင်စွမ်း သတ္တိရှိတယ်။

ဒါကြောင့် သတ္တဝါတွေဟာ ကံ၏အကျိုးကို အကုန်လုံးမခံရဘဲ သံသရာဝဋ်က လွတ်သွားကြတာကိုး။ နို့မို့ဆိုရင် သံသရာဝဋ်က လွတ်စရာ အကြောင်း မရှိဘူး။

[၁၃] လူတွေ နေ့စဉ်အမျှ တွေးနေတာတွေက အကောင်းတွေးတာ နည်းတယ်။ ပြောသမျှတွေကလည်း အကောင်းပြောတာ နည်းတယ်။ လုပ်သမျှတွေကလည်း အကောင်းလုပ်တာက နည်းတယ်။ ကိုယ့်ကိုယ်ကို လေ့လာဆန်းစစ်ကြည့်ပေါ့။ တစ်နေ့တာမှာ ငါတွေးတာဟာ အပြစ်မကင်းတဲ့ အကုသိုလ် အတွေးတွေ တွေးတာလား၊ ပြောနေတဲ့ စကားတွေ အကုသိုလ်စကားတွေလား၊ လုပ်နေတဲ့ အလုပ်တွေရော အကုသိုလ်အလုပ်တွေလားဆိုတာ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်။ ကြည့်ပြီး ကိုယ့်ကိုယ်ကို ပြုပြင်ရမယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာ။ “ဘယ်ကံက ဘယ်အကျိုးကိုပေးတယ်”ဆိုတာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ရဲ့ ယထာကမ္မူပဂဉာဏ် သို့မဟုတ် မြတ်စွာဘုရားရဲ့ ဉာဏ်တော်စွမ်းအား ဆယ်မျိုးထဲမှာပါဝင်တဲ့ သဗ္ဗတ္ထဂါမိနီပဋိပဒါဉာဏ် [၁၄] နဲ့ ဘဝမျိုးစုံ နောက်ဆုံးနိဗ္ဗာန် ထိအောင် ရောက်စေနိုင်တဲ့ အကျင့်တွေ၊ ကံတရားတွေအကြောင်းကို ကွဲကွဲပြားပြား ခွဲခွဲခြားခြား သိနိုင်စွမ်းရှိတယ်။

ကံတရားကို မြတ်စွာဘုရား ဟောတဲ့အခါ သတ္တဝါတွေ သတိထားပြီး ရှောင်ကြဉ်ဖို့နဲ့ လိုက်နာ ပြုလုပ်ဖို့ ဒီနှစ်ခုကို အဓိကထားပြီး ဟောတယ်။ မြတ်စွာဘုရား တရားတော်တွေကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် “အကုသိုလ်မှန်သမျှ ရှောင်ကြဉ်မှုနဲ့ ကုသိုလ်မှန်သမျှ ပြည့်စုံအောင် ကြိုးစားအားထုတ်မှု၊” ဒီနှစ်ခုဟာ အဓိကအကျဆုံးပဲ။ ဘယ်အလုပ်ပဲ လုပ်လုပ်၊ ဘာနဲ့တိုင်းတာပြီး ပြောရမလဲဆိုရင် ကိုယ်လုပ်တဲ့အလုပ်မှန်သမျှ အကုသိုလ် နည်းပါးစေပြီး ကုသိုလ်တရားတိုးပွားစေသလား သို့မဟုတ် ကုသိုလ် လျော့ပါးသွားပြီး အကုသိုလ်တွေ တိုးပွားစေသလား၊ [၁၅] ဒီနှစ်ခုကို ဆန်းစစ်ကြည့်။ ဆန်းစစ်ကြည့်လို့ အကုသိုလ်တွေကို လျော့နည်းစေပြီး ကုသိုလ်တွေ တိုးပွားစေလို့ရှိရင် လုပ်လို့ မြတ်စွာဘုရားက ပြောတာ။ ဒီနှစ်ခုကို အမြဲတမ်း ချိန်ခွင်ညှာသဖွယ် ထားပြီး ကုသိုလ်ဘက်က အမြဲတမ်း အသာစီးရနေအောင် သတိထားဖို့ လိုအပ်တယ်။ အကုသိုလ်ဘက်က အသာစီးရမယ့် အလုပ်ဆိုရင် ရှောင်နိုင်ဖို့ ကြိုးစားရမယ်။

ကုသိုလ်နဲ့ အကုသိုလ်ကို ပဟာယက နဲ့ ပဟာတဗ္ဗ လို့ခေါ်တယ်။ ကုသိုလ်က ဖယ်ရှားတတ်တဲ့တရား၊ အကုသိုလ်က အဖယ်ခံရတဲ့တရားလို့ ဒီလိုဆိုလိုတာ။ ဘာနဲ့ ဥပမာတူတုန်းဆိုရင် ရောဂါနဲ့ ဆေးလိုပဲ၊ ဆေးဆိုတာ ရောဂါကို ဖယ်ရှားပစ်တာ၊ ရောဂါက ဆေးကို ဖယ်ရှားတယ်လို့ မရှိဘူး။ ဆေးကသာ ရောဂါကို ဖယ်ရှားတယ်။ အဲဒီအတိုင်းပဲ [၁၆] ရောဂါနဲ့ အလားတူတဲ့ အကုသိုလ်ကို ဆေးနဲ့ အလားတူတဲ့ ကုသိုလ်က ဖယ်ရှားပစ်တာ။ ဒါကြောင့်မို့လို့ ပဟာယက နဲ့ ပဟာတဗ္ဗ လို့ စာပေကျမ်းဂန်မှာ ဒီလိုသုံးတာ။ ရောဂါဘယ်လောက်ကြီးကြီး အစွမ်းထက်တဲ့ ဆေးကလေးတစ်ခွက် သောက်လိုက်တာနဲ့ ရောဂါ ပျောက်သွားနိုင်တယ်။ ထို့အတူပဲ အကုသိုလ်ကံတွေဘယ်လောက်ကြီးကြီး၊ ဘယ်လောက်များများ လုပ်ထားထား၊ အစွမ်းထက်တဲ့ ကုသိုလ်လေး တစ်ခုကနေပြီးတော့ ဖယ်သွားတာ ရှိတာပဲ။ ဥပမာတစ်ခုကြည့်၊ လူတွေ မြောက်မြားစွာ သတ်တဲ့ ကမ္ဘာကျော်လူသတ်သမား အင်္ဂုလိမာလ ဟာ သာမန်အားဖြင့် ငရဲကလွတ်စရာ အကြောင်း မရှိဘူး။ သို့သော် သူလုပ်ထားတဲ့ အကုသိုလ်တွေက အကျိုးပေးဖို့ အချိန်မကျသေးဘူး၊ သူ့ရဲ့သန္တာန်မှာ အင်ပြည့် အားပြည့်နဲ့ သူ့ရဲ့ အသေကို စောင့်နေတာ။

[၁၇] ဒီဘဝက သေတာနဲ့ တစ်ပြိုင်နက် အကုသိုလ်တွေက သူ့ကို အပါယ်ငရဲကို ကျစေမှာပဲ။ သို့သော် မြတ်စွာဘုရားရဲ့ အဆုံးအမကို ရလိုက်လို့ လူဆိုးဘဝက လွတ်ပြီး လူကောင်းသူကောင်း ဖြစ်လာတယ်။ ကိုယ်ကျင့်သီလတွေကို ခံယူဆောက်တည်တယ်။ ပါဏာတိပါတ အမှုမှ လုံးဝရှောင်ကြဉ်လိုက်တယ်။ မဂ္ဂင် အကျင့်တရားကို ကျင့်တယ်။ အစွမ်းထက်တဲ့ အရဟတ္တမဂ်လို့ဆိုတဲ့ ကုသိုလ်ကိုရတယ်။

မဂ်ဆိုတာ မဂ္ဂင် (၈)ပါး အဖွဲ့အစည်းပဲ။ မဂ္ဂင် (၈)ပါး အစုအဝေးကို မဂ်လို့ခေါ်တာ။ မဂ်စွမ်းအားမှာ အကြီးဆုံးဖြစ်တဲ့ အရဟတ္တမဂ်ကို ရလိုက်တယ်။ အရဟတ္တမဂ် ဆိုသည်မှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ တနည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် အစွမ်းထက်တဲ့ သီလ၊ [၁၈] အစွမ်းထက်တဲ့ သမာဓိ၊ အစွမ်းထက်တဲ့ ပညာကို ရလိုက်တာနဲ့ တစ်ပြိုင်နက် သူလုပ်ထားတဲ့ အကုသိုလ်တွေ အကုန်လုံးက အရှုံးပေးသွားရတယ်။ ဘာ့ကြောင့် အရှုံးပေးရတာတုန်းဆိုရင် သူတို့ရဲ့ အဖော်သဟဲဖြစ်တဲ့ ကိလေသာတွေကို အရဟတ္တမဂ်က ဖယ်ရှားပစ်လိုက်သည့် အတွက် ကံတွေဟာ အကျိုးပေးချင်သော်လည်း ပေးလို့ မရတော့ဘူး။

မြတ်စွာဘုရားက ဘယ်လိုဟောလိုက်တုန်းဆို “ယဿ ပါပံ ကတံကမ္မံ၊ ကုသလေန ပိဓီယျတိ” သူလုပ်ထားတဲ့ မကောင်းမှုတွေ အားလုံးကို ကုသိုလ်နဲ့ ဆို့ပိတ်တားဆီးလိုက်တယ် ပယ်ဖျက်ပစ်လိုက်တယ်။ အစွမ်းသတ္တိထက်တဲ့ ကုသိုလ်တရားနဲ့ ပယ်ဖျက်လိုက်တယ်။ ဘယ်ကုသိုလ်လဲလို့ဆိုရင် အရဟတ္တမဂ်ဆိုတဲ့ ကုသိုလ်၊ အဲဒီ ကုသိုလ်ရဲ့ [၁၉] စွမ်းအားနဲ့ အကုသိုလ်မှန်သမျှ ဖျက်ဆီးပစ်နိုင်တယ်။ အကုသိုလ်ကံတွေဟာ ဘဝသံသရာမှာ အကျိုးပေးဖို့ အခွင့်အရေး မရတော့ဘူး။

သို့သော် လုံးဝအကျိုးမပေးတာလားဆိုတော့ မဟုတ်ဘူး။ သူလုပ်ခဲ့တဲ့ အကုသိုလ်ကံတွေကြောင့် ရှင်အင်္ဂုလိမာလ များစွာ ဒုက္ခရောက်ခဲ့ရတယ်။ ဟိုက ခဲနဲ့ပေါက်လိုက်၊ သူ့ခေါင်း လာထိ၊ သူ့ကိုပေါက်တာ မဟုတ်လည်း သူ့ခေါင်းပေါ်ရောက်လာတယ်။ တစ်စုံတစ်ရာကို ခဲနဲ့ထုလိုက်တဲ့အခါ ရှင်အင်္ဂုလိမာလ ခေါင်းကို လာထိတယ်။ ကိုယ့်ကိုလုပ်တာ မဟုတ်ပေမယ့် လာထိတယ်။ အေး... သူ့ကို မုန်းတီးတဲ့ ပုဂ္ဂိုလ်တွေကလည်း ခဲနဲ့ထုကြတယ်၊ ဆွမ်းခံသွားရင်း သပိတ်ကွဲ၊ သင်္ကန်းတွေ စုတ်ပြဲလို့ ဆွမ်းမရတဲ့ ရက်တွေ အများကြီးပဲ၊ အဲဒီလို ဒုက္ခတွေတော့ သူခံရတယ်။

[၂၀] သို့သော် နောင်ဘဝကို ဆက်စပ်ပေးနိုင်မယ့် တဏှာဦးဆောင်တဲ့ ကိလေသာတွေ သူ့မှာ မရှိတော့ဘူး။ အပင်ပေါက်စရာ မြေနဲ့ရေတွေ မရှိတော့သည့်အတွက် မျိုးစေ့တွေဟာ ဒီအတိုင်းပဲ ခမ်းခြောက်သွားသလိုပဲ။ ဒီအဓိပ္ပာယ်ကို ပြောတာ။ ကုသိုလ်ဟာ အားကိုးစရာ အင်မတန်ကောင်းတယ်။

ကံ ကံ၏သဘောတွေကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အကုန်သိနိုင်တယ်။ ကံ ကံ၏ အကျိုးတရားတွေကို ဘုရားသာ သိနိုင်တယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေ ဉာဏ်မမီဘူး။ ကိုယ်ဉာဏ်မမီဘဲနဲ့ စဉ်းစားလို့ရှိရင် ရူးသွားနိုင်တယ်။ အစိန္တေယျလေးပါး ဆိုတာ ရှိတယ်။ သာမန်အသိဉာဏ်နဲ့ သိနိုင်စွမ်း မရှိလို့ မကြံစည်နဲ့တဲ့။ ကမ္မဝိပါကော အစိန္တေယျော ကံ၏ အကျိုးတရားဟာ အင်မတန်မှ ဆန်းပြားလို့ မြတ်စွာဘုရားသာ သိနိုင်တယ်။ အဲဒါကို မိမိဉာဏ် မမီဘဲနဲ့ [၂၁] စဉ်းစားမယ်ဆိုရင် ရူးသွပ်သွားနိုင်တယ်လို့ မြတ်စွာဘုရားက ဟောတယ်။

ဒါကတော့ လူတိုင်းလူတိုင်းမှာ ဉာဏ်ရည်ဉာဏ်သွေးဆိုတာ အတိုင်းအတာ တစ်ခုအနေနဲ့ပဲ ရှိတယ်။ မျက်စိက မြင်တာတောင်မှပဲ အတိုင်းအတာ ရှိသလောက်ပဲ မြင်ကြတာလေ။ အသိဉာဏ်ဆိုတာလည်း လူတိုင်းလူတိုင်းမှာ အတိုင်းအတာ အကန့်အသတ်ရှိတယ်။ ကိုယ့်အသိဉာဏ်နဲ့ မမီတဲ့အရာကို လှမ်းမယ်ဆိုရင် ပင်ပန်းရုံပဲ ရှိမယ်လို့ ဒီလိုအဓိပ္ပါယ်မျိုးကို ပြောတာ။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ကံ ကံ၏ အကျိုးလို့ဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ လက်ခံကြတယ်။ ဘယ်သူမပြု မိမိမှု၊ ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်။ မကောင်းတာ လုပ်ရင် မကောင်းကျိုးရတယ်ဆိုတဲ့ ကံ ကံ၏ အကျိုးကို [၂၂] လက်ခံယုံကြည်မှုဆိုတဲ့ သမ္မာဒိဋ္ဌိဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့အတွက် အခြေခံအကျဆုံး အမြင်တစ်ခုပဲ ဖြစ်တယ်။ အဲဒါမှမရှိရင် ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်ဘူး။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းလို့ဆိုတာ အဓိကအကျဆုံးပဲလို့ ဒီလိုဆိုတာ။

ကံ ကံ၏အကျိုးကို ယုံကြည်သူနဲ့ မယုံကြည်သူ ဘာကွာတုန်း၊ စဉ်းစားကြည့်။ ကံ ကံ၏အကျိုးကို ယုံကြည်သူက ဘယ်လိုတွေးသလဲ။ အေး... မကောင်းတာလုပ်ရင် မကောင်းကျိုး ခံရမယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးစံရမယ်၊ ဒါ သူ့အတွေး။ ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်လိုတွေးတုန်း၊ ကံဆိုတာ မရှိပါဘူး။ ကောင်းတာလုပ်လည်း ကောင်းကျိုးရတာ မဟုတ်ဘူး။ ဆိုးတာလုပ်လည်း ဆိုးကျိုးဖြစ်တာ မဟုတ်ဘူး။ ကံ ကံ၏အကျိုးကို မယုံကြည်ဘူးဆိုတဲ့ [၂၃] ပုဂ္ဂိုလ်ဟာ သူလုပ်ချင်တာ လုပ်မယ်။ သူလုပ်ချင်တာက ဘာတုန်းဆိုရင် မကောင်းတာတွေချည်းပဲ။ အဲဒီတော့ ပိုဆိုးသွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်ပေါ့။ ယုံကြည်သူနဲ့ မယုံကြည်သူ ကွာခြားတယ်။ မယုံကြည်တဲ့သူက အကောင်းလုပ်ဖို့ မဖြစ်နိုင်တော့ဘူး၊ ယုံမှ မယုံတာ။ ယုံကြည်တဲ့ လူကတော့ အဆိုး မဖြစ်ချင်ဘူး၊ အကောင်းပဲ ဖြစ်ချင်တယ်။ လူဆိုတာ ကောင်းကျိုးချမ်းသာပဲ ရချင်တယ်။ ဆင်းရဲဒုက္ခ မကြုံချင်ဘူး။ ကုသိုလ်ဟာ ကောင်းကျိုးချမ်းသာပေးတယ်။ ဒါကြောင့်မို့ ကုသိုလ်လုပ်မှပဲဆိုတဲ့ အတွေး ဝင်တယ်။ အကုသိုလ်တွေလုပ်ရင် အကုသိုလ်ရဲ့ အကျိုးတွေ ငါခံရမှာပဲလို့ အတွေးဝင်လာတယ်။ ဟော... အမြင်ချင်းဟာ အင်မတန်မှ ကွာခြားတယ်လို့။ ကွာခြားသည့်အတွက် ကံ ကံ၏အကျိုးကို လက်ခံယုံကြည်တဲ့ ပုဂ္ဂိုလ်က လူတော်လူကောင်း [၂၄] ဖြစ်တယ်။ ကံ ကံ၏အကျိုးကို ငြင်းပယ်တဲ့ပုဂ္ဂိုလ်က လူတော်လူကောင်းဖြစ်ဖို့ မရှိဘူး။ အင်မတန်မှ ကွာခြားတယ်။

ဒုစ္စရိတဝိပါကသုတ်

မြတ်စွာဘုရားက ထိုထိုသုတ္တန်တွေမှာ ကံ ကံ၏အကျိုးကို ဟောထားတာ မြောက်မြားစွာ ရှိတယ်။ ဒီကနေ့ ဒုစ္စရိတဝိပါကသုတ် ကို မှတ်သားကြဖို့ ဟောကြားမှာ ဖြစ်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမ စကားတွေ အလွန်များတယ်။ နာယူမှတ်သားထားရင် ကံရဲ့အကျိုးနဲ့ ပတ်သက်ပြီး ဆင်ခြင်စဉ်းစားလို့ ရတာပေါ့။ မိမိကိုယ်တိုင် တွေ့ကြုံခံစားရရင်လည်း ငါဘာတွေ လုပ်ခဲ့တယ်ဆိုတာ သိရှိနားလည်အောင် ဆင်ခြင်စဉ်းစားနိုင်တယ်။ ဒါကြောင့် ဒီသုတ္တန်ကို မှတ်သားထားရင် အဖြေတစ်ခု [၂၅] ကို ထုတ်နိုင်လိမ့်မယ်။ ဘဝရဲ့ အတွေ့အကြုံတွေကို အဖြေထုတ်လို့ရတယ်။ အဆိုးကိုသိရင် အကောင်းကို မှန်းဆလို့ရတယ်။

ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ

ဒုစရိုက်လုပ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ အကျိုးတရားအနေနဲ့ အဆိုးပုံရိပ်တွေ ပေါ်လာနိုင်တယ်။ “ငါ့မှာ အဲဒီလို အဆိုးပုံရိပ်တွေ ပေါ်နေသလား” ကိုယ့်ဟာကို သိဖို့လိုတယ်။ မသိရင် ထပ်ပြီးတော့ ဆိုးလိမ့်ဦးမယ်။ သိမှ အမှားကို အမှန်ပြင်ခြင်းဆိုတာ ဖြစ်နိုင်တယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် “အမှားပေါ် အမှားဆင့်”သွားနိုင်တယ်။ အဲဒီလို အမှားပေါ် အမှားမဆင့်ဖို့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ဒီသုတ္တန်ကို မှတ်သားနာယူကြရမယ်။

[၂၆] မြတ်စွာဘုရားက အချက် (၈) ချက်ကိုပဲ ဒီသုတ္တန်မှာ ဟောတယ်။ ဒုစရိုက် (၁၀) ပါးထဲမှ ကာယဒုစရိုက် (၃) ပါး၊ ဝစီဒုစရိုက် (၄) ပါး၊ ဒီဒုစရိုက် (၇) ပါးနှင့် ငါးပါးသီလထဲမှာပါတဲ့ သုရာမေရယကို ထည့်ပြီး ဒီမှာဟောထားတာ။ တချို့က ပြောကြသေးတယ်။ ငါးပါးသီလထဲမှာသာ သုရာမေရယ ပါတာပါ၊ ဒုစရိုက်ထဲမပါဘူး၊ မပါလို့ ဒုစရိုက်မဖြစ်ဘူးလို့ ဒီလို ဆင်ခြေပေးတဲ့လူတွေက ရှိသေးတယ်။ ဒါက သဘာဝကို နားမလည်လို့ ပြောတာ။

ဒုစရိုက် (၁၀) ပါးထဲမှာ သုရာမေရယကို ဘုရားမဟောတာ မှန်တယ်။ မဟောတာ သူ့အကြောင်းနဲ့သူ မဟောတာ။ ဒုစရိုက်ကို ပြောတဲ့အခါမှာ ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက် လို့ဆိုရာမှာ သုရာမေရယ မပါဘူး။ သုရာမေရယကို ကာယဒုစရိုက် (၃) ပါးထဲ ထည့်ပြောလို့ ရတာမှ [၂၇] မဟုတ်ဘဲ။ ဝစီဒုစရိုက်ထဲ ထည့်ပြောလို့ ရတာ မဟုတ်ဘူး။ သုရာမေရယ ဆိုတာ အရည်ကို သောက်တာကိုး။ မနောဒုစရိုက်ထဲမှာလည်း ထည့်ပြောလို့ မရဘူး။ သို့သော် အလျော်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် ကာယဒုစရိုက်ထဲမှာ ဝင်တယ်၊ ဘယ်ထဲမှာ ဝင်တုန်းဆိုရင် ကာမေသုမိစ္ဆာစာရထဲ ဝင်တယ်။ ကာမလို့ဆိုတာ နှစ်သက်စရာအာရုံကို ခေါ်တာ။ အဲဒီ နှစ်သက်စရာအာရုံ ကာမဂုဏ် ဆိုတာ အားလုံး ကြားဖူးကြတယ်။ မျက်စိကမြင်တဲ့ နှစ်သက်စရာ အဆင်းအာရုံ၊ နားကကြားတဲ့ နှစ်သက်စရာ အသံအာရုံ၊ နှာခေါင်းက နမ်းရှုရတဲ့ နှစ်သက်စရာ အနံ့အာရုံ၊ လျာနဲ့လျက်ရတဲ့ နှစ်သက်စရာ အရသာအာရုံ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့ရတဲ့ အထိအတွေ့အာရုံဆိုပြီးတော့ ကာမ- နှစ်သက်စရာ အာရုံက (၅) မျိုး၊ အဲဒီ (၅) မျိုးသည် စိတ်ကို [၂၈] ဖွဲ့နှောင်ထားတတ်သောကြောင့် ဂုဏ- (အနှောင်အဖွဲ့) လို့ ဒီလိုပြောတာ။

အဲဒီထဲမှာ သုရာမေရယဟာ ကာမထဲမှာ ပါတယ်။ သို့သော် မြင်စရာနဲ့လည်း မဆိုင်ဘူး၊ အနံ့နဲ့လည်း မဆိုင်ဘူး၊ ဘာနဲ့ သွားဆိုင်တုန်းဆိုရင် အရသာနဲ့ဆိုင်တယ်။ ဒီ မူးယစ်စေတတ်တဲ့ အရသာလေးကို စွဲနေတာ။ အရသာလို့ဆိုတဲ့ ကာမပေါ်မှာ မှားမှားယွင်းယွင်း ပြုလုပ်မှုဖြစ်လို့ သုရာမေရယကို ကာမေသုမိစ္ဆာစာရထဲ ထည့်ထားတာလို့ ဆိုတယ်။ ဒါကို သဘောပေါက်ဖို့လိုတယ်။

တခြား အသက်ရှည်ဖို့အတွက် အရသာရှိတဲ့ အစားအစာကို စားတာကို မှားတယ်လို့ ပြောလို့ မရဘူး။ အခုဟာက အသက်ရှည်မှုနဲ့ မဆိုင်ဘူး။ လူကို မူးယစ်စေတတ်ပြီး စိတ်ကို ပြောင်းလဲသွားစေတတ်တဲ့အရာ ဖြစ်သောကြောင့် မှားယွင်းတဲ့ [၂၉] အရသာခံမှုလို့ ခေါ်တယ်။ အဲဒီမှာ မှားယွင်းတဲ့ အရသာခံမှုကို မှားမှားယွင်းယွင်း ပြုကျင့်မှုဖြစ်လို့ ကာမေသုမိစ္ဆာစာရမျိုး ဖြစ်တယ်။ ကာမေသုမိစ္ဆာစာရထဲမှာ ပါတယ်ဆိုရင် ဒုစရိုက်ထဲမှာ ပါတယ်လို့ ပြောရမယ်။

အေး... ကောင်းပြီ၊ အခု ဒီသုတ္တန်မှာ သုရာမေရယကို မြတ်စွာဘုရား ထည့်သွင်းပြီး ဟောထားတယ်။ ကဲ... ဒုစရိုက်ဆိုတဲ့ စကားလုံးက မြန်မာနိုင်ငံမှာလည်းပဲ သုံးနေကြတယ်။ သို့သော် လူတွေက “ဒုစရိုက်နဲ့ အသက်မွေးတယ်ဆိုတာ” တလွဲနားလည်ကြတယ်။ ကိုယ်လုပ်တာကိုကျတော့ ဒုစရိုက်လို့ မထင်ကြဘူးလေ။ ဒုစ္စရိတ ဆိုတာ ပျက်စီးနေတဲ့ အမူအကျင့်တွေ၊ ခေါက်ရိုးကျိုးပြီး မကောင်းတဲ့ အမူအကျင့်တွေ၊ စိတ်ဓာတ်ကပျက်စီးနေလို့ ဖျက်ဆီးထားတဲ့ အမူအကျင့်၊ လူတော်လူကောင်းတွေရဲ့ [၃၀] အကျင့်မဟုတ်တဲ့ အကျင့်မှန်သမျှကို ဒုစရိုက်လို့ ခေါ်တယ်။ ဒုစရိုက်နဲ့ အသက်မွေးတယ်ဆိုရင် မကောင်းတာ ရောင်းဝယ်တဲ့ ပုဂ္ဂိုလ်တွေကိုသာ လက်ညှိုးထိုးလေ့ ရှိကြတယ်လေ။
(၁) ပါဏာတိပါတ
အဲဒီတော့ ဒုစရိုက်ဆိုတာ ဘာတွေလဲလို့ ဆိုရင် အားလုံးသိတဲ့အတိုင်း ကာယဒုစရိုက်က (၁) ပါဏာတိပါတ၊ သတ္တဝါတွေရဲ့ အသက်ကို ပါဏ လို့ခေါ်တယ်။ အဲဒီ ပါဏ ဆိုတဲ့အသက်ကို အတိပါတ လျင်လျင်မြန်မြန် အချိန်မစေ့ခင် သေအောင်လုပ်တာ၊ သတ်တယ်ပေါ့။ ဒါပြောတာ။

ပါဏာတိပါတရဲ့ အဓိပ္ပာယ်က အသက်ကို ဖြတ်တောက်ပစ်တာ။ စောစောစီးစီး သေအောင် ဖြတ်တောက်ပစ်တယ်၊ ဒီအဓိပ္ပာယ်ကို ဆိုလိုတယ်။

[၃၁] သေချိန်မတန်သေးခင် သေအောင်လုပ်တာ။ ဒါ ပါဏာတိပါတ။

အဲဒီ ပါဏာတိပါတမှာလည်း အင်္ဂါငါးချက်ကို မှတ်သားကြရမယ်၊ အင်္ဂါငါးချက်စုံရမယ်။
(၁) သတ္တဝါလည်း ဖြစ်ရမယ်၊ တကယ်သတ္တဝါ ဖြစ်ဖို့လိုတယ်၊ သတ္တဝါမဟုတ်ဘဲနဲ့ သတ္တဝါလို့ထင်ပြီး လုပ်တယ်ဆိုရင်တော့ ပါဏာတိပါတ မဖြစ်ဘူး။ သတ္တဝါလည်း ဖြစ်ရမယ်။
(၂) သတ္တဝါမှန်း သိတာလည်းဖြစ်ရမယ်။
(၃) သေစေလိုတဲ့ စိတ်လည်းရှိရမယ်။
(၄) သေအောင်လည်းလုပ်တယ်။
(၅) သေလည်းသေသွားတယ်။
ဒီ အင်္ဂါငါးချက် ညီဖို့လိုတယ်။ သေအောင်တော့လုပ်တယ်၊ မသေဘူး၊ ဒါကတစ်မျိုး။ သေစေလိုတဲ့စိတ်နဲ့ မဟုတ်ဘူး။ ရည်ရွယ်ချက်က တခြား၊ ဖြစ်သွားတာက တခြား၊ ဒါကတစ်မျိုး။ အင်္ဂါငါးချက် မစုံရင် သတ်မှုမမြောက်ဘူး။

[၃၂] ကိုယ်သတ်လိုက်တဲ့သတ္တဝါဟာ တကယ့်ကို သက်ရှိသတ္တဝါလည်း ဖြစ်ရမယ်။ ကိုယ်က သက်ရှိသတ္တဝါမှန်းလည်း သိသိကြီးလုပ်တာလည်း ဖြစ်ရမယ်။ သေပါစေဆိုတဲ့ သေစေလိုတဲ့စိတ်လည်း ရှိရမယ်။ သေအောင်လည်း ကြိုးစားတယ်။ သေလည်း သေသွားတယ်။ ဒါဆိုရင် ပါဏာတိပါတကံ မြောက်သွားပြီ။ ဒီ ပါဏာတိပါတ စေတနာဟာ သူ့သန္တာန်မှာ ကိန်းသွားပြီ။ စွမ်းအင်သတ္တိတွေ ရသွားပြီလို့ ဒီလိုပြောတာ။

အဲဒီမှာ မြတ်စွာဘုရားက “ပါဏာတိပါတော ဘိက္ခဝေ အာသေဝိတော ဘာဝိတော ဗဟုလီကတော” သူများအသက်သတ်ဖို့ စတင်ကြိုးစားတာကို အာသေဝိတ၊ ထပ်တလဲလဲ လုပ်တာကို- ဘာဝိတ။ အကြိမ်များစွာ လုပ်တာကို- ဗဟုလီကတ။ နေ့စဉ်နဲ့အမျှ ငါးတွေ သတ်တယ်၊ ကြက်တွေ သတ်တယ်၊ [၃၃] ဝက်တွေ သတ်တယ်။ အကြိမ်ကြိမ် အထပ်ထပ် သတ်တယ်။ များစွာ လုပ်တာ။ တစ်ခါတရံ စိတ်လိုက်မာန်ပါနဲ့ သတ်မိတဲ့ဟာမျိုးကို ဆိုလိုတာ မဟုတ်ဘူး။ နိရယသံဝတ္တနိကော ငရဲမှာဖြစ်စေနိုင်တယ်တဲ့။ သူ အကျိုးပေးရင် ငရဲမှာပဲ အကျိုးပေးမယ်။ “ဖြစ်စေနိုင်တယ်”လို့ဆိုတာ ဖြစ်ရမယ်လို့ ပြောတာ မဟုတ်ဘူး။ သတ္တဝါတွေသတ်တိုင်း ငရဲကျရမယ်လို့ ဒီလိုမတွက်ရဘူး။ အဲဒီလို ပြောလို့ရှိရင်လည်း မှားတယ်။ ပါဏာတိပါတ အမှုလုပ်တိုင်း ငရဲကျရမယ်လို့ ဒီလိုပြောတာ မဟုတ်ဘူး။ အကြိမ်ကြိမ် အထပ်ထပ် လုပ်မိနေပြီဆိုရင်တဲ့ နိရယသံဝတ္တနိကော ငရဲမှာဖြစ်စေနိုင်တယ်။ တိရစ္ဆာနသံဝတ္တနိကော (ငရဲက လွတ်လာလို့ရှိရင်) တိရစ္ဆာန် ဘဝမှာ ဖြစ်စေနိုင်တယ်။ (တိရစ္ဆာန်ဘဝက လွတ်လာလို့ရှိရင်လည်း) ပေတသံဝတ္တနိကော ပြိတ္တာမျိုးမှာ [၃၄] ဖြစ်စေနိုင်တယ်။ ဆင့်ကဲ ဆင့်ကဲ။ အဆိုးဆုံးက ငရဲ၊ ငရဲပြီးတဲ့အခါ နည်းနည်းသက်သာတာက တိရစ္ဆာန်၊ အဲဒီထက် သက်သာတာက ပြိတ္တာလို့ ဒီလိုဆိုလိုတာ။ အဲဒီတော့ မြတ်စွာဘုရားဟောတဲ့ တရားတော်ဟာ သူ့စကားလုံးအတိုင်း နားလည်ဖို့လိုတယ်။ ပါဏာတိပါတ ကိုလုပ်ပြီ၊ အကြိမ်များစွာ လုပ်ပြီ၊ အထပ်ထပ် လုပ်ပြီဆိုလို့ရှိရင်တဲ့ အဲဒီစေတနာသည် ငရဲ၌ ဖြစ်စေနိုင်တယ်။ တိရစ္ဆာန်ဘုံမှာ ဖြစ်စေနိုင်တယ်။ ပြိတ္တာဘုံမှာ ဖြစ်စေနိုင်တယ်။ သူ့အကျိုးပေးရင် အပါယ်ဘုံမှာပဲ အကျိုးပေးမယ်လို့ ပြောတာ။ သို့သော် သေချာပေါက် ဖြစ်သလားလို့ဆိုတော့ မဖြစ်ဘူး။ တခြားအကြောင်းတွေကိုလည်း ထည့်တွက်ရတယ်။

ကဲ... စဉ်းစားကြည့်လေ၊ ပိုက်ဆံရှိတဲ့လူတစ်ယောက်က လူသတ်မှု ကျူးလွန်တယ်၊ ထောင်ကျရဲ့ [၃၅] လား၊ မကျသူတွေ ရှိတယ်လေ။ ငွေပေးပြီး လျော်လိုက်ရင် မရဘူးလား။ ခုခေတ်မှာ ရှိတာပဲ။ ဘယ်ခေတ်မှာမဆိုရှိတယ် ဒါက အပြစ်ပြောစရာ မဟုတ်ဘူး။ သူ့ရဲ့အခြေအနေကောင်းလို့ ခေါ်တယ်။ အကုသိုလ်ကံဆိုတာလည်း ဒီအတိုင်းပဲလို့ မှတ်ပါ။ ကံကြမ္မာက မျက်နှာလိုက်တယ်လို့တော့ မအောက်မေ့နဲ့။ ငွေကြေးဓန တတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာ ထောင်တန်းကျရမယ့်ကိစ္စ လုပ်မိတောင် ထောင်မကျဘူး။ ဘာကြောင့်တုန်း၊ ငွေကြေးတတ်နိုင်လို့။ အဲဒါလိုပဲ အကုသိုလ်ကံ လုပ်တဲ့ပုဂ္ဂိုလ်ဟာ ကုသိုလ်ကံတွေ များများလုပ်ထားလို့ရှိရင် ငွေကြေးဓန ချမ်းသာသလိုပဲ၊ ကုသိုလ်ကံက ဝင်ကယ်သွားတာ။ အကုသိုလ်အမှုတော့ လုပ်မိပါတယ်။ ဒါပေမယ့် ကုသိုလ်တွေ များများလုပ်ထားတယ် ဆိုရင် သူက ငွေကြေးတတ် [၃၆] နိုင်တဲ့ လူလိုပဲလေ။ အဲဒီ ကုသိုလ်က သူ့ကို ကယ်သွားတာပဲ။

ဒါကို မြတ်စွာဘုရားက လောဏကပလ္လသုတ်မှာ ဆားခဲလေးနဲ့ ဥပမာပေးပြီး ဟောထားတယ်။ ဇီးဖြူသီးလုံးလောက်ရှိတဲ့ ဆားခဲလေးတစ်ခဲကို ဖန်ခွက်ထဲ ထည့်ထားတဲ့ ရေထဲကိုထည့်လိုက်၊ အဲဒီ ဖန်ခွက်ထဲကရေဟာ သောက်မဖြစ်လောက်အောင် ငန်သွားလိမ့်မယ်။ မှန်တယ်၊ အဲဒီလောက် ဆားခဲကို ရေကန်ကြီးထဲထည့်လိုက်၊ ဘာအရသာမှတောင် မရှိဘူး။ ဘာဖြစ်လို့လဲ၊ ရေတွေက များနေတာကိုး။ ဆားအရသာ လုံးဝ ပျောက်သွားတယ်။ အဲဒါလိုပဲ တချို့ပုဂ္ဂိုလ်ကျတော့ ကုသိုလ်တရားက လုံးဝမရှိဘူး၊ အကုသိုလ်တွေပဲ များနေရင် ဖန်ခွက်ထဲက ရေလေးလိုပဲ ကုသိုလ်နည်းနည်းလေးပဲ ရှိတယ်။ ဇီးဖြူသီးလုံးလောက် ဆားခဲလေးနဲ့ သောက်မဖြစ် [၃၇] အောင် ငန်သွားမှာ။ ဆိုလိုတာက ဒီပုဂ္ဂိုလ်ဟာ ခံပေရော့၊ နည်းနည်းလေး လုပ်လည်း နည်းနည်း ခံပေတော့၊ ဒီလိုပြောတာ။ ကုသိုလ်ကောင်းမှုရှိတဲ့ ပုဂ္ဂိုလ်ကျတော့ မခံရဘူး။ ဒါ ကံကြမ္မာက မျက်နှာ လိုက်တာလားလို့ဆိုတော့ မဟုတ်ဘူး။ အခြေအနေ ကောင်းတွေ ရှိလို့ရှိရင် အခြေအနေကောင်းက ကာကွယ်သွားတာ။ ဒါ သဘာဝပဲလေ။ အခြေအနေကောင်းဆိုတာ ပိုက်ဆံရှိတာ အခြေအနေကောင်း။ ကိုယ့်ကို ကာကွယ်စောင့်ရှောက် ပေးမယ့် လူရှိတာ အခြေအနေကောင်း၊ အားကိုးရှိ တာ အခြေအနေကောင်း၊ ဒါတွေက အခြေအနေ ကောင်းတွေလို့ခေါ်တယ်။ အခြေအနေကောင်းတွေ မရှိဘူးဆိုရင် နည်းနည်းလုပ်၊ နည်းနည်းခံပေတော့။ ဒီလိုပြောတာ။ အခြေအနေကောင်းကိုလည်း ထည့် သွင်းပြီး မှတ်သားထား။

[၃၈] သို့သော် ပါဏာတိပါတအလုပ် အင်အား ကောင်းလာရင် ဘယ်မှာဖြစ်စေတုန်း၊ ငရဲမှာ ဖြစ်စေတယ်။ ဒီ့ထက် သက်သာတဲ့နေရာဆိုရင် တိရစ္ဆာန်ဘဝမှာ ဖြစ်စေတယ်။ ဒီ့ထက် သက်သာတယ်ဆိုရင် ပြိတ္တာဘဝမှာ ဖြစ်စေတယ်။ ကဲ ပါဏာတိပါတရဲ့ အပေါ့ဆုံးအပြစ်ကို ပြောစမ်းပါ။ ပါဏာတိပါတ လုပ်တဲ့ပုဂ္ဂိုလ်ဟာ လုံးဝကွင်းလုံး ကျွတ် လွတ်တာတော့ မဟုတ်ဘူး။ ဘဝတစ်ခုမှာ သူများအသက် သတ်လာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ တခြားကုသိုလ်ကံတွေရဲ့ အကျိုးနဲ့ လူဘဝ ရောက် လာပြီဆိုရင် သူလုပ်ခဲ့တဲ့ ပါဏာတိပါတစေတနာက အသက်တိုစေတတ်တယ်။ အဲဒီပုဂ္ဂိုလ်ဟာ ငယ်ငယ် နဲ့ သေရော။ ခုခေတ်မရှိဘူးလား ငယ်ငယ်နဲ့ သေတာ တွေ ပြည့်လို့။ မွေးကတည်းက ရောဂါနဲ့ မွေးလာတဲ့ လူတွေရှိတယ်၊ ဒုက္ခတွေ ရောက်တယ်။ တချို့ဆိုရင် [၃၉] မိခင်ရဲ့ ဝမ်းထဲမှာတင် သေသွားတယ်။ တခြား အကြောင်းတွေ ပြောကြတာပေါ့ သားလျောသွား တယ်တို့၊ အမှန်က သူလုပ်ခဲ့တဲ့ ပါဏာတိပါတ ကံကြောင့်ပဲ။

တချို့ဆိုရင် ကလလရေကြည်အဆင့်မှာတင် သေသွားတယ်။ တချို့ကျတော့ ကလလရေကြည် ကနေ အကောင်အတည် ဖြစ်လာတဲ့အခါ သေသွား တယ်။ တချို့ကျတော့ မွေးမွေးချင်းသေသွားတယ်။ တချို့ကျတော့ မွေးပြီးအသက်ရှင်ပြီး သိပ်မကြာဘူး၊ သေသွားတယ်။ တချို့ကျတော့ အရွယ်ကောင်းတုန်း သေသွားတယ်။ လောကမှာ ဒီလိုဟာတွေရှိတယ်၊ လူတွေကတော့ ဘာရောဂါကြောင့်ဆိုပြီး ရောဂါ စွဲတယ်၊ ဘာကြောင့် သေရတယ်နဲ့ အကြောင်းတရား တွေကိုတော့ လိုက်စွဲကြတယ်။ တကယ်ကတော့ [၄၀] လက်သည်က ပါဏာတိပါတကံပဲ။

ဘယ်သူလဲဆိုရင် ... သူလုပ်တဲ့ နိဂုံးမှာ မြတ်စွာဘုရားက ဘာဟောထားလဲ၊ ယော သဗ္ဗလဟုသော ပါဏာတိပါတဿ ဝိပါကော အပေါ့ဆုံး ပါဏာတိပါတရဲ့ အကျိုးလေး ကို ပြောစမ်းပါဆိုရင် မနုဿဘူတဿ အပ္ပါယုကသံဝတ္တနိကော လူဖြစ်လာရင်တောင် အသက်တို စေတတ်တယ်တဲ့၊ အဲဒီတော့ အဲဒီအချိန်လေးမှာ အသက်ရှည်ပါစေ ဆုတောင်းပေးလဲ ရှည်မှာမဟုတ် ဘူး။ ပါဏာတိပါတ ရှိတဲ့လူဟာ သေမှာပဲ။ တကယ် လည်း ရောဂါဖြစ်ပြီး သေရတာပဲ။ လောကလူတွေ အသက်တိုကြတာ ပါဏာတိပါတကံ မလုံခဲ့ကြလို့ပဲ။ ကိုယ့်မိသားစုထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေ သွားတာတွေ တွေ့လိုက်ရင် ဩော် ပါဏာတိပါတ မလုံလို့။ သူများမိသားစု မကြည့်နဲ့၊ ဘုန်းကြီးတို့ [၄၁] မိသားစု (၁၂) ယောက်ရှိတဲ့အထဲ တစ်ယောက်က မိခင်ဝမ်းထဲမှာပဲ ဆုံးသွားတယ်။ တစ်ယောက်က တော့ မွေးပြီး လသားအရွယ်လောက်မှာပဲ သေ သွားတယ်။ အကြီးဆုံးအောက်က နှစ်ယောက် သွားတယ်ဆိုတာ သိရတယ်။ ဘုန်းကြီးတို့ကတော့ နံပါတ်(၁၁)ဆိုတော့ မသိလိုက်ဘူး။ နောက်တစ်ခါ ဘုန်းကြီးအောက်က နှမလေးတစ်ယောက် ကိုးနှစ် လောက်မှာ ကျောက်ပေါက်ပြီးတော့ ဆုံးသွားတယ်။ ဒါလည်း အသက်တိုသွားတာပဲလေ။ မိသားစုထဲမှာ အသက်တိုတဲ့လူက တိုတာပဲ၊ ရှည်တဲ့လူက ရှည်တာ ပဲ၊ မတူကြဘူး။ အခြားအကြောင်းတွေသာ လူတွေ က ပြောကြတာ၊ ကျောက်ပေါက်လို့ သေတာ။ ကျောက်မပေါက်ရင် မသေဘူးလို့ တွက်ကောင်း တွက်လိမ့်မယ်၊ မဟုတ်ဘူး။ သေဖို့ ဖန်တီးလာတာ၊ ဒီလိုပဲ ပြောရမယ်။ ဘာဖြစ်လို့ အသက်ရှည်အောင် [၄၂] မနေရလဲဆို ပါဏာတိပါတကြောင့်။ အဲဒီတော့ မိသားစု (၁၂) ယောက်ရှိတဲ့အထဲမယ် (၉) ယောက်ပဲ အရွယ်ရောက်သည်ထိအောင် နေရတယ်။ ကျန်တဲ့ (၃) ယောက်က ငယ်ငယ်နဲ့ဆုံးသွားတယ်။ ဒါ အပ္ပါယုကသံဝတ္တနိကော လို့ ဒီလိုပဲ နားလည်ရတယ်။ တခြား မိသားစုတွေမှာလည်းပဲ ဒီအတိုင်းပဲ။ လောကမှာ စောစောသေသွားတယ် ဆိုတာ မှန်သမျှဟာ ပါဏာတိပါတရဲ့ အကျိုးဆက်တွေပဲလို့ သံဝေဂယူစရာပေါ့။ အခုလို အသက်တိုတာ တွေ့ ရလို့ရှိရင် အတိတ်ဘဝတုန်းက ပါဏာတိပါတ ကံ ရှိခဲ့လို့သာဖြစ်တယ်။ ပါဏာတိပါတ အမှုကို မကျူးလွန်မိအောင် ဂရုစိုက်မှပဲလို့ စိတ်ထဲမှာ နှလုံး သွင်းဖို့ လိုအပ်တယ်။ ဆင်ခြင်ရမယ်။

[၄၃]

(၂) အဒိန္နာဒါန

နောက်တစ်ခု ကာယဒုစရိုက်နဲ့ ပတ်သက်ပြီး အဒိန္နာဒါနတဲ့။ သူများပစ္စည်းကို မတရားယူတယ်၊ မတရားယူတယ်ဆိုတဲ့နေရာမှာ အမျိုးမျိုးပဲ။ မရိုး သားတဲ့စိတ်နဲ့ ယူတယ်။ ဝိနည်းကျမ်းဂန်မှာ ခိုးခြင်း (၂၅) မျိုးခွဲပြတာ ရှိတယ်။ (အကြောင်းတိုက်ဆိုင်တဲ့ အခါ ခိုးခြင်း (၂၅)ပါးကို ကျကျနနရှင်းပြမယ်။) ကနေ့ခေတ် မြန်မာနိုင်ငံမှာ အဒိန္နာဒါန တွေ အလွန်များတယ်လို့ ပြောရမယ်။ သို့သော် သူခိုးလို့ စွပ်စွဲခံရတာတော့ ဟိုအိမ် ဒီအိမ်က ပစ္စည်းခိုးတဲ့လူပဲ စွပ်စွဲခံရတယ်။ ဈေးထဲမှာ မမှန်မကန် ပစ္စည်းရောင်း တာလည်း ခိုးမှုပဲ။ အကောင်းနဲ့အဆိုး ညှပ်ရောင်းရင် လည်း ခိုးမှုပဲ။ ဆီသန့်ပါဆိုပြီး မသန့်တာတွေ ရောတာလည်း ခိုးမှုပဲ။ အားလုံးဟာ ခိုးမှုနဲ့ မကင်း [၄၄] ဘူး။ အဲဒီတော့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ သတိထားစရာ အင်မတန်မှ ကောင်းတယ်။ အဒိန္နာဒါန အမှုဟာ အာသေဝိတော- စလုပ်ပြီ၊ ဘာဝိတော- များများဖြစ်အောင် လုပ်ပြီ၊ ဗဟုလီကတော- အကြိမ်ကြိမ် အထပ်ထပ် ဖြစ် အောင် လုပ်ပြီဆိုရင်၊ နိရယသံဝတ္တနိကော- ငရဲမှာ ဖြစ်စေနိုင်တယ်၊ တိရစ္ဆာနသံဝတ္တနိကော- တိရစ္ဆာန် ဘုံမှာ ဖြစ်စေနိုင်တယ်၊ ပေတသံဝတ္တနိကော- ပြိတ္တာဘုံမှာ ဖြစ်စေနိုင်တယ်။

အဒိန္နာဒါနကျူးလွန်တဲ့ပုဂ္ဂိုလ် လူ့ဘဝရောက် လာလို့ အပေါ့ဆုံးအပြစ်က (အဒိန္နာဒါနရဲ့ အဆိုး ပုံရိပ်ကလေးက) ဘာတုန်းဆိုရင် ဘောဂဗျသနသံဝတ္တနိကော ကိုယ်ရှာထားတဲ့ ပစ္စည်းတွေဟာ အမြဲ တမ်း ပျက်စီးတတ်တယ်။ ဆုံးရှုံးတယ်၊ သူခိုးခိုးခံရ တယ်၊ မီးလောင်ခံရတယ်၊ ရေမျောတယ်၊ အသိမ်း [၄၅] ခံရတယ်။ ကိုယ်ရှာဖွေထားတဲ့ပစ္စည်းတွေ အကြောင်း အမျိုးမျိုးနဲ့ ပျက်စီးတယ်၊ ဆုံးရှုံးတယ်။ အဲဒါဟာ အဒိန္နာဒါနရဲ့ အကျိုးပါတဲ့။

ရှေးတုန်းက ဆရာတော်ကြီးတစ်ပါး ကျောင်း မှာ ပစ္စည်းအခိုးခံရတဲ့အခါ ဆရာတော်ကြီးက ပြောတုန်းဆို “တိတ်တိတ်နေကြ၊ လူမသိစေကြနဲ့။ တို့အမှုတွေ ပေါ်ကုန်လိမ့်မယ်။” ဒါ အတိတ်ကံကို ရည်ရွယ်ပြောတာ။ “တို့ပစ္စည်း အခိုးခံရတယ်ဆိုတာ ဟိုတုန်းက ငါတို့ခိုးလာတာ၊ ငါတို့အမှုတွေ ပေါ်ကုန် ပြီ။” အဲဒီလို ဆိုလိုတယ်။ ပစ္စည်း မီးလောင်ခံရရင် လည်း ငါ့အမှုပေါ်နေပြီ၊ အသာနေကြ။ သွားပြီး complain မလုပ်ကြနဲ့။ ကိုယ့်အိမ် အခိုးခံရပြီဆိုရင် အသာတိတ်တိတ်နေ၊ အမှုပေါ်နေတာ၊ ဟိုဘဝတုန်း က ငါလုပ်ခဲ့တာတွေ ခံနေရတာ၊ အပေါ့ဆုံးအပြစ်က ဘောဂဗျသနသံဝတ္တနိကော စည်းစိမ်ဥစ္စာတွေ [၄၆] ပျက်စီးတယ်။ အပျက်နဲ့ ကြုံရတယ်၊ ဒါ အပေါ့ဆုံး အပြစ်ပါတဲ့။

(၃) ကာမေသု မိစ္ဆာစာရ

နောက်တစ်ခု ကာမေသုမိစ္ဆာစာရ၊ ကာမ ကိစ္စတွေမှာ မှားမှားယွင်းယွင်း လုပ်တယ်။ သူတပါး သားမယားပြစ်မှားမှုကို အကြိမ်ကြိမ် လုပ်မိပြီဆိုရင် ခုနက အတိုင်းပဲ။ အဲဒီအမှုက ငရဲ တိရစ္ဆာန် ပြိတ္တာ။ အဲဒီဘဝတွေမှာ ဖြစ်စေနိုင်တယ်။ အပေါ့ဆုံး အပြစ် ကတော့ လူဖြစ်လာရင်၊ သပတ္တဝေရသံဝတ္တနိကော သူ့ကိုတွေ့တာနဲ့ပဲ ရန်လုပ်ခံရတယ်။ ဘာလေး ပြော လိုက် ပြောလိုက်၊ သူ့ကို မတည့်တဲ့လူက အလွန်များ တယ်။ ရန်သူများတယ်။ လူတွေက သူ့ကို အလိုလို မုန်းနေတယ်။ မြို့ထဲ ရွာထဲမှာ ဟိုနားသွား၊ ဒီနားသွား မုန်း၊ မုန်းတာ အလိုလိုမုန်းတာ။ “ဒီကောင့် ကြည့်မရ [၄၇] ဘူး" ဆိုတဲ့လူတွေ ရှိတယ်လေ။ ကြည့်မရဘူး။ လူတကာက မုန်းတယ်။ အဲဒီလို လူတကာမုန်းတဲ့ သူဖြစ်ရတတ်တယ်။

လူလူချင်း မုန်းတယ်ဆိုတာရှိတယ်၊ မကောင်း တာလုပ်လို့ မုန်းတာကတစ်မျိုး၊ အကြောင်းမဲ့ အမုန်း ခံရတာက တစ်မျိုး၊ ရန်သူများတယ်။ အရပ်ထဲမှာ နေရင် မတည့်တဲ့လူတွေ များတယ်ဆိုတာ ကာမေသုမိစ္ဆာစာရ ကျူးလွန်ခဲ့တဲ့အမှုရဲ့ အပေါ့ဆုံး အပြစ် ပါတဲ့။ အဆိုး ပုံရိပ်တစ်ခုလို့ ဒီလိုပြောတာ။ ဒါက ကာယဒုစရိုက် သုံးခုနဲ့ ပတ်သက်တာ။

(၄) မုသာဝါဒ

ကဲ ဝစီဒုစရိုက်တွေကြည့်၊ မုသာဝါဒ။ မုသာဝါဒဆိုတာ အမှားကို အမှန်လုပ်ပြီး သိသိကြီးနဲ့ ပြောင်းပြန်ပြောတာ။ ဈေးရောင်းတဲ့ နေရာမှာလည်း [၄၈] မုသာဝါဒတွေ ရှိတယ်။ တကယ်ပေးရတာက ငါးထောင်လောက် ပေးရတာကို ဒါက တစ်သောင်း ပေးရတယ်လို့ ပြောပြီး တစ်သောင်းခွဲရအောင် ကြိုးစားလို့ရှိရင်တော့ ဒါ လိမ်ပြောတာခေါ်တယ်။ မပြောနဲ့ပေါ့။ ဒီလောက်ရမှ ရောင်းနိုင်မယ်ပဲ ပြောပေါ့။ ဘယ်လောက် ပေးထားရတယ်လို့ လိမ် မပြောနဲ့၊ ဒီလိုဆိုလိုတာ။

လိမ်လည် ပြောကြားမှုဆိုတဲ့ အထဲမယ် တချို့ ကျတော့ ရုံးပြင်ကနားတက်ပြီးတော့ လူတစ်ယောက် အကျိုးမဲ့ ဖြစ်သွားအောင် လိမ်လည်တာတွေ ရှိတယ် လေ။ အဲဒီလိမ်လည်မှုက တစ်ဖက်သားအကျိုး ပျက်စီးသွားအောင် ဒုက္ခရောက်သွားအောင် ဖြစ်စေ တယ်။ အဲဒီလို လိမ်ပြောတဲ့ မုသာဝါဒက ပိုပြီးတော့ အပြစ်ကြီးတယ်ပေါ့။

[၄၉] တစ်ဖက်သား အကျိုးမဲ့အောင် လုပ်လိုက်လို့ စေတိယမင်း မြေမျိုသွားတယ်ဆိုတာ အဲဒါ။ တစ်ဖက်သား အကျိုးမဲ့ဖြစ်အောင်၊ ရာထူးတစ်ခု ရရာမှာ၊ အကြီးနဲ့အငယ်၊ အကြီးက ရာထူးရရမယ်၊ အဲဒါကို သူက အကြီးကို အငယ်လုပ်ပြီး ပြောတယ်၊ အငယ်ကို အကြီးလုပ်ပြောတယ်။ ပြောင်းပြန် ပြောတာ။ ပြောင်းပြန်ပြောတဲ့ စေတိယမင်း မြေမျို တယ်။ အခုခေတ် မုသာဝါဒသမားတွေ ဘာဖြစ်လို့ မြေက မမျိုတုန်းဆို မြေက ရွံ့လို့နေမှာပေါ့။ လိမ်တာ လည်း များနေပြီလေ။ လိမ်တာက များတဲ့အခါကျ တော့ မမျိုနိုင်တော့ဘူးပေါ့၊ ဒီလို ဖြစ်လိမ့်မယ်။

အဲဒီမုသာဝါဒ ကျူးလွန်ခဲ့တဲ့ ပုဂ္ဂိုလ်တစ် ယောက်ဟာ ခုနကအတိုင်းပဲ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဘုံမှာ ဖြစ်တယ်။ လူဖြစ်လာလို့ရှိရင် အဆိုးပုံရိပ်တွေ ပေါ်လာတယ်။ ဘာလဲဆိုရင် အဘူတဗ္ဘက္ခာန တဲ့။

[၅၀] အဘူတ-ဆိုတာ မမှန်မကန်၊ အဗ္ဘက္ခာန- ဆိုတာ စွပ်စွဲခံရတာ။ မုသာဝါဒ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ မမှန် မကန် စွပ်စွဲခံရမှုတွေ အကြိမ်ကြိမ် ကြုံရတတ်တယ်၊ ခုခေတ်မှာလည်း ရှိတယ်။ မမှန်မကန် စွပ်စွဲခံရပြီး အဖမ်းခံရတယ်။ ထောင်တန်းကျတယ်။ တကယ်က တော့ သူလုပ်တာ မဟုတ်ဘူး။ သူ မလုပ်ပေမယ်လို့ မှားယွင်းထောင်ချခံရတာမျိုး၊ ဒါမျိုးတွေက ရှိတယ်။ အဲဒါဟာ သာမန်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် ဟိုဘဝတုန်းက ကိုယ်လိမ်ခဲ့တဲ့ ကံရဲ့အကျိုးတွေပဲ။ လိမ်လည်ခဲ့တဲ့ မုသာဝါဒရဲ့ အပေါ့ဆုံးအပြစ်ပဲတဲ့။ မတရားစွပ်စွဲမှုတွေ ဖြစ်လာတယ်။ ဘာပဲဖြစ်ဖြစ် သူ့ပဲ အထင်ခံရတယ်။ ကောင်းကောင်းနေလည်း အဆိုး ထင်ခံရတယ်။ ဒီလိုဟာမျိုးတွေ ဖြစ်တတ်တယ်။ ဒါ မုသာဝါဒရဲ့ အပြစ်။

[၅၁]

(၅) ပိသုဏဝါစာ

နောက်တစ်ခု ပိသုဏဝါစာ၊ တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင် လုပ်တာ။ တို့မီးရှို့မီး လုပ်တယ်။ လူနှစ်ယောက် တတွဲတွဲ လုပ်နေလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် အထင်အမြင် လွဲသွား အောင် မတည့်အောင် ဝင်ပြီးတော့ သပ်လျှိုတယ်။ ဂုံးချောတယ်ပေါ့၊ ပိသုဏဝါစာ လို့ ခေါ်တယ်။ အဲဒီ ပိသုဏဝါစာ အလုပ်ကို လုပ်တဲ့ပုဂ္ဂိုလ်တွေ နောက် ဆုံးကျတော့ ဘာဖြစ်တုန်း။ ငရဲ တိရစ္ဆာန် ပြိတ္တာဆိုတဲ့ ဘဝတွေမှာ ရောက်ရတယ်။

ပိသုဏဝါစာရဲ့ အပေါ့ဆုံးလို့ဆိုတဲ့ အဆိုး ပုံရိပ်က ဘာလဲဆိုရင် ကြည့်လေ၊ ခုခေတ်မှာ လူ တစ်ယောက်ဟာ ဘယ်သူနဲ့ပဲဖြစ်ဖြစ် အပေါင်း အသင်းဖြစ်ရင် ခဏပဲ၊ ပြီးရင် ကွဲသွားကြပြီ၊ မတည့် ကြတော့ဘူးတဲ့။ တည့်ရင် တစ်လနှစ်လပဲ၊ ပြီး ကွဲကြ [၅၂] ပြန်ပြီ။ ခဏခဏ ကွဲကြတယ်။ အဲဒီ ခဏခဏ ကွဲ တာဟာ အကြောင်းမဲ့ ကွဲတာ မဟုတ်ဘူးတဲ့။ အရင် တုန်းက သူများကို ကွဲအောင်လုပ်ခဲ့တဲ့ ကံကြမ္မာရဲ့ ပုံရိပ်တွေ ပေါ်တာ။ မိတ်ဆွေ အပေါင်းအသင်းတွေ က သူနဲ့ အမြဲတမ်း ခွာပြဲတယ်။ အပေါင်းအသင်း တွေက ရှောင်ကြတယ်။ မတည့်ကြ ဖြစ်ကုန်ကြ တယ်။ ဘယ်သူနဲ့ တွဲလိုက်တွဲလိုက် ကွဲပြန်ပြီဆိုတဲ့ ဟာတွေက အတိတ်ဘဝတုန်းက ကိုယ်လုပ်ခဲ့တဲ့ အဆိုးရဲ့ပုံရိပ်တွေပဲလို့ ဒီလို မှတ်သားကြရမယ်။ ဒါ မြတ်စွာဘုရား ဟောခဲ့တာ။ မိတ္တေဟိ ဘေဒနသံဝတ္တနိကော အပေါ့ဆုံးအပြစ်က မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ကွဲရတယ်၊ ဒီလိုဆိုလိုတာ။ အဲဒီ အကွဲအပြဲတွေကတော့ ဗမာပြည်မှာ လည်း ရှိတယ်။ အနောက်တိုင်းတွေမှာ ဇနီးမောင်နှံ divorce လုပ်တာတွေ အင်မတန်မှ များတယ်။

[၅၃] ကွဲကြတာ။ အဲဒီ အကွဲတွေဟာ ဒီ ပိသုဏဝါစာ ရဲ့ အကျိုးဆက်တွေပဲ ဖြစ်နိုင်တယ်။ သားအဖချင်း ကွဲတယ်၊ ညီအစ်ကို မောင်နှမချင်း ကွဲတယ်။ အကွဲ ဇာတ်လမ်းခင်းတာ၊ မတည့်ကြဘူးတဲ့၊ ညီညွတ်မှု မရှိကြဘူးတဲ့။ အဲဒါဟာ ပိသုဏဝါစာရဲ့ အပေါ့ဆုံး အပြစ်ပါတဲ့။

(၆) ဖရုသဝါစာ

နောက်တစ်ခု ဖရုသဝါစာ၊ ဘယ်တော့မှ ချိုချို သာသာ မပြောတတ်ဘူး။ တချို့က နှုတ်ကျိုးနေတာ ရှိတယ်။ ငယ်ငယ်တုန်းက တောရွာက ဘုန်းကြီး တစ်ပါး နှုတ်ကျိုးတာ ကိုယ်တိုင်လည်း တွေ့ဖူးတယ်။ ဘယ်သူ့ဖြစ်ဖြစ် သူနဲ့ရင်းနှီးတဲ့ပုဂ္ဂိုလ် တွေ့လို့ရှိရင် “ဟေ့ကောင်ကြီး မသေသေးဘူးလား” ဆိုပြီး နှုတ်ဆက်တယ်။ သူနှုတ်ဆက်တာက မသေသေးဘူး [၅၄] လားတဲ့၊ သေခိုင်းနေတာကျရော။ အဲဒီလို ဆဲပြီးတော့ နှုတ်ဆက်တတ်တယ်။

တချို့က အမြဲတမ်းကြမ်းတမ်းတဲ့စကား၊ ရိုင်း ပြတဲ့စကား ပြောတယ်။ ယဉ်ကျေးလိမ္မာတဲ့စကား ဘယ်တော့မှ မပြောဘူး။ ဒါကို ဖရုသဝါစာ လို့ခေါ် တယ်။ ဆဲတယ်၊ ရေးတယ်၊ ရိုင်းရိုင်းစိုင်းစိုင်း ပြော တယ်။ တချို့က ထမင်းစားတာတောင် ဆောင့် အောင့်ပြီး “ကဲ မျိုကြဆို့ကြ”လို့ လုပ်တာရှိသေးတယ်။ မျိုဟဲ့ ဆို့တဲ့တဲ့။ ကောင်းကောင်းမွန်မွန် စားပါစေ၊ ဘယ့်နှယ့်မျိုခိုင်းနေတယ်၊ ဒီလိုဟာမျိုးတွေက ရှိသေး တယ်။ တချို့အိမ်တွေမှာ နှုတ်ကြမ်းတာတွေ ကြားရ တယ်။ အဲဒီ နှုတ်ကြမ်းတာကို အကုသိုလ်လို့ မထင် ဘူး၊ ဒုစရိုက်လို့ မထင်ကြဘူး။ အဲဒီ ဒုစရိုက်ကလည်း အကြိမ်ပေါင်းများစွာ ဖြစ်လာလို့ရှိရင် ငရဲ တိရစ္ဆာန် ပြိတ္တာ ဖြစ်စေနိုင်တယ်တဲ့။

[၅၅] နောက်ဆုံး သူ့ရဲ့ အဆိုးပုံရိပ်က ဘာလဲဆို လူ့ဘဝ ရောက်လာရင် စိတ်ချမ်းသာစရာ စကား ဘယ်တော့မှ မကြားရဘူးတဲ့။ သူ့ထံလာပြောသမျှ စိတ်ဆင်းရဲမယ့် စကားတွေချည်းပဲ။ မကြားဝံ့ မနာသာတွေပဲ အပြောခံရတယ်။ ဘယ်တော့မှ စိတ်နှလုံးအေးချမ်းမယ့် စကားသံမျိုး မကြားရဘူးတဲ့၊ ဟုတ်တယ်၊ တချို့ အိမ်တွေမှာ ဆဲဆိုနေကြတာပဲ၊ ချိုချိုသာသာ ပြောတာမရှိဘူး။

တချို့မိသားစုတွေကျတော့လည်း လိမ္မာယဉ်ကျေးကြတယ်။ သားအမိ သားအဖ ယဉ်ယဉ်ကျေးကျေး ပြောကြဆိုကြတယ်။ ဒီလိုဟာတွေလည်း ရှိတာပဲ။ ဆဲဆိုပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတာတွေလည်း တွေ့ဖူးတာပဲ။ အဲဒါဟာ ဖရုသဝါစာရဲ့ အကျိုးတွေပဲတဲ့။ အဆိုးပုံရိပ်တွေဟာ အမနာပသဒ္ဒသံဝတ္တနိကော ကိုယ့်စိတ်ထဲမှာ မကြိုက်တဲ့ အသံ [၅၆] တွေချည်းပဲ ကြားရတယ်။ အမေ အဖေကတောင်မှပဲ “ငါ့သား”လို့ ဘယ်တော့မှ မခေါ်ဘူး၊ “သေနာကောင်လေး”လို့ အခေါ်ခံရတယ်။ “ဒီသေနာကောင်လေးက မသေနိုင်ဘူး”တဲ့ ပြောတာ။ အဲဒီတော့ သူ့အနေနဲ့က သားလို့ခေါ်တဲ့အသံ တစ်ခါမှ ကြားကို မကြားဖူးဘူး။ မွေးလာကတည်းက သေနာကောင်ပဲ အခေါ်ခံရတယ်၊ အဲဒါမျိုးတွေ ရှိတယ်။ ဘာဖြစ်လို့ သူ့ကို သေနာကောင်လို့ အခေါ်ခံရတာတုန်းဆို ဟိုဘဝတုန်းက ဖရုသဝါစာ သူပြောခဲ့လို့လေ။ ချိုသာတဲ့ စကားဆိုတာ ဘယ်တော့မှ မကြားရဘူး။ တချို့ အမျိုးသမီးတွေလည်း ပြောကြတယ်။ သူ့အမျိုးသားကို “အိမ်က ဟာကြီး”တဲ့၊ ချိုချိုသာသာ မပြောဘူး။ အိမ်ကဟာကြီးလို့ ပြောတယ်။ ချိုသာမှု မရှိကြဘူးပေါ့။ အဲဒီလို ချိုချိုသာသာ မပြောတတ်တဲ့ အလေ့အထဟာလည်း ဒုစရိုက်တစ်ခုပဲလို့ မှတ်သား [၅၇] ထားကြ။ ဘာပဲဖြစ်ဖြစ် ချိုသာတဲ့စကားနဲ့ ယဉ်ယဉ်ကျေးကျေး ပြောတတ်ဖို့ဆိုတာ အရေးကြီးတယ်။

(၇) သမ္ဖပ္ပလာပ

နောက်တစ်ခုက သမ္ဖပ္ပလာပ တဲ့၊ အကျိုးစီးပွားကို ပျက်စီးစေတတ်တဲ့ အပြောမျိုးတွေ၊ ဘာတွေတုန်းဆို “တရားလက်လွတ် အပြောတွေ၊ တရားနဲ့ ဆန့်ကျင်တဲ့အပြောတွေ၊ လောကအကျိုး၊ သံသရာအကျိုး ဘာမှမရှိတဲ့ အကျိုးမဲ့ပျက်စီးစေနိုင်တာတွေကို ပြောတယ်။ အဲဒါကို သမ္ဖပ္ပလာပ လို့ ခေါ်တယ်။” အဲဒီ သမ္ဖပ္ပလာပ ပြောတာဟာ ဒုစရိုက်ပဲ။ အဲဒီ ဒုစရိုက်ကို ကျူးလွန်ပြီဆိုရင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဒီဘုံတွေမှာ ဖြစ်စေနိုင်တယ်၊ လူဖြစ်လာလို့ အပေါ့ဆုံးအပြစ်အနေနဲ့ အဆိုးဆုံးပုံရိပ်က ဘာလဲဆိုရင် အနာဒေယျဝါစာသံဝတ္တနိကော [၅၈] ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

အလေးမမူခံရတဲ့ စကားရှိသူမျိုး ဖြစ်စေတယ်။ သူ ဘာပြောပြော သူ့စကားကို ဘယ်သူမှ နားမထောင်ဘူး၊ ရယ်စရာဖြစ်တယ်။ သူ့စကား ဘယ်သူမှ အလေးအနက် မထားဘူး။ အဲဒီလို အနာဒေယျဝါစာ ဘယ်သူမှ စိတ်ထဲမရောက်တဲ့ နားမထောင်ချင်တဲ့ စကားရှိတဲ့ပုဂ္ဂိုလ်မျိုး ဖြစ်စေတတ်တယ်။ အသုံးအမကျတဲ့ လူအနေနဲ့ထားပြီး အရပ်ထဲမှာ သူပြောရင် ဘယ်သူမှ နားမထောင်ဘူး။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေဟာ သမ္ဖပ္ပလာပ ဆိုတဲ့ ဒုစရိုက်ကို ကျူးလွန်ခဲ့သည့်အတွက် အဆိုးပုံရိပ်တွေ ပေါ်နေတာ။ သံဝေဂ ယူတတ်ဖို့ပေါ့။

(၈) သုရာမေရယ

ဒါ ဒုစရိုက် (၇) ပါး ပြီးသွားပြီ၊ မြတ်စွာဘုရားက ဖြည့်စွက်ပြီးတော့ ဟောထားတာက သုရာမေရယ- [၅၉] မဇ္ဇပါန အရက်သေစာ မူးယစ်စေတတ်တဲ့ အရာကို သောက်စားမူးယစ်ခြင်း။ ပင်ကိုယ်စိတ် ပျောက်သွားပြီး မူးယစ်စေတယ်။ စိတ်တစ်မျိုး ဖြစ်လာစေတတ်တာ။ စိတ်ကို ကြွစေတာ၊ စိတ်ကို ထစေတာ ဆိုတဲ့ မူးယစ်ဆေးဝါး။ ဘယ်ဟာပဲဖြစ်ဖြစ် ပကတိစိတ် ပျောက်သွားတဲ့ မူးယစ်စေတတ်တဲ့ ပစ္စည်းကို အသုံးပြုတယ်။ အကြိမ်ကြိမ် အထပ်ထပ် လုပ်လာပြီဆိုလို့ရှိရင် အဲဒီ သုရာမေရယက ဘယ်မှာ ဖြစ်စေနိုင်တာတုန်းဆိုရင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အဲဒီ ဘုံတွေမှာ ဖြစ်စေနိုင်တယ်တဲ့။

ကုသိုလ်ကံ အကျိုးပေးလို့ လူ့ဘဝရောက်လာရင် ဘယ်လိုလူမျိုး လာဖြစ်တုန်းဆို ဥမ္မတ္တကသံဝတ္တနိကော မွေးလာကတည်းက အရူးအနှမ်းပဲ ဖြစ်တယ်။ စိတ်ရောဂါဖြစ်ပြီး ရူးနှမ်းသွားသူကို ဘာကြောင့်ရူးတယ်၊ ဘယ်သူ့ကြောင့် ရူးတယ်၊ [၆၀] ဘယ်သူက ဖမ်းစားလို့၊ ဘယ်သူက ပြုစားလို့လို့ ပြောမနေနဲ့။ သုရာမေရယရဲ့ အကျိုးဆက်ကို ခံနေရတာလို့ ဒီလိုသာ မှတ်ပေတော့။ အရူးဖြစ်တတ်တယ်၊ အရူးတင်လားလို့ဆိုတော့ မဟုတ်ဘူး။ ကျပ်မပြည့်တဲ့သူ အသိဉာဏ်မရှိဘူး။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ ဖြစ်လာနိုင်တယ်လို့ ဒါကို မြတ်စွာဘုရားက အပေါ့ဆုံးအပြစ်တဲ့။

ဒါကြောင့်မို့လို့ ဒုစရိုက်အကျိုး အဆိုးပုံရိပ်တွေဟာ လူသားတွေမှာ ပေါ်နေတယ်။ လူ့ဘဝမှာ တွေ့ရတယ်။ ခုပြောနေတဲ့ အထဲမှာ အသက်တိုတဲ့ လူတွေလည်း တွေ့ရတာပဲ။ စီးပွားဥစ္စာ ခဏခဏ ပျက်တဲ့လူတွေလည်း တွေ့ရတာပဲ။ ရန်များတဲ့ပုဂ္ဂိုလ်တွေလည်း တွေ့ရတာပဲ။ မတရား အစွပ်စွဲခံရတဲ့ ပုဂ္ဂိုလ်တွေလည်း တွေ့ရတာပဲ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ခဏခဏကွဲပြဲတဲ့ ပုဂ္ဂိုလ်တွေလည်း [၆၁] တွေ့ရတာပဲ။ ဘယ်တော့မှ ချိုသာတဲ့စကားသံ ဆိုတာ မကြားရတဲ့ပုဂ္ဂိုလ်မျိုးတွေလည်း တွေ့ရတယ်။ သူ့စကား ဘယ်သူကမှ အလေးအနက်ထား မှတ်သားခြင်း မခံရတဲ့ပုဂ္ဂိုလ်မျိုးတွေလည်း တွေ့ရတယ်။ အရူးတွေဆိုတာလည်း တွေ့ရတယ်။ ဒီလိုဖြစ်ရတာဟာ ... အကြောင်းမဲ့လားလို့ ဆိုတော့ မဟုတ်ဘူး၊ အကြောင်းရှိတယ်။ ဒါတွေဟာ “ဒုစရိုက်အကျိုး အဆိုးပုံရိပ်” တွေ ပေါ်နေခြင်းဖြစ်တယ်လို့ သင်ခန်းစာ ယူကြရမယ်။

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ တို့တတွေ ဒီ ဒုစရိုက်တွေ မကျူးလွန်မိအောင် သတိထားကြရမှာ ဖြစ်တယ်။ သတိထားပြီးတော့ ရှောင်ကြဉ်မှသာလျှင် အခုလို ဆိုးကျိုးတွေမှ တို့တတွေဟာ လွတ်မှာဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ဒုစရိုက်တရားတွေကို ရှောင်ရှား

ikp6ncrf6eqvdzus7goabnbp1iwwno4
ဓမ္မဂီတိကာ
0
6464
22329
2026-11-05T14:53:32Z
Tejinda
173
"{{header | title = ဓမ္မဂီတိကာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဒုစရိုက်အကျိုး အဆို..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22329
wikitext
text/x-wiki
{{header
| title = ဓမ္မဂီတိကာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ]]
| previous2 = [[ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား]]
| next = [[ဓမ္မတာဝန်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဓမ္မဂီတိကာ

စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံသာသနဝံသ ဂဏာဓိပတိ မဟာနာယက၊ ဗုဒ္ဓတက္ကသိုလ်ကြီး သုံးရပ်တို့၏ ပါမောက္ခချုပ်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) ၏ ဘဝရက်စွဲများ
၁၃ဝ၁-ခုနှစ်၊ တပေါင်းလပြည့်၊ 22.March.1940 စနေနေ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ခမည်းတော် ဦးစံလှ + မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။
၁၃ဝ၅- 1944 ခုနှစ်၊ အသက် ၅ နှစ်သားအရွယ် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မူကျောင်းဆရာတော် ဦးကေလာသ (ဦးလေးဘုန်းကြီး) ထံတွင် မြန်မာစာ နှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။
၁၃၁၁- 1949 ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက်၊ အသက် ၁ဝ နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ ဝိပဿနာ ဂန္ဓာရုံချောင်၌ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမရွှေကျင် သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။
၁၃၁၄- 1953 ခုနှစ်၊ အသက် ၁၃ နှစ်တွင် အဘိဓမ္မာစာမေးပွဲ ၃ ဆင့် စတင်အောင်မြင်ခဲ့သည်။
၁၃၁၇- 1956 ခုနှစ်၊ အသက် ၁၆ နှစ်တွင် အစိုးရဓမ္မာစရိယတန်းကို ဂုဏ်ထူး ၂ ကျမ်းနှင့်တကွ အောင်မြင်၍ “သာသနဓဇသီရိပဝရဓမ္မာစရိယ”ဘွဲ့ကို ရရှိခဲ့သည်။
၁၃၁၉- 1957 ခုနှစ်၊ သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကို ရရှိခဲ့သည်။
၁၃၂၀- 1958 ခုနှစ်တွင် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်ကို နောင်တော်များနှင့်အတူ တည်ထောင်သည်။ (နောင်တွင် ပဓာနစာချ၊ တိုက်ကြပ်၊ တိုက်အုပ် အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။)
၁၃၂၁- 1960 ခုနှစ်၊ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။
၁၃၂၄- 1963 ခုနှစ်တွင် ရန်ကုန် ‘စေတိယင်္ဂဏ အဘိဝံသ’ဘွဲ့ကို ရရှိခဲ့သည်။

၁၃၂၅- 1964 ခုနှစ်တွင် “သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူ”ဘွဲ့ကို ရရှိခဲ့သည်။
၁၃၂၅- 1964 ခုနှစ်တွင် မန္တလေး ‘သကျသီဟ အဘိဝံသ’ ဘွဲ့ကို ရရှိခဲ့သည်။
၁၃၂၈- 1967 ခုနှစ်တွင် ရန်ကုန်မြို့ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကျမ်းပြုအဖြစ် ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာ ဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင် သင်ယူခဲ့သည်။
၁၃၃၂- 1973 ခုနှစ်မှစတင်၍ ကျမ်းစာများ ရေးသားပြုစုခဲ့သည်။ အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
၁၃၃၉- 1980 ခုနှစ်တွင် ပထမအကြိမ် သံဃာ့အဖွဲ့အစည်း အဆင့်အဆင့်အတွက် စစ်ကိုင်းမြို့နယ် သံဃနာယက အဖွဲ့(ရွှေကျင်)အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ နောင်တွင် ဓမ္မာစရိယ စာမေးပွဲအကျိုးဆောင်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်(ရွှေကျင်)၊ ပထမပြန် စာမေးပွဲ ပြဋ္ဌာန်းကျမ်းစာ ပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်၊ နိကာယ် စာမေးပွဲ စည်းမျဉ်းစည်းကမ်း ရေးဆွဲရေး အဖွဲ့ဝင်၊ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁/၉၈) ၏ ဝိနည်းဓိုရ်၊ ပထမပြန်စာမေးပွဲ ကျင်းပ ရေးအဖွဲ့၊ (စစ်ကိုင်း)၏ ပုစ္ဆကအဖွဲ့ ဥက္ကဋ္ဌအဖြစ် သာသနာရေးအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၃၄၇- 1986 ခုနှစ်တွင် အိန္ဒိယနိုင်ငံ အာသံနှင့် အရုဏပရာဒေ့ရှ် ရဟန်း သာမဏေ ကျောင်းသားငယ်တို့အား မြန်မာစာနှင့် အဘိဓမ္မာတို့ကို ပို့ချပေးခဲ့သည်။
၁၃၄၈- 1987 ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ဘော်ရဲလာမြို့၊ အသင်းသားများအား အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးခဲ့သည်။
၁၃၅၀- 1989 ခုနှစ်တွင် University of Kelaniya မှ M.A (Buddhist Studies) ဘွဲ့ကို ရရှိခဲ့သည်။
၁၃၅၅- 1994 ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မေရီလင်းပြည်နယ်၊ ဆီလ်ဗားစပရင်းမြို့ မင်္ဂလာရာမ ကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာ ဘာသာရပ်ကို ပို့ချပေးခဲ့သည်။
၁၃၅၇- 1996 ခုနှစ်တွင် နိုင်ငံတော်မှ ‘အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့’ကို ဆက်ကပ်ခဲ့သည်။ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် ဆောင်ရွက်ကာ Department of Language Studies English Diploma တန်းနှင့် B.A တန်းများ၌ ဆိုင်ရာဘာသာရပ်များကို လည်းကောင်း၊ အမေရိက, ကိုးရီးယား, မက္ကဆီကို, ဂျာမနီ, ပြင်သစ် စသောနိုင်ငံများမှ ကျောင်းသား ကျောင်းသူများအား ပါဠိဘာသာ အဘိဓမ္မာဘာသာရပ်များကိုလည်း သင်ကြားပို့ချပေးခဲ့သည်။
၁၃၅၈- 1997 ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ဘော်လီမိုးမြို့ ကေလာသဝိဟာရကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာ သင်တန်းပို့ချပေးခဲ့သည်။
၁၃၆၀- 1999 ခုနှစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြု တက္ကသိုလ်၏ ဩဝါဒါစရိယ ဧည့်ပါမောက္ခအဖြစ် ပြည်တွင်းပြည်ပ ကျောင်းသားများအား စာပေပို့ချပေးခဲ့သည်။
၁၃၆၁- 2000 ခုနှစ်တွင် နိုင်ငံတော်မှ ဆက်ကပ်သော ‘အဂ္ဂမဟာပဏ္ဍိတ’ ဘွဲ့ကို ရရှိခဲ့သည်။
၁၃၆၄- 2003 ခုနှစ်တွင် အိန္ဒိယနိုင်ငံ မာဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာ ဘွဲ့ကိုရရှိခဲ့သည်။ ထိုနှစ်မှစ၍ ဂျာမနီ, နယ်သာလန်, ဩစတြေးလျ, အင်္ဂလန်, စင်ကာပူ, မလေးနိုင်ငံများသို့ နှစ်စဉ်မပြတ် ကြွရောက်၍ အဆိုပါ နိုင်ငံသားများအား အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေးခဲ့သည်။
၁၃၆၇- 2005 ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရသည်။

၁၃၇၁- 2010 ခုနှစ်တွင် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ သာသနဝံသ သမုဋ္ဌာပကဆရာတော်ကြီး လွန်တော်မူ၍ မဟာသုဗောဓာရုံသာသနဝံသ ဂဏာဓိပတိ မဟာနာယကအဖြစ် ဆောင်ရွက်တော်မူရသည်။ ယခုအခါ ပြင်ဦးလွင်မြို့ အောင်ချမ်းသာရွာ ဓမ္မသဟာယ သာသနစင်တာ၌ ဓမ္မသင်တန်းများ ပို့ချတော်မူလျက်လည်းကောင်း, ဓမ္မဒေသနာများ ဟောကြားလျက်လည်းကောင်း ကျန်းမာချမ်းသာစွာ သီတင်းသုံးတော်မူလျက်ရှိသည်။

ကျေးဇူးစကား

ကျေးဇူးရှင် ပါမောက္ခချုပ်ဆရာတော်၏ ဓမ္မဂီတိကာ အဖြာဖြာတို့ကို ဖိုင်တစ်ခုတည်း၌သာ ထိန်းသိမ်းထားသည် မဟုတ်သည့်အတွက် စပ်ရာတပည့်များထံမှတစ်ဆင့် ရှာဖွေ စုစည်းကြရပါသည်။ စာစောင်များမှလည်း ရှာဖွေ စုဆောင်းကြရပါသည်။ ယင်းသို့ ရှာဖွေစုဆောင်းပေးကြသော မဟာသုဗောဓာရုံ သာသနဝံသတို့အား လည်းကောင်း၊ ဤ ဓမ္မဂီတိကာထုတ်ဝေ ပူဇော်နိုင်ရန်အတွက် အဓိကတာဝန်ယူ ဆောင်ရွက်ရသော ဘဒ္ဒန္တအဘိဇာတာဘိဝံသ (ဒွါဒသမ တိပိဋကဓရ) အား လည်းကောင်း၊ စာအုပ် ကြီးကြပ် ကြည့်ရှုပြင်ဆင် ရိုက်နှိပ်ပေးသော ဘဒ္ဒန္တခေမိဿရာဘိဝံသ အားလည်းကောင်း၊ ကွန်ပျူတာ စာစီရိုက်နှိပ်ပေးတော်မူကြသော ဥုးဣန္ဒာစာရ၊ ဥုးစန္ဒာဝရ၊ ဥုးပညာသေဋ္ဌာလင်္ကာရ၊ ဥုးသုမန၊ ဥုးဝိနယာစာရ၊ ဥုးပညာဝံသ၊ ဥုးစန္ဒာဝရ၊ ဥုးမဏိသာရာလင်္ကာရ၊ ဥုးအာစိဏ္ဏာလင်္ကာရတို့အားလည်းကောင်း၊ စွယ်တော်ပုံနှိပ်တိုက် ဝန်ထမ်းများနှင့် စာပေမိသားစုတို့အား လည်းကောင်း၊ ဓမ္မဒါန ကုသိုလ်ရှင်တို့အား လည်းကောင်း၊ အခြားလိုအပ်ရာရာ ကူညီဆောင်ရွက်ပေးကြသော ပုဂ္ဂိုလ်များအား လည်းကောင်း အထူးကျေးဇူးတင် ဝမ်းမြောက်ရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
(၇၅) နှစ်ပြည့် စိန်ရတုဝိဇာတ ဂုရုပူဇာ ကျင်းပရေးကော်မတီ ၃။ ဆေကိန္ဒာရာမကျောင်း၌ ၁၉-ကြိမ်မြောက် အစည်းအဝေး၌ တင်သွင်းပူဇော်သည့် ဇယမင်္ဂလာဩဘာစာ
၄။ ကျွဲထပ် ပုဂံစုရွာ လေသာကျောင်းတိုက် သိမ်တော် အောင်မင်္ဂလာစာတမ်း
၅။ သီရိဝိဇယ သမဂ္ဂကရဏီသိမ်တော် ဇယမင်္ဂလာစာတမ်း

ရှစ်လုံးဖွဲ့ကဗျာ

၁။ ညောင်ပင်ရွာ အာစရိယဂုဏဝိသိဋ္ဌပူဇာ ရှစ်လုံးဖွဲ့ကဗျာ
၂။ သာသနတက္ကသီလဓမ္မာစရိယ အရှင်သိရိန္ဒအား ဂုဏ်ပြုပူဇော်အပ်သောရှစ်လုံးဖွဲ့ကဗျာ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နိဒါန်း စကားချီး

ကဝိလက္ခဏာ

ဂီတိဂါထာ ကဗျာဗန္ဓ အသီအကုံး အထုံးအဖွဲ့ ကျွမ်းကျင်လိမ္မာခြင်းသည် ပညာရှိတို့ အမှတ်အသား- ကဝိလက္ခဏာတစ်ပါး ဖြစ်လေသည်။ ကျမ်းဂန်စာပေ မည်မျှပင် တတ်ကျွမ်းနေစေကာမူ ကဗျာလင်္ကာရေးဖွဲ့နိုင်မှု မရှိလျှင် ပညာရှိဂုဏ်အင်္ဂါတစ်ပါး ယုတ်လျော့နေသည်ဟု ဆိုနိုင်လေသည်။ ‘ကဝိ’ ဟူသော ပုဒ်ကပင်လျှင် “ကဝတိ ကဗျံ ဗန္ဓတီ တိ ကဝိ” ကဗျာလင်္ကာကို သီးကုံးဖွဲ့နွဲ့ရွတ်ဆိုတတ်သော ကြောင့် ‘ကဝိ’ ဆိုလေရာ ကဗျာလင်္ကာမှ သီကုံးဖွဲ့နွဲ့ရွတ်ဆိုသမှု မပြုတတ်လျှင် ‘ကဝိ’ မမည်နိုင်တော့ပေ။ ‘ကဗျာ’ဟူသည်မှာ လည်း ‘ကဝီနံ ဣဒံ ကဗျံ’ ဟူသည်နှင့်အညီ ကဝိမည်တွင် စာဆိုရှင်တို့၏ ဥစ္စာဖြစ်သောကြောင့် ‘ကဗျာ’ မည်လေသည်။

ကဝိလေးမျိုး

‘ကဝိ’ခေါ်တွင် စာဆိုပညာရှင်သည်
၁။ ကိုယ်ပိုင်အတွေးအခေါ် အခြေခံ၍ လင်္ကာကဗျာဖွဲ့သီတတ်သူ စိန္တာကဝိ၊
၂။ အကြားကို အခြေခံ၍ နည်းမှီကာ လင်္ကာကဗျာဖွဲ့သီတတ်သူ သုတကဝိ၊
၃။ အနက်အဓိပ္ပါယ် တစုံတခုကို စူးစမ်းလေ့လာ၍ ချုံ့လျက် ချဲ့လျက် လင်္ကာကဗျာဖွဲ့သီတတ်သူ အတ္ထကဝိ၊
၄။ အရှင်ဝင်္ဂီသကဲ့သို့ ရုတ်တရက်ထင်ပေါ်လာသည့် ပဋိဘာန်ဉာဏ် အခြေခံလျက် လင်္ကာကဗျာဖွဲ့သီတတ်သူ ပဋိဘာနကဝိ ဟု ကဝိအပြား လေးမျိုး လေးစား ရှိလေသည်။

ကဝိသည် ကဗျာဗန္ဓတို့၏ ဖြစ်တည်ရာ

“ဆန္ဒော နိဒါနံ ဂါထာနံ၊ အက္ခရာ တာသံ ဗိယဉ္စနံ။
နာမသန္နိဿိတာ ဂါထာ၊ ကဝိ ဂါထာနမာသယော။”

အဖွဲ့အနွဲ့ ဂါထာကဗျာတို့၏ နိဒါန်းကား ဆန်း၊ ထိုဂါထာကဗျာတို့ကို ပေါ်လွင်အောင် ထင်ရှားပြသည်ကား အက္ခရာများ၊ နာမ်ပုဒ်တို့ကား ထိုဂါထာကဗျာတို့၏ မှီတည်ရာ၊ ပညာရှိတို့ကား ထိုဂါထာကဗျာတို့၏ ဖြစ်တည်ရာ” ဟု မြတ်ဗုဒ္ဓ ဟောကြားတော်မူရာ အဆင့်မီ ကဗျာဗန္ဓလင်္ကာများကို ရေးသားဖွဲ့ဆိုနိုင်ရန်အတွက် ဆန်းကျမ်း, အလင်္ကာကျမ်း, အဘိဓာန်ကျမ်းတို့နှင့် လေ့လာပြွမ်းတည်း ရင်းနှီးနေရုံမျှမက ပင်ကိုယ် ဉာဏ်ရည်ဉာဏ်သွေး အတွေးအခေါ်, စကားလုံး ရွေးချယ် သုံးနှုန်းတတ်မှုတို့ များစွာလိုအပ်သည်။

စာဆိုရှင်တစ်ဦးဖြစ်ရန်

စာဆိုချွန် ‘ကဝိ’ သူမွန်တစ်ဦး ဖြစ်ရန်အတွက် ထိုအရည်အသွေးများအပြင် အထုံဝါသနာနှင့် လေ့လာလိုက်စား ကြိုးစားမှုလည်း မရှိမနေ လိုအပ်လေသည်။ စာပေကျမ်းဂန် ဗဟုသုတရှိပင် ရှိသော်လည်း ဝါသနာနှင့် ကြိုးစားမှု မရှိခဲ့ပါလျှင် စာဆိုရှင် ကဝိတစ်ဆူ မဖြစ်နိုင်ပေ။ ဝါသနာနှင့် ကြိုးစားမှုရှိသော်လည်း စာပေကျမ်းဂန် ဗဟုသုတကင်းမဲ့, စည်းကမ်းနည်းလမ်း နားပါးမလည် ဖြစ်ခဲ့ပြန်လျှင်လည်း စာဆိုရှင် ကဝိတစ်ဆူ မဖြစ်နိုင်ပေ။

“ဝိနာ ဂရုပဒေသံ တံ၊ ဗာလော လဒ္ဓုမိစ္ဆတိ။
သမ္ပါပုဏေ န ဝိညူဟိ၊ ဟဿဘာဝံ ကထံ နု သော။”
ဟူသော အလင်္ကာကျမ်းဆရာ၏ အဆိုအမိန့်နှင့်အညီ စည်းကမ်းနည်းလမ်းကို နားပါးမလည်ဘဲ ကဗျာလင်္ကာဖွဲ့သီခဲ့လျှင် -
“ဒီတောင်ကြီးတက်ရတာ မောလိုက်တာ၊
ငါ့အဖေ မော်ကာကြည့် ခေါင်းပေါင်းကြီးပြုတ်ကျ”
ဟူသကဲ့သို့လည်းကောင်း၊
“လင်းကြက်က ဆော်၊ စည်တော်က နောင်ဒိန်း၊ ပျိုတို့မောင်ကြက်ပြာပိုက်တယ်၊ ထီးက ငေါက်တောက်”
ဟူသကဲ့သို့လည်းကောင်း
အဆီအငေါ်မတည့် ကဗျာမပီ ကာရန်မညီဖြင့် လူရယ်ဖွယ်ရာမျိုးသာ ဖြစ်ပေလိမ့်မည်။

ပါမောက္ခချုပ်ဆရာတော်

ဆိုပါဦးမည်၊ နိုင်ငံအဝှန်းက ‘ပါမောက္ခချုပ်ဆရာတော်' ဟုသာ အသိများ ထင်ရှားကျော်ကြားနေသည့် မဟာသုဗောဓာရုံသာသနဝံသ ဂဏဓိပတိ မဟာနာယက ဒုတိယဆရာတော်ဘုရားသည် ဂီတိဂါထာ ကဗျာဗန္ဓအရာဝယ် ထိပ်တန်း ပညာရှင်အချင်းချင်းကပင်လျှင် အသိအမှတ်ပြုရသည့် ကဝိသခင် စာဆိုရှင်တစ်ပါး ဖြစ်တော်မူလေသည်။ ဆရာတော်ဘုရားကို “ကဝိပါရဂူ” ဟု မညွှန်းဆိုလိုသော်လည်း “ကဝိဂုဏ်မြောက် ပါမောက္ခတစ်ဆူ” ဟုတော့ ရဲရဲကြီး ပြောကြားလိုပါသည်။

ဆရာတော်ဘုရား၏ ပင်ကိုယ်ဉာဏ်အရည်အသွေး ထက်မြက်မှု, ဂန္ထန္တရဗဟုသုတ ပြည့်ဝမှု, ဝါသနာအလေ့အလာ နှင့် ကြိုးစားမှု ဝီရိယတို့က ဆရာတော်ဘုရား၏ နှလုံးသားနှင့် ဆက်သွယ်နေသော ကလောင်ဖျားမှ အသံလည်း ကြွယ်, အဓိပ္ပာယ်လည်း ပြည့်ဝ, စကားလုံးလည်း လှပသည့် ဂီတိဂါထာ ကဗျာဗန္ဓများကို ထွက်ကျယိုစီးစေလေသည်။ မြစ်ကမ်းနား သဲသောင်ပြင်ရှိ လက်ယက်တွင်းသည် မည်သို့ပင် ခပ်ယူကြစေကာမူ ရေအေးရေကြည်များ မကုန်နိုင် မခန်းနိုင် စိမ့်ယိုစီးထွက်နေသည်သာ ဖြစ်လေသကဲ့သို့ ဆရာတော်ဘုရား၏ ပဋိဘာန်ဉာဏ်တော်မှလည်း ကဗျာဗန္ဓ ဂါထာဂီတိများမှာ ရေးသား၍ မကုန်နိုင် မခန်းနိုင်လောက်အောင် ယိုစိမ့်စီးဆင်းနေလေသည်။

ကဝိမှတ်ကျောက်တင် ကျမ်းနှစ်ဆူ

ဆရာတော်ဘုရား၏ ပင်ကိုယ်ပဋိဘာန်ဉာဏ် ထက်ထက်မြက်မြက် သွက်သွက်လက်လက် ရှိပုံကို ဆရာတော် ဘုရားရေးသားသည့် “ဂုရုဝဏ္ဏနာဂါထာတရာ” နှင့် “ဂဏုက္ကဋ္ဌဝဏ္ဏနာဂါထာတရာ” ဟူသော ကျမ်းနှစ်ကျမ်းတို့ဖြင့် ညွှန်းဆိုလိုပါသည်။ ထိုတွင် “ဂုရုဝဏ္ဏနာ ဂါထာတရာ”ကို နဝမ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီး၏ သက်တော် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ရေးသားပူဇော်ခဲ့ပြီး “ဂဏုက္ကဋ္ဌဝဏ္ဏနာ ဂါထာတရာ”ကိုမူ ဧကာဒသမ ရွှေကျင်သာသနာပိုင် ကြေးမြင်ဆရာတော်ဘုရားကြီး၏ သက်တော် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ရေးသားပူဇော်ခဲ့သည်။

“ဂုရုဝဏ္ဏနာ ဂါထာတရာ”ကို စာပေပို့ချမှုစသည့် တာဝန်လုပ်ငန်းများကြားမှ ရသမျှအချိန်ယူ၍ သီတင်းနှစ်ပတ်ကြာမျှဖြင့် ရေးသားခဲ့ကြောင်း နိဂုံးပိုဒ်စုံရတုအရ သိရသည်။ ၎င်း၌ ဆရာတော်ဘုရား၏ ပါဠိမြန်မာ စကားလုံးများ ရွေးချယ်မှုကောင်းမွန်ပုံ, သဒ္ဒအတ္ထ အလင်္ကာနှစ်မျိုးကို အကွက်လှလှ အချက်ကျကျ အသုံးပြုလျက် ဖွဲ့နွဲ့မှု နိုင်နင်းပုံတို့ကို တွေ့မြင်နိုင်ပါသည်။

“ဂဏုက္ကဋ္ဌဝဏ္ဏနာ ဂါထာတရာ”ကိုမူ မည်မျှ ကြာအောင် ရေးသည်ဟု (နိဒါန်း, နိဂုံးတို့၌ မပါ၍) မသိရသော်လည်း ၎င်းမှာလည်း အချိန်အများကြီးယူ၍ ရေးခဲ့သည် မဟုတ်ပေ။ ဤစာရေးသူမှတ်မိသမျှ ဆရာတော်ဘုရားက စာရေးစားပွဲမှာ ထိုင်၍ ရေးသည်။ ရေးပြီးရေးပြီးသမျှ နည်းနည်းချင်း သာသနာရေးရုံးမှ ဝန်ထမ်းနှစ်ဦးအား ပေးသည်။ ဝန်ထမ်းနှစ်ဦးက တစ်နေရာမှာ တိုက်ပရိုက်ဖြင့် ဖယောင်းဖောက်သည်။ ဖောက်ပြီး ဖယောင်းကို စာကူးစက်မှာတင်၍ လှည့်သူက လှည့်ကြရသည်။ ဤစာရေးသူတို့က လိုအပ်ရာရာ ကူညီခဲ့ရသည်။ ဤနည်းဖြင့် ဧကာဒသမ ရွှေကျင်သာသနာပိုင် ကြေးမြင်ဆရာတော်ဘုရားကြီး၏ မွေးနေ့အမီ ဓမ္မဒါနပြု ပူဇော်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို ဂဏုက္ကဋ္ဌဝဏ္ဏနာမှာ ရွှေကျင်ဂိုဏ်း ပေါ်ပေါက်လာပုံနှင့် ရွှေကျင်သာသနာပိုင်အဆက်ဆက်တို့ကို ဖော်ပြသီကုံးထားသဖြင့် 'ရွှေကျင်နိကာယ သာသနဝံသ သင်္ခေပဂါထာကျမ်း' ဟု ဆိုနိုင်ပေသည်။ သီဟိုဠ်ရဟန်းတော် ‘အရှင်သိရီဓမ္မ’ က မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်များကို ပါဠိဂါထာဖြင့် ရေးသားခဲ့သည်ကို မုံရွာ လယ်တီ 'အရှင်ပဏ္ဍိတ'က မြန်မာဘာသာဖြင့် အဓိပ္ပာယ် ဖွင့်ဆိုရေးသားသဖြင့် “မဟာဝိသုဒ္ဓါရာမိကထေရုပ္ပတ္တိဒီပနီ” ကျမ်း ဖြစ်ပေါ်လာလေသကဲ့သို့ စွမ်းနိုင်သူများအနေဖြင့် ဤဂဏုက္ကဋ္ဌဝဏ္ဏနာဂါထာတရာကို အဓိပ္ပာယ် ဖွင့်ဆို ရေးသားနိုင်ခဲ့လျှင် ကောင်းမွန်သော “ရွှေကျင်နိကာယ သာသနာဝင်ကျမ်း” တစ်ဆူ ဖြစ်ပေါ်လာနိုင်စရာ ရှိပေသည်။ ထိုဂဏုက္ကဋ္ဌဝဏ္ဏနာဂါထာတရာကို ဖတ်ရှုရလျှင် ဆရာတော်ဘုရား၏ သမိုင်းဆိုင်ရာနိုင်နင်းပုံ, အထူးသဖြင့် ပထမ ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးမှ စ၍ ဧကာဒသမ ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးတိုင် ၁၂ ပါးသော ဆရာတော်ဘုရားကြီးတို့၏ ဂုဏ်ကို အသီးအသီး ထိမိသော စကားလုံးများဖြင့် ရွေးချယ်သီကုံးပူဇော်ထားပုံတို့ကို အံ့ဩဖွယ် တွေ့မြင်နိုင်ပါသည်။

ဆရာတော်ဘုရား၏ ပထမဆုံး လက်ရာဂါထာ

ဆရာတော်ဘုရားသည် ဂီတိဂါထာများကို သက်ရွယ်နုနယ် ရှင်သာမဏေအရွယ်ကတည်းက စတင်ရေးသားခဲ့သည်။ ဤ‘ဓမ္မဂီတိကာ’ စာမျက်နှာ တစ်နေရာ၌ ပါရှိသော
“ဗုဒ္ဓဝါစံ ဘဏေယျာမ၊ သာသနဿာဝ နုဂ္ဂဟံ။
သကိစ္စမနုယုဉ္ဇန္တာ၊ နာသေမ အပရေ မယံ။”
ဟူသောဂါထာသည် ဆရာတော်၏ ပထမဆုံးလက်ရာ ဂါထာဖြစ်သည်။ ရှင်သာမဏေဘဝတွင် ရေးသားခဲ့သည့် ပထမဆုံးလက်ရာ ဂါထာမှာပင် ရိုးရိုးမရေးသားဘဲ “ဗုဒ္ဓသာသနာ” ဟူသော စကားလုံးကို ပါဒတို့၏ အစ၌ ထည့်သွင်း သုံးနှုန်းလျက် အာဒိသင်္ကေတအနေအားဖြင့် စိတ်ဝင်တစား ရေးသားထားသည်ကို တွေ့ရသည်။

လေ့ကျင့်ရန် အရေးကြီး

ထိုဂါထာနှင့် စပ်၍ “အဲဒီတုန်းက ညောင်ပင်ရွာ ဝိနည်းပြန်စာပွဲမှာ နာယကကြီးက ငါရယ်, မတ္တရာက ဦးသီလာရယ်ကို ခိုင်းတယ် ‘ဒီ ဝိနည်းစာပြန်ပွဲ ဖတ်ဖို့ မင်းတို့ ဂါထာတွေ ရေးကြ’တဲ့၊ အဲဒီလို ခိုင်းလို့ ဒီကရေးလိုက်တာ၊ ဦးသီလာကြီးကတော့ မရေးဘူး၊ ငါက ရေးတော့ ရေးတတ်သွားတာပဲ၊ ဦးသီလာကတော့ မရေးတော့ မရေးတတ်တော့ဘူးပေါ့” ဟု ဆရာတော်ဘုရား မိန့်ကြားတော်မူဖူးသည်။ ထို့ကြောင့် ပါဠိဂါထာဖြစ်စေ, မြန်မာကဗျာဖြစ်စေ ရေးတတ်ချင်လျှင် တတ်နိုင်သမျှ ကြိုးစား၍ရေးသားပါမှ ရေးတတ်မည် ဖြစ်ကြောင်း သိမှတ်ထားသင့်ကြလေသည်။

တကယ်တမ်းပြောရလျှင် ပါဠိဂါထာရေးသားပုံကို ပါဠိ ပထမပြန် အကြီးတန်းမှာကတည်းက သင်ခဲ့ကြရသည်သာ ဖြစ်သည်။ သို့သော် အကြီးတန်းအောင်ပြီး ကိုးဆယ်ရာခိုင်နှုန်းထက် မနည်းသော သူတို့မှာ ဂါထာမရေးတတ်ကြ။ အကြောင်းမှာ သင်ရုံသာသင်ပြီး လက်တွေ့ လေ့ကျင့်မှု မပြုကြသောကြောင့် ဖြစ်လေသည်။

မှန်ပေသည်၊ ဘွဲ့လက်မှတ် ကိုင်ထားသူ များစွာတို့သည် သူတို့၏ ပညာကို စာသင်ခန်းထဲမှာသာ ပြီးဆုံးစေခဲ့ကြပြီး လက်တွေ့ အသုံးမချကြလေသဖြင့် သံချေးတက် ပျက်စီးကုန်ကြလေသည်။ ဤစာရေးသူ ငယ်စဉ်က ဆရာတော်ဘုရား ထံ အကြီးတန်းအတွက် ဆန်းစာဝါ သင်ယူခဲ့ရာ စာဝါအပြီးတွင် “ကဲ- မင်းတို့ကို လှေလှော်တော့ သင်ပြီးသွားပြီ၊ ကိုယ်တိုင် ကျွမ်းကျွမ်းကျင်ကျင်တတ်ဖို့ ဆိုတာကတော့ ကိုယ်တိုင်ပဲ မကြာမကြာ လှော်ခတ်ပြီး လေ့ကျင့်ယူမှ ရမှာပဲ”ဟု မိန့်ကြားတော်မူသည်ကိုလည်း အမှတ်ရမိပါသည်။

ဂီတိများကို စုစည်းခြင်း

ဆိုခဲ့ပြီးသည့်အတိုင်း သက်ရွယ်နုနယ် ရှင်သာမဏေ အရွယ်မှစ၍ အခွင့်သင့်တိုင်း ဆရာတော်ဘုရား ရေးသားခဲ့သည့် ဂီတိဂါထာများမှာ အလွန်များပြားလှပါသည်။ ဘာသန္တရစာပေလေ့လာရန် သီဟိုဠ်သို့ မကြွမီကဆိုလျှင် စစ်ကိုင်းမန္တလေးရှိ သာသနာရေးဆိုင်ရာ သာရေးနာရေးပွဲ မှန်သမျှ ဆရာတော်ဘုရား၏ လက်ရာ ဂါထာဗန္ဓဖြင့် ကင်းသည့်ပွဲပင် အလွန်ရှားသည်-ဟု သိရပါသည်။ သို့သော် ထိုဂါထာဗန္ဓများမှာ တစုတစည်းတည်း မစုစည်းမိသဖြင့် “ပွဲပြီး မီးသေ” ဆိုသကဲ့သို့ ပျောက်ပျက်ကုန်ပါသည်။ အဖိုးတန်ရတနာများ ပျောက်ဆုံးသကဲ့သို့ နှမြောတသဖွယ် ကောင်းလှပါသည်။ ယခုအခါ ဆရာတော်ဘုရား၏ သက်တော် ၇၅ နှစ်ပြည့် ဝိဇာတကာလသမယတွင် ဆရာတော်ဘုရားအား စွမ်းနိုင်ရာက ပူဇော်သောအားဖြင့် မတ္တရာ-သာသနဇောတာရုံဆရာတော် အမှူးပြုသော တပည့်ကြီးများ က ဂုရုဝဏ္ဏနာဂါထာတရာ, ဂဏုက္ကဋ္ဌဝဏ္ဏနာဂါထာတရာ, ရဋ္ဌဂုရုဝဏ္ဏနာဂါထာငါးဆယ် ကို အခြေခံထား၍ လက်လှမ်းမီသမျှ ဂါထာဗန္ဓနှင့် မြန်မာကဗျာများကို မပျောက်ပျက်စေရန် ရည်သန်စုစည်း၍ ဓမ္မဒါန ပြုပါသည်။

“ဓမ္မဂီတိကာ” ကို စီစဉ်ရာ၌ ဂုရုဝဏ္ဏနာ, ဂဏုက္ကဋ္ဌဝဏ္ဏနာ, ရဋ္ဌဂုရုဝဏ္ဏနာ ဂါထာတို့နောက်ဝယ် ဂါထာဗန္ဓများကို အခမ်းအနားဖွင့်ဂါထာ, ဂုဏပူဇာဂါထာ, ရဟန်းခံဂါထာ, အလှူပွဲဂါထာ, ဈာပနဂါထာ စသည်ဖြင့် တူရာတူရာ ရှေးဦးစွာ စုစည်းပါသည်။ တဖန် ၎င်းတို့ကို ရေးသားခဲ့သည့် နှစ်စဉ်အလိုက် ဖြစ်နိုင်သမျှ ရှေ့နောက် ပြန်လည် စီစဉ်ထားပါသည်။ ပြောင်းလဲလာသော ခေတ်အရ စကားလုံး အသုံးအနှုန်းများ ပြောင်းလဲလာပုံကို သိသာနိုင်ရန် ဖြစ်ပါသည်။ ဥပမာ- “၁” ဂဏန်းကို မြန်မာစာဖြင့် ရေးရာတွင် ရှေးက ‘ဂါထာတရာ” စသည်ဖြင့် “စ်” မပါဘဲ ရေးပါသည်။ ၁၃၅၀ ပြည့်နှစ်ခန့် နောက်ပိုင်းကာလရောက်မှ “တစ်ရာ” စသည်ဖြင့် “စ်” ပါလာသည်။

ဤ ဓမ္မဂီတိကာ ကို စီစဉ်ရာ၌ လက်လှမ်းမီသမျှကိုသာ စုစည်း၍ စီစဉ်ရခြင်းဖြစ်ရာ ဤဓမ္မဂီတိကာတွင် မပါဝင်ဘဲ ကြွင်းကျန်သော ဂါထာဗန္ဓများ များစွာများစွာ ဧကန်ပင် ရှိကြပါသည်။ ၎င်းတို့ကို တွေ့ရှိကြသော ပုဂ္ဂိုလ်များအနေဖြင့် မေတ္တာထား၍ စုဆောင်းပေးပို့ကြပါရန်နှင့် ပေးပို့သမျှကို နောင်အခွင့်သင့်ပါလျှင် ထည့်သွင်း၍ ရိုက်နှိပ် ဓမ္မဒါန ပြုလုပ်သွားမည်ဖြစ်ကြောင်း မေတ္တာဖြင့်ပင် အသိပေး ပြောကြားလိုပါသည်။

မွေးနေ့ဓမ္မပူဇာ

နိဂုံးချုပ်အနေအားဖြင့် မိဘများ၏ အမွေအနှစ်ကို မပျောက်မပျက်ရအောင် ထိန်းသိမ်းရမည်မှာ သားသမီးများ၏ တာဝန်ဖြစ်သလို ဆရာသမားများ၏ ရင်တွင်းနှလုံးသွေးဖြင့် ရေးသားထားသည့် စာပေများကို ထိန်းသိမ်းရန်မှာ တပည့်များ၏ တာဝန်ဖြစ်ပါကြောင်းနှင့် ထိုတာဝန်ကို အပြည့်အဝကြီး မဟုတ်သော်လည်း တတ်နိုင်သမျှ ဖြည့်ဆည်း ထမ်းဆောင်ခွင့်ရကြသဖြင့် အတိုင်းအတာတစ်ခုအထိ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါကြောင်း၊ ဤသည်မှာ ဆရာတော်ဘုရား၏ ၇၅ နှစ်ပြည့် မွေးနေ့ အခါကာလ တပည့်များ၏ မွေးနေ့ ဓမ္မပူဇာဖြစ်ပါကြောင်း ပြောကြားလိုပါသည်။

အရှင်အဘိဇာတာဘိဝံသ
၁၃၇၆ ခု၊ တပို့တွဲလပြည့်ကျော် ၉ ရက် (12.2.2015) နံနက် ၂:၂၅

နဝမ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီး (၁၂၃၂ - ၁၃၃၄)

“ ဤစာမွန် ”
“သက္ကကာမာ၊ သုတော်စွာတို့၊ ရသာကဲလွန်၊ ဤစာမွန်ကို၊ အားသွန်ခွန်ပြည့်၊ ဖတ်၍ကြည့်သော်၊ ပေါပြည့်ဂုဏ်အင်၊ မြတ်ထေရ်ရှင်ကို ကြည်လင်စိတ်ထား သဒ္ဓါပ၍၊ လား၊ ချီးကျူးလိုလျက်၊ ဖူးလိုစိတ်သန်၊ ကျေခဲ့ဝန်တည်း ...
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ”
သက်တော် တရာပြည့် ကျေးဇူးရှင် စံကင်း ဆရာတော်ဘုရားကြီး၏ ဂုဏ်ရည်တို့ကို သိရှိကြည်ညိုနိုင်ရန် ဤစာအုပ်ကို ဓမ္မလက်ဆောင် အဖြစ် ပေးပို့လိုက်ပါသည်။
ဓမ္မဒါနရှင်
ပုံနှိပ်သူ - ဦးစိန်တင်၊ (၁/၀၈၇၄) သုခဝတီစာပုံနှိပ်တိုက်၊ ၁၄-ဗိုလ်ချုပ်လမ်း-မန္တလေးမြို့တွင် ရိုက်နှိပ်၍၊
ထုတ်ဝေသူ ဦးစိန်တင်၊ (ထ-မြို့/ပ၆၄၂) သုခဝတီစာပေတိုက်၊ ၈၄-ကိလိပ်လမ်း မန္တလေးမြို့မှ ထုတ်ဝေသည်။ ဖုန်းနံပါတ် (၆၇၆)
ဆီ-၁၄/၉၉၀
စာအုပ်ကျောဘက်ပုံ
ဂုရုဝဏ္ဏနာ ဂါထာတရာ
အရှင်နန္ဒမာလာဘိဝံသ
စာအုပ်မျက်နှာဖုံးပုံ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
“အဘိဓဇ မဟာရဋ္ဌဂုရု” “ရွှေကျင်နိကာယ ဥက္ကဋ္ဌ မဟာနာယက” နဝမ ရွှေကျင် သာသနာပိုင်
စံကင်းဆရာတော် ဘုရားကြီး
(၁၃၃၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်) သက်တော်တရာပြည့် မွေးနေ့မင်္ဂလာအခါ ရေးဖွဲ့လျှောက်ဆိုအပ်သော
ဂုရုဝဏ္ဏနာ ဂါထာတရာ
ဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိနှင့် လေးမြတ်ကြည်ညိုဖွယ် ဂုဏ်ရည်တို့ကို ရသပေါ်လွင်အောင်
ပါဠိ-မြန်မာဖြင့် ရေးသားဖွဲ့နွဲ့ထားသည်။
သာသနာ - ၂၅၁၄၊
မြန်မာ - ၁၃၃၂ စံကင်းဆရာတော်ဘုရားကြီး၏ သက်တော်တရာပြည့် မွေးနေ့မင်္ဂလာအခါ ရေးဖွဲ့လျှောက်ဆိုအပ်သော
ဂုရုဝဏ္ဏနာ ဂါထာတရာ
သီတလ
ဘာသတံ
ဂဏီသော
အဉ္စသေ
သိရိမာ
ဂဏိမာ
ပ္ပဘာယ
(တရာပြည့် ဂါထာကြည့်) “ထွန်းပစေသား”
- ထက်အာကာ လှပြာလဲ့ ညသာတဲ့ သူဗရင်၊
- တာရာကြယ် ဝန်းရံခ ထူးလှ သူ့တွင်၊
- ဧမြတဲ့ ရောင်ခြည်ရှင် ပြောင်လည်စဉ် တင့်ကြွား၊
- ပုဏ္ဏိန္ဒု စန္ဒာဝန်းငယ် ထွန်းပစေသား။

နိဒါန်း

ဆရာတော်ဘုရားကြီး၏ သာသနာပြု ခုနှစ်မှတ်တမ်း
၁၂၃၂-ခုနှစ် နတ်တော်လပြည့်ကျော် ၆-ရက် အင်္ဂါနေ့ (စစ်ကိုင်းမြို့ လင်းယဉ်ရွာ၌) ဖွားမြင်တော်မူခဲ့သည်။
၁၂၃၉-ခုနှစ်၊ လင်းယဉ်ရွာကျောင်းဆရာတော် ဦးနရိန္ဒထံ ပညာသင်ရန် အပ်နှံသည်။
၁၂၄၂-ခုနှစ်၊ လင်းယဉ်ရွာ၌ ရှင်ပြုသည်။
၁၂၄၈-ခုနှစ်၊ မန္တလေး ရေပန်းတိုက်၌ ထပ်မံရှင်ပြုသည်။
၁၂၄၉-ခုနှစ်၊ လင်းယဉ်ကျောင်း၌ ရှင်သာမဏေ အဖြစ်ဖြင့် တဝါဆိုသည်။
၁၂၅၀-ပြည့်နှစ်၊ မန္တလေး အနောက်ပြင် မြတောင်တိုက် ရောက်သည်။
၁၂၅၁-ခုနှစ်၊ တပေါင်းလပြည့်နေ့ မြတောင်ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရေပန်းတိုက်သိမ်၌ ပဉ္စင်းဖြစ်သည်။

၁၂၅၃-ခုနှစ်၊ မန္တလေးအရှေ့ပြင်ဝိသုဒ္ဓါရုံတိုက်ရောက်သည်။

၁၂၅၄-ခုနှစ်၊ ကြေးမုံရွာ သီတာရုံကျောင်းဘုန်းကြီး ဦးပညာထံ တစ်ဝါဆိုသည်။

၁၂၅၆-ခုနှစ်၊ အရှေ့ဝိသုဒ္ဓါရုံ ဂဏဝါစကအဖြစ် ခန့်အပ်ခံရသည်၊ ရူပသိဒ္ဓိချပို့စဉ် 'ဝိသုဒ္ဓါရုံ ဒွေဘော်လင်္ကာကြီး' ကို ရေးသားခဲ့သည်။

၁၂၅၇-ခုနှစ်၊ 'ဆန္ဒောမဉ္ဇူရီ' ၏ 'ဆပ္ပစ္စယဒီပနီကျမ်း' ကို ရေးသားသည်။

၁၂၅၈-ခုနှစ်၊ အရှေ့ဝိသုဒ္ဓါရုံ ရမည်းသင်းကျောင်းဘုန်းကြီးအဖြစ် နေထိုင်သည်။

၁၂၆၃-ခုနှစ်၊ သက္ကတဘာသာ လေ့လာသည်၊ အဘိဓာနပ္ပဒီပိကာသူစိကျမ်းကို သီဟိုဠ်ပါဠိမှ မြန်မာပါဠိသို့ ပြန်၍ ရေးသားသည်၊ ပုဆိန်ပဲ့ရွာ ပျဉ်ကြားရိုးကျောင်း၌ တစ်ဝါဆိုသည်။

၁၂၆၄-ခုနှစ်၊ မန္တလေး အနောက်ပြင် 'မဟာဝိသုဒ္ဓါရုံတိုက်သစ်' တည်သည်။

၁၂၆၅-ခုနှစ်၊ ဝါဆိုလ၊ ဝိသုဒ္ဓါရုံတိုက်သစ်သို့ စာချအဖြစ် လိုက်ပါရသည်။

၁၂၆၅-ခုနှစ်၊ ပြာသိုလ ဝိသုဒ္ဓါရုံဆရာတော်ကြီးနှင့်အတူ 'ဗုဒ္ဓဂယာ' သို့ လိုက်ပါရသည်။

၁၂၆၆-ခုနှစ်၊ နယုန်လ စံကင်းရွာသို့ ကြွရောက် သီတင်းသုံး သည်၊ ထိုအခါမှစ၍ ယနေ့တိုင် 'စံကင်းဆရာတော်' တွင်သည်။

၁၂၈၆-ခုနှစ်၊ ဝိသုဒ္ဓါရုံတိုက်သစ်၊ ဝါဆိုကျောင်းဘုန်းကြီးအဖြစ် အုပ်ချုပ်နေထိုင်သည်၊ မန္တလေး ပရိယတ္တိသာသနဟိတအသင်းက 'ဘဒ္ဒန္တစန္ဒာဘိဝံသ သာသနဟိတဓမ္မာစရိယ' တံဆိပ် ဆက်ကပ်ကိုးကွယ်သည်။

၁၂၉၁-ခုနှစ်၊ ဝိသုဒ္ဓါရုံတိုက်ကြပ်ဆရာတော်အဖြစ် ခန့်အပ်တင်မြှောက်သည်။

၁၂၉၄-ခုနှစ်၊ 'ရွှေကျင်နိကာယဥက္ကဋ္ဌမဟာနာယက' အဖြစ် တင်မြှောက်သည်။

၁၃၀၅-ခုနှစ်၊ စစ်ကိုင်းတောင်ရိုး ဝိပဿနာဂန္ဓာရုံချောင်၌ ကမ္မဋ္ဌာနာစရိယအဖြစ် နေတော်မူသည်။

၁၃၁၅-ခုနှစ်၊ ၎င်းချောင်၌ နေတော်မူစဉ် အစိုးရက 'အဘိဓဇမဟာရဋ္ဌဂုရု' ဘွဲ့တံဆိပ်ဖြင့် ပူဇော်သည်။ ရွှေကျင် ဗဟိုဌာန ဝိသုဒ္ဓါရုံသို့ ကြွရောက် သီတင်းသုံးသည်။

၁၃၃၂-ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆-ရက်နေ့ သက်တော် တရာပြည့်မြောက်သည်၊ ယနေ့တိုင် ကျန်းမာရွှင်လန်းလျက် ရှိတော်မူသည်။

အာသာ

ဆရာတော်ဘုရား သက်တော်တရာပြည့်နှစ်မှာ တပည့်က 'ဂါထာတရာဖြင့် ပူဇော်ပါမည်' ဟု အရင်တစ်နှစ်က လျှောက်ကြားခဲ့၏၊ ထိုကတိဝန်ကို ကျေပြွန်စေရန် ဤဂါထာတရာကို သီကုံးပါသည်။

ထိုသို့ သီကုံးရာ၌ ဆရာတော်ဘုရား၏ နှစ်သက်မြတ်နိုးဖွယ် တင့်တယ်လန်းဆန်း ဂုဏ်အလှပန်းကလေးများကို ရွေး၍ လှနိုင်သမျှ လှစေရန် စွမ်းအားထုတ်ထားပါသည်။ သီကုံးသူ၏ မကျွမ်းကျင်မှုကြောင့် ပင်ကိုယ်က လန်းဆန်းနေသော ဂုဏ်ပန်းပွင့်ကလေးများ ထိခိုက်ညှိုးနွမ်းသွားခဲ့သော် သီကုံးသူ မိမိ၏ တာဝန်သာဖြစ်ပါသည်။

ဤစာအုပ်အတွက် ပြင်ဆင်တည်းဖြတ်ပေးသော ကျေးဇူးရှင် သုဗောဓာရုံနာယကဆရာတော်နှင့် တိုက်အုပ်တိုက်ကြပ်ဘုန်းကြီးတို့အား လည်းကောင်း, စာမူကို ကူညီ၍ အချောကူးပေးသော တပည့် အရှင်ပညာနန္ဒ (ဓမ္မာစရိယ၊ သုဗောဓာရုံဂဏဝါစက) အားလည်းကောင်း၊ ဓမ္မဒါနကုသိုလ်ရှင်အပေါင်းတို့အား လည်းကောင်း ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။

အရှင်နန္ဒမာလာဘိဝံသ (သ-စ-အ၊ ဓမ္မာစရိယ၊ ပါဠိပါရဂူ)

မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်း။

၁၃၃၂-ခု၊ နတ်တော်လဆန်း (၈) ရက်

ဂုရုဝဏ္ဏနာ ဂါထာတရာ

၁။ ပုညဂ္ဂမာပိတဝိစိတြလက္ခဏံ၊ သဗ္ဗညုတာမတိယုဂန္ဓရော'ဒိတံ။
ဝေနေယျပင်္ကဇသုဗောဓဒီဓိတိ၊ ဝမ္မံ နိသာကရ'မုဠုန'မိဿရံ။
ပုညဂ္ဂမာပိတဝိစိတြလက္ခဏံ- ထွဋ်မြတ်ကုသိုလ် ကြိုဆိုအပ်နှင်း ဖန်ဆင်းလေအပ် သပ်ရပ်ဆန်းကြယ် သပ္ပါယ်လှပ လက္ခဏာတော်ကြီးငယ်တို့နှင့် ပြည့်စုံတော်မူထသော၊ သဗ္ဗညုတာမတိယုဂန္ဓရောဒိတံ- ဉေယျကုန်စင် သိမြင်နှံ့စပ် ဉာဏ်မြတ်ဟုဆို ယုဂန္ဓိုရ်ထက်ကွန်းမှ တက်ထွန်းပေါ်ထွက်၍ လာပေထသော၊ ဝေနေယျပင်္ကဇသုဗောဓဒီဓိတိ- ပွင့်ရန်အားယူ ထွက်ပြုငုံစ ဝေနေယျကြာ သတ္တဝါကို စိတ်မှာတွေဝေ အိပ်နေခြင်းမျိုး နိုးကြားစေနိုင် ကိုယ်ပိုင်တောက်ပ မြတ်ရောင်ခြည်လည်း ရှိထသော၊ ဥဠုနံ- နက္ခတ်တာရာ ကြယ်တကာတို့၏၊ ဣဿရံ- ရောင်ခြည်လွှမ်းမိုး ပိုင်စိုးအစဉ် အရှင်သခင် ဖြစ်တော်မူထသော၊ နိသာကရံ- ညခါခပင်း ငွေလမင်းဟူ ပျံ့သင်း ဂုဏ်အင် မြတ်ဘုရားသခင်ကို၊ ဝန္ဒေ- သဒ္ဓါကြည်မော့ မာန်ကို လျော့၍ ကန်တော့လိုက်ပါ၏ အရှင်ဘုရား။
၂။ ရွှေကျင်နိကာယဝရကေတုပမော သုဓီရော၊ သီလာဗျနေကဂုဏသဉ္စယဓီရသေဋ္ဌော။
သတ္ထန္တရော'ပစိတဉာဏိဝရော အခီဏော၊ သိန္ဓူဝ ရတ္တရတနော ဇယတံ ဂုရေ'သော။
ရွှေကျင်နိကာယဝရကေတုပမော- ရွှေကျင်နိကာယ် ဂုဏ်မြင့်ကြွယ်လျက် တင့်တယ်ပျံ့သင်း စံကင်းတမူ မှန်ကင်းတဆူ ဖြစ်တော်မူထသော၊ သုဓီရော- နှံ့စပ်ရာရာ ပညာထိပ်သီး ပညာ့ရှင်ကြီးလည်း ဖြစ်တော်မူထသော၊ သီလာဗျနေကဂုဏသဉ္စယဓီရသေဋ္ဌော- ပညာရှိမြတ် ချီးမွမ်းအပ်သည့် ကျင့်မြတ်သီလ စာစုံလင် ဂုဏ်အင်များစွာ စုဝေးတည်ရှိရာလည်း ဖြစ်ပေထသော၊ အခီဏော- သမုဒ္ဒရာရေတမျှ ဝေငှ၍ မကုန်နိုင်သော၊ သတ္ထန္တရောပစိတဉာဏိဝရော- ကျမ်းဂန်အရပ်ရပ် ဆည်းပူးအပ်သည့် ထူးမြတ်ဉာဏ်ရည် အတည်ပိုင်သ ဉာဏ်ကြီးရှင်လည်း ဖြစ်တော်မူပေထသော၊ သိန္ဓူဝ- ရတနာ၏ တည်ရာ မဟာသမုဒ္ဒရာကဲ့သို့၊ ရတ္တရတနော- သီလသုတ စသည်စုံလင် ခုံမင်စွဲမက်စရာ ရတနာလည်း ရှိတော်မူသော၊ ဧသော ဂုရု- "ရွှေကျင်နိကာယ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု" ဂုဏ်ပြုထိပ်ထား ဤကျေးဇူးရှင် "စံကင်းဆရာတော်မြတ်ဘုရား ကြီး" သည်၊ ဇယတံ- ဥပဒ်အန္တရာယ် ရန်စွယ်တသင်း မချဉ်းဝံ့လာ နေရောင်ဖြာက မြက်မှာနှင်းပေါက် ချက်ချင်းပျောက်သို့ အံ့လောက်ဖွယ်ရာ အောင်မြင်တော်မူပါစေသတည်း။
၃။ ရွှေကျင်ဂဏမဟောဒယာ၊ ဒယန္တ စန္ဒမဏ္ဍလံ။
ဝိဇ္ဇာကေဇဗောဓာပေန္တံ၊ ဝန္ဒာမိ ဂဏနာယကံ။
ရွှေကျင်ဂဏမဟောဒယာ- ရွှေကျင်ဂိုဏ်းဆို ယုဂန္ဓိုရ်တောင်တော်ထက်မှ၊ ဥဒယန္တိ- ရောင်ခြည်ဖြန့်ဝေ ပေါ်ထွက်၍ လာပေထသော၊ ဝိဇ္ဇာကေဇဗောဓာပေန္တံ- ပညာရှိကြာမျိုး အသိဉာဏ်အားဖြင့် နိုးကြားစေတော်မူတတ်ထသော၊ ဂဏနာယကံ- ကြယ်တာရာသွင် ဂိုဏ်းရွှေကျင်၏ ဗရင်အတူ နာယကတဆူ ဖြစ်တော်မူသော၊ စန္ဒမဏ္ဍလံ- ပြည့်ဝန်းလျှံဖြာ လစန္ဒာကို၊ ဝါ- "ဘဒ္ဒန္တစန္ဒာဘိဝံသ" စန်းလနာမည် ဂုဏ်ရည်ထင်ရှား ကျေးဇူးရှင်ဆရာတော်မြတ်ဘုရားကြီးကို၊ ဝန္ဒာမိ- လက်အုပ်ကြော့ဆန်း မလျော့တမ်းဖြင့် ကန်တော့ပန်း ဆက်လိုက်ပါသည် အရှင်ဘုရား။ ။
၄။ သမ္ပတီ'သိ မဟာထေရ၊ ရွှေကျင်ဂဏမဟုက္ကဋ္ဌော။
ဂဏီနံ "နဝမော သံဃရာဇာ" သိ ဂဏမဏ္ဍလေ။
မဟာထေရ- ဂိုဏ်းမြတ်ရွှေကျင် နေသွင်အလား အို ဆရာတော်မြတ်ကြီးဘုရား၊ တွံ- အရှင်ဆရာတော်မြတ်ဘုရား ကြီးသည်၊ သမ္ပတိ ရွှေကျင်ဂဏမဟုက္ကဋ္ဌော'သိ- ရွှေကျင်ဦးစီး လက်ရှိဥက္ကဋ္ဌကြီးတဆူ ဖြစ်တော်မူပါပေ၏၊ ဂဏမဏ္ဍလေ- ရွှေကျင်နွယ်ဂိုဏ်း ထင်ရှားသည့် အသိုင်းအဝိုင်း၌၊ ဂဏီနံ- ဂိုဏ်းမြတ်ဦးစီး ဂိုဏ်းခေါင်းဆောင်ကြီးတို့တွင်၊ နဝမော သံဃရာဇာ'သိ- ကိုးဆက်မြောက်စိုးစံ တန်ခိုးလျှံထိန်ငြီး 'နဝမသံဃရာဇာကြီး' တဆူ ဖြစ်တော်မူပါပေသတည်း။
၅။ ရွှေကျင်နိကာယကေတူနံ၊ ဒီဃာယုကတမော'သိ တွံ။
တေန တွံဂဏဝိသိဋ္ဌ၊ သက်တော်ရှည်'တိ ပတိယသော
ဂဏဝိသိဋ္ဌ- ဂိုဏ်းတွင်ထူးခြား အို ဆရာတော်မြတ်ကြီးဘုရား၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ ရွှေကျင်နိကာယကေတူနံ- ရွှေကျင်ဦးစီး ဂိုဏ်းမှန်ကင်းကြီးတို့တွင်၊ ဒီဃာယုကတမော'သိ- အာယုကပ်မီ ရာကျော်တည်ကာ သက်တော်အရှည်ဆုံး ဖြစ်တော်မူပါပေ၏၊ တေန- ထို့ကြောင့်၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးကို၊ "သက်တော်ရှည်" တိ- အာယုကပ်မီ "ဂဏသက်တော်ရှည်" ဟူ၍၊ ပတီယသေ- ဝိသေသနပုဒ် ရှေ့ကထုတ်လျက် သမုတ်ထင်စွာ သိမှတ်အပ်ပါသတည်း။
၆။ ဧရာဝတီ နဒီအာသန္ဓေ၊ စံကင်းဝှယဇနာလယေ။
နိဝသံ ဒွါဒသဝဿံ၊ ဇောတေသိ ဇိနသာသနံ။
ဧရာဝတီ နဒီအာသန္ဓေ- ဧရာဝတီနဒီကမ်းစပ် အနီးအရပ်ဖြစ်သော၊ စံကင်းဝှယဇနာလယေ- ဓနုဖြူတဖက်ကမ်း ခပ် [၁] လှမ်းလှမ်းတည်နေ ဆန်ရေစပါး ပေါများပြည့်တင်း ရွာစံကင်း၌၊ နိဝသံ ဒွါဒသဝဿံ- ၁၅-ဝါအရ သာသနာပြုကြွရန် ပင့်လာကြသဖြင့် မျှတရွှင်ပြုံး ၁၂-နှစ်ကြာ သီတင်းသုံးတော်မူလျက်၊ ဇိနသာသနံ- အများကြည်ညို မှီခိုလေးစား အားထားကြရာ မြတ်ဘုရား၏ သာသနာကို၊ ဇောတေသိ- ရှေ့ဆောင်ဟောကြား မြတ်တရားဖြင့် ထွန်းကားတိုးတက်စေတော်မူခဲ့ပါသတည်း။
၇။ စံကင်းဝှယနေဂမာနံ၊ မဟာထေရော ယတိဿရော။
တေန တွံ 'စံကင်းဆရာတော်'၊ မီတိ ယာဝဇ္ဇပါကတေ။
ယတိဿရော- ဂဏရွှေကျင် ဦးတင်ရှေ့ထား ဆရာတော်မြတ်ဘုရားကြီးသည်၊ စံကင်းဝှယနေဂမာနံ- သဒ္ဓါစသည် ဂုဏ်ရည်မြင့်မား စံကင်းသူ၊ စံကင်းသားတို့၏၊ မဟာထေရော- ဆုံးမပဲ့ပြင် သွန်သင်ပြသ အာစရိယတဆူ ဖြစ်တော်မူပါပေ၏။ တေန- ထို့ကြောင့်၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ စံကင်းဆရာတော်မီတိ- 'စံကင်းဆရာတော်... စံကင်းဆရာတော်' ဟူ၍၊ ယာဝဇ္ဇပါကဋော- ကမ္ဘာတွင်ကျော် ယနေ့တိုင် ထင်ပေါ်လျက်ရှိတော်မူပါပေသတည်း။
၈။ ယတိဝသေနေ'ကာသီတိ၊ ဝသော တွ'မသိ ဇာတိယာ။
သတဝသော သမ္မတီ'သိ၊ ရတ္တညူ ဝီရ သာသနေ။
ဓီရ- ပညာ့ထိပ်တင် အရှင်ဆရာတော်မြတ်ကြီးဘုရား၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ သမ္ပတိ- တစ်သုံး [၂] သုံးနှစ် သက္ကရာဇ်ဖော် နတ်တော်ကျော်ခြောက် ထွန်းတောက်မင်္ဂလာ ယနေ့အခါ၌၊ ယတိဝသေန- ဆင်မြန်းသိက္ခာ ရဟန်းဝါတော်အားဖြင့်၊ ဧကာသီတိဝသော'သိ- ရှစ်ဆယ့်တစ်ဝါ ရရှိတော်မူပါပြီ၊ ဇာတိယာ- ပြောင်းလွှဲဆက်သွယ် သက်ရွယ်တော်အားဖြင့်၊ သတဝဿိကော'သိ- အနှစ်တရာ ပြည့်မြောက်နေပါပြီ၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ သာသနေ- ဘုရားမြတ်စွာ သာသနာတော်၌၊ ရတ္တညူ'သိ- ညသိအများ 'ရတ္တညူ' ပုဂ္ဂိုလ်မြတ်ကြီးတစ်ပါး ဖြစ်တော်မူပါပေသတည်း။ ။
၉။ ဝယေ ဟာနေပိ တေ ဓီရ၊ ဆဝိဝဏ္ဏော ပသီဒတိ။
ပုဏ္ဏိန္ဒူဝ ပသာဒေသိ၊ ပဿန္တသန္တမာနသံ။
ဓီရ- ပညာရှိထိပ်ခေါင်တင် ဆရာတော်အရှင်သူမြတ်ကြီးဘုရား၊ တေ- အရှင်ဆရာတော်မြတ်ဘုရားကြီး၏၊ ဝယေ- အရွယ်တော်သည်၊ ဟာနေပိ- ဖြေးဖြေးယိုယွင်း ယုတ်လျော့ကျဆင်း၍ လာပါသော်လည်း၊ ဆဝိဝဏ္ဏော- စိုပြေဝါဝင်း အရေအဆင်းသည်၊ ပသီဒတိ- တောက်ပအစဉ် ကြည်လင်လျက်ရှိပါပေ၏၊ ပဿန္တသန္တမာနသံ- ကိုယ်တိုင်စေ့ငု တွေ့ရဖူးမြင် သူတော်ကောင်းတို့၏ စိတ်အစဉ်ကို၊ ပုဏ္ဏိန္ဒူဝ- ရောင်ခြည်ပြည့်ရွန်း လပြည့်ဝန်းကြီးကဲ့သို့၊ ပသာဒေသိ- မြင်သူရွှင်မြူး အစဉ်ထူးအောင် ကြည်နူးစေနိုင်ပါပေသတည်း။

[၃] ၁၀။ န နေသိ တွံ ဟာနံ ဟာနိမှိ၊ ဝယသိ ပညယာ တဝ။
သတ္ထန္တရောပစိတာယ၊ သိန္ဓူဝ ရတနာန ဝေ။
ဝယသိ- အာယုမှတ်တိုင် မခိုင်ရွေ့ရှား ထူးပြားဆန်းကြယ် သက်ရွယ်တော်သည်၊ ဟာနိမှိ- ဖြေးဖြေးယိုယွင်း ယုတ်လျော့ကျဆင်း၍ လာပါသော်လည်း၊ တဝ- အရှင်ဆရာတော်မြတ်ဘုရားကြီး၏၊ သတ္ထန္တရောပစိတာယ- ကျမ်းဂန်အရပ်ရပ် ဆည်းပူးလေ့လာအပ်ပြီးသော၊ ပညယာ- သိမြင်နှံ့စပ် ပညာတော်မြတ်၏၊ ဟာနိ- ဆုတ်ယုတ်ပျက်ပြား လျော့ပါးယိုယွင်းခြင်းသို့၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ နေသိ- အံ့လောက်ဖွယ်ပေ မရောက်ဘဲရှိ၍ နေပါပေ၏၊ သိန္ဓု- ရတနာတို့တည်ရာ မဟာသမုဒ္ဒရာသည်၊ ရတနာနံ- သန္တာပုလဲ မြရွဲစုံစွာ ရတနာတို့၏၊ ဟာနိ- ဆုံးရှုံးပျက်ပြား လျော့ပါးခြင်းသို့၊ ဝေ နေတိ'ဝ- ဥပမာအသွင် ရှုမြင်ချင့်ထောက် တကယ်ပင် မရောက်လေသကဲ့သို့ ပါပေတည်း။
၁၁။ ဝဒန္တေ'ကေ မတိဟာနိ၊ ဝယောဟာနိမှိ ဇာယတိ။
န တေ ဓီရ ဓိယာ ဟာနိ၊ န သစ္စာ နေသ ဘာရတီ။
ဧကေ- စဉ်းစားဉာဏ်လို အချို့သော ပုဂ္ဂိုလ်တို့သည်၊ ဝယောဟာနိမှိ- စစယိုယွင်း အရွယ်၏ ယုတ်လျော့ခြင်းသည်၊ ဇာယတိ- မရှောင်လွှဲသာ ဓမ္မတာဖြင့် ဖြစ်လာခဲ့သည်ရှိသော်၊ မတိဟာနိ- သတိအားပျော့ ပညာဉာဏ်၏ ယုတ်လျော့ခြင်း [၄] သည်၊ ဟောတိ- စင်စစ်မသွေ ဖြစ်တတ်ချေ၏ဟူ၍၊ ဝဒန္တိ- အမြင်တိုလှ ပြောဆိုကြပါကုန်၏၊ ဓီရ- ပညာရှိထိပ်ထား အရှင်ဆရာတော်မြတ်ကြီးဘုရား၊ တေ- အရှင်ဆရာတော်မြတ်ဘုရားကြီး၏၊ ဓိယာဟာနိ- သတိအားပျော့ ပညာ၏ ယုတ်လျော့ခြင်းသည်၊ န ဟောတိ- လုံးဝသေချာ မဖြစ်ပါ၊ နေသံ- စဉ်းစားဉာဏ်လို ထိုပုဂ္ဂိုလ်တို့၏၊ ဘာရတီ- 'အသက်ကြီးလျှင် ဉာဏ်အားနည်းသည်' ဟု အတည်ပြောကြား ဆိုစကားသည်၊ န သစ္စာ- ယုံဖွယ်လက်ခံ အမှန်မနီး အမှားကြီးသာ ဖြစ်ပါပေသတည်း။
၁၂။ နေပုညမတ္ထိ တေ ဓီရ၊ သမယေ သမယန္တရေ။
ရဝိန္ဒု'ဘာယ ဝိဟစ္စ၊ တမတံဝ သုဒိပ္ပတိ။
ဓီရ- ပညာရှိထိပ်ထား အရှင်ဆရာတော်မြတ်ကြီးဘုရား၊ တေ- အရှင်ဆရာတော်မြတ်ဘုရားကြီး၏၊ သမယေ သမယန္တရေ- ယူဆကြအဖြာဖြာ 'သကဝါဒ ပရဝါဒ' အရာ၌၊ နေပုညံ- စွမ်းအင်ပါဝါ ကျွမ်းကျင်လိမ္မာခြင်းသည်၊ အတ္ထိ- ထင်ရှားမသွေ ရှိပါပေ၏၊ တေ- အရှင်ဆရာတော်မြတ်ဘုရားကြီး၏၊ နေပုညံ- စွမ်းအင်ပါဝါ ကျွမ်းကျင်လိမ္မာခြင်းသည်၊ သုဒိပ္ပတိ- လှပထိန်ဝေ တောက်ပ၍ နေပါပေ၏၊ ရဝိန္ဒု- ရောင်ဝါတက်ထွန်း နေစက်ဝန်းသည်၊ တမတံ- အရောင်မချဉ်း မှောင်တသင်းကို၊ အာဘာယ- ထွန်းပပြောင်လည် ထောင်ရောင်ခြည် [၅] ဖြင့်၊ ဝိဟစ္စ- ခဏချက်ချင်း ပယ်ရှင်းပြီး၍၊ သုဒိပ္ပတိဝ- လှပထိန်ဝေ ထွန်းတောက်၍ နေလေသကဲ့သို့ ပါပေတည်း။
၁၃။ ရဝိန္ဒု ဝိယ ချာ'ဘာတိ၊ ပဋိဘာ ပိဋကတ္တယေ။
ဓီရ တွံ ဓီမတ'ဂ္ဂေါ'သိ၊ ဝိဇ္ဇသုဇနမဏ္ဍလေ။
ခေ- အာကာသတွင် ထက်ကောင်းကင်၌၊ ရဝိန္ဒု- ရောင်ခြည်ဗရင် နေ့စဉ်ထက်ထွန်း နေစက်ဝန်းသည်၊ အာဘာတိ ဝိယ- အမှောင်ခွင်း၍ အလင်းဆောင်ကာ ရောင်ဝါဖြန့်ဝေ တောက်ပလေသကဲ့သို့၊ ပိဋကတ္တယေ- ပိဋကသုံးသွယ် ကျမ်းဂန်နယ်၌၊ တဝ- အရှင်ဆရာတော်မြတ်ဘုရားကြီး၏၊ ပဋိဘာ- သိမြင်ပြတ်သား မြတ်ဉာဏ်ရည် စွမ်းပကားသည်၊ အာဘာတိ- အရှိန်ပြင်းပြ တောက်ပ၍ နေပါပေ၏၊ ဓီရ- ပညာထိပ်သီး အရှင်ဆရာတော်မြတ်ကြီးဘုရား၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ ဝိဇ္ဇသုဇနမဏ္ဍလေ- ပညာရှိဂိုဏ်း သူတော်စင် အသိုင်းအဝိုင်း၌၊ ဓီမတံ- သိဉာဏ်ကြီးမား ပညာရှိအများတို့တွင်၊ အဂ္ဂေါ'သိ- ထူးချွန်ကျော်လွှား အစဉ်အားဖြင့် ထင်ရှားကြီးမြတ်တော်မူပါပေသတည်း။
၁၄။ တွံ သိ'ဓီရ ဂဏုက္ကဋ္ဌော၊ ဇာတိယာ သတဝဿိကော။
ပညာယ တေ သမော နေဝ၊ သုလဘော သမ္ပတီဇနေ။
ဓီရ- ပညာရှိထိပ်သီး အရှင်ဆရာတော်မြတ်ကြီးဘုရား၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ ဂဏုက္ကဋ္ဌော- [၆] သိ- ရွှေကျင်ဂဏ ဥက္ကဋ္ဌကြီးတဆူ ဖြစ်တော်မူပါပေ၏၊ ဇာတိယာ- ဘဝဆက်နွယ် သက်ရွယ်တော်အားဖြင့်၊ သတဝဿိကော- အနှစ်တရာ ရှိတော်မူပါပြီ၊ သမ္ပတီဇနေ- အတွေ့ထူးသစ် ယနေ့ခေတ်၌၊ ပညာယ- သိမြင်စုံစွာ မြတ်ပညာအားဖြင့်၊ တေ သမော- အရှင့်ထပ်တူ တူသသူကား၊ နေဝ သုလဘော- ကမ္ဘာ့အလယ် မရလွယ်ဘဲ မြနှယ်စိန်လား အလွန်ရှားလှပါပေသတည်း။
၁၅။ ယဒိ ပညာ ဂဏီသဿ၊ သာ'ဿ ဒဗ္ဗဝ ရူပိနီ။ နိက္ခေပမ္ပိ န ပဿေယျ၊ နာ'ယံ ဓာရေယျ မေဒနီ။
အဿ ဂဏီသဿ- ဂိုဏ်းမြတ်ဦးစီး ဤဆရာတော်မြတ် ဘုရားကြီး၏၊ သာ ပညာ- အရာရာတွင် သိမြင်နှံ့စပ် ထိုပညာတော်မြတ်သည်၊ ဒဗ္ဗဝ- တွေ့မြင်သိအပ် ရုပ်ဒြပ်ကြီးကဲ့သို့၊ ယဒိ ရူပိနီ- စွမ်းအင်စုရုံး ရုပ်လုံးပေါ်ကာ ဖြစ်လာခဲ့ပါမူ၊ နိက္ခေပမ္ပိ- ရုပ်လုံးပညာ ချထားရာဌာနကိုလည်း၊ န ပဿေယျ- မမြင်တွေ့နိုင်ရာပါ၊ အယံ မေဒနီ- နှစ်သိန်းလေးသောင်း ယူဇနာ ထုလွှာကြီးမား ဤကမ္ဘာမြေသားကလည်း၊ န ဓာရေယျ- ပညာရုပ်လုံး စွမ်းအင်သုံးနှင့် စံနှုန်းတွက်ဆ အလေးချိန် မမျှသဖြင့် မရရှောင်ရှား ဆောင်ထားနိုင်မည် မထင်ပါ့ ဘုရား။

[၇] ၁၆။ သတ္တုဏေယျ မဟာကာသံ၊ ပမေတုံ'င်္ဂုလေနယော။ သ ဇညာ ဓီရ ပညာယ၊ သာမတ္ထိယ'မသေသကံ။
ဓီရ- ပညာရှိထိပ်ခေါင်တင် အို ဆရာတော်ရှင်သူမြတ်ကြီး ဘုရား၊ ယော- အကြင်သူသည်၊ မဟာကာသံ- ကျယ်ဝန်းအစဉ် ထက်ကောင်းကင်ကို၊ အင်္ဂုလေန- တိုင်းထွာတွက်စစ် မိမိ၏ လက်သစ်ဖြင့်၊ ပမေတုံ- လက်သစ်ပေါင်းမည်မျှဟု တိုင်းထွာ၍ပြခြင်းငှာ၊ သတ္တုဏေယျ- စွမ်းနိုင်လေရာ၏၊ သော- ကောင်းကင်ကို လက်သစ်ဖြင့် တွက်စစ်နိုင်သူ ထိုသသူသည်၊ တဝ- ပညာကြီးမား အရှင်ဆရာတော်မြတ်ဘုရားကြီး၏၊ ပညာယ သာမတ္ထိယံ- သိမြင်ကြီးမား ပညာရည်စွမ်းပကားကို၊ အသေသကံ ဇညာ- ကြွင်းမဲ့ကုန်စင် သိမြင်နိုင်ရာပါသည် အရှင်ဘုရား။
၁၇။ သဘာသာယ'ညဘာသာယ၊ ရစယိ ဝိမှယေ ကဗျ။ ပဋိဘာယ သဉ္ဇာတာယ၊ ဝင်္ဂီသောဝါ'သိ သာသနေ။
ဂုရု- ပညာရှိအများ လေးစားပူဇော် ဆရာတော်မြတ် ဘုရားကြီးသည်၊ သဘာသာယ- တိုင်းရင်းသုံးစာ မြန်မာဘာသာဖြင့်၎င်း၊ အညဘာသာယ- ပိဋကတ်စာ ပါဠိဘာသာဖြင့်၎င်း၊ ဝိမှယေ ကဗျေ- ကဝိဥစ္စာ အံ့ရာဂုဏ်မြောက် ထွန်း [၈] တောက်ပေါ်လာ *ကဗျာအနု ရတုဂါထာ မြောက်များစွာတို့ကို၊ ရစယိ- စီကုံးဖွဲ့နွဲ့ ရေးသားတော်မူခဲ့လေပြီ၊ သာသနေ- ဘုရားမြတ်စွာ သာသနာတော်၌၊ သဉ္ဇာတာယ- ထွန်းတောက်လျှင်စွာ ဖြစ်ပေါ်လာသော၊ ပဋိဘာယ- ရုတ်တရက်ထင်ပေါ် ပဋိဘာန်ဉာဏ်တော်အားဖြင့်၊ ဝင်္ဂီသောဝါ'သိ- စကားပိုင်စိုး တန်းခိုးထင်ပေါ် စာဆိုတော်ရှင်'ဝင်္ဂီသ'ကဲ့သို့ပါပေတကား။
*ကဗျာအနု ရတုဂါထာ အချို့ကို “စံကင်းဆရာတော်ဘုရားကြီး၏ ဩဝါဒဓမ္မကထာ” အခန်း (၃)၊ (လှခင်အင်ဆန်း စာပုံနှိပ်တိုက် ၁၃၃၁ ခုနှစ်ရိုက်) တွင်ကြည့်။
၁၈။ ဓီရ'တ္ထိ သာဘာဝိကီ၊ ပဋိဘာ'မလံ သုတံ။ အမန္ဒာ'ဘိယောဂေါ တေန၊ ဆေကိဋ္ဌောဝ'သိ ဗန္ဓနေ။
ဓီရ- ပညာရှင်ထိပ်ထား အို ဆရာတော်မြတ်ကြီးဘုရား၊ တေ- အရှင်ဆရာတော်မြတ်ဘုရားကြီး၏၊ သာဘာဝိကီ ပဋိဘာ စ- သဘာဝမှီ ပင်ကိုယ်ဉာဏ်ရည်သည်၎င်း၊ အမလံ သုတံ- ပြည့်ဝစုံလင် ညစ်ကြေးစင်သည့် တွေ့မြင်များလှ ဗဟုဿုတသည်၎င်း၊ အမန္ဒာ'ဘိယောဂေါ- လုံ့လအားသည်း မနည်းကြိုးစား ဝီရိယစွမ်းအားသည်၎င်း၊ အတ္ထိ- ထင်ရှားမသွေ ရှိပါပေ၏၊ တေန- ထို့ကြောင့်၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ ဗန္ဓနေ- ကဝိဥစ္စာ ကဗျာစီကုံး အနှုံးအဖွဲ့၌၊ ဆေကိဋ္ဌောဝါ'သိ- ကျွမ်းကျင်လိမ္မာ အထူးချွန်ဆုံး ဖြစ်တော်မူပါပေသတည်း။

[၉] ၁၉။ ပါယေန သတိဝိကလာ၊ ဝယသိ မီဒိသေ ဇနာ။ တဒါ ကတမ္ပိ မုဿန္တိ၊ ဥတ္တာနသေယျကာဝ တေ။
ဤဒိသေ ဝယေ- ကိုးဆယ်ကျော်ကာ တရာသို့ချဉ်း အိုမင်းရော့ရယ် ဤအရွယ်၌၊ ဇနာ- မခြားရည်တူ အများပြည်သူတို့သည်၊ ပါယေန- ရေတွက်မှန်းထား အများစုအားဖြင့်၊ သတိဝိကလာ- မေ့လျော့လွတ်ကင်း သတိတွေ ချွတ်ယွင်းကြလေကုန်၏၊ တေ- အရွယ်ယွင်းယို ထိုလူအိုတို့သည်၊ တဒါ ကတမ္ပိ- ပြု၍ပြီးစ အမှုကိစ္စကိုလည်း၊ မုဿန္တိ- တွေဝေပြင်းပြ မေ့လျော့ကြလေကုန်၏၊ တေ- အရွယ်ယွင်းယို ထိုလူအိုတို့သည်၊ ဥတ္တာနသေယျကာဝ- အရေးမပါ ပက်လက်အိပ်ရွယ် ကလေးငယ်ပမာ ဖြစ်ရှာကြလေကုန်၏၊ ဝါ- ကြီးမှုပယ်လှန် သူငယ်ပြန်ကြလေကုန်၏။
၂၀။ နေသိ တွံ ဟာနိံ ဟာနိမှိ၊ ဝယသိ သတိယာ တဝ။ စိရကတမ္ပိ သရိတုံ၊ မလံ ထေရောဝ အဘယော။
တဝ- ကျေးဇူးတော်ရှင် အရှင်ဆရာတော်မြတ်ဘုရားကြီး၏၊ ဝယသိ- အရွယ်တော်သည်၊ ဟာနိမှိ- ယုတ်လျော့ကျဆင်း ယိုယွင်း၍ နေပါသော်လည်း၊ သတိယာ- ထူးခြားမှတ်မိ မြတ်သတိ၏၊ ဟာနိံ- မှတ်ဉာဏ်လွတ်ကင်း ယိုယွင်းခြင်းသို့၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ နေသိ- အံ့ [၁၀] လောက်စရာ မရောက်ဘဲရှိနေပါပေ၏၊ ထေရောဝ အဘယော- သတိအရာစံထား *အဘယထေရ်ကျော်သုံးပါးတို့ကဲ့သို့၊ စိရကတမ္ပိ- နှစ်ပေါင်းကြာရှည် အခါဆီက ထိုဤပြုအပ် အမှုအရပ်ရပ်ကိုလည်း၊ သရိတုံ မလံ- ထူးခြားပိုင်ပိုင် မှတ်မိခြင်းငှာ စွမ်းနိုင်ပါပေသည် အရှင်ဘုရား။
*သတိကောင်းသောအရာတွင် စံတင်ထားရသော အဘယထေရ်ကျော် ၃ ပါးကား “မဟာဂတိမ္ဗယအဘယထေရ်, ဒီဃဘာဏက အဘယထေရ်, တိပိဋကစူဠာဘယထေရ်” တို့တည်း၊ (ဒီ၊ဌ၊၂။၁၂၀)
၂၁။ တွံ'သိ ဓီရ ဂဏုက္ကဋ္ဌော၊ ဇာတိယာ သတဝဿိကော။ သတိယာပိ သမော နေဝ၊ သုလဘော သမ္ပတီဇနေ။
ဓီရ- ပညာရှိခေါင်ဖျား အို- ဆရာတော်မြတ်ကြီးဘုရား၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ ဂဏုက္ကဋ္ဌော သိ- ရွှေကျင်ဂဏ ဥက္ကဋ္ဌကြီးတဆူ ဖြစ်တော်မူပါပေ၏၊ ဇာတိယာ- ဘဝဆက်နွယ် သက်ရွယ်တော်အားဖြင့်၊ သတဝဿိကော- အနှစ်တရာ ရှိတော်မူပါပြီ၊ သမ္ပတီဇနေ- တွေ့မြင်ဆန်းသစ် ယနေ့ခေတ်၌၊ သတိယာ- မြဲခိုင်မှတ်မိ မြတ်သတိအားဖြင့်၊ သမော- အရှင့်ထပ်တူ တူသသူကား၊ နေဝ သုလဘော- ကမ္ဘာ့အလယ် မရလွယ်ဘဲ မြနှယ်စိန်လား အလွန်ရှားလှပါပေသတည်း။

[၁၁] ၂၂။ သုတမတ္ထိ ဝိဓိတဿ၊ အနေကသတ္ထသန္တိတံ။ သန္နိစိတံ ဟဒယမှိ၊ မဏီဝ ရတနာလယေ။
ရတနာလယေ- မြစိန်နှင့်ရွဲ ပုလဲသန္တာ ရတနာများ နှံထားသိုမှီး ရတနာတံတင်းကြီး၌၊ မဏီဝ- အသွေးအရည် ရတီပြည့်ငြား ပတ္တမြားရတနာ ကဲ့ပမာသို့၊ ဟဒယမှိ- သွေးရည်စုရုံး သဲနှလုံး၌၊ သန္နိစိတံ- ကျနသိုမှီး သိမ်းဆည်းအပ်သော၊ အနေကသတ္ထသန္တိတံ- ကျမ်းဂန်အရပ်ရပ် ဆည်းပူးလေ့လာအပ်သော၊ သုတံ- အများအစဉ် ကြားအမြင်သည်၊ ဝိဓိတဿ- နှံ့စပ်ကျော်ကြား အရှင်ဆရာတော်မြတ်ဘုရားအား၊ အတ္ထိ- ထင်ရှားမသွေ ရှိပါပေသတည်း။
၂၃။ တွံ'သိ ဓီရ ဂဏုက္ကဋ္ဌော၊ ဇာတိယာ သတဝဿိကော။ သုတေနပိ သမော နေဝ၊ သုလဘော သမ္ပတီဇနေ။
ဓီရ- ပညာရှိခေါင်ဖျား အို- ဆရာတော်မြတ်ကြီးဘုရား၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ ဂဏုက္ကဋ္ဌော'သိ- ရွှေကျင်ဂဏ ဥက္ကဋ္ဌကြီးတဆူ ဖြစ်တော်မူပါပေ၏၊ ဇာတိယာ- ဘဝဆက်နွယ် သက်ရွယ်တော်အားဖြင့်၊ သတဝဿိကော- အနှစ်တရာ ရှိတော်မူပါပြီ၊ သမ္ပတီဇနေ- တွေ့မြင်ဆန်းသစ် ယနေ့ခေတ်၌၊ သုတေနပိ- ကြားမြင်များလှ ဗဟုဿုတအားဖြင့်လည်း၊ သမော- အရှင်ထပ်တူ တူသသူကား၊ နေဝ [၁၂] သုလဘော- ကမ္ဘာ့အလယ် မရလွယ်ဘဲ မြနှယ်စိန်လား အလွန်ရှားလှပါပေသတည်း။
၂၄။ သဂ္ဂဏဝုဒ္ဓိဘိလာသီ၊ ဂဏီသော ဂဏကေသရီ။ ဝယီဒိသေပိ ယာဝဇ္ဇ၊ နိကာယဓုရမာဝဟော။
ဂဏကေသရီ- ဂိုဏ်းတွင်ရဲတင်း ဂိုဏ်းမင်းတဆူ ဖြစ်တော်မူသော၊ ဂဏီသော- ဂိုဏ်းမြတ်ဦးစီး ဆရာတော်မြတ်ဘုရားကြီးသည်၊ သဂ္ဂဏဝုဒ္ဓိဘိလာသီ- ရွှေကျင်နွယ်လှိုင်း မိမိဂိုဏ်း၏ သိုင်းဝိုင်းဖြိုးလက် တိုးတက်ကြီးပွား စည်ကားခြင်းကို လိုလားနှစ်သက်တော်မူသည်ဖြစ်၍၊ ဝယီဒိသေပိ- တရာပြည့်ကြွယ် ဤသို့သောအရွယ်တော်၌ပင်လျှင်၊ ယာဝဇ္ဇ နိကာယဓုရမာဝဟော- ဂိုဏ်းမြတ်တာဝန် လမ်းညွှန်မှူးစီးကြီးမှူးခေါင်ထက် ယနေ့တိုင် ဆောင်ရွက်တော်မူလျက်ရှိပါပေသတည်း။
၂၅။ သဒါ စရတိ သိဿာနံ၊ အတ္ထမေသော ကဝိဿရော။ သဒေ'ဝါဒေနာ'နုဂ္ဂဟိ၊ ဟိတေသီ အနုကမ္ပကော။
ဧသ ကဝိဿရော- ပညာရှိမျိုး စိုးမိုးပိုင်ငြား ဤဆရာတော်မြတ်ဘုရားကြီးသည်၊ သိဿာနံ- ဆုံးမနာယူ ကြည်ဖြူလေးစား တပည့်အများတို့၏၊ အတ္ထံ- မျက်မှောက် တမလွန် နှစ်တန်တိုးပွား အကျိုးတရားကို၊ သဒါ စရတိ- မလပ်ဘယ်ခါ ပြုကျင့်တော်မူပေ၏၊ ဟိတေသီ- တပည့်အများ စီးပွားကို ကြီးမားမြော်မြင် အစဉ်ရှာမှီးလေ့ရှိတော်မူသည်ဖြစ်၍၊ [၁၃] အနုကမ္ပကော- သနားကယ်ယူ ငဲ့ညှာတော်မူတတ်ပါပေ၏၊ ဩဝါဒေန- နည်းညွှန်လမ်းပြ ဩဝါဒဖြင့်၊ သဒါ အနုဂ္ဂဟိ- ယနေ့တိုင်ဟူ အနားမယူဘဲ ကြည်ဖြူပံ့ထောက် ချီးမြှောက်တော်မူပါပေသတည်း။
၂၆။ တွံ'သိ ဓီရ ဂဏုက္ကဋ္ဌော၊ ဇာတိယာ သတဝဿိကော။ ဝီရိယေန သမော နေဝ၊ သုလဘော သမ္ပတီဇနေ။
ဓီရ- ပညာရှိခေါင်ဖျား အို- ဆရာတော်မြတ်ကြီးဘုရား၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ ဂဏုက္ကဋ္ဌော'သိ- ရွှေကျင်ဂဏ ဥက္ကဋ္ဌကြီးတဆူ ဖြစ်တော်မူပါပေ၏၊ ဇာတိယာ- ဘဝဆက်နွယ် သက်ရွယ်တော်အားဖြင့်၊ သတဝဿိကော- အနှစ်တရာ ရှိတော်မူပါပြီ၊ သမ္ပတီဇနေ- တွေ့မြင်ဆန်းသစ် ယနေ့ခေတ်၌၊ ဝီရိယေန- ရေ, ကြော, ရိုးကြွင်း သားသွေးကင်းပျောက် ခြောက်ကပ်ပစေ မသွေကြိုးပမ်း လုံ့လစွမ်းအားဖြင့်၊ သမော- အရှင်ထပ်တူ တူသသူကား၊ နေဝ သုလဘော- ကမ္ဘာ့အလယ် မရလွယ်ဘဲ မြနှယ်စိန်လား အလွန်ရှားလှပါပေသတည်း။
၂၇။ ဝိသုဒ္ဓေါ သုဒ္ဓနိကာယီ၊ ဂဏီသော ဂဏကေသရီ။ ဓမ္မဒါယီ သံဃပါလီ၊ သတ္ထညဒတ္ထသာဓယီ။
ဂဏကေသရီ- ဂိုဏ်းတွင်ရဲတင်း ဂိုဏ်းမင်းတဆူ ဖြစ်တော်မူသော၊ ဂဏီသော- ဂိုဏ်းမြတ်ဦးစီး ဆရာတော်မြတ် [၁၄] ဘုရားကြီးသည်၊ ဝိသုဒ္ဓေါ- ကိုယ်တိုင်တော်က သီလပျံ့သင်း သန့်ရှင်းတော်မူသည်ဖြစ်၍၊ သုဒ္ဓနိကာယီ- စင်ကြယ်သီလ သန့်ရှင်းသောနိကာယရှိတော်မူပါပေ၏၊ ဓမ္မဒါယီ- တရားမွန်ကို ပြညွှန်ထွေထွေ ပေးဝေတော်မူတတ်ပါပေ၏၊ သံဃပါလီ- သောင်းဂဏန်းတင် ရွှေကျင်နွယ်ဖွား သံဃာများကို မခြားရင်သွေး အရေးတယူ လေးမူစိုးပိုင် ကြိုးကိုင်အုပ်ချုပ်တော်မူနိုင်ပါပေ၏၊ သတ္ထညဒတ္ထသာဓယီ- အတ္တ, ပရ နှစ်ဝအကျိုး သယ်ပိုးဆောင်ယူ ပြီးစေတော်မူတတ်ပါပေသတည်း။
၂၈။ ဓီရ'တ္ထိ ရူပဝိဘဝေါ၊ ဇနပ္ပသာဒမာဝဟော။ သဒါစာရသမာစာရော၊ ဇောတိ ဇောတိပရာယဏော။
ဓီရ- ပညာကြီးမား ဆရာတော်အရှင်မြတ်ကြီးဘုရား၊ တေ- အရှင်မြတ်ဘုရား၏၊ ဇနပ္ပသာဒမာဝဟော- ဖူးသူမြင်လျှင် စိတ်ကြည်လင်အောင် စွမ်းအင်ပြောင်လက် ဆောင်ရွက်နိုင်သော၊ ရူပဝိဘဝေါ- ဂုဏ်ဒြပ်ထယ် သပ္ပါယ်ကဲလွန် ရုပ်ရည်မွန်သည်၎င်း၊ သဒါစာရသမာစာရော- နေ့စဉ်ကျင့်အပ် မြင့်မြတ်ထင်ရှား ကိုယ်ကျင့်တရားတော်သည်၎င်း၊ အတ္ထိ- စင်စစ်မှန်စွာ ရှိနေပါ၏၊ တွံ- ကောင်းဘဝမှာ ကောင်းရာကျင့်သုံး ကောင်းထုံးဖော်ငြား အရှင်ဆရာတော်မြတ်ဘုရားသည်၊ ဇောတိ ဇောတိပရာယဏော- အလင်းမှလာ လင်းရာသို့သွား ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပါပေသည်တကား။

[၁၅] ၂၉။ ပသာဒဝေသဓာရယီ၊ ပညာကရပဘာသယီ။ ပက္ကမ္ဗော ပက္ကဝဏ္ဏီဝ၊ ဂဏီသော ဓမ္မပါလယီ။
ဓမ္မပါလယီ- သဒ္ဓမ္မသုံးသွယ် မကွယ်ပစေ စောင့်ထိန်းတော်မူတတ်ပေသော၊ ဂဏီသော- ဂိုဏ်းစီးကြိုးကိုင် ဂိုဏ်းပိုင်တပါး ဆရာတော်မြတ်ဘုရားသည်၊ ပသာဒဝေသဓာရယီ- ဖူးသူမြင်လျှင် စိတ်ကြည်လင်အောင် အသွင်ဆောင်တတ်ပါပေ၏၊ ပညာကရပဘာသယီ- ရာထောင်နေမင်း မကလင်းသို့ ဖြိုခွင်းမှောင်ရည် ပညာတည်းဟူသော ရောင်ခြည်လည်း ရှိပါပေ၏၊ တွံ- အဆင်းလည်းရှိ အချင်းပြည့်ကြွယ် ဂုဏ်ထယ်မြင့်မား အရှင်ဆရာတော်မြတ်ဘုရားသည်၊ ပက္ကဝဏ္ဏီ ပက္ကမ္ဗော ဝ- ဝါဝင်းစိုအိ မှည့်ရောင်ရှိ၍ မှည့်အိလေပြီး သရက်သီးကဲ့သို့ ပါပေတည်း။
၃၀။ ပိယာယ ယာယ ဝါစာယ၊ ပိယကရော'ပ္ပိယေ ဇနေ။ သာဝါ'ချာတာ ဂဏီသေန၊ ဓီရော နော မဓုဘာဏကော။
ပိယာယ- မေတ္တာရည်သန့် ကိုယ်လုံးဖြန့်ဝေ နှစ်သက်စေတတ်သော၊ ယာယ ဝါစာယ- ကျိုးရှိမှန်ရာ နာချမ်းသာငြား အကြင်စကားဖြင့်၊ အပ္ပိယေ ဇနေ- မကြည်ညိုလူ မုန်းပွားသူတို့ကို၊ ပိယကရော- ဖျောင်းဖျသွေးဆောင် ကြည်ညိုအောင် ပြုနိုင်ပါပေ၏၊ သာဝ- ကျိုးရှိမှန်ရာ နာချမ်းသာငြား ထိုစကားကိုသာလျှင်၊ ဂဏီသေန- ရွှေကျင်ဥက္ကဋ္ဌ် မထေရ်မြတ်သည်၊ [၁၆] အာချာတာ- ပြုံးရောင်ပြုတဲ့ မမဲ့ဣန္ဒြေ သိမ်နေမြင့်စွာ မိန့်ဆိုတော်မူတတ်ပါပေ၏၊ နော- အကျွန်ုပ်တို့၏၊ ဓီရော- ပညာကြီးမား ဆရာတော်မြတ်ဘုရားကြီးသည်၊ မဓုဘာဏကော- ပျားသကာလို စကားချိုကို မိန့်ဆိုတတ်ငြား ‘မဓုဘာဏီ’ ပုဂ္ဂိုလ်တပါး ဖြစ်ပါပေသတည်း။
၃၁။ တွံ'သိ ဓီရ ဂဏုက္ကဋ္ဌော၊ ဇာတိယာ သတဝဿိကော။ ဝါစာယပိ သမော နေဝ၊ သုလဘော သမ္ပတီဇနေ။
ဓီရ- ပညာခေါင်ဖျား အို- ဆရာတော်အရှင်မြတ်ကြီးဘုရား၊ တွံ- ပညာကြီးမား အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ ဂဏုက္ကဋ္ဌော'သိ- ရွှေကျင်ဂဏ ဥက္ကဋ္ဌကြီးတဆူ ဖြစ်တော်မူပါပေ၏၊ ဇာတိယာ- ဘဝဆက်နွယ် သက်ရွယ်တော်အားဖြင့်၊ သတဝဿိကော- အနှစ်တရာ ပြည့်မြောက်တော်မူပါပြီ၊ သမ္ပတီဇနေ- ရာစုပိုင်းဆစ် နှစ်ဆယ်ရာစုခေတ်၌၊ ဝါစာယပိ- မှန်ကန်ကျိုးရှိ ပြောင်းအိသာယာ နားချမ်းသာငြား ဆိုစကားဖြင့်လည်း၊ သမော- အရှင်ထပ်တူ တူသသူကား၊ နေဝ သုလဘော- ကမ္ဘာ့အလယ် မရလွယ်ဘဲ မြနှယ်စိန်လား အလွန်ရှားလှပါပေသည် ဘုရား။
၃၂။ န ရက္ခေ စမရီ ဝါလံ၊ ကိကီပိ သကိယ'ဏ္ဍကံ။ ဘယေ'ယုသာ ဂဏီသောဝ၊ ရက္ခေယျ သီလမတ္တနော။
စမရီ- မြီးဆံရှည်ငြား တိဗက်နွားဟု မှတ်သား၍ဆောင် “စမရီ” သားကောင်သည်၊ ဘယေ- မြီးဆံပျက်ဖွယ် အန္တရာယ်ဆုံ [၁၇] ဘေးကြုံလာသည်ရှိသော်၊ အတ္တနော ဝါလံ- လွန်စွာလှပ ဖားဖားကျတည် မိမိ၏ မြီးဆံရှည်ကို၊ အာယုသာ- ချစ်ခင်စုံမက် ကိုယ့်အသက်ဖြင့်၊ ဝါ- လွန်စွာရဲဝံ့ အသက်စွန့်၍၊ န ရက္ခေ- ရဲမာန်အားဆောက် သို့လောက်တောင်ပင် စောင့်ရှောက်နိုင်မည် မထင်ပါ။ ကိကီပိ- ရှေးက ‘ယစ်’ ကောင် အနက်ဆောင်လည်း ခုနောင်သိရ ‘တိတီတူးမ’ သည်လည်း၊ ဘယေ- အသိုက်ပျက်ဖွယ် အန္တရာယ်ဆုံ ဘေးကြုံလာသည်ရှိသော်၊ သကိယ'ဏ္ဍကံ- ရင်သွေးနုနု မိမိဥကို၊ အာယုသာ- ချစ်ခင်စုံမက် ကိုယ့်အသက်ဖြင့်၊ ဝါ- လွန်စွာရဲဝံ့ အသက်စွန့်၍၊ န ရက္ခေ- ရဲမာန်အားဆောက် သို့လောက်တောင်ပင် စောင့်ရှောက်နိုင်မည် မထင်ပါ၊ ဂဏီသောဝ- ဂိုဏ်းမြတ်ဦးစီး ဆရာတော်မြတ်ဘုရားကြီးသည်သာလျှင်၊ ဘယေ- သီလပျက်ဖွယ် အန္တရာယ်ဆုံ ဘေးကြုံလာသည်ရှိသော်၊ အတ္တနော သီလံ- ဉတ်ကမ္မဝါ အမိန့်စာဖြင့် သေချာနှင်းအပ် မိမိ၏ သီလတော်မြတ်ကို၊ အာယုသာ- ချစ်ခင်စုံမက် ကိုယ့်အသက်ဖြင့်၊ ဝါ- လွန်စွာရဲဝံ့ အသက်စွန့်၍၊ ရက္ခေယျ- ရဲမာန်အားတက် မပျက်ရစေ တကယ်ပင်စောင့်ရှောက်တော်မူနိုင်လေရာသတည်း။
၃၃။ ပုဏ္ဏမာ ပုဏ္ဏမာယာတိ၊ ယာတိ ဟာနိံ တမေကဒါ။ နေ'ကဒါ ထေရ တေ သီလံ၊ ဝိသုဒ္ဓံ သုဒ္ဓိပါပကံ။
ပုဏ္ဏမာ- ပြည့်ဝရောင်ဖြာ လစန္ဒာသည်၊ ဧကဒါ- တခါတလေ ကွာလေနေနှင့် မသင့်ရောင်ဖြာ ဆန်းပက္ခအခါ၌၊ ပုဏ္ဏ- [၁၈] ရောင်ခြည်ဖြာဝန်း ပြည့်ဝန်းခြင်းသို့၊ အာယာတိ- အဋ္ဌကထာအလို ရောက်ရဆို၏၊ ဧကဒါ- တခါတလေ ရောင်ဝေဖြာသွန်း နေဝန်းကြုံလာ ဆန်းပက္ခအခါ၌၊ ပုဏ္ဏ- ရောင်ခြည်ဖြာရွန်း ပြည့်ဝန်းခြင်းသို့၊ အာယာတိ- သိပ္ပံအယူ ရောက်ရဟူ၏၊ ဧကဒါ- တခါတလေ ရောင်ဝေဖြာထွန်း နေဝန်းကြုံလာ ဆုတ်ပက္ခအခါ၌၊ ဟာနတံ- လပြည့်ဝန်းမှသည် လခြမ်း, လခြမ်းမှသည် ပျောက်ကွယ်သည့်တိုင် မခိုင်ယိုယွင်း ဆုတ်ယုတ်ခြင်းသို့၊ ယာတိ- အဋ္ဌကထာအလို ရောက်ရဆို၏၊ ဧကဒါ- တခါတလေ ကွာလေနေနှင့် မသင့်ရောင်ဖြာ ဆုတ်ပက္ခအခါ၌၊ ဟာနတံ- လပြည့်ဝန်းမှသည် လခြမ်း, လခြမ်းမှသည် ပျောက်ကွယ်သည့်တိုင် မခိုင်ယိုယွင်း ဆုတ်ယုတ်ခြင်းသို့၊ ယာတိ- သိပ္ပံအယူ ရောက်ရဟူ၏၊ ထေရ- မြဲခိုင်သီလ ပညာ စသည် ဂုဏ်ရည်ကြီးမား ဆရာတော်မြတ်ကြီးဘုရား၊ ဝိသုဒ္ဓံ- ပုလဲငွေနှင်း ခရုသင်းပွတ်စ ပမာပြနှိုင်းဖွယ် အလွန်တရာ စင်ကြယ်လှပေသော၊ သုဒ္ဓိပါပကံ- နှိုင်းယှဉ်ဖွယ်ရာ မမြင် သန့်စင်ထွဋ်မြတ် နိဗ္ဗာန်တိုင် ရောက်စေတတ်သော၊ တေ သီလံ- ဉတ်ကမ္မဝါ အမိန့်စာဖြင့် သေချာနှင်းအပ် အရှင်ဘုရား၏ သီလတော်မြတ်သည်ကား၊ ဧကဒါ- ဘယ်သို့ကြုံလာ ဘယ်သောခါမှ၊ န ယာတိ- ဆုတ်ယုတ်ယိုယွင်း ပျက်ခြင်း မရောက် အံ့လောက်တည်နေ ပြည့်လျက်သာ ရှိပါပေသည် အရှင်ဘုရား။
ပမာ

[၁၉] ၃၄။ ပိဠန္ဓတိ မဟာထေရော၊ မာလာ’အမိလာတရုစိရံ။ ရုစိရဝဏ္ဏဂန္ဓေန၊ သဗ္ဗဒိသော’ပဝါယကံ။

မဟာထေရော- ဂိုဏ်းမြတ်ဦးစီး မဟာထေရ် အရှင်မြတ်ကြီးသည်၊ ရုစိရဝဏ္ဏဂန္ဓေန- လှပသင်းပျံ့ နှစ်သက်ဖွယ် ဆင်း ရနံ့ဖြင့်၊ သဗ္ဗဒိသော’ပဝါယကံ- ရပ်မျက်နှာလုံး လွှမ်းဖုံးပျံ့လှိုင် သင်းကြိုင်နေသော၊ မာလာအမိလာတရုစိရံ- တင့်တယ်လန်းဆန်း ‘မြတ်သီလ’ မညှိုးပန်းကို၊ ပိဠန္ဓတိ- သင်္ချာတွက်စစ် ရှစ်ဆယ့်တစ်တိုင် မြဲခိုင်ကြည်လင် ပန်ဆင်လျက် ရှိပါပေသတည်း။

၃၅။ တွံ’သိ ဓီရ ဂဏုက္ကဋ္ဌော၊ ဇာတိယာ သတဝဿိကော။ သီလေနပိ သမော နေဝ၊ သုလဘော သမ္ပတီဇနေ။

ဓီရ- ပညာရှိခေါင်ဖျား အို-ဆရာတော်မြတ်ကြီးဘုရား၊ တွံ- ပညာကြီးမား အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ ဂဏုက္ကဋ္ဌော’သိ- ရွှေကျင်နိကာယ ဥက္ကဋ္ဌကြီးတဆူ ဖြစ်တော်မူပါပေ၏၊ ဇာတိယာ- ဘဝဆက်နွယ် သက်ရွယ်တော်အားဖြင့်၊ သတဝဿိကော- အနှစ်တရာ ပြည့်မြောက်တော်မူပါပြီ၊ သမ္ပတီဇနေ- ရာစုပိုင်းဆစ် နှစ်ဆယ်ရာစုခေတ်၌၊ သီလေနပိ- လုံးဝဖြူစင် ယူငင်ကျင့်အပ် သီလတော်မြတ်အားဖြင့်လည်း၊ သမော- အရှင်ထပ်တူ တူသသူကား၊ နေဝ သုလဘော- ကမ္ဘာ့အလယ် မရလွယ်ဘဲ မြနှယ်စိန်လား အလွန်ရှားလှပါပေသည် ဘုရား။

[၂၀] ၃၆။ ပုညဝါပိ အနာယုမာ၊ အာယုမာပိ န ပုညဝါ။ တွံ’သိ ဝီရ ပုညဝါဝ၊ အာယုမာ ဇိနသာသနေ။

ပုညဝါပိ- အချို့သူမှာ ဘုန်းကြီးပါသော်လည်း၊ အနာယုမာ- တရက်မတည် အသက်မရှည်လေပါ။ အာယုမာပိ- အသက်တရာ ရှည်ကြာပါသော်လည်း၊ န ပုညဝါ- ရှိန်ဝါပါးနည်း ဘုန်းမကြီးလေပါ။ ဓီရ- ပညာရှိထိပ်ဖျား ဆရာတော် အရှင်သူမြတ်ကြီးဘုရား၊ တွံ- ဂုဏ်အင်ကြီးမား အရှင်ဆရာတော်မြတ်ဘုရားကြီးသည်ကား၊ ဇိနသာသနေ- ဘုရားမြတ်စွာ သာသနာ၌၊ ပုညဝါဝ- ရှေးကုသိုလ်ကံ နှိုးဆော်ဖန်တည်း ဘုန်းကံကြီးတော်မူလျက်သာလျှင်၊ အာယုမာ’သိ- အာယုကပ်လုံး ရွှင်ပြုံး၍တည် သက်တော်ရှည်ပါပေသည် ဘုရား။

၃၇။ တွံ’သိ ဓီရ ဂဏုက္ကဋ္ဌော၊ ဇာတိယာ သတဝဿိကော။ ပုညာ’ယုသာ သမော နေဝ၊ သုလဘော သမ္ပတီဇနေ။

ဓီရ- ပညာကြီးမား အရှင်ဆရာတော်မြတ်ကြီးဘုရား၊ တွံ- အရှင်ဆရာတော်မြတ်ဘုရားကြီးသည်၊ ဂဏုက္ကဋ္ဌော’သိ- ရွှေကျင်ဂဏ ဥက္ကဋ္ဌကြီးတဆူ ဖြစ်တော်မူပါပေ၏၊ ဇာတိယာ- ဘဝဆက်နွယ် သက်ရွယ်တော်အားဖြင့်၊ သတဝဿိကော- အနှစ်တရာ ပြည့်မြောက်တော်မူပါပြီ၊ သမ္ပတီဇနေ- ရာစုပိုင်းဆစ် နှစ်ဆယ်ရာစုခေတ်၌၊ ပုညာယုသာ- ဘုန်းတော် [၂၁] ကံတော် သက်ရွယ်တော်အားဖြင့်၊ သမော- အရှင့်ထပ်တူ တူသသူကား၊ နေဝ သုလဘော- ကမ္ဘာ့အလယ် မရလွယ်ဘဲ မြနှယ်စိန်လား အလွန်ရှားလှပါပေသည် ဘုရား။

၃၈။ ဂုဏာမောဒေနာကရိုတ-မာနသာ ကဝိသဇ္ဇနာ။ တဝ’န္တိကမုပါသန္တိ၊ အလီဝ ကေဇကာနနံ။

ဂုဏာမောဒေန- ဝေးရပ်တိုင်ပျံ့ ဂုဏ်ရနံ့သည်၊ အာကရိုတမာနသာ- ဖြားယောင်းသွေးဆောင်အပ်သော စိတ်ရှိကြကုန်သော၊ ကဝိသဇ္ဇနာ- ကဝိထိပ်သီး ပညာရှိသူတော်ကောင်းကြီးတို့သည်၊ တဝန္တိကံ- ဂုဏ်ပေါင်းကြိုင်လျှံ အရှင့်ထံသို့၊ ဥပါသန္တိ- ချိုတေးကဗျာ ဆိုကြွေးကာဖြင့် ပဏာဝပ်ဆင်း ကပ်ချဉ်း၍ လာကြပါကုန်၏၊ အလီ- ရနံ့သင်းရာ ပျံဆင်းကာဖြင့် ရသာဝတ်ရည် ထိုဤစုပ်သုံး ပျားပိတုန်းတို့သည်၊ ကေဇကာနနံ- ရေမှထွက်ပြူ၊ ရနံ့ကြူသား ညိဖြူရောင်နှော မြိုင်ကြာတောသို့၊ ဥပါသန္တိဝ- တဝီဝီညံ ဆိုမြည်သံဖြင့် ဝဲပျံရစ်ဆင်း ကပ်ချဉ်းလာကြလေသကဲ့သို့ပါ ဘုရား။

၃၉။ ဂုဏေ’တေ မေ ဝိဇ္ဇန္တီတိ၊ ဓီရော နိ’စ္ဆိ ပကာသိတုံ။ ဂဏီသော ပရမမ္ပိစ္ဆော၊ နိဇသန္တနိဂုဟကော။

ဓီရော- ပညာရှိထိပ်သီး ဆရာတော်မြတ်ဘုရားကြီးသည်၊ မေ- ငါ့အား၊ ဧတေ ဂုဏာ- ဆိုပြီးစုံညီ ဂုဏ်ရည်တို့သည်၊ ဝိဇ္ဇန္တီတိ- ထင်ရှားပြည့်စုံ ရှိကြကုန်၏ဟူ၍၊ ပကာသိတုံ- [၂၂] တစစွန်းမျှ ဖော်ညွှန်းခြင်းငှါ၊ နိစ္ဆိ- လုံးဝသေချာ အလိုရှိတော် မမူပါ၊ ဂဏီသော- ရွှေကျင်ဦးစီး ဆရာတော်မြတ်ဘုရားကြီးသည်၊ နိဇသန္တနိဂုဟကော- မိမိသန္တာန် ဧကန်ရှိလျက် ဂုဏ်ကို လျှို့ဝှက်တော်မူသည်ဖြစ်၍၊ ပရမမ္ပိစ္ဆော- အလွန်လိုနည်း အပ္ပစ္ဆပုဂ္ဂိုလ်မြတ်ကြီးပါပေတည်း။

၄၀။ ဓီမာဝ ဓီမတော သတ္တိံ၊ ဇညာ န’ညော’ပဝိဒ္ဒသု။ ကမလရသံ အလီဝ၊ ဝိဇာနေယျ န ဝါရိဇော။

ဓီမာဝ- ဂုဏ်နှင့်ဒြပ် စပ်ဟပ်ထင်ပေါ် တကဲ့ပညာရှိပုဂ္ဂိုလ်ကျော်သည်သာလျှင်၊ ဓီမတော- ပညာရှိထိပ်သီး ဆရာတော်မြတ်ဘုရားကြီး၏၊ သတ္တိံ- ထူးခြားစုံလင် ဂုဏ်သတ္တိစွမ်းအင်ကို၊ ဇညာ- ရှိတိုင်းမှန်စွာ သိလေရာ၏၊ အညောပဝိဒ္ဒသု- ပညာမဲ့သူ သာမန်လူသည်၊ န ဇညာ- ရှိတိုင်းမှန်စွာ မသိနိုင်လေရာ၊ အလီဝ- ဝတ်ရည်စုပ်သုံး ပျားပိတုန်းသည်သာလျှင်၊ ကမလရသံ- ကြာပွင့်မှာတည် ဝတ်ရည်ကို၊ ဝိဇာနေယျ- သေချာပိုင်ပိုင် သိနိုင်ရာ၏၊ ဝါရိဇော- ရေတွင်ကျက်စား ရေထဲငါးသည်၊ န ဝိဇာနေယျ- သေချာပိုင်ပိုင် မသိနိုင်ရာသည်သာလျှင်တည်း။

၄၁။ ဇေယျာပုရပုဒီစိယံ၊ လင်းယဉ်ဣစ္စာဘိပါကဋံ။ တစ္ဆေသံ ဂဏရာဇဿ၊ ဇာတဒ္ဒေသန္တိ သညိတံ။

ဇေယျာပုရမုဒီစိယံ- ဇေယျာပုရ ရှေးကသမိုင်း ခု “စစ်ကိုင်း” ခေါ် တိုင်းမြို့တော်၏ မြောက်တလွှား၌၊ လင်းယဉ် [၂၃] ဣစ္စာဘိပါကဋံ- ‘လင်းယဉ် လင်းယဉ်’ သတင်းလွင်လျက် အစဉ်ကျော်ဟီး ရပ်ရွာကြီးသည်၊ အတ္ထိ- ဆားတောင်ရှေ့မှာ ၅-မိုင်ကွာဝယ် သာယာတင့်ဆန်း စိမ်းလန်းဝေဝေ တည်ရှိပါပေ၏၊ တစ္ဆေသံ- လင်းယဉ်ခေါ်ကြ ထိုဒေသကို၊ ဂဏရာဇဿ- ရွှေကျင်ဦးစီး ‘နဝမသံဃရာဇာ’ ကြီး၏၊ ဇာတဒ္ဒေသန္တိ- ရွှေချက်သိုမှီး ဒေသကြီးဟူ၍၊ သညိတံ- သမိုင်းတွင်စေ မှတ်တမ်းတင်အပ်ပါပေသတည်း။ ။

၄၂။ တဒ္ဒေသိကာ ယေဘုယျေန၊ ဉာဏာလောကေန လောကိကာ။ ဒန္တာ စေတိ တစ္ဆေသမ္ပိ၊ လင်းယဉ်တိ ဝတ္တုမိစ္ဆသုံ။

ယေဘုယျေန- ထူးခြားမှတ်သား အများအားဖြင့်၊ တဒ္ဒေသိကာ- လင်းယဉ်ဒေသ မွေးဖွားကြငြား ထိုအရပ်သားတို့သည်၊ ဉာဏာလောကေန’လောကိကာ- စဉ်းစားဉာဏ်ဝင်း ပွင့်လင်းကြလေကုန်၏၊ ဒန္တာ စ- ဗုဒ္ဓဝါဒီ ဂုဏ်ရည်ဖြာပြေး ယဉ်လည်းယဉ်ကျေးကြလေကုန်၏၊ ဣတိ တသ္မာ- ထို့ကြောင့်၊ တစ္ဆေသမ္ပိ- သူတို့ဌာန ထိုဒေသကိုလည်း၊ လင်းယဉ်တိ- ပွင့်လင်းယဉ်ကျေး အနက်ပေးကာ လင်းယဉ်ရွာဟူ၍၊ ဝတ္ထုမိစ္ဆိသုံ- လူကြီးသူမ ရွာတည်စကစ၍ ခုတိုင် သင်းကြိုင်ကျော်ဆို ခေါ်လိုခဲ့ကြပါပေသတည်း။

[၂၄] ၄၃။ တစီးရှင် သီဟသူရညော၊ ပင်းယနဂရသာမိနော။ ပိယာ ရတနာပုံဒေဝီ၊ လင်းယဉ်မီတာတိ ဘာသိတာ။

ပင်းယနဂရသာမိနော- ‘သော်တာလ ပင်းယတည်’ ဂုဏ်ရည်မိုးလျှံ ပင်းယတည်ထောင်၍ စိုးစံသော၊ တစီးရှင် သီဟသူရညော- တစီးရှင်ခေါ်တွင် သီဟသူမင်း၏၊ ပိယာ ရတနာပုံဒေဝီ- နန်းမမြောက်သား ရတနာပုံမိဖုရားကို၊ လင်းယဉ်မီတာတိ- ငယ်အမည် ‘မစောဥ’ ‘စက်စက်’ ဟုခေါ် ကတော်ရုပ်ပြေး လင်းယဉ်သွေးတူ လင်းယဉ်သူဟူ၍၊ ဘာသိတာ- ရာဇဝင်အများ စာတင်ထားကာ ရေးသားမိန့်ဆိုအပ်ပါသတည်း။

၄၄။ ရတနာပုံဒေဝိယာ သူနု၊ စောယွန်းနာမ တဒါအဟု။ ဇေယျာပုရံ ပရိဂ္ဂယှ၊ ရာဇာဝါ’သိ ရဋ္ဌိဿရော။

တဒါ- ထိုပင်းယခေတ်၌၊ ရတနာပုံဒေဝိယာ- နန်းမမြောက်သား ရတနာပုံမိဖုရား၏၊ သူနု- သားတော်သည်၊ စောယွန်းနာမ- အသင်္ခယာစောယွန်းမည်သည်၊ အဟု- ဖြစ်လေပြီ၊ သော- ထိုအသင်္ခယာစောယွန်းသည်၊ ဇေယျာပုရံ- ဧရာနဒီ ရစ်လည်စီးဆင်း ရှုခင်းသာလှ ဇေယျာပုရကို၊ ပရိဂ္ဂယှ- ‘သာယာဝိုင်း စစ်ကိုင်းတည်’ အညီကိန်းဆိုက် သိမ်းပိုက်တည်ထောင်ပြီး၍၊ ရဋ္ဌိဿရော- တိုင်းလုံးပိုင်သ အစိုးရသော၊ ရာဇာဝါ’သိ- ကြငှန်းထူလှစ် မင်းဖြစ်ခဲ့လေပြီ။

[၂၅] ၄၅။ တဿာ ဒေဝိယာယေဝ တနုဇော၊ တရဖျားဣတိပါကဋော။ ဧကပိတိကော စောယွန်းရညော၊ ရာဇာဝါ’သိ ရဋ္ဌိဿရော။

ဒေဝိယာယေဝ တနုဇော- ရတနာပုံမိဖုရား၏ သားရတနာပင်ဖြစ်သော၊ စောယွန်းရညော- အသင်္ခယာစောယွန်းမင်း၏၊ ဧကပိတိကော- မိတူဖခြား နောင်တော်တပါးဖြစ်သော၊ တရဖျားဣတိပါကဋော- ထင်ရှားကျော်ကြား တရဖျားသည်၊ ရဋ္ဌိဿရော- ဇေယျာပုရ ဒုတိယစိုးစံသော၊ ရာဇာဝါ’သိ- ကြငှန်းထူလှစ် မင်းဖြစ်ခဲ့လေပြီ။

၄၆။ အနဂ္ဃဘူမိပဒေသေ၊ လင်းယဉ်ဂါမမဟာလယေ။ အဇာယိ ရာဇာ ဇနေသော၊ ဇာယိ ရာဇာ သံဃိဿရော။

အနဂ္ဃဘူမိပဒေသေ- တန်ဖိုးမဖြတ် ထူးမြတ်ကဲလွန် နေရာမွန်ဖြစ်သော၊ လင်းယဉ်ဂါမမဟာလယေ- ပြန့်ပြူးသာယာ လင်းယဉ်ရွာ၌၊ ရာဇာ ဇနေသော- ပြည်သူပိုင်စိုး နေမျိုးရာဇာသည်၊ အဇာယိ- ထွက်ပေါ်ခဲ့လေပြီ၊ ရာဇာ သံဃိဿရော- သံဃာ့ဦးစီး ဘုန်းမီးဝေဖြာ သံဃရာဇာသည်၊ ဇာယိ- ထွက်ပေါ်ခဲ့လေပြီ။

၄၇။ လင်းယဉ်ကုလမုပပဇ္ဇိ၊ ဂဏီသော ဂဏကေသရီ။ ဥုးအိုင် တဿ ဇနကော’သိ၊ ဒေါ်မင်းထပ်နာမ ဇနနီ။

ဂဏကေသရီ- ခြင်္သေ့မင်းနှယ် ဂိုဏ်းဝယ်ရဲရင့် ပွဲလယ်တင့်သော၊ ဂဏီသော- ဂိုဏ်းပိုင်ဦးစီး ဆရာတော်မြတ်ဘုရား [၂၆] ကြီးသည်၊ လင်းယဉ်ကုလံ- “ပွင့်လင်းယဉ်ကျေး” ဘုန်းသွေးရည်ပျိုး လင်းယဉ်မျိုး၌၊ ဥပပဇ္ဇိ- သန္ဓေစွဲယူ ဖြစ်တော်မူခဲ့လေပြီ၊ တဿ- ဂိုဏ်းပိုင်ဦးစီး ထိုဆရာတော်မြတ်ဘုရားကြီး၏၊ ဇနကော- ကျေးဇူးလွန်ပေါ် ခမည်းတော်သည်၊ ဥုးအိုင် အာသိ- ‘ဦးအိုင်’ ဖြစ်ပါပေ၏၊ ဇနနီ- ကျေးဇူးလွန်ပေါ် မြတ်မယ်တော်ကား၊ ဒေါ်မင်းထပ်နာမ- ‘ဒေါ်မင်းထပ်’ မည်ပါပေသတည်း။ ။

၄၈။ ဧ-ဒွိ-တိ-ဒွိ မြမ္မဝဿေ၊ ရမ္မေ မာဂသိရာ’ပရေ။ ဆဋ္ဌာဟေ ဇာယိ ဂဏီသော၊ ဥဒိတော မာဝ ယုဂန္ဓရေ။

ဂဏီသံ- ရွှေကျင်ဦးစီး ဆရာတော်မြတ်ဘုရားကြီးကို၊ ဧ-ဒွိ-တိ-ဒွိ မြမ္မဝဿေ- မြန်မာသက္ကရာဇ် တထောင့်နှစ်ရာ သုံးဆယ့်နှစ်ခုနှစ်၌၊ ရမ္မေ- သဇင်ခိုင်ဝင်း ဂနိုင်တွင်း ကြိုင်သင်းကာနေ ပျော်စရာဖြစ်ပေသော၊ မာဂသိရေ- မိဂသီနက္ခတ် စန်းမြတ်ဆုံရာ နတ်တော်လအခါ၌၊ အပရေ ဆဋ္ဌာဟေ- လပြည့်ကျော် ၆-ရက် မင်္ဂလာအင်္ဂါနေ့အခါ၌၊ ဇာယိ- ထူးခြားသန့်စင် ဖွားမြင်တော်မူခဲ့လေပြီ၊ ယုဂန္ဓရေ- နေဝန်းလဝန်း တက်ထွန်းပေါ်ရာ ယုဂန္ဓိုရ်တောင်တော်သာ၌၊ မာ- ရောင်ခြည်ဖြာရွန်း လပြည့်ဝန်းကြီးသည်၊ ဥဒိတော ဣဝ- လင်းရောင်ဖြန့်ဝေ ထွက်ပေါ်၍လာလေသကဲ့သို့ပါပေတည်း။

[၂၇] ၄၉။ ဓညဝတံ ဝရံ လဒ္ဓါ၊ ပဟဋ္ဌဟဒယာ ဥဘော။ ပိယပုပ္ဖသမ္ဗုလ္လိတေ၊ ဥရေ စာရေန္တိ တာဝဒေ။

တာဝဒေ- လက္ခဏာစုံလင် သားရတနာကလေး ဖွားမြင်ပြီးရာ ထိုအခါ၌၊ ပဟဋ္ဌဟဒယာ- ဝမ်းမြောက်ရွှင်ပြုံး စိတ်နှလုံးရှိကြကုန်သော၊ ဥဘော- ဦးအိုင်+ဒေါ်မင်းထပ် မေတ္တာဓာတ်ကြည်နူး ထိုမိဖနှစ်ဦးတို့သည်၊ ဓညဝတံ- ကုသိုလ်ဖန်တည်း ဘုန်းကံကြီးသူတို့ထက်၊ ဝရံ- ထူးမြတ်သာလွန် သားလှမွန်ကို၊ လဒ္ဓါ- ရရှိကြကုန်သည်ဖြစ်၍၊ ပိယပုပ္ဖသမ္ဗုလ္လိတေ- ချစ်ပန်းတဝေဝေ ဖူးပွင့်၍နေသော၊ ဥရေ- မေတ္တာလန်းဆန်း ရင်ခွင်နန်း၌၊ စာရေန္တိ- ပွေ့ချီယုယ ပျော်ပါးစေကြလေကုန်သတည်း။ ။

၅၀။ ပညဝတံ ဝရံ လဒ္ဓါ၊ ပဟဋ္ဌဟဒယာ ဥဘော။ ပိယပုပ္ဖသမ္ဗုလ္လိတေ၊ ဥရေ စာရေန္တိ တာဝဒေ။

တာဝဒေ- လက္ခဏာစုံလင် သားရတနာကလေး ဖွားမြင်ပြီးရာ ထိုအခါ၌၊ ပဟဋ္ဌဟဒယာ- ဝမ်းမြောက်ရွှင်ပြုံး စိတ်နှလုံးရှိကြကုန်သော၊ ဥဘော- ဦးအိုင်+ဒေါ်မင်းထပ် မေတ္တာဓာတ်ကြည်နူး ထိုမိဖနှစ်ဦးတို့သည်၊ ပညဝတံ- ကုသိုလ်ဖန်တည်း ပညာဉာဏ်ကြီးသူတို့ထက်၊ ဝရံ- ထူးမြတ်သာလွန် သားလှမွန်ကို၊ လဒ္ဓါ- ရရှိကြကုန်သည်ဖြစ်၍၊ ပိယပုပ္ဖသမ္ဗုလ္လိတေ- ချစ်ပန်းတဝေဝေ ဖူးပွင့်၍နေသော၊ ဥရေ- [၂၈] မေတ္တာလန်းဆန်း ရင်ခွင်နန်း၌၊ စာရေန္တိ- ပွေ့ချီယုယ ပျော်ပါးစေကြလေကုန်သတည်း။

၅၁။ သုသုနော ဘဒ္ဒဝိသေသေ၊ ဘာဂျမာပိတရူပိယေ။ သမ္ပဿိယ နိစ္ဆာရေတိ၊ မောင်ကောင်းယေဝါတိ ပါဌကော။

သုသုနော- ပျိုနုသွေးသွေး သူငယ်လေး၏၊ ဘဒ္ဒဝိသေသေ- ကောင်းမြတ်ပြည့်ကြွယ် ထူးခြားတင့်တယ်ကုန်သော၊ ဘာဂျမာပိတရူပိယေ- ရှေးကုသိုလ်ကံ စီမံဖန်တည်း ရှုမငြီးဖွယ် တင့်တယ်ထူးခြား ရုပ်လက္ခဏာများကို၊ သမ္ပဿိယ- တွေ့မြင်စေ့ငု ကြည့်ရှုသုံးသပ်၍၊ ပါဌကော- အင်္ဂဝိဇ္ဇာပညာတတ်ပြီး လက္ခဏာဖတ်ဆရာကြီး ‘ဦးသာညိ’ သည်၊ မောင်ကောင်းယေဝါတိ- အကောင်းစုံစွာ ‘မောင်ကောင်း မောင်ကောင်း’ ဟူ၍သာလျှင်၊ နိစ္ဆာရေတိ- ဥဒါန်းစကား မြွက်ကြားခဲ့လေသတည်း။

၅၂။ သာဓု သော မာတရမဘိ၊ ပိတရမဘိ သာဓု သော။ သာဓု ဓီရော သဗ္ဗမဘိ၊ တမဝါ’လဘိ တေန သော။

ဓီရော- တိဟိတ်ပဋိသန္ဓေ ပင်ကိုယ်ဉာဏ်ရှိသော၊ ဆရာတော်လောင်း ထိုသူငယ် ‘မောင်ကောင်း’ သည်၊ မာတရမဘိ- [၂၉] ကျေးဇူးသခင် မွေးမိခင်အပေါ်၌၊ သာဓု- မဆူပူတတ် ကောင်းမြတ်လှပေ၏၊ သော- ဆရာတော်လောင်း ထိုသူငယ် ‘မောင်ကောင်း’ သည်၊ ပိတရမဘိ- ကျေးဇူးသခင် မွေးဖခင်အပေါ်၌လည်း၊ သာဓု- မဆူပူတတ် ကောင်းမြတ်လှပါပေ၏၊ သဗ္ဗမဘိ- ဝန်းကျင်စုရုံး အားလုံးအပေါ်၌လည်း၊ သာဓု- အနိုင်မကျင့် မာန်မဝင့်ဘဲ အသင့်ပျော့ပျောင်း အလွန်ကောင်းလှပေ၏၊ တေန- ထိုသို့စုံလင် ကောင်းသုံးအင်ကြောင့်သာလျှင်၊ သော- ဆရာတော်လောင်း ဂုဏ်ပေါင်းမြင့်ကြွယ် ထိုသူငယ်သည်၊ တမဝါလဘိ- ‘မောင်ကောင်း’ ဟူသည် ထိုနာမည်ကို အတည်ပိုင်ဘိ ရရှိခဲ့လေသတည်း။

၅၃။ ဓီရေ ဝယော’ပ္ပတ္တေယေဝ၊ ကာလမေတိ အဝဿယော။ တပ္ပိတာ သူနဝေါ ဟာယ၊ ပတေဝ ဟေမပဗ္ဗတော။

ဓီရေ- ပညာရည်ကောင်း ဆရာတော်လောင်းကလေးသည်၊ ဝယောပ္ပတ္တေယေဝ- ပြုစုတည်ဆောက် ရွယ်မရောက်မီပင်လျှင်၊ အဝဿယော တပ္ပိတာ- မှီခိုအားထား လေးစားချစ်ခင် မွေးဖခင်ကြီးသည်၊ သူနဝေါ- မကြီးအရွယ် သားသမီးအငယ်တို့ကို၊ ဟာယ- စွန့်ပစ်ခဲ့၍၊ ကာလမေတိ- ခန္ဓာဘုံညောင်းသဖြင့် ဘဝပြောင်းရှာခဲ့လေပြီ၊ ဟေမပဗ္ဗတော- အားပြုခိုမှီး ရွှေတောင်ကြီးသည်၊ ပတေဝ- မမှီခိုက ပြိုကျလေသကဲ့သို့ ပါပေတည်း။

[၃၀] ၅၄။

ဧ-ဒွိ-တိ-န ဓမ္မဝဿ၊ နရိန္ဒတ္ထေရဿန္တိကေ။
နိယျာတေသိ ဓီရကုမာရံ၊ ဝိဇ္ဇာသိပ္ပံ ဂဏှတဝေ။
ဓီရကုမာရံ- ပညာရှိလောင်း သူငယ်လေးမောင်ကောင်းကို၊ ဧ-ဒွိ-တိ-န မြမ္မဝဿေ- တစ်နှစ်သုံးကိုး ဘုန်းမိုးဖြိုးသစ် မြန်မာ့နှစ်၌၊ နရိန္ဒတ္ထေရဿန္တိကေ- လင်းယဉ်ရွာဦး ကျောင်းတော်ထူးမှ ကြီးမှူးရှေ့ဆောင် ဂုဏ်ရောင်ပျံ့သင်း နရိန္ဒထေရ်၏ ခြေတော်ရင်း၌၊ ဝိဇ္ဇာသိပ္ပံ- လူတို့တတ်အပ် ပညာရပ်တို့ကို၊ ဂဏှတဝေ- သင်ယူစေခြင်းငှာ၊ နိယျာတေသိ- ဝပ်စင်းရိုသေ အပ်နှင်းခဲ့လေသတည်း။

၅၅။

ဒါရကော သိက္ခတိ သိပ္ပံ၊ ဗုဒ္ဓဝါဒါနုရူပိယံ။
တဿ သဒ္ဓါ ဗုဒ္ဓဝါဒေ၊ မူလဇာတာဝ သဏ္ဌိတာ။
ဒါရကော- ဆရာတော်လောင်း သူငယ် 'မောင်ကောင်း' သည်၊ ဗုဒ္ဓဝါဒါနုရူပိယံ- ကမ္မဝါဒအခြေခံ ဗုဒ္ဓဝါဒနှင့် လျော်ကန်သော၊ သိပ္ပံ- အတတ်ပညာ တတ်ကောင်းတတ်ရာကို၊ သိက္ခတိ- ကြိုးစားကြည်ဖြူ သင်ယူလေ၏၊ တဿ- ဆရာတော်လောင်း ထိုသူငယ် 'မောင်ကောင်း' ၏၊ သဒ္ဓါ- ထုံတည်စွဲလျက် ယုံကြည်ချက်သည်၊ ဗုဒ္ဓဝါဒေ- အကျိုးမှန်သမျှ အကြောင်းမကင်း မူရင်းဟောပြ မြတ်ဗုဒ္ဓ၏ ဝါဒတော်၌၊ မူလဇာတာဝ- အမြစ်သဖွယ် အသစ်တွယ်လျက်သာလျှင်၊ သဏ္ဌိတာ- ခိုင်မြဲစွာပေ တည်ရှိခဲ့လေသတည်း။

[၃၁] ၅၆။

ဧ-ဒွိ-စ-ဒွိ ဓမ္မဝဿ၊ နရိန္ဒတ္ထေရဿန္တိကေ။
ပဗ္ဗာဇေသိ ဓီရကုမာရံ၊ ဓမ္မဘာရံ ဓရေတဝေ။
ဓီရကုမာရံ- ဆရာတော်လောင်း သူငယ် 'မောင်ကောင်း' ကို၊ ဧ-ဒွိ-စ-ဒွိ မြမ္မဝဿေ- တစ်နှစ်လေးနှစ် မြန်မာ့နှစ်၌၊ နရိန္ဒတ္ထေရဿန္တိကေ- နရိန္ဒမည်ကျော် ဆရာတော်၏ ကော်ရော်ဝပ်စင်း ခြေတော်ရင်း၌၊ ဓမ္မဘာရံ ဓရေတဝေ- ပရိယတ္တိဓမ္မ သာသနာ့တာဝန် အားသွန်ခွန်ဝေ ထမ်းဆောင်စေခြင်းငှာ၊ ပဗ္ဗာဇေသိ- ရှင်ပြုပေးခဲ့လေသတည်း။

၅၇။

စန္ဒပသန္နမုခေါ သော၊ စန္ဒသီတလမာနသော။
တေန စန္ဒော’တိ သမညံ၊ မကာသိ တဿ နာယကော။
သော- ဆန်းသစ်ဂုဏ်အင် ထိုကိုယဉ်သည်၊ စန္ဒပသန္နမုခေါ- လစန္ဒာသွင် ကြည်လင်သာယာ မျက်နှာရှိပါပေ၏၊ စန္ဒသီတလမာနသော- လရောင်တမျှ ဧမြသော စိတ်ရှိပါပေ၏၊ တေန- ထို့ကြောင့်၊ တဿ- ဆန်းသစ်ဂုဏ်အင် ထိုကိုယဉ်၏၊ သမညံ- သာသနာမှီ ဘွဲ့နာမည်ကို၊ စန္ဒောတိ- လမင်းသီတဂူ အဓိပ္ပာယ်ယူ၍ ဂုဏ်တူမှန်ပြ ‘ရှင်စန္ဒ’ ဟူ၍၊ တဿ နာယကော- သူ၏ဆရာ နရိန္ဒထေရ်မဟာသည်၊ အကာသိ- သာသနာ့ကင်ပွန်း အစဉ်ထွန်းအောင် ရည်ညွှန်း မှည့်ခေါ်ခဲ့လေသတည်း။

[၃၂] ၅၈။

စန္ဒော’ယံ စန္ဒောဝါဘာယ၊ မဟာဂဏမဟဂ္ဂတော။
လဒ္ဓလာဘော သုပညာတော၊ ဟေဿတိ သာသနမ္ဗရေ။
အယံ စန္ဒော- သာသနာ့ဥဒည်ကွန်းမှ ပေါ်ထွန်းသစ်စ ဤကိုယဉ်စန္ဒသည်၊ စန္ဒောဝ- ရောင်ခြည်ဖြာရွှန်း လပြည့်ဝန်းကြီးကဲ့သို့၊ သာသနမ္ဗရေ- သာသနာ့ဝေဟင် မြတ်ကောင်းကင်၌၊ အာဘာယ- ဘုန်းရောင်ကံရောင် မြတ်ဉာဏ်ရောင်ဖြင့်၊ မဟာဂဏမဟဂ္ဂတော- ဂိုဏ်းမြတ်ရွှေကျင် နေသွင်အလား မြင့်မားဘုန်းတောက် ဂိုဏ်းဘုရင်အဖြစ်သို့ ရောက်လျက်၊ လဒ္ဓလာဘော- ပူဇော်ကြအသီးသီး တံဆိပ်ကြီးအတန်တန် လက်ခံရရှိတော်မူသည်ဖြစ်၍၊ သုပညာတော- နေသွင်လနှယ် ဂုဏ်ထည်ကြီးမား အလွန်ထင်ရှားသည်၊ ဟေဿတိ- စင်စစ်မသွေ ဖြစ်ပေလိမ့်သတည်း။

၅၉။

စန္ဒော သော အနုပုဗ္ဗေန၊ ပုဏ္ဏမာယာတိ အမ္ဗရေ။
စန္ဒော နောပျာနုပုဗ္ဗေန၊ ပုဏ္ဏမာယာတိ သာသနေ။
သော စန္ဒော- ကောင်းကင်မှာသာ ထိုလစန္ဒာသည်၊ အမ္ဗရေ- ပြာလဲ့လဲ့အသွင် ထက်ကောင်းကင်၌၊ အနုပုဗ္ဗေန- ဆန်းတရက်မှ စ၍ ရေးရေး တဖြေးဖြေး၊ ပုဏ္ဏ- ရောင်ဝါ ထွန်းလင်း ပြည့်ဝန်းခြင်းသို့၊ အာယာတိ- ရောက်လေ၏၊ နော စန္ဒောပိ- စန်းလမှီတူ သဒိသူဖြင့် မှည့်ယူနာမ ကျွန်ုပ်တို့ 'ကိုယဉ်စန္ဒ' သည်လည်း၊ သာသနေ- တရားမြတ်တည်ရာ သာသနာတော်၌၊ အနုပုဗ္ဗေန- ကိုယဉ်မှ ဦးပဉ္စင်း, ဦးပဉ္စင်းမှ ဘုန်းကြီး, ဘုန်းကြီးမှ ဆရာတော်, ဂုဏ်ပေါ်ရေးရေး တဖြေးဖြေး၊ ပုဏ္ဏ- ဂုဏ်နှင့်ဒြပ် စပ်ဟပ်ထိတုံ ပြည့်စုံကြီးပွားခြင်းသို့၊ အာယာတိ- စင်စစ်မသွေ ရောက်ရပါပေသတည်း။

[၃၃] ၆၀။

ဓီရစန္ဒမှိ ဓီရင်္ဂံ၊ သသင်္ကော ပုဏ္ဏစန္ဒကေ။
စန္ဒေ’ဘယေ သကာဘာယ၊ ဥဒိတာ ဂဏမဏ္ဍလေ။
ဓီရစန္ဒမှိ- စွမ်းအင်ပြည့်ဝ ပညာရှိ ကိုယဉ်စန္ဒ၌၊ ဓီရင်္ဂံ- ကြန်အင်စုံစွာ ပညာရှိအမှတ်လက္ခဏာသည်၊ အတ္ထိ- ထင်ရှားမသွေ ရှိပါပေ၏၊ ပုဏ္ဏစန္ဒကေ- ရောင်ဝါပြည့်ထွန်း လပြည့်ဝန်း၌၊ သသင်္ကော- ကပ္ပဋ္ဌာယီ ဂုဏ်ရည်ဖြာဟိတ် ယုန်တံဆိပ်သည်၊ အတ္ထိ- ထင်ရှားမသွေ ရှိပါပေ၏၊ စန္ဒော’ဘယေ- စန္ဒမည်ခေါ် ထိုနှစ်ဖော်တို့သည်၊ သကာဘာယ- ဉာဏ်ရောင်ငွေရောင် အမှောင်ဖြိုခွင်း ကိုယ်ပိုင်အရောင်အလင်းဖြင့်၊ ဂဏမဏ္ဍလေ- သံဃာ,တာရာ နှစ်ဖြာတင့်တယ် ဂိုဏ်းအလယ်၌၊ ဥဒိတာ- ထူးခြားဖော်ညွှန်း ပေါ်ထွန်း၍ လာကြလေကုန်သတည်း။

၆၁။

ဧ-ဒွိ-စ-ဋ္ဌ ဓမ္မဝဿ၊ ပုနော ပဗ္ဗဇ္ဇမာဂမိ။
မန္တလေး ရေပန်းဝှ၊ ထေရုပဇ္ဈာယီကစ္စ သာသနေ။
ဧ-ဒွိ-စ-ဋ္ဌ မြမ္မဝဿေ- တစ်နှစ်လေးရှစ် မြန်မာ့နှစ်၌၊ ဓီရော- ပညာရည်လှ ကိုယဉ်စန္ဒသည်၊ မန္တလေး ရေပန်းဝှ ထေရုပဇ္ဈာယီကစ္စ- မြို့ရွှေမန်းမှ ရေပန်းမည်သာ ထေရ်မဟာကို ဖွေရှာကြည့်ရှု ဥပဇ္ဈာယ်ပြု၍၊ သာသနေ- ဘုရားမြတ်စွာ သာသနာတော်၌၊ ပုနောပဗ္ဗဇ္ဇံ- တဖန်ဆင့်လစ် ရှင့်အဖြစ်သို့၊ အဂမိ- မုချမသွေ ရောက်ရှိခဲ့လေပြီ။

[၃၄] ၆၂။

ဒွါဒသသတပဏ္ဏာသ-မေ ဂေါဇေ စန္ဒသဝှယော။
မန္တလေးပုရာဂမ္မ၊ အာဝသိ မြနဂါလယေ။
စန္ဒသဝှယော- စန်းလနာမည် ပါရမီထူးလှ ရှင်စန္ဒသည်၊ ဒွါဒသသတပဏ္ဏာသမေ ဂေါဇေ- တထောင့်နှစ်ရာ့ငါးဆယ် ပြည့်ကြွယ်သာယာ နှစ်ဂေါဇာ၌၊ မန္တလေးပုရာဂမ္မ- မန်းမြို့တော်ကြီး လာရောက်ပြီး၍၊ မြနဂါလယေ- အရိပ်နှင့်ရေ စိုပြေသာယာ 'မဏိရတနာရာမ' နာမသမိုက် မြတောင်တိုက်၌၊ အာဝသိ- စာပေပညာ သင်ယူကာဖြင့် မျှစွာရွှင်ပြုံး သီတင်းသုံးနေထိုင်ခဲ့လေပြီ။

(ရှင်စန္ဒသည် ၁၂၄၈ ခုနှစ်တွင် မန္တလေးမြို့ ရေပန်းတိုက်၌ ဒုတိယအကြိမ် ရှင်ပြု၍ လင်းယဉ်ရွာကျောင်း၌ နှစ်ဝါနေပြီး ၁၂၅၀ ပြည့်နှစ်တွင် မန္တလေးမြို့ အနောက်ပြင် 'မြတောင်တိုက်' သို့ လာရောက်၍ ပညာသင်ယူခဲ့သည်။)

[၃၅] ၆၃။

တဒါ စေရေ မုပဂမ္မ၊ မဟုဿာဟေန သာဓိယေ။
ဂန္ထန္တရေ သုဂ္ဂဟေတွာ၊ ပညာသတ္တိ မတေဇယိ။
တဒါ- ထိုမြတောင်တိုက်မှာ နေစဉ်အခါ၌၊ အာစေရေ- ပညာတတ်ပြီး ဆရာကြီးတို့ထံသို့၊ ဥပဂမ္မ- ချဉ်းကပ်ပြီး၍၊ မဟုဿာဟေန- အားသွန်ခွန်ထုတ် မဆုတ်ဘယ်ခါ လွန်စွာပြင်းပြ ကြီးမားသောလုံ့လဖြင့်၊ သာဓိယေ- ရှာမှီးဖုံဖုံ ပြီးစေအပ်ကုန်သော၊ ဂန္ထန္တရေ- ပိဋကတ်အခြေခံ ကျမ်းဂန်အရပ်ရပ်တို့ကို၊ သုဂ္ဂဟေတွာန- ကောင်းစွာသင်ယူပြီး၍၊ ပညာသတ္တိ- ကျမ်းဂန်တတ်သိ ပညာ၏ စွမ်းရည်သတ္တိကို၊ အတေဇယိ- ထက်မြက်စေပြီ။

၆၄။

ဧ-ဒွိ-ပ-င ဝဿ စန္ဒော၊ ရမ္မေ ဖဂ္ဂုနိ ပုဏ္ဏမေ။
မြနဂတ္ထေရုပဇ္ဈာယီ၊ အလတ္ထ သောပသမ္ပဒံ။
စန္ဒော- စိတ်နေကကြွယ် လနှယ်အေးမြ ရှင်စန္ဒသည်၊ ဧ-ဒွိ-ပ-င ဝဿေ- တထောင့်နှစ်ရာငါးဆယ့်တစ်ခု ရတုသာယာ နှစ်ဂေါဇာ၌၊ ရမ္မေ- ပူအေးမျှ ရာသီသာယာ ဝေဆာပွင့်လန်း ပန်းသရဖီ သင်းကြည်မွှေးကြိုင် ဂနိုင်တကြော ငှက်ဥဩတို့ ရွှင်မောတွန်ကျူး ပျော်မြူးနေကျ အခါသမယဖြစ်သော၊ ဖဂ္ဂုနိပုဏ္ဏမေ- ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေ၍ စိုပြေသာယာ မင်္ဂလာစုပေါင်း တပေါင်းခေါ်ကြ မာသရာသီ ပုဏ္ဏမီ၌၊ မြနဂတ္ထေရုပဇ္ဈာယီ- 'ရာဇဂုရု' ဂုဏ်ပြု [၃၆] ထင်ပေါ် မြတောင်ဆရာတော်ကြီး ဦးစီးချယ်လှယ် ဥပဇ္ဈာယ်ရှိသည်ဖြစ်၍၊ သောပသမ္ပဒံ- မြင့်မြတ်ဆန်းသစ် ရဟန်းအဖြစ်ကို၊ အလတ္ထ- ကောင်းစွာမသွေ ရရှိတော်မူခဲ့လေသတည်း။

၆၅။

စန္ဒာ’ဒိကပ္ပ ဖဂ္ဂုနိ၊ ပုဏ္ဏမေ’တိ ဇနာသယာ။
စန္ဒောပိ တဒဟုယေဝ၊ အဟော ဝတ သမာဂမော။
အာဒိကပ္ပ- ကမ္ဘာတည်စ ကပ်ဦးကာလ၌၊ စန္ဒော- ရောင်ခြည်ဖြာရွှန်း လပြည့်ဝန်းသည်၊ ဇနာသယာ- အလင်းမျှော်ကြ ကပ်ဦးသားတို့၏ စိတ်ဆန္ဒဖြင့်၊ ဖဂ္ဂုနိပုဏ္ဏမေ- သာယာချမ်းမြေ့ တပေါင်းလပြည့်နေ့၌၊ ဧတိ- ရောင်ဝါမြူးကွန့် လူးလွန့်ထွက်ပေါ်လာခဲ့ပေ၏၊ စန္ဒောပိ- စိတ်နေကကြွယ် လနှယ်အေးမြ အရှင်စန္ဒသည်လည်း၊ တဒဟုယေဝ- သာယာချမ်းမြေ့ ထိုတပေါင်းလပြည့်နေ့၌ပင်လျှင်၊ ဧတိ- သာသနာ့ဥဒည်ကွန်းမှ တင့်ထွန်းထွက်ပေါ်၍လာခဲ့ပေ၏၊ သမာဂမော- ထွက်ပေါ်ရာကာလ မည်နာမတို့ သဘာဝဂုဏ်ပြိုင် တိုက်ဆိုင်၍နေခြင်းသည်၊ အဟော ဝတ- ချီးကျူးစရာ အံ့ဩဖွယ်တပါး ပါပေတကား။

၆၆။

ဧ-ဒွိ-ပ-တိ ဓမ္မဝဿ၊ သင်္ကမိ မြနဂါလယာ။
စန္ဒော ဝိသုဒ္ဓါရာမံ၊ ကုသုမာ ကုသုမာ’ဝ’လိ။
သော စန္ဒော- လနှယ်ကြည်အေး လရောင်ပြေးလျက် စိတ်တွေးမြင့်လှ ထိုအရှင်စန္ဒသည်၊ ဧ-ဒွိ-ပ-တိ ဓမ္မဝဿေ- [၃၇] တထောင့်နှစ်ရာ့ငါးဆဲ့သုံး ရွှင်ပြုံးဆန်းသစ် မြန်မာ့နှစ်၌၊ မြနဂါလယာ- သာယာပွင့်ခိုက် မြတောင်တိုက်မှ၊ ဝိသုဒ္ဓါရာမံ- ကမ္ဘာတုန်ကျော်ဟီး ဝိသုဒ္ဓါရုံတိုက်တော်ကြီးသို့၊ သင်္ကမိ- ပြောင်းရွေ့ကာပေ နေထိုင်လေ၏၊ အဝလိ- ဝတ်ရည်စုတ်သုံး ပျားပိတုံးသည်၊ ကုသုမာ- အမြင့်လန်းဆန်း တပွင့်ပန်းမှ၊ ကုသုမံ- အမြင့်လန်းဆန်း တပွင့်ပန်းသို့၊ သင်္ကမိ- ပြောင်းရွေ့ စုရုံး ဝတ်ရည်သုံးသကဲ့သို့ပါပေတည်း။

၆၇။

ဝိသုဒ္ဓါရာမာဓိပတိ၊ ဓီရေ မာနေတိ သဗ္ဗဒါ။
စန္ဒိ ပုစ္ဆိ’ကပဉှ’ဿ၊ ဝေယျတ္တိယံ ပဇာနိတုံ။
ဝိသုဒ္ဓါရာမာဓိပတိ- ဝိသုဒ္ဓါရုံဦးစီး မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးသည်၊ ဓီရေ- နှံ့စပ်မြင်သိ ပညာရှိတို့ကို၊ သဗ္ဗဒါ- အခါခပ်သိမ်း၊ မာနေတိ- ကြိုဆိုအားကိုး မြတ်နိုးတော်မူတတ်ပါပေ၏၊ စန္ဒိ- စိတ်နေကကြွယ် လနှယ်ဧမြ အရှင်စန္ဒကို၊ အဿ ဝေယျတ္တိယံ- သူ့တွင်ထူးခြား ပညာစွမ်းပကားကို၊ ပဇာနိတုံ- ထူးခြားထင်ပေါ် သိတော်မူခြင်းငှာ၊ ဧကပဥှံ- ရုတ်တရက်မလွယ် ဖြေဖွယ်ခက်ခဲ နက်နဲလှစွာ ဉာဏ်စမ်းပြဿနာတခုကို၊ ပုစ္ဆိ- ပင်ကိုယ်ဉာဏ်ရှိ,မရှိ သိရန် စုံစမ်း မေးမြန်းတော်မူလေပြီ။

[၃၈] ၆၈။

“မဇ္ဈ’င်္ဂုလိ သမီပါယ၊
သမီပါ အင်္ဂုလီ ကတိ?”
ထေရေန ပုဋ္ဌော ခဏေန၊
စန္ဒော “တိဿော”တိ ဗျာကရိ။
မဇ္ဈ’င်္ဂုလိသမီပါယ သမီပါ အင်္ဂုလီ- အလယ်လက်နှင့် နီးတဲ့လက်နှင့် နီးတဲ့လက်တို့သည်၊ ကတိ- အဘယ်မျှတို့နည်း၊ ဣတိ- ဤသို့၊ ထေရေန- ဝိသုဒ္ဓါရုံဦးစီး ဆရာတော်ဘုရားကြီးက၊ ပုဋ္ဌော- မေးမြန်းတော်မူအပ်သည်ရှိသော်၊ စန္ဒော- လနှယ်မြ အရှင်စန္ဒသည်၊ တိဿောတိ- သုံးချောင်းတို့ပါ ဘုရားဟူ၍၊ ခဏေန ဗျာကရိ- မဆိုင်းမတွ ဖြေပြ လျှောက်ကြားလိုက်လေသတည်း။

(ဤပြဿနာမျိုးမှာ ရုတ်တရက်ဖြေဆိုရန်မဆိုထားဘိ အတော်စဉ်းစားဖြေတောင် ဝေ့လယ်ချောင်ပတ် ဖြစ်သွားတတ်ပါသည်။ သင်ကိုယ်တိုင် အဖြေမသိသေးက ကိုယ်ကိုယ်ကိုမေးကြည့်ပါ။ “အလယ်လက်နဲ့ နီးတဲ့လက် ဘယ်နှချောင်းလဲ?” ဝိသုဒ္ဓါရုံဆရာတော်ကြီးက တပည့်များ၏ ပညာရည်သွေးကို ဤပုစ္ဆာဖြင့် အကဲခတ်လေ့ရှိသည်ဟု ဆို၏။ ရုတ်တရက် အဖြေပေးနိုင်သူမှာ ‘နဝမ ရွှေကျင် သံဃရာဇာ’ ဖြစ်လာမည့် ဤအရှင်စန္ဒရဟန်းငယ် တစ်ပါးသာဟု ပြောရိုးရှိပါသည်။)

၆၉။

ဤဒိသာ’ညာ ဒုဗ္ဗောဓာဝ၊ ပဉှာ ထေရေန ပုစ္ဆိတာ။
ပုဋ္ဌော ပုဋ္ဌောဝ ဗျာကာသိ၊ နာဂသေနောဝ ကေသရီ။
ဒုဗ္ဗောဓာဝ- ရှုပ်ထွေးလျှို့ဝှက် အသိခက်သည်သာလျှင် ဖြစ်ကုန်သော၊ ဤဒိသာ ပဉှာ- ဝေ့လည်ရောင်ချာ ဤလို [၃၉] အမေးပြဿနာတို့ကိုလည်းကောင်း၊ အညာ ပဉှာ- ဤမှတပါး ဆန်းပြား လေးနက် အဖြေခက်ရာ ပြဿနာတို့ကိုလည်းကောင်း၊ ထေရေန- ဝိသုဒ္ဓါရုံဦးစီး ဆရာတော်ဘုရားကြီးသည်၊ ပုစ္ဆိတာ- ဉာဏ်ရည် စုံစမ်း မေးမြန်းတော်မူအပ်လေပြီ၊ ကေသရီ- ခြင်္သေ့အလား ရဲတင်းသောဉာဏ်စွမ်းပကားရှိသော အရှင်စန္ဒသည်၊ နာဂသေနောဝ- မေးလာသမျှ ဖြေပြနိုင်သည့် ဉာဏ်ရည်ကဲမော် နာဂသိန်ထေရ်ကျော်ကဲ့သို့၊ ပုဋ္ဌော ပုဋ္ဌောဝ- မေးလိုက်တိုင်း မေးလိုက်တိုင်းသာလျှင်၊ ဗျာကာသိ- ရဲရင့်ပြတ်သား ဖြေကြားခဲ့လေသတည်း။

၇၀။

စန္ဒော ဗျာကစ္စ’ကိစ္ဆေန၊ ပုဋ္ဌိတတ္ထံ ယထာတထံ။
ဝိသုဒ္ဓါရာမေ စန္ဒဿ၊ ဂုဏဂန္ဓော ပဝါယတိ။
စန္ဒော- လနှယ်ဧမြ အရှင်စန္ဒသည်၊ ပုဋ္ဌိတတ္ထံ- ဖြေရန် ခဲခက် လေးနက်လှစွာ မေးပုစ္ဆာကို၊ ယထာတထံ- မဆုတ် မဆိုင်း ဟုတ်တိုင်းမှန်စွာ၊ အကိစ္ဆေန- ကြန့်ကြာဖင့်နွှဲ ခက်ခဲခြင်းမရှိဘဲ၊ ဗျာကစ္စ- ရဲရင့်ပြတ်သား ဖြေကြားနိုင်ခြင်းကြောင့်၊ ဝိသုဒ္ဓါရာမေ- ဝိသုဒ္ဓါရုံ တိုက်ရွှေဘုံ၌၊ စန္ဒဿ- ပညာရည် ထွန်းပ အရှင်စန္ဒ၏၊ ဂုဏဂန္ဓော- ကျော်စောသင်းပျံ့ ဂုဏ်ရနံ့သည်၊ ပဝါယတိ- တတိုက်လုံးကြိုင် လှိုင်၍နေလေသတည်း။

[၄၀] ၇၁။

ဝိသုဒ္ဓါရာမသိလာယံ၊ ပညာခဂ္ဂမတေဇယိ။
ပညာခဂ္ဂံ ဒဠှဂ္ဂဟံ၊ ပိဋကာရညမောဂဟိ။
စန္ဒော- လနှယ်ဧမြ အရှင်စန္ဒသည်၊ ဝိသုဒ္ဓါရာမသိလာယံ- ဝိသုဒ္ဓါရာမ သဘာဝခိုင်ပြီး ကျောက်တုံးကြီး၌၊ ပညာခဂ္ဂံ- ရှုပ်ထွေးခုတ်ပိုင်း ဆုတ်ဆိုင်းမထင် သိမြင်လေးနက် ပညာတည်းဟူသော သန်လျက်ကို၊ အတေဇယိ- အသွားလက်လက် မြမြထက်အောင် ဖိလျက်မနှေး သွေးထားအပ်လေပြီ၊ ပညာခဂ္ဂံ- ရှုပ်ထွေးခုတ်ပိုင်း ဆုတ်ဆိုင်းမထင် သိမြင်လေးနက် ပညာတည်းဟူသော သန်လျက်ကို၊ ဒဠှဂ္ဂဟံ- မလွှတ်တန်း မြဲခိုင်အောင် စွဲကိုင်လေပြီး၍၊ ပိဋကာရညံ- ပိဋကတ်တည်းဟူသော တောအုပ်ကြီးအတွင်းသို့၊ ဩဂဟိ- တိမ်တိုက်ခဲယဉ်း ပုဒ်ချုံရှင်း၍ ချဉ်းနင်းဝင်ရောက်နိုင်လေပြီ။

၇၂။

စန္ဒော သော ဆန္ဒောသတ္တေသု၊ အတီဝ ကုသလော ဘဝိ။
တေန’ဿ ‘ဆန္ဒစန္ဒော’တိ၊ ဂုဏဂန္ဓော ပဝါယတိ။
သော စန္ဒော- စန်းလအသွင် ကြည်လင်ဧမြ ထိုအရှင်စန္ဒသည်၊ ဆန္ဒောသတ္တေသု- အခက်ကျမ်းတွင် စာရင်းဝင်လျက် ဝေဒင်ထုံးမှီး ဆန်းကျမ်းကြီးတို့၌၊ အတီဝ ကုသလော- ကျွမ်းကျင်လိမ္မာ အလွန်ပင် နိုင်နင်းလှပါပေ၏၊ တေန- ထို့ကြောင့်၊ အဿ- ပညာရည်အသွေးလှ ထိုအရှင်စန္ဒ၏၊ ဆန္ဒစန္ဒောတိ ဂုဏဂန္ဓော- ‘ဆန်းစန္ဒ’ ဟူ မွှေးကြူထုံပျံ့ ဂုဏ်ရနံ့သည်၊ ပဝါယတိ- မွှေးတကြိုင်ကြိုင် အဝေးတိုင်လှိုင်လျက် ရှိပါပေသတည်း။

[၄၁] ၇၃။

ဥပသက္ခိတပညော၊ စန္ဒသီတလမာနသော။
ရစယိ ‘ဆန္ဒောမဉ္ဇရီ’၊ ယာ ဆပ္ပစ္စယဒီပနီ။
ဥပသက္ခိတပညော- ဆရာ့ထံရင်း ကပ်ချဉ်းခိုမှီ ထိုဤ စွဲမှတ် ဆည်းပူးလေ့လာအပ်ပြီးသော ပညာရှိသော၊ စန္ဒသီတလမာနသော- စန်းလသီတဂူ ကြည်ဖြူတွေးဆ ဧမြသော စိတ်ရှိသော၊ စန္ဒော- ပညာရည်အသွေးလှ အရှင်စန္ဒသည်၊ ဆန္ဒောမဉ္ဇူရီယာ ဆပ္ပစ္စယဒီပနီ- ‘ဆန္ဒောမဉ္ဇူရီ၏ ဆပ္ပစ္စယဒီပနီ’ နာမည်လျှမ်းတင့် ဆန်းကျမ်း၏အဖွင့်ကို၊ ရစယိ- ရေးသားတီထွင် စီရင်ခဲ့လေသတည်း။

၇၄။

စန္ဒာ’ဂမ္မာ’ဘိဓမ္မိက-၊ တ္တနံ ရစယိ ဗန္ဓနံ။
သုဗောဓတ္ထံ ဓာတုကထာ-၊ သရူပတ္ထပကာသကံ။
စန္ဒာ- စာဉာဏ်ပေဉာဏ် ဧကန်ရှိလှ အရှင်စန္ဒသည်၊ အာဘိဓမ္မိကတ္တနံ- သဘာဝကျွမ်းကျင် အဘိဓမ္မာပညာရှင် အဖြစ်သို့၊ အာဂမ္မ- ဝိသုဒ္ဓါရုံဆရာမြတ် လက်ထပ်သင်ယူ ရောက်ရှိတော်မူ၍၊ သုဗောဓတ္ထံ- အဘိဓမ္မာနယ် စာသင်ငယ်တို့ သိလွယ်စေခြင်းငှာ၊ ဓာတုကထာသရူပတ္ထပကာသကံ- ဓာတုကထာကျမ်းလာသဘာဝ သရုပ်ကိုပြတတ်သော၊ ဗန္ဓနံ- ‘ဓာတုကထာချိုး’ ခေါ်ရိုးခေါ်စဉ် မည်တွင်၍လာ ဓာတုကထာ [၄၂] အဘွဲ့ ကဗျာကို၊ ရစယိ- ရေးစပ်တီထွင် စီရင်ခဲ့လေသတည်း။

၇၅။ ဝိသုဒ္ဓါရာမိကော စန္ဒီ၊ သဒါ မာနေတိ ဒက္ခိယံ။ သတ္တဝဿိကကာလေဝ၊ ဌပေသိ နာယကတ္တနေ။

ဝိသုဒ္ဓါရာမိကော- ကဝိထိပ်သီး မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးသည်၊ ဒက္ခိယံ- အရာရာတွင် စွမ်းအင်ပြည့်ဝ ကျွမ်းကျင်လှပေသော၊ စန္ဒီ- ပညာရည်လျှံပ အရှင်စန္ဒကို၊ သဒါ မာနေတိ- အလေးတမူ အရေးယူ အားကိုးလျက် အစဉ်ပင်မြတ်နိုးတော်မူလေ၏၊ သတ္တဝဿိကကာလေဝ- ခုနှစ်ဝါအရ အခါကာလ၌ပင်လျှင်၊ နာယကတ္တနေ- ကျောင်းထိုင်ဦးစီး ကျောင်းဘုန်းကြီးအဖြစ်၌၊ ဌပေသိ- ယုံကြည်စိတ်ချ အားကိုးရသဖြင့် သံဃာ့အလယ် ကြောင်းသွယ်မြွက်ကြား ခန့်ထားတော်မူခဲ့လေသတည်း။

၇၆။ ဝိသုဒ္ဓါရာမာဓိပဿ၊ ဝိသုဒ္ဓပုညနိမ္မိတော။ နဝါရာမော ပါတုဘဝိ၊ ပစ္ဆိမဒေသမန္တလေ။

ဝိသုဒ္ဓါရာမာဓိပဿ- ဝိသုဒ္ဓါရုံဦးစီး ဆရာတော်ဘုရားကြီး၏၊ ဝိသုဒ္ဓပုညနိမ္မိတော- သန့်စင်ထူးမြတ် ကုသိုလ်ဇာတ်က အကျိုးမြတ်နှံသွင်း ဖန်ဆင်းအပ်သည်ဖြစ်၍၊ ပစ္ဆိမဒေသမန္တလေ- မန္တလေးမြို့ အနောက်ပြင် ပေါ်လွင်သာစွာ ရပ်ဒေသ၌၊ [၄၃] နဝါရာမော- ဝိသုဒ္ဓါရုံ ကမ္ဘာတုန်ကျော်ဟီး တိုက်သစ်တော်ကြီးသည်၊ ပါတုဘဝိ- ထင်ရှားမသွေ ဖြစ်ပေါ်၍လာခဲ့လေသတည်း။

၇၇။ ဧ-ဒွိ-စ-ဆ မြမ္မဝဿ၊ နဝဝိသုဒ္ဓမာလယေ၊ ဝသိတွာ ဂဏဝါစက၊ ဘာဝေန ဓုရမာဝဟော။

စန္ဒော- ဆန်းလအသွင် အစဉ်တိုးတက် ဖြိုးလက်ပြည့်ဝ အရှင်စန္ဒသည်၊ ဧ-ဒွိ-စ-ဆ မြမ္မဝဿေ- တစ် နှစ် ခြောက် ထွန်းတောက်ဆန်းသစ် မြန်မာ့နှစ်၌၊ နဝဝိသုဒ္ဓမာလယေ- အသစ်ပေါ်လာ ဝိသုဒ္ဓါရုံတိုက်မဟာ၌၊ ဂဏဝါစကဘာဝေန- ဦးဆောင်စာချ ဂဏဝါစကအဖြစ်ဖြင့်၊ ဝသိတွာ- နှစ်ခြိုက်ရွှင်ပြုံး သီတင်းသုံးနေထိုင်၍၊ ဓုရမာဝဟော- သာသနာ့တာဝန် အားသွန်ခွန်သုံး ရွှင်ပြုံးစွာပေ ထမ်းဆောင်တော်မူလေသတည်း။

၇၈။ ဧ-ဒွိ-ဆ-ဆ မြမ္မဝ၊ စံကင်းဝှယဇနာလယေ။ ဓမ္မာရာမေ ဝသိတွာန၊ ဓမ္မဇောတိံ မကာသိ သော။

သော- ဝိသုဒ္ဓါရုံ ဂဏဝါစက ထိုအရှင်စန္ဒသည်၊ ဧ-ဒွိ-ဆ-ဆ မြမ္မဝဿေ- တစ် နှစ် ခြောက် ခြောက် ထွန်းတောက်ဆန်းသစ် မြန်မာ့နှစ်၌၊ စံကင်းဝှယဇနာလယေ- ဆန်ရေစပါး ပေါများခိုင်ဖြီး စံကင်းရွာကြီး၌၊ ဓမ္မာရာမေ- ရွာဦးရွာထိပ် တိတ်ဆိတ်သာယာ ဓမ္မာရုံကျောင်းမြတ်မဟာ၌၊ ဝသိတွာန- ၁၂ နှစ်ပတ်လုံး ရွှင်ပြုံးပျော်ပျော် သီတင်းသုံးနေထိုင်တော်မူ၍၊ [၄၄] ဓမ္မဇောတိံ- ဓမ္မရောင်ခြည် ပြောင်လည်ပဝင်း ထွန်းကားခြင်းကို၊ အကာသိ- အားသွန်ခွန်နှော စိတ်ရောကိုယ်ပါ ပြုလုပ်တော်မူခဲ့ပါသတည်း။

၇၉။ ဧ-ဒွိ-ဋ္ဌ-ဆ မြမ္မဝ၊ နဝဝိသုဒ္ဓမာလယေ။ ဂဏနာယကဘာဝေန၊ ဝိဟာသိ ဂဏဓောရယော။

သော- 'စံကင်းဆရာတော်, စံကင်းဆရာတော်' ဟု ထင်ပေါ်ကျော်ကြား ထိုဆရာတော်မြတ်ဘုရားသည်၊ ဧ-ဒွိ-ဋ္ဌ-ဆ မြမ္မဝ- တစ်နှစ်ရှစ်ခြောက် ထွန်းတောက်ဆန်းသစ် မြန်မာ့နှစ်၌၊ နဝဝိသုဒ္ဓမာလယေ- 'မဟာဝိဟာရ' သဖွယ် ဂုဏ်ထယ်အံ့ချီး မဟာဝိသုဒ္ဓါရုံတိုက်သစ်တော်ကြီး၌၊ ဂဏဓောရယော- ထူးကဲမြတ်မွန် ဂိုဏ်း၏ဝန်ကို ကျေပြွန်လေအောင် ထမ်းဆောင်တော်မူ၍၊ ဂဏနာယကဘာဝေန- ရှေ့ဆောင်လမ်းပြ ဂဏနာယကအဖြစ်ဖြင့်၊ ဝိဟာသိ- မျှတရွှင်ပြုံး သီတင်းသုံးတော်မူလေသတည်း။

၈၀။ ဂုဏာကိဏ္ဏုတ္တမာနသာ၊ ပရိယတ္တိသာမာဇိကာ။ “ဘဒ္ဒန္တ စန္ဒာဘိဝံသ” ၊ စိဟနေနပိ' ပူဇယုံ။

ဂုဏာကိဏ္ဏုတ္တမာနသာ- ပညာဂုဏ်ရောင် ဆွဲဆောင်အပ်သော စိတ်ရှိကုန်သည်ဖြစ်၍၊ ပရိယတ္တိသာမာဇိကာ- မန္တလေးမြို့ 'ပရိယတ္တိသာသနဟိတ' အသင်းသားတို့သည်၊ [၄၅] ထေရံ- စံကင်းဆရာတော် ထင်ပေါ်ကျော်ကြား ဆရာတော်ဘုရားကို၊ ဘဒ္ဒန္တစန္ဒာဘိဝံသ စိဟနေနပိ- “ဘဒ္ဒန္တစန္ဒာဘိဝံသ ပရိယတ္တိသာသနဟိတဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်ဖြင့်လည်း၊ အပူဇယုံ- အပ်နှင်းဆက်သ ပူဇော်ခဲ့ကြလေကုန်ပြီ။

၈၁။ ဧ-ဒွိ-န-ဧ မြမ္မဝဿေ၊ ဂုရုံ ဝိသုဒ္ဓမာလယေ။ ဌပေသုံ နာယကဋ္ဌာနေ၊ “တိုက်ကြပ်ဣစ္စာ” တိပါကဋေ။

ဂုရုံ- အများစိတ်တူ ကြည်ဖြူလေးစား စံကင်းဆရာတော်မြတ်ဘုရားကို၊ ဧ-ဒွိ-န-ဧ မြမ္မဝသေ- တစ်နှစ်ကိုးတစ် မြန်မာ့နှစ်၌၊ ဝိသုဒ္ဓမာလယေ- ဝိသုဒ္ဓါရုံ တိုက်ရွှေဘုံ၌၊ တိုက်ကြပ်ဣစ္စာဒိပါကဋေ- 'တိုက်ကြပ်ဆရာတော်' အများခေါ်ငြား အလွန်ထင်ရှားသော၊ နာယကဋ္ဌာနေ- တိုက်တာဦးစီး မှူးကြီးအဖြာဖြာ နာယကအရာ၌၊ ဌပေသုံ- ဂုဏ်ရည်ကဲမောက် ရဲရဲတောက်မို့ တင်မြှောက်ခန့်အပ်ကြလေကုန်သတည်း။

၈၂။ ဧ-ဒွိ-န-စ ဓမ္မဝဿ၊ ရွှေကျင်ဂဏသမိတိယာ။ ရွှေကျင်နိကာယ ဥက္ကဋ္ဌ၊ နာယကော'သိ သမ္ဘာဝိတော။

ဂုရု- အလေးပြုအပ် ဂုဏ်ဒြပ်ကြီးမား 'စံကင်းဆရာတော်မြတ်ဘုရား' သည်၊ ဧ-ဒွိ-န-စ မြမ္မဝသေ- တစ်နှစ်ကိုးလေး [၄၆] ကျိုးပေးဆန်းသစ် မြန်မာ့နှစ်၌၊ ရွှေကျင်ဂဏသမိတိယာ- စုပေါင်းဆွေးနွေး ရွှေကျင်ဂိုဏ်း အစည်းအဝေးသည်၊ သမ္ဘာဝိတော- ပညာဂုဏ်ရည် ယုံကြည်လေးမြတ် တင်မြှောက်အပ်သည်ဖြစ်၍၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌနာယကောသိ- 'ရွှေကျင်နိကာယ ဥက္ကဋ္ဌမဟာနာယက' ဂဏကြိုးကိုင် စိုးပိုင်အုပ်စီး သာသနာပိုင်ကြီးတဆူ ဖြစ်တော်မူခဲ့လေသတည်း။

၈၃။ တေရသသတစတုတ္ထ၊ ဝဿ ဇေယျာဝှပဗ္ဗတေ၊ ဝိပဿနာဝှကန္ဒရေ၊ ဝသိ ယောဂီန နာယကော။

ဂုရု- ရွှေကျင်နိကာယ သာသနာပိုင် ကြိုးကိုင်အုပ်စီး ဆရာတော်မြတ်ဘုရားကြီးသည်၊ တေရသသတစတုတ္ထ ဝဿ- တထောင့်သုံးရာလေးခု ရတုသာယာ နှစ်ဂေါဇာ၌၊ ဇေယျာဝှပဗ္ဗတေ- ဧရာနဒီ ခွေလည်ရစ်ပတ် တောင်မြတ်ဗွေလည် စေတီဖွေးဖွေး ရှုငေးဖွယ်ရာ သာယာတင့်ဆန်း ဇေယျာတောင်တန်း၌၊ ဝိပဿနာဝှကန္ဒရေ- ဝိပဿနာကမ္မဋ္ဌာန်း ကြိုးပမ်းကျင့်ဆောင် ဝိပဿနာချောင်၌၊ ယောဂီနံ- ဝိပဿနာအလုပ် အားထုတ်ကြိုးစား ယောဂီအများတို့၏၊ နာယကော- လမ်းညွှန်ပြသ နာယကတဆူ ဖြစ်တော်မူလျက်၊ ဝသိ- ယောဂီအလုပ် အားထုတ်ရွှင်ပျော် သီတင်းသုံးတော်မူခဲ့လေသတည်း။

[၄၇] ၈၄။ ယောဂီနံ ယောဂနယဒေါ၊ ဘာဝယံ ဘာဝနံ သယံ။ ဝိဟာသေ'ကာဒသဝဿံ၊ ရမ္မေ ဂုရု တဒါလယေ။

ဂုရု- ပညာရှိအများ လေးစားကြည်ညို မှီခိုအားထား ဆရာတော်မြတ်ဘုရားကြီးသည်၊ ရမ္မေ- ဂနိုင်အတွင်း ကြိုင်သင်းလန်းဆန်း တောပန်းဝေဝေ စန်းရေသွင်သွင် နေချင်စရာ လွန်သာယာလှပေသော၊ တဒါလယေ- လူသံတိတ်ဆိတ် တောင်ရိပ်ရှိမြောင် ဝိပဿနာချောင်၌၊ ယောဂီနံ- တောမှီခိုအောင်း သီလရှင်ယောဂီအပေါင်းတို့အား၊ ယောဂနယဒေါ- အားထုတ်နည်းမှန် ပြညွှန်ဟောကြား ပေးသနားတော်မူလျက်၊ သယံ- ကိုယ်တော်တိုင်၊ ဘာဝနံ- ကုသိုလ်တရား တိုးပွားစေငှာ ကမ္မဋ္ဌာန်းဘာဝနာကို၊ ဘာဝယံ- လွန်စွာကြိုးစား ပွားများအားထုတ်လျက်၊ ဧကာဒသဝဿံ- သင်္ချာတွက်စစ် ဆဲ့တနှစ်ပတ်လုံး၊ ဝိဟာသိ- မျှတရွှင်ပြုံး သီတင်းသုံးနေထိုင်တော်မူခဲ့လေသတည်း။

၈၅။ တေရသသတပန္နရသမေ နိကာယပုဂံဝံ။ ရဋ္ဌီသာ 'ဘိဒ္ဓဇမဟာ-ရဋ္ဌဂုရု' တိ ပူဇယုံ။

နိကာယပုဂံဝံ- ရွှေကျင်နိကာယ ဂဏရှေ့ဆောင် အခေါင်ထွဋ်ထား ဆရာတော်မြတ်ဘုရားကို၊ ရဋ္ဌီသာ- ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ဝင်တို့သည်၊ တေရသသတပန္နရသမေ- တစ်သုံးတစ်ငါး ထူးခြားဆန်းသစ် မြန်မာ့နှစ်၌၊ [၄၈] အဘိဒ္ဓဇမဟာရဋ္ဌဂုရုတိ- 'အဘိဒ္ဓဇမဟာရဋ္ဌဂုရု' ဘွဲ့ပြုနှင်းအပ် တံဆိပ်တော်မြတ်ဖြင့်၊ ပူဇယုံ- ဂုဏ်ပြုဆက်သ ပူဇော်ကြလေကုန်ပြီ။

၈၆။ တတော ပဋ္ဌာယ ယာဝဇ္ဇ၊ ဂဏီသော ဂဏကေသရီ၊ ဝိသုဒ္ဓဟေမဂုဟာယံ၊ ဝိသုဒ္ဓဓမ္မနာဒကော။

ဂဏကေသရီ- ခြင်္သေ့မင်းသွင် ဂိုဏ်းတွင်ရဲတင်း ဂိုဏ်းမင်းတဆူ ဖြစ်တော်မူသော၊ ဂဏီသော- ရွှေကျင်ဥက္ကဋ္ဌ် ဂိုဏ်းမြတ်ဦးစီး ဆရာတော်မြတ်ဘုရားကြီးသည်၊ တတော ပဋ္ဌာယ- 'အဘိဒ္ဓဇမဟာရဋ္ဌဂုရု' ဂုဏ်ပြုဆက်သ တံဆိပ်တော် ခံယူရရှိပြီးရာ ထိုအခါမှစ၍၊ ယာဝဇ္ဇ- ကျန်းမာလန်းဆန်း ရွှင်လန်းကြံ့ခိုင် ယနေ့တိုင်အောင်ပင်၊ ဝိသုဒ္ဓဟေမဂုဟာယံ- ဝိသုဒ္ဓါရုံ ရတနာစုံလင်း ရွှေဂူကြီးအတွင်း၌၊ ဝိသုဒ္ဓဓမ္မနာဒကော- အန္တလမ်းစဉ် ကပ်မဝင်ဘဲ သန့်စင်တိကျ 'မဇ္ဈိမတရား' ပြတ်သားစွာပေ ဟောကြား၍ နေတော်မူလေသတည်း။

၈၇။ သတာဓိကံ ဘာသတံဝ၊ ပုဏ္ဏိန္ဒု သီတရံသိယာ။ ဝိဒ္ဓံသေန္တော တမဂတံ၊ နိဗ္ဗာပေန္တော မဟာဇနံ။

ပုဏ္ဏိန္ဒု- ကျေးဇူးရှင်ဆရာ သာယာတည့်ထွန်း လပြည့်ဝန်းသည်၊ သီတရံသိယာ- ဓမ္မဘောင်တည် ဧမြသော ရောင်ခြည်ဖြင့်၊ တမဂတံ- မိစ္ဆာပို့ဆောင် အဝိဇ္ဇာအမှောင်ကို၊ ဝိဒ္ဓံသေန္တော- ခဏချက်ချင်း ပယ်ရှင်းလေပြီး၍၊ မဟာဇနံ- [၄၉] အမှောင်ချဉ်း၍ ရောင်လင်းမျှော်ငြား လူအများကို၊ နိဗ္ဗာပေန္တော- အလင်းရောင်ပြ မှောင်မှထုတ်ယူ အပူခပ်သိမ်း ဧငြိမ်းစေလျက်၊ သတာဓိကံ- နှစ်ပေါင်းတရာကျော်လျက် သာလျှင်၊ ဘာသတံဝ- တိမ်တိုက်ကင်းစင် ထက်ကောင်းကင်မှ နေ့စဉ်ရောင်ဖြာ သာ၍သာ နေပါစေသတည်း။

၈၈။ ဗောဓေသိ ကမလေ ဣန္ဒု၊ ရံသိယာ ကေဇကာနနေ၊ တွံပိ ဓီရ သတ္တုပ္ပလေ၊ သဒ္ဓမ္မကေဇကာနနေ။

ဣန္ဒု- ထက်ကောင်းကင်မှ ဖိုးရွှေလသည်၊ ရံသိယာ- ဧမြပြောင်လည် မိမိ၏ရောင်ခြည်ဖြင့်၊ ကေဇကာနနေ- သာယာရှုမော ကြာမြိုင်တော၌၊ ကမလေ- လှပထူးတင့် ကြာဖူးရင့်တို့ကို၊ ဗောဓေသိ- ကြိုင်တသင်းသင်း အိုင်အတွင်း၌ ခိုင်ချင်းဆက်နေ ဖူးပွင့်စေလေ၏၊ ဓီရ- ပညာရှိထိပ်ထား အို- ဆရာတော်မြတ်ကြီးဘုရား၊ တွံပိ- စန်းလသဖွယ် ဂုဏ်ထယ်မြင့်မား အရှင်ဆရာတော်မြတ်ဘုရားသည်လည်း၊ သဒ္ဓမ္မကေဇကာနနေ- သဒ္ဓမ္မသုံးသွယ် ကြာတောကြီးအလယ်၌၊ သန္တုပ္ပလေ- သီလရေမျိုး သမာဓိရိုးတံ ပညာဉာဏ်ဖူးပွင့် ထူးတင့်ဝေဆာ သူတော်ကောင်းတည်းဟူသော ကြာတို့ကို၊ ဗောဓေသိ- ပြိုင်ဆိုင်ကျူးရင့် အထူးတင့်အောင် ဖူးပွင့်စေခဲ့ပြီ ဘုရား။

[၅၀] ၈၉။ စန္ဒာဘာကဍ္ဍိတာ ဒကာ၊ အဏ္ဏဝါ ဥဂ္ဂတေ' ကဒါ။ ထေရာဘာကဍ္ဍိတာ နရာ၊ ဒုဂ္ဂတာ ဥဂ္ဂတာ သဒါ။

စန္ဒာဘာကဍ္ဍိတာ- စန်းလရောင်ခြည် ဆွဲဆောင်အပ်သည်ဖြစ်၍၊ အဏ္ဏဝါဒကာ- အမြဲစီးနေ ပင်လယ်ရေတို့သည်၊ ဧကဒါ- ရံခါ၊ ဥဂ္ဂတာ- ဆန်လျက် “ဒီရေ” တက်ကြကုန်၏၊ ထေရာဘာကဍ္ဍိတာ- ထေရ်မြတ်ဂုဏ်ရောင် ဆွဲဆောင်အပ်ကုန်သည်ဖြစ်၍၊ နရာ- သံသရာတွင်း စီးဆင်းနေငြား လူအများတို့သည်၊ ဒုဂ္ဂတာ- သံသရာရေယဉ်ကြော နစ်မြော၍နေခြင်းမှ၊ သဒါ- အခါခပ်သိမ်း၊ ဥဂ္ဂတာ- အသိဉာဏ်ရ ဆန်တက်ကြလေကုန်သတည်း။

၉၀။ ဥရုဂဏပရိဝါရော၊ စန္ဒော ယာတု' သိတမ္ဗရေ။ ဥရုဂဏပရိဝါရော၊ ဓီရော ဝသတိ သာသနေ။

စန္ဒော- ပြည့်ဝန်းလျှံဖြာ လစန္ဒာသည်၊ ဥရုဂဏပရိဝါရော- နက္ခတ်တာရာ များစွာရံပတ် ခြံရံအပ်သည်ဖြစ်၍၊ အသိတမ္ဗရေ- တိမ်တိုက်ကင်းစင် ပြာလဲ့လဲ့ကောင်းကင်ပြင်၌၊ ယာတိ- ရှုမငြီးဖွယ် တင့်တယ်သာယာ လှည့်ပတ်သွားလာ၍နေ၏၊ ဓီရော- စန်းလသဖွယ် တင့်တယ်ထင်ရှား ဆရာတော်မြတ်ဘုရားသည်၊ ဥရုဂဏပရိဝါရော- ရွှေကျင်ဂဏ များလှသံဃာ ရံကာဝန်းလည် ခြံရံအပ်သည်ဖြစ်၍၊ သာသနေ- ဘုရားမြတ်စွာ [၅၁] သာသနာ၌၊ ဝသတိ- ရာကျော်အသက် ရှည်လျက်ကြံ့ခိုင် နေထိုင်တော်မူလေသတည်း။

၉၁။ 'နတ္ထိ စန္ဒေ သကာဘာ'တိ၊ ဧကာ သိပ္ပံကာ ဝဒုံ၊ 'အတ္ထိ သန္တေ ပညာဘာ'တိ၊ ဝိသဟာမ မယံ ဝတုံ။

စန္ဒေ- ရောင်ဝါပြည့်ရွှန်း လပြည့်ဝန်းကြီး၌၊ ဝါ- လျှမ်းပရောင်ဝါ လစန္ဒာ၌၊ သကာဘာ- ထွန်းပပြောင်ဝင်း ကိုယ်ပိုင်အရောင်အလင်းသည်၊ နတ္ထိ- မရှိချေ၊ ဣတိ- ဤသို့၊ ဧဟိကာ သိပ္ပံကာ- ခေတ်သစ်ပေါ်လာ သိပ္ပံဆရာတို့သည်၊ ဝဒုံ- စမ်းသပ်ဝေဖန် လက်ခံယုံကြည် ပြောဆိုကြကုန်၏၊ သန္တေ- ထူးခြားစုံလင် ဂုဏ်အင်ကြီးမား ဆရာတော်မြတ်ဘုရားကြီး၌၊ ပညာဘာ- ကိုယ်ပိုင်ထွန်းပြောင် ပညာရောင်သည်၊ အတ္ထိ- စင်စစ်မသွေ ထင်ရှားရှိလျက်နေ၏၊ ဣတိ- ဤသို့၊ မယံ- အကျွန်ုပ်တို့သည်၊ ဝတုံ- ပြောဆိုခြင်းငှာ၊ ဝိသဟာမ- မကြောက်မရွံ့ နောက်မတွန့်ဘဲ ရဲဝံ့စွာ ပြောဆိုနိုင်ကြပါကုန်၏။

၉၂။ ခေမံ ယာယ ပယုဉ္စန္တာ၊ ခေမာယ စ နပေက္ခကာ။ န ခေမာ, ထေရ မီမာဝ၊ သက္ကုဏာတိ သမေတဝေ။

သိပ္ပံကာ- လောကဓာတ်တခွင် အဆန်းထွင်၍ စွမ်းအင်ပြသ အံ့စရာ့အောင်မြင် သိပ္ပံပညာရှင်တို့သည်၊ ခေမံ- ကမ္ဘာ၏အရံဂြိုဟ် သိပ္ပံကခေါ်ဆိုသည့် ပြာညိုလဲ့သန်း ကောင်းကင် [၅၂] လမ်းမှ ထွက်မြန်းသာယာ လကမ္ဘာသို့၊ ယာယ- အာကာသခရီး ဒုံးယာဉ်ကိုစီးလျက် ကမ္ဘာကြီးဖြတ်ကျော် လအပေါ်ကွန်းထောက် ဆိုက်ရောက်ရန်အလို့ငှာ၊ ပယုဉ္ဇန္တာ- စမ်းသပ်ကြအဖန်ဖန် လက်တွေ့မှလက်ခံသည့် သိပ္ပံနည်းကျကျ ကြိုးပမ်းလျက်ရှိကြကုန်၏၊ စ- ထိုသို့ပင် လကမ္ဘာတက်ရေး လက်မနှေးဘဲ အသက်ပေးကာ ကြိုးပမ်းကြပါကုန်သော်လည်း၊ ခေမာယ- နိုင်ငံတကာအချင်းချင်း ချစ်ကြည်မှုမယိုယွင်းဘဲ ထာဝစဉ် ငြိမ်းချမ်းခြင်းအလို့ငှာကား၊ အနပေက္ခကာ- မငဲ့အသိ မဲ့သတိဖြင့် လှည့်မကြည့်အား ရှောင်ရှားနေကြလေကုန်၏၊ ခေမာ- ဘဏ္ဍာငွေပုံအောလျက် စိတ်စောကြရာ ကောင်းကင်မှ လစန္ဒာသည်၊ သမေတဝေ- အနုမြူဒုံးပျံ ဗုံးသံမစဲ စစ်ပွဲကြိုးပမ်း စိတ်မချမ်းမြေ့စရာ ဤကမ္ဘာ၏ ကြည်သာရွှင်အေး ငြိမ်းချမ်းရေးအလို့ငှာ၊ န သက္ကုဏာတိ- ဘယ်လိုမှ မလှမ်းနိုင်သဖြင့် မစွမ်းနိုင်ရိုး အမှန်သာတည်း။ ထေရ- ရွှေကျင်ဥက္ကဋ္ဌ အဘိဒ္ဓဇဘွဲ့ရှင် ကျေးဇူးရှင် ဆရာတော်မြတ်ကြီးဘုရား၊ မီမာဝ- ဘုန်းရောင်ကံရောင် ဉာဏ်ရောင်ထိန်လင်း ကျေးဇူးရှင်ဆရာတော်ဘုရားကြီးတည်းဟူသော ရွှေလမင်းကြီးသာလျှင်၊ သမေတဝေ- အနုမြူဒုံးပျံ ဗုံးသံမစဲ စစ်ပွဲကြိုးပမ်း စိတ်မချမ်းမြေ့စရာ ဤကမ္ဘာ၏ ကြည်သာရွှင်အေး ငြိမ်းချမ်းရေးအလို့ငှာ၊ သက္ကုဏာတိ- ငြိမ်းချမ်းရေး အရေးအောင်အောင် မေတ္တာတော်ဖြင့် သွေးဆောင်လျက် အေးချမ်းအောင် ကြိုးကိုင် အစွမ်းနိုင်ကြီး စွမ်းနိုင်ပါသည် အရှင်ဘုရား။

[၅၃] ၉၃။ အာဒိကပ္ပေ ကပ္ပိကာနံ၊ ဆန္ဒံ ပူရေသိ စန္ဒိမာ။ ဣဒါနိ ထေရစန္ဒောပိ၊ ဆန္ဒံ ပူရေတု သဗ္ဗဒါ။

အာဒိကပ္ပေ- ကမ္ဘာတည်စ ခေတ်ဦးအခါကာလတုန်းက၊ စန္ဒိမာ- ကောင်းကင်ယံမှ ရောင်လျှံပသည့် ကမ္ဘာ့တန်းဆာ လ,စန်းရတနာသည်၊ ကပ္ပိကာနံ- နေရောင်ကွယ်စ အားငယ်ကြသည့် ကမ္ဘာ့ဦးသူ ရှေးခေတ်လူတို့၏၊ ဆန္ဒံ- ထွန်းပဝင်းပြောင် အလင်းရောင်မျှော်ကြ မျှော်လင့်ချက် စိတ်ဆန္ဒကို၊ ပူရေသိ- နေရောင်ယွန်းစ တက်ထွန်းပလျက် မွန်းလရောင်ခင်း ဖြန့်ကျင်းဝေဝေ ပြည့်စေခဲ့လေပြီ။ ထေရ- ဝါတော်ရှစ်ဆယ်မြောက် သက်ရွယ်တော်တရာရောက်လည်း ထွန်းတောက်သည့် ဉာဏ်အမြင် သမ္ပဇဉ်ကြီးမား ကျေးဇူးရှင် ဆရာတော်မြတ်ကြီးဘုရား၊ ဣဒါနိ- ကမ္ဘာ့ခေတ်နှောင်း အသစ်ပြောင်း၍ ခေတ်ကောင်းမကြုံ ဝိသမလောဘတွေ ဝိုင်းအုံလျက် အရိုင်းဘုံပမာ မှောင်အတိကျလျက်နေသော ယနေ့ခေတ်အခါကြီး၌၊ စန္ဒောပိ- ဘုန်းရောင်ကံရောင် ဉာဏ်ရောင်ထိန်ဝင်း ကျေးဇူးရှင်ဆရာတော်ဘုရားကြီးတည်းဟူသော ရွှေလမင်းကြီးသည်လည်း၊ ကပ္ပိကာနံ- အနုမြူဒုံးပျံ ဗုံးသံမစဲ စစ်ပွဲမှောင်ကြီး ကာဆီးရှေ့ဝယ် စိတ်အားငယ်ငြား ကမ္ဘာသူကမ္ဘာသားတို့၏၊ ဆန္ဒံ- နိုင်ငံတကာချစ်ကြည် ကမ္ဘာတခု အသစ်တည်လျက် ခေတ်မီမီပျော်ရွှင်ရသည့် ငြိမ်းချမ်းရေး စိတ်ဆန္ဒကို၊ ပူရေတု- [၅၄] ဘုန်းတော် ကံတော် မြတ်ဉာဏ်တော်နှင့် မေတ္တာတော်အရှိန် ကြီးသဖြင့် အဖြည့်ကြီး ဖြည့်နိုင်ပါစေသတည်း။
၉၄။ သီလကဝစသန္နာဟီ၊ သမာဓိသတ္တိဓာရယီ။ ပညာခဂ္ဂဒဋ္ဌဂ္ဂါဟီ၊ ထေရော ဓမ္မသေနာပတီ။
ထေရော- သီလ သမာ ပညာစွယ်စုံ နယ်ကုန်ကျော်ကြား ဆရာတော်မြတ်ဘုရားသည်၊ သီလကဝစသန္နာဟီ- ကိလေသာမြှားဒဏ် ကြံ့ကြံ့ခံနိုင် ခံ့ခိုင်ကိုယ်တွင် သီလချပ်ဝတ်ကို ဝတ်ဆင်လေ့ရှိသော၊ သမာဓိသတ္တိဓာရယီ- ကိလေသာပစ်ကွင်း ထိမှန်ခွင်းနိုင် ကြံ့ခိုင်မြဲမြဲ သမာဓိလှံကြီးကို ကိုင်စွဲလေ့ရှိသော၊ ပညာခဂ္ဂဒဋ္ဌဂ္ဂါဟီ- ကိလေသာရန်သူ ခေါင်းမပြူအောင် ဖမ်းယူခုတ်လှဲ ပညာသန်လျက်ကို ကိုင်စွဲလေ့ရှိသော၊ ဓမ္မသေနာပတီ- နယ်ချဲ့ကိလေ တပ်လုံးကျေအောင် ရှာဖွေတိုက်ထုတ် ‘ဓမ္မဗိုလ်ချုပ်ကြီး' ဖြစ်ပါပေသည်တကား။
၉၅။ အဘိဓဇမဟာရဋ္ဌ၊ ဂုရု ဂုရူဟိ ပူဇိတော။ ပိဋကပါရဂေါ ဓီရော၊ မတိမတံ ဓဇူပမော။
ဓီရော- ပညာရှိထိပ်သီး ဆရာတော်မြတ်ဘုရားကြီးသည်၊ ဂုရူဟိ ပူဇိတော- သာသနာနှင့် ဘာသာတရား လေးစားကော်ရော် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရတို့က ပူဇော်အပ်သော၊ အဘိဓဇမဟာရဋ္ဌဂုရု- “အဘိဓဇမဟာရဋ္ဌဂုရု”

[၅၅] ဂုဏ်ပြုလေးစား ဆရာတော်တစ်ပါးဖြစ်ပါပေ၏၊ ပိဋကပါရဂေါ- ကျမ်းဂန်အရပ်ရပ် ပိဋကတ်ကို နှံ့စပ်သိမြင် “ပိဋကပါရဂူ” အရှင်လည်း ဖြစ်ပါပေ၏၊ မတိမတံ- နှံ့စပ်သိမြင် ပညာရှင်တို့တွင်၊ ဓဇူပမော- မြင့်မားအလွန် အောင်တံခွန်ဟု ပြညွှန်ဝင့်ကြွား ထင်ရှားလှပါပေသည်တကား။
၉၆။ မယာက္ခာတာ ဂုဏာ ဓီရ၊ ဧကဗိန္ဒု ဝိယဏ္ဏဝါ။ အဏ္ဏဝါပိ အဓိကာ ထေရ၊ ဂုဏာယေဝ မနန္တကာ။
ဓီရ- ကြီးမားပညာ အိုဆရာ၊ မယာက္ခာတဂုဏာ- တပည့်ကြည်ညို သီဆိုကျူးဧ ဂါထာစီ၍ သာကြည်ထုတ်ဖော် ဆရာ၏ ဂုဏ်တော်တို့သည်၊ ဧကဗိန္ဒုဝိယဏ္ဏဝါ- အတိုင်းမသိ ပေါပြည့်နက်ကျယ် မြစ်ပင်လယ်မှ ထုတ်ဆယ်ခပ်ထုတ် အပေါ်တက်သည့် ရေတစ်စက်ပမာ ဖြစ်ပါကုန်၏။ အဏ္ဏဝါပိ- အတိုင်းမရ နက်ကျယ်လှစွာ အဏ္ဏဝါထက်လည်း၊ ထေရဂုဏာယေဝ- အံ့ဩမပြီး ချီးကျူးမကုန် ပြည့်စုံစုံညီ ထေရ်ဂုဏ်ရည်တို့ကသာလျှင်၊ အဓိကာ- ပိုလွန်ထူးခြား များပြားလှကုန်သည်ဖြစ်၍၊ အနန္တကာ- မမြင်ဆုံးစ အနန္တသာ ဖြစ်ပါကုန်သည်ဘုရား။
၉၇။ ပုထုလာ အတီရဒဿနာ၊ ဂဘီရာ ဇလနိဓိယာ။ ပါဏိနာ သလိလံ သဗ္ဗံ၊ ကော ဥဒ္ဓရိတုမုဿဟေ။
အတီရဒဿနာ- ပတ်လည်ဝန်းကျင် ကမ်းမမြင်နိုင်လောက်အောင်၊ ပုထုလာ- မသိတိုင်းဆ ကျယ်ဝန်းလှပေသော၊ [၅၆] ဂဘီရာ- အစောက်အားဖြင့် ပိုင်းခြားမရ အလွန်နက်လှပေသော၊ ဇလနိဓိ- ထူးခြားပြင်ကျယ် မြစ်ပင်လယ်ကြီးမှ၊ သလိလံ သဗ္ဗံ- ကြွင်းမဲ့ဥဿုံ အလုံးစုံသောရေကို၊ ကော- အဘယ်သူသည်၊ ပါဏိနာ- လက်ဖြင့်၊ ဥဒ္ဓရိတုံ- ကော်ပက်ခပ်ထုတ်ခြင်းငှာ၊ ဥဿဟေ- စွမ်းနိုင်ပါမည်နည်း။
၉၈။ ဗြဟာကာသနိသာဂတေ၊ ဂဏနာတော အသင်္ခယေ။ ပစုရတာရကေ သဗ္ဗေ၊ ကော တေ ဂဏေတုမုဿဟေ။
ဗြဟာကာသနိသာဂတေ- မြင့်ကျယ်လွင်ပြင် ထက်ကောင်းကင်မှ ညစဉ်လှည့်ပတ် သွားလာတတ်ကုန်သော၊ ဂဏနာတော အသင်္ခယေ- ရေတွက်ပိုင်းခြား ဂဏန်းမထားနိုင်ကုန်သော၊ တေ ပစုရတာရကေ သဗ္ဗေ- ကြွင်းမဲ့ဥဿုံ လုံးစုံများစွာ ထိုကြယ်တာရာတို့ကို၊ ကော- အဘယ်သူသည်၊ ဂဏေတုံ- တစ်လုံး,နှစ်လုံး စုရုံးပေါင်းလျက် ရေတွက်ခြင်းငှာ၊ ဥဿဟေ- စွမ်းနိုင်ပါမည်နည်း။
၉၉။ မာဒိသာနံ အဝိသယော၊ ထေရော အနန္တဂုဏာကရော။ ထေရာဒိသောဝ ထေရဿ၊ ဂုဏေ ကထေတုမုဿဟေ။
ထေရော- ကျေးဇူးကြီးမား ဆရာတော်မြတ်ဘုရားကြီးသည်၊ အနန္တဂုဏာကရော- အံ့၍မပြီး ချီး၍မကုန် ပြည့်စုံလှစွာ [၅၇] အနန္တဂုဏ်ရည်တို့၏ တည်ရာဖြစ်တော်မူသည်ဖြစ်၍၊ မာဒိသာနံ- ကျွန်ုပ်ကဲ့သို့သောသူတို့၏၊ အဝိသယော- အနန္တဂုဏ်အင် စုံအလင်ကို ကုန်စင်အောင်မြွက်ဟ၍ ဆက်သနိုင်စရာ အရာမဟုတ်ပါပေ၊ ထေရာဒိသောဝ- ထေရ်လောက်စုံလင် ဂုဏ်အင်ကြီးမား ပညာရှိတစ်ပါးသည်သာလျှင်၊ ထေရဿ ဂုဏေ- အံ့ဖွယ်စုံညီ ထေရ်မြတ်၏ဂုဏ်ရည်တို့ကို၊ ကထေတုံ- ကုန်စင်မြွက်ဟ ချီးကျူးဆက်သခြင်းငှာ၊ ဥဿဟေ- မုချပိုင်ပိုင် စွမ်းနိုင်လေရာသတည်း။
၁၀၀။ ဂဏီသော စန္ဒသိရီမာ၊ ဘာသတံ စန္ဒဂဏိမာ။ သီတလစန္ဒပ္ပဘာယ၊ အာကာသေ စန္ဒအဉ္စသေ။
ဂဏီသော- ထွန်းပငွေကြယ် အသွယ်သွယ်ကို ချယ်လှယ်စိုးမိုး၍နေသော၊ စန္ဒသိရီမာ- ရောင်ခြည်ပဝင်း လမင်း၏ ကျက်သရေရှိသော၊ စန္ဒဂဏိမာ- ကြယ်ပေါင်းရံကာ လှပစွာဖြင့် ညခါပဝင်း ငွေလမင်းသည်၊ သီတလစန္ဒပ္ပဘာယ- ဧမြပြောင်လည် စန်းလ၏ရောင်ခြည်ဖြင့်၊ အာကာသေ စန္ဒအဉ္စသေ- စန္ဒာလဝန်း လှည့်လည်ထွန်းရာ ထက်အာကာ၌၊ ဘာသတံ- ရွှန်းရွှန်းအိအိ ပြည့်ပြည့်သာသာ ထွန်းပပါစေသတည်း။

[၅၈] နိဂုံး

နန္ဒမာလာ - ဟေမဝါမှ၊
ဖွေရှာ ထူးတင့်၊
လှဖူးပွင့်၍၊
ခူးချင့်စဖွယ်၊
ရနံ့ကြွယ်သား၊
ခိုင်နွယ်လန်းဆန်း၊
ပွင့်သည့်ပန်းကို၊
ဆန့်တန်းပဲ့တူ၊
ဆွတ်ကာယူ၍၊
အတူစုရုံး၊
သွယ်ကာကုံးလျက်၊
ရွှင်ပြုံးကြည်အေး၊
ဆင်တော့ပေးသို့၊
ပျံ့မွှေးလန်းဆန်း၊
ထေရ်ဂုဏ်ပန်းကို၊
ပုံမှန်းအတူ၊
စိတ်ဖြင့်ယူ၍၊
ကြည်ဖြူသဒ္ဓါ၊
ဆင်စိမ့်ငှာဟု၊
ဂါထာတံခွန်၊
ဤစာမွန်ကို၊
အကျွန်သီကာ၊
နှုံးဖွဲ့ပါ၏၊
မဟာကဝိ၊
မြတ်ဉာဏ်ရှိတို့၊
ဆိုမိရာတွင်၊
အမှားမြင်က၊
နှုတ်တွင်၌သာ၊
ကဲ့ရဲ့ပါနှင့်၊
ကိုယ့်စာသွင်တူ၊
ပြင်တော်မူ၍၊
ဖေးကူပါဘိ၊
မှန်ရာရှိမည် . . . အသိထောက်ဆပါစေသော်။

ဆန္ဒအာသာ - ထေရ်ဆရာ၏၊
တရာသက်တော်၊
ရည်ညွှန်းဖော်လျက်၊
နာပျော်လှစွာ၊
မြတ်ဂါထာကို၊
တရာတိတိ၊
သီကုံးဘိ၏၊
သုတိသာယာ၊
ထုတိလွှာကား၊
မြန်မာသက္ကရာဇ်၊
သုံးဆဲ့နှစ်ဟု၊
စွန်းလစ်သင်္ချာ၊
ထောင့်သုံးရာတည်း။
ဆောင်းဝင်ခါစ၊
နတ်တော်လဝယ်၊
ဆန်းစ ရှစ်ရက်၊
နိဂုမ်းဆက်၍၊
ရေးရက်ချိန်တာ၊
နှစ်ပတ်ကြာခဲ့။
ဤစာရေးရ၊
မြတ်ပုညကြောင့်၊
ခုမှနောင်ခါ၊
ဖြစ်လေရာ၌၊
ပညာကြီးကျယ်၊
စည်းစိမ်ကြွယ်၍၊
စိတ်ဝယ်ချမ်းသာ၊
ကိုယ်ကျန်းမာလျက်၊
လိုရာဆန္ဒ၊
ပေါပြည့်ဝ၍၊ [၅၉] ပရဟိတာ၊
ဖြည့်ကျင့်ကာဖြင့်၊
ဆိုင်ရာပါရမီ၊
စုံပြည့်ညီလျက်၊
မဟီဗောဓိ၊
မြတ်ဉာဏ်သိသည် . . . ကဝိမြောက်ရပါစေသော်။

သန္တကာမာ - သူတော်စွာတို့၊
ရသာကဲလွန်၊
ဤစာမွန်ကို၊
အားသွန်ခွန်ပြည့်၊
ဖတ်၍ကြည့်သော်၊
ပေါပြည့်ဂုဏ်အင်၊
မြတ်ထေရ်ရှင်ကို၊
ကြည်လင်စိတ်ထား၊
သဒ္ဓါပွား၍၊
လေးစားကြည်ညို၊
ချီးကျူးဆိုလျက်၊
ဖူးလိုစိတ်သွန်၊
ကျေခဲ့ဝန်တည်း။
မြတ်မွန်ပြုရ၊
ဤပုည၏၊
ဘာဂကြည်ဖြူ၊
မျှရည်တူကို၊
နှစ်ဆူမိဖ၊
စရိယနှင့်၊
များလှသတ္တာ၊
ဝေငှပါ၏။
သာယာချမ်းမြေ့၊
သူတော်လေ့ဖြင့်၊
ယနေ့ကမ္ဘာ၊
ငြိမ်းချမ်းသာလျက်၊
ဘာသာပွင့်လင်း၊
တရားချဉ်း၍၊
မျိုးချင်းစာနာ၊
ရိုင်းပင်းကာဖြင့်၊
မကွာတူမျှ၊
နေထိုင်ကြလျက်၊
ဓမ္မမှန်သိ၊
ဉာဏ်ရရှိသည် . . . မသိပျောက်ကြပါစေသော်။

[၆၁] အဖွင့် အမှာ

၁၃၄၇ ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် သက်တော် (၁၀၀) ပြည့်မြောက်တော်မူသော ဧကာဒသမရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီးကို မြတ်နိုးပူဇော်သောအားဖြင့် ဂဏုက္ကဋ္ဌဝဏ္ဏနာဂါထာ (၁၀၀) ကို ရေးဖွဲ့ခြင်းဖြစ်ပါသည်။ ဂဏုက္ကဋ္ဌဝဏ္ဏနာဂါထာ (၁၀၀) တွင် ရွှေကျင်နိကာယ သမိုင်းကြောင်းနှင့် ဂဏသမုဋ္ဌာပကရွှေကျင်ဆရာတော် ဘုရားကြီးမှ အစပြုသော ရွှေကျင်နွယ်ဝင် ထိပ်ခေါင်တင် ဂဏုက္ကဋ္ဌဆရာတော် ဘုရားကြီး ၁၂ ပါးတို့၏ အကြောင်းအရာကို အကျဉ်းသင်္ခေပအားဖြင့် ဖွဲ့ဆိုထားပါသည်။ ဂါထာ (၁၀၀) ဟူသည် သက်တော်ရှည် ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်ကို အမှတ်အသားပြုခြင်းမျှသာ ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီး၏ အကြောင်းအရာနှင့် ဂုဏ်ရည်တို့ကား ဂါထာပေါင်း ကုဋေ (၁၀၀) ဖွဲ့ဆိုသော်လည်း ကုန်နိုင်ဖွယ်မရှိပါ။

ဤ ဂဏုက္ကဋ္ဌဝဏ္ဏနာ ဂါထာ(၁၀၀) ကို ဟေမဝါမြိုင် ပန်းဂနိုင်၏ ပန်းတစ်ရုံ ပန်းတစ်ခိုင်မှ ဆွတ်ယူဖွဲ့ထုံး ပန်းတကုံးမျှသာဟု မှတ်ယူစေလိုပါသည်။

အရှင်နန္ဒမာလာဘိဝံသ
မဟာသုဗောဓာရုံ၊ စစ်ကိုင်းမြို့။
၁၃၄၇-ခု၊ ပြာသိုလဆန်း (၁၄)ရက် (၂၄-၁-၈၆)

[၆၂] ကျေးဇူးတင်ပါသည်

ဤ ဂဏုက္ကဋ္ဌဝဏ္ဏနာ ဂါထာ (၁၀၀) စာအုပ်ကို အချိန်မီ ဖြန့်ဝေလှူဒါန်းနိုင်သည်မှာ မဟာသုဗောဓာရုံ အရှင်စန္ဒဝရ ၏ ပင်ပန်းခံကာ ကြိုးစားမှုကြောင့်သာ ဖြစ်ပါသည်။ အရှင်ပညာသူရ၊ ရှင်ကဝိန္ဒ၊ ရှင်အဘိဇာတ စသော တပည့်ရဟန်းသာမဏေများက လိုအပ်သမျှ ကူညီကြပါသည်။ စစ်ကိုင်းမြို့၊ တိုင်းသာသနာရေးဦးစီးဌာနမှ မောင်တင်ဌေး၊ မောင်ဝင်းမောင်တို့က လက်နှိပ်စက် ရိုက်နှိပ် ကူညီကြပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

အရှင်နန္ဒမာလာဘိဝံသ

[၆၃] ဧကာဒသမရွှေကျင်သာသနာပိုင် ကြေးမြင်ဆရာတော်ဘုရားကြီး (၁၂၄၇ - ၁၃၅၁)

ရွှေကျင်နိကာယ ဂဏုက္ကဋ္ဌဝဏ္ဏနာ
ဂါထာ တရာ
အရှင်နန္ဒမာလာဘိဝံသ
မူရင်းကျမ်းစာအုပ် မျက်နှာဖုံး ပုံ

[၆၅] “ရွှေကျင်နိကာယ ဂဏုက္ကဋ္ဌဝဏ္ဏနာ”

၁။ သိဒ္ဓမိဒ္ဓနိကာယဿ၊ ဂဏုက္ကဋ္ဌဝိဘာဝိနံ။ အဋ္ဌပ္ပတ္တိ ပဝေဒေမိ၊ သရန္တော ဂုဏသဉ္စယံ။
သိဒ္ဓံ- ဆန္ဒလိုအင် ပြီးစီးအောင်မြင်ပါစေသတည်း။ ဂုဏသဉ္စယံ- များလှစုံလင် ဂုဏ်အင်အပေါင်းကို၊ သရန္တော- မျှော်ခေါ်စေ့စေ့ လွန်အောက်မေ့လျက်၊ ဣဒ္ဓနိကာယဿ- သာသနာ့ဂုဏ်အင် စုံလင်ပြည့်၊ ရွှေကျင်နိကာယ၏၊ ဂဏုက္ကဋ္ဌဝိဘာဝိနံ- ပညာရှိထိပ်သီး ဂိုဏ်းဥက္ကဋ္ဌ မထေရ်မြတ်ကြီးတို့၏၊ အတ္ထုပ္ပတ္တိ- ဖြစ်ရပ်မျှော်ကြည့် အဋ္ဌပ္ပတ္တိကို၊ ပဝေဒေမိ- အကျဉ်းချုံးကာ တင်ဆက်ပါအံ့။

ရွှေကျင်ဂိုဏ်း ပေါ်လာပုံ

၂။ မရမ္မေ သော ရွှေကျင်ဂဏော၊ အတီဝ ပါကဋော ဘဝေ။ အနဗ္ဘတ္တေ ရဝိန္ဒူဝ၊ ယာဝ အဇ္ဇတနာ သုဘော။
ဧသော ရွှေကျင်ဂဏော- နေသွင်တုနှိုင်း ရွှေကျင်ဂိုဏ်းသည်၊ အနဗ္ဘတ္တေ- တိမ်တိုက်ကင်းစင် ထက်ကောင်းကင်၌၊ [၆၆] ရဝိန္ဒူဝ- သရေတင့်စွာ နေနှင့်လတို့ကဲ့သို့၊ မရမ္မေ- ပြည်ထောင်စု မြန်မာနိုင်ငံတော်၌၊ အတီဝပါကဋော- အစဉ်အားဖြင့် အလွန်ပင် ထင်ရှားလှပါပေ၏။ ယာဝ အဇ္ဇတနာ- နှစ်တစ်ရာကျော်လစ် ယနေ့ခေတ်တိုင်အောင်၊ သုဘော- စည်းလုံးမပြယ် တင့်တယ်သည်၊ ဘဝေ- ဖြစ်ပါပေသတည်း။
၃။ ရဋ္ဌရူပသံဝစ္ဆရေ၊ ရမ္မေ သဒ္ဓမ္မဇောတနေ။ ဇောတယံ သာသနံ သေဋ္ဌံ၊ ရွှေကျင်ဂဏော သမုဗ္ဘဝေ။
ရဋ္ဌရူပသံဝစ္ဆရေ- ၁၂၂၂ ခုနှစ်၌၊ ရမ္မေ- သူတော်နှလုံး ကြည်ပြုံးရွှင်ပျော် မွှေ့လျော်ရာဖြစ်သော၊ သဒ္ဓမ္မဇောတနေ- သာသနာရောင် ထွန်းပြောင်ထိန်ငြီး ရတနာပုံ နေပြည်တော်ကြီး၌၊ ဧသ ရွှေကျင်ဂဏော- နေသွင်တုနှိုင်း ဤရွှေကျင်ဂိုဏ်းသည်၊ သာသနံ- ဗုဒ္ဓမြတ်စွာ သာသနာကို၊ ဇောတယံ- ထွန်းပြောင်စေလျက်၊ သမုဗ္ဘဝေါ- ထူးခြားလှစွာ ဖြစ်ပေါ်လာခဲ့ပါသတည်း။
၄။ ဝပ္ပရူပသံဝစ္ဆရေ၊ ရတနာသိင်္ခသမ္မတေ။ ရဋ္ဌံ ကာရေသိ ကုမာရော၊ မင်းတုန်းနဂရဘောဇကော။
ဝပ္ပရူပသံဝစ္ဆရေ- ၁၂၁၄ ခု၌၊ ရတနာသိင်္ခသမ္မတေ- ရတနာဦးစွန်း ထွန်းရာမှည့်ခေါ် ရတနာသိင်္ခမြို့တော်၌၊ မင်းတုန်းနာဂရဘောဇကော- မင်းတုန်းမြို့စားဖြစ်သော၊ [၆၇] ကုမာရော- မင်းသားသည်၊ ရဇံ- တိုင်းရေးပြည်မှု ကြည့်ရှုစီစစ် မင်းအဖြစ်ကို၊ ကာရေသိ- ပြုခဲ့လေပြီ။
၅။ ယဒါ သော အမရပူရ မာဂမ္မ တဒဇ္ဈာဝသိ။ တဒါ တေန ဝိဇိတမှိ၊ သာသနသုဒ္ဓိ စိန္တိတာ။
ယဒါ- အကြင်အခါ၌၊ သော- ထိုမင်းတုန်းမင်းသည်၊ အမရပုရံ- အမရပူရ နေပြည်တော်သို့၊ အာဂမ္မ- ချီလာ၍၊ တံ- ထိုအမရပူရ နေပြည်တော်ကို၊ အဇ္ဈာဝသိ- အာဏာတန်ခိုး လွှမ်းမိုး၍ပိုင် အုပ်စိုးနေထိုင်၏။ တဒါ- ထိုအခါ၌၊ တေန- ထိုမင်းတုန်းမင်းသည်၊ ဝိဇိတမှိ- နိုင်ငံတော်၌၊ သာသနသုဒ္ဓိ- ထူးခြားတင့်တယ် သာသနာတော်၏ သန့်ရှင်းစင်ကြယ်မှုကို၊ စိန္တိတာ- ဆောင်ရွက်ရန်ပေ ကြံစည်အပ်ခဲ့လေပြီ။
၆။ နိမန္တယိ နန္ဒထေရံ၊ ဝိနယေ ဂရုကံ သုတံ။ ခေါတောဂါမာရညာဝါသေ၊ ဝသန္တံ အမရပုရံ။
ခေါတောဂါမာရညာဝါသေ- ခေါတောရွာနီး ‘ကောင်းပင်ကုန်း’ တောရကျောင်းကြီး၌၊ ဝသန္တံ- သီတင်းသုံး နေထိုင်လျက်ရှိသော၊ ဝိနယေ ဂရုကံ- ကျောက်ထီးပုံရှု ဝိနည်းကို အလေးပြုသော၊ သုတံ- ထင်ပေါ်ကျော်ကြား လူသိများသော၊ နန္ဒထေရံ- နန္ဒမည်တွင် ထေရ်အရှင်ကို၊ အမရပုရံ- အမရပူရ နေပြည်တော်သို့၊ နိမန္တယိ- ပင့်လျှောက်ခဲ့လေပြီ။

[၆၈] အရှင်နန္ဒမာလာဘိဝံသ (Ph.D)
၇။ အန္တိကေ မရပူရဿ၊ ရှမ်းကလေးကျွန်းတိဝိဿုတေ။ အာရညကေ ဝသာပေတွာ၊ ပစ္စယေဟိ ဘိမာနယိ။
အမရပူရဿ- အမရပူရနေပြည်တော်၏၊ အန္တိကေ- အနောက်မြောက်စပ် အနီးရပ်၌၊ ရှမ်းကလေးကျွန်းတိဝိဿုတေ- ရှမ်းကလေးကျွန်း မော်ကွန်းတည်ထား လွန်ထင်ရှားသော၊ အာရညကေ- ကျင့်မှီခိုအောင်း တောရကျောင်း၌၊ ဝသာပေတွာ- သာယာရွှင်ပြုံး သီတင်းသုံးနေထိုင်စေ၍၊ ပစ္စယေဟိ- မှီတင်းပြုငြား ပစ္စည်းလေးပါးတို့ဖြင့်၊ အဘိမာနယိ- မြတ်နိုးကော်ရော် ပူဇော်ခဲ့လေပြီ။
၈။ အဘိပ္ပသန္နော သဒ္ဓမ္မေ၊ ရာဇာ ဝိဇိတမဏ္ဍလေ။ နန္ဒထေရံ ဥပနိဿာယ၊ သာသနမလံ သောဓယိ။
သဒ္ဓမ္မေ- သဒ္ဓမ္မသုံးဖြာ သာသနာ၌၊ အဘိပ္ပသန္နော- သဒ္ဓါပိုမို လွန်ကြည်ညိုသော၊ ရာဇာ- မင်းတုန်းမည်တွင် ဘုရင်မင်းတရားသည်၊ ဝိဇိတမဏ္ဍလေ- အာဏာဆင့်လွှမ်း နိုင်ငံတော်တဝှမ်း၌၊ နန္ဒထေရံ- နန္ဒမည်ကျော် ရှမ်းကလေးကျွန်း ဆရာတော်ကို၊ ဥပနိဿာယ- လမ်းညွှန်သမှု အမှီပြု၍၊ သာသနမလံ- သာသနာ့ရန်ဘေး ညစ်အကြေးကို၊ သောဓယိ- သုတ်သင်ခဲ့လေပြီ။
၉။ သုက္ကရူပသံဝစ္ဆရေ၊ သံသိတော ဓမ္မဝိနယော။ ရာဇာဏာပကတော ရညာ၊ သာသနသုဒ္ဓိကာမိနာ။
သုက္ကရူပသံဝစ္ဆရေ- ၁၂၁၇ ခုနှစ်၌၊ သာသနသုဒ္ဓိကာမိနာ- သာသနာတွင်း သန့်ရှင်းပြန့်ပွား လွန်လိုလားသော၊ [၆၉] ရညာ- မင်းတုန်းမည်တွင် ဘုရင်မင်းတရားသည်၊ ရာဇာဏာပကတော- ပြစ်မှုချမှတ် မင်းအာဏာဖြင့် ပြုအပ်သော၊ ဓမ္မဝိနယော- ဓမ္မဝိနယ မည်ရတင့်ဆန်း အမိန့်တော်ပြန်တမ်းကို၊ သံသိတော- ထုတ်ဆင့်အပ်လေပြီ။
၁၀။ ဝါစိကမဘိနန္ဒီသု၊ သာသနသုဒ္ဓိကာမိနော။ သုပေသလာ တဒညာ စ၊ ပစ္စနိကမကံသု တံ။
သာသနသုဒ္ဓိကာမိနော- သာသနာတွင်း သန့်ရှင်းပြန့်ပွား လွန်လိုလားကြကုန်သော၊ သုပေသလာ- စည်းကမ်းနှစ်လို ချစ်ကြည်ညိုငြား ပုဂ္ဂိုလ်အများတို့သည်၊ ဝါစိကံ- ဓမ္မဝိနယ မည်ရတင့်ဆန်း အမိန့်တော်ပြန်တမ်းကို၊ အဘိနန္ဒီသု- ကြိုဆိုအားရ လက်ခံကြလေကုန်ပြီ။ တဒညာ စ- အလဇ္ဇီဒုဿီလ ရှုပ်ပွေကြငြား ပုဂ္ဂိုလ်အများတို့သည်ကား၊ တံ- ထိုဓမ္မဝိနယ မည်ရတင့်ဆန်း အမိန့်တော်ပြန်တမ်းကို၊ ပစ္စနိကမကံသု- ဝေဖန်ပြစ်တင် ဆန့်ကျင်ကြလေကုန်ပြီ။
၁၁။ ရာဇာဏာပကတာ နေသာ၊ ဝါစိကာ ဝိဇယံ ဂတာ။ သစေ ဂတာ ဂဏိမဿ၊ နာဘဝိဿ သမုဗ္ဘဝေါ။
ရာဇာဏာပကတာ- ပြစ်မှုချမှတ် မင်းအာဏာဖြင့် ပြုအပ်သော၊ ဧသာ ဝါစိကာ- ဓမ္မဝိနယ မည်ရတင့်ဆန်း ဤအမိန့်တော်ပြန်တမ်းသည်၊ ဝိဇယံ- အာဏာသက်ဆင်း အောင်မြင်ခြင်းသို့၊ န ဂတာ- မရောက်ရှိခဲ့ပေ။ သစေ ဂတာ- အကယ်၍ [၇၀] ပေါက်ရောက် အောင်မြင်ခြင်းသို့ ရောက်ခဲ့ပါမူ၊ ဣမဿ ဂဏဿ- ထူးခြားပေါ်လွင် ဤဂိုဏ်းရွှေကျင်၏၊ သမုဒ္ဒဝေါ- ဖြစ်ပေါ်လာခြင်းသည်၊ န အဘဝိဿ- မဖြစ်ခဲ့လေရာ။
၁၂။ ရာဇာဘိမာနိတော သုခီ၊ သုဇီဝ ပါကဋော တတော။
ပရံ ထေရော နိဗ္ဗိန္နောဝ၊ သုခီ အတ္ထမဝဂတော။
ရာဇာဘိမာနိတော- ဘုရင်မင်းမြတ် ချစ်ခင်မြတ်နိုးအပ်သော၊ သုခီ- ပညာရှိဖြစ်တော်မူသော၊ သုဇီဝ- ရောင်ဝါပဝင်း ငွေလမင်းကဲ့သို့၊ ပါကဋော- ထင်ပေါ်ကျော်ကြား လူသိများသော၊ ထေရော- နန္ဒတွင်ခေါ် 'ရှမ်းကလေးကျွန်း ဆရာတော်' သည်၊ တတော ပရံ- အမိန့်တော်ပြန်တမ်း ဆင့်ကမ်းပေါ်လာ နောက်အခါ၌၊ နိဗ္ဗိန္ဒောဝ- သာသနာရေး ရှုပ်ထွေးကြုံတွေ့ ငြီးငွေ့တော်မူသည်ဖြစ်၍သာလျှင်၊ သုခီ- လမင်းသည်၊ အတ္ထမဝဂတော ဣဝ- အတ္ထတောင်စွယ် ပျောက်ကွယ်ဘိသကဲ့သို့ အဝဂတော- ဘဝတောင်စွယ် ပျောက်ကွယ်တော်မူခဲ့လေပြီ။
၁၃။ တဒါ ဟိ ဇာဂရတ္တေရော၊ ခေါတောအာရည-ဝသံ။
အဿဘူမိ ဘိက္ခုသံဃေ၊ သာသနမလ သောဓယိ။
ဟိ- သာသနာတွင်း သန့်ရှင်းစေလတ် အကြောင်းတရပ်ကား၊ တဒါ- ဓမ္မဝိနယ မည်ရတင့်ဆန်း အမိန့်တော်ပြန်တမ်းကို [၇၁] ဆင့်ကမ်းပြီးရာ ထိုအခါ၌၊ ဇာဂရတ္တေရော- ရှမ်းကလေးကျွန်း တပည့် စွမ်းရည်ရှိလှ ‘ဇာဂရ’မည်တွင် ထေရ်အရှင်သည်၊ ခေါတောအာရညကေ- ခေါတောရွာနီး 'ကောင်းပင်ကုန်း' တောရကျောင်းတိုက်ကြီး၌၊ ဝသံ- နေထိုင်လျက်၊ အဿဘူမိ- ရတနာသိခ မည်ရမသွေ မြင်းနယ်မြေ၌၊ ဘိက္ခုသံဃေ- ရဟန်း သံဃာအပေါင်း၌၊ သာသနမလံ- ဝိနည်းပြစ်ဘေး သာသနာတော်၏ အညစ်အကြေးကို၊ သောဓယိ- သုတ်သင်ခဲ့လေပြီ။
၁၄။ ယဒါ ရညာ သုမာပိတံ၊ ရတနာပုဏ္ဏသမ္မတံ။
သာသနံ ပဂ္ဂဏှိ ရာဇာ၊ နာညသာဓာရဏံ တဒါ။
ယဒါ- အကြင်အခါ၌၊ ရညာ- မင်းတုန်းမည်တွင် ဘုရင်မင်းမြတ်သည်၊ ရတနာပုဏ္ဏသမ္မတံ- ရတနာပုံ ခေါ် ရွှေမြို့တော်ကို၊ သုမာပိတံ- နတ်မြို့အသွင် ရှုမြင်သပ်ရပ် ဖန်ဆင်းတည်ထောင်အပ်ခဲ့လေပြီ၊ တဒါ- ထိုအခါ၌၊ ရာဇာ- မင်းတုန်းမည်တွင် ဘုရင်မင်းမြတ်သည်၊ သာသနံ- ဗုဒ္ဓမြတ်စွာ သာသနာတော်ကို၊ နာညသာဓာရဏံ- နှိုင်းကြည့်ဝေဖန် သူမတူတန်အောင်၊ ပဂ္ဂဏှိ- ချီးမြှောက်ခဲ့လေပြီ။
၁၅။ တဒါ သော ဇာဂရတ္တေရော၊ ရှိမ်းမကား ဣတိသမ္မတေ။
အရညာဝါသေ ဝသိတွာ၊ ဇောတယိ ဇိနသာသနံ။
တဒါ- ရတနာပုံနေပြည် တည်ထောင်ပြီးရာ ထိုအခါ၌၊ သော ဇာဂရတ္တေရော- ဇာဂရမည်တွင် ထိုထေရ်အရှင်သည်၊ [၇၂] ရှိမ်းမကား ဣတိသမ္မတေ- ‘ရှိမ်းမကား’ဟု သမုတ်ခေါ်အပ် မြို့အရပ်၌၊ အရညာဝါသေ- တောရကျောင်းတိုက်၌၊ ဝသိတွာ- သီတင်းသုံးနေထိုင်၍၊ ဇိနသာသနံ- ဘုရားမြတ်စွာ သာသနာတော်ကို၊ ဇောတယိ- ထွန်းလင်းစေခဲ့ပြီ။
၁၆။ ရဋ္ဌရူပသံဝစ္ဆရေ၊ သယံ ရာဇာ အဘိမာနိတံ။
ဇာဂရာဘိဓာနတ္ထေရံ၊ ရာဇဓာနိံ နိမန္တယိ။
ရာဇာ- မင်းတုန်းမည်တွင် ဘုရင်မင်းမြတ်သည်၊ သယံ- ကိုယ်တိုင်၊ အဘိမာနိတံ- လွန်စွာသိမှတ် မြတ်နိုးအပ်သော၊ ဇာဂရာဘိဓာနတ္ထေရံ- ဇာဂရမည်တွင် ထေရ်အရှင်ကို၊ ရာဇဓာနိံ- ရတနာပုံခေါ် ရွှေမြို့တော်သို့၊ ရဋ္ဌရူပသံဝစ္ဆရေ- ၁၂၂၂ ခုနှစ်၌၊ နိမန္တယိ- ပင့်လျှောက်ခဲ့လေပြီ။
၁၇။ မန္တလာစလပဿမှိ၊ အာဝါသေဟိ ပရိက္ခတံ။
ဓမ္မိကံ နာမ အာရာမံ၊ ကာရာပေတွာန သာဓုကံ။
၁၈။ ရာဇာ ဇာဂရတ္တေရဿ၊ နိယျာတေသိ အဘိမာနိတော။
အရညာဝါသေ ဝသိတွာ၊ ဓမ္မကိစ္စာနိ ကာတဝေ။
မန္တလာစလပဿမှိ- မန္တလေးတောင် ဂုဏ်ရောင်ထူးခြား မြောက်ဖက်နံပါးအရပ်၌၊ အာဝါသေဟိ- မြတောင်, မင်းကင်း, ထရံကာ, ရမည်းသင်းဟူ ရည်တူဝဲယာ လေးဖြာသမိုက် အရံ [၇၃] တိုက်တို့ဖြင့်၊ ပရိက္ခတံ- ဂုဏ်ဝါတင့်လတ် ခြံရံအပ်သော၊ ဓမ္မိကံ နာမ အာရာမံ- မဟာဓမ္မိကာရာမ မည်ရသမိုက် ကျောင်းတော်တိုက်ကို၊ သာဓုကံ- ကောင်းစွာ၊ ကာရာပေတွာန- ဆောက်လုပ်စေပြီး၍၊ အရညာဝါသေ- လူသူမနီး တောရကျောင်းကြီး၌၊ ဝသိတွာ- သီတင်းသုံးနေထိုင်၍၊ ဓမ္မကိစ္စာနိ- ဂန္ထ, ဝိပဿနာ နှစ်ဖြာပြုရ ဓမ္မကိစ္စတို့ကို၊ ကာတဝေ- ပြုလုပ်ခြင်းငှာ၊ ရာဇာ- မင်းတုန်းမည်တွင် ဘုရင်မင်းမြတ်သည်၊ အဘိမာနိတော- အလွန်မြတ်နိုးအပ်သည်ဖြစ်၍၊ ဇာဂရတ္တေရဿ- ဇာဂရမည်တွင် ထေရ်အရှင်အား၊ နိယျာတေသိ- ရိုသေဝပ်စင်း အပ်နှင်းခဲ့လေပြီ။
၁၉။ သုဓမ္မာယ စ သာလာယ၊ ဝါသမာဝေနိ ကာတဝေ။
ဂဏဝိမုတ္တဘာဝေန၊ ရာဇာ တမဘိပူဇယိ။
စ- သည်မျှသာမကသေး၊ သုဓမ္မာယ သာလာယ- သုဓမ္မာရုံးတော်မှ၊ အာဝေနိ- မဆက်မစပ် လွတ်လပ်ကင်းကွာ သီးခြားသာလျှင်၊ ဝါသံ- ချမ်းသာသက်ဆုံး ကျင့်သုံးနေထိုင်ခြင်းကို၊ ကာတဝေ- ပြုခြင်းငှါ၊ ရာဇာ- မင်းတုန်းမည်တွင် ဘုရင်မင်းမြတ်သည်၊ တံ- ဇာဂရမည်တွင် ထိုထေရ်အရှင်ကို၊ ဂဏဝိမုတ္တဘာဝေန- ဂဏဝိမုတ်အဖြစ်ဖြင့်၊ အဘိပူဇယိ- လေးမြတ်တူပျော် ပူဇော်ခဲ့လေပြီ။

[၇၄] ၂၀။ ဇာဂရာဘိဓာနတ္ထေရော၊ ဇာတိနာမေန ဝိဿုတော။
ဝိနေသိ ဝိနယေ သိဿ-ဂဏံ သော ဒဠှမတ္တနော။
ဇာတိနာမေန- ဇာတိရွာတွင် ရွှေကျင်ဟူသော အမည်အားဖြင့်၊ ဝိဿုတော- ထင်ပေါ်ကျော်ကြား အသိများသော၊ သော ဇာဂရာဘိဓာနတ္ထေရော- ဇာဂရမည်တွင် ထိုထေရ်အရှင်သည်၊ အတ္တနော- မိမိ၏၊ သိဿဂဏံ- ဝဲယာ ခညောင်း တပည့်အပေါင်းကို၊ ဝိနယေ- ကိုယ်နှုတ်သိပ်သည်း ကျင့်ဝိနည်း၌၊ ဒဠှံ- မြဲမြံစွာ၊ ဝိနေသိ- ကျနပဲ့ပြင် သွန်သင်ခဲ့လေပြီ။
၂၁။ ဝိနယော သာသနဿာယု၊ အတော ရက္ခာမ သံဝရံ။
ဂရုံ ကစ္စာ ယထာဓမ္မံ၊ စရာမ သာသနေ မယံ။
ဝိနယော- ဗုဒ္ဓဟောဖော် ဝိနည်းတရားတော်သည်၊ သာသနဿ- သာသနာတော်သုံးရပ်၏၊ အာယု- အသက်ပါပေတည်း။ အတော- ထို့ကြောင့်၊ မယံ- ငါတို့သည်၊ သံဝရံ- စောင့်စည်းအပ်စွာ သံဝရသီလကို၊ ရက္ခာမ- စောင့်ထိန်းကြပါကုန်စို့၊ သာသနေ- ဗုဒ္ဓမြတ်စွာ သာသနာ၌၊ ဂရုံ ကစ္စာ- အရေးတခု အလေးပြုကြကုန်၍၊ ယထာဓမ္မံ- ဘုရားဟောဖော် တရားတော်အတိုင်း၊ စရာမ- ကျင့်ကြပါကုန်စို့။
၂၂။ ပါတိမောက္ခံ ဝိသောဓေန္တာ၊ ဇဟေယျာမပိ ဇီဝိတံ။
ပညတ္တံ လောကနာထေန၊ န ဘိန္ဒိဿာမ သံဝရံ။
ပါတိမောက္ခံ- စောင့်သူမှန်သမျှ ပါယ်မကျအောင် ကယ်မတတ်ဘိ ပါတိမောက်ခေါ် သိက္ခာပုဒ်သီလတော်ကို၊ [၇၅] ဝိသောဓေန္တာ- အပြစ်ကင်းစင် သုတ်သင်လိုငြား တို့အများသည်၊ ဇီဝိတံ- အသက်ကို၊ ဇဟေယျာမပိ- သီလပျက်ရေး ကြံတွေးမဝံ့ စွန့်ကြရစေကာမူ၊ လောကနာထေန- လောကရှေ့ဆောင် ထွဋ်ဘုန်းခေါင်သည်၊ ပညတ္တံ- အမိန့်တော်ချမှတ် ပညတ်အပ်သော၊ သံဝရံ- စောင့်စည်းအပ်စွာ မြတ်သီလကို၊ န ဘိန္ဒိဿာမ- ဖောက်ဖျက်သမှု မပြုရှောင်ရှား လေးစားကြပါကုန်စို့။
၂၃။ ဝိနယမ္ပိ ဂရုံ ကစ္စာ၊ ပဋိပန္နော သုခီဝရော။
သိဿေပိ တထာ ကာရေသိ၊ ဂဇ္ဇန္တော ကထမီဒိသံ။
သုခီဝရော- တင့်တယ်လှဘိ ပညာရှိတွင် ထေရ်အရှင်သည်၊ ဤဒိသံ ကထံ- ဤသို့ဖော်ကြား ရဲရင့်သောစကားကို၊ ဂဇ္ဇေန္တော- ကြုံးဝါးမိန့်ဆိုလျက်၊ ဝိနယမှိ- ကိုယ်နှုတ်စောင့်စည်း မြတ်ဝိနည်း၌၊ ဂရုံ ကစ္စာ- အရေးတခု အလေးပြု၍၊ ပဋိပန္နော- သဒ္ဓါရွှင်ပြုံး ကျင့်သုံးတော်မူပြီ၊ သိဿေပိ- ဆုံးမနာကြား တပည့်များကိုလည်း၊ တထာ ကာရေသိ- မိမိနည်းတူ ကျင့်မူပုံသေ ကျင့်သုံးစေခဲ့လေပြီ။
၂၄။ သုဒ္ဓေ ဒိဝေ ပုဏ္ဏိန္ဒု၊ ဘဂ္ဂဏေဟိ ပရိဝုတော။
ဝိရောစတီဝ သဒ္ဓမ္မေ၊ ရွှေကျင်ထေရော ဝိရောစတိ။
ပုဏ္ဏိန္ဒု- ငွေရောင်တင့်ရွှန်း လပြည့်ဝန်းသည်၊ သုဒ္ဓေ ဒိဝေ- ညစ်ကြေးကင်းစင် ထက်ကောင်းကင်၌၊ ဘဂ္ဂဏေဟိ- [၇၆] သင်္ချေထောင်သောင်း ကြယ်တာရာအပေါင်းတို့သည်၊ ပရိဝုတော- ဝန်းကျင်ရံပတ် ခြံရံအပ်သည်ဖြစ်၍၊ ဝိရောစတီဝ- ထူးခြားဝင့်ထယ် တင့်တယ်လေဘိသကဲ့သို့၊ သဒ္ဓမ္မေ- သဒ္ဓမ္မသုံးဖြာ သာသနာ၌၊ ရွှေကျင်ထေရော- ရွှေကျင်မည်ခေါ် မြတ်ထေရ်မော်သည်၊ ဝိရောစတိ- တပည့်အပေါင်း ခညောင်းရံကာ တင့်တယ်ပါပေသတည်း။
၂၅။ ရွှေကျင်ထေရသိဿဂဏော၊ ဒန္တော ဝိနီတမာဂတော။
သမ္ပန္နော ပါသာဒိကေန၊ အတီဝ ဒဿနာရဟော။
ရွှေကျင်ထေရသိဿဂဏော- ရွှေကျင်ဆရာ ထေရ်မဟာနှင့် များစွာသောင်းသောင်း တပည့်အပေါင်းတို့သည်၊ ဒန္တော- စိတ်နေပျံ့မွှေး လွန်ယဉ်ကျေးသည်၊ ဝိနီတမာဂတော- ဣန္ဒြေမချွတ် ပိပြားသေဝပ်သည်၊ ပါသာဒိကေန- မြင်သူအထူး ကြည်နူးစေကြောင်း အသွင်အပြင်ကောင်းနှင့်၊ သမ္ပန္နော- ပြည့်စုံသည်၊ ဟုတွာ- ဖြစ်၍၊ အတီဝ ဒဿနာရဟော- လွန်စွာဦးခိုက် ဖူးမြှော်ခြင်းငှါ ထိုက်ပါပေသတည်း။
၂၆။ မနောဘာဝနိယံ သံဃံ၊ ရွှေကျင်နိကာယသမ္မတံ။
သာဓုဇနာ ဂရုံ ကစ္စာ၊ ပသံသု သန္တမာနသာ။
ရွှေကျင်နိကာယသမ္မတံ- ရွှေကျင်နိကာယဟု သိမှတ်အပ်သော၊ မနောဘာဝနိယံ- သဒ္ဓါယိုဖိတ် ကုသိုလ်စိတ်အား [၇၇] တိုးပွားစေနိုင်သော၊ သံဃံ- သံဃာတော်ကို၊ သန္တမာနသာ- ဣဿာကင်းစင် သူတော်စိတ်ဝင်ကြကုန်သော၊ သာဓုဇနာ- ကိုယ်နှုတ်စိတ်ကောင်း သူတော်စင်အပေါင်းတို့သည်၊ ဂရုံ ကစ္စာ- လက်အုပ်တင်ဆက် အလေးအနက်ပြုကြကုန်၍၊ ပသံသု- ကြည်နူးပျော်ရွှင် ဖူးမြင်ခဲ့ကြလေကုန်ပြီ။
၂၇။ ရူပံဝ ပါကဋံ စိတ္တ-ပဋမှိ ဒဿနာရဟံ။
ဒဿနိယော သာသနမှိ၊ ရွှေကျင်ဂဏော သုပါကဋော။
စိတ္တပဋမှိ- ဆန်းကြယ်သပ်ရပ် ပန်းချီကားချပ်၌၊ ရူပံ- ဆေးစပ်ပိုင်ပိုင် စုတ်နိုင်နိုင်ဖြင့် ယှဉ်ပြိုင်အားခဲ ရေးဆွဲအပ်ရာ ရုပ်ပုံလွှာသည်၊ ဒဿနာရဟံ- မြင်ရသူနှစ်ခြိုက် ပြသထိုက်သည်ဖြစ်၍၊ ပါကဋံ ဣဝ- တိုင်းသိပြည်ကျော် ထင်ပေါ်လေဘိသကဲ့သို့၊ သာသနမှိ- ကားချပ်ပမာ သာသနာ၌၊ ရွှေကျင်ဂဏော- ရုပ်လွှာတုနှိုင်း ရွှေကျင်ဂိုဏ်းသည်၊ ဒဿနိယော- မြင်သူနှစ်ခြိုက် ပြသထိုက်သည်ဖြစ်၍၊ သုပါကဋော- အစဉ်အားဖြင့် ထင်ရှားပါပေသတည်း။

[၇၈] ၁။ ရွှေကျင်ဆရာတော်

၂၈။ ရွှေကျင်နိကာယသတ္ထာရံ၊ ရွှေကျင်နိကာယမာပကံ။
ဝိဘာဝိသေခရံ ဝီရံ၊ ဝန္ဒာမိ ဂဏနာယကံ။
ရွှေကျင်နိကာယမာပကံ- ဂိုဏ်းမြတ်ရွှေကျင် စတင်ဦးဆောင် တည်ထောင်တော်မူသော၊ ဝိဘာဝိသေခရံ- ပညာရှိထိပ်တန်း ဦးဆောက်ပန်း ဖြစ်တော်မူသော၊ ဝီရံ- ရဲစွမ်းသတ္တိ လုံ့လရှိတော်မူသော၊ ဂဏနာယကံ- ဂိုဏ်းမြတ်တည်ထောင် ရှေ့ဆောင်ဖြစ်တော်မူသော၊ ရွှေကျင်နိကာယသတ္ထာရံ- ရွှေကျင်နိကာယ် ဂိုဏ်းဝယ်ဦးစီး ရွှေကျင်ဆရာတော်ဘုရားကြီးကို၊ ဝန္ဒာမိ- ရှိခိုးပါ၏။
၂၉။ မရမ္မူပရိမေ ဒေသေ၊
အမရပူရသမ္မတေ။
ဆတ္တမုဿာပယိ ဘူပေါ၊
“ဘကြီးတော်” ဣတိ ဝိဿုတော။
မရမ္မူပရိမေ ဒေသေ- မြန်မာနိုင်ငံတော် အထက်ပိုင်းအရပ်၌၊ အမရပူရသမ္မတေ- အမရပူရနေပြည်တော်၌၊ ဘကြီးတော်ဣတိ ဝိဿုတော- “ဘကြီးတော်မင်းတရား”ဟု ထင်ရှားသော၊ ဘူပေါ- ပြည့်ရှင်မင်းသည်၊ ဆတ္တမုဿာပယိ- ထီးဖြူစိုက်ထူ စိုးစံတော်မူလေပြီ။

[၇၉] ၃၀။ တဒါ ဟိ ဇာဂရတ္ထေရော၊ ရတနာသိခသမ္မတေ။
ရွှေကျင်တိ ဝိဿုတေ ဂါမေ၊ ‘လှတောကြီး’ပဉ္စကေ ဂတေ။
၃၁။ ဦးဖိုးမောင် ဒေါ်မိသညာဟိ၊ မာတာပိတူဟိ သုဇာတော သုခီ။
ဇနေန္တော မဟောဘာသံ၊ ဟာသယန္တော သမာတရံ။
ဟိ- ဆက်၍ ပြဆိုပါဦးအံ့၊ တဒါ- ဘကြီးတော်မင်း အာဏာလင်းရာ ထိုအခါ၌၊ သုဓီ- ပညာရှိဖြစ်တော်မူသော၊ ဇာဂရတ္ထေရော- ဇာဂရမည်တွင် ထေရ်အရှင်သည်၊ ရတနာသိခသမ္မတေ- ရတနာဦးစွန်း တည်ထွန်းသတ်မှတ် ရတနာသီခမြေအရပ်၌၊ လှတောကြီးပဉ္စကေ ဂတေ- ‘လှတောကြီး’ ငါးရွာတွင် အပါအဝင်ဖြစ်သော၊ ရွှေကျင်တိဝိဿုတေ- ‘ရွှေကျင်’ဟူ၍ ထင်ရှားကျော်စောသော၊ ဂါမေ- ရွာ၌၊ ဦးဖိုးမောင်+ဒေါ်မိသညာဟိ- ဦးဖိုးမောင်+ဒေါ်မိ အမည်ရှိကုန်သော၊ မာတာပိတူဟိ- မေတ္တာကြီးမား မိဘနှစ်ပါးတို့မှ၊ မဟောဘာသံ- ကြီးမားထွန်းပြောင် အလင်းရောင်ကို၊ ဇနေန္တော- ဖြစ်စေလျက်၊ သမာတရံ- ကျန်းမာရွှင်ပျော် မိမိ၏ မယ်တော်ကို၊ ဟာသယန္တော- ရွှင်ပျစေလျက်၊ သုဇာတော- ဖွားမြင်တော်မူခဲ့လေသတည်း။

[၈၀] ၃၂။ ဘဒ္ဒကပ္ပသံဝစ္ဆရေ၊ မရမ္မေဟိ သုသင်္ကေတိတေ။
အာသဠှိသုက္ကပက္ခမှိ၊ ဇာယိ တေရသမေ ဒိနေ။
မရမ္မေဟိ- စွမ်းရည်ပြည့်ဖြိုး မြန်မာလူမျိုးတို့သည်၊ သုသင်္ကေတိတေ- ထူးခြားသတ်မှတ် အသုံးပြုအပ်သော၊ ဘဒ္ဒကပ္ပသံဝစ္ဆရေ- ၁၁၈၄ ခုနှစ်၌၊ အာသဠှိသုက္ကပက္ခမှိ- ရောင်ဝါတင့်လျှမ်း ဝါဆိုလဆန်း၌၊ တေရသမေ ဒိနေ- လရောင်ဖြိုးလက် တစ်ဆယ့်သုံးရက်နေ့၌၊ ဇာယိ- မီးရှူးသန့်စင် ဖွားမြင်တော်မူလေပြီ။
၃၃။ ရွှေကျင်ဂါမေ မဟာဗောဓိ-ဝိဟာရသာမိနော သုခီ။
သန္တိကေ သိပ္ပမာဒါယ၊ သမ္ပတ္တော ဝိညုတံ အယံ။
အယံ သုခီ- ပညာရှိသူတော်ကောင်း ဤဆရာတော်လောင်းသည်၊ ရွှေကျင်ဂါမေ- ရွှေကျင်ရွာ၌၊ မဟာဗောဓိ ဝိဟာရသာမိနော- ‘မဟာဗောဓိကျောင်း’ ကိန်းအောင်းပျော်ရွှင် ထေရ်အရှင်၏၊ သန္တိကေ- ထံတော်၌၊ သိပ္ပံ- ယဉ်ကျေးဖွယ်ရာ စာပေအတတ်ပညာကို၊ အာဒါယ- သင်ယူ၍၊ ဝိညုတံ- ပညာထွန်းသစ် သိကြားလိမ္မာသူ၏အဖြစ်သို့၊ သမ္ပတ္တော- ရောက်ခဲ့လေပြီ။
၃၄။ စုဒ္ဒသဝဿိကေ ဧသ၊ ပဗ္ဗဇ္ဇတ္တမုပါဂတော။
ဥပဇ္ဈာယံ ကရိတွာန၊ ဝရဗုဒ္ဓိဘိဓာနကံ။
ဧသ- ရွှေကျင်ဆရာတော် တွင်ခေါ်စေကြောင်း ဤဆရာတော်လောင်းသည်၊ စုဒ္ဒသဝဿိကေ- ပျိုမြစ်နုနယ် [၈၁] ဆယ့်လေးနှစ်အရွယ်၌၊ ဝရဗုဒ္ဓိဘိဓာနကံ- ‘ဝရဗုဒ္ဓိ’ မည်ရှိ ပေါ်လွင် ထေရ်အရှင်ကို၊ ဥပဇ္ဈာယံ ကရိတွာန- မိဘသဖွယ် ဥပဇ္ဈာယ်ဟု ဆရာပြု၍၊ ပဗ္ဗဇ္ဇတ္တံ- ဂုဏ်ရောင်ထွန်းသစ် ရှင်သာမဏေ၏အဖြစ်သို့၊ ဥပါဂတော- ရောက်ခဲ့လေပြီ။
၃၅။ ဝရဗုဒ္ဓိမဟာထေရော၊ သိဿဿ ဓမ္မကာမိနော။
ဇာဂရတ္တမုပါဒါယ၊ ဇာဂရောတိ မဝှာယိ တံ။
ဝရဗုဒ္ဓိမဟာထေရော- ဝရဗုဒ္ဓိ မည်ရှိတွင်ခေါ် မြတ်ထေရ်မော်သည်၊ ဓမ္မကာမိနော- သူတော်တရား လေးစားရိုကျိုး လွန်မြတ်နိုးသော၊ သိဿဿ- တပည့်၏၊ ဇာဂရတ္တံ- ထူးခြားရွှင်ကြည် နိုးကြားမှုဂုဏ်ရည်ကို၊ ဥပါဒါယ- အစွဲပြု၍၊ တံ- ထိုတပည့်ကို၊ ဇာဂရောတိ- နိုးကြားတက်ကြွ ‘ရှင်ဇာဂရ’ ဟူ၍၊ အဝှာယိ- မှည့်ခေါ်လေပြီ။
၃၆။ ဇာဂရိယံ မနုယုတ္တော၊ ဇာဂရော သုတကာမိကော။
သီးလုံးထေရ မုပဂမ္မ၊ ဗုဒ္ဓဝစန မုဂ္ဂဏှိ။
ဇာဂရိယံ- မောဟကင်းကွာ နိုးကြားမှုအရာ၌၊ အနုယုတ္တော- မပြတ်ကြိုးကုတ် အားထုတ်သော၊ ဇာဂရော- ‘ဇာဂရ’ မည်တွင် သာမဏေရှင်သည်၊ သုတကာမိကော- နာယူမှတ်သား ဗဟုသုတကို လိုလားသည်ဖြစ်၍၊ သီးလုံးထေရံ- နေပြည်တိုင်းကျော် သီးလုံးဆရာတော်ကို၊ ဥပဂမ္မ- ချဉ်းကပ်ပြီး၍၊ ဗုဒ္ဓဝစနံ- စာပေပရိယတ် ဘုရားစကားတော်မြတ်ကို၊ ဥဂ္ဂဏှိ- သင်ယူခဲ့လေပြီ။

[၈၂] ၃၇။ ဥပဇ္ဈာယံ ကရိတွာန၊ ဝရဗုဒ္ဓိ သုဓီဝရံ။
စေတိယသီမာယံ ဧသ၊ သမ္ပတ္တော ဥပသမ္ပဒံ။
ဧသ- ဤရှင်ဇာဂရသည်၊ ဝရဗုဒ္ဓိ- ဝရဗုဒ္ဓိအမည်ရှိသော၊ သုဓီဝရံ- ပညာရှိတွင် ထေရ်အရှင်ကို၊ ဥပဇ္ဈာယံ ကရိတွာန- သွန်သင်သမှု ဥပဇ္ဈာယ်ပြု၍၊ စေတိယသီမာယံ- ရေထွက်ရွာရှိ ဆုတောင်းပြည့်တွင် စေတီရှင်၏ ရင်ပြင်အနီး သိမ်တော်ကြီး၌၊ ဥပသမ္ပဒံ- မြင့်မြတ်စင်စစ် ရဟန်းအဖြစ်သို့၊ သမ္ပတ္တော- ကောင်းစွာမသွေ ရောက်ခဲ့လေသတည်း။
၃၈။ အမရပုရံ ဂန္တွာန၊ ဂရုဝရာန သန္တိကေ။
သမုဂ္ဂဏှိ နာနာဂန္ထေ၊ မဟုဿာဟေန သာဓိယေ။
ဧသ- ‘ဇာဂရ’ မည်တွင် ဤအရှင်သည်၊ အမရပုရံ- အမရပူရခေါ် နေပြည်တော်သို့၊ ဂန္တွာန- ကြွသွားပြီး၍၊ ဂရုဝရာနံ- အလေးပြုအပ် ကျေးဇူးရှင်ဆရာမြတ်တို့၏၊ သန္တိကေ- အထံ၌၊ မဟုဿာဟေန- လွန်ကဲပြင်းပြ ကြီးမားသော ဇွဲလုံ့လဖြင့်၊ သာဓိယေ- ပြီးစေထိုက်ကုန်သော၊ နာနာဂန္ထေ- သင်ကြားသင့်ရာ အမျိုးမျိုးသော ကျမ်းစာတို့ကို၊ သမုဂ္ဂဏှိ- ဇွဲမာန်လူလူ သင်ယူခဲ့လေပြီ။
၃၉။ အမရပုရာ ပက္ကမ္မ၊ ဝသံ အာရညကေ သုဓီ။
အန္တေဝါသီနံ ဝါစေသိ၊ ပဋိပတ္တိမ္ပိ ပူရယိ။
သုဓီ- ဉာဏ်ရည်ပြည့်ဝ အရှင်ဇာဂရသည်၊ အမရပုရာ- အမရပုရနေပြည်တော်မှ၊ အပက္ကမ္မ- ထွက်ခွာခဲ့ပြီး၍၊ အာရ [၈၃] ညကေ- မန်ကျည်းစဉ်၊ ခေါတော သဘောကျရာ ခါခါခိုအောင်း တောရကျောင်း၌၊ ဝသံ- နှစ်ခြိုက်ရွှင်ပြုံး သီတင်းသုံးလျက်၊ အန္တေဝါသီနံ- တပည့်တို့အား၊ ဝါစေသိ- ကျမ်းဂန်အထွေထွေ ပို့ချခဲ့လေပြီ။ ပဋိပတ္တိမ္ပိ- ဝါသဓုရ မည်ရသမုတ် ပဋိပတ်အလုပ်ကိုလည်း၊ ပူရယိ- ဖြည့်ကျင့်ခဲ့လေပြီ။
၄၀။ ယတိဝသေန စုဒ္ဒသ- ဝဿိကော ဂဏနာယကော။
ဝိသောဓေသိ သာသနံ အဿ- ဘူမျံ ရညာဘိယာစိတော။
ဂဏနာယကော- တပည့်အပေါင်း ကောင်းအောင် ရှေ့ဆောင် ဂုဏ်ရောင်ထွန်းပ ‘အရှင်ဇာဂရ’သည်၊ ယတိဝသေန- ရဟန်းနှစ်ကြာ သိက္ခာဝါအားဖြင့်၊ စုဒ္ဒသဝဿိကော- တစ်ဆယ့်လေးဝါရှိသည်၊ ဟုတွာ- ဖြစ်လသော်၊ ရညာ- မင်းတုန်းမည်တွင် ဘုရင်မင်းသည်၊ အဘိယာစိတော- ရိုသေလေးမြတ် တိုက်တွန်းတောင်းပန်အပ်သည် ဖြစ်၍၊ အဿဘူမျံ- ရတနာသိခ အမည်ရပေ မြင်းနယ်မြေ၌၊ သာသနံ- သာသနာတော်ကို၊ ဝိသောဓေသိ- သုတ်သင်ခဲ့လေပြီ။
၄၁။ ဧကူနဝီသဝဿိကော၊ ရတနာပုဏ္ဏံ အာဂတော။
သဒ္ဓမ္မဇောတနတ္ထာယ၊ မင်းတုန်းရညာ နိမန္တိတော။
သော- ‘ဇာဂရ’ မည်တွင် ထိုထေရ်အရှင်သည်၊ ဧကူနဝီသဝဿိကော- ရဟန်းသိက္ခာ ၁၉-ဝါ ရရှိသည်၊ ဟုတွာ- ဖြစ်လသော်၊ မင်းတုန်းရညာ- မင်းတုန်းမည်တွင် ဘုရင်မင်း [၈၄] မြတ်သည်၊ နိမန္တိတော- ပင့်လျှောက်အပ်သည်ဖြစ်၍၊ သဒ္ဓမ္မဇောတနတ္ထာယ- သာသနာ့ရောင် ထွန်းပြောင်စေရန် အကျိုးငှာ၊ ရတနာပုဏ္ဏံ- ရတနာပုံခေါ် နေပြည်တော်သို့၊ အာဂတော- ကြွရောက်တော်မူခဲ့လေပြီ။
၄၂။ မန္တလာစလပဿမှိ၊ ဓမ္မိကာရာမသမ္မတေ။
အာရညကေ ဝသန္တောဝ၊ ဝဍ္ဎေသိ ဇိနသာသနံ။
သော- ‘ဇာဂရ’မည်တွင် ထိုထေရ်အရှင်သည်၊ မန္တလာစလပဿမှိ- မန္တလေးတောင်အောက် မြောက်ဘက်အနီး တောမြိုင်ကြီး၌၊ ဓမ္မိကာရာမသမ္မတေ- မဟာဓမ္မိကာရာမဟု သမုတ်အပ်သော၊ အာရညကေ- လူသံတိတ်ဆိတ် အရိပ်ခိုအောင်း တောရကျောင်းတိုက်၌၊ ဝသန္တောဝ- နှစ်ခြိုက်ရွှင်ပြုံး သီတင်းသုံးလျက်သာလျှင်၊ ဇိနသာသနံ- ဗုဒ္ဓမြတ်စွာ သာသနာကို၊ ဝဍ္ဎေသိ- ကြီးပွားတိုးတက်စေခဲ့လေပြီ။
၄၃။ ဂဏီသကဂုဏဂန္ဓ- သမာကဍ္ဎိတမာနသာ။
ယတယော တမုပါသိံသု၊ အလီဝ ပဒုမာကရံ။
အလီ- ဝတ်ရည်စုပ်သုံး ပျားပိတုံးတို့သည်၊ ပဒုမာကရံ- ပေါလှဝတ်ရည် ကြာတောဆီသို့၊ ဥပါသန္တိ ဣဝ- ဝဲပျံစုပြုံ ချဉ်းကပ်ကြကုန်သကဲ့သို့၊ ဂဏီသကဂုဏဂန္ဓသမာကဍ္ဎိတမာနသာ- ဂိုဏ်းမြတ်ဦးဆောင် ဂုဏ်ရောင်ရနံ့ သင်းပျံ့ထုံဘိ ဆွဲဆောင်အပ်သော စိတ်ရှိကြကုန်သည်ဖြစ်၍၊ ယတယော- [၈၅] တပည့်အပေါင်း ရဟန်းကောင်းတို့သည်၊ တံ- ‘ဇာဂရ’ မည်တွင် ထိုထေရ်အရှင်သို့၊ ဥပါသိံသု- စုပြုံလေးမြတ် ချဉ်းကပ်ခဲ့ကြလေကုန်ပြီ။
၄၄။ ဆဗ္ဗိသဝဿကာလမှိ၊ မင်းတုန်းရညာဘိယာစိတော။
ပါဟေတွာ ပဟိတပဏ္ဏေ၊ သောဓယိ ဇိနသာသနံ။
သော- အရှင်ဇာဂရ မြတ်လှထင်ပေါ် ထိုရွှေကျင်ဆရာတော်သည်၊ ဆဗ္ဗိသဝဿကာလမှိ- ရဟန်းသိက္ခာ ဂုဏ်ဝါတက်ဘိ ၂၆-ဝါ ရှိသောအခါ၌၊ မင်းတုန်းရညာ- မင်းတုန်းမည်တွင် ဘုရင်မင်းတရားသည်၊ အဘိယာစိတော- ရိုသေလေးမြတ် တိုက်တွန်းတောင်းပန်အပ်သည်ဖြစ်၍၊ ပဟိတပဏ္ဏေ- ‘ဝိနယဂရုဒီပနီ’ စသည်တင့်ဆန်း ဆင့်ဆိုစာတန်းတို့ကို၊ ပါဟေတွာ- အလုံ, ဗန့်ကျီ ထိုဤသတ်မှတ် နယ်အရပ်သို့ မပြတ်ပုံသေ ပေးပို့စေ၍၊ ဇိနသာသနံ- မြတ်ဘုရား၏ သာသနာတော်ကို၊ သောဓယိ- သုတ်သင်ခဲ့လေပြီ။
၄၅။ ဧကူနတိံသဝဿမှိ၊ မင်းတုန်းရညာဘိမာနိတံ။
လဉ္စမ္ပိ နာဓိဝါသေသိ၊ နိဿာယပ္ပိစ္ဆတံ သုဓီ။
သုဓီ- ဉာဏ်ရည်ကြီးမား ရွှေကျင်ဆရာတော်ဘုရားကြီးသည်၊ အပ္ပိစ္ဆတံ- ထင်ပေါ်ကျော်ကြား မလိုလားသည့်ထူးခြား ပြည့်စုံအပ္ပိစ္ဆဂုဏ်ကို၊ နိဿာယ- အမှီပြု၍၊ ဧကူနတိံသဝဿမှိ- ရဟန်းသိက္ခာ ဂုဏ်ဝါတက်ဘိ ၂၉ ဝါ ရှိသောအခါ၌၊ [၈၆] မင်းတုန်းရညာ- ‘မင်းတုန်း’ မည်တွင် ဘုရင်မင်းမြတ်သည်၊ အဘိမာနိတံ- လွန်စွာလေးမြတ် ပူဇော်ဆက်ကပ်အပ်သော၊ လဉ္စမ္ပိ- ရာဇဂုရု သွန်းထုခတ်နှိပ် ဘွဲ့တံဆိပ်တော်ကိုသော်လည်း၊ နာဓိဝါသေသိ- လက်သင့်မခံ ပယ်လှန်တော်မူခဲ့လေပြီ။
၄၆။ ပဉ္စတိံသဝဿကာလေ၊ လင်္ကာဒီပမတာရိ သော။
ဒါဌာဝရပူဇနာယ၊ ဘိန္နာနံ သမဂ္ဂတ္ထာယ စ။
သော- ဂိုဏ်းမြတ်ဦးစီး ထိုရွှေကျင်ဆရာတော်ဘုရားကြီးသည်၊ ပဉ္စတိံသဝဿကာလေ- ရဟန်းသိက္ခာ ၃၅- ဝါရှိသော အခါ၌၊ ဒါဌာဝရံ- မြတ်ဘုရား၏ ဓာတ်သားတွင်ခေါ် မြတ်စွယ်တော်ကို၊ ပူဇနာယ- ကြည်ညိုစိတ်သန် ပူဇော်ရန် အလို့ငှာလည်းကောင်း၊ ဘိန္နာနံ- သီမာဝိဝါဒ ကွဲကြအယူ မတူကြာညောင်း သီဟိုဠ်ရဟန်းအပေါင်းတို့၏၊ သမဂ္ဂတ္ထာယ စ- ညီညွတ်ရန် အလို့ငှာလည်းကောင်း၊ လင်္ကာဒီပံ- လင်္ကာဒီပ မည်ရခေါ်ဆို ကျွန်းသီဟိုဠ်သို့၊ အတာရိ- သင်္ဘောလှေထူး သဒ္ဓါမြူးလျက် ဖြတ်ကူးတော်မူခဲ့လေပြီ။
၄၇။ လင်္ကာသာသနဝိသုဒ္ဓိ- ကထာယ ဒီပိကံ ဂဏံ။
ဝိဘိန္နံ သမဂ္ဂံ ကစ္စ၊ ဝဍ္ဎေသိ တမှိ သာသနံ။
ဝိဘိန္နံ- သိမ်အငြင်းပွား ကွဲပြား၍နေသော၊ ဒီပိကံ ဂဏံ- ကျွန်းနေကိန်းအောင်း သီဟိုဠ်ရဟန်းအပေါင်းကို၊ လင်္ကာ [၈၇] သာသနဝိသုဒ္ဓိကထာယ- ကျွန်းမြတ်လင်္ကာ သာသနာ၏ လွန်စွာသန့်ရှင်း စိတ်ရင်းကြိုးပမ်း “လင်္ကာသာသနဝိသုဒ္ဓိ” စာတမ်းဖြင့်၊ သမဂ္ဂံ ကစ္စ- ဖြေရှင်းသမှု ညီညွတ်အောင်ပြု၍၊ တမှိ- လင်္ကာခေါ်ဆို ကျွန်းသီဟိုဠ်၌၊ သာသနံ- သာသနာကို၊ ဝဍ္ဎေသိ- ကြီးပွားတိုးတက်စေခဲ့လေပြီ။
၄၈။ ဝိဘာရူပသံဝစ္ဆရေ၊ သီပေါရညာဘိယာစိတော။
သာသနကရဘာဝေန၊ သာသနမလံ သောဓယိ။
ဝိဘာရူပသံဝစ္ဆရေ- ၁၂၄၄-ခုနှစ်၌၊ သီပေါရညာ- ကုန်းဘောင်နေဝန်း နောက်ဆုံးထွန်းငြား သီပေါမင်းတရားသည်၊ အဘိယာစိတော- ရိုသေလေးမြတ် တောင်းပန်အပ်သည်ဖြစ်၍၊ သာသနကရဘာဝေန- သာသနာပြု သာသနာပိုင် ဘုန်းလှိုင်တေဇော် ဆရာတော်၏ အဖြစ်ဖြင့်၊ သာသနမလံ- သာသနာရန် ဘေးညစ်အကြေးကို၊ ဝိသောဓယိ- သုတ်သင်တော်မူခဲ့လေပြီ။
၄၉။ ဝိဘဇ္ဇ နဝ ဌာနာနိ၊ ပဟိဏိ ဂဏနာယကေ။
သောဓေသိ သာသနံ ထေရော၊ တောင်တော်ထေရဒုတိယကော။
ထေရော- ဂိုဏ်းမြတ်ဦးစီး ရွှေကျင်ဆရာတော်ဘုရားကြီးသည်၊ တောင်တော်ထေရဒုတိယကော- ဒုတိယသာသနာပိုင် ဘုန်းလှိုင်ကျော်မော် တောင်တော်ဆရာတည်းဟူသော [၈၈] အဖော်ရှိသည်ဖြစ်၍၊ နဝ ဌာနာနိ- တနိုင်ငံလုံး သိမ်းကျုံးဖော်ပြ ကိုးဌာနတို့ကို၊ ဝိဘဇ္ဇ- ခွဲဝေသတ်မှတ်ပြီး၍၊ ဂဏနာယကေ- အဖွဲ့ခေါင်းဆောင် ဂုဏ်ရောင်ထူးခြား သာသနာပြု ဆရာတော်အများတို့ကို၊ ပဟိဏိ- စေလွှတ်တော်မူပြီ။ သာသနံ- ဗုဒ္ဓမြတ်စွာ သာသနာတော်ကို၊ သောဓေသိ- ညစ်ကြေးကင်းစင် သုတ်သင်တော်မူလေပြီ။
၅၀။ တဒါ ထေရော သီပေါရညာ၊ ပူဇိတံ ဂုရုလဉ္စကံ။
ပဟာယ ဧကစာရာယ၊ မင်းကွန်းသေလမုပါဂမိ။
ထေရော- ဂိုဏ်းမြတ်ဦးစီး ရွှေကျင်ဆရာတော်ဘုရားကြီးသည်၊ တဒါ- ကိုးတိုင်းကိုးဌာန သာသနာပြုရာ ထိုအခါ၌၊ သီပေါရညာ- သီပေါမင်းသည်၊ ပူဇိတံ- ရိုသေလေးမြတ် ပူဇော်ဆက်ကပ်အပ်သော၊ ဂုရုလဉ္စကံ- ရာဇဂုရု သွန်းပြုခတ်နှိပ် ဘွဲ့တံဆိပ်ကို၊ ပဟာယ- အလှူမခံ ပယ်လှန်တော်မူပြီး၍၊ ဧကစာရာယ- တောရပ်ခိုမှီ ဧကစာရီကျင့်သုံးရန်အလို့ငှာ၊ မင်းကွန်းသေလံ- ဧရာနဒီ ကမ်းဆီထိပ်မိုး မင်းကွန်းတောင်ရိုးသို့၊ ဥပါဂမိ- ကြွရောက်တော်မူခဲ့လေပြီ။
၅၁။ မဏိရူပသံဝစ္ဆရေ၊ ထေရော ဖဂ္ဂုနမာသိကေ။
ကဏှပက္ခေ သတ္တမမှိ၊ စန္ဒောဝတ္ထမဝဂတော။
ထေရော- ဘုန်းရောင်ထိန်ပြီး ရွှေကျင်ဆရာတော်ဘုရားကြီးသည်၊ မဏိရူပသံဝစ္ဆရေ- ၁၂၅၅-ခုနှစ်၌၊ ဖဂ္ဂုနမာသိကေ- ရွက်ဟောင်းကြွေပြောင်း လတပေါင်း၌၊ [၈၉] ကဏှပက္ခေ- လဆုတ်ပက္ခဖြစ်သော၊ သတ္တမမှိ- ၇ ရက်နေ့၌၊ စန္ဒော- ရောင်ဝါတင့်ထွန်း လပြည့်ဝန်းသည်၊ အတ္ထမဝဂတော ဣဝ- အတ္ထတောင်စွယ် ပျောက်ကွယ်လေသကဲ့သို့၊ အတ္ထမဝဂတော- တစ်ဘဝ နာမ်ရုပ် ထိန်းအုပ်မနေ ချုပ်ငြိမ်းခြင်းသို့ ရောက်တော်မူခဲ့လေသတည်း။

၂။ ဝိသုဒ္ဓါရုံဆရာတော်

၅၂။ အစ္စယေ ရွှေကျင်ဂုရုမှိ၊ တံသိဿာ ဂဏဇေဋ္ဌကာ။
ဂဏုက္ကဋ္ဌမုစ္စိနိံသု၊ ဝိသုဒ္ဓါရာမိကံ သုဓီ။
ရွှေကျင်ဂုရုမှိ- ဂိုဏ်းမြတ်ဦးစီး ရွှေကျင်ဆရာတော်ဘုရားကြီးသည်၊ အစ္စယေ- တဘဝမွန် လွန်တော်မူသည်ရှိသော်၊ တံသိဿာ- လက်ထက်တော်ပွား တပည့်သားဖြစ်ကြကုန်သော၊ ဂဏဇေဋ္ဌကာ- ရွှေကျင်ဂိုဏ်းဝယ် တင့်တယ်ရည်ထူး ကြီးမှူးထင်ပေါ် ဆရာတော်တို့သည်၊ သုဓီ- ထွင်းဖောက်ဧကန် ပညာဉာဏ်ရှိတော်မူသော၊ ဝိသုဒ္ဓါရာမိကံ- ဘုန်းရောင်, ကံရောင် ဉာဏ်ရောင်ထိန်ငြီး ဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးကို၊ ဂဏုက္ကဋ္ဌ- ကြီးမှူးစင်စစ် ဂိုဏ်းဥက္ကဋ္ဌအဖြစ်သို့၊ ဥစ္စိနိံသု- စိတ်တူကိုယ်တူ ကြည်ဖြူရွေးကောက် တင်မြှောက်ခဲ့ကြလေကုန်ပြီ။
[၉၀] ၅၃။ ပိဋကေ ဂန္ထန္တရေ စ၊ ထေရော ဗျတ္တတရော ဝိဒူ။
ပဝရော ဂန္ထကာရာနံ၊ ဝိဘာဝီသေခရော အဟု။
ထေရော- ဝိသုဒ္ဓါရုံ လွှမ်းခြုံကျော်ကြား ဆရာတော်ဘုရားသည်၊ ပိဋကေ စ- ဘုရားဟောဖော် ပိဋကတော်၌လည်းကောင်း၊ ဂန္ထန္တရေ စ- မာဂဓ သက္ကတ မည်ရဆန်းပြား ကျမ်းတပါး၌လည်းကောင်း၊ ဗျတ္တတရော- ထူးခြားသိမြင် ကျွမ်းကျင်တော်မူသော၊ ဝိဒူ- ရာရာနှံ့စပ် သိတတ်လေဘိ ဉာဏ်ထူးရှိသည်၊ ဂန္ထကာရာနံ- ကျမ်းပြုထိုထို များပုဂ္ဂိုလ်တို့တွင်၊ ပဝရော- သာလွန်ကောင်းမြတ်သည်၊ ဝိဘာဝီသေခရော- ထိုခေတ်ပေါ်ထင် ပညာရှင်တို့ နှိုင်းယှဉ်ဆင့်တန်း ဦးဆောက်ပန်းသည်၊ အဟု- ဖြစ်တော်မူခဲ့လေပြီ။
၅၄။ ထေရော ဗာဝီသ ဝဿာနိ၊ ဂဏုက္ကဋ္ဌော ဓုရာဝဟော။
အဋ္ဌသတ္တတိဝဿမှိ၊ ကိတ္တိယေဝါဝသေသကော။
ထေရော- ဂိုဏ်းမြတ်ဦးစီး ဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးသည်၊ ဗာဝီသ ဝဿာနိ- ရှည်ကြာတွက်စစ် ၂၂-နှစ်တို့ ကာလပတ်လုံး၊ ဂဏုက္ကဋ္ဌော- ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ သမ္မုတိသံဃရာဇာ ကျေညာထင်ပေါ် ဒုတိယရွှေကျင် သာသနာပိုင်ဆရာတော်သည်၊ ဟုတွာ- ဖြစ်တော်မူ၍၊ ဓုရာဝဟော- နိကာယတာဝန် ကျေပွန်စဉ်ဆက် ဆောင်ရွက်တော်မူပါပေ၏၊ အဋ္ဌသတ္တတိဝဿမှိ- [၉၁] ဘုန်းရောင်တင့်တယ် ၇၈ နှစ်အရွယ်၌၊ ကိတ္တိယေဝ- ဝိသုဒ္ဓါရုံဆရာတော် ထင်ပေါ်သတင်း ကျော်စောခြင်းသည်သာလျှင်၊ အဝသေသကော- အမှန်စင်စစ် ကြွင်းကျန်ရစ်ခဲ့လေပြီတကား။

၃။ ကျိုက္ကစံဆရာတော်နှင့် ဒီပဲရင်းဆရာတော်

၅၅။ ဝိသုဒ္ဓါရာမာဓိပမှိ၊ အစ္စယေ ဂဏဇေဋ္ဌကာ။
ဒီပဲရင်း ကျိုက္ကစံထေရာ၊ ဂဏုက္ကဋ္ဌဓုရာဝဟာ။
ဝိသုဒ္ဓါရာမာဓိပမှိ- ဝိသုဒ္ဓါရုံ ဘုန်းဂုဏ်ထိန်ငြီး ဆရာတော်ဘုရားကြီးသည်၊ အစ္စယေ- တဘဝမွန် လွန်တော်မူခဲ့သည်ရှိသော်၊ ဂဏဇေဋ္ဌကာ- ရွှေကျင်ဂုဏ်ရောင် ထွန်းပြောင်အားခဲ အကြီးအကဲဖြစ်တော်မူကြကုန်သော၊ ဒီပဲရင်း ကျိုက္ကစံထေရာ- “ဒီပဲရင်းဆရာတော်” “ကျိုက္ကစံဆရာတော်” ထင်ပေါ်ကျော်ကြား ထေရ်မြတ်နှစ်ပါးတို့သည်၊ ဂဏုက္ကဋ္ဌဓုရာဝဟာ- ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက သမ္မုတိသံဃရာဇာ တတိယရွှေကျင်သာသနာပိုင် ပြိုင်ဆိုင်ညီမျှ ဆောင်ရွက်တော်မူကြပါပေကုန်၏။
၅၆။ တေသံ ဟိ ကျိုက္ကစံထေရော၊ ပိဋကတ္တယပါရဂေါ။
ဂန္ထကာရော ဓမ္မကာမော၊ ပရိသတိ ဝိသာရဒေါ။
ဟိ- လနေအလား ထေရ်နှစ်ပါး၏ ထူးခြားဂုဏ်ကို ထုတ်၍ဆိုအံ့၊ တေသံ- ဒီပဲရင်း, ကျိုက္ကစံ ဘုန်းလျှံတောက်ကြွား [၉၂] ထေရ်မြတ်နှစ်ပါးတို့တွင်၊ ကျိုက္ကစံထေရော- ကျိုက္ကစံကျောင်းတိုက် နှစ်ခြိုက်ရွှင်ပျော် ကျိုက္ကစံဆရာတော်သည်၊ ပိဋကတ္တယပါရဂေါ- ပိဋကတ်သုံးပုံ ကျမ်းစုံတက်လှမ်း တဖက်ကမ်းရောက် တတ်မြောက်တော်မူသည်ဖြစ်၍၊ ဓမ္မကာမော- ဗုဒ္ဓဟောကြား မြတ်တရားကို လေးစားရိုကျိုး မြတ်နိုးတော်မူပါပေ၏။ ပရိသတိ- ရဟန်းရှင်လူ သွင်မူများလတ် ပရိသတ်၌၊ ဝိသာရဒေါ- ကြောက်ရွံ့ခြင်းကင်း ရဲတင်းတော်မူပါပေ၏။
၅၇။ ထေရော သော ဧကဝဿံဝ၊ ဂဏုက္ကဋ္ဌဓုရာဝဟော။
ဆသဋ္ဌိဝဿဝယမှိ၊ ကိတ္တိယေဝါဝသေသကော။
သော ထေရော- ဂိုဏ်းမြတ်ဦးစီး ထိုကျိုက္ကစံဆရာတော်ဘုရားကြီးသည်၊ ဧကဝဿံဝ- သင်္ချာဖော်ပြ တနှစ်တာ ကာလမျှသာလျှင်၊ ဂဏုက္ကဋ္ဌဓုရာဝဟော- ရွှေကျင်နိကာယ ဥက္ကဋ္ဌတာဝန် အားသွန်နောင်ဆက် ဆောင်ရွက်တော်မူလျက်၊ ဆသဋ္ဌိဝဿဝယမှိ- ဘုန်းရောင်တင့်တယ် ၆၆ နှစ်အရွယ်၌၊ ကိတ္တိယေဝ- ကျိုက္ကစံဆရာတော် ထင်ပေါ်သတင်း ကျော်စောခြင်းသည်သာလျှင်၊ အဝသေသကော- မယွင်းအမှန် ကြွင်းကျန်ခဲ့ပါပေသတည်း။
၅၈။ ဒီပဲရင်းဝှမဟာထေရော၊ သုဓီ ဂမ္ဘီရဉာဏိကော။
သေခရော စိတြဘာဏိနံ၊ ပရမတ္ထဝိသာရဒေါ။
သုဓီ- သွက်လက်လျှင်မြန် အမြင်သန်ဘိ ဉာဏ်ရည်ရှိတော်မူသော၊ ဒီပဲရင်းဝှမဟာထေရော- ဒီပဲရင်းဟု ဌာန် [၉၃] ရင်းမည်ကျော် မထေရ်မော်သည်၊ ဂမ္ဘီရဉာဏိကော- နက်နဲမြင်ဘိ ဉာဏ်စွမ်းရှိတော်မူပါပေ၏၊ စိတြဘာဏိနံ- ချိုသာဆန်းပြား မြတ်တရားကို ဟောကြားတတ်ဆို များပုဂ္ဂိုလ်တို့တွင်၊ သေခရော- နှိုင်းယှဉ်ထက်တန်း ဦးဆောက်ပန်း ဖြစ်တော်မူပါပေ၏၊ ပရမတ္ထဝိသာရဒေါ- ပရမတ္ထအရာ လိမ္မာဉာဏ်ကွန့် ရဲဝံ့တော်မူပါပေ၏။
၅၉။ ဝါစယံ ဒေသယံ ဓမ္မ- သဘာဝမတိဒုဒ္ဒသံ။
ဂန္ထေပိ ရစယံ ထေရော၊ ဝဍ္ဎေသိ ဇိနသာသနံ။
ထေရော- ပညာရည်စွမ်း တင့်လွှမ်းထင်ပေါ် ဒီပဲရင်းဆရာတော်သည်၊ အတိဒုဒ္ဒသံ- လွန်စွာနက်နဲ မြင်နိုင်ခဲသော၊ ဓမ္မသဘာဝံ- ပရမတ်စစ် အနှစ်တည်ငြား သဘာဝတရားကို၊ ဝါစယံ- တပည့်အများ သင်ကြားပို့ချလျက်၊ ဒေသယံ- ဟောပြလျက်၊ ဂန္ထေပိ- ပရမတ္ထစက္ခု စပြုထင်ရှား ကျမ်းဂန်အများတို့ကိုလည်း၊ ရစယံ- စီရင်ရေးသားလျက်၊ ဇိနသာသနံ- ဘုရားမြတ်စွာ သာသနာကို၊ ဝဍ္ဎေသိ- ကြီးပွားဖြိုးလက် တိုးတက်စေပြီ။
၆၀။ ဧသေကာဒသဝဿာနိ၊ ဂဏုက္ကဋ္ဌဓုရာဝဟော။
ပဉ္စသတ္တတိဝယမှိ၊ ကိတ္တိယေဝါဝသေသကော။
သော- ထူးခြားထင်ပေါ် ဤဒီပဲရင်းဆရာတော်သည်၊ ဧကာဒသဝဿာနိ- သင်္ချာတွက်စစ် နှစ်တို့ကာလပတ်လုံး၊ [၉၄] ဂဏုက္ကဋ္ဌဓုရာဝဟော- ရွှေကျင်နိကာယ ဥက္ကဋ္ဌတာဝန်အား သွန်နောင်ဆက် ဆောင်ရွက်တော်မူလျက်၊ ပဉ္စသတ္တတိဝယမှိ- ဘုန်းရောင်တင့်တယ် ၇၅ နှစ်အရွယ်၌၊ ကိတ္တိယေဝ- ဒီပဲရင်းဆရာတော် ထင်ပေါ်သတင်း ကျော်စောခြင်းသည်သာလျှင်၊ အဝသေသကော- မယွင်းအမှန် ကြွင်းကျန်ခဲ့ပါပေသတည်း။

၄။ အလုံဆရာတော်

၆၁။ ဒီပဲရင်းထေရစန္ဒမှိ၊ အတ္ထင်္ဂတေ မဟာဂဏေ။
ဂဏုက္ကဋ္ဌဘာဝေနေဝ၊ အလုံထေရမပူဇယုံ။
မဟာဂဏေ- တုနှိုင်းနေသွင် ဂိုဏ်းရွှေကျင်၌၊ ဒီပဲရင်းထေရစန္ဒမှိ- ဒီပဲရင်းဆရာတော် ထင်ပေါ်တင့်ရွှန်း လပြည့်ဝန်းသည်၊ အတ္ထင်္ဂတေ- အတ္ထတောင်စွယ် ပျောက်ကွယ်သည်ရှိသော်၊ အလုံထေရံ- အလုံတွင်ခေါ် မထေရ်မော်ကို၊ ဂဏုက္ကဋ္ဌဘာဝေနေဝ- ကြီးမှူးစင်စစ် ဂိုဏ်းဥက္ကဋ္ဌအဖြစ်ဖြင့်သာလျှင်၊ အပူဇယုံ- တင်မြှောက်ရွှင်ပျော် ပူဇော်ခဲ့ကြလေကုန်ပြီ။
၆၂။ အယံ ထေရော ဝိနယမှိ၊ ဂရုကော သီလသံဝရံ။
ပါလယံ သာသနံ တမှိ၊ ဝိသုဒ္ဓံ သုဒ္ဓိပါပကံ။
အယံ ထေရော- အလုံဆရာတော် ထင်ပေါ်ကျော်လတ် ဤမထေရ်မြတ်သည်၊ ဝိနယမှိ- ဗုဒ္ဓဟောဖော် ဝိနည်းတရား [၉၅] တော်၌၊ ဂရုကော- အရေးတယူ အလေးမူသည်ဖြစ်၍၊ သီလသံဝရံ- စောင့်စည်းအပ်စွာ ကိုယ်ကျင့်သီလကို၊ ပါလယံ- စာမရီထုံး ကျင့်သုံးအားထုတ် စောင့်ရှောက်တော်မူတတ်ပါပေ၏၊ တမှိ- အလုံတွင်ငြား ထိုဆရာတော်ဘုရား၌၊ သာသနံ- ဗုဒ္ဓညွှန်ပြ မြတ်ဘုရား၏ အဆုံးအမသည်၊ ဝိသုဒ္ဓံ- ညစ်ကြေးမတွယ် စင်ကြယ်သည်ဖြစ်၍၊ သုဒ္ဓိပါပကံ- စင်ကြယ်ရာမှန် မြတ်နိဗ္ဗာန်သို့ ဧကန်မသွေ ဆိုက်ရောက်စေတတ်ပါပေ၏။
၆၃။ ဧသော ကာဒသ ဝဿာနိ၊ ဂဏုက္ကဋ္ဌဓုရာဝဟော။
အဋ္ဌသတ္တတိဝယမှိ၊ ကိတ္တိယေဝါဝသေသကော။
ဧသော- တိုင်းသိပြည်ကျော် ဤအလုံဆရာတော်သည်၊ ဧကာဒသ ဝဿာနိ- သင်္ချာတွက်စစ် ၁၁ နှစ်တို့ကာလပတ်လုံး၊ ဂဏုက္ကဋ္ဌဓုရာဝဟော- ရွှေကျင်နိကာယ ဥက္ကဋ္ဌတာဝန်အား သွန်မပျက် ဆောင်ရွက်တော်မူလျက်၊ အဋ္ဌသတ္တတိဝယမှိ- ဘုန်းရောင်တင့်တယ် ၇၈ နှစ်အရွယ်၌၊ ကိတ္တိယေဝ- အလုံဆရာတော် ထင်ပေါ်သတင်း ကျော်စောခြင်းသည်သာလျှင်၊ အဝသေသကော- မယွင်းအမှန် ကြွင်းကျန်ခဲ့ပါပေသတည်း။

[၉၆] ၅။ ချမ်းသာကြီးဆရာတော်

၆၄။ အစ္စယေ အလုံထေရမှိ၊ ရွှေကျင်ဂဏသမာဂမေ။
ဂဏုက္ကဋ္ဌော သမဘဝိ၊ ချမ်းသာကြီးဣတိ ပါကဋော။
အလုံထေရမှိ- ထူးခြားထင်ပေါ် အလုံဆရာတော်သည်၊ အစ္စယေ- တဘဝမွန် လွန်တော်မူသည်ရှိသော်၊ ရွှေကျင်ဂဏသမာဂမေ- ဂိုဏ်းမြတ်ရွှေကျင် နေသွင်ရည်သွေး သံဃာ့အစည်းအဝေး၌၊ ချမ်းသာကြီးဣတိပါကဋော- ရှိမ္မကားမြို့အနီး ချမ်းသာကြီးဟု ဘုန်းမီးနေလ ထွန်းပသိုက်မြိုက် မြတ်ကျောင်းတိုက်၌ ပျော်ပိုက်စံစား ချမ်းသာကြီးဆရာတော်ဘုရားသည်၊ ဂဏုက္ကဋ္ဌော- ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက သမ္မုတိသံဃရာဇာ ဂုဏ်ဝါသင်းလှိုင် ပဉ္စမရွှေကျင်သာသနာပိုင်သည်၊ သမဘဝိ- ကောင်းစွာမသွေ ဖြစ်တော်မူပါပေသတည်း။
၆၅။ ဂုရုနံ နိကဋသိဿော၊ ဂုရုနံ ဓုရမာဝဟော။
ဂုရုနံ ဟိတကာမော သော၊ ဂုရူနံ ဓမ္မဓာရကော။
သော- ဂုဏ်ရောင်ကြီးမား ထိုချမ်းသာကြီးဆရာတော်ဘုရားသည်၊ ဂုရုနံ- ရွှေကျင်, ဝိသုဒ္ဓါရုံ ဘုန်းဂုဏ်ကြီးလတ် ကျေးဇူးရှင်ဆရာတော်မြတ်တို့၏၊ နိကဋသိဿော- အနီးအစပ် ချဉ်းကပ်ဖြည့်တင်း တပည့်ရင်းဖြစ်တော်မူပါပေ၏၊ [၉၇] ဂုရူနံ- ရွှေကျင်, ဝိသုဒ္ဓါရုံ ဘုန်းဂုဏ်ကြီးလတ် ကျေးဇူးရှင်ဆရာတော်မြတ်တို့၏၊ ဓုရမာဝဟော- တာဝန်အရပ်ရပ် ထမ်းဆောင်တော်မူတတ်ပါပေ၏၊ ဂုရုနံ- ရွှေကျင်, ဝိသုဒ္ဓါရုံ ဘုန်းဂုဏ်ကြီးလတ် ကျေးဇူးရှင်ဆရာတော်မြတ်တို့၏၊ ဟိတကာမော- အကျိုးစီးပွား လိုလားတော်မူတတ်ပါပေ၏၊ ဂုရူနံ- ရွှေကျင်, ဝိသုဒ္ဓါရုံ ဘုန်းဂုဏ်ကြီးလတ် ကျေးဇူးရှင်ဆရာတော်မြတ်တို့၏၊ ဓမ္မဓာရကော- မိန့်ဆိုရေးသား မြတ်တရားကို ဆောင်ထားတတ်ပါပေ၏။
၆၆။ စတုမာသံဝ ထေရော သော၊ ဂဏုက္ကဋ္ဌဓုရာဝဟော။
သတ္တာသီတိကဝဿမှိ၊ ကိတ္တိယေဝါဝသေသကော။
သော ထေရော- ဘုန်းရောင်တောက်ကြွား ထိုချမ်းသာကြီးဆရာတော်ဘုရားသည်၊ စတုမာသံဝ- သင်္ချာတွက်ဆ လေးလမျှသာလျှင်၊ ဂဏုက္ကဋ္ဌဓုရာဝဟော- ရွှေကျင်နိကာယ ဥက္ကဋ္ဌတာဝန်အား သွန်မပျက် ဆောင်ရွက်တော်မူသည်ဖြစ်၍၊ သတ္တာသီတိကဝဿမှိ- ဘုန်းရောင်တင့်တယ် ၈၇ နှစ်အရွယ်၌၊ ကိတ္တိယေဝ- ချမ်းသာကြီးဆရာတော် ထင်ပေါ်သတင်း ကျော်စောခြင်းသည်သာလျှင်၊ အဝသေသကော- မယွင်းအမှန် ကြွင်းကျန်ခဲ့ပါပေသတည်း။

[၉၈] ၆။ လှတောဆရာတော်

၆၇။ ချမ်းသာကြီးဝှယိ မဟာထေရေ၊ အစ္စယေ ဂဏပါလကာ။
ဂဏုက္ကဋ္ဌဘာဝေနေဝ၊ လှတောထေရမပူဇယုံ။
ချမ်းသာကြီးဝှယိ မဟာထေရေ- ချမ်းသာကြီးမည်တွင် ထေရ်အရှင်သည်၊ အစ္စယေ- တဘဝမွန် လွန်တော်မူသည်ရှိသော်၊ ဂဏပါလကာ- ရွှေကျင်ဂိုဏ်းကြီး လွန်ပွားစီးဖို့ ထန်းသည်းလုံ့လ အသုံးချလျက် စောင့်ရှောက်ကြငြား ဆရာတော်အများတို့သည်၊ လှတောထေရံ- လှတောကြီးအုတ်ကျောင်း ကိန်းအောင်းစံပျော် လှတောဆရာတော်ကို၊ ဂဏုက္ကဋ္ဌဘာဝေနေဝ- ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက သမ္မုတိသံဃရာဇာ ဂုဏ်ဝါသင်းလှိုင် ဆဋ္ဌရွှေကျင်သာသနာပိုင်အဖြစ်ဖြင့်သာလျှင်၊ အပူဇယုံ- လေးမြတ်တူပျော် ပူဇော်တင်မြှောက်ကြလေကုန်ပြီ။
၆၈။ ဂုရုနော ဘာဂိနေယျော သော၊ သုသီလော သုဝစော အဟု။
သေတစ္ဆာဒနပဗ္ဗဇ္ဇာ၊ ဂုရုနိဗဒ္ဓဝါသိကော။
ဧသော- ဂုဏ်ဝါထင်ပေါ် ဤလှတောဆရာတော်သည်၊ ဂုရုနော- ရွှေကျင်ဂဏ အမွန်စတည်ထောင် ဂုဏ်ရောင်ကြီး [၉၉] မား ရွှေကျင်ဆရာတော်ဘုရား၏၊ ဘာဂိနေယျော- နှီးရင်းသွေးသား တူတစ်ပါးသည်၊ ဟုတွာ- ဖြစ်၍၊ သုသီလော- မျိုးရိုးဗီဇ ကောင်းသောအကျင့်သီလရှိသည်၊ သုဝစော- ဆုံးမစကား လေးစားနာယူ ဆိုလွယ်သောစကားရှိသူသည်၊ အဟု- ဖြစ်ခဲ့လေပြီ၊ သေတစ္ဆာဒနပဗ္ဗဇ္ဇာ- ဝတ်ဖြူစင်ကြယ် သူတော်ငယ်အဖြစ်မှစ၍၊ ဂုရုနိဗဒ္ဓနိဝါသိကော- ရွှေကျင်ဟုခေါ် မထေရ်မော်၏ ထံတော်နီးပါး ဝပ်တွားပျော်မွေ့ အမြဲနေလေ့ရှိသည်၊ အဟု- ဖြစ်ခဲ့လေပြီ။
၆၉။ ထေရော သော တီဏိ ဝဿာနိ၊ ဂဏုက္ကဋ္ဌဓုရာဝဟော။
တျာသီတိကဝဿမှိ၊ ကိတ္တိယေဝါဝသေသကော။
သော ထေရော- လှတောမည်ကျော် ထိုမထေရ်မော်သည်၊ တီဏိ ဝဿာနိ- သင်္ချာတွက်စစ် သုံးနှစ်တို့ကာလပတ်လုံး၊ ဂဏုက္ကဋ္ဌဓုရာဝဟော- ရွှေကျင်ဂိုဏ်းကြီး ဦးစီးတာဝန်အား သွန်မပျက် ဆောင်ရွက်တော်မူသည်ဖြစ်၍၊ တျာသီတိကဝဿမှိ- ဘုန်းရောင်တင့်တယ် ၈၃ နှစ်အရွယ်၌၊ ကိတ္တိယေဝ- လှတောဆရာတော် ထင်ပေါ်သတင်း ကျော်စောခြင်းသည်သာလျှင်၊ အဝသေသကော- မယွင်းအမှန် ကြွင်းကျန်တော်မူခဲ့ပါပေသတည်း။

[၁၀၀] ၇။ ကျိုက်လတ်ဆရာတော်

၇၀။ အစ္စယေ လှတောထေရမှိ၊ ရွှေကျင်ဂဏသမာဂမေ။
ဂဏုက္ကဋ္ဌော သမဘဝိ၊ ကျိုက်လတ်ထေရော သုပါကဋော။
လှတောထေရမှိ- ဂုဏ်ရည်ထင်ပေါ် လှတောဆရာတော်သည်၊ အစ္စယေ- ဘဝတောင်စွန် လွန်တော်မူသည်ရှိသော်၊ ရွှေကျင်ဂဏသမာဂမေ- ရွှေကျင်နိကာယ ဂဏထိပ်သီး သံဃာ့အဖွဲ့အစည်း၌၊ သုပါကဋော- သီလ, သမာဓိ, ပညာ ဂုဏ်ဝါကြီးမား လွန်ထင်ရှားသော၊ ကျိုက်လတ်ထေရော- ပစ္ဆိမာရုံတိုက်ဘုံရွှင်ပျော် ကျိုက်လတ်ဆရာတော်သည်၊ ဂဏုက္ကဋ္ဌော- ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက သမ္မုတိသံဃရာဇာ ဂုဏ်ဝါသင်းလှိုင် သတ္တမရွှေကျင်သာသနာပိုင်သည်၊ သမဘဝိ- ကောင်းစွာမသွေ ဖြစ်လာခဲ့ပါပေသတည်း။
၇၁။ ဓညဝါ ပညဝါ ထေရော၊ ပစ္ဆိမာရာမနာယကော။
ဓမ္မကာမော ဂန္ထကာရော၊ ပရိယတ္တိဝိသာရဒေါ။
ပစ္ဆိမာရာမနာယကော- ပစ္ဆိမာရုံတိုက်ကြီး ဦးစီးထင်ပေါ် နာယကဆရာတော်ဖြစ်တော်မူသော၊ ထေရော- မြို့မည် ကျိုက်လတ် အမည်တပ်လျက် ဝေးရပ်ထင်ပေါ် ကျိုက်လတ်ဆရာတော်သည်၊ ဓညဝါ- ရှေးကုသိုလ်ကံ ကျိုးပေးသန်သဖြင့် အမှန်မသွေ ဘုန်းကံကြီးမားပါပေ၏၊ ပညဝါ- အရာရာတွင် သိမြင်နိုင်သည့် ကြီးမားသောပညာလည်း ရှိပါပေ၏၊ ဓမ္မ [၁၀၁] ကာမော- ဗုဒ္ဓဟောကြား မြတ်တရားကို လေးစားရိုကျိုး မြတ်နိုးတတ်ပါပေ၏၊ ဂန္ထကာရော- များကျိုးမျှော်ရှု ကျမ်းပြုအကျော် ဖြစ်တော်မူပါပေ၏၊ ပရိယတ္တိဝိသာရဒေါ- စာပေပရိယတ် အရပ်ရပ်၌ သိတတ်ပိုင်စွာ ရဲဝံ့တော်မူပါပေ၏။
၇၂။ ပန္နရသ ဝဿာနိ ဧသ၊ ဂဏုက္ကဋ္ဌဓုရာဝဟော။
ပဉ္စာသီတိကဝဿမှိ၊ ကိတ္တိယေဝါဝသေသကော။
ဧသော- ဂုဏ်ဝါထင်ပေါ် ဤကျိုက်လတ်ဆရာတော်သည်၊ ပန္နရသ ဝဿာနိ- ရှည်ကြာတွက်စစ် ၁၅ နှစ်တို့ကာလပတ်လုံး၊ ဂဏုက္ကဋ္ဌဓုရာဝဟော- ရွှေကျင်ဂိုဏ်းကြီး ဦးစီးတာဝန်အား သွန်မပျက် ဆောင်ရွက်တော်မူသည်ဖြစ်၍၊ ပဉ္စာသီတိကဝဿမှိ- ဘုန်းရောင်တင့်တယ် ၈၅ နှစ်အရွယ်၌၊ ကိတ္တိယေဝ- ကျိုက်လတ်ဆရာတော် ထင်ပေါ်သတင်း ကျော်စောခြင်းသည်သာလျှင်၊ အဝသေသကော- မယွင်းအမှန် ကြွင်းကျန်တော်မူခဲ့ပါပေသတည်း။

၈။ ကန္နီဆရာတော်

၇၃။ အစ္စယေ ကျိုက်လတ်ထေရေ၊ ရွှေကျင်ဂဏသမာဂမေ။
ဂဏုက္ကဋ္ဌော သမဘဝိ၊ ကန္နီထေရော သုပါကဋော။
ကျိုက်လတ်ထေရေ- ဘုန်းဂုဏ်ထင်ပေါ် ကျိုက်လတ်ဆရာတော်သည်၊ အစ္စယေ- ဘဝတောင်စွန် လွန်တော်မူသည်ရှိသော်၊ ရွှေကျင်ဂဏသမာဂမေ- ရွှေကျင်နိကာယ ဂဏထိပ် [၁၀၂] သီး သံဃာ့အဖွဲ့အစည်း၌၊ သုပါကဋော- ဂုဏ်ဝါကြီးမား လွန်ထင်ရှားသော၊ ကန္နီထေရော- ဝိသုဒ္ဓါရုံတိုက်အုပ် သမုတ်ထင်ပေါ် ကန္နီဆရာတော်သည်၊ ဂဏုက္ကဋ္ဌော- ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက သမ္မုတိသံဃရာဇာ ဂုဏ်ဝါသင်းလှိုင် အဋ္ဌမရွှေကျင်သာသနာပိုင်သည်၊ သမဘဝိ- ကောင်းစွာမသွေ ဖြစ်လာခဲ့ပါပေသတည်း။
၇၄။ သုဗျတ္တော ပဋိပဇ္ဇမှိ၊ ကိစ္စေသု သံဝိဓာယကော။
ပိယဝါစော ဟိတကာမော၊ ရွှေကျင်ဂဏဓုရန္ဓရော။
သော- ဘုန်းဂုဏ်ထင်ပေါ် ထိုကန္နီဆရာတော်သည်၊ ပဋိပဇ္ဇမှိ- ကျောင်းတိုက်ရေးရာ အုပ်ချုပ်မှုအဖြာဖြာ၌၊ သုဗျတ္တော- အလွန်ကျွမ်းကျင်တော်မူ၏၊ ကိစ္စေသု- သံဃာ့ကိစ္စ ဟူသမျှတို့၌၊ သံဝိဓာယကော- စီမံမိန့်မြွက် ဆောင်ရွက်တော်မူတတ်၏၊ ပိယဝါစော- မေတ္တာယှက်တွယ် ချစ်ဖွယ်သောစကားကို ဆိုတော်မူတတ်၏၊ ဟိတကာမော- အများအကျိုး ပွားတိုးစေငြား လိုလားတော်မူသည်ဖြစ်၍၊ ရွှေကျင်ဂဏဓုရန္ဓရော- ရွှေကျင်နိကာယ ကိစ္စတာဝန်အား သွန်ထမ်းပျော် ဆောင်ရွက်တော်မူတတ်ပါပေ၏။
၇၅။ သုဓီရော ဧကဝဿံဝ၊ ဂဏုက္ကဋ္ဌဓုရာဝဟော။
ပဉ္စာသီတိကဝဿမှိ၊ ကိတ္တိယေဝါဝသေသကော။
သုဓီရော- ထက်မြက်လျှင်မြန် ပညာဉာဏ်ကြီးမား ကန္နီဆရာတော်ဘုရားသည်၊ ဧကဝဿံဝ- တွက်စစ်သင်္ချာ [၁၀၃] တစ်နှစ်ခန့်ကာလသာလျှင်၊ ဂဏုက္ကဋ္ဌဓုရာဝဟော- ရွှေကျင်ဂိုဏ်းကြီး ဦးစီးတာဝန်အား သွန်မပျက် ထမ်းရွက်တော်မူသည်ဖြစ်၍၊ ပဉ္စာသီတိကဝဿမှိ- ဘုန်းရောင်တင့်တယ် ၈၅ နှစ်အရွယ်၌၊ ကိတ္တိယေဝ- ကန္နီဆရာတော် ထင်ပေါ်သတင်း ကျော်စောခြင်းမျှသည်သာလျှင်၊ အဝသေသကော- မယွင်းအမှန် ကြွင်းကျန်တော်မူခဲ့ပါပေသတည်း။

၉။ စံကင်းဆရာတော်

၇၆။ အစ္စယေ ကန္နီထေရမှိ၊ ရွှေကျင်ဂဏသမာဂမေ။
ဂဏုက္ကဋ္ဌော သမဘဝိ၊ စံကင်းထေရော သုပါကဋော။
ကန္နီထေရမှိ- စွမ်းရည်ထင်ပေါ် ကန္နီဆရာတော်သည်၊ အစ္စယေ- ဘဝတောင်စွန် လွန်တော်မူသည်ရှိသော်၊ ရွှေကျင်ဂဏသမာဂမေ- ရွှေကျင်နိကာယ ဂဏထိပ်သီး သံဃာ့အဖွဲ့အစည်း၌၊ သုပါကဋော- ဘုန်းရောင်ကံရောင် ဉာဏ်ရောင်စွမ်းအား အလွန်ထင်ရှားသော၊ စံကင်းထေရော- ပြိုင်စံကင်းခေါ် စံကင်းဆရာတော်သည်၊ ဂဏုက္ကဋ္ဌော- ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက သမ္မုတိသံဃရာဇာ ဂုဏ်ဝါသင်းလှိုင် နဝမရွှေကျင်သာသနာပိုင်သည်၊ သမဘဝိ- ကောင်းစွာမသွေ ဖြစ်လာခဲ့ပါပေသတည်း။

[၁၀၄] ၇၇။ ဒီဃာယုကတမော ဧသ၊ ဂဏုက္ကဋ္ဌဝိဘာဝိနံ။
စန္ဒောဝ သကိယာဘာယ၊ သဂဏံ သီတမာနယိ။
ဧသော- ဂိုဏ်းလုံးထင်ပေါ် ဤစံကင်းဆရာတော်သည်၊ ဂဏုက္ကဋ္ဌဝိဘာဝိနံ- ရွှေကျင်နိကာယ သံဃာ့ဦးစီး ဥက္ကဋ္ဌ မဟာနာယက ဆရာတော်ဘုရားကြီးတို့တွင်၊ ဒီဃာယုကတမော- အာယုကပ်ကျော် သက်တော်အရှည်ဆုံး ဖြစ်တော်မူပါပေ၏၊ စန္ဒော- ရောင်ဝါတင့်ထွန်း လပြည့်ဝန်းသည်၊ သကိယာဘာယ- ဘော်ငွေသွင်ဆောင် ကိုယ်ပိုင်အလင်းရောင်ဖြင့်၊ သဂဏံ- မိမိအတူ ကမ္ဘာသူ, ကမ္ဘာသား သတ္တဝါအများကို၊ သီတမာနယိ- ဧမြလေအောင် စွမ်းဆောင်လေဘိသကဲ့သို့ စန္ဒော- လမင်းအမည် ဂုဏ်ရည်ထင်ရှား စံကင်းဆရာတော်ဘုရားသည်လည်း၊ သကိယာဘာယ- သီလ, သမာဓိ, ပညာ ပဝင်း ကိုယ်ပိုင်အရောင်အလင်းဖြင့်၊ သဂဏံ- ရွှေကျင်ဂိုဏ်းဝင် များလူရှင်နှင့် ထို့ပြင်တစ်ပါး သတ္တဝါအများကို၊ သီတမာနယိ- မေတ္တာဖြန့်ပေး ဧမြလေအောင် စွမ်းဆောင်ခဲ့ပါပေသတည်း။
၇၈။ ထေရော ဗာဝီသ ဝဿာနိ၊ ဂဏုက္ကဋ္ဌဓုရာဝဟော။
ဒွါဓိကသတဝဿမှိ၊ ကိတ္တိယေဝါဝသေသကော။
ထေရော- စွမ်းရည်ထင်ပေါ် စံကင်းဆရာတော်သည်၊ ဗာဝီသ ဝဿာနိ- ရှည်ကြာတွက်စစ် ၂၂ နှစ်တို့ပတ်လုံး၊ [၁၀၅] ဂဏုက္ကဋ္ဌဓုရာဝဟော- ရွှေကျင်ဂိုဏ်းကြီး ဦးစီးတာဝန်အား သွန်မပျက် ဆောင်ရွက်တော်မူသည်ဖြစ်၍၊ ဒွါဓိကသတဝဿမှိ- ဘုန်းရောင်တင့်တယ် သက်တော် ၁၀၂ နှစ်အရွယ်၌၊ ကိတ္တိယေဝ- စံကင်းဆရာတော် ထင်ပေါ်သတင်း ကျော်စောခြင်းသည်သာလျှင်၊ အဝသေသကော- မယွင်းအမှန် ကြွင်းကျန်တော်မူခဲ့ပါပေသတည်း။

၁၀။ မြောင်းမြဆရာတော်

၇၉။ အစ္စယေ စံကင်းထေရမှိ၊ ရွှေကျင်ဂဏသမာဂမေ။
ဂဏုက္ကဋ္ဌော သမဘဝိ၊ မြောင်းမြထေရော သုပါကဋော။
စံကင်းထေရမှိ- နိုင်ငံထင်ပေါ် စံကင်းဆရာတော်သည်၊ အစ္စယေ- ဘဝတောင်စွန် လွန်တော်မူသည်ရှိသော်၊ ရွှေကျင်ဂဏသမာဂမေ- ရွှေကျင်နိကာယ ဂဏထိပ်သီး သံဃာ့အဖွဲ့အစည်း၌၊ သုပါကဋော- ဘုန်းကံစွမ်းအား အလွန်ထင်ရှားသော၊ မြောင်းမြထေရော- မြောင်းမြပဇ္ဇောတာရုံ လွှမ်းခြုံဦးစီး မြောင်းမြဆရာတော်ဘုရားကြီးသည်၊ ဂဏုက္ကဋ္ဌော- ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက သမ္မုတိသံဃရာဇာ ဂုဏ်ဝါသင်းလှိုင် ဒသမရွှေကျင်သာသနာပိုင်သည်၊ သမဘဝိ- ကောင်းစွာမသွေ ဖြစ်တော်မူလာပါပေ၏။

[၁၀၆] ၈၀။ ဂရုကော ဝိနယေ ဧသ၊ တိဗ္ဗစ္ဆန္ဒော ဓုရာဝဟော။
ဘာသိတာ ဗျတ္တဝါစံဝ၊ အဘီတနာဒနာဒိကော။
ဧသ- တိုင်းသိပြည်ကျော် ဤမြောင်းမြဆရာတော်သည်၊ ဝိနယေ- အာဏာဆင့်မှီး မြတ်ဝိနည်း၌၊ ဂရုကော- အရေးတယူ အလေးပြုတော်မူပါပေ၏၊ တိဗ္ဗစ္ဆန္ဒော- သာသနာ့အလုပ် အားထုတ်စေရန် ထက်သန်ပြင်းပြ ထူးကဲသောဆန္ဒ ရှိတော်မူပါပေ၏၊ ဓုရာဝဟော- သာသနာ့တာဝန်အား သွန်မပျက် ဆောင်ရွက်တော်မူပါပေ၏၊ ဗျတ္တဝါစံဝ- လိမ္မာပါးနပ် စကားမြတ်ကိုသာလျှင်၊ ဘာသိတာ- မိန့်ကြားတော်မူတတ်ပါပေ၏၊ အဘီတနာဒနာဒိကော- မကြောက်မရွံ့ ရဲဝံ့ပြတ်သား မြတ်စကားကို ထူးခြားပိုမို ပြောဆိုတတ်ပါပေ၏။
၈၁။ ထေရော တီဏေဝ ဝဿာနိ၊ ဂဏုက္ကဋ္ဌဓုရာဝဟော။
သတ္တာသီတိကဝဿမှိ၊ ကိတ္တိယေဝါဝသေသကော။
ထေရော- တိုင်းသိပြည်ကျော် မြောင်းမြဆရာတော်သည်၊ တီဏိယေဝ ဝဿာနိ- သင်္ချာတွက်စစ် ၃ နှစ်တို့ကာလပတ်လုံးသာလျှင်၊ ဂဏုက္ကဋ္ဌဓုရာဝဟော- ရွှေကျင်ဂိုဏ်းကြီး ဦးစီးတာဝန်အား သွန်မပျက် ဆောင်ရွက်တော်မူသည်ဖြစ်၍၊ သတ္တာသီတိကဝဿမှိ- ဘုန်းရောင်တင့်တယ် ၈၇ နှစ်အရွယ်၌၊ ကိတ္တိယေဝ- မြောင်းမြဆရာတော် ထင်ပေါ်သတင်း ကျော်စောခြင်းသည်သာလျှင်၊ အဝသေသကော- မယွင်းအမှန် ကြွင်းကျန်တော်မူခဲ့ပါပေသတည်း။

[၁၀၇] ကျော်စောခြင်းသည်သာလျှင်၊ အဝသေသကော- မယွင်း အမှန် ကြွင်းကျန်တော်မူခဲ့ပါပေသတည်း။

၁၁။ အရှေ့ဝိသုဒ္ဓါရုံဆရာတော်

၈၂။ အစ္စယေ မြောင်းမြထေရမှိ၊ ရွှေကျင်ဂဏသမာဂမေ။ ဂဏုက္ကဋ္ဌော သမဘဝိ၊ ဝိသုဒ္ဓါရာမိကော သုခီ။
မြောင်းမြထေရမှိ- တိုင်းသိပြည်ကျော် မြောင်းမြဆရာတော်သည်၊ အစ္စယေ- ဘဝတောင်စွန် လွန်တော်မူသည်ရှိသော်၊ ရွှေကျင်ဂဏသမာဂမေ- ရွှေကျင်နိကာယ ဂဏထိပ်သီး သံဃာ့အဖွဲ့အစည်း၌၊ သုခီ- ထူးခြားထက်သန် ပညာဉာဏ်ရှိတော်မူသော၊ ဝိသုဒ္ဓါရာမိကော- အရှေ့ဝိသုဒ္ဓါရုံ ခိုလုံရွှင်ပျော် သက်တော်ရှည်ဆရာတော်သည်၊ ဂဏုက္ကဋ္ဌော- ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက သမ္မုတိသံဃရာဇာ ဂုဏ်ဝါသင်းလှိုင် ဧကာဒသမရွှေကျင်သာသနာပိုင်သည်၊ သမဘဝိ- ကောင်းစွာမသွေ ဖြစ်တော်မူပါပေသတည်း။
၈၃။ သုဝရူပသံဝစ္ဆရေ၊ နဂရေ ဝမ်းတွင်းသည်ကေ။ သာဖန်းဂါမေ ဂဏုက္ကဋ္ဌော၊ သုဇာတော မောဒယံ ဇနေ။
ဂဏုက္ကဋ္ဌော- ဘုန်းရောင်ထိန်ငြီး ရွှေကျင်နိကာယ ဥက္ကဋ္ဌဆရာတော်ဘုရားကြီးသည်၊ သုဝရူပသံဝစ္ဆရေ- မြန်မာတွက်စစ် ၁၂၄၇ ခုနှစ်၌၊ ဝမ်းတွင်းသည်ကေ- ဝမ်းတွင်းအမည်ရှိသော၊ နဂရေ- မြို့၌၊ သာဖန်းဂါမေ- လယ်ယာကိုင်းကျွန်း ဖြစ်ထွန်းစုံစွာ သာဖန်းရွာ၌၊ ဇနေ- နှစ်လိုကြညောင်း မိဘဆွေမျိုးအပေါင်းတို့ကို၊ မောဒယံ- ပီတိဖြာဝေ ဝမ်းမြောက်စေလျက်၊ သုဇာတော- မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့လေပြီ။

[၁၀၈] ၈၄။ ပန္နရသဝဿိကမှိ သု၊ သုဓီရဿန္တိကေ။ ပဗ္ဗာဇေသုံ သာသနမှိ၊ ဓမ္မဘာရံ ဓရေတဝေ။
သုဓီ- ပညာရှိသူတော်ကောင်း ဆရာတော်လောင်းကို၊ ပန္နရသဝဿိကမှိ- ၁၅-နှစ်အရွယ် ငယ်စဉ်ကာလ၌၊ သာသနမှိ- ဗုဒ္ဓမြတ်စွာ သာသနာဝယ်၊ ဓမ္မဘာရံ- ပိဋကတ်မွန် ဓမ္မဝန်ကို၊ ဓရေတဝေ- နှစ်ပေါင်းရှည်အောင် ထမ်းဆောင်စိမ့်သောငှာ၊ သုဓီရဿ- သာဖန်းရွာမ နိစ္ဆရွှင်ပြုံး သီတင်းသုံးသည့် “သူဌေးကုန်း” ခေါ် ဆရာတော်၏၊ အန္တိကေ- အနီးဝပ်တွား ထံတော်ပါး၌၊ ပဗ္ဗာဇေသုံ- ရှင်ပြုပေးကြလေကုန်ပြီ။
၈၅။ အယမာယတိကံ ဗုဒ္ဓ- သာသနံ ဇောတယိဿတိ။ တေနဿ ဇောတယော နာမံ၊ အဘဝိ ဓီရသမ္မတံ။
အယံ- ပါရမီဓာတ် ကိန်းဝပ်တည်နေ ဤရှင်သာမဏေသည်၊ အာယတိကံ- လာလတံ့စင်စစ် အနာဂတ်ကာလ၌ ဖြစ်သော၊ ဗုဒ္ဓသာသနံ- ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကို၊ [၁၀၉] ဇောတယိဿတိ- ထွန်းလင်းစေပေလိမ့်မည်၊ တေန- ထို့ကြောင့်၊ အဿ- ထူးမြတ်ပုံနေ ဤရှင်သာမဏေ၏၊ ဓီရသမ္မတံ- မြော်မြင်ကြီးလတ် ဆရာမြတ်တို့ မှည့်ခေါ်အပ်သော၊ ဇောတယော နာမံ- ‘ရှင်ဇောတယ’ ဟူသော ဘွဲ့အမည်သည်၊ အဘဝိ- ဖြစ်ခဲ့လေပြီ။
၈၆။ ကတွာနုပဇ္ဈံ ပညတ္ထေရံ ဝိသုဒ္ဓမာကရေ။ ဓီရောပသမ္ပဒံ လဒ္ဓါ၊ စက္ကံ ဇောတေတုမာရဘိ။
ဓီရော- ထက်မြက်လျှင်မြန် ပညာဉာဏ်ထွန်းပ ‘ရှင်ဇောတယ’ သည်၊ ဝိသုဒ္ဓမာကရေ- အရှေ့ဝိသုဒ္ဓါရုံ တိုက်ရွှေဘုံ၌၊ ပညတ္ထေရံ- ပညာထေရ်မော် တိုက်အုပ်ဆရာတော်ကို၊ ဥပဇ္ဈံ ကတွာ- ဆုံးမပဲ့ပြင် သွန်သင်ကြည့်ရှု ဥပဇ္ဈာယ်ပြု၍၊ ဥပသမ္ပဒံ- မြင့်မြတ်စင်စစ် ရဟန်းအဖြစ်ကို၊ လဒ္ဓါ- ရတော်မူ၍၊ စက္ကံ- ဗုဒ္ဓမြတ်စွာ သာသနာကို၊ ဇောတေတုံ- ဂုဏ်ရောင်ပဝင်း ထွန်းလင်းစေခြင်းငှါ၊ အာရဘိ- မဆုတ်စတမ်း လုံ့လစွမ်းဖြင့် ကြိုးပမ်းတော်မူခဲ့လေပြီ။
၈၇။ ဝသန္တော ဝိသုဒ္ဓါရာမေ၊ ဂရုဝရာနံ သန္တိကေ။ နာနာဂန္ထေ ဥဂ္ဂဏှိတွာ၊ သမ္ပတ္တော ပဋုတံ အယံ။
အယံ- ‘အရှင်ဇောတယ’ မည်ရတွင်ခေါ် ဤရဟန်းတော်သည်၊ ဝိသုဒ္ဓါရာမေ- ရနံ့သင်းထုံ ပညာစုံသည့် ရွှေဘုံသိုက်မြိုက် အရှေ့ဝိသုဒ္ဓါရုံကျောင်းတိုက်၌၊ [၁၁၀] ဝသန္တော- နှစ်ခြိုက်ရွှင်ပြုံး သီတင်းသုံးလျက်၊ ဂရုဝရာနံ- ပညာဂုဏ်အင် စုံလင်ပေလတ် ကျေးဇူးရှင်ဆရာမြတ်တို့၏၊ သန္တိကေ- အထံတော်၌၊ နာနာဂန္ထေ- ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် သိမှတ်ဖွယ်ရာ အမျိုးမျိုးသော ကျမ်းစာတို့ကို၊ ဥဂ္ဂဏှိတွာ- သင်ယူ၍၊ ပဋုတံ- တတ်မြောက်စုံလင် ကျွမ်းကျင်သူ၏ အဖြစ်သို့၊ သမ္ပတ္တော- ကောင်းစွာမသွေ ရောက်ခဲ့ပါပေသတည်း။
၈၈။ ဝါစကေနာ' ဝါသိကေန၊ နိယုတ္တေနာ' ဓိပေန စ။ ဝသန္တော ဝိသုဒ္ဓါရာမေ၊ ဇောတေသိ ဇိနသာသနံ။
ဝိသုဒ္ဓါရာမေ- မဟာဝိသုဒ္ဓါရုံ တိုက်ရွှေဘုံ၌၊ ဝါစကေန- ဂဏဝါစက မည်ရစင်စစ် စာချဆရာတော်၏ အဖြစ်ဖြင့်လည်းကောင်း၊ အာဝါသိကေန- ကြေးမြင်ကျောင်းကြီး အုပ်စီးစင်စစ် ကျောင်းဘုန်းကြီးအဖြစ်ဖြင့်လည်းကောင်း၊ နိယုတ္တေန- ကြီးကြပ်ရေးမှူး ရာထူးစင်စစ် တိုက်ကြပ်ဆရာတော်အဖြစ်ဖြင့်လည်းကောင်း၊ အဓိပေန စ- အုပ်ချုပ်ရေးမှူး ရာထူးစင်စစ် တိုက်အုပ်ဆရာတော်အဖြစ်ဖြင့်လည်းကောင်း၊ ဝသန္တော- တာဝန်ထမ်းရွက် နှစ်သက်ရွှင်ပြုံး သီတင်းသုံးတော်မူလျက်၊ ဇိနသာသနံ- ဘုရားမြတ်စွာ သာသနာကို၊ ဇောတေသိ- ကောင်းသောဂုဏ်ရောင် ထွန်းပြောင်စေခဲ့လေပြီတကား။

[၁၁၁] ၈၉။ သဂ္ဂလောကသံဝစ္ဆရေ၊ ရွှေကျင်ဂဏသမာဂမေ။ ဂဏုက္ကဋ္ဌဘာဝေနိမံ၊ ပူဇယုံ ဂဏဇေဋ္ဌကာ။
သဂ္ဂလောကသံဝစ္ဆရေ- မြန်မာဝေါဟာ သင်္ချာတွက်စစ် ၁၃၃၇ ခုနှစ်၌၊ ရွှေကျင်ဂဏသမာဂမေ- ရွှေကျင်ဂိုဏ်းလုံး စည်းရုံးညီရေး သံဃာ့အစည်းအဝေး၌၊ ဂဏဇေဋ္ဌကာ- ရွှေကျင်ဂိုဏ်းထူး ကြီးမှူးထင်ပေါ် ဆရာတော်တို့သည်၊ ဣမံ- သက်တော်ရာရောက် ထွန်းတောက်ထင်ပေါ် ဤသက်တော်ရှည်ဆရာတော်ကို၊ ဂဏုက္ကဋ္ဌဘာဝေန- ရွှေကျင်နိကာယ ဥက္ကဋ္ဌမဟာနာယက သမ္မုတိသံဃရာဇာ ဂုဏ်ဝါထွန်းသစ် သာသနာပိုင်ဆရာတော် အဖြစ်ဖြင့်၊ ပူဇယုံ- စိတ်တူကိုယ်တူ ကြည်ဖြူရွှင်ပျော် ပူဇော်ခဲ့ကြလေကုန်ပြီ။
၉ဝ။ အာဘာလောကသံဝစ္ဆရေ၊ ရဋ္ဌီသာ ဂဏဇေဋ္ဌကံ။ အဂ္ဂမဟာပဏ္ဍိတောတိ၊ လဉ္ဆေန အဘိမာနယုံ။
ဂဏဇေဋ္ဌကံ- ရွှေကျင်ဥက္ကဋ္ဌ် လေးမြတ်ပူဇော် ထင်ပေါ်ဝေးနီး သက်တော်ရှည်ဆရာတော်ဘုရားကြီးကို၊ ရဋ္ဌီသာ- ပြည်ထောင်စုမြန်မာနိုင်ငံ စီမံအုပ်ချုပ် ပြုလုပ်နိုင်ကြ နိုင်ငံတော်အစိုးရတို့သည်၊ အာဘာလောကသံဝစ္ဆရေ- မြန်မာဝေါဟာ သင်္ချာတွက်စစ် ၁၃၄ဝ ပြည့်နှစ်၌၊ အဂ္ဂမဟာပဏ္ဍိတောတိ လဉ္ဆေန- အဂ္ဂမဟာပဏ္ဍိတ် ဘွဲ့တံဆိပ်ဖြင့်၊ အဘိမာနယုံ- ရိုသေဆက်ကပ် လေးမြတ်ကြလေကုန်သတည်း။

[၁၁၂] ၉၁။ ရွှေကျင်ထေရော ဝိသုဒ္ဓါရုံ၊ ဒီပဲရင်း ကျိုက္ကစံ အလုံ။ ချမ်းသာ လှတော ကျိုက်လတ် ကန္နီ၊ စံကင်း မြောင်းမြ ဒိဝင်္ဂတာ။
ရွှေကျင်နိကာယေ- နှစ်တရာကျော် ထင်ပေါ်လေပြီး ရွှေကျင်ဂိုဏ်းကြီး၌၊ ရွှေကျင်ထေရော- ရွှေကျင်ဆရာတော်လည်းကောင်း၊ ဝိသုဒ္ဓါရုံထေရော- ဝိသုဒ္ဓါရုံဆရာတော်လည်းကောင်း၊ ဒီပဲရင်းထေရော- ဒီပဲရင်းဆရာတော်လည်းကောင်း၊ ကျိုက္ကစံထေရော- ကျိုက္ကစံဆရာတော်လည်းကောင်း၊ အလုံထေရော- အလုံဆရာတော်လည်းကောင်း၊ ချမ်းသာထေရော- ချမ်းသာကြီးဆရာတော်လည်းကောင်း၊ လှတောထေရော- လှတောဆရာတော်လည်းကောင်း၊ ကျိုက်လတ်ထေရော- ကျိုက်လတ်ဆရာတော်လည်းကောင်း၊ ကန္နီထေရော- ကန္နီဆရာတော်လည်းကောင်း၊ စံကင်းထေရော- စံကင်းဆရာတော်လည်းကောင်း၊ မြောင်းမြထေရော- မြောင်းမြဆရာတော်လည်းကောင်း၊ ဣမေ ထေရာ- ဂဏုက္ကဋ္ဌ ဂဏဦးစီး ဤဆရာတော်ဘုရားကြီးတို့သည်၊ ဒိဝင်္ဂတာ- နတ်ပြည်စံပျော် လွန်တော်မူကြလေကုန်ပြီ။
၉၂။ ထေရော စာယံ သတဇီဝီ၊ ဝိသုဒ္ဓါရာမိကော သုခီ။ ဂုရဝေါ မေ ဂဏုက္ကဋ္ဌာ၊ ရွှေကျင်ဂဏဓုရန္ဓရာ။
သုခီ- ထက်မြက်လျှင်မြန် ကောင်းမြတ်သော ပညာဉာဏ် ရှိတော်မူသော၊ ဝိသုဒ္ဓါရာမိကော- ဝိသုဒ္ဓါရုံ ရွှေဘုံသမိုက် [၁၁၃] မြတ်ကျောင်းတိုက်၌ ပျော်ပိုက်ရွှင်ပြုံး သီတင်းသုံးတော်မူသော၊ အယံ ထေရော စ- ဘုန်းရောင်ကံရောင် ဉာဏ်ရောင်ထိန်ငြီး ဤဧကာဒသမ ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးသည်ကား၊ သတဇီဝီ- တရာပြည့်မီ သက်တော်ရှည်လျက် ရွှင်ကြည်စိတ်ထား သဒ္ဓါပွားလျက် အများလူရှင် ဖူးမြင်နိုင်ဘိ သက်တော်ထင်ရှားရှိသည်၊ ဟောတိ- ဖြစ်ပါပေ၏။ ဣမေ ဂုရဝေါ- ကျောက်ထီးအသွင် အစဉ်လေးစား အားထားခိုမှီး ဤဆရာတော်ဘုရားကြီးတို့သည်၊ ဂဏုက္ကဋ္ဌာ- ဂိုဏ်းမြတ်ဦးစီး ဂဏုက္ကဋ္ဌမထေရ်မြတ်ကြီးတို့သည်၊ ဟုတွာ- ဖြစ်တော်မူကြကုန်၍၊ ရွှေကျင်ဂဏဓုရန္ဓရာ- ရွှေကျင်ဂိုဏ်းမြတ် နှင်းအပ်တာဝန် ကျေပွန်လေအောင် စွမ်းရည်ပြောင်ကာ ထမ်းဆောင်တော်မူကြပါပေသတည်း။
၉၃။ ဝိသုဒ္ဓါရာမာဓိပေန၊ နိကာယဝရကေတုနာ။ ပဂ္ဂဟိတော သုဓီရဿ၊ သမ္မုခသာဝကော အယံ။
နိကာယဝရကေတုနာ- ရွှေကျင်နိကာယ် မှန်ကင်းသဖွယ် ဖြစ်တော်မူသော၊ ဝိသုဒ္ဓါရာမာဓိပေန- ဒုတိယရွှေကျင် သာသနာပိုင် ဦးကိုင်ထိပ်သီး ပဌမဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးသည်၊ အယံ- သက်တော်ထင်ရှား ဤရာပြည့်ဆရာတော်ဘုရားကို၊ ပဂ္ဂဟိတော- အရေးတယူ ကြည်ဖြူဝမ်းမြောက် ချီးမြှောက်တော်မူအပ်ပါပေ၏၊ အယံ- သက်တော်ထင်ရှား [၁၁၄] ဤရာပြည့်ဆရာတော်ဘုရားသည်၊ သုဓီရဿ- ပညာရှိ ထိပ်သီး ပဌမဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး၏၊ သမ္မုခသာဝကော- လက်ထက်တော်ပွား တပည့်ကြီးတပါး ဖြစ်ပါပေသတည်း။
၉၄။ သုဓီရော ယာဝဇ္ဇတနာ၊ ပဋ္ဌာယာ' ဂတကာလတော။ ဝသန္တော ဝိသုဒ္ဓါရာမေ၊ စိရဝါသိတမော အယံ။
အယံ သုဓီရော- ပညာရှိထိပ်သီး ဤသက်တော်ရှည် ဆရာတော်ဘုရားကြီးသည်၊ အာဂတကာလတော- ရှင်သာမဏေဘဝ ရောက်လာရာအခါကာလမှ၊ ပဋ္ဌာယ- အစပြု၍၊ ယာဝဇ္ဇတနာ- သက်တော်တရာ ရှည်ကြာပျော်မွေ့ ယနေ့တိုင်အောင်၊ ဝိသုဒ္ဓါရာမေ- ဝိသုဒ္ဓါရုံ ရွှေဘုံသိုက်မြိုက် မြတ်ကျောင်းတိုက်၌၊ ဝသန္တော- ချမ်းမြေ့ရွှင်ပြုံး သီတင်းသုံးတော်မူရကား၊ စိရဝါသိတမော- ရှည်ကြာလွန်ကဲ အနေမြဲသည့် အောင်ပွဲရသူ ဆရာတော်ကြီး ဖြစ်တော်မူပါပေသတည်း။
၉၅။ သန္တကာယော သန္တဝါစော၊ သုဓီရော သန္တမာနသော။ ပဿန္တသန္တဇနာနံ၊ မာနသံ သန္တမာဝဟော။
သုဓီရော- ပညာရှိထိပ်သီး သက်တော်ရှည်ဆရာတော်ဘုရားကြီးသည်၊ သန္တကာယော- ကြည်ညိုဖွယ်ရာ ငြိမ်သက်သော ကိုယ်အမူအရာ ရှိတော်မူပါပေ၏၊ သန္တဝါစော- [၁၁၅] အေးချမ်းစေငြား ငြိမ်သက်သောစကား ရှိတော်မူပါပေ၏။ သန္တမာနသော- ကျန်းမာရွှင်ပြုံး ငြိမ်သက်သော စိတ်နှလုံး ရှိတော်မူပါပေ၏။ ပဿန္တသန္တဇနာနံ- ဖူးမြင်ရငြား သူတော်စင်အများတို့၏၊ မာနသံ- စိတ်ကို၊ သန္တမာဝဟော- ငြိမ်းချမ်းလေအောင် စွမ်းဆောင်တော်မူပါပေသတည်း။
၉၆။ အတ္တနောယေဝ အတ္တနိ၊ ပသာဒမာစရေ ဗုဓော။ နာညေသံ ပန အညေသံ၊ ပသာဒေါ တံ န ကာရဏံ။
ဗုဓော- အရာရာတွင် ဆင်ခြင်နှိုင်းဆို ပညာရှိပုဂ္ဂိုလ်သည်၊ အတ္တနောယေဝ- မိမိ၏သာလျှင်၊ အတ္တနိ- မိမိ၌၊ ပသာဒံ- ကြည်ညိုခြင်းကို၊ အာစရေ- ပြုကျင့်ရာ၏။ အညေသံ- အများ ရှင်လူ တပါးသူတို့၏၊ အတ္တနိ- မိမိ၌၊ ပသာဒံ- ကြည်ညိုခြင်းကို၊ န အာစရေ- မပြုကျင့်ရာ၊ အညေသံ- အများရှင်လူတပါးသူတို့၏၊ ယော ပသာဒေါ- အကြင်ကြည်ညိုခြင်းသည်၊ အတ္ထိ- ရှိ၏၊ တံ- ထိုသူတပါးတို့၏ ကြည်ညိုခြင်းကား၊ န ကာရဏံ- မိမိအဖို့နှစ်မြို့ဖွယ်ကောင်း မဂ်ဖိုလ်အကြောင်း မဟုတ်ပါပေ။
၉၇။ ဒုက္ကရာ သီလဝိသုဒ္ဓိ၊ အဓိဂမော တထာ န ဟိ။ သီလမှိ ဝိသုဒ္ဓေ တေန၊ အဓိဂမော န ဒုလ္လဘော။
သီလဝိသုဒ္ဓိ- ပွတ်သစ်ဖြူဝင်း ခရုသင်းသဖွယ် သီလ၏ စင်ကြယ်မှုသည်၊ ဒုက္ကရာ- ခဲယဉ်းသဖြင့်ပြုအပ်သည်၊ [၁၁၆] ဟောတိ- ဖြစ်၏၊ အဓိဂမော- ရအပ်ကြည်နူး မဂ်ဖိုလ်တရားထူးသည်၊ တထာ- ထိုအတူ ခဲယဉ်းသဖြင့်ပြုအပ်သည်၊ န ဟိ ဟောတိ- မဖြစ်သည်သာတည်း၊ သီလမှိ- သီလသည်၊ ဝိသုဒ္ဓေ- ခရုသင်းပွတ်သစ် ပုလဲနှစ်သဖွယ် စင်ကြယ်သည် ရှိသော်၊ တေန- ထိုပုဂ္ဂိုလ်သည်၊ အဓိဂမော- ရအပ်ကြည်နူး မဂ်ဖိုလ်တရားထူးကို၊ န ဒုလ္လဘော- ခဲယဉ်းသဖြင့် ရအပ်သည် မဟုတ်ပါပေ။
၉၈။ ဧဝံ ထေရော မဟောဝါဒံ၊ ဒဒါတိ မဂ္ဂဒီပကံ။ တဿောဝါဒံ ကရိဿာမ၊ ပူဇေန္တာ ဂဏဇေဋ္ဌကံ။
ဧဝံ- ဤသို့၊ ထေရော- သက်တော်ရှည်ကြာ ထေရ်မဟာသည်၊ မဂ္ဂဒီပကံ- နိဗ္ဗာန်ရောက်ကြောင်း လမ်းကြောင်းအစ ညွှန်၍ပြသော၊ မဟောဝါဒံ- အဖိုးတန်လှ မြတ်သောဩဝါဒကို၊ ဒဒါတိ- သာယာမိန့်ချွေ ပေးတော်မူတတ်ပါပေ၏၊ ဂဏဇေဋ္ဌကံ- ရွှေကျင်ဦးစီး သက်တော်ရှည်သာသနာပိုင် ဆရာတော်ဘုရားကြီးကို၊ ပူဇေန္တာ- ဝမ်းမြောက်ရွှင်ပျော် ပူဇော်ကြကုန်သည်ဖြစ်၍၊ တဿ- သက်တော်ရှည်ငြား ထိုသာသနာပိုင် ဆရာတော်ဘုရားကြီး၏၊ ဩဝါဒံ- ဆုံးမလမ်းညွှန် ဩဝါဒမွန်ကို၊ ကရိဿာမ- ဝမ်းသာရွှင်ပျ လိုက်နာပြုလုပ်ကြပါကုန်စို့။

[၁၁၇] ၉၉။ သဒ္ဓမ္မအမ္ဗရေ ဒါနိ၊ သံဃုဠုပရိဝါရိတော။ လသတံ ထေရပုဏ္ဏိန္ဒု၊ အနဋ္ဌာဗာဓဝါရိတော။
ဒါနိ- ၁၃၄၇ ခု ရတုသာစို ခွါညိုနံ့သင်း မြောက်လေညှင်းတည့် ငွေနှင်းမှုန်ကျ ကြယ်ဖုသျှနှင့် ဝင်းပစန္ဒာ ဆုံလာကြုံတွေ့ ဤပြာသိုလပြည့်နေ့၌၊ သဒ္ဓမ္မအမ္ဗရေ- သဒ္ဓမ္မသုံးဖြာ နာဟုလွန်စွာ သန့်စင်ထက်ကောင်းကင်၌၊ ထေရပုဏ္ဏိန္ဒု- သီလ သမာ ပညာရောင်ထွန်း ဆရာတော်ဘုရားကြီးတည်းဟူသော လပြည့်ဝန်းသည်၊ အနဋ္ဌာဗာဓဝါရိတော- ဆီးနှင်း မြူတိမ် သူရိန်မီးခိုး ပြစ်မျိုးသဖွယ် အန္တရာယ်အသီးသီး မတားဆီးအပ်သည်ဖြစ်၍၊ သံဃုဠုပရိဝါရိတော- ကြယ်တာရာသွင် ထေရ်အရှင်ဟု ရွှေကျင်တပည့် ဂုဏ်ရှိထည်မှတ် ပရိသတ်အပေါင်း ရံခညောင်းလျက်၊ လသတံ- အစဉ်ထာဝရ ထွန်းပထိန်ဝေ တင့်တယ်တော်မူပါပေသတည်း။
၁ဝဝ။ ဝိဇာတသမယော ဧသ၊ ဂုရုနာ' ဇ္ဇ သမာဂမော။ ဂါထာသတံ ပဝေဒေမိ၊ ဧသာ မေ ဂုရုပူဇနာ။
အဇ္ဇ- ယနေ့၊ ဧသ သမာဂမော- ထက်အောက်စုံလင် ဂိုဏ်းရွှေကျင်မှ ထေရ်ရှင်အပေါင်း နှစ်ထောင်းအားရ စည်းဝေးကြရာ ဤပွဲမဟာသည်၊ ဂုရုနာ- ရွှေကျင်ဦးစီး ဧကာဒသမရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး၏၊ ဝိဇာတသမယော- နှစ်တရာမြောက် ထွန်းတောက်၍လာ ရာပြည့် [၁၁၈] မွေးနေ့တော်အခါပါတည်း၊ အဇ္ဇ- ရာပြည့်မွေးနေ့ ကြုံတွေ့ဆုံလာ ဤယခုအခါ၌၊ ဂါထာသတံ- ရွှေကျင်နိကာယ သံဃာ့ဥသျှောင် ခေါင်းဆောင်ဦးစီး ဂဏုက္ကဋ္ဌ ဆရာတော်ဘုရားကြီးတို့၏ အံ့ချီးဖွယ်ရာ ဂုဏ်မဟာကို လွန်စွာကျဉ်းလှ သင်္ခေပဖြင့် ဖော်ပြဖွဲ့ဆို ကြည်ညိုဖွယ်ရာ တစ်ရာသောဂါထာကို၊ ပဝေဒေမိ- ပူဇော်လိုစိတ် လွန်ယိုဖိတ်လျက် ဂုဏ်ဟိတ်ကြည်ညို လျှောက်ဆိုပါ၏ဘုရား၊ ဧသာ- ဂါထာတရာ ကျူးသီကာဖြင့် သဒ္ဓါရွှင်ပျော် ဤလျှောက်ဆိုပူဇော်ခြင်းသည်၊ တပည့်တော်၏၊ ဂုရုပူဇနာ- အလေးပြုအပ် ဆရာမြတ်ကို တုပ်ဝပ်ကော်ရော် ပူဇော်ခြင်းပါဘုရား။

[၁၁၉] တေရသမ ရွှေကျင်သာသနာပိုင် ညောင်ရွှေဆရာတော်ဘုရားကြီး (၁၂၇၃ - ၁၃၆၅)

ရှင်မာပါဠိ မဓုရ ဘာသန္တရ နန္ဒမာလာဘိဝံသေန မဟာသုဗောဓာရာမပါလကေန
မူရင်းကျမ်းစာအုပ် မျက်နှာဖုံး ပုံ

[၁၂၁] ရဋ္ဌဂုရုဝဏ္ဏနာ

၁။ ၀န္ဒိယ ဂုဏီနံ ဂုဏ-ဝါဒိနံ ဂုဏသာဂရံ။ ဝဏ္ဏယိဿံ ဂုဏံ အဂ္ဂ-ဂုရုနော ဓမ္မဇောတကံ။
ဂုဏီနံ- ချီးမွမ်းဖွယ်ဂုဏ် ပြည့်စုံဘိဟူ ဂုဏ်ရှိသူတို့၏၊ ဂုဏဝါဒိနံ- ဂုဏ်ရည်ရှုမြော် ဂုဏ်ပြုစကား မိန့်ကြားတော်မူတတ်သော၊ ဂုဏသာဂရံ- သမုဒ်ပင်လယ် ရေနက်ကျယ်သို့ အံ့ဖွယ်စုံလင် ဂုဏ်အင်များပြား မြတ်ဘုရားကို၊ ဝန္ဒိယ- ဂုဏ်ရည်မြတ်နိုး ရှိခိုးပြီး၍၊ အဂ္ဂဂုရုနော- အဂ္ဂဂုရု ဂုဏ်ပြုပူဇော် တံဆိပ်တော်ဖြင့် ထင်ပေါ်လှငြား ကျေးဇူးတော်ရှင် ကန်ကြီးဆရာတော်ဘုရား၏၊ ဓမ္မဇောတကံ- ဓမ္မအရောင် ထွန်းလင်းပြောင်ဖို့ စွမ်းဆောင်နိုင်ဘိ ဂုဏ်ရည်ရှိသော၊ ဂုဏံ- သီလစသည် မြတ်ဂုဏ်ရည်ကို၊ ဝဏ္ဏယိဿံ- ငါးဆယ်ဂါထာ ကျူးသီကာဖြင့် လွန်စွာကြည်ညို ရွတ်ဆိုလျှောက်ကြားပါအံ့။

[၁၂၂] ၂။ ပါစီနဒေသော မရမ္မရဋ္ဌ စေတိယသောဘိတေ။ အစ္စဂ္ဂတတလော ရမ္မော၊ သျာမရဋ္ဌသုပါကဋော။
စေတိယသောဘိတေ- ပုထိုးစေတီ အလီလီဖြင့် ဂုဏ်ရည် မြင့်ကြွယ် လွန်တင့်တယ်သော၊ မရမ္မရဋ္ဌ- ပြည်ထောင်စုခေါ် မြန်မာနိုင်ငံတော်၌၊ အစ္စဂ္ဂတတလော- ပင်လယ်ပြင်ထက် မြင့်တက်တည်ဘိ ကုန်းမြေရှိသော၊ ရမ္မော- မြင်သူနှလုံး ရွှင်ပြုံး ကြည်သာ မွေ့လျော်ရာဖြစ်သော၊ သျာမရဋ္ဌသုပါကဋော- ရှမ်းပြည်နယ်ဟု ပြည့်ကြွယ်ရတနာ ဂုဏ်ဝါကြီးမား လွန်ထင်ရှားသော၊ ပါစီနပဒေသော- အရှေ့ပိုင်း ခေါ်ကြ ကုန်းမြေ ဒေသသည်၊ အတ္ထိ- အစဉ်အားဖြင့် ထင်ရှားမသွေ တည်ရှိပါပေသတည်း။
၃။ နာနာကုလသမာကိဏ္ဏော၊ ခေတ္တဝတ္ထုပရိက္ခတော။ ဥဇုစိတ္တာနံ ပဒေသော၊ သျာမရဋ္ဌသုပါကဋော။
နာနာကုလသမာကိဏ္ဏော- ရှမ်း ပလောင် ပအိုဝ့် မချို့ များပြား တိုင်းရင်းသားဟု မျိုးခြားစုံစွာ လူမျိုးစုံတို့၏ နေရာ ဖြစ်သော၊ ခေတ္တဝတ္ထုပရိက္ခတော- စိမ်းညိုရံပတ် လယ်ယာမြေ တို့ဖြင့် ခြံရံအပ်သော၊ ဥဇုစိတ္တာနံ- ရိုးသားဖြောင့်မတ် စိတ်ဓာတ်ရှိသူတို့၏၊ ပဒေသော- စင်ဖြူများစွာ နေထိုင်ရာဖြစ်သော၊ သျာမရဋ္ဌသုပါကဋော- ဂုဏ်ဝါမြင့်ကြွယ် ရှမ်းပြည်နယ် ဟုမျိုးနွယ်များပြား လွန်ထင်ရှားသော အရပ်ဒေသသည်၊ အတ္ထိ- အစဉ်အားဖြင့် ထင်ရှားမသွေ တည်ရှိပါပေသတည်း။

[၁၂၃] ၄။ ဥတုဘောဇနသမ္ပန္နော၊ ဝနပုပ္ဖေဟိ သောဘိတော။ သမ္ပန္နော ဆာယုဒကေဟိ၊ ပဒေသော သွာမသညိတော။
ဥတုဘောဇနသမ္ပန္နော- ချမ်းအေးလေမှု ဥတုရာသီ အဆီဩဇာ လွန်စွာပြည့်ဝ အစာအာဟာရတို့နှင့် ပြည့်စုံထသော၊ ဝနပုပ္ဖေဟိ- နုပျိုလန်းဆန်း ရောင်စုံပန်းတို့ဖြင့်၊ သောဘိတော- ရှုချင်စဖွယ် လွန်တင့်တယ်ထသော၊ ဆာယုဒကေဟိ- တောတောင်မှီနေ အရိပ်ရေတို့နှင့်၊ သမ္ပန္နော- လောက်ငကုံလုံ ပြည့်စုံထသော၊ သွာမသညိတော- ရှမ်းပြည်နယ်အမည်ရှိသော၊ ပဒေသော- ကုန်းမြင့်ဒေသ ရပ်ဌာနသည်၊ အတ္ထိ- အစဉ်အားဖြင့် ထင်ရှားမသွေ တည်ရှိပါပေသတည်း။
၅။ ဘူတပုဗ္ဗေ အယံ ဒေသော၊ နဝမောရဋ္ဌသညိတော။ ဣဒ္ဓေါ ဖီတော ဇနာကိဏ္ဏော၊ စော်ဘွားရာဇူဟိ သာသိတော။
ဘူတပုဗ္ဗေ- နှစ်ပေါင်းလွန်ကြာ ရှေးအခါ၌၊ အယံ ဒေသော- ကုန်းမြင့်ဌာန ဤဒေသသည်၊ နဝမောရဋ္ဌသညိတော- ရှမ်းတို့ဌာနီ မောကိုးပြည်ဟု တွင်သည်ခေါ်ဘိ အမည်ရှိသော၊ ဣဒ္ဓေါ- ဘောဂဖုံဖုံ လွန်ပြည့်စုံသော၊ ဖီတော- မှန်ကန် မိုးလေ စားရေ ဝတ်ပေါ သာယာဝပြောသော၊ ဇနာကိဏ္ဏော- တိုင်းရင်းခေါ်တုံ လူမျိုးစုံတို့ မူပုံများစွာ ရောနှော [၁၂၄] နေထိုင်ရာဖြစ်သော၊ စော်ဘွားရာဇူဟိ- ပြည်ငယ်သေဌ်နင်း စော်ဘွားမင်းတို့သည်၊ သာသိတော- ဆုံးမအုပ်ချုပ် မင်းလုပ်အပ်သော၊ ပဒေသော- နယ်ပယ်ကျယ်လှ အရပ်ဌာနကြီး ပါပေတည်း။
၆။ တသ္မိံ ညောင်ရွှေတိ ဝိဿုတံ၊ နဂရံ ပုဋဘေဒနံ။ စော်ဘွားရာဇာ အဇ္ဈာဝသိ၊ မဏ္ဍိတံ ရာဇမန္ဒိရံ။
တသ္မိံ- ပြည့်စုံဖြိုးကြွယ် ထိုရှမ်းပြည်နယ်၌၊ ညောင်ရွှေတိ ဝိဿုတံ- ညောင်ရွှေဟူ၍ ထင်ရှား လူသိများသော၊ ပုဋဘေဒနံ- အထုပ်ကိုဖြည် အရောင်းအဝယ်တို့ဖြင့် စည်ကားသော၊ နဂရံ- မြို့၌၊ စော်ဘွားရာဇာ- စော်ဘွားမင်းသည်၊ မဏ္ဍိတံ- လှပပြုပြင် တန်ဆာဆင်အပ်သော၊ ရာဇမန္ဒိရံ- ဟော်နန်းတော်၌၊ အဇ္ဈာဝသိ- စိုးမိုးအုပ်ချုပ် မင်းလုပ်ကာပေ နေထိုင်လေသတည်း။
၇။ နဂရေ တမှိ တံရညာ၊ ကာရိတော ဓမ္မဇောတကော။ အာရာမော ဘိက္ခုသံဃဿ၊ ကန်ကြီးဣတိ သုပါကဋော။
တမှိ နဂရေ- ထိုညောင်ရွှေမြို့၌၊ တံရညာ- စော်ဘွားမည်တွင် ထိုရှမ်းဘုရင်သည်၊ ကာရိတော- ဆောက်လုပ် [၁၂၅] လှူဒါန်းအပ်သော၊ ကန်ကြီးဣတိ သုပါကဋော- ကန်ကြီးကျောင်းတိုက်ဟူ၍ ထင်ရှားကျော်ကြားသော၊ ဓမ္မဇောတကော- တရားတော်အရောင် ထွန်းပြောင်စေတတ်သော၊ ဘိက္ခုသံဃဿ အာရာမော- ရဟန်းတော်အပေါင်း စံညောင်းပျော်ရာ ကျောင်းဝိဟာရသည်၊ အတ္ထိ- အစဉ်အားဖြင့် ထင်ရှားမသွေ တည်ရှိပါပေသတည်း။
၈။ သီတုဒကဇလာသယံ၊ ဥပါဒါယ ပကိတ္တိတော။ ကန်ကြီးဝှယမဟာရာမော၊ ပုညကမ္မသုနိမ္မိတော။
ပုညကမ္မသုနိမ္မိတော- ကောင်းမှုကုသိုလ် ခုလိုမယွင်း ဖန်ဆင်းအပ်သော၊ ကန်ကြီးဝှယမဟာရာမော- ကန်ကြီးသမုဒ် ကျောင်းတော်တိုက်ကို၊ သီတုဒကဇလာသယံ- ကြည်စိမ့်အေးစွာ ရေကန်သာကို၊ ဥပါဒါယ- စွဲမှီသမှု အကြောင်းပြု၍၊ ပကိတ္တိတော- ကန်ကြီးကျောင်းတိုက် ဂုဏ်နှင့်လိုက်အောင် သမုဒ်တွင်စေ ခေါ်ဆိုအပ်ပါပေသတည်း။
၉။ စော်ဘွားရာဇာ မဟာထေရံ၊ နိမန္တေတွာန သာဒရံ။ ဝသာပေသိ ကန်ကြီးဝှယေ၊ ကာတုံ သဒ္ဓမ္မဇောတနံ။
စော်ဘွားရာဇာ- 'စောရွှေသိုက်'တွင် စော်ဘွားဘုရင်သည်၊ မဟာထေရံ- ကန်ကြီးမည်တွင် ထေရ်အရှင်ကို၊ သာဒရံ- ရိုသေအားထား လေးစားခြင်းရှိသည်ဖြစ်၍၊ နိမန္တေတွာန- ပင့်ဆောင်၍၊ [၁၂၆] သဒ္ဓမ္မဇောတနံ- သူတော်တရား ထွန်းကား ပြန့်ပွားခြင်းကို၊ ကာတုံ- ပြုခြင်းငှာ၊ ကန်ကြီးဝှယေ- ကန်ကြီးမည်သာ ကျောင်းတိုက်တာ၌၊ ဝသာပေသိ- မျှတ ရွှင်ပြုံး သီတင်းသုံး နေထိုင်စေခဲ့လေသတည်း။
၁၀။ ဈာနဂေါပ သံဝစ္ဆရေ၊ မာသေ ဖုဿာတိ လက္ခိတေ။ မောက္ခဒိနေ မရမ္မဿ၊ ထေရော ဓမ္မမဇောတယိ။
ထေရော- ကန်ကြီးမည်တွင် ထေရ်အရှင်သည်၊ ဈာနဂေါပ သံဝစ္ဆရေ- မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်၌၊ မာသေ ဖုဿာတိ လက္ခိတေ- ဖုဿမည်ရ ပြာသိုလ၌၊ မရမ္မဿ- ပြည်ထောင်စုခေါ် မြန်မာနိုင်ငံတော်၏၊ မောက္ခဒိနေ- 'လွတ်လပ်ရေးနေ့'၌၊ ဓမ္မံ- ဗုဒ္ဓဟောကြား မြတ်တရားကို၊ အဇောတယိ- ကန်ကြီးမည်သာ ကျောင်းဝိဟာ၌ ဦးစွာမသွေ ထွန်းလင်းစေတော်မူခဲ့ပါပေသတည်း။
၁၁။ ဘိက္ခူနံ ဒေသဝါသီနံ၊ သျာမကုလဝိဇာယိနံ။ ဓမ္မံ ဝါစေသိ သတ္ထုနော၊ ဓမ္မညူ ဓမ္မဇောတကော။
ဓမ္မညူ- တရားသိမြင် ပညာရှင်ဖြစ်တော်မူသော၊ ဓမ္မဇောတကော- တရားအရောင် ထွန်းပြောင်စေငြား ကန်ကြီးဆရာတော်ဘုရားသည်၊ ဒေသဝါသီနံ- ရှမ်းပြည်၌ နေထိုင်ကြကုန်သော၊ သျာမကုလဝိဇာယိနံ- ရှမ်းမျိုးနွယ်ဖွား [၁၂၇] ဖြစ်ကြကုန်သော၊ ဘိက္ခူနံ- ဘုရားသားကျော် ရဟန်းတော်တို့အား၊ သတ္ထုနော- နတ်လူတို့၏ ဆရာ ဘုရားမြတ်စွာ၏၊ ဓမ္မံ- ပိဋကတ်ဓမ္မခန် တရားမှန်ကို၊ ဝါစေသိ- ကောင်းစွာ မသွေ ပို့ချတော်မူခဲ့ပါပေသတည်း။
၁၂။ အာရာမော ယတ္ထ ထေရေန၊ သဒ္ဓမ္မဇောတနံ ကတံ။ အာသိ ဝဿံ ပညာသံ၊ ပညာသတ္ထနိတ္တေဇကော။
ယတ္ထ- ကန်ကြီးသမုဒ် အကြင်ကျောင်းတိုက်၌၊ ထေရေန- နီးဝေးပေါ်လွင် ကန်ကြီးထေရ်အရှင်သည်၊ သဒ္ဓမ္မဇောတနံ- သူတော်တရား ထွန်းကားခြင်းကို၊ ကတံ- လုံ့လ ဇွဲသန် စိတ်အားမာန်ဖြင့် အဖန်ဖန်ကြိုးကုတ် အားထုတ်တော်မူအပ်လေပြီ၊ ပညာသတ္ထနိတ္တေဇကော- ပညာလက်နက် ဓားသန်လျက်ကို ထက်အောင် သွေးရာဖြစ်ပေသော၊ သော အာရာမော- ကန်ကြီးသမုဒ် ထိုကျောင်းတော်တိုက်သည်၊ ဝဿ- ကန်ကြီးထေရ်ကျော် ရွှင်ပျော်အားသစ် သီတင်းသုံးတော်မူခဲ့ရာ နှစ်အားဖြင့်၊ ပညာသံ အာသိ- ရာစုတွက်စစ် ၅ဝ နှစ်ဟု စင်စစ်မသွေ ဖြစ်ခဲ့လေပြီတကား။
၁၃။ သမယောယံ ပညာသာယ၊ ပညာသတ္ထသုဓာရိနော။ အာရာမဿ သတံ ဓမ္မဇောတိနော ဟိတကာရိနော။
အယံ- စုပေါင်းမင်္ဂလာ ယနေ့အခါသည်၊ ပညာသတ္ထသုဓာရိနော- ပညာလက်နက် စွမ်းထက်လွန်အောင် ကိုင် [၁၂၈] ဆောင်တော်မူငြား ကန်ကြီးဆရာတော်ဘုရား၏၊ သတံ ဓမ္မဇောတိနော- သူတော်ကောင်းတရား ရှင်လူများတို့ သိငြားလေအောင် ထွန်းပြောင်စေရာ ဖြစ်ပေသော၊ ဟိတကာရိနော- ရှင်လူအများ ကျိုးစီးပွားကို ပိုင်းခြားသေချာ ပြုလုပ်ရာဖြစ်သော၊ အာရာမဿ- ကန်ကြီးမည်ခေါ် ကျောင်းတိုက်တော်၏၊ ပညာသာယ သမယော- နှစ် ၅ဝ ကြာ ပြည့်ရာကာလ အခါသမယပါပေတည်း။
၁၄။ ဝိဟာရာဓိပတိ ထေရော၊ ကန်ကြီးဝံသသုမာပကော။ သိက္ခာကာမော သိက္ခာပကော၊ သိဿဟိတံကရော။
ကန်ကြီးဝံသသုမာပကော- ကန်ကြီးအနွယ် ဂုဏ်ကြွယ် ရှေ့ဆောင် တည်ထောင်တော်မူသော၊ ဝိဟာရာဓိပတိ ထေရော- ကန်ကြီးကျောင်းတိုက် သမုဒ်ထင်ပေါ် ဦးဆောင် အဓိပတိ ဆရာတော်သည်၊ သိက္ခာကာမော- ကိုယ်ကျင့်သိက္ခာ လွန်စွာ အားကိုး မြတ်နိုးတော်မူတတ်ပါပေ၏၊ သိဿ- ခိုဝင်ခညောင်း တပည့်အပေါင်းတို့ကို၊ သိက္ခာပကော- ကိုယ်ကျင့်တရား လေးစားတတ်အောင် ရှေ့ဆောင်လေငြား သင်ကြားပေးတော်မူတတ်ပါပေ၏၊ သိဿဟိတံကရော- တပည့်များအကျိုး ပွားတိုးလေအောင် ရွက်ဆောင်တော်မူတတ်ပါပေ၏။

[၁၂၉] ၁၅။ သံဃပိတာ မဟာထေရော၊ ပိဋကေသု ဝိသာရဒေါ။ ဝသန္တာ တံ သုနိဿာယ၊ ဝုဒ္ဓိပတ္တာဝ သာသနေ။
မဟာထေရော- ကန်ကြီးတွင်ငြား ကျေးဇူးရှင် ဆရာတော်ဘုရားသည်၊ သံဃပိတာ- ကန်ကြီးသံဃာ ပေါင်းများစွာ၏ အားထားရာအစစ် ဖခင်သဖွယ် ဖြစ်တော်မူပါပေ၏၊ ပိဋကေသု- ဘုရားဟောဖော် ပိဋကတ်တော်တို့၌၊ ဝိသာရဒေါ- ကျွမ်းကျင်လိမ္မာ ရဲရင့်တော်မူပါပေ၏၊ တံ ထေရံ- ဆိုပြီးဂုဏ်အင် ထိုထေရ်အရှင်ကို၊ သုနိဿာယ- ဆုံးမ ကြည်ညို မှီခိုရသည်ဖြစ်၍၊ ဝသန္တာ- ထေရ်ရှင်ထံပါး ခစားကြသူ များရှင်လူတို့သည်၊ သာသနေ- ဗုဒ္ဓမြတ်စွာ သာသနာတော်၌၊ ဝုဒ္ဓိပတ္တာဝ- ကိုယ်ကျင့်သီလ ဉာဏစွမ်းအား ကြီးပွားကြရကုန်သည်သာတည်း။
၁၆။ ကန်ကြီးထေရံ မဟာပုညံ၊ သီလဘူသနဘူသိတံ။ ပညဝန္တံ ဗဟုဿုတံ၊ ဝန္ဒာမ ဂဏနာယကံ။
မဟာပုညံ- ဘုန်းကံစွမ်းအား ကြီးမားတော်မူသော၊ သီလဘူသနဘူသိတံ- ကျင့်ဝတ်သီလ ထာဝရဖြူစင် တန်ဆာဆင်အပ်သော၊ ပညဝန္တံ- ကျမ်းဂန်တတ်သိ သမာဓိစွမ်းအင် ထက်မြက်သည့် ပညာရှင် ဖြစ်တော်မူသော၊ ဗဟုဿုတံ- လောကဓမ္မ နှစ်ဌာနစုံ စွမ်းဟုန်ကြီးဘိ များသော ဗဟုဿုတ ရှိတော်မူသော၊ ဂဏနာယကံ- ရွှေကျင်ဂဏ နိကာယ ဦးစီး [၁၃၀] ဥက္ကဋ္ဌဆရာတော်ဘုရားကြီးဖြစ်တော်မူသော၊ ကန်ကြီးထေရံ- ကန်ကြီးတွင်ငြား ကျေးဇူးရှင်ဆရာတော်ဘုရားကို၊ ဝန္ဒာမ- လက်အုပ်ကျော့ဆန်း ဂုဏ်ရည်မှန်းလျက် ကန်တော့ပန်းဆက်ကြပါကုန်စို့တကား။
၁၇။ အတ္ထုပ္ပတ္တိ ပဝေဒေမိ၊ ဂဏုက္ကဋ္ဌဝိဘာဝိနော။ ပညာသာယံ အာရာမဿ၊ သမယေ ဓမ္မဓာရိနော။
အာရာမဿ- ကန်ကြီးမည်ခေါ် ကျောင်းတိုက်တော်၏၊ ပညာသာယ- ၅ဝ သက်တမ်း ပြည်လွှမ်းခြုံလစ် ရွှေရတုနှစ် ဖြစ်သော၊ သမယေ- ဂုဏ်ပေါင်းစုံခ အခါသမယ၌၊ ဓမ္မဓာရိနော- သူတော်တရား လက်ကိုင်ထားတော်မူသော၊ ဂဏုက္ကဋ္ဌဝိဘာဝိနော- ပညာရှိထိပ်သီး ဂိုဏ်းဥက္ကဋ္ဌ ဆရာတော်ဘုရားကြီး၏၊ အတ္ထုပ္ပတ္တိ- ဘဝကြောင်းဇာတ် အတ္ထုပ္ပတ်ကို၊ ပဝေဒေမိ- အကျဉ်းအားဖြင့် စဉ်းစားမှန်ရာ လျှောက်ကြားပါအံ့။
၁၈။ ဟံသာဝတိမဏ္ဍလဿ၊ သာယာဝတီသုသညိတေ။ နာဂရေ သုံးဆယ် နဂရံ၊ ခေတ္တဝတ္ထုဟိ သောဘိတံ။
ဟံသာဝတိမဏ္ဍလဿ- ဟံသာဝတီ ဂုဏ်ရည်သစ်လှိုင်း ပဲခူးတိုင်း၏၊ သာယာဝတီသုသညိတေ- သာယာဝတီ အမည်ရှိသော၊ နာဂရေ- မြို့ပေါင်းစုံပိုင် ထိုခရိုင်၌၊ ခေတ္တဝတ္ထုဟိ- စိမ်းလန်းစိုပြေ လယ်ယာမြေတို့ဖြင့်၊ သောဘိတံ- ရှုချင်စဖွယ် [၁၃၁] လွန်တင့်တယ်သော၊ သုံးဆယ် နဂရံ- သုံးဆယ်မြို့သည်၊ အတ္ထိ- အစဉ်အားဖြင့် ထင်ရှားမသွေ တည်ရှိပါပေသတည်း။
၁၉။ တံပစ္ဆိမံ နဒျေကာ၊ လှိုင် ဣတိ ပကိတ္တိတာ။ တဒါသန္နိ ဧကော ဂါမော၊ မာလကာကုန်းသုသညိတော။
တံပစ္ဆိမံ- ထိုသုံးဆယ်မြို့၏ အနောက်အရပ်၌၊ လှိုင်ဣတိ ပကိတ္တိတာ- အမည်စွဲမှတ် "လှိုင်" ဟူ၍ ခေါ်ဆိုအပ်သော၊ ဧကာ နဒီ- မြစ်တစ်မြစ်သည်၊ အတ္ထိ- ရှိပါပေ၏၊ တဒါသန္နိ- ထိုလှိုင်မြစ်၏အနီး၌၊ မာလကာကုန်း သုသညိတော- လူတို့ခေါ်ဘိ "မာလကာကုန်း" အမည်ရှိသော၊ ဧကော ဂါမော- ရွာတစ်ရွာသည်၊ အတ္ထိ- အစဉ်အားဖြင့် ထင်ရှားမသွေ တည်ရှိပါပေသတည်း။
၂၀။ တံဂါမော ဂဏဝရဿ၊ ဇာတိဘူမိ ဝိဘာဝိနော။ တမှိ ဓီရော ကုလေ ဇာတော၊ ပုညလက္ခဏဘူသိတော။
တံဂါမော- 'မာလကာကုန်း'မည်သာ ထိုကျေးရွာသည်၊ ဂဏဝရဿ- ရွှေကျင်ဟူဘိ ဂိုဏ်းမြတ်ရှိသော၊ ဝိဘာဝိနော- ပညာရှိထိပ်တင် အရှင်ဆရာတော်ဘုရားကြီး၏၊ ဇာတိဘူမိ- ဖွားတော်မူရာ အရပ်ဌာနပါပေတည်း၊ တမှိ- ထိုမာလကာ [၁၃၂] ကုန်းရွာ၌၊ ဓီရော- ပညာရှိထိပ်သီး ဆရာတော်ဘုရားကြီးသည်၊ ကုလေ- သဒ္ဓါပြည့်ဖြိုး ဗုဒ္ဓဘာသာမျိုးရိုး၌၊ ပုညလက္ခဏဘူသိတော- ဘုန်းလက္ခဏာစုံလင် တန်ဆာဆင်အပ်သည်ဖြစ်၍၊ ဇာတော- ဂုဏ်ဝါထွန်းပေါ် ဖွားမြင်တော်မူခဲ့ပါပေသတည်း။
၂၁။ ဂန္ထရူပသံဝစ္ဆရေ၊ မာသေ အာသာဠှိစန္ဒိကေ။ ဒသမေ ဗုဒ္ဓဝါရေ သော၊ ဇာတော ကုလပမောဒကော။
သော- ကန်ကြီးထေရ်လောင်း ထိုသူတော်ကောင်းကလေးသည်၊ ဂန္ထရူပသံဝစ္ဆရေ- မြန်မာတွက်စစ် ၁၂၇၃ ခုနှစ်၌၊ အာသာဠှိစန္ဒိကေ မာသေ- စိမ်းရောင်တင့်ဆန်း ဝါဆိုလဆန်း၌၊ ဒသမေ- မင်္ဂလာကြုံတွေ့ ၁ဝ ရက်နေ့၌၊ ဗုဒ္ဓဝါရေ- ဗုဒ္ဓဟူးနေ့၌၊ ကုလပမောဒကော- ဆွေမျိုးအပေါင်း နှစ်ထောင်းအားတက် ရွှင်လန်းဝမ်းမြောက်စေလျက်၊ ဇာတော- ကောင်းစွာမသွေ ဖွားမြင်တော်မူခဲ့လေပြီ။
၂၂။ တံဂါမေ ဝသတံ ဂုရုဝရာနမုပသန္တိကေ။ သုဓီရော မဟုဿာဟေန၊ အက္ခရသမယံ ဂဏှိ။
သုဓီရော- ကန်ကြီးထေရ်လောင်း သူတော်ကောင်းဘိ ထိုပညာရှိကလေးသည်၊ တံဂါမေ- ထိုရွာ၌၊ ဝသတံ- မျှတရွှင်ပြုံး သီတင်းသုံးတော်မူကြကုန်သော၊ ဂုရုဝရာနံ- ဆရာ [၁၃၃] မြတ်တို့၏၊ ဥပသန္တိကေ- ခယဝပ်စင်း ထံတော်ရင်း၌၊ အက္ခရသမယံ- အရေးအဖတ် အက္ခရာအတတ်ကို၊ မဟုဿာဟေန- လုံ့လကြီးစွာ အားထုတ်ကာဖြင့်၊ ဥဂ္ဂဏှိ- သင်ယူခဲ့လေပြီ။
၂၃။ ပေသိတော ဂုရုဝရေဟိ၊ ဝိဘာဝီနမုပန္တိကံ။ ဓမ္မမုဂ္ဂဏှိတုံ တေဟိ၊ သုဓီရော ဂါမနိဂ္ဂတော။
သုဓီရော- ကန်ကြီးထေရ်လောင်း သူတော်ကောင်းဘိ ထိုပညာရှိကလေးသည်၊ ဝိဘာဝီနံ- ကျမ်းဂန်တတ်သိ ပညာရှိတို့၏၊ ဥပန္တိကံ- အထံတော်သို့၊ တေဟိ- ထိုဆရာမြတ်တို့မှ၊ ဓမ္မံ- သင်ယူအပ်ဘိ ပရိယတ္တိဓမ္မကို၊ ဥဂ္ဂဏှိတုံ- သင်ယူစိမ့်သောငှာ၊ ဂုရုဝရေဟိ- ကျေးဇူးရှင် ဆရာမြတ်တို့သည်၊ ပေသိတော- စေလွှတ်အပ်သည်ဖြစ်၍၊ ဂါမနိဂ္ဂတော- ဇာတိရွာမြေ ထွက်ခွာခဲ့လေသတည်း။
၂၄။ နဂရေ ထူပသောဘိတေ၊ ရန်ကုန် ဣတိ သုသမ္မတေ။ ဓမ္မဒီပိကအာရာမော၊ ကျောင်းတော်ရာ ဣတိဝိဿုတော။
ထူပသောဘိတေ- စေတီပုထိုး အမျိုးမျိုးတို့ဖြင့် တင့်တယ်သော၊ ရန်ကုန်ဣတိ သုသမ္မတေ- အလောင်းမင်းတရား ပိုင်းခြားရွှေနှုတ် 'ရန်ကုန်'ဟူ၍ သမုတ်အပ်သော၊ နဂရေ- [၁၃၄] မြို့တော်ကြီး၌၊ ကျောင်းတော်ရာဣတိဝိဿုတော- "ကျောင်းတော်ရာ"ဟူ၍ ထင်ရှားသော၊ ဓမ္မဒီပိကအာရာမော- "ဓမ္မဒီပိက" မည်ရအကျော် ကျောင်းတိုက်တော်ကြီးသည်၊ အတ္ထိ- အစဉ်အားဖြင့် ထင်ရှားမသွေ တည်ရှိပါပေသတည်း။
၂၅။ ကံသာဝှယပရိဝေဏေ၊ ဓမ္မဒီပိကအာရာမေ။ ဝသတော ဓမ္မဝီရဿ၊ ဓီရော ပဗ္ဗဇ္ဇမလဘိ။
ဓီရော- ကန်ကြီးထေရ်လောင်း သူတော်ကောင်းဘိ ပညာရှိကလေးသည်၊ ဓမ္မဒီပိကအာရာမေ- ဓမ္မဒီပိကာရာမ မည်ရကျော်ဟီး ကျောင်းတော်ကြီး၌၊ ကံသာဝှယပရိဝေဏေ- ကံသာကျောင်း၌၊ ဝသတော- မျှတရွှင်ပြုံး သီတင်းသုံးတော်မူသော၊ ဓမ္မဝီရဿ- ဓမ္မအရာ လွန်စွာကဲတင့် ရဲရင့်လေငြား ဆရာတော်ဘုရား၏၊ သန္တိကေ- အထံတော်၌၊ ပဗ္ဗဇ္ဇံ- ရှင်အဖြစ်ကို၊ အလဘိ- ကောင်းစွာမသွေ ရရှိတော်မူခဲ့လေပြီ။
၂၆။ ထေရဝရံ တေဇောဝရံ၊ ကတွာန ဥပဇ္ဈံ ဝရံ။ ပဗ္ဗဇ္ဇံ အလဘိ ဧသော၊ နာမေန ဝိမလော သုတော။
ဧသော- ကန်ကြီးထေရ်လောင်း ဤသူတော်ကောင်းကလေးသည်၊ ထေရဝရတေဇောဝရံ- မထေရ်မြတ်မော် 'အရှင်တေဇော' အမည်ရှိ ဆရာတော်ကို၊ ဥပဇ္ဈံ ဝရံ- ဆုံးမပဲ့ပြင် သွန်သင်ပေတတ် ဥပဇ္ဈာယ်ဆရာမြတ်ကို၊ ကတွာန- ပြု၍၊ ပဗ္ဗဇ္ဇံ- ရှင်အဖြစ်ကို၊ အလဘိ- ကောင်းစွာမသွေ ရရှိခဲ့လေပြီ။

[၁၃၅] ရရှိတော်မူခဲ့လေပြီ၊ နာမေန- ဥပဇ္ဈာယ်ဆရာတော် မှည့်ခေါ်လေငြား ဘွဲ့အမည်အားဖြင့်၊ ဝိမလော သုတော- “ရှင်ဝိမလ” ဟူ မှတ်ယူထင်ပေါ် ကျော်ကြားတော်မူပါပေသတည်း။
ဇာတိယာ သော ပန္နရသ-ဝဿိကော ဝိမလော ဂဏှိ။
ဓမ္မဝရံ ဝိဘာဝီဟိ၊ ဂန္ထန္တရမ္ပိ ဥဂ္ဂဏှိ။
သော ဝိမလော-‘ရှင်ဝိမလ’ ခေါ်ကြမည်တွင် ထိုသာမဏေအရှင်သည်၊ ဇာတိယာ- သက်တော်အားဖြင့်၊ ပန္နရသ ဝဿိကော- ၁၅ နှစ်ရှိသည်ဖြစ်၍၊ ဝိဘာဝီဟိ- ပညာရှိခေါ် ပုဂ္ဂိုလ်ကျော်တို့အထံမှ၊ ဓမ္မဝရံ- ဗုဒ္ဓဟောကြား မြတ်တရားကို၊ ဂဏှိ- သင်ယူခဲ့လေပြီ၊ ဂန္ထန္တရမ္ပိ- ပိဋကတ်အခြေခံကျမ်းအတန်တန်ကိုလည်း၊ ဥဂ္ဂဏှိ- ကောင်းစွာမသွေ သင်ယူခဲ့လေသတည်း။
၂၈။ သုံးဆယ်နဂရသမီပမှိ၊ နဂရံ ဥက္ကံ သုဝိဿုတံ။
ဂန္တွာ တတ္ထ အာဝသိ၊ ဥဂ္ဂဏှိ ပိဋကတ္တယံ။
သော-‘ရှင်ဝိမလ’ မည်တွင် ထိုသာမဏေအရှင်သည်၊ သုံးဆယ် နဂရသမီပမှိ- သုံးဆယ်မြို့အနီး၌၊ သုဝိဿုတံ- အလွန်ထင်ရှားသော၊ ဥက္ကံနဂရံ- ဥက္ကံမြို့သို့၊ ဂန္တွာ- သွားရောက်၍၊ တတ္ထ- ထိုဥက္ကံမြို့၌၊ ပိဋကတ္တယံ- သုံးပုံသတ်မှတ် ပိဋကတ်ဒေသနာ ကျမ်းရွှေစာကို၊ ဥဂ္ဂဏှိ- သင်ယူလျက်၊ အာဝသိ- နေထိုင်ခဲ့လေပြီ။

[၁၃၆] ၂၉။ ရောဓဓိပ္ပသံဝစ္ဆရေ၊ ဝေသာခေ ကဏှပက္ခိကေ။
ဒသမေ သောပသမ္ပဒံ၊ အလဘိ ဗုဒ္ဓိကေ ဝရံ။
သော-‘ရှင်ဝိမလ’ မည်တွင် ထိုသာမဏေအရှင်သည်၊ ရောဓဓိပ္ပသံဝစ္ဆရေ- မြန်မာသက္ကရာဇ် ၁၂၉၂ ခုနှစ်၌၊ ဝေသာခေ ကဏှပက္ခိကေ- ကဆုန်လဆုတ်ဖြစ်သော၊ ဒသမေ- မင်္ဂလာကြုံတွေ့ ၁၀-ရက်နေ့၌၊ ဗုဒ္ဓိကေ- ဘုရားကြီးကျောင်းတိုက်၌၊ ဥပသမ္ပဒံ ဝရံ- မြတ်သော ရဟန်းအဖြစ်ကို၊ အလဘိ- ကောင်းစွာမသွေ ရရှိခဲ့လေသတည်း။
၃၀။ ကတွာနုပဇ္ဈာယံ ထေရံ၊ “ရေတွင်းကုန်း” ဣတိ ဝိဿုတံ။
ဥပသမ္ပဒမာဂမ္မ၊ ဓမ္မမုဂ္ဂဏှိ ဉာဏိကော။
ဉာဏိကော- ထက်မြက်ဉာဏ်မြင် သာမဏေအရှင်သည်၊ ရေတွင်းကုန်းဣတိ ဝိဿုတံ- ‘ရေတွင်းကုန်း’ မည်ကျော်ဆရာတော်ကို၊ ဥပဇ္ဈာယံ ထေရံ- ဥပဇ္ဈာယ်ထေရ်ကို၊ ကတွာန- ပြု၍၊ ဥပသမ္ပဒံ- ရဟန်းအဖြစ်သို့၊ အာဂမ္မ- ရောက်ရှိပြီး၍၊ ဓမ္မံ- ပရိယတ်ဒေသနာ ကျမ်းရွှေစာကို၊ ဥဂ္ဂဏှိ- ကောင်းစွာမသွေ သင်ယူခဲ့ပါပေသတည်း။
၃၁။ မန္တလေးနဂရံ ဂန္တွာ၊ ပညာသတ္ထနိတေဇိတုံ။
အာဝသိ ဝိသုဒ္ဓါရာမေ၊ သုဓီရော သုတကာမကော။
သုတကာမကော- သုတအများ လွန်လိုလားသော၊ သုဓီရော- ပညာရည်သွေး ရဟန်းတော်ကလေးသည်၊ ပညာ [၁၃၇] သတ္ထနိတေဇိတုံ- ပညာလက်နက် ထက်မြက်စေရန်အလို့ငှာ၊ မန္တလေးနဂရံ- ပညာစုံလင် သိမြင်အားပေး မြို့မန္တလေးသို့၊ ဂန္တွာ- သွားရောက်၍၊ ဝိသုဒ္ဓါရာမေ- အရှေ့အင်းခန်း စွဲလန်းခေါ်ကြ မဟာဝိသုဒ္ဓါရာမတိုက်၌၊ အာဝသိ- ကောင်းစွာမသွေ နေထိုင်ခဲ့လေပြီ။
၃၂။ မေဓဓိပ္ပသံဝစ္ဆရေ၊ ပုနောပသမ္ပဒံ လဘိ။
စံကင်းထေရုပဇ္ဈာယေန၊ သုဓီရော မလဟာရကော။
မလဟာရကော- အကုသိုလ်အညစ် ဖယ်ရှားပစ်တတ်သော၊ သုဓီရော- ဉာဏ်စွမ်းထင်ပေါ် ရဟန်းတော်ကလေးသည်၊ မေဓဓိပ္ပသံဝစ္ဆရေ- မြန်မာတွက်စစ် ၁၂၉၅ ခုနှစ်၌၊ စံကင်းထေရုပဇ္ဈာယေန- စံကင်းထေရ်မော် ဥပဇ္ဈာယ်ဆရာတော်ဖြင့်၊ ပုနောပသမ္ပဒံ- ထပ်မံထွန်းသစ် ရဟန်းအဖြစ်ကို၊ လဘိ- ကောင်းစွာမသွေ ရရှိခဲ့ပါပေသတည်း။
၃၃။ မန္တလေးနဂရဝါသီနံ၊ သတ္ထဆေကဝိဘာဝိနံ။
သန္တိကာ ဂန္ထမုဂ္ဂဏှံ၊ အာသိ ဂန္ထေ ပဋုတရော။
သုဓီရော- ဉာဏ်စွမ်းထင်ပေါ် ရဟန်းတော်ကလေးသည်၊ မန္တလေးနဂရဝါသီနံ- မန္တလေးမြို့ မချို့ရွှင်ပြုံး သီတင်းသုံးတော်မူကြကုန်သော၊ သတ္ထဆေကဝိဘာဝိနံ- ကျမ်းတတ်လိမ္မာ ထေရ်ဆရာတို့၏၊ သန္တိကာ- အထံတော်မှ၊ ဂန္ထံ- [၁၃၈] တတ်ထိုက်ရာရာ ကျမ်းရွှေစာကို၊ ဥဂ္ဂဏှံ- အပတ်တကုတ် စွမ်းအားထုတ်ကာ ပြုလုပ်သင်ယူသည်ရှိသော်၊ ဂန္ထေ ပဋုတရော- ကျမ်းတတ်ထင်ပေါ် ပုဂ္ဂိုလ်ကျော်သည်၊ အာသိ- ကောင်းစွာမသွေ ဖြစ်ခဲ့လေသတည်း။
၃၄။ သုခီ သုဓီနံ သန္တိကာ၊ ဥဂ္ဂဏှိ ဓမ္မမုတ္တမံ။
ဗဟုံ လဟုံ ဥဂ္ဂဏှာတိ၊ ဂဟိတံပိ န မုဿတိ။
သုဓီ- ဉာဏ်ရည်ထက်လှ ရဟန်းတော်ကလေး “ရှင်ဝိမလ” သည်၊ သုခီနံ- ကျမ်းဂန်တတ်သိ ပညာရှိပုဂ္ဂိုလ်ကျော်တို့၏၊ သန္တိကာ- အထံမှ၊ ဓမ္မမုတ္တမံ- သင်ယူထိုက်စွ မြတ်ဓမ္မကို၊ ဥဂ္ဂဏှံ- သင်ယူသည်ရှိသော်၊ ဗဟုံ- များစွာ၊ ဥဂ္ဂဏှာတိ- သင်ယူ၏၊ လဟုံ- လျင်မြန်စွာ၊ ဥဂ္ဂဏှာတိ- သင်ယူ၏၊ ဂဟိတံပိ- သင်ပြီးသမျှကိုလည်း၊ န မုဿတိ- မမေ့ပါပေ။
၃၅။ ဒဠှိပ္ပသံဝစ္ဆရေ၊ သာသနဟိတဥဿဝေ။
ဥစ္စိနိ ဗျာကာတုံ ဆေကေ၊ တမှိ ဓီရော ဇယံ လဘိ။
ဒဠှိပ္ပသံဝစ္ဆရေ- မြန်မာတွက်စစ် ၁၂၉၈ ခုနှစ်၌၊ သာသနဟိတဥဿဝေ- “ပရိယတ္တိသာသနဟိတအသင်း” စာမေးပွဲ၌၊ ဗျာကာတုံ ဆေကေ- ပြဿနာအဆန်း ဖြေစွမ်းနိုင်သည့် ပညာရှိတို့ကို၊ ဥစ္စိနိ- ရွေးချယ်ခဲ့ပြီ၊ တမှိ- ထိုသို့ ဆင်ယင် စာပွဲသဘင်၌၊ ဓီရော- ဉာဏ်ရည်ထက်လှ ရဟန်း [၁၃၉] တော်ကလေး ‘အရှင်ဝိမလ’သည်၊ ဇယံ- အောင်ပွဲကို၊ လဘိ- ကောင်းစွာမသွေ ရရှိခဲ့ပါပေသတည်း။
၃၆။ နဝဝဿိကကာလမှိ၊ လဒ္ဓေါ တေနာဘိဝံသိကော။
ဒုဗ္ဗောဓပဉှံ ဗျာကစ္စ၊ ဇယတဂ္ဂေါ ဓီရော ဘဝိ။
တေန- ထိုရဟန်းတော်ကလေး ‘အရှင်ဝိမလ’သည်၊ နဝဝဿိကကာလမှိ- ရဟန်းသိက္ခာ ၉ ဝါရသောအခါ၌၊ အဘိဝံသိကော- “ဝိမလာဘိဝံသ၊ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်ကို၊ လဒ္ဓေါ- ရအပ်လေပြီ၊ ဒုဗ္ဗောဓပဉှံ- သိရန် ခက်စွာ မေးပုစ္ဆာကို၊ ဗျာကစ္စ- ဖြေဆို၍၊ ဓီရော- ဉာဏ်ရည်ထက်လှ ရဟန်းတော်ကလေး ‘အရှင်ဝိမလ’သည်၊ ဇယတဂ္ဂေါ- အောင်သူထိပ်တန်း တစ်ဂဏန်းသည်၊ ဘဝိ- ဖြစ်ခဲ့လေပြီ။
၃၇။ ဓမ္မာစရိယုစ္စိနိယေ၊ ဒုတိယေ ဓမ္မမုဿဝေ။
ဓီရော ဂန္ထေသု ပုစ္ဆိတံ၊ ဗျာကရံ ဇယမလဘိ။
ဓီရော- ဉာဏ်ရည်ထက်လှ ရဟန်းတော်ကလေး ‘အရှင်ဝိမလ’သည်၊ ဓမ္မာစရိယုစ္စိနိယေ- ဓမ္မာစရိယတို့ကို ရွေးချယ်သော၊ ဒုတိယေ ဓမ္မမုဿဝေ- ဒုတိယအကြိမ် ဆင်ယင် စာမေးပွဲသဘင်၌၊ ဂန္ထေသု- ၉ ကျမ်းတို့၌၊ ပုစ္ဆိတံ- မေးခွန်းကို၊ ဗျာကရံ- ဖြေဆိုလျက်၊ ဇယံ- အောင်မြင်ခြင်းကို၊ အလဘိ- ကောင်းစွာမသွေ ရရှိခဲ့လေသတည်း။

[၁၄၀] ၃၈။ ဒိနဂေါပသံဝစ္ဆရေ၊ ကတေ ဇယီန ပူဇိတေ။
သန္တာဂါရေ ရာဇဒတ္တံ၊ ဓီရော ဂဏှိ သုလကံ။
ဓီရော- ဉာဏ်ရည်ထက်လှ ရဟန်းတော်ကလေး “အရှင်ဝိမလ” သည်၊ ဒိနဂေါပသံဝစ္ဆရေ- မြန်မာတွက်စစ် ၁၃၀၈ ခုနှစ်၌၊ သန္တာဂါရေ- ရန်ကုန်မြို့တော်ခန်းမ၌၊ ကတေ- ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော၊ ဇယီန ပူဇိတေ- စာအောင်ဆုနှင်းသဘင်၌၊ ရာဇဒတ္တံ- ‘ဗိုလ်ချုပ်အောင်ဆန်း’ လှူဒါန်းဆပ်ကပ်အပ်သော၊ သုလကံ- “သာသနဓဇ သိရီပဝရ ဓမ္မာစရိယ” ဘွဲ့တံဆိပ်တော်ကို၊ ဂဏှိ- လက်ခံရယူခဲ့လေပြီ။
၃၉။ နိဿာယ ဓီရော သကိယံ၊ ပဘာဝံ ဣဒ္ဓိပါဒကံ။
ပိဋကေ ပဋုတံ ပတွာ၊ ဗဟူနံ ဟိတမာဝဟိ။
ဓီရော- ဉာဏ်ရည်ထက်လှ ရဟန်းတော်ကလေး “အရှင်ဝိမလ” သည်၊ ဣဒ္ဓိပါဒကံ- လိုအင်ဆန္ဒ ပြည့်ဝစေနိုင်သော၊ သကိယံ ပဘာဝံ- ကိုယ်ပိုင်အစွမ်းသတ္တိကို၊ နိဿာယ- အမှီပြု၍၊ ပိဋကေ- သုံးပုံသတ်မှတ် ပိဋကတ်၌၊ ပဋုတံ- တတ်မြောက်လိမ္မာသည်၏ အဖြစ်သို့၊ ပတွာ- ရောက်၍၊ ဗဟူနံ- ရဟန်းရှင်လူ များပြည်သူတို့၏၊ ဟိတံ- အကျိုးစီးပွားကို၊ အာဝဟိ- ရွက်ဆောင်တော်မူခဲ့ပြီ။

[၁၄၁] ၄၀။ ဂုရုဝရာနမေဝံ၊ နိဿာယ သုဒ္ဓသီလတံ။
သုဝိနယေ ပတိဋ္ဌာယ၊ ဓီရော သဒ္ဓမ္မံ ဇောတယိ။
ဓီရော- ဉာဏ်ရည်ထက်လှ ရဟန်းတော်ကလေး “အရှင်ဝိမလ” သည်၊ ဂုရုဝရာနံ- ကျေးဇူးကြီးလတ် ဆရာမြတ်တို့၏၊ အာနုဘာဝံ- ဆုံးမမြွက်ဖော် အစွမ်းအာနုဘော်ကို၊ နိဿာယ- အမှီပြု၍၊ သုဒ္ဓသီလတံ- စင်ကြယ်သီလ ပြည့်ဝသည်၏ အဖြစ်သို့ ပတွာ- ရောက်၍၊ သုဝိနယေ- ဗုဒ္ဓမြတ်စွာ အဆုံးအမ သာသနာတော်၌၊ ပတိဋ္ဌာယ- တည်၍၊ သဒ္ဓမ္မံ- သူတော်ကောင်းတရားကို၊ ဇောတယိ- ထွန်းလင်းစေတော်မူခဲ့လေပြီ။
၄၁။ သျာမဒေသမုပဂန္တွာ၊ အင်းလေး ရမ္မ မဟာသရေ။
အင်းလျားဂါမေ ဝသံ ဓီရော၊ သိဿေ ဓမ္မမသိက္ခာပကော။
ဓီရော- ဉာဏ်ရည်ထက်လှ ရဟန်းတော်ကလေး ‘အရှင်ဝိမလ’သည်၊ သျာမဒေသံ- ‘ရှမ်းပြည်နယ်’ သို့၊ ဥပဂန္တွာ- ကြွရောက်တော်မူ၍၊ ရမ္မ- မြင်သူရွှင်ပြုံး နှလုံးမွေ့လျော်ဖွယ်ဖြစ်သော၊ အင်းလေးမဟာသရေ- ‘အင်းလေး’ မည်ဟီး ရေအိုင်ကြီး၌၊ အင်းလျားဂါမေ- ‘အင်းလျားရွာ’ ၌၊ ဝသံ- မျှညီရွှင်ပြုံး သီတင်းသုံးတော်မူလျက်၊ သိဿေ- ဆည်းကပ် [၁၄၂] လာငြား တပည့်အများတို့ကို၊ ဓမ္မံ သိက္ခာပကော- ပရိယတ်ဓမ္မ အဝဝကို ကျနသေချာ သင်ကြားတော်မူပါပေသတည်း။
၄၂။ ပဇ္ဇောတတ္ထာယ သာသန-ပဇ္ဇောတာရာမသံယိတေ။
တမှိ ဝသံ သုဝါစေသိ၊ သိဿေ ဓီရော ယထာဗလံ။
ဓီရော- ပညာရှိခေါ် ရဟန်းတော်သည်၊ တမှိ- ထို ‘အင်းလျားရွာ’ ၌၊ သာသနပဇ္ဇောတာရာမသံယိတေ- သာသနပဇ္ဇောတာရုံကျောင်း၌၊ ဝသံ- မျှတရွှင်ပြုံး သီတင်းသုံးနေထိုင်တော်မူလျက်၊ ပဇ္ဇောတတ္ထာယ- သာသနာ့အရောင် ထွန်းပြောင်စေရန်အလို့ငှာ၊ သိဿေ- ဆည်းကပ်လာငြား တပည့်အများတို့ကို၊ ယထာဗလံ- စွမ်းအားရှိသလောက်၊ ဝါစေသိ- ကျမ်းဂန်အဝဝ ကျနသေချာ ပို့ချတော်မူခဲ့ပါပေသတည်း။
၄၃။ ဒိနဂေါပသံဝစ္ဆရေ၊ မန္တလေးနဂရေ သုဘေ။
ဝိသုဒ္ဓါရာမေ အာဝသိ၊ နာယကော ပရိဝေဏိကော။
ဒိနဂေါပသံဝစ္ဆရေ- မြန်မာတွက်စစ် ၁၃၀၈ ခုနှစ်၌၊ မန္တလေးနဂရေ သုဘေ- လှပယဉ်ကျေး မြို့မန္တလေး၌၊ ဝိသုဒ္ဓါရာမေ- မဟာဝိသုဒ္ဓါရုံတိုက်သစ်၌၊ နာယကော ပရိဝေဏိကော- ဝါဆိုကျောင်းဦးစီး ကျောင်းထိုင်ဘုန်းကြီးသည်၊ ဟုတွာ- ဖြစ်၍၊ အာဝသိ- သီတင်းသုံးတော်မူခဲ့လေပြီ။

[၁၄၃] ၄၄။ ဓနဂေါပသံဝစ္ဆရေ၊ မရမ္မမောက္ခသမ္မတေ။
သျာမရဋ္ဌံ သုဂန္တွာန၊ ဓီရော ဇောတေသိ သာသနံ။
ဓီရော- ဉာဏ်ရည်ထင်ပေါ် မထေရ်ကျော်သည်၊ ဓနဂေါပသံဝစ္ဆရေ- မြန်မာတွက်စစ် ၁၃၀၉ ခုနှစ်၌၊ မရမ္မမောက္ခသမ္မတေ- မြန်မာ့လွတ်လပ်ရေးနှစ်၌၊ သျာမရဋ္ဌံ- ရှမ်းပြည်နယ်သို့၊ သုဂန္တွာန- သာသနာပြုရန် မြတ်အကြံဖြင့် ဧကန်မြင်မြော် ကြွရောက်တော်မူ၍၊ သာသနံ- ဗုဒ္ဓမြတ်စွာ သာသနာတော်ကို၊ ဇောတေသိ- ထွန်းကားစေတော်မူခဲ့လေပြီ။
၄၅။ ဆဋ္ဌသင်္ဂီတိယံ ထေရော၊ အာသိ ပါဠိဝိသောဓကော။
မိလိန္ဒပဉှာ စူဠဝဂ္ဂေါ၊ ဓမ္မတာ တေန သောဓိတော။
ထေရော- သာသနာပြုအကျော် မထေရ်မော်သည်၊ ဆဋ္ဌသင်္ဂီတိယံ- ဆဋ္ဌသံဂါယနာပွဲမဟာ၌၊ ပါဠိဝိသောဓကော- ပါဌ်မှန်တင်ပြ ပါဠိဝိသောဓကသည်၊ အာသိ- ဖြစ်ခဲ့လေပြီ၊ ဓမ္မတာ- ပါဠိကျွမ်းကျင် ပညာရှင်ဖြစ်တော်မူသော၊ တေန- ထိုမထေရ်မော်သည်၊ မိလိန္ဒပဉှာ- ‘မိလိန္ဒပဉှာပါဠိ’ ကိုလည်းကောင်း၊ စူဠဝဂ္ဂေါ- “စူဠဝဂ္ဂပါဠိ” ကိုလည်းကောင်း၊ သောဓိတော- ပါဌ်မှန်သတ်မှတ် သုတ်သင်အပ်လေပြီ။
၄၆။ ဒကဂေါပသံဝစ္ဆရေ၊ နိကာယသမိတိံ အကာ။
ဂဏေန သမ္မတော ဓီရော၊ ဂဏဘာရနိတ္ထာရကော။
ဒကဂေါပသံဝစ္ဆရေ- မြန်မာတွက်စစ် ၁၃၁၈ ခုနှစ်၌၊ နိကာယသမိတိံ- ရွှေကျင်နိကာယ သံဃာ့အစည်းအဝေး [၁၄၄] ကြီးကို၊ အကာ- ပြုလုပ်ခဲ့လေပြီ၊ ဓီရော- ပညာရှိအမော် ဆရာတော်ကို၊ ဂဏေန- ရွှေကျင်ဂိုဏ်းသံဃာသည်၊ ဂဏဘာရနိတ္ထာရကော- “ဂိုဏ်းလုံးဝန်ဆောင်ဆရာတော်” ဟူ၍၊ သမ္မတော- သမုတ်ထင်စွာ တင်မြှောက်ခဲ့အပ်ပါသတည်း။
၄၇။ ကဘာလောကသံဝစ္ဆရေ၊ သဗ္ဗဂဏသဘံ အကာ။
ဘာရာဝဟော မဟာထေရော၊ သမဂ္ဂကိစ္စကာရကော။
ကဘာလောကသံဝစ္ဆရေ- မြန်မာတွက်စစ် ၁၃၄၁ ခုနှစ်၌၊ သဗ္ဗဂဏသဘံ- ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို၊ အကာ- ပြုလုပ်ခဲ့လေပြီ၊ မဟာထေရော- ကန်ကြီးထေရ်မော် ဆရာတော်သည်၊ သမဂ္ဂကိစ္စကာရကော- ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်ရေး မြော်တွေးသမှု ညီညွတ်ရေးကို ပြုလျက်၊ ဘာရာဝဟော- သံဃာ့ဝန်တာ ဆောင်ရွက်တော်မူခဲ့ပါပေသတည်း။
၄၈။ ပူဇိတော ရဋ္ဌသာမီဟိ၊ ပဏ္ဍိတောတိ ဂုရူတိ စ။
ဇောတိကောတိ မဟာထေရော၊ ပါကဋိန္ဒူဝ ခေတလံ။
ရဋ္ဌသာမီဟိ- တိုင်းပြည်သနင်း အစိုးရမင်းတို့သည်၊ ပူဇိတော- ဘွဲ့တံဆိပ်တော် ပူဇော်ဆက်ကပ်အပ်သည်ဖြစ်၍၊ မဟာထေရော- ကန်ကြီးတွင်ခေါ် ဆရာတော်သည်၊ ပဏ္ဍိတောတိ-‘အဂ္ဂမဟာပဏ္ဍိတ’ ဟူ၍လည်းကောင်း၊ ရဋ္ဌဂုရုတိ- ‘အဘိဓဇမဟာရဋ္ဌဂုရု’ ဟူ၍လည်းကောင်း၊ ဇောတိကောတိ- [၁၄၅] ‘အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက’ ဟူ၍လည်းကောင်း၊ ဣန္ဒူဝ ခေတလေ- ကောင်းကင်ထက်လင်း ငွေလမင်းကဲ့သို့၊ ပါကဋော- အစဉ်အားဖြင့် ထင်ရှားတော်မူခဲ့ပါပေသတည်း။
၄၉။ ရွှေကျင်ဂဏသမိတိယာ၊ သမ္မတော ဂဏမုက္ကဋ္ဌော။
သပရတ္ထမာဝဟန္တော၊ ထေရော သဒ္ဓမ္မဇောတကော။
ရွှေကျင်ဂဏသမိတိယာ- ရွှေကျင်နိကာယသံဃာသည်၊ ဂဏမုက္ကဋ္ဌော- “ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ မဟာနာယက” ဟူ၍၊ သမ္မတော- သမုတ်တင်မြှောက်အပ်သော၊ ထေရော- ကန်ကြီးထေရ်မော် ဆရာတော်သည်၊ သပရတ္ထမာဝဟန္တော- မိမိသူတပါး ကျိုးစီးပွားကို ပိုင်းခြားမယုတ် အားထုတ်တော်မူသည်ဖြစ်၍၊ သဒ္ဓမ္မဇောတကော- သာသနာရောင် ထွန်းလင်းပြောင်ဘို့ ရှေ့ဆောင်ကာပေ ဆောင်ရွက်တော်မူပါပေသတည်း။
၅၀။ တေရသမဂဏုက္ကဋ္ဌော၊ သုခီ နိကာယနာယကော။
အရောဂေါဝ ပရောသတံ၊ ရက္ခတံ သုဒ္ဓိသာသနံ။
တေရသမဂဏုက္ကဋ္ဌော- ၁၃ ပါးမြောက် ရွှေကျင်နိကာယ ဥက္ကဋ္ဌဖြစ်တော်မူသော၊ နိကာယနာယကော- ရွှေကျင်နိကာယ သာသနာပိုင်ဆရာတော်ဘုရားကြီးသည်၊ ပရောသတံ- နှစ်ပေါင်းရာကျော်ကာလပတ်လုံး၊ အရောဂေါဝ- ရောဂါကင်းကွာ ကျန်းမာတော်မူလျက်သာလျှင်၊ သုဒ္ဓိသာသနံ- သန့်ရှင်း [၁၄၆] လှစွာ မြတ်ဗုဒ္ဓ၏သာသနာကို၊ ရက္ခတံ- အစဉ်မကွာ စောင့်ရှောက်တော်မူနိုင်ပါစေသတည်း။

နိဂမန

နန္ဒမာလာဘိဝံသေန၊ သုဗောဓာရာမဝါသိနာ။
ရစိတာ ပဏ္ဏာသ ဂါထာ၊ ရဋ္ဌဂုရုဿ ဝဏ္ဏနာ။
သုဗောဓာရာမဝါသိနာ- သုဗောဓာရုံတိုက် နှစ်ခြိုက်ရွှင်သာ နေထိုင်ပါသော၊ နန္ဒမာလာဘိဝံသေန- နန္ဒမာလာဘိဝံသ ခေါ်ကြမည်တွင် တိုက်အုပ်မထေရ်ရှင်သည်၊ ရဋ္ဌဂုရုဿ ဝဏ္ဏနာ- ရဋ္ဌဂုရုဆရာတော် ပူဇော်သောအား ရေးသားဖွဲ့စီ “ရဋ္ဌဂုရုဝဏ္ဏနာ” အမည်ရှိသော၊ ပဏ္ဏာသ ဂါထာ- ကန်ကြီးကျောင်းတိုက် ကြုံကြိုက်၍လာ နှစ် ၅၀ ပြည့်အခါဝယ် သာယာဖွဲ့စီ ၅၀ အညီဖြစ်သော ဂါထာတို့ကို၊ ရစိတာ- သုဗောဓာရုံနာယက ဘာတိကနောင်တော် မိန့်ခေါ်ညွှန်ကြား အလေးထားကာ ရေးသားစီကုံးအပ်ပါသတည်း။

ရစိတာ ပါဠိ မရမ္မဘာသာဟိ နန္ဒမာလာဘိဝံသေန မဟာသုဗောဓာရာမဝါသိကေန။

[၁၄၇] ဒါဌာဓာတုဝန္ဒနာ

၁။ စူဠာမဏိစေတိယမှိ၊ ဒိဝေ ဒေဝေန ပူဇိတံ။
ဒါဌာဝရံ သမ္ဗုဒ္ဓဿ၊ ဝန္ဒာမ သိရသာဒရံ။
ဒိဝေ- သက္ကဤသာ ပဇာပတိ စရှိထင်ရှား နတ်မင်းများတို့ စံငြားဌာနီ တာဝတိံသာနတ်ပြည်၌၊ ဒေဝေန- မျက်စိတစ်ထောင် အလင်းဆောင်သည့် ဂုဏ်ရောင်ပဝင်း သိကြားနတ်မင်းသည်၊ စူဠာမဏိစေတိယမှိ- အလောင်းတော်မြတ် ဗောဓိသတ်၏ ဆံမြတ်ကေသာ တည်ရှိရာဟု “စူဠာမဏိ” မည်ရှိတွင်ခေါ် မြတ်စေတီတော်၌၊ ပူဇိတံ- လေးမြတ်တူပျော် ပူဇော်ကိုးကွယ်အပ်သော၊ သမ္ဗုဒ္ဓဿ- သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် အခြေခံဟောကြား ရှင်တော်မြတ်ဘုရား၏၊ ဒါဌာဝရံ- ပုလဲနှစ်အတူ စိန်စစ်လို ဖွေးဖြူသည့် တစ်ဆူထင်ပေါ် လက်ယာအထက် မြတ်စွယ်တော်ကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ အာဒရံ- ယုံကြည်အားကိုး ပွားတိုးသဒ္ဓါ မြတ်နိုးစွာသာလျှင်၊ ဝန္ဒာမ- အကြိမ်ကြိမ် ဝပ်လျှိုး လက်စုံမိုးကာ ရှိခိုးကြပါကုန်၏ အရှင်ဘုရား။

[၁၄၈] ၂။ နာဂိန္ဒေန ဂဟေတွာန၊ ဘဝနမှိ သုပူဇိတံ။
ဒါဌာဝရံ သမ္ဗုဒ္ဓဿ၊ ဝန္ဒာမ သိရသာ ဒရံ။
နာဂိန္ဒေန-‘ဇေယျသေန’ အမည်ရသည့် တေဇထန်ပြင်း နဂါးမင်းသည်၊ ဂဟေတွာန- သဒ္ဓါကြည်ဖြူ ပင့်ယူခဲ့ပြီး၍၊ ဘဝနမှိ- နတ်နဂါးတို့ ပျော်ပါးစိုးစံ ဘုံဗိမာန်၌၊ သုပူဇိတံ- လေးမြတ်တူပျော် ပူဇော်ကိုးကွယ်အပ်သော၊ သမ္ဗုဒ္ဓဿ- သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် အခြေခံဟောကြား ရှင်တော်မြတ်ဘုရား၏၊ ဒါဌာဝရံ- ပုလဲနှစ်အတူ စိန်စစ်လိုဖွေးဖြူသည့် တစ်ဆူထင်ပေါ် လက်ယာအောက် မြတ်စွယ်တော်ကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ အာဒရံ- ယုံကြည်အားကိုး ပွားတိုးသဒ္ဓါ မြတ်နိုးစွာသာလျှင်၊ ဝန္ဒာမ- အကြိမ်ကြိမ်ဝပ်လျှိုး လက်စုံမိုးကာ ရှိခိုးကြပါကုန်၏ အရှင်ဘုရား။
၃။ ဂန္ဓာရပုရေ စေတိယမ္ပိ၊ ဇနေဟိ သုဋ္ဌု ပူဇိတံ။
ဒါဌာဝရံ သမ္ဗုဒ္ဓဿ၊ ဝန္ဒာမ သိရသာဒရံ။
ဂန္ဓာရပုရေ- ဆန်ရေစပါး ပေါများစုံသည့် ဂန္ဓာရတိုင်းပြည်၌၊ စေတိယမှိ- ထူးခြားတင့်တယ် ရတနာခြယ်စီ မြတ်စေတီ၌၊ ဇနေဟိ- သဒ္ဓါကြည်ဖြူ ဂန္ဓာရပြည်သူတို့သည်၊ သုဋ္ဌု ပူဇိတံ- ဂန္ဓာရတိုင်းဖွား ထူးခြားပေါ်လွင် ရဟန္တာထေရ်အရှင်သည် ချစ်ခင်လေးမြတ် ပင့်ဆောင်အပ်သဖြင့် လေးမြတ် [၁၄၉] တူပျော် ပူဇော်ကိုးကွယ်အပ်သော၊ သမ္ဗုဒ္ဓဿ- သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် အခြေခံဟောကြား ရှင်တော်မြတ်ဘုရား၏၊ ဒါဌာဝရံ- ပုလဲနှစ်အတူ စိန်စစ်လိုဖွေးဖြူသည့် တစ်ဆူထင်ပေါ် လက်ဝဲအထက် မြတ်စွယ်တော်ကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ အာဒရံ- ယုံကြည်အားကိုး ပွားတိုးသဒ္ဓါ မြတ်နိုးစွာသာလျှင်၊ ဝန္ဒာမ- အကြိမ်ကြိမ်ဝပ်လျှိုး လက်စုံမိုးကာ ရှိခိုးကြပါကုန်၏ အရှင်ဘုရား။
၄။ ကာလိင်္ဂရဋ္ဌေ ပူဇေတွာန၊ လင်္ကာဒီပေ သုမာနိတံ။
ဒါဌာဝရံ သမ္ဗုဒ္ဓဿ၊ ဝန္ဒာမ သိရသာဒရံ။
ကာလိင်္ဂရဋ္ဌေ- အိန္ဒိယအရှေ့တောင်ပိုင်း သမိုင်းအညီ ကာလိင်္ဂတိုင်းပြည်၌၊ ပူဇေတွာန- ‘ခေမ’ မည်တွင် ရဟန္တာထေရ်အရှင်သည် ချစ်ခင်လေးမြတ် ပင့်ဆောင်အပ်သဖြင့် လေးမြတ်တူပျော် ပူဇော်ကြကုန်ပြီး၍၊ လင်္ကာဒီပေ- မြရည်စိမ်းစို ကျွန်းသီဟိုဠ်၌၊ သုမာနိတံ- ရဟန်းရှင်လူ ပြည်သူအများ လေးစားကော်ရော် ပူဇော်မြတ်နိုးအပ်သော၊ သမ္ဗုဒ္ဓဿ- သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် အခြေခံဟောကြား ရှင်တော်မြတ်ဘုရား၏၊ ဒါဌာဝရံ- ပုလဲနှစ်အတူ စိန်စစ်လိုဖွေးဖြူသည့် တစ်ဆူထင်ပေါ် လက်ဝဲအောက် မြတ်စွယ်တော်ကို၊ သိရသာ- ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ အာဒရံ- ယုံကြည်အားကိုး ပွားတိုးသဒ္ဓါ မြတ်နိုးစွာသာလျှင်၊ ဝန္ဒာမ- [၁၅၀] အကြိမ်ကြိမ်ဝပ်လျှိုး လက်စုံမိုးကာ ရှိခိုးကြပါကုန်၏ အရှင်ဘုရား။
၅။ ယတော ဒါတာ နိက္ခမီသု၊ ဟသနေ ကထနေ တဒါ။
ဒါဌာယော တာ သမ္ဗုဒ္ဓဿ၊ မယံ ပူဇေမ သာဓုကံ။
တဒါ- ရှင်တော်ဘုရား ထင်ရှားသက်တော် ဖူးမြော်ရရာ ထိုအခါ၌၊ ဟသနေ- ရွှင်ကြည်နှလုံး ပီတိဖုံးလျက် ပြုံးစရာကြုံ အကြောင်းဆုံရာ အခါသမယ၌လည်းကောင်း၊ ကထနေ- မဟာကရုဏာ မြတ်ပညာဖြင့် သစ္စာတရား ဟောကြားမိန့်မှာ အခါသမယ၌လည်းကောင်း၊ ယတော- ပုလဲနှစ်အတူ စိန်စစ်လိုဖွေးဖြူသည့် လေးဆူထင်ပေါ် အကြင်မြတ်စွယ်တော်တို့မှ၊ ဩဒါတာ- ကေလာသငွေတောင် နေရောင်စွဲဟပ် တဖြတ်ဖြတ်သို့ တလျှပ်လျှပ်တူတွေး ဖြူဖွေးသော ရောင်ခြည်တော်တို့သည်၊ နိက္ခမီသု- ဖူးမြင်မဝ အထူးပင်မြူးရွှင်ကာ ထွက်ကြွတော်မူကြလေကုန်ပြီ။ သမ္ဗုဒ္ဓဿ- သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် အခြေခံဟောကြား ရှင်တော်မြတ်ဘုရား၏၊ ဧတာ ဒါဌာယော- ပုလဲနှစ်အတူ စိန်စစ်လိုဖွေးဖြူသည့် လေးဆူထင်ပေါ် ထိုမြတ်စွယ်တော်တို့ကို၊ မယံ- ရုပ်နာမ်နှစ်ဖြာ ငါးခန္ဓာကို သူငါမှည့်ခေါ် တပည့်တော်တို့သည်၊ သာဓုကံ- ကောင်းမွန်စွာ၊ ပူဇေမ- ဆီမီးရောင်လွှမ်း [၁၅၁] ပန်းရေချမ်းဖြင့် မျှော်မှန်းဂုဏ်တော် ရှိခိုးပူဇော်ကြပါကုန်သည် အရှင်ဘုရား။

အနက်မြန်မာပြန် အရှင်နန္ဒမာလာဘိဝံသ
(သ.စ.အ ဓမ္မာစရိယ) ပါဠိပါရဂူ
M.A, Ph.D (THESIS) SRI LANKA
မဟာသုဗောဓာရုံကျောင်းတိုက် (စစ်ကိုင်း)

[၁၅၂] ဝိနည်းစာတော်ပြန်ပွဲ ရွတ်ရန်ဂါထာ

“ဗုဒ္ဓ” ဝါစံ ဘဏေယျာမ၊ “သာ” သနဿာ ဝ နုဂ္ဂဟံ။
“သ” ကိစ္စ မနုယုဉ္စန္တာ၊ “နာ” သေမ အပရေ မယံ။
ဘန္တေ- သာသနာ့ရှုပ်ထွေး ရန်ခပေးကို မနှေးပယ်ဖျက် ဓမ္မစက်ဖြင့် အချက်ပိုင်ပိုင် ပြုလုပ်နိုင်ငြား အရှင်မြတ်တို့ဘုရား၊ မယံ- သာသနာဘေး ကာကွယ်ရေးဟု နီးဝေးကျော်ကြား တပည့်တော်အများတို့သည်၊ အပရေ- သာသနာ့ပြင် ရန်သူပင်ဟု တွင်တွင်ကျော်ကြား မိစ္ဆာတရားတို့ကို၊ နာသေမ- အမြှောက်စိန်ဗုံး ပစ်သည့်ထုံးသို့ လုံးလုံးကြေညက် မပေါ်ထွက်အောင် ဆော်နှက်ကြပါကုန်စို့ဘုရား။ သာသနဿ- ဗုဒ္ဓမြတ်ရှင် ဗျာဒိတ်တင်၍ သုံးအင်တည်ထား သာသနာတော်မြတ်ကြီးအား၊ (ဝါ) သာသနာတော်မြတ်ကြီးကို၊ အနုဂ္ဂဟံဝ- ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ သက်သက်သာသနာ ချီးမြှင့်ခြင်းအကျိုးငှာသာလျှင်၊ သကိစ္စံ- ပိဋကတ်တွင် ပရိယတ်ပင်ဟု အခြေပြု [၁၅၃] လျက် ဖွေစုသမုတ် ကိုယ့်အလုပ်ကို၊ အနုယုဉ္ဇန္တာ- အအားမနေ တရားတွေကို များဖွေပြုလုပ် လွန်အားထုတ်ကြကုန်သည်ဖြစ်၍၊ ဗုဒ္ဓဝါစံ- “ဝိနယော နာမ သာသနဿ အာယု” မိန့်မူအညီ အာဏာရည်ဘုရားစကား ဝိနည်းတရားတော်များကို၊ ဘဏေယျာမ- သာသနာအတွက် ပထမအချက်မို့ ထက်ထက်သဒ္ဓါ စေတနာဖြင့် ယုံကြည်စွာ နဖူးပြင်မှာ ဦးတင်ကာ မြူးရွှင်သာယာစွာ ရွတ်ဆိုကြပါကုန်စို့ဘုရား။

(ဆရာတော်၏ ပထမဆုံး လက်ရာဂါထာဖြစ်သည်၊ “ဗုဒ္ဓ သာသနာ” ဟူသော စကားလုံးကို ပါဒတို့အစ၌ ထား၍ ဖွဲ့သီထားသည့် “အာဒျက္ခရ သင်္ကေတဂါထာ” ဖြစ်သည်။)

[၁၅၄] မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားဖွင့် ပဋ္ဌာန်းမွှန်းဂါထာ

နိသိန္နော ရတနဃရေ၊ သမ္မသိ တိဒိဝါလယေ။
ဒေသေသိ ဝရပဋ္ဌာနံ၊ သမ္ဗုဒ္ဓေါ တံ ဘဏာမ ဟေ။
သမ္ဗုဒ္ဓေါ- သစ္စာလေးတန် တရားမှန်ကို ဧကန်သိမြင် ဘုရားရှင်သည်၊ ရတနဃရေ- ဗောဓိညောင်ရှင် အောင်ပလ္လင်၌ သဗ္ဗဉ်ဉာဏ်ရောင် ထွန်းပြောင်ကာစ စတုတ္ထလာ ရတနာဃရ သတ္တာဟကြိမ် ထူးမြတ်သည့်စံအိမ်တော်၌၊ နိသိန္နော- ၇ ရက်တာ ကာလကြာမျှ ဖလသမာပတ် ခံစားလတ်၍ ဉာဏ်မြတ်ကြည်ဖြူ တစ်ပါးတည်း စံတော်မူလျက်၊ ဝရပဋ္ဌာနံ- အဘိဓမ္မာမည်ဆို ကျမ်းထိုထိုထက် မြင့်မိုရ်ခြေကုတ် ရေသမုဒ်သို့ အဟုတ်နက်နဲ ခက်ခဲလှစွာ မဟာပကရဏ မည်ရတင့်ဆန်း ပဋ္ဌာန်းကျမ်းကို၊ သမ္မသိ- မဟာသမုဒြာ နက်ကျယ်စွာ၌ မဟာမစ္ဆ တိမိရတို့ မြူးကြွခွင့်ကြုံ ဆိုသည့်ပုံသို့ ဉာဏ်ဟုန်စွမ်းသန် သဗ္ဗဉ်ဉာဏ်လည်း ဧကန်နက်ဝှမ်း မြတ်ပဋ္ဌာန်း၌ ခွင့်လမ်းပြည့်ဝ ကျက်စားရသဖြင့် မြူးကြွရောင်ခြည် အလီလီ [၁၅၅] အထပ်ထပ် ဆင်ခြင်သုံးသပ်တော်မူလေပြီ။ တိဒိဝါလယေ- သက္ကစံရာ တာဝတိံသာ၏ အောင်ချာထွန်းလစ် ပင်ကသစ်ခြေ တည်နေစံပြု ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌၊ နိသိန္နော- မယ်တော်နတ်သား အမှူးထားလျက် ထူးခြားစုံစွာ နတ်ဗြဟ္မာပေါင်း တိုက်တစ်သောင်းမှ ရိုက်ညောင်းသံဝါ ရံကာပြည့်ထပ် ပရိသတ်အလယ် စံပယ်ကြည်ပျော် ထိုင်နေတော်မူလျက်၊ ဝရပဋ္ဌာနံ- အဘိဓမ္မာမည်ဆို ကျမ်းထိုထိုထက် မြင့်မိုရ်ခြေကုတ် ရေသမုဒ်သို့ အဟုတ်နက်နဲ ခက်ခဲလှစွာ မဟာပကရဏ မည်ရတင့်ဆန်း ပဋ္ဌာန်းကျမ်းကို၊ ဒေသေသိ- ဝါတွင်းသုံးလ ဆုံးတိုင်ကျအောင် ဓမ္မသင်္ဂဏီ အစချီလျက် ပီပြင်ခံ့ညား တန့်မနားဘဲ ဟောကြားတော်မူခဲ့လေပြီ။ ဟေ- နက်နဲကြီးကျယ် အံ့ဖွယ်တင့်ဆန်း မြတ်ပဋ္ဌာန်းကို ရွှင်လန်းကြည်နူး သဒ္ဓါထူးဖြင့် ဆင့်ကူးထပ်ထပ် သံမပြတ်အောင် ရွတ်ဖတ်တူပျော် ပူဇော်လိုငြား အို... အရှင်မြတ်တို့ဘုရား၊ မယံ- ပဋ္ဌာန်းရွှေစာ ဒေသနာကို စေတနာပို ရွတ်ဆိုလိုငြား တပည့်တော်များတို့သည်၊ တံ ဝရပဋ္ဌာနံ- ကြောင်းကျိုးသတ္တိ သုံးမျိုးညှိလျက် အသိခက်ခဲ နက်နဲလှစွာ မဟာပကရဏ မည်ရကျော်ဟီး ထိုပဋ္ဌာန်းကျမ်းတော်ကြီးကို၊ ဘဏာမ- ရွှင်မြူးဝမ်းသာ ရွတ်ဆိုကြပါကုန်စို့ အရှင်ဘုရား။

ရေးသားပူဇော်သူ- အရှင်နန္ဒမာလာဘိဝံသ
မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်း။

[၁၅၆] ၁၃၅၆ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် ၁၉ ကြိမ်မြောက်၊ သာသနာလင်္ကာရစာမေးပွဲ ဆုနှင်းသဘင် အခမ်းအနားဖွင့် ဂါထာ

အယံ ဇယော သာသနဿ၊ အလင်္ကာရဝိလာသတံ။
ဇယဝတံ ပူဇနာယ၊ ဝိဝရာမ မယံ သဘံ။
အယံ ဇယော- သာသနာလင်္ကာရစာသဘင် ပါဝင်ဆင်နွှဲ ဤအောင်ပွဲသည်။ သာသနဿ- ဗုဒ္ဓမြတ်ရှင် ဉာဏ်သဗ္ဗဉ်ဖြင့် သိမြင်ပိုင်းခြား ရေတွက်အားဖြင့် သုံးပါးထင်ပေါ် သာသနာတော်မြတ်ကြီး၏။ အလင်္ကာရဝိလာသတံ- “ရဟန်းကျင့်ဝတ် တစ်ပါးတတ်က လူနတ်ဦးခိုက် ပူဇော်ထိုက်” ဟု နှစ်ခြိုက်ဖွယ်ရာ ဆင်တန်ဆာသီလ ဆင်ယင်ကြသဖြင့် ထာဝရတင့်တယ် လှမျိုးကြွယ်ငြား ရှင်သာမဏေအများတို့၏၊ ဇယော- သာသနာလင်္ကာရ မည်ရထင်ပေါ် ငယ်,ကြီး,ကျော်ဟု [၁၅၇] စာတော်မေးခမ်း ဉာဏ်အစွမ်းဖြင့် ကြိုးပမ်းပိုင်ပိုင် ဖြေဆိုနိုင်၍ မြိုင်ဆိုင်တင့်ကဲ စာအောင်ပွဲကြီးပါပေတည်း။ ဒါနိ- ၁၃၅၆ ခု ရတုသာယာ ကြတ္တိကာနက္ခတ် စန်းမြတ်တွေ့ဆုံ ရဂုံမြိုင်တန်း စိမ်းလန်းသာယာ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် ယနေ့အခါ၌။ ဇယဝတံ- အငယ်,ကြီး,ကျော် စာတော်အောင်ပန်း ဆင်းမြန်းကိုယ်စီ ဂုဏ်ရည်တင့်ကြွား အောင်ပွဲရသာမဏေကျော်အများတို့ကို။ ပူဇနာယ- ဆုနှင့်လက်မှတ် ကိုယ်စီအပ်လျက် လေးမြတ်တူပျော် ချီးကျူးပူဇော်ခြင်းငှာ။ မယံ- သာသနာလင်္ကာရ ဆုနှင်းသဘင် ပါဝင်ကြငြား တပည့်တော်အများတို့သည်။ သဘံ- ၁၉ ကြိမ်မြောက် ထွန်းတောက်၍လာ သာသနာလင်္ကာရ မည်ရဆင်နွှဲ ဆုနှင်းသဘင်ပွဲကို ဝိဝရာမ- စဉ်မကွာ အချိန်သင့်သဖြင့် မင်္ဂလာအရှိန်မြှင့်ရအောင် ခွန်းဆင့်ကြေညာ ဖွင့်လှစ်ကြပါကုန်စို့ဘုရား။

စာပေ
အရှင်နန္ဒမာလာဘိဝံသ
၁၃၅၆၊ ကျွတ်ဆုတ် ၁၃ ရက်။

[၁၅၈] စစ်ကိုင်းမြို့၊ သာသနာလင်္ကာရစာမေးပွဲ ဆုနှင်းသဘင် အခမ်းအနားဖွင့် ဂါထာ

သမယော'ယံ အလင်္ကာရ-သဘာယ'လင်္ကတံ သဘံ။
ဝိဝရာမ မယံ ဒါနိ၊ ပူဇိတုံ ဇယဂါဟိနော။
အယံ- ၁၃၅၈ သက္ကရာဇ်ကြုံ ကြာရုံပွင့်လန်း အိုင်လုံးလွှမ်းလျက် တင့်ဆန်းသာယာ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် ဤမင်္ဂလာအခါသည်၊ အယံ- မဟာနာယက ဩဝါဒါစရိယ သာသနာလင်္ကာရအမှုဆောင် ဂုဏ်ရောင်သစ်လွင် ထေရ်အရှင်တို့နှင့်တကွ သာသနာလင်္ကာရ အောင်ပွဲရအမော် သာမဏေကျော်တို့ကို အမှူးထား ထူးခြားသဒ္ဓါ များစွာသောင်းသောင်း ဒကာ,ဒကာမအပေါင်းတို့ နှစ်ထောင်းအားရ စည်းဝေးကြရာ ဤယခုအခါသည်၊ အလင်္ကာရသဘာယ- သာသနာ့တန်ဆာ ဂုဏ်ရောင်ဖြာသည့် သာသနာလင်္ကာရ မည်ရဆင်နွှဲ စာသဘင်ပွဲ၏၊ သမယော- ငယ်,ကြီး,ကျော်တန်း မြတ်အောင်ပန်းကို လက်လှမ်းကြည်ဖြူ ပန်ဆင်သူတို့ ဆုယူ [၁၅၉] ကြရာ ပူဇော်ပွဲမင်္ဂလာ အခါပါတည်း၊ ဒါနိ- ၁၃၅၈ သက္ကရာဇ်ကြုံ ကြာရုံပွင့်လန်း အိုင်လုံးလွှမ်းလျက် တင့်ဆန်းသာယာ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် ဤမင်္ဂလာအခါ၌၊ မယံ- သာသနာအညွန့် အဓွန့်ရှည်ရန် စီအမံဖြင့် ရည်သန်ကြငြား တပည့်တော်အများတို့သည်၊ ဇယဂါဟိနော- သာသနာလင်္ကာရ ဇွဲအလှဖြင့် ပွဲရအမော် သာမဏေကျော်ဟု ထင်ပေါ်နီးဝေး ရှင်သာမဏေကလေးတို့ကို၊ ပူဇေတုံ- ဆုနှင့်လက်မှတ် တန်ရာကပ်လျက် လေးမြတ်တူပျော် ချီးမြှင့်ပူဇော်ခြင်းအကျိုးငှာ၊ အလင်္ကတံ သဘံ- သာသနာလင်္ကာရ မည်နာမဖြင့် ဓမ္မအရှိန် ဂုဏ်သိရ်ဆင့်ကဲ (၂၁) ကြိမ်မြောက် စာတော်အောင် ဆုနှင်းသဘင်ပွဲကို၊ ဝိဝရာမ- ပတ္တကလ္လ အချိန်တန်သဖြင့် ဧကန်ပြည့်စုံ ဖွင့်လှစ်ကြပါကုန်စို့တကား။

အရှင်နန္ဒမာလာဘိဝံသ
သ.စ.အ ဓမ္မာစရိယ၊ ပါဠိပါရဂူ M.A သီရိလင်္ကာ
တိုက်အုပ်ဆရာတော် မဟာသုဗောဓာရုံ၊ စစ်ကိုင်းမြို့။

[၁၆၀] မဟာနန္ဒိယာရာမ ပေါ်တော်မူကျောင်းတိုက်၌ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်နှင့် “မဟာဂန္ထဝါစကပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ တို့အား ပူဇော်သောအားဖြင့်

အာစရိယဂုဏပူဇာ အခမ်းအနားဖွင့်ဂါထာ

ပူဇနီယံ တိလောကေန၊ သမ္ဗုဒ္ဓံ ဓမ္မပူဇကံ။
ဝန္ဒိတွာန ဝိဝရာမ၊ သဘံ သုဂုဏပူဇိတံ။
ဘောန္တော- ၁၃၅၅ ခု ရတုသာစို လဝါဆို ဒုတိယလတွင် စန်းနှင့်ယှဉ်လျက် ရှုမြင်သာစွာ ဆန်းပက္ခ၏ ပဉ္စမတွင် လာ ရက်မြတ်အခါဝယ် ညီညာဖျဖျ အာစရိယနှင့် ဂုဏပူဇာ ပွဲမဟာကို နွှဲကာစုပေါင်း အို-ရှင်လူပရိသတ်အပေါင်းတို့၊ တိလောကေန- သုံးလောကဟူ နတ်လူဗြဟ္မာ သတ္တဝါအများ [၁၆၁] လောကသားသည်၊ ပူဇနီယံ- ယုံကြည်လေးမြတ် သဒ္ဓါဓာတ်ဖြင့် ဆည်းကပ်တူပျော် ရှိခိုးပူဇော်အပ်သော၊ ဓမ္မပူဇကံ- ကိုယ်တိုင်သိငြား မြတ်တရားကို လေးစားကော်ရော် ပူဇော်တော်မူတတ်သော၊ သမ္ဗုဒ္ဓံ- သစ္စာလေးတန် တရားမှန်ကို ဧကန်သိမြင် ဂုဏ်အင်ကြီးမား ရှင်တော်မြတ်ဘုရားကို၊ ဝန္ဒိတွာန- ဂုဏ်တော်ရည်မှန်း သဒ္ဓါလွှမ်းလျက် ရွှင်လန်းရိုကျိုး ရှိခိုးပြီး၍၊ ဂုဏပူဇိတံ- ထူးခြားစုံညီ မြတ်ဂုဏ်ရည်ကို ယုံကြည်တူပျော် ချီးကျူးပူဇော်ရာဖြစ်သော၊ သဘံ- အာစရိယ ဂုဏပူဇာ ညီညာဆင်နွှဲ သဘင်ပွဲကို၊ ဝိဝရာမ- မင်္ဂလာအခါတော်ရပြီမို့ သဘင်မဟာစီစဉ်အလာပြလျက် ကြည်ရွှင်သဒ္ဓါ ထာဝရပွင့်သစ်ကြုံရအောင် ဩ... ဖွင့်လှစ်ကြပါကုန်စို့ဘုရား။

စီကုံး - ရှင်နန္ဒမာလာဘိဝံသ
မဟာသုဗောဓာရုံ၊ စစ်ကိုင်း
၁၃၅၅ ခု၊ ဒုတိယဝါဆိုလဆန်း ၅ ရက်။ (၂၃.၇.၉၃)
ရွတ်ဆို - အရှင်သုဇန
မစိုးရိမ်ကျောင်းသစ်၊ သဲအင်းရွာ။

[၁၆၂] စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ မဟာနန္ဒိယာရာမ ပေါ်တော်မူကျောင်းတိုက်၌ ‘အဂ္ဂမဟာပဏ္ဍိတ’ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်နှင့် “မဟာဂန္ထဝါစကပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ တို့အား ပူဇော်သောအားဖြင့် ဆင်ယင်ကျင်းပအပ်သော အာစရိယဂုဏဝိသိဋ္ဌပူဇာ ပူဇော်ခွင့် ပန်ကြားလျှောက်ထားလွှာ

(၁) ဘူမိပုတ္တော တုဝံ ဘန္တေ၊ အာဇညော ဂုဏဓာရကော။
ဩကာသံ ဒေဟိ ပူဇာယ၊ ထေရော'သိ ပူဇနာရဟော။
ဘန္တေ- သီလ, သမာဓိ, ပညာ ဂုဏ်ဝါကြီးမား ဆရာတော် အရှင်သူမြတ်ဘုရား၊ တုဝံ- ပရိသတ်အလယ် ဂုဏ်မြင့်ကြွယ် [၁၆၃] လျက် တင့်တယ်လေငြား အရှင်သူမြတ်ဘုရားသည်၊ ဘူမိပုတ္တော- ညောင်ပင်ရွာဇာတိ ဘုန်းကံရှိသည့် ကဝိထွဋ်ထား “မ-တထောင် တကောင်ဘွား” ဟု လေးစားမှတ်ယူ သားရတနာ ဖြစ်တော်မူသည်ဖြစ်၍၊ ဂုဏဓာရကော- “အဂ္ဂမဟာပဏ္ဍိတ” မည်ရအကျော် ဘွဲ့ထူးကို ဆောင်တော်မူသော၊ အာဇညော- တထောင်တွင် တယောက် ပေါ်ပေါက်ရန်ခက် အဖက်ဖက်စုံညီ ဂုဏ်ရည်ပြည့်ငြား အာဇာနည်ပုဂ္ဂိုလ်တစ်ပါး ဖြစ်တော်မူပါသည် အရှင်ဘုရား၊ ထေရော- သီလစသည် ဂုဏ်ရည်ပြည့်လှိုင် ကြံ့ခိုင်လေငြား အရှင်ဆရာတော်မြတ်ဘုရားသည်၊ ပူဇနာရဟော- တပည့်ဒါယကာ ပေါင်းများစွာတို့ ကြည်သဒ္ဓါဦးခိုက် ပူဇော်ခြင်းကို ထိုက်တော်မူသည်၊ အသိ- စင်စစ်မသွေ ဖြစ်ပါပေ၏၊ ပူဇာယ- ဂုဏ်ရည်ထုတ်ဖော် ပူဇော်သက္ကာ ကြည်သဒ္ဓါဖြင့် ညီညာဝပ်စင်း ပူဇော်ခြင်းငှာ၊ ဩကာသံ- မင်္ဂလာကုသိုလ် ပွားကြောင်းဆိုသဖြင့် ကြည်ညိုမြတ်လေး အခွင့်အရေးကို၊ ဒေဟိ- မေတ္တာရှေ့ထား ကရုဏာပွားလျက် သနားတော်မူပါ့ အရှင်ဘုရား။
(၂) ဘူမိပုတ္တော တုဝံ ဘန္တေ၊ ဝါစကော ဂုဏဓာရကော။
ဩကာသံ ဒေဟိ ပူဇာယ၊ ထေရောသိ ပူဇနာရဟော။
ဘန္တေ- ပရိယတ်ဂုဏ်ရောင် ထွန်းပြောင်ထင်ရှား စာချဆရာတော် အရှင်သူမြတ်ဘုရား၊ တုဝံ- ပရိသတ်အလယ် [၁၆၄] ဂုဏ်မြင့်ကြွယ်လျက် တင့်တယ်လေငြား ဆရာတော်အရှင်သူမြတ်ဘုရားသည်၊ ဘူမိပုတ္တော- ညောင်ပင်ရွာဇာတိ ဘုန်းကံရှိသည့် ကဝိထွဋ်ထား “မ-တထောင် တကောင်ဘွား” ဟု လေးစားမှတ်ယူ သားရတနာ ဖြစ်တော်မူ၍၊ ဂုဏဓာရကော- “မဟာဂန္ထဝါစကပဏ္ဍိတ” ဟု ဘွဲ့ရအကျော် ဂုဏ်ထူးကို ဆောင်တော်မူသော၊ ဝါစကော- ကျမ်းဂန်စာပေ အထွေထွေကို မသွေကျန နည်းလမ်းပြလျက် ပို့ချသင်ကြား စာချဆရာတော်တစ်ပါး ဖြစ်တော်မူပါသည် အရှင်ဘုရား၊ ထေရော- သီလစသည် ဂုဏ်ရည်ပြည့်လှိုင် ကြံ့ခိုင်လေငြား အရှင်သူမြတ်ဘုရားသည်၊ ပူဇနာရဟော- တပည့်ဒါယကာပေါင်းများစွာတို့ ကြည်သဒ္ဓါဦးခိုက် ပူဇော်ခြင်းကို ထိုက်တော်မူသည်၊ အသိ- စင်စစ်မသွေ ဖြစ်တော်မူပါပေ၏၊ ပူဇာယ- ဂုဏ်ရည်ထုတ်ဖော် ပူဇော်သက္ကာ ကြည်သဒ္ဓါဖြင့် ညီညာဝပ်စင်း ပူဇော်ခြင်းငှာ၊ ဩကာသံ- မင်္ဂလာကုသိုလ် ပွားကြောင်းဆိုသဖြင့် ကြည်ညိုမြတ်လေး ခွင့်အရေးကို၊ ဒေဟိ- မေတ္တာရှေ့ထား ကရုဏာပွားလျက် ပေးသနားတော်မူပါ့ အရှင်ဘုရား။

ဖွဲ့ - အရှင်နန္ဒမာလာဘိဝံသ
ဆို - ပူဇော်ပွဲကော်မတီ

[၁၆၅] ၁၃၄၀ ပြည့်နှစ်၊ နယုန်လပြည့်နေ့ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက် နှစ် ၂၀ ပြည့် ကျောင်းတိုက်နေ့ သုဗောဓကဓမ္မသဘင်၌ မဟာသုဗောဓာရုံ သောတုဇနများ၏ အဓိဋ္ဌာန်ပြုလွှာ ဂါထာပါဘုရား

သုဒန္တာဝ အနုယာမ ၊ ဇယပုဗ္ဗေဟိ မဏိတုံ။
သုသီလာ သုသမာရဒ္ဓါ ၊ ကာဟာမ ဗုဒ္ဓသာသနံ။
ဘန္တေ- သုဗောဓကဓမ္မသဘင် ပါဝင်တက်ရောက် ရဲရဲတောက် အာဇာနည် ဘာမထီစိတ်ထား အို-အရှင်ကောင်း အရှင်မြတ်တို့ဘုရား၊ မယံ- သုဗောဓာရုံဂဏ ထာဝရသစ်လွင် ချစ်ခင်လေးစား တပည့်တော်အများတို့သည်၊ ဇယပုဗ္ဗေဟိ- မူလ က,ခ ပ,ဒု,တဟု စပြုဆင်နွှဲ မြတ်အောင်ပွဲ၏ လွန်ကဲတင့်ဆန်း မြတ်အောင်ပန်းတို့ဖြင့်၊ မဏိတုံ- အရှုံးမသီ နှလုံးရည်ဖြင့် ပြီးကြည်လန်းရွှင် တန်ဆာဆင်ခြင်းငှာ၊ သုဒန္တာဝ- ဆရာကောင်းတပည့် အနှစ်ပြည့်လျက် ပိရိဣန္ဒြေ သိရ်သရေဖြူဖွေး [၁၆၆] အလွန်ယဉ်ကျေးကြကုန်သည်ဖြစ်၍ သာလျှင်၊ အနုယာမ- နောင်တော်နောင်တော် ပုဂ္ဂိုလ်ကျော်ကို မှန်းမြှော်စိုက်စိုက် အောင်ပွဲဆိုက်အောင် အစဉ်လိုက်ကြပါကုန်အံ့၊ သုသီလာ- သာသနာ့စည်းကမ်း ကျောင်းစည်းကမ်းကို နည်းလမ်းကုန်စင် လွန်ခင်မင်လျက် ပြုပြင်လိုက်နာ ကောင်းသော အကျင့်သီလ ရှိကြပါကုန်သည်ဖြစ်၍၊ သုသမာရဒ္ဓါ- စာပေတတ်ချင် စိတ်ကောင်းဝင်လျက် အစဉ်ကြိုးကုတ် လွန်စွာ အားထုတ်ကြကုန်သည်ဖြစ်၍၊ ဗုဒ္ဓသာသနံ- ပရိယတ်,ပဋိပတ် နှစ်ရပ်စုံစွာ မြတ်ဘုရား၏ သာသနာတော်ကို၊ ကာဟာမ- နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်းဖြင့် ကြိုးပမ်းကြပါကုန်စို့ဘုရား။

[၁၆၇] ရွှေကျင်နိကာယ ဂဏသမုဋ္ဌာပက ကျေးဇူးရှင် ပထမရွှေကျင်ဆရာတော်ဘုရားကြီးအား ပူဇော်ဆက်သအပ်သော ဂုဏပူဇာဂါထာများ

(၁) ပုရေ ဒဗ္ဗေ ဝိနဋ္ဌမှိ၊ ဂုဏာ စရီသု ကေဝလံ။
ဂဏီဘူတာ ဂုဏာ ဒါနိ၊ မညေ ဒဗ္ဗံ ဂဏှန္တိဒံ။
ပုရေ- ရှစ်ဆယ်ကျော်နှစ် မှန်းမြှော်လစ်၍ တွက်စစ်သင်္ချာ ဟိုရှေးခါ၌၊ ဒဗ္ဗေ- သီလ, သမာဓိ, ပညာ ပြည့်ကြွယ် လွန်ခန့်ထည်၍ တင့်တယ်ထင်ပေါ် ရွှေကျင်ဆရာတော်ဘုရားကြီး၏ ဒြပ်တော်သည်၊ ဝိနဋ္ဌမှိ- အတ္ထတောင်စွယ် နေမင်းနှယ်သို့ ပျောက်ကွယ်ရုပ်သိမ်း ချုပ်ငြိမ်းတော်မူသည်ရှိသော်၊ ဂုဏာ ကေဝလံ- ဒြပ်တော်မဖက် သက်သက်ထင်ပေါ် ဂုဏ်တော် ကျေးဇူးတော်တို့သည်သာလျှင်၊ စရိသု- သီရိလင်္ကာပြည် မြန်မာနှင့် တဖြာတိုင်းမည် အပြည်ပြည်၌ ဂုဏ်ရည်ထင်ပေါ် လှည့်လည်တော်မူခဲ့ကြလေကုန်ပြီ။ ဒါနိ- ထောင့်သုံးရာ [၁၆၈] သုံးဆယ့်ရှစ် သက္ကရာဇ်ဟု ထွန်းသစ်စုံလင် များလူရှင်တို့ ကြည်လင်ဝမ်းသာ ယခုအခါ၌၊ ဂုဏာ- ရတနာသိင်္ဂီ နှစ်အဆီသို့ ချစ်ကြည်ဖွယ်ကောင်း ရွှေကျင်ဆရာတော်ဘုရားကြီး၏ ဂုဏ်တော်အပေါင်းတို့သည်၊ ဂဏီဘူတာ- နိုင်ငံတကာ ပျံ့နှံ့ရာမှ ကြွလာပေါင်းစုံ စုဝေးမိကြကုန်သည်ဖြစ်၍၊ ဣဒံ ဒဗ္ဗံ- ဗြဟ္မာသိကြား ဖန်ဆင်းလားသို့ ထူးခြားပေါ်လွင် ဤရွှေကျင် ဆရာတော်ဘုရားကြီး၏ ရုပ်ပုံတော်အသွင်ကို၊ ဂဏှန္တိ- ရွှေကျင့်အနွယ် မပျက်ပြယ်အောင် သက်နှယ်လေးစား တပည့်သားတို့ အားထားဖူးမြင် ရှိဦးတင်ဘို့ ခုပင်ပုံဆောင် ရယူခဲ့ကြလေယောင်တကား။
၂။ ထေရော နော ပုနရာဂမိ၊ ဇာတိဘူမျာ ဝိဘူသနာ။
ဂဏိကာနံ သင်္ဂဟာယ၊ သာသနဿ ဝိသုဒ္ဓိယာ။
ဒါနိ- ဆောင်းခါလွန်မြောက် နှင်းတွေပျောက်လျက် တောင်မြောက်လေမြူး နွေဦးသာစွ ဤလတပေါင်း အခါသမယ၌၊ နော- ကျက်သရေလျဉ် တက်နေသွင်သို့ ရွှေကျင်ဂိုဏ်းသား တပည့်တော်အများတို့၏၊ ထေရော- ဂိုဏ်းမြတ်ရွှေကျင် နေအသွင်၏ ပြေခွင်ကျော်ကြား ကျေးဇူးရှင်ရွှေကျင်ဆရာတော်ဘုရားကြီးသည်၊ ဇာတိဘူမျာ- အာဇာနည်မော် ပုဂ္ဂိုလ်ကျော်တို့ ထွက်ပေါ်ခဲ့ရာ ရတနာသိင်္ခ နာမကျက်သရေ မြင်းနယ်မြေကို၊ ဝိဘူသနာ-ဝိဘူသနာယ- ကမ္ဘာတခွင် [၁၆၉] သမိုင်းတင်လျက် နှိုင်းယှဉ်လေ့လာ အလှဆင်ခြင်း အလို့ငှာလည်းကောင်း၊ ဂဏိကာနံ- သီရိလင်္ကာပြည် မြန်မာနှင့် တဖြာတိုင်းမည် အပြည်ပြည်၌ ကြာရှည်ပြန့်ပွား ရွှေကျင်တပည့်များတို့အား၊ သင်္ဂဟာယ- ရွှေကျင်ကျင့်ထုံး တဖြောင့်သုံးလျက် စည်းလုံးညီညာ ချစ်ကြည်စွာဖြင့် မေတ္တာပိုမို နှစ်ကိုယ်တစိတ် ယိုဖိတ်စေလျင်း ချီးမြှောက်ခြင်း အလို့ငှာလည်းကောင်း၊ သာသနဿ- သင်ယူကျင့်ကြံ အသိဉာဏ်ဟု သုံးတန်မြွက်ဖော် သာသနာတော်မြတ်ကြီး၏၊ သုဝိသုဒ္ဓိယာ- တက်သစ်နေရောင် သရေဆောင်လျက် ထွန်းပြောင်ရှည်ကြာ ကြီးပွားတိုးတက်ရန် အလို့ငှာလည်းကောင်း၊ ပုနရာဂမိ- ရွှေကျင်ဆရာတော် ပြည်လုံးကျော်လျက် ထင်ပေါ်ကျက်သရေ တဖန်ကြွလာတော်မူလေပြီတကား။

ရေးသား၊ ရွတ်ဖတ်ပူဇော်သူ အရှင်နန္ဒမာလာဘိဝံသ
မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်းမြို့။

[၁၇၀] ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ပင်းဟဲရွာ၌ ဖွားမြင်ခဲ့၍ စစ်ကိုင်းတောင်၊ ဧမြို့ချောင်၌ ပညာသင်ယူကာ ၁၃၃၇ ခု၊ အစိုးရစာချတန်းတွင် အောင်မြင်သဖြင့် သာသနဓဇဓမ္မာစရိယဘွဲ့ထူးကို ဆွတ်ခူးရရှိသော ဆရာလေး မရူပမာလာအား ဂုဏ်ပြုချီးကျူးအပ်သော ဂုဏထောမနာ ဂုဏ်ပြုလွှာ

(၁) ဝိဇာတာ ကချင်မဏ္ဍလေ၊ ရမ္မေ မရမ္မရဋ္ဌိယေ။
မီတာ'ယံ ဗုဒ္ဓဘတ္တီနံ၊ ကချင်မဏ္ဍလဇောတိကာ။
ရမ္မေ- ကျောင်းကန်စေတီ အလီလီဖြင့် ဂုဏ်ရည်စုပေါင်း အလွန်မွေ့လျော်ဖွယ်ကောင်းပေထသော၊ မရမ္မရဋ္ဌိယေ- တိုင်းနှင့်ပြည်နယ် ၁၄-သွယ်ဖြင့် မိုးကြယ်တူစွာ ပြည်မြန်မာ၏ သာယာတင့်တယ် လှပသော ပြည်နယ်တနယ်ဖြစ်သော၊ ကချင်မဏ္ဍလေ- ပြည်ထောင်စုဖွား တိုင်းရင်းသားတို့ ပျော်ပါးမှီတွယ် ကချင်ပြည်နယ်၌၊ ဝိဇာတာ- မိုးညှင်းပိုင်တွဲ ရွာပင်းဟဲ၌ ထူးကဲဂုဏ်အင် စုံအလင်ဖြင့် အမှန်ပင် ဖွားမြင်ခဲ့သော၊ [၁၇၁] ဗုဒ္ဓဘတ္တီနံ- လှပသာယာ ပင်းဟဲရွာမှ သဒ္ဓါကြည်ပျော် ‘ဦးဘခေါ်နှင့် ကြင်ဖော်ဒေါ်ကျက်’ ဂုဏ်ရည်တက်လျက် နှစ်သက်ရွှင်အား ဗုဒ္ဓဘာသာ မိဘနှစ်ပါးတို့၏၊ မီတာ- ဂုဏ်ရည်ထွန်းသစ် သမီးချစ်ဖြစ်သော၊ အယံ- ဓမ္မာစရိယ ဘွဲ့ထူးရလျက် ‘မရူပမာလာ’ မည်သညာဖြင့် ဂုဏ်ဝါပျံ့မွှေး ဤသီလရှင် ဆရာလေးသည်၊ ကချင်မဏ္ဍလဇောတိကာ- ပြည်ထောင်စုဖွား တိုင်းရင်းသားတို့ ပျော်ပါးမှီတွယ် ကချင်ပြည်နယ်မှ တင့်တယ်ကြွားဝင့် တောက်ပြောင်သော ကြယ်တပွင့် ဖြစ်ပါပေသည်တကား။
(၂) သာဝိကာ မဟာထေရဿ၊ မီတာ ဧမြို့သု ကိတ္တိနော။
ပါဝစနံ သုသိက္ခန္တီ၊ ဇယမာလံ အလင်္ကရီ။
မဟာထေရဿ- သာသနာရောင် ထွန်းလင်းပြောင်ဘို့ ရှေ့ဆောင်ထင်ပေါ် မိုးညှင်းမြို့ အရှေ့ကျောင်းဆရာတော်၏၊ သာဝိကာ- ဘိက္ခုနီဝင် သီလရှင်ဟု ကျင့်စဉ်ပြည့်ဝ တပည့်မ ဖြစ်သော၊ ဧမြို့သုကိတ္တိနော- ပဌမကျော် ဓမ္မာစရိယ ပါဠိပါရဂူ ဘွဲ့ထူးယူလျက် စင်ဖြူထင်ရှား ဆရာများကြောင့် ကျော်ကြားမြင့်ခေါင် ဧမြို့ချောင်၏၊ ဝါ- စာပေပညာ ကျင့်သိက္ခာဖြင့် ဂုဏ်ဝါထွန်းပြောင် ဧမြို့ချောင်၏၊ မီတာ- ယုယပိုက်ထွေး ပညာပေးသဖြင့် လူမွေးလူတောင် ထွန်းပြောင်ထင်ရှား သမီးတော်တစ်ပါးဖြစ်သော၊ အယံ- သာသနဓဇဓမ္မာစရိယ ဘွဲ့ထူးရ [၁၇၂] လျက် ‘မရူပမာလာ’ မည်သညာဖြင့် ဂုဏ်ဝါပျံ့မွှေး ဤသီလရှင် ဆရာလေးသည်၊ ပါဝစနံ- ဗုဒ္ဓရှင်မြတ် ဟောကြားအပ်သည့် ပိဋကတ်ထွေထွေ မြတ်စာပေကို၊ သုသိက္ခန္တီ- ဇေယျသိန်ဆရာတော် အမှူးဖော်လျက် ရွှင်ပျော်တက်ကြွ ထက်မြက်ကြသည့် ‘ဒေါ်ကဉ္စနဝတီ’ ‘ဒေါ်ဣန္ဒသိင်္ဂီ’ ‘ဒေါ်ဥတ္တမစာရီ’ ‘ဒေါ်စန္ဒာရီ’၊ ဂုဏ်ရည်အသီးသီး ဓမ္မာစရိယ ပါဠိပါရဂူဆရာကြီးတို့၏ ထံနီးကြည်ဖြူ ကောင်းစွာသင်ယူရသည်ဖြစ်၍၊ ဇယမာလံ- အောင်ပွဲဆင့်ဆင့် မြင့်ထက်မြင့်လျက် အဆင့်ခေါင်လွှမ်း ဓမ္မာစရိယမြတ်အောင်ပန်းကို၊ အလင်္ကရီ- ၁၃၃၇ ခု ရတုသာယာ ချိန်အခါ၌ သာယာရွှင်လန်း ရှုမခန်းအောင် ဆွတ်လှမ်းပန်ဆင်နိုင်ခဲ့လေပြီတကား။
(၃) ရူပမာလာ ဧသာ မီတာ၊ ဇယမာလာဟိ လက်တာ။
အနာကုလာ အနာတုရာ၊ သောဘတံ ဇိနသာသနံ။
ဇယမာလာဟိ- ငယ်,လတ်,ကြီး,ကျော် ထင်ပေါ်တက်လှမ်း ဓမ္မာစရိယတိုင်အောင်သော မြတ်အောင်ပန်းတို့ဖြင့်၊ အလက်တာ- စာပေချစ်ခင် သူတော်စင်တို့ ခုံမင်လေးမြတ် လှပစွာ တန်ဆာဆင်အပ်သော၊ ရူပမာလာ- အဆင်းလည်းရှိ အချင်းပြည့်လျက် ထူးဘိဂုဏ်အင် ‘မရူပမာလာ’ အမည်တွင်သော၊ ဧသာ မီတာ- သာသနာ့ဂုဏ်ရောင် တင့်ထွန်းပြောင်ဘို့ ရွက်ဆောင်ရွှင်ပျော် ဤသမီးတော်ကလေးသည်၊ အနာကုလာ- [၁၇၃] ဥပဒ်အန္တရာယ် ရန်စွယ်ခပင်း နှောင့်ယှက်ခြင်းကင်းသည်ဖြစ်၍၊ အနာတုရာ- ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ ဝေးကွာအရှင်း ကျန်းမာခြင်းရှိသည်ဖြစ်၍၊ ဇိနသာသနံ- သတ္တဝါမြားမြောင် စီးပွားဆောင်သည့် အခေါင်ထွဋ်ထီး မြတ်ဘုရား၏ သာသနာတော်ကြီးကို၊ သောဘတံ သောဘတု- ဘိက္ခုနီဝင် သီလရှင်တို့ ဂုဏ်အင်ဝင့်ထယ် လွန်မြင့်ကြွယ်လျက် အတင့်ကြီး တင့်တယ်အောင် ဆောင်ရွက်နိုင်ပါစေသတည်း။

အရှင်နန္ဒမာလာဘိဝံသ မဟာသုဗောဓာရုံတိုက် စစ်ကိုင်းမြို့ ၁၃၃၉ ခု၊ တပေါင်းလ

[၁၇၄] တိပိဋက ဝိနယဓရ, ဝိနယကောဝိဒ အရှင်တိသာသန အား ဂုဏ်ပြုပူဇော်အပ်သော ဂုဏပူဇာ ထောမနာ ဂါထာ

(၁) တိ-ဗ္ဗိဓံ သာသနံ ယေန၊ သာ-သိတံ ဌပိတံ ဟိတံ။
သ-တ္ထုနော ဝိနယံ တဿ၊ န-မဿံ ဧသ ဓာရယိ။
ယေန- ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး ပွားတိုးစေရန် စိတ်ရည်သန်လျက် ဝေဖန်ဆုံးမ လမ်းညွှန်ပြသည့် လောကထွဋ်ထား အကြင်ရှင်တော်မြတ်ဘုရားသည်၊ သာသိတံ- နတ်လူအကျိုး ပွားတိုးစေရန် ရည်သန်ရှုမြော် ဆုံးမတော်မူအပ်သော၊ ဟိတံ- နတ်လူအများ ကျိုးစီးပွားကို ထူးခြားလေအောင် စွမ်းဆောင်နိုင်သော၊ တိဗ္ဗိဓံ သာသနံ- ပရိယတ်နှင့် ပဋိပတ် တစ်ဖြာ သင်ကျင့်ပါ၍ ပွင့်လာပဋိဝေ မိန့်ချွေသတ်မှတ် သာသနာတော်သုံးရပ်ကို၊ ဌပိတံ- ကမ္ဘာ့အလယ် လွန်ခန့်ထည်မျှ အံ့ဖွယ်စိုက်ထူ တည်ထားတော်မူခဲ့လေပြီ။ တဿ သတ္ထုနော- ပစ္စုပ္ပန်,သံသရာ နှစ်ဖြာအကျိုး ပွားတိုးစေရန် [၁၇၅] စိတ်ရည်သန်လျက် ဝေဖန်ဆုံးမ လမ်းညွှန်ပြသည့် လောကထွဋ်ထား ထိုရှင်တော်မြတ်ဘုရား၏၊ ဝိနယံ- ကိုယ်နှုတ်နှစ်ထွေ ယဉ်ကျေးစေဖို့ မိန့်ချွေပညတ် ဝိနည်းတရားတော်မြတ်ကို၊ နမဿံ- ရိုသေလေးမြတ် ရှိခိုးဦးညွှတ်လျက်၊ ဧသော- “အရှင်တိသာသန” ဘွဲ့ရထင်ပေါ် ဤရဟန်းတော်သည်၊ ဓာရယိ- စာမျက်နှာနှစ်ထောင်ကျော် မြတ်ဗုဒ္ဓအာဏာတော်ကို ရွှင်ပျော်သဒ္ဓါ ယုံကြည်စွာဖြင့် ကောင်းစွာမသွေ ဆောင်ထားခဲ့ပါပေသတည်း။
(၂) ဝိနယဓာရကော ဧသော ၊ ဝိနယဿ သုကောဝိဒေါ။
သုဇာတော မာတာပိတူဟိ ၊ ဂရုဝရေဟိ သိက္ခိတော။
ဧသော- “အရှင်တိသာသန” ဘွဲ့နာမဖြင့် ပါကဋထင်ပေါ် ဤရဟန်းတော်သည်၊ မာတာပိတူဟိ- ငါန်းဇွန်မြို့နယ် သတင်းကြွယ်သည့် မိုးတောင်လယ်ကျင်းဦး တင့်ထူးသာလှ ထိုရွာမ၌ ပျော်ကြဖွေရာ နှစ်ဖြာမိဘ “ဦးထွန်းဝေ ဒေါ်မြရီ” တို့မှ၊ သုဇာတော- ထောင့်သုံးရာနှစ်ဆယ့်ရှစ် သက္ကရာဇ် အခေါ် လနတ်တော်ကျော်တက် ဆယ့်တစ်ရက်ဟု နှစ်သက်ဖွယ်ရာ မင်္ဂလာကြုံတွေ့ စနေနေ့ဝယ် ပျော်မွေ့သန့်စင် ဖွားမြင်ပြီး၍၊ ဂရုဝရေဟိ- ကျမ်းတတ်လိမ္မာ ကျင့်သိက္ခာနှင့် လွန်စွာပြည့်စုံ ဘုန်းဂုဏ်ကြီးလတ် ကျေးဇူးရှင်ဆရာတော်မြတ်တို့မှ၊ သိက္ခိတော- အက္ခရသမယ အခြေခံမှစလျက် ကျနသေချာ [၁၇၆] တတ်ပညာကို ဖွေရှာထပ်ထပ် သင်ယူအပ်သည်ဖြစ်၍၊ ဝိနယဓာရကော- စာမျက်နှာနှစ်ထောင်ကျော် မြတ်ဗုဒ္ဓအာဏာတော်ကို ရွှင်ပျော်နှုတ်တက် အရကျက်လျက် နှစ်သက်ရင့်ကျူး “ဝိနယဓရ” ပုဂ္ဂိုလ်ထူးသည်၊ ဝိနယဿ သုကောဝိဒေါ- ဝိနည်းပိဋကတ် ကျမ်းမြတ်ရွှေစာ ဋ္ဌကထာနှင့် ဋီကာဓိပ္ပါယ် အသွယ်သွယ်ရှင်းပြ ဝိနိစ္ဆယမကျန် ဝေဖန်ရှုမျှော် “ဝိနယကောဝိဒ” ပုဂ္ဂိုလ်ကျော်သည်၊ အာသိ- စင်စစ်မသွေ ဖြစ်ခဲ့ပါပေသတည်း။
(၃) ပူဇနေယျံ ပူဇယာမ ၊ ဂုဏေ နိမုဂ္ဂမာနသာ။
ဒီဃာယု ဧသ နိရောဂေါ ၊ ဇောတေတံ ဇိနသာသနံ။
မယံ- ညီညာတူပျော် ပူဇော်လိုငြား တပည့်တော်အများတို့သည်၊ ဂုဏေ- ဗုဒ္ဓဟောကြား မြတ်တရားကို မှတ်သားကြည်ဖြူ ဆောင်ယူနိုင်ဘိ စွမ်းရည်ရှိသည့် တတ်သိလွှမ်းခြုံ မြတ်သောဂုဏ်၌၊ နိမုဂ္ဂမာနသာ- ဝင်ရောက်ငုတ်လျှိုး မြတ်နိုးရွှင်သာ ကြည်နူးသောစိတ်ရှိကြကုန်သည်ဖြစ်၍၊ ပူဇနေယျံ- ဥပါလိထေရ်အရှင် ပုံသွင်တမျှ ဝိနယကို တိကျနှုတ်ငုံ လွှမ်းခြုံဆောင်ထား ဉာဏ်အားထင်ပေါ် ပူဇော်ထိုက်သော အရှင်တိသာသန ပုဂ္ဂိုလ်ကျော်ကို၊ ပူဇယာမ- ခါခါဝပ်လျှိုး မြတ်နိုးသဒ္ဓါတနာဖြင့် မကွာတူပျော် ပူဇော်ကြပါကုန်သည်ဘုရား။ “အရှင်တိသာသန” ဝိနယဓရနှင့် ကောဝိဒအကျော် ဘွဲ့တော် [၁၇၇] နှင်းအပ် ဤအရှင်မြတ်သည်၊ ဒီဃာယု- အာယုကပ်မီ သက်တမ်းတည်လျက် ရွှင်ကြည်ပကတိ ရှည်ကြာသော အသက်ရှိသည်ဖြစ်၍၊ နိရောဂေါ- နုပျိုကျန်းမာ လန်းဖြာပကတိ အနာရောဂါ မရှိသည်ဖြစ်၍၊ ဇိနသာသနံ- ရှင်တော်ဘုရား ဟောကြားမိန့်မှာ သုံးရပ်သော သာသနာကို၊ ဇောတေတံ- ထောင်နေရောင်လင်း အမှောင်ကင်းသို့ သန့်ရှင်းပုံသေ ထွန်းလင်းအောင် ဆောင်ရွက်တော်မူနိုင်ပါစေသတည်း။

အရှင်နန္ဒမာလာဘိဝံသ မဟာသုဗောဓာရုံ၊ စစ်ကိုင်း ၁၃၆ဝ ပြည့်၊ ကဆုန်လဆုတ် ၁၅။

[၁၇၈] စစ်ကိုင်းတောင်ရိုး၊ ရတနာခုခံနှင့် သဇ္ဇနောဒယ ကျောင်းတိုက်တို့၏
ဝိဟာရာဓိပတိ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု
သဇ္ဇနောဒယဆရာတော်ဘုရားကြီး၏ ဇာတဒိဝသ ရဋ္ဌဂုရုဂုဏဝိသိဋ္ဌပူဇာ
မင်္ဂလာအခမ်းအနား၌ ရွတ်ဖတ်ပူဇော်အပ်သော ဝန္ဒနာ, ဂုဏကိတ္တနာ, ပတ္ထနာ မင်္ဂလာဂါထာများ

ဝန္ဒနာဂါထာ

(၁) သုသာဓယံ သုဇနာနံ၊ ဟိတံ ဩဝါဒဒါယကံ။ ဣန္ဒုဝ ပါကဋံ ထေရံ၊ ဝန္ဒာမ ဓမ္မဘာကရံ။
သုဇနာနံ- ကိုယ်ကျင့်တရား လွန်လေးစားလျက် စိတ်ထားဖြူစင် လူရှင်မခြား သူတော်စင်အများတို့၏၊ ဟိတံ- ခုနောင်သံသရာ နှစ်ဖြာကောင်းကျိုး ချမ်းသာမျိုးကို ပွားတိုးစေငြား အကျိုးစီးပွားကို၊ သုသာဓယံ- မကောင်းမှုပွား အကျင့်များကို မြစ်တားဆုံးမ ကောင်းရာပြလျက် ဆုံးမပဲ့ပြင် ဖြူစင် [၁၇၉] စိတ်ဓာတ် ကောင်းစွာ ပြီးစေတော်မူတတ်သော၊ ဩဝါဒဒါယကံ- တိပိဋကရွေးချယ် စာပေနယ်နှင့် တသွယ်မလွန် မိုးစွန်ထိပ်နင်း ဆန်လှူသင်းနှင့် မယွင်းမပျက် ဂုဏ်ရောင်တက်သည့် ဝါးချက်ဇီဝိတ အာယုဒါနသီတဂူ ကြည်ဖြူထက်ဗဟို ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ မိန့်ဆိုမြွက်သူ ဩဝါဒါစရိယ ဖြစ်တော်မူသော၊ ဣန္ဒုဝ ပါကဋံ- ထက်အာကာသံ ကြယ်ပေါင်းရံလျက် ညဉ့်ယာမ်တင့်ရွှန်း လပြည့်ဝန်းသို့ တင့်ထွန်းရောင်ဝါ သာသနာ၌ လွန်စွာထင်ရှား ကျော်ကြားတော်မူသော၊ ဓမ္မဘာကရံ- ဓမ္မအရောင် ထွန်းလင်းပြောင်ဘို့ စွမ်းဆောင်နိုင်ဘိ ထူးခြားသော သတ္တိရှိတော်မူသော၊ ထေရံ- ကျေးဇူးတော်ရှင် ဂုဏ်အင်ပွားစီး သဇ္ဇနောဒယဆရာတော်ဘုရားကြီးကို၊ ဝန္ဒာမ- မေတ္တာပေမ ဂါရဝဖြင့် ထာဝရရိုကျိုး လက်စုံမိုးလျက် ရှိခိုးကန်တော့ကြပါကုန်၏ အရှင်ဘုရား။

ဂုဏကိတ္တနာဂါထာ

(၂) ပိဋကေ ပါရဂေါ အာသိ၊ ဓာရကော ပါဠိဝစနေ။ ကုသလေဟိ သုဇနေဟိ၊ သိက္ခန္တော ပါဠိပါဌ်ကေ။
ထေရော- သာသနာ့ဂုဏ်ရောင် ထွန်းလင်းအောင်ဟု စွမ်းဆောင်အားသည်း သဇ္ဇနောဒယဆရာတော်ဘုရားကြီးသည်၊ ပါဠိဝစနေ- ဘုရားမုခပါဌ် သမုတ်အပ်သည့် ထွဋ်မြတ် [၁၈၀] ဂုဏ်ဝါ ပါဠိဘာသာ၌၊ ကုသလေဟိ- သင်ယူတတ်မြောက် စွမ်းအားမောက်သည့် မုန်သောက်မာတင် အလွန်ပင် ကျွမ်းကျင်တော်မူကြကုန်သော၊ သုဇနေဟိ- ပရိယတ်ဂုဏ်ရောင် ထွန်းပြောင်ထိပ်သီး ဆရာမြတ်ကြီးတို့မှ၊ ပါဠိပါဌ်ကေ- ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် များမြောင်လှစွာ ပါဠိကျမ်းစာတို့ကို၊ သိက္ခန္တော- ထကြွလုံ့လ ဆုံးမနာယူ ထံမူလုပ်ကျွေး သင်တွေးအံရွတ် တပည့်ဝတ်ကို မချွတ်ကြည်ဖြူ အားထုတ်သင်ယူတော်မူသည်ဖြစ်၍၊ ဓာရကော- စာပေစကား နှလုံးသား၌ သိုထားပိုင်ပိုင် ဆောင်ထားနိုင်သည်ဖြစ်၍၊ ပိဋကေ ပါရဂေါ- ပင်လယ်ပိဋကတ် လွန်နှံ့စပ်လျက် ကူးခတ်လွယ်ကူ အောင်လံထူသည့် မှတ်ယူထင်ပေါ် ပိဋကတ်ပါရဂူပုဂ္ဂိုလ်ကျော်သည်၊ အာသိ- ကောင်းစွာမသွေ ဖြစ်တော်မူခဲ့ပါပေသတည်း။
(၃) ဟိတကာရီ မိတဘာဏီ၊ သိက္ခာသီလဝိသောဓယီ။ သတ္ထစာရီ အတ္ထဉာဏီ၊ မိစ္ဆာဉာဏဝိမောစယီ။
ထေရော- ဓုဝံရတနာ ကျောင်းမဟာနှင့် တစ်ဖြာသဇ္ဇနောဒယ ဝိဟာရအရှင် ဂုဏ်အင်ပွားစီး သဇ္ဇနောဒယ ဆရာတော်ဘုရားကြီးသည်၊ ဟိတကာရီ- မိမိသူတပါး ကျိုးစီးပွားတို့ များပြားနိုင်စေ ဆောင်ရွက်တော်မူတတ်ပါပေ၏။ မိတဘာဏီ- ကျမ်းရှိမှန်ငြား ဆိုစကားကို ပိုင်းခြားကာပေ နှိုင်းချိန်၍ [၁၈၁] ပြောဆိုတတ်ပါပေ၏။ သိက္ခာသီလဝိသောဓယီ- သိက္ခာသီလ အာစာရကို ထာဝရဖြူစင် မြူမတင်အောင် တူယှဉ်စွဲမှတ် သတိကပ်လျက် ဉာဏ်မြတ်ရှုမျှော် သုတ်သင်တော်မူတတ်ပါပေ၏။ သတ္ထစာရီ- ကျမ်းဂန်အရပ်ရပ် နှံ့စပ်လိမ္မာ ဉာဏ်ပညာဖြင့် ဖွေရှာခဲကပ် ခွဲဖြတ်ဆင်ခြင် ကျက်စားနိုင်သော ဉာဏ်အမြင် ရှိတော်မူပါပေ၏။ အတ္ထဉာဏီ- အက္ခရာပုဒ်ပါဌ် ရုပ်ဓာတ်ပစ္စည်း အနည်းနည်းရှုမြော် အနက်ဉာဏ်ကြီးတော်မူပါပေ၏။ မိစ္ဆာဉာဏဝိမောစယီ- အသိမမှန် မိစ္ဆာဉာဏ်မှ ဧကန်မသွေ လွတ်မြောက်စေတော်မူတတ်ပါပေ၏။
(၄) အဘိဓဇမဟာရဋ္ဌဂုရူတိ ရဋ္ဌပူဇိတော။ ပါကဋော သာသနေ ထေရော၊ သကိယဂုဏပူဇိတော။
ထေရော- သီလ သမာဓိ ပညာပြည့်စုံ လွှမ်းခြုံကျော်ဟီး သဇ္ဇနောဒယဆရာတော်ဘုရားကြီးသည်၊ သကိယဂုဏပူဇိတော- ကိုယ်ပိုင်ဂုဏ်ရည် စုံအညီဖြင့် ပုံထည်ထင်ပေါ် အလွန်တင့်တယ်တော်မူသည်ဖြစ်၍၊ အဘိဓဇမဟာရဋ္ဌဂုရူတိ- တံခွန်တိမ်ယံ မြတ်နိုင်ငံ၏ အောင်လံတစ်ခု အလေးပြုသည့် ဂရုဆရာ အဓိပ္ပါယ်ပါသည့်သာသနိက ထူးလှရည်မျှော် 'အဘိဓဇမဟာရဋ္ဌဂုရု' ဘွဲ့တံဆိပ်တော်ဖြင့်၊ ရဋ္ဌပူဇိတော- တူပျော်လေးမြတ် ဆက်ကပ်ကော်ရော် နိုင်ငံတော်က ပူဇော်အပ်သည်ဖြစ်၍၊ သာသနေ- ရွှေပြည်မြန်မာ ထွန်းတောက်လာသည့် [၁၈၂] ဂုဏ်ဝါပွားစီး သာသနာတော်မြတ်ကြီး၌၊ ပါကဋော- နေလရောင်ဝါပြိုးပြက် တန်ခိုးတက်လျက် ဖြိုးလက်ဖြာဝေ ထင်ရှားတော်မူပါပေသတည်း။

ပတ္ထနာဆုတောင်းဂါထာ

(၅) ပသတ္ထသဂုဏေဟိ၊ သာဓုဟဒယတောသကံ။ မဟာထေရံ ပဿေယျာမ၊ ဝဿသတံ အနာမယံ။
ပသတ္ထသဂုဏေဟိ- ကြေညာတက်လှမ်း အထက်တန်းဟု ချီးမွမ်းဖွယ်စုံညီ ကိုယ်ပိုင်ဂုဏ်ရည်တို့ဖြင့်၊ သာဓုဟဒယတောသကံ- သူတော်နှလုံး အစဉ်သုံးလျက် ရွှင်ပြုံးနှစ်သက်စေတတ်သော၊ မဟာထေရံ- သီလ သမာဓိ ပညာခိုင်ဖြီး သဇ္ဇနောဒယဆရာတော်ဘုရားကြီးကို၊ ဝဿသတံ- လူတို့သက်တမ်း အထက်မှန်းလျက် မပြတ်တမ်းတွက်စစ် ရက်နှစ်များစွာ အနှစ်တစ်ရာကာလကြာအောင်၊ အနာမယံ- ကိုယ်စိတ်လန်းဖြာ ဝမ်းပန်းသာလျက် ကျန်းမာတော်မူသည်ကို၊ ပဿေယျာမ- တွေ့လိုပါကြောင်း မြင်လိုကြောင်းဟု မှုကောင်းဖြာဖြာ ဆုတောင်းကြပါကုန်သည် အရှင်ဘုရား။

အရှင်နန္ဒမာလာဘိဝံသ မဟာသုဗောဓာရုံ၊ စစ်ကိုင်း။

[၁၈၃] မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ညောင်ကန်အေး သာသနာ့ရိပ်သာတွင် ဆင်ယင်ကျင်းပအပ်သော သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမကျောင်းတိုက် ဝိဟာရာဓိပတိ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသိဂ္ဂဝမဟာထေရ်အား ပူဇော်ကန်တော့သည့် အခမ်းအနား၌ ရွတ်ဆိုအပ်သော ဝန္ဒနာ ပူဇာ အာသီသဂါထာ

(၁) ပူဇိတံ ရဋ္ဌပါလေဟိ ၊ ရဋ္ဌကာမေဟိ ဘူသိတံ။ မဟာထေရံ' ဘိဝန္ဒာမ ၊ သက္ကစ္စံ သိရသာ မယံ။
ရဋ္ဌပါလေဟိ- မြန်မာစစ်မှန် မျိုးစိတ်သန်လျက် ရဲမာန်ထန်ပြင်း ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရမင်းတို့သည်၊ ပူဇိတံ- ထိပ်တန်းတော်ဝင် ပညာရှင်ဟု ဂုဏ်တင်တူပျော် 'အဂ္ဂမဟာပဏ္ဍိတ' ဘွဲ့တံဆိပ်တော်ဖြင့် ပူဇော်အပ်သော၊ ရဋ္ဌကာမေဟိ- ပြည်သူအများ အရေးထားလျက် လေးစားချစ်ခင် ဖြူစင်သီလ အာဒိပြ၍ ရံခတင့်ညောင်း ဂုဏ်အပေါင်း [၁၈၄] တို့ဖြင့်၊ ဘူသိတံ- ကမ္ဘာ့တန်ဆာ ရတနာထက် များစွာသစ်လွင် ထူးကဲစွာတန်းဆာဆင်အပ်သော၊ မဟာထေရံ- ခြောက်ဆယ့်လေးဝါ သိက္ခာသီလ ထေရဂုဏ်ရည် စုံညီထိပ်သီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ မကုဋာရာမဆရာတော်ဘုရားကြီးကို၊ မယံ- စုပေါင်းညီညာ ကြည်သဒ္ဓါဖြင့် ပူဇာဒါန ပြုကြတူပျော် ဘုရားတပည့်တော်တို့သည်၊ သက္ကစ္စံ- အားတက်ရွှင်ပြ ဂါရဝဖြင့် ဆန္ဒသဒ္ဓါ ရိုသေစွာ၊ သိရသာ- ဦးခေါင်းရတနာမြတ် အင်္ဂါဖြင့်၊ အဘိဝန္ဒာမ- လက်ဆယ်ဖြာ ယှက်ကာမိုးလျက် ရှိခိုးကန်တော့ကြပါကုန်၏ အရှင်ဘုရား။
(၂) ပူဇယာမ မဟာထေရံ ၊ လင်္ကာယံ ဓမ္မဇောတကံ။ ဝိဟာရာဓိပတိ ဓီရံ ၊ အညဘာသာယ ကောဝိဒံ။
လင်္ကာယံ- တမ္ဗပဏ္ဏိ မည်ရှိသီဟဠ ထိုမှတဖြာ လင်္ကာဒီပ အမည်ရလျက် ခေါ်ကြစီလုံ လွှမ်းခြုံထင်ပေါ် သီရိလင်္ကာနိုင်ငံတော်၌၊ ဓမ္မဇောတကံ- ဗုဒ္ဓမြတ်စွာ စောသတ္ထာ၏ ဒေသနာဓမ္မ ဟောပြထင်ပေါ် ထွန်းလင်းစေတော်မူတတ်သော၊ ဝိဟာရာဓိပတိ- ကိုလံဘို, ကန္ဒီ, တလီ, အနုရာဓပုရ သုံးဌာန၌ မည်ရထင်ရှား ဝိနယာလင်္ကာရ မကုဋာရာမ မြန်မာကျောင်းတိုက် နှစ်ခြိုက်ရွှင်ပျော် ကျောင်းပိုင်ဆရာတော် ဖြစ်တော်မူသော၊ အညဘာသာယ ကောဝိဒံ- အင်္ဂလိပ် သီဟိုဠ် ထိုထိုများစွာ ဘာသန္တရ ကျနသေချာ တတ်ကျွမ်းလိမ္မာ [၁၈၅] တော်မူသော၊ ဓီရံ- အရာရာပင် စိတ်ပါဝင်လျက် ဆင်ခြင်နှိုင်းသိ ပညာရှိတော်မူသော၊ မဟာထေရံ- အဂ္ဂမဟာပဏ္ဍိတ ဘွဲ့မည်ရလျက် သံဃာ့ဦးစီး မကုဋာရာမဆရာတော်ဘုရားကြီးကို၊ ပူဇယာမ- ပီတိလျှမ်းဖြာ လွှမ်းသဒ္ဓါဖြင့် ဝမ်းသာတူပျော် ပူဇော်ကြပါကုန်သည်ဘုရား။
(၃) ဒီဃာယု ဘဝတံ ထေရော ၊ နိရောဂေါ နိရုပဒ္ဒဝေါ။ သကေ ရဋ္ဌေ စ လင်္ကာယံ ၊ ဇောတေတံ ဇိနသာသနံ။
ထေရော- အဂ္ဂမဟာပဏ္ဍိတ် ဘွဲ့တံဆိပ်ဖြင့် ဂုဏ်ဟိတ်ထင်ပေါ် မကုဋာရာမဆရာတော်သည်၊ နိရောဂေါ- ကိုးဆယ့်ခြောက်ဖြာ ရောဂါမရှိ ပကတိရွှင်ပျော် ကျန်းမာတော်မူသည်၊ နိရုပဒ္ဒဝေါ- ဘေးရန်အန္တရာယ် သွယ်သွယ်ကင်းကွာ စိတ်ချမ်းသာတော်မူသည်၊ ဒီဃာယု- အာယုကပ်မီ ရာကျော်တည်လျက် ရွှင်ကြည်မပျက် ရှည်သောအသက်ရှိတော်မူသည်၊ ဘဝတံ- စင်စစ်မသွေ ဖြစ်တော်မူပါစေသတည်း၊ သကေ ရဋ္ဌေ စ- ဇာတိဌာနေ မွေးရပ်မြေဟု တည်နေစံပျော် ဇာတိမြန်မာနိုင်ငံတော်၌လည်းကောင်း၊ လင်္ကာယံ- ပဝတ္တိဌာန သာလှစိမ်းစို ကျွန်းသီဟိုဠ်၌လည်းကောင်း၊ ဇိနသာသနံ- ရှင်တော်ဘုရား ဟောကြားမြွက်ဖော် မြတ်ဘုရား၏ သာသနာတော်ကို၊ ဇောတေတံ- ထောင်သောင်းနေရောင် ထွန်း [၁၈၆] လင်းပြောင်သို့ ဂုဏ်ရောင်လက်ဝေ ထွန်းကားအောင် ဆောင်ရွက်တော်မူနိုင်ပါစေသတည်း။

အရှင်နန္ဒမာလာဘိဝံသ (၇-၅-၉၁)

[၁၈၇] အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ကျေးဇူးတော်ရှင် သက်တော်ရှည်ဆရာတော်မြတ်ဘုရားကြီး၏ ၁၃၂၇-ခု၊ နတ်တော်လပြည့်ကျော် (၆) ရက် (၉၅) နှစ်ပြည့် သက်တော်ရှည်မင်္ဂလာနေ့၌ ချီးကျူးပူဇော်သော
ဂုရုပသံသိယ စာပန်းကုံး

ပထမဝန္ဒနာ

(၁) စန္ဒဓိတိသံဝါသ, ဖုလ္လသုဂန္ဓဂန္ဓိနံ။ ပသတ္ထ သီလသမ္ပန္နံ, ဂုရုံ ဝန္ဒာမ သာဓုကံ။
စန္ဒဓိတိသံဝါသဖုလ္လသုဂန္ဓဂန္ဓိနံ- သသပဏ္ဍိတ် ဂုဏ်ပြုတံဆိပ်ဖြင့် ခပ်နှိပ်ပေါ်ထွန်း ငွေလဝန်း၏ တင့်ရွှန်းဖြန့်ဖြူး ရောင်ခြည်ဦးနှင့် ယှက်ကူးကြွားဝင့် ငွားငွားစွင့်လျက် ကားကားပွင့်လာ ပဒုမ်ကြာဟု ဆွတ်ဖြူကြိုင်လှောင်း ကြာအပေါင်း [၁၈၈] တို့ထက်၊ ပသတ္ထံ- လေအောက်လေညှာ နှစ်ဖြာဖြတ်ပြေး ရပ်ဝေးတိုင်တိုင် ကြိုင်လှိုင်သင်းကြူ အရိယာသူမြတ်တို့ ချီးမွမ်းတော်မူအပ်သော။ သီလသမ္ပန္န- မကျိုး, မပေါက် မပြောက်, မကျား တောက်ကြွားတင့်တယ် လေးသွယ်ပါရိသုဒ္ဓိမည်တုံ သီလဂုဏ်နှင့် ပြည့်စုံတော်မူသော၊ ဂုရုံ- သိက္ခာကာမ သံသာရဘီရုံ လဇ္ဇီဂုဏ်ဖြင့် လွှမ်းခြုံကျော်ကြား ကျေးဇူးရှင် သက်တော်ရှည်ဆရာတော်ဘုရားကြီးကို။ သာဓုကံ- သက်တော်ရှည်ရန် ရည်သန်ဆုတောင်း အမှုကောင်းဖြင့် စုပေါင်းညီညာ ဤအခါဝယ် ကြည်သာရွှင်လန်း သီလဂုဏ်ကို ရည်မှန်းလျက် တင့်ဆန်းစေတနာ ကောင်းမွန်စွာ။ ဝန္ဒာမ- လက်အုပ်ကြော့ဆန်း မလျော့တမ်းဖြင့် ကန်တော့ပန်း ဆက်ကြပါကုန်၏ အရှင်ဘုရား။

ဒုတိယဝန္ဒနာ

(၂) ဂမ္ဘီရနေမနိခါတ- မေသိကာစလဌာယိနံ။ ပသတ္ထံ ဌိတိသမ္ပန္နံ၊ ဂုရုံ ဝန္ဒာမ သာဓုကံ။
ဂမ္ဘီရနေမနိခါတမေသိကာစလဌာယိနံ- ရှစ်မြှောင့်ပုံတယ် ပန်းချီခြယ်လျက် ဆန်းကြယ်လှစွာ မြို့သာယာဘို့ နက်စွာစိုက်ထူ အောင်လံတလူလူဖြင့် လွှင့်ထူကြံ့ခိုင် မြို့ကျောက်တိုင်ကြီးတို့ထက်။ ပသတ္ထံ- လောကဓမ်လေကြမ်း [၁၈၉] တိုက်ဝှေ့ရမ်းလည်း ဆံခြမ်းတချည် ထိုဤမရှား ခန့်ညားတည့်မတ် အရိယာသူမြတ်တို့ ချီးမွမ်းတော်မူအပ်သော။ ဌိတိသမ္ပန္န- တည်ကြည်စွာဘိ သမာဓိဂုဏ် ပြည့်စုံတော်မူသော။ ဂုရုံ- သိက္ခာကာမ သံသာရဘီရုံ လဇ္ဇီဂုဏ်ဖြင့် လွှမ်းခြုံကျော်ကြား ကျေးဇူးရှင်သက်တော်ရှည် ဆရာတော်ဘုရားကြီးကို။ သာဓုကံ- သက်တော်ရှည်ရန် ရည်သန်ဆုတောင်း အမှုကောင်းဖြင့် စုပေါင်းညီညာ ဤအခါဝယ် ကြည်သာရွှင်လန်း သမာဓိဂုဏ်တော်ကို ရည်မှန်းလျက် တင့်ဆန်းစေတနာ ကောင်းမွန်စွာ၊ ဝန္ဒာမ- လက်အုပ်ကြော့ဆန်း မလျော့တမ်းဖြင့် ကန်တော့ပန်းဆက်ကြပါကုန်၏ အရှင်ဘုရား။

တတိယဝန္ဒနာ

(၃) သုတိဏ္ဏသတ္ထသုတိဏှ- ဝဇိရာတိသုတိဏှကံ။ ပသတ္ထ မတိသမ္ပန္နံ၊ ဂုရုံ ဝန္ဒာမ သာဓုကံ။
သုတိဏှသတ္ထသုတိဏှဝဇိရာ- ကျောက်တိုင်, သံတိုင် လွန်ကြံ့ခိုင်လည်း ခုတ်နှိုင်ဖြတ်လှဲ တောင်ပြိုလဲအောင် ဖောက်ခွဲချေဖျက် အစွမ်းထက်သည့် လက်နက်စကြာ ထက်မြက်စွာသား ဝရဇိန်အများထက်၊ အတိသုတိဏှကံ- ကိလေစိုင်ခဲ တောင်ခပဲကို ဖြိုခွဲခုတ်ဖျက် အလွန်ထက်မြက်ပေထသော။ ပသတ္ထံ- ဗုဒ္ဓစဖြာ အရိယာတို့ ကြည်သာခွန်းချို ဆင့် [၁၉၀] ထိုထိုဖြင့် ဖွင့်ဆိုတခန်း ချီးမွမ်းအပ်ပေထသော၊ မတိသမ္ပန္န- ခက်ခဲနက်နဲ ဖျက်ခွဲထက်မြက် သွက်လက်လျှင်မြန် ပင်ကိုယ်ဉာဏ် ရှိတော်မူသော။ ဂုရုံ- သိက္ခာကာမ သံသာရဘီရုံ လဇ္ဇီဂုဏ်ဖြင့် လွှမ်းခြုံကျော်ကြား ကျေးဇူးရှင်သက်တော်ရှည် ဆရာတော်ဘုရားကြီးကို၊ သာဓုကံ- သက်တော်ရှည်ရန် ရည်သန်ဆုတောင်း အမှုကောင်းဖြင့် စုပေါင်းညီညာ ဤအခါဝယ် ကြည်သာရွှင်လန်း ပညာဂုဏ်တော်ကို ရည်မှန်းလျက် တင့်ဆန်းစေတနာ ကောင်းမွန်စွာ။ ဝန္ဒာမ- လက်အုပ်ကြော့ဆန်း မလျော့တမ်းဖြင့် ကန်တော့ပန်းဆက်ကြပါကုန်၏ အရှင်ဘုရား။

ပသံသာ

(၄) ရွှေကျင်နိကာယသေဋ္ဌော ဟိ၊ ဇေဋ္ဌောတိ ပရိဝိဿုတော။ သုဇီဝ ဇောတယီ ထေရော၊ မဟာဥက္ကဋ္ဌနာယကော။
ဟိ- ကျေးဇူးရှင့်ဂုဏ် ကြည်ယုံဦးညွတ် ဂါထာရွတ်လျက် တွတ်တွတ်သံချို ဖွင့်ဆိုရင့်ကျူး လှောက်တင်ပါဦးအံ့။ ထေရော- သီလ, သမာဓိ, ပညာစွယ်စုံ ဘုန်းဂုဏ်ကြီးမား ကျေးဇူးရှင် ဆရာတော်မြတ်ဘုရားကြီးသည်။ ရွှေကျင်နိကာယ [၁၉၁] သေဋ္ဌော- မင်းတုန်းဘုရင် ရွှေနန်းရှင်၏ ခင်မင်ကြည်ညို မှီခို အားထား နာမည်အားဖြင့် ထင်ရှားခေါ်တွင် ထေရ်ရွှေကျင်မှ ဆက်ဝင်နွယ်ပိုင်း ရွှေကျင်ဂိုဏ်းဝယ် တုနှိုင်းဖက်ရှား အမြတ်ဆုံးဆရာတော်တစ်ပါး ဖြစ်တော်မူပါပေ၏။ ဇေဋ္ဌောတိပရိဝိတော- သီလ သမာဓိ ပညာသက်ရွယ် မြင့်ကြွယ်ကြီးမား ပြိုင်ဖက်ရှား၍ အကြီးဆုံးဆရာတော်တစ်ပါးလည်း ဖြစ်တော်မူပါပေ၏။ မဟာဥက္ကဋ္ဌနာယကော- ရွှေကျင်နိကာယ ဥက္ကဋ္ဌ မဟာနာယက သံဃာ့ဦးစီး ကျေးဇူးရှင်ဆရာတော်မြတ် ဘုရားကြီးသည်၊ သုဇီဝ- တာရာဂဏ ဝန်းရံခလျက် ယာဉ်ရောင်ရှင်ပြည့်ရွှန်း လပြည့်ဝန်းကြီးကဲ့သို့။ ဇောတယီ- အရောင်ဖြန့်ကျင်း အမှောင်ခွင်းလျက် ထွန်းလင်းတင့်တယ်တော်မူလေပြီတကား။

အာကာသ

(၅) သီလကဝစသန္နာဟီ၊ သမာဓိသတ္တိဓာရယီ။
ပညာခဂ္ဂဒဂ္ဂါဟီ၊ ထေရော ဓမ္မသေနာပတီ။
ထေရော- သီလ, သမာဓိ, ပညာစွယ်စုံ ဘုန်းဂုဏ်ကြီးမား ကျေးဇူးရှင်ဆရာတော်မြတ်ဘုရားကြီးသည်။ သီလကဝစသန္နာဟီ- ကိလေသာမြှားဒဏ် ကြံ့ကြံ့ခံဖို့ ရည်သန်ရိုးရင်း နှလုံးသွင်းဖြင့် ထောင်ချဉ်းကိုးဖြာ ကုဋေသာမျှ ရွှေလွှာချပ်ဝတ် ကိုယ်လုံးစွပ်လျက် ကြည်ဆွတ်ခုံမင် ဝတ်ဆင်လေ့ရှိတော်မူသော၊ ပညာခဂ္ဂဒဂ္ဂါဟီ- ကိလေသာရန်သူ ခေါင်းမပြူအောင် [၁၉၂] ဖမ်းယူခုတ်လှဲ ပညာတည်းဟူသော သံလျက်ကို ခိုင်မြဲစွာ ကိုင်စွဲလေ့ရှိတော်မူသော။ ဓမ္မသေနာပတီ- နယ်ချဲ့ကိလေသာ တပ်လုံးသေအောင် ရှေ့ဆောင်တိုက်ထုတ် ဦးစီးလုပ်သည့် တရားဗိုလ်ချုပ်ကြီး ဖြစ်တော်မူပါပေသည်တကား။
(၆) အဘိဓဇမဟာရဋ္ဌဂုရု, ဂုရု ပူဇိတော။
ပိဋကပါရဂေါ ဓီရော၊ မတိမတံ ဓဇူပမော။
ဓီရော- ပစ္စုပ္ပန် သံသရာ ကျိုးနှစ်ဖြာကို တိုးပါစေကြောင်း ဉာဏ်ရည်လောင်း၍ ထိန်းကျောင်းအစဉ် မြော်မြင်ကြီးမား ကျေးဇူးရှင်ဆရာတော်မြတ်ဘုရားကြီးသည်။ ဂုရူဟိ- သာသနာ့ဂုဏ်ရည် ယုံကြည်လေးစား သဒ္ဓါပွားသည့် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရမင်းများတို့သည်။ ပူဇိတော- ခွင့်ရေးသီးခြား ထောက်ပံ့ထား၍ လေးစားကော်ရော် ပူဇော်အပ်ပေသော၊ အဘိဓဇမဟာရဋ္ဌဂုရု- သာသနာမှု အလေးပြုသည့် ပြည်သူ့ဆရာ ကဲသာအလွန် မြတ်တံခွန်ဟု အမွန်နှင်းအပ် “အဘိဓဇမဟာရဋ္ဌဂုရု” ဖွဲ့ပုံမြတ်ဖြင့် ဝေးရပ်တိုင်းကျော် အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်တစ်ပါး ဖြစ်တော်မူပါပေ၏။ ပိဋကပါရဂေါ- ပိဋကတ်နှင့် သတ္ထနယ်ကုန် စွယ်စုံတတ်ကျွမ်း တစ်ဖက်ကမ်းပေါက် ရဲရဲတောက်မျှ မုန်သောက်မာတင် ဇာနည်ရှင်ဟု “ပိဋကပါရဂူ” ဆရာတော်တစ်ပါး ဖြစ်တော် [၁၉၃] မူပါပေ၏။ မတိမတံ- ကမ္ဘာ့အလယ် ဂုဏ်မြင့်ကြွယ်လျက် တင့်တယ်ထင်ရှား ပညာရှိအများတို့၏။ ဓဇူပမော- အောင်လံအလား လွန်မြင့်မားလျက် ထင်ရှားတော်မူပါပေသည်တကား။

ပတ္ထနာ

(၇) သော ပုဏ္ဏတံ ပဒုမကာနနဂန္ဓဂန္ဒီ၊ သောမော သ တာရဂဏသေဝိတသံဃသံယီ။
ဖုလ္လတံ နဘတလေ နရနန္ဒနန္ဒီ၊ သူရော သတံသမပရံ ဇယဓမ္မဓမ္မံ။
(ဝသန္တတိလကာ)
သော ပဒုမော- ရှင်တော်လဝန်း ရောင်ဝါထွန်းမှ တင့်ရွှန်းပွင့်လာ ထိုကျေးဇူးတော်ရှင် ပဒုမ်ကြာသည်၊ ပဒုမကာနနဂန္ဓဂန္ဒီ- ပရိယတ်ကမ်းစပ် ကန်ဘောင်ခတ်၍ ပဋိပတ်ရေ စိမ်းထွေကြည်မြ ပွင့်ကြကြာပျို သာသနာဟုဆိုအပ်သော ပဒုမာကြာတော၌ ရွှင်မောကြည်နူး ရနံ့ထူးကို ဖြန့်ဖြူးပေးဝေ ကြိုင်လှိုင်စေလျက်၊ သတံသမပရံ- ရက်, လ, စ-ဖြာ တွက်စစ်ကြာသည့် နှစ်တစ်ရာကျော် ကာလပတ်လုံး၊ ဖုလ္လတံ- ရှုသူမြင်သူ အေးအေးလူတို့ ပွင့်ဖြူချပ်လွှာ ထပ်တရာစေ့ ပတ်ကာကွေ့လျက် မမေ့နိုင်ဖွယ် ဝတ်ဆံခြယ်၍ ရေဝယ်ထူးတင့် မခူးဝင့်အောင် ဖူးပွင့်တော်မူပါစေသတည်း။
သော သောမော- [၁၉၄] မသာလျှင်မျှော် သာလျှင်ပျော်သည့် ငွေသော်တာစန်း ထိုကျေးဇူးတော်ရှင် လပြည့်ဝန်းသည်။ တာရဂဏသေဝိတသံဃသံယီ- ရွှေကျင်နိကာယ သံဃာ့ကြယ်ပေါင်း ရံခညောင်းလျက် ရောင်ပေါင်းယှက်တွဲ ဖက်လဲခိုလှုံ ကြယ်ပေါင်းစုံ အခြံအရံ ရှိတော်မူလျက်၊ နဘတလေ- သာသနာ့နယ် အာကာသပြင်ကျယ်၌၊ နရနန္ဒနန္ဒီ- ရှုသူမြင်သူ စိတ်ကြည်လူလျက် စင်ဖြူလေးမြတ် အလွန်နှစ်သက်အပ်သည်ဖြစ်၍၊ သတံသမပရံ- ရက်, လ, စဖြာ တွက်စစ်ကြာသည့် နှစ်တစ်ရာကျော် ကာလပတ်လုံး။ ဖုလ္လတံ- အရောင်ဖြန့်ကျင်း အမှောင်ခွင်းလျက် ထွန်းလင်းတော်မူပါစေသတည်း။ သူရော- ပုရိသာဇည အာသဘဌာနီ ဂုဏ်ရည်မြင့်မား ကျေးဇူးရှင် သာသနာ့သူရဲကောင်းကြီး ဖြစ်တော်မူသော အရှင်ဆရာတော်မြတ်ဘုရားသည်။ ဓမ္မဓမ္မံ- ကိလေသာစစ်ပွဲ တပ်ကုန်စွဲ၍ ကြိတ်ခဲမြှော်မြင် စစ်အောင်မြင်ကြောင်း အလွန်ကောင်းသော လမ်းစဉ်ရှိသည်ဖြစ်၍။ သတံသမပရံ- ရက်, လ, စ-ဖြာ တွက်စစ်ကြာသည့် နှစ်တစ်ရာကျော် ကာလပတ်လုံး။ ဇယ- သပြေအနု ငွေခရုဖြင့် ဇေယျတုသံ မေရုပျံအောင် အော်ရန်ဟစ်ကြွေး အောင်သံပေးလျက် အောင်ရေးရည်ရော် အောင်စည်ဆော်၍ အောင်လံတော်လွှင့် အောင်ကုန်းမြင့်၌ အောင်ပွင့်ကိုကုံး အောင်ပန်းဖုံး၍ အောင်ဘုန်းတောက်ကာ အောင်ဆုဖြာသည် အောင်ပါစေဘုရား အောင်စေဘုရား။

[၁၉၅] နန္ဒမာလာဘိဝံသေန, ပိယသိဿေန ဂုရုနော။
ဂုရုပသံသိယာ ဂီတာ, ရစိတာ အဘိကင်္ခယာ။
အရှင်နန္ဒမာလာဘိဝံသ အစိုးရ, စေတိယင်္ဂဏ နှင့် ပရိယတ္တိသာသနဟိတဓမ္မာစရိယ ပါဠိပါရဂူ၊
မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်းမြို့။

[၁၉၆] အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်နိကာယသာသနာပိုင် ကျေးဇူးရှင် မန္တလေး ဝိသုဒ္ဓါရုံ, သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး၏ ၁၃၂၉-ခု၊ နတ်တော်လဆုတ် (၆)ရက် (၉၇)နှစ်ပြည့် သက်တော်ရှည် မင်္ဂလာနေ့၌ ချီးကျူးပူဇော်သော ဂုဏပသံသာ ဂီတိဂါထာများ

ပုဏ္ဏမာ ပုဏ္ဏမာယာတိ ၊ ယာတိ ဟာနတမေကဒါ။
နော ယာတိ ဓီရ တေ သီလံ ၊ အဟော ဝိမှယကရံပရံ။
ပုဏ္ဏမာ- တောင်မြတ်ဥဒည် စခန်းဆီမှ မှောင်ရည်မလူး ရောင်ခြည်ဦးဖြင့် ကွန့်မြူးထွက်လာ လစကြာသည်၊ ဝါ - မသာလျှင် မျှော်မှန်းဆ သာလျှင် ပျော်စမ်းရသည့် သော်တာစန်းဆိုတဲ့ လမင်းကြီးသည်၊ ဧကဒါ- ဥဏှဂူနန်း ရောင်ခြည်လျှမ်းသည့် နေနန်းနှင့်ကွာ အခွင့်သာ၍ တင့်သာယာမြူး [၁၉၇] ဆန်းပက္ခထူး၌၊ ပုဏ္ဏံ- ဝိုင်းဝိုင်းစက်စက် ရောင်ယှက်ဖြာဝေ လပြည့်ဝန်းကြီးအနေသို့၊ အာယာတိ- စင်စစ်မသွေ ရောက်ရှိပါပေ၏။ ဧကဒါ- အသရေလျှမ်းတင့် နေနန်းမြင့်နှင့် အသင့်ကြုံလာ ဆုတ်ပက္ခအခါ၌၊ ဟာနတံ- စန်းလရှိန်ဝါ ထိန်မသာဘဲ မှန်စွာမသွေ ဆုတ်ယုတ်သည့်အနေသို့၊ ယာတိ- စင်စစ်မသွေ ရောက်ရှိပါပေ၏။ ဓီရ- ရဋ္ဌဂုရု ပြည်သူ့ဆရာ ပညာ သီလ ပြည့်ဝကျော်မော် သက်တော်ရှည် ဆရာတော်အရှင်သူမြတ်ကြီးဘုရား၊ တေ- ကမ္ဘာတစ်ဝှမ်း ပြည့်ကြွယ် အံ့မခန်း သိဖွယ်ဂုဏ်အသွယ်သွယ်တို့ဖြင့် ခြယ်လှယ်ထင်ရှား အရှင်ဆရာတော်မြတ်ဘုရားကြီး၏၊ သီလံ- ပွတ်သစ်စ ခရုသင်း ဖြူဝင်းသည့်ပမာ လွန်စွာသန့်စင် မြူမတင်သည့် ဖြူစင်ပြောင်ဝင်း စတုပါရိသုဒ္ဓိသီလတည်းဟူသော ရွှေလမင်းကြီးသည်ကား၊ ဟာနတံ- ကျိုးပေါက် ပြောက်ကျား မှောက်မှားသည့်အနေ ဖောက်ပြားဆုတ်ယုတ်သည့်အနေသို့၊ နော ယာတိ- သဒ္ဓါ, ဝီရိယ, သတိ, ပညာ လေးဖြာစိုးမိုး ဂုဏ်တန်ခိုးကြောင့် မရောက်ရိုးအမှန်ပါဘုရား။ တေ- အံ့ဖွယ်ဂုဏ်ရည် စုံအညီဖြင့် ပုံထည်ကျော်ကြား အရှင်ဆရာတော်မြတ်ဘုရားကြီး၏၊ သီလံ- စတုပါရိသုဒ္ဓိလေးသွယ် မြင့်ကြွယ်တေဇော် မြတ်သီလတော်သည်၊ ပရံ- ကမ္ဘာ့အံ့ဖွယ် နှိုင်းမလွယ်အောင် ခန့်ထည်ဂုဏ်ဝါ အလွန်အမင်းသာလျှင်၊ အဟော ဝိမှယကရံ- ရင်သပ်ရှုမော တအံ့ဩဖြင့် အဟောအစ္ဆရိယ နှုတ်မြွက်ဟလျက် [၁၉၈] ကမ္ဘာ့နယ်ပယ် အခန့်ထည်အောင် အော်. . . အံ့ဖွယ်ကို ပြုတတ်ပါပေသည် အရှင်ဘုရား။
(၂) အာကာသော မိနိတုံ သက္ကာ၊ ရဇ္ဇုယာ အင်္ဂုလေနဝါ။
နတွေဝ ထေရ တေ ဉာဏံ၊ အဟော ဝိမှယကရံပရံ။
အာကာသော- တက်ခေတ်လူတွေ စူးစမ်းထူးဆန်းသည့် နယ်ပယ် အာကာသခေါ်တဲ့ ပြင်ကျယ်ကြီးကို၊ ဝါ- လ, နေ, နက္ခတ် လှည့်ပတ်ခါညီ ပြာရီအုံ့မှိုင်း ရတိုင်းသာယာ ထက်အာကာကို၊ ရဇ္ဇုယာ- အတိုင်းအထွာ ပမာဏ ထာဝရစံနမူ အမှန်ယူချိန်ထိုး ကမ္ဘာ့ပေကြိုးကြီးဖြင့်လည်းကောင်း၊ အင်္ဂုလေန ဝါ- မြန်မာအသုံး စံထုံးတွက်စစ် ကိုယ်ပိုင်သုံး လက်သစ်ဖြင့်သော်လည်းကောင်း၊ မိနိတုံ- ဘယ်နှပေ ဘယ်နှသစ်ဟု တွက်စစ်တိကျ တိုင်းထွာ၍ ပြခြင်းငှာ၊ သက္ကာ- စွမ်းနိုင်လေရာ၏။ ထေရ- သီလပြည့်ကြွယ် ပညာရည်ခန့်ထည်လျက် ပြန့်ကျယ်ကျော်ကြား ဆရာတော်အရှင်သူမြတ်ကြီးဘုရား၊ တေ- အံ့ဖွယ်ဂုဏ်ရည် စုံအညီဖြင့် ပုံထည်ကျော်ကြား အရှင်ဆရာတော်ဘုရားကြီး၏၊ ဉာဏံ- ထက်မြက်လျှင်မြန် အမြင်သန်သည့် ဝေဖန်မြင်မြော် မြတ်ဉာဏ်တော်ကို၊ မိနိတုံ- ဘယ်နှပေ ဘယ်နှသစ်ဟု တွက်စစ်တိကျ တိုင်းထွာ၍ ပြခြင်းငှာ၊ နတွေဝ သက္ကာ- ဘယ်သူတစ်ယောက်မျှ ရဲဂုဏ်မောက်၍ ပြီးမြောက်ပိုင်ပိုင် စွမ်းဆောင်နိုင်မည် မဟုတ်ပါဘုရား။

[၁၉၉] တေ- အံ့ဖွယ်ဂုဏ်ရည် စုံအညီဖြင့် ပုံထည်ကျော်ကြား အရှင်ဆရာတော်ဘုရားကြီး၏၊ ဉာဏံ- ထက်မြက်လျှင်မြန် အမြင်သန်သည့် ဝေဖန်မြင်မြော် မြတ်ဉာဏ်တော်သည်၊ ပရံ- ကမ္ဘာ့အံ့ဖွယ် နှိုင်းမလွယ်အောင် ခန့်ထည်ဂုဏ်ဝါ အလွန်အမင်းသာလျှင်၊ အဟော ဝိမှယကရံ- ရင်သပ်ရှုမော တအံ့ဩဖြင့် အဟောအစ္ဆရိယ နှုတ်မြွက်ဟလျက် ကမ္ဘာ့နယ်ပယ် အခန့်ထည်အောင် အံ့ဖွယ်ကို ပြုတတ်ပါပေသည်ဘုရား။
(၃) သီလဝတံ ဝဋံသက၊ ဓီမတံ ဓီမတံ ကရ။
ဝန္ဒာမ တံ မဟာထေရော၊ ဌာတု ဝဿသတာဓိကော။
သီလဝတံ- ခရုသင်းပွတ်သစ် ပုလဲနှစ်အတူ စင်ဖြူသီလရှိကြသူ ပုဂ္ဂိုလ်အများတို့တွင်၊ ဝဋံသက- လူတိုင်းကြည်ဖြူ ပန်ယူဆင်မြန်း ဦးစိုက်ပန်း ဖြစ်တော်မူသော၊ ဓီမတံ ဓီမန္တာနံ- အမြော်အမြင် တော်ဝင်ကြီးမား ပညာရှိအများတို့တွင်၊ ဓီမ- တိဟိတ်ပဋိသန္ဓေ အခြေခံလျက် ဝေဖန်ပိုင်းဆစ် ပညာရှိအစစ် ဖြစ်တော်မူသော၊ ဓီမတံ- မေတ္တာ စေတနာ ဝေဖြာဆွတ်ဖြန်း ကျင့်ခန်းတလီ စုံညီဖြန့်ဝေ ပညာရှိကိစ္စ အထွေထွေကို၊ ကရ- အားကြိုးမာန်တက် ဆောင်ရွက်တော်မူတတ်သော၊ ထေရ- ဂုဏ်အလီလီ စုံအညီဖြင့် ပုံထည်ကျော်ကြား ဆရာတော်အရှင်မြတ်ကြီးဘုရား၊ တံ- ဆိုပြီးဂုဏ်အင် စုံအလင်ထက် များဖြင်ဘုန်းဟုန် ကျေးဇူးဂုဏ်တို့ စုပုံတည်ငြား အရှင် [၂၀၀] ဆရာတော်မြတ်ဘုရားကြီးကို၊ ဝန္ဒာမ- ဂုဏ်အလီလီ ယုံအကြည်ဖြင့် စုံမီမြတ်နိုး စေတနာသဒ္ဓါဖြိုးလျက် ရှိခိုးကန်တော့ကြပါကုန်၏ အရှင်ဘုရား။ မဟာထေရော- ကြယ်စုံရံခ စန်းလပမာ လျှမ်းပဂုဏ်သိရ် တထိန်ထိန်ငြီး ဆရာတော်မြတ်ဘုရားကြီးသည်၊ ဝဿသတာဓိကော ဟုတွာ- သက်တော်ရာကျော် ရှည်တော်မူသည် ဖြစ်ပါ၍၊ ဌာတု- မိုးကြယ်ခပင်း ရံခလျှင်းသည့် ရွှေလမင်းကြီးပုံအသွင် ရွှေကျင်ဂဏ သာသနာ့ကျက်သရေဆောင် အခေါင်ဦးစီး ဂုဏ်တော်ကြီးဖြင့် ထိန်ညီးဖြာဝေ တည်ရှိပါစေ အရှင်ဘုရား။
အရှင်နန္ဒမာလာဘိဝံသ မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်းမြို့။ ၁၃၂၉ ခု၊ နတ်တော်လ။

[၂၀၁] ရွှေကျင်နိကာယ ဥက္ကဋ္ဌ၊ မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု စံကင်းဆရာတော်ဘုရားကြီး၏ ဝါတော် ရှစ်ဆယ်မြောက်, သက်တော် တရာရောက် မွေးနေ့တော် မင်္ဂလာအခါ (၁၂၃၂-၁၃၃၁ ခု၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ အင်္ဂါနေ့) စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတပည့်များ၏ ဆန္ဒပြုဆုတောင်းလွှာ

(၁) ခေမံ ယာယ ပယုဉ္ဇန္တာ ၊ ခေမာယ စ နပေက္ခကာ။
န ခေမာ, ထေရ စန္ဒောဝ ၊ သက္ကောတိ သမေတဝေ။
သိပ္ပံကာ- လောကဓာတ်တစ်ခွင် အဆန်းထွင်၍ စွမ်းအင်ပြသ အံ့စရာ့အောင်မြင် သိပ္ပံပညာရှင်တို့သည်၊ ခေမံ- ကမ္ဘာ၏အရံဂြိုဟ် သိပ္ပံကခေါ်ဆိုသည့် ပြာညိုလဲ့သန်း ကောင်းကင်လမ်းမှ ထွက်မြန်းသာယာ လကမ္ဘာသို့၊ ယာယ- အာကာသခရီး ဒုံးယာဉ်ကိုစီးလျက် ကမ္ဘာကြီးဖြတ်ကျော် လအပေါ် [၂၀၂] ကွန်းထောက် ဆိုက်ရောက်ရန်အလို့ငှာ၊ ပယုဉ္ဇန္တာ- စမ်းသပ်ကြဖန်ဖန် လက်တွေ့မှ လက်ခံသည့် သိပ္ပံနည်းကျကျ ကြိုးပမ်းလျက် ရှိကြကုန်၏၊ စ- ထိုသို့ပင် လကမ္ဘာတက်ရေး လက်မနှေးဘဲ အသက်ပေးကာ ကြိုးပမ်းကြပါသော်လည်း၊ ခေမာယ- နိုင်ငံတကာ အချင်းချင်း ချစ်ကြည်မှု မယိုယွင်းဘဲ ထာဝစဉ် ငြိမ်းချမ်းခြင်း အလို့ငှာကား၊ န အပေက္ခကာ- မငဲ့မသိ မဲ့သတိဖြင့် လှည့်မကြည့်အား ရှောင်ရှား၍ နေကြလေကုန်၏၊ န ခေမာ- ဘဏ္ဍာငွေပုံအောလျက် စိတ်စောကြရာ ကောင်းကင်မှ လစန္ဒာသည်၊ သမေတဝေ- အနုမြူဒုံးပျံ ဗုံးသံမစဲ စစ်ပွဲကြိုးပမ်း စိတ်မချမ်းမြေ့စရာ ဤကမ္ဘာ၏ ကြည်သာရွှင်အေး ငြိမ်းချမ်းရေးအလို့ငှာ၊ န သက္ကောတိ- ဘယ်လိုမှ မလှမ်းနိုင်သဖြင့် မစွမ်းနိုင်ရိုး အမှန်သာတည်း၊ ထေရ- ရွှေကျင်ဥက္ကဋ္ဌ အဘိဓဇဖွဲ့ရှင် ကျေးဇူးရှင် ဆရာတော်မြတ်ကြီးဘုရား၊ စန္ဒောဝ- ဘုန်းရောင်, ကံရောင် ဉာဏ်ရောင်ထိန်လင်း ကျေးဇူးရှင်ဆရာတော်ဘုရားကြီးတည်းဟူသော ရွှေလမင်းကြီးသည်သာလျှင်၊ သမေတဝေ- အနုမြူဒုံးပျံ ဗုံးသံမစဲ စစ်ပွဲကြိုးပမ်း စိတ်မချမ်းမြေ့စရာ ဤကမ္ဘာ၏ ကြည်သာရွှင်အေး ငြိမ်းချမ်းရေးအလို့ငှာ၊ သက္ကောတိ- ငြိမ်းချမ်းရေး အရေးမအောင်အောင် မေတ္တာတော်ဖြင့် သွေးဆောင်လျက် အေးချမ်းအောင် ကြိုးကိုင် အစွမ်းနိုင်ကြီး စွမ်းနိုင်ပါသည် အရှင်ဘုရား။

[၂၀၃] (၂) အာဒိကပ္ပေ ကပ္ပိကာနံ ၊ ဆန္ဒံ ပူရေသိ စန္ဒိမာ။
ဣဒါနိ ထေရစန္ဒောပိ ၊ ဆန္ဒံ ပူရေတု သဗ္ဗဒါ။
အာဒိကပ္ပေ- ကမ္ဘာတည်စ ခေတ်ဦးအခါ ကာလတုန်းက၊ စန္ဒိမာ- ကောင်းကင်ယံမှ ရောင်လျံပသည့် ကမ္ဘာ့တန်းဆာ လစန်းရတနာသည်၊ ကပ္ပိကာနံ- နေရောင်ကွယ်စ အားငယ်ကြသည့် ကမ္ဘာဦးသူ ရှေးခေတ်လူတို့၏၊ ဆန္ဒံ- ထွန်းပဝင်းပြောင် အလင်းရောင်မျှော်ကြ မျှော်လင့်ချက် စိတ်ဆန္ဒကို၊ ပူရေသိ- နေရောင်ယွန်းစ တက်ထွန်းပလျက် မွန်းလရောင်ခင်း ဖြန့်ကျင်းဝေဝေ ပြည့်စေခဲ့လေပြီ၊ ထေရ- ဝါတော်ရှစ်ဆယ်မြောက် သက်ရွယ်တော်တရာရောက်လည်း ထွန်းတောက်သည့် ဉာဏ်အမြင် သမ္ပဇဉ်ကြီးမား ကျေးဇူးရှင်ဆရာတော်မြတ်ကြီးဘုရား၊ ဣဒါနိ- ကမ္ဘာ့ခေတ်နှောင်း အသစ်ပြောင်း၍ ခေတ်ကောင်းမကြုံ ဝိသမလောဘတွေ ဝိုင်းအုံလျက် အရိုင်းဘုံပမာ မှောင်အတိကျလျက်နေသော ယနေ့ခေတ်အခါကြီး၌၊ စန္ဒောပိ- ဘုန်းရောင်, ကံရောင် ဉာဏ်ရောင်ထိန်လင်း ကျေးဇူးရှင်ဆရာတော်ဘုရားကြီးတည်းဟူသော ရွှေလမင်းကြီးသည်လည်း။ ကပ္ပိကာနံ- အနုမြူဒုံးပျံ ဗုံးသံမစဲ စစ်ပွဲမှောင်ကြီး ကာဆီးရှေ့ဝယ် စိတ်အားငယ်ငြား ကမ္ဘာသူ ကမ္ဘာသားတို့၏၊ ဆန္ဒံ- နိုင်ငံတကာချစ်ကြည် ကမ္ဘာတစ်ခု အသစ်တည်လျက် ခေတ်မီမီ ပျော်ရွှင်ရသည့် ငြိမ်းချမ်းရေးဆန္ဒကို၊ ပူရေတု- [၂၀၄] ဘုန်းတော်, ကံတော် မြတ်ဉာဏ်တော်နှင့် မေတ္တာတော်အရှိန် ကြီးသဖြင့် အဖြည့်ကြီး ဖြည့်နိုင်ပါစေ အရှင်ဘုရား။
နန္ဒမာလာဘိဝံသေန ၊ သုဗောဓာရာမဝါသိနာ။
ဂုရုနော ပိယသိဿေန ၊ ဂါထာယမဘိဂန္ထိတာ။
သုဗောဓာရုံနာယကေန ၊ သုဗောဓာရာမဝါသိနာ။
ဂုရုနော ပိယသိဿေန ၊ ဂါထာယမဘိကိတ္တိတာ။

[၂၀၅] မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဓမ္မပုံကန်ရွာ သက်တော်ရှည် မြွေပုံကန် အရှေ့ရွာကျောင်း ဆရာတော်ဘုရားကြီး သက်တော် ရာပြည့်ဂုဏပူဇာပွဲမဟာ၌ ရွတ်ဆိုပူဇော်အပ်သော

ဂုဏူပသဒ္ဓိတာ ပတ္ထနာ ဂါထာ

၁။ ဇာတိယာ ဝဿသတိကော၊ နာဂသီလဝိဘူသိတော။ နာဂါနံ ဝံသဇော ထေရော၊ ဗဟူနံ ဟိတကာရကော။
နာဂါနံ- မကောင်းသောအမှု မပြုဧကန် ထွန်းလှန်ဖယ်ရှား အရှင်သာရိပုတ္တရာ အစရှိသော ရဟန္တာပုဂ္ဂိုလ် အများတို့၏၊ ဝံသဇော- ဝိနည်းမိန့်မှာ ကျင့်သိက္ခာတို့ စဉ်လာမပျက် အနွယ်အဆက် ဖြစ်တော်မူသော၊ ထေရော- မြစ်ကမ်းဧရာ တောင်သေလာနှင့် တောင်ယာဝန်းရံ ‘မြွေပုံကန်’ဟု ကျောင်း ကန် ဘုရား စေတီများတို့ စည်ကားသိုက်မြိုက် ကျောင်းတော်တိုက်ဝယ် နှစ်ခြိုက်ရွှင်ပျော် သီတင်းသုံးတော်မူသည့် ထင်ပေါ်ဝေးနီး မြွေပုံကန်ဆရာတော်ဘုရားကြီးသည်၊ ဇာတိယာ- သန္ဓေ [၂၀၆] စတယ် ကိုးလလွယ်လျက် မြတ်မယ်ဝမ်းကြာ တိုက်ခန်းသာမှ ကောင်းစွာမွေးဖွား ဇာတိအားဖြင့်၊ ဝဿသတိကော- လူတို့ ဝေါဟာ နှစ်တရာဟု ရှည်ကြာကာလ သက်တော်ရသည်ဖြစ်၍၊ နာဂသီလဝိဘူသိတော- ရဟန္တာအရှင်မြတ် ကျင့်သုံးအပ်သည် ထူးမြတ်စုံလင် သီလတည်းဟူသော ဂုဏ်တို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍၊ ဗဟူနံ ဟိတကာရကော- ရဟန်းရှင်လူ များပြည်သူတို့ ဆူဆူကောင်းကျိုး ပွားတိုးစေရန် စိတ်ရည်သန်လျက် အမှန်မသွေ ဆောင်ရွက်တော်မူခဲ့ပါပေသတည်း။

၂။ မယံ ဘန္တေ ပတ္တယာမ၊ ထေရံ ပဿမှ ပေသလံ။ အရောဂံ ဝဿသတံပိ၊ သန္တာနံ ဓမ္မဇောတကံ။
ဘန္တေ- မြွေပုံကန်အရှေ့ကျောင်း ကိန်းအောင်းစံလျက် သက်တော်ရှည်ငြား ဆရာတော်အရှင်သူမြတ်ကြီးဘုရား၊ မယံ- ဆရာတော်အား လေးစားကြည်ညို မှီခိုအားထား တပည့်ဒါယကာ ဒါယိကာမအများတို့သည်၊ သန္တာနံ- အပူခပ်သိမ်း ကင်းငြိမ်းပြီးငြား ဘုရားအစရှိသော သူတော်စင်အများတို့၏၊ ဓမ္မဇောတကံ- စစ်မှန်ထင်ရှား မြတ်တရားကို ထွန်းကားစေရန် စိတ်ရည်သန်လျက် အမှန်ရွှင်ပျော် ဆောင်ရွက်တော်မူတတ်သော၊ ပေသလံ- သီလရိုကျိုး ချစ်မြတ်နိုးလျက် အားကိုးကြည်ညို ကိုယ်ကျင့်တရားနှင့် ပြည့်စုံတော်မူသော၊ ထေရံ- ဆရာတော်ဘုရားကြီးကို၊ ဝဿသတံပိ- [၂၀၇] အာယုကပ်မှန်း တရာတန်းဟု ရွှင်လန်းကြည်သာ နှစ်တရာ ကာလပတ်လုံးပင်လျှင်၊ အရောဂံ- ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ ကပ်လာမရှိ ပကတိဝမ်းသာ ကျန်းမာလျက်ရှိသည်ကို၊ ပဿမှ- အားရကြည်ညို ဖူးတွေ့လိုကြပါကုန်သည် အရှင်ဘုရား။

[၂၀၈] ကျေးဇူးရှင် နာယကဆရာတော်ဘုရား၏ ၄၇ နှစ်မြောက် သက်တော်ရှည်မင်္ဂလာအခါတွင် လျှောက်အပ်သော

ဆုတောင်းစာ, ဆုတောင်းလွှာပါဘုရား

(၁) နာယကော'နာမယော ဟောတု၊ စိရံ ပါလေတု သာသနံ။ ပူရေတု တဿ သင်္ကပ္ပေါ၊ ပါရမီပိ ပရမ္ပရံ။
နာယကော- သုဗောဓာရုံနာယက ပါကဋထင်ပေါ် ကျေးဇူးရှင်ဆရာတော်ဘုရားသည်၊ အနာမယော- ရောဂါဝေဒနာ ကပ်လာမရှိ ပကတိလန်းဖြာ ကျန်းမာတော်မူသည်၊ ဟောတု- တက်သစ်လဆန်း ပွင့်သစ်ပန်းသို့ စိမ်းလန်းစိုပြေ ဖြစ်ပါစေသတည်း၊ သာသနံ- ပရိယတ်, ပဋိပတ်, ပဋိဝေဓ သုံးလုံးကျေစေဖို့ မိန့်ချွေဟောအပ် သာသနာတော်မြတ်ကြီးကို၊ ပါလေတု- မြင့်မိုရ်တောင်မင်း လေပြင်းမဖြို သို့ကလို ခိုင်မာ ဓွန့်ရှည်ကြာအောင် စောင့်ရှောက်တော်မူနိုင်ပါစေသတည်း၊ တဿ- သုဗောဓာရုံနာယက ပါကဋထင်ပေါ် ထို [၂၀၉] ကျေးဇူးရှင် ဆရာတော်ဘုရား၏၊ သင်္ကပ္ပေါ- သာသနာရေး ဘာသာရေးဟု မြော်တွေးဖန်တည် ကောင်းမြတ်သော အကြံအစည်ဟူသမျှသည်လည်းကောင်း၊ ပါရမီပိ- ဒါန, သီလ စသည်ပေါင်းစု တောင်းဆုအလီလီ ကောင်းမှုပါရမီဟူသမျှသည်လည်းကောင်း၊ ပရမ္ပရံ- နိဗ္ဗာန်နန်းနှင့် စခန်းသင့်အောင် မြင့်ထက်မြင့်လာ အဆင့်ဆင့်သာလျှင်၊ ပူရေတု- တိမ်မဲညိုသန်း မိုးမင်းဖြန်း၍ အိုင်စန်းပြည့်လာ ကဲ့ပမာသို့ မှန်စွာမသွေ ပြည့်ပါစေဘုရား။

(၂) သုဗောဓာရုံ မဟာရညေ၊ ဖုလ္လတံဝ မဟီရုဟော။ ပိယာဒိစ္စော ဒိဇာကိဏ္ဏော၊ စိရဋ္ဌာယီ ပတာနနော။
သုဗောဓာရုံ မဟာရညေ- စန်းမြရေအိုင် တကြိုင်ကြိုင်ဖြင့် မြိုင်မြိုင်ဖူးပွင့် ထူးတင့်လှမော ပန်းစုံပေါသည့် သုဗောဓာရုံ ရဂုံခိုင်ပြီး ဂနိုင်ကြီးအတွင်း၌၊ မဟီရုဟော- အသီးချိုမြ အပွင့်လှ၍ ထာဝရမွှေးကြိုင် ဂနိုင်အုပ်စီး သစ်ပင်ကြီးအလား ကျေးဇူးရှင်နာယကဆရာတော်ဘုရားသည်၊ ပိယာဒိစ္စော- ဥတုရာသီ အခါညီတိုင်း ပွင့်ကိုင်းဝေဆာ ရသာပြည့်ကြွယ် သီးပွင့်ထည်လျက်၊ ဒိဇာကိဏ္ဏော- ပွင့်သီးစုံမက် ကျေးငှက်များစွာ ပျံကာရစ်ဝဲ စားပွဲတော်ကြုံ ဝိုင်းအုံနေလျက်၊ စိရဋ္ဌာယီ- နှစ်ပေါင်းတရာ မကပါပဲ သဘာဝမှီ ကြာမြှင့်စွာ တည်လျက်၊ ပတာနနော- ကိုင်းခက်ဖူးညွန့် လူးလွန့်ယှက်သန်း [၂၁၀] အံ့မခန်းမျှ အဆန်းတကြယ် တင့်တယ်လျက်၊ ဖုလ္လတံဝ- လွန်စွာကြီးမြင့် အံ့ချီးလင့်မျှ သီးပွင့်၍သာ နေပါစေသတည်း။

[၂၁၁] ၁၃၄၀ ပြည့်နှစ်၊ တန်ခူးလဆန်း (၁၄) ရက်၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ အသောကာရာမတိုက်၊ အသောကာရုံဆရာတော်ဘုရားကြီး၏

သက်တော် (၉၀) ပြည့်မြောက် (၉၁) နှစ်ရောက် ဝိဇာယနမင်္ဂလာအခါ ပတ္တနာသီသဂါထာ

စိရံ ဇီဝတု နော ထေရော၊ သီလာဒိဂုဏဘူသိတော။ နိရာပဒေါ နိရာမယော၊ သာသနဿ သိရိန္ဓရော။
နော- ဆရာတော်ဘုရား ဂုဏ်တော်များကို လေးစားရည်မျှော် တပည့်တော်တို့၏၊ သီလာဒိဂုဏဘူသိတော- စတုပါရိသုဒ္ဓိသီလ အာဒိပြလျက် တိကျစုံလင် ထူးမြတ်သည့် ဂုဏ်တို့ဖြင့် တန်ဆာဆင်အပ်သော၊ ထေရော- ဧရာတိုင်းမော် သမိုင်းကျော်သည့် ကျုံပျော်နဂရ အသောကဟု နာမမည်ဟီး ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည်၊ နိရာပဒေါ- ခုနောင်တွေ့ဖွယ် အန္တရာယ်ခပင်း လွန်စွာကင်းသည်ဖြစ်၍၊ နိရာမယော- ကိုးဆယ့်ခြောက်ဖြာ ဘေးရောဂါတို့ လွန်စွာကင်းရှင်း [၂၁၂] အားပြည့်တင်းလျက် စိတ်တွင်းကြည့်ပျော် အလွန်ကျန်းမာတော်မူသည်ဖြစ်၍၊ သာသနဿ- ဗုဒ္ဓမြတ်ရှင် ဉာဏ်သဗ္ဗဉ်ဖြင့် တီထွင်ဖန်တီး သာသနာတော်မြတ်ကြီး၏၊ သိရိန္ဓရော- တက်နေအရောင် လက်ဝေပြောင်ဖို့ ကျက်သရေဆောင်တဆူ ဖြစ်တော်မူသည်ဖြစ်၍၊ စိရံ ဇီဝတု- ဘုန်းတော်ကံတော် ပွင့်လင်းပေါ်၍ ရွှင်ပျော်ဝမ်းသာ စိတ်ချမ်းသာလျက် အသက်ရာကျော် ရှည်တော်မူပါစေသတည်း။

ရေးသားပူဇော်သူ - အသျှင်နန္ဒမာလာဘိဝံသ
မဟာသုဗောဓာရုံ၊ စစ်ကိုင်း

[၂၁၃] စစ်ကိုင်းတောင်ရိုး သမိဒ္ဓေါဒယချောင် သာသနာ့မိခင် ဖွားဖွားကြီး၏

သက်တော် ၉၇ နှစ်ပြည့် ဝိဇာယနမင်္ဂလာနေ့၌ သက်တော်ရှည်ကြောင်း ဆုတောင်းမေတ္တာပို့သ၍ အခမ်းအနားဖွင့် ဂါထာ

သုပုဏ္ဏ အမ္မ တေ အာယု၊ သီလံ မာလံဝ ဘူသိတံ။ အယံ ကာလော ဝိဇာယနော၊ ဝိဝရာမ သဘံ မယံ။
အမ္မ- ဖွားဖွားမိခင် အို- သမိဒ္ဓေါဒယထိပ်ခေါင်တင်၊ တေ- သီလလုံခြုံ သမာဓိဂုဏ်ကဲမောက် ပညာဂုဏ်ရဲရဲတောက်သဖြင့် အံ့လောက်သည့် အာဇာနည် ပါရမီထူးခြား သမိဒ္ဓေါဒယ မိခင်ဖွားဘုရား၏၊ အာယု- မွေးမိမာတာ ဖွားမြင်ရာမှ စခါရေတွက် လူ့အသက်သည်၊ သုပုဏ္ဏ- ၉၇ နှစ် ထွန်းသစ်မသွေ ပြည့်မြောက်ခဲ့ပါပေပြီ။

အမ္မ- ဖွားဖွားမိခင် အို- သမိဒ္ဓေါဒယထိပ်ခေါင်တင်၊ တေ- သီလရှင်သာသနာ ဂုဏ်ဝါထွန်းတောက် ထက်တန်းရောက်အောင် ချီးမြှောက်ကြိုးစား သမိဒ္ဓေါဒယမိခင်ဖွားဘုရား၏၊ [၂၁၄] မာလံဝ ဘူသိတံ- သဇင်, နှင်းဆီ, သရဖီသို့ ချစ်ကြည်ခုံမင် အလှဆင်အပ်သော၊ သီလံ- ခရုသင်းပွတ်သစ် ပုလဲနှစ်အသွင် ပြစ်စင်ဝင်းပ ကျင့်သုံးအပ်သော ဆယ်ပါးသီလသည်၊ သုပုဏ္ဏ- ၁၇ နှစ် ပျိုမြစ်နုနယ် ထိုအရွယ်မှ ကိုယ်ဝယ်ဆင်ဘိ ရေတွက်ကြည့်သော် အနှစ်ရှစ်ဆယ်တိတိ ပြည့်ပါပြီ။

အယံ ကာလော- ၁၃၃၉ ခု ရတုဟေမန် မြောက်လေပြန်၍ မြိုင်ယံအတွင်း သဇင်သင်းလျက် ငွေနှင်းကျရာ နတ်တော်လပြည့်ကျော် ၁၄ ရက် ယနေ့အခါသည်၊ ဝိဇာယနော- သမိဒ္ဓေါဒယ သာသနာ့မိခင် ကျေးဇူးရှင်၏ ဖွားမြင်ခဲ့ရာ ဝိဇာယနမင်္ဂလာ နေ့မြတ်အခါပါတည်း။

ဘောန္တော- သက်တော်ရှည်ငြား ဖွားဘုရားကို အားထားမှီခို ကြည်ညိုလေးစား အို-သူတော်စင် ပရိသတ်အများတို့၊ မယံ- သက်တော်ရှည်ကြောင်း ဆုတောင်းပြုလုပ် အကျွန်ုပ်တို့သည်၊ သဘံ- သက်တော်ရှည်ရန် ရည်သန်ဆင်နွှဲ ဖွားဘုရား၏ ဝိဇာယနသဘင်ပွဲကို၊ ဝိဝရာမ- မေတ္တာထွန်းတင့် နှုတ်ခွန်းဆင့်လျက် အသင့်မကြာ ဖွင့်လှစ်ကြပါကုန်စို့တကား။

နိဂုံး ဆုတောင်း

ဒို့ရဲ့ ဖွားဖွား၊ များပြားဂုဏ်တွေ။
ရာကျော်အသက်၊ ရှည်လျက်သာနေ။
ကုသိုလ်တရား၊ ပွားများနိုင်စေ။
ကျန်းမာကြောင်း ဆုတောင်းမေတ္တာဝေ။

[၂၁၅] ၁၃၄၇ ခု၊ နတ်တော်လဆန်း ၈ ရက် ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဂန္ထကာရကအကျော် ကျေးဇူးရှင် ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ သက်တော် (၉၂) နှစ် ပြည့်မြောက်ရာ ဝိဇာယနမင်္ဂလာအခါဝယ် ပူဇော်လျှောက်ကြားအပ်သော ဝန္ဒနာသီသဂါထာ

(၁) ပါကဋာ ခေ ရဝိန္ဒုဝ၊ ကိတ္တိ ယဿ မဟီတလေ။ မဟာထေရံ'ဘိဝန္ဒာမ၊ ပတ္ထန္တာ အာယုဝဒ္ဓနံ။
သရေလင်းဖြာ ရွှေဟင်္သာဟု ကြေညာပဝင်း ဂုဏ်သတင်းဖြင့် ထုံသင်းလှငြား အကြင်ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏။ ကိတ္တိ- ထက်အောက်မြန်ပြည် လွှမ်းတည်နှံ့စပ် အရပ်ရပ်ကြွင်း ကျော်စောခြင်းသည်။ ခေ- ကျယ်ပြန့်ကြည် [၂၁၆] လင် ထက်ကောင်းကင်၌၊ ရဝိန္ဒုဝ- ကျက်သရေမင်္ဂလာ ပြည့်စွာဖြင့် ရောင်ဝါထွန်းပ နေနှင့်လတို့ကဲ့သို့၊ မဟီတလေ- နိုင်ငံတကာ ကျယ်ပြန့်စွာသည့် ကမ္ဘာတခွင် မြေအပြင်၌၊ ပါကဋာ- အစဉ်အားဖြင့် ထင်ရှားတော်မူပါပေ၏။ တံ မဟာထေရံ- သရေလင်းဖြာ ရွှေဟင်္သာဟု ကြေညာပဝင်း ဂုဏ်သတင်းဖြင့် ထုံသင်းလှငြား ထိုကျေးဇူးရှင် ဆရာတော်ဘုရားကြီးကို၊ အာယုဝဒ္ဓနံ- အာယုကပ်သက် ရာကျော်တက်၍ နှစ်သက်ကြည်ပျော် သက်ရှည်တော်မူခြင်းကို၊ ပတ္ထန္တာ- ကုသိုလ်စုဆောင်း အမှုကောင်းဖြင့် ဆုတောင်းကြကုန်သည်ဖြစ်၍၊ အဘိဝန္ဒာမ- လက်အုပ်အဉ္ဇလီ တင်အချီဖြင့် ရွှင်ကြည်မြတ်နိုး သဒ္ဓါဖြိုးလျက် ရှိခိုးကြပါကုန်သည်ဘုရား။

(၂) ပုဏ္ဏိန္ဒု တာရကေ သဗ္ဗေ၊ အတိက္ကမ္မ ဝိရောစတိ။ ထေရောပိ ဂုဏိယေ သဗ္ဗေ၊ အတိက္ကမ္မ ဝိရောစတိ။
ပုဏ္ဏိန္ဒု- ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုးကင်းစင် ထက်ကောင်းကင်၌ ကြည်လင်တင့်ရွှန်း လပြည့်ဝန်းသည်။ သဗ္ဗေ- ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊ တာရကေ- မိုးလုံးပြည့်မီ စီရရီဖြင့် ရောင်ခြည်သွဲ့သွဲ့ ပြာလဲ့လဲ့ဖြာ ကြယ်တာရာတို့ကို၊ (ဝါ) သိန်းသန်းကုဋေ တွက်ရေမက လွန်များလှသည့် ထွန်းပရောင်ဖြာ ကြယ်တာရာတို့ကို၊ အတိက္ကမ္မ- စွမ်းတန်ခိုးပိုင် လွှမ်းမိုးနိုင်သည်ဖြစ်၍၊ ဝိရောစတိ- ကမ္ဘာ့အလယ် ဂုဏ်မြင့် [၂၁၇] ကြွယ်လျက် ဝင့်ထည်ဖြာဝေ တင့်တယ်ပါပေ၏။ ထေရောပိ- အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ပြည်သူ့ဆရာ ဂုဏ်ဝါကြီးမား ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည်လည်း၊ သဗ္ဗေ- ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊ ဂုဏိယေ- သီလ သမာ ပညာရည်တူ သရဖူဆောင်း ဂုဏ်ရှိသူအပေါင်းတို့ကို၊ အတိက္ကမ္မ- စွမ်းတန်ခိုးပိုင် လွှမ်းမိုးနိုင်သည်ဖြစ်၍၊ ဝိရောစတိ- သာသနာ့အလယ် ဂုဏ်မြင့်ကြွယ်လျက် ဝင့်ထည်စွာပေ တင့်တယ်တော်မူပါပေသတည်း။

[၂၁၈] ၁၃၁၉ ခုနှစ်၊ နယုန်လဆန်း (၁၅) ရက်နေ့ စစ်ကိုင်းတောင် ဝိပဿနာချောင် - အတိသုခသိမ်၌ ရဟန်းအဖြစ်သို့ တက်ရောက်သော သာမဏေရ ဓမ္မာစရိယ ရဟန်းလောင်း ရှင်ဂန္ဓသာရအား ဂုဏ်ပြုချီးကျူးသော ဥပသမ္ပဒမင်္ဂလာ-ထုတိဝေဒလ္လဂါထာများ

(၁) စန္ဒနော ဂန္ဓသာရော နော၊ နန္ဒနော သာရမဉ္ဇရီ။ ဇယမာလီ ဝရသာကီ၊ ဇာတော ဟိ ဒါနိ မဉ္စရီ။
ဟိ- ထုပ္ပတ်ဂုဏ်အင် မစုံလင်လည်း ပုံတင်ကဲသည့် ဂုဏ်ရဲကျော်မောက် ပြောင်မြောက်ခွန်းဟ စာတင်ကာ ညွှန်းပြရပါဦးအံ့၊ နော- ချီးကျူးရာမှာ သူမသာအောင် မူရာထုံးပြ ခွန်းဟနှုတ်ဖော် ချီးကျူးတတ်သော ဘုရားတပည့်တော်တို့၏၊ အယံ- ညောင်ပင်ရွာ ပေါ်တော်မူဆရာတော် ဝိပဿနာချောင်ပျော် ဆရာတော်တို့နှင့်တကွ မန်းပြည်တော်တခွင် ပေါ်ထင်ကျော်ဘိ ဓမ္မာစရိယကထိက စာချဆရာတော် ဦးအဂ္ဂိယ ဓမ္မာစရိယ၊ ဦးနာရဒ၊ ဦးဝိမလာဘိဝံသ ဓမ္မာစရိယတို့၏ ဝိဿာသဌာနီ အတွင်းမှီလျက် နှင်းဆီသွင်လာ ဆင်းပညာကို [၂၁၉] သင်ကာယူရ ဤရဟန်းလောင်း ကိုရင်ဂန္ဓသာရသည်၊ နန္ဒနော- ဘုရားပစ္စေ မြတ်မုနေတို့ နှုတ်ချွေမိန့်ဟ ချီးမွမ်းကြသဖြင့် ဗုဒ္ဓဆက်နွယ် နှစ်သက်ဖွယ်လည်း ဖြစ်ထသော၊ ဂန္ဓသာရော- ညှင်းညှင်းသာသာ တိုက်ခတ်လာသည့် လေသာ, လေအေး, လေပြေလေးနှင့် ယှဉ်ထွေးရောယှက် ပေါင်းကာဖက်၍ တွေးလျက်စိတ်ကူး ကြည်နူးသာယာ သွယ်ကာယှက်လောင်း ရနံ့ကောင်း၏ ပျံ့ပေါင်းဖြစ်ရာ နံ့သာနှစ်မဟာလည်း ရှိထသော၊ စန္ဒနော- ဂန္ဓာရုံတွင် သူဘုရင်မို့ မူအင်စွမ်းထက် တမ်းလျက်စိတ်ကူး ကြည်နူးဖွယ်ရာ စန္ဒကူးမဟာနှင့် မကွာသွင်ဟူ ပမာတူကြ မြတ်သီလလည်း ရှိပါပေ၏၊ သာရမဉ္ဇရီ- ကြိုင်ပျံ့ကာမြူး ခိုင်နံ့သာထူးဟု လက်ဦးလှမ်းကိုင် ပညာတည်းဟူသော မြတ်ပန်းခိုင်လည်း ရှိပါပေ၏၊ မဉ္ဇရီ- သီလပန်းခိုင် ပညာပန်းခိုင် အောင်ပန်းခိုင်တို့ဖြင့် မြိုင်ဆိုင်တင့်လွင် ပန်းခိုင်တို့၏ အရှင်ဖြစ်ပေသော၊ ဝရသာကီ- သာကီနွယ်ဇာတ် သုံးလူ့နတ်၏ မြေးမြတ်တွင်ခေါ် သာမဏေကျော် ဓမ္မာစရိယ ရှင်ဂန္ဓသာရသည်၊ ဒါနိ- သာသနာရောင် ထွန်းလင်းပြောင်သည့် နှစ်ထောင့်ငါးရာ သာသနာနှစ် တွက်စစ်ကျော်စ ဗုဒ္ဓသာသနာ အနာဂတ်ခေတ်အခါ၌၊ ဇာတော- “ရက္ခိဿာမျာဟံ နံ” ဟု စိတ်ကမှန်းရည် အာသဘီဝါစာ ခွန်းချိုသာလျက် ပညာထွန်းသစ် လူတို့ဇာစ်ဝယ် ခေတ်သစ်အနေ ဖြစ်ထွန်းပေါ်ပေါက်ခဲ့လေပြီတကား။ ။

[၂၂၀]
(၂) ဝဋံသကော ဩသဓော နု၊ သဇ္ဇနော ဇယမဉ္ဇရီ။ အယံ နော ဓမ္မာစရိယော၊ သဇ္ဇနော ဇယမဉ္ဇရီ။
အယံ- မ-တထောင် တကောင်ဖွား ယောက်ျားမြတ်ဇာနည် ပီသသည်ဟု ခွန်းရည်နှုတ်ဟ ပြောထုတ်ကြသည့် သာကိယနွယ် ဂုဏ်ထယ်ကြီးလှ သာမဏေကျော် ဓမ္မာစရိယ ဤရဟန်းလောင်း ကိုရင်ဂန္ဓသာရသည်၊ ဇယမဉ္ဇရီ- ဇမ္ဗူဒိပ်ကြီး ပဲ့တင်ဟီးလျက် စစ်ပြီးအောင်ပွဲ ဆင်နွှဲဉာဏ်ပိုင် အောင်ပန်းခိုင် ရှိတော်မူသော၊ သဇ္ဇနော ဩသဓော နု- ရှေးဖြစ်နှောင်းဖော် အလောင်းတော် မဟောသဓာပင် ဖြစ်၍နေသလော၊ နော- ဓိဋ္ဌာန်မတည် စိတ်ကြံစီမို့ ဖန်ရည်သမုတ် တကယ်အမှန် မဟုတ်ပါ၊ အယံ- ပွဲတိုင်းမရှောင် နွှဲတိုင်းအောင်ငြား ဇာနည်သားပင် ထင်ရှားတင့်တယ် သံဃာ့လယ်ဝယ် ဂုဏ်ထယ်ကြီးမား ဤရဟန်းလောင်းသည်ကား၊ နော- ပညာသင်ဖော် တပည့်တော်တို့၏၊ ဝဋံသကော- ခေါင်နွှဲချယ်လှယ် အောင်ပွဲအသွယ်သွယ်ကို တကယ်ရရှိ ဂုဏ်ပြည့်ထူးမောက် ဦးဆောက်ပန်းလည်း ရှိထသော၊ ဇယမဉ္ဇရီ- ကြံသူတိုင်းမပိုင် သင်းလှိုင်ပျံ့ကျော် ရနံ့တော်သည့် ကန့်ကော် သရဖီ ပန်းစုံညီသို့ ဂုဏ်ရည်ဝံ့ကြွား နံ့သာများပိုင် မြတ်သော အောင်ပန်းခိုင်လည်း ရှိပါပေသော၊ ဓမ္မာစရိယော သဇ္ဇနော- ရွှေမန်းခရိုင် စဉ့်ကူးပိုင်၏ တောင်လက်ျာဗွေ ကျွန်းစက်စွေ၌ ထွန်းထွေရောင်ဖြာ ညောင် [၂၂၁] ပင်ရွာဝယ် နှစ်ဖြာမိဘ ဂုဏ်ထူးကြသည့် ‘ဦးစံလှ-ဒေါ်ခင်’ ရွှေရင်မျက်ရှု ဖက်ပြုဘုန်းရှင် သာမဏေကျော် ဓမ္မာစရိယ ‘ရှင်ဂန္ဓသာရ’ သည်သာလျှင်။ ဟောတိ- တက်သစ်စခေတ် အခါဝယ် သစ်သဒ္ဓါပိုမြောက် မင်းမဟော်ဆိုလောက်အောင် ပြောင်မြောက်စွာပေ အမှန်ပင် ဖြစ်လေတော့သတည်း။
(၃) ရဋ္ဌဂုရုပဇ္ဈာယိကော၊ ဂတော ဒါနိ သုဇာနိယော။
ထမ္ဘိတော သောဒရိယေဟိ၊ ဇောတိကေဟိ ဥပတ္ထမ္ဘိတော။
သုဇာနိယော- သာသနာ့အာဇာနည် ဂုဏ်ရည်တင့်မော် သာမဏေကျော်, ဓမ္မာစရိယ ကိုရင်ဂန္ဓသာရသည်။ ရဋ္ဌဂုရု ပဇ္ဈာယိကော- ရွှေကျင်နိကာယ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့ပြုခပ်နှိပ် တံဆိပ်ရကျော် နေလပေါ်သို့ ကျော်မော်တင့်တယ် စံကင်းဆရာတော်ဘုရား ဥပဇ္ဈာယ်ရှိသည်ဖြစ်၍။ သောဒရိယေဟိ- ရတနာပုံခေါ် မန်းပြည်တော်၏ ကျော်မော်တင့်ရာ မြတ်ဥစ္စာနှင့် သဒ္ဓါပေါလွန် စိတ်မွန်တည်ကြ သာသနာ့ဒါယကာ ပေါ်ထွန်းရာမှတ် ဝါးတန်းရပ်ဝယ် သက္ကတ်မညှိုး ဒြပ်ဖြိုးဝေ သဒ္ဓါစွေသည့် အမိဒေါ်ရွှေ ရဟန်းအစ်မနှင့် နန်းအမတ အတူမှန်းဆင်ကြသည့် သမီး-ဒေါ်သန်းခင်-ဒေါ်သန်းတင် ညီမအရင်းတို့သည်။ ထမ္ဘိတော- ဗုဒ္ဓလက်ထက် ထက်မြက်သဒ္ဓါ ဝိသာခါသို့ သဒ္ဓါရှေ့ပြေး စိတ်ကောင်းမွေးကာ လေးဖြာပစ္စယ လိုရမရှိ စိတ် [၂၂၂] တိုင်းပြည့်အောင် သတိဆောင်လတ် ထောက်ပံ့အပ်သည် ဖြစ်၍လည်းကောင်း။ ဇောတိကေဟိ- သာသနာရောင် ယုဂန်တောင်သို့ ထွန်းပြောင်လိုလား စိတ်အားတော်သန် တိုးပွားရန်တို့ ဖန်ဖန်ပြုလုပ် သမုတ်ထင်ပေါ် မထေရ်ကျော်အရှင်မြတ်တို့သည်။ ဥပထမ္ဘိတော- သဗ္ဗညုရှင် နှုတ်တွင်မိန့်မှာ ဉာတ်ကမ္မဝါဖြင့် ခါခါရွတ်ဖတ် ထောက်ပံ့အပ်သည်ဖြစ်၍လည်းကောင်း။ ဒါနိ- တထောင့်သုံးရာ စွန်းလာဆဲ့ကိုး ဆင့်တိုးရောက်လစ် သက္ကရာဇ်ဟု ထွန်းသစ်နွေကုန် မေထုန်ရာသီ စုံညီတင့်တယ် ဇေဋ္ဌကြယ်မြတ် စန်းနှင့်ဟတ်လျက် ပန်းမြတ်စံပယ် ပင်လုံးထယ်အောင် သွယ်ဆောင်ပွင့်ကုန် လ,နယုန်၏ စန်းဂုဏ်တင့်လတ် ယုန်ဆွေနတ်ဝယ် ထွေပတ်ရောက်ဘိ လပြည့်မင်္ဂလာချိန်အခါ၌။ ဇာတော- ဘဝဂ်ခေါင်ချဉ်း အောင်သတင်းတို့ဖြင့် အောင်ခြင်းယှဉ်လာ သူမသာအောင် မင်္ဂလာဂုဏ်မြောက် ရဟန်းအဖြစ်သို့ ရောက်ခဲ့လေပြီတကား။
(၄) ရဋ္ဌဂုရုပမုခါ စ၊ မာတရော တပ္ပဒါယကာ။
ပမောဒေန္တာ သဉာတကာ၊ အဇယီ ဒါနိယံ သဘာ။
ရဋ္ဌဂုရုပမုခါ စ- ရွှေကျင်နိကာယ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့ပြုချီးကျူး စံကင်းဆရာတော်ဘုရား အမှူးရှိကုန်သော ထေရ်ကြီး, ထေရ်ငယ် အသွယ်သွယ်တို့သည်လည်းကောင်း။ မာတရော- မြင့်မိုရ်မေရု ပုံနှိုင်း [၂၂၃] ပြုလည်း ဆိုမှုမလွယ် ဂုဏ်ထယ်ကြီးမား ရဟန်းမယ်တော် ခမည်းတော် နှစ်ပါးတို့သည်လည်းကောင်း။ တပ္ပဒါယကာ- သာသနဒါယဇ္ဇဘွဲ့ထူးဆွတ်သည့် မြူးကြွသဒ္ဓါ စေတနာနှင့် လေးဖြာပစ္စယ မလိုရအောင် ထောက်ပံ့လေကြကုန်သည် ရဟန်းအစ်မကြီး ဒေါ်ရွှေမိနှင့် သမီး ဒေါ်သန်းခင်-ဒေါ်သန်းတင်တို့သည်လည်းကောင်း။ သဉာတကာ- မိဘက်, ဖဘက် ဆင်းသက်စဉ်လာ မျိုးဆွေဉာတိနှင့် ကမ္ဘာတစ်ဝှမ်း ဗြဟ္မာလွှမ်းဖုံး သတ္တဝါအားလုံးတို့သည်လည်းကောင်း။ ပမောဒေန္တာ- သာဓု သာဓု ဥဒါန်းပြုလျက် စိတ်မှုကြည်လင် ပီတိခွင်သို့ ပြေးဝင်ကျော်မောက် အလွန်ဝမ်းမြောက်ကြကုန်သည်ဖြစ်၍။ ဒါနိ- ပရိသတ်စုံလင် ပွဲကြီးယင်လျက် ဂုဏ်အင်ချီးကျူး အမှူးတင်ရာ ယခုအခါ၌။ အယံ သဘာ- ညချမ်းထွက်လာ လစန်းစကြာနှင့် မကွာသွင်ဟူ ပမာတူလှ သာမဏေကျော် ဓမ္မာစရိယ ‘ရှင်ဂန္ဓသာရ’ ၏ ရဟန်းခံပွဲသဘင်သည်။ အဇယီ- ကျော်စောသတင်း အခေါင်ချဉ်းလျက် အောင်ခြင်းကြီး အောင်မြင်ခဲ့လေပြီတကား။

(မန္တလေး - ဝိသုဒ္ဓါရုံ၊ ဇယမေဒနီ သာမဏေရ၊ “သာသနဓဇ သိရီပဝရဓမ္မာစရိယ” ရှင်နန္ဒမာလာ စီကုံးရေးသားသည်။)

[၂၂၄] စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံတိုက်၌ ပညာသင်ယူလျက်ရှိသော တောင်သာမြို့နယ် - တမိုက်သာရွာ အောင်မြေရွှေဘုံအုတ်ကျောင်း ရှင်နန္ဒိယ ၏ ဥပသမ္ပဒမင်္ဂလာ ထောမနာသီသဂါထာ

၁။ ထေရံ ကတွာနုပဇ္ဈာယံ၊ သံဃေနနုဂ္ဂဟိတော ဝရံ။
ဒါယကေဟိ ပတ္တော ဒါနိ၊ နန္ဒိယော နန္ဒိယတ္တနံ။
ဣဒါနိ- သုံးဆဲ့ကိုးခု ရတုအပြောင်း ပျော်ဖွယ်ကောင်းသည့် ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေလျက် မြိုင်ခြေရွှင်မော ငှက်ဥဩတို့ သံနှောကြည်ကြည် သရဖီလည်း ဝေစီပွင့်လန်း ရှုမခမ်းအောင် တင့်ဆန်းသောစွ ဤတပေါင်းလဆန်း (၁၁) ရက်နေ့ အခါသမယ၌၊ နန္ဒိယော- ရိုးသားပွင့်လင်း အပြစ်ကင်းလျက် စိတ်ရင်းဖြူဆွ နှစ်သက်ဖွယ်ကောင်းလှသော “ကိုရင်နန္ဒိယ” သည်၊ နန္ဒိယော- ကိုတင်အောင်+မသန်းကြည် အနှစ်တည်လျက် ချစ်ကြည်သားလှ ‘ကိုရင်နန္ဒိယ’ သည်၊ [၂၂၅] ထေရံ- အက္ခရသိပ္ပံ အခြေခံလျက် ဝေဖန်သင်ကြား တမိုက်သာရွာ အောင်မြေရွှေဘုံ ဆရာတော်ဘုရားကို ဥပဇ္ဈာယံ ကတွာန- ကြီးငယ်အမှု အပြစ်စုကို ကြည့်ရှုဆုံးမ သွန်သင်ပြမည့် မိဘသဖွယ် ဥပဇ္ဈာယ်ပြု၍၊ သံဃေန- ဥပသမ္ပဒကံ ဆောင်ရွက်ရန်ဟု စိတ်သန်တူညီ သာမဂ္ဂီဖြင့် ဂုဏ်ရည်ခညောင်း သံဃာတော်အပေါင်းသည်၊ အနုဂ္ဂဟိတော- ဉာတ်ကမ္မဝါ ရွက်ဖတ်ကာဖြင့် မှန်စွာပြီးမြောက် ခရီးရောက်အောင် ချီးမြှောက်အပ်သည်ဖြစ်၍လည်းကောင်း၊ ဒါယကေဟိ- တောင်သာမြို့နယ် ဂုဏ်မြင့်ကြွယ်လျက် တင့်တယ်သာယာ တမိုက်သာ၌ သဒ္ဓါကြည်နူး ‘ဦးဘကြူး’ နှင့် ရွှင်မြူးညီမျှ ‘ဒေါ်ဒေါ်ပေါ’ ရဟန်းဒကာ ရဟန်းအမတို့သည်၊ အနုဂ္ဂဟိတော- ပရိက္ခရာရှစ်အင် စုံအလင်ဖြင့် ဂုဏ်တင်ပံ့ထောက် ချီးမြှောက်အပ်သည်ဖြစ်၍လည်းကောင်း၊ ဝရံ- သိက္ခာသီလ ဂုဏ်ပေါင်းခသဖြင့် တောင့်တအပ်ပေ အလွန်ပင် ကောင်းမြတ်လှပေထသော၊ နန္ဒိယတ္တနံ- လူနတ်ဦးခိုက် မြတ်နိုးထိုက်သည့် နှစ်ခြိုက်ရွှင်ပျော် ရဟန်းတော်ကလေးအဖြစ်သို့၊ ပတ္တော- ရှေးကုသိုလ်ကံ အကျိုးပေးသန်သဖြင့် အမှန်မသွေ ဆိုက်ရောက်ခဲ့လေပြီတကား။
၂။ အယံ နဝေါ ဣမေ ဇနာ၊ အညမညံ သုပဂ္ဂဟာ။
သဒ္ဓမ္မေန အာမိသေန၊ သောဘေန္တု ဇိနသာသနံ။
အယံ နဝေါ- ကျင့်ဝတ်သိက္ခာ ပြည့်စုံစွာဖြင့် ဂုဏ်ဝါထွန်းပ ဤရဟန်းတော်ကလေး ‘အရှင်နန္ဒိယ’ သည်၊ သဒ္ဓမ္မေန- [၂၂၆] သူတော်တကာ ကျင့်သုံးရာသည့် မြတ်စွာဗုဒ္ဓ ထုတ်ပြမြွက်ဖော် တရားတော်ဖြင့်လည်းကောင်း၊ ဣမေ ဇနာ- သဒ္ဓါ, သီလ, စာဂ, ပညာ တူမျှစွာမို့ ဂုဏ်ဝါတင့်ဆန်း ရှုမခန်းမျှ ဤရဟန်းဒကာ ရဟန်းအမတို့သည်၊ အာမိသေန- သာသနာ့အလုပ် လွန်ကြိုးကုတ်၍ အားထုတ်စေမှု မြှော်ရည်ပြုသည့် စတုပစ္စယ အာမိသဖြင့်လည်းကောင်း၊ အညမညံ- ဆိုင်ရာကျင့်ဝတ် ကိုယ်စိတ်ညွတ်လျက် မချွတ်မယွင်း အချင်းချင်း၊ သုပဂ္ဂဟာ- ကိုယ်စိတ်အားဆောက် အရာရောက်အောင် ချီးမြှောက်ကြကုန်သည်ဖြစ်၍၊ ဇိနသာသနံ- ငါးမာရ်အောင်ငြား မြတ်ဘုရား၏ တည်ထားသတ်မှတ် သာသနာတော်မြတ်ကို၊ သောဘေန္တု- နေမင်းရာထောင် ထွန်းလင်းပြောင်သို့ ဂုဏ်ရောင်မြင့်ဝေ အတင့်တယ်ကြီး တင့်တယ်အောင် ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။

အရှင်နန္ဒမာလာဘိဝံသ သ၊စ၊အ ဓမ္မာစရိယ၊ ပါဠိပါရဂူ
မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်းမြို့။
၁၃၃၉-ခု၊ တပေါင်းလဆန်း (၁၁)ရက်။

[၂၂၇] စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက် ရဟန်းလောင်း ရှင်ဇနာဓိပ ၏ ဥပသမ္ပဒမင်္ဂလာဇယာသီသဂါထာ

(၁) ဇေယျမှိ မဏ္ဍလေ ဇာယိ၊ သိပ္ပံ သိဒ္ဓိ ဝရန္တိကေ။
ပဗ္ဗဇိတွာ သုဗောဓဿ၊ ပါဒေ’ယံ ဂန္ထမာဒဒါ။
အယံ- သံဃာ့အလယ် ဂုဏ်မြင့်ကြွယ်လျက် တင့်တယ်ရည်သွေး ဤရဟန်းတော်ကလေးသည်၊ ဇေယျမှိ- စစ်ပင်ကိုင်း၍ စစ်ကိုင်းမည်သာ သင်္ခယာ၏ ပြည်ချာနဂရ အတုလနှင့် ပုရဇေယျာ ဧရာရစ်ဝိုင်း မြို့စစ်ကိုင်း၌၊ မဏ္ဍလေ- ရပ်ခွင်ဒိသာ မြောက်မျက်နှာဝယ် လယ်ယာချောင်းကန် အပေါင်းရံလျက် ပြောင်းနှံသီးစုံ စားမကုန်အောင် များထုံပွားစီး စာရေးအရှေ့ရွာကြီး၌၊ ဇာယိ- ၁၃၂၃ ခု ရတုသာယာချိန်အခါ၌ မာတာပိတ မိနှင့်ဖဟု ‘ဦးပွင့်+ဒေါ်ခွေး’ ရင်သွေးရတနာ ရှည်ကြာဘက်နေ ဖွားမြင်ခဲ့လေပြီ၊ ဝရန္တိကေ- ရွာစာရေးအရှေ့ လွန်ပျော်မွေ့ဟု ခြင်္သေ့ကန်ကျောင်း ခိုအောင်းကြည်သာ မြတ် [၂၂၈] ဆရာ၏ မေတ္တာသက်နှင်း ထံတော်ရင်း၌၊ သိပ္ပံ- ပါဠိ+မြန်မာ အက္ခရာဟု နှစ်လွှာရေးဖတ် စာပေအတတ်ကို၊ သိဒ္ဓိ- ကောင်းစွာစင်ဖြူ အမြင်လူအောင် သင်ယူခဲ့လေပြီ၊ ပဗ္ဗဇိတွာ- ဆရာမြတ်ထံ နည်းနာခံလျက် ကျင့်ကြံအားသည်း ရှင်သာမဏေ ပြုပြီး၍၊ သုဗောဓဿ- ဇေယျာပုရ သုဗောဓဟု မည်ရထင်ပေါ် ကျောင်းတိုက်တော်၌ ရွှင်ပျော်နေငြား သုဗောဓာရုံ နာယက ဆရာတော်ဘုရား၏၊ ပါဒေ- ပညာရင်နို့ သောက်စို့ကြရာ ကပ်လာဝပ်စင်း ထံတော်ရင်း၌၊ ဂန္ထ- သဒ္ဒါ သင်္ဂဟ အခြေစလျက် ထိုမှတဖန် အစွမ်းဉာဏ်ဖြင့် ကျမ်းဂန်အရပ်ရပ် စာပေမြတ်ကို၊ အာဒဒါ- ဇွဲဉာဏ်လုံ့လ အသုံးချလျက် ထုံးအရပေ သင်ယူခဲ့လေပြီတကား။
(၂) ဇနာဓိပုပဇ္ဈာယေန၊ ဇနာဓိပေါ ဝရတ္တနံ။
သမ္ပတ္တောယံ အဓိပေဟိ၊ စရိတေဟိ သုထမ္ဘိတော။
အယံ ဇနာဓိပေါ- ဇနာဓိပ အမည်ရလျက် သံဃာ့အလယ် တင့်တယ်ရည်သွေး ဤရဟန်းတော်ကလေးသည်၊ ဇနာဓိပုပဇ္ဈာယေန- စာရေးရွာသား လူအများ၏ လေးစားထိုက်တန် ခြင်္သေ့ကန်ဟု ဂုဏ်လျှံထင်ပေါ် ဆရာတော်ဘုရား အားထားမှီတွယ် ဥပဇ္ဈာယ်ဖြင့်၊ အဓိပေဟိ- စတုပါရိသုဒ္ဓိလေးအင် လွန်ဖြူစင်အောင် ချစ်ခင်စောင့်တတ် ဆရာတော်အရှင်သူမြတ်တို့သည်၊ သုထမ္ဘိတော- သိထိလ ဓနိတ ဗျဉ္ဇနပုဒ် [၂၂၉] မယုတ်ညီစွာ ကမ္မဝါကို မှန်စွာရွတ်ဖတ် ထောက်ပံ့အပ်သည် ဖြစ်၍လည်းကောင်း၊ စရိတေဟိ- ရွာစာရေးအရှေ့ လွန်ပျော်မွေ့သည့် မရွေ့သဒ္ဓါ ငါးဖြာသီလ ကျင့်သုံးကြသည့် ‘ဒေါ်ဂျမ်းပုံ+မခင်မြ’ ရဟန်းအမတို့သည်၊ သုထမ္ဘိတော- ရဟန်းပရိက္ခရာ ရှစ်ဖြာစုံလင် ပွဲကြီးယင်လျက် အစဉ်ထာဝရ သာသနာ့အမွေ မသွေခံတတ် ထောက်ပံ့အပ်သည်ဖြစ်၍လည်းကောင်း။ (ဒါနိ- ၁၃၄၃-ခု ရတုသာယာ ချိန်အခါမို့ ငွေလွှာနှင်းမှုန် ဖြန့်ခင်းကြုံသဖြင့် အေးတုံပိုကဲ တပို့တွဲဟု ပေါက်လဲပွင့်ရာ လဆန်းငါးရက်နေ့ မင်္ဂလာအခါ၌) ဝရတ္တနံ- သကျပုတ္တိယ သမဏဟု နာမထွန်းသစ် မြတ်သောရဟန်းအဖြစ်သို့၊ သမ္ပတ္တော- ကုသိုလ်ရှေးကံ ကျိုးပေးသန်သဖြင့် အမှန်မသွေ ရောက်ရှိခဲ့လေပြီတကား။
(၃) ဇနေန အဓိပံ ရက္ခံ၊ ဇနာနံ ဟိတသာဂရံ။
ဇနာဓိပံ အဓိပါယ၊ ပါတွာ'ယံ ဇိနသာသနံ။
အယံ- “ဇနာဓိပ” အမည်ရလျက် သံဃာ့အလယ် တင့်တယ်ရည်သွေး ဤရဟန်းတော်ကလေးသည်။ ဇနာနံ- သူတော်ကောင်းမျိုး ကောင်းကြိုးချစ်ခင် များလူရှင်တို့၏။ ဟိတသာဂရံ- လူနတ်နိဗ္ဗာန် သုံးတန်အကျိုး ပွားတိုးလွန်စွာ စီးပွားသမုဒ္ဒရာဖြစ်သော၊ ဇနေန- အတ္တသမ္မာပဏိဓိ စက်ပြည့်ကိန်းအောင်း သူတော်ကောင်းသည်၊ အဓိပံ- တရေးတယူ အလေးမူလျက် ဖွေးဖြူစေလတ် စောင့်ထိန်းအပ်သည့် ကျင့် [၂၃၀] မြတ်အစ စတုပါရိသုဒ္ဓိသီလကို၊ ရက္ခံ-ရက္ခန္တော- ယစ်စာမရီ ထုံးကိုမှီ၍ ယုံကြည်မပျက် ကိုယ့်အသက်ကို စွန့်ရက်လွန်စွာ စောင့်ထိန်းလျက်သာလျှင်၊ ဇနာဓိပံ- စွမ်းရည်ထူးချွန် ပုဂ္ဂိုလ်မွန်တို့ ဖြစ်လွန်နှစ်လို့ သောက်စို့ကိုယ်စီ ပညာတည်းဟူသော နို့ရည်ကို၊ အဓိပါယ- အားပါးတရ ဇွဲလုံ့လဖြင့် ကျနမချို့ အားအင်ပျံ့အောင် သောက်စို့သည်ဖြစ်၍၊ ဇိနသာသနံ- ငါးမာရ်အောင်မြင် ဘုရားရှင်၏ တီထွင်မိန့်မှာ မြတ်ဘုရား၏ သာသနာတော်ကို။ ပါတု- သီလ ပညာ ရှိန်အဝါဖြင့် ထိန်သာပဝင်း ကမ္ဘာလင်းအောင် မယွင်းပုံသေ စောင့်ရှောက်နိုင်ပါစေသတည်း။

ရွတ်ဖတ်သူ - ရှင်လက္ခဏိက
ရေးသားသူ - အရှင်နန္ဒမာလာဘိဝံသ သ၊စ၊အ ဓမ္မာစရိယ၊ ပါဠိပါရဂူ

[၂၃၁] သာသနာလင်္ကာရသာမဏေကျော် ရှင်မာနိတ ၏ ဥပသမ္ပဒမင်္ဂလာ ထုတိဝေဒလ္လဂါထာများ

(၁) မာနိတော မာနတံ ယာတိ၊ ဥဿာဟေန မဟုဿဝေ။
မာနေန မာနတံ ယာတိ၊ ဒါနိ သော သီမမာဠကေ။
မာနိတော- သိက္ခာသုံးရပ် မြတ်နိုးတတ်၍ ဗျုပ္ပတ်ပေါ်လွင် မြှော်အမြင်ဖြင့် ခေါ်တွင်မူလ ‘ရှင်မာနိတ’ သည်၊ မာနိတော- “သာသနာလင်္ကာရ သာမဏေကျော်” စာပေတော်၍ ဘွဲ့မော်ဆက်ကပ် မြတ်နိုးအပ်သဖြင့် ဆင့်ထပ်ခေါ်ရ “သာမဏေကျော် ရှင်မာနိတ” သည်၊ ဥဿာဟေန- နေ့စဉ်မပြတ် သတိကပ်လျက် ကျက်မှတ်ဆောင်ထား ကြံစဉ်းစား၍ ဉာဏ်အားသွင်းလတ် လုံ့လဓာတ်ကြောင့်၊ မဟုဿဝေ- ဝိနယပိဋက အင်္ဂုတ္တရနှင့် ဓမ္မပဒတဖြာ ကျမ်းစာအရပ်ရပ် မူချမှတ်လျက် ခဲကတ်စုံလင် ပုစ္ဆာဆင်၍ ခေါ်တွင်ဉာဏ်စမ်း သာမဏေစာလျှောက်မေးခမ်း၌၊ မာနတံ- “သာသနာလင်္ကာရ သာမဏေ [၂၃၂] ကျော်” ဘွဲ့မော်ဆက်ကပ် မြတ်နိုးအပ်သူ၏ အဖြစ်သို့၊ ယာတိ- ကောင်းစွာမသွေ ရောက်ရှိခဲ့လေပြီ။

ဒါနိ- လေးဆဲ့ငါးခု ရတုသာစုံ ငွေနှင်းမှုန်နှင့် ဖူးငုံဆင့်လွှမ်း ပေါက်လဲပန်းတို့ တင့်ဆန်းနီရဲ တပို့တွဲ၏ ပိုကဲကျော်လာ ဤ ၇ ရက်နေ့ မင်္ဂလာအခါ၌၊ မာနေန- ဗုဒ္ဓမြတ်စွာ သာသနာကို လွန်စွာအားကိုး သဒ္ဓါဖြိုးလျက် မြတ်နိုးအစဉ် ချစ်ခင်ခြင်းကြောင့်၊ သီမမာဠကေ- ဇာတိချက်ကွာ ဆင်နင်းရွာ၏ ယာကြည်ဖြူ အောင်လံထူသည့် ဇမ္ဗူမင်္ဂလာ ရွှေရပ်သာ ကျောင်းသိမ်တန်ဆောင်းဟု ဂုဏ်ပေါင်းလျှံပြီး သိမ်တော်ကြီး၌၊ မာနတံ- သကျပုတ္တိယ သမဏဇာတ် မည်မှတ်စင်စစ် မြတ်နိုးအပ်သူ၏ အဖြစ်သို့၊ ယာတိ- ဉတ္တိစတုတ္ထကံ အမိန့်သံကြောင့် ဧကန်မသွေ ရောက်ရှိပေသည်တကား။
(၂) နာယကော တပ္ပဇ္ဈာယော၊ အာစေရော ဇမ္ဗူမင်္ဂလော။
မာတရော ဒမ္ပတီ ဂါမေ၊ ဒါယကာ ပုဋဘေဒနေ။
နာယကော- ဧရာရစ်ဝိုင်း စစ်ကိုင်းသေလာ တောင်လက်ယာ၌ ဂုဏ်ဝါထွန်းပ သုဗောဓ၏ ပဓာနရှေ့ဆောင် ဂုဏ်ရောင်ကြီးမား နာယကဆရာတော်ဘုရားသည်၊ တဿ- “သာသနာလင်္ကာရ သာမဏေကျော်” ဘွဲ့မော်ပိုင်သ ရှင်မာနိတ၏၊ ဥပဇ္ဈာယော- ပြစ်ကြီးပြစ်ငယ် အသွယ်သွယ်ကို မကွယ်မလှပ် [၂၃၃] အမြဲကပ်၍ မပြတ်ရှုမြင် ပြုပြင်ပေတတ် ဥပဇ္ဈာယ်ဆရာမြတ်ပါပေတည်း။ ဇမ္ဗူမင်္ဂလော- ဝက်လက်နယ်တွင်း ရွာဆင်နင်း၏ ဂုဏ်သတင်းမွှေးကြူ အောင်လံထူသည့် ဇမ္ဗူမင်္ဂလာ ရွှေရပ်သာ ကျောင်းကိန်းအောင်းပျော်ရွှင် ဆရာတော် “အရှင်စိန္တိတဉာဏ” သည်၊ တဿ- “သာသနာလင်္ကာရ သာမဏေကျော်” ဘွဲ့မော်ပိုင်သ ထိုရှင်မာနိတ၏၊ အာစေရော- အက္ခရာသမယ အခြေစ၍ ကျနပဲ့ပြင် သွန်သင်ပေတတ် မူလဆရာမြတ်ပါပေတည်း။

ဂါမေ- ရွှေဘိုတောင်လက် ဂုဏ်ရောင်တက်သည့် ဝက်လက်မြို့နယ် ပြန့်ကျယ်လွန်စွာ လယ်ယာစိုက်ခင်း ပျံ့သင်းစိမ်းစို ကုသိုလ်ဓန ပေါပြည့်ဝသည့် ဌာနမည်ရင်းရွာ ဆင်နင်း၌၊ ဒမ္ပတီ- သဒ္ဓါသီလ စာဂပညာ လေးဖြာစုံညီ ပုံအထည်ဖြင့် ဂုဏ်ရည်တူမျှ ‘ဦးတင်ရ-ဒေါ်ညွန့်ခင်’ ဆွေကြင်သက်လျော် ဇနီးမောင်နှံနှစ်ဖော်တို့သည်၊ တဿ- “သာသနာလင်္ကာရ သာမဏေကျော်” ဘွဲ့မော်ပိုင်သ ထို ‘ရှင်မာနိတ’ ၏၊ မာတရော- ကျေးဇူးဂုဏ်ကို တောင်မြင့်မိုရ်နှင့် နှိုင်းဆိုရာငြား ခမည်းတော် မယ်တော်နှစ်ပါးတို့ပါပေတည်း။ ပုဋဘေဒနေ- ဖောက်ကားရောင်းဝယ် အသွယ်သွယ်ဖြင့် ကုန်သည်များစွာ ရပ်တကာမှ ရောက်လာစုံညီ အထုပ်ဖြည်လျက် လွန်စည်တိုးတက် မြို့ဝက်လက်၌၊ ဒမ္ပတီ- နှစ်ဦးနှစ်ဝ ကျင့်သီလနှင့် စာဂစုံညီ မြတ်ဂုဏ်ရည်ကြောင့် ဒေဝီဒေဝ သံဝါသဟု မြွက်ဟဆိုညွှန်း ‘ဦးကြွယ်ထွန်း+ဒေါ်တင်ချော’ စိတ်သဘောဖြူကြည် [၂၃၄] တူညီရွှင်ပျော် ဇနီးမောင်နှံနှစ်ဖော်တို့သည်၊ တဿ- “သာသနာလင်္ကာရ သာမဏေကျော်” ဘွဲ့မော်ပိုင်သ ထို “ရှင်မာနိတ” ၏၊ ဒါယကာ- ပရိက္ခရာရှစ်စုံ သဒ္ဓါဟုန်ဖြင့် ကြည်ယုံရွှင်လန်း ပေးလှူဒါန်းသည့် ရဟန်းဒါယကာ ရဟန်းဒါယိကာမတို့ ပါပေတည်း။
(၃) မာနံ မာနေတု မာနိတော၊ မာနံ နေတု သုမာနသော။
သဒ္ဓမ္မေ မာနသံ လဒ္ဓါ၊ မာနိတော ဟောတု မာနိတော။
မာနိတော- “သာသနာလင်္ကာရ သာမဏေကျော်” ဘွဲ့မော်ပိုင်သ ‘အရှင်မာနိတ’ ခေါ် ထင်ပေါ်ရည်သွေး ရဟန်းတော်ကလေးသည်၊ မာနံ- ဗုဒ္ဓမြတ်ရှင် ဉာဏ်သဗ္ဗဉ်ဖြင့် တီထွင်မိန့်အပ် လွန်ထူးမြတ်သည့် သုံးရပ်တွင်ခေါ် သာသနာတော်မြတ်ကြီးကို၊ မာနေတု- လွန်စွာအားကိုး သဒ္ဓါဖြိုးလျက် မြတ်နိုးနှစ်သက်ပါစေသတည်း။ မာနံ- ဗုဒ္ဓမြတ်ရှင် ဉာဏ်သဗ္ဗဉ်ဖြင့် တီထွင်မိန့်အပ် လွန်ထူးမြတ်သည့် သုံးရပ်တွင်ခေါ် သာသနာတော်မြတ်ကြီးကို၊ သုမာနသော- မကောင်းညစ်ဆိုး စိတ်မျိုးမဝင် ဖြူစင်နှလုံး အဖြောင့်သုံးလျက် ကျင့်သုံးညီစွာ စိတ်ကောင်းနှလုံးကောင်းရှိသည်ဖြစ်၍သာလျှင်၊ နေတု- ထောင်သောင်းနေရောင် ထွန်းလင်းပြောင်သို့ ဂုဏ်ရောင်သတင်း ကမ္ဘာချဉ်းအောင် ဆောင်ကြဉ်းနိုင်ပါစေသတည်း။ မာနိတော- “သာသနာလင်္ကာရ သာမဏေကျော်” ဘွဲ့မော် [၂၃၅] ပိုင်သ ‘အရှင်မာနိတ’ ခေါ် ထင်ပေါ်ရည်သွေး ရဟန်းတော်ကလေးသည်၊ သဒ္ဓမ္မေ- ပရိယတ်နှင့် ပဋိပတ်တထွေ ပဋိဝေဓတဖြာ သူတော်စွာတို့ သုံးဖြာသတ်မှတ် သာသနာတော်မြတ်ကြီး၌၊ မာနသံ- မာနအရင်းခံ ကိလေမာရ်ကို တွန်းလှန်ပယ်သတ် အရဟတ္တဖိုလ်တည်းဟူသော တရားထူးတရားမြတ်ကို၊ လဒ္ဓါ- သမထဝိပဿနာ ဘာဝနာစခန်း မဆုတ်တန်းဖြင့် ကြိုးပမ်းနိုင်ဘိ ရရှိသည်ဖြစ်၍၊ မာနိတော- အများရှင်လူ စိတ်ကြည်ဖြူလျက် ဂုဏ်ယူဝမ်းမြောက် သဒ္ဓါပေါက်အောင် ထွန်းတောက်ကြည်ညို မြတ်နိုးအပ်သော ပုဂ္ဂိုလ်သည်၊ ဟောတု- စင်စစ်မသွေ ဖြစ်ပါစေသတည်း။

ဂုဏ်ပြုလွှာဖတ်ကြားသူ - ရှင်အဘိဇာတ
မဟာသုဗောဓာရုံ၊ စစ်ကိုင်း။

ရေးသားဂုဏ်ပြုသူ - အရှင်နန္ဒမာလာဘိဝံသ
သ-စ-အ ဓမ္မာစရိယ၊ ပါဠိပါရဂူ မဟာသုဗောဓာရုံ၊ စစ်ကိုင်း။

[၂၃၆] “သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့” ဘွဲ့ရ အရှင်သုဇနိန္ဒ၏ ဥပသမ္ပဒမင်္ဂလာ ဂုဏ်ပြုလွှာ

(၁) သုဇာတော’ယံ သုဇနေဟိ၊ သုဇနမှာ သုသိက္ခိတော။
သုဗောဓေ သုသုခေနေဝ၊ သိက္ခန္တော ဇယတံ ဂတော။
အယံ- သာသနာလင်္ကာရ သာမဏေကျော် ဘွဲ့မော်ဂုဏ်ထူး ဉာဏ်ရည်မြူးလျက် ဆွတ်ခူးပိုင်သ ဤ ‘အရှင်သုဇနိန္ဒ’ သည်၊ သုဇနေဟိ- တံတားဦးမြို့ နှစ်လိုသာကြွယ် ရွာတပယ်၌ ယာလယ်လုပ်ငန်း သက်မွေးဝမ်းဖြင့် ရွှင်လန်းတူပျော် ‘ဦးလင်း+ဒေါ်ခင်လေး’ ခမည်းတော် မယ်တော်တို့မှ၊ သုဇာတော- ရတနာသုံးပါး ဦးထိပ်ထားလျက် ထူးခြားလက္ခဏာ ပြည့်စုံစွာဖြင့် ကောင်းစွာမသွေ ဖွားမြင်ခဲ့ပါပေ၏၊ သုဇနမှာ- တပယ်တောင်ကျောင်း စံကိန်းအောင်းလျက် ကျိုးကြောင်းပြသ မြတ်ဓမ္မဖြင့် ဆုံးမပေတတ် ဆရာတော်အရှင်သူမြတ်မှ၊ သုသိက္ခိတော- မြန်မာပါဠိ တတ်သိဧကန် အခြေခံမှတ် [၂၃၇] ပညာရပ်ကို နီးကပ်ကြည်ဖြူ၊ ကောင်းစွာသင်ယူခဲ့ပါပေ၏။ သုဗောဓေ- ဧရာရစ်ဝိုင်း မြို့စစ်ကိုင်း၌ သစ်လှိုင်းဂုဏ်ဝါ ထွန်းတောက်လာသည့် ဝေဖြာပွားစီး မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီး၌၊ သုသုခေနေဝ- အသင်အပြ စနစ်ကျ၍ ပင်မဓာတ်ခံ ရင့်သန်ပွင့်လန်း ပညာစွမ်းကြောင့် ရွှင်လန်းကြည်ဖြူ အလွယ်တကူသာလျှင်၊ သိက္ခန္တော- ၄ နှစ်ကာလ သင်ချိန်မျှ၌ လုံ့လဇွဲကူ အားထုတ်သင်ယူသည်ဖြစ်၍၊ ဇယတံ- သုဗောဓက ဟူသမျှနှင့် စိုးရငယ်,လတ် ဆင့်ထပ်ပေါ်လာ သကျသီဟ ပ,,ဟု သာသနာလင်္ကာရ သာမဏေကျော် ဘွဲ့မော်ပိုင်သ အောင်ပွဲရသူ၏အဖြစ်သို့၊ ဂတော- ကောင်းစွာမသွေ ရောက်ရှိခဲ့ပါပေသတည်း။
(၂) ပစ္စယေ သုပနိဿာယ၊ ထေရာနံ ပဂ္ဂဟေန စ။
သမ္ပတ္တော ဒါနိ သဒ္ဓမ္မေ၊ ဒုလ္လဘံ ဇိနသူနုတံ။
ဧသ- သာသနာလင်္ကာရ သာမဏေကျော် ဘွဲ့မော်ဂုဏ်ထူး ဉာဏ်ရည်မြူးလျက် ဆွတ်ခူးပိုင်သ ဤ ‘အရှင်သုဇနိန္ဒ’ သည်၊ ပစ္စယေ- မန်းမြို့ဌာနီ ပါရမီနှင့် စာဂီဂုဏ်ဆင့် အပုံတင့်၍ “ဒေါ်မြင့်မြင့်” ခေါ် ထင်ပေါ်လျှမ်းကြွ ရဟန်းအမ၏ လွှမ်းသဒ္ဓါ စေတနာဖြင့် ဝေဖြာရွှင်လန်း ပေးလှူဒါန်းသည့် သင်္ကန်း သပိတ် ပရိက္ခရာ များစွာသီးသီး ရဟန်းဆောင်ပစ္စည်းတို့ကို၊ သုပနိဿာယ- ခံယူသုံးစွဲ နှလုံးထဲ၌ ပြုံးမြဲရွှင်စွာ သာသနာ၏ [၂၃၈] အရှင်နန္ဒမာလာဘိဝံသ (Ph.D)

နှစ်ဖြာအလုပ် အားထုတ်ထာဝရ အမှီရသည်ဖြစ်၍လည်းကောင်း၊ ထေရာနံ- တပယ်တောင်ကျောင်း ကိန်းအောင်စံပျော် ဆရာတော်နှင့် ထင်ပေါ်ဘုန်းဂုဏ် မဟာသုဗောဓာရုံ နာယက ပါကဋအမော် ဆရာတော်ကို ရည်မျှော်ထူးခြား အမှူးထားလျက် များပြားစုံလင် ဥပသမ္ပဒကံဆောင် ထေရ်အရှင်တို့၏၊ ပဂ္ဂဟေန စ- ဥပဇ္ဈာယ်ဆရာ တဖြာနုဿာဝက အရာပြလျက် ကျနသေချာ ဉတ်ကမ္မဝါကို ဖတ်ကာမယွင်း ချီးမြှောက်တော်မူခြင်းကြောင့်လည်းကောင်း၊ သဒ္ဓမ္မေ- သူတော်တရား ဟောကြားစုံစွာ မြတ်ဘုရား၏ သာသနာ၌၊ ဒုလ္လဘံ- ရှေးကုသိုလ်ကံ ကျိုးပေးသန်မှ ဧကန်ရနိုင် ကိုယ်ပိုင်စင်စစ် ဒုလ္လဘတမျိုး ဖြစ်သော၊ ဇိနသူနုတံ- သဗ္ဗညုတဉာဏသခင် ဘုရားရှင်၏ ရွှေရင်တော်နှစ် သားတော်စစ်အဖြစ်သို့၊ ဒါနိ- ၁၃၄၆ ခု၊ ရတုဂိမာန် တိမ်ယံမည်းညို တောလုံးစိုမျှ ရွာသွန်းချသဖြင့် လှပသစ်လွင် မြက်သစ်ပင်တို့ စိမ်းရွှင်လန်းဖြာ နယုန်လပြည့်နေ့ မင်္ဂလာအခါ၌၊ သမ္ပတ္တော- ကောင်းစွာမသွေ ရောက်ရှိခဲ့လေပြီတကား။
(၃) သုခေနေဝ ဇောတေတံ၊ ဇယမာရဿ သာသနံ။
နိန္ဒန္တော ဧသ ပါပကေ၊ ဓာရေန္တော ဇိနဘာသိတေ။
ဧသ- သာသနာလင်္ကာရ သာမဏေကျော် ဘွဲ့မော်ဂုဏ်ထူး ဉာဏ်ရည်မြူးလျက် ဆွတ်ခူးပိုင်သ ဤ ‘အရှင်သုဇနိန္ဒ’

[၂၃၉] သည်၊ ပါပကေ- အပါယဘောင် ပို့ဆောင်ချတတ် ယင်းသကတ်ကြောင့် “ပါပ” ခေါ်ရိုး ညစ်ဆိုးလှငြား သူယုတ်မာတရားတို့ကို၊ နိန္ဒန္တော- မိမိသန္တာန် လက်မခံဘဲ တွန်းလှန်ထာဝရ ကဲ့ရဲ့ရှုတ်ချလျက်လည်းကောင်း၊ ဇိနဘာသိတေ- ရှင်တော်ဘုရား ဟောကြားမြွက်ဖော် တရားတော်တို့ကို၊ ဓာရေန္တော- ခြင်္သေ့အဆီ သိင်္ဂီရွှေခွက် တည်မပျက်သို့ နှုတ်တက်ဆောင်ထား နှလုံးသားဖြင့် စဉ်းစားဉာဏ်ယှဉ် သိမြင်အနက် ဆောင်ထားလျက်လည်းကောင်း၊ ဇယမာရဿ- ဒေဝပုတ္တ ကိလေသနှင့် အဘိသင်္ခါရ, ခန္ဓာ တဖြာမစ္စု မျှော်ရှုပိုင်းခြား မာရ်ငါးပါးကို ဟန့်တားအောင်မြင် အောင်ပွဲယင်ငြား မြတ်ဘုရား၏၊ သာသနံ- သင်ယူကျင့်သုံး ရွှင်ပြုံးသိမြင် ဂုဏ်အင်ကြီးလှ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးကို၊ သုသုခေနေဝ- ဘေးရန်အန္တရာယ် ရန်စွယ်မနှောင့် ဖြူးဖြောင့်ကြည်ဖြူ၊ အလွယ်တကူဖြင့်သာလျှင်၊ ဇောတေတံ- နေအထောင်ထွန်း လဝန်းသင်္ချေ ထွက်ပေါ်ပေသို့ မသွေဝင်းဝါ ထွန်းလင်းတင့်တယ်နိုင်ပါစေသတည်း။

အရှင်နန္ဒမာလာဘိဝံသ သ.စ.အ ဓမ္မာစရိယ၊ ပါဠိပါရဂူ မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်းမြို့။ (၂.၆.၈၄)

[၂၄၀] ရှင်ဝါသဝ၏ ဥပသမ္ပဒမင်္ဂလာ ထောမနာဂါထာများ

(၁) ဇာတော’ယမုဘတော ဂါမေ၊ ဂရုဝရာန သန္တိကေ။
သိပ္ပမာဒါယ သဒ္ဓါယ၊ အဂ္ဂဟိ ပဗ္ဗဇ္ဇတ္တနံ။
အယံ- ဥပသမ္ပဒမင်္ဂလာ ဆင်ယင်ပါ၍ စဉ်လာဂုဏ်ဟိတ် မြတ်ဘိသိက်ဖြင့် ဦးထိပ်သွန်းဖြန်း သီလပန်းတို့ ကြိုင်လန်းပျံ့မွှေး ဤရဟန်းတော်ကလေးသည်၊ ဂါမေ- မန္တလေးတိုင်း ရတိုင်းသာယာ မြို့တောင်သာ၏ လယ်ယာလုပ်ခင်း ပျံ့သင်းစုံညီ စေတီဘုရား ကျောင်းကန်များဖြင့် စည်ကားသိုက်မြိုက် နှစ်ခြိုက်ဖွယ်ရာ မဟာဂါမ သာစွာ့ထိပ်သီး ‘တမိုက်ရွာကြီး’ ၌၊ ဥဘတော- သဒ္ဓါလန်းရွှင် ‘ဦးသန်းခင်’ နှင့် ချစ်ကြင်မကွာ တူမျှစွာဖြင့် မေတ္တာသက်ဝင် ‘ဒေါ်အောင်တင်’ ဟု တူယှဉ်စိတ်ထား မိဘနှစ်ပါးတို့မှ၊ သုဇာတော- မီးရှူးသန့်စင် ဖွားမြင်ခဲ့သည်ဖြစ်၍၊ ဂရုဝရာနံ- ရွာတမိုက်ကျောင်း ကိန်းအောင်းစံလတ် ဆရာမြတ်တို့၏၊ သန္တိကေ- ဆည်းကပ်ဝပ်စင်း [၂၄၁] ထံတော်ရင်း၌၊ သိပ္ပံ- တတ်သင့်ရာရာ အက္ခရာသမယ အခြေပြလျက် များလှစုံစွာ တတ်ပညာကို၊ အာဒါယ- ဇွဲနှင့်လုံ့လ အသုံးချလျက် ထုံးပြကြည်ဖြူ သင်ယူရသည်ဖြစ်၍၊ သဒ္ဓါယ- သာသနာ့ဂုဏ် အာရုံစွဲမှီ ယုံကြည်လေးစား သဒ္ဓါတရားဖြင့်၊ ပဗ္ဗဇ္ဇတ္တနံ- သာသနာ့ဝန်ထမ်း ကျင့်ခန်းဖြာဝေ ရှင်သာမဏေအဖြစ်ကို၊ အဂ္ဂဟိ- ကောင်းစွာမသွေ ရယူခဲ့ပါပေသတည်း။
(၂) ဥပဇ္ဈာယံ ကရိတွာန၊ သုဗောဓာရာမနာယကံ။
သဒ္ဓါနံ ပစ္စယာ’ဒါယ၊ ဒါနိ ပတ္တော’ပသမ္ပဒံ။
သုဗောဓာရာမနာယကံ- ဇေယျာစစ်ကိုင်း ရစ်ဝိုင်းဧရာ သုဗောဓာရုံ ရွှေဘုံသမိုက် မြတ်ကျောင်းတိုက်၌ နှစ်ခြိုက်စံပျော် နာယကဆရာတော်ကို၊ ဥပဇ္ဈာယံ ကရိတွာန- ပြစ်ကြီးပြစ်ငယ် သွယ်သွယ်အမှု ကြည့်ရှုပြုပြင် ဆရာရှင်ဟု ဥပဇ္ဈာယ်ပြု၍၊ သဒ္ဓါနံ- ဇေယျာတိုင်းမွန် သမိုင်းချွန်သည့် ရွှေဇွန်မြို့နယ် ယာလယ်လုပ်ခင်း လက်ပံကျင်းမှ စိတ်ရင်းဖြူစင် ‘ဦးဘခင်’ နှင့် ချစ်ကြင်မြတ်လေး ‘ဒေါ်တင်အေး’ ဟု မျှော်တွေးသဒ္ဓါ ဂုဏ်ဝါဝင်းပ ရဟန်းဒါယကာ, ရဟန်းဒါယိကာမတို့၏၊ ပစ္စယံ- သဒ္ဓါကြည်ဖြူ ပေးလှူဝမ်းသာ ပစ္စည်းပရိက္ခရာကို၊ အာဒါယ- သာသနာ့အလုပ် အားထုတ်နိုင်ရန် ရည်သန်စိတ်ဖြူ ခံယူရသည်ဖြစ်၍၊ ဥပသမ္ပဒံ- တဆင့်တက်လှမ်း ကျင့်ခန်းစုံလင် ဂုဏ်အင်ထွန်းသစ် ရဟန်းတော်အဖြစ်သို့၊ ဒါနိ- ၁၃၄၇ ခု ရတုသာယာ လ,စန္ဒာနှင့် တာရာဖုဿ ဆုံဆည်းကြလျက် [၂၄၂] ဧမြလေညှင်း ငွေနှင်းစိုစို ခွာညိုသင်းရာ ပြာသိုလပြည့်ကျော် ၁ ရက်နေ့ ယခုအခါ၌၊ ပတ္တော- ရှေးကုသိုလ်ကံ ကျိုးပေးသန်သဖြင့် အမှန်မသွေ ဆိုက်ရောက်ခဲ့လေပြီတကား။
(၃) ဂရုဝရေ ဥပါသိယ၊ သိက္ခိယ ပိဋကတ္တယံ။
ဝါသဝေါ သီလသမ္ပန္နော၊ ဇောတေတံ ဇိနသာသနံ။
ဝါသဝေါ- ဘုရားသားကျော် ရဟန်းတော်ကလေး ‘အရှင်ဝါသဝ’ သည်၊ ဂရုဝရေ- အလေးပြုအပ် ကျေးဇူးရှင် ဆရာမြတ်တို့ကို၊ ဥပါသိယ- တပည့်ကျင့်ဝတ် မချွတ်ကုန်စင် ချစ်ခင်လေးမြတ် ဆည်းကပ်အပ်သည်ဖြစ်၍၊ ပိဋကတ္တယံ- သုတ် အဘိဓမ္မာ တဖြာဝိနည်း ကျမ်းကြီးပြည့်စုံ ပိဋကတ်သုံးပုံကို၊ သိက္ခိယ- ဇွဲနှင့်လုံ့လ အသုံးချလျက် ဆုံးမကိုယ့်ကိုယ် ကြည်ညိုသမှု သင်ယူခြင်းကိုပြု၍၊ သီလသမ္ပန္နော- ကိုယ်နှုတ်ပြုပြင် သွန်သင်ဆုံးမ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည်ဖြစ်၍၊ ဇိနသာသနံ- ဗုဒ္ဓမြတ်စွာ ရောင်ဝါထိန်ပြီး သာသနာတော်မြတ်ကြီးကို၊ ဇောတေတံ ဇောတေတု- ထောင်သောင်းနေရောင် ထွန်းလင်းပြောင်ဖို့ စွမ်းဆောင်ကာပေ ထွန်းလင်းအောင် ဆောင်ရွက်နိုင်ပါစေသတည်း။

ဖတ်ကြားသူ - အရှင်နန္ဒိယ၊ သုဗောဓာရုံ။

ရေးသားသူ - အရှင်နန္ဒမာလာဘိဝံသ
သ.စ.အ၊ ပါဠိပါရဂူ၊ သုဗောဓာရုံ။

[၂၄၃] စစ်ကိုင်းမြို့၊ ဝိပဿနာဂန္ဓာရုံချောင်၊ ရွှေဥမင်ကျောင်းတိုက် ရဟန်းလောင်း ရှင်ဝိစာရဏ၏ ဥပသမ္ပဒမင်္ဂလာ ထုတိဝေဒလ္လဂါထာများ

(၁) သုဇာတော ယေန ဇာတေန၊ ကုလာနေန္တိ သမုန္နတိ။
သယမ္ပိ ဂရုဝရာနံ၊ သိဿော ယာတိ သမုန္နတိံ။
ဇာတေန- ပြည့်စုံစက်မြတ် လေးရပ်စုံညီ လည်ပတ်သည်ကြောင့် လူ့ပြည်ဘဝ ဒုလ္လဘကို ကြုံရလေငြား မွေးဖွား၍လာသော။ ယေန- ရှင်ဝိစာရဏ မည်ရပေါ်ထင် အကြင်သားကိုရင်ကြောင့်။ ကုလာနိ- စစ်ကိုင်းဇေယျာ ရေခါးရွာမှ သဒ္ဓါပွားစီး ဦးကြီး+ဒေါ်လွန်းပေါ် ခမည်းတော် မယ်တော် ၂ ပါး ဆွေမျိုးအများတို့သည်။ သမုန္နတိံ- လောကကျက်သရေ တက်နေအလား မြင့်မားဖြိုးလက် ဂုဏ်တက်ခြင်းသို့။ ယန္တိ- ကောင်းစွာမသွေ ရောက်ကြရလေကုန်၏။ သော- ‘ရှင်ဝိစာရဏ’ မည်ရပေါ်ထင် ထိုသားကိုရင်သည်။ ဇာတော- အတိဇာတ မည်ရသည့် သားလှရတနာ မှန်စွာမသွေ ဖြစ်ပါပေသည် [၂၄၄] တကား။ သယမ္ပိ- ‘ရှင်ဝိစာရဏ’ ဘွဲ့မည်ရသည့် သာသနာ့အာဇာနည် ဂုဏ်ရည်သင်းကြိုင် မိမိကိုယ်တိုင်သည်လည်း၊ ဂရုဝရာနံ- စစ်ကိုင်းဇေယျာ တောင်သေလာ၌ ဂုဏ်ဝါလွှမ်းခြုံ ဂန္ဓာရုံဝိပဿနာ မဟာသုဒဿန မည်ရထို့ပြင် ရွှေဥမင်ဟု ချစ်ခင်လေးအပ် ကျေးဇူးရှင်ဆရာမြတ်တို့၏၊ သိဿော- ဆုံးမပဲ့ပြင် သွန်သင်သမျှ ဂါရဝဖြင့် ထာဝရလေးစား ဝပ်တွားခညောင်း တပည့်ကောင်းသည်၊ ဟုတွာ- အမှန်စင်စစ် ဧကန်ဖြစ်၍၊ သမုန္နတိံ- သာသနာ့အလယ် ဂုဏ်မြင့်ကြွယ်လျက် တင့်တယ်ဖြိုးလက် ကြီးပွားတိုးတက်ခြင်းသို့၊ ယာတိ- စင်စစ်မသွေ ရောက်ရပါပေသတည်း။
(၂) ကိုကျော်ညွန့် လှလှမြင့် ဇာယမ္ပတိကာ မာတုဇေဋ္ဌကာ။
အနုဂ္ဂဟံ ကရောန္တာဝ၊ အဂ္ဂဏှုံ ဒါယကတ္တနံ။
မာတုဇေဋ္ဌကာ- မန်းရတနာပုံ ရိပ်မြုံစံစား သဒ္ဓါပွားသည့် (ဦးထွန်းမြင့်+ဒေါ်တင်လှ၊ ဦးချစ်မောင်+ဒေါ်မြကြင်) နှစ်ပါးမိဘ အမှူးရှိကုန်သော၊ ကိုကျော်ညွန့် လှလှမြင့် ဇာယမ္ပတိကာ- “ကိုကျော်ညွန့်+လှလှမြင့် ဂုဏ်တင့်လူလူ ငြိမ်းအိသူ သမီး ခိုင်ဖြီးသဒ္ဓါ စေတနာအား ထူးခြားထင်ပေါ် ဇနီးမောင်နှံနှစ်ဖော်တို့သည်၊ အနုဂ္ဂဟံ- ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် သဒ္ဓါဖြူလှ ဥပသမ္ပဒမင်္ဂလာသဘင် ဆင်ယင်ပံ့ထောက် ချီးမြှောက်ကော်ရော် ပူဇော်လှူဒါန်းခြင်းကို၊ ကရောန္တာဝ- [၂၄၅] သုံးဝစေတနာ ညီစွာအားထုတ် ပြုလုပ်ကြကုန်သည်ဖြစ်၍သာလျှင်၊ ဒါယကတ္တနံ- သင်္ချေကမ္ဘာ လွန်ရှည်ကြာလည်း မှန်စွာရခဲ ထူးကဲစင်စစ် ရဟန်းဒါယကာ ရဟန်းဒါယိကာမ၏ အဖြစ်ကို၊ အဂ္ဂဏှုံ- ကြည်အိသဒ္ဓါ ပီတိဖြာလျက် မှန်စွာမသွေ ရယူခဲ့ကြလေကုန်သတည်း။
(၃) ကတွာ ထေရံ ဥပဇ္ဈာယံ၊ ဒါနိ ပတ္တော’ပသမ္ပဒံ။
ဝိစာရဏော ဝိသာရဒေါ၊ ဇောတေတံ ဇိနသာသနံ။
ဒါနိ- ၁၃၄၇-ခု ရတုသာစို ခွာညိုနံ့သင်း မြောက်လေညှင်းကြောင့် ငွေနှင်းမှုံကျ ကြယ်ဖုသျှနှင့် ဝင်းပစန္ဒာ ဆုံလာကြုံတွေ့ ပြာသိုလပြည့်ကျော် ၈ ရက်နေ့မင်္ဂလာ ယခုအခါ၌၊ ထေရံ- ဧရာရစ်ဝိုင်း စစ်ကိုင်းသေလာ ဝိပဿနာဂန္ဓာရုံ နယ်လုံးခြုံလျက် ဘုန်းဂုဏ်ထင်ပေါ် နိုင်ငံကျော်ဓမ္မကထိက ကမ္မဋ္ဌာနာစရိယ ထာဝရကျော်ကြား ဝိပဿနာဆရာတော်ဘုရားကို၊ ဥပဇ္ဈာယံ ကတွာ- မိဘသဖွယ် ပြစ်ကြီးငယ်ကို မကွယ်ကြည့်ရှု ဥပဇ္ဈာယ်ပြု၍၊ ဥပသမ္ပဒံ- သာကိယဇာတ် ဘုရားမြတ်၏ သားမှတ်စင်စစ် ရဟန်းတော်၏အဖြစ်သို့၊ ပတ္တော- ဉတ်ကမ္မဝါ မိန့်အာဏာကို ခါခါရွတ်ဖတ် မိန့်တော်မြတ်ကြောင့် သတ်မှတ်သိက္ခာ ဆင်တန်ဆာဖြင့် ဂုဏ်ဝါထွန်းတောက် ဆိုက်ရောက်၍လာသော၊ ဝိစာရဏော- သံဃာ့အလယ် ဂုဏ်မြင့်ကြွယ်လျက် တင့်တယ်ရည်သွေး “အရှင်ဝိ [၂၄၆] စာရဏ” ရဟန်းတော်ကလေးသည်၊ ဝိသာရဒေါ- ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ မြတ်ကျမ်းစာ၌ ပညာရဲရင့် ပွဲလယ်တင့်သည်ဖြစ်၍၊ ဇိနသာသနံ- ဗုဒ္ဓမြတ်စွာ သာသနာကို၊ ဇောတေတံ ဇောတေတု- ထောင်သောင်းနေရောင် ထွန်းလင်းပြောင်သို့ စွမ်းဆောင်ကာပေ ထွန်းလင်းအောင် ဆောင်ရွက်နိုင်ပါစေသတည်း။

အရှင်နန္ဒမာလာဘိဝံသ၊ သ-စ-အ ဓမ္မာစရိယ၊ ပါဠိပါရဂူ မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်းမြို့။

[၂၄၇] ၁၃၄၃ ခု၊ နယုန်လပြည့်ကျော် (၁၃) ရက်၊ (၃၀.၆.၈၁) နေ့တွင်
အစိုးရနှင့် စေတိယင်္ဂဏ ဓမ္မာစရိယ၊ သကျသီဟ သာသနာလင်္ကာရ ရွှေကျင်ဂိုဏ်း၊ မြို့နယ် သံဃနာယက ဆရာတော် ဖြစ်တော်မူသော အရှင်ဣဿရာဘိဝံသ ကို
အမရပူရမြို့ ရေဦးကျောင်းတိုက် နာယကဆရာတော်အဖြစ် တင်မြှောက်ပူဇော်ရာ၌ ရွတ်ဖတ်အပ်သော

ဇယမင်္ဂလာ ပတ္ထနာဂါထာ

ပုဗ္ဗင်္ဂမော အယျောမှာကံ၊ ဣတော ပဋ္ဌာယ ဌာနိမံ။

နိယျာတေမ ဂါရဝေန၊ ဩဝါဒံ ဒေတု နာယကော။

အယျော- အရှင်ဣဿရာဘိဝံသ အမည်ရသည့် ပါကဋအကျော် အရှင်ဆရာတော်ကလေးသည်၊ အမှာကံ- ရေချိုး ဆက်နွယ် မပျက်ပြယ်အောင် သက်နှယ်လေးစား တပည့် ဒကာ, ဒကာမအများတို့၏၊ ပုဗ္ဗင်္ဂမော- ရှေ့ဆောင်လမ်းပြ [၂၄၈] နာယကဟု ပါကဋထင်ရှား ခေါင်းဆောင်ဆရာတော်တပါး ဖြစ်တော်မူပါပေ၏။ ဣတော- လေးဆယ့်သုံးခု ရတုသာယာ နွေအခါ၏ လေသာမိုးဖွဲ မစဲဖြာဖြာ နယုန်လပြည့်ကျော် ဆယ့်သုံးရက်နေ့ မင်္ဂလာအခါမှ၊ ပဋ္ဌာယ- သတ်မှတ်ပိုင်းခြား အချိန်အားဖြင့် ထူးခြားသမှု အစပြု၍၊ ဣမံ ဌာနံ- အမရ ရေဦး အခြေထူးသည့် ပြန့်ပြူးသာယာ ဤကျောင်းတိုက်တာကြီးကို၊ ဂါရဝေန- သီလအာဒိ သမာဓိတဖြာ မြတ်ပညာဟု သုံးဖြာစုံညီ မြတ်ဂုဏ်ရည်ကို ယုံကြည်လေးစား အရေးထားသောအားဖြင့်၊ နိယျာတေမ- ဦးစီးအရာ မြတ်ဆရာဟု သဒ္ဓါဓာတ်ရင်း မပြတ်သွင်းလျက် အပ်နှင်းကြပါကုန်၏ အရှင်ဘုရား။ နာယကော- ရေဦး အမရ ဝိဟာရ၏ နာယကအကျော် ထင်ပေါ်နီးဝေး အရှင်ဆရာတော်ကလေးသည်၊ အမှာကံ- ရတနာသုံးရပ် အရှင်မြတ်ကို ဆည်းကပ်အားထား တပည့် ဒကာ, ဒကာမ အများတို့အား၊ ဩဝါဒ- ပစ္စုပ်, သံသာ နှစ်ဖြာ အကျိုး ပွားတိုးစေကြောင်း ဩဝါဒတရားကောင်းကို၊ ဒေတု- ပညာ, ကရုဏာ အခြေပါလျက် ခါခါမြွက်ဖော် ပေးသနားတော်မူပါ အရှင်ဘုရား။

အယံ အယျော ဣမေ ဇနာ၊ ဥဘော အညောညနိဿိတာ။

သဒ္ဓမ္မေန အာမိသေန၊ ဇောတေန္တု ဇိနသာသနံ။

အယံ အယျော- အမရ ရေဦး အခြေထူးသည့် ပြန့်ပြူးသာယာ ကျောင်းဝိဟာ၌ နှစ်ဖြာဓူရ ကိုယ်ကိစ္စကို နေ့ည [၂၄၉] မယုတ် အားထုတ်ရွှင်ပျော် ဤဆရာတော်ကလေးသည်၊ သဒ္ဓမ္မေန- သူတော်တကာ ကျင့်သုံးရာသည့် မြတ်စွာဗုဒ္ဓ ထုတ်ပြမြွက်ဖော် တရားတော်ဖြင့်လည်းကောင်း၊ ဣမေ ဇနာ- ရတနာသုံးရပ် ဆုံးဖြတ်မှီခို ကြည်ညိုလေးစား ဤဒကာ, ဒကာမ အများတို့သည်၊ အာမိသေန- သာသနာ့အလုပ် အားထုတ်စေမှု မျှော်ရည်ပြုလျက် စတုပစ္စယ အာမိသဖြင့်လည်းကောင်း၊ (ပဂ္ဂဏှန္တေန- ကိုယ်စီပုံထောက် ချီးမြှောက်သောအားဖြင့်) ဥဘော- ဆရာ ဒကာ ဤနှစ်ဖြာတို့သည်၊ အညောညနိဿိတာ- ဆိုင်ရာကျင့်ဝတ် မချွတ်စေကြောင်း ထိန်းကျောင်းကြည်ညို အချင်းချင်း မှီခိုကြကုန်သည်ဖြစ်၍၊ ဇိနသာသနံ- ငါးမာရ်အောင်မြင် ဘုရားရှင်၏ အစဉ်ခိုင်ပြီး သာသနာတော်မြတ်ကြီးကို၊ ဇောတေန္တု- ရာထောင်နေမင်း ထိန်ထိန်ဝင်းသို့ မယွင်းပုံသေ ထွန်းလင်းတော်မူနိုင်ကြပါစေကုန်သတည်း။

ရေးသားပူဇော်သူ - အရှင်နန္ဒမာလာဘိဝံသ (ပါဠိပါရဂူ) မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်းတောင်ရိုး။

[၂၅၀] စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မဟာသန္တာရုံကျောင်းတိုက် တည်ထောင်, အပ်နှင်း, ဖွင့်လှစ်ပူဇော်ပွဲအခမ်းအနား၌ ရွတ်ဆိုအပ်သော ချီးကျူးဂုဏ်ပြုလွှာနှင့် ဆုမြတ်မေတ္တာပို့သလွှာ

၁။ သဋ္ဌာပိတော’ယံ အာရာမော၊ ထေရေန”ရညဝါသိနာ။

ဒီဃဒဿီ နိယျာတေသိ၊ သန္တာရာမနိဝါသိနော။

အရညဝါသိနာ- ဝေးရပ်သီခေါင် နယ်ခြားတောင်ဟု လျှိုမြှောင်ပိတ်ပေါင်း တောရကျောင်း၌ ခိုအောင်းပျော်ဘိ သီတင်းသုံးတော်မူလေ့ရှိသော၊ ထေရေန- ဓုတင်ပဋိပတ် ကျင့်မြတ်ဖြူစင် များလူရှင်တို့ ချစ်ခင်လေးစား ‘ကျော်ရွာဆရာတော်ဘုရား'သည်၊ အယံ အာရာမော- မုနိထွဋ်ခေါင် ဘုန်းရောင်ကြီးမား မြတ်ဘုရား၏ တည်ငြားဌာနေ မြတ်သောမြေ၌ သုံးထွေသာသနာ တည်စိမ့်ငှာဟု ရည်ကာဖန်တည်း ဤသံဃအရာမ်ကြီးကို၊ သုဋ္ဌာပိတော- ကောင်းစွာမသွေ ဖြစ်ထွန်းပေါ်ပေါက်စေတော်မူခဲ့ပါပေ၏၊ ဒီဃဒဿီ- သာသနာတော် [၂၅၁] အရှည်မျှော်လျက် ရည်ရော်အားထုတ် ပြုလုပ်တတ်ငြား ကျော်ရွာဆရာတော်ဘုရားသည်၊ (ဣမံ အာရာမံ- မုနိထွဋ်ခေါင် ဘုန်းရောင်ကြီးမား မြတ်ဘုရား၏ တည်ငြားဌာနေ မြတ်သောမြေ၌ သုံးထွေသာသနာ တည်စိမ့်ငှာဟု ရည်ကာဖန်တည်း ဤသံဃအရာမ်ကြီးကို) သန္တာရာမနိဝါသိနော- မန်းမြို့ရွှေဘုံ သန္တာရုံ၌ တူစုံညီညာ လက်တွဲကာဖြင့် သာသနာ့အလုပ် အားထုတ်ကြငြား ‘အရှင်ကောဝိဒ, အရှင်ပညာနန္ဒ’ ညီတော်နောင်တော်နှစ်ပါးအား၊ နိယျာတေသိ- သာသနာရောင် ထွန်းပြောင်စေရေး မျှော်ကာတွေးလျက် အားပေးကြည်ဖြူ အပ်နှင်းတော်မူခဲ့လေသတည်း။

၂။ အာနန္ဒော’ယံ တိက္ခပညော၊ ကောဝိဒေါ ဓီရသိက္ခိတော။

သန္တာရာမံ သုမာပေသိ၊ သန္တကာမေဟိ ထမ္ဘိတော။

တိက္ခပညော- “သာသနဓဇဓမ္မာစရိယ အဂ္ဂမဟာအကျော်” ဘွဲ့မော်ဆွတ်ခူး မြတ်ဂုဏ်ထူးကို ရင့်ကျူးပန်ဆင် ထက်မြက်သည့် ပညာရှင်ဖြစ်ထသော၊ ကောဝိဒေါ- အရာရာတွင် သမ္ပဇဉ်ဖြင့် ဆင်ခြင်တိုင်းထွာ ကျွမ်းကျင်လိမ္မာထသော၊ ဓီရသိက္ခိတော- အမရပူရ မဟာဂန္ဓာရုံ သင်းထုံကျော်ကြား ဆရာတော်များမှ သင်ကြားနာယူ ကျမ်းဆူဆူနှင့် ကျင့်မူနည်းနာ သင်ယူအပ်ပြီးသော အတတ်ပညာရှိထသော၊ အယံ အာနန္ဒော- “အရှင်ပညာနန္ဒာဘိဝံသ” ဘွဲ့နာမဖြင့် အဂ္ဂမဟာ [၂၅၂] အကျော် ထင်ပေါ်နီးဝေး ဤဆရာတော်ကလေးသည်၊ သန္တကာမေဟိ- ကလေးမြို့ ကျော်ရွာတောရဆရာတော်, မန္တလေးမြို့ ရွှေကျင်နိကာယဗဟိုဌာန မဟာဝိသုဒ္ဓါရုံတိုက် ဇယမေဒနီဆရာတော်, သံတော်ဆင့်ဆရာတော်, ဝိဇိတာရုံဆရာတော်, အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဣန္ဒောဘာသာဘိဝံသ, ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ, စစ်ကိုင်းမြို့ မဟာသုဗောဓာရုံတိုက် နာယကဆရာတော်, ထင်ပေါ်ဝေးနီး ဆရာတော်အသီးသီးတို့သည်၊ သန္တကာမေဟိ- တဏှာသိမ်းလတ် အငြိမ်းဓာတ်ကို တိမ်းမပ်လိုလား ကလေးမြို့ ကျောင်းဒကာ ကျောင်းအမအများတို့သည်၊ ထမ္ဘိတော- ကူညီပံ့ထောက် ချီးမြှောက်ကော်ရော် ပူဇော်အပ်သည်ဖြစ်၍၊ သန္တာရာမံ- မဟာသန္တာရာမ မည်ရထင်ပေါ် ကျောင်းတိုက်တော်ကို၊ သုမာပေသိ- သာသနာရောင် ထွန်းပြောင်စေရေး မြှော်ကာတွေးလျက် အရေးကုန်အောင် ဖန်ဆင်းတည်ထောင်အပ်ခဲ့လေပြီတကား။

၃။ အယံ အယျော ဣမေ ဇနာ၊ ဥဘော အညောညနိဿိတာ။

သဒ္ဓမ္မေန အာမိသေန၊ ဇောတေန္တု ဇိနသာသနံ။

အယံ အယျော- သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာအကျော် ဘွဲ့မော်ပန်ဆင် ‘အရှင်ပညာနန္ဒာဘိဝံသ’ မည်ရ အကျော် ထင်ပေါ်နီးဝေး ဤကလေးမြို့ မဟာသန္တာရုံ ဆရာ [၂၅၃] တော်ကလေးသည်လည်းကောင်း၊ ဣမေ ဇနာ- ကလေးမြို့နယ် ဌေးကြွယ်ဥစ္စာ စေတနာနှင့် သဒ္ဓါကြီးမား ဤကျောင်းဒါယကာ ကျောင်းအမ ဆွမ်းဒါယကာ ဆွမ်းအမအများတို့သည်လည်းကောင်း၊ ဥဘော- ဆရာဒကာ ဤနှစ်ဖြာတို့သည်၊ သဒ္ဓမ္မေန- ဆရာ့တာဝန် လွန်ကျေပွန်အောင် လမ်းညွှန်ဟောပြ မြတ်ဓမ္မဖြင့်လည်းကောင်း၊ အာမိသေန- ဒကာ့တာဝန် လွန်ကျေပွန်အောင် မြတ်မွန်စေတနာ ကြည်သဒ္ဓါဖြင့် မြဲစွာလှူဒါန်း ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး လေးပါးပစ္စယ အာမိသဖြင့်လည်းကောင်း၊ အညောညနိဿိတာ- ဆရာဒကာ ညီညာကြည်ညို အချင်းချင်း မှီခိုကြကုန်သည်ဖြစ်၍၊ ဇိနသာသနံ- ငါးမာရ်အောင်မြင် ဘုရားရှင်၏ တီထွင်ဖန်တည်း သာသနာတော်မြတ်ကြီးကို၊ ဇောတေန္တု- ထောင်သောင်းနေရောင် ပမာဆောင်လျက် ထွန်းပြောင်အောင်ပေ ဆောင်ရွက်တော်မူနိုင်ကြပါစေသတည်း။

အရှင်နန္ဒမာလာဘိဝံသ [၂၅၄] ၁၃၄၃ ခု၊ တန်ဆောင်မုန်းလဆန်း (၅) ရက် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာ မက္ကလာဇေယျုံကျောင်းတိုက် သိမ်ရေစက်ချနှင့် ကထိန်ပွဲတော်

ဇယမင်္ဂလာ အနုမောဒနာဂါထာများ

(၁) သီမမာဠံ ကာရာပေန္တိ၊ သံဃကိစ္စာနိ ကာတဝေ။

သုခကာမာ ဇေယျဘူမျာ၊ အယံ ဒါနိ ဇယံ ဂတာ။

သုခကာမာ- ချမ်းသာသုခ လိုလားကြ၍ မြတ်လှကုသိုလ် ထိုထိုကို ခုလိုစုဆောင်း ဒါယကာ ဒါယကာမ အပေါင်းတို့သည်၊ ဇေယျဘူမျာ- ရွှေမြိုင်မြို့တော် သတင်းကျော်၍ ထင်ပေါ်မဆုံး ပိန္နဲကုန်း၏ စုရုံးသာယာ မင်္ဂလာဟု မဏ္ဍလာဇေယျုံ သရေစုံသည့် ရွှေဘုံမည်သင်း ကျောင်းတော်ကြီးအတွင်း၌၊ သံဃကိစ္စာနိ- ဥပုသ် ပဝါရဏာ တဖြာရဟန်းခံ အတန်တန်အဝဝ သံဃာ့ကိစ္စ ဟူသမျှတို့ကို၊ ကာတဝေ- ကိုယ်စိတ်တူညီ သာမဂ္ဂီဖြင့် ချစ်ကြည်မပျက် စဉ်အဆက်ဟု [၂၅၅] ဆောင်ရွက်မှန်စွာ ပြုနိုင်ရန်အလို့ငှာ၊ သီမမာဠံ- ကြီးမားသဒ္ဓါ စေတနာဖြင့် အသပြာစုဆောင်း ကျပ်ရှစ်သောင်းဟု စုပေါင်းဖန်တီး သိမ်ကျောင်းတော်ကြီးကို၊ ကာရာပေန္တိ- သုံးတန်စေတနာ ပြတ်သားကာဖြင့် မှန်စွာမသွေ ဆောက်လုပ်စေကြလေကုန်၏၊

အယံ- ကြီးမားသဒ္ဓါ စေတနာဖြင့် အသပြာစုဆောင်း ကျပ်ရှစ်သောင်းဟု စုပေါင်းဖန်တီး ဤသိမ်ကျောင်းတော်ကြီးသည်၊ ဒါနိ- ၁၃၄၃ ခု ရတုသာယာ နှစ်အခါဟု ကြည်သာရွှင်ပြ (တန်ဆောင်မုန်းလဆန်း ၅-ရက်) ယနေ့အခါသမယ၌၊ ဇယံ ဂတာ- သိကြားလူယုံ အမှုစုံသည့် ဝိသကြုံနတ် ဖန်ဆင်းအပ်သို့ သပ်ရပ်ပုံသေ ပြီးစီးအောင်မြင်ခြင်းသို့ ရောက်ခဲ့လေသတည်း။

(၂) ဒေါ်ရင်တီပမုခါ သန္တာ၊ သာသနဗုဒ္ဓိကာမကာ။

သီမမာဠံ နိယျာတေန္တိ၊ ကထိနံ ဒေန္တိ သဒ္ဓယာ။

သန္တာ- ကိလေသာဟူ ကြိုက်ကြိုက်ဆူသည့် အပူကင်းပြတ် အငြိမ်းဓာတ်ကို လေးမြတ်ခုံမင် သူတော်စင်ဖြစ်ကြကုန်သော၊ သာသနဗုဒ္ဓိကာမကာ- ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှည်ကြာမြင့်လေး ကြီးပွားရေးကို အားပေးကြငြား အလွန်လိုလားကြပေကုန်သော၊ ဒေါ်ရင်တီ ပမုခါ- သဒ္ဓါရွှင်ကြည် ‘ဒေါ်ရင်တီ’နှင့် စိတ်ညီတူမျှ ယူအဆဟု ဖြူစွာ့သဒ္ဓါ အရာရာ [၂၅၆] ကောင်း ပိန္နဲရွှေမြိုင် ဒါယကာ ဒါယိကာမအပေါင်းတို့သည်၊ သီမမာဠံ- သံဃာ့ကံဆောင် အလုပ်အောင်လျက် ဂုဏ်ရောင်ထိပ်သီး သိမ်ကျောင်းဆောင်ကြီးကို၊ နိယျာတေန္တိ- မဏ္ဍလာဇေယျုံ ရွှေဘုံဌာန နာယကအကျော် ဆရာတော်အမှူးထား သံဃာတော်အများအား ထူးခြားသဒ္ဓါ စေတနာဖြင့် ကောင်းစွာမသွေ အပ်နှင်းလှူဒါန်းကြလေကုန်၏၊ သဒ္ဓယာ (သဒ္ဓါယ)- ရတနာသုံးတန် အရင်းခံ၍ ကံ, ကံအကျိုး မြတ်နိုးယုံကြည် အမြစ်တည်လျက် သစ်လည်ထူးခြား ခိုင်မြဲသော သဒ္ဓါတရားဖြင့်၊ ကထိနံ- အကျိုးငါးတန် အာနိသံကို ရရန်မြော်ခေါ် ကထိန်သင်္ကန်းအလှူတော်ကို၊ ဒေန္တိ- သိမ်လှူ ရေစက် ယှဉ်တွဲဖက်လျက် နှစ်သက်စွာပေ လှူဒါန်းကြလေကုန်သတည်း။

(၃) သီမာ'ယံ စိရဿံ ဌာတု၊ ဇေယျဘူမျာ သိရိန္ဓရာ။

ပဇ္ဇလန္တိ သာဓုဇနာ၊ မောဒေန္တု သောမ္မမာနသာ။

အယံ သီမာ- နိမိတ် ကမ္မဝါ ပရိသာဟု သုံးဖြာစုံလင် ဂုဏ်အင်ပြည့်လတ် ဤသိမ်တော်မြတ်သည်၊ ဇေယျဘူမျာ- ပိန္နဲရွှေမြိုင် သတင်းကြိုင်လျက် သင်းလှိုင်ဂုဏ်ဝါ မင်္ဂလာဟု မဏ္ဍလာဇေယျုံ ရွှေဘုံကျော်ဟီး ကျောင်းတော်ကြီး၏၊ သိရိန္ဓရာ- သံဃာ့ကိစ္စ အဝဝကို ကျနဆောင်ရွက် အဆက်ဆက်ဟု တိုးတက်ထွန်းပြောင် ကျက်သရေဆောင်လျက်၊ ပဇ္ဇလန္တီ- [၂၅၇] ဥဒည်တက်ထွန်း နေစက်ဝန်းသို့ ရွှန်းရွှန်းထိန်ဝါ ထွန်းတောက် ပလျက်သာလျှင်၊ စိရဿံ- ဗုဒ္ဓမြတ်စွာ သာသနာ၏ သင်္ချာ ငါးထောင် နှစ်မြားမြောင်ဟု ဂုဏ်ရောင်တင့်ကာ ရှည်မြင့်စွာ သာလျှင်၊ ဌာတံ (ဌာတု)- ကျောက်တိုင်, သံတိုင် မယိမ်းယိုင်သို့ မြဲခိုင်စွာပေ တည်တံ့ပါစေသတည်း၊ သာဓုဇနာ- ကောင်းမြတ်ဂုဏ်အင် စုံအလင်ဖြင့် ပုံသွင်လှဆောင်း သူတော်စင်အပေါင်းတို့သည်၊ သောမ္မမာနသာ- ပီတိသောမနသ် မြဲမပြတ်ပဲ စွဲကပ်စိမ့်ဝင် သဲဘဝင်၌ အစဉ်ရွှင်ပြုံး ငြိမ်းချမ်းသော စိတ်နှလုံးရှိကြကုန်သည်ဖြစ်၍၊ မောဒေန္တု- အားအင်ပြည့်မောက် သံကုန်ဆောက်လျက် ဝမ်းမြောက်ရွှင်ပျော် သာဓုခေါ်နိုင်ကြပါစေကုန်သတည်း။

ရေးသားသူ - အရှင်နန္ဒမာလာဘိဝံသ
သ.စ·အ·ဓမ္မာစရိယ ပါဠိပါရဂူ မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်းမြို့။

[၂၅၈] ၁၃၆၁ ခု၊ တပေါင်းလဆန်း ၁၄ ရက် ရန်ကုန်၊ မင်္ဂလာဒုံ ရွှေနံ့သာစံပြကျေးရွာ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက် ဓမ္မာဘိသေကသိမ် သီမာသမ္မုတိဇယမင်္ဂလာ အာသီသင်္ဂါထာ

သီမာသမ္မုတိဇယမင်္ဂလာ အာသီသင်္ဂါထာ

သီမာသမ္မုတိ’ အနုညာတာ၊ သမ္ဗုဒ္ဓေန သိရီမတာ။

ကမ္မာကမ္မာနမတ္ထာယ၊ သီမာ'ယံ တိဋ္ဌတု စိရံ။

သိရီမတာ- ဘုန်းကံပါရမီ စုံပြည့်ညီသဖြင့် ဂုဏ်ရည်လက်ဝေ မက်မပြေအောင် တက်နေအသွင် ကျက်သရေရှင် ဖြစ်တော်မူထသော၊ သမ္ဗုဒ္ဓေန- သစ္စာ (၄)တန် တရားမှန်ကို ဧကန်မိမိ ကိုယ်တိုင်သိလျက် များဘိဝေနေ သိစေဟောကြား ရှင်တော်မြတ်ဘုရားသည်၊ ကမ္မာကမ္မာနံ- ဝိနည်းကျမ်းဂန် လမ်းမှန်ညွှန်ပြ ဆောင်ရွက်ရသည့် သံဃာ့အဖွဲ့အစည်း လုပ်နည်းလုပ်ထုံး သိမ်းကျုံးဖော်ပြ ကံကြီးကံငယ် ဟူသမျှတို့၏၊ အတ္ထာယ- ကိုယ်စိတ်နှစ်လီ သာမဂ္ဂီဖြင့် ရွှင်ကြည်ချမ်းသာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းအကျိုးငှာ၊ သီမာသမ္မုတိ- [၂၅၉] နိမိတ်, ပရိသာ ကမ္မဝါ ဟု သုံးဖြာသမ္ပတ် ပြည့်စုံလတ်၍ ဝိပတ်လွတ်ကင်း မယွင်းစစ်မှန် သီမာသမ္မုတိကံကို၊ အနုညာတာ- သာသနာတည်မှု အရှည်ရှုလျက် ဓမ္မပဒေ လိုက်နာစေဟု မိန့်ချွေသတ်မှတ် ပညတ်တော်မူခဲ့လေပြီ။

အယံ သီမာ- မင်္ဂလာဒုံ ရွှေနံ့သာ တည်ရာဌာန မည်နာမဖြင့် သဒ္ဓမ္မပဇ္ဇောတာရုံ လွှမ်းခြုံသမိုက် ကျောင်းတော်တိုက်ဝယ် နှစ်ခြိုက်ကြည်သာ ထေရ်မဟာတို့ ညီညာသမုတ် ဖွင့်ထုတ်ထင်စွာ ဤဓမ္မာဘိသေက သိမ်မဟာသည်၊ စိရံ- ဤမြေကမ္ဘာ ဤပြည်ရွာ၌ သုံးဖြာသဒ္ဓမ္မ တည်သမျှ ကြည်သာလျက် ရှည်ကြာသော ကာလပတ်လုံး၊ တိဋ္ဌိတံ-တိဋ္ဌတု- သာသနာ့အသက် သွေးကြောဆက်လျက် မပျက်စဉ်လာ တည်ရှိပါစေသတည်း။

[၂၆၀] မန္တလေးမြို့ မဟာဗောဓိရိပ်သာ ဆရာကြီး ဦးမြင့်စိန်၏ သာသနာနုဂ္ဂဟ စာဂါနုဿတိ

၁။ ပရိက္ခာရေန ပူဇေမိ၊ ထေရေ သာသနကာရကေ။

ပုနောပသမ္ပဒံ ကမ္မံ၊ ကာရေတွာန သုဒုလ္လဘံ။

အဟံ- ရုပ်နာမ်ခန္ဓာ ဟုတ်မှန်ရာကို သူငါမှည့်ခေါ် တပည့်တော်သည်၊ သုဒုလ္လဘံ- ကမ္ဘေကမ္ဘာ လွန်ရှည်ကြာလည်း မှန်စွာမယွင်း ရဖို့ရန် အလွန်ခဲယဉ်းလှပေသော၊ ပုနောပသမ္ပဒံ ကမ္မံ- ပုနောပသမ္ပဒ မည်ရမှန်စွာ ကံထပ်မင်္ဂလာကို၊ ကာရေတွာန- ရှစ်စုံပရိက္ခရာ လှူဒါန်းပါ၍ သဒ္ဓါကြည်နူး ပီတိထူးဖြင့် ရည်စူးမဂ္ဂင် နိဗ္ဗာန်ဝင်ဖို့ မြော်မြင်ကြီးကြီး ဆောင်ရွက်စေပြီး၍၊ သာသနကာရကေ- ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှည်ကြာတည်တံ့ ကမ္ဘာပြန့်လျက် ရှင်းသန့်စေမှု သာသနာပြုဖြစ်တော်မူကြပေကုန်သော၊ ထေရေ- သီလသိက္ခာ ဂုဏ်ဝါမြင့်မား ဆရာတော်အများတို့ကို၊ ပရိက္ခာရေန- [၂၆၁] သပိတ်၊ သင်္ကန်း ဆင်မြန်းစရာ ရှစ်ပါး ပရိက္ခရာဖြင့်၊ ပူဇေမိ- ဝမ်းသာရွှင်ပျော် ပူဇော်ပါ၏ အရှင်ဘုရား။
၂။ သုဗောဓာရာမထေရာနံ၊ ဘာတရာနံ ကနိဋ္ဌကံ။ ထေရံ ပူဇေမိ သတမံ၊ ပုနောပသမ္ပဒါယံဟံ။
အဟံ- ခန္ဓာနာမ်ရုပ် မှန်အဟုတ်ကို သမုတ်သူငါ သညာ မှည့်ခေါ် တပည့်တော်သည်။ ဘာတရာနံ- မိတူဖတူ ရှေးကံ တူသဖြင့် တအူတုံ့ဆင်း နောင်ညီအရင်း ဖြစ်ကြကုန်သော၊ သုဗောဓာရာမထေရာနံ- သုဗောဓာရုံ တိုက်ရွှေဘုံဟု လွှမ်းခြုံကြေညာ ကျောင်းတိုက်တာကို ညီညာတူပျော် တည်ထောင်တော်မူကြသော မထေရ် ၆-ပါးတို့တွင်၊ ကနိဋ္ဌကံ- နောင်တော် ၅-ပါး ထောက်ထားနွေးနွေး ညီတော်အငယ်ဖြစ်သော၊ ထေရံ- နန္ဒမာလာဘိဝံသ ဘွဲ့ရထင်ပေါ် မြတ်ထေရ်တော်ကို၊ သတမံ- ရေတွက်ရွေးကောက် တစ်ရာမြောက်၊ ပုနောပသမ္ပဒါယ- သပိတ်သင်္ကန်း လှူဒါန်းကြည်သာ ကံထပ်ခြင်းမင်္ဂလာဖြင့်၊ ပူဇေမိ- သီလသိက္ခာ မြတ်နိုးစွာဖြင့် စိတ်မှာတူပျော် ပြုလုပ်ပူဇော်ပါ၏ အရှင်ဘုရား။

အဟော မေ သုကတံ ကမ္မံ၊ သာသနာနုဂ္ဂဟံ ဝရံ။ အနေန ပရမံ သန္တိ၊ ပါပုဏေယျမနုတ္တရံ။
ဝရံ- သာသနာတော်နှင့် စပ်သဖြင့် အလွန်မြတ်လှပေသော၊ သာသနာနုဂ္ဂဟံ- သာသနာ့အထောက်အကူ ကြည်ဖြူ [၂၆၂] လေးမြတ် ပြုလုပ်အပ်သော၊ ကမ္မံ- သာသနာပြု မြတ်ကောင်းမှုကို၊ မေ- ငါသည်၊ အဟော သုကတံ- မွန်မြတ်စေတနာ ကောင်းစွာပြုအပ်ပါပေပြီတကား၊ အနေန- သာသနာနုဂ္ဂဟ သာသနာ့ပူဇာ ဖြာဖြာပေါင်းစု မွန်မြတ်ကောင်းမှုကြောင့်၊ အဟံ- ငါသည်၊ အနုတ္တရံ- အလွန်အသာ မရှိပါသဖြင့် ဂုဏ်ဝါပြည့်ဖုံး အမြတ်ဆုံးဖြစ်သော၊ ပရမံ သန္တိ- ကိလေသာနှင့် ခန္ဓာဖြစ်ခြင်း ဘေးရန်ရှင်းသဖြင့် လွတ်ကင်းပူပန် မြတ်နိဗ္ဗာန်သို့၊ ပါပုဏေယျံ- ကိုယ်တိုင်လွတ်မြောက် ဉာဏ်မြင်ပေါက်၍ ဆိုက်ရောက်ရပါစေသတည်း။

အရှင်နန္ဒမာလာဘိဝံသ မဟာသုဗောဓာရုံ

[၂၆၃] စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်၊ သကျဓီတာသီလရှင်စာသင်တိုက် ကျောင်းနှင့် ကျောင်းမြေ ရေစက်ချ လှူဒါန်းပွဲအခမ်းအနားတွင်

မဟာသုဗောဓာရုံတိုက် တိုက်အုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ သီကုံးရေးသားအပ်သော ထောမနာ အာသီသဂါထာ
၁၃၆၀-ခု၊ တန်ခူးလပြည့်ကျော် (၇) ရက်၊ (၇- ၄- ၁၉၉၉)
ဗုဒ္ဓဟူးနေ့
(၁) သကျဓီတူနမတ္ထာယ၊ အာရာမော သုဋ္ဌု ကာရိတော။ ဝိဒေသိကေဟိ သဒ္ဓေဟိ၊ ဘိက္ခုနီဝံသဒီပကော။
သကျဓီတူနံ- သကျမုနိ တုမရှိသား မြတ်ဘုရား၏ ထပ်ပွားနွယ်မြှော် သမီးတော်ဟု ထင်ပေါ်ကြည်သာ ဂုဏ်ရည်ဖြာသည့် သာသနာနွယ်ဝင် သီလရှင်ဆရာကလေးတို့၏၊ အတ္ထာယ- ပရိယတ်, ပဋိပတ် နှစ်ရပ်ကြိုးကုတ် သာသနာ့အလုပ်ကို အားထုတ်ရွှင်လန်း မပင်ပန်းဘဲ အေးချမ်းသာယာ [၂၆၄] သာသနာပြုရန် အကျိုးငှာ၊ ဘိက္ခုနီဝံသဒီပကော- မဟာပဇာပတိမိထွေးတော် အစဖော်လျက် မြင်မြော်ဉာဏ်လွှမ်း လုံ့လစွမ်းဖြင့် ကြိုးပမ်းယူအပ် ဘိက္ခုနီအနွယ်ကို ထွန်းပြောင်စေတတ်သော၊ အာရာမော- မင်းဝံတောင်ထိပ် တောတောင်ရိပ်ဝယ် တိတ်ဆိတ်အေးချမ်း ကမ္မဋ္ဌာန်းနှင့် စာကျမ်းဓမ္မခန် သင်အံနှစ်ခြိုက် သကျဓီတာမည်သော စာသင်တိုက်ကို၊ သဒ္ဓေဟိ- ဘာသာတရား လွန်လေးစားလျက် အားထားကြည်ညို မှီခိုကြဘိ ကြီးမားသော သဒ္ဓါတရားရှိကြကုန်သော၊ ဝိဒေသိကေဟိ- အင်္ဂလန်နှင့် ဂျပန်နီပွန် ပြည်အမွန်ဝယ် ထူးချွန်ပညာ မြတ်ဥစ္စာနှင့် မကွာပြည့်စုံ ရေစက်ဆုံငြား ဒေါက်တာ ဟီရိုကို ခါဝနာမီ နှင့် ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့သည်၊ သုဋ္ဌု ကာရိတော- စေတနာလွှမ်း သဒ္ဓါစွမ်းဖြင့် ရွှင်လန်းကြည်သာ ဆောက်လုပ်လှူဒါန်းအပ်ပါပေသည် ဘုရား။
၂။ အာရာမော’ယံ စိရံ ဌာတု၊ သကျဓမ္မပဇ္ဇောတကော။ ဝါစေန္တာ သကျဓီတူနံ၊ သောဘေန္တု သကျသာသနံ။
သကျဓမ္မပဇ္ဇောတကော- သကျနွယ်ဖွား မြတ်ဘုရား၏ တရားအရောင် ထွန်းလင်းပြောင်ဘို့ စွမ်းဆောင်ကြိုးပမ်း မြတ်စခန်းဖြစ်ပေသော၊ အယံ အာရာမော- မင်းဝံတောင်ထိပ် တောတောင်ရိပ်ဝယ် တိတ်ဆိတ်အေးချမ်း ကမ္မဋ္ဌာန်းနှင့် [၂၆၅] စာကျမ်းဓမ္မခန် သင်အံနှစ်ခြိုက် ဤ‘သကျဓီတာ’မည်သော စာသင်တိုက်သည်၊ စိရံ- ငါးထောင်သာသနာ ရှည်မြင့်ကြာအောင်၊ တိဋ္ဌတု- ကောင်းစွာမသွေ တည်တံ့ပါစေသတည်း၊ သကျဓီတူနံ- သကျနွယ်ဖွား မြတ်ဘုရား၏ ထူးခြားရင်နှစ် သမီးချစ်အများ သီလရှင်ဆရာကလေးတို့အား၊ ဝါစေန္တာ- ကျမ်းဂန်ပိဋကတ် အရပ်ရပ်ကို ကျက်မှတ်သင်အံ ဝေဖန်ပိုင်းခြား လွန်ကြိုးစားလျက် သင်ကြားပို့ချကုန်သည်ဖြစ်၍၊ သကျသာသနံ- သကျနွယ်ဖွား မြတ်ဘုရား၏ သုံးပါးမြွက်ခေါ် မြတ်သာသနာတော်ကို၊ သောဘေန္တု- မင်္ဂလာကျက်သရေထွန်း တက်နေသို့ မသွေဖြာလျှမ်း ကမ္ဘာလွှမ်းလို့ ကြိုးပမ်းကာပေ တင့်တယ်အောင် ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။

[၂၆၆] ရန်ကုန်မြို့၊ ဆုထူးပန်စာသင်တိုက် ကုသလကာရီ ဆွမ်းစားကျောင်း ကျောင်းရေစက်ချ အနုမောဒနာ ပတ္ထနာသီသဂါထာ

အနုမောဒနာ
၁။ ဝိဟာရဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ။ ဝရဒါနံ ဒဒန္တေဟိ၊ သဉ္စိတံ ပုညမင်္ဂလံ။
သံဃဿ- ရှေ့တွင်ကြွရောက် မျက်မှောက်ထင်စွာ များသံဃာနှင့် လေးဖြာရပ်ခွင် ပျော်ရွှင်စုရုံး သီတင်းသုံးသည့် အားလုံးရည်မြော် သံဃာတော်အား၊ ဝိဟာရဒါနံ- အေးပူကင်းစင် မှက်ခြင်အစ များလှသွယ်သွယ် အန္တရာယ်ကို ကာကွယ်ပေတောင်း ကိန်းအောင်းစံပျော် ကျောင်းအလှူတော်ကို၊ အဂ္ဂံ- အဆင်းအင်အား ချမ်းသာများနှင့် လှူငြားမျက်စိ စရှိဖုံဖုံ အလုံးစုံကို ကြည်ယုံသဒ္ဓါ လှူရာရောက်လတ် [၂၆၇] အလွန်မြတ်'ဟူ၍၊ ဗုဒ္ဓေန- သဗ္ဗညုတ ဉာဏသခင် သိမြင်ပြတ်သား မြတ်ဘုရားသည်၊ ဝဏ္ဏိတံ- ဖွင့်ထုတ်မြွက်ဖော် ကျိုးကြောင်းမြှော်၍ သင့်လျော်စွာပေ ချီးမွမ်းတော်မူအပ်လေပြီ၊ တုမှေဟိ- ဗုဒ္ဓစကား လေးစားပူဇော် ကျောင်းအလှူတော်ပွဲ ဆင်နွှဲစုပေါင်း သင်သူတော်ကောင်းတို့သည်၊ ဝရဒါနံ- အာမိသဒါန မှန်သမျှ၏ ထာဝရရှေ့ဆောင် ဂုဏ်ရောင်ထင်ပေါ် အမြတ်ဆုံးအလှူတော်ကို၊ ဒဒန္တေဟိ- စေတနာအား သဒ္ဓါပွားလျက် ပိုင်းခြားတူပျော် ပေးလှူပူဇော်ခြင်းတို့ဖြင့်၊ ပုညမင်္ဂလံ- ဘဝလွတ်ကြောင်း နှစ်ထောင်းအားရ မင်္ဂလာမြတ်ပုညကို၊ သဉ္စိတံ- စေတနာပွား သဒ္ဓါအားဖြင့် ပိုင်းခြားကာပေ ဆည်းပူးရယူအပ်ခဲ့လေပြီတကား။

ပတ္ထနာ
၂။ အဟော ဒါနံ ပရမဒါနံ၊ ဒါနိ သံဃေ ပတိဋ္ဌိတံ။ ပပေါမ နိဗ္ဗုတိံ တေန၊ ဘာဂံ လဘန္တု ပါဏိနော။
ဒါနိ- ၄၁-ခု ဓနုရာသီ မိဂသီစန်း ပွင့်လန်းသဇင်ပျော်ရွှင် တူဖော် လနတ်တော်၏ ကြည်ပျော်စန္ဒာ ၁၄-ရက်နေ့ မင်္ဂလာအခါ၌၊ သံဃေ- ဆုထူးပန်ကျောင်း ကိန်းအောင်းရွှင်ပျော် သံဃာတော်၌၊ ပတိဋ္ဌိတံ- လက်ရောက်ကော်ရော် ပူဇော်ဆက်ကပ် တည်စေအပ်သော၊ ဒါနံ- နိဗ္ဗာန်ရည်မှန်း သဒ္ဓါ [၂၆၈] စွမ်းဖြင့် လှူဒါန်းပူဇော် ကျောင်းအလှူတော်သည်၊ အဟော ပရမဒါနံ- ဒါနတကာ မယှဉ်သာသဖြင့် စဉ်လာထိပ်သီး အမြတ်ဆုံးသော အလှူတော်ကြီး ဖြစ်ပါပေသည်တကား၊ တေန ဒါနေန- သံဃာရည်မှန်း ရွှင်လန်းပူဇော် ထိုကျောင်းအလှူတော်ကြောင့်၊ မယံ- သာသနာနှင့် ဘာသာတရား လေးစားကြည်ညို မှီခိုအားထား တပည့်တော်အများတို့သည်၊ နိဗ္ဗုတိံ- ကိလေသာဟူ အပူခပ်သိမ်း ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့၊ ပပေါမ- ပါရမီအဆင့်ဆင့် မြင့်ထက်မြင့်၍ မလင့်ပုံသေ ဆိုက်ရောက်ကြရပါစေကုန်သတည်း၊ ပါဏိနော- အနန္တစကြာဝဠာ နတ်ဗြဟ္မာနှင့် ကမ္ဘာသူကမ္ဘာသား သတ္တဝါအများတို့သည်၊ ဘာဂံ- ရရှိနှစ်လို မြတ်ကုသိုလ်၏ ပိုလိုကင်းပ အဘို့ဘာဂကို၊ လဘန္တု- ဝမ်းမြောက်ကြည်နူး ပီတိထူးကြောင့် ရွှင်မြူးစွာပေ ရရှိကြပါစေကုန်သတည်း။

အာသီသ
၃။ သလ္လာနေ ယောဂမာပဇ္ဇံ၊ ပဏ္ဍိတော သဟိတာဝဟံ။ သလ္လံ ဥဟစ္စ၊ နိဿလ္လော ဘဝတံ အယံ။
အယံ- ဆုထူးပန်ကျောင်း ကိန်းအောင်းရွှင်ပျော် ဤသံဃာတော်သည်၊ သဟိတာဝဟံ- ကိုယ်စီစီးပွား ကြီးထွားလေအောင် သာသနာ့အကျိုးကို ဆောင်တတ်သော၊ ပဏ္ဍိတော- [၂၆၉] အရာရာတွင် သမ္ပဇဉ်ဖြင့် ဉာဏ်မြင်ကြီးဘိ ပညာရှိသည်၊ ဟုတွာ- ပြုပြုပြင်ပြင် အစဉ်ထွန်းသစ် အမှန်ဖြစ်၍၊ သလ္လာနေ- ကာမဂုဏ်ဆိုး အာရုံမျိုးကို ပယ်ချိုးနင်းနှိမ် ဆိတ်ငြိမ်ပေတောင်း သင်္ခမ်းကျောင်း၌၊ ယောဂမာပဇ္ဇ- ဂန္ထဝါသ နှစ်ဌာနဟု သာသနာ့အလုပ်ခွင် ပျော်ရွှင်ကြိုးကုတ် လွန်အားထုတ်လျက်၊ သလ္လေန- လေးလက်လျင်လျား စိန်သွားတပ်ဆင် စွမ်းအင်ကြီးမား အရိယာမဂ်တည်းဟူသောမြှားဖြင့်၊ သလ္လံ- ငါးပါးအာရုံ ကာမဂုဏ်၌ စုပုံပစ်ခတ် မာရ်စစ်တပ်၏ တန့်ရပ်မနား ဆိပ်လူးမြှားကို၊ ဥဟစ္စ- အစဉ်စောင့်ကြပ် ပစ်ခတ်ထုတ်နှင် သုတ်သင်ဖယ်ရှား ဟန့်တားပြီး၍၊ နိဿလ္လော- ကာမဂုဏ်ငါး အာရုံများ၌ ထူးခြားပြင်းထန် မြှားဒဏ်လွတ်ကင်း ထာဝရငြိမ်းချမ်းခြင်းသည်၊ ဘဝတံ-ဘဝတု-စင်စစ်မသွေ ဖြစ်တော်မူပါစေသတည်း။

အရှင်နန္ဒမာလာဘိဝံသ
သ၊ စ၊ အ ဓမ္မာစရိယ၊ ပါဠိပါရဂူ မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်းမြို့။

[၂၇၀] သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန် ကင်းပတ်စ်) ဖွင့်ပွဲ အခမ်းအနား ဇယမင်္ဂလာ ဂါထာ

၁။ သီတဟဒယသမ္ဗုဒ္ဓေါ၊ သဒ္ဓမ္မော ဗုဒ္ဓဒေသိတော။ တိဋ္ဌန္တော ဣဓ လောကမှိ၊ ဗဟူနံ သုခမာဝဟော။
သီတဟဒယော- မေတ္တာပါရမီ နှစ်အဆီဖြင့် စွမ်းရည်ကြီး ဖြည့်ဆည်းအားကြောင့် ထူးခြားလေဘိ အေးမြသောစိတ်နှလုံးရှိတော်မူသော၊ သမ္ဗုဒ္ဓေါ- သစ္စာ ၄ တန် တရားမှန်ကို ဧကန်မြင်သိ မုနိထွဋ်ထား ရှင်တော်မြတ်ဘုရားသည်လည်းကောင်း၊ ဗုဒ္ဓဒေသိတော- ဒေသနာဉာဏ် ဝေဖန်ပိုင်းခြား သတ္တဝါများ၏ ကွဲပြားစရိုက် လူတိုင်းကြိုက်၍ နှစ်ခြိုက်ရွှင်ပျော် ရှင်တော်ဘုရား ဟောကြားတော်မူအပ်သော၊ သဒ္ဓမ္မော- သုံးပုံပိဋကတ် ငါးရပ်နိကာယ် ပြည့်ကြွယ်အနှစ်၊ ထွန်းသစ်ထင်ပေါ် တရားတော်သည်လည်းကောင်း၊ ဣဓ လောကမှိ- အများသတ္တဝါ မှီရာဌာန ဤကမ္ဘာလောကကြီး၌၊ တိဋ္ဌန္တော- [၂၇၁] မီးရှူးတန်ဆောင် အလင်းဆောင်လျက် ထွန်းပြောင်ထင်ပေါ် တည်တံ့လျက်နေသည်ရှိသော်၊ ဗဟူနံ- လူနတ်တိရစ္ဆာန် ဝေဖန်ပိုင်းခြား သတ္တဝါအများတို့၏၊ သုခမာဝဟော- ကိုယ်စိတ်လန်းဖြာ လွန်ကျန်းမာလျက် ကြည်သာနှလုံး ရွှင်ပြုံးကြစေ စွမ်းဆောင်နိုင်ပါပေသည်တကား။
၂။ အသမ္မောသာယ ဓမ္မဿ၊ ဓမ္မံ ဓာရေန္တု မာမကာ။ ပရိယာပုဏနာ ဧသာ၊ သဒ္ဓမ္မဋ္ဌိတိကာရဏာ။
မာမကာ- ဗုဒ္ဓသာသနာ လွန်စွာမြတ်နိုး အားကိုးကြငြား သာသနာပြုပုဂ္ဂိုလ်အများတို့သည်၊ ဓမ္မဿ- ကောင်းမြတ်ပြည့်စုံ၊ သုံးပုံပိဋကတ် တရားမြတ်ရွှေစာ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာ၏၊ အသမ္မောသာယ- ကမ္ဘာ့အလယ် ပျောက်ကွယ်၍ မသွားစေခြင်းငှာ၊ ဓမ္မံ- ပိဋကသုံးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ထွန်းပြောင်ထင်ရှား မြတ်တရားကို၊ ဓာရေန္တု- သင်ယူကျက်မှတ် ဆက်မပြတ်အောင်၊ လုံ့လဓာတ်ကြီးစွာ ဆောင်ထားနိုင်ကြပါစေကုန်သတည်း။ ဧသာ ပရိယာပုဏနာ- အဆက်မပြတ် သင်ယူ ရွှင်မူနှလုံး ဤကျင့်သုံးခြင်းသည်၊ သဒ္ဓမ္မဋ္ဌိတိကာရဏာ- သာသနာငါးထောင် ရှည်အောင်ခိုင်ခံ့ တည်တံ့နိုင်ပေ အကြောင်းရင်း ဖြစ်ပါပေသတည်း။

[၂၇၂] ၃။ သီတဂူဝိဇ္ဇာယတနံ၊ သဒ္ဓမ္မဘာကရံ သုဘံ။ သမုပ္ပန္နံ စိရံ ဌာတု၊ ဒဒံ ဉာဏံ သုခါဝဟံ။
သုဘံ- ဒဂုံ ပင်လုံ အကောင်းဆုံးသည့် ပြည့်စုံကြွယ်ဝ ရန်ကုန်တိုင်းဒေသ၏ လှပသာယာ ဂုဏ်ဝါမြင့်ကြွယ် တင့်တယ်လှပေထသော၊ သဒ္ဓမ္မဘာကရံ- ကမ္ဘာအနှံ့ ကျယ်ပြန့်ထွန်းပြောင် တရားရောင်တို့ ဦးဆောင်ဖြန့်ဝေ ထွန်းလင်းရာ ဖြစ်ပေထသော၊ သီတဂူဝိဇ္ဇာယတနံ- ရဟန်းရှင်လူ စိတ်ကြည်ဖြူသည့် သီတဂူစန်းလ လွှမ်းထထင်ပေါ် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းတော်ကြီးသည်၊ သမုပ္ပန္နံ- ရန်ကုန်တိုင်းဒေသကြီး အံ့ချီးဖွယ်ရာ ပြည်မြန်မာ၌ ကောင်းစွာမသွေ ဖြစ်ထွန်းပေါ်ပေါက်၍ လာခဲ့ပါပေ၏။ (ဧတံ- သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ခေါ်ဆိုထင်ရှား ပြည်သူများတို့ လေးစားရှုမြင် အစဉ်အံ့ချီး ဤတက္ကသိုလ်ကျောင်းတော်ကြီးသည်၊) ဒဒံ ဉာဏံ- လောက ဓမ္မ နှစ်ဌာန၌ သုတစုံလင် ဉာဏ်အမြင်ကို ပြသင်ဖြန့်ဝေ ပြန့်နှံ့စေလျက်၊ သုခါဝဟံ- အမျိုး,ဘာသာ သာသနာအကျိုး ပွားတိုးလေအောင် ချမ်းသာသုခကို ဆောင်လျက်၊ စိရံ ဌာတု- အဓွန့်ရှည်ကြာ ဤကမ္ဘာ၌ ညီညာကြည်သန့် အရှည်ခန့်လျက် တည်တံ့ပါစေသတည်း။

အရှင်နန္ဒမာလာဘိဝံသ (၅. ၆. ၁၁)

[၂၇၃] ဘုန်းတော်ကြီး-ဦးဂုဏောဒယ ၏ ၁၃၁၉ ခု၊ နှောင်းတန်ခူးလဆန်း (၄)ရက်၊ သာဓုကီဠနသဘင်၌ ရွတ်ဖတ်အပ်သော သံဝေဂဂီတိဂါထာ

၁။ မဟာယောဓော ပရဇ္ဇတိ၊ အပရာဇိတောပိ နာတိတံ။ သုသုခေနေဝ အလဇ္ဇီ၊ ကရောတု မံ သကိစ္ဆိတံ။
မဟာယောဓော- သီလချပ်ဝတ် မြဲမြဲဝတ်လျက် တမွတ်ကဲတင့် ရဲရင့်သမာ ပညာထိန်လက် စိန်သံလျက်ကို ချိန်ထွက်မနှေး– “ကိလေသာတော်လှန်ရေး” သို့ အားပေးကိုယ်တိုင် စိတ်ခိုင်မပြောင်း သာသနာသူရဲကောင်းအဝင် ကျေးဇူးရှင် အရှင်မြတ်ဘုရားသည်၊ အပရာဇိတောပိ- အပရာဇိတ ပလ္လင်မ၌ ရန်စက်သူပုန် တပ်လုံးကုန်အောင် ရှေ့ဆောင်ဖြိုခွင်း အောင်ပွဲကျင်းလျက် အောင်နင်းသခင် အောင်တော်မူရှင် တော်မြတ်ဘုရားသော်မှပင်လျှင်၊ နာတိတံ- အဏုမာဘုန်း တန်ခိုးချုန်းလျက် ပုန်းလျှိုးကွယ်ဝှက် သေမင်းမမြင်ရာဘက်သို့ လှမ်းထွက်ကြွဟု လွန်မြောက်ခြင်းငှာ စွမ်းနိုင်တော်မမူထသော၊ [၂၇၄] အလဇ္ဇီ- လူနတ်တကာ ဗြဟ္မာ,သိကြား လေးစားချစ်ခင် ဘုရားရှင်မှ နားတွင်မရှက် ရက်စက်ကြမ်းကြုတ် သေမင်းယုတ်ကို၊ သကိစ္ဆိတံ- လောကသဘာဝ မရဏဓမ္မတာ သေစာဆက်သွင်း ချက်ချင်းမဆိုင်း သင်အလိုရှိတိုင်းသာလျှင်၊ မံ- သင့်၏ ရန်ဘက် တော်လှန်ဖျက်၍ နန်းဘက်နိဗ္ဗူ ရောက်ကြောင်းဟူသည့် လေးဆူသစ္စာ သိရာသိကြောင်း တရားကောင်းကို မစောင်းမြှော်ငြား ငါကဲ့သို့သောဘုရားသားတော်အား၊ ကရောတု- ယုတ်မာသမှု သင်ပြုလိုလျှင် ပြုပေတော့ဟု၊ သုသုခေနေဝ- သဘာဝဓမ် တရားမှန်မို့ ငြင်းဆန်မပြု လွယ်လွယ်ကူကူနှင့် ခွင့်ပြုလျက်သာလျှင်၊ ပရဇ္ဇတိ- အနိုင်မယူ နှလုံးသွေးဖြင့် ဩ- အရှုံးပေးတော်မူခဲ့ပြီ ဘုရား။
၂။ အပ္ပမာဒေထ မမံဝ၊ ပဿိယ မရဏဿတိ။ ဓုဝါဓုဝံ သကကာယေ၊ ဘာဝေထ ဇိနသာသနေ။
မမံဝ- ရေမြှုပ်,ရေပွက် ရူပက်ဝေဒနာ သညာတံလျပ် မြန်တတ်သဘော ငှက်ပျောသင်္ခါ ဝိညာဏ်မျက်လှည့် ယှက်ဘွဲ့ပေါင်းမှု ငါ့၏ခန္ဓာကိုယ်ပျက်မှုကိုသာလျှင်၊ ပဿိယ- မျက်စိတစ်မှိတ် လျှပ်တစ်ပစ် တစ်မိနစ်တွင်း ဖြစ်ပျက်ခြင်းကို ထင်လင်းပုံပြု တွေ့ဆုံကြည့်ရှုကြကုန်၍၊ သကကာယေ- ကိုယ်စီကိုယ်င ကိုယ့်ခန္ဓာကိုယ် အဝဝ၌၊ ဓုဝါဓုဝံ- ‘သေရမှာကားမြဲ နေရမှာ မမြဲ’ ဟူသော၊ မရဏဿတိ- ဗုဒ္ဓမြတ်ရှင် ဉာဏ်သဗ္ဗဉ်ဖြင့် [၂၇၅] စီရင်မှတ်တန်း မရဏဿတိမြတ်ကမ္မဋ္ဌာန်းကို၊ ဘာဝေထ- သဟောတ္တပ္ပဉာဏ် သံဝေဂမှန်ဖြင့် မြန်မြန်တိုးပွား အဖိုးများအောင် ကြိုးစားပွားရစ်ကြပါကုန်လော့၊ ဇိနသာသနေ- “မရဏဿတိ ဘိက္ခဝေ ဘာဝေထ” အာဒိပြလျက် ဆုံးမတိုက်တွန်း ဖော်ညွှန်းလမ်းပြ ဗုဒ္ဓဝစနကို၊ အပ္ပမာဒေထ- ကိုယ်ကျိုးကိုယ်ချင့် ကိုယ်တိုင်ကိုယ်ရွေ့ ကိုယ့်အတွေ့ဖြင့် ဓလေ့ထုံးစံ တရားမှန်ကို မလွန်မကျော်, ဩ--- ပြတော်မူခဲ့ရှာပြီ ဘုရား။

[၂၇၆] ၁၃၃၉ ခု၊ နတ်တော်လပြည့်ကျော် ၂ ရက်နေ့ သက်တော် ၇၈ နှစ်၊ သိက္ခာတော် ၅၉ ဝါအရတွင် လွန်တော်မူသော ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက ဂန္ထကာရကအကျော်၊ အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရား၏ သာဓုကီဠနသဘင် ဂုဏာနုဿရဏကထာ

၁။ နတ္တာ ဧသော ဂဏီဿ ၊ ရွှေကျင်နိကာယကေတုနော။ ဇေယျမှိ ဂန္ဓာဓိပဿ ၊ ထေရော ပစ္ဆိမသာဝကော။
ဧသော ထေရော- မျက်မှောက်ခေတ်တွင် ဂုဏ်သစ်လွင်လျက် ပြိုင်ယှဉ်ကင်းပ ဂန္ထကာရကအကျော် ဤကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်သည်၊ ရွှေကျင်နိကာယကေတုနော- ထက်ရပ်ဝေဟင် နေအသွင်သို့ မြေပြင်ထင်ရှား အစဉ်အားဖြင့် ဝင့်ကြွားတင့်တယ် ရွှေကျင်ဂိုဏ်းကြီး၏ မှန်ကင်းသဖွယ် ဖြစ်တော်မူသော၊ ဂဏီဿ- ဂိုဏ်းမြတ်ဦးစီး မဟာဝိသုဒ္ဓါ [၂၇၇] ရာမ ဆရာတော်ဘုရား၏၊ နတ္တာ- မွေးချင်းအစစ် မြေးရင်း ဖြစ်တော်မူပါပေ၏။ ဇေယျမှိ- ကျောင်းကန်စေတီ ဝေဝေစီလျက် ခွေလည်ဧရာ ရေဇလာဖြင့် သေလာရစ်နှောင် စစ်ကိုင်းတောင်၌၊ ဂန္ဓာဓိပဿ- သူတော်ဓလေ့ ဂူပျော်မွေ့လျက် ကိုယ်တွေ့တရား ဟောကြားမြွက်ဖော် မဟာဂန္ဓာရုံ ဆရာတော်၏၊ ပစ္ဆိမသာဝကော- ရဟန်းဖြစ်မြောက် ဂုဏ်ဝါတောက်အောင် ချီးမြှောက်ခဲ့ပေ နောက်ဆုံးတပည့် ဖြစ်ပါပေသတည်း။
၂။ တေဇယ္သုပညာသတ္တိ၊ ပဇ္ဇောတော’အဘယသာမိကော။ ပခုက္ကူဂဏဓီရာ စ ၊ ဝါစေန္တာ ပိဋကတ္တယံ
ပဇ္ဇောတော- ရွှေကျင်ဥက္ကဋ္ဌ် သမုတ်အပ်သည် ထွဋ်မြတ်ထင်ပေါ် ကျေးဇူးရှင် မြောင်းမြဆရာတော်သည်လည်းကောင်း၊ အဘယသာမိကော- ပါဠိသက္ကတစွယ်စုံ နယ်ကုန်တတ်ကျွမ်း အံ့မခန်းမျှ ဉာဏ်စွမ်းထင်ပေါ် ကျေးဇူးရှင် အဘယာရာမ ဆရာတော်သည်လည်းကောင်း၊ ပခုက္ကူဂဏဓီရာ စ- ပါဠိအဋ္ဌကထာ နိုင်နင်းစွာဖြင့် ခါခါပို့ချ ပခုက္ကူဂဏအကျော် မဟာဝိသုတာရာမဆရာတော်တို့သည်လည်းကောင်း၊ ပိဋကတ္တယံ- အဋ္ဌကထာ ဋီကာ စုံလင်စွာဖြင့် သုံးဖြာပိဋကတ် ကျမ်းစာမြတ်ကို၊ ဝါစေန္တာ- လက်ထပ်သင်ပြ အခါခါပို့ချတော်မူကြကုန်သည်ဖြစ်၍၊ ဣမဿ- မျက်မှောက်ခေတ်တွင် ဂုဏ်သစ်လွင်လျက် ပြိုင်ယှဉ်ကင်းပ ဂန္ထကာရကအကျော် ဤကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်၏၊ ပညာ [၂၇၈] သတ္တိ- ကျမ်းဂန်ထွေထွေ နိုင်နင်းပေသည့် ထူးထွေဆန်းပြား ပညာရည်စွမ်းပကားကို၊ တေဇယ္သု- ဝရဇိန်လက်နက် အစွမ်းထက်သို့ လက်လက်မသွေ ထက်မြက်စေတော်မူကြလေကုန်သတည်း။
၃။ နာနာဂန္ထေ ကရောန္တေန ၊ ကိတ္တိ' မဿ မဟီတလေ။ သုပါကဋာ' ရဋ္ဌန္တရာ ၊ ရဝိန္ဒူ ဝိယ ခေတလေ။
နာနာဂန္ထေ- ရတနာ့ဂုဏ်ရည် အစတည်လျက် ခေတ်မီများစွာ ဘာသာဋီကာ ကျမ်းစာတို့ကို၊ ကရောန္တေန- ထူးကဲစွာလှ ဇွဲလုံ့လဖြင့် ကျနပြုပြင် ရေးသားစီရင်တော်မူခြင်းကြောင့်၊ ဣမဿ- မျက်မှောက်ခေတ်တွင် ဂုဏ်သစ်လွင်လျက် ပြိုင်ယှဉ်ကင်းပ ဂန္ထကာရကအကျော် ဤကျေးဇူးရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရား၏၊ ကိတ္တိ- ချီးမွမ်းအံ့ဩ သောသောညံညံ ကျော်စောသံသည်၊ ခေတလေ- ဆီးနှင်းမြူတိမ် သူရိန်ကင်းစင် ထက်ကောင်းကင်၌၊ ရဝိန္ဒူ ဝိယ- သရဒရာသီ သာကြည်တောက်ထွန်း နေဝန်းလဝန်းတို့ကဲ့သို့၊ မဟီတလေ- လူတို့နေရာ ကျယ်လှစွာသည့် ကမ္ဘာတစ်ခွင် မြေအပြင်၌၊ အာရဋ္ဌန္တရာ- နိုင်ငံရပ်ခြား တိုင်းတစ်ပါးတိုင်အောင်၊ သုပါကဋာ- မဟာဂန္ဓာရုံဆရာတော် ပြည်လုံးကျော်လျက် ထုတ်ဖော်အံ့အား အစဉ်အားဖြင့် ထင်ရှားတော်မူပါပေသတည်း။

[၂၇၉] သယံ ထေရော သိက္ခာကာမော ၊ အညေသမ္ပိ နုသာသကော ။ သုမာပိတော ဂန္ဓာရာမော ၊ အညေသံ ဒဿနာရဟော။
ထေရော- အရှင်ဇနကာဘိဝံသ ဘွဲ့နာမဖြင့် ထာဝရကျော်မော် ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်သည်၊ သယံ သိက္ခာကာမော- အဓိသီလ စိတ္တ, ပညာ ကျင့်သိက္ခာကို မြဲစွာရိုကျိုး ကိုယ်တော်တိုင် မြတ်နိုးသည်ဖြစ်၍၊ အညေသမ္ပိ- မိမိထံမှောက် ခိုဝင်ရောက်သည့် မြားမြောက်တင့်ဆန်း ငါးရာကျော် တပည့်တပန်းတို့ကိုလည်း၊ အနုသာသကော- သိက္ခာကျင့်ဝတ် မြတ်နိုးတတ်ဖို့ စွဲမှတ်ပုံသေ ဆုံးမသွန်သင်တော်မူတတ်ပါပေ၏။ အညေသံ ဒဿနာရဟော- ဣဿာမဝင် စိတ်ကြည်လင်သည့် လူရှင်အလယ် စံပြသဖွယ်ဖြစ်သော၊ ဂန္ဓာရာမော- တောင်သမန်အင်း ဆောင်လေညှင်းကြောင့် ရှုခင်းသာယာ ချမ်းမြေ့စွာသည့် မဟာဂန္ဓာရုံ သင်းထုံကျော်ဟီး ကျောင်းတိုက်ကြီးကို၊ သုမာပိတော- ခိုင်မာကျစ်လစ် နည်းစနစ်ဖြင့် စင်စစ်မသွေ ဖန်ဆင်းတည်ထောင်အပ်လေပြီတကား။
၅။ နတ္ထိ ဒါနိ မဟာထေရော ၊ ဗဟူနံ ပရိဏာယကော။ သမဂ္ဂါ ပဋိပဇ္ဇာမ ၊ ဧသာ သိဿာန ပူဇနာ ။
ဒါနိ- သုံးဆယ့်ကိုးခု ရတုဟေမန် မြောက်လေပြန်သည့် မြိုင်ယံအတွင်း သဇင်သင်းလျက် ငွေနှင်းကျရာ လွမ်းဆွတ် [၂၈၀] ဖွယ် ယနေ့အခါ၌၊ ဗဟူနံ- ဗုဒ္ဓဘာသာ သာသနာကြည်ညို မှီခိုအားထား ရှင်လူအများတို့၏၊ ပရိဏာယကော- နှုတ်မြွက်ဟောကြား ကျမ်းရေးသားလျက် ဉာဏ်အားသစ်စေ ခေါင်းဆောင်ကောင်းတစ်ပါး ဖြစ်တော်မူပေသော၊ မဟာထေရော- အရှင်ဇနကာဘိဝံသ ဘွဲ့နာမဖြင့် ထာဝရကျော်မော် ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်သည်၊ နတ္ထိ- သက်တော်အားဖြင့် ထင်ရှားမသွေ ရှိတော်မမူတော့ပါချေ၊ မယံ- မဟာဂန္ဓာရုံ တိုက်ရွှေဘုံ၌ ခိုလှုံပျော်ငြား တပည့်တော်အများတို့သည်၊ သမဂ္ဂါ- ဆရာသခင် ရှိနေစဉ်သို့ ချစ်ခင်ကြင်နာ အချင်းချင်း ညီညွတ်ကြကုန်သည်ဖြစ်၍ သာလျှင်၊ ပဋိပဇ္ဇာမ- ဆရာချမှတ် လမ်းစဉ်မြတ်ကို စိတ်ဓာတ်တွေညီ သွေမဖည်ဘဲ အတည်စဉ်စိုက် လမ်းဆုံးဆိုက်အောင် လိုက်ကြပါကုန်စို့ဘုရား။ ဧသာ- ဆရာ့လမ်းစဉ် လွန်ချစ်ခင်လျက် အစဉ်မကွာ ဤလိုက်နာခြင်းသည်သာလျှင်၊ သိဿာနံ- ဆရာကောင်းထံ လွန်ကျိုးနွံလျက် နည်းခံသင်ကြား တပည့်ကောင်းပီသသူအများတို့၏၊ ပူဇနာ- ဆရာ့ကျေးဇူး ဂုဏ်အထူးကို ရွှင်မြူးထုတ်ဖော် အကောင်းဆုံး ပူဇော်ခြင်း ဖြစ်ပါပေသတည်း။

(အရှင်နန္ဒမာလာဘိဝံသ မဟာသုဗောဓာရုံကျောင်းတိုက်၊ စစ်ကိုင်းမြို့ ရေးသားပူဇော်ပါသည်။)

[၂၈၁] တောင်သာမြို့နယ်၊ ခမိုက်ရွာ၊ ကျေးဇူးတော်ရှင် အောင်မြေရွှေဘုံ မဟာအုတ်ကျောင်းဆရာတော်၏ တစ်နှစ်မြောက် အထိမ်းအမှတ်ပွဲ

ဂုဏာနုဿရဏပူဇာ ဂါထာ

(၁) ထေရဒဗ္ဗေ ဝိနဋ္ဌေပိ၊ ဧကဝဿမတီတကေ။ ဂုဏာနိ အဝိနဋ္ဌာနိ၊ ဟဒယေ နော ပတိဋ္ဌရေ။
ဧကဝဿမတီတကေ- ငွေနှင်းမှုံမှုံ လေညှင်းသုန်လည်း အေးတုံအသည်း ရှိနိုင်ဘဲမို့ ပူပွဲဆင်ရာ လွန်ခဲ့သည့် တစ်နှစ်ကျော် အခါကာလတုန်းက၊ ထေရဒဗ္ဗေ- တာရာကြယ်ရံ လမင်းဟန်ဖြင့် ခြံရံဝင့်ကြွား တပည့်သားတို့ လေးစားဖူးမြော် ဆရာတော်ဘုရား၏ ဒြပ်တော်သည်၊ ဝိနဋ္ဌေပိ- အတ္ထတောင်စွယ် လမင်းကွယ်သို့ သွယ်သွယ်စားစား တပည့်များကို စွန့်ထားကြဉ်ဖယ် ပျောက်ကွယ်၍ သွားခဲ့ပါသော်လည်း၊ ဂုဏာနိ- ကြီးမားမေတ္တာ ကရုဏာဖြင့် အရာရာတွင် သွန်သင်ပြသ [၂၈၂] ဆုံးမခဲ့ဖူး ဂုဏ်ကျေးဇူးတို့သည်ကား၊ အဝိနဋ္ဌာနိ- ရွှေခွက်မှာတည် ခြင်္သေ့ဆီသို့ အရည်မယွင်း ပျောက်ပျက်ခြင်း မရှိကြကုန်သည်ဖြစ်၍၊ နော- ဆရာ့ကျေးဇူး ဂုဏ်အထူးကို ကြည်နှူးမှန်းမြော် တပည့်တော်တို့၏၊ ဟဒယေ- အသိစိတ်ဓာတ် ကိန်းဝပ်ဖြစ်ရာ ဂုဟာသယ နာမထင်လင်း နှလုံးသားအတွင်း၌၊ ပတိဋ္ဌရေ - ပတိဋ္ဌဟန္တိ- ရှေ့နောက်မပျက် သတ္တိဆက်လျက် နှစ်သက်ကြည်စွာ တည်ရှိကြပါကုန်သည်ဘုရား။
(၂) ထေရဂုဏံ သရိတွာန၊ ကတညူ ကတဝေဒိနော။ မယံ သိဿာ သမဂ္ဂါဝ၊ ကရောမ ဒါနိ ပူဇနံ။
ထေရဂုဏံ- ကြီးမားမေတ္တာ ကရုဏာဖြင့် အရာရာတွင် သွန်သင်ပြသ ဆုံးမခဲ့ဖူး ဆရာတော်ဘုရား၏ ဂုဏ်ကျေးဇူးကို၊ သရိတွာန- တစ်နှစ်လွန်လာ အချိန်ကြာလည်း ဘယ်ခါမမေ့ ယနေ့တိုင်သာ အခါခါ သတိရကြပါကုန်သည်ဖြစ်၍၊ ကတညူ ကတဝေဒိနော- ဆရာပြုဖူး ဂုဏ်ကျေးဇူးကို အထူးသိမြင် ချစ်ခင်လေးမြတ် ပေးဆပ်တတ်ကြကုန်သော၊ သိဿာ- ဆရာ့ထံပါး ဝပ်တွားခိုဝင် ပညာသင်လျက် ချစ်ခင်ညွတ်ပျောင်း တပည့်ကောင်း ဖြစ်ကြကုန်သော၊ မယံ- ဆရာ့ဂုဏ်ရည် ယုံကြည်မှန်းဆ လွမ်းတရည်မြော် တပည့်တော်တို့သည်၊ သမဂ္ဂါဝ- ဆရာတော်ကျောင်း စုပေါင်းခိုဝင် ချစ်ခင်လေးမြတ် စိတ်ဓာတ်ကြည်စွာ ညီညွတ်ကြကုန်သည်ဖြစ်၍ သာလျှင်၊ [၂၈၃] ဒါနိ- ၁၃၄၂ တွက်စစ်ခါညီ ရာသီဟေမန် မြောက်လေပြန်၍ မြိုင်ယံအတွင်း ခွာညိုသင်းသည့် ငွေနှင်းစိုစို၊ လပြာသို၏ ထွန်းဆိုပေါ်တက် လပြည့်ကျော် ၁၁ ရက် အခါသမယ၌၊ ပူဇနံ- ဆရာ့ကျေးဇူး ဂုဏ်အထူးကို ရွှင်မြူးတသ ဂါရဝဖြင့် ထာဝရချစ်ကြည် နှစ်လည်ဆင်နွှဲ အထိမ်းအမှတ်ပူဇော်ပွဲကို၊ ကရောမ- ပြုကြခုလို အမျှဆိုသည့် ကုသိုလ်အမျှ ဘို့ဘာဂကို ဝေငှအနေ အလွမ်းဖြေလျက် မသွေကြည်သာ ပြုလုပ်ကြပါကုန်သည်ဘုရား။

၁၃၄၂-ခု ပြာသိုလ (၁၉၈၁၊ ဇန္နဝါရီလ)

[၂၈၄] ၁၃၄၈-ခု နယုန်လဆန်း (၅) ရက်နေ့တွင် လွန်တော်မူ၍ နယုန်လဆန်း (၈) ရက်နေ့တွင် ဆင်ယင်ကျင်းပအပ်သော သက်တော် (၇၁) နှစ် သိက္ခာတော် (၅၁) ဝါရှိ စစ်ကိုင်းတောင်ရိုး၊ မဟာသုဒဿနဓုချောင် ဆရာတော် အရှင်နရိန္ဒထေရ်၏ သာဓုကီဠန သရီရပူဇာ အခမ်းအနား၌ ရွတ်ဆိုပူဇော်အပ်သော သံဝေဇနိယဂါထာ

(၁) သမာဂမေ သမိကံဝ ၊ ထေရံ ပဿိမှ ဂီတိမံ။ ဣတော ထေရံ န ပဿိဿာမ ၊ ထေရော နော နိဓနံ ဂတော။
သမာဂမေ- ဝိပဿနာနွယ်ဝင် ထေရ်အရှင်တို့ နှစ်စဉ်ဆုံဆည်း ဝိပဿနာဝိနည်းစာတော်ပြန်ပွဲကြီး၌၊ သမိကံဝ- သက်တော်နုစဉ် ဟိုယခင်က ကြည်လင်ကျန်းမာ နှစ်တိုင်းသာလျှင်၊ ဂီတိမံ- သာသနာတည်တံ့ အရှည်ခံ့ဖို့ ကြည်သန့်စရာ စေတနာဖြင့် ညီညာအားတက် ဆောင်ရွက်လေဘိ လုံ့လဝီရိယရှိတော်မူသော၊ ထေရံ- မဟာသုဒဿန မည်ရတင့်ဆန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်းမှီကာ ကြည်သဒ္ဓါဖြင့် နှစ်ဖြာဓုရ [၂၈၅] သာသနာ့အလုပ် အားထုတ်ရွှင်ပျော် ‘အရှင်နရိန္ဒ’မည်သော မထေရ်မော်ကို၊ ပဿိမှ- ခြေရင်းထံပါး ဝင်ခစားလျက် စကားဆုံးမ ဩဝါဒကို ကြည်စွသဒ္ဓါ နာယူကာဖြင့် မကြာခဏ ဖူးတွေ့ခဲ့ကြရလေကုန်ပြီ။ ဣတော- ၁၃၄၈-ခု ရတုခါကြုံ နယုန်မာသ ဆန်းပက္ခ၏ ပဉ္စမဒိနာ ပူဗျာကြုံရ ယခုအခါကာလမှ၊ (အပရကာလေ)- နေ့ရက်လပြောင်း နှစ်ပေါင်းရှည်ကြာ နောက်အခါ၌၊ ထေရံ- မဟာသုဒဿန မည်ရတင့်ဆန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်းမှီကာ ကြည်သဒ္ဓါဖြင့် နှစ်ဖြာဓုရ သာသနာ့အလုပ် အားထုတ်ရွှင်ပျော် ‘အရှင်နရိန္ဒ’မည်သော မထေရ်မော်ကို၊ န ပဿိဿာမ- ကြုံခွင့်ဆုံရေး အဝေးသဖြင့် ကြံတွေးလွမ်းတ မြော်မှန်းဆလျက် ဦးချအစဉ် ဖူးမြင်ခွင့် ရရှိနိုင်ကြတော့မည် မဟုတ်ပေ၊ နော- သာဓုကီဠနသဘင် ဆင်ယင်ကြငြား တပည့်တော်အများတို့၏၊ ထေရော- မဟာသုဒဿန မည်ရတင့်ဆန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်းမှီကာ ကြည်သဒ္ဓါဖြင့် နှစ်ဖြာဓုရ သာသနာ့အလုပ် အားထုတ်ရွှင်ပျော် ‘အရှင်နရိန္ဒ’မည်သော မထေရ်မော်သည်၊ နိဓနံ ဂတော- တစ်ဘဝသံသရာ ငါးခန္ဓာရုပ်သိမ်းလျက် အော်. . . ချုပ်ငြိမ်းတော်မူခဲ့လေပြီတကား။
(၂) မနောရမာ သုဒဿနာ ၊ အလင်္ကတံ သုဒဿနံ။ သင်္ကန္တောဝါ' သိ ဧဝမ္ပိ ၊ သောစယာမ ဘုသံ ထုနံ။
ထေရော- မဟာသုဒဿန မည်ရတင့်ဆန်း ကျောင်းသင်္ခမ်း၌ ရွှင်လန်းမှီကာ ကြည်သဒ္ဓါဖြင့် နှစ်ဖြာဓုရ သာသနာ့ [၂၈၆] အလုပ် အားထုတ်ရွှင်ပျော် ‘အရှင်နရိန္ဒ’ မည်သော မထေရ်မော်သည်၊ မနောရမာ- တောင်စွယ်ချိုင့်ဝှမ်း မြိုင်တန်းဂနိုင် တူပြိုင်ပွင့်လန်း ဒဟတ်ပန်းတို့ တင့်ဆန်းထွေးယှက် ကျေးငှက်ရွှင်မြူး ကြည်နူးလွန်စွာ စိတ်နှလုံးမွေ့လျော်ရာဖြစ်သော၊ သုဒဿနာ- မဟာသုဒဿန မည်ရတင့်ဆန်း ကျောင်းသင်္ခမ်းမှ၊ အလင်္ကတံ- ရွှေဘုံ ရွှေနန်း ရွှေကြငှန်းဟု တင့်ဆန်းရောင်ဖြာ ဘုံခန်းဝါ၌ ရတနာခုနစ်သွယ် စီခြယ်သပ်ရပ် တန်းဆာဆင်အပ်သော၊ သုဒဿနံ- တာဝတိံသာဘုံဖျား နတ်, သိကြားတို့ စံစားကြည်ပျော် သုဒဿန နန်းမြို့တော်သို့၊ သင်္ကန္တောဝ- မြေအိုး လူ့ခန္ဓာကို အာသာမတွယ် စွန့်ပယ်ကြရိုး ရွှေအိုးပမာ နတ်ခန္ဓာဟူ ရယူပျော်မွေ့ ပြောင်းရွေ့စံနေတော်မူသည်သာလျှင်၊ အာသိ- စင်စစ်မသွေ အမှန်ပင် ဖြစ်ခဲ့လေပြီ၊ ဧဝမ္ပိ- မြေအိုးကွဲနှင့် ရွှေအိုးလဲယူ ကြည်ဖြူဝမ်းသာ ဤသို့ပင် ဖြစ်ပါသော်လည်း၊ မယံ- သာဓုကီဠနသဘင် ဆင်ယင်ကြငြား တပည့်တော်အများတို့သည်၊ ဘုသံ- ရင်တွင်းသောက လှိုင်းထပြိုဆင်း အလွန်အမင်းသာလျှင်၊ ထုနံ ထုနန္တာ- “ဟာ ယောဂါ ဝိပ္ပယောဂန္တာ၊ ဟာ နိစ္စံ သဗ္ဗသင်္ခတံ။ ဟာ ဇီဝိတံ ဝိနာသန္တိ၊ ဣစ္စာသိ ပရိဒေဝနာ”

[၂၈၇] ခါခါမြွက်ဟ ငြီးတွားကြလျက်၊ သောစယာမ- သောကဗျာပါ ပူလှစွာဖြင့် မျက်နှာညှိုးမှိန် အစိုးရိမ်ကြီး စိုးရိမ်ကြပါကုန်သည် အရှင်ဘုရား။
(၃) ဘာဝနံ ဘာဝယိဿာမ ၊ သံဝိဂ္ဂမာနသာ မယံ။ သရီရပူဇံ ကာဟာမ ၊ ထေရဂုဏမနုဿရံ။
ဒါနိ- ၁၃၄၈ ခု ရတုခါကြုံ နယုန်မာသ ဆန်းပက္ခ၏ အဋ္ဌမဒိနာ ပူဇာပွားကြ ဤသာဓုကီဠန အခါသမယ၌၊ မယံ- သာဓုကီဠနသဘင် ဆင်ယင်ကြငြား တပည့်တော်အများတို့သည်၊ သံဝိဇ္ဇမာနသာ- အဝိဇ္ဇာနှင့် တဏှာမြစ်ငုတ် ရင်းမပြုတ်၍ မြတ်ယုတ်ဘဝ ဇာတိရက အိုကြ, သေကြ မနေရဟု ဒိဋ္ဌမြင်သိ ထိတ်လန့်သောစိတ်ရှိကြကုန်သည်ဖြစ်၍၊ ဘာဝနံ- ဇီဝိန်ပျက်ယွင်း သေရခြင်းကို ဉာဏ်သွင်းရှုကာ သတိရခြင်းဟူသော မရဏဿတိဘာဝနာကို၊ ဘာဝယိဿာမ- အို နာ သေရေး ဒုက္ခဘေးမှ လွတ်ရေးဧကန် ကြောင်းရင်းမှန်သဖြင့် ကြိမ်ဖန်များစွာ ပွားများကြပါကုန်စို့ဘုရား၊ ထေရဂုဏံ- သီလ, သမာဓိ, ပညာ, အရာရာပြည့်စုံ လွှမ်းခြုံရည်စူး မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို၊ အနုဿရံ အနုဿရန္တာ- ဖန်ဖန်တွေးခေါ် အဆွေးပေါ်လျက် ငေးမြော်လွမ်းတ အောက်မေ့ကြကုန်သည်ဖြစ်၍၊ သရီရပူဇံ- ခန္ဓာငါးချက်ကြောင်း မဆက်သဖြင့် ချုပ်ပျက်ဧကန် ကြွင်းကျန်ယခု ဥတုဇမှတ် ရုပ်ကလာပ် [၂၈၈] ကို လေးမြတ်ကော်ရော် ပူဇော်ခြင်းအမှုကို၊ ကာဟာမ- သောကဖြေသိပ် သံဝေစိတ်ဖြင့် ထိတ်လန့်ခါခါ ပြုလုပ်ကြပါကုန်စို့ဘုရား။

အရှင်နန္ဒမာလာဘိဝံသ မဟာသုဗောဓာရုံကျောင်းတိုက် စစ်ကိုင်းမြို့ ၁၃.၆.၈၆

[၂၈၉] စစ်ကိုင်းမြို့၊ စာရေးအရှေ့ရွာ၊ ခြင်္သေ့ကန်ကျောင်း နာယကဆရာတော်၊ စစ်ကိုင်းတောင်ရိုး ရွှေကျင်နိကာယ မဟာဂန္ဓာရုံ ဝိပဿနာ ဝိနည်းပြန်ဌာန ဩဝါဒါစရိယ ရွှေကျင်နိကာယရတ္တညူမဟာနာယက သက်တော် ၉၅ နှစ်၊ သိက္ခာတော် ၇၅ ဝါအရ ၁၃၆၀-ပြည့်နှစ် ဝါဆိုလဆုတ် ၅-ရက်နေ့၌ ဘဝနတ်ထံ စံလွန်တော်မူသော ဘဒ္ဒန္တဇောတိကမဟာထေရ ခြင်္သေ့ကန်ဆရာတော်ဘုရားကြီး အန္တိမဈာပနအခမ်းအနား၌ ရွတ်ဖတ်ပူဇော်အပ်သော ဂုဏာနုဿရဏသံဝေဇနီယဂါထာ

၁။ ဓမ္မဿ ကုသလော ထေရော၊ အတ္တနိ ဓမ္မဇောတကော။ ဗဟူနံ ဟဒယေ ဓမ္မ၊ ဇောတနော တေန ဇောတိကော။
ထေရော- ခြင်္သေ့ရေကန် အကြောင်းခံလျက် ခြင်္သေ့ကန်ကျောင်း ကမ္ပည်းဆောင်းသား ဂုဏ်ပေါင်းထင်ပေါ် ကျောင်းတိုက်တော်၌ ရွှင်ပျော်ခိုမှီး ခြင်္သေ့ကန်ဆရာတော်ဘုရားကြီး [၂၉၀] သည်၊ ဓမ္မဿ- ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာ ပေါင်း ရှစ်သောင်းလေးထောင် များမြောင်သတ်မှတ် သင်ယူအပ်သည့် ပရိယတ်ခေါ် မြတ်တရားတော်၌၊ ကုသလော- သင်ယူကျန ကျွမ်းကျင်တော်မူလှသည်ဖြစ်၍၊ အတ္တနိ- သီလဖြူစင် ကျင့်ဓုတင်နှင့် ဆင့်ယှဉ်သမာ ပညာလွှမ်းဖုံး မိမိ၏ စိတ်နှလုံး၌၊ ဓမ္မဇောတကော- ဓမ္မအရောင် စွမ်းဆောင်လက်ဝေ ထွန်းလင်းစေတော်မူတတ်ပါပေ၏။ ဗဟူနံ- ဆည်းကပ်ကြည်ညို သဒ္ဓါပိုလျက် မှီခိုအားထား တပည့် ဒါယကာ ဒါယိကာမအများတို့၏၊ ဟဒယေပိ- သဒ္ဓါကြည်လင် စိတ်ကောင်းယှဉ်လျက် သန့်စင်ရွှင်ပြုံး စိတ်နှလုံး၌လည်း၊ ဓမ္မဇောတနော- ဓမ္မအရောင် ထွန်းလင်းပြောင်ဖို့ စွမ်းဆောင်မသွေ ရှင်းပြတော်မူတတ်ပါပေ၏၊ တေန- မိမိသူတစ်ပါး နှလုံးသား၌ ထူးခြားစွမ်းဆောင် တရားရောင်ကို ထွန်းပြောင်စေတတ် ထိုအကြောင်းသက္ကတ်ကြောင့်၊ ထေရော- ခြင်္သေ့ရေကန် အကြောင်းခံလျက် ခြင်္သေ့ကန်ကျောင်း ကမ္ပည်းဆောင်းသော ဂုဏ်ပေါင်းထင်ပေါ် ကျောင်းတိုက်တော်၌ ရွှင်ပျော်ခိုမှီး ခြင်္သေ့ကန်ဆရာတော်ဘုရားကြီးသည်၊ ဇောတိကော- “ဓမ္မအရောင် ထွန်းပြောင်စေငြား ထေရ်ဘုရား”ဟု ထူးခြားဘွဲ့ပေါ် ထင်ရှားတော်မူခဲ့ပါပေသတည်း။

[၂၉၁] ၂။ ဇာတော ဘူပျံ ဓမ္မေ ဇာတော၊ သီလဝါ သုတဓာရကော။
သဒ္ဓမ္မံ ဇောတယိတွာန၊ ဒိနေ ထေရော ဒိဝင်္ဂတော။
ထေရော- ခြင်္သေ့ရေကန် အကြောင်းခံလျက် ခြင်္သေ့ကန်ကျောင်း ကမ္ပည်းဆောင်းသော ဂုဏ်ပေါင်းထင်ပေါ် ကျောင်းတိုက်တော်၌ ရွှင်ပျော်ခိုမှီး ခြင်္သေ့ကန်ဆရာတော်ဘုရားကြီးသည်၊ ဘူပျံ- သမိုင်းမြန်မာ ရှေးအခါက ကျေးရွာပေါ်ထွန်း တင်မော်ကွန်းဝယ် ကန်ဇွန်းနိမ့်မြင့် ပြိုင်ကာဆင့်လျက် ထူးတင့်ပေါ်လာ ရွာနှစ်ရွာကို ခုခါမြော်တွေး ရွာစာရေး၌၊ ဇာတော- သဒ္ဓါပြည့်စုံ ‘ဦးဂွမ်းပုံ’နှင့် လွှမ်းခြုံဂုဏ်မြင့် ‘ဒေါ်မယ်တင့်’ဟု ရွယ်ဆင့်ပန်ထွာ ဘုန်းသမ္ဘာနှင့် အင်္ဂါစုံလင် ဖွားမြင်တော်မူခဲ့ပါပေ၏၊ ဓမ္မေ- ဗုဒ္ဓဟောကြား မြတ်တရားဟု ပိုင်းခြားထင်ပေါ် သုံးရပ်သော သာသနာတော်၌၊ ဇာတော- ပရိက္ခရာစုံလင် သိက္ခာတင်လျက် ကျင့်စဉ်တရား အလေးထားသည့် ဘုရားသားကျော် ရှင်ရဟန်းအဖြစ်သို့ ရောက်တော်မူသည်ဖြစ်၍၊ သီလဝါ- စောင့်သူမှန်က အပါယ်မကျအောင် ကယ်မစောင့်ရှောက် ပါတိမောက်ဟူ စင်ဖြူလေဘိ မြတ်သောသီလ ရှိတော်မူပါပေ၏၊ သုတဓာရကော- ရှင်တော်ဘုရား ဟောမြွက်ကြားသည့် များပြားနက်ကျယ် နှစ်သက်ဖွယ်နှင့် စ, လယ်, အဆုံး ကောင်းခြင်းသုံးဟု စုရုံးဖော်ပြ မြတ်ဓမ္မကို ပြည့်ဝနာယူ ဆောင်ထားတော်မူတတ်ပါပေ၏၊ ထေရော- ခြင်္သေ့ရေကန် အကြောင်းခံလျက် ခြင်္သေ့ကန်ကျောင်း ကမ္ပည်းဆောင်းသော ဂုဏ်ပေါင်းထင်ပေါ် ကျောင်းတိုက်တော်၌ ရွှင်ပျော်ခိုမှီး ခြင်္သေ့ကန်ဆရာတော်ဘုရားကြီးသည်၊ [၂၉၂] သဒ္ဓမ္မံ- ရှင်တော်ဘုရား ဟောမြွက်ကြားသည့် ထူးခြားထင်ပေါ် သူတော်ကောင်းတရားဟု ဆိုအပ်သော သာသနာတော်ကို၊ ဇောတယိတွာန- အမှောင်ပယ်ရှင်း အရောင်သွင်းလျက် ထွန်းလင်းစေရန် စိတ်အကြံဖြင့် ဧကန်ရွှင်ပျော် ဆောင်ရွက်တော်မူပြီး၍၊ ဒိနေ- ၁၃၆၀ ပြည့်နှစ် တွက်စစ်ခါညီ ရာသီကက္ကဋ ဝါဆိုလဝယ် အနတ္တသုတ် ဖွင့်ထုတ်ဟောရာ နေ့အခါနှင့် မဟာထေရဝိဇာတအကြို တစ်ရက်အလိုဆိုကြ လပြည့်ကျော် ၅ ရက်နေ့ အခါသမယ၌၊ ဒိဝင်္ဂတော- နတ်ဘုံစခန်း ဗြဟ္မာ့နန်းသို့ ကြွလှမ်းရည်မြော် စံလွန်တော်မူခဲ့ပါပေသတည်း။

၃။ ဟာ ယာယီ နိစ္စတံ ထေရော၊ ဟာယန္တိ ဒုဗ္ဘဂါဇနာ။
ဓမ္မဿာ ပရိဟာနာယ၊ ဓမ္မကိစ္စံ ကရောမသေ။
ထေရော- ခြင်္သေ့ရေကန် အကြောင်းခံလျက် ခြင်္သေ့ကန်ကျောင်း ကမ္ပည်းဆောင်းသော ဂုဏ်ပေါင်းထင်ပေါ် ကျောင်းတိုက်တော်၌ ရွှင်ပျော်ခိုမှီး ခြင်္သေ့ကန်ဆရာတော်ဘုရားကြီးသည်၊ အနိစ္စတံ- မြက်ဖျားနှင်းပေါက် နေရောင်တောက်က သွေ့ခြောက်လျင်စွာ ဥပမာသို့ ဖြစ်လာပျက်မြဲ မလွဲတံထွာ ဓမ္မတာသဘောသို့၊ ဟာ ယာယီ- “ဖြစ်ရလေခြင်း ဖြစ်လေခြင်း”ဟု ရင်တွင်းသောက ပူဆွေးကြဖို့ မုချမှန်စွာ ရောက်တော်မူခဲ့ရရှာလေပြီ၊ ဇနာ- ဆရာတော်အား လွန်လေးစားလျက် အားထားကြည်ညို မှီခိုကြငြား တပည့်ဒါယကာ ဒါယိကာမအများတို့သည်၊ ဒုဗ္ဘဂါ- ထေရ်ရှင်ဆုံးမ ဩဝါဒကို မနာရပြီ စိတ်ကြံစည်လျက် ထိုဤတမ်းတ ကံဆိုးကြကုန်သည်ဖြစ်၍၊ ဓမ္မဿ- ထေရ်ရှင့်ထံပါး ဝပ်တွားကြည်ညို မှီခိုနာကြား ထူးမြတ်သော တရားမှ၊ [၂၉၃] ဟာယန္တိ- နာခွင့်မကြုံ ပူပုံတွေပွား သောကများလျက် ပျက်ပြားဆုတ်ယုတ်ကြရလေကုန်၏၊ ဓမ္မဿ- အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရေးအမှန် မြတ်နိဗ္ဗာန်သို့ ဧကန်ရောက်ငြား စစ်မှန်သော လောကုတ္တရာတရားမှ၊ အပရိဟာနာယ- သတိ, သမာ ပညာလွတ်ကင်း မဆုတ်ယုတ်ခြင်းအကျိုးငှာ၊ ဓမ္မကိစ္စံ- သင်ယူရှုမှတ် ပရိယတ်နှင့် ပဋိပတ်စုံလင် နေ့စဉ်ကြိုးကုတ် ဓမ္မအလုပ်ကို၊ ကရောမသေ- သမ္မပ္ပဓာန်လုံ့လ အသုံးချလျက် ဆုံးမခါခါ ပြုလုပ်ကြပါကုန်စို့တကား။

အရှင်နန္ဒမာလာဘိဝံသ မဟာသုဗောဓာရုံ၊ စစ်ကိုင်း။

[၂၉၄] ရွှေဘိုမြို့နယ်၊ ယင်းမာရွာ၊ သက်တော် ၈၃ နှစ်၊ သိက္ခာတော် ၆၂ ဝါ အရတွင် ဒေဝနတ်ကျောင်း ရွှေ့ပြောင်းစံတော်မူသော ယင်းမာရွာကျောင်း ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠနပူဇာ သံဝေဇနီယဂါထာ နှင့် အဘိယာစနကထာ

၁။ ယင်းမာဂါမေ ဝသန္တာနံ၊ သန္တာနံ ဟိတကာရကော။
ထေရော ဒေဝါနမတ္တာယ၊ ဂိမှေ နု တိဒိဝံ ဂတော။
ယင်းမာဂါမေ- ရန်ကြီးအောင်နှင့် ကုန်းဘောင်ပြည်သာ ရတနာသိင်္ဃ မည်ရရွှေဘို အရိပ်ခိုလျက် ရွှေဘိုလက်ယာ တောင်မျက်နှာ၌ လယ်ယာသီးနှံ ပြည်လျှံပွားစီး ယင်းမာ အမည်ရှိသော ရွာကြီး၌၊ ဝသန္တာနံ- ရှေးကုသိုလ်ကံ ပြုစီမံ၍ ပျော်စံရိပ်မြုံ နေထိုင်လျက် ရှိကြကုန်သော၊ သန္တာနံ- သရဏဂုံသီလ ဆောက်တည်ကြလျက် ဗုဒ္ဓဘာသာ မျိုးမြန်မာဟု ဂုဏ်ဝါတင့်ငြား တပည့်ဒါယကာ ဒါယိကာမ အများတို့၏၊ [၂၉၅] ဟိတကာရကော- ပစ္စုပ္ပန် တမလွန် နှစ်တန်အကျိုး ပွားတိုးစေရန် ရည်သန်မပျက် ဆောင်ရွက်တော်မူတတ်သော၊ ထေရော- ရှစ်ဆယ့်သုံးနှစ် သက်တော် သိက္ခာတော် ခြောက်ဆယ့်နှစ် တွက်စစ်သင်္ချာ ဂုဏ်ဝါလွန်ကြီး ယင်းမာဆရာတော်ကြီးသည်၊ ဂိမှေ- ၁၃၆၂ ခုနှစ် တွက်စစ်ခါညီ ရာသီမိဿ စိတြနက္ခတ် စန်းမြတ်တွေ့ကြုံ ရဂုံတောတန်း ကံ့ကော်ပန်းတို့ ပွင့်လန်းဝေဆာ တန်ခူးလပြည့်ကျော် ၂ ရက်နေ့ နွေရာသီအခါ၌၊ ဒေဝါနံ- ကံ၏အကျိုး မှီအားကိုးလျက် မြတ်နိုးရတနာ သုံးဖြာ သရဏဂုံယုံကြည် အားထားနတ်အများတို့၏၊ အတ္ထာယ- ဗုဒ္ဓဟောကြား မြတ်တရားကို နာကြားစေရန် ရည်သန်တိုးပွား အကျိုးများစေခြင်းအလို့ငှါ၊ တိဒိဝံ- ဥယျာဉ်ဗိမာန် နတ်ပေါင်းရံလျက် ပျော်စံနှစ်ရှည် နတ်တို့ပြည်သို့၊ ဂတော နု- တပည့်အများ စွန့်ပစ်ထားလျက် ကြွသွားတော်မူခြင်း ဖြစ်ပါသလား အရှင်ဘုရား။

၂။ စိတ္တေ မာသေ မဟာထေရ၊ ဒေဝဌာနေ ဂတေ တယိ။
ဝိစိတ္တာမှာ မယံ အဇ္ဇ၊ ကရောန္တာ သာဓုကီဠနံ။
မဟာထေရ- တပည့်အများ လွန်သနား၍ ကြီးပွားလေအောင် ရှေ့ဆောင်ဟောကြား ဆရာတော်အရှင်မြတ် သူမြတ်ကြီးဘုရား၊ တယိ- တပည့်အများ လွန်လေးစားလျက် အားထားမှီခို ကြည်ညိုဆည်းကပ် ဆရာတော်အရှင်သူမြတ်သည်၊ စိတ္တေ မာသေ- ရာသီမိဿ စိတြနက္ခတ် စန်းမြတ် [၂၉၆] တွေ့ကြုံ ရဂုံနွေဦး တင့်ထူးသာဆန်း ကံ့ကော်ပန်းတို့ ပွင့်လန်းခါထူး အတာကူးသည့် တန်ခူးခေါ်ရာ လအခါ၌၊ ဒေဝဌာနံ ဂတေ- နတ်တို့ပျော်စံ နတ်ဗိမာန်သို့ ဧကန်ရည်မျှော် ကြွသွားတော်မူသည်ရှိသော်၊ အဇ္ဇ- ၁၃၆၂ ခု ရတုခါညီ ရာသီမိဿ လမြတ်ကဆုန် ပြည့်ကြုံကဲထက် ဆုတ်သုံးရက်ဟု မပျက်ဆုံရ ဈာပနသဘင် ပျော်မရွှင်ဘဲ ဆင်ယင်ကြရာ ယခုအခါ၌၊ သာဓုကီဠနံ- ဆရာ့ကျေးဇူး ဂုဏ်အထူးကို ချီးကျူးမြွက်ဟ လွမ်းဆွတ်ကြလျက် ကျင်းပဆင်နွှဲ သာဓုကီဠနသဘင်ပွဲကို၊ ကရောန္တော- တပည့်ဒါယကာ ကြည်မသာလည်း ညီညာပေါင်းစု ကောင်းမှုပြုလုပ် အားထုတ်ကြကုန်သည်ဖြစ်၍၊ ဝိစိတ္တာ အမှာ- ငိုပွဲယိုပွဲ ပြို၍လဲမျှ ကြေကွဲဝမ်းနည်းကြပါကုန်သည် အရှင်ဘုရား။

၃။ မယံ ဘန္တေ' ဘိယာစာမ၊ သန္တေ သန္တော' ပကာရကေ။
ခမထ နော' ပရာဓော စေ၊ အယံ အမှာက ယာစနာ။
ဘန္တေ- ကျေးဇူးဂုဏ်အင် စုံလင်များပြား ဆရာတော် အရှင်သူမြတ်ကြီးဘုရား၊ မယံ- ဆရာ့ကျေးဇူး အထူးရည်မြှော် ပူဇော်ကြငြား တပည့်တော်အများတို့သည်၊ သန္တေ- ကိုယ် နှုတ်နှလုံး ရွှင်ပြုံးကြည်လန်း မူမသန်း၍ ငြိမ်းချမ်းတော်မူကြကုန်သော၊ သန္တော'ပကာရကေ- မပူမပင် သူတော်စင်တို့ ပျော်ရွှင်နှလုံး အစဉ်သုံးဖို့ ကျင့်ထုံးမြွက်ဖော် အကျိုးပြုတော်မူကြပါပေကုန်သော၊ တုမှေ- သိက္ခာဝါတော် ၆၀- [၂၉၇] ကျော်မျှ ရွှင်ပျော်သီလ သမထနှင့် ဓမ္မဝိပဿနာ မကွာရှူပြီး ကျေးဇူးရှင် ဆရာတော်ဘုရားကြီးတို့ကို၊ အဘိယာစာမ- တွေးခေါ်ရင့်သန် ကျင့်အမှန်ဟု ခွင့်ပန်လေးစား လျှောက်ထားတောင်းပန်ကြပါကုန်၏ အရှင်ဘုရား၊ အပရာဓော- ဆရာ့အပေါ် အတွေးချော်လျက် မလျော်အမှု တစ်ခုခုကို ပြုမိဆိုးညစ် ပြစ်မှားမိသောအပြစ်သည်၊ စေ အတ္ထိ- အကယ်၍များ ရှိလေငြားအံ့၊ နော- ပညာနုနယ် သိမကြွယ်၍ ကျင့်ဝယ်ဆိုးညစ် အပြစ်ရှိငြား တပည့်ဒါယကာ ဒါယိကာမအများတို့အား၊ ခမထ- ခွင့်လွှတ်ကြည်ဖြူ ဖေးမကူလျက် များလူသံသရာ ပြစ်ကင်းရာကို ကောင်းစွာညွှန်ပြ သည်းခံတော်မူကြပါ အရှင်ဘုရား၊ အယံ- အန္တိမဈာပန သာဓုကီဠနသဘင် ဆင်ယင်ကျင်းပ ပြုလုပ်ကြလျက် ဂါရဝ ရိုကျိုး ရှိခိုးဝပ်တွား ဤလျှောက်ထားတောင်းပန်ခြင်းသည်၊ အမှာကံ- ဆရာမြတ် ဂုဏ်စိတ်အာရုံ၌ လွမ်းခြုံတည်ငြား တပည့်တော်အများတို့၏၊ ယာစနာ- အပြစ်ခပ်သိမ်း ပပျောက်ငြိမ်းဖို့ ညွတ်တိမ်းစေတနာ ရှိခိုးတောင်းပန်ခြင်းဖြစ်ပါသည် အရှင်ဘုရား။

ရေးသားပူဇော်သူ- အရှင်နန္ဒမာလာဘိဝံသ တိုက်အုပ်ဆရာတော်
မဟာသုဗောဓာရုံကျောင်းတိုက်၊ စစ်ကိုင်း။

[၂၉၈] စစ်ကိုင်းတောင်၊ ရွှေစေတီ သာသနာ့ရိပ်သာ နန်းဦးစေတီ ရွှေထီးတော်တင်လှူ ပူဇော်ပွဲ ဂုဏပူဇာ ရတုပိုဒ်စုံ

နန်းဦးစေတီ။ ။ ဘွဲ့ထူးချီသား၊ တုမှီနှိုင်းရှား၊ မြတ်ဘုရားကို၊ ထူးခြားသွင်ဆောင်၊ လမ်းဦးတောင်၌၊ ရှေ့ဆောင်ကြည်ညို၊ သီတင်းပိုသည့်၊ သီဟိုဠ်ရောက်ကြီး၊ သံဃာထီးဟု၊ ဝေးနီးကြေညာ၊ ထေရ်မြတ်စွာလျှင်၊ သဒ္ဓါအားထောက်၊ “ခြောက်ရာ့ခြောက်ဟု”၊ ထွန်းတောက်တွက်စစ်၊ သက္ကရာဇ်ဝယ်၊ တည်လစ်ပူဇော်၊ စေတီတော်တည့်၊ ဘွဲ့တော်စာတမ်း၊ ရှိခဲ့မှန်းလည်း၊ လမ်းဦးခေါ်တွင်၊ "နန်းဦးရှင်”တည့်၊ ဖူးမြင်ကြရ၊ ဦးချကိုယ်စီ၊ စိတ်ဇောကြည်သည်၊ စေတီနန်းဦး၊ တည်သည်ဘုရား။
ပန်းဖူးဝေစီ။ ။ မြူးကြွသဒ္ဓါ၊ မြို့ဇေယျာ၌၊ ဂုဏ်ဝါတင့်မှန်၊ “ဦးသိန်းတန်’ နှင့်၊ ရည်သန်ဆုယူ၊ “ဒေါ်ဒေါ်ဖြူတို့ ခံယူဩဝါ၊ ထေရ်မဟာ၌၊ ပင်လုံးချီထား၊ ရာသီနွေစ၊ ပင်လုံးလှသို့၊ [၂၉၉] ကြေညာဝေစီ၊ မြတ်စေတီကို၊ ပြန်လည်ပြုပြင်၊ အထွဋ်တင်ခဲ့။ ခုတွင်တဖန်၊ မြတ်နိဗ္ဗာန်ကို၊ ရည်သန်ပြုလုပ်၊ မြို့မိုးကုတ်မှ၊ စိန်ထုပ်ကိုဖြေ၊ “ဒေါ်ဒေါ်ရွှေ’တို့၊ စိတ်နေရွှင်ပျော်၊ ရွှေထီးတော်ကို၊ ပူဇော်တင်မည်၊ တောင်းဆုရည်သည်။ ဝေစီပန်းဖူး၊ စည်သည်ဘုရား။
ဆန်းထူးလေပြီ။ ။ မြတ်စေတီကား၊ သက်ရှည်လွန်ကြာ၊ နှစ်ကိုးရာတည့်၊ စွန်းလာခြောက်ခြောက်၊ ဘုန်းရောင်တောက်လျက်၊ ထွန်းပေါက်ဝေစီ၊ ရွှေစေတီဟု၊ ဂုဏ်ရည်တင့်စွာ၊ မြတ်ရိပ်သာ၌၊ မဟာနာယက၊ ကြီးမှူးကြလျက်၊ ထူးလှကံဟုန်၊ မြို့ရန်ကုန်မှ၊ ကြည်ယုံကြံ့ခိုင်၊ ဦးမြလှိုင်နှင့်၊ ယှဉ်ပြိုင်ကြင်ထုံး၊ ဒေါ်ကြင်အုံးတို့၊ ထွဋ်ဆုံးပူဇော်၊ စိန်ဖူးတော်တည့်၊ တူပျော်သဒ္ဓါ၊ သူတော်စွာတို့၊ ညီညာစုပေါင်း၊ မြတ်ဆုတောင်းလျက်၊ ဦးခေါင်းညွှတ်ချီ၊ အောင်တေးသီသည်။ လေပြီဆန်းထူး၊ ကြည်သည်ဘုရား။
ရေးသားပူဇော်သူ - အရှင်နန္ဒမာလာဘိဝံသ
မဟာသုဗောဓာရုံ၊ စစ်ကိုင်း

[၃၀၀] ၁၃၄၆ ခု၊ နှောင်းတန်ခူးလဆန်း ၁၃ ရက်၊ မန္တလေးမြို့၊ ဧဈေးချိုတော် ဒီစံ ဘုရားအမ ကျောင်းအမ ရွှေဝါ ရွှေကြံ့မင်း အထည်ဆိုင်ပိုင်ရှင် ဒေါ်ဒေါ်အေး မိသားစု၏ သာသနပူဇာမင်္ဂလာ ရှင်ပြုနားသမင်္ဂလာ နှစ်ဖြာတွဲယှဉ် အခမ်းအနားသဘင်၌ ကောင်းချီးသံချို နှစ်လိုထပ်ထပ် ရွတ်ဆိုအပ်သော မင်္ဂလာရတုပိုဒ်စုံ

ကောင်းမှုဖွေရှာ။ ။ အောင်ကြောင်းပါတည့်၊ မြတ်စွာဗုဒ္ဓ၊ ဟောညွှန်ပြသည့်၊ ဓမ္မရွှေစာ၊ ဒေသနာကား၊ ဝေဆာတင့်လွှမ်း၊ “အို-ရဟန်းတို့၊ ပွင့်လန်းမှုပို၊ မြတ်ကုသိုလ်ကို၊ ပြုလိုရောက်က၊ မကြောက်ကြနှင့်၊ ပုညဟူသည်၊ ဤအမည်ကား၊ သုံးလီလျှမ်းဖြာ၊ မြတ်ချမ်းသာ၏၊ ကြည်သာစွဲကပ်၊ အမည်မှတ်လော့၊” သုံးရပ်ဖော်ပြ၊ မြတ်ဒါနနှင့်၊ သီလတဖြာ၊ ဘာဝနာတည့်၊ ဆယ်ဖြာပုည၊ ကုသလကြောင့်၊ သုခချမ်းသာ၊ လျှမ်းလျှမ်းဖြာသည်။ ဖွေရှာကောင်းမှု စွမ်းရည်ဘုရား။
[၃၀၁] တောင်းဆုဝေဖြာ။ ။ နောက်နှောင်းခါတည့်၊ သဒ္ဓါ, သီလ၊ များသုတနှင့်၊ စာဂ, ပညာ၊ ကျင့်ထိုက်ရာဟု၊ ငါးဖြာတရား၊ ပြည့်စုံငြား၍၊ ထူးခြားသူ့ထံ၊ မြတ်ဆုပန်မှ၊ ဧကန်ပြည့်နိုင်၊ ဂတိပိုင်ဟု၊ မြဲခိုင်ဆိုငြား၊ ထိုစကားကို၊ လိုလားဂုဏ်ရည်၊ ထုံဝသီဖြင့်၊ ယုံကြည်တည်ရေး၊ မြော်ကာတွေးလျက်၊ အားပေးလှူဒါန်း၊ ကျင့်ဆောင်ခန်းဖြင့်၊ ပွင့်လန်းဝေဆာ၊ ကြိုးပမ်းပါသည်။ ဝေဖြာတောင်းဆု မှန်းသည်ဘုရား။
ပေါင်းစုကြေညာ။ ။ သိကြောင်းပါတည့်၊ မြန်မာပြည်လွှမ်း၊ မြို့ရွှေမန်း၏၊ ပွင့်လန်းထင်ပေါ်၊ ဈေးချိုတော်မှ၊ တွင်ခေါ်ဒီရုံ၊ ကုန်ပေါင်းစုံသား၊ မည်တုံပျံ့သင်း၊ ရွှေကြံ့မင်းဟု၊ သန့်ရှင်းထည်ဆိုင်၊ လုပ်ငန်းပိုင်တည့်၊ ကြံ့ခိုင်သဒ္ဓါ၊ စေတနာတို့၊ ရင်မှာဆော်သွေး၊ ‘ဒေါ်ဒေါ်အေး’နှင့်၊ ချစ်သွေးရည်လု၊ မိသားစု၏၊ ခေါ်မှုသာသန၊ ဒါယဇ္ဇတည့်၊ ပဗ္ဗဇ္ဇမင်္ဂလာ၊ ချိန်အခါ၌၊ မြတ်ရာပုည၊ ဖို့ဘာဂကို၊ ဝေငှခါခါ၊ သိကြောင်းဖြာသည်။ ကြေညာပေါင်းစု လွှမ်းသည်ဘုရား။
အရှင်နန္ဒမာလာဘိဝံသ (၂၂. ၃. ၈၅)

[၃၀၂] စစ်ကိုင်းတိုင်း၊ ငါးဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ၊ မာရ်အောင် မဟာစည်သာသနာ့ရိပ်သာအတွင်း ဆောက်လုပ်ပြီးစီးသော မာရ်အောင်သာသနာ့ဗိမာန်တော်ကြီး ရေစက်ချအခမ်းအနားတွင် ရွတ်ဆိုအပ်သော ဇယမင်္ဂလာ ပိုဒ်စုံရတုစာ

ကြောင်းပြုဝေဖြာ။ ။ အောင်မြေလွှာတည့်၊ ဇေယျာစစ်ကိုင်း၊ ဒေသတိုင်း၏၊ ရှုတိုင်းသာယာ၊ စိမ်းလန်းဖြာသား၊ လယ်ယာစိုက်ခင်း၊ မြနှယ်ဝင်းသား၊ ဖြည့်သွင်းအခွန်၊ မြို့ငါန်းဇွန်၏၊ တံခွန်နှယ်ထီး၊ ‘ငါန်းမြာကြီး’ဟု၊ ဝေးနီးကျော်ကြား၊ လွန်ထင်ရှားသည့်၊ ထူးခြားသာယာ၊ နိဂုံးရွာ၌၊ ဘာသာရှေ့ဆောင်၊ ဓမ္မရောင်ဖြင့်၊ မာရ်အောင်တွင်မည်၊ မဟာစည်ဟု၊ သာကြည်တံ့ရာ၊ မြတ်ရိပ်သာ၌၊ ဘာသာကိစ္စ၊ ဆောင်ရွက်ကြဖို့၊ ဓမ္မသဘာ၊ တည်ဆောက်ပါသည်။ ဝေဖြာကြောင်းပြု တင့်ဝေသောဝ်။
[၃၀၃] ကောင်းမှုတေဇာ။ ဖြစ်ထွန်းရာတည့်၊ ဘာသာတရား၊ လင်းရောင်ပွားလျက်၊ ထွန်းကားစေရန်၊ စိတ်ရည်သန်၍၊ စီမံထုတ်ဖော်၊ ဗိမာန်တော်ကို၊ အကျော်ထေရ၊ နာယကဟု၊ မြို့မမုံရွာ၊ ထေရ်ဆရာနှင့်၊ ဂုဏ်ဝါကြည်လင်၊ ပြင်ဦးလွင်မှ၊ အရှင်ထေရ်ကျော်၊ မန်းမြို့တော်၌၊ ထင်ပေါ်လွန်စွာ၊ မြတ်ရိပ်သာ၏၊ ကမ္မဋ္ဌာနာစရိယ၊ ‘ဦးပညိန္ဒ’ဟု၊ နာယကထေရ်မော်၊ ဆရာတော်တို့၊ မှန်းမြော်ရှေ့ဆောင်၊ ဓမ္မရောင်ဟု၊ ထွန်းပြောင်စေ့ငှာ၊ တည်ဆောက်ပါသည်။ တေဇာကောင်းမှု မြင့်စေသောဝ်။
တောင်းဆုခေမာ။ ။ နိဗ္ဗူတာတည့်၊ မြေလွှာသာစွာ၊ ဤဌာနကား၊ ဓမ္မဇာနည်၊ မြတ်မထေရ်တို့၊ ထူးသည်ထက်ချွန်၊ ဖွားရာမွန်တည့်၊ ဦးစွန်ဓမ္မ၊ ရောင်ပေါင်းခသဖြင့်၊ ဓမ္မအောင်မြေ၊ ဆိုထိုက်ပေသား၊ မသွေကြောင်းဖြာ၊ သာသနာနှင့်၊ ဘာသာကိစ္စ၊ ဆောင်ရွက်ကြဖို့၊ ပုညကာရီ၊ ကူအညီဟု၊ တူမှီစိတ်ကောင်း၊ ရှိကြညောင်းသား၊ မိုးကောင်း ဟိုပင်၊ နယ်တစ်ခွင်နှင့်၊ ထိုပြင် မန္တလေး၊ လှူသူဌေးတို့၊ ဖြူဖွေးသဒ္ဓါ၊ တည်ဆောက်ပါသည်။ ခေမာတောင်းဆု ရင့်စေသောဝ်။

[၃၀၄] ၁၃၅၅-ခု ဝါဆိုလဆန်း ၅-ရက်၊ စဉ့်ကူမြို့နယ်၊ ဧညောင်ပင်ရွာ မဟာနန္ဒိယာရာမ ပေါ်တော်မူကျောင်းတိုက်၌ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရား၏

အဂ္ဂမဟာပဏ္ဍိတ အာစရိယဂုဏပူဇာ မင်္ဂလာ ရတုစာ

မြတ်သောအခါ။ ။ ဆိုထိုက်ရာကား၊ အောင်ချာဇိန၊ မြတ်ဗုဒ္ဓတို့၊ ထွန်းပသရေ၊ ဘုန်းရောင်ချွေလျက်၊ လေးထွေသစ္စာ၊ ဟောမိန့်မှာဖို့ လူ့ရွာထင်ပေါ်၊ ဂုဏ်ဟိတ်မော်ဖြင့်၊ ပွင့်တော်မူရာ၊ ခေတ်အခါတည်း၊ သစ္စာအမှန်၊ ဓမ္မက္ခန်ကို၊ ဝေဖန်ဟောပြ၊ သုံးလောက၌၊ ဓမ္မရောင်လျှံ၊ မြတ်အောင်လံကို၊ မိုးယံစွင့်စွင့်၊ ထူကာလွှင့်လျက်၊ ခွန်းဆင့်အောင်တေး၊ အောင်သံပေး၍၊ ရန်ဘေးမာရ်စစ်၊ တွန်းလှန်ပစ်သား၊ ရှင်ချစ်သံဃာ၊ အရိယာတို့ [၃၀၅] ဂုဏ်ဝါရွှန်းပ၊ ပေါ်ထွန်းကြ၍၊ သုံးဝရတနာ၊ ဂုဏ်ရောင်ဖြာလျက်၊ မှန်စွာတင့်မော၊ လွန်ကျော်စောသည်၊ မြတ်သောအခါ ကြုံသည်ဘုရား။
မြတ်သောဘဝါ။ ။ ဆိုထိုက်ရာကား၊ လူရွာလောက၊ လူ့ဘဝတည့်၊ ကမ္မကုသိုလ်၊ စွမ်းအားပို၍၊ ကြည်ညိုမေတ္တာ၊ တို့ဆရာကား၊ ပြည်သာတင့်ထူး၊ မြို့စဉ့်ကူး၏၊ ပွင့်ဖူးသာယာ၊ ညောင်ပင်ရွာ၌၊ နှစ်ဖြာမိဘ၊ ဦးစံလှနှင့်၊ အနန္တဂုဏ်ရှင်၊ ‘ဒေါ်ဒေါ်ခင်’မှ၊ သန့်စင်ဖွားမြောက်၊ ထွန်းပေါ်ပေါက်သား၊ တစ်ယောက်တွင်ခေါ်၊ ပုဂ္ဂိုလ်ကျော်တည့်၊ ရွယ်တော်ပျိုမြစ်၊ သက်ကိုးနှစ်ဝယ်၊ ရှင်ဖြစ်၍လာ၊ သာသနာ၌၊ နှစ်ဖြာဓုရ၊ ကျင့်လုံ့လဖြင့်၊ ကြည်စွာသဒ္ဓါ၊ ကျင့်သိက္ခာကို၊ ဆင်ကာတင့်လွှမ်း၊ အမြင့်လှမ်းလျက်၊ ရဟန်းသဘော၊ ဂုဏ်ရောင်ပြောသည်၊ မြတ်သောဘဝါပုံထည် ဘုရား။
မြတ်သောဆရာ။ ။ ထေရ်မဟာကား၊ ဇေယျာပုရ၊ တိုင်းဌာန၌၊ သာမည်သာ၊ သုဗောဓာဟု၊ ဂုဏ်ဝါပေါင်းဆိုက်၊ မြတ်ကျောင်းတိုက်၏၊ သမိုက်ရာရှိ အဓိပတိဟု၊ များသိထင်ပေါ်၊ နှစ်ရာကျော်သား၊ ထေရ်မော်သံဃာ၊ မြတ်ဆရာတည့်၊ ပြည်သာစိုးရ၊ မြတ်နိုးကြလျက်၊ အဂ္ဂမဟာပဏ္ဍိတာဟု၊ မြင့်စွာထင်ပေါ်၊ တံဆိပ်တော်ဖြင့်၊ ပူဇော်ကိုးကွယ်၊ ဂုဏ်မြင့်ကြွယ်၍၊ တင့်တယ် [၃၀၆] နေသွင်၊ ဂိုဏ်းရွှေကျင်၏၊ ထေရ်ရှင်ဝန်ဆောင်၊ မြတ်ဘုန်းခေါင်တည့်၊ ထို့နောင်ကြည်ညို၊ ဂိုဏ်းပေါင်းဆိုသား၊ ဗဟိုသံဃာ၊ ဝန်ဆောင်ပါမို့၊ ဂုဏ်ဝါကျော်စော၊ အံ့ဖွယ်နှောသည်။ မြတ်သောဆရာ ဂုဏ်ရည်ဘုရား။
ရေးဖွဲ့ = အရှင်နန္ဒမာလာဘိဝံသ [၂၃. ၇. ၉၃]
ရွတ်ဆို = တက်ခေတ်လင်းဇော်

[၃၀၇] စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ မဟာနန္ဒိယာရာမ ပေါ်တော်မူကျောင်းတိုက်၌ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက် ပဓာနစာချဆရာတော် အရှင်ဝိသုဒ္ဓါဓာရာဘိဝံသ၏

မဟာဂန္ထဝါစကပဏ္ဍိတ ဂုဏပူဇာ မင်္ဂလာ ရတုစာ

သာစွာတခွင်။ ။ ရှုတိုင်းယဉ်သား၊ ဝန်းကျင်အလှ၊ ရောင်သွေးမြသို့၊ စိုက်ကြမျိုးမှန်၊ ကိုင်းသီးနှံတို့၊ ပြည့်လျှံဝေဆာ၊ မြစ်ဧရာနှင့်၊ သေလာမြင့်ခေါင်၊ ယက္ကန်းတောင်တည့်၊ ဘုန်းရောင်အံ့လည်၊ တိုး၍မှီသား၊ စေတီပုထိုး၊ ရောင်ခြည်ပျိုးလျက်၊ ဆင့်တိုးဂုဏ်ပေါင်း၊ မြတ်ရွှေကျောင်းနှင့်၊ ခေါင်းလောင်းကသာ၊ မြတ်ဓမ္မာကို၊ ကြည်သာရွတ်ဆို၊ တေးသို့ချိလျက်၊ ခုလိုတင့်တယ်၊ ဂုဏ်ပေါင်းချယ်သား၊ မြို့နယ်စဉ့်ကူး၊ သမိုင်းထူးသည့်၊ ရင်ကျူးစုံစွာ၊ ညောင်ပင်ရွာကား၊ အံ့ရာစုံလင်၊ ဂုဏ်ပေါင်းဆင်သည်။ တခွင်သာစွာ စုံညီဘုရား။

[၃၀၈] ကြာလှအသွင်။ ။ ပုံနှိုင်းယှဉ်သား၊ ရှုမြင်ဥပမာ၊ အလင်္ကာတည်း၊ ကြည်သာစုံလင်၊ ရွာညောင်ပင်၌၊ ပျော်ရွှင်ချမ်းမြ၊ နေထိုင်ကြသည့်၊ မိဘစုံလင်၊ ‘ဦးမြဒင်’နှင့်၊ ချစ်ခင်သည်းစုံ၊ ‘ဒေါ်ပန်းအုံ’မှ၊ လွှမ်းခြုံမေတ္တာ၊ ဖွားမြင်လာသည့်၊ ရတနာမြ၊ သားအလှတည့်၊ မြတ်စွာဘဂဝါ၊ သာသနာ၌၊ သဒ္ဓါပြည့်လျှမ်း၊ ရှင်ရဟန်းသို့၊ တက်လှမ်းရယူ၊ အလုပ်ဟူသည့်၊ နှစ်မူဓုရ၊ ဝီရိယဖြင့်၊ ဓမ္မအောင်ပန်း၊ ဆွတ်ယူလှမ်းလျက်၊ အောင်ပန်းပန်ဆင်၊ အောင်ပွဲယင်သည်။ အသွင်ကြာလှ ပုံထည်ဘုရား။
စာချအရှင်။ ။ ဘွဲ့ထူးတွင်သား၊ ဂုဏ်အင်ထွန်းပေါ်၊ ငယ်ကသော်လျှင်၊ အကျော်သာမဏေ၊ အောင်ပွဲပေတည့်၊ ဆင့်တွေသီးသီး၊ ငယ်, လတ်, ကြီးနှင့်၊ ထိုပြီး စာချ၊ ဓမ္မာစရိယဟု၊ သာသနာ့ဇာနည်၊ ဂုဏ်ပေါင်းညီလျက်၊ တလီ သကျ၊ စေတိယဟု၊ ဌာနထူးကဲ၊ စာမေးပွဲ၌၊ ထန်ကဲလုံ့လ၊ အောင်ပွဲရ၍၊ သ, စ နှင့် အာ၊ ဂုဏ်သုံးဖြာဟု၊ ဓမ္မာစရိ၊ ဘွဲ့ထူးရှိလျက်၊ တတ်သိလိမ္မာ၊ ကျမ်းဂန်ရာ၌၊ မဟာဂန္ထဝါစကနှင့်၊ ပဏ္ဍိတမည်တွင်၊ ဘွဲ့ထူးဆင်သည်။ ။ အရှင်စာချ ဂုဏ်ရည်ဘုရား။
ရေးဖွဲ့ - အရှင်နန္ဒမာလာဘိဝံသ၊ (၂၃. ၇. ၉၃)
ရွတ်ဆို - တက်ခေတ်လင်းဇော်

[၃၀၉] စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ မဟာနန္ဒိယာရာမ ပေါ်တော်မူကျောင်းတိုက်၌ ပုညသဟာယ ကုသိုလ်ရှင်များ စုပေါင်း၍ ဆောက်လုပ်လှူဒါန်းအပ်သော သိရီရတနာတိုက်ကျောင်း ရေစက်ချ အလှူတော်မင်္ဂလာ ရတုစာ

ကောင်းမှုဖွေရှာ။ ။ အောင်ကြောင်းပါတည့်၊ မြတ်စွာဗုဒ္ဓ၊ ဟောညွှန်ပြသည့်၊ ဓမ္မရွှေစာ၊ ဒေသနာကား၊ ဝေဆာတင့်ဆန်း၊ “အို-ရဟန်းတို့၊ ပွင့်လန်းမှုဆို၊ မြတ်ကုသိုလ်ကို၊ ပြုလိုထောက်ဆ၊ မကြောက်ကြနှင့်၊ ပုညဟူသည်၊ ဤအမည်ကား၊ သုံးလီလျမ်းဖြာ၊ မြတ်ချမ်းသာ၏၊ ကြည်သာစွဲလတ်၊ အမည်မှတ်လော့၊” သုံးရပ်ဖော်ပြ၊ မြတ်ဒါနနှင့် သီလတစ်ဖြာ၊ ဘာဝနာတည့်၊ ဆယ်ဖြာပုည၊ ကုသလကြောင့်၊ သုခချမ်းသာ၊ လျှမ်းလျှမ်းဖြာသည်။ ဖွေရှာကောင်းမှု-စွမ်းရည် ဘုရား။
တောင်းဆုဝေဖြာ။ ။ နောက်နှောင်းခါတည့်၊ သဒ္ဓါသီလ၊ များသုတနှင့်၊ စာဂ, ပညာ၊ ကျင့်ထိုက်ရာဟု၊ ငါးဖြာတရား၊ ပြည့်စုံ [၃၁၀] ငြား၍၊ ထူးခြားသူထံ၊ မြတ်ဆုပန်မှ၊ ဧကန်ပြည့်နိုင်၊ ဂတိပိုင်ဟု၊ မြဲခိုင်ဆိုငြား၊ ထိုစကားကို၊ လိုလားဂုဏ်ရည်၊ ထုံဝသီဖြင့်၊ ယုံကြည်လေးစား၊ မြတ်ဘုရားနှင့်၊ တရား, သံဃာ၊ သာသနာ၏၊ ရှည်ကြာတည်ရေး၊ မျှော်ကာတွေးလျက်၊ အားပေးလှူဒါန်း၊ ကျင့်ဆောင်ခန်းဖြင့်၊ ပွင့်လန်းဝေဆာ၊ ကြိုးပမ်းပါသည်။ ဝေဖြာတောင်းဆု-မှန်းသည်ဘုရား။
ပေါင်းစုကြေငြာ။ ။ သိကြောင်းပါတည့်၊ ဝေဆာတင့်ထူး၊ မြို့စဉ့်ကူး၏၊ ရင်ကျူးသာယာ၊ ‘ညောင်ပင်ရွာ’မှ၊ လက်ယာတောင်ဟူ၊ ‘ပေါ်တော်မူ’ဟု၊ ခေါ်ယူသမိုက်၊ မြတ်ကျောင်းတိုက်ဝယ်၊ နှစ်ခြိုက်သဒ္ဓါ၊ စေတနာဖြင့်၊ ရတနာသိရီ၊ သမိုက်မှည့်လျက်၊ ထိုက်ဘိ ဝိဟာ၊ ကျောင်းမြတ်စွာကို၊ လေးဖြာရပ်ခွင်၊ ထေရ်အရှင်တို့၊ ခိုဝင်ရွှင်ပြုံး၊ သီတင်းသုံးဖို့၊ ညွှတ်ရုံးဝမ်းသာ၊ လှူဒါန်းပါသည်။ ကြေငြာပေါင်းစု-လွမ်းတည်ဘုရား။
ရေးဖွဲ့ - အရှင်နန္ဒမာလာဘိဝံသ
ရွတ်ဆို - တက်ခေတ်လင်းဇော်

[၃၁၁] စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက် ၂၅ နှစ်မြောက် ကျောင်းတိုက်နေ့ အထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်အပ်သော သိရီဝိဇယငွေရတုစေတီ ကြေးရွှေထီးတော် အထွဋ်တင်ပူဇော်ပွဲ ကောင်းကင်ကြိုး

၁။ တေဇာ ဝေဖြာ ဇေယျာလေ မြို့ကြီး မြို့ကြီး၊ မြစ်ဧရာ ရစ်ခွေကာ ချစ်လေရှာ ဝေ့ဝိုက်လို့စီး။
၂။ တောင်ဇေယျာ အနီးမှာလ ရှုမငြီး ဝေဝေဆာ၊ လူ့လောက ပြုထောမန သုဗောဓ ကျောင်းမြတ်မဟာ။
၃။ ခြောက်ပါးညီနောင် ကျောင်းတည်ထောင် ဂုဏ်ရောင် လင်းလင်း၊ သမ္ဘာတော် ကမ္ဘာကျော် ပမာနော် ထွန်းတဲ့ နေမင်း။
၄။ ကျောင်းတိုက်တည် အခြေပြုလို့ ငွေရတု အချိန်ရောက်သော်၊ ထိမ်းမှတ်ဖွဲ့ ငြိမ်းဓာတ်နဲ့ ကိန်းဝပ်တဲ့ မြတ်စေတီတော်။

[၃၁၂] ၅။ သိရီဝိဇယ မြတ်စေတီကိုလေ ထီးတော်ရွှေ တင်ပွဲ တင်ပွဲ၊ ရှိသဒ္ဓါ သိမကွာ တပည့်ဆရာ ကျင်းပဆင်နွှဲ။
၆။ နတ်တို့ပျော်စံ ဝတိံဌာန် တိမ်ယံက လွှားလွှား၊ ဆင်းကြန်ဘွဲ့ ဝင်းလျှံတဲ့ မြင်းပျံနဲ့ ပင့်တဲ့ရထား။
၇။ ဝိသကြုံ မာတလိ ပဉ္စသိ နောက်တော်က ခေါ်၊ ထပ်မနား မြတ်ဘုရား နတ်သိကြား ဦးချလို့နော်။
၈။ စေတီမြတ် ရွှေဘုံမှာလေ နတ်လူတွေ စုဝေးစုဝေး။ မှတ်ပေနော် မြတ်တေဇော် ဓာတ်မွေတော် ကိန်းဝပ်လို့လေး။
၉။ တပို့တွဲ ပေါက်လဲ စုံညီ ဖူးတန်စီ၊ လမ်းရှစ်ချက် ဆန်းရှစ်ရက် မြန်းနှစ်သက် အောင်ကိန်းဆင်ပြီ။
ရေးဖွဲ့ပူဇော်သူ - မောင်ညီထွေး

[၃၁၃] ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံ၌ ကျင်းပပူဇော်အပ်သော ကျေးဇူးတော်ရှင် မင်းကွန်း ဓမ္မနာဒတိပိဋကဓရ ဆရာတော်ဘုရား၏ တိပိဋကဓရ ၂၅ ကြိမ်မြောက် အထိမ်းအမှတ် ငွေရတုသဘင်၌ ဖတ်ကြားပူဇော်အပ်သော ဓမ္မနာဒတိပိဋကဓရ ထေရပူဇာ ထောမနာစာတမ်း

(၁) ဓမ္မိဿရ ဓမ္မရာဇာ ဓမ္မာဓိပတိ တုမရှိသည့် မုနိထွဋ်ထား မြတ်ဘုရားသည် ထူးခြားမြင်သန် သဗ္ဗညုတဉာဏ်ကို ဧကန်ပိုင်သ ရရှိတော်မူပြီးသည့်အခါမှစ၍ အနုပါဒိသေသ နိဗ္ဗာနဓာတ်ကိန်း ပျော်စံငြိမ်းတော်မူသည်အထိ ဝေနေယျ သတ္တဝါတို့၏ အကျိုးကိုသာ ကြည့်လျက် အချိန်ပြည့်မအား မြတ်ဉာဏ်တော်ဖြန့်ကား၍ ပိုင်းခြားဝေဖန် “အနေကဇာတိ သံသာရံ” အစ “ဟန္ဒ ဒါနိ” အဆုံး စုရုံးမြွက်ဟ အနဂ္ဃရတနာ ဒေသနာကို ကရုဏာရှေ့ထား ဟောကြားတော်မူခဲ့သည် ဖြစ်ပါကြောင်း။

[၃၁၄] (၂) ယင်းသို့ ဟောဖော် မြတ်ဘုရား၏ ဒေသနာတော်သည် မြော်ခေါ်တွေးဆ နည်းအမျိုးမျိုးတို့ဖြင့် သိမ်မွေ့လှ၍ အတ္ထဗျဉ္ဇနစုံလင် ခုံမင်စဖွယ် ဆန်းကျယ်လေးနက် သိမြင်ခက်၍ ငြိမ်သက်ဧမြ မွန်မြတ်လှသဖြင့် တက္ကစွမ်းရည် မထောက်မီပဲ ဉာဏ်ရည်ထူးပြည့် ပညာရှိတို့သာ သိနိုင်မြဲ ခိုင်တိကျ ဂုဏ်ပြည့်ဝလျက် ရှိရှိသမျှဟူ ကမ္ဘာသူကမ္ဘာသား လူမျိုးစုအများတို့၏ နားသောတအတွင်း သက်ဆိုင်ရာ ဘာသာစကားဖြင့် သက်ဆင်းလျက် ချက်ချင်းနားလည် ဉာဏ်ရည်ကွန်မြူး “အဘိက္ကန္တံ ဘန္တေ, အဘိက္ကန္တံ ဘန္တေ” ဟု ဥဒါန်းကျူးစေလျက် တင့်ထူးလှစွာ ဝိမုတ္တိအရသာကို မြဲစွာ ခံ့ခိုင် ကိုယ်စီပိုင်အောင် ပေးစွမ်းနိုင်သည် ဖြစ်ပါကြောင်း။
(၃) ယင်းသို့ပေးစွမ်း အံ့မခန်းမျှ ဂုဏ်ပန်းဝေလွင် မြတ်ဘုရား၏ ဒေသနာတော် အစဉ်ကို ညီရှင်အာနန္ဒာ ထေရ်မြတ်စွာသည် သေချာကျန တစ်လုံးတစ်ပါဒမျှမချန် သုံးတန်ပိဋကတ် ငါးရပ်နိကာယ် ကိုးသွယ်အင်္ဂါ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် နှလုံးသားတွင် သိုလှောင်လျက် နှုတ်ဆောင်မိမိ ရရှိတော်မူသည်ဖြစ်၍ ရှင်ချစ်ညီတော် ‘အာနန္ဒာမထေရ်ကျော်’သည် ထင်ပေါ်ပွင့်လာ သာသနာ၌ ဦးစွာပထမ “တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက” ဘွဲ့ထူးရအကျော် အာဇာနည် ပုဂ္ဂိုလ်မော်တစ်ဆူ ဖြစ်တော်မူပါကြောင်း။

[၃၁၅] (၄) ယင်းသို့မြွက်ဖော် အာနန္ဒာမထေရ်ကျော်ကဲ့သို့ပင် ရှင်တော်ဗုဒ္ဓ ဟောသမျှဒေသနာ မြတ်ရွှေစာကို ပေလွှာ ကျောက်ပြား မရေးသားဘဲ ကြီးမားဝီရိယ သတိ, သမာဓိ, ပညာ ထက်လှ အာဇာနည်ပုဂ္ဂလတို့သည် နှုတ်ရဆောင်ထား တပည့်သားတို့အား သင်ကြားပို့ချ သာသနာတော် ပြန့်ပွားအောင် အဆက်ဆက်ဆောင်ရွက်ခဲ့ကြရာ ဗုဒ္ဓသာသနာ ရှည်ကြာများမြောင် နှစ်လေးရာကျော်တိုင်အောင် ထွန်းပြောင်ထိန်ပ အထောင်မကသော တိပိဋကဓရ အာဇာနည်ပုဂ္ဂလတို့ မုချသေချာ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သည် ဖြစ်ပါကြောင်း။
(၅) ယင်းသို့ထွန်းတောက် တိပိဋကဓရ အာဇာနည် ပုဂ္ဂိုလ်ကျော်တွေ ပေါ်ပေါက်လာခဲ့ပါသော်လည်း ညှိုးခြောက်ရောင်ဝါ သာသနာနှစ်လေးရာကျော်သို့ ရောက်သောအခါ သဒ္ဓါယိုယွင်း မိစ္ဆာမင်းတို့ နှိပ်နင်းအုပ်စိုး အခါမျိုးဟု ခေတ်ဆိုးကြုံရ မြတ်ဘုရား၏ တပည့်သားသာဝကတို့သည် ဗုဒ္ဓစကား မြတ်တရားကို နှလုံးသားအတွင်း သွတ်သွင်းဆောင်ထားခြင်းငှာ မစွမ်းနိုင် ယိမ်းယိုင်ချိနဲ့ ဖြစ်လာခဲ့ကြသည်ကို သတိမူ သင်ခန်းစာယူလျက် ကြည်ဖြူဆောင်ရွက် ကျွန်းသီဟိုဠ် ‘ဝဋ္ဋဂါမဏိ’ မင်းလက်ထက်ဝယ် စဉ်ဆက်နွယ်လာ တိပိဋကဓရ ပုဂ္ဂိုလ်ကျော်ငါးရာတို့သည် အနာဂတ်သာသနာအရေး မြော်တွေးတွက်ဆ အစည်းအဝေးထိုင်ကြပြီးလျှင် မလယအပိုင် အာလောကမည်သောလိုဏ်ဝယ် ကညစ်ကိုင် [၃၁၆] အခြေမပျက်ရအောင် ပေထက်အက္ခရာ တင်တော်မူခဲ့ကြသည် ဖြစ်ပါကြောင်း။
(၆) ယင်းသို့မြင်မြော် ပေထက်အက္ခရာ တင်တော်မူခဲ့ကြသဖြင့် ဗုဒ္ဓဟောကြား မြတ်တရားတို့သည် ပြန့်ပွားခြင်းသို့ မရောက် ကွယ်ပျောက်မည့်အရေးမှ သီသီကလေးလွတ်ကာ ရောင်ဝါထွန်းပေါ် နှစ်ပေါင်း နှစ်ထောင်ကျော်သည်အထိ ပေလွှာများတွင်တစ်လှည့် သာဝကတို့၏ နှလုံးသားတွင်တစ်လှည့် အနှစ်ပြည့်လျက် လှည့်ကာပြောင်းကာ ကွန်မြူးကာဖြင့် ကမ္ဘာသူကမ္ဘာသား လူအများတို့၏ မီးရှူးသဖွယ် တင့်တယ်ထွန်းပြောင် အကျိုးဆောင်ခဲ့သည် ဖြစ်ပါကြောင်း။
(၇) ယင်းသို့ထွန်းပြောင် မြတ်ဘုရား၏ တရားရောင်တို့သည် မြားမြောင်တွက်ဆ နှစ်ပေါင်းနှစ်ထောင်ကျော်လာသော အခါကာလ၌ ထာဝရသုံးသပ် သာဝကတို့၏ နှလုံးဓာတ်ဝယ် ကိန်းဝပ်စံပယ် တင့်တယ်ခြင်းနည်းပါး လှုပ်ရှားခြင်း မတွေ့ရ ပေပုရပိုက်တို့၌သာ အိပ်မောကျလျက် တိပိဋကဓရ ပုဂ္ဂလအာဇာနည် ဉာဏ်ရည်သစ်လွင် ထေရ်အရှင်တို့ကို ဖူးချင်သော်လည်း မဖူးမြင်ရ အတိဒုလ္လဘ ကြုံခဲလှစွာ ယင်းအခါဝယ် မယွင်းသဒ္ဓါ ပညာစုံလင် သူဌေးကြီး ‘ဆာညှိုးသွင်’ သည် မြော်မြင်တွက်ဆ စိတ်ကူးရလျက် ဗုဒ္ဓသာသနာ ရောင်ဝါတန်ခိုး ပွားတိုးစေကြောင်း နည်းကောင်းထိပ်သီး နိုင်ငံတော်သမ္မတ နာယကအဖြစ်ပါဝင်သော ဗုဒ္ဓသာသနာနုဂ္ဂဟ [၃၁၇] အဖွဲ့ကြီးကို ၁၃၁ဝ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ပြီးနောက် အခွင့်ကောင်းဆိုက်ရောက်လာသည့်အားလျော်စွာ ပရိယတ္တိသာသနာ လွန်စွာပွင့်လန်း အဆင့်တန်းမြင့်မြင့် ပူဇော်ခွင့် ရရှိရေး မြော်ထောက်တွေးလျက် တိပိဋကဓရ ရွေးချယ်ရေး အဖွဲ့ကြီးကို ဖွဲ့စည်းခဲ့သည်ဖြစ်ပါကြောင်း။
(၈) ယင်းသို့ဖွဲ့စည်း တိပိဋကဓရရွေးချယ်ရေးအဖွဲ့ကြီးမှ ထုံးနည်းဥပဒေ အထွေထွေရေးဆွဲလျက် တိပိဋကဓရ ရွေးချယ်ပွဲကြီးကို ၁၃၁ဝ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ၁၃၁၅ ခုနှစ် ဆဋ္ဌကြိမ်ဆင်နွှဲ တိပိဋကဓရရွေးချယ်ပွဲကြီး၌ “မြင်းခြံမြို့နယ် ကျည်းပင်ရွာ” လျှင် ဖွားရာဇာတိ ရှိတော်မူသော အရှင်ဝိစိတ္တသာရာဘိဝံသ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ၊ ဝဋံသကာ ပဌမကျော် အာဇာနည်ပုဂ္ဂိုလ်မော်သည် စာမျက်နှာ ခြောက်ထောင်ကိုးရာကျော်ရှိသော ပိဋကတ်သုံးပုံ ကျမ်းအစုံကို အစွမ်းကုန်ကြိုးစား ရဲရဲနီသော နှလုံးသား၌ ကြုံးဝါးသိုမှီး သိမ်းဆည်းကုံလုံ လွန်ပြည့်စုံလျက် အာဂုံရေးဖြေ နှစ်ထွေကျန ဝိသိဋ္ဌမဟာ ဂုဏ်ထူးဖြင့်သာအောင်မြင် နောင်အစဉ် ဂုဏ်တောက် သမိုင်းမော်ကွန်းထိုးလောက်အောင် ပေါက်ရောက် ကျော်ဟီး မြန်မာပြည်တွင် ပဌမဆုံးသော ‘တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက” ပုဂ္ဂိုလ်ကျော်ကြီးအဖြစ်သို့ ဆိုက်ရောက်တော်မူခဲ့သည် ဖြစ်ပါကြောင်း။

[၃၁၈] (၉) ယင်းသို့ထွန်းတောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ပုဂ္ဂိုလ်ကျော်ကြီးအဖြစ်သို့ ဆိုက်ရောက်တော်မူပြီးနောက် အံ့လောက်ထူးခြား သဒ္ဓါ,ဝီရိယစွမ်းပကားဖြင့် ဆန်းပြား လေးနက် ပိဋကတ်တော် ဓမ္မစက်ကို ကိုယ်နှင့်အသက် မငဲ့ကွက်ပဲ ထက်ထက်သန်သန် ဇွဲမာန်အပြည့် ရှင်လူများ၏ အကျိုးကိုသာကြည့်လျက် အချိန်ပြည့်မအား နိုင်ငံလှည့် ဟောကြားတော်မူလျက်ရှိရာ မြတ်ဗုဒ္ဓသာသနာ ရောင်ဝါ တန်ခိုး လွန်စွာပွားတိုးလျက်ရှိသည် ဖြစ်ပါကြောင်း။
(၁၀) ယင်းသို့ပွါးတိုး အများအကျိုးဆောင် ထွန်းပြောင် ထင်ပေါ် ကျွန်ုပ်တို့၏ ကျေးဇူးရှင်ဆရာတော်သည် ကမ္ဘာကျော်လင်း တုဖက်ကင်းသည့် ဂုဏ်မင်းရာဇာ “တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက”ဘွဲ့ မဟာကို ကြည်သာဆွတ်ယူ ပန်ဆင်တော်မူခဲ့သည်မှာ ဂုဏ်ဝါထွန်းတောက် ၂၅-နှစ်မြောက်သို့ ဆိုက်ရောက်တော်မူလာပြီဖြစ်ပါသဖြင့် ထွန်းသစ်ထင်ပေါ် ကျေးဇူးရှင်ဆရာတော်ကို ကော်ရော်မြတ်နိုး အားကိုးရင်း ရှိကြပါသော ရန်ကုန်မြို့နေ တပည့်ဒါယကာ ဒါယိကာမ အပေါင်းတို့က ညွှတ်ပျောင်းခ, ယ ဂုဏ်ကျေးဇူးတော်အနန္တကို မြော်မြင်ကြလျက် ရွှင်ပျကြည်သာ ၁၃၄၀ ပြည့်နှစ် နယုန်လ ပြည့်ကျော်(၅)ရက် နှစ်သက်စဖွယ် စပယ်မြတ်လေး ရနံ့မွေး သဖြင့် ကြည်အေးသာယာ မင်္ဂလာနေ့မြတ်အခါဝယ် သဒ္ဓါဖြူစင် “တိပိဋကဓရ ငွေရတုသဘင်”ကို ဆင်နွှဲပူဇော် ဆရာ [၃၁၉] တော်အား သက်တော်ရှည်ကြောင်း ဆုမွန်တောင်းလျက် နှစ်ထောင်းအားရ ပူဇော်ပွဲကျင်းပကြပါသတည်း။
(၁၃၄ဝ-ပြည့် နယုန်လဆန်း(၂)ရက် အရှင်နန္ဒမာလာဘိဝံသ မဟာသုဗောဓါရုံတိုက်, စစ်ကိုင်း ရေးဖွဲ့ဂုဏ်ပြုသည်။)

[၃၂၀] မင်းကွန်းတောင်ရိုး၊ ဓမ္မနာဒကျောင်းတိုက်ကြီး၏ ဦးစီးနာယက ဖြစ်တော်မူသော တိပိဋကဓရဆရာတော်ဘုရား၏ တိပိဋကဓရ ဘွဲ့တံဆိပ်တော် ရရှိတော်မူသည့် ၂၅ နှစ်မြောက် အထိမ်းအမှတ် ငွေရတုသဘင် ကျင်းပပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ် (ဓမ္မစေတီပိဋကတိုက်) ဆောက်လုပ်လှူဒါန်းသည့် အကြောင်းအရာ မင်္ဂလာထောမနာစာတမ်း

သိဒ္ဓိရတ္ထု

(၁) ယဒါ ဧသော ဘိသမ္ဗောဓိ၊ သမ္ပတ္တော မုနိပုဂံဝေါ။ တဒါ ပဒုတိဓမ္မဿ၊ လောကေ ဇာတောမဟုဿဝေါ။
အဟောအစ္ဆရိ- အံ့ဖွယ်ရှိသား ပဒါသတ္တိ+မဓုရတာ ချိုသာလေးနက် မိန့်မြွက်ဆန်းပြား ဥဒါန်းစကားအရ မုနိ ပုဂံဝ- အနတ္တရမှန်ကူ သယမ္ဘူဓမ္မရာဇ် ရှင်ချစ်မြတ်စွာ စော [၃၂၁] သတ္ထာသည် သမ္မာသမ္ဗောဓိ- တုမရှိထင်ပေါ် မြတ်ဉာဏ်တော်ကို ရရှိတော်မူပြီးသည်မှစ၍ ပြင်းပြလှုံ့ဆော် ကရုဏာတော်ရေချမ်း သွန်းဖြန်းအပ်သော နှလုံးသားရှိရကား ဝါတော် လေးဆယ့်ငါး ရက်အားမရှိ အာစရိမုဋ္ဌိမချန် စစ်မှန်ထူးကဲ ဓမ္မဿဝတရားပွဲကြီးတို့ကို ဆင်တော်မူပြီးလျှင် လျော့နဲ့အာယု ချုပ်လုဆဲဆဲ ရွှေအားတော်နဲလှ၍ တရားပွဲကြီးသိမ်းတော်မူ ခါနီး အခါသမယတွင်-
‘ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမ'စ္စယေန သတ္ထာ' မိန့်မှာပွင့်လင်း သာဝကတို့၏ လက်တွင်းသို့ ဓမ္မက္ခန္ဓာတို့ကိုအပ်နှင်းတော်မူပြီးသည်မှစ၍ ယနေ့တိုင်ရောက် ထွန်းတောက်ရှိန်ဝါ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် များမြောင်စွာလှ ဓမ္မကာယဘုရား သာဝကတို့၏ နှလုံးသား၌ တန့်နားကိန်းဝပ်တော်မူလျက်ရှိသည်ဖြစ်ပါကြောင်း။
(၂) သုနာပရန္တ- ရှေးကအခေါ် ခုသော် စစ်ကိုင်းတိုင်း အဝင်အပါ သေလာမြရောင် မင်းဝံတောင်ရိပ် ဂုဏ်ဟိတ် တက်ထွန်း “မင်းကွန်း” ခေါ်ကြ သူတော်စင်တို့ ပျော်မွေ့ရာဌာန၌ “ဓမ္မနာဒ” အနွတ္ထမည်တွင် ကျောင်းတိုက်ကြီး၏ အရှင်ဖြစ်တော်မူသော ဟေမဝါသွင် လွင်လွင်မားမား ထူးခြားထင်ပေါ် “ဓမ္မနာဒဆရာတော်”သည် မြော်မြင်တိကျ ပိဋကအရာ မဟာဥဿာဟ ဇွဲလုံ့လဖြင့် ဝါစုဂ္ဂတပီပြင် ပါဌ်မြင်နက်သိ [၃၂၂] အချက်မိလျက် အခက်ရှိသမျှဖြေရှင်း ထွင်းထွင်းဖောက်ဖောက် တံခွန်ဆောက်သဖြင့် အံ့လောက်သိုက်မြိုက် “တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက” ဟူသော ဘွဲ့ မကိုဋ်ကို ထိုက်ထိုက်တန်တန် ပဌမဆုံး ပန်ဆင်တော်မူခဲ့သည်ဖြစ်ပါကြောင်း။
(၃) ယင်းသို့ ပန်ဆင် တိပိဋကဓရ မကိုဋ်ပန်း၏ အရှင်ဖြစ်တော်မူသော အာဇာနည်ပုဂ္ဂိုလ်ကျော် ဓမ္မနာဒဆရာတော်သည် ထင်ပေါ် တင့်ဆန်း တိပိဋကဓရမကိုဋ်ပန်းကြီးကို ဆင်မြန်းလျက် ရွှင်လန်းတက်ကြွ ဆဋ္ဌသံဂါယနာ ပွဲမဟာ၌ လွန်စွာ ထူးချွန် အရှင်အာနန္ဒာမထေရ်မြတ်၏ တာဝန်ကို အားသွန် ထမ်းဆောင် ထက်ခေါင်ထွဋ်ဖျား “မဟာဗုဒ္ဓဝင်” ကျမ်းကြီးကို ပြုစုရေးသားလျက် ရက်အားမရှိ တိပိဋက ဓမ္မစည်ကြီး ရိုက်ခတ်တီး၍ အံ့ချီးဖွယ်ရာ သာသနာမျှ ပြုစု အားထုတ် မဟုဿာဟထက်သန် စိတ်စေတနာမှန်သည့် လုပ်ရပ် အဋ္ဌပ္ပတ် ကို မြော်ကြည့်ရလျှင် ဗောဓိသတ္တတပါး ဖြစ်လေမည်လား ဟု အားထားမှီခို မှန်းဆကြည်ညိုမိခဲ့ကြ သည်ဖြစ်ပါကြောင်း။
(၄) ယင်းသို့ ကြည်ညို မှီခိုလေးစား ရန်ကုန်မြို့နေ တပည့်ဒကာ + ဒကာမအများတို့သည် -
ဗဟုဿုတော ဓမ္မဓရော၊ ကောသာရက္ခော မဟေသိနော။ စက္ခု သဗ္ဗဿ လောကဿ၊ ပူဇနိယော ဗဟုဿုတော။
မိန့်ဟောရွှေစာ အပဒါန်ဒေသနာနှင့်အညီ ဂုဏ်ရည်ပြည့်ဝ “တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက’ဘွဲ့ထူး ဆွတ်ခူးပန်ဆင် ထေရ် [၃၂၃] အရှင်ကား နေအသွင်+လအလား ထင်ရှားတင့်တယ် သတ္တလောက၏ မျက်လုံးသဖွယ်ဖြစ်၍ ဂုဏ်ထည်နှစ်ခြိုက် ပူဇော်ထိုက်သဖြင့် သိုက်မြိုက်တင့်ဆန်း တိပိဋကဓရမကိုဋ်ပန်းကို ဆင်မြန်းတော်မူရပြီးနောက် ၂၅-နှစ်မြောက် ဆိုက်ရောက်၍လာ (၁၃၄ဝ) ပြည့်နှစ်အခါတွင် သဒ္ဓါတူညီ ၂၅-ဦး ပါဝင်သော “ငွေရတုသဘင် ကျင်းပရေးကော်မတီ”ကို ဖွဲ့စည်းပြီးလျှင် ဦးစီးမြော်မြင် နာယကလူကြီး (၇)ဦးကို ရှေ့ဆောင်တင်လျက် နယုန်လပြည့်ကျော် (၅)ရက်နေ့ ၁၉၇၈-ခု၊ ဇွန်လ ၂၅ ရက်နေ့၌ ရန်ကုန်မြို့ ကုက္ကိုင်းသာသနာရိပ်သာ “ဖလ်ယဉ်” ဓမ္မာရုံကြီးတွင် ဆင်ယင်ကျင်းပ ပြုလုပ်ခဲ့ကြသည် ဖြစ်ပါကြောင်း။
(၅) ယင်းသို့ဆင်ယင် ငွေရတုသဘင်၌ စီစဉ်ကျန သတ်မှတ်သော အချိန်မှစ၍ သံဃနာယကဆရာတော်ကြီးများနှင့် တိပိဋကဓရဆရာတော်ကြီးများအပါအဝင် ထေရ်ရှင် (၁၅) ပါးတို့အား ခေတ္တစံကျောင်းမှ ဖလ်ယဉ်ဓမ္မာရုံသို့ ရွှေတိဂုံ ဘဏ္ဍာတော်ထိန်းအဖွဲ့လူကြီး ‘ဦးအောင်သိန်း’က ဦးဆောင်ကာ သာသနာ့အလံ တံခွန်ကုက္ကား ကြာငါးပွင့်ပါရှိသော ငွေဖလားကို ကိုင်ဆောင်ရှေ့သွား “ဗုဒ္ဓသာသနာနဂ္ဂဟအဖွဲ့ဝင်လူကြီးများ”က လေးစားရိုကျိုး ရွှေထီးတလက်စီ ဆောင်မိုးလျက် ပင့်ဆောင်လာကြပြီးနောက်... ထွန်းတောက်ထင်ပေါ် တိပိဋကဓရ ပုဂ္ဂိုလ်ကျော် ‘ဓမ္မနာဒဆရာတော်’ကို သီး [၃၂၄] တင်းသုံးတော်မူရာ “မြရတနာ” စံကျောင်းမှ “ဖလ်ယဉ်” ဓမ္မာရုံသို့ “ရွှေဘုံသာ ဦးလှမောင်က တိပိဋကဓရအလံ တံခွန် - ကုက္ကား ကြာငါးပွင့်ပါရှိသော ငွေဖလားကို ကိုင်ဆောင်ရှေ့သွား ငွေရတုသဘင်ကျင်းပရေး အဖွဲ့နာယကနှင့် အဖွဲ့ဝင်လူကြီးများက ခြံရံလိုက်ပါ လွန်စွာရိုကျိုး ကနက္ကဒဏ် ထီးဖြူမိုးလျက် ပင့်ဆောင်ကြပြီးလျှင် တိပိဋကဓရထေရ်အရှင်သည် သံဃာစင်အလယ် ဓမ္မာသနပလ္လင်တော်ထက်ဝယ် သီတင်းသုံးနေတော်မူပြီး သံဃနာယကမထေရ်ကြီးများက ဝဲ+ ယာ ပြင်ထား သီးသန့်နေရာများ၌ သီတင်းသုံးတော်မူကြသည် ဖြစ်ပါကြောင်း။
(၆) ပရိသတ်စုံလင် ငွေရတုသဘင်အခမ်းအနားကို နေ့ ၁၂ နာရီ အချိန်တွင် စ-တင်ဖွင့်လှစ်ပြီးနောက် ဝမ်းမြောက်ပျော်ရွှင် သူတော်စင်ပရိသတ်များက သံဃနာယက အဂ္ဂမဟာပဏ္ဍိတ ‘အရိယမဂ္ဂင်ဆရာတော်ဘုရားကြီး”ထံ ငါးပါးသီလ ခံယူကြပြီးလျှင် တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ကြီး၏ ဩဝါဒစရိယအကျော် ကြည့်မြင်တိုင် “ဘုံပျံဆရာတော်”က ဝိသိဋ္ဌတိပိဋကဓရ ဘွဲ့ရအကျော် ဓမ္မနာဒဆရာတော်၏ ထင်ပေါ်ရည်မြူး ဂုဏ်ကျေးဇူးကို အထူးထုတ်ဖော်မိန့်ကြားတော်မူပြီးနောက် ထွန်းတောက်ပွင့်လန်း တိပိဋကဓရ ဆရာတော်၏ ဂုဏ်နှင့်စပ်သော “ထောမနာစာတမ်း”ကို ရုပ်ရှင် ဒါရိုက်တာ ‘ဦးချစ်စိန်’က၎င်း၊ “မင်္ဂလာရတုပိုဒ်စုံ”ကို၊ ရုပ်ရှင် [၃၂၅] ဒါရိုက်တာ စာရေးဆရာ ဦးသုခ’က၎င်း၊ ထေရုပ္ပတ္တိ အကျဉ်း နှင့် ဆောင်ရွက်တော်မူချက်ကို ရွှေတိဂုံဘဏ္ဍာတော်ထိန်း အဖွဲ့ဝင်လူကြီး “ဦးအောင်သိန်း’က၎င်း၊ ကြည်ညိုလေးစား ဖတ်ကြားရွှင်ပျော် ဂုဏ်ရည်မျှော်လျက် ပူဇော်ကြသည်ဖြစ်ပါကြောင်း။
(၇) ယင်းသို့တူပျော် ပူဇော်ကြပြီးနောက် ထွန်းတောက်ဂုဏ်လျံ အပူဇော်ခံသမုတ်ရ ပုဂ္ဂလဝိသိဌ် ဂုဏ်ဟိတ်ဖြာစည် အာဇာနည်ပုဂ္ဂိုလ်ကျော် ဓမ္မနာဒဆရာတော်က ရွှင်ပျော်သာယာ အနုမောဒနာ ဩဝါဒတရား ပြန်လည်ဟောကြားတော်မူရာတွင်-
တိပိဋကဓရစာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ၌ မိမိ ရည်ရွယ်ချက် ထားရှိခဲ့ပုံ။ ပရိယတ္တိသာသနာတော်အတွက် ဆရာနှင့် ဒကာ အားပြိုင်ခဲ့ကြပုံ၊ ထိုသို့ အားပြိုင်ကြရာ၌ ဒကာဖက်က ပစ္စယာနဂ္ဂဟတာဝန် ကျေပွန်သော်လည်း ဆရာဖက်က ဓမ္မာနဂ္ဂဟတာဝန် မကျေပွန်မည် စိုးသောကြောင့် တိပိဋကဓရပုဂ္ဂိုလ်ပေါ်ထွန်းရေးအတွက် မိမိလုံ့လအားထုတ်နှလုံးသွင်းခဲ့ပုံ။
ဂ။ သာသနာအတွက် တာဝန်သိသူမှာ တာဝန်ရှိလာပုံ တာဝန်သိသဖြင့် တာဝန်သိသိဆောင်ရွက်သူများအဖို့ တာဝန်တွေ တိုးတက်လာပုံ။
[၃၂၆] ဃ။ “အရင်းကြီးကြီးနှင့် အမြတ်အစွန်း နည်းရမည်” ဟူသော ခံယူချက်ထားရှိပုံ၊ မိမိ၏ ဆောင်ရွက် ကြိုးပမ်းမှုများမှာ သမ္မာသမ္ဗောဓိ ဆုထူးပန် အလောင်းတော်ကြီးများ၏ ဆောင်ရွက်မှုမျိုး ဖြစ်သော်လည်း မိမိသည် “ဒုတိယဘဝ၌ မိတ်ဆွေကောင်း ပညာရှိတို့ကို အမှီရရှိပြီး၊ “ဓမ္မဓရ” အမည်ဖြင့် သောတာပန်အရိယာနတ်သား ဖြစ်ရပါလို၏၊ ဤဘုရားသာသနာတွင်း၌ပင် ကျွတ်တမ်းဝင်ရပါလို၏” ဟု ဆုတောင်းပုံတို့ကို စိတ်ဝင်စားဖွယ် အကျယ်တဝင့် ကျူးရင့်ဟောကြားတော်မူပြီးနောက်-
(၁) “မမေ့မလျော့ကြနဲ့၊
(၂) သေမင်းနှင့် ငါတို့မှာ အချိန်းအချက်မရှိ၊
(၃) ဓမ္မကိစ္စများကို မဆိုင်းမတွ ဆောင်ရွက်ကြပါ' ဟု သုံးဖြာဖော်ညွှန်း သုံးခွန်းသော သတိပေးဩဝါဒ စကား မိန့်ကြားတော်မူရာ ရောက်လာသမျှ အားရ ရွှင်ပျော် သောင်းကျော်ပရိသတ် နှလုံးဓာတ်၌ မြတ်မြတ်နိုးနိုး တရားမိုးဆွတ်ဖျန်း မဟာကုသိုလ်စေတနာ ပန်းတွေ ဝေဆာပွင့်လန်းခဲ့ကြသည်ဖြစ်ပါကြောင်း။
(၈) ထိုမှတဖန် ဘုန်းကံကြီးမား တိပိဋကဓရ ဓမ္မနာဒ ဆရာတော်ဘုရားသည် ပိုင်းခြားဝေဘန် သုံးတန်စေတနာ ပြတ်သားစွာဖြင့် သာသနာတော်အရေး အရှည်မြော်တွေး [၃၂၇] လျက် အရေးတယူ မိမိအား နိုင်ငံတော်အစိုးရက ရှေးကလည်း ပေးလှူခဲ့၍ နောက်နောင်လည်း ရာသက်ပန်လှူဒါန်းမည့် ၁၃၃၉ ခုနှစ် တပိုတွဲလ၊ ၁၉၇၈ ခုနှစ်၊ ဖေဖဝါရီလမှ အစပြုသည့် တိပိဋကဓရပူဇာ ဆွမ်းဆန်တော်ရိက္ခာကို၎င်း ယခုအခါ ကြီးစွာနွှဲဆင် ငွေရတုသဘင်၌ ပါဝင်ပူဇော် ငါးသောင်းကျော် အလှူတော်ငွေတို့ကို၎င်း ကြည်ပျော်သဒ္ဓါ အနာဂတ်သာသနာဝယ် ဆက်ကာမပျက် “တိပိဋကဓရ ညီတော်တွေ” ပေါ်ထွက်စေခြင်းအကျိုးငှါ သမ္မာဆန္ဒ ပြင်းပြ ထက်သန် ပြုစီမံလျက် ဧကန်ထွန်းသစ် “တိပိဋက နိကာယ ကျောင်းတိုက်” ကို ဖွင့်လှစ်ပြီးလျှင် ညီချစ်များစွာ မပန်းပါပဲ ကျမ်းစာပိဋကတ် ကျက်+မှတ်+ပြန်ဆို ကွန်းခိုနားနေ ချမ်းသာစေရန် ရည်သန်ရွှင်လန်း နိကာယ်သာသနာတော်အား လှူဒါန်းပါကြောင်း နှစ်ထောင်းအားရ ဖွင့်ဟမိန့်ကြားတော်မူခဲ့သည်ဖြစ်ပါကြောင်း။
(၉) သာသနာတော်အား ကျေးဇူးများသော စာသင်သားတို့ ပျော်မွေ့ရာ ကျောင်းတိုက်ကြီးတတိုက်တတာ ဟူသည်မှာလည်း-
“သာယာစိုပြေ အထွေထွေသော သီး+ပွင့်ပင်တို့ ပြိုင်ယှဉ်ပွင့်+သီး ရှုမငြီးသည့် ဥယျာဉ်ကြီးအတွင်းဝယ် မှီတင်းပျော်အောင်း ပျားပိတုံးအပေါင်းတို့ သောင်းသောင်းဖျဖျ တပင်မှတပင် ကူးဝင်ပျံလွှား ပျော်ပျော်ပါးပါး စားသုံးစုပ် [၃၂၈] နမ်းကြရမှသာ ဗလခွန်အား တနေ့ထက်တနေ့ တိုးပွါး၍ ကြီးမားကောင်ထည် တဒီဒီနှင့် ထို+ဤပျံလွှား ချမ်းသာကြီးပွားနိုင်ကြသကဲ့သို့”-
ထို“တိပိဋကနိကာယကျောင်းတိုက်ကြီးအတွင်းဝယ် ကြည့်ဖွယ်ရှူဖွယ် အသွယ်သွယ်သော ပါဠိ+အဋ္ဌကထာ+ဋီကာ နိသျ ဤသို့စသည့် ပိဋကကျမ်းစာ အဖြာဖြာတို့ ကောင်းစွာပြည့်စုံ ကုံလုံလောက်ငရှိပါမှသာ နိကာယအရှင်များ စာသင်သားတို့ အားရစွာကြည့်ရှု ဗဟုသုတများဖြင့် တနေ့ထက်တနေ့ ကြီးထွားကြလိမ့်မည်”..
ဤသို့ဆင်ခြင် ဉာဏ်သက်ဝင်သည့် မြော်မြင်ပြည့်စုံ မြို့ရန်ကုန်ဒေသ မင်းနေပြည်ဌာနဝယ် အာဓာရဖြူစင် ငွေရတုသဘင်ဦးစီး အမှူးအကြီး ဥပါသကာ ၂၅ ဦးသော သာသနာပြုဒါယကာတို့သည် သုံးဖြာပိဋက နိကာယစာရင်းဝင် ပါဠိ+အဋ္ဌကထာ+ဋီကာစသော ကျမ်းစုံလင်အောင် ကြည်ရွှင်စိတ်ဝမ်း မိမိတို့ကိုယ်တိုင်လည်း လှူဒါန်း, စေတနာရှင်တို့ကိုလည်း တိုက်တွန်းကြ၍ ပြည့်ဝစုံညီ အလုံးစုံသော ဓမ္မစေတီတို့ကို ရွှင်ကြည်ကော်ရော် သူထက်ငါဦး ပူဇော်ကြပြီးလျှင် ထိုဓမ္မစေတီတို့၏ ကိန်းဝပ်စံပယ်ရာ ဓမ္မာလယ ဂန္ဓကုဋိ တိပိဋကဓရဓမ္မနာဒဆရာတော်ဘုရား၏ နှစ်ဆယ့်ငါးနှစ်မြောက် တိပိဋကဓိုရ် အာဒိကမ္မိကပုဂ္ဂိုလ်အဖြစ် ရောက်သည့် ငွေရတုသဘင်အထိမ်းအမှတ် “ပိဋကတ်တိုက်တော်မြတ်”

[၃၂၉] ကိုလည်း သဒ္ဓါဓာတ်လျှမ်းတောက် ဝမ်းမြောက်ဝမ်းသာ ဆောက်လုပ်လှူဒါန်းကြသည် ဖြစ်ပါကြောင်း ဗြဟ္မာ+နတ်+လူ သုံးဘုံသူအပေါင်းတို့အား ထပ်လောင်းကြေငြာ မြတ်ကောင်းမှု ဖို့ဘာဂကို သဒ္ဓါရွှင်လန်း အမျှဝေကမ်းကြပါသည် ဝမ်းမြောက်နမော် သာဓု+သာဓု+သာဓု ခေါ်ကြပါစေသောဝ်. . ...
(အရှင်နန္ဒမာလာဘိဝံသ၊ မဟာသုဗောဓာရုံကျောင်းတိုက်၊ စစ်ကိုင်းတောင်ရိုး ရေးသား၍ ဦးအောင်သိန်း၊ ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်း လူကြီးမင်းရွတ်ဖတ်ပူဇော်သည်။ ၁၃၄ဝ ပြည့် တော်သလင်း လပြည့်ကျော် (၃)ရက်နေ့ ၁၉/၉/၇၈]

[၃၃၀] ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ဝါးနက်ချောင်းကျေးရွာ ဓမ္မဒူတဆေကိန္ဒာရာမ ဇေတဝန် တောရကျောင်းတိုက်၌ ဆင်ယင်ကျင်းပအပ်သော
၁၉ ကြိမ်မြောက် သာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီး၌
စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၊ ပဓာနနာယက ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တနန္ဒမာလာဘိဝံသ ရေးသားပူဇော်အပ်သော အခမ်းအနားသိမ်း ဇယမင်္ဂလာ အောင်ဩဘာစာတမ်း

ရွှေကျင်နိကာယဝံသဇာ၊ ထေရာ သာသနမာမကာ။
သမဂ္ဂစိတ္တာ မန္တေန္တိ၊ ဓမ္မကိစ္စာနိ ကာတဝေ။
ရွှေကျင်နိကာယဝံသဇာ- ‘အင်ကျင်းခက်ကိုင်း ရွှေကျင်ဂိုဏ်း'ဟု သမိုင်းအစ သင်္ကေတဖြင့် ဖော်ပြခဲ့ရာ ၁၁၂၂- ခုနှစ်ကောဇာ၌ ပေါ်လာထွန်းသစ် ဓမ္မရာဇ်၏ ရှင်ချစ် [၃၃၁] သာသနာ ပြည်မြန်မာဝယ် သိက္ခာကာမ ရွှေကျင်နိကာယ သာသနာအနွယ်ဖြစ်တော်မူကြကုန်သော၊ သာသနမာမကာ- မြတ်ဗုဒ္ဓ၏ အဆုံးအမ အသုံးချလျက် နှလုံးလှရန် ဓမ္မခန်ကို ဝေဖန်ဟောပြ ဓမ္မဝိနယကို မြတ်နိုးတော်မူကြကုန်သော၊ ထေရာ- ဂဏုက္ကဋ္ဌရတ္တညူ စင်ဖြူသီလ နိကာယဝန်ဆောင် ဂုဏ်ရောင်မြင့်မား ရွှေကျင်နိကာယမဟာထေရ်အများတို့သည်၊ ဓမ္မကိစ္စာနိ- ရှင်မဟာကဿပ ရှင်ဥပါလိ ရှင်အာနန္ဒာ ထေရ်ငါးရာတို့ ညီညာပေါင်းစု အတည်ပြုလျက် နယုပဒေသ မူချခဲ့သည့်အတိုင်း တုနှိုင်းဖော်ပြ ထေရဝါဒသာသနာ၏ ဓမ္မကိစ္စတို့ကို၊ ကာတဝေ- နည်းမှန်လမ်းမှန်အစွမ်းဉာဏ်ဖြင့် ဝေဖန်ရှုမျှော် ဆောင်ရွက်တော်မူကြရန်အလို့ငှာ၊ သမဂ္ဂစိတ္တာ- ရွှေသားနှစ်ချပ် ဂဟေစပ်သို့ ကြားလပ်မရှိ ညီညွတ်သော စိတ်ထားရှိကြကုန်သည်ဖြစ်၍၊ မန္တေန္တိ- ရွှေကျင်နိကာယ ဓမ္မသဘင် ဆယ့်ကိုးကြိမ်မြောက်ပွဲကြီးယင်လျက် တိုင်ပင်ဆွေးနွေး အရေးကုံလုံ အစည်းအဝေးကြီး ကျင်းပတော်မူကြလေကုန်သတည်း။

အောင်သူတကာတို့၏ အဓိပတိ မုနိပဝရ အတုမရှိစံပြ အနုတ္တရမှန်ကူ သုံးလောကတွင် အောင်လံထူသည့် သယမ္ဘူ ထွဋ်ထား ရှင်တော်မြတ်ဘုရားသည် ပြတ်သားဧကန် သစ္စာတရားအခြေခံသည့် ဓမ္မက္ခန္ဓာတရားပေါင်း ရှစ်သောင်းလေးထောင် များမြောင်လှစွာ ဓမ္မဝိနယသာသနာ အစ၏ [၃၃၂] ကောင်းခြင်း- အာဒိကလျာဏဂုဏ်၊ အလယ်၏ ကောင်းခြင်း- မဇ္ဈေကလျာဏဂုဏ်၊ အဆုံး၏ကောင်းခြင်း- ပရိယောသာနကလျာဏဂုဏ်၊ အနက်သဒ္ဒါပြည့်စုံခြင်း- သာတ္ထသဗျဉ္စနဂုဏ်၊ လိုကွက်, ဟာကွက် ပျော့ညံ့ကွက်နှင့် ဖြည့်စွက်စရာ မရှိခြင်း- ကေဝလပရိပုဏ္ဏဂုဏ်၊ တစ်စုံတရာအမှားပါခြင်း ပိုလွန်နေခြင်း အလျင်းမရှိ ပရိသုဒ္ဓဂုဏ်တို့နှင့် ပြည့်စုံရုံမျှမက ဗြဟ္မစရိယ ပကာသနီ နှစ်အဆီပြည့်ဝ ပဏ္ဍိတဝေဒနိယ ဖြစ်သော တရားတော်မြတ် ဒေသနာကို သေချာစေ့ငု သတ္တဝါတို့၏ အကျိုးကိုရှေ့ရှုလျက် ဓမ္မပဒေသလမ်းပြထုတ်ဖော် ဟောကြားတော်မူခဲ့သည်ဖြစ်ပါကြောင်း. . . . . . . ယင်းသို့ဟောကြား မြတ်ဘုရား၏ သွာက္ခာတတာ အစလာသည့် ဓမ္မရတနာအဖုံဖုံ မြင့်မြတ်သည့်ဂုဏ်ကို ပြည့်စုံတင့်ဆန်း ဆင်မြန်းခံယူ အောင်လံထူတော်မူခဲ့ကြသည့် အရှင်ကောဏ္ဍည အစ အရှင်သုဘဒ္ဒအဆုံး သိမ်းကျုံးတွက်ဆ အရိယာနွယ်ဝင်သံဃာတော်ထေရ်အရှင်တို့ ပါဝင်ဖွဲ့စည်း သံဃာ့ရတနာကြီးသည် အံ့ချီးဖွယ်ရာ ဤသာသနာ၌ ညီညာလျှမ်းတောက် ထွန်းကားပေါ်ပေါက်ခဲ့ ဖြစ်ပါကြောင်း. . . [၃၃၃] ယင်းသို့ ထွန်းတောက် ပေါ်ပေါက်၍လာ ညီညာလုံးစည်း ညီညွတ်သောသံဃာ့အဖွဲ့အစည်းကြီးသည် ဘုန်းမီးနေလ ထိန်ထိန်ပသည့် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသည့် နောက်အခါဝယ် အရှင်မဟာကဿပဦးစီးသည့် သံဃာ့မဟာထေရ်မြတ်ကြီးတို့ စည်းဝေးညွှန်ပြ ထေရဝါဒကို ခံယူကြလျက် ဓမ္မဝိနယသာသနာ ရှည်ကြာ ပြန့်ပွား ထွန်းကားစေရေး ညှိနှိုင်းတိုက်ဆိုင်ကာ အတည်ပြုပေးခြင်းဟူသော ‘တိပိဋကဓမ္မဝိနယ သင်္ဂါယနာသဘင်ပွဲ'ကို ရှေးဦးစွာ ဆင်နွှဲကြလျက် အစဉ်အမြဲ သတိမကွာ သာသနာတော် အရှည်တည်တံ့အောင် ဆောင်ရွက်တော်မူခဲ့ကြသည်ဖြစ်ပါကြောင်း. . . . ယင်းသို့ ဆောင်ရွက်တော်မူခဲ့ကြသဖြင့် ဆက်လက်ရှင်သန် ဓမ္မခန်တရား ထွန်းကားပြန့်ပွားလာခဲ့ရာ နောက်ပိုင်းအခါဝယ် နာနာဇနပဒ ဒေသမျိုးစုံ အတွေ့အကြုံကွဲပြား နာနာကုလ လူမျိုးခြားတို့ တိုးပွားလာရာ ဤသာသနာ၌ ကရုဏာပဓာန ဝိနယဒေသနာ စည်းကမ်းပိုင်းဆိုင်ရာဝယ် သဒ္ဓါယွင်းပ မမှန်မကန်သော အယူအဆများကို သွတ်သွင်းလာခဲ့ကြသဖြင့် အရှင်ယသ ဦးဆောင်သည့် ခုနစ်ရာကျော် သံဃာတော်များ စည်းဝေးလျက် ရှေးနည်းမပျက် ဝိနယစည်းကမ်းပိုင်းဆိုင်ရာ အသက်ဆက်စေဖို့ မပျက်မကွက် ဆောင်ရွက်တော်မူခဲ့ကြသည့် ‘ဝိနယသင်္ဂါယနာ’ ကို ဆောင်ရွက်တော်မူခဲ့ကြသည်ဖြစ်ပါကြောင်း. . . . . . . [၃၃၄] တဖြာထိုမှ အရှင်မဟာမောဂ္ဂလိပုတ္တတို့ ဦးဆောင်သည့် သံဃာတော်များအစည်းအဝေးက ဒေသနာဓမ္မ အရေးအရာ လွဲမှားစွာ ယူဆမှုတွေ များပြားလာသဖြင့်, သေချာစိစစ် မြတ်ဘုရား၏ ဝိဘဇ္ဇဝါဒအစစ်ကို စနစ်တကျဝေဖန်ကာ ဒေသနာယုတ္တိ ထုံးရှိမျှော်တွေး အတည်ပြုပေးခြင်းဟူသော “အဘိဓမ္မသင်္ဂါယနာ”။ တဖြာထိုမှ နောင်ကာလဝယ် ဓမ္မဓရ ပုဂ္ဂလတို့ တစတစယိုယွင်း သတိဝီရိယတို့ ဆုတ်ယုတ်လာခြင်းကိုအကြောင်းပြုလျက် ပေါင်းစုညီညာ ထေရ်သံဃာတို့ မြန်စွာစည်းဝေး ဓမ္မဝိနယအသွယ်သွယ် ပျောက်ကွယ်မည့်အရေး မျှော်တွေးဆင်ခြင်ကာ “ပေါတ္ထကာ စူဠသင်္ဂါယနာ” ပေထက် အက္ခရာတင်ကြပြီးလျှင် ဗုဒ္ဓဝစန မူလအချက် မပျောက်ပျက်အောင် ဆောင်ရွက်တော်မူခဲ့ကြသည်ဖြစ်ပါကြောင်း. . . . ထိုမှတဖြာ သာသနာနှစ် ၂၄၀၀ သို့ ရောက်ရှိလာသည့်အခါဝယ် ထွန်းတောက်သာသနာ ပြည်မြန်မာ၌ ကြည်သာရွှင်ပြုံး ဘုရင်မင်းတုန်း၏ ရွှေလက်ထက်တော်အခါ ညီညာဖွေးလက် ကျောက်ပြားထက်ဝယ် ရေးစီလျက် ဓမ္မဝိနယ အရှည်တည်ရေး မျှော်တွေးစီစဉ် သေလက္ခရာစူဠသဘင်ကို ဆင်ယင်ကျင်းပတော်မူခဲ့ကြသည့် ‘တိပိဋက စိရဋ္ဌိတီ သင်္ဂါယနာ’။ တဖြာထိုမှ ပိဋက၌ ယွင်းကျပျက်ယို အပိုအလို ရောစွက် ပါဌ်ပျက်အက္ခရာ မပါမဝင် လွန်သန့်စင်အောင် သုတ်သင်တည်းဖြတ် သပ်ရပ်ပြည့်စုံအောင် ပုံနှိပ်လုပ်ဆောင်ခြင်းဟူသော ‘တိပိဋကဝိသောဓန သင်္ဂါယနာ” အားဖြင့် သာသနာသက်ဆင်း နှစ်ထောင့်ငါးရာ နှစ်ကာလအတွင်း [၃၃၅] ဝယ် ခြောက်ကြိမ်တိုင်တိုင် သင်္ဂါယနာတင်ခြင်း တိုက်ဆိုင်ညှိနှိုင်းခြင်းဖြင့် ထန်ပြင်းလုံ့လ မြတ်ဗုဒ္ဓ၏ အဆုံးအမသာသနာ ဓမ္မက္ခန္ဓာတို့ ရှည်ကြာတည်ရေး ဉာဏ်မျှော်တွေးကာ အလေးပေး ဆောင်ရွက်တော်မူခဲ့သည် ဖြစ်ပါကြောင်း...။

ယင်းသို့ မပျက် အလေးပေးဆောင်ရွက်တော်မူခဲ့ကြသဖြင့် ကမ္ဘာ့အလယ် ခန့်ထည်ရှိန်ဝါ မြတ်ဗုဒ္ဓ၏ သာသနာဝယ် “ဝိနည်းသည်သာ သာသနာ့အသက်'ဟု နှစ်သက်ယုံကြည် “ဝိနည်းတည်မှ သာသနာတည်မည်'ဟူသော ခံယူချက်ဖြင့် စံနမူမပျက် လိုက်နာကျင့်ဆောင် အမြင့်ခေါင်ဖျား သာသနာတော်ဝယ် အလွန်ထင်ရှားသည့် “ရွှေကျင်ဆရာတော်ဘုရားကြီး' ဦးစီးသည့် ရွှေကျင်နိကာယ သံဃာ့အဖွဲ့အစည်းကြီးသည် ရှုမငြီးပေါ်လွင် သာသနာ့ကောင်းကင်ပြင်ဝယ် တိမ်စင်လအလား သွင်ပြင်ခြားနားလျက် ထင်ရှားစွာ ပေါ်ထွန်းခဲ့သည်ဖြစ်ပါကြောင်း . . ယင်းသို့ပေါ်ထွန်း လပြည့်ဝန်းအလား ထူးခြားတင့်တယ် တာရာကြယ်အပေါင်း ခညောင်းဝန်းရံ သာသနာ့ကောင်းကင်နဘံဝယ် အောင်လံလွှင့်ထူ အဆင့်မြင့်တလူလူဖြင့် ကျင့်မူ အလေးထား ရွှေကျင်နိကာယဂိုဏ်းသားတို့ စိတ်ထားတူညီ သာမဂ္ဂီဟု မနသီနှလုံးသား ပိုင်းခြားမထင် ရွှေပြားနှစ်ချပ် ဆက်စပ်သည့်အသွင်ဖြင့် ဂုဏ်တင်စံပြု ညီညွတ်မျှ အလေး [၃၃၆] ပေးလျက် သာသနာသွေး ရဲရဲညီ သာမဂ္ဂီဖြစ်အောင် သတိဆောင်လျက် (တစ်ဆယ့်ရှစ်ကြိမ်တိုင်အောင်သော) ဂိုဏ်းလုံးကျွတ်သံဃာအစည်းအဝေးကြီးများကို ကျင်းပပြီးစီးခဲ့ပါကြောင်း . . . . ။

ယခုအခါ မြန်မာသက္ကရာဇ် တွက်စစ် ရောက်လာ (တစ်ထောင့်သုံးရာ ခုနစ်ဆယ့်ခြောက်ခု)ရတုဟေမန် ကောင်းကင်ယံ၌ တိမ်ပျံထက်က ထွန်းတောက်ပသည့် မာဃနက္ခတ် စန်းမြတ်ယှဉ်တွဲ တပို့တွဲဟု ပေါက်လဲပွင့်တုံ ရာသီကုမ်၏ ဆန်းကြုံခါစ ၈ ရက်, ၉ ရက်, ၁၀ ရက်နေ့ အခါသမယဝယ် သာစွဌာနီ တောရိပ်မှီသည့် မှော်ဘီရိပ်ငြိမ် ဆေကိန္ဒာရာမ တောရဇေတဝန် တံခွန်ထူစိုက် ဤကျောင်းတိုက်၌ နှစ်ခြိုက်ကြည်သာ ညီညာစုရုံး သာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့ဥသျှောင် ဂုဏ်ရောင်ကြီးမား ဆယ့်လေးပါးမြောက် ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးနှင့်တကွ သံဃာ့ထေရ်ကြီးတို့ ရှေ့ဆောင်ဦးစီး(၁၉ ကြိမ်မြောက်)ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေးကြီးကို ဝေးနီးကြွလာ တစ်ထောင်ကျော်ထေရ်မဟာတို့ ဝင်ပါဆင်နွှဲ ညီညာသည့်စိတ်ဇွဲဖြင့် ထန်ကဲလုလ္လ ‘သမဂ္ဂါနံ တပေါ သုခေါ’ မိန့်မှာသည့် ဒေသနာစကားအရ ရွှေကျင်နိကာယသာသနာ ရှည်ကြာတည်ရေး ဆွေးနွေးဆုံးဖြတ် နှလုံးဓာတ်ကြည်ဖြူ အောင်လံကြီးစိုက်ထူကြပြီးလျှင် အောင်တေးသံ ဟစ်ဆို [၃၃၇] ကြွေးလျက် အောင်သာဓုသံ အကြိမ်ကြိမ် ပေးလိုက်ကြကုန်ရာသတည်း ။

ရေးသားပူဇော်သူ - အရှင်နန္ဒမာလာဘိဝံသ
မဟာသုဗောဓာရုံကျောင်းတိုက်၊
စစ်ကိုင်းမြို့။
ဖတ်ကြားပူဇော်သူ - အရှင်အဘိဇာတာဘိဝံသ
သဒ္ဓမ္မဇောတက
သုဗောဓာရုံကျောင်းတိုက်၊ စစ်ကိုင်းမြို့။ နန္ဒဝန်ရပ်၊ မုံရွာမြို့။

[၃၃၈] မတ္တရာမြို့နယ်- ကျွဲထပ် ပုဂံစုရွာ၊ လေသာကျောင်းတိုက် သာသနကမ္မသမဂ္ဂကရဏီ သိမ်တော် အောင်မင်္ဂလာစာတမ်း

ဇယတု'ယံ နမော တဿ၊ သမ္ဗုဒ္ဓဿ သိရီမတော။
ဌာတု'ယံ သာသနကမ္မ - သမဂ္ဂကရဏီ သိမာ။
အယံ- ညီညာပြုကြ ဤသီမာသမ္မုတိကိစ္စသည်၊ ဇယတု- အောင်မြင်ပါစေသတည်း၊ သမ္ဗုဒ္ဓဿ- ဉေယျဓမ်အားလုံး သိမ်းကြုံးကုန်စင် သိမြင်တော်မူတတ်သော၊ သိရီမတော- ထူးကဲစုံလင် ကျက်သရေရှင်ကြီး ဖြစ်တော်မူသော၊ တဿ- ထိုမြတ်စွာဘုရားအား၊ နမော- ရိုသေမြတ်နိုး ရှိခိုးပါ၏၊ အယံသာသနကမ္မသမဂ္ဂကရဏီ သိမာ- မတ္တရာမြို့နယ် ကျွဲထပ် ပုဂံစုရွာ လေသာအရာမ် ဝိသုံဂါမ်ထုတ်ဖော် ဤသာသနကမ္မ သမဂ္ဂကရဏီသိမ်တော်သည်၊ ဌာတု- သာသနာငါးထောင် ရှည်အောင်မသွေ တည်ပါစေသတည်း။

[၃၃၉] ဗောဓိညောင်ဝန်း အောင်မြေကွန်း၌ ရံဝန်းလည်ပတ် မာရ်စစ်တပ်ကို တံ့ရပ်မနား ဆုတ်ရှားပြေးစေ အောင်မြေထိပ်ထက် မေတ္တာစက်ဖြင့် ဖြိုဖျက်ရှင်းလင်း အောင်ပွဲခင်းနိုင်ခဲ့သော- သုံးလောကထွတ်ထား မြတ်ဘုရားသည် တပည့်သား သာဝက သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့၏ မှုခန်းဖြာဖြာ သံဃာ့ရေးရာကိစ္စ အဝဝတို့ကို သမဂ္ဂသရုပ်ပီ တညီတည်း ဆောင်ရွက်စေနိုင်ရန် ဝေဖန်နှိုင်းချိန် သိမ်ဟုခေါ်ကြ ဌာနတစ်ရပ် ပညတ်မိန့်ချွေ သမုတ်စေတော်မူခဲ့သည် ဖြစ်ပါကြောင်း။

ယင်းသို့ပညတ် သမုတ်စေအပ်သည်နှင့်ညီစွာ မတ္တရာမြို့ရပ် 'ကျွဲထပ်ပုဂံစုရွာ” ဂေါစရဂါမ်ရှိသော 'လေသာကျောင်းတိုက်' ကမ္ပည်းစိုက်ဘိ သံဃိကအရာမ် ဘူနက်သန်ဝယ် ဝိသုံဂါမ် သနား အစိုးရတို့ အပိုင်စားပေးရာဌာန မဏ္ဍလ၌ စစ်ကိုင်းမြို့ - မဟာသုဗောဓာရာမ နာယကဆရာတော် အရှင်နာရဒ၊ တိုက်အုပ်ဆရာတော် အရှင်ဉာဏဗလတို့ ဦးစီးလျက် မတ္တရာမြို့ ကျွဲထပ် ပုဂံစု လေသာကျောင်းဆရာတော် အရှင်ဩဘာသ စသော သံဃာတော်များသည် ၁၃၃၄ ခု ကဆုန်လပြည့်ကျော် ၁၄ ရက်နေ့အခါတွင် သီမာသမူဟန ကမ္မဝါမိန့်စာဖြင့် အခါခါအထပ်ထပ် သိမ်ဟောင်းကို နှုတ်လတ်၍၊ ၁၅ ရက်နေ့ ကြုံတွေ့ မင်္ဂလာ ချိန်အခါ၌ သီမာသမ္မုတိ ဉတ္တိဒုတိယကမ္မဝါ အခါခါရွတ်ဖတ် ဤသာသနကမ္မ သမဂ္ဂကရဏီသိမ်တော်မြတ်ကို သမုတ်အပ်သည်ဖြစ်ပါကြောင်း။

[၃၄၀] ယင်းသို့ သမုတ်အပ် ဤသိမ်တော်မြတ်သည် မတ္တရာ ကျွဲထပ် ပုဂံစုရွာ သိမ့်ဒကာ ဒကာမတို့က သာသနာနုဂ္ဂဟ ထာဝရကုသိုလ် ပြုလိုအားရ ပံ့ထောက်ကြသောကြောင့်လည်းကောင်း၊ ကမ္မာကမ္မ ကောသလ္လဉာဏ်ပို ဝိနည်းဓိုရ်အကျော် ဆရာတော်အများ ဝိနည်းတရားနှင့်အညီ အလီလီအထပ်ထပ် သမုတ်အပ်သောကြောင့်လည်းကောင်း၊ အတိခုဒ္ဒိကာ အတိမဟတီ စသည် စုရုံး သိမ်ပျက်ဆယ့်တစ်လုံးမှ လွတ်လပ်၍ နိမိတ်, ကမ္မဝါ, ပရိသတ် သုံးရပ်သောသမ္ပတ္တိ နိမိတ်ချင်းစပ်ထိ၍ နှံ့သိပထဗျာ အာဏာစူးရှ သာသနာ့ငါးထောင် ကြာအောင်သက်ဆင်းလျက်၊ ၁၃၃၄ ခု၊ ကဆုန်လပြည့်ကျော် ၁၅ ရက်၊ ထက်မြက်ရှိန်ဝါ မင်္ဂလာအခါတွင် ထူးကဲစွာ အောင်မြင်ခြင်းသို့ ရောက်ခဲ့ပါသတည်း။

အရှင်နန္ဒမာလာဘိဝံသ
မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်းမြို့။

[၃၄၁] တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မောင်းမကန် ပန်းတင်းအင်းရွာ ကျောင်းသစ်ကျောင်း၊ သိရီဝိဇယသမဂ္ဂကရဏီသိမ်တော် ဇယမင်္ဂလာစာတမ်း

ဇယတု နော နမော တဿ၊ သမ္ဗုဒ္ဓဿ သိရီမတော။
ဌတွာယံ သိရီဝိဇယ-သမဂ္ဂကရဏီ သိမာ။
ဇယတု- အန္တရာယ်ခပင်း ရန်သွယ်ရှင်းလျက် ကောင်းခြင်းမင်္ဂလာ အောင်ခြင်းကြီး အောင်မြင်ပါစေသတည်း။ သမ္ဗုဒ္ဓဿ- သိဖွယ်လုံးစုံ ဉာဏ်ဖြင့်ခြုံ၍ စွမ်းကုန်ကြည်လင် သိမြင်တော်မူတတ်သော၊ သိရီမတော- ဦးတချချ ဖူးမဝအောင် မြူးကြွသပ္ပါယ် လွန်တင့်တယ်သည့် ကြီးငယ်လက္ခဏာ အဖြာဖြာတို့ လွန်စွာစုံလင် ကျက်သရေရှင် ဖြစ်တော်မူထသော၊ တဿ (ဘဂဝတော)- ငါးမာရ်အောင်မြင် ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးအား၊ နော- သာသနာ့ဝန် လွန်ကျေပွန်ဖို့ အားသွန်ထမ်းပျော် တပည့်တော်တို့၏၊ နမော- ဦးညွတ်ရိုကျိုး သဒ္ဓါဖြိုးလျက် ရှိခိုးခြင်းသည်၊ အတ္ထု- စင်စစ်မသွေ ဖြစ်ပါစေသတည်း။

[၃၄၂] သိရီဝိဇယသမဂ္ဂကရဏီ- ကျက်သရေလျံ အောင်ပွဲခံလျက် စစ်မှန်ပေါင်းစု ညီညွတ်မျှဖြင့် ဝိနယုပဒေသာ ကမ္မာကမ္မ မှန်သမျှအထွေထွေ ပြုလုပ်ရာဖြစ်ပေသော၊ အယံ သိမာ- ဝိသုံဂါမ မဏ္ဍလ၌ စံပြထင်ပေါ် ဤမြတ်သိမ်တော်သည်၊ ဌာတု- ငါးထောင်သာသနာ ဂုဏ်ရောင်ဖြာလျက် ရှည်ကြာမသွေ တည်ရှိပါစေသတည်း။

ဗောဓိညောင်ဝန်း အောင်မြေကွန်းဟု တင့်ရွှန်းတေဇာ အပရာဇိတ ပလ္လင်မ၌ ဒေဝရန်စစ် မာရ်ဆိုးညစ်ကို စင်စစ်တွန်းလှန် အောင်ပွဲခံတော်မူခဲ့သော သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် တပည့်သားသာဝက သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့၏ မျှခန်းအဖြာဖြာ သံဃာ့ရေးရာကိစ္စ အဝဝတို့ကို သမဂ္ဂသရုပ်ပီ ကိုယ်စိတ်ညီလျက် ချစ်ကြည်အတူတကွ ဧကာဝါသသဘော နို့နှင့်ရေ ရောသကဲ့သို့ ချောမောပြေလည် တညီတည်းဆောင်ရွက်စေနိုင်ရန် ဝေဖန်နှိုင်းချိန် ဤသည့်သိမ်ကို ကြိမ်ကြိမ်မြွက်ဖော် ပညတ်ခွင့်ပြုတော်မူခဲ့သည်ဖြစ်ပါကြောင်း။

ယင်းသို့ပညတ် သိမ်အရပ်ရပ်တွင် ဖွဲ့အပ်ကမ္မဝါ သီမာဗုဒ္ဓမျိုး အကျိုးသာသနာ ရှေးရှုကာဖြင့် တနင်္သာရီတိုင်း ရှုတိုင်းသာယာ သေလာမြင့်ခေါင် တောတောင်အုပ်ဆိုင်း မှိုင်းမှိုင်းမို့မို့ ညို့ညို့ပြာပြာ အဏ္ဏဝါပင်လယ် ရံသွယ်ရှုမငြီး ထားဝယ်မြို့အနီး အံ့ချီးဖွယ်အတန်တန် 'မောင်းမကန် ပန်းတင်အင်း’

[၃၄၃] ဂုဏ်သတင်းခညောင်း ‘ကျောင်းသစ်ကျောင်း’၌ စုပေါင်းစုံစွာ ထေရ်မဟာတို့နှင့် အတူတကွ ‘အရှင်သောဘဏ’ ဌာနလက်ကိုင် ကျောင်းထိုင်ဆရာတော် ပုဂ္ဂိုလ်ကျော်တို့သည် နိုင်ငံတော်အစိုးရ အမိန့်ချစည်းတား ထူးခြားစစ်မှန် ဝိသုံဂါမ်မည်ရ မဏ္ဍလ၌ သီမာသမူဟနကမ္မဝါ အခါခါရွတ်ဖတ် သိမ်ဟောင်းကို နှုတ်လတ်၍ ကင်းပြတ်သမ္ဘေဒ အဖျောတ္တရဏမရှိ ပကတိသန့်စင် မြေအပြင်ဝယ် ထေရ်ရှင်များစွာ ညီအညာဖြင့် သီမာသမ္မုတိ ဉတ္တိဒုတိယကမ္မဝါ မှန်စွာရွတ်ဖတ်လျက် ၁၃ ခု၊ လ၊ ရက်၊ နေ့ မင်္ဂလာအခါတွင် သိရီဝိဇယ သမဂ္ဂကရဏီ-ဂုဏ်ရည်ပေါ်လတ် ဤဝိသုံဂါမသိမ်တော်မြတ်ကို သမုတ်အပ်သည်ဖြစ်ပါကြောင်း။

ယင်းသို့ သမုတ်အပ် ဤသိမ်တော်မြတ်သည် ဆင့်ထပ်ကြောင်းခံ “မောင်းမကန် ပန်းတင်အင်း” နေရင်းဌာန ‘ဦးလှိုင်ရွှေ+ဒေါ်သန်းသန်း’ မိသားစု သိမ်ဒကာ သိမ်အမတို့က သာသနနုဂ္ဂဟ ထာဝရကုသိုလ် ပြုလိုပြင်းပြ လှူဒန်းထောက်ပံ့ကြသောကြောင့်လည်းကောင်း၊ ကမ္မာကမ္မကောသလ္လဉာဏ်ပို ဝိနည်းဓိုရ်အကျော် ဆရာတော်အများက ဝိနည်းတရားတော်နှင့်အညီ အလီလီအထပ်ထပ် ကမ္မဝါရွတ်ဖတ်လျက် သမုတ်အပ်သောကြောင့်လည်းကောင်း အတိခုဒ္ဒကာ အတိမဟတီ စသည်စုရုံး သိမ်ပျက်တဆဲ့တလုံးမှ လွတ်လပ်၍ နိမိတ် ကမ္မဝါ ပရိသတ် သုံးရပ်သော သမ္ပတ္တိ နိမိတ်ချင်း စပ်ထိလျက် နှံ့သိပဿဗျာ [၃၄၄] အာဏာစူးရှလျက် ထာဝရထွန်းပြောင် ငါးထောင်သာသနာ ရှည်ကြာထွန်းတောက် အောင်မြင်ခြင်းသို့ ရောက်ခဲ့လေသတည်း။

အရှင်နန္ဒမာလာဘိဝံသ မဟာသုဗောဓာရုံတိုက်၊ စစ်ကိုင်း။

[၃၄၅] စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ မဟာနန္ဒိယာရာမ ပေါ်တော်မူကျောင်းတိုက်၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သော အာစရိယဂုဏဝိသိဋ္ဌပူဇာ ရှစ်လုံးဘွဲ့ကဗျာ

(၁) ဇေယျာ စစ်ကိုင်း ၊ သစ်လှိုင်းထင်ပေါ်။
ဗောဓာရုံတိုက် ၊ သမိုက်တွင်ခေါ်။
တပည့်အပေါင်း ၊ ခညောင်းရံပျော်။
မထေရ်မြတ် ၊ ကြွလတ် ရွှေပွဲတော်။
ကန်တော့ပန်း ၊ ဆက်ကမ်း တူပျော်ပျော်။
(၂) ဝန်ဆောင်နာယက ၊ မည်ရအကျော်
ရွှေကျင်ဂိုဏ်းက ၊ ဆက်သပူဇော်။
ဂုဏ်ရည်သတင်း ၊ ပျံ့သင်း ထင်ပေါ်။
မထေရ်မြတ် ၊ ကြွလတ် ရွှေပွဲတော်။
ကန်တော့ပန်း ၊ ဆက်ကမ်း တူပျော်ပျော်။

[၃၄၆] (၃) ဗဟိုသံဃ ၊ နာယကအကျော်။
နိုင်ငံတော်က ၊ ဆက်သပူဇော်။
ဂုဏ်ရည်သတင်း ၊ ပျံ့သင်းထင်ပေါ်။
မထေရ်မြတ် ၊ ကြွလတ် ရွှေပွဲတော်။
ကန်တော့ပန်း ၊ ဆက်ကမ်း တူပျော်ပျော်။
(၄) အဂ္ဂပဏ္ဍိ ၊ မည်ရှိဘွဲ့တော်။
နိုင်ငံတော်က ၊ ဆက်သပူဇော်။
ဂုဏ်ရည်သတင်း ၊ ပျံ့သင်းထင်ပေါ်။
မထေရ်မြတ် ၊ ကြွလတ် ရွှေပွဲတော်။
ကန်တော့ပန်း ၊ ဆက်ကမ်း တူပျော်ပျော်။
(၅) ဂန္ထကာရက ၊ မည်ရအကျော်။
ကျမ်းစာရေးသား ၊ အများ ကျိုးမျှော်။
ဂုဏ်ရည်သတင်း ၊ ပျံ့သင်းထင်ပေါ်။
မထေရ်မြတ် ၊ ကြွလတ် ရွှေပွဲတော်။
ကန်တော့ပန်း ၊ ဆက်ကမ်း တူပျော်ပျော်။

အရှင်နန္ဒမာလာဘိဝံသ။

[၃၄၇] သာသနတက္ကသီလဓမ္မာစရိယဘွဲ့ရ အရှင်သိရိန္ဒ ချီးကျူး ဂုဏ်ပြုပူဇော်အပ်သော ရှစ်လုံးဖွဲ့ကဗျာ

၁။ မန္တလေးတိုင်း၊ ရှုတိုင်းသာယာ။
မတ္တရာ ပန်းရ၊ လျှမ်းပဂုဏ်ဝါ။
ရှင်သိရိန္ဒ၊ ဘွဲ့ရမည်သာ၊
အရှင်မြတ်၊ ဖွားလတ် ဇာတိပါ။
၂။ ဦးအောင်ငြိမ်းဟု၊ အောင်ကိန်း မျှော်မြင်။
ဒေါ်လှသောင်းနှင့်၊ ကြောင်းကျိုးစုံလင်။
နှစ်ဖြာ မိဘ၊ ကြီးလှ ဂုဏ်အင်၊
အရှင်မြတ်၊ ဖွားလတ်သန့်၍ စင်။
၃။ ထောင့်သုံးရာဟု၊ နှစ်ပြု ကောဇာ။
သုံးဆယ့်တစ်ခု၊ ရတု သာယာ။
ပြာသိုလတက်၊ ကျော်တစ်ရက်မှာ။
သောကြာနေ့၊ ကြုံတွေ့ဖွားမြင်လာ။

[၃၄၈] ၄။ နှစ်ဖြာ မိဘ၊ ကြီးလှ ဂုဏ်အင်။
ဆရာရှင်မြတ်၊ နှင်းအပ်စုံလင်။
ပညာတတ်ရေး၊ ကြံတွေးအစဉ်။
ငယ်စဉ်က၊ ကျနသွန်အသင်။
၅။ သာသနာမြတ်၊ နှင်းအပ် စုံစွာ၊
ရှင်သိရိန္ဒ၊ ဘွဲ့ရမည်သာ။
ဓမ္မရွှေကျမ်း၊ သင်တန်းဖွေရှာ။
လုံ့လဇွဲ၊ အားခဲ သင်၍လာ။
၆။ မြို့နယ် မိုးကုတ်၊ အဟုတ် ထင်ပေါ်။
အုတ်ဖိုရွှေကျောင်း၊ ကိန်းအောင်း ရွှင်ပျော်။
ဆရာတော်ကြီး၊ ထံနီး ကော်ရော်။
ရဟန်းမြတ်၊ ဖြစ်လတ်အောင်ပွဲကျော်။
၇။ တက္ကသီလ၊ မည်ရအကျော်။
နိုင်ငံတော်က၊ ဖွင့်ပြထင်ပေါ်။
ပညာသင်ကြား၊ ကြိုးစားလေသော်။
အောင်ပွဲရ၊ ဓမ္မဆရာကျော်။
ရှင်သိရိန္ဒ၊ ဘွဲ့ရမည်သာ။
ဂုဏ်ဝါထူးတင့်၊ ဖူးပွင့်ဝေဆာ။
ပညာတန်ခိုး၊ တက်ဖြိုးလွန်စွာ။
ကျန်းမာကြောင်း၊ ဆုတောင်းပို့မေတ္တာ။

အရှင်နန္ဒမာလာဘိဝံသ။

nbkxv425aw3ce9k1jbiq0kajmtkncf2
ဓမ္မတာဝန်
0
6465
22330
2026-11-05T15:08:29Z
Tejinda
173
"{{header | title = ဓမ္မတာဝန် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဓမ္မဂီတိကာ]] | previous2 = ဒုစ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22330
wikitext
text/x-wiki
{{header
| title = ဓမ္မတာဝန်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဓမ္မဂီတိကာ]]
| previous2 = [[ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ]]
| next = [[ဓမ္မမှတ်ကျောက်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဓမ္မမှတ်ကျောက်

[၁] သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ် သီတင်းကျွတ်လဆန်း ၇-ရက်နေ့၊ မုံရွာမြို့ အေးသာယာရပ် ရဟန်းဒါယကာဦးတင်ထွန်း + ရဟန်းဒါယိကာမဒေါ်ကျင် မိသားစုတို့၏ သုတာရာမကျောင်းတိုက် နှင့် မုံရွာမြို့ အောင်မင်္ဂလာရပ် စန်းသရဖူ ပွဲရုံပိုင်ရှင် ဦးသိန်းမြင့် + ဒေါ်စန်းစန်းဝင်း မိသားစုတို့၏ ရေစင်တော် ရေစက်ချ အလှူမင်္ဂလာ အကြိုဓမ္မသဘင်၌ ဟောကြားအပ်သော ဓမ္မမှတ်ကျောက် ဒေသနာတော်။

ဓမ္မမှတ်ကျောက်-မှတ်ကျောက်ဆိုတာ ရွှေစစ်,မစစ် ဆိုတာကို စစ်ဆေးတဲ့အခါမှာ အသုံးပြုတယ်၊ အင်္ဂလိပ်လို criteria လို့ ခေါ်တယ်၊ ရွှေစစ်, မစစ် မှတ်ကျောက်တင်ပြီး ကြည့်ရသလို ဓမ္မနဲ့ ပတ်သက်လို့ရှိရင် မြတ်စွာဘုရား ဟောတဲ့တရား ဟုတ်,မဟုတ် ဓမ္မမှတ်ကျောက်မှာ တင်ပြီးတော့ ကြည့်ရတယ်၊ မြတ်စွာဘုရားကိုယ်တော်တိုင်က ဓမ္မမှတ်ကျောက်အနေနဲ့ ဟောထားတဲ့ သုတ္တန်တွေ ရှိတယ်၊ [၂] တရားဓမ္မနဲ့ ပတ်သက်ပြီး ဒီတရားဟာ ဘုရားဟောတဲ့ တရားသူကိုယ်တိုင် ဘုရားဆီက နာခဲ့ရတာ၊ သို့မဟုတ် ဘယ်စာထဲမှာ ပါတယ်၊ ဘယ်စာအုပ်ထဲမှာ ရေးထားတာလို့ ပြောဆိုကြတဲ့အခါ ကျန်တစ်ဖက်သားကလည်း မဟုတ်ဘူးလို့ ငြင်းကြတယ်၊ ငြင်းကြတဲ့အခါမှာ ဓမ္မနဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ဖြစ်ပွားကြတယ်၊ ဖြစ်လည်း ဖြစ်ပွားခဲ့ဖူးတယ်။

မြတ်စွာဘုရား လက်ထက်တော်တုန်းက အမှန်တရားနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အမြောက်အမြား ရှိခဲ့တယ်၊ အဲဒီလို အငြင်းပွားတာဟာ ကောင်းလား? မကောင်းဘူးလား? ဆိုတော့ မြတ်စွာဘုရားက မကောင်းဘူးတဲ့၊ ဘာဖြစ်လဲဆိုတော့ အငြင်းပွားလို့ရှိရင် အကုသိုလ် ဖြစ်တယ်၊ အဲဒီတော့ မငြင်းနဲ့၊ ဓမ္မမှတ်ကျောက်လေး ကိုယ်စီ ကိုင်ထားပြီးတော့ ရွှေစစ်, မစစ် သိချင်ရင် မှတ်ကျောက်တင်ပြီးတော့ ကြည့်ရသလို မြတ်စွာဘုရား ဟောထားတဲ့ တရားဓမ္မတွေကို ကြည့်ပြီးတော့ တို့သိထားတဲ့ တရားဟာ ဘုရားဟောကြားထားတဲ့ တရားလား, တို့သိထားတဲ့ အကြောင်းအရာဟာ ပိဋကတ် ၃-ပုံထဲမှာ ပါတဲ့ ဓမ္မစစ်လားဆိုတာ သိချင်ရင် ဒီမှတ်ကျောက်လေးနဲ့ တိုက်ကြည့်ရတယ်၊ ကိုယ့်ရဲ့အရည်အသွေးကို သိချင်ရင်လည်း ဒီဓမ္မမှတ်ကျောက်ပေါ်တင်ပြီး ကြည့်ရတယ်။

[၃] မြတ်စွာဘုရားက “ဝိဝါဒံ ဘယတော ဒိသွာ အဝိဝါဒဉ္စ ခေမတော” “ဝိဝါဒ’ ဆိုတာ ကိုယ်က တစ်မျိုး ပြောတယ်၊ သူက တစ်မျိုးပြောတယ်၊ အဲဒီလို သူတစ်မျိုး ကိုယ်တစ်မျိုးပြောလို့ မတူညီတော့ဘူးဆိုတာနဲ့ မတူညီတဲ့ အပြော ၂-ခုပေါ်မူတည်ပြီး သူ့ဟာမှန်တယ် ငါ့ဟာမှန်တယ်ဆိုပြီး ဖြစ်ပေါ်မလာဘူးလား၊ အဲဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး သူမှန်တယ်, ငါမှန်တယ်လို့ အငြင်းပွားနေရင် ဘာဖြစ်လဲဆိုရင် အကုသိုလ်တွေ ဖြစ်တယ်တဲ့။

ဒါကြောင့်မို့လို့ ဝိဝါဒမှာ “ဝိ” ဆိုတာ- ထူးခြားပြီး တစ်ဦးနဲ့တစ်ဦးမတူတဲ့, ‘ဝါဒ’ဆိုတာ ပြောတာ၊ အဲဒီတစ်ဦးနဲ့တစ်ဦး မတူညီတဲ့ ပြောဆိုချက်တွေဟာ, ‘ဘယ' ကြောက်စရာ ကောင်းတယ်၊ ဘာပြုလို့ ကြောက်စရာကောင်းလဲ ဆိုရင် အကုသိုလ် ဖြစ်လာနိုင်လို့၊ ဓမ္မနဲ့ ပတ်သက်ပြီး အကုသိုလ် မဖြစ်သင့်ဘူး၊ ဘာကို အကြောင်းပြုပြု အကုသိုလ် မဖြစ်သင့်ဘူး၊ တချို့လူတွေက ပြောတယ် - ကရုဏာနဲ့ပြောတဲ့ ဒေါသ၊ စေတနာနဲ့ပြောတဲ့ ဒေါသ၊ အပြစ်မရှိသယောင်ယောင် ပြောတယ်၊ ကောင်းကျိုးလိုလားတဲ့ စေတနာထားပေမယ့် ဒေါသဟာ ဒေါသပဲ၊ မကောင်းဘူး။

[၄] နှစ်ပိုင်းခွဲပြီး မှတ်ရမယ်၊ ကရုဏာဒေါသ-ကရုဏာကို အခြေခံပြီးတော့ ဖြစ်ပေါ်လာတဲ့ ဒေါသ၊ ကရုဏာက ကောင်းတယ် ဒေါသက မကောင်းဘူး၊ အကောင်းအဆိုး ရောမနေဘူးလား၊ ဒေါသဆိုတာ ဘယ်နေရာပဲ ဖြစ်ဖြစ် အကောင်းတရား မဟုတ်ဘူး အဆိုးတရား၊ ဒေါသဆိုတဲ့ အဓိပ္ပါယ်က ဖျက်ဆီးခြင်းလို့ အဓိပ္ပါယ်ရတယ်၊ ဘာတွေကို ဖျက်ဆီးပစ်တာလဲဆိုတော့ ဒေါသဖြစ်လာတဲ့ ပုဂ္ဂိုလ်ရဲ့ အခြေအနေတွေဟာ ပျက်စီးမသွားဘူးလား၊ နဂိုက ငြိမ်သက်အေးချမ်း တည်ငြိမ်နေတဲ့စိတ်ကို ဖျက်ဆီးပစ်လိုက်တာဟာ ဘယ်ကောင်းမလဲ၊ ဒါကြောင့်မို့ ဒေါသဆိုတာ မကောင်းဘူး၊ စိတ်ဓာတ်ကိုသာ ဖျက်ဆီးတာမဟုတ်ဘူး၊ ရုပ်ကိုလည်း ဖျက်ဆီးတယ်၊ ဒေါသဖြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာကို ကြည့်ပေါ့၊ ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ မျက်နှာသည် အရုပ်ဆိုး အကျည်းတန်သွားတယ်၊ ပင်ကိုယ်က ကြည့်ပျော်ရှုပျော်ရှိတဲ့ ပုဂ္ဂိုလ်ပင် ဖြစ်လင့်ကစား စိတ်ဆိုးနေတဲ့ မျက်နှာက ကြည့်ပျော်ရှုပျော် ရှိပါ့မလား၊ မရှိဘူးဆိုတော့ ဒေါသဟာ ရုပ်ကိုလည်း ပျက်စီးစေတယ်၊ ဒီထက်ပိုဆိုးရင် ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်၊ ပြောတဲ့စကားကလည်း မကြားဝံ့မနာသာဖြစ်တယ်၊ လုပ်တဲ့အလုပ်ကလည်း ကြောက်စရာ ကောင်းတယ်၊ ဒါ့ကြောင့်မို့ အကုသိုလ်ဆိုတာ ဘယ်အကုသိုလ်မှ မကောင်းဘူး။

[၅] ဘုန်းကြီးတို့ ပဋ္ဌာန်း ၂၄-ပစ္စည်းမှာ ဥပနိဿယ ပစ္စယောလို့ ဟောထားတာ ရှိတယ်၊ ကုသိုလ်ကလည်း အကုသိုလ်ကို ဖြစ်စေတယ်၊ အကုသိုလ်ကလည်း ကုသိုလ်ကို ဖြစ်စေတယ်၊ ဖြစ်စေတယ်ဆိုတာ အကြောင်းပြုတာကို ပြောတာ၊ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း ကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်ရင် ကောင်းတယ်၊ ဘာကိုအကြောင်းပြုပြီးဖြစ်ဖြစ် ကုသိုလ်ဖြစ်တာ ကောင်းတယ်၊ ဥပမာ- ဒေါသဖြစ်ပြီး ကိုယ့်စိတ်ကိုယ် မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး သတိရလာရင် ဒေါသဟာ မကောင်းပါလားလို့ ပြန်တွေးလာမယ်၊ ဒေါသကို ပြန်တွေးပြီး ဒေါသမဖြစ်အောင် ထိန်းမှပဲလို့ ကုသိုလ်စိတ်ဖြစ်သွားတယ်၊ ဒေါသကတော့ အကုသိုလ်စိတ်ပဲ၊ အဲဒါကတော့ အကုသိုလ်ကို အကြောင်းပြုပြီးတော့ ကုသိုလ်ဖြစ်တယ်လို့ ပြောတာ၊ အကြမ်းဖျဉ်းပေါ့။

ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်ဖြစ်တာရှိတယ်၊ ဒါနကောင်းမှုလုပ်ပြီးတော့ “အော် လှူမိတာ ငါမှားလိုက်လေခြင်း'လို့ စိတ်ဖြစ်တယ်၊ “ဒါန” က ကုသိုလ်, “လှူမိတာ ငါမှားလိုက်လေခြင်း' ဆိုတာက အကုသိုလ်၊ ကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း အကုသိုလ်ဖြစ်တယ်၊ အကုသိုလ်ကို အကြောင်းပြုပြီးတော့လည်း ကုသိုလ်ဖြစ်တယ်။

[၆] သို့သော် ဘုန်းကြီးတို့တတွေ မှတ်သားရမှာကတော့ ကုသိုလ်ဖြစ်တာကောင်းတယ်၊ အကုသိုလ်ဖြစ်တာ ဘာကို အကြောင်းပြုပြီးဖြစ်ဖြစ် မကောင်းဘူး၊ တချို့က ကရုဏာဒေါသကို အကောင်းပြောချင်တယ်၊ ဘာဒေါသမှ မကောင်းဘူး၊ အကျိုးလိုလားလို့ ပြောတဲ့ ဒေါသလည်း မကောင်းဘူး၊ အကျိုးလိုလားတာက မေတ္တာစိတ်၊ တစ်ဖက်သားအပေါ်မှာ ငဲ့ညှာတယ်, ကြင်နာတယ် ဆိုတာက ကရုဏာ၊ အားမလိုအားမရဖြစ်တာက ဒေါသ၊ ဒေါသထွက်ရင် မကောင်းဘူးပေါ့။

အဲဒီတော့ ကိုယ့်သန္တာန်မှာ မဖြစ်အောင် ထိန်းရမှာက ဘာလဲဆိုရင် အကုသိုလ်ပဲ၊ အမှန်တရားတစ်ခုပေါ်မှာ အငြင်းပွားပြီ, သူနိုင်ငါရှုံး ငြင်းလာကြပြီဆိုရင် အကုသိုလ်တွေ ဆက်တိုက် ဆက်တိုက် ဖြစ်လာကြတယ်၊ မကျေနပ်တဲ့ အတိုင်းအတာအလိုက် အကုသိုလ်တွေ ဖြစ်လာတယ်၊ အသိုင်းအဝိုင်းနဲ့ ဖြစ်လာတယ်၊ အဲဒီလို အငြင်းပွားလာကြပြီဆိုရင် သူ့ဘက်ကိုယ့်ဘက် ဆိုတာမျိုးတွေ ဖြစ်လာကြတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက “ဝိဝါဒ’- မတူညီတဲ့ အပြောတွေဟာ၊ ‘ဘယ’-ကြောက်ဖို့ကောင်းတယ်၊ ဘာဖြစ်လို့ ကြောက်ဖို့ကောင်းလဲဆိုရင် ပြဿနာတွေ နောက်က တသီကြီးလိုက်လာလို့ပဲ၊ ဒါ့ကြောင့် ဝိဝါဒဆိုတာကို ရှောင်ရမယ်။

[၇] ‘အဝိဝါဒဉ္စ ခေမတော’- ‘ဝိဝါဒကင်းပြီ ဆိုရင် အင်မတန်မှ ငြိမ်းချမ်းတယ်' ဒါကြောင့်မို့ မြတ်စွာဘုရားက ‘သမဂ္ဂါ’ - ‘ညီညွတ်ကြ၊ ‘သခိလာ’ - ‘တစ်ဦးနှင့် တစ်ဦး ပြေပြေပြစ်ပြစ် ဆက်ဆံကြ၊ ‘သမဂ္ဂါ သခိလာ ဟောထ’ “ညီညီညွတ်ညွတ် ပြေပြေပြစ်ပြစ် ဆက်ဆံရမယ်” လို့၊ ‘ဧသာ ဗုဒ္ဓါနုသာသနီ” “ဒါဟာ ဘုရားသခင်ရဲ့ အဆုံးအမပဲ' လို့၊ ဘယ်လောက်ကောင်းတဲ့တရားလဲ - စဉ်းစားကြည့်ကြပေါ့။

ဘုန်းကြီးတို့တတွေ အငြင်းပွားစရာ ကြုံလာလို့ရှိရင် မငြင်းကြဖို့ ဒါပါပဲ၊ အငြင်းပွားစရာကတော့ မကြုံဘဲ မနေဘူး ကြုံလာမှာပဲလေ၊ ကိုယ်သိထားတာနဲ့ ကိုယ့်ကို ပြောလာတဲ့ပုဂ္ဂိုလ်က အမှန်တရားလို့ပြောတာနဲ့ တိုက်ဆိုင်ကြည့်ဖို့ ကိုယ့်မှာ မှတ်ကျောက်လေးတော့ ရှိထားသင့်တယ်၊ ပြောတဲ့လူကလည်း သူ့ရွှေကို ရွှေအစစ်ပါလို့ ပြောလိမ့်မယ်၊ အဲဒီလို ပြောလာလို့ရှိရင် သူ့စကားကို လက်မခံနဲ့ဦး, မယုံနဲ့ဦး, မင်းရွှေကြီးက အတုကြီးပါလို့လည်း မငြင်းနဲ့၊ ဘာလုပ်မလဲ၊ မှတ်ကျောက်ပေါ် တင်ကြည့်လိုက်၊ မှတ်ကျောက်ကနေ အဖြေထုတ်ပေးလိမ့်မယ်၊ ဟုတ်တယ်မို့လား၊ အဲဒီရတဲ့အဖြေအတိုင်းပဲပေါ့၊ ရွှေမစစ်ဘူးဆိုရင် လက်မခံနဲ့ပေါ့၊ ရွှေစစ်ရင် လက်ခံလိုက်ရုံပေါ့။

[၈] အဲဒီသဘောမျိုးပဲ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ ခေတ်အဆက်ဆက်မှာ အငြင်းပွားနေကြတာတွေ ရှိတယ်၊ အငြင်း မပွားစေချင်ဘူး၊ ဓမ္မနဲ့ပတ်သက်ပြီးတော့ အငြင်းပွားတာ ပိုဆိုးတယ်၊ ကုသိုလ်ဖြစ်ရမယ့်အစား အကုသိုလ်ဖြစ်တယ်၊ အဓမ္မနဲ့ ပတ်သက်ပြီး အငြင်းပွားတာကတော့ နဂိုကတည်းက မကောင်းတာ။

အငြင်းပွားတာဟာ ခုမှ ရှိတာ မဟုတ်ဘူး၊ မြတ်စွာဘုရား လက်ထက်ကတည်းက ရှိတာ၊ သာသနာတော်မှာ အယူအဆတွေ ကွဲလွဲပြီး အငြင်းပွားခဲ့တာတွေ မြောက်မြားစွာ ရှိတယ်၊ အဘိဓမ္မာ ၇-ကျမ်းထဲမှာ ကထာဝတ္ထု ဆိုတဲ့ ကျမ်းကြီးတစ်ကျမ်း ပါတယ်၊ ကထာဝတ္ထုဆိုတာ ‘ကထာ'- ပြောစရာစကားတွေ “ဝတ္ထု’- အကြောင်းတရား၊ ပြောစရာစကားတွေရဲ့ အကြောင်းဆိုတာ ဘာဖြစ်လို့ ပြောစရာတွေ ဖြစ်သလဲ ဆိုရင် ခုနက အငြင်းပွားမှုပဲ။

[၉] ကထာဝတ္ထုကျမ်းကြီးကို အင်္ဂလိပ်ဘာသာပြန်သူက မြန်မာပြည်က ဦးရွှေစံအောင်တဲ့၊ အင်္ဂလိပ်စာပေ ကောင်းကောင်းတတ်တဲ့ ရှေးတုန်းက အမှုထမ်းကြီးပေါ့၊ ယစ်မျိုးမင်းကြီးလို့ ခေါ်တယ်၊ အဲဒီ ဦးရွှေစံအောင်က ကထာဝတ္ထုကျမ်းကြီးကို အင်္ဂလိပ်လို ဘာသာပြန်ထားတာ၊ သူပေးတဲ့နာမည်က Points of Controversy ၊ controversy က အငြင်းပွားတာ၊ points ဆိုတာ အချက်အလက်တွေ၊ အငြင်းပွားနေတဲ့ အချက်အလက်တွေလို့ အဓိပ္ပါယ်ရတယ်၊ ဒါသာသနာတော်မှာ အထင်အရှားပေါ်ခဲ့တာ၊ ခုမှ အငြင်းပွားတာ မဟုတ်ဘူးနော်။

အဲဒီ points of controversy ဆိုတာကို အကြောင်းပြုပြီးတော့ ဗုဒ္ဓမြတ်စွာသာသနာတော်မှာလည်း အငြင်းပွားပြီးတော့ ... အခုခေတ်မှာဆို ဘာသာရေးမှာ ထေရဝါဒ, မဟာယာနလို့ ကွဲပြားသွားတယ်၊ မြန်မာပြည်က ကိုးကွယ်တဲ့ သာသနာကို ထေရဝါဒလို့ ခေါ်တယ်၊ တိဗက်တို့ တရုတ်ပြည်တို့ ကိုးရီးယားတို့ ဂျပန်ပြည်တို့ ဗီယက်နမ်တို့ အဲဒီနိုင်ငံတွေမှာ ထွန်းကားတာကို မဟာယာနလို့ ခေါ်တယ်၊ ဒါ ဒီကနေ့ခေတ်မှာရှိတဲ့ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲကြီး ၂-ခုပဲ၊ ဗုဒ္ဓဘာသာဂိုဏ်းကြီးဟာ ဘာကြောင့် ၂-ခု ကွဲသွားသလဲဆိုရင် ခုနက points of controversy အငြင်းပွားစရာ အချက်ကလေးတွေကို ကြည့်ပြီးတော့ အငြင်းပွားကြလို့ ဖြစ်တယ်။

[၁၀] အခြေခံအချက်အားဖြင့် ပြောရရင် ထေရဝါဒ ‘ထေရ’- ဆိုတာ လူကြီးတွေ ခေါင်းဆောင်တွေ၊ သာသနာတော်မှာဆိုရင် အရွယ်ရောက်တာက အငယ်ဆုံး ၁၀-ဝါ၊ ကြီးလာတော့ ဝါ-၂ဝဆိုရင် မဟာထေရ, ခေါင်းဆောင်ကြီးတွေကို ထေရလို့ ပြောတာ၊ မြတ်စွာဘုရားလက်ထက်က ဘုရားပရိနိဗ္ဗာန်စံတဲ့ ကုသိနာရုံမှာ သံဃာပေါင်း ၇-သိန်း အစည်းအဝေး ကျင်းပတယ်, စုမိသွားတယ်၊ ဘုရားပရိနိဗ္ဗာန်စံတဲ့ပွဲကို တက်လာကြတယ်၊ အဲဒီ ၇-သိန်းထဲမှာ အကြီးအကဲက ရှင်မဟာကဿပ။

ရှင်မဟာကဿပက အခုလို သာသနာတော်မှာ အငြင်းပွားမှုတွေ ပေါ်လာလို့ရှိရင် ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေနဲ့ပတ်သက်ပြီး အငြင်းပွားပြီး အမှတ်မှားကုန်ကြလိမ့်မယ်၊ စုစုစည်းစည်းရှိအောင် သံဂါယနာ တင်မယ်၊ သံဂါယနာဆိုတာ ကိုယ်ရတဲ့စာနဲ့ သူရတဲ့စာ၊ သူမှတ်တဲ့ အကြောင်းအရာနဲ့ ကိုယ်မှတ်တဲ့အကြောင်းအရာ၊ အသံချင်း တိုက်ဆိုင်ညှိနှိုင်းတာကို သံဂါယနာတင်တယ်လို့ ခေါ်တယ်။

[၁၁] ဥပမာ- ရဟန်းတစ်ပါးကလည်း သူ ဘုရားဆီက သင်ထားတာလို့ဆိုပြီး သုတ္တန်လေးတစ်ခု ရွတ်ပြတယ်၊ ကျန်တဲ့ရဟန်းတစ်ပါးကလည်း ရွတ်ပြတယ်၊ အဲဒီလို ရွတ်ပြလို့ သူ့အသံထွက်နဲ့ တခြားသူ ရွတ်တဲ့အသံဟာ တစ်သံတည်း တစ်ညီတည်း ဖြစ်ရမယ်၊ အဲဒီလို မဖြစ်ဘဲနဲ့ ကွဲလွဲနေရင် အဓိပ္ပါယ်တွေ ကွဲလွဲမနေဘူးလား၊ အဓိပ္ပါယ်တွေ အများကြီး ကွဲသွားနိုင်တယ်။

ဆိုပါစို့- ဥပမာတစ်ခုပြောမယ် ‘ဥဒယဗ္ဗယ” ဆိုတဲ့ ပါဠိစကား၊ ဥဒယ-ဆိုတာ ဖြစ်ပေါ်လာခြင်း၊ ဝယ- ပျက်စီးသွားခြင်း၊ ဖြစ်ပျက်ပဲ။ အဲဒီစကားလုံးကို နောက်တစ်ဦးက မှားပြီး ရွတ်တယ်၊ ဘာရွတ်လဲဆိုတော့ ‘ဥဒကဗက’ လို့ ရွတ်တယ်၊ ‘ယ’ ကနေ ‘က’ ဖြစ်မသွားဘူးလား၊ ဥဒက-ဆိုတာ ရေ၊ ဗက-ဆိုတာ ဗျိုင်း၊ ဟော ရေနဲ့ ဗျိုင်း ဖြစ်သွားတယ်၊ အဲဒီတော့ ဖြစ်တာနဲ့ ပျက်တာ ၂-ခု အမှန်ထွက်ရမှာကို ဥဒကဗကလို့ သွားထွက်တော့ ရေနဲ့ ဗျိုင်း ဖြစ်မသွားဘူးလား။

သူရွတ်တာက မှန်တယ်, ငါရွတ်တာက မှန်တယ် လို့- တစ်ဘက်က “သင်္ခါရတွေရဲ့ မတည်မြဲမှု ဖြစ်ပြီးပျက်” ဆိုတဲ့ အနက်မှန်က ရေနဲ့ ဗျိုင်း ဖြစ်သွားတယ်၊ ရေဗျိုင်းဆိုတာဘာအဓိပ္ပါယ်ရှိလဲ, ဘာမှ အဓိပ္ပါယ်မရှိဘူး၊ ပြောလိမ့်မယ်-ရေထဲမှာ ဗျိုင်းကငါးချောင်းနေတယ်၊ ဒါပဲ ရှိမှာပေါ့၊ တရား မဟုတ်တော့ဘူး။

[၁၂] အဲဒီလို ကွဲလွဲမသွားအောင် သံဂါယနာ- အသံကို ညှိပြီး မှန်ကန်တဲ့ စကားလုံးကို ရွေးချယ်ရတယ်၊ အဲဒီလို ရွေးချယ်တဲ့ပွဲ မလုပ်ခင် ၃-လလောက်အလိုမှာ ရှင်မဟာကဿပတို့က မူချမှတ်ပြီ။

ဘာလဲဆိုတော့ -
၁။ “အပညတ္တံ န ပညပေတဗ္ဗ” - “ဘုရား မဟောတာတွေ, ဘုရား မပညတ်တာတွေကို မလုပ်ရဘူး၊ လူဆိုတာ အသစ်လုပ်ချင်တယ်၊ အသစ်တီထွင်ချင်တယ်၊ အဲဒီမှာ ရှင်မဟာကဿပတို့က “အပညတ္တံ န ပညပေတဗ္ဗ”- “ဘုရားက မပညတ်တာကို ထပ်ပြီး မပညတ်ရဘူး။
၂။ နောက်တစ်ခုက ‘ပညတ္တံ န သမုစ္ဆိဒ္ဒိတဗ္ဗ” ‘ဘုရား ပညတ်ပြီးသားကို မပယ်ဖျက်ရဘူး'၊ ဒါတွေဟာ ရှေးကျသွားပြီ out of date ဖြစ်သွားပြီ, ခေတ်မမှီတော့ပါဘူး ဆိုပြီးတော့ အသစ်ပြောင်း မပစ်ရဘူး၊ အဲဒါမျိုးလည်း မလုပ်ရဘူး။
၃။ နံပါတ်-၃ က ‘ယထာပညတ္တေသု သိက္ခာပဒေသု သိက္ခိတဗ္ဗ' -‘မြတ်စွာဘုရား ပညတ်တဲ့အတိုင်း လိုက်နာကျင့်သုံးရမယ်'၊ စည်းမျဉ်းစည်းကမ်း မူချမှတ်ပြီးတော့ [၁၃] ဘုရားဟောတဲ့အတိုင်း လိုက်နာတဲ့ဂိုဏ်းကို ထေရဝါဒလို့ ခေါ်တယ်၊ အဲဒီတော့ ထေရဝါဒမှာ ဘာမှ မပြင်ရဘူး။ မဟာယာန ဆိုတာကျတော့ အဲဒီလို မဟုတ်တော့ဘူး၊ တရားအသစ်တွေ တီထွင်လာကြတယ်၊ ဘုရားဟောသယောင်ယောင် လုပ်ပြီးတော့ သူတို့ကြိုက်တာတွေထည့်, မကြိုက်တာတွေဖြုတ် လုပ်လာကြတယ်၊ စကားလုံးကစပြီးတော့ ဟိုပြောင်းသည်ပြောင်း လျှောက်ပြောင်းလာကြတယ်၊ ပြောင်းလာသည့်အတွက်ကြောင့် မြတ်စွာဘုရား ဟောတဲ့ တရားအမှန်ဆိုတာ မရှိတော့ဘူး၊ အဲဒါမျိုးတွေ ဖြစ်လာတယ်၊ ဆင်တူရိုးမှားတွေ လုပ်လာတယ်။

ဆိုလိုတာကဘာလဲ ဆိုတော့ လူတွေသုံးတဲ့ စိန်အတုဆိုတာ မရှိဘူးလား၊ ရွှေအတုဆိုတာ မရှိဘူးလား၊ ရွှေအတုတွေ ပေါ်လာတော့ ဈေးချိုချိုနဲ့ ဝင်းဝင်းလက်လက်နဲ့၊ စိန်အတုတွေ အရောင်တောက်တောက်နဲ့ အတုဆိုတော့ ဈေးက သိပ်မများဘူး၊ လူတကာ ဝယ်နိုင်တယ်၊ အတုတွေ ပေါ်လာတော့ အစစ်တွေက ဘယ်ရောက်သွားလဲ? ဆိုတော့ အစစ်တွေက သိမ်းထားရတဲ့အဆင့် ရောက်သွားရတယ်၊ အတုတွေက လူတကာဝတ်ဆင်နိုင်ပြီး ခေတ်စားလာတယ်၊ အတုတွေများလာရင် အစစ်တွေ ကွယ်ပျောက်မသွားတတ်ဘူးလား၊ ဘာဖြစ်လို့ အစစ်က ကွယ်ပျောက်ရ [၁၄] လဲဆိုတော့ တန်ဖိုးက ကြီးတာကိုး၊ ဒါကြောင့်မို့ ရွှေအတုတွေပေါ်လာရင် ရွှေအစစ် ပျောက်သွားတတ်တယ်၊ စိန်အတုပေါ်လာရင် စိန်အစစ်ပျောက်သွားတတ်တယ်၊ တရားအတုပေါ်လာရင် တရားအစစ် ပျောက်သွားတတ်တယ်၊ ဒါ သတိထားရမယ်။

မြန်မာပြည်မှာ လူဖြစ်ရတဲ့ပုဂ္ဂိုလ်တွေ, သာသနာတော်နဲ့ ကြုံတွေ့ရတဲ့ပုဂ္ဂိုလ်တွေ မြန်မာပြည်မှာနေတဲ့ ပုဂ္ဂိုလ်တွေ အင်မတန် ကံကောင်းကြတယ်၊ ဘာလို့ ကံကောင်းကြလဲဆိုရင် မြန်မာပြည်မှာရှိတဲ့ ထေရဝါဒက မြတ်စွာဘုရားလက်ထက်က ဘုရားကိုယ်တိုင် ဟောခဲ့တဲ့ တရားတွေကို ရှင်မဟာကဿပတို့ကမူချပြီး ထိန်းသိမ်းခဲ့တဲ့ တရားတွေ ဖြစ်တယ်၊ လုံးဝပြုပြင်မှု မရှိဘူး၊ ဘုရားတရားတော်အတိုင်း ထားခဲ့တယ်၊ အကယ်၍သာ ပြင်ခဲ့ရင် လူတွေဟာ အစစ်ဆိုတာ တွေ့ဖူးမှာ မဟုတ်တော့ဘူး။ မဟာယာနသာသနာ ထွန်းကားတဲ့ ကိုးရီးယားနိုင်ငံတို့ ဘာတို့မှာ ရှိကြတဲ့ပုဂ္ဂိုလ်တွေ မြန်မာပြည်ကိုလာပြီး စာပေလေ့လာတယ်, မြန်မာပြည်က တရားဓမ္မတွေကိုလာ အားထုတ်ကြလို့ သဘောပေါက်ကြတယ်၊ သဘောပေါက်ကြသည့်အတွက်ကြောင့် တကယ့်သာသနာအစစ်ပါလို့ တချို့ပုဂ္ဂိုလ်တွေက ပွင့်ပွင့်လင်းလင်းပြောတယ်၊ တချို့ပုဂ္ဂိုလ် [၁၅] တွေကတော့ ကိုယ့်အစွဲလေးနဲ့ကိုယ်၊ ကိုယ့်ဟာလေးကိုယ် အထင်ကြီးနေကြတာပဲ၊ လူဆိုတာက စွန့်နိုင်ခဲတယ်လေ၊ ကိုယ့်အယူအဆလေး အစဉ်အလာလေးတစ်ခုကို စွန့်နိုင်ခဲတယ်။

ဘုန်းကြီးတို့ ဧပြီလသင်္ကြန်မှာ ကိုးရီးယားကို သွားတယ်၊ ကိုးရီးယားက ထေရဝါဒဘုန်းကြီးတစ်ပါးက ပင့်တာနဲ့ အဘိဓမ္မာသင်တန်း သွားပို့ချတယ်၊ အဲဒီလို သွားပို့ချတဲ့အခါ အားလပ်တဲ့ရက်မှာ ကိုးရီးယားလူမျိုး မြန်မာပြည်မှာ ရဟန်းခံထားတဲ့ ဘုန်းတော်ကြီး ၈ ပါး ဘုန်းကြီးဆီ ရောက်လာကြတယ်၊ ဩဝါဒခံယူကြတယ်။

ကိုးရီးယားနိုင်ငံဟာ အကုန်လုံး မဟာယာနဘုန်းကြီးချည်းပဲ၊ မဟာယာနဘုန်းကြီးဆိုတာ မြင်ဖူးကြပါလိမ့်မယ်၊ အဝတ်က မတူဘူး၊ အဝတ်အစားကစပြီး ပြောင်းထားတယ်၊ ဘောင်းဘီရှည်နဲ့ အင်္ကျီနဲ့၊ ဂျပန်ဘုန်းကြီးဆိုရင် ဘိုကေတောင် ပါလိုက်သေး၊ ဒါတင်မဟုတ်ဘူး ဂျပန်ဘုန်းကြီးတွေက အိမ်ထောင်တောင် ပြုသေးတယ်၊ ဘာသာရေးကိစ္စ ဆောင်ရွက်စရာရှိရင် ဘုန်းကြီးလို အပေါ်က အဝတ်လေး ပတ်ထားလိုက်တယ်၊ ဘုန်းကြီးဖြစ်လိုက်, လူဖြစ်လိုက်နဲ့။ တစ်လောက ဂျပန်က ဘုန်းကြီးတစ်ပါး၊ သူက မြန်မာအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ထားတယ်၊ မြန်မာ [၁၆] ပြည်မှာလာပြီးတော့ ရန်ကုန်မှာ ရဟန်းခံပွဲလေး လုပ်တယ်၊ ဘုန်းကြီးတို့သွားပြီး တရားဟောပေးတယ်၊ အဲဒီမှာ ဂျပန်ဘုန်းကြီး ပါလာတယ်၊ ဂျပန်ဘုန်းကြီးက ရဟန်းခံတဲ့ပွဲမှာတော့ သူမပါရဘူးပေါ့၊ ထေရဝါဒပွဲမှာ သူမပါရဘူး၊ မပါရတော့ သူက မဟာယာနသင်္ကန်းကို ဝတ်ပြီးတော့ ခပ်လှမ်းလှမ်း ဘေးနားမှာထိုင်နေတယ်၊ အဲဒီမှာ ဘုန်းကြီးတို့နဲ့ ပါလာတဲ့ ဒကာတစ်ယောက်က ရဟန်းခံပြီးတဲ့အခါ ဆွမ်းကပ်တယ်၊ ဆွမ်းကပ်တဲ့အခါ အဲဒီဂျပန်ဘုန်းကြီး မြင်လိုက်ပါတယ်, အခုဘယ်ရောက်သွားလဲ မေးတော့ လူတွေနဲ့ အတူတူ ထမင်းစားနေတယ်တဲ့၊ အဲဒီပုံစံမျိုး ဖြစ်သွားတယ်ပေါ့။

ခု ကိုးရီးယားနိုင်ငံမှာလည်း မဟာယာနတွေများတယ်၊ အဲဒီ မဟာယာနပုဂ္ဂိုလ်တွေထဲက ထေရဝါဒကို နှစ်သက်တဲ့ပုဂ္ဂိုလ်တွေက ထေရဝါဒရဟန်းအဖြစ်ကို ခံယူတယ်၊ ခံယူပြီးတော့ ဘုန်းကြီးနဲ့ တွေ့တဲ့အခါကျတော့ ‘ဆရာတော်’တဲ့ ‘တပည့်တော်တို့ ဒီနိုင်ငံမှာ မဟာယာနတွေက အင်အားကောင်းတယ်၊ တပည့်တော်တို့က လူနည်းစု ဖြစ်တယ်' သို့သော် ကျောင်း ၄ ကျောင်း ရှိတယ်၊ သူတို့ကို ကိုးရီးယားအစိုးရက အသိအမှတ်ပြု ပေးထားတာ၊ ကိုးရီးယားနိုင်ငံမှာ ထေရဝါဒကျောင်း အသိအမှတ် [၁၇] ပြုသွားပြီ၊ ထေရဝါဒဂိုဏ်းဆိုပြီးတော့ လက်ခံထားတယ်၊ “အသိအမှတ်ပြုထားတော့ တပည့်တော် ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ၊ အဲဒါကို လာပြီး ဩဝါဒခံတာ။

ဘုန်းကြီးတို့က ပြောတယ်၊ 'ကိုယ်တော်တို့ စာမသင်ဘဲ နေလို့တော့ မရဘူး၊ စာမသင်လို့ရှိရင် မတည်မြဲဘူး၊ ဟိုလူပြော ဟုတ်နိုးနိုး, ဒီလူပြော ဟုတ်နိုးနိုး၊ တရားတင် အားထုတ်လို့ရှိရင် ကိုယ်တွေ့တာလေးတင် အဟုတ်ထင်မှာ'၊ တစ်ယောက်နဲ့တစ်ယောက် အတွေ့ဆိုတာ တူတာ မဟုတ်ဘူး၊ မတူသည့်အတွက်ကြောင့် သူတွေ့တာ သူပြောလိမ့်မယ်၊ ကိုယ်တွေ့တာ ကိုယ်ပြောလို့ရှိရင် ကိသုကောပမသုတ္တန်လိုပဲ၊ ပေါက်ပင်ကြီးကို မြင်တာက တစ်ချိန်စီ မြင်ထားတာဆိုတော့ - ပေါက်ပင်ကြီး ဘာကြီးလဲဆိုရင် - ပေါက်ပင်ကြီးက မီးလောင်ပြင်ကြီး ထဲက သစ်ပင်ကြီးလိုပါပဲ, အရွက်မရှိ ချောက်ကပ်ကပ်နဲ့ - ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်၊ ပေါက်ပင်ကြီးဟာ အရွက်တွေနဲ့ စိမ်းနေတာပါလို့ ပြောတဲ့ပုဂ္ဂိုလ်လည်း ရှိတယ်၊ အပွင့်ပွင့်တဲ့အချိန်မြင်ရင် ပေါက်ပင်ကြီးဟာ ရဲတာပဲလို့ ပြောတယ်၊ ကိုယ်မြင်တာ ကိုယ်ပြောကြတယ်၊ သူတို့ပြောတာက ပေါက်ပင်တော့ ပေါက်ပင်ပါပဲ၊ သို့သော် အကုန်လုံး ပြည့်ပြည့်စုံစုံ ဟုတ်ရဲ့လား? မဟုတ်ပါဘူး။

[၁၈] ဘာနဲ့ဥပမာတူလဲဆိုတော့ မျက်မမြင်တွေ ဆင်ကို စမ်းပြီးတော့ ဆင်ကိုညွှန်းကြ, သရုပ်ဖော်ကြတာ၊ အဲဒီဇာတ်လမ်းလေးကလည်း မြတ်စွာဘုရားဟောတဲ့ တရားတော်ထဲမှာပါတယ်၊ မြတ်စွာဘုရားဟောတဲ့ ‘နာနာတိတ္ထိယ’ ဆိုတဲ့ သုတ္တန်ထဲမှာ ပါတယ်။

ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ ပုံပြင်လေးကတော့ ဆင်စမ်းတဲ့ မျက်မမြင်ပုဏ္ဏား ၆ ယောက်အကြောင်းတဲ့၊ ဖတ်ဖူးကြပါလိမ့်မယ်၊ ယခုစာပေထဲမှာတော့ မျက်မမြင်ပုဏ္ဏား ၆ ယောက် မဟုတ်ဘူး။

အတိုချုပ်ပြောရရင် သာဝတ္ထိပြည်က ဘုရင်ကြီးတစ်ပါး အပျင်းဖြေတဲ့အနေနဲ့ သာဝတ္ထိပြည်ရှိ မျက်စိနှစ်ကွင်း အလင်းမရတဲ့သူတွေကို နန်းရင်ပြင်မှာ စုခိုင်းထားတယ်၊ မျက်မမြင်တွေ နန်းရင်ပြင်ရောက်လာကြတော့ မင်းမှုထမ်းတွေက အစု ၉ စု ခွဲထားတယ်၊ အစု ၉ စု ခွဲပြီးတော့ ဆင်ယဉ်ကြီးတစ်ကောင် ခေါ်ထားပြီး အဲဒီ တစ်စုနှင့်တစ်စု မတူအောင် ဆင်ကို ပြလိုက်တယ်။

၉ စုမှာ [၁၉] တစ်စုကိုတော့ ဘာကိုင်ပြလဲ ဆိုတော့ အစွယ်ကိုင်ပြတယ်၊ ဆင်ဆိုတာ ဟောဒါကွလို့ အစွယ်ကို ကိုင်ပြတော့ ဆင်ဆိုတာ သံချောင်းကြီးလိုပါလားလို့ အစွယ်ကို ကိုင်ပြီး ပြောတယ်၊ နောက်တစ်စုကိုကျတော့ နားရွက်ကို ကိုင်ပြတာ၊ ဆင်ဆိုတာ ဇကောကြီးလိုပါလား၊ အဲဒီလို မှတ်ထားတယ်၊ နောက်တစ်စုကျတော့ နှာမောင်းကြီးကို ကိုင်ပြတယ်၊ ထွန်သံကြီးလိုပါလား၊ ဒီလို ပြောကြတယ်၊ ခြေထောက်ကိုင်ပြတဲ့ အစုကျတော့ ဆင်ဆိုတာ တိုင်လိုဟာကြီးပါလား၊ ဆင်ရဲ့ကိုယ်လုံးကို ကိုင်ပြတဲ့အခါကျတော့ ဆင်ဆိုတာ နံရံကြီးလိုပါလားလို့ အဲဒီလို ပြောကြတယ်၊ အမြီးရိုးကိုပြတဲ့အခါ ဆင်ဆိုတာ သံချောင်းကြီးလိုပါလား၊ မြီးဖျားကို ပြတဲ့အခါကျတော့ ဆင်က တံမြက်စည်းကြီးနဲ့ တူတယ်၊ အမျိုးမျိုး ပြောကြတယ်။

အဲဒီလို တစ်မျိုးစီ မတူအောင် ပြပြီးတဲ့အခါကျတော့ ဘုရင်ကြီးက ထွက်လာတယ်၊ ထွက်လာပြီး အုပ်စု ၉ စုကို မေးလိုက်တယ်၊ ကဲ မင်းတို့ ဆင်မြင်ကြပြီလား၊ ဆင်ကို မင်းတို့ မြင်တဲ့အတိုင်း ပြောကြစမ်း၊ ဆင်က ဘာနဲ့ တူလဲ ဆိုတော့- မှန်လှပါဘုရား ဆင်ဆိုတာ သံချောင်းကြီးလိုပါ ဘုရား၊ အဲဒီလို ပြောတဲ့အခါကျတော့ ကျန်တဲ့ကောင်တွေက ဘာသံချောင်းရမှာလဲကွ- တချို့က တံမြက်စည်းလိုဟာကြီး, တချို့က တိုင်လိုဟာကြီးနဲ့ ထပြီး ငြင်းကြတာ၊ ငြင်းပြီးတော့ ထိုးကြကြိတ်ကြ ရန်ဖြစ်ကြတယ်၊ ဘုရင်ကြီးက သဘောကျပြီး ခွက်ထိုးခွက်လှန် ရယ်သတဲ့။

[၂၀] ဘာပြောလိုတာတုန်းဆိုတော့ သူတို့ကို ဆင်ကိုတော့ ပြတာချည်းပဲ၊ သို့သော် ဆင်တစ်ကိုယ်လုံးပြတာ မဟုတ်ဘူး၊ အကယ်၍ တစ်ကိုယ်လုံးကို တစ်ပြိုင်နက်သာ ပြမယ်ဆိုရင် ဆက်စပ်ပြီးတော့ အစွယ်လည်း ပါတယ်၊ နားရွက်လည်း ပါတယ်၊ နှာမောင်းလည်း ပါတယ်၊ ခြေထောက်လည်း ပါတယ်၊ အမြီးလည်းပါတယ်၊ ကိုယ်လည်း ပါတယ်၊ အဲဒါတွေ အကုန်လုံးပေါင်းမှ ဆင်ဆိုရင် ငြင်းစရာလိုသေးလား။

ဒါကြောင့်မို့ ငြင်းနေတယ်ဆိုတဲ့လူတွေဟာ အကုန် မမြင်လို့ ငြင်းနေတာပါ၊ အကုန်မြင်ရင် မငြင်းပါဘူး၊ ဒါကြောင့် ငြင်းတယ်ဆိုတာ တစိတ်တဒေသသာ သိတဲ့လူ ငြင်းတာ၊ အကုန်သိတဲ့လူက မငြင်းဘူး၊ မင်းပြောတာလည်း ဟုတ်တယ်၊ အေး မင်းပြောတာလည်း ဟုတ်တယ်၊ ဒီလို လက်ခံရမယ်။

ဟုတ်တယ် အစွယ်ကို ပြောတာဟာ သံချောင်းလိုပဲ၊ ခြေထောက်ကို ပြောတာဆိုရင် ဟုတ်တယ် တိုင်ကြီးလိုပဲ၊ လက်ခံရမှာပဲပေါ့၊ အကုန်လုံးကို မမြင်သည့်အတွက်ကြောင့် လူတွေဟာ ငြင်းနေကြတယ်၊ အဲဒီလို အငြင်းပွားနေကြတာဟာ ပြည့်ပြည့်ဝဝ မမြင်ကြလို့ အငြင်းပွားနေကြတာ။

[၂၁] ဒီလို အငြင်းပွားမှုမျိုး မဖြစ်အောင်, အပြည့်အဝ မသိတာ မဖြစ်ရအောင်၊ ကိုးရီးယားဘုန်းကြီးတွေကို ပြောရတယ်၊ ပိဋကတ်ကို ပြည့်ပြည့်ဝဝသင်လို့၊ ကိုယ့်သန္တာန်မှာ သိလာပြီဆိုလို့ရှိရင် စာပေဆိုတဲ့ ဓမ္မမှတ်ကျောက်ရှိလာပြီဆိုရင် ငြင်းစရာ ရှိဦးမလား၊ မရှိတော့ဘူး၊ ဒါကြောင့်မို့ ဓမ္မမှတ်ကျောက်ဆိုတာ စာပေထဲမှာပါတယ်လို့-အဲဒီအတိုင်း မှတ်သားပြီးတဲ့အခါ ငြင်းစရာ မရှိတော့ဘူး၊ ဒါကြောင့်မို့ ပရိယတ်ကို သင်ရမယ်လို့ တိုက်တွန်းထားခဲ့တယ်။

ဆိုလိုရင်းကတော့ အားလုံးဟာ အမှန်တရားသိဖို့ အတွက် ရွှေအစစ်နဲ့ ရွှေအတုကို မှတ်ကျောက်တင်ပြီး ဆုံးဖြတ်ရမယ်၊ ဒါဟာ ဘုရားဟောတဲ့ တရားအစစ် ဟုတ်လား, မဟုတ်ဘူးလားဆိုတာ သိချင်ရင် ဓမ္မမှတ်ကျောက်နဲ့ တင်ရမယ်။

မြတ်စွာဘုရားက မဟာပဒေသသုတ္တန်မှာ ဟောထားတာ ရှိတယ်၊ မဟာပဒေသဆိုတဲ့ အဓိပ္ပါယ်က “မဟာ” ဆိုတာ ကြီးမြတ်တဲ့အရာကို, “အပဒေသ”-ညွှန်းပြီးတော့ ပြောတာတဲ့၊ လူတွေလည်း ပြောတတ်ကြတယ်လေ မင်း ဒီသတင်း ဘယ်ကရတာလဲ၊ ဘယ်သူပြောတာလဲလို့ မညွှန်းဘူးလား၊ ဘယ်စာထဲပါတာ, ဘယ်ဆရာတော်ဟောတာ လို့ မညွှန်းကြဘူးလား၊ အဲဒီလိုညွှန်းလာတာရှိလို့ မြတ်စွာ [၂၂] ဘုရားက ... မဟာပဒေသဆိုတာနဲ့ ပတ်သက်ပြီးတော့ မှတ်ကျောက်တစ်ခု ပေးထားတယ်၊ မှတ်မှတ်သားသား ဖြစ်ပြီးတော့ အငြင်းပွားစရာရှိရင် အကုသိုလ် မဖြစ်အောင် နေတတ်ရမယ်၊ အမှန်တရားဆိုတာ ကိုယ်တိုင်သိရမှာ ဖြစ်တယ်၊ တစိတ်တဒေသ ကြည့်ရင် တစိတ်တဒေသ သိရင် ခုနက ဆင်စမ်းသလို အငြင်းပွားကြတော့မှာပဲ။

ဒါကြောင့်မို့ မဟာပဒေသ ၄ ပါးဆိုတာ အကျဉ်းအားဖြင့် မှတ်သားရမယ်၊
နံပါတ်(၁)က တစ်ယောက်ယောက်က ကိုယ့်ကိုလာပြောတယ် - “ဟောဒီတရားက ဘုရားကိုယ်တိုင် ဟောတာကို ... သူနာခဲ့ရပါတယ်'လို့ ဘုရားပွင့်တုန်းက ဒါမျိုး ဖြစ်နိုင်တယ်နော်၊ ဘုရားရှင်ကို မှီတဲ့ ပုဂ္ဂိုလ်က ပြောတာ၊ ‘ငါ ဘုရားဆီက ကိုယ်တိုင်နာခဲ့ရတဲ့တရားပါ” လို့ ပြောရင်တဲ့ လက်မခံလိုက်နဲ့ ပြန်ပြီးတော့လည်း မငြင်းလိုက်နဲ့တဲ့၊ လက်ခံခြင်း ငြင်းပယ်ခြင်း မလုပ်ပါနဲ့တဲ့၊ ဒါ မှတ်ထားရမှာနော်။ ဘာလုပ်ရမလဲဆိုရင် မြတ်စွာဘုရားဟောတဲ့ သုတ္တန်တွေ, ဘုရားရဲ့အဆုံးအမတွေနဲ့ တိုက်ဆိုင်ကြည့်ပါတဲ့၊ ဒါတော့ နဲနဲစာတတ်ဖို့ လိုတာပေါ့၊ စာမတတ်ရင် စာတတ်တဲ့ပုဂ္ဂိုလ်နဲ့ ကြည့်ရမှာပေါ့၊ သုတ္တန္တ၊ ဝိနယလို့ ဆိုတဲ့ ဘုရားဟောတဲ့တရားနဲ့ သွားပြီး တိုက်ဆိုင်ပါ၊ တိုက် [၂၃] ဆိုင်လိုက်တဲ့အခါ အဲဒီပုဂ္ဂိုလ် ပြောတဲ့စကားဟာ ဘုရားဟောတဲ့ထဲမှာ ဘောင်မဝင်ဘူး၊ ထော်လော်ကန့်လန့် ဖြစ်တယ် မှားယွင်းနေတယ်ဆိုရင် လက်မခံနဲ့တဲ့ စွန့်ပစ်လိုက်၊ အဲဒီကျမှ စွန့်ပစ်ရမှာ၊ ဒါ ဘယ်လောက်ကောင်းတဲ့ မှတ်ကျောက်လဲ၊ မြတ်စွာဘုရား ဟောထားတာ၊ အကယ်၍ သူပြောတဲ့စကားဟာ သုတ္တန်တွေနဲ့ ညီညွတ်ရင် လက်ခံလိုက်ပါ၊ လက်ခံတာက ချက်ချင်းလက်ခံဖို့ မဟုတ်ဘူး၊ တိုက်ဆိုင်ပြီး ကြည့်ရမယ်၊ တိုက်ဆိုင်ပြီး ကြည့်လို့ မှန်ကန်မှ လက်ခံ၊ မမှန်ဘူးဆိုရင် ပယ်လိုက်၊ ဒါပြောတာ၊ ဒါက ဘုရားဆိုတဲ့ အင်မတန်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ကို ရည်ညွှန်းပြီးတော့ ပြောတဲ့ မဟာပဒေသတစ်ခု။
နံပါတ်(၂)ကျတော့ ဟောဒါ ဘုရားဟောပါလို့ ဆိုပြီးတော့ သံဃာတွေအားလုံးက လက်ခံထားတာ ဖြစ်ပါတယ်လို့ တစ်ယောက်က ပြောလာခဲ့ရင် နားထောင်တဲ့ ပုဂ္ဂိုလ်က ဘာလုပ်ရမလဲဆိုရင် လက်လည်း မခံလိုက်နဲ့ဦး, ငြင်းလည်း မငြင်းလိုက်နဲ့ဦး၊ ဘာလုပ်ရမလဲ ဘုရားဟောထားတဲ့ အခြားသုတ္တန်တွေ.. ဝိနည်းတွေနဲ့ တိုက်ကြည့်လိုက်ပါ၊ တိုက်ကြည့်လို့ သံဃာတွေပြောတဲ့ စကားပဲ ဖြစ်လင့်ကစား ဘုရားဟောတဲ့ သုတ္တန္တ ဝိနယတွေနဲ့ တိုက်ဆိုင်လို့ မရဘူး၊ မှားယွင်းနေတယ်ဆိုရင် ဒါဟာ သူတို့ရဲ့အမှတ် [၂၄] မှားမှုပဲ၊ အကယ်၍ တိုက်ဆိုင်လို့ ညီညွတ်တယ်ဆိုရင်တော့ လက်ခံလိုက်ပါ၊ ငြင်းစရာရှိသေးလား (မရှိတော့ပါဘူး)၊ အငြင်းပွားမှု မလုပ်ရဘူးလို့ မြတ်စွာဘုရားက ဒီနည်းလမ်းတွေ ပေးထားတာ။
နောက် နံပါတ်(၃)က သံဃာတော်ကိုတော့ မရည်ညွှန်းဘူး၊ ဘာကိုရည်ညွှန်းလဲဆိုရင် .. ဘယ်ကျောင်းတိုက်က စာတတ်ပေတတ် ဆရာတော်ကြီးတွေ, ပါမောက္ခဆရာတော်ကြီးတွေ, သံဃာ့ဦးဆောင်ဆရာတော်ကြီးတွေ, သံဃာ့အဖွဲ့အစည်းတွေက ... ဒါဘုရားဟောတရားလို့ ပြောလာတယ်ဆိုရင် လက်ခံရမလား၊ လက်မခံနဲ့ဦး၊ ငြင်းပယ်ရမလား ဆိုရင်လည်း မငြင်းပယ်နဲ့ဦး၊ ဘုရားဟောတဲ့ ဝိနည်းတို့ သုတ္တန်တို့နဲ့ တိုက်ဆိုင်ကြည့်ပါဦး၊ တိုက်ဆိုင်ကြည့်လို့ မမှန်ဘူးဆိုရင် ဒါ သူ့တို့အမှတ်မှားတာပဲလို့ စွန့်ပယ်လိုက်ပါ၊ ညီညွတ်တယ်ဆိုမှ လက်ခံပါတဲ့။
နောက်ဆုံးတစ်ခု နံပါတ်(၄)က ဘာလဲဆိုလို့ရှိရင် ဘယ်ကျောင်းတိုက်က နံမည်ကျော် ဘယ်ဆရာတော်ကြီးကနေပြီးတော့ ဒါ ဘုရားဟောလို့ ဟောလိုက်တယ်, ဘယ်တရားပွဲမှာ ဟောလိုက်တယ် စသည်ဖြင့်ပေါ့၊ ဘုရားဟောဆိုပြီး ဟောသွားတယ် ဆိုလို့ရှိရင် ချက်ချင်းကြီး လက်မခံလိုက်နဲ့, ငြင်းလည်း မငြင်းလိုက်နဲ့တဲ့၊ ဟုတ်တယ် မဟုတ် [၂၅] ဘူး မလုပ်နဲ့ဦး၊ ဘုရားဟောထားတဲ့ ဓမ္မအစစ်တွေ ဝိနည်း အစစ်တွေနဲ့သာ တိုက်ကြည့်လို့ မှားယွင်းနေပြီ, ကိုက်ညီမှု မရှိဘူးဆိုလို့ရှိရင် ဒါသူမှားယွင်းပြီး ပြောတာပဲဆိုပြီးတော့ လက်မခံဘဲ ထားပါတဲ့၊ အကယ်၍ တရားတော်တွေနဲ့ ညီညွတ်တယ် ဆိုလို့ရှိရင် လက်ခံပါ၊ ဒါကို မဟာပဒေသ ၄-ပါးလို့ ခေါ်တယ်။

ဒီစည်းကမ်းအတိုင်း သွားမယ်ဆိုလို့ရှိရင် ဘုန်းကြီးတို့ အငြင်းပွားစရာ လိုသေးလား? မလိုဘူး၊ အမှန်တရားကို စွန့်ပယ်ပြီး အမှားကိုရော မှတ်မိစရာ ရှိသေးလား? မရှိတော့ဘူး၊ အဲဒါကို ဓမ္မမှတ်ကျောက်လို့ ပြောတာ၊ မြတ်စွာဘုရားကိုယ်တော်တိုင်က အဲဒီလိုလုပ်ဖို့မှာခဲ့တာ၊ ဘယ်အရာကိုမှ အရမ်းလက်မခံနဲ့၊ သံဃာကို ကြည့်ပြီးတော့လည်း လက်မခံနဲ့၊ မှန်တယ် မှားတယ်ဆိုတာ ကိုယ့်ဖာသာ ကိုယ် လေ့လာပြီးတော့ ဆုံးဖြတ်ရမယ်တဲ့၊ ဒါက မှတ်ကျောက် တစ်ခုပဲ။

နောက်ထပ် ရှင်ဥပါလိမထေရ်ကို ဟောကြားပေးခဲ့တဲ့ ဓမ္မမှတ်ကျောက်တစ်ခုကတော့ ကိုယ့်ကိုယ်နဲ့ တိုက်ကြည့်ပြီးတော့ တိုင်းတာရမယ်၊ အဲဒါ ပိုအရေးကြီးတယ် မှတ်ရမယ်၊ ခုနဟာက စာပေကျမ်းဂန်တွေ တတ်သိဖို့ လိုသေးတယ်၊ အခုပြောမှာက စာပေကျမ်းဂန်တတ်သိဖို့ [၂၆] မလိုဘဲနဲ့ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ တိုင်းတာကြည့်ရမယ်။

မြတ်စွာဘုရားက ရှင်ဥပါလိကို ဟောခဲ့တယ်၊ “ဒါက မြတ်စွာဘုရားရဲ့အဆုံးအမ, ဒါက ဘုရားဟောခဲ့တဲ့ ဓမ္မ, ဒါက ဘုရားဆုံးမခဲ့တဲ့ ဝိနယ၊ ဓမ္မရယ်-ဝိနယရယ်၊ မြတ်စွာဘုရားရဲ့အဆုံးအမရယ်' လို့ ဘာနဲ့ စံထားကြမလဲ၊ ဘုရားတရားအစစ်ပါလို့ ဆိုမှတော့ ဒီကျင့်စဉ်က မှန်ပါတယ်လို့ ဘာနဲ့စံထားရမလဲ။

ခုခေတ်မှာလည်း အငြင်းပွားတာတွေ ရှိတယ်နော်၊ မြန်မာပြည်တင် မကဘူး, တခြားမှာလည်း အငြင်းပွားတာ ရှိတယ်၊ တရားကျင့်တဲ့သူတွေ အသိုင်းအဝန်းမှာလည်း တရားကျင့်တဲ့သူတွေ အချင်းချင်း ငြင်းနေကြတာပဲ၊ မသင့်ဘူး၊ အမှန်တရားဆိုတာ ကိုယ်တိုင်ရှာရမယ်၊ ငြင်းရင် ဘာဖြစ်မလဲ၊ အကုသိုလ် ဖြစ်မယ်၊ အကုသိုလ်ဖြစ်ရင် ကောင်းသလား? မကောင်းပါဘူး၊ အဲဒီတော့ အငြင်းပွားမှု မရှိအောင် ဒီဓမ္မမှတ်ကျောက်လေးကို ကိုယ်စီကိုင်ထားဖို့ လိုတယ်၊ ဒါက ဓမ္မစစ်ပါ၊ ဒီလို လုပ်ရပါတယ် ဆိုလို့ရှိရင် ဘာနဲ့ စစ်ဆေးကြည့်ရမလဲဆိုရင် ဟောဒီ အချက် ၇-ချက် နဲ့ စစ်ဆေးကြည့်ရမယ်။

[၂၇] မြတ်စွာဘုရား တရားတော်ဆိုတာ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့ပုဂ္ဂိုလ်ဟာ သံသရာဝဋ်တွင်း၌ ငြီးငွေ့ပြီး သင်္ခါရတရားတွေပေါ်မှာ သာယာမှုနည်းပါးလာတယ်၊ တရားဓမ္မကျင့်လျက်သားနဲ့ သံသရာကလည်း မငြီးငွေ့ဘူး, သင်္ခါရတရားတွေပေါ်မှာ သာယာမှုကလည်း တိုးပွားနေသေးတယ်၊ ဒီအခြေအနေနှစ်ခု မဖြစ်နိုင်ဘူးလား- တရားအားထုတ်တဲ့အခါ သံသရာထဲမှာပိုပျော်လာတာနဲ့ သံသရာထဲမှာ ငြီးငွေ့လာတာ။

အဲဒီလို ဖြစ်လာလို့ရှိရင် စံပေးထားတယ်၊ ဘုရားဟောတဲ့တရားဟာ လက်တွေ့ကျင့်သုံးလိုက်မယ် ဆိုလို့ရှိရင် “ဧကန္တနိဗ္ဗိဒါယ’-သင်္ခါရတရားတွေအပေါ်မှာ သာယာစရာဆိုတာ မတွေ့တော့ဘဲနဲ့ သံသရာဝဋ်ဆင်းရဲကြီးကို ငြီးငွေ့လာရမယ်၊ ငြီးငွေ့မှုကို မဖြစ်စေဘူးဆိုရင် ကိုယ်ကျင့်နေတဲ့ တရားဟာ တရားစစ် မဟုတ်သေးဘူးလို့ ဒီလို ပြောတာ၊ ငြီးငွေ့မှုကို ဦးတည်သွားရမယ်၊ ဒါ နံပါတ် (၁) အချက်နော်။

နောက်တစ်ခုက ဘာလဲဆိုရင် “ဝိရာဂ” - မြတ်စွာဘုရားဟောထားတဲ့ တရားတော်ဟာ ကာမဂုဏ်အာရုံ ဆိုတဲ့တပ်မက်မှုတွေ ကင်းသွားရမယ်၊ သံသရာမှာ တွယ်တာမှုတွေ လျော့နည်းသွားရမယ်၊ နောက်ဆုံး ကင်းသွားနိုင် [၂၈] တဲ့အနေအထား ရှိရမယ်၊ ကျင့်လေလေ တပ်မက်မှု, တွယ်တာမှုတွေ လျော့လာလေလေ၊ အကယ်၍ တွယ်တာမှုတွေ လျော့မလာဘဲနဲ့ တိုးလာပြီဆိုရင် တရားစစ် မဟုတ်ဘူး၊ တွယ်တာမှုတွေ လျော့သွားမှ တရားစစ်ဖြစ်တာ၊ ဒါ နံပါတ်(၂)၊ နံပါတ်(၃)က “နိရောဓ’- ကိလေသာတွေ ချုပ်ငြိမ်းသွားရမယ်၊ ကိလေသာဆိုတဲ့ လောဘတွေ ချုပ်ငြိမ်းသွားရမယ်, ဒေါသတွေ ချုပ်ငြိမ်းသွားရမယ်, မာန်မာနတွေ ချုပ်ငြိမ်းသွားရမယ်, မငြိမ်းဘဲနဲ့ တိုးလာတယ်ဆိုရင် မဟုတ်သေးဘူး၊ တိုးလာပြီဆိုရင် ဒီတရားဟာ တရားစစ် တရားမှန် မဟုတ်ဘူးတဲ့၊ တချို့ကျတော့ တရားအားထုတ်လိုက်တဲ့ အခါကျတော့- ကြားဖူးတာလေး ပြောတာပါ၊ တရားအားထုတ်ပြီး ရိပ်သာကပြန်လာတဲ့ အခါကျတော့ အိမ်နားချင်းတွေနဲ့ မခေါ်နိုင်, မပြောနိုင် ဖြစ်တယ်၊ ငါက ထူး, တရားမြတ်တွေ ရလာတာ၊ နင်တို့က သံသရာထဲ လည်ဦးမှာ, ငါကတော့ လည်စရာမရှိတော့ဘူး၊ လူချင်း မပြောနဲ့ ဘုန်းကြီးတွေတောင် ဒီကိုယ်တော်တွေက တရားထူး တရားမြတ် မရသေးဘူး၊ တို့ထက် နိမ့်တယ်လို့ ထင်သွားတယ်၊ ဟုတ်တယ်မို့လား၊ အေး ဒါတွေ ဝင်လာရင် ဒါတရားစစ် မဟုတ်ဘူး၊ ကိုယ့်သန္တာန်မှာ မာန်မာနတွေ တရား [၂၉] တက်လာတာဟာ တရားစစ် မဟုတ်ဘူး၊ ဒါတွေ မဖြစ်အောင် ဖယ်ရှားပစ်မှ တရားစစ်ဖြစ်မှာ။

ဟော ၃-ချက်ရှိပြီ၊ နံပါတ်(၁) က ဧကန္တနိဗ္ဗိဒါယ- တကယ့်ကို သာယာမှုတွေ ငြီးငွေ့သွားတာ, လျော့ကျသွားတာ၊ နံပါတ်(၂)က ဝိရာဂ- တွယ်တာမှုတွေ ပြတ်တောက်သွားတာ၊ နံပါတ်(၃)က နိရောဓ-ကိလေသာတွေ ချုပ်ငြိမ်းသွားတာ။

နံပါတ်(၄)က တရားတစ်ခုဟာကျင့်ကြံလိုက်တာနဲ့ ငြိမ်းအေးသွားတယ်၊ တရားကိုအကြောင်းပြုပြီးတော့ စိတ်ထဲမှာ ပူပန်တာတွေ, သောကတွေ နည်းသွားတယ်၊ ဘယ်လိုပြဿနာမျိုးနဲ့ တွေ့တွေ့ စိတ်ထဲမှာ မပူပင်တော့ဘူး၊ ငြိမ်းနေတယ်၊ တရားနှလုံးသွင်းပြီး နေနိုင်တယ်။

ဆိုပါစို့- ပဋာစာရီတို့ သောကဖြစ်ပြီး ရူးသွားတယ်၊ တရားတွေနဲ့ တွေ့တဲ့အခါ ဒါတွေ ငြိမ်းပြီး အေးမသွားဘူးလား? စိတ်တွေ ငြိမ်းအေးသွားတယ်၊ အခါတိုင်းလို ပူပန်တာတွေ မရှိတော့ဘူး၊ အော် ငါ့ရဲ့အိမ်သား လမ်းမှာဆုံးသွားတယ်၊ ငါ့ကလေးနှစ်ယောက်လည်း လမ်းမှာသေသွားတယ်၊ အမေတွေ အဖေတွေ မောင်တွေလည်း မရှိတော့ဘူး၊ အားလုံးသေကုန်ပြီ၊ စိုးရိမ်သောကတွေဖြစ်ပြီး အရူးမဘဝရောက်သွားတယ်၊ အဲဒီအရူးမဘဝ ရောက်သွားတဲ့ [၃၀] သောကသည်မ ပဋာစာရီဟာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တဲ့အခါ “ဥပသမ' ရင်ထဲမှာ အပူတွေပျောက်ပြီး ငြိမ်းသွားပါတယ်၊ ကဲ အားထုတ်ပြီး အဲဒီလိုငြိမ်းအေးမှုတွေ ရရဲ့လားတဲ့၊ အတိုင်းအတာလေးတွေ ရှိရမယ်။ ဆိုပါစို့ ကိုယ်ဟာကိုယ် တိုင်းတာကြည့်ပေါ့၊ အရင်တုန်းက သိပ်ပူပန်တတ်တယ်၊ အခုတော့ မပူတော့ဘူးဆိုတာ ဖြစ်လာရတယ်၊ ဓမ္မလမ်းကြောင်းကို တွေ့ပြီး မပူတာမျိုး ဖြစ်ရမယ်၊ တရားအသိကို သိလာပြီးတော့ ပူပန်သောကတွေ လျော့ပြီး နောက်ဆုံးမှာ ပူပန်သောကတွေ လုံးဝမရှိတော့ဘူး၊ အေး ဒီအငြိမ်းဓာတ်လေး ရလာပြီဆိုမှ ဘုရားရဲ့တရားအစစ်လို့ မှတ်ပါ။

နောက်တစ်ခု နံပါတ်(၅)က 'အဘိညာ' တဲ့၊ သိမြင်မှုတွေက ထူးခြားလာတယ်၊ အရင်က သိတာတွေနဲ့ မတူဘူး၊ ရှင်းရှင်းလင်းလင်း သိလာတယ်၊ ဒုက္ခသစ္စာကိုလည်း ကောင်းကောင်းကြီး သိလာတယ်၊ နိဗ္ဗာန်ရဲ့သဘောသဘာဝကိုလည်း ကောင်းကောင်းကြီး သိလာတယ်၊ အဘိညာဉ်ဆိုတာ ထူးခြားတဲ့အသိဉာဏ်ကို ရတယ်၊ နံပါတ်(၆) က သမ္ဗောဓ - သစ္စာ ၄-ပါးကို မှန်မှန်ကန်ကန် သိလာတယ်။

[၃၁] အဲဒီလို ထူးခြားတဲ့ဓမ္မအသိတွေ ဖြစ်လာပြီဆိုလို့ရှိရင် ကြည့်- တရားနာတဲ့အချိန်နဲ့ တရားမနာရသေးတဲ့ အချိန်- ပြောရမယ်ဆိုရင် ဆေးစားပြီးတဲ့ပုံနဲ့ ဆေးမစားမီပုံ မတူဘူးဆိုတာ ရှိတယ်မဟုတ်လား၊ အဲဒါမျိုးတွေလိုပဲ တရားအသိ မရှိခင်တုန်းက တစ်မျိုး၊ တရားအသိ ရှိပြီးတဲ့အချိန်က တစ်မျိုးဆိုပြီး မပြောင်းသင့်ဘူးလား၊ တရားမသိခင်တုန်းက ပုံစံမျိုးပဲ၊ ရိပ်သာတွေသွား တရားစခန်းတွေ အကြိမ်ကြိမ်ဝင် ပုံမပျက်ဘူး, ဒီပုံစံပဲ ရှိသေးတယ်၊ အရပ်ထဲနေလို့ရှိရင် ပုံစံ ပြောင်းမသွားသေးဘူး၊ အချိုးအစားက ဒီအတိုင်းပဲဆိုရင် တရားမရသေးဘူးလို့ မှတ်ရမှာပဲ၊ အချိုးအစားတွေ ပြောင်းသွားပြီ၊ သိမ်မွေ့လာတယ်၊ ဒီလိုဖြစ်လာတယ်၊ တရားရှင်ဖြစ်လာရင် သိမ်မွေ့လာတယ်၊ နူးညံ့လာတယ်၊ အပြောအဆိုတွေကလည်း အင်မတန်ယဉ်ကျေးလာတယ်၊ ဒီလို တိုးတက်မှုတွေ ရှိလာတယ်။ နောက်ဆုံး .. နံပါတ်(၇)ကတော့ ‘နိဗ္ဗာနာယ’ နိဗ္ဗာန်ကို လက်ရှိတွေ့သွားတဲ့ အနေအထားမျိုး ရှိရမယ်၊ ဒါ အဆင့်အလွန်မြင့်သွားပြီးပေါ့။ အားလုံး ပေါင်းလိုက်တဲ့အခါ မြတ်စွာဘုရားတရားတော်ဟာ ဘယ်ကိုဆောင်ကြဉ်းသွားလဲဆိုတော့ အခြေအနေ ၇-ခု ရောက်သွားအောင် ဆောင်ကြဉ်းသွားတယ်။

[၃၂] ဘုရားတရားတော် ဆောင်ကြဉ်းသွားတာက သံသရာဝဋ်ဒုက္ခ သင်္ခါရတရားတွေကို ငြီးငွေ့လာတဲ့သဘော ရှိရမယ်၊ ဒီတရားကျင့်လိုက်တဲ့အခါ ခါတိုင်းလို ကာမဂုဏ်အာရုံတွေနဲ့ မပျော်တော့ဘူး၊ ဆိုပါစို့-အရင်က တီဗွီနားက မခွာဘူး၊ ယခု ဒါတွေဟာ အပိုပဲလို့ ကြည့်ချင်စိတ် မရှိတော့ဘူး၊ လူတွေဆိုတာ စိတ်ဓာတ်ကအမျိုးမျိုးလေ- ပွဲကြိုက်တဲ့ လူက ပွဲပဲ ကြိုက်တာပဲ၊ သူတို့က ထင်ကောင်း ထင်လိမ့်မယ်၊ ရိပ်သာတွေသွားပြီး တရားစခန်းမှာ တရားထိုင်နေတာကို ပွဲကြိုက်တဲ့သူအနေနဲ့ မြင်ရင် ဘယ်လိုနေမလဲ၊ “အမလေး ပျင်းစရာကြီး သွားပြီးငုတ်တုတ်ကြီး ထိုင်နေတယ်'လို့ မထင်ပေဘူးလား? အဲဒီလို ထင်မှာပဲ၊ ပွဲကြိုက်တဲ့သူကတော့ “ဒို့တော့ ပျော်လိုက်တာ၊ ရယ်လို့မောလို့ စားလို့သောက်လို့’၊ သူကလည်း ဒါကြိုက်တာပဲလေ၊ တရားအားထုတ်သူရဲ့ ကြည်နူးမှု ပီတိ, အသိဉာဏ်တို့ကို သူသဘောမပေါက်ဘူးလေ၊ အဲဒီတော့ သဘာဝချင်း တူရဲ့လား၊ မတူဘူး။

တရားတော်ကိုသိရင် အခြေအနေက ပြောင်းလဲသွားတယ်၊ အရင်တုန်းက ပွဲကြိုက်တယ်၊ အခု ပွဲမကြိုက်တော့ဘူး၊ ဒါပြောင်းလဲမှုတစ်ခု မဖြစ်ပေဘူးလား၊ အရင်တုန်းက အရပ်ထဲမှာ ကျယ်ကျယ်လောင်လောင် ပြောတယ်၊ [၃၃] ကြမ်းကြမ်းတမ်းတမ်းပြောတယ်၊ အခု အဲဒီလို မပြောတော့ဘူး၊ ပြောင်းလဲမှု မဖြစ်ဘူးလား၊ ဖြစ်လာတယ်၊ အရင်တုန်းက သံယောဇဉ်တွေ သိပ်ကြီးတယ်၊ အခုတော့ သိပ်မထားတော့ဘူး၊ မဖြစ်ပေဘူးလား၊ အဲဒီလို ကွဲပြားခြားနားမှုတွေ ရှိလာလို့ရှိရင် ဗုဒ္ဓမြတ်စွာက တကယ့်တရားအစစ်လို့ ဒီလိုဟောထားတာ။

ဧကန္တနိဗ္ဗိဒါယ - သံသရာဝဋ်ဆင်းရဲကြီးက လွတ်ကင်းလိုတဲ့ စိတ်ဆန္ဒတွေ, သံသရာဝဋ်ဆင်းရဲကို ပျော်ရွှင်စရာလို့ မမြင်တော့ဘူး၊ ပျော်ရွှင်စရာလို့ မမြင်တော့ဘဲ စိတ်ပျက်စရာ စိတ်ဓာတ်ကျတယ်ဆိုရင်တော့ အဲဒီ ၂-ခုက depression ဖြစ်တာ၊ တရားက depression ဖြစ်စေတာ မဟုတ်ဘူး၊ စိတ်ဓာတ်တွေ..depression ဝင်သွားရင် မဟုတ်သေးဘူး၊ ဝိရာဂ- မြတ်စွာဘုရားတရားတော်က အမှန်မြင်ပြီးတဲ့အခါ လူက ဒီသဘာဝတရားတွေပေါ်မှာ တွယ်တာမှုကင်းပြတ်သွားတာ ဖြစ်တယ်၊ စိတ်ဓာတ်ကျတာမျိုး မဖြစ်ဘူး၊ နေရထိုင်ရတာ ငြိမ်းချမ်းသွားတာမျိုး ဖြစ်တယ်၊ တွယ်တာမှုတွေ မက်မောမှုတွေ အခု မရှိတော့ဘူး။ နိရောဓ- ကျန်တဲ့စိတ်ဓာတ်ဆိုင်ရာအညစ်အကြေးတွေ ရှိတယ်၊ အခုတော့ မရှိတော့ဘူး၊ ဥပသမ- ငြိမ်းချမ်းလာတယ်၊ အဘိညာ- အသိဉာဏ်တွေလည်း ထူးခြားလာ [၃၄] တယ်၊ သမ္ဗောဓ- အမှန်တရားနဲ့ ပတ်သက်ပြီး သစ္စာ ၄-ပါးနဲ့ပတ်သက်ပြီး ကောင်းကောင်းကြီး သဘောပေါက်လာတယ်၊ နိဗ္ဗာန- တကယ့် သူတော်စင်တွေ ရောက်သွားတဲ့ နိဗ္ဗာန်ကို စိတ်ဝင်စားတယ်၊ ဒီလို တိုးတက်မှု အခြေအနေတွေကို ရရှိစေမှ, အဲဒါတွေကို ဆောင်ကြဉ်းသွားတဲ့တရားမှ တကယ့်စစ်မှန်တဲ့တရားပါလို့ မြတ်စွာဘုရားက ရှင်ဥပါလိကို ဟောတဲ့ “သတ္ထုသာသနသုတ္တန်” ဆိုတာ ရှိတယ်။

ဘုန်းကြီးတို့ အခုဟောတာက အင်္ဂုတ္တရနိကာယ်မှာ ပါတဲ့ မဟာပဒေသသုတ်နဲ့ အဲဒီအင်္ဂုတ္တရနိကာယ်ထဲမှာပဲ ပါတဲ့ သတ္ထုသာသနသုတ္တန်ကို မြန်မာလိုရှင်းပြီး ပြောတာ ဖြစ်တယ်၊ ဘုန်းကြီးတို့ပြောတာ မဟုတ်ဘူး။

အကျဉ်းချုပ်နားလည်ရမှာကတော့ ‘ဓမ္မမှတ်ကျောက်’ ဆိုတာ စာပေနဲ့တင်ပြီး ကြည့်တာလည်း ဓမ္မမှတ်ကျောက်ပဲ၊ ကိုယ့်ရဲ့ခံစားချက် ကိုယ့်ရဲ့အဆင့်နဲ့ ကြည့်တာလည်း ဓမ္မမှတ်ကျောက်ပဲ၊ ယောဂီပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ်သိလာတဲ့အသိ ကိုယ့်ဖာသာ မသိပေဘူးလား၊ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘ, ကိုယ့်သန္တာန်မှာဖြစ်တဲ့ ဒေါသ, ကိုယ့်သန္တာန်မှာဖြစ်တဲ့ မာန်မာနတွေ ဣဿာ မစ္ဆရိယတွေကို မသိနိုင်ဘူးလား၊ ကိုယ့်သန္တာန်မှာ ဒီသဘာဝတရားတွေ ရှိနေသေးတယ်ဆိုရင် နည်းလာသလား, ပိုဆိုးလာသလား [၃၅] ကိုယ့်ကိုယ်ကို မသိနိုင်ဘူးလား၊ ကျင့်လို့ရှိရင် တဖြည်းဖြည်း နည်းလာတယ်၊ လျော့လာတယ်၊ ၁ဝ-ကြိမ်ဖြစ်တာဟာ ၇-ကြိမ်၊ ၅-ကြိမ်၊ ၃-ကြိမ်လောက်ပဲ ဖြစ်တော့တယ်၊ ဒါမျိုး ပြောတာ၊ လုံးဝမဖြစ်ဘူးဆိုရင် ဒါ လုံးဝငြိမ်းသွားတယ်။

တရားနဲ့ ပတ်သက်လာရင် အနုရုဒ္ဓသုတ်ကို သတိထားသင့်တာပေါ့၊ ရှင်အနုရုဒ္ဓါမထေရ်မြတ်ဟာ သာသနာ့ဘောင်ဝင်လာပြီးတော့ ပထမ ၃-လ ဝါတွင်းကာလမှာ သမထကျင့်စဉ်တစ်ခုကို ကျင့်လိုက်တာ ဈာန် အဘိညာဉ်တွေ ရသွားတယ်၊ ဘာထူးထူးကဲကဲအောင်မြင်လဲဆိုရင် ဒိဗ္ဗစက္ခု အဘိညာဉ်မှာ ထူးထူးကဲကဲအောင်မြင်တယ်။

ဒိဗ္ဗစက္ခုအဘိညာဉ်ဆိုတာ ဒီစကြဝဠာတစ်ခု မပြော စကြဝဠာတစ်ထောင်ကို တစ်ထိုင်တည်းနဲ့ အာရုံပြု ကြည့်လိုက်လို့ရှိရင် အကုန်မြင်နေရတယ်၊ အကုန်မြင်တယ် ဆိုတာ ဘာလဲ၊ သေသွားတဲ့လူ မြင်ရတယ်၊ သေပြီး ဘယ်ရောက်သွားတယ်ဆိုတာ မြင်ရတယ်၊ သေခါနီးဆဲဆဲပုဂ္ဂိုလ်တွေ ဘာဖြစ်နေတယ်ဆိုတာ အကုန်မြင်ရတယ်၊ သေသွားပြီး အခြားမဲ့ဘဝမှာ ဘယ်ရောက်နေတယ်ဆိုတာ မြင်ရတယ်၊ အဲဒါအားလုံး television ထဲကပုံကို ထိုင်ကြည့်နေရသလို မြင်ရတယ်၊ မြင်နေရလို့ စကြဝဠာတစ်ထောင်မှာ ရှိတာတွေကို အကုန်လုံး မြင်နိုင်စွမ်းရှိတယ်၊ ဒိဗ္ဗစက္ခုလို့ [၃၆] ခေါ်တယ်၊ ကိုယ့်အနီးနားမှာပဲရှိရှိ အဝေးမှာပဲရှိရှိ သေးတာပဲဖြစ်ဖြစ် ကြီးတာပဲဖြစ်ဖြစ် ကြည့်ချင်လို့ရှိရင် ကြည့်ချင်တဲ့ဘက်ကို ဦးလှည့်လိုက်တာနဲ့ အကုန်မြင်ရတယ်၊ ဒါ ရှင်အနုရုဒ္ဓါ ရခဲ့တဲ့ စွမ်းရည်ပဲ။

အဲဒီလို သမထကျင့်စဉ်အောင်လို့ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်ဟာ မသိမသာ အကုသိုလ်တရားတွေ ဖြစ်လာတယ်၊ ရှေ့ဆက်ပြီး တရားကျင့်ပေမယ့် ရဟန္တာမဖြစ်ဘူး၊ မဖြစ်တဲ့အခါ ရှင်သာရိပုတ္တရာဆီ သွားမေးတယ်၊ “အရှင်ဘုရား တပည့်တော်မှာ စကြဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်၊ တပည့်တော်မှာ သတိတွေလည်း ကောင်းတယ်, ဝီရိယတွေလည်း ကောင်းတယ်၊ သမာဓိစွမ်းအားတွေလည်း ကောင်းတယ်၊ ဒါပေမယ့် ရဟန္တာမဖြစ်ဘူးဘုရား, ကိလေသာ ကင်းကွာတဲ့သူ မဖြစ်ဘူးဘုရား ”- စကားက ၃-ခွန်းနော်။

အဲဒီလိုပြောတော့ ရှင်သာရိပုတ္တရာမထေရ်မြတ်က ဘာပြောလဲဆိုတော့ “ငါ့ရှင်အနုရုဒ္ဓါ- စကြဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်လို့ ထင်နေတာကိုက မာနပဲ”၊ ကြည့်-မာနဆိုတာ အကုသိုလ်၊ ယောဂီပုဂ္ဂိုလ်တွေ ‘ငါတော့ တရားထိုင်တာ တစ်နေ့ကို ဘယ်နှစ်ကြိမ် ထိုင်နိုင်တယ်၊ ငါ့သမာဓိ ဘယ်လောက်ကောင်းတယ်၊ မထဘဲနဲ့ ဘယ်လောက်ထိုင်နိုင်တယ်၊ ၅-နာရီ ထိုင်နိုင်တယ်၊ ၆- [၃၇] နာရီ ထိုင်နိုင်တယ်၊ အဲဒီလို သွားမတွေးနဲ့၊ အဲဒါ မာနပဲ၊ ရှေ့ကို တရားထူးတရားမြတ် မတက်နိုင်ဘူး။ သူပြောတာ မဟုတ်ဘူးလားဆို ... ဟုတ်တယ်၊ စကြဝဠာတစ်ထောင်ကို တစ်ထိုင်တည်းနဲ့ ကြည့်နိုင်တယ်၊ ဟုတ်ပေမယ့် အဲဒီ မာနလေး ခံနေသည့်အတွက်ကြောင့် ရဟန္တာ မဖြစ်ဘူး။

နောက်တစ်ခါ ရှင်သာရိပုတ္တရာက ထောက်ပြတယ်၊ “ငါ့မှာ သမာဓိတွေကောင်းတယ်၊ သတိလည်းကောင်းတယ်၊ ဝီရိယတွေလည်း ကြိုးစားအားထုတ်တယ်၊ အဲဒီလိုတွေးတာက ဥဒ္ဓစ္စ စိတ်တွေလေလွင့်နေတာ၊ ဒီလိုတွေးတာကိုက သမာဓိပျက်ပြားတာပဲ၊ အဲဒီအတွေးတွေ မဖျောက်လို့ရှိရင် ရဟန္တာမဖြစ်ဘူး။

နောက်ဆုံးအဆင့် “ငါ ကိလေသာကုန်တဲ့ ရဟန္တာ ဘာဖြစ်လို့ မဖြစ်ရသလဲ” လို့ပြောတာ ကုက္ကုစ္စပဲ၊ အများသိနေတဲ့ ကုက္ကုစ္စက မလုပ်သင့်တဲ့အလုပ်ကို လုပ်မိပြီး ပူပန်တာ ကုက္ကုစ္စပဲ၊ လုပ်သင့်တာ မလုပ်မိလို့ ပူပန်တာလည်း ကုက္ကုစ္စပဲ၊ ယခု ကုက္ကုစ္စဆိုတာ တခြားမဟုတ်ဘူး၊ “ကိလေသာကုန်တဲ့ ရဟန္တာ ဘာလို့ မဖြစ်တာလဲ” လို့ တွေးတာ၊ ဒါလည်း ကုက္ကုစ္စပဲ။

[၃၈] မာနဆိုတာလည်း အကုသိုလ်တရား၊ ဥဒ္ဓစ္စလည်း အကုသိုလ်တရား၊ ကုက္ကုစ္စလည်း အကုသိုလ်တရား၊ အင်မတန်မှ သိမ်မွေ့တယ်၊ ဒီ ဥဒ္ဓစ္စတို့၊ ကုက္ကုစ္စတို့၊ မာနတို့ ဆိုတဲ့ အကုသိုလ်တွေ ခံနေတဲ့အတွက်ကြောင့် ရှင်အနုရုဒ္ဓါ ရဟန္တာအဖြစ်ကို မရောက်ဘူးတဲ့။

ရှင်သာရိပုတ္တရာက အကြံပေးတယ် “ကိုယ်တော် ဒါတွေတွေးမနေနဲ့၊ နိဗ္ဗာန်တစ်ခုထဲကို ဦးတည်ပြီး ကျင့်ပါ” လို့ အကြံပေးလိုက်တဲ့အခါကျမှ ရှင်အနုရုဒ္ဓါ ရဟန္တာဖြစ်သွားတယ်၊ တရားဆိုတာ အလွန်သိမ်မွေ့တယ်။ ဥပမာလေးတစ်ခုနဲ့ ကြည့် - ကိုယ့်လက်ဖဝါးထဲမှာ မြူမှုန်ကလေးတစ်ခုရှိလို့ အဲဒီမြူမှုန်ကလေးကို လက်ဖဝါးထဲမှာ ပွတ်ကြည့် - ဘာမှမဖြစ်ဘူး၊ သို့သော် အဲဒီမြူမှုန်လေးကို မျက်လုံးထဲထည့်လိုက်ရင် ဘယ်လိုနေမလဲ၊ မျက်ရည်တွေ မထွက်ပေဘူးလား၊ လက်ဖဝါးထဲမှာရှိတုန်းက ဘာမှမဖြစ်ပေမယ့် မျက်လုံးထဲရောက်တော့ ဒုက္ခမရောက်ပေဘူးလား။

ထို့အတူပဲ ခုနကပြောတဲ့ မာနလေးဟာ မြူမှုန်လေးလောက်ပဲရှိတာ၊ သူရလို့ရတယ် ပြောတာပဲ၊ ထို့အတူပဲ သတိ၊ ဝီရိယ၊ သမာဓိတွေ ကောင်းတယ်လို့ တွေးတာလည်း သူဟုတ်လို့ တွေးတာပဲ၊ အဲဒါကလည်း မြူမှုန်လေး [၃၉] လိုပါပဲ၊ သိပ်ကြီးတာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့ ရဟန္တာ မဖြစ်ပါလိမ့်လို့ တွေးတဲ့အတွေးဟာလည်း မြူမှုန်လေးလိုပါပဲ၊ သို့သော် အဲဒီမြူမှုန်လေးဟာ မျက်လုံးထဲရောက်ရင် ခိုးလိုးခုလုဖြစ်သလို အရဟတ္တမဂ်ဖိုလ်ဆိုတဲ့ အင်မတန် သိမ်မွေ့တဲ့တရား ရဖို့ကျတော့ အကြီးအကျယ်အဟန့်အတား မဖြစ်ပေဘူးလား၊ ဒါလည်း သတိထားရမယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဓမ္မမှတ်ကျောက်လို့ မဟာပဒေသသုတ်နဲ့ သတ္ထုသာသနသုတ်တွေကို ဟောခဲ့ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တွေ မိမိတို့ လက်တွေ့ကျင့်သုံးရမယ့် တရားဓမ္မ၊ သိထားရမယ့် တရားဓမ္မတွေ နာရလို့ ကိုယ့်ရဲ့အမူအကျင့်တွေ စိတ်နေသဘောထားတွေ ပြောင်းလဲလာပြီး သူတော်စင်သူတော်မြတ် အဖြစ် ရောက်လာပြီဆိုရင် ဗုဒ္ဓမြတ်စွာရဲ့တရား မှန်ကန်တယ်လို့ ဒီလိုမှတ်ကြရမှာပါ၊ တရားကိုအကြောင်းပြုပြီး မာနတွေ တက်လာမယ်၊ မလိုမုန်းထားတဲ့ ဣဿာတွေ များလာမယ်၊ သူတစ်ပါးသိတာကို မနာလိုတာက ဣဿာ၊ ကိုယ်သိတာကို သူများမသိစေချင်တာက မစ္ဆရိယ၊ အဲဒါမျိုးတွေ တိုးပွားလာရင် ဒါမမှန်ကန်သေးဘူးလို့ ဒီလို မှတ်ရမယ်။

7wybtv83dq3q7h95g1oa4bxlg7riqsj
22331
22330
2026-11-05T15:11:58Z
Tejinda
173
22331
wikitext
text/x-wiki
{{header
| title = ဓမ္မတာဝန်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဓမ္မဂီတိကာ]]
| previous2 = [[ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ]]
| next = [[ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဓမ္မတာဝန်

[၁] သာသနာတော်နှစ် ၂၅၅၈-နှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆-ခု နတ်တော်လပြည့်ကျော်(၇)ရက် (၁၃. ၁၂. ၂၀၁၄) ရန်ကုန်မြို့ ... ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် မဟာဘွဲ့နှင်းသဘင် ဓမ္မခန်းမ အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် တက္ကသီလဟိတဓရ (ရန်ကုန်) ဒုတိယအကြိမ် အာစရိယပူဇော်ပွဲနှင့် သောတုဇနတွေ့ဆုံပွဲ အကြိုဓမ္မသဘင်အခမ်းအနား၌ ဟောကြားအပ်သော “ဓမ္မတာဝန်” အကြောင်းတရားဟော။

ဓမ္မတာဝန်ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောပြောဆုံးမခဲ့တဲ့ တရားဓမ္မတွေ လောကအလယ်မှာ ကြာရှည်စွာ တည်ရှိဖို့အတွက် ဆောင်ရွက်ရတဲ့ တာဝန်ကို ‘ဓမ္မတာဝန်’လို့ ဒီလို ဆိုလိုတယ်၊ မြတ်စွာဘုရားကိုယ်တိုင် ဓမ္မကို မည်မျှ အလေးပြုတယ်ဆိုတာ [၂] သုတ္တန်တွေထဲမှာ လေ့လာကြည့်မယ်ဆိုရင် သိနိုင်တယ်၊ လောကမှာပွင့်လာတဲ့ ဘုရားရှင်ကိုယ်တော်မြတ်တိုင်းဟာ ဓမ္မဂရု ဓမ္မကို အလေးပြုတယ်လို့ သုတ္တန်ပါဠိတော်မှာ ဆိုထားတဲ့ထဲ မှတ်တမ်းတင်ထားတာ ရှိတယ်။

တစ်ခါတုန်းက .. မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ဘုရားအဖြစ်သို့ ရောက်ပြီးတဲ့နောက် စဉ်းစားတယ်၊ “လောကမှာ မှီခိုအားထား လေးစားစရာ မရှိဘဲနဲ့ နေရတာ မကောင်းဘူး၊ မှီခိုအားထား လေးစားရမယ့်အရာ ရှိသင့်တယ်၊ ပုဂ္ဂလနဲ့ ဓမ္မ ဒီနှစ်ခုမယ် ငါ့အနေနဲ့ လေးစားရမယ့်ပုဂ္ဂိုလ်များ ရှိသလား”လို့ ကြည့်တယ်၊ ကိုယ့်ထက်သီလအားဖြင့် သာလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်, သမာဓိအားဖြင့် သာလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်, ပညာအားဖြင့် သာလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ် လောကလူသားတွေတွင်မက နတ်တွေ ဗြဟ္မာတွေအထိ ရှာကြံကြည့်သော်လည်း မြတ်စွာဘုရားထက် သီလ သမာဓိ ပညာဆိုတဲ့အရာတွေမှာ သာလွန်တဲ့ [၃] ပုဂ္ဂိုလ် မဆိုထားနဲ့ တန်းတူညီမျှအဆင့်ထိအောင် ရောက်ရှိနိုင်တဲ့ ပုဂ္ဂိုလ်တောင် ရှာမတွေ့ခဲ့ဘူး၊ လေးစားရတဲ့ပုဂ္ဂိုလ်ဆိုတာ မြတ်ဗုဒ္ဓအနေနဲ့ မရှိဘူး၊ ဒါကြောင့် “ငါသိတဲ့တရားဟာ ငါ့အနေနဲ့ လေးစားရမယ့်အရာဖြစ်တယ်”လို့ဆိုပြီး မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဓမ္မကို အလေးပြုပြီး နေထိုင်ခဲ့ဖြစ်တယ်၊ ဘုရားအဆူဆူက ဓမ္မကို အလေးထားကြတယ်ဆိုတာ အလွန်ထင်ရှားတယ်။ ဘုရားကိုယ်တိုင် အလေးထားပြီးတော့ လေးစားရတဲ့ဓမ္မက ဘယ်လိုဓမ္မမျိုးတုန်းလို့ ကြည့်မယ်ဆိုရင် မြတ်စွာဘုရားကိုယ်တိုင် ကျင့်ကြံကြိုးစားအားထုတ်ခဲ့လို့ အောင်မြင်ပေါက်ရောက်လာတဲ့ဓမ္မ ဖြစ်တယ်၊ အဲဒီဓမ္မကို ရခြင်းရဲ့အကြောင်း ဗောဓိပက္ခိယတရား ၃၇-ပါးဆိုတဲ့ ဒီဓမ္မတွေဟာ အလေးထားရတဲ့ ဓမ္မတွေ ဖြစ်တယ်။

အဲဒီဓမ္မတွေကို အလေးထားပြီးတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ ၄၅-ဝါ ကာလ [၄] ပတ်လုံး လောကရဲ့ အကျိုးကို ဆောင်ရွက်တော်မူခဲ့တာဖြစ်တယ်၊ ဓမ္မအလေးပြုမှုဟာ သက်တော်-၈ဝ အရွယ်ရောက်လို့ နောက်ဆုံးမှာကြားစရာရှိတဲ့စကားတွေကို မှာကြားတဲ့နေရာမှာ “ဓမ္မဝိနယဟာ သင်တို့ဆရာပဲ”လို့ မိန့်ကြားခဲ့တယ်၊ ဘုရားဟောထားတဲ့ အဆုံးအမဓမ္မတွေဟာ ဟောကြားတဲ့ဆရာ မရှိတော့ဘူးဆိုလို့ရှိရင် လေးစားဖွယ် မဖြစ်တတ်ဘူး၊ တချို့ အယူဝါဒတွေဆိုရင် ချမှတ်ထားတဲ့ပုဂ္ဂိုလ် မရှိတဲ့နောက်မှာ ထိုပုဂ္ဂိုလ်ရဲ့ပေါ်လစီအယူဝါဒတွေဆိုတာ ပျောက်ကွယ်သွားတယ်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် အလေးထားပြီး ဟောကြားခဲ့တဲ့ ပါဝစန ဆိုတဲ့ မြင့်မြတ်တဲ့ အဆုံးအမတရားတော်တွေကို ရဟန်းသံဃာတွေရဲ့ စိတ်ထဲမှာ အတီတသတ္ထုက ဟောပြောတဲ့ဆရာ မရှိတော့ဘူး၊ မရှိတော့သည့်အတွက်ကြောင့် အသုံးမဝင်တော့ဘူးလို့ ယူဆနိုင်လာဖွယ် ရှိတယ်။

[၅] ဒါကြောင့်မို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က “ယော ခေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ”၊ “ငါ ဟောခဲ့တဲ့ဓမ္မတွေ, ငါ ပညတ်ခဲ့တဲ့ဝိနယတွေဟာ ငါမရှိတဲ့နောက်မှာ သင်တို့ကို ဆုံးမဩဝါဒပေးမယ့် ဆရာဖြစ်လိမ့်မယ်”၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က အတိအလင်း ဓမ္မကို အလေးဂရုပြုပြီးတော့ နေကြဖို့ဆိုတာ မှာကြားခဲ့တာ ဖြစ်တယ်။

ဒီနေရာမှာ အလွန့်ကိုထူးခြားတဲ့ ဗုဒ္ဓသာသနာရဲ့ကျင့်သုံးလိုက်နာမှုကို တွေ့ရမှာ ဖြစ်တယ်၊ ကမ္ဘာမှာ ကြည့်မယ်ဆိုရင် ဘယ်နေရာမှ ဒါမျိုး ရှိမှာမဟုတ်ဘူး၊ ဗုဒ္ဓမြတ်စွာရဲ့ ဘာသာတရားအဖွဲ့အစည်းကြီး တစ်ခုဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ခေါင်းဆောင်တင်မြှောက်ခဲ့ခြင်း မရှိဘူး၊ တခြားသာသနာမှာ ရာထူးဆက်ခံတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်၊ အဖွဲ့အစည်းတွေမှာလည်း ရာထူးဆက်ခံတဲ့ပုဂ္ဂိုလ်ဆိုတာရှိတယ်၊ မြတ်စွာ [၆] ဘုရားတည်ထောင်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာသာသနာတော်မှာ ရာထူးဆက်ခံတဲ့ပုဂ္ဂိုလ်ဆိုတာ မရှိဘူး၊ မြတ်စွာဘုရားမရှိတော့တဲ့နောက် မြတ်စွာဘုရားကိုယ်စား ဟောကြားဆုံးမထားတဲ့ တရားတွေကသာ မြတ်စွာဘုရားရဲ့ရာထူးကို ဆက်ခံတဲ့ အနေအထားတွေ ရောက်ရှိနေတယ်၊ အင်မတန်မှထူးခြားတဲ့ အသွင်သဏ္ဌာန်ပဲ ဖြစ်တယ်၊ ရှုမြင်ရတဲ့ အနေအထားက အင်မတန်မှ လေးစားရတဲ့အနေအထားမျိုး ဖြစ်တယ်။

မြတ်စွာဘုရားကိုယ်တိုင်ကိုက ဓမ္မနဲ့ ပတ်သက်လာတဲ့အခါမှာ သွာက္ခာတော ဓမ္မော မှန်မှန်ကန်ကန်ဟောပြောထားတာ ဖြစ်သောကြောင့် ဓမ္မနဲ့ ပတ်သက်ပြီး အကြောင်းအကျိုး မဆီလျော်တာတို့ မမှန်ကန်တာတို့ဆိုတာ တစ်ခုမှ မရှိဘူး၊ လုံးဝ မှန်ကန်တယ်၊ ဟောထားတဲ့အတိုင်းပဲ ဓမ္မကို လိုက်နာကျင့်သုံးရင် တကယ်ပဲ အကျိုးရတယ်၊ ရှောင်ရမှာကို မရှောင်ဘူးဆိုရင်လည်း ဒုက္ခကို ဖြစ်ပေါ်စေ [၇] တယ်၊ အဲဒီလို မှန်ကန် တိကျသေချာလှတဲ့ အဆုံးအမတရားတွေကို ပြည့်ပြည့်ဝဝ ဘုရားဟောထားတာ ဖြစ်တယ်၊ အတွင်းအပြင် ခွဲခြားမှု မရှိဘဲ လုံးဝ ပြည့်စုံတဲ့ တရားဓမ္မတွေကို ကုန်စင်အောင် ဟောထားတယ်။

တခြားဘာသာဝါဒတွေ တည်ထောင်တဲ့ ပုဂ္ဂိုလ်တွေဆိုလို့ရှိရင် မိမိတို့ဟောပြောတဲ့ တရားဓမ္မနဲ့ ပတ်သက်တဲ့အခါ လျှို့ဝှက်ချက်ကလေးတွေ ရှိတယ်၊ မြတ်စွာဘုရားက ပွင့်ပွင့်လင်းလင်း မိန့်ကြားတယ်၊ “န မေ အာစရိယမုဋ္ဌိ အတ္ထိ ဓမ္မေသု” “ငါ့မှာ ဓမ္မနဲ့ပတ်သက်လာလို့ရှိရင် အာစရိယမုဋ္ဌိ ဆရာက လက်ထဲမှာ ဆုပ်ပြီးတော့ ချန်ထားတဲ့ လက်ဆုပ်ထဲ လျှို့ဝှက်ထားတဲ့ဓမ္မ ငါ့မှာ မရှိဘူး၊ အားလုံး ပွင့်ပွင့်လင်းလင်း မချန်မခွင်းဟောတာ ဖြစ်တယ်၊ လက်ဝါးဖြန့်ပြီးတော့ တရားဓမ္မမှန်သမျှ ပြည့်ပြည့်ဝဝ ငါ ဟောထားတာ ဖြစ်တယ်”ဆိုတာကို ရှင်အာနန္ဒ [၈] မထေရ်မြတ်ကို အတိအလင်း မိန့်ကြားခဲ့တာ ဖြစ်တယ်။

ဒါတောင်မှပဲ ဒီကနေ့ ဘာသာဂိုဏ်းကွဲဖြစ်တဲ့ မဟာယာနဂိုဏ်းမှာ အယူအဆတစ်ခု ရှိတယ်၊ မြတ်စွာဘုရားဟောကြားတဲ့တရားကို နှစ်မျိုးခွဲတယ်၊ အဲဒီနှစ်မျိုးထဲမှာ အများကို ဟောတဲ့တရားက တစ်မျိုး၊ လက်ရွေးစင်တပည့်တွေကို ဟောတဲ့တရားက တစ်မျိုးဆိုပြီးတော့ နှစ်မျိုးခွဲခြားပြီးတော့ ယူဆတာ တွေ့ရတယ်၊ ဒါက တခြား ခရစ်ယာန်ဘာသာမှာ လက်ရွေးစင်တပည့်တွေကို ဟောကြားတယ် ဆိုတဲ့အရာနဲ့ ဆင်ဆင်တူနေတယ်၊ အဲဒီတော့ မဟာယာနဂိုဏ်းက အသုံးပြုတဲ့ထဲမယ် စကားလုံး နှစ်မျိုး ရှိတယ်၊ esoteric ဆိုတဲ့ စကားလုံးနဲ့ exoteric ဆိုတဲ့ စကားလုံး နှစ်လုံးရှိတယ်၊ အင်္ဂလိပ်လို တစ်ခုက esoteric ဆိုတာ လူတကာတွေကို တပည့်အားလုံးကို ဟောတာ မဟုတ်ဘူး၊ သာမန် ပုဂ္ဂိုလ်တွေအများစုကို ဟောတဲ့တရားက တစ်မျိုး၊ [၉] လက်ရွေးစင်တပည့်တွေကို ဟောတာက တစ်မျိုးဆိုပြီးတော့ နှစ်မျိုးခွဲထားတာ။

ခွဲထားပြီးတော့ သူတို့က ဘာပြောချင်တုန်းဆိုလို့ရှိရင် မဟာယာနကလွဲလို့ရှိရင် ကျန်တာတွေကို ဟီနယာနတွေဆိုတဲ့အသုံးနဲ့ သုံးတယ်။

အဲဒီမှာ ဟီနယာနလို့ဆိုတဲ့ နိမ့်ကျတဲ့ယာဉ်ကို စီးပြီးတော့ နိမ့်ကျတဲ့လမ်းစဉ်နဲ့ နိဗ္ဗာန်ကိုဝင်မယ့် ပုဂ္ဂိုလ်တွေအတွက်ဆိုတဲ့ .. ဟောပြောတဲ့တရားက တစ်ဆင့်နိမ့်တဲ့တရားဓမ္မမျိုး ဖြစ်တယ်၊ မဟာယာနဆိုတဲ့ အဆင့်မြင့်တဲ့ လမ်းကြောင်းကနေ တရားကျင့်ပြီး နိဗ္ဗာန်ဝင်မယ့်ပုဂ္ဂိုလ်တွေကျတော့ exoteric လို့ ခေါ်တယ်၊ တကယ့် special တရားတွေကို ဟောတယ်၊ ဒီအယူအဆတစ်ခုဟာ ဗုဒ္ဓဘာသာတွေမှာ ဝင်ရောက်လာတယ်။

တကယ်ကတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ရှင်အာနန္ဒမထေရ်မြတ်ကို ရှင်းရှင်းကြီး မိန့်ကြားထားခဲ့တဲ့စကားအရ သူတို့ရဲ့အယူအဆမှာ [၁၀] မှန်ကန်မှုမရှိဘူး၊ မြတ်စွာဘုရားဟာ ဓမ္မနဲ့ပတ်သက်လာလို့ရှိရင် “န မေ အာစရိယမုဋ္ဌိ အတ္ထိ ဓမ္မေသု” special တပည့်တွေ ထူးခြားတဲ့တပည့်တွေကိုသာ ဟောမယ်ဆိုတဲ့တရားမျိုး .. လက်ထဲမှာဆုပ်ပြီးတော့ ဖွက်ထားတဲ့တရားမျိုး ဒို့မှာ လုံးဝမရှိဘူး၊ အတွင်း အပြင် အခြွင်းအချန် မရှိ၊ နိဗ္ဗာန်ရောက်ကြောင်း တရားတွေမှန်သမျှ လုံလောက်ပြည့်စုံအောင် ဟောကြားထားပြီးသား ဖြစ်လို့ esoteric နဲ့ exoteric ဆိုတဲ့အယူဝါဒက သူတို့ရဲ့အယူအဆမျှသာ ဖြစ်တယ်။

သူတို့ ဆိုချင်တာက ဟီနယာနဂိုဏ်းသားတွေ သင်တဲ့တရားဟာ မြတ်စွာဘုရားက အများကို ဟောတဲ့တရားတွေသာ ဖြစ်တယ်၊ မဟာယာနတွေ ဟောတဲ့တရားက တကယ့် special တရား ဖြစ်တယ်လို့ ဒီလိုယူဆတယ်၊ ဒါကတော့ သက်သက်မဲ့ အပေါ်စီး ရအောင် ပြောတဲ့စကားမျိုးသာ ဖြစ်တယ်။

[၁၁] မြန်မာနိုင်ငံမှာ ထွန်းကားနေတဲ့ ဗုဒ္ဓသာသနာကို ဟီနယာနလို့ မှားပြီးတော့ ခေါ်ခဲ့တယ်၊ တကယ်တော့ မြန်မာနိုင်ငံမှာ ထွန်းကားတဲ့ တောင်ပိုင်းဗုဒ္ဓဘာသာဆိုတာ authentic teaching မြတ်စွာဘုရားရဲ့ မူရင်းအတိုင်း လက်ခံတဲ့ orthodox ဆိုတဲ့ တရားဓမ္မသာ ဖြစ်တယ်၊ မြတ်စွာဘုရားတရားတော်တွေကို လုံးဝပြင်ဆင်ပြုပြင်ပြောင်းလဲခြင်း မရှိဘဲနဲ့ အရှိကို အရှိအတိုင်း လက်ခံပြီးတော့ ဟောကြားတဲ့ဒေသနာတွေမျှသာ ဖြစ်တယ်၊ ကမ္ဘာမှာ ဗုဒ္ဓတရားတော်တွေကို လေ့လာကြတဲ့ပုဂ္ဂိုလ်တိုင်း ဒီအချက်ကို လက်ခံထားကြတယ်၊ ဘယ်သူမှ မငြင်းနိုင်ဘူး၊ စာပေကို လေ့လာတဲ့ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းက authentic Buddha's teaching ဆိုတာ အားလုံးက လက်ခံကြတယ်။

ထေရဝါဒဆိုတာက ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူတဲ့အခါ မြတ်စွာဘုရားရဲ့ သရီရပူဇာ အခမ်းအနားကို တက်ရောက်လာကြတဲ့ (၇)သိန်း [၁၂] အတိုင်းအတာရှိတဲ့ သံဃာတော်တွေထဲမှာ အကြီးအကဲဖြစ်တဲ့ ရှင်မဟာကဿပ ဦးဆောင်ပြီး မူဝါဒတစ်ခုကို ချမှတ်ပြီးတော့ ပြောဆိုခဲ့ရာကစပြီး ထေရဝါဒဆိုတာ ပေါ်လာတာ ဖြစ်တယ်၊ သူတို့ချမှတ်တဲ့ မူဝါဒကလည်း အလွန်ရှင်းလင်းပြတ်သားတယ်။ “အပညတ္တံ န ပညပေတဗ္ဗံ” မြတ်စွာဘုရား မပညတ်ခဲ့တဲ့အရာ မြတ်စွာဘုရား မဟောတဲ့အရာကို အသစ်ထပ်ပြီးတော့ မလုပ်ရဘူး၊ “ပညတ္တံ န သမုစ္ဆိန္ဒိတဗ္ဗံ” မြတ်စွာဘုရားဟောပြီး ပညတ်တရားများကို မပယ်ဖျက်ရဘူး၊ “ယထာ ပညတ္တေသု သိက္ခာပဒေသု သိက္ခိတဗ္ဗံ” အရှိအတိုင်း လိုက်နာကျင့်သုံးရမယ်ဆိုတဲ့ မူဝါဒသုံးချက်နဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်၊ အင်မတန် တိကျသေချာတဲ့ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေ၊ ရှင်မဟာကဿပအမှူးရှိတဲ့ ထေရလို့ဆိုတဲ့ သံဃာ့ခေါင်းဆောင်ကြီးတွေက သတ်မှတ်တာ ဖြစ်သောကြောင့် ထေရဝါဒဆိုတဲ့ အမည်နာမနဲ့ ခေါ်ဆိုလာကြတာ ဖြစ်တယ်။

[၁၃] တကယ်တော့ စကားတစ်ခုမှာ တွဲဖက်အနေနဲ့ ပြောမယ်ဆိုရင် မဟာယာနတွေသုံးတဲ့ စကားလုံးနဲ့ တွဲဖက်ရတဲ့ စကားလုံးက စူဠယာန ဖြစ်တယ်၊ မှားယွင်းပြီးတော့ သုံးစွဲနေတာ ဖြစ်တယ်၊ မဟာနဲ့ တွဲရမှာက စူဠသာ ဖြစ်ပြီး ဟီနနဲ့ တွဲရမှာက ပဏီတသာ ဖြစ်တယ်၊ မှန်မှန်ကန်ကန် ပြောဆိုကြမယ်ဆိုရင် မဟာယာနနဲ့ စူဠယာန (သို့မဟုတ်) ပဏီတယာနနဲ့ ဟီနယာနလို့ ဒီလိုသုံးမှ မှန်ကန်တဲ့အဓိပ္ပာယ် ရှိတယ်၊ မဟာယာနနဲ့ ဟီနယာနက အတွဲမလိုက်တဲ့စကားမျိုးသာ ဖြစ်တယ်။

ဒီတော့ ဗုဒ္ဓဘာသာထဲမှာ မှားမှားယွင်းယွင်း အယူအဆတွေဟာ ကျင့်သုံးလိုက်နာနေကြတဲ့ သာသနာတော် နှစ်ပေါင်းကြာရှည်လာတဲ့အခါ ပုဂ္ဂိုလ်တွေရဲ့ယိမ်းယိုင်မှုသာ ဖြစ်တယ်၊ သို့သော် မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို တိကျသေချာစွာ သင်္ဂါယနာခြောက်တန် တင်ပြီး အတည်ပြုထားတာ ဖြစ်တယ်၊ ဒီဓမ္မတွေထဲမှာ ရောယှက်လာတဲ့ အတွေး [၁၄] အခေါ်တွေဟာ မရှိသလောက် ဖြစ်တယ်၊ အလွန် သန့်စင်တယ်လို့ ပြောရမယ်။

တချို့က ပြောလေ့ရှိကြတယ်၊ မြန်မာနိုင်ငံမှာ ရှိတဲ့ ဗုဒ္ဓသာသနာကလည်းပဲ မသန့်စင်ဘူးလို့ ဒီလို ပြောတယ်၊ မြတ်စွာဘုရားရဲ့ အဆုံးအမတွေဟာ မသန့်စင်ဘူး၊ ထေရဝါဒမပီပြင်ဘူးလို့ တချို့ သမိုင်းဆရာတွေက ဒီလိုဆိုချင်ကြတယ်၊ ဘာကြည့် ပြောတာလဲဆိုရင် ရွှေတိဂုံဘုရားပေါ်မှာရှိတဲ့ နတ်ရုပ်တွေ ဓာတ်ခန်းတွေတို့ ဘိုးတော်တွေတို့ဆိုတာတွေကို ကြည့်ပြီးတော့ ထေရဝါဒမှာလည်းပဲ အယူအဆတွေ ရောနေတယ်လို့ ဒီလိုသတ်မှတ်ပြီး ပြောဆိုတယ်။

ဒါဟာ သေသေချာချာစဉ်းစားမကြည့်လို့ ပြောမိတာသာ ဖြစ်တယ်၊ ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ရောတာက သဘာဝပဲ၊ ဓမ္မအနေနဲ့ အဲဒီလိုရောထွေးနေတာတော့ လုံးဝမရှိဘူး၊ ထေရဝါဒစစ်စစ် လုံးဝသန့်ရှင်းစင်ကြယ်တယ်၊ ထေရဝါဒကို ကိုးကွယ် [၁၅] တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ ရောကောင်း ရောလိမ့်မယ်၊ ဒါက ဓမ္မမှာ ရောတာ မဟုတ်ဘူး၊ ပုဂ္ဂိုလ်ကရောတာ၊ ပုဂ္ဂိုလ်ဆိုတာ tradition ကို စွန့်ခဲတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာမရောက်ခင်က နတ်ကိုးကွယ်တဲ့ဝါဒမျိုး လက်ခံပြီး နေခဲ့တဲ့ အစဉ်အလာကနေ ဗုဒ္ဓသာသနာတော်ရောက်လာတဲ့အခါမှာ မြတ်စွာဘုရားရဲ့အဆုံးအမတွေ ရင်ထဲနှလုံးထဲ ရောက်လာလို့ အမှန်သိလာပြီး ဗုဒ္ဓသာသနာတော်ကို မြတ်မြတ်နိုးနိုးနဲ့ ကိုးကွယ်လာခဲ့ကြတယ်၊ အဲဒီ ကိုးကွယ်လာတဲ့ပုဂ္ဂိုလ်တွေမှာ အချို့က ရှေးရိုးစွဲ အတွေးတွေ ခေါင်းထဲမှာ မပျောက်သေးသည့်အတွက်ကြောင့် ... မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေအပြင် တခြားဟာတွေကို မှန်ကန်တယ်ထင်ပြီး လက်ခံနေကြတယ်၊ အယူစွဲတွေ ရှိနေတတ်တာကတော့ ဒါ လောကရဲ့သဘာဝပဲ။

သို့သော် မြန်မာနိုင်ငံရောက်လာတဲ့ ပိဋကသုံးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ [၁၆] ဆိုတာ ဒီထဲမှာ မည်သည့်ဝါဒမှ ရောနှောနေတာ မရှိဘူး၊ ဒါတောင်မှ တချို့က ပိဋကထဲမှာ ဟိန္ဒူဝါဒတွေ ရောနေတယ်လို့ ရေးတယ်၊ ဘယ်မှာ ရောတာတုန်းလို့ မေးတော့ သူတို့ထောက်ပြတဲ့အရာတွေက လုံးဝရယ်စရာတွေမျှသာ ဖြစ်တယ်။

ဆိုပါစို့ - ရယ်စရာတစ်ခုက ဘာလဲဆိုတာ သူတို့ပြောမယ်ဆိုရင် ဗုဒ္ဓဝါဒထဲမှာ မိစ္ဆာဝါဒတွေ ရောနေတယ်ဆိုတာက ဒိဋ္ဌိသံယုတ်တို့, ဗြဟ္မဇာလသုတ်တို့၊ ဒါက ဒိဋ္ဌိအကြောင်းတွေကို ဟောပြောတဲ့ဟာသာ ဖြစ်တယ်၊ အဲဒါတွေ ပါရှိလို့ ရောတယ်လို့ ပြောနေတာကတော့ ရယ်စရာသက်သက်ပဲလို့ ပြောရမယ်၊ မမှန်တာကို မမှန်ဘူးလို့ တင်ပြခြင်းအားဖြင့် .. ဒီတရားဟာ ... မမှန်မကန်ဖြစ်သွားတာ မဟုတ်ဘူး၊ မှန်ကန်မှုကို အလေးထားပြီး အမှားကိုလည်း အမှားလို့ မြင်တတ် ရှင်းပြတတ်တာသာ ဖြစ်တယ်။

[၁၇] နန္ဒကပေတဝတ္ထုဆိုတာကို ... ထောက်ထားပြီးတော့လည်း ၃၁-ဘုံကို ဗုဒ္ဓလက်မခံဘူးဆိုပြီးတော့ မြန်မာနိုင်ငံမှာထုတ်တဲ့ စာအုပ်တစ်အုပ်မှာ ရေးတယ်၊ မမှန်ကန်တဲ့သာဓကတွေ ... ကိုးကားတယ်၊ တကယ်ကျမ်းဂန်ကို လေ့လာကြည့်မယ်ဆိုရင် နန္ဒကဆိုတဲ့ပြိတ္တာကြီးဟာ သူကိုယ်တိုင်မှားယွင်းတဲ့ အယူအဆတွေကို ယူခဲ့သည့်အတွက်ကြောင့် ဒီလိုမှားယွင်းတဲ့ဝါဒ လက်ခံကျင့်သုံးသည့်အတွက်ကြောင့် ပြိတ္တာဘဝ ရောက်ရပါတယ်လို့ ပြောတာ၊ အဲဒါ စာပေထဲ မှတ်တမ်းတင်ထားတာကို ကြည့်ပြီး ဗုဒ္ဓဝါဒထဲမှာ ဟိန္ဒူဝါဒတွေ ရောနေတယ်လို့ ဆိုတာက အလွန်ရယ်စရာကောင်းတဲ့အရာတစ်ခုသာ ဖြစ်တယ်။

အဲဒီတော့ မြတ်စွာဘုရားရဲ့အဆုံးအမတွေက သင်္ဂါယနာခြောက်တန်တင်ပြီးတော့ သန့်စင်ထားသည့်အတွက်ကြောင့် အလွန်ရှင်းလင်း တိကျတယ်၊ မှားယွင်းချွတ်ချော်မှုဟာ မရှိသလောက်ပဲ၊ သို့သော် [၁၈] နှစ်ကာလရှည်လျားသည့်အတွက်ကြောင့် စကားလုံးတချို့ ယိုယွင်းသွားတာတော့ မရှိဘူးလို့ မပြောလိုဘူး၊ ရှိနိုင်တယ်။

ရံဖန်ရံခါ တချို့ နိုင်ငံခြားသားတွေက ဆိုပါစို့ မြင့်မိုရ်တောင်အကြောင်း ရေးထားတဲ့စာတွေကို ကြည့်ပြီးတော့ မြင့်မိုရ်တောင် ဘယ်မှာလဲဆိုတာမျိုးတွေ မေးလာတတ်ကြတယ်၊ မြင့်မိုရ်တောင် ဘယ်မှာလဲလို့ မေးလာရင် ဗုဒ္ဓသာသနာတော်မှာ မြင့်မိုရ်တောင်ဟာ အဓိကမဟုတ်ဘူး၊ ဒါတွေက ရှေးခေတ်ကရှိတဲ့ အနေအထားတွေ၊ မြတ်စွာဘုရားက လောကမှာ သတ်မှတ်ထားတဲ့တောင်တစ်ခုကို ဟောကြားခြင်းသာ ဖြစ်တယ်။

ဆိုပါစို့- သုတ္တနိပါတ်ပါဠိတော် နာလကသုတ်အဖွင့်ကို ကြည့်မယ်ဆိုရင် လူ့ပြည်ဟာ မြင့်မိုရ်တောင်ခါးပန်းမှာ ရှိတယ်လို့ ရေးထားတယ်၊ တာဝတိံသာနတ်ပြည်က မြင့်မိုရ်တောင်ထိပ်မှာ ရှိတယ်၊ အသူရာနတ်ဘုံက မြင့်မိုရ်တောင်အောက်ခြေမှာ ရှိ [၁၉] တယ်ဆိုတဲ့စကားကို ကြည့်လိုက်ရင် လူ့ပြည်ဟာ မြင့်မိုရ်တောင်ခါးပန်းမှာ ရှိနေတယ်၊ ဒါ ကြည့်လိုက်တာနဲ့ မြင့်မိုရ်တောင် ရှာနေစရာ လိုသေးလား၊ လူ့ဘုံနဲ့ ဆက်စပ်နေပြီး အင်မတန်ကြီးမားတဲ့ကမ္ဘာဂြိုဟ်ကြီးတစ်ခုရဲ့အမြင့်ဆုံးနေရာဟာ မြင့်မိုရ်တောင်လို့ ယူဆရင် ယူဆနိုင်စရာ ရှိတယ်၊ သာမန်ပကတိ မြင်ရတဲ့တောင်မျိုးလို လိုက်ရှာနေလို့ကတော့ ဘယ်လိုနည်းနဲ့မှ တွေ့မှာမဟုတ်ဘူး၊ ဒီပြဿနာက အရေးကြီးတာ မဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့အဆုံးအမထဲမှာ သစ္စာလေးပါးတို့ မဂ္ဂင်ရှစ်ပါးတို့ ဆိုတာတွေကသာ အလွန်အရေးပါတဲ့တရားတွေ ဖြစ်တယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး စောဒကတက်နိုင်တာ ဘယ်သူမှ မရှိဘူး။

လောက လူသားတွေ အကျိုးပြုဖို့အတွက် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က မဂ္ဂင်ရှစ်ပါးဆိုတဲ့အနှစ်သာရရှိတဲ့တရားကို ဟောကြားဆုံးမထားလို့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ ဒီဓမ္မဟာ လောကသားတွေ [၂၀] အတွက် ကနေ့လိုက်ရှာရင် ကနေ့အကျိုး ရှိတယ်၊ လောကကို အကျိုးပြုနေလို့ မှန်ကန်တဲ့အလင်းရောင်တစ်ခုကို မြတ်စွာဘုရားရဲ့ ဓမ္မတွေက ပေးအပ်နေခြင်း ဖြစ်တယ်၊ ရတာ မရတာက မြတ်စွာဘုရားတရားနဲ့ မဆိုင်ဘူး၊ လုပ်သူပုဂ္ဂိုလ်တွေနဲ့သာ ဆိုင်တယ်၊ ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ ဓမ္မတာဝန်ကို ထမ်းဆောင်ကြတဲ့အခါမှာ မြတ်စွာဘုရားရဲ့တရားဓမ္မကို အတိမ်းအစောင်း မရှိအောင် ... ထိန်းသိမ်းစောင့်ရှောက်ဖို့ဟာ ရဟန်းသံဃာတွေ အလေးပေးရမယ့်တာဝန်တစ်ရပ် ဖြစ်တယ်။

ဘယ်ဘာသာ ... ဘယ်ဝါဒမှာပဲ ... ကြည့်ကြည့် မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေလောက် တရားထုထည်ကြီးမားတဲ့အရာဆိုတာ မရှိဘူး၊ မြတ်စွာဘုရားဟောပြောထားတဲ့တရားတွေဟာ ပိဋကသုံးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ၈၄ဝဝဝ ထိ မြန်မာနိုင်ငံမှာ အပြည့်အစုံပုံနှိပ်ပြီးတော့ စာအုပ်စာတမ်းအနေနဲ့လည်း ရှိတယ်၊ သင်ကြားပို့ချနေမှု [၂၁] လည်း ရှိတယ်၊ မြန်မာနိုင်ငံမှာ မသင်လို့ မသိတဲ့ကျမ်းမျိုး အဓိပ္ပာယ်မဖော်နိုင်တဲ့ကျမ်းမျိုးဆိုတာလည်း မရှိဘူး၊ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ဓမ္မတာဝန်ဟာ ကျေပွန်တယ်လို့ ဒီလိုပြောရမယ်။

အဲဒီဓမ္မတာဝန်ကို ဘယ်သူတွေ ထမ်းဆောင်နေကြသလဲလို့ဆိုရင် သံဃာတော်တွေ ထမ်းဆောင်နေကြတယ်၊ အဲဒီထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာ ဓမ္မဟာ တည်ရှိနေတာ ဖြစ်တယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က
“ယော အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ”
“ငါ ဟောခဲ့တဲ့ ပညတ်ခဲ့တဲ့ ဓမ္မဝိနယဟာ သင်တို့ဆရာပဲ”လို့ ဆိုတော့ ဆရာရဲ့နေရာမှာ (သို့မဟုတ်) မြတ်စွာဘုရားရဲ့အရာကို ဆက်ခံတာဟာ ဓမ္မသာ ဖြစ်တယ်။

ဒါတင်မကဘူး၊ မြတ်စွာဘုရားက သက်တော်ထင်ရှားရှိတုန်းကလည်း ဟောပြောခဲ့တာ ရှိတယ်၊ [၂၂] “ယော ဓမ္မံ ပဿတိ သော မံ ပဿတိ”
ဓမ္မကို မြင်မှ ငါ့ကို မြင်မယ်ဆိုတာ အလွန်ကို အဓိပ္ပာယ်ရှိတဲ့စကားတစ်ခု ဖြစ်တယ်၊ ဓမ္မကို သိခြင်းအားဖြင့်သာလျှင် မြတ်စွာဘုရားရဲ့ အရည်အချင်းကို သိနိုင်မှာ ဖြစ်တယ်၊ ဒါကြောင့်မို့ ဓမ္မသိဖို့ရာ အလွန်အရေးကြီးတယ်၊ ဒီဓမ္မတွေ မပျောက်ကွယ်သမျှ ကာလပတ်လုံး လောကသားတွေမှာ အလင်းရောင် မပျောက်ကွယ်ဘူး၊ ကောင်းကျိုးချမ်းသာတွေ ပေးစွမ်းနိုင်တဲ့ မြတ်ဗုဒ္ဓရှိပြီး လောကအကျိုးကို ဆောင်ရွက်နေဦးမှာသာ ဖြစ်တယ်။

ဒါကြောင့်မို့ ရဟန်းသံဃာတော် မြန်မာနိုင်ငံမှာ ရှိနေခြင်း၊ ဓမ္မတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲ့ ပရိယတ္တိ အရည်အသွေးဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်လို့ရှိရင် အဆင့်မြင့်တဲ့နေရာမှာ နေတယ်ဆိုတာ ဘယ်သူမှ ငြင်းပယ်လို့ မရပါဘူး၊ သုတ် ဝိနည်း အဘိဓမ္မာလို့ဆိုတဲ့ မြတ်စွာဘုရားဟောကြားတော် [၂၃] မူခဲ့တဲ့ တရားဓမ္မတွေ ပြည့်ပြည့်ဝဝ မြန်မာနိုင်ငံမှာ သင်ကြားပို့ချပြီး နေကြတယ်၊ ဓမ္မတာဝန် ကျေပွန်အောင် ထမ်းဆောင်တဲ့ ရဟန်းသံဃာတော် မရှိတော့ဘူးဆိုရင် ဒီဓမ္မတွေလည်း ပျောက်ကွယ်သွားမှာ ဖြစ်တယ်။

ဒါတောင်မှပဲ အယူအဆတစ်ခု ပေါ်ထွန်းလာတာရှိတယ်၊ ပေါ်ထွန်းလာတာ ဘာလဲဆိုရင် လူတွေ တရားဓမ္မကို သင်ယူပြီးတဲ့နောက် တရားဓမ္မကို သိနေတယ်ဆိုရင် ရဟန်းသံဃာတွေ မလိုအပ်ဘူးဆိုတဲ့အယူအဆတစ်ခု ဒီကနေ့မှာ တိုးတိုးတိုးတိုးနဲ့ ကြားလာနေတယ်။

ဒီတော့ ရဟန်းသံဃာတွေရဲ့ စွမ်းဆောင်နိုင်မှုနဲ့ လူပုဂ္ဂိုလ်တွေရဲ့ စွမ်းဆောင်နိုင်မှုဆိုတာ အလွန်ကွာခြားတယ်၊ မုနိသုတ္တန်မှာ ထင်ထင်ရှားရှား မြတ်စွာဘုရားဟောကြားထားတာ ရှိတယ်၊ စွမ်းအားချင်း မတူကြဘူး၊ ရဟန်းသံဃာတွေရဲ့ စွမ်းဆောင်နိုင်မှုဟာ လူပုဂ္ဂိုလ်တွေရဲ့ စွမ်းဆောင်နိုင်မှုနဲ့ မတူ [၂၄] ဘူး၊ ဒါကြောင့်မို့ ရဟန်းသံဃာတွေ ရှိနေခြင်းအားဖြင့် ... မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေဟာ လောကအလယ်မှာ အထင်အရှား တည်ရှိနေမှာ ဖြစ်တယ်။

သံဃာတော်တွေရှိနေလို့ ပြန့်ပွားနေလို့ ဗုဒ္ဓဓမ္မထွန်းကားနေတယ်ဆိုတာ ထင်ရှားတဲ့ကိစ္စတစ်ခု ဖြစ်တယ်၊ ဘာကြောင့်လဲ၊ ဋီကာကျမ်းတွေမှာ ဖော်ပြထားတဲ့စကားတစ်ခုက “ဘဂဝတော အပရဘာဂေ ... ဗုဒ္ဓဓမ္မရတနာနံ သမာဇိဂမော သံဃရတနာ ဇီနော”ဆိုတဲ့စကားဟာ အင်မတန်မှ ထင်ရှားတဲ့ သာဓကတစ်ခု ဖြစ်တယ်၊ မြတ်စွာဘုရားမရှိ

တရားရတနာ

တော့တဲ့နောက် ဘုရားရတနာ အကြောင်းကို သိခွင့်ရတာဟာ သံဃာတွေရဲ့ကျေးဇူးကြောင့်လို့ သံဃာတွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတာကို အတိအလင်း ဖော်ပြထားတယ်။

အိန္ဒိယနိုင်ငံမှာ တစ်ချိန်တုန်းက ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်မှာ တောင်ပိုင်း မြောက်ပိုင်း သံဃာတွေရှိနေတဲ့အချိန် ဗုဒ္ဓသာသနာ ထွန်းကားနေတယ်၊ [၂၅] နောက်ပိုင်းကျတော့ တစ်ဖက်က ကျူးကျော်တိုက်ခိုက်လာတဲ့ပုဂ္ဂိုလ်တွေကြောင့် ရဟန်းသံဃာတွေ သတ်ဖြတ်ခံရတယ်၊ ထွက်ပြေးတိမ်းရှောင်ကြရတယ်ဆိုတဲ့အခါ အိန္ဒိယနိုင်ငံမှာ သာသနာ ကွယ်ပတဲ့ အနေအထားမျိုး ရောက်သွားတယ်။

ဒီကနေ့မှသာ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် လူဦးရေ သန်းပေါင်း ၆ဝ ကျော် ရှိသေးတယ်လို့ ဆိုတာ သိရှိရတယ်၊ ၆၆-သန်းကျော်မျှရှိတဲ့ အိန္ဒိယ ဗုဒ္ဓဘာသာလူဦးရေမှာ ရဟန်းသံဃာ အလွန်အားနည်းသွားသည့်အတွက် ရဟန်းသံဃာတွေရဲ့ ဦးဆောင်မှုဟာ မပီမပြင်ဖြစ်သွားတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင် ဥပါသကာ ဥပါသိကာမတွေ ခေါင်းဆောင်လမ်းပြမယ့်ပုဂ္ဂိုလ် မရှိသည့်အတွက်ကြောင့် ဟိုဘာသာလိုလို ဒီဘာသာလိုလို ယောင်ဝါးဝါး အနေအထားမျိုး ဖြစ်ကုန်ကြရတယ်။

မြန်မာနိုင်ငံမှာတော့ အလွန်ကံကောင်းသည့်အတွက် ပုဂံခေတ်က စပြီးတော့ သာသနာတော် [၂၆] ထွန်းကားခဲ့တယ်၊ သာသနာတော်ရဲ့ ဦးစီးခေါင်းဆောင်ဖြစ်တဲ့ ဆရာ့ဆရာတွေ, အရှည်မြင်ကြတဲ့ မြန်မာနိုင်ငံခေါင်းဆောင်တွေ စုပေါင်းဆောင်ရွက်လာခဲ့ကြသည့်အတွက် ဒီကနေ့မြန်မာနိုင်ငံရဲ့ ဘုရား တရား သံဃာဆိုတာ ကျေနပ်စရာအနေအထားမျိုး ရှိနေတယ်။

တချို့ပုဂ္ဂိုလ်တွေက သံဃာတွေထဲမှာ အမြင်မတော်တဲ့ပုဂ္ဂိုလ်တွေ ကြည့်ပြီး အပြစ်ဆိုကြတယ်၊ လောကမှာ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲနေတာ ဖြစ်တယ်၊ အဆိုးရှိရင် အကောင်းရှိမယ်၊ အနှစ်နဲ့အကာဆိုတာလည်း ဒွန်တွဲနေတတ်တယ်၊ အဆိုးနဲ့ အကောင်း ခွဲခြားမြင်တတ်ဖို့ လိုအပ်တယ်၊ လောကသားတွေထဲမှာ အဆိုးဆိုတာ မည်သည့်နေရာမှာမဆို ရှိတယ်၊ အဆိုးရှိရင် အကောင်းလည်း ရှိတယ်၊ အကောင်းနဲ့အဆိုးထဲမှာ အဆိုးတွေ များမလာဖို့ဘဲ အရေးကြီးတယ်၊ အကောင်းတွေ ဆက် [၂၇] လက်ကောင်းပြီးတော့ အကောင်းတွေ များလာဖို့ပဲ လိုအပ်တယ်။

လောကသဘာဝကိုက အဆိုးနဲ့ အကောင်းမှာ အကောင်းက အဆိုးကို ဆွဲဆောင်ဖို့ရာ ခက်တယ်၊ အဆိုးကသာ အကောင်းကို ဆွဲဆောင်သွားတတ်တယ်၊ လောကရဲ့သဘာဝပဲ ဖြစ်တယ်။

ဆိုပါစို့ - သရက်သီး ၁၀-လုံးရှိတဲ့အထဲမယ် တစ်လုံးက ပုပ်နေတယ်၊ ကျန်တဲ့ကိုးလုံးက ကောင်းတယ်၊ တူတူထားလိုက်လို့ရှိရင် အပုပ်တစ်လုံးကို အကောင်း ၉-လုံးက ကောင်းအောင် မလုပ်ပေးနိုင်ဘူး၊ အဲဒီအဆိုးတစ်လုံးရဲ့နောက်ကိုပဲ အကောင်း ၉-လုံးက လိုက်သွားပြီး အားလုံးဟာ အပုပ်ဖြစ်သွားတယ်။

အကောင်းတွေ များနေဖို့ဆိုတာဟာ ဘယ်ခေတ် ဘယ်ကာလမှ ရှိနိုင်တာ မဟုတ်ဘူး၊ အကောင်းနဲ့ အဆိုးဆိုတာ ရောနေတာ ဖြစ်တယ်၊ [၂၈] အကောင်းတွေကို ကြည့်ပြီး ကောင်းအောင်ဆောင်ရွက်သွားဖို့သာ အလွန်အရေးကြီးတယ်။

ဒါကြောင့်မို့ ဒီကနေ့ သာသနာတော်မှာ နေထိုင်ကြတဲ့ ရဟန်းသံဃာတွေအနေနဲ့ ဓမ္မတာဝန် ထမ်းဆောင်ကြတဲ့အခါမှာ အရေးကြီးတဲ့ဓမ္မတာဝန်ဆိုတာ ဘာလဲ သိဖို့ လိုအပ်တယ်၊ မြတ်စွာဘုရားကိုယ်တော်မြတ်ကိုယ်တိုင်ဟောကြားခဲ့သည့် သုတ် ဝိနည်း အဘိဓမ္မာဆိုတဲ့ဒေသနာတော်တွေဟာ မိမိတို့လက်ထဲမှာ ရှိနေတယ်၊ ဒီတရားတွေကို အာရုံစိုက်ပြီး သင်ယူခြင်း ပို့ချခြင်း လေ့လာခြင်းဆိုတာ အရေးတကြီးလုပ်ရမယ့်ကိစ္စ ဖြစ်တယ်၊ အဲဒါကို ဓမ္မတာဝန်လို့ ပြောရတယ်။

ပြောရမယ်ဆိုလို့ရှိရင် သာသနာတော်ကို မှီခိုကြည်ညိုကြလို့ ရဟန်းဖြစ်လာလို့ရှိရင် အဓိကသင်ကြားရမယ့်အရာဟာ ပိဋကပညာသာလျှင် ဖြစ်တယ်၊ ပိဋကပညာ ကျွမ်းကျင်လာတဲ့အခါမှာ ထိုပိဋကပညာ ဖြန့်ဖြူးနိုင်ဖို့အတွက် ဘာသန္တရဆိုတာ ဆည်း [၂၉] ပူး အားထုတ်ရတယ်၊ ပိဋကပညာ ဖြန့်ဖြူးဖို့ အထောက်ဖြစ်တဲ့ ဘာသန္တရသင်ယူမှုက secondary အနေနဲ့သာ လုပ်ကြရမှာ ဖြစ်တယ်၊ ပိဋက ကျွမ်းကျင်မှုသာ အဓိကကျတယ်ဆိုတာ သတိပြုကြရမှာ ဖြစ်တယ်၊ ဒီပိဋကပညာရပ်တွေ တိမ်ကော ပပျောက်သွားခြင်း မရှိအောင် မြန်မာနိုင်ငံမှာ စာသင်တိုက်ကြီးတွေ တည်ထောင်ထားကြတယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်လို တက္ကသိုလ်ကြီးတွေ တည်ထောင်ထားတယ်ဆိုတာ ဓမ္မတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့အတွက်သာ ဖြစ်တယ်။

မြတ်စွာဘုရားဟောကြားတဲ့ တရားဓမ္မတွေကို ကြားနာပြီး သင်ယူနိုင်ဖို့ ပရိယတ္တိစာသင်တိုက်ကြီးတွေ, ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးတွေဟာ အလွန်အရေးပါတယ်ဆိုတာ ထင်ရှားတယ်၊ ထိရောက်မှု အရေးပါမှုကို ... အလေးထားပြီးတော့ [၃၀] စဉ်းစားဆင်ခြင်ဖို့ အရေးကြီးတယ်၊ အားလုံး အာရုံစိုက်ကြရမှာ ဖြစ်တယ်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောခဲ့တဲ့ ဓမ္မတွေကို တာဝန်ကျေကျေပွန်ပွန် ထမ်းဆောင်ကြရမှာ ဖြစ်တယ်၊ ရှေးက ရဟန်းသံဃာတွေ ပိဋကကို အာရုံစိုက်ပြီး ပိဋကစာပေမှာ အဓိပ္ပာယ် နားမလည်တဲ့အရာမျိုး မရှိရလောက်အောင် လေ့လာသင်ယူကြတယ်၊ အခုခေတ်ပြောနေတဲ့ လက်တွေ့အသုံးချနိုင်ဖို့ မြတ်စွာဘုရားရဲ့ အဆုံးအမ ဩဝါဒတွေ လေ့လာဆည်းပူး အားထုတ်နေကြရန် လိုအပ်တယ်၊ မြန်မာနိုင်ငံအနေနဲ့ ကျေနပ်လောက်စရာ ရှိတဲ့သင်ကြားပို့ချမှုတွေ ရှိတယ်၊ သို့သော်လည်း လုပ်စရာတွေ အများကြီးရှိနေသေးတယ်ဆိုတာ အလွန်ထင်ရှားတယ်။

မြတ်စွာဘုရားရဲ့တရားတော်တွေဟာ စကားလုံးအနေနဲ့လည်း အလွန်လေးနက်တယ်၊ လက်တွေ့ကျင့်သုံးဖို့ဆိုတာလည်း အလွန်ခက်ခဲတယ်၊ အခု [၃၁] ခေတ်ပြောနေတဲ့ Applied Method လို့ ခေါ်တဲ့ လက်တွေ့ကျင့်သုံးမှုအတိုင်းအတာထိအောင် မည်သို့မည်ပုံ လိုက်နာကျင့်သုံးသင့်တယ်ဆိုတာမျိုး နားလည်သည်ထိအောင် ပိဋကစာပေကို လေ့လာသင်ယူကြရမှာ ဖြစ်တယ်၊ လက်တွေ့ ကျင့်သုံးလို့ မရတဲ့တရားဆိုတာ မရှိဘူး၊ မြတ်စွာဘုရားရဲ့ အဆုံးအမတွေထဲမှာ အားလုံးဟာ လက်တွေ့ကျင့်သုံးလို့ ရတာချည်းပဲ။

ဘုရားဟောထားတဲ့တရားမှန်သမျှ သန္ဒိဋ္ဌိကော ကိုယ်တိုင်စမ်းသပ်ကြည့်လို့ သိနိုင်တဲ့အရာတွေသာ ဖြစ်တယ်၊ အပြောနဲ့ ကွာဟတာ တစ်ခုမှ မရှိဘူး၊ အားလုံး ကိုယ်တိုင်သိနိုင်တဲ့အရာတွေ ဖြစ်တယ်၊ သို့သော် သိနိုင်လောက်တဲ့ အသိဉာဏ်မျိုးက လိုအပ်တယ်၊ “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဆိုတဲ့ စကားဟာ အလွန်ကို အဓိပ္ပာယ်ရှိတဲ့စကား ဖြစ်တယ်၊ ဝိညူ လို့ ဆိုတဲ့ ထူးထူးခြားခြားသိတတ်တဲ့ ပုဂ္ဂိုလ်မျိုးသာလျှင် ဓမ္မရဲ့အတိမ်အနက်ကို သေသေ [၃၂] ချာချာ ခံစားသိရှိနိုင်တယ်၊ အလွန်မှန်ကန်တဲ့စကားတစ်ခုပဲ ဖြစ်တယ်၊ လူတိုင်းတော့ သိနိုင်တာ မဟုတ်ဘူး၊ သိနိုင်လောက်တဲ့ပညာ ရှိဖို့တော့ လိုအပ်တယ်။

မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေ ထွန်းကားနေသမျှ ကာလပတ်လုံး လူတွေရဲ့စိတ်နှလုံး အေးချမ်းမှုဟာ မျှော်လင့်ရတဲ့အရာ ဖြစ်တယ်၊ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေ မိမိတို့သန္တာန်မှာ ရောက်ရှိအောင် နှလုံးသွင်းခြင်းဖြင့် သိရှိခံစားရရှိလာကြမှာ ဖြစ်တယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က နောက်ပိုင်းမှာ မိမိရဲ့တပည့်သာဝကတွေရဲ့ အရည်အချင်းဖော်ပြတဲ့အခါမှာ “သီလဝါ ဗဟုဿတော” ဆိုတဲ့ ... ဒီအရည်အချင်းနှစ်ခုကို နံပါတ်တစ်နဲ့ နံပါတ်နှစ်နေရာမှာ ထားပြီး ဖော်ပြခဲ့တယ်၊ တရားထူးတရားမြတ်တွေကို နောက်မှာ ထားပြီး အရေးကြီးတဲ့အချက်နှစ်ခုကို ရှေးဦးစွာထားတယ်။

[၃၃] ဒါကြောင့်မို့ ဒီကနေ့ခေတ် သာသနာပြုနေကြတဲ့ သာသနာတွင်းက ညီတော်နောင်တော် ရဟန်းသံဃာတွေဟာ နံပါတ်တစ် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံရမယ်၊ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ လိုက်နာပြီးတော့ ကိုယ်ကျင့်သီလသိက္ခာလို့ဆိုတဲ့ dignity အပြည့်အစုံ ရှိရမယ်၊ ကိုယ်ကျင့်သီလ မပျက်ယွင်းဖို့ဟာ အရေးကြီးဆုံးပဲ။ ကိုယ်ကျင့်သီလရှိတဲ့အပေါ်မှာ မူတည်ပြီး ဒုတိယလုပ်ရမှာက ဗဟုဿုတ၊ ဗဟုဿုတဆိုတာ မြတ်စွာဘုရားရဲ့ တရားဓမ္မတွေနဲ့ ပတ်သက်လာလို့ရှိရင် လေ့လာဆည်းပူးအားထုတ်ဖို့ သင်ကြားလိုက်နာဖို့ အာရုံစိုက်ဖို့ ဖြစ်တယ်၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သဒ္ဓမ္မသမ္မောသသုတ် ဆိုတဲ့ သုတ်ကို အလေးပေးပြီးတော့ ဟောကြားဆုံးမခဲ့တာ ရှိတယ်။

အဲဒီသဒ္ဓမ္မသမ္မောသသုတ်မှာ သာသနာတော် စဉ်ဆက်မပြတ် တည်ရှိဖို့ရာအတွက် ရဟန်းတွေ [၃၄] ဘာလုပ်ရမယ်ဆိုတာကို လမ်းညွှန်မှုပြုခဲ့တယ်၊ ဓမ္မတာဝန်တွေကို ပေးခဲ့တာ ဖြစ်တယ်၊ “သက္ကစ္စံ ဓမ္မံ သုဏန္တိ” ဓမ္မကို တလေးတစား နာယူမှတ်သားကြရမယ်၊ ရဟန်းသံဃာတွေရဲ့ အရေးပါတဲ့ တာဝန်တစ်ခုပဲ၊ တလေးတစား အာရုံစိုက်ပြီးတော့ ဓမ္မကို နာယူမှတ်သားကြရမှာ ဖြစ်တယ်။

မိမိတို့ရဲ့ရင်ထဲ နှလုံးထဲရောက်အောင် ဓမ္မကို မှတ်ယူခြင်း သင်ယူခြင်းဆိုတာကို အရေးတကြီး လုပ်ရမယ့်ကိစ္စ ဖြစ်တယ်၊ “သက္ကစ္စံ ဓမ္မံ ပရိယာပုဏန္တိ” တဲ့၊ အဲဒီအလုပ်လုပ်မှ ဓမ္မဟာ လောကကြီးအလယ်မှာ တည်ထွန်းနေမှာ ဖြစ်တယ်။

တလေးတစား နားထောင်ခြင်း၊ တလေးတစား သင်ယူခြင်းနဲ့ တလေးတစား ရင်ထဲနှလုံးထဲမှာ မှတ်သားထားခြင်းဆိုတာ အလေးပေးဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်တယ်၊ ဒါတင်ပဲ ပြီးဆုံးပြီလားဆိုတော့ မပြီးဆုံးသေးဘူး၊ အဲဒီလို အရေးတယူ လေးလေးစားစားဆောင်ထားတဲ့ တရားဓမ္မတွေရဲ့ အနက် [၃၅] အဓိပ္ပာယ်ကိုလည်း ဆင်ခြင်သုံးသပ်ဖို့ လိုအပ်တယ်၊ မသုံးသပ် မဆင်ခြင်ဘူးဆိုရင် အဓိပ္ပာယ်သိနိုင်မှာ မဟုတ်ဘူး။

ဆိုပါစို့ - မြတ်စွာဘုရားက ဗောဇ္ဈင်္ဂသုတ်နဲ့ ပတ်သက်ပြီး ဟောထားတယ်၊ “သတိသမ္ဗောဇ္ဈင်္ဂ ဘာဝေတိ ဝိဝေကနိဿိတံ ဝိရာဂနိဿိတံ နိရောဓနိဿိတံ ဝေါဿဂ္ဂပရိဏာမိ” လို့ ဟောတယ်၊ သတိသမ္ဗောဇ္ဈင်လို့ခေါ်တဲ့ သတိတရားဟာ အသိဉာဏ်ကို ဖြစ်ပွားစေတတ်တဲ့ အရာဖြစ်တယ်၊ အသိဉာဏ်ရဖို့အတွက် သတိတရားကို ဖြစ်ပွားစေရမယ်ဆိုတဲ့နေရာမှာ ဘယ်ဟာနဲ့ ဖြစ်ပွားစေရမယ်, ဘယ်အတိုင်းအတာနဲ့ ဖြစ်ပွားစေရမယ်ဆိုတာ နားလည်ရမှာ ဖြစ်တယ်။

ဝိဝေကနိဿိတ ... ဝိရာဂနိဿိတ - နိရောဓနိဿိတ ဆိုတာ ကာမဂုဏ်အာရုံတွေနဲ့ ကင်းကွာလွတ်လပ်တဲ့သတိ၊ ဝိပဿနာဉာဏ်နဲ့ ဆက်စပ်ပြီးတော့ သတိတရားကို ဖြစ်ပွားအောင် လုပ်ရမယ်၊ [၃၆] အဲဒီကနေဆက်ပြီး မဂ်ထိအောင် ဖိုလ်ထိအောင် ဒီသတိတရားကို ပွားများအားထုတ်ရမယ်လို့ ဒီလို ဆိုလိုတာ။

ဒီတော့ ကိုယ် ပွားများ အားထုတ်ရမယ့် ဒီသတိဟာ သာမန်အနေအထားမျိုး မဟုတ်ဘဲနဲ့ ရုပ်တရား နာမ်တရားတွေရဲ့ သဘာဝလက္ခဏာကို သိသည်အထိ, မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော ကိုယ်မပိုင်တဲ့သဘောလို့ဆိုတဲ့ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ သာမညလက္ခဏာတွေကို သိသည်အထိ ဝိပဿနာဉာဏ်နဲ့ ဆက်စပ်တဲ့ သတိကို ဖြစ်ပွားစေရမယ်လို့ ဒီလိုဆိုတာ။

နောက်ဆုံးမှာ ကိလေသာတွေကို ကင်းကွာသွားအောင် လုပ်နိုင်တယ်၊ မဂ်ဆိုတဲ့ ဝိရာဂကို ဆိုက်ထိအောင် ... သတိကို ပွားရတယ်၊ “ဝေါဿဂ္ဂပရိဏာမိ” ဆိုတာ စွန့်လွှတ်ခြင်း ပြေးဝင်ခြင်း၊ ကိုယ်ရလာတဲ့ သတိတရားလေးဟာ ဘယ်အတိုင်းအတာထိ ပွားရမယ်ဆိုတာ ဒီစကားလုံးလေးက ဖော် [၃၇] ပြနေတာ ဖြစ်တယ်၊ ဝေါဿဂ္ဂ လို့ ဆိုတဲ့နေရာမှာ စွန့်လွှတ်ခြင်းနဲ့ ပြေးဝင်ခြင်းနှစ်မျိုး ဒီစကားလုံးက ဖော်ပြတာ ဖြစ်တယ်၊ တစ်ခုကို စွန့်လွှတ်ပြီး တစ်ခုကို ရယူခြင်း ဖြစ်တယ်၊ ဘယ်အရာပဲဖြစ်ဖြစ် တစ်ခုကို လက်လွှတ်ပြီး နောက်တစ်ခုကို ရယူခြင်းသာ ဖြစ်တယ်။

ဒါကြောင့်မို့ ကိုယ်ပွားတဲ့သတိဟာ ကိလေသာတွေကို စွန့်လွှတ်ပြီး နိဗ္ဗာန် ဝင်ရောက်သွားနိုင်ဖို့ ရင့်ကျက်တဲ့အတိုင်းအတာထိ ရောက်အောင် ပွားများအားထုတ်ရမယ်၊ “ကိလေသာတွေကို စွန့်နိုင်လောက်အောင် ရင့်ကျက်လာတဲ့ သတိ၊ နိဗ္ဗာန်ကို အာရုံပြုနိုင်လောက်အောင် ရင့်ကျက်တဲ့သတိမျိုးကို ပွားများ အားထုတ်ရမယ်”လို့ လက်တွေ့မှာ ဒီလို သဘောပေါက် နားလည်ဖို့ လိုအပ်တယ်၊ လက်တွေ့ကျတဲ့သဘောတရားတွေကို နားလည်အောင် လေ့လာသင်ယူကြရမှာ ဖြစ်တယ်။

[၃၈] ဒါကြောင့်မို့ မြတ်စွာဘုရားက “နားစိုက်ပြီး ထောင်ရမယ်၊ လေ့လာသင်ယူရမယ်၊ လေ့လာသင်ယူပြီးတော့ မှတ်သားကြရမယ်၊ မှတ်သားထားပြီးတဲ့အခါ အနက်အဓိပ္ပာယ်ကို ဆင်ခြင်စဉ်းစားရမယ်၊ စဉ်းစားပြီးတဲ့အခါမှာ လက်တွေ့ လုပ်ဆောင်ရမယ်” ဆိုတဲ့ ဒီအပိုင်း ၅-ပိုင်းနဲ့ ဓမ္မတာဝန်တွေကို ရှင်းလင်းဟောပြခဲ့တာ ဖြစ်တယ်။

ဒီကနေ့ခေတ်မှာ သင်စရာတွေ သိစရာတွေ အလွန်များလာတယ်၊ ဓမ္မတာဝန်အပြင် အခြားတာဝန်တွေ ရှိလာတယ်၊ ရဟန်းသံဃာတွေအနေနဲ့ ပိဋကပညာ မတတ်ရင် ကဲ့ရဲ့စရာဖြစ်လိမ့်မယ်၊ တခြားဘာသာ မတတ်တာ ကိုယ့်မှာ ကဲ့ရဲ့စရာ မဖြစ်ဘူး၊ ပိဋကစာပေတတ်အောင် အာရုံစိုက်ကြရမှာ ဖြစ်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဓမ္မတာဝန်ဟာ မိမိရဲ့ မူလတာဝန်ပဲ၊ ကိုယ့်ရဲ့နယ်ပယ်တစ်ခု field မှာ ကိုယ်ကျွမ်းကျင်ရမှာ ဖြစ်တယ်။

[၃၉] လောကမှာ သူ့တာဝန် ကိုယ့်တာဝန်ဆိုတာတွေ တာဝန်အသီးသီး ရှိကြတဲ့အထဲ ကိုယ့်တာဝန် မလစ်ဟင်းဖို့က အင်မတန်မှ အရေးကြီးတယ်၊ ကိုယ့်တာဝန်ကို ဘေးဖယ်ထားပြီး သူများတာဝန်ထဲ ပါဝင်ပတ်သက်ပြီးတော့ နေမယ်ဆိုရင် အပြစ်တင်စရာတွေ အများကြီးဖြစ်လာနိုင်တယ်၊ ဒါကြောင့်မို့ သာသနာတော်ကို ကြာရှည်တည်တံ့ဖို့ ကြိုးပမ်းအားထုတ်လိုတဲ့ သာသနာတော်ကို မြတ်နိုးတဲ့ ရဟန်းတော်တွေဟာ ပိဋကပညာကို အဓိကထားပြီးတော့ တလေးတစား သင်ယူခြင်းဖြင့်သာလျှင် ဓမ္မတာဝန်ကို ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ ဓမ္မတာဝန်ကို ဆောင်ရွက်ရင်းကနေ ဒီဓမ္မတွေကို ကမ္ဘာအနှံ့ ဖြန့်ထုတ်ပြီဆိုလို့ရှိရင်တော့ Language လို့ခေါ်တဲ့ ဘာသာစကားဟာလည်း အရေးပါတယ်လို့ ပြောရမယ်၊ သို့သော် မြန်မာနိုင်ငံမှာ ကံကောင်းတာက ဘာလဲလို့ဆိုရင် ဒီပိဋကသုံးပုံလုံးကို မြန်မာစကားလုံးနဲ့ ဘာသာပြန်လို့ ရခြင်း ဖြစ် [၄၀] တယ်၊ အားလုံး မြန်မာလိုပြန်ထားပြီးသား ဖြစ်တယ်၊ မြန်မာလူမျိုးတွေအဖို့ ပိဋကစာပေလေ့လာဖို့ အလွန်လွယ်ကူတယ်လို့ ပြောရမယ်၊ အဲဒီလို အလွန်လွယ်ကူမှုတွေရှိနေတဲ့ အတိုင်းအတာတစ်ခုက မိမိတို့ကိုယ်တိုင် ရဟန်းသံဃာတွေအနေနဲ့ ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်၊ ကြိုးစားအားထုတ်မှု မရှိဘဲနဲ့ မိမိရဲ့ဓမ္မတာဝန်ကို ထမ်းဆောင်မှုက လစ်ဟင်းနေကြမယ်ဆိုရင်တော့ အပြစ်တင်ဖွယ်ရာတွေ ဖြစ်ပေါ်လာမှာ သေချာတယ်။

လောကမှာ ကိုယ့်အလုပ် ကိုယ်ကျွမ်းကျင်မှု မရှိရင် ပြစ်တင်ကြတယ်၊ တခြားအလုပ်ကို ကိုယ်မလုပ်တတ်တာ အပြစ်တင်စရာ မရှိဘူး၊ ကိုယ့်အလုပ်ကိုယ်မလုပ်တတ်ရင်တော့ အပြစ်တင်စရာ ဖြစ်တယ်၊ သို့သော်လည်းပဲ တချို့ အတွေးအခေါ် မပြည့်ဝတဲ့ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံမှာနေပြီးတော့ မြန်မာလူမျိုးဖြစ်ပါလျက်သားနဲ့ မြန်မာစကား မတတ်ဘူး၊ တခြားဘာသာတတ်တာကို ဂုဏ်ယူနေ [၄၁] တာက အလွန်ရှက်စရာကောင်းတဲ့အရာတစ်ခုပဲ ဖြစ်တယ်၊ မြန်မာဆိုရင် မြန်မာစကားတတ်ရမယ်၊ မြန်မာရဲ့ tradition တွေ သိရမယ်၊ မြန်မာရဲ့ culture သိရမယ်၊ မြန်မာပီသရမယ်၊ ဒါ မြန်မာတွေအတွက် ဂုဏ်ယူစရာဖြစ်တယ်။

မိမိကိုယ်တိုင်က အနောက်တိုင်းဆန်ချင်လို့ အနောက်တိုင်းသား ဖြစ်မှာ မဟုတ်ဘူး၊ ဥရောပဆန်ချင်လို့ ဥရောပလည်း ဖြစ်မှာ မဟုတ်ဘူး၊ မွေးလာတာ မြန်မာဆိုတော့ မြန်မာပီသဖို့က အရေးကြီးတယ်၊ မြန်မာပီသပြီး မြန်မာစကားကျွမ်းကျင်မှုက ပိုအရေးကြီးတယ်၊ တချို့က အင်္ဂလိပ်လို တတ်ပြီး မြန်မာလို မသိဘူးဆိုတာကိုပဲ ဂုဏ်ယူပြီးတော့ ပြောနေတာ ရှက်စရာကောင်းတယ်၊ ... မြန်မာဖြစ်လျက်သားနဲ့ မြန်မာစကား မတတ်တာမှ ရှက်စရာကောင်းတာ။

ထို့အတူပဲ ရဟန်းသံဃာတွေအနေနဲ့ တခြားဘာသာရပ်တွေ မတတ်ချင်နေ၊ ပိဋကမတတ်ဘူး [၄၂] ဆိုတာကတော့ ရှက်စရာဖြစ်တယ်၊ ဒါကြောင့်မို့ ပိဋကကို အာရုံစိုက်ပြီး ဓမ္မတာဝန်ကို ထမ်းဆောင်ကြရမှာ ဖြစ်တယ်။

အဲဒီလို ဓမ္မတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် အမြော်အမြင်ရှိတော်မူကြတဲ့ ဆရာတော်ကြီးတွေက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကို မန္တလေးမှာ တစ်ခု ရန်ကုန်မှာ တစ်ခု အခုလို တည်ထောင်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်တယ်၊ ကြီးမားလှတဲ့အမြော်အမြင်တွေနဲ့ လုပ်ဆောင်ခဲ့ကြတဲ့အတိုင်း မိမိတို့ကိုယ်တိုင်လည်း အမြော်အမြင်ကြီးစွာ ဓမ္မတာဝန်ကို ဆောင်ရွက်ကြရမှာ ဖြစ်တယ်။

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က နောင်အနာဂတ်မှာဖြစ်ပေါ်လာမယ့် အခြေအနေတစ်ခုကို သုတ္တန်တစ်ခုမှာ ဟောထားတယ်၊ “နောင်အနာဂတ်ရောက်လာတဲ့အခါ မြတ်စွာဘုရားဟောပြောထားတဲ့ အလွန်လေးနက်တဲ့ တရားဓမ္မတွေနဲ့ [၄၃] ပတ်သက်လာလို့ရှိရင် ရဟန်းသံဃာတွေ သင်လိုစိတ်တွေ နည်းလာလိမ့်မယ်၊ “ဂမ္ဘီရာ ဂမ္ဘီရတ္ထာ သုညတာ ပဋိသံယုတ္တာ” ဆိုတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေနဲ့ ပတ်သက်လာရင် လျစ်လျူရှုလာတဲ့ အနေအထားမျိုးတွေ ဖြစ်လာနိုင်တယ်။

တချို့ပုဂ္ဂိုလ်တွေ အတွေးအခေါ်လွဲမှားပြီးတော့.. မြတ်စွာဘုရားဟောပြတဲ့ တရားဓမ္မတွေနဲ့ ပတ်သက်ပြီး ကျကျနန နားထောင်လိုစိတ် မရှိဘူး၊ သင်ယူလိုစိတ် မရှိဘူး၊ သိလိုစိတ်တွေ မရှိဘူး ဖြစ်လာမယ်၊ ခေတ်ပညာနောက်လိုက်ပြီး ခေတ်ပညာကသာ မှန်ကန်တယ်လို့ မှတ်ထင်ပြီးတော့ ဓမ္မကို ကျောခိုင်းလာတယ် ဆိုတာမျိုးတွေ ဖြစ်လာနိုင်တယ်၊ အဲဒီအခါမှာ သာသနာကွယ်ပသွားနိုင်တယ်။

မြတ်စွာဘုရားရဲ့အဆုံးအမ ... အင်မတန်လေးနက်တဲ့တရားဓမ္မတွေ တို့တတွေသိခွင့်ရတာ အလွန်ပဲ ကံကောင်းတယ်၊ တခြားနိုင်ငံမှာရှိကြတဲ့ ပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံမှာလို ဓမ္မနဲ့ ပတ်သက်ပြီး [၄၄] လွယ်လွယ်ကူကူ သင်ယူဖို့ အခွင့်အလမ်းတွေ မရကြဘူးလို့ ပြောရမှာ ဖြစ်တယ်၊ ဒါကြောင့်မို့ အခွင့်ကောင်းရနေတဲ့အချိန် မြတ်ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ တရားဓမ္မတွေ သေသေချာချာလေ့လာပြီး မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတွေ ကမ္ဘာအနှံ့ ဖြန့်ဖြူးနိုင်လောက်အောင် ဒီကျမ်းစာတွေကို အလေးပေးသင်ယူမှုဟာ အရေးကြီးတယ်၊ ဓမ္မတာဝန် ကျေပွန်စွာ ဆောင်ရွက်နိုင်သည့် အတွက်ကြောင့် လောကအလယ်မှာ တင့်တောင့်တင့်တယ် ဖြစ်ပြီး မြန်မာလူမျိုးတွေအဖို့ ... အားသာချက်တွေ ..ထာဝရရရှိမှာ ဖြစ်တယ်။

နိုင်ငံခြားတွေ ထွက်ပြီးတော့.. ကြည့်လိုက်တဲ့အခါ မြန်မာနိုင်ငံရဲ့အားသာချက်နှစ်ခုကို သိရှိရတယ်၊ အသိအမှတ်ပြုအောင် ကိုယ်က ဘာမှ ကြိုးစားရတာ မဟုတ်ဘူး၊ ကိုယ်လုပ်နေကျအလုပ်ကို လုပ်နေကြတာပဲ၊ အိန္ဒိယရောက်တုန်းက အမှတ်တမဲ့ ပြောတာတွေ ကြားလိုက်ရတယ်၊ ဟိန္ဒူလူမျိုးပါမောက္ခ [၄၅] ကြီးတွေက မြန်မာရဟန်းတော်ဆိုတာနဲ့ အဘိဓမ္မာတတ်တယ်, ကမ္မဋ္ဌာန်းပြတတ်တယ်ဆိုတဲ့ ဂုဏ်အရည်အချင်းနှစ်ခုကို ပြောကြတယ်၊ မြန်မာတွေအပေါ်မှာ အထင်ကြီးတယ်၊ မြန်မာရဟန်းတော်လို့ ဆိုလိုက်တာနဲ့ အဘိဓမ္မာတတ်တယ်လို့ သူတို့က လက်ခံထားတယ်၊ များသောအားဖြင့်လည်း မြန်မာနိုင်ငံက အဘိဓမ္မာတတ်တာ များတယ်၊ ကမ္မဋ္ဌာန်းလည်း ပြတတ်တယ်ဆိုတာ မြန်မာနိုင်ငံနဲ့ အနီးအပါးမှာရှိတဲ့ အိန္ဒိယတို့ သီဟိုဠ်တို့မှာရှိတဲ့ ပညာတတ် ပါမောက္ခကြီးတွေဟာ လုံးဝလက်ခံထားပြီး ဖြစ်တယ်၊ အဲဒါ ကိုယ့်ရဲ့အားသာချက်လို့ ခေါ်တယ်၊ အဲဒီအားသာချက်ကို ထိန်းထားဖို့ လိုအပ်တယ်။

အဲဒီအားသာချက်ကို ထိန်းထားပြီးတော့ အားနည်းချက်က ဘာတုန်းဆိုရင် မြန်မာရဟန်းတော်တွေမှာ နိုင်ငံခြားသားနဲ့ တွေ့လို့ရှိရင် ဘာသာစကား ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်သေးတာ [၄၆] အားနည်းချက်ဖြစ်တယ်၊ သို့သော် အားသာချက်ကို အလေးပေးဆောင်ရွက်ပြီးတော့ အားနည်းချက်ကို ဖြည့်စွက်ရမှာ ဖြစ်တယ်။

ပိဋကပညာတတ်ဖို့ အချိန်ယူရတာနဲ့ ဘာသာစကားတစ်ခုတတ်ဖို့ အချိန်ယူရတာနဲ့ အလွန်ကွာခြားတယ်၊ ပိဋကပညာတတ်ဖို့ဟာ ၁၀-နှစ် အနှစ်-၂၀ အချိန်ယူပြီး သင်မှသာလျှင် တတ်နိုင်တယ်၊ ဘာသာစကားတစ်ခုက ၁-နှစ် ၂-နှစ်အတွင်းမှာ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လောက်အောင် အတိုင်းအတာထိ တတ်နိုင်တယ်၊ ဒါကြောင့်မို့ အလေးပေးရမှာကတော့ ပိဋကပညာလို့ဆိုတဲ့ ဓမ္မတာဝန်သာလျှင် ဖြစ်တယ်။

ဒါကြောင့်မို့ ... ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ ဗုဒ္ဓမြတ်စွာဟာ ဓမ္မကို အလေးပေးပြီးတော့ မိန့်ကြားခဲ့တာ ဖြစ်တယ်၊ ဓမ္မကို အလေးပြုပြီးတော့ နေတာ ဖြစ်တယ်၊ ပရိနိဗ္ဗာန်စံတော်မူခါနီး ကာလမှာလည်းပဲ “ဓမ္မက သင်တို့ရဲ့ဆရာ ဖြစ်လိမ့် [၄၇] မယ်”လို့ မိန့်ကြားခဲ့တယ်၊ သက်ရှိထင်ရှားအချိန်တုန်းကလည်း “ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ” “ဓမ္မကို တွေ့မှ ငါ့ကို တွေ့မယ်”လို့ မိန့်ကြားခဲ့တယ်၊ မြတ်စွာဘုရားက အလေးထားပြီးတော့ မိန့်ကြားခဲ့တဲ့ စကားတွေကို အာရုံပြုပြီး တို့တတွေ ဓမ္မတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြမယ်လို့ ကိုယ်စီ ကိုယ်စီ သန္နိဋ္ဌာန်ချပြီး ဗုဒ္ဓမြတ်စွာသာသနာရှည်စွာတည်ကြောင်းဖြစ်တဲ့ ဓမ္မတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။

3hxyhqp93xpuoeo0ujw0rb0wt06lv1m
ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်
0
6466
22332
2026-11-05T15:14:10Z
Tejinda
173
"{{header | title = ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous =..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22332
wikitext
text/x-wiki
{{header
| title = ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဓမ္မတာဝန်]]
| previous2 = [[ဓမ္မဂီတိကာ]]
| next = [[နှစ်ဦးမေတ္တာလူတိုင်းမှာ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်

[၁] သာသနာတော်နှစ် ၂၅၅၂-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခု၊ သီတင်းကျွတ်လပြည့်ကျော် ၄-ရက်၊ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်း မဟာသကျမုနိရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းတော်၌ စတုတ္ထအကြိမ်မြောက် ကြည့်မြင်တိုင် ကျောင်းကြီးတိုက် ဗုဒ္ဓပူဇနိယပွဲတော် အထူးတရားပွဲ၌ ဟောကြားအပ်သော “ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်” တရားတော်။

ဓမ္မအသိဖြင့် အကျိုးရှိအောင် နေမည်လို့- လူ့ဘဝရလာတဲ့ လူတိုင်း လူတိုင်း မိမိတို့ဘဝမှာ နေထိုင်တဲ့အခါ အကျိုးရှိအောင် နေတတ်ဖို့ အင်မတန်မှ လိုအပ်ပါတယ်၊ အကျိုးဆိုတာ ဒိဋ္ဌဓမ္မိကအတ္ထ မျက်မှောက်ဘဝမှာ ရတဲ့အကျိုး'က တစ်မျိုး၊ ‘သမ္ပရာယိကအတ္ထ’ တမလွန်ဘဝမှာ ရတဲ့အကျိုး'က တစ်မျိုး [၂] လို့ စာပေကျမ်းဂန်တွေမှာ ဒီလို အကျိုး ၂-မျိုးကို သတ်မှတ်ထားတာ ရှိတယ်။

မျက်မှောက်ဘဝမှာ ရရှိနိုင်တဲ့အကျိုး ဆိုတာ ဒီဘဝမှာ စည်းစိမ်ဥစ္စာ ရတာလည်း အကျိုးတစ်မျိုးပဲ၊ ရာထူးဂုဏ်သိန် ရတာလည်း အကျိုးတစ်မျိုးပဲ၊ ထူးခြားတဲ့ ဂုဏ်အရည်အသွေးတွေ ရတာလည်း အကျိုးတစ်မျိုးပဲ၊ စီးပွားဥစ္စာတွေ ရတာလည်း အကျိုးတစ်မျိုးပဲ၊ ချမ်းချမ်းသာသာနေလို့ ရတာလည်း ဒီဘဝရဲ့အကျိုးတစ်မျိုးလို့ ဒီလိုပြောရမယ်။

တမလွန်ဘဝအကျိုး ဆိုတာကတော့ လူတိုင်းလူတိုင်းဟာ ဒီဘဝနဲ့တင် အဆုံးသတ်ကြမှာ မဟုတ်သေးတာကြောင့် တမလွန်ဘဝဆိုတာ ရှိတယ်၊ ရှိနေသေးသည့်အတွက်ကြောင့် ဒီဘဝအရေးတင် စဉ်းစားလို့ မရသေးဘူး၊ နောင်ဘဝအရေး ဆိုတာကိုလည်း စဉ်းစားကြရမယ်၊ နောင်ဘဝအရေးအတွက်လည်း ရှိသင့်ရှိထိုက်တဲ့ အကြောင်းတရားများ ရှိအောင်လုပ်မှ, ကောင်းတဲ့အကြောင်းတရားတွေ မိမိသန္တာန်မှာရှိမှ နောင်ဘဝမှာ ကောင်းတဲ့အကျိုးတွေ ရနိုင်မယ်။

- ဒိဋ္ဌဓမ္မိကအတ္ထ- မျက်မှောက်ဘဝမှာ ရတဲ့အကျိုးနဲ့ သမ္ပရာယိကအတ္ထ- တမလွန်ဘဝမှာ ရမယ့်အကျိုး ဆိုတဲ့ ဒီအကျိုးတရား ၂-မျိုးစလုံး ကောင်းအောင်ဆိုရင် ဓမ္မအသိနဲ့ နေမှ ဖြစ်မယ်။

[၃] ဓမ္မအသိ ဆိုတဲ့ နေရာမှာ ‘ဓမ္မ’ ဆိုတာ အမှန်အမှားကို ခွဲခြားသိနိုင်အောင် ဟောပြောထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဆုံးမသွန်သင်ချက်တွေကို ခေါ်တယ်၊ ကောင်းဆိုး ၂-မျိုးကို ပေးတတ်တဲ့ သဘာဝအကြောင်းတွေရဲ့ အကျိုးအကြောင်း, အဆိုးအကောင်းတွေကို သိတာလည်း ဓမ္မကိုသိတယ်လို့ ဒီလို ပြောလို့ ရတယ်။

ဓမ္မအသိနဲ့ ဘဝမှာအကျိုးရှိရှိနေဖို့ အသိဉာဏ် ရှိရမယ်၊ လောကမှာ ဘဝတစ်ခု ရလာတဲ့အခါမှာ နေပုံထိုင်ပုံက အမျိုးမျိုး ရှိတယ်၊ အကျိုးရှိတဲ့နေနည်း ရှိသလို အကျိုးမဲ့စေတတ်တဲ့ နေနည်းလည်း ရှိတယ်၊ အချို့အချို့သော နေနည်းတွေက ပစ္စုပ္ပန်ဘဝမှာတော့ အကျိုးရှိပြီး တမလွန်ဘဝမှာ အကျိုးမရှိတဲ့နေနည်းမျိုးလည်း ရှိတယ်၊ ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံး အကျိုးရှိမယ့် နေနည်းမျိုးကို ဗုဒ္ဓမြတ်စွာက ဆုံးမဩဝါဒ ပေးထားတယ်။

အဲဒီလို နေတတ်ဖို့ဆိုတာ လူတွေမှာ မျက်စိနှစ်လုံးရှိရသလို အသိဉာဏ်ကလည်းပဲ ၂-မျိုးရှိဖို့ လိုအပ်တယ်တဲ့၊ ဗုဒ္ဓမြတ်စွာက အန္ဓသုတ္တန်မှာ ‘ဒွိစက္ခု' မျက်စိ ၂-လုံးရှိတဲ့ ပုဂ္ဂိုလ်ကို အကောင်းဆုံးပုဂ္ဂိုလ်လို့ ဒီလို ဟောထားတယ်၊ မျက်စိ ၂-လုံးဆိုတာ လူတိုင်း လူတိုင်းမှာ မျက်စိ ၂-လုံး ရှိကြတယ်ပေါ့၊ ထို့အတူပဲ အသိဉာဏ်ကလည်း ၂-ခု ရှိရမယ်၊ ၂-ခု ရှိ [၄] ရမယ်ဆိုတာ ၂-ဘက် မြင်ရမယ်, တစ်ဘက်တည်း မမြင်ရဘူးလို့ ဒီလိုဆိုလိုတာ။

အဲဒီတော့ ၂-ဘက်မြင်ရမယ် ဆိုတာကို မြတ်စွာဘုရားက ရှင်းပြတယ်၊ လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါ မရသေးတဲ့ စည်းစိမ်ဥစ္စာတွေကို ရဖို့, ရလာတဲ့ စည်းစိမ်ဥစ္စာတွေ တည်မြဲဖို့, တည်မြဲပြီးသား စည်းစိမ်ဥစ္စာတွေကို တိုးတက်ဖို့ သိမြင်တတ်တဲ့ အသိဉာဏ်ဆိုတဲ့ မျက်စိတစ်လုံးလည်း ရှိဖို့ လိုတယ်တဲ့၊ ဒါက ဒီဘဝကောင်းကျိုးအတွက် ဖြစ်တယ်၊ နောင်ဘဝကောင်းကျိုးအတွက်လည်းပဲ ကုသိုလ် အကုသိုလ်, အပြစ်ရှိတယ် အပြစ်မရှိဘူးဆိုတဲ့ ဓမ္မအရေးနဲ့ ပတ်သက်ပြီး သိတဲ့ မျက်စိမျိုးဟာလည်း နောက်ထပ် လိုအပ်တယ်တဲ့။

ဘာဖြစ်လို့လဲဆိုရင် တစ်ခုနဲ့တစ်ခု ထိန်းညှိပြီးတော့နေရမယ်၊ လောကအကျိုးချည်းပဲ ကြိုးစားမယ်ဆိုရင် သံသရာအကျိုးက လွတ်သွားမယ်၊ ဒါကြောင့် လောကအကျိုး သံသရာအကျိုး ၂-မျိုးစလုံး ရဖို့အတွက် တစ်ခုနဲ့တစ်ခု ထိန်းညှိပြီးတော့ ကြိုးစားရမယ်၊ အသိ ၂-မျိုးနဲ့ ထိန်းမတ်ပေးရမယ်၊ ဒီလို ဆိုလိုတာ။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် လူတွေမှာ စီးပွားဥစ္စာတွေ တိုးတက်လာသော်လည်း ကိုယ်ကျင့်တရားက ဆုတ်ယုတ်ပျက်ပြားသွားလို့ရှိရင် ကောင်းကျိုးချမ်းသာတွေဟာလည်း တဖြည်းဖြည်း ဆုတ်ယုတ်သွားနိုင်တာပါပဲ၊ ဒါကြောင့်မို့ စီးပွား [၅] ရေးဘက်ကလည်း တိုးတက်အောင် လုပ်ရမယ်၊ ကိုယ်ကျင့်တရားဘက်ကလည်း တိုးတက်အောင် လုပ်ရမယ်၊ ဒီလို ဆိုလိုတာနော်၊ ၂-မျိုး ၂-စား တိုးတက်ကြီးပွားအောင် ကြံဆောင်သိမြင်နိုင်တဲ့ အသိဉာဏ် ၂-ခုကို ဒီနေရာမှာ မျက်စိ ၂-လုံးလို့ခေါ်တာ၊ စီးပွားရေးလည်း တိုးတက်အောင် လုပ်နိုင်ရမယ်၊ စီးပွားရေးမျက်စိ ရှိရမယ်၊ ဓမ္မရေးရာတွေကိုလည်း သိမြင်နိုင်တဲ့မျက်စိ ရှိရမယ်၊ ဓမ္မရေးရာမျက်စိဖြင့် စီးပွားရေး တိုးတက်လာမှုကို အကြောင်းပြုပြီးတော့ အကျင့်စာရိတ္တတွေ တိုးတက်ကောင်းမွန်လာအောင် ထိန်းညှိပြီးတော့ နေရမယ်။

စီးပွားရေးမျက်စိတော့ ရှိပါရဲ့၊ ဓမ္မရေးရာမျက်စိက မရှိဘူးဆိုရင် ဘာဖြစ်တတ်သလဲဆိုရင် စီးပွားရရင်ပြီးရော ဘာမဆို လုပ်မယ်ဆိုတဲ့ အတွေးအခေါ်တွေ ဝင်လာတတ်တယ်၊ အဲဒါကို ထိန်းထားရမယ်၊ အဲဒီလို ထိန်းထားမှု မရှိဘူးဆိုရင် ကိုယ်ကျင့်တရား ပျက်ပြားပြီးတော့ စီးပွားရေးလည်း ကျဆင်းလာတတ်တယ်၊ ကိုယ်ကျင့်တရားပျက်ပြားပြီးတော့ ရလာတဲ့ စီးပွားဥစ္စာဟာ တည်မြဲမှုနဲ့ တည်ငြိမ်မှု မရှိဘူး။

ကြည့်လေ- လောကမှာ တချို့ စီးပွားဥစ္စာတွေတော့ တိုးတက်လာပါတယ်၊ ဒါပေမယ့် အကျင့်စာရိတ္တတွေကျတော့ ယိုယွင်းသွားပြီး ကြာလာတဲ့အခါမှာ စီးပွားဥစ္စာလည်း ပျက်စီးပြီး သွားတတ်တယ်၊ ဒါကြောင့်မို့လို့ Economic [၆] progress နဲ့ Spiritual progress ၂-မျိုးပေါ့၊ ထိန်းညှိပြီးတော့ ထားရမယ်။

ဒီ ၂-ခုကို ထိန်းညှိပြီးတော့ ထားရင် စီးပွားတိုးတက်မှုလည်း ခိုင်မြဲတယ်၊ တစ်ဖက်က ကိုယ်ကျင့်တရားလည်း ခိုင်မြဲလာမယ်၊ စီးပွားနဲ့ ကိုယ်ကျင့်တရားကို ထိန်းမယ်၊ ကိုယ်ကျင့်တရားနဲ့ စီးပွားကို ပြန်ထိန်းမယ်၊ ၂-ဘက် ၂-တန် ရှုမြင်တတ်တဲ့ ပညာမျက်စိ ရှိရမယ်လို့ မြတ်စွာဘုရားက အဲဒီသုတ္တန်မှာ ဟောထားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သံသရာထဲမှာ နေတဲ့အခါမှာလည်းပဲ ချမ်းသာသုခရဖို့ဆိုတာ ကောင်းတဲ့အကြောင်းတွေ ဆောင်ရွက်နိုင်မှ ရတာကိုး။

ဒါဖြင့် ကောင်းပြီ ... ဘဝမှာ အကျိုးရှိရှိ နေဖို့ဆိုရင် ဘာကို စဉ်းစားရမလဲ၊ မိမိကိုယ်ကို အမြဲသုံးသပ်ဆင်ခြင်ရမယ့် အချက်တစ်ချက်က “ကထံဘူတဿ မေ ရတ္တိဒိဝါ ဝီတိဝတ္တန္တိ” - ဘယ်လိုနည်းနဲ့ နေ့တွေရက်တွေ ငါ့အဖို့ ကုန်နေသလဲ” ဆိုတာ လူတိုင်း လူတိုင်း သိသင့်တယ်၊ ငါ တစ်နေ့တာ အချိန်ကုန်သွားတယ်၊ လူ့ဘဝမှာ လူတိုင်း လူတိုင်းဟာ ရပ်နေတာ မဟုတ်ဘူး၊ လူ့ဘဝ ရလာတဲ့နေ့ကစပြီးတော့ တစ်ရက်ပြီး တစ်ရက်, တစ်ရက်ပြီး တစ်ရက် ဖြတ်ကျော်လာခဲ့တာ၊ အေး ဖြတ်ကျော်လာခဲ့ကြတာ ၁-နှစ်သားအရွယ်ကနေ ၁၀-နှစ်သားအရွယ်၊ ၁၀-နှစ်သားအရွယ်ကနေ အနှစ် ၂၀၊ အနှစ် ၂၀ ကနေ ၃၀ ၄၀ ၅၀ ဒီလို ဖြတ်လာခဲ့ကြတာ၊ ဒီလို [၇] ဖြတ်ကျော်လာခဲ့ရတဲ့ နှစ်တွေ.. ဖြတ်သန်းလာခဲ့ရတဲ့ လတွေ ဖြတ်သန်းလာခဲ့တဲ့ ရက်တွေ ဖြတ်သန်းလာခဲ့တဲ့ နာရီတွေမှာ ဘယ်ပုံဘယ်နည်း ငါ့မှာ အချိန်ကုန်ခဲ့သလဲ၊ ဒါကို ပြန်စဉ်းစားကြရမယ်။

မြတ်စွာဘုရားက “ကထံဘူတဿ မေ ရတ္တိဒိဝါ ဝီတိဝတ္တန္တိ” “ဘယ်လိုနည်း ဘယ်လိုအကြောင်းတွေနဲ့ နေ့တွေရက်တွေ ကုန်လာကြသလဲ” ဆိုတာ စဉ်းစားတွေးတော ကြည့်ရမယ်တဲ့၊ စဉ်းစားကြည့်လိုက်ရင် အဖြေက ထွက်လာမှာပါပဲ၊ ဪ အကျိုးရှိရှိ အချိန်ကုန်နေတာလား၊ အကျိုးမဲ့ အချိန်ကုန်နေတာလား၊ စဉ်းစားကြည့်ရမယ်၊ လောကစီးပွားအတွက် အချိန်ကုန်တာလား၊ ဓမ္မရေးရာအတွက် အချိန်ကုန်နေတာလား ဆိုတာကို ကိုယ့်ရဲ့အချိန်တွေကို ဇယားညှိပြီး ကြည့်လိုက်မယ်ဆိုရင် အချိန်ကို ဘယ်ပုံဘယ်နည်း အသုံးချနေတယ် ဆိုတာ အဖြေထွက်လာမှာပဲ။

အဲဒီအဖြေ တွေ့လာတဲ့အခါမှာ ခုနကလို လောကအကျိုး ဓမ္မအကျိုး၊ လောကီအကျိုး သံသရာအကျိုး ဒီအကျိုး ၂-မျိုးစလုံး အကျိုးရှိရှိ ကုန်ဖို့ရာ အရေးကြီးတယ်၊ ပစ္စုပ္ပန်အကျိုး တစ်ခုတည်း လုံးပမ်းပြီးတော့ နေမယ်ဆိုရင် သံသရာအကျိုးက လစ်ဟင်းသွားတတ်တယ်၊ ဒီတော့ မကောင်းတဲ့ဘဝ ရောက်သွားလို့ရှိရင် ဒီဘဝမှာ ချမ်းသာကြွယ်ဝပေမယ်လို့ နောင်ဘဝမှာ နစ်နာဆုံးရှုံးသွားနိုင်တယ်၊ ဒီတော့ ၂-ဘက်စလုံး ညှိ [၈] ပြီး ကိုယ့်ကိုယ်ကို အမြင် ၂-မျိုးနဲ့ ကြည့်ပြီး နေ့ရက်တွေကို ကုန်ဆုံးစေရမယ်၊ ဒါ နေပုံနေနည်းတစ်ခုပဲ။

အဲတော့ လောကမှာ လူတွေနေကြတဲ့အခါမှာ ကုသိုလ်ရအောင် နေနည်း၊ ဘယ်လိုနေမလဲဆိုတော့ ပြုပြင်ပေးဖို့ လိုအပ်တာလေးတွေ ဟောပြမယ် ... အကျိုးရှိအောင် ဘယ်လိုနေမလဲ - အကျိုးဆိုတာ ကောင်းကျိုးချမ်းသာရဖို့ကို ဆိုလိုတယ်၊ ကောင်းကျိုးချမ်းသာရဖို့ဆိုတာ အချက် ၄-ချက် လိုအပ်တယ်၊ အချက် ၄-ချက်နဲ့ ကိုယ့်ရဲ့စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရမယ်။
၁-အချက်က ငါ့သန္တာန်မှာ ဒီဘဝရလာတဲ့ အချိန်မှာ ကုသိုလ်စိတ်တွေ များများဖြစ်စေရမယ်၊ ဘာဖြစ်လို့ ကုသိုလ်စိတ်များများ ဖြစ်စေရမှာလဲဆိုရင် ကုသိုလ်ဆိုတာ အဆိုးတရားတွေ ဖယ်ရှားပြီး အကောင်းတရားတွေကို ဖော်ဆောင်ပေးနိုင်တဲ့ တရားမျိုး ဖြစ်တယ်၊ ဒါကြောင့်မို့ ကုသလ-ကုသိုလ်'၊ “ကု” ဆိုတာ အဆိုးတရားတွေကို, သလ' ဖယ်ရှားပေးနိုင်တဲ့ စွမ်းအားရှိတဲ့ သဘာဝတရားမျိုးကို ခေါ်တယ်၊ အဲဒီ သဘာဝစွမ်းအားတွေဆိုတာ ဘာကို ပြောသလဲဆိုရင် အလောဘ အဒေါသ အမောဟတို့ကို ခေါ်တယ်။

အလောဘဆိုတာ ကိုယ့်ရဲ့ပစ္စည်းကို အများနဲ့ မျှဝေခံစားနိုင်ဖို့၊ လောကမှာ လူဆိုတာ အပေါင်းအသင်းတွေနဲ့ နေတဲ့အခါကျတော့ ကိုယ့်ရဲ့ပစ္စည်းကို ဆုပ်ကိုင်မထားဘဲနဲ့ မျှဝေ [၉] ခံစားသုံးစွဲနိုင်ရမယ်၊ စွန့်လွှတ်နိုင်တဲ့စိတ်မျိုး အလောဘစိတ်ကို ထားနိုင်ရမယ်၊ အဒေါသဆိုတာ အများရဲ့အကျိုးကို လိုလားတဲ့မေတ္တာ ဖြစ်တယ်၊ အမောဟဆိုတာ ဘာကို လုပ်သင့်သလဲ, မလုပ်သင့်ဘူးလဲ ဆိုတာကို သိတဲ့ အသိပညာမျိုး ဖြစ်တယ်။

အဲဒီသဘာဝတရားတွေဟာ အဆိုးတရားတွေကို ဖယ်ရှားနိုင်တာမို့ ကုသိုလ်လို့ ခေါ်တယ်၊ အဲဒီကုသိုလ်တရားတွေကိုယ့်ရဲ့သန္တာန်မှာ ဖြစ်အောင် လုပ်ရမယ်တဲ့၊ ငါ့သန္တာန်မှာ ဖြစ်စေရမယ်လို့ ဆုံးဖြတ်ချက် ချထားလိုက်ပါတဲ့၊ သဒ္ဓါတရားတွေ ဖြစ်စေရမယ်, သီလတရားတွေ ဖြစ်စေရမယ်, သမာဓိစွမ်းအားတွေ ဖြစ်စေရမယ်, အကောင်းအဆိုး အကြောင်းအကျိုး ကိုခွဲခြားသိနိုင်တဲ့ အသိဉာဏ် အသိပညာ စွမ်းအားတွေ ငါ့သန္တာန်မှာ ဖြစ်စေရမယ်လို့ စိတ်ထဲမှာ သန္နိဋ္ဌာန်ချထားလိုက်ရမယ်၊ ဒါကို စာပေက နိယမိတ တဲ့၊ ကုသိုလ်စိတ် ဖြစ်အောင် လုပ်မယ်၊ အကုသိုလ် မဖြစ်စေရဘူး ဆိုပြီးတော့ determination လုပ်တာ၊ ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာ ချမှတ်ထားရမယ်၊ အဲဒီလို စိတ်ကို ဆောက်တည်ထားလိုက်မယ် ဆိုရင် သတိထားတတ်လာပြီးတော့ စိတ်ဟာ ကောင်းတဲ့ဘက်ကိုပဲ ဦးတည်လာတော့တယ်။
နောက်တစ်ခု ၂-အချက်က ကုသိုလ်စိတ်ဖြစ်ဖို့ အတွက် သမုဒါစာရ အလေ့အကျင့် လိုအပ်တယ်၊ ဆိုပါစို့- မနက် [၁၀] အိပ်ရာထရင် မျက်နှာသစ်မယ် ဘုရားရှိခိုးမယ်ဆိုတဲ့ အလေ့အကျင့် လုပ်ထားရမယ်၊ ဘုရားရှိခိုးလို့ပြီးမှ မနက်စာ စားမယ်, ဘုရားမရှိခိုးဘဲနဲ့ နံနက်စာ မစားဘူးလို့ ဒီလို အလေ့အကျင့်တစ်ခု ထားရမယ်၊ နောက် မေတ္တာပို့မယ်ပေါ့၊ ကိုယ့်ရဲ့အိမ်သူအိမ်သားတွေကနေ စပြီးတော့ သတ္တဝါတွေ ကျန်းမာကြပါစေ ဆိုပြီး မေတ္တာပို့မယ်ပေါ့နော်၊ ကုသိုလ်စိတ် ဖြစ်အောင် အလေ့အကျင့်ဆိုတာ လုပ်ပေးရတယ်၊ ဘာပဲ ဖြစ်ဖြစ် လေ့ကျင့်တယ်ဆိုတာ လုပ်ကြရတာပဲ၊ Physical exercise ဆိုရင် မနက်စောစော အိပ်ရာထ လမ်းလျှောက်ကြတဲ့သူတွေဟာ မှန်မှန်လမ်းလျှောက်ကြရတာပါပဲ၊ ဒါလေ့ကျင့်ခန်း လုပ်တာပါပဲ၊ ဒီလို လေ့ကျင့်ခန်းလုပ်သလိုပဲ နေ့စဉ်ဘဝမှာ ကုသိုလ်တွေ ရဖို့အတွက် လေ့ကျင့်ကြရမှာပဲ၊ မနက်အချိန်မှာ ငါဘာလုပ်ရမယ်၊ နေ့လယ်အခါမှာ ငါဘာလုပ်ရမယ် ဆိုပြီးတော့ အချိန်အားလျော်စွာ ကုသိုလ်စိတ်တွေ ဖြစ်ကြရမှာပဲ။

အိမ်ရှင်မတွေ ဆိုရင် ဥပမာ- ထမင်းချက်ရင်းနဲ့လည်း ကုသိုလ်စိတ်တွေဖြစ်အောင် ကျင့်ထားရမယ်၊ “ငါချက်ထားတဲ့ ထမင်းဟင်းတွေ စားရင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါစေ၊ အားလုံး ချမ်းသာသုခတွေ ပြည့်ဝကြပါစေ” ဆိုပြီးတော့ မေတ္တာထားကြရမယ်၊ အများအတွက် ဆောင်ရွက်ပေးတဲ့ စိတ်စေတနာ ဖြစ်တယ်၊ ဒါကြောင့်မို့ မေတ္တာလို့ ခေါ်တယ်။

[၁၁] မေတ္တာနဲ့ တဏှာက မတူဘူးနော်၊ အရပ်ထဲမှာတော့ မေတ္တာနဲ့ တဏှာကို ရောထွေးပြီးတော့ သုံးတတ်ကြတယ်၊ မေတ္တာဆိုတာ မိတ်ဆွေရဲ့စိတ်ဓာတ်ကို ခေါ်တယ်၊ ဒါကြောင့်မို့ မေတ္တာဆိုတဲ့ စကားလုံးဟာ ‘မိတ္တ’ကနေ လာတာဖြစ်တယ်၊ “မိတ္တဿ ဧသာ မေတ္တာ” “မိတ္တဿဆိုတဲ့ မိတ်ဆွေ သူငယ်ချင်း၏'၊ ‘ဧသာ = သဘောတရားသည်၊ 'မေတ္တာ = မေတ္တာ ဖြစ်သည်၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းပေါ်ထားတဲ့ စိတ်မျိုး၊ သတ္တဝါတိုင်းရဲ့အပေါ်မှာ ထားနိုင်ရမယ်၊ အားလုံးအပေါ်မှာ မေတ္တာထားနိုင်ရမယ်။

အဲဒီတော့ မေတ္တာဆိုတာ ရင်ထဲနှလုံးထဲမှာ အမုန်းတရားတွေကို ဖယ်ရှားပြီးတော့ အကျိုးလိုလားတဲ့စိတ်မျိုးကို ခေါ်တာဖြစ်တယ်။

မေတ္တာပွားမယ်ဆိုရင်လည်း ဘယ်အချိန်မှာမဆို ပွားလို့ ရတယ်၊ ဆိုပါစို့- မေတ္တာစိတ်ဆိုတာ မနောကံပေါ့၊ တစ်ခါတစ်ရံမှာ ကာယကံနဲ့ပြုရတဲ့ မေတ္တာမျိုးရှိသလို၊ ဝစီကံနဲ့ပြောရတဲ့မေတ္တာမျိုးလည်း ရှိတယ်၊ နှုတ်ကနေ ပြောရမယ့် မေတ္တာမျိုးကို ခေါ်တယ်၊ မနောကံမေတ္တာဆိုတာ စိတ်ထဲကနေ သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေဆိုပြီး ပွားများတာ ဖြစ်တယ်၊ ကောင်းတဲ့အကြံဉာဏ် ပေးတာဟာလည်း ဝစီကံမေတ္တာ ဖြစ်တယ်၊ လမ်းသွားရင်း ဆူးတွေတွေ့လို့ ဖယ်ရှားပေးမယ်ဆိုရင် ကာယကံမေတ္တာပေါ့၊ အိမ်မှာအလုပ်လုပ်ရင်းနဲ့ [၁၂] အိမ်သူအိမ်သားတွေ ချမ်းသာစွာ နေထိုင်နိုင်ဖို့ ကူညီဆောင်ရွက်မယ်၊ ဒါလည်းပဲ ကာယကံမေတ္တာ ထားတာပဲလေ၊ အဲဒီလို ကာယကံမေတ္တာ ဝစီကံမေတ္တာ မနောကံမေတ္တာနဲ့ နေထိုင်တဲ့အတွက် အကုသိုလ် မဖြစ်ဘဲ ကုသိုလ်နဲ့ နေတယ်လို့ ခေါ်တယ်နော်၊ အကျိုးရှိတဲ့ နေနည်းပါလို့ ဒီလို ပြောတယ်၊ ဝေယျာဝစ္စလုပ်ရင်းနဲ့ ကုသိုလ်ရနေတယ်လို့ ခေါ်တယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်ဓာတ်ကိုဖြူစင်အောင်ထားပြီးတော့ နေမယ်ဆိုရင် ကုသိုလ်နဲ့ နေတာပါပဲ၊ အချိန်အခါ ရွေးစရာမလိုပါဘူး၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ငါ့ရဲ့စိတ်ကို ညစ်မနေစေအောင် ထားတတ်ရမယ်၊ ဒါမှ ငါ့ရဲ့သန္တာန်မှာ ကုသိုလ်တွေပဲ များများဖြစ်စေရမယ်၊ မြင်မြင်သမျှ အပေါ်မှာ မေတ္တာစိတ်နဲ့ပဲ လုပ်ကိုင်ဆောင်ရွက် ပြောဆို ဆက်ဆံရမယ် ဆိုပြီးတော့ ဆုံးဖြတ်ချက် ချထားလိုက်ပါတဲ့။
၃-အချက်က ပရိဏာမန- အမြဲတမ်း ကိုယ့်ရဲ့စိတ်ကလေးကို ကောင်းတဲ့ဘက်ကိုပဲ ညွတ်နေအောင် ထားပေးရမယ်၊ ဆိုပါစို့- တစ်ယောက်တည်း အေးဆေးစွာနေမိရင် ဘာကိုတွေးမိလဲဆိုတာ ပြန်ဆန်းစစ်ကြည့်၊ ကိုယ့်စိတ်လေးဟာ ကောင်းတဲ့ဘက်ကို ညွတ်နေရမယ်၊ မကောင်းတဲ့ဘက်ကို ညွတ်နေမိလို့ရှိရင် ကောင်းတဲ့ဘက်ကို သတိထားပြီး ညွတ်မိအောင် ထိန်းသိမ်းလေ့ကျင့်ပေးရမယ်၊ ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးလှည့်ပေးရမယ်၊ မေတ္တာပွားဖို့အတွက် ဦးလှည့်ပေးရမယ်၊ [၁၃] ကောင်းကျိုးချမ်းသာလိုလားသူ ဖြစ်ဖို့အတွက် ဦးလှည့်ပေးရမယ်၊ ကုသိုလ်တရားရဖို့ ဦးလှည့်ပေးရမယ်၊ ဒါ လေ့ကျင့်ပေးရင် ရနိုင်တယ်။
၄-အချက်က အာဘုဇိတ-နှလုံးသွင်းတရား၊ နှလုံးသွင်းဆင်ခြင်မှုက အလွန်အရေးကြီးတယ်၊ ဒါကို မြတ်စွာဘုရားက ယောနိသောမနသိကာရလို့ ပြောတယ်၊ မှန်မှန်ကန်ကန် စဉ်းစားတာ၊ အသိဉာဏ်နဲ့ စဉ်းစားတာ၊ နှလုံးသွင်းမှု မှန်ကန်တာ၊ လိမ္မာပါးနပ်စွာ စဉ်းစားတာ၊ ဒါကို ယောနိသောမနသိကာရ လို့ ခေါ်တယ်၊ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် ယောနိသောမနသိကာရ မထားတတ်လို့ရှိရင် ကုသိုလ်လုပ်နေတာတောင်မှ ကုသိုလ် မရဘဲ ဖြစ်တတ်တယ်၊ ဒါကြောင့် စာပေမှာ “ယေကေစိ ကုသလာဓမ္မာ သဗ္ဗေ တေ ယောနိသောမနသိကာရ မူလကာ” တဲ့၊ “ကုသိုလ်မှန်သမျှတို့သည် ယောနိသောမနသိကာရပေါ်မှာ အခြေခံသည်"လို့ ဒီလို မြတ်စွာဘုရားက ဟောထားတယ်။ ဆိုပါစို့ - မိမိသန္တာန်မှာ ဒေါသထွက်နေတဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်းစကား ပြောမိတယ်၊ အဲဒီအခါ မိမိရဲ့ စိတ်ထဲမှာ တွေးကြည့်လိုက်စမ်းပါ၊ ကြမ်းကြမ်းတမ်းတမ်း စကားကို မိမိကိုယ်တိုင်တောင်မှ မနှစ်သက်ဘူး၊ သူ့ပြောရင် သူလည်း ကြိုက်မှာ မဟုတ်ဘူး၊ အဲဒီတော့ ချိုချိုသာသာ ပြောပြီးတော့ ဖျောင်းဖျမယ်-ဒီလို တွေးရမယ်၊ အဲဒီလို ဘယ်ကိစ္စပဲဖြစ်ဖြစ် ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်တဲ့စကားဟာ [၁၄] တစ်ဘက်သားကို နူးညံ့မသွားစေဘူး၊ ကြမ်းတမ်းသွားစေတယ်၊ ပြောတဲ့ပုဂ္ဂိုလ်လည်း ကြမ်းတမ်းသွားမယ်၊ နားထောင်တဲ့ပုဂ္ဂိုလ်လည်းပဲ ကြမ်းတမ်းသွားမယ်၊ အဲဒီ၂-ခုကို နှလုံးသွင်းဆင်ခြင်လိုက်မယ်ဆိုရင် ယောနိသောမနသိကာရနဲ့ စဉ်းစားလိုက်ရင် ကြမ်းကြမ်းတမ်းတမ်းပြောတာကို ငါ မကြိုက်သလို သူလည်းပဲ ကြိုက်မှာမဟုတ်ဘူး၊ အဲဒီတော့ ငါကြမ်းတမ်းတဲ့ စကားတွေကို မပြောဘူး၊ နူးညံ့တဲ့ စကားတွေကို ပြောမယ်၊ အကျိုးရှိအောင် ပြောမယ်လို့ နှလုံးသွင်းဆင်ခြင်လိုက်ရင် ဒါကို ယောနိသောမနသိကာရလို့ ခေါ်တယ်။

ဘယ်အရာပဲဖြစ်ဖြစ် တစ်ဘက်ကနေကြည့်ရင် ဒေါသထွက်စရာ ဖြစ်ပေမယ့် နောက်တစ်ဘက်ကကြည့်ရင် ကျေးဇူးတင်စရာတွေ ဖြစ်တတ်တယ်၊ အဲတော့ ဒေါသဖြစ်မယ့်ဘက်က မစဉ်းစားဘဲနဲ့ ကျေးဇူးတင်စရာဘက်ကနေ စဉ်းစားရမယ်၊ အဲဒီလို စဉ်းစားရင် ဘာဖြစ်သလဲဆိုတော့ ကိုယ့်သန္တာန်မှာ အမုန်းတရားတွေ ကင်းစင်သွားမယ်၊ ရင်ထဲနှလုံးထဲမှာ အမုန်းကင်းနေရင် စိတ်ထဲနှလုံးထဲမှာ ငြိမ်းအေးနေမယ်ပေါ့၊ ဒါ လက်တွေ့ရတဲ့ အကျိုးတစ်ခုနော်၊ ဗုဒ္ဓမြတ်စွာ ဟောပြောထားတဲ့ တရားဓမ္မတွေဟာ လက်တွေ့ကျင့်သုံးရတဲ့ နေနည်းတွေ ဖြစ်တယ်၊ Way of Life ပေါ့၊ ဘဝတစ်ခုဟာ ဘယ်ပုံ ဘယ်နည်းနေရမယ် ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောတာ။

[၁၅] ဒါကြောင့်မို့လို့ ကုသိုလ်တစ်ခု ဖြစ်ဖို့ရာ ဟောဒီ အချက် ၄-ချက်နဲ့ ပြည့်စုံရမယ်တဲ့ ... မိမိစိတ်ကို အမြဲတမ်းကုသိုလ်စိတ်ဖြစ်စေရမယ် ဆိုပြီးတော့ သန္နိဋ္ဌာန်ချထားလိုက်ပါ၊ စိတ်ကို ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးညွတ်စေရမယ်၊ ကုသိုလ်စိတ်ကို အမြဲတမ်း လေ့ကျင့်ပေးရမယ်၊ နောက်တစ်ခုက ယောနိသောမနသိကာရ ထားနိုင်ရမယ်၊ အဲဒီအချက်တွေနဲ့ ပြည့်စုံရင် စိတ်ဟာ အမြဲတမ်းကုသိုလ်စိတ် ဖြစ်နေမယ်။ ကုသိုလ်တွေ များလာခြင်းအားဖြင့် ကောင်းကျိုးချမ်းသာတွေ ရလာမယ်၊ ဒီဘဝမှာလည်း ကောင်းကျိုးချမ်းသာ ရရှိမယ်၊ နောင်ဘဝမှာလည်း ကောင်းတဲ့အကျိုးကို ခံစားရမယ်၊ ၂-ဘက်စလုံး ကောင်းမွန်တဲ့တရားဖြစ်လို့ ဒီလို ကုသိုလ်မျိုး များများရအောင် ကျင့်ယူရမယ်။

အလုပ်တစ်ခု လုပ်တဲ့နေရာမှာ ‘ငါချည်းပဲ လုပ်နေရတယ်၊ သူကတော့ ဘာမှမလုပ်ဘူး' ဆိုပြီးတော့ ဒီစိတ်မျိုး ထားလိုက်ရင်ပဲ အကုသိုလ်ဖြစ်သွားပြီနော်၊ “ဩော် ငါလုပ်ပေးလိုက်တဲ့အတွက် သူတို့လေးတွေ အဆင်ပြေပြေ ဖြစ်သွားရပြီ” ဆိုပြီး နှလုံးသွင်းလိုက်မယ်ဆိုရင် ကုသိုလ်စိတ်ကလေးရယ်၊ ကောင်းကျိုးချမ်းသာတွေရယ် ရလာမှာပါပဲ၊ လှူတဲ့တန်းတဲ့အခါမှာလည်း အလှူခံပုဂ္ဂိုလ်တွေကို ကြည့်ပြီးတော့ 'ဪ လှူရတန်းရတဲ့အတွက် ငါ့မှာ ကုသိုလ်တွေ အများကြီး ရလာပါလား' ဆိုပြီးတော့ နှလုံးသွင်းမှန်ကန်စွာ ထားနိုင်ရမယ်တဲ့၊ [၁၆] စိတ်ထဲက နှလုံးမသွင်းတတ်ရင် အကုသိုလ်အပြစ်တွေ ဖြစ်လာနိုင်တယ်၊ စိတ်ကို ဖြူစင်သန့်ရှင်းစွာ ထားနိုင်အောင် ကြိုးစားရမယ်၊ လောဘနည်းအောင် ထားရမယ်၊ အများကောင်းကျိုးကိုဆောင်ရွက်နိုင်ရမယ်၊ ကုသိုလ်နဲ့ တွဲလာတဲ့စိတ်ဟာ ဘယ်တော့မှ မညစ်နွမ်းစေဘူး၊ လောဘနဲ့ တွဲတဲ့၊ ဒေါသနဲ့တွဲလာတဲ့ စိတ်ဟာ ညစ်ညူးနေတတ်တယ်၊ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့တဲ့။

ဘုရားအလောင်းရဲ့စိတ်ဓာတ်ကို ကြည့်လိုက်ပါ၊ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်ထဲမှာ ပုဏ္ဏားတစ်ဦး ရှိတယ်၊ အဲဒီပုဏ္ဏားဟာ ချောက်ထဲ ကျသွားတဲ့အတွက် အပေါ်ပြန် မတက်နိုင်ဘဲ ရှိနေတယ်၊ အဲဒီအခါမှာ ဘုရားလောင်းမျောက်မင်းက ဒီပုဏ္ဏားကို ကယ်တင်ပေးတယ်၊ ချောက်ထဲကနေ ကိုယ်တိုင် ကုန်းပိုးပြီး ကယ်တင်ပေးရတာ မောလွန်းအားကြီးတဲ့အတွက် အပေါ်ရောက်တဲ့အခါမှာ ပုဏ္ဏားကြီးပေါင်ကို ခေါင်းအုံးပြီးတော့ ခဏအိပ်နေတယ်၊ အဲဒီအခါမှာ ပုဏ္ဏားကြီးက စဉ်းစားလိုက်တယ်... “ငါဟာ ဒီနေ့တော့ ကံမကောင်းလို့ ချောက်ထဲ ကျသွားတဲ့အတွက် ဘာမှ ရှာဖွေလုပ်ကိုင်လို့ မရတော့ဘူး၊ ဒါ့ကြောင့် အိမ်အပြန်မှာ ဘာမှ လက်ဆောင်ပါမသွားနိုင် ဖြစ်မယ်၊ ငါ့ရှေ့မှာ အိပ်ပျော်နေတဲ့ မျောက်မင်းကို သတ်ပြီးတော့ အိမ်အပြန် လက်ဆောင်အဖြစ် ယူသွားရမယ်” လို့ တွေးပြီး မျောက်မင်းရဲ့ဦးခေါင်းကို ခဲနဲ့ ထုသတ်လိုက်ပါတယ်။

[၁၇] ပုဏ္ဏားကြီးဟာ ချောက်ထဲကျလို့ အစာမစားရတာ ကြာပြီဖြစ်လို့ မျောက်မင်းရဲ့ ဦးခေါင်းကို ထုလိုက်ရတဲ့အရှိန်က မပြင်းပါဘူး၊ အဲဒါကြောင့် ဘုရားလောင်းမျောက်မင်းရဲ့ ဦးခေါင်းဟာ ကွဲရုံပဲကွဲပြီးတော့ သွေးတွေ ကျလာပါတယ်၊ အဲဒီအခါမှာ ဘုရားလောင်းမျောက်မင်းဟာ ပုဏ္ဏားအနီးကနေ အဝေးထွက်ပြေးပြီးတော့ နီးရာအပင်တစ်ပင်ပေါ်ကို တက်ပြေးလိုက်ပါတယ်၊ ဒါပေမယ့် ပုဏ္ဏားဟာ အိမ်ပြန်ဖို့အတွက် လမ်းပျောက်နေတာကြောင့် မျောက်မင်းကပဲ အပင်ပေါ်ကနေ သွေးစက်တွေ ကျနေတဲ့ကြားထဲက လမ်းပြပေးခဲ့တယ်၊ ပုဏ္ဏားဟာ မြေပြင်ပေါ်မှာ ကျလာတဲ့ မျောက်မင်းရဲ့ သွေးစက်တွေကို ကြည့်ပြီး လမ်းမှန်လျှောက်လို့ အိမ်ပြန် ရောက်သွားခဲ့တယ်။

အဲဒါ ကိုယ့်အပေါ်မှာ မကောင်းပေမယ့် ကောင်းခဲ့တာဟာ ဘုရားလောင်းရဲ့ စိတ်ဓာတ်ပါနော်၊ အဲဒီလို ဘဝတစ်ခုကို လျှောက်လှမ်းရမယ်၊ အခုလို ဘဝမှာ နေတဲ့အခါမှာ စိတ်ဓာတ်ရေးရာမှာ ကောင်းတာကို အတုယူရမယ်၊ လူဆိုတာ စီးပွားရေးမျက်စိလည်း ရှိရမယ်၊ ဓမ္မရေးရာအသိဉာဏ်လည်း ရှိရမယ်၊ လူ့အသိုင်းအဝိုင်းမှာ နေတဲ့အခါမှာ စီးပွားရေးမျက်စိ မရှိလို့လည်း မဖြစ်ဘူးနော်၊ တရားသဖြင့်သာ စီးပွားရှာရမယ်နော်၊ ဓမ္မအသိရှိတဲ့ အတွက်လည်း စီးပွားရှာတဲ့အခါမှာ မကောင်းတာမှန်သမျှ မလုပ်မိအောင် တရားနဲ့ထိန်းသွားနိုင်ရ [၁၈] မယ်၊ ထိုပုဂ္ဂိုလ်ရလာတဲ့ အကျိုးစီးပွားကိုလည်း ဓမ္မိယလဒ္ဓ- တရားသဖြင့် ရတဲ့အကျိုးစီးပွားလို့ ဒီလို ဆိုထားတယ်နော်။ အဲဒီ တရားသဖြင့် ရလာတဲ့အကျိုးစီးပွားနဲ့ ခုနက ဓမ္မအသိဉာဏ်နဲ့ ၂-ခုပေါင်းပြီးတော့ မိမိကိုယ်တိုင်လည်း ချမ်းသာအောင်နေတယ်၊ မိမိပတ်ဝန်းကျင်ကိုလည်း ချမ်းသာအောင် ထားတယ်၊ မိဘကိုလည်း ကျွေးမွေးစောင့်ရှောက်တယ်၊ ဆွေမျိုးသားချင်းတွေကိုလည်း ထောက်ပံ့တယ်၊ မိမိကိုးကွယ်တဲ့ ဘာသာတရားကိုလည်း ထောက်ပံ့တယ်ဆိုတဲ့အလုပ်တွေ လုပ်တာဟာ ဘဝမှာ ကောင်းတာတွေကို လုပ်တဲ့လုပ်နည်း ဖြစ်တယ်။

နေ့စဉ် ဘဝတစ်ခုမှာ အခြေခံအားဖြင့် အကျိုးရှိအောင် နေဖို့ဆိုတာ အကုသိုလ်နည်းအောင် နေဖို့အတွက်ပဲ ဖြစ်တယ်၊ လူရယ်လို့ ဖြစ်လာရင် စီးပွားရှာရမှာပဲ၊ စီးပွားရှာတဲ့အခါမှာလည်း တရားမျှတစွာနဲ့ ကုသိုလ်စိတ်မွေးပြီး ရှာဖွေကြရမှာ၊ စိတ်ဖြူစင်အောင်ထားပြီး ဆောင်ရွက်ရမယ်၊ ငါလုပ်တဲ့ အလုပ်တွေဟာ အများအတွက်ဖြစ်ပါစေ၊ အများအတွက် ငါလုပ်သမျှဟာ အကျိုးဖြစ်ပါစေ၊ ဒီလိုစိတ်ထားမျိုး ထားပြီးတော့ လုပ်ကိုင်ပေးရမယ်၊ ဒါဟာ ဘဝမှာအကျိုးရှိအောင်နေနည်း တစ်ခုပဲပေါ့။

လောကမှာ နေနည်း၂-မျိုးကို ပြန်ကြည့်ရင် ပညာရှိတို့ရဲ့နေနည်းနဲ့ ပညာမဲ့တို့ရဲ့ နေနည်း၊ ဒီလို ကွဲပြားသွားတယ် [၁၉] နော်၊ ပညာမဲ့တို့ရဲ့နေနည်းကတော့ ဒီဘဝမှာ ကောင်းစားရင် ပြီးရော ဆိုပြီးတော့ အကျိုးအကြောင်း အဆိုးအကောင်းကို မသိဘူး၊ စားဖို့သောက်ဖို့ကလွဲပြီး ဘာမှမစဉ်းစားတော့ဘူး၊ ဒီဘဝကောင်းဖို့အတွက်ပဲ တွေးမိတယ်လေ။

အသက်မွေးတဲ့အထဲမှာ ပညာနဲ့အသက်မွေးတာ အကောင်းဆုံးပဲ၊ ပညာနဲ့ နေတာကျတော့ စဉ်းစားပြီးတော့ လုပ်ကိုင်ဆောင်ရွက်တာ၊ ဘယ်လိုများ နေ့တွေညတွေ ကုန်သွားသလဲ ဆိုပြီးတော့ စဉ်းစားမိတာနော်၊ ကိုယ့်ကိုယ်ကို စစ်ဆေးပြီးတော့ ပညာနဲ့အသက်ရှင်တာနော်၊ ကောင်းတဲ့နည်းနဲ့ နေ့တွေရက်တွေကို ကုန်အောင် သုံးချပြီးတော့ အသက်မွေးသွားတာ။

အဲဒါနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားလက်ထက်က မြတ်စွာဘုရားရဲ့ ညီအစ်ကိုဝမ်းကွဲတော်တဲ့ မဟာနာမ်ဆိုတာ ရှိတယ်၊ သာသနာတော်မှာ ဒိဗ္ဗစက္ခုအရာမှာ ဧတဒဂ်ရတဲ့ အရှင်အနုရုဒ္ဓါရဲ့ နောင်တော်အရင်း မဟာနာမ်ဆိုတဲ့ သာကီဝင်မင်းသားကြီး၊ အဲဒီမဟာနာမ်ရဲ့ ဓမ္မအဆင့်က သကဒါဂါမ်အဆင့် ရောက်နေပြီ၊ သောတာပန်ကနေ အဆင့်တက်သွားပြီးတော့ သကဒါဂါမ်အဆင့်ရောက်သွားတာ ဖြစ်တယ်၊ အဲဒီလို သကဒါဂါမ်အဆင့် ရောက်သွားတော့ သူက မြတ်စွာဘုရားကို လျှောက်တင်တယ်... “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - တပည့်တော်တို့ ဘဝတစ်ခု ရလာတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် နေတာထိုင်တာ မတူကြဘူး၊ နေနည်းထိုင်နည်း [၂၀] အမျိုးမျိုးနဲ့ လူတွေဟာ နေထိုင်ကြပါတယ်၊ အဲဒီလို နေနည်းထိုင်နည်း အမျိုးမျိုးတွေ ကြားထဲမှာမှ တပည့်တော်တို့ဟာ ဘယ်လိုနေနည်းမျိုးနဲ့နေရင် အကောင်းဆုံးအကျိုးရှိရှိ နေနည်း ဖြစ်မှာပါလဲ” လို့ မေးလျှောက်ခဲ့တယ်၊ အဲဒီစကားဟာ မှတ်သားစရာ ကောင်းတာပေါ့နော်။

မြတ်စွာဘုရားဟာ ဘဝမှာ အဆင့်မြင့်စွာ ဘယ်လိုနေရမလဲ ဆိုတာကို ဟောပြောပါတယ်၊ အခြေခံအားဖြင့်တော့ ခုနကလိုမျိုး နေရမှာပေါ့နော်၊ ဒါထက် အဆင့်မြင့်စွာနေထိုင်နိုင်အောင်လို့ ဗုဒ္ဓမြတ်စွာက ဟောကြားလာပါတယ်။

လူတွေဟာ ကုသိုလ်ကံအကျိုးပေးကြောင့် လူ့ဘဝတွေ ရလာကြတယ်၊ လူ့ဘဝကို မြတ်စွာဘုရားက ဘယ်လိုသုံးသပ်ပြသလဲဆိုရင် လူတွေဟာတဲ့ အတိတ်ဘဝတုန်းက ကုသိုလ်လည်း လုပ်တယ်၊ အကုသိုလ်လည်း လုပ်တယ်၊ ကုသိုလ်အကျိုးပေးလှည့်ရောက်လာလို့ လူ့ဘဝကို ရလာခဲ့ရတယ်၊ လူ့ဘဝကိုရလာလို့လည်း သုခ ဒုက္ခ လို့ ဆိုတဲ့ ၂-မျိုး ခံစားရတယ်၊ ကုသိုလ်တွေက အကျိုးပေးတဲ့အခါမှာ ကောင်းတာတွေ ခံစားရတယ်၊ အကုသိုလ်က အကျိုးပေးတဲ့အခါကျတော့ အဆိုးတွေကို ရင်ဆိုင်ရတော့တာပေါ့၊ လူ့ဘဝဆိုတာ ကောင်းလိုက် ဆိုးလိုက်နဲ့ တစ်လှည့်စီ ခံစားကြရတာပါပဲ၊ အတိတ်ဘဝတွေမှာလည်း အကောင်းနဲ့အဆိုးကို ရောလုပ်လာကြတာကိုး။

[၂၁] အဆိုးတွေချည်းပဲ လုပ်တဲ့အခါကျတော့ ဘယ်သွားသလဲဆိုရင် ငရဲဘုံကို သွားတယ်၊ ငရဲရောက်နေတဲ့သူတွေကျတော့ ချမ်းသာသုခဆိုတာ လုံးဝမရှိဘူး၊ အကုသိုလ်သက်သက် လုပ်လာခဲ့ကြလို့ သူတို့မှာ သုခဆိုတာ မရှိဘူး၊ အကုသိုလ်ကံက အကျိုးပေးလို့ ငရဲဘုံရောက်သွားကြတဲ့သူတွေ ဖြစ်တယ်။ ဟိုး - ဗြဟ္မာပြည် ရောက်သွားကြတဲ့ သူတွေကျတော့ ကုသိုလ်ကံက သိပ်အရှိန်ကြီးလွန်းလို့ သုခဘုံသက်သက်ပဲ၊ ချမ်းသာသုခ အပြည့်ရှိတယ်။

လူ့ဘုံမှာကျတော့ ချမ်းသာသုခ သက်သက် မရှိဘူး၊ ဆင်းရဲနဲ့ ချမ်းသာ ရောနေတယ်၊ လူ့ဘဝရောက်လာတဲ့သူတွေကို ကြည့်လိုက်ရင် တစ်ယောက်နဲ့ တစ်ယောက် အဆင့်အတန်း ကွာခြားကြတယ်နော်၊ တစ်ယောက်နဲ့ တစ်ယောက် အခြေခံချင်းကကို မတူကြဘူး။

တချို့က မွေးလာကတည်းကိုက ကိုယ်အင်္ဂါ မစုံဘူး၊ ရုပ်ရည်အဆင်းမလှဘူး၊ အသိဉာဏ်မပြည့်စုံဘူး၊ အောက်တန်းကနေ မွေးလာတာ ရှိတယ်၊ စားဖို့ နေဖို့ အင်မတန်မှ ခဲယဉ်းတဲ့ကိစ္စ ဖြစ်တယ်၊ ဆင်းရဲဒုက္ခက အားကြီးတယ်၊ စားဝတ်နေရေး ဆင်းရဲတယ်၊ ရောဂါထူပြောတယ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးက တစ်ခု။

နောက်တစ်ခုက လူတစ်ယောက်ဟာ မွေးလာကတည်းက- ထိုက်ထိုက်တန်တန် ချမ်းသာတဲ့အိမ်မှာ မွေးတယ်၊ ရုပ် [၂၂] ရည်အဆင်း ရူပကာယကလည်း အင်မတန် ချောမောလှပတယ်၊ အသိဉာဏ်ကလည်း ရှိတယ်။

လူ့ဘဝမှာ ဒီလိုအခြေအနေတွေဟာ အခြေခံကိုက ဖြစ်လာတာ၊ လူ့ဘဝရောက်လာပြီးမှ ကြိုးစားတာ မကြိုးစားတာက နောက်တစ်ကဏ္ဍ၊ ကြိုးစားလို့ ရလာပြီးမှ ဖြစ်လာတဲ့ စီးပွားဥစ္စာက တစ်ကဏ္ဍ၊ အဲဒီတော့ အခြေခံအခြေအနေကိုက မတူ။

ဆိုပါစို့- တချို့ပုဂ္ဂိုလ်တွေက နိမ့်ကျတဲ့အခြေအနေမျိုးကို ရောက်လာပြီး လုပ်တော့လည်း နိမ့်ကျတဲ့အလုပ်တွေကို လုပ်တယ်၊ ဘာတွေလဲဆိုတော့ ဒုစရိုက်အလုပ်တွေကို လုပ်တာနော်၊ အဲဒီပုဂ္ဂိုလ်မျိုးကို မြတ်စွာဘုရားက အမှောင်ထဲကလာပြီး အမှောင်ထဲကို သွားနေတဲ့သူလို့ ပြောတယ်နော်၊ သူနေတာလည်း အမှောင်ထဲမှာ၊ သူလုပ်နေတဲ့ အလုပ်တွေကလည်း အမှောင်ထဲသွားမယ့် အလုပ်တွေ လုပ်နေတယ်နော်၊ တဖြည်းဖြည်း မှောင်သွားမယ်။

ဒီလိုပုဂ္ဂိုလ်မျိုးက ကောင်းတာလုပ်ရင်တော့ အမှောင်ထဲကနေ အလင်းသွားသူလို့ ဆိုရမှာပေါ့။

တချို့ပုဂ္ဂိုလ်တွေကျတော့ ခုနကလို ပြည့်ပြည့်စုံစုံနဲ့ မွေးလာမယ်၊ ရုပ်ရည်ရူပကာယလည်း ရှိမယ်၊ အသိဉာဏ်ကလည်း ပြည့်စုံတယ်၊ ဒါပေမယ့် သူလုပ်နေတဲ့ အလုပ်က ဒုစရိုက်လုပ်ငန်းတွေ လုပ်နေမယ်ဆိုရင် အလင်းထဲကနေ [၂၃] အမှောင်ထဲကို သွားတဲ့သူလို့ ဗုဒ္ဓမြတ်စွာက ဒီလိုပြောတယ်၊ ဒါလည်း ရှိတယ်လေ၊ တချို့ ရုပ်ရည်ကလည်း လှပတယ်၊ မိကောင်းဖခင်သားသမီးလည်း ဖြစ်တယ်၊ ဒါပေမယ့် ခိုးဆိုးနေတာတွေ၊ မကောင်းမှု ဒုစရိုက်တွေနဲ့ မွေ့လျော်နေတာတွေ ဒါဟာ အလင်းကနေ အမှောင်ရောက်နေသူတွေ ဖြစ်တယ်။

အေး ဒီဘဝမှာ ရုပ်ရည်ရူပကာယလည်း ရှိတယ်၊ ပြည့်စုံတဲ့ မိဘတွေကနေပြီး မွေးဖွားလာပြီး ကောင်းတဲ့အလုပ်တွေပဲ လုပ်မယ်ဆိုရင် အလင်းကလာပြီး အလင်းထဲကိုသွားနေတဲ့သူလို့ ဒီလိုခေါ်ရမယ်တဲ့၊ အဲဒီတော့ ကိုယ်နေတာဟာ အလင်းထဲမှာသာနေဖို့ အလင်းထဲကိုပဲသွားဖို့ လိုတယ်နော်။

ခုန မဟာနာမ်ဘုရင်ကြီးက မြတ်စွာဘုရားကို ဘယ်လိုနေနည်းနဲ့ နေရမလဲဆိုတာကို မေးတော့ မြတ်စွာဘုရားက အဆင့်မြင့်တဲ့နေနည်းနဲ့နေဖို့ အကြံပေးတယ်နော်၊ အဲဒီလိုနေဖို့အတွက် လူဆိုတာက အရည်အချင်းက လိုသေးတယ်နော်၊ အလုပ်တာဝန်တစ်ခုကို လုပ်ဖို့အတွက် အရည်အချင်းက အရေးမကြီးဘူးလား၊ တာဝန်တစ်ခုကို ထမ်းဆောင်တော့မယ်ဆိုရင် ထိုတာဝန်နဲ့ ထိုက်တန်တဲ့အရည်အချင်းက လိုအပ်တယ်နော်၊ အဲဒီလိုပဲ အဆင့်မြင့်မြင့်နေဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေက ဘာလဲဆိုတော့ .. မြတ်စွာဘုရားက သဒ္ဓါ တဲ့၊ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ ယုံကြည်ချက် ရှိရမယ်၊ ယုံကြည်ချက်မရှိရင် မအောင်မြင် [၂၄] ဘူးတဲ့၊ ယုံကြည်ချက်ရှိမှ အောင်မြင်မှု ရရှိမယ်တဲ့၊ အဲဒီ ယုံကြည်ချက်ကို ခိုင်မာလာအောင် လုပ်ရမယ်တဲ့၊ ဘယ်အရာမှ သူ့ဟာသူ ဖြစ်လာတာ မဟုတ်ဘူး၊ လေ့ကျင့်ယူရမှာပဲ၊ လိုအပ်တဲ့ အရည်အသွေးရဖို့ လေ့ကျင့်ယူရမှာ ဖြစ်တယ်၊ အားကစားသမားတွေလည်း လေ့ကျင့်ယူရတာပါပဲ၊ တောင်တက်သမားတွေဆိုတာလည်း တဖြည်းဖြည်း လေ့ကျင့်ပြီးမှ ရလာတာတွေ ဖြစ်တယ်၊ ကျောင်းသူကျောင်းသားတွေလည်း ငယ်ဘဝကတည်းက လေ့ကျင့်ပေးထားရတာပါပဲ၊ လေ့ကျင့်တယ်ဆိုတာ ချက်ချင်းကြီးတော့ ဖြစ်မလာနိုင်ပါဘူး၊ ယုံကြည်ချက်ရှိပြီး တဖြည်းဖြည်းလေ့ကျင့်ရတာပါပဲ၊ ဒါမှ အောင်မြင်မှုလမ်းစကို လျှောက်လှမ်းနိုင်ကြမယ်။

ယုံကြည်ချက်ရှိရုံနဲ့ မရသေးဘူး၊ ခိုင်မာတဲ့ ဇွဲ ဝီရိယကလည်း လိုသေးတယ်လေ၊ ဝီရိယမရှိရင်တော့ လောကကြီးမှာ အောင်မြင်မှုကို မရနိုင်ဘူး၊ အချင်းချင်း ပြိုင်ဆိုင်နေကြတာလည်း ဝီရိယရှိဖို့ လိုအပ်တယ်၊ ဝီရိယကလည်း အောင်မြင်ခြင်းရဲ့ တစိတ်တစ်ဒေသ ပါဝင်တဲ့အချက်ပဲ၊ လုံ့လဝီရိယရှိမှ အောင်မြင်မှုရဲ့ အထက်တန်းကို ရောက်နိုင်မယ်။

ကြိုးစားတဲ့အခါမှာလည်း သတိရှိဖို့ လိုအပ်သေးတယ်နော်၊ အရမ်းကြိုးစားလို့ မရသေးဘူး၊ သတိလေးနဲ့ ကြိုးစားမှ အောင်မြင်မှုကို ရနိုင်မယ်နော်၊ သတိဆိုတာ Mindfulness ပေါ့၊ ကိုယ်လုပ်ရမယ့် အလုပ်ပေါ်မှာ သတိလေးရှိပြီး လုပ်ရ [၂၅] မှာနော် ဒီလိုဆိုလိုတယ်၊ ဒီကနေ့လုပ်တယ်၊ မနက်ဖြန်မှာ လုပ်ချင်မှ လုပ်မယ်၊ ဒီလို မရဘူးနော်၊ ဇွဲရှိရမယ်၊ အရမ်းကြိုးစားလို့လည်း မရဘူးနော်၊ သတိဆိုတာလည်း လိုအပ်တယ်။

နောက်တစ်ခုက သမာဓိ၊ သမာဓိဆိုတာ စိတ်တည်ငြိမ်တာကို ခေါ်တယ်၊ လူတစ်ယောက်ဟာ စိတ်မတည်ငြိမ်ဘူး၊ ဂနာမငြိမ်ဘူးဆိုရင်လည်း အောင်မြင်မှုကို မရနိုင်ဘူး၊ စိတ်တည်ငြိမ်မှုဟာ အလွန်အရေးကြီးတယ်၊ တရားအားထုတ်မှ သမာဓိလိုတာ မဟုတ်ဘူး၊ ဘာအလုပ်လုပ်လုပ် စိတ်တည်ငြိမ်ပြီး သမာဓိရှိရမယ်၊ စိတ်တည်ငြိမ်မှုမရှိရင် ဘယ်ကိစ္စမှ အောင်မြင်မှု မရနိုင်ဘူး၊ သမာဓိဆိုတာ အာရုံတစ်ခုတည်းပေါ်မှာ စိတ်တည်ငြိမ်နေတာမျိုးကို ခေါ်တယ်၊ စိတ်ပျံ့လွင့်နေတာမျိုး မဖြစ်စေရဘူး၊ စိတ်တည်ငြိမ်ပြီး သမာဓိရှိမှ ကိစ္စတွေအောင်မြင်နိုင်မယ်၊ ဒါဟာ လိုအပ်တယ်နော်။

- နောက်တစ်ခုက ဘာလိုအပ်သေးလဲဆိုတော့ ပညာ၊ ဒါကတော့ သိပ်အရေးကြီးတယ်၊ ပညာဆိုတာ လုပ်သင့်တာလား, မလုပ်သင့်ဘူးလား၊ ဒီ ၂-ခုကို ခွဲခြားပြီးတော့ သိရမယ်၊ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ ခွဲခြားတတ်ရမယ်၊ ပြောသင့်တာလား, မပြောသင့်တာလား၊ စိတ်ကူးသင့်လား, စိတ်မကူးသင့်ဘူးလား ဒါကို ခွဲခြားပြီး အမြဲဆန်းစစ်နေရမယ်၊ လုပ်သင့်တာ, မလုပ်သင့်တာကို ခွဲခြားပြီးမသိဘူးဆိုရင် ဘာတွေ [၂၆] ဖြစ်မလဲဆိုရင် လုပ်သင့်တာကို မလုပ်ဘဲနေမယ်ဆိုရင် အကျိုးပျက်ပြားသွားမယ်၊ မလုပ်သင့်တာကိုလည်း လုပ်လိုက်ရင် အကျိုးပျက်ပြားသွားမယ်၊ လောကမှာ လုပ်သင့်တာလည်း ရှိတယ်, မလုပ်သင့်တာလည်း ရှိတယ်။

လူတွေ ပြောပြောနေကြတာ ရှိတယ်၊ ဒီကောင် မလုပ်သင့်တာကို လုပ်မိလို့ ဒုက္ခရောက်တယ်လို့ ပြောကြတယ်၊ လုပ်သင့်တာကို မလုပ်ရင်လည်း ဒုက္ခရောက်တတ်တယ်နော်၊ ဒီတော့ လုပ်သင့်တာကို လုပ်ရမယ်, မလုပ်သင့်တာကို ရှောင်ကြဉ်ရမယ်နော်၊ အဲဒါမှ အကျိုးစီးပွားတွေ တိုးတက်လာမယ်၊ ပညာကတော့ အဆင့်ဆင့် အကျိုးစီးပွားတွေ မြင့်မားလာစေတယ်နော်၊ ပေါင်းလိုက်တော့ ဒီအရည်အသွေး ၅-ရပ်ကို မိမိသန္တာန်မှာ ရှိစေရမယ်။

ဘယ်လိုနေမလဲ, ဘာနဲ့ နေမလဲ ဆိုတာကို- တရားခေါင်းစဉ်ဖြစ်တဲ့ “ဓမ္မအသိနဲ့ နေမယ်”၊ ဓမ္မအသိဆိုတာ အင်မတန် ကျယ်ပြန့်တယ်၊ ဗုဒ္ဓမြတ်စွာက နေစရာအာရုံလေးတွေကို ပေးထားတယ်၊ နေစရာအာရုံလေးတွေဆိုတာ အင်မတန်လွယ်ပါတယ်၊ ဗုဒ္ဓကိုကြည်ညိုကြတဲ့ ဥပါသကာ ဥပါသိကာမတွေဆိုရင် ဗုဒ္ဓမြတ်စွာရဲ့ အရည်အသွေးကို အားလုံးသိနေကြတယ်၊ အဲဒီအခါမှာ ဗုဒ္ဓမြတ်စွာရဲ့ဂုဏ်ကို အာရုံပြုပြီး နေလို့ ရတယ်၊ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏသမ္ပန္နော စတဲ့ မြတ်စွာဘုရားရဲ့ ကြည်ညိုစရာ ဂုဏ်တော်တွေကို အာရုံပြုပြီးတော့ [၂၇] အသိဉာဏ်နဲ့ နားလည်အောင် လေ့လာဖတ်ရှုပြီးတော့, မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကို အာရုံပြုပြီးတော့ နေလို့ ရတယ်၊ အနည်းဆုံး ရုပ်ထုတွေ, ပုံတော်တွေကနေ စပြီးတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးရဲ့ တည်ငြိမ်တဲ့ စိတ်စွမ်းအားတွေ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တွေကို အာရုံပြုနိုင်အောင် လုပ်ရမယ်။

ဘုန်းကြီးတို့ နှစ်စဉ် ဂျာမနီကို သွားတဲ့အခါ ဂျာမန် အမျိုးသမီးကြီးတစ်ဦးက လျှောက်တယ်၊ သူက အစကတော့ ဗုဒ္ဓဘာသာဝင် မဟုတ်ဘူး၊ နောက်တော့ သူက ဗုဒ္ဓဘာသာဝင် ဖြစ်လာတယ်၊ သူက ဘာပြောတုန်းဆိုရင် ဗုဒ္ဓမြတ်စွာရဲ့ ရုပ်ပွားတော်ကို ဖူးလိုက်ရတဲ့အချိန်မှာ သူ့ရဲ့စိတ်ထဲမှာ အရမ်းကို ကြည်နူးတယ်တဲ့၊ တည်ငြိမ်တဲ့မျက်နှာတော်နဲ့ ဗုဒ္ဓမြတ်စွာရဲ့ ထိုင်နေတော်မူပုံဟာ သူ့ရဲ့စိတ်ကို ကြည်လင်အေးချမ်းပြီး ကြည်နူးစေတယ်လို့ ဘုန်းကြီးကို လျှောက်ခဲ့ဖူးတယ်နော်။

နောက် ဂျာမန်အမျိုးသမီးကြီးတစ်ယောက်က မြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ကို (တခြားနိုင်ငံကနေ ဝယ်ထားတာ ထင်တယ်၊ ပုံစံကတော့ မြန်မာပြည်က ရုပ်ပွားတော်ပုံစံ ဖြစ်တယ်၊) သူသွားလေရာ ပင့်ဆောင်သွားတယ်၊ သူဘယ်ကိုပဲ သွားသွား သူ့ရဲ့သေတ္တာထဲမှာ ဗုဒ္ဓမြတ်စွာရဲ့ ရုပ်ပွားတော်ကို ထည့်ပြီး ပင့်သွားတယ်၊ သူနေတဲ့နေရာမှာ အဲဒီရုပ်ပွားတော်ကို တင်ထားတယ်၊ ရုပ်ပွားတော်ကို ဖူးမျှော်နေရင် သူ့ရဲ့ စိတ်တွေ [၂၈] ဟာ ကြည်နူးနေတယ်၊ အာရုံပြုပြီးတော့ သူနေတယ်၊ ပုံတော်က နေပြီးတော့ ဂုဏ်တော်ကို သူရောက်လာတယ်၊ ပုံတော်ပဲ ဖူးဖူး၊ ဂုဏ်တော်ပဲ ဖူးဖူးပေါ့၊ ပုံတော်ဆိုတာ ဘဂဝါထဲမှာ ပါတယ်နော်။

အေး ဒီလို မြတ်စွာဘုရားရဲ့ဂုဏ်တော်ကို အာရုံပြုပြီး နေတဲ့အခါမှာ တရားချစ်ချင်သူတော်စင်အပေါင်းတို့ စဉ်းစားကြည့်ပေါ့၊ အဲဒီအခါမှာ လောဘစိတ်တွေ ဝင်လာသလား, ဒေါသစိတ်တွေ ဝင်လာသလား၊ တွေဝေနေတဲ့စိတ်တွေ ရှိသေးသလား၊ ဒီလိုစိတ်တွေ မဖြစ်တော့ဘူးနော်၊ လောဘ ဒေါသ မောဟတွေ ဝင်မလာတဲ့အတွက် အကုသိုလ်တရားတွေ ဝင်မလာတော့ဘူး၊ ဒီလို အကုသိုလ်တရားတွေဟာ ငြိမ်နေတဲ့အတွက် စိတ်ငြိမ်တယ်၊ ဒီတော့ အကုသိုလ်တရားတွေ ငြိမ်သွားပြီး no active မလှုပ်ရှားတော့ဘူး၊ မလှုပ်ရင် အန္တရာယ် မရှိဘူး၊ ဒီအကုသိုလ်တရားတွေ ငြိမ်နေတဲ့အတွက် စိတ်ဟာ အကုသိုလ်တွေအပေါ်မှာ မလှုပ်ရှားတော့ဘူး၊ ငြိမ်နေရင် ကာယကံလည်း မဖြစ်တော့ဘူး၊ ဝစီကံလည်း မဖြစ်တော့ဘူး၊ မနောကံလည်း မမြောက်တော့ဘူး၊ ဝစီကံ ကာယကံ ဒါတွေ မမြောက်ဘူးဆိုရင် active မဖြစ်တော့ဘူး၊ စာပေကျမ်းဂန်တွေထဲမှာ “လောဘပရိယုဋ္ဌိတံ စိတ္တံ နဟောတိ” “စိတ်ထဲမှာ လောဘ ဖြစ်မလာဘူး၊ ဒေါသ ဖြစ်မလာဘူးတဲ့၊ [၂၉] နော်။

ဘုရားဂုဏ်တော်တွေကို အာရုံပြုလို့ရှိရင် ဒီလို တွေ့ရတယ်၊ ဘုရားဂုဏ်တော်တွေထဲမှာ စိတ်က တဖြောင့်တည်းရှိနေရင်- အားလုံးခံစားဖူးပါလိမ့်မယ်- ကြည်နူးပြီး ဝမ်းသာပီတိ ဖြစ်နေမယ်၊ ဒါ ကိုယ့်သန္တာန်မှာ ဖြစ်မဖြစ် စဉ်းစားကြည့်နော်၊ မဖြစ်သေးရင် ဖြစ်အောင်လုပ်၊ ကိုယ့်သန္တာန်မှာ ပီတိဆိုတာလေး ဖြစ်လာလို့ရှိရင် ကိုယ်လည်း ငြိမ်းချမ်းမယ်, စိတ်လည်း ငြိမ်းချမ်းလာမယ်၊ ဒါတွေက တောင်းဆိုနေရမယ့်အရာတွေ မဟုတ်ဘူးတဲ့၊ ဒီ process က ဒီတစ်ခုလာရင် နောက်တစ်ခု လာကို လာရမယ်၊ ဆိုပါစို့- လျှပ်စစ်မီးချောင်းလေး ဖွင့်လိုက်လို့ရှိရင် အလင်းက တမင်တကာခေါ်စရာ လိုဦးမလား၊ အမှောင်ကို ပယ်ပျောက်ဖို့ တမင်လုပ်စရာ လိုဦးမလား၊ မလိုတော့ဘူးနော်၊ အလင်းရောက်လာရင် အမှောင်က သူ့ဟာသူ ပျောက်သွားလိမ့်မယ်။

အေး ဒါကြောင့် မြတ်စွာဘုရားကို အာရုံပြုပြီးတော့ စိတ်ထဲကြည်နူးလာတဲ့အခါမှာ ပါမောဇ္ဇဆိုတဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်လာတယ်၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် စိတ်ထဲမှာငြိမ်းချမ်းတယ်, ကိုယ်ထဲမှာ ငြိမ်းချမ်းတယ်၊ ကိုယ်စိတ်ငြိမ်းချမ်းတဲ့အခါကျတော့ သုခဆိုတဲ့ ချမ်းသာမှု ဖြစ်ပေါ်လာတယ်၊ ချမ်းသာတော့ စိတ်တည်ငြိမ်သွားတယ်၊ ဒါ အခုချက်ချင်း လက်ငင်းရမယ့်အကျိုး ဖြစ်တယ်၊ နေ့စဉ် [၃၀] ဘဝမှာ အဲဒီလိုလေး နေမယ်ဆိုရင် စိတ်ကလေး တည်ငြိမ်မှုလေး ရလာမယ်၊ စိတ်တည်ငြိမ်ဖို့ဆိုတာ မလွယ်ဘူးလေ။ လူတွေဟာ သောကဖြစ်စရာတွေ ကြုံရမယ်, ဒေါသ ဖြစ်စရာတွေ ကြုံရမယ်၊ အမျိုးမျိုးကြောင့် စိတ်တွေမတည်ငြိမ်တဲ့အခါမှာ ဘုရားဂုဏ်တော်တွေကို အာရုံပြုပြီး နေလိုက်မယ်ဆိုရင် စိတ်ကလေးတည်ငြိမ်ပြီးတော့ ငြိမ်းအေးလာလိမ့်မယ်၊ ဒီနည်းကိုမသိတဲ့သူတွေကျတော့ တခြားနည်းတွေနဲ့ စိတ်ကို တည်ငြိမ်လာအောင် လုပ်ကြတယ်၊ အိပ်ဆေးတွေ သောက်တယ်၊ မူးယစ်ဆေးတွေ သုံးကြတယ်၊ ဒီနည်းတွေရဲ့ နောက်ဆက်တွဲ မကောင်းတဲ့ အကျိုးဆက်တွေ အများကြီး ဆက်ခံကြရတော့တာပါပဲ၊ တရားဓမ္မမှာ side effect ဘေးထွက်ဆိုးကျိုးဆိုတာ မရှိဘူး၊ တခြားစိတ်ငြိမ်ဆေးတွေကတော့ ဘေးထွက်ဆိုးကျိုးတွေ အများကြီးလာမယ်၊ အဲဒီနည်းနဲ့ စိတ်တည်ငြိမ်အောင် ကြိုးစားမယ်ဆိုရင်တော့ ဒုက္ခရောက်မယ်၊ တရားဓမ္မနည်းနဲ့ စိတ်တည်ငြိမ်အောင် ကြိုးစားရင်တော့ အဲဒီ ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲနဲ့ ထာဝရငြိမ်းချမ်းတဲ့ ငြိမ်းအေးမှုမျိုး ရနိုင်တယ်။

ဒါ မြတ်စွာဘုရားက မဟာနာမ်ကို အကြံပေးတာ - “မင်း ခုနက အရည်အသွေးငါးမျိုးနဲ့ နေပြီးရင် မြတ်စွာဘုရားကို အာရုံပြုလိုက်၊ အဲဒီအခါမှာ မင်းရဲ့စိတ်ကလေးဟာ ဝမ်းမြောက်ဝမ်းသာဖြစ်လာမယ်၊ ပူတယ်ဆိုတာ ဒေါသကြောင့် [၃၁] ပူတာလေ၊ မငြိမ်တဲ့သဘာဝတရားတွေဟာ မြတ်စွာဘုရားကို အာရုံပြုလိုက်တော့ စိတ်ကလေး ငြိမ်ကျသွားတယ်၊ သမာဓိရလာတယ်။

နောက်တစ်နည်းက ဗုဒ္ဓဂုဏ်ကို အာရုံမပြုဘူးဆိုရင် ဓမ္မဂုဏ်ကို အာရုံပြုကြည့်လိုက်လို့ မြတ်စွာဘုရားက ပြောတယ်၊ “သွာက္ခာတော ဘဂဝတာ ဓမ္မော”- ဘုရားဟောတဲ့ တရားတွေဟာ မှန်ကန်တယ်၊ “သန္ဒိဋ္ဌိကော”- ကိုယ်တိုင်ကျင့်လို့ ရတယ်၊ “အကာလိကော”- ခုစိတ်ထဲရောက် ခုချမ်းသာတယ်၊ အခုကျင့်ရင် အခုစိတ်ချမ်းသာမယ်၊ “ဧဟိပဿိကော”- ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဖိတ်ခေါ်ပြီးတော့ ပြထိုက်တယ်၊ “ဩပနေယျိကော”- တစ်ခဏပဲဖြစ်ဖြစ် ကျင့်လိုက်ရင်, စိတ်ထဲမှာ နှလုံးသွင်းလိုက်ရင် ရင်ထဲ ငြိမ်းအေးသွားတယ်၊ “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ”- ကိုယ်ကျင့်တဲ့အရာကို ကိုယ်တိုင်သိမြင်ခံစားရတယ်။ အဲဒီတရားဂုဏ်တော်တွေထဲက ကိုယ်နှစ်သက်တဲ့ အာရုံတစ်ခုကို နှလုံးသွင်းပြီးနေလိုက်ရင် လောဘလည်း မဖြစ်တော့ဘူး, ဒေါသလည်း မဖြစ်တော့ဘူး, မောဟလည်း ဝင်မလာတော့ဘဲ စိတ်အေးချမ်းမှုကို ရနိုင်တယ်လို့ မြတ်စွာဘုရားက မဟာနာမ်ကို ဟောပြောပြတယ်၊ “ဝိသမဂတာယ ပဇာယ သမပ္ပတ္တော ဝိဟရာမိ” “မငြိမ်းချမ်းတဲ့ သတ္တဝါတွေထဲမှာ ငါဟာ ငြိမ်းချမ်းတယ်၊ ငြိမ်းချမ်းအောင် နေနိုင်တယ်၊” “အဗျာဗဇ္ဈာ ဝိဟရာမိ ဗျာဗဇ္ဈာယ” “သတ္တဝါတွေအားလုံး [၃၂] ဒုက္ခရောက်နေတဲ့ ကြားထဲမှာ ငါချမ်းသာအောင် နေနိုင်တယ်” လို့ ဒီလိုပြောလို့ ရတယ်၊ ပိုက်ဆံရှိမှ ချမ်းသာတာ မဟုတ်ဘူးလေ၊ တိုက်ကြီးကားကြီးနဲ့ နေရုံနဲ့ ချမ်းသာတာ မဟုတ်ဘူး၊ စိတ်ပူပန်နေရရင် ချမ်းသာတာ ဘယ်ဟုတ်မလဲ။

အေး ... ဒါကြောင့်မို့ မြတ်စွာဘုရားက နေနည်းက ဘယ်လိုနေရမလဲဆိုရင် လောကမှာ အကျိုးရှိရှိ နေဖို့အတွက် ဘုရား၊ တရားအာရုံကို နှလုံးသွင်းထားပါတဲ့၊ ကဲ တရားကိုလည်း နှလုံးသွင်း အာရုံမပြုဘူးဆိုရင် အရိယာသံဃာတော်တွေရဲ့ဂုဏ်ကို အာရုံပြုလိုက်ပါ၊ သုပ္ပဋိပန္နော- မှန်ကန်တဲ့ အကျင့်ကို ကျင့်တော်မူကြတယ်၊ ဥဇုပ္ပဋိပန္နော- ဖြောင့်မတ်တဲ့အကျင့်ကို ကျင့်ကြတယ်၊ ဉာယပဋိပန္နော- နည်းမှန်လမ်းမှန် ကျင့်တော်မူတယ်၊ ‘သာမိစိပဋိပန္နော’- မှန်မှန်ကန်ကန် ကျင့်ကြတယ်၊ အဲဒီ မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကျင့်သည့်အတွက်ကြောင့် ‘အာဟုနေယျော’- လှူဒါန်းထိုက်လာတယ်၊ ‘ပါဟုနေယျော’- လက်ဆောင်တွေ လက်ခံထိုက်လာတယ်၊ ‘ဒက္ခိဏေယျော’- တမလွန်မှာ အထောက်အပံ့ဖြစ်စေမယ့် အလှူအတန်းတွေ ပြုလုပ်မှုကို လက်ခံထိုက်လာတယ်၊ ‘အနုတ္တရံ ပုညက္ခေတ္တံ လောကဿ’- လောကကြီးတစ်ခုလုံးရဲ့ ကုသိုလ်စိုက်ပျိုးတဲ့ မြေကွက်ကြီး ဖြစ်လာတယ်၊ အဲဒီလို အာရုံပြုနေတဲ့အခိုက်မှာ အကုသိုလ်တွေ ဝင်မလာတော့ဘဲ ကုသိုလ်စိတ်တွေနဲ့ ဝမ်းသာကြည်နူးနေရတယ်၊ အဲဒီလို [၃၃] စိတ်ကြည်နူး ဝမ်းသာမှုတွေ ဆက်ကာဆက်ကာ ဖြစ်လာပြီး ခုနက စိတ်တည်ငြိမ်မှု ငြိမ်းအေးမှုအထိ နေလို့ရလာတယ်။ ကဲ အဲဒီလိုမှ နှလုံးသွင်းပြီး မကျင့်နိုင်သေးရင် နောက်ဆုံး ကိုယ့်ရဲ့သီလ ကိုယ်ကျင့်တရားကို ဆင်ခြင်နိုင်တယ်၊ လူဝတ်ကြောင်တွေဆိုရင်တော့ အနည်းဆုံး ငါးပါးသီလလောက်ကို လုံခြုံအောင် လုပ်ရမယ်၊ ငါးပါးသီလကို ဝါရိတ္တသီလလို့ ခေါ်တယ်၊ တစ်ပါးမှလျော့လို့ မရဘူးနော်၊ ငါးပါးသီလပြည့်စုံမှ လူ့ဘဝ ပြည့်စုံမယ်။ အဲဒါလေးကို နည်းနည်းလောက် ပြန်စဉ်းစားကြည့်ရအောင်၊ လူတစ်ယောက်ဟာ အရင်ဘဝတုန်းက ငါးပါးသီလထဲက လေးပါးလောက်ကို ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်နော်၊ အဲဒီအထဲမှာ ပါဏာတိပါတကံကို မလုံခြုံခဲ့ဘူးဆိုရင် လူ့ဘဝရောက်လာတဲ့အခါမှာ ချမ်းချမ်းသာသာဖြစ်ပေမယ့်လို့ အသက်တိုမယ်၊ ဘယ်သူက အသက်တိုတို နေချင်မလဲနော်၊ ပါဏာတိပါတကံ မလုံခြုံခဲ့ရင် လူဖြစ်လာတဲ့အခါမှာ အနာရောဂါများမယ်၊ အသက်တိုမယ်၊ ဒါက အပေါ့ဆုံးအပြစ်နော်၊ ငရဲကျတာမကျတာ အသာထားနော်၊ ငါးပါးသီလရဲ့အပေါ့ဆုံး အပြစ်က ဒီအထိအောင် ခံရမယ်။

အဒိန္နာဒါနကံ မလုံခြုံခဲ့ရင် ပစ္စည်းဥစ္စာတွေဟာ ရှာလို့တော့ ရပါရဲ့၊ ခဏခဏ ပျက်စီးသွားမယ်၊ မီးလောင်တဲ့အထဲ ပါသွားမယ်၊ ကိုယ့်ရဲ့ပစ္စည်းဟာ အမြဲတမ်း ပျက်စီးနေမယ်။

[၃၄] နောက်တစ်ခု ကာမေသုမိစ္ဆာစာရကံ မလုံရင် လူမုန်းများတယ်၊ သူနဲ့ ဘယ်သူမှ မတည့်ဘူး၊ သူ့မျက်နှာမြင်တာနဲ့ အလိုလိုမုန်းလာတယ်၊ အခြောက်တိုက်မုန်းတာမျိုးပေါ့၊ နောက်ပြီးတော့ ‘ကျား’ မဟုတ် ‘မ’ မဟုတ် ဖြစ်တတ်တယ်။

မုသာဝါဒကံ မလုံရင် သူ့စကားကို မယုံကြတော့ဘူး၊ သူပြောသမျှ မည်သူတစ်ဦးတစ်ယောက်မျှ မယုံကြည်တဲ့အခါ သူ့ရဲ့စကား အရာမရောက် ဖြစ်တယ်၊ ဒါကြောင့် ‘မုသားဆို ရယ်စရာအနေနဲ့တောင် မပြောဘဲ ရှောင်ကြဉ်သင့်တယ်’ လို့ မြတ်စွာဗုဒ္ဓ ဟောကြားထားတယ်။

သုရာမေရယကံ မလုံခြုံခဲ့သူဟာ ဖြစ်ရာဘဝမှာ ဦးနှောက်မပြည့်ဘူး၊ ကျပ်မပြည့်ဘူး ပြောကြတယ်၊ ရူးနှမ်းနှမ်း ဖြစ်တတ်တယ်။

ဒါကြောင့် လူတွေရဲ့ အခြေခံသီလဖြစ်တဲ့ ငါးပါးသီလလောက်ကို လုံခြုံအောင် စောင့်ထိန်းသင့်တယ်၊ ငါးပါးသီလထဲက တစ်ခုမှ လျော့လို့ မရဘူး၊ လူရယ်လို့ ဖြစ်လာတဲ့အခါမှာ အသက်ရှည်ရမယ်၊ ကျန်းမာပြီး အနာကင်းရမယ်၊ ပစ္စည်းဥစ္စာ ရှိရမယ်၊ လူချစ်လူခင် ပေါများရမယ်၊ ဉာဏ်ပညာ ပြည့်စုံရမယ်၊ ဩဇာရှိရမယ်၊ ရူးနှမ်းနှမ်းမဟုတ်ဘဲ တည်ကြည်သူ ဖြစ်ရမယ်၊ ငါးပါးသီလလုံခြုံရင် အဲဒီအကျိုးတွေ ရမယ်၊ ဒါမှ လူ့ဘဝမှာ ပြည့်စုံသူလို့ ပြောလို့ရမယ်။

[၃၅] ငါးပါးသီလဖောက်ဖျက်ခဲ့ရင် လူ့ဘဝမှာ တစ်ခုခုလိုနေလိမ့်မယ်၊ အဲဒီတော့ ကိုယ့်ရဲ့သီလလေး ကိုယ်ပြန်ဆင်ခြင်ကြည့်လိုက်ရင် ကျိုးပေါက်တာ မရှိဘူး၊ သေစေလိုတဲ့စိတ်နဲ့ ဘယ်သတ္တဝါကိုမှ ငါမသတ်ဘူး၊ သူတစ်ပါးပစ္စည်းကို မရိုးသားတဲ့စိတ်နဲ့ လိုချင်မှု မရှိဘူး၊ မတရားရယူခြင်းမှ ရှောင်ကြဉ်ရမယ်၊ မုသာဝါဒကို ရယ်စရာအနေနဲ့တောင် မပြောဘူး၊ သုရာမေရယကံကို ကျန်းမာရေးအတွက်နဲ့တောင် မဖောက်ဖျက်ဘူး၊ သီလကို ပြန်ပြီး ဆင်ခြင်ဆန်းစစ်လိုက်တဲ့အခါမှာ ဝမ်းသာတဲ့ ပီတိစိတ်ကလေး ဖြစ်လာတာပေါ့၊ မြတ်စွာဘုရားက ရှည်ရှည်ဝေးဝေးတွေ မဟောပါဘူး၊ လက်တွေ့ကျတာကိုပဲ ဟောပြောသွားတာပါ။

နောက်တစ်ခုက ကိုယ့်ရဲ့စွန့်လွှတ်စွန့်ကြဲပေးကမ်းမှု ဒါနကို ဆင်ခြင်ပြီး ဝမ်းသာနေရတာ၊ မိသားစုဝင်တွေကို အိမ်မှာ ကိုယ့်ရဲ့လုပ်အားဒါနကို အကြောင်းပြုပြီး ခွဲဝေကျွေးမွေးတဲ့အချိန်မှာ၊ ဒါမှမဟုတ် အလုပ်တာဝန် ခွဲဝေဆောင်ရွက်ပေးတဲ့အခါမှာ မစ္ဆရိယမရှိဖို့ လိုအပ်တယ်၊ မစ္ဆရိယရှိရင် ဒါကတော့ သူဖို့, ဒါကတော့ငါ့ဖို့ ဆိုပြီးတော့ ခွဲဝေလာတတ်တယ်၊ ကိုယ့်ရဲ့ မိတ်ဆွေသင်္ဂဟတွေကိုလည်း ခွဲဝေပြီး အားလုံးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးကာ ဝမ်းမြောက်နေကြရမယ်၊ အားလုံးက ချစ်ခင်တဲ့ စာဂဂုဏ်ကို အာရုံပြုရင် ကြည်နူးဝမ်းမြောက်မှုကတစ်ဆင့် စိတ်တည်ငြိမ်မှု ရလာတော့တယ်။

[၃၆] နောက်တစ်ခုက ဒေဝတာနုဿတိ ပွားများလို့ ရတယ်၊ ဒါ နတ်တွေကို ပူဇော်တာမျိုး သတိရတာမျိုး မဟုတ်ပါဘူး၊ နတ်တွေရဲ့ဂုဏ်ဖြစ်တဲ့ သဒ္ဓါ, သီလ, သုတ, စာဂ ဆိုတဲ့ အရည်အသွေးကောင်းတွေကို အာရုံပြုပြီး ကိုယ့်ရင်ထဲမှာ ငြိမ်းအေးလာအောင် လုပ်တာ ဖြစ်တယ်။ နတ်တွေရဲ့ကုသိုလ်ကောင်းမှုတွေမျိုးဟာ ကိုယ့်ရဲ့ရင်ထဲမှာလည်း ရှိနေတာပဲလို့ ဆင်ခြင်စဉ်းစားပြီး ဒေဝတာနုဿတိ ပွားများခြင်းဖြင့် ဝမ်းမြောက်မှုပီတိ, ငြိမ်းအေးမှု, စိတ်ချမ်းသာပြီး တည်ကြည်လာပါတယ်။

အဲဒီလို ဘဝမှာ နေထိုင်နည်းအမျိုးမျိုး ရှိတဲ့အနက် ဖော်ပြပါ ၆-မျိုးထဲက တစ်ခုခုနဲ့ နေရင် ဓမ္မအသိနဲ့ နေခြင်း လို့ မြတ်ဗုဒ္ဓက ဟောပြောပြသထားတယ်၊ ဒါကလည်း သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ ငါးမျိုး လုံလောက်ပြည့်စုံမှသာ အခုလုပ်တဲ့ လုပ်ငန်းအောင်မြင်နိုင်မယ်၊ ဒါကြောင့် ၅-မျိုးကို လုံလောက်အောင် ဖြည့်ကျင့်ရင်း မြတ်ဗုဒ္ဓဟောပြောပြသခဲ့တဲ့ မဟာနာမသုတ်တော်လာ ဓမ္မအသိနဲ့ နေခြင်းမျိုးနဲ့ တရားချစ်ခင်သူတော်စင်အပေါင်းတို့ နေနည်းမှန်စွာ ဘဝမှာ နေထိုင်နိုင်ကြပြီး အေးချမ်းတည်ငြိမ်တဲ့ ပုဂ္ဂိုလ်မြတ်တွေ ဖြစ်နိုင်ကြပါစေသတည်း။

ပြီးပါပြီ။

qmhhsm69q9mj0hewztzkidyfj7wsy4c
နှစ်ဦးမေတ္တာလူတိုင်းမှာ
0
6467
22333
2026-11-05T15:15:33Z
Tejinda
173
"{{header | title = နှစ်ဦးမေတ္တာလူတိုင်းမှာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဓမ္မအ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22333
wikitext
text/x-wiki
{{header
| title = နှစ်ဦးမေတ္တာလူတိုင်းမှာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်]]
| previous2 = [[ဓမ္မတာဝန်]]
| next = [[ပဋ္ဌာန်းမြတ်ဒေသနာအကျဉ်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

နှစ်ဦးမေတ္တာလူတိုင်းမှာ

[၁] မှတ်တမ်း

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ဆေးရုံ SSC., OPD ခန်းမ၌ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ နှစ်သစ်မင်္ဂလာ ဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သော “နှစ်ဦးမေတ္တာ လူတိုင်းမှာ” တရား ဒေသနာတော်။

ယခုလို နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်အခါ သမယ ပြောင်းလဲရောက်ရှိလာတဲ့အခါမှာ လူတွေဟာ တစ်ဦးနဲ့တစ်ဦး နှုတ်ခွန်းဆက်ကြတယ်။ ကမ္ဘာသုံး ခုနှစ် လို့ဆိုရမယ့် ၂၀၁၂ ခုနှစ်ရဲ့ နှစ်သစ်အခါသမယကို ကြိုဆိုတဲ့အနေနဲ့ အားလုံးတစ်ဦးအပေါ် တစ်ဦး မေတ္တာ ထားကြပြီး “နှစ်သစ်မင်္ဂလာ အခါသမယမှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ” “Happy New Year To You" [၂] လို့ ပြောကြတာပေါ့။ တကယ်တော့ လောကလူသား တွေဟာ ဒီကနေ့ ဘာကိုလိုလားကြတာလဲလို့ဆိုရင် ပျော်ရွှင်ချမ်းမြေ့မှု လို့ဆိုတဲ့ Happiness ကို လိုလားကြ တယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။ ပျော်ရွှင် ချမ်းမြေ့မှု၊ ဘဝမှာ ထာဝရပျော်ရွှင်နိုင်ဖို့ လူတွေနေ့စဉ် ကြိုးပမ်းအားထုတ်နေကြတယ်။ ဒီအချက်ကိုလည်းပဲ မြတ်စွာဘုရားက ဟောကြားခဲ့တာရှိတယ်။ မြတ်စွာဘုရား ဟောတဲ့အထဲမယ် လူတွေရဲ့ဆန္ဒ ကို ထုတ်ဖော်ပြီး “သုခကာမာ ဒုက္ခပဋိကူလာ” လို့ဆိုတဲ့ စကားရှိတယ်။ လူတိုင်းလူတိုင်းဟာ ဆင်းရဲဒုက္ခကို ရွံရှာမုန်းတီးကြတယ်။ ဘယ်သူမှ မဆင်းရဲချင်ကြဘူး။ သုခကာမ = ချမ်းသာပျော်ရွှင်မှုကို မြတ်နိုးကြတယ်။ ဒါက လူတိုင်းလူတိုင်းမှာရှိနေတဲ့ ဆန္ဒပဲ။ အဲဒီဆန္ဒကို ထုတ်ဖော်ကြတဲ့အခါမှာတော့ ဘာသာအမျိုးမျိုး၊ ဆရာ အမျိုးမျိုး ဟောကြားတယ်။ မိမိတို့ရဲ့ ယုံကြည်ချက်၊ ယူဆချက်အတိုင်း ပျော်ရွှင်ချမ်းမြေ့မှုကိုရအောင်ရှာကြ တယ်။ ဘယ်နည်းနဲ့ရရ ရတဲ့ပျော်ရွှင်ချမ်းမြေ့မှုကို [၃] လိုလားကြလို့ ရနိုင်တဲ့နည်းလမ်းအမျိုးမျိုး အသုံးချပြီး ပျော်ရွှင်ချမ်းမြေ့မှုကို ရှာကြတာပဲ။

ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မဟာ လူမျိုး နဲ့လည်းမသက်ဆိုင်ဘူး၊ ဘာသာတရားဆိုတဲ့ ကိုးကွယ်မှု နဲ့လည်း မသက်ဆိုင်ဘူး။ ဘယ်ပုဂ္ဂိုလ်ပဲ လိုက်နာ လိုက်နာ၊ ဘယ်ပုဂ္ဂိုလ်ပဲ ကျင့်သုံးကျင့်သုံး ဓမ္မဆိုတာဟာ အားလုံးအတွက်ပဲဖြစ်တယ်။

ဆိုပါစို့၊ အခုလို လူသားတွေရဲ့ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက စောင့်ရှောက်ပေးနေတဲ့ ဆေးရုံ ဆေးခန်းတွေမှာအသုံးပြုတဲ့ဆေးတွေဟာ ဘယ်လူမျိုးပဲ လာကုကု ကျန်းမာမှုအတွက် အထောက်အကူ ဖြစ်တာ တွေချည်းပဲနော်။ လူမျိုးကွဲပြားသည့်အတွက် ဆေးဝါးက အကျိုးမဖြစ်ဘူးလို့ မရှိဘူး။ ဘာသာမတူညီသည့် အတွက် ဆေးဝါးက အကျိုးမဖြစ်ဘူးလို့မရှိဘူး။ လူသား အားလုံးအတွက် ဒီဆေးဝါးဟာ ရောဂါပျောက်ကင်းစေ ပြီး ကျန်းမာမှုကို ရရှိစေတာ တစ်ညီတည်းပဲ။ ထို့အတူ ပဲ ဓမ္မဆိုတဲ့တရားဟာ သဘာဝကဖြစ်ပေါ်နေတဲ့အရာ [၄] ဖြစ်သောကြောင့် အဲဒီသဘာဝတရားအတိုင်း လိုက်နာ ကျင့်သုံးမယ်ဆိုရင် မည်သည့်လူမျိုး လိုက်နာသည် ဖြစ်စေ၊ မည်သည့်ဘာသာဝင် လိုက်နာသည်ဖြစ်စေ တစ်ညီတည်းသောအကျိုးကိုရမှာ သေချာပါတယ်။ ဥပမာအားဖြင့် နေရာဌာနတစ်ခုကို ဦးတည်ပြီး ဖောက်ထားတဲ့လမ်းမကြီးပေါ်တက်ရောက်ပြီး ဘယ်သူ ပဲ လျှောက်လျှောက် လမ်းဆုံးလို့ရှိရင် အဲဒီ စခန်းကို ရောက်ကြမှာချည်းပဲနော်။ ဒီလမ်းပေါ် လျှောက်ရင် ဒီ စခန်းရောက်မယ်ဆိုတာ အင်မတန်မှသေချာတဲ့ကိစ္စ။ ဒါကြောင့်မို့ ဘုန်းကြီးအနေနဲ့ ဒီကနေ့ “နှစ်ဦးမေတ္တာ လူတိုင်းမှာ” ဆိုတာ ဟောမှာပါ။

မေတ္တာဆိုတဲ့တရားဟာ လူမျိုးနဲ့လည်း သက်ဆိုင် တာ မဟုတ်ဘူး၊ ဘာသာနဲ့လည်း သက်ဆိုင်တာမဟုတ် ဘူး၊ ဘယ်သူပဲအသုံးချချ ထိုမေတ္တာတရားရဲ့စွမ်းအား ကို ရကြမှာပဲဖြစ်တယ်။ မေတ္တာဆိုတာ နေရာတကာ အရေးကြီးတယ်၊ အခုလို ၂ဝ၁၂ ခုနှစ် စတင်တဲ့နေ့မှာ ဒီ တစ်နှစ်တာ ကာလပတ်လုံး ပြောသမျှ၊ ဆိုသမျှ၊ [၅] စိတ်ကူးသမျှတွေဟာ မေတ္တာနဲ့ လုပ်ဆောင်သွားကြမယ် ဆိုရင် အားလုံးအတွက် အကျိုးဖြစ်ထွန်းမယ်ဆိုတာ သေချာတယ်။ ကိုယ့်အတွက်လည်း အကျိုးဖြစ်ထွန်း မှာပဲ၊ သူများအတွက်လည်း အကျိုးဖြစ်ထွန်းမှာပဲ၊ လူတိုင်းအတွက်လည်း အကျိုးဖြစ်ထွန်းမှာပဲ။ လူတိုင်း လူတိုင်းရဲ့ နှလုံးသားထဲမှာ အခုလို နှစ်သစ်အခါသမယ မှာ မေတ္တာတရား ကိန်းဝပ်နေအောင် ကြိုးစားရမယ်။ မေတ္တာဆိုတာ “မိတ်ဆွေတို့ရဲ့စိတ်ဓာတ်၊ မိတ်ဆွေ ရဲ့ စိတ်နေသဘောထား” လို့ အဓိပ္ပာယ်ရတယ်။ ပါဠိ စကားလုံးပဲ။ မိတ္တဿ ဧသော မေတ္တာ- မိတ်ဆွေရဲ့ စိတ်နေသဘောထား။ မိတ်ဆွေရဲ့စိတ်နေသဘောထား ဘယ်လိုရှိသလဲ၊ မိတ်ဆွေရဲ့ စိတ်နေသဘောထားသည် မိမိနဲ့ ခင်မင်သူတွေအားလုံး ကြီးပွားတိုးတက်စေချင် တယ်၊ ပျော်ရွှင်ချမ်းမြေ့စေချင်တယ်။ အဲဒီစိတ်ဓာတ်ကို အကန့်အသတ်ထားရမလားလို့ဆိုတော့ မိတ်ဆွေတွေ ရဲ့ စိတ်ဓာတ်ကို အားလုံးအပေါ်မှာ ထားနိုင်အောင် ကြိုးစားရမယ်။ ကိုယ့်မိတ်ဆွေ ဟုတ်သည်ဖြစ်စေ၊ ကိုယ့် [၆] မိတ်ဆွေ မဟုတ်သည်ဖြစ်စေ၊ ကိုယ်နဲ့မသင့်တဲ့ပုဂ္ဂိုလ်ပဲ ဖြစ်စေ ဘယ်ပုဂ္ဂိုလ်တွေပေါ်ဖြစ်ဖြစ် အားလုံးအပေါ်မှာ ဒီစိတ်ဓာတ်ကို ဖြန့်ကျက်ထားနိုင်တာကို မေတ္တာ လို့ ခေါ်တာ။ အဲဒီလို ဖြန့်ကျက်ထားနိုင်အောင်ကြိုးစားဖို့ ဘုန်းကြီးတို့တစ်တွေ လုပ်ကြရမယ်။ ဒီ မေတ္တာဆိုတဲ့ တရားဟာ လူတွေရဲ့နှလုံးသားထဲမှာ အခြေခံအားဖြင့် ပါရှိနေသော်လည်းပဲ တိုးတက်လာအောင်မလုပ်ဘူး ဆိုလို့ရှိရင် ဒီမေတ္တာဟာ တိုးပွားလာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ လေ့ကျင့်ပြီးတော့ မေတ္တာ နှလုံးသား ရင်ထဲမှာ ပြန့်ပွားလာအောင် ကြိုးစားအားထုတ်ရမယ်။

မေတ္တာကို မြတ်စွာဘုရားက (၃)မျိုးခွဲပြထားတယ်။
ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာ လို့။
မနောကံမေတ္တာက စပြောမယ်။ “အားလုံးအဆင် ပြေကြပါစေ၊ ချမ်းသာကြပါစေ၊ ပျော်ရွှင်ကြပါစေ၊ အခက်အခဲ မရှိကြပါစေနဲ့” လို့ အကျိုးစီးပွားကို လိုလား တဲ့ စိတ်နေသဘောထားလေးကို မနောကံမေတ္တာ လို့ ခေါ်တယ်။ အဲဒီ မနောကံမေတ္တာကို အားလုံးအပေါ်မှာ [၇] ဖြန့်ကျက်ပြီး သမာဓိစွမ်းအားတွေနဲ့ တွဲဖက်ထားလိုက် ရင် ဈာန်တောင်ရမယ်။ မြတ်စွာဘုရားက ဒီမေတ္တာဈာန် ကုသိုလ်ရဲ့ စွမ်းအားနဲ့ လူ့ဘဝ ကုန်ဆုံးတဲ့အခါမှာ နောက်ဘဝ ဗြဟ္မာဘုံ ရောက်နိုင်တယ်လို့ စွမ်းအားရှိတဲ့ ကုသိုလ်တစ်ခု အနေနဲ့ ဟောတော်မူတယ်။ မနောကံမေတ္တာ ရှိသလို ဝစီကံမေတ္တာ ဆိုတာ လည်းရှိတယ်။ တစ်ဦးနဲ့တစ်ဦး ကောင်းကျိုးချမ်းသာ ရစေနိုင်တဲ့စကားတွေကို ပြောတယ်၊ အကြံပေးမယ်၊ အကြံကောင်းတွေပေးတယ်၊ သတိပေးတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး နှုတ်၏ စောင်မခြင်း မေတ္တာအရင်းခံ တဲ့ အပြောအဆိုများနဲ့ ပြောဆိုကူညီပေးခြင်း၊ ဒါလည်း လောကမှာ အင်မတန်မှ အရေးကြီးတယ်။ မိဘတွေက သားသမီးတွေကို “ဘယ်လိုမနေနဲ့၊ ဘယ်လိုမထိုင်နဲ့၊ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး” စသည်ဖြင့် ကိုယ့်သားသမီးကို အရိပ်တကြည့်ကြည့် ပြောဆိုဆုံးမ ပေးသလိုပဲ ကိုယ့်ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေကိုလည်း [၈] ပဲ ကောင်းတဲ့အကြံဉာဏ်လေးတွေပေးပြီး ပြောဆိုတာ ဒါ ဝစီကံမေတ္တာ လို့ခေါ်တယ်။

နောက်တစ်ခါ ကာယကံမေတ္တာ လို့ဆိုတယ်။ တစ်စုံတစ်ခု ကိုယ့်ရှေ့မှာ၊ ဆိုပါစို့ လူတစ်ယောက်ဟာ ကိုယ့်ရှေ့မှာ အရေးကြီးတဲ့ ပိုက်ဆံအိတ်ကလေးတို့၊ တယ်လီဖုန်းတို့ မေ့ကျန်ရစ်ခဲ့တယ်ဆိုရင် သိမ်းပေးထား တယ် .. အကြောင်းကြားပေးတယ်၊ မပျောက်မပျက် အောင် လုပ်ပေးထားတယ်။ ဒါက ကာယကံမေတ္တာလို့ ခေါ်တယ်။ သွားတဲ့လာတဲ့ လမ်းတွေမှာ ခလုတ်မထိ ဆူးမငြိအောင် သူများမမြင်တာတွေကို ဖယ်ရှားပေး တယ်၊ ကိုယ်အရင်တွေ့ရင် ကိုယ် ဖယ်ရှားပေးလိုက် တယ်။ ဆိုလိုတာက “ဘယ်သူမှ ဒုက္ခမရောက်အောင် ကိုယ်မြင်တဲ့အခါမှာ ဆောင်ရွက်လုပ်ကိုင်ပေးသွားတာ လေးတွေ”၊ ဒါကို ကာယကံမေတ္တာ လို့ခေါ်တာ။ မနောကံမေတ္တာရှိသလို ဝစီကံမေတ္တာလည်းရှိဖို့ လိုတယ်။ ကာယကံမေတ္တာလည်း ရှိဖို့လိုတယ်။ ယခုလို နှစ်ဦးကာလ ရောက်လာတဲ့အချိန်ကစပြီးတော့ ဘယ် [၉] အခါပဲဖြစ်ဖြစ် မေတ္တာနဲ့ဆက်ဆံတာ၊ အခုလို ဆေးရုံ တို့ ဆေးခန်းတို့ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ ရောက် လာတတ်တာတုန်းဆိုတော့ ရောဂါစွဲကပ်လို့ ထိုရောဂါ အတွက် စိတ်သောကရောက်တဲ့ ပုဂ္ဂိုလ်တွေ ရောက် လာကြတာ၊ ဆရာဝန် ဆရာမနဲ့ တွေ့လိုက်တဲ့အခါ ရောဂါအကြောင်း ကျကျနန ရှင်းပြလိုက်ရုံနဲ့ပဲ ဆရာဝန် ဆရာမက ကျကျနန ရှင်းပြလို့ ရောဂါဟာ တစ်ဝက် လောက် သက်သာသွားတယ်။ “ဘယ်ဆေးသောက်ရင် စားရင် ပျောက်ပါတယ်၊ မပူပါနဲ့၊ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ မသိသေးတာတွေကိုသိအောင် လမ်းညွှန်မှုပေးလိုက် တယ်” ဆိုလို့ရှိရင် ဒါက ကိုယ့်အတွက် မေတ္တာမနောကံ၊ မေတ္တာဝစီကံ၊ မေတ္တာကာယကံတွေ ဖြစ်တာပဲ။ မေတ္တာပုဗ္ဗင်္ဂမံ ဝေဇ္ဇသိပ္ပံ။ ဝေဇ္ဇသိပ္ပံ-ဆေးပညာ အတတ်ဟာ၊ မေတ္တာပုဗ္ဗင်္ဂမံ- မေတ္တာနဲ့ ဦးဆောင်ပြီး တော့ ပြုလုပ်ရတဲ့ အလုပ်ကိစ္စဖြစ်တယ်။ ဒါကြောင့် မေတ္တာထားမယ်ဆိုလို့ရှိရင် အင်မတန်မှ တန်ဖိုးရှိတဲ့ [၁၀] လုပ်ငန်းကြီးပဲ၊ မြင့်မြတ်တဲ့အလုပ်ပဲ။ တချို့ အလုပ်က လုပ်တဲ့ကိစ္စကိုက မြင့်မြတ်တာ မဟုတ်ဘူး၊ အခုဒီ ဆေးဝါးကုသပေးတဲ့ အလုပ်ဆိုတာ အင်မတန်မှ မြင့်မြတ်တဲ့အလုပ်၊ မြင့်မြတ်တဲ့အလုပ်ကို ထပ်ပိုးပေးရ မှာတော့ ကိုယ့်ရဲ့စိတ်နေသဘောထားလေးပဲ။ မေတ္တာ စိတ်လေး ထပ်ပိုးပေးလိုက်လို့ရှိရင် အလုပ်က မြင့်မြတ် ပြီးသားဖြစ်သည့်အတွက်ကြောင့် အားလုံးဟာ မြင့်မြတ် သွားတယ်။ စိတ်ကလည်း မြင့်မြတ်တယ်၊ အလုပ် ကလည်း မြင့်မြတ်တယ်ဆိုတော့ နှစ်ထပ်ကွမ်း မြင့်မြတ် တယ်၊ ပြီးပြည့်စုံတယ်။ ကုသိုလ်ဖြစ်တဲ့ လုပ်ငန်းတစ်ခု လို့ ပြောရမယ်။ ဒါက ဟုတ်မဟုတ် ကိုယ့်ဟာကိုယ်ပဲ ဆင်ခြင်သုံးသပ်လို့ရပါတယ်။

ဆရာဇီဝက ပညာသင်မလို့လုပ်တဲ့အခါမှာ သူ စဉ်းစားတဲ့အထဲမှာပါတယ်။ “ဘယ်ပညာ ငါသင်ရ ကောင်းမလဲ” လို့ စဉ်းစားတယ်။ ပညာရပ်တွေ အများ ကြီး သူစဉ်းစားမိတဲ့အထဲမယ် မကျန်းမမာတဲ့ ပုဂ္ဂိုလ် တွေကို ကျန်းမာအောင် ကုစားပေးတဲ့ ဆေးသမားတို့ရဲ့ [၁၁] အတတ်ပညာဟာ မကျန်းမာတဲ့သူကို ကျန်းမာအောင် လုပ်ပေးတာ ဖြစ်သောကြောင့် အလုပ်ကိုက မေတ္တာ ထားတဲ့အလုပ် ဖြစ်သွားတယ်။ ဒါကြောင့်မို့လို့ “ဒီ အလုပ်လောက် မွန်မြတ်တာမရှိဘူး” လို့ဆိုပြီး ဆေး ပညာအလုပ်ကို ရွေးချယ်တာလေ။

အဲဒီတော့ ... ကိုယ်လုပ်နေတဲ့ ... လုပ်ငန်းဟာ အင်မတန်မှ မြင့်မြတ်တဲ့အလုပ်ဖြစ်တယ်ဆိုတာ ရှေးဦး စွာ ခံယူထားပြီး မြင့်မြတ်တဲ့အလုပ်ကို မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့ အကောင်အထည်ဖော်ရမယ်။ “တို့ဟာ နေ့စဉ်နဲ့အမျှ ကုသိုလ်ရတဲ့လုပ်ငန်းကြီးတစ်ခု လုပ်နေ ရတယ်” လို့ ဝမ်းသာရတယ်။ တချို့က ပြောကောင်း ပြောလိမ့်မယ်၊ ဒါက business လုပ်ငန်းပဲ။ ပိုက်ဆံရလို့ လုပ်တာလို့၊ ပိုက်ဆံရလို့ လုပ်တယ်လို့ ဆိုပေမယ့် စိတ်ဓာတ်မြင့်မြတ်ရင် (ကိုယ်မျှော်ကိုးတာက ငွေကြေး ဓန မဟုတ်ဘဲနဲ့နော်) တစ်ဖက်သားရဲ့ ရောဂါဝေဒနာ ပျောက်ကင်းရေးကို အာရုံစိုက်နေတဲ့အချိန်မှာ ဖြစ်တဲ့ [၁၂] စိတ်ကို ကုသိုလ်စိတ်လို့ခေါ်တာပဲ။ အဲဒီကုသိုလ်စိတ် ကို ကိုယ်အရယူဖို့လိုတယ်။

အေး၊ ရောက်လာတဲ့လူနာအပေါ်မှာ “ဒီလူနာ ဆီက ပိုက်ဆံများများရအောင် လုပ်လိုက်မယ်” ဆိုရင် တော့ ဒါ ကုသိုလ်စိတ်မဟုတ်ဘူးပေါ့နော်။ ရောက်လာ တဲ့ လူနာဟာ ရှိတဲ့ရောဂါ အမှန်အကန်သိရအောင် စစ်ဆေးပြီး “ဒီဆေးနဲ့ကုရင် ရောဂါပျောက်တယ်၊ အမှန် အတိုင်း ကုသပေးတယ်။ သူ့ကို ကူညီပေးတယ်၊ ရောဂါ ပျောက်ကင်းကြပါစေ၊ ချမ်းသာပါစေ" လို့ စိတ်ထား တယ်။ ဒါ မေတ္တာပဲ။ မေတ္တာဟာ ဘယ်သူ့ သန္တာန်မှာပဲ ဖြစ်ဖြစ် ကုသလာ အနဝဇ္ဇသုခဝိပါက လက္ခဏာ အပြစ်ကင်းတယ်တဲ့။ အပြစ်မရှိတဲ့ အရာတစ်ခု၊ အပြစ် မရှိဘူးဆိုတာ ဘယ်သူက အပြစ်တင်စရာမှမရှိတာ၊ မကောင်းတာ ကောင်းအောင် လုပ်ပေးတယ်ဆိုတာ အပြစ်ပြောစရာမရှိဘူး။ ဒါက အပြစ်မဟုတ်ဘူး။ အပြစ် က ဒီ့ပြင်ဟာ။ ဆိုပါစို့၊ ရောဂါပျောက်အောင် လုပ်ပေး [၁၃] တာက အပြစ်မဟုတ်ဘူး၊ ဒီ့ပြင်ကိစ္စလုပ်ရင်တော့ အပြစ်ပေါ့။

ဥပမာမယ် “ရောဂါမရှိဘဲနဲ့ ရှိတယ်” လို့ပြောပြီး ငွေကြေးများများရအောင်လုပ်ရင်တော့ ဒါ အပြစ်ပဲ။ ရှိတာကို ရှိတဲ့အတိုင်းပြောပြပြီး “ဒါက ဒီရောဂါ ဒီလို ကုရမယ်၊ ငွေကြေးဒီလောက်ကုန်ကျလိမ့်မယ်” ဒီဟာ က အပြစ်မဟုတ်ဘူးလေ။ ဒါက မှန်ကန်တဲ့အလုပ်ပဲ။ ဒီလိုပဲပြောတာ။

အဲဒါကြောင့် ရောဂါပျောက်စေချင်တဲ့ စိတ်က မေတ္တာစိတ်ဓာတ်ပဲပေါ့။ အေး၊ သမားတို့ အတတ်ဟာ မေတ္တာအခြေခံပြီးတော့ လုပ်ရတာ ဖြစ်သောကြောင့် အဲဒီ မေတ္တာအခြေခံတဲ့စိတ်ဓာတ်နဲ့ လုပ်ကြမယ် ဆိုလို့ ရှိရင် အင်မတန်မှကုသိုလ်ရပါတယ်။ ကုသိုလ်ရအောင် စိတ်ထဲမှာ နှလုံးသွင်းဖို့ပဲ အရေးကြီးပါတယ်။

မြတ်စွာဘုရားကလည်း Intention ကိုပဲ အဓိက ထားတာပါ။ ကိုယ့်ရဲ့စိတ်နေသဘောထား သန့်ရှင်း တယ်၊ မသန့်ရှင်းဘူးဆိုတာ ကိုယ်အသိဆုံးပဲနော်။

[၁၄] Intention က ဘာလဲ? ရောဂါပျောက်ဖို့ပဲ။ ရောဂါရှင် က ဆေးဝါးခ၊ ကုသခတွေပေးတာက ဒါ သူတို့အပိုင်း နော်၊ သူတို့အပိုင်း။ ကိုယ်က ရောဂါပျောက်အောင် စေတနာနဲ့ကုပေးတာ ဒါက မေတ္တာလုပ်ငန်းတစ်ခု။ အဲဒီ တော့ “နေ့စဉ်နဲ့အမျှ ကုသိုလ်ရနေတဲ့ အလုပ်ကြီးကို တို့လုပ်ရတယ်” လို့ စိတ်ထဲမှာ ဒီလိုအောက်မေ့ကြရ မှာပဲ။ အင်မတန်ကောင်းတယ်လို့ ပြောရမယ်။ အဲဒီတော့ ကုသိုလ်ရနိုင်တာက ဒါတင်ပဲလား ဆိုတော့ မဟုတ်ဘူး။ ကုသိုလ်ရနိုင်တာ အများကြီး ရှိသေးတယ်။ လမ်းမှာ ကားမောင်းသွားရင်းလဲ ကုသိုလ် ရအောင် လုပ်လို့ရတယ်။ ဥပမာမယ်-ကားတစ်စီးက ကိုယ့်ကိုလမ်းတောင်းတယ်၊ ပေးလိုက်တယ်၊ ဟော- ကုသိုလ်ရတာပဲ။ တချို့ပုဂ္ဂိုလ်များက ယာဉ်စည်းကမ်း ဖောက်ဖျက်ပြီး တိုးဝင်လာတယ်၊ ကိုယ်ကရှောင်ပေး လိုက်တယ်။ ဒါလဲ ကုသိုလ်ပဲ။ အမှန်တော့ ကုသိုလ် ဖြစ်နိုင်တဲ့အရာတွေ၊ ဟိုတစ်ဖက်သားအပေါ် မှာ မေတ္တာ ထားနိုင်တယ်ဆိုရင် ကိုယ့်အတွက် အရှုံးမရှိပါဘူးတဲ့။

[၁၅] မည်သည့်ကိစ္စမှာပဲဖြစ်ဖြစ် ဆက်ဆံသမျှဟာ မေတ္တာနဲ့ဆက်ဆံပါ။ မေတ္တာတရားနဲ့ ဆက်ဆံခြင်းဟာ လူမျိုးမရွေး ဘာသာမရွေးအတွက် အဆင်ပြေတယ်။ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မေတ္တာနဲ့ဆက်ဆံနေရင် ကိုယ့်ရဲ့ ရင်ထဲ နှလုံးသားထဲမှာ အပြစ်ကင်းတယ်။ အပြစ်ကင်း တယ်ဆိုတဲ့ သဘောတရားက ကိုယ့်ရဲ့ရင်ထဲ နှလုံးထဲ မှာ အကုသိုလ် မဖြစ်တာ၊ အကုသိုလ်ဖြစ်တာကမှ တကယ်ကြောက်စရာကောင်းတာ။ သို့သော် လောက လူတွေဟာ ဘယ်ကိစ္စဖြစ်ဖြစ် ကိုယ်က အနာမခံဘူး ဆိုတဲ့ မာနတရားကို ရှေ့တန်းတင်လိုက်ကြတယ်။ မေတ္တာပျောက်ကွယ်သွားတတ်တယ်။ မာနက လောက မှာ အရာရာကို ဖျက်ဆီးတတ်တယ်။

အရာရာကို တိုးတက်စေတာလည်း ဒီမာနပဲ၊ ဒါကြောင့်မို့လို့ မာနနဲ့ပတ်သက်တဲ့အခါမှာ ကောင်းတဲ့ မာန၊ မကောင်းတဲ့မာန၊ မှီဝဲထိုက်တဲ့မာန၊ မမှီဝဲထိုက် တဲ့ မာနလို့ ခွဲရတယ်။ မှီဝဲထိုက်တဲ့မာနဆိုတာ ကြီးပွား တိုးတက်စေတဲ့ မာန်မာနမျိုး မှီဝဲထိုက်တယ်။ ကြီးပွား [၁၆] အဲဒီ တိုးတက်မှုကို မဖြစ်စေဘူး၊ ဆုတ်ယုတ်စေတတ်တဲ့ မာနမျိုးကျတော့ မမှီဝဲထိုက်ဘူး။ ရှင်းအောင်ပြောရမယ် ဆိုလို့ရှိရင် “သူတောင်ဖြစ်အောင်လုပ်နိုင်သေးတာ၊ ငါ ဘာလို့မဖြစ်ရမှာလဲ? ဖြစ်အောင်လုပ်မယ်”လို့ တိုးတက် ကြီးပွားရေးအတွက် ဒီလိုမာနမျိုးတော့ထားရမယ်။ မာနမျိုးမထားဘဲ ကောဓမာန လို့ဆိုတဲ့ “မဟုတ်မခံဘူး၊ ဘာဖြစ်လို့ခံရမှာလဲ? ကိုယ့်စော်ကားတာ ငုံ့ခံလို့ မရဘူး” ဆိုတဲ့ မာနမျိုးကျတော့ ပြဿနာတွေ ဖြစ်ပွားစေတယ် ပေါ့။ ပြဿနာတွေ ဖြစ်ပွားလာပြီး အကုသိုလ်တွေ တိုးပွားလာစေတယ်။

ဒါကြောင့်မို့ ဆက်ဆံတဲ့အခါမှာ မေတ္တာနဲ့ဆက်ဆံ ရမယ်။ မေတ္တာနဲ့ ဆက်ဆံပြီးတဲ့အခါမှာ ဘာလုပ်ဖို့ လိုတုန်းဆိုရင် မေတ္တာနဲ့ဆက်ဆံမှု ခိုင်မာဖို့အတွက် ခန္တီ တရားနဲ့ သည်းခံရမယ်။ ခန္တီဆိုတာ “အောင့်အီးထား နိုင်ခြင်း (သို့မဟုတ်) ကိုယ့်စိတ်ကို ထိန်းနိုင်တဲ့စွမ်းရည် သတ္တိ” ကိုခေါ်တယ်။ ဒါကြောင့်မို့ ခန္တီရဲ့ အဓိပ္ပာယ် ဖွင့်ဆိုတဲ့အခါမှာ သူက သာမန်အားဖြင့်ပြောမယ်ဆိုလို့ [၁၇] ရှိရင် ခန္တီ- Patience ဒီလိုပြောတာနော်။ အဲဒီတော့ အဓိပ္ပာယ်က သိပ်မပေါ်ဘူး။ တကယ်အဓိပ္ပာယ်ပေါ်အောင် ခန္တီဆိုတာ ဘာလဲ ဆိုရင် “စိတ်စွမ်းအင်တစ်မျိုး” ပဲ။ စိတ်စွမ်းအင်တစ်မျိုး ဆိုတာ “ဆန့်ကျင်ဘက်တွေနဲ့ ကြုံတွေ့လာသော်လည်း ပဲ ပြောင်းလွဲတုန်လှုပ်ခြင်းမရှိတဲ့ စိတ်စွမ်းအင်တစ်မျိုး” ကို ခန္တီ လို့ခေါ်တယ်။ Ability to maintain mental position ပဲ။ ဥပမာမယ် လူတစ်ယောက်ဟာ ပျော်ရွှင်နေတဲ့စိတ်ကလေးနဲ့ ပြုံးပျော်နေတဲ့အချိန်မှာ တစ်ဖက်သားက ကိုယ့်ကိုလာပြီးစော်ကားတယ်၊ သူ့ရဲ့ စော်ကားမှုကို “စော်ကားရမလား” လို့ဆိုပြီး မာန်မာန တွေ ဝင်လာလိုက်တဲ့အခါမှာ တုန့်ပြန်လာတယ်။ အဲဒီ လို မာန်မာနဝင်လာလို့ ဒေါသထွက်လာတယ်၊ စိတ်ထဲ က မခံချင်ဖြစ်လာတယ်။ နှုတ်နဲ့တုန့်ပြန်တယ်၊ လက်နဲ့ တုန့်ပြန်တယ်။ အဲဒီလို စိတ်ထဲက မခံချင်ဖြစ်လာတဲ့ အချိန်ကတည်းကပဲ သူဟာ Maintain မလုပ်နိုင်တော့ ဘူးလို့ ပြောတာပဲနော်။

[၁၈] ပျော်ရွှင်နေတဲ့စိတ်ကလေးကို Maintain မလုပ် နိုင်ဘူး။ အဲဒီ Maintain လုပ်နိုင်တဲ့ စွမ်းရည်သတ္တိ သူ့မှာ မရှိဘူး။ မရှိသည့်အတွက်ကြောင့် ဒေါသထွက်တယ်၊ တုန့်ပြန်လာတယ်။ အဲဒီတော့ သည်းခံတယ်ဆိုတဲ့ အဓိပ္ပာယ်က သူဘယ်လိုပဲပြောပြော ကိုယ်က Maintain လုပ်တာပဲ။ Maintain လုပ်နိုင်တဲ့သဘော။ ကိုယ့် ရဲ့ ပျော်ရွှင်ချမ်းမြေ့နေတဲ့ စိတ်ဓာတ်အနေအထားလေး ကို ပြောင်းမသွားအောင် သူပြောသမျှကို လက်ခံ စဉ်းစားတာမျိုး မလုပ်တဲ့သဘော၊ ကိုယ့်ရဲ့ မူလ ပျော်ရွှင်နေတဲ့ Normal mental position ပေါ့။ အဲဒါ လေးကို Maintain လုပ်ထားတယ်။ အဲဒါကိုမှ ခန္တီလို့ ခေါ်တာ။

ပြန်မပြောရဲလို့ ငုံ့ပြီးတော့ခံနေတယ်၊ ပြန်မပြော ဘူး။ ကြောက်လို့ဖြစ်စေ၊ တခြားကိစ္စနဲ့ဖြစ်စေ သို့သော် ရင်ထဲကတော့ မကျေနပ်မှုတွေ ဖြစ်နေတယ်ဆိုရင် ခန္တီ မဟုတ်ဘူး။ ခန္တီရဲ့သဘောဟာ “အလွန်မြင့်မြတ်တယ်”။

[၁၉] မြတ်စွာဘုရားကိုယ်တိုင်တောင်မှပဲ ဒီ ဆဲရေးခြင်း ဆိုတာကို ခံရတယ်။ အဲဒီလို ခံရတဲ့အခါမှာ မြတ်စွာ ဘုရားက အပြုံးမပျက် သူပြောနေတုန်းအသာနေလိုက် တယ်။ လက်ခံမနေဘူး။ မြတ်စွာဘုရားက သူပြောတဲ့ အပေါ်မှာ လိုက်ပြီးတော့ စိတ်စနိုးစနောင့်ဖြစ်တာမျိုး မရှိဘူး၊ သူပြောလို့ ပြီးသွားပြီဆိုတဲ့အခါ ဘုရားက ရှင်းပြ တယ်။

“မင်းအိမ်မှာ ဧည့်သည်တွေ မလာဘူးလား” တဲ့၊ “လာတယ်” “လာတဲ့အခါမှာ မုန့်ပဲသွားရည်စာတွေနဲ့ ဧည့်မခံဘူးလား” တဲ့၊ “ဧည့်ခံတယ်” “အဲဒီ မုန့်ပဲ သွားရည်စာတွေကို အဲဒီဧည့်သည်က စားမသွားဘူး ဆိုရင် ဘယ်သူ့ဟာတွေလဲ” ဆိုတော့ “ဒါက ကျွန်ုပ် ဟာပဲ” ပြောတယ်။

မြတ်စွာဘုရားက “အေး၊ ငါ့ကို မင်းက ဆဲရေး ခြင်းဖြင့် ဧည့်ခံတာ၊ မင်းဧည့်ခံတဲ့ဟာတွေ ငါတစ်ခုမှ လက်မခံဘူး၊ မင်းဟာတွေပဲ” လို့ ဒီလိုပြန်ပြီး မိန့်ကြား [၂၀] တဲ့စကား ရှိတယ်နော်။ အဲဒီ ဥပမာလို “လက်မခံတဲ့ လက်ဆောင်” လို့ထားရမယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို ဒေါသဖြစ်စရာ လာပြောရင် ကိုယ်က လက်ခံပြီးတော့ မစဉ်းစားဘူး၊ ဒီ့အတွက် ဒါ လက်မခံတဲ့လက်ဆောင်လို့ခေါ်တယ်။ သူပေးသော်လည်း ကိုယ်လက်မခံဘူး၊ လက်မခံသည့် အတွက်ကြောင့် ကိုယ့်စိတ်ရဲ့ အခြေအနေမှာ ဘာမှ ဖြစ်မသွားဘူး၊ အဲဒါမျိုးကျမှ ခန္တီ လို့ ပြောတာနော်။ လောကမှာ မေတ္တာနဲ့ဆက်ဆံပြီး ခန္တီ နဲ့ သည်းခံနိုင်စွမ်း ရှိမှ အလုပ်ကိစ္စဆိုတာ အောင်မြင်တယ်တဲ့။

နောက်တစ်ခုက ဘာလဲလို့ဆိုရင် ဥပေက္ခာနဲ့ ခွင့်လွှတ်နိုင်ရမယ်။ လောကလူတွေက ခွင့်မလွှတ်နိုင် ကြဘူးပေါ့နော်။ ခွင့်မလွှတ်နိုင်တာလည်း မာနကြောင့် ပဲ။ တကယ် မေတ္တာတရားနဲ့ ကောင်းကျိုးချမ်းသာကို ဆောင်ရွက်ပေးပေမယ့်လို့ ဥပေက္ခာမထားနိုင်လို့ရှိရင် ခွင့်မလွှတ်နိုင်ပြန်ဘူး။ ဥပေက္ခာတရားဆိုတာ ခွင့်လွှတ် နိုင်တဲ့ စွမ်းအားသတ္တိရှိတယ်။ တစ်ဦးတစ်ယောက်က [၂၁] ဘာတွေပဲလုပ်လုပ် အဲဒီ လုပ်သမျှတွေအပေါ်မှာ မှတ်သားမထားဘူး၊ အမှတ်မထားဘူး၊ ကိုယ်လုပ်သင့် တဲ့ အလုပ်ကို လုပ်သွားတယ်၊ ဒါကို ဥပေက္ခာလို့ ခေါ် တာနော်။ တချို့က အဓိပ္ပာယ်ပြောင်းလဲပြီး ဥပေက္ခာ ကို ပြောကြတယ်။ မတည့်တဲ့ လူတစ်ယောက်ကို ဥပေက္ခာရှုထားတယ်၊ ခေါ်လဲမခေါ်ဘူး၊ ပြောလဲမပြော ဘူး၊ ဒီလိုပစ်ထားတာကို ဥပေက္ခာလို့ ဒီလိုထင်ကြတယ်၊ ဥပေက္ခာရဲ့သဘောက အဲဒီလိုမဟုတ်ဘူး၊ အင်မတန် မှ မြင့်မြတ်တယ်။ လူတစ်ယောက် ကိုယ့်အပေါ်မှာ စော်ကားမော်ကား ပြောတဲ့စကား၊ သူ့ရဲ့လုပ်ရပ်တွေ အပေါ်မှာ အမှတ်မထားဘဲနဲ့ ကိုယ်လုပ်သင့်တယ် ထင်လို့ရှိရင် လုပ်ပေးတယ်နော်။ လူတစ်ယောက်ရဲ့ စော်ကားမှုကို အမှတ်မထားဘူး၊ ချီးမွမ်းမှုကိုလည်း အမှတ်မထားဘူး။ လုပ်သင့်တာကို လုပ်ပေးတယ်။ လောကလူသားတွေက ကိုယ့်ကို ချီးမွမ်းလို့ရှိရင် ပိုလုပ်ပေးတယ်။ ကိုယ့်ကို ကဲ့ရဲ့လို့ရှိရင် ပစ်ထားတယ်။ အဲဒါဟာ ဥပေက္ခာမဟုတ်ဘူး။ ဥပေက္ခာရဲ့သဘောက [၂၂] ကိုယ့်ကိုချီးမွမ်းရင်လည်း အမှတ်မထားဘူး၊ ကဲ့ရဲ့လို့ ရှုံ့ချရင်လည်း အမှတ်မထားဘူး။ နှစ်ခုစလုံးကို အလေး မထားဘဲနဲ့၊ စိတ်ထဲမှာ သိမ်းမထားဘဲနဲ့ လုပ်သင့်တဲ့ အလုပ်ကို လုပ်ပေးတာ။ စိတ်ဓာတ်ပြောင်းလဲမှုမရှိဘူး၊ မေတ္တာ ခန္တီတို့ရဲ့ လုပ်ငန်းတွေကို သူက ဆက်လက် လုပ်ပေးတယ်။ အဲဒါက ဥပေက္ခာလို့ခေါ်တယ်။

နောက်တစ်ခုက လောကလူတွေဟာ ကိုယ်က မေတ္တာရှိလို့ လုပ်ပေးပေမယ့်လို့ ဥပေက္ခာမထားနိုင်ကြ ဘူး။ “ကူညီထားတဲ့သူက ကိုယ့်ကို မကူဘူး” ဆိုတဲ့ အချိန်ကျရင် သူက မကျေနပ်ဖြစ်ပြန်ရော။ အဲဒါ ဥပေက္ခာမထားနိုင်တာနော်။ ဥပေက္ခာထားနိုင်တဲ့ပုဂ္ဂိုလ် ကျတော့ “ငါ့ကိုကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ ငါကူညီတာက ငါ့ကိစ္စ၊ သူကငါ့ကို အသိအမှတ်ပြုသည် ဖြစ်စေ၊ အသိအမှတ်မပြုသည်ဖြစ်စေ၊ အသိအမှတ် ပြုခြင်း မပြုခြင်းဆိုတဲ့အပေါ်မှာ ကိုယ်က လျစ်လျူရှု နိုင်တယ်" နော်။ သူ့ဆီက တုန့်ပြန်လာတာကို ဘာ တစ်ခုမှ မမျှော်လင့်တာ၊ အဲဒါက ဥပေက္ခာ။

[၂၃] ဘုန်းကြီးတို့ နေ့စဉ်နဲ့အမျှ ဘဝခရီးကို လျှောက် လှမ်းနေကြတဲ့အခါမှာ လူတိုင်းလူတိုင်းဟာ ပတ်ဝန်း ကျင်တွေနဲ့ နေကြရတာဖြစ်တယ်။ ပတ်ဝန်းကျင်တွေနဲ့ ဆက်ဆံတိုင်း မေတ္တာတရားနဲ့ ဆက်ဆံပါ။ မေတ္တာ တရားနဲ့ ဆက်ဆံတယ်ဆိုတာ အကောင်းကိုသာကြည့် ပြီး ကောင်းကွက်ကလေးကိုရှာပြီး မေတ္တာပွားနိုင်ရမယ်၊ “သူ့ရဲ့အကျိုးစီးပွား ငါ ဘာလုပ်ပေးနိုင်သလဲ?လုပ်ပေး နိုင်တာ လုပ်ပေးမယ်” ဟော၊ လူတစ်ဖက်သားရဲ့ အကျိုးစီးပွားကို မျှော်လင့်တယ်၊ လုပ်ပေးချင်တယ်၊ အဲဒါ မေတ္တာတရား။

အဲ၊ တစ်ဖက်သားက ကိုယ်အဆင်မပြေတဲ့ကိစ္စ တွေ၊ ကိုယ်လုပ်ပေးတဲ့အတိုင်း အဆင်မပြေတဲ့ကိစ္စတွေ ကို ထော်လော်ကန့်လန့်လုပ်လာတယ်၊ ပြောလာတယ် ဆိုရင် သည်းခံနိုင်စွမ်းအား ထားရမယ်။ နောက်တစ်ခါ ဥပေက္ခာနဲ့ လျစ်လျူရှုနိုင်ရမယ်၊ ဥပေက္ခာနဲ့ ခွင့်လွှတ် နိုင်ရမယ်ပေါ့။ ခွင့်မလွှတ်နိုင်ဘူးဆိုရင် ပြဿနာတက် တာပဲနော်။

[၂၄] အဲဒီလို မေတ္တာရယ်၊ ခန္တီရယ်၊ ဥပေက္ခာရယ် ဒီ တရားသုံးပါးကို လက်ကိုင်ထားပြီးတော့ ကျင့်သုံးမယ် ဆိုရင် မည်သည့်ပုဂ္ဂိုလ်မှာပဲဖြစ်ဖြစ် ပြဿနာဆိုတာ ပြေလည်သွားမှာပဲ။ အဲဒီတော့ ဒါတင်လားလို့ဆိုတော့ မဟုတ်ဘူး၊ အင်မတန်မှ မြင့်မြတ်တဲ့အလုပ်တွေဆိုတာ ရှိသေးတယ်။ လူ့လောကမှာနေတဲ့ ပုဂ္ဂိုလ်ဟာ လောကဓံဆိုတာတော့ ရှိမှာချည်းပဲ။ ရှိတဲ့အခါ ဒီတရား တွေကို လက်ကိုင်ထားပြီး ကိုယ့်ဖက်က မမှားဖို့တစ်ခုပဲ ကိုယ်က ဂရုစိုက်ရမယ်။ ကျန်တာတွေ ဂရုစိုက်စရာ မလိုဘူးပေါ့။ အဲဒီတော့ ကိုယ့်ဖက်ကမမှားအောင် ဂရုစိုက်တယ်၊ စေတနာမှန်ဖို့ ဂရုစိုက်တယ်။ ကိုယ် စေတနာမှန်တာကို တစ်ဖက်သားက သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဒါ ကိုယ့်အလုပ်မဟုတ်ဘူး။ မြတ်စွာဘုရားလို ပုဂ္ဂိုလ်တောင်မှပဲ အမြင်မကြည် တဲ့ ပုဂ္ဂိုလ်တွေ ရှိတာပဲလေ။ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မြတ်စွာဘုရားက တစ်ဖက်သားရဲ့ အကျိုးစီးပွား ကို လိုလားတဲ့စိတ် ဘယ်တော့မှမပျက်ဘူးပေါ့။

[၂၅] အခုလို နှစ်ဦးကာလ အခါသမယက ဒီကနေ့ ၂၀၁၂ ခုနှစ် စတင်လာပြီ။ ဒီနှစ်တာပိုင်းအတွင်းမှာ တို့တစ်တွေဟာ အလွန်မွန်မြတ်တဲ့ မေတ္တာတရားနဲ့ ဆက်ဆံမယ်၊ ခန္တီဆိုတဲ့ သည်းခံခြင်းတရားကို လက်ခံ ကျင့်သုံးမယ်၊ သည်းခံမယ်၊ ဥပေက္ခာတရားနဲ့ ခွင့်လွှတ် နိုင်အောင် ကြိုးစားမယ်လို့ ဒီတရားသုံးပါး မိမိတို့ ရင်ဝယ် ထားမယ်ဆိုလို့ရှိရင် အစစအရာရာ လုပ်ငန်း ကိစ္စတွေ အောင်မြင်မယ်။ ဒါ မြတ်စွာဘုရားရဲ့ အဆုံး အမပါ။ ဘုန်းကြီးတို့ပြောတဲ့ဟာမဟုတ်ပါဘူးနော်။ ဘုရားရဲ့အဆုံးအမ၊ ဘုရားကိုယ်တိုင်လည်း ဒီအတိုင်း ကျင့်သုံးပြီးတော့သွားတာ။

အေး၊ လောကမှာ ရောဂါဆိုတာ ကုလို့ရတဲ့ရောဂါ ရှိတယ်၊ ကုလိုမရတဲ့ရောဂါရှိတယ်၊ လူဆိုတာ ထာဝရ ကျန်းမာနေတယ်လို့ မရှိနိုင်ဘူး။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဟောထားတဲ့ တရားကို နှလုံးသွင်းနိုင် ရမယ်၊ မြတ်စွာဘုရားက ဟောထားတယ်။
ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ၊ ဒုက္ခဿေသော ဥပ္ပါဒေါ
[၂၆] တဲ့။ “ရုပ်တရား မိမိသန္တာန်မှာ ဖြစ်ပေါ်လာတာဟာ ဒုက္ခဖြစ်ပေါ်လာတာ” တဲ့။ “ရောဂါနံ ဌိတိ’ရောဂါတွေ ရရှိလာ” တဲ့။ “ဇရာ မရဏဿ ပါတုဘာဝေါ- အိုခြင်း သေခြင်းဆိုတဲ့ သဘာဝတွေ ပေါ်လာတာပဲ” တဲ့။ ဘဝ ရလာကတည်းက ဒါတွေက ပါလာတာပဲလေ။ လူတိုင်းမှာလည်း ရောဂါဆိုတာရှိတယ်၊ လူတိုင်း မှာ အိုခြင်းသဘောဆိုတာရှိတယ်၊ လူတိုင်းမှာ သေခြင်း သဘော ဆိုတာရှိတယ်။ ဒါတွေက တစ်နေ့မဟုတ် တစ်နေ့ လာမယ့်အရာတွေချည်းပဲ။ ကိုယ်ရ,ထားတာ ကိုက အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောရှိတဲ့ အရာကို ရထားတာဖြစ်သောကြောင့် ဘယ်သူ့ ဘယ်သူမှ အပြစ် ပြောစရာ ဘာမှမရှိဘူး။

အဲဒီတော့ ဒီလို မမြဲတဲ့ခန္ဓာကိုယ်ကြီး ကိုယ်ရ,ထား တဲ့ အနေအထားထဲမှာ ဘာလုပ်ဖို့လိုသလဲ ဆိုတာပဲ စဉ်းစားမယ်။ ကျန်းမာနေတဲ့ အချိန်ပိုင်းမှာ တို့တစ်တွေ ဘာလုပ်ရမယ်၊ မကျန်းမာတဲ့အချိန်မှာရော တို့တစ်တွေ ဘာလုပ်ရမယ်ဆိုတာ စဉ်းစားသင့်တယ်။

[၂၇] မြတ်စွာဘုရားက ဟောထားတယ်။ ခန္ဓာကိုယ် ဆိုတာတဲ့ “အမြဲတမ်း မကျန်းမမာဖြစ်နေတာပဲ” တဲ့။ ဟုတ်တယ်လေ၊ ကြာကြာထိုင်ကြည့်လိုက်ရင် ညောင်း လာတာပဲ၊ ကြာကြာအိပ်လဲ ညောင်းတာပဲ။ ကြာကြာ လမ်းလျှောက်လဲ ညောင်းတာပဲ။ ဒါကိုက “နာကျင်မှု” လို့ခေါ်တယ်။ ရောဂ ရဲ့ အဓိပ္ပာယ်က နာကျင်တာကို ပြောတာနော်။ Disease၊ Disease ဆိုတာ မသက်သာ တာကို ပြောတာနော်။ ရောဂါဖြစ်လာတယ်ဆိုတာ Ease မဟုတ်တော့ဘူး၊ Disease ပေါ့။ Disease ဖြစ်လာ တယ်။ အဲဒီတော့ ပါဠိစာပေကသုံးတာနဲ့ အတူတူပဲ။ အဲဒီတော့ ရောဂ ဆိုတာ ခန္ဓာကိုယ်အနေအထိုင်မှာ Comfortable မဖြစ်တဲ့သဘောကို ပြောတာ။

အဲဒီတော့ ဒါတွေက ခန္ဓာကိုယ်ရဲ့ သဘောမှာကို နဂိုထဲကရှိနေတာ။ လောကမှာ ဒီဒုက္ခသဘောကြီးကို လူတွေက Posture ပြောင်းပြီးတော့ အပြောင်းအလဲ လေး လုပ်ပေးနေလို့ ဒီခန္ဓာကိုယ်ကြီးမှာ မနာဘူးလို့၊ ကျန်းမာနေတယ်လို့ဒီလိုထင်နေကြတာ။ “ဣရိယာပုတ် [၂၈] က ဖုံးထားလို့ ဒုက္ခကိုမမြင်ဘူး” လို့ ကမ္မဋ္ဌာန်းဆရာ တွေက ပြောတာနော်။ ဣရိယာပုတ်ကဖုံးတယ် .. ဆိုတဲ့အဓိပ္ပာယ်က ဘာတုန်းဆိုရင် ပြောင်းပြောင်းနေလိုက်တယ်၊ ဒီဘက် ထိုင်တာကြာတော့ ညောင်းလာရင် ဟိုဘက်ရွှေ့ထိုင် လိုက်တယ်။ ဟော ဒုက္ခက သက်သာသွားပြန်ရော။ အိပ်နေတာကြာတဲ့အခါမှာ ညောင်းလာလို့ရှိရင် ထိုင် လိုက်ပြန်တယ်၊ ဟော သက်သာသွားပြန်တယ်။ ထိုင် တာ ကြာပြန်တော့ ထပြီးလမ်းလျှောက်လိုက်ပြန်တယ်၊ သက်သာသွားပြန်တယ်။ အဲဒါကိုပြောတာ။ ဣရိယာပုတ် ဖုံးတယ်။ ဣရိယာပုတ်ဆိုတာ Physical Posture ကိုပြောတာ။ Physical Posture က အပြောင်း အလွဲလေးတွေ လုပ်လုပ်ပေးသွားတဲ့အခါ ဒုက္ခရဲ့ သဘောကို လူတွေက မသိလိုက်တော့ဘူးပေါ့။

အဲဒီတော့ ဒုက္ခဆိုတာက လုပ်လို့ရလာတာမဟုတ် ဘူး။ နဂိုထဲက ရှိနေတာလို့ ပြောတာနော်။ ရှိနေတဲ့ ဒုက္ခသဘောတွေက ဒီလိုရှိတယ်။ အဲဒီတော့ မြတ်စွာ [၂၉] ဘုရားက ခန္ဓာကိုယ်ဆိုတာ ဘယ်ခန္ဓာကိုယ်ပဲဖြစ်ဖြစ် ဒီသဘောရှိတာပဲတဲ့။ အဲဒီတော့ ခန္ဓာကိုယ်မကျန်းမာ တဲ့ အပေါ်မှာ လိုက်ပြီးတော့ Stress ဆိုတဲ့ စိတ်ဖိစီးမှု မဖြစ်အောင် ကြိုးစားဖို့ ဒါ ကိုယ့်ရဲ့တာဝန်ပဲ။

ရုပ်ကတော့ ဘယ်သူပဲဖြစ်ဖြစ် ရုပ်ခန္ဓာကိုယ်ကြီး က ဆိုတဲ့သဘောဟာ စားရင်း၊ သွားရင်း၊ ပြုပြင်ပေး ရင်းနဲ့ ဒီလိုပဲနေရတယ်။ သို့သော် သူကတော့ ပျက်ချိန် တန်ရင် ပျက်သွားမှာပဲ။ ကိုယ်လုပ်နိုင်တာ ဘာလဲလို့ ဆိုရင် Stress ကို လျှော့ချပေးဖို့က ဒါ ကိုယ်လုပ်နိုင် တာပဲ။ ဒါကြောင့်မို့ မြတ်စွာဘုရားက ဆုံးမပေးထား တယ်။

ဒီနေ့ နှစ်သစ်မင်္ဂလာ အခါသမယမှာ မြတ်စွာ ဘုရားရဲ့ အဆုံးအမလေးတစ်ခု မှတ်ထားကြပါ။ “ရုပ် ခန္ဓာကိုယ်ကြီး နာချင်နာပါစေ၊ စိတ်မနာပါစေနဲ့” ဘုရား ဟောတဲ့ ပါဠိစကားလုံးက
“အာတုရကာယဿ မေ သတော စိတ္တံ အနာတုရံ ဘဝိဿတိ”။
အာတုရကာယဿ မေ သတော – ရုပ်ခန္ဓာကိုယ်ကြီးက နာတတ် [၃၀] တဲ့သဘော ရှိပေမယ့်၊ စိတ္တံ အနာတုရံ ဘဝိဿတိ စိတ်လေးကိုတော့ မနာစေရဘူးလို့ ဒီလိုပြောတာ။ အဲဒီတော့ ရုပ်နာတာ နာချင်နာပါစေပေါ့၊ နာရင် ဆေးသောက်မယ်၊ ဆေးဝါးနဲ့ ကုသမယ်၊ အစာ အာဟာရနဲ့ ကုသမယ်၊ ဒါ ရုပ်ခန္ဓာနာတာ သဘာဝ။ သို့သော် စိတ်မနာအောင်လုပ်ဖို့ကတော့ ကိုယ့်အလုပ် ပဲတဲ့။ ရုပ်မနာအောင်က ထာဝရ တတ်နိုင်တဲ့အရာ မဟုတ်ဘူး၊ စိတ်မနာအောင်သာ ကြိုးစားအားထုတ်ကြ ရမှာ။

အဲဒီတော့ တစ်ဖက်က ဒီလိုစဉ်းစားစရာလေးတွေ ရှိပြန်တယ်ပေါ့။ စိတ်ဆိုတာဟာလည်းပဲ မမြဲတဲ့သဘော တရားဖြစ်တယ်။ “ဘာဖြစ်လို့ စိတ်မနာအောင် လုပ်ရ မယ်” လို့ မြတ်စွာဘုရားက ဟောပြန်လဲဆိုတော့ မှန် တယ်၊ စိတ်ဆိုတာ တစ်ခဏလေးပဲဖြစ်တာ၊ တစ်ခဏ လေးဖြစ်တဲ့ စိတ်ကလေးဟာ အာရုံအမျိုးမျိုးအပေါ်မှာ အမျိုးမျိုးပြောင်းလဲတယ် သူကနော်။ စိတ်ညစ်စရာ အာရုံနဲ့တွေ့ရင် ညစ်သွားပြန်ရော၊ ပျော်စရာအာရုံနဲ့ [၃၁] တွေ့ရင် ပျော်သွားပြန်ရော။ အဲဒီလိုဖြစ်တာဟာ စိတ်နာတာလို့ခေါ်တာ။

စိတ်မနာအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ အသိဉာဏ်ကလေးနဲ့ စိတ်ညစ်စရာဆိုရင်လည်း မညစ်တော့ဘူး၊ ပျော်စရာအာရုံဆိုလည်း လောဘတွေမဖြစ်တော့ဘူး၊ မုန်းတီးစရာ အာရုံတွေမှာလည်း ဒေါသတွေ မဖြစ်တော့ဘူး၊ မာနဖြစ်စရာအာရုံနဲ့တွေ့လည်း မာနမဖြစ်အောင် ထိန်းလိုက်တယ်။ ထိန်းလိုက်တဲ့အခါမှာ စိတ်ရဲ့ရောဂါလို့ခေါ်ရမယ့် လောဘတွေ၊ ဒေါသတွေ၊ မာနတွေ၊ ဣဿာတွေ၊ မစ္ဆရိယတွေ ဒါတွေက လူကို အရုပ်ဆိုး အကျည်းတန်စေတာ။ အဲဒီစိတ်ဓာတ်ဖြစ်လာလို့ရှိရင် လူပါ အရုပ်ဆိုး အကျည်းတန်ဖြစ်တာပဲ။ ဒါကြောင့်မို့လို့ စိတ်ရဲ့ အညစ်အကြေး၊ စိတ်ရဲ့ရောဂါတွေ ကိုယ့်သန္တာန်မှာ မဖြစ်အောင်လုပ်မယ်၊ မဖြစ်အောင်လုပ်မယ်ဆိုရင် စိတ်ကလေးဟာ တည်ငြိမ်သွားတယ်။ ဒါက အရှေ့တိုင်းက ဗုဒ္ဓရဲ့တရားတော်က ရရှိတဲ့ နည်းစနစ်တွေ။

[၃၂] ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

အနောက်တိုင်းမှာဆိုလို့ရှိရင် ဆေးရုံတွေမှာ Mindfulness based stress reduction ဆိုတဲ့စနစ်ကို အသုံးချခိုင်းတာ။ တက္ကသိုလ်တွေမှာ ပညာရပ်အနေနဲ့ သင်နေတာ။ Mindfulness based သတိတရားကို အခြေခံတဲ့၊ stress reduction သတိတရားကိုအခြေခံပြီးတော့ စိတ်ဖိစီးမှုကို လျှော့ချတဲ့ နည်းစနစ်ကို အသုံးပြုတာ။ ဒါဟာ သတိပဋ္ဌာန်နည်းစနစ်တစ်ခုပဲ။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မဟာသတိပဋ္ဌာနသုတ်မှာ stress ကို လျှော့ချနိုင်ဖို့အတွက် ဒီစနစ်ကို အသုံးပြုတာ။ “အင်မတန်မှအောင်မြင်တယ်” လို့ ပြောရမယ်။ ဘုရားလက်ထက်တုန်းက သွက်သွက်ခါသွားအောင် ရူးသွပ်သွားတဲ့ ပဋာစာရီတောင်မှ မြတ်စွာဘုရားရဲ့ Psychotherapy နည်းစနစ်ကို အသုံးပြုပြီး မြတ်စွာဘုရားက ကုသပေးလိုက်တာ။ စိတ်ပိုင်းဆိုင်ရာ ထာဝရကျန်းမာသွားတယ်၊ စိတ်ဓာတ်ကြံ့ခိုင်သွားတယ်၊ ဘယ်တော့မှ သူ့မှာ stress မလာတော့ဘူး။

[၃၃] အဲဒီတော့ ဒီ Mental stress ကို ကုသဖို့ဆိုတာ ကိုယ့်အပေါ်မှာ အများကြီးတည်တယ်နော်။ ဆရာက နည်းလမ်းပဲပေးတာ၊ ကိုယ်ကိုယ်တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ်မှုတွေနဲ့ လုပ်ရမယ်။ မှန်မှန်ကန်ကန် စဉ်းစားတတ်ရမယ်။ မှန်မှန်ကန်ကန် မြင်ရမယ်။

Mindfulness based of stress reduction ကို အခြေခံထားပြီး လူတွေရဲ့ stress ကို လျှော့ချရမယ်။

Stress ဆိုတာ အားလုံးသိတဲ့အတိုင်း လူတိုင်းမှာ ရှိတယ်။ စိတ်ဖိစီးမှုတွေဟာ လူတိုင်းမှာရှိတယ်။ အဆင်ပြေတဲ့လူမှာ မရှိဘူး ထင်ကြတယ်။ လူတိုင်းအဆင်ပြေတာလည်း မဟုတ်ဘူး။ အဆင်ပြေတယ်၊ ချမ်းသာတယ် ဆိုတဲ့ လူတွေမှာလည်း stress ရှိတာပဲနော်။ ပိုတောင် များသေးတယ်၊ သူတောင်းစားမှာတော့ stress သိပ်မရှိဘူး၊ သူက ခွက်ပျောက်သွားမှာလည်း မကြောက်ရဘူး၊ သူက လွယ်လွယ်နဲ့ တောင်းစားလို့ရနေတဲ့ နေရာမျိုးဆိုရင် သူ့မှာ stress ရှိချင်မှရှိတာနော်။ အဲဒီတော့ [၃၄] ချမ်းသာလာလေလေ stress က များလာလေလေ ဖြစ်လာတတ်တယ်။

အဲဒီတော့ ဒီ stress လျှော့ချရင် ဘာနဲ့လျှော့ချရမလဲ။ မြတ်စွာဘုရားက သတိပဋ္ဌာန်ကျင့်စဉ်တစ်ခုကို ပေးထားတယ်။ အဲဒီ သတိပဋ္ဌာန်ကျင့်စဉ်ဆိုတာ ကိုယ့်ဟာကိုယ် ပုံမှန်နေ့စဉ်လေ့ကျင့်ရတဲ့ အလုပ်ဖြစ်တယ်၊ စိတ်ရဲ့အလုပ်ဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ် လုပ်လို့ရတယ်။ သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်း ကိုယ့်ကိစ္စကို ဆောင်ရွက်ရင်းနဲ့ stress ကို လျှော့ချပေးရတယ်။ အဲဒီလို လျှော့ချတဲ့အခါမှာ အရေးအကြီးဆုံးက ဘာလဲဆိုတော့ သမ္မာဒိဋ္ဌိ အမှန်မြင်ဖို့ လိုတယ်။ အမှန်မြင်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်၊ ဒီက Right understanding လို့ခေါ်တဲ့ သမ္မာဒိဋ္ဌိပဲ။ ကိုယ့်ရဲ့ စိတ်ဓာတ် အခြေအနေကို အမှန်မြင်ရမယ်။ ကိုယ့်မှာ ဘာဖြစ်နေသလဲဆိုတာ အမှန်မြင်အောင်ကြည့်၊ တစ်ခါတစ်ခါ လူဆိုတာလေ ကိုယ့်ကိုယ်ကို အမှန်မြင်တယ်လို့ ထင်ထားတာမဟုတ်ဘူး။ လူက ကိုယ့်ကိုယ်ကို လိမ် [၃၅] တယ်။ သူများက ကိုယ့်လိမ်တာ တစ်မျိုးနော်၊ ကိုယ့်ကိုယ်ကို လိမ်နေတာက တစ်မျိုး။ အဲဒီတော့ ကိုယ့်ကိုယ်ကို မလိမ်ဘဲနဲ့ အမှန်အတိုင်းကို ကိုယ့်ကိုယ်ကို မြင်အောင်၊ မြင်တတ်အောင် ကြည့်ဖို့လိုတယ်နော်။ ကိုယ့်ရဲ့သဘာဝတွေကို ဆင်ခြင်စဉ်းစားလို့ အမှန်မြင်လာပြီ သမ္မာဒိဋ္ဌိ။

အဲဒီလို အမှန်မြင်ပြီးတော့ အမှန်တွေးနိုင်လာပြီ ဆိုတဲ့အခါမှာ ဘာလုပ်ဖို့လိုတုန်းဆိုတော့ မှန်ကန်တဲ့ ကြိုးပမ်းအားထုတ်မှု လုပ်ဖို့လိုတယ်။ အဲဒီတော့ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုဆိုတာ သမ္မာဝါယာမ ပဲ။ သမ္မာဝါယာမ-ကြိုးပမ်းအားထုတ်မှုက ဘာလဲလို့ ဆိုရင် ဥပမာမယ်- stress စိတ်ဖိစီးမှုရှိနေတယ်လို့ ဆိုလို့ရှိရင် ပထမကြိုးစားရမှာက
နံပါတ်(၁) “ဒီစိတ်ဖိစီးမှုတွေ ငါ့သန္တာန်မှာ မဖြစ်စေရဘူး” ဆိုတာကို ကြိုးစားရမယ်။ မဖြစ်အောင်လုပ်မယ်ဆိုတဲ့ ကြိုးစားအားထုတ်မှုဟာ အဲဒီလို မဖြစ်အောင်လုပ်ရင် ဘယ်နည်းနဲ့ မဖြစ်အောင်လုပ်ရမှာလဲ ဆိုတာကို စဉ်းစားတာက [၃၆] သမ္မာသင်္ကပ္ပ။ လမ်းမှန်ကိုတွေ့တာက သမ္မာဒိဋ္ဌိနော်။ ကြိုးစားပြီဆိုတဲ့အခါမှာ မဖြစ်အောင်လုပ်မယ်၊ အဲဒီလိုအခါမှာ “stress ကိုယ့်မှာ ဘာကြောင့်ဖြစ်နေသလဲ” ဆိုတဲ့ အကြောင်းတရားကို မြင်လိုက်လို့ရှိရင် သမ္မာဒိဋ္ဌိ။ ဒါ အကြောင်းတရားပဲလို့ ဆင်ခြင်စဉ်းစားနိုင်ရင် သမ္မာသင်္ကပ္ပ။ အဲဒီ သမ္မာသင်္ကပ္ပဖြစ်ပြီး သမ္မာဝါယာမ နဲ့ ဒီ stress ကို ဖယ်ရှားပစ်တယ်။

အဲဒီတော့ ဖယ်ရှားပစ်တယ် ဆိုတဲ့နေရာမှာ နည်းလမ်းဆိုတာရှိတယ်။ အဲဒီနည်းလမ်းက ဘာလဲလို့ ဆိုရင် သဘာဝတရား တစ်ခုခုပေါ်မှာ အာရုံစိုက်မှု- သမ္မာသတိ နောက်ကလာတယ်၊ စိတ်ကလေးကို အာရုံတစ်ခုခုအပေါ်မှာ ငြိမ်အောင်ထားမှု- သမ္မာသမာဓိ၊ ဒီနှစ်ခုနဲ့ ဖြစ်ပေါ်လာတဲ့ stress ကို လျှော့ချပေးမယ်။ နောက်ဆုံးမှာ ဖယ်ရှားပေးမယ်၊ ဆိုပါစို့ stress ဆိုတာ တွေးမိလို့ဖြစ်တာကို၊ stress ဖြစ်ဖို့အကြောင်းအရာ တစ်ခုကို ကိုယ်ကတွေးတယ်၊ အဆင်မပြေတာတွေ တွေးပြီး စိတ်ပူနေတယ်၊ အဲဒီ အဆင်မပြေတာတွေကို [၃၇] မတွေးနဲ့၊ သူ့ရဲ့အစား နောက်ထပ် တွေးစရာလေးတစ်ခု ရှာလိုက်မယ်။ ဆိုပါစို့၊ တခြား မတွေးချင်ဘူးဆိုရင် ကိုယ့်နှာခေါင်းက လေထွက်နေတာ၊ ဝင်နေတာ၊ ထွက်လေ ဝင်လေလေးကို စိတ်စိုက်ထားလိုက်မယ်၊ ကျန်တာတွေကို မေ့ပစ်ထားလိုက်တယ်၊ ထွက်လေ ဝင်လေလေးပဲ အာရုံစိုက်ပြီး ထွက်လေ ဝင်လေလေးပေါ်မှာ သတိနဲ့နေမယ်။ ထွက်လေ ဝင်လေလေးပေါ်မှာ စိတ်ငြိမ်အောင်ထားမယ်၊ ကြိုးစားတယ် - သမ္မာဝါယာမ။ ထွက်လေ ဝင်လေလေးရဲ့ သဘောကိုသာ စဉ်းစားတယ်-သမ္မာသင်္ကပ္ပ။ ထွက်လေ ဝင်လေလေးရဲ့ သဘာဝကိုသိလာတယ်- သမ္မာဒိဋ္ဌိ။ ဆိုတော့ ဒီငါးခုပဲ။ ဒီငါးခုက ပေါင်းစုပြီးတော့ အလုပ်လုပ်နေပြီ။

ထွက်လေ ဝင်လေလေးနဲ့ ကိုယ့်မှာ နေတတ်လာပြီ၊ ကျန်တာတွေကို မေ့ထားလိုက်ပြီဆိုရင် stress ပျောက်သွားပြန်ရော။ ပြန်သတိရရင် ပြန်ပေါ်လာဦးမှာပဲ။ အဲဒီတော့ ပြန်သတိမရအောင် အဖြေကို ကိုယ်ကထုတ်နိုင်မယ်၊ မဖိစီးနိုင်တော့ဘူးပေါ့။ အဲဒီ [၃၈] တော့ ဖိစီးလာပြီ ဆိုတဲ့အခါမှာ ဆင်ခြင်စဉ်းစားမှုဆိုတဲ့ သမ္မာသင်္ကပ္ပ က အများကြီးအရေးပါတယ်။ ဘယ်လိုတွေးရမလဲ? တစ်စုံတစ်ခုကြောင့် စိတ်ဖိစီးမှုဖြစ်နေရင်၊ ကဲ-ဒီစိတ်ဖိစီးမှုဟာ ဒီအကြောင်း၊ ဒီအကြောင်းကြောင့် ဖြစ်တာ။ “ဒီအကြောင်း၊ ဒီအကြောင်း ငါလုပ်သင့်တာကိုလုပ်တယ်၊ လုပ်သင့်တာကိုလုပ်တယ်၊ ငါလုပ်နိုင်တာတွေကို အားလုံးလုပ်ပြီးပြီ၊ သူ့အတွက် ငါပူနေလို့ ဘာအကျိုးရှိဦးမှာတုန်း၊ မပူဘူး၊ တခြား ငါလုပ်စရာရှိတာ လုပ်တော့မယ်” ဟော၊ ဒီလိုစဉ်းစားတာ ဒါသမ္မာသင်္ကပ္ပ ထွက်ပေါက်ရှာလိုက်တာပေါ့နော်၊ Exit ဆိုတာ ရှိတယ်။ ဘယ်နေရာပဲဖြစ်ဖြစ်၊ ဒီဘက်သွားနေရင်၊ စိတ်ပူရင် ဒီဘက်မသွားနဲ့၊ ဟိုဘက်ကို ထွက်ပေါက်ရှာလိုက်တယ်။ ထွက်ပေါက်ရှာပြီးတော့ ထွက်ပေါက်နဲ့ ပြန်ပြီးလေ့ကျင့်တာ။ ဒါ Exit ပဲ။ စိတ်၏ထွက်ပေါက်များ ဆိုတာ ရှိတယ်ပေါ့နော်။ မြတ်စွာဘုရားဟောထား [၃၉] ဒေါသ ဖြစ်နေတယ်ဆိုရင် စိတ်ရဲ့ထွက်ပေါက်ဟာ မေတ္တာပဲ။ လူတစ်ယောက်အပေါ်မှာ မေတ္တာထားလိုက်ရင် စိတ်ရဲ့ထွက်ပေါက်ရသွားတယ်။ နောက်ဆုံး မေတ္တာနဲ့ ဒေါသမပျောက်ဘူးဆိုရင် ကရုဏာထား။ ကရုဏာနဲ့ မပျောက်ဘူးဆိုလို့ရှိရင် ကံတရားကို ဆင်ခြင်စဉ်းစား၊ “ဪ၊ သူ့ကံနဲ့သူ၊ ငါ့ကံနဲ့ငါ၊ ငါစိတ်ဆိုးနေလို့ ဘာဖြစ်မှာတုန်း” ထွက်ပေါက်ပဲနော်။ နောက်ဆုံး ဘယ်လိုလုပ်လို့မှ မရဘူးဆိုရင် မေ့ထားလိုက်။ မေ့နေတဲ့အချိန်မှာတော့ ဘာမှမဖြစ်တော့ဘူး။ ဒါက သေချာတယ်၊ သတိရမှ ဖြစ်တာကိုး။

အေး stress မှန်သမျှ အကြောင်းတစ်ခုခုရှိတယ်၊ အဲဒီ အကြောင်းတစ်ခုခုကို ရှောင်တိမ်းပြီး မှန်ကန်တဲ့ အာရုံတစ်ခုခုပေါ်မှာ စိတ်ကို လေ့ကျင့်ပြီး သမ္မာသတိ၊ သမ္မာသမာဓိ၊ သမ္မာဝါယာမတို့နဲ့ ကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင် စိတ်၏ထွက်ပေါက်ရပြီးတော့ ခုနက stress လျှော့ချနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်တဲ့။

[၄၀] ဆိုပါစို့၊ ရောဂါဖြစ်နေတယ် (ဘုန်းကြီးတို့လည်း ရောဂါဖြစ်တာပဲ) ရောဂါဖြစ်တဲ့အခါမှာ ဘာစဉ်းစားရလဲ? မြတ်စွာဘုရား ကိုယ်တိုင်ကိုက စဉ်းစားခိုင်းထားတာရှိတယ်နော်။ ကိုယ်စဉ်းစားပေးရမယ့် အချက်တွေက “အေး၊ ငါ့မှာ အိုခြင်းသဘောတွေရှိလာပြီ၊ အိုခြင်းသဘောရှိတယ်၊ ဒီ အိုခြင်းတရားကို ငါဘယ်တော့မှ ခုန်ကျော်ပြီးသွားနိုင်မှာ မဟုတ်ဘူး၊ ရောက်လာမှာပဲ။ အိုခြင်းတရားနဲ့ ငါရင်ဆိုင်ရမှာပဲ။" အဲဒီတော့ ဒီလို စဉ်းစားခြင်းသည်ပင်လျှင် ထွက်ပေါက်ပဲ။ နောက်တစ်ခါ သေဆုံးသူနဲ့ ရင်ဆိုင်ရတဲ့အခါ “ဪ၊ ငါ့မှာလည်း သေခြင်းသဘောရှိတာပဲ၊ သေခြင်းသဘောကို ငါ ကျော်လွှားသွားနိုင်မှာမဟုတ်ဘူး” ဒီလို တွေးတာဟာ စိတ်ရဲ့ထွက်ပေါက်တစ်ခုပဲ။

နောက်ဆုံးမှာ လူဆိုတာက အဖော်ရှာရတယ်။ လူဆိုတာက တစ်ယောက်တည်းဆိုရင် ကြောက်တယ်၊ ဪ၊ စဉ်းစားလိုက်လေ “လောကမှာရှိတဲ့လူတွေ အကုန်လုံး သေနေတာပဲ၊ ငါတစ်ယောက်ပဲ သေရတာ [၄၁] မှ မဟုတ်ဘဲ” ဆိုရင် အောင်မယ်၊ သေရတာတောင် သူက ပျော်စရာကြီးလိုဖြစ်သွားတယ်။ အဖော်တွေ သဟဲတွေ ဖြစ်ကုန်တယ်။ လူ့ရဲ့စိတ် ပြောပါတယ်နော်။ “ငါတစ်ယောက်တည်းသေတာ မဟုတ်ဘူး၊ အားလုံးဟာ ဒီအတိုင်းပဲ”

ဘုန်းကြီးတို့ အသက် ၆၀-မှာ ဇက်ရောဂါဖြစ်လာတယ်။ နိုင်ငံခြားသွားတယ်၊ လေဆိပ်မှာ လူတွေအများကြီးကြည့်ပြီး ဘာစဉ်းစားမိလဲဆိုတော့ “ဪ၊ ဒီရောဂါ ငါတစ်ယောက်တည်းဖြစ်တာပါလား” လို့ သွားပြီးတော့ စိတ်ထဲမှာ တွေးမိတယ်။ တွေးမိတဲ့အခါကျတော့ “အေး၊ ဒါဟာ ကိုယ့်ကံနဲ့ကိုယ်ဖြစ်တာ၊ ငါတစ်ယောက်တည်း ဖြစ်တယ် ဆိုပြီးတော့လည်း ဝမ်းနည်းစရာမလိုဘူး၊ အတိတ်ဘဝ ကံတရားဆိုတာ ရှိခဲ့တယ်၊ ခန္ဓာကိုယ်ကြီး ရှိလာရင် ဘာမဆိုဖြစ်နိုင်တာပဲ” လို့ အကြောင်းတွေ တွေးလိုက်တဲ့အခါ စိတ်သက်သာသွားတာပဲ။ သောက နဲ့ ပြန်မတွေးမိတော့ဘူးနော်။ “ငါမှဖြစ်ရလေခြင်း”လို့ ဆက်တွေးနေလို့ရှိရင် သောကတွေ ဝင်လာပြန်ရော။

[၄၂] အဲဒီလိုမဖြစ်အောင် လူမှာ သမ္မာသင်္ကပ္ပ-အမှန်တွေးနိုင်တဲ့သဘောလေး ရှိရတယ်။ အခုလို ဆေးရုံတက် ဆေးကုတယ် ဆိုတဲ့အခါမှာလည်းပဲ ရောဂါဆိုတာ ကုလို့ရတာရှိတယ်၊ ကုလို့မရတာရှိတယ်နော်။ ကိုယ့်ရောဂါနဲ့ကိုယ့်ဆေးနဲ့ တွေ့လို့ရှိရင် ပျောက်မှာပဲ၊ မတွေ့ရင်လည်း မပျောက်ဘူး။ သို့သော် ဒီရောဂါ ပျောက်ခြင်း မပျောက်ခြင်းနဲ့ ကိုယ်မှာအရေးကြီးတာ တစ်ခု ရှိနေတယ်ဆိုတာ တွေးရမယ်။ အဲဒီအရေးကြီးတာ ဘာလဲလို့ဆိုရင် “ငါသေသွားလည်း ဒီခန္ဓာကြီး နောက်ထပ်ပြန်ရဦးမှာ၊ ပြန်ရလို့ရှိရင် ဒီရောဂါတွေ ပြန်လာဦးမှာပဲ၊ ဘယ်တော့မှ လွတ်မယ်လို့မထင်ဘူး၊ အိုခြင်းတရား နာခြင်းတရား သေခြင်းတရားတွေ ပြန်ရင်ဆိုင်ရဦးမှာ”

အဲဒီတော့ ဒီလိုဖြစ်နေတာဟာ ဘာကြောင့်ဖြစ်ရသလဲဆိုရင် ဒီခန္ဓာကြီးကို ရနေလို့. ဒါ ဒီခန္ဓာကြီးကို ရတာ ဘာကြောင့်ရသလဲဆိုရင် ရချင်တဲ့၊ တွယ်တာနေတဲ့ တဏှာကြောင့် ရနေတာ။ အဲဒီ ရချင်တဲ့တဏှာ [၄၃] ကို ငါလျှော့ရမှာ၊ မရချင်နဲ့။ သံသရာဒုက္ခတွေကို ဆင်ခြင်သုံးသပ်ပေးတာ။ ဒါ သမ္မာသင်္ကပ္ပလို့ ခေါ်တာပဲနော်။ သမ္မာသင်္ကပ္ပနဲ့ မှန်မှန်ကန်ကန် တွေးလိုက်တာနဲ့တစ်ပြိုင်နက် လူဆိုတာ လျော့ပါးသွားတာပဲ။ သောကတွေလည်း လျှော့ချနိုင်တာပဲ။ ဘယ်လိုပဲတွေးတွေး အမှန်တွေးနိုင်ဖို့ အရေးကြီးတယ်ပေါ့။ အမှန်တွေးလိုက်လို့ရှိရင် စိတ်ရဲ့ဖိစီးမှုတွေဟာ လျော့ကျပြီးတော့ stress က လျော့ကျသွားတာပဲ။

အဲဒီတော့ တွေးရမှာက ဘာတွေနဲ့တွေးရမှာတုန်း ဆိုတော့ သမ္မာသင်္ကပ္ပနဲ့ တွေးရတယ်။ သမ္မာဒိဋ္ဌိနဲ့ အမှန်မြင်ရမယ်၊ သမ္မာဝါယာမနဲ့ အမှန်မြင်လာရင် ကြိုးပမ်းအားထုတ်ရမယ်။ ကြိုးပမ်းအားထုတ်တဲ့အခါမှာ သမ္မာသတိလို့ဆိုတဲ့ ကိုယ့်ခန္ဓာကိုယ်မှာ သတိထားဖို့ သမ္မာသမာဓိလို့ဆိုတဲ့ စိတ်တည်ငြိမ်မှု၊ ကြိုးစားမှုတွေ၊ ဒါဟာအင်မတန်မှအရေးပါတဲ့အချက်တွေပဲ။ ဒီအချက်တွေနဲ့ မကျန်းမမာဖြစ်နေတဲ့အခါမှာ ကြိုးစားအားထုတ်ကြရမယ်။ စဉ်းစားပုံ စဉ်းစားနည်းတွေ မတူတဲ့ [၄၄] အကြောင်းလေးတွေ မြတ်စွာဘုရား ဟောထားတာ ရှိတယ်။

ဆိုပါစို့၊ လူဟာ အားထုတ်ခြင်း အားမထုတ်ခြင်း အကြောင်း နှစ်မျိုးထဲမှာတဲ့၊ စဉ်းစားပုံ မတူလို့ တစ်ယောက်က အားမထုတ်ဘူး၊ တစ်ယောက်က အားထုတ်တယ်၊ စဉ်းစားပုံချင်း ဘယ်လိုမတူတုန်းဆိုတဲ့ အခါမှာ လူတစ်ယောက်ဟာ နေမကောင်းဖြစ်တယ်၊ မကျန်းမမာဖြစ်တယ်၊ မကျန်းမမာဖြစ်တဲ့အခါ သူက စဉ်းစားတာ၊ “ဪ၊ ငါမကျန်းမမာဖြစ်တော့ အားတွေ နည်းလာတယ်၊ အဲဒီတော့ အားတွေနည်းလာတဲ့အခါမှာ ငါ့ခန္ဓာကိုယ်ကြီးသက်သာအောင် သက်သာသလိုလေး အနားယူပြီးတော့နေတာကောင်းတယ်၊ ဘာမှ မလုပ်ဘဲနေတာကောင်းတယ်” လို့ စဉ်းစားလို့ရှိရင် အဲဒီလူဟာ ဘာမှမရလိုက်ဘူး။ ဒါက စဉ်းစားတဲ့လူတစ်မျိုး။ နောက်တစ်မျိုးက ဘယ်လိုစဉ်းစားသလဲဆိုတော့ “ဪ၊ ငါ မကျန်းမမာဖြစ်တော့ ခန္ဓာကိုယ်ကြီး အားနည်းသွားပြီ၊ အဲဒီတော့ အခု ကျန်းမာစပြုလာပြီ၊" [၄၅] ခန္ဓာကိုယ် ဒီ့ထက်အားနည်းသွားရင် ငါ ကောင်းတဲ့ အလုပ်တွေ လုပ်နိုင်မှာ မဟုတ်တော့ဘူး၊ အခုအချိန်မှာ ငါ တရားကို ကြိုးစားပြီးတော့မှတ်မှပဲ” လို့ စဉ်းစားတယ်။ ကြိုးစားမှု ဖြစ်သွားပြန်ရော။ မှန်ကန်စွာ တွေးတောနိုင်မှုဟာ အင်မတန်မှ အရေးကြီးတယ်။ ဘာလို့တုန်းဆိုရင် တွေးပြီးတော့မှ လုပ်တာကိုး။ မတွေးဘဲနဲ့ မလုပ်ဘူး။ အားလုံးတွေးပြီးတော့ လုပ်ကြတာဖြစ်တယ်၊ အဲဒီတော့ မှန်ကန်စွာ တွေးတောနိုင်မှုဆိုတာ အရေးကြီးတယ်။ အမှန်တွေးတတ်အောင် တရားနာရတယ်၊ မြတ်စွာဘုရား အဆုံးအမတွေကို မှတ်သားရတယ်။ ဘဝရဲ့ အခြေအနေတွေကို စဉ်းစားရတယ်၊ လေ့လာရတယ်၊ သုံးသပ်ရတယ်၊ အမှတ်တမဲ့ မနေရဘူး။ ကိုယ့်ဟာကိုယ်လည်း ဒီလိုစဉ်းစားရင် ဘယ်လိုစိတ်ဖြစ်သလဲ? ဟိုလိုစဉ်းစားရင် ဘာစိတ်တွေ ဖြစ်သလဲ? ကိုယ့်ဟာကိုယ်လည်း အမြဲတမ်း ဆင်ခြင်သုံးသပ်ပြီး “ဒီလိုစဉ်းစားမှ ငါ့မှာ သောက၊ က လွတ်တယ်” ဆိုရင် အဲဒီလိုစဉ်းစားပေး။ စဉ်းစားပေးခြင်းရဲ့ [၄၆] ရလဒ်ကို ကိုယ်တိုင်သိရှိအောင် ကြိုးစားအားထုတ်ရမယ်၊ ဒါဟာ Mindfulness based stress reduction ဆိုတာပဲ။

ဒါ ကိုယ့်အတွက်ပါ။ လူတိုင်း လူတိုင်းအတွက်။ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေအတွက်ချည်း မဟုတ်ဘူး။ မကျန်းမာတဲ့ ပုဂ္ဂိုလ်အတွက်ချည်းလည်း မဟုတ်ဘူး။ လူငယ်တွေအတွက်လည်း ဒါပဲနော်။ လူကြီးတွေအတွက်လည်း ဒါပဲ။ ကျန်းမာတဲ့ပုဂ္ဂိုလ်တွေအတွက်လည်း ဒါပဲ။ မကျန်းမာတဲ့ ပုဂ္ဂိုလ်အတွက်လည်း ဒါပဲ။ ငယ်တဲ့ပုဂ္ဂိုလ်တွေကလည်းစဉ်းစား၊ “အေး၊ ငါတို့လည်း တစ်နေ့ကျတော့ အိုရဦးမှာပဲ၊ မအိုခင် တို့ဒါတွေ လုပ်ထားမှ ခံနိုင်ရည်ရှိမှာ” ဆိုပြီး ခုကတည်းကကြိုတင်ပြီး ကြိုးစားထားရတယ်။

အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေကလည်း “အို၊ ငါတို့ အသက်ကြီးလာပြီ၊ အသက်ကြီးလို့ဆိုပြီး မလျှော့လေနဲ့၊ ဒါတွေက တို့အတွက် သိပ်အရေးကြီးနေပြီ” လို့ ဆိုတာကို ကြိုးစားရမယ်။ ကျန်းမာတဲ့ပုဂ္ဂိုလ်ကလည်း

[၄၇] နှစ်ဦးမေတ္တာ လူတိုင်းမှာ

“ငါ ကျန်းမာနေတာ ဒါတွေ လုပ်စရာမလိုဘူး" လို့ မစဉ်းစားဘဲနဲ့ “ကျန်းမာနေတဲ့အချိန်လေးမှာ ကိုယ့်သန္တာန်မှာ ကောင်းတဲ့တရားတွေ များများဖြစ်အောင် ကြိုးစားမှ” ဆိုတဲ့အတွေး တွေးရမယ်။
- မကျန်းမာတဲ့ပုဂ္ဂိုလ်ကျတော့ “အေး၊ ငါ မကျန်းမမာ ဖြစ်နေပြီ၊ သေဖို့ရာ ပိုနီးလာတယ်၊ မသေခင် ငါ ဒါအလုပ်ကို လုပ်ရမယ်” ဆိုတဲ့ ဆုံးဖြတ်ချက်လေးတွေနဲ့ ကိုယ့်ရဲ့အကျိုးရှိရာ အကျိုးရှိကြောင်း တရားဓမ္မကို ကျင့်ကြံကြိုးကုတ်အားထုတ်ရမယ်။

အဲဒီတော့ မြတ်စွာဘုရားရဲ့တရားဆိုတာ ဘာသာတရားနဲ့လည်း မဆိုင်ဘူး၊ လူမျိုးနဲ့လည်း မဆိုင်ဘူးနော်၊ ကိုးကွယ်မှုတွေနဲ့ ဘာမှမဆိုင်ဘူး။ ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့ Internal examine နဲ့ဆိုင်တယ်။ အတွင်းကို ပြန်ပြီးတော့ checking လုပ်တယ်၊ သုံးသပ်တယ်။ ကိုယ့်ရဲ့စိတ်ဓာတ်ကို Mental check-up လုပ်တယ် ပေါ့နော်။ ကိုယ့်ရဲ့စိတ်ကိုကိုယ် check-up လုပ်ပြီးတဲ့ အခါမှာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဆိုတာ [၄၈] တွေ မဖြစ်အောင် ကြိုးစားအားထုတ်ခြင်းဖြစ်တယ်။ ဒါတွေကို သဘောကျပြီး နေ့စဉ်ဘဝ လှုပ်ရှားသွားလာပြီးတော့ နေတဲ့အခါ အများနဲ့ ဆက်ဆံတဲ့အခါမှာ အားလုံးပြန်ပြီးတော့ နိဂုံးချုပ်ပြီးပြောရမယ်။

အခုလို “နှစ်ဦးမေတ္တာ လူတိုင်းမှာ ထားရမှာကတော့ အားလုံးအပေါ်မှာ မေတ္တာနဲ့ဆက်ဆံရမယ်။ ခန္တီဆိုတဲ့တရားနဲ့ သည်းခံနိုင်ရမယ်။ ဥပေက္ခာဆိုတဲ့ တရားနဲ့နော် ခွင့်လွှတ်နိုင်ရမယ်။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ အလုပ်လုပ်တဲ့ မဂ္ဂင်ငါးမျိုး၊ သီလမဂ္ဂင် သုံးမျိုးကို အခြေခံပြီးတော့ အလုပ်လုပ်တဲ့မဂ္ဂင်ငါးမျိုး၊ စုစုပေါင်း မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် ဘဝခရီးမှာမိမိတို့ ဘဝအခြေအနေမှန်ကို ဆင်ခြင်သုံးသပ်နိုင်အောင် နေ့စဉ်နဲ့အမျှ stress တွေကို လျှော့ချနိုင်အောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်” လို့ ကိုယ်စီကိုယ်စီ သတိထားပြီး အခု နှစ်ဆန်းတစ်ရက်နေ့ကစပြီး မြတ်စွာဘုရား ဟောတဲ့ အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။ သာဓု သာဓု သာဓု။

dnpvdzgia7itu4zlq8cuyvu9e537idd
22334
22333
2026-11-05T15:18:13Z

[၃၂]

[၄၇]

nk9gg6xp286y1uyfsbg25h9s5qy0jwk
ပဋ္ဌာန်းမြတ်ဒေသနာအကျဉ်း
0
6468
22335
2026-11-05T15:20:02Z
Tejinda
173
"{{header | title = ပဋ္ဌာန်းမြတ်ဒေသနာအကျဉ်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = နှစ်ဦ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22335
wikitext
text/x-wiki
{{header
| title = ပဋ္ဌာန်းမြတ်ဒေသနာအကျဉ်း
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[နှစ်ဦးမေတ္တာလူတိုင်းမှာ]]
| previous2 = [[ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်]]
| next = [[ပတ်ဝန်းကျင်ကို ရှုမြင်၍ မိမိဘဝကို ပြုပြင်ခြင်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ပဋ္ဌာန်းမြတ်ဒေသနာအကျဉ်း

အဖွင့်အမှာ

အကျိုးတရား၏တည်ရာ အခြေပြုရာဖြစ်သော အကြောင်းအမျိုးမျိုးကို “ပဋ္ဌာန” ဟုခေါ်၏။ ပဋ္ဌာနခေါ် အကြောင်းအမျိုးမျိုးကို ရှင်းလင်းဟောပြအပ်သော ဒေသနာတော်ကိုလည်း “ပဋ္ဌာန” ဟုပင် ခေါ်သည်။ မြတ်ဗုဒ္ဓ၏ဒေသနာတော်သည် အကြောင်းနှင့်အကျိုးကို ရှင်းလင်းဟောကြားမှုတွင် အခြေခံ၏။ အဓိကဖြစ်သော သစ္စဒေသနာ၌ အကြောင်းနှင့်အကျိုး ၂-မျိုးစီ အကျဉ်းချုပ် ဟောတော်မူသည်။ ပဋိစ္စသမုပ္ပါဒဒေသနာ၌ ထိုအကြောင်းအကျိုး တရားတို့ကိုပင် အကျယ်ချဲ့၍ ဟောတော်မူသည်။ ပဋ္ဌာနဒေသနာ၌ ထိုအကြောင်းအကျိုး တရားတို့ကိုပင် အပြန်အလှန် ကျေးဇူးပြုပုံနှင့် အကြောင်းတရား၏ ပစ္စယသတ္တိကိုပါ ထည့်သွင်းပြီး ပြည့်ပြည့်စုံစုံ ဟောတော်မူ၏။

မှန်၏၊ ပဋ္ဌာနဒေသနာ၌ အကြောင်း ၂၄-မျိုး (၂၄-ပစ္စည်း)ကို ပြထား၏။ ထိုအကြောင်း ၂၄-ပစ္စည်း၌ အကျိုးတရားကို ကျေးဇူးပြုတတ်သော အကြောင်းတရားမှန်သမျှ ပါဝင်၏။ တစ်ဖန် ထိုအကြောင်း ၂၄-ပစ္စည်းသည်လည်း အာရမ္မဏ၊ ဥပနိဿယ၊ ကမ္မ၊ အတ္ထိ ဟူသော အကြောင်းပစ္စည်း ၄-မျိုးတွင် အကျုံးဝင်၏။

အကြောင်းအကျိုး ကျေးဇူးပြုရာ၌ အကြောင်းတရားတစ်ခုက အကျိုးတရားတစ်ခုကိုသာ ကျေးဇူးပြုသည်ဟု မမှတ်ရ၊ အကြောင်းတရားများစွာ စုပေါင်းမိမှသာ အကျိုးတရားကို ကျေးဇူးပြုနိုင်သည်ဟု မှတ်ရမည်။ ပဋ္ဌာနဒေသနာလာ အကြောင်း ၂၄-ပစ္စည်းသည် သတ္တိတစ်မျိုးစီ ရှိကြသော်လည်း မျိုးတူရာ သဘာဝတူရာ စုပေါင်း၍သာ ကျေးဇူးပြုကြ၏။

လောက၌ မည်သည့်အရာမဆို အကြောင်းတရားများစွာ စုပေါင်းကျေးဇူးပြုမှုတွင် အခြေခံ၏။ အကြောင်းကင်းပြီး မည်သည့်အရာမျှ မဖြစ်၊ အကြောင်းတရားသည်ပင် အခြားအကြောင်းတရားများကြောင့် ဖြစ်လာရ၏။ အကြောင်းကင်းသော အကျိုးတရားမရှိသကဲ့သို့ အကြောင်းကင်းသော အကြောင်းတရားလည်း မရှိပေ။

အကြောင်းအကျိုးကို ရှုမြင်တတ်သော အသိဉာဏ်သည် အလွန်အရေးပါ၏။ မည်သည့် ကိစ္စမှာမဆို အကြောင်းအကျိုး အမှန်အကန် မသိသမျှ အောင်မြင်ပြီးမြောက်နိုင်မည် မဟုတ်၊ အကြောင်းအကျိုး မှန်ကန်စွာ သိမှသာ ဘဝပြဿနာကို ဖြေရှင်းနိုင်၍ ဘဝနိရောဓနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည် ဖြစ်၏။

အရှင်အဿဇိသည် အကြောင်းအကျိုးဝါဒကို “ဗုဒ္ဓဝါဒ”အဖြစ် ဥပတိဿပရိဗိုဇ် (နောက်တွင် အရှင်သာရိပုတ္တ)အား ရှင်းပြခဲ့၏။ အကြောင်းအကျိုးကို မှန်ကန်စွာ သိရမှသာ “အမှန်တရား” ကို သိရှိနိုင်၏။ လောက၌ ဘာသာဝါဒအမျိုးမျိုး ပေါ်ထွန်းနေခြင်းမှာ အကြောင်းအကျိုး အစစ်အမှန်ကို မသိသောကြောင့် ဖြစ်၏။

အကြောင်းဟုတ်သည်ကို ဟုတ်သည့်အတိုင်း၊ မဟုတ်သည်ကို မဟုတ်သည့်အတိုင်း မှန်ကန်စွာ သိတတ်သောဉာဏ်သည် ဗုဒ္ဓစွမ်းအား (တထာဂတဗလ) တစ်မျိုးသာ ဖြစ်၏။ ဗုဒ္ဓစွမ်းအားဖြင့် ဟောကြားအပ်သော အကြောင်းအကျိုးတရားကို သိရှိနားလည်ခွင့်ရခြင်းသည် အလွန့်အလွန်ထူးကဲသော အခွင့်ကောင်းကြီးတစ်ရပ် ဖြစ်သည်။

အကြောင်းအကျိုးနှင့် စပ်၍ အပြည့်အစုံဆုံး ရှင်းလင်းဟောကြားအပ်သော ဗုဒ္ဓဒေသနာတော်မှာ “ပဋ္ဌာန်းမြတ်ဒေသနာတော်”သာ ဖြစ်ပေသည်။ ဤပဋ္ဌာန်းမြတ်ဒေသနာတော်ကို၊ အနည်းဆုံး ပစ္စယုဒ္ဒေသ နှင့် ပစ္စယနိဒ္ဒေသပါဠိကို၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ အနက်အဓိပ္ပါယ်ကို သင်ယူလေ့လာခြင်း၊ နှလုံးသွင်းဆင်ခြင်ခြင်းဖြင့် “ကြောင်းကျိုးဉာဏ်” ကို ရရှိနိုင်ပေသည်။

ကြိုးစားကြည့်ပါ။

[၁] ရှိခိုးခြင်း

“ကြောင်း, ကျိုးဆက်ပြွမ်း၊ “မြတ်ပဋ္ဌာန်း” ကို၊
ဟောစွမ်း စေ့ငု၊
သဗ္ဗညုတ၊ ဉာဏသခင်၊
ဘုရားရှင်ကို၊ အစဉ်မြတ်နိုး၊ လက်စုံမိုးလျက်၊
ရှိခိုးပါ၏ အရှင်ဘုရား”

[၂] ပစ္စယုဒ္ဒေသပါဠိ

(၁) ဟေတုပစ္စယော၊
(၂) အာရမ္မဏပစ္စယော၊
(၃) အဓိပတိပစ္စယော၊
(၄) အနန္တရပစ္စယော၊
(၅) သမနန္တရပစ္စယော၊
(၆) သဟဇာတပစ္စယော၊
(၇) အညမညပစ္စယော၊
(၈) နိဿယပစ္စယော၊
(၉) ဥပနိဿယပစ္စယော၊
(၁၀) ပုရေဇာတပစ္စယော၊
(၁၁) ပစ္ဆာဇာတပစ္စယော၊
(၁၂) အာသေဝနပစ္စယော၊
(၁၃) ကမ္မပစ္စယော၊
(၁၄) ဝိပါကပစ္စယော၊
(၁၅) အာဟာရပစ္စယော၊
(၁၆) ဣန္ဒြိယပစ္စယော၊
(၁၇) ဈာနပစ္စယော၊
(၁၈) မဂ္ဂပစ္စယော၊
(၁၉) သမ္ပယုတ္တပစ္စယော၊
(၂၀) ဝိပ္ပယုတ္တပစ္စယော၊
(၂၁) အတ္ထိပစ္စယော၊
(၂၂) နတ္ထိပစ္စယော၊
(၂၃) ဝိဂတပစ္စယော၊ [၃] (၂၄) အဝိဂတပစ္စယောတိ။
ပစ္စယုဒ္ဒေသော

ပါဠိ အနက်

ဟေတုပစ္စယော၊
ရေသောက်မြစ်လျှင်၊ မြက်သစ်ပင်ကို၊ စိမ်းရှင်ခက်များ၊ ပင်စည်ထွားအောင်၊ ကြီးပွားစေမှု၊ ကျေးဇူးပြုသို့၊ ဟေတုကြောင်းခံ၊ ရုပ်နှင့်နာမ်ကို၊ ရှင်သန်စေမှု၊ ကျေးဇူးပြုငြား၊ ဟိတ် ၆-ပါး ပစ္စည်းတရားလည်းကောင်း၊

အာရမ္မဏပစ္စယော၊
တောင်ဝှေးကြိုးတန်း၊ ဆွဲကိုင်လှမ်းလျက်၊ မစွမ်းလူမှာ၊ ထရရှာသို့၊ ခုနစ်ဖြာမှတ်၊ ဝိညာဏ်ဓာတ်တို့၊ စွဲမှတ်မြှော်ရှု၊ မှီရာမှုဖြင့်၊ ကျေးဇူးပြုငြား၊ အာရုံ ၆-ပါး၊ ပစ္စည်းတရားလည်းကောင်း။

အဓိပတိပစ္စယော၊
အတူဖြစ်ပြန်၊ ရုပ်နှင့်နာမ်ကို၊ ဧကန်လွှမ်းမိုး၊ ကြီးစိုးနိုင်ဘိ၊ အဓိပတိတရား၊ စိတ်စေများ၏၊ အလေးထားသမျှ၊ အာရုံပြုပြန်၊ ရုပ်နိပွန်နှင့်၊ နိဗ္ဗာန်ခေါ်ရိုး၊ အာရုံမျိုး၏၊ ကြီးစိုးသမျှ၊ ကျေးဇူးပြုငြား၊ အဓိပတိပစ္စည်းတရားလည်းကောင်း။

အနန္တရပစ္စယော၊
ရှေ့ဖြစ်ချုပ်ငြား၊ နာမ်တရားက၊ နောက်ပါးဖြစ်မှု၊ နာမ်အစုအား၊ ခွင့်ပြုအနေ၊ မသွေ စိတ္တ၊ နိယာမဖြင့်၊ ဓမ္မတစ်ပါး၊ ကွယ်ခြား [၄] ကင်းမှု၊ ကျေးဇူးပြုငြား၊ အနန္တရပစ္စည်းတရားလည်းကောင်း။

သမနန္တရပစ္စယော၊
ရှေ့နောက်နှစ်ရပ်၊ ကြားမညှပ်လာ၊ ခြားမဲ့သာလျှင်၊ ရှေ့မှာချုပ်ငြား၊ နာမ်တရားက၊ နောက်ပါးနာမ်စစ်၊ ဧကန်ဖြစ်ဖို့၊ ကွယ်ရစ်သတ္တိ၊ ကျေးဇူးပြုငြား၊ သမနန္တရပစ္စည်းတရားလည်းကောင်း။

သဟဇာတပစ္စယော၊
ဆီမီးအလင်း၊ မယွင်းခဏ၊ ပြိုင်တူကျသို့၊ တကွဖြစ်ပြန်၊ ရုပ်နှင့်နာမ်တို့၊ ဧကန်စင်စစ်၊ ပြိုင်တူဖြစ်လျက်၊ တည်ရစ်စေ၊ ကျေးဇူးပြုငြား၊ သဟဇာတပစ္စည်းတရားလည်းကောင်း။

အညမညပစ္စယော၊
သစ်သားသုံးခွ၊ ချင်းချင်းမလျက်၊ တည်ကြသည့်ဟန်၊ ပြန်လှန်တည်မှု၊ ကျေးဇူးပြုငြား၊ အညမညပစ္စည်းတရားလည်းကောင်း။

နိဿယပစ္စယော၊
မြေသည် သစ်ပင်၊ အစဉ်မကွာ၊ တည်ရာဖြစ်၊ ကျေးဇူးပြုသို့၊ တစ်ခုတုံမှတ်၊ ပုံကားချပ်လည်း၊ သပ်ရပ်စုံစွာ၊ ရုပ်ပုံလွှာ၏၊ တည်ရာဖြစ်၊ ကျေးဇူးပြုသို့၊ ရုပ်စုနာမ်စု၊ တည်ရာမျှဖြင့်၊ ကျေးဇူးပြုငြား၊ နိဿယပစ္စည်းတရားလည်းကောင်း။

ဥပနိဿယပစ္စယော၊
စိတ် စေတရား၊ ဤနှစ်ပါး၏၊ အင်အားကြီးစွာ၊ မှီရာဖြစ် [၅] ကျေးဇူးပြုသည့်၊ အာရမ္မဏူပနိဿယ။ ထိုမှတစ်သီး၊ အားကြီးလှစွာ၊ ခြားမဲ့မှာလျှင်၊ မှီရာစင်စစ်၊ နောက်စိတ်ဖြစ်မှု၊ ကျေးဇူးပြုသည့်၊ အနန္တရူပနိဿယ။ ထိုမှတစ်ဖြာ၊ အားကြီးစွာသည့်၊ များစွာကြောင်းစု၊ ကျေးဇူးပြုသည့်၊ ပကတူပနိဿယ၊ သုံးဝပိုင်းခြား၊ ဥပနိဿယ ပစ္စည်းတရားလည်းကောင်း။

ပုရေဇာတပစ္စယော၊
ကြိုတင်ဖြစ်ဟု၊ ဝတ္ထုအာရုံ၊ အလုံးစုံက၊ ဖြစ်တုံနောက်ပေ၊ စိတ်နှင့်စေအား၊ မသွေတည်၊ ကျေးဇူးပြုငြား၊ ပုရေဇာတပစ္စည်း တရားလည်းကောင်း။

ပစ္ဆာဇာတပစ္စယော၊
စားချင်အာသာ၊ နောက်ပေါ်လာက၊ ရှေ့မှာဖြစ်ဆို၊ လင်းတကိုယ်အား၊ မပြိုလဲစေ၊ ထောက်ပံ့လေသို့၊ စိတ် စေ ၂-ပါး၊ နောက်ဖြစ်ငြားလည်း၊ ရှေ့သွားတည်လာ၊ ရုပ်ခန္ဓာ၏၊ မကွာတည်မှု၊ စွမ်းအားစုဖြင့်၊ ကျေးဇူးပြုငြား၊ ပစ္ဆာဇာတပစ္စည်းတရားလည်းကောင်း။

အာသေဝနပစ္စယော၊
စာပေကျမ်းဂန်၊ ရှေ့သင်ဉာဏ်က၊ နောက်ဉာဏ်ဖြစ်၊ ကျေးဇူးပြုသို့၊ နောက်စု ဇောအား၊ ရှေ့ဇောများက၊ ဖြစ်ပွားစေဟု၊ ထုံမွမ်းဖြင့်၊ ကျေးဇူးပြုငြား၊ အာသေဝနပစ္စည်းတရားလည်းကောင်း။

ကမ္မပစ္စယော၊
အကြောင်းကံက၊ ကျိုးဖလကို၊ ခဏကွဲပြား၊ ဖြစ်ပွားစေဘိ၊ [၆] နာနာက္ခဏိကာ၊ စေတနာတည့်။ မကွာအစဉ်၊ စိတ်တိုင်းယှဉ်လာ၊ စေတနာက၊ တူစွာဖြစ်နေ၊ စိတ်နှင့်စေကို၊ မသွေမြော်ရှု၊ စေ့ဆော်မှုဖြင့်၊ ကျေးဇူးပြုငြား၊ ကမ္မပစ္စည်းတရားလည်းကောင်း။

ဝိပါကပစ္စယော၊
အားထုတ်မှုကင်း၊ ငြိမ်းသက်ခြင်းဖြင့်၊ မယွင်းတူစွာ၊ ဝိပါကာဟု၊ နှစ်ဖြာရုပ်နာမ်၊ ငြိမ်သက်ရန်ဟု၊ ထောက်ခံရှေ့ရှု၊ ကျေးဇူးပြုငြား၊ ဝိပါကပစ္စည်းတရားလည်းကောင်း။

အာဟာရပစ္စယော၊
ဩဇာခေါ်ကြ၊ အာဟာရနှင့်၊ ဖဿ၊ စေတနာ၊ မကွာတူယှဉ်၊ စိတ်ဝိညာဉ်တို့၊ အစဉ်မကွာ၊ သက်ဆိုင်ရာဟု၊ နှစ်ဖြာသင့်တန်၊ ရုပ်နှင့်နာမ်ကို၊ ကျားကန်သ၊ ကျေးဇူးပြုငြား၊ အာဟာရပစ္စည်း တရားလည်းကောင်း။

ဣန္ဒြိယပစ္စယော၊
စက္ခုစသည်၊ ငါးလီဣန္ဒြေ၊ စိတ်စေတရား၊ စိုးပိုင်ထားလျက်၊ တစ်ပါးရူပဇီဝိတကား၊ ကမ္မဇရုပ်၊ ထိန်းချုပ်ဧကန်၊ ကျန်ဣန္ဒြေ၊ နှစ်ထွေနာမ်ရုပ်၊ ထိန်းချုပ်သမျှ၊ ကျေးဇူးပြုငြား၊ ဣန္ဒြိယပစ္စည်းတရား လည်းကောင်း။

ဈာနပစ္စယော၊
အာရုံစွဲမှတ်၊ ကပ်၍ရှုပါ၊ ဈာန်အင်္ဂါတို့၊ တူစွာဖြစ်ငြား၊ ရုပ်နာမ်များကို၊ ရှုငြားစေ၊ သတ္တိစုဖြင့်၊ ကျေးဇူးပြုငြား၊ ဈာနပစ္စည်း [၇] တရားလည်းကောင်း။

မဂ္ဂပစ္စယော၊
ကောင်းဆိုးတရား၊ မဂ္ဂင်များက၊ ဖြစ်ပွားတူပြန်၊ ရုပ်နှင့်နာမ်ကို၊ ဧကန်မြှော်ရှု၊ လမ်းကြောင်းမှုဖြင့်၊ ကျေးဇူးပြုငြား၊ မဂ္ဂပစ္စည်းတရား လည်းကောင်း။

သမ္ပယုတ္တပစ္စယော၊
ဝတ္ထုအာရုံ၊ ဖြစ်တုံချုပ်ငြား၊ တူ ၄-ပါးဖြင့်၊ ပေါင်းထားသမျှ၊ ကျေးဇူးပြုငြား၊ သမ္ပယုတ္တပစ္စည်းတရားလည်းကောင်း။

ဝိပ္ပယုတ္တပစ္စယော၊
ဝတ္ထုအာရုံ၊ ဖြစ်တုံချုပ်ပျက်၊ မတူချက်ကြောင့်၊ တွဲဘက်မရ၊ ရုပ်က နာမ်ကို၊ နာမ်ဆို ရုပ်အား၊ တူဖြစ်ငြားလည်း၊ ကွဲပြားသမျှ၊ ကျေးဇူးပြုငြား၊ ဝိပ္ပယုတ္တပစ္စည်းတရားလည်းကောင်း။

အတ္ထိပစ္စယော၊
ပစ္စုပ္ပန်မှာ၊ ရှိခိုက်သာလျှင်၊ မကွာတူဘိ၊ ထင်ရှားရှိငြား၊ ကျိုးတရားကို၊ ဖြစ်ပွားစေ၊ ကျေးဇူးပြုငြား၊ အတ္ထိပစ္စည်းတရား လည်းကောင်း။

နတ္ထိပစ္စယော၊
လုံးဝချုပ်ဘိ၊ မရှိမှသာ၊ နောက်လာတရား၊ စိတ် စေများတို့၊ ဖြစ်ပွားစေမှု၊ ကျေးဇူးပြုငြား၊ နတ္ထိပစ္စည်းတရားလည်းကောင်း။

[၈] ဝိဂတပစ္စယော၊
ချုပ်ပျောက်ကင်းကွာ၊ ဖြစ်သောခါမှ၊ နောက်လာတရား၊ စိတ် စေများတို့၊ ဖြစ်ပွားစေ၊ ကျေးဇူးပြုငြား၊ ဝိဂတပစ္စည်းတရား လည်းကောင်း။

အဝိဂတပစ္စယော၊
ထင်ရှားရှိခါ၊ မကင်းကွာဘဲ၊ ဖြစ်လာအဟုတ်၊ နာမ်နှင့်ရုပ်တို့၊ မချုပ်သေးခင်၊ စွမ်းအင်ပေး၊ ကျေးဇူးပြုငြား၊ အဝိဂတပစ္စည်းတရား လည်းကောင်း။

ဣတိ၊ ဤသို့။ ပစ္စယုဒ္ဒေသေ၊ ပစ္စည်းတရား၊ အကျဉ်းအားဖြင့်၊ ဟောကြားပြသ၊ ပစ္စယုဒ္ဒေသ၌။ စတုဝီသတိပစ္စယာ၊ ၂၄-ပစ္စည်းတို့ကို။ ဘဂဝတာ။ မြတ်စွာဘုရားသည်။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။

[၉] အဓိပ္ပါယ်ဖွင့်ဆိုချက်

၁။ ဟေတုပစ္စည်း
အကျိုးတရားများ ခိုင်မြဲစွာတည်ရှိစေရန် အခြေအမြစ် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရားသည် “ဟေတုပစ္စည်း” မည်၏။ (ဟေတု=တည်ရှိရာ အခြေအမြစ်။ ပစ္စယော=အကျိုးတရားများအား ဖြစ်စေ၊ တည်ရှိစေသောအားဖြင့် ကျေးဇူးပြုခြင်း။)
ရေသောက်မြစ်သည် သစ်ပင်ကို ခိုင်ခန့်စွာ တည်ရှိစေ၏။ ရှင်သန် ကြီးထွားစေ၏။ ဟေတုပစ္စည်းခေါ် ဟိတ် ၆-ပါးသည်လည်း အကျိုးတရားများကို ခိုင်ခန့်စွာ တည်ရှိစေ၏။

ဟိတ် ၆-ပါး
ဟေတုကို “ဟိတ်”ဟု မြန်မာမှုပြု၏၊ အကျိုးတရားများ၏ ဖြစ်ရာတည်ရာ အကြောင်းဟု ဆိုလို၏။ ဟိတ်သည် ၆-မျိုးရှိ၏။
လောဘ (လိုချင်မှု၊ တွယ်တာမှု)
ဒေါသ (မုန်းတီးမှု၊ အလိုမကျမှု)
မောဟ (တွေဝေမှု၊ အမှန်မသိမှု)
အလောဘ (စွန့်လွှတ်မှု)
အဒေါသ (အကျိုးလိုလားမှု)
အမောဟ (အမှန်သိမြင်မှု)
ဤဟိတ် ၆-ပါးသည် စိတ်၌ဖြစ်ပေါ်တတ်သော (စေတသိက်) တရားများဖြစ်၏။ ဤတရားတို့သည် မိမိတို့ဖြစ်ရာ စိတ်၊ ထိုစိတ်နှင့်အတူဖြစ်လာသော စေတသိက်၊ ထိုစိတ်ကြောင့် ဖြစ်လာသော စိတ္တဇရုပ်၊ [၁၀] ပဋိသန္ဓေဖြစ်ခိုက် သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်များအား အခြေအမြစ်သဖွယ် ကျေးဇူးပြု၏။

ပစ္စည်း ပစ္စယုပ္ပန်
(ပစ္စယ=ပစ္စည်း=အကြောင်းတရား) (ပစ္စယုပ္ပန္န=ပစ္စယုပ္ပန်- အကြောင်းတရားကြောင့် ဖြစ်လာသောတရား၊ အကျိုးတရား)

ပစ္စည်း
ဟိတ် ၆-ပါး။

ပစ္စယုပ္ပန်
သဟိတ်စိတ် ၇၁၊ စေတသိက် ၅၂၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်။

ကျေးဇူးပြုပုံ
ဟိတ် ၆-ပါး ပစ္စည်းတရားက ဆိုင်ရာအကျိုးတရားများအား ကျေးဇူးပြုပုံကို ဤသို့ မှတ်အပ်၏။

လောဘ
တစ်ဦးတစ်ယောက်၏ စိတ်၌ လိုချင်မှု တွယ်တာမှု ဖြစ်နေအံ့၊ လောဘဖြစ်သည်နှင့် တစ်ပြိုင်နက် လိုချင်မှု အကြောင်းခံသည့် အတွေးအကြံများ၊ ပြောဆိုပြုလုပ်မှုများ ဖြစ်လာ၏။ လောဘရှိနေသမျှ လိုချင်စိတ်များ လိုချင်သည့်အရာကို ရရှိနိုင်ရန် ပြောဆိုပြုလုပ်မှုများ ရှိနေမည်သာ ဖြစ်၏။ ဤ၌ လိုချင်စိတ်များ ပြောဆိုပြုလုပ်မှုများ ရှင်သန်တည်ရှိနေအောင် လောဘက ဟေတုသတ္တိဖြင့် [၁၁] ကျေးဇူးပြုထားခြင်း ဖြစ်၏။

ဒေါသ
အလိုမကျခြင်း၊ မုန်းတီးခြင်း ဒေါသ စိတ်၌ဖြစ်လာအံ့၊ ဒေါသစိတ်ဖြင့် ကြံစည်ခြင်း၊ ပြောဆိုပြုလုပ်ခြင်းများ ဖြစ်လာ၏။ ဒေါသရှိနေသမျှ မိမိ သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်း စိတ်ကူးကြံစည်မှုများ၊ ပြောဆိုပြုလုပ်မှုများ တည်တံ့ ဖြစ်ပွား ရှင်သန်နေကြမည်သာ ဖြစ်၏။

မောဟ
တွေဝေခြင်း အမှန်မသိခြင်း မောဟဖြစ်လာအံ့၊ တွေဝေစိတ်များ မှားမှားယွင်းယွင်း ပြောဆိုပြုလုပ်မှုများ ဖြစ်လာ၏။ မောဟရှိနေသမျှ အထင်မှား အမြင်မှား ပြောဆိုပြုလုပ်မှုများ ဖြစ်ပွား တည်တံ့ ရှင်သန်နေကြမည်သာ ဖြစ်၏။

အလောဘ
တစ်ဖန် လိုချင်တွယ်တာမှု မရှိခြင်း စွန့်လွှတ်ခြင်း အလောဘ ဖြစ်လာအံ့၊ လှူဒါန်းပေးကမ်းရန် ကြံစည်စိတ်ကူးခြင်း ပြောဆိုပြုလုပ်ခြင်းများ ဖြစ်ပေါ်ရှင်သန်နေ၏။

အဒေါသ
အမုန်းမပွား မေတ္တာထားခြင်း၊ သူတစ်ပါးအကျိုးကို လိုလားခြင်း၊ အဒေါသ ဖြစ်လာအံ့။ အများအကျိုး ရှိရာရှိကြောင်း၊ ကြံစည်ခြင်း၊ ပြောဆိုပြုလုပ်ခြင်းများ ဖြစ်ပေါ်ရှင်သန်နေ၏။

[၁၂] အမောဟ
မတွေဝေခြင်း အမှန်ကို သိမြင်ခြင်း၊ အမောဟဖြစ်လာအံ့။ အကြောင်းအကျိုး ဆင်ခြင်သိမြင်ခြင်း ပြောဆိုပြုလုပ်ခြင်းများ ဖြစ်ပေါ်ရှင်သန်နေ၏။

ဤသို့လျှင် ဟိတ် ၆-ပါးတို့သည် မိမိတို့ကို အခြေခံသည့် စိတ်ကူးကြံစည်မှုများ (ယှဉ်ဖက်စိတ်စေတသိက်များ) ပြောဆိုပြုလုပ်မှုများ (စိတ္တဇရုပ်များ)ကို ဖြစ်ပွားရှင်သန် တည်တံ့နေအောင် ကျေးဇူးပြုကြပေသည်။ ဤဟိတ် ၆-ပါး၏ အကျိုးတရားများ အခြေခိုင်အောင် ရှင်သန်တည်တံ့နေအောင် စွမ်းဆောင်နိုင်သော သတ္တိထူးကိုပင် ဟေတုပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူခြင်း ဖြစ်၏။

၂။ အာရမ္မဏပစ္စည်း
အကျိုးတရား၏ အားပြု မှီတွယ်ရာ ပျော်မွေ့ရာ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် “အာရမ္မဏပစ္စည်း” မည်၏။

အာရုံ ၆-မျိုး
စိတ်၊ စေတသိက်များသည် ပျော်မွေ့ရာ မှီတွယ်ရာ အာရုံနှင့် ကင်း၍ မဖြစ်နိုင်ကြ၊ အာရုံတစ်မျိုးမျိုးကို မှီတွယ် အားပြုရမှသာ ဖြစ်နိုင်ကြ၏။
စိတ်၏ ပျော်မွေ့ရာ မှီတွယ်ရာ အာရုံသည် ၆-မျိုးရှိ၏။
(၁) ရူပါရုံ (အဆင်း)
(၂) သဒ္ဒါရုံ (အသံ)
(၃) ဂန္ဓာရုံ (အနံ့)

[၁၃]
(၄) ရသာရုံ
(အရသာ)

(၅) ဖောဋ္ဌဗ္ဗာရုံ
(အတွေ့)

(၆) ဓမ္မာရုံ
(ကြံသိ အာရုံ)တို့ဖြစ်၏။

ဓမ္မာရုံဟူရာ၌ မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ကာယ၊ အကြည်ရုပ်များ၊ ထိုအကြည်ရုပ်များတွင် ထင်လာခြင်းမရှိသော ရုပ်များ၊ စိတ်အားလုံး၊ စေတသိက်အားလုံး၊ နိဗ္ဗာန် ပညတ်များ ပါဝင်၏။ ပသာဒရုပ်များတွင် ထင်လာခြင်းမရှိဘဲ စိတ်ဖြင့် ကြံတွေးသိရသော ထူးခြားသော ဉာဏ်ဖြင့်သာ သိရသော အာရုံမျိုးကို ဓမ္မာရုံဟု မှတ်။

ပစ္စည်း ပစ္စယုပ္ပန်

ပစ္စည်း
အာရုံ ၆-ပါး။

ပစ္စယုပ္ပန်
စိတ် ၈၉၊
စေတသိက်

မျက်စိဖြင့် မြင်ရသော အဆင်းအာရုံကို မှီတွယ်၍ မြင်သိစိတ်များဖြစ်ကြ၏။ ဤ၌ မြင်သိစိတ်ကို အဆင်းအာရုံက မှီတွယ်ရာ အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။

ထို့အတူ နားဖြင့်ကြားရသော အသံအာရုံကို မှီတွယ်၍ ကြားသိစိတ်များ ဖြစ်ကြ၏။ နှာခေါင်းဖြင့် နမ်းရှူရသော အနံ့အာရုံကို မှီတွယ်၍ နံသိစိတ်များ ဖြစ်ကြ၏။ လျာဖြင့် လျက်ရသော အရသာ အာရုံကိုမှီတွယ်၍ လျက်သိစိတ်များ ဖြစ်ကြ၏။ ကိုယ်ဖြင့် ထိတွေ့ရသော အတွေ့အာရုံကို မှီတွယ်၍ ထိသိစိတ်များ ဖြစ်ကြ၏။ စိတ်ကူး [၁၄] ကြံတွေး၊ စဉ်းစားဆင်ခြင်ဖြင့် သိရသော ဓမ္မာရုံ (ကြံသိအာရုံ)ကို မှီတွယ်၍ ကြံသိစိတ်များ ဖြစ်ကြ၏။ ဤသို့လျှင် အာရုံ ၆-မျိုးသည် ကြံစည်စိတ်ကူးမှုခေါ် စိတ်စေတသိက်များအား မှီတွယ်ရာ ပျော်မွေ့ရာ အဖြစ်ဖြင့် ကျေးဇူးပြုကြ၏။

စိတ်စေတသိက်မှန်သမျှအား မှီတွယ်ရာအဖြစ် ကျေးဇူးပြုတတ်သော အာရုံ ၆-ပါး၏ စွမ်းဆောင်သတ္တိကိုပင် အာရမ္မဏပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူခြင်းဖြစ်သည်။

၃၊ အဓိပတိပစ္စည်း

လွှမ်းမိုးကြီးစိုးသောအားဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် အဓိပတိပစ္စည်း မည်၏။

အဓိပတိပစ္စည်းသည်

အဓိပတိပစ္စည်း ၂ မျိုး

(၁) သဟဇာတအဓိပတိ
(၂) အာရမ္မဏအဓိပတိ ဟူ၍ ၂-မျိုးရှိ၏။ ထိုတွင်

(၁) အတူဖြစ်ဖက်တရားများကို လွှမ်းမိုးကြီးစိုးတတ်သော ထက်သန်သော ဆန္ဒ၊ ကြီးမားကြံ့ခိုင်သော ဝီရိယ၊ ထက်မြက်သော ဝီမံသ (ပညာ)၊ ခိုင်မာသောစိတ်၊ ဤ အဓိပတိတရား ၄-ပါးတို့သည် သဟဇာတအဓိပတိ မည်၏။

(၂) တွယ်တာစွဲမက် နှစ်သက်စရာ အာရုံနှင့် လေးနက် သိမ်မွေ့ မွန်မြတ်သော အာရုံတို့သည် အာရမ္မဏအဓိပတိ မည်၏။

[၁၅]
ပစ္စည်း
သဟဇာတအဓိပတိ
အဓိပတိ ၄-ပါးမှ တစ်ပါးပါး

ပစ္စယုပ္ပန် သာဓိပတိဇော ၅၂
ပစ္စည်း
ဝိစိကိစ္ဆာမှတစ်ပါး စေတသိက် ၅၁၊ သာဓိပတိစိတ္တဇရုပ်

အာရမ္မဏအဓိပတိ (၁)
လောကီစိတ် (ဒေါသမူ၊ မောဟမူ၊ ဒုက္ခသဟဂုတ် ကာယဝိညာဉ်မှတစ်ပါး) ၇၆၊ စေတသိက် ၄၇၊ ဣဋ္ဌနိပ္ဖန္နရုပ် ၁၈၊

ပစ္စယုပ္ပန် လောဘမူစိတ် ၈-ခု၊ စေတသိက် ၂၂၊

ပစ္စည်း ပစ္စယုပ္ပန်

လောကီကုသိုလ်စိတ် ၁၇၊ မဟာကုသိုလ်စိတ် ၈၊
စေတသိက် (ဝိရတီ အပ္ပမညာမှ တစ်ပါး) ၃၃၊

ပစ္စည်း
လောကုတ္တရာစိတ် ၈-နိဗ္ဗာန်

ပစ္စယုပ္ပန်
မဟာကုသိုလ် မဟာကြိယာ
ဉာဏသမ္ပယုတ်စိတ် ၈၊ [၁၆]
နိဗ္ဗာန်
လောကုတ္တရာစိတ် ၈-ခု၊

ကျေးဇူးပြုပုံ

ထက်သန်သော ဆန္ဒ မိမိစိတ်၌ ဖြစ်လာအံ့၊ ထိုဆန္ဒသည် မိမိ၏ စိတ်ကူး တွေးတော မှန်သမျှ ပြောဆိုပြုလုပ် မှန်သမျှကို လွှမ်းမိုး ကြီးစိုးထား၏။ ထို့အတူ ကြီးမားကြံ့ခိုင်သော ဝီရိယ၊ ထက်မြက်သော ဝိမံသ၊ ခိုင်မာသောစိတ်များသည် စိတ်ကူး တွေးတောမှု မှန်သမျှ၊ ပြောဆိုပြုလုပ် မှန်သမျှကို လွှမ်းမိုး ကြီးစိုးထား၏။

ထို့ပြင် စွဲမက်စရာ နှစ်သက်စရာ အာရုံများသည် စွဲမက်တတ်သော စိတ်များကို လွှမ်းမိုးကြီးစိုးလျက် ဖြစ်၏၊ အလေးအနက် ထားရမည့် အာရုံများသည် အလေးအနက်ထားတတ်သော စိတ်များကို လွှမ်းမိုး ကြီးစိုးလျက် ဖြစ်၏။

ဤသို့လျှင် လွှမ်းမိုး ကြီးစိုးလျက် ကျေးဇူးပြုတတ်သော အဓိပတိ တရား ၄-ပါးနှင့် စွဲမက်ဖွယ် အလေးအနက်ပြုဖွယ် အာရုံ တို့၏ စွမ်းဆောင် သတ္တိကိုပင် အဓိပတိပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူသည်။

၄၊ အနန္တရပစ္စည်း

မိမိ၏အခြားမဲ့၌ အခြားအကွယ်မရှိသောအားဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် အနန္တရပစ္စည်း မည်၏။

[၁၇]
ပစ္စည်း
ရှေ့ရှေ့ဖြစ်သော စိတ် စေတသိက် ၅၂၊

ပစ္စယုပ္ပန် နောက်နောက်ဖြစ်သော စိတ်-၈၉၊ စေတသိက်

ကျေးဇူးပြုပုံ

သတ္တဝါတို့သန္တာန်၌ စိတ်၊ စေတသိက်တို့သည် အာရုံတစ်မျိုးမျိုးကို မှီလျက် စိတ်ဖြစ်စဉ် (စိတ္တဝီထိ) တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ် ဖြစ်ပေါ်လျက်ရှိ၏။ စိတ္တနိယာမအတိုင်း ရှေ့ရှေ့စိတ်များ ချုပ်ပြီးသည်နှင့် နောက်နောက်စိတ်များ ဆက်တိုက်ဖြစ်လာ၏။ ထိုသို့ ဖြစ်ရာ၌ ရှေ့စိတ်နှင့် နောက်စိတ်တို့၏အကြား တရားဓမ္မတစ်မျိုး ခြားကွယ်ခြင်း မရှိ၊ ခြားကွယ်ခြင်း မရှိသည်ကိုပင် အနန္တရဟု ဆိုသည်။ ရှေ့ရှေ့စိတ်ဖြစ်၍ ချုပ်ပြီးသည်နှင့်တစ်ပြိုင်နက် နောက်နောက်စိတ်များ ဖြစ်လာ၏။ ထိုသို့ ဖြစ်လာအောင် ရှေ့ရှေ့စိတ်များက နေရာဖယ်ပေးခြင်းအားဖြင့် နောက်နောက်စိတ်များကို ကျေးဇူးပြုကြ၏။

စက္ခုဒွါရဝီထိ

မျက်စိနှင့် အဆင်းအာရုံတို့ ဆုံမိကြသောအခါ လက်ရှိစိတ် အစဉ်၏ အလွန်လျှင်မြန်မှုကြောင့် ဘဝင်စိတ်တစ်ကြိမ် ကျော်လွန် သွား၏။ ဝတ္ထုအာရုံ ထိခိုက်မှုအစွမ်းကြောင့် ဘဝင်နှစ်ကြိမ်ဖြစ်ကာ လှုပ်ရှားပြီး ပြတ်တောက်သွား၏။

ထို့နောက် အာရုံအသစ်သို့ ဦးလှည့်ပေးသော အာဝဇ္ဇန်းစိတ်၊ အဆင်းအာရုံကိုမြင်သော စက္ခုဝိညာဉ်စိတ်၊ အာရုံအသစ်ကို [၁၈] လက်ခံသော သမ္ပဋိစ္ဆန်းစိတ်၊ စုံစမ်းသော သန္တီရဏစိတ်၊ ပိုင်းခြား မှတ်သားသော ဝုဋ္ဌောစိတ်၊ အာရုံသဘာဝကို သိရှိခံစားသော ဇောစိတ် ၇-ကြိမ်နှင့် ထိုဇောစိတ်၏ အာရုံကို ထပ်မံရယူသော တဒါရုံစိတ် ၂- ကြိမ်ဖြစ်၍၊ ဤတွင် အသစ်ဝင်လာသော အဆင်းအာရုံ၏ သက်တမ်းသည် တစ်ကြိမ် ကုန်ဆုံးသွား၏။

ဝီထိပုံစံ

ဘ ဘ ဘ ပ စ သံ
တီ ဝု ဇ ဇ ဇ ဇ ဇ
ဇ ဇ ရုံ ရုံ
(ဘ= ဘဝင်၊ ပ= ပဉ္စဒွါရာဝဇ္ဇန်း၊
စ= စက္ခုဝိညာဉ်၊ သံ= သမ္ပဋိစ္ဆန်း၊
တီ= သန္တီရဏ၊ ဝု= ဝုဋ္ဌော၊ ဇ= ဇော၊ ရုံ= တဒါရုံ)

ဤ၌ ပထမ ပထမ ဘဝင်စိတ်သည် ဒုတိယ ဘဝင်စိတ်အား၊ ဒုတိယ ဘဝင်စိတ်သည် တတိယ ဘဝင်စိတ်အား၊ တတိယ ဘဝင်စိတ်သည် ပဉ္စဒွါရာဝဇ္ဇန်းအား ဤသို့စသဖြင့် ရှေ့ရှေ့စိတ်များက နောက်နောက် စိတ်များအား အနန္တရသတ္တိဖြင့် ကျေးဇူးပြု၏။

ရှေ့ရှေ့စိတ်သည် မိမိချုပ်ခြင်းအားဖြင့် နောက်နောက် စိတ်ဖြစ်ရန် လမ်းဖွင့်ပေးသည်။ မိမိ၏အခြားမဲ့၌ နောက်စိတ်ဖြစ်လာအောင် ကျေးဇူးပြုပေးသော ရှေ့စိတ်၏ စွမ်းဆောင်သတ္တိကိုပင် အနန္တရပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၅၊ သမနန္တရပစ္စည်း

လုံးဝ အခြားအကွယ်မရှိသောအားဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် သမနန္တရပစ္စည်း မည်၏။

မှတ်ချက်။ ။သမနန္တရပစ္စည်းသည် အနန္တရပစ္စည်းနှင့် အမည်မျှသာကွဲ၍ ဓမ္မအားဖြင့် လုံးဝတူ၏။ ဝေနေယျဇ္ဈာသယအားဖြင့် ၂-မျိုးခွဲဟောသည်ဟု မှတ်ရာ၏။

[၁၉] ၆၊ သဟဇာတပစ္စည်း

အတူတကွဖြစ်လျက် ကျေးဇူးပြုတတ်သော အကြောင်း တရားသည် သဟဇာတပစ္စည်း မည်၏။

ဆီမီးသည် မိမိဖြစ်လာသည်နှင့်တစ်ပြိုင်နက် အလင်းရောင်ကို ဖြစ်စေသကဲ့သို့ စိတ် စေတသိက်နှင့် ရုပ်တရားများသည် မိမိတို့ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ကျေးဇူးပြုကြ၏။

ပစ္စည်း

ပစ္စည်း ပစ္စယုပ္ပန်
(၁) စိတ် ၈၉၊ စေတသိက် ၅၂၊
(၂) မဟာဘုတ် ၄၊
(၃) ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊ ဟဒယဝတ္ထု

ပစ္စယုပ္ပန်
(၁) စိတ် ၈၉၊ စေတသိက်၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်
(၂) မဟာဘုတ်၊ ဥပါဒါရုပ်၊
(၃) ဟဒယဝတ္ထု၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊

စိတ်တစ်ခုဖြစ်လာသောအခါ ယှဉ်ဖက်စေတသိက်များ အတူတကွဖြစ်လာကြ၏။ အတူတကွဖြစ်ကြသော စိတ်၊ စေတသိက် တို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုကြ၏။ တစ်ဖန် ထို စိတ်၊ [၂၀] စေတသိက်များသည် အတူတကွဖြစ်ကြသော စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇ ရုပ်တို့အား ကျေးဇူးပြုကြ၏။

မဟာဘုတ် ၄-ပါးသည် မိမိတို့အချင်းချင်းနှင့် ဥပါဒါရုပ်များ အား အတူတကွဖြစ်ကာ ကျေးဇူးပြုကြ၏။

ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာနှင့် ဟဒယဝတ္ထုရုပ်တို့သည် အတူတကွဖြစ်လျက် အပြန်အလှန် ကျေးဇူးပြုကြ၏။ သို့ရာတွင် ဟဒယဝတ္ထုရုပ်သည် ပဋိသန္ဓေအခါ၌သာ နာမ်တရားအား ကျေးဇူး ပြု၍ ပဝတ္တိအခါ၌မူ ကျေးဇူးမပြုချေ။

ဤသို့ အတူတကွဖြစ်လျက် ကျေးဇူးပြုတတ်သော အကြောင်းတရားများ၏ သတ္တိကိုပင် သဟဇာတပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၇၊ အညမညပစ္စည်း

အပြန်အလှန် အထောက်အကူဖြစ်လျက် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် အညမညပစ္စည်း မည်၏။

ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း
(၁) စိတ် ၈၉၊ စေတသိက် ၅၂၊
(၂) မဟာဘုတ် ၄၊
(၃) ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊ ဟဒယဝတ္ထု

ပစ္စယုပ္ပန်
(၁) စိတ် ၈၉၊ စေတသိက် ၅၂၊
(၂) မဟာဘုတ် ၄၊
(၃) ဟဒယဝတ္ထု၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ၊ [၂၁] သုံးချောင်းထောက်ခုံ၏ ခြေထောက်သုံးချောင်းသည် တကွဖြစ်လျက် အပြန်အလှန် အထောက်အကူပြုကြ၏။ ထို့အတူ စိတ် စေတသိက်အချင်းချင်း မဟာဘုတ်အချင်းချင်း ပဋိသန္ဓေခဏ နာမ်ရုပ်အချင်းချင်း အတူတကွဖြစ်ကာ အပြန်အလှန်အထောက်အကူပြုကြ၏။

ဤသို့ အတူတကွဖြစ်ပြီး အပြန်အလှန် အထောက်အကူပြု တတ်သော အကြောင်းတရား၏ သတ္တိကိုပင် အညမညပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၈၊ နိဿယပစ္စည်း

တည်ရာ မှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် နိဿယပစ္စည်း မည်၏။

နိဿယပစ္စည်း ၂ မျိုး

နိဿယပစ္စည်းသည်

(၁) သဟဇာတနိဿယ
(၂) ပုရေဇာတနိဿယ ဟူ၍ ၂-မျိုးရှိ၏။

ထိုတွင် အတူတကွဖြစ်ပြီး တည်ရာ မှီရာအဖြစ် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် သဟဇာတနိဿယ မည်၏။ ရှေးဦးဖြစ်နှင့်ပြီး မိမိတည်ရှိခိုက်မှာ တည်ရာမှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ပုရေဇာတနိဿယ မည်၏။

[၂၂]
ပစ္စည်း
ပစ္စယုပ္ပန်
အရှင်နန္ဒမာလာဘိဝံသ

ပစ္စည်း ပစ္စယုပ္ပန်
(၁) သဟဇာတနိဿယ
(၁) စိတ် ၈၉၊ စေတသိက် ၅၂၊
(၂) မဟာဘုတ် ၄၊
(၃) ပဉ္စဝေါကာရ ပဋိသန္ဓေ၊ နာမက္ခန္ဓာ၊ ဟဒယဝတ္ထု

ပစ္စယုပ္ပန်
(၁) စိတ် ၈၉၊ စေတသိက် ၅၂၊
(၂) မဟာဘုတ်၊ ဥပါဒါရုပ်၊
(၃) ဟဒယဝတ္ထု၊ ပဉ္စဝေါကာရ ပဋိသန္ဓေ၊ နာမက္ခန္ဓာ၊

(၂) ပုရေဇာတနိဿယ
ပစ္စည်း
ဝတ္ထုရုပ် ၆-ပါး။

ပစ္စယုပ္ပန်
ဝတ္ထုရုပ်ကိုမှီ၍ ဖြစ်သောစိတ်၊ စေတသိက်များ၊

စိတ်၊ စေတသိက်နှင့်အချို့သော ရုပ်တရားတို့သည် အတူတကွဖြစ်ကြပြီး မိမိတို့အချင်းချင်းအား တည်ရာမှီရာအဖြစ်ဖြင့် ကျေးဇူးပြုကြ၏။ ထို့ပြင် ကြိုတင်ဖြစ်နှင့်၍ ထင်ရှားရှိနေသော ဝတ္ထုရုပ်တို့သည် မိမိတို့နောက်မှဖြစ်လာ၍ ဝတ္ထုရုပ်ကို မှီတတ်သောစိတ်၊ စေတသိက်များအား တည်ရာမှီရာအဖြစ်ဖြင့် ကျေးဇူးပြုကြ၏။

[၂၃] ဥပမာ၊ ကမ္ဘာမြေသည် သစ်ပင်များ၏ တည်ရာမှီရာဖြစ်ကာ ကျေးဇူးပြုသကဲ့သို့ ပန်းချီကားချပ်သည် ရုပ်ပုံလွှာများ၏ တည်ရာမှီရာ ဖြစ်ကာ ကျေးဇူးပြုသကဲ့သို့ ကျေးဇူးပြုကြပေသည်။

ဤသို့ အတူတကွဖြစ်ပေါ်လာ၍လည်းကောင်း၊ ကြိုတင်ဖြစ်နှင့်၍လည်းကောင်း၊ တည်ရာမှီရာအဖြစ် ကျေးဇူးပြုတတ်သော အကြောင်းတရား၏ စွမ်းဆောင်သတ္တိကိုပင် နိဿယပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူသည်။

၉၊ ဥပနိဿယ ပစ္စည်း

အင်အားကြီးမားသော မှီရာအဖြစ် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ဥပနိဿယပစ္စည်း မည်၏။

ဥပနိဿယပစ္စည်း ၃-မျိုး

ဥပနိဿယပစ္စည်းသည် ၃-မျိုးရှိ၏။

(၁) အာရမ္မဏ ဥပနိဿယ၊
(၂) အနန္တရ ဥပနိဿယ၊
(၃) ပကတ ဥပနိဿယ တို့ဖြစ်၏။

ထိုတွင် စိတ်၏မှီရာ ပျော်မွေ့ရာဖြစ်၍ အင်အားကြီးမားသော အကြောင်းတရားသည် အာရမ္မဏ ဥပနိဿယ မည်၏။ အခြားမဲ့ အင်အားကြီးမားသော အကြောင်းတရားသည် အနန္တရ ဥပနိဿယ မည်၏။ မိမိသန္တာန်၌ဖြစ်ပေါ်စေပြီး မှီဝဲရရှိပြီး အားကြီးသော ကြောင်းတရားသည် ပကတဥပနိဿယ မည်၏။

[၂၄] (၁) အာရမ္မဏ ဥပနိဿယ

အရှင်နန္ဒမာလာဘိဝံသ

ပစ္စည်း
စွဲမက်ဖွယ် နှစ်သက်ဖွယ်ဖြစ်၍ လွှမ်းမိုးကြီးစိုးနိုင်သော အာရုံတရား။

ပစ္စယုပ္ပန်
အဆိုပါ အာရုံတရားကို အလေးအနက် အာရုံပြုသော စိတ် စေတသိက်များ

(၂) အနန္တရ ဥပနိဿယ

ပစ္စည်း
ရှေ့ရှေ့ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊

ပစ္စယုပ္ပန်
နောက်နောက်ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊

(၃) ပကတ ဥပနိဿယ

ပစ္စည်း
အင်အားကြီးမားသော ရှေ့ရှေ့ဖြစ်သောစိတ် ၈၉၊ စေတသိက် ၅၂၊ ပညတ်၊

ပစ္စယုပ္ပန်
နောက်နောက်ဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊

စွဲမက်ဖွယ် နှစ်သက်ဖွယ် အာရုံများသည် ထိုအာရုံများအပေါ် အလေးအနက်ထားတတ်သော စိတ်၊ စေတသိက်များ၏ အင်အားကြီးမားသော အကြောင်းတရားဖြစ်၏။

[၂၅] ရှေ့ရှေ့စိတ်များသည် မျိုးတူသည်ဖြစ်စေ မျိုးကွဲသည်ဖြစ်စေ နောက်နောက်စိတ်များ၏ အင်အားကြီးမားသော အကြောင်းတရား ဖြစ်၏။

တရား၊ မိမိတွေ့ကြုံခံစားရသော ဥတုရာသီ၊ အစာအာဟာရ၊ နေထိုင်စရာ အဆောက်အအုံ စသောအရာဝတ္ထု၊ ပေါင်းသင်း ဆက်ဆံရသောပုဂ္ဂိုလ်တို့သည် အင်အားကြီးမားသော အကြောင်းတရားများ ဖြစ်ကြ၏။

ဤသို့လျှင် အင်အားကြီးမားသော မှီရာအဖြစ် ကျေးဇူးပြုတတ်သော အကြောင်းတရား၏ သတ္တိကိုပင် ဥပနိဿယပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၁ဝ၊ ပုရေဇာတ ပစ္စည်း

ရှေးဦးကြိုတင်ဖြစ်ပြီး တည်ရှိနေစဉ် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ပုရေဇာတပစ္စည်း မည်၏။

ပုရေဇာတပစ္စည်းသည်

(၁) အာရမ္မဏ ပုရေဇာတ
(၂) ဝတ္ထုပုရေဇာတ ဟူ၍ ၂-မျိုးရှိ၏။

ထိုတွင် အာရုံဖြစ်လျက် ရှေးဦးကြိုတင်ဖြစ်ပြီး ကျေးဇူး ပြုတတ်သော အကြောင်းတရားသည် အာရမ္မဏ ပုရေဇာတ မည်၏။ မှီရာဝတ္ထုဖြစ်လျက် ရှေးဦးကြိုတင်ဖြစ်ပြီး ကျေးဇူးပြုတတ် သော အကြောင်းတရားသည် ဝတ္ထုပုရေဇာတ မည်၏။

[၂၆] (၁) အာရမ္မဏ ပုရေဇာတ

ပစ္စည်း
နိပ္ဖန္နရုပ် ၁၈-ဟူသော အာရုံ ၆-ပါး။

ပစ္စယုပ္ပန်
ကာမစိတ် ၅၄၊ အဘိညာဉ် ၂၊ (အပ္ပမညာမှတစ်ပါး) စေတသိက် ၅၀၊

(၂) ဝတ္ထုပုရေဇာတ

ပစ္စည်း
ဝတ္ထုရုပ် ၆-ပါး၊

ပစ္စယုပ္ပန်
ဝတ္ထုရုပ်ကို မှီ၍ဖြစ်သော စိတ်၊ စေတသိက်များ

ကျေးဇူးပြုပုံ

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့စသော အာရုံများသည် ရှေးဦးဖြစ်နှင့်ကာ တည်ရှိနေစဉ် ထိုအာရုံကို မှီတွယ်ဖြစ်ကြသည့် စိတ်၊ စေတသိက်များအား ကျေးဇူးပြုကြ၏။

မျက်စိ၊ နား၊ နှာ၊ လျာ၊ ကိုယ်၊ ဟဒယ ဟူသော ဝတ္ထုရုပ်များသည် ရှေးဦးဖြစ်နှင့်ပြီး မိမိတို့ တည်ရှိနေစဉ် နောက်မှဖြစ်လာသည့် စိတ်၊ စေတသိက်များအား ကျေးဇူးပြုကြ၏။

ဤသို့လျှင် ရှေးဦးကြိုတင်ဖြစ်၍ တည်ရှိနေစဉ် နောက်မှ ဖြစ်လာသည့် စိတ်၊ စေတသိက်များအား ကျေးဇူးပြုတတ်သော စွမ်းဆောင်သတ္တိကိုပင် ပုရေဇာတပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

[၂၇] ၁၁၊ ပစ္ဆာဇာတပစ္စည်း

ရှေးဦးဖြစ်နှင့်ကာ တည်ရှိနေသောတရားကို နောက်မှ ဖြစ်လာပြီး အထောက်အကူပြုသော အကြောင်းတရားသည် ပစ္ဆာဇာတပစ္စည်း မည်၏။

ပစ္စည်း
ပစ္စည်းပစ္စယုပ္ပန်
နောက်နောက်၌ဖြစ်သော အရူပဝိပါက် ၄-ခုမှ တပါး စိတ် ၈၅၊ စေတသိက် ၅၂၊
ပစ္စယုပ္ပန် ရှေ့ရှေ့စိတ်နှင့်အတူ ဖြစ်လာခဲ့သော ရုပ်တရားများ

ကျေးဇူးပြုပုံ

မျှော်လင့်ချက်အာသာသည် နောက်မှဖြစ်လာသော်လည်း ဖြစ်နှင့်ကာ တည်ရှိပြီး ကိုယ်ကာယအား အထောက်အကူပြုနိုင်၏။ နောက်မှ ဖြစ်ပေါ်လာသည့် စိတ်၊ စေတသိက်များသည် ရှေးဦးဖြစ်နှင့် တည်ရှိနေသော ရုပ်အပေါင်းအား ကျေးဇူးပြု၏။ ဤသို့ ရှေးဦးဖြစ်နှင့်ကာ တည်ရှိနေသည့် တရားအား နောက်မှဖြစ်လာပြီး အထောက်အကူ ကျေးဇူးပြုသော အကြောင်းတရား၏ သတ္တိကိုပင် ပစ္ဆာဇာတပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၁၂၊ အာသေဝနပစ္စည်း

မိမိ၏အခြားမဲ့၌ဖြစ်သော တရားများကို အဖန်ဖန်အထပ်ထပ် [၂၈] ဖြစ်စေခြင်းဖြင့် ကျင့်သားရပြီး အားကောင်းလာစေရန် စွမ်းဆောင်တတ်သော အကြောင်းတရားသည် အာသေဝနပစ္စည်း မည်၏။

ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း ရှေ့ရှေ့၌ဖြစ်သော လောကီဇော စိတ် ၄၇၊ စေတသိက် ၅၂၊
ပစ္စယုပ္ပန် နောက်နောက်၌ဖြစ်သော ဖိုလ်ဇောမှတပါး ဇောစိတ် ၅၁၊ စေတသိက် ၅၂၊

ကျေးဇူးပြုပုံ

ရှေ့ရှေ့၌ဖြစ်သော ကုသိုလ်ဇော၊ အကုသိုလ်ဇော၊ ကြိယာ ဇောစိတ်များသည် မိမိ၏ အခြားမဲ့၌ဖြစ်သော နောက်နောက် မျိုးတူ ဇောစိတ်များအား အဖန်ဖန် အထပ်ထပ်ဖြစ်စေခြင်းဖြင့် အင်အား ကြီးထွားစေရန် ကျေးဇူးပြု၏။ ဥပမာ၊ စာပေသင်ယူရာ၌ ရှေ့ရှေ့သင်ယူမှုက နောက်နောက်သင်ယူမှုအား လွယ်ကူအောင် ကျေးဇူးပြုသကဲ့သို့တည်း။ ဤသို့လျှင် မိမိ၏အခြားမဲ့၌ အလားတူတရားများကိုအဖန်ဖန် အထပ်ထပ် ဖြစ်စေခြင်း ကျင့်သားရပြီး အားရှိအောင် စွမ်းဆောင်နိုင်သော ရှေ့ရှေ့ဇောစိတ်များ၏ သတ္တိကိုပင် အာသေဝနပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၁၃၊ ကမ္မပစ္စည်း

စိတ်၏ ဗျာပါရဟုဆိုအပ်သော ပြုလုပ်ခြင်းအားဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ကမ္မပစ္စည်း မည်၏။

[၂၉] ကမ္မပစ္စည်းသည်
ကမ္မပစ္စည်း ၂-မျိုး
(၁) နာနာက္ခဏိက ကမ္မ
(၂) သဟဇာတ ကမ္မ ဟူ၍ ၂-မျိုးရှိ၏။

ထိုတွင်မိမိဖြစ်ဆဲခဏ၌ အကျိုးကိုမဖြစ်စေဘဲ မတူကွဲပြားသော ခဏ၌သာ အကျိုးကိုဖြစ်စေတတ်သော ကုသိုလ်စေတနာ အကုသိုလ် စေတနာကံကို နာနာက္ခဏိကကမ္မဟု ခေါ်၏။ စေတနာ စေတသိက်သည် မိမိနှင့် အတူတကွ ဖြစ်ကြသော စိတ်၊ စေတသိက်၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တို့အား ကျေးဇူးပြု၏။ ဤသို့ တကွဖြစ်ဖက် တရားများအား ကျေးဇူးပြုတတ်သော စေတနာကို သဟဇာတကမ္မဟု ခေါ်၏။

ပစ္စည်း ပစ္စယုပ္ပန်
(၁) နာနာက္ခဏိက ကမ္မ
ပစ္စည်း ကုသိုလ်စေတနာ ၂၁၊ အကုသိုလ်စေတနာ ၁၂၊
ပစ္စယုပ္ပန် ဝိပါက် စိတ် ၃၆၊ စေတသိက်၊ ကမ္မဇရုပ်၊
(၂) သဟဇာတ ကမ္မ
ပစ္စည်း စေတနာ
ပစ္စယုပ္ပန် စိတ် ၈၉၊ စေတနာမှတပါး စေတသိက် ၅၁၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် [၃၀] ကုသိုလ်စိတ်နှင့်ယှဉ်သော စေတနာ၊ အကုသိုလ်စိတ်နှင့် ယှဉ်သော စေတနာ (ကုသိုလ်ကံ၊ အကုသိုလ်ကံ)သည် အကျိုးဝိပါတ် စိတ် စေတသိက်များ၊ ကမ္မဇရုပ်များ ဖြစ်ပေါ်စေရန် ကျေးဇူးပြု၏။ ကုသိုလ်ကံ၊ အကုသိုလ်ကံသည် မိမိဖြစ်ခိုက်ခဏ၌ အကျိုးတရားများကို မဖြစ်ပေါ်စေ။ မိမိချုပ်ငြိမ်းပြီးနောက် မိမိအခြားမဲ့ခဏ၌ ဖြစ်စေ အချိန်ကြာမြင့်ပြီးမှ ဖြစ်စေ အကျိုးတရားများကို ဖြစ်ပေါ်စေသည်။

ထို့ပြင် စေတနာစေတသိက်သည် မိမိနှင့်အတူတကွ မိမိ၏ ဗျာပါရမျိုး ဖြစ်ပေါ်စေလျက် ကျေးဇူးပြု၏။ ဤသို့လျှင် အကျိုးဝိပါက် စိတ်၊ စေတသိက်နှင့် ကမ္မဇရုပ် များကို ဖြစ်ပေါ်စေတတ်သော ကံတရား၏လည်းကောင်း၊ အတူတကွ ဖြစ်သော စိတ်၊ စေတသိက်နှင့် စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်များအား စေတနာဗျာပါရမျိုး ဖြစ်စေရန် ကျေးဇူးပြုတတ်သော စေတနာ စေတသိက်၏လည်းကောင်း စွမ်းဆောင် သတ္တိကိုပင် ကမ္မပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူသည်။

၁၄၊ ဝိပါကပစ္စည်း

အားထုတ်မှုကင်း ငြိမ်သက်ခြင်းမျိုး ဖြစ်စေရန် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ဝိပါကပစ္စည်း မည်၏။

ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း ဝိပါက်စိတ် ၃၆၊ စေတသိက် ၃၈၊
ပစ္စယုပ္ပန် ဝိပါက်စိတ် ၃၆၊ စေတသိက် ၃၈၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် [၃၁] ဝိပါက်စိတ်၊ စေတသိက်တို့သည် ကံတရား၏ အကျိုးပုံရိပ်များသာဖြစ်၍ အားထုတ်မှုကင်းသော ငြိမ်သက်ခြင်းဖြင့် ငြိမ်သက်ကြ၏။ ၎င်းတို့သည် မိမိတို့အချင်းချင်းနှင့် စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်များအား အားထုတ်မှုကင်း ငြိမ်သက်ခြင်းရှိစေရန် ကျေးဇူးပြုကြ၏။ ဤသို့လျှင် အားထုတ်မှုကင်း ငြိမ်သက်ခြင်း ဖြစ်စေရန် ကျေးဇူးပြုတတ်သော ဝိပါက်စိတ်၊ စေတသိက်တို့၏ စွမ်းဆောင်မှု သတ္တိကိုပင် ဝိပါကပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၁၅၊ အာဟာရပစ္စည်း

သက်ဆိုင်ရာ အကျိုးတရားများကို လွန်စွာစွမ်းဆောင်နိုင်သော အကြောင်းတရားသည် အာဟာရပစ္စည်း မည်၏။

အာဟာရပစ္စည်းသည်
အာဟာရပစ္စည်း ၂-မျိုး
(၁) ရုပ်အာဟာရ
(၂) နာမ်အာဟာရ ဟူ၍ ၂-မျိုးရှိ၏။

ထိုတွင် အဇ္ဈတ္တသန္တာန်၌ဖြစ်သော အကြောင်းတရား ၄-ပါးကြောင့်ဖြစ်သော ဩဇာသည် ရုပ်အာဟာရ မည်၏၊ ၎င်း ဩဇာရုပ်သည် အစာအာဟာရများ၌ တည်ရှိ၏။ ဩဇာ၏တည်ရာ အစာအာဟာရကို အတုံးအခဲ အလုပ်အငွေ့ ပြု၍ စားမျိုအပ်သောကြောင့် ကဗဋီကာရ အာဟာရ ဟု ခေါ်၏။

[၃၂] နာမ်အာဟာရသည် ဖဿ၊ စေတနာ၊ ဝိညာဉ်ဟူ၍ ၃-မျိုး ရှိ၏။ ရုပ်အာဟာရ ၁-ပါး၊ နာမ်အာဟာရ ၃-ပါးရှိသဖြင့် အာဟာရ ၄-ပါး ရှိသည်ဟု မှတ်ရာ၏။

ပစ္စည်း ပစ္စယုပ္ပန်
(၁) ရုပ်အာဟာရပစ္စည်း
ပစ္စည်း ဩဇာ
ပစ္စယုပ္ပန် အာဟာရကြောင့် ဖြစ်သော ရုပ်များ၊ တနည်း အကြောင်း ၄-ပါးကြောင့်ဖြစ်သော ရုပ်များ၊
(၂) နာမ်အာဟာရပစ္စည်း
ပစ္စည်း ဖဿ၊ စေတနာ၊ ဝိညာဉ်၊
ပစ္စယုပ္ပန် စိတ်၊ စေတသိက်၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်၊

ကျေးဇူးပြုပုံ

ကဗဋီကာရ အာဟာရခေါ် ဩဇာရုပ်သည် သက်ရှိသတ္တဝါများ၏ ကိုယ်ကာယ ရှည်ကြာစွာ တည်ရှိဖွံ့ထွားအောင် စွမ်းဆောင်လျက် ကျေးဇူးပြု၏။ ဖဿ အာဟာရသည် ခံစားမှုဝေဒနာ ဖြစ်ပေါ်အောင် စွမ်းဆောင်လျက် ကျေးဇူးပြု၏။ စေတနာသည် ပဋိသန္ဓေကို ဖြစ်ပေါ်စေရန် စွမ်းဆောင်လျက် ကျေးဇူးပြု၏။

[၃၃] ဝိညာဉ်သည် နာမ်ရုပ် တိုးတက်ဖြစ်ပွားစေရန် စွမ်းဆောင်လျက် ကျေးဇူးပြု၏။ ဤသို့လျင် ရုပ်ခန္ဓာ၏ တည်တံ့ဖွံ့ထွားမှုကို စွမ်းဆောင်သော ဩဇာ၏သတ္တိ၊ ဝေဒနာကို ဖြစ်ပေါ်စေတတ်သော ဖဿ၏သတ္တိ၊ ပဋိသန္ဓေကျိုးကို ဖြစ်စေတတ်သော စေတနာ၏သတ္တိ၊ နာမ်ရုပ်များ တိုးတက်ဖြစ်ပွားစေရန် စွမ်းဆောင်တတ်သော ဝိညာဉ်၏သတ္တိကိုပင် အာဟာရပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၁၆၊ ဣန္ဒြိယပစ္စည်း

မိမိဆိုင်ရာကိစ္စ၌ အစိုးတရချုပ်ကိုင်အုပ်စိုးလျက် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ဣန္ဒြိယပစ္စည်း မည်၏။

ဣန္ဒြိယပစ္စည်းသည်
ဣန္ဒြိယပစ္စည်း ၃-မျိုး
(၁) သဟဇာတ ဣန္ဒြိယ
(၂) ပုရေဇာတ ဣန္ဒြိယ
(၃) ရူပဇီဝိတဣန္ဒြိယ ဟူ၍ ၃-မျိုးရှိ၏။

ထိုတွင် အတူတကွဖြစ်လျက် ကြီးစိုးကာ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် သဟဇာတ ဣန္ဒြိယ မည်၏။ ရှေးဦးဖြစ်နှင့်ကာ ကြီးစိုးလျက် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ပုရေဇာတ ဣန္ဒြိယ မည်၏။ ကမ္မဇရုပ်များကို ကြီးစိုးလျက် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ရူပဇီဝိတ ဣန္ဒြိယ မည်၏။

[၃၄] (၁) သဟဇာတ ဣန္ဒြိယ
ပစ္စည်း ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာဟူသော နာမ်ဣန္ဒြေ တရားကိုယ် ၈-ပါး၊
ပစ္စယုပ္ပန် စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်၊
(၂) ပုရေဇာတ ဣန္ဒြိယ
ပစ္စည်း စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ဝတ္ထုရုပ် ၅-ပါး၊
ပစ္စယုပ္ပန် ဒွေပဉ္စဝိညာဏ် ၁၀၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ခု၊
(၃) ရူပဇီဝိတိန္ဒြိယ
ပစ္စည်း ရုပ်ဇီဝိတ
ပစ္စယုပ္ပန် ရုပ်ဇီဝိတမှ တပါးသော ကလာပ်တူ ကမ္မဇရုပ် ၉-ခု

နာမ်ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာ ဟူသော နာမ်ပိုင်းဆိုင်ရာ ဣန္ဒြေတရားများသည် ဆိုင်ရာကိစ္စ အသီးသီး၌ အတူတကွဖြစ်သော နာမ်ရုပ်တရားများအား ကြီးစိုးလျက် [၃၅] ကျေးဇူးပြု၏။ စက္ခုန္ဒြေ (ခေါ်) မျက်စိအကြည်ရုပ်သည် မြင်သိစိတ်၊ စေတသိက်တရားများအား မြင်ကိစ္စ၌ ကြီးစိုးလျက် ကျေးဇူးပြု၏။ ထင်ရှားစေအံ့၊ မျက်စိအကြည်ရုပ် အားကောင်းလျှင် မြင်သိစိတ် အားကောင်း၏။ အားနည်းလျှင် အားနည်း၏။ ဤသည် မြင်မှုကိစ္စ၌ မျက်စိအကြည်ရုပ် (စက္ခုန္ဒြေ)က မြင်သိစိတ် စေတသိက်တို့ကို စိုးပိုင်ချုပ်ကိုင်ထားပုံ ဖြစ်၏။

ထို့အတူ သောတိန္ဒြေ (နားအကြည်ရုပ်)သည် ကြားမှုကိစ္စ၌ ကြားသိစိတ်၊ စေတသိက်များကို ကြီးစိုးထား၏။ ဃာနိန္ဒြေ (နှာခေါင်း အကြည်ရုပ်)သည် နမ်းရှူကိစ္စ၌ နံသိစိတ်၊ စေတသိက်များကို ကြီးစိုး၏။ ဇီဝိန္ဒြေ (လျာ အကြည်ရုပ်)သည် လျက်မှုကိစ္စ၌ လျက်သိစိတ် စေတသိက်များကို ကြီးစိုး၏။ ကာယိန္ဒြေ (ကိုယ် အကြည်ရုပ်)သည် ထိတွေ့မှုကိစ္စ၌ ထိသိစိတ် စေတသိက်များကို ကြီးစိုး၏။ ရုပ်ဇီဝိတိန္ဒြေသည် စောင့်ထိန်းကိစ္စ ကမ္မဇရုပ် (ကဋတ္တာ ရုပ်)များကို ကြီးစိုး၏။ ဤသို့လျှင် မိမိဆိုင်ရာကိစ္စ၌ အစိုးတရချုပ်ကိုင် အုပ်စိုးလျက် ကျေးဇူးပြုတတ်သော အကြောင်းတရားများ၏ စွမ်းဆောင် သတ္တိကိုပင် ဣန္ဒြိယပစ္စည်း၏သတ္တိထူးဟု ဟောတော်မူ၏။

၁၇၊ ဈာနပစ္စည်း

အာရုံကို စူးစိုက်ရှုလျက် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ဈာနပစ္စည်း မည်၏။

[၃၆] ပစ္စည်း ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါ ၅-ပါး။
ပစ္စယုပ္ပန် ဒွေပဉ္စဝိညာဏ်မှတပါး စိတ် ၇၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်၊

ကျေးဇူးပြုပုံ

ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါ ၅-ပါးတို့သည် အတူတကွဖြစ်ကြသော စိတ် စေတသိက်နှင့် စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်များအား အာရုံကို စူးစိုက်ရှုစေလျက် ကျေးဇူးပြု၏။

မှတ်ချက်။ သမထကျင့်စဉ်ဖြင့် ရရှိလာသော ဈာန်တရားကိုသာ ဈာနပစ္စယောဟု ဟောသည်မဟုတ်၊ အကုသိုလ်စိတ်နှင့် ယှဉ်သော ဝိတက် စသည်ကိုပါ ဈာနပစ္စယောဟု ဟောတော်မူသည်ဟု မှတ်။ ဤသို့ အာရုံကို စူးစိုက်ရှုစေလျက် ကျေးဇူးပြုတတ်သော အကြောင်းတရား၏ စွမ်းဆောင်သတ္တိကိုပင် ဈာနပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။

၁၈၊ မဂ္ဂပစ္စည်း

ထုတ်ဆောင်တတ်သော လမ်းကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် မဂ္ဂပစ္စည်း မည်၏။

[၃၇] ပစ္စည်း ပညာ၊ ဝိတက်၊ ဝိရတီ ၃-ခု၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ၊ ဟုဆိုအပ်သော မဂ္ဂင်တရားကိုယ် ၉-ပါး။
ပစ္စယုပ္ပန် သဟိတ်စိတ် ၇၁၊ စေတသိက် ၅၂၊ သဟိတ် စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်၊

ကျေးဇူးပြုပုံ

မဂ္ဂင်တရားကိုယ် ၉-ပါးသည် အတူတကွဖြစ်သော စိတ်၊ စေတသိက်နှင့် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်များကို ထုတ်ဆောင် တတ်သော လမ်းကြောင်းအဖြစ်ဖြင့် ကျေးဇူးပြု၏။ ဤသို့ အကျိုးတရားများကိုပါ ထုတ်ဆောင်တတ်သော လမ်းကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော မဂ္ဂင်တရားကိုယ် ၉-ပါး၏ စွမ်းဆောင်သတ္တိကိုပင် မဂ္ဂပစ္စည်း၏သတ္တိထူးဟု ဟောတော်မူ၏။

၁၉၊ သမ္ပယုတ္တပစ္စည်း

ယှဉ်တွဲပေါင်းစပ်ခြင်းအားဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည် သမ္ပယုတ္တပစ္စည်း မည်၏။

ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း စိတ်၊ စေတသိက် ၅၂၊
ပစ္စယုပ္ပန် စိတ် ၈၉၊ စေတသိက် [၃၈] မှီရာဝတ္ထု တူခြင်း၊ အာရုံပြုရာ တူခြင်း၊ ဖြစ်ခဏ တူခြင်း၊ ချုပ်ခဏ တူခြင်း ဟူ၍ ပေါင်းစပ်ယှဉ်တွဲ လက္ခဏာ ၄-ရပ်နှင့် အညီဖြစ်သော စိတ် စေတသိက်များသည် အချင်းချင်း အပြန်အလှန် ယှဉ်တွဲပေါင်းခြင်း အဖြစ်ဖြင့် ကျေးဇူးပြုကြ၏။ ဤသို့ ယှဉ်တွဲပေါင်းစပ်သောအားဖြင့် ကျေးဇူးပြုတတ်သော စိတ် စေတသိက်တို့၏ စွမ်းဆောင် သတ္တိကိုပင် သမ္ပယုတ္တပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူသည်။

၂၀၊ ဝိပ္ပယုတ္တပစ္စည်း

အတူတကွတည်ရှိကြသော်လည်း ပေါင်းစပ်ရောနှောခြင်း မရှိဘဲ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ဝိပ္ပယုတ္တပစ္စည်း မည်၏။

ဝိပ္ပယုတ္တပစ္စည်းသည်
ဝိပ္ပယုတ္တပစ္စည်း ၃-မျိုး
(၁) သဟဇာတ ဝိပ္ပယုတ္တ
(၂) ပုရေဇာတ ဝိပ္ပယုတ္တ
(၃) ပစ္ဆာဇာတ ဝိပ္ပယုတ္တ ဟူ၍ ၃-မျိုးရှိ၏။

ထိုတွင် အတူတကွဖြစ်လျက် ပေါင်းစပ်ရောနှောခြင်းမရှိဘဲ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် သဟဇာတ ဝိပ္ပယုတ္တ မည်၏။ ရှေးဦးဖြစ်နှင့်၍ ပေါင်းစပ်ရောနှောခြင်းမရှိဘဲ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ပုရေဇာတ ဝိပ္ပယုတ္တ မည်၏။

[၃၉] နောက်မှဖြစ်ပြီး ရောနှောပေါင်းစပ်ခြင်းမရှိဘဲ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ပစ္ဆာဇာတ ဝိပ္ပယုတ္တ မည်၏။

ပစ္စည်း ပစ္စယုပ္ပန်
(၁) သဟဇာတ ဝိပ္ပယုတ္တ
ပစ္စည်း ရုပ်ကိုဖြစ်စေတတ်သော စိတ် ၇၅၊ စေတသိက် နှင့် ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ၊ ဟဒယဝတ္ထု၊
ပစ္စယုပ္ပန် စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်နှင့် ဟဒယဝတ္ထု၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊
(၂) ပုရေဇာတ ဝိပ္ပယုတ္တ ပုရေဇာတပစ္စည်းနှင့် ပစ္စည်း ပစ္စယုပ္ပန် တူ၏။
(၃) ပစ္ဆာဇာတ ဝိပ္ပယုတ္တ ပစ္ဆာဇာတပစ္စည်းနှင့် ပစ္စည်း ပစ္စယုပ္ပန် တူ၏။

ရုပ်တရားများနှင့် နာမ်တရားများ၊ နာမ်တရားများနှင့် ရုပ်တရားများတို့သည် အတူတကွတည်ရှိကြသော်လည်း ပေါင်းစပ် ရောနှောခြင်းမရှိဘဲ ကျေးဇူးပြုကြ၏။ ဤသို့ ပေါင်းစပ်ရောနှောခြင်း မရှိဘဲ ကျေးဇူးပြုတတ်သော အကြောင်းတရား၏ စွမ်းဆောင်မှု သတ္တိကိုပင် ဝိပ္ပယုတ္တပစ္စည်း၏သတ္တိထူးဟု ဟောတော်မူ၏။

[၄၀] ၂၁၊ အတ္ထိပစ္စည်း

ရှိနေခိုက်မှာသာ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် အတ္ထိပစ္စည်း မည်၏။

အတ္ထိပစ္စည်းသည်
အတ္ထိပစ္စည်း ၅-မျိုး
(၁) သဟဇာတ အတ္ထိ
(၂) ပုရေဇာတ အတ္ထိ
(၃) ပစ္ဆာဇာတ အတ္ထိ
(၄) အာဟာရ အတ္ထိ
(၅) ဣန္ဒြိယ အတ္ထိ ဟူ၍ ၅-မျိုးရှိ၏။

ထိုတွင် အတူတကွဖြစ်ပြီး ထင်ရှားရှိခိုက်မှာသာ ကျေးဇူး ပြုတတ်သော အကြောင်းတရားသည် သဟဇာတအတ္ထိ မည်၏။ ရှေးဦးဖြစ်နှင့်ပြီး ထင်ရှားရှိခိုက်မှာသာ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ပုရေဇာတ အတ္ထိ မည်၏။ နောက်မှဖြစ်၍ ထင်ရှားရှိခိုက်မှာသာ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ပစ္ဆာဇာတ အတ္ထိ မည်၏။ စွမ်းဆောင်မှုလွန်ကဲ၍ ထင်ရှားရှိခိုက်မှာသာ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် အာဟာရ အတ္ထိ မည်၏။ ချုပ်ကိုင်အုပ်စိုးလျက် ထင်ရှားရှိခိုက်မှာသာ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ဣန္ဒြိယ အတ္ထိ မည်၏။

သဟဇာတ အတ္ထိသည် သဟဇာတနှင့်တူ၏။ ပုရေဇာတ အတ္ထိသည် ပုရေဇာတနှင့်တူ၏။

[၄၁] ပစ္ဆာဇာတ အတ္ထိသည် ပစ္ဆာဇာတနှင့်တူ၏။
အာဟာရ အတ္ထိသည် ရုပ်အာဟာရနှင့်တူ၏။
ဣန္ဒြိယ အတ္ထိသည် ရူပဇီဝိတိန္ဒိယနှင့်တူ၏။

ကျေးဇူးပြုပုံ

မိမိနှင့်ပြိုင်တူဖြစ်သည် ဖြစ်စေ၊ ကြိုတင်ဖြစ်နှင့်သည် ဖြစ်စေ၊ နောက်မှဖြစ်သည် ဖြစ်စေ မိမိဖြစ်လာပြီး ထင်ရှားရှိခိုက်မှသာ ဖြစ်ပြီး၍ ထင်ရှားရှိဆဲ အကျိုးတရားများကို ကျေးဇူးပြု၏။ ဤသို့ ထင်ရှားရှိခိုက်မှာသာ ကျေးဇူးပြုတတ်သော အကြောင်းတရား၏ စွမ်းဆောင်မှုသတ္တိကိုပင် အတ္ထိပစ္စည်း၏သတ္တိထူးဟု ဟောတော်မူ၏။

## ၂၂၊ နတ္ထိပစ္စည်း

မိမိ မရှိသည့်နောက်မှသာ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် နတ္ထိပစ္စည်း မည်၏။

နတ္ထိပစ္စည်းသည် အနန္တရပစ္စည်းနှင့် ပစ္စည်း ပစ္စယုပ္ပန် တူ၏။

မိမိ၏အခြားမဲ့၌ဖြစ်လာမည့် နာမ်တရားများအား မိမိမရှိတော့သည့်နောက်မှသာ ဖြစ်ပေါ်လာရန် အခွင့်ပေးသောအားဖြင့် ကျေးဇူးပြု၏။ ရှေ့ရှေ့အခြားမဲ့၌ ချုပ်ငြိမ်းပြီး၍ လုံးဝမရှိသော စိတ် စေတသိက်တရားများသည် နောက်နောက်၌ဖြစ်လာမည့် စိတ် စေတသိက်များအား နတ္ထိ သတ္တိဖြင့် ကျေးဇူးပြု၏။

ဤသို့ မိမိမရှိသည့် နောက်မှသာ မရှိသောအားဖြင့် ကျေးဇူး [၄၂] ပြုတတ်သော အကြောင်းတရား၏ စွမ်းဆောင်မှုသတ္တိကိုပင် နတ္ထိသတ္တိ ဟု ဟောတော်မူသည်။

## ၂၃၊ ဝိဂတပစ္စည်း

လုံးဝချုပ်ငြိမ်း ပြတ်စဲပြီးမှ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် ဝိဂတပစ္စည်း မည်၏။

ဝိဂတပစ္စည်းသည် နတ္ထိပစ္စည်းနှင့် လုံးဝတူ၏။

## ၂၄၊ အဝိဂတပစ္စည်း

ချုပ်ငြိမ်းပြတ်စဲခြင်း မဖြစ်သေးမီ ကျေးဇူးပြုတတ်သော အကြောင်းတရားသည် အဝိဂတပစ္စည်း မည်၏။ အဝိဂတပစ္စည်းသည် အတ္ထိပစ္စည်းနှင့် လုံးဝတူ၏။

[၄၃] နိဂုံး

ကြောင်းကျိုး နှစ်တန်၊
စစ်အမှန်ကို၊ ဧကန်ရှုမြင် ဉာဏ်သက်ဝင်မှ၊
ကင်းစင် သံသယ၊
လမ်းမှန်ရလျက်၊ ဘဝသံသရာ၊ ကျင်လည်ရာမှ၊ မြန်စွာထွက်မြောက်၊ နိဗ္ဗာန်ရောက်မည်၊ ထွန်းတောက်ဉာဏ်မြင်၊
လင်းစေသော်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းမြေ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် (ITBMU) ၌ နေထိုင်စဉ် ရေးသားအပ်သော ပဋ္ဌာန်း ၂၄-ပစ္စည်း ကျေးဇူးပြုပုံ သိသာရုံအကျဉ်းမျှ ရှင်းပြထားသည့် “ပဋ္ဌာန်းမြတ် ဒေသနာ” မည်သော ဤစာတမ်းသည် ၁၃၆၅-ခုနှစ်၊ တန်ခူးလဆန်း ၃- ရက် (၂၃/၃/၂ဝဝ၄) နေ့၌ ပြီးသည်။

[၄၄] မဟာသုဗောဓာရုံကျောင်းတိုက်များ၏ ပဓာန နာယကဆရာတော်။
စစ်ကိုင်းတောင်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တို့၏
ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊ အဂ္ဂမဟာပဏ္ဍိတ

(၇၅) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်
ကွယ်လွန်သူမိဘများအားရည်စူး၍ ဦးနေအောင် ဒေါက်တာမိမိငယ် RIG (IT Training & Services) မိသားစုမှလှူဒါန်းပါသည်။

qq3a8v8dl1838is7h1zji58jcm80mys
ပတ်ဝန်းကျင်ကို ရှုမြင်၍ မိမိဘဝကို ပြုပြင်ခြင်း
0
6469
22336
2026-11-05T15:21:21Z
Tejinda
173
"{{header | title = ပတ်ဝန်းကျင်ကို ရှုမြင်၍ မိမိဘဝကို ပြုပြင်ခြင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22336
wikitext
text/x-wiki
{{header
| title = ပတ်ဝန်းကျင်ကို ရှုမြင်၍ မိမိဘဝကို ပြုပြင်ခြင်း
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ပဋ္ဌာန်းမြတ်ဒေသနာအကျဉ်း]]
| previous2 = [[နှစ်ဦးမေတ္တာလူတိုင်းမှာ]]
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ပတ်ဝန်းကျင်ကို ရှုမြင်၍ မိမိဘဝကို ပြုပြင်ခြင်း

[၁] သာသနာတော်နှစ် ၂၅၆ဝ- ပြည့်နှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၈-ခုနှစ်၊ တော်သလင်းလဆန်း (၈) ရက်၊ ၂ဝ၁၆-ခုနှစ်၊ စက်တင်ဘာလ (၉)ရက်၊ မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ဓမ္မသဟာယ သာသနစင်တာ၊ ဓမ္မရတိမဟာဓမ္မာသဘာ ဓမ္မာရုံကျောင်းတော်ကြီး အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် အရှင်ဇဝန (တစ်မိုက်သာ)၏ (၂၈)နှစ်ပြည့် မွေးနေ့မင်္ဂလာ ဓမ္မပူဇာ အထူးဓမ္မသဘင် အခမ်းအနား၌ ဟောကြားအပ်သော အကြောင်းတရား ဒေသနာတော်။

[၂] “ပတ်ဝန်းကျင်ကို ရှုမြင်၍ မိမိဘဝကို ပြုပြင်ခြင်း” တဲ့။ စဉ်းစားဆင်ခြင်တတ်တဲ့ ပုဂ္ဂိုလ်တွေ, သတိထားတတ်တဲ့ ပုဂ္ဂိုလ်တွေဟာ မိမိရဲ့ပတ်ဝန်းကျင်မှာ ရှုမြင်စရာတွေကို ကြည့်ရှုပြီးတဲ့အခါမှာ ကိုယ့်ဘဝ ကိုယ် ဘယ်လို ပြုပြင်ကြရတယ် ဆိုတာကို သိရှိနားလည်ကြတယ်။

မြတ်စွာဘုရား ကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်ကို ရှုမြင်တတ်ဖို့ ဆုံးမထားတာ ရှိတယ်။ အနမတဂ္ဂ သံယုတ်မှာ “လောကမှာ အလွန့်အလွန် အရုပ်ဆိုး အကျည်းတန်ပြီး ရွံစရာကောင်းလှတဲ့ သတ္တဝါတစ်ဦးဦးကို မင်း မြင်တယ်ဆိုရင် အစမထင် သံသရာမှာ ငါလည်း ဒီဘဝမျိုး ရောက်ခဲ့ရပြီလို့ စဉ်းစားလိုက်ပါ” လို့ ဒီလို ပြောတာနော်။ ဒီလို ဒုက္ခမျိုး ငါလည်း ခံစားခဲ့ရတယ် ပေါ့။ “အေး လောကမှာ အခြေအနေ ဘယ်လောက်ဆိုးတဲ့ [၃] ပုဂ္ဂိုလ်တွေ့တွေ့ ငါတို့လည်း ဒီလို အဖြစ်ဆိုးမျိုး ကြုံခဲ့ရပြီ”လို့ စိတ်ထဲမှာ နှလုံးသွင်းလိုက်ပါတဲ့။ ဒါဟာ ပတ်ဝန်းကျင်ကို ရှုတတ်မြင်တတ်ဖို့ သင်ကြားခြင်းပဲ ဖြစ်တယ်ပေါ့။

ဘုရားအလောင်း ဖြစ်လာတော့လည်း ကြည့်လေ၊ ပတ်ဝန်းကျင်ကို ရှုတတ်မြင်တတ်တယ်။ ဘုရားအလောင်းဘဝမှာ သူကိုယ်တိုင် ရှုမြင်တတ်ပုံကို ကြည့်၊ သူအို, သူနာ, သူသေ, ရဟန်းလို့ ဆိုတဲ့ နိမိတ်ကြီးလေးပါးကို မြင်တာ။ ဗုဒ္ဓဝင်ထဲမှာ ကြည့်မယ်ဆိုရင် သူအိုကိုမြင်တဲ့အခါမှာ သာမန် အဖိုးကြီး တစ်ယောက်၊ အဖွားကြီးတစ်ယောက်ကို မြင်တယ်လို့ စိတ်ထဲမှာ မရှိဘဲနဲ့ “ငါလည်းပဲ တစ်နေ့မှာ အိုရဦးမှာပဲ” ဆိုတဲ့အတွေးဟာ သူ့ခေါင်းထဲမှာ ရှိသွားတယ်။ အဲဒီ အတွေးဟာ အလွန် တန်ဖိုးရှိတဲ့ အတွေးတစ်ခုပဲ။ လူတိုင်းဟာ ဒီအတွေး [၄] မျိုး တွေးမိကြတာ မဟုတ်ဘူးနော်။ သာမန်မြင်တဲ့ သဘောလောက်ပဲ တွေးမိကြမှာ။ လူနာတွေ့လို့ရှိရင်လည်း “ငါလည်း တစ်နေ့ နာရဦးမှာပဲ၊ နာခြင်းသဘောကို မလွန်မြောက်နိုင် သေးဘူး” လို့ စဉ်းစားလိုက်ပါ။ ဘုရားအလောင်းက အဲဒီလို စဉ်းစားတယ်နော်။ လူသေနဲ့တွေ့တဲ့ အခါကျတော့လည်း “ဩော် ငါလည်း တစ်နေ့ကျရင် သေရဦးမှာပဲ၊ သေခြင်းတရားကို ငါလည်း မလွန်မြောက်သေးဘူး”လို့ ဒီလို စဉ်းစားတယ်ပေါ့။ ရဟန်းနဲ့တွေ့တဲ့အခါ “ဪ ဒီလိုဘဝမျိုးဟာ ငြိမ်းချမ်းပြီး မြင့်မြတ်တဲ့ အကျင့်ရှိတယ်” ဆိုတဲ့ အတွေးနဲ့ သူကိုယ်တိုင် ဒီဘဝကို ခံယူဖို့ စိတ်ဝင်စားမှု ဖြစ်လာခဲ့တယ်။ ဒါ ပတ်ဝန်းကျင်ကို ရှုမြင်တတ်ပုံကို ပြောတာနော်။

နောက်တစ်ခါ မြတ်စွာဘုရား ဒေဝဒူတသုတ် [၅] မှာ ဟောထားခဲ့တာလည်း ဒီပုံစံပဲ၊ အားလုံးကို ရှုမြင်တတ်ဖို့။ လူတစ်ယောက်ဟာ ကံမကောင်း အကြောင်းမလှလို့ အကုသိုလ်တွေကြောင့် ငရဲဘက်ကို ရောက်သွားတယ်။ သို့သော် ငရဲတံခါးဝ လေးဘက်လေးတန်မှာ ယမမင်းကြီး ၄-ဦးက စောင့်နေတာ။ သူတို့ စောင့်တာက သတ္တဝါတွေ အပေါ်မှာ ကြင်နာသနားလို့ Volunteer လာလုပ်တာ။ ယမမင်းဆိုတာ အဆိုးမဟုတ်ဘူး။ ငရဲမကျ ထိုက်တဲ့ပုဂ္ဂိုလ်တွေ မကျရအောင် ကူညီဖို့လာတာ။ အဲဒီတော့ ယမမင်းက ဘာတွေ ကူညီနိုင်တုန်းဆိုရင် ပြုဖူးတဲ့ ကုသိုလ်ကောင်းမှုတွေ ပြန်သတိရအောင် ဖော်ထုတ်ပေးမယ်။ ဖော်ထုတ်ပေးလို့ ဝမ်းမြောက် ဝမ်းသာဖြစ်ရင် သူဟာ ငရဲက လွတ်သွားနိုင်တယ်။ ဒီလို အနေအထားမျိုးနဲ့ ယမမင်းက လာစောင့်နေတာနော်။

[၆] လူတွေ ထင်နေတာက “ယမမင်းကို ငရဲကို ဆွဲချတဲ့သူ”လို့ ထင်နေတာ၊ မဟုတ်ဘူး။ ကြီးမားတဲ့ ငရဲဘုံကြီးရဲ့ တံခါးဝမှာ ရုံးထိုင်တဲ့အနေနဲ့ ငရဲကျမယ့် ပုဂ္ဂိုလ်တွေကို စောင့်ကြိုနေတာသာ ဖြစ်တယ်။ သူဟာ ဝေမာနိက ပြိတ္တာမျိုး ဖြစ်တယ်ပေါ့။ ဝေမာနိက ပြိတ္တာဆိုတာ ဘုံဗိမာန်နဲ့ နေထိုင်ရပြီး ချမ်းသာတဲ့အခါ ချမ်းသာ၊ ဆင်းရဲတဲ့အခါ ဆင်းရဲတယ်။ လူတွေလိုပဲ သူလည်းပဲ ဘဝရဲ့ အတွေ့အကြုံတွေကို ခံစားရတယ်။

အဲဒီမှာ အပြစ်မကြီးလွန်းတဲ့ ပုဂ္ဂိုလ်တွေဟာ ငရဲထဲကို တန်းကျမသွားဘဲ ငရဲပတ်ဝန်းကျင်ကို ရောက်လာတတ်တယ်။ အပြစ်ကြီးတဲ့ ပုဂ္ဂိုလ်ကတော့ ချက်ချင်း ငရဲထဲရောက်သွားတယ်၊ သူကျတော့ ယမမင်းရဲ့ အကူအညီ မရနိုင်ဘူး။

[၇] အပြစ်သိပ်မကြီးတဲ့သူတွေ ငရဲပတ်ဝန်းကျင် ရောက်လာပြီး ငရဲသားတွေက နှိပ်စက်မယ်ဆိုတဲ့ အခါ အနှိပ်စက်မခံရအောင် ယမမင်းက အကူအညီ ပေးတာ။ ငရဲဘုံနားသွားပြီး ယောင်လည်လည် လုပ်ရင်တော့ ဆွဲထည့်ခံရမှာပေါ့နော်။ လူ့ပြည်မှာတောင် ယောင်လည်လည် မလုပ်ရတဲ့နေရာတွေ ရှိတယ်လေ။ ယောင်လည်လည် သွားလုပ်ရင်တော့ ဖမ်းခံရမှာပေါ့။ ငရဲမှာလည်း အဲဒီလိုပဲ ငရဲရောက်ဖို့ ငရဲဘုံနားလေးမှာ ယောင်လည်လည် ဖြစ်နေတဲ့ သူတွေကို ယမမင်းကြီးက ခေါ်ပြီးမေးတယ်။ “မင်း လူ့ပြည်မှာတုန်းက ဒေဝဒူတ ဆိုတဲ့ နတ်တမန် (၃)ဦး ပေါ်ပေါက်နေတာကို တွေ့ခဲ့ရဲ့လား"ဆိုတော့ နားမလည်လို့ မတွေ့ခဲ့မိဘူးလို့ ဖြေတယ်။ ယမမင်းကြီးက “အေး. . . မင်း ငါမေးတာ သဘောမပေါက်ဘူးတဲ့။ နတ်တမန်ဆိုတာ တခြား [၈] မဟုတ်ဘူး၊ နတ်တွေက ပြောတဲ့စကားဟာ သေချာပေါက် ဖြစ်တာလိုပဲ။ မင်းလူ့ပြည်မှာ အိုမင်းနေတဲ့ အဖိုးအဖွားတွေကို မတွေ့ခဲ့ဘူးလား။” “တွေ့ခဲ့ပါတယ်” “အေး အဲဒီတုန်းက ငါလည်းပဲ အိုရဦးမှာပဲ၊ အိုခြင်းတရားက မလွန်မြောက်နိုင်သေးဘူးလို့ မင်း မစဉ်းစားခဲ့မိဘူးလား” ဆိုတော့ “မေ့နေတယ်၊ မစဉ်းစားခဲ့မိဘူး”ဆို တော့ ယမမင်းကြီးက “ဟင်း”ချပြီး ဘာလုပ်တုန်းဆိုရင် “အေးလေ၊ မင်းမေ့တော့ မင်းမဟုတ်တာတွေ လုပ်မိတာပေါ့၊ မင်းထိုက်နဲ့ မင်းကံပဲ။ ဒီကို မင်းအမေက လွှတ်တာ လည်း မဟုတ်ဘူး၊ မင်းအဖေက လွှတ်တာလည်း မဟုတ်ဘူး၊ ဆွေတွေမျိုးတွေက လွှတ်တာလည်း မဟုတ်ဘူး၊ ဘယ်သူကမှ လုပ်တာ မဟုတ်ဘူး၊ မင်းလုပ်တဲ့ကံမို့ မင်းပဲခံရမှာ။”

ငါတစ်ခု မေးမယ်၊ “လူနာကိုရော မတွေ့ခဲ့ဘူးလား” “တွေ့ခဲ့ပါတယ်။” “အဲဒီတုန်းကရော [၉] အသိဉာဏ်ရှိတဲ့ အရွယ်ရောက်လာတဲ့ အချိန်မှာ မင်းမစဉ်းစားဘူးလား။ ငါလည်း နာရဦးမှာပဲ နာခြင်းတရားကို ငါလည်း မလွန်မြောက်နိုင် သေးဘူးဆိုတဲ့ အတွေးလေး မင်းမတွေးခဲ့မိဘူးလား” “မေ့နေတယ်၊ မတွေးခဲ့မိဘူး”တဲ့။ “ငါလည်း ကုသိုလ်ကောင်းမှု လုပ်ဦးမှဆိုတဲ့စိတ် မဖြစ်ခဲ့ဘူးလား” ဆိုတော့ မဖြစ်ခဲ့ဘူး။ အဲဒီမှာလည်း ယမမင်းကြီးက စုတ်သပ်တယ်။ အေး “မင်းထိုက်နဲ့ မင်းကံပဲ” တဲ့။ ကဲနောက်တစ်ခု ငါမေးမယ်တဲ့ “လူသေ တော့ မင်းတွေ့ဖူးတယ် မှတ်တယ်” ဆိုတော့ တွေ့ဖူးတယ်။ “အဲဒီလူသေတွေကို တွေ့တုန်းက ဪ ငါလည်း တစ်နေ့ သေရဦးမှာပဲ၊ သေခြင်းတရားကို ငါ မလွန်မြောက်နိုင်သေးဘူး၊ ငါ ကောင်းတာတွေ လုပ်မှဖြစ်မယ်ဆိုတဲ့ အတွေးမျိုး မတွေးခဲ့ဘူးလား” “မတွေးခဲ့မိဘူး၊ မေ့နေတယ်။ ပျော်သလိုနေခဲ့တယ်”တဲ့။ “အေး အဲသလိုဆိုလည်း [၁၀] မင်းထိုက်နဲ့ မင်းကံပဲ ငါလည်းဘာမှ မတတ်နိုင်ဘူးဆိုပြီး ယမမင်းကြီးက ငြိမ်နေလိုက်တယ်။ အဲဒီအခါမှာ ငရဲစောင့်တွေက ဆွဲပြီး ငရဲကို ပို့ပစ်လိုက်တယ်ပေါ့၊ ဒါပါပဲနော်။

အကယ်၍များ ဒီလူက ယမမင်းကိုလည်း အမျှဝေခဲ့တယ်၊ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့တာ မေ့နေတာ ဆိုရင် ယမမင်းကြီးက “နေပါဦး၊ မင်းကို ငါပြောမယ်၊ မင်းဘယ်တုန်းက ဘာလုပ်ခဲ့တာလေ၊ ကျောင်းဆောက်ခဲ့တယ်၊ သို့မဟုတ် ဆွမ်းလောင်းခဲ့တယ်၊ လှူခဲ့တယ် မင်းဒါတွေကို ပြန်တွေးလိုက်စမ်း” ဆိုတော့ “ဟုတ်သားပဲ” ဆိုပြီး အတိတ်ကို ပြန်သတိရတဲ့အခါမှာ သူလွတ်သွားတယ်။ ကုသိုလ်ကောင်းမှုကို သတိဖော်ပေးတဲ့အခါ အဲဒီ ကုသိုလ်စိတ်နဲ့ပဲ ပြန်လွတ်သွားတယ်။ အဲဒီလို ငရဲပြည်ကို ယောင်လည်လည် ရောက်လာတဲ့ သတ္တဝါတွေကို ကူညီ [၁၁] စောင့်ရှောက်ဖို့ ယမမင်းကြီးက ငရဲဘုံတံခါးဝမှာ ထိုင်စောင့်ခဲ့တာ ဖြစ်တယ်ပေါ့။ အဲဒီမှာလည်းပဲ ပြောချင်တာက ပတ်ဝန်းကျင်ကို ရှုတတ်မြင်တတ်ဖို့ လိုတယ်လို့ ဆိုလိုတယ်ပေါ့။

လူတိုင်းလူတိုင်းဟာ ပတ်ဝန်းကျင်နဲ့ နေ့စဉ် မြင်တွေ့ ထိတွေ့ နေကြတာဖြစ်တော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ရှုမြင် သုံးသပ်ကြည့်တတ်ဖို့ လိုအပ်တယ်။ အဲဒီလို မကြည့်ဘဲနဲ့ အိုတဲ့လူကို တွေ့ရင်လည်း “သူ့ဟာသူ အိုတာ ငါနဲ့မဆိုင်ဘူး၊ နာတဲ့လူတွေ့လည်း သူ့ဟာသူ နာတာ ငါနဲ့မဆိုင်ဘူး၊ သေတဲ့လူတွေ့လည်း ငါကမသေဘူး သူ့ဟာသူသေတာပဲ" ဆိုပြီး မစဉ်းစားဘဲ မနေသင့်ဘူးပေါ့။ ငါလည်း ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ ကြုံနိုင်တယ်၊ ကြုံရဦးမှာပဲ၊ မေ့နေလို့မဖြစ်ဘူး၊ ကုသိုလ်ကောင်းမှုတွေ လုပ်ဦးမှပဲ” ဆိုတဲ့အတွေး [၁၂] လေး တွေးတတ်ဖို့။ ဒါကိုပြောတာနော် ပတ်ဝန်းကျင်ကို ရှုမြင်တယ်ဆိုတာ၊ သတိထားပြီး အသိဉာဏ်နဲ့ ဆင်ခြင်ရမယ်။ “ပတ်ဝန်းကျင်ကို ရှုမြင်ခြင်း၊ ဆင်ခြင်ခြင်း ဒီနှစ်ခု ပြီးတဲ့အခါမှာ ကိုယ့်ဘဝကို ကိုယ်ပြင်ပါ” လို့ ဆိုလိုတယ်ပေါ့နော်။

ကိုယ့်ဘဝ ကိုယ်ရှုမြင် ဆင်ခြင်ပြီး ပြုပြင်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ သူတော်ကောင်းတွေ ဖြစ်ပြီး သံသရာဝဋ်က လွတ်သွားကြတာပဲ။ အမှတ်တမဲ့နေတဲ့ ပုဂ္ဂိုလ်တွေကတော့ သံသရာရေယာဉ်ကြောမှာ မျောသွားကြတယ်ပေါ့။ ဒီ အကြောင်းလေးကို ၅၅ဝ- ဇာတ်ထဲမှာ ၄၀၈-ခုမြောက်ဖြစ်တဲ့ ကုမ္ဘကာရ ဇာတ်မှာပါတဲ့ အကြောင်းအရာလေးတွေကို မှတ်သားနာယူပြီးတော့ ပတ်ဝန်းကျင်ကို ရှုမြင်တတ်ဖို့ လေ့ကျင့်ထားရမယ်။

[၁၃] အနမတဂ္ဂသံယုတ်မှာ မြတ်စွာဘုရား ဟောသလိုပဲ၊ အခြေနေဆိုးတဲ့ ပုဂ္ဂိုလ်တွေကိုမြင်ရင် “ငါလည်း ခံခဲ့ရဖူးတယ်၊ သံသရာမှာ ငါလည်းကြုံခဲ့ဖူးတယ်၊” ကောင်းတာမြင်မြင် ဆိုးတာမြင်မြင် “ငါလည်းကြုံခဲ့ရဖူးတယ်၊ ဒါတွေဟာ သံသရာရဲ့ ဒုက္ခတွေပဲ၊ ငါတော့ ကောင်းအောင်လုပ်မှပဲ၊ မအိုခင် မနာခင် မသေခင် ငါကောင်းတာ လုပ်ရမယ်”လို့ ကောင်းရာ တုပြီးတော့ ကောင်းမှုတွေကို ပြုနိုင်ဖို့ အတွက် ဆင်ခြင်စဉ်းစားရမယ်။

မြတ်စွာဘုရားဟောတဲ့ ဒေသနာထဲမှာ ကထံ ဘူတဿ မေ ရတ္တိ ဒိဝါ ဝီတိဂတ္တန္တိ -ငါ့မှာ နေ့တွေ ညတွေ ရက်တွေ လတွေ နှစ်တွေ ကုန်လာခဲ့တာ ဘာတွေနဲ့ ကုန်နေတာလဲ။ တစ်နေ့တာ အချိန်တစ်ခု ကို ငါ့မှာ ဘာနဲ့ကုန်ဆုံးတာလဲ၊ တန်ဖိုးမရှိတဲ့အရာ တွေ လုပ်ကိုင်ပြီး ကုန်ဆုံးတာလား၊ ကုသိုလ်စိတ်နဲ့ ကုန်ဆုံးတာလား၊ သို့မဟုတ် အကုသိုလ်စိတ်တွေနဲ့ [၁၄] ကုန်ဆုံးသွားတာလား၊ တစ်နေ့ပြီးတစ်နေ့ ငါဟာ အသက်ကြီးလာပြီ။ သံသရာရဲ့ ဒုက္ခတွေဟာ အင်မတန်မှကြီးလွန်းလို့ ငါ ကောင်းတာတွေလုပ်ဖို့ လိုအပ်တယ်” လို့ ကိုယ့်ကိုယ်ကို သတိထားပြီး ဆင်ခြင်သုံးသပ်တတ်ဖို့ လိုအပ်တယ်၊ ဆင်ခြင်သုံးသပ်ပြီး မကောင်းသေးရင် ကောင်းအောင် ကုသိုလ်အားနည်းနေရင် များများလုပ်ဖို့ ပြင်ရမယ်။ အဲဒီလို ကိုယ့်ဘဝကို ကိုယ်ပြုပြင်ရမယ်ဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမတရားပဲ ဖြစ်တယ်ပေါ့။

မြတ်စွာဘုရားက ၄၀၈-ခုမြောက်ဖြစ်တဲ့ ကုမ္ဘကာရဇာတ်မှာ ရဟန်းတော်တွေနဲ့ ပတ်သက်ပြီးတော့ ဟောကြားထားတာ ရှိတယ်။ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းဆိုတာ အားလုံးသိကြတဲ့ အတိုင်းပဲ။ ဇေတဝန်ကျောင်းရဲ့ မြေကြီးကို အနာထပိဏ် [၁၅] သူဌေးကြီးက ရွှေဒင်္ဂါးအပြည့်ခင်းပြီးတော့ ဝယ်ရတာ။ မြေဖိုးတင်ပဲ ၁၈-ကုဋေ ကုန်ကျတယ်။ ရွှေဒင်္ဂါးတွေကို အစွန်းချင်းထိပြီး ခင်းထားတဲ့ တန်ဖိုးနဲ့ ဝယ်ရတာ ၁၈-ကုဋေနော်။ အဲဒီမြေကိုပဲတစ်ခါတစ်ရံ ကျတော့ ကောဋိသန္တာရ လို့ စာထဲမှာသုံးတယ်။ အနာထပိဏ်သူဌေးကြီး ကျောင်းဆောက်မယ် ဆိုတော့ ဇေတမင်းသားကို တန်ဖိုးကြီးကြီးပေးပြီး ဝယ်ရတာ။

သစ်ပင်ရှိတယ်ဆိုရင်လည်း သစ်ပင်နေရာတွေကို တစ်နေရာမှာ ကွက်ပြီးတော့ သစ်ပင်ကို အတိုင်းအတာလုပ်ပြီးတော့ အဲဒီဟာ ခင်းရတယ်။ သို့သော် နောက်ပိုင်းကျတော့ ဇေတမင်းသားက ဇေတဝန်ကျောင်းရဲ့ မုခ်ဦး မြေကွက်ကို လှူလိုက်တယ်။ သစ်ပင်တွေ, သစ်ပင်နေရာတွေကိုလည်းပဲ ဇေတမင်းသားက ကုသိုလ်ပါဝင်လိုက်တယ်။

[၁၆] သစ်ပင်မရှိတဲ့ နေရာတွေကိုပဲ ခင်းပြီးတော့ ၁၈- ကုဋေ ကုန်ကျတဲ့ ဒင်္ဂါးငွေတွေနဲ့ မြေကြီးကို ဝယ်တယ်။ ကျောင်းဆောက်တော့လည်း ၁၈-ကုဋေ နဲ့ ဆောက်တယ်၊ ကျောင်းရေစက်ချတော့လည်း ၁၈-ကုဋေ။

မြတ်စွာဘုရားဟာ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းမှာ ၂၅-ဝါ သီတင်းသုံးတယ်။ အဲဒီလို ၂၅- ဝါနေရင်းနဲ့ မြတ်စွာဘုရားဟာ အင်မတန်မှ အလုပ် လုပ်တယ်။ တပည့်သာဝကတွေကို ထိန်းသိမ်း စောင့်ရှောက်တဲ့ နေရာမှာ မျက်ခြေပြတ်မခံဘူး၊ ဒီအတိုင်း မျက်စိဒေါက်ထောက်ကြည့်နေတာတော့ မဟုတ်ဘူး။ ဘာတွေ လုပ်နေကြလဲ၊ အခြေအနေ ကောင်းရဲ့လားဆိုတာကို နေ့အခါမှာ ၃-ကြိမ် ကြည့်တယ်၊ ညမှာဆိုရင် ၃-ကြိမ် ကြည့်တယ်။ မိမိရဲ့ တပည့်တွေ အခြေအနေ ကောင်း,မကောင်း၊ [၁၇] အဆုံးအမအတိုင်း လိုက်နာမှု ရှိမရှိ မြတ်စွာဘုရားက ကြည့်လေ့ရှိတယ်။

တစ်ရက်မှာတော့ လူငယ်လူရွယ် အမျိုးသား ၅ဝဝ-ဟာ သာသနာ့ဘောင်ကို ဝင်လာကြတယ်။ သူတို့ဟာ မြတ်စွာဘုရားနဲ့အတူ ဇေတဝန်ကျောင်းမှာ နေရင်းကနေ ညသန်းခေါင်ယံကျတော့ လူငယ်လူရွယ်တွေ ဖြစ်သည့်အလျောက် ကာမဝိတက် ဆိုတဲ့ ကာမဂုဏ်အာရုံစိတ်တွေ ပေါ်ပြီးတော့ ကြံတွေးကြတယ်။ မြတ်စွာဘုရားက အေး... ဒီကိုယ်တော်တွေ ဘာတွေများ တွေးနေကြပါလိမ့်မတုံးလို့ ကြည့်လိုက်တော့ လူထွက်ဖို့တွေ စဉ်းစား နေတာ ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်။ လူ့ဘဝကို ပြန်ဖို့ စဉ်းစားနေကြတာတွေကို တွေ့တော့ အဲဒီကိုယ်တော်တွေကို ခေါ်ခိုင်းပြီး ချက်ချင်း ဆုံးမဩဝါဒ ပေးတယ်။ ဆုံးမတဲ့အထဲမှာ ဘာဟောတုန်းဆိုတော့ [၁၈] န ဘိက္ခဝေ အန္တော ပဝတ္တကိလေသာနံ ဝသေ ဝတ္တိတုံ- ကိုယ့်ရင်ထဲမှာ ဖြစ်လာတဲ့ ကိလေသာရဲ့ နောက်ကို မလိုက်နဲ့။

ဥပမာ- လောဘဖြစ်ရင် လောဘနောက် မလိုက်နဲ့၊ ဒေါသဖြစ်ရင်လည်း ထိန်း၊ ကိုယ့်ရင်ထဲမှာ ဖြစ်တဲ့ ကိလေသာတွေကို မြင်တဲ့အတိုင်း အကောင်အထည် မဖော်နဲ့၊ လက်ခံမထားနဲ့။ ကိလေသော ဟိ ဝတ္တမာနော ပစ္စာမိတ္တော ဝိယ မဟာဝိနာသံ ပါပေတိ- ရင်ထဲက ကိလေသာဟာ ဖြစ်လာရင် ရန်သူနဲ့တူတယ်။ ရန်သူဟာ ဖျက်ဆီးတတ်, ဒုက္ခပေးတတ်သလိုပဲ၊ ဒီကိလေသာကို ကိုယ့်ရင်ထဲမှာ အဖြစ်ခံရင် ကိုယ့်ကို ဒုက္ခပေးလိမ့်မယ်။ ဒါတွေကို ဆက်မတွေးကြနဲ့၊ ဆက်တွေးလိုက်လို့ရှိရင် ရင်ထဲက ကိလေသာတွေကို မနိုင်တော့ဘဲနဲ့ နောက်ဆုံးမှာ အရှုံးပေးသွားကြရ တတ်တယ်ပေါ့နော်။ အဲဒါမျိုး [၁၉] မဖြစ်စေနဲ့လို့ မြတ်စွာဘုရားက ဆုံးမဩဝါဒပေးပြီး “ရှေးတုန်းက တကယ့်သူတော်ကောင်းတွေဟာ ပတ်ဝန်းကျင်ကို ရှုမြင်တယ်၊ သတိထားတယ်၊ ဆင်ခြင်သုံးသပ်ပြီးတော့ ကိုယ့်ဘဝကိုယ် ကောင်းအောင် လုပ်သွားကြတာကို စံနမူနာအဖြစ် မှတ်ယူသင့်တယ်” ဆိုပြီးတော့ ကုမ္ဘကာရဇာတ်ကို ဟောတာ နော်။

ကုမ္ဘကာရဇာတ် မြတ်စွာဘုရားအလောင်းတော်ဟာ ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်း အုပ်စိုးတဲ့အချိန်၊ ဗာရာဏသီမြို့ရဲ့ မြို့တံခါးအနားမှာ ရွာတစ်ရွာရှိတယ်၊ အဲဒီရွာမှာ အိုးလုပ်ငန်းနဲ့ အသက်မွေးတယ်။ သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားပြီး သူတို့မိသားစုလေးယောက် အတူနေကြတယ်။

[၂၀] အိုးလုပ် အသက်မွေးသည့်အတွက် ချမ်းသာတာ မဟုတ်သော်လည်း မျှမျှတတ အသက်မွေးနိုင်ကြတယ်။

တစ်နေ့ကျတော့ နံနက်ပိုင်း အချိန်မှာ သူတော်စင် ပုဂ္ဂိုလ် ၄-ဦးဟာ ကောင်းကင်ယံကနေ ကြွရောက်ပြီး ဘုရင့်ဥယျာဉ်မှာ ဆင်းသက်ပြီး သူ့အိမ် တံခါးဝဘက်ကို ကြွလာတယ်။ အခုမြန်မာနိုင်ငံမှာ ဆွမ်းခံတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ ရိုးရာကိစ္စ ဖြစ်နေသလို ရှေးတုန်းက ဆွမ်းခံကြတယ်။ ဆွမ်းခံတာ မထူးဆန်းတော့ဘူး။ တစ်ချို့ နိုင်ငံတွေမှာ ဆိုရင် ဆွမ်းခံတဲ့အလေ့ ပျောက်သွားပြီ။ ဆိုပါစို့ သီရိလင်္ကာ နိုင်ငံမှာဆို တောအရပ်လောက်ပဲ ရှိတော့တယ်။ မြို့မှာ ဆွမ်းခံတဲ့အကျင့် ပျောက်သွားပြီ။ ထိုင်းမှာ တော့ ဆွမ်းခံတဲ့ အလေ့အကျင့် ရှိသေးတယ်။ ကမ္ဘောဒီးယားတို့၊ လာအိုတို့မှာလည်း ရှိပုံရတယ်၊ [၂၁] တခြားနိုင်ငံတွေမှာ ဆွမ်းခံတာ မရှိတော့ဘူး။ အဲဒီတော့ ဆွမ်းခံတဲ့အလေ့အကျင့်ဟာ ပျောက်ကွယ်သွားပြီ။

အိန္ဒိယနိုင်ငံမှာ တစ်ချိန်တုန်းက သူတော်စင် သူတော်မြတ်တွေဟာ တစ်အိမ်တစ်ဇွန်း သပိတ်ကလေးပိုက်ပြီး လှည့်လည်သွားလာတာ။ သဒ္ဓါတရားပေါက်တဲ့ ပုဂ္ဂိုလ်တွေက လှူတဲ့ ကျွေးမွေးတာလေးနဲ့ ကျေနပ်ပြီး ကိုယ့်ဘဝကိုယ် ပြုပြင်နေထိုင်လေ့ရှိတယ်ပေါ့။ အခုလည်းပဲ သူတော်စင် ပုဂ္ဂိုလ်(၄)ဦးဟာ ဣန္ဒြေသိက္ခာရှိရှိနဲ့ သူတို့ရဲ့ မျက်နှာတွေကလည်း ကြည်လင်လို့၊ အသားအရေတွေ ကလည်း သန့်ရှင်းစင်ကြယ်ပြီးတော့ တကယ့်ကို စိတ်ချမ်းချမ်းသာသာ ပုံပန်းသဏ္ဌာန်နဲ့ အိမ်တံခါးဝကို ရောက်လာတယ်။ ဘုရားအလောင်းက ဘဝါဘဝကတည်းက ပေးချင်ကမ်းချင်တဲ့ သဒ္ဓါတရားရှိတော့ [၂၂] အဲဒီ သူတော်စင်တွေကိုလည်းမြင်ရော အိမ်ပေါ်ကြွဖို့ ပင့်တယ်။ ဆွမ်းလှူမယ်ပေါ့။ အိမ်ပေါ်ကြွတော့ နေရာထိုင်ခင်း ပေးထားတယ်ပေါ့။

တကယ်တော့ အဲဒီပုဂ္ဂိုလ်တွေဟာ သာမန် ပုဂ္ဂိုလ်တွေ မဟုတ်ဘူး၊ ဟိမဝန္တာဘက်က ကြွလာတဲ့ ပစ္စေကဗုဒ္ဓါတွေ ဖြစ်နေတယ်နော်။ သူတို့ဟာ လူ့ဘဝတုန်းကလည်းပဲ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းစိုးရာဇာတွေ ဖြစ်ခဲ့ကြတယ်။ သို့သော် သူတို့ဟာ အခု ပစ္စေကဗုဒ္ဓါ သူတော်စင်သူတော်မြတ်တွေ အနေနဲ့ ရောက်လာတာ ဖြစ်တယ်။ ဘုရားလောင်းနဲ့ တွေ့တော့ အိုးလုပ်ရုံကြီးထဲ ပင့်ပြီးတော့ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေကို ဆွမ်း, ကွမ်း လုပ်ကျွေးတယ်။ ပြီးတော့ အလှူရေစက် လက်နဲ့မကွာဆိုတာလို ပစ္စေကဗုဒ္ဓါတွေ ဟောပြောတဲ့ ရေစက်ချတရားကို နားထောင်ရင်းနဲ့ စကားစမြည် ပြောတယ်ပေါ့။

[၂၃] ပစ္စေကဗုဒ္ဓါလို့တော့ မသိဘူးပေါ့။ ထိုခေတ်ကတော့ သူတော်စင် သူတော်မြတ်တွေဟာ ဆွမ်းခံလှည့်လည်ကြတာဟာ ရိုးနေတဲ့ အနေအထားမျိုး ရှိတော့ သာမန်ပဲ ထင်မှာပေါ့။

သူတော်စင်တွေကို စကားပြောရင်းနဲ့ သူက မေးတယ် “အရှင်ဘုရားတို့ကို ကြည့်ရတာ အသားအရေတွေကလည်း စင်ကြယ်ကြတယ်။ ဣန္ဒြေတွေကလည်း ကောင်းလိုက်ကြတာ။ သိက္ခာသမာဓိလည်းရှိတယ်။ အရှင်ဘုရားတို့ အခုလို ဆွမ်းခံလှည့်လည်ပြီး စားရတဲ့ ရဟန်းဘဝကို ခံယူတာ ဘာကြောင့်လဲ။ အသက်အရွယ်လည်း အလွန်အမင်း မကြီးကြသေးဘူး။ ခုခေတ်လိုပြောရင် “အရှင်ဘုရားတို့ ဘာဖြစ်လို့ ဘုန်းကြီးဝတ်လာကြတာလဲ”လို့ မေးတာပဲ။ ဒီဘဝမျိုးကို ဘာကြောင့် ဘယ်ဘဝကနေ ကူးပြောင်းလာကြတာလဲလို့ [၂၄] ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေကို မေးတဲ့အခါမှာ အကြီးဆုံး ပစ္စေကဗုဒ္ဓါအရှင်မြတ်က အရင်ဆုံး ဖြေတယ်။ ဖြေပုံလေးကို ကြည့်ရအောင်။

ပဌမ ပစ္စေကဗုဒ္ဓါ

“အမ္ပာဟမန္တံ ဝန မန္တရသ္မိံ၊ နီလောဘာသံ ဖလိတံ သံဝိရူဠှံ။
တ မဒ္ဒသံ ဖလဟေတု ဝိဘဇ္ဇံ၊ တံ ဒိသွာ ဘိက္ခာစရိယံ စရာမိ။”

သူပြောတဲ့ အကျဉ်းချုပ်ကလေးက အခုလို ဆွမ်းခံစားတဲ့ဘဝကို ရောက်လာတာ တခြားမဟုတ်ဘူးတဲ့။ ဒီ တောအုပ်ဥယျာဉ်ထဲမှာ အရွက်တွေက စိမ်းစိုပြီး အသီးတွေကလည်း မှည့်ပြီး ဝင်းဝင်း ဝါဝါနဲ့လှနေတဲ့ သရက်ပင်ကြီးတစ်ပင်ကို တွေ့တယ် တဲ့။ အဲဒီ သရက်ပင်ကြီးဟာ ဒီအသီးတွေကို [၂၅] အကြောင်းပြုပြီးတော့ တစ်ပင်လုံး ရစရာမရှိအောင် ကျိုးပဲ့ပျက်စီးသွားတာကို သူတွေ့လိုက်ရတယ်တဲ့။ ဟော သူရဲ့ပတ်ဝန်းကျင်မှာ အသီးတွေနဲ့ လှပနေတဲ့ အပင်ဟာ ပျက်စီးနေတာကို တွေ့လိုက်လို့ စိတ်ထဲမှာ ဒါကို အမှတ်ထားပြီးတော့ လောကကြီးကို ဆင်ခြင် သုံးသပ်ကြည့်ပြီး သူဟာ ဒီဘဝကို ကူးပြောင်းလာခဲ့တာ ဖြစ်တယ်လို့ အကျဉ်းချုပ် ပြောတာပေါ့။ သို့သော် သူ့ရဲ့ဇာတ်လမ်းကို သေသေချာချာ ရှင်းပြောတဲ့အခါမှာ သူဟာ တခြားမဟုတ်ဘူးတဲ့။ ကလိင်္ဂတိုင်းက ဒန္တပူရမြို့မှာ ကရဏ္ဍကဆိုတဲ့ မင်းဘဝနဲ့ တိုင်းပြည်ကို အုပ်စိုးခဲ့တာ ဖြစ်တယ်ပေါ့။ ကလိင်္ဂတိုင်းဆိုတာ ကနေ့ခေတ်မှာလည်း ကလိင်္ဂ လို့ ခေါ်တာရှိတယ်။ အိန္ဒိယမှာ ကာလကတ္တားကနေ တောင်ကို ဖြောင့်ဖြောင့်သွားလိုက်လို့ရှိရင် ဩရိသ ပြည်နယ်ကို ရောက်မယ်။ မြန်မာပြည်နဲ့ ပြောမယ် [၂၆] ဆိုရင် ပုသိမ်နဲ့ ကမ်းရိုးတန်း တစ်ဖြောင့်တည်း လောက်ရှိတယ်။ ဘုန်းကြီးတို့လည်း သီတဂူဆရာတော်ကြီးက ခေါ်တာနဲ့ လိုက်သွားဖူးတယ်။ အဲဒီ ဩရိသပြည်နယ်ထဲမှာ ကလိင်္ဂတိုင်းဆိုတာ ရှိတယ်။ အဲဒီ ကလိင်္ဂတိုင်းက သမိုင်းကြောင်းနဲ့ ပြောမယ်ဆိုရင် အသောကမင်းကြီးက ကလိင်္ဂကို ကျူးကျော်ပြီး စစ်တိုက်တဲ့အခါမှာ လူနှစ်သိန်း လောက် သွေးချောင်းစီးသွားတယ်နော်။ သူတို့တိုက်ပွဲ ဟာ အလွန်ပြင်းထန်တယ်။ ဒါကြောင့်မို့ ကလိင်္ဂတိုင်းနားက ခေါင်ရီလို့ခေါ်တဲ့ ဒဝလဂိရီ ဆိုတဲ့ တောင်လေးနားမှာ ချောင်းကြီးရှိတယ်။ အခုတော့ ကောနေပြီပေါ့။ အဲဒီနားလေးမှာ တိုက်ပွဲက သွေးချောင်းစီးသွားတာ။ ကလိင်္ဂတိုင်းက ပြန်ပြီးတော့ ခုခံတိုက်ခိုက်တယ်။ အသောကမင်းကြီးကလည်း ကလိင်္ဂတိုင်းကို သိမ်းပိုက်ဖို့ ကြိုးစားတာ အောင်ပေ [၂၇] မယ့် လူနှစ်သိန်းလောက် သေဆုံးတယ်။ ဒါကြောင့်မို့ အဲဒီနားလေးမှာ အသောကမင်းရဲ့ Ethic ခေါ်တဲ့ ကျောက်စာတွေ ရေးထိုးထားတာ ရှိတယ်ပေါ့။ အရင်တုန်းကတော့ စဏ္ဍာသောက-အလွန် စိတ်ကြမ်းကိုယ်ကြမ်းနိုင်တဲ့ ဘုရင်ကြီး။ နောက်ပိုင်း ကျတော့ ဘယ်သူ့ကိုမှ အဓမ္မနည်းနဲ့ အနိုင်မယူတော့ ဘူး။ ဓမ္မဝိဇယ-တရားနဲ့ပဲ အောင်နိုင်အောင် ကြိုးစားတော့မယ်ဆိုပြီးတော့ အဲဒီမှာ သူ သံဝေဂ ရသွားတာနော်။ မြန်မာလူမျိုးတွေ ပြောပြောနေတဲ့ ဓမ္မသောကမင်းကြီးပေါ့နော်။ အဲဒီဓမ္မသောကမင်းကြီးဟာ ကလိင်္ဂစစ်ပွဲပြီးတဲ့အချိန်မှာ သံဝေဂရပြီး တော့ စစ်ကိုရှောင်လိုက်တာ နောက်မတိုက်တော့ ဘူး။ အဲဒီမှာ သူ့ရဲ့မှတ်တမ်းမှတ်ရာ ကျောက်စာတွေ ထိုးထားတာရှိတယ်။

ကလိင်္ဂတိုင်းဟာ အသောကမင်း မတိုင်မီ [၂၈] ရှေးကတည်းကရှိတာ။ ကနေ့လည်း ရှိတယ်ပေါ့။ ကာလိင်္ဂတိုင်း ဒန္တပူရမြို့ ဆိုတာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့အချိန်မှာ လက်ဝဲအောက်စွယ်တော် ဟာ အဲဒီရောက်သွားတာနော်။ ဘေးကလူတွေက ဘုရားရဲ့စွယ်တော်ကို လုမလို့ လာတဲ့အခါမှာ အဲဒီ ဒန္တပူရမြို့မှာရှိတဲ့ ဒန္တကုမာရနဲ့ ဟေမမာလာ မင်းသမီးတို့က ရုပ်ဖျောက်ပြီးတော့ မင်းသမီးရဲ့ ဆံထုံးထဲမှာ ဘုရားရဲ့ စွယ်တော်ကို ဝှက်ပြီးတော့ သီရိလင်္ကာ နိုင်ငံဘက်ကို ကူးသွားတာ။ အခု သီရိလင်္ကာမှာ ရောက်နေတဲ့ စွယ်တော်ဟာ ကလိင်္ဂတိုင်းက စွယ်တော်ပဲလို့ ဆိုတယ်။ ဒါကတော့ ဘုရား ပွင့်ပြီးမှဖြစ်တဲ့ နီးကပ်တဲ့ သမိုင်းပေါ့နော်။

အဲဒီ ဒန္တပူရမြို့မှာ ဘုရားမပွင့်ခင် ဟိုးရှေးတုန်း က သမိုင်းကြောင်း အလွန်ရှည်လျားတဲ့ အချိန်တုန်း က ကရဏ္ဍက ဆိုတဲ့ ဘုရင်ကြီးဖြစ်ခဲ့တယ်။ တစ်နေ့ [၂၉] ကျတော့ ဆင်စီးပြီးတော့ အခြံအရံ ပရိသတ်တွေနဲ့ ဥယျာဉ်ထွက်တယ်။ ဥယျာဉ်အဝင်မှာ လှပတဲ့ သရက်ပင်ကြီး အသီးတွေကလည်း မှည့်ဝင်းနေ တယ်ပေါ့။ ဝင်းဝါနေတဲ့ သရက်သီးတွေကို တွေ့တဲ့ အခါမှာ ဘုရင်ကြီးက ဆင်ပေါ်ကနေပြီးတော့ သရက်သီးခိုင် တစ်ခိုင်ကို ခူးလိုက်တယ်။ ပြီးတော့ ဥယျာဉ်ထဲမှာနေရင်း သူနဲ့ပါတဲ့ လူတွေကိုကျွေး၊ သူကိုယ်တိုင်လည်း သရက်သီးစားပေါ့။ ဘုရင်ကြီးလည်း သရက်သီး ခူးသွားရော နောက်ကပါလာတဲ့ ပရိသတ်တွေအကုန်လုံးက “ဟာ ဘုရင် ခူးပြီးပြီဆိုရင် ခူးကြ” ဆိုပြီး ဟိုလူကခူး၊ ဒီလူကခူးနဲ့ အသီးတွေ ပြောင်ရုံတင်မကဘူး တချို့က အကိုင်းပါ ချိုးပစ်တယ်။ လုကြယက်ကြနဲ့ ဆိုတော့ အဲဒီ သစ်ပင်ကြီးတစ်ပင်လုံးဟာ ရစရာ မရှိဘူး။ အသီးဆိုတာ လုံးဝမကျန်တော့ဘူး။ ခူးလိုက် [၃၀] ကြ လုယက်လိုက်ကြတာ ဘာနဲ့တူတုန်းဆိုရင် ပိုက်ဆံကြဲလို့ ဝိုင်းလုတာနဲ့ တူတယ်။ သစ်ပင်ကြီးကို ပွစာတက်သွားတယ်။ ဘုရင်ကြီးက ညနေအချိန် ရောက်တဲ့အခါကျတော့ အဲဒီလမ်းကနေ ပြန်ထွက် တဲ့အခါမှာ သစ်ပင်က ပွစာတက်နေပြီ။ အဝင်တုန်း က အဲဒီအပင်ကြီးက စိမ်းစိမ်းညို့ညို့နဲ့ အသီးတွေ ဝင်းဝင်းဝါဝါနဲ့ အင်မတန်လှတာ။ သူက တစ်ခိုင်ပဲ ဆွတ်တာ၊ “ဘုရင်ကြီး ဆွတ်ပြီးပြီ” ဆိုပြီး နောက်က လိုက်လာတဲ့ သူတွေက အကုန်ဆွတ်ကြတော့ အပင်ကြီးဟာ အကိုင်းတွေကျိုးပဲ့ ပျက်စီးနေတာ ကြီးကို မြင်တော့ သူက စဉ်းစားတာပေါ့။ မလှမ်းမကမ်းမှာရှိတဲ့ အသီးမသီးတဲ့ သရက် ပင် တစ်ပင်ကျတော့ ဘယ်သူကမှ မနှိပ်စက်ဘူး။ အသီးသီးတဲ့ သရက်ပင်ကိုတော့ ဝိုင်းနှိပ်စက်ထား လိုက်ကြတာ။ အဲဒါ သူ့ရဲ့ ပတ်ဝန်းကျင်မြင်ကွင်းပဲ။

[၃၁] သာမန်အားဖြင့် မစဉ်းစားတဲ့ လူတစ်ယောက်ဆိုရင် သရက်သီးတွေ ခူးပစ်ကြတာ ကုန်ပြီပဲလို့ ဒီ့ထက် ပိုပြီးတော့ မတွေးဘူး။ သူကတော့ ဘယ်လိုစတွေးလဲ ဆိုရင် “ဒီသရက်ပင်ကြီး အခုလို ရုပ်ပျက်ဆင်းပျက်နဲ့ အကိုင်းအခက်တွေ ကျိုးပဲ့ပျက်စီးသွားတာဟာ အခြားကြောင့် မဟုတ်ဘူး၊ အသီးကြောင့်ဖြစ်တာ။ ဟိုမှာ အသီးမရှိတဲ့ အပင်ဟာ ဘာမှမဖြစ်ဘူး” ဒီလို စဉ်းစားပြီးတော့ “ငါ့ဘဝဟာလည်း မင်းစိုးရာဇာ ဘဝ၊ မိသားစုဘဝ၊ သားတွေသမီးတွေနဲ့ နေတာဟာ အသီးသီးတဲ့ သရက်ပင်ကြီးနဲ့ တူနေပြီ။ တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေတယ်၊ စည်းစိမ်ဥစ္စာတွေနဲ့ နေတယ်ဆိုတာ အသီးသီးတဲ့ သရက်ပင်ကြီးနဲ့ တူတယ်။ လုယက်ကြမယ်ဆိုရင် ဒီသရက်ပင်ကြီး ကျိုးပဲ့သွားသလို ငါ့ဘဝဟာလည်း ကျိုးပဲ့သွားမှာပဲ” တဲ့။ စဉ်းစားပုံလေးကို ပြောတာနော်။ အဲဒါကိုပြော [၃၂] တာ “ပတ်ဝန်းကျင်ကို ရှုမြင်၍” ဆိုတာ။ သတိထား တယ်၊ အသိဉာဏ်နဲ့ ရှုမြင်တယ်၊ ရှုမြင်ပြီးတော့ သူ့ဘဝကို သူ ဆင်ခြင်တာနော်။

ငါ့ဘဝဟာ အသီးသီးတဲ့ သရက်ပင်ကြီးနဲ့ တူနေပြီ။ ဟော ဟိုဘက်တစ်ပင်ကို ကြည့်လိုက်မယ် ဆိုရင် အသီးမသီးသည့်အတွက်ကြောင့် ဘယ်သူ ကမှ မဖျက်ဆီးဘူး။ ရဟန်းဘဝ သူတော်စင်ဘဝ ကျတော့ ဘယ်သူကမှ ဒုက္ခမပေးဘူး။ ငါ့ဘဝမှာ ဆိုလို့ရှိရင် တိုင်းပြည်အာဏာလုမယ့် လူတွေနဲ့၊ ငါ့ကို နှိပ်စက်မယ့် လူတွေနဲ့ ငါဟာ အမြဲတမ်း သတိထား ပြီးတော့ ကာကွယ်ရေးတွေနဲ့ နေရတယ်ပေါ့။ ငါ့ဘဝ ဟာ အသီးသီးတဲ့ သရက်ပင်ကြီးလို ဖြစ်နေပြီ၊ ပျက်စီးသွားနိုင်တယ်။ အဲဒီ သရက်ပင်နားလေးမှာ ရှေ့ဆက်မသွားဘဲနဲ့ တော်တော်ကြာအောင် တွေး နေတာနော်။ ဘေးကလူတွေကတော့ ဘုရင်ကြီး [၃၃] ရပ်နေတော့ အားလုံးလည်း ရပ်နေကြပေမယ့် ဘုရင်ကြီး ဘာတွေးနေလဲဆိုတာတော့ ဘယ်သိမလဲ နော်။

ဘုရင်ကြီးက အဲဒီသရက်ပင်နားမှာ တွေးရင်း ကနေပြီးတော့ နောက်ဆုံးမှာ သရက်ပင်ကြီး ပျက်စီး သွားသလို ဒို့ရထားတဲ့ ရုပ်နာမ်တရားတွေဟာ လည်းပဲ တနေ့ကျတော့ ပျက်စီးသွားမှာပဲလို့ ဆိုတဲ့ ဒီ ရုပ်တရားနာမ်တရားတွေရဲ့ ခိုင်မာမှုမရှိတဲ့သဘော သူ့ဘဝရတဲ့ အခြေအနေတွေထိအောင် အကုန်လုံး ဆက်စပ်ပြီးတော့ ဆင်ခြင်တယ်။ သရက်ပင်ကြီးကို အာရုံပြုရာကနေပြီးတော့ သူ့ရဲ့ ဘဝတစ်ခုလုံးကို ဆင်ခြင်သုံးသပ်ပြီးတော့ မမြဲတဲ့သဘောတွေ၊ ဆင်းရဲ တဲ့သဘောတွေ ကိုယ်ဘာမှ အစိုးမရတဲ့သဘောတွေ ကို သံဝေဂတွေနဲ့ ဆက်စပ်ပြီး အသိဉာဏ်တွေ တက်လာလိုက်တာ နောက်ဆုံးမှာ ဘယ်သူကမှ [၃၄] နည်းပြတာ မဟုတ်ပေမယ့်လို့ သူ့ဉာဏ်ထဲမှာ အတွေးပြီး အတွေးနဲ့ အမြင်တွေက ထူးခြားထက် မြတ်လာပြီးတော့ သူဟာ အဲဒီနားတင်ပဲ ပစ္စေကဗောဓိဉာဏ် ရသွားတာနော်။ သောတာပတ္တိမဂ်ဉာဏ်ဖြစ်တယ်။ သကဒါဂါမိမဂ်ဉာဏ်၊ အနာဂါမိမဂ်ဉာဏ်၊ အရဟတ္တမဂ်ဉာဏ် ဖြစ်ပြီး ပစ္စေကဗုဒ္ဓါ ဖြစ်သွားတယ်။

ပစ္စေကဗုဒ္ဓါဆိုတာ ဘယ်သူကမှ တရားဟော စရာမလိုဘဲနဲ့ သူ့ကိုယ်ပိုင်ဉာဏ်နဲ့ သိစွမ်းနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို ဆိုလိုတယ်။ ဘုရားဆီက တရားနာပြီး တော့မှ သိတာမဟုတ်ဘူး။ သူ့ကိုယ်ပိုင်ဉာဏ်နဲ့ ဆက်စပ် တွေးခေါ်ပြီးတော့ သိသွားတာ။ သူဟာ မတ်တပ်ရပ်ရင်းနဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတယ်။ အတွေးအမြင်ထဲမှာ နစ်မြောပြီးတော့ အကြာကြီး ရပ်နေလိုက်တာ။ အဲဒီအချိန်မှာ နောက်က [၃၅] အမတ်ကြီးတွေက “အရှင်မင်းကြီး ပြန်ဖို့အချိန်တန်ပြီ အချိန်တွေ နောက်ကျနေပြီပေါ့”။ အဲဒီကျတော့မှ သူက “ငါ မင်းကြီးမဟုတ်တော့ဘူး၊ ငါ ပစ္စေကဗုဒ္ဓါ သူတော်စင်အဖြစ်ကို ကူးပြောင်းလိုက်ပြီ”တဲ့။ သူဟာ တရားထဲကိုပဲ စိတ်ကရောက်နေတော့ ငါ မင်း မဟုတ်ဘူးလို့ သူက ငြင်းလိုက်တယ်။ “အရှင်မင်းကြီး မပြောကောင်းဘူး၊ ပစ္စေကဗုဒ္ဓါဆိုတာ အရှင်မင်းကြီး လိုမှ မဟုတ်တာ။ ပစ္စေကဗုဒ္ဓါဆိုတာ ခေါင်းမှာ ဆံပင်မရှိဘူး၊ မျက်နှာမှာ မုတ်ဆိတ်တွေ၊ ကျင်ဆွယ် တွေ မရှိဘူး၊ အားလုံးကို စွန့်လွှတ်တာ။ ပစ္စေကဗုဒ္ဓါ ဆိုတာ သပိတ်နဲ့ သင်္ကန်းနဲ့”ဆိုတော့ သူ့ခေါင်းကို သူ ပွတ်ကြည့်လိုက်တယ်။ ပွတ်လိုက်တာနဲ့ပဲ သူတို့ရဲ့ ထုံးတမ်းအစဉ်အလာအရ လူ့အသွင်ဟာ ပျောက်ပြီး ရဟန်းအသွင်ကို ချက်ချင်း ရောက်သွားတယ်။ မင်းဝတ်တန်ဆာတွေကို ချွတ်ပြီးသား၊ သူတော်စင် [၃၆] အဝတ်ကို ဝတ်ပြီးသားဖြစ်ပြီး ပစ္စေကဗုဒ္ဓါ တစ်ဆူရဲ့ အသွင်ကို ချက်ချင်းရသွားတယ်။ အဲဒီအခါမှ ပရိသတ်ကို တရားဟောပြီးတော့ ကောင်းကင်ပျံ တက်သွားပြီး ဟိမဝန္တာတောင်မှာ ပစ္စေကဗုဒ္ဓါတွေ သီတင်းသုံးတဲ့ “နန္ဒမူလ” လိုဏ်ဂူကို ကြွသွားတယ်။ ဒါဟာ ပထမပစ္စေကဗုဒ္ဓါက သူ့ဘဝအကြောင်းကို ပြောပြတဲ့ အဖြစ်အပျက်တစ်ခုနော်။

ဒုတိယ ပစ္စေကဗုဒ္ဓါ

အဲဒီလို ပြောပြပြီးတော့ ဘုရားအလောင်းက နားထောင်ရင်းနဲ့ “ဪ ဟုတ်လိုက်တာ၊ အရှင် ဘုရားဘဝ အရတော်လိုက်တာ၊ စဉ်းစားပုံကောင်း လိုက်တာ”လို့ ပြောပြီး “ဒီဘက်က ကိုယ်တော်ရော အရှင်ဘုရားရော ဘာကြောင့် ဒီဘဝရောက်လာ တာတုန်း”လို့ ဒုတိယအရှင်မြတ်ကို မေးတဲ့အခါ [၃၇] ကျတော့ သူကလည်း သူ့ရဲ့အတွေ့အကြုံကို ဘယ်လို ပြောတုန်းဆိုတော့
“သေလံ သုမဋ္ဌံ နရဝီရ နိဋ္ဌိတံ၊
နာရီယုဂံ ဓာရယိ အပ္ပသဒ္ဒံ၊
ဒုတိယဉ္စ အာဂမ္မ အဟောသိ သဒ္ဓေါ၊
တံ ဒိသွာ ဘိက္ခာစရိယံ စရာမိ” တဲ့။ သူကတော့ “ကျွမ်းကျင်တဲ့သူတွေ လုပ်ထားတဲ့ ပတ္တမြား လက်ကောက်ကလေးကို အမျိုးသမီး တစ်ယောက်ဟာ ဝတ်ဆင်ထားတယ်။ လက်တစ်ဖက်စီမှာ တစ်ကွင်းစီပဲ ဝတ်ထားတဲ့အခါမှာ ဘာသံမှ မကြားဘူး။ နောက်တစ်ခါ ပြောင်းပြီးတော့ လက်ဝဲတစ်ဖက်တည်းမှာ လက်ကောက်လေး နှစ်ကွင်းကို ဝတ်လိုက်တဲ့အခါ တစ်ခုနဲ့တစ်ခုထိပြီး အသံတွေ ထွက်လာတယ်” တဲ့။ အဲဒါလေးကို သူ စိုက်ကြည့်ပြီးတော့ “အေး တစ်ဦးတည်းရဲ့ဘဝဟာ ကောင်း [၃၈] တယ်” ဆိုပြီး သူတော်စင်ဘဝကို ပြောင်းခဲ့ပါတယ် တဲ့။ ဒါ အတိုချုပ်ကလေး ပြောပြတာနော်။ သူ့ရဲ့ ဇာတ်လမ်းအကျယ်ကျတော့ ဘယ်လိုတုန်းဆိုရင် သူဟာ ဂန္ဓာရတိုင်းက တက္ကသိလာမြို့ကို အုပ်ချုပ်တဲ့ နဂ္ဂဇိလို့ခေါ်တဲ့ မင်းပဲ။ ဂန္ဓာရတိုင်းဆိုတာ အခု သမိုင်းကြောင်းနဲ့ ပြောမယ်ဆိုရင် ပါကစ္စတန်နိုင်ငံမှာနော်။ ပါကစ္စတန်တို့ အာဖဂန်နစ္စတန်တို့ ဆိုတာ တွဲနေတာ။ ပါကစ္စတန်မှာ ကနေ့မြေပုံကို ဖတ်ကြည့်မယ်ဆိုရင် ကန်မ်ဟာဆိုတဲ့ မြို့ရှိတယ်လေ။ ကဘူးမြို့တို့၊ ကန်မ်ဟာမြို့တို့။ အဲဒီ ကန်မ်ဟာမြို့ကို “ဂန္ဓာရ” လို့ တချို့လည်း ယူဆကြတယ်။ အဲဒီတော့ ဂန္ဓာရဆိုတာ ကနေ့မြေပုံနဲ့ ပြောမယ်ဆိုရင် ပါကစ္စတန်တို့ အာဖဂန်နစ္စတန်တို့မှာ ရှိတယ်။ နောက် သူက ဂန္ဓာရတိုင်းနဲ့ ကသ္မီရတိုင်းနှစ်တိုင်း အုပ်စိုးတယ်။ ဒီကနေ့လည်းပဲ ကသ္မီရလို့ပဲ ခေါ် [၃၉] တယ်။ တခါတရံ သတင်းစာဖတ်မိလို့ရှိရင် ကသ္မီရကို “ကရှ်မီး” လို့ ခေါ်တာ တွေ့ကြလိမ့်မယ်။ ကရှ်မီးပြည်နယ်ဟာ အိန္ဒိယနဲ့ ပါကစ္စတန်ရဲ့ နယ်စပ်နော်။ ကသ္မီရပြည်နယ်က နာဂါစကီဆိုတဲ့မြို့ဟာ ပါကစ္စတန်ဘက်က ဘာသာချင်းမတူတဲ့ မူစလင်တွေ ရောက်နေတာ။ ဟိန္ဒူတွေနဲ့ သူတို့ဟာ အမြဲတမ်း အချင်းများကြတယ်။ ကမီးမှာရှိတဲ့ နာဂါစကီမြို့ဟာ အိန္ဒိယဘက်မှာ ပါတယ်။ သို့သော် ဘာသာချင်းမတူတဲ့ ပုဂ္ဂိုလ်တွေအကြား အမြဲတမ်း အတိုက်အခိုက် ရှိတယ်ပေါ့။

တခါတုန်းက သီတဂူဆရာတော်ကြီးပါလာတဲ့ စီဒီခွေ ကြည့်လိုက်ရတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံ နယ်ခြားဒေသမှာ မနက်ခင်းဆိုရင် အလံတင်တဲ့ အခမ်းအနား ညနေကျတော့ အလံချတဲ့ အခမ်းအနား နေ့စဉ်လုပ်တာ။ ပါကစ္စတန်ဘက် [၄၀] ကလည်း လုပ်တယ်။ အိန္ဒိယဘက်ကလည်း လုပ်တယ်။ အဲဒီနယ်စပ်မှာ အမြဲတမ်း အလံတင် အလံချ အခမ်းအနားရှိတယ်။ အဲဒီ အခမ်းအနားကို ရိုက်ကူးထားတာကို Television မှာ တစ်ခါ ကြည့်လိုက်ရတယ်ပေါ့။

အခု ဒီဘုရင်ကြီးကလည်း ဂန္ဓာရတိုင်းနဲ့ ကသ္မီရတိုင်း နှစ်တိုင်းကို အုပ်ချုပ်ပြီးတော့ တက္ကသိလာမြို့မှာ ဘုရင်လုပ်တယ်။ မြန်မာပြည်က တက္ကသိုလ်ဆိုတာ အဲဒီက နာမည်ကိုယူပြီး မှည့်ခေါ်တာ။ သူတို့ဆီမှာတော့ တက္ကစီလာ ဆိုတဲ့ နာမည်နဲ့ ရှိတယ်ပေါ့နော်။ ဂန္ဓာရတိုင်း ယဉ်ကျေးမှုတို့ ဘာတို့ အခုချိန်ထိ ရှိတယ်လေ။ ပန်းပုထုတာတို့ ဘာတို့ပေါ့နော်။ တွေ့ဖူးကြလိမ့်မယ်၊ အရိုးပြိုင်းပြိုင်း ထနေတဲ့ ဒုက္ကရစရိယာကျင့်နေတဲ့ ပုံတော်ကြီးဟာ ဂန္ဓာရတိုင်းက လက်ရာပဲပေါ့။ အဲဒီ ဂန္ဓာရတိုင်းမှာ ဘုရားရုပ်ထု [၄၁] တွေတို့၊ ပါကစ္စတန်ထဲမှာ ဘုရားရုပ်ထုတွေတို့၊ ဘုရားစေတီဟောင်းတွေတို့ တော်တော်ရှိတယ်။ အဲဒီမှာ သူက နဂ္ဂဇိဆိုတဲ့ ဘုရင်ဖြစ်တာပေါ့။ တစ်နေ့တော့ ဘုရင်ကြီးထိုင်နေတဲ့ ရှေ့နားမှာ ရံရွေတော် အမျိုးသမီးတစ်ယောက်က လက်တစ်ဖက်ကို ကျောက်စိမ်း၊ ပတ္တမြား လက်ကောက် တစ်ကွင်းစီ ဝတ်ထားတယ်။ သူက ကျောက်ပျဉ်နဲ့ နံ့သာ သွေးနေတာ။ လက်ကောက် တစ်ဖက် တစ်ကွင်း ဝတ်ထားတုန်းကတော့ ဘာအသံမှ မကြားရဘူး။ နောက်တော့ အဲဒီအမျိုးသမီးက လက်ယာဘက်က လက်ကောက်ကို ချွတ်ပြီးတော့ လက်ဝဲဘက်မှာ စွပ်လိုက်တယ်။ အဲဒီတော့ နံ့သာသွေးတဲ့အခါ နဂိုရှိပြီးသား တစ်ကွင်းနဲ့ နောက်တစ်ကွင်း တိုက်မိတဲ့အခါကျတော့ အသံထွက်လာတယ်။ အဲတာကို ဘုရင်ကြီးက စိုက်ကြည့်ပြီးတော့ [၄၂] တွေးတာ။ “ကြည့်၊ တစ်ယောက်တည်းဆိုရင် စကားများစရာ မရှိဘူး။ အချင်းများစရာလည်း မရှိဘူး။ မတည့်စရာ လည်းမရှိဘူး။ ငါနေတဲ့ဘဝဟာ နှစ်ဦးနေတဲ့ ဘဝမျိုး ဖြစ်တော့ လက်ကောက်နှစ်ကွင်း ထိတဲ့အသံမျိုးလိုပဲ ငါဟာ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ ငါ့ဘဝဟာ အမြဲတမ်း အတိုက်အခိုက်တွေနဲ့ပဲ ဖြစ်နေမှာ။ အဲတော့ လက်ကောက်တစ်ကွင်းတည်း ဝတ်တဲ့ဘဝလို တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းတာမျိုးကို ငါမရနိုင်ဘူး။ မင်းဘဝဟာ အဆင်မပြေဘူး။ တစ်ဦးတည်းပဲ ဧကစာရီ ထွက်ပြီးတော့ ငါဟာ သူတော်စင်သူတော်မြတ်အဖြစ် ပြောင်းလဲတာပဲ ကောင်းတယ်” တဲ့။ ဘဝတစ်ခုကို သူက မြင်တတ် ကြည့်တတ်တာပေါ့နော်။ သာမန်ပုဂ္ဂိုလ်ဆို ဒီအတွေး ဘယ်ပေါ်မလဲနော်။ ငါ့ဘဝဟာ လက်ကောက်နှစ်ခု ခတ်သလို [၄၃] ပြဿနာတွေ ဖိတ်ခေါ်နေတဲ့ ဘဝမျိုး ဖြစ်နေတယ်။ လက်ကောက် တစ်ခုတည်းစီ ဝတ်တဲ့အချိန်မှာ ဘာသံမှ မကြားရဘူး။ ဒီတော့ လက်ကောက် တစ်ကွင်းတည်းဆိုတဲ့ အနေအထားမျိုး ရောက်အောင် ဧကစာရီ တောထွက်ပြီးတော့ သူတော်စင်ဘဝ ကူးပြောင်းတာပဲ ကောင်းတယ်လို့ ဆိုပြီး သူက သူတော်စင်ဘဝ ရောက်လာခဲ့တယ်ဆိုတဲ့ အကြောင်း ဒုတိယပစ္စေကဗုဒ္ဓါက ရှင်းပြတယ်။ သူလည်းပဲ ခုနကလို လက်ကောက်ကို အာရုံပြုပြီး စဉ်းစားလိုက်တာ၊ နှစ်ယောက်ဆိုရင် မတည့်ဘူး ရန်ဖြစ်မယ်။ တစ်ယောက်တည်း ကောင်းတယ်။ တစ်ယောက်တည်း ကျင့်ရမယ်။

နှစ်ယောက်ဟာ တိုက်ခတ်မှုတွေ ရှိတယ်ဆိုတော့ “လောကမှာ ကိလေသာဆိုတာ အာရုံနဲ့ဝတ္ထု တိုက်လို့ ပေါ်လာတယ်။ အဲဒီလို မပေါ်ရအောင် [၄၄] ငါဟာ ထိန်းသိမ်းစောင့်ရှောက်ရမယ်” လို့ သူ့ကိုယ်သူ တရားချပြီးတော့ ဆင်ခြင် စဉ်းစားလိုက်တဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အာရုံနဲ့ဝတ္ထု တိုက်ခိုက်မှု သဘောတရားတွေကိုပါ သူသိလာပြီး ဝိပဿနာ ရှုရင်း နောက်ဆုံးမှာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတယ်။ ရှေးတုန်းကလိုပဲ ပစ္စေကဗုဒ္ဓါ ဖြစ်နေသော်လည်း မင်းဝတ်မင်းစားနဲ့ပဲ နေတဲ့အချိန်မှာ တိုင်းပြည် အုပ်ချုပ်မှုတွေ မလုပ်သည့်အတွက်ကြောင့် အမတ်ကြီးတွေက လျောက်တဲ့အခါ “ငါဘုရင် မဟုတ်တော့ဘူး” လို့ ပြောပြီး သူ့ခေါင်းကို သူ သုံးသပ်လိုက်တဲ့ အခါမှာ ပစ္စေကဗုဒ္ဓါအသွင်ရောက်ပြီး သူလည်း ဟိမဝန္တာဘက်ကို ကြွသွားတယ်။ အဲဒါ ဒုတိယ ပစ္စေကဗုဒ္ဓါအရှင်မြတ်က ဘုရားအလောင်းကို ရှင်းပြတဲ့ ဇာတ်လမ်းဖြစ်တယ်။

[၄၅] သူတို့ဟောတဲ့တရားကို နာရင်းကနေ “ဪ ဟုတ်လိုက်တာ၊ ငါတို့ဘဝကလည်း အသီးသီးတဲ့ ဘဝပဲ၊ လက်ကောက် နှစ်ကွင်းဝတ်တဲ့ဘဝပဲ။ ငါတို့ဟာ တိုက်ခတ်နေတာပဲ။ ပြဿနာတွေ ကြားထဲမှာ နေနေရတာ ဖြစ်တယ်” လို့ ဘုရားလောင်းက ခေါင်းတငြိမ့်ငြိမ့်နဲ့ စဉ်းစားမိနေတာနော်။ ပြီးတော့ တတိယ အရှင်မြတ်ကို မေးပြန်တယ်။ အရှင်ဘုရားကရော ဘယ်လိုကြောင့် ဒီဘဝကို ပြောင်းလာတာတုန်းဆိုတော့ သူကပြောတယ်။

တတိယ ပစ္စေကဗုဒ္ဓါ “ဒိဇာ ဒွိ ကုဏပ မာဟရန္တံ၊ ဧကံသမာနံ ဗဟုကာ သမေစ္စ၊ အာဟာရဟေတု ပရိပါတယိသု၊ တံဒိသွာ ဘိက္ခာစရိယံ စရာမိ”။

[၄၆] ငါကတော့ တခြားကြောင့် မဟုတ်ဘူး။ အသားဈေးကနေ သားတစ်လေး တစ်ခုကို ချီသွားတဲ့ငှက်ကို (ဆိုပါစို့- ကျီးကန်းတို့ဘာတို့) ဆိုရင် နောက်က ငှက်တွေက ဝိုင်းအုံလိုက်ကြတယ်။ ဝိုင်းအုံလိုက်ပြီး သူ့ဆီက ဝိုင်းလုကြတယ်။ သူ့ကို ဝိုင်းဆိတ်ကြတယ်၊ သားတစ် လွှတ်လိုက်ပြီဆိုရင် သူလည်း လွတ်သွားရော။ နောက်တစ်ကောင်က ယူသွားတယ်။ အဲဒီ ယူတဲ့အကောင်နောက် လိုက်ကြပြန်ရော။ အဲဒီ့ကောင်ကိုလည်း ဝိုင်းထိုးကြ၊ ဆိတ်ကြတယ် နှုတ်သီးထဲမှာ သားတစ်ရှိနေသမျှ ထိုးဆိတ်တာ ခံနေရတယ်။ အစာအာဟာရ တစ်ခုအတွက်နဲ့ ဝိုင်းဝန်းနှိပ်စက်ခံရပြီး ဒုက္ခရောက်ရတယ် ဆိုတာကို သူမြင်ပြီးတော့ ဆင်ခြင်သုံးသပ်မှုနဲ့ ဒီဘဝကို ပြောင်းလာခဲ့တယ်လို့ ပြောပြတယ်။

သူ့ဇာတ်လမ်း အကျယ်ကတော့ သူဟာ [၄၇] ဝိဒေဟတိုင်းက မိတ္ထိလာမြို့ကို အုပ်စိုးတဲ့ နိမိဆိုတဲ့ ဘုရင်ကြီးပဲ။ ဇာတ်ကြီးဆယ်ဘွဲ့ထဲမှာပါတဲ့ နေမိမင်းကြီးကလည်း ဝိဒေဟတိုင်း မိတ္ထိလာကပဲ၊ အတူတူပဲ။ အဲဒီမှာ သူက နိမိမင်းဖြစ်တဲ့ အချိန်မှာ နံနက်စာစားပြီး နန်းတော်ပေါ်ကနေ အဝေးကို လှမ်းရှုကြည့်တဲ့အချိန် ငှက်အုပ်ကြီးက ပျံလာတယ်။ အဲဒီ ငှက်အုပ်ထဲက ငှက်တစ်ကောင်ရဲ့ ပါးစပ်ထဲမှာ အသားဈေးကနေ ဆွဲချီလာတဲ့ သားတစ်၊ တစ်ခု ပါလာတယ်။ အေး. . . သူ့နောက်ကို အကုန် ဝိုင်းလိုက်ပြီး ဝိုင်းဆိတ်ကြတယ်။ အဲဒီကောင် မခံနိုင်လို့ လွှတ်ချလိုက်တော့ နောက်တစ်ကောင်က ကောက်သွားပြန်ရော။ သူ့နောက် ဝိုင်းလိုက်ကြပြန်ရော၊ သူကလည်း ထိုးဆိတ်တာ မခံနိုင်တော့ လွှတ်ချလိုက်ပြန်ရော။ အဲဒီလို ငှက်အုပ်ကြီး အစာလုနေတဲ့ပွဲကို ဘုရင်ကြီးက စူးစိုက်ပြီးတော့ [၄၈] ကြည့်နေတာနော်။

အဲဒီ ငှက်တွေရဲ့ သဘာဝကို မြင်ပြီးတဲ့အခါမှာ သူစဉ်းစားတယ်။ ငါ့ရဲ့ မင်းစည်းစိမ် မင်းဘဝဆိုတာလည်းပဲ နှုတ်သီးထဲကို သားတစ်ရောက်နေတဲ့ ငှက်ဘဝမျိုးပဲ။ ဘာမှ မထူးဘူး၊ ငါ့ဘဝကို လိုချင်လို့ လုမယ် ကြံနေတဲ့ကောင်တွေ အများကြီးပဲ၊ ငါ့ကို ရာထူးချပြီးတော့ ရာထူးအာဏာကို လုယူမယ့်သူတွေ အများကြီးရှိတယ်။ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်းမစားရ၊ ဒီလိုနေ၊ နေရတယ်။ ကြည့် ငှက်တွေဟာ သားတစ်ကို လွှတ်ချလိုက်ရင် ဘယ်ကောင်ကမှ အန္တရာယ် မပေးတော့ဘူး၊ ငြိမ်းချမ်းသွားတယ်။ ထို့အတူပဲ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေ ငါ့လက်ထဲရှိနေသမျှ ငါ့ကို ဝိုင်းတိုက်ကြမှာပဲ။ လွှတ်လိုက်လို့ရှိရင် ချမ်းသာသွားမှာပဲ။ အဲတော့ ဒီလိုဘဝမျိုးဟာ ကာမဂုဏ် [၄၉] အာရုံတွေကို ဆုပ်ကိုင်ထားသမျှ သားတစ်ကို နှုတ်သီးက မချတဲ့ ငှက်လိုပဲ ထိုးဆိတ်မှုတွေ ဒုက္ခတွေ မျိုးစုံခံရတယ်။ အဲဒါမျိုး ဖြစ်နေမှာပဲ။ ဒါကို လွှတ်လိုက်ခြင်းဟာ ချမ်းသာသုခရုခြင်းရဲ့ အကြောင်းပဲ။ အဲဒီတော့ ကာမဂုဏ်အာရုံတွေကို ငါလွှတ်မှဖြစ်မယ်၊ မလွှတ်ဘဲ ဒီအတိုင်းနေလို့ရှိရင် ဆင်းရဲဒုက္ခတွေ ဖြစ်လိမ့်မယ်လို့ ဘဝကြီးတစ်ခုလုံးကို ခြုံငုံပြီးတော့ ဆင်ခြင်သုံးသပ်တာ ဖြစ်တယ်ပေါ့။ နောက်ဆုံးမှာ သူ့ခန္ဓာကိုယ်ရဲ့ မမြဲတဲ့သဘောတွေ၊ ဆင်းရဲတဲ့သဘောတွေ၊ အစိုးမပိုင်တဲ့ သဘောတွေ အကုန်လုံး သူဟာ သဘောပေါက်သွားပြီး ပစ္စေကဗုဒ္ဓါအဖြစ် ရောက်သွားပြန်တာပဲ။ သူလည်းပဲ ပစ္စေကဗုဒ္ဓါအဖြစ်ကို ရောက်ပြီးတော့ လိုဏ်ဂူဘက်ကို ကြွသွားတယ်။ ဒါ တတိယအရှင်မြတ် ပြောပြတာပေါ့နော်။

[၅၀] စတုတ္ထ ပစ္စေကဗုဒ္ဓါ

နောက် စတုတ္ထကိုယ်တော် ကလည်းပဲ ထို့အတူပဲ၊ သူ့ကိုမေးတော့ သူကပြောတယ်။ “ဥသဘာဟ မနွံ ယူထဿ မဇ္ဈေ၊ စလက္ကကုံ ဝဏ္ဏ ဗလူပ ပန္န၊ တ မဒ္ဒသံ ကာမဟေတု ဝိတုန္န၊ တံ ဒိသွာ ဘိက္ခာစရိယံ စရာမိ။" သူလည်း မြင်ကွင်းတစ်ခုကို မြင်ခဲ့တာ။ သူဟာ ဥတ္တရပဉ္စာလတိုင်းက ကပိလမြို့မှာ မင်းစိုးရာဇာအဖြစ်နဲ့ နေခဲ့တယ်။ သူ့ရဲ့ အမည်နာမက ဒုမ္ဗုခမင်း။ အဲဒီမင်းရဲ့ နန်းတော်ကနေ ကြည့်လိုက်မယ်ဆိုရင် နွားခြံတွေကို မြင်နေရတယ်။ မနက်ခင်းမှာ နံနက်စာစားပြီး နန်းတော်အမြင့်ပေါ် တက်ပြီးတော့ လေသာပြတင်းကနေ သူကြည့်နေတဲ့ အချိန်မှာ နွားခြံကနေ နွားတွေကို လွှတ်လိုက်တယ် [၅၁] ပေါ့။ အဲဒီ အချိန်ကလည်း နွားရိုင်းလိုက်တဲ့ အချိန်ဖြစ်တော့ နွားထီးကြီးတွေ နွားသိုးကြီးတွေက တစ်ကောင်နဲ့ တစ်ကောင် ရန်လုပ်ကြတယ်။ အဲဒီထဲက နွားကြီးတစ်ကောင် ချိုကြီးတွေကလည်း ချွန်နေတာ။ နွားဘို့ကြီးကလည်း လိမ့်လိမ့် လိမ့်လိမ့်နဲ့ လှုပ်နေတဲ့အကောင်ကြီး။ အင်အားလည်း ကြီးတယ်၊ ထွားလည်း ထွားတယ်။ အဲဒီနွားကြီးက သူနဲ့ ပြိုင်ဘက်လုပ်မယ့်ကောင်ကို ဝှေ့ထည့်လိုက်တာ ဟိုကောင်ကြီး အူတွေထွက်သွားတယ်နော်။ အဲဒါကို ဘုရင်ကြီးက လှမ်းမြင်တာ။ “ကြည့်စမ်း နွားတွေဟာ ကိလေသာ ကာမဂုဏ်စိတ်တွေနဲ့ အချင်းချင်း ရန်မူကြလို့ သေဆုံးသွားပြီ၊ ဗိုက်ပေါက်သွားတယ်၊ အူတွေ ထွက်သွားတယ်”။ အဲဒါကိုမြင်လိုက်တော့ “ဒီ ဒုက္ခဟာ ကာမဂုဏ် အာရုံစိတ်တွေကြောင့် ဖြစ်တဲ့ဒုက္ခပဲ” လို့ သူသဘောပေါက်သွားပြီးတော့ [၅၂] “ငါလည်းပဲ မထူးဘူး၊ ကာမဂုဏ်အာရုံစိတ်တွေရှိရင် ဒီလိုပဲ ပျက်စီးဆုံးရှုံးရနိုင်တယ်” ဆိုတာကို စဉ်းစား တွေးခေါ်ပြီးတော့ သူ့ဘဝ သူ့ခန္ဓာကို အာရုံစိုက် ရှုရင်းကနေ ဝိပဿနာဉာဏ်တွေ သက်ဝင်လို့ သူလည်း ပစ္စေကဗုဒ္ဓါ ဖြစ်သွားတယ်။ ဒါတွေကို ရှုမြင်ပြီးတော့ သံဝေဂရလို့ ပစ္စေကဗုဒ္ဓါ ဖြစ်လာတယ် တဲ့။ အဲဒီလို အရှင်မြတ်လေးပါးက ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေ ဖြစ်လာရတဲ့ အကြောင်းအသီးသီးကို ပြောပြတာနော်။

အဲဒီလို ပြောပြတော့ ဘုရားလောင်း အိုးထိန်းသည်နဲ့ ဇနီးတို့ဟာ ဆွမ်းကပ်ရင်းနဲ့ ပစ္စေကဗုဒ္ဓါတွေ ဟောပြောတဲ့တရားကို နာရင်းကနေ သူတို့လည်း သံဝေဂတွေ ရနေကြတယ်။ သူတော်စင်ဘဝကို ပြောင်းဖို့ စိတ်ကူးတွေ ရနေကြတယ်။ ကလေးတွေက ငယ်သေးလို့ သိပ်မသိသေးဘူးပေါ့။ အဲဒီလို [၅၃] ဘုရားလောင်းတို့ ဇနီးမောင်နှံက သံဝေဂရလာကြတဲ့ အခါကျတော့ ဘုရားလာင်းက စပြောတယ်။ အေး- ငါလည်း ဒီသူတော်မြတ်တွေရဲ့ ဘဝဇာတ်လမ်းတွေကို သိရတော့ ငါလည်းပဲ တစ်ယောက်တည်း နေချင်ပြီ၊ လွတ်လပ်တဲ့ဘဝကို တစ်ယောက်တည်း ငါရှာမယ်ဆိုတော့ သူ့ရဲ့အမျိုးသမီးက ပြန်ဖြေတယ်။ အယမေဝ ကာလော န ဟိ အညော အတ္ထိ- ဒါဟာ သူ့အတွက်လည်း အကောင်းဆုံးအချိန်ပဲတဲ့။ အနုသာသိတာ မေ န ဘဝေယျ ပစ္ဆာ- နောင် ဒါမျိုး အခွင့်အရေးရဖို့ မရှိဘူးတဲ့။ အခု သူတော်စင်တွေ ပြောပြသွားတော့ သူလည်းပဲ ပတ်ဝန်းကျင်ကို ရှုမြင်တတ်လာတယ်။ ဒါကြောင့်မို့ အဟမ္ပိ ဧကာ စရိဿာမိ ဘဂ္ဂဝ- သူကိုယ်တိုင်ကလည်း တစ်ယောက်တည်း နေချင်စိတ်တွေ ရှိလာတယ်။ သကုဏီဝ မုတ္တာ ပုရိသဿ ဟတ္ထာ ငှက်မုဆိုးက [၅၄] ဖမ်းပြီးတော့ လှောင်ချိုင့်ထဲမှာ လှောင်ထားတဲ့ ငှက်မတစ်ကောင်ဟာ မုဆိုးလက်က လွတ်သလို “ရှင့်လက်က ကျွန်မ လွတ်ချင်ပါပြီ” ပေါ့။ သူလည်းပဲ သူတော်စင်ဘဝကို ပြောင်းမယ်ပေါ့။ အမျိုးသမီးကလည်း အဲလိုပြောတယ်။

အဲဒီတော့ အိုးထိန်းသည်ကြီးကလည်း လွတ်ချင်ပြီ၊ သူ့ဇနီးကလည်း လွတ်ချင်ပြီ ပြောတာ။ သားငယ် သမီးငယ်တွေကလည်း အရွယ်မရောက်သေးတဲ့ အရွယ်လေးတွေပေါ့။ အမျိုးသမီးက တော်တော်အကင်းပါးတယ်။ ရေဆိပ် ခဏသွားမယ်ဆိုပြီး ထွက်သွားတာ ပြန်ပေါ်မလာတော့ဘူး။ ဦးအောင်သွားလိုက်တာ။ (ဦးအောင် မဟုတ်ဘူး၊ ဒေါ်အောင် ဖြစ်သွားတယ်။) သားသမီးတွေကို သူ့ယောက်ျားအပေါ် ပုံထားခဲ့ပြီးတော့ သူအရင် ထွက်သွားတယ်။ ပြီးတော့ မြို့ပတ်ဝန်းကျင်မှာရှိတဲ့ [၅၅] ပုရဗိုဇ် ကျောင်းတစ်ကျောင်းမှာ ပုရဗိုဇ်မ ဝတ်နေလိုက်တယ်။ မိသားစုဘဝကို မျက်နှာလွှဲလိုက်ပြီး သူက အရင်ဦးအောင် ထွက်သွားတာ။ လာနိုးလာနိုးနဲ့ မျှော်နေတာ မလာတော့ ဒီလူကြီးက ကလေးတွေ ထိန်းရပြန်တယ်နော်။

တစ်နှစ်တစ်နှစ်နဲ့ တဖြည်းဖြည်းနဲ့ ကလေးတွေဟာ အရွယ်ရောက်လာတယ်။ ဒီကလေးတွေ သူ့ဟာသူ နားလည်လာပြီလားလို့ သူစမ်းသပ်တယ်။ ဘယ်လိုစမ်းသပ်တုန်းဆိုတော့ တစ်ရက်ကျတော့ ထမင်းကို မာမာကြီး ချက်ကျွေးတယ်။ “အဖေ ဒီနေ့ ထမင်းက မာလိုက်တာ” လို့ ပြောတယ်။ နောက်တစ်ရက်ကျတော့ ပျော့နေအောင် ချက်တယ်။ “အဖေ ဒီနေ့ ထမင်းကလည်း ပျော့လိုက်တာ” လို့ ပြောတယ်။ နောက်ရက်ကျတော့ ဟင်းကို ဆားတွေ အများကြီး ခပ်တယ်။ “ဒီနေ့က ငန်လိုက်တာ မစားနိုင်ဘူး” တဲ့။

[၅၆] နောက်ရက်ကျတော့ ဆားလုံးဝ မထည့်ဘူး။ “အဖေ ဒီနေ့ကျတော့ ပေါ့လိုက်တာ” တဲ့။ ဟုတ်တယ်၊ မင်းတို့ ပြောတာ မှန်တယ်။ အေး ငါ့သားသမီးတွေကတော့ ပေါ့မှန်းလည်း သိလာပြီ၊ ငံမှန်းလည်း သိလာပြီ၊ ထမင်းပျော့တာလည်း သိတယ်၊ ထမင်းမာတာလည်း သိလာပြီ။ သူတို့ကိုယ်သူတို့ ထိန်းကျောင်းနိုင်တဲ့ အရွယ်တော့ ရောက်ပြီပေါ့။ အဲဒီလို စမ်းသပ်ပြီးတဲ့ အခါမှာ ကလေးတွေကို ဆွေမျိုးတွေထံမှာ အပ်နှံပြီးတော့ သူလည်း တောထွက်သွားတယ်။ သူလည်း ပုရဗိုဇ်ဘဝ ရောက်သွားတယ်။

တစ်မနက်ကျတော့ မြို့ထဲမှာ ဆွမ်းခံလှည့်လည်ရင်းနဲ့ ဇနီးဖြစ်ခဲ့တဲ့ ပုရဗိုဇ်မနဲ့ သွားဆုံမိတယ်။ ဆုံတော့ မှတ်မိပြီး ဟိုက ပြောတယ်။ “ရှင်ဘယ်လိုလဲ ကလေးတွေကို ဖျက်ဆီးပြီး ပစ်ထားခဲ့တာလား၊ ကလေးတွေကို သတ်ပစ်ခဲ့သလား” လို့ မေးတာပေါ့ [၅၇] နော်။ အဲလိုမေးတော့ သူကပြောပြတယ်။
အပက္ကံ ပက္ကဉ္စ ဇာနန္တိ၊ အထော လောဏံ အလောဏကံ
သူတို့ဟာ ကျက်တယ်၊ မကျက်ဘူးဆိုတာလည်း သိပြီ၊ ဆားငံတယ် ဆားပေါ့တယ် ဆိုတာလည်း သိပြီ။ အဲဒါတွေသိမှ ငါ သင်္ကန်းဝတ်လာတာပါ။ ပုရဗိုဇ်ဘဝကို ပြောင်းလာတာပါ။ ဒီတော့ မင်းလည်း အေးအေးဆေးဆေး တရားအားထုတ်၊ ငါလည်း အေးအေးဆေးဆေး တရားအားထုတ်မယ်၊ သူတို့အတွက် ဘာမှ ပူစရာမရှိတော့ပါဘူး ဆိုပြီးတော့ သူတို့နှစ်ဦးဟာလည်း ပုရဗိုဇ်ဘဝနဲ့ နေကြတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ယောက် ဘယ်တော့မှ မဆုံစည်းတော့ဘူးတဲ့။

ဘုရားအလောင်းဟာ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်ရင်းနဲ့ အဘိညာဉ်ငါးပါးတို့ ဈာန်တရားတွေကို ရရှိပြီးတော့ သေတဲ့အခါမှာ [၅၈] ဗြဟ္မာပြည်ကို ရောက်သွားတယ်။ ပုရဗိုဇ်မကတော့ ဘယ်ရောက်တယ်ဆိုတာ မပါတော့ဘူး။ ဒီဇာတ်လမ်းမှာ ပစ္စေကဗုဒ္ဓါတွေရဲ့ တရားကို နာရင်း သူတို့ဘဝကို အားကျပြီးတော့ အိုးထိန်းသည် ဇနီးမောင်နှံဟာလည်းပဲ သူတော်စင်ဘဝကို ပြောင်းပြီးတော့ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ကြတယ်။ အဲဒီလို မြတ်စွာဘုရားက ဟောကြားပြီးတော့ သစ္စာတရားကို ရှင်းလင်းပြတဲ့အခါမှာ ခုနက ကာမဂုဏ်အာရုံစိတ်တွေ တွေးနေတဲ့ ကိုယ်တော်ငါးရာဟာ ရဟန္တာအဖြစ်ကို ရောက်သွားတယ်တဲ့။

အဲဒီအထဲမယ် သားလေးကတော့ ရာဟုလာ၊ သမီးလေးကတော့ ဥပ္ပလဝဏ္ဏာ အလောင်းဖြစ်ပြီးတော့ ပုရဗိုဇ်မ ဝတ်သွားတဲ့ ဇနီးသည်က ရာဟုလာမာတာ ယသောဓရာ ဖြစ်ခဲ့ပြီး၊ အိုးထိန်းသည် ပုရဗိုဇ်ကတော့ ဘုရားအလောင်း ဖြစ်တယ်လို့ သူတို့ရဲ့ [၅၉] အတိတ်ဘဝတွေနဲ့ ဆက်စပ်ပြီးတော့ မြတ်စွာဘုရားက အခုလို ဟောကြားဆုံးမခဲ့တာ ဖြစ်ပါတယ်။

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ မိမိရဲ့ပတ်ဝန်းကျင်ကို အသိဉာဏ်နဲ့ ရှုမြင်သုံးသပ်ပြီးတော့ ကိုယ့်ဘဝကိုယ် ကောင်းအောင် ပြင်သွားကြတာဟာ အလောင်းတော်တွေ၊ သူတော်စင်တွေရဲ့ လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်လို့ တို့တစ်တွေဟာလည်း အမှတ်တမဲ့ မနေကြဘဲနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ရှုမြင်သုံးသပ်ပြီးတော့ ကိုယ့်ဘဝကောင်းအောင် ပြင်ကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ မှတ်သားပြီး ကိုယ့်ဘဝကိုယ်ကောင်းအောင် ပြင်ဖို့ ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။

icnahcfub9ljwj46pwdrtudwholekh9
22337
22336
2026-11-05T15:48:42Z
Tejinda
173
22337
wikitext
text/x-wiki
{{header
| title = ပတ်ဝန်းကျင်ကို ရှုမြင်၍ မိမိဘဝကို ပြုပြင်ခြင်း
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ပဋ္ဌာန်းမြတ်ဒေသနာအကျဉ်း]]
| previous2 = [[နှစ်ဦးမေတ္တာလူတိုင်းမှာ]]
| next = [[ပါရာယနဒေသနာ]]

kip6y6g3u683se615h26fpnmjyqfdrg
ပါရာယနဒေသနာ
0
6470
22338
2026-11-05T15:57:27Z
Tejinda
173
"{{header | title = ပါရာယနဒေသနာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ပတ်ဝန်းကျင်ကို ရှု..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22338
wikitext
text/x-wiki
{{header
| title = ပါရာယနဒေသနာ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ပတ်ဝန်းကျင်ကို ရှုမြင်၍ မိမိဘဝကို ပြုပြင်ခြင်း]]
| previous2 = [[ပဋ္ဌာန်းမြတ်ဒေသနာအကျဉ်း]]
| next = [[ဗုဒ္ဓဘာသာဖြစ်ရန်အခြေခံ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ပါရာယနဒေသနာ

[၁] သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ နတ်တော်လဆန်း ၂-ရက်၊ ခရစ်နှစ် ၂၀၁၀-ခုနှစ်၊ ဒီဇင်ဘာလ ၈-ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော်တွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ အနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွား မိဘဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး၊ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

စာပေကျမ်းဂန်မှာ သုတ္တနိပါတ် ပါဠိတော်ဆိုတာ ရှိတယ်၊ အဲဒီ သုတ္တနိပါတ်ပါဠိတော်မှာ ပုဂ္ဂိုလ် ၁၆-ဦးရဲ့ မေးခွန်းပုစ္ဆာတွေ၊ ဗုဒ္ဓမြတ်စွာရဲ့ ဖြေကြားချက်တွေကို စုပြီးဖော်ပြထားတဲ့ ပါရာယနဝဂ္ဂလို့ခေါ်တဲ့ အခန်းတစ်ခန်း ပါရှိတယ်၊ သုတ္တနိပါတ်ပါဠိတော်ရဲ့ နောက်ဆုံး Chapter တစ်ခုပေါ့။

ပါရာယနအဓိပ္ပာယ်

ပါရာယန- (ပါရ + အယန၊) ပါရဆိုတာ တစ်ဖက်ကမ်း၊ မြစ်တွေမှာ အပါရ-လို့ဆိုရင် ဒီဘက်ကမ်း၊ ပါရ-လို့ဆိုရင် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းက အန္တရာယ်တွေ များတယ်၊ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်ဆိုတဲ့အတိုင်း သံသရာကြီးကို ဒီဘက်ကမ်းလို့ [၂] တင်စားပြီး နိဗ္ဗာန်ကို ဟိုဘက်ကမ်းလို့ တင်စားတယ်၊ အယနဆိုတာ လမ်းကြောင်းပဲ၊ ဟိုဘက်ကမ်း ရောက်စေနိုင်တဲ့ လမ်းလို့ အဓိပ္ပာယ်ရတယ်၊ ‘ဟိုဘက်ကမ်း’ ဆိုတာ နိဗ္ဗာန်ကိုပဲပြောတာ၊ နိဗ္ဗာန်ဆိုတဲ့ ဟိုဘက်ကမ်းကို တက်လှမ်းရောက်ရှိစေနိုင်တဲ့ တရားဓမ္မကို ပါရာယနလို့ ခေါ်တာ၊ ပါရာယန (ပါရ + အယန)၊ “နိဗ္ဗာန်လမ်းပြတရား”လို့ ဒီလိုလည်း ပြောလို့ရတယ်၊ ဟိုဘက်ကမ်းကို ရောက်စေနိုင်တဲ့ ကျင့်စဉ်တစ်ရပ်ကို ဖော်ပြတဲ့ ဒေသနာတော်ဟာ ပါရာယန။

သံသရာဒီဘက်ကမ်းမှာ အိုခြင်း နာခြင်း သေခြင်း ဆိုတဲ့ ဘေးရန်တွေ ရှိတယ်၊ ဟိုဘက်ကမ်း ရောက်တဲ့အခါ အိုခြင်း နာခြင်း သေခြင်းဆိုတာ မရှိတော့ဘူး၊ အို နာ သေ မရှိတော့တဲ့ ဟိုဘက်ကမ်း၊ တစ်နည်းအားဖြင့် ဒီဘက်ကမ်းရဲ့အဆုံးဟာ ဟိုဘက်ကမ်း၊ အိုခြင်း နာခြင်း သေခြင်းတွေ လမ်းဆုံးသွားတဲ့နေရာကို “ပါရ” လို့လည်း အဓိပ္ပာယ်ယူလို့ ရတယ်။

ပါရဆိုတာ နိဗ္ဗာန်ပဲ၊ နိဗ္ဗာန်ရောက်စေတတ်တဲ့ ကျင့်စဉ်ကို ပါရာယန၊ ပါရာယနလို့ အမည်ပေးပြီး သုတ္တန်တစ်ခုကို မြတ်စွာဘုရားက ဟောထားတယ်၊ အလွန်ထင်ရှားပြီး အလွန်ရှေးကျတဲ့ သုတ္တန်လို့ ပြောရမယ်၊ ဗုဒ္ဓတရား (Buddhism) ကို လေ့လာကြတဲ့ အနောက်တိုင်းပညာရှင်တွေက ဒီသုတ္တနိပါတ်ပါဠိတော်လာ တရားတွေကို Early Buddhism လို့ နာမည်ပေးကြတယ်၊ ရှေးဦးဗုဒ္ဓတရား [၃] တွေလို့ ဆိုလိုတယ်၊ အင်မတန်ရှေးကျတယ်၊ ဒါ သူတို့အယူအဆပေါ့ အဲဒီလို Early Buddhism လို့ ပြောပေမယ့်လို့ သုတ္တနိပါတ်ထဲမှာ မြတ်စွာဘုရားရဲ့ တရားဦးဖြစ်တဲ့ ဓမ္မစကြာ၊ နောက်ဆက်ဟောတဲ့ အနတ္တလက္ခဏသုတ်တို့ဆိုတာ မပါဘူး၊ ဒါကြောင့်မို့ Early Buddhism လို့လည်း ပြောလို့မရဘူးပေါ့၊ ကျမ်းဂန်တစ်ခုအနေနဲ့ စုဆောင်းထားတာတော့ မှန်တယ်၊ တကယ့်အနှစ်သာရတွေကို ဂါထာ (ကဗျာလင်္ကာ)နဲ့ စုဆောင်းထားတဲ့ ကျမ်းက သုတ္တနိပါတ။

သုတ္တ ဆိုတာ မြတ်စွာဘုရားဟောကြားထားတဲ့ စည်းမျဉ်းတွေ ဖြစ်တယ်၊ အဲဒီစည်းမျဉ်းတွေကို စုပေါင်းထားလို့ နိပါတ လို့ ခေါ်တယ်၊ Collection of Discourse ပေါ့။ အဲဒီလို စုပေါင်းထားတဲ့ သုတ္တန်တွေကို သုတ္တနိပါတ လို့ ဆိုတယ်။

ပါရာယနဝဂ်နှုတ်တက်ဆောင်သူ

ပါရာယနသုတ္တန်၊ ပါရာယနဝဂ္ဂလာ ဒီတရားဒေသနာတော်ကို ဗုဒ္ဓမြတ်စွာလက်ထက်တော် အခါကာလတုန်းပင် စီစဉ်ထားပုံရတယ်၊ နှုတ်တက်ဆောင်ထားကြတဲ့ ပုဂ္ဂိုလ်တွေရှိကြောင်း အထောက်အထားတွေရှိတယ်၊ အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ်မှာ နန္ဒမာတာဆိုတဲ့ ဥပါသိကာမဟာ ဒီပါရာယနဝဂ်ကို နှုတ်တက်ဆောင်တဲ့အကြောင်း ဖော်ပြထားတယ်၊ နန္ဒမာတာ ဥပါသိကာမကြီးဟာ နံနက်တိုင်း စောစောထပြီး လသာဆောင်မှာ သာယာတဲ့အသံနဲ့ ဒီသုတ်ကို ရွတ်လေ့ရှိတယ်တဲ့။

[၄] ဒီသုတ်က မနည်းဘူး၊ ဝတ္ထုဂါထာက ၅၆-ဂါထာ ရှိတယ်၊ အမေးအဖြေ ဂါထာတွေက ၉၀-ကျော် ရှိတယ်၊ အားလုံး ၁၇၄-ဂါထာ ရှိတယ်၊ ပါရာယနဝဂ်တစ်ခုလုံး အစအဆုံး ရွတ်ဖတ်မယ်ဆိုရင် ၁၇၄-ဂါထာ၊ စကားလုံးအားဖြင့် ပြောမယ်ဆိုရင် တစ်ဂါထာ တစ်ဂါထာမှာ ပုံမှန်အားဖြင့် ၃၂-လုံးရှိတယ်ပေါ့ ဒီထက်ပိုတာလည်း ရှိတယ်။

အသေဝနာ စ ဗာလာနံ၊
ပဏ္ဍိတာနဉ္စ သေဝနာ၊
ပူဇာ စ ပူဇနေယျာနံ၊
ဧတံ မင်္ဂလမုတ္တမံ -
ဆိုတဲ့ မင်္ဂလသုတ်မှာပါတဲ့ ဂါထာတွေကို တစ်ပါဒကို ရှစ်လုံးစီနဲ့ ဖွဲ့ဆိုထားတယ်၊ ၄-ပါဒ ဆိုတော့ ၃၂-လုံးပေါ့ အဲဒီလို လုံးရေကိုက် သံစဉ်တွေ ညှိပြီး ရေးသားထားတာကို ပါဠိစာပေမှာ “ဂါထာ”လို့ ခေါ်တယ်၊ မြန်မာမှာတော့ ကဗျာလို့ သုံးတယ်၊ ဂါထာကို အင်္ဂလိပ်လို ပြန်တဲ့အခါ Stanza လို့လည်း ပြန်တယ်၊ Verse လို့လည်း ပြန်တယ်၊ စည်းကမ်း စနစ်တကျ Rhythm နဲ့၊ အသံ အတို အရှည် အလေး အပေါ့၊ စာလုံးရေကိုက်ပြီး ရေးထားတဲ့ ဂါထာ(ကဗျာ)ပေါင်း ၁၇၄-ဂါထာ ရှိတယ်၊ အဲဒါကို နန္ဒမာတာဆိုတဲ့ ဥပါသိကာမက အလွတ်ရတယ်၊ နံနက်စောစောထပြီး လသာဆောင်မှာ အမြဲတမ်း ရွတ်ဆိုတယ်။

[၅] အခု မြန်မာလူမျိုးတွေ ပရိတ်ကို ရွတ်ကြသလို ပဋ္ဌာန်းပါဠိတော်ကို ရွတ်ကြသလိုပေါ့ သံနေသံထားနဲ့ ရွတ်ဖတ်သရဇ္ဈာယ်တယ်၊ တစ်နေ့တော့ အဲဒီလိုရွတ်နေတဲ့အချိန်မှာ သုတ္တန်လည်း ပြီးဆုံးရော ကောင်းကင်ယံက သာဓုခေါ်သံ ကြားရတယ်၊ မော့ကြည့်ပြီး “အခု သာဓုခေါ်တာ ဘယ်သူလဲ”လို့ မေးလိုက်တယ်၊ သာမန်လူဆိုရင်တော့ ကြောက်သွားမှာပေါ့ သို့သော် နန္ဒမာတာဥပါသိကာမကြီးက အနာဂါမ်ဆိုတော့ ကြောက်စိတ်ကုန်နေပြီ၊ သာဓုခေါ်တာ ဘယ်သူလဲဆိုတော့ “အစ်မကြီး- သာဓုခေါ်တာ ကျွန်ုပ်မောင်တော် ဝေဿဝဏ် နတ်မင်းကြီး ဖြစ်ပါတယ်” လို့ ပြောတယ်။

အဲဒီမှာ “မောင်တော်ဝေဿဝဏ်နတ်မင်းကြီး ဖြစ်ပါတယ်”လို့ ဘာဖြစ်လို့ ဒီလိုပြောတာလဲဆိုတော့ ဗုဒ္ဓရဲ့ တပည့်သားသမီးတွေဟာ ညီအစ်ကိုမောင်နှမတွေပဲပေါ့ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ကြတယ်၊ ဝေဿဝဏ်နတ်မင်းကြီးကလည်း ကိုးကွယ်ဆည်းကပ်တယ်၊ နန္ဒမာတာဥပါသိကာမကြီးကလည်း ဘုရားကို ကိုးကွယ်ဆည်းကပ်တယ်၊ ဘာသာတရားအဆင့်အတန်းမှာ နန္ဒမာတာဥပါသိကာမက အနာဂါမ်၊ ဝေဿဝဏ်နတ်မင်းကြီးက သောတာပန်ဆိုတော့ “အစ်မကြီး”လို့ ခေါ်လိုက်တယ်၊ သူက အသက်ကြီးပေမယ့်လို့ ဝေဿဝဏ်နတ်မင်းက သက်တမ်းနဲ့ ပြောမယ်ဆိုရင် သူက နတ်လည်း နတ်၊ အသက်လည်း ကြီးမှာပေါ့၊ သို့သော် သူက သူ့ကိုယ်သူ “မောင်”လို့ပဲ ပြောတယ်၊ မောင်ငယ်ပေါ့၊ ဟိုက အစ်မကြီးပေါ့၊ ဘာဖြစ်လို့ အစ်မကြီး ခေါ်တုန်းဆိုရင် ပဋိဝေဓဓမ္မ [၆] အဆင့်အတန်းက သူ့ထက်မြင့်လို့ ဖြစ်တယ်၊ အရိယာပုဂ္ဂိုလ်တွေက ဒီလိုသုံးစွဲလေ့ရှိတယ်။

ကြားဖူးကြလိမ့်မယ်၊ အနာထပိဏ်သူဌေးရဲ့ သမီး သုမနဒေဝီဟာ ရောဂါအသည်းအသန် ဖြစ်လာတယ်၊ အနာထပိဏ်သူဌေးကြီးကလည်း လူမှုရေးတွေ အင်မတန်များတယ်၊ ကျောင်းဒကာကြီးဆိုတော့ ဟိုလူကဖိတ် ဒီလူကဖိတ်နဲ့ ဘာသာရေးကိစ္စတွေမှာ သူမပါရင်မပြီးဘူး၊ သွားရတယ်၊ အိမ်မှာ သမီးလုပ်တဲ့သူ အသည်းအသန်ဖြစ်နေတော့ သူ့ကိုခေါ်ခိုင်းတယ်၊ ရောက်လည်း လာရော “သမီး ဘယ့်နှယ်နေသေးတုန်း” မေးလိုက်တဲ့အခါ ဘာပြန်ပြောတုန်းဆိုရင် “နေသာပါတယ် မောင်လေး”လို့ ပြောပြီး ဆုံးသွားတယ်၊ အဲဒီတော့ အနာထပိဏ်သူဌေးကြီးက စိတ်မကောင်းဖြစ်တယ်၊ “ငါ့သမီးလေး ကြည့်စမ်း၊ ကိုယ့်အဖေတောင်မှ ဒီလိုပြောသွားတယ်၊ ယောင်ယောင်မှားမှားတွေ ပြောသွားတယ်”၊ စိတ်မကောင်းဖြစ်တာကို မြတ်စွာဘုရားလျှောက်တော့ မြတ်စွာဘုရား “မဟုတ်ဘူး၊ တမင်ပြောတာ”တဲ့၊ အနာထပိဏ်သူဌေးက သောတာပန်အဆင့်ပဲ ရှိသေးတယ်၊ သူက သောတာပန်အဆင့်ထက် သာသွားပြီ၊ ဒါကြောင့်မို့ ပဋိဝေဓဓမ္မအဆင့်အားဖြင့် သူက မြင့်နေတယ်၊ ဒါကြောင့်မို့ “မောင်လေး”လို့ ခေါ်တာတဲ့၊ အရိယာပုဂ္ဂိုလ်တွေမှာ သူတို့ရတဲ့တရားအဆင့်ကို ကြည့်ပြီး အသက်အကြီးအငယ် ရွေးချယ်လေ့ရှိတတ်တယ်။

[၇] နန္ဒမာတာဥပါသိကာမကြီး ပါရာယနသုတ်ကို နှုတ်တက်ရွတ်ဆိုခဲ့တယ်ဆိုတာ မှတ်တမ်းရှိလို့ ဘုန်းကြီးတို့တတွေ သိရတယ်၊ အဲဒီတော့ နန္ဒမာတာဥပါသိကာမကြီး ပါရာယနသုတ်ကို ရွတ်နေတဲ့အချိန်ဟာ ဘယ်အချိန်လဲလို့ဆိုလို့ရှိရင် ရှင်သာရိပုတ္တရာလည်း သက်တော်ထင်ရှားရှိတယ်၊ ရှင်မောဂ္ဂလာန်လည်း သက်တော်ထင်ရှားရှိတယ်၊ မြတ်စွာဘုရားလည်း ရှိနေသေးတယ်၊ ဘုရားလက်ထက်က ရွတ်ဖတ်သရဇ္ဈာယ်နေတဲ့ သုတ္တန်တစ်ခု၊ ဒီလိုပြောလို့ ရတယ်ပေါ့။

သုတ္တန်တွေထဲမှာ တချို့သုတ္တန်တွေက ဘုရားပရိနိဗ္ဗာန်စံပြီးမှ ပေါ်လာတာ၊ ဒီသုတ္တန်က တော်တော်ရှေးကျတယ်၊ ဘယ်လောက်ထိ ရှေးကျတုန်းဆို မေးမယ်ဆိုရင် ဒီပါရာယနသုတ်ဟာ ဓမ္မစကြာနဲ့ သိပ်ပြီးတော့ မကွာဘူး၊ ဓမ္မစကြာတရားတော်ထက် ၂-နှစ် ၃-နှစ် ပဲ နောက်ကျမယ်၊ အဲဒီလောက်ကတည်းကစပြီး ပေါ်ထွန်းလာတဲ့ သုတ္တန်တစ်ခုပဲ၊ ဒါကြောင့်မို့ Early Buddhism လို့ အနောက်တိုင်းကလူတွေက ယူဆကြတယ်ပေါ့။

သို့သော် ဓမ္မစကြာကိုသာ “တရားဦး”လို့ အသိများကြတယ်၊ ဂါထာတွေနဲ့ ရေးထားပြီး တရားကလည်း အင်မတန်လေးနက်တဲ့ ဒီပါရာယနသုတ္တန်ဆိုတာ အသိနည်းနေကြတယ်၊ ရှေးဟောင်းမြန်မာစာပေကို လေ့လာကြတဲ့ပုဂ္ဂိုလ်တွေက သတိထားမိကြပါလိမ့်မယ်၊ အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာသီလဝံသက [၈] ပါရာယနဝတ္ထု ဆိုပြီး ရေးခဲ့ဖူးတယ်၊ စာအုပ်ရှာပြီး ဖတ်ကြည့်လို့ ရနိုင်တယ်၊ သို့သော် အရေးအသားက ဒီကနေ့ခေတ်နဲ့ ကွဲလွဲကောင်း ကွဲလွဲလိမ့်မယ်၊ ရှင်မဟာသီလဝံသရဲ့ စကားပြေ အရေးအသား ပါရာယနဝတ္ထုဆိုတာ ဒီပါရာယနဒေသနာတော်ကို ဘာသာပြန်ပြီး ရေးထားတာဖြစ်တယ်။

ဒီပါရာယနဒေသနာဟာ အင်မတန်မှလည်း စိတ်ဝင်စားစရာ ကောင်းတယ်၊ ဒီကနေ့ ဘုန်းကြီးတို့ ပါရာယနသုတ်ရဲ့ Background လို့ ပြောရမယ့် ဝတ္ထုကြောင်းလောက်ပဲ ဟောနိုင်မှာပါ၊ နောက်ရက်တွေကျမှ မေးခွန်းပုစ္ဆာတွေနဲ့ မြတ်စွာဘုရားရဲ့ ဖြေဆိုချက်တွေ ဟောသွားမယ်၊ အဲဒီတော့ ပါရာယနဒေသနာဖြစ်ပေါ်လာပုံ (Historical Background) သမိုင်းနောက်ခံကို ပြန်ပြီး ကြည့်ရအောင်။

ကောသလတိုင်း သာဝတ္ထိပြည်ကို အုပ်စိုးတဲ့မင်းကို မဟာကောသလမင်းလို့ ခေါ်တယ်၊ အဲဒီ မဟာကောသလမင်းရဲ့ သားကိုတော့ ပသေနကောသလမင်းလို့ခေါ်တယ်၊ မြတ်စွာဘုရားနဲ့ တရင်းတနှီး တွေ့ဆုံပြီး ထိုထိုသုတ္တန်တွေမှာ မှတ်တမ်းတင်ထားတာက ပသေနဒိကောသလမင်း၊ တောင်တောင်အီအီ အိပ်မက်တွေ [၉] မက်တဲ့ ပုဂ္ဂိုလ်ကြီးပေါ့၊ ကောသလအိပ်မက် ၁၆-ချက်ဆိုတာ ဒီပသေနဒိကောသလမင်း မက်တာပေါ့၊ သူ့ရဲ့ဖခမည်းတော်ကို မဟာကောသလလို့ ခေါ်တယ်၊ ဒါကတော့ တိုင်းအမည်ကို စွဲပြီးခေါ်တာပေါ့။

ကောသလဆိုတဲ့ အဓိပ္ပာယ်က ကောသလတိုင်းကို အစိုးရတဲ့ ဘုရင်တဲ့၊ နာမည်မပါဘူး၊ ဒါကြောင့်မို့ သူ့ရဲ့ ဖခမည်းတော်ကို မဟာကောသလမင်းလို့ပဲ ဒီလို မှတ်တမ်းတင်ထားတယ်။

မြန်မာရာဇဝင်တွေမှာလည်းပဲ တစ်ခါတလေ ဘုရင်တွေရဲ့ နာမည် ပျောက်နေတယ်၊ မှတ်တမ်းတင်တာ အင်မတန်မှ နည်းတယ်၊ အနော်ရထာဆိုတာကတော့ နာမည်နဲ့ မှတ်တမ်းတင်ထားတာ၊ အနိရုဒ္ဓ၊ အနောရထလို့ ဆိုလိုတာ၊ ဘုရင့်နောင်ကျော်ထင်နော်ရထာကို အတိုခေါ်တော့ ဘုရင့်နောင်လို့ ခေါ်တာ၊ ဦးအောင်ဇေယျကို အလောင်းဘုရားလို့ ခေါ်တာ၊ ကုန်းဘောင်ရာဇဝင် နောက်ပိုင်းမှာ မူလနာမည်နဲ့ မဟုတ်ဘူး၊ မင်းတုန်းမင်းတို့ သီပေါမင်းတို့ကနေပြီးတော့ ထောက်ပြီးခေါ်တဲ့ အခေါ်အဝေါ်တွေက များလာတယ်၊ ဥပမာ - ဘိုးတော်မင်းတရား (ဘယ်သူ့ဘိုးတော်မှန်းလည်း မသိဘူး၊ တကယ်ကတော့ ဘိုးတော်ဆိုတာ မင်းတုန်းမင်းကြီးရဲ့ ဘိုးတော်မို့ ဘိုးတော်လို့ ခေါ်တာပဲ) ဘကြီးတော်မင်းတရားဆိုတာလည်း မင်းတုန်းမင်းကြီးရဲ့ ဘကြီးမို့လို့ ဘကြီးတော် ခေါ်တာ၊ အဲဒီတော့ မင်းတုန်းမင်းကြီးလက်ထက် ရေးတဲ့စာတွေမှာ “ဘိုးတော်မင်းတရားကြီး”“ဘကြီးတော်မင်းတရား”လို့ ဒီလိုသုံးတယ်။

[၁၀] မင်းတုန်းမင်းရဲ့ ခမည်းတော်ကိုတော့ ရွှေဘိုမင်းလို့လည်း ခေါ်တယ်၊ သာယာဝတီမင်းလို့လည်း ခေါ်တယ်၊ သူငယ်စဉ်က အပိုင်စားခဲ့တဲ့ မြို့ရဲ့နာမည်နဲ့ ခေါ်တာ။ မင်းတုန်းမင်းကို သူငယ်စဉ်က အပိုင်စားရခဲ့တဲ့မြို့ကို အစွဲပြုပြီးတော့ မင်းတုန်းလို့ခေါ်တာ၊ သူ့ရဲ့ ငယ်နာမည်က မောင်လွင်တဲ့၊ ဘုရင်ဖြစ်တဲ့အခါမှာ ဘွဲ့နာမည်တွေလည်း ရှိတယ်၊ သုဓမ္မရာဇာတဲ့၊ ဘွဲ့တွေကလည်းပဲ တူနေတော့ မှတ်မိဖို့ တော်တော်ခက်တယ်။ မြန်မာရာဇဝင်ဖတ်ကြည့်ရင် ဒီဘွဲ့မျိုးတွေ ပေးတာဆိုတော့ တူနေတယ်၊ အခုခေတ်လည်း တူတာပါပဲ၊ ဝဏ္ဏကျော်ထင်တို့ အလင်္ကာကျော်စွာတို့ အဲဒီလို တူညီတဲ့ ဘွဲ့အမည်တွေနဲ့ ရာဇဝင်ရေးတဲ့ ပုဂ္ဂိုလ်တွေက လွယ်အောင်ရေးတာ။

ပသေနဆိုတာ

အေး အဲဒီလိုပဲ ကောသလမင်းလို့ တိုင်းပြည်နာမည်နဲ့ တွဲဖက်ပြီး ခေါ်လိုက်တာ၊ သို့သော် သားတော်ကိုတော့ “ပသေနဒိ” လို့ ခေါ်တယ်၊ ပသေနဒိလို့ ဂုဏ်ယူစရာနာမည်ကလေး မှည့်ထားတယ်၊ “ပရသေနံ ဇိနာတီတိ ပသေနဇီ” ဆိုရာကနေပြီး ဇီ’ ကို ‘ဒိ’ အဖြစ် အသံပြောင်းပြီးတော့ ပသေနဒိလို့ ခေါ်တာ၊ ‘ပသေန” ဆိုတာ ရန်သူစစ်တပ်ကို “ဒိ” ဆိုတာ (ဇိက လာတယ်) အောင်မြင်တယ်တဲ့ ရန်သူကို အနိုင်တိုက်နိုင်သူဆိုတဲ့ အဓိပ္ပာယ်နဲ့ “ပသေနဒိ” လို့ ခေါ်တာ ဖြစ်တယ်။

[၁၁] နောက်ပိုင်းကျတော့ အဲဒီအဓိပ္ပာယ် မဟုတ်ဘဲ ပြောင်းသွားပြန်တယ်၊ (ပြောင်ပြီးခေါ်တာလည်း ဖြစ်နိုင်တယ်၊ နာမည်ပြောင်တွေကလည်း ပေါတယ်လေ၊) ပသေနဒိလို့ ရန်သူကို အနိုင်ယူလိုက်နိုင်သူဆိုတဲ့ မင်္ဂလာရှိတဲ့နာမည်နဲ့ ပေးတာ၊ နောက်ပိုင်းကျတော့ ဒီမင်းက အစားအင်မတန် ကြီးလာတယ်၊ ပွဲတော်အုပ် တင်တဲ့အခါ ရှေ့တည့်တည့်မှာ ထားရုံနဲ့ မလုံလောက်ဘူး၊ ဘေးမှာ အိုးတွေ ခွက်တွေနဲ့ ရံပြီးထားရတယ်၊ အဲဒီအဓိပ္ပာယ်နဲ့ လိုက်လျောအောင် ဖွင့်ဆိုလိုက်တော့ “ပဿေနပိ ဒိယျတိတိ ပသေန” ဟိုဘက်ဘေး ဒီဘက်ဘေးကလည်းပဲ အရံထားပြီး ထမင်းကျွေးရတယ်တဲ့၊ အစားကြီးလွန်းလို့တဲ့၊ ဟိုဘက် ဒီဘက် အရံထားပြီး ကုန်သွားရင် ထည့်ပေးရတယ်၊ တကယ်စားနိုင်တဲ့ပုဂ္ဂိုလ်။

အစားကြီးလွန်းအားကြီးလို့ ထမင်းစားပြီးချိန် မြတ်စွာဘုရားဆီ ရောက်လာရင် ဖြောင့်ဖြောင့် မထိုင်နိုင်ဘူး၊ ဘုရားရှေ့မှာ နေရထိုင်ရ အလွန်ခက်တယ်၊ အဲဒီအခါ ဘုရားက နည်းပေးတယ်၊ သူ့ရဲ့တူတော် ဥတ္တရလုလင် (သုဒဿနလုလင်လို့လည်း ရေးတယ်) ကို ဂါထာလေး တစ်ပုဒ် သင်ပေးလိုက်တယ်၊ အစားမကြီးဖို့၊ မြတ်စွာဘုရားရဲ့ နည်းစနစ်ကို လိုက်နာချင်ရင် မှတ်ထားပေါ့ အဲဒါ ဝိတ်ချတဲ့နည်းပဲ၊ အခုခေတ်ဝိတ်ချတဲ့နည်းတွေနဲ့ မတူဘူး။

မြတ်စွာဘုရားပေးတဲ့နည်းက အစားကြီးတဲ့လူကို ချက်ချင်း လျော့ပြီး မစားခိုင်းဘူး၊ ပသေနဒိမင်းက ဆန်တစ်စိတ် ချက်စားတယ် [၁၂] ဆိုပဲ၊ သူ့ရဲ့တူတော်မောင်ကို မြတ်စွာဘုရားက ဂါထာတစ်ပုဒ် သင်ပေးလိုက်တယ်၊ ထမင်းစားတဲ့အချိန် နောက်ဆုံးတစ်လုတ် မစားမီ သတိပေးတဲ့အနေနဲ့ remind လုပ်ဖို့ အဲဒီဂါထာရွတ်ရမယ်။

မနုဇဿ သဒါ သတိမတော၊
မတ္တံ ဇာနတော လဒ္ဓဘောဇနေ၊
တနုကဿ ဘဝန္တိ ဝေဒနာ၊
သဏိကံ ဇီရတိ အာယု ပါလယံ။

အဓိပ္ပါယ်ကတော့ “သတိရှိပြီး အစာစားတဲ့အခါ လိုအပ်ချက် သိရှိစားသူမှာ ရောဂါဝေဒနာ နည်းပါးရုံမျှမက အသက်ရှည်ကြာပြီး ဖြည်းဖြည်းမှသာ အိုရ၏” ဆိုတဲ့အဓိပ္ပါယ်နဲ့ ဆုံးမဩဝါဒပေးတဲ့ စာပိုဒ်ကလေးပေါ့။

အဲဒီလိုရွတ်တဲ့အခါမှာ စစားတဲ့အချိန်မှာ မရွတ်နဲ့တဲ့၊ စားလို့ အလယ်လောက် ရောက်တဲ့အခါမှာလည်း မရွတ်နဲ့တဲ့၊ နောက်ဆုံး ထမင်းလုတ်စားတော့မယ်ဆိုတဲ့ အချိန်မှာမှ ရွတ်တဲ့၊ အဲဒီဂါထာ ရွတ်လိုက်တဲ့အခါ သတိရသွားပြီး နောက်ဆုံး တစ်လုတ်လျှော့လိုက် တယ်၊ လျှော့လိုက်တဲ့အခါက အဲဒီနောက်ဆုံးတစ်လုတ်ရဲ့ ထမင်းလုံးတွေကို ရေတွက်ပြီး နောက်ရက်မှာ လျှော့ချက်လိုက်တယ်၊ မသိမသာလေးနဲ့ လျှော့ပစ်လိုက်တာ၊ တစ်နေ့တစ်နေ့ တစ်လုတ်စာ [၁၃] တစ်လုတ်စာ လျှော့သွားတာ၊ နောက်ဆုံးကျတော့ သာမန်ယောက်ျား တစ်ယောက်စားနိုင်တဲ့ အနေအထားလောက် ထိအောင် ရောက်သွားတယ်၊ ဘုရင်ကြီးဟာ ကျန်းမာလို့ နေသာထိုင်သာ ရှိတဲ့ အခါ ဘုရားကို သိပ်ကျေးဇူးတင်တယ်။ အလွန်အစားကြီးတဲ့လူတွေ အဲဒါ တကယ်လက်တွေ့ ကျင့်သုံးပြီး လုပ်ကြည့်ဖို့ ကောင်းတယ်နော်၊ နည်းနည်းချင်း လျှော့တာ၊ အများကြီး မလျှော့ရဘူး၊ အများကြီး လျှော့ရင် ဒုက္ခရောက်မှာပေါ့။

တစ်နေ့ နည်းနည်း နည်းနည်းနဲ့ လျှော့သွားလိုက်တာ နောက်ဆုံးကျတော့ ဘုရားက “ဟေ့ ဘယ်လောက်ထိအောင် လျော့သွားပြီတုန်း” ဆိုတော့ သာမန်ယောက်ျားတစ်ယောက် စားနိုင်တဲ့ အထိပါ” တဲ့၊ “အေး အဲဒီဂါထာကို နောက်မရွတ်နဲ့တော့၊ စားပါစေတော့” ဆိုပြီး လွှတ်ထားလိုက်တယ်၊ အဲဒါနဲ့ သူ မြတ်စွာဘုရားကို ကျေးဇူးတင်တယ်၊ နေလို့ ထိုင်လို့ အင်မတန် ကောင်းသွားတယ်၊ ဒီလို စာပေကျမ်းဂန်မှာ မှတ်တမ်းတွေ ရှိတယ်၊ ဒါက ပါဠိတော်မှတ်တမ်းပဲ၊ အဋ္ဌကထာမှတ်တမ်း မဟုတ်ဘူး။

အဲဒီတော့ မြတ်စွာဘုရားရဲ့ ဆုံးမသွန်သင်ချက်တွေဟာ နိဗ္ဗာန်ရောက်ကြောင်းတရားချည်း မဟုတ်ဘူး၊ လူ့လောကမှာ နေတဲ့ ထိုင်တဲ့အခါ ကျန်းမာရေး လူမှုရေး ပညာရေး စီးပွားရေး အထောက်အကူပြုလို့ လိုက်နာ ကျင့်သုံးစရာကောင်းတဲ့ အချက် အလက်တွေ များစွာပါရှိတယ်၊ ပိဋကတ်တော်ထဲမှာ အလွန်စုံတယ်။

[၁၄] မြန်မာနိုင်ငံကို ပိဋကတ်တော်ရောက်တာ နှစ်ပေါင်း ၂ဝဝဝ ကျော်နေပြီဖြစ်သော်လည်း မြန်မာလူထုအများစုထဲ ပိဋကတ်ပညာ အရောက်နည်းနေသေးတယ်၊ ဘာဖြစ်လို့ အရောက်နည်းနေသလဲ ဆိုရင် Language ကြောင့်ပဲ၊ ပါဠိဘာသာဆိုတဲ့ ကိုယ်လက်လှမ်းမမှီတဲ့ ကိုယ်မသင်ထားတဲ့ ဘာသာစကားတစ်ခုက အဟန့်အတားဖြစ်လို့ပဲ။ ဘာသာစကားတံတိုင်းကြီးကို ကျော်ဖြတ်ဖို့ရန် ခက်ခဲနေကြတယ်၊ မြန်မာဘာသာပြန်ဆိုထားတဲ့ ပါဠိတော် မြန်မာပြန်တွေ ရှိတယ်၊ သို့သော် ပါဠိကို မြန်မာစတိုင် ကျကျနန မပြန်ဘဲနဲ့ ပါဠိစတိုင်နောက် လိုက်ပြန်ထားတာဆိုတော့ ဖတ်ရှုဖို့အတွက် လေးလံနေတယ်ပေါ့ အဓိပ္ပါယ် ရှင်းကနဲ ဖြစ်မသွားဘူး၊ စိတ်ဝင်စားမှု အားနည်းစေတယ်၊ တကယ်တော့ ပိဋကတ် မြန်မာပြန်တွေဟာ အလွန်ဖတ်သင့်တယ် ပေါ့။

ပိဋကတ်တွေ စုဆောင်းတဲ့နည်းစနစ်က တစ်ခါတစ်ရံတော့ အကြောင်းအရာအလိုက် စုဆောင်းတယ်၊ တစ်ခါတစ်ရံ အကြောင်း အရာအလိုက် မဟုတ်ဘူး၊ အလျဉ်းသင့်သလို စုဆောင်းထားတာမျိုး တွေလည်း ရှိတယ်၊ အဲဒီတော့ ရွေးချယ်ပြီး ဖတ်ဖို့တော့ လိုတာပေါ့ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေဟာ နည်းအမျိုးမျိုး ဟောနေပေမယ့်လို့ တကယ့်အနှစ်ချုပ် ထုတ်လိုက်မယ်ဆိုရင် သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပဲ၊ ဒါတွေက ဘယ်တော့မှ မပြောင်းလဲတဲ့ အနှစ်သာရတွေ ဖြစ်တယ်။

[၁၅] ဗြာဟ္မဏထုံးတမ်းစဉ်လာ

အေး ကောင်းပြီ၊ အခုပါရာယနဒေသနာ ဘယ်ကစဖြစ် ပေါ်လာတာတုန်းဆိုတော့ သာဝတ္ထိမြို့ ကောသလဘုရင်ကြီးရဲ့ ပုရောဟိတ်ပုဏ္ဏားကြီးမှာ သားတစ်ယောက် ရှိတယ်၊ ထိုခေတ်က ဗြာဟ္မဏတွေဟာ ဝေဒကျမ်းတွေကို ကျကျနန သင်ယူလေ့ ရှိကြတယ်၊ စာသင်ရတဲ့ ကျောင်းသားဘဝဟာ ၄၈-နှစ် ကြာတယ်၊ ကျောင်းသားဘဝနဲ့ ၄၈-နှစ်၊ အိမ်ထောင်မပြုရဘူး၊ အသက်၄ဝ- ကျော်မှ အိမ်ထောင်ပြုရတာ၊ (အခုခေတ်ဆိုရင် လူပျိုကြီး အခေါ်ခံရတာနော်၊) အသက် ၄၈-နှစ်ကျော်တော့မှ သူတို့ အိမ်ထောင်ပြုချင်ပြု၊ မပြုချင်ရင်တောထွက် တရားကျင့်၊ ဒါက ဗြာဟ္မဏတွေ လိုက်နာရမယ့် ထုံးတမ်းစဉ်လာတစ်ခုပေါ့၊ “ဗြဟ္မစာရီ ဂဟဋ္ဌော စ၊ ဝနပတ္တော စ ဘိက္ခူတိ” ဆိုတဲ့ အဿမ ၄-ပါးထဲမှာ ပါတယ်၊ ဗြဟ္မစာရီတဲ့၊ ၄၈-နှစ်ထိ အိမ်ထောင်မပြုရဘူး၊ ပညာသင်ရမယ်၊ ဝေဒကျမ်းတွေကို သင်ရမယ်။

ဝေဒကျမ်းဆိုတာ ဒီကနေ့ ဗေဒင်တွက်တဲ့ ကျမ်းတွေကို ပြောတာ မဟုတ်ဘူး၊ သူတို့ဆီမှာ ဝေဒကျမ်းတွေဟာ အတော် ပြည့်ပြည့်စုံစုံ ရေးထားတာရှိတယ်၊ ကဗျာဖွဲ့နည်းတွေလည်း ပါတယ်၊ ဆေးအကြောင်း သစ်ပင်အကြောင်း၊ တော်တော် စုံစုံစေ့စေ့ အခုခေတ်ပညာရပ်တွေ အမျိုးစုံခွဲထားသလိုပေါ့နော်၊ ရုက္ခဗေဒတို့ ဘူမိဗေဒတို့ အာယုဗ္ဗေဒတို့ ဒီဗေဒကျမ်းတွေက သူတို့ဆီမှာ စုံလင်စွာ ရှိတယ်။

[၁၆] အဲဒီပညာရပ်တွေထဲမယ် ဘာ ထူးထူးခြားခြားပါသလဲလို့ ဆိုရင် လူတွေအကြောင်းကို လေ့လာထားတဲ့ ကျမ်းတွေပါတယ်၊ မဟာပုရိသလက္ခဏကျမ်း လို့ ခေါ်တယ်၊ လူတစ်ယောက်ရဲ့ အင်္ဂါရုပ်ကို ဆုံးဖြတ်ပေးနိုင်တဲ့ကျမ်းကို သူတို့သင်ကြတယ်၊ လူတစ်ယောက်ဟာ ပြီးပြည့်စုံတဲ့ အမှတ်အသား ၃၂-မျိုး ရှိတယ်၊ မဟာပုရိသလက္ခဏာ ၃၂-မျိုး၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ပါရမီပုံရိပ် အမှတ်တံဆိပ်တွေ သူတို့ဝေဒကျမ်းတွေမှာ သင်ရတယ်၊ လောကကြီးမှာ ဘုရားပွင့်တယ်ဆိုတဲ့ အကြောင်းလည်း သူတို့ သင်ရတယ်၊ ဒါတွေသင်ရလို့ ဘုရားဆိုရင် သူတို့က ဒါတွေနဲ့ တိုက်ကြည့်တာ၊ ဘုရား ဟုတ်,မဟုတ် သူတို့စာတွေနဲ့ တိုက်ကြည့်တာ ချည့်ပဲ။

မဟာပုရိသလက္ခဏာ ၃၂-မျိုးရှိတဲ့ပုဂ္ဂိုလ်ဟာ သူတို့ရဲ့ဘဝမှာ လမ်း၂-သွယ်ပဲ ရှိတယ်၊ ဘာလဲဆိုရင် အိမ်ထောင်ပြုမယ် လူ့ဘဝမှာနေမယ်ဆိုရင် စကြဝတေးမင်း ဖြစ်မယ်၊ လူ့ဘဝကနေ တောထွက်ပြီးတော့ တရားကျင့်မယ်ဆိုရင် ဘုရားဖြစ်မယ်၊ ဒီလမ်း ၂-သွယ်ပဲ ရှိတယ်၊ တခြားလမ်းရွေးစရာ မရှိဘူး၊ စကြာမင်း ဖြစ်ရင်လည်း ဖြစ်မယ်၊ သို့မဟုတ် ဘုရားဖြစ်ရင်လည်း ဖြစ်မယ်။

ဘုရားအလောင်းမွေးလာတဲ့အခါ ဝေဒကျမ်းတွေမှာလာတဲ့ အချက်အလက်တွေနဲ့ အသေးစိတ် လေ့လာကြည့်ကြတယ်၊ ဒီအချက် ၃၂-မျိုးကို ရှာတွေ့တဲ့အခါမှာ ဗြာဟ္မဏတွေက သူတို့ [၁၇] ဝေဒကျမ်းတွေမှာလာတဲ့အတိုင်း ဒီကလေးမှာ ထူးခြားတဲ့ အမှတ်အသားတွေ ပါတယ်၊ ဒါကြောင့် စကြာမင်း ဖြစ်ရင်လည်း ဖြစ်မယ်၊ ဘုရားဖြစ်ရင်လည်း ဖြစ်မယ်လို့ ဟောကြတယ်။

အဲဒီထဲမှာ ပါရမီထူးချွန်တဲ့ ကောဏ္ဍညပုဏ္ဏားကတော့ သေသေချာချာ လေ့လာတယ်၊ ကွဲပြားခြားနားမှုကို သာမန်ပုဂ္ဂိုလ်တွေ သတိမထားမိဘူး၊ သူက သတိထားမိတယ်၊ မဟာပုရိသလက္ခဏာ ၃၂-မျိုး ရှိတာချင်း တူပေမယ့်လို့ ပီပြင်တာနဲ့ မပီပြင်တာ ရှိသေးတယ်၊ ပီပြင်ထင်ရှားတာဆိုရင် လမ်း၂-သွယ် ပြောစရာ မလိုဘူး၊ တစ်လမ်းတည်းပဲ ရှိတယ်၊ ဘုရားပဲဖြစ်မယ်၊ စကြဝတေးမင်း မဖြစ်နိုင်ဘူးတဲ့၊ ဗုဒ္ဓဝင်ဖတ်တဲ့သူတွေ တွေ့ဖူးပါလိမ့်မယ်၊ ကောဏ္ဍည ပုဏ္ဏားက လက်တစ်ချောင်းတည်း ထောင်ပြီးပြောတယ်။

အေး အဲဒီလို မဟာပုရိသလက္ခဏကျမ်းတွေကို သူတို့က လေ့လာကြရတယ်၊ ဒီဗြာဟ္မဏတွေကို အဲဒီခေတ်မှာ ပညာတတ်တွေ လို့ ခေါ်တယ်၊ ဘုရင့်ရဲ့အကြံပေးဆရာတွေပေါ့၊ အဲဒီတော့ မဟာကောသလမင်းကြီးမှာ ပုရောဟိတ် (ပုရောဟိတ၊ တိုင်းတော် ပြည်တော်အတွက် အကြံပေးအရာရှိ) ဆရာလုပ်ပြီး သူ့သားမွေးလာ တဲ့အခါမှာလည်းပဲ ဒီပညာရပ်တွေ သင်ပေးတယ်၊ သူ့အဖေရဲ့ ရာထူးကို ဆက်ခံကြရတယ်။

[၁၈] မဟာကောသလမင်းကြီးရဲ့သားကလည်းပဲ တက္ကသိုလ်ပြည်ကို ပညာတော်သင်သွားတယ်၊ ပြန်လာတဲ့အခါ သူ့ရာထူးဆက်ခံ ခိုင်းတယ်၊ ပသေနဒိကောသလမင်း လက်ထက်ရောက်လာတယ်၊ ပုရောဟိတ်ပုဏ္ဏားကြီးရဲ့သားကို ဗာဝရီလို့ ခေါ်တယ်၊ ဗာဝရီက ကောသလထက် အသက်ကြီးတယ်၊ အဖေ့လက်ထက်က ပုရောဟိတ်ဆိုတော့၊ အသက်ကြီးလာတဲ့အခါ အေးအေးချမ်းချမ်း နေချင်တဲ့စိတ် ပေါ်လာတယ်။

ပသေနဒိကောသလမင်းကြီးဆီ ပန်ကြားပြီး သူ့ထံမှာ ဝေဒကျမ်းတွေကို သင်နေတဲ့ကျောင်းသားတွေ ရှိတယ်၊ လက်ထောက်ဆရာဖြစ်နေတဲ့ ကျောင်းသား ၁၆-ယောက် ရှိတယ်၊ အဇိတ၊ တိဿမေတ္တေယျ၊ ပုဏ္ဏက သူ့နာမည်တွေနဲ့သူ အသီးသီး ရှိတယ်၊ တစ်ယောက် တစ်ယောက်မှာလည်း ကျောင်းသားပေါင်း တစ်ထောင်စီ တစ်ထောင်စီ ရှိတယ်၊ ဒီတော့ ကျောင်းသားဦးရေ တစ်သောင်းခြောက်ထောင် ပညာသင်ယူနေကြတယ်၊ ခေါင်းဆောင် လုပ်တဲ့ ဆရာကြီးက ပုရောဟိတ်ရာထူးကို စွန့်ပြီး တောထဲသွားနေ တယ်၊ ဒါ အဲဒီခေတ်က လုပ်ရိုးလုပ်စဉ်ကြီးပဲ။

ရသေ့ဝတ်နဲ့ တောထဲမှာ သွားနေကြတယ်၊ ဘုရင်ကြီးကတော့ ခွင့်မပြုချင်ဘူးပေါ့လေ၊ ပထမ သူ့ဥယျာဉ်ထဲမှာပဲ နေပါလို့ပြောတယ်၊ နောက် သူတို့က လက်မခံဘူး၊ ဝေးတဲ့နေရာကို သွားတယ်၊ တကယ့် တောထဲမှာ သွားနေတယ်ပေါ့၊ ဗာဝရီပုဏ္ဏားကြီးနဲ့ သူ့ရဲ့တပည့်ကြီး ၁၆-ယောက် ခရီးထွက်သွားကြတယ်။

[၁၉] ဘယ်ကို သွားတုန်းလို့ဆိုတော့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းကနေ ဒက္ခိဏာပထလို့ဆိုတဲ့ တောင်ပိုင်းကို ခရီးထွက်သွားကြတယ်၊ အဿကမင်းနဲ့ အဠကမင်းတို့ရဲ့ Kingdom ပေါ့၊ အဲဒီခေတ်ကတော့ Kingdom တွေလို့ပဲ ပြောရမယ်၊ မြန်မာပြည်မှာလည်း အရင်တုန်းက Kingdom တွေ ရှိတာပဲ၊ အင်းဝက တစ်မင်း, ပဲခူးဟံသာဝတီက တစ်မင်း၊ ဒီလို အုပ်စိုးခဲ့တာ၊ စစ်ကိုင်းမှာ ဆိုလို့ရှိရင် ဧရာဝတီမြစ်ရဲ့ အရှေ့ဘက် ပင်းယက တစ်မင်း၊ စစ်ကိုင်းဘက်က တစ်မင်း၊ အဲဒီလို မြစ်ရဲ့ဟိုဘက်ဒီဘက်တင်ပဲ သူ့နယ်နဲ့သူ အုပ်ချုပ်နေကြတာ၊ အိန္ဒိယမှာလည်းပဲ အဲဒီအတိုင်းပဲပေါ့ ဒီကနေ့ခေတ်မှာသာ အိန္ဒိယ တိုင်းကြီး နိုင်ငံကြီး တစ်နိုင်ငံတည်းဆိုပြီးတော့ ဗဟိုအစိုးရကနေပြီး အုပ်ချုပ်တာ၊ ဟိုတုန်းကတော့ မဟာရာဇာလို့ ခေါ်တဲ့ ဘုရင်တွေက အသီးသီး ကိုယ့်နယ်ကိုယ်အုပ်ချုပ်ကြတာပဲ။

အဲဒီတုန်းက အဿကမင်းနဲ့ အဠကမင်းတို့၂-နိုင်ငံရဲ့ ကြားမှာ ဂေါဓာဝရီဆိုတဲ့ မြစ်ကြီးရှိတယ်၊ အဲဒီမြစ်ကြီးမှာ အလယ် ကျွန်းကြီး တစ်ကျွန်း ရှိတယ်၊ အေးအေးချမ်းချမ်း အဲဒီကျွန်းပေါ်ကို သူတို့ သွားနေကြတယ်၊ အဲဒီကျွန်းကြီးက တစ်ခြမ်းက အဿကမင်းက ပိုင်တယ်၊ တစ်ခြမ်းက အဠကမင်းက ပိုင်တယ်။ ဟိုဘက်မင်းအတွက် ငွေတစ်သိန်း၊ ဒီဘက်မင်းအတွက် ငွေတစ်သိန်းပေးပြီး သူတို့ အဲဒီကျွန်းကြီးပေါ်မှာ နေရာတွေ ယူကြတယ်၊ နေရာယူပြီး နေစရာအဆောက်အဦးတွေ ဆောက်တယ်၊ တဲတွေ တိုးတယ်ပေါ့ ပြီးတဲ့အခါ ပသေနဒိကောသလမင်းကြီးရဲ့ အစီအစဉ်နဲ့ သူ့ဆရာကြီး [၂၀] တောထဲမှာ ဆင်းဆင်းရဲရဲ ဖြစ်မှာစိုးလို့ အဲဒီကျွန်းပေါ်မှာ ရွာပါ တည်ပေးထားတယ်၊ အဲဒီရွာတွေက ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ တစ်နေ့ တစ်နေ့ကို အခွန်တစ်သိန်း ရတယ်၊ အဲဒီရတဲ့အခွန်ကို အဿကမင်းကို သွားဆက်တဲ့အခါ အဿကမင်းက မယူဘူး၊ ဆရာကြီးကိုပဲ ပေးပါလို့ ဆိုတယ်၊ ရသေ့သူတော်စင်ဘဝ ပြောင်းပြီး တော့ ဗာဝရီပုဏ္ဏားနဲ့ ရသေ့ကြီး ၁၆-ယောက် နောက်ပါလူတွေနဲ့ အဲဒီမှာ နေကြတယ်၊ တရားကျင့်ကြတယ်၊ ထိုခေတ်က ခေတ်စားခဲ့တဲ့ သမထကျင့်စဉ်ကို ကျင့်ကြတယ်၊ ဈာန်တွေရတယ်၊ ကောင်းကင်ပျံနိုင် တယ်။ အဘိညာဉ်ရတယ်။

သမထကျင့်စဉ်ကို ကျင့်နေကြတယ်၊ အေးအေးချမ်းချမ်း အဲဒီမှာနေကြတယ်၊ ဗာဝရီပုဏ္ဏားကြီးက ဘာလုပ်လေ့ ရှိတုန်းလို့ဆိုရင် အဲဒီရွာကရလာတဲ့အခွန်တွေ အလှူကြီးပေးတယ်၊ သူကရတာလေးနဲ့ မျှတပြီး ကျန်တာအားလုံးကို လှူပစ်တယ်၊ ယဇ်ပူဇော်တယ်လို့လည်း ခေါ်တယ်ပေါ့၊ ယဇ်ပူဇော်တာ ၂-မျိုး ရှိတယ်၊
၁။ အလှူလှူခြင်းနဲ့
၂။ သားကောင်တွေကို သတ်ပြီးပူဇော်ခြင်းကို ‘ယဇ်’လို့ ခေါ်တယ်၊
သူက သားကောင်တွေ မသတ်ဘဲနဲ့ လက်နဲ့ အလှူဒါနပြုတာ။ ဒါကိုလည်း ယဇ်လို့ပဲ ခေါ်တာပဲ။

ဗာဝရီပုဏ္ဏားကြီးနဲ့ သူ့ရဲ့တပည့်တွေ ဂေါဓာဝရီ မြစ်လယ် ခေါင်ကကျွန်းကို သွားပြီးတော့ နေထိုင်ကြတာဟာ ဘယ်အချိန်တုန်း ဆိုရင် မြတ်စွာဘုရားမပွင့်ခင် ရှစ်နှစ်စောတဲ့ အချိန်ကပေါ့။

[၂၁] ဘုရားအလောင်း တောမထွက်ခင် သူတို့သွားနှင့်တယ်လို့ အဓိပ္ပါယ် ရတယ်ပေါ့၊ သူတို့ အဲဒီရောက်လို့ ၈-နှစ်ကြာမှ လောကမှာ မြတ်စွာဘုရား ပွင့်လာတယ်လို့ ဒီလိုပြောတာ။

အဲဒီလိုနေရင်း တစ်နေ့ကျ ဘာဖြစ်လာတုန်းဆိုတော့ ဗာဝရီ ပုဏ္ဏားကြီးက ရှိသမျှတွေ အကုန် အလှူဒါနပြုတယ်၊ အလှူဒါနပြုပြီး အလှူပွဲတွေ သိမ်းလိုက်ပြီ၊ သူ့ဆီမှာ ဘာမှမရှိတော့ဘူး၊ လက်ကျန်မရှိ အကုန်လှူပြီးတဲ့ အချိန်ကျမှ အရုပ်ခပ်ဆိုးဆိုး သွားချေးထူထူ လမ်းလျှောက်လာတာလည်း လိမ်ဖယ်လိမ်ဖယ်နဲ့ အလှူခံပုဏ္ဏား တစ်ယောက် သူ့ဆီရောက်လာတယ်၊ အဲဒါနဲ့ သူကလည်း ယဉ်ယဉ် ကျေးကျေးပါပဲ၊ ပြောဆိုနှုတ်ခွန်းဆက်၊ နေရာတွေ ဘာတွေ ပေးပြီးတဲ့ အခါမှာ အဲဒီပုဏ္ဏားက သူ့ကို အလှူခံတယ်ပေါ့၊ သူ ငွေ-၅ဝဝ လိုချင်တယ်၊ သူ့ကို လှူပါတဲ့၊ ဗာဝရီပုဏ္ဏားကြီးကလည်း အားလုံး လှူလိုက်တာ ကုန်သွားပြီ၊ သူ့ဆီမှာ ဘာမှမရှိတော့ဘူး၊ တစ်သိန်း ရတာ လှူလိုက်တာ၊ ဘာမှလည်း သူ့ဆီမှာ သိမ်းထားတာ မရှိဘူး၊ လေးလေးစားစားပဲ ပြန်ပြောတယ်၊ အဲဒီအခါကျတော့ ခုနက လမ်းလျှောက်တဲ့အခါ လိမ်ဖယ်လိမ်ဖယ်နဲ့ လူကလည်း ညစ်ပတ်လို့ သွားချေးထူတဲ့ အရုပ်ဆိုးဆိုးပုဏ္ဏားက ဘာလုပ်လဲလို့ဆိုရင် “ခင်ဗျား ကျုပ်ကို လှူရင်လှူ”တဲ့၊ “မလှူလို့ ရှိရင် ခင်ဗျား ၇-ရက် ပြည့်လို့ရှိရင် ခေါင်း ၇-စိတ် ကွဲစေရမယ်”၊ ကျိန်တာနော်၊ အဲဒီလို ခြိမ်းခြောက်ပြီး အလှူခံတယ်။

[၂၂] ဗာဝရီပုဏ္ဏားကြီးနေတဲ့ အဿမ လို့ခေါ်တဲ့ တဲလေးရှေ့မှာ သူက ဟန်ဆောင်ပန်ဆောင် သမန်းမြက်တွေခင်း၊ ခြေထောက်ဆေး၊ မန္တရားရွတ်သလို လုပ်နေပြီး ကျိန်ဆဲတယ်၊ “ခင်ဗျားကြီး ကျွန်ုပ် တောင်းတာ မပေးဘူးဆိုရင် ၇-ရက်ကြာရင် ခင်ဗျားခေါင်း ၇-စိတ် ကွဲစေရမယ်”၊ အိန္ဒိယမှာ စာပေမှတ်တမ်း တင်ထားတာတွေထဲမှာ အဲဒီလို ကျိန်ပြီးတော့ တောင်းတာတွေ ရှိတယ်၊ လူတွေကလည်း ကြောက်တော့ ပေးကြတယ်။

မြတ်စွာဘုရား လက်ထက်တုန်းက လူလိမ်တစ်ယောက်က ဘာလုပ်တုန်းဆိုရင် သစ်ပင်ပေါ်တက်၊ ခြေထောက်နဲ့ သစ်ကိုင်းကို ချိတ်၊ လင်းနို့လို ဇောက်ထိုးဆွဲပြီး ဘာပြောလဲဆိုရင် “ငါ တောင်းတာ ပေးရင်ပေးကြ၊ မဟုတ်ရင် ငါ ဒီပေါ်ကကျသေလို့ရှိရင် မင်းတို့ရွာ ပျက်စေမယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်” ခြိမ်းခြောက်တာပေါ့၊ တော်တော် လေ့ကျင့်ထားပုံ ရတယ်၊ သူ့ကိုဝိုင်းအုံကြည့်ပြီး သူခြိမ်းခြောက်တာကို ကြောက်လို့စုပြီး ပိုက်ဆံပေးကြတယ်၊ ပိုက်ဆံလေးရတော့ ဆင်းသွားသတဲ့၊ ခေတ်အဆက်ဆက် အဲဒီလို လိမ်ပြီးတော့စားတဲ့ ပုဂ္ဂိုလ်တွေကလည်း ရှိတာပဲ။

ကျိန်ဆဲတယ်ဆိုတာနဲ့ ပတ်သက်လို့တစ်ခါတုန်းက မြန်မာပြည် မှာ ကျိန်စာတွေ ရှိခဲ့ဖူးတယ်၊ အဘိသပလို့ ခေါ်တယ်၊ အဘိသပ ဆိုတာ ကျိန်စာဆိုတာ၊ ကျိန်စာဆိုတဲ့နေရာမှာ ၂-မျိုး ရှိတယ်၊ ယုံအောင် ကျိန်ပြောတာက တစ်မျိုး၊ “ဘာဖြစ်ပါစေ ညာဖြစ်ပါစေ” ကျိန်ဆဲတာက တစ်မျိုး၊ ဒီ၂-မျိုး တွေ့ရတယ်။

[၂၃] ဝိနည်းကျမ်းမှာ ဘိက္ခုနီမတွေ အဲဒီလိုကျိန်တာမျိုး မလုပ်ရဘူး လို့ မြတ်စွာဘုရားက ပညတ်တယ်၊ လူတွေက ကျိန်တတ်ကြ တယ်လေ၊ မဟုတ်ရင် “ဘာဖြစ်ရပါစေ ညာဖြစ်ရပါစေ” ပေါ့၊ အဲဒီကျိန်တာတွေကလည်းပဲ တကယ်ဖြစ်သွားတတ်ကြတယ်၊ ပေတဝတ္ထုမှာ “မဟုတ်တာပြောရင် ကိုယ့်ရဲ့ သားသမီးအသားကို စားရပါလို၏” ကျိန်တယ်၊ နောက်ဘဝမှာ ကျိန်ခဲ့တဲ့အတိုင်း ခံရတယ်။

ပုဂံခေတ် ဘုရားတွေမှာ ကျိန်စာ တွေ ရေးထားတာရှိတယ်၊ သမိုင်းကြောင်း လေ့လာတဲ့ပုဂ္ဂိုလ်တွေ သိလိမ့်မယ်၊ အဲဒီကျိန်စာတွေ ငယ်ငယ်က ဖတ်ဖူးတာ၊ “ငါ လှူဒါန်းထားတဲ့ ကုသိုလ်ကောင်းမှုကို ဖျက်လိုဖျက်ဆီး လုပ်တဲ့ပုဂ္ဂိုလ်သည် နောင် မဟာအဝီစိငရဲ၌ ခံရစေသတည်း၊ အရိမေတ္တေယျ ဘုရားကို မဖူးရစေသတည်း၊” အဲဒီလို ကျိန်စာမျိုးတွေ ရှိတယ်၊ “ငါ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုကို စောင့်ရှောက်ပြုပြင်တဲ့ ပုဂ္ဂိုလ်သည် ငါနဲ့အတူ ဘုရားကိုဖူး၍ ကျွတ်တမ်းဝင်စေသတည်း”တဲ့၊ ကောင်းတဲ့ ဘက်ကလည်း ပြောတယ်၊ ဖျက်ဆီးတဲ့လူကျတော့ “မဟာအဝီစိ ငရဲ၌” ဆိုတော့ တော်တော်လေး ရက်စက်တာပေါ့နော်၊ အဲဒါဆိုရင် ရှေးဟောင်း ဘုရားတွေ ဖောက်တဲ့လူတွေဆို တော်တော်ဒုက္ခ ရောက်မယ် ထင်တယ်။

အခုလောလောဆယ် စစ်ကိုင်းမြို့မှာ စည်းခုံကြီးဘုရား ဆိုတာ ရှိတယ်၊ စည်းခုံကြီးတည်ထားသူက သီဟပတေ့မင်း၊ စစ်ကိုင်း မင်းဆက်ရဲ့ နောက်ဆုံးမင်း၊ အဲဒီနောက်ဆုံးမင်း တည်သွားတဲ့ [၂၄] စည်းခုံကြီးဘုရား၊ အခုပြန်ပြီးတော့ ပြင်နေတယ်၊ တပေါင်းလဆိုရင် ထီးတင်နိုင်တဲ့ အနေအထားမျိုး ရောက်ပြီ၊ မက္ခရာမှာ စည်းခုံကြီး ရှိတယ်၊ စစ်ကိုင်းမှာ စည်းခုံကြီးရှိတယ်၊ ပင်းယမှာ စည်းခုံကြီး ရှိတယ်၊ သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်ပြီး စစ်ကိုင်းတိုင်းက တိုင်းမှူးတို့နဲ့ ကုသိုလ်ရှင်တွေ ဝိုင်းဝန်းပြီး လုပ်တယ်၊ စစ်ကိုင်းရောက်လို့ ရှိရင်တော့ အဲဒီဘုရား ဖူးတွေ့ကြရမှာပေါ့၊ သီဟပတေ့ဘုရင် တည်သွားတဲ့ စည်းခုံကြီးဘုရား။

အဲဒီစည်းခုံကြီးမှာ ဌာပနာဖောက်ထားတယ်၊ ဘာတွေ ဖောက်သွားတုန်းဆိုတာ စာရင်းဇယား ကြည့်မယ်ဆိုရင် ရွှေဆင်းတု တွေ ငွေဆင်းတုတွေ တန်ဖိုးရှိတာတွေကို ဖောက်ပြီးယူသွားတယ်၊ မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ် အတွင်းက ကာကွယ်စောင့်ရှောက်မှု အားနည်းတဲ့နေရာတွေမှာ ဒီလိုပဲ ဘုရားတွေ ဖောက်ထွင်းမှုခံရတာ တွေ အများကြီးပဲ။

ဌာပနာထည့်သွင်းခြင်းရည်ရွယ်ချက်

ဘုရားထဲမှာ ဒီလိုတန်ဖိုးရှိတာတွေ ဘာလို့ထားတာတုန်း၊ တချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစားမှာ၊ ဘုရားထဲမှာ ဌာပနာတယ်၊ ဌာပနာ ဆိုတာ ထည့်သွင်းတာ၊ ထည့်သွင်းခြင်း တည်ထားခြင်းလို့ အဓိပ္ပါယ်ရတယ်၊ အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာ [၂၅] ထည့်ကြတာတုန်း။ နိုင်ငံခြားသားတွေအမြင်နဲ့ ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူး ပြောမှာပေါ့နော်၊ ဒါတွေ ထည့်လိုက်လို့ ဘာအကျိုး ရှိမှာတုန်း၊ ဘုရားရုပ်ပွား ဆင်းတုတော် ထည့်တာတော့ ထားပါတော့၊ ရတနာတွေ ထည့်တယ်၊ အခုခေတ်လည်း ထည့်တာပဲ၊ ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဓါတရားနဲ့ကိုယ် ထည့်ကြတယ်၊ ဘာအတွက် ထည့်တာလဲဆိုတော့ ကြည်ညိုလို့ လှူတာပဲသိတယ်။

သို့သော် တကယ့်အစစ်အမှန်က ရည်ရွယ်ချက် ရှိတယ်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့အခါ ဘုရားရဲ့ ဓာတ်တော်တွေကို ရှစ်ပြည်ထောင် မင်းတွေကို ခွဲဝေပြီး ပေးလိုက်တယ်။ ဓာတ်တော်တွေ ရှစ်ပြည်တောင် ရောက်သွားတယ်၊ ဒီဓာတ်တော်တွေအတွက် အန္တရာယ်ဖြစ်မှာစိုးလို့ ရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့ တိုင်ပင်ပြီးတော့ ဓာတ်တော်တိုက်ကြီးတစ်ခုလုပ်ပြီး ဓာတ်တော်တွေ စုထည့်ထားတယ်၊ အဲဒီလို စုထည့်ထားပြီး အင်မတန်တန်ဖိုးရှိတဲ့ ပတ္တမြားတစ်လုံးကို အဲဒီထဲမှာ ထည့်ထားပြီး စာရေးထားတယ်၊ “နောင်တစ်ချိန်ကျရင် ဒီ ဓာတ်တော်တိုက်ကြီး ပျက်စီးလို့ ပြင်ဆင်ဖို့ အတွက် ငွေကြေးမတတ်နိုင်ဘူး ဆိုလို့ရှိရင် ဒီပတ္တမြားတုံးကြီး ရောင်းချပြီးပြင်ပါ”တဲ့။

အဲဒီတော့ ရတနာတွေ ထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ် ဟာ သင်္ခါရသဘောတရားအရ တစ်နေ့ကျ ပျက်မှာပဲ maintenance လိုတယ်လေ၊ maintenance အတွက် ထည့်ခဲ့တာ။ ဒီလိုဆိုလို့ [၂၆] ရှိရင်တော့ ရည်ရွယ်ချက် ကောင်းတယ်ပေါ့၊ maintenance အတွက် deposit လုပ်ထားခဲ့တာ၊ ဒါတွေကိုယူပြီး ဘုရားပြင်ရမယ်ပေါ့၊ အဲဒီရည်ရွယ်ချက်ပဲ၊ နောက်ကျတော့ဒီရည်ရွယ်ချက်က တဖြည်းဖြည်း ပျောက်လာတဲ့ သဘောပဲ။

မြန်မာပြည်မှာ ကုသိုလ်ရှင်တွေ ဆိုင်းဘုတ်ထိုးလေ့ ရှိကြတယ် လေ၊ ဘုရားတံတိုင်းတို့ ဘာတို့ညာတို့ အကုန်လုံးပေါ့ ကုသိုလ်ရှင်တွေ ဘာလို့ထိုးတာတုန်း၊ နာမည်ကြေညာတာလား၊ ရည်ရွယ်ချက်က ဘာလဲ၊ ကိုယ့်ကို လူသိစေချင်လို့ထိုးတာလား၊ မသိလည်း ဘာဖြစ်လဲ၊ လှူတာက လှူတာပဲပေါ့။

အဲဒီတော့ ဆိုင်းဘုတ်ထိုးခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုရင် အမျှဝေတဲ့သဘော၊ မြင်တဲ့ပုဂ္ဂိုလ်က သာဓုခေါ်ရအောင်လို့၊ ဒါကြောင့်မို့ ရှေးတုန်းက မိသားစုကောင်းမှုတို့ ဆိုတာရဲ့ နောက်မှာ “နတ်လူ သာဓုခေါ်စေသောဝ်” ဆိုတာလေးပါတယ်၊ အခုခေတ်တော့ အဲဒီ “နတ်လူသာဓု ခေါ်စေသောဝ်” ဆိုတာလေး ပျောက်သွားပြီး နာမည်ကြေညာတာ ဖြစ်သွားတယ်၊ ဒါက ပြောင်းလဲလာတဲ့ သဘော ပေါ့နော်၊ မူရင်းအဓိပ္ပါယ် ပျောက်သွားပြီးတော့ ပြောင်းလဲလာတဲ့ သဘောဟာ ဒီလိုပဲ ရှိတတ်တယ်ပေါ့၊ စပြီး လုပ်တဲ့အချိန်ကတော့ အဓိပ္ပါယ်ရှိတယ်၊ အဲဒီ အဓိပ္ပါယ်ရှိတာတွေဟာ နောက်ပိုင်း အဓိပ္ပါယ် မသိတော့ဘူး။ တစ်မျိုးတစ်မည် ပြောင်းလဲသွားတတ်တယ်။

[၂၇] ဗာဝရီဇာတ်လမ်း(အထက်)

ကဲ ဗာဝရီအကြောင်း ဆက်ကြရအောင်။ အဲဒီမှာလည်း ဗာဝရီပုဏ္ဏားကြီးဆီမှာ လာပြီးတော့ ခုနက ဓနငွေကြေးအလိုရှိတဲ့ ပုဏ္ဏားက လိမ်ညာပြီးတော့ “ခင်ဗျား ကျုပ်ကို မပေးဘူးဆိုရင် ၇- ရက်အတွင်း ခေါင်းပြတ်ကျစေမယ်”၊ အဲဒီတော့ ဗာဝရီပုဏ္ဏားကြီး က အသက်-၁၂ဝ ရှိနေပြီ၊ စိတ်ညစ်တာပေါ့၊ သူ့လာကျိန်ဆဲ သွားတာကိုး၊ ၇-ရက်အတွင်း ခေါင်း ၇-စိတ် ကွဲရမယ်လို့ လာကျိန်ဆဲ သွားတဲ့အခါ စိတ်ညစ်တယ်၊ မစားနိုင် မသောက်နိုင် ဖြစ်တယ်၊ အိပ်မပျော်ဘူး၊ သူ့မှာလည်း ပေးစရာမရှိဘူး၊ အဲဒီလိုဖြစ်တာကိုး။

အဲဒီလို စိတ်ဆင်းရဲပြီးနေတဲ့အခါမှာ ညကျတော့ သူ့သင်္ခမ်း ကျောင်းကို စောင့်တဲ့နတ်က လာပြောတယ်တဲ့ “ဒီလူဟာ ဘာပညာမှ မတတ်ဘူး၊ အလကားလိမ်တာ၊ မယုံနဲ့” ပေါ့၊ “သူဟာ ခေါင်းဆိုတာ လည်း မသိဘူး၊ မုဒ္ဓ ဆိုတဲ့ စကားလုံး သုံးတယ်၊ ခေါင်းဆိုတာလည်း မသိဘူး၊ ခေါင်းပြုတ်ကျတယ် ဆိုတာလည်း မသိဘူး” လို့ပြောတယ်။

အဲဒီ ကျိန်တဲ့အထဲမယ် ခေါင်း ၇-စိတ်ကွဲဆိုတာ ဘာဖြစ်လို့ ၂-စိတ်တို့ ၃-စိတ်တို့ ၄-စိတ်တို့ ဘာတို့ မကွဲတာလဲ၊ ကွဲရင် အညီအမျှပဲ ကွဲသင့်တာပေါ့။ ဘယ်နေရာပဲ ကြည့်ကြည့် “သတ္တဓာ မုဒ္ဓါ ဖလတု၊ ခေါင်းက ၇-စိတ်ပဲ ကွဲရမယ်၊ ဓားနဲ့ခုတ်ကြည့် ၇- စိတ်တော့ မကဘူး၊ လေးခြမ်း ခြမ်းတယ် လေးစိတ်တော့ ကွဲမှာပဲ၊

[၂၈] ၈-စိတ်

၂-နေရာ ခြမ်းရင် ဘာဖြစ်လို့ ၇-စိတ် ဖြစ်ရလဲ၊ စာပေကျမ်းဂန်တွေမှာ ၇-စိတ် ဖြစ်ရခြင်းအကြောင်းကို ရှင်းထားတာ မတွေ့ရဘူး၊ ကွဲပါလားနော်၊ ၄-စိတ်ကွဲလည်း ရတာပဲ၊ ၈-စိတ်ကွဲလည်း ရတာပဲ၊ ၆-စိတ်ကွဲလည်း ရတာပဲ။ ဘာဖြစ်လို့ ၇-စိတ်ကွဲရတာတုန်း။

စာအုပ်တစ်အုပ်ထဲမှာတော့ ထူးထူးဆန်းဆန်း ရေးထားတယ်၊ ဟုတ်မဟုတ်တော့ မသိဘူး၊ အဖြေလေးတော့ ရတယ်ပေါ့ ခေါင်း ၇-စိတ်ဆိုတာတဲ့ ခေါင်းပိုင်းကို ကြည့်ကြည့်လိုက်၊ မျက်စိက ၂-လုံး ရှိတယ်၊ မျက်စိ ၂-လုံး အတွက် ၂-ခြမ်း သေချာတယ်၊ နားက ၂- ဘက် ရှိတယ်၊ ၂-ခြမ်းပဲ၊ နှာခေါင်းက၂-ပေါက် ရှိတယ်၊၂-ခြမ်းပဲ၊ ပါးစပ်ကတော့ တစ် ပေါက်တည်းပဲ၊ အဲဒီတော့ ၆-ခုရယ်, ပါးစပ်တစ်ခုရယ်ဆိုတော့ ၇-စိတ်ပေါ့၊ ဒီလိုဆိုလိုတာပေါ့ တစ်ခုစီ ဖြစ်သွားတယ်၊ မျက်စိ ၂-လုံးလည်း တစ်ခုစီ ဖြစ်သွားမယ်၊ နား၂- ဘက်ကလည်း တစ်ခုစီ ဖြစ်သွားမယ်၊ နှာခေါင်း၂-ပေါက်ကလည်း တစ်ခြမ်းစီ ဖြစ်သွားမယ်၊ ပါးစပ်ကလည်း တစ်နေရာ ဖြစ်သွားမယ်ပေါ့ အဲဒီလို ကြံကြံဖန်ဖန် ရေးထားတဲ့ စာအုပ်တစ်အုပ်ကို ငယ်ငယ်တုန်း ကတွေ့ဖူးတယ်၊ “သတ္တဓာ မုဒ္ဓါ ဖလတု၊ သတ္တဓာ - ၇-စိတ်၊ မုဒ္ဓါ - ဦးခေါင်းသည်၊ ဖလတု - ကွဲစေသတည်း” ဆိုတဲ့ ကျိန်စာတွေက အဲဒီအတိုင်းပဲ ကျိန်တာ။

[၂၉] ဘုရားက

မြတ်စွာဘုရားကိုယ်တိုင်ကလည်း အဲဒီလိုပြောတာ၊ အဋ္ဌ လုလင်ဟာ မြတ်စွာဘုရားမေးတာကို မဖြေဘဲနဲ့ ငုတ်တုတ်ထိုင်နေလို့ “မင်း ဖြေရင်ဖြေ၊ မဖြေရင် မင်းခေါင်း ၇-စိတ် ကွဲလိမ့်မယ်” လို့ ပြောတာ၊ အဲဒီထဲမှာလည်း ၇-စိတ်ပဲနော်၊ ၃-စိတ် ကွဲလိမ့်မယ်လို့ ပြောတာ, ၄-စိတ် ကွဲလိမ့်မယ်လို့ပြောတာ မတွေ့ဘူး၊ ၇-စိတ်ချည်းပဲ အကုန်လုံး၊ အဲဒီတော့ အဲဒီဟာက ဖြစ်နိုင်ချေရှိတယ်၊ ၇-စိတ် ကွဲတာနော်၊ အဲဒီလို မုဒ္ဓ နဲ့ မုဒ္ဓါဘိပါတဆိုတဲ့ စကားလုံးကို သုံးထားတာ၊ မုဒ္ဓဆိုတာ ဦးထိပ်၊ မုဒ္ဓါဘိပါတ ဆိုတာ ခေါင်းပြုတ်ကျတာ။ ခေါင်း ၇-စိတ် ကွဲလိမ့်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ခေါင်းနဲ့ ခေါင်းပြုတ် ကျခြင်းဆိုတဲ့ ဒီအချက်ကို ဒီလူလိမ်ပုဏ္ဏားက ဘာမှမသိပါဘူးလို့ အဲဒီနတ်က ပြောတာ။

ဒီတော့ ဗာဝရီပုဏ္ဏားကြီးက “ဒီလိုဆိုရင် အရှင်နတ်ရော သိပါသလား သိရင် သူ့ကို ပြောပြစမ်းပါ” တဲ့၊ “မုဒ္ဓ – ဦးထိပ်ဆိုတာ ဘယ်ဟာ ပြောတာလဲ”တဲ့၊ “ဦးထိပ်ပြုတ်ကျခြင်းဆိုတာ ဘာကို ပြောတာလဲ”တဲ့ ဆိုတော့ “ကျွန်ုပ်လည်း မသိဘူး”တဲ့၊ “ဒါက ဘုရားမှ ရှင်းပြောနိုင်တာ”တဲ့၊ မုဒ္ဓ နဲ့ မုဒ္ဓါဘိပါတကို ဘုရားမှ သိမယ်ဆိုတော့ “ဒါဖြင့် ဘုရားဆိုတာ ရှိပြီလား” လို့ဆိုတော့ “ဟာ ဘုရားရှိပြီ” တဲ့၊ “သာဝတ္ထိပြည်မှာ မြတ်စွာဘုရားပွင့်နေပြီ” အဲဒီနေရာမှာ နတ်က ဘုရားအကြောင်း ပြောပြထားတယ်။

[၃၀] နတ်ပြတဲ့ဗုဒ္ဓ

မြတ်စွာဘုရား ပွင့်နေပြီတဲ့၊ မြတ်စွာဘုရားဆိုတာ သမ္ဗုဒ္ဓ - တရားဓမ္မတွေကို သူကိုယ်တိုင်သိတယ်၊ သဗ္ဗဓမ္မာန ပါရဂူ - တရားဓမ္မအားလုံးကို တစ်ဘက်ကမ်းခတ်တတ်သူ တရားအားလုံးကို ပိုင်ပိုင်နိုင်နိုင် သိထားသူ ဖြစ်တယ်၊ မသိတာ ဘာမှမရှိဘူးတဲ့၊ နောက်တစ်ခုက သဗ္ဗာဘိညာ ဗလပတ္တော၊ အဘိညာဉ်စွမ်းအား တွေကိုလည်း အကုန်လုံး ရထားတယ်၊ အစွမ်းတန်ခိုးတွေ အကုန်လုံး ပြည့်ပြည့်စုံစုံ ရထားတယ်၊ ဒါတင်မကဘူးတဲ့၊ သဗ္ဗကမ္မက္ခယံ ပတ္တော - ကံတွေအားလုံးဟာ (ကုသိုလ်ကံရော အကုသိုလ်ကံပါ) ဘဝတစ်ခု ကို ဖန်တီးနိုင်လောက်အောင် အစွမ်းသတ္တိ မရှိတော့ဘူး၊ ကမ္မက္ခယ လို့ဆိုတဲ့ ကံအားလုံးကို ကုန်စေတတ်တဲ့ ဉာဏ်ကိုလည်း သူမျက်မှောက်ပြုပြီးသား ဖြစ်တယ်၊ ဝိမုတ္တော ဥပဓိက္ခယေ၊ ဥပဓိက္ခယ ဆိုတာ ခန္ဓာငါးပါးကုန်ဆုံးတဲ့ နိဗ္ဗာန်ကို အာရုံပြုပြီး ဘဝမှ လွတ်မြောက်ပြီးသား ဖြစ်နေပြီတဲ့၊ အဲဒီဘုရားဟာ လောကမှာ ပွင့်နေပြီ။

ဗာဝရီပုဏ္ဏားကြီးဟာ ဘုရားပွင့်ပြီဆိုတာ သိရလို့စိတ်သက်သာ မှု ရသွားတယ်၊ ဗာဝရီပုဏ္ဏားကြီးဟာ သူသင်ထားတဲ့ လက္ခဏ မန္တာန်ကျမ်းတွေမှာ ဘုရားအကြောင်း သင်ရတယ်၊ ဗုဒ္ဓဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုး လောကမှာ ဗုဒ္ဓဆိုတာ ပွင့်ပေါ်တတ်တယ်, အဲဒီဗုဒ္ဓ ဆိုတဲ့ပုဂ္ဂိုလ်မှာ ဘယ်လိုအရည်အချင်းတွေ ရှိတယ်, ဘယ်လို [၃၁] အမှတ်အသားလက္ခဏာတွေ ရှိတယ်ဆိုတာ သူတို့ရဲ့စာပေထဲမှာ ရှိတယ်၊ “ဗုဒ္ဓပွင့်နေပြီ၊ လောကမှာ ပေါ်လာပြီ”လို့ သိပ်ဝမ်းသာ သွားတယ်။

တစ်ခါတည်း တပည့်တွေကို ခေါ်တယ်၊ “ကဲ-တပည့်တို့ လာကြ၊ ငါပြောမယ်၊ လောကမှာ ဘုရားပွင့်နေပြီ”“ဟိုးမြောက်ပိုင်း ဒေသက တို့အရင်နေခဲ့တဲ့ သာဝတ္ထိဘက်မှာ ဘုရားရှိတယ်လို့ ပြောတယ်၊ မင်းတို့သွားကြရမယ်၊ အဲဒီဘုရားနဲ့ တွေ့ကြရမယ်၊ ဘုရား ဟုတ်မဟုတ် မင်းတို့စစ်ဆေးကြည့်ရမယ်” လို့ပြောတယ်။

သူ့တပည့်တွေက ဘာပြောတုန်းဆိုတော့ “ဆရာကြီး ဘုရား ဟုတ်မဟုတ် ကျွန်တော်တို့ ဘယ်လိုလုပ်သိမလဲ” “မင်းတို့ကို ငါသင်ထားတဲ့ ဝေဒကျမ်းထဲမှာပါတဲ့ ၃၂-ပါးသော မဟာပုရိသ လက္ခဏာတွေဆိုတာ ရှိနေတာပဲ၊ အဲဒီ မဟာပုရိသလက္ခဏာတွေနဲ့ တိုက်ကြည့်ပေါ့တဲ့၊ တိုက်ကြည့်လို့ ၃၂-မျိုးသော မဟာပုရိသ လက္ခဏာတွေ ရှိပြီဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ စကြဝတေးမင်းနဲ့ ဘုရားကလွဲရင် ဘာမှမဖြစ်နိုင်ဘူး”တဲ့၊ “ဒီ ၂-လမ်းပဲ ရှိတယ်၊ အဲဒါတွေနဲ့ သွားစုံစမ်းကြ”ဆိုပြီး တပည့်တွေကို လွှတ်လိုက်တယ်။

အဲဒီခေတ်က ဗြာဟ္မဏတွေအကုန်လုံး အဲဒီအတိုင်းချည်းပဲ နော်၊ အမ္ဗဋ္ဌသုတ်မှာ ပေါက္ခရသာတိပုဏ္ဏားကြီးက သူကိုယ်တိုင် မလာဘူး၊ အမ္ဗဋ္ဌဆိုတဲ့ တပည့်ခေါင်းဆောင်ကို တပည့်တွေနဲ့ ခြံရံလွှတ်လိုက်တာ၊ ဘုရား ဟုတ်မဟုတ် စုံစမ်းခိုင်းတာပဲ၊ ဘာနဲ့ [၃၂] စုံစမ်းရမလဲဆိုရင် သူတို့ဝေဒကျမ်းထဲမှာပါတဲ့ မဟာပုရိသလက္ခဏာ တွေနဲ့ သွားတိုက်ဆိုင် ကြည့်ခိုင်းတာပဲ။

နောက် ဗြဟ္မာယုဆိုတဲ့ အသက် ၁၂ဝ ရှိတဲ့ ပုဏ္ဏားကြီးလည်းပဲ သူ့တပည့် ဥတ္တရလုလင်ကို ဘုရားဆီလွှတ်ပြီး စုံစမ်းခိုင်းတယ်၊ ဥတ္တရဟာ ဘုရားအနီး အကြာကြီးနေတယ်၊ မြတ်စွာဘုရား မြို့ထဲရွာထဲကြွရင်လည်း လိုက်တယ်၊ အကုန်လုံး လေ့လာတယ်၊ စားတာက ဘယ်လိုစားတယ်၊ စကားပြောရင် ဘယ်လိုပြောတယ်၊ တရားဟောရင် ဘယ်လိုဟောတယ်၊ လမ်းလျှောက်ရင် ဘယ်လို၊ နေ့စဉ်အလုပ်တွေ ဘာတွေလုပ်တယ်ဆိုတာကို အသေးစိတ် မှတ်တမ်းရေးတယ်၊ ဗြဟ္မာယုသုတ္တံ ဆိုတာ ရှိတယ်၊ မြတ်စွာဘုရား အကြောင်း အသေးစိတ်လေ့လာတင်ပြထားတာ။

သူတို့ရဲ့အဓိကသက်သေပြတဲ့ အချက်ကတော့ မဟာပုရိသလက္ခဏာ တွေနဲ့ ညီမညီ တိုက်ဆိုင်တာပါပဲ၊ အခုလည်းပဲ အဲဒီလို နည်းပေးပြီးတော့ တပည့်တွေကို လွှတ်လိုက်တာ၊ အဇိတ ဆိုတဲ့ တပည့်ကြီးက ခေါင်းဆောင်ပြီးသွားတယ်၊ အားလုံးတပည့်ကြီးတွေ ၁၆-ယောက် သာဝတ္ထိပြည်ဘက်ကို ခရီးထွက်ကြတယ်၊ သူတို့ ခရီးထွက်တာကိုလည်းပဲ ပါရာယနဝတ္ထု ဂါထာမှာ မြေပုံသဖွယ် ဖော်ပြထားတယ်။

[၃၃] ဘုရားဖူးခရီးစဉ်

ပထမ သူတို့ အဠကမြို့တော် မာဟိဿတိဆိုတဲ့မြို့ကို ရောက်တယ်တဲ့၊ အဲဒီကနေ ဘယ်သွားတုန်းဆို ဥဇ္ဇေနီကို သွားတယ်၊ သူတို့ခရီးစဉ်ကို ပြထားတာ၊ အခုခေတ်မြေပုံနဲ့ တိုက်ကြည့်ရင်တော့ ပိုသေချာမှာပေါ့ အိန္ဒိယမြေပုံကို ကြည့်လိုက်မယ်ဆိုရင် ဥဇ္ဇေနီဆိုတာ ရှိလားဆိုတော့ ရှိတယ်၊ ဘုန်းကြီးတို့လည်း ရောက်ဖူးတယ်၊ ဘုံဘေနားမှာ၊ ဆံချီစေတီရှိတဲ့ဘက်ဆီမှာ “အုတ်ဂျေး”ဆိုတဲ့ မြို့ရှိတယ်၊ အဲဒါ ဥဇ္ဇေနီပဲ၊ အဲဒီဥဇ္ဇေနီကနေ ဘယ်သွားတုန်းဆို ဂေါနဒ္ဓမြို့၊ ဂေါနမြို့ကနေ ဝေဒိသ၊ ဝေဒိသဆိုတာလည်း ဒီကနေ့ခေတ်လည်း “ဝေဒိသျှ” ဆိုတဲ့နာမည်နဲ့ အိန္ဒိယမှာ ရှိတယ်၊ အသောကမင်းကြီးရဲ့ မိဖုရားတစ်ပါးက ဝေဒိသကဒေဝီလို့ ခေါ်တယ်။ ရှင်မဟိန္ဒရဲ့ မယ်တော်ပဲ၊ ရှင်မဟိန္ဒကို သာသနာပြု လွှတ်လိုက်တဲ့အခါကျတော့ သီဟိုဠ်ကို တိုက်ရိုက်မသွားသေးဘဲနဲ့ သူ့မယ်တော်ရဲ့မြို့ကို သွားနေတာ၊ ဒါကြောင့်မို့ သူနောက်ကျတာ၊ သီဟိုဠ်ကိုရောက်တော့ နယုန်လမှ ရောက်တာ၊ လွှတ်လိုက်တာက သီတင်းကျွတ်ပြီးကတည်း က လွှတ်လိုက်တာ။

အရှင်သောဏ အရှင်ဥတ္တရတို့ မြန်မာ သုဝဏ္ဏဘူမိ ရောက်တာက တန်ဆောင်မုန်းလလောက် ရောက်လာတာ၊ ရှင်မဟိန္ဒက အတော်လေးနောက်ကျပြီး နယုန်လလောက်ကျမှ သီဟိုဠ်ကျွန်းကို ရောက်တာ၊ ဘာဖြစ်လို့ သီဟိုဠ်ကျွန်းကို [၃၄] အရောက်နောက်ကျသလဲဆိုရင် ခုနက မယ်တော်ရဲ့မြို့ ဝိဒိသျှကို သွားနေလို့တဲ့။

အဲဒီနောက်မှာ ဝနမြို့ကြွတယ်၊ ဝနဝါသီတိဿနေတာ ဒီမြို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ အိန္ဒိယမြေပုံနဲ့ သမိုင်းကြောင်းကို လေ့လာစရာတော့ ကောင်းတယ်၊ သို့သော် တရားဓမ္မ မဟုတ်သည့် အတွက်ကြောင့် ထားလိုက်တော့၊ ဒါ Historical Site အနေနဲ့က တော့ လေ့လာသင့်တာပေါ့လေ၊ သို့သော် အဲဒီသုတ္တန်မှာ ဒါတွေကို ဖော်ပြထားတာ စိတ်ဝင်စားစရာ ကောင်းတယ်။

ဆက်သွားလိုက်တာ ဝေဒိဿကနေ ဝန၊ ဝနကနေပြီးတော့ ဘယ်ရောက်တုန်းဆို ကောသမ္ဘီပြည်၊ ကောသမ္ဘီပြည်ဆိုတာ ယနေ့ အာလ္လဟာဘတ်မြို့နားမှာ ရှိတယ်၊ အဲဒီနားမှာ ယောသိတာရုံကျောင်း ရှိတယ်၊ ဃောသိတာရာမ် လို့ ရေးထားတယ်၊ သူတို့ အဲဒီကောသမ္ဘီပြည်သွားတယ်၊ ကောသမ္ဘီပြည်ကနေ ရှေ့ဆက်လိုက်တဲ့အခါ သာကေတ၊ သာကေတကနေပြီး သာဝတ္ထိရောက်သွားတယ်။

သာဝတ္ထိရောက်သွားတော့ မြတ်စွာဘုရားက သာဝတ္ထိမှာ မရှိဘူး၊ သတင်းကြားတုန်းကတော့ သာဝတ္ထိမှာ ရှိတယ်လို့ ပြောတယ်၊ ခြေလျင်ခရီးထွက်ကြရတာဆိုတော့ ခရီးက ရှည်တယ်၊ သာဝတ္ထိမှာ ဘုရားကမရှိဘူး၊ မရှိတော့ ဆက်ပြီးလိုက်ကြတယ်၊ သာဝတ္ထိကနေ သေတဗျဆိုတဲ့မြို့ကို သွားတယ်၊ သေတဗျမြို့ကနေ ကပ္ပိလဝတ်ကို [၃၅] သွားတယ်၊ ကပ္ပိလဝတ်ကနေ ဘယ်ကို သွားတုန်းဆိုတော့ ကုသိနာရုံ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတဲ့ ကုသိနာရမြို့ကို သွားတယ်၊ အဲဒီ ကုသိနာရမြို့ကနေပြီးတော့ ရှေ့ကိုဆက်ပြီး ပါဝါမြို့ကို သွားတယ်၊ ပါဝါမြို့ဆိုတာ ဂျိမ်းဘုရား ပရိနိဗ္ဗာန်စံတဲ့မြို့ပဲ။

ဂေါတမဘုရားနဲ့ ဂျိမ်းဘုရားရုပ်တု မကွဲလို့ သတိထားဖို့ လိုတယ်၊ ရင်ဘတ်မှာ “swastika’ဆိုတဲ့ စကြာတံဆိပ်ပါရင် ဂေါတမဘုရား မဟုတ်ဘူး, ဂျိမ်းဘုရားရုပ်တု၊ ထိုင်နေတဲ့ ပုံစံက အင်မတန်တူတယ်၊ ဂျိမ်းဘုရားက အဝတ်မပါဘူး၊ မြန်မာဘုရားဖူး တွေ မှားမှားဝယ်တတ်တယ်၊ ကုလားကလည်း ဗုဒ္ဓဘာသာဘုရားနဲ့ ရောရောင်းလိုက်တာ၊ ဒီတော့ ‘ဆွာစတိကာ’ဆိုတာလေး ရင်ဘတ်မှာ ပါရင် ဗုဒ္ဓရုပ်တု မဟုတ်ဘူးလို့ မှတ်ထား။

အဲဒီတော့ ပါဝါမြို့ကနေပြီး ဘယ်သွားလဲဆိုရင် ဘောဂနဂရ၊ ဘောဂနဂရကနေ ဝေသာလီ၊ ဝေသာလီကနေ မဂဓ၊ ရာဇဂြိုဟ်ထိ အောင် လှည့်ပတ်ပြီး လိုက်ရတာ၊ မြတ်စွာဘုရားက သူတို့ရောက်လာ တဲ့အချိန်မှာ ရာဇဂြိုဟ်ရောက်ပြီး ဘယ်မှာ သီတင်းသုံးတုန်းဆိုရင် ပါသာဏကနတ်ကွန်းမှာ သီတင်းသုံးတယ်။ ကျောက်တုံးကြီး တစ်တုံးပေါ်မှာ တင်ထားတဲ့ နတ်ကွန်းကြီးမှာ မြတ်စွာဘုရား သီတင်းသုံးဖို့ ကျောင်းဆောင်အဖြစ် ဆောက်လုပ်ကြတယ်၊ ရှေးတုန်းက နတ်ကွန်းကို စေတိယ လို့ ခေါ်တာပဲ။

[၃၆] စေတိယမှဆင်းသက်ပုံ

စေတိယ ဆိုတဲ့ စကားလုံးကို သီဟိုဠ် အိန္ဒိယတို့မှာ အသံထွက် တော့ ‘ကျိုက်တိယ’လို့ ထွက်တယ်၊ မြန်မာပြည်ရောက်တဲ့အခါ တိယပြုတ်သွားပြီးတော့ “ကျိုက်’ ဆိုတဲ့ မွန်ဝေါဟာရ ဖြစ်လာတယ်၊ ကျိုက်ထီးရိုးတို့ ဘာတို့ ဖြစ်သွားတယ်ပေါ့ ဒါကြောင့်မို့ 'ကျိုက်' ဆိုတာ မွန်က ဘုရားလို့ပြောတယ်၊ ‘ကျိုက်’ ဆိုတာ စေတိယ ကလာတဲ့ စကားတစ်ခုပဲ၊ စေတိယ ကို အသံဖလှယ်ထားတာ၊ စေတိယ ကျိုက်တိယ၊ တိယ ဖြတ်လိုက်တဲ့အခါ ကျိုက်ပဲ ပေါ့ အဲဒီလို ခေါ်တာ။

ကောင်းပြီ၊ အဲဒီလို အဆင့်ဆင့်လိုက်သွားတော့ ဘုရားကို ဘယ်မှာသွားတွေ့တုန်းဆိုရင် ပါသာဏကစေတီလို့ခေါ်တဲ့ နတ်ကွန်း မှာ သွားတွေ့တယ်၊ မြတ်စွာဘုရားကို တွေ့တဲ့အခါ ဆရာကြီးက ဘုရား ဟုတ်မဟုတ် စုံစမ်းရန် နည်းပေးလိုက်တဲ့ ထဲမယ် ဘာပါသေး တုန်းဆိုရင် “ဘုရားဆိုလို့ရှိရင် မင်းတို့ပါးစပ်ကနေ ထုတ်မေးစရာ မလိုဘူးကွ၊ မင်းတို့စိတ်ထဲကနေ မေးလိုက်”၊“မနောပဉှာ စိတ်မေးခွန်း ကို သူက နှုတ်နဲ့ ဖြေလိမ့်မယ်”၊ ဘုရားအစစ်ဆိုရင် ဖြေလိမ့်မယ်ပေါ့။

စိတ်မေးခွန်း၇-ပုဒ်

ဆရာကြီးက မေးခွန်း ၇-ပုဒ် သူတို့ကို ပေးလိုက်တယ်၊ “ဘုရားနဲ့ တွေ့လို့ရှိရင် မင်းတို့က စိတ်ထဲကမေး”လို့ အဲဒီ မေးရမယ့်အချက်က [၃၇]
(၁) “ငါ့အသက် ဘယ်လောက်ရှိပြီလဲ မေးကွာ၊ ငါ့အသက် ဘယ်လောက်ရှိပြီလဲဆိုတာ စိတ်နဲ့ မေးရမယ်”။

(၂) နောက်တစ်ခုက “သူဟာ ဘာအနွယ်လဲ” descend ပေါ့ “ဘာဇာတ်လဲ ဘာအနွယ်လဲ၊” ကိုးရီးယားတို့ တရုတ်တို့ အိန္ဒိယတို့မှာ မျိုးရိုးနာမည် ရှိတယ်၊ မြန်မာမှာတော့ မျိုးရိုးနာမည် မရှိဘူး၊ နိုင်ငံခြားသွားပြီဆိုရင် တော်တော်ဒုက္ခ ရောက်တယ်၊ Surname က ဘာလဲပေါ့၊ မြန်မာတွေကျတော့ Surname မရှိဘူး၊ အကုန်လုံး ရေးထည့်လိုက်တာပဲ၊ သူတို့က ခွဲမှတ်တယ်၊ Surname ရယ် Middle Name ရယ် ခွဲထားတယ်၊ လေယာဉ်ပေါ်ရောက်တဲ့ အခါကျတော့ ဖြည့်ရတယ်လေ၊ Immigration form မှာ၊ အဲဒီလို ဖြည့်တဲ့အခါ မြန်မာကျတော့ ဖြည့်စရာ မရှိတော့ဘူး၊ ဒီအတိုင်း အပြည့်ရေးချ လိုက်တာပဲ၊ ယနေ့မှာ ‘ဦး’တွေ ‘ကို’တွေတောင် ဖြုတ်ထားရတယ်၊ မဖြုတ်ရင်လည်း ရှုပ်ကုန်ရော၊ မြန်မာတွေက လာသမျှ ဦးတွေချည်းပဲ ဖြစ်နေတယ်၊ အမျိုးသမီးတွေကျတော့ ဒေါ် တွေချည်းပဲ ဖြစ်နေတယ်၊ အဲဒီတော့ လူမျိုးက တစ်မျိုးတည်းပဲ ဖြစ်နေတယ်၊ အခြားနိုင်ငံက လူတွေက နားမလည်ဘူး ဖြစ်ကုန်တာပေါ့။

(၃) “သူ့မှာ ယောက်ျားမြတ်တွေရဲ့ အမှတ်အသား ဘာတွေပါရှိသလဲ”၊ အဲဒီ ပုဏ္ဏားကြီးကလည်း ထူးခြားတယ်၊ ယောက်ျားမြတ်ရဲ့ အမှတ်အသား ၃-မျိုးပါတယ်တဲ့၊ “အဲဒါ ဘာလဲဆိုတာ မေးရမယ်၊ စိတ်ထဲကနေ မေး”တဲ့။

[၃၈]
(၄) နောက်တစ်ခု “သူ့ရဲ့ပညာ ဘယ်လောက်ရှိလဲဆိုတာ မေးရမယ်၊ နောက်ပြီးတော့
(၅) “တပည့်ပေါင်း ဘယ်လောက်ကို သူစာသင်ပေးနေတယ်ဆိုတာကို မေးရမယ်”။

အဲဒီဟာတွေ မေးပြီးတော့မှ ခုနက အရေးကြီးတဲ့ မေးခွန်း ၂-ခုက
(၆) “ဦးထိပ် ဆိုတာ ဘာလဲ၊
(၇) အဲဒီဦးထိပ်ဦးခေါင်းရဲ့ ပြုတ်ကျခြင်းဆိုတာ ဘာလဲ” ဆိုတာ မေးပါတဲ့။

အားလုံးပေါင်းလိုက်တဲ့အခါကျတော့ မေးခွန်း ၇-ခု၊ သူ့အသက်အရွယ် မေးရမယ်၊ သူ့ရဲ့အနွယ်ကို မေးရမယ်၊ သူ့ရဲ့ ပုရိသလက္ခဏာ ကို မေးရမယ်၊ သူတတ်တဲ့ပညာကို မေးရမယ်၊ သူ သင်ကြားတဲ့ တပည့်ပရိသတ်အရေအတွက်ကို မေးရမယ်၊ ပြီးတဲ့ အခါကျတော့မှ မုဒ္ဓ လို့ ဆိုတဲ့ ဦးခေါင်းဆိုတာ ဘာလဲ၊ မုဒ္ဓါဓိပါတ ဦးခေါင်းကိုပြုတ်ချခြင်းဆိုတာ ဘာလဲ၊ အဲဒီမေးခွန်း ၇- ခု ကို စိတ်နဲ့ပဲ မေးပါတဲ့၊ ဘုရားဆိုရင် ဖြေလိမ့်မယ်တဲ့၊ နှုတ်နဲ့ ဖြေလိမ့်မယ်၊ မင်းတို့ စိတ်နဲ့မေးတာကို သူက နှုတ်နဲ့ ဖြေလိမ့်မယ်၊ တော်တော်ထူးဆန်းတယ် နော်။

မြန်မာပြည်မှာလည်းပဲ အဲဒီလို ထူးခြားတာတစ်ခု တွေ့ဖူးတယ်၊ စစ်ကိုင်းမှာ ဘိုးတော်တစ်ယောက်က သူ့ဆီ လူလာပြီဆိုရင် သူက အဲဒီလူရဲ့ မွေးနေ့သက္ကရာဇ်ကို ပြောနိုင်တယ်၊ ဘယ်နေ့ ဘယ်ရက် ဘယ်လမှာ မွေးတယ်ဆိုတာကို ပြောနိုင်တယ်တဲ့၊ အဲဒီတော့ [၃၉] ဘာကြောင့် ပြောနိုင်တာလဲဆိုတော့ အကြောင်းတော့ ရှိကောင်း ရှိလိမ့်မယ်၊ ဘုန်းကြီးတို့ ယူဆတာတော့ သူ ပူဇော်ထားတဲ့နတ်, မွေးထားတဲ့အကောင် အကူအညီနဲ့ ပြောတာလို့ ထင်တယ်၊ Agent နဲ့ ပြောတယ်ခေါ်တယ်၊ ဒါမျိုးတွေက ရှိတယ်၊ ကျွေးမွေးထားတဲ့ အကောင်တွေ ရှိတယ်၊ ကျွေးမွေးထားတဲ့ အကောင်ကနေပြီး ဘယ်သူတော့ လာပြီ၊ အဲဒီသူက ဘယ်နေ့ ဘယ်ရက် မွေးတယ် ဆိုတာကို သူက သိနိုင်စွမ်းရှိတယ်လေ၊ အဲဒီလို Agent နဲ့ ပြောတာတွေ ရှိတယ်။

ကိုယ်တွေ့ဖြစ်ရပ်

ဘုန်းကြီးကိုယ်တိုင် ဇက်ရောဂါ စဖြစ်ခါစတုန်းက (ဘုန်းကြီးက တော့ အယုံအကြည် မရှိဘူး၊) ဆရာတစ်ယောက်ကို ပင့်တယ်၊ ဘုန်းကြီးတို့ရဲ့ ရဟန်းအမကြီးတစ်ဦးက စီစဉ်တယ်၊ ငွေ ၁-သိန်းခွဲ အလှူငွေ ထည့်ဝင်ရတာပေါ့လေ၊ သူက စကားမပြောတတ်ဘူး၊ စကားအသံ မပီဘူး၊ ဒါပေမယ့် သူ့ရဲ့ “အီး အဲ့” ဆိုတဲ့ အသံကို ဘာသာပြန်တတ်တဲ့သူ ရှိတယ်၊ အဲဒီလို လာတယ်၊ လာတော့ ဘုန်းကြီးကို ဆေးကုမယ်ပေါ့လေ။

ရောက်တော့ သူက ဘာပြောတုန်းဆိုတော့ လည်ချောင်းထဲမှာ တဲ့ အစာထည့်ထားတယ်တဲ့၊ ပယောဂ လုပ်ထားတယ်ပေါ့ အဲဒါကို ထုတ်ပစ်ရမယ်ပေါ့ ဘာလုပ်တုန်းဆိုရင် တူအသစ်ကလေး ၂-ချောင်း [၄၀] ကိုင်ပြီး ပါးစပ်ဟခိုင်းတယ်၊ အာခေါင်ကို ကလိတာပေါ့၊ အာခေါင်ကို ကလိတော့ ယားတာပေါ့ ယားတော့ အံချင်တယ်၊ အနီးနားမှာလည်း ထွေးခံထားတယ်၊ အန်ချလိုက် အန်ချလိုက် ဆိုတော့ အန်ချတာပေါ့ ဘုန်းကြီးကတော့ သတိထားနေတယ်, အန်တော့ အန်လိုက်တယ်၊ ဒါပေမယ့် ပါးစပ်ထဲက ထွက်သွားတယ်လို့ မထင်ဘူး၊ ထွေးခံထဲမှာ ဝါးအမျှင်ဖတ်တွေ ကျလာတယ်၊ အားလုံး ဝိုင်းကြည့်နေကြတာ။

သူ့ရဲ့ အတတ်ပညာကတော့ ဆန်းတော့ ဆန်းတယ်၊ ဘုန်းကြီးပါးစပ်ထဲက ထွက်တာတော့ မဟုတ်ဘူး၊ ထွေးခံထဲ ရောက်တာတော့ အားလုံးပဲ ရှင်းရှင်းကြီးပဲ၊ ဝိုင်းကြည့်နေကြတဲ့ လူတွေလည်း မြင်တယ်၊ အဲဒီအခါ သူက အဲဒီဝါးမျှင်လေးကို တူလေးနဲ့ယူပြီး စက္ကူပေါ်မှာ ဖြန့်တယ်၊ အဲဒီမှာ အချောင်း မျှင်မျှင်လေး တစ်ခု ပါတယ်၊ အဲဒါ တံစူးဝါး ပါတဲ့၊ တံစူးဝါး ဆိုတာ အားလုံး သိကြလိမ့်မယ်၊ ခုခေတ်တော့ ရှားလိမ့်မယ်ပေါ့လေ၊ တောတွေမှာတော့ ရှိကောင်း ရှိမယ်၊ “လူသေမီးသဂြိုဟ်တဲ့အခါ ထိုးတဲ့ဝါးကို တံစူးဝါး” ခေါ်တာပေါ့နော်၊ အဲဒီဝါးနဲ့ လုပ်တာပေါ့ ဒီဝါးကနေပြီးတော့ နှလုံးကိုစူးရင် ကုလို့ မရတော့ဘူး၊ အခု ကံကောင်းလို့ မစူးသေးဘူးပေါ့ ဒီလိုပြောတာ၊ ရောဂါက ဒီအတိုင်းပဲ, မပျောက်ပါဘူး။

အဲဒီနောက်မှာ ဘာလုပ်သေးတုန်းဆို သေတ္တာထဲမှာ ပိုးချည်ထွေးလေးတစ်ခု ပါတယ်၊ အဲဒီချည်ထွေးလေးကို တစ်ပတ်ရစ် [၄၁] ထုံးလိုက်ပြီး ခါလိုက်တဲ့အခါ လက်ဖွဲ့ကြိုးကလေးတွေ ဖြစ်သွားတယ်၊ အဲဒါလည်း ရှင်းရှင်းလေးပဲ၊ အတော်ကောင်းတဲ့ မျက်လှည့်ပဲနော်၊ အဲဒီချည်ထွေးလေးတွေဟာ လက်ဖွဲ့ကလေးတွေ ဖြစ်သွားတယ်၊ တကယ့်သပ်သပ်ရပ်ရပ် ထိုးထားတဲ့ လက်ဖွဲ့ကလေးတွေ ဖြစ်သွား တယ်၊ ချည်ကိုကျစ်ထားတဲ့ လက်ဖွဲ့ကလေးတွေပေါ့၊ လက်ကိုချည်ဖို့ လည်ပင်းကို စွပ်ဖို့ရာအတွက် ဖြစ်တယ်၊ အဲဒါကို နောက်တစ်ခါ ခါလိုက်တဲ့အခါကျတော့ အဲဒီလက်ဖွဲ့မှာချည်ထားတဲ့ အလယ်ရိုး လေးတွေက အဝါရောင် ဖြစ်သွားတယ်၊ နဂိုက အကုန်လုံး အဖြူရောင်၊ နောက်တစ်ကြိမ်ခါလိုက်တဲ့အခါ အဝါရောင်၊ အဲဒီ အဝါရောင်နဲ့က အစိတ်လောက် ရှိတယ်၊ အဲဒါကိုတော့ ဘုန်းကြီးကို ပေးတယ်၊ အဖြူရောင်ကိုတော့ တစ်ခုကို ၂၅-ကျပ်နဲ့ ရောင်းတယ်၊ အဲဒီနားကလူတွေ ဝယ်လိုက်ကြတာ မပြောနဲ့တော့၊ ဘုန်းကြီးကတော့ ကနေ့အထိ အဲဒါတွေကို ဒီအတိုင်း ထားလိုက်တာ၊ တစ်ခါမှလည်း မကြည့်မိပါဘူး၊ အဲဒါ ဘာဖြစ်လို့ဒီလိုလုပ်နိုင်တာတုန်းဆိုတော့ Agent ရှိတယ်လို့ ဘုန်းကြီးတို့က ယူဆတယ်။

ဒီ Agent ဆိုတာ အခုခေတ်မှ မဟုတ်ဘူး၊ ဗိမ္ဗိသာရမင်းကြီး ငယ်ရွယ်စဉ်အခါတုန်းက ဒီလိုပဲ Agent နဲ့ လျှောက်သွားတာ ရှိခဲ့ဖူးတယ်၊ Agent ဆိုတာ သရဲမွေးထားတယ်ပေါ့ ပြောရမယ်ဆိုရင် အစာကျွေးမွေးထားတာ၊ အဲဒီအကောင်ကို ခိုင်းပြီးတော့ လျှောက်လုပ်တာတွေပေါ့ ဒါမျိုးတွေပေါ့ အဲဒီလို ကြားဖူးတယ်၊ ဟုတ် မဟုတ်တော့ မသိဘူး၊ ကိုယ်လည်း ဝါသနာမပါတော့ မသိဘူး၊ [၄၂] အဲဒါတွေ လေ့လာဖူးတဲ့သူတွေတော့ သိလိမ့်မယ်၊ လက်ထဲကနေ ပြီးတော့ ဘာယူပေးမယ် ညာယူပေးမယ်ဆိုတာတွေလည်း ဒီ Agent ကနေ ယူပေးတာလို့ ပြောတယ်၊ အစွမ်းတန်ခိုးတော့ ရှိတာပေါ့ သို့သော် အဲဒီအစွမ်းတန်ခိုးက ကိုယ့်ဘဝကို ဘာမှ ပြောင်းလဲ ပေးနိုင်တာ မဟုတ်ဘူး၊ မရှိတာတော့ မဟုတ်ဘူး၊ ရှိတယ်၊ အစွမ်းသတ္တိလေးတွေ သူ့ဟာနဲ့သူ ရှိတယ်၊ ဘုန်းကြီးတို့ မရှိဘူးလို့တော့ ပြောတာ မဟုတ်ဘူးနော်၊ ရှိတယ်၊ ပျောက်ချင်လည်း ပျောက်သွားမယ်၊ ယုံတဲ့လူကျတော့လည်း ယုံတဲ့စိတ်နဲ့ကိုက တစ်ဝက်လောက် ပျောက်သွားပြီ၊ မယုံတဲ့လူကျတော့ မပျောက်ဘူး။

အခုခေတ်ကတော့ ယုံတဲ့သူအများကြီး ရှိတာပဲ၊ အဲဒါ ခုနက ပညာတတ်ပုဏ္ဏားကြီးတောင်မှပဲ ခင်ဗျား ၇-ရက်အတွင်း ခေါင်း ၇- စိတ်ကွဲမယ်ဆို သူယုံသေးတာပဲလေ၊ အဲဒီလိုဟာတွေ မဖြစ်ဘူးလား ဆိုတော့ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး၊ ဖြစ်နိုင်တယ်၊ လောကီ ပညာတွေက သူ့နည်းသူ့ဟန်တွေ အများကြီးရှိတယ်။

တစ်ခါတုန်းက ဘုန်းကြီးတို့နဲ့ အင်မတန်ရင်းနှီးပါတယ်၊ ကလေးဝဆရာတော်ကြီးဆိုတာ ရှိတယ်၊ အဲဒီဆရာတော်ကြီးလည်း အင်မတန်မှ စွမ်းတယ်၊ ဓာတ်လုံးတွေ ပေးတယ်၊ မမြင်ရတဲ့နေရာက ဓာတ်လုံးတွေ ရောက်လာတယ်၊ မမြင်ရတဲ့နေရာက လက်ဖွဲ့တွေ ရောက်လာတယ်၊ ဘုန်းကြီးရဲ့နောင်တော်နဲ့ ပိုပြီးရင်းနှီးတယ်၊ အဲဒီဆရာတော်ကြီးက သူတစ်ပါးစိတ်တောင် သိတယ်၊ ဘုန်းကြီး [၄၃] နောင်တော်က ပြန်ပြောပြတာ၊ “ဆရာတော်ကြီးက မျက်လှည့်တွေ ထင်ပါရဲ့၊ ဘာတွေ လုပ်လဲမသိဘူး”နဲ့ သူက နောက်ကနေ တွေးလိုက် တော့ ဆရာတော်ကြီးကနောက်လှည့်ပြီး ပြောတာ “ဘုန်းကြီးလေး ဘုန်းကြီးလေး မယုံမရှိနဲ့ဗျာ၊ လောကီက အကုန်လုပ်လို့ ရတယ်”လို့ ပြောတယ်။

သူတို့လောကီပညာရပ်တွေဆိုတာ သူ့အစွမ်းသတ္တိနဲ့သူ ရှိမှာပေါ့ မမြင်အပ်တဲ့သတ္တဝါကို မွေးထားရင် ရတယ်တဲ့၊ အဲဒီလို ကြားဖူးတယ်၊ ဒါပေမယ့် ကျွေးနိုင်ရင် ကျွေး၊ မကျွေးနိုင်ရင် ကိုယ့်ပါ ပြန်စားတတ်တယ်၊ အဲဒီသရဲက ပြန်စားသွားတတ်တယ်တဲ့ နော်၊ အမျိုးပါပဲ၊ လောကီဆိုတာ အင်မတန်ရှုပ်တယ်ပေါ့။ အဲဒါကြောင့်မို့လို့ လောကီအရှုပ်တွေ မလိုက်တော့ဘဲနဲ့ လောကီအရှုပ် တွေရဲ့ရှင်းရာ တရားဓမ္မဟာ အကောင်းဆုံးပဲပေါ့။

စိတ်မေးခွန်းကိုနှုတ်နဲ့ဖြေ

အေး မြတ်စွာဘုရားကို အခုလို မေးခိုင်းတာ၊ မြတ်စွာဘုရားက သူတို့စိတ်ကို ဘယ်လိုလုပ်သိတာတုန်း၊ စိတ်ကို ဘယ်လိုလုပ်ပြီးတော့ သိနိုင်တုန်း၊ စိတ်ဆိုတာ မြင်ရတာ မဟုတ်ဘူး၊ အကောင်အထည် လည်း မရှိဘူး၊ ဘယ်လိုလုပ် သိလဲ။

စိတ်ကို သိတယ်ဆိုတဲ့နေရာမှာ ရုပ်နဲ့ဆက်သွယ်ပြီးတော့ သိတယ်လို့ဆိုတယ်၊ လူတွေရဲ့နှလုံးသားမှာ ထင်ဟပ်ပြောင်းလဲ [၄၄] လာတာလေးတွေကို သာမန်ပုဂ္ဂိုလ်တွေ မမြင်နိုင်ဘူးပေါ့ အစွမ်းသတ္တိ ရှိတဲ့ ပုဂ္ဂိုလ်တွေ စူးစူးရှရှ မြင်နိုင်တဲ့ပုဂ္ဂိုလ်တွေကျတော့ စိတ်ကူးတဲ့ အသံကိုလည်း ကြားနိုင်တယ်၊ ဝိတက္ကဝိပ္ပါရသဒ္ဓ - စိတ်ကူးပြီးပြောတဲ့ စကားသံမျိုးကိုလည်း ကြားနိုင်တယ်၊ ပြီးတော့ စိတ်ရဲ့လှုပ်ရှားမှုကို ကြည့်ပြီး ဖတ်နိုင်တယ်ပေါ့ ဒါကို အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ to read others' mind လို့ ပြန်တယ်၊ read others' mind သူ့စိတ်ကို ဖတ်တာ၊ ဖတ်တယ်ဆိုတာ ရုပ်ကိုကြည့်ပြီးတော့ စိတ်ကို ဖတ်လို့ ရတယ်ပေါ့။

ဘုန်းကြီးတို့လည်း ဖတ်လို့ရသားပဲ၊ လူတစ်ယောက်ကို ကြည့်လိုက်ရင် ဟော နှုတ်ခမ်းကြီးစူနေရင် ဒီကောင် စိတ်ဆိုးနေ တာပဲ၊ ဖတ်လို့ ရတာပဲပေါ့၊ အဲဒီလောက်တော့နော်၊ အသေးစိတ် ဖတ်လို့တော့ မရဘူးပေါ့ မျက်နှာကြီးနီနေပြီ မျက်နှာကြီးပုပ်နေပြီဆိုရင် ဒီကောင်စိတ်ဆိုးနေတာပဲ (သို့မဟုတ်) စိတ်ညစ်နေတာပဲလို့ ဖတ်လို့ ရတာပေါ့ မြတ်စွာဘုရားကျတော့ အဲဒီထက် သိမ်မွေ့တဲ့ဟာတွေကို ဖတ်လို့ရတယ်၊ အဲဒီနည်းနဲ့ သိတာတဲ့။

ခေါင်းဆောင်လုပ်တဲ့အဇိတက စိတ်ကူးတယ်၊ ကဲ ဘုရားဆိုလို့ ရှိရင် ကျွန်ုပ်မေးခွန်းတွေ မေးမယ်၊
(၁) “ကျုပ်ဆရာကြီးက အသက် ဘယ်လောက်ရှိပြီလဲ”၊ စိတ်ထဲက မေးတာနော်၊ ပါးစပ်ကမေးတာ မဟုတ်ဘူး၊ ဘုရားနဲ့တွေ့ပြီးတဲ့နောက် သူစိတ်ကူးတော့တာ၊ မြတ်စွာဘုရားကနေ တန်းပြောလိုက်တယ်၊ ပါးစပ်ကနေ “ဗာဝရီ [၄၅] ပုဏ္ဏားကြီးက အသက်-၁၂ဝ ရှိပြီ” တဲ့၊ စိတ်နဲ့မေးတဲ့ မေးခွန်းကို နှုတ်ကနေထုတ်ပြီး ဖြေလိုက်တော့ သူတို့အံ့ဩသွားတယ်
(၂) သူ့ရဲ့ အနွယ်က ဗာဝရီပဲ၊
(၃) မဟာပုရိသ လက္ခဏာ ၃-မျိုး သူ့ခန္ဓာကိုယ် မှာ ပါတယ်၊
(၄) ဝေဒကျမ်းတွေနဲ့ ပတ်သက်ပြီး အလွန်ကျွမ်းကျင် တယ်၊
(၅) တပည့်-၅ဝဝကို သူ ပညာသင်ပေးနေတယ်၊ ဟော မြတ်စွာဘုရားက တန်းပြီးတော့ အကုန်ဖြေလိုက်တာ၊ သူတို့ သိပ်အံ့ဩသွားတယ်၊ ဟာ တို့က စိတ်ထဲမှာ မေးခါရှိသေးတယ်၊ ဟိုက အကုန်ဖြေကုန်ပြီ၊ ဖြေတာတွေလည်း အကုန်မှန်တယ်။

အဲဒီတော့ ဆက်ပြီးကူးတယ်၊ မဟာပုရိသလက္ခဏာ ၃-မျိုး ဆိုတာကတော့ ဟုတ်ပါပြီတဲ့၊ “ဘာတွေတုန်း” လို့ဆိုတော့ မြတ်စွာဘုရားက ဖြေလိုက်တယ်၊ မဟာပုရိသလက္ခဏာဆိုတာတဲ့ သူ့လျှာက အင်မတန်မှရှည်လျား ပြီးတော့ နူးညံ့တယ် ကြီးမားတယ် တဲ့၊ ဒါကြောင့်မို့လို့ လျှာထုတ်ပြီးတော့ မျက်နှာကို အုပ်လို့ရတယ်တဲ့၊ ပဟုတဇီဝလက္ခဏာ လို့ခေါ်တယ်၊ ဘုန်းကြီးတို့လျှာက ပေါက်စလေး နော်၊ မြတ်စွာဘုရားက လျှာထုတ်လိုက်မယ်ဆိုရင် ပြားချပ်ပြီး မျက်နှာကို အုပ်လို့ရတယ်၊ အဲဒီလောက်ထိအောင် လျှာက ပါးလွှာတယ်၊ ဗာဝရီပုဏ္ဏားကြီးကလည်း အဲဒီလို လျှာကပါးပြီးတော့ ကြီးမားတယ်၊ အပြင်ထုတ်လိုက်ရင် မျက်နှာကို အုပ်လို့ရတယ်၊ အဲဒါ မဟာပုရိသ လက္ခဏာတစ်ခုတဲ့နော်။

[၄၆] နောက်တစ်ခုက ဘာလဲဆိုရင် သူ့ရဲ့နဖူး မျက်လုံး ၂-ခုရဲ့ အလယ်မှာ ဖြူဖွေးတဲ့အမွှေးတစ်ပင် ပေါက်နေတယ်၊ ဒါ ထူးခြားတယ်၊ မြတ်စွာဘုရားမှာဆိုရင် ဥဏှလုံမွှေးရှင်လို့ ခေါ်တယ်၊ ဒါကြောင့်မို့ ရုပ်တုတော်တွေမှာ နဖူးကြားထဲမှာ အတုကလေးလုပ် ထည့်ထားတယ်၊ အမွှေးပုံစံ မဟုတ်တော့ဘူး၊ တချို့ကျ စိန်ပွင့်လေး တပ်ထားတာပေါ့။

အိန္ဒိယအမျိုးသမီးတွေကျ ဘာလုပ်တုန်းဆိုရင် အနီလေးတွေ ကပ်ထားတယ်၊ အရင်က ဆေးဆိုးထားတာ၊ အခုဆေးမဆိုးတော့ဘူး၊ အနီရောင် sticker နဖူးကပ်တယ်။

မြတ်စွာဘုရားကျတော့ နဖူးအလယ်မှာ အလွန်ဖွေးဖြူတဲ့ အမွှေးပင် ပေါက်နေတယ်၊ ဥဏှလုံမွှေးလို့ ခေါ်တယ်၊ အဲဒီအမွှေးပင် လေးကို အဖျားကနေဆွဲပြီး ဆန့်လိုက်လို့ရှိရင် ၂-တောင်လောက် ရှည်တယ်၊ အဲဒီလိုပြောတယ်၊ လွှတ်လိုက်လို့ရှိရင် စပရိန်လေးလို လက်ယာရစ် ခွေနေတယ်ပေါ့ ဒီလိုထူးခြားတဲ့ အမွှေးလေးတစ်ခု ပါတယ်၊ အဲဒီပုဏ္ဏားကြီးမှာလည်း ဒါပါတယ်၊ ဒါ မဟာပုရိသ လက္ခဏာတစ်ခုပဲ။

နောက်တစ်ခုကျတော့ ယောက်ျားကိုယ်အင်္ဂါနဲ့ ပတ်သက်ပြီး တော့ သူက ဖုံးအုပ်ထားတဲ့ ပုရိသလိင်အင်္ဂါ ရှိတယ်၊ ဒီလို ၃-မျိုးပေါ့။

[၄၇] မဟာပုရိသလက္ခဏာ ၃၂-မျိုးကို သေချာသိချင်တယ်ဆိုရင် ဒီဃနိကာယ် လက္ခဏသုတ္တန် ပါထိကဝဂ်ဘာသာပြန်ကို ဖတ်ရမယ်၊ အဲဒီထဲမှာ ပြည့်ပြည့်စုံစုံပါတယ်၊ ဗြဟ္မာယုသုတ္တန်မှာလည်း ပါတယ်၊ မဟာပုရိသလက္ခဏာတွေနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းရေးသား ထားတာ ရှိတယ်၊ ထိုထိုစာအုပ်တွေလည်း ရေးထားတာ ရှိကောင်း ရှိပါလိမ့်မယ်။

အဲဒီလို သူဟာ အင်္ဂါလက္ခဏာ ၃-မျိုးရှိတယ်ဆိုတာကို ဘုရားက နှုတ်ကနေထုတ်ပြီးတော့ ဖြေလိုက်တယ်၊ ဖြေလိုက်တဲ့ အခါကျတော့ သူတို့တအံ့တဩဖြစ်ပြီး နောက်ထပ် မေးခွန်း၂-ခုကို ဆက်မေးတာပေါ့၊ စိတ်နဲ့မေးတာ၊
(၆) မုဒ္ဓနဲ့
(၇) မုဒ္ဓါဓိပါတ ဆိုတာ ဘာလဲ၊ ခေါင်းနဲ့ ခေါင်းပြုတ်ကျခြင်းဆိုတာ ဘာလဲဆိုတော့ မြတ်စွာဘုရားက ဖြေတယ်၊ ခေါင်းဆိုတာ ဘာလဲ၊ ခေါင်းပြုတ်ကျခြင်း ဆိုတာ ဘာလဲဆိုတာ တင်စားပြီး ပြောတာ၊ “အဝိဇ္ဇာဟာ ခေါင်းပဲ”။

ဘာဖြစ်လို့ အဝိဇ္ဇာကို ခေါင်းလို့ ဆိုရသလဲဆိုလို့ရှိရင် သံသရာ လည်ခြင်းမှာ သူက ခေါင်းဆောင်နေလို့၊ အဝိဇ္ဇာကြောင့် သံသရာ လည်တာ၊ ပဋိစ္စသမုပ္ပါဒ်ကို ကြည့် - “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတာ သူက ဦးတည်ပြီးတော့ လာတော့၊ အဝိဇ္ဇာဟာ ဦးတည်တယ်၊ ခေါင်းဆောင်တယ်၊ အဝိဇ္ဇာဟာ ခေါင်းပဲ၊ သုတ္တန်တစ်ခုမှာလည်း ကြည့် - မြတ်စွာဘုရားက “အဝိဇ္ဇာ ဘိက္ခဝေ ပုဗ္ဗင်္ဂမာ အကုသလာနံ ဓမ္မာနံ သမာပတ္တိယာ” အကုသိုလ်တရားတွေ ဖြစ်ဖို့အတွက် [၄၈] အဝိဇ္ဇာဟာ ခေါင်းဆောင်ပဲ၊ အဝိဇ္ဇာဟာ ရှေ့ပြေးပဲ၊ အဝိဇ္ဇာက ဦးဆောင်သွားတယ်၊ သစ္စာလေးပါးကို မသိခြင်းဆိုတဲ့ အဝိဇ္ဇာသည် သံသရာမှာ သူက ဦးဆောင်နေတာ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာကို ခေါင်းလို့ပြောတာ။

ဒါဖြင့် အဲဒီခေါင်းကို ဘာနဲ့ဖြုတ်ရမတုန်းဆိုတော့ ခေါင်းဖြုတ် တာကျတော့ ဝိဇ္ဇာနဲ့ ဖြုတ်ရမယ်၊ အရဟတ္တမဂ်ဉာဏ် ဝိဇ္ဇာ မိမိတို့ သန္တာန်မှာ ထူထောင်လိုက်လို့ရှိရင် ခုနက သစ္စာလေးပါးကို မသိခြင်း ဆိုတဲ့ အဝိဇ္ဇာဆိုတဲ့ခေါင်းကို ဖြုတ်ချနိုင်မယ်၊ ခေါင်ထိပ်ကို ဖယ်ရှား ပစ်နိုင်မယ်ပေါ့၊ အဲဒီတော့ မုဒ္ဓါမိပါတ ခေါင်ထိပ်ကို ဖယ်ရှားခြင်း, ခေါင်ထိပ်ရဲ့ ပြုတ်ကျခြင်းဆိုတာ ဝိဇ္ဇာကို ပြောတာပါလို့ မုဒ္ဓဆိုတဲ့ စကားလုံးနဲ့ မုဒ္ဓါဓိပါတဆိုတဲ့ တကယ့်အစစ်အမှန် စကားလုံးရဲ့ အဖြေမှန်ကို မြတ်စွာဘုရားက ဒီလိုထောက်ပြထားတယ်။

တရားဘက်ကနေ ဦးခေါင်းဆိုတာ ဦးဆောင်တဲ့တရားကို ပြောတာပါ၊ ခေါင်းဆောင်ကို ပြောတာ၊ အဲဒီဦးဆောင်နေတဲ့ အရာတစ်ခုကို ဖယ်ရှားပစ်နိုင်တယ်၊ အဝိဇ္ဇာကို ဖယ်ရှားပစ်နိုင်တာ ဝိဇ္ဇာပဲ ဖြစ်တယ်။

ဝိဇ္ဇာရဲ့စွမ်းဆောင်မှုမှာ ဘယ်တရားတွေ အထောက်အကူ ရှိတုန်းဆိုရင် သဒ္ဓါအထောက်အကူ ရှိတယ်၊ သတိအထောက်အကူ ရှိတယ်၊ သမာဓိအထောက်အကူ ရှိတယ်၊ ဆန္ဒအထောက်အကူ [၄၉] ရှိတယ်၊ ဝီရိယအထောက်အကူ ရှိတယ်၊ အဲဒါကို ဆိုလိုတယ်၊ အဲဒီတော့ သဒ္ဓါ သတိ သမာဓိ ဆန္ဒ ဝီရိယတို့နဲ့ ယှဉ်တွဲပြီးလာတဲ့ ဝိဇ္ဇာဆိုတဲ့ အသိဉာဏ်ဟာ အဝိဇ္ဇာဆိုတဲ့ခေါင်းကို ဖယ်ရှားပစ်နိုင်တယ် တဲ့၊ ဒီလိုပြောတာ။

မြွေတစ်ကောင်ဟာ အမြီးက ဘယ်လောက်ပဲ လူကို ရစ်ပတ် ရစ်ပတ် အသက်အန္တရာယ် မပေးနိုင်ဘူး၊ မြွေမှာ ကြောက်စရာ ကောင်းတာ ခေါင်းပဲ၊ ဘာဖြစ်လို့ ကြောက်စရာကောင်းတုန်းဆို ခေါင်းကအစွယ်မှာ အဆိပ်ရှိတာကိုး၊ ဒါကြောင့်မို့ မြွေမှာ ခေါင်း မရှိတော့ဘူးဆိုရင် ဘာမှ အန္တရာယ်မပြုတော့ဘူး။

သံသရာမှာလည်းပဲ ကြောက်စရာကောင်းတဲ့ အကုသိုလ်က ဘာတုန်းဆိုရင် အဝိဇ္ဇာ၊ မသိဘူးဆိုရင် မှားမှားယွင်းယွင်းတွေ လုပ်တော့မှာကိုး၊ ကျန်တဲ့ အကုသိုလ်တွေကို ဖိတ်ခေါ်ထားသလို ဖြစ်တယ်၊ မြွေခေါင်းရှိနေသေးသမျှ အန္တရာယ်ရှိတယ်၊ သေသွားတဲ့ မြွေတောင်မှပဲ မတော်တဆ အဲဒီအစွယ်နဲ့ ထိုးမိလို့ရှိရင် အဆိပ်တက် တတ်သေးတာကိုး၊ ဒါကြောင့်မို့လို့ ခေါင်းဟာ အန္တရာယ်ရှိတဲ့ အရာတစ်ခု ဖြစ်တယ်ပေါ့၊ တရားတွေထဲမှာ အဝိဇ္ဇာဆိုတဲ့ ခေါင်းဟာလည်းပဲ အန္တရာယ်ရှိတယ်၊ သူရှိရင် ကျန်တဲ့ ဒုက္ခတွေ အကုန်ဆက်တိုက်လိုက်လာမှာပဲ၊ မြွေရဲ့ခေါင်းလိုပဲတဲ့၊ မြွေမှာ ခေါင်းဖြတ်လိုက်ပြီဆိုလို့ရှိရင် မြွေရဲ့ခန္ဓာကိုယ်ဟာ အန္တရာယ် ကင်းသွားပြီ၊ ဘာမှ မဖြစ်နိုင်တော့ဘူး၊ အဲဒါလိုပဲ အဝိဇ္ဇာဆိုတဲ့ခေါင်းကို [၅၀] ဖယ်ရှားလိုက်နိုင်တယ်, ဝိဇ္ဇာဆိုတဲ့အသိဉာဏ်ကို ရရှိလိုက်တာနဲ့ တစ်ပြိုင်နက် အန္တရာယ်တွေ ကင်းသွားမှာပဲ၊ ဒီအဓိပ္ပါယ်နဲ့ မြတ်စွာဘုရားက ဖြေလိုက်တာပေါ့။ အဲဒီတော့ စိတ်နဲ့ မေးလိုက်တာ ၇-ပုဒ်၊ မေးခွန်း ၇-မျိုးကို မြတ်စွာဘုရားက တစ်ခါတည်း နှုတ်နဲ့တန်းပြီး ဖြေလိုက်တယ်။

အဇိတအမှူးရှိတဲ့ ပညာတတ်ပုဏ္ဏားတွေဟာ တအံ့တဩ ဖြစ်ပြီး “ဟုတ်ပြီ ဒါ တကယ့်ဘုရားအစစ်ပဲ” လက်ခံကြတယ်၊ သူတို့က သာမန်နဲ့ လက်မခံဘူးနော်၊ သေသေချာချာ စစ်ဆေး လေ့လာပြီး တော့မှ လက်ခံကြတာ၊ အဲဒီလိုလက်ခံလို့ ကျေနပ်တဲ့ အခါကျတော့မှ ဘာပြောတုန်းဆိုတော့“အရှင်ဘုရား”တဲ့ “တပည့် ပရိသတ်နှင့်တကွ ဗာဝရီပုဏ္ဏားကြီးဟာ တက်ကြွသောစိတ်နှင့် ဝမ်းမြောက်ဝမ်းသာ အရှင်ဘုရားရဲ့ခြေတော်အစုံကို ရှိခိုးဦးတိုက်ပါတယ်ဘုရား” လို့ မြတ်စွာဘုရားကို လျှောက်ကြတယ်။

ရှိခိုးတဲ့အကြောင်း အဲဒီကျတော့မှ လျှောက်တယ်၊ နဂိုတုန်းက တို့ရှိခိုးကြောင်း မလျှောက်ဘူး၊ သူတို့စိတ်ထဲမှာ ကျေနပ်သွားတဲ့ အခါ “တပည့်ပရိသတ်အပေါင်းနှင့်တကွ ဗာဝရီပုဏ္ဏားကြီးဟာ စိတ်အားတွေ တက်ပြီးတော့ ဝမ်းမြောက်ဝမ်းသာ အရှင်ဘုရားရဲ့ ခြေတော်အစုံကို ရှိခိုးဦးချပါတယ်ဘုရား” လို့လျှောက်ကြတယ်၊ ဒီလိုလျှောက်လိုက်တဲ့အခါ မြတ်စွာဘုရားက ဆုပေးတယ်။

[၅၁] ဆုပေး ဆုယူ

အခု ဒကာဒကာမတွေက ဩကာသနဲ့ ကန်တော့တယ် ဆိုရင် ဘုန်းကြီးက ငုတ်တုတ်ထိုင်နေရတာ မဟုတ်ဘူး၊ ဆုပေးရတယ်၊ ဆုပေးဆုယူ ဆိုတာကို တချို့ကလည်း အပြစ်ဆိုကြတယ်၊ ဆုပေး လို့ရော ရလား၊ ဆုတောင်းလို့ရော ရလားနဲ့ ပြောတတ်ကြတယ်ပေါ့ ဒါ တုံ့ပြန်ချက်ကလေးတွေကို ပြောတာ၊ တုံ့ပြန်ခြင်း မပြုဘဲနဲ့ ငူငူကြီးထိုင်နေလို့ သင့်တော်ပါ့မလား၊ မသင့်တော်ဘူး။

အဲဒီတော့ မြတ်စွာဘုရားဆုပေးတာ ကြည့် - ဘုရားကလည်း ဆုပေးတယ်၊ တချို့နေရာမှာ “အတိက္ကန္တဝရာ တထာဂတာ” “တို့ဟာ ဆုပေးတာ မလုပ်တော့ဘူး” ဆိုတဲ့စကား ရှိတယ်၊ အဲဒါက ဘာပြော တာလဲလို့ဆိုရင် ဆုတော်လာဘ်တော်ချတဲ့အလုပ်ကို ပြောတာ၊ အခုလို မေတ္တာတုံ့ပြန်တာကို ပြောတာ မဟုတ်ဘူး၊ အဲဒါတွေကို ရောထွေးပြီး တချို့က ဘုရားက ဆုမပေးဘူးတို့ ဘာတို့ လျှောက်ပြော တာမျိုးရှိတယ်၊ ရေးတဲ့စာအုပ်တွေလည်း ရှိတယ်ပေါ့။

ကြည့် မြတ်စွာဘုရားက အဇိတ ခေါင်းဆောင်လာတဲ့ ဗာဝရီ ပုဏ္ဏားကြီးရဲ့ တပည့်တွေက အရှင်ဘုရားကို ကန်တော့ပါတယ်တဲ့၊ အဲဒီတော့ မြတ်စွာဘုရားက ဘယ်လို ဆုပေးသလဲဆို “သုခိတော ဗာဝရီ ဟောတု” “ဗာဝရီပုဏ္ဏားကြီး ချမ်းသာပါစေ”၊ ဒါ မြတ်စွာဘုရားရဲ့တုံ့ပြန်မှုပဲ၊ “သုခိတော ဗာဝရီ ဟောတု သဟ [၅၂] သိဟိ ဗြာဟ္မဏော” “တပည့်တွေနှင့် အတူတကွ ဗာဝရီ ပုဏ္ဏားကြီး ချမ်းသာသုခရပါစေ”တဲ့၊ ခေါင်းဆောင်လာတဲ့အဇိတကို ဆက်ပြီး ဆုပေးတယ်၊ “တွဉ္စာပိ သုခိတော ဟောဟိ၊ စိရံ ဇီဝါဟိ မာဏဝ” တဲ့ “မင်းလည်းပဲ ချမ်းသာသုခရပါစေ၊ အသက်ရှည်ပါစေ” တဲ့၊ ဒါ ဆန္ဒပြုတာပဲလေ၊ မြတ်စွာဘုရားက ဆုပေးလိုက်တာ။

ဆုပေးတယ်ဆိုတဲ့နေရာတွေ အများကြီးရှိတယ်၊ ရှင်သီဝလိ မယ်တော် ကြည့်လေ၊ ရှင်သီဝလိ မယ်တော်မှာ ၇-နှစ် ၇-လ ကိုယ်ဝန်လွယ်ရတယ်၊ ၇-ရက် ဗိုက်နာတယ်၊ မီးမဖွားနိုင်ဘူး၊ ဆင်းရဲဒုက္ခတွေ ရောက်နေတဲ့အတွက် ရှင်သီဝလိရဲ့ခမည်းတော်ကို လွှတ်လိုက်ပြီး မြတ်စွာဘုရား သွားလျှောက်တယ်၊ အဲဒီမှာ ရှင်သီဝလိရဲ့ခမည်းတော်က လျှောက်တယ်၊ “အရှင်ဘုရား”တဲ့ “သုပ္ပဝါသာဟာ ဒုက္ခတွေ ရောက်နေပါတယ်၊ အရှင်ဘုရားကို ကန်တော့လိုက်ပါတယ်” တဲ့၊ အဲဒီမှာ မြတ်စွာဘုရားက ဆုပေး လိုက်တာ၊ “အေး ကျန်းကျန်းမာမာနဲ့ ကျန်းမာတဲ့သားကို မွေးဖွားပါ စေ”၊ မြတ်စွာဘုရားက အဲဒီလို မိန့်ကြားလိုက်တဲ့စကားအဆုံးမှာပဲ ဟိုမှာ မွေးဖွားပြီးသား ဖြစ်သွားတယ်၊ သုပ္ပဝါသာ သုတ္တန်မှာ အဲဒီ အတိုင်းပဲ ရှိတယ်၊ မြတ်စွာဘုရားရဲ့မေတ္တာစေတနာ အစွမ်းတန်ခိုး ပေါ့။

ရှိခိုးတယ်ဆိုတဲ့ ပါဠိစကားလုံးတွေ ထဲမှာ နမောဆိုတာ ကိုယ်ကိုကိုင်းညွှတ်ပြီးတော့ ရှိခိုးတာမျိုးကို ခေါ်တာ၊ အဘိဝါဒန [၅၃] ဆိုတာကျတော့ “ရှိခိုးတယ်” လို့ ဘာသာပြန်ပေမဲ့လို့ သူ့စကားလုံးအတိုင်း ပြောမယ်ဆိုရင် “မင်္ဂလာစကားကို ဆိုစေတယ်” လို့ ဘာသာပြန်ကြတယ်၊ “ချမ်းသာပါစေ” ဆိုတာ ဒါ မင်္ဂလာရှိတဲ့ စကားကို ပြောခိုင်းလိုက်တဲ့ အဓိပ္ပာယ် ရောက်တယ်ပေါ့ ရှိခိုးတာဟာ မင်္ဂလာစကားကို ဆိုစေတာပဲ၊ “အသက်ရှည်ပါစေ ကျန်းမာပါစေ” ဆိုတာ ဒါ မင်္ဂလာစကားပဲ၊ အဲဒီ မင်္ဂလာစကားကို ရှိခိုးခံရတဲ့ ပုဂ္ဂိုလ်ကို ရှိခိုးတဲ့ ပုဂ္ဂိုလ်က ပြောခိုင်းတာနဲ့ အတူတူပဲတဲ့နော်။

ကြည့် မြတ်စွာဘုရားက အမိန့်ရှိပြီ -
“သုခိတော ဗာဝရီ ဟောတု သဟ သိဿေဟိ ဗြာဟ္မဏော”
တပည့်တွေနှင့် အတူတကွ ဗာဝရီပုဏ္ဏားကြီး ချမ်းသာပါစေ၊
“တဉ္စာပိ သုခိတော ဟောဟိ၊ စိရံ ဇီဝါဟိ မာဏဝ”၊
စာပေသင်ယူနေတဲ့ တပည့်တွေအားလုံးကို မာဏဝ လို့ ခေါ်တယ်၊ မြတ်စွာဘုရားက လူငယ်လူရွယ်တွေ အခုခေတ်လိုဆိုရင် boy လို့ ခေါ်တဲ့ သဘောပေါ့နော်၊ မင်းလည်း ချမ်းသာပါစေလို့ ဒီလို ဆုပေးလိုက်တယ်။

ဆုပေးပြီးတော့ သူတို့ကို မေးခွန်းတွေ မေးဖို့ရာအတွက် မြတ်စွာဘုရားက ခွင့်ပေးလိုက်တယ်၊
“ဗာဝရိဿ စ တုယှဉ္စ၊ သဗ္ဗေသံ သဗ္ဗသံသယံ”
ဗာဝရီ ပုဏ္ဏားကြီး သိချင်တဲ့အချက် မင်းတို့သိချင်တဲ့အချက် အဲဒါတွေ အားလုံးကို မေးနိုင်တယ်၊
“ကတာဝကာသာ ပုစ္ဆဝှေါ၊ ယံ ကိဉ္စိ မနသိစ္ဆထ”၊
စိတ်ထဲမှာ မေးချင်တာရှိလို့ရှိရင် ငါခွင့်ပြုတယ်၊ မေးပါ။

[၅၄] အဲဒီလို မေးချင်တာ မေးလို့ပြောတာဟာ မြတ်စွာဘုရားပဲ ပြောနိုင်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ မပြောရဲဘူး၊ ရှင်သာရိပုတ္တရာ လည်း မပြောရဲဘူး၊ ဒါ ချွင်းချက်မရှိ challenge လုပ်တာ၊ မင်းတို့ သိချင်တာ ရှိရင် မေး၊ ခုခေတ်ဆိုရင်တော့ ပြောချင်ပြောကြမှာ ပေါ့လေ၊ အဲဒီပါဠိစာပေမှာ စကားအသုံး ၂-မျိုး ရှိတယ်၊ မြတ်စွာဘုရားက “ပုစ္ဆ ယဒါ ကင်္ခသိ” ကြိုက်တာမေး၊ ဒီလို ဖိတ်ခေါ်နိုင်တာဟာ ဘုရားပဲ ဖိတ်ခေါ်နိုင်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ မဖိတ်ခေါ်နိုင်ဘူးတဲ့၊ ဒါ သဗ္ဗညု ဘုရားတွေမှသာ ချွင်းချက်မရှိ မင်းတို့ ကြိုက်တာမေးလို့ ပြောနိုင်တာတဲ့။

ရှင်သာရိပုတ္တရာတောင် အဲဒီလို မပြောဘူး၊ ရှင်သာရိပုတ္တရာက ဘယ်လိုပြောတုန်း “ပုစ္ဆ” မေးပါ၊ “သုတွာ” မေးတာ ကြားရပြီးတဲ့အခါမှာ “ဇာနိဿာမိ” ဖြေနိုင် မဖြေနိုင် စဉ်းစားပါ့မယ်ပေါ့ ဒီလိုဆိုလိုတယ်၊ မေးချင်တာ မေးလို့ မပြောရဲဘူး၊ စာပေကျမ်းဂန်တွေမှာ အဲဒီလို ရှင်းလင်းဖော်ပြထားတယ်၊ မတူဘူးပေါ့ မြတ်စွာဘုရားရဲ့ ဖိတ်ခေါ်ချက်ဟာ ဒီအတိုင်းပဲ။

အခုလည်းပဲ ဗာဝရီပုဏ္ဏားကြီးနဲ့ သူ့ရဲ့ တပည့်တွေကို မြတ်စွာဘုရားက ဖိတ်ခေါ်လိုက်တယ်၊ “ဗာဝရီပုဏ္ဏားကြီးရဲ့ သံသယတွေ မင်းတို့တတွေရဲ့ သံသယတွေ ကင်းရှင်းဖို့ရာအတွက် မင်းတို့စိတ်ထဲက မေးချင်တဲ့ မေးခွန်းတွေ ရှိရင် ငါ ခွင့်ပြုတယ်၊ မေးကြပါ” အဲဒီလို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က [၅၅] ခွင့်ပေးလိုက်တယ်၊ အဇိတ ဆိုတဲ့ ခေါင်းဆောင် တပည့်ကြီးက စပြီး မေးခွန်းတွေ မေးကြတယ်၊ မေးခွန်းနဲ့အဖြေ ဂါထာပေါင်း ၉ဝ ကျော် ရှိတယ်၊ အဲဒါတွေကို နောက်ရက်တွေကျတော့ ဆက်ပြီး ရှင်းလင်းဟောကြားပေးမယ်။

တရားချစ်ခင်သူတော်စင်ပရိသတ်တို့ ပါရာယနသုတ် အခြေခံ Background ဖြစ်ပေါ်လာပုံ အကြောင်းချင်းရာများ၊ စိတ်နဲ့မေးတဲ့ မေးခွန်း ၇ မျိုးကို မြတ်စွာဘုရားက နှုတ်မြွက်ဖြေဆိုတယ်ဆိုတဲ့ အကြောင်းမျှကိုသာ နာယူမှတ်သားပြီး ဗုဒ္ဓမြတ်စွာရဲ့ ကြီးမားတဲ့ ပညာကို ရည်မျှော်ကာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့ တရားဓမ္မများကို လေးစားလိုက်နာ နိုင်ကြပါစေကုန်သတည်း။

သာဓု
သာဓု
သာဓု

[၅၆] ပါရာယနဒေသနာ အပိုင်း (၂)

(အဇိတ၏အမေးကို ဖြေဆိုခြင်း)

သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ် နတ်တော်လဆန်း ၃ ရက်၊ ခရစ်နှစ် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၉ ရက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သာသနာရေး ဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဇမ္ဗူသီရိဗိမာန်တော်တွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ အနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွား မိဘဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါန အဖြစ်ဖြင့် ဟောကြားတော်မူသည်။

“ပါရာယန” နိဗ္ဗာန်လမ်းပြဒေသနာတော်ထဲမှာ ဗာဝရီပုဏ္ဏားကြီးက ဂေါတမရဟန်း ဘုရားဟုတ်မဟုတ် မေးမြန်းစုံစမ်းဖို့ တပည့်ကြီး ၁၆ ယောက်ကို ခေါင်းဆောင်စေပြီး အိန္ဒိယတောင်ပိုင်းကနေပြီးတော့ မြောက်ပိုင်းမှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားရှိရာကို စေလွှတ်ခဲ့တယ်၊ မဂဓတိုင်း ရာဇဂြိုဟ်မြို့အနီးမှာရှိတဲ့ ပါသာဏက စေတိယ လို့ခေါ်တဲ့ ပါသာဏကနတ်ကွန်းကျောင်းမှာ မြတ်စွာဘုရားကို သွားရောက်ဆုံတွေ့ကြတယ်၊ နတ်ကွန်းကျောင်းလို့ဆိုတဲ့ နေရာမှာ ကျောက်တုံးကြီးမှာ နတ်ကွန်းလုပ်ထားပြီး ပတ်ဝန်းကျင်က ကျယ်ကျယ်ပြန့်ပြန့် ရှိပုံရတယ်၊ ရောက်လာတဲ့ တရားနာပရိသတ်ဟာ [၅၇] အလွယ်တကူ အဲဒီနေရာမှာ စုဝေးထိုင်နိုင်တဲ့ open place၊ ကွင်းပြင်ကြီးတစ်ခုပဲ။ အဲဒီကွင်းပြင်ကြီးမှာ ဗာဝရီပုဏ္ဏားကြီးက လွှတ်လိုက်တဲ့ တပည့်တွေ ခေါင်းဆောင်က ၁၆ ဦး၊ တစ်ဦးတစ်ဦးမှာ တစ်ထောင်စီ တစ်ထောင်စီ နောက်လိုက်အခြံအရံတွေ ပါတယ် ဆိုတော့ သူတို့ပရိသတ်တင်ပဲ တစ်သောင်းခြောက်ထောင်လောက် ရှိတယ်ပေါ့၊ အဇိတဦးဆောင်တဲ့ ဗြာဟ္မဏတွေ မြတ်စွာဘုရားဆီ လာကြတယ်ဆိုတဲ့ သတင်းကြောင့် စိတ်ပါဝင်စားတဲ့ ပုဂ္ဂိုလ်တွေကလည်း သူတို့နဲ့ အတူတကွ လိုက်ပါလာကြတယ်၊ ပရိသတ်ဟာ သိန်းချီ ရှိနိုင်တယ်လို့ ခန့်မှန်းကြည့်ရပါတယ်။

အဲဒီမှာ ဆရာကြီးက အကြံပြုလိုက်တဲ့အတိုင်း မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်မှာ ပုရိသလက္ခဏာ တွေကို သူတို့ကျမ်းဂန်နဲ့ တိုက်ဆိုင်ပြီး စစ်ဆေးကြည့်ကြတယ်၊ မဟာပုရိသလက္ခဏာ တွေအားလုံး တွေ့မြင်ကြတယ်၊ တွေ့မြင်ရုံတင် မကဘူး၊ မေးခွန်း ၇ ပုဒ်ကို စိတ်နဲ့မေးတယ်၊ စိတ်နဲ့မေးတာကို မြတ်စွာဘုရားက သူတို့စိတ်ထဲက ကြံစည်လိုက်တာနဲ့ နှုတ်ကနေ အဖြေထုတ်ပေးတယ်၊ မေးခွန်းမရှိဘဲနဲ့ အဖြေကို ပြောတယ်၊ မေးသူက စိတ်ထဲက မေးတာ၊ မြတ်စွာဘုရားက နှုတ်ကနေဖြေတာ၊ အဲဒါကြောင့် မေးသူမထင်ရှားဘဲနဲ့ ဖြေကြားတဲ့ မေးခွန်း ၇ ပုဒ်ကို မနေ့က ရှင်းလင်းဖြေဆိုပြီးခဲ့ပြီ။

မြတ်စွာဘုရားက ခွင့်ပြုတယ်၊ ဗာဝရီပုဏ္ဏားကြီးရဲ့ သံသယ မင်းတို့ရဲ့ ရင်တွင်းမှာ မရှင်းတဲ့ သံသယ၊ အဲဒါနဲ့ ပတ်သက်ပြီး [၅၈] မေးချင်တာမှန်သမျှ မေးပါ။ မြတ်စွာဘုရားရဲ့ ဖိတ်ခေါ်ချက်အရ ခေါင်းဆောင်ပြီးတော့ လာတဲ့ အဇိတ ဆိုတဲ့ ပုဂ္ဂိုလ်က စပြီးမေးတယ်။ သူတို့ရဲ့ အသွင်သဏ္ဌာန်တွေက လူ့ဘောင် လူ့လောကကို ခွာရှောင်ပြီးတော့ ရသေ့သူတော်စင်ဘဝမှာ နေကြတာ ဖြစ်လို့ ရသေ့လို့ ပြောလို့ရတယ်ပေါ့၊ အဲဒီခေတ်ကတော့ “ဣသိ” ဆိုတဲ့ နာမည်ကိုယူပြီး အိမ်ထောင်မပြုဘူး၊ အိမ်ထောင်မပြုဘဲနဲ့ တရားဓမ္မကို တောထဲမှာနေရင်း ရှာဖွေကြတယ်၊ ဇဋိလ ဆိုတဲ့ စကားလုံးကို ကြည့်မယ်ဆိုလို့ရှိရင် သူတို့ခေါင်းဟာ ဆံပင်က ဖီးခြင်းပြုခြင်း မရှိတော့ ဆံပင်တွေဟာ ရှုပ်ထွေးပြီး ဆံကျစ်ဖြစ်နေတယ်၊ ဖီးခြင်း ဆီလိမ်းခြင်း မရှိလို့ ရှုပ်ထွေးပြီး ဖြေရှင်းလို့မရတဲ့ ဆံပင်ဘုတ်သိုက်နဲ့၊ အဲဒါတင် မကဘူး မုတ်ဆိတ်မွှေးကလည်း ထူလပျစ်၊ ပုံသဏ္ဌာန်ကို ကြည့်မယ်ဆိုရင် ပုဂံခေတ်က အရည်းကြီးတွေရဲ့ ပုံပန်းသဏ္ဌာန်လို ဖြစ်နိုင်တယ်။ စာဖွဲ့ထားတာကို ငယ်ငယ်က ကြားဖူးတယ်၊ “ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွှေး ထူလပျစ်နဲ့၊ မည်းညစ်တဲ့ စီဝရံ၊ တာတေလန် အရုပ်ဆိုး။ အရည်းကြီး နကျစ်သိုးတို့၏” လို့ ရေးထားတာ ရှိတယ်၊ ပုံသဏ္ဌာန်ပေါ်အောင် ရေးထားတာ၊ အခုလည်း အဇိတအမှူးပြုတဲ့ ရသေ့တွေ Brahman တွေဟာ အဲဒီပုံစံမျိုး ဖြစ်နိုင်တယ်။ အိန္ဒိယနိုင်ငံ ရောက်ဖူးတဲ့ ပုဂ္ဂိုလ်တွေ တွေ့ဖူးပါတယ်၊ မုတ်ဆိတ်မွှေးနဲ့ ဆံကျစ်ထုံးထားတာ။ အဲဒါကိုက သူတို့ခေတ်မှာ ဂုဏ်တစ်ခုလို့ ခေါ်တယ်၊ သူတို့က သွားမတိုက်ဘဲနဲ့ နေလို့ သွားချေးထူနေတာကိုက သူတို့ခေတ်မှာ ဂုဏ်တစ်ခုပဲ၊ “ပက်ဒန္တ” လို့ ခေါ်တယ်။

[၅၉] ရသေ့တွေရဲ့ အကျင့်တွေက အမျိုးစုံရှိတယ်၊ အင်မတန်မှ ပင်ပင်ပန်းပန်းကျင့်တဲ့ ရသေ့တွေ ရှိသေးတယ်၊ သူတို့မှာ လက်နက်တွေ ဘာတွေကို မဆောင်ဘူး၊ သစ်ခေါက်ကို သွားနဲ့ခွာပြီး စားတဲ့ ရသေ့မျိုးက ရှိသေးတယ်၊ (မျောက်ကို အားကျသလား မသိဘူးနော်၊) အဲဒီလို အကျင့်တရားကို ကျင့်ကြတာပေါ့။

ဣသိ ဆိုတာ ‘တရားဓမ္မကို ရှာဖွေသူ’ လို့ အဓိပ္ပာယ် ရတယ်၊ တစ်ခါတစ်ရံ မြတ်စွာဘုရားကိုလည်းပဲ ဣသိ လို့ခေါ်တယ်၊ ဒီ ဣသိ ဆိုတဲ့ စကားလုံးက တရားဓမ္မကို ရှာဖွေလိုက်စားတဲ့ ပုဂ္ဂိုလ်တွေကို ရည်ညွှန်းတာ၊ မြန်မာလိုကျတော့ ရသေ့လို့ဆိုလို့ ရှိရင်တော့ အဲဒါ ဘုရားကို ရသေ့လို့ ခေါ်လို့ မရပြန်ဘူး (မြန်မာစကားက)၊ ပါဠိစကား ဣသိ ဆိုတာကျတော့ မြတ်စွာဘုရားလည်း အပါအဝင်ပဲ။

အနာထပိဏ် သူဌေးကြီးက ရောဂါဝေဒနာနဲ့ နောက်ဆုံးဘဝ အဆုံးသတ်သွားပြီး တုသိတာနတ်ပြည် သွားဖြစ်တဲ့အခါမှာ သူပြောတဲ့ စကားလေး ရှိတယ်၊ “ဣဒံ ဟိ တံ ဇေတဝနံ ဣသိ သံဃနိသေဝိတံ” ရဟန်းသံဃာတွေကို ဣသိသံဃ လို့ ခေါ်တယ်၊ တရားဓမ္မကို ရှာဖွေလို့ ဣသိ ဆိုတဲ့ စကားလုံးကို သုံးတယ်၊ ဒီတော့ ဣသိ ဆိုတဲ့ စကားလုံးတို့ မုနိ ဆိုတဲ့ စကားလုံးတို့ ဒါတွေက သူတော်စင်တွေကို ရည်ညွှန်းပြီး ခေါ်တဲ့ အခေါ်အဝေါ်တွေလို့ပဲ မှတ်ရမှာပေါ့။

အခုလည်းပဲ အဇိတတို့ အုပ်စုက လူ့လောကက ခွာရှောင်ပြီးတော့ တရားဓမ္မရှာဖွေ သမထကျင့်စဉ်ကို ကျင့်ကြတယ်။ သူတို့ရဲ့ [၆၀] ပန်းတိုင်ကတော့ ဗြဟ္မာ ဖြစ်ဖို့ပဲ၊ ဗြဟ္မာတွေရဲ့ သက်တမ်းက ရှည်တော့ အဲဒီဗြဟ္မာဘဝဟာ နိစ္စ ထာဝရ မအို မနာ မသေရတဲ့ နေရာလို့ ဒီလိုယူဆပြီး ဗြဟ္မာဘုံကို ပန်းတိုင်ထားပြီးတော့ ကျင့်တယ်၊ ဟုတ်တော့ ဟုတ်တယ်၊ လူ့အသက်နဲ့ စာလိုက်မယ်ဆိုရင် ဗြဟ္မာတွေက အင်မတန်မှ အသက်ရှည်တာကိုး၊ ဗြဟ္မာတွေက ကမ္ဘာနဲ့ချီပြီးတော့ အသက်ရှည်တယ်၊ ကမ္ဘာချီပြီး ရှည်တယ်ဆိုတော့ သေတယ်လို့တောင် မထင်ရတဲ့ ဘုံဘဝမျိုး၊ အဲဒီဘဝမျိုးကို သူတို့ကျမ်းဂန် အဆက်ဆက်မှာ ရေးသားထားတာဆိုတော့ အဲဒီဘဝမျိုးကို သူတို့က ဦးတည်ပြီး ကျင့်ကြတယ်။

အဿမ လို့ခေါ်တဲ့ သင်္ခမ်းကျောင်းမှာ ရသမျှ သစ်သီးသစ်ဖု ရှာကြံစားသုံးပြီး နေထိုင်ကြတဲ့ ဒီရသေ့သူတော်စင်တွေဟာ (ငါးရာ့ငါးဆယ် ဖတ်ကြည့်လို့ရှိရင် တွေ့ပါလိမ့်မယ်၊) အင်မတန်မှ ခြိုးခြိုးခြံခြံ ကျင့်ကြံကြိုးကုတ် အားထုတ်ကြတယ်၊ တကယ့် သူတော်ကောင်း ရသေ့တွေ ရှိတယ်၊ သူတော်မကောင်းတဲ့ ရသေ့တွေလည်း ရှိတယ်၊ ဘုရားအလောင်း ရသေ့တွေဟာ တကယ့်ကို လူ့ဘောင်လူ့လောက ခွာရှောင်ပြီးတော့ ကျင့်ဆောင်လာခဲ့ကြတာ ဖြစ်တယ်။

အဲဒီလို ခေါင်းဆောင်ရသေ့ ၁၆ ဦးနဲ့ နောက်လိုက်နောက်ပါ အားလုံးပေါင်းလိုက်တဲ့အခါ တစ်သောင်းခြောက်ထောင်၊ သူတို့နဲ့ လိုက်ပါလာကြတဲ့ လူထုပရိသတ်ကြီး မြတ်စွာဘုရားထံမှာ အားလုံး ရောက်ရှိစုဝေးနေတဲ့ အချိန် မြတ်စွာဘုရားက ခွင့်ပြုလိုက်တယ်၊ ဗာဝရီပုဏ္ဏားကြီး သံသယရှိတာ မင်းတို့ဘာတွေ သံသယရှိတာအားလုံး [၆၁] သံသယကို ကင်းပျောက်ဖို့ မေးချင်တာတွေ မေးကြ၊ ငါ ခွင့်ပြုတယ်လို့ ဆိုတော့ ပထမဆုံး မြတ်စွာဘုရားကို သူ့ရင်ထဲက သံသယတွေ မရှင်းလို့ မေးတဲ့ပုဂ္ဂိုလ်ကတော့ အဇိတ ပဲ ဖြစ်တယ်ပေါ့။

အဇိတ ဆိုတဲ့ အဓိပ္ပာယ်က ဘယ်သူကမှ သူ့အနိုင်မရဘူးလို့ ဒါ သူတို့ဆီမှာ မှည့်လေ့မှည့်ထရှိတဲ့ နာမည်တစ်မျိုးလို့ပဲ၊ ဒီလိုမှတ်ရမယ်၊ အဇိတ ဘယ်သူကမှ အနိုင်မယူနိုင်သူ၊ ဒါတော့ နာမည်ပဲပေါ့လေ၊ သူက မြတ်စွာဘုရားကို မေးခွန်းပေါင်း ရှစ်ခု မေးတယ်၊ တကယ့်ကို သူတို့လည်း တရားကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ ဆိုတော့ အဆင့်အတန်းမြင့်တဲ့ မေးခွန်းတွေမေးတာ၊ သာမန်မေးခွန်းတွေ မဟုတ်ဘူး၊ အဆင့်အတန်းမြင့်တယ်၊ လောကကြီး တစ်ခုလုံးကို ခြုံငုံပြီးကြည့်တဲ့ မေးခွန်းတွေ။

သံသရာဝဋ်က လွတ်မြောက်ဖို့ ဘယ်လိုလုပ်မလဲ၊ သူတို့တတွေဟာ သံသရာဝဋ်က လွတ်ချင်ကြတယ်၊ ဆင်းရဲဒုက္ခ အကြောင်းကို သိသင့်သလောက် သိကြတယ်၊ လူ့လောကကြီးက ခွာရှောင်ပြီးတော့ ရသေ့ဘောင်ကို ရောက်နေတဲ့အချိန် တရားဓမ္မတွေကို ကျင့်ကြံ ကြိုးကုတ် အားထုတ်နေကြတာ။ သတ္တဝါတွေ သံသရာဆင်းရဲကနေပြီး ဘယ်နည်းနဲ့ လုံးဝလွတ်မြောက်နိုင်တဲ့ အနေအထား ရှိသလဲ၊ ဒါကို ရှာတာပေါ့။

မြတ်စွာဘုရား လက်ထက်တုန်းက စဉ်းစားကြည့်ပေါ့ - ဘာသာရေးနဲ့ ပတ်သက်ပြီး တိုးတက်လာတဲ့ခေတ်မှာ ဘာတွေကို ရှာတာတုန်းဆိုတာ “အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ ဒီအဖြစ်ဆိုးတွေက [၆၂] လွတ်မြောက်တဲ့တရား” ကို ရှာကြတာ၊ သူတို့ခေတ်မှာ အဓိကရှာတာ အဲဒါပဲ။

ဒီကနေ့ခေတ်မှာရှာတာ ဘာတွေ ရှာတာတုန်းဆိုရင် ရုပ်ဝတ္ထုတွေပဲ ရှာနေတာလေ၊ ဒီကနေ့ခေတ်မှာနော်၊ ကားမရှိတဲ့သူက ကားရှာတယ်၊ ကားတောင်မှ ရှိပြီးရင်လည်း modern မြင့်မြင့် ကားရှာ၊ ကားကလည်း မပြီးနိုင်ဘူးလေ၊ နောက်ကားတစ်စီး အသစ်ဝင်လာရင် အဟောင်းထုတ်ပစ်၊ အသစ်ဝယ်ဦးမှာပဲ၊ ဘာတွေ ရှာတုန်းဆိုတော့ ဒီကနေ့ခေတ်က ရုပ်ဝတ္ထုတွေပဲ ရှာနေကြတာ၊ ရုပ်ဝတ္ထုတွေကိုပဲ အပြိုင်အဆိုင် ရှာဖွေနေကြတာ၊ အဝတ်အစားဆိုလည်းပဲ အမျိုးစုံ၊ ဒီ design ဟောင်းသွားရင် နောက် design နဲ့ နော်၊ Design အမျိုးမျိုးထွင် Fashion အမျိုးမျိုးနဲ့ ရှာတာတွေက ဘာတွေ ရှာနေကြတုန်းလို့ မေးလို့ရှိရင် ရုပ်ဝတ္ထုတွေချည်းပဲ ရှာနေကြတယ်။

အဲဒီရုပ်ဝတ္ထုတွေရှာနေတာဟာ စိတ်ဓာတ်ရေးရာဘက်မှာ အကျိုးဖြစ်သလားဆိုရင် အကျိုးမဖြစ်တဲ့အပြင် ဘာတွေဖြစ်တုန်းဆို လောဘတွေက ကြီးသည်ထက် ကြီးလာတယ်၊ ဒီကနေ့ အနေအထား လောဘကြီးလာတဲ့နောက်မှာ ဘာလိုက်လာလဲဆိုရင် ဒေါသဆိုတာ လိုက်လာတယ်၊ လောဘတွေ ဒေါသတွေဟာ ကြီးထွားလာတဲ့အခါ လူတွေရဲ့ သန္တာန်မှာ ဘာဖြစ်လာတုန်း ဆိုရင် stress တွေမြင့်လာတယ်ပေါ့၊ စိတ်ဖိစီးမှုတွေပေါ့ ဘာဖြစ်လို့တုန်း ဆိုတော့ လူဆိုတာ အမြဲတမ်း ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်တတ်တယ်၊ ကြည့်လေ့ရှိတယ်ပေါ့ အိမ်နီးနားချင်းက ကားရှိတယ်၊ ကိုယ်က [၆၃] ကားမရှိဘူးဆိုလို့ရှိရင် အဲဒီလူက ရှိချင်တယ်၊ အိမ်နားနီးချင်းနဲ့ တူအောင် လုပ်ချင်လာတယ်၊ သူ့အဆင့်ကို မှီအောင် လုပ်တယ်။ လူတွေမှာ တစ်ဦးနဲ့တစ်ဦး အဆင့်အတန်းချင်း မတူတဲ့လူတွေ အတူတူ နီးနီးကပ်ကပ်နေလာပြီဆိုလို့ရှိရင် သူ့ရှိရင် ငါလည်း ရှိရမယ်ဆိုတဲ့ အတွေးမျိုးက ရှိတယ်ပေါ့၊ သူ ဘယ်လိုနည်းနဲ့ စီးပွားဖြစ်ပြီး ဒီကားစီးနိုင်သလဲ၊ ဒီအိမ်နဲ့နေနိုင်သလဲ၊ ငါရော ဘယ်လိုလုပ်ရမလဲ၊ တစ်ဖက်ကကြည့်မယ်ဆိုရင် ဒါ ကြီးပွားလိုတဲ့ စိတ်လို့ ပြောလို့တော့ရတာပေါ့ သို့သော် ဒါတွေဟာ emotion တွေ ဖြစ်လာတယ်ပေါ့၊ စိတ်ဓာတ်ရေးရာကျတော့ သူက တကယ့်ကို လေလှိုင်းတွေ ထန်လာသလို ရင်ထဲမှာ မုန်တိုင်းလိုဟာမျိုးတွေ ဖြစ်လာတာပေါ့၊ ဒါက လူ့စိတ်ကို လှုပ်ရှားစေတယ်၊ လှုပ်ရှားတဲ့ အတွက်ကြောင့် လောဘတွေက ကြီးသည်ထက် ကြီးလာတယ်၊ လောဘကြီးလာတော့ လိုဘမပြည့်ဘူး၊ မှီအောင် မလိုက်နိုင်ဘူး၊ ရတဲ့နည်းနဲ့ လုပ်မယ်ဆိုတဲ့ စိတ်တွေ, ကောင်းတာ မကောင်းတာ မစဉ်းစားတော့ဘူး, မကောင်းတဲ့ နည်းနဲ့လည်း စီးပွားရှာမယ်ဆိုတဲ့ စိတ်တွေ၊ ဖြစ်လာတဲ့အခါ ရှာတိုင်းလည်း မရဘူးဆိုတဲ့အခါ ဘာလာတုန်းဆိုရင် ဒေါသတွေနောက်က လိုက်လာတယ်၊ stress ဆိုတာ အဲဒါ။

ဒီကနေ့ခေတ် မြန်မာပြည်မှာ ဗုဒ္ဓတရားတော်ကို နာယူ မှတ်သားပြီး ပွားများအားထုတ်ခွင့်ရနေတဲ့ ပုဂ္ဂိုလ်တွေဟာ stress ကို reduce လုပ်နိုင်ကြတယ်၊ မြန်မာပြည်ကလူတွေက သင်္ခါရ သဘော [၆၄] တရားတွေ ဆင်ခြင်စဉ်းစား တတ်တယ်၊ တစ်နေ့ကျတော့ ဒါတွေက ထားခဲ့ရမှာ၊ တကယ်ကတော့ အကျိုးမရှိဘူး ဆိုတာတွေကို မြန်မာလူမျိုးတွေက ကြားဖူးနားဝနဲ့ တော်တော်လေး နှလုံးသွင်းတတ်တယ် ပေါ့၊ အဲဒီလို နှလုံးသွင်းတတ်သည့် အတွက်ကြောင့် နိုင်ငံခြား တိုင်းပြည်တွေက လူတွေလို stress အလွန်ကြီးမများဘူးလို့ ယူဆလို့ ရပါတယ်၊ မြတ်စွာဘုရားရဲ့ အဆုံးအမကြောင့် stress ဟာ ဒီလောက်မများဘူး၊ အပြုံးမပျက် နေနိုင်ကြတယ်၊ တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်မှုတွေ ဒီလောက်ကြီး ဆိုးဆိုးရွားရွား မရှိဘူး၊ နေနိုင်ကြတယ်၊ အဲဒီလို နေနိုင်တာဟာ ဗုဒ္ဓတရားတော်တွေရဲ့အကျိုးကျေးဇူးတွေပဲ၊ စိတ်ရဲ့ ထွက်ပေါက်တွေ မြန်မာလူမျိုးတွေမှာ ရှိနေကြတယ်ပေါ့။

အဲဒီစိတ်ထွက်ပေါက်က ဘာလဲလို့ဆိုရင် “အို တစ်နေ့ကျတော့ ဒါတွေက အကုန်ထားခဲ့ရမှာဆိုတဲ့အတွေး” ဟာလည်း စိတ်ရဲ့ ထွက်ပေါက်ပဲ၊ သာမန်ကြည့်ရင် ဒီအတွေးလေးဟာ အသုံးမကျဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်၊ မဟုတ်ဘူး stress ကို ထွက်ပေါက် ပေးနိုင်တဲ့အနေအထား၊ တခြားနိုင်ငံကလူတွေ ဗုဒ္ဓရဲ့တရားတော်ကို မကြားဖူးတဲ့လူတွေက ဒီလိုအတွေးမျိုး လုံးဝမရှိဘူး၊ သူတို့မှာ ရကို ရမယ်, ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့အတွေးမျိုးပဲ ရှိတယ်၊ သူဖြစ်ချင်တာ ဖြစ်ကိုဖြစ်ရမှာ ဆိုတော့ ဒီ stress က ကြီးထွားလာတယ်။

မြတ်စွာဘုရားကဟောတယ်။ အကြောင်းတရားက ထုတ်လုပ်လိုက်တဲ့ အကျိုးတရားတွေက ဘယ်တော့မှ မမြဲဘူးတဲ့၊ အကြောင်းတရားက ဖန်တီးပြီးတော့ လုပ်ထားတာ၊ ဖန်တီးပြီးတော့ လုပ်ထားတဲ့ [၆၅] သင်္ခတတရားတွေဟာ ဘယ်တော့မှ မြဲတာမရှိဘူး၊ မမြဲတာတွေကို မြဲအောင်လုပ်ဖို့ဆို ဘယ်သူက တတ်နိုင်မှာတုန်း၊ “တံ ကုတေတ္ထ လဗ္ဘာ” ဘယ်တတ်နိုင်မှာတုန်း ဆိုတဲ့အတွေးဟာ stress ကို လျှော့ချတဲ့ နည်းစနစ်တစ်ခုပဲပေါ့၊ အဲဒီထက် အဆင့်မြင့်အောင် ဝိပဿနာကျင့်စဉ်ကို ကျင့်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့ အနေအထားမျိုးကို ရတယ်တဲ့။

ဟိုခေတ်က ဘာသာတရား လိုက်စားကြတဲ့ပုဂ္ဂိုလ်တွေက လောဘကိုဖယ်ရှားဖို့ လောဘကိုချိုးနှိမ်ဖို့ ဒေါသကိုချိုးနှိမ်ဖို့ ဒါတွေကို စဉ်းစားလာကြတယ်၊ စဉ်းစားလာပြီးတော့ အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲ သေခြင်းဆင်းရဲတွေ ခဏခဏ မကြုံမတွေ့ရဘဲနဲ့ ထာဝရမြဲတဲ့ မအိုရာ မနာရာ မသေရာဆိုတာ ဘယ်မှာရှိသလဲလို့ စဉ်းစားတော့ သူတို့အစဉ်အလာအရ ဗြဟ္မာကြီးတွေဆိုတာ အလွန်သက်တမ်း ရှည်တယ်၊ ဗြဟ္မာဘုံဆိုတာ မအိုရဘူး မနာရဘူး မသေရဘူးဆိုတဲ့ အစဉ်အလာ ယုံကြည်ချက်နဲ့ ဗြဟ္မာဘုံရောက်ဖို့ သူတို့ကြိုးစား ကြတာပဲ။

ဗုဒ္ဓခေတ်က ဘာသာတရားတွေ အားလုံးဟာ ဗြဟ္မာ့ပြည်ကို ဦးတည်ထားတာ များပါတယ်၊ ဘာဖြစ်လို့ များတုန်းဆိုတော့ စဉ်းစားတာကိုက တို့ဘဝတွေ ဘာကြောင့်ဖြစ်လာသလဲဆိုတဲ့နေရာမှာ သူတို့စဉ်းစားတာက ဣဿရဆိုတဲ့ ကမ္ဘာကြီးကို အုပ်စိုးတဲ့ အရှင်သခင်ကတို့ကို ဖန်ဆင်းပေးလိုက်တာ၊ သူဖန်ဆင်းပေးလိုက်တဲ့ အခါမှာ တို့တတွေဟာ ကောင်းတာလည်း လုပ်တယ်၊ မကောင်းတာ [၆၆] လည်း လုပ်တယ်၊ သူက ဖန်ဆင်းပြီးပေးလိုက်တဲ့ “အတ္တ” ဆိုတာ ရှိတယ်ပေါ့ ဒါလေးက ဘယ်တော့မှ မသေဘူး၊ သို့သော် သူက ကံတရားတွေကို ပြုလုပ်သည့်အတွက်ကြောင့် အနှောင်အဖွဲ့ ခံရပြီး ဒီဘဝကနေ ဟိုဘဝသွား, ဟိုဘဝကနေ ဟိုဘဝလာ၊ သံသရာ လည်နေရတယ်ပေါ့၊ နောက်ဆုံးမှာ ဖန်ဆင်းရှင်ကြီးနဲ့ ပြန်လည် ပေါင်းဆုံလိုက်ရင် ဒါ မောက္ခမှ လွတ်မြောက်ခြင်းပဲလို့ သူတို့က ဒီလိုယုံကြည်ယူဆကြတယ်။

ဗြဟ္မာပြည်က ဗြဟ္မာကြီးတွေကလည်း ဒီလိုပဲ ယူဆတာပဲ၊ တစ်ခါတုန်းက မြတ်စွာဘုရားက ဗြဟ္မာ့ပြည်ကို ကြွသွားတယ်၊ ဗကဆိုတဲ့ဗြဟ္မာကြီးက မြတ်စွာဘုရားကို ကြိုဆိုတယ်၊ သွာဂတဆိုတဲ့ စကားလုံးက သု+အာဂတ ကောင်းသောလာခြင်းပါလို့ ဆိုတာဟာ အင်္ဂလိပ်စကားလုံး welcome နဲ့ တူတူပဲနော်၊ ကြိုဆိုပါတယ်ပေါ့၊ ရောက်လာတာ အင်မတန်ကောင်းတယ်၊ ကြိုဆိုတယ်၊ ဘာဖြစ်လို့ တုန်းဆိုတော့ ဟောဒီဗြဟ္မာဘုံဟာ မအိုရာ မနာရာ မသေရာ ထာဝရ ဘုံကြီးပါလို့ မြတ်စွာဘုရားကို ဆီးပြီးပြောတယ်။

မြတ်စွာဘုရားက ဒီဗြဟ္မာကြီးဟာ အသိဉာဏ်တုံးလိုက်တာ၊ သူမသိဘူး၊ အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲ သေခြင်းဆင်းရဲ လွတ်တယ် လို့ထင်နေတာ၊ “ငါ မင်းရဲ့သက်တမ်း သိတယ်၊ မင်းဘယ်လောက် ကြာရင် သေရမယ်ဆိုတာကို ငါပြောနိုင်တယ်၊ ဒီမတိုင်ခင်က မင်း ဘယ်ဘဝက လာတာဆိုတာလည်း ငါပြောနိုင်တယ်ပေါ့ ဘာတွေ လုပ်ခဲ့လို့မင်း ဒီဘုံရောက်လာတယ်ဆိုတာလည်း ငါပြောနိုင်တယ်”တဲ့၊ [၆၇] အဲဒီလိုပြောပြီး နောက်ဆုံး ဗကဗြဟ္မာကြီးကို အမြင်မှန်ရစေတယ်။ ဗကဗြဟ္မာ ချွတ်တယ်ဆိုတာ အောင်ခြင်းရှစ်ပါးထဲမှာလည်း ပါတယ်လေ။

အဲဒီတော့ ဗြဟ္မာကြီးကလည်း ဒီလိုယုံတာ၊ ဗြဟ္မာ ကိုးကွယ်တဲ့ လူသားတွေကလည်း ယုံကြတယ်ပေါ့၊ တချို့က ရမ်းယုံတာ မဟုတ်ဘူး၊ သမထကျင့်စဉ်ကို ကျင့်တဲ့အခါ စိတ်ချင်းဆက်သွယ်လို့ ရတာမျိုး ရှိတယ်၊ သမထကျင့်စဉ်ကျင့်ပြီး ဗြဟ္မာတွေနဲ့ ဆက်သွယ်လို့ ရလာတယ်။ ဗြဟ္မာ့ဘုံရဲ့ သက်တမ်းက အင်မတန်မှ ရှည်လျားတဲ့ အတွက် သူတို့စိတ်ထဲမှာ မသေတဲ့ဘုံဘဝလို့ ဒီလို ယူဆလာကြတယ်၊ သက်တမ်းက သိပ်ရှည်တာကိုး။

ဒါကြောင့်မို့လို့ မြတ်စွာဘုရားလက်ထက်က ဘာသာတရား တွေ အားလုံးလိုလိုဟာ ဗြဟ္မာ့ဘုံကို ဦးတည်ပြီး ထာဝရတည်မြဲတဲ့ နေရာတစ်ခုကို ရွေးချယ်ကြတယ်။ အိုခြင်း နာခြင်း သေခြင်းဆင်းရဲက လွတ်ဖို့ကြိုးစားကြတာ၊ ဒီကနေ့ခေတ်လို ရုပ်ဝတ္ထုနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းဖို့ကြိုးစားတာ မဟုတ်ဘူး၊ စိတ်ဓာတ်ရေးရာ ပတ်သက်ပြီးတော့ ဖြေရှင်းဖို့ ကြိုးစားကြတာပေါ့။

အဲဒါကြောင့်မို့လို့ အဇိတတို့ဆိုတာ အဲဒီခေတ်က ခေတ်ပညာ ပေါ့ သူတို့ဝေဒကျမ်းထဲမှာ ဆိုထားတဲ့ အဆိုအမိန့်တွေနဲ့ လောကကြီး ထဲမှာ ဗြဟ္မာဆိုတာ သူတို့သိတယ်၊ ဗြဟ္မာနဲ့ ဘယ်လိုဆက်သွယ်ရမယ်၊ ဘယ်လိုကျင့်ရမယ်ဆိုတာတွေ သိတယ်၊ အဲဒီအတိုင်း သူတို့တော ထွက်ပြီး လိုက်နာပြီး ကျင့်ကြတယ်ပေါ့၊ ကျင့်လို့ အောင်မြင်ကြတယ်၊ [၆၈] သို့သော် ရှေ့လမ်းဆုံးကို ရောက်ပြီလားဆိုတော့ မရောက်သေးဘူး ပေါ့။

မြတ်စွာဘုရားမပွင့်ခင်က ကြည့်လေ၊ တော်တော်လေး ပေါက်ပေါက်ရောက်ရောက် ရောက်ရှိလာတဲ့ပုဂ္ဂိုလ်တွေ ရှိတာပဲ၊ အာဠာရကာလာမတို့ ဥဒကရာမပုတ္တတို့ဆိုတာ ရှိတယ်။ ဒါ ခေါင်းဆောင်တွေရဲ့ နာမည်ပဲ၊ သူတို့နောက်လိုက်တွေလည်း အများကြီးရှိတာပေါ့ အဲဒီလို ကျင့်ကြံကြိုးကုတ်အားထုတ်ခဲ့တဲ့ပုဂ္ဂိုလ် တွေ အများကြီးပဲရှိတယ်။

ဂျိမ်းဘာသာဆိုရင် သူတို့ရဲ့လမ်းဆုံးက ဘာလဲဆိုရင် သညာ အသိစိတ် လုံးဝချုပ်ငြိမ်းတဲ့ဘဝကို “မောက္ခ”လို့ ခေါ်တာ၊ အဲဒါ အသညသတ်ဘုံပဲ၊ သူတို့ကအသညသတ်ဘုံကို ဦးတည်ပြီး အားထုတ်ကြတာ၊ အဲဒီလို ကိုယ့်ပန်းတိုင်နဲ့ကိုယ် ကြိုးစားကြတာ။ ဗုဒ္ဓဘာသာတွေက နိဗ္ဗာန်ကို ပန်းတိုင်ထားသလို, သူတို့လည်းပဲ သူတို့ပန်းတိုင်နဲ့သူတို့ ချီတက်နေကြတာပဲ၊ အဲဒီတော့ တရားအဆင့် တွေက သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ အင်မတန်မှမြင့်တယ် ပေါ့။ သို့သော် သင်္ခါရတရားတွေ လုံးဝချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ဆိုတဲ့ အငြိမ်းဓာတ်ကို ဆိုက်ထိနိုင်လောက်အောင် သူတို့အကျင့်တရားတွေ မပြည့်စုံကြဘူး။

[၆၉] အဇိတရဲ့မေးခွန်း

မြတ်စွာဘုရားက မေးခွင့်ပြုလိုက်တာနဲ့ တစ်ပြိုင်နက် အဇိတ ရသေ့က စတင်မေးတယ်။ သူက တပည့်ကြီးလည်း ဖြစ်တယ်, ခေါင်းဆောင်လာတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ သူကစပြီး မေးခွန်းတွေ မေးတယ်၊ သူမေးတဲ့မေးခွန်းတွေက ၈-ချက်ရှိတယ်။ အဆင့်မြင့်တယ်။
နံပါတ် ၁-အမေး
“ကေန နိဝုတော လောကော” “လောကကြီးကို ပိတ်ဆို့ထားတာလဲ?၊ လူတွေ အသိဉာဏ်မရအောင် ဘာတွေက ပိတ်ဆို့ထားတာလဲ”၊

လောကမှာ လူတွေဟာ ထွက်ပေါက်မရှိဘူး၊ ပိတ်ဆို့ထားတာ၊ ကိုယ့်ဟာကိုယ်ပဲ စဉ်းစားကြည့်၊ ငါ ဘယ်လိုထွက်လို့ ရသလဲ၊ နောက်ဘဝ လူပြန်မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ၊ ဒီဆင်းရဲကနေ ဘယ်လိုလုပ် ထွက်မလဲ၊ ကိုယ့်ဟာကိုယ် ထွက်ပေါက်ရှာကြည့်စမ်းပါ၊ ပိတ်ပိတ် ပိန်းနေမှာ ဘာမှသိမှာ မဟုတ်ဘူးနော်။ အဲဒီတော့ သူကမေးလိုက်တာ “ကေန နိဝုတော လောကော” “လောကကြီးကို ဘာက ပိတ်ဆို့ထားတာတုန်း” ဒီတော့အမျိုးမျိုး ပိတ်ဆို့ထားတာတွေ ရှိကောင်းရှိမယ်၊ အဖြေတွေ အမျိုးမျိုး ထွက်ကောင်း ထွက်လိမ့်မယ်၊ သို့သော် မြတ်စွာဘုရားက ဘယ်လိုဖြေလဲ၊ “အဝိဇ္ဇာယ နိဝုတော လောကော” “ဉာဏ်ရဲ့ ဆန့်ကျင်ဘက် အမှန်မသိခြင်းဆိုတဲ့ အဝိဇ္ဇာတရားက လောကကြီးကို ဆို့ပိတ်ထားတယ်”၊ မောဟက ဆို့ပိတ်ထားတယ်။

[၇၀] ဒါ ဟုတ်တာပေါ့ သိတာနဲ့ မသိတာ အလွန်ကွာခြားတာ၊ မသိဘူးဆိုလို့ရှိရင် ဘာမှကိုမမြင်ရတာ၊ ပြဿနာတစ်ခု ဆင်ခြင် စဉ်းစားကြည့်၊ ဘာမှကို ရှေ့တိုးလို့မရဘူး၊ သူများသိထားတဲ့ လမ်းကြောင်းလေးကို အဟုတ်မှတ်ပြီး လုပ်နေကြတာ၊ တကယ် သိတာမှ ဟုတ်မှမဟုတ်တာ၊ ဥပမာမယ် ဆေးပညာရပ်တွေ လောကီ ပညာရပ်တွေ ရှေးကလူတွေက ဖွင့်ပေးသွားတာကို ကိုယ်က နောက်ကလိုက်သင်လို့သိတာပဲရှိတယ်၊ ကိုယ့်ဟာကိုယ်သိတာ မဟုတ်ဘူး၊ လမ်းလည်း ဆုံးသွားရော ဆို့ပိတ်ခံထားရတာပဲလေ။

ကြည့်လေ-တစ်ခါတစ်ခါကျတော့ ရောဂါတစ်ခု ဘာကြောင့် ဖြစ်တယ်ဆိုတာ ဆေးကျမ်းတွေမှာ ပါတယ်၊ ခေတ်ဆေးကျမ်းတွေမှာ ရော ရှေးဟောင်းဆေးကျမ်းတွေမှာရော ရောဂါဖြစ်ကြောင်းကို ဖော်ပြလေ့ရှိတယ်။ သို့သော် အကြောင်းရှာမတွေ့ဘူးဆိုရင် unknown cause လိုက်ပြောကြတယ်။ ဘာကြောင့်ဖြစ်မှန်း မသိဘူး၊ ဒီမသိခြင်းဆိုတဲ့ မောဟက ဆို့ပိတ်ထားတာပဲ၊ အဖြေထုတ်လို့မရဘူး။

လောကမှာ တချို့ပြဿနာတွေဟာ ဘာကြောင့်ဖြစ်တယ် ဆိုတာ ကနေ့အထိ ဖြေရှင်းလို့ မရတာတွေ ရှိတယ်။ အကုန် ဖြေရှင်းနိုင်တာ မဟုတ်ဘူး၊ ရာခိုင်နှုန်း အနည်းငယ်လောက်သာ ဖြေရှင်းနိုင်တာ၊ မဖြေရှင်းနိုင်တာကျတော့ ဘာပြောတုန်းဆိုရင် miracle လို့ ပြောတာ၊ အင်္ဂလိပ်စကားလုံး miracle လို့ ပြောတဲ့ အဓိပ္ပါယ်က ဘာကြောင့်မှန်း မသိတဲ့ဟာ။

[၇၁] ဘုန်းကြီးတို့ အမေရိကရောက်တုန်းက ဆန်ဖရန်စစ္စကိုနားက ဆန်ဟိုဆေးဆိုတာ ရှိတယ်။ အဲဒီကနေသွားတဲ့အခါ Mystery spot ဆိုတာရှိတယ်၊ အဲဒီမှာ ရေချိန်ကိုက်ပြီးတော့ ချထားတဲ့ သစ်သားတုံး ကြီးရှိတယ်၊ အဲဒီသစ်သားတုံးကြီးဟာ ရေချိန်ကိုက်လို့ရှိရင် ဟိုဘက် ဒီဘက်ညီတယ်၊ သို့သော် ဟိုဘက် တစ်ဖက်က တစ်ဦးရပ်, ဒီဘက် တစ်ဖက်က တစ်ဦးရပ်၊ မတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်လိုက်တဲ့အခါ တစ်ဖက်လူက အထွားကြီး၊ ကျန်တစ်ဖက်လူ ပုပုလေး ဖြစ်တယ်၊ ဘာကြောင့် ဖြစ်တာတုန်းဆိုရင် Mystery spot လို့ ဆိုကတည်းက အဖြေမသိဘူး၊ မဖြေရှင်းနိုင်တဲ့အချက် တစ်ခုပဲ၊ အဲဒါဘာလို့ ဘယ်အရာက ပိတ်ဆို့ ထားတာတုန်းဆိုရင် မသိခြင်းနဲ့ မောဟက ပိတ်ဆို့ထားတာ။

ဘုန်းကြီးနဲ့ သူငယ်ချင်းဘုန်းကြီးတစ်ပါး အဲဒီလိုပဲ ဟိုဘက် ဒီဘက်လှည့်ပြီး ဓာတ်ပုံရိုက်ကြတယ်၊ ထွားတဲ့ဘက်ရပ်တဲ့ ပုဂ္ဂိုလ်က ထွားတာပဲ၊ ပုတဲ့ဘက်ရပ်တဲ့ပုဂ္ဂိုလ်က ပုတယ်၊ တူတူပဲ ရိုက်ထားတာ တော့ လူလဲရိုက်လိုက်လို့ရှိရင် ဟိုဘက်က အထွားကြီးဖြစ်ပြီး ဒီဘက်က အပုဖြစ်တယ်၊ ဒါကတစ်ခု။

နောက် အဆောက်အဦတစ်ခုက ခပ်စောင်းစောင်း ဆောက် ထားတယ်၊ အဲဒီစောင်းထားတဲ့ အဆောက်အဦးမှာ ပျဉ်ပြားလေး တစ်ချပ်ကို စောင်းစောင်းလေး လုပ်ထားတယ်၊ အဲဒီစောင်းစောင်း လေး လုပ်ထားတဲ့ပျဉ်ပြားမှာ ကိုကာကိုလာ သံဗူးလေးကို အဲဒီ ပျဉ်ပြားပေါ် တင်လိုက်ရင် နိမ့်တဲ့နေရာ မဆင်းဘဲ၊ မြင့်တဲ့ဘက် [၇၂] တက်သွားတာ၊ အဲဒါဘာကြောင့်မှန်း မသိဘူး၊ အဲဒီ Mystery spot ကို ၆-ဒေါ်လာ ပေးပြီးတော့ ကြည့်ရတာ၊ စိတ်ဝင်စားလို့ရှိရင် အမေရိကန် သွားကြည့်ကြပေါ့။

“ကေန နိဝုတော လောကော” (လောကဆိုတာ ဒီနေရာမှာ အဓိက လူသားတွေပေါ့) လူသားတွေ သတ္တဝါတွေ မဖြေရှင်းနိုင်တဲ့အချက်တွေ အများကြီးရှိတယ်တဲ့၊ ဒီလိုလမ်းစ ရှာမတွေ့အောင် မဖြေရှင်းလို့ မရလောက်အောင် ဘယ်သူကနေပြီး ဆို့ပိတ်ထားတာတုန်းလို့ မေးလို့ရှိရင် မသိခြင်းဆိုတဲ့ မောဟတရားက ဆို့ပိတ်တယ်တဲ့။

ဗြဟ္မာ့ဘုံကို မြဲတယ်လို့ထင်နေတာလည်း ဆို့ပိတ်ခံရတာပဲလေ၊ ကိုယ်ကျင့်တဲ့အကျင့်ကို မှန်တယ်လို့ ထင်တာလည်းပဲ အဆို့ပိတ် ခံထားရတာပဲလေ၊ လောကမှာ ပစ္စည်းဥစ္စာတွေ ပေါများလာလို့ရှိရင် ချမ်းသာလိမ့်မယ်လို့ ထင်တာလည်း ဆို့ပိတ်ခံထားရတာပဲ၊ တကယ်တော့ မချမ်းသာလာဘူးလေ၊ ကိုယ်ထင်တဲ့ အတိုင်းဟာ တလွဲချည့်ပဲ ဖြစ်နေတာကိုး၊ ပိုက်ဆံချမ်းသာလို့ စိတ်ချမ်းသာလိမ့်မယ် လို့ မအောက်မေ့နဲ့၊ ပိုက်ဆံချမ်းသာပြီး စိတ်မချမ်းသာတဲ့သူတွေ အများကြီးပဲ ရှိတယ်၊ ချမ်းသာမယ်လို့ ထင်တာကိုက ဘာဖြစ်လို့လဲ၊ ဆို့ပိတ်ခံထားရလို့ပဲ။ ဘယ်သူက ဆို့ပိတ်လဲ၊ အဝိဇ္ဇာက ဆို့ပိတ်ထားတယ်။

ဝိဇ္ဇာဆိုတာ သိခြင်း၊ အဝိဇ္ဇာဆိုတာ မသိခြင်း၊ သိခြင်းရဲ့ ဆန့်ကျင်ဘက် မောဟ၊ လောကကြီးတစ်ခုလုံးကို ဆို့ပိတ်နေတာ။

[၇၃] အဝိဇ္ဇာပဲ၊ လူတွေက တိုးတက်တဲ့ခေတ်ကြီးလို့ ထင်တာ၊ အဲဒီလို ထင်နေတာကလည်း ဆို့ပိတ်ခံရလို့ပဲ။

ကြည့်လေ - ဘာသာရေးနဲ့ ပတ်သက်လာလို့ရှိရင်လည်း ယုံကြည်မှုတွေက အမျိုးမျိုးဖြစ်လာတယ်၊ ဒါ သိလို့လား မသိလို့လား၊ တကယ်အစစ်အမှန်ကိုရော ဘယ်သူသိလဲ၊ မသိလို့ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နေကြတာပေါ့၊ အဲဒီလိုဖြစ်နေကြတာကိုက အဆို့ပိတ်ခံထားရလို့ပဲ။

တကယ်က အမှန်တရားဆိုတာ တစ်ခုပဲရှိရမယ်၊ သူကလည်း အမှန်တရား, ဟိုတစ်ယောက်ကလည်း အမှန်တရား၊ “ဣဒ မေဝ သစ္စံ မောဃမည်” ဒါသာအမှန် ကျန်တာတွေ အလကားလို့ ပြောကြတယ်၊ အဲဒီတော့ ဟိုဟာလည်း အမှန် ဒီဟာလည်း အမှန်၊ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆန့်ကျင်နေတယ်ဆိုလို့ရှိရင် တစ်ခုမှန်ရင် ကျန်တစ်ခုဟာ အမှားဖြစ်ရမှာပေါ့၊ အဲဒီတော့ တစ်ခုမှ မမှန်လို့ပေါ့ အမှန်တရားဆိုတာ တစ်ခုပဲ ရှိရမယ်ပေါ့ အေး အဲဒီလိုအမှန်တရားကို ရှာမတွေ့နိုင်တာလည်းပဲ အဝိဇ္ဇာရဲ့ဆို့ပိတ်ခြင်းကို ခံထားရတာပဲ။

ကိုယ့်ကိုယ်ကိုပဲ ပြန်ကြည့်လိုက်ပေါ့ ကိုယ်ဘာကြောင့် ဖြစ်တာတုန်း။ ကိုယ့်ဟာကိုယ် သိလား၊ မသိဘူး၊ Where did you come from? မင်း ဘယ်က လာတာတုန်းဆိုလို့ရှိရင် အိမ်ကလာတာလို့တော့ မဖြေနဲ့ပေါ့၊ ဘယ်ဘဝက လာတာတုန်းဆိုရင် ပြောနိုင်ပါ့မလား၊ မပြောနိုင်ဘူး ဒါလည်း ဘယ်သူက ပိတ်ဆို့ထားတာတုန်းဆိုရင် အဝိဇ္ဇာက ဆို့ပိတ်ထားတာပဲ၊ ဆို့ပိတ်ထားတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။

[၇၄] Where will you go? မင်းဘယ်သွားမလဲလို့ မေးရင်ရော မသိဘူး၊ ဘယ်သွားရမှန်း မသိဘူး၊ မြတ်စွာဘုရားကမေးတဲ့ မေးခွန်းလေးတွေပေါ့၊ “မသိဘူးလား”ဆိုတာ သေရမှာ မသိဘူးလားလို့ မေးတာကျတော့ “သိပါတယ်”ပေါ့ ဘယ်နေ့သေမှာတုန်းလို့ကျတော့ မသိပြန်ဘူးပေါ့ ဟုတ်လား၊ အဲဒီတော့ မသိတာတွေက အများကြီးပဲ၊ ဆို့ပိတ်ထားတာတွေပေါ့၊ အဲဒီလို မသိအောင် ဆို့ပိတ်ထားတာဟာ ဘယ်အရာလဲဆိုတော့ အဝိဇ္ဇာက ဆို့ပိတ်ထားတာလို့ ဒီလို ရှင်းလိုက်တယ်။

အဲဒီတော့ အဝိဇ္ဇာက ဆို့ပိတ်တာ အရေးကြီးတဲ့အချက် ရှိတယ်ပေါ့၊ ဘာလဲဆိုရင် ဒုက္ခကို မသိအောင် ဆို့ပိတ်တယ်၊ ဆို့ပိတ်လို့ ဒုက္ခဟာ ဒုက္ခအသွင် မရှိတော့ဘဲနဲ့ သုခအသွင် ဖြစ်လာတယ်၊ သုခအသွင်ဖြစ်လို့ လိုချင်တဲ့တဏှာ ပေါ်လာတယ်၊ ဒုက္ခကို သုခလို့ ထင်လာတာဟာ ဆို့ပိတ်ခံရခြင်းပဲ။

အဲဒီဒုက္ခဟာ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းတရားကို အမှန်မသိဘူး၊ မသိသည့်အတွက်ကြောင့် သုခဖြစ်လာလိမ့်မယ်လို့ အထင်နဲ့ ကုသိုလ် အကုသိုလ်တွေလုပ်မိတယ်၊ လုပ်မိလို့ ဒုက္ခတွေဟာ ပိုပြီးတော့ များပြားလာတယ်၊ အဲဒီလို အကြောင်းတရားတွေကို မသိတာဟာလည်းဘဲ အဝိဇ္ဇာက ဆို့ပိတ်တာပဲ။

ဒုက္ခနိရောဓ၊ ဒီဒုက္ခတွေဟာ ဘယ်နေရာမှာ ချုပ်ငြိမ်းသွားတာလဲဆိုတာ မသိတော့ ဗြဟ္မာ့ဘုံကြီးကိုပဲ တကယ့်ဒုက္ခတွေ ချုပ်ငြိမ်းတယ်လို့ ထင်တာ၊ တကယ်တော့ မဟုတ်ဘူး၊ ဟိုကျတော့လည်း [၇၅] အိုခြင်း နာခြင်း သေခြင်းနဲ့ သွားတိုးပြန်တာပဲ၊ အဲဒီတော့ အမှန်မသိအောင် အဝိဇ္ဇာကပဲ ဆို့ပိတ်တာပဲ။

အဲဒီလို လုံးဝဒုက္ခတွေ ငြိမ်းတဲ့နေရာကို ရောက်အောင် ဘာလုပ်ရမလဲဆိုတာ အမှန်မသိဘူး၊ မြတ်စွာဘုရား လက်ထက်က အစာဖြတ်ရေငတ်ခံပြီး ကျင့်ရမယ်တို့, ဆူးပေါ်အိပ်ရမယ်တို့၊ အခုကြည့်လေ ကနေ့ခေတ်အထိတောင်မှပဲ အိန္ဒိယနိုင်ငံမှာ ရှိနေသေးတယ်၊ ဒီမှာလည်းရှိမှာပေါ့၊ အိန္ဒိယနိုင်ငံမှာ ရှေးတုန်းကတည်းက အကျင့်တွေ ဘာတွေရှိတုန်းဆိုတော့ ဆောင်းရာသီ အေးပြီဆိုတဲ့အခါ ဂင်္ဂါမြစ်ထဲသွားပြီး ရေချိုးတယ်၊ ဘာဖြစ်လို့ ရေချိုးတာတုန်းဆိုတော့ အလကားရေချိုးတာ မဟုတ်ဘူးနော်၊ ဒါလောက်အေးရဲ့သားနဲ့ ဘာဖြစ်လို့ ချိုးတာလဲ၊ အေးပြီဆိုတဲ့အချိန်မှာ ဂင်္ဂါမြစ်မှာ မနက်ဆိုရင် ရေလာချိုးတဲ့လူတွေ နည်းတာမဟုတ်ဘူး၊ ဘာရည်ရွယ်ချက်နဲ့ ချိုးတာတုန်းဆိုရင် တစ်နှစ်တာ မဟုတ်တာ လုပ်ထားတာတွေကို ရေနဲ့ ဆေးလျှော်ကြတာတဲ့။

မဟုတ်တာ လုပ်ထားတာတွေက ကိုယ့်ပေါ်မှာ ချေးလို တင်နေတာမှ မဟုတ်တာကိုး၊ စိတ်ထဲမှာ ဖြစ်တာတွေလေ လောဘတွေ ဒေါသတွေ မောဟတွေ စိတ်ထဲမှာ ဖြစ်တဲ့ အညစ်အကြေးတွေကို လူရေချိုးရုံနဲ့ ပျောက်ပါ့မလား၊ သို့သော် မပျောက်ဘူးဆိုတာကို မသိဘူး၊ ပျောက်တယ်လို့ပဲ လက်ခံထားတယ်၊ အဲဒါ ဘယ်သူက ဆို့ပိတ်ထားတာတုန်းဆိုရင် အဝိဇ္ဇာက ဆို့ပိတ်ထားတယ်။

[၇၆] ကမ္ဘာမှာ ဘာသာတွေအများကြီးပဲ၊ ဒီ့ပြင်ဘာသာတွေလည်း စဉ်းစားကြည့် အကုသိုလ်ကို ကုသိုလ်ထင်ပြီးတော့ လုပ်နေတာတွေ အများကြီးပဲ၊ ဒါ အဆို့ပိတ်ခံထားရတယ်ဆိုတဲ့ အကြောင်းကို ပြောပြတာပါ။

နည်းနည်းလေး ရှေ့တိုးပြီးတော့ စဉ်းစားလိုက်လို့ရှိရင် ဂင်္ဂါမြစ်ထဲမှာရှိတဲ့ ငါးတွေ ရေသတ္တဝါတွေ ရှိနေတာပဲ ဂင်္ဂါမြစ်ရေချိုးလို့ ဖြူစင်ရမယ်ဆိုရင် အဲဒီငါးတွေဟာ အရင်ဖြူစင်မှာပေါ့ အဲဒါကို မစဉ်းစားနိုင်ဘူးလေ၊ အဲဒီလိုပင်ပင်ပန်းပန်းလုပ်ပြီးတော့ ဒီမကောင်းမှုတွေကို wash away လုပ်နေကြတာပေါ့လေ၊ ဆေးကြောပစ်တယ်ဆိုတဲ့ အယူအဆဟာ ဘယ်တုန်းကတည်းက ရှိတာလဲ၊ ဟိုးရှေးတုန်းကတည်းက ရှိတာ၊ မြတ်စွာဘုရားလက်ထက်ကတည်းက ရှိတာ ယနေ့ထိအောင်ရှိတုန်းပဲ၊ အဲဒါတွေဟာ တကယ့်ကို မှန်ကန်တဲ့ နည်းလမ်းကျင့်စဉ်တစ်ခုကို မသိလို့ဘဲ။

မြတ်စွာဘုရားက ကျင့်စဉ်တစ်ခုကို ဘယ်လိုဟောတုန်းဆိုရင် “အကုသိုလ်တွေက စင်ကြယ်ချင်လို့ရှိရင် အမှန်အကန် နားလည်အောင် ကြိုးစားရမယ်။ မှန်မှန်ကန်ကန် နားလည်ဖို့အတွက် မှန်မှန်ကန်ကန် တွေးတတ်ရမယ်၊ အဲဒီလို မှန်မှန်ကန်ကန်နားလည် မှန်မှန်ကန်ကန်တွေးပြီး ပြောတာလည်း အပြစ်ကင်းရမယ်၊ လုပ်တာလည်း အပြစ်ကင်းရမယ်၊ ကိုယ်ကျင့်တရား ကောင်းရမယ်၊ ကိုယ်ကျင့်တရားကောင်းဖို့ ဘာလိုလဲ၊ ကြိုးစားမှုလိုတယ်၊ ကြိုးစားပြီဆိုရင် သတိထားဖို့လိုတယ်၊ သတိရှိပြီဆိုရင် စိတ်ငြိမ်အောင် [၇၇] ကြိုးစားရမယ်၊ ဒါမှ မှန်မှန်ကန်ကန် မြင်ခြင်းဆိုတဲ့ အသိဉာဏ်ရမယ်” စာလိုပြောရင် မဂ္ဂင်ရှစ်ပါး အကျင့်တရားပေါ့။

မဂ္ဂင်ရှစ်ပါး အကျင့်တရားဆိုတာ စိတ်မှာဖြစ်တဲ့ အညစ်အကြေးကို စိတ်နဲ့ပြန်ဆေးတဲ့ သဘောပဲပေါ့၊ မဂ္ဂင် ၈-ပါးကို ထူထောင်ပေးခြင်းဖြင့် ကိုယ့်သန္တာန်မှာရှိနေတဲ့ positive ဖြစ်နေတဲ့ အကုသိုလ်တွေကို negative ဖြစ်အောင် လုပ်တာပဲ၊ အဲဒီ အကြောင်းတွေကို မသိဘူးဆိုရင် မသိခြင်းက ပိတ်ဆို့ထားတယ်လို့ ဒီလိုပြောတာပေါ့။

နောက်တစ်ခုက အကြောင်းတရားကြောင့် အကျိုးဖြစ်တယ်ဆိုတာလည်း မသိဘူး၊ ပဋိစ္စသမုပ္ပါဒ်နဲ့ပတ်သက်ပြီး ဒါကြောင့် ဒါဖြစ်တယ်၊ ဒါကြောင့် ဒါဖြစ်တယ်ဆိုတာကို မသိဘူး၊ အဲဒီ မသိအောင်လည်းပဲ ဒီအဝိဇ္ဇာက ပိတ်ဆို့ထားတယ်၊ အတိတ်ကခန္ဓာနဲ့ ပတ်သက်ပြီးလည်း မသိဘူး၊ အနာဂတ်ခန္ဓာနဲ့ ပတ်သက်ပြီးလည်း မသိဘူး၊ နှစ်ခုလုံးနဲ့ ပတ်သက်ပြီးလည်း မသိဘူး၊ ပဋိစ္စသမုပ္ပါဒ်လည်း မသိဘူးဆိုတော့ ဟော မသိတဲ့နေရာ ၈-ချက်၊ ဒါ အရေးကြီးတဲ့ မသိတာ ၈-ချက်၊ နာမည်မသိတာတို့ လမ်းမသိတာတို့ ဘာတို့ အများကြီးရှိသေးတယ်။ အဲဒီလို မသိမှုတွေ အများကြီးပဲလို့ ဆိုလိုတယ်၊ အရေးပါတာကတော့ ဒီ ၈-ချက်နဲ့ ပတ်သက်ပြီး မသိတာက အရေးပါတယ်တဲ့။

အဲဒါကြောင့်မို့ မြတ်စွာဘုရားက ဖြေတာ၊ လောကကြီးကို ဘာက ပိတ်ဆို့ထားသလဲ၊ သတ္တလောကကြီးကို ဘယ်သူက [၇၈] ပိတ်ဆို့ထားသလဲဆိုတော့ အဝိဇ္ဇာက ပိတ်ဆို့ထားတာတဲ့နော်၊ ဒီလိုဖြေလိုက်တာ၊ ဒါ
## နံပါတ် ၁-အမေးနဲ့ အဖြေ

နံပါတ် ၂-အမေး

နောက်တစ်ခု သူက ဆက်မေးတယ်။ “ကေန နပ္ပကာသတိ”၊ “လောကလူတွေဟာ အရောင်မတောက်တာ ဘာကြောင့်လဲ၊” လူတွေဟာ လူ့ဘဝရောက်လာပြီးတော့ ဂုဏ်သတင်း ကျော်ကြားတဲ့ပုဂ္ဂိုလ်နဲ့ မကျော်ကြားတဲ့ပုဂ္ဂိုလ်, ကောင်းသတင်းကြွယ်တဲ့ ပုဂ္ဂိုလ်နဲ့ ကောင်းသတင်းမကြွယ်တဲ့ပုဂ္ဂိုလ် ဘယ်သူကများတုန်းဆို မကြွယ်တဲ့ပုဂ္ဂိုလ်ကများတယ်၊ မထင်မရှားဘဲ ဘဝတစ်ခုကို အဆုံးသတ်သွားကြတယ်၊ ကိုယ့်အသိုင်းအဝိုင်းကတောင်မှ မသိတဲ့ပုဂ္ဂိုလ်တွေ လူမသိသူမသိပုဂ္ဂိုလ်တွေ အများကြီးပဲပေါ့ အဲဒီလို လူ့လောကမှာ ဂုဏ်ရောင်မတောက်တဲ့ပုဂ္ဂိုလ်တွေပေါ့၊ အဲဒီလို ဂုဏ်ရောင်မတောက်တာ ဘာကြောင့်လဲ ဆိုတဲ့မေးခွန်း။

အဲဒီမှာ မြတ်စွာဘုရားက ဖြေတာက “ဝေဝိစ္ဆာ ပမာဒါ နပ္ပကာသတိ” အကြောင်းတစ်ခုကို မြတ်စွာဘုရားက ရှင်းတယ်၊ ဝေဝိစ္ဆဆိုတဲ့ အဓိပ္ပါယ်က မစ္ဆရိယ ကို ပြောတာနော်၊ ကိုယ်သာ ကြီးပွားလိုတယ်၊ လောကလူတွေက တကယ့်ကို selfish ကိုယ့်အကျိုးပဲ ကိုယ်ကြည့်တယ်၊ သူများကိုမကြည့်ဘူး၊ ဆိုပါစို့ - လူမှုရေးဆို လုံးဝမလုပ်ဘူး၊ ကိုယ့်ဝမ်းစာသာ ကိုယ်ရှာပြီးတော့ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ရပ်ကွက်ထဲမှာလည်းပဲ မြုပ်သွားတာပဲ [၇၉] ပေါ့ မထင်ရှားဘူးပေါ့၊ ဘာဖြစ်လို့တုန်းဆိုတော့ တစ်ကိုယ်ကောင်းဆန်တာကိုး၊ ဘယ်သူက တစ်ကိုယ်ကောင်းဆန်စေတာလဲဆိုရင် မစ္ဆရိယကပဲ။ မစ္ဆရိယဆိုတဲ့ တရားကြောင့် ဒါနကောင်းမှုဆိုတာ မလုပ်ဘူး၊ မလုပ်သည့် အတွက်ကြောင့် ဒီဘဝမှာလည်း မြုပ်တယ်၊ နောက်သံသရာမှာလည်း သူက မြုပ်သွားလိုက်တာပဲပေါ့ မပေါ်လာတော့ဘူး၊ ဘာနဲ့ အလားတူသလဲဆိုရင် တွင်းတူးတဲ့လူနဲ့ အလားတူတယ်၊ တွင်းတူးတဲ့လူက တွင်းနက်လေ လူက အောက်ရောက်သွားလေ၊ တွင်းနက်လေ လူက အောက်ရောက်သွားလေ၊ အဲဒီလိုပဲ ဝေဝိစ္ဆ ဆိုတဲ့ မစ္ဆရိယ ရှိရင် လောကမှာ ပေါ်လွင်ထင်ရှားလာတဲ့ ပုဂ္ဂိုလ် မဖြစ်ဘူးတဲ့။

နောက်တစ်ခုက ပမာဒ မေ့လျော့မှု၊ မေ့လျော့တယ်ဆိုတာ ကောင်းတဲ့အလုပ်လုပ်ဖို့စိတ်မဝင်စားဘူး၊ ကောင်းတဲ့ အလုပ်ဘက်မှာ စိတ်ကူးမရှိဘူး၊ အပျော်တွေအပါးတွေနဲ့ပဲ အမြဲတမ်းစိတ်ဝင်စားတယ်။ ပမာဒ မေ့လျော့ခြင်းလို့ ခေါ်တယ်၊ အဲဒီ ပမာဒတရား လွှမ်းမိုးခံထားရတဲ့ ပုဂ္ဂိုလ်ဟာလည်းပဲ လောကမှာဘယ်တော့မှ တောက်ပြောင်လာတာ မရှိဘူး။

ကြည့်လေ - အခု မြန်မာနိုင်ငံမှာ ကြည့် တရားဓမ္မကျင့်ကြံ အားထုတ်လို့ ထင်ရှားလာပြီ၊ အကျင့်တရားကောင်းလို့ ထင်ရှားလာပြီဆိုရင် ရဟန္တာဆိုပြီး သွားမဖူးကြဘူးလား၊ အလကားနေရင်း ကျော်တာတော့ မဟုတ်ဘူး၊ မဟုတ်မတရား ကျော်အောင်လုပ်လို့ ကျော်တာလည်း ရှိတော့ရှိတာပေါ့နော်၊ တကယ့်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေ [၈၀] ကျော်လာတာ၊ ပမာဒမရှိလို့ အပမာဒကြောင့် ထင်ပေါ်လာတယ်လို့ ဒီလိုပြောတာ။

မြတ်စွာဘုရားကလည်းပဲ သုတ္တန်တစ်ခုမှာ ဟောထားတာ “မစ္ဆေရာ စ ပမာဒါ” လောကမှာ ဒါနကောင်းမှု မလုပ်ဖြစ်တာ ဘာကြောင့်လဲဆိုရင်
၁။ နှမြောလို့၊
၂။ ကုသိုလ်တရားနဲ့ ပတ်သက်ပြီး မေ့နေလို့တဲ့၊ အဲဒီ ၂-ခု ကြောင့် မလုပ်တာ၊ မလုပ်သည့်အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်ဟာ သံသရာမှာလည်း မြုပ်သွားတယ်၊ ပေါ်မလာဘူး၊ လူ့လောကမှာလည်း ပေါ်မလာဘူး။

ကုသိုလ်ကောင်းမှု လုပ်တဲ့သူတွေက ပေါ်ပေါ်လာတယ်၊ အထက်တန်း ရောက်လာတယ်၊ တစ်ဘဝထက် တစ်ဘဝ အထက်တန်းကျလာတယ်၊ အထက်တန်းကျတယ်ဆိုတာ ပေါ်လာတာပဲ၊ ဒီလိုဆိုလိုတယ်၊ အထက်တန်းရောက်တဲ့ ပုဂ္ဂိုလ်က ထင်ပေါ်ကျော်ကြားလာတာပဲ။

အဲဒါကို မြတ်စွာဘုရားက ဖြေတာ၊ အဇိတက မေးတယ်၊ “ဘာကြောင့် လောကလူတွေဟာ မြုပ်သွားရသလဲ၊ မထင်မရှား ဖြစ်ရသလဲ” မစ္ဆရိယတရားနှင့် ပမာဒတရားကြောင့် လောကမှာ လူတွေဟာ ဂုဏ်အရည်အချင်းအားဖြင့် တိမ်မြုပ်သွားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြရတယ်လို့ နံပါတ် ၂-မေးခွန်းရဲ့အဖြေကို ဒီလိုမှတ်ရမယ်။

[၈၁] နံပါတ် ၃-မေးခွန်း

နံပါတ် ၃-မေးခွန်းက “ကိဿာ ဘိလေပနံ ဗြူသိ” လောကကြီးကို တွယ်တာကပ်ငြိစေတတ်တဲ့တရားက ဘာလဲ?။

မြတ်စွာဘုရားက ဖြေတယ်၊ “ဇပ္ပါ ဘိလေပနံ ဗြူမိ” လောကကြီးကို တွယ်တာကပ်ငြိစေတတ်တဲ့ တရားဟာ ဇပ္ပ ဆိုတဲ့ တဏှာပဲဖြစ်တယ်။ “ဇပ္ပ’ဆိုတာ တဏှာကို ရည်ညွှန်းတာ။ လောကလူတွေက လိုချင်လာလို့ရှိရင် ပြောလာတယ်လေ၊ “လိုချင်လိုက်တာ, လိုချင်လိုက်တာ, ကောင်းလိုက်တာ, ကောင်းလိုက်တာ”လို့၊ ဟင်းကောင်းလေး စားရလို့ရှိရင် ကောင်းလိုက်တာ ကောင်းလိုက်တာ အရသာရှိတယ်လို့ ပါးစပ်က ထုတ်ပြောလာတယ်လေ၊ ဒီဇိုင်းလှလှလေး မြင်လိုက်လို့ရှိရင်လည်း လှလိုက်တာ လှလိုက်တာနဲ့ ပြောတယ်။

အခုခေတ်လူငယ်တွေဆိုရင် ကားကောင်းကောင်းဆိုရင် “ဟာ ကားကမိုက်လိုက်တာ”လို့ ပြောတယ်။ အဝတ်ကောင်းကောင်း ဝတ်သွားတဲ့လူကြီး ဆိုရင် “ဟာ အန်ကယ်ကြီးက မိုက်လိုက်တာ”နဲ့ ပြောသေးတာ၊ အဲဒါ ဘာလဲဆိုရင် “ဇ”ဆိုတဲ့ တဏှာဖြစ်လာပြီဆိုရင် ပါးစပ်က ပြောစေတာပဲ၊ နှုတ်ကကို ထွက်ပြောလာတာ၊ အဲဒါကြောင့် တဏှာကို ဇပ္ပလို့ ပြောတာနော်၊ လူငယ်လူရွယ်တွေပြောတာ အများကြီးပဲ၊ အဲဒါ အရပ်ထဲ ပေါပါတယ်၊ မပြောတော့ပါဘူး၊ မြင်လိုက်ရင် ပြောတာတွေ အများကြီးပဲ ဟုတ်ကဲ့လား၊ ဇပ္ပတဲ့ [၈၂] ပြောစေတာ၊ အဲဒီလို ပြောစေမှုဟာ လောကကြီးကို တွယ်တာ ကပ်ငြိစေတတ်တဲ့အရာပဲ ဖြစ်တယ်တဲ့။

လောကလူတွေဟာ တွယ်ကပ်နေတာ၊ ဘာနဲ့ တွယ်ကပ်နေတာတုန်းဆိုရင် တဏှာနဲ့ တွယ်ကပ်နေတာ၊ အတူတူနေတိုင်း တွယ်ကပ်တာ မဟုတ်ဘူး၊ တွယ်ကပ်မှုဆိုတာ စိတ်ထဲမှာဖြစ်တာ၊ ဆိုပါစို့ - စက္ကူရွက်ကလေး ၂-ရွက်ကို အတူတူထပ်ပြီး ထားကြည့် အဲဒီစက္ကူရွက်ကလေး ၂-ရွက်က ထိနေပေမယ့်လို့ ယူလိုက်ရင် တစ်ရွက်စီပဲ၊ ကပ်မနေဘူး၊ ဘာဖြစ်လို့ ကပ်မနေလဲဆိုရင် ကြားထဲမှာ glue မရှိလို့နော်၊ ကော်မရှိဘူး၊ အဲဒီကြားထဲမှာ ကော်ထည့်လိုက်မယ်ဆိုရင် အဲဒီ ၂-ခုခွါလို့ မရတော့ဘူး၊ အဲဒါလိုပဲ လူတွေမှာ အာရုံကိုသိတဲ့ စိတ်ဆိုတာ ရှိတယ်၊ အာရုံဆိုတာ ရှိတယ်၊ စိတ်နဲ့ အာရုံဟာ ဆုံတယ်၊ ဒါပေမယ့် တဏှာဆိုတဲ့ glue မပါရင် မကပ်ဘူး၊ အခုကပ်တာက တဏှာဆိုတဲ့ glue ကြောင့် ကပ်တာ၊ ဖယ်ရှားရမှာက အဲဒီ glue ကို ဖယ်ရှားရမှာ၊ ဒါကြောင့် အဘိလေပန ဆိုတာ လောကကြီး တွယ်ကပ်နေတာဟာ တဏှာကြောင့် တွယ်ကပ်တာတဲ့၊ တဏှာကို ဖြုတ်လိုက်မယ်ဆိုရင် အသိစိတ်နဲ့ အာရုံတော့ ကျန်နေမှာပဲ။

မက္ကဋာလောလေပသုတ်

မြတ်စွာဘုရားက မက္ကဋာလေပသုတ္တန် မှာ ဟောထားတာ ရှိတယ်၊ ရှေးတုန်းက ဟိမဝန္တာတောင်တန်းမှာ ကော်တွေသုတ်ပြီး မျောက်တွေကို ဖမ်းတာ၊ ငှက်ကလေးတွေကိုလည်းပဲ အဲဒီလို [၈၃] ကော်စေးဖမ်းတာ ရှိတယ်၊ အဲဒါကို အင်္ဂလိပ်လို bird lime တဲ့၊ မျောက်တွေ ဖမ်းတာကျတော့ monkey lime ပေါ့ အဲဒီ lime ဆိုတာ ဘာလဲဆိုရင် super glue ပေါ့နော်၊ လောကမှာ တဏှာဟာ ကော်စေးလိုပဲ၊ တွယ်ကပ်စေတတ်တဲ့ အရာဖြစ်တယ်တဲ့၊ လောကကြီးကို တွယ်ကပ်စေတတ်တဲ့အရာဟာ ဘာလဲဆိုတော့ မြတ်စွာဘုရားက တဏှာလို့ ပြောတာ။

အဲဒီ တဏှာဆိုတာလည်း သာမန်တဏှာ မဟုတ်ဘူး၊ ကောင်းလိုက်တာ ကောင်းလိုက်တာလို့ဆိုပြီး နှုတ်က ထုတ်ပြောတတ်တဲ့ တဏှာမို့ ဇပ္ပလို့ ဒီလိုသုံးလိုက်တာ၊ ဒီစကားလုံးကို ရွေးပြီး သုံးထားတာနော်၊ အဲဒါကြောင့်မို့ “ဇပ္ပါ ဘိလပနံ ဗြူမိ” တဲ့၊ ဇပ္ပါဟာ glue ပဲတဲ့၊ တွယ်ကပ်နေတဲ့အရာတစ်ခု ဖြစ်တယ်၊ သစ္စာလေးပါးမှာ ဆိုရင် တဏှာကို ဒုက္ခသမုဒယသစ္စာ လို့ ဟောလာတာပဲလေ။

နံပါတ် ၄-မေးခွန်း

နောက် နံပါတ် ၄-မေးခွန်းက “ကိသု တဿ မဟဗ္ဗယံ” အဲဒီလို တွယ်ကပ်နေပြီဆိုရင် ကြောက်စရာကောင်းတဲ့အရာဟာ ဘာလဲ?၊ တွယ်ကပ်မိပြီဆိုရင် ဘာတွေဖြစ်လာမလဲ၊ ကြောက်စရာကြီးက ဘာလဲ။

မြတ်စွာဘုရားက “ဒုက္ခမဿ မဟဗ္ဗယံ” အေး တွယ်ကပ်ပြီဆိုရင် ဒုက္ခဖြစ်ပြီပေါ့ အဲဒီဒုက္ခကို တဝဲလည်လည်ပဲ ခံပေတော့၊ လိုချင်နေရင် ဒီဘဝမှာလည်း ဒုက္ခရောက်တာပဲ၊ ဘဝအဆက်ဆက်မှာ [၈၄] လည်း ဒုက္ခတွေရောက်တယ်၊ အခုရနေသမျှ ဒုက္ခတွေဟာ လိုချင်လို့ ရနေတာချည်းပဲ၊ တဏှာတွယ်တာမှုကြောင့် ဖြစ်တဲ့ ဒုက္ခတွေချည်းပဲ၊ ဒါကြောင့်မို့လို့ တဏှာကို ဒုက္ခသမုဒယလို့ မြတ်စွာဘုရားက ဟောထားတာ၊ ဒုက္ခလောက် ကြီးကျယ်တဲ့အရာ ဘယ်ရှိမလဲပေါ့ ပြဿနာထဲမှာ သူကအကြီးမားဆုံး။

လူတွေက ထင်ကြတယ်ပေါ့၊ “ငါ့မှာ အိမ်ရှိတယ် တိုက်ရှိတယ် နေစရာရှိတယ် ကားရှိတယ် စားစရာရှိတယ်၊ သားတွေသမီးတွေ လည်းရှိတယ်၊ ဘာမှ မပူရဘူး၊” ဒီလိုပဲ ထင်တာပေါ့၊ ဘာမှ မပူရဘူးဆိုပြီး နေတာ၊ သို့သော် ဘာမှ မပူရဘူးဆိုတဲ့လူဟာ နောက်ဆုံးအဆုံးသတ်မှာ ဘာတွေဖြစ်ရတုန်း၊ တဖြည်းဖြည်း အိုလာတာ ပူစရာပဲ။ တဖြည်းဖြည်း နာလာတာလည်း ပူစရာပဲ။ နောက်ဆုံး သေဆုံးသွားတာလည်း ပူစရာပဲ။

အေး လူတွေကတော့ ထင်တယ်၊ ဒါသဘာဝပဲ လူ့ဘဝ ဖြစ်လာရင် ဒီလိုပဲ၊ သဘာဝလို့ ထင်နေတာကိုက အဝိဇ္ဇာ ပိတ်ဆို့ခံထားရလို့ ဒီလိုထင်တာပဲ၊ အပိတ်အဆို့ မခံရဘူးဆိုရင် သဘာဝလို့ မမြင်ဘူး၊ ဘယ်လိုမြင်တုန်း problem လို့ မြင်မယ်၊ ပြဿနာလို့ မြင်တယ်၊ ပြဿနာလို့ မြင်လို့ရှိရင် ဖြေရှင်းဖို့ ကြိုးစားလာတာပဲပေါ့။

ဘုရားအလောင်းတွေ ကျတော့ ပြဿနာလို့ မြင်တာ၊ အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲ သေခြင်းဆင်းရဲကို ပြဿနာလို့ပဲ မြင်တယ်၊ သဘာဝလို့ မမြင်ဘူး၊ အဲဒါကြောင့် ဖြေရှင်းဖို့ ကြိုးစားတာ။

[၈၅] ဘဝကိုရတာဟာ မဆုံးနိုင်တဲ့ ဒုက္ခကြီး ရထားတာ၊ ဒါ ကြောက်စရာ ဘေးကြီးတစ်ခုပဲပေါ့၊ ဒီဒုက္ခကြီးကို ဘယ်သူက ပေးတုန်းဆိုရင် ဇပ္ပလို့ခေါ်တဲ့ တဏှာက ပေးတာတဲ့၊ အဲဒီတော့ မြတ်စွာဘုရားဟောတဲ့ တရားတော်တွေက တစ်ထပ်တည်းတွေချည်းပဲ ဒုက္ခသမုဒယဆိုတာ တဏှာပဲ။

နံပါတ် ၅-မေးခွန်း

မေးပြီး နောက်တစ်ခုမေးခွန်းက “သဝန္တိ သဗ္ဗဓိ သောတာ” မစင်ကြယ်မှုတွေ ကိလေသာတွေဟာ လူတွေမှာ အမြဲတမ်းစီးဝင်နေတဲ့ သဘောရှိတယ်။ ဒါကြောင့်မို့ သောတ ရေစီး၊ လျှပ်စစ်မီးကြိုးတွေထဲမှာ electric current တွေဟာ စီးဝင်နေသလိုပဲ၊ စီးဝင်နေရင် အန္တရာယ်ရှိတယ်၊ သွားကိုင်လိုက်တာနဲ့ ဓာတ်လိုက်မယ် ဟုတ်ကဲ့လား၊ လျှပ်စစ်မီးကြိုးထဲမှာ လျှပ်စစ်ဓာတ်အားတွေ စီးဝင်နေတယ်၊ အဲဒီ စီးဝင်နေတာဟာ သွားထိရင် အန္တရာယ် ပေးနိုင်တယ်။

ဘုန်းကြီးတို့သန္တာန်မှာလည်းပဲ ဘာတွေစီးဝင်နေသလဲ ဆိုရင် ကြည့်လေ မျက်စိက အဆင်းကို မြင်လိုက်တဲ့အခါမှာ လိုချင်တဲ့ တဏှာဆိုတာ စီးဝင်လာတာပဲ၊ မုန်းတီးတဲ့ ဒေါသ စီးဝင်လာတာပဲ၊ နားက ကြားတဲ့အသံ နှာခေါင်းက အနံ့ရတဲ့အနံ့၊ ကြိုက်မကြိုက်ပေါ်မှာ လောဘဖြစ်လိုက် ဒေါသဖြစ်လိုက်၊ ဒါတွေက လောဘတွေက စီးဝင်နေတာ၊ ဒေါသတွေက စီးဝင်နေတာ၊ စီးဝင်နေလို့ [၈၆] သောတ (current) လို့ ခေါ်တာပဲ၊ မျက်စိက စီးဝင်တယ်၊ နားက စီးဝင်တယ်၊ နှာခေါင်းက စီးဝင်တယ်၊ လျှာက စီးဝင်တယ်။

ရန်ကုန်မြို့မှာ restaurant စားသောက်ဆိုင်တွေ အများကြီးပဲလေ၊ လျှာကနေပြီး လိုချင်တပ်မက်မှုတွေ စီးဝင်နေတာ၊ အခု မြန်မာထမင်းဟင်းတင်မကဘူး၊ ကိုရီးယားအစားအစာတဲ့၊ ဗီယက်နမ်အစားအစာတဲ့၊ အမျိုးကို စုံနေအောင် မြန်မာလူမျိုးတွေက အကုန်လုံးစားကြတယ်၊ ခန္ဓာကိုယ်ဟာလည်း အထိအတွေ့နဲ့ ပတ်သက်လို့ စီးဝင်တယ်၊ စိတ်ကူးစိတ်သန်းတွေဟာလည်း စီးဝင်တယ်၊ အဲဒါကို မြတ်စွာဘုရားက “သဝန္တိ သဗ္ဗဓိ သောတာ- အရာခပ်သိမ်းမှာ ဒါတွေ စီးဝင်နေတယ်” တဲ့။

အဇိတက သူဒါကို သတိပြုမိတယ်၊ အဲဒီလို စီးဝင်နေတာတွေကို ဘာနဲ့ ပိတ်ဆို့မလဲတဲ့၊ မျက်စိက မြင်ပြီးတော့ လောဘဖြစ်တယ်၊ ဒေါသဖြစ်တယ်၊ နားကကြားပြီးတော့ လောဘဖြစ်တယ်၊ ဒေါသဖြစ်တယ်၊ ဒီလို စီးဝင်နေတဲ့ စီးဝင်မှုတွေကို “သောတာနံ ကိနိဝါရဏံ” ဘာနဲ့ တားမြစ်မလဲတဲ့၊ ဘာနဲ့ ပိတ်ဆို့မလဲ၊ မစီးဝင်နိုင်အောင် ဘာနဲ့ပိတ်မလဲလို့ မေးတာ။

မြတ်စွာဘုရားက ဖြေတယ်၊ “သတိတေသံ နိဝါရဏံ” သတိနဲ့ ပိတ်ပါ၊ သတိထားလို့ ပြောတာနော်။ လက်တွေ့ကျင့်သုံးကြည့်ပေါ့၊ မျက်စိက လောဘဖြစ်လာရင် သတိထားပေါ့ သတိထားလိုက်တာနဲ့ တစ်ပြိုင်နက် လောဘက ဆက်ပြီးတော့ ဝင်လို့မရတော့ဘူး၊ ဒေါသဆက်ပြီးတော့ ဖြစ်လို့မရတော့ဘူး၊ မျက်စိကမြင်တဲ့အာရုံ [၈၇] နားကကြားတဲ့အာရုံမှာ လောဘမဖြစ်အောင် ဒေါသမဖြစ်အောင် သတိထားရမယ်၊ အဲဒီ သတိနဲ့ပဲ ပိတ်ဆို့ပါ၊ မပိတ်ဆို့လို့ရှိရင် သူကဝင်လာလိမ့်မယ်တဲ့၊ မြတ်စွာဘုရားက အဲဒီလို သတိနဲ့ ပိတ်ဆို့ရမယ်လို့ ဟောတယ်။

အဲဒီလိုဆို့ပိတ်တဲ့အရာပေါ်မှာ တကယ့်ကို လုံးဝပိတ်ဆို့နိုင်တဲ့ အရာကျတော့ သတိတစ်ခုတည်းနဲ့ မလုံလောက်ဘူး၊ သတိက စောင့်ကြည့်ရုံလေးပဲ ကြည့်နိုင်တယ်၊ လုံးဝမဝင်နိုင်အောင် ဘာနဲ့ ပိတ်ရမလဲ “သောတာနံ သံဝရံ ဗြူဟိ၊ ကေန သောတာ ပိဓိယရေ၊” မြတ်စွာဘုရားက ဖြေတယ်၊ “သောတာနံ သံဝရံ ဗြူမိ၊ ပညာယေတေ ပိဓိယရေ” ပညာနဲ့ပိတ်ပါတဲ့၊ အဲဒီတော့ ပညာမပါလို့ကတော့ မရဘူး၊ သတိနဲ့ပညာဆိုတာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုကြတယ်။

သတိရဲ့လုပ်ငန်းက အာရုံရဲ့သဘာဝကို အမှတ်ရရုံပဲ ရနိုင်တယ်၊ သူက အာရုံရဲ့သဘာဝကို မသိဘူး၊ ပညာကျတော့ အာရုံကို အမှတ်မရဘူး၊ သဘာဝကိုပဲသိတယ်။ သို့သော် သတိနဲ့ပညာဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုရတယ်၊ ဥပမာ တရားစာအုပ်လေး တစ်အုပ် ဖတ်ချင်တယ်၊ ကိုယ်ဖတ်ချင်တဲ့ စာမျက်နှာကို ဖတ်တဲ့ အခါမှာ မျက်စိနဲ့ကြည့်မယ်၊ သို့သော် မျက်စိက စာအုပ်ကို ဖွင့်မပေးနိုင်ဘူး၊ ကိုယ်ဖတ်ချင်တဲ့ စာမျက်နှာကိုတော့ မျက်စိက ကြည့်ပေးလို့ ရတယ်လေ၊ သို့သော် ဖွင့်မပေးနိုင်ဘူး၊ လက်က ဖွင့်ပေးရတယ်၊ သို့သော် လက်က စာမဖတ်တတ်ဘူး၊ မျက်စိက [၈၈] ကြည့်ရတယ်နော်၊ ဒီ ၂-ခု ပူးပေါင်းပြီး လုပ်ကြရတယ်၊ လက်က ဖွင့်ပေးတယ်၊ မျက်စိက ကြည့်တယ်။

အဲဒီလိုပဲ သတိက အာရုံကို ဦးတည်ပြီး အမှတ်ရပေးတယ်၊ ပညာက သိတယ်၊ ဒီ ၂-ခု ပူးပေါင်းပြီး ဆောင်ရွက်ကြတာ၊ သတိရဲ့ အလုပ်က အာရုံနဲ့ စိတ်ကို ကပ်ပေးရုံပဲ၊ ဒီထက် ပိုမလုပ်နိုင်ဘူး၊ ပညာက အာရုံနဲ့စိတ်ကို ကပ်ပေးနိုင်တဲ့ စွမ်းရည်သတ္တိ မရှိဘူး၊ အာရုံနဲ့စိတ်ကို သတိက ကပ်ပေးလို့ရှိရင် သူက အာရုံရဲ့သဘာဝကို သိနိုင်စွမ်း ရှိတယ်။

သတိ ပညာ ၂-ခု ပူးပေါင်းပြီး အလုပ်လုပ်မယ်ဆိုရင် မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာတွေမှာ ဘာတွေစီးဝင်တယ်ဆိုတာ သတိက information ပေးလိမ့်မယ်၊ သတိ information ပေးတာကို ပညာကသိပြီး မကောင်းရင် ဖယ်ထုတ်မယ်၊ ကောင်းရင် ဆက်လက်ကျင့်သုံးမယ်၊ အဲဒါကျတော့ ပညာရဲ့အလုပ် ဖြစ်တယ်။ အဲဒီ ၂-ခု ပူးပေါင်းပြီးလုပ်တော့မှ ခုနက မပြတ်စီးဝင်နေတဲ့ အကုသိုလ်တွေကို ပိတ်ဆို့ပြီးသား ဖြစ်ပါတယ်တဲ့၊ ဒီစီးဝင်နေတာကို ဘာနဲ့ပိတ်ဆို့မလဲ၊ ဘာနဲ့တားမလဲ၊ သတိနဲ့ ပိတ်ဆို့မယ် တားမယ်လို့ ဖြေတယ်၊ အဲဒီစီးဝင်တာတွေကို အပြီးသတ် ပိတ်ဆို့ပစ်ရင် ဘာနဲ့ ပိတ်ဆို့မလဲဆိုတော့ ပညာနဲ့ ပိတ်ဆို့ရမယ်တဲ့၊ ဒါ မြတ်စွာဘုရားက ဖြေတာ။

[၈၉]

နံပါတ် ၇-မေးခွန်း

နောက် သူက ဘာမေးသလဲဆိုရင် “ကဏေတံ ဥပရုဇ္ဈတိ” ကောင်းပါပြီတဲ့၊ “အဲဒီသတိပညာတွေက ဘယ်နေရာမှာ နောက်ဆုံး ချုပ်ငြိမ်းကြသလဲ၊ အာရုံကိုသိတတ်တဲ့ နာမ်တရားတွေ အာရုံကို မသိတတ်တဲ့ ရုပ်တရားတွေဟာ ဘယ်မှာသွားချုပ်ငြိမ်းသလဲတဲ့၊ သူတို့ကို လုံးဝမပေါ်အောင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်မှာ သူတို့ဟာ အပြီးသတ်ချုပ်ငြိမ်းကြသလဲတဲ့။

မြတ်စွာဘုရားက ဖြေတယ်၊
ယတ္ထ နာမဉ္စ ရူပဉ္စ၊
အသေသံ ဥပရုဇ္ဈတိ၊
ဝိညာဏဿ နိရောဓေန၊
ဧတ္ထတံ ဥပရုဇ္ဈတိ။
ရုပ်တရား နာမ်တရားတွေ အကြွင်းမဲ့ချုပ်ငြိမ်းတဲ့အခါ ဝိညာဏ်လို့ဆိုတဲ့ အသိစိတ် ချုပ်သွားတဲ့အခါ သတိ ပညာ ရုပ် နာမ် အားလုံး ချုပ်တာပဲ။

ဒါ ဘာဖြေတာတုန်းဆိုရင် ပဋိစ္စသမုပ္ပါဒ်ကြည့်၊ “ဝိညာဏပစ္စယာ နာမရူပံ” နော်၊ ဝိညာဏဆိုတဲ့ အသိစိတ်ရှိလာရင် နာမ်တွေရုပ်တွေ ဖြစ်လာမှာပဲ၊ “ဝိညာဏနိရောဓာ နာမရူပနိရောဓော၊” ဝိညာဏဆိုတဲ့ အသိစိတ်ချုပ်ငြိမ်းတာနဲ့ တစ်ပြိုင်နက် နာမရူပဆိုတာ ချုပ်ငြိမ်းသွားတယ်လို့ ဒီလို နိရောဓသစ္စာပိုင်းမှာ မြတ်စွာဘုရားက သူ့ရဲ့မေးခွန်းကို ဖြေလိုက်တယ်။

မေးခွန်းနဲ့ အဖြေက တိုတောင်းပေမယ်လို့ ချဲ့ပြီး ပြောမယ်ဆိုရင် ဒါ ဝိပဿနာကျင့်စဉ်ကြီးတစ်ခုပဲပေါ့ သူ့ဟာသူ ချုပ်ငြိမ်းတာတော့ [၉၀] မဟုတ်ဘူးပေါ့ ဝိညာဏကို ဘယ်လိုချုပ်ငြိမ်းအောင် လုပ်ရမလဲဆိုရင် ခုနက မဂ္ဂင် ၈-ပါးအကျင့်တရားပဲပေါ့၊ ဒါကို ကျင့်ရမှာပေါ့ အဲဒီလို ကျင့်တယ်ဆိုတဲ့အခါမှာ ပထမ ဘာကိုချုပ်အောင် လုပ်ရမလဲဆိုရင် မသိတာကို ချုပ်အောင်လုပ်ရမယ်၊ မသိတာချုပ်ပြီဆိုတဲ့အခါကျလို့ရှိရင် ဒီမသိတာကို အကြောင်းပြုပြီး မိမိသန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ကုသိုလ်အကုသိုလ်ဆိုတဲ့ ကံတရားတွေကို ချုပ်တယ်။ အဲဒီကံတရားတွေ ချုပ်ပြီဆိုမှ ဝိညာဏချုပ်မှာ၊ ဝိညာဏချုပ်ပြီဆိုတော့မှ နာမ်တရားတွေ ရုပ်တရားတွေ ချုပ်မှာ၊ နာမ်တရားတွေ ရုပ်တရားတွေချုပ်မှ ပြင်ပနဲ့ဆက်သွယ်မှုပြုတဲ့ organs တွေ အင်္ဂါရပ်တွေ ချုပ်မယ်၊ အင်္ဂါရပ်တွေချုပ်မှ ဖဿဆိုတဲ့ ဆက်သွယ်မှုတွေ ချုပ်မယ်၊ ဖဿဆက်သွယ်မှုချုပ်မှ ခံစားမှုဆိုတဲ့ ဝေဒနာတွေ ချုပ်မယ်၊ ခံစားမှုဝေဒနာချုပ်မှ တဏှာဆိုတဲ့ တွယ်တာမှု ချုပ်မယ်၊ တွယ်တာမှု ချုပ်မှ ဥပါဒါနလို့ခေါ်တဲ့ စွဲလမ်းမှုတွေ ချုပ်မယ်။ ဥပါဒါန်ပါချုပ်မှ ဘဝဆိုတာ ချုပ်ငြိမ်းသွားမှာပေါ့၊ ကမ္မဘဝ ဥပပတ္တိဘဝတွေ ချုပ်ငြိမ်းသွားမှာပေါ့၊ ဒီလိုဆိုလိုတာပေါ့။

ဒီမေးခွန်းမှာလည်း ပဋိစ္စသမုပ္ပါဒ်နဲ့ ဖြေလိုက်တာ၊ အဲဒီလို ဖြေပြီးတဲ့နောက်မှာ သူမေးလိုက်တဲ့မေးခွန်းက နိဗ္ဗာန်ထိအောင် ရည်ညွှန်းတဲ့ မေးခွန်းပဲ ဖြစ်တယ်။ ဒါပေမယ့်လို့ သူ့ အသိဉာဏ်က မရင့်ကျက်သေးတော့ သူထပ်ပြီး မေးနေပြန်တယ်။

[၉၁]

နံပါတ် ၈-မေးခွန်း

ဘာတွေမေးတုန်းဆိုရင်
ယေ စ သင်္ခါတဓမ္မာသေ၊
ယေ စ သေခါ ပုထူ ဣဓ၊
တေသံ မေ နိပကော ဣရိယံ၊
ပုဋ္ဌော ပဗြူဟိ မာရိသ။
“အဲဒီလိုချုပ်တာ ဟုတ်ပြီ၊ ချုပ်တဲ့နည်းလမ်းရော ရှိရဲ့လား၊ ချုပ်သွားတဲ့ပုဂ္ဂိုလ်တွေရော ရှိလား”

သင်္ခါတဓမ္မ ဆိုတာ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ လေ့လာပြီးတဲ့ပုဂ္ဂိုလ်၊ ဆိုပါစို့ - ခုခေတ်လို ပြောမယ်ဆိုရင် research လုပ်ထားတဲ့ပုဂ္ဂိုလ်ပေါ့၊ တရားအားထုတ်တယ်ဆိုတာ research လုပ်တာပဲလေ၊ တကယ်ကို research ပဲ၊ အကြောင်းကို ရှာတယ်၊ တကယ့်သဘာဝကို တွေ့အောင်ကြည့်တယ်၊ ဒါ research ပဲပေါ့ အဲဒါကို သင်္ခါတဓမ္မ research လုပ်ပြီးပြီ၊ တကယ့်ကို ရုပ်တရား နာမ်တရား အကြောင်းတွေကို ကျကျနန သိထားတဲ့ပုဂ္ဂိုလ်ကို ရဟန္တာပုဂ္ဂိုလ်လို့ ဆိုလိုတယ်။

သေခ ဆိုတာ လေ့လာဆဲပုဂ္ဂိုလ်၊ လေ့လာမှု မပြီးသေးဘူး၊ သဘာဝတရားတွေကို လေ့လာနေတာ အပြီးမသတ်သေးဘူး၊ “တေသံ မေ နိပကော” အဲဒီပုဂ္ဂိုလ်တွေ ကျင့်တဲ့အကျင့်ကို မေးပါတယ်။ ကျင့်နေဆဲပုဂ္ဂိုလ်တွေ ကျင့်ပြီးသားဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုနည်းနဲ့ ဘာကို ကျင့်သုံးသွားကြတာတုန်း၊ အဲဒါကို ဖြေစမ်းပါဦး။

[၉၂] အဲဒါကို မြတ်စွာဘုရားက ဖြေတယ်၊ “ကာမေသု နာဘိဂိဇ္ဈေယျ” ရုပ်နာမ်တွေဆိုတဲ့ ဒီဒုက္ခတွေ ငြိမ်းသွားအောင် လုပ်မယ်ဆိုရင် အရေးကြီးဆုံး အချက်က ဘာတုန်းဆိုရင် မျက်စိက မြင်ရတဲ့ အာရုံတွေပေါ်မှာ မတပ်မက်နဲ့၊ နားကကြားရတဲ့ အသံတွေပေါ်မှာ မတပ်မက်နဲ့၊ နှာခေါင်းက နမ်းရှူရတဲ့အနံ့တွေ၊ လျှာကလျက်ရတဲ့ အရသာတွေ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အထိအတွေ့တွေ၊ စိတ်ကူးထဲမှာ ပေါ်လာတဲ့ နှစ်သက်စရာ အာရုံတွေ၊ ဒါတွေပေါ်မှာ မတပ်မက်နဲ့တဲ့၊ တပ်မက်မှုရှိနေသမျှ လောဘ ဒေါသ ဆိုတာ လာဦးမှာပဲ၊ ကြိုက်မကြိုက် ၂-ခု လာဦးမှာပဲ၊ အဲဒါကြောင့်မို့လို့ အာရုံတရား ကာမဂုဏ်တရားတွေပေါ်မှာ တပ်မက်မှုကို ပထမဖယ်ရှားပစ်ရမယ်လို့ ဆိုလိုတာ။

ဒါကြောင့်မို့လို့ တရားကျင့်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာ retreat ဝင်ရတယ်၊ ၁၀-ရက်စခန်းဝင်တာတို့ ဘာတို့ပေါ့လေ၊ တောသွားကျင့်တယ်ဆိုတာ အာရုံတွေကို ဒီတပ်မက်မှုတွေနဲ့ ပါးသွားအောင် ဆိတ်ငြိမ်တဲ့နေရာမှာ အာရုံငါးပါး မလိုက်စားဘဲနဲ့ စိတ်ကို တရားဓမ္မပေါ်မှာ ငြိမ်အောင်လုပ်ကြတာပေါ့၊ အဲဒါကိုပြောတာ၊ ပထမ ကာမဂုဏ်အာရုံတွေပေါ်မှာ တပ်မက်မှုကို ဖယ်ရှားနိုင်ရမယ်တဲ့။

နောက်တစ်ခုက “မနသာနာဝိလော သိယာ” အေး ကာမဂုဏ်အာရုံတွေကို ဖယ်ရှားလိုက်ပြီ၊ ဒါပေမယ့် စိတ်ထဲမှာ နောက်ကျူနေတဲ့ စိတ်ရဲ့ impurity ၁၄-မျိုးရှိတယ်၊ မာန ဆိုတာလည်း impurity တစ်ခုပဲ၊ မနာလိုတဲ့ ဣဿာဆိုတာလည်း [၉၃] impurity တစ်ခုပဲ၊ ဥဒ္ဓစ္စဆိုတာ စိတ်လေလွင့်တာ၊ ဝိစိကိစ္ဆာဆိုတာ သံသယဖြစ်တာ၊ ဒါတွေက အကုန်လုံး impurity တွေပဲ၊ လောဘ ဒေါသ မောဟ impurity တွေပဲ၊ တရားနဲ့တွေ့လို့ ငိုက်တယ် အိပ်ချင်တယ်၊ ထိန မိဒ္ဓ impurity ပေါ့၊ အဲဒီလို impurity တွေ စိတ်ရဲ့အညစ်အနောက်တွေကို အကုန်လုံးဖယ်ရှားပစ်နိုင်ရမယ်၊ ဒါတွေဖယ်ရှားဖို့ ကျင့်ရမှာ။

အဲဒီတော့ ဒါတွေကိုဖယ်ရှားဖို့ ဘာနဲ့ဖယ်မတုန်းဆိုရင် ဝင်လေ ထွက်လေပေါ်မှာ အာရုံစိုက်ပြီးတော့ သမာဓိစွမ်းအားတွေ တက်လာအောင် လုပ်ရတယ်။ အဲဒီကနေ ဒီထက်အစွမ်းထက်လာလို့ရှိရင် ဒီထက်ပိုပြီးတော့ ဖျောက်နိုင်တယ်၊ ဒီလိုကျင့်ရမှာကို ပြောတာ၊ သမာဓိ ထူထောင်ပြီးတော့ စိတ်ရဲ့အညစ်အကြေးတွေကို ပယ်ဖျောက်ရမယ်၊ အဲဒီလို ကျင့်လိုက်တဲ့အခါမှာ “ကုသလော သဗ္ဗဓမ္မာနံ” သဘာဝတရားအားလုံးမှာ လိမ္မာကျွမ်းကျင်သွားတယ်၊ သိတယ်၊ ဘယ်သဘာဝတရားဟာ ဘာကြောင့်ဖြစ်တယ်၊ ဘာကို အခြေခံပြီးတော့ ဘယ်လိုဖြစ်တယ်၊ ဖြစ်လာလို့ရှိရင် ဘယ်လိုပျက်သွားတယ်၊ ဖြစ်လာတဲ့ သဘာဝတရားတွေဟာ တစ်ခုမှ မမြဲဘူးဆိုတာ လိမ္မာကျွမ်းကျင်တဲ့ အသိဉာဏ်တစ်ခု ရလာပြီ။ အဲဒီလိုရလာအောင် ဘာလုပ်ရမလဲ၊ သတိကြီးစွာထားရမယ်။

မြတ်စွာဘုရားက သတိပဋ္ဌာန်သုတ်မှာ “ကာယေ ကာယာနုပဿီ ဝိဟရတိ။” ကာယ ဝေဒနာ စိတ္တ ဓမ္မ လို့ဆိုတဲ့ ဒီအာရုံလေးမျိုးပေါ်မှာ သတိကပ်ပြီးတော့ အသိဉာဏ်နဲ့တွဲဖက်ပြီး [၉၄] အလုပ်လုပ်သွားမယ် ဆိုလို့ရှိရင် ခုနကပြောတဲ့ ရုပ်နာမ်တွေချုပ်တဲ့ အဆင့်ကို ရောက်သွားနိုင်ပါတယ်၊ ဒါ ကျင့်စဉ်ကို အကျဉ်းချုပ် ဟောလိုက်တာ။

အစပထမ

အဲဒီမှာ - ဒီကျင့်စဉ်ကို ပြန်ပြီးကြည့်မယ်ဆိုရင် “ကာမေသု နာဘိဇ္ဈေယျ” ဆိုတာ ဘာတွေကို ပြောတာတုန်းလို့ မေးမယ်ဆိုရင် အမှန်အတိုင်း နားလည်တယ်၊ right understanding လို့ခေါ်တဲ့ သမ္မာဒိဋ္ဌိ၊ အဲဒီ သမ္မာဒိဋ္ဌိ မှန်မှန်ကန်ကန် မြင်လာတယ်၊ မှန်မှန်ကန်ကန်မြင်လာတဲ့အခါ မှန်မှန်ကန်ကန် စဉ်းစားတယ်၊ မှန်မှန်ကန်ကန် စဉ်းစားတယ်ဆိုတာ ကာမဂုဏ်အာရုံနဲ့ ပတ်သက်တဲ့ အတွေးတွေ မတွေးဘူး၊ ဒေါသနဲ့ပတ်သက်တဲ့ အတွေးတွေ မတွေးဘူး၊ ညှင်းဆဲလိုတဲ့အတွေးတွေ မတွေးဘူး၊ မှန်မှန်ကန်ကန် တွေးတယ်၊ ဒါကြည့်မယ်ဆိုရင် မဂ္ဂင်ရှစ်ပါးပဲပေါ့ ကာမဂုဏ် အာရုံတွေ ပေါ်မှာ တပ်မက်မှုမရှိအောင်ထိန်းဆိုတာ ဘာနဲ့ ထိန်းရမလဲ၊ မဂ္ဂင်ရှစ်ပါးနဲ့ပဲ ထိန်းတာပဲ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ (ကိုယ်ကျင့်သီလ) သမ္မာဝါယာမ၊ စိတ်တွေဟာ ကာမဂုဏ်အာရုံဘက် မရောက်အောင် သမ္မာဝါယာမ က ထိန်းတယ်၊ ဒါတွေမဖြစ်အောင် ကြိုးစားမယ်၊ အဲဒီလိုထိန်းတဲ့အခါမှာ သမ္မာသတိ ကနေပြီးတော့ ညှိပေးတယ်၊ သမ္မာသမာဓိက သမထအာရုံ တစ်ခုတည်းပေါ်မှာ ငြိမ်အောင် လုပ်ပေးထားတယ်၊ သမ္မာသင်္ကပ္ပ က မှန်မှန်ကန်ကန် စဉ်းစားတယ်ဆိုတော့ သမ္မာဒိဋ္ဌိက မှန်မှန်ကန်ကန် မြင်တယ်၊ ဒါတွေနဲ့ပဲ လုပ်ရမှာပဲ၊ ဒီမဂ္ဂင်ရှစ်ပါးအကျင့်တရားကိုပဲ မြတ်စွာဘုရား [၉၅] က ဒီနေရာမှာ အချက် ၃-ချက် ထားပြီးတော့ ဖြေလိုက်တယ်၊ မှန်ကန်တဲ့အကျင့်ဆိုတာ ဘာလဲတဲ့၊ ကာမဂုဏ် အာရုံတွေပေါ်မှာ မတပ်မက်အောင် ကြိုးစားရမယ်။
၁။ နံပါတ် (၁) ကာမဂုဏ်အာရုံတွေပေါ်မှာ မတပ်မက်အောင် ကြိုးစားရမယ်။
၂။ နံပါတ် (၂)က “မနသာနာဝိလော သိယာ' စိတ်ရဲ့အညစ်အကြေးတွေ မဖြစ်စေနဲ့တဲ့၊ ဟော ဒါ သမ္မာဒိဋ္ဌိကို ဦးဆောင်ပြီးတော့ ပေးလိုက်တဲ့သဘောပဲ၊ စိတ်ထဲက အညစ်အကြေးတွေ မဖြစ်စေနဲ့တဲ့။
၃။ (၃) “ကုသလော သဗ္ဗဓမ္မာနံ' သမ္မာဒိဋ္ဌိကို ပြောတာပဲ၊ သဘာဝတရားတွေကို အမှန်ကျွမ်းကျင်တဲ့ အသိဉာဏ်ရှိအောင် လုပ်တဲ့၊ အဲဒီလို အသိဉာဏ်ရှိဖို့အတွက် ဘာအထောက်အကူ ယူရမတုန်းဆိုရင် ‘သတော ဘိက္ခု ပရိဗ္ဗဇေ' သတိကြီးကြီးနဲ့ လုပ်ပါဆိုတော့ တကယ်ခြုံပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဒါမဂ္ဂင်ရှစ်ပါး အကျင့်တရားကို ဟောတာပါပဲ။

အဲဒီလို ကျင့်ကြံကြိုးကုတ်အားထုတ်မယ်ဆိုရင်တဲ့ ရုပ်တွေ နာမ်တွေဟာ အပြီးသတ်ချုပ်သွားပါလိမ့်မယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါလိမ့်မယ်လို့ ဟောတာဖြစ်တယ်။

မြတ်စွာဘုရားက မေးခွန်းရှစ်ချက်ကို အသီးသီး အဖြေထုတ် ပေးလိုက်တဲ့အခါမှာ အဇိတဆိုတဲ့ရသေ့ကြီးဟာ သူ့တပည့် ၁၀၀၀ နှင့်အတူတကွ အသိဉာဏ်တွေပေါက်ပြီး တစ်ထိုင်တည်းမှာပဲ မဂ်လေးပါး ဖိုလ်လေးပါး ဆင့်ကဲဆင့်ကဲ မျက်မှောက်ပြုပြီး ရဟန္တာပုဂ္ဂိုလ်ကြီး ဖြစ်သွားပါတယ်တဲ့။

[၉၆] ရဟန္တာလည်း ဖြစ်သွားရော မြတ်စွာဘုရားက “ဧဟိ ဘိက္ခု” ခေါ်တယ်လို့ အဋ္ဌကထာမှာတော့ မှတ်တမ်းတင်မထားဘူး၊ ပါဠိတော်မှာလည်း ဒါတွေ မရေးတော့ဘူး၊ သို့သော် တရားထူး တရားမြတ်ရတယ်ဆိုရင် အရှင်ကောဏ္ဍညထုံးစံပဲ၊ တရားရသွားတာ နဲ့ တစ်ပြိုင်နက် “အရှင်ဘုရား တပည့်တော်သာသနာဘောင် ဝင်ခွင့်ပြုပါ”လို့ ခွင့်တောင်းရင် မြတ်စွာဘုရားက “ဧဟိ ဘိက္ခု” လို့ ခေါ်မယ်။ ခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ဆံကေသာ ထူလပျစ် မုတ်ဆိတ်ဖားလျားကြီးတွေ အကုန်ပျောက်ပြီး တန်ခိုးဖြင့်ပြီးတဲ့ သပိတ်သင်္ကန်း ဝတ်ဆင်လျက် ရဟန္တာပုဂ္ဂိုလ် အသွင်သဏ္ဌာန် ရသွားပါတယ်တဲ့၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေဟာလည်းပဲ ဒီမေးခွန်းအဖြေကို နာရင်းကနေပြီး ဓမ္မစက္ခုဆိုတဲ့ တရားမျက်စိတွေ ရရှိပြီးတော့ သွားကြတယ်လို့ အဋ္ဌကထာမှာ ဒီလိုမှတ်တမ်း တင်ထားပါတယ်၊ အဲဒီတော့ အဇိတ ဆိုတဲ့ ရသေ့ဟာ သူ့တပည့်အခြံအရံ ၁ဝဝဝ နဲ့ အတူတကွ သူဟာ ဒီမေးခွန်းနဲ့ အဖြေအဆုံးမှာပဲ ရဟန္တာ ဖြစ်သွားတယ်။

ဒီကနေ့ အဇိတရဲ့မေးခွန်းကို မြတ်စွာဘုရားဖြေပုံဖြေနည်းကို ရှင်းလင်းဟောကြားခြင်း ဖြစ်ပါတယ်၊ တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် မေးခွန်းနှင့် အဖြေများကို ကြားနာရသဖြင့် မိမိတို့သန္တာန်မှာ အသိဉာဏ်များရရှိပြီး မှန်ကန်တဲ့အကျင့်ကို ကျင့်ခြင်းဖြင့် မှန်ကန်တဲ့အငြိမ်းဓာတ် နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။
သာဓု •
သာဓု •
သာဓု

[၉၇] (တိဿမေတ္တေယျနှင့် ပုဏ္ဏက၏အမေးကို ဖြေဆိုခြင်း)

သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂- ခုနှစ် နတ်တော်လဆန်း ၄-ရက်၊ ခရစ်နှစ် ၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၁ဝ- ရက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သာသနာရေး ဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဇမ္ဗူသီရိဗိမာန်တော်တွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ အနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွား မိဘဆွေမျိုးများနှင့် ဦးတင်နိုးတို့အား ရည်စူး၍ မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

“ပါရာယနဒေသနာ”

ပါရာယနသုတ်ကို ပါဠိတော်အုပ်ရေ ၄၀-ထဲမှာ အပါအဝင်ဖြစ်တဲ့ စူဠနိဒ္ဒေသပါဠိ လို့ခေါ်တဲ့ အဲဒီပါဠိတော်ကျမ်းစာထဲမှာလည်းပဲ ဖွင့်ဆိုထားတာ ရှိတယ်၊ စူဠနိဒ္ဒေသ မဟာနိဒ္ဒေသ ကျမ်း ၂-ကျမ်းရှိတယ်၊ မဟာနိဒ္ဒေသကျမ်း က သုတ္တနိပါတ်မှာလာရှိတဲ့ အဋ္ဌကဝဂ်လာသုတ်တွေရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုတာ။ အဋ္ဌကထာ ဖွင့်ဆိုတဲ့နည်းနဲ့ မတူညီဘူး။ တစ်ပုံစံ ဖွင့်ဆိုထားတဲ့ ရှေးဟောင်းအဋ္ဌကထာတစ်ရပ်လို့ ပြောရမယ် ထင်ပါတယ်၊ အခု ပါရာယနဝဂ်တစ်ဝဂ်လုံးကို စူဠနိဒ္ဒေသပါဠိကျမ်းမှာ [၉၈] အဓိပ္ပါယ်ပြည့်စုံစွာ ဖွင့်ပြထားတယ်၊ ပါရာယနကို ဖွင့်ဆိုတဲ့ သုတ္တနိပါတ်အဋ္ဌကထာ ထက် ပိုပြီးတော့ ပြည့်စုံတယ်။ ပါရာယနသုတ်မှာလာတဲ့ တချို့မေးခွန်းပုစ္ဆာတွေရဲ့ ရှင်းလင်းချက်ကိုလည်း ဗုဒ္ဓလက်ထက် ရဟန်းတော်တွေ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း မှတ်တမ်းရှိတော့ ဒီသုတ္တန်ဟာ ဘုရားလက်ထက် ကတည်းက ထင်ရှားတဲ့ သုတ္တန်တစ်ခုဖြစ်တယ်ဆိုတာ သိသာ။ ဓမ္မစကြာနဲ့ အနတ္တလက္ခဏသုတ် ဟောပြီး သိပ်မကြာခင် ဗာဝရီပုဏ္ဏားကြီးရဲ့တပည့် ဗြာဟ္မဏရသေ့ ၁၆-ဦး (တစ်ဦးလျှင် တပည့်ပရိသတ်တစ်ထောင်စီ) အခြံအရံတွေနဲ့သွားကြတယ်၊ သူတို့ရဲ့ မေးခွန်းတွေကို ဖြေဆိုထားတဲ့ သုတ္တန်ဖြစ်လို့ ဗုဒ္ဓမြတ်စွာ သာသနာတော် တည်ထွန်းကာစက သုတ္တန်ကြီးတစ်ခုလို့ ပြောလို့ ရတယ်ပေါ့။

အဲဒီတော့ မနေ့ကဟောခဲ့တဲ့ “အဇိတရဲ့အမေးကို ဖြေဆိုခြင်း” မှာ “နာမ်ရုပ်တွေ ဘယ်မှာ အပြီးသတ်ချုပ်သလဲ” ဆိုတဲ့ အမေးကို “ဝိညာဏဿ နိရောဓေန၊ ဧတ္ထိတံ ဥပရုဇ္ဈတိ” ဝိညာဏ်ချုပ်တဲ့ နေရာမှာ နာမ်ရုပ်တွေ အပြီးသတ်ချုပ်တယ်လို့ ဖြေတယ်။ ပဋိစ္စသမုပ္ပါဒ်မှာလည်း “ဝိညာဏနိရောဓာ နာမရူပ နိရောဓော” လို့ဆိုတယ်၊ ဆိုလိုတာကတော့ နိဗ္ဗာန်မှာချုပ်တယ်ပေါ့။

အဲဒီမှာ စူဠနိဒ္ဒေသပါဠိတော်မှာ ပါတာကို နည်းနည်း ဖြည့်စွက်ပြီး မှတ်ဖို့ ဒီကနေ့ ထပ်ပြောပါ့မယ်၊ မနေ့က သာမန်ပဲ ဟောခဲ့တယ်၊ “ဝိညာဏနိရောဓာ နာမရူပနိရောဓော”၊ အဲဒီ [၉၉] ဝိညာဏနိရောဓာ ဆိုတဲ့နေရာမှာ ဝိညာဏ ဆိုတာ ဝိပါက ဝိညာဏ ရှိသလို ကမ္မဝိညာဏ ဆိုတာလည်း ရှိတယ်၊ အဲဒီ ကမ္မဝိညာဏကိုပဲ စာပေမှာ အဘိသင်္ခါရဝိညာဏ လို့ သုံးတယ်၊ စူဠနိဒ္ဒေသပါဠိတော်မှာ ဝိညာဏဿနိရောဓေန ဆိုတဲ့နေရာမှာ ဝိညာဏကို အဘိသင်္ခါရ ဝိညာဏ လို့ ဆိုတယ်၊ အဘိသင်္ခါရဝိညာဏ် လို့ဆိုတဲ့ ကံတရား ချုပ်ငြိမ်းမှုကြောင့် နာမ်ရုပ်တွေ အားလုံး ချုပ်တယ်လို့ ဒီလိုပြောတာ၊ အဲဒါလေး ဖြည့်စွက်ပြီးတော့ မှတ်ဖို့ပါ။ သောတာပတ္တိမဂ် ရလာတာနဲ့ တစ်ပြိုင်နက် ကံတွေရဲ့ အကျိုးပေးနိုင်တဲ့ အတိုင်းအတာ တစ်ခုဟာ ၇-ဘဝပဲ ရှိတော့တယ်၊ ၇-ဘဝ ဟိုဘက်မှာ ဒီအဘိသင်္ခါရဝိညာဏ တွေဟာ ဆက်ပြီး ဖြစ်နိုင်ခြင်းမရှိတော့ဘူး။ ဘာကြောင့်လဲဆိုရင် ဒိဋ္ဌိ ဝိစိကိစ္ဆာဆိုတဲ့ ကိလေသာကို ဖယ်ရှားလိုက်လို့ပဲ။

နောက် သကဒါဂါမ်ဖြစ်သွားလို့ ရှိရင်လည်းပဲ ကာမရာဂ ဗျာပါဒတွေ အားပျော့သွားသည့်အတွက်ကြောင့် တိုတောင်းသည့် ဘဝတစ်ခုတာမျှသာ ကမ္မဝိညာဏက အလုပ်လုပ်နိုင်တော့တယ်၊ အနာဂါမ်ဖြစ်လို့ရှိရင်လည်းပဲ ကာမဘုံက လုံးဝလွတ်မြောက် သွားတယ်၊ ကာမဘုံကိုအကျိုးပေးမယ့် အဘိသင်္ခါရဝိညာဏ်တွေဟာ လုံးဝချုပ်သွားပြီ၊ ရူပဘုံအရူပဘုံမှာ ထပ်ဖြစ်နိုင်သော်လည်း ဘဝမှာ အကြာကြီးကျင်လည်ခြင်း မရှိတော့ဘူး၊ ကာမဘုံက လွတ်သွားပြီ။ ရဟန္တာဖြစ်သွားပြီဆိုရင် အဘိသင်္ခါရဝိညာဏ် လို့ဆိုတဲ့ ကံတွေဟာ အားလုံးချုပ်သွားတယ်၊ တကယ်တော့ ကံကုန်တယ် ဆိုတာဟာ ကိလေသာတွေ ကုန်သွားလို့ပဲ၊ “ကိလေသနိရောဓေ [၁၀၀] ကမ္မနိရောဓော” တဲ့၊ ကိလေသာတွေ ငြိမ်းလို့ ကံကငြိမ်းရတာ၊ ကိလေသာက ကုန်သွားသည့်အတွက်ကြောင့် ကံဟာ ပဋိသန္ဓေ အကျိုးပေးနိုင်ခြင်း မရှိတော့ဘူး၊ ဘဝတစ်ခုကို အကျိုးမပေးတာကို ပြောတာနော်။

ဆိုပါစို့ - မြတ်စွာဘုရားရဲ့ သန္တာန်မှာ ကိလေသာတွေ ကုန်သွားတယ်၊ ကုန်သွားသည့်အတွက်ကြောင့် အတိတ်က online ဖြစ်နေတဲ့ကံတွေဟာ လက်ရှိဘဝမှာ အကျိုးသက်ရောက်မှု ရှိနေသေးတယ်ပေါ့ ဒါကြောင့် မြတ်စွာဘုရားမှာ ခေါင်းတော်ခဲရခြင်း၊ ဝမ်းတော်လားရခြင်းဆိုတာ ဖြစ်တယ်။ ကံရဲ့အကျိုးဆက်တွေ ရှိနေတဲ့ အချိန်မှာ ဒီကံကြမ္မာရဲ့ နှောင့်ယှက်မှုလေးတွေ ရှိတာပေါ့။ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးမှာ၊ ကိလေသာတွေ ကုန်သွားသည့်အတွက်ကြောင့် သူ့သန္တာန်မှာ ဖြစ်ခဲ့တဲ့ကံတွေဟာ ဘဝတစ်ခု ဖန်တီးနိုင်လောက်အောင် စွမ်းရည် သတ္တိမရှိဘူး၊ သို့သော် ဒုက္ခရောက်အောင်တော့ ကံတွေက လုပ်နိုင်သေးတယ်၊ အဲဒီ ကိလေသာနဲ့ ကံတို့ရဲ့ အကျိုးဆက်ဟာ remain ဖြစ်နေသေးလို့ ဒုက္ခပေးတာပါလို့ ဒါ ဒီလိုပြောတာနော်။

အဲဒီတော့ ကံချုပ်တယ်ဆိုတာဟာ နောင်ဘဝမှာ ဘဝတစ်ခု တည်ဆောက်နိုင်လောက်အောင် အင်အားမရှိတော့တာလို့ မှတ်ရမယ်။ ရတနသုတ်မှာ ခီဏံ ပုရာဏံ- ကံဟောင်းတွေ ကုန်သွားပြီ၊ ဘာကြောင့် ကုန်တာတုန်း၊ ကိလေသာတွေကုန်လို့ ကုန်တယ်ပြောတာ၊ နဝ နတ္ထိသမ္ဘဝံ- ကံအသစ်လည်း မဖြစ်လာတော့ [၁၀၁] ဘူး၊ ဘာဖြစ်လို့မဖြစ်တုန်းဆိုကိလေသာ မရှိတော့လို့ ပဋိစ္စသမုပ္ပါဒ်ထဲ သွင်းကြည့်မယ်ဆိုရင် “အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂနိရောဓာ သင်္ခါရနိရောဓော”လို့ ဒီလိုပြောတာ၊ အဝိဇ္ဇာချုပ်တယ်လို့ ပြောတာဟာ ကိလေသာချုပ်တာပဲပေါ့ အဲဒီကိလေသာတွေ ချုပ်သွားလို့ရှိရင် သင်္ခါရလည်းပဲ ချုပ်တယ်လို့ ဒီလိုဆိုလိုတာ၊ သင်္ခါရဆိုတာ ကံပဲပေါ့ အဲဒီတော့ သင်္ခါရချုပ်သွားလို့ရှိရင် “သင်္ခါရ ပစ္စယာ ဝိညာဏံ”ဆိုတာ မဆက်ပါတော့ဘူး၊ “သင်္ခါရနိရောဓာ ဝိညာဏနိရောဓော” လို့ ဒီလိုဆိုလိုတယ်။

အဲဒီဝိညာဏ ချုပ်သွားရင်၊ ဝိညာဏကျတော့ ဒါ ဝိပါက ဝိညာဏနဲ့ အဘိသင်္ခါရဝိညာဏ (သို့မဟုတ်) ကမ္မဝိညာဏ ၂- ခုစလုံးကို ရည်ညွှန်းပြီးတော့ ကံနဲ့ပတ်သက်တဲ့ ဝိညာဏ၊ အကျိုးဆက်နဲ့ပတ်သက်တဲ့ ဝိညာဏ၊ ၂-ခုစလုံး ချုပ်သွားသည့် အတွက်ကြောင့် ဘဝတစ်ခုမှာ ရုပ်နဲ့ နာမ်နဲ့ ပေါ်စရာအကြောင်း မရှိတော့ဘူးလို့ ဒီလိုဆိုလိုတာနော်၊ အဲဒါလေး ဖြည့်စွက်မှတ်ပြီးတော့ ဒီကနေ့ “တိဿမေတ္တေယျ၏အမေးကို ဖြေဆိုခြင်း” ဆိုတာ ဆက်ပြီးတော့ မှတ်ကြရအောင်။

တိဿမေတ္တေယျ၏ အမေးကို ဖြေဆိုခြင်း

ဒုတိယခေါင်းဆောင်က တိဿမေတ္တေယျ၊ ၁၆-ယောက်ရှိတဲ့ အထဲ တိဿမေတ္တေယျ အလှည့်ကျတယ်၊ မြတ်စွာဘုရားကို ကိုယ့်ရင်တွင်းက မရှင်းလင်းတဲ့သံသယတွေနဲ့ ပတ်သက်ပြီး [၁၀၂] မေးကြတာပေါ့ တစ်ဦးနဲ့တစ်ဦး မေးခွန်းချင်းဟာ မထပ်ကြဘူး၊ တိဿမေတ္တေယျမေးတဲ့ မေးခွန်းတွေက အားလုံး ၃-ဂါထာ ရှိတယ်။

နံပါတ် ၁-မေးခွန်း

တိဿမေတ္တေယျက ဘာမေးတုန်းဆိုတော့ “ကောဓ သန္တုသိတော လောကေ” လောကမှာ တင်းတိမ်ရောင့်ရဲမှုရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူလဲ?

သန္တုသိတ ဆိုတာ ရောင့်ရဲမှုရှိသူ၊ လောကမှာ ရောင့်ရဲ တင်းတိမ်မှု မရှိကြဘူး၊ ဒါကြောင့်မို့လို့ ရောင့်ရဲတင်းတိမ်မှုရှိသူ၊ ဘဝမှာ ကျေနပ်ပြီး ရောင့်ရဲသွားတဲ့ပုဂ္ဂိုလ်ဟာ ဘယ်ပုဂ္ဂိုလ်ပါလဲ။ ဘုန်းကြီးတို့တတွေဟာ ရှိတာနဲ့ မကျေနပ်ကြဘူးလေ၊ ဥပမာ ဒီဘဝ ဒုက္ခသုက္ခရောက်တယ်ဆိုရင် နောင်ဘဝ မျှော်လင့်နေတာပဲ၊ ဒီကနေ့ ကြုံတွေ့နေရတဲ့ဘဝအပြင် နက်ဖြန်ခါ ဘာဖြစ်မှာလိုလို မျှော်လင့်ချက်ကလေးတွေနဲ့ နေကြတာလေ၊ ခု လက်ရှိအနေအထား ပေါ်မှာ ကျေနပ်နေတဲ့လူသိပ်မရှိဘူး၊ မရှိလို့ လူတိုင်းလူတိုင်းဟာ tomorrow, tomorrow နဲ့ နေနေကြတာလေ၊ နက်ဖြန်ခါ နက်ဖြန်ခါနဲ့၊ နက်ဖြန်ခါ ကောင်းစားမယ်၊ နက်ဖြန်ခါ ကောင်းစားမယ်၊ ဟော နောက်လကျ ကောင်းစားမယ်၊ နောက်နှစ်ခါကျ ကောင်းစားမယ်၊ ဘာနဲ့တူတုန်းဆိုရင် ထီထိုးထားတဲ့ လူလိုပဲ၊ ထီထိုးထားတဲ့လူက ကိုယ့်နံပါတ် ပေါက်မယ်ပဲ ထင်တာပဲ၊ အဲဒီလို မျှော်လင့်ချက်ကလေး [၁၀၃] တွေနဲ့ အသက်ရှင်တာ၊ ကျေနပ်နေတာ မဟုတ်ဘူး၊ လူတွေဟာ ရှိတာလေးနဲ့ ကျေနပ်မှုမရှိဘူးတဲ့။ ကျေနပ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်လဲလို့ဆိုတာ မြတ်စွာဘုရားက ဖြေတယ် “ကာမေသု ဗြဟ္မစရိယဝါ” ကျေနပ်နေတဲ့ ပုဂ္ဂိုလ်ဆိုတာတဲ့ ကာမဂုဏ်အာရုံတွေပေါ်မှာ အပြစ်မြင်ပြီးတော့ မဂ္ဂင်ရှစ်ပါး အကျင့်တရား မြတ်သောအကျင့်ကျင့်နေတဲ့ပုဂ္ဂိုလ် (သို့မဟုတ်) ကျင့်ပြီးတဲ့ပုဂ္ဂိုလ်ဟာ ကျေနပ်နေတဲ့ ပုဂ္ဂိုလ်ပဲတဲ့။

ကာမဂုဏ်အာရုံတွေဆိုတာ လိုချင်စရာတွေပဲ။ လောကမှာ လိုချင်စရာတွေက အများကြီး၊ အဲဒီလိုချင်စရာတွေကို အားလုံး ခြုံငုံပြောလို့မယ်ဆိုရင် လိုချင်စရာက ငါးမျိုးပဲရှိတယ်၊ ပစ္စည်းနဲ့ပြောမယ် ဆိုရင် မရေမတွက်နိုင်အောင် များတယ်ပေါ့ လိုချင်စရာတွေက super market သွားကြည့်ပေါ့နော်၊ လိုချင်စရာတွေက ဆုံးကို မဆုံးနိုင်ဘူး၊ ရမယ်ဆိုရင် ယူမယ့်လူချည်းပဲနော်။

အဲဒီမှာ လိုချင်စရာဆိုတာကို ခြုံငုံပြီး ပြောမယ်ဆိုရင် လိုချင်စရာဟာ ငါးမျိုးရှိတယ်၊ အဲဒီငါးမျိုးကို ကာမလို့ ခေါ်တယ်၊ ငါးမျိုးက ဘာလဲလို့ဆိုရင် မျက်စိကမြင်ရတဲ့ နှစ်သက်စရာ အဆင်းအာရုံ၊ နားက ကြားလို့ရတဲ့ နှစ်သက်စရာ အသံအာရုံ၊ နှာခေါင်းက နမ်းရှူလို့ရတဲ့ နှစ်သက်စရာ အနံ့အာရုံ၊ လျှာက လျှက်ပြီး သိရတဲ့ နှစ်သက်စရာ အရသာအာရုံနဲ့ ခန္ဓာကိုယ်က ထိတွေ့ပြီး သိရတဲ့ နှစ်သက်စရာ အထိအတွေ့အာရုံတဲ့၊ အဲဒီအာရုံငါးမျိုးဟာ [၁၀၄] sensual pleasure လိုချင်စရာ အာရုံတွေပဲ၊ အဲဒီ အာရုံတွေကို ကာမလို့ခေါ်တယ်။ အဲဒီ လိုချင်စရာ နှစ်သက်စရာအာရုံတွေကို နှစ်သက်နေတဲ့ တဏှာကိုလည်း ကာမလို့ ခေါ်တယ်၊ ဒါကြောင့် “ကာမေသု ဗြဟ္မစရိယဝါ” ဆိုတဲ့နေရာမှာ ကာမဆိုတာကို ၂-မျိုး မှတ်ရမယ်။

ကာမ ၂-မျိုး

တစ်မျိုးက ဝတ္ထုကာမလို့ ခေါ်တယ်၊ ဝတ္ထုကာမဆိုတာ အာရုံ ၅-မျိုးကိုပြောတာ၊ လောကမှာရှိတဲ့ ပစ္စည်းတွေအားလုံး ဒီထဲသွင်းလို့ ရတယ်ပေါ့၊ အမျိုးအမည်တွေ ထုတ်နေမယ်ဆိုရင်မဆုံးနိုင်တော့ဘူး၊ အားလုံးကို ၅-မျိုးနဲ့ပဲ ပြောလို့ရတယ်၊ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံပေါ့၊ အဲဒီအာရုံ ၅-မျိုးက ဝတ္ထုကာမလို့ ခေါ်တယ်၊ “ကာမိယတီတိ ကာမော”ဆိုတဲ့ အဓိပ္ပါယ်နဲ့ လိုချင်စရာတွေကို ကာမလို့ခေါ်တယ်။

အဲဒီလိုချင်စရာတွေကို လိုချင်တဲ့ လောဘကိုလည်း ကာမလို့ ခေါ်တယ်၊ အဲဒီကာမကို ကိလေသာကာမလို့ ပြောတယ်၊ ဒါကြောင့် ကာမဆိုတဲ့ စကားလုံးဟာ ၂-ခု ရှိတယ်၊ ဝတ္ထုကာမနဲ့ ကိလေသာကာမ၊ လိုချင်စရာကိုလည်း ကာမလို့ခေါ်တယ်၊ လိုချင်တာကိုလည်း ကာမလို့ခေါ်တယ်၊ အဲဒီ ၂-ခုထဲက ဘယ်သူ့ကို ဖယ်ရှားရမလဲဆိုရင် လိုချင်တာကိုသာ ဖယ်ရှားရမယ်၊ လိုချင်စရာတွေကို ဖယ်ရှားဖို့ မလိုဘူး။

ကား၊ [၁၀၅] လောကမှာ အလှအပတွေဆိုတာ သူ့ဟာသူ ရှိနေတာပဲလေ၊ အလှအပကို ဖျက်ဆီးစရာမလိုဘူး၊ ဖျက်ဆီးရမှာက ဘာတုန်း၊ အဲဒီအလှအပတွေကို မက်မောတွယ်တာတဲ့ တဏှာကိုပဲ ဖယ်ရှားရမယ်တဲ့၊ အဲဒီတော့ အဖယ်မမှားစေနဲ့ပေါ့၊ ကိုယ်ဖယ်ရှားရမှာက လိုချင်စရာလား လိုချင်တာလားဆိုရင် လိုချင်တာဆိုတဲ့ ကိလေသာ ကိုပဲ ဖယ်ရှားရမှာ။

ကြည့်လေ မြတ်စွာဘုရားမှာ မျက်စိရှိတယ်၊ နားရှိတယ်၊ နှာခေါင်းရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ရှိတယ်၊ မြတ်စွာဘုရားရဲ့ မျက်စိကလည်း လှတာမြင်ရတာပဲ၊ မမြင်ဘဲ ဘယ်ရှိမလဲ၊ မြတ်စွာဘုရားကလည်း လှတာမြင်လို့ရှိရင် “အေး လှလိုက်တာ၊ နှစ်သက်စရာကောင်းလိုက်တာ”လို့ ရမဏီယအာရုံနဲ့ တွေ့လို့ရှိရင် နှစ်သက်စရာကို နှစ်သက်စရာလို့ ဒီလို အသိအမှတ်ပြုတယ်လေ၊ ဒါက appreciate ခေါ်တယ်၊ တွယ်တာတာနဲ့ အသိအမှတ်ပြုတာ တခြားစီ၊ အတွယ်အတာနဲ့ မြတ်စွာဘုရားက “ဪ ဒီနေရာကတော့ အလွန်နှစ်သက်စရာကောင်းတာပဲ၊ သာယာလိုက်တာ၊ ဒီနေရာလေးက မြင်ကွင်းလေးက သာယာလိုက်တာ” ဆိုတာ မရှိဘူးလား၊ ရှိတာပဲ၊ မြတ်စွာဘုရားလည်း နှစ်သက်စရာ မြင်ကွင်းကို မြင်ရတာပဲ၊ အသံလည်း ကြားတာပဲ။

ပဉ္စသီခ လာပြီး ဘုရားအနားမှာ သီချင်းလေးဆို စောင်းလေး တီးတယ် မဟုတ်လား၊ ဣန္ဒသာလ လိုဏ်ဂူဝမှာလာပြီး သီချင်း ဆိုတယ်၊ သီချင်းဆိုတာမှ ပြောရမယ်ဆိုရင်တော့ သူက သဘော [၁၀၆] ကျနေတဲ့ သူရိယဝစ္ဆသာနတ်သမီးရဲ့ အချောအလှကိုလည်း သီကုံးဖွဲ့ဆိုပြီး သီချင်းဆိုတယ်။ ဘုရားဂုဏ် တရားဂုဏ် သံဃဂုဏ် ဓမ္မတေးကိုလည်း သီဆိုတယ်၊ ၂-ခုစလုံးကို ဆိုတယ်၊ ဆိုပြီး စောင်းတီးတယ်၊ သူစောင်းတီးပြီးတော့ သီချင်းနဲ့ စောင်းသံဆုံးသွားတဲ့ အခါကျတော့ မြတ်စွာဘုရားက ဘာပြောတုန်းဆိုရင် “ပဉ္စသီခ မင်းရဲ့သီချင်းသံနဲ့ စောင်းက လိုက်ဖက်ပါပေတယ်”လို့ ပြောတာ၊ ဒါ appreciate လုပ်တာပဲပေါ့။

အဲဒီလို မြတ်စွာဘုရားမှာ မျက်စိရှိလို့ နှစ်သက်စရာအာရုံကို မြင်ရတယ်၊ နားရှိလို့ နှစ်သက်စရာအသံကို ကြားရတယ်၊ နှာခေါင်းရှိလို့ နှစ်သက်စရာအနံ့ကို နမ်းရှူရတယ်၊ လျှာရှိလို့ နှစ်သက်စရာအရသာ ခံစားရတယ်၊ ခန္ဓာကိုယ်ရှိလို့ နှစ်သက်စရာအထိအတွေ့တွေ ရှိတယ်၊ သို့သော် မြတ်စွာဘုရားမှာ အဲဒီနှစ်သက်စရာအာရုံတွေပေါ်မှာ တွယ်ကပ်တဲ့ တဏှာ glue ဆိုတာတော့ မရှိဘူးနော်။

ဘုန်းကြီးတို့တတွေမှာ အဲဒီလို မဟုတ်ဘူးလေ၊ အာရုံလေး တစ်ခုရထားရင် အသိအမှတ်ပြုတယ်၊ တပ်မက်ပြီး တမ်းတမ်းတတ ဖြစ်တယ်လေ၊ တဏှာက နောက်ကလိုက်လာတယ်၊ လိုချင်တာက နောက်က လိုက်လာတယ်၊ အဲဒီလိုဖြစ်တာ၊ မြတ်စွာဘုရားကျတော့ အာရုံနဲ့စိတ်ကို တွယ်ကပ်တဲ့တဏှာဆိုတာ မရှိဘူး၊ တွယ်ကပ်ပေးတဲ့ တဏှာ မရှိသည့်အတွက် မုန်းတီးမှုဆိုတာလည်း မလာဘူး။

မြတ်စွာဘုရားကဟောတယ် “ငါဟာ လောကကြီးမှာ မွေးဖွားပြီး လောကကြီးအပေါ် မြင့်တက်နေတယ်၊ လောက က [၁၀၇] အာရုံတွေနဲ့ ငါ့ရဲ့စိတ်ဟာ ဘယ်လိုမှ တွယ်ကပ်မှု မရှိဘူး”တဲ့၊ ဥပမာ ကြာပန်းလေးဟာ ရေထဲမှာပေါက်တယ်၊ ရေပြင်ပေါ် မြင့်တက်လာပြီး တလူလူ နေပေမယ့်လို့ ကြာပန်း ကြာရွက်မှာ ရေမလူးဘူး၊ ရေစိုတယ်လို့ မရှိဘူး။

အဲဒါလိုပဲ မြတ်စွာဘုရားဟာ လောကမှာ မွေးဖွားလာပေမယ့်လို့ လောကအပေါ်မှာ တဏှာနဲ့ တွယ်တာမှုမျိုး မရှိဘူး၊ လောကနဲ့ လွတ်ကင်းတယ်၊ စိတ်လေးဟာ လွတ်မြောက်နေတယ်။ အဲဒီလို ဘာကြောင့် လွတ်ကင်းရသလဲလို့ဆိုလို့ရှိရင် ဗြဟ္မစရိယဝါတဲ့။ မဂ္ဂင်ရှစ်ပါးအကျင့်တရား မြတ်သောအကျင့်ကို ကျင့်လို့တဲ့။

မြတ်သော အကျင့်

မြတ်သောအကျင့်ဆိုတာ ဘာကို ပြောတာလဲ၊ Right understanding သမ္မာဒိဋ္ဌိ - မှန်မှန်ကန်ကန် နားလည်တယ်၊ သစ္စာလေးပါး အမှန်အတိုင်း နားလည်တယ်၊ အမှန်အတိုင်း နားလည်တာဟာ right thought မှန်မှန်ကန်ကန် စဉ်းစားတတ်လို့ သမ္မာသင်္ကပ္ပ၊ အဲဒီလို စဉ်းစားတတ်လာတာတွေဟာ မှန်ကန်တဲ့ အခြေခံ ကိုယ်ကျင့်တရားတွေ ရှိလို့၊ ကိုယ်ကျင့်တရားတွေ ရှိလာတဲ့ အတွက်ကြောင့် ကြိုးစားမှုတွေဟာလည်း မှန်ကန်တယ်၊ မှန်ကန်တဲ့ ကြိုးစားမှုမှာ မှန်ကန်တဲ့ သတိတွေထားပြီး မှန်ကန်တဲ့ စိတ်တည်ငြိမ်မှုလေး ရှိတယ်၊ မှန်မှန်ကန်ကန် သိမြင်ခြင်းလို့ဆိုတာ ဖြစ်တယ်။

[၁၀၈] လောကမှာ အမှန်အကန်သိဖို့ အခြေခံအားဖြင့် လုပ်မယ်ဆိုရင် သီလမဂ္ဂင် ၃-မျိုးကို အခြေခံပြီး သမာဓိမဂ္ဂင်နဲ့ ပညာမဂ္ဂင်တွေ လုပ်ရမယ် လုပ်လိုက်တဲ့အခါ မြတ်သောအကျင့် ဆိုတာ အောင်အောင်မြင်မြင် ဖြစ်လာတယ်။

ကိလေသာတွေကို လုံးဝဖယ်ရှားလိုက်နိုင်ပြီဆိုရင် စိတ်ဟာ ကိလေသာတွေ မရှိတော့သည့်အတွက်ကြောင့် အာရုံနဲ့ ဆက်ဆံမှု ရှိသော်လည်း အာရုံပေါ်မှာ တွယ်ကပ်ခြင်းဆိုတာ မရှိဘူး၊ ဥပမာမယ် စာရွက်ကလေး ၂-ရွက်ကြားမှာ glue ဆိုတဲ့ ကော်မပါဘူးဆိုလို့ရှိရင် ထိုစာရွက်ကလေး ၂-ခုဟာ တူတူထိတွဲနေပေမယ့်လို့ တစ်ရွက်နဲ့ တစ်ရွက်ဟာ ကပ်မနေဘူးပေါ့ အဲဒါလိုပဲ စိတ်ဟာ အာရုံနဲ့ တွယ်ကပ်တာမျိုး မရှိဘူးတဲ့၊ အဲဒီပုဂ္ဂိုလ်မျိုးဟာ အာရုံနဲ့ တွယ်ကပ်ထားတာ မရှိသောကြောင့် သန္တုဋ္ဌိတာ ရှိတာနဲ့ ကျေနပ်တဲ့ပုဂ္ဂိုလ် ဖြစ်တယ်တဲ့။

တဏှာရှိနေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ ရှိတာနဲ့ မကျေနပ်ဘူး၊ ဒီထက် ဒီထက် ကောင်းတာကို လိုချင်နေတယ်၊ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဖြေလိုက်တာ၊ တိဿမေတ္တေယျက “အရှင်ဘုရား၊ လောကမှာ ရှိတာလေးနဲ့ ကျေနပ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်တုန်း” မေးတယ်။ “ကာမဂုဏ်အာရုံတွေအပေါ်မှာ အပြစ်မြင်ပြီး မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်သုံးပြီး ဖြစ်နေတဲ့ ပုဂ္ဂိုလ်ဟာ ရှိတာလေးနဲ့ ကျေနပ်တဲ့ပုဂ္ဂိုလ်ပဲ” လို့ ဘုရားက ဖြေတယ်။

[၁၀၉] နံပါတ် ၂-မေးခွန်း

နောက်မေးခွန်းတစ်ခုက “ကဿ နော သန္တိ ဣဉ္ဇိတာ’ စိတ်ရဲ့တုန်လှုပ်မှုတွေကင်းတဲ့ပုဂ္ဂိုလ်ကို မေးတယ်၊ “ဘယ်ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ တုန်လှုပ်မှု၊ လှုပ်ရှားမှုတွေ ကင်းပါသလဲ” ဒီမေးခွန်းကို မေးတယ်။

အဲဒီမေးခွန်းကို မြတ်စွာဘုရားဖြေတယ်။
“ဝီတတဏှော သဒါ သတော၊
သင်္ခါယ နိဗ္ဗုတော ဘိက္ခု၊
တဿ နော သန္တိ ဣဉ္ဇိတာ”
ဆိုလိုတာက ဘာလဲဆိုရင် ဝီတတဏှော၊ တွယ်တာမှု လိုချင်မှုဆိုတဲ့ တဏှာကင်းတဲ့ ပုဂ္ဂိုလ်ဟာ စိတ်ရဲ့လှုပ်ရှားမှု မရှိတော့ဘူးတဲ့၊ အေး စိတ်လှုပ်ရှားတယ်၊ စိတ်လှုပ်ရှားတယ် ဆိုတာဟာ တဏှာရှိနေလို့ လှုပ်ရှားတာ၊ တဏှာက လှုပ်ရှားစေတာ၊ လိုချင်တဲ့စိတ်တွေရှိရင် လှုပ်ရှားတယ်၊ စိတ်တင်မကဘူး၊ လူတွေများ လိုချင်လွန်းအားကြီးရင် လူကပါ ပျာယာခတ်လာတာလေ၊ တဏှာ ဆိုတဲ့ လိုချင်မှု တွယ်တာမှုဆိုတာတွေ မရှိတော့ဘူးဆိုရင် ဣဉ္ဇိတ လို့ ခေါ်တဲ့ စိတ်ရဲ့လှုပ်ရှားမှု (emotion) တွေ မရှိတော့ဘူး၊ စိတ်ဟာ ငြိမ်သက်သွားတယ် ဒီလိုပြောတာ။

တဏှာကင်းသွားအောင် ဘာလုပ်ရမလဲ၊ သဒါ သတောတဲ့၊ သူ့မှာအမြဲတမ်းသတိ ရှိရတယ်၊ သတိရှိတယ်ဆိုတာ သဘာဝ အာရုံပေါ်မှာ ကပ်နေသည့် သတိရှိတယ်၊ သတိရှိသည့်အတွက် [၁၁၀] ကြောင့် နောက်က အသိပညာက လိုက်လာတယ်၊ ဆိုပါစို့ - သတိရှိတယ်ဆိုတာ ကာယအပေါ်မှာ သတိရှိနေတယ်၊ ဝေဒနာ အပေါ်မှာ သတိရှိနေတယ်၊ စိတ္တအပေါ်မှာ သတိရှိနေတယ်၊ ဓမ္မအပေါ်မှာ သတိရှိနေတယ်၊ သတိပဋ္ဌာန်တရားတော်မှာ လာတဲ့အတိုင်း ကာယ ဝေဒနာ စိတ္တ ဓမ္မ၊ လူတွေမှာ ဒါပဲ ရှိတာလေ၊ ခြုံကြည့်လိုက်ရင် ဒီ ၄ မျိုးပဲ ရှိတာပဲ၊ ကိုယ့်ခန္ဓာ သူ့ခန္ဓာ၊ သူ့ကာယ ကိုယ့်ကာယ၊ သူ့ရဲ့ခံစားချက် ကိုယ့်ရဲ့ခံစားချက်၊ သူ့စိတ် ကိုယ့်စိတ်၊ သူ့သန္တာန်မှာရှိတဲ့ သဘာဝတရား၊ ကိုယ့်သန္တာန်မှာရှိတဲ့ သဘာဝတရား၊ ဒီအရာခပ်သိမ်းမှာ ဒီ ၄-မျိုးပဲ၊ ဒီအာရုံလေးမျိုးမှာ အမြဲတမ်း သတိရှိနေသူသာ ဖြစ်တယ်၊ သတိရှိနေသည့် အတွက်ကြောင့် တွယ်တာမှုဆိုတာ မလာဘူး၊ တဏှာကင်းသွားတယ်လို့ ခေါ်တယ်။

သင်္ခါယနိဗ္ဗူတော- ငြိမ်းသွားတယ်ဆိုတာ သူ့ဟာသူ ငြိမ်းတဲ့ အငြိမ်းက တစ်မျိုး။ ဆိုပါစို့ - တဏှာဆိုတာ သူ့ဟာသူဖြစ်လာပြီး သူ့ဟာသူပျက်သွားမှာ၊ ဒါပေမယ့် အဲဒီ ငြိမ်းတာက ခဏငြိမ်းတာ၊ သဘာဝတရားဆိုတာ အနိစ္စတရားဖြစ်လို့ငြိမ်းတဲ့ အငြိမ်းကို ပြောတာ မဟုတ်ဘူး၊ ဒီနေရာမှာ ငြိမ်းအောင်လုပ်လို့ ငြိမ်းတဲ့ အငြိမ်းကို ဆိုလိုတာ၊ သူ့ဟာသူ ငြိမ်းသွားတဲ့ အငြိမ်းက ထပ်လာဦးမှာ၊ ထပ်လာဦးမှာ ဆိုတော့ ငြိမ်းတယ်လို့ ပြောလို့ရမလား မရဘူး၊ ငြိမ်းတာမှ မဟုတ်ဘဲ။

အနိစ္စ သဘာဝတရားဖြစ်လို့ ပေါ်လာပြီး ပျောက်သွားတာတော့ မှန်တာပေါ့ ဒါကို ခဏိကနိရောဓ လို့ ခေါ်တယ်၊ အခိုက်အတန့် [၁၁၁] ကလေး ပျောက်သွားတဲ့အပျောက်မျိုးကို ပြောတာ၊ အဲဒါကို ဆိုလိုတာ မဟုတ်ဘူး။

အကြောင်းတွေကို ငြိမ်းလိုက်လို့ အကျိုးငြိမ်းသွားတဲ့ဟာမျိုးကိုမှ တကယ်ငြိမ်းတာလို့ ပြောတာ၊ အဲဒီ အကြောင်းအရာတွေကို ဘာနဲ့ငြိမ်းရတာတုန်း။ သတိထားပြီး အသိပညာနဲ့ ငြိမ်းရတယ်၊ အာရုံမှာ သတိကပ်ပြီးတော့ အမှန်သဘာဝတရားကိုသိတဲ့ အသိပညာဖြင့် ဘဝသံသရာက ပါလာတဲ့ တဏှာတို့ မာနတို့ဆိုတဲ့၊ စိတ်လှုပ်ရှားမှုတွေကို ငြိမ်းအောင် လုပ်ရတာ။

စိတ်ရဲ့လှုပ်ရှားမှုဆိုတာ တဏှာဟာလည်း စိတ်ရဲ့လှုပ်ရှားမှုပဲ၊ မာနဟာလည်း စိတ်ရဲ့လှုပ်ရှားမှုပဲ၊ ဒိဋ္ဌိဟာလည်း စိတ်ရဲ့လှုပ်ရှားမှုပဲ၊ တခြားကိလေသာတွေလည်း စိတ်ရဲ့လှုပ်ရှားမှုတွေပဲ၊ အဲဒီလှုပ်ရှားမှု လေးတွေကို ပညာဖြင့် ငြှိမ်းသတ်လိုက်လို့ ငြိမ်းသွားတဲ့ပုဂ္ဂိုလ်မှာ လှုပ်ရှားမှုဆိုတာ မရှိတော့ဘူး၊ ဆိုလိုတာက တဏှာ မာန ဒိဋ္ဌိ စတဲ့ ကိလေသာတွေ အပြီးသတ်ချုပ်ငြိမ်းသွားတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ လှုပ်ရှားမှု emotion ဆိုတာ မရှိတော့ဘူးလို့ ပြောတာနော်၊ ဒီလို မြတ်စွာဘုရားက အဖြေဖြေလိုက်တာ။

[၁၁၂] နံပါတ် ၃-၄-၅-မေးခွန်း

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

နောက်မေးခွန်းက ဘာလဲဆိုတော့
နံပါတ်(၃) မေးခွန်းက “ကော ဥဘောန္တ မဘိညာယ၊
မဇ္ဈေ အန္တာ န လိပ္ပတိ၊
ကံ ဗြူသိ မဟာပုရိသောတိ၊
ကော ဣဓ သိဗ္ဗနိ မစ္စဂါ။'
မေးခွန်းက ခပ်ရှည်ရှည်၊ ဆိုလိုတာက “ဘယ်ပုဂ္ဂိုလ်ဟာ ဟိုဘက်အစွန်း ဒီဘက်အစွန်း၊ အစွန်း ၂-ဘက်နဲ့ အလယ်၊ ဒီ ၃- မျိုးကို အသိဉာဏ်နဲ့သိပြီး ငြိကပ်တွယ်တာမှုကင်းပါသလဲ?၊ အဘယ် ပုဂ္ဂိုလ်မျိုးကို မဟာပုရိသလို့ ခေါ်ရသလဲ?၊ ဘဝတစ်ခုနဲ့ တစ်ခု ဆက်နေအောင် ဆက်စပ်ပေးတဲ့ (တစ်နည်းအားဖြင့်) တွယ်ကပ် သွားအောင် စပ်ချုပ်ပေးတတ်တဲ့ (အဝတ်တစ်ခုနဲ့ တစ်ခုတွယ်တာကို ချုပ်တယ်လို့ ခေါ်တာပေါ့နော်၊ အပ်နဲ့ချုပ်တယ်၊ တွယ်တယ်ပေါ့) အဲဒီလို ဆက်စပ်ပေးတဲ့အရာက ဘာလဲ? ဒီမေးခွန်းကို သူက မေးတာ။

ဟိုဘက် ဒီဘက် ၂-ဘက်ကို သိတယ်၊ အလယ်ကို သိတယ်၊ သိပြီးရင် ဘယ်လိုတွယ်တာမှု ကင်းသွားသလဲ?၊ ဘယ်လို ပုဂ္ဂိုလ်မျိုးကို မဟာပုရိသခေါ်မလဲ?၊ ဘဝတစ်ခုနဲ့ တစ်ခုကို ဆက်စပ်ပေးတာဟာ ဘာလဲ၊ ၂-ခုကို စပ်ပေးနေတဲ့ အရာက ဘာလဲ? ဒီမေးခွန်း ၃- ပုဒ်ကို မြတ်စွာဘုရားကို မေးတယ်။

[၁၁၃] မြတ်စွာဘုရားဖြေလိုက်တဲ့ အဖြေကို သူတော့ နားလည်သွားတယ်နဲ့တူတယ်၊ ဘုန်းကြီးတော့ နားမလည်သေးဘူး၊ မြတ်စွာဘုရား ဖြေလိုက်တဲ့ အဖြေက
“သော ဥဘောန္တ မဘိညာယ၊
မဇ္ဈေ အန္တာ န လိပ္ပတိ။
တံ ဗြူမိ မဟာပုရိသောတိ၊
သော ဣဓ သိဗ္ဗနိ မစ္စဂါ” လို့
အမေးနဲ့ ထပ်တူစကားအသုံးပြု ဖြေတာ၊ “ဟိုဘက် ဒီဘက်နှင့် အလယ်ကို အသိပညာဖြင့် ပိုင်းပိုင်းခြားခြား သိမြင်ပြီးတဲ့ပုဂ္ဂိုလ်ဟာ မတွယ်တာတော့ဘူးတဲ့၊ အဲဒီလိုသိတဲ့ပုဂ္ဂိုလ်ကို မဟာပုရိသလို့ ခေါ်တယ်၊ အဲဒီပုဂ္ဂိုလ်ဟာ ဘဝတစ်ခုနဲ့တစ်ခုကို ဆက်စပ်ပေးတတ်တဲ့ တဏှာကို လွန်မြောက်သွားတယ်၊ ဒီလောက်ပဲ ဖြေထားတယ်။

ရဟန်းတော်များ ဆွေးနွေးချက်

ဟိုဘက်အစွန်း ဒီဘက်အစွန်းဆိုတာ ဘာလဲ၊ အလယ်ဆိုတာက ဘာကိုပြောတာလဲ၊ ချုပ်စပ်တတ်တဲ့အရာ၊ (ဟိုဘက်ဒီဘက် တွဲစပ်ပေးတဲ့အရာ)ဆိုတာ ဘာလဲ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ မဇ္ဈေသုတ်မှာ ဒီမေးခွန်းဂါထာနဲ့ ပတ်သက်ပြီး ရဟန်းတော်တွေ ဆွေးနွေးကြတယ်။

ဗာရာဏသီပြည်နားက ဣသိပတနဆိုတဲ့တောရှိတယ်၊ (ဒီကနေ့ခေတ်တော့ မိဂဒါဝုန်လို့ မြန်မာတွေ ခေါ်ကြတယ်ပေါ့၊ [၁၁၄] သို့သော် မိဂဒါဝုန်ဆိုတဲ့ အဓိပ္ပာယ်က Sanctuary ကို ပြောတာ၊ ဘေးမဲ့တော၊ တောရဲ့နာမည်က ဣသိပတန၊ အဲဒီ ဣသိပတနဟာ သားငှက် တိရစ္ဆာန်တွေကို ဘေးမဲ့ပေးထားတဲ့တော ဖြစ်လို့ မိဂဒါယလို့ ခေါ်တာ၊ “မိဂ’ဆိုတာ သမင်ကိုတင် ပြောတာမဟုတ်ဘူး၊ သားကောင်တွေ တိရစ္ဆာန်တွေ wild animals အကုန်ကို ပြောတာနော်၊ အဲဒါကို ရည်ညွှန်းတာ ဖြစ်သောကြောင့် အင်္ဂလိပ်လို ပြန်တဲ့အခါ မိဂဒါယ ကို deer park လို့ ပြန်တာ မမှန်ဘူး၊ အဲဒီတောထဲမှာ သမင်တင် ရှိတာမဟုတ်ဘူးလေ၊ ငှက်တွေလည်း ရှိတာပဲ၊ တခြားသတ္တဝါတွေလည်း ရှိတာပဲ၊ ဘယ်သတ္တဝါကိုမှ ပစ်ခတ်သတ်ဖြတ်ခြင်း မလုပ်ရလို့ Sanctuary ဘေးမဲ့ပေးထားတဲ့တော၊ မြန်မာပြည်မှာလည်းပဲ ဘေးမဲ့ကြိုးဝိုင်းဆိုတာ ရှိတာပေါ့ သစ်တောတွေမှာ တိရစ္ဆာန်တွေကို မဖမ်းဆီးဖို့ ကာကွယ်ထားတာ။

အဲဒီတော့ မိဂဒါယ ကို Sanctuary လို့ပဲ ပြန်ရမယ်၊ Sanctuary လို့မပြန်ဘဲနဲ့ deer park လို့ပြန်လို့ရှိရင် သမင်ပဲ ရှိတဲ့တော ဖြစ်နေမယ်၊ ဒါကြောင့်မို့ ပန်းချီဆရာတွေကလည်း ဘုရားက ဓမ္မစကြာဟောတဲ့ တောမှာ သမင်တွေ ထည့်ရေးထားတယ်၊ “မိဂ’ ဆိုတာ သမင်လို့ပဲ သဘောပေါက်ကြတာကိုး။ ကြည့်လေ မိဂရာဇာဆိုတဲ့ စကားလုံးကို ကြည့်ပေါ့၊ မိဂရာဇာ ကျတော့ ခြင်္သေ့ကို ပြောတာ၊ သားကောင်တွေရဲ့ မင်းလို့ပြောတာ၊ သမင်တို့ရဲ့မင်းလို့ပြောတာ မဟုတ်ဘူး၊ သားကောင်တွေရဲ့ မင်းလို့ပြောတာ၊ ခြေလေးချောင်းရှိတဲ့ သတ္တဝါတွေ အားလုံးကို မိဂလို့ခေါ်တယ်ပေါ့၊ အဓိပ္ပာယ်ကတော့ ခြေလေးချောင်းရှိတဲ့သတ္တဝါ၊ [၁၁၅] ခြေလေးချောင်းရှိတဲ့ သတ္တဝါတွေကို မသတ်ဖြတ်မညှင်းဆဲရဘူး၊ ထို့အတူပဲ ခြေနှစ်ချောင်းရှိတဲ့ ငှက်တွေ မသတ်ဖြတ်မညှင်းဆဲရဘူး၊ အဲဒီတောအတွင်းမှာရှိတဲ့ တိရစ္ဆာန်တွေအားလုံးကို ဘေးမဲ့ပေးထားတယ်၊ အဲဒါကြောင့်မို့လို့ ဣသိပတနကို မိဂဒါယလို့ ခေါ်တာ။ အဲဒီ မိဂဒါယကျောင်းမှာ ရဟန်းတော်တွေဟာ မဏ္ဍလမာဠ လို့ခေါ်တဲ့ တန်ဆောင်းအဝိုင်းကြီးမှာ စုထိုင်ပြီး တရားဆွေးနွေးကြတယ်၊ သူတို့ဆွေးနွေးတာ ဘာတုန်းဆိုရင် တိဿမေတ္တေယျရဲ့ အမေးကို ဖြေထားတဲ့ ဒီဂါထာကို ဆွေးနွေးကြတယ်။

ပါရာယနသုတ္တန်မှာ “သော ဥဘောန္တ မဘိညာယ” လို့ လာတယ်။ အင်္ဂုတ္တရနိကာယ်မှာကျတော့ အဲဒီလို မဟုတ်ဘူး၊ ပါဠိ ကွဲပြားနေတာ ရှိတယ်၊ different version လို့ ပြောလို့ရတယ်၊“ယော ဥဘောန္တေ ဝိဒိတွာန”လို့၊ အဓိပ္ပာယ်ကတော့ မထူးဘူးပေါ့ နော်၊ စကားလုံးလေးတွေ ပြောင်းလဲမှုလေးတွေတော့ ရှိနေတယ်၊ ဒါလည်း သတိထားစရာပေါ့။

နှစ်-၂၆ဝဝ ကြာမှ ပြန်ပြောကြတဲ့ စကားလုံးဟာ ဒီလောက် နီးစပ်ရင် တော်ပြီပေါ့၊ ဒီကနေ့ခေတ်မှာ တစ်ယောက်ကနေ ပြောလိုက်တဲ့ စကားကို နောက်တစ်ယောက် ပြန်ပြောရင် လွဲမသွားဘူးလား၊ နောက်တစ်ယောက် ပြန်ပြောရင် လွဲသွားရော၊ စကားက ကားသွားတယ်လို့ ပြောကြတယ်နော်၊ အမှန်အတိုင်း အတိအကျဆိုတာ ဖြစ်ခဲတယ်၊ အဲဒီတော့ ဒီမှာတော့ အဓိပ္ပာယ်က အတူတူပါပဲ၊ “ယော ဥဘောန္တေ ဝိဒိတွာန”လို့ပါတယ်၊ ဒီဂါထာလေးကို ဆွေးနွေးကြတယ်။

[၁၁၆] ဒီဂါထာမှာပါတဲ့ ဥဘောန္တဆိုတာ ၂-ဘက်အစွန်း၊ ဟိုဘက်အစွန်း ဒီဘက်အစွန်း၊ အဲဒီ ၂-ဘက်အစွန်းဆိုတာ ဘာလဲ၊ ၂-ဘက်ဆိုကတည်းက ပထမအစွန်းက ဘာလဲ?၊ ဒုတိယအစွန်းက ဘာလဲ?၊ အဲဒီ ၂-ခုရဲ့အလယ်ဆိုတာ ဘာလဲ?၊ ချုပ်စပ်တတ်တဲ့ အရာဆိုတာ ဘာလဲ?၊ ဒီဂါထာမှာ ဒီအချက်ကလေးတွေ ဆိုလိုရင်းနဲ့ ပတ်သက်ပြီး ဘုရားလက်ထက်က ရဟန်းတော်တွေ ဆွေးနွေးကြတယ်၊ ဒါလည်း စိတ်ဝင်စားစရာကောင်းတယ်၊ ဒီသုတ္တန်နဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာတွေ ရှိတယ်ဆိုတာ မှတ်တမ်းထဲမှာ ဝင်လာတယ်။

အဲဒီတော့ ပထမရဟန်းတစ်ပါးက ဆွေးနွေးတယ်၊ ပထမအစွန်းဆိုတာ တခြားမဟုတ်ဘူးတဲ့၊ ဖဿကို ပြောတာတဲ့၊ ဖာ ဧကော အန္တော-ဖဿဟာ ပထမအစွန်းပဲ၊ ဖဿသမုဒယော ဒုတိယော အန္တော-ဖဿဖြစ်ကြောင်းတရားဟာ ဒုတိယအစွန်းပဲတဲ့၊ ဖဿနိရောဓော မဇ္ဈေ- ဖဿချုပ်ငြိမ်းရာ နိဗ္ဗာန်ဟာ အလယ်ပဲ၊ သူပြောချင်တာတော့ သစ္စာလေးပါးနဲ့ ပြောလိုက်တာပဲပေါ့။

ဖဿဆိုတာ ဒုက္ခကိုပြောတာ၊ ဖဿဆိုတဲ့ တရားဟာ သစ္စာလေးပါးထဲမှာဆိုရင် ဒုက္ခသစ္စာပေါ့၊ ဖဿသမုဒယဟာ ဒုက္ခသစ္စာကို ဖြစ်စေတတ်တဲ့ တဏှာပဲပေါ့၊ အဲဒီတော့ ဖဿဆိုတာ ပထမအစွန်း၊ ဖဿ ဖြစ်ကြောင်းတရားဆိုတာ ဒုတိယအစွန်း၊ နှစ်ခုတို့ရဲ့ အလယ်ဆိုတာ ဘာလဲလို့ဆိုရင် ဖဿနိရောဓ- ဖဿရဲ့ ချုပ်ငြိမ်းမှုပေါ့၊ အဲဒီတော့ ဘာဖြစ်လို့ “အလယ်” လို့ ပြောရလဲလို့ [၁၁၇] ဆိုလို့ရှိရင် နိရောဓလို့ဆိုတဲ့ နိဗ္ဗာန်မှာ ဖဿသမုဒယတင် ချုပ်တာ မဟုတ်ဘူး၊ ဖဿလည်း ချုပ်တယ်။

ဘုန်းကြီးတို့ စဉ်းစားဆင်ခြင်ကြည့်လို့ ရတယ်နော်၊ နိဗ္ဗာန်ဆိုတဲ့ သဘာဝတရားဟာ ဒုက္ခလည်း ချုပ်တယ်၊ ဒုက္ခရဲ့ဖြစ်ကြောင်းတရားလည်း ချုပ်တယ်၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ကြည့် ဓမ္မစကြာမှာ ဆိုရင် ဒုက္ခနဲ့ ဒုက္ခသမုဒယကို ဟောပြီးတဲ့အခါမှာ နိဗ္ဗာန်ကို ဒုက္ခနိရောဓလို့ နာမည်ပေးလိုက်တယ်၊ အဲဒီ ဒုက္ခနိရောဓ ဆိုတာ ဒုက္ခရဲ့ချုပ်ရာ၊ အဲဒီဒုက္ခနိရောဓဆိုတာ ဘာလဲလို့ ရှင်းပြတဲ့ အခါကျတော့ ဒုက္ခချုပ်တာကို မရှင်းဘဲနဲ့ ဘယ်လိုရှင်းတုန်းဆိုတော့ “ယော တဿာယေဝ တဏှာယ အသေသ ဝိရာဂ နိရောဓော” ဆိုပြီး ဒုက္ခသမုဒယရဲ့ ချုပ်ငြိမ်းမှုကို ရှင်းတယ်မဟုတ်လား၊ ဘုရားက နာမည်ပေးတုန်းက ဒုက္ခနိရောဓ ဒုက္ခ၏ချုပ်ငြိမ်းရာလို့ ပေးတယ်၊ အဓိပ္ပာယ်ရှင်းတဲ့အခါ တဏှာချုပ်ရာလို့ ပေးပြန်တယ်၊ ဘာကြောင့်လဲလို့ဆိုလို့ရှိရင် အကြောင်းချုပ်မှ အကျိုးချုပ်တာ ဖြစ်သောကြောင့်ပဲ။

အကယ်၍သာ “ယော ဒုက္ခဿ နိရောဓော”လို့ ဒုက္ခတင် ပြောမယ်ဆိုရင် ဒုက္ခသမုဒယဟာ ကျန်သွားနိုင်တယ်ပေါ့၊ အခုတော့ အကြောင်းတရားချုပ်တာကို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးချုပ်ခြင်းလည်း ပါဝင်သွားတယ်ပေါ့ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဒီ ၂-ခုစလုံး ခြုံမိ ငုံမိအောင်လို့ ပြောတာ၊ အဲဒီတော့ နိဗ္ဗာန်ဆိုတဲ့ နိရောဓဟာ ဒုက္ခလည်း ချုပ်တယ်၊ ဒုက္ခသမုဒယဆိုတဲ့ အကြောင်းတရားလည်း ချုပ်တယ်တဲ့၊ ဒီလို [၁၁၈] ပြောတာနော်၊ ပထမစချုပ်တာတော့ ဒုက္ခသမုဒယ ချုပ်မှာပဲ၊ ဒုက္ခသမုဒယ ချုပ်သွားလို့ရှိရင် အကြောင်းပြတ်သွားသည့်အတွက်ကြောင့် ဒီအကျိုးတွေလည်း ရပ်သွားတာဆိုတော့ ဒုက္ခလည်း ချုပ်တယ်ပေါ့ အခုဒီနေရာမှာ အသုံးက ဖဿဆိုတာ ဒုက္ခပဲ၊ ဖဿသမုဒယဆိုတာ သမုဒယပဲ၊ ဖဿနိရောဓ ဆိုတာ နိဗ္ဗာန်ပဲတဲ့၊ ဒီရဟန်းတော်က ဖဿဆိုတဲ့စကားလုံးနဲ့ ရှင်းတာ။
အဲဒီတော့ သူနားလည်တဲ့အတိုင်း ပြောရမယ်ဆိုရင်တဲ့
- ပထမအစွန်းပါတဲ့၊ ဘာဖြစ်လို့လဲဆိုတော့ လူဖြစ်လာပြီ ဆိုလို့ရှိရင် အာရုံနဲ့ဆက်သွယ်မှု ဖဿကို အကြောင်းပြုပြီး ရုပ်တွေ နာမ်တွေ ဖြစ်နေတာကိုး၊ အာရုံနဲ့ ဆက်သွယ်မှုက အဓိကကျတယ်၊ ဒါကြောင့် ဖဿက ပထမအစွန်း၊ ဖဿသမုဒယက ဒုတိယအစွန်း၊ အလယ် ဆိုတာဟာ ဖဿနိရောဓပဲတဲ့၊ ချုပ်စပ်တဲ့အရာဟာ တခြားမဟုတ်ဘူးတဲ့၊ တဏှာတဲ့၊ တဏှာက ဘဝကို ဆက်စပ်ပေးတယ်တဲ့၊ တဏှာသည် နောက်ဘဝတစ်ခုကို ဆက်စပ်ပေးနေတယ်၊ ချုပ်စပ်တဲ့အရာလို့ ဒီလိုဆိုလိုတယ်၊ တွယ်တာမှုကနေပြီးတော့ ဘဝတစ်ခုကို ပေးတာ၊ အဲဒါကြောင့် “ဒီဖဿ၊ ဖဿသမုဒယ၊ ဖဿနိရောဓ တဏှာရဲ့ ချုပ်စပ်မှုတွေကို ပိုင်းပိုင်းခြားခြားသိမြင် ထူးထူးခြားခြားသိမြင်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခကို အဆုံးသတ်နိုင်တဲ့ပုဂ္ဂိုလ်” ပဲ။ ဆိုလိုတာက သစ္စာလေးပါးကို သိပြီဆိုလို့ရှိရင် ဒုက္ခအားလုံး အဆုံးသတ်သွားစေနိုင်တယ်။

[၁၁၉] အဲဒီရဟန်းတော်က ဖဿကို ဦးတည်ပြီးတော့ ရှင်းတယ်၊ ရှင်းတော့ ဒီ့ပြင်ကိုယ်တော်တွေက သူတို့ထင်မြင်ချက်တွေကို တစ်မျိုးစီပဲ ပြောကြတယ်။

ဒုတိယကိုယ်တော်က ဘယ်လိုပြောတုန်းဆိုရင် သူကတော့ ဒီလိုထင်တယ်တဲ့၊ ပထမအစွန်းဆိုတာ အတိတ်ကို ပြောတာတဲ့၊ ဒုတိယအစွန်းဆိုတာ အနာဂတ်ကို ပြောတာတဲ့၊ အလယ်ဆိုတာ ပစ္စုပ္ပန်ကို ပြောတာတဲ့။

ပစ္စုပ္ပန်က အလယ်မှာရှိတယ်ဆိုတာ ဟုတ်တယ်လေ၊ ပစ္စုပ္ပန် အလယ်မှာရှိတယ်ဆိုတာ အတိတ်ပြီးလို့ရှိရင် ဘာလာတာတုန်း၊ ပစ္စုပ္ပန်လာတယ်၊ ပစ္စုပ္ပန်ပြီးရင် ဘာလာတုန်း အနာဂတ်လာတာပေါ့ ပစ္စုပ္ပန် လွန်သွားတာကိုပဲ အတိတ်လို့ ခေါ်တာကိုး၊ မရောက်သေးတဲ့ ပစ္စုပ္ပန်ကိုပဲ အနာဂတ်လို့ ခေါ်တာကိုး၊ အဲဒီတော့ ပစ္စုပ္ပန်ဆိုတာဟာ အလယ်မှာ ရှိတယ်ပေါ့၊ သူက အဲဒီလိုမြင်တယ်၊ ကျန်တာတော့ အတူတူပဲ၊ တဏှာဟာ ချုပ်စပ်တတ်တဲ့တရား၊ အဲဒီလို သိလို့ရှိရင်လည်း ဒုက္ခကို အဆုံးသတ်နိုင်တယ်။

သူပြောလိုတာက ဒီအတိတ်က ရုပ်နာမ်ခန္ဓာတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်သိရမယ်၊ အနာဂတ် ရုပ်နာမ်ခန္ဓာတွေကိုလည်း သိရမယ်၊ ပစ္စုပ္ပန် ရုပ်နာမ်ခန္ဓာတွေကိုလည်း သိရမယ်၊ အဲဒီလိုသိလို့ရှိရင် လောကကြီးအပေါ်မှာ တွယ်တာမှုတဏှာ လိမ်းကျံမှု၊ မှားယွင်းတဲ့ဒိဋ္ဌိ လိမ်းကျံမှု၊ ဒီ ၂-ခု မရှိဘူးလို့ ပြောတာ၊ တဏှာဆိုတဲ့ တွယ်ကပ်မှုတွေ မရှိတော့ဘူးလို့ ပြောတာနော်၊ တွယ်ကပ်မှု မရှိတော့ဘူး၊ အဲဒါဟာ [၁၂၀] ဒီတွယ်ကပ်မှုဆိုတဲ့ တဏှာကို လွန်မြောက်သွားပြီဆိုလို့ရှိရင် ဒုက္ခဟာ အဆုံးသတ်တာပဲလို့ ဒုတိယကိုယ်တော်က အဲဒီလိုပြောတယ်။

နောက် တတိယကိုယ်တော်က တစ်မျိုးဖွင့်ဆိုတယ်၊ သူ့အထင်မှာတော့တဲ့ ပထမအစွန်းဆိုတာ သုခဝေဒနာကို ပြောတာတဲ့၊ ဒုတိယအစွန်းဆိုတာ ဒုက္ခဝေဒနာကို ပြောတာတဲ့၊ အလယ်ဆိုတာကတော့ အဒုက္ခ မသုခဆိုတဲ့ ဥပေက္ခာ ဝေဒနာကို ပြောတာ၊ ဘာဖြစ်လို့တုန်းဆိုရင် သုခပြီးရင် ဒုက္ခမလာဘူး၊ ဒုက္ခပြီးရင်လည်း သုခမလာဘူး၊ ကြားထဲမှာ ဆင်းရဲနဲ့ချမ်းသာ ၂-ခုရဲ့ကြားမှာဆိုလို့ရှိရင် ဆင်းရဲတာလည်း မဟုတ်၊ ချမ်းသာတာလည်း မဟုတ်ဆိုတဲ့ ဥပေက္ခာ လာတယ်လေ၊ အဲဒါကြောင့်မို့ သူ့အနေနဲ့က ဝေဒနာရှုထောင့်က ပြောမယ်ဆိုရင် ပထမအစွန်းဆိုတာ သုခ၊ ဒုတိယအစွန်းဆိုတာ ဒုက္ခ၊ အဲဒီ ၂-ခုကြား အလယ်ဆိုတာ အဒုက္ခ မသုခ၊ အဲဒီသဘာဝတရားတွေကို ကျကျနန သိလို့ရှိရင်လည်းပဲ တွယ်တာမှု ကင်းပြတ်ပါတယ်တဲ့၊ သူက ဒီလိုရှင်းတယ်၊ တဏှာကတော့ ဘဝကိုဆက်စပ်ပေးတဲ့ အရာပဲ ဖြစ်တယ်၊ သူ့ကို လွန်မြောက်သွားပြီဆိုရင် ဒုက္ခဟာ အဆုံးသတ်တာပဲတဲ့။

ဟော သူက ဒီလိုရှင်းတော့ နောက်တစ်ပါးက ပြောပြန်တယ်၊ သူ့အထင်ကတော့ ဒီလိုထင်ပါတယ်တဲ့၊ အာယတနနဲ့ သူက ရှင်းတယ်၊ အဇ္ဈတ္တိကာယတန မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် အတွင်း အာယတန ခြောက်ပါး၊ နောက် သူတို့နဲ့ ဆက်စပ်လာတဲ့ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံ၊ အဆင်း [၁၂၁] အသံ အနံ့ အရသာ အထိအတွေ့ စိတ်နဲ့ သိရတဲ့အာရုံရယ် အဲဒီ အာရုံ ၆-မျိုးက ဗာဟိရာယတန ခြောက်ပါး။

အဇ္ဈတ္တိ ကာယတန ၆-မျိုးက ပထမအစွန်း၊ ဗာဟိရာယတန ၆-မျိုးက ဒုတိယအစွန်း၊ အဲဒီ ၂-ခုကြားမှာ ဘာလာတုန်းဆို ဝိညာဏ ဆိုတာ လာတယ်၊ သူတို့ ၂-ခုပေါင်းလိုက်ရင် အသိဖြစ်လာတာကိုး၊ ဆိုပါစို့ - မျက်စိနဲ့အဆင်း ဆုံတွေ့တဲ့အခါမှာ မြင်သိစိတ် ပေါ်လာတာပဲ။

သူရှင်းပုံကျတော့ ကြည့်- အဇ္ဈတ္တိကာယတန ကိုလည်း ပိုင်ပိုင်နိုင်နိုင်သိမယ်၊ ဗာဟိရာယတနကိုလည်း ပိုင်ပိုင်နိုင်နိုင်သိမယ်၊ အဇ္ဈတ္တိကာယတနနဲ့ ဗာဟိရာယတန ၂-ခု ပေါင်းစပ်မိလို့ ဖြစ်ပေါ်လာတဲ့ ဝိညာဏ်ကိုလည်း မှန်မှန်ကန်ကန် သိမယ်ဆိုလို့ရှိရင်တဲ့ တဏှာဆိုတဲ့တွယ်ကပ်မှု၊ ဒိဋ္ဌိဆိုတဲ့ အမြင်မှားမှုတွေ မလာနိုင်တော့ဘူးတဲ့၊ ဒီတွယ်ကပ်ပေးထားတဲ့ ချုပ်စပ်ပေးထားတာ၊ ချုပ်စပ်တာကတော့ တဏှာပဲ၊ အဲဒီလိုသိတဲ့ ပုဂ္ဂိုလ်ဟာ တဏှာကို လွန်မြောက်သွားနိုင်တယ်လို့ ဒီလိုပြောတာ။

ဒီလိုရှင်းတော့ နောက်တစ်ပါးက တစ်ခါရှင်းပြန်တယ်၊ သူ့အထင်ကတော့တဲ့ ပထမအစွန်းဆိုတာ ရုပ်လို့ ထင်တယ်တဲ့၊ ဒုတိယအစွန်းက နာမ်၊ အဲဒီ ရုပ် နာမ် ၂-ခု ပေါင်းစပ်လိုက်လို့ သိလာတဲ့အသိစိတ်က ဝိညာဏ အလယ်တဲ့။

ဆိုလိုတာက နာမ်ကိုလည်း သိတယ်၊ ရုပ်ကိုလည်း သိတယ်၊ ဝိညာဏလို့ဆိုတဲ့ အသိစိတ်ကိုလည်း သိတယ်ပေါ့၊ အဲဒီတော့ [၁၂၂] နာမ်ဆိုတဲ့နေရာမှာ ဝိညာဏကို မှီပြီးတော့ဖြစ်လာတဲ့ အသိစိတ်တွေ စေတသိက်တွေကို ယူရမှာပေါ့နော်၊ အဲဒီလို ၃-မျိုး ပိုင်းပိုင်းခြားခြား သိပြီဆိုလို့ရှိရင် တဏှာဆိုတဲ့ တွယ်ကပ်မှု၊ ဒိဋ္ဌိဆိုတဲ့ တွယ်ကပ်မှုတွေ မလာနိုင်ဘူးတဲ့၊ ချုပ်စပ်တတ်တဲ့ တရားကတော့ တဏှာပဲ၊ အဲဒါတွေကို ပိုင်ပိုင်နိုင်နိုင် သိနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒုက္ခတွေကို အဆုံးသတ်ပါတယ်၊ တဏှာကို လွန်မြောက်နိုင်ပါတယ်လို့ ဒီလိုပြောတာနော်။

အဲဒီတော့ နောက်ကိုယ်တော်တစ်ပါးက ဆွေးနွေးပြန်တယ်၊ သူ့အထင်ကတော့တဲ့ ပထမအစွန်းဆိုတာ သက္ကာယ ခန္ဓာငါးပါး ကို ပြောတာတဲ့၊ ဒုတိယအစွန်းဆိုတာ သက္ကာယသမုဒယ ခန္ဓာငါးပါးရဲ့ အကြောင်းတရားကို ပြောတာတဲ့၊ အလယ်ဆိုတာကတော့ သက္ကာယနိရောဓ- ခန္ဓာငါးပါးရဲ့ချုပ်ငြိမ်းမှုကို ပြောတာတဲ့၊ ဟော သူ့ကျတော့ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ အဲဒါတွေကို သိလို့ရှိရင် တဏှာဆိုတဲ့တွယ်ကပ်မှု ဒိဋ္ဌိဆိုတဲ့တွယ်ကပ်မှု မရှိလို့ တဏှာဆိုတဲ့ ချုပ်စပ်တတ်တဲ့တရားကို လွန်မြောက်တဲ့ပုဂ္ဂိုလ် ဖြစ်ပြီးတော့ တကယ့်ကို မဟာပုရိသလို့ ခေါ်နိုင်ပါတယ်လို့ သူက ဒီလိုပြောတာ။

ဆွေးနွေးချက်များကို ဘုရားထံ တင်ပြခြင်း

အဲဒီမှာ တစ်ပါးနဲ့ တစ်ပါး ဒီဂါထာကို အဓိပ္ပာယ်ဖွင့်ဆိုကြတာ မတူဘူး၊ မတူတော့ နောက်တစ်ပါးက အကြံပြုလိုက်တယ်၊ ကဲ [၁၂၃] တပည့်တော်တို့ ကိုယ့်အထင်တွေ ကိုယ်ပြောနေကြပြီ၊ တစ်ဦးနဲ့ တစ်ဦး မတူကြဘူး၊ ပထမကိုယ်တော်က ဖဿနဲ့ ဦးတည်ပြောတယ်နော်၊ ဒုတိယကိုယ်တော်က အတိတ် အနာဂတ် ပစ္စုပ္ပန်နဲ့ ဦးတည်ပြောတယ်၊ တတိယကိုယ်တော်က သုခ ဒုက္ခ ဝေဒနာနဲ့ ဦးတည်ပြောတယ်၊ စတုတ္ထကိုယ်တော်က အာယတန နဲ့ ဦးတည်ပြောတယ်၊ ပဉ္စမကိုယ်တော်က နာမ်ရုပ်နဲ့ ဦးတည်ပြောတယ်၊ ဆဋ္ဌကိုယ်တော်က သက္ကာယနဲ့ ဦးတည်ပြောတယ်၊ တစ်ပါးနဲ့ တစ်ပါး မတူကြဘူး၊ အဲဒီလို မတူတဲ့အခါမှာ “ကဲ ကိုယ့်အထင်တွေတော့ ကိုယ်ပြောပြီးကြပြီ၊ မြတ်စွာဘုရား မိန့်တဲ့အတိုင်း တပည့်တော်တို့ မှတ်ကြရအောင်၊ ကဲ အားလုံးလာ ဘုရားဆီ သွားကြစို့”

အဲဒီသုတ္တန်မှာ ဒီဂါထာနဲ့ပတ်သက်ပြီး ဒီလိုမှတ်တမ်းတင်ထားတာ တော်တော် စိတ်ဝင်စားစရာကောင်းတယ်ပေါ့။ မြတ်စွာဘုရားဆီ သွားပြီး အကျိုးအကြောင်း လျှောက်ကြတယ်။

မြတ်စွာဘုရားက ဘာမိန့်တုန်းဆိုရင် “အားလုံးပြောတဲ့ စကားတွေဟာ သူ့နည်းသူ့ဟန်နဲ့ မှန်ပါတယ်”တဲ့၊ ဟုတ်တယ်ပေါ့ တရားဆိုတာ ရှုရမယ့်ဟာတွေ ချည်းပဲလေ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ဆိုတာလည်း အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာကိုး၊ အဲဒီတော့ ဝိပဿနာဉာဏ်နဲ့ ရှုရမယ့်တရားတွေချည်းပဲမို့ တစ်နည်းအားဖြင့် “မှန်ပါတယ်တဲ့၊ ဒါပေမယ့်လို့ တိဿမေတ္တေယျ မေးတုန်းက ငါဖြေတာကတော့ ဖဿကို ရည်ညွှန်းပြီးပြောတာ”တဲ့။ ပထမကိုယ်တော်ဖြေတဲ့ အဖြေကို မြတ်စွာဘုရားက အတည်ပြုပေးလိုက်တယ်၊ ဖဿကို ဦးတည်ပြီးတော့ ပြောတယ်။

[၁၂၄] ဘာဖြစ်လို့တုန်းဆိုတော့ လောကမှာ တဏှာတွေ ဒိဋ္ဌိတွေ ပေါ်လာတာဟာ ဖဿကြောင့် ပေါ်တာ၊ အာရုံနဲ့ စိတ်နဲ့ မဆုံဘဲနဲ့ ဘယ်တော့မှ မပေါ်ဘူး၊ ဒါကြောင့်မို့လို့ ဗြဟ္မဇာလသုတ်ကြည့်လို့ရှိရင် “တဒပိ ဖဿပစ္စယာ ဒါလည်းပဲ ဖဿကြောင့် ဖြစ်တာ” လို့ချည့် မိန့်ဆိုခဲ့တယ်။ ၆၂-ပါးသော အယူဝါဒတွေဟာ ဖဿကြောင့် ဖြစ်တာ၊ အာရုံနဲ့စိတ် ဆုံပြီးမှ ဖြစ်တာတွေချည်းပဲ၊ ဘုန်းကြီးတို့တတွေ တွေးကြတယ်၊ တွယ်တာကြတယ်ဆိုတာ အမြင်တွေ အမျိုးမျိုး ဖြစ်တယ်ဆိုတာ ဆုံပြီးမှ ဖြစ်တာတွေချည်းပဲ အဲဒီဆုံစည်းမှု contact လို့ ခေါ်တာပေါ့ စိတ်နဲ့ အာရုံ ၂-ခု ဆက်သွယ်ပြီး ဒီဆက်သွယ်မှုကို အကြောင်းပြုပြီးတော့ ဖြစ်တာတဲ့၊ အဲဒါကြောင့် မြတ်စွာဘုရားက ဖဿကို အဓိကထားပြီးတော့ ဖြေတယ်လို့ ဒီလိုဖြေရှင်းတယ်၊ အဲဒါ အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတမှာ မဇ္ဈေသုတ်ဆိုတာ ရှိတယ်၊ အဲဒီသုတ်အရ ဒီလိုမှတ်ကြရမှာ ဖြစ်တယ်။

တိဿမေတ္တေယျနဲ့ တပည့်များ

အဲဒီလို မြတ်စွာဘုရားက ဖြေလိုက်တဲ့အခါကျတော့ တိဿမေတ္တေယျနဲ့ သူ့ရဲ့တပည့်တွေပါ အကျွတ်တရား ရသွားကြတယ်။ လောကမှာ လူတွေဟာ တွဲမိပြီဆိုလို့ရှိရင် ဆန္ဒတူတာတွေ ဓာတ်သဘောတူတဲ့ ပုဂ္ဂိုလ်တွေပဲ တွဲမိကြတာ၊ ခုခေတ်လိုဆိုရင် ဝါသနာတူရာပေါ့၊ မြတ်စွာဘုရားက “ဓာတုသော ဘိက္ခဝေ သတ္တာ သံသန္တိ” သတ္တဝါတွေဟာ ဓာတ်သဘောအားဖြင့် နှီးနှောနေကြတာ။

[၁၂၅] သဒ္ဓါတရားရှိတဲ့လူက သဒ္ဓါတရားရှိတဲ့လူနဲ့ တွဲတယ်နော်၊ ဝီရိယရှိတဲ့ လူနဲ့ ငပျင်းနဲ့ တွဲလို့မရဘူးနော်၊ ဘယ်တော့မှ မလိုက်ဖက်ဘူးတဲ့၊ သဒ္ဓါတရားရှိတဲ့လူနဲ့ သဒ္ဓါတရားမရှိတဲ့လူ တွဲလို့မရဘူး၊ ပညာထက်တဲ့လူနဲ့ ထိုင်းအတဲ့လူကလည်း ဘယ်တော့မှ တွဲလို့မရဘူး၊ သီလရှိတဲ့ပုဂ္ဂိုလ်နဲ့ သီလမရှိတဲ့လူလည်း တွဲလို့မရဘူးတဲ့၊ သီလမရှိတဲ့ ပုဂ္ဂိုလ်က အရက်ကလေးတမြမြ လုပ်နေလို့ရှိရင် ဟို သီလရှိတဲ့ပုဂ္ဂိုလ်က ဘယ်လိုလုပ်မလဲနော်၊ တွဲလို့ မရဘူးလေ၊ ဟော တွဲမရဘူးဆိုတဲ့ ပုဂ္ဂိုလ်ချင်း တွဲလို့မရဘူး။

ဒါကြောင့်မို့လို့ အခုမှာလည်းပဲ သူတို့ဆရာနဲ့ တပည့်ဆိုတာ တော်တော်တွဲလို့ရတဲ့ ဝါသနာချင်း စရိုက်ချင်းတူတဲ့ ပုဂ္ဂိုလ်တွေ ဆိုတော့ သူတို့ဆရာ တိဿမေတ္တေယျ မေးလိုက်တဲ့ပုစ္ဆာဟာ တပည့်အားလုံးကလည်းပဲ သိချင်တဲ့ အချက်တွေပဲ ဖြစ်တယ်၊ ဒါလည်း နာပြီးရော နောက်လိုက်တပည့် (၁ဝဝဝ) နှင့်တကွ တိဿမေတ္တေယျဟာ ဓမ္မစက္ခုဆိုတဲ့ တရားမျက်စိ ပိုင်ဆိုင်သွားပြီး နောက်ဆုံး ကိလေသာအာသဝေါတွေ ကုန်ခမ်းသွားတယ်၊ ရဟန္တာ ပုဂ္ဂိုလ်ဖြစ်သွားတယ်၊ ဒီမေးခွန်းတွေ ဖြေဆိုပြီးတဲ့အဆုံးမှာ ရင်ထဲက သံသယတွေ လုံးဝရှင်းသွားပြီးတော့ ရဟန္တာဖြစ်သွားတယ်၊ ရဟန္တာဖြစ်သွားတာနဲ့ တစ်ပြိုင်နက် ရသေ့အသွင်ပျောက်ပြီးတော့ ရဟန်းအသွင်ရောက်တယ်၊ အဲဒီလိုပြောတာ။

[၁၂၆] ဒါ ပစ္စေကဗုဒ္ဓါတွေလည်းပဲ အဲဒီလိုပဲ၊ ပစ္စေကဗုဒ္ဓါတွေဟာ ခေါင်းကို သုံးသပ်လိုက်တာနဲ့ လူအသွင်ပျောက်ပြီး ရဟန်းအသွင် ရောက်တယ်လို့ ဒီလို ဆိုလေ့ရှိတယ်။

ဒီရဟန်းတွေကျတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဆီ ရဟန်းဖြစ်ဖို့ ခွင့်တောင်းတဲ့အခါ “ဧဟိ ဘိက္ခု” လို့ ခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် လူ့အသွင်ပျောက်ပြီး ရဟန်းအသွင် ရောက်တယ်လို့ ဆိုတယ်၊ အခုဒီသုတ္တန်မှာတော့ မြတ်စွာဘုရားထံ ရဟန်းဖြစ်ဖို့ရာ ခွင့်တောင်းတယ်လို့ မပါဘူး၊ ရဟန္တာဖြစ်တာနဲ့ တစ်ပြိုင်နက် သူတို့ အသွင်တွေဟာ အကုန်လုံးပျောက်သွားတယ်၊ ဒီလိုဆိုထားတယ်နော်၊ ရဟန်းဖြစ်တာနဲ့ တစ်ပြိုင်နက် မူလအသွင်သဏ္ဌာန်တွေ ပျောက်ပြီး ရဟန္တာဖြစ်သွားကြတယ်တဲ့၊ ဒုတိယ ခေါင်းဆောင်ဖြစ်တဲ့ တိဿမေတ္တေယျက ဒီလိုမေးတာ။

ပုဏ္ဏက၏အမေးကို ဖြေဆိုခြင်း

နောက် တတိယခေါင်းဆောင်ဖြစ်သူက ပုဏ္ဏက၊ သူကလည်း မေးခွန်းတွေကို မေးတယ်၊ ဒါကြောင့်မို့ ပုဏ္ဏက၏အမေးကို ဖြေဆိုခြင်း ဆိုတာပါ၊ ဒီကနေ့ ဆက်ပြီးတော့ မှတ်သားကြရအောင်၊ မေးခွန်းမေးတဲ့ပုဂ္ဂိုလ်က ၁၆-ဦးဆိုတော့ ဒီရက်တိုကလေးနဲ့ ပြီးမယ် မပြီးဘူး မသိနိုင်ဘူး၊ ဒါကြောင့်မို့ ပုဏ္ဏကရဲ့အမေးကို အကျဉ်းချုပ်ပြီးတော့ ပြောကြည့်ရအောင်။

[၁၂၇] ပုဏ္ဏက သူ့အလှည့်ကျတဲ့အခါ မေးတယ်၊ သူက မေးပါရစေပါဆိုပြီး ဘာနဲ့ပတ်သက်ပြီး မေးတုန်းဆိုရင် သူတို့ brahmam တွေက နတ်တွေ ဗြဟ္မာတွေကို ပူဇော်ကြတယ်၊ sacrificed လုပ်တယ်ပေါ့၊ “ယည” လို့ခေါ်တာ၊ ယည ဆိုတာ ပူဇော်ခြင်းလို့ အဓိပ္ပါယ်ရတယ်၊ မြန်မာလိုကျတော့ ယဇ်ပူဇော်ခြင်း၊ ယဇ်ဆိုတာ “ယဇ” က လာတယ်၊ ယဇဆိုတာ ပူဇော်တာပဲ၊ မြန်မာတွေက ငှက်ပျောပွဲ အုန်းပွဲ ထိုးတာပေါ့၊ ဟုတ်တယ် မဟုတ်လား၊ ဘာဖြစ်လို့ ငှက်ပျောသီး အုန်းသီး လုပ်ကြရတာလဲ၊ ဒီပြင့်ဟာ မလုပ်ကြဘူးလား၊ အဲဒါ စာရေးဆရာတစ်ဦးကတော့ ဘာဖြစ်လို့ကန်တော့ပွဲမှာ ငှက်ပျောသီးနဲ့ အုန်းသီးကို လုပ်သလဲလို့ ဆိုတော့ ငှက်ပျောနဲ့ အုန်းသီးက ရာသီမရွေး ရတယ်၊ ဒီ့ပြင်အသီးက ရာသီအလိုက် ပေါ်တာ၊ ဒါကြောင့်မို့ နတ်က ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ငှက်ပျော၊ အုန်းက လွယ်တာမို့ လုပ်တာ ပေါ့နော်၊ ခုခေတ်တော့ ဒီ့ပြင်အသီးတွေလည်းပဲ ပေါ်နေတယ်၊ ပြောင်းလုပ်ချင်လည်း လုပ်လို့ရတာပေါ့။

အဲဒီမှာ သူက မေးတယ်၊ နတ်တွေ ဗြဟ္မာတွေကို ပူဇော်နေတယ်၊ “ယည” ဆိုတဲ့ ယဇ်ပွဲတွေ ကျင်းပကြတယ်ပေါ့၊ အဲဒါ ဘာအတွက် ဘာကိုအမှီပြုပြီး ပူဇော်ကြတာလဲတဲ့၊ အမျိုးမျိုးတော့ ပူဇော်နေကြတာ ရှိတယ်၊ “ဘာကို အမှီပြုပြီးတော့ ပူဇော်ကြတာလဲ” လို့ မြတ်စွာဘုရားကို မေးတယ်။

မြတ်စွာဘုရားက ဖြေတယ်၊ “နတ်ဗြဟ္မာတွေရဲ့ ဘဝကို အားကျပြီး မိမိရထားတဲ့ဆင်းရဲဒုက္ခတွေက လွတ်မြောက်ဖို့အတွက်၊ [၁၂၈] မအိုဖို့ မနာဖို့ မသေဖို့ အသက်ရှည်ရှည်နေရဖို့၊
(ဟုတ်တာပေါ့ ဗေဒင်ဆရာဆီသွားပြီးတော့ ယတြာချေတာလည်း ဒါပဲပေါ့နော်၊)
ပြဿနာတွေ မရှိအောင်လို့ အဲဒါတွေအတွက် ပူဇော်ကြတာ” တဲ့။

ရွှေတိဂုံဘုရား သွားသွားပြီး ပန်းတွေနဲ့ပူဇော်တာ ဘာလုပ်ကြတာတုန်း၊ ဘာအတွက်တုန်းဆိုရင် ကိုယ့်ဟာကိုယ်တော့ အဖြေထုတ်လို့ ရမှာပေါ့ တပည့်တော်တို့က နိဗ္ဗာန် လိုချင်လို့ပါဘုရား၊ တပည့်တော်တို့က နောင်ဘဝ ချမ်းသာအောင်လို့ပါဘုရားလို့အမျိုးမျိုး ထွက်လာမှာပေါ့နော်။ အဲဒီလို လိုချင်စရာတစ်ခုကို မျှော်လင့်ပြီး လုပ်တာတဲ့။

သူကဆက်ပြီးတော့ မေးတယ်၊ “အခုလို နတ်တွေကို ယဇ်ပူဇော်မှုတွေ ပြုလုပ်ခြင်းဖြင့် မွေးဖွားခြင်း အိုခြင်းဆိုတာက ဒီနည်းနဲ့ရော လွတ်မြောက်နိုင်သလားတဲ့၊ ပုဏ္ဏကတို့ကလည်း ဒီနတ်တွေ ပူဇော်တယ်၊ ပသတယ်၊ မန္တာန်တွေရွတ်တယ် ဆိုတာ ဘာလုပ်ဖို့တုန်း၊ မအိုဖို့ မသေဖို့ သူတို့ တောင့်တကြတာလေ။

မြန်မာပြည်မှာ ဓာတ်လုံးတွေ ထိုး၊ အင်းတွေ ချ၊ သောက်၊ ဘာလုပ်ဖို့တုန်းဆိုရင် အသက်ရှည်ရှည် နေချင်လို့တဲ့ အသက်ရှည်ချင်လို့ အဲဒါကြောင့် လုပ်တာ၊ ဓာတ်လုံးဆရာ အဂ္ဂိရတ်သမားကလည်း ပြာသောက်တာပဲ၊ ဘာလို့သောက်တာလဲလို့မေးလို့ရှိရင် အသက်ရှည်ချင်လို့ အသက်ရှည်တာမှ သူက ဘယ်လောက်ထိအောင် ရှည်ချင်လဲ ဆိုလို့ရှိရင် ဒီဘဝ ဒီခန္ဓာနဲ့ အရိမေတ္တေယျဘုရားပွင့်သည်ထိအောင် သူတို့က နေချင်တာ၊ အရိမေတ္တေယျဘုရား ပရိနိဗ္ဗာန်စံပြီးတောင် [၁၂၉] သူက ဆက်နေချင် နေဦးမှာလေ၊ ဘုရားကသာ ပရိနိဗ္ဗာန်စံသွား၊ သူက ကျန်ချင် ကျန်နေဦးမှာ။

ဘုန်းကြီးတို့ကိုယ်တွေ့ကလေး တစ်ခုပေါ့ စစ်ကိုင်းတောင်ရိုးမှာ ဆရာတော်ကြီးတစ်ပါး ရှိတယ်၊ ဖိုထိုးတယ်၊ အင်းချပြီးတော့ သောက်တယ်၊ ဘာလုပ်ဖို့တုန်းဆိုရင် ဒီဘဝဒီခန္ဓာနဲ့ အရိမေတ္တေယျ ဘုရား ဖူးချင်လို့တဲ့၊ တစ်ရက်ကျတော့ ဘုန်းကြီးက ရောက်သွားတယ်၊ ရောက်တဲ့အခါ ပက်လက်ကလေး ဖြစ်နေတယ်။ အနားနားမှာ ဓာတ်လုံးကလေးတွေ အင်းခွက်ကလေးတွေ ချထားတယ်၊ အသံလေးကလည်း ယဲ့ယဲ့ကလေး ကျန်တော့တယ်၊ ဆရာတော် နေမကောင်းဘူးလား၊ ဘာဖြစ်တာတုန်း” ဆိုတော့ “ငါ့ကွာ” တဲ့ “နေမကောင်းဖြစ်တာ အင်းချပြီးသောက်လည်း မပျောက်ပါဘူးကွာ၊ ဓာတ်လုံးရေစိမ် သောက်လည်း မပျောက်ပါဘူးကွာ” တဲ့ “ဆရာဝန်ခေါ် ဆေးထိုးလိုက်မှ နည်းနည်းသက်သာလာတယ်၊ နေကောင်းရင်တော့ ဒီတစ်ခါ ဘုရားကြိုက်တဲ့ အလုပ်ပဲ လုပ်ပါတော့မယ်” တဲ့။

နောက်တစ်လ နှစ်လလောက်နေတဲ့အခါ ဆရာတော်ကြီး နေကောင်းလားလို့ သွားကြည့်တယ်။ လှိုဏ်ဂူထဲ ရောက်ပြီး “ရှူးရှဲ ရှူးရှဲ” လုပ်နေပြန်တယ်။ အဲဒီကျတော့ “ဆရာတော် ဘယ့်နဲ့လဲ ဘုရားကြိုက်တာပဲ လုပ်တော့မယ်ဆို၊ ဘာလို့ ရှူးရှဲ ရှူးရှဲ လုပ်နေတာတုန်း” ဆိုတော့ “ငါအောင်တော့မှာကွ” တဲ့၊ မျှော်လင့်ချက်၊ “ဒါ အောင်လို့ရှိရင် ငါ အရိမေတ္တေယျဘုရား ဖူးရမှာ” တဲ့၊ တကယ် [၁၃၀] တော့ ဘယ်ဖူးရမှာတုန်း၊ နောက်နှစ် တစ်နှစ် နှစ်နှစ်လောက်နေတော့ ပျံလွန်တော်မူသွားရော၊ ဘယ်နားကနေ စောင့်နေမယ်တော့ မသိဘူးပေါ့။

အဲဒီလိုပေါ့။ လူတွေဟာ မျှော်လင့်ချက်နဲ့ လုပ်နေကြတာ။ အဲဒီလို လုပ်တာတွေက ဇာတိ ဇရာ မရဏကို ကျော်လွှားနိုင်သလားတဲ့၊ အဲဒီတော့ မြတ်စွာဘုရားက ဖြေတယ်၊ အေး ဒီလိုယဇ်ပူဇော်တဲ့ ပုဂ္ဂိုလ်တွေဟာ ဆုတောင်းကြတယ်တဲ့၊ အသက်ရှည်ပါရစေ၊ အသက်ထောင်ကျော် ရှည်ပါရစေ၊ ဆုတောင်းကြတယ်၊ နတ်တွေကို ချီးမွမ်းကြတယ်၊ မန္တာန်တွေ ရွတ်ကြတယ်၊ ပူဇော်ကြတယ်၊ လာဘ်ရချင်လို့ အမျိုးမျိုးလုပ်ကြတယ်၊ ဒီလို ရည်ရွယ်ချက်တွေနဲ့ လုပ်ကြတာ။

တချို့များဆိုလို့ရှိရင် ဓာတ်ကျလို့ ဆိုပြီးတော့နော်၊
ဘယ်တောင် သွားပြီးတော့ ပုတီး ဘယ်နှစ်ပတ် စိပ်ရမယ်တို့၊
ဓာတ်ကျပြီးတော့ ဘာစားရမယ်၊
သစ်သီး ၉-ရက်စားရမယ်၊
ရန်ကုန်မှာလည်း ကြီးကိုးကြီး ဟုတ်လား၊
တစ်နေ့တည်းနဲ့ ပုတီးအပတ် (၁၀၀၀) ပြည့်အောင် စိပ်ရမယ်ဆို သွားစိပ်တာပဲ၊
တစ်ကြီးကနေ နောက်တစ်ကြီးပြောင်း၊
နောက်တစ်ခါ ပုဂံ-ညောင်ဦး တို့မှာရှိတဲ့ ဟိုမှာ စွယ်တော်လေးဆူကို တစ်ရက်ထဲနဲ့ဖူးရင် ဘာဖြစ်မယ် ညာဖြစ်မယ် နော်၊ လုပ်တာပဲ၊ ဖြစ်ချင်လာတာကိုး။

ကျိုက်ထီးရိုး ၃-ခေါက်ပြည့်ရင် သူဌေးဖြစ်တယ်ဆိုတော့ တက်တာ၊ အဲဒီမှာ အထမ်းသမားတွေ ခုချိန်ထိထမ်းတုန်းပဲ၊ ဘယ် [၁၃၁] ၃-ခေါက်ကတော့မလဲ၊ တစ်နှစ်တင်ပဲ သူတို့ အကြိမ်ကြိမ်ထမ်းပြီး တက်နေကြတာ၊ အဲဒါလည်း ယုံတာပဲလေ၊ ၃-ခေါက်ပြည့်အောင် တက်ဆိုတော့ မမောနိုင် မပမ်းနိုင် တက်တာပဲ၊ အဲဒီလို လူတွေဟာ လောဘ ဖြစ်လာပြီဆိုလို့ရှိရင် မစဉ်းစားနိုင်တော့ဘူးပေါ့။ အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဒါ ဘုရားဟောတဲ့ ပါဠိတော်လေးတွေမှာ ပါတာလေးတွေ ကြည့် -
“အာသီသန္တိ” တောင့်တကြတယ်၊
“ထောမယန္တိ" နတ်တွေကို ချီးမွမ်းကြတယ်၊
အရှင်သခင်ကြီးတို့ ဘာတို့ ဘုန်းတန်ခိုးနဲ့ ပြည့်စုံတယ်လို့
“အဘိဇ” မန္တာန်တွေ ရွတ်ကြတယ်၊
ကန်တော့ပွဲတွေ အကြိမ်ကြိမ်ထိုးကြတယ်၊
“ကာမာဘိဇန္တိ” လိုချင်တာတွေကို မျှော်လင့်ပြီးတော့ ပြောကြတယ်၊
လာဘ်လာဘတွေကို လိုချင်ကြတယ်၊
“အဲဒီလို ဘဝတွေအပေါ်မှာ သာယာမှုတွေ လိုချင်မှုတွေ စွဲမက်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီလိုပူဇော်ခြင်းဖြင့် ဘယ်လိုမှ ဇာတိ ဇရာ မရဏ က မလွန်မြောက်နိုင်ပါဘူး” တဲ့၊ မြတ်စွာဘုရားက ဒီလိုဖြေတာ။

သူက ထပ်မေးတယ်၊ “အရှင်ဘုရားတဲ့ အဲဒီလို နတ်တွေ ပူဇော်ပြီးတော့ ယဇ်ပူဇော်မှု မန္တာန်စုပ်မှုဖြင့် အိုခြင်း နာခြင်း သေခြင်းကို မလွန်မြောက်နိုင်ဘူးဆို ဘယ်ပုဂ္ဂိုလ်တွေဟာ အိုခြင်း နာခြင်း သေခြင်းက လွန်မြောက်နိုင်သလဲ” တဲ့၊ သူကလည်း အိုမှာ နာမှာ ကြောက်တယ်။ ဘယ်လိုနည်းနဲ့မှ အိုခြင်း နာခြင်း သေခြင်းကို လွန်မြောက်နိုင်မှာလဲတဲ့ ဆိုတော့ မြတ်စွာဘုရားက ဟောတယ်။

[၁၃၂] “သင်္ခါယ လောကသ္မိံ ပရောပရာနိ”. ပရောပရ-ဆိုတာ ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ သူတစ်ပါးရဲ့ခန္ဓာကိုယ်၊ လောကမှာတဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ သူတစ်ပါးရဲ့ခန္ဓာကိုယ် (သို့မဟုတ်) ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ ခန္ဓာငါးပါး၊ သူ့သန္တာန်မှာဖြစ်တဲ့ ခန္ဓာငါးပါး၊ အဲဒီခန္ဓာငါးပါးတွေရဲ့ သဘာဝတရားကို ပိုင်ပိုင်နိုင်နိုင် သိရမယ်တဲ့။

မအိုချင် မနာချင်ဖို့ဆိုလို့ရှိရင် ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါး၊ သူ့သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါး၊ ဘယ်သူ့သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးပဲ ဖြစ်ဖြစ် ဝိပဿနာဉာဏ်နဲ့ ပိုင်ပိုင်နိုင်နိုင်သိတယ်၊ ပိုင်ပိုင်နိုင်နိုင် သိသည့်အတွက်ကြောင့် ဘယ်လောက ဘယ်ခန္ဓာပေါ်မှာမှ တဏှာဖြင့် တုန်လှုပ်ခြင်း၊ ဒိဋ္ဌိဖြင့် တုန်လှုပ်ခြင်း၊ မာနဖြင့် တုန်လှုပ်ခြင်းဆိုတဲ့ စိတ်ရဲ့ လှုပ်ရှားမှုတွေ မဖြစ်တော့ဘူး။

ဟုတ်တယ်လေ ဝိပဿနာကျင့်စဉ်ကို ကျင့်လို့ အမှန်တရားကို သိသွားပြီ၊ ခန္ဓာငါးပါးကို ပိုင်ပိုင်နိုင်နိုင် သိသွားပြီ ဆိုတဲ့ပုဂ္ဂိုလ်မှာ ဘာမှ စိတ်လှုပ်ရှားမှု မရှိတော့ဘူး၊ စိတ်လေးဟာ တည်ငြိမ်သွားပြီ၊ သန္တောတဲ့ သူ့သန္တာန်မှာ ရာဂတွေ ငြိမ်းသွားပြီ၊ ဒေါသတွေ ငြိမ်းသွားပြီ အပူတွေ အကုန်လုံးငြိမ်းသွားပြီ၊ ဒါ ကိုယ်ကျင့်တရားလည်း ပြည့်စုံတယ်လို့ ပြောလိုတာပေါ့နော်၊ ဒုစရိုက် အလုပ်တွေကိုလည်း မလုပ်တော့ဘူး၊ ရာဂလည်း ငြိမ်းသွားပြီ၊ ဒေါသလည်း ငြိမ်းသွားပြီ၊ ကိလေသာ အပူမီးတွေ အားလုံးငြိမ်းသွားပြီ၊ ဝိဓူမော- ဒုစရိုက်ဆိုတဲ့ အခိုးတွေလည်း အားလုံးကင်းသွားပြီ (သို့မဟုတ်) ဒေါသထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းဆိုတဲ့ စိတ်ရဲ့အခိုးအငွေ့တွေလည်း အကုန်ပျောက်သွားပြီ [၁၃၃] အနိယော- ရာဂဆိုတဲ့ ဒုက္ခ ပေးတတ်တဲ့တရား၊ ဒေါသဆိုတဲ့ ဒုက္ခပေးတတ်တဲ့တရားတွေလည်း သူ့သန္တာန်မှာ မရှိတော့ဘူး၊ နိရာသော-ဘာမှ မမျှော်လင့်တော့ဘူးတဲ့၊ ဘုန်းကြီးတို့တတွေဟာ မျှော်လင့်နေတာကိုး၊ အာသာဆိုတဲ့ တဏှာမကင်းဘူး၊ မကင်းတော့ မျှော်လင့်နေတာ။ ဇီဝိတာသာ-အသက်ပေါ်မှာ မျှော်လင့်တယ်၊ ဓနာသာ-ပစ္စည်းဥစ္စာပေါ်မှာ မျှော်လင့်တယ်၊ အဲဒီအာသာ ဆိုတဲ့ တဏှာတွေ ရှိတယ်။

ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားရင် အဲဒီမျှော်လင့်တယ်ဆိုတာ မရှိတော့ဘူးတဲ့၊ အဲဒီမျှော်လင့်ချက်တွေ မရှိတော့ဘူး၊ အပြီးသတ် ချုပ်ငြိမ်းသွားပြီဆိုတဲ့ပုဂ္ဂိုလ်ဟာ ဇာတိ ဇရာဆိုတဲ့ ဒီပင်လယ်ကြီးကို ဒီဘက်ကမ်းကြီးကနေပြီးတော့ ဟိုဘက်ကမ်းကို ဇာတိ ဇရာကင်းတဲ့ နိဗ္ဗာန်ဆိုတဲ့ ဟိုဘက်ကမ်းကို ဖြတ်ကူးသွားနိုင်တယ်တဲ့၊ အိုခြင်း နာခြင်း သေခြင်းဆိုတာတွေကို ကျော်ဖြတ်နိုင်ပြီလို့ ဒီလို ပြောတာနော်။ ဆိုလိုတာက ရဟန္တာဖြစ်သွားပြီ၊ ကိလေသာတွေ ကုန်သွားပြီ၊ ကိလေသာတွေ ချုပ်လို့ ကံတွေ ငြိမ်းသွားပြီဆိုလို့ရှိရင် အဲဒီလူဟာ အိုခြင်း နာခြင်း သေခြင်းဆိုတာတွေကို ဖြတ်ကျော်သွားနိုင်ပြီ၊ လွန်မြောက်သွားနိုင်ပြီလို့ ပြောတာ၊ ယဇ်ပူဇော်ရုံနဲ့ လာဘ်လာဘတွေကို မျှော်ကိုးနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုမှ အိုခြင်းတရားတို့ကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးလို့ မြတ်စွာဘုရားက ဒီမေးခွန်းလေးကို ဖြေတယ်။

[၁၃၄] အင်္ဂုတ္တရနိကာယ်မှာ သမာဓိဘာဝနာသုတ် ဆိုတာ ရှိတယ်၊ စတုက္ကနိပါတ်မှာ ရှိတယ်၊ ဒီဂါထာလေးကို ကူးပြီးတော့ပြောတာ၊ ပါဠိတော်က ကူးတယ်ဆိုတော့ ရှေးကျတယ်ပေါ့နော်။

အဲဒီမှာ သမာဓိဘာဝနာသုတ်မှာ ဘယ်လိုပြောထားတုန်း ဆိုလို့ရှိရင် “သင်္ခါယ လောကသ္မိံ ပရောပရာနိ” ဆိုတဲ့နေရာမှာ ခန္ဓာငါးပါးကို သိတယ်ဆိုတာ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရကို သိတယ်၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရရဲ့ ဖြစ်ကြောင်းတရားကို သိတယ်၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ရဲ့ ချုပ်ကြောင်း တရားကို သိတယ်၊ ဆိုလိုတာက ဖြစ်ကြောင်းတရားကိုလည်း သိတယ်၊ ချုပ်ကြောင်းတရားကိုလည်း သိတယ်၊ အဲဒါက ဘာနဲ့ သိတာတုန်းဆိုတော့ ဝိပဿနာဉာဏ်နဲ့ သိတာပဲပေါ့။

ဝိပဿနာဉာဏ်နဲ့ ဒါတွေကို ပိုင်ပိုင်နိုင်နိုင် မသိဘဲနဲ့ မဂ်စိတ် ဆိုတာ မပေါ်ဘူး၊ မဂ်စိတ်မပေါ်ရင် ကိလေသာဆိုတာ မပယ်နိုင်ဘူး၊ ကိလေသာ မပယ်နိုင်ရင် ကံဆိုတာ မကုန်ဘူး၊ ကံမကုန်လို့ရှိရင် အိုခြင်း နာခြင်းဆိုတာ ဘယ်လိုမှ မကျော်လွှားနိုင်ဘူး၊ ဒီအဓိပ္ပာယ်ကို အဲဒီသုတ္တန်မှာ “အာသဝက္ခယ” အာသဝေါ တရားကုန်ကြောင်း ကျင့်စဉ်တစ်ခုအနေနဲ့ “သင်္ခါယ လောကသ္မိံ ပရောပရာနိ” ဆိုတဲ့ ဒီဂါထာလေးကို ကူးပြီးတော့ ရှင်းထားတာ၊ ပါဠိတော် ပုဏ္ဏကရဲ့ အမေးမှာ ငါ ဒီလိုဖြေဆိုခဲ့တယ်လို့ မြတ်စွာဘုရားက ပြန်ပြီးတော့ ရှင်းပြထားတယ်။

[၁၃၅] တရားချစ်ခင်သူတော်စင်ပရိသတ် အပေါင်းတို့ အခု ပုဏ္ဏကရဲ့ အမေးကိုလည်းပဲ မြတ်စွာဘုရားက ဖြေလိုက်တယ်။ ပုဏ္ဏကအမေးရဲ့ အဖြေအနှစ်ချုပ်က ဘာတုန်းဆိုရင် “ယဇ်ပူဇော်ခြင်း မန္တာန်စုပ်ခြင်းဖြင့် အိုခြင်း နာခြင်း သေခြင်းကို မလွန်မြောက်နိုင် ဘူးတဲ့၊ ဘယ်လောက် အသက်ရှည်အောင်လုပ်လို့မှ မရဘူးတဲ့၊ အသက်ရှည်အောင် လုပ်တဲ့ နည်းဆိုတာတော့ ဇာတိ ဇရာ မရဏ မဖြစ်အောင် ဝိပဿနာ ကျင့်စဉ်တစ်ခုကို ကျင့်၊ ခန္ဓာငါးပါးကို အမှန်အတိုင်းသိတဲ့အခါမှာ ကိလေသာတွေ ငြိမ်းသွားမယ်၊ တွယ်တာမှုတွေ လုံးဝမလာတော့ဘဲ မျှော်လင့်ချက်အာသာတွေ မရှိတော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်မှသာလျှင် အိုခြင်းနာခြင်းကို ကျော်လွှားနိုင်တယ်” လို့ ဒီလို ဟောကြားခြင်း ဖြစ်ပါတယ်။

ဒီဂါထာရဲ့အဆုံးမှာ ပုဏ္ဏကခေါင်းဆောင်တဲ့ ရသေ့တစ်ထောင် ဟာလည်းပဲ အကျွတ်တရားရသွားကြတယ်၊ အားလုံး တရားထူး တရားမြတ် ရသွားကြတယ်၊ သူတို့လည်း ရဟန္တာဖြစ်ပြီးတော့ ရဟန်း အသွင်နဲ့ မြတ်စွာဘုရားကို လက်အုပ်ချီမိုး ရှိခိုးပြီး ထိုင်နေကြတယ်။ ဘုရားရှေ့မှာ ရဟန်းဦးရေဟာ တိုးတိုးလာတယ်၊ ဘယ်နှစ်ပါး ရှိသွားတုန်းဆိုတော့ ၃၀၀၀-ရှိသွားတယ်နော်။

နောက်ရက်တွေမှာ ကျန်တဲ့ရသေ့တွေရဲ့ မေးခွန်းတွေကို ဆက်ပြီး ဟောသွားမှာပေါ့။

ဒါကြောင့်မို့လို့ တရားချစ်ခင်သူတော်စင်ပရိသတ် အပေါင်းတို့ သည် ဒီကနေ့ “တိဿမေတ္တေယျရဲ့အမေးကို ဖြေဆိုခြင်းနဲ့ ပုဏ္ဏကရဲ့

[၁၃၆] တိဿမေတ္တေယျရဲ့အမေးကို ဖြေဆိုခြင်းနဲ့ ပုဏ္ဏကရဲ့ အမေးကို ဖြေဆိုခြင်း

အမေးကို ဖြေဆိုခြင်း” လို့ဆိုတဲ့ ဒီတရား ၂-ပုဒ်မှာ လာရှိတဲ့အတိုင်းကို သိရှိနားလည်ကြပြီး မိမိတို့ရဲ့ဘဝကို အမှန်အတိုင်းသိရှိကြကာ နောက်ဆုံးမှာ ဘဝနိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ချမ်းသာ ကိုယ်စီ ကိုယ်ငှ မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။

သာဓု
သာဓု
သာဓု၊
[၁၃၇] သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂- ခုနှစ် နတ်တော်လဆန်း ၅-ရက်၊ ခရစ်နှစ် ၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၁၂-ရက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သာသနာရေး ဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဇမ္ဗူသီရိဗိမာန်တော်တွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ အနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွား မိဘဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

မေတ္တဂူ၏အမေးကို ဖြေဆိုခြင်း

အဇိတ၊ တိဿမေတ္တေယျ၊ ပုဏ္ဏကတို့၏အမေးကို ဖြေဆိုပြီးတဲ့ နောက် စတုတ္ထမြောက်ခေါင်းဆောင်ဖြစ်တဲ့ မေတ္တဂူရဲ့အမေးကို မြတ်စွာဘုရားက ဖြေတယ်၊ အတူလာကြတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လင့် ကစား မေးခွန်းတွေကတော့ တစ်ဦးနဲ့ တစ်ဦး မတူညီကြဘူး၊ မိမိတို့ အာရုံစိုက်မိရာ မိမိတို့ရင်ထဲ သံသယရှိရာ မိမိတို့သိလိုတဲ့ အကြောင်း အရာတွေနဲ့ ပတ်သက်ပြီး ပေးကြတယ်၊ သို့သော် မြတ်စွာဘုရား တရားတော်မြတ်ရဲ့လမ်းဆုံးပန်းတိုင်ကတော့ ဝဋ်ဒုက္ခအားလုံးကို အဆုံးသတ်ရေးပဲ ဖြစ်တယ်ပေါ့၊ အားလုံးဟာ အိုခြင်း နာခြင်း သေခြင်းလို့ဆိုတဲ့ သံသရာဝဋ်ဆင်းရဲက လွတ်ကင်းတဲ့ နေရာ ရောက်ရှိ [၁၃၈] ရေးဟာ ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်ပဲဖြစ်တယ်၊ ပန်းတိုင်ရောက်ရန် အကျင့်ကို ကျင့်နိုင်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်၊ လမ်းစဉ်ကို သိဖို့ဆိုတာလည်း အင်မတန်မှ ခဲယဉ်းတယ်၊ ကျန်တဲ့ ကျင့်စဉ်တွေ ဆိုပါစို့ - သမထကျင့်စဉ် ကျင့်ပြီးတော့ ဗြဟ္မာ့ပြည် ရောက်ဖို့ဆိုတာ တွေဟာ ဘုရားမပွင့်လည်းဘဲ ရှိခဲ့တဲ့အကျင့်တွေပဲ၊ မြတ်စွာဘုရား မပွင့်လည်း သီလဆိုတာ ရှိတယ်၊ သမာဓိဆိုတာလည်း ရှိတယ်၊ ဝိပဿနာပညာဆိုတာကျတော့ ဘုရားပွင့်မှပဲ တွေ့ရတယ်၊ ကျန်တဲ့ အချိန်မှာ ဒီနည်းလမ်းကို မတွေ့နိုင်ကြဘူး။

လောကမှာ တစ်ခါတစ်ရံ သူတော်စင်တွေဟာ ဘဝကြီးမှာ ဆင်းရဲတယ်ဆိုတာကိုတော့ သိရှိနားလည်ကြတယ်၊ သဘောပေါက် ကြတယ်၊ သို့သော် ဒီဆင်းရဲဒုက္ခကို ဘယ်လိုလုပ်ပြီး အဆုံးသတ် ရမလဲဆိုတာကျတော့ ရှာမတွေ့နိုင်ကြဘူး၊ သူတို့လည်း ဘဝအဆုံး သတ်ဖို့ ကြိုးပမ်းကြတာတွေချည်းပဲ၊ မြတ်စွာဘုရားလက်ထက်တော် အခါကာလတုန်းက ဘာသာ တရားတွေကို လိုက်စားပြီး ကျင့်ကြံ ကြိုးကုတ် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘာရည်ရွယ်ချက်နဲ့ လုပ်တာတုန်းလို့ ဆိုတော့ ဟောဒီလို အိုခြင်း နာခြင်း သေခြင်း ဆိုတာတွေ အဆုံးသတ်ဖို့၊ ဒီဒုက္ခတွေ အဆုံးသတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြတယ်၊ ဒါကြောင့်မို့ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓမြတ်စွာနဲ့ တစ်ခေတ်တည်း ပေါ်ထွန်းတဲ့ အတွေးအခေါ်တွေကို ကြည့်မယ်ဆိုရင် သူတို့မှာလည်းပဲ ‘မောက်ခ်ရှ” ဆိုတဲ့ စကားလုံး ရှိတယ်၊ ‘မောက်ခ်ရှ’ ဆိုတဲ့စကားလုံးက [၁၃၉] အိန္ဒိယအသံနဲ့ပြောတာ။ မြန်မာပါဠိသံနဲ့ပြောမယ်ဆိုရင် “မောက္ခ” မောက္ခဆိုတာ ဘာလဲ၊ လွတ်မြောက်ခြင်း၊ လွတ်မြောက်မှုဆိုတာ freedom ပေါ့ သူတို့လည်း ဒီမျှော်မှန်းချက်နဲ့ လုပ်ကြတာပဲ။ အဲဒီလွတ်မြောက်မှုဆိုတာကို The way of practice လိုက်နာ ကျင့်သုံးမှု နည်းအမျိုးမျိုးနဲ့ ရှာကြတာ၊ ရှာရင်း၊ ရှာရင်းနဲ့ ဆင်းရဲတွင်း နက်သွားကြတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲ၊ ဘာဖြစ်လို့ ဆင်းရဲတွင်း နက်သွားသလဲဆိုရင် မှန်ကန်တဲ့ ကျင့်စဉ်ကျင့်နည်း technique ကို မသိလို့၊ အဲဒီ ကျင့်စဉ်ကျင့်နည်း မှန်ကန်တဲ့အကျင့် ဝိပဿနာပဋိပဒါကို မြတ်စွာဘုရားသာလျှင် စတင်ပြီး တွေ့ရှိတာတဲ့။

သာသနာပြင်ပ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့လမ်းဆုံးက ဘယ်လဲလို့ ဆိုရင် ရုပ်တရားကြီးကို စွန့်ခွာသွားပြီးတော့ နာမ်တရားသာ ရပ်တည်နိုင်ပြီး ကမ္ဘာပေါင်းများစွာ အသက်ရှည်တဲ့ ဗြဟ္မာ့ပြည်ဟာ သူတို့ရဲ့ လမ်းဆုံးဖြစ်တယ်။

သူတို့ရဲ့ နည်းစနစ်တွေလည်း ကောင်းတယ်လို့ ပြောရမယ်၊ ရုပ်တရားကြီးကို မလိုချင်တော့ဘူး၊ ဘာဖြစ်လို့ မလိုချင်သလဲလို့ ဆိုလို့ရှိရင် စဉ်းစားကြည့်လေ၊ ဘုန်းကြီးတို့တတွေ ကိုယ့်ဟာကိုယ်ပဲ ပြန်စဉ်းစားကြည့်၊ ဒီ Physical body ကြီး ရှိနေသည့် အတွက်ကြောင့် ဘာတွေလုပ်ရလဲ၊ မနက်အိပ်ရာထတဲ့ အချိန်က စပြီးတော့ စဉ်းစားကြည့်လိုက်၊ (ပျော်စရာကြီးလို့ တွေးရင်လည်းပဲ ပျော်ကောင်း ပျော်မှာပေါ့) အတော်အလုပ်ရှုပ်တဲ့ အရာပဲနော်၊ ဟောဒီ Physical body ကြီးအတွက် လူတွေဟာ မနက်အိပ်ရာ ထတာနဲ့ တစ်ပြိုင်နက် [၁၄၀] မျက်နှာသစ်ရတာတို့ သွားတိုက်ရတာတို့ ရေမိုးချိုးရတာတို့၊ ဒါတွေ မလုပ်လို့ရှိရင် ကိုယ်ခန္ဓာက ထုတ်လုပ်တဲ့ အနံ့တွေဟာ ကိုယ့်ဟာ ကိုယ်တောင် အန်ချင်လာမှာပဲ၊ ပြီးတော့ Breakfast တဲ့၊ နံနက်စာ စားရပြန်ပြီ၊ အနည်းဆုံး ကော်ဖီလေး တစ်ခွက်လောက်တော့ သောက်ရမှ၊ သူ့အထဲ ထည့်ပေးရတာလေ။

အဲဒီတော့ သေသေချာချာ စဉ်းစားကြည့်ရင် လူတွေက သူများအတွက် လုပ်ပေးရတာသာ သူများရဲ့ ဝေယျာဝစ္စလို့ ပြောကြတာ၊ ကိုယ့် Physical body ကြီးရဲ့ ဝေယျာဝစ္စတွေလုပ်ရတာ နည်းတာမှ မဟုတ်ဘဲ၊ ဒါတောင် Physical body တစ်ခုနဲ့ အားမရလို့ Physical body တွေ ထပ်ပြီးယူကြသေးတယ်၊ တကယ် စဉ်းစား ကြည့်ရင် အံ့ဩစရာ အလွန်ကောင်းတယ်။ နောက်တစ်ခု ယူလိုက်တဲ့ အခါကျတော့ ဟော တစ်ခုပြီးတစ်ခု ဒုက္ခတွေဟာ တိုးလာလိုက်တာ။ အထုပ်ထမ်းနေတဲ့ လူတစ်ယောက် အထုပ်ကလေးတွေ ထပ်ပြီး တင်တာနဲ့ မတူဘူးလား၊ ခါးကိုကိုင်းပြီးတော့ တစ်ခါတည်းကို ဒီလို ဒုက္ခရောက်တယ်နော်၊ သို့သော် အဲဒီဟာကို ဒုက္ခလို့ မထင်ဘူး၊ ဒုက္ခလို့ မထင်လို့ ပျော်ရွှင်မှုနဲ့ နေနေကြတာပေါ့၊ ဒါကြောင့်မို့ မြတ်စွာဘုရားက ဒါကို ဒုက္ခလို့မြင်အောင် ကြည့်ခိုင်းတာ၊ ဒါကို ဒုက္ခလို့ မမြင်သေးသမျှ ဘုန်းကြီးတို့ ဘဝမှာ ပျော်နေကြဦးမှာပဲ၊ အဲဒီဘဝမှာ ပျော်နေတာကို ဘဝတဏှာလို့ ဒီလိုဆိုလိုတာပေါ့။

ဘဝကို တွယ်တာနှစ်သက်နေသေးသမျှ ဘဝကောင်းစားရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်လုပ်နေကြဦးမှာပဲ၊ အလုပ် [၁၄၁] လုပ်နေသမျှ ကာလပတ်လုံး ဘဝတွေဟာ တစ်ခုပြီးတစ်ခု လာမယ်၊ ကောင်းမယ်ထင်လို့ လုပ်လိုက်၊ မကောင်းတာဖြစ်လိုက်နော်၊ ကောင်းမယ်ထင်လို့ လုပ်ရင်း မကောင်းတာတွေ ဖြစ်သွားတာတွေက အများကြီး၊ တစ်ခါတစ်ခါ ‘ကြက်ကန်း ဆန်အိုးတိုး’ ဆိုတာလို ကောင်းမယ်ထင်ပြီး လုပ်လိုက်လို့ ကောင်းတာတွေ ရသွားပြန်တယ်၊ ထီပေါက်တာနဲ့ အလားတူတယ်ပေါ့။

ထီထိုးတုန်းက ရမ်းပြီးတော့ ထိုးလိုက်တာပဲ၊ ထိုးလိုက်တဲ့အခါ မပေါက်သေးရင်တော့ နောက် တစ်ခေါက် နောက်တစ်ခေါက်နဲ့ ထီများပေါက်မလားလို့ ထိုးလိုက်တာ ရှိတဲ့ပိုက်ဆံ အကုန်ကုန်၊ မြန်မာပြည်မှာ အခုတော့ သိပ်မကြားရဘူး၊ လွန်ခဲ့တဲ့ လေးငါးနှစ် လောက်က အိမ်တောင်ပေါင်ပြီး ထိုးတဲ့လူ ရှိသေးတယ်၊ နှစ်လုံးထီတဲ့၊ တချို့ အိမ်ပေါ်ကတောင် ဆင်းသွားရတယ် ကြားတယ်၊ စစ်ကိုင်းမှာ တော့ ရှိတာသေချာတယ်၊ အဲဒီ ထီကနေ ဒုက္ခပေးလိုက်တာ ဘဝဇာတ်ကို ခြေရာဖျောက်ပြီးတော့ မြေပထဝီအောက် ရောက်သွားတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်၊ အဲဒါဟာ မျှော်လင့်ချက်နဲ့ လုပ်တာပဲလေ၊ ဖြစ်လာနိုး မျှော်လင့်ချက်နဲ့၊ အကောင်းထင်ပြီး လုပ်မိတာ အဆိုးတွေ ဖြစ်သွားတာ အများကြီးပဲ။

ကံကောင်းချင်တော့ တစ်ခါတစ်ခါ ပေါက်လိုက်တဲ့အခါ လူတွေဟာ ဒါလေးကို အားကျပြီး ရမ်းသန်းမှန်းသန်း ဟိုပြောဒီပြော ပြောတာလေးက တည့်သွားတဲ့အခါ “ဟာ- ဒီဘုန်းကြီးက နှစ်လုံးထီပေးတာ မှန်သတဲ့” ဆိုပြီးတော့ လိုက်တဲ့သူကလည်း [၁၄၂] လိုက်နေကြတယ်၊ တကယ်တော့ ဘာမှလည်း မဟုတ်ဘူး၊ တကယ်ကတော့ ဘယ်သူမှ သိနိုင်တာမဟုတ်ဘူး၊ စဉ်းစားကြည့်လေ သူသိရင် သူတစ်ယောက်တည်း ထိုးမှာပေါ့ ဘာလို့ သူများပေးဦးမလဲ၊ ဒါပေမဲ့ လူတွေက ယုံသလား ဆိုတော့ ယုံတယ်။

လောကလူတွေက ယုံဖို့ရာကျတော့ ဝန်မလေးကြဘူး၊ သူတို့က လိမ်မယ့်လူကိုပဲ ရှာနေတာ၊ “ငါ့ကို ဘယ်သူလာ လိမ်မလဲ” ယုံဖို့ရာ အဆင်သင့်ပဲ၊ လိမ်မယ့်သူ လိုနေတယ်၊ အလိမ်ခံချင်နေတာကိုး၊ ဘာဖြစ်လို့ အလိမ်ခံချင်တာတုန်းဆိုတော့ အဝိဇ္ဇာပဲ၊ အမှန်မသိလို့ ကိုယ့်မျှော်လင့်ချက်ကလေးက လိမ်မှန်းမသိ လိမ်တာလေ၊ လိမ်မှန်း မသိ လိမ်သွားတာ။

ငယ်ငယ်တုန်းက ကာတွန်းလေးတစ်ပုဒ် သတင်းစာထဲ တွေ့ဖူး တယ်၊ ဆိုင်းဘုတ်ကလေး တပ်ထားတာ ဗေဒင်ဆရာ ‘ဆရာညာ’ တဲ့ ရေးထားတာ၊ ဗေဒင်ဆရာတွေကို ပြောတာ မဟုတ်ပါဘူး၊ ဒီလိုဟာမျိုး ရှိတတ်တဲ့အကြောင်း ပြောပြတာနော်၊ လူတစ်ယောက်က ဗေဒင်မေးတော့ ဗေဒင်ဆရာကြီးက ကျောက်သင်ပုန်းလေးနဲ့ ချောက်ချက် တွက်ချက်နေတယ်၊ “ခင်ဗျား လူညာခံရတတ်တယ်၊ သတိထား” တဲ့ ဆိုတော့ သူက ပြန်ပြောတယ် “ဟာ ဆရာ ကျွန်တော် တစ်ခါမှ အညာမခံရဖူးပါဘူး” တဲ့၊ “အခု အညာခံနေရပြီလေ” တဲ့၊ ဒါ အမှန်အတိုင်း ပြောလိုက်တာပဲနော်။

သို့သော် လူတွေက ညာတာကို သဘောကျတယ်၊ ကိုယ်သဘောကျတာလေး ပြောလိုက်ရင် သိပ်ဟန်ကျတယ်၊ ဒီနေ့ပဲ [၁၄၃] ဂျာနယ်တစ်စောင်ထဲ ဖတ်တယ်၊ ဗေဒင်ဆရာက ဟောတယ်တဲ့၊ “မင်း ဘယ်နှစ်ရက်ကြာရင် သေလိမ့်မယ်ပေါ့၊ ယတြာချေလို့လည်း မရဘူး” လို့ ပြောတယ်၊ ဟိုလူက စိတ်ရောဂါရသွားတယ်၊ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ဆိုတာ ဖြစ်တယ်၊ အဲဒီတော့ ဒါတွေက ဗေဒင်ဆိုတာ မရှိဘူးလား ဆိုတော့ ရှိပါတယ်၊ တကယ့် ဗေဒကျမ်း တွေ၊ သို့သော် ဗေဒကျမ်းတွေ နက္ခတ်တွေအားလုံးဟာ မှန်သလားလို့ ဆိုရင် တိုက်ဆိုင်သွားတဲ့ အခါကျတော့ မှန်သလိုရှိတယ်။

ငါးရာ့ငါးဆယ်ဇာတ်ထဲမှာ မြတ်စွာဘုရားဟောထားတာ ရှိတယ်၊
“နက္ခတ္တံ ပဋိမာနေန္တံ၊
အတ္ထော ဗာလံ ဥပစ္စဂါ၊
ဒီနေ့ နေ့မကောင်းသေးဘူး၊ ဒီနေ့ နက္ခတ်မကောင်းသေးဘူး၊ ပြဿဒါး ရက်ကြီး မလုပ်နဲ့၊ ပြဿဒါး ရက်ရာဇာရွေးလိုက်ဦးနော်၊ ကောင်းတဲ့ နက္ခတ်လေးကို ကြည့်ပြီး လူတွေက လုပ်လေ့ရှိကြတယ်၊ ဘာလေး လုပ်လုပ် နက္ခတ်ကောင်းတဲ့နေ့၊ ဘုန်းကြီးတို့တွေ့ဖူးတယ်၊ စစ်ကိုင်းက ကျောင်းအမကြီးတစ်ဦးဆိုရင် တရားစာအုပ်လေး ဝယ်ဖတ်တာ တောင်မှပဲ အမြိတ္တစုတ်ရက်မှပဲ ဝယ်ဖတ်တာ၊ ဒီ့ပြင်နေ့ မဝယ်ဘူးနော်၊ စာအုပ် ဖတ်တာတောင်မှ ကောင်းတဲ့ရက်၊ အဲဒီ ကောင်းတဲ့ရက် မရောက်ခင် သေသွားရင် ဖတ်တောင် ဖတ်လိုက်ရမှာ မဟုတ်ဘူး၊ အဲဒီလို အလွန်အကျွံ တာမျိုးတွေဟာ အကျိုးမဲ့ ဖြစ်တတ်တယ်ပေါ့။

အဲဒီ ငါးရာ့ငါးဆယ်ထဲမှာ
“နက္ခတ္တံ ပဋိမာနေန္တံ၊
အတ္ထော ဗာလံ ဥပစ္စဂါ၊
နက္ခတ်ကို မျှော်လင့်စောင့်စားနေတဲ့ ပုဂ္ဂိုလ်ဟာ ကောင်းကျိုးချမ်းသာတွေ လွဲချော်ကုန်တတ်တယ်တဲ့၊ အတ္ထော [၁၄၄] အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာ၊ ကိုယ်လိုချင်တဲ့ကိစ္စ ကိုယ်ဘာလုပ်ချင်တာလဲ လုပ်ချင်တာ အခုလုပ်လို့၊ လုပ်ပြီးသွားတာ ဒါဟာ နက္ခတ်ပဲတဲ့၊ ကောင်းကင်ပေါ်က နက္ခတ်တွေက ကိုယ့်ကို ဘာတတ်နိုင်မှာလဲတဲ့၊ ဒါက မြတ်စွာဘုရားရဲ့ သွန်သင်ဆုံးမထားမှု တစ်ခု။

နောက်တစ်ခု ပုဗ္ဗဏှသုတ်ကို ကြည့်လေ၊ ပုဗ္ဗဏှသုတ်ထဲမှာ ဆိုရင် သုနက္ခတ္တံ သုမင်္ဂလံ သုပ္ပဘာတံ သုဟုဋ္ဌိတံ တဲ့ ကောင်းတာ လုပ်ရင် ကောင်းတဲ့နက္ခတ်လို့ ဒီလိုပြောတာပဲ။

ကောင်းတာကျတော့ မလုပ်ချင်ဘူး၊ ကောင်းတာ လုပ်ရမှာ ကျတော့ နက္ခတ်မကောင်းသေးဘူးလို့ ထင်ပြီးတော့ နက္ခတ်ပဲ လိုက်ရွေးနေတယ်၊ ဒီလို ဖြစ်တတ်တယ်၊ သို့သော် လူတွေဟာ Superstitious အစွဲအလမ်းတွေ တအားကြီးတယ်၊ အစွဲအလမ်းတွေနဲ့ လုပ်နေကြတာတွေက အများကြီးပဲ၊ ဗုဒ္ဓဘာသာ ဖြစ်လာပြန်တော့လည်း ဒီစွဲလမ်းမှုကို မစွန့်နိုင်သေးဘူး၊ ဘာဖြစ်လို့ ဒီလိုစွဲလမ်းမှုတွေကို မပယ်နိုင်တာတုန်းဆိုတော့ အမှန်မသိလို့ပေါ့၊ အဲဒီတော့ ကိုယ့်ရဲ့ အသိဉာဏ်ဟာ အားနည်းနေသေးတယ် အားပျော့နေသေးတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။

ဒါကြောင့်မို့ အသိဉာဏ်ဟာ ရှိလာပြီဆိုရင် ရဲရင့်တယ်၊ အသိဉာဏ်ဟာ အလင်းရောင်နဲ့ တူတယ်၊ လောကလူတွေဟာ အမှောင်ထဲဆိုရင် ကြောက်လိမ့်မယ်၊ ရှေ့မှာ ဘာရှိလဲ၊ ဘာမှမမြင်ရဘူး၊ မှောင်ကြီးထဲ စမ်းတဝါးဝါး၊ အလင်းရောင်ရှိလို့ မြင်နိုင်တဲ့အခါမှာ [၁၄၅] ရဲစွမ်းသတ္တိတွေ တက်လာတယ်၊ အဲဒီလိုပဲ ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာ အလင်းထဲ ရောက်သလိုပဲ ရဲစွမ်းသတ္တိတွေ တက်လာတယ်၊ ဘုန်းကြီးတို့တတွေ ကြောက်နေတယ်ဆိုတာ အမှောင်ထဲ ရောက်နေလို့ပဲ၊ မှောင်တယ်ဆိုတာ မြင်နိုင်စွမ်း အသိဉာဏ်ရဲ့ စွမ်းအားတွေဟာ မပြည့်စုံသေးဘူး၊ အားပျော့နေသေးတယ်လို့ ဒီလိုပြောတာ၊ ဒါတွေ ယုံကြည်လက်ခံနေခြင်းအားဖြင့် အားပျော့နေသေးတယ်၊ သိတာက ဉာဏ်ရဲ့လက္ခဏာ၊ မြင်တာက ဉာဏ်ရဲ့အစွမ်း၊ ဉာဏ်ဆိုတာသိတယ်၊ မြင်တတ်တယ်၊ အကောင်းအဆိုး အကြောင်း အကျိုးကို ခွဲခြားသိမြင်တတ်တယ်၊ အဲဒီလိုဉာဏ်ကို ဘုန်းကြီးတို့တတွေ ရအောင် ကြိုးစားအားထုတ်ကြရမယ်။

အဲဒီတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဘဝဆိုတာ ဒုက္ခလို့ ဒီလိုဟောထားသော်လည်း အတော်နဲ့ သဘောမကျနိုင်ဘူး ပေါ့ ဘာဖြစ်လို့လဲဆို သုခတွေက ရှိနေသေးတာကိုး၊ သုခတွေ ရှိနေတော့ ကောင်းတာလေး ကွက်ကြည့်ပြီး ဘဝဒုက္ခဆိုတာ သိပ်လက်မခံချင်ဘူး၊ ကောင်းတဲ့ အချက်ကလေးကို မျှော်လင့်ပြီးတော့ လူတွေဟာ ကောင်းနိုးနိုးနဲ့ လုပ်နေကြတုန်းပဲ၊ လုံးဝကြီး စွန့်လွှတ်နိုင်စွမ်း မရှိကြသေးဘူး၊ အဲဒီတော့ ဘဝရဲ့ဒုက္ခဆိုတာ အင်မတန်မှ ကြီးပါတယ်ဆိုတာကို ဆင်ခြင်သုံးသပ်ကြရမယ်။ ဒါ contemplation အနုပဿနာလို့ ခေါ်တာပေါ့ ဆင်ခြင်သုံးသပ်မှုဆိုတာ လိုအပ်တယ်။

[၁၄၆] အနုပဿနာဆိုတာ အနု-အဖန်ဖန် အထပ်ထပ်၊ ပဿနာ- ရှုမြင်ခြင်း၊ အဖန်ဖန်အထပ်ထပ် ရှုတယ်ဆိုတာ ဘာနဲ့ ရှု၊ ဉာဏ်နဲ့ ရှု၊ နောက်တစ်နည်းအားဖြင့် အနုဆိုတာ လျော်စွာ၊ ပဿနာ ကြည့်တတ် မြင်တတ်ခြင်း၊ တကယ်မှန်ကန်တဲ့ နည်းအတိုင်း သင့်တင့် လျောက်ပတ်စွာ ရှုတတ်မြင်တတ်တယ်၊ ဒါကြောင့်မို့ ကိုယ့်ဘဝကိုယ် စဉ်းစားဆင်ခြင် ပေးရတယ်၊ အဲဒီလို စဉ်းစားဆင်ခြင်ပေးခြင်းဖြင့် ဘဝဒုက္ခ အတော်အသင့် သိလာတဲ့အခါ ဘဝအပေါ်မှာ ငြီးငွေ့ စိတ်ကလေးတွေ ပေါ်လာနိုင်တယ်၊ အဲဒီပေါ်လာတဲ့ ငြီးငွေ့ စိတ်ကလေးတွေဟာ တဖြည်းဖြည်းနဲ့ အားကောင်းလာပြီဆိုရင် ဘုရားအလောင်းတွေ ကြည့် - ဘယ်လောက်ကြီးမားတဲ့ စည်းစိမ် ချမ်းသာကြီးပဲ ဖြစ်ဖြစ် Renounce လုပ်နိုင်တယ်၊ ဖယ်ရှားပစ်နိုင်တယ်။

ဘုန်းကြီးတို့ငယ်ငယ်တုန်းက စဉ်းစားကြည့်မိတယ်၊ ဒီလောက် ချမ်းသာတာကြီးကို ဘယ်လိုလုပ် စွန့်ခွာနိုင်တာတုန်းလို့ ပိုပြီးတော့ စဉ်းစားမိတာတော့ ဘုရားလောင်းတွေ ပါရမီဖြည့်တယ် ဆိုတဲ့အချိန်မှာ ပြင်ပပစ္စည်းတွေ လှူတယ်၊ လှူနိုင်တယ်ပဲ ထားပါတော့၊ အတွင်း အဇ္ဈတ္တပစ္စည်းကို လှူတယ်၊ မျက်လုံးထုတ် လှူတယ်၊ ဘာထုတ် လှူတယ်၊ ညာထုတ် လှူတယ်ပေါ့၊ ဒါတွေဟာ ဘယ်လိုကြောင့် လုပ်နိုင်တာလဲ၊ ကိုယ့်ဟာကိုယ်ကျတော့ စဉ်းတောင် မစဉ်းစားဝံ့ဘူး ပေါ့ နောက်ဆုံးမှာ အသက်တောင် အသေခံတယ်၊ စွန့်လှူနိုင်တယ် ဆိုတဲ့ ဒါနပါရမီဖြည့်တဲ့အခါမှာ ဒီလိုဖြည့်တယ်။

[၁၄၇] နောက်ကျတော့ စာပေတွေ အတော်လေး လေ့လာကြည့်မိတဲ့ အခါကျတော့ “တို့ သတ္တိမရှိတာက အလေ့အကျင့် မရှိသေးလို့ပဲ၊ စဉ်းစားဉာဏ်တွေ အားပျော့နေသေးလို့ပဲ”၊ စဉ်းစားဉာဏ် ကောင်းပြီးတော့ အလေ့အကျင့်တွေများလာရင် ဘယ်အရာမှ ခဲယဉ်းမှာ မဟုတ်ဘူး၊ အကုန်လုပ်နိုင်စွမ်း ရှိလာမှာပါ၊ ဆန္ဒဆိုတာ အလွန် ထက်သန်လာတဲ့အခါ ကျန်တာတွေ ဘာမှ ဂရုမစိုက်တော့ဘူး၊ ဒါကြောင့်မို့ ဆန္ဒကို အဓိပတိလို့ ဟောတာ၊ လွှမ်းမိုးကြီးစိုးနိုင်တယ်၊ ဆန္ဒရှိလာရင် လောဘကိုလည်း ဖယ်ပစ်နိုင်တယ်၊ အခြားအကုသိုလ် တွေကိုလည်း ဖယ်ပစ်နိုင်တယ်၊ ဆန္ဒရဲ့ စွမ်းအားဟာ အင်မတန်မှ ထက်မြက်တယ်လို့ နောက်ပိုင်းကျတော့ သဘောပေါက်လာတယ်။

ဒါကြောင့်မို့လို့ စတင်လေ့ကျင့်လာတဲ့အချိန်မှာ တဖြည်းဖြည်း လေ့ကျင့်ပြီးလို့ရှိရင် ပိုပြီး အင်အားကောင်းသည်ထက် ကောင်းလာတယ်၊ အတွေးအခေါ်တွေက အင်အားထက်မြက်သည်ထက် ထက်မြက်လာလို့ရှိရင် ဘာမဆို စွန့်လွှတ်နိုင်တဲ့ အနေအထား ရောက်သွားနိုင်တာပေါ့ လူ့ဘဝရဲ့ဒုက္ခကို နည်းနည်းမြင်ရာကနေပြီး နောက် များများ မြင်လာတယ်၊ များများမြင်ရာကနေပြီး နောက် သံသရာဝဋ်ဆင်းရဲကြီးက လွတ်နိုင်လောက်သည်ထိအောင် မြင်လာနိုင်တာပေါ့။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ “သမ္မာ ဒုက္ခဿ အန္တာကိရိယာယ” ဆိုတဲ့ ရည်မှန်းချက်အတိုင်း တကယ့်ကို ဒုက္ခက လွတ်မြောက်ဖို့ အစစ်အမှန် ဖြစ်တယ်၊ [၁၄၈] နည်းလမ်းမှန်ပြီ ဆိုလို့ရှိရင် တကယ့်ဒုက္ခက လွတ်မြောက်နိုင်တဲ့ အကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာတဲ့ နည်းလမ်းမမှန်ဘူး ဆိုရင် ကိုယ့်ရဲ့ရည်ရွယ်ချက် မျှော်မှန်းချက်ဟာ အောင်မြင်မှာ မဟုတ်ဘူး၊ ဒါကြောင့်မို့မြတ်စွာဘုရားက မှန်ကန်တဲ့နည်းလမ်းတွေကို ဟောပြောတာ။

ဒီကနေ့ မေတ္တဂူဆိုတဲ့ရသေ့က သူ့အလှည့်မှာ သူ့ရဲ့ရင်တွင်းက သံသယတွေနဲ့ ပတ်သက်ပြီး မေးတယ်၊ အဲဒီတော့ မေးတဲ့အခါမှာ သူ့ရဲ့မေးခွန်းရယ်, မြတ်စွာဘုရားက ဖြေတာရယ်, အားလုံး ပေါင်းလိုက်မယ်ဆိုရင် ၁၂-ဂါထာ ရှိတယ်၊ မေးခွန်းပုစ္ဆာကတော့ ဒီလောက် များများကြီးမေးတာ မဟုတ်ဘူး။

အဲဒီတော့ မြတ်စွာဘုရားရဲ့ ခွင့်ပြုချက်အရ သူ့အလှည့်ရောက်တော့ သူစ,မေးပုံလေးက
“ပုစ္ဆာမိ တံ ဘဂဝါ ဗြူဟိမေတံ” သူပြောတဲ့ ပါဠိစကားက ရှင်တော်မြတ်ဘုရားကို ဒီမှာ သူသုံးလိုက်တာက “ဘဂဝါ”လို့ သုံးတာ၊ ဘဂဝါကို မြန်မာတွေကတော့ မြတ်စွာဘုရားလို့ ဒီလိုပဲ ဘာသာပြန်ကြတယ်ပေါ့၊ အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ ဘဂဝါ ကို The Blessed One လို့ ဒီလိုပြန်တယ်၊ ဒီကနေ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဟိန္ဒီဘာသာစကားမှာလည်း ဘဂဝါ ဆိုတဲ့အသုံးကို သုံးတယ်၊ ဘဂဝါဂီတာ ဆိုတဲ့ကျမ်း ရှိတယ်၊ လေးစားရမယ့်ပုဂ္ဂိုလ်တွေ အလွန်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို ‘ဘဂဝါ” လို့ခေါ်တယ်၊ ဘုန်းရှင် ကံရှင် ပါရမီရှင်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။

[၁၄၉] ရှင်မဟာဗုဒ္ဓဃောသက ဘဂဝါဆိုတဲ့ စကားလုံးကို “ဘဂဝါတိ ဂုရု” လို့ ဖွင့်ဆိုတယ်၊ ဘဂဝါဆိုတာ ဂုရုကြီးလို့ ခေါ်တာနဲ့ အတူတူပဲ၊ ဒီကနေ့ အိန္ဒိယနိုင်ငံမှာ ဂုရုကြီးလို့ ခေါ်ကြတယ်၊ ဘာသာရေးနဲ့ ပတ်သက်တာတို့ ဘာတို့ ဆရာကြီးကို ဂုရုကြီးလို့ ခေါ်တယ်၊ အဲဒီ ဂုရုကြီးတွေကို ဘဂဝါလို့လည်း ခေါ်တယ်နော်၊ အဲဒီအသုံးနဲ့ သုံးတဲ့စကားလုံးတစ်ခု၊ မြန်မာလို ပြန်တော့သာ မြတ်စွာဘုရားလို့ ဒီလိုသုံးထားတာ၊ အဲဒီတော့ လေးစားအပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို သုံးတဲ့ စကားလုံး။

ဒါကြောင့်မို့ သူက မေးတယ်၊ “ပုစ္ဆာမိ တံ ဘဂဝါ ဗြူဟိမေတီ” “ဘဂဝါကို မေးခွန်းတစ်ခုမေးပါရစေ” တဲ့၊ အဲဒါကို ဖြေပေးပါတဲ့၊ ပြီးတော့ သူက ဘာဆက်ပြောတုန်းဆိုရင်၊ “မညာမိ တံ ဝေဒဂုံ ဘာဝိတတ္တံ” “အရှင်ဘုရားကို ရင်ထဲမှာ ဘယ်လို ယုံကြည်ထားတုန်း ဆိုရင် “ဝေဒဂူ” တဲ့၊ ဝေဒဂူဆိုတာ အသိဉာဏ်ရဲ့ လမ်းဆုံးရောက်နေတာ၊ အသိဉာဏ်ဖြင့် လမ်းဆုံးကို ရောက်နေတာ၊ ဆိုလိုတာက အဆုံးတိုင်သိတဲ့ပုဂ္ဂိုလ်လို့ ဒီလိုယူဆတယ်၊ ဝေဒ ဆိုတဲ့ စကားလုံးက အသိဉာဏ်ကို ပြောတာ၊ အဲဒီစကားလုံးကိုယူပြီး အခု မြန်မာပြည်မှာ ရူပဗေဒ၊ ဓာတုဗေဒ စသည် သုံးတယ် မဟုတ်လား၊ ဘနဲ့ ရေးတဲ့ ဘေဒ ကျတော့ ကွဲပြားခြားနားခြင်းဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ ဗနဲ့ ရေးတဲ့၊ အမှန်က ပါဠိကျတော့ ဝေဒ၊ ဝေဒကိုပဲ ဗေဒ၊ ဗေဒ ဆိုတာ အသိဉာဏ်ကို ပြောတာ၊ ရူပဗေဒဆိုတာ Physics နဲ့ ပတ်သက်တဲ့ [၁၅၀] အသိဉာဏ်၊ အာယုဗေဒဆိုတဲ့စကားလုံး က အသက်ရှင်စေတတ်တဲ့ နည်းပညာတွေကို ပြောတာ အဲဒီအသုံးမျိုးပဲ၊ ဝေဒဂူ - အဲဒီဗေဒဆိုတဲ့ အသိဉာဏ်နဲ့ ပတ်သက်လာလို့ရှိရင် လမ်းဆုံးထိအောင် သိတဲ့ပုဂ္ဂိုလ်ပေါ့၊ ဘုန်းကြီးတို့တတွေသိတာ အစလေးပဲ သိသေးတာ၊ လမ်းဆုံးကို မသိသေးဘူး၊ ကိုယ်သိတာ နည်းနည်းလေးပဲ ရှိတယ်၊ မသိတာတွေက များတယ်၊ အဲဒါကြောင့်မို့ ဝေဒဂူ ခေါ်လို့မရဘူး၊ မြတ်စွာဘုရားကျတော့ တကယ့်ကို အသိဉာဏ်နဲ့ အဆုံးထိအောင် သိထားတဲ့ပုဂ္ဂိုလ် (သို့မဟုတ်) အသိဉာဏ်နဲ့ အရာရာကို မြင်နိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်ပဲ၊ သူက ဝေဒဂူလို့ ယုံကြည်ပါတယ်ပေါ့၊ အဲဒီခေတ်က ပညာရှိကို ဝေဒဂူ၊ ပြီးတော့ ဘာဝိတတ္တတဲ့။ “အတ္တ” ဆိုတဲ့ အသုံးကို သုံးလိုက်ပေမယ့် ဟို philosophical term နဲ့တော့ မဆိုင်ဘူး၊ ဒီအတ္တက ဒီနေရာမှာ စိတ်ကိုရည်ညွှန်းပြီးတော့ သုံးတာ၊ ဘာဝိတ+အတ္တ - လေ့ကျင့်ထားတဲ့ စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်၊ စိတ်က လေ့ကျင့်မထားဘူး ဆိုရင် Emotion နဲ့တင်ပဲ ဒုက္ခရောက်မယ်၊ လေ့ကျင့်ထားတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ထားဟာ ကြံ့ခိုင်တယ်၊ လှုပ်ရှားမှုမရှိဘူး၊ အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားကို ဘာဝိတတ္တ လေ့ကျင့်ထားတဲ့ စိတ်ဓာတ်ပိုင်ရှင်လို့ သူယုံကြည်တယ်တဲ့၊ အဲဒါကြောင့်မို့လို့ ဒီမေးခွန်းတွေ မေးတာ။ သူမေးတဲ့မေးခွန်းက ဘာတုန်းဆိုရင် “ကုတော နု ဒုက္ခာ သမုဒါဂတာ ဣမေ”၊ ဒုက္ခဆိုတာ ကြုံတွေ့ နေကြရတယ်၊ လူတိုင်းလူတိုင်းဟာ ဒုက္ခကြုံတွေ့ကြတယ်၊ “ယေ ကေစိ လောကသ္မိံ [၁၅၁] မနေကရူပါ” - ဒုက္ခဆိုတာ မြောက်မြားစွာ ရှိတယ်၊ လူ့လောကမှာ ၉၆-ပါး ရောဂါဝေဒနာတွေဟာလည်း ဒုက္ခပဲ၊ အိုတာလည်း ဒုက္ခပဲ၊ နာတာလည်း ဒုက္ခပဲ၊ သေတာလည်း ဒုက္ခပဲ၊ ဆွေတွေမျိုးတွေ ပျက်စီးသွားတာ ဒုက္ခ၊ ငိုရတာလည်း ဒုက္ခနော်၊ ကိုယ့်ရဲ့စီးပွားရေး စိတ်မအေးရတာလည်း ဒုက္ခ၊ နေရေးထိုင်ရေး စိတ်မအေးရတာ လည်း ဒုက္ခ၊ သားရေးသမီးရေး ပူပန်ရတာလည်း ဒုက္ခ၊ အများကြီးပဲ၊ လိုက်တွက်လိုက်မယ်ဆိုရင် “ယေ ကေစိ လောကသ္မိံ မနေကရူပါ” တဲ့၊ ဒုက္ခတွေက အမျိုးမျိုး၊ ရေတွက်လို့တောင် ကုန်နိုင်ဖွယ် မရှိဘူး။

ဓမ္မစကြာမှာ ဟောထားတဲ့ ဒုက္ခတွေ ကြည့်လေ၊
“အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော” တဲ့၊ မတွေ့ချင်တဲ့ သူတွေနဲ့ တွေ့နေရတယ်၊
“ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော” တွေ့ချင်တဲ့ လူကျတော့ ခွဲနေရတယ်၊ ဟော ဒါတွေလည်း ဒုက္ခပဲ၊ နောက်ဆုံးမှာ
“သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ” ကိုယ်,ရထားတဲ့ ခန္ဓာကြီးကိုက ဒုက္ခကြီး၊ တကယ်တွေးကြည့်မယ်ဆိုရင် ဘယ်နေ့ ဘာဖြစ်မလဲ၊ ကိုယ့်ခန္ဓာကိုယ် ကို ကြည့်၊ သံနဲ့လုပ်ထားတဲ့ ကားတောင်မှပဲ မကြာမကြာ ဝပ်ရှော့ ပို့ရသေးတာပဲ၊ ခန္ဓာကိုယ်မှာ သံလိုမာတဲ့အရာ တစ်ခုမှမပါဘူး၊ ကံက လုပ်ထားတဲ့ ခန္ဓာကိုယ်ကြီးဟာ မျက်လုံးကလည်း ခိုင်တာမဟုတ်ဘူး၊ နားကလည်း နိုင်တာမဟုတ်ဘူး၊ ဘယ်ဟာမှ ခိုင်တာမရှိဘူး၊ တကယ် ကြည့်ရင် ခန္ဓာကိုယ်ကြီးဟာ အင်မတန်မှ ပဘင်္ဂု ပျက်လွယ်စီးလွယ်၊ Made in England လို့လည်း ပြောလို့မရဘူးနော်။

[၁၅၂] ဒီလူ့ ခန္ဓာကိုယ်ဆိုတာ ခိုင်မာတာ တစ်ခုမှမရှိဘူး၊ အဲဒီ မခိုင်မာတဲ့ ခန္ဓာကိုယ်ကြီးမှာ ဒုက္ခတွေက ပေါင်းစုံပဲ၊ ဘာနဲ့တူတုန်း ဆိုရင် မြားဒဏ်ချက်တွေ စုဝေးကျရောက်တဲ့ ပစ်မှတ်လိုပဲပေါ့ Target ကြီးလိုပဲ၊ ဟိုကပစ်လိုက်လည်း ဒီကျ၊ ဒီက ပစ်လိုက်လည်း ဒီကျ၊ အဲဒီလို ဒုက္ခသုက္ခတွေ လောကမှာ ရှာတွေးကြည့်၊ ကိုယ့်ဟာကိုယ် တွေးကြည့်လိုက်၊ ကိုယ်တစ်ယောက်တည်းတင်ပဲ ဒုက္ခပေါင်း မြောက်မြားစွာ ရှိတယ်၊ တစ်လောကလုံး တွက်ကြည့်လိုက်မယ်ဆိုရင် အင်မတန်မှ ဒုက္ခတွေများတယ်၊ “ယေ ကေစိ လောကသ္မိံ မနေကရူပါ” တဲ့၊ လူ့လောကကြီးမှာ ကြုံတွေ့ရတဲ့ဒုက္ခ၊ ဒါ လူတွေ တွေ့တဲ့ဒုက္ခဟာ နည်းနည်းလေးပဲ ရှိသေးတယ်နော်။

ကြက်ကလေးတွေ စဉ်းစားကြည့်၊ ကြက်ကလေးတွေ ခြေထောက်နှစ်ချောင်း ကြိုးနဲ့ပူးကပ်စည်း၊ ဇောက်ထိုးဆွဲပြီးတော့ မော်တော်ဆိုင်ကယ်ပေါ် တင်သွားတာတို့ ချမ်းသာတယ်လို့များ ထင်သလား၊ နွားတွေ နဖားကြိုးထိုးရိုက်နှက်ခေါ်ဆောင် သွားတာ၊ ချမ်းသာတယ်လို့များ ထင်သလား၊ မထင်ဘူး၊ တိရိစ္ဆာန်တွေရဲ့ဒုက္ခကို စဉ်းစားကြည့်၊ လူ့ဒုက္ခထက် အဆပေါင်းများစွာ ဆိုးတယ်၊ ဒါ တိရိစ္ဆာန်ဒုက္ခဆိုးတာကို ကိုယ်မြင်ရတာ၊ ငရဲဘုံသားတွေရဲ့ ဒုက္ခကျတော့ ကိုယ်မမြင်ရဘူး၊ အဆပေါင်းများစွာ ငရဲဒုက္ခက ပိုဆိုးတယ်၊ အဲဒီလို လောကမှာ ဒုက္ခရောက်နေတဲ့သူတွေ အများကြီး၊ ဒီကနေ့ ခေတ်ကြည့်ပေါ့ သတင်းစာတို့ ဂျာနယ်တို့ ဖတ်ကြည့် ဒုက္ခရောက်တာ၊ ဟိုနိုင်ငံ ဒီနိုင်ငံ ဒုက္ခရောက်နေကြတာတွေ အများကြီးပဲ။

[၁၅၃] အဲဒီဒုက္ခတွေ လောကကြီးမှာ အမျိုးမျိုးကြုံတွေ့ နေကြရတာ ဟာ “ကုတောနု ဒုက္ခာ သမုဒါဂတာ ဣမေ - ဒီဒုက္ခတွေဟာ ဘယ်ကစ ဘာကြောင့် ဖြစ်လာရတာလဲ၊” ဘုန်းကြီးတို့တတွေ ကတော့ အေးအေးဆေးဆေးပဲလေ၊ ဒါ စဉ်းကို မစဉ်းစားဘူး၊ ဘာမှ မတွေးဘူးနော်၊ မုန်တိုင်းလာရင် တိမ်းနေလိုက်မယ်၊ ဒါပဲပေါ့၊ အပူလာရင်လည်း အဲယားကွန်းနဲ့ နေလိုက်မယ်ပေါ့ ဒီလောက်ပဲ စဉ်းစားမှာပေါ့နော်၊ အဲဒီတော့ “လူတွေ ရှောင်လွှဲလို့မရအောင် ကြီးမားလှတဲ့ ဟောဒီဒုက္ခတွေဟာ ဘယ်က စတင်လာသလဲ”တဲ့၊ မေတ္တဂူဆိုတဲ့ရသေ့က ဒီမေးခွန်းကို မြတ်စွာဘုရားကို မေးတာ။

ဖြေဆိုခြင်း

အဲဒီလို မေးတော့ မြတ်စွာဘုရားက ဘာဖြေတုန်း ဆိုတော့ “ဒုက္ခဿ ဝေမံ ပဘဝံ အတ္ထိ” - “မင်းက ဒုက္ခရဲ့ မြစ်ဖျားခံရာ ဒုက္ခရဲ့ အကြောင်းရင်းကို ငါ့ကိုမေးတယ်” တဲ့ “တံ တေ ပဝက္ခာမိ ယထာပဇာနံ”၊ “ငါသိတဲ့အတိုင်း မင်းကို ရှင်းပြမယ်”တဲ့ “ဥပဓိနိဒါနာ ပဘဝန္တိ ဒုက္ခာ” တဲ့၊ “ဒုက္ခတွေဟာ ဥပဓိကို အခြေခံပြီးတော့ ဖြစ်လာတာ”တဲ့၊ “ဥပဓိနိဒါနာ ပဘဝန္တိ ဒုက္ခာ ယေကေစိ လောကသ္မိံ မနေကရူပါ” တဲ့၊ “လောကမှာ ဒုက္ခမျိုးစုံ ဖြစ်လာတာဟာ ဥပဓိကြောင့် ဖြစ်တာ”တဲ့၊ ဥပဓိကို အခြေခံပြီးတော့ ဖြစ်လာတာလို့ ဒီလို မြတ်စွာဘုရားက ဖြေတယ်။

[၁၅၄] အဲဒီတော့ ဥပဓိ ဆိုတာ ဘာကို ပြောတာတုန်း၊ ပါဠိ စကားက ဥပ + ဓိ၊ အဓိပ္ပါယ်က ဘာတုန်းဆိုရင် ဒုက္ခကို ဖြစ်စေတတ်တဲ့ အရာတွေ၊ တစ်နည်းအားဖြင့် ဒုက္ခရဲ့တည်ရာ အကြောင်းတရားတွေ တဲ့၊ စူဠနိဒ္ဒေသပါဠိတော်မှာ ဥပဓိ ၁၀-မျိုးကို ပြထားတာ ရှိတယ်၊ လိုချင်တဲ့တဏှာဟာလည်းပဲ ဥပဓိပဲ၊ ဒါက ဒုက္ခသမုဒယ၊ သစ္စာ ၄-ပါးမှာ မြတ်စွာဘုရားက “တဏှာ ဒုက္ခသမုဒယော” လို့ ဒီလို ဟောတယ်၊ အဲဒီတော့ တဏှာဟာလည်းပဲ ဒီနေရာမှာ ဥပဓိပဲတဲ့၊ အဲဒီ တွယ်တာမှုတဏှာ ရှိနေရင်လည်း ဒုက္ခတွေ လာမှာပဲတဲ့၊ နောက်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် ဒိဋ္ဌိတဲ့၊ မှားယွင်းတဲ့ အယူအဆတွေ၊ မမှန်ကန်တဲ့အမြင်တွေ၊ ဒါတွေကလည်း ဒုက္ခကို ဖိတ်ခေါ်နေတာပဲ၊ ဒုက္ခတွေ ဖြစ်ဦးမှာပဲ၊ နောက်တစ်ခုက ကိလေသာ ဟာလည်းပဲ ဥပဓိပဲ၊ အဲဒီကိလေသာဆိုတဲ့ ဥပဓိဟာလည်း ဒုက္ခကို ဖြစ်ပေါ်စေတတ်တဲ့အရာတစ်ခုပဲ၊ ဒီတော့ ကိလေသာဆိုတာ ဘာတွေတုန်းဆိုတော့ စိတ်ကိုညစ်ညူးစေတတ်တဲ့ အရာတွေ လောဘတို့ ဒေါသတို့၊ သူတို့ ဖြစ်လိုက်ရင် ကြည့်၊ စိတ်ဟာ ညစ်ညူး သွားတယ်၊ လောဘ ဖြစ်မယ်၊ ဒေါသ ဖြစ်မယ်၊ မောဟ ဖြစ်မယ်၊ Emotion တွေပေါ့ Mental defilement လို့ ခေါ်တာပေါ့၊ စိတ်ရဲ့ Impurity တွေ ဒါတွေ ဖြစ်လာလို့ရှိရင် စိတ်ဟာ ကြည်လင်မှာ မဟုတ်တော့ဘူး၊ ညစ်နွမ်းသွားတယ်၊ လူတွေကတော့ ထင်တယ်၊ လောဘဖြစ်ပြီး ပျော်တယ်လို့ ထင်တယ်၊ မဟုတ်ဘူး၊ စိတ်ဟာ ညစ်နွမ်းသွားပြီး အမှန်ကိုသိနိုင်စွမ်း မရှိတော့ဘူး၊ လောဘ ဖြစ်နေရင် [၁၅၅] အမှန်ကိုသိနိုင်စွမ်း မရှိတော့ဘူး၊ ဒါ ကြည်လင်ပြတ်သားမှု နည်းသွားတာကို ပြောတာ၊ ဒေါသဖြစ်ရင် ပိုသိသာတာပေါ့။

နောက်တစ်ခုက ဘာတုန်းဆိုရင် ကံ၊ ကောင်းတာ လုပ်တယ်၊ မကောင်းတာ လုပ်တယ်၊ နေ့စဉ်နှင့်အမျှ စိတ်က စိတ်ကူးတယ်၊ နှုတ်က ပြောတယ်၊ ကိုယ်ထိလက်ရောက် လုပ်တယ်ဆိုတဲ့ စေတနာ ဆိုတဲ့ကံတရားတွေ ပြုလုပ်ဆောင်ရွက်မှုဆိုတဲ့ ကံတရားတွေဟာ လည်းပဲ ဒုက္ခကို ဖြစ်ပေါ်စေတတ်တဲ့ ဥပဓိတွေပဲတဲ့။

နောက်တစ်ခုက ဘာတုန်းဆိုရင် ဒုစရိုက်၊ မကောင်းတဲ့ အကျင့်တွေ၊ စိတ်နဲ့ မကောင်းတဲ့အကျင့်၊ နှုတ်နဲ့ မကောင်းတဲ့ အကျင့်၊ ခန္ဓာကိုယ်နဲ့ မကောင်းတဲ့အကျင့်၊ အဲဒီ မကောင်းတဲ့ အကျင့်ဆိုတာ တွေဟာလည်းပဲ ဥပဓိပဲ၊ ဒုက္ခကို ဖြစ်စေတတ်တယ်။

နောက်တစ်ခု အာဟာရကိုလည်း ဥပဓိထဲ ထည့်ပြီး ပြောထား တယ်၊ အာဟာရဆိုတဲ့ထဲမယ် အာဟာရ ၄-မျိုးပြောတဲ့ အထဲမယ် စေတနာဆိုတာလည်း ပါတယ်၊ ဖဿဆိုတာလည်း ပါတယ်ပေါ့ ဝိညာဏာဟာရဆိုတဲ့ စိတ်ပါတယ်၊ ကဗဠီကာရအာဟာရတင် လူတွေက အာဟာရလို့ ထင်တာကိုး၊ စားစရာအစာလည်းပဲ ဥပဓိပဲတဲ့ ဟုတ်တာပေါ့ အစာကြောင့်လည်း ဒုက္ခရောက်တာပဲလေ၊ အစာကြောင့် ဒုက္ခရောက်တယ်ဆိုတာ လူတွေလည်း ဒုက္ခရောက် တာပဲ၊ အစားမှားလို့ ဗိုက်နာတာတို့ အစားမှားလို့ ဝမ်းလျှောတာတို့ မရှိဘူးလား၊ အစာကြောင့် ဒုက္ခရောက်တာတွေ အများကြီးပဲ၊ စားချင်လို့ ဒုက္ခဖြစ်တာတို့နော်၊ ပထမ ဒုက္ခရောက်တာ။ အာဟာရ [၁၅၆] လည်း ဥပဓိပဲတဲ့၊ နောက် ပဋိဃ၊ စိတ်ထဲမှာ မခံချင်တာ၊ ဒေါသဖြစ်တာ၊ ဒါလည်း ဥပဓိပဲ။

နောက်တစ်ခု ကံကနေ ဖန်တီးပေးလိုက်တဲ့ ပထဝီ အာပေါ တေဇော ဝါယော ဆိုတာလည်းပဲ ဥပဓိပဲတဲ့၊ ပထဝီ ဆိုတာ စဉ်းစား ကြည့်ရင် ဆံပင်ကလည်း ပထဝီပဲနော်၊ ဆံပင် မွှေးညှင်း ခြေသည်း လက်သည်း သွား၊ အရေ၊ ဒါတွေဟာလည်း ဒုက္ခပေးတဲ့ဟာတွေ ချည်းပဲ။

ဘယ်လို ဒုက္ခပေးတုန်းဆိုတော့ စဉ်းစားကြည့်ပေါ့ သာမန် ပုဂ္ဂိုလ်တွေကျတော့ ဒုက္ခပေးပုံလေးက ဆံပင်ဖြူလာရင်လည်း စိတ်ဆင်းရဲတာပဲ၊ အဲဒီထက် ပိုဆင်းရဲတာက ဆံပင်တစ်ချောင်းပြီး တစ်ချောင်း ကျွတ်ကျွတ်လာလို့ရှိရင် ခေါင်းပြောင်ကြီး ဖြစ်ရတာလည်း စိတ်ဆင်းရဲမှာပဲ ဟုတ်ကဲ့လား၊ အမျိုးစုံပဲလေ၊ ဆံပင်နဲ့ ပတ်သက်ပြီး တော့ ဒုက္ခရောက်တာတွေ အများကြီးပဲပေါ့ ဒါ ပထဝီပဲပေါ့ အဲဒီလို ချဲ့ပြီးတော့သာ ကြည့်ကြပေတော့။

နောက်တစ်ခုက ဘာတုန်းဆိုတော့ အဇ္ဈတ္တိကာယတန ၆-ပါး တဲ့၊ မျက်စိ နား နှာ လျှာ ကိုယ် စိတ်၊ အဲဒါတွေကလည်းပဲ ဒုက္ခ ပေးတဲ့ အရာတွေချည်းပဲတဲ့။ နောက်တစ်ခုက ဝိညာဏကာယ ၆-ပါးဆိုတာ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ်၊ တွေးသိစိတ် ဆိုတာ ဒီစိတ်တွေဟာလည်းပဲ ဒုက္ခပေးတာ ချည်းပဲတဲ့ အကုန်လုံး ပေါင်းလိုက်တဲ့အခါ ဒုက္ခကို ဖြစ်ပေါ်စေတတ်တဲ့ ဒီ ၁၀-မျိုးကို ဥပဓိလို့ ခေါ်တယ်။

[၁၅၇] တခြားနေရာတွေမှာတော့ ဥပဓိကို ခန္ဓာတို့ ကိလေသာတို့ ကံတို့ ဒီလောက်ပဲ ဖွင့်ဆိုတယ်၊ ဒီနေရာမှာတော့ စူဠနိဒ္ဒေသပါဠိ > “ဥပဓိနိဒါနာ ပဘဝန္တိ ဒုက္ခာ” “ဒုက္ခတွေဖြစ်လာတာ၊ ဥပဓိကို အခြေခံတယ်လို့ ပြောတာဆိုတော့ ဟုတ်တာပေါ့ ဒီဥပဓိတွေ ရှိနေရင် ဒုက္ခက လာမှာပဲတဲ့၊ မျက်စိရှိတဲ့အခါ မျက်စိကျိန်းတာတို့မျက်စိနာတာ တို့မလာဘူးလား၊ လာမှာပဲ၊ အဲဒါကြောင့်မို့ ခန္ဓာတွေမှာ ရထားတာ တွေ မှန်သမျှတွေက ဒါဟာ ဒုက္ခရဲ့တည်ရာတွေချည်းပဲ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက “ဥပဓိနိဒါနာ ပဘဝန္တိ ဒုက္ခာ” - လောကမှာ ကြုံတွေ့ရတဲ့ ဒုက္ခတွေဟာ ဥပဓိပဲတဲ့၊ လူတွေက တစ်ခါ တစ်ခါ ပြောကြတယ် ဥပဓိသမ္ပတ္တိ - ရုပ်ချောတယ်ဆိုတာ ဒါ သမ္ပတ္တိ ပိုင်းက ကြည့်ပြီးပြောတဲ့ စကားနော်၊ ဥပဓိဆိုတဲ့အဓိပ္ပါယ်က ဒုက္ခရဲ့ တည်ရာလို့ ဒီလိုဆိုလိုတယ်။

မြတ်စွာဘုရားက ဖြေလိုက်တဲ့အဖြေဟာ အားလုံးကို ခြုံငုံပြီးတော့ ဖြေတဲ့ အဖြေတစ်ခုပဲ၊ ဥပဓိဆိုတာ အကျဉ်းအားဖြင့် ပြောမယ်ဆိုရင် ကံလည်းပါတယ်၊ ကိလေသာလည်းပါတယ်၊ ခန္ဓာလည်း ပါတယ်၊ ခန္ဓာရှိရင်လည်း ဒုက္ခရှိလာမယ်၊ ကိလေသာ ရှိရင်လည်း ကိလေသာက ဒုက္ခကိုဖြစ်စေတယ်၊ ကံရှိလို့ရှိရင်လည်း အဲဒီကံက ဒုက္ခကိုဖြစ်စေတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ကံက အကျိုးပေးလိုက်တဲ့ အကျိုးတရားဟာ ဒုက္ခဖြစ်လာမှာကိုး၊ အဲဒါကြောင့်မို့လို့ ဒီအဖြေလေးကို ဖြေလိုက်တာ၊ “ဒုက္ခဟာ ဥပဓိက စတာပါ”လို့။

[၁၅၈] မြတ်စွာဘုရား အဲဒီလိုဖြေပြီးတော့ သူ့ကို ဘာဆက်ပြောတုန်း လို့ ဆိုတဲ့အခါ “ယော ဝေ အဝိဒွါ ဥပဓိံ ကရောတိ” အဝိဇ္ဇာတွေ လွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်၊ အသိဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်ဟာ ဟောဒီ ဥပဓိဆိုတဲ့ ကိလေသာတွေ ဖြစ်အောင် ဥပဓိဆိုတဲ့ တဏှာတွေ၊ ဥပဓိဆိုတဲ့ အယူမှားတွေ၊ ဥပဓိဆိုတဲ့ ဒုစရိုက်တွေ ဒါတွေကိုဖြစ်အောင် လုပ်မိတတ်တယ်တဲ့၊ အဲဒီလိုလုပ်မိသည့် အတွက်ကြောင့် လူတွေဟာ ဒုက္ခတွင်းနစ်နေကြတယ်၊ မြတ်စွာဘုရားက အဲဒီလိုပြောတယ်။

“ပုနပ္ပုနံ ဒုက္ခ မုပေတိ မန္ဒော” တဲ့၊ ထပ်တလဲလဲ ဒုက္ခ ရောက်နေကြတယ်၊ ဟုတ်တယ်လေ၊ ဘုန်းကြီးတို့ ဒီဘဝ အခု လူဖြစ်လာကြပြီ၊ လူဖြစ်လာပြီး တဖြည်းဖြည်း အိုလာတယ်၊ နာမယ်၊ နောက် သေမယ်၊ နောက်တစ်ခါ ပြန်ဖြစ်ဦးမယ်၊ ပြန်ဖြစ်ပြီး အိုဦးမယ်၊ နာဦးမယ်၊ ဘယ်တော့မှဆုံးနိုင်မှာ မဟုတ်ဘူး၊ ဒီဒုက္ခတွေဟာ ထပ်တလဲလဲ လာနေတာချည်းပဲ။

လူတွေကတော့ ထင်တယ်၊ ဒီဘဝသေသွားရင် ပြီးပြန်ရောလို့ အောက်မေ့တာ၊ မဟုတ်ဘူး၊ နောက်ထပ် ဆက်ပြီးတော့ လာဦးမှာပဲ၊ ကြည့်လေ- ကြက်တွေဆိုလည်း ကုန်ကို မကုန်နိုင်ဘူး၊ ဝက်တွေ ဆိုလည်း ကုန်ကိုမကုန်နိုင်ဘူး၊ ဘယ်ကလာလဲ၊ လူတွေကလည်း တိုးတိုးနေတာပဲ၊ စစ်ပြီးကာစက မြန်မာပြည်မှာ လူဦးရေ ၁၇- သန်းလောက်ပဲ၊ အခု သန်းပေါင်း ၆၀-ကျော်သွားပြီ၊ တိုးနေတာ၊ ကမ္ဘာမှာလည်း အတူတူပဲ၊ သန်းပေါင်း ၆၀၀၀-ကျော်သွားပြီ၊ လာနေဦးမှာပဲ၊ ဒါဖြင့် ကြက်တွေ ဝက်တွေက လျော့သွားလားဆိုတော့ [၁၅၉] မလျော့ဘူး၊ တိရိစ္ဆာန်တွေကလည်း မလျော့ဘူး၊ ဘာဖြစ်လို့လဲ “ပုနပ္ပုနံ ဒုက္ခမုပေတိ မန္ဒော”တဲ့၊ ဒုက္ခဖြစ်နေတဲ့ သတ္တဝါတွေဟာ အများကြီးပဲတဲ့။

“တသ္မာ ပဇာနံ ဥပဓိံ န ကယိရာ”၊ ဒါကြောင့်မို့ အသိဉာဏ် ရှိတဲ့ ပုဂ္ဂိုလ်ဟာတဲ့ ဥပဓိဆိုတဲ့ ကိလေသာတွေ မဖြစ်အောင် ဥပဓိကို မလုပ်သင့်ဘူးတဲ့၊ ဒီဒုက္ခဖြစ်နေရတာဟာ တကယ့်ဒုက္ခဖြစ်ပေါ်ခြင်းရဲ့ အကြောင်းဟာ ဥပဓိပဲလို့ ဆိုတာကို ဆင်ခြင်သုံးသပ်ပြီးတော့ ဥပဓိတရားတွေကို မိမိတို့သန္တာန်မှာ မဖြစ်စေနဲ့တဲ့၊ မြတ်စွာဘုရားက မေတ္တဂူကို ဒီလိုဟောပါတယ်။

အဲဒီလိုဟောတဲ့အခါကျတော့ မေတ္တဂူက ပြန်ပြီးတော့ မေးပြန်တယ်၊ “ယံ တံ အပုစ္ဆိမှ အကိတ္တယိ နော” “တပည့်တော် မေးတာကို အရှင်ဘုရား ဖြေပြီးပြီ”တဲ့၊ “အရှင်ဘုရားဖြေလိုက်တာ သဘောကျပါတယ်”တဲ့၊ “အညံ တံ ပုစ္ဆာမ တဒေဝ ဗြူဟိ” တခြား မေးခွန်းတစ်ခု တပည့်တော်ထပ်မေးပါရစေဦးတဲ့၊

အခု တရားချစ်ခင် သူတော်စင်ပရိသတ်တို့ မှတ်မိသွားပြီ၊ ဒုက္ခဟာ ဘယ်က စဖြစ်လာ တာလည်းဆိုတာ ဥပဓိက ဖြစ်တယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတယ်၊ အဲဒါကို သဘောကျပြီး နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးပါရစေတဲ့၊ အဲဒါကို ဖြေပါဦးတဲ့။

နောက်မေးခွန်း (၄)ခုကတော့ ဘာတုန်းဆိုရင်
“ကထံ နု မာရိသာ ဝိတရန္တိ ဩဃံ၊
ဇာတိ ဇရံ သောက ပရိဒ္ဒဝဉ္စ”
ဩဃဆိုတာ ဒီလှိုင်းကြီးတွေ၊ ဒီလှိုင်းကြီးတွေဆိုတာ တိုက်ခိုက်လာလို့ရှိရင် [၁၆၀] အရှိန်အဟုန်နဲ့ စီးဆင်းနေတာ၊ ဒီလှိုင်းကြီးတွေကို ဖြတ်ကျော်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်၊ အဲဒီ ဒီလှိုင်းဆိုတဲ့ ဩဃကြီးကို ဘယ်လို လုပ် ဖြတ်ကူးမလဲတဲ့၊ အဲဒီဩဃဆိုတဲ့ ဒီလှိုင်းကြီးတွေ ဘယ်လိုလုပ် ဖြတ်မလဲတဲ့၊ ထပ်တလဲလဲ မွေးရခြင်း၊ ထပ်တလဲလဲ အိုရခြင်း၊ ရလာတဲ့ဘဝလေးမှာ စိုးရိမ်သောက ဖြစ်ရခြင်း၊ ငိုကြွေးရခြင်းဆိုတဲ့ ဒါတွေကို ဘယ်လိုလုပ်ပြီးတော့ ဖြတ်ကျော်မလဲတဲ့၊ ဩဃကို ဖြတ်ကျော်တဲ့ နည်းစနစ်ရှိလို့ရှိရင် ဖြေပါတဲ့၊ ဘာနဲ့ ဖြတ်ကျော်မလဲတဲ့၊ ဒါလေးကို တပည့်တော် ဖြေပေးပါတဲ့။

ဒီနေရာမှာ ဩဃဆိုတာ ဘာကို ပြောတာတုန်း၊ ဩဃ ဆိုတာ တင်စားပြီးတော့ သုံးတဲ့ စကားလုံးတစ်ခုပဲ၊ အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ တက်လာတဲ့ ဒီလှိုင်းကြီးတွေကို ဩဃလို့ ခေါ်တာပဲ၊ အဲဒီဩဃလို့ဆိုတဲ့ ဒီလှိုင်းကြီးတွေနဲ့ ကြုံလို့ရှိရင် ဘယ်လိုမှ ဖြတ်ကူးဖို့ မတတ်နိုင်ဘူး၊ အင်မတန်မှ ခဲယဉ်းတယ်၊ အဲဒီခဲယဉ်းလှတဲ့ “ဩဃဆိုတဲ့ ဒီလှိုင်းကြီးကို ဘယ်လိုလုပ်ပြီးတော့ ဖြတ်ကူးမလဲ”လို့ မြတ်စွာဘုရားကို သူကမေးတာ။

ကဲ ဒါ တင်စားပြီးတော့ပြောတာ သာမန် ဩဃဟာ ဖြတ်ဖို့ ခက်သလိုပဲ၊ အဲဒီထက် ဖြတ်ဖို့ခက်တဲ့ ဩဃဆိုတာ ဘာတွေတုန်း ဆိုရင် ကာမဆိုတဲ့ ဒီလှိုင်းကြီးကို ဖြတ်ဖို့ခက်တယ်၊ ကာမောဃဆိုတဲ့ဒီလှိုင်း ဆိုတာ ဘာလဲ၊ နှစ်သက်စရာ လိုချင်စရာ အာရုံတွေကို လိုချင်နေတဲ့ လောဘ ဒီလှိုင်းကြီးဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သတ္တဝါတွေကို လွှမ်းမိုးနေတာပဲလေ။

[၁၆၁] လောကလူတွေဟာ ဘာတွေရှာနေတာတုန်းဆိုရင် လိုချင် စရာအာရုံတွေ ရှာနေတာပဲ၊ အဲဒါဟာ ဒီလှိုင်းကြီးထဲမှာ မျောပါတာနဲ့ မတူဘူးလား၊ တူတယ်၊ ကာမဆိုတဲ့ ဒီလှိုင်းကြီးထဲမှာ အားလုံးမျောပါ နေကြတယ်၊ ဒီလှိုင်းကြီးထဲမှာ မျောပါဖို့ရန်အတွက် သူတို့က ကျကျနန သတင်းစာထဲတောင် ကြော်ငြာလေး ထည့်လိုက်သေးတယ်နော်။ အဲဒီလို ကြော်ငြာလေးတွေ ထည့်ပြီးတော့ ဒီလှိုင်းကြီးထဲကို လက်တွဲ နေကြသေးတယ်။

အဲဒီတော့ ကာမောဃဆိုတဲ့ဒီလှိုင်းကြီးကို ဖြတ်ကျော်မယ့်အစား ဖြတ်ကျော်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားဘူး၊ ကိုယ့်ကို ဒီ ဒီလှိုင်းကြီး တိုက်မြုပ်နေတယ်ဆိုတာ သိတောင်မသိဘူး၊ ကာမောဃဆိုတာ အလွန်ကြီးမားတယ်ပေါ့၊ အလွန်ကြီးမားသည့် အတွက်ကြောင့် မြန်မာပြည်မှာ လူဦးရေ သန်းပေါင်း ၆၀-ကျော်ရှိတဲ့အထဲမှာ ကာမောဃကို ကျော်လွှားနိုင်တဲ့ ပုဂ္ဂိုလ်ဟာ အင်မတန်မှ ရှားတယ်၊ အားလုံး ဒီလှိုင်းကြီးထဲမှာ နစ်မျောသွားကြတာတွေချည်းပဲ။

ပြီး - ဘဝေါဃ တဲ့၊ ဒိဋ္ဌောဃ တဲ့၊ အဝိဇ္ဇောဃ တဲ့၊ ဒိဋ္ဌောဃ ဆိုတာ တစ်ဦးနှင့်တစ်ဦး အမြင်တွေ အယူအဆတွေ ဘာသာတရား တွေ မတူကြဘူး၊ မတူကွဲပြားနေတဲ့ ဘာသာအယူအဆတွေမှာ သူ့ဘာသာက မှန်တယ်၊ ငါ့ဘာသာက မှန်တယ်၊ သူ့ဘာသာက ဘာဖြစ်တယ်၊ ငါ့ဘာသာက ဘာဖြစ်တယ်၊ ဟောဒီ ဒီလှိုင်းကြီးထဲမှာ မျောနေကြတာပဲ၊ ဒါကို ဖြတ်ကျော်နိုင်စွမ်း မရှိဘူး၊ [၁၆၂] တရားထူး တရားမြတ် ကျင့်ကြံကြိုးကုတ်အားထုတ်လို့ ဗြဟ္မာ့ပြည် ရောက်မယ်ဆိုရင်လည်း ဘဝေါဃ ဆိုတာနဲ့ တွေ့ပြန်တာပဲ၊ နောက်ဆုံးကျတော့ မသိဘူးဆိုတဲ့ အဝိဇ္ဇောဃ၊ အဝိဇ္ဇာဆိုတဲ့ လှိုင်းလုံးကြီးအောက်မှာ အားလုံးဟာ ပြားပြားဝပ်မျော နေတာပဲ။ မျောနေတယ်ဆိုတာ ဘယ်လို မျောတာတုန်းဆိုရင် ထွက်ပေါက်မရဘူး၊ နာလိုက်မယ်၊ အိုလိုက်မယ်၊ သေလိုက်မယ်၊ ပြန်မွေးလိုက်မယ်၊ အိုလိုက်မယ်၊ နာလိုက်မယ်၊ သေလိုက်မယ်၊ ဟောဒီထဲမှာ မျောနေတာပဲ၊

ဒီဝဲဩဃကြီးက လွန်မြောက်ပြီးတော့ ကုန်းပေါ် ရောက်တယ် လို့မှမရှိတာ၊ သံသရားကြီးမှာ ဒီလိုပဲ မျောပါနေတာ။ ဒီလှိုင်းကြီး အောက် စုံးစုံးမြုပ်နေတာ၊ ကမ်းတောင် မမြင်လိုက်ရဘူးနော်၊ နိဗ္ဗာန်ဆိုတဲ့ကမ်း အေးချမ်းတဲ့အရပ် ဘယ်လိုလုပ် မြင်မှာလဲ၊ ဒီလှိုင်းကြီးရဲ့ လွှမ်းမိုးခံရပြီးတော့ စုံးစုံးမြုပ်နေတဲ့ အနေအထားမှာ ရှိနေကြတယ်ဆိုတာကို စဉ်းစားကြည့်ရင် သိနိုင်တယ်။ ခဏခဏ မွေးဖွားရခြင်း၊ အိုရခြင်း၊ သေရခြင်းဆိုတဲ့ ဒီလှိုင်းကြီးတွေကို ဘယ်လိုနည်းနဲ့ ဖြတ်ကျော်နိုင်ပါသလဲလို့ မြတ်စွာဘုရားကို ဒီမေးခွန်းကို မေးတယ်။

အဲဒီလို မေးတဲ့အခါ မြတ်စွာဘုရားက ဖြေတာကတော့
“ကိတ္တယိဿာမိ တေ ဓမ္မံ၊
ဒိဋ္ဌိ ဓမ္မေ အနီတိဟံ။
ယံ ဝိဒိတွာ သတော စရံ၊
တရေ လောကေ ဝိသတ္တိကံ။”
[၁၆၃] အဲဒီ ဒီလှိုင်းကို ဖြတ်ကျော်တဲ့ နည်းစနစ် ဖြစ်တဲ့တရားကို ငါဟောပြမယ်တဲ့၊ မင်းကို ဖြတ်ကျော်တဲ့ နည်းစနစ်တွေ ငါဟောမယ်၊ အဲဒီ နည်းစနစ်ဟာ “အနီတိဟံ န ဤတိဟံ” ငါ သူများဆီက တစ်ဆင့်ကြားလို့ ဟောတာမဟုတ်ဘူးတဲ့၊ အစဉ်အလာအနေနဲ့ ပြောတာလည်း မဟုတ်ဘူးတဲ့၊ စာထဲပါလို့ ပြောတာလည်း မဟုတ်ဘူး၊ “ဤတိဟ” ဆိုတဲ့ အဓိပ္ပါယ်က သမိုင်းက ဒီလိုဆိုလိုတာပဲ၊ အစဉ်အလာ ဒီလို ပြောလာခဲ့တာပဲလို့ ဆိုရတဲ့အရာမျိုးကို ပြောတာ။ Hearsay တို့ History တို့ ဆိုလိုတာ။

မြတ်စွာဘုရားဟောတဲ့တရားဟာ စိတ်ကူးပြီးတော့ ပြောတာ လည်း မဟုတ်ဘူး၊ အစဉ်အလာ Tradition ကို ပြောတာလည်း မဟုတ်ဘူး၊ စာထဲပါတာကို ပြောတာလည်း မဟုတ်ဘူး၊ အကြောင်း အကျိုး ဆီလျော်တယ်လို့ တွေးတောဆင်ခြင်ပြီး research လုပ်ပြီး ပြောတာလည်း မဟုတ်ဘူး၊ အမှန်မှာ အတ္တပစ္စက္ခ ကိုယ်တိုင်သိပြီး ဟောတာ၊ ကိုယ်တိုင်ကျင့်တယ်၊ ကိုယ်တိုင်သိတယ်၊ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေမိ တဲ့၊ မြတ်စွာဘုရားက ကိုယ်တိုင် ထူးခြားတဲ့ ဉာဏ်နဲ့ တွေ့ရှိပြီး ကိုယ်တိုင် သိရှိပြီးတော့မှ သူများကို ဟောတာပါတဲ့၊ ဒီတရားဆိုတာ ဤတိဟ မဟုတ်ဘူး။

အေး အင်မတန်မှ သေချာတဲ့တရားကို ငါပြောမယ်၊ အဲဒီ တရားကို အသိဉာဏ်နဲ့ မြင်ပြီဆိုလို့ရှိရင် ဒိဋ္ဌဓမ္မေ၊ အဲဒီဓမ္မကို မင်းတွေ့မြင်ပြီ ဆိုလို့ရှိရင်တဲ့ မှန်ကန်တဲ့သတိတရားနဲ့ အဲဒီသိရှိ [၁၆၄] ထားတဲ့တရားအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်မယ် ဆိုလို့ရှိရင် ဒီဩဃကြီးကို ဖြတ်ကျော်နိုင်ပါတယ်တဲ့၊ ဒါ ဩဃကို ဖြတ်ကျော်ဖို့ရာအတွက် မြတ်စွာဘုရားက တရားကို ဟောတယ်ဆိုတော့ ဘယ်တရားတုန်းလို့ ဘုန်းကြီးတို့တတွေ မေးမယ်ဆိုလို့ရှိရင် မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ။ ဒီဩဃကို ဖြတ်ကျော်ချင်ရင် ဘာနဲ့ ဖြတ်ကျော်ရမှာတုန်းဆိုရင် မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ ဖြတ်ကျော်ရမယ်၊ မဂ္ဂင်ရှစ်ပါးဆိုတာ ဘာလဲ၊ သီလအခြေခံပြီးတော့ မှန်မှန်ကန်ကန် နားလည်တာ၊ မှန်မှန်ကန်ကန် တွေးတတ်တာ၊ မှန်မှန်ကန်ကန် ကြိုးပမ်းအားထုတ်တာ၊ မှန်ကန်တဲ့ သတိစွမ်းအားတွေ ရှိတာ၊ မှန်ကန်တဲ့ သမာဓိစွမ်းအားတွေ ရှိတာ၊ အဲဒီစွမ်းရည်သတ္တိတွေဟာ ဘယ်မှာရှိတုန်းဆိုရင် ကိုယ့်သန္တာန်မှာ ရှိတယ်၊ လေ့ကျင့်ယူဖို့ လိုတယ်၊ အဲဒီတော့ လေ့ကျင့်ဖို့ နည်းစနစ်တွေကိုလည်း ပြောတယ်၊ ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ အာရုံနဲ့ စိတ်ကို လေ့ကျင့်ခန်း လုပ်တာပဲ၊ စိတ်ကို အာရုံနဲ့ လေ့ကျင့်ပေးနေတာ။

ဘုန်းကြီးတို့စိတ်တွေက ကြည့်လေ ကိုယ်လေ့ကျင့်ပေးတဲ့ အာရုံဘက်မှာ မနေဘူး၊ သူနေနေကျနေရာကို ပြေးသွားတာပဲ၊ တရားသွားထိုင်လို့ ရှိရင်လေ၊ ရိပ်သာသွားပြီး တရားထိုင်ဖူးတဲ့ လူတွေ တွေ့ပါမယ်၊ စိတ်ကလေးကို နှာသီးဖျား ပို့လိုက်တာနဲ့ အိမ်ထွက်ပြေး သွားပြန်တယ်၊ ဟိုရောက်သွား ဒီရောက်သွားနဲ့၊ သူသွားနေကျနေရာ သူသွားနေတာ၊ ကိုယ်ထားတဲ့နေရာ မနေဘူး၊ အဲဒီတော့ အဲဒီ [၁၆၅] စိတ်ကလေးကို ကိုယ်ထားတဲ့နေရာ နေအောင် လေ့ကျင့်ဖို့ လိုတယ်ပေါ့။

အဲဒီလို လေ့ကျင့် မဂ္ဂင်ရှစ်ပါးအကျင့်တရားဟာ တစ်ညီတည်း သူ့တာဝန်တွေကို ဆောင်ရွက်လာပြီ ဆိုလို့ရှိရင် မှန်ကန်တဲ့ အသိဉာဏ်တစ်ခု ရလာတယ်၊ ရလာပြီဆိုရင် အင်မတန်ပြင်းထန်တဲ့ ဝဲဩဃကြီးကို ကျော်ဖြတ်ပြီးတော့ နိဗ္ဗာန်ဆိုတဲ့ ဟိုဘက်ကမ်းကို တက်လှမ်းနိုင်မယ်။ တက်လှမ်းနိုင်ဖို့ရန်အတွက် မဂ္ဂင်ဆိုတဲ့ အင်မတန် ခိုင်ခံ့တဲ့ ယာဉ်ကြီးကို စီးပြီးသွားမှ ဝဲဩဃကြီးကို ဖြတ်ကျော်လို့ ရမှာပေါ့ ဒါကြောင့်မို့ မြတ်စွာဘုရားက တရားဓမ္မတွေကို မှန်မှန်ကန်ကန်သိဖို့ Right Understanding လို့ ဆိုတဲ့ သမ္မာဒိဋ္ဌိကို ရှေ့တန်း တင်ပြီး ဟောထားတာ။

ဗုဒ္ဓဘာသာဟာ တခြားဘာသာတွေနဲ့ မတူတာ၊ တခြားဘာသာတွေက ယုံကြည်မှုကို အခြေခံတယ်၊ ဗုဒ္ဓဘာသာက နားလည်မှုကို အခြေခံတယ်၊ Right understanding မှန်မှန်ကန်ကန် နားလည်မှုကို အခြေခံတယ်၊ အဲဒီတော့ မှန်မှန်ကန်ကန် နားလည်အောင်လုပ်ဖို့ရာ သိပ်အရေးကြီးတယ်ပေါ့၊ အမှန်အတိုင်း နားလည်အောင် လုပ်ရမယ်တဲ့။

ဒါကြောင့်မို့ မဂ္ဂင်ရှစ်ပါးမှာ Right understanding ဆိုတာ သမ္မာဒိဋ္ဌိဆိုတာ မြင်တာပဲနော်၊ အမှန်မြင်တာ၊ အဲဒီအမှန်မြင်မှုကို အခြေခံထားတာ၊ ယုံကြည်မှုကို အခြေခံတာမဟုတ်ဘူး၊ ယုံကြည်မှု ဆိုသည်မှာ အမှန်မြင်မှုပေါ်မှာ အခြေခံရမယ်၊ ဒါကြောင့်မို့ [၁၆၆] ဒဿနမူလိကာ သဒ္ဓါ ဆိုတဲ့အသုံးရှိတယ်၊ ယုံကြည်တာတောင်မှပဲ ဗုဒ္ဓဘာသာရဲ့ ယုံကြည်မှုဆိုတာ Blind faith မဟုတ်ဘူးနော်၊ Blind faith မဖြစ်ရဘူး၊ သူများပြောလို့ ကိုယ်လည်းမသိဘဲနဲ့ ယုံကြည်ရမယ့် ဟာမျိုး မဟုတ်ဘူး၊ ကိုယ်တိုင်သိရှိအောင် ကြိုးစားပြီးတော့မှ ဆုံးဖြတ်တဲ့ဟာမျိုးသာ ဖြစ်တယ်ပေါ့ ကိုယ်တိုင်သိအောင် ကြိုးစားအားထုတ်ရမယ်လို့ ဒီလိုပြောတာ။

အဲဒီလို ဟောလိုက်တဲ့အခါကျတော့ မေတ္တဂူက သဘောကျသွားတယ်၊ “အရှင်ဘုရားတဲ့ အရှင်ဘုရားကိုယ်တိုင်သိပြီး ဟောတဲ့ တရားဟာ ကြီးမားတဲ့ သတ္တိနဲ့ ဒီအသိဉာဏ်ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ်မယ် ဆိုလို့ရှိရင် တွယ်တာမှုစတဲ့ ဩဃတွေကို ဖြတ်ကျော်နိုင်တယ်ဆိုတာ တပည့်တော် လက်ခံယုံကြည်ပါတယ်”တဲ့ အရှင်ဘုရားပြောတာလည်း အင်မတန်မှ နှစ်သက်ပါတယ်လို့ သူက ထောက်ခံတယ်။

မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတယ်၊ ဒီတရားဆိုတဲ့ နေရာမှာ
“ယံကိဉ္စိ သမ္ပဇာနာသိ၊
ဥဒ္ဓံ အဓော တိရိယဉ္စာပိ မဇ္ဈေ၊
ဧတေသု နန္ဒိံ နိဝေသနဉ္စ၊
ပနဇ္ဇ ဝိညာဏံ ဘဝေ န တိဋ္ဌေ။”
သံသရာဝဋ်ကလွတ်ဖို့ ဝဲဩဃကြီးကို ဖြတ်ကျော်ဖို့ ဆိုတဲ့ နေရာမှာတဲ့ အားလုံးကို ရှင်းရှင်းလင်းလင်းကြီး သိဖို့လိုအပ်တယ်ပေါ့ အတိတ်က အရာတွေကိုလည်း ရှင်းရှင်းလင်းလင်းကြီး သိရမယ်၊ ခန္ဓာနဲ့ပတ်သက်တာကို ပြောတာ။

[၁၆၇] “ဥဒ္ဓံ အဓော တိရိယဉ္စာပိ” မှာ အဓိပ္ပါယ်အမျိုးမျိုး ယူထားတာ ရှိတယ်၊ ဥဒ္ဓ ဆိုတာ အထက်၊ အဓောဆိုတာ အောက်၊ ဒါ မူလအဓိပ္ပါယ်၊ အထက်ဆိုတာ ဘာလဲ၊ အနာဂတ်ကို ပြောတာ၊ အဓော အောက်ဆိုတာ ဘာကိုပြောတာလဲ၊ အတိတ်ကို ပြောတာ၊ တိရိယံ အလယ်ဆိုတာ ဘာကို ပြောတာတုန်းဆို ပစ္စုပ္ပန်ကို ပြောတာ၊ အတိတ်က ခန္ဓာပဲဖြစ်ဖြစ် အနာဂတ်ခန္ဓာပဲဖြစ်ဖြစ် ပစ္စုပ္ပန်ခန္ဓာပဲ ဖြစ်ဖြစ် သိရမယ်တဲ့၊ ခန္ဓာတွေရဲ့သဘာဝကို သိရမယ်။

ဒါ ဝိပဿနာကျင့်စဉ်တစ်ခုကို မြတ်စွာဘုရားဟောတာ၊ ဆိုပါစို့ ဘုန်းကြီးတို့မှာ ရုပ်ခန္ဓာကြီး ရှိတယ်၊ အဲဒီရုပ်ခန္ဓာဟာ မနေ့ကခန္ဓာပဲ ဖြစ်ဖြစ် ဒီကနေ့ခန္ဓာပဲ ဖြစ်ဖြစ် မနက်ဖြန်ခါ ခန္ဓာပဲ ဖြစ်ဖြစ် အဲဒီရုပ်ခန္ဓာဟာ နေတံ မမ ငါ့ဟာလည်း မဟုတ်ဘူး၊ နေသော ဟမသ္မိ ငါဖြစ်တာလည်း မဟုတ်ဘူး၊ န မေသော အတ္တာ ငါ့ရဲ့ အတ္တလည်း မဟုတ်ဘူး၊ သူ့သဘာဝအတိုင်း သူဖြစ်နေတဲ့အရာပဲ။

ရုပ်ကြီးကိုတင် ပြောတာမဟုတ်ဘူး၊ ဝေဒနာဆိုတဲ့ ခံစားချက်ဟာလည်း ငါမဟုတ်ဘူး၊ သညာဆိုတဲ့ စိတ်ရဲ့ မှတ်သားမှုဟာလည်း ငါမဟုတ်ဘူး၊ သင်္ခါရဆိုတဲ့ စေ့ဆော်မှုတွေဟာလည်း ငါမဟုတ်ဘူး၊ ဝိညာဏဆိုတဲ့ အသိစိတ်တွေဟာလည်း ငါမဟုတ်ဘူးလို့ ဝိပဿနာဉာဏ်နဲ့ အတိတ် အနာဂတ် ပစ္စုပ္ပန်မှာ ရှိသမျှ ယံ ကိဉ္စိ ဘယ်တရားပဲ ဖြစ်ဖြစ်၊ ရှုမှတ်လို့ ရတဲ့ တရားတွေအပေါ်မှာ ပိုင်ပိုင်နိုင်နိုင်၊ ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ မြင်တာတဲ့။

[၁၆၈] အဲဒီလို မှန်မှန်ကန်ကန်မြင်လိုက်တော့ ဘာတွေကို ဖယ်ရှားလိုက်နိုင်တုန်းဆိုတော့ နန္ဒီတဲ့၊ ကြိုက်နေတာကို ဖယ်ရှားနိုင်တယ်။ အပြစ်မမြင်သေးသမျှ သဘောကျနေမှာပဲလေ၊ အပြစ်မြင်ပြီဆိုတဲ့ အခါကျတော့ သူ့ဟာသူ သွားတာပဲ မရဘူး၊ အပြစ်မြင် မကြိုက်တော့ဘူး၊ ဒါသေချာတယ်။

စာပေကျမ်းဂန်မှာ ဥပမာပေးထားတာလေး တစ်ခုရှိတယ်၊ ခပ်ကြမ်းကြမ်းလေးပေးထားတဲ့ ဥပမာပေါ့နော်၊ လူတစ်ယောက်ဟာ ထမင်းကသိပ်ဆာတယ်၊ သူ့အတွက် ထမင်းပွဲကြီး ပြင်ထားတယ်၊ ဧည့်ခံကျွေးမွေးမယ်၊ ထမင်းတွေက ပေါ်ဆန်းမွှေးနဲ့ ချက်ထားတာ ပေါ့နော်၊ ဝက်သားတွေ ကြက်သားတွေ ဆီပြန်ကြော်တွေနဲ့ စားချင်စရာပေါ့၊ ထမင်းကလည်း သိပ်ဆာနေတယ်၊ အာရပါးရ စားလိုက်မယ်လို့ လက်ပါဆေးပြီး ထမင်းပန်းကန်ကို လက်နဲ့ နှိုက်လိုက်ပြီး ထမင်းကို နည်းနည်းလေး ယက်လိုက်တဲ့အချိန်မှာ ဘာပေါ်လာတုန်းဆိုတော့ မစင်တုံး ၃-တုံး ပေါ်လာသတဲ့၊ ကဲ အဲဒီလူဟာ စားမလား၊ ထသွားမလား၊ နဂိုကတော့ သိပ်စားချင်စရာ ကောင်းတဲ့ ထမင်းလို့ ဒီလိုထင်တာ၊ မစင်တုံး ၃-တုံးလည်း မြင်လိုက်ရော စားချင်စိတ်တွေ ကုန်သွားပြီ မရှိတော့ဘူး၊ ရှိသေးလား၊ သိပ်ရွံစရာကောင်းတာတွေ သူမြင်လိုက်ရတဲ့ အခါ စားချင်စိတ် ပျောက်သွားတယ်။

အဲဒါ ဘာပြောတာတုန်းလို့ဆိုတော့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေဟာလည်း ဒီအတိုင်းပဲတဲ့ သူတို့ကို စေ့စေ့စပ်စပ် ကြည့်လိုက်တာနဲ့ [၁၆၉] တစ်ပြိုင်နက် မမြဲဘူးဆိုတဲ့ မစင်တုံး၊ ဆင်းရဲတယ်ဆိုတဲ့ မစင်တုံး၊ ကိုယ်မပိုင်ဘူး အနတ္တဆိုတဲ့ မစင်တုံး၊ ဒီမစင်တုံး ၃-တုံး မြင်ရသလိုပဲတဲ့၊ အရိယာသူတော်စင်တွေဟာ စားချင်စိတ် ပျောက်သွားတယ်၊ ရချင်စိတ်၊ ပိုင်ဆိုင်ချင်စိတ် မရှိတော့ဘူးတဲ့၊ ဒါက ခပ်ကြမ်းကြမ်းပြောတဲ့ ဥပမာ။

ခပ်နုနုလေးပြောတဲ့ ဥပမာကျတော့ ဘာတုန်းဆိုရင် စူပါမားကက်သွားတယ်၊ အထည်ဆိုင်မှာ အဆင်လေးကလည်း လှတယ်၊ အသားလေးကလည်း ကောင်းတယ် ဟုတ်လား၊ ဒါလေးတော့ ဝယ်မှပဲ၊ ဝယ်တော့မယ်ဆိုရင် လူတွေက check လုပ်တယ်လေ၊ အစွန်းအထင်းလေးများ ပါလား၊ လှည့်ပတ်ကြည့်တဲ့ အခါကျတော့ တနေရာမှာ မီးလောင်ပေါက်ကလေး ၃-ပေါက် ပါလာတယ်တဲ့၊ အဲဒီအထည်ကို ယူမလား မယူဘူးလား၊ အဲဒါ မယူတော့ဘူး၊ အဲဒီတော့ မီးလောင်ပေါက်ပေါ် စိတ်ပျက်တာလား၊ အထည်ပေါ် စိတ်ပျက်သွားတာလား၊ မီးလောင်ပေါက်ကြောင့် အထည်ပေါ်မှာ စိတ်ပျက်သွားတာ။

အဲဒီလိုပဲ အနိစ္စ ဒုက္ခ အနတ္တ မြင်လိုက်သည့်အတွက်ကြောင့် ခန္ဓာငါးပါးအပေါ်မှာ စိတ်ပျက်သွားတယ်နော်၊ သူမြင်တာက အနိစ္စ ဒုက္ခ အနတ္တကို မြင်တာ၊ စိတ်ပျက်တာက ခန္ဓာကြီးအပေါ်မှာ စိတ်ပျက်သွားတယ်၊ မလိုချင်တော့ဘူး။ ဟုတ်ကဲ့လား၊ အဲဒီ ဥပမာအတိုင်းပဲ မြတ်စွာဘုရားက ဟောတာ “ယံ ကိဉ္စိ သမ္ပဇာနာသိ၊ ဥဒ္ဓံ အဓော တိရိယဉ္စာပိ မဇ္ဈေ၊” တဲ့၊ သဘာဝတရား [၁၇၀] တွေ အတိတ် အနာဂတ် ပစ္စုပ္ပန် ဘယ်မှာပဲဖြစ်ဖြစ် အဲဒီ သဘာဝတရားတွေကို အမှန်မြင်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့ပေါ်မှာ တွယ်တာမှုဆိုတဲ့ နန္ဒီ၊ ကြိုက်တယ် နှစ်သက်တယ် လိုချင်တယ်ဆိုတာ မရှိတော့ဘူး။

“နန္ဒီ ဒုက္ခဿ မူလံ”တဲ့၊ မြတ်စွာဘုရားက ပုဏ္ဏောဝါဒ သုတ္တန်မှာ ဟောတယ်။ “နန္ဒီ နှစ်သက်မှုဆိုတဲ့ တဏှာဟာ ဒုက္ခဿ မူလံ ဆင်းရဲရဲ့ အကြောင်းရင်းပဲ”တဲ့ ကြိုက်ပြီဆိုရင် မင်းဒုက္ခတွေ့တော့မယ်၊ နှစ်သက်တဲ့ တွယ်တာတဲ့ တဏှာလာရင် ဒုက္ခတွေ့တော့မယ်၊ အနည်းဆုံး ဘာဒုက္ခတွေ့မတုန်း၊ သောကဆိုတာလေး လာတာပဲ၊ အဲဒီဒုက္ခတွေ တွေ့တော့မယ်၊ နောက်တစ်ခုက ဘာတုန်းဆိုရင် အဲဒီခန္ဓာပေါ်မှာ တဏှာအနေနဲ့ စွဲစွဲမြဲမြဲရှိသလို ဘာဝင်လာတုန်းဆိုရင် “ဧသောမေ အတ္တာ”- ငါလုပ်ချင်တိုင်း လုပ်လို့ရတယ်ဆိုတဲ့ အမြင်ကလေးတစ်ခု ဝင်လာတယ်၊ ငါ့အလိုအတိုင်း ဖြစ်တယ်ဆိုတဲ့ အမြင်ကလေး ဝင်လာတယ်၊ ဒါကို ဒိဋ္ဌိလို့ခေါ်တယ်၊ မှားယွင်းတဲ့အမြင်လေးတစ်ခု မြင်လာတယ်၊ ငါ့စိတ်တိုင်းကျ ဖြစ်တယ်လို့ ထင်ရင်း ထင်ရင်းနဲ့ ငါ့စိတ်တိုင်းကျ မဖြစ်တာတွေ အများကြီးပဲလေ၊ ကြားဖူးတယ်၊ တချို့အမျိုးသမီးတွေဟာ စိတ်ကူးယဉ်တာလေးတွေ ရှိတယ်၊ သူ့ရဲ့အမျိုးသားလောင်းက အရက်သေစာသောက်စားတတ်တဲ့ လူတစ်ယောက်ဖြစ်ပေမယ့်လို့ သူ့စိတ်ထဲမှာ ဘယ်လိုထင်တုန်းဆိုရင် သူ့လက်ထဲ ရောက်ရင် ပြင်လို့ရလိမ့်မယ်လို့ သူထင် [၁၇၁] တယ်၊ သူပြောရင် ရတယ်လို့ထင်ပြီးတော့ လက်ထပ်လိုက်တယ်၊ နောက်ကျတော့ ဟို ဇိုးသမားက ဒီထက်ပိုဆိုးလာတယ်၊ ဒါမျိုးတွေလည်းပဲ ဇာတ်လမ်းထဲမှာ ရှိတာပဲနော်၊ အဲဒါ ကိုယ်ထင်တဲ့အတိုင်း မဖြစ်တာကို ပြောတာနော်၊ ဘယ်အရာမှ ကိုယ်ထင်တဲ့အတိုင်း မဖြစ်ဘူး။

လူ့လောကဟာ အဲဒီလို ကိုယ်ထင်တဲ့အတိုင်းဖြစ်တယ်လို့ မြင်တာဟာ ဒိဋ္ဌိပဲပေါ့၊ အဲဒီ ဒိဋ္ဌိကိုလည်းပဲ ခန္ဓာငါးပါးမှာ ငါ ထင်တဲ့အတိုင်း ဖြစ်တယ်ဆိုတဲ့အမြင်ကို ဖယ်ရှားပစ်ရမယ်တဲ့၊ “ဝသ ဝတ္တနာ” ဆိုတာ ငါ့အလိုအတိုင်း ဖြစ်တယ်၊ “အဝသ ဝတ္တနာ” ဆိုတာ ငါ့အလိုအတိုင်းမဖြစ်ဘူးလို့ ဒီလိုမြင်တာ၊ နောက်ပြီးတော့ အဲဒီ တဏှာတို့ ဒိဋ္ဌိတို့ လိုချင်တယ် ကိုယ်လုပ်ရင်ရမယ်ဆိုတဲ့အထင်နဲ့ လူတွေဟာ ဘာတွေလုပ်တုန်းဆိုရင် ကံတရားတွေကို လုပ်လာကြတယ်၊ အဲဒီကံတရားတွေကိုလည်း ဖယ်ရှားပစ်ရမယ်တဲ့။

အဲဒါကို ဒီနေရာမှာ မြတ်စွာဘုရားသုံးထားတာ၊ နန္ဒီ နိဝေသန ဝိညာဏ၊ အဲဒီ ၃-မျိုးကို ဖယ်ရှားပစ်လိုက်တဲ့၊ ဆိုလိုတာက ကံနဲ့ ကိလေသာကို ဖယ်ရှားရမယ်၊ ဒါပြောတာနော်၊ အဲဒီ ကံနဲ့ ကိလေသာ နှစ်မျိုးကို ဖယ်ရှားပစ်လိုက်ခြင်းအားဖြင့် ဘဝေ န တိဋ္ဌေ ဒုက္ခတွေဖြစ်ပေါ်စေရာ (သို့မဟုတ်) သံသရာဝဲဩဃကြီးထဲမှာ မျောပါသွားမည့်ဘဝမျိုး မရနိုင် မရောက်နိုင်တော့ဘူးလို့ ဒီလိုဆိုလိုတယ်။

[၁၇၂] ဆိုလိုတာက ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်မယ်ဆိုရင် အဝိဇ္ဇာနဲ့ သင်္ခါရကို ဖယ်လိုက်လို့ရှိရင် ဝိညာဏ်ဆိုတာ လာတော့မှာ မဟုတ်တော့ဘူးပေါ့ အဝိဇ္ဇာဆိုတာ ကိလေသာ၊ သင်္ခါရဆိုတာ ကံ၊ ကံနဲ့ ကိလေသာ ပေါင်းပြီးတော့ ဘဝကို တည်ဆောက်နေတာ၊ ဒီတော့ ဘဝကိုတည်ဆောက်တဲ့ ကံနဲ့ ကိလေသာ၊ ဒီ ၂-ခုကို ဖယ်ရှားပစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဘဝ မလာတော့ဘူး၊

ဒီနေရာမှာ ဝိညာဏကို သင်္ခါရလို့ မှတ်ပါ၊ ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္စာဘိသင်္ခါရလို့ စူဠနိဒ္ဒေသမှာ ဒီလိုဆိုထားတယ်၊ အဲဒီတော့ ဝိညာဏဆိုတာ ဒီနေရာမှာ သင်္ခါရကို ပြောတာ။

အဲဒီတော့ ဒီနေရာမှာ အဝိဇ္ဇာကို တိုက်ရိုက်မဆိုဘဲနဲ့ တဏှာနဲ့ ဒိဋ္ဌိလို့ ဒီလိုဆိုထားတယ်၊ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်နဲ့ မြတ်စွာဘုရား ဟောတာ ဘယ်နေရာပဲဖြစ်ဖြစ် တစ်ထပ်တည်းချည်းပါပဲ၊ အဲဒီနည်းနဲ့ ဆိုလို့ရှိရင် သံသရာဝဋ်က လွတ်နိုင်တယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာ၊
“ဧဝံ ဝိဟာရီ သတော အပ္ပမတ္တော၊
ဘိက္ခု စရံ ဟိတွာ မမာယိတာနိ၊
ဇာတိ ဇရံ သောက ပရိဒ္ဒဝံ စ။
ဣဓေဝ ဝိဒ္ဓါ ပဇဟေယျ ဒုက္ခံ။”
အဲဒီမှာ အခုဟောသည့်အတိုင်း လိုက်နာကျင့်သုံးပြီး သတိကြီးစွာထားကာ ကုသိုလ်တရားတွေပေါ်မှာ မမေ့မလျော့ [၁၇၃] ကျင့်ဖို့တော့ လိုအပ်တယ်ပေါ့။ သတိဆိုတာ ဘယ်ပေါ်မှာထားရမလဲ ဆိုရင် ကာယ ဝေဒနာ စိတ္တ ဓမ္မလို့ဆိုတဲ့ သတိပဋ္ဌာန်တရားလေးပါး အာရုံပေါ်မှာ ထားရမယ်ပေါ့၊ ကာယ ဝေဒနာ စိတ္တ ဓမ္မပေါ်မှာ သတိထား၊ ကိုယ်လုပ်ရမယ့်အလုပ်ကို စွဲစွဲမြဲမြဲလုပ်တယ်၊ တလေးတစား လုပ်တယ်၊ စဉ်ဆက်မပြတ် လုပ်တယ်၊ အဲဒါဟာ အပ္ပမာဒပဲ၊

အဲဒီလိုကြိုးစားအားထုတ်ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် တွယ်တာစရာတွေ နှစ်သက်စရာတွေကို တွယ်တာတတ်တဲ့ တဏှာတွေအားလုံး ဖယ်ပြီးသား ဖြစ်သွားတယ်၊ အဲဒါတွေကို ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက် တဏှာကုန်သွားပြီဆိုရင် ဇာတိဆိုတာလည်း ကုန်သွားမှာပဲ၊ ဇရာဆိုတာလည်း ကုန်သွားမှာပဲ၊ သောက ပရိဒေဝဆိုတာလည်း ကုန်သွားတာပဲ၊

ဘာဖြစ်လို့တုန်းဆိုရင် “တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော” လေ၊ တစ်ခု ကုန်ရင် စဉ်ဆက်မပြတ် ဆက်ပြီးတော့ ကုန်သွားတယ်တဲ့ အဲဒါကြောင့် ဒီဘဝမှာတင် ပညာရှိတဲ့ပုဂ္ဂိုလ်ဟာ လက်တွေ့ကျင့်သုံးပြီးတော့ ဒါတွေကို ဖယ်ရှားပစ်ရမယ်လို့ ဟောတယ်။ ဒါက ဝဲဩဃကို ဖြတ်ကျော်တဲ့ နည်းတွေကို မြတ်စွာဘုရားက မေတ္တဂူကို ဟောတာ။
မေတ္တဂူက လျှောက်ထားတယ်။
“ဧတာ ဘိနန္ဒာမိ ဝစော မဟေသိနော၊
သုကိတ္တိတံ ဂေါတမ နိရူပဓိကံ၊”

[၁၇၄] အဒ္ဓါ ဟိ ဘဂဝါ ပဟာသိ ဒုက္ခံ၊
တထာ ဟိ တေ ဝိဒိတော ဧသ ဓမ္မော။
အရှင်ဘုရား ဟောကြားတဲ့တရားကို တပည့်တော်ဟာ အလွန်တရာ ဝမ်းမြောက်ပါတယ်တဲ့၊ အရှင်ဘုရား ကိုယ်တိုင် ဒီ ဒုက္ခ တွေကို ဖယ်ရှားပြီး ဟောဒီ ဝဲ ဩဃ တွေကို ဖြတ်ကျော်ပြီးသား ဖြစ်တယ်ဆိုတာ တပည့်တော် ယုံကြည်ပါတယ်တဲ့၊

မြတ်စွာဘုရားက သူ့ကို ဆက်ပြီးတရားဟောတယ်၊ သူ့မေးခွန်း ၂-ခုကတော့ ဒါပဲနော်၊ သူက သူမေးတဲ့ မေးခွန်းကတော့
(၁) ဒုက္ခ ဟာ ဘယ်ကစတာလဲပေါ့၊
(၂) ဩဃ ဇာတိ ဇရာ မရဏ ကို ဘယ်လို ဖြတ်ကျော်မလဲ၊ သောက ပရိဒေဝ တွေကို ဘယ်လို ဖြတ်ကျော်မလဲ၊ ဒီမေးခွန်း ၂-ခုကို မေးတယ်။

မေးခွန်းတွေရဲ့ အဖြေရပြီးတဲ့အခါ မြတ်စွာဘုရားကို ချီးမွမ်းစကားပြောပြီး ဩဝါဒ ခံတယ်။ အဲဒီမှာ မြတ်စွာဘုရားက မိန့်တယ်၊
“ယံ ဗြာဟ္မဏံ ဝေဒဂုံ မာဘိဇညာ၊
အကိဉ္စနံ ကာမဘဝေ အသတ္တံ၊
အဒ္ဓါ ဟိ သော ဩဃမိမံ အတာရိ၊
တိဏ္ဏော ပါရံ အခိလော အကင်္ခေါ။”
လောကကြီးမှာ ဘာကိုမှ ကြောင့်ကြမစိုက်တော့ဘဲနဲ့ တွယ်တာမှုမရှိတဲ့ပုဂ္ဂိုလ်၊ အဲဒီတွယ်တာမှုမရှိတော့တဲ့ပုဂ္ဂိုလ်ဟာ အခုပြောခဲ့တဲ့ ဩဃ ကြီးကို ဖြတ်ကျော်ပြီး တစ်ဖက်ကမ်းကို [၁၇၅] တက်လှမ်းပြီးတဲ့ ရဟန္တာ ပုဂ္ဂိုလ်လို့ မင်းမှတ်ရမယ်လို့၊ ဩဃ ကို ဖြတ်ကျော်ပြီးတော့ တစ်ဖက်ကမ်းကို တက်လှမ်းသွားပြီးတဲ့ပုဂ္ဂိုလ်ဟာ တကယ့် ရဟန္တာ ပုဂ္ဂိုလ်ဖြစ်သွားပြီလို့ မြတ်စွာဘုရားက ဒီလိုဟောကြားတယ်။

နောက်ဆုံးအနေနဲ့ မြတ်စွာဘုရားက ဘာအမိန့်ရှိတုန်း။
“ယော ဝေဒဂူ နရော ဣဓ၊
ဘဝါဘဝေ သင်္ဂမိမံ ဝိသဇ္ဇ၊
သော ဝီတတဏှာ အနီဃော နိရာသော၊
အတာရိ သော ဇာတိဇရန္တိ ဗြူးမိ။”
တကယ့် ဝိဇ္ဇာ ကို တည်ထောင်လို့ အဝိဇ္ဇာ တွေကို ဖယ်ရှားလို့ အသိဉာဏ်နဲ့ မသိတဲ့ အဝိဇ္ဇာ ကို ဖယ်ရှားပြီး အသိဉာဏ်နဲ့ လမ်းဆုံးကို ရောက်သွားတဲ့ပုဂ္ဂိုလ်ဟာတဲ့ ဘယ်ဘဝကိုပဲ ဖြစ်ဖြစ် ဘဝတွေပေါ်မှာ တွယ်တာမှု ကပ်ငြိမှုဆိုတာ သူ့မှာမရှိတော့ဘူး၊ ဘဝနဲ့ ဆက်စပ်နေတဲ့ ကပ်ငြိမှုဆိုတာ ဘာကိုပြောတာတုန်းလို့ ဆိုတော့ ဘဝနဲ့ပတ်သက်ပြီးတော့ လိုချင်တဲ့ ရာဂ မဖြစ်ဘူး၊ ဘဝနဲ့ ပတ်သက်ပြီးတော့ တွယ်တာမှုဆိုတဲ့ နေရာမှာ တဏှာ တွေ မရှိတာ မဟုတ်ဘူး၊ သင်္ဂ ကပ်ငြိမှုဆိုတဲ့ နေရာမှာ တဏှာ တွေကပ်ငြိတာ မဟုတ်ဘူး၊ အများက သံယောဇဉ် ဆိုလို့ရှိရင် တဏှာ တစ်ခုတည်းပဲ နားလည်နေတာနော်၊ သို့သော် သံယောဇဉ် ဆိုတာဟာ ဒေါသ ဟာလည်း သံယောဇဉ် ပဲ၊ မုန်းတဲ့လူ မကြာမကြာ သတိရတယ်၊ ဟုတ်လား၊ ချစ်ခင်တဲ့သူ သတိရသလို မုန်းတဲ့လူလည်း သတိရတာပဲ၊ [၁၇၆] အဲဒါ သံယောဇဉ် မပြတ်တာပေါ့၊ အဲဒါကို အမုန်းသံယောဇဉ်လို့ ခေါ်တယ်နော်၊ လူတွေက အမုန်းသံယောဇဉ်တော့ ထည့်မတွက်ဘူး၊ အချစ်သံယောဇဉ်လောက်တင် သံယောဇဉ် သံယောဇဉ် နဲ့ ပြောနေကြတာ၊ အခု ဒီမှာလည်းပဲ “သင်္ဂ၊ အာရုံပေါ်မှာ ကပ်ငြိတယ်” ဆိုတာ တဏှာ တစ်ခုတည်းကို ပြောတာမဟုတ်ဘူး၊ ဒေါသ ကလည်း ကပ်ငြိတာပဲ၊ ဘာနဲ့ကပ်တာလည်း မုန်းတဲ့စိတ်နဲ့ ကပ်ငြိနေတာလေ၊ သူက မုန်းပြီဆိုလို့ရှိရင် အဲဒီမုန်းစိတ်နဲ့ ကပ်ငြိတာပဲ၊ ဒါကြောင့်မို့လို့ “သင်္ဂ” နေရာမှာ ရာဂ လည်းပဲ ကပ်ငြိတတ်တဲ့ သင်္ဂ ပဲ၊ ဒေါသ အမုန်းတရားဟာလည်း ကပ်ငြိတတ်တဲ့ သင်္ဂ ပဲ။

မောဟ အမှန်မသိတာလည်းပဲ ကပ်ငြိတာ၊ ဘယ်လို ကပ်ငြိတုန်းဆိုရင် ဒါနဲ့ ပတ်သက်လာရင် လုပ်သင့် မလုပ်သင့် သူက မဝေခွဲတတ်ဘူး၊ မဝေခွဲတတ်တော့ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်နေတယ်၊ လုပ်သင့်တာကျတော့ မလုပ်သင့်ဘူးထင်တယ်၊ ဒါ မောဟ ပဲ၊ မောဟ ဆိုတာ အဲဒါကိုပြောတာ၊ လုပ်သင့်တာ မလုပ်သင့်မသိဘူး၊ မသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်သင့်တယ် ထင်တယ်၊ လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်တယ်၊ မောဟ ကလည်း ကပ်ငြိတတ်တဲ့ သဘောတစ်ခုပဲ။

နောက်တစ်ခုက မာန၊ အရည်အချင်းနဲ့ ပတ်သက်ပြီးတော့ ထင်မြင်မှု၊ ဒိဋ္ဌိ မှားယွင်းတဲ့အတွေး၊ ကိလေသာ ကျန်တဲ့စိတ်ရဲ့ အညစ်အကြေးတွေ။ ဒုစရိုက် မကောင်းတဲ့အကျင့် မကောင်းတဲ့ [၁၇၇] အကျင့်ကလည်းပဲ ကပ်ငြိတာပဲ၊ စွဲတယ်၊ လူတွေက အဲဒါကျတော့ ဝါသနာ တဲ့၊ “ဝါသနာကို မတားနဲ့လို့တောင်” ပြောသေးနော်၊ ဝါသနာ လည်းပဲ ငြိတတ်တဲ့ တွယ်တတ်တဲ့ အရာတစ်ခုပဲ၊ အဲဒီ သင်္ဂ ဆိုတာတွေကို အကုန်လုံး စွန့်လွှတ်ဖို့ လိုအပ်တယ်တဲ့။ စွန့်လွှတ်ပြီးတဲ့အခါမှာ ဘာဖြစ်တုန်းဆိုရင် တဏှာ လုံးဝ ကင်းသွားတယ်၊ တွယ်တာမှုတွေ လိုချင်မှုတွေ လုံးဝပျောက်သွားတယ်၊ ရာဂ စတဲ့ ဒုက္ခ ပေးတတ်တဲ့ ကိလေသာ တွေ လုံးဝ ကင်းသွားတယ်၊ မျှော်လင့်ချက်ဆိုတဲ့ အာသာ၊ တွယ်တာမှုဆိုတဲ့ အာသာ တွေ လုံးဝကင်းသွားပြီဆိုရင် “အဲဒီပုဂ္ဂိုလ်ဟာ အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ ဘေး ဒုက္ခ တွေကို လုံးဝကျော်လွှားသွားနိုင်ပြီလို့ ငါဟောပါတယ်” လို့ မြတ်စွာဘုရားက ဒီစကားလေးနဲ့ အဆုံးသတ်ထားပါတယ်။

အဲဒီတော့ အကျဉ်းပြန်ချုံ့လိုက်မယ်ဆိုရင် ၄-ယောက်မြောက် ဖြစ်တဲ့ မေတ္တဂူ ဆိုတဲ့ ရသေ့ရဲ့မေးခွန်းက “လောကမှာ အမျိုးမျိုး အဖုံဖုံသော ဒုက္ခ တွေဟာ ဘယ်က စတင်လာသလဲ” ဆိုတဲ့ မေးခွန်းရယ်၊ “ဩဃ နဲ့ ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဆိုတာတွေကို ဘယ်နည်းနဲ့ ဖြတ်ကျော်နိုင်ပါသလဲ” ဆိုတဲ့ မေးခွန်းရယ်၊ ဒီမေးခွန်း ၂-ခုကို အဓိကထားပြီး မေးမြန်းခြင်း ဖြစ်တယ်၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဒီမေးခွန်း ၂-ခုကို ဖြေပြီး နောက်ဆုံးမှာ အဲဒီ ဩဃ ကို ဖြတ်ကျော်သွားနိုင်တဲ့ ပုဂ္ဂိုလ်ဟာ [၁၇၈] တဏှာရာဂ လုံးဝကင်းရှင်းသွားတဲ့ပုဂ္ဂိုလ်သာ ဖြစ်တယ်လို့ နိဂုံးချုပ်ပြီး ဟောကြားတော်မူပါတယ်။

မေတ္တဂူ ခေါင်းဆောင်တဲ့ ရသေ့တွေ ကျွတ်တမ်းဝင်သွားကြတယ်၊ တရားချစ်ခင် သူတော်စင်အပေါင်းတို့ မေတ္တဂူ ၏ မေးခွန်းနှင့် မြတ်ဗုဒ္ဓ၏ အဖြေစကားတို့ကို မှတ်သားနာယူကြပြီး ဓမ္မ အသိ ရရှိကြပါစေကုန်သတည်း။
သာဓု
သာဓု
သာဓု၊ [၁၇၉] သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ် နတ်တော်လဆန်း ၆-ရက်၊ ခရစ်နှစ် ၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၁၃-ရက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ဇမ္ဗူသီရိဗိမာန်တော်တွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ အနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

ဓောတက၏အမေးကို ဖြေဆိုခြင်း

ပါရာယန ဒေသနာမှာ ၅-ယောက်မြောက် လျှောက်ထားခွင့်ရတဲ့ပုဂ္ဂိုလ်က ဓောတက ရသေ့လို့ ခေါ်တယ်၊ စာပေကျမ်းဂန်မှာတော့ မာဏဝ ဆိုတဲ့အသုံးကို သုံးတယ်၊ မာဏဝ ဆိုတာ သတ္တဝါကိုလည်း မာဏဝ လို့ ခေါ်တာပဲ၊ လူငယ်လူရွယ်တွေကိုလည်း မာဏဝ လို့ ခေါ်တာပဲ၊ ဒီပုဂ္ဂိုလ်တွေကိုက တကယ်တော့ လူငယ်လူရွယ် မဟုတ်တော့ဘူးပေါ့၊ ဆရာကြီးရဲ့လက်ထောက်တပည့်တွေ။ ဗာဝရီ ပုဏ္ဏားကြီးက အသက် ၁၂၀-ရှိနေပြီ၊ သူ့ရဲ့လက်ထောက်တပည့်တွေ၊ ပညာတတ်တွေ၊ သို့သော်လည်းပဲ သူတို့ကို စာပေကျမ်းဂန်မှာ မှတ်တမ်းတင်ထားတယ်၊ ဓောတကမာဏဝပုစ္ဆာ လို့ [၁၈၀] တခြားပါဠိတော်တွေ ရောက်တဲ့အခါကျတော့ ဓောတကပဉှာ လို့ ဒီလိုသုံးတယ်၊ ဓောတက ရဲ့ မေးခွန်းပေါ့၊ အဲဒီလို ပါရာယန ဒေသနာနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားကို လျှောက်ထားမေးခွင့် ရကြတယ်၊ အားလုံး ၁၆-ယောက် ရှိတယ်၊ ခေါင်းဆောင် ၁၆-ယောက်က မေးကြတာ၊ လေးယောက်သော ပုဂ္ဂိုလ်တွေရဲ့ မေးခွန်းနဲ့ အဖြေတွေကို ဟောကြားလို့ပြီးပြီ၊ ဒီကနေ့ည ၅-ယောက်မြောက်ဖြစ်တဲ့ ဓောတက ရဲ့အမေးကို မြတ်စွာဘုရား ဘယ်လိုဖြေတယ်ဆိုတာ မှတ်သားနာယူကြရမှာ ဖြစ်တယ်။

မေးခွန်းလို့ ဆိုပေမယ့်လို့ သူလျှောက်ထားတဲ့စကားတွေဟာ ပထမဆုံးမေးခွင့်ရတဲ့ အဇိတ လို မဟုတ်ဘူး၊ ပထမဆုံးမေးခွင့်ရတဲ့ အဇိတ တို့က “ဒုက္ခ ဆိုတာ ဘာကြောင့်ဖြစ်လာရသလဲ၊ ဒုက္ခ ဆိုတာ ဘယ်က စလာတာလဲ” ဆိုတဲ့ မေးခွန်းမျိုးမေးတယ်၊ အခု ဓောတက ကတော့ အဲဒီလိုမျိုး မမေးတော့ဘူး၊ သူက မြတ်စွာဘုရားကို လျှောက်ထားတောင်းပန်တယ်၊ နိဗ္ဗာန် ရောက်ကြောင်းတရားကို သူ့ဟောပါတဲ့။ တိုက်ရိုက်မေးခွန်းတွေ မေးတာမဟုတ်တော့ဘူး၊ သို့သော် စာပေကျမ်းဂန်မှာ သိလိုရင်းနဲ့ လျှောက်ထားတာမှန်သမျှ မေးခွန်းလို့ပဲ သုံးတဲ့သဘောရှိတယ်၊ ဒါကြောင့်မို့ ဒီ ပါရာယန သုတ္တန်မှာ လာသမျှတွေအားလုံးကို အမေးပုစ္ဆာပြဿနာများကို ဖြေဆိုခြင်းလို့ ဒီလိုပဲ ခေါင်းစဉ်တပ်ရတယ်။

ဒီကနေ့ ဓောတက ဆိုတဲ့ ၅-ယောက်မြောက်ပုဂ္ဂိုလ်က မြတ်စွာဘုရားကို မေးခွန်းမေးတယ်၊ မူရင်းကျမ်းမှာလာတဲ့ သူနဲ့ပတ်သက်တဲ့ [၁၈၁] ဂါထာ ပုဒ်ပေါင်းက ၈-ပုဒ် ရှိတယ်၊ အမေးရယ်၊ မြတ်စွာဘုရားက ဖြေဆိုရှင်းလင်း ဟောကြားတာတွေရယ်။ နိဗ္ဗာန် ရောက်ကြောင်းတရားနဲ့ ပတ်သက်ရင် သိပ်ပြီးကွဲလွဲချက် ရှိတာမဟုတ်ဘူး၊ ကြည့်လေ- မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ် မှာ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ဒါ တစ်လမ်းတည်းပဲ၊ ဘယ်သူပဲ ဖြစ်ဖြစ် နိဗ္ဗာန် သွားချင်ရင် ဒီလမ်းကသွားရမှာ၊ နောက်ဆုံး ဒုက္ခ တွေ အဆုံးသတ်တဲ့ နိဗ္ဗာန် ကို သွားချင်ရင် ဒီတစ်လမ်းပဲ ရှိတယ်၊ ဒါကြောင့်မို့လို့ ဆန်းဆန်းပြားပြား လမ်းမြှောင်တွေ လမ်းလွှဲတွေ လမ်းမှားစရာတွေ ဘာမှ မရှိတော့ အင်မတန်မှ ရိုးစင်းဖြောင့်မတ်တဲ့ လမ်းကြီးပဲ။

အဲဒီ ရိုးစင်းဖြောင့်မတ်တဲ့လမ်းဆိုတာ တခြားကိုပြောတာ မဟုတ်ဘူး၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ပြောတာ၊ လူတွေက နိဗ္ဗာန် အကြောင်းကို ကြံတွေးပြီးတော့ ဟိုလိုလုပ်၊ ဒီလိုလုပ်၊ ဟိုဟာ ကောင်းတယ် ဒီဟာ ကောင်းတယ်၊ ဖြစ်နေကြတာ၊ တကယ်တော့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ။

မြန်မာနိုင်ငံမှာလည်းပဲ နိဗ္ဗာန် ရောက်ကြောင်းတရားဟောတယ်၊ နိဗ္ဗာန် ရောက်ကြောင်း ကမ္မဋ္ဌာန်း ကျင့်စဉ်တွေကို ဟောပြတဲ့ တရားရိပ်သာတွေ များစွာရှိတယ်၊ အဲဒီလို များစွာရှိတဲ့အခါမှာ ခေါင်းဆောင်လုပ်တဲ့ ဆရာတော်ဘုရားကြီးတွေကို အမည်တပ်ပြီးတော့ ဘာရိပ်သာ ညာရိပ်သာနဲ့ ဒီလိုပြောကြတယ်၊ အမည်နာမတွေ ဒီလို ကွဲပြားခြားနားမှု ရှိသော်လည်း အားလုံးဟာ ဘယ်လမ်းက သွားတာတုန်းဆိုရင် မဂ္ဂင်ရှစ်ပါး လမ်းက သွားတာ၊ နာမည်တွေ [၁၈၂] ဆိုင်းဘုတ်တွေ label တွေသာ များနေတာ၊ ဒါကတော့ ဆရာကို ဂုဏ်ပြုတဲ့အနေနဲ့ ခေါ်တဲ့သဘောတွေပဲပေါ့ သို့သော် နိဗ္ဗာန် ရောက်ကြောင်းလမ်းဟာ ဘယ်ရိပ်သာကပဲ ဟောဟော၊ ဘယ်ဆရာတော်ကပဲ ဟောဟော၊ ဒီလမ်းပဲ၊ ဒီလမ်းကလွဲပြီး နိဗ္ဗာန် ရောက်ကြောင်းတရား မရှိဘူးလို့ မှတ်ရမယ်။

ဘာဖြစ်လို့ပြောရသလဲဆိုလို့ရှိရင် မြတ်စွာဘုရားက နောက်ဆုံး သက်တော်-၈၀ အရွယ်ရောက်လို့ အားတွေပြတ်လို့ ပရိနိဗ္ဗာန် ပြုတော့မယ့် ညောင်စောင်းမှာ လဲလျောင်းနေတဲ့အချိန်၊ အချိန်ပိုင်းသာ လိုတော့တဲ့အချိန်မှာ မြတ်စွာဘုရားဆီလာပြီး နောက်ဆုံးတပည့်ခံတဲ့ ပုဂ္ဂိုလ်ကတော့ သုဘဒ္ဒ ဆိုတဲ့ ပုရဗိုဇ်ပဲ။ အဲဒီ သုဘဒ္ဒ ပုရဗိုဇ်ကြီးဟာ “ဂေါတမဘုရားဆိုတာ အလွန်ကျော်ကြားတယ်၊ ဒီကနေ့ပဲ ပရိနိဗ္ဗာန် စံတော့မယ်၊ မေးစရာရှိတာ သွားမေးဦးမှ၊ တော်တော်ကြာမှ မလိုက်ဘူးဆို ငါနောင်တရနေလိမ့်မယ်၊ သွားဖြစ်အောင်သွားမယ်” ဆိုပြီး ရောက်လာတာ။

မြတ်စွာဘုရား အသည်းအသန် ဖြစ်နေတဲ့ အချိန်လို့ ပြောရမယ်နော်၊ အဲဒီအချိန်မှာ ဘုရားဆီမေးချင်လို့ဆိုပြီး သူက ရောက်လာတာ၊ ရောက်လာတော့ မြတ်စွာဘုရားရဲ့ အလုပ်အကျွေး ဘုရားကို တာဝန်ယူစောင့်ရှောက်ပေးတဲ့ ညီတော် အာနန္ဒာ က လက်မခံဘူး၊ “မမေးပါနဲ့၊ ဘုရား သိပ်အားနည်းနေပြီ၊ လာပြီးတော့ မနှောင့်ယှက်ပါနဲ့ မညှင်းဆဲပါနဲ့”

[၁၈၃] ဟုတ်တယ်မို့လား၊ ဒါက ဟိုမှာ အင်မတန်မှ ရောဂါဝေဒနာ သည်းထန်လို့ အားပြတ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ ကိုယ်သိချင်လို့ မေးတယ်ဆိုတာ သာမန်အတွေးနဲ့ တွေးမယ်ဆိုရင် ရက်စက်ရာရောက်တာ၊ ကိုယ်သိချင်တာကို ရှေ့တန်းတင်ပြီးတော့ လာမေးတယ်၊ ဒါကြောင့်မို့ ရှင် အာနန္ဒာ က လက်မခံဘူး၊ “မမေးပါနဲ့တဲ့၊ မြတ်စွာဘုရား သိပ်ပင်ပန်းနေပြီတဲ့၊ မနှိပ်စက်ပါနဲ့တဲ့၊ မင်းတို့နှိပ်စက်ခဲ့တာ များလှပြီ” သူတို့က ဟိုမေးဒီမေး ဒီလိုနှိပ်စက်တာတွေ အများကြီးပဲလေ။

သစ္စက တို့ဆိုရင် ခဏခဏ မြတ်စွာဘုရားကို ခနဲ့တဲ့တဲ့စကားတွေနဲ့ ပြောတာပဲ မြတ်စွာဘုရားကို အဲဒီလို နှိပ်စက်ခဲ့ပေါင်းများလှပြီ ဒီအချိန်မှာတော့ မင်းတို့ မနှောင့်ယှက်ပါနဲ့လို့ ပြောတာကို မြတ်စွာဘုရား ကြားသွားတယ်၊ “အာနန္ဒာ - သူသိချင်တာ မေးပါစေ၊ လွှတ်လိုက်ပါ” တဲ့၊ မြတ်စွာဘုရားရဲ့ မဟာကရုဏာ နော်၊ သူ ငါ့ကိုနှိပ်စက်တာ မဟုတ်ပါဘူး၊ သူသိချင်တာလေး မေးပါစေ၊ ဘာဖြစ်လို့တုန်းဆိုရင် မြတ်စွာဘုရားကိုယ်တိုင် ဒီလာတာကိုက သူနဲ့တွေ့ဖို့ ရည်ရွယ်ချက်ရှိတယ်။

ခွင့်ပြုလိုက်တော့ သူက ဘာမေးတုန်းဆိုတော့ “အရှင်ဘုရား” တဲ့ “ဘုရားလို့ အမည်ခံနေကြတဲ့”, “ဘုရားလို့ အမည်ခံတယ်ဆိုတာ သဗ္ဗညုတဉာဏ် ကြီးကို ရတယ်လို့ ဝန်ခံထားကြတဲ့ ဆရာကြီး ၆-ယောက်ဟာ၊ သူတို့ဝန်ခံတဲ့အတိုင်း ဟုတ်သလား မဟုတ်ဘူးလား”။

[၁၈၄] မြတ်စွာဘုရားက “သုဘဒ္ဒ- မင်း ဒါတွေမမေးနဲ့၊ အချိန်မရှိဘူး၊ သူ့ဟာသူ ဟုတ်ချင်ဟုတ်၊ မဟုတ်ချင်နေ၊ မင်းဒါတွေ မစဉ်းစားနဲ့၊ ငါပြောမယ်တဲ့၊ မဂ္ဂင် ၈-ပါးမရှိတဲ့ သာသနာ၊ မဂ္ဂင် ၈-ပါး မပါတဲ့ လမ်းစဉ်ဟာ ဘယ်တော့မှ နိဗ္ဗာန် ရောက်ကြောင်းလမ်းစဉ် မဟုတ်ဘူး တဲ့ မဂ္ဂင် ၈-ပါးအကျင့်ကို ကျင့်နိုင်မှ သောတာပန် ဆိုတာ ဖြစ်နိုင်တယ်၊ သကဒါဂါမ် ဆိုတာ ဖြစ်နိုင်တယ်၊ အနာဂါမ် ဆိုတာ ဖြစ်နိုင်တယ်၊ ရဟန္တာ ဆိုတာ ဖြစ်နိုင်တယ်၊ မဂ္ဂင် ၈-ပါးမရှိတဲ့ သာသနာဟာ ဒီလို အဆင့်ရှိတဲ့ ရဟန်းမျိုး ဘယ်တော့မှ မပေါ်နိုင်ဘူး၊ မှတ်ထား” တဲ့။

အဲဒီ မဂ္ဂင် ၈-ပါး အကျင့်တရားမှာ မဂ္ဂ ဆိုတာ လမ်းပဲ၊ Way ပဲ၊ ဒါကြောင့်မို့ မဂ္ဂ ကို အင်္ဂလိပ်လိုပြန်ရင် Path လို့ ပြန်တာ၊ နိဗ္ဗာန် သွားဖို့လမ်းပဲ၊ A path to Nibbana နိဗ္ဗာန် သွားတဲ့လမ်း၊ အဲဒီ Path ဆိုတာကို ဘာနဲ့ တည်ဆောက်ထားတာတုန်းဆို သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ ဒီ ၈-မျိုးနဲ့ တည်ဆောက် ဖွဲ့စည်းထားတာ၊ အဲဒီ ၈-မျိုးကို ကိုယ့်သန္တာန်မှာ ဖြစ်အောင် လုပ်တယ်၊ တိုးတက်လာအောင် လုပ်တယ်၊ စိုက်လိုက်မတ်တတ် ပွားများအားထုတ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန် သွားနေတဲ့ပုဂ္ဂိုလ်၊ နိဗ္ဗာန် လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတဲ့ပုဂ္ဂိုလ်၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် နိဗ္ဗာန် သွားမယ့်ယာဉ်ကို စီးနေတဲ့ပုဂ္ဂိုလ်လို့ ဒီလိုပြောလို့ရမယ်။

[၁၈၅] ဒါတော့ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ပဲပေါ့၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ စတဲ့ လူတွေရဲ့ သန္တာန်မှာရှိတဲ့ Different Level, Different Degree တွေ ရှိတာပေါ့၊ အဲဒီတော့ အဆင့်အတန်း မမြင့်သေးရင် မမြင့်တဲ့အတိုင်းအတာ၊ မြင့်ပြီဆိုတဲ့ အချိန်ကျတော့ မြင့်တဲ့အတိုင်းအတာအလိုက် သွားတာပေါ့။

ဆိုပါစို့ - ပြောမယ်ဆိုရင် သောတာပတ္တိမဂ်ဆိုတာ ဘာခေါ်တာတုန်းလို့မေးရင် ဟောဒီ မဂ္ဂင် ၈-ပါးပဲ၊ အဲဒီ မဂ္ဂင် ၈-ပါးဟာ သကဒါဂါမိမဂ်အဆင့် ရောက်တဲ့အခါကျတော့ degree က သောတာပတ္တိမဂ်အဖြစ် ဖွဲ့စည်းထားတဲ့ မဂ္ဂင် ၈-ပါးထက် သကဒါဂါမိမဂ်အဖြစ် ဖွဲ့စည်းလိုက်တဲ့ မဂ္ဂင် ၈-ပါးက ပိုပြီးတော့ အားကောင်းတယ်၊ တစ်ခါ အနာဂါမိမဂ်အဖြစ် ဖွဲ့စည်းတဲ့ မဂ္ဂင် ၈-ပါးက ပိုအားကောင်းပြန်တယ်၊ အရဟတ္တမဂ်အဖြစ် ဖွဲ့စည်းတဲ့ မဂ္ဂင် ၈-ပါးကျတော့ အားအပြည့်ဆုံး အစွမ်းအထက်ဆုံး မဂ္ဂင်ဖြစ်သွားတယ်။

အဲဒီမဂ္ဂင်တွေဟာ ဘယ်အချိန်က စတုန်းဆိုတော့ ဝိပဿနာဉာဏ် စဖြစ်လာတဲ့ အချိန်ကတည်းက စလာတယ်လို့ ဒီလို ပြောရမှာပေါ့ ဒါကြောင့်မို့ ဝိပဿနာကို ပုဗ္ဗဘာဂမဂ်လို့ ခေါ်တယ်၊ ပုဗ္ဗဘာဂမဂ်ဆိုတာ မဂ်စိတ်ဖိုလ်စိတ်ရဲ့ ရှေ့ပိုင်းမှာဖြစ်တဲ့ မဂ္ဂင် ၈-ပါးကို ပြောတာ၊ အဲဒီတော့ မဂ္ဂဆိုတာ ဒီ ၈-ခုကို ပေါင်းပြီးတော့ ခေါ်လိုက်တဲ့ နာမည်သာ ဖြစ်တယ်၊ Unity of eight factors ပေါ့ ဒါကြောင့်မို့ တစ်ခုနဲ့တစ်ခု အဆင့်အတန်းချင်း အရည်အသွေးချင်း [၁၈၆] ဟာ ကွာခြားတယ်တဲ့၊ ပစ္စည်းများလိုပဲ quality ဆိုတာ မတူတတ်ဘူးပေါ့။

မြတ်စွာဘုရားက သုဘဒ္ဒကြီးကို ပြောလိုက်တယ်၊ ဟောဒီ မဂ္ဂင် ၈-ပါး အကျင့်တရား မပါဘဲနှင့် ဘယ်ပုဂ္ဂိုလ်မှ နိဗ္ဗာန် မရောက်ဘူးတဲ့၊ ဒီမဂ္ဂင် ၈-ပါးဆိုတဲ့ အကျင့်တရားကို မြတ်စွာဘုရားဟာ ဘယ်သူ့ဆီကမှ သင်ခဲ့တာမဟုတ်ဘူး၊ “ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု” ဆိုတာ အဲဒါပြောတာ၊ ဘယ်သူ့ဆီကမှ သင်ခဲ့တာ မဟုတ်ဘူး၊ ဒါကြောင့်မို့ သယမ္ဘူ ကိုယ်ပိုင်ဉာဏ်နဲ့ သိလာတဲ့ တရားလို့၊ အဲဒီ မဂ္ဂဆိုတဲ့လမ်းစဉ်ကို မြတ်စွာဘုရားက တိတိလင်းလင်း သူ့ကို ပြောခဲ့တယ်။

နှစ်ပေါင်း ၅၁-နှစ်အတွင်းမှာ အဲဒီ မဂ္ဂင် ၈-ပါးကို ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်၊ ဝိပဿနာအဆင့်ကို ဟောပြောနိုင်တဲ့ ဆရာဆိုတာ တစ်ဦးမှ မရှိဘူးလို့နော်။ ၅၁-နှစ်ဆိုတာ မြတ်စွာဘုရားက မင်းသားဘဝနဲ့ ထီးနန်းစည်းစိမ် ခံစားတာ ၂၉-နှစ်၊ ဒီဘက်မှာ တောထွက်တယ်၊ ၃၅-နှစ်မှာ ဘုရားဖြစ်တယ်၊ ၆-နှစ် တရားကျင့်တယ်၊ ၆-နှစ် တရားကျင့်ပြီးတော့ ဘုရားဖြစ်တဲ့အခါကျတော့ ၄၅-နှစ်ပေါ့ ၄၅-နှစ်ရယ်၊ ၆-နှစ်ရယ် ပေါင်းလိုက်တဲ့အခါကျတော့ ၅၁-နှစ်၊ အဲဒီ ၅၁-နှစ်အတွင်းမှာ မဂ္ဂင် ၈-ပါးကို ဟောကြားနိုင်တဲ့ ဆရာဆိုတာ ဘယ်သူမှ မရှိဘူး၊ မြတ်စွာဘုရားက “သူကလွဲရင် ဘယ်သူမှ မရှိဘူး” လို့ ဒီလိုဆိုလိုတာပေါ့၊ ဘယ်ဆရာမှ မရှိဘူး၊ ဒါကြောင့်မို့ ဒီမဂ္ဂင် ၈-ပါး ဆိုတာ တစ်ခုတည်းသော လမ်းကြောင်းပဲ လို့ သုဘဒ္ဒကို အတိအလင်း မိန့်ကြားခဲ့တာ။

[၁၈၇] မြတ်စွာဘုရားက ပထမဆုံး တရားဦးဓမ္မစကြာ ဟောတုန်းကလည်း မဂ္ဂင် ၈-ပါးနဲ့ ဟောတာပဲ၊ နောက်ဆုံး သုဘဒ္ဒကို ဟောတော့လည်း မဂ္ဂင် ၈-ပါးပဲပေါ့၊ ဒါကြောင့်မို့ ပါရာယနမှာ ဟောခဲ့သမျှ တရားတွေဟာလည်းပဲ မဂ္ဂင် ၈-ပါးမှာ ဝင်တယ်၊ မဂ္ဂင် ၈-ပါးကို ရှင်းပြတာပဲ၊ သို့သော် သူတို့မေးတဲ့ မေးခွန်းတွေအလိုက် မြတ်စွာဘုရားက ရှင်းသွားတယ်လို့ ဒီလိုတော့ မှတ်ရမှာပေါ့။

အဲဒီတော့ ဓောတကဆိုတဲ့ Brahmin ရသေ့က သူ့အလှည့်ကျလို့ မေးတဲ့အခါ သူက ရှေးကပုဂ္ဂိုလ်တွေလို မဟုတ်ဘူး၊ အဇိတတို့က မြတ်စွာဘုရားကို စတွေ့တွေ့ချင်းတော့ အကြောင်း မသိကြသေးဘူး။ လူဆိုတာ စတွေ့ခါစတော့ အရည်အချင်းကို သိပ်သိချင်မှ သိမှာကိုး၊ နောက် အဇိတကို ဖြေလိုက်တဲ့တရား နာလိုက်ရပြီ တိဿတို့ ပုဏ္ဏကတို့ မေတ္တဂူတို့ မေးတဲ့အမေးကို ဖြေတာတွေ သူ့အသိစိတ်ထဲမှာ ရောက်သွားတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားကို မေးတဲ့အခါမှာ တော်တော့ကို တလေးတစားမေးတဲ့ သဘောမျိုးလေး ရှိလာတယ်။

နံပါတ် (၁) မေးခွန်း

ဓောတကက မြတ်စွာဘုရားကို လျှောက်တယ်၊ “ပုစ္ဆာမိ တံ ဘဂဝါ ဗြူဟိ မေ တံ”၊
သူသုံးတဲ့စကားလုံးက “ပုစ္ဆာမိ တံ
အရှင်ဘုရားကို
မေးပါတယ်” တဲ့၊ “ဘဂဝါ ဗြူဟိ မေ တံ - တပည့်တော်ရဲ့အမေးကို [၁၈၈] အရှင်မြတ် ဖြေဆိုပေးပါ” တဲ့၊ သူသိချင်တာလေးကို သူမေးပါတယ်တဲ့၊ “ဝါစာဘိကင်္ခါမိ မဟေသိ တုယှံ” မြတ်စွာဘုရားကို မဟေသိ ဆိုတဲ့စကားလုံး သုံးလိုက်တယ်၊ မဟေသိဆိုတာ Great isi။ Great isi ဆိုတာ ကြီးမြတ်တဲ့ ရှင်ရသေ့ပေါ့ သာမန်ရှင်ရသေ့ မဟုတ်ဘူး၊ ကြီးမြတ်တဲ့ရှင်ရသေ့၊ မဟေသိ၊ ဣသိဆိုတာ မြန်မာဝေါဟာရနဲ့ ကျတော့ ရသေ့၊ ရသေ့ဆိုတဲ့စကားလုံးကိုက မြန်မာစကားလုံး မဟုတ်ဘူး၊ rishi ဆိုတဲ့ စကားလုံးက လာတာကို မြန်မာတွေက ကိုယ့်အသံနဲ့ကိုယ် ပြောင်းပြီးတော့ ခေါ်ဝေါ်လိုက်လို့ ဣသိကနေ ရသေ့ဖြစ်လာတာ၊ အဲဒီတော့ ပါဠိ စကားလုံးပဲ ဆိုပါစို့။

မဟေသိဆိုတော့ မဟာ+ဣသိ အင်မတန်မြင့်မြတ်တဲ့ ဣသိပုဂ္ဂိုလ်၊ ထူးခြားတဲ့ပုဂ္ဂိုလ်ပေါ့၊ တရားဓမ္မကို ရှာဖွေတဲ့ပုဂ္ဂိုလ်၊ “ဝါစာဘိကင်္ခါမိ မဟေသိ တုယှံ” “အရှင်ဘုရားရဲ့ ဟောကြားမယ့် တရားစကားကို တပည့်တော်သိပ်လိုလား နှစ်သက်ပါတယ်” တဲ့ သူက ရှေ့ပိုင်းကအမေးတွေရဲ့အဖြေကို နာထားရလို့ အရှင်ဘုရား ဟောမယ့်တရား တပည့်တော် သိပ်နာချင်ပါတယ်တဲ့ “တဝ သုတွာန နိဃောသံ” - “အရှင်ဘုရားဟောတဲ့ ဆုံးမဩဝါဒစကားကို ကြားနာရတဲ့ အခါမှာ” တဲ့၊ “သိက္ခေ နိဗ္ဗာန မတ္တနော” “တပည့်တော်ရဲ့ စိတ်နှလုံး ငြိမ်းအေးစေဖို့အတွက် တပည့်တော်ဟာ လိုက်နာကျင့်သုံးချင်ပါတယ်” တဲ့၊ “ဒါကြောင့်မို့ အရှင်ဘုရားရဲ့ စကားလေး ကြားပါရစေ” တဲ့၊ ဟော သူမေးတာက ဒီလိုလာတာနော်၊ ဟိုဟာသိချင်တာ၊ ဒါသိချင်တာ မဟုတ်တော့ဘူး၊ ခုဒီမှာ မေးခွန်းလို့ ပြောပေမယ့် သူက request [၁၈၉] လုပ်တဲ့သဘောပဲ ဖြစ်သွားတယ်၊ ဒါကို “ဘယ်လိုခေါ်သလဲ” ဆိုတဲ့ မေးခွန်းမျိုးနဲ့ မေးတာမဟုတ်ဘူး၊ သူမေးတဲ့မေးခွန်းက ဒါတောင်းပန်စကားနဲ့ အလားတူတယ်ပေါ့။

ဒါကြောင့်မို့ “ဝါစာဘိကင်္ခါမိ မဟေသိ တုယှံ” - “အရှင်ဘုရား မိန့်ကြားမယ့်စကားကို တပည့်တော် မျှော်လင့်တောင့်တပါတယ်”
“တဝ သုတွာန နိဃောသံ” “အရှင်ဘုရားဟောတဲ့ ဆုံးမဩဝါဒ တရားစကား နာရတဲ့အခါမှာ”
“သိက္ခေ နိဗ္ဗာန မတ္တနော” “ကိလေသာအပူငြိမ်းဖို့အတွက် တပည့်တော် ကြိုးစားအားထုတ်ပါရစေ” တဲ့၊ “အားထုတ်ချင်ပါတယ်၊ လိုက်နာကျင့်သုံးချင်ပါတယ်၊ ဒါကြောင့်မို့ အမိန့်ရှိပါ” လို့ မြတ်စွာဘုရားကို လျှောက်တယ်။

မြတ်စွာဘုရားက ဘာစမိန့်တုန်းဆိုတော့ “တေနာတပ္ပံ ကရောဟိ” တဲ့၊ ကြည့်နော် “ဒီလိုဆိုလို့ရှိရင်” တဲ့ “မင်း ကြိုးစားအားထုတ်ရလိမ့်မယ်” (လုပ်စရာမလိုဘူးဆိုတဲ့ ဝါဒတွေနဲ့ မတူဘူးနော်) မဂ္ဂင် ၈-ပါးထဲမှာ သမ္မာဝါယာမ ဆိုတာ မြတ်စွာဘုရားက လုပ်ရမယ်၊ အားထုတ်ရမယ်၊ အာတပ္ပ ဆိုတဲ့ စကားလုံးက သာမန်ဝီရိယမျိုး မဟုတ်ဘူး၊ လောကလူတွေ ကြည့်လေ၊ နေ့စဉ်နဲ့အမျှ စားဝတ်နေရေး ကြိုးစားအားထုတ်နေကြတာ၊ အဲဒီ စားဝတ်နေရေး ကြိုးစားအားထုတ်တာထက် အဆပေါင်းများစွာ နိဗ္ဗာန်ရဖို့အတွက် ကြိုးစားအားထုတ်တာ၊ အဲဒီတော့ ဘာမှမလုပ်ဘဲနဲ့ ရနိုင်တယ်လို့ ဟောတဲ့ တရားဟာ မြတ်စွာဘုရား ဟောတဲ့တရား မဟုတ်ဘူးနော်။

[၁၉၀] မြန်မာပြည်မှာ ပေါ်ခဲ့သေးတယ်၊ “လုပ်သမျှ ဒုက္ခ” မလုပ်ရတာ သဘောကျတဲ့ပုဂ္ဂိုလ်က ဟောတာ၊ အဲဒီတော့ သူ့ဖာသူနေရင် တရားဆိုတာ ရလာမယ်လို့ ယူဆတာ၊ ဘာမှရမှာ မဟုတ်ဘူး၊ လောကကြီးမှာ ထမင်းတောင် ထစားမှ ဝတာ၊ မစားရင် မရဘူး၊ ဒါ သဘာဝနဲ့ ဆန့်ကျင်ပြောလို့မရဘူးလေ၊ ပျင်းနေလို့ ထမင်းတောင် ထမစားဘူးဆို ဘယ်လိုမှ ရမှာမဟုတ်ဘူး။

လောကမှာ စံချိန်ချိုးလောက်အောင် ပျင်းတဲ့ပုဂ္ဂိုလ်ရှိသေးတယ်၊ အဲဒီပုဂ္ဂိုလ်ရဲ့စံနမူနာကိုကြည့်၊ သူ့နာမည်က ‘ရာဇမ္ဘ’ တဲ့၊ စံချိန်ချိုးအောင် ပျင်းတယ်၊ သူ့အကြောင်း ငါးရာ့ငါးဆယ် (၃၄၅-ခုမြောက်ဇာတ်) ကို ဖတ်ကြည့်ပေါ့ ခရီးသွားတာ ပျင်းလွန်းအားကြီးလို့ တစ်နေ့မှာ ၁-လက်မ ၂-လက်မလောက်ပဲ ရွေ့တယ်၊ ဒီ့ပြင်အချိန်မှာ အိပ်နေတာ၊ “ဟာ ဒီကောင် ပျင်းလွန်းအားကြီးတယ်” “ငပျင်း၊ မင်း အဲဒီလိုတောထဲမှာ သွားနေတုန်း၊ တောမီးလောင်လာရင် ဘယ်လိုလုပ်မတုန်း” တဲ့၊ “လူဆိုတာ ကံနဲ့ပါ၊ မပူပါနဲ့တဲ့” ငပျင်းကလည်း သူ့အကြောင်းသူပြတယ်။ တောမီးလောင်လာတဲ့အချိန်မှာ ချိုင့်ကလေး ကျင်းကလေးရှိရင် ဝင်ပုန်းလိုက်မှာပေါ့တဲ့၊ အဲဒီ ရာဇမ္ဘ (ဂဇကုမ္ဘ) ငပျင်းအကြောင်း ငါးရာ့ငါးဆယ် ဇာတ်မှာပါတယ်၊ စိတ်ဝင်စားရင် ဖတ်ကြည့်ပေါ့ အဲဒီတော့ လုပ်စရာမလိုဘူးဆိုတာ ငပျင်းရဲ့ဩဝါဒပဲ။

မြတ်စွာဘုရားက ကြည့် ဓောတကကို ဘာပြောသလဲဆို “တေနာတပ္ပံ ကရောဟိ” တဲ့၊ “ကိုယ့်စိတ်မှာရှိတဲ့ အပူတွေ [၁၉၁] ငြိမ်းချင်တယ်၊ ရာဂတွေ ငြိမ်းချင်တယ်၊ ဒေါသတွေ ငြိမ်းချင်တယ်၊ မောဟတွေ ငြိမ်းချင်တယ်၊ သူ့ဟာသူတော့ မင်းဘယ်တော့မှ ငြိမ်းမှာမဟုတ်ဘူးတဲ့၊ ကြိုးစားရလိမ့်မယ်” တဲ့၊ အာတပ္ပဆိုတာ အပြင်းအထန်ကြိုးစားရလိမ့်မယ်၊ ဒီလိုပြောတယ်၊ ကြည့်လေ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ် ဟောတဲ့အခါမှာလည်း ဘယ်လိုဟောလဲဆို “ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ” ကြိုးစားရမယ်၊ မကြိုးစားလို့မရဘူး၊ အာတာပီဆိုတာ ပူပန်စေတတ်သော လုံ့လလို့ဆိုတာ စိတ်ကို ဖိနှိပ်ပြီးတော့ ကိလေသာတွေကို ပူပြင်းခြောက်သွေ့သွားစေနိုင်တဲ့ လုံ့လမျိုးလို့ ဒီလိုဆိုလိုတာ၊ ပေါ့ပေါ့လျော့လျော့ လုပ်တဲ့လုံ့လမျိုး မဟုတ်ဘူးတဲ့၊ အပြင်းအထန် ကြိုးစားအားထုတ်တာ။

တချို့ ပျင်းတဲ့လူတွေက ဘာသွားပြီး လုပ်သေးတုန်းဆို ဓမ္မစကြာမှာ ဘုရားဟောထားတယ်တဲ့၊ အတ္ထကိလမထာနုယောဂေါ - ကိုယ်ပင်ပန်းအောင် မလုပ်ရဘူးတဲ့ (ဇိမ်လေးနဲ့ အေးအေး စားပြီးတော့ ရိပ်သာသွားတဲ့အခါကျ တစ်လလောက် စခန်းဝင်လိုက်တာ ပြန်ထွက်လာတော့ ပေါင်တစ်ပေါင် တိုးလာတယ်ဆိုပဲ၊) အသိဉာဏ်တွေ မတိုးဘဲနဲ့ physical body က ကြီးထွားလာတာနော်၊ Mental Knowledge တွေ မတိုးဘဲနဲ့ Physical Body ကြီးလာတယ်လို့ဆိုတာ။

အဲဒီတော့ တကယ်က အသိဉာဏ်ကြီးလာအောင် လုပ်ရမှာ၊ ကြိုးစားအားထုတ်ရမယ်၊ ဇာဂရိယာနုယောဂ ဆိုတဲ့နေရာမှာ [၁၉၂] နိုးနိုးကြားကြား အားထုတ်တယ်ဆိုတာ ဘယ်လိုဟာလဲ၊ နေ့အခါမှာတဲ့ စင်္ကြန်သွားလိုက် ထိုင်လိုက်၊ ကိုယ့်စိတ်ထဲမှာရှိတဲ့ စိတ်ကို ပိတ်ဆို့တတ်တဲ့ နီဝရဏတရားတွေကို ဖယ်ရှားရမယ်တဲ့၊ စိတ်ကို သုတ်သင်နေရမယ်တဲ့၊ ဆိုလိုတာက တစ်နေကုန် ဘာလုပ်နေရမလဲဆို ကိုယ့်စိတ်ထဲမှာ မြင်တဲ့အာရုံပေါ်မှာ လောဘ မဖြစ်အောင်၊ ဒေါသ မဖြစ်အောင်၊ မောဟ မဖြစ်အောင်၊ ကြားတဲ့အသံအပေါ်မှာ လောဘ ဒေါသ မောဟ မဖြစ်အောင်၊ နံတဲ့အနံ့နဲ့ပတ်သက်ပြီး လောဘ ဒေါသ မောဟ မဖြစ်အောင်၊ လျှာနဲ့လျက်ရတဲ့ အရသာပေါ်၊ ခန္ဓာကိုယ်နဲ့ ထိတွေ့တဲ့ အထိအတွေ့ပေါ်၊ စိတ်ထဲက စိတ်ကူးစိတ်သန်း အာရုံတွေပေါ်မှာ လောဘမဖြစ်အောင် ဒေါသမဖြစ်အောင်၊ ဖြစ်လာတဲ့လောဘ ဒေါသတွေကို ဖယ်ရှားပြီး ဆေးကြောနေရမယ်လို့ ဒီလိုပြောတာ။

“အာဝရဏီယေဟိ ဓမ္မေဟိ စိတ္တံ ပရိယောဒပေဟိ” တဲ့။ အာဝရဏီယေဟိ ဓမ္မေဟိ ဆိုတာ ကုသိုလ်စိတ်ကို ပိတ်ဆို့ဟန့်တားတတ်တဲ့ နီဝရဏတရားတွေ အကုသိုလ်တရားတွေကနေ စိတ်ကို စင်ကြယ်အောင် လုပ်ပါတဲ့၊ တရားအားထုတ်တယ်ဆိုတာ အဲဒါပဲ၊ နေ့အခါမှာလုပ်သလို ညကို သုံးပိုင်း ပိုင်းလိုက်၊ ပထမယာမ်၊ မဇ္ဈိမယာမ်၊ ပစ္ဆိမယာမ်၊ ပထမယာမ် (ပုရိမယာမ်) ဆိုတာ ၁၀-နာရီလောက်အထိပေါ့၊ အဲဒီမှာလည်းပဲ စင်္ကြန်သွားလိုက် ထိုင်လိုက်၊ စင်္ကြန်သွားလိုက် ထိုင်လိုက်နဲ့ စိတ်ထဲမှာ အကုသိုလ်တွေ မဖြစ်အောင် ကောင်းမြတ်တဲ့အာရုံတစ်ခုပေါ်မှာ လေ့ကျင့်ပြီး သမာဓိစွမ်းအား [၁၉၃] သတိစွမ်းအား ဉာဏ်စွမ်းအားတွေနဲ့ ကိလေသာတွေဝင်လာရင် တွန်းထုတ်ဖယ်ရှား၊ အဲဒီလို ကြိုးစားတာ၊ ဒါ တရားအားထုတ်တယ်လို့ ခေါ်တာ၊ မဇ္ဈိမယာမ် အလယ်ယာမ် ရောက်လာပြီ၊ ၁၀-နာရီကျော်လာပြီဆိုတဲ့ အချိန်မှာ ခန္ဓာကိုယ်ကို အနားယူဖို့အတွက် ၄-နာရီလောက် အိပ်စက်ပါ။ ည ၁၂-နာရီထဲက ၄-နာရီလောက် အိပ်ပါ၊ (နေ့ ၁၂-နာရီ၊ ည ၁၂-နာရီ၊ ၂၄-နာရီပေါ့နော်။)

အဲဒီတော့ ည ၁၂-နာရီထဲက ရှေ့ပိုင်း ၄-နာရီ တရားအားထုတ်ပြီးတဲ့အခါ အလယ်ပိုင်း ၄-နာရီမှာ ခေတ္တခဏ အပန်းဖြေရမယ်တဲ့၊ အဲဒီလို အပန်းဖြေတာတောင်မှပဲ ဥဋ္ဌာနသညံ မနသိကတွာ၊ နာရီပြန် ၂-ချက်လောက်ဆို ထမယ်ဆိုတဲ့စိတ်နဲ့ အိပ်ရမယ်တဲ့၊ ကိုယ်ထမယ့် အချိန်လေးကို မှတ်သားပြီး အိပ်ရမယ်၊ ဆိုလိုတာက ၂၄-နာရီမှာ ၄-နာရီပဲ အိပ်လို့ ပြောတာနော်၊ ဒါက စာပေကလာတာ၊ ရိပ်သာတွေမှာ ဒီ စည်းမျဉ်းစည်းကမ်း ဆိုတော့ တချို့ကမလိုက်နိုင်ဘူး၊ Strict ဖြစ်တယ်တဲ့၊ အတ္ထကိလမထ ဖြစ်တယ်လို့ ဒီလိုထင်ကြတယ်၊ မဟုတ်ဘူး။

မြတ်စွာဘုရားက ဒီအပြင်းအထန် အားထုတ်တယ်ဆိုတာ စိတ်ပေါ်မှာ မူတည်တာပါ၊ ကိလေသာတွေ ကိုယ့်စိတ်ထဲမှာ မဖြစ်အောင် ဟန့်တားနေတာ၊ တားဆီးနေတာ၊ ဖြစ်လာရင် တွန်းထုတ်တာ၊ အဲဒါကို ဇာဂရိယာနုယောဂ နိုးနိုးကြားကြား လုပ်တယ်လို့ ခေါ်တယ်၊ ၄-နာရီလောက် အိပ်စက်ပြီးတဲ့အခါ ပစ္ဆိမယာမ် နောက်ဆုံးယာမ် အပိုင်းမှာ စောစောထလို့ အရင်အတိုင်းပဲ ထိုင်လိုက် [၁၉၄] စင်္ကြန်သွားလိုက်နဲ့ စိတ်ထဲမှာရှိတဲ့ ကိလေသာတရား အကုသိုလ်တရားတွေကို တွန်းထုတ်ရမယ်၊ ဒီလိုစဉ်ဆက်မပြတ် အားထုတ်တာ အတ္ထကိလမထနဲ့ မဆိုင်ဘူး။

အတ္ထကိလမထဆိုတာ အကျိုးမရှိဘဲနဲ့ ခန္ဓာကိုယ် အပင်ပန်းခံတာ၊ ဆောင်းရာသီမှာ ရေသွားချိုးတယ်၊ နေပူပြီဆိုတဲ့ အချိန်မှာ မီးပုံတွေ အလယ်ဝင်ပြီးတော့ ထိုင်တယ်၊ အပူတိုက်တယ်၊ ခန္ဓာကိုယ်ကို ဆူးပုံပေါ်မှာ အိပ်တယ်၊ ဆောင့်ကြောင့် ထိုင်နေတယ်၊ ဟုတ်လား၊ အဲဒါမျိုးတွေက ဘာအကျိုးမှမဖြစ်ဘူး၊ စိတ်ထဲမှာရှိတဲ့ ကိလေသာတွေကိုသာ တွန်းထုတ်ရမှာ၊ စိတ်ထဲက ကိလေသာတွေကိုတွန်းထုတ်ရမှာ မတွန်းဘဲနဲ့ ခန္ဓာကိုယ်ကြီး ဘယ်လောက်ခံနိုင်ရည် ရှိသလဲဆိုတာ လုပ်နေတာ၊ အတ္ထကိလမထဆိုတာ ခန္ဓာကိုယ်ကြီး ဘယ်လောက်ထိအောင် ခံနိုင်သလဲဆိုတာပေါ်မှာ လေ့ကျင့်နေတာ၊ အဲဒါက မှားယွင်းသော လေ့ကျင့်မှုလို့ ခေါ်တယ်၊ “ဒုက္ခော အနရိယော အနတ္တသံဟိတော” တဲ့၊ မြတ်စွာဘုရားအလောင်း ကိုယ်တိုင် ကျင့်ခဲ့တယ်လေ၊ ဒုက္ခ - တကယ့်ကို ဆင်းရဲတယ်၊ အနရိယော - အရိယာပုဂ္ဂိုလ်တွေက ဒါမျိုးမလုပ်ဘူးတဲ့၊ အနတ္တသံဟိတော - တကယ်ကတော့ ရလဒ်ကလည်း ကောင်းကျိုးမရဘူးတဲ့၊ အဲဒီ အကျင့်မျိုးတွေကို အတ္ထကိလမထလို့ ခေါ်တယ်။

မှန်ကန်တဲ့အကျင့်နဲ့ ကိလေသာတွေကို ကြိုးစားပြီးတော့ တွန်းထုတ်နေတာ၊ ဒါ မှန်ကန်တဲ့အကျင့်ပဲ၊ ကိလေသာတွေကို တွန်းထုတ်နေတယ်ဆိုတာ ဘာတွေနဲ့ တွန်းထုတ်နေတာတုန်း [၁၉၅] ဆိုတော့ သတိထားတယ်၊ သမာဓိရှိတယ်၊ ဝီရိယနဲ့ တွန်းထုတ်တယ်၊ ကောင်းတဲ့အတွေးတွေ တွေးတယ်၊ ကောင်းတဲ့အမြင်တွေ မြင်တယ်၊ ကိုယ်ကျင့်တရားတွေ ထိန်းသိမ်းစောင့်ရှောက်တယ် ဆိုတာတွေနဲ့ တွန်းထုတ်တာ၊ ကိုယ့်ခန္ဓာကိုယ်မှာ ကြည့်၊ ဆိုပါစို့ - သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဆိုတာ ကိုယ်နဲ့ နှုတ်ထဲမှာ အကုသိုလ်မဖြစ်အောင် ဖြစ်လာတဲ့ အကုသိုလ်တွေကို တွန်းထုတ်ဖို့ လေ့ကျင့်တာ၊ စိတ်ထဲ ဖြစ်လာတာတွေ မဖြစ်အောင်ကျတော့ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ သမ္မာသင်္ကပ္ပ သမ္မာဒိဋ္ဌိ တို့နဲ့ တွန်းထုတ်တာ၊ အဲဒီတော့ ကိုယ်နှုတ်စိတ်ဆိုတဲ့ ဒီသုံးမျိုးထဲမှာ ကိုယ်နဲ့နှုတ်ကို အရင်ပြင်ဆင် ပြီးတဲ့အခါ တရားအားထုတ်တယ်ဆိုတာ စိတ်ထဲမှာ ဖြစ်ပေါ်လာမယ့် အရာတွေကို တွန်းထုတ်တာ၊ သန့်ရှင်းအောင် လုပ်တာ၊ ဖြူစင်အောင် လုပ်တာ၊ ဒါကို ဆိုလိုတာပဲ၊ အဲဒါမှမဟုတ်ဘူး၊ ကမ္မဋ္ဌာန်းတော့ ထိုင်တယ်၊ ဒါပေမယ့် တွေးချင်ရာတွေ တွေးနေတယ်နော်။

တချို့ရှိသေးတယ်လေ၊ Meditation movie ဆိုတာ ရှိသေး တယ်၊ ကမ္မဋ္ဌာန်းထိုင်ရင်းကနေပြီး သမာဓိလေးရလာတဲ့ အခါကျ တော့ ဟိုဟာလေး ကြည့် ဒါလေးကြည့်နော်၊ ဟိုဟာလေးမြင်၊ ဒါလေး မြင်တာနဲ့ အတိတ်ဘဝက ဘာဖြစ်တယ်လို့မြင်၊ အနာဂတ်မှာ ဘာဖြစ်တယ်လို့ မြင်တယ်၊ ဗေဒင်ဟောစားဖို့ ကောင်းတယ်ပေါ့၊ ကမ္မဋ္ဌာန်းအားထုတ်ရင် သမာဓိရလာပြီ ဆိုလို့ရှိရင် မြင်တတ်တယ်၊ ဟိုဟာမြင်၊ ဒီဟာမြင် အဲဒီမြင်တာလေးကို သဘောကျပြီးတော့ [၁၉၆] နေလို့ရှိရင် ဒါ Meditation movie ကြည့်နေတာ၊ ကိုရီးယား ဇာတ်ကားထက် ကောင်းတယ်၊ တော်ကြာကျရင် Meditation movie ကိုယ်စိတ်ကူးတာတွေ အကုန်ဖြစ်နေတယ်၊ အဲဒါမျိုးတွေကို အကုန်ဖယ်ရှားပစ်ဖို့ လိုအပ်တယ်တဲ့၊ အဲဒါမျိုးတွေကလည်း ပေါ်လာ တတ်တယ်ပေါ့။

အဲဒီတော့ အာတာပီ ဆိုတာ မြတ်စွာဘုရားကနေ အခု ဓောတကကို ပြောပြီ၊ “တေနာဟာ တပ္ပံ ကရောဟိ” . “မင်း အဲဒါဆိုရင် ကြိုးစားအားထုတ်ရလိမ့်မယ်”တဲ့၊ “ဣဓေဝ နိပကော သတော” တဲ့၊ “ကြိုးစားအားထုတ်ပြီဆိုရင် ဘာလိုလဲလို့ဆိုရင် နိပက ဆင်ခြင်ဉာဏ်ရှိဖို့ ရင့်ကျက်တဲ့အသိဉာဏ်ရှိဖို့လိုအပ်တယ်၊ ဆိုလိုတာ က အာတပ္ပံ ကရောဟိ ဆိုတာ သမ္မာဝါယာမ ကို ဟောတာ၊ မင်းမကြိုးစားဘဲ ဘာမှမရဘူး၊ ကြိုးစားရမယ်၊ နိပကော ဆိုတာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ကို ပြောတာလေ၊ မဂ္ဂင် ၈-ပါး လေ၊ နိပက ဆိုတာ ရင့်ကျက်တဲ့ပညာ၊ ရင့်ကျက်တဲ့ ပညာဆိုတာ အရာရာကို ဆင်ခြင်နိုင်တယ်၊ စဉ်းစားတတ်တယ်၊ စိတ်အခြေအနေတွေကို အကဲခတ်နိုင်တယ်၊ သိနိုင်တယ်၊ ငါ့စိတ်ဟာ လေလွင့်နေတာလား၊ တည်ကြည်နေတာလား၊ ငါ့စိတ်ဟာ လျော့ကျနေတာလား၊ တင်း လွန်းနေတာလား၊ ဟော နိပက ဆိုတာ ရှိပဲ၊ တရားအားထုတ်ပြီ ဆိုလို့ရှိရင် သိပ်အရေးကြီးတာ၊ အဲဒါက Balance ဖြစ်အောင် ချိန်တတ်တဲ့ အသိဉာဏ်။

[၁၉၇] ဒါကြောင့်မို့ သတိသမ္ပဇည ဆိုတာ ပြောတာ၊ သမ္ပဇည ဆိုတာ အရာရာမှာ ဆင်ခြင်တုံတရားပေါ့၊ ကြည့်လေ ဗောဇ္ဈင် ၇-ပါး ပွားတယ်ဆိုတဲ့နေရာမှာ ဗောဇ္ဈင် ၇-ပါး မှာ မြတ်စွာဘုရားက သတိသမ္ဗောဇ္ဈင် ကို ထိပ်ကနေ ထားလိုက်တယ်၊ ဗောဇ္ဈင် ၇-ပါး ပွားပြီဆိုလို့ရှိရင် စောင့်ကြည့်မယ့် သတိတရားဟာ အရေးကြီးတယ်၊ သတိက စောင့်ကြည့်နေတာ၊ လွန်ရင် လွန်တယ်၊ လျော့ရင် လျော့တယ်၊ သတိက စောင့်ကြည့်နေတာ၊ ပန်းထိမ် ဆရာလိုပဲ၊ ရွှေကို မီးဖုတ်တဲ့အခါ မီးပြင်းလွန်းရင်လည်းပဲ ရွှေဟာ မာဆတ်သွားလိမ့်မယ်၊ သိပ်အေးလွန်းလို့ရှိရင်လည်းပဲ သိပ်ပျော့လွန်းသွားလိမ့်မယ်၊ ချေးထုတ် ဖို့ရာ ခက်ခဲလိမ့်မယ်၊ အဲဒီတော့ သိပ်လည်း မီးမပြင်းစေရဘူး၊ သိပ်လည်း မလျော့စေရဘူး၊ ဟင်းချက်တဲ့သူကိုလည်း ဒီအတိုင်းပဲပေါ့ သိပ်ပြီး မီးပြင်းသွားရင် လည်း ကျွမ်းကုန်မှာပေါ့ အဲဒါကို စောင့်ကြည့်ရတာပဲ၊ တော်သင့်တယ် မတော်သင့်ဘူး၊ အကြော်အလှော်လုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ အမြဲတမ်း စောင့်ကြည့်ရသလိုပဲ ဗောဇ္ဈင် ၇-ပါး ပွားတဲ့အခါမှာလည်းပဲ ကိုယ့်စိတ်ရဲ့အခြေအနေကို အမြဲတမ်း အကဲခတ်ရမယ်၊ စိတ်ဓာတ် ဟာကျနေတာလား (သို့မဟုတ်) စိတ်အားတွေ သိပ်တက်လွန်း နေတာလား။

ကျန်တဲ့ ဗောဇ္ဈင် ၆-ပါး ကို ၂-စု ခွဲလိုက်ရင် ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ ဆိုတာ စိတ်လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဗောဇ္ဈင် ၃-ပါး၊ ဓမ္မဝိစယ ဆိုတာ Investigation of Dhamma သူက ဆင်ခြင်စူးစမ်းနေတာ [၁၉၈] ဆိုတော့ လှုပ်ရှားမှုရှိတယ်၊ ဝီရိယ ဆိုတာကလည်း ကြိုးပမ်းအားထုတ် နေတာဆိုတော့ လှုပ်ရှားမှုရှိတယ်၊ ပီတိ ဆိုတာလည်း လှိုက်လှိုက် လှဲလှဲ ဖြစ်နေတာဆိုတော့ ကြိုးပမ်းချက်ရှိနေတယ်, လှုပ်ရှားမှု ရှိနေတယ်၊ အဲဒီ ဗောဇ္ဈင် ၃-မျိုး ဟာ စိတ်ဓာတ်ကျနေတဲ့ အခါမှာသာ ပွားရမယ်၊ စိတ်တွေ သိပ်တင်းနေတဲ့အခါ သူ့ကို သွားတင်လိုက်ရင် အဲဒါ ပေါက်ကွဲသွားနိုင်တာပေါ့ အဲဒါကို ဘယ်သူက ထိန်းပေးနေတာ လဲဆို သတိသမ္ဗောဇ္ဈင် ကနေ ထိန်းပေးနေရတယ်။

မြန်မာပြည်ကလူတွေ ပိုသဘောပေါက်ပါတယ်၊ လျှပ်စစ်မီး အတက်အကျမှာ ထိန်းပေးနေရတယ်မို့လား၊ မီးအားလျော့သွားရင် မြင့်ပေးရတယ်၊ မီးအားနိမ့်သွားရင် တင်ပေးရတယ်၊ အဲဒီအတိုင်းသာ မှတ်ပေတော့။

အဲဒီတော့ တရားအားထုတ်ဖို့ စိတ်အားတွေ သိပ်ကျသွားပြီ ဆိုလို့ရှိရင် ဒီ ဗောဇ္ဈင် ၃-ပါး ကို ပွားပေးရတယ်၊ ဓမ္မဝိစယ ဝီရိယ ပီတိ ဆိုတာတွေနဲ့ စိတ်အားကို ပြန်တက်အောင်လုပ်ရမယ်၊ အေး စိတ်အားကျနေတာကို ဒီ ၃-မျိုးမပွားဘဲနဲ့ ပဿဒ္ဓိ သမာဓိ ဥပေက္ခာ၊ ပဿဒ္ဓိ ဆိုတာ ငြိမ်းအေးငြိမ်သက်သွားတာ၊ သမာဓိ ဆိုတာ တည်ငြိမ် သွားတာ၊ ဥပေက္ခာ ဆိုတာကလည်းပဲ Balance ဖြစ်နေတာ၊ ဟော အဲဒါတွေ ထပ်ပိုးလိုက်လို့ရှိရင် စိတ်က ကျသည်ထက် ကျမှာ၊ ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့ အခါဆိုလို့ရှိရင် ဓမ္မဝိစယ ဝီရိယ ပီတိ၊ ဒီ ၃-မျိုးကို ပွားပေးရမယ်၊ စိတ်ဓာတ် သိပ်တက်လွန်းနေရင် [၁၉၉] လျှော့ချလိုက်တဲ့၊ ဘာနဲ့လျှော့ချမလဲ ပဿဒ္ဓိ သမာဓိ ဥပေက္ခာ ဆိုတာ ဒီ ၃-မျိုးကို မြှင့်တင်ပြီးတော့ လျှော့ချပေးရ မယ်တဲ့။

ဗောဇ္ဈင်ပွား ဗောဇ္ဈင်ပွား လို့ဆိုပေမယ့်လို့ နေရာတိုင်း ပွားရတာ မဟုတ်ဘူး၊ နိပက လို့ဆိုတဲ့ အသိဉာဏ်က ရှိဖို့ လိုအပ်သေးတယ်တဲ့၊ ဒီဆင်ခြင်တုံတရားဆိုတာ အင်မတန်မှ အရေးကြီးတယ်၊ ဒါကြောင့် “ဣဓေဝ နိပကော မင်း ဒီဘဝမှာ (သို့မဟုတ်) ဒီသာသနာက ညွှန်ပြတဲ့ နည်းစနစ်အတိုင်းတဲ့၊ နိပက - အသိဉာဏ် ရင့်ကျက်သူ ဖြစ်ရမယ်၊ သတော - သတိထားရမယ်တဲ့၊ ဘယ်ပေါ်မှာ သတိထားရ မလဲ ဆိုလို့ရှိရင် ကာယ ဝေဒနာ စိတ္တ ဓမ္မဆိုတဲ့ သတိပဋ္ဌာန် အာရုံ ၄-မျိုးပေါ်မှာ သတိထားရမယ်တဲ့၊ ကမ္မဋ္ဌာန်းအာရုံဟာ ဘယ်သူက ဘာပေးပေးနော်၊ ထွက်လေ ဝင်လေရှုခိုင်းတာပဲ မှတ်မှတ်၊ ဗိုက်မှတ်မှတ်၊ ဘယ်မှတ်မှတ်၊ ငယ်ထိပ်မှတ်မှတ်၊ ခန္ဓာကိုယ်တစ်နေရာရာ မှတ်တယ်ဆိုတာ ကာယာနုပဿနာ ပဲပေါ့၊ တချို့ကလည်း အငြင်းသန်တဲ့ဝါသနာ ရှိတယ်ပေါ့လေ၊ သူ့ဟာမှ မှန်တယ်၊ ငါ့ဟာမှ မှန်တယ်၊ ဘာကိစ္စ ငြင်းနေမလဲ၊ လောဘ ဒေါသ နည်းသွားသလား၊ မနည်းဘူးလား၊ ဒါ ဓမ္မမှတ်ကျောက်ပဲ၊ ကိုယ်လုပ်လို့ သမာဓိ တွေရလာပြီဆိုရင် မှန်တယ်၊ အကုသိုလ်တွေ လျော့သွားတယ်၊ ကုသိုလ်တွေ တက်လာ တယ်၊ မှန်တယ်၊ ကာယဆိုတာ မြတ်စွာဘုရားက ကာယာနုပဿနာ တိုက်ရိုက်ဟောထားတာ ရှိတယ်၊ ထွက်လေဝင်လေ မှတ်ဖို့တို့ [၂၀၀] ဓာတ်ကြီးလေးပါးမှတ်ဖို့တို့, ဒါက တိုက်ရိုက်ဟောထားတာ၊ တိုက်ရိုက်မဟောတဲ့ အထဲမှာလည်းပဲ ဘယ်ဟာပဲ မှတ်မှတ်ပေါ့။ ကာယအပေါ် မှတ်ဖို့က ဘာနဲ့မှတ်ရမလဲဆိုရင် “အာတာပီ သမ္မာနော သတိမာ” တဲ့၊ အာတာပီ - ကိုယ်လုပ်ပြီဆိုတဲ့ အာရုံပေါ် မှာ ကြိုးစားမှုရှိရမယ်၊ သမ္ပဇာန - အကဲခတ်တတ်ရမယ်၊ သတိမာ - သတိထားတတ်ရမယ်၊ အဲဒီလို မှတ်နေတဲ့အချိန်မှာ မဖြစ်စေရမယ့် အရာတွေ ရှိသေးတယ်၊ ဘာတွေလဲ၊ “ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ ဒီအာရုံပေါ်မှာ လောဘမဖြစ်စေနဲ့၊ ဒေါသ မဖြစ်စေနဲ့၊ ဒေါသဖြစ်ရင် ဒေါမနဿဆိုတာ လာလိမ့်မယ်၊ ဆိုလိုတာက နီဝရဏ တရားတွေ မဖြစ်စေနဲ့လို့ ပြောတာ၊ တရားအား ထုတ်နေတဲ့အချိန်မှာ တဏှာနဲ့ သဘောကျနေလို့ရှိရင် အဘိဇ္ဈာ ဖြစ်တာပေါ့၊ အဘိဇ္ဈာ ဆိုတာ ဒီနေရာမှာ မနောဒုစရိုက်မှာပါတဲ့ အဘိဇ္ဈာ မဟုတ်ဘူး၊ မနောဒုစရိုက်မှာပါတဲ့ အဘိဇ္ဈာ ကို covetousness လို့ ပြန်ပေမယ့်လို့ ဒီနေရာမှာတော့ covetousness မဟုတ်ဘူး၊ သူများ ပစ္စည်း သူများစည်းစိမ်ကို ကိုယ့်စည်းစိမ်ဖြစ်ချင်မှုဆိုတဲ့ လောဘကို အဘိဇ္ဈာ လို့ခေါ်တာ၊ တရားအားထုတ်နေတဲ့အချိန် အဘိဇ္ဈာ ဆိုတာ အာရုံသို့ ရှေးရှုကာ လောဘနဲ့ တွေးနေတာ။ ဒီလိုဆိုလိုတယ်၊ သဘောကျလို့ရှိရင် ကိုယ်ကြိုက်တဲ့ အာရုံလေး၊ ခုနက meditation movie လေးကြည့်နေရင် သဘောကျတယ်လေ၊ အဲဒါ အဘိဇ္ဈာ [၂၀၁] ဖြစ်နေတာပဲ၊ အဲဒါ ကမ္မဋ္ဌာန်းမဟုတ်တော့ဘူး၊ လမ်းကြောင်း လွဲသွားပြီ၊ နှစ်သက်စရာ အာရုံလေးတွေ့လို့ရှိရင် အဲဒီနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားလို့ရှိရင် “ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿီ” ကိုယ့်အာရုံပေါ်မှာ ဖြစ်လာတဲ့ ဒေါသကိုပယ်ပါ လို့ ဘုရားက ပြောထားရဲ့သားနဲ့ ကိုယ်ကမပယ်ဘဲ အဲဒီနောက် လိုက်သွားရာ ရောက်တာပေါ့ အဘိဇ္ဈာ ဆိုတဲ့ လောဘဖြစ်တယ်။ သဘောကျရင် လောဘ၊ ကိုယ်သဘောကျနေတုန်း ပျောက်သွားလို့ ရှိရင် ဒေါသ၊ ဟော လာတာပဲ၊ လောဘလာရင် ဒေါသလာမှာပဲ၊ ဒါကြောင့်မို့ အဲဒီခေါင်းဆောင်နှစ်ခုကိုပဲ မြတ်စွာဘုရားက ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ လောဘနဲ့ ဒေါသ (သို့မဟုတ်) ဒေါမနဿ ကို ဖယ်ရှားဖို့ နီဝရဏ တရားတွေထဲက ဒါကို အဓိကထား ဟောတာ။

အဲဒါ သတိပဋ္ဌာန် လို့ ဆိုပေမယ့် သတိတင်မဟုတ်ဘူး၊ အဲဒီထဲ မှာ တိုက်ရိုက်မဟောတာ ဘာတုန်းဆိုရင် သမ္မာဒိဋ္ဌိ ရယ်၊ သမ္မာသင်္ကပ္ပ ရယ်၊ အဲဒါကျတော့ ဘာနဲ့ဟောလိုက်တာလဲဆိုရင် အနုပဿီဆိုတဲ့ စကားထဲမှာပါတယ်၊ ရှုမှတ်နေတယ် ဆိုတာ ဘာနဲ့ ရှုမှတ်တာတုန်း ဆိုရင် ခုနက သမ္မာသင်္ကပ္ပ ရယ်၊ သမ္မာဒိဋ္ဌိ ရယ်၊ ဒါနဲ့ ရှုမှတ်တာ၊ ဟော ပေါင်းလိုက်တဲ့အခါကျ မဂ္ဂင် ၈-ပါး ပဲလေ၊ တရားအားထုတ် နေတယ်ဆိုတာ မဂ္ဂင် ၈-ပါး ဖြစ်နေတာကို ပြောတာပဲ၊ အဲဒါကြောင့်မို့ အာတာပီ သမ္ပဇာနော သတိမာ၊ ဒီ တရား ၃-ခုဟာ အင်မတန်မှ [၂၀၂] အရေးကြီးတယ်၊ အခု ဒီမှာ ဓောတကကို မြတ်စွာဘုရား ဟောနေ တာ “ဣဓေဝ နိပကော သတော” တဲ့၊ မင်းအသိဉာဏ်ရှိရလိမ့်မယ်၊ သတိထားတတ်ရလိမ့်မယ်၊ အားထုတ်ပြီဆိုရင် အဲဒါလိုအပ်လာ တယ်။

ဝိသုဒ္ဓိမဂ် ကျမ်းကြီးကို ဖွင့်ဆိုတဲ့အခါ ရှင်မဟာဗုဒ္ဓဃောသက မြတ်စွာဘုရား ဟောထားတဲ့ ဇဋာသုတ်ကို ယူပြီးတော့ ဖွင့်တယ်၊ “လောကမှာ အရှုပ်အထွေးကို ဘယ်သူ ရှင်းမလဲ” ဆိုတဲ့နေရာမှာ (ဘုန်းကြီးတို့တတွေဟာ အရှုပ်အထွေးထဲမှာ နေနေကြတာနော်၊ တဏှာဆိုတဲ့ အရှုပ်အထွေးကြားမှာ နေနေကြတာ) ရှင်းနိုင်တဲ့ပုဂ္ဂိုလ်ရဲ့ စွမ်းရည်သတ္တိတွေကို ပြောတာ၊

ဘယ်လိုရှင်းရမယ်ဆိုတဲ့ နည်းစနစ်တွေကို ပေးတဲ့အခါမှာ
“သီလေ ပတိဋ္ဌာယ နရော သပညော၊
စိတ္တံ ပညဉ္စ ဘာဝယံ၊
အာတာပီ နိပကော ဘိက္ခု၊
သော ဣမံ ဝိဇဋယေ ဇဋံ”
ဆိုတဲ့ ဂါထာလေးတစ်ပုဒ်ကို ဝိသုဒ္ဓိမဂ် ကျမ်းကြီးဖြစ်အောင် ဖွင့်လိုက်တာ၊ အရှုပ်ကို ရှင်းမယ်ဆိုလို့ရှိရင် သီလ ပါရမယ်လို့ ပြောတယ်၊ ဒါ သီလ ပါရမယ်ဆိုလို့ရှိရင် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ က သီလ ပဲပေါ့၊ သီလေ ပတိဋ္ဌာယ - သီလ ပေါ်မှာ ရပ်တည်ပါတဲ့နော်၊ သပညာ စဉ်းစားဉာဏ်ရှိဖို့တော့ လိုအပ်တယ်တဲ့၊ ပညာရှိမှ အလုပ်တစ်ခုဟာ အောင်မြင်နိုင်မယ်ပေါ့ [၂၀၃] သပညော အဲဒီမှာ စဉ်းစားဉာဏ်ရှိပြီးတော့ ဘာကို တိုးပွား အောင် တိုးမြှင့်ပေးရမလဲဆို “စိတ္တံ ပညဉ္စ ဘာဝယံ”၊ စိတ္တံ ဆိုတာ ဒီနေရာမှာ သမာဓိ ကို ရည်ညွှန်းတာ၊ သမာဓိ စိတ်ကလေးကို တိုးတက်အောင်လုပ်၊ ပညာကို တိုးတက်အောင်လုပ်၊ ခုနက ပညာဆိုတာ အခြေခံပညာ စဉ်းစားဉာဏ်ကို ခေါ်တာ၊ အခုပြောတဲ့ ပညာကျတော့ ဝိပဿနာ ပညာကို ပြောတာ၊ အဲဒီတော့ ကိုယ်က ကြီးထွားလာအောင် လုပ်ရမှာက သမာဓိ နဲ့ ပညာပဲ၊ အဲဒီလိုလုပ်ရင် ဘာတွေလိုအပ်မလဲဆို အာတာပီ ဒါလည်း လိုအပ်တယ်၊ နိပက ရင့်ကျက်တဲ့ တဖြည်းဖြည်း ရင့်လာတဲ့ ပညာမျိုးလည်း ရှိဖို့လိုအပ်တယ်၊ ဟော အလုပ်လုပ်ရမယ့် ကိစ္စတွေကို ဟောတာ၊ အဲဒီကဟာလည်း မဂ္ဂင်ရှစ်ပါး ပဲ၊ အတူတူပဲ၊ အခု ဓောတကကို ဟောနေတာနဲ့ တစ်ထပ်တည်းပဲ၊ ဒါကို ဣဓေဝ နိပကော သတော။

ဒီသာသနာတော်မှာ ဒီသာသနာတော်ရဲ့ အဆုံးအမအတိုင်း နိပက - ရင့်ကျက်တဲ့ပညာ ရှိဖို့လိုတယ်၊ သတော - အာရုံပေါ်မှာ အာရုံနဲ့စိတ် ကပ်နေမိဖို့ သတိရှိနေဖို့လိုအပ်တယ်၊ “ဣတော သုတွာန နိဂေါသံ, သိက္ခေ နိဗ္ဗာန မတ္တနော” ငါဘုရားဆီက မှတ်သားပြီးတဲ့ နောက်မှာ ကိုယ့်ရဲ့သန္တာန်မှာရှိတဲ့ ရာဂဆိုတဲ့အပူတွေ ဒေါသဆိုတဲ့ အပူတွေ မာန်မာနဆိုတဲ့ အပူတွေ ငြိမ်းဖို့ရာအတွက် ကြိုးစားအား ထုတ်ရမယ်လို့ လမ်းညွှန်ချက်ပေးတာပေါ့နော်။

[၂၀၄]
## နံပါတ် (၂) မေးခွန်း

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

အဲဒီမှာ ဓောတကက ထပ်ပြီးတော့မေးတယ်၊ “ပဿာမဟံ ဒေဝမနုဿလောကေ လောကကြီးမှာတဲ့ လူ့ပြည်မှာပဲ ဖြစ်ဖြစ်, ဟိုး ဗြဟ္မာပြည်မှာပဲ ဖြစ်ဖြစ်, မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ ကြောင့်ကြမဲ့ နေနိုင်ကြတယ်။ ရာဂဆိုတဲ့ကြောင့်ကြမှု၊ ဒေါသဆိုတဲ့ ကြောင့်ကြမှု၊ မောဟ မာန်မာနဆိုတဲ့ ကြောင့်ကြမှုတွေ ဘာမှမရှိဘူး၊ အဲဒီလိုမရှိဘဲနဲ့ တကယ့်ကို သူတော်စင်စိတ်ဓာတ်နဲ့နေတဲ့ ပုဂ္ဂိုလ်မျိုးတွေကို သူတွေ့ ရပါတယ်တဲ့၊ “တံ တံ နမဿာမိ” အဲဒီပုဂ္ဂိုလ်တွေကို သူလေးစား ပါတယ်၊ ရှိခိုးပါတယ်၊

သမန္တစက္ခု ဆိုတာ အရာခပ်သိမ်းကို အားလုံးမြင်နိုင်တဲ့ သဗ္ဗညုတဉာဏ် ကို ရည်ညွှန်းပြီးတော့ ပြောတာ၊ အရာခပ်သိမ်းကို မြင်နိုင်တဲ့ အရှင်ဘုရားအနေနဲ့ “ပမုဉ္စ မံ သက္က ကထိကထာဟိ” တပည့်တော် သံသယရှိနေတာတွေကို အရှင်ဘုရား ပျောက်အောင် လုပ်ပေးပါ၊ ဘယ်လိုကျင့်တာလဲ၊ ဘာကြောင့် ဒီအဆင့် ရောက်သွား တာလဲဆိုတဲ့ တပည့်တော်ရဲ့ သံသယတွေကို အရှင်ဘုရား ပျောက်အောင် လုပ်ပေးပါတဲ့။

မြတ်စွာဘုရား မိန့်ကြားလိုက်တဲ့ စကားဟာ အင်မတန် မှတ်သားစရာကောင်းတယ်။

“နာဟံ သဟိဿာမိ ပမောစနာယ, ကထံကထိ ဓောတက ကဉ္စိ လောကေ”

[၂၀၅] လောကမှာ သံသယရှိနေတဲ့ ပုဂ္ဂိုလ်တွေ သံသယရှိမြဲ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကို အဲဒီ သံသယကင်းအောင် ငါ ဘာမှ လုပ်မပေးနိုင်ဘူး တဲ့နော်၊ ကယ်တင်တဲ့ ဘုရားမဟုတ်ဘူးလို့ ပြောတာနော်၊ လမ်းကြောင်းပဲ ပေးနိုင်တယ်၊ ကိုယ့်ဟာကိုယ် သံသယကင်းအောင် ကိုယ့်ဖာသာကိုယ်ပဲ လုပ်ရမယ်၊ ကိုယ့်ဖာကိုယ်ပဲ ကျင့်ရမယ်၊ မြတ်စွာဘုရားက လမ်းပဲခင်းပြတယ်၊ လုပ်တာ ကိုယ့်ဖာသာ လုပ်ရမယ်၊ အဲဒီအဓိပ္ပာယ်ကို ပြောတာ၊ ငါ သံသယကင်းအောင် ငါ့အနေနဲ့ မင်းကို မ,မစနိုင်ဘူးတဲ့၊ သံသယကင်းအောင် မ,မနိုင်ဘူး၊ ဒါ သိပ်အဓိပ္ပာယ်ရှိတယ်။

ဘုန်းကြီးတို့တတွေဟာ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ရမှာပဲ၊ မြတ်စွာဘုရားက လမ်းပြတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်တယ်၊ တခြားသုတ္တန်တွေမှာ လည်း ဘုရားက အတိအလင်းဟောထားတယ်၊
“တုမှေဟိ ကိစ္စ အာတပ္ပီ” တဲ့၊ မင်းတို့ပဲ ကြိုးစားရမှာတဲ့၊
“အက္ခာတာရော တထာဂတာ” -ဘုရားဆိုတာ ဟောရုံ ဟောပေးတာတဲ့၊ အေး ဒီလမ်းကသွားလို့တော့ လမ်းမှန်ကိုတော့ ပြပေးတယ်၊ သို့သော် မသွားဘူး အိပ်နေမယ်၊ သို့မဟုတ် နောက်ကြောင်း ပြန်လှည့်သွား နေမယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှမရောက်ဘူး။

ပုဏ္ဏားကြီးတစ်ယောက်က တစ်ခါ မေးခွန်းမေးတယ်၊ “အရှင်ဘုရားတဲ့ အရှင်ဘုရား ဟောထားတဲ့ ပန်းတိုင် နိဗ္ဗာန်ဆိုတာ လည်းရှိတယ်၊ နိဗ္ဗာန်ရောက်ကြောင်းလမ်း မဂ္ဂင် ၈-ပါးလည်း အရှင်ဘုရားပြထားတယ်၊ အဲဒီတော့ နိဗ္ဗာန်လည်း ရှိတယ်၊ [၂၀၆] နိဗ္ဗာန်ရောက်ကြောင်းတရားလည်း ရှိတယ်၊ နိဗ္ဗာန်ကို လမ်းညွှန် ပေးမယ့် အရှင်ဘုရားလည်း ရှိတယ်ဆိုတော့ အကုန်လုံး နိဗ္ဗာန် ရောက်ကြလား” တဲ့ “ဟ-ဘယ်ရောက်မလဲ၊ ငါ ဥပမာတစ်ခု ပြောပြမယ်၊ မင်းဟာ ရာဇဂြိုဟ်ပြည်သွားတဲ့လမ်း မင်းကောင်းကောင်း သိတယ်ပေါ့ တစ်ယောက်ယောက်က လာမေးရင် ရာဇဂြိုဟ်ပြည် သွားတဲ့လမ်းကို ပြပါလို့ဆိုရင် ရာဇဂြိုဟ်ပြည်ကြီးလည်း ရှိတယ်၊ သွားတဲ့လမ်းကြီးလည်း ရှိတယ်၊ ညွှန်ပြမယ့်လူ မင်းကိုယ်တိုင်လည်း ရှိတယ်၊ သို့သော် အဲဒီလမ်းကြောင်းကို မလျှောက်ဘဲနဲ့ နောက် ကြောင်းပြန်လာလို့ မရောက်ရင် ဘယ်သူအပြစ်လဲ၊ မင်းအပြစ်လား” ဆိုတော့ “ဘယ်ဟုတ်မလဲဘုရား၊ တပည့်တော်က ညွှန်ရုံညွှန်တာပဲ၊ တပည့်တော်အပြစ် မဟုတ်ဘူး”တဲ့၊ “အေး အဲဒါလိုပေါ့”တဲ့၊ “နိဗ္ဗာန် ကိုလည်း ဟောတယ်၊ လမ်းကိုလည်း ပြောလိုက်တယ်၊ ဒါပေမယ့် အဲဒီလူက မကျင့်ဘူးဆိုရင် ဘယ်ရောက်မလဲ”တဲ့။

မြတ်စွာဘုရားက တကယ့်ကို လက်တွေ့ကျတယ် လက်တွေ့ သမားပဲပေါ့၊ practical ကျတယ်ပေါ့၊ ဒါ လောကသဘာဝကို အင်မတန်မှ ထင်ထင်ရှားရှား ဖော်ပြတယ်၊ အေး မြတ်စွာဘုရားက သံသယရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ငါဘာမှလုပ်မပေးနိုင်ဘူးတဲ့၊ အဲဒါဘာပြောတာတုန်းဆို မ,မစနိုင်ဘူးတဲ့။

လောကမှာ မ,စတဲ့ဘုရားတွေ အများကြီးရှိတယ်လေ၊ ငါ ဘုရားကိုယ်တော်မြတ်က မင်းကို ခွင့်လွှတ်တယ်၊ အပြစ်အားလုံးက ခွင့်လွှတ်စေဆိုရင် အပြစ်တွေအားလုံးက လွတ်သွားတယ်တဲ့။

[၂၀၇] လုပ်ထားတဲ့ အပြစ်တွေ အဲဒီလိုလွတ်မယ်ဆိုရင်တော့ သိပ်ကိုးကွယ် ထိုက်တဲ့ဘုရားပဲ၊ ကိုယ်လုပ်ချင်တာ လုပ်၊ လုပ်ပြီးတဲ့အခါ အဖဘုရား ခွင့်ပြုတော်မူပါ၊ အပြစ်ခပ်သိမ်းကို ခံတော်မူပါလို့ဆိုရင် ပြီးတာပဲ၊ အဲဒါမျိုး ရနိုင်ပါ့မလား၊ လောက လက်တွေ့အားဖြင့်ကို မရနိုင်ပေမယ့် လို့ ရတယ်လို့ ထင်နေကြတဲ့သူဟာ ကမ္ဘာမှာ လူဦးရေ တော်တော် များတယ်၊ အတော့်ကို များတယ်။

အဲဒီတော့ လူတွေဟာ အသိဉာဏ်ထက်သလား၊ အသိဉာဏ် တုံးသလားလို့၊ လက်တွေ့ မဟုတ်တာတွေကို လက်ခံနိုင်တယ် ဆိုတည်းကိုက စဉ်းစားဉာဏ်က အလွန်အားပျော့နေသေးတယ်လို့ ပြောရမှာပဲ။

တချို့က ပြောကောင်း ပြောလိမ့်မယ်၊ ဘာမှ လုပ်မပေးနိုင်တဲ့ ဘုရား ကိုးကွယ်နေလို့ ဘာအကျိုးရှိမှာတုန်းဆိုရင် ဘာမှ လုပ်မပေး နိုင်တဲ့ဘုရား၊ ဒါ ဟုတ်တယ်၊ အကုန်လုံး လုပ်ပေးနိုင်တဲ့ဘုရားကော တကယ်ရှိလားလို့ဆိုရင် ဘယ်လိုလုပ်ပြောမလဲ၊ လောကလူတွေဟာ အကုန်လုံး လုပ်ပေးနိုင်တာတွေ ရှိနေတယ်ဆိုရင် ဘာမှ လုပ်စရာ တောင် မလိုဘူးလေ၊ အားလုံးဟာ အတူတူပဲ ဖြစ်မှာပေါ့၊ အခု အဲဒီလိုမှ တူမလာဘူးဆိုရင် ယုံကြည်ချက်အနေနဲ့သာ ရှိကောင်း ရှိမယ်၊ အားလုံးကို မ,စနိုင်တဲ့ဘုရားဆိုတာ အတွေးထဲမှာသာ ရှိတာ။

တချို့ကလည်း အဲဒီလိုတွေးတယ်၊ လုပ်ပေးနိုင်တဲ့ ဘုရားပဲ ကိုးကွယ်ချင်တယ်၊ သာမန်ကိစ္စတွေတော့ လုပ်ပေးနိုင်တာ ရှိကောင်း ရှိလိမ့်မယ်ပေါ့ သံသရာဝဋ်က လွတ်ဖို့ဆိုတာ လုပ်ပေးနိုင်ပါ့မလားတဲ့။

[၂၀၈] အိုခြင်း နာခြင်း သေခြင်းဆိုတာတွေက လွတ်ဖို့ဆိုတာ ဘယ်လိုမှ လုပ်မပေးနိုင်ဘူး၊ ကိုယ့်ဘာသာ ကိုယ်လုပ်ရမယ့် ကိစ္စတွေတဲ့။

ဒါကြောင့် မြတ်စွာဘုရားက တိတိလင်းလင်း ပြောလိုက်တယ်၊
“နာဟံ သဟိဿာမိ” ငါ မတတ်နိုင်ဘူးတဲ့၊
“ပမောစနာယ” အဲဒီသံသယတွေက လွတ်အောင်
“ကထံကထိ ဓောတက ကဉ္စိ လောကေ၊
ဓောတက ရေ - ဘယ်လောကမှာပဲဖြစ်ဖြစ် သံသယ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို သံသယက လွတ်အောင် ငါလုပ်မပေး နိုင်ဘူး၊ ကိုယ့်ဘာကိုယ် လုပ်ရလိမ့်မယ်တဲ့၊ ကိုယ့်ဘာသာကိုယ် ကျင့်ရလိမ့်မယ်၊ ဒါဟုတ်တယ်။

မြတ်စွာဘုရားက ဓမ္မပဒမှာ ဟောထားတာရှိတယ်၊
“အတ္တနာဟိ ကတံ ပါပံ၊ အတ္တနာ သံကိလိဿတိ” ကိုယ်မဟုတ်တာလုပ်ရင် ကိုယ်ပဲ ညစ်ပတ်မှာပဲ၊
“အတ္တနာ အကတံ ပါပံ၊ အတ္တနာဝ ဝိသုဒ္ဓတိ” ကိုယ်ကောင်းတာလုပ်ရင် ကိုယ်ပဲစင်ကြယ်မှာပဲ၊
သုဒ္ဓိ အသုဒ္ဓိ ပစ္စတ္တံ- ကုသိုလ် အကုသိုလ်ဆိုတာ အသီးအသီး လုပ်တဲ့ပုဂ္ဂိုလ်နဲ့သာ ဆိုင်တယ်တဲ့၊
နာညော အညံ ဝိသောဓယေ- ဘယ်သူကမှ ဘယ်သူ့ကို တတ်နိုင်တာ မဟုတ်ဘူးတဲ့။

ဒါ တကယ့်သဘာဝအစစ်ပဲ၊ ကြည့်လေ လောကမှာ အမေ အဖေတွေက သားသမီးကို သိပ်ချစ်တာ၊ ပညာတတ်အောင် လုပ်ပေး နိုင်ရဲ့လား၊ ကျောင်းတော့ ထားပေးနိုင်တာပေါ့၊ သူမကြိုးစားရင် [၂၀၉] တတ်ပါ့မလား၊ ကျောင်းကောင်းကောင်း ထားပေးတာတော့ လုပ်နိုင်တယ်လေ၊ ပိုက်ဆံတွေ အကုန်အကျခံပြီးတော့ ကျောင်း ကောင်းကောင်း ထားပေးမယ်၊ သူက မကြိုးစားဘူး၊ ကျောင်းလစ် နေတယ်၊ မူးယစ်ဆေးဝါးတွေ သုံးနေတယ်ဆို ဒီလူဟာ ပညာတတ် ဖြစ်ပါ့မလား၊ အမေက လုပ်မပေးနိုင်ဘူး၊ အမေလုပ်ပေးနိုင်တာက condition ပဲ၊ အခြေအနေ ဖန်တီးပေးရုံပဲ ပေးနိုင်တယ် လုပ်မပေး နိုင်ဘူး၊ ပညာရအောင် လုပ်မပေးနိုင်ဘူး၊ ဒါသဘာဝပဲ၊ လက်တွေ့ပဲ၊ မြတ်စွာဘုရား အမိန့်ရှိတာ အဲဒါမျိုးကိုပြောတာ “လုပ်မပေးနိုင်ဘူး”တဲ့။

အဲဒီတော့ သံသရာဝဋ်က လွတ်ဖို့အတွက် နိဗ္ဗာန်ဆိုတဲ့ မြင့်မြတ်တဲ့တရားဓမ္မကို မင်းကိုယ်တိုင် သိအောင် ကြိုးစားရလိမ့်မယ်၊ အဲဒီလိုကြိုးစားမှ သံသရာဝဋ်ကလွတ်ပြီး အခက်အခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်၊ နို့ဆိုရင် အခက်အခဲတွေကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးလို့ မြတ်စွာဘုရားက ပြောတာ၊ ကိုယ့်ဟာကိုယ် လုပ်လို့ ပြောတာ၊ သူကတောင်းဆိုလိုက်တာက သူ့ကို ကယ်တင်ပါဆိုတဲ့ ပုံစံမျိုးပြောတာ။

## နံပါတ် (၃) မေးခွန်း

အဲဒီတော့ သူက ဘာထပ်လျှောက်တုန်းဆိုရင်
အနုသာသ ဗြဟ္မ ကရုဏာယမာနော၊
ဝိဝေကဓမ္မံ ယမဟံ ဝိဇညံ တဲ့။

[၂၁၀] အရှင်ဘုရား ကရုဏာထားပြီးတော့ တပည့်တော်ကို ဆုံးမ သွန်သင်ပါ၊ ဘာလုပ်သင့်တယ်ဆိုတာကို တပည့်တော်ကို ဆုံးမ သွန်သင်ပေးပါ၊ သံသရာဝဋ်မှလွတ်ငြိမ်းတဲ့ ရာဂတွေ လွတ်သွားတဲ့၊ ဒေါသတွေ လွတ်သွားတဲ့၊ ဆင်းရဲဒုက္ခတွေအားလုံးက လွတ်ငြိမ်းသွား တဲ့ နိဗ္ဗာန်ဆိုတဲ့တရားသိဖို့အတွက်၊ တပည့်တော်ကို အရှင်ဘုရား ဟောကြားပေးပါတဲ့၊
“ယထာဟံ အာကာသောဝ အဗျာပဇ္ဇမာနော၊ ဣဓေဝ သန္တော အသိတော စရေယျ”
ဒီဘဝမှာပဲ တပည့်တော်ဟာ၊ ကောင်းကင်ကြီးဟာ ဘာနဲ့မှ ငြိတွယ်မှုမရှိသလို တပည့်တော်ဟာ ရုပ် နာမ်တရားတွေအပေါ်မှာ လုံးဝတွယ်တာမှု မရှိအောင် လွတ်မြောက်အောင် တပည့်တော် ကိုယ်တိုင် ကြိုးစားအားထုတ်ပါ့မယ်တဲ့၊ ဒါ လမ်းမှန်ပေါ် ရောက်လာတာပဲ။

သူကိုယ်တိုင်လုပ်ပါ့မယ်ဆိုတော့ မြတ်စွာဘုရားက ဆက်ပြီး တော့ ပြောတယ်၊
“ကိတ္တယိဿာမိ တေ သန္တိ
ရာဂ ဒေါသ မောဟကို ငြိမ်းစေကြောင်း ဖြစ်တဲ့တရားကို ငါပြောမယ်တဲ့၊ အဲဒီတရားဟာ တကယ့်ကို အသိဉာဏ်နဲ့ ရှုကြည့် ရမယ်၊ အသိဉာဏ်နဲ့ပဲ မြင်ရမယ့်တရား ဖြစ်တယ်၊
အဲဒီတရားဟာ အနီတိဟံ တစ်ဆင့်ကြားလို့ ပြောတဲ့တရား မဟုတ်ဘူး၊ အစဉ်အလာအရ ဟောတဲ့တရား မဟုတ်ဘူး။

[၂၁၁] Messenger လို့ ခေါ်တဲ့ တမန်တော်ကနေတဆင့် ပြောတဲ့တရားမျိုး မဟုတ်ဘူး၊
တခြားဘာသာတွေမှာဆိုရင် ဒါ တမန်တော်က ပြောသွားတာ တို့ တမန်တော်က ရေးသွားတာတို့ သစ်ခေါက်ပေါ်မှာ ရေးသွား တာတို့၊ သားရေပေါ်မှာ ရေးသွားတာတို့၊ ဘယ်သူရေးသွားတာမှန်း မသိဘဲနဲ့ နွားကျောင်းသားက ရေးချင်ရေးသွားမှာပေါ့၊ အဲဒီလိုဟာမျိုး မဟုတ်ဘူးတဲ့၊ နားထဲကကြားလိုက်တယ်၊ ဘုရားသခင်က ဒီလို ပြောသွားတယ်ဆိုပြီးတော့ တဆင့်ပြောတာ၊ သူသိတာမဟုတ်ဘူး၊ ဘုရားသခင်က ဟောတယ်၊ ပြောတယ်လို့ တဆင့်ပြန်ပြောတာလေ၊ မြတ်စွာဘုရားက ငါဟောတဲ့တရားက အဲဒါမျိုး မဟုတ်ဘူး၊ ဘယ် ကျမ်းစာထဲမှာ ပါတယ်ဆိုတာကို ဟောတာလည်း မဟုတ်ဘူးတဲ့။

အတ္တ ပစ္စက္ခ - ကိုယ်တိုင်သိပြီးတော့ ဟောတဲ့တရား၊ အဲဒီတရားကို သိအောင်လုပ်ပြီးတော့ ကိုယ့်သန္တာန်မှာ သတိကို ထူထောင်ပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် လောကကြီးပေါ်မှာ တွယ်တာမှုတွေအားလုံးကို လွန်မြောက်ပါလိမ့် မယ်၊ အဲဒီလိုတွယ်တာမှုတွေကို လွန်မြောက်ပြီဆိုရင် မင်းရဲ့စိတ်နှလုံး အေးချမ်းသွားလိမ့်မယ်။

ကဲဒါဖြင့် ဘုန်းကြီးတို့တတွေ မအေးချမ်းတာ ဘာကြောင့်တုန်း။ တွယ်တာမှုတွေ မလွှတ်နိုင်လို့ပေါ့။ ဟုတ်သလား မဟုတ်ဘူးလား ဆိုတာ ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့် တစ်ခု တွယ်တာရင် တစ်ခု အတွက် ပူတယ်၊ နောက်ဆုံးမှာ ပူစရာဘယ်သူမှ မရှိပါဘူး လူပျိုကြီး [၂၁၂] လုပ်မယ် အပျိုကြီးလုပ်မယ်ဆိုရင် ဘယ်သူ့အတွက်ပူလဲ၊ ကိုယ့် အတွက် ပူနေတာပဲ မဟုတ်လား၊ အဲဒီတော့ ပူစရာရှားလို့ နောက်ထပ်ပူစရာ တစ်ယောက်ထပ်တိုးနဲ့ နောက်ထပ်ပူစရာ နှစ်ယောက်ထပ်တိုးနဲ့ ပူစရာတွေက အများကြီးဖြစ်လာတယ်၊ တချို့ ပြောကြတယ် အိမ်ထောင်မပြုပေမယ့်လို့ သူများသားသမီးကို သွားပြီး အပူရှာပြီးတော့ မွေးတဲ့သူက ရှိသေးတယ်၊ အဲဒီလို ဒုက္ခခံတာလေ၊ ပူစရာမရှိရင် မနေတတ်တဲ့ လူမျိုးတွေလည်း ရှိတာပဲ။

လောကကြီးမှာ ပူစရာရှာထားတာကိုက ကျေနပ်စရာလေး ဖြစ်နေတာ၊ လောကလူတွေက ပူနေကြတာပဲလေ၊ အမေက သားသမီးအတွက် ပူတယ်၊ အဖေက သားသမီးအတွက် ပူတယ်၊ ကြံဖန်ပြီးတော့ ပူနေကြတာပဲနော်၊ တွယ်တာမှုရှိရင် ပူမှုဆိုတာ လာမှာပဲ၊ သေချာတယ်။

အဲဒါကြောင့်မို့ စိတ်နှလုံးငြိမ်းချမ်းဖို့ဆိုတာ အတွယ်အတာကို ဖြတ်ရလိမ့်မယ်တဲ့၊ တွယ်တာမှုကို ဖြတ်နိုင်မှ လောကမှာ တွယ်တာမှု တွေ လုံးဝကင်းပြီဆိုတော့မှ စိတ်နှလုံးငြိမ်းချမ်းမှုကို တွေ့လိမ့်မယ်။ ဘာလျှောက်သလဲဆိုတော့
ဓောတက က
တဉ္ဇာဟံ အဘိနန္ဒာမိ အရှင်ဘုရားပြောတာ တပည့်တော် သိပ်နှစ်သက်တယ်၊
မဟေသိ သန္တိ မုတ္တမံ - တကယ့်ကို စိတ်နှလုံး ငြိမ်းတဲ့နေရာမှာတော့ အကောင်းဆုံးငြိမ်းချမ်းခြင်းပါပဲ၊ အပူတွေ ငြိမ်းသွားတယ်ဆိုတဲ့ ငြိမ်းမှုက တကယ်ကောင်းတာ၊
ယံ ဝိဒိတွာ
သတော စရံ၊ တရေ လောကေ ဝိသတ္တိကံ [၂၁၃] အဲဒီ ငြိမ်းချမ်းဖို့ရာအတွက် မှန်မှန်ကန်ကန် သိရှိနားလည်ပြီး တော့ သတိတရားကြီးစွာနဲ့ ကျင့်ကြံကြိုးကုတ်အားထုတ်မယ်ဆိုရင် လောကမှာရှိတဲ့ အတွယ်အတာအားလုံးကို ကျော်လွှားနိုင်မယ်ဆိုတာ တပည့်တော်လက်ခံပါတယ်၊ ယုံကြည်ပါတယ်လို့ ဒီလိုလျှောက်တယ်။ မြတ်စွာဘုရားက နိဂုံးချုပ်အနေနဲ့ ဝိပဿနာကျင့်စဉ်တစ်ခု ဟောတယ်၊ ရှေ့ပိုင်းမှာ ပုဏ္ဏကတို့ မေတ္တဂူတို့ကို ဟောခဲ့တဲ့တရားကိုပဲ ပြန်ဟောတာ
ယံ ကိဉ္စိ သမ္ပဇာနာသိ၊
ဥဒ္ဓံ အဓော တိရိယဉ္စာပိ မဇ္ဈေ၊
ဧတံ ဝိဒိတွာ သင်္ဂေါတိ လောကေ၊ ဘဝါဘဝါယ မာကာသိ တဏှာ” တဲ့။

ဆိုလိုတာက ယံ ကိဉ္စိ သမ္ပဇာနာသိ ဆိုတာ သိစရာအာရုံတွေ ရုပ်တရား နာမ်တရားတွေ ဒါတွေအားလုံးကို ပိုင်ပိုင်နိုင်နိုင်သိဖို့ လိုတယ်။

သိဖို့လိုတယ်ဆိုတာ ဘယ်လိုဟာကို သိဖို့လိုတာလဲ? ရုပ်တရားနဲ့ ပတ်သက်လာလို့ရှိရင် သဘာဝလက္ခဏာ ရှုဒေါင့်က ကြည့်ပြီး “ဪ ဒါ ရုပ်တရားပဲ”လို့ သိရမယ်၊ ဆိုပါစို့ - ပျော့တာ မာတာတွေ့ရင် ဒါ ပထဝီပဲ၊ ပူတာ အေးတာကို တွေ့ရင် ဒါ တေဇော ပဲ၊ ဖွဲ့စည်းတာ ယိုစီးတာ တွေ့ရင် ဒါ အာပေါပဲ၊ လှုပ်ရှားတာ တွန်းကန်တာနဲ့ တွေ့လို့ရှိရင် ဒါ ဝါယောပဲလို့၊ ပထဝီ တေဇော [၂၁၄] အာပေါ ဝါယောဆိုတဲ့ ရုပ်တရားကို အဲဒီပုံစံနဲ့ တွေ့တာပဲ၊ သဘာဝလက္ခဏာကို ကြည့်ပြီးတော့ တွေ့တာ။

အဲဒီလို တွေ့တဲ့အခါမှာ နောက် ဘာတွေ့သလဲဆို ဘာကြောင့် ဖြစ်တာလဲဆိုတာ အကြောင်းကိုလည်း တွေ့တယ်၊ ဘာကြောင့် ချုပ်သွားတယ် ဆိုတာလည်း တွေ့တယ်၊ ချုပ်ကြောင်းတရားကိုလည်း တွေ့တယ်၊ ဖြစ်ကြောင်းတရားကိုလည်း တွေ့တယ်၊ သို့မဟုတ် ဖြစ်ခြင်းကိုလည်း တွေ့တယ်၊ ချုပ်ငြိမ်းသွားခြင်းကိုလည်း တွေ့တယ် ဆိုရင် တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ ဒီသုံးမျိုးတွေ့ပြီ ဆိုရင် ဒါ ပြည့်စုံတဲ့ အတွေ့တစ်ခုလို့ ခေါ်တယ်၊ ပထဝီမှ မတွေ့ဘဲနဲ့ ပထဝီ ဘာကြောင့် ဖြစ်တယ်ဆိုတာ တွေ့နိုင်စရာ အကြောင်းမရှိဘူးလေ။

သဘာဝတရားကို အရင်ကြည့်ရတယ်၊ ကြည့်ပြီးတဲ့အခါ အကြောင်းတရားကို နားလည်လာတယ်ပေါ့ အဲဒီလို သဘာဝတရား ကို သိရှိလာပြီ၊ တွေ့ရှိလာပြီဆိုတာကို ဒီနေရာမှာ ယံ ကိဉ္စိ သမ္ပဇာနာသိ တဲ့၊ ကိုယ့်သန္တာန်မှာ ဖြစ်လာတဲ့ သဘာဝတရားတွေကို သိလာတယ်၊ ရုပ်နဲ့ဆိုင်တာ၊ ရုပ်ကို သိလာတယ်၊ ဝေဒနာဖြစ်တဲ့ အချိန်မှာ ဝေဒနာကို သိလာတယ်၊ သညာဖြစ်တဲ့အချိန် သညာကို သိလာတယ်၊ သင်္ခါရတွေ သိလာတယ်၊ ဝိညာဏတွေ သိလာတယ်၊ အဲဒီလိုသိလာတာ ဒါဟာ မှန်ကန်တဲ့ အသိပဲ။

အဲဒီအသိဟာ ဥဒ္ဓံ အဓော တိရိယဉ္စာပိ မဇ္ဈေ- အတိတ်က ဟာကိုလည်း သိတယ်နော်၊ ဥဒ္ဓ ဆိုတာ အနာဂတ်။ လာမယ့်ဟာကို သိတယ်၊ အဓောဆိုတာ အတိတ်ကိုလည်း သိနိုင်တယ်၊ တိရိယဉ္စာပိ [၂၁၅] မဇ္ဈေ ဆိုတာ ပစ္စုပ္ပန်ကိုလည်း သိတယ်၊ သဘာဝတရားဆိုတာ ရုပ်နဲ့နာမ်လို့ မှန်မှန်ကန်ကန် သိလာတယ်။

ကဲ ရုပ်နဲ့ နာမ်ကို သိတယ်ဆိုတာ သင်ထားတဲ့ ပုဂ္ဂိုလ်ကျမှ အများကြီးသိနိုင်တာ၊ ကဲ သင်မထားပါဘူးတဲ့၊ အနည်းဆုံး ထွက်လေ ဝင်လေနဲ့ စဉ်းစားကြည့်၊ ယံ ကိဉ္စိ သမ္ပဇာနာတိ ဆိုတဲ့နေရာမှာ ထွက်လေဝင်လေ အာရုံကပ်ပြီးတော့ အသက်ကလေးကို ရှူလိုက်တယ်၊ ရှိုက်ပြီးတော့ ထုတ်လိုက်တယ်ဆိုတဲ့ အချိန်လေးမှာ ပထမဆုံး ဘာကို သတိထားမိလိုက်သလဲဆိုရင် “လေ”ကို သတိထားမိလိုက်တယ်၊ အဲဒီလေက သဘာဝတရားတစ်ခုပဲ၊ လှုပ်ရှားတယ် ရွေ့လျားတယ်ဆိုတဲ့သဘောကို တွေ့ရတယ်၊ အဲဒီ လေထိသွားတဲ့ နှာသီးဖျားက သဘာဝတရားတစ်ခုပဲ၊ လေတိုးသွားတဲ့နေရာကို ကြည့်လိုက်မယ်၊ နောက် အဲဒီလေနဲ့ နှာသီးဖျား ဆုံလိုက်တဲ့အချိန်မှာ ထိမှန်း သိလိုက်တဲ့ အသိပေါ်လာတယ်၊ အဲဒါက သဘာဝတရားတစ်ခု ဟောကြည့်လိုက်မယ်ဆိုရင် သုံးမျိုးဖြစ်သွားတယ်နော်၊ အဲဒီသုံးမျိုး သိတာဟာ ဒါ သဘာဝတရားနဲ့ ပတ်သက်ပြီးတော့ သိတယ်လို့ ဒီလိုဆိုလိုတာပေါ့၊ အဲဒီတော့ သဘာဝတရားနဲ့ ပတ်သက်ပြီးတော့ အခုလို သိလိုက်တယ်။

အဲဒီမှာ လေရဲ့သဘောက လှုပ်ရှားတဲ့သဘောပဲ၊ အဲဒီ လှုပ်ရှားတာဟာ စာလိုပြောမယ်ဆိုရင် ဝါယော ဖောဋ္ဌဗ္ဗရုပ်၊ ဖောဋ္ဌဗ္ဗရုပ်က အသိစိတ် ဖြစ်ပေါ်လာမယ့် နှာသီးဖျားလို့ဆိုတဲ့ ကာယပသာဒမှာ လာပြီးထိတယ်၊ လေကလည်းပဲ သိတဲ့သဘော [၂၁၆] မရှိဘူး၊ နှာသီးဖျားကလည်း သိနိုင်တဲ့စွမ်းအား မရှိဘူး၊ သိတာက ကာယဝိညာဏ်စိတ်က သိတာလို့ ဒီလို မြင်လိုက်လို့ရှိရင် ဒါ ရုပ်နဲ့နာမ်ကို မြင်တယ်လို့ ပြောတာပဲ၊ အဲဒီလို မြင်ဖို့လိုတယ်။

အဲဒီလို သဘာဝကို မြင်ပြီးတဲ့အခါ ရှူလိုက်တဲ့လေဟာ ပြန်ထုတ်တဲ့ အချိန်ကျတော့ သူမဟုတ်တော့ဘူး၊ ရှူလိုက်တဲ့ အခိုက်ကလေးမှာပဲ သူပျက်စီးသွားတယ်၊ နောက်ထပ် ရှိုက်ထုတ်လိုက်တဲ့အချိန်က ဖြစ်ပေါ်လာတဲ့လေရယ်၊ အဲဒီလေထိတဲ့နေရာရယ် ထိမှန်း သိလိုက်တာရယ်က နောက်တစ်ခု၊ ဟော တစ်ခုနဲ့တစ်ခုဟာ အချိန်တိုလေးအတွင်းမှာ ပေါ်လာပြီးတဲ့နောက် ပျောက်သွားတယ်။ ဒါကို သိမြင်လာပြီ ဆိုလို့ရှိရင် “ဖြစ်လာတာကိုလည်း သိတယ်၊ ပျက်သွားတာကိုလည်း သိတယ်၊ ဘာကြောင့် ထိသိစိတ်လေး ပေါ်ရသလဲ ဆိုတာလည်း သိလိုက်တယ်၊ ဒီထိသိတဲ့စိတ်လေး ဘာကြောင့် ပျက်စီးသွားတယ်ဆိုတာကိုလည်း သိလိုက်တယ်”တဲ့၊

အဲဒီလို သိတာကိုပြောတာ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်နဲ့ ပတ်သက်ပြီး ရုပ်နာမ်တရား သင်္ခါရတွေကို အကုန်လုံး သိလိုက်ပြီလို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက်
“ဧတံ ဝိဒိတွာ သင်္ဂါတိ လောကေ,
ဘဝါဘဝါယ မာကာသိ တဏှံ”၊
အဲဒီလို သိလိုက်တာနဲ့ အာရုံပေါ် ကပ်ငြိစေတတ်တဲ့ ကပ်ငြိတတ်တဲ့ တဏှာဆိုတာတွေ၊ အမြင်မှားတဲ့ မာနဆိုတာတွေ၊ လောကမှာ ဖြစ်တတ်တာတွေကို ပိုင်ပိုင်နိုင်နိုင် သိသွားပြီးတဲ့အခါမှာ ဘယ်ဘဝကိုမှ တွယ်တာတာဆိုတာ မရှိတော့ဘူး၊ သဘာဝတရားတွေကို မှန်မှန်ကန်ကန် သိလိုက်တာနဲ့ တစ်ပြိုင် [၂၁၇] နက် တွယ်တာမှုဆိုတာ မလာတော့ဘူး၊ အဲဒီတွယ်တာမှုတွေ လုံးဝကုန်ဆုံးသွားပြီ၊ တွယ်တာမှုတွေကို လွန်မြောက်နိုင်ပြီဆိုရင် နိဗ္ဗာန်ဆိုတာ အဲဒါပဲပေါ့။

နိဗ္ဗာနဆိုတဲ့ စကားလုံးကိုက နိဝါန တွယ်တာမှု ဘဝတစ်ခုနဲ့ တစ်ခုကို တွယ်ပေးထားတဲ့ တဏှာရဲ့ ထွက်မြောက်တဲ့နေရာလို့၊ တဏှာအလှမ်းမမှီတဲ့နေရာလို့ ဒီလိုသုံးတာ၊ တဏှာသင်္ခယ တဏှာကုန်တဲ့နေရာလို့ ဒီလိုဟောတာ၊ နိဗ္ဗာန်ကို အာရုံပြုလိုက်နိုင်တာနဲ့ တစ်ပြိုင်နက် တွယ်တာမှုဟာ လုံးဝပျောက်သွားတယ်၊ တွယ်တာမှု မရှိဘူးဆိုလိုက်တာနဲ့ ကိလေသာတွေလည်း ကုန်သွားတယ်၊ ကံတရားတွေကလည်း အကျိုးပေးနိုင်ခြင်း မရှိတော့ဘူး၊ အဲဒီအချိန်မှာ စိတ်နှလုံးကို ပူလောင်စေတတ်တဲ့ လောဘတွေ ဒေါသတွေနဲ့ မောဟတွေ ကျန်တဲ့ကိလေသာတွေဆိုတာ ဘာမှ မလာတော့ဘူးတဲ့၊ အဲဒီအချိန် နောက်ထပ် ဘယ်တော့မှ မဖြစ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ဟာ အင်မတန်မှ ငြိမ်းချမ်းတဲ့ စိတ်ဖြစ်သွားတယ်၊ ဘာကိုမှ သောကဖြစ်တာ မရှိတော့ဘူး၊ ပစ္စည်းအတွက်လည်း သောကမဖြစ်ဘူး၊ လူ့အတွက်လည်း သောကမဖြစ်ဘူး။

ဒါကြောင့်မို့ ရဟန္တာပုဂ္ဂိုလ်တွေဟာ သူတို့ကိုယ်သူတို့ ဆင်ခြင် စဉ်းစားလိုက်တဲ့အခါ ဘယ်နေ့ဘယ်ရက် သေမယ်ဆိုတာ သိလိုက်တဲ့ အချိန်မှာ [၂၁၈] “နာဘိ နန္ဒာမိ မရဏံ,
နာဘိ နန္ဒာမိ ဇီဝိတံ”
နေချင်တာလည်း မရှိဘူး၊ သေချင်တာလည်း မရှိဘူး၊ သဘာဝတရားကို သဘာဝလို့ပဲ မြင်တယ်၊

လောဘ မကင်းသေးတဲ့ ပုဂ္ဂိုလ်ကတော့ အသက်ရှည်ရှည် နေချင်သေးတယ်ဆိုတာ လာတယ်၊ စိတ်ညစ်တဲ့သူကျတော့ သေချင်ပြီဆိုတာ လာတယ်နော်၊ ရဟန္တာကျတော့ အဲဒီလို နေချင်တယ်ဆိုတာလည်း မရှိဘူး၊ ဘာဖြစ်လို့တုန်း၊ လောဘမရှိတော့လို့ သေချင်တယ်ဆိုတာလည်း မလာဘူး၊ ဘာဖြစ်လို့တုန်း၊ စိတ်မှ မညစ်တော့တာ၊ စိတ်လေးတည်ငြိမ်သွားပြီ၊ သူ့သဘာဝအတိုင်း ဆိုတာကို သဘောပေါက် သွားတယ်တဲ့၊

အဲဒီလို ဓောတကကို မြတ်စွာဘုရားရှင်က ရှင်းပြလိုက်တဲ့ အခါမှာ ဓောတကက သူ့ရဲ့ပရိသတ်တစ်ထောင်နဲ့အတူ သူလည်း တရားထူးတရားမြတ် ရသွားတယ်။ ရသေ့အသွင်ပျောက်ပြီး ရဟန်းအသွင်သို့ ရောက်ရှိသွားပါတယ်၊ ဒီပုဂ္ဂိုလ်က ငါးယောက်မြောက်ပုဂ္ဂိုလ် ဖြစ်ပါတယ်၊

တရားချစ်ခင် သူတော်စင်ပရိသတ် အပေါင်းတို့သည် ဓောတကအား ဟောကြားတဲ့ တရားဓမ္မများကို နာယူမှတ်သားပြီး တို့တတွေလည်း ကိလေသာတွေ ဘဝတွေ ကုန်သွားလို့ရှိရင်တော့ တကယ်ငြိမ်းတဲ့ အငြိမ်းဓာတ်ကို ရရှိခံစားကြရမှာပဲလို့ ယုံကြည်ပြီး လိုက်နာကျင့်သုံးနိုင်ကြပါစေ ကုန်သတည်း။
သာဓု
သာဓု
သာဓု၊

[၂၁၉] ပါရာယနဒေသနာ အပိုင်း (၆) (ဥပသီဝ၏အမေးကို ဖြေဆိုခြင်း)

သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂- ခုနှစ် နတ်တော်လဆန်း ၇-ရက်၊ ခရစ်နှစ် ၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၁၃-ရက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဇမ္ဗူသီရိဗိမာန်တော်တွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ အနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွား မိဘဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

မြတ်စွာဘုရားနဲ့ တွေ့ဆုံပြီး သူတို့ဗေဒကျမ်းဂန်တွေအရ ၃၂-ပါးသော မဟာပုရိသလက္ခဏာတွေ လေ့လာကြည့်ပြီး ဘုရားလို့ ဆုံးဖြတ်ချက်ချပြီးတဲ့အခါမှာ အသီးသီး မေးခွန်းတွေ မေးကြတယ်၊ အလှည့်ကျ မေးသွားကြတယ်၊ ဒီကနေ့ ခြောက်ယောက်မြောက်ဖြစ်တဲ့ ဥပသီဝရသေ့ အကြောင်း ဟောမယ်။ သူ့အလှည့်ကျလာတဲ့ အခါ မြတ်စွာဘုရားကို သူက မေးခွန်းတွေမေးတယ်၊ အဲဒီ ဥပသီဝရသေ့ဟာ သမထကျင့်စဉ်ကို ကျင့်ထားပြီး ဈာန်အဆင့် ၈-ဆင့်ရှိတဲ့ [၂၂၀] အထဲမယ် သူက ၇-ဆင့် ပေါက်မြောက်ပြီးသားပုဂ္ဂိုလ် ဖြစ်တယ်၊ ၇-ဆင့် ဆိုတာ သမထကသိုဏ်းရုပ်တွေပေါ်မှာ အာရုံစိုက်ပြီးတော့ ကျင့်လိုက်တာ ပထမဈာန်ရတယ်၊ ဒုတိယ တတိယ စတုတ္ထဈာန် ရတယ်၊ ဈာန်တွေ အဆင့်ဆင့်တက်သွားတယ်၊ အဲဒီခေတ်က ဒီလိုတရားတွေနဲ့ ပတ်သက်ပြီး ပေါက်ရောက်တဲ့ ပုဂ္ဂိုလ်တွေ ရှိတာပဲ၊ အဲဒီမှာက ကသိုဏ်းရုပ်ပေါ်မှာ အခြေခံပြီးတော့ သမထကျင့်စဉ်တွေကို ကျင့်ကြတာ၊ ဒီဥပသီဝ ဆိုတဲ့ Brahman ရသေ့ကြီးဟာ ၇-ဆင့် ထိအောင် ပေါက်ရောက် အောင်မြင်ပြီးသား ဖြစ်တယ်၊ ရူပဈာန်က ၄-ဆင့်၊ အရူပဈာန်က ၃-ဆင့်ထိအောင် သူပေါက်တယ်၊ ဆိုလိုတာက အာကိဉ္စာညာယတန လို့ ခေါ်တယ်၊ အာကိဉ္စည ဆိုတာ ဘာမှမရှိတော့တဲ့ ပထမအရူပဈာန်ကို အာရုံပြုပြီးတော့ သူက ဒီဈာန်ကို တက်ထားတာ၊ အဲဒီခေတ်ကတော့ ဒီ spiritual program ဆိုတဲ့ပေါ်မှာ သိပ်ပြီးတော့ အလေးဂရုပြု ဆောင်ရွက်ကြတယ်။

အခုခေတ်ကတော့ ရုပ်ပိုင်းဆိုင်ရာတွေက အများကြီး တိုးတက်လာတယ်၊ စိတ်ပိုင်းဆိုင်ရာတွေက အင်မတန်မှ ကျဆုံးသွားတယ်၊ Mental development, Desire for material things ပိုများလာတယ်၊ ပိုများလာတဲ့အခါကျတော့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေက ကျဆင်းသွားတယ်၊ တိုးတက်မှု သိပ်အားနည်းသွားပြီးတော့ လူတွေရဲ့စိတ်ထဲမှာ အညစ်အကြေးတွေ Mental disease စိတ်ရောဂါတွေ လူတွေဟာ ဖိစီးလာကြတယ်၊ တစ်ဖက်က တိုးတက်တဲ့အခါ [၂၂၁] တစ်ဖက်က လျော့ကျသွားတဲ့သဘောကို ဆင်ခြင်စဉ်းစားကြည့်ဖို့ ကောင်းတယ်ပေါ့၊ ဘယ်အရာပဲဖြစ်ဖြစ် တစ်ခုခေတ်စားလို့ရှိရင် နောက်တစ်ခုက လျော့ကျသွားတယ်၊ ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ထိအောင် တိုးတက်လာတုန်းဆိုတော့ လူတွေက ဟိုးကောင်းကင်ကနေ သွားနိုင်တဲ့အဆင့် ရောက်လာတယ်၊ လေယာဉ်ပျံစီးသွားလို့ ရတယ်။ တရားကျင့်စရာ မလိုဘူး၊ လေယာဉ်ပျံစီးချင်ရင် ပိုက်ဆံရှိဖို့ လိုတယ်၊ ပိုက်ဆံရှိပြီး Air Ticket လေး ဝယ်လိုက်ရင် ကမ္ဘာပတ်လို့ ရတယ်၊ အဲဒီတော့ ရုပ်ပိုင်းဆိုင်ရာတွေက တအားတိုးတက်တယ်။

အဲဒီလို တိုးတက်လာတော့ လူတွေက တရားမရှာဘူး၊ ဘာရှာလဲ၊ ပိုက်ဆံရှာတယ်၊ ဒီလိုဖြစ်နေတယ်၊ ပိုက်ဆံရှာလာတဲ့ အခါမှာ ဘာတွေ ဖြစ်လာတုန်းဆို Desire for money နဲ့ ဖြစ်လာတယ်၊ လူတိုင်းဟာ Desire for money နဲ့ ဖြစ်လာတာ၊ အဲဒီငွေကြေးဓနတွေနောက်ကို လိုက်လာကြတယ်။ Desire လို့ဆိုကတည်းက ဒီ Desire ဆိုတဲ့ တဏှာက ဘယ်တော့မှ မပြည့်ဘူး၊ မြတ်စွာဘုရားက တဏှာကို ပင်လယ်နဲ့ ဥပမာ ပေးထားတာနော်၊ နတ္ထိ တဏှာ သမာနဒီ- မြစ်ဆိုတာ သာမန်မြစ်ကို ပြောတာမဟုတ်ဘူး၊ ပင်လယ်ကြီးကိုပြောတာ။ မြစ်က တစ်ခါ တစ်ခါ ပြည့်သေးတယ်၊ ပင်လယ်ကသာ မပြည့်တာနော်၊ တဏှာ ဆိုတာ ဒုပ္ပူရဏ၊ ဘယ်တော့မှ လိုဘ ပြည့်တယ် မရှိဘူးတဲ့၊ အဲဒီတော့ မပြည့်နိုင်တာကြီးကို ဖြည့်နေကြရတာ၊ အမြဲတမ်း သူက လိုနေတာ၊ [၂၂၂] ဘယ်တော့မှ မပြည့်နိုင်တာကြီးကို ဖြည့်နေကြတော့ လူတွေရဲ့ စိတ်ဓာတ်တွေလည်း တဏှာကို မဖြည့်ဆည်းနိုင်တဲ့အခါ အားမလို အားမရတွေ ဖြစ်လာတယ်၊ စိတ်ထဲမှာ မကျေနပ်ချက်တွေ များလာတယ်၊ လောဘရှိရင် မကျေနပ်မှုများတာပဲ၊ အဲဒါက ထုံးစံ။

ဒါကြောင့်မို့လို့ ကာမစ္ဆန္ဒနဲ့ ဗျာပါဒဆိုတာ တွဲထားတာ၊ ကာမစ္ဆန္ဒက Desire for sensual pleasure ကိုယ်လိုချင်တာ ရရင်ရ၊ မရလို့ရှိရင် ဒေါသပဲ၊ စိတ်ထဲမှာ အလိုမကျတာတွေ ဖြစ်လာတယ်၊ ဒီကနေ့ခေတ်မှာဆို အဲဒီ stress စိတ်ဖိစီးမှုတွေ များတယ်၊ လုပ်ငန်းတစ်ခု ဆုံးရှုံးသွားမယ်ဆိုရင် ပိုပြီး stress တွေ များတယ်၊ တိုးတက်တဲ့ နိုင်ငံတွေမှာဆို ပိုပြီးတော့ stress တွေများတယ် spiritual progress ဆိုတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ develop ဖြစ်ဖို့က မရှိတော့ဘူး၊ ရုပ်ပိုင်းဆိုင်ရာပဲ တိုးတက်နေသည့်အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာ စင်ကြယ်ဖွံ့ဖြိုးမှုဆိုတာကို ဂရုမစိုက်တော့ဘူး၊ သို့သော် မြန်မာနိုင်ငံလို ဗုဒ္ဓတရားတော်တွေ လွှမ်းမိုးထားပြီးတော့ ဩဇာသက်ရောက်နေတဲ့ နိုင်ငံတွေမှာ အနည်းငယ်တော်တယ်လို့ ပြောရမှာပေါ့ ဗုဒ္ဓတရားတော်တွေကို မကြားဖူး မသိဖူးတဲ့ နိုင်ငံတွေ အလှမ်းဝေးနေတဲ့ နိုင်ငံတွေဆို stress တအားများတာ၊ stress တအားများလို့ မကျေမနပ်တွေ ဖြစ်ပြီးတော့ သတ်ချင်တဲ့စိတ်တွေ ပေါက်ပြီးတော့ အခု ဒီကနေ့ခေတ်မှာ terrorism တို့ terrorist တို့ ဆိုတာတွေ ပေါလာတယ်၊ [၂၂၃] အားအားယားယား ဒီလိုမေးခွန်း မြတ်စွာဘုရားပွင့်တဲ့အချိန်မှာ ပေးနေရသလားလို့ ခုခေတ်လူတွေ အမြင်နဲ့က ထင်ကောင်းထင်လိမ့်မယ်၊ ဒါက တကယ်အရေးကြီးတာ၊ စီးပွားရေးတို့ ဘာတို့ မေးဖို့ ကောင်းတာပေါ့လို့ ထင်ကောင်းထင်မှာပေါ့ အဲဒီခေတ်က ရှာဖွေတာဟာ စီးပွားရေး မဟုတ်ဘူး၊ အဲဒီခေတ်က လေ့လာနေကြတာဟာ စိတ်ပိုင်းဆိုင်ရာရဲ့ စွမ်းရည်သတ္တိတွေကို ရှာနေကြတာ၊ ရုပ်ပိုင်းဆိုင်ရာရဲ့ စွမ်းရည်သတ္တိကို မရှာဘူး။

ဒီကနေ့က ရုပ်ပိုင်းဆိုင်ရာတွေဟာ အစွမ်းကုန်တိုးတက်နေတယ်၊ လူတွေဟာ ကောင်းကင်ကနေ ခရီးသွားနိုင်တယ်နော်၊ အလိုရှိရင် “လ” ပေါ်တောင် တက်နိုင်သေးတယ်၊ လိုချင်ရင် ‘လ’ ပေါ်မှာ မြေကွက်လေးဘာလေး ဝယ်ထားလို့ ရသေးတယ်နော်၊ အာကာသမှာ မြေကွက်တွေ ဘာတွေ ဝယ်လို့ရတယ်၊ အဲဒီလို လောကကြီးဟာ တိုးတက်တယ်လို့ ဒီလို တစ်ဖက်ကနေ ကြည့်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်တာ မှန်တယ်။

သို့သော် စိတ်ပိုင်းဆိုင်ရာ ကျဆင်းသွားလိုက်တာ လောကလူတွေဟာ အပူတွေနဲ့ချည်းပဲ၊ အင်မတန်မှ ကျဆင်းသွားတယ်၊ ဘုရားတရားတော်လေးနဲ့မှ မငြိမ်းလို့ရှိရင် လူတွေရဲ့စိတ်က အပူတွေဟာ stress ဖြစ်လာပြီး နောက်ဆုံးမှာ suicide လုပ်ကုန်ကြတာပေါ့ တိုးတက်တဲ့နိုင်ငံတွေမှာဆို ကိုယ့်ကိုယ်ကို သတ်သေတာတွေ အင်မတန်များတယ်။

[၂၂၄] မြတ်စွာဘုရားလက်ထက်တုန်းက ဒီ ဥပသီဝ ဆိုတဲ့ Brahman ရသေ့ဟာ သူတို့ခေတ်မှာဆိုရင် လခကောင်းကောင်း ရတယ်လို့ ပြောရမှာပေါ့ ဘုရင်ရဲ့အကြံပေးပုဂ္ဂိုလ်တွေပဲ။ သို့သော် အဲဒါတွေကို စွန့်လွှတ်ပြီးတော့ တောထဲ သူတို့တရားသွားရှာကြတယ်၊ သူ့ဆရာကြီးတွေကော သူတို့အားလုံးဟာ တရားကျင့်ကြတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ၊ ဒိပြင်ပုဂ္ဂိုလ်တွေရဲ့ အဆင့်ကို မပြောပေမယ့် ဒီဥပသီဝရဲ့ အဆင့်ကိုတော့ သူက ၈-ဆင့်ရှိတဲ့အထဲမှာ သူက ၇-ဆင့် ပေါက်ရောက်တယ်လို့ ဒီလိုပြောတယ်၊ အာဠာရကာလာမရဲ့ အဆင့်ကို သူကရောက်နေတယ်၊ အဲဒီအဆင့်ရောက်နေတဲ့ပုဂ္ဂိုလ်က မြတ်စွာဘုရားကို မေးခွန်းထုတ်တာပေါ့။

သမထ ကျင့်စဉ် ကျင့်ပုံ

အဲဒီအဆင့်ထောက်ပုံက ဘယ်လိုတက်တာတုန်း၊ သူတို့ခေတ်က သမထကျင့်စဉ်တစ်ခုကို ကျင့်တယ်ဆိုတာ ဘယ်လိုလုပ်သလဲ၊ နမူနာတစ်ခုကို ပြောရမယ်ဆိုရင် ဆိုပါစို့ - ပထဝီကသိုဏ်းနဲ့ သမထကျင့်စဉ်တစ်ခုကို ကျင့်တယ်ဆိုရင်၊ ပြုပြင်ထားတဲ့မြေလေးကို အဝိုင်းသဏ္ဌာန် လုပ်ပြီးတော့ မိမိရဲ့ရှေ့မှာ တစ်တောင့်ထွာလောက်ဝေးတဲ့ နေရာမှာ ထိုင်၊ အာရုံစိုက်ပြီး မျက်လုံးဖွင့်ကြည့်လို့ လွယ်လွယ်ကူကူနဲ့ မြင်နိုင်တဲ့ နေရာမှာ ပထဝီကသိုဏ်းဝန်းလေးကို ချထားတယ်၊ ချထားပြီးတဲ့ အခါမှာ မျက်လုံးနဲ့စိုက်ပြီး အဲဒီကသိုဏ်းဝန်းကို ကြည့်တယ်၊ မျက်လုံးနဲ့ကြည့်ပြီး စိတ်နဲ့ မှတ်နေတယ်၊ မျက်လုံးနဲ့ [၂၂၅] ကြည့်ပြီးတော့ ဒီအာရုံကို နှလုံးသွင်းနေတာကို ဒါ ပရိကမ္မနိမိတ် လို့ ခေါ်တယ်၊ အလုပ်စတင်ပြီးလုပ်နေပြီ။

နောက်တစ်ဆင့် တက်လာတဲ့အခါ မျက်စိဖွင့်မကြည့်ဘဲ မျက်စိမှိတ်လျက်နဲ့ အဲဒီကသိုဏ်းဝန်းကြီးဟာ စိတ်ထဲမှာ အထင်းသားကြီး ပေါ်နေတယ်။ အဲဒါ ဥဂ္ဂဟနိမိတ် လို့ ခေါ်တယ်၊ စိတ်ထဲမှာ စွဲနေပြီ၊ အဲဒီနိမိတ်က တစ်ခါတစ်ခါ လူတွေက ပြောတယ်မဟုတ်လား၊ ကြောက်တတ်တဲ့ လူတွေမှာ အသုဘ ရုပ်အလောင်းကြီးမြင်ပြီး မျက်စိထဲက မထွက်လို့ အိပ်မပျော်ဘူးဆိုတာလေ၊ တကယ်ကတော့ အဲဒါ ဥဂ္ဂဟနိမိတ် အဖြစ် ပြောင်းလဲလို့ရတယ်ပေါ့။ ကြောက်နေရင်တော့ မရဘူး၊ အဲဒီတော့ စိတ်ထဲကနေ မှတ်ထားပြီး စိတ်ထဲမှာ စွဲထင်နေတဲ့ ပုံရိပ်ဟာ ဥဂ္ဂဟနိမိတ် ပေါ့။

အဲဒီ ဥဂ္ဂဟနိမိတ် ကို စွဲစွဲမြဲမြဲထိန်းသိမ်းပြီး စိတ်ကို တခြားရောက်မသွားအောင် လေ့ကျင့်ပေးနေမယ် ဆိုလို့ရှိရင် ပဋိဘာဂနိမိတ် လို့ ခေါ်တယ်။ စိတ်ထဲက မှတ်ထားတဲ့အာရုံနဲ့ အလားသဏ္ဌာန် တူသော်လည်းပဲ ပိုပြီးတော့ clear ဖြစ်၊ ပိုပြီးတော့ တောက်ပြောင်လာတဲ့ အာရုံတစ်ခုစိတ်ထဲမှာ စွဲထင်ပြီးပေါ်လာတယ်။ စိတ်တွေကလည်း ငြိမ်ကျတယ်၊ အဲဒီအချိန်မှာ နီဝရဏ တရားတွေကလည်း လုံးဝမပေါ်ဘူး၊ နီဝရဏ တရားမပေါ်ဘူးဆိုတာ အိပ်ချင်တဲ့စိတ် မရှိဘူး၊ သံသယစိတ်တွေ မရှိဘူး၊ ဟိုတွေးဒီတွေး စိတ်လွင့်နေတာ မရှိဘူး၊ ဒီအာရုံလေးပေါ်မှာ စိတ်ဟာ ကပ်ထားသလို ငြိမ်လာတယ်။ အဲဒီလို [၂၂၆] ပဋိဘာဂနိမိတ် ပေါ်မှာ စိတ်ကလေး ငြိမ်ကျသွားပြီဆိုရင် ပထမဈာန် ရတယ်လို့ ပြောတယ်။

ပထမဈာန် ရရင် ဘာတွေ ထင်ရှားသလဲဆိုလို့ရှိရင် အဲဒီ ကသိုဏ်းအာရုံပေါ်မှာ စိတ်လေးကို ပို့တင်နေတဲ့ ဝိတက် လို့ခေါ်တဲ့ ပို့တင်နေတဲ့သဘောလေးရယ်၊ ပို့တင်ထားတဲ့အတိုင်း စိတ်လေးဟာ စွဲစွဲမြဲမြဲရှိနေတယ်ဆိုတဲ့ ဝိစာရ သဘောလေးရယ်၊ စိတ်ထဲမှာ ကျေနပ်နေတဲ့ ပီတိ သဘောရယ်၊ ခန္ဓာကိုယ်ကြီး တစ်ခုလုံးဟာ နေလို့ထိုင်လို့ အင်မတန်ပေါ့ပါးပြီး နေတယ်ဆိုတဲ့ သဘောရယ်၊ စိတ်ကလေး ငြိမ်နေတဲ့သဘောရယ် ထင်ရှားနေတယ်။

ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ၊ ဝိတက် ဆိုတာ စိတ်ကို အာရုံပေါ် ပို့တင်ပေးတာ၊ ဝိစာရ ဆိုတာ စိတ်နဲ့ အာရုံ ကွာမသွားအောင် ထိန်းပေးနေတာ၊ ပီတိ ဆိုတာက အဲဒီအာရုံလေးပေါ်မှာ စိတ်က နှစ်ခြိုက်နေတာ၊ သုခ ဆိုတာ ညောင်းတာ ညာတာ ကိုက်တာ ခဲတာတွေ ဘာမှမရှိဘူး၊ ခန္ဓာကိုယ်က ပေါ့ပါးပြီးနေတာ၊ ဧကဂ္ဂတာ ဆိုတာ စိတ်လေးဟာ တစ်နေရာတည်းမှာ ငြိမ်နေတာ၊ အဲဒီကျတော့ ဘာဖြစ်လာတုန်းဆိုတော့ မကောင်းတဲ့စိတ်တွေ ပူပန်တဲ့စိတ်တွေ အကုသိုလ် စိတ်တွေ လိုချင်တဲ့စိတ်တွေ စသဖြင့် စိတ်ရဲ့အညစ်အကြေးတွေ နီဝရဏ တွေ ဒါတွေ လုံးဝကင်းသွားတာ၊ အဲဒီကင်းသွားခြင်းကြောင့် ရတဲ့ ပီတိ နဲ့ သုခ ဟာ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ သိမ့်သိမ့်သိမ့်သိမ့်နဲ့ ဖြစ်လာတယ်၊ အဲဒါကို “ဝိဝေကဇပီတိသုခ” လို့ ခေါ်တယ်၊ [၂၂၇] ဝိဝေက ဆိုတာ အကုသိုလ်တရားတွေ ကာမဂုဏ် အာရုံတွေနဲ့ ကင်းသွားပြီး ရလာတဲ့ ချမ်းသာသုခတစ်မျိုးပဲ၊ အဲဒီ ချမ်းသာသုခကို သာမန်ပုဂ္ဂိုလ်တွေက အတွေ့အကြုံမရှိဘူး၊ မခံစားဖူးဘူး၊ မခံစားဖူးတော့ ကာမသုခ ပဲ အကောင်းဆုံးလို့ထင်တယ်ပေါ့ အဲဒီ သုခရလာပြီ ဆိုတဲ့အခါမှာ ဒါ ပထမဈာန် ချမ်းသာလို့ ခေါ်တာ။

အဲဒီ ပထမဈာန် ချမ်းသာခံစားလို့ ဒုတိယဈာန် အဆင့် တက်ချင်ပြီဆိုရင် ဘာလုပ်လဲဆိုတော့ အာရုံလေးကို စိတ်ပေါ် ပို့တင်ပေးတာရယ်၊ အာရုံလေးနဲ့ စိတ်နဲ့တွဲနေအောင် လုပ်တဲ့ သဘောလေးရယ် အဲဒီသဘောနှစ်ခုဟာ စိတ်ရဲ့လှုပ်ရှားမှုတွေပဲ ဖြစ်တယ်၊ သူတို့ကို ကျော်ချင်တယ်ပေါ့ ဒါတွေကို ကျော်လွှားပစ်ချင်တယ်၊ ဖယ်ရှားပစ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမာဓိ စွမ်းအားကို တိုးမြှင့်လိုက်တဲ့အခါမှာ ဝိတက် ဝိစာရ ဆိုတာနှစ်ခုကို ဖယ်ရှားလိုက်နိုင်တယ်၊ ဘာပဲ ကျန်တော့တုန်း ဆိုတော့ အာရုံလေးပေါ်မှာ ကျေနပ်နေတာရယ်၊ နေလို့ ထိုင်လို့ ကောင်းပြီးတော့ ခန္ဓာကိုယ်ကြီး တစ်ခုလုံး ပေါ့ပါးနေတာရယ်၊ စိတ်ကလေး တည်ငြိမ်နေတာရယ်၊ ဒီသုံးမျိုး၊ ပီတိ ရယ် သုခ ရယ် ဧကဂ္ဂတာ ရယ်၊ ဒီသုံးမျိုးနဲ့ နေတာ ကျတော့ ဒုတိယဈာန် လို့ ခေါ်တယ်။

အဲဒီမှာလည်းပဲ ပီတိ ဆိုတဲ့ နှစ်ခြိုက်မှုလေးဟာ စိတ်ရဲ့ လှုပ်ရှားမှုလေးတစ်ခု ဖြစ်တယ်၊ စိတ်ရဲ့လှုပ်ရှားမှုဆိုတာ သမာဓိ ကို နည်းနည်းတော့ အနှောက်အယှက်ပေးတာပဲ၊ ဒါကြောင့်မို့ သူ့ကို မလိုချင်တော့ဘူး၊ ခန္ဓာကိုယ်ထဲမှာ သိမ့်သိမ့် သိမ့်သိမ့်နဲ့ လှုပ်နေတာ [၂၂၈] မကြိုက်ဘူး၊ ငြိမ်ချင်တယ်ဆိုပြီးတော့ သမာဓိ စွမ်းအားကို မြှင့်လိုက်တဲ့ အခါကျတော့ ပီတိ ဆိုတာ ပေါ်မလာတော့ဘူး၊ ပီတိ ပေါ်မလာရင် ခန္ဓာကိုယ်မှာ ပေါ့ပါးပြီး နေလို့ကောင်းတာရယ်၊ တည်ငြိမ်နေတဲ့ စိတ်ကလေးရယ်၊ ဒါလေးပဲ ကျန်နေတယ်၊ ဒီနှစ်ခုတည်း သုခ နှင့် ဧကဂ္ဂတာ နှစ်ခုတည်းနဲ့ နေတာကို တတိယဈာန် လို့ ခေါ်တယ်၊ အဲဒီကျရင် သုခ ပဲ ရှိတယ်နော်၊ ပီတိ ဆိုတာ မပါဘူး၊ ပီတိ ကင်းတဲ့သုခ နိပ္ပီတိကသုခ လို့ ခေါ်တယ်၊ ပီတိ မရှိတဲ့သုခဟာ အင်မတန်မှ ငြိမ်သက်တယ်လို့ ပြောတာ။

နောက် အဲဒီမှာ သုခ ဆိုတာလေးကိုပဲ၊ ဒီနေထိုင်ကောင်းနေတာလေးကိုပဲ ခံစားမှုက ထင်ရှားနေသည့်အတွက်ကြောင့် သမာဓိ ကို နှောက်ယှက်နေသလို ဖြစ်တယ်၊ ဒါကြောင့်မို့လို့ သူ့ကို မလိုချင်ဘူး၊ ကျော်ချင်တယ်ဆိုပြီးတော့ သမာဓိ စွမ်းအားကို မြှင့်တဲ့အခါမှာ သုခ ဆိုတာ ပေါ်မလာဘဲနဲ့ စိတ်ဟာ လုံးဝငြိမ်ပြီးတော့သွားတယ်။ ဥပေက္ခာ ရယ်၊ ဧကဂ္ဂတာ ရယ် ဒီနှစ်ခုနဲ့ နေတာကျတော့ စတုတ္ထဈာန် လို့ ခေါ်တယ်၊ ဥပေက္ခာ ဆိုတဲ့ဝေဒနာဟာ စတုတ္ထဈာန် သမာဓိ ကို အနှောက်အယှက် မပေးဘူး၊ သမာဓိ ဟာ အစွမ်းသတ္တိတွေ အင်မတန်မှ ထက်လာပြီ၊ အဲဒီလို ထက်လာတဲ့အချိန်မှာ ခုနက အဘိညာဉ် တန်ခိုးတွေဆိုတာလည်း အဲဒီကျမှရတယ်ပေါ့၊ အဲဒါက ရူပဈာန် ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်၊ စတုတ္ထဆင့် ဆိုတာ တက်ပုံ။

[၂၂၉] အဲဒီလို တက်ရင်းကနေပြီးတော့ အခု ဥပသီဝ ရလာတာ ဒီအဆင့်တွေ ကျော်သွားတယ်၊ ရှေ့အဆင့်ကျော်လာတယ်၊ အဲဒီလို ကျော်လာတာ ဈာန် ရဲ့အင်္ဂါလို့ခေါ်တဲ့ အချက်တွေကို ဖယ်ရှားဖယ်ရှားပြီးတော့ ကျော်တဲ့နည်းစနစ်နဲ့ တက်တာ၊ ဒီထက် အဆင့်မြင့်တာကို တက်ချင်ပြီဆိုရင်တော့ ဈာန် အင်္ဂါတွေကို ကျော်ဖို့ရာ မရှိတော့ဘူး၊ ဝေဒနာဆိုတာ ကျော်ပစ်လို့ မရဘူး၊ ဥပေက္ခာ ဆိုတာ အနည်းဆုံးရှိရမယ်၊ သမာဓိ လည်း ကျော်ဖြတ်လို့ မရဘူး၊ အဲဒီတော့ ဘာကို ပြောင်းလိုက်တုန်း ဆိုတော့ ခုနက ကသိုဏ်းရုပ် ဆိုတာကို ဖယ်လိုက်တယ်၊ ကသိုဏ်းရုပ် ကြီးကို နှလုံးမသွင်းတော့ဘဲနဲ့ သူအာရုံ ပြုလာတဲ့ ဒီ ကသိုဏ်းရုပ် ကြီးကို စိတ်ထဲက ဂရုမစိုက်တော့ဘဲနဲ့ ဖယ်လိုက်တယ်၊ သူ့ကိုအာရုံမစိုက်တော့ဘူး၊ နှလုံးမသွင်းတော့ဘူး၊ ဖယ်လိုက်တဲ့ အခါမှာ ဘာအစားဝင်လာသလဲဆိုရင် တစ်ခုခုဖယ်ရင် ကွက်လပ် မကျန်ဘူးလား၊ ဥပမာ စားပွဲပေါ် ထားတဲ့ စာအုပ်ကလေးကို ဖယ်လိုက်မယ်ဆိုရင် စာအုပ်နေရာမှာ ကွက်လပ်လေး ဖြစ်သွားတာပေါ့ အဲဒီကွက်လပ်လေးကို space လို့ ခေါ်တယ်၊ အာကာသ လို့ ခေါ်တယ်၊ အဲဒီ အာကာသ လေးဟာ ဥပါဒ် ဌီ ဘင်၊ ဖြစ်ပေါ်လာတာတို့ တည်ရှိတာတို့ ပျက်တာတို့ မရှိဘူး။ ပညတ် သဘော ဖြစ်သည့်အတွက်ကြောင့် အဆုံးအပိုင်းအခြား မရှိဘူး၊ အဆုံးအပိုင်းအခြား မရှိသည့် အဲဒီ အာကာသ ကိုပဲ အာရုံပြုလိုက်တယ်၊ [၂၃၀] ရုပ်ကို အာရုံမပြုတော့ဘဲနဲ့ အဲဒီ အာကာသ လေးကိုပဲ အာရုံပြုလိုက်တယ်၊ ပညတ် ကိုပဲအာရုံပြုတယ်၊ အဲဒီလို ပညတ် ကို အာရုံပြုတော့ ရုပ်ပိုင်းဆိုင်ရာ ဈာန် တွေ အကုန်လုံးကျော်လွှား သွားတယ်နော်၊ ကသိုဏ်းရုပ် လို ကြည့်နေရတဲ့အရာတွေ လုံးဝမရှိတော့ဘူး၊ လှုပ်ရှားတဲ့အရာတွေ လုံးဝမရှိတော့ဘူး၊ ပိုပြီးတော့ ငြိမ်သက်သွားတယ်၊ အဲဒီလို ငြိမ်သက်သွားတာကို အာကာသာနဉ္စာယတန ဈာန် လို့ ခေါ်တယ်၊ အရူပဈာန် အဆင့် တက်သွားတာ။

တစ်ခါ အဲဒီကနေတစ်ဆင့်တက်တော့ အဲဒီ ကသိုဏ်း အာကာသ ကို အာရုံမပြုတော့ဘဲ အာကာသ ကို အာရုံပြုတဲ့ စိတ်လေးကို အာရုံအဖြစ် အသုံးချလိုက်တဲ့အခါ ဝိညာဏဉ္စာယတန ဆိုတဲ့ ဒုတိယဈာန်အဆင့်ကို တစ်ခါ ရောက်သွားတယ်၊ အရူပ ဒုတိယဈာန်အဆင့်ကို ရောက်သွားတယ်။

တစ်ခါ အဲဒါကို အဆင့်တက်ချင်တော့ ဘာလုပ်တုန်းဆိုတော့ အဲဒီစိတ်လေးကိုပါ ဖျောက်ပစ်လိုက်တယ်၊ ဖျောက်ပစ်လိုက်တဲ့အခါ အဲဒီစိတ် မရှိတော့ဘူး၊ မရှိတော့တဲ့ အခါ Nothingness of first viññana ပထမစိတ်ကလေး မရှိတော့ဘူး ပျောက်ကွယ်သွားပြီ၊ ဘာမှကို မကျန်တော့ဘူး၊ သူမရှိတော့ဘူးဆိုတာကို အာရုံပြုပြီးတော့ ဒီ သမာဓိ စွမ်းအားကို မြှင့်လိုက်တဲ့အခါ အာကိဉ္စညာယတနဈာန် ဆိုတဲ့အဆင့်ကို ရောက်လာတယ်၊ [၂၃၁] သမာဓိ စွမ်းအားတွေဟာ ကြီးသည်ထက် ကြီးလာတယ်၊ ပထမအရူပစိတ်ရဲ့ အာရုံက အာကာသ၊ ဒုတိယအရူပစိတ်ရဲ့ အာရုံက အဲဒီ အာကာသ ကို အာရုံပြုတဲ့စိတ်၊ တတိယအရူပဈာန် ကျတော့ အဲဒီပထမစိတ်ကလေး မရှိတော့တာကို အာရုံပြုတာ။

အဲဒီတော့ အခု ဥပသီဝ ရတဲ့ဈာန်က အဲဒီဈာန်ပဲ။ ပထမ စိတ်လေး မရှိတော့ဘူးဆိုတဲ့ အာကိဉ္စည၊ ဘာမှမကျန်တော့ဘူး၊ လုံးဝ ချုပ်သွားပြီ၊ မရှိတော့တဲ့ အနေအထားလေးကို အာရုံပြုပြီးတော့ ဒီ သမာဓိ ရတာ၊ ကဲ စဉ်းစားကြည့်၊ မရှိတဲ့အပေါ်မှာ ရပ်တည်နိုင်တဲ့ သမာဓိ ဆိုတာ အံ့ဩစရာပဲ။ ရှိတဲ့အပေါ်မှာ ရပ်တည်တဲ့ သမာဓိ က ဒါ သိပ်ပြီးတော့ အံ့ဩစရာ မကောင်းဘူးပေါ့ ဘာမှ မရှိဘူးဆိုတဲ့ အပေါ်မှာ စိတ်တည်ငြိမ်အောင် ထားနိုင်တယ်ဆိုတာဟာ အင်မတန်မှ စွမ်းအားထက်တယ်ပေါ့။

ဒါကြောင့်မို့ အာကိဉ္စညာယတနဈာန်၊ အာကိဉ္စည ဆိုတာ အကိဉ္စန ဘာမှ မကျန်ဘူးလို့ပြောတာ၊ “နတ္ထိ ကိဉ္စိ” နည်းနည်းလေးမှ မကျန်ဘူး၊ လုံးဝပျောက်ကွယ်သွားတဲ့ အနေအထားတစ်ခု မရှိတော့တဲ့ အခြေအနေတစ်ရပ်ကို အာရုံပြုပြီး ဒီ သမာဓိ ကို ရထားတာ ဖြစ်တယ်၊ အဲဒီတော့ ဥပသီဝ လည်း ဒီ သမာဓိ ကို ရလိုက်တာ၊ အဲဒီလို ရလိုက်ပြီး သူ့တရားက ဒီမှာတင် ဆုံးနေတယ်။

[၂၃၂] နံပါတ် (၁) မေးခွန်း

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ဒါကြောင့် အဲဒီမှာ သူက မြတ်စွာဘုရားကို မေးတယ်၊ “ဧကော အဟံ သက္က မဟန္တမောဃ” မြတ်စွာဘုရားရှေ့ပိုင်းမှာ ဟောတယ်လေ၊ ဒီ သံသရာ ဝဋ် ဆင်းရဲက ပြတ်ရန်အတွက် ဩဃ ကို ဖြတ်ကျော်ရမယ်တဲ့၊ ဩဃ တွေ ရှိတယ်၊ ဒီလှိုင်းကြီးတွေ ရှိနေတယ်၊ အဲဒါကို ဖြတ်ရမယ် ဖြတ်မှ ဟိုဘက်ကမ်းကို ရောက်မယ်၊ ဒီဘက်ကမ်းမှာ နေလို့ကတော့ မရဘူး၊ ဒီဘက်ကမ်းမှာနေရင် ဘာတွေရှိတုန်းဆိုတော့ အိုမယ် နာမယ် သေမယ်နော်၊ ဒီဘက်ကမ်းက ဇာတိ ဆိုတာ ရှိတယ်၊ ဇရာ မရဏ ရှိတယ်၊ အဲဒီတော့ ဟိုဘက်ကမ်းကို ကူးရမယ်၊

ဟိုဘက်ကမ်းကို ကူးရင် ဩဃ ဆိုတဲ့ ဒီလှိုင်းကြီးတွေ ရေစီးကြီးတွေ ဖြတ်နေတယ်၊ အဲဒီ ရေလှိုင်းကြီးတွေ ဖြတ်ပြီးတော့ ဟိုဘက်ကမ်းသွားရမယ်ဆိုရင် ဒီလှိုင်းကြီးတွေကို ဖြတ်ကျော်ဖို့ အတွက် အနည်းဆုံး ဒီလှိုင်းထဲ မျောပါ မသွားနိုင်လောက်အောင် ဆန်တက်နိုင်လောက်အောင် စွမ်းအားရှိတဲ့ သင်္ဘောတို့ ဘာတို့ လှေတို့ ဒီလိုရှိရမှာပေါ့နော်၊ တစ်ခုခုစီးပြီးမှ ဖြတ်လို့ရမှာကိုး။ မြတ်စွာဘုရားက ဩဃ ကို ဖြတ်ကျော်ရမယ်လို့ ဟောထားတာကို သူက သဘောကျပြီးတော့ သူကပြောတယ်။
“ဧကော အဟံ သက္က မဟန္တမောဃ
အနိဿိတော နော ဝိသဟာမိ တာရိတုံ”

[၂၃၃] သူတစ်ယောက်တည်း ဘာမှ အမှီမရှိဘဲနဲ့ အဲဒီ ဩဃ ကို မဖြတ်နိုင်ဘူးတဲ့၊ သူရထားတဲ့ ဈာန် ကို မှီပြီးတော့ ဖြတ်ရမယ်ဆိုတာကို သူမသိဘူး၊ မြတ်စွာဘုရားက နည်းပေးမယ်၊

သူမေးတဲ့ မေးခွန်းကတော့ အင်မတန်ကြီးမားတဲ့ ဩဃ ကြီးကို ဘာမှအမှီမရှိဘဲနဲ့ ဆိုပါစို့- ဆရာသမားမရှိဘဲနဲ့ (သို့မဟုတ်) မှီစရာ အာရုံတရားမရှိဘဲနဲ့ သူဟာ မဖြတ်ဝံ့ဘူးတဲ့၊ ဖြတ်လို့မရနိုင်ဘူး၊ ဒါကြောင့်မို့လို့ ပုဂ္ဂိုလ်တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ခု အာရုံကိုမှီပြီး ဖြတ်လို့ရတဲ့နည်းကို သူ့ကိုပေးပါ”တဲ့၊ ဒါ သူ့ရဲ့မေးခွန်းပဲ နော်၊
“အာရမ္မဏံ ဗြူဟိ သမန္တစက္ခု
ယံ နိဿိတော ဩဃမိမံ တရေယျ”

အဲဒီ ဩဃ ကြီးကို ဖြတ်ကျော်လို့ရတဲ့ သူအမှီပြုပြီး ဖြတ်ကျော်လို့ ရတဲ့အာရုံကို သူ့ပြောပေးပါတဲ့၊ သူ့ကို ဟောကြားပေးပါ၊ ဘယ်လို ဖြတ်မလဲပေါ့။

သူပြောတဲ့ ဩဃ ဆိုတာ ဘာလဲဆိုရင် ကာမဂုဏ် အာရုံစိတ်တွေ ဒီသံသရာရေယာဉ်ကြောကို မျောနေမယ့် အနေအထား ဒါတွေကို ဖြတ်ဖို့အတွက် သူက အိုခြင်း နာခြင်းဆိုတာတွေကို လုံးဝလွန်မြောက်ချင်တယ်၊ အိုခြင်း နာခြင်းကို ဘယ်လိုနည်းနဲ့ အဆုံးသတ်မလဲနော်၊ အဲဒီလွှမ်းမိုးနေတာတွေကို ဖြတ်ကျော်ချင်တယ်၊ မအို မနာ မသေရမည့် နေရာကို သွားချင်တယ်။

အဲဒီမှာ မြတ်စွာဘုရားက ဖြေတယ်၊ [၂၃၄] “အာကိဉ္စညံ ပေက္ခမာနော သတိမာ၊
နတ္ထိတ္တိ နိဿာယ တရ ဩဃံ” တဲ့၊ သူရထားတဲ့တရားဟာ သံသရာမှာ မဆုံးဘူးဆိုတာတော့ သိတယ်၊ အဲဒီရထားတဲ့တရားကို အမှီပြုပြီးတော့ ဘယ်လို ဖြတ်ရမယ် ဆိုတဲ့နည်းကို သူမသိဘူး၊ အဲဒီမှာ မြတ်စွာဘုရားက နည်းပေးတာ၊ “အာကိဉ္စညံ ပေက္ခမာနော သတိမာ” တဲ့၊ “မင်းရထားတဲ့ ဈာန် ကိုပဲ ပြန်ပြီးတော့ ရှုပါတဲ့၊ မရှုဘဲနေလို့ရှိရင် သူက အာကိဉ္စညာယတန ဈာန် ကို မှီပြီး အာကိဉ္စညာယတနဘုံ ရောက်မှာ၊ အဲဒီဘုံမှာ ဘယ်လောက်ကြာအောင် သူနေရမလဲဆိုရင် မဟာကပ် ၆-သောင်း တဲ့၊ မဟာကပ် ၆-သောင်းတောင် အဲဒီမှာ သူအက်ရှည်မယ်၊

ဒီလောက်ကြီးထိ အသက်ရှည်နေတာ မအို မနာ မသေတော့ ဘူးလားဆိုတော့ မဟုတ်ဘူး၊ ၆-သောင်းပြည့်သွားရင် သွားတာတော့ သွားမှာပဲ၊ သူ့မှာလည်း အဆုံးရှိတယ်ပေါ့၊ ဒါပေမယ့် နေရတာတော့ တမေ့တမောကြီးပေါ့နော်၊ ကမ္ဘာပေါင်း ၆-သောင်း မဟာကပ် ၆-သောင်း သူနေရမယ်၊ အဲဒီတော့ မဟာကပ် ၆-သောင်းနေပြီး ပြန်ပြီးလည်လာရမယ့် ဒီလှိုင်းကြီးထဲမှာ ပြန်ကျမှာကို သူမလိုချင်ဘူး၊ အဲဒါ သူဘယ်လိုလုပ် ဖြတ်ရမလဲပေါ့။

အဲဒီမှာ မြတ်စွာဘုရားက “အာကိဉ္စညံ ပေက္ခမာနော သတိမာ” “မင်း သတိထားလိုက်တဲ့၊ မင်းရထားတဲ့ ဈာန် ကို ပြန်ကြည့်လိုက်၊ ပြန်ကြည့်လိုက်တဲ့အခါ အဲဒီ ဈာန် ဟာ အကြောင်းတရားတွေက စုပေါင်းပြုလုပ်ထားတဲ့ သင်္ခတတရား မျှသာ ဖြစ်တယ်၊ အဲဒီသင်္ခတ [၂၃၅] တရားမှန်လို့ရှိရင် မမြဲဘူး၊ ပျက်စီးခြင်း သဘောရှိတယ်၊ အဲဒီအနေအထားကို မင်းမြင်အောင် ကြည့်ပါ” တဲ့၊

“နတ္ထိ နိဿာယ တရ ဩဃံ”
“အဲဒီ အာကိဉ္စညဈာန် ကိုပဲ ဝိပဿနာရှုပြီးတော့ အဲဒီဝိပဿနာဉာဏ်ကို အားပြုပြီးတော့ မဂ်စိတ် ဖိုလ်စိတ်ပေါ်အောင်လုပ်ပြီး ဩဃကို ဖြတ်ပါ” လို့ ပြောတာ၊ ဒါ ဖြတ်နည်းကောင်းကို မြတ်စွာဘုရား သင်လိုက်တာ၊

ဈာန်တွေ ရတယ်ဆိုတာ လောဘ ကိုလည်း ခဏလေးပဲ ပယ်ထားတာ၊ ဒိဋ္ဌိ ဆိုတာလည်း ခဏလေးပဲ၊ အဝိဇ္ဇာ ဆိုတာလည်း ခဏလေးပဲ ဖယ်ထားတာ၊ ဝိက္ခမ္ဘနပဟာန် ဆိုတာ အခိုက်အတန့် ဖယ်ခွာထားတာပဲ ရှိတယ်၊ အဲဒါကို မြတ်စွာဘုရားက ဝိပဿနာ ရှုခိုင်းတာ၊ ကိုယ်ရထားတဲ့ဈာန်ကိုပဲ မမြဲတဲ့သဘောနဲ့ ဒီသဘာဝတရားလေးတွေကို ရှု၊

အဲဒီ အာကိဉ္စညာယတနဈာန် ရဲ့ အာရုံက ဘာတုန်းဆိုတော့ ပညတ် ကြီးဖြစ်နေတယ်၊ ပထမအရူပဈာန်ရဲ့ မရှိခြင်းဆိုတဲ့ ဘာမှ မကျန်တော့ခြင်းဆိုတဲ့ နတ္ထိဘာဝပညတ် ကို မရှိတော့တဲ့အနေအထား တစ်ခုကို အာုံပြုပြီးတော့ ဒီဈာန်ကြီးက ရပ်တည်နေတာ၊ ဝိပဿနာရှုတော့မယ်ဆိုရင် အဲဒီ မရှိတာကို ရှုလို့မရဘူး၊ ဝိပဿနာက တကယ်ရှိတာကိုသာ ရှုရတာ။ ဝိပဿနာရဲ့အာရုံဟာ တကယ်စစ်မှန်တဲ့ ပရမတ္ထတရား သာ ဖြစ်တယ်၊ အဲဒီတော့ မရှိတာ ရုပ်နာမ်မှမဟုတ်တာ၊ သဘာဝတရား မဟုတ်ဘူး၊ ပရမတ်တရား [၂၃၆] မဟုတ်ဘူး၊ ပညတ်ကြီး ဖြစ်နေတယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားက အဲဒါကို မရှုနဲ့၊ အာကိဉ္စညာယတနဈာန် ဆိုတဲ့အထဲမှာ ဘာတွေပါတုန်းဆို စိတ်ပါတယ်၊ ဖဿ ပါတယ်၊ ဝေဒနာ ပါတယ်၊ သညာ သင်္ခါရ ဝိညာဉ် ဆိုတာတွေ ပါတယ်လေ၊ အာကိဉ္စညာယတနစိတ် နဲ့ ယှဉ်တဲ့ စေတသိက်တွေ ပါတယ်၊ အဲဒီအုပ်စုထဲက ဒီသဘာဝတရားတွေကို ပြန်ကြည့်လိုက်တဲ့၊ ဝိပဿနာဉာဏ်နဲ့ သတိကြီးစွာထားပြီးတော့ ပြန်ကြည့်လိုက်၊ ပြန်ကြည့်လိုက်လို့ရှိရင် အာကိဉ္စညာယတနဈာန် ထဲမှာ ပါဝင်တဲ့ စိတ်တွေ စေတသိက်တွေ၊ ဖဿတို့ ဝေဒနာတို့ သညာတို့ သင်္ခါရတို့ဆိုတာတွေ ဒါတွေဟာ တစ်ခုမျှ မမြဲပါလား၊ အကြောင်းကနေ ဖန်တီးထားတဲ့ သင်္ခတတရား တွေမျှသာ ဖြစ်တယ်၊ သင်္ခတတရား မှန်လို့ရှိရင် အနိစ္စသဘောတရား မမြဲတဲ့သဘောတရားတွေ ဖြစ်တယ်၊ ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗ တံ နိရောဓဓမ္မံ - ဖြစ်ခြင်း သဘောရှိပြီဆိုရင် ပျက်ခြင်းသဘောရှိတာ ဧကန်ပဲ၊ မြေကြီး လက်ခတ်မလွဲဘူး၊ အဲဒီသဘောကို ဆင်ခြင်သုံးသပ်လိုက်တဲ့၊ ဝိပဿနာရှုလိုက်လို့ ပြောတာ။

အဲဒီ နတ္ထိ ဆိုတဲ့ အာကိဉ္စည၊ နတ္ထိ ကို အာရုံပြုနေတဲ့ မရှိတာကို အာရုံပြုနေတဲ့ အာကိဉ္စညာယတနဈာန် ကို အမှီပြုပြီးရင် မဂ်စိတ်တွေ ပေါ်လာနိုင်တယ်၊ အဲဒီအခါမှာ ဩဃ ကို ဖြတ်ကျော်လို့ရမယ်၊ အဲဒီနည်းနဲ့ ဖြတ်ကျော်ပါတဲ့၊ အဲဒီမှာ “ကာမေ ပဟာယ ဝိရတော [၂၃၇] ကထာဟိ” အဲဒါကို ဖြတ်ကျော်လိုက်ရင် ကိလေသာတွေဟာ ဖယ်ရှားပြီး ဖြစ်သွားလိမ့်မယ်၊ ကိလေသာတွေကို ဖယ်ရှားနိုင်လိမ့်မယ်။

သူက ဒီ အာကိဉ္စညာယတနဈာန် ကို ရထားလို့ ကျင့်ကြံကြိုးကုတ်အားထုတ်လိုက်မယ် ဆိုရင် ဝိပဿနာရှုလိုက်မယ်ဆိုရင် ပထမအဆင့်မှာ သောတာပတ္တိမဂ် နှင့် သောတာပတ္တိဖိုလ် ရမယ်၊ တစ်ခါထပ်ပြီး ဝိပဿနာအဆင့် မြင့်လိုက်မယ်ဆိုလို့ရှိရင် သကဒါဂါမိမဂ် သကဒါဂါမိဖိုလ် ရမယ်၊ ထပ်ပြီးတော့ မြင့်လိုက်ရင် အနာဂါမိမဂ် အနာဂါမိဖိုလ် ရမယ်၊ အဲဒီအချိန်မှာ အရဟတ္တမဂ် အရဟတ္တဖိုလ် မရနိုင်ဘူးဆိုလို့ရှိရင် သူကဒီဈာန်ရဲ့အရှိန်ကြောင့် အာကိဉ္စညာယတနဘုံ ရောက်သွားမှာပဲ၊ သူ့မှာ ကိလေသာကျန်နေသေးတယ်၊ ဘာအပေါ်မှာများ တွယ်တာနေသေးတုန်းဆိုတော့ သူရထားတဲ့ ဝိပဿနာ၊ ဆိုပါတော့ - သူဟာ အရဟတ္တမဂ် အရဟတ္တဖိုလ် ကို ရစေနိုင်တဲ့ဝိပဿနာ သူ့သန္တာန်မှာ မရှိဘူး၊ ရှိတာက ဘာတုန်းဆိုရင် အနာဂါမိမဂ် အနာဂါမိဖိုလ် ကို ရစေနိုင်တဲ့ဝိပဿနာ ရှိတယ်၊ အဲဒီအပေါ်မှာ သူက အတွယ်ကလေးရှိနေသေးတယ်တဲ့နော်၊ အင်မတန်သိမ်မွေ့တဲ့ တဏှာ၊ အဲဒါကို ဓမ္မရာဂ, ဓမ္မနန္ဒီ လို့ ခေါ်တယ်၊ ဓမ္မရာဂ ရထားတဲ့ ဝိပဿနာတရားအပေါ်မှာ တွယ်နေတယ် ကိုယ်ရထားတဲ့ ဝိပဿနာ တရားကို သဘောကျနေတယ်၊ အဲဒီ သဘောကျနေသေးသမျှ မစွန့်လွှတ်နိုင်လို့ရှိရင် အရဟတ္တမဂ် အရဟတ္တဖိုလ် ကို ရစေနိုင်တဲ့ [၂၃၈] ဝိပဿနာဘက်ကို မရောက်တော့ဘူး၊ ဒီမှာတင် လမ်းဆုံးနေနိုင်တယ် ဘာဖြစ်လို့တုန်းဆိုရင် ကြိုက်နေတာကိုး၊ ဟုတ်ကဲ့လား။

လောကလူတွေက ဒါလေးကြိုက်ပြီဆိုရင် ရွှေ့သေးလား၊ မရွေ့ဘူးနော်၊ ပစ္စည်းလေးတစ်ခု သွားဝယ်ရင် ဒါလေးကြိုက်ပြီဆိုရင် ဒါလေးပဲ ယူတော့မှာပေါ့ မရွှေ့တော့ဘူးလေ၊ အဲဒါ မကြိုက်သေးဘူး ဆိုရင် ရွှေ့လိမ့်ဦးမယ်ပေါ့၊ အဲဒီတော့ ဒီတရားမှာလည်းပဲ ဒါတင် ကျေနပ်သွားပြီဆိုလို့ရှိရင် ရှေ့မရောက်တော့ဘူး၊ အဲဒါကို ဓမ္မရာဂ ဓမ္မနန္ဒီ လို့ ခေါ်တာ၊ အဲဒီ ဓမ္မရာဂ, ဓမ္မနန္ဒီ ကြောင့် ဒါနဲ့ သေသွားလို့ရှိရင်တော့ သူ ဥပပါတ်ပဋိသန္ဓေ နေရတဲ့ အရူပဘုံ ကို ရောက်သွားမှာပဲ၊ ရောက်သွားလို့ရှိရင် မဟာကပ် ၆-သောင်း အဲဒီမှာနေလေရော့၊ နေပြီးလို့ ပြန်ပြီးတော့ သေလို့ရှိရင်တော့ ဇောက်ထိုးမိုးမျှော်ပဲ၊ ပြန်ဆင်းဦးမှာပဲ၊ ရောက်ဦးမှာပဲ၊ သံသရာကြီးထဲမှာ ဩဃ ကြီးထဲ ပြန်ရောက်သွားဦးမှာပဲလို့ ဆိုလိုတယ်နော်၊ ပုထုဇဉ်ဆိုရင်ပေါ့လေ။

မြတ်စွာဘုရားက “ကာမေ ပဟာယ ဝိရတော ကထာဟိ” “အပိုစကားတွေ မင်းမပြောတော့ဘဲနဲ့” တဲ့ “တွယ်တာမှု တဏှာတွေ ဒီနေရာမှာ ကာမဆိုတာ အကြမ်းစားကာမတွေကို ပြောတာမဟုတ်တော့ဘူး, ကိုယ့်ကျင့်ထားတဲ့ တရားပေါ်မှာကို မတွယ်နဲ့၊ မတွယ်ဘဲနဲ့။ တဏှက္ခယံ နတ္တမဟာ ဘိပဿ အဲဒီတွယ်တာမှုတွေ အားလုံးကုန်သွားတဲ့ နိဗ္ဗာန် ကို မြင်အောင်လုပ်” တဲ့၊ “အဲဒီနိဗ္ဗာန်ကို မြင်မှ အာသဝေါ တွေကလည်း အကုန်ကုန်တာကိုး၊ နိဗ္ဗာန်ကို [၂၃၉] မမြင်သေးသမျှ တဏှာကမကုန်ဘူး။” အဲဒီတော့ တဏှာကုန်တဲ့ မဂ်ဆိုတာကလည်း နိဗ္ဗာန်ကို ကြည့်ပြီးတော့ ကုန်တာလေ၊ အဲဒီတော့ အဲဒါကို မြင်အောင်ကြည့်ပါလို့ ဒီလိုဟောတယ်၊
## နံပါတ် (၂) မေးခွန်း

အဲဒီလိုဟောတော့ သူက ပြန်မေးတယ်၊
“သဗ္ဗေသု ကာမေသု ယော ဝီတရာဂေါ”
“ကာမဂုဏ် အာရုံတွေပေါ်မှာ တွယ်တာမှု လုံးဝကင်းသွားတဲ့ပုဂ္ဂိုလ်ဟာ”
“အာကိဉ္စညံ နိဿိတော ဟိတွာ မညံ”
“အာကိဉ္စညာယတနဈာန်ကိုပဲ အမှီပြုမယ် တခြားဈာန်တွေကို အမှီမပြုတော့ဘူး၊ ဖယ်ထားပြီး၊

ဟုတ်တယ်၊ ဒုတိယဈာန်ရတာနဲ့ ပထမဈာန်ကို ဖယ်ထားလိုက်ပြီလေ၊ တတိယဈာန်ရရင် ဒုတိယဈာန်ကို ဖယ်လိုက်ပြီ၊ အဲဒီလို အဆင့်ဆင့် ဖယ်ထားပြီးပြီ၊ နောက်ဆုံး အာကိဉ္စညာယတနဈာန် ကို ရရင်း အောက်ကဈာန်တွေ အကုန် သူဖယ်ထားတာ၊ ဖယ်လိုက်ပြီ၊ အဲဒီဖယ်လိုက်ပြီးတော့ အမြင့်ဆုံး သူရထားတဲ့အထဲက “သညာဝိမောက္ခ” လို့ ခေါ်တယ်၊ သညာ ဝိမောက္ခေ ပရမေ ဝိမုတ္တော သညာရှိပြီးတော့ ကာမအာရုံတွေက လွတ်မြောက်နေတဲ့ ဒီဈာန်မှာ တည်မြဲသွားမယ် ဆိုရင် “တိဋ္ဌနု သော တတ္ထ အနာနုယာယီ” တဲ့၊ အဲဒီလို အာကိဉ္စညာယတနဈာန် ကို မပျက်မစီး ထာဝရရထားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာတဲ့၊ အာကိဉ္စညာယတနဘုံ မှာ အကြာကြီး တည်နိုင်တယ် မဟုတ်လားတဲ့၊ [၂၄၀] ဆိုလိုတာက သူ့ဘဝမှာ မဟာကပ် ၆-သောင်း တည်နေလို့ ရတယ် မဟုတ်လားတဲ့။ မြတ်စွာဘုရားက ဟုတ်တယ်တဲ့၊ သူက အဲဒီမှာတည်နေမယ်တဲ့၊ မဟာကပ် ၆-သောင်းထိ၊ ဒါက ပုထုဇဉ် ဘဝနဲ့ သေသွားလို့ရှိရင်တော့ သေချာတယ်၊ အဲဒီမှာ ဒီလိုပဲ သူနေမှာ၊ ရှေ့တက်စရာအကြောင်း မရှိတော့ဘူးပေါ့။

အဲဒီလိုမဟုတ်ဘဲနဲ့ အာကိဉ္စညာယတနဈာန် ကို ရပြီးနောက် သောတာပန်ဖြစ်ပြီးတော့မှ အရူပဘုံ ရောက်ရင် အဲဒီပုဂ္ဂိုလ်က အရိယာအဖြစ်နဲ့ ဘဝအဆုံးသတ်မှာ ဖြစ်တယ်။ (ပုထုဇဉ်ဘဝနဲ့ ရောက်လို့ကတော့ မျှော်လင့်ချက်မရှိဘူး၊) ဆိုပါစို့ - မြတ်စွာဘုရား အလောင်းကို သမထကျင့်စဉ်နဲ့ ပတ်သက်ပြီးတော့ Guide လုပ်ပေးတဲ့ အာဠာရကာလာမ ဆိုတာ ဘယ်ရောက်နေသလဲလို့ဆိုရင် အဲဒီ အာကိဉ္စညာယတနဘုံ ရောက်နေတာ၊ သူက ပုထုဇဉ်ဘဝမှာ သေသွားတာဆိုတော့ အဲဒီမှာ သူလမ်းမဆုံးဘူး၊ မဟာကပ် ၆-သောင်း၊ သူနေပြီးရင် လောကကြီးထဲ ပြန်ရောက်လာဦးမှာပဲ၊ ကံအားလျော်စွာ သံသရာလည်ဦးမှာပဲ၊ ရုပ်တရားတွေ ပြန်ပေါ်လာမယ်၊ ပြန်ဆင်းလာလိမ့်မယ်၊ သောတာပန်ဖြစ်ပြီးမှ ရောက်သွားရင်တော့ ပြန်ဆင်းမှာ မဟုတ်တော့ဘူး။

အဲဒီဘုံမှာ သောတာပန်ဆိုတာ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့တုန်း ဆိုရင် သောတာပန် ဆိုတာဟာ တရားနာရမှ တရားနာပြီး နာထားတဲ့ အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်မှ သောတာပန်ဆိုတာ ဖြစ်လို့ရတယ်၊ သူက စိတ်ချည်းရှိတဲ့ဘုံ ရောက်သွားတဲ့အခါ နားမှ [၂၄၁] မပါတာ၊ ဘယ်လိုပြောလို့ကြားရမှာလဲ၊ နားမပါတဲ့ဘဝ ရောက်သွားတယ်၊ နားမပါတဲ့ဘဝရောက်သွားတော့ တရားနာခွင့် မရှိဘူး၊ တရားနာခွင့် မရှိရင် သူ ဝိပဿနာ ဘယ်လိုပွားရမယ်ဆိုတာ သူ့မှာ ထိုးထွင်းသိနိုင်တဲ့ အသိဉာဏ်မရှိဘူး၊ ဒါကြောင့် အဲဒီ အရူပဘုံ ကို ပုထုဇဉ်ဘဝနဲ့ ရောက်ရင် ပြန်လည်လာမှာပဲ သေချာတယ်၊ အာဠာရကာလာမ ရသေ့ကြီးဟာ တစ်နေ့ကျလို့ရှိရင်တော့ ပြန်ပေါ်လာဦးမှာပဲပေါ့နော်။

သောတာပန်ဖြစ်ပြီးမှ ရောက်သွားရင်ကတော့ ရှေ့ဆက်တက်ပြီးတော့ သွားတော့မှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူက စိတ်ရှိနေရင် အသိဉာဏ်ရှိတာပဲ၊ အသိဉာဏ်ရှိသည့်အတွက်ကြောင့် ဝိပဿနာဉာဏ် အလေ့အကျင့် ရနေတဲ့အခါ ဝိပဿနာဉာဏ်က စိတ်ကို စိတ်နဲ့ ပြန်ရှုပြီး သကဒါဂါမ် ဖြစ်မယ်၊ အနာဂါမ် ဖြစ်မယ်၊ ရဟန္တာ ဖြစ်မယ်။ အဲဒီမှာတင် ချုပ်ငြိမ်းသွားနိုင်တယ်ပေါ့ ဒီလိုဆိုလိုတာနော်၊ ဒါကြောင့် အရူပဘုံ မှာ သောတာပတ္တိမဂ်စိတ် မရနိုင်ဘူးတဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားက အာဠာရကာလာမ တို့ ဥဒက တို့ကို Great loss အကြီးအကျယ် ဆုံးရှုံးသွားပြီ၊ ငါဟောတဲ့တရားများ နာလိုက်ရလို့ရှိရင် သူတို့ ထွက်ပေါက်ရသွားမှာပဲ၊ သံသရာဝဋ်က တကယ်လွတ်သွားမှာ၊ တကယ့် သူတော်ကောင်းကြီးတွေ၊ သူတို့က လွတ်ချင်လို့ ကျင့်နေတာနော်၊ သို့သော် သူတို့မှာ လမ်းစပျောက်ပြီးတော့ သံသရာက ထွက်ပေါက်မရဘူး၊ ပြန်လှည့်လာဦးမှာပဲ၊ သူတို့ ဝင်္ကဘာထဲမှာ လမ်းလျှောက်သလိုပဲ ထွက်ပေါက်လို့ ထင်ပြီးတော့ [၂၄၂] သွားတာ၊ ဟိုကျတော့ ပိတ်နေတာနဲ့ တွေ့ဦးမှာနော်၊ ပြန်ရောက်လာကြမှာပဲ၊ ထွက်ပေါက်ရမသွားကြဘူးတဲ့၊
## နံပါတ် (၃) မေးခွန်း

မြတ်စွာဘုရားက အဲဒီဘုံမှာ ဒီလိုပဲ တည်နေလိမ့်မယ်ဆိုတော့ သူက ဘာမေးတုန်းလို့ဆိုရင် အဲဒီဘုံမှာ တည်နေလို့ရှိရင် “တိဋ္ဌေ စေ သော တတ္ထ အနာနုယာယီ,
ပူဂမ္ပိ ဝဿာနံ သမန္တစက္ခု” တဲ့၊

မြတ်စွာဘုရားကို သမန္တစက္ခု အရာခပ်သိမ်းမြင်တတ်တဲ့ မျက်စိရှိတဲ့ အရှင်မြတ်လို့ ဒီလိုပြောတာနော်၊ အဲဒီဘုံမှာ မပျက်မစီး ကမ္ဘာပေါင်းများစွာ သူတည်နေပြီးတဲ့အခါမှာ အဲဒီဘုံမှာ တကယ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကယ်၍ အရိယာသူတော်စင် ဖြစ်ပြီးတော့ လွတ်မြောက်သွားမယ် (သို့မဟုတ်) အဲဒီဘုံမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေပြီးလို့ရှိရင် အဲဒီပုဂ္ဂိုလ်ရဲ့ ဝိညာဉ် စိတ်ကလေးဟာ ပျက်စီးသွားဦးမှာလား၊ သူရရှိထားတဲ့ ဘဝကနေ သူသေရဦးမှာလားလို့ဆိုတော့ သေရဦးမှာပေါ့တဲ့၊

အဲဒီဘုံမှာ ခုနကလို တရားရှုလိုက်လို့ သောတာပန်ဖြစ်သွားပြီ၊ သကဒါဂါမ်ဖြစ်သွားပြီ၊ အနာဂါမ်ဖြစ်သွားပြီ၊ အဲဒီဘုံရောက်သွားတယ်၊ ရောက်သွားပြီးတဲ့အခါမှာ အဲဒီသန္တာန်မှာ ဖြစ်နေတဲ့ ဒီစိတ်လေးဟာ တစ်နေ့ကျတော့ ချုပ်ငြိမ်းမှာပဲ၊ စုတိစိတ် ကျမှာပဲ၊ အဲဒီလို ချုပ်သွားလို့ အဲဒီဘုံရောက်တဲ့အခါမှာ ဝိပဿနာကျင့်စဉ်တွေ ဆက်ကျင့်လို့ [၂၄၃] နာမကာယ လို့ဆိုတဲ့ နာမ်တရားအပေါင်းကနေ လုံးဝလွတ်မြောက်သွားပြီဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ဘယ်ရောက်သွားမလဲ၊ သူမေးတဲ့ မေးခွန်းကနော်၊ ဆိုပါစို့ - ဒီမေးခွန်းက “ရဟန္တာသေရင် ဘယ်ရောက်မလဲ?” ဒီမေးခွန်းမျိုးပဲနော်။

မြတ်စွာဘုရားက ဘယ်လိုဖြေလဲဆိုရင် “အစ္စိ ယထာ ဝါတဝေဂေန ခိတ္တာ, အတ္ထံ ပလေတိ န ဥပေတိ သင်္ခံ”

ဖယောင်းတိုင်ပေါ်မှာ မီးတောက် မီးလျှံကလေး ရှိတယ်၊ အဲဒီ မီးလျှံလေးကို လေတိုက်လိုက်တဲ့ အခါကျတော့ မီးလျှံလေးက ငြိမ်းသွားတယ်၊ အဲဒီငြိမ်းသွားတဲ့ မီးတောက်ကလေးကို ဘယ်ရောက်သွားတယ်လို့ ဘယ်လိုပြောမလဲတဲ့၊ မီးတောက်ကလေးဟာ ငြိမ်းသွားလို့ရှိရင် အဲဒီမီးတောက်ကလေးနဲ့ ပတ်သက်ပြီး ပြောစရာကျန်သေးရဲ့လား၊ ဘယ်ရောက်သွားတယ်၊ ဘယ်လိုပြောင်းသွားတယ်လို့ ပြောစရာမရှိတော့ဘူးနော်၊ မီးတောက်ကလေးဟာ ငြိမ်းသွားတယ်လို့ပဲ ပြောလို့ရမယ်၊ ဧဝံ မုနီ နာမကာယာ ဝိမုတ္တော အဲဒါလိုပဲတဲ့ ဒီသံသရာဝဋ်က လွတ်ဖို့ ခုနက ဝိပဿနာကျင့်စဉ် တစ်ခုကိုကျင့်လို့ ရူပကာယက နာမကာယကနေလွတ်ပြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ တဲ့ သေသွားတာနဲ့ တစ်ပြိုင်နက် စုတိစိတ်လေး ကျလိုက်တာနဲ့ “အတ္ထံ ပလေတိ န ဥပေတိ သင်္ခံ” ငြိမ်းသွားပြီတဲ့၊ ပြောစရာမကျန်တော့ဘူး၊ နိဗ္ဗာန် ရဲ့သဘောကို ပြောနေတာနော် ပြောစရာ မကျန်တော့ဘူးတဲ့၊ [၂၄၄] အဲဒီမှာ ဥပသီဝ ဟာ နားမလည်သေးဘူး။ များသောအားဖြင့် အခုခေတ်မှာလည်း နိဗ္ဗာန်နဲ့ ပတ်သက်ပြောရင် ရှုပ်ထွေးနေတုန်းပဲ၊ မြန်မာပြည်မှာ နိဗ္ဗာန်နဲ့ ပတ်သက်ပြီး ရေးထားတဲ့စာအုပ်တွေ ရှိတယ်နော်၊ ရွှေကျင်ဂိုဏ်း တည်ထောင်သွားတဲ့ ရွှေကျင်ဆရာတော်ကြီး ရေးတဲ့ ဂမ္ဘီရာဂမ္ဘီရ မဟာနိဗ္ဗုတ ဆိုတဲ့ကျမ်းကြီး၊ (စိတ်ဝင်စားရင်တော့ ဖတ်ကြည့်ပေါ့) အဲဒီထဲမှာလည်းပဲ နိဗ္ဗာန်ရဲ့ထူးခြားဆန်းကျယ် အံ့သြဖွယ်တွေဂုဏ်ရည်တွေ ထည့်ပြီး ရေးထားတယ်၊ ဂုဏ်ရည်တွေ ထည့်ရေးထားတာ ဘာအဓိပ္ပါယ်တုန်းဆိုတော့ ဆရာတော်ကြီးက နိဗ္ဗာန်ဟာ လုံးဝပျောက်သွားတာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်အနေနဲ့ ရေးထားတာ၊ နောက် ဒွါရဂိုဏ်းကြီးကို တည်ထောင်သွားတဲ့ အုတ်ဖိုဆရာတော်ကြီး ရဲ့ စန္ဒမဏ္ဍလသုက္ကစာတမ်း ဆိုတာ ရှိတယ်၊ သေးသေးလေးရယ်၊ အဲဒီမှာလည်းပဲ နိဗ္ဗာန်မှာ ရုပ်ထူးနာမ်ထူးဆိုတဲ့ သဘောမျိုးတွေ ဖော်ပြထားတယ်။ နိဗ္ဗာန်နဲ့ ပတ်သက်လို့ရှိရင် တော်တော်လေးကို သဘောပေါက်ဖို့ လိုအပ်သေးတယ်နော်၊ ဆရာတော်ကြီးတွေက နိဗ္ဗာန်ဟာ လုံးဝငြိမ်းသွားတာ မဟုတ်ဘူး၊ ဘာမှမရှိတော့ဘူးဆိုလို့ရှိရင် ဘာလုပ်ဖို့တုန်းဆိုတာမျိုး ဖြစ်မှာစိုးလို့ မရှိဘူးဆိုတာ နတ္ထိပညတ် နဲ့ သွားပြီးတော့ ရောနိုင်စရာ ရှိတယ်ပေါ့၊ အဲဒါကြောင့်မို့ မရှိဘူးဆိုတာ မဟုတ်ဘူး၊ ရှိတယ်ဆိုတာလေး လုပ်တဲ့သဘောပေါ့။

[၂၄၅] နိဗ္ဗာန်အယူအဆနဲ့ ပတ်သက်ပြီး လက်လှမ်းမမီဘူး။ နိဗ္ဗာန် အကြောင်းကို ရေးတယ်ဆိုတဲ့သူတွေဟာလည်း အတော်အံ့ဩစရာ ကောင်းတယ်နော်၊ မရောက်ဖူးဘဲနဲ့ ရေးနေကြတာ။ နိဗ္ဗာန်နဲ့ ပတ်သက်ပြီး ဘုန်းကြီးတို့နဲ့ အင်မတန်မှရင်းနှီးတဲ့ ဆရာတော်တစ်ပါး ရေးထားတဲ့ “ဘဝနဲ့ နိဗ္ဗာန်” ဆိုတဲ့ စာအုပ်မှာ နိဗ္ဗာန်အကြောင်းတွေကို စုရေးပြထားတာ ရှိတယ်၊ မဟာစည် ဆရာတော်ဘုရားကြီး စုပြီးတော့ ဟောထားတဲ့ နိဗ္ဗာနပဋိသံယုတ္တ ကထာ နိဗ္ဗာန်ဆိုင်ရာ တရားတော်ကြီးဆိုတာလည်း ရှိတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ပေါ့ စာနဲ့ပေနဲ့အညီ ရေးထားတဲ့ဟာတွေပဲ၊ စာထဲအတိုင်း ထင်ရှားအောင် ဖော်ပြထားတာ၊ နိဗ္ဗာန်က နားလည်ဖို့ ခက်တာတော့ အမှန်ပဲပေါ့။

နံပါတ် (၄) မေးခွန်း

အခု ဒီသုတ္တန်မှာကြည့် - မြတ်စွာဘုရားကို ဥပသီဝ ထပ်မေးတယ်၊ “အတ္ထင်္ဂတော သော ဥဒဝါ သော နတ္ထိ” ချုပ်သွားတာ ဆိုတာ ဟုတ်ပြီတဲ့၊ ချုပ်သွားတာ လုံးဝမရှိတာလားတဲ့၊ ချုပ်သွားပါပြီ ဆိုတဲ့ နောက်မှ လုံးဝမရှိတော့တာလားလို့ ထပ်မေးသေးတယ်နော်၊ လောကမှာ ဒီအချက်ဟာ နားလည်ဖို့တော်တော်ခက်တဲ့ အချက်ပဲ၊ ဒါမှမဟုတ်ဘဲ ထာဝရတည်မြဲတဲ့ အနေအထားလေးတစ်ခု ဖြစ်ပြီး ဘယ်တော့မှ မပျက်စီးတော့တာလားတဲ့ “ဥဒါဟု ဝေ သဿတိယာ [၂၄၆] အရောဂေါ” ဘာမှ အထိအခိုက်မရှိ ထာဝရတည်တဲ့ အမြဲလားတဲ့၊ (သို့မဟုတ်) ချုပ်သွားပြီးရင် ချုပ်သွားပြီလားတဲ့၊ (သို့မဟုတ်) ဘာမှ မရှိတော့တဲ့အရာလားတဲ့၊ အရှိကနေ ချုပ်သွားတာလား (သို့မဟုတ်) ဘာမှမရှိတဲ့ဟာလား (သို့မဟုတ်) ထာဝရမြဲတဲ့ အနေအထားတစ်ခု ရောက်သွားတာလား၊ အဲဒါကို ထပ်ရှင်းပြီး ဟောစမ်းပါဦးတဲ့။ ဒီတရားနဲ့ ပတ်သက်ပြီး ဒီတရားတွေသိရင် ဘယ်လိုအနေအထားမျိုးတွေ ရတာတုန်းဆိုတာကို မြတ်စွာဘုရားက ဘာအမိန့်ရှိသလဲဆိုရင်

“အတ္ထင်္ဂတဿ န ပမာဏမတ္ထိ” တဲ့၊ ချုပ်သွားပြီ ဆိုကတည်းက တိုင်းတာပြစရာ ဘာမှမရှိတော့ဘူး၊ ချုပ်ငြိမ်းသွားပြီဆိုတဲ့ နေရာမှာတဲ့ အတိုင်းအတာတစ်ခု လုပ်ပြစရာ ဘာမှမရှိဘူးတဲ့ “ယေန နံ ဝဇ္ဇံ တံ တဿ နတ္ထိ”၊ သူ့ကို “ဘာလို့” ပြောဖို့ရာ ဘာမှမရှိဘူး၊
“သဗ္ဗေသု ဓမ္မေသု သမ္မတေသု,
သမ္မတတာ
ဝါဒပထာပိ သဗ္ဗေ၊
ပြောစရာစကားကို မရှိတော့ဘူးတဲ့၊ အဓိပ္ပါယ်ကတော့ သူနဲ့ပတ်သက်ပြီး ပြောစရာစကား မရှိတော့ဘူး၊ ပြောစရာစကား ဆိုတာ ဥပမာမယ်- အခု လူလို့ပြောတာ၊ ဘာကို အစွဲပြုပြီး ပြောတာလဲဆို ရုပ်ကို အကြောင်းပြုပြီး ပြောတာ၊ ဝေဒနာရှိလို့ လူလို့ပြောတာ၊ သညာရှိလို့ လူလို့ပြောတာ၊ သင်္ခါရရှိလို့ ဝိညာဏ်ရှိလို့ ဆိုလိုတာက Physical Body ရှိတယ်၊ Mind ရှိတယ်၊ အဲဒါကို ကြည့်ပြီးတော့ လူလို့ပြောတာ၊ အခုဟာက Physical Body လည်း [၂၄၇] မရှိတော့ဘူးနော်၊ ဝေဒနာ သညာ သင်္ခါရ ဆိုတဲ့ Mental Body လည်း မရှိတော့ဘူး၊ မရှိတော့ဘူးဆိုရင် ဘာနဲ့ပြောမလဲ၊ မရှိတာနဲ့ ပြောလို့ရမှာလား၊ မရဘူး။ ဥပမာမယ်- သစ်ပင်လို့ ပြောလို့ရှိရင် သစ်ပင်လို့ ပြောစရာ အကြောင်းတွေက ဘာတုန်းဆိုရင် အရွက်ရှိရမယ်၊ အကိုင်းရှိရမယ်၊ အခက်ရှိရမယ်၊ အမြစ်ရှိရမယ်၊ ပင်စည်ရှိရမယ်ပေါ့၊ အဲဒါတွေရှိမှ သစ်ပင်လို့ ပြောလို့ရမယ်ပေါ့၊ အဲဒီလိုပဲ သတ္တဝါလို့ပြောဖို့ရာ ကိလေသာရှိရမယ်၊ ခန္ဓာရှိရမယ်၊ ကံတရားတွေ ရှိရမယ်၊ အဲဒါရှိမှ ပြောလို့ရတာ၊ အခုက ကိလေသာလည်း ချုပ်သွားပြီ၊ ခန္ဓာလည်း ချုပ်သွားပြီ၊ ကံတရားတွေလည်း ချုပ်သွားပြီဆိုတော့ ဘာနဲ့ပြောမလဲ ပေါ့။ ဒါကြောင့်မို့ မြတ်စွာဘုရားက သဗ္ဗေသု ဓမ္မေသု သမ္မတေသု - သဘာဝတရားတွေအားလုံး မရှိတော့ဘူးတဲ့ ခန္ဓာတွေ အာယတနတွေ ဓာတ်တွေ မရှိတော့ဘူး၊ သမ္မတတာ ဝါဒပထာပိ သဗ္ဗေ ပြောစရာအချက်အလက်တွေ တစ်ခုမှ မရှိတော့ဘူးတဲ့၊ ဘာနဲ့ ပြောမှာလဲတဲ့။

အဂ္ဂိဝစ္ဆသုတ်

အဲဒါနဲ့ပတ်သက်ပြီးတော့ ပိုရှင်းအောင် အဂ္ဂိဝစ္ဆသုတ်ကို ဖတ်ရမယ်၊ အဲဒီ အဂ္ဂိဝစ္ဆသုတ်ကို နားလည်ဖို့ လိုတယ်ပေါ့၊ မဇ္ဈိမနိကာယ်ထဲမှာ အဂ္ဂိဝစ္ဆသုတ်ဆိုတာ ရှိတယ်၊ အဲဒီ အဂ္ဂိဝစ္ဆသုတ်မှာ [၂၄၈] မြတ်စွာဘုရားက ဟောတယ်၊ ဝိမုတ္တစိတ္တ, ကိလေသာ အာသဝတွေကနေ လွတ်မြောက်သွားတဲ့ စိတ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး၊ အဲဒီပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး ဝစ္ဆဂေါတ္တပုဏ္ဏားပရိဗိုဇ်က မေးတယ်၊ “အရှင်ဂေါတမတဲ့ ကိလေသာအာသဝတွေကနေ လွတ်မြောက်သွားတဲ့ စိတ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သေသွားပြီးတဲ့နောက် သူ့အကြောင်း ပြောလို့ ရသေးတယ်လား။ ဥပမာ - ရှင်သာရိပုတ္တရာ ဆိုပါစို့ ရှင်သာရိပုတ္တရာလို့ ဘာရှိလို့ ပြောနိုင်တာတုန်းဆိုရင် သူ့မှာ ရုပ်ခန္ဓာကိုယ်ကြီးရှိလို့ ဒါ ရှင်သာရိပုတ္တရာ၊ စိတ်တွေရှိလို့ ဒါ ရှင်သာရိပုတ္တရာ၊ ခန္ဓာကိုယ် အကြောင်းပြုပြီးတော့ ရှင်သာရိပုတ္တရာလို့ ပြောတယ်၊ ကဲ ပရိနိဗ္ဗာန်စံသွားပြီနော်၊ ရုပ်လည်း မရှိတော့ဘူး၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်လည်း မရှိတော့ဘူး၊ ခန္ဓာလည်း မရှိတော့ဘူး၊ ကိလေသာတွေလည်း မရှိတော့ဘူး၊ ကံတရားတွေလည်း မရှိတော့ဘူး၊ အကုန်လုံးကုန်သွားပြီ၊ အဲဒီအချိန်မှာ ဘာကိုပြောမှာလဲ၊ ဘာနဲ့ပြောမလဲ၊ မရှိတော့ဘူး၊ ဝိမုတ္တစိတ္တ ပုဂ္ဂိုလ်ဘယ်ရောက်သွားလဲ၊ ဘယ်နေရာမှာ သွားမွေးတယ်လို့ ပြောရမလဲတဲ့။ မြတ်စွာဘုရားကို သူကမေးတယ်၊ “အဲဒါဆိုရင်တဲ့ အဲဒီ ဝိမုတ္တစိတ္တပုဂ္ဂိုလ်ဟာ လွတ်မြောက်ပြီး နိဗ္ဗာန် ရောက်သွားတဲ့အခါမှာ ဘာဖြစ်သေးတုန်း၊” မြတ်စွာဘုရားက “ဖြစ်တယ်”လို့လည်း ပြောလို့ မရဘူး၊ ဒါဖြင့် မဖြစ်တော့ဘူးလား ဆိုတော့ “မဖြစ်ဘူး” လို့လည်း ပြောလို့ မရဘူးတဲ့၊ ဒါဖြင့် ဖြစ်တာ ရှိတယ်၊ မဖြစ်တာ ရှိတယ်လို့ [၂၄၉] ပြောရမှာလား၊ “ဖြစ်တယ်၊ မဖြစ်ဘူး” လို့လည်း ပြောလို့မရဘူးတဲ့၊ လုံးဝမဖြစ်ဘူး, လုံးဝမဖြစ်တာ မဟုတ်ဘူးလို့လည်း ပြောလို့ရမလား၊ မရဘူးတဲ့ ဆိုလိုတာက ဒီစကားအနေနဲ့ ဘာမှသုံးလို့မရတော့ဘူးလို့ ပြောတာ၊ အင်မတန်မှ နားရှုပ်စရာကောင်းတယ်၊ Dialectic ပုံစံမျိုး။ နာဂဇ္ဇုန ဆိုတဲ့ အတွေးအခေါ်ရှင် တစ်ဦးဟာ မူလမာဓျမိကကာရိကာ ဆိုတဲ့ကျမ်းကို ရေးတယ်၊ ဘုန်းကြီးတို့ သီဟိုဠ်နေတုန်းက Chapter တစ်ခု နှစ်ခု သင်ဖူးတယ်ပေါ့၊ အလွန်ရှုပ်ထွေးတယ်၊ နားမလည်ဘူး၊ Dialectic တဲ့။ ကျမ်း စဖွင့်ကတည်းက သူက ငြင်းဆိုချက် ၈-မျိုးနဲ့ဖွင့်တာ ငြင်းဆိုချက် ၈-မျိုးက “ဖြစ်တာလည်း မဟုတ်ဘူး၊ ပျက်တာ လည်း မဟုတ်ဘူး၊ လာတာလည်း မဟုတ်ဘူး၊ ပြန်တာလည်း မဟုတ်ဘူး၊” အဲဒီလို မဟုတ်တာ ၈-မျိုးနဲ့ ကျမ်းကို ဖွင့်တော့ ဘာမှန်းကို မသိတာ၊ Dialectic လို့ ခေါ်တယ်၊ အဲဒီကျမ်း ဖတ်ချင်ရင် စိတ်ဝင်စားရင် Central Philosophy ဆိုတာ ဖတ်ကြည့်ရမယ်။ မြတ်စွာဘုရားဆီက နည်းရထားတာ ကြည့် - မြတ်စွာဘုရားက ရဟန္တာပုဂ္ဂိုလ်ကို “ဥပပဇ္ဇတိ” သံသရာမှာ ဖြစ်တယ်လို့ ပြောလို့ မရဘူးတဲ့၊ ဖြစ်တာ မဟုတ်ဘူးဆိုရင် မဖြစ်ဘူးလို့ ပြောရမလားဆို “မဖြစ်ဘူး”လို့လည်း ပြောလို့ မရဘူး၊ တချို့ဖြစ် တချို့မဖြစ်လို့လည်း ပြောလို့မရဘူးတဲ့၊ လုံးဝမဖြစ်ဘူး၊ မဖြစ်ဘူးလည်း မဟုတ်ဘူးလို့လည်း ပြောလို့ မရဘူးတဲ့၊ ဟော လေးခု၊ Dialectic ပုံစံနဲ့ ပြောတာ၊ [၂၅၀] ဥပပဇ္ဇတိ၊ နဥပပဇ္ဇတိ၊ ဥပပဇ္ဇတိ စေဝ နစ ဥပပဇ္ဇတိ၊ နေဝ ဥပပဇ္ဇတိ န နဥပ္ပဇ္ဇတိ၊ ၄-ချက်၊ အဲဒီ ၄-ချက်နဲ့ ပြောလို့မရဘူးတဲ့ ဆိုတော့ ဝစ္ဆဂေါတ္တကပြောတယ်၊ “အရှင်ဘုရားတဲ့ အရှင်ဘုရား တရားနာလို့ တပည့်တော် နဂိုတုန်းက အရှင်ဘုရားအပေါ်မှာ ကြည်ညိုစိတ်လေး ရှိတာတောင် ပျောက်သွားပြီတဲ့၊ တပည့်တော် နားမလည်တော့ဘူး”တဲ့။ မြတ်စွာဘုရား ပြောတယ် အေး ဘယ်နားလည်မလဲတဲ့ မင်းရဲ့ အတွေးတွေ မင်းရဲ့ ယူဆချက်တွေက တစ်မျိုး၊ အဲဒီလို မင်းရဲ့ အသိဉာဏ်လေးနဲ့ ဘယ်လိုလုပ်မှ နားမလည်နိုင်ဘူးဆိုပြီး မြတ်စွာဘုရား ယခုဥပမာလေးနဲ့ရှင်းတယ်။ “ကောင်းပြီကွာ မင်းရှေ့မှာ မီးဖိုလေး ဖိုထားတယ်၊ အဲဒီအချိန်မှာ မီးရှိတယ်ဆိုတာသိလား သိတယ်၊ အဲဒီမီးဟာ ဘာကြောင့် တောက်နေလဲ၊ ထင်းတို့ ဘာတို့ပေါ့၊ မီးစာ လောင်စာပေါ်မှာ တောက်တယ်၊ ဟုတ်ပြီ၊ အဲဒီမီးတောက်ကလေးကို ငြှိမ်းလိုက်ပြီ၊ ငြှိမ်းလိုက်တဲ့အခါကျ အဲဒီ ငြိမ်းသွားတဲ့ကလေးကို ဘယ်လိုပြောမလဲ၊ အရှေ့အရပ် ရောက်သွားတာလား၊ အနောက်အရပ် ရောက်သွားတာလား၊ တောင်အရပ် ရောက်သွားတာလား၊ မြောက်အရပ် ရောက်သွားတာလား (သို့မဟုတ်) အထက် ရောက်သွားတာလား၊ အောက် ရောက်သွားတာလား၊ မင်းဘယ်လိုပြောမလဲလို့ မေးတယ်။ “ဘယ်လိုမှ ပြောစရာမရှိတော့ဘူး၊ ငြိမ်းသွားတယ်လို့ပဲ ပြောရမယ်တဲ့” သဘောပေါက်တယ်နော်၊ ငြိမ်းတယ်လို့ပဲ ပြောရမယ်၊ ဟိုရောက်သွား [၂၅၁] ဒီရောက်သွားတယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး၊ ငြိမ်းတယ်လို့ပဲ ပြောလို့ရတယ်တဲ့။ အေး အဲဒါလိုပဲ ရဟန္တာပုဂ္ဂိုလ်ဆိုတာ ရဟန္တာလို့ သတ္တဝါလို့ ပြောဖို့ရာ ရုပ် လုံးဝမရှိတော့ဘူး၊ သတ္တဝါလို့ ပြောလို့ရတဲ့ ရုပ်၊ သတ္တဝါလို့ ပြောလို့ရတဲ့ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်လို့ဆိုတဲ့ ဒီ ခန္ဓာ ၅-ပါး၊ ခန္ဓာ ၅-ပါး အကြောင်းပြုပြီးတော့ သတ္တဝါလို့ပြောတာ၊ ရဟန္တာလို့ ပြောတာ၊ အဲဒီခန္ဓာတွေ မရှိဘူးဆိုလို့ရှိရင် ငြိမ်းသွားရင် ငြိမ်းသွားတယ်လို့ပဲ ပြောရမှာပဲတဲ့ ဒီ့ပြင် ဘာမှ ပြောစရာမရှိတော့ဘူး၊ ရှိမှ မရှိတာ ဘာနဲ့ပြောမှာတုန်း။ ရတနသုတ်ထဲမှာ မြတ်စွာဘုရားက ဟောထားတယ်လေ၊
“ခီဏံ ပုရာဏံ နဝ နတ္ထိသမ္ဘဝံ၊
ဝိရတ္တစိတ္တာယတိကေ ဘ၀သ္မိံ၊
တေ ခီဏဗီဇာ အဝိရုဠှိဆန္ဒာ၊
နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ” တဲ့၊
အဲဒါကို စဉ်းစားကြည့် ခီဏံ ပုရာဏံ - ကံဟောင်းတွေလည်း မရှိတော့ဘူးတဲ့၊ နဝ နတ္ထိသမ္ဘဝံ - အသစ်တွေလည်း ဖြစ်ခြင်း မရှိတော့ဘူးတဲ့၊ ဝိရတ္တ စိတ္တာ ယတိကေ ဘ၀သ္မိံ - ဘဝမှာ တွယ်တာတယ် ဆိုတဲ့ တဏှာလည်း မလာတော့ဘူးတဲ့၊ အဝိရုဠှိဆန္ဒာ - ဆန္ဒတွေ တဏှာဆိုတဲ့ ဖြစ်ချင်တာတွေလည်းပဲ တိုးတက် ဖြစ်မလာတော့ဘူး၊ ခီဏဗီဇာ ဘဝမှာ မွေးဖွားဖို့အတွက် [၂၅၂] မျိုးစေ့တွေလည်းပဲ ကုန်သွားပြီတဲ့၊ မရှိတော့ဘူး၊ နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ - မီးတောက်ကလေး ငြိမ်းသွားသလို ငြိမ်းသွားပြီလို့လာတယ်၊ အဲဒီတော့ ပြောချင်ရင် ဘယ်လိုပြောမတုန်းဆိုရင် “ငြိမ်းသွားပြီ” လို့ပဲ ပြောလို့ရတယ်၊ ဘယ်မှာ ဖြစ်တယ်၊ ဘယ်မှာတည်တယ်၊ ဒါတွေ ပြောလို့ မရတော့ဘူးတဲ့၊ ဒီလိုဆိုလိုတာ၊ အဲဒီတော့ နိဗ္ဗာန် ဆိုတာကိုလည်း မှန်းပြီးတော့ ကြည့်ပေတော့တဲ့။ သို့သော် ဘဝတဏှာရှိနေတဲ့ပုဂ္ဂိုလ်ဟာ ငြိမ်းသွားပြီဆိုရင် လန့်တယ်နော်၊ မဖြစ်တော့ဘူးဆိုရင် လန့်တယ်၊ ဘာလို့လဲဆိုတော့ ဖြစ်ချင်တာကိုး၊ မဖြစ်တော့ဘူးဆိုရင် လန့်နေပြီ၊ ငါဘယ်တော့မှ မဖြစ်ရတော့ဘူး ဆိုပြီး လူတွေက ကြောက်လန့်ကုန်တယ်၊ ဘာဖြစ်လို့ ကြောက်လန့်တာလဲဆို ဖြစ်ချင်နေလို့ ကြောက်လန့်တာ၊ အဲဒီတော့ ဘဝတဏှာ မရှိတော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်အနေနဲ့ ခံစားကြည့်လိုက်၊ ဖြစ်ချင်တယ်ဆိုတဲ့တဏှာ မရှိတော့တဲ့ ပုဂ္ဂိုလ်အနေနဲ့ ဆိုရင် ဝမ်းသာစရာကြီးပဲ၊ ဒါ ဘာဖြစ်လို့တုန်းဆို ဖြစ်နေရင် အိုဦးမှာ နာဦးမှာ သေဦးမှာကိုး၊ မဖြစ်တော့ဘူးဆိုမှ အိုခြင်း နာခြင်း သေခြင်းက လွတ်မှာကိုး၊ အဲဒီနည်းကို မြတ်စွာဘုရားက အဲဒီ အဂ္ဂိဝစ္ဆသုတ်မှာ ရှင်းပြတယ်။ ယခု ဥပသီဝကိုလည်း အဲဒီမီးတောက်ကလေးနဲ့ ရှင်းပြီး “အေး သတ္တဝါလို့ပညတ်ဖို့ရန်အတွက် ရုပ်ဆိုတာလည်း မရှိဘူး၊ နာမ်ဆိုတာ လည်း မရှိဘူး၊ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတာလည်း မရှိတော့ဘူး၊ မရှိတော့ရင် ဘာနဲ့ပြောမှာတုန်းတဲ့၊ ပြောစရာအချက် [၂၅၃] အလက်တွေ အားလုံးကုန်သွားပြီ” တဲ့၊ “အတ္ထင်္ဂတဿ န ပမာဏမတ္ထိ” တိုင်းတာပြစရာ ဘာမှမရှိဘူးတဲ့၊ ဆိုပါစို့ - ခန္ဓာရှိသေးရင် တိုင်းတာပြလို့ ရတယ်၊ ဝေဒနာရှိနေရင်လည်း တိုင်းတာပြလို့ရတယ်၊ လောဘ ဒေါသ စသဖြင့် ရှိနေရင်လည်း တိုင်းတာပြလို့ ရတယ်လေ၊ သတ်မှတ်လို့ရတယ်၊ “ယေန နံ ဝဇ္ဇံ တံ တဿ နတ္ထိ”တဲ့၊ သူ့မှာ ဘာနဲ့ပြောမလဲ ပြောလို့ရမှ မရတာ၊ ပြောစရာမှ မရှိတော့တာ၊ အခု ဘုန်းကြီးတို့တတွေ လူလို့ပြောတာ ရုပ်ခန္ဓာကြည့် ပြောနေတာ၊ ဝေဒနာ ကြည့်ပြောနေတာ၊ သညာကြည့် ပြောနေတာ နော်၊ ခန္ဓာငါးပါးကို ကြည့်ပြောနေတာ၊ အဲဒီ သဘာဝတရားတွေ အကုန်လုံး ပျက်စီးသွားပြီ မရှိတော့ဘူးဆိုရင် သမ္မတတာ ဝါဒပထာပိ သဗ္ဗေ - ပြောစရာ စကားတွေလည်း ကုန်သွားပြီတဲ့၊ စကားပြောလို့ ရတဲ့ အချက်တွေ ကိလေသာတွေ ကံတွေ ခန္ဓာတွေ အကုန် ကုန်သွားပြီဆိုတော့ ဘာနဲ့ပြောမှာလဲတဲ့၊ ပြောလို့ မရတော့ဘူးတဲ့၊ အဲဒီတော့ ဘာနဲ့မှ ပြောလို့မရလို့ရှိရင် စကားလုံးနဲ့ ဖော်ပြစရာ မရှိတော့ဘူးတဲ့၊ အဲဒီတော့ စကားလုံးနဲ့ ဖော်ပြချင်ရင် ဘယ်လို ဖော်ပြရမလဲဆို ပရိနိဗ္ဗုတော ငြိမ်းသွားပြီ၊ ဘာတွေ ငြိမ်းတုန်း၊ ကိလေသာတွေ ငြိမ်းတယ်၊ ခန္ဓာတွေ ငြိမ်းတယ်၊ ငြိမ်းသွားတဲ့ မီးတောက်ကလေးကို ဘယ်လိုပြောမတုန်း၊ ဒီ မီးတောက်ကလေးဟာ ငြိမ်းပြီး ဘယ်ရောက်သွားတယ်လို့ ပြောလို့မရဘူးတဲ့၊ ငြိမ်းသွားတယ်လို့ပဲ ပြောရမယ်တဲ့။

[၂၅၄] ငြိမ်းတာဟာ ကောင်းလား မကောင်းလားဆိုတော့ မငြိမ်းဘဲ နေရင် ဒုက္ခရောက်တာကိုသိမှ ငြိမ်းတာ ကောင်းတယ်ဆိုတာ ထင်မှာ၊ မငြိမ်းလို့ အရသာရှိနေတဲ့လူဟာ ဘယ်တော့မှ ငြိမ်းတာကြိုက်မှာ မဟုတ်ဘူး၊ အေး ဒါကြောင့်မို့လို့ တရားချစ်ခင်သူတော်စင်ပရိသတ် အပေါင်းတို့ အခု ၈-ဂါထာနဲ့ မြတ်စွာဘုရားက ဥပသီဝရဲ့မေးခွန်းတွေကို ဖြေလိုက်တယ်။ အာကိဉ္စညာသမာပတ်ကို ရရှိထားတဲ့ အဆင့်မြင့်တဲ့ သမာဓိစွမ်းအားတွေ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဝိပဿနာဉာဏ် အဆင့်ဆင့် ရှုပုံရှုနည်းနဲ့ ဒီဩဃဆိုတဲ့ သံသရာကြီးကို ဖြတ်ကျော်ရမယ့် နည်းလမ်းတွေကို မြတ်စွာဘုရား ပေးလိုက်တယ်၊ သူသဘောကျပြီး ဒီပုဂ္ဂိုလ်ကြီးဟာ နဂိုကတည်းက သမာဓိစွမ်းအားတွေ ရှိနေပြီးသားဖြစ်တော့ ဝိပဿနာဘက်ကို ဦးလှည့်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့သန္တာန်မှာရှိတဲ့ ကိလေသာ အာသဝတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် ကုန်သွားလို့ နောက်ဆုံးမှာ အရဟတ္တမဂ် အရဟတ္တဖိုလ်ရောက်ပြီး ရဟန္တာဖြစ်သွားပါတယ်တဲ့ သူ့တပည့်တွေနဲ့ အတူတကွ ရဟန္တာဖြစ်ပြီးတော့ ရသေ့အသွင်ကနေပြီးတော့ ရဟန္တာ ရဟန်းအသွင်ကို ရောက်ရှိပြီးတော့ မြတ်စွာဘုရားကို ရိုသေလေးစားစွာ လက်အုပ်ချီမိုး ရှိခိုးလျက်နေကြတယ်။ ဒါကြောင့်မို့ ဥပသီဝရဲ့အမေးကို ဖြေခြင်းဆိုတဲ့ ဒီကနေ့ တရားဒေသနာကို နာကြားရပြီးတော့ နိဗ္ဗာန်ဆိုတာရဲ့ သဘောကို သိရှိဝမ်းမြောက်ကြပြီး မိမိတို့ကိုယ်တိုင်လည်း ဆင်းရဲဒုက္ခက [၂၅၅] လွတ်မြောက်ချင်ရင် နိဗ္ဗာန်ဆိုတဲ့ သဘာဝတရားကို မိမိတို့ကိုယ်တိုင် ရောက်ရှိကြမှသာလျှင် သိရှိနားလည်ကြမယ်။ ချမ်းသာသုခ အပြည့်အဝ ရရှိကြမယ်၊ ဆင်းရဲဒုက္ခက လုံးဝလွတ်မြောက်ကြမယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။
သာဓု
သာဓု
သာဓု၊ [၂၅၆] သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂- ခုနှစ် နတ်တော်လဆန်း ၈-ရက်၊ ခရစ်နှစ် ၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၁၄-ရက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဇမ္ဗူသီရိဗိမာန်တော်တွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ အနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွား မိဘဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

နန္ဒရသေ့၏အမေးကို ဖြေဆိုခြင်း

ဗုဒ္ဓမြတ်စွာ၏ မျက်မှောက်သို့ လာရောက်ကြတဲ့ ဗာဝရီ ပုဏ္ဏား၏ တပည့် ၁၆-ဦးတို့အနက် ဒီကနေ့ ၇-ယောက်မြောက်ဖြစ်တဲ့ နန္ဒရသေ့က မြတ်စွာဘုရားကို မေးခွန်းတွေ မေးတယ်၊ အားလုံး မိမိတို့ရဲ့ရင်တွင်းသံသယ မရှင်းလင်းတဲ့အချက်တွေနဲ့ ပတ်သက်ပြီး တော့ မေးကြတာတွေချည်းပဲ၊ မေးခွန်းတွေအားလုံး ခြုံကြည့်မယ်ဆိုလို့ ရှိရင်တော့ အကုန်လုံး အိုခြင်း နာခြင်းက လွတ်ကင်းမယ့်လမ်းစဉ်ကို သိချင်ကြတာတွေချည်းပဲ၊ အို နာ သေရေး ဒုက္ခဘေးတွေ လွတ်တဲ့ [၂၅၇] နေရာဆိုတာ ‘ပါရ’လို့ ခေါ်တဲ့ ဟိုဘက်ကမ်းမှာပဲ ရှိတယ်၊ ဒီဘက် ကမ်းမှာ မရှိဘူးတဲ့။

သက္ကာယကို ဒီဘက်ကမ်းလို့ ခေါ်တယ်၊ သက္ကာယနိရောဓ ဖြစ်တဲ့နိဗ္ဗာန်ကို ဟိုဘက်ကမ်းလို့ခေါ်တယ်၊ အဲဒီတော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ဘာထူးတုန်းဆိုလို့ရှိရင် ဒီဘက်ကမ်းက သက္ကာယ ရှိနေတယ်၊ သက္ကာယဆိုတာ ခန္ဓာ ရှိနေတယ်၊ ခန္ဓာရှိနေသည့် အတွက်ကြောင့် ဇာတိ ဇရာ ဗျာဓိ မရဏ ဆိုတာ ဒီဘက်မှာ ရှိတယ်၊ ဒီဘက်ကမ်းနေတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ ဘယ်ပုဂ္ဂိုလ်မှ အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ ဘေးဒုက္ခက လွတ်တယ်လို့ မရှိဘူး၊ အဲဒီ အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ ဘေးဒုက္ခက လွတ်ဖို့ရန် ဟိုဘက်ကမ်း ကို ကူးကြရမယ်။

အဲဒီလိုကူးတဲ့အခါမှာ စီးသွားစရာ အမှီမရှိဘဲနဲ့ အင်မတန် ကျယ်ပြောတဲ့ ဟိုဘက်ကမ်း၊ အလှမ်းဝေးကွာတဲ့ ဟိုဘက်ကမ်းကို ရောက်နိုင်ဖို့ဆိုတာ ကူးစရာ လှေ သင်္ဘော မရှိဘဲနဲ့ ရောက်ဖို့မရှိဘူး၊ အလယ်မှာ အလွန်အန္တရာယ်များပြီးတော့ အလွန်ဖြတ်ကျော်ဖို့ခက်ခဲ တဲ့ ရေအလျဉ်တွေက တသွင်သွင် စီးနေတယ်၊ ဘေးရန်အန္တရာယ် တွေက အလွန်များတယ်၊ ဟိုဘက်ကမ်းကို ကူးဖို့ကြိုးစားရင်းနဲ့ပဲ ပျောက်သွားနိုင်တယ်ပေါ့။

အဲဒီတော့ ဒီဘက်ကမ်းမှာ ဆက်လက်ပြီးတော့နေမယ် ဆိုရင် လည်း အိုခြင်း နာခြင်း သေခြင်းနဲ့ပဲ တဝဲလည်လည် အဆုံးသတ်ပြီး ဒီထဲကနေ ထွက်လမ်းမရှိဘူး ဖြစ်တယ်၊ ဒါကြောင့် ဟိုဘက်ကမ်း [၂၅၈] ဘယ်လိုကူးရမလဲဆိုတဲ့ နည်းလမ်း နည်းစနစ်တွေ၊ ဩဃဆိုတဲ့ ရေပြင်ကြီးကို ဘယ်လိုလုပ်ပြီးတော့ ဖြတ်ရမလဲ၊ အဲဒီ ဖြတ်ဖို့နည်းလမ်း နည်းစနစ်ဟာ ဗုဒ္ဓမြတ်စွာပွင့်လာမှ သိရှိရတဲ့ နည်းစနစ် ဖြစ်တယ်ပေါ့၊ ဟိုးရှေးယခင်တုန်းကတော့ ဒီဘက်ကမ်းမှာပဲ သံသရာက လွတ်တယ်လို့ ထင်ပြီးတော့ ကြိုးပမ်းအားထုတ်နေကြတယ်၊ ဒီဘက်ကမ်းမှာပဲ လွတ်လမ်းကို ရှာနေကြတော့ ဘယ်လိုနည်းနဲ့မှ မတွေ့နိုင်ဘူး၊ နောက်ဆုံး ဒီဘက်ကမ်းထဲမှာ အကောင်းဆုံး သမထကျင့်စဉ်တွေ ကျင့်လို့ ဒီဘက်ကမ်းမှာပဲ ဒီသံသရာဝဋ်ကနေ လွတ်ရာလွတ်ကြောင်းကို ရှာကြတာ၊ အတော်အတန်ကြာအောင် ဘဝတွေကို မေ့သွားလောက်အောင် ဆင်းရဲဒုက္ခတွေကို မေ့သွား လောက်အောင် ဘဝတစ်ခုမှာ အချိန်အကြာကြီး နေရတော့ အိုရမယ်လို့ မထင်ရဘူး၊ နာရမယ်လို့ မထင်ရဘူး၊ သေရမယ်လို့ မထင်ရဘူး၊ ထာဝရတည်မြဲနေပြီလို့ ယုံကြည်ယူဆလောက်တဲ့ဘဝ၊ တမေ့တမောကြီး ငြိမ်းချမ်းစွာ နေပြီးတဲ့အခါမှာ နောက်ဆုံးရောက် တော့ ကိုယ်မလိုချင်တဲ့ အဖြစ်ဆိုးတွေနဲ့ ပြန်ကြုံရပြန်တာပဲ။

မနေ့ကပြောခဲ့တဲ့ အာကိဉ္စညာယတနဈာန် ရသွားတဲ့ ရသေ့ကြီးပဲ ကြည့်၊ အာကိဉ္စညာယတနဈာန်နဲ့ အားထုတ်ပြီးလို့ရှိရင် အဲဒီဈာန်ရဲ့စွမ်းအားနဲ့ ဒီဘက်ကမ်းမှာရှိတဲ့ အလွန်မြင့်မားတဲ့ အာကိဉ္စညာယတနဘုံကို သူရောက်သွားနိုင်တယ်၊ ဗုဒ္ဓမြတ်စွာ လောင်းလျာအား တစ်ချိန်တုန်းက သမထကျင့်စဉ်တစ်ခုကို သင်ပြပေးခဲ့တဲ့ အာဠာရကာလာမဟာ အခုအချိန်မှာ အာကိဉ္စညာ [၂၅၉] ယတနဘုံမှာ သူရှိနေတယ်၊ အဲဒီဘုံမှာ သူ့ရဲ့သက်တမ်းဟာ မဟာကပ် ၆-သောင်းတဲ့ သူဟာ ကြာရှည်လိမ့်မယ်၊ တမေ့တမောကြီး အဲဒီမှာ နေရမှာ၊ လူ့လောကမှာ ဘုရားအဆူဆူ ပွင့်သွားသော်လည်း သူ သိနိုင်စွမ်း မရှိဘူး၊ သို့သော် သူ့မှာ ဆင်းရဲနေသလားဆိုတော့ ဆင်းတော့ မဆင်းရဲဘူး၊ အင်မတန်မှ ငြိမ်းချမ်းတဲ့ဘဝတစ်ခုကို သူ ရောက်နေတယ်၊ ရောက်သွားသော်လည်း သူ့မှာ သေမျိုးစေ့လေးက မကင်းသေးဘူး၊ အိုမျိုးစေ့ နာမျိုးစေ့က မကင်းဘူး၊ ဘာဖြစ်လို့တုန်း ဆိုတော့ သူရလိုက်တာက အာကိဉ္စညာယတနဈာန်၊ အဲဒီ အာကိဉ္စညာယတနဈာန်နဲ့ ယှဉ်တွဲလာတဲ့ နာမကာယလို့ဆိုတဲ့ mind body က သူ့မှာရှိနေတယ်နော်၊ အဲဒီ mind body ဟာ ထာဝရ ပြောင်းလဲနေတဲ့ အရာကြီးဖြစ်ပြီးတော့ နောက်ဆုံးကျ ရွေ့လျားသွား မှာပဲ၊ နောက်ဆုံး လုံးဝရွေ့လျားသွားတဲ့အခါမှာ ဒီဘက်ကမ်းမှာပဲ ပြန်ပြီးတော့ ကျလာဦးမှာပဲ၊ ပစ်တင်လိုက်တဲ့ဒုံးပျံကြီးဟာ အရှိန်ကုန်လို့ ရှိရင် မြေပြင်ပြန်ကျသလိုပဲ ကျလာမှာပဲ၊ မီးပုံးပျံကြီးဟာ အပေါ် ဘယ်လောက် တက်သွားသွား နောက်ကျရင် မြေကြီးပေါ် ပြန်ကျ တာပဲ၊ ဘယ်လောက် အကြာကြီး ကောင်းကင်မှာနေနေ နောက်ဆုံး ဒီပြန်ရောက်လာမှာပဲ၊ တစ်နေ့ကျရင် အဲဒီအာဠာရကာလာမဆိုတဲ့ ရသေ့ကြီးဟာ ဒီလောကကြီးမှာ ပြန်ပေါ်လာဦးမှာပဲ၊ သို့သော် အတော်နဲ့ သူပေါ်မလာဘူး၊ သူရောက်နေတာ ဒီဘက်ကမ်းမှာ ဆိုပေမယ့်လို့ အန္တရာယ်တွေနဲ့ အလွန်အလှမ်းဝေးပြီးတော့ လူတွေမှာ ကြုံတွေ့ [၂၆၀] နေရတဲ့ ဒုက္ခမျိုးတွေနဲ့ အလှမ်းဝေးပြီး အလွန်ငြိမ်းချမ်းတဲ့ ဘဝတစ်ခု သူရောက်နေတယ်၊ သို့သော် အဲဒီအလွန်ငြိမ်းချမ်းတဲ့ဘဝဟာ ထာဝရလားဆိုတော့ မဟုတ်ဘူး၊ အရှိန်ကုန်သွားတာနဲ့ တစ်ပြိုင်နက် ပြန်ရောက်လာဦးမှာပဲ၊ အဲဒီတော့ စိတ်မချရဘူး၊ ဒီဘက်ကမ်းက၊ အခု သူဟိုဘက်ကမ်းမှ မရောက်သေးတာ၊ အဲဒီတော့ ဟိုဘက်ကမ်း မရောက်သေးသမျှ ဒုက္ခတွေကို တစ်နေ့ကျရင် ပြန်ကြုံကြရဦးမှာပဲ၊ အဲဒါကြောင့်မို့ ဟိုဘက်ကမ်းရောက်ဖို့ဆိုတာ အင်မတန်မှ အလွန် အရေးကြီးတယ်၊ အဲဒီဟိုဘက်ကမ်းရောက်ဖို့ နည်းလမ်းတွေကို မြတ်စွာဘုရားဟောတာကို “ပါရာယန” လို့ ခေါ်တာပဲ။

အဲဒီ ဟိုဘက်ကမ်းကို ဘာနဲ့သွားမတုန်းလို့ဆိုလို့ရှိရင် ဗုဒ္ဓမြတ်စွာ ဟောကြားထားတဲ့ မဂ္ဂင် ၈-ပါးဆိုတဲ့ ဖောင်တော်ကြီးပေါ့၊ မဂ္ဂင် ၈- ပါးဆိုတဲ့ သင်္ဘောတော်ကြီး ယာဉ်ပျံတော်ကြီးကို စီးပြီးတော့ ဟိုဘက်ကမ်းကို သွားကြတယ်၊ ယာဉ်မပါဘဲနဲ့ သွားလို့ မရဘူး၊ ဒါကြောင့်မို့လို့ ယာဉ်စီးပြီးတော့ သွားကြရတယ်၊ ယာဉ်စီးတယ် ဆိုတာက တင်စားပြီးတော့ ပြောတာ၊ သမထအကျင့် ဝိပဿနာ အကျင့်တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီးတော့ သွားကြရမှာ၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် မဂ္ဂင် ၈-ပါး အကျင့်တရားဆိုတာ ဘာတုန်းဆိုရင် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ဝိပဿနာကျင့်စဉ် (သို့မဟုတ်) သီလ သမာဓိ ပညာ ပေါ့ အဲဒီကျင့်စဉ်တစ်ခုကို ကျင့်ကြံ ကြိုးကုတ် အားထုတ်ပြီးတော့ သွားတာဟာ အဲဒီယာဉ်ကို စီးသွား တယ်လို့ဒီလိုဆိုလိုတာပဲ၊ ယာဉ်မစီးဘဲနဲ့တော့ ဟိုဘက်ကို မရောက်နိုင် [၂၆၁] ဘူးတဲ့၊ မရောက်ရင် ဒီအန္တရာယ်တွေက မလွတ်မြောက်နိုင်ဘူးလို့ ဒီလိုဆိုလိုတာ၊ ဒါကြောင့်မို့ ဟိုဘက်ရောက်ရေးဟာ အင်မတန်မှ အရေးကြီးတော့ ရောက်ရေးအရေးကြီးလို့ အရမ်းကူးပြန်လို့ရှိရင် လည်း ရေနစ်ဖို့ပဲရှိတယ်၊ ဟိုဘက်ကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။

အင်မတန်ကြီးမားတဲ့ ပင်လယ်ကြီးဆိုတာ ဘာလဲ၊ ဘုန်းကြီးတို့ တစ်တွေဟာ ပင်လယ်ကြီးဆိုလို့ရှိရင် ရေပြင်ကြီးပဲ သွားမြင်နေကြ တယ်၊ နိဗ္ဗာန်နဲ့ အလှမ်းကွာနေအောင် လုပ်နေတဲ့ ရေပြင်ကြီးဟာ ဘာကြီးလဲဆိုရင် ကာမောဃတဲ့၊ ဘဝေါဃတဲ့၊ ဒိဋ္ဌောဃတဲ့၊ အဝိဇ္ဇောဃတဲ့၊ အဲဒီရေလှိုင်းကြီးတွေနဲ့ ပြည့်နေလို့တဲ့၊ ရေပြင်ကြီးကို ပြောတာနော်၊ ဘုန်းကြီးတို့တစ်တွေဟာ အဲဒီလှိုင်းတွေထဲမှာ ဖြတ်ကျော်ဖို့ ခက်နေကြတယ်။

သန်းပေါင်း ၆-ထောင်သော လူတွေ၊ တိရိစ္ဆာန်တွေ ဘာတွေကို မပြောနဲ့ဦး၊ ဒီကနေ့ခေတ် ဒီစကြဝဠာမှာ (တခြား စကြဝဠာမှာကြည့် ဒီလူမျိုးတွေ ရှိကောင်းရှိဦးမယ်၊ သို့သော် ) ဒီစကြဝဠာမှာ သန်းပေါင်း ၆-ထောင်ကျော် ရှိတဲ့လူတွေ၊ အဲဒီလူတွေဟာ ဘယ်ထဲမှာ မျောပါ နေကြသလဲလို့ဆိုလို့ရှိရင် ကာမောဃလို့ဆိုတဲ့အထဲမှာ မျောပါနေတာ ကြည့်လေ၊ မျက်စိက လှတာမြင်ပြီးတော့ လိုချင်တပ်မက်ကြတယ်၊ လိုချင်တပ်မက်လို့ မျက်စိကနေပြီးတော့နော် ကြည့်နေရလို့ ရိုးနေပြီ ဆိုလို့ရှိရင် ဒီထက်လှတာ သွားကြည့်တာ၊ ကိုယ့်နိုင်ငံမှာ အားမရလို့ ရှိရင် တခြားနိုင်ငံထွက်ပြီးတော့ site seeing သွားကြသေးတာပဲ ဟုတ်လား၊ ဘာလုပ်တာတုန်းဆို site seeing တဲ့၊ အဲဒါ မျက်စိက [၂၆၂] နေပြီး သူပျော်စရာရှာတာ၊ အဲဒါဟာ ဒီရေကြောထဲမှာ မျောနေတာ ကိုပြောတာ၊ ဟိုဘက်ကမ်းကို ဘယ်လိုမှ မရောက်နိုင်ဘူး၊ တွယ်တာစရာအာရုံတွေနဲ့ ကြိုက်နှစ်သက်စရာ အာရုံတွေထဲမှာ မျောပါနေတယ်၊ မျက်စိက မျောပါနေတယ်၊ လှတာ ပတာ ကိုယ့်ပတ်ဝန်းကျင်မှာ မရှိဘူးဆိုလို့ရှိရင် တယ်လီဗီးရှင်းလေး ဖွင့်ပြီးတော့ ရုပ်ရှင်ကိုကြည့်တာ၊ ဒါလည်း မျက်စိကနေပြီးတော့ နှစ်သက်စရာအာရုံကို ရှာကြတာပဲ၊ ဟုတ်ကဲ့လား။

ဟောနားကလည်း နှစ်သက်စရာအာရုံကို ရှာတယ်လေ၊ တိတ်တိတ်ဆိတ်ဆိတ်ဆိုရင် လူကမပျော်ဘူး၊ နည်းနည်းလေး ဒုန်းဒိန်း ဒုန်းဒိန်း ဆိုမှ သူကရင်ထဲက ဖုတ်လိုက် ဖုတ်လိုက် ဖြစ်ပြီးတော့ သူက ပျော်ချင်တာ၊ အဲဒီအသံလေးကြားလို့ရှိရင် ဘယ်လောက်များ လူတွေကြားတုန်းဆိုရင် ဒီမြို့တွေကတော့ သိပ်မထင်ရှားဘူး၊ တောရွာ တွေမှာဆိုရင် အတောင် ခေါက်သံကြားရင် အိမ်ထဲမှာရှိတဲ့ကလေးတွေ အကုန်ထွက်ပြေးကြပြီး လမ်းမပေါ် ရောက်ကုန်ကြတာနော်၊ အသံ တစ်ခုကြားတာနဲ့ တစ်ပြိုင်နက် ကြည့်ချင်ကြ နားထောင်ချင်ကြတာ၊ မြို့ကလူတွေကတော့ နားထောင်ချင်ရင် ကိုယ့်ဖာကိုယ်အနား နားကနေ ခု MP-3 တို့ MP-4 တို့ နားကြပ်လေး ထည့်ပြီးတော့မှ သွားကြတာပဲ၊ အလွယ်တကူရနေတာ ဆိုတော့ ဒိန်းဒေါင်း ဒိန်းဒေါင်း တွေ လိုက်ရှာစရာ သိပ်မလိုဘူး၊ အိပ်ထဲမှာတင် ရှိနေတယ်၊ တယ်လီဖုန်းထဲတောင် ဒါလေးတွေက ရှိနေတယ်နော်၊ နှိပ်လိုက်တာနဲ့ ကိုယ်ကြိုက်တဲ့ အသံလေးတွေ ထွက်လာတယ်၊ ကြိုက်တဲ့အသံလေး [၂၆၃] တွေ ထည့်ထားပြီးတော့ ဒါလေးတွေ နားထောင်တာ၊ ဘာလုပ်တာလဲ လို့မေးရင် အပျင်းဖြေတာတဲ့၊ ဟုတ်လား၊ အဲဒါလေး ကြားနေရင် ပျော်လာတယ်၊ အဲဒါ တွယ်တာမှုလေးတွေနဲ့ ပျော်တာပဲ၊ အသံကို ဒီလိုရှာပြီးတော့ အပျော်ရှာတာ၊ ဒါဟာ ကာမောဃလို့ ဆိုတဲ့အထဲမှာ မျောနေတာ မကျော်နိုင်ဘူး၊ ဒါကို ကျော်ဖို့ခက်တယ်၊ ဒါကြောင့်မို့လို့ MP-3 တို့ MP-4 တို့ အရင်တုန်းကတော့ ကက်ဆက်တို့ ရေဒီယိုတို့ ရောင်းလို့ကို မလောက်ဘူး။

တချို့များ ဘေးကလူကတော့ ဘာမှမသိဘူး၊ သူက နားကြပ် ကလေးနားထဲထည့်ပြီးတော့ တစ်ယောက်တည်းကို တငြိမ့်ငြိမ့် လုပ်နေတဲ့သူ ရှိသေးတယ်၊ တစ်ကိုယ်လုံးကို တုန်တုန်ဆတ်ဆတ် လုပ်ပြီးတော့ ခုန်တော့မယ့် ပေါက်တော့မယ့် ပုံမျိုးနော်၊ ရှိတ်ဆွဲနေ တယ်လို့ ခေါ်ကြတာပေါ့ ဘုန်းကြီးတို့ တစ်ခါတုန်းက ကြုံရတယ်၊ ဂျာမနီသွားတုန်းက ရထားပေါ်မှာ ဂျာမန်လူမျိုး လူဝကြီး၊ သူဖာသူ ရထားပေါ်မှာ ထိုင်ရင်း ခုနက နားကြပ်လေးနဲ့ နားထဲတပ်ထားပြီးတော့ တစ်ကိုယ်လုံးကို နတ်ပူးသလိုပဲ လှုပ်နေတာ၊ ဘာသံတွေလဲတော့ မသိဘူး၊ သူကြားနေတဲ့အသံတွေက တစ်ကိုယ်လုံးကို လှုပ်နေတာ၊ အဲဒီလို လောကကြီးက အသံနဲ့ ပျော်မွေ့ပြီးတော့ နေကြတာ၊ ဒါ ကာမောဃ ထဲ မျောနေတယ်လို့ ခေါ်တယ်၊ ဟိုဘက်ကမ်း ဘယ်တော့မှ မရောက်ဘူး၊ ဒီထဲမှာ မျောပါနေတာလေ။

[၂၆၄] အနံ့နဲ့ ပတ်သက်လို့လည်း လူတွေက မျောပါနေကြတာပဲ၊ ကာမောဃထဲမှာ မျောပါနေတာပဲ၊ ဩော် အမွှေးအကြိုင်တွေက မျိုးစုံ၊ ဒီရေမွှေးနံ့က မကောင်းဘူးဆိုရင် နောက်ထပ်ရေမွှေးနံ့က တစ်မျိုး၊ အမွှေးအကြိုင်မျိုးစုံနဲ့ လူတွေရဲ့စိတ်ဟာ မျောပါနေတာ၊ ဟိုဘက်ကမ်းကူးဖို့ လုံးဝမဖြစ်နိုင်ဘူး။

လျှာနဲ့မျောပါပုံကတော့ ဒီထက်ကြီးကျယ်တယ်နော်၊ မြန်မာ လူမျိုးတွေ မြန်မာ့အစာနဲ့ အားမရနိုင်သေးသည့် အတွက်ကြောင့် Restaurant အမျိုးမျိုးနော်၊ Cuisine ဆိုတာတွေ အမျိုးမျိုးနဲ့၊ ဘယ်ဟင်းက ကောင်းတယ်၊ ဘယ်အကင်က ကောင်းတယ်၊ ဘယ်ဟင်း ချက်တာကောင်းတယ်နဲ့ ဆိုပြီးတော့ သွားပြီးတော့ စားကြ သောက်ကြ မြည်းကြ၊ ဒါက မျောနေတာပဲ၊ ကဲ စဉ်းစားကြည့်၊ လူတွေ သွားစားကြတယ်ဆိုတာ ကြိုက်လို့ စားတာလား၊ အသက်ရှည်ဖို့ စားတာလား၊ အသက်ရှည်ဖို့ကတော့ စားသင့်တယ်ပေါ့၊ ကြိုက်လို့ စားတာကျတော့ ခုနမျောတာပဲ သေချာနေပြီ၊ မျောနေတာ၊ အဲဒီဟာ ကောင်းတဲ့ဟာကို ရွေးပြီးတော့ တည့်တည့် မတည့်တည့် နောင်ခါလာ နောင်ဈေး, ပြီးမှ ဆေးသောက်မယ်ဆိုပြီး စားတာပဲ၊ ကြိုက်လို့စားတာ လေ၊ အဲဒါကလည်းပဲ ကာမောဃလို့ ခေါ်တာ၊ ဒီထဲမှာ အာဟာရ ရသထဲမှာ နစ်မျောပြီးတော့ ရသတဏှာနဲ့ ဒီလိုဖြစ်ပြီးတော့ နေတယ်၊ ဒါလည်း မျောပါနေခြင်းတစ်မျိုးပဲ၊ ဒီလှိုင်းလုံးကြီးကို ဖြတ်မကျော်နိုင်ဘူး၊ လူတိုင်း လူတိုင်း အင်မတန်မှ ခဲယဉ်းတယ်၊ ရသတဏှာဆိုတဲ့ လှိုင်းလုံးကြီးက အင်မတန်မှ ကြီးမားတယ်၊ အစာ [၂၆၅] ဖြတ်ကျော်ဖို့ အင်မတန်မှ ခက်တယ်၊ လူတွေက ဒီထဲမှာပဲ မျောပါနေကြတယ်၊ ကာမောဃ။

နောက်ခန္ဓာကိုယ် အထိအတွေ့နဲ့ပတ်သက်တဲ့ မျောပါမှုတွေ ဒီ့ထက် ပြင်းထန်တယ်၊ အပြင်းထန်ဆုံးက ဖောဋ္ဌဗ္ဗပဲ၊ အဲဒီဖောဋ္ဌဗ္ဗက ကိုယ့်ဟာကိုယ်သာ စဉ်းစားကြည့်ကြတော့၊ ဖောဋ္ဌဗ္ဗက အကုန်ပြော လို့မကောင်းတဲ့ ဖောဋ္ဌဗ္ဗပဲ၊ အဲဒီဖောဋ္ဌဗ္ဗနဲ့ မျောပါပြီးတော့ နေကြတာ ဟာ တစ်လောကလုံးပဲတဲ့၊ ပိုပြီးတော့ ကြီးမားတယ်၊ နောက် စိတ်ကူး စိတ်သန်းနဲ့ မျောပါနေကြတာလည်း ရှိတာပဲ၊ အဲဒါတွေ အားလုံးဟာ ကာမောဃလို့ ခေါ်တယ်။

ကောင်းပြီ အဲဒီဩဃကို ကျော်လိုက်ပြီး မျက်စိက လှတဲ့အဆင်း လေးကို မကြည့်တော့ဘူး၊ ကက်ဆက်တွေ ရေဒီယိုတွေ သီချင်းတွေ လည်း နားမထောင်တော့ဘူး၊ အမွှေးအကြိုင်တွေလည်း မလုပ်တော့ ဘူး၊ ကျော်လိုက်တယ်၊ အရသာတွေလည်း မခံတော့ဘူး၊ ဖောဋ္ဌဗ္ဗ အထိအတွေ့ကိုလည်း မခံစားတော့ဘူး၊ ဈာန်တရားနဲ့ နေမယ် ဆိုတော့ ကာမောဃကို ကျော်သွားသလို ရှိတယ်။

လာပြန်တာတုန်းဆို ဘဝေါဃ ဆိုတာနဲ့ တွေ့ပြန်ရော၊ ရူပဘုံ အရူပဘုံ (သို့မဟုတ်) ဈာန်တရားတွေနဲ့ ပတ်သက်ပြီးတော့, တရားဓမ္မနဲ့ ပျော်မွေ့တယ်လို့ ဆိုပေမယ့်လို့ အဲဒီတရားဓမ္မပေါ်မှာ တွယ်တာတဲ့ ကာမရာဂ, ကာမနန္ဒီ ဆိုတဲ့အပေါ်မှာ မျောပြန်ရော၊ ဆက်မျောနေပြန်တာပဲ သူက၊ အဲဒီတော့ တဏှာ မလွတ်သေးသမျှ တော့ ကာမောဃနဲ့ မျောရင်မျော၊ မမျောရင် ဘဝေါဃမှာ မျောမှာပဲ။

[၂၆၆] အေး ကောင်းပြီ နောက်တစ်ခုမျောစရာက ဘာတုန်းဆိုလို့ရှိရင် အမြင်မှားမှုဆိုတဲ့ ဒိဋ္ဌောဃနဲ့၊ အမြင်မှားတယ်ဆိုတာ လူတွေက တို့ကတော့ အမြင်မှန်တယ်လို့ ထင်နေတာ၊ ကိုယ့်ကို စဉ်းစားကြည့် ငါလို့ထင်နေတာ မှားတဲ့အမြင်လား၊ မှန်တဲ့အမြင်လား၊ မှားတဲ့အမြင် နော်၊ ဘယ်သူပဲဖြစ်ဖြစ် ငါ ဆိုတာ ရှိနေတယ်၊ ငါ့ဟာ ဆိုတာ ရှိနေတယ်၊ ငါလုပ်ချင်တိုင်း ဖြစ်တယ်ဆိုတဲ့ အတွေးတွေက ရှိနေတယ်၊ အဲဒီအတွေးတွေဟာ မှားယွင်းတဲ့ အတွေးတွေပဲ၊ ခြုံငုံပြောလိုက်လို့ရှိရင် “ဧတံ မမ, ဧသောဟမသ္မိ၊ ဧသာ မေ အတ္တာ” ဆိုတဲ့ အတွေးတွေ၊ ထင်မြင်ချက်တွေ အထင်မှား အမြင်မှားတွေဟာ လူတွေမှာ ရှိနေတယ်၊ အဲဒီ အထင်မှား အမြင်မှားတွေကို ဒိဋ္ဌောဃလို့ ခေါ်တာ ဒီအယူဝါဒ လှိုင်းလုံးကြီးတွေထဲမှာ မျောပြန်ရော။

နောက်ဆုံးမှာ ဒါတွေ လျော့ပါးသွားပြီ ဆိုတာတောင်မှပဲ ကိုယ့်ကိုယ်ကို မသိတာတို့ ကိုယ့်ရဲ့သန္တာန်မှာ ဖြစ်တဲ့ ရုပ်တရား နာမ်တရားရဲ့ သဘာဝတွေကို မသိတာတို့ စစ်မှန်တဲ့အကြောင်း တရားတွေကို မသိတာတို့ အမှန်ကို မသိဘဲနဲ့ အမှားကိုသိနေတာတို့ လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ မြင်နေတာတို့ မလုပ်သင့်တာကို လုပ်သင့်တယ်လို့ မြင်နေတာတို့ ဆိုတာတွေက အဝိဇ္ဇောဃပဲ၊ အဝိဇ္ဇောဃထဲမှာ မျောသွားလို့ရှိရင် ဒုက္ခသစ္စာကို မသိဘူး၊ သမုဒယသစ္စာကို မသိဘူး၊ နိရောဓသစ္စာကို မသိဘူး၊ မဂ္ဂသစ္စာကို မသိဘူး၊ ဘာလုပ်ရမယ်ဆိုတာ မသိဘူး၊ ဒီ မသိတာတွေဟာ အမှန်တရားကို မသိတာ, အကြောင်းအကျိုး ပဋိစ္စသမုပ္ပါဒ်ကို [၂၆၇] မသိတာ၊ အတိတ်ကခန္ဓာတွေနဲ့ ပတ်သက်ပြီးတော့ မသိတာ၊ အနာဂတ်ခန္ဓာနဲ့ ပတ်သက်ပြီးတော့ မသိတာ၊
၂-မျိုးစလုံးကိုမသိတာ၊ ဒီ မသိမှု ၈-ချက်ဟာ အဝိဇ္ဇောဃပဲ၊ အဝိဇ္ဇောဃထဲမှာ မျောပါ နေကြဦးမှာပဲ၊ အဝိဇ္ဇာမကင်းသေးသမျှ လုပ်မိလုပ်ရာတွေ လုပ်ကြမယ်၊ အကောင်းထင်ပြီး လုပ်မှာပဲ၊ မှန်တယ်ထင်ပြီးတော့ ပြောဦးမှာပဲ၊ တရားလိုက်စားနေတဲ့ လူတွေတောင်မှ ကိုယ့်ဟာကိုယ် မှန်တယ်ထင်ပြီးတော့ လျှောက်ပြောနေတာတွေ အများကြီးပဲလေ။

အဲဒီလို မှန်တယ်ထင်ပြီးတော့ လျှောက်ပြောနေတဲ့အခါမှာ အယူဝါဒတွေက စွဲမြဲလာပြီး ကိုယ့်ဟာမှ အမှန်၊ တခြားဟာ အမှားဆိုပြီးတော့ အဲဒီလိုတွေ အယူဝါဒတွေနဲ့ စွဲလန်းမှုတွေ၊ အာဒါနဂ္ဂါဟီ - စွဲစွဲမြဲမြဲ ဆုပ်ကိုင်တယ်၊ ဒုပ္ပဋိနိဿဂ္ဂီ - စွန့်လွှတ်ဖို့ရန် ခက်တယ်ဆိုတဲ့ အထဲမှာ မျောနေပြီဆိုရင် ဒါ ဒိဋ္ဌောဃထဲမှာ မျောသွားတာပဲ၊ ဒိဋ္ဌောဃတို့ အဝိဇ္ဇာတို့ထဲ မျောသွားတာပဲ၊ အဲဒီလိုမျောနေတဲ့ပုဂ္ဂိုလ်တွေဟာ ဒီဩဃကြီးကို မဖြတ်ကျော်နိုင်ဘူးလို့ ပြောတာ၊ ဒီဩဃကြီးကို မဖြတ်ကျော်နိုင်လို့ရှိရင် ဘယ်နည်းနဲ့မှ ဟိုဘက်ကမ်းကို မရောက်နိုင်ဘူး၊ ဟိုဘက်ကမ်းဆိုတဲ့ နိဗ္ဗာန်နဲ့ အလှမ်း ဝေးနေဦးမှာပဲ။

အဲဒါနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားကို မေးခွန်းတွေကို မေးကြတာ၊ ဒီဩဃတွေကို ဘယ်လိုဖြတ်မလဲ၊ ဆိုပါစို့ - ပင်လယ် ကြီးကိုဖြတ်ပြီး ဟိုဘက်ကမ်းသွားဖို့ ဆိုတာ သိပ်ခဲယဉ်းတာပေါ့ ဒီနား ရန်ကုန်မြစ်ဖြတ်ပြီး ဒလဘက် ကူးဖို့တောင် လှိုင်းတွေကြီးနေရင် [၂၆၈] မခက်ဘူးလား၊ ခက်တယ်၊ မလွယ်ဘူးလေ၊ အဲဒီတော့ ဒီထက် ပင်လယ်ကြီးဟာ လှိုင်းလုံးတွေကြီး၊ ဘေးအန္တရာယ်တွေကြီးပြီး ကျယ်သည်ထက် ကျယ်တယ်နော်၊ အဲဒီလို ကျယ်သည်ထက် ကျယ်နေတဲ့ ဩဃဆိုတဲ့ ပင်လယ်ကြီးကို ဖြတ်ကူးပြီးတော့ ဟိုဘက်ဆိုတဲ့ ငြိမ်းချမ်းတဲ့ တစ်ဘက်ကမ်းကို ရောက်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်တဲ့။

အဲဒီတော့ ခဲယဉ်းလို့ မသွားဘဲနဲ့နေမယ်၊ ဒါကို မဖြတ်တော့ဘူး လို့ ဆိုလို့ရှိရင် ဘာတွေနဲ့တွေ့မလဲ၊ အိုခြင်း နာခြင်း၊ သေခြင်းဆိုတဲ့ ဘေးဒုက္ခတွေနဲ့ပဲ တဝဲလည်လည် ရှိနေမှာပဲ၊ သက်သာတဲ့အခါ သက်သာမယ်၊ မသက်သာတဲ့အခါ မသက်သာဘူး၊ ဒီဘက်နေလို့ ရှိရင် သက်သာတဲ့အခါတော့ ရှိမယ်၊ ဈာန်အဘိညာဉ်တွေရလို့ ဗြဟ္မာ့ဘုံရောက်သွားလို့ရှိရင် အတော်လေး သက်သာမယ်၊ ဘာဖြစ်လို့ သက်သာမလဲ၊ သက်တမ်းရှည်သည့် အတွက်ကြောင့် သက်သာ နေမယ်၊ မအိုဘူး မနာဘူး မသေဘူးလို့ ဒီလိုထင်ရလောက်အောင် သက်သာတယ်၊ သို့သော် နောက်ဆုံးကျတော့ ဒီထဲမှာပဲ ပြန်ရောက် လာမယ်။

ဒါကြောင့်မို့ မြန်မာစကားလည်း ပြောတယ် မဟုတ်လား၊ ပြန်လှည့်လာတာကို ကြည့်ပြီးပြောတာ၊ “ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း၊ ဝက်စာကျင်းမှာ တရှုပ်ရှုပ်”၊ အဲဒီတော့ ဈာန်အဘိညာဉ်ရတုန်းတော့ ဗြဟ္မာ့ပြည်မှာ ဗြဟ္မာကြီးဖြစ်နေတယ်၊ နောက်ကျတော့ အရှိန်တွေ ကုန်လာပြီး သံသရာလည်လိုက်တဲ့ အခါကျတော့ ဝက်စာကျင်းထဲမှာ [၂၆၉] စားနေတဲ့ ဝက်ကြီး ဖြစ်နေတာ၊ သံသရာဆိုတာ အလွန်ကြောက်စရာ ကောင်းတာ၊ အခု ဗြဟ္မာဖြစ်ပေမယ့် တော်ကြာ ဝက်ဘဝ ရောက်ချင် ရောက်သွားနိုင်တယ်လို့ ဒီလိုပြောတာ၊ အဲဒီနေရာမှာ ဗြဟ္မာသေရင် ဝက်ဖြစ်တယ်လို့တော့ အဓိပ္ပါယ် မလွဲစေရဘူး၊ ဗြဟ္မာသေသေချင်းတော့ ဝက်က မဖြစ်နိုင်ဘူး၊ ဘာဖြစ် လို့ မဖြစ်နိုင်လဲဆိုတော့ သူ့ရဲ့ကုသိုလ် စွမ်းအားဟာ အင်မတန်မှ ကြီးမားတယ်၊ အင်မတန်ကြီးမားသည့် အရှိန်အင်မတန်ကောင်းသည့် အတွက်ကြောင့် ဗြဟ္မာ့ဘုံက သေလို့ရှိရင် ကောင်းတဲ့ဘုံတစ်ဘုံတော့ ကြားခံရလိမ့်မယ်၊ အဲဒီဘုံရောက်တဲ့ အခါကျတော့ ကုသိုလ်ကောင်းမှု မလုပ်ဘူး၊ မေ့မေ့လျော့လျော့ ဩဃဆိုတဲ့ သံသရာ ရေယာဉ်ကြောမှာ ဆက်ပြီးမျောပြီး အကုသိုလ်တွေ လုပ်နေမယ် ဆိုရင်တော့ ဝက်စာကျင်း ရောက်သွားမှာပဲ၊ ဒီလိုဆိုလိုတာနော်၊ “ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း ဝက်စာကျင်းမှာ တရှုပ်ရှုပ်” ဆိုတာ မလွတ်တာကို ပြောတာပါ၊ အရိယာမဖြစ်သေးလို့ရှိရင် အခု ဗြဟ္မာဖြစ်နေပေမယ့်လို့ အတော်ကြာလို့ရှိရင် သံသရာထဲမှာ ဝက်ဆိုတာလည်း ဖြစ်ဦးမှာပဲ၊ ဒီလိုဆိုလိုတာနော်။

မြတ်စွာဘုရားနဲ့ ကြုံတွေ့တဲ့အခါမှာ အရေးကြီးတဲ့ မေးခွန်းတွေ ကို သူတို့မေးကြတယ်။ သံသရာဝဋ်က လွတ်ချင်ကြလို့တောထွက်ပြီး သူတို့ကျင့်နေကြတာ၊ အဲဒီလိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေက အဲဒီခေတ်က အလွန်များတယ်၊ ကျင့်တဲ့ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ သုဒ္ဓိ - စင်ကြယ်မှု အတွက် ကျင့်ကြတာချည်းပဲ၊ ကိလေသာတွေ စင်ကြယ်ပြီလို့ [၂၇၀] ယူဆကြတယ်၊ စိတ်စင်ကြယ်ဖို့အတွက် သူတို့ကြိုးစားနေကြတာ၊ သို့သော် ထိုကြိုးစားမှုတွေဟာ မှန်ကန်မှုမရှိဘူး၊ မှန်ကန်မှု မရှိသည့် အတွက်ကြောင့် ကြိုးစားပေမယ့်လို့ မအောင်မြင်ဘူး၊ ဒါ ဟုတ်တယ်၊ လမ်းစဉ်တစ်ခု မှားနေပြီဆိုရင် ဘယ်အောင်မြင် မလဲ၊ ဆိုပါစို့ - ဆီလိုချင်တဲ့ပုဂ္ဂိုလ်က ဆီထွက်နိုင်တဲ့ သီးနှံတစ်မျိုးမျိုးကို ဆုံထဲထည့်ပြီး (သို့မဟုတ်) စက်ထဲထည့်ပြီး ကြိတ်မှ ပွတ်မှ ဆီဆိုတာ ထွက်မှာ၊ အဲဒီလို မဟုတ်ဘဲနဲ့ ကျောက်ခဲတို့ ကျောက်တုံးတို့ သဲတို့ ထည့်ပြီးတော့ ဆီပွတ်၊ ထွက်ပါ့မလား၊ မထွက်နိုင်ဘူး၊ အဲဒီလို အကျင့်မှားနေပြီဆိုရင် “သဲကို ဆီပွတ်နေတာနဲ့ တူတယ်” နွားနို့လိုချင် လို့ နွားကို နို့ညှစ်တဲ့အခါမှာ နို့ကို မညှစ်ဘဲနဲ့ ဦးချိုကို သွားညှစ်လို့ရှိရင် နို့ထွက်ပါ့မလား၊ မထွက်ဘူး၊ အမြီးကိုသွားညှစ်ရင်ကော ထွက်မလား၊ မထွက်ဘူး၊ လမ်းမှားနေလို့ရှိရင် မရဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာနော်၊ ရည်ရွယ်ချက်ကတော့ မှန်တယ်။

ရည်ရွယ်ချက်တွေက အို နာ သေရေး ဒုက္ခဘေးတွေက လွတ်ချင်ကြတယ်၊ လွတ်ချင်လို့ သူတို့ လွတ်ရာ လွတ်ကြောင်းကို ရှာကြတာ၊ သို့သော်လည်း လုပ်နည်းလုပ်ဟန်တွေက မမှန်ဘူးတဲ့၊ အဲဒီလိုမမှန်တာဟာ အလကား မမှန်တာ မဟုတ်ဘူး၊ အဲဒါနဲ့ ပတ်သက်ပြီး မသိကိုမသိနိုင်လို့ မမှန်တာ၊ ဒါကြောင့်မို့ မြတ်စွာဘုရား ပွင့်တဲ့အခါမှာ အဲဒီ လုပ်နည်းလုပ်ဟန်တွေကို သူတို့မေးကြတယ်။

[၂၇၁] နံပါတ် (၁) မေးခွန်း

ဒီကနေ့ နန္ဒဆိုတဲ့ရသေ့က မေးခွန်းတွေကို မေးတယ်၊ ဘာနဲ့ပတ်သက်ပြီးတော့ မေးတုန်းဆိုတော့ မုနိ ဆိုတဲ့စကားလုံးနဲ့ ပတ်သက်ပြီးတော့ မေးတာ၊ သူတို့ခေတ်မှာ မုနိတွေ အများကြီးပဲ၊ မုနိဆိုတာ အသိပညာရှိတဲ့ ထက်မြက်တဲ့ သူတော်စင်တွေကို မုနိလို့ခေါ်တာ၊ ကနေ့ခေတ်မှာ ဆာဒူးလို့ ခေါ်ကြတာရှိတယ်လေ၊ ဆာဒူးဆိုတာ အမှန် ဘယ်ကလာတုန်းဆို “သာဓု” ဆိုတဲ့စကားလုံးက လာတာ၊ သာဓုဆိုတာ သူတော်ကောင်းနော်၊ ကောင်းကျိုးချမ်းသာ တွေကို ပြီးစေတတ်တဲ့ အကျင့်ရှိတဲ့ သူတော်ကောင်းကို သာဓုလို့ ခေါ်တာ၊ အဲဒီသာဓုကနေပြီးတော့ အိန္ဒိယအသံနဲ့ ဆာဓု၊ မြန်မာလို ခေါ်တော့ ဆာဒူးလို့ ဖြစ်သွားတယ်၊ ဆာဒူးဆိုတာ မုတ်ဆိတ် အဖွားကြီးနဲ့လို့ ထင်သွားတယ်လေ၊ တကယ်က ဆာဒူးဆိုတဲ့နာမည် သူတော်ကောင်းကို ပြောတာ၊ သာဓု သပ္ပုရိသ ဆိုတဲ့ အဓိပ္ပါယ်။

အဲဒီတော့ အဲဒီလို မြတ်စွာဘုရားလက်ထက်တုန်းက ဘာသာ တရားကို ခေါင်းဆောင်ပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နေကြ တဲ့ တကယ့်သူတော်ကောင်းကြီးတွေ ရှိတယ်၊ အဲဒီ သူတော်ကောင်း ကြီးတွေကိုလည်းပဲ “မုနိ”လို့ ခေါ်တယ်၊ မုနိဆိုတာ အခုခေတ်လို ပြောမယ်ဆိုရင် ရသေ့ ရဟန်းပေါ့နော်၊ စကားလုံးတွေ အများကြီး ရှိတယ်၊ ဣသိ လို့လည်း ခေါ်တယ်၊ မုနိ လို့လည်း ခေါ်တယ်၊ သမဏ လို့လည်း ခေါ်တယ်၊ ဗြာဟ္မဏ လို့လည်း ခေါ်တယ်၊ ဒီစကားလုံးတွေ ဟာ မှန်ကန်တဲ့အဓိပ္ပါယ်ကို ရောက်ဖို့ အင်မတန်မှ အရေးကြီးတယ်။

[၂၇၂] မြတ်စွာဘုရားရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဟာ အင်မတန်မှ လေးနက်တယ်ပေါ့၊ ဗြာဟ္မဏဆိုတဲ့ စကားလုံးလေး ဖွင့်ဆိုပုံကို ပြောပြမယ်၊ ဗြာဟ္မဏဆိုတဲ့စကားလုံးဟာ အင်မတန်မှ လေးနက်တဲ့ စကားလုံးတစ်ခု ဖြစ်တယ်၊ သို့သော် Brahmin တွေက သူတို့က ဗြာဟ္မဏဆိုတဲ့ စကားလုံးကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုတုန်းဆိုရင် “ဗြဟ္မနော အပစ္စံ ဗြာဟ္မဏော” တဲ့၊ ဗြဟ္မာကြီးရဲ့သားသမီးတွေလို့ သူတို့က ယူဆတယ်၊ ဒါ သူတို့ဖွင့်တဲ့ အဓိပ္ပါယ်၊ “ဗြာဟ္မဏဆိုတာ ဗြဟ္မာ့သား”၊ ကြည့်လေ ဗြဟ္မာ့သားဆိုပြီး ဂုဏ်ယူထားပြီးတော့ ဗာရာဏသီပြည်ဆိုရင် မင်းအားလုံးဟာ ဗြဟ္မဒတ္တတွေချည်းပဲ၊ ဗြဟ္မာက ပေးတာ၊ ဗြဟ္မာကပေးမှ ဗြဟ္မာ ကိုးကွယ်တဲ့လူတွေကလည်း လေးစားတာကိုး။

ဒါကြောင့်မို့လို့ ဘုရင်တွေဆိုလို့ရှိရင် အဲဒီခေတ်ကလူတွေဟာ ဗြဟ္မာမင်းကြီးက ပေးတာ, ဗြဟ္မာမင်းကြီးရဲ့ သားဆိုပြီးတော့ အလေး ပြုလိုက်ကြတာ၊ ရှိခိုးလိုက်ရတာ၊ တကယ်ကတော့ လူဟာ လူပဲပေါ့ ဗြဟ္မဒတ္တ ဆိုတဲ့ စကားလုံးဟာ အဲဒီခေတ်က ဘွဲ့တစ်ဘွဲ့ပဲ၊ ဘုရင်တွေ ကို ဗြဟ္မဒတ္တ၊ ဗြဟ္မာက ပေးတာ၊ ဒါကြောင့်မို့ လူတွေအားလုံးဟာ ရိုကျိုးပြီးတော့ ရှိခိုးကြရတာ၊ ဒီလို အယူအဆကြီးက လွှမ်းမိုးထားတာ။

ဗြဟ္မာကို ကိုးကွယ်တဲ့လူတွေကို ဗြဟ္မဒတ္တ၊ ဗြဟ္မာကနေ ကိုးကွယ်ဖို့ ပေးထားတယ်ဆိုတော့ အဟုတ်ထင်ပြီး ရှိခိုးကြတယ်ပေါ့ တကယ်ကတော့ ဗြဟ္မာက မပေးပါဘူး၊ သူ့အမေက မွေးလာတာ၊ သူ့အမေက သူ့ အဖေနဲ့ မွေးတာပဲ ဟုတ်ကဲ့လား၊ မြတ်စွာဘုရားက [၂၇၃] တစ်ခါတုန်းက ပြောတယ်၊ သူ့ အမေ သူ့ အဖေ အဝှါလုပ်လို့ မွေးတာကို ဗြဟ္မာက ပေးတယ်ဆိုတာ ဒါ ဘယ်နည်းနဲ့မှ မဟုတ်နိုင်ဘူးလို့ မြတ်စွာဘုရားက အဲဒီလိုပြောတာ ရှိတယ်နော်၊ အဲဒီလို ဖွင့်ဆိုတာကိုလည်း မြတ်စွာဘုရားက လက်မခံဘူး။

ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုတုန်းဆို ဗြာဟ္မဏဆိုတာ အဲဒီ Brahmin တွေကို ရည်ညွှန်းမယ်ဆိုရင် ဗြဟ္မီ အဏတီတိ ဗြာဟ္မဏော - ဗေဒကျမ်းတွေကို သင်ကြား ရွတ်ဖတ်တဲ့ ပုဂ္ဂိုလ်လို့ ဒီလိုအဓိပ္ပါယ်ပဲ ရတယ်၊ ဗြဟ္မဆိုတာ ဗြဟ္မာကြီးကို ရည်ညွှန်းတာ မဟုတ်ဘူး၊ ဗေဒင် ကျမ်းတွေကို ရည်ညွှန်းတာတဲ့ ဒါက မြတ်စွာဘုရားဖွင့်ဆိုတဲ့အဓိပ္ပါယ်။

နောက်တစ်ခါ ဗြာဟ္မဏဆိုတဲ့ စကားလုံးဟာ အဆင့်မြင့် ပုဂ္ဂိုလ် တွေကို ရည်ညွှန်းပြီးတော့ ပြောတဲ့အခါကျတော့ “ဗာဟိတ ပါပ” မကောင်းမှုတွေကို တွန်းလှန်ဖယ်ရှားထားတဲ့ ပုဂ္ဂိုလ်မှ တကယ့် ဗြာဟ္မဏအစစ်တဲ့ “ဗာဟိတ ပါပေါတိ ဗြာဟ္မဏော” တဲ့ မကောင်းမှု အကုသိုလ်တွေကို တွန်းလှန်ဖယ်ရှားထားတဲ့ ပုဂ္ဂိုလ်တဲ့၊ ဒီလို မြတ်စွာဘုရား ဖွင့်ဆိုတာကျတော့ ရဟန္တာပုဂ္ဂိုလ်နော်၊ တကယ့် ရဟန္တာပုဂ္ဂိုလ်ဆိုတာ မကောင်းမှုအကုသိုလ်တွေကို ဖယ်ရှားပစ်ပြီးမှ ဖြစ်နိုင်တယ်။

သမဏ ဆိုတာကျတော့ ဘာတုန်းဆိုတော့ “ပါပေ သမေတီတိ သမဏော” - မကောင်းတဲ့စိတ်ဓာတ်တွေ ညစ်နွမ်းတဲ့ စိတ်ဓာတ်တွေ၊ အဲဒီစိတ်ဓာတ်တွေကို ငြိမ်းသွားအောင် ဖယ်ရှား ပစ်နိုင်တဲ့ပုဂ္ဂိုလ်ဟာ သမဏ၊ မကောင်းတဲ့စိတ်ဓာတ်တွေ ထကြွ

[၂၇၄] သမဏ

သောင်းကျန်းနေတဲ့ပုဂ္ဂိုလ်ဟာ သမဏမဖြစ်နိုင်ဘူး၊ သမဏ မဟုတ်ဘူး၊ လူတွေရဲ့ရင်ထဲမှာ လောဘတွေ ဒေါသတွေ မောဟတွေ က သောင်းကျန်းနေတယ်၊ လောင်နေတယ်၊ နှလုံးသားက အမြဲတမ်း ပူလောင်နေတယ်၊ အဲဒီလို နှလုံးသားက ပူနေရင် မဟုတ်ဘူး၊ အဲဒီအပူတွေ ငြိမ်းနေတဲ့ပုဂ္ဂိုလ်မှ သမဏလို့ ဖွင့်ဆိုတယ်။ မုနိဆိုတာကျတော့ အကြောင်းနဲ့ အကျိုး၊ အကောင်းနဲ့ အဆိုးကို ခွဲခြားသိမြင်တဲ့ပုဂ္ဂိုလ်ကို မုနိတဲ့၊ အဲဒီခေတ်ကတော့ ဘာသာရေးအကျင့်ကို ကျင့်နေတဲ့ အာဇီဝက၊ မြန်မာလိုပြန်တော့ တက္ကတွန်းလို့ပြန်တယ်၊ အာဇီဝက ဆိုတာ အင်မတန်မှ ဆင်းဆင်းရဲရဲ အသက်မွေးတယ်၊ ဘာသာရေးကျင့်စဉ် တစ်ခုကို မြန်မာပြည်မှာ လည်း အဲဒီလိုလုပ်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်၊
၉-ရက် မီးလွတ်စားတယ်တို့ ဘာအတွက်စားတာလဲ၊
၉-ရက် ငတ်ဖို့ပဲ ရှိတယ်နော်၊ ဒီလို အစာအာဟာရနဲ့ သံသရာဝဋ်က လွတ်တယ်ဆိုတာ မရှိနိုင်ဘူးတဲ့၊ မြတ်စွာဘုရားကိုယ်တိုင်ကို ဟောထားတာ၊ တကယ်
၉-ရက် မီးလွတ် စားမယ့်အစား ကိုယ့်သန္တာန်မှာ
၉-ရက် လောဘမဖြစ်အောင်ဘဲ ထိန်းရမှာ၊ အေး ခုလည်း ရှိနေတာပဲ၊ တလွဲဖြစ်နေတာကို ပြောတာပါ၊ သူတို့ကို မပုတ်ခတ်ပါဘူး၊ ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့် ရှိပါတယ်။

သက်သတ်လွတ် စားတယ်ဆိုတဲ့ နေရာမှာလည်း ရည်ရွယ် ချက် မှန်ကန်ဖို့တော့ လိုအပ်တယ်၊ တိရိစ္ဆာန်တွေကို သနားတယ်၊ သူတို့ဒုက္ခတွေ သနားတယ်၊ သနားလို့ သူတို့အသားတွေကို ငါ မစားတော့ဘူး ရှောင်တယ်ဆိုရင် ကောင်းတယ်၊ အဲဒီ ရည်ရွယ်ချက် [၂၇၅] အင်မတန်ကောင်းတယ်၊ မေတ္တာနဲ့ ကရုဏာနဲ့ ရှောင်တာ၊ သက်သတ်လွတ်စားတာ နိဗ္ဗာန်ရောက်တဲ့ အကျင့်လို့ ဒီလို အောက်မေ့ရင်တော့ ဒါ မှားသွားမယ်၊ ခုခေတ်မှာ ဆိုလို့ရှိရင် သက်သတ်လွတ် စားပေမယ့်လို့ အလွမ်းပြေ ဘာလုပ်လဲဆိုရင် အသားတုဆိုတာလေးနဲ့ စားရတာလေ၊ အသားတုဆိုကတည်းက သူက အသားစားချင်ရဲ့သားနဲ့ ချုပ်တီးထားရတယ် ဆိုတော့ သူ့မှာ အကုသိုလ်က ၂ ခု ဖြစ်နေပြီ နော်၊ အကုသိုလ်က ၂ မျိုး ရနေပြီ၊ စားချင်တဲ့အာသာ ရှိတယ်နော်၊ ပြီးတော့ တိရိစ္ဆာန်ရဲ့ ဒီအသားလို့ ရည်ရွယ်ပြီးတော့ စားနေတယ်၊ အသားမဟုတ်ဘဲနဲ့ အသားလို့ ထင်ပြီးတော့ စားနေတယ် ဆိုကတည်းက မှားယွင်းနေတာပေါ့ စိတ်က လွတ်လပ်မှာ မဟုတ်ဘူး။

အေး မုန့်မှုန့်နဲ့ လုပ်ထားတဲ့ ဝက်ကောင်လုံးကြော်ကြီးတွေ ကြက်ကောင်လုံးကြော်ကြီးတွေ ပုဇွန်လုံးကြီးတွေနော် အဲဒါတွေကို တစ်ခါတည်း သက်သတ်လွတ်ဆိုပြီးတော့ အလွမ်းပြေလုပ်နေတာ ဒါကတော့ ဟန်မကျလှဘူးနော်။

အဓိကက ဘာတုန်းဆိုရင် အစားနဲ့ပတ်သက်လာလို့ရှိရင် မြတ်စွာဘုရားက ဟောထားတာ ရှိတယ်လေ၊ အစားစားတယ် ဆိုတာတဲ့ ပျော်ဖို့စားတာ မဖြစ်စေရဘူးတဲ့၊ ခန္ဓာကိုယ်တောင့်တင်းဖို့ စားတာ မဖြစ်စေရဘူး၊ မြူးထူးဖို့ စားတာ မဖြစ်စေရဘူး၊ လှဖို့ပဖို့ စားတာမျိုးလည်း မဖြစ်စေရဘူးတဲ့၊ ဖြစ်စေရမှာက ဘာလဲဆိုရင် [၂၇၆] ခန္ဓာကိုယ်ကြီး တည်တံ့ပြီးတော့ အလုပ်လုပ်နိုင်ဖို့ စားရတာ၊ ရောဂါ မဖြစ်အောင် အသက်ရှည်တည်တံ့ဖို့ စားရတာ၊ ဒီလို ဆိုလိုတာ။

အဲဒီလို စားလို့ရှိရင် ရသတဏှာဆိုတာကို ဖယ်ရှားနိုင်တယ်၊ ခုနကလို မုန့်လုံးကြီးကို ကြက်ကောင်ကြော်ကြီးဆိုပြီး စားတာကျတော့ ဒီတဏှာက ပိုတောင်ကြီးလာသေးတယ်၊ အစစ်မစားရတဲ့အခါ အတုပိုဝါးနေတာ၊ အဲဒါဆိုတော့ အကုသိုလ်တွေ ဖြစ်နေမှာပဲပေါ့၊ ရသတဏှာက ဖြစ်နေမှာ။

ငယ်ငယ်က ကြားဖူးတာရှိတယ်၊ သူငယ်ချင်း ၂ ယောက် ထမင်းစားတာ ဟင်းကမပါဘူး၊ ဟင်းက မပါတော့ တစ်ယောက် တစ်လှည့် ပြောပေးကွာ၊ စိတ်ကူးနဲ့ စားမယ်၊ ထမင်းတစ်လုတ် ဟိုကောင်က စားလိုက်တယ်၊ ကြက်ကြော်ကွာ၊ ထမင်းကို ကြက်ကြော် အမှတ်နဲ့ စား၊ ဟိုကောင်က ဘဲကြော်ကွာ၊ နောက်တစ်ခါကျတော့ ပုဇွန်ကြော်ကွာနဲ့ ဆိုပြီးတော့ ကောင်းပေ့ဆိုတာတွေကို သူစိတ်ကူးပြီးတော့ ထမင်းကိုမျိုချတာ၊ စိတ်ကူးယဉ်တာကလည်း တစ်ခါတစ်လေ ကောင်းတယ်လေ၊ သူက စိတ်ထဲမှာ ကျေနပ်မှုရအောင် အဲဒီလို တစ်ယောက်ကိုတစ်ယောက် ပြောပေးတာ၊ နောက်တစ်ယောက်က သူ့အလှည့်ကျတော့ ပြောပေးရမှာ ပျင်းတယ်၊ သူက စားလို့ပြီးသွားပြီ ကဲ ငါ့အလှည့်ရောက်ပြီ မင်းပြောဆိုတော့ ပြောတယ်၊ ဟိုကောင်က ဝက်ကောင်လုံးကြော်ကြီးကွာတဲ့၊ တစ်လုတ်စားပြီးတော့ နောက်တစ်လုတ်ကျတော့ ဟေ့ကောင် ပြောလေကွာ၊ ဝက်ကောင်လုံးကြော် ပြီးတော့ ဘာတုန်းပေါ့ မင်း ဒီဝက်ကောင်လုံးကြော်ကြီးပဲ ပြီးအောင် [၂၇၇] စားပါဦးကွာ၊ သူတို့မှာ စိတ်ကူးနဲ့လည်း ဒီလိုလုပ်ကြတာပဲ၊ ထမင်းဟင်း မရှိတဲ့အခါ အဲဒီ နည်းစမ်းသပ်ကြည့်ပေါ့။

သက်သတ်လွတ်စားပြီးတော့ အဲဒီလို အတုတွေ လုပ်လို့ရှိရင်တော့ ဒါမျိုးနဲ့ အလွမ်းပြေ ဖြစ်နေတယ်တဲ့၊ တဏှာပယ်နိုင်မှာ မဟုတ်ဘူး၊ တဏှာမပယ်နိုင်ဘူးဆိုရင် အကုသိုလ်က ဖြစ်နေမှာပဲ၊ အကုသိုလ်ဆိုတာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘတို့ ဒေါသတို့ မောဟတို့ကို ခေါ်တာ၊ အဲဒီအကုသိုလ်က ငရဲချတဲ့အကုသိုလ် အပါယ်ချတဲ့အကုသိုလ် ရှိတယ်၊ အပါယ်ကျလောက်အောင် မပြင်းထန်တဲ့ အကုသိုလ်ရှိတယ်ပေါ့၊ တချို့က ငရဲကြီးလား, ငရဲမကြီးဘူးလားနဲ့ မေးတတ်ကြသေးတယ်၊ အကုသိုလ်မှန်သမျှ အပါယ်ကို ရောက်စေတယ်၊ သို့သော် ရောက်စေနိုင်တဲ့ အင်အားရှိမှ ရောက်စေတယ်ပေါ့၊ ဒါကြောင့်မို့ အကုသိုလ်ကို “အပါယ ဂမနီယ” နဲ့ “အပါယ အဂမနီယ” လို့ ဒီလို ခွဲပေးတာကိုး၊ အပါယ်ပို့လောက်အောင် ပြင်းထန်ရင်တော့ အပါယ်ရောက်မှာပေါ့၊ သို့သော် အကုသိုလ်မှန်သမျှဟာ သာဝဇ္ဇ ဒုက္ခဝိပါက အပြစ်ရှိပြီး မကောင်းတဲ့ အကျိုးကို ပေးတယ်ဆိုတာ သေချာပေါက် မှတ်ရမယ်ပေါ့။

ကောင်းပြီ မုနိဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရား လက်ထက်တော်အခါကာလတုန်းက အာဇီဝက ပင်ပင်ပန်းပန်း ကျင့်တဲ့ပုဂ္ဂိုလ်၊ အဝတ်မဝတ်ဘူး၊ အဝတ်ဆိုတဲ့ပိုင်ဆိုင်မှုကို သူ မလိုလားဘူး၊ အကုသိုလ်စိတ်ကို ဖြတ်တယ်ဆိုပြီးတော့ အဝတ်မဝတ်ဘဲ နေတယ်၊ အစားကိုလည်း လက်ထဲမှာပဲ ထည့်စားတယ်၊ ခွက်တွေ ဘာတွေနဲ့ [၂၇၈] မလုပ်ဘူး၊ အဲဒီလို ပင်ပန်းဆင်းရဲစွာ အကျင့်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေကို မုနိလို့ ခေါ်ရမှာလားတဲ့၊ အဲဒီတော့ လောကမှာ မုနိ မုနိနဲ့ ပြောတဲ့ စကားလုံးတွေက အားလုံးကို ခြုံပြီးတော့ အာဇီဝကတွေ, တို့မှာ ကိလေသာဆိုတဲ့ အနှောင်အဖွဲ့ မရှိဘူးလို့ ကြေညာတဲ့ နိကဏ္ဏတွေ, အဝတ်မဝတ်တဲ့ အစေလကတွေ, ဆံကျစ်ထုံးတဲ့ ရသေ့တွေ လူလောကက ရှောင်ခွာပြီးတော့ သူတော်စင်ဘဝမှာ အိမ်ထောင် သားမွေးမပြုဘဲနဲ့ လှည့်ပတ်ပြီးတော့ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ - အားလုံးကို မုနိလို့ ခေါ်နိုင်သလားဆိုတဲ့ မေးခွန်းကို သူမေးတာ။

နန္ဒရသေ့က မေးတဲ့မေးခွန်းက
“သန္တိ လောကေ မုနယော ဇနာ ဝဒန္တိ တယိဒံ ကထံသု”၊
လောကမှာတဲ့၊ မုနိလို့ ခေါ်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်တဲ့၊ လူတွေကလည်း သူတို့ကို မုနိလို့ ပြောကြတယ်၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလဲတဲ့၊

“ဉာဏူပပန္န နော မုနိနော ဝဒန္တိ
ဥဒါဟု ဝေ ဇိဝိတေ နပပန္န”
“အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကိုမှ မုနိလို့ ခေါ်ရမှာလား၊ (သို့မဟုတ်) ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ သက်သတ်လွတ်စားတယ်၊ မီးလွတ် စားမယ်နော်၊ ဟိုဟာ ဒီဟာ မစားဘူးဆိုပြီးတော့ အစားကို ခြိုးခြံတဲ့ ပုဂ္ဂိုလ်မျိုးကိုပဲ မုနိလို့ ခေါ်ရမှာလားလို့ မေးတာ။

[၂၇၉] အဲဒီလိုမေးတော့ မြတ်စွာဘုရားက ဖြေတယ်၊ “လောကမှာတဲ့၊ မုနိဆိုတာဟာ န ဒိဋ္ဌိယာ အမြင်တစ်ခု ရှိရုံနဲ့လည်း မုနိလို့ ပြောလို့ မရဘူးတဲ့၊ န သုတိယာ ကောင်းတဲ့ အကြားဗဟုသုတ ရှိရုံနဲ့လည်း မုနိလို့ မပြောရဘူး၊ န ဉာဏေန သမထကျင့်စဉ် သမာပတ်တွေကို အောင်မြင်ပြီးတော့ ဈာန်တွေရတယ်၊ အဘိညာဉ်တွေ ရတယ်၊ အဲဒီလောက်လေးနဲ့လည်း မုနိလို့ မပြောနိုင်ဘူးတဲ့ တကယ့်ပညာရှိ အဲဒီလောက်လေး အခြေအနေမျိုးကို မုနိလို့ မခေါ်ဘူး” တဲ့၊ မုနိလို့ ခေါ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာတွေက “ဝိသေနိကတွာ အနီဃာ နိရာသာ, စရန္တိ ယေ တေ မုနယောတိ ဗြူမိ” တဲ့၊ မြတ်စွာဘုရားက မုနိလို့ခေါ်တဲ့ပုဂ္ဂိုလ်ဟာ ရာဂ ဒေါသ မောဟ စတဲ့ ကိလေသာမာရ်စစ်သည်တွေကို ဖယ်ရှားပြီး ရာဂ ဒေါသ မောဟတွေကင်းပြီး နောက်ဆုံး အတွယ်အတာတွေ လုံးဝပြတ်နေတဲ့ ပုဂ္ဂိုလ်၊ (ဆိုလိုတာက) ကိလေသာ အာသဝေါ ကင်းစင်တဲ့ ရဟန္တာပုဂ္ဂိုလ်မှ မုနိလို့ ခေါ်မယ်တဲ့။

ဒါ အမြင့်ဆုံး မုနိကို ပြောလိုက်တာ၊ ဘာဖြစ်လို့တုန်းဆိုရင် လောကမှာ သူကလည်း မုနိ၊ ငါကလည်း မုနိနဲ့ အဲဒီခေတ်က မုနိ ခေတ်စားတာကိုး၊ အဲဒီတော့ သူကလည်း မုနိ၊ ငါကလည်း မုနိနဲ့ဆို မုနိတွေ များနေတာ၊ တကယ် သူတို့ကို မုနိ ခေါ်နိုင်လားဆိုတော့ မြတ်စွာဘုရားက “ဝိသေနိကတွာ” တဲ့၊ ကိလေသာမာရ်စစ်သည်တွေ [၂၈၀] ကို ဖယ်ရှားပြီးတော့ အောင်မြင်ထားတဲ့ ပုဂ္ဂိုလ်ကိုမှ မုနိလို့ ခေါ်နိုင်ပါတယ်တဲ့။

မာန်စစ်သည် (၁၀) ပါး

အဲဒီနေရာမှာ ကိလေသာမာရ်စစ်သည်ဆိုတာ ဘာတွေလဲ၊ တရားဓမ္မကျင့်သုံးပြီဆိုရင် အခက်အခဲတွေကို တိုက်ပွဲဝင်ရတဲ့ အနေအထားမျိုး ရောက်သည့်အတွက် စစ်လို့ သုံးထားတဲ့စကားနော်၊ တိုက်ပွဲတွေအဆင့်ဆင့်နဲ့ သွားရတယ်၊ တရားဓမ္မ ကျင့်တော့မယ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပထမဆုံး ဘာနဲ့တိုက်ရမလဲလို့ဆိုရင် လိုချင်စရာအာရုံ တွေကို လိုချင်နေတဲ့ တဏှာကို အရင်ပယ်ရတော့မှာပဲ၊ လိုချင်စရာအာရုံကို sensual pleasure လို့ ခေါ်တယ်၊ အဲဒီလိုချင်စရာအာရုံ တွေကို လိုချင်နေတဲ့ ကိလေသာ ကာမတွေကို တွန်းလှန်ဖို့ ပထမဆုံး ကြုံတွေ့ရမယ့် အခက်အခဲကြီးပေါ့ ကာမအာရုံကို ဖယ်ရှားနိုင်ရမယ်၊ ကျော်လွှားနိုင်ရမယ်။

နောက်တစ်ခုကျတော့ အဲဒီလို ကျော်လွှားပြီးတဲ့အခါမှာ ဘာဖြစ်တုန်း၊ ကာမအာရုံကို ဖြတ်ကျော်လိုက်ပြီ၊ လူ့လောက လူ့ဘဝ စွန့်ပယ်လိုက်ပြီ၊ ကာမဂုဏ်အာရုံတွေနဲ့ ဝေးအောင်နေတယ်၊ မျက်စိက ကြည့်ပြီး ပျော်စရာ မရှာတော့ဘူး၊ နားနဲ့ နားထောင်ပြီး ပျော်စရာ မရှာတော့ဘူး၊ ဘာနဲ့ရရ တင်းတိမ်ရောင့်ရဲပြီး စားသောက်နေထိုင်တယ်၊ အားလုံးကို စွန့်လွှတ်လိုက်ပြီဆိုတဲ့အချိန်မှာ ဘာဖြစ်လာတုန်း၊ [၂၈၁] တရားဓမ္မကျင့်တယ်၊ အဲဒီလို တရားဓမ္မကျင့်တဲ့အခါမှာ ကောင်းတဲ့ အကျင့်တရားမှာ ပျင်းစိတ် ဝင်လာတယ်၊ အဲဒါ ဒုတိယအခက်အခဲပဲ။ သာမန်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် လူ့ဘဝက ထွက်ပြီးတော့ ဘုန်းကြီးဝတ်တယ်၊ မယ်သီလရှင်ဝတ်တယ်၊ ဘာဖြစ်လဲ၊ ဘုန်းကြီး ဘဝ မပျော်ဘူး၊ ပျင်းလာတယ်နော်၊ မယ်သီလရှင်ဘဝ မပျော်ဘူး၊ ပျင်းလာတယ်၊ အဲဒါဟာ ဒုတိယအခက်အခဲတစ်ခုပဲ၊ ဟုတ်တယ်လေ၊ တချို့က ဝတ်ကိုမဝတ်တော့ ပျင်းစရာလည်း မရှိတော့ဘူး၊ သူတို့မှာ ဝတ်မှ မဝတ်တာဘဲလေ၊ ပထမတင်ပဲ ရှုံးနေပြီ၊ ပထမအခက်အခဲထဲမှာပဲ မြုပ်နေပြီဆိုတော့ ဒုတိယ အခက်အခဲကို သူတို့မတွေ့တော့ဘူး၊ ပျင်းစရာဆိုတာ မတွေ့တော့ဘူး၊ အဲ ဝတ်လာပြီဆိုတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဒုတိယအခက်အခဲက အရတိ-မပျော်မွေ့ခြင်းပဲ။

လူ့ဘဝမှာ နေပြီးတော့ ၁၀ ရက်စခန်း တရားသွားဝင်တယ်၊ အိမ်မှာလို ကိုယ်စားချင်တာ မစားရ၊ ၁၀ ရက်စခန်းဝင်၊ ထိုင်ရတဲ့ တရားကလည်း ၂၄ နာရီမှာ ၄ နာရီပဲ အိပ်ရတယ်၊ စည်းမျဉ်း စည်းကမ်းတွေအရ မျက်လုံးကြီးမှိတ်ပြီး ခြေထောက်ကလေး မလှမ်းချင်လှမ်းချင် လှမ်းပြီး မှတ်နေရတယ်၊ ကြာတော့ ပျင်းလာတယ်၊ အဲဒါလည်း အရတိပဲ။

အခက်အခဲတစ်ခု ကြုံလာတာတင် မကဘူး၊ ဥပုသ်က ဆောက်တည်ရတယ်ဆိုတော့ ဘာဖြစ်တုန်း၊ ဗိုက်ဆာတယ်၊ တရားကျောင်းသွားပြီးတော့ နေရတာ ဗိုက်ဆာတယ်၊ အဲဒါဟာ တတိယအခက်အခဲပဲ၊ အိမ်မှာနေတဲ့အခါ ကြောင်အိမ် ဖွင့်, ရေခဲ [၂၈၂] သေတ္တာ ဖွင့်, တဇွတ်ဇွတ် စားတယ်၊ ဟိုရောက်တဲ့အခါကျတော့ စားချင်လို့လည်း စားစရာကမရှိ ကြောင်အိမ်ကလည်း ကိုယ့်နားမရှိ ရေခဲသေတ္တာကလည်း မရှိနော်၊ စားစရာ သောက်စရာကလည်း မရှိဆိုတော့၊ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံနေရတာ၊ ဒါက တတိယ အခက်အခဲကြီးတစ်ခုကို ကျော်လွှားနေရတာတဲ့။

နောက် လေးခုမြောက် အခက်အခဲကတော့ ဘာတုန်းဆို တောင့်တတာ၊ တမ်းတတာ၊ ဘာတမ်းတလာတာတုန်းဆို ကြက်သားကြော်လေး စားချင်လိုက်တာ၊ ဘဲကင်လေး စားချင်လိုက်တာ၊ ပုဇွန်လုံးကြော်လေး စားချင်လိုက်တာဆိုတဲ့ တောင့်တမှုလေးတွေက ရိပ်သာတရား အားထုတ်ရင်းကနေ မျှော်လင့်လာတာ၊ အိမ်လှမ်းမှာရ ကောင်းမလား၊ ဖုန်းဆက်ရ ကောင်းမလားနဲ့ ဖြစ်လာတာ၊ အဲဒီဟာလည်းပဲ စတုတ္ထအခက်အခဲတစ်ခုပဲ၊ ဆာလာတော့ လူက စားချင်တာပဲ။

နောက်တစ်ခါ စတုတ္ထအခက်အခဲကို ကျော်လွှားနိုင်ပါပြီဆိုတဲ့ အခါမှာ ပဉ္စမအခက်အခဲ တိုက်ပွဲဝင်ရတာ ဘာနဲ့တုန်းဆိုလို့ရှိရင် အိပ်ချင်တာ၊ တရားအားထုတ်ပြီဆိုလို့ရှိရင် ငိုက်ပြီ၊ ထိုင်လိုက်ကတည်းက အိပ်ချင်လာတာ၊ တောက်လျှောက် ထိနမိဒ္ဓနဲ့ တိုက်ပွဲဝင်ရတာ၊ အဲဒါ ပဉ္စမမြောက်အခက်အခဲပဲ။

တိုက်ပွဲဝင်လို့ ထိနမိဒ္ဓကို လွန်လာပြီဆိုတဲ့အခါ သမာဓိလေး အတော်အသင့် ရလာပြီဆိုရင် ဘာဖြစ်လဲ၊ တစ်ယောက်တည်း နေရမှာကြောက်လာတယ်၊ ကမ္မဋ္ဌာန်းကျောင်းထဲ တစ်ယောက်တည်း [၂၈၃] မနေချင်ဘူး၊ အဖော်လေးနဲ့မှ၊ သူတစ်ယောက်တည်းဆို တွေးကြောက်တယ်၊ တချို့လည်း တွေးကြောက်ရာကနေပြီးတော့ သွေးလန့်သွားတာလည်း ရှိတယ်နော်၊ အဲဒီကြောက်တာဟာ ဆဋ္ဌမမြောက် အခက်အခဲတစ်ခုပဲ၊ အဲဒီတော့ တရားဟာ တော်တော်နဲ့ မအောင်မြင်တော့ ဘာဖြစ်လာတုန်းဆို ဝိစိကိစ္ဆာ ငါလုပ်နေတာ ဟုတ်မှ ဟုတ်ပါ့မလား၊ တရားထူး တရားမြတ်ရတယ် ဆိုတာ ဟုတ်ပါ့မလား၊ ဒီနည်းနဲ့ရော နိဗ္ဗာန်ဆိုတာလည်း ရောက်နိုင်ပါ့မလား ဆိုတဲ့ သို့လော သို့လော အတွေးတွေ ဝင်လာတာဟာ အဲဒါ ခုနစ်ခုမြောက် အခက်အခဲတစ်ခုပဲ၊ အဲဒါလည်း ဝင်လာတတ်တယ်။

အေး အဲဒီလို ကျော်လွှားသွားပြီးတဲ့အခါ သမာဓိလေးလည်း အတော်ကောင်းလာတယ်၊ ဉာဏ်ကလေးတွေ တက်လာတဲ့အခါကျတော့ ဘာတုန်းဆိုရင် မက္ခ၊ ငါကြိုးစားလို့ရလာတယ်နော်၊ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး၊ ငါ့ဖာသာ ကြိုးစားလို့ ရလာတာလေ၊ ကျေးဇူးတရားတွေကို သိပ်ပြီးတော့ မသိတော့ဘူး၊ ထမ္ဘ - ငါသိတယ်၊ ငါ တရားထူးတရားမြတ်တွေ ရလာပြီဆိုပြီး မာန်တက်လာတယ်၊ စိတ်ဓာတ်က နည်းနည်းမာကျောလာတာ၊ ငါ တရားထူး တရားမြတ် ရလာပြီ၊ ငါလိုလူ ရှိဦးမလားလို့ ဆိုပြီး ဖြစ်လာတဲ့ စိတ်တွေ၊ အတွေးတွေ၊ အဲဒီလို ဝင်လာတတ်တယ်တဲ့၊ အဲဒီလို ဝင်လာတဲ့အခါ ဒါ ရှစ်ခုမြောက် အခက်အခဲတစ်ခုပဲ။

[၂၈၄] အဲဒီလို အတွေးတွေ ကျော်လွှားသွားပြီးတော့ နောက်ပိုင်းမှာ တရားဓမ္မကျင့်ကြံကြိုးကုတ်လို့ လူဆိုရင်လည်း ရိပ်သာမှာ တရားတွေ တက်ပြီးတော့ အသိဉာဏ်တွေ ရင့်ကျက်လာတယ်၊ ပတ်ဝန်းကျင် ပုဂ္ဂိုလ်တွေက ချီးမွမ်းလာကြတယ်၊ တော်တယ်၊ တော်တယ် ရိပ်သာကို ဘယ်နှစ်ခါဝင်ပြီးပြီ၊ တရားတွေ ဘယ်နှစ်ခါ အားထုတ်တယ်၊ တရားတွေလည်း သိပ်သိသာတာပဲနဲ့ “ဆရာကြီး, ဆရာကြီး” နဲ့ ဖြစ်လာပြီဆိုတဲ့အခါမှာ သူက မာန်မာနတွေ တက်လာတယ်၊ မာန်မာနတွေ တက်လာပြီး ဘာတွေလုပ်တုန်းဆို၊ အတ္တုက္ကံသန - ကိုယ့်ကိုယ်ကို မြှောက်ပင့်တယ်၊ ပရဝမ္ဘန - သူများတွေကို ရှုတ်ချလာတယ်တဲ့ ဆိုတာမျိုးတွေ ဖြစ်လာတယ်။

အဲဒါတွေကိုပြောတာ မာရ်စစ်တပ်ဆိုတာ၊ တခြားဟာတွေကိုပြောတာ မဟုတ်ဘူး၊ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ရမယ်တဲ့၊ အဲဒါတွေ မကျော်လွှားနိုင်တဲ့ပုဂ္ဂိုလ်ဟာ ဒီထဲမှာပဲ နစ်မြုပ်သွားပြီးတော့ နောက်ဆုံးမှာ မုနိလို့ ခေါ်စရာအကြောင်း ဘာမှမရှိဘူး၊ အဲဒါကို မြတ်စွာဘုရားက နန္ဒရသေ့ကို ဟောလိုက်တာ။

နန္ဒရသေ့ကို ဟောလိုက်တဲ့အခါမှာ ဒီဟာကို ရည်ညွှန်းပြီးတော့ ဝိသေနိကတွာ အနီဃာ နိရာသာ _ အဲဒီ စစ်တပ်တွေကို အားလုံး ဖယ်ရှားနိုင်ရမယ်၊ ကိုယ့်သန္တာန်မှာ အခက်အခဲတွေ ရန်သူတွေ အားလုံး ကျော်လွှားဖယ်ရှားပြီး ရာဂဆိုတာ ကင်းသွားတယ်၊ ဒေါသဆိုတာ ကင်းသွားတယ်၊ တွယ်တာမှု ကင်းသွားတယ်၊ အဲဒီလို ကင်းအောင် ကျင့်လို့ကင်းသွားတဲ့ ပုဂ္ဂိုလ်မျိုးကိုမှ မုနိလို့ ခေါ်ရတယ်။

[၂၈၅] သာမန်ဉာဏ်ရည်ရှိတဲ့ ပုဂ္ဂိုလ်ကိုလည်း မုနိလို့ မခေါ်ရဘူး၊ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ အဝတ်တောင် မဝတ်ဘူးနော်၊ အဲဒီလို နေပြီးတော့ ကျင့်တဲ့ပုဂ္ဂိုလ်တွေကိုလည်း မုနိလို့ မခေါ်သင့်ဘူးတဲ့၊ တကယ့်ကို ကိလေသာ အာသဝေါတွေ ကင်းပြီးတော့ အခက်အခဲတွေကို ကျော်လွှားသွားတဲ့ပုဂ္ဂိုလ်ကိုမှ မုနိလို့ ခေါ်ရမယ်လို့ အဲဒီအဖြေကို ဖြေလိုက်တယ်။

နံပါတ် (၂) မေးခွန်း

အဲဒီတော့ သူက ထပ်ပြီးတော့ မေးတယ်၊ အဲဒီမှာတဲ့ သမဏ၊ ဗြာဟ္မဏဆိုတဲ့ အမည်ခံတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ အမြင်နဲ့ အကြားနဲ့လည်း သံသရာဝဋ်က လွတ်နိုင်တယ်၊ စင်ကြယ်နိုင်တယ်လို့ ဟောကြတယ်တဲ့၊ အလေ့အထတစ်ခု၊ စွဲစွဲမြဲမြဲ ဆောက်တည်တဲ့ အကျင့်တစ်ခုနဲ့လည်းပဲ သံသရာဝဋ်က လွတ်နိုင်တယ်၊ စင်ကြယ်နိုင်တယ်လို့ ပြောကြတယ်တဲ့၊ နည်းအမျိုးမျိုးနဲ့ သံသရာဝဋ်က လွတ်တယ်၊ စင်ကြယ်တယ်လို့ ပြောကြတယ်၊ မြတ်စွာဘုရားအလောင်းကိုယ်တိုင်လည်း ဒါမျိုးတွေ ကျင့်ခဲ့ဖူးတယ်၊ “အာဟာရေန သုဒ္ဓိ” အစာကို ခြိုးခြိုးခြံခြံကျင့်ခြင်းဖြင့် ကိလေသာတွေက စင်ကြယ်နိုင်တယ်လို့ အယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ လမ်းစဉ်အတိုင်း ကျင့်တယ်၊ အဲဒီလို တချို့ကျတော့ သံသရာထဲမှာ အမျိုးစုံ ဖြစ်ပြီးသွားလို့ရှိရင် စင်ကြယ်နိုင်တယ်လို့ ယူဆတဲ့ပုဂ္ဂိုလ်တွေကျတော့ [၂၈၆] “သံသာရသုဒ္ဓိ” လို့ ခေါ်တယ်၊ အဲဒီလို ယုံကြည်မှုတွေဟာ အမျိုးစုံပဲ။ အဲဒီ ယုံကြည်မှုမျိုးစုံတွေနဲ့ စင်ကြယ်မှုကို ပြောကြတယ်၊ ဟောကြတယ်၊

အဲဒီလို စင်ကြယ်မှုတွေအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ဆိုပါစို့ - အစာလည်း ခြိုးခြိုးခြံခြံစားတယ်၊ အဝတ်ကိုလည်းပဲ ခြိုးခြိုးခြံခြံ ဝတ်တယ်၊ ပင်ပန်းကြီးစွာ ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဇာတိ ဇရာ ဒါတွေကို သူတို့ လွန်မြောက်နိုင်ပါသလားတဲ့၊ ဒုတိယ မေးခွန်းကို အဲဒီလိုမေးတာ၊ ဒီအကြောင်းကို တပည့်တော်ကို ဖြေပါတဲ့၊ မြတ်စွာဘုရားက ဖြေတယ်၊

ကိဉ္စာပိ တေ တတ္ထ ယတာ စရန္တိ နာတရိသု ဇာတိဇရန္တိ ဗြူမိ
သူတို့ ဘယ်လိုပဲကျင့်ကျင့် ဇာတိ ဇရာ မရဏက မလွန်မြောက်နိုင်ဘူး၊ အဲဒီအကျင့်တွေနဲ့ကတော့ လုံးဝ မလွန်မြောက်နိုင်ဘူး၊ ဒုက္ကရစရိယာအကျင့်တွေ၊ အစာကို ခေါင်းခေါင်းပါးပါး ကျင့်တယ်၊ ဘာကို ခေါင်းခေါင်းပါးပါး ကျင့်တယ်ဆိုတဲ့ အဲဒီအကျင့်တွေနဲ့တော့ ဒါတွေဟာ ဇာတိ ဇရာ မရဏကို မလွန်မြောက်နိုင်ဘူးတဲ့၊

ဒါဖြင့် မလွန်မြောက်နိုင်ရင် ဘယ်လို ပုဂ္ဂိုလ်မျိုးကမှ လွန်မြောက်နိုင်ပါသလဲတဲ့ အဲဒီမှာ မြတ်စွာဘုရား ဖြေတာကတော့ ငါဟာ သမဏ ဗြာဟ္မဏအားလုံးကို ဇာတိ ဇရာ မရဏရဲ့ လွှမ်းမိုးမှု ခံနေရတဲ့သူတွေလို့တော့ မဟောဘူးတဲ့။

ယေ သီဓ ဒိဋ္ဌိဝ သုတံ မုတံ ဝါ၊ သီလဗ္ဗတံ ဝါပိ ပဟာယ သဗ္ဗ၊
[၂၈၇] အနေက ရုပ် ပဟာယ သဗ္ဗေ၊ တဏှ ပရိညာယ အနာသဝါသေ၊
တေ ဝေ နရာ ဩဃတိဏ္ဏာတိ ဗြူမိ
လောကမှာ အဲဒီလို အကျင့်တွေနဲ့ စင်ကြယ်နိုင်တယ်ဆိုတဲ့ မှားယွင်းတဲ့ အတွေးတွေကို ဖယ်ရှားရမယ်။ ဖယ်ရှားပြီး ဘာလုပ်ရမလဲဆိုတော့ တဏှာကို ပိုင်ပိုင်နိုင်နိုင် သိအောင် လုပ်ရမယ်တဲ့၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ တွယ်တာမှု, လိုချင်မှုလို့ ဆိုတဲ့ တဏှာကို ပိုင်းပိုင်းခြားခြား သိရမယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုမှ ဩဃကို ကျော်လွှားသူလို့ ဆိုနိုင်တယ်။

ဒါဖြင့် ပိုင်းပိုင်းခြားခြား သိတယ်ဆိုတာ ဘာကိုပြောတာတုန်း။ ပရိညာဆိုတာနဲ့ ပတ်သက်ပြီးတော့ ပရိညာ ၃-မျိုးကို မှတ်သားသင့်တယ်ပေါ့၊ ပရိညာဆိုတဲ့ အဓိပ္ပာယ်က ပိုင်ပိုင်နိုင်နိုင် သိတယ်လို့ အဓိပ္ပာယ်ရတယ်၊ ပိုင်းပိုင်းခြားခြားဆိုတာ ပိုင်ပိုင်နိုင်နိုင် သိတာကို ပြောတာနော်၊ မကျန်ရအောင် သိတဲ့ အသိမျိုးကို ပြောတာ၊ ပိုင်ပိုင်နိုင်နိုင် သိတယ်၊ ပိုင်းပိုင်းခြားခြား သိတယ်၊ နိုင်တယ်ဆိုတာ Master ဖြစ်တာကို ပြောတာ။

အဲဒီ ပရိညာ ၃-မျိုး ရှိတယ်၊
(၁) ဉာတပရိညာ - သိစရာတရားကို ပိုင်ပိုင်နိုင်နိုင်သိခြင်း၊ ပညာကို ပြောတာပဲ၊ ဉာတပရိညာ သိစရာတွေကို ပိုင်ပိုင်နိုင်နိုင်သိတယ်၊
(၂) တီရဏပရိညာ - ဆုံးဖြတ်ပြီးတော့ သိတယ်၊ အသိက တိုးလာတယ်၊ သူက ဆုံးဖြတ်ပြီးတော့ သိတယ်၊
(၃) ပဟာနပရိညာ - မိမိရဲ့ သန္တာန်မှာ [၂၈၈] မဖြစ်ရအောင် တွန်းလှန်ဖယ်ရှားပြီးတော့ သိတယ်လို့၊ ဟော - ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ။

ကဲ ဒါဖြင့် ဉာတပရိညာဆိုတာ ဘာကိုပြောတာတုန်းလို့၊ တဏှာနဲ့ပတ်သက်ပြီး ဉာတပရိညာဆိုတာ ဘာကိုပြောတာတုန်း ဆိုလို့ရှိရင် ကြည့် - မျက်စိက အဆင်းအာရုံလေးကို မြင်ပြီးတော့ အဲဒီအာရုံလေးကို လိုချင်တပ်မက်လို့ရှိရင် ရူပတဏှာလို့ ခေါ်တယ်၊ အသံလေးပေါ်မှာ တပ်မက်တာကျတော့ သဒ္ဒတဏှာ၊ အနံ့ပေါ်မှာ တပ်မက်တာက ဂန္ဓတဏှာ၊ အရသာပေါ်မှာ တပ်မက်တာက ရသတဏှာ၊ အထိအတွေ့ပေါ် တပ်မက်လို့ရှိရင် ဖောဋ္ဌဗ္ဗတဏှာ၊ စိတ်ထဲမှာပေါ်လာတဲ့ အာရုံတစ်မျိုးမျိုးပေါ်မှာ တပ်မက်တာကျတော့ ဓမ္မတဏှာ၊ (ဓမ္မဆိုတာ ဒီနေရာမှာ တရားကိုပြောတာ မဟုတ်ဘူးနော်၊ ဒီစကားလုံးက အားလုံးကို ခြုံလိုက်တာ။)

အဲဒီ ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာလို့ တဏှာ ၆-မျိုး၊ အာရုံ ၆-မျိုးရှိသည့် အတွက်ကြောင့် တဏှာ ၆-မျိုးလို့ ဒီလိုပြောရမယ်၊ အဲဒီတဏှာတွေကို ပိုင်ပိုင်နိုင်နိုင်သိတာ၊ အော် ဒါ ရူပတဏှာပဲ၊ ဒါက သဒ္ဒတဏှာ၊ ဒါက ဂန္ဓတဏှာပဲ စသည်ဖြင့် တဏှာတွေကို သိရမယ့်ဟာကို ပိုင်ပိုင်နိုင်နိုင် သိတာကို ဉာတပရိညာလို့ ခေါ်တယ်၊ ဒါဟာ တဏှာနဲ့ ပတ်သက်တဲ့ ဉာတပရိညာ။

အဲဒီ ကိုယ်သိလိုက်တဲ့တဏှာ၊ ရူပတဏှာဆိုတာလည်း မမြဲဘူး၊ ရသ၊ ဖောဋ္ဌဗ္ဗ၊ ဓမ္မတဏှာ ဆိုတာလည်း မမြဲဘူး၊ အဲဒီ မမြဲဘူးဆိုတာ [၂၈၉] ကို အသိဉာဏ်ထဲမှာ ဆုံးဖြတ်တယ်၊ ကိုယ်တိုင်သိတယ်၊ ဟုတ်တယ်၊ မမြဲတာ သေချာတယ်နော်၊ မျက်စိထဲ မြင်ထားတဲ့ ဟာလေးလည်း ခဏလေးပျောက်တယ်၊ ဘယ်အရာမှ တည်မြဲနေတာ မရှိဘူးလို့ စိတ်က ဆုံးဖြတ်နိုင်တာကို တီရဏပရိညာလို့ ခေါ်တယ်၊ ဆုံးဖြတ်ပြီးတော့ သိတာ။

အဲဒီသိထားတဲ့အတိုင်း အဲဒီတဏှာကို မိမိစိတ်ထဲမှာ မဖြစ်အောင် ဖယ်ရှားနိုင်တာ၊ တွန်းလှန်နိုင်တာကို ပဟာနပရိညာလို့ ခေါ်ပါတယ်။

အဲဒါကို မြတ်စွာဘုရားက ဒီနေရာမှာ “တဏှပရိညာယ”လို့ ဒီလိုဟောတာ၊ အဲဒီပရိညာတွေနဲ့ပတ်သက်ပြီးတော့ တဏှာဆိုတာကို သိတယ်၊ တဏှာရဲ့မမြဲတဲ့သဘာဝတရားတွေကို ဆုံးဖြတ်နိုင်တယ်၊ ဆုံးဖြတ်ထားတဲ့အတိုင်း ဖယ်ရှားပစ်နိုင်တယ်၊ ဒီတဏှာကို ဖယ်ရှားပြီး ဖြစ်သွားတယ်၊ အဲဒီပုဂ္ဂိုလ်မျိုးမှာ အာသဝဆိုတဲ့တရားတွေ မလာတော့ဘူး၊ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝဆိုတဲ့ စီးဝင်နေတာတွေ မလာတော့ဘူး၊ အာသဝဆိုတာ စီးဝင်နေတာ၊ ဒီရူပတဏှာကို ပိုင်းပိုင်းခြားခြားသိထားတဲ့ ပုဂ္ဂိုလ်ဟာ ရူပတဏှာနဲ့ ပတ်သက်ပြီးတော့ တဏှာဆိုတာ စီးဝင်မလာတော့ဘူး၊ တဏှာ စီးဝင်မလာလို့ရှိရင် ဒေါသဆိုတာလည်း စီးဝင်မလာဘူး၊ မောဟဆိုတာလည်း စီးဝင်မလာတော့ဘူး၊ မှားယွင်းတဲ့အမြင်ဆိုတဲ့ ဒိဋ္ဌိဟာလည်း စီးဝင်မလာတော့ဘူး၊ အဲဒီတော့ ဒီသဘာဝတရားတွေဟာ မျက်စိကလည်း စီးဝင်မလာဘူး၊ နားကလည်း စီးဝင်မလာ [၂၉၀] ဘူး၊ နှာခေါင်းကလည်း စီးဝင်မလာဘူး၊ လျှာကလည်း စီးဝင်မလာဘူး၊ ခန္ဓာကိုယ်ကလည်း စီးဝင်မလာဘူး၊ စိတ်ထဲမှာလည်း စီးဝင်မလာတော့ဘူးဆိုရင် အာသဝေါကင်းသွားတဲ့ ပုဂ္ဂိုလ်လို့ ပြောတာ။

ကိလေသာ အာသဝေါတွေက သူ့သန္တာန်မှာ စီးဝင်ခြင်း ဖြစ်ပေါ်လာခြင်း မရှိဘူး၊ အဲဒီပုဂ္ဂိုလ်မျိုးကိုသာလျှင် ဩဃတိဏ္ဏ အခက်အခဲကို ကျော်လွှားပြီးတော့ ဇာတိ ဇရာ မရဏကို လွန်မြောက်နိုင်တယ်လို့ မြတ်စွာဘုရားက ဟောတာပါတဲ့၊ ခုန သာမန်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မကျော်လွှားနိုင်ဘူးတဲ့။

အဲဒီကျတော့ နန္ဒရသေ့က သဘောကျတယ်၊
တာ ဘိနန္ဒာမိ ဝစော မဟေသိနော၊ သုဏိတ္တိတံ ဂေါတမ နပဓိကံ၊. . . တဏှ ပရိညာယ အနာသဝါသေ၊ အဟမ္ပိ တေ ဩဃတိဏ္ဏာတိ ဗြူမိ
သူလည်း ဒီအချက်ကို လက်ခံပါတယ်တဲ့၊ သူကိုယ်တိုင်လည်းပဲ မြတ်စွာဘုရားရဲ့တရားကိုနာရင်း အဓိကအချက်က ဘာလဲလို့ ဆိုလို့ရှိရင် အာရုံ ၆-ပါးပေါ်မှာ တွယ်တာမှုတဏှာ ဖယ်ရှားဖို့ရန် အဓိကပဲဆိုတာကို သိလာတယ်၊ တရားနာရင်း ဝိပဿနာ ကျင့်စဉ်တစ်ခုကို ကျင့်ရင်းနဲ့ နန္ဒရသေ့မှာ အသိဉာဏ်တွေ ဖြစ်ပေါ်လာပြီးတော့ မဂ်လေးပါး ဖိုလ်လေးပါး အဆင့်ဆင့် လွန်မြောက်ပြီးတဲ့အခါမှာ နောက်ဆုံး သူလည်းပဲ ရဟန္တာအဖြစ်ကို ရောက်ရှိသွားတယ်၊ သူနဲ့ အတူလာတဲ့ပုဂ္ဂိုလ်တွေလည်း ရဟန္တာဖြစ်သွားတယ်၊ ရဟန္တာဖြစ်သွား [၂၉၁] တာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့ရသေ့အသွင်ဟာ ပြောင်းလဲသွားပြီး ရဟန်းအသွင် ဖြစ်သွားတယ်၊ ဒီပုဂ္ဂိုလ်တွေဟာ အင်မတန်မှ ထူးခြားတဲ့ ပုဂ္ဂိုလ်တွေ သူတို့က ဉာဏ်အင်မတန်မှ ရင့်နေတဲ့ အချိန်နော်။

ဘာဖြစ်လို့ ဒီပုဂ္ဂိုလ်တွေဟာ တရားလေး ဒီလောက်နာလိုက်ရတာနဲ့ သူတို့မှာ အသိဉာဏ်တွေ သိပ်ပွင့်သွားသလဲ ဆိုလို့ရှိရင် သူတို့က ပွင့်ခါနီးဆဲဆဲ ကြာဖူးကြီးတွေနဲ့ အလားသဏ္ဌာန် တူတာကိုး၊ ပွင့်ခါနီးဆဲဆဲ ကြာဖူးကြီးတွေဟာ နေရောင်နဲ့ တွေ့လိုက်တဲ့ အခါကျတော့ ပွင့်လာသလိုပဲ၊ မြတ်စွာဘုရားတရားတော်နဲ့ တွေ့လိုက်တာနဲ့ တစ်ပြိုင်တည်း သူတို့က ပွင့်လာတယ်၊ ဟောလိုက်တာနဲ့ အသိဉာဏ်တွေဟာ ပွင့်သွားကြတယ်၊ ဒါကြောင့် သူတို့ ရဟန္တာ ဖြစ်သွားကြတယ်။

သူမေးတဲ့ မေးခွန်းရဲ့အကျဉ်းချုပ်ကတော့
ဘယ်လိုပုဂ္ဂိုလ်မျိုးမှ မုနိလို့ ခေါ်ရမလဲတဲ့၊ မြတ်စွာဘုရားက မုနိဆိုတာ ကိလေသာစစ်သည်တွေ အားလုံးကို အနိုင်ရပြီးတော့ ရာဂ ဒေါသ မောဟ ကင်းမှ၊ အတွယ်အတာကင်းမှ မုနိလို့ခေါ်တယ်၊ သမဏလို့ ခေါ်၊ ဗြာဟ္မဏလို့ ခေါ်ပေမယ့် ကျန်တဲ့ပုဂ္ဂိုလ်တွေ အစာရေစာ ခေါင်းခေါင်းပါးပါး ကျင့်ပြီး ဒီလို လောကီအကျင့်ထဲမှာ နစ်မွန်းနေတဲ့ပုဂ္ဂိုလ်တွေဟာ ဇာတိ ဇရာ မရဏဆိုတဲ့ အခက်အခဲကို မကျော်လွှားပါဘူးတဲ့၊ [၂၉၂] ကျော်လွှားနိုင်တဲ့ ပုဂ္ဂိုလ်ဟာ တဏှာကို ပိုင်ပိုင်နိုင်နိုင်သိပြီး တဏှာကို ဖယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ်မှသာလျှင် ဇာတိ ဇရာ မရဏဆိုတဲ့ အခက်အခဲကို ကျော်လွှားနိုင်တယ်၊ အဲဒီပုဂ္ဂိုလ်ကျမှသာလျှင် တကယ့် ဩဃတိဏ္ဏ အခက်အခဲရေလျဉ်ကြီးကို ဖြတ်ကျော်ပြီးတော့ ပါရလို့ ဆိုတဲ့ နိဗ္ဗာန်ကို ရောက်ရှိသွားတဲ့ ပုဂ္ဂိုလ်လို့ ဒီလိုဆိုလိုနိုင်တယ်လို့ မြတ်စွာဘုရားက ဖြေကြားခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့သည် မြတ်စွာဘုရားက နန္ဒရသေ့အား ဖြေဆိုတဲ့မေးခွန်းရဲ့ ဖြေဆိုချက်များကို နာယူမှတ်သားပြီး တို့ဘဝတွေရဲ့ သန္တာန်မှာ အဓိက ဖယ်ရှားပစ်ရမှာကတော့ စိတ်ရဲ့အညစ်အကြေးဖြစ်တဲ့ ကိလေသာတွေပဲ ဖြစ်တယ်၊ ဒီကိလေသာတွေ မဖယ်နိုင်သေးသမျှ ဩဃဆိုတဲ့ သံသရာထဲမှာ တို့ဟာ ကျော်လွှားနိုင်မှာ မဟုတ်ဘူး၊ ဩဃဆိုတဲ့ သံသရာ မကျော်လွှားနိုင်ရင် ပါရဆိုတဲ့ နိဗ္ဗာန်ကို တို့ဘဝတွေ ရောက်ဦးမှာ မဟုတ်ဘူး၊ ပါရဆိုတဲ့ နိဗ္ဗာန် မရောက်မချင်း အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ ဆင်းရဲတွေနဲ့ သံသရာထဲမှာ လည်နေကြရဦးမှာပဲ ဆိုတာ ကိုယ့်ရဲ့ဘဝကို ထင်ထင်ရှားရှား သိမြင်ပြီးတော့ ဩဃကို ဖြတ်ကျော်ဖို့ ဟိုဘက်ကမ်းကို အရောက်လှမ်းဖို့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကြိုးစားပြီးတော့ ကျင့်ရမှာ ဖြစ်တယ်လို့ ကိုယ်စီ ကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေ ကုန်သတည်း။

သာဓု
သာဓု
သာဓု၊
[၂၉၃] သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂- ခုနှစ် နတ်တော်လဆန်း ၉-ရက်၊ ခရစ်နှစ် ၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၁၅-ရက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဇမ္ဗူသီရိဗိမာန်တော်တွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ အနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွား မိဘဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေး ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

ဟေမက၊ တောဒေယျ၊ ကပ္ပ၊ ဇတုကဏ္ဏိ တို့၏ အမေးကိုဖြေဆိုခြင်း

ဗာဝရီပုဏ္ဏားကြီးမှာ တပည့်ကြီး ၁၆ -ဦးရှိတယ်၊ အဲဒီ ၁၆- ဦးလုံးကို မြတ်စွာဘုရားထံ စေလွှတ်လိုက်တယ်၊ ဗာဝရီပုဏ္ဏားကြီးကတော့ အလွန်ကို အသက်ကြီးနေပြီ၊ အသက်-၁၂ဝ ရှိတယ်၊ ခရီးကလည်း အလွန်ကွာဝေးသည့်အတွက်ကြောင့် သူကိုယ်တိုင် မလိုက်နိုင်ဘူး၊ တပည့်ကြီး ၁၆-ယောက်ကို ဦးဆောင်စေပြီး တပည့်တွေအားလုံးကို ဗုဒ္ဓမြတ်စွာဆီ စေလွှတ်တယ်။ ဘုရား [၂၉၄] ဟုတ်မဟုတ် စုံစမ်းခိုင်းတယ်၊ ဒါလည်း စဉ်းစားဉာဏ်ရှိတယ်လို့ ပြောရမယ်၊ လောကမှာ ခေါင်းဆောင်လုပ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဘယ်အရာပဲဖြစ်ဖြစ် စူးစူးစမ်းစမ်း ဆင်ခြင်ပြီးမှ လုပ်သင့်တယ်၊ အဲဒီလို မဟုတ်လို့ရှိရင် ဆိုပါစို့ - ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်က ကိုယ်တိုင် သွားတယ်။ ဟိုကျတော့ ဘုရားအစစ် မဟုတ်ဘဲနဲ့ ဘုရားအတုနဲ့ သွားတွေ့နေလို့ရှိရင် သူပါသိက္ခာကျမှာပေါ့ အဲဒါကြောင့် သူကိုယ်တိုင် မသွားဘူး၊ သူ့ရဲ့ တပည့်တွေကို လွှတ်လိုက်တယ်။

အဲဒီအတိုင်းပဲ ဗြဟ္မာယုပုဏ္ဏားကြီးဆိုတာလည်း အသက် ၁၂၀-ရှိပြီ၊ အဲဒီခေတ်က အင်မတန်ထင်ရှားတဲ့ ပညာတတ်ပုဏ္ဏားကြီး၊ သူလည်း ဂေါတမဘုရား အလွန်ကျော်ကြားတယ်၊ ဘုရားအစစ် ဟုတ်မဟုတ်ဆိုတာကို သူ့လက်ရင်းတပည့် ဥတ္တရလုလင်ကို စေလွှတ်ပြီး စုံစမ်း လေ့လာခိုင်းတယ်။

တစ်ခါ ပသေနဒီကောသလမင်းကြီးရဲ့ အင်မတန်မှထင်ရှားတဲ့ ပေါက္ခရသာတိဆိုတဲ့ ပုဏ္ဏားကြီးကလည်း ဒီအတိုင်းပဲ၊ တပည့် ပရိသတ်တွေ အလွန်များတယ်၊ သူကလည်း မြတ်စွာဘုရားရဲ့ ကျော်ကြားမှု ဂုဏ်သတင်းတွေကို ကြားတော့ ဘုရားဆီ သွားချင်တယ်၊ သွားချင်ပေမယ့်လို့ ခုနကလို ကျော်သလောက် ဟုတ်ချင်မှ ဟုတ်တယ်၊ ကျော်သလောက် မတော်လို့ရှိရင် ဒုက္ခရောက်နိုင်တယ်။ သူက စဉ်းစားဉာဏ် ရှိကြတယ်၊ ဒါကြောင့်မို့ သူ့ရဲ့ယုံကြည်စိတ်ချရတဲ့ အဋ္ဌဆိုတဲ့ တပည့်တစ်ဦးကို လွှတ်လိုက်တယ်၊ လွှတ်ပြီးတော့ မြတ်စွာဘုရား ဟုတ်မဟုတ်ဆိုတာ ဗေဒကျမ်းဂန်တွေနဲ့ ဆုံးဖြတ်ခိုင်းပြီး [၂၉၅] သူ့ဆီကနေ Report တက်လာမှ ဘုရားဟုတ်တယ်ဆိုမှ သူတို့က သွားမှာပေါ့၊ ဒါလည်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ၊ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ ဒီလိုပဲ လုပ်ရမှာပေါ့နော်။

အေး ဗာဝရီပုဏ္ဏားကြီးလည်း ဒီတိုင်းပဲ၊ မြတ်စွာဘုရားက လောကမှာ ပွင့်ပေါ်ခါစပဲ ရှိသေးတာပဲ၊ ဘာဖြစ်လို့တုန်းဆိုတော့ ဗာဝရီပုဏ္ဏားကြီးတို့ တောထွက်လာလို့ အခုဒေသ ဂေါရာဝတီ မြစ်လယ်ကကျွန်းလေးပေါ်မှာ သူရောက်ရှိနေထိုင်တာ ၈-နှစ် ကြာသွားပြီ။ အဲဒီအခါ လောကမှာ ဘုရားပွင့်လာတာ။ ဗေဒင် ကျမ်းဂန်တွေအရ ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ် ပေါ်ပေါက်နိုင်တယ်၊ လောကမှာ တစ်ခေတ်တစ်ခါမှာ ပေါ်နိုင်တယ်ဆိုတာ သူတို့ဗေဒကျမ်းဂန်တွေ အရ သိထားတယ်၊ အဲဒီ ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်ရဲ့အရည်အသွေးတွေ သွင်ပြင်လက္ခဏာ၊ အင်္ဂါရပ်တွေကိုလည်း အဲဒီကျမ်းဂန်မှာ တိတိကျကျဆိုထားတာ ရှိတယ်၊ “လောကကြီးမှာ ဗုဒ္ဓဆိုတာ ပေါ်လာမယ်” ဆိုတဲ့ ဗုဒ္ဓကောလဟာလ ဖြစ်ပေါ်လာတယ်လေ။

ကောလဟာလဆိုတာ သူ့ဟာသူ ဟိုနားလေးကနေ တစ်ယောက်ပြော၊ ဒီနားလေးကနေ တစ်ယောက်ပြောနဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အခြေအနေတစ်ခုကို တိုးတိုး တိုးတိုး ပြောရင်းကနေ ကျယ်လာတာကို ကောလဟာလလို့ ခေါ်တာ၊ အခုခေတ်တော့ ကောလဟလဆိုတာ မဟုတ်သတင်းကိုသာ ကောလဟလလို့ ပြောတာ၊ တကယ်က ကောလဟာလဆိုတာ ဟုတ်တဲ့သတင်း၊ မဟုတ်သတင်းကို ပြောတာမဟုတ်ဘူး၊ ဟိုနားက အုံးအုံးကျက်ကျက် [၂၉၆] ဒီနားက အုံးအုံးကျက်ကျက်နဲ့ အသံဗလံလေးတွေဟာ သူ့ဖာသာသူ ဖြစ်ပေါ်လာတာ၊ အဲဒီဖြစ်ပေါ်လာတာဟာ ဘာလဲဆိုရင် တစ်စုံတစ်ခု ဖြစ်ပေါ်လာတော့မယ့် အခြေအနေတစ်ရပ် ကြိုတင်ပြီး လူ့လောကမှာ သတင်းရောက်ရှိလာတဲ့သဘောပဲ၊ အဲဒါကို ကောလဟာလလို့ ခေါ်တာ။

ဗုဒ္ဓကောလဟာလဆိုတာ ဘုရားပွင့်လိမ့်မယ်ဆိုတဲ့ သတင်းဟာ ကမ္ဘာအနှံ့ ပြန့်နေတယ်၊ အဲဒီခေတ်က အဲဒါကြောင့်မို့ အခု ဘုရားပွင့်ပြီ ဘုရားပေါ်လာပြီလို့ဆိုတဲ့ ဒီသတင်းကြားတဲ့အခါကျတော့ အလွန်စိတ်အားတက်စရာ ဖြစ်တယ်၊ သို့သော်လည်း ယုံကြည်စိတ်ချရတဲ့ အနေအထားတော့ မရှိသေးဘူး၊ ကိုယ်တိုင် မမြင်ရသေးလို့ရှိရင် အပြောနဲ့ဆိုတာ စိတ်ချရတာမှ မဟုတ်ဘဲ၊ အဲဒီတော့ ကိုယ်တိုင်မမြင်ရသေးသည့် အတွက်ကြောင့် စုံစမ်းရေးလွှတ်ရတယ်ဆိုတာ ဒါ သဘာဝပဲပေါ့။

အဲဒီလို စုံစမ်းရေးလွှတ်လိုက်တာကနေပြီးတော့ အခု တပည့်တွေ မြတ်စွာဘုရားနဲ့ တွေ့ဆုံပြီးတော့ ကျေနပ်လောက်တဲ့ အခါမှာ သူတို့ရင်ထဲက မရှင်းလင်းတဲ့ သံသယစကားတွေ အမေးပုစ္ဆာတွေကို မေးလိုက်ကြတယ်၊ သံသယလည်း ရှင်းသွားရော သူတို့မှာ သံသယတွေကင်းလို့ အမြင်တွေရှင်းလို့ စိတ်ရဲ့ အညစ်အကြေးတွေ နဂိုကတည်းက အလွန်စင်ကြယ်တဲ့ ပုဂ္ဂိုလ်တွေဆိုတော့ အသိဉာဏ်က ထက်ထက်မြက်မြက်နဲ့ သူတို့သန္တာန်မှာရှိတဲ့ ကိလေသာ အာသဝတွေဟာ လုံးဝကုန်စင်ပြီးတော့ သွားတာ အားလုံး ၇-ယောက် ရှိသွားပြီ၊ [၂၉၇] အခု ၈-ယောက်မြောက် မေးခွန်း မေးခွင့်ရတဲ့ ပုဂ္ဂိုလ်ကို ဟေမကလို့ ခေါ်တယ်။

ဟေမက၏ အမေးကို ဖြေဆိုခြင်း

အဲဒီ ဟေမကဆိုတဲ့ ရသေ့သူတော်စင် Bramin ရသေ့က သူ့အလှည့် ရောက်တဲ့အခါကျ သူပြောတဲ့စကားအရ မေးခွန်းမေးတဲ့ သဘောတောင် မဟုတ်ဘူး၊ မြတ်စွာဘုရားတရား ကြိုတင်ပြီးတော့ ကြားနာထားတော့ သူကျေနပ်တဲ့သဘော ရှိတယ်၊ သူက တိုက်ရိုက် မေးခွန်းတွေ မမေးဘူး၊ “ယေ မေ ပုဗ္ဗေ ဝိယာကံသု ဟုရံ ဂေါတမသာသနာ”၊ ဂေါတမမြတ်စွာဘုရားရဲ့ သာသနာတော် မပွင့်ခင်၊ ဘုရားမပေါ်ခင် ယခင်ခေတ်က ပြောကြတယ်တဲ့၊ အုံးအုံးကျွတ်ကျွတ်နဲ့ အယူဝါဒတွေကို ထုတ်ဖော်ပြီးတော့ ပြောဆိုနေကြတယ်၊ ကောလဟာလစကားတွေတို့ အယူဝါဒစကားတွေတို့ ပြောကြတယ်၊ ဘယ်လို ပြောကြတာတုန်းဆိုတော့ “ဣစ္စာသိ ဣတိ ဘဝိဿတိ”တဲ့၊ “ဒါတွေ ဒါတွေ ဒီလိုဖြစ်ခဲ့တယ်၊ ဒါတွေ ဒါတွေ ဒီလိုဖြစ်လိမ့်မယ်”လို့ ကိုယ့်အထင်အမြင် အယူအဆတွေ ပြောနေကြတာ၊ ဘာလုပ်ရင် ဘာဖြစ်မယ်။

ဆိုပါစို့ - အယူအဆတွေ ပြောတဲ့အထဲမှာ ကြည့်လေ တိတ္ထိ ဆရာကြီး ၆-ယောက်ကလည်း သူတို့အယူအဆတွေ ပြောနေတာပဲ၊ ပုရာဏကဿပက ဘာပြောတုန်းဆို “လောကမှာ ကုသိုလ် [၂၉၈] အကုသိုလ်ဆိုတာ မရှိဘူးတဲ့၊ လုပ်လို့ရတယ်ဆိုတာ အပြောပဲတဲ့၊ ကုသိုလ် အကုသိုလ်ရှိမှ မရှိဘဲ ဘာသွားလုပ်မှာလဲပေါ့” အဲဒါ သူပြောခဲ့တာနော်။

မာက္ခလိဂေါသာလက “လောကမှာ လူရဲ့ လုံ့လ ဝီရိယဆိုတာလည်း ဘာမှ အသုံးမကျဘူးတဲ့၊ အသိဉာဏ်ဆိုတာလည်း ဘာမှအသုံးမကျဘူး၊ ကြိုးစားအားထုတ်မှုဆိုတာလည်း ဘာမှ အသုံးမကျဘူးတဲ့၊ လူဆိုတာ နောက်ဆုံးမှာ မဟာကပ် ၄-သန်း ပြည့်တဲ့ အချိန်မှာ အားလုံးဟာ သွားကြမှာပဲ၊ ဒီကြားထဲမှာ သံသရာဝဋ်က လွတ်ချင်တယ်လို့ ကြိုးစားလည်း ပင်ပန်းတာပဲ ရှိမယ်၊ မကြိုးစားဘဲ အိပ်နေလည်း ဘာမှ မဖြစ်ဘူး၊ နောက်ဆုံး ကမ္ဘာစေ့သွားရင် သူ့ဟာသူ လွတ်သွားကြမှာ” တဲ့၊ ဟောဒါကလည်း မာက္ခလိဂေါသာလရဲ့ “သံသာရ သုဒ္ဓိ” ဆိုတဲ့ဝါဒ။

“ဒီလိုဖြစ်မယ်၊ ဒီလို ဖြစ်နိုင်တယ်”ဆိုတာ ပြောနေကြတာပဲ၊ အဲဒီလို အယူအဆအမျိုးမျိုး ထုတ်ဖော်ပြောကြပါတယ်တဲ့၊ ဟေမကက မြတ်စွာဘုရားမပွင့်ခင် သူ့ဆရာကြီး ကိုယ်တိုင်ကလည်း ဒီလိုပြောတာပဲ၊ ဗာဝရီပုဏ္ဏားကြီးကလည်း ဒီလိုပြောတာပဲ၊ တပည့်တို့ ဒီလိုကျင့်၊ ဒီလိုကျင့်လို့ရှိရင် မင်းတို့ ဗြဟ္မာ့ပြည်ရောက်မယ်၊ ဗြဟ္မာ့ပြည်ရောက်ရင် အဲဒီဗြဟ္မာ့ပြည်မှာ မအို မနာ မသေဘူးလို့ သူက ဒီလိုပြောတာ၊ အဲဒီတော့ ဒီလိုပြောထားတဲ့ တရားနာပြီး အဟုတ် မှတ်နေကြတာပေါ့၊ အဲဒီတော့ သူက ပြောတယ်တဲ့၊ ဒါ သူ့ဆရာကြီး အပါအဝင်ပဲ။

[၂၉၉] ဟေမကက ဘုရားကို လျှောက်တယ်၊ ဣစ္စာသိ ဒီလို ဖြစ်ခဲ့ပြီ၊ “ဣတိ ဘဝိဿတိ” ဒါမျိုးတွေ ဖြစ်လိမ့်မယ်လို့ အဲဒီလို ပြောခဲ့ကြတယ်တဲ့၊ သဗ္ဗံ တံ ဣတိဟီတိဟံ” အဲဒီပြောသမျှ စကားတွေအားလုံးဟာ တစ်ဆင့်ကြားတွေနဲ့ ပြောနေကြတာ၊ သူတို့ ကိုယ်တိုင်သိတာ မဟုတ်ဘူး၊ အထင်တွေ အမြင်တွေနဲ့သာ ပြောနေကြတာတဲ့။

စာပေ

‘ဣတိဟ’ ဆိုတာ ဒီလို ဖြစ်ခဲ့ဖူးတယ်၊ ဒီလို လုပ်ခဲ့ဖူးတယ်၊ သမိုင်းက ဒီလိုရှိခဲ့ဖူးတယ်၊ လူရဲ့ကမ္ဘာဦးသမိုင်းက ဘယ်လိုနဲ့၊ ကျမ်းဂန်တွေမှာ လာတာတွေကို ကြည့်၊ ဘယ်ခေတ်တုန်းက ဘာဖြစ်ခဲ့တယ်၊ ဘယ်ခေတ်တုန်းက ဘာလုပ်ခဲ့တယ်ဆိုတာတွေ ထောက်ထားပြီးတော့ ဒီလိုဖြစ်တယ်ဆိုတဲ့ တစ်ဆင့်ကြားတဲ့ hearsay တို့ tradition တို့ ဒါတွေပဲ ပြောမှာပဲတဲ့၊ အစဉ်အလာ သင်ကြားလာတဲ့ စာပေကျမ်းဂန်ကဟာတွေ ထုတ်ပြောမယ်၊ သို့မဟုတ် စိတ်ကူးရတာတွေ ထုတ်ပြောမယ်၊ ကြောင်းကျိုးဆင်ခြင်ပြီး ‘တက္က’နည်းနဲ့ ဆွေးနွေးတိုင်ပင်လို့ထွက်လာတဲ့အဖြေ၊ ဒါမျိုးတွေပြောမှာ၊ ကိုယ်ကြိုက်တာနဲ့ ကိုက်ညီတဲ့အဖြေ၊ ဒါတွေပဲ ပြောတယ်တဲ့၊ ဘယ်သူမှ ငါကိုယ်တိုင်သိတာလို့ မပြောနိုင်ဘူး၊ “ငါကိုယ်တိုင် လက်တွေ့ကျင့်သုံးတာလို့” “ငါကိုယ်တိုင် လက်တွေ့ပဲလို့” ပြောနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ မရှိဘူးတဲ့၊ သူ့ဆရာကြီးအပါအဝင် အဲဒီလို မဖြစ်ဘူးတဲ့၊ ပြောခဲ့သမျှ စကားတွေဟာ အကုန်လုံး ‘ဣတိဟ’ “ဒီလိုတဲ့” ဆိုတာတွေချည်းပဲ၊ [၃၀၀] တစ်ဆင့်ကြားစကားပြောရင် ဒီလိုတဲ့၊ ‘ဟဲ့ ဘာဖြစ်သတဲ့’။ ကိုယ်မသိရင် ‘သတဲ့’ ဆိုတာလေးနဲ့ လာတာလေ၊ သူလည်း မြင်တာ မဟုတ်ဘူး၊ ‘သတဲ့’နဲ့ပဲ လုပ်ခဲ့တာ၊ အဲဒီ ‘သတဲ့’သမားကို လိုက်ပြီး ဘယ်ကလာတဲ့ “သတဲ့လဲ” လို့ လိုက်မေးလို့ရှိရင် ဘယ်မှာမှ ရှာမတွေ့တော့ဘူး အကုန်လုံး ပျောက်ချက်သား ကောင်းသွားတယ်နော်။

ဘာနဲ့ ဥပမာတူတုန်းဆိုရင် ၅၅၀-ထဲမှာပါတဲ့ မြေပြိုလို့ ထွက်ပြေးတဲ့ယုန်လိုပဲ၊ ယုန်က သူ့ဟာသူ မြက်စားပြီး အေးအေးဆေးဆေး မအိပ်ဘူး၊ သူက တွေးတာလေ၊ “ခုချိန်များ ငါအိပ်တဲ့ မြေများ ပြိုသွားရင် ငါ ဘယ့်နှယ့်လုပ်မလဲ” ဆိုတဲ့ ဒီအတွေးလေး ဝင်နေတဲ့အချိန် မှေးကနဲလည်း ပျော်ရော၊ အပေါ်ကနေ ဥသျှစ်ပင်က ဥသျှစ်သီးအမှည့်ကနေ ကြွေကျလိုက်တာ၊ သူ့ခြုံပေါ်မှာ အသံမြည်လောက်တဲ့ ထန်းရွက်တို့ ဘာတို့လိုဟာမျိုး ရှိနေတော့ အဲဒီပေါ် ဖြုန်းကနဲ ကျလိုက်တဲ့အခါမှာ “ဟာ ငါထင်တဲ့အတိုင်း ဟုတ်နေပြီ၊ ပြိုပြီဟေ့” ဆိုပြီးတော့ ထပြေးတာလေ၊ ထပြေးတော့ သူပြေးတာ မြင်တော့ ဘာလို့ ပြေးတာတုန်း ဘာလို့ ပြေးတာတုန်းဆို ‘မြေပြိုလို့’ ဆိုတော့ ကျန်တဲ့ အကောင်တွေကလည်း ‘မြေပြိုသတဲ့’ ဆိုပြီး ပြေးကြတာပဲ၊ ဘယ်သူမှ မစဉ်းစားဘူး၊ အကုန်ပြေး၊ တောထဲရှိတဲ့ တိရိစ္ဆာန်တွေဟာ အကုန်ပြေးကုန်ကြတယ်။

အဲဒီထဲမယ် ဘဝါဘဝက စူးစမ်းဆင်ခြင်မှု အလေ့အကျင့်ရတဲ့ ဘုရားအလောင်းဆိုတာကတော့ အရာရာမှာ စဉ်းစားတတ်တဲ့ အသိဉာဏ် ရှိတယ်၊ တိရိစ္ဆာန်ဖြစ်လည်း သူက စဉ်းစားတတ်တယ်၊ [၃၀၁] အဲဒါကြောင့်မို့နော် အလေ့အကျင့်ဆိုတာ လုပ်ထားရတယ်၊ ဒီဘဝမှာလဲ အရမ်းယုံလို့ရှိရင် ဦးနှောက်က “အရမ်းယုံ ဦးနှောက်ကြီး” ဖြစ်မှာပဲ၊ နောက်ဘဝမှာလည်း အရမ်းယုံ ဦးနှောက်ကြီး ဖြစ်မှာပဲ၊ အလေ့အကျင့်လုပ်ပြီးတော့ စူးစမ်းတတ်တဲ့ အလေ့အထလေးကို အခုအချိန်မှာ လေ့ကျင့်ပေးဖို့လိုတယ်၊ အရာရာမှာ စူးစမ်းတတ်တယ်၊ လေ့လာတတ်တယ်၊ အရမ်းကာရော လက်ခံတာမျိုး မဟုတ်ဘူး ဆိုတဲ့ဟာမျိုး ရှိဖို့လိုအပ်တယ်၊ ဘုရားအလောင်းတွေကျတော့ အကျင့်ပါလာတယ်၊ အရာရာကို စဉ်းစားတတ်တယ်၊ စဉ်းစားပြီးမှ လက်ခံတတ်တဲ့ အကျင့်ပါလာတယ်။

အဲဒီတုန်းက ဘုရားအလောင်းက ခြင်္သေ့ဖြစ်နေတယ်၊ သူက စဉ်းစားတယ်လေ၊ “မြေပြိုတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး၊ ဖြစ်လည်း မဖြစ်နိုင်ဘူး၊ ဘယ်သူက ပြောတာလဲ၊ ဘယ်သူက ပြောတာလဲ” လိုက်မေးတဲ့အခါကျတော့ “ဟာ ဟိုက ပြောတာပဲ၊ ဒီက ပြောတာပဲ”နဲ့ ရမ်းပြီးတော့ ပြောတဲ့ဟာတွေချည်းပဲ များနေတာနော်၊ ခုခေတ်လည်း ရှိတာပဲ၊ ဟိုနားမှာ ရဟန္တာလို့ပေါ်တယ်ဆို ဘယ်သူက စပြောမှန်း မသိဘူး၊ သွားကြတာပဲလေ၊ ဒီနားက ရဟန္တာဆိုလည်း သွားကြတာပဲ၊ ဒီနားက ရေမန်းကောင်းတယ်ဆိုလည်း သွားကြတာပဲ၊ ဘယ်ကရေ ကောက်မန်းမှန်း မသိဘဲနဲ့ တစ်ခါတည်းကို ရေမန်းဆိုလည်း သွားကြတာပဲ၊ ဘာဆိုလည်း သွားကြတာပဲ၊ အဲဒီတော့ လူတွေဟာ သိပ်မထူးပါဘူး၊ ရှေးတုန်းကလူနဲ့ အခုလူဟာ လူဟာ တူတူပါပဲနော်၊ စဉ်းစားဉာဏ်ရှိတဲ့လူမှ စဉ်းစားဉာဏ် ရှိတာ၊ ဘယ်တုန်းက [၃၀၂] ဦးနှောက်ပဲ ဖြစ်ဖြစ် လူ့ဦးနှောက်တိုင်းက စဉ်းစားဉာဏ် မရှိဘူးတဲ့ လူ့ဦးနှောက်တွေက တချို့ဦးနှောက်တွေက စားဖို့နဲ့ အိပ်ဖို့ ပျော်ဖို့ ပါးဖို့ပဲ၊ ဒီလောက်ပဲ ဦးနှောက်က ရှိတယ်၊ ကျန်တဲ့ စဉ်းစားဉာဏ် ဦးနှောက်ဆိုတာ မရှိဘူး။

နောက်ဆုံးကျတော့ ဘယ်သူက ပြောတာလဲ လိုက်ရှာလိုက်တော့ ယုန်ကပြောတာ ဖြစ်နေတယ်၊ “ယုန် မင်းပြောတာ ဟုတ်သလား”၊ “ဟုတ်တယ်” “ဘယ်နားမှာ ပြိုတာတုန်း၊ မင်း ဘယ်နားမှာနေတာတုန်း၊ လိုက်ပြ” ဆိုတော့ တော်တော်နဲ့ မပြရဲဘူး၊ “မြေပြိုတယ်ဆိုတာ မဖြစ်နိုင်ဘူး မင်းလိုက်ပြ၊ ငါ တာဝန်ယူတယ်” ဆိုပြီး အာမခံချက် Guarantee ပေးမှ ယုန်ကလည်း လိုက်ပြတာနော်၊ ခြင်္သေ့က သေသေချာချာ စစ်ဆေးလိုက်တော့ ဘယ်ဟုတ်မလဲ အပေါ်က ဥသျှစ်သီးကြွေကျတာ၊ “ဗြုန်း” ဆိုတဲ့အသံကြီး သူက လန့်ပြီးတော့ ထွက်ပြေးတာ၊ ဘာမှမဟုတ်ဘူး။

လောကလူတွေဟာ ဘာမှမဟုတ်ဘဲနဲ့ ကြောက်လန့်နေတာ အများကြီးပဲ၊ ရှေးတုန်းက နာမည်ကြီးချင်လို့ သုသာန်ဓုတင်ဆောင်တဲ့ ကိုယ်တော်ကြီးတစ်ပါးအကြောင်း စာထဲမှာ ဖတ်ရဖူးတယ်၊ အဲဒီ ကိုယ်တော်ကြီးကလည်း ဒီလိုပဲလေ၊ အတွေးနဲ့ ကြောက်တတ်တဲ့ ဝါသနာ ရှိတယ်၊ တစ္ဆေကြောက်တယ်၊ သို့သော်လည်း စွန့်စားမှု တစ်ရပ်ပေါ့၊ သူများတွေက သုသာန်ဓုတင် ဆောက်တည်တယ်၊ ငါလည်း ဆောက်တည်ဦးမှပဲ ဆိုပြီး စွန့်စားတာပေါ့လေ၊ လင်းတုန်းကတော့ သိပ်ကိစ္စမရှိဘူး၊ တဖြည်းဖြည်း တဖြည်းဖြည်း မှောင်မှောင် [၃၀၃] မှောင်မှောင် လာတယ်၊ ကြောက်ကြောက် ကြောက်ကြောက်နဲ့ ဒီလိုထိုင်နေတာ၊ ညကျတော့ ဘာသွားတွေ့တုန်းဆို သူ့ဘေးနားက ချုံပုတ်ထဲကနေ ရှဲရှဲ ရှဲရှဲနဲ့ အသံကြားတယ်၊ လှုပ်လှုပ်လှုပ်လှုပ်နဲ့ ချုံထဲကနေပြီး လာတာ၊ “ဟ သရဲတော့လာပြီဟ၊ ငါ့တော့ စားတော့မှာပဲ” ဆိုပြီး ကြောက်နေတာ၊ ဘုရားစာတွေရွတ်ပြီးတော့ မကြည့်ရဲဘူး တဲ့၊ မနက်မိုးလင်း ကြည့်လိုက်တော့ အဲဒီချုံပုတ်ထဲမှာ နွားအိုကြီး တစ်ကောင်ဟာ စားမြုံ့ပြန်နေတာ သူစားခဲ့တဲ့အစာတွေ ထုတ်ပြီး စားမြုံ့ပြန်ပြီးတော့ လျှပ်လျှပ် လှုပ်လှုပ်နဲ့ လုပ်နေတာကို အဲဒါကြီးကို တစ်ညလုံးကြောက်ပြီး မနက်မိုးလင်းတော့ နွားကြီးမှန်းသိတော့ ငါ့တစ်ညလုံး ခြောက်ရမလားဆိုပြီးတော့ သစ်ကိုင်းချိုးပြီး နွားအိုကြီးကို ရိုက်သတဲ့၊ အဲဒါကိုကြည့် အတွေးနဲ့ ကြောက်တာပဲလေ။

ဘုရားအလောင်းဟာ တစ်ခါတုန်းက (ဘယဘေရဝသုတ္တန်) ကြောက်စရာဘေးဆိုတာ ဘာခေါ်တာလဲ စမ်းသပ်နိုင်ဖို့ဆိုပြီးတော့ ချွတ်ကနဲကြားလိုက်ရင် သွားကြည့်တယ်၊ အဲဒီနေရာကို မရမက သွားကြည့်တယ်၊ အသံကြားရင် ကြားတဲ့နေရာ သွားကြည့်တယ်၊ ဘာဖြစ်ဖြစ် သွားကြည့်တယ်၊ သွားကြည့်တဲ့ အခါကျတော့ ဘာမှ မဟုတ်ဘူး၊ ငှက်ကလေးတွေ အကောင်ကလေးတွေ သွားတာ လာတာကနေ စပြီးတော့ အသံဗလံတွေ မြည်နေကြတာ၊ တစ္ဆေ ကြောက်တဲ့လူတွေက အဲဒါလေးတွေလည်း ကြောက်တာပဲနော်။

တစ်ခါတုန်းက တောရွာတစ်ရွာမှာ သိမ်ကျောင်းထဲမှာ နေကြတယ်၊ တစ္ဆေခြောက်တတ်တယ်ဆိုတဲ့ အသိနဲ့ တွေးပြီးတော့နေတာ၊ [၃၀၄] ညကျတော့ တံခါးလာခေါက်တယ်၊ ဒေါက်ဒေါက် ဒေါက်ဒေါက်နဲ့၊ “ဟ လာပြီဟေ့” ဆိုပြီး ကြောက်လန့်နေတယ်၊ ဘယ်ဟုတ်မလဲ တစ္ဆေက ခေါက်တာမဟုတ်ဘူး၊ အိမ်မြှောင်တို့ တောက်တဲ့တို့က အကောင်လေးတွေ လိုက်ဖမ်း၊ ပြီးတော့ ရိုက်သတ်တာ၊ သူက ဒေါက်ဒေါက် ဒေါက်ဒေါက်နဲ့၊ အဲဒါကို တံခါးခေါက်တယ် ထင်တာနော်၊ အဲဒီလိုဟာမျိုးတွေလည်း ရှိတတ်တယ်ပေါ့၊ သွားကြည့်ပေါ့ ဘာဖြစ်လဲ ဘယ်သူက ခေါက်သလဲ။

အေး အဲဒါမျိုးလိုပေါ့ ကြောက်တတ်တဲ့လူတွေဟာ အတွေးနဲ့ ကြောက်တာတွေက ပိုများတယ်၊ တကယ်တွေ့လို့ ကြောက်တာက နည်းနည်းရယ်၊ အတွေးနဲ့ ကြောက်တာက ပိုများတယ်တဲ့ ကြည့်လေ ပြောသမျှတွေဟာ တကယ့်လက်တွေ့က မဟုတ်ဘူး၊ တစ္ဆေပုံပြင်တွေလည်း အင်မတန်ပေါတယ်၊ သို့သော်လည်း အဲဒါတွေဟာ “ဣတိဟီတိဟ” ပဲ၊ “ဒီလိုတဲ့” ဆိုတာတွေချည်းပဲတဲ့၊ မင်းကိုယ်တိုင် မြင်ဖူးလားလို့ ဆိုတော့ မမြင်ဖူးဘူး၊ မမြင်ဖူးတာက ပိုများတယ်ပေါ့။

ခု သူကလည်း လျှောက်တယ် မြတ်စွာဘုရားကို၊ သူ့ဆရာကြီး ပြောတာကအစတဲ့၊ အားလုံးဟာ ပုံပြင်တွေ ပြောနေတာပါတဲ့၊ တစ်ဆင့်ကြား စကားတွေကို ပြောတာ၊ ဘယ်သူမှ လက်တွေ့ မဟုတ်ပါဘူးတဲ့၊ အဲဒါတွေက အတွေးတွေကို တိုးပွားစေတတ်တာပဲ၊ ဒါ ဒီလိုတဲ့ဆို ခေါင်းထဲ ရောက်သွားရင် ဒါတွေ တွေးတော့တာပဲ၊ ဒါကြောင့်မို့ “သဗ္ဗံ တံ တက္ကဝဍ္ဎနံ” အတွေးတွေကိုသာ ဖြစ်ပွားစေတတ်တယ်၊ “နာဟံ တတ္ထ အဘိရမီ” တပည့်တော်ကတော့ [၃၀၅] အဲဒါတွေ စိတ်မဝင်စားဘူးတဲ့ သူက ပြောတယ်၊ ဘယ်လို ဖြစ်တယ်၊ ဘာတွေ ဖြစ်လိမ့်မယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး သူစိတ်မဝင်စားဘူး တဲ့၊ ဘာဖြစ်ဖြစ်ပေါ့ စိတ်မဝင်စားဘူးတဲ့၊

သူစိတ်ဝင်စားတာ ဘုရားကို လျှောက်တယ်၊ “တဉ္စ မေ ဓမ္မမက္ခာဟိ, တဏှာနိဃာတနံ မုနိ
ယံ ဝိဒိတွာ သတော စရံ, တရေ လောကေ ဝိသတ္တိကံ” သူပြောချင်တဲ့ စကားက တပည့်တော် စိတ်ဝင်စားတာကတဲ့ တပည့်တော်တို့သန္တာန်မှာရှိတဲ့ တွယ်တာမှု တဏှာ၊ လိုချင်မှုတဏှာ၊ တပ်မက်မှုတဏှာကို ဘယ်လိုဖျောက်ရမယ်၊ ပျောက်အောင်လုပ်နိုင် တဲ့ ဓမ္မကိုပဲ တပည့်တော်ကို ဟောပါတဲ့၊ အဲဒီတရားကို သိလို့ရှိရင် သတိကြီးစွာ ထားပြီးတော့ သတိတရား ထားပြီးတော့ တဏှာကို လွန်မြောက်ဖို့ သူကြိုးစားပါ့မယ်၊

ဒါ သူ request လုပ်တာပဲ၊ မေးခွန်းထုတ်တာ မဟုတ်ဘူး၊ သူသိချင်တာ “ဓမ္မ” ပါတဲ့၊ အဲဒီ ဓမ္မဟာ တဏှာကို ပယ်ရှားနိုင်တဲ့ဓမ္မ ဖြစ်ပါတယ်၊ အဲဒီတဏှာကို ဖယ်ရှားနိုင်တဲ့တရားကို သူ့ကို ဟောပါတဲ့ သူသိပြီးရင် အဲဒီအတိုင်း သတိကြီးစွာထားပြီး လောကမှာ တွယ်တာမှု ဆိုတဲ့ တဏှာတွေကို ကျော်လွှားနိုင်ဖို့ သူကြိုးစားပါ့မယ်လို့ ဘုရားကို လျှောက်တယ်။ မြတ်စွာဘုရားက သူ့ကို တရားဟောတယ်၊ “ဣဓ ဒိဋ္ဌ သုတမုတဝိညာတေသု, ပိယရူပေသု ဟေမက [၃၀၆] ဆန္ဒရာဂဝိနောဒနံ, နိဗ္ဗာနပဒမစ္စတံ”
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

လောကမှာတဲ့ မြင်ထားတဲ့အာရုံ၊ ကြားထားတဲ့အာရုံ၊ နမ်းရှူ ထားတဲ့အာရုံ လျက်ထားတဲ့ အာရုံ ထိတွေ့ထားတဲ့အာရုံ စိတ်ကူးထဲ မှာ ပေါ်လာတဲ့အာရုံ၊ အဲဒီလို နှစ်သက်စရာအာရုံတွေ အပေါ်မှာတဲ့ ဆန္ဒရာဂလို့ဆိုတဲ့လိုချင်မှုနဲ့တပ်မက်မှုကို မင်းပယ်ဖျောက်ပါတဲ့၊ ပယ်ဖျောက်နိုင်အောင် ကြိုးစားပါတဲ့။

ပိယရူပ ဆိုတာ ဘာတွေခေါ်တာတုန်း၊ ပိယရူပဆိုတာ ချစ်အပ်တဲ့သဘော၊ လောကလူတွေဟာ ဘာတွေကို ချစ်မြတ်နိုး ပြီးတော့ ဘာတွေအပေါ်မှာ သာယာနေကြတုန်းဆိုတာ မေးကြည့် လိုက်မယ်ဆိုရင် မျက်စေ့ကမြင်ရတဲ့ အဆင်းပေါ်မှာ သာယာတယ်၊ ချစ်ခင်ကြတယ်၊ နားကကြားရတဲ့ အသံပေါ်မှာ သာယာကြတယ်၊ ချစ်ခင်ကြတယ်၊ ချစ်ခင်နှစ်သက်စရာ အာရုံတွေဆို ရှိရင် မျက်စေ့က မြင်ရတာတို့၊ နားက ကြားရတာတို့၊ နှာခေါင်းက နမ်းရှူရတာတို့ လျှာက အရသာတွေ့ထိရတာတို့ ခန္ဓာကိုယ်က တွေ့ထိရတာတို့ စိတ်ကူးထဲမှာ ပေါ်လာတာတို့ဆိုတဲ့ ကြိုက်နှစ်သက်စရာအာရုံတွေနဲ့ ပတ်သက်လာရင် လူတွေက လိုချင်တယ် တပ်မက်တယ်ဆိုတဲ့ ဆန္ဒရာဂ ပေါ်လာတယ်။

မျက်စေ့နဲ့ မြင်ရတဲ့အာရုံကို တပ်မက်သလိုပဲ မျက်စေ့ကိုလည်း တပ်မက်ပြန်တာပဲ၊ မျက်စေ့ကို တပ်မက်တယ်၊ နားကို တပ်မက်တယ်၊ နှာခေါင်း လျှာ ကိုယ် စိတ်ကို တပ်မက်တယ်၊ တပ်မက်စရာ [၃၀၇] အာရုံမှန်သမျှကို တပ်မက်တယ်၊ ဒါတင်လားဆိုတော့ မကဘူး၊ မျက်စေ့နဲ့ အဆင်းအာရုံ ဆုံလိုက်လို့ မြင်ပြီးသိတဲ့ အသိစိတ်ကလေး ကိုလည်း တပ်မက်ပြန်တာပဲ၊ တွယ်တာတယ်၊ ငါ့ဟာလို့ သိမ်းပိုက် ပြန်တယ်၊ အေး မြင်သိစိတ်ကလေးနဲ့ ဆက်သွယ်ပြီး ဖြစ်ပေါ်လာတဲ့ ဖဿလို့ခေါ်တဲ့ အာရုံနဲ့ ဆက်သွယ်ပေးတဲ့ သဘောကိုလည်း တပ်မက်တယ်၊ ဆက်သွယ်ပြီးတဲ့နောက်မှာ နှစ်သက်စရာ အာရုံဆိုရင် စိတ်ထဲမှာ ဝမ်းသာသွားတယ်၊ အဲဒါလေးကိုလည်း တပ်မက်တာပဲ၊ နောက်ဆုံးမှာ ကိုယ်တပ်မက်တဲ့ တဏှာကိုပဲ ပြန်ပြီးတော့ တပ်မက် သေးတာပဲတဲ့၊ ကိုယ့်ရဲ့ တွယ်တာမှုကို ပြန်ပြီး နောက်ထပ် တွယ်တာမှု က လိုက်လာသေးတာပဲ၊ နှစ်သက်စရာအာရုံပေါ်မှာ တွယ်တာတဲ့ တဏှာကို နောက်ထပ်တဏှာက ထပ်ပိုးတယ်၊ ဒါကြောင့်မို့ တဏှာဟာ ထပ်ထပ်ပြီး ပိုးသည့်အတွက်ကြောင့် တဏှာသည် ကြီးထွားသည်ထက် ကြီးထွားပြီး နောက်ဆုံးမှာ ဥပါဒါန်အဆင့် ရောက်သွားတာပေါ့။

အဲဒီလို နှစ်သက်စရာအာရုံတွေနဲ့ ပတ်သက်ပြီး မြင်အပ်တဲ့ အာရုံ ကြားအပ်တဲ့ အာရုံ ထိတွေ့အပ်တဲ့ အာရုံ သိတတ်တဲ့ အာရုံ အဲဒီနှစ်သက်စရာအာရုံတွေအပေါ်မှာ ဆန္ဒဆိုတဲ့ လိုချင်မှုနဲ့ ရာဂဆိုတဲ့ တွယ်တာမှုတွေကို ပယ်ဖျောက်တဲ့ ပယ်ဖျောက်နိုင်အောင် ကျင့်ရမယ် အဲဒီကျင့်နိုင်တဲ့အကျင့်ဟာ ဘယ်တော့မှ မပြောင်းလဲတဲ့ ထာဝရ ခိုင်မြဲတဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားပဲလို့၊ အဲဒါတွေ အာရုံတွေ [၃၀၈] ပေါ်မှာ တွယ်တာမှု ဆန္ဒရာဂကို ဖယ်ရှားနိုင်လို့ရှိရင် ဒါ နိဗ္ဗာန်ဆိုတာ ရမှာပဲတဲ့၊ “ဧတဒညာယ ယေ သတာ, ဒိဋ္ဌဓမ္မာဘိနိဗ္ဗုတာ၊
လောက ဥပသန္တာ စ တေ သဒါ, တိဏ္ဏာ လောကေ ဝိသတ္တိကာ”တဲ့၊ မြတ်စွာဘုရားက အဲဒီနိဗ္ဗာန်သဘောကို သိရှိနားလည်ပြီးလို့ ရှိရင် နိဗ္ဗာန်ရောက်ကြောင်းတရားကို သတိကြီးစွာထားပြီး မမြဲတဲ့ သဘော ဆင်းရဲတဲ့သဘော၊ ကိုယ်မပိုင်တဲ့ သဘော၊ အသိဉာဏ်ဖြင့် သိရမယ်။ ဝိပဿနာဉာဏ်နဲ့ ကျင့်ရမှာ၊ ကျင့်ပုံကျင့်နည်းကတော့ ဒီလမ်းအတိုင်းချည်းပဲ အကုန်လုံး၊ သတိကြီးစွာ ထားပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်လို့ရှိရင် အခု အားထုတ်တဲ့ဘဝမှာပဲ ရာဂအပူတွေလည်း ငြိမ်းသွားမယ်၊ ဒေါသအပူတွေလည်း ငြိမ်းသွားမယ်၊ မောဟအပူတွေလည်း ငြိမ်းသွားမယ်၊ ကိလေသာအပူမီးတွေ အားလုံးဟာ ငြိမ်းသွားပြီးတော့ တကယ့်ကို ငြိမ်းချမ်းတဲ့ပုဂ္ဂိုလ် ဖြစ်သွားမယ်။

တကယ်ငြိမ်းချမ်းတယ်ဆိုတာ စိတ်ငြိမ်းချမ်းမှ တကယ်ငြိမ်းချမ်း တာ၊ အပြင်ငြိမ်းတာကတော့ ချမ်းတာနဲ့ အဝတ်ဝတ်ရမှာပဲ ရှိတယ်နော်၊ စိတ်နှလုံးကို ငြိမ်းချမ်းသွားမှ တကယ့်အေးချမ်းမှုလို့ ခေါ်တယ်တဲ့။

တစ်ခါတုန်းက ဟတ္ထကဆိုတဲ့ မင်းသားဟာ နံနက်စောစော လမ်းလျှောက်ထွက်လေ့ ရှိတယ်၊ ဆောင်းရာသီကြီး အင်မတန် အေးတဲ့အချိန် လမ်းလျှောက်ထွက်ရင်းနဲ့ မြတ်စွာဘုရားနဲ့ တွေ့တယ်၊ [၃၀၉] မြတ်စွာဘုရားက အဲဒီအချိန်မှာ အရွက် ကျိုးတိုးကျဲတဲရှိတဲ့ သစ်ပင်၊ ပတ်ဝန်းကျင်မြေတွေကလည်း နွားတွေ ဖြတ်သန်းသွားလာလို့နွားခွာ ရာတွေနဲ့ ကြမ်းတမ်းနေတဲ့ မြေတွေပေါ့၊ မြေက မာပြီး ပျော့တုန်းက နွားက နင်းထားတယ်ဆိုတော့ ဆူးတွေလိုပဲ ချွန်နေတာ၊ ဖိနပ်မပါဘဲ သွားမယ်ဆိုရင် မလွယ်တဲ့နေရာပေါ့နော်၊ အဲဒီနေရာမှာ မြတ်စွာဘုရားက သစ်ပင်အောက်မှာ တစ်ပါးတည်း ထိုင်နေတယ်၊ အေးလည်း အင်မတန်မှ အေးတယ်။

မနက်အစောကြီးတွေ့တော့ သူက အံ့ဩပြီး “အရှင်ဘုရား ဒီလောက်အေးတဲ့ရာသီကြီးမှာ သစ်ပင်အောက် ထိုင်နေတယ်၊ အရှင်ဘုရားညက ဒီမှာ ကျိန်းသလား”လို့ “အေး ငါညက ဒီမှာပဲ နေတယ်” “အရှင်ဘုရား ချမ်းချမ်းသာသာရော နေရရဲ့လား”၊ “ဟ.. လောကမှာ ချမ်းသာတဲ့အထဲမယ် ငါဟာ တစ်ဦးအပါအဝင် ပေါ့ ငါ့လောက် ချမ်းသာတဲ့သူ ဘယ်ရှိမလဲ”“အရှင်ဘုရား ရာသီဥတု ကလည်း သိပ်အေးတာ၊ ပတ်ဝန်းကျင်မြေတွေကလည်း အင်မတန် ကြမ်းတယ်၊ လေကလည်း တိုက်နေတယ်၊ အရှင်ဘုရား မေးတော့ လည်း ငါဟာ အချမ်းသာဆုံးလို့ ပြောတယ် ဘယ်လိုနားလည်ရ မတုန်း” ဆိုတော့ မြတ်စွာဘုရားက အမိန့်ရှိတယ်၊ “အေး သူဌေးသားတစ်ယောက်ဟာ တိုက်နဲ့အိမ်နဲ့ အင်မတန်မှ ဇိမ်ကျတဲ့ ဆိုဖာကြီးတွေ အိပ်ရာကြီးတွေနဲ့ အိပ်နေပါပြီတဲ့၊ ညလုံး ပေါက် မီးတွေလည်း ထွန်းထားတယ်၊ ပြုစုယုယမယ့် ပုဂ္ဂိုလ်တွေလည်း အနားနားမှာ ရှိတယ်တဲ့၊ အဲဒီပုဂ္ဂိုလ် အေးချမ်းတယ်လို့ မင်းထင် [၃၁၀] သလားတဲ့၊ ချမ်းချမ်းသာသာ အိပ်ရမယ်လို့ မင်းယူဆသလား” ဆိုတော့ “ယူဆပါတယ်”တဲ့၊ အဲဒါ သူဟာ ချမ်းချမ်းသာသာအိပ်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ယူဆတယ်တဲ့၊ “အေးကောင်းပြီ သူ့မှာ ရာဂဆိုတဲ့အပူတွေ ဒေါသဆိုတဲ့ အပူတွေ မောဟဆိုတဲ့အပူတွေ မာန်မာနဆိုတဲ့အပူတွေ စိတ်ထဲမှာ အလိုမကျဖြစ်တာတွေ သူ့သန္တာန်မှာ မရှိဘူးလား”၊ “ရှိပါတယ်ဘုရား” “အေး အဲဒီ ရာဂပူ ဒေါသပူ မောဟပူဆိုတဲ့ စိတ်ပူလောင်မှုတွေနဲ့ နေတဲ့ လူတစ်ယောက်ဟာ ဘယ်လိုလုပ်ပြီးတော့ ချမ်းချမ်းသာသာ အိပ်ရတယ်လို့ ဆိုနိုင်ပါ့မလဲ”တဲ့၊ မြတ်စွာဘုရားက အဲဒီလို ဖြေရှင်း ဖူးတယ်နော်။

အဲဒါကြောင့်မို့လို့ “ဥပသန္တ" တကယ်ငြိမ်းတယ်ဆိုတာ စိတ်ထဲမှာ လောဘ ဒေါသ စတဲ့ အပူတွေငြိမ်းမှ တကယ်အငြိမ်းလို့ ခေါ်တာ၊ ဒါ ကိုယ်တွေ့ ကြည့်ကြည့်ပေါ့ ဘယ်လောက်ကောင်းတဲ့ အိပ်ရာထဲမှာ အိပ်အိပ်, တောင်တွေး မြောက်တွေး တွေးပြီး ပူစရာတွေ ပူနေမယ်ဆိုရင် ဘယ်ဟုတ်မလဲနော်၊ အဲဒီတော့ စိတ်ဟာ ငြိမ်းချမ်းမှု ဆိုတာ မဖြစ်နိုင်ဘူး ဒီနိဗ္ဗာန်ရဲ့ သဘောကိုကျကျနနသိပြီး ရာဂတွေ ငြိမ်းသွားတယ်၊ ဒေါသမီးတွေ ငြိမ်းသွားတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ တကယ့်ကို ငြိမ်းချမ်းတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ မြတ်စွာဘုရားက ဒီလို ရှင်းပြတယ်။

ဟေမကဟာ လုံးဝအသိဉာဏ်ပွင့်လင်းပြီးတော့ ရဟန္တာ အဖြစ်သို့ ရောက်သွားတယ်၊ သူ့ရဲ့တပည့်တစ်ထောင်နဲ့ အတူတကွ [၃၁၁] ရဟန္တာအဖြစ်သို့ ရောက်သွားတယ်၊ ရသေ့အသွင် ပျောက်ပြီးတော့ ရဟန်းအသွင် ရောက်သွားတယ်လို့ ဒီလို ဆိုလိုတယ်။ ဒါက ၈-ဦး မြောက်ဖြစ်တဲ့ ဟေမကရသေ့ရဲ့အမေးနဲ့ ပတ်သက်တဲ့အဖြေဂါထာ ၄-ပုဒ်။

တောဒေယျ၏ အမေးကို ဖြေဆိုခြင်း

ဟေမကပြီးတော့ အလှည့်ကျတဲ့ပုဂ္ဂိုလ်က တောဒေယျ၊ တောဒေယျဆိုတဲ့ပုဏ္ဏားက ဒီ့ပြင်နေရာမှာတော့ တောဒေယျဆိုတဲ့ နာမည်နဲ့လာလို့ရှိရင် သူက တုဒိရွာက ပုဏ္ဏားလို့ အဓိပ္ပါယ်ရတယ်ပေါ့ သူကလည်းပဲ တုဒိရွာကလာတဲ့လူလည်း ဖြစ်ကောင်း ဖြစ်မယ်ပေါ့ တခြား တောဒေယျဆိုတဲ့ ပုဏ္ဏားဆိုတာလည်း ရှိသေးတယ်၊ ဒီနေရာမှာ ဗာဝရီပုဏ္ဏားကြီးရဲ့ တပည့်တွေထဲမှာ တောဒေယျဆိုတဲ့ ပုဏ္ဏားတစ်ယောက် ပါလာတယ်၊ သူကလည်းပဲ သူမေးဖို့ရာ အလှည့်ကျလာတဲ့အခါ ဘာနဲ့ပတ်သက်ပြီး မေးသလဲဆိုရင် “ဝိမောက္ခ” လွတ်မြောက်မှု freedom ဆိုတာနဲ့ ပတ်သက်ပြီး မေးတယ်၊ လွတ်မြောက်မှုတွေက အမျိုးမျိုးရှိတယ်၊ ဘယ်လို လွတ်မြောက် မှုဟာ မှန်ကန်သလဲဆိုတဲ့ အဓိပ္ပါယ်နဲ့ မေးတယ်။

“ယသ္မိံ ကာမာ န ဝသန္တိ” ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ဟာ လိုချင်စရာတွေအပေါ်မှာ လိုချင်တယ်ဆိုတဲ့တဏှာ မရှိဘူး၊ “တဏှာ ယဿ န ဝိဇ္ဇတိ” တွယ်တာမှု ပူလောင်မှုဆိုတဲ့ တဏှာ သူ့သန္တာန်မှာ [၃၁၂] မရှိဘူး၊ “ကထံကထာ စ ယော တိဏ္ဏော” သူဟာ သံသယတွေ အားလုံးကိုလည်း ကျော်လွှားပြီးပြီ၊ “ကထံ ကထ”ဆိုတဲ့ တီထွင်ထားတဲ့စကားကိုက မေးခွန်းတွေပဲ ထုတ်နေတာ၊ အဖြေမထုတ်နိုင်တာ။ “ကထံ ကထံ” ဆိုတာ ဘယ်လိုလဲ ဘယ်လိုလဲနဲ့ မေးခွန်းပဲ၊ ရင်ထဲမှာ မရှင်းတဲ့ ပုဂ္ဂိုလ်တွေ ပြောတာနော်၊ ဒါလေးက ဘယ်လိုလဲ ဘယ်လိုလဲနဲ့ ဆိုပြီးတော့ သံသယတွေ ဖြစ်နေတာကို “ကထံ ကထာ”လို့ ပြောတာ၊ အဲဒီ သံသယတွေ ရင်ထဲက မရှင်းတဲ့ပုဂ္ဂိုလ်တွေကျတော့ “ကထံ ကထီ” လို့ စာပေမှာ ဒီလိုသုံးတယ်၊ သောတာပန် ဖြစ်သွားလို့ရှိရင် “ဝိဂတ ကထံ ကထော” တဲ့၊ ဘယ်လိုလဲ ဘယ်လိုလဲဆိုတဲ့ မေးခွန်းတွေ မတက်တော့ဘူးတဲ့၊ သောတာပန် ဖြစ်သွားလို့ရှိရင် သူ့ဟာသူ သိသွားပြီ၊ ဘယ်လိုလဲ ဘယ်လိုလဲ ဘာဖြစ်ဦးမှာလဲ ဆိုတာတွေ မလာတော့ဘူး။

အေး အခုလို လိုချင်စရာအာရုံတွေကို လိုချင်တတ်တဲ့ ကာမ တောင့်တတတ်တဲ့ တဏှာတွေ မရှိဘဲနဲ့ သူ့မှာ သို့လော သို့လော တွေးတောယုံမှားခြင်းဆိုတာတွေလည်း လွန်မြောက်သွားပြီတဲ့ အဲဒီလို လွန်မြောက်သွားလို့ လွတ်မြောက်သွားတဲ့ ပုဂ္ဂိုလ်ရဲ့ လွတ်မြောက်မှု freedom ဟာ ဘယ်လိုနေပါသလဲတဲ့ သူ့ကို freedom ရောက်ရှိသူလို့ ပြောနိုင်သလားလို့ မြတ်စွာဘုရားကို မေးတာ။

မြတ်စွာဘုရားက ဖြေတယ်၊ သူ့ အမေးအတိုင်းပဲ၊ အေး ကာမတွေ ကာမဆန္ဒတွေ သူ့မှာ ကာမဂုဏ်အာရုံနဲ့ ပတ်သက်တဲ့ [၃၁၃] လိုချင်စရာတွေအပေါ်မှာ လိုချင်တဲ့တဏှာ သူ့မှာ မရှိဘူး၊ ပူလောင်မှု တဏှာဆိုတာလည်း သူ့သန္တာန်မှာ မရှိဘူး၊ ယုံမှား တွေးတောမှုဆိုတဲ့ သံသယတွေလည်း သူ့မှာ ရှင်းနေတယ်၊ အဲဒီ ပုဂ္ဂိုလ်ရဲ့လွတ်မြောက်မှု ဆိုတာ “လုံးဝလွတ်မြောက်မှု”ပဲ၊ တခြားလွတ်မြောက်စရာဆိုတာ သူ့မှာ မရှိတော့ဘူး၊ ဒါသည်ပင်လျှင် လွတ်မြောက်မှုပဲလို့ မြတ်စွာ ဘုရားက ဖြေလိုက်တယ်၊ “ဝိမောက္ခော တဿ နာပရော”တဲ့၊ အဲဒါ တကယ့်လွတ်မြောက်မှုပဲတဲ့၊

ဟုတ်တယ်လေ၊ တဏှာကကုန်သွားပြီဆိုရင် တကယ့် လွတ်မြောက်မှု ဖြစ်ပြီ၊ သံသယကုန်သွားပြီဆိုရင် တကယ့် လွတ်မြောက်မှု ဖြစ်သွားပြီ၊ ဆိုလိုတာကတော့ ကိလေသာတွေ အားလုံး ကုန်ခန်းသွားတဲ့ ရဟန္တာပုဂ္ဂိုလ်ရဲ့ လွတ်မြောက်မှုလို့ ဆိုလိုတာပေါ့နော်။

အဲဒီတော့ တောဒေယျက မြတ်စွာဘုရားကို ဆက်မေးပြန်တယ်
“နိရာသသော သော ဥဒ အာသသာနော, ပညာဏဝါ သော ဥဒ ပညကပ္ပီ၊
မုနိ အဟံ သက္က ယထာ ဝိဇညံ, တံ မေ ဗျာစိက္ခ သမန္တစက္ခု”

အရာခပ်သိမ်းကို မြင်နိုင်တဲ့အရှင်ဘုရားကို သူ လျှောက်ထား ပါရစေ၊ သူ့ကို ဖြေရှင်းပေးပါဦးတဲ့၊ အဲဒီ လွတ်မြောက်သွားတဲ့ ပုဂ္ဂိုလ်ဟာ တွယ်တာမှု မရှိပေမယ့်လို့ သူ့မှာ တောင့်တမှုလေးတော့ [၃၁၄] ရှိသေးသလားတဲ့၊ သူမေးတာ တွယ်တာတာနဲ့ တောင့်တတာကိုနော်၊ သူက တွယ်တာမှုဆိုတဲ့ တဏှာတော့ သူ့မှာ မရှိတော့ဘူး၊ သို့သော် သူကဖြစ်ချင်တာလေးတွေတော့ တောင့်တမှုတွေ ရှိသလား၊ ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ် ဆိုတာပေါ့၊ တဏှာဆိုတဲ့ တွယ်တာမှု မရှိပေမယ့် ဖြစ်ချင်တာလေးတော့ သူ့မှာ ရှိသေးသလား တဲ့၊ သူဟာ တကယ့်ကို ခွဲခွဲခြားခြား သိတတ်တဲ့ပညာ ရှိတယ်၊ အဲဒီလို ပညာရှိတဲ့ပုဂ္ဂိုလ်လား (သို့မဟုတ်) သူလက်တွေ့ကျင့်သုံးထားတဲ့ ဈာန်အဘိညာဉ်နဲ့ စိတ်ကူးထဲမှာ ပေါ်လာတာကို ပြောတာလား၊ (သို့မဟုတ်) သမာပတ်ဝင်စားလို့ သိလာတဲ့အသိနဲ့ ပြောတာလား။

ကပ္ပလို့ဆိုတဲ့နေရာမှာ နှစ်ခုရှိတယ်၊ တဏှာကပ္ပ၊ ဒိဋ္ဌိကပ္ပလို့ တဏှာနဲ့အတွေး၊ ဒိဋ္ဌိအတွေး၊ ကိုယ်သိထားတဲ့အသိကို အခြေခံပြီး တော့ တဏှာအတွေးလည်း တွေးတတ်သေးတယ်နော်၊ ဒိဋ္ဌိအတွေး ကလည်း တွေးတတ်သေးတယ်၊ အဆင့်မြင့်တဲ့ မိစ္ဆာဝါဒတွေက ဈာန်ရတဲ့ပုဂ္ဂိုလ်တွေမှာ ဖြစ်တတ်တယ်ပေါ့၊ သာမန်ပုဂ္ဂိုလ်တွေမှာ အဲဒီအတွေး မရှိဘူး၊ ဈာန်ရတဲ့ပုဂ္ဂိုလ်တွေမှာ သွားပြီး ဖြစ်တတ်တယ်၊ ဒါကြောင့်မို့ ဗြဟ္မဇာလသုတ်ကို ဖတ်ကြည့်မယ်ဆိုရင် “အတ္တဟာ မြဲတယ်၊ အတ္တဟာ တစ်ချို့ မြဲတယ်၊ တစ်ချို့ မမြဲဘူးဆိုတဲ့ ဒီလို ဟောကိန်းထုတ်ပြီးတော့ မိစ္ဆာအယူဝါဒကို ယူသွားတဲ့ပုဂ္ဂိုလ်က သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ ဈာန်ရထားတဲ့ပုဂ္ဂိုလ်တွေပဲ။”

ဥပမာတစ်ခု ပြောပြမယ်၊ ကမ္ဘာကြီးပျက်စီးသွားပြီးတော့ ပြန်လည် တည်လာတဲ့အခါမှာ သက်တမ်းစေ့တဲ့ ဗြဟ္မာတစ်ဦးဟာ [၃၁၅] ပထမဈာန်ဗြဟ္မာ့ဘုံကို သူက အရင်ဆုံး ရောက်လာတယ်၊ ဘုန်းတန်ခိုးလည်း ကြီးတယ်၊ စွမ်းရည်သတ္တိလည်း ရှိတယ်၊ သူတစ်ဦးတည်း ရောက်လာတယ်၊ နှစ်ပေါင်းများစွာ ကမ္ဘာပေါင်းများစွာ ကြာအောင်နေတယ်၊ လူလူ နတ်နတ် သတ္တဝါတွေရဲ့စရိုက်ဟာ တစ်ယောက်တည်း ဆိုရင် ပျင်းတယ်၊ ဒါ ဟုတ်တယ်နော်၊ တစ်ယောက်တည်း ဆိုရင် ပျင်းတယ်၊ (ကိုယ့်ဟာကိုယ်လည်း မေးကြည့်ပေါ့၊ တစ်ယောက်တည်းနေရင် ပျင်းသလားလို့) တစ်ယောက်တည်း နေချင်တဲ့အခါတော့ ရှိတယ်၊ ဒါပေမယ့် အတွေးလေးနဲ့ နေတာနော်၊ ဒါတောင် တစ်ယောက်တည်း မဟုတ်ဘူး၊ သူကြိုက်တဲ့အတွေးလေးနဲ့ နေတာ။ နိုင်ငံခြားတွေမှာဆိုရင် အော်ပြောတတ်တယ်လေ၊ “leave me alone - ငါတစ်ယောက်တည်း နေပါရစေ၊ ကြာတော့ ဘာဖြစ်လာတုန်းဆိုရင် lonely ဖြစ်လာတယ်၊ depression တွေ ဖြစ်လာတယ်၊ စိတ်ဓာတ်တွေ ကျလာတယ်၊ တစ်ယောက်တည်းနေတော့ ကယောင်ချောက်ချားတွေ ဖြစ်လာတယ်၊ ဟိုဖုန်းဆက် ဒီဖုန်းဆက်တွေ လုပ်လာတယ်၊ ဖုန်းမရှိရင်တော့ ဆက်စရာ မရှိဘူးပေါ့နော်၊ အဲဒီလို leave me alone လို့ အော်တဲ့သူကလည်း နောက်ကျတော့ lonely ဖြစ်လာတယ်။

အဲဒါလိုပဲ ဒီဗြဟ္မာကြီးကလည်း lonely ဖြစ်လာတယ်၊ တစ်ယောက်တည်း နေရတာ မပျော်သလို စိတ်ထဲ ဖြစ်လာတယ်၊ နောက်တစ်ယောက် ရောက်လာရင် ကောင်းမှာပဲလို့ သူ့စိတ်ထဲ တွေးမိသတဲ့၊ အဲဒီလိုလဲ တွေးမိလိုက်ရော “ထန်းသီးကြွေခိုက် [၃၁၆] ကျီးပျံခိုက်” သို့မဟုတ် “ထန်းသီးကြွေခိုက် ကျီးနင်းခိုက်” မြန်မာစကားမှာ အဲဒီလို သုံးတယ်၊ ပါဠိလို “ကာကတာလိယ” လို့ ခေါ်တယ်၊ “ကာက” ဆိုတာ ကျီး၊ “တာလ” ဆိုတာ ထန်းသီး၊ အဲဒါနဲ့ ဆက်စပ်ပြီးတော့ ပြောကြတာ၊ အများက “ထန်းသီးကြွေခိုက် ကျီးနင်းခိုက်” လို့ သုံးတယ်၊ အဲဒီအဓိပ္ပာယ်က ဘာတုန်းဆိုရင် ထန်းသီးကကြွေ ကျီးက အနင်းလိုက်၊ ဒီလို ကျီးကနားလိုက်တာနဲ့ ထန်းသီးက ကြွေသွားတာ ဆုံမိသွားတယ်၊ ဒီအဓိပ္ပာယ်ကို ပြောတာ။

တကယ့်မူရင်းက အဲဒီအဓိပ္ပာယ် မဟုတ်ဘူး၊ “ထန်းသီးကြွေခိုက် ကျီးပျံခိုက်” တဲ့၊ ကျီးက ထန်းသီးအောက် ဖြတ်အပျံ အပေါ်က ထန်းသီးကြွေကျလို့ ကျီးသေတာကို ပြောတာတဲ့၊ accident ကို ပြောတာ၊ အဲဒါ “ကာကတာလိယ” လို့ခေါ်တယ်၊ “ထန်းသီးကြွေခိုက် ကျီးပျံခိုက်” ဒီလိုသုံးမှ မှန်တယ်ပေါ့၊ “ထန်းသီးကြွေခိုက် ကျီးနင်းခိုက်” ဆိုတာ မူရင်းမဟုတ်ဘူး၊ အဲဒါလိုပဲ သူက မတော်တဆပေါ့၊ မတော်တဆဆုံသွားတဲ့ အဓိပ္ပာယ်မျိုးကို ပြောတာ၊ accidental ပေါ့။

သူက အဲဒီလိုတွေးတဲ့အချိန်မှာ ဗြဟ္မာတစ်ယောက်က ဘွားကနဲဆို ဗြဟ္မာ့ပြည်ရောက်လာတယ်၊ သူ့ဆန္ဒအတိုင်း ဖြစ်လာတော့ သူက ဘယ်လိုတွေးလဲဆိုတော့ “ဟ . . ငါတွေးတဲ့ အတိုင်း ရောက်လာတာပဲ”၊ ခုခေတ်လူတွေလည်း ရှိတာပဲ၊ တစ်ခုခု လုပ်လို့တစ်ခုခုအောင်မြင်သွားရင် ဒါကြောင့်ဖြစ်တာလို့ ဒီလိုထင်တာပဲ၊ အမှန်ကတော့ တခြားအကြောင်းတွေလည်း ရှိနိုင်သေးတယ်ပေါ့ တစ်ခါတလေ တိုက်ဆိုင်သွားတာလေးတွေပေါ့ ရမ်းပြောလိုက်တဲ့ [၃၁၇] နံပါတ်ကလေး ပြောလိုက်တာ ထီပေါက်သွားတာ၊ “ဟ နှစ်လုံးထီ နံပါတ်ပေးတာ မှန်တယ်” ဆိုပြီး လာကြတာနော်၊ အဲဒီလို တိုက်ဆိုင်မှု ဆိုတာ ဖြစ်တတ်ပါတယ်၊ ဗြဟ္မာကြီးကလည်း ဒီလိုတိုက်ဆိုင်မှု ဖြစ်သွားတော့ သူ့စိတ်ထဲမှာ ဘယ်လိုပေါ်သွားတုန်း ဆိုတော့ “ငါတွေးလိုက်တဲ့အချိန် ရောက်လာတာ ဒါ ငါဖန်ဆင်းတာပဲ” လို့ ဖန်ဆင်းတဲ့ဝါဒ သူ့စိတ်ထဲ ရောက်သွားတယ်၊ နောက်မှမွေးလာတဲ့ ဗြဟ္မာကလည်း “ဟ .. ငါမမွေးခင် ဒီဗြဟ္မာကြီး ရှိနေပါလား”၊ ကိုယ့်ထက် အရင်ရောက်တဲ့ သူကို သူကလည်း လေးစားတာပေါ့လေ၊ သူ့ထက် နှစ်ပေါင်းများစွာက အစောကြီးက ရောက်နေတဲ့ ဗြဟ္မာကြီးကို လေးစားပြီး “သူက ငါ့ကိုဖန်ဆင်းလို့၊ သူက ငါ့ကိုခေါ်လို့ ငါရောက်လာတာနေမှာ" လို့ အတွေးလေးနဲ့ သူကလည်း ယုံကြည်တယ်၊ ဟိုကလည်း “ငါဖန်ဆင်းတယ်” လို့ထင်တယ်။ နောက်မှဖြစ်တဲ့ ဗြဟ္မာကလည်း သူဖန်ဆင်းလို့ ငါဖြစ်ခဲ့ရတာလို့ စိတ်ထဲမှာ ထင်သွားတယ်၊ သူ့ကံအားလျော်စွာ သက်တမ်းမစေ့ခင် သေသွားပြီးတော့ လူ့ပြည်သွားဖြစ်ပြန်တယ်၊ လူ့ပြည်ရောက်တဲ့ အခါကျတော့ သူက တောထွက်ပြီးတော့ သမထ ကျင့်စဉ်တစ်ခု ကျင့်တယ်၊ ပုဗ္ဗေနိဝါသတို့ ဒိဗ္ဗစက္ခုတို့ဆိုတဲ့ အဘိညာဉ်တွေရတယ်၊ သူ ဘယ်ဘဝကလာတာ ဆိုတာကို ပြန်ပြီး အောက်မေ့နိုင်တဲ့ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ကို ရတယ်၊ ဗြဟ္မာ့ပြည်မှာ သူနဲ့တွေ့ခဲ့တဲ့ ဗြဟ္မာကြီးက ဟိုမှာ အခန့်သား ရှိနေတုန်း၊ သူက [၃၁၈] နောက်မှမွေးပြီး အရင်သေလာတာနော်၊ သူ့ကို ဖန်ဆင်းတယ်လို့ သူယူဆတဲ့ ဗြဟ္မာက ဟိုမှာရှိတုန်း၊ သူ့ထက် အသက်ရှည်တယ်။

ဒီတော့ သူ့အတွေးထဲမှာ ဘာဝင်လာတုန်းဆိုတော့ ဗြဟ္မာကြီးက နိစ္စထာဝရ၊ ငါတို့ကတော့ နိစ္စထာဝရ မဟုတ်ဘူး ဆိုပြီးတော့ ဗြဟ္မာကြီးကို နိစ္စလို့ သဿတ ဆိုတဲ့ မြဲတယ်ဆိုတဲ့ အယူဝါဒတစ်ခုကို လှည့်ပြောတော့တာပဲ၊ ဗြဟ္မာကြီးက သက်တမ်းကို ဘယ်လောက် ကြာအောင် နေမှန်းမသိဘူး၊ သူက မသေဘူး၊ ငါတို့က သေလာတယ်၊ ငါတို့က အသဿတ - မမြဲဘူး၊ ဗြဟ္မာကြီးက မြဲတယ်။ ဧကစ္စ သဿတ - တချို့မြဲတယ်၊ တချို့ မမြဲဆိုတဲ့ အယူဝါဒကို လူ့ပြည်မှာ ပြောဟောလာတယ်ပေါ့ ဒီလိုဆိုလိုတာ၊ မိစ္ဆာဝါဒတွေ ပေါ်လာတယ် ဆိုတာ အဲဒါမျိုးတွေနဲ့ ပေါ်လာတာနော်၊ သာမန် ခုနက “ပုဗ္ဗေနိဝါသာနုဿတိ” တို့လောက်၊ ဒီပုဗ္ဗေနိဝါသာနုဿတိဆိုတာကလည်းပဲ ဗုဒ္ဓသာသနာမှာသာ သူက အကန့်အသတ်မရှိအောင် ကြည့်နိုင်တဲ့ပုဂ္ဂိုလ်၊ တော်တော် ရှည်ရှည် ကြာကြာ လှမ်းမြင်နိုင်တဲ့ပုဂ္ဂိုလ် ရှိတာ၊ တခြားဘာသာတွေမှာကျတော့ ဘုရားသာသနာနဲ့ မတွေ့ခင်ကျင့်တဲ့ ပုဗ္ဗေနိဝါသာနုဿတိ ဆိုတာ ကမ္ဘာလေးဆယ် ဟိုဘက်ကျော်ပြီး မသိနိုင်ဘူးတဲ့၊ ဘာဖြစ်လို့တုန်း ဆိုတော့ သူတို့ပညာက အစွမ်း အဲဒီလောက်ထိအောင် မမှီဘူးတဲ့၊ အကန့်အသတ် ရှိတယ်ပေါ့။

ကဲ ဘုန်းကြီးတို့တတွေ ကိုယ့်ဟာကိုယ် အကန့်အသတ် ရှိတယ်ဆိုတာ ကြည့်ရအောင်၊ ဘုန်းကြီးတို့ မျက်စေ့နဲ့ကြည့်ရင် [၃၁၉] ဘယ်လောက်အထိ မြင်ရလဲ၊ လူသားတွေ မျက်စေ့နဲ့ ကြည့်မယ်ဆိုရင် အကန့်အသတ်ရှိတယ် မဟုတ်လား၊ ဘယ်နေရာ လှမ်းကြည့်ကြည့် မိုးကုတ်စက်ဝိုင်းကြီးပဲ မြင်နေတာ မဟုတ်လား၊ ဟိုဘက်ကို ကြည့်လို့ ရရဲ့လား၊ မရဘူး၊ အဲဒါ ကန့်သတ်ထားတာ ခေါ်တယ် အဲဒီအကန့်အသတ်ကို၊ သို့သော် အဲဒီနေရာ သွားကြည့်၊ မိုးကုတ်စက်ဝိုင်း မဟုတ်ဘူး၊ အဲဒါ အနန္တအာကာသကြီးပဲ၊ ကိုယ်မြင်တာ ခုံးခုံးကြီး၊ ဒယ်အိုးကြီး မှောက်ထားသလိုမြင်နေရတယ်၊ တကယ်ကတော့ အဲဒါ အဆုံးမဟုတ်ဘူး၊ သို့သော် ကိုယ်မြင်နေတာ အဆုံးခုံးခုံးကြီးပဲ မြင်နေရတယ်၊ ဒါ မျက်စေ့ရဲ့ အကန့်အသတ်က ဒီလောက်ပဲရှိတယ်။ အဲဒါလိုပဲ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဆိုတာ သူတို့မှာလည်း အကန့်အသတ်ရှိတယ်၊ ဘဝပေါင်း ဘယ်လောက်ပဲ မြင်နိုင်တယ် ဆိုတာ၊ ဘာဖြစ်လို့တုန်းဆိုတော့ နာမရူပပရိစ္ဆေဒဉာဏ် မရှိလို့ သူတို့ရဲ့အသိဉာဏ်က အားပျော့တယ်လို့ ဒီလိုဆိုလိုတာ။

မြတ်စွာဘုရား လက်ထက်မှာကျတော့ မြတ်စွာဘုရားရဲ့ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ကတော့ အကန့်အသတ် မရှိဘူး၊ အကန့်အသတ်မရှိရုံတင် မကဘူး၊ စုတိပဋိသန္ဓေ ဆိုတဲ့ သေတဲ့စိတ်နဲ့ မွေးတဲ့စိတ် ဒီနှစ်ခုပေါ်မှာ လျှောက်ပြီးတော့ ကြည့်ရတာတဲ့၊ သူက ပဋိသန္ဓေမြင်လို့ရှိရင် စုတိ မြင်တယ်၊ စုတိမြင်ရင် ဟိုဘက်က ပဋိသန္ဓေ မြင်တယ်၊ အဲဒီလိုနည်းနဲ့ ကြည့်တာတဲ့၊ စုတိ၊ ပဋိသန္ဓေဆိုတဲ့ ခေါင်းကလေးတွေ၊ ဦးတည်ထားပြီးတော့ အဲဒီပေါ်က လျှောက်ပြီး [၃၂၀] တော့ ကြည့်ရတာတဲ့၊ ရဟန္တာပုဂ္ဂိုလ်တွေလည်းပဲ အဲဒီလိုပဲ ကြည့်နိုင်တယ်တဲ့၊ မြတ်စွာဘုရားကတော့ အဲဒီလိုမဟုတ်ဘူး၊ ကြည့်ချင်တဲ့နေရာ ကမ္ဘာပေါင်းဘယ်လောက်ဖြစ်ဖြစ် ကျော်ပြီးတော့ ကြည့်လို့ရတယ်၊ ဖျတ်ကနဲခုန်ကျော်ပြီးတော့ ကြည့်လို့ရတယ်၊ စွမ်းရည်သတ္တိချင်း မတူဘူးလို့ ဆိုလိုတာ၊ ပုဗ္ဗေနိဝါသ ချင်း တူပေမယ့် စွမ်းရည်သတ္တိ မတူဘူး။

တချို့ ရဟန္တာတွေမှာ တော်တော် ထက်ထက်မြက်မြက် မဟာဘိညပတ္တ ဆိုတဲ့ အရည်အချင်းရှိတဲ့ ရဟန္တာတွေကျတော့ မြင်ရတယ်၊ သို့သော် တစ်ခါတစ်ခါ မိစ္ဆာအယူဝါဒ တစ်ခု ပေါ်လာတာ ရှိသေးတယ်၊ ကိုယ့်ဘဝကိုယ် နောက်ကြောင်း ပြန်ကြည့်လိုက်တဲ့ အခါမှာ ခုနက စုတိပဋိသန္ဓေ စိတ်ကလေးတွေနဲ့ ဦးတည်ပြီး သွားတဲ့ အခါ စိတ်အစဉ် ပြတ်တောက်သွားတဲ့နေရာကို သွားတွေ့တယ်၊ ဟိုဘက်ကို သူကြည့်လို့ မရတော့ဘူး၊ မရတော့ ဘယ်လိုအယူအဆ ဖြစ်တုန်းဆိုတော့ “ငါ့ဘဝ အဲဒီကမှစတာ၊ တို့အရင်က ငါမရှိသေးဘူး” ဆိုတဲ့အတွေး ဝင်လာတယ်၊ မြတ်စွာဘုရားရဲ့အဆုံးအမကို နာမိတဲ့ သိတဲ့ပုဂ္ဂိုလ်ကျလို့ရှိရင် အဲဒီပြတ်တောက်သွားတဲ့ အချိန်လေးဟာ ဒါ အသညသတ်ဘုံ မှာ ဖြစ်တာဆိုတာကို သဘောပေါက်တယ်၊ အဲဒါကို ကျော်လိုက်လို့ရှိရင် ဟိုဘက် စုတိပဋိသန္ဓေကို သွားတွေ့နိုင်သေးတယ်၊ ကြားမှာ ကွက်လပ်ကြီးကို သွားတွေ့တာ၊ အဲဒီ ကွက်လပ်ကြီးကို ကျော်ပြီး [၃၂၁] သူတို့မကြည့်နိုင်ဘူးတဲ့ ဘာလို့ဆို အဲဒီကွက်လပ်ကြီးက သိပ်ကြီးလွန်းအားကြီးတာ၊ gap က ကြီးလွန်းအားကြီးတော့ ဟိုဘက်ကိုကျော်ပြီး မကြည့်နိုင်တော့ဘူး။ အဲဒီမှာလည်း မိစ္ဆာအယူဝါဒ ဖြစ်သွားတာပဲ၊ “ပညကပ္ပီ” ဆိုတာ တဏှာအတွေးတွေ ဒိဋ္ဌိအတွေးတွေဟာ သမာပတ်ပညာနဲ့ဆိုရင် အဲဒီအတွေးတွေ ရရှိစေနိုင်တယ်တဲ့၊ တဏှာအတွေး၊ ဒိဋ္ဌိအတွေးကို ရရှိစေနိုင်တယ်၊ ဝိပဿနာဉာဏ် နဲ့မှ အဲဒီအတွေးတွေကို ဖျောက်နိုင်တယ်တဲ့နော်၊ အဲဒီအတွေးတွေကို ဖျောက်ပြီးတော့ တကယ့် မုနိ အစစ်ဆိုတာဟာ ဘယ်လိုဟာလဲလို့ မြတ်စွာဘုရားကို မေးတာ။

မြတ်စွာဘုရားက မိန့်ကြားတယ်။ “နိရာသသော သော န စ အာသသာနော” တဏှာ မရှိဘူးဆိုရင် မတောင့်တတော့ဘူးတဲ့၊ တဏှာရှိလို့ တောင့်တတာတဲ့၊ တဏှာကင်းတဲ့ ပုဂ္ဂိုလ်သည် တောင့်တမှု မရှိတော့ဘူး၊ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရှိထားတဲ့ ပညာရှိပုဂ္ဂိုလ်ဟာလည်း ခုနက သမာပတ္တိဉာဏ်နဲ့ မှားယွင်းတဲ့အတွေးတွေ တဏှာတွေး၊ ဒိဋ္ဌိတွေးတွေကို မတွေးတော့ဘူးတဲ့၊ အဲဒီလိုမတွေးဘဲ မှန်မှန်ကန်ကန်သိတဲ့ တကယ့်မုနိဟာ ဘာကိုမှ ကြောင့်ကြမှု မရှိတော့ဘဲနဲ့ ဘဝပေါ်မှာ တပ်မက်မှု ကင်းသွားပါတယ်လို့ မြတ်စွာဘုရားက ရဟန္တာရဲ့ဘဝကို ရှင်းလင်းပြီးတော့ ဟောကြားခဲ့တာ၊ အဲဒါ တောဒေယျကို ရှင်းပြတဲ့စကားပဲပေါ့။

[၃၂၂] ကပ္ပ၏အမေးကို ဖြေဆိုခြင်း

အဲဒီတော့ ဆယ်ယောက်မြောက်ဖြစ်တဲ့ ကပ္ပ ရဲ့ အမေးကို ဖြေဆိုတယ်။ သူက ဘာမေးတုန်းဆိုတော့
မဇ္ဈေ သရသ္မိံ တိဋ္ဌတံ, ဩဃေ ဇာတေ မဟဗ္ဗယေ
ပင်လယ်ကြီးရဲ့ အလယ်မှာ ရောက်ရှိနေတဲ့ အချိန်မှာ ဒီလှိုင်းကြီးတွေ တက်လာပြီ ဘေးရန်တွေနဲ့ ကြုံလာပြီ၊ အဲဒီလို ဘေးရန်ကြီးတွေနဲ့ ကြုံလာပြီ၊

သူပြောတဲ့ “ဒီလှိုင်း” ဆိုတာ တင်စားတဲ့ စကားနော်၊ ပင်လယ်ကြီးဆိုတာလည်း သံသရာကို ပြောတာ၊ ဘုန်းကြီးတို့တတွေဟာ ခု သံသရာကြီးထဲမှာ ရောက်နေကြတာ၊ သံသရာဆိုတဲ့ပင်လယ်ကြီးထဲ ရောက်နေတာ၊ အဲဒီလို ရောက်နေတဲ့အခါမှာ ဆူနာမီလို ဒီလှိုင်းကြီးတွေတက်လာပြီ ကြောက်စရာ ဘေးရန်ကြီးတွေ လူကို ဆွဲပြုတ်သွားနိုင်လောက်အောင် ပြင်းထန်တဲ့ လှိုင်းလုံးကြီးတွေ ရောက်လာပြီ၊ ဘာလှိုင်းလုံးကြီးတွေတုန်း ဇရာ မဉ္စူပရေတာနံ၊ ဒီပံ ပဗြူဟိ မာရိသ အိုခြင်းဆိုတဲ့ လှိုင်းလုံးကြီး၊ သေခြင်းဆိုတဲ့ လှိုင်းလုံးကြီး၊ မရောက်ဘူးလား၊ ရောက်တာပေါ့၊ လှိုင်းလုံးတွေနဲ့ မြုပ်ကုန်တာလေ၊ အဲဒီအခါမှာ တဲ့ အဲဒီလှိုင်းလုံးအောက် မြုပ်မသွားနိုင်တဲ့ ကျွန်း ဆိုတာမျိုး လုပ်လို့ရမလားတဲ့၊ ပင်လယ်ထဲမှာ လှိုင်းလုံးကြီးတွေ မလွှမ်းမိုးနိုင်တဲ့ တည်ရာမြေရာ အခိုင်အမာကျွန်းကြီးကို သူသိချင်ပါတယ်တဲ့။

ဆိုလိုတာက သံသရာဆိုတဲ့ ဘုံဘဝထဲမှာ ကြုံနေရတဲ့အခါမှာ အိုခြင်း နာခြင်း လှိုင်းလုံးတွေနဲ့ လွှမ်းမိုးလာပြီဆိုရင် အိုခြင်း နာခြင်းတွေ [၃၂၃] ထဲမှာ မြုပ်မသွားအောင် အားကိုးစရာတရား ရနိုင်ပါ့မလားလို့ ဒီလို ပြောလိုတာပေါ့နော်၊ “အဲဒီအားကိုးစရာကျွန်းကို တပည့်တော်ကို ဟောစမ်းပါတဲ့၊ တပည့်တော်ကို ထောက်ပြစမ်းပါတဲ့” မြတ်စွာဘုရားကလည်း ခဏခဏ ဟောတယ်လေ၊
အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ
မိမိကိုယ်သည်သာလျှင် မိမိကိုယ်ရဲ့ ရပ်တည်ရာကျွန်းဖြစ်တယ်၊ တခြားလူတွေဟာ ကိုယ့်ရဲ့ ရပ်တည်ရာကျွန်း မဟုတ်ဘူး၊ မိမိကိုယ် ဆိုတာ ဘာပြောတာတုန်းဆိုရင် “ဓမ္မသရဏာ၊ ဓမ္မဒီပါ” တရားသာလျှင် တကယ့်ကျွန်းပဲ၊ သံသရာထဲမှာ သွားလို့ရှိရင် တရားပဲ အားကိုးစရာ ရှိတယ်၊ တခြားအားကိုးစရာ မရှိဘူး။

အနောက်တိုင်းက လူတချို့က အတ္တဒီပါ ဆိုတဲ့ စကားလုံးကို ဘယ်လိုအဓိပ္ပာယ်ပြန်တုန်းဆိုရင် ‘ဒီပ’ကို ‘ဆီမီး’၊ ‘အတ္တ’ ကို ‘အတ္တ’ လို့ဆိုတဲ့ ‘အနတ္တ’ နဲ့ ဆန့်ကျင်ဘက် ‘အတ္တ’ ကို ယူပြီးတော့ မှားမှားယွင်းယွင်းတွေ သူတို့ကြိုက်တာတွေလျှောက်ပြန်တယ်။ မြတ်စွာဘုရား ဟောလိုရင်းက အဲဒါ မဟုတ်ဘူးနော်၊ ‘အတ္တ’ ဆိုတဲ့ စကားလုံးဟာ ကိုယ့်ကိုယ်ကို ဆိုတဲ့ reflexive နာမ်စားကို ပြောတာ။

အဲဒီတော့ အတ္တဆိုတာ နှစ်မျိုးရှိတယ်၊ ကိုယ့်ကိုယ်ကို ရည်ညွှန်းတဲ့ နာမ်စားအနေနဲ့သုံးတာ ရှိတယ်၊ အတွေးအခေါ် မိစ္ဆာဝါဒပိုင်းဆိုင်ရာသုံးတဲ့ အတ္တဆိုတာ ရှိတယ်၊ အဲဒါ ၂ ခုကို ကွဲကွဲပြားပြားသိဖို့ လိုတယ်ပေါ့၊ များသောအားဖြင့် မြတ်စွာဘုရားက [၃၂၄] အတ္တာဟိ အတ္တနော နာထော ကောဟိ နာထော ပရော သိယာ
“ကိုယ့်ကိုယ်ကိုသာလျှင် ကိုးကွယ်ရာ” လို့ ဆိုတာဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ အတ္တကို ရည်ညွှန်းတာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို အားကိုးကြ၊ အခုလည်း ပြောတာပဲ၊ “ကိုယ်ထူ ကိုယ်ထ၊ ကိုယ့်အား ကိုယ်ကိုး” ဆိုတာ မရှိဘူးလား၊ အဲဒါကို ဆိုလိုတာ၊ အဲဒီ ကိုယ့်အား ကိုယ်ကိုးဆိုတာ ဘာကို အားကိုးမှာလဲဆိုရင် ဓမ္မဒီပါ - တရားကို အားကိုးလို့ ဒီလိုပြောတာ။

အဲဒီတော့ ဒီပ ဆိုတာလည်း ကျွန်းလို့ ပြောတာ၊ ဒီပဆိုတဲ့ စကားလုံးက ဆီမီးလို့လည်း တချို့နေရာတွေမှာ သုံးတာရှိတော့ အဲဒါနဲ့ ယောင်မှားပြီးတော့ အတ္တဒီပါ - အတ္တတည်းဟူသော ဆီမီးတဲ့ ဒီလို ဘာသာပြန်ကြတာတွေလည်း ရှိတယ်ပေါ့နော်၊ အဲဒီဘာသာပြန်မှုတွေကတော့ မှန်ကန်မှုမရှိတဲ့ ဘာသာပြန်မှုတွေပဲ။

အဲဒီမှာ ဒီပဆိုတာ သံသရာထဲမှာ ရပ်တည်ဖို့ တကယ့်ခိုင်မာတဲ့ ကျွန်းကြီး ဘယ်လိုတည်ဆောက်ရမလဲမေးတာ၊ အဲဒီတော့ မေးတော့ မြတ်စွာဘုရားက ဖြေတယ်၊
“အကိဉ္စနံ အနာဒါနံ, ဧတံ ဒီပံ အနာပရံ”၊ အားကိုးစရာ ကျွန်းဆိုတာ အကိဉ္စန တဲ့၊ မင်းမှာ ကြောင့်ကြပူပန်စေတတ်တဲ့ ကိလေသာတွေ မရှိရဘူးတဲ့၊ ပူပန်စေတတ်တဲ့ ကိလေသာတွေ၊ ကိဉ္စန ဆိုတာ လူတွေမှာ ကြောင့်ကြမှုကိုဖြစ်စေပြီး စိတ်ကို ပူပန်စေတတ်တဲ့ အရာတွေဖြစ်တယ်၊ ရာဂ ဒေါသ မောဟ ကိလေသာ၊ ဒုစရိတ္တတွေ စိတ်ရဲ့အညစ်အကြေးတွေ အဲဒါတွေဟာ_ [၃၂၅] ကိဉ္စန တွေပဲ၊ အဲဒီ ကိဉ္စန ဆိုတဲ့ ကြောင့်ကြမှု ဒုက္ခပေးတတ်တဲ့တရားတွေ မရှိဘူး၊ “အနာဒါန” အာရုံတွေပေါ်မှာ စွဲပိုက်ထားတဲ့ တဏှာ ဆိုတာ မရှိဘူးဆိုရင် အဲဒါဟာ ကျွန်းပဲတဲ့၊ မင်းအားကိုးရမယ့်ကျွန်းပဲ။

ဟုတ်တယ် ဘုန်းကြီးတို့တတွေ သေငယ်ဇောနဲ့ မျောနေတဲ့ အချိန်မှာ တစ်ခုခုကိုတွယ်ရင် အဲဒီကို ရောက်သွားမှာပဲ၊ မတွယ်တော့ဘူး၊ ကိလေသာတွေငြိမ်းပြီ၊ ရဟန္တာ ပုဂ္ဂိုလ်တွေကျတော့ ဘယ်မှ မတွယ်တော့ဘူး၊ မတွယ်တော့သည့် အတွက်ကြောင့် သူတို့ရဲ့ ဘဝဟာ လွတ်မြောက်သွားပြီလေ၊ ပုထုဇဉ်တွေကျတော့ တစ်ခုတစ်ခု သွားသွားတွယ်လိုက်တယ်၊ တွယ်လိုက်သည့် အတွက်ကြောင့် သူက တွယ်တဲ့ဘုံ ရောက်သွားပြန်ရော၊ အဲဒါ ဒီပ မဟုတ်ဘူး၊ မျော့ပြန်တာပဲ ပေါ့၊ ဇာတိ ဇရာ မရဏ လို့ဆိုတဲ့ သံသရာကြီးထဲမှာ မျောသွားတာ၊ ဒီပ က လွတ်သွားတာ၊ ဒီပ မတွေ့ဘူးပေါ့၊ ပင်လယ်ထဲ မျောပါသွားတာပဲ၊ အာရုံပေါ်မှာ တွယ်တာလိုက်တာနဲ့ မျောပါသွားတယ်၊ ကိလေသာတွေ ရှိတာနဲ့ မျောပါသွားတယ်၊ ရပ်တည်ခွင့် မရှိနိုင်ဘူးတဲ့။

ရဟန္တာ ပုဂ္ဂိုလ်ကျတော့ “အကိဉ္စနံ အနာဒါနံ” ကိလေသာတွေ မရှိဘူး၊ အာဒါန ဆိုတဲ့ သိမ်းပိုက်ထားတဲ့ တဏှာ မရှိတော့ဘူး၊ အဲဒါဟာ ကျွန်းပဲတဲ့၊ တခြားကျွန်း မရှိဘူးတဲ့၊ နိဗ္ဗာနံ ဣတိ နံ ဗြူမိ၊ ဇရာမစ္စု၊ ပရိက္ခယံ အဲဒီကျွန်းဆိုတာ နိဗ္ဗာန်ကိုပဲ ပြောတာပါတဲ့၊ နိဗ္ဗာန်ဆိုတဲ့ကျွန်းဟာ အိုခြင်း နာခြင်း သေခြင်းတွေရဲ့ အဆုံးသတ်ရာ ဖြစ်လို့.. အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ ဒီသဘာဝတရားတွေရဲ့ လွှမ်းမိုးမှုကို မခံရတဲ့ နေရာဖြစ်တယ်။ မြတ်စွာဘုရားက ဒီလို [၃၂၆] ရှင်းပြလိုက်တယ်၊ ကပ္ပ ရဲ့ ဒီပ ဆိုတဲ့အမေးနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဒီလို ရှင်းပြတယ်။

အဲဒီလို ရှင်းပြလိုက်တဲ့အခါမှာ သူကိုယ်တိုင်ဟာလည်းပဲ မြတ်စွာဘုရားဟောကြားထားတဲ့ ဒီပ ဆိုတာကို သဘောကျပြီးတော့ နိဗ္ဗာန်ကို ရစေနိုင်တဲ့ အကိဉ္စန၊ ကိဉ္စန ဆိုတဲ့ ကိလေသာတွေကို ဖယ်ရှားဖို့ အာဒါန ဆိုတဲ့ စွဲပိုက်ထားတဲ့ တဏှာ ကို ဖယ်ရှားဖို့၊ ဒါတွေကင်းမှ နိဗ္ဗာန်ဆိုတဲ့ကျွန်းကို တို့တတွေရမှာပဲလို့ သူက သဘောကျသွားတယ်။

ဧတ ဒညာယ ယေ သတာ,
ဒိဋ္ဌ ဓမ္မာ ဘိ နိဗ္ဗုတာ၊
န တေ မာရဝသာနဂါ
န တေ မာရဿ ပဒ္ဓဂူ။
မြတ်စွာဘုရားဟောကြားတဲ့ တရားအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်တာ၊ အားထုတ်တယ်ဆိုတာ တရားနာရင်း သူ နှလုံးသွင်းတာပေါ့နော်၊ အဲဒီလို နှလုံးသွင်းရင်းနဲ့ သူလည်းပဲ တပည့်တွေနဲ့ အတူ ကိလေသာအာသဝတွေ ကင်းစင်တဲ့ ရဟန္တာ ပုဂ္ဂိုလ် အရှင်မြတ် ဖြစ်သွားတယ်။

ဘာဖြစ်လို့ တပည့်တွေက ကိုယ့်ဆရာနဲ့ တူကြသလဲ ဆိုလို့ရှိရင် လောကကြီးကိုက ဝါသနာတူရာတွေ စုနေတာကိုး၊ သူသင်ထားတာ သူနားလည်ရင် သူ့တပည့်တွေကလည်း ဒီလိုပဲ နားလည်သွားကြတာ ပေါ့ လူတွေက စုတယ်လေ၊ ဂီတသမားကလည်း ဂီတသမားတွေပဲ၊ [၃၂၇] အနုပညာဆိုပြီး စုနေကြတာပဲ၊ အတီးသမားတွေကလည်း အတီးသမား၊ အဆိုသမားက အဆိုသမားပေါ့နော်၊ အတီးသမားက အတီးသမားဆိုပြီးတော့ ဝါသနာတူရာပဲ၊ တီးတဲ့လူက ဆိုတာ မဟုတ်ဘူး၊ ဆိုတဲ့လူက တီးတာ မဟုတ်ဘူး၊ သူ့ဝါသနာနဲ့သူပဲနော်၊ အဲဒီလို ဝါသနာတူရာတွေ စုကြတာပဲ၊ လောကကြီးကိုက ဒီအတိုင်းပဲ၊ အခု လာတရားနာတယ် ဆိုတာလည်း ဝါသနာတူတဲ့လူတွေ လာစုတာပဲပေါ့၊ အေး ဝါသနာမတူတဲ့လူက ဘယ်လာလိမ့်မလဲ၊ အခုလည်း သူ့တပည့်တွေအားလုံးဟာ သဘောကျပြီးတော့ အားလုံး ရဟန္တာ ဖြစ်သွားကြတယ်တဲ့၊ ဆယ်ယောက်မြောက် ကပ္ပ ရဲ့အမေးကို ဖြေတာ။

ဇတုကဏ္ဏီ၏ အမေးကို ဖြေဆိုခြင်း

နောက်တစ်ခါ ဆယ့်တစ်ယောက်မြောက် ဇတုကဏ္ဏီ ရဲ့ မေးခွန်းကို မြတ်စွာဘုရားက ဖြေတယ်၊ သူက ဘာတွေမေးသလဲ၊
သုတွာန’ ဟံ ဝီရ မဏမကာမိ
ဩဃာတိဂံ ပုဋ’ မကာမ မာဂဓံ၊
သန္တိပဒံ ဗြူဟိ သဟဇနေတ္တ, ယထာတစ္ဆေ ဘဂဝါ ဗြူဟိ မေတံ၊
အကာမကာမိ ကာမ စိတ်တွေကို ကင်းတဲ့ပုဂ္ဂိုလ်၊ ကာမဂုဏ် အာရုံတွေကို မလိုတဲ့ပုဂ္ဂိုလ်၊ ဖယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတဲ့ဂုဏ်နဲ့ ချီးမွမ်းတာ၊ “ဩဃာတိဂံ” သံသရာဝဲဩဃကြီးကို ကျော်ဖြတ်ပြီးတဲ့ [၃၂၈] ပုဂ္ဂိုလ်၊ မြတ်စွာဘုရားကို ဒီလိုချီးမွမ်းတယ်၊ ဘုရားကို မေးဖို့အတွက် သူလာတယ်၊ သူ့ကို အမှန်အတိုင်း ပြောပြပေးပါတဲ့၊ ဘာပြောရမတုန်း ဆိုရင် “သန္တိပဒ” ဆိုတာ ဘာလဲ၊ တကယ်ငြိမ်းချမ်းတဲ့ သန္တိ ဆိုတာ ဘယ်ဟာကို ခေါ်တာလဲတဲ့၊ အဲဒါကို ပြောပါတဲ့၊

အဲဒီ သန္တိ ဆိုတဲ့တရားကို ရောက်မှ အိုခြင်း နာခြင်း သေခြင်း ဆိုတာကို ဖယ်ရှားနိုင်မှာ၊ အဲဒီ သန္တိ ဆိုတဲ့ အနေအထားတစ်ခုကို မရောက်ဘူးဆိုရင် အိုခြင်း နာခြင်း သေခြင်းကို မလွန်မြောက်နိုင်သေးဘူးတဲ့၊

ပရိတ္တ ပညဿ မေ ဘူရိပည၊ အာစိက္ခ ဓမ္မံ ယမဟံ ဝိဇညံ ဇာတိ ဇရာယ ဣဓ ဝိပ္ပဟာနံ၊

အဲဒီလွန်မြောက်နိုင်အောင် အစွမ်းသတ္တိထက်တော်မူတဲ့ မြတ်စွာဘုရားက သူလို အသိဉာဏ်နည်းပါးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုတဲ့ သိအောင် သန္တိ ဆိုတဲ့အဆင့်ကို ရောက်အောင် ဘာတွေ လုပ်ရမလဲ၊ သူ့ကိုပြောပါတဲ့။

မြတ်စွာဘုရားက
ကာမေသု ဝိနယ ဂေဓံ နေက္ခမ္မံ ဒဋ္ဌ ခေမတော တဲ့၊

ဒီနေရာမှာ ကာမ နဲ့ နေက္ခမ္မ၊ ကာမ ဆိုတာ နှစ်သက်စရာ အာရုံတွေ၊ လိုချင်စရာ အာရုံတွေကို လိုချင်နေတာ ကာမ လို့ ခေါ်တယ်၊ နေက္ခမ္မ ဆိုတာ အဲဒီ လိုချင်မှုတွေကိုဖယ်ရှားပစ်လိုက်တာ နေက္ခမ္မ၊ လိုချင်မှုတွေက ထွက်ခွာလိုက်တာ၊ လိုချင်မှုဆိုတဲ့ ကာမ [၃၂၉] ထဲကနေပြီးတော့ ထွက်ခွာလိုက်တာ၊ ရှောင်လိုက်တာ အဲဒါကို နေက္ခမ္မ၊ အဲဒီတော့ ကာမ နဲ့ နေက္ခမ္မ။ ဒီ ၂-ခုကို စဉ်းစားကြည့်၊ ကာမဂုဏ် အာရုံတွေထဲမှာ နေတာဟာ ဘေးကင်းသလား၊ သို့မဟုတ် ကာမဂုဏ် အာရုံတွေနဲ့ ဝေးဝေးနေတာ ဘေးကင်းသလားဆိုတာ သူစဉ်းစားတယ်ပေါ့နော်၊ ဘုန်းကြီးတို့တတွေ ကာမဂုဏ် အာရုံတွေထဲမှာ နေလို့ရှိရင် ဘေးအန္တရာယ်တွေ လာနေတယ်၊ မျက်စေ့ကမြင်တဲ့ နှစ်သက်စရာ အာရုံတွေ၊ နားကကြားရတဲ့ နှစ်သက်စရာအာရုံတွေ၊ အဲဒီနှစ်သက်စရာအာရုံတွေကို နှစ်သက်နေသေးသမျှ ဘေးတွေတွေ့မယ်၊ အန္တရာယ်တွေ တွေ့မယ်၊ ရန်တွေ တွေ့မယ်၊ သံသရာထဲမှာ အိုခြင်း နာခြင်း သေခြင်း ဆိုတာတွေ ဒါတွေကို မရှောင်နိုင်သေးသမျှ ဒီထဲမှာပဲ တဝဲလည်လည် ဖြစ်နေဦးမှာပဲတဲ့။

ကဲ ကာမဂုဏ် အာရုံတွေကို ရှောင်လိုက်ပြီ၊ သမထ ကျင့်စဉ် တစ်ခုကို ကျင့်လိုက်တယ်၊ ကာမ တွေကို ဖယ်လိုက်ပြီ၊ နောက်ဆုံးမှာ နေက္ခမ္မ ဆိုတာ အဆင့်ဆင့် ရှိတယ်ပေါ့ ပထမဈာန်ကိုလည်း နေက္ခမ္မ လို့ခေါ်တယ်၊ ဘုန်းကြီးဝတ်လိုက်တာကိုလည်း နေက္ခမ္မ လို့ခေါ်တယ် နော်၊ အဲဒီလို နေက္ခမ္မ တွေ အဆင့်ဆင့် နောက်ဆုံးမှာ ဒီရုပ်နာမ်ခန္ဓာတွေက နေပြီးတော့ အပြင်ကို ထွက်သွားနိုင်တဲ့ နိဗ္ဗာန်ထိအောင် နေက္ခမ္မ လို့ ခေါ်တယ်ပေါ့၊ အဲဒီ ရုပ်နာမ်ဓမ္မ သင်္ခါရတွေက သံသရာထဲက ထွက်သွားတဲ့ နေက္ခမ္မ လို့ ဆိုတဲ့ နိဗ္ဗာန်ကို တကယ့်ကို အန္တရာယ် [၃၃၀] ကင်းတဲ့နေရာအဖြစ် ရှုမြင်မယ်ဆိုလို့ရှိရင် ဘာလုပ်ရမလဲ၊ ကာမဂုဏ် အာရုံတွေပေါ်မှာ မက်မောတဲ့ တဏှာ ကို ဖယ်ရှားပစ်ဖို့လိုအပ်တယ်။ ဘုန်းကြီးတို့တတွေဟာ ဘာနဲ့ သံသရာထဲမှာ ပျော်နေကြတာတုန်းဆို မျက်စေ့ကမြင်ရတဲ့ အာရုံ၊ နားကကြားရတဲ့ အသံ၊ ဒါတွေနဲ့ ပျော်နေတာပဲလေ၊ အဲဒီထဲက ထွက်မှ မထွက်နိုင်တာ၊ အဲဒီတော့ ဒါတွေက ထွက်ဖို့ ကြိုးစားရမယ်လို့ ဒီလိုပြောတာ၊ သာမန်စဉ်းစားကြည့်မယ်ဆိုရင် ဒါတွေနဲ့ မနေရဘူးဆိုတာ မျက်စေ့က မကြည့်ရဘူး ပြောတာလား၊ နှာခေါင်းက အနံ့ မရှူရဘူး၊ နားက အသံမကြားရဘူးလို့ ပြောတာလားဆိုတော့ ဒီလိုပြောတာ မဟုတ်ဘူး၊ မျက်စေ့ကမြင်တဲ့ အာရုံမှာ တွယ်တာတဲ့ လောဘ မဖြစ်စေနဲ့၊ မုန်းတီးတဲ့ ဒေါသ မဖြစ်စေနဲ့ နားကကြားရတဲ့ အသံပေါ်မှာ တွယ်တာမှု မဖြစ်စေနဲ့၊ မုန်းတီးမှု မဖြစ်စေနဲ့၊ အမှန်အတိုင်းမသိတဲ့ မောဟ မဖြစ်စေနဲ့၊ ထို့အတူပဲ နှာခေါင်းကရတဲ့ အနံ့၊ လျှာက လျှက်ရတဲ့အရသာ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အထိအတွေ့၊ အဲဒါတွေအပေါ်မှာ တွယ်တာခြင်းဆိုတဲ့ တဏှာ၊ မုန်းတီးခြင်းဆိုတဲ့ ဒေါသ၊ တွေဝေခြင်းဆိုတဲ့ မောဟ၊ ဒါတွေ မဖြစ်စေရဘူး၊ ဒါကို ဖယ်ရှားခိုင်းတာ၊ ရူပါရုံ ကို ဖယ်ရှားခိုင်းတာလည်း မဟုတ်ဘူး၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဒါတွေကို ဖယ်ရှားခိုင်းတာလည်း မဟုတ်ဘူး။

ကြည့် - စက္ခု တို့၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတာရယ်၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ [၃၃၁] အထိအတွေ့၊ စိတ်ထဲမှာ သိရတဲ့အာရုံဆိုတာဟာ ပရိညေယျ ပိုင်းခြားပြီးတော့ ပိုင်းပိုင်းခြားခြား ပိုင်ပိုင်နိုင်နိုင် သိရမယ့်အရာတွေသာ ဖြစ်တယ်၊ ဖယ်ရှားရမယ့်အရာတွေ မဟုတ်ဘူး၊ သစ္စာလေးပါးနဲ့ ပြောရင် အဲဒါ ဒုက္ခသစ္စာ ပေါ့၊ အဲဒါတွေက သိရမယ့်အရာ၊ သိကို သိရမှာ၊ မျက်စေ့ဆိုတာ သိရမယ်၊ မျက်စေ့က မြင်ရတဲ့ အဆင်းအာရုံကို သိရမယ်၊ မြင်ပြီးတော့ ဖြစ်ပေါ်လာတဲ့ မြင်သိစိတ်ကို သိရမယ်၊ ထိတွေ့လာတဲ့ ဖဿ ကို သိရမယ်၊ ခံစားတဲ့ ဝေဒနာ ကို သိရမယ်၊ ဖြစ်ပေါ်လာတဲ့ တဏှာ ကို သိရမယ်၊ ဒါတွေက သိရုံသိရမယ့် ဟာတွေပဲပေါ့နော်၊ ပယ်ရမယ့်အရာ မဟုတ်ဘူး၊ ပယ်ရမယ့်အရာက ဘာတွေတုန်းဆို အဲဒီ အာရုံတွေပေါ်မှာ သွားပြီးတော့ တွယ်တာတဲ့ တဏှာ နဲ့ မုန်းတီးတဲ့ ဒေါသ ကို ပယ်ရမှာ၊ ဒီလိုဆိုလိုတာနော်၊ အဲဒါကိုသာ ပယ်ခိုင်းတာတဲ့။ ဒါကြောင့် မြတ်စွာဘုရားက သူ့ကိုရှင်းပြတယ်၊ “ကာမေသု ဝိနယ ဂေဓံ” ကာမဂုဏ် အာရုံတွေပေါ်မှာ တွယ်တာတဲ့ တဏှာ၊ တဏှာ ကို ဦးတည်ပြီးတော့ ပြောတဲ့စကား၊ တဏှာ ကို ပယ်တယ်ဆိုတာ အဝိဇ္ဇာ ကို မပယ်ဘဲနဲ့ တဏှာ ပယ်လို့မှ မရဘူး၊ အဲဒီတော့ ကိလေသာ မှန်သမျှ အကုန်ပယ်တာပေါ့၊ အဲဒီလို ပယ်တဲ့အခါမှာ “နေက္ခမ္မံ ဒဋ္ဌ ခေမတော” အဲဒီ ကာမဂုဏ် အာရုံတွေက ထွက်မြောက်ရာဖြစ်တဲ့ နေက္ခမ္မ ဟာ အန္တရာယ်ကင်းတယ်လို့ မြင်လို့ ဒီလိုကြိုးစားတာ၊ ဆိုပါစို့ - [၃၃၂] “ဒီဘက်ကမ်းက အန္တရာယ်များရင် ဟိုဘက်ကမ်းကို ငြိမ်းချမ်းတယ်” လို့ မြင်ရမှာပေါ့၊ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်လို့ မြင်ပြီးတော့ ဟိုဘက်ကမ်းကို ရောက်အောင် ကြိုးစားကြတာလေ၊ အခုလည်းပဲ ကာမဂုဏ် အာရုံတွေရဲ့အပြစ်ကို မြင်ပြီးတော့ ကာမဂုဏ် အာရုံတွေက ထွက်ခွာတဲ့ နေက္ခမ္မ ဟာ ငြိမ်းချမ်းတယ်လို့ ဒီလိုမြင်ပြီးတော့ ကြိုးစား အားထုတ်ရမယ်တဲ့။

“ဥဂွေဟီတံ နိရတ္တံ ဝါ, မာ တေ ဝိဇ္ဇတ္ထ ကိဉ္စိနံ”

အဲဒီအာရုံတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ တဏှာ နဲ့ စွဲမှတ်ထားတာ၊ ဒိဋ္ဌိ နဲ့ စွဲမှတ်ထားတာ၊ မာန နဲ့ စွဲမှတ်ထားတာ၊ မှားယွင်းတဲ့ အထင်မှားမှု၊ အမြင်မှားမှု၊ အထင်တွေ အမြင်တွေ အဲဒါတွေကို စွန့်ဖို့လိုတယ်တဲ့၊ ငါလို့ ထင်တဲ့အထင်၊ ငါ့ဟာလို့ ထင်တဲ့အထင်၊ ဒီအထင်အမြင်တွေ မစွန့်နိုင်သေးလို့ရှိရင် တွယ်တာမှုကိုလည်း မစွန့်နိုင်သေးဘူးတဲ့၊ အဲဒါတွေကိုလည်း စွန့်ရမယ်၊ အဲဒီလိုစွန့်ပြီးရင် ဒီအာရုံတွေပေါ်မှာ ကြောင့်ကြစိုက်တာဆိုတာ မရှိရတော့ဘူးတဲ့၊ ကြောင့်ကြစိုက်တာတွေ မရှိအောင် လုပ်လို့ဆိုတော့ ဘုန်းကြီးတို့တတွေ ဘာကို ကြောင့်ကြစိုက်နေရတုန်းဆိုတော့ ကြည့်လေ မျက်စေ့ကို ကြောင့်ကြစိုက်ရတယ်၊ တော်ကြာ မျက်စေ့ကနာလို့ ဆရာဝန်ကို သွားပြရတယ်၊ ကြောင့်ကြစိုက်နေရတယ်နော်၊ နားကို ကြောင့်ကြစိုက်ရတာနဲ့ မျက်စေ့က မြင်ရတဲ့ အဆင်းအာရုံ ကြောင့်ကြစိုက်ရတာနဲ့၊ ဒါတွေပဲ၊ ငါ့မျက်စေ့၊ ငါ့နားဆိုပြီး လူတွေဟာ ကြောင့်ကြစိုက်ပြီး ပူပန်နေကြရတာလေ၊ ရဟန္တာ ဖြစ်သွားပြီဆိုရင် [၃၃၃] အဲဒီလို ကြောင့်ကြစိုက်စရာ ပူပန်စရာ ကိုယ့်သန္တာန်မှာ ဘာတစ်ခုမှ ရှာမတွေ့တော့ဘူး၊ သူ့ဟာသူ ဖြစ်နေတဲ့အရာတွေလို့မြင်လာတယ်။ လမ်းဘေးမှာပေါက်နေတဲ့ သစ်ပင်ကြီးတစ်ပင် ဆိုပါစို့၊ ကိုယ်လည်း မပိုင်ဘူး၊ ဘယ်သူမှ မပိုင်တဲ့ သစ်ပင်ကြီးတစ်ပင်၊ အဲဒီ အပင်ကြီးအပေါ်မှာ ကြောင့်ကြစိုက်တာများ ရှိသေးလား၊ မရှိဘူး၊ အဲဒီသစ်ပင်ကြီးအပေါ်မှာ သဘောထားနိုင်သလို ကိုယ့်ကိုယ်ကို သဘောထားနိုင်အောင် ကြိုးစားရမယ်၊ ဒီလိုပြောတာ။ ဒါ မြတ်စွာဘုရားက န တုမှာကသုတ် မှာ ဒီလိုပဲ ဟောထားတာနော်၊
“ရူပံ ဘိက္ခဝေ န တုမှာကံ တံ ပဇဟထ” ချစ်သားရဟန်းတို့ ရုပ်တရားဟာ မင်းတို့ဟာ မဟုတ်ဘူး၊ “တံ ပဇဟထ” သိမ်းပိုက် မထားကြနဲ့၊ လွှတ်ထားလိုက်တဲ့၊ “တံ ဝေါ ပဟီနံ ဟိတာယ သုခါယ ဘဝိဿတိ” မင်းတို့ လွှတ်ထားလိုက်မယ်ဆိုရင် ချမ်းသာမှာပဲတဲ့၊ လွှတ်မထားလို့ ဆုပ်ကိုင်ထားမယ်ဆိုရင် ဒုက္ခရောက်နေမှာတဲ့၊

အဲဒီသုတ်မှာ ဥပမာပေးထားတယ်။ ဇေတဝန်ကျောင်းထဲမှာ ရှိတဲ့ မြက်တွေ မြက်ရိတ်သမားက လာရိတ်သွားတယ်၊ အဲဒီအချိန်မှာ ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားရလဲ ငါ့ကို ရိတ်သွားတယ်လို့ ခံစားရလား၊ မခံစားရဘူး၊ မြက်ကိုရိတ်တယ်ပဲခံစားရတယ်၊ ရဟန္တာ ဖြစ်သွားပြီဆိုလို့ရှိရင် ကိုယ့်ခန္ဓာကိုယ်ကိုလည်း ကိုယ်လို့ သတ်မှတ်တာ မရှိတော့ဘူးလေ၊ မရှိသည့်အတွက်ကြောင့် မခံစားရတော့ဘူး၊ သူတို့မှာ တွယ်တာမှုဆိုတာ မလာဘူး၊ မုန်းတီးမှုဆိုတာ မလာဘူး၊ ဆန့်ကျင်မှုဆိုတာ မလာဘူး၊ ဟော အဲဒီလိုဖြစ်အောင် ကြိုးစားလို့ [၃၃၄] မြတ်စွာဘုရားက ဆိုလိုတာနော်၊ “မာ တေ ဝိဇ္ဇတ္ထ ကိဉ္စိနံ” တဲ့၊ အဲဒီသဘာဝတရားတွေ ကိုယ့်သန္တာန်မှာရှိတဲ့ ရုပ်တရား နာမ်တရားတွေနဲ့ ပတ်သက်ပြီး ကြောင့်ကြမှုတွေ မရှိစေနဲ့တဲ့။
“ယံ ပုဗ္ဗေ တံ ဝိသောသေဟိ,
ပစ္ဆာ တေ မာဟု ကိဉ္စနံ၊
မဇ္ဈေ စေ နော ဂဟေဿတိ,
ဥပသန္တော စရိဿသိ” တဲ့၊
ဓမ္မပဒ မှာလည်း ဒီဂါထာလေး ပါတယ်ပေါ့၊ ဒါက ဝိပဿနာ ကျင့်နည်းကားတစ်ခု ဖော်ပြပေးတဲ့စကား၊ “ဥပသန္တော စရိဿသိ” ဆိုတာ သူက သန္တိပဒ ငြိမ်းချမ်းရေးကို စိတ်နှလုံးရဲ့ အေးချမ်းမှုကို မေးလို့မြတ်စွာဘုရားက မင်းစိတ်နှလုံးအေးချမ်းရင် အေးတဲ့နည်းစနစ်ကို ငါပြောမယ်တဲ့၊

“ယံ ပုဗ္ဗေ တံ ဝိသောသေဟိ” တဲ့ အတိတ်က ဖြစ်တဲ့ရုပ်နာမ် ဓမ္မသင်္ခါရတွေပေါ်မှာ တွယ်တာနေတဲ့ တဏှာ ကို ခြောက်အောင်လုပ်တဲ့၊ ဆက်မတွယ်နဲ့လို့ ပြောတာပဲ။

ဘုန်းကြီးတို့တတွေက ဟိုးပြီးခဲ့တဲ့အရာကိုလည်း ပြန်တွယ်သေးတာပဲလေ၊ အတိတ်ကိုလည်း ပြန်တွယ်သေးတာ၊ အဲဒါမျိုး ပြန်မတွယ်နဲ့တဲ့၊ အတိတ်က ခန္ဓာတွေပေါ်မှာလည်း တွယ်တာမှု တဏှာ ရာဂ ကိလေသာ တွေကို ခြောက်သွေ့အောင် ကြိုးစားတဲ့၊ ဘာနဲ့ခြောက်သွေ့အောင် ကြိုးစားရမလဲဆိုရင် မဂ္ဂင် ၈-ပါး။

[၃၃၅] အကျင့်တရားပဲ၊ ဝိပဿနာ ကျင့်စဉ်ကျင့်တာ ဒါ ခြောက်အောင် လုပ်နေတယ်လို့ပဲ ပြောရမယ်နော်၊ “ယံ ပုဗ္ဗေ တံ ဝိသောသေဟိ” ဆိုတဲ့နေရာမှာ “ဝိသောဓေဟိ” လို့လည်း ရှိသေးတယ်၊ “ဝိသောသေဟိ” ဆိုတာ အဲဒီအတိတ်ပေါ်မှာ တွယ်တာတဲ့ တဏှာ ဆိုတဲ့ အစိုဓာတ်ကို ခြောက်အောင်လုပ်ဆိုတာ ဖယ်လိုက်လို့ပြောတာ၊ အတိတ်ကိုတွေးပြီးတော့လည်း တွယ်မနေနဲ့။ ဝိသောဓေဟိ- ကတော့ သုတ်သင်ရှင်းလင်းပါလို့ ဆိုလိုတယ်။

ဟုတ်တာပေါ့၊ မနေ့ကတွေ့ခဲ့တာလေးကို ဒီကနေ့ တသသ လေး လုပ်နေသေးတာပဲလေ၊ အေး မနေ့တုန်းက ဒီအချိန်ဆို တို့ ဘာလုပ်နေတယ်ဆိုတာလေးတွေနဲ့ တွေးနေသေးတာ လူဟာ၊ “ပစ္ဆာ တေ မာဟု ကိဉ္စနံ” နောက်ပိုင်းလာမယ့် အနာဂတ်က သင်္ခါရတရားတွေပေါ်မှာလည်း ကြောင့်ကြမှုဆိုတာ မထားနဲ့တဲ့၊ ကြောင့်ကြတယ်ဆိုတာ ဘာတွေတုန်းဆိုရင် ရာဂ ဒေါသ မောဟ ကိလေသာ တွေပဲ၊ “မဇ္ဈေ စေ နော ဂဟေဿသိ” အခုလောလော ဆယ် ကြုံတွေ့နေတာ အလယ်၊ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှာ ကိုယ်ကြုံတွေ့ နေရတဲ့အပေါ်မှာလည်း တဏှာနဲ့လည်း မသိမ်းပိုက်နဲ့ ဒိဋ္ဌိနဲ့လည်း မသိမ်းပိုက်နဲ့ လွှတ်ထားလိုက်၊ ငါ့ဟာ မဟုတ်ဘူးဆိုတဲ့ အမြင်နဲ့ လွှတ်ထားလိုက်၊ အဲဒီလို နေနိုင်ပြီး အတိတ်ကအရာကိုလည်းပဲ လွှတ်ထားတယ်၊ အနာဂတ်ကိုလည်း မမျှော်လင့်ဘူး၊ ပစ္စုပ္ပန်မှာလည်း ပဲ မစွဲလန်းဘူး ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ “ငြိမ်းချမ်းတဲ့ ပုဂ္ဂိုလ်” ဖြစ်ပြီပေါ့ [၃၃၆] ဒီလိုဆိုလိုတာနော်၊ ငြိမ်းချမ်းချင်ရင်တော့ အဲဒီအတိုင်းပဲ ကျင့်ပါလို့ မြတ်စွာဘုရားက ဒီလိုဟောတာ။

နောက်ဆုံး နိဂုံးချုပ်အနေနဲ့ မြတ်စွာဘုရားက ဘာပြောတာ တုန်းဆိုတော့

သဗ္ဗသော နာမရူပသ္မိံ ဝီတဂေဓဿ ဗြာဟ္မဏ၊
အာသဝါဿ န ဝိဇ္ဇန္တိ ယေဟိ မစ္စုဝသံ ဝဇေ
လောကမှာ လူတွေဟာ ထပ်တလဲလဲ သေနေကြတာ၊ ဘာကြောင့် သေနေကြတုန်းလို့ တရားခံလိုက်ရှာလိုက်လို့ရှိရင် ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဆိုတဲ့ ဒီကိလေသာ တွေ မျက်စေ့က စီးဝင်လိုက် နားကစီးဝင်လိုက် နှာခေါင်းက စီးဝင်လိုက်နဲ့ စီးဝင်နေတာ မဟုတ်လား၊ မြင်တဲ့အာရုံတွေပေါ်မှာ လောဘဖြစ်လိုက် ဒေါသဖြစ်လိုက် စီးဝင်နေတာတွေပဲ၊ အဲဒီစီးဝင်နေ တဲ့ အာသဝတွေ မရှိဘူးဆိုရင် ဘယ်တော့မှ သေမှာ မဟုတ်တော့ ဘူးတဲ့၊ အဲဒါတွေ ရှိနေသေးသမျှတော့ သေမင်းရဲ့ အလိုကျအတိုင်း တို့တတွေ ဖြစ်နေဦးမှာပဲ၊

ဒါကြောင့် နာမ်တွေ ရုပ်တွေပေါ်မှာ လုံးဝကို တွယ်တာမှုတွေ ကင်းအောင်လုပ်ရမယ်၊ ရုပ်နာမ်တွေပေါ်မှာ လုံးဝတွယ်တာမှုတွေ ကင်းသွားပြီဆိုရင် အာသဝတွေဟာ စီးဝင်မလာတော့ဘူး၊ အဲဒီ အာသဝတွေ စီးဝင်မလာလို့ရှိရင် သေခြင်းတရားဆိုတာ ကိုယ့်သန္တာန် မှာ မဖြစ်တော့ဘူးတဲ့၊ အဲဒီလို မြတ်စွာဘုရားက ဇတုကဏ္ဏိကို ရှင်းလင်း ဖြေကြားခဲ့ပါတယ်။

[၃၃၇] အားလုံးဆယ့်တစ်ဦးရဲ့ တရားတွေကို အခုနာလို့ပြီးသွားပြီပေါ့ အဲဒီတော့ ဗာဝရီပုဏ္ဏားကြီးရဲ့တပည့်တွေဟာ ၁၆-ယောက်ရှိတဲ့ အထဲမယ် နောက်ထပ် ငါးယောက် ကျန်သေးတယ်ပေါ့နော်၊ အဲဒီ ငါးယောက်က ဘာတွေကို လျှောက်တယ်ဆိုတာ မနက်ဖြန်ခါ ကျတော့ ဆက်ပြီးတော့ ဟောမယ်ပေါ့၊

တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ ယခု သူတို့ရင်ထဲ မရှင်းတဲ့ သံသယစကားတွေကို မြတ်စွာဘုရားထံ လျှောက်ကြားလို့ မြတ်စွာဘုရားက ရှင်းလင်းဟောပြတဲ့အခါမှာ ရင်တွင်းသံသယတွေ ကင်းစင်လို့ အမြင်မှန်တွေရပြီး ကိလေသာ အာသဝေါတွေကို ဖယ်ခွာနိုင်တဲ့ ရဟန္တာပုဂ္ဂိုလ်တွေ ဖြစ်သွားကြပါ သတဲ့၊ ဘုန်းကြီးတို့တတွေဟာလည်း တစ်နေ့တစ်ချိန်ကျလို့ရှိရင် ရင်တွင်းသံသယတွေ ကင်းပြီးတော့ ကိလေသာအာသဝတွေရှင်းတဲ့ ရဟန္တာပုဂ္ဂိုလ် ဖြစ်ကြရအောင် ကိုယ်စီကိုယ်ငှ ကြိုးစားအားထုတ် နိုင်ကြပါစေကုန်သတည်း။

သာဓု
သာဓု
သာဓု

[၃၃၈] (ဘဒြာဝုဓ၊ ဥဒယ၊ ပေါသာလ၊ မောဃရာဇ၊ တို့၏အမေးကို ဖြေဆိုခြင်း)

သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂- ခုနှစ် နတ်တော်လဆန်း ၁၀-ရက်၊ ခရစ်နှစ် ၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၁၆-ရက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သာသနာရေး ဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွား ရေးဦးစီးဌာန ဇမ္ဗူသီရိဗိမာန်တော်တွင် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ အနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွား မိဘဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ မင်္ဂလာတောင်ညွန့် မြို့နယ် မင်္ဂလာဈေး ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။

ဘဒြာဝုဓ၏ အမေးကို ဖြေဆိုခြင်း

၁၂-ဦးမြောက်ဖြစ်တဲ့ ဘဒြာဝုဓက သူ့ရှေ့ ၁၁-ယောက်က မေးခွန်းတွေ မေးသွားလို့ တရားဓမ္မကို နာယူရတယ်၊ သို့သော်လည်း သူသိချင်တာလေးတွေ သူ့ရင်တွင်းမှာ ကျန်နေသေးတယ်၊ ဒါကို သူမေးချင်တယ်၊ ဒါကြောင့်မို့ သူမေးခွန်းလေးတွေ ထုတ်တယ်၊ သူ့မေးခွန်းဟာ ဂါထာ ၂-ပုဒ်ပေါ့၊ မေးခွန်းလို့ ဆိုရပေမယ့်လို့ တရားတောင်းပန်တာပဲ ဖြစ်ပါတယ်၊ သူ့ကို တရားဟောပေးဖို့၊ [၃၃၉] လျှောက်ကြားတယ်။ သူက သဒ္ဓါတရား အလွန်ကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ မြတ်စွာဘုရားအပေါ်မှာ ကြည်ညိုခြင်းသဒ္ဓါတရား ရှိပြီးသားမို့ ယုံကြည်ချက်ရှိတယ်၊ မြတ်စွာဘုရားဟာ သူ့ကို ရှင်းလင်း ဟောကြားလိမ့်မယ်လို့ တရားဓမ္မအပေါ်မှာ ယုံကြည်ပြီးသား၊ ဘုရား အပေါ်မှာလည်း ယုံကြည်ပြီးသား၊ မြတ်စွာဘုရားရဲ့ စကားကို အင်မတန်မှ နားထောင်ချင်တယ်၊ ဒါကြောင့်မို့ မေးခွန်းပုစ္ဆာအနေနဲ့ မဟုတ်တော့ဘဲနဲ့ မြတ်စွာဘုရားကို ချီးကျူးပြီးတော့ တရားတောင်းပန် တဲ့အနေနဲ့ လျှောက်ထားတယ်ပေါ့။

သူက ဘုရားကို ဂုဏ်ပြုတဲ့ စကားလုံးလေးတွေနဲ့ စပြီး ပြောတယ်၊ “ဩကဉ္စဟံ”တဲ့၊ ဩကဆိုတာ ခန္ဓာ ၅-ပါးကို ပြောတာ၊ ခန္ဓာ ၅-ပါးပေါ်မှာ တွယ်တာနေတဲ့ တဏှာ၊ (ဘုန်းကြီးတို့ ဘယ်ပေါ်မှာ တွယ်တာတာ တုန်းလို့မေးရင် ခန္ဓာ ၅-ပါးအပေါ်မှာ တွယ်တာကြတာ၊) တဏှာ ဆိုတာ ခန္ဓာ ၅-ပါးအပေါ်ကို တွယ်တာ၊ ဒါကြောင့် ဩကဆိုတာ သတ္တဝါတွေရဲ့သန္တာန်မှာရှိတဲ့ ခန္ဓာ ၅-ပါး၊ ဩကဉ္စဟံ-မှာ ဩကဆိုတာ ခန္ဓာ ၅-ပါး၊ ဇဟ ဆိုတာ ပယ်စွန့်တာ၊ ခန္ဓာ ၅-ပါး အပေါ်မှာ တွယ်တာတဲ့တဏှာကို ပယ်စွန့်ပြီးသား ဖြစ်တယ်လို့ ဒီလိုပြောလိုတာ၊ ခန္ဓာ ၅-ပါးပေါ်မှာ တွယ်တာတဲ့တဏှာကို ပယ်စွန့် လိုက်ရင် ခန္ဓာ ၅-ပါးကိုလည်း ပယ်စွန့်ထားပြီးသား ဖြစ်တယ်ပေါ့ ခန္ဓာ ၅-ပါးပေါ်မှာ တွယ်တာနေတဲ့ တဏှာကို မပယ်နိုင်သေးဘူး ဆိုရင် ခန္ဓာ ၅-ပါးကိုလည်း မပယ်နိုင်သေးဘူးလို့ ဒီလိုအဓိပ္ပါယ် [၃၄၀] ရတယ်၊ ဒါကြောင့်မို့ စကားလုံးတိုက်ရိုက် အနေနဲ့ကတော့ “ဩကဉ္စဟံ - ခန္ဓာ ၅-ပါးကိုပယ်ပြီးတဲ့ မြတ်စွာဘုရား”တဲ့။ မြတ်စွာဘုရား ကိုယ်တိုင်ကလည်း ဒီလိုစကားမျိုးကို သုံးတယ်၊ ဒါ အကြောင်းနဲ့အကျိုးကို ရည်ညွှန်းပြီးတော့ သုံးတာ၊ “ရူပံ ဘိက္ခဝေ နတုမှာကံ၊ တံပဇဟထ” ချစ်သားရဟန်းတို့ ရုပ်တရားကြီးက သင်တို့ဟာ မဟုတ်ဘူး၊ အဲဒီရုပ်တရားကြီးကို စွန့်လိုက်ကြတဲ့။

အဓိပ္ပါယ်နားမလည်တဲ့ပုဂ္ဂိုလ်က ကိုယ့်ရုပ်ခန္ဓာကြီးကို ပစ်လိုက်ခိုင်း တယ်လို့ အောက်မေ့တယ်၊ အဲဒီလို ဆိုလိုတာ မဟုတ်ဘူး၊ ခန္ဓာ ၅-ပါးအပေါ်မှာ တွယ်တာတဲ့ တဏှာကို စွန့်မှ ပစ်လို့ရမှာ၊ ခန္ဓာကြီးကို ပစ်လိုက်မရဘူး၊ တစ်ချို့က သေ အေးတာပဲလို့ဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့လူတွေ ရှိတယ်၊ မအေးဘူး၊ နောက်ထပ် ခန္ဓာပြန်ရဦးမှာ၊ ဒီခန္ဓာကြီးကို အဆုံးသတ်လိုက်ပေမယ့် နောက်ထပ်ခန္ဓာ တစ်ခုက ထပ်လာနေဦးမှာပဲ၊ ဘာလို့လဲဆိုတော့ သစ်ပင်ခုတ်တာနဲ့ အလားသဏ္ဌာန် တူတယ်၊ အကိုင်းတွေ ဘယ်လောက်ခုတ်ခုတ် ပြန်ထွက်နေမှာပဲ၊ အမြစ်က ရှိနေတာကိုး၊ အဲဒီတော့ အမြစ်နဲ့တူတဲ့ တဏှာကို မဖယ်ရှားဘဲနဲ့ ခန္ဓာ ၅-ပါးတွေ ဘယ်လောက်ပဲ ဖယ်နေနေ သံသရာထဲမှာ ပြန်ပေါ်နေမှာပဲ၊ ဒီနားပျောက်သွားရင် ဟိုနားပေါ်လာ၊ ဟိုနားပျောက်သွား ဒီနားပေါ်လာ၊ ဒီလိုနေမှာပဲ၊ လူ့ခန္ဓာ ပျောက်သွားလို့ရှိရင် သံသရာထဲမှာ တိရစ္ဆာန်ခန္ဓာ ကြီးနဲ့ ပြန်ပေါ်ချင် ပေါ်မှာပဲ၊ နတ်ခန္ဓာနဲ့ ပြန်ပေါ်ချင် ပေါ်မှာပဲ၊ သံသရာထဲမှာ လူဟာ ခေါင်းအမျိုးမျိုးလဲပြီး သွားနေကြတာလေ၊ [၃၄၁] လူခေါင်း တပ်လိုက် ဝက်ခေါင်း တပ်လိုက်၊ ခွေးခေါင်း တပ်လိုက်နဲ့နော်၊ ကြက်ခေါင်း တပ်လိုက်တဲ့အခါ အမောက်ကလေးနဲ့၊ အဲဒီလိုပဲ ခေါင်းအမျိုးမျိုးတပ်ပြီး သံသရာထဲမှာ သတ္တဝါတွေဟာ ဒီလိုပဲ လည်နေကြတယ်။

မြတ်စွာဘုရားက အနမတဂ္ဂသုတ်မှာ ဟောထားတာ ရှိတယ်၊ “တိရစ္ဆာန်တစ်ကောင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဆင်းရဲဒုက္ခ ဖြစ်တာတွေ ကိုမြင်လို့ရှိရင် ဘယ်လို စဉ်းစားရမလဲ” ဆိုတာ စဉ်းစားပုံ စဉ်းစားနည်း ပြောရအောင်၊ မြတ်စွာဘုရားက သင်ပေးထားတာ ရှိတယ်၊ ဥပမာ - ကြက်တစ်ကောင်တွေ့ပြီဆိုရင် ဪ ငါလည်း ဘဝပေါင်းများ စွာ ကြက်ဘဝ ရောက်ခဲ့ဖူးလှလေပြီ။ ကြက်ဘဝရောက်လို့ ဟင်းအိုးထဲ ရောက်တဲ့ အကြိမ်ပေါင်းလည်း မနည်းလှတော့ဘူးလို့ ဒီလိုစဉ်းစားပါ တဲ့၊ ဝက်မြင်လို့ရှိရင်လည်း ဩော် ငါလည်း ဒီဘဝမျိုးတွေ ကြုံခဲ့လှလေ ပြီ၊ အဲဒီလိုစဉ်းစားတတ်ရင် တိရစ္ဆာန်တွေအပေါ်မှာ ရက်စက်တဲ့ စိတ်ဟာ နည်းသွားနိုင်တာပေါ့၊ ဒုက္ခရောက်တဲ့ လူတွေတွေ့ ရင် ငါလည်း ဒီလို ဒုက္ခရောက်ခဲ့ဖူးတယ်လို့ စဉ်းစားပါတဲ့၊ အနမတဂ္ဂ သံယုတ်မှာ မြတ်စွာဘုရား ဟောထားတာ၊ အရုပ်ဆိုးအကျည်းတန်တဲ့ သူတွေ့လို့ သွားမရှုတ်ချလိုက်နဲ့ အမယ်လေး ရုပ်က ဆိုးလိုက်တာလို့ သွားမပြောနဲ့၊ ငါလည်း ဒါမျိုးဆိုးခဲ့လှလေပြီလို့ အောက်မေ့ပေတော့ နော်၊ အဲဒီလို မြတ်စွာဘုရားက နှလုံးသွင်းခိုင်းတာ။

အဲဒါကြောင့်မို့ ခန္ဓာ ၅-ပါးပေါ်မှာ တွယ်တာမှု မပယ်သေးသမျှ ကာလပတ်လုံး ခန္ဓာ ၅-ပါးကို ဖယ်ရှားပြီးသား မဖြစ်နိုင်ဘူးတဲ့၊ ခန္ဓာ [၃၄၂] ၅-ပါးကို ဖယ်ရှားဖို့ဆိုတာ တော်တော်ခဲယဉ်းတယ်တဲ့၊ ဒါဖြင့် ခန္ဓာ ၅-ပါးကို မလိုချင်တော့ဘူးဆိုရင် ဘာကို ဖယ်ရှားရမှာလဲဆိုရင် တဏှာကို ဖယ်ရှားရမှာ၊ ဖယ်ရမှာ ခန္ဓာမဟုတ်ဘူး၊ ဖယ်ရမှာ တဏှာ၊ ဒီလိုဆိုလိုတယ်၊ မြတ်စွာဘုရားကို ဩကဉ္စဟံ ခန္ဓာ ၅-ပါးကို စွန့်ပြီးသားတဲ့၊ ဘုရားအပေါ်မှာ သူဟာ အင်မတန် ယုံကြည်တယ်။

“တဏှစ္ဆိဒံ ပူဆာတောင့်တခြင်းဆိုတဲ့ တဏှာကိုလည်းပဲ ဖြတ်တောက်ပြီးသား ဖြစ်တယ်” လို့ ဒီစကားလုံးနဲ့လည်း ဘုရားကို သူက လက်ခံယုံကြည်ထားတယ်၊ အနေဇံ တဲ့ မြတ်စွာဘုရားမှာ စိတ်လှုပ်ရှားမှုတွေ မရှိတော့ဘူး၊ ဇော (Emotion) လို့ခေါ်တဲ့ စိတ်လှုပ်ရှားမှုတွေပေါ့ လောဘဖြစ်တာ လည်း စိတ်လှုပ်ရှားမှုပဲ၊ ဒေါသဖြစ်တာကလည်း စိတ်လှုပ်ရှားမှုပဲ၊ မာနဖြစ်တာလည်း စိတ်လှုပ်ရှားမှုပဲ၊ မှားယွင်းတဲ့အယူတွေ ယူဆတာ ဟာလည်း စိတ်လှုပ်ရှားမှုပဲ၊ စိတ်လှုပ်ရှားမှုတွေဟာ အများကြီးပဲနော် ကိလေသာတွေ ဖြစ်တာမှန်သမျှ စိတ်ရဲ့လှုပ်ရှားမှုလို့ ခေါ်တယ်၊ ကြံ့ခိုင်တဲ့စိတ်တွေ မဟုတ်ဘူး၊ ဒါတွေက လှုပ်ရှားယိမ်းယိုင်နေတဲ့ စိတ်တွေ၊ မြတ်စွာဘုရားကျတော့ အဲဒီလှုပ်ရှားမှုဆိုတာတွေ ကင်းသွားပြီတဲ့၊ ဧဇ ဆိုတဲ့ လှုပ်ရှားမှုမရှိလို့ ဘုရားကို အနေဇ ဆိုတဲ့ စကားလုံးနဲ့ ဂုဏ်ပြုတယ်။

နန္ဒိယံ၊ ဘုန်းကြီးတို့တတွေက အရာရာကို နှစ်သက်နေကြ တယ်၊ အာရုံမှန်သမျှကိုလည်း နှစ်သက်ကြတယ်၊ အခုအာရုံ မနှစ်သက်ရင်လည်း နောက်လာမယ့်အာရုံကို နှစ်သက်တယ်၊ [၃၄၃] အခုဘဝကို မကြိုက်ရင်လည်း နောက်လာမယ့်ဘဝကို ကြိုက်နေ တယ်၊ ဒီကနေ့ မကောင်းဘူးဆိုရင် နက်ဖြန်ခါ အကောင်းကို မျှော်နေကြသေးတယ်၊ အဲဒီလို နှစ်သက်မှုဆိုတာလေးတွေ လိုချင် တောင့်တမှုလေးတွေ နန္ဒီဆိုတဲ့ အာရုံတွေကို ကြိုက်နှစ်သက်နေတဲ့ ဘဝကိုကြိုက်နှစ်သက်နေတဲ့ တဏှာ။ နန္ဒီကို မြတ်စွာဘုရားမှာ ပယ်ပြီးသားဖြစ်သွားပြီ၊ ဘုန်းကြီးတို့တတွေမှာ မပယ်သေးဘူး၊ ဒါကြောင့်မို့လို့ မြတ်စွာဘုရားကို နန္ဒီဉ္စဟံ တဲ့၊ နန္ဒီဆိုတဲ့ နှစ်သက်မှု တဏှာကိုလည်း ဖယ်ရှားပြီးသား ဖြစ်တယ်။

ဩဃတိဏ္ဏ - အခက်အခဲတွေ အားလုံးကို ဖြတ်ကျော်ပြီးပြီ၊ ကာမတဏှာဟာ ဖြတ်ကျော်ဖို့ ခက်သည့်အတွက်ကြောင့် ကာမောဃလို့ ခေါ်တာ၊ ကာမနဲ့ပတ်သက်တဲ့ တဏှာဟာလည်း ဖြတ်ကျော်ဖို့ ခက်တယ်၊ ဈာန်နဲ့ ရူပဘုံ အရူပဘုံနဲ့ ပတ်သက်တဲ့ တဏှာဟာလည်း ဖြတ်ကျော်ဖို့ ခက်တယ်၊ ဘဝေါဃလို့ ခေါ်တာ၊ အယူဝါဒတစ်ခုဟာ ယူဆထားလို့ရှိရင် ဖြတ်ကျော်ဖို့ ခက်တယ်၊ ဒါကြောင့်မို့လူတွေဟာ ကိုယ်မြင်တဲ့ အမြင်လေးကို “ငါ့ဟာ မှန်တယ်” ဆိုပြီးတော့ တခြားဟာတွေနဲ့ ငြင်းနေကြတာ၊ ငြင်းပွဲတွေ အင်မတန်မှ များတယ်၊ စီးပွားရေးနဲ့ ပတ်သက်ပြီး ငြင်းရုံနဲ့အားမရဘူး၊ လောက ရေးနဲ့ ပတ်သက်ပြီး ငြင်းရုံနဲ့အားမရဘူး၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး ငြင်းခုံလို့အားမရဘူး တရားနဲ့လည်း ငြင်းသေးတာပဲ၊ ပရမတ် ပညတ် ငြင်းကြ ရန်ဖြစ်ကြတယ်၊ [၃၄၄] ကြားဖူးလား၊ “တစ်ပိုင်းကြောင် ကျက်စာ ရရုံနဲ့၊ ခက်ပါလှ သဘောဉာဏ်” လယ်တီဆရာတော်ဘုရားကြီးက ဆုံးမထားတာ ရှိတယ်နော်၊ စာတိုစာရှည်တွေ ဟိုဟာလေး ကျက်လိုက်၊ ဒါလေး ကျက်လိုက်လုပ်ပြီးတော့ ဒီကျက်စာလေးတွေကို အဟုတ်မှတ်ပြီး နည်းနည်းလေးသိတာလေးနဲ့ ငြင်းခုံကြတယ်။ “တစ်ပိုင်းကြောင် ကျက်စာရရုံနဲ့၊ ခက်ပါလှ သဘောဉာဏ်”၊ မှန်မှန်ကန်ကန် သိဒ္ဓိဆိုတာ အလွန်ခက်တယ်လေ၊ မပြည့်မစုံလူတွေဟာ လူပဲဖြစ်ဖြစ် ဘုန်းကြီးပဲ ဖြစ်ဖြစ် သိတာလေးနဲ့ ငြင်းခုံနေကြတယ်။

ဟောတာ၊ ငြင်းခုံတယ်ဆိုတဲ့ လူဟာ အကုန်မမြင်လို့ငြင်းတာ၊ အကုန် မြင်ရင် ငြင်းစရာ ဘာမှမရှိဘူး၊ ဒါကြောင့်မို့ မြတ်စွာဘုရား လူတွေ ငြင်းနေကြတာဟာ ဧကင်္ဂဒဿိနော တစ်စိတ်တစ်ဒေသ လေးသိလို့ငြင်းတာတဲ့။ ကြည့်လေ- မျက်မမြင်ပုဏ္ဏားတွေ မျက်မမြင် သူကန်းတွေကို ဆင်စမ်းခိုင်းလိုက်တဲ့အခါ သူတို့မြင်တာလေးတွေက တစ်ခြမ်းစီ၊ တစ်စိတ်စီလေးတွေ မြင်တာ၊ နှာမောင်းတွေ မြင်တယ်၊ ခန္ဓာကိုယ်ကြီး မြင်တယ်၊ နားရွက်တွေ မြင်တယ်၊ ခြေထောက်တွေ မြင်တယ်၊ အမြီး မြင်တယ်၊ အဲဒါတွေနဲ့ ဆင်ကို ငြင်းနေကြတာလေ၊ အကောင်လုံးကြီး တစ်ခုလုံး မြင်ပြီးရင် ငြင်းစရာ ရှိသေးလား၊ မရှိဘူး၊ အဲဒီတော့ ငြင်းတယ်ဆိုတဲ့ လူတွေဟာ အကုန်မမြင်လို့ ငြင်းတယ်လို့ သာ မှတ်ပေတော့။

[၃၄၅] ရွှေခြင်္သေ့ စားသောက်ဆိုင်

အရင်တစ်ခါတုန်းက ဘုန်းကြီးတို့ ပုံပြင်လေးတစ်ခု ပြောဖူးတယ်လေ၊ အင်္ဂလိပ်စာအုပ်ထဲက ဖတ်ဖူးထားတဲ့ပုံပြင်လေး၊ ဟိုဘက် ဒီဘက်ကြည့်ပြီးတော့ ငြင်းကြတာလေ၊ စားသောက်ဆိုင်ကလေးမှာ ဆိုင်းဘုတ်လေးက တစ်ဖက်က ရွှေ တစ်ဖက်က ငွေ လုပ်ထားတာ၊ ရွှေ၊ ၊ တောင်ဘက်ကလာတဲ့သူက ရွှေမြင်တယ်၊ မြောက်ဘက်ကလာတဲ့ လူက ငွေမြင်တယ်၊ ငွေမြင်တဲ့လူက “ငွေခြင်္သေ့ စားသောက်ဆိုင်”လို့ ပြောတယ်၊ ဟိုဘက်ကလူက မဟုတ်ဘူး၊ သူ့ဘက်က မြင်တဲ့အတိုင်း ရွှေခြင်္သေ့မှ မှန်တယ်ပေါ့ အဲဒီလို ငြင်းပြီးတော့ ဓားနဲ့ခုတ်ကြတယ် ဆိုတဲ့ ဇာတ်လမ်းကလေး၊ တရားတစ်ပုဒ်ထဲမှာ ထည့်ဟောဖူးပါတယ်၊ အဲဒီလို လူတွေဟာ တစ်ဖက်မြင်လို့ ငြင်းကြတာ၊ နှစ်ဖက်စလုံး ကြည့်လိုက်တဲ့အခါကျတော့ ငြင်းစရာအကြောင်း မရှိတော့ဘူးတဲ့။

ဒါကြောင့်မို့ မြတ်စွာဘုရားကတော့ အခက်အခဲတွေ အကုန်မှန်သမျှ ကျော်လွှားပြီးတဲ့အခါ ဒိဋ္ဌောဃလို့ဆိုတဲ့ အမြင်တွေကိုလည်းပဲ ကျော်လွှားသွားပြီးသား ဖြစ်တယ်တဲ့၊ အဲဒီလို ကျော်လွှားသွားသည့်အတွက်ကြောင့် ဝိမုတ္တ လွတ်လွတ်ကင်းကင်းကြီး ငြင်းစရာဆရာတွေ မရှိတော့ဘူး၊ အကုသိုလ်တွေ မရှိတော့ဘူး။

သူဟာ နောက်ထပ် စကားလုံးတစ်လုံး သုံးတယ်၊ ကပ္ပဉ္စဟံ တဲ့ ကပ္ပဆိုတာ အတွေးတွေ၊ ဘုန်းကြီးတို့တတွေ ဘာနဲ့ တွေးနေတုန်း၊ တဏှာနဲ့ တွေးတယ်၊ အမြင်နဲ့ တွေးတယ်၊ တဏှာနဲ့တွေးရင် ဘယ်လိုတွေးလဲ၊ “ငါ့ဟာ” “ငါပိုင်တယ်” ဆိုတဲ့အတွေး တွေးတာ [၃၄၆] တဏှာနဲ့ တွေးတာပဲ၊ ဧတံ မမ ဆိုတဲ့အတွေးဟာ တဏှာနဲ့ တွေးတဲ့အတွေးပဲ၊ ဧသော မေ အတ္တာ ဆိုတဲ့အတွေးက အယူအဆနဲ့ ပတ်သက်ပြီးတော့ တွေးတာ၊ ငါလုပ်တဲ့အတိုင်း ဖြစ်တယ်၊ ဒီလိုတွေးတာ၊ အဲဒီအတွေးတွေကိုလည်းပဲ မြတ်စွာဘုရားက စွန့်ပစ်လိုက်ပြီတဲ့၊ မြတ်စွာဘုရားမှာ “အတွေးမရှိဘူး” သိမြင်တာပဲ ရှိတယ်၊ အယူအဆတွေ မရှိဘူး၊ သိတာပဲ ရှိတယ်နော်။

တဏှာဒိဋ္ဌိဆိုတဲ့အတွေးတွေ၊ တွေးမှု ထင်မှုတွေကို မညနာ လို့ခေါ်တဲ့ အထင်တွေအမြင်တွေ အဲဒါတွေ မရှိတော့ဘူးတဲ့၊ သိတာပဲ ရှိတယ်၊ “ဒီလို ဂုဏ်ထူးဝိသေသတွေ ရှိတော်မူတဲ့ မြတ်စွာဘုရားကို တဲ့ တောင်းပန်ပါရစေ၊ အရှင်ဘုရားဆီက တရားတစ်ပုဒ် ကြားနာချင်ပါတယ်၊” ကြားနာပြီးရလို့ရှိရင် သူတို့ဟာ အခု ပါသာဏက စေတီလို့ခေါ်တဲ့ ပါသာဏက နတ်ကွန်း, မြတ်စွာဘုရား သီတင်းသုံးတဲ့ နေရာကနေ သူတို့ထွက်သွားကြမှာပါတဲ့၊ ဒီမေးခွန်းလေး မေးပြီးရင် သူတို့ပြန်တော့မှာပါလို့ ဒီလိုပြောတာနော်။

နာနာဇနာ ဇနပဒေဟိ သင်္ဂတာ အဲဒီတုန်းက အိန္ဒိယဒေသမှာရှိတဲ့ နယ်တော်တော်များများက ပရိသတ်တွေဟာ အုတ်အော်သောင်းနင်း ဘုရားရှိရာကို စုဝေးရောက်လာတယ်၊ နည်းတဲ့ပရိသတ် မဟုတ်ဘူး၊ အဲဒီမှာ သတင်းကြားနဲ့ လိုက်လာတဲ့ သူတွေလည်း အများကြီး၊ အဲဒီလို စုဝေးရောက်လာတဲ့သူတွေဟာ အရှင်ဘုရားဆီကစကား ကြားချင်ကြတယ်တဲ့၊ အားလုံးဟာ ကြားချင်နေကြတယ်၊ ဒါကြောင့်မို့ အရှင်ဘုရား သူတို့ကို အရှင်ဘုရားသိတဲ့ [၃၄၇] တရားကို မိန့်ကြားပေးပါ၊ အားလုံးအတွက် တရားဓမ္မကို မိန့်ကြားပေးပါလို့ ဘဒြာဝုဓက ဒီလိုလျှောက်တယ်။

လျှောက်တော့ မြတ်စွာဘုရားက ဖြေတယ်၊ “အာဒါနတဏှံ ဝိနယေထ သဗ္ဗေ၊ အာဒါနတဏှာဆိုတာ အရာရာကို စွဲလန်းပြီး သိမ်းပိုက်တတ်တဲ့ တဏှာ၊ ရယူတတ်တဲ့ တဏှာ၊ ဘယ်အာရုံ ရလိုက် ရလိုက် သူက သိမ်းပိုက်လိုက်တာပဲနော်၊ စွဲမှတ်လိုက်တယ်၊ စွဲလမ်းလိုက်တယ်၊ အဲဒီ စွဲလမ်းသိမ်းပိုက်တတ်တဲ့ တဏှာကို ကြိုးစားပြီးတော့ ပယ်ဖျောက်ပါတဲ့၊ ဒါ မြတ်စွာဘုရားရဲ့ အဆုံးအမပဲ၊ အဲဒါမှ မစွန့်နိုင်ဘူးဆိုရင်တော့ သံသရာဝဋ်က လွတ်ဖို့ဆိုတာ မရှိဘူးတဲ့။

ဒါကြောင့်မို့ အာဒါနတဏှံ ဝိနယေထ သဗ္ဗေ အရာခပ်သိမ်း အပေါ်မှာ စွန့်တာ၊ ခန္ဓာ ၅-ပါးပေါ်မှာ စွန့်ရမယ်၊ အာယတန ၁၂-ပါးပေါ်မှာ စွန့်ရမယ်၊ ဓာတ် ၁၈-ပါးပေါ်မှာ စွန့်ရမယ်၊ အားလုံးပေါ်မှာ စွန့်ရမယ်လို့ ဒီလိုပြောတာနော်၊ ပစ္စည်းဥစ္စာတွေအပေါ်မှာ စွဲလမ်းတာ စွန့်ရမယ်၊ သားသမီးတွေအပေါ် စွဲလမ်းတာ စွန့်ရမယ်၊ အားလုံး ဘယ်အရာပေါ်မှာပဲဖြစ်ဖြစ် စွဲလမ်းမှုတွေ၊ ဒါကြောင့်မို့ ကုန်ကုန်ပြောလိုက်တယ်၊ ဥဒ္ဓံ အဓော တိရိယဉ္စာပိ မဇ္ဈေ တဲ့၊ အတိတ်ကဟာပဲဖြစ်ဖြစ် အနာဂတ်ကဟာပဲဖြစ်ဖြစ်၊ ပစ္စုပ္ပန်ပဲ ဖြစ်ဖြစ် (သို့မဟုတ်) အောက်ဘုံတွေကပဲ ဖြစ်ဖြစ်၊ အထက်ဘုံတွေကပဲ ဖြစ်ဖြစ်နော်၊ အလယ်ဘုံတွေကပဲဖြစ်ဖြစ် (သို့မဟုတ်) ချမ်းသာသုခပဲ ဖြစ်ဖြစ်၊ ဆင်းရဲတာပဲဖြစ်ဖြစ်၊ ချမ်းသာတာကို စွန့်ရသလို ဆင်းရဲတဲ့ [၃၄၈] အပေါ်မှာလည်းပဲ စွန့်ရမှာပဲ၊ ဒီလိုဆိုလိုတာနော်၊ ဘယ်အရာကိုမှ တွယ်တာထားတဲ့ တဏှာ မထားရဘူးတဲ့၊ အားလုံးကို စွန့်လိုက်ပါတဲ့၊ အာဒါနတဏှံ ဝိနယေထ သဗ္ဗေ တဏှာ မှန်သမျှ ပယ်စွန့်ဖို့ ကြိုးစားပါတဲ့၊ ဥဒ္ဓံ အဓော တိရိယဉ္စာပိ မဇ္ဈေ အထက်မှာရှိတာပဲ ဖြစ်ဖြစ်၊ အောက်မှာရှိတာပဲ ဖြစ်ဖြစ် အလယ်မှာပဲ ရှိရှိ ဆိုလိုတာက ဘယ်နေရာမှာရှိရှိ တဏှာမှန်ရင် ဘယ်အပေါ်မှာ တွယ်တွယ်၊ တွယ်တဲ့တဏှာမှန်သမျှ ဒီထဲမှာ ဘယ်တွယ်တွယ် ဆိုကတည်းက တရားအားထုတ်တဲ့သူက ဘယ်တွယ်တုန်းဆိုရင် ကိုယ်ရထားတဲ့ သမာဓိလေးလည်း တွယ်တယ်၊ ကိုယ်သိတဲ့အသိလေးလည်း တွယ်တာပဲ၊ တွယ်တယ်၊ အဲဒါကို ဓမ္မရာဂ၊ ဓမ္မနန္ဒီလို့ ခေါ်တယ်။

ရိပ်သာ ဘယ်နှစ်ခါ ဝင်ပြီးပြီ၊ သမာဓိ သိပ်ကောင်းတယ်၊ ကိုယ့်ကိုယ်ကို ဒါတွေလည်း တွယ်တာပဲ၊ ငါ့အသိဉာဏ်က သူများ အသိဉာဏ်ထက် ပိုများတယ်၊ ဟောဒီလို တွယ်လာတယ်၊ ပညာရပ်ပေါ်မှာလည်း တွယ်တာပဲ၊ အဲဒီအတွယ်တွေ မှန်သမျှ အထက်ရော အောက်ရော အလယ်ရော ရှိသမျှ ဘယ်ကိုတွယ်တာပဲ ဖြစ်ဖြစ် အတွယ်မှန်သမျှကိုဖြုတ်ပါ ဖယ်ရှားပစ်ပါလို့ဒီလိုပြောတာ၊ ကျန်မနေစေနဲ့။

ဘာဖြစ်လို့မြတ်စွာဘုရားက အရေးတကြီးသူ့ကို အတွယ်တွေ ဖြုတ်ခိုင်းရသလဲလို့ဆိုရင် ယံ ယံ လောကသ္မိံ မုပါဒိယန္တိ, တေနေဝ မာရော အနွေတိ ဇန္တု အတွယ်ရှိတဲ့ နေရာဟာ ခန္ဓာရောက်လာတာပဲတဲ့၊ ဒါကြောင့်မို့ အစွဲရှိရာ ခန္ဓာလာတယ်၊ ဘယ်ကိုစွဲတာလဲ [၃၄၉] စွဲတဲ့နေရာမှာ ဖြစ်မှာပဲ၊ ဒါကြောင့်မို့ ဘယ်ကိုမှ မစွဲနဲ့တဲ့၊ ဘယ်ကိုမှ မတွယ်နဲ့၊ တွယ်ရင် လာလိမ့်မယ်၊ ခန္ဓာလာလိမ့်မယ်၊ ဒါပြောတာနော်။

တေနေဝ မာရော အနွေတိ ဇန္တု ဒီနေရာမှာ မာရော ဆိုတဲ့စကားလုံးက ခန္ဓာကို ရည်ညွှန်းတာ၊ ခန္ဓာလာပြီဆိုလို့ရှိရင် ကိလေသာတွေလည်း လာပြီ၊ ကံလည်း လာပြီပေါ့၊ ခန္ဓမာရ၊ ကိလေသမာရ၊ အဘိသင်္ခါရမာရ ဒါတွေ အကုန်လာပြီလို့ပြောတာ၊ စွဲလမ်းတဲ့နေရာမှာ သူဖြစ်တယ်၊ လူဆိုတာဟာ အစွဲရှိရာ ဖြစ်တတ်တယ်၊ ဒါကြောင့်မို့ ဘယ်ကိုမှ မစွဲနဲ့တဲ့၊ အစွဲဖြုတ်ဖို့အတွက် အနာထပိဏ်သူဌေးကြီးကို ရှင်သာရိပုတ္တရာမထေရ်မြတ်က တရားဟောပြီး တစ်ခုချင်း တစ်ခုချင်း ဖြုတ်သွားတာနော်၊ မျက်စိပေါ်မှာလည်း မစွဲနဲ့တဲ့၊ ရူပါရုံအဆင်းတွေအပေါ်မှာလည်း မစွဲနဲ့တဲ့၊ မျက်စိနဲ့မြင်တဲ့ အဆင်းနဲ့ ဒီနှစ်ခုဆုံမိလို့ မြင်သိစိတ်ကလေး ပေါ်လာတယ်၊ အဲဒီအပေါ်မှာလည်း မစွဲနဲ့တဲ့၊ မြင်သိစိတ်၊ ဒီ ၃-ခုဆုံလို့ပေါ်လာတဲ့ အာရုံနဲ့ စိတ်ကို ဆက်သွယ်ပေးတဲ့ ဖဿအပေါ်လည်း မစွဲနဲ့တဲ့၊ ဖဿကြောင့် ဖြစ်လာတဲ့ ဝေဒနာအပေါ်မှာလည်း မစွဲနဲ့ ဖြစ်ပေါ်လာတဲ့ တဏှာအပေါ်မှာလည်း မစွဲနဲ့၊ ဘယ်မှ မစွဲနဲ့လို့ ဆိုလိုတယ်၊ တဏှာကလည်း တဏှာပေါ် ပြန်စွဲသေးတာပဲနော်၊ ဘယ်ကိုမှ မစွဲရဘူးလို့ဆိုတယ်၊ အကုန်လုံး ရှိသမျှအစွဲတွေ အကုန်ဖြုတ်လိုက်တာ၊ အနာထပိဏ်သူဌေးကြီးကို အစွဲတွေ အကုန်ဖြုတ်ပေးထားတယ်။

[၃၅၀] အဲဒီတုန်းက နောက်ဆုံးအချိန်တွေမှာ အစွဲတွေ အကုန်ဖြုတ်ပေးတော့ အနာထပိဏ်သူဌေးကြီး ငိုတယ် မဟုတ်လား၊ အနာထပိဏ္ဍိကောဝါဒ အစွဲဖြုတ်တရားနာပြီးတော့ ဘာဖြစ်လို့ ငိုတာတုန်းလို့ဆိုတော့ အစွဲမပြုတ်သေးလို့ ငိုတာပေါ့နော်၊ ဒီတရားမျိုး ခုမှ နာရတယ်ပေါ့၊ နောက်ကျနေပြီ၊ အရင်တုန်းကတော့ မြတ်စွာဘုရား သူ့ကို ဒါနတရားချည်းပဲ ဟောတယ်၊ ဒီတရားမျိုး မဟောဘူး၊ ဘာလို့ မဟောတာတုန်းဆိုတော့ လူဆိုတာ သံယောဇဉ်တွေ များတယ်တဲ့၊ အဲဒါတွေချည်း ဖိဟောလို့ မဖြစ်ဘူးတဲ့နော်၊ မစွန့်နိုင်သေးဘူး။

မြတ်စွာဘုရားက အစွဲရှိရာ ခန္ဓာလာတယ်တဲ့။ ယံ ယံ လောကသ္မိံ မုပါဒိယန္တိ, တေနေဝ မာရော အနွေတိ ဇန္တု တဲ့၊ အစွဲရှိတဲ့နေရာမှာ သတ္တဝါတွေ ရှိတယ်၊ သတ္တဝါတွေရဲ့နောက် ခန္ဓာဟာ ရောက်လာတတ်တယ်၊ ဘယ်နေရာစွဲစွဲ စွဲတဲ့နေရာ သွားဖြစ်တတ်တယ်၊ ဒါကြောင့်မို့ အစွဲကိုဖြုတ်ဖို့ “တသ္မာ ပဇာနံ န ဥပါဒိယေထ,
ဘိက္ခု သတော ကိဉ္စနံ သဗ္ဗလောကေ၊
အာဒါနသတ္တေ ဣတိပိ ပေက္ခမာနော,
ပဇံ ဣမံ ပစ္စဓေယျ ဝိသတ္တံ”
ဟောတာ၊

အဲဒီလို စွဲနေပြီဆိုရင် အိုခြင်း နာခြင်း သေခြင်းဆိုတာက ဘယ်တော့မှ မလွတ်ဘူး၊ အိုခြင်း နာခြင်း သေခြင်းနဲ့ ဆက်စပ်နေမှာပဲ၊ အစွဲမပြတ်သေးသမျှ အိုရဦးမယ်၊ နာရဦးမယ်၊ သေရဦးမယ်၊ စွဲတဲ့ [၃၅၁] နေရာကို ခန္ဓာလာမှာကိုး၊ လာသည့်အတွက်ကြောင့် ခန္ဓာရှိနေသေးသမျှ သေမှာပဲ၊ ဘယ်နေရာပဲ ဖြစ်ဖြစ်၊ ဘယ်လောက်သေးတဲ့ ခန္ဓာပဲဖြစ်ဖြစ်၊ ကမြင်းနီရဲ့ခန္ဓာ ဘယ်လောက်ပဲသေးသေး၊ ဆင်ကြီး ခန္ဓာ ဘယ်လောက်ပဲကြီးကြီး၊ ကြီးကြီးသေးသေး သေမှာပဲ၊ ဘယ်လို ခန္ဓာမျိုးပဲရှိရှိ ရှိသမျှခန္ဓာဟာ နောက်ဆုံးမှာ အိုခြင်း သေခြင်းဆိုတာနဲ့ ကင်းတဲ့ခန္ဓာ မရှိဘူး၊ ဒီလိုပြောတာနော်၊ ဒါကြောင့်မို့ အစွဲကို ဖြုတ်နိုင်ရမယ်တဲ့၊ ဒီတရားကို ဟောလိုက်တော့ ဘဒြာဝုဓဟာ သူ့ရဲ့သဒ္ဓါစွမ်းအားတွေနဲ့ မြတ်စွာဘုရားဟောတဲ့ တရားအပေါ်မှာ လုံးဝ အနိစ္စ ဒုက္ခ အနတ္တဆိုတာတွေကို ဆုံးဆုံးဖြတ်ဖြတ် ပိုင်ပိုင်နိုင်နိုင်ကြီး သိတယ် သဒ္ဓါစွမ်းအားဆိုတာ ဒီနေရာမှာ ကံကံ၏ အကျိုးကို ယုံကြည်တာတို့ လှူတာတန်းတာတို့ကို ပြောတာမဟုတ်ဘူး၊ အနိစ္စကို အနိစ္စလို့ ဆုံးဖြတ်ချက် ချနိုင်တာလည်း သဒ္ဓါလို့ ဆိုလိုတယ်၊ ဒုက္ခကို ဒုက္ခလို့ စိတ်မှာ ဆုံးဖြတ်နိုင်တယ်၊ ဒါကြောင့်မို့လို့ သဒ္ဓါဆိုတာကို တစ်ခါတရံ ကျတော့ အဓိမောက္ခ ဆုံးဖြတ်ချက်လို့ ပြောတာ၊ ယုံကြည်ချက်နဲ့ ဆုံးဖြတ်ချက်ဆိုတာ၊ ယုံကြည်မှုဆိုတာ တစ်ချို့နေရာမှာ လုံးဝကို ဆုံးဖြတ်သွားတာ၊ Resolution ကို တစ်ခါတစ်ခါကျတော့ သဒ္ဓါလို့ ခေါ်တယ်၊ ဒီနေရာမှာလည်းပဲ သဒ္ဓါတရားဆိုတာ ရှိရမယ်၊ ယုံကြည်မှု၊ ဒါ မှန်တယ်၊ ဒါ လုပ်သင့်တယ်လို့ ဆုံးဖြတ်ချက်ချတာ၊ ဒါ ယုံကြည်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ သဒ္ဓါနဲ့ဆုံးဖြတ်ချက်လို့ ခေါ်တယ်။

[၃၅၂] ဒါကြောင့်မို့ သဟမ္ပတိဗြဟ္မာကြီးက တရားတောင်းပန်တဲ့အခါ မြတ်စွာဘုရားက ယေ သောတဝန္တော ပမုဉ္ဇန္တု သဒ္ဓံ သဟမ္ပတိဗြဟ္မာကြီးကို ပြန်ပြောလိုက်တဲ့ စကားထဲမှာနော်၊ “ပညာနားရှိတဲ့ပုဂ္ဂိုလ်တွေ ယုံကြည်ချက် ဆုံးဖြတ်ချက်ကို ထားကြ”လို့ ဒီလိုပြောတာ၊ မယုံကြည်ရင် တရားနာမှာ မဟုတ်ဘူးလေ၊ မယုံကြည်ရင်လည်း လုပ်မှာမဟုတ်ဘူး၊ ဒါကြောင့်မို့ ယုံကြည်ချက်ကို စေလွှတ်ထားကြ ခိုင်ခိုင်မာမာယုံကြည်ချက် ရှိကြလို့ ဒီလို ဆိုလိုတယ်။

အခုလည်းပဲ ဘဒြာဝုဓက သဒ္ဓါကောင်းတဲ့လူဖြစ်လို့ ယုံကြည်ချက်ကို ထားတာ၊ မြတ်စွာဘုရားက သူဟာ သဒ္ဓါစွမ်းအားတွေ အသိဉာဏ်တွေနဲ့ ဒီလိုနဲ့ ကိလေသာအာသဝေါတွေ ကင်းပြီးတော့ မြတ်စွာဘုရားဟောလိုက်တဲ့ ဒီတရားတိုတိုလေးအပေါ်မှာ နဂိုကလည်း စင်ကြယ်ပြီး အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်, သဒ္ဓါထက်တဲ့ပုဂ္ဂိုလ် ဖြစ်သည့်အတွက်ကြောင့် ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး နောက်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ် အထိအောင် ရောက်ပြီး ရဟန္တာဖြစ်သွားတယ်တဲ့၊ ဒီဂါထာအဆုံးမှာ သူ့ရဲ့ တပည့်တစ်ထောင်နဲ့ အတူတကွ သူတို့ရဟန္တာ ဖြစ်သွားပြီးတော့ ရသေ့အသွင်ကနေ ရဟန်းအသွင် ရောက်သွားတယ်တဲ့၊ ဒါက ၁၂-ယောက်မြောက် ဘဒြာဝုဓရဲ့ အမေးနဲ့ ပတ်သက်တဲ့စကား။

[၃၅၃] ဥဒယ၏ အမေးကို ဖြေဆိုခြင်း

၁၃-ယောက်မြောက်က ဥဒယ၊ အဲဒီဥဒယရဲ့အမေးကိုလည်း မြတ်စွာဘုရားက ဖြေတယ်၊ ဥဒယက သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး၊ သမထကျင့်စဉ်ကို ကျင့်လို့ ရူပဈာန်ထဲက စတုတ္ထဈာန်အထိအောင် ပေါက်ရောက်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ၊ ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်ဆိုတော့ ရူပဈာန် အမြင့်ဆုံးကို ရထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊

ဒါကြောင့်မို့မြတ်စွာဘုရားကိုယုံကြည်တာနဲ့ပတ်သက်ပြီး သူက ဘုရားကို ဂုဏ်ပြုတဲ့အခါမှာ ဈာယီ ဈာန်တွေ အားလုံးရပြီးသား ဘုရားလို့ ဒီလိုယူဆတယ်နော်၊ ယုံကြည်တယ်၊ ဝိရဇမာသိနံ ကိလေသာဆိုတဲ့မြူတွေ၊ အညစ်အကြေးတွေ ကင်းပြီးတော့နေတယ်၊ ကတကိစ္စ - လုပ်စရာရှိတာတွေ အားလုံးလုပ်ပြီးပြီ၊ အနာသဝ မျက်စိက ဖြစ်စေ နားက ဖြစ်စေ နှာခေါင်းက ဖြစ်စေ၊ လျှာက ဖြစ်စေ ကိုယ်က ဖြစ်စေ စိတ်က ဖြစ်စေ ကိလေသာ အာသဝတွေ ယိုစီးလာ ဝင်ရောက်လာမှုတွေ မရှိတော့ဘူးတဲ့၊ အကုသိုလ်တွေ ဖြစ်လာမှုတွေ မရှိတဲ့၊ ပါရဂုံ သဗ္ဗဓမ္မာနံ တရားခပ်သိမ်းပေါ်မှာ ပါရဂူမြောက် တစ်ဖက်ကမ်း ပေါက်အောင် သိတဲ့ပုဂ္ဂိုလ်၊ အရှင်ဘုရားထံမှာ ဒါတွေကိုသိချင်လို့ တပည့်တော်တို့ မေးခွန်းပုစ္ဆာတွေနဲ့ အရှင်ဘုရားဆီကို ရောက်လာပါတယ်တဲ့။

သူမေးချင်တာကတော့ ဘာလဲလို့ဆိုရင် အဝိဇ္ဇာကို ချေဖျက်နိုင်တဲ့ “အညာဝိမောက္ခ” “အညာဝိမောက္ခ” ဆိုတာ အရဟတ္တဖိုလ်ဖြင့် [၃၅၄] လွတ်မြောက်ခြင်း၊ အရဟတ္တဖိုလ်လို့ဆိုတဲ့ လွတ်မြောက်မှုလို့ ဒီလိုဆိုတယ်၊ အခြေခံအားဖြင့် ပြောမယ်ဆိုလို့ရှိရင် အညာဝိမောက္ခဆိုတာ သိပြီးတော့ လွတ်မြောက်တာ၊ အသိဉာဏ်နဲ့ လွတ်မြောက်မှုတွေကို အညာဝိမောက္ခ၊ ရိုးရိုးဝိမောက္ခ မဟုတ်ဘူး, အညာဝိမောက္ခ၊ ပိုင်ပိုင်နိုင်နိုင် သိပြီးတော့ လွတ်မြောက်မှု၊ ဒီဝိမောက္ခတို့ မောက္ခတို့ဆိုတဲ့ စကားလုံးတွေဟာ ဘာသာဂိုဏ်းတွေအားလုံးက သုံးတဲ့စကားလုံးပဲ၊ သူတို့က မောက်သျှလို့ ခေါ်တယ်၊ မောက်သျှဆိုတာ Freedom, Liberation ပေါ့၊ အဲဒီ Freedom, Liberation, မောက်သျှလို့ ခေါ်တဲ့ဟာ ဒီနေရာမှာ အညာဝိမောက္ခ၊ တကယ့်ကို အမှန်တရားကို သိပြီးတော့ လွတ်မြောက်တဲ့ဟာလို့ ဒီလိုဆိုလိုတယ်၊ အဲဒီ အမှန်တရားကိုသိပြီး လွတ်မြောက်မှုဟာ သိတယ်ဆိုကတည်းက မသိမှုဆိုတဲ့ အဝိဇ္ဇာကို ဖြိုချပြီးသား ဖြစ်တယ်ပေါ့ “မသိမှု အဝိဇ္ဇာဆိုတာကို ဖြိုချဖျက်ဆီးနိုင်တဲ့ အကောင်းဆုံး အမြင့်ဆုံး အညာဝိမောက္ခကို ရှင်းပြပေးပါ”တဲ့ ဒါ ဥဒယရဲ့မေးခွန်း။

ဒီတော့ မြတ်စွာဘုရားက အညာဝိမောက္ခ ဆိုတာနဲ့ ပတ်သက်ပြီး အခြေခံက စပြောတယ်၊ ပဟာနံ ကာမစ္ဆန္ဒာနံ နှစ်သက်စရာအာရုံလိုချင်စရာအာရုံတွေကို လိုချင်တဲ့တဏှာကို ဖယ်ရှားတာဟာလည်း အညာဝိမောက္ခပဲတဲ့၊ သိပြီးတော့ လွတ်မြောက်တာပဲလေ၊ ဒါလည်း ဘယ်ကလွတ်တာတုန်း ဆိုတော့ ကာမဂုဏ်အာရုံတွေကို ဖယ်ရှားလိုက်ရင် ဒီကာမဂုဏ်အာရုံ [၃၅၅] တွေက လွတ်မြောက်မသွားဘူးလား၊ အကုန်လုံးက လွတ်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့်လို့ ကာမဂုဏ်အာရုံတွေက လွတ်သွားတာပဲ၊ လိုချင်တဲ့စိတ်ကို ဖယ်ရှားလိုက်တယ်၊ လိုချင်တဲ့တဏှာကို ဖယ်ရှားလိုက်တယ်ဆိုလို့ရှိရင် ကာမဂုဏ်အာရုံတွေကနေ သူဟာ လွတ်သွားပြီ။

ဒေါမနဿာန စူဘယံ - ဒေါမနဿဆိုတာ လူတွေက ရလို့ရှိရင် ပျော်တယ်၊ မရရင် ဝမ်းနည်းတယ်၊ အဲဒီ ကိုယ့်အလိုကျ မဖြစ်လို့ ဝမ်းနည်းကြေကွဲမှုဆိုတဲ့ ဒေါမနဿ၊ မုန်းတီးရွံ့ရှာမှုဆိုတဲ့ ဒေါသ၊ အဲဒါကိုလည်း ဖယ်ရှားလိုက်နိုင်ပြီဆိုရင် ဒေါသက လွတ်သွားပြီလို့ ပြောရတာပဲ၊ သူ့စိတ်လေးက ဒေါသက လွတ်သွားတယ်၊ အဲဒါ သိလို့ လွတ်တာပဲ၊ မသိဘဲနဲ့ လွတ်တာ မဟုတ်ဘူး၊ သိပြီးတော့ လွတ်တဲ့ အလွတ်ကို ပြောတာ။

နောက်တစ်ခါ ထိနဿစ ပန္နဒနံ တဲ့၊ စိတ်ရဲ့ အလုပ်မဖြစ်မှု၊ စိတ်ရဲ့ပျော့ညံ့မှု၊ တွန့်ဆုတ်မှုကို ထိနလို့ ခေါ်တာ၊ စိတ်ရဲ့တွန့်ဆုတ်မှု ဆိုတာ ကောင်းတဲ့ဘက် အလုပ်လုပ်ရမှာ စိတ်ဟာ ထက်သန်မှု မရှိဘူး၊ အားတက်မှု မရှိဘူးနော်၊ ကမ္မဋ္ဌာန်းအားထုတ်ရင်လည်းပဲ ထက်သန်မှုမရှိဘူး၊ တရားနာရင်လည်း ထက်သန်မှုမရှိဘူး၊ ကုသိုလ်ကောင်းမှုလုပ်ဖို့ရာ စိတ်ကမထက်သန်ဘူး။

ကဲ ကြည့်ပေါ့နော်၊ ရုပ်ရှင်ကောင်းကောင်းကြည့်ချင်တဲ့သူက ရုပ်ရှင်သွားဖို့ရာ စိတ်ထက်သန်တယ်၊ အဲဒီလို တရားကျတော့ ထက်သန်ရဲ့လားပေါ့ ကိုယ့်ဟာကိုယ်နော်၊ ထက်သန်တဲ့ပုဂ္ဂိုလ်ရှိတယ်၊ [၃၅၆] မထက်သန်တဲ့ပုဂ္ဂိုလ် ရှိတယ်ပေါ့ အဲဒါ မထက်သန်ဘူး၊ စိတ်ဟာ တွန့်ဆုတ်လာတယ်ဆိုရင် ထိန ဖြစ်တာ၊ အိပ်ချင်မှ ထိန မဟုတ်ဘူး၊ ကောင်းတဲ့စိတ်ကနေ ကောင်းတဲ့အလုပ်ကနေပြီးတော့ စိတ်ဟာ တွန့်ဆုတ်လာတယ်၊ စိတ်မပါဘူးဖြစ်ရတာဟာ ဒါက ထိန ပဲ၊ မိဒ္ဓကျတော့ အိပ်ပျော်သွားတာပေါ့နော်၊ ဒါကို ထိနမိဒ္ဓ တွဲသုံးထားတာ၊ စိတ်က အရင်တွန့်ဆုတ်တာလေ၊ စိတ်တွန့်ဆုတ်လာတဲ့အခါကျတော့ ရုပ်ခန္ဓာကပါပါလာတယ်၊ တရားကို သဘောကျလို့ ခေါင်းညိတ်တယ်လို့ မအောက်မေ့နဲ့၊ ငိုက်တာ၊ အဲဒါမျိုး ဖြစ်သေးတယ်နော်၊ အဲဒီတော့ ထိနကိုဖယ်ရှားနိုင်ခြင်းဟာလည်းပဲ အညာဝိမောက္ခ ပဲ၊ စိတ်ဟာ အမြဲတမ်း လန်းဆန်းနေတယ်၊ တရားဓမ္မနဲ့ တွေ့ရင် စိတ်လေးက ကြည်နူးပြီး ကြည်လင်လန်းဆန်းနေတယ်၊ ဘယ်သူနဲ့ လန်းဆန်းတာတုန်း ဆိုတော့ သမာဓိစွမ်းအားတွေတို့ ဝီရိယစွမ်းအားတွေတို့ သတိစွမ်းအားတွေနဲ့ စိတ်ကလေးက အမြဲတမ်း လန်းဆန်းနေတာ၊ အဲဒီလို လန်းဆန်းနေရမယ်တဲ့၊ အဲဒီလို လန်းဆန်းနေလို့ရှိရင်လည်း အညာဝိမောက္ခ ပဲတဲ့။

နောက်တစ်ခုက ကုက္ကုစ္စာနီ နိဝါရဏံ၊ လူတွေဟာ စိတ်ထဲမှာ တစ်ခုခုလုပ်ပြီးရင် (သို့မဟုတ်) လုပ်ရဲ့သားနဲ့ မဖြစ်ရင် စိတ်ထဲမှာ ပူလောင်တာလေးတွေ ဖြစ်တတ်တယ်ပေါ့၊ အဲဒီပူလောင်မှုဆိုတဲ့ ကုက္ကုစ္စ remorse worries ဆိုတာတွေ မရှိဘူး စိတ်ဟာ ကြည်လင်နေတယ်၊ အေးမြနေတယ် ဒီ ကုက္ကုစ္စကို ဖယ်ရှားနိုင်လို့ရှိရင်လည်း [၃၅၇] အညာဝိမောက္ခပဲတဲ့၊ ပြောတာတော့ နီဝရဏတရားတွေကို ဖယ်ရှားနေတဲ့အကြောင်းကို ပြောပြတာပေါ့။

နောက်တစ်ခါ ဥပေက္ခာသတိသံသုဒ္ဓိ စတုတ္ထဈာန် ရလာတဲ့ အခါမှာ သူ့သန္တာန်မှာ ဖြစ်လာတဲ့ ဥပေက္ခာကို တတြမဇ္ဈတ္တတာ စေတသိက်လို့ ခေါ်တယ်၊ သဘာဝတရားတွေကို တစ်ညီတည်း ဟန်ချက်ညီညီ အလုပ်လုပ်အောင် သူက ထိန်းထားတာ၊ ဘယ်တရားမှ လျော့ကျမသွားဘူး၊ ဆိုပါစို့ - ဝီရိယတက်လာပြီး ဝီရိယလွန်နေလို့ရှိရင် သမာဓိ မရဘူး၊ သမာဓိလွန်ပြီး ဝီရိယလျော့နေမယ်ဆိုရင် ထိနမိဒ္ဓ ဖြစ်တယ်၊ ဝီရိယ လွန်နေရင်လည်း ဥဒ္ဓစ္စ ဖြစ်တယ်၊ balance မဖြစ်ဘူးဆိုလို့ရှိရင် တစ်ခုခု လွဲချော်နေတတ်တယ်၊ ကြည့်လေ မြားကပစ်ဖို့ ချိန်တဲ့အခါမှာ စိတ်က သိပ်လှုပ်ရှားနေလို့ရှိရင် ပစ်မှတ်လွဲသွားတာ ရှိတယ်လေ၊ စိတ်လေးကို ငြိမ်နေမှ excitement တွေ သိပ်မဖြစ်ဘဲနဲ့ စိတ်ကို ငြိမ်ငြိမ်ထားပြီး အလုပ်လုပ်တဲ့သူတွေဟာ ဒီလို လုပ်ကြရတယ်၊ စိတ်ကို ငြိမ်အောင် ထားနိုင်မှ ပစ်မှတ်ကို မှန်အောင် ပစ်နိုင်တယ်။ အဲဒါလိုပဲ အသိဉာဏ်ရဖို့စိတ်ကို ငြိမ်အောင်ထားနိုင်ရမယ်။ စတုတ္ထဈာန်ရလာပြီ ဆိုလို့ရှိရင် တတြမဇ္ဈတ္တတာ စေတသိက်ရဲ့စွမ်းအား ကြီးထွားလာသည့်အတွက်ကြောင့် သတိဟာ စင်ကြယ်လာတယ်၊ သူများနဲ့ မတူဘူး၊ သတိဟာ သိပ်ချိန်သားကိုက်လာတယ်၊ အာရုံတွေပေါ်မှာ လွဲချော်သွားတာ မရှိအောင် ချိန်သားကိုက်လာတယ်၊ အဲဒီလို သတိစင်ကြယ်လာတဲ့ အနေအထားမျိုး စတုတ္ထဈာန်ရဲ့ အရည်အသွေးကို [၃၅၈] ရနိုင်တယ်။ ရလာလို့ရှိရင်လည်း အညာဝိမောက္ခပဲတဲ့၊ သုခ ဒုက္ခတွေက လွတ်သွားတယ်။

ဓမ္မတက္က ပူရေဇဝံ မဂ္ဂင် ၈-ပါးမှာဆိုလို့ရှိရင် ဓမ္မတက္ကဆိုတာ တရားနဲ့ပတ်သက်တဲ့ တွေးတောကြံစည်မှု၊ တွေးတောကြံစည်မှုလို့ ဆိုပေမယ့် တွေးတောကြံစည်လို့ရှိရင် အမြင်လည်းရှိတယ်၊ ဒါကြောင့်မို့ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကို ပညာမဂ္ဂင်လို့ ခေါ်တာ၊ ဒီ ၂-ခုက တွဲထားတာ၊ တွဲထားတာ အဓိပ္ပါယ်ရှိတယ်၊ မတွေးရင် မသိဘူး၊ တွေးမှသိတယ်၊ အဲဒီတော့ အတွေးနဲ့ အသိဆိုတာ တွဲနေရတာပေါ့။

ကြည့်လေ - လူတွေဟာ တစ်စုံတစ်ခု သိချင်ရင် ခေါင်းကုတ်ပြီး စဉ်းစားတာ မဟုတ်လား၊ ခေါင်းကုတ်တော့ ခေါင်းထဲက ထွက်လာတာတော့ မဟုတ်ဘူးပေါ့နော်၊ တစ်ခုခု မေးခွန်းထုတ်ပြီဆိုရင် ခေါင်းကုတ်ပြီး စဉ်းစားတာ၊ အဲဒီလို စဉ်းစားပြီဆိုရင် အမြင်ဆိုတာ ထွက်လာတတ်တယ်၊ ဒါကြောင့်မို့ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ Right understanding and Right thought တွဲထားတာ၊ ဓမ္မတက္က ပူရေဇဝံ အလုပ်လုပ်တိုင်း အလုပ်လုပ်တိုင်းဟာ မှန်ကန်စွာ တွေးတောမှုဟာ အရေးအကြီးဆုံးပဲ၊ ကြည့်လေ ဘာလုပ်လုပ် စဉ်းစားတာဟာ အရင်လာတယ် မဟုတ်လား၊ ပူရေဇဝံ ဆိုတာ ရှေ့ပြေး၊ ရှေ့က သွားရတာ၊ တရားနဲ့ပတ်သက်လာလို့ရှိရင် ဓမ္မတက္က - တရားနဲ့ ပတ်သက်ပြီးတော့ ကြံစည်မှုဟာ ရှေ့ပြေးပဲတဲ့၊ ဝိပဿနာကျင့်စဉ်ပဲ အားထုတ် အားထုတ်၊ ဒီ မှန်မှန်ကန်ကန် စဉ်းစားတတ်မှုဟာ အရေးကြီးသည့်အတွက် သူဟာ ရှေ့ပြေး [၃၅၉] ဖြစ်တယ်၊ ရှေ့ဆောင်ဖြစ်တယ်၊ အဲဒီကျင့်စဉ် မဂ္ဂင် ၈-ပါး အကျင့်တရားကို ကျင့်နိုင်လို့ရှိရင်လည်း အညာဝိမောက္ခပဲတဲ့။

အဲဒီ အညာဝိမောက္ခ ဟာ နောက်ဆုံးအဆင့်ရောက်တဲ့အခါ အရဟတ္တဖိုလ်ပေါ့ အညာဆိုတာ အမြင့်ဆုံးကျတော့ အရဟတ္တဖိုလ် ပေါ့ ဘာဖြစ်လို့ အရဟတ္တဖိုလ်ကို အညာလို့ခေါ်ရတာလဲ ဆိုတော့ အာ-ညာ အောက်ကဉာဏ်တွေ သိခဲ့တဲ့ အပိုင်းအခြားအတိုင်း သိတာ၊ ပိုပြီးရှင်းသွားတာပဲ ရှိတယ်၊ သူက ကျော်သိတာ မဟုတ်ဘူးနော်၊ သောတာပတ္တိမဂ်က သိလာတဲ့သစ္စာကို သကဒါဂါမိမဂ်က ထပ်သိတယ်၊ အနာဂါမိမဂ်က ထပ်သိတယ်၊ အရဟတ္တမဂ်က ထပ်သိတယ်၊ သူသိတာ အောက်ကသိထားတဲ့ အပိုင်းအခြား အတိုင်းပဲသိတာ၊ သောတာပတ္တိမဂ်တုန်းက သစ္စာ ၄-ပါးပဲ သိတယ်၊ သူ့ကျတော့ သစ္စာ ၄-ပါး၊ ဒီလိုသိသွားတာ ပြောတာ မဟုတ်ဘူး၊ ဒီ ၄-ပါးအပေါ်မှာ အသိဟာ ရှင်းရှင်းသွားတာ။

အချို့လူတွေ ပြောကြတယ် မဟုတ်လား၊ တရားနာလိုက်တဲ့အခါမှာ တစ်ခါတည်း နားလည်ဘူး၊ ၂-ခါ၊ ၃-ခါ၊ ၄-ခါ၊ ၅-ခါ ထပ်နာလိုက်တဲ့အခါ ပိုပို ရှင်းသွားတယ်လို့ ပြောကြတယ်၊ ပညာရပ်တစ်ခုဟာလည်း ထို့အတူပဲ၊ စာအုပ်တစ်အုပ်ဟာ တစ်ခါဖတ်ရင် သိပ်မရှင်းဘူး၊ ဖတ်ရင်း ဖတ်ရင်းနဲ့ ရှင်းသွားတယ်၊ နောက်တစ်ခါဖတ်၊ နောက်တစ်ခါဖတ်၊ အကြိမ်ကြိမ် အထပ်ထပ်ဖတ်တဲ့အခါ ပိုရှင်းသွားတယ်ဆိုတာ လူတွေခံစားမိကြမှာပါ၊ အဲဒါမျိုးကို ဆိုတာ။

[၃၆၀] အညာဝိမောက္ခ ပိုင်းခြား သိသိလာပြီးတော့ လွတ်မြောက်သွားတာတဲ့၊ အရဟတ္တဖိုလ်ကို ပြောတာ၊ အဲဒီ အရဟတ္တဖိုလ်ဟာ အဝိဇ္ဇာယ ပဘေဒနံ မသိခြင်းဆိုတာကို လုံးဝဖောက်ခွဲ ဖျက်ဆီးပစ်နိုင်တယ်။ ဒီလိုပြောတာနော်၊ အေး သူသိချင်တဲ့ အညာဝိမောက္ခ ကို မြတ်စွာဘုရားက နီဝရဏတရားတွေကို ဖယ်ရှားခြင်း၊ မဂ္ဂင် ၈-ပါး အကျင့်တရားကို ကျင့်ခြင်းဖြင့် နောက်ဆုံးမှာ အဝိဇ္ဇာကို ဖယ်ရှားနိုင်လို့ ရလာတဲ့ အညာဝိမောက္ခ ကို မြတ်စွာဘုရားက ဖြေကြားလိုက်တယ်။

သူက မေးခွန်းတွေ ဆက်မေးပြန်တယ်၊ ကိသု သံယောဇနော လောကော လောကကြီးကို ဘာက ချည်နှောင်ထားသလဲ၊ ကိသု တဿ ဝိစာရကံ အာရုံပေါ်မှာ ဘာက ကျက်စားနေတာလဲ၊ ကိဿဿ ဝိပ္ပဟာနေဏံ, နိဗ္ဗာနံ ဣတိ ဝုစ္စတိ- ဘာကို ဖယ်ရှားရင် နိဗ္ဗာန်လို့ခေါ်မလဲ၊ သူမေးတဲ့ မေးခွန်း ၃-ခုနော်၊ အဲဒီ မေးခွန်း ၃-ခု သူ ထပ်ပြီးတော့မေးတယ်၊ လောကကြီးကို ဘာကချည်နှောင် နှောင်ဖွဲ့ထားသလဲ။

ဒီမေးခွန်းကို မေးတော့ မြတ်စွာဘုရားက ဖြေတယ်၊ “နန္ဒိသံယောဇနော လောကော” တဲ့၊ လောကကြီးကို နှစ်သက်မှု တွယ်တာမှု နန္ဒီဆိုတဲ့ တဏှာရာဂက ချည်နှောင်ထားတယ်၊ ဟုတ်တယ်၊ လူတွေက ကိုယ့်ကိုယ်ကို ထင်နေကြတယ်၊ တို့ဘာတွေကတော့ လွတ်လပ်တယ်၊ ကြိုးမရှိဘူး လွတ်လပ်တယ်၊ သို့သော် သူ့စိတ် [၃၆၁] ကလေးကို ဘာနဲ့ ချည်ထားတုန်းဆို သူ့အိမ်နဲ့လည်း ချည်ထားတယ်၊ သူ့ပစ္စည်းတွေနဲ့လည်း ချည်ထားတယ်၊ အိမ်ထောင်ရှိရင် အိမ်ထောင်ရေးနဲ့လည်း ချည်ထားတယ်၊ အကုန်ချည်ထားတာလေ၊ ဘယ်သွားသွား ဒီပြန်လာမှာပဲ၊ သေချာတယ်၊ နိုင်ငံခြားသွား အလုပ်လုပ်လည်း ပြန်လာတာပဲ ဒီကို၊ ဘယ်သွားလုပ်လုပ်၊ တစ်ခါတစ်လေတော့လည်း၊ ကြိုးက တစ်ချောင်းကနေ တစ်ချောင်း ပြောင်းတတ်တာလည်း ရှိတာပဲနော်၊ သို့သော် “နှောင်ကြိုးမဲ့”တော့ မဟုတ်ဘူး၊ နှောင်ကြိုးက ရှိနေတာပဲ၊ ဘယ်နေရာသွားသွား နှောင်ကြိုးနဲ့နော် ဟုတ်ကဲ့လား၊ ကိုယ့်ချည်ထားမှန်းတောင် မသိဘူး၊ လွတ်လပ်တယ်လို့ ထင်နေတာ သူက၊ I am free ပေါ့၊ ဘယ် freedom ရှိမလဲ၊ သူ့ဟာ ချည်ထားခံနေရတာပဲ၊ သူ့နှစ်သက်မှုတဏှာက သူ့ကို ချည်ထားတာ။

နောက်တစ်ခါ သူ့စိတ်က ဘာတွေနဲ့ ကျက်စားနေသလဲဆိုရင် အတွေးတွေနဲ့ ကျက်စားနေတာ၊ ဟုတ်တယ်၊ လူတွေက အတွေးတွေနဲ့ပဲ နေနေကြတာလေ၊ တော်ကြာ ဘာဖြစ်တော့မယ် ဆိုတဲ့အတွေး၊ ကာမဝိတက်ဆိုတဲ့ အတွေးတွေ၊ ကာမဂုဏ် အာရုံတွေနဲ့ ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ ဗျာပါဒဝိတက် ဆိုတဲ့ ဒေါသထွက်လို့ရှိရင် တွေးတာပဲ၊ ဝိဟိံသာဝိတက်- ဒေါသထွက်လို့ မထိန်းနိုင်လို့ သတ်ချင် ဖြတ်ချင်လာပြီဆိုရင်လည်း တွေးတာပဲ၊ အဲဒီအတွေးတွေနဲ့ လူတွေဟာ ကျင်လည်နေတာ၊ ဒါတွေဟာ မကောင်းတဲ့အတွေးတွေ။

ကောင်းတဲ့အတွေးတွေလည်း တွေးပြန်တာပဲ၊ တရားနာရဦးမယ်၊ ရိပ်သာဝင်ရဦးမယ်၊ နေက္ခမ္မဝိတက်နော်၊ သတ္တဝါတွေအပေါ်မှာ [၃၆၂] မေတ္တာပို့လိုက်ဦးမယ်၊ အများအတွက် ကူညီလိုက်ဦးမယ်၊ အဗျာပါဒဝိတက် အများကောင်းကျိုးရအောင် ဆောင်ရွက်ဦးမယ်၊ အဝိဟိံသာဝိတက်၊ တွေးနေတာပဲလေ၊ ဒါကြောင့်မို့ အတွေးဟာ လူတွေရဲ့ စိတ်ထဲမှာ ကျက်စားနေတဲ့အရာတစ်ခုပဲတဲ့၊ အဲဒီတော့ နိဗ္ဗာန်ဆိုတာ တော့ တဏှာယ ဝိပ္ပဟာနေန နိဗ္ဗာနံ ဣတိ ဝုစ္စတိ တဲ့၊ တဏှာကို ဖယ်ရှားလိုက်နိုင်မှ တကယ့်ငြိမ်းချမ်းမှုဆိုတာ ဖြစ်လာနိုင်ပါတယ်တဲ့။

အဲဒီလို မြတ်စွာဘုရားက ဖြေတော့ သူက မေးခွန်းတစ်ခု ထပ်မေးပြန်တယ်၊ “ကထံ သတဿ စရတော ဝိညာဏံ ဥပဇ္ဈတိ” တဲ့၊ သတိကြီးစွာ ထားပြီးတော့ ဘယ်လိုကျင့်ကြံကြိုးကုတ်အားထုတ်မှ ဝိညာဏလို့ ခေါ်တဲ့ ကံတရားဟာ အပြီးသတ်ချုပ်သွားမလဲ"တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေ၊ လူဆိုတာ ကောင်းတာလည်း လုပ်တယ်၊ မကောင်းတာလည်း လုပ်တယ်၊ ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတဲ့ ဝိညာဏတွေ ဖြစ်တယ်၊ ဒီနေရာမှာ ဝိညာဏ်ဆိုတာ ကံတရားကို ပြောတာ၊ ကုသိုလ်စိတ် အကုသိုလ်စိတ်ကို ပြောတာ၊ အဘိသင်္ခါရ ဝိညာဏ်လို့ ခေါ်တယ်၊ ကမ္မဝိညာဏလို့ ခေါ်တယ်၊ အဲဒီအဘိသင်္ခါရ ဝိညာဏတွေဟာ ဘယ်လိုကျင့်မှ အားလုံးချုပ်ငြိမ်းသွားသလဲတဲ့၊ အဲဒါ အရှင်ဘုရားဆီက ကြားပါရစေပါလို့ မြတ်စွာဘုရားကို လျှောက်တယ်။

မြတ်စွာဘုရားက ဒီလိုဟောလိုက်တယ်၊ အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ, ဝေဒနံ နာဘိနန္ဒတော- မင်း အဇ္ဈတ္တမှာဖြစ်တဲ့ အာရုံမှာပဲဖြစ်စေ၊ [၃၆၃] ဗဟိဒ္ဓမှာဖြစ်တဲ့အာရုံမှာပဲ ဖြစ်စေ ခံစားမှုအားလုံးပေါ်မှာ မတွယ်တာတော့ဘူး၊ မနှစ်သက်တော့ဘူးဆိုရင် ကမ္မဝိညာဏ ချုပ်တယ်။ လောကလူတွေဟာ ခံစားမှုဆိုတဲ့ ဝေဒနာအတွက် အလုပ်လုပ်နေကြတာဆိုတာ သေချာတယ်၊ ခံစားမှုအတွက် လူတွေဟာ ဘာကို ရှာနေတာတုန်းလို့ မေးလို့ရှိရင် Happiness ကို ရှာနေတာ၊ ပျော်ရွှင်မှု ချမ်းမြေ့မှုကိုရှာတာ၊ သုခကို ရှာတာလို့ ပြောရမယ်၊ သုခ သောမနဿကို ရှာနေကြတာ၊ “မဟုတ်ပါဘူး၊ တပည့်တော်တို့ အလုပ်ရှာတာပါ”၊ ဒါဖြင့် မေးကြည့် - အလုပ်က ဘာအတွက်?၊ အလုပ်က ပိုက်ဆံရတာပေါ့ ဒါပေမယ့် ပိုက်ဆံက ဘာလုပ်တာတုန်း ဆိုတော့ ပျော်ဖို့ပဲ၊ နောက်ဆုံးကျတော့ ချမ်းချမ်းသာသာနေဖို့ပဲ ဟုတ်တယ် မဟုတ်လား၊ ခံစားမှုကို ရှာကြတာချည်းပဲ အကုန်လုံး။

အမေက သားသမီးကို ချစ်တယ်၊ အဖေက သားသမီးကို ချစ်တယ်၊ တစ်ဦးတစ်ဦး ချစ်ကြတယ်ဆိုတာလည်း ပျော်ရွှင်မှုကြောင့် ချစ်နေကြတာ၊ ပျော်ရွှင်ပျက်စီးသွားရင် ချစ်နိုင်ပါ့ဦးမလား၊ မချစ်နိုင်လို့ divorce လုပ်တာတွေ ပြည့်နေတာပဲနော်၊ Happiness မပေးနိုင်ဘူး ဆိုရင် သွားတော့ပဲ၊ Get out လုပ်ပစ်တာ၊ ဟုတ်လား၊ သူနဲ့နေရလို့ စိတ်ချမ်းသာပြီး ပျော်နေသမျှတော့ လက်ခံနေဦးမှာပဲ၊ မပျော်တော့ဘူး, ကိုယ့်ရဲ့ချမ်းသာမှုတွေကို နှောက်ယှက်လာပြီဆိုရင် မိဘကလည်း သားသမီးကို အမွေပြတ်ကြေညာလိုက်တာပဲ၊ အဲဒီတော့ သားသမီး ချစ်တယ်ဆိုတာ မဟုတ်ဘူး၊ Happiness ကို ချစ်နေတာ၊ ဟုတ်လား၊ [၃၆၄] ဘယ်သူ့ရဲ့ happiness လဲဆိုတော့ ကိုယ့်ရဲ့ happiness ပဲ၊ ကိုယ့်ရဲ့ သုခသောမနဿကို ချစ်တာ တကယ်ကနော်၊ အဲဒီလိုပဲ။

မြတ်စွာဘုရားက ဒါကြောင့်မို့လို့ အရင်းကျကျဖြေလိုက်တာ၊ “အဇ္ဈတ္တမှာပဲ ဖြစ်ဖြစ်၊ ဗဟိဒ္ဓမှာပဲဖြစ်ဖြစ် အတွင်းဖြစ်ဖြစ် အပြင်ဖြစ်ဖြစ်၊ ဝေဒနာဆိုတဲ့ခံစားချက်တွေပေါ်မှာ တွယ်တာမှု မြတ်နိုးမှု၊ ကြိုက်နှစ်သက်မှုမရှိအောင် ကျင့်နိုင်ပြီဆိုလို့ရှိရင်တဲ့ ကိလေသာတွေ ကံတရားတွေ ကမ္မဝိညာဏ အဘိသင်္ခါရဝိညာဏဆိုတာတွေ လုံးဝချုပ်ပါတယ်”တဲ့၊ ဝေဒနာရှုထောင့်ကနေ မြတ်စွာဘုရားဖြေလိုက်တာ၊ ဒါ အကုန်လုံးကို ခြုံနိုင်တဲ့ အဖြေတစ်ခုပဲပေါ့နော်၊ အဲဒီလို ဖြေလိုက်တော့ သူလည်း သဘောကျသွားတယ်၊ ဒီအဖြေတွေမှာ မြတ်စွာဘုရားက တစ်ခုတစ်ခုကို ဦးတည်ပြီးတော့ ဖြေတာဟာ ပုဂ္ဂိုလ်ရဲ့ အဇ္ဈာသယကို ကြည့်ပြီးဖြေတယ်လို့ မှတ်ရမယ်၊ တစ်ခါတလေ ကိုယ့်အကြိုက်နဲ့ ကိုက်ချင်မှ ကိုက်မှာပေါ့၊ ဒါပေမယ့် နားထောင်တဲ့ပုဂ္ဂိုလ်နဲ့ မေးတဲ့ပုဂ္ဂိုလ်တွေရဲ့ အကြိုက်နဲ့ ကိုက်သွားတယ်၊ ကိုက်သွားသည့်အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားရဲ့ အဖြေကို သဘောကျလို့ နောက်ဆုံးမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ အဆင့်ဆင့်ရလို့ ရဟန္တာဖြစ်သွားတယ်၊ သူလည်းပဲ ရဟန္တာအဖြစ် ရောက်သွားတယ်တဲ့နော်၊ ဒါက ၁၃-ယောက်မြောက်။

[၃၆၅] ပေါသာလ၏ အမေးကို ဖြေဆိုခြင်း

၁၄-ယောက်မြောက်က ဘယ်သူလဲလို့ဆိုရင် ပေါသာလလို့ ခေါ်တယ်၊ အဲဒီပေါသာလရဲ့အမေးကို မြတ်စွာဘုရားက ဖြေတယ်၊ သူကလည်း မြတ်စွာဘုရားကို ချီးမွမ်းပြီးတော့ မေးခွန်းတွေ မေးတယ်၊ ယော အတီတံ အာဒိသတိ အနေဇော ဆိန္ဒ သံသယော မြတ်စွာဘုရားက အတိတ်ကို ပြောနိုင်တယ်တဲ့၊ ခုနက စိတ်လှုပ်ရှားမှုတွေ ကင်းတယ်တဲ့၊ သံသယတွေ လုံးဝမရှိဘူးတဲ့၊ တရားခပ်သိမ်းရဲ့ လမ်းဆုံး အထွတ်အထိပ်ကို သိတဲ့ပုဂ္ဂိုလ်ဖြစ်လို့ သိချင်လို့ မြတ်စွာဘုရားထံ မေးခွန်းတွေနဲ့ သူ ရောက်လာတာပါတဲ့၊ ဒီပုဂ္ဂိုလ်ကလည်း အာကိဉ္စညာယတနဈာန်ရထားတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။ သူမေးတဲ့ မေးခွန်းကတော့ အာကိဉ္စညာယတနဈာန်နဲ့ ပတ်သက်တယ်၊ ဝိဘူတရူပ သညိဿ သဗ္ဗကာယပ္ပဟာယိနော တဲ့၊ အာကိဉ္စညာယတနဈာန်ဆိုတာဟာ ရုပ်အာရုံတွေအားလုံးကို ဖယ်ရှားပြီးတော့မှ ရလာတဲ့ဈာန်မျိုးပဲ၊ အဲဒီလိုရလာတဲ့ဈာန်မျိုးဆိုတော့ သူ့မှာ ရုပ်နဲ့ ပတ်သက်တဲ့အတွေးတွေ မရှိတော့ဘူး၊ အဲဒီဈာန်ဝင်စား နေတဲ့ အချိန်မှာဆိုရင် ရုပ်နဲ့ ပတ်သက်တဲ့ အာရုံတွေ သူ့မှာမရှိဘူးတဲ့။ ဆိုပါစို့ - ရုပ်နဲ့ ပတ်သက်တဲ့အာရုံဆိုတာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ [၃၆၆] ဖောဋ္ဌဗ္ဗာရုံ ဆိုတာတွေ မရှိဘူး၊ ဓမ္မာရုံထဲကလည်းပဲ ရုပ်နဲ့ ပတ်သက်တဲ့ အာရုံတွေ သူ့မှာ မရှိတော့ဘူး၊ သူ့ရဲ့အာရုံက ဘာတုန်းဆိုရင် ပထမအရူပဈာန်ရဲ့ မရှိမှု ဆိုတာကို သူ အာရုံပြုတာ၊ အဲဒီ မရှိတာလေးကို အာရုံပြုတာ ဆိုတော့ အလွန်စွမ်းရည်သတ္တိကောင်းတဲ့ သမာဓိစွမ်းအားတစ်ခုပဲပေါ့၊ ဒါဖြင့် သူမေးချင်တာ ဘာတုန်းဆိုလို့ရှိရင် “အဲဒီပုဂ္ဂိုလ်ရဲ့ အသိဉာဏ်ဟာ ဘယ်လိုလဲတဲ့၊ သူ့ကို ဘယ်လိုနားလည်ရမလဲ၊ သူ့ရဲ့အသိဉာဏ်ဟာ ဘာလဲ”လို့မေးတယ်၊ အာကိဉ္စညာယတန ဈာန်ကိုရထားတဲ့ ပုဂ္ဂိုလ်ရဲ့ အသိဉာဏ်ကို သူသိပါရစေတဲ့။

အဲဒီမှာ မြတ်စွာဘုရားက ဖြေတယ်၊ သူ့ရဲ့အခြေအနေ တစ်ခုကို ပြောတာ၊ ဝိညာဏဋ္ဌိတိယော သဗ္ဗာ အဘိဇာနံ တထာဂတော၊ တိဋ္ဌန္တမေနံ ဇာနာတိ, ဝိမုတ္တ တပ္ပရာယဏံ။ ငါဘုရားဟောတဲ့ ဝိညာဏဋ္ဌိတိ ဆိုတာတွေကို အားလုံး နားလည်တယ်တဲ့၊ အားလုံးသိတယ်၊ အင်မတန်မှ ဆန်းကြယ်တယ်၊ ဝိညာဏဋ္ဌိတိဆိုတာ ပဋိသန္ဓေဝိညာဉ်လေးဟာ ဘယ်နေရာတွေမှာ ဖြစ်ပေါ်လာတယ်၊ ဘယ်နေရာမှာ ရပ်တည်လာတယ်ဆိုတာ ဒီပဋိသန္ဓေဝိညာဉ်စိတ်ကလေးတွေ ဖြစ်ပေါ်လာတဲ့ဟာကို ၃၁-ဘုံမှာ ချပြီးတော့ ကြည့်မယ်ဆိုရင် ဝိညာဏဋ္ဌိတိ ဆိုတာ ၇-မျိုးရှိတယ်၊ အဲဒီ ၇-မျိုးက ကျယ်တော့ ကျယ်တယ်။ သို့သော် အကျဉ်း ချုပ်ပြီးတော့ ပြောရမယ်ဆိုရင်
(၁) နာနတ္တကာယ နာနတ္တ သညီ- [၃၆၇] နာနတ္တကာယဆိုတာ ကိုယ်ကာယကလည်း မတူကြဘူး၊ အမျိုးမျိုး၊ နာနတ္တသညီ ပဋိသန္ဓေစိတ်ကလည်း အမျိုးမျိုးတဲ့၊ တစ်ချို့ သတ္တဝါ တွေက ရုပ်ကလည်း အမျိုးမျိုး သညာကလည်း အမျိုးမျိုး၊ ပဋိသန္ဓေ စိတ်ကလည်း အမျိုးမျိုးရှိတဲ့ သတ္တဝါတွေ၊ အဲဒါ ဘယ်သူတွေတုန်းဆိုရင် လူတွေ၊ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလေ၊ ပုတဲ့လူက ပု၊ ထွားတဲ့လူက ထွား၊ အသားဖြူတဲ့လူက ဖြူ၊ မည်းတဲ့လူက မည်း၊ ပြောပုံဆိုပုံ၊ သွားပုံ၊ လာပုံ ဟန်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူဘူးနော်၊ အပု အတို အရှည် အဖြူ အမည်း အပိန် အဝ အမျိုးစုံ လူတွေဟာ ကိုယ်ကာယတွေ မတူညီသလိုပဲ ပဋိသန္ဓေ စိတ်ကျတော့လည်း တစ်ချို့က တိဟိတ်ပဋိသန္ဓေ၊ တစ်ချို့က ဒွိဟိတ်ပဋိသန္ဓေ တစ်ချို့က အဟိတ်ပဋိသန္ဓေဆိုပြီးတော့ ပဋိသန္ဓေစိတ်တွေကလည်း မတူဘူးတဲ့၊ လူတွေလိုပဲ နတ်တွေဟာလည်း မတူညီတာတွေပဲတဲ့၊ နတ်ကလည်း အရောင်မတူကြဘူး၊ တစ်ချို့နတ်က အသားညိုတယ်၊ အသားညိုတဲ့ နတ်လည်း ရှိတယ်၊ နီလ အညိုရောင်လေးတွေ၊ ဘာနဲ့တူတုန်းဆိုရင် ကြာညိုပန်းတွေလို၊ နီလကို အင်္ဂလိပ်လို Blue လို့ ဘာသာပြန်တယ်၊ ကြာပန်းဟာ အပြာရောင်လေးတွေပေါ့နော်၊ ပီတ - တစ်ချို့က အသားဝါ၊ နတ်တွေကလည်း အရောင်အမျိုးမျိုး ရှိတယ်၊ ဩဒါတ -တစ်ချို့က အဖြူ၊ လောဟိတ - တစ်ချို့က အနီ၊ နန္ဒမင်းသားကိုပြတဲ့ နတ်သမီးတွေက ခိုခြေ၊ ခိုရဲ့ခြေထောက်က အရောင်နဲ့ တူတယ်တဲ့၊ သူတို့အသားက နီစပ်စပ်ကြီး၊ (ဥရောပ [၃၆၈] သူတွေကလို ဘာတွေလိုလား မသိဘူး၊ ခိုခြေအဆင်းရှိသော နတ်သမီးလို့ ပြောတာပဲ၊) အဲဒီအရောင်မျိုး ရောက်အောင် တစ်ချို့ကလည်း မိတ်ကပ်ကို အဲဒီအရောင်နဲ့ လိမ်းတာရှိသေးတယ်၊ အဲဒီတော့ နတ်သမီးတွေကလည်းပဲ အရောင်အမျိုးမျိုးရှိသည့်အတွက် ကြောင့် နာနတ္တကာယပဲ၊ ပဋိသန္ဓေစိတ်ကလည်းပဲ တိဟိတ်ရှိတယ်၊ ဒွိဟိတ် ရှိတယ်၊ အထက်နတ်တွေမှာ အဟိတ်တော့ မရှိဘူးတဲ့၊ ဒါကြောင့်မို့ ပဋိသန္ဓေစိတ်ကလည်း အမျိုးမျိုးရှိတယ်ပေါ့။

နောက် ဝိနိပါတိကလို့ဆိုတဲ့ နေ့စံ ညခံလို့ဆိုတဲ့ ဘုံဗိမာန်ရှိတဲ့ ပြိတ္တာတွေ၊ ပြိတ္တာမျိုး ဆိုပေမယ့် လူတွေလိုပဲ တစ်ချို့က အနေအထိုင် ဆင်းရဲတယ်၊ လူတွေဟာ ချမ်းသာတဲ့လူရှိသလို ဆင်းရဲတဲ့လူတွေ ရှိတယ်၊ အိမ်မရှိလို့ လမ်းဘေးမှာ နေရတဲ့သူတွေ ရှိတယ်၊ အဲဒီလို အမျိုးမျိုးရှိကြသလို သူတို့လောကမှာလည်းပဲ အမျိုးမျိုးရှိကြတယ်၊ ကြည့် အဲဒါတွေကို ဝိနိပါတိကလို့ ခေါ်တယ်၊ သူတို့လည်းပဲ နာနတ္တကာယ နာနတ္တသညီပဲတဲ့၊ ပဋိသန္ဓေစိတ်ကလည်း အမျိုးမျိုးရှိတယ်၊ တစ်ချို့က အသိဉာဏ်ရှိတယ်၊ အသိဉာဏ်ရှိလို့ ပိယက်ရမာတာတို့ ဥတ္တရမာတာတို့ဆိုတဲ့ တစ္ဆေမကြီးတွေ ဘီလူးမကြီးတွေ၊ သူတို့ ကျွတ်တယ်၊ ဘုရား တရားဟောတော့ ကျွတ်သွားတာတွေ ရှိတယ်ပေါ့နော်၊ တစ်ခါတလေ ယက္ခိနီလို့ သုံးတယ်၊ သူတို့လည်း နာနတ္တကာယ နာနတ္တသညီ။
(၂) နာနတ္တကာယ ဧကတ္တသညီ ခန္ဓာကိုယ်ကတော့ အမျိုးမျိုး ရှိတယ်၊ ဒါပေမယ့် သန္ဓေစိတ်ကတော့ အတူတူပဲလို့ ပဋိသန္ဓေသညာ [၃၆၉] က အတူတူပဲလို့ဆိုတာ။ အဲဒါကျတော့ ဒီကမ္ဘာကြီး ပျက်ပြီးတော့ ပထမဆုံး ဖြစ်ပေါ်လာတဲ့ ပဌမဈာန်ဘုံ ဗြဟ္မာတွေကို ရည်ညွှန်းပြီး တော့ ပြောတာနော်၊ ရှေးဦးစွာဖြစ်လာတဲ့ ဗြဟ္မာတွေတဲ့။
(၃) ဧကတ္တကာယ နာနတ္တသညီ၊ ကာယတူပြီး သညာကွဲက အာဘဿရဗြဟ္မာတွေ။ (ပဉ္စကနည်း ဒုတိယ တတိယဈာန်ဘုံကို ရည်ညွှန်းတာ။)
(၄) ဧကတ္တကာယ ဧကတ္တသညီ ကာယလည်းတူ သညာ လည်းတူတာ၊ သုဘကိဏှာဗြဟ္မာတို့ကို ရည်ညွှန်းပြီးပြောတာ။ အဲဒါက ၄-ခုနော်။

နောက်တစ်ခါ အရူပဘုံမှာ အာကာသာနဉ္စာယတနဘုံ ဆိုတာ ရှိသေးတယ်၊ နာမ်တရားချည်းပဲ ဖြစ်တဲ့ဘုံ၊ အဲဒါက ၁-ဘုံ၊ ဝိညာဏဉ္စာယတနဘုံလို့ ဆိုတာ ဝိညာဏဉ္စာယတန ပဋိသန္ဓေစိတ်နဲ့ ဖြစ်တဲ့ဘုံ၊ ဒုတိယ အရူပဘုံ၊ အာကိဉ္စညာယတနဘုံတဲ့၊ တတိယ အရူပဘုံတဲ့ ပေါင်းလိုက်တော့ ဝိညာဏဋ္ဌိတိ ၇-ပါးလို့ ပြောတာ။

အဲဒီဝိညာဏဋ္ဌိတိဆိုတာ ပဋိသန္ဓေဝိညာဉ်၏ တည်ရာဘုံနှင့် သတ္တဝါ၊ ကျန်တဲ့ဘုံတွေကိုတော့ မပြောဘူး၊ နေဝသညာနာသညာယတနဘုံကို မပြောဘူး၊ ဘာလို့ဆိုတော့ ပဋိသန္ဓေဝိညာဉ်က မထင်ရှားဘူး၊ အလွန်သိမ်မွေ့တယ်၊ ရှိတော့ ရှိတယ်၊ မထင်ရှားလို့ ထည့်မပြောတော့ဘူးလို့ ဒီလိုဆိုလိုတယ်နော်၊ အဲဒီ ခွဲခြားချက်မှာ ၃၁-ဘုံတော့ မကုန်ဘူး၊ မကုန်ပေမယ့်လို့ ဝိညာဏဋ္ဌိတိဆိုရင် ဒီ ၇-ပါးပဲ။

[၃၇၀] အဲဒီဝိညာဏဋ္ဌိတိတွေ ပဋိသန္ဓေဝိညာဉ်တွေဟာ ဘယ်မှာ ဖြစ်တယ်ဆိုတာကို မြတ်စွာဘုရားက အကုန်လုံး သိတယ်တဲ့ သိတော့ အာကိဉ္စညာယတန ဗြဟ္မာကြီးရဲ့အနေအထား၊ သူ့ရဲ့ လွတ်မြောက်မှု မလွတ်မြောက်မှုအားလုံးကို ပိုင်ပိုင်နိုင်နိုင်သိတယ်၊ သိလို့ အာကိဉ္စညာ ယတနဘုံရဲ့ဖြစ်ကြောင်း ကံတရားကိုလည်း သိတယ်၊ အဲဒီ ဗြဟ္မာကြီး တွေမှာရှိတဲ့ သံယောဇဉ်တရားကိုလဲ သိတယ်တဲ့၊ သူတို့မှာ ဒီထူးခြားတဲ့ဉာဏ် ရတယ်ဆိုတာဟာတဲ့ အာကိဉ္စညာ ယတနဘုံမှာ အာကိဉ္စညာယတနဈာန်မှာရှိတဲ့ စိတ်တွေစေတသိက် တွေ၊ အာကိဉ္စညာယတနဈာန်နဲ့ ယှဉ်ပြီးတော့ဖြစ်တဲ့ ခံစားချက်တွေ၊ မှတ်သားချက်တွေ၊ စိတ်စေတသိက်တွေပေါ့လေ၊ အဲဒါတွေကို အနိစ္စ ဒုက္ခ အနတ္တလို့ ဝိပဿနာဉာဏ်ရှုပြီးတော့ အရဟတ္တမဂ်ဉာဏ် ရနိုင်တယ်၊ အဲဒီဘုံမှာဖြစ်တဲ့ပုဂ္ဂိုလ်ဟာ သောတာပန်ဖြစ်ပြီးမှ ဖြစ်တယ် ဆိုရင် သူက ဒီဉာဏ်ကိုရနိုင်တယ်၊ အာကိဉ္စညာယတနဈာန်ကို ရထားတဲ့လူ့ပြည်က လူသားတစ်ဦးဟာလည်းပဲ အဲဒီဈာန်ထဲမှာရှိတဲ့ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် လို့ဆိုတဲ့ နာမ်တရားတွေကို ရှုမှတ်ပြီး မမြဲတဲ့သဘော၊ ဆင်းရဲတဲ့ သဘော၊ မစိုးမပိုင်တဲ့သဘော၊ အနိစ္စ ဒုက္ခ အနတ္တကို ဝိပဿနာ ရှုမြင်လို့ရှိရင် ဝိပဿနာဉာဏ် အဆင့်ဆင့်နဲ့ မဂ်ဉာဏ်အဆင့်ဆင့်တွေကို ရသွားနိုင်တယ်၊ အဲဒီ နောက်ဆုံးရနိုင်တဲ့ ဉာဏ်ဆိုတာ အရဟတ္တမဂ်ဉာဏ်ပဲလို့ မြတ်စွာဘုရားက သူ့ရဲ့မေးခွန်းကို ဖြေတယ်၊ ပေါသာလက [၃၇၁] အာကိဉ္စညာ ယတနဈာန်ရတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ သူက ဒီမေးခွန်းကို မေးတာနော်။

မောဃရာဇ၏ အမေးကို ဖြေဆိုခြင်း

နောက်တစ်ခါ ၁၅-ယောက်မြောက် မေးခွန်းမေးတဲ့ ပုဂ္ဂိုလ်က မောဃရာဇလို့ ခေါ်တယ်၊ အဲဒီမောဃရာဇဆိုတာ သူက သိပ်မေးချင်လွန်းအားကြီးတာ၊ နံပါတ်-၁ အဇိတ မေးတုန်းကလည်းပဲ သူထပြီး တစ်ခါ မေးသေးတယ်၊ မြတ်စွာဘုရားက သူ့ကိုမဖြေဘူး၊ မဖြေတာနဲ့ သူပြန်ထိုင်နေရတယ်၊ ဒုတိယလူဖြစ်တဲ့ တိဿမေတ္တေယျ မေးတုန်းကလည်း သူက ထမေးပြန်တယ်၊ မြတ်စွာဘုရားက သူ့ဟာ ဖြေကို မဖြေဘူး၊ သူ ၂-ခါမေးတယ်၊ ဘုရား မဖြေဘူး၊ ဘာလို့ မဖြေတုန်းဆိုရင် ဒီကောင်လိုသေးတယ်ပေါ့ ငါဟောတဲ့တရားတွေ နာပါစေဦးဆိုပြီး ထားတာနော်၊ အချိန်မကျသေးဘဲနဲ့ သူက ထထပြီးတော့ မေးတော့ မဖြေဘူး၊ အခု သူ့အလှည့်ရောက်လာတော့ သူက မကျေနပ်တာနဲ့ စပြောတယ်။ ဒွါဟံ သက္ကံ အပုစ္ဆိဿိ- အရှင်ဘုရားကို တပည့်တော် မေးတာ ၂-ခါရှိပြီတဲ့၊ ဒါလေးက စတာနော်၊ ၂-ကြိမ် ရှိပြီ၊ အရှင်ဘုရားကို မေးတာ၊ န မေ ဗျာကာသိ စက္ခုမာ - တပည့်တော် မေးတာကို အရှင်ဘုရား မဖြေဘူးတဲ့ ယာဝတတိယဉ္စ ဒေဝီသိ, ဗျာကရောတီတိ မေ သုတံ အရှင်ဘုရား ၃-ခါ မေးရင်တော့ ဖြေတယ်လို့ တပည့်တော် [၃၇၂] ကြားဖူးတယ်၊ အခု ဖြေပါတဲ့၊ အခု ၃-ခါ မြောက် သူမေးပါတယ်ပေါ့ သူက အဲဒီလိုလာတဲ့လူ။

အဲဒီလို မြတ်စွာဘုရားကို၊ အဘိက္ကန္တဒဿာဝီ- အရှင်ဘုရား အလွန်နှစ်သက်စရာကောင်းတဲ့ ဓမ္မအမြင်တွေ ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ အတ္ထိ ပစ္စေန အာဂမံ အရှင်ဘုရားကို ပြဿနာနဲ့ တပည့်တော် ချဉ်းကပ်လာပါတယ်၊ မေးခွန်းပုစ္ဆာနဲ့ ချဉ်းကပ်လာပါတယ်။

သူမေးတဲ့မေးခွန်းက ကထံ လောကံ အဝေက္ခန္တ, မစ္စုရာဇာ န ပဿတိ- တဲ့ လောကကြီးကို ဘယ်လိုမြင်ရင် သေမင်းက သူ့ကို မတွေ့နိုင်သလဲတဲ့၊ ဆိုလိုတာက လောကကြီးကို ဘယ်လိုမြင်ရင် သေခြင်းက လွတ်မြောက်သလဲ၊ ဘယ်လိုရှုမြင်မှ သေခြင်းတရားက လွန်မြောက်နိုင်သလဲဆိုတဲ့ မေးခွန်းကို မေးတာ၊

အားလုံးဟာ သေရမှာ ကြောက်တဲ့သူတွေချည်းပဲ ဒီထဲမှာ၊ ၁၆-ယောက်လုံးမေးတဲ့သူတွေက သေမှာ ကြောက်တဲ့လူတွေ များတယ်နော်၊ အသက်လည်း ကြီးနေပုံရပါတယ်၊ မေးတော့ မြတ်စွာဘုရား သူ့ကို ဖြေတဲ့အဖြေက တော်တော် နာမည်ကြီးတယ်၊ ဝိသုဒ္ဓိမဂ်မှာလည်း ဒီအဖြေကို ထည့်ရေးတယ်၊

သုညတော
လောကံ အဝေက္ခ၊
မောဃရာဇ
သဒါ သတော
အတ္တာနုဒိဋ္ဌိ ဦဟစ္စ
သိယာ
မစ္စုတရော [၃၇၃] ဧဝံ လောကံ အဝေက္ခန္တံ မစ္စုရာဇာ န ပဿတိ တဲ့၊ မြတ်စွာဘုရားက “လောကကြီးကို မင်း သုညလို့ မြင်အောင် ကြည့်တဲ့၊ အနတ္တအနေနဲ့ ကြည့်ခိုင်းတဲ့ သဘောပဲနော်၊ လောက ဆိုတာ ဒီနေရာမှာ ခန္ဓာ ၅-ပါးကို ပြောတာ၊ ခန္ဓာ ၅-ပါးကို သုညအနေနဲ့ မြင်အောင်ကြည့်နိုင်ဖို့ ဒီနေရာမှာ လိုအပ်တယ်တဲ့။

အဲဒီတော့ သုညဆိုတာ ဘယ်လိုတုန်းဆိုရင် ခန္ဓာ ၅-ပါးထဲမှာ ငါ့အလိုအတိုင်း ဖြစ်အောင် လုပ်နိုင်တဲ့အရာ ရှိသလားကို ကြည့်တာ နော်၊ ရူပက္ခန္ဓာကိုပဲ ကြည့်၊ မျက်စိကိုရော ငါ့စိတ်တိုင်းကျ ရနိုင်တာ ရှိလား၊ လူတိုင်းလူတိုင်း စဉ်းစားကြည့် နားတို့ နှာခေါင်းတို့ အကုန်လုံး, ခန္ဓာကိုယ်မှာ ရုပ်ခန္ဓာကိုယ်တွေဟာ ကိုယ့်စိတ်တိုင်းကျ ကိုယ်ဖြစ်ချင်တဲ့ အတိုင်း အနတ္တလက္ခဏာသုတ်မှာ ဟောထားတဲ့အတိုင်း “ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီတိ” ဆိုတဲ့ “ဒီလိုဖြစ်ရမယ်၊ ဒီလိုမဖြစ်နဲ့” ဆိုတဲ့ ပိုင်နိုင်မှုတွေဟာ ရုပ်ခန္ဓာတွေမှာ ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား၊ စဉ်းစားကြည့်၊ မဖြစ်နိုင်ဘူးဆိုရင် ဖြစ်နိုင်ချေ မရှိသည့်အတွက်ကြောင့် သုညပဲ၊ ကိုယ်ဖြစ်နိုင်အောင် လုပ်နိုင်တဲ့ စွမ်းရည်သတ္တိ ကိုယ့်မှာ မရှိဘူးတဲ့၊ အဲဒါကြောင့်မို့ ရုပ်မှာ လုပ်လို့ရတာ တစ်ခုမှမရှိဘူး၊ သူ့ဟာသူ ဖြစ်နေတာ။

တစ်ချို့က ထင်ကောင်း ထင်မယ်၊ တပည့်တော် နှာစေးရင် cold tablet တို့ ဘာတို့သောက်၊ ပျောက်တယ်ဘုရားတဲ့၊ ကိုယ်ဖြစ်ချင် တာ ဖြစ်တယ်လို့ အောက်မေ့နေမှာပေါ့နော်၊ သို့သော် အိုမယ့် [၃၇၄] ရုပ်ကြီးကို မအိုအောင်ဆိုတာ လုပ်လို့ရလား၊ မရဘူး၊ သို့သော် တစ်ချို့ကလည်းပဲ ဓာတ်လုံးရေစိမ်သောက်လို့ရှိရင် မအိုဘူးလို့ ထင်တာလည်း ရှိသေးတယ်နော်၊ ပြဒါးပြာစားပြီး မအိုဘူးလို့ ထင်တာရှိတယ်၊ ဘုန်းကြီးတို့လည်း ခဏခဏရတယ်၊ ပြဒါးပြာတွေ မသောက်ရဘူးလို့ ပြောလို့ တစ်ခါမှ မသောက်ရဲဘူး၊ နောက်ဆုံးမှာ ပြဒါးပြာသောက်တဲ့ပုဂ္ဂိုလ်တွေဟာ အသည်းရောဂါတို့ ဘာတို့ ဒါ တစ်ခုခုနဲ့ သွားတာပဲ၊ မသေမှာ မဟုတ်ဘူး၊ သေမှာပဲနော်၊

သုညတော လောကံ အဝေက္ခ - ဝေဒနာလည်း ထို့အတူပဲ၊ အလွန်ထင်ရှားတယ်၊ ပျော်တာချည်း ဘယ်တော့မှ မဖြစ်နိုင်ဘူးနော်၊ သညာကလည်း အမှတ်အသား မလွဲစေရဘူး, ဘယ်တော့မှ မဖြစ်ဘူး၊ သင်္ခါရလည်းပဲ ကောင်းတဲ့ အကြံတွေချည်းပဲ, ကောင်းတဲ့လှုံ့ဆော်မှုတွေချည်းပဲ ဘယ်တော့မှ မဖြစ်ဘူး၊ ဝိညာဏ အသိစိတ်ကလည်း အမြဲတမ်း ကိုယ်ဖြစ်ချင်တဲ့စိတ်မျိုး ဘယ်တော့မှ မဖြစ်ဘူးတဲ့၊ အဲဒါတွေဟာ “အဝသ ဝတ္တနလက္ခဏာ”၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ကိုယ့်အလိုမပါသည့် အတွက်ကြောင့် အနတ္တ၊

အဲဒါ
သုည။

နောက်တစ်ခုက တုစ္စသင်္ခါရ - သင်္ခါရသက်သက်ပဲ၊ ဘာမှ မရှိဘူး၊ Emptiness ပဲ၊ ဘာဖြစ်လို့တုန်းဆိုတော့ ပေါင်းထားတဲ့အခါမှာ လှုပ်ရှားတာ၊ တစ်ခုစီ ခွဲလိုက်လို့ရှိရင် ဘာမှ ရှာမတွေ့တော့ဘူး၊ ခုခေတ်ဆို သာပြီးထင်ရှားတာပေါ့ Robot ဆိုတဲ့ အရုပ်လေးတွေကို ကြည့်ပေါ့၊ ပေါင်းစပ်ထားတဲ့အခါ စကားပြောတယ်၊ တကယ် [၃၇၅] နှုတ်ဆက်တယ်နော်၊ ကဲ ဖြုတ်လိုက်တယ်ဆိုရင် ဘာလုပ်နိုင်သေးလဲ၊ ဘာမှ မလုပ်နိုင်တော့ဘူး၊ ပေါင်းစပ်ထားရင် Energy ဆိုတာရတယ်။ ဖြုတ်လိုက်တာနဲ့ တစ်ခုစီဆိုရင် ဘာမှ ရှာလို့တွေ့မှာ မဟုတ်ဘူး၊ အဲဒါလိုပဲ ဘုန်းကြီးတို့တစ်တွေရဲ့ ခန္ဓာကိုယ်ဟာလည်း ရုပ်နဲ့နာမ် ပေါင်းစပ်ထားသည့် အတွက်ကြောင့် စကားပြောတယ်, ငိုတယ်, ရယ်တယ်၊ ဒါမျိုးတွေ ဖြစ်လာတာကိုး၊ ကြည့်လိုက်မယ်ဆိုရင် ဘာမှမရှိဘူး သုည၊ ဒါကြောင့်မို့ ခန္ဓာ ၅-ပါးကို သုညလို့ မြင်အောင်ကြည့်တဲ့၊ သုညလို့ မြင်အောင်ကြည့်လို့ရှိရင် ဘာကို ဖယ်ရှားနိုင်တုန်း ဆိုရင် အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိတို့ကို ဖယ်ရှားနိုင်တယ်တဲ့၊ အတ္တာနုဒိဋ္ဌိ ဥဟစ္စ - အဲဒါကိုဖယ်ရှားလိုက်မှ ဧဝံ မစ္စုတရော သိယာ - သေခြင်းကို ကျော်လွှားနိုင်တယ်တဲ့၊ အဲဒီလိုကျင့်တဲ့ပုဂ္ဂိုလ်မှ သေမင်းက ကိုယ့်ကို မတွေ့မှာတဲ့၊ နို့မို့ ပုန်းလို့ မရဘူးတဲ့နော်။

တစ်ချို့က သေမင်းကို ပုန်းတယ်ဆိုပြီး အသက်ကို မှန်အောင် မပြောဘူး၊ လျှော့ပြောတယ်၊ အသက်ကြီးတဲ့လူကို ခေါ်တယ်လို့ သူက ယူဆတာကိုး၊ အဲဒီတော့ အသက်ကို လျှော့ပြောတယ်၊ သေမင်းကြား သွားမှာ စိုးလို့တဲ့၊ သေမင်းက ဘယ်သူတုန်းဆိုရင် ပြောနေတဲ့သူကိုက သေမင်းပဲ။

ဒီဂါထာလေးက ဝိသုဒ္ဓိမဂ်မှာလည်းပဲ ဖော်ပြထားတယ်၊ သုညလို့ရှုတဲ့နေရာမှာ ဒီဂါထာလေးဟာ အင်မတန်မှ နာမည်ကြီးတဲ့ ဂါထာလေးတစ်ခုပဲ၊ ကိုးကားပြီးတော့ ဖော်ပြခြင်း ခံရတယ်၊ [၃၇၆] “သုညတော
လောကံ
အဝေက္ခ
မောဃရာဇ သဒါ သတော”

“အမြဲတမ်း သတိရှိပြီးတော့ လောကကြီးကို ခန္ဓာ အာယတန ဓာတ်ဆိုတဲ့ ဒီ သဘာဝတရားတွေကို သုညလို့ မြင်အောင်ကြည့်”တဲ့ အဲဒီလိုမြင်အောင် ကြည့်လို့ရှိရင် အတ္တဒိဋ္ဌိဆိုတာ ဖယ်ရှားနိုင်လိမ့်မယ် တဲ့၊ ဖယ်ရှားနိုင်လို့ရှိရင် မင်းသေခြင်းကို လွန်မြောက်နိုင်ပါတယ်လို့ ဒီလိုပြောတာနော်၊ အဲဒီတော့ မောဃရာဇလည်း ကျေနပ်သွားပြီး သူလည်း ရဟန္တာဖြစ်သွားတယ်။

ပိင်္ဂိယ၏ အမေးကို ဖြေဆိုခြင်း

နောက်ဆုံးတစ်ယောက်က ပိင်္ဂိယ ဖြစ်တယ်၊ သူကတော့ အဘိုးကြီး၊ အသက်တော်တော်ကြီးပြီ၊ ကျန်တဲ့သူတွေထက် ကြီးပုံ ရတယ်၊ သူ့ဦးလေးက ဗာဝရီပုဏ္ဏား၊ ဗာဝရီပုဏ္ဏားရဲ့တူပဲ၊ ဗာဝရီပုဏ္ဏားကြီးကလည်း အသက်-၁၂ဝ၊ သူကလည်းပဲ အသက်-၁၂ဝ၊ ဘယ့်နှယ် ဦးလေးနဲ့ တူက တူနေရသလဲလို့ တစ်ချို့က ထင်ကောင်း ထင်မယ်၊ ဘုန်းကြီးတို့ဆိုရင် ဘုန်းကြီးတို့တူက ဘုန်းကြီးတို့ထက် အသက်ကြီးတယ်၊ အဲဒါမျိုးက ရှိတယ်လေ၊ လူမှာ မျိုးရိုးမှာ ဝါစဉ်ကျတော့ ကိုယ်ကကြီးပြီးတော့ အသက်ကျတော့ ကိုယ်က ငယ်တာရှိတယ်၊ ဆိုပါစို့ - ဘုန်းကြီးတို့ရဲ့အစ်ကိုကြီးတစ်ယောက်က သမီးတစ်ယောက်ကို မွေးတယ်၊ အဲဒီသမီးက ဘုန်းကြီးတို့ထက် [၃၇၇] အသက်ကြီးတယ်၊ ဒါပေမယ့် သူက တူမတော်နေတယ်ပေါ့ ကိုယ်က ဝါကြီးတာကိုး၊ အဲဒါမျိုးလိုပေါ့။

အခု ဗာဝရီနဲ့ အသက်အတူတူပဲ၊ သူ့ဦးလေးနဲ့ သူက အသက်တူတူပဲ၊ ဗာဝရီပုဏ္ဏားကြီးကလည်း အသက်-၁၂၀၊ အခု ပိင်္ဂိယဆိုတဲ့ ပုဏ္ဏားကလည်း အသက် -၁၂၀ ရှိပြီ၊ အဘိုးကြီးက တော်တော်ကို ကြိုးစားပြီး မြတ်စွာဘုရားကို တွေ့ချင်လို့လိုက်လာတာ၊ သူက ၁၆-ယောက်မြောက် မေးခွင့်ရတယ်ပေါ့။

အဲဒီတော့ သူက မေးခွန်းကို မမေးသေးဘဲနဲ့ သူ အသက်ကြီးတာကို အရင်ပြောတယ်၊ ဇိဏ္ဏောဟမသ္မိ အဗလော ဝီတဝဏ္ဏော - တပည့်တော်က အဘိုးကြီးဖြစ်နေပြီဘုရားတဲ့၊ အဗလ- အားတွေလည်း မရှိတော့ဘူး၊ ဝီတဝဏ္ဏော - အသားအရေတွေလည်း စိုပြေမှု မရှိတော့ဘူးတဲ့၊ ဒီလိုပြောတာ ဟုတ်လား၊ ဒါတင်မဟုတ်ဘူး နေတ္တာန သုဒ္ဓါ သဝနံ န ဖာသု မျက်စိကလည်း မကောင်းဘူးတဲ့၊ နားကလည်း သိပ်ပြီး မကြားဘူးတဲ့ ဘုရားဟောတဲ့တရားကို အတော်နားထောင်ယူရမယ်နော်၊ အခုခေတ် အသက်ကြီးတဲ့လူတွေလည်း ဒီလိုပဲ ညည်းတာပဲ၊ မျက်စိကလည်း မကောင်းဘူး၊ နားကလည်း မကြားတော့ဘူး၊ မာ'ဟံ နဿံ မောမုဟော အန္တရာဝ တပည့်တော် ဒီလို အခြေအနေတွေထဲမှာ တွေတွေဝေဝေ ဘာမသိညာမသိနဲ့ မသေချင် [၃၇၈] ဘူးဘုရားတဲ့၊ သူပြောတဲ့စကားလေးက အတော်သနားစရာ ကောင်းတယ်နော်၊ “အာစိက္ခ ဓမ္မံ ယမဟံ ဝိဇညံ၊ ဇာတိဇရာယ ဣဓ ဝိပ္ပဟာနံ” ဒီဘဝမှာပဲ ဇာတိ ဇရာ ဗျာဓိ မရဏတွေက လွတ်မြောက်တဲ့တရားကို သူသိချင်တယ်တဲ့၊ အဲဒါကို ဟောပါတဲ့၊ အိုရခြင်းတရား နာရခြင်း တရားတွေက လွန်မြောက်တဲ့တရားမျိုးရှိရင် သူ့ကိုဟောပါတဲ့။

မြတ်စွာဘုရားက သူ့ကို ဘာဟောတုန်းဆိုရင် “ရုပ်တရားကြီးဟာ ယခုလို အင်မတန်မှ စိတ်ပျက်စရာကောင်းတယ်” ကြည့်လေ နာမ်တရားနဲ့ မတူဘူး၊ လူတွေကလည်း ပြောကြတယ်လေ၊ ဒီလူက လူသာအိုတယ် စိတ်မအိုဘူးလို့ပြောကြတယ် မဟုတ်လား၊ မှန်တယ်၊ လူတော့ အိုတယ်၊ စိတ်မအိုဘူး၊ လူကတော့ အိုသွားတာ တဖြည်းဖြည်းချင်း မျက်စိကလည်း မှုန်လာတယ်, နားကလည်း ထိုင်းလာတယ်၊ ဆရာတော်ကြီးတစ်ပါးပြောသလို “မျက်စိက မှုန်၊ လက်က တုန်၊ သွားရုံ ရှိတော့သည်” တဲ့၊ အသက်ကြီးလာပြီဆိုရင် အဲဒီလို ဖြစ်တယ်လေ၊ မျက်စိကလည်း မှုန်လာတယ်၊ လက်တွေက လည်း တုန်လာတယ်နော်၊ ဟင်းချိုဇွန်းနဲ့ ခပ်သောက်လို့ရှိရင် ပါးစပ်နား မရောက်နိုင်ဘူး၊ ဟုတ်လား၊ တုန်နေလို့။

အေး အဲဒီလို ရုပ်တွေက ဒုက္ခပေးတယ်၊ အဲဒီလို ရုပ်ခန္ဓာကိုယ် ရထားတဲ့ပုဂ္ဂိုလ်တွေဟာ ရုပ်တရားရဲ့နှိပ်စက်မှုတွေကို အများကြီး ခံရတယ်၊ ဒါ ရုပ်တရားက ကိုယ့်ကို နှိပ်စက်တာပဲလေ၊ မျက်စိက မှုန်ပြလိုက်တယ်၊ မျက်မှန်ကြီး တပ်ရတယ်၊ နားက လေးပြလိုက်တယ်၊ [၃၇၉] နားကြပ်ကြီး တပ်ရတယ်၊ ဒါ ကိုယ့်ကို ဒုက္ခပေးနေတာပဲလေ။ အဲဒီလို ဒုက္ခပေးနေတာတွေ မြတ်စွာဘုရားက သူ့ကို ပြောတယ်၊ ဒိသွာန ရူပေသု ဝိဟညမာနေ - ရုပ်တရားက ဒုက္ခ ပေးနေတာကို မြင်တယ် မဟုတ်လားတဲ့၊ အဲဒီလိုမြင်ရင် ရုပ်တရားတွေဟာ သတ္တဝါတွေကို ဘယ်လောက် နှိပ်စက်တယ်ဆိုတာ သိတယ် မဟုတ်လား၊ ဒါကြောင့်မို့မမေ့မလျော့နဲ့၊ အဲဒီရုပ်တရားတွေ နောက်မရဖို့ရာအတွက် ကြိုးစားရမယ်။

“ဇဟ ရူပံ အပုနဗ္ဘဝါယ-” နောင်ဘဝမဖြစ်ဖို့အတွက် ရုပ်တရားကြီးကို ပယ်လိုက်လို့ပြောတာ။ ဒါက ရုပ်တရားကို လိုချင်တဲ့ တဏှာကို ဖယ်လိုက်ပါလို့ ဒီလိုပြောတာပဲ၊ ဟုတ်လား၊ အဲဒီတော့ ဒီတဏှာကို မဖယ်နိုင်သေးလို့ရှိရင် ရုပ်တရားက လာနေဦးမှာပဲတဲ့၊ ဒါကြောင့်မို့ တဏှာကို ဖယ်လိုက်ပါလို့ မြတ်စွာဘုရားက ဒီလို ဟောတာနော်။

ကဲ အဲဒီလိုလည်း တရားဟောပြီးတော့ သူက ဘာပြောတုန်း ဆိုတော့ “အရှင်ဘုရားဟာ” တဲ့၊ “အရပ် ၄-မျက်နှာအားလုံး အရှင်ဘုရား မသိတာ မမြင်တာ မကြားတာ ဘာမှမရှိပါဘူး”တဲ့၊ “အဲဒီလောကတွေ အပေါ်မှာလည်း အရှင်ဘုရားမှာ ကြောင့်ကြမှုဆိုတဲ့ ကိလေသာတွေဟာလည်း တစ်ခုမှ မရှိပါဘူး” တဲ့၊ “ဒီဘဝမှာ ဇာတိ ဇရာ မရဏကို ဖယ်ရှားနိုင်တဲ့တရားကို တပည့်တော်သိအောင် လည်း အရှင်ဘုရားဟောတာ မှန်ပါတယ်” တဲ့၊ အဲဒီတော့ သူဟာ [၃၈၀] “အရှင်ဘုရားဟောတာနဲ့ ပတ်သက်ပြီးတော့ ယုံကြည်ပါတယ်၊ ကျေနပ်ပါတယ်”။

အဲဒီလိုပြောတဲ့အခါ မြတ်စွာဘုရားက သူ့ကိုပိုပြီး ရှင်းပြတယ်၊
“တဏှာဓိပန္နေ မနုဇော ပေက္ခမာနော,
သန္တာပဇာတေ ဇရသာ ပရေတေ၊
တသ္မာ တုဝံ ပိင်္ဂိယ အပ္ပမတ္တော,
ဇဟ တဏှံ အပုနဗ္ဘဝါယ”

တဏှာရဲ့ အလွှမ်းမိုးခံနေရတဲ့ လူတွေကိုကြည့်၊ တဏှာဆိုတဲ့ လိုချင်တဲ့သဘာဝတရားရဲ့ လွှမ်းမိုးမှုခံနေရတော့ လူတွေဟာ ဘာဖြစ်လဲလို့ဆိုရင် အဲဒီတဏှာကြောင့် ပူလောင်မှုတွေ ဖြစ်ပြီး နောက်ဆုံးမှာ အိုမင်းရင့်ရော် သွားတာတွေကို တွေ့ရတယ်၊ ကိလေသာ တဏှာရာဂတွေများတဲ့ ပုဂ္ဂိုလ်ဟာ ပိုပြီးတော့ မြန်မြန် အိုတယ်လို့ ပြောရမယ်နော်၊ ဒေါသကြီးတဲ့ ပုဂ္ဂိုလ်လည်း မြန်မြန် အိုတယ်တဲ့နော်၊ သန္တာပဇာတေ ဇရသာ - ဇရာတရားရဲ့ နှိပ်စက်ခံနေ ရတဲ့ပုဂ္ဂိုလ်တွေကို ကြည့်ပြီး “ပိင်္ဂိယ တဲ့, မင်း နောက်တစ်ခါ မဖြစ်ရလေအောင် တဏှာကိုသာ မမေ့မလျော့ ကြိုးစားပြီးတော့ ပယ်ပါလို့ ဒီလိုဟောလိုက်တယ်။

အဘိုးကြီးခမျာ သူ့မှာနားကလည်း ကြားတစ်ချက် မကြား တစ်ချက် ထင်ပါရဲ့။ ပြီးတော့ စိတ်ကလည်း ဘယ်ရောက်နေတုန်းဆို သူ့ဦးလေးဆီ စိတ်က ရောက်နေတယ်၊ ငါ့ဦးလေးဟာ ဒီတရားတွေ မနာရဘူး၊ သူ မလိုက်လာနိုင်ဘူး၊ အသက်က ကြီးတယ်ပေါ့နော်၊ [၃၈၁] ငါတို့သာ လွှတ်လိုက်တာ၊ သူက မလာဘူးဆိုတဲ့ တရားနာရင်း အဲဒီ အတွေးတွေ ဝင်နေသည့်အတွက်ကြောင့် သူဟာ ရဟန္တာမဖြစ်ရှာဘူး၊ အနာဂါမ်အဆင့်လောက်ပဲ ရောက်သွားတယ်တဲ့၊ တရားအာရုံထဲမှာ စိတ်ကို ပြည့်ပြည့်ဝဝ မရောက်ဘူးဆိုတဲ့အခါ သူဟာ အနာဂါမ်လောက်ပဲ ဖြစ်တယ်၊ ဘာဖြစ်လို့လဲ၊ သူ့ဦးလေးကို သူသတိရနေတယ်၊ မြတ်စွာဘုရားကတော့ ရဟန္တာဖြစ်သည့် အနေအထားထိအောင် ဟောပေးတာပဲ။

ပိင်္ဂိယက အသက်အရွယ်ကြီးတာက တစ်ကြောင်း, သူ့ရဲ့ ဦးလေးဖြစ်သူ တရားပွဲမှာ မပါဝင်လို့ စိတ်က အဲဒီရောက်နေတာက တစ်ကြောင်းကြောင့် ရဟန္တာဖြစ်ရမယ့်အဆင့်ထိ မရောက်နိုင်ဘဲနဲ့ အနာဂါမ်အဆင့်ထိပဲ ရောက်သွားတယ်တဲ့၊ သူနဲ့ အတူပါလာတဲ့ သူ့ရဲ့တပည့်တွေ တစ်ထောင်ကတော့ အားလုံး ရဟန္တာဖြစ်သွားကြတယ်၊ အားလုံးရဟန္တာဖြစ်သွားတာနဲ့ တစ်ပြိုင်နက် ရသေ့အသွင်ကနေ အားလုံးရဟန်းအသွင် ပြောင်းသွားကြတယ်တဲ့။

အဲဒီ ပါရာယနဆိုတဲ့ ဒီတရားပွဲကြီးမှာ မြတ်စွာဘုရားက ပါသာဏကစေတီလို့ခေါ်တဲ့ ကျောက်ဖျာကြီးနားမှာရှိတဲ့ နတ်ကွန်းကြီးအနီး ကွင်းကျယ်ကြီးထဲမှာ တရားဟောတာ၊ ပရိသတ်ကလည်း အများကြီးပဲ၊ သူတို့ရသေ့နဲ့ ပတ်သက်တဲ့ ပရိသတ်တင်ပဲ တစ်သောင်း ခြောက်ထောင်ရှိတယ်လေ၊ အဲဒီတော့ သိန်းကျော်ရှိတဲ့ ပရိသတ်ကြီး အလယ်မှာ ဒီတရားဟောတာ၊ အဲဒီတော့ ရသေ့ ၁၆၀၀၀-ဟာ အကျွတ်တရား ရသွားတယ်လို့ ဒီလိုပြောတာ၊ တရားထူး တရားမြတ် [၃၈၂] ရသွားတယ်၊ အဝေးက လာရောက်ပြီးတော့ တရားနာကြတဲ့နတ်တွေ ကတော့ ၁၄-ကုဋေလောက် အကျွတ်တရား ရသွားကြတယ်လို့ ဒီလို မှတ်တမ်းထဲမှာ ရှိတယ်ပေါ့နော်၊ တရားပွဲလည်းပြီးရော အသီးသီးဟာ ကိုယ့်နေရာကိုယ့်ဒေသ ပြန်သွားကြတယ်၊ ရသေ့တွေကတော့ ရဟန္တာဖြစ်သွားကြပြီးတော့ မြတ်စွာဘုရားကလည်း သာဝတ္ထိပြည် ပြန်ကြွသွားတော့ ဘုရားနဲ့ အတူ ပါသွားကြတယ်၊ ပိင်္ဂိယတစ်ယောက်ပဲ သူက သူ့ဦးလေးဆီ ပြန်ပြီးတော့ သတင်းပို့ရဦးမယ်၊ ကျန်တဲ့သူတွေကတော့ ရဟန္တာ ဖြစ်သွားတော့ မသွားကြတော့ဘူး၊ ဘုရားနောက် လိုက်သွားကြပြီ၊ သူကတော့ သူ့ဦးလေးဆီ ပြန်သွားတယ်၊ အိန္ဒိယတောင်ပိုင်း အတော်လှမ်းတဲ့နေရာမှာ၊ ဘုရားကို ခွင့်ပန်ပြီးတော့ “တပည့်တော် ဦးလေးဆီကို အကျိုးအကြောင်း သွားပြောပါဦးမယ်” ဆိုပြီး ပြန်သွားတယ်။

သို့သော်လည်း သူသွားတဲ့အခါမှာ ခြေလျင်သွားတာ မဟုတ် ဘူးတဲ့နော်၊ အနာဂါမ်ဖြစ်သွားတဲ့အခါ ဉာဏဂမန စိတ္တဂမန စိတ်အသွားနဲ့ သွားလိုက်တာဆိုတော့ ဒီနေရာပျောက်ပြီး ဟိုနေရာ ဘွားကနဲ ရောက်သွားတယ်ပေါ့ အဲဒီလို ဈာန် အဘိညာဉ်တန်ခိုးနဲ့ သွားတယ်။

ဗာဝရီပုဏ္ဏားကြီးကလည်းပဲ “သူတို့သွားတာ တော်တော်ကြာပြီ၊ အခုချိန်ဆို ပြန်လာတော့မယ် ထင်တယ်” ဆိုပြီး အမြဲတမ်း မျှော်နေတယ်၊ သူနေတဲ့တဲ ကျောင်းကလေးကနေ ထွက်ထွက် [၃၈၃] မျှော်နေတယ်၊ ပိင်္ဂိယက ရောက်ခါနီး သူ့ဦးလေးကို လေးစားတဲ့ အနေနဲ့ ခပ်လှမ်းလှမ်းကနေ ခြေကျင်လျှောက်လာတယ်၊ ပိင်္ဂိယကို မြင်တဲ့အခါ “ဘယ့်နှယ့်တုန်း တို့ထင်တဲ့အတိုင်း ကျော်တဲ့အတိုင်း ဘုရားဆိုတာ ဟုတ်ကဲ့လား၊ မင်းတို့မေးခွန်းတွေ မေးခဲ့ရဲ့လား”လို့ မေးတယ်။

ပိင်္ဂိယက“ဟုတ်မှန်တဲ့အကြောင်းကို သူအကုန်ပြန်ပြီးတော့ ပြောပြမယ်” ဆိုတဲ့အခါ ဗာဝရီပုဏ္ဏားက သူနဲ့ အတူရှိနေတဲ့ တပည့်တွေကို တရားပလ္လင် ပြင်ခိုင်းပြီး ပိင်္ဂိယကို ထိုင်ခိုင်းပြီးတော့ ရှင်းလင်းစေတယ်နော်၊ အတွေ့အကြုံ ရှင်းလင်းပွဲပေါ့ မြတ်စွာဘုရားနဲ့ တွေ့ကြုံခဲ့တာတွေ ပြန်ပြီးတော့ ရှင်းပြတယ်။

“ဘုရားဟောတဲ့တရားတွေဟာတဲ့၊ အစဉ်အလာ လူပြော သူပြော တဆင့်ကြားတွေ ပြောတာမဟုတ်ဘူး၊ သူကိုယ်တိုင် သိပြီးတော့ ဟောတဲ့တရားတွေသာ ဖြစ်တယ်၊ ဘယ်လိုဖြစ်ခဲ့တယ်၊ ဘယ်လို ဖြစ်လိမ့်မယ်ဆိုတာတွေ မဟောဘူးတဲ့၊ တကယ့်လက်တွေ့ ကျကျကို ဟောတယ်တဲ့၊ အကုန်လုံး သိနိုင်တဲ့တရားတွေကို ဟောတယ်”လို့ အဲဒီလို ပြောနေတဲ့အချိန်မှာ ဗာဝရီပုဏ္ဏားကလည်း သဘောကျလို့ နားစိုက်နားထောင်တယ်၊ မေးတယ်၊ “မင်း အဲဒီလောက် ထူးခြားတဲ့ ဘုရားထံက ဘာဖြစ်လို့ ပြန်လာသလဲပေါ့၊ အတူတူ မနေဘူးလား”ပေါ့၊ ပိင်္ဂိယက “စိတ်အနေနဲ့က ဘုရားနဲ့သူ အတူတူ နေပါတယ်၊ ကာယအနေနဲ့က ဝေးလံနေပေမယ့် ဘုရားနဲ့သူဟာ [၃၈၄] အတူရှိနေတယ်၊ အမြဲတမ်း သူ့စိတ်ထဲမှာ ဘုရားနဲ့သူ အမြဲတမ်း ရှိနေတယ်ဆိုတဲ့ အကြောင်း”ကို ပြောတယ်။

အဲဒီလို ပြောနေတဲ့အချိန်မှာပဲ အင်မတန်မှလင်းတဲ့ အလင်းရောင်ကြီးတစ်ခုဟာ သူတို့ဆီကို ဝင်ရောက်လာတယ်၊ အဲဒီ အလင်းရောင်ထဲမှာ ဗုဒ္ဓရဲ့ရုပ်ပုံတော် ပေါ်လာတယ်။ တကယ့် ဘုရားသခင်ကိုယ်တော်မြတ် ကြွလာတယ်လို့ ခံစားရတယ်ပေါ့၊ တကယ်တော့ မြတ်စွာဘုရားက သူတို့ တူဝရီးတွေ့ဆုံနေတဲ့ အချိန်မှာ ဇေတဝန်ကျောင်းတော်ကနေ ရောင်ခြည်တော် လွှတ်ပြီးတော့ ပိင်္ဂိယကို တိုက်တွန်းနှိုးဆော်လိုက်တာ၊ “ပိင်္ဂိယတဲ့ မင်းမှာ သဒ္ဓါစွမ်းအားတွေ ရှိပါတယ်တဲ့ ဝက္ကလိဟာ သဒ္ဓါစွမ်းအားတွေကြောင့် ရဟန္တာဖြစ်သွားသလို ဘာဝုဓဟာလည်း သဒ္ဓါစွမ်းအားတွေနဲ့ ရဟန္တာဖြစ်သလို၊ မင်းမှာလည်း သဒ္ဓါစွမ်းအားတွေရှိတယ်၊ ဒါကြောင့်မို့လို့ သဒ္ဓါစွမ်းအားတွေကို တိုးမြှင့်ပေး၊ ငါဟောတဲ့ အနိစ္စ ဒုက္ခ အနတ္တ ဝိပဿနာဉာဏ်တွေနဲ့ ပတ်သက်ပြီးတော့ ဆုံးဆုံးဖြတ်ဖြတ် သဒ္ဓါစွမ်းအားတွေနဲ့ ဆုံးဖြတ်ချက် ချနိုင်အောင် ကြိုးစားလို့ အဲဒီလို ကြိုးစားလို့ရှိရင် သေခြင်းတရားကို ကျော်ဖြတ် နိုင်မှာ”လို့မြတ်စွာဘုရားကဟောလိုက်တယ်။ ပိင်္ဂိယဟာ အဲဒီအခါမှာ ရဟန္တာ ဖြစ်သွားတယ်၊ ဗာဝရီပုဏ္ဏားကြီးကတော့ အဲဒီအချိန်မှာ အနာဂါမ် ဖြစ်သွားတယ်တဲ့။

ပါရာယနဒေသနာဟာ ဗာဝရီပုဏ္ဏားကြီးရော တပည့်တွေရော၊ အားလုံးဟာ အကျိုးရှိသွားတဲ့ တရားဒေသနာ ဖြစ်ပါတယ်၊ [၃၈၅] ဒီတရားဒေသနာတော်မှာ ဂါထာပေါင်း ၁၇၄-ပုဒ် ရှိတယ်၊ ဘုန်းကြီးတို့တတွေ အကုန်လုံး ၁၇၄-ပုဒ်စလုံးကို ခြုံငုံမိရုံမျှ ဟောပြောခြင်း ဖြစ်ပါတယ်၊ အဲဒီ ၁၇၄-ပုဒ်လုံးကို အသေးစိတ် ပြောတာ မဟုတ်ပါဘူး။

“ပါရာယန နိဗ္ဗာန်ရောက်ကြောင်းတရား နိဗ္ဗာန်လမ်းပြတရား” ဆိုတာ မဂ္ဂင် ၈-ပါးပဲ ဖြစ်ပါတယ်၊ အဲဒီ မဂ္ဂင် ၈-ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့်သာလျှင် အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခတွေက လွတ်မြောက်နိုင်တယ်လို့ကိုယ်စီကိုယ်စီသဘောကျပြီး နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု
သာဓု
သာဓု
jx5syxvhqnded8dp9ucan0bmojcyfvd
ဗုဒ္ဓဘာသာဖြစ်ရန်အခြေခံ
0
6471
22339
2026-11-05T16:09:07Z
Tejinda
173
"{{header | title = ဗုဒ္ဓဘာသာဖြစ်ရန်အခြေခံ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ပါရာယန..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22339
wikitext
text/x-wiki
{{header
| title = ဗုဒ္ဓဘာသာဖြစ်ရန်အခြေခံ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ပါရာယနဒေသနာ]]
| previous2 = [[ပတ်ဝန်းကျင်ကို ရှုမြင်၍ မိမိဘဝကို ပြုပြင်ခြင်း]]
| next = [[မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဗုဒ္ဓဘာသာဖြစ်ရန်အခြေခံ

[၁] မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၇-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၅-ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂-ရက်နေ့၊ ၂၀၁၄-ခုနှစ် ဖေဖော်ဝါရီလ ၁၆-ရက်၊ တွံတေးမြို့ နယ်၊ ကံဘဲ့ စံပြကျေးရွာ ဈေးဟောင်းရှေ့ ဓမ္မမဏ္ဍပ်အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ် သည့် ကံဘဲ့စံပြကျေးရွာ အဘိဓမ္မာပြန့်ပွားရေးအဖွဲ့မှ ကြီးမှူး ကျင်းပအပ်သော တတိယအကြိမ်မြောက် ဓမ္မပူဇာ ဓမ္မသဘင် အခမ်းအနား၌ ဟောကြားအပ်သော “ဗုဒ္ဓဘာသာဖြစ်ရန် အခြေခံတရား” အကြောင်း တရားဒေသနာတော်။

“ဗုဒ္ဓဘာသာဖြစ်ရန် အခြေခံတရား”၊ ဗုဒ္ဓဘာသာ ဖြစ်ဖို့အတွက် သဒ္ဓါနဲ့ပညာ ဘယ်ဟာက အခြေခံ ဖြစ်သလဲဆိုတာ ဒီကနေ့ ရှင်းလင်းပြီး ဟောပြောကြ ရအောင်။ အခြေခံကို ရှာဖွေတဲ့အခါမှာ ရှုထောင့် အမျိုးမျိုးတော့ ရှိမှာပေါ့၊ ရှုထောင့်အမျိုးမျိုးကကြည့်ပြီး [၂] ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံတရားဟာ ဘာလဲ၊ သဒ္ဓါ ပညာဆိုတဲ့ အခြေခံ သဘာဝနှစ်ခုကို သေသေချာချာ စဉ်းစားပြီးကြည့်၊ သဒ္ဓါဆိုတာ ယုံကြည်တာကို ပြောတာ နော်၊ ပညာဆိုတာ သဘာဝတရားတွေကို မှန်မှန် ကန်ကန် စဉ်းစဉ်းစားစား ကွဲကွဲပြားပြားသိတဲ့ အသိ ဉာဏ်ကိုပြောတာ၊ ဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံ တရားဟာ ယုံကြည်မှုဆိုတာက အဓိကလား? အသိ ပညာ ဆိုတာက အဓိကလား?လို့ ပြောမယ်ဆိုလို့ရှိရင် တော့ ရှုထောင့်အမျိုးမျိုးတော့ ရှိမှာပေါ့၊ ဒီရှုထောင့် က ဒီတရားကို ရှင်းလင်းဟောပြပြီးတဲ့အခါမှာ သဒ္ဓါ အခြေခံတာလား, ပညာက အခြေခံတာလား ဆိုတာ ကို ကွဲကွဲပြားပြားမှတ်သားကြရမှာ ဖြစ်တယ်။

ဘုန်းကြီးတို့ငယ်စဉ်တုန်းက ဥပဇ္ဈာယ်ဆရာတော်ကြီးကို “လူတွေ သဒ္ဓါအားနည်းလို့ မှားမှားယွင်းယွင်း ဖြစ်တယ်” လို့ လျှောက်ထားတဲ့အခါမှာ ဆရာတော်ကြီး က ပြင်ပေးတယ်၊ “သဒ္ဓါ မဟုတ်ဘူး ပညာ” တဲ့၊ အဲဒီ ကတည်းက ခေါင်းထဲမှာ စွဲသွားတယ်၊ အခြေခံ [၃] အကြောင်းတရားဟာ သဒ္ဓါ ဆိုတာ မဟုတ်နိုင်ဘူး၊ ပညာကသာလျှင် အဓိကဖြစ်တယ်လို့။

ကဲ၊ စဉ်းစားကြည့် - သဒ္ဓါသည် ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံလို့ ပြောမယ်ဆိုလို့ရှိရင် ဒီကနေ့ခေတ် ဗုဒ္ဓ ဘာသာအပါအဝင် ဘာသာ(၅)မျိုး ကမ္ဘာ့ဘာသာကြီး တွေရှိတယ်၊ အဲဒီကမ္ဘာ့ဘာသာကြီးတွေကို ယုံကြည် ကိုးကွယ်နေကြတဲ့ပုဂ္ဂိုလ်တွေကော သဒ္ဓါမရှိဘူးလားလို့ ပြောမယ်ဆိုရင် ရှိတယ်။ သဒ္ဓါဆိုတဲ့ ပါဠိစကားလုံးကို ကောင်းတဲ့ဘက်မှာပဲ သုံးတယ်။ သို့သော် .. ဒီနေရာ ယုံကြည်မှုဆိုတဲ့ စကားလုံးနဲ့ပဲ အသုံးပြုရမယ်။

အဋ္ဌသာလိနီအဋ္ဌကထာမှာတော့ “ဘာသာခြားတွေ သူတို့ကိုးကွယ်တဲ့ဘုရား၊ သူတို့ကိုးကွယ်တဲ့တရား၊ သူတို့ ကိုးကွယ်တဲ့ဆရာတွေကို ယုံကြည်တာတွေကို သဒ္ဓါလို့ မခေါ်ဘူး” လို့ ဒီလိုဆိုတယ်။

သို့သော် ယုံကြည်မှုမှန်သမျှဟာ သဒ္ဓါလို့ပြောလို့ တော့ ရတယ်၊ သဒ္ဓါနဲ့ အလားတူတဲ့ အင်္ဂလိပ် စကားလုံး တစ်လုံးက faith လို့ ပြောတယ်။ faith ဆိုတာ [၄] ယုံကြည်ချက်ပဲ၊ လူတွေက ယုံကြည်မှုကို အခြေခံပြီး တော့ ဘာသာတရားကို ကိုးကွယ်ကြတယ်၊ သာမန် အားဖြင့် ယုံကြည်တယ်ဆိုတဲ့ စကားလုံးရဲ့နေရာမှာ ကြည့်လေ- အသိပညာမပါတဲ့ ယုံကြည်မှု၊ အသိပညာ ပါတဲ့ ယုံကြည်မှု၊ ပါဠိဘာသာမှာလည်း ခွဲထားတာ ရှိတယ်၊ ‘မုဓပ္ပသန္န’ တဲ့။ အချည်းနှီး ယုံကြည်တာ၊ ပညာ ကင်းမဲ့တဲ့ယုံကြည်မှုကို မုဓပ္ပသန္န ခေါ်တယ်။ အဲဒီ မုဓပ္ပသန္နဆိုတဲ့ blind faith ဟာ အန္တရာယ်များတယ်။

ဒါကြောင့်မို့ ဣန္ဒြေ ၅-ပါးထဲမှာ သဒ္ဓါနဲ့ ပညာ ဆိုတာ နှစ်ခုနဲ့စပ်ပြီး ပရမတ္ထစက္ခုကျမ်းကိုရေးတဲ့ ဒီပဲယင်း ဆရာတော်ကြီးက “သဒ္ဓါကို ပညာစောင့်မှ လမ်းဖြောင့်တယ်တဲ့၊ ပညာကိုလည်း သဒ္ဓါစောင့်မှ လမ်း ဖြောင့်တယ်” သဒ္ဓါနဲ့ ပညာ ဒီနှစ်ခုဟာ တစ်ခုတစ်ခု အစွန်းထွက်သွားလို့ မရဘူး၊ ညှိရမယ်လို့ ဒီလိုဆိုတာ ပေါ့၊ သဒ္ဓါလွန်သွားရင်လည်း လမ်းမှန် မရောက်ဘူး၊ ပညာလွန်သွားရင်လည်း ကောက်ကျစ်စဉ်းလဲသူ ဖြစ် သွားတယ်။

[၅] ဒါကြောင့်မို့ သဒ္ဓါနဲ့ ပညာ နှစ်ခုထိန်းညှိရမယ် ဆိုတဲ့စကားကို ထောက်ထားကြည့်မယ် ဆိုရင်တော့ ပညာမပါတဲ့ ယုံကြည်မှုတွေဟာ တခြားဘာသာဝင် တွေမှာ ရှိနိုင်တယ်လို့ ပြောလို့ရတယ်ပေါ့၊ ရှင်မဟာဗုဒ္ဓဃောသက အဋ္ဌသာလိနီမှာ ရေးတာတော့ သဒ္ဓါ မဟုတ်ဘူး, တဏှာလို့ ရေးသွားတယ်၊ သို့သော်လည်း ယုံကြည်မှုဆိုတာ သဒ္ဓါလို့ပဲ ပြောရမှာပဲပေါ့။

အဘိဓမ္မာမှာ သတိလို့ဆိုတာလည်း အကောင်း ဘက်မှာပဲသုံးတယ်၊ သို့သော် မိစ္ဆာသတိ မရှိဘူးလား ဆိုတော့ သတိဆိုတဲ့နာမည်နဲ့ သုံးတာတော့ ရှိတယ်၊ သို့သော် ဒီသတိစေတသိက် မဟုတ်ဘူးလို့ ဆိုပြန်တယ် ပေါ့၊ သဒ္ဓါလို့တော့ သုံးတယ်၊ သို့သော် ဒီသဒ္ဓါမဟုတ် ဘူးလို့ ဒီလိုလည်းဆိုတယ်။

အသံအားဖြင့် ပြောမယ်ဆိုလို့ရှိရင် မုဓပ္ပသန္န ဆိုတဲ့ မှားယွင်းတဲ့သဒ္ဓါတရား၊ ပညာရဲ့ ထိန်းကွပ်မှု မရှိတဲ့ သဒ္ဓါတရား၊ သဒ္ဓါယုံကြည်မှုသက်သက်၊ “အဝတ္ထုသို့ ပသီဒတိ” မကြည်ညိုရမယ့်နေရာ သွားပြီး ကြည်ညိုမိ [၆] တတ်တယ်လို့ ဒီလိုဆိုတာပေါ့၊ ဒါကြောင့် ပညာစောင့်မှ လမ်းဖြောင့်တယ်။

blind faith လို့ အင်္ဂလိပ်လိုခေါ်တဲ့ မျက်ကန်း ယုံကြည်မှုပဲ။ ဒီတော့ ဗုဒ္ဓဘာသာကို ယုံကြည်တာဟာ မျက်ကန်းယုံကြည်မှုနဲ့ ဆိုင်သလား, ပညာကင်းမဲ့တဲ့ ယုံကြည်မှုလားလို့ ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံကို ရှာကြည့် ရမယ်၊ သဒ္ဓါလား ပညာလားလို့ ဒီနှစ်ခုကို ရှာကြည့်တဲ့ အခါ ဘယ်ဟာက အခြေခံကျသလဲ၊ ပညာဆိုတာ အရာရာ ဆင်ခြင်စဉ်းစားပြီး ကွဲကွဲပြားပြား စစ်စစ် ဆေးဆေး သိရှိနားလည် သဘောပေါက်တာကို ဒီလို ဆိုလိုတာပေါ့။

အဲဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ သဒ္ဓါနဲ့ပညာဟာ ဘယ်ဟာက အခြေခံတရားလဲလို့ဆိုလို့ရှိရင် ပညာသည် သာလျှင် အခြေခံတရားလို့ ပြောရမယ်၊ ဘာကို ထောက်ထားပြီးတော့ ပြောတာလဲ ဆိုလို့ရှိရင် ကံ,ကံ၏ အကျိုးကို သိမြင်တာ၊ ကံ,ကံ၏အကျိုးကို ယုံကြည် တာကိုလည်း သဒ္ဓါလို့ ဒီလိုဖွင့်ဆိုတာတွေ ရှိတယ်။

[၇] သို့သော် “ကံသည်သာလျှင် မိမိဥစ္စာ”လို့ ဆိုတာကျတော့ သဒ္ဓါလို့ ပြောတာမဟုတ်ဘူး၊ သမ္မာဒိဋ္ဌိလို့ပြောတာ။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ကံသာလျှင် မိမိဥစ္စာဆိုတဲ့ အဓိပ္ပာယ်က ကိုယ်လုပ်တဲ့ဟာ ကိုယ်နဲ့သာ သက်ဆိုင် တယ်, ကိုယ့်မှာသာ တာဝန်ရှိတယ်လို့ ဒီလိုဆိုလိုတာ၊ ကိုယ်လုပ်တဲ့ကံ ကိုယ့်မှာသာတာဝန်ရှိတယ်၊ ကိုယ် လုပ်ထားတာ ကိုယ်ပဲအမွေခံရမယ်။ မြတ်စွာဘုရားဟောတဲ့ ပါဠိတော်မှာကြည့် - “ကမ္မဿကာ သတ္တာ ကမ္မဒါယာဒါ’ သတ္တဝါတွေ ဆိုတာ ကိုယ်လုပ်တဲ့ကံ ကိုယ်နဲ့သက်ဆိုင်တယ်၊ ကိုယ်လုပ်တဲ့ ကံရဲ့ ပေးတဲ့အမွေကို ကိုယ်ပဲခံရတယ်၊ 'ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ကမ္မဿ ဒါယာဒါ ဘဝိဿာမ’လို့ဆင်ခြင်စဉ်းစားခိုင်းတာ။ ကြည့်- ကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်၊ မကောင်းတဲ့ အလုပ်ပဲ ဖြစ်ဖြစ်၊ ကုသိုလ်ကံပဲ ဖြစ်ဖြစ်၊ အကုသိုလ်ကံပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့ ကံတရားရဲ့ အမွေကို ကိုယ်ခံရမှာ၊ ကိုယ် ခံယူရမှာပဲဖြစ်တယ်။ ဒီတော့ ကိုယ်လုပ်တာ ကိုယ် ခံရ [၈] တယ်လို့ဆိုတာ ယုံကြည်ချက်လား အသိပညာလားလို့ ပြောရင် အသိပညာလို့ ဆိုရမှာ။

ဒါကြောင့်မို့ သမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးနဲ့ တွဲပြီးတော့ သုံးထားတာ ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိဆိုတာ မှန်မှန်ကန်ကန်မြင်ခြင်း, ပညာကို ရည်ညွှန်းတဲ့စကား၊ အမှန်အကန်ကိုမြင်တယ်၊ တစ်ခါတစ်ရံကျတော့ မြင် တယ်ဆိုတာကို ပိုနားလည်အောင် Understanding လို့ ဒီလို ဘာသာပြန်တာဟာ နားလည်ခြင်းလို့ ဒီလိုဆိုလို တယ်။ နားလည်ခြင်း၊ သဘောပေါက်ခြင်း၊ သိခြင်း၊ မြင်ခြင်းဆိုတာ အသိပညာကို ရည်ညွှန်းတဲ့ စကားလုံး တွေ။

ဒါဖြင့် ကံတရားရှိတယ်လို့ သိတာရယ်, ကံတရား ရဲ့အကျိုး ရှိတယ်လို့ သိတာရယ် ဒီနှစ်ခုကို တချို့သော ကျမ်းဂန်တွေမှာ သဒ္ဓါလို့ ဖွင့်ပေမယ့်လို့ သမ္မာဒိဋ္ဌိနဲ့ တွဲဖက်ပြီး သုံးတဲ့အခါကျတဲ့အခါ သဒ္ဓါကိုပြောတာ မဟုတ်ဘူး၊ မှန်ကန်တဲ့ အမြင်တစ်ခုကို ပြောတာလို့ ဒီလိုပြောရမှာ၊ မှန်ကန်တဲ့ အမြင်တစ်ခုကို ပြောတာ၊ [၉] ဒီတော့ ဗုဒ္ဓဘာသာ ဖြစ်ဖို့အတွက် အနည်းဆုံး ကမ္မဿကတာသမ္မာဒိဋ္ဌိ ဆိုတာ ရှိရမယ်လို့။ ဆိုလိုတာက ကမ္မဝါဒီ၊ ကိရိယဝါဒီ၊ ဘုရား အဆူဆူ ဟာ ကမ္မဝါဒီပဲ၊ ကံရှိတယ်လို့ ဟောပြောတယ်၊ ကိရိယဝါဒီ ကံရှိသည့်အတွက်ကြောင့် ကံကို လုပ်လို့ရတယ် ဟောပြောတယ်၊ ကမ္မဝါဒီ၊ ကိရိယဝါဒီ၊ ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ ရှိတယ်၊ ကုသိုလ်ကံ အကုသိုလ်ကံကို လုပ်လို့ရတယ်၊ ရှိလို့လုပ်ရင် ဖြစ်တယ်၊ ကမ္မဝါဒီ ကိရိယဝါဒီဆိုတဲ့ အဓိပ္ပာယ်က အဲဒါ၊ ဗုဒ္ဓဘာသာဖြစ်ဖို့ အတွက် အနည်းဆုံး ကမ္မဝါဒီဖြစ်ဖို့ လိုအပ်တယ်တဲ့။ ဝိနယမဟာဝဂ္ဂပါဠိမှာ ကြည့်၊ မြတ်စွာဘုရားက ဘာသာမတူတဲ့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဗုဒ္ဓဘာသာ အဖြစ် ရဟန်းဘဝ ခံယူမယ် ဆိုလို့ရှိရင် အညတ္တိတ္ထိယ ပရိဝါသ ဆိုပြီး လေးလစောင့်ကြည့်ခြင်းကို ခံရမယ်။ လိုက်နာကျင့်သုံးစရာတွေကို လိုက်နာကျင့်သုံးရမယ်၊ လေးလဆိုင်းငံ့ထားပြီးတော့ ဗုဒ္ဓဘာသာအပေါ်မှာ စိတ် ဝင်စားတာ, စိတ်ဝင်စားတဲ့အတိုင်း လိုက်နာကျင့်သုံး [၁၀] နေတာ ဟုတ်မဟုတ် ဒါတွေကို စစ်ဆေးလေ့လာဖို့ရာ အတွက် လေးလဆိုင်းရမယ်လို့ ဒီလိုဆိုတာနော်၊ အဲဒီလို လေးလဆိုင်းပြီးတော့မှ ကျေနပ်လောက်တဲ့အဖြေရပြီ ဆိုတော့ ရဟန်းခံခွင့်ပေးတယ်။

နဂိုတည်းက ကမ္မဝါဒီ ကိရိယဝါဒီ ဆိုလို့ရှိရင်တော့ လေးလပရိဝါသ စောင့်ဆိုင်းကျင့်သုံးစရာ မလိုဘူးတဲ့၊ တစ်ခါတည်း ခွင့်ပြုလိုက်တယ်၊ အဲဒါကို ထောက်ထား ကြည့်၊ ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် ကမ္မဝါဒီဖြစ်ဖို့ အရေး ကြီးတယ်၊ ဗုဒ္ဓဘာသာဖြစ်လာပြီးတဲ့ နောက်မှာတောင် မှပဲ လောကီမင်္ဂလာကို လက်ခံယုံကြည်ပြီး .. ကံကို မယုံကြည်ဘူးဆိုရင် ဗုဒ္ဓဘာသာဝင်အညံ့ ဖြစ်သွားတယ်၊ ဗုဒ္ဓဘာသာလို့ နာမည်ခံသော်လည်းပဲ ဗုဒ္ဓဘာသာ အညံ့ ဖြစ်သွားတယ်။

“မင်္ဂလံ ပစ္စေတိ နော ကမ္မံ’ မင်္ဂလာလို့ဆိုတဲ့ လောကီမင်္ဂလာတွေ ယုံကြည်တယ်ဆိုတာ ဒီကနေ့ ခေတ်မှာ အထူးအဆန်းမဟုတ်ဘူး။

[၁၁] မြန်မာလူမျိုးတွေလည်း လောကီမင်္ဂလာတွေကို ယုံကြည်တဲ့အဓိပ္ပာယ်တွေ ရှိတယ်ပေါ့နော်။ ယုံကြည် ပြီးတော့ ကံတရားကို ဒီလောက်မယုံကြည်တဲ့ သဘော ဆန်ဆန်တွေ ရှိတယ်၊ ဘာတွေတုန်းလို့ ပြောရမယ်ဆိုရင် ချင်းပင်စိုက်ရင် နေ့ချင်းညချင်း ကြီးပွားတယ်တို့၊ ကြံပင် စိုက်ရင် အကြံအောင်တယ်တို့၊ ဘုရားလှူတာတောင် ကြံလှူတယ်နော်၊ အကြံအစည်အောင်ချင်တာတဲ့၊ အဲဒါ လောကီမင်္ဂလာ ယုံကြည်တာလို့ခေါ်တယ်၊ ကံကို မယုံကြည်ဘူး။

ကံကိုယုံတယ်ဆိုတာ ကိုယ်လုပ်တဲ့ အလုပ်ဟာ ကောင်းပြီးတော့ အပြစ်ကင်းတဲ့အလုပ်လား၊ ကုသိုလ် အလုပ်လား၊ အကုသိုလ်အလုပ်လား၊ ဒါပဲ ကြည့်ရမယ်၊ ပန်းသီးလှူရင် ပင်ပန်းမယ်၊ ကြာ လှူလို့ရှိရင် ကြန့်ကြာ တယ်ဆိုတဲ့အတွေးတွေဟာ ဗုဒ္ဓဘာသာတွေရဲ့အတွေး မဟုတ်ဘူး၊ မှားယွင်းတဲ့ အယူအဆတွေရှိတဲ့ ပုဂ္ဂိုလ် တွေရဲ့အတွေးမျှသာ ဖြစ်တယ်ပေါ့၊ ဒါလည်း သတိထား စရာပဲ၊ “ကောတုဟလ မင်္ဂလိကော’ တဲ့၊ အများ [၁၂] အုတ်အုတ်ကျက်ကျက်ပြောနေတဲ့ လောကီမင်္ဂလာတွေ ကို လိုက်စားတဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်မျိုး မဖြစ်ရဘူး၊ ကံတရားကို အဓိကထားရမယ်၊ လောကီမင်္ဂလာကို ယုံကြည်တဲ့ပုဂ္ဂိုလ် မဖြစ်ရဘူးလို့ဆိုတော့ ဒါကလည်း အသိပညာနဲ့ဆိုင်တယ်၊ ဒါကြောင့်မို့ ကံတရားရှိတယ်လို့ သိတာ, ကံတရားရဲ့အကျိုးရှိတယ်လို့ သိတာကို သမ္မာဒိဋ္ဌိ လို့ ပြောတာပဲ၊ ကမ္မဿကတာသမ္မာဒိဋ္ဌိ။ “ ကြည့်လေ၊ ဒုစရိုက်ဆယ်ပါးထဲမှာ မနော ဒုစရိုက် ၃-ပါးဆိုတာ ရှိတယ်၊ မနောဒုစရိုက် ၃-ပါး ဆိုတာ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ၊ အဲဒီမှာ မိစ္ဆာဒိဋ္ဌိဆိုတာ ပါတယ်။

မိစ္ဆာဒိဋ္ဌိဆိုတာ သဒ္ဓါကို ပြောတာ မဟုတ်ဘူး၊ မှားယွင်းတဲ့အမြင်တစ်ခုကိုပြောတာ၊ အဲဒီ မှားယွင်းတဲ့ အမြင်ရဲ့ ဆန့်ကျင်ဘက်၊ နောက်တစ်ခါပြောတော့ သမ္မာဒိဋ္ဌိလို့ ပြောတယ်၊ မိစ္ဆာဒိဋ္ဌိနဲ့ သမ္မာဒိဋ္ဌိ၊ ဗုဒ္ဓ ဘာသာဝင် ဖြစ်ဖို့အတွက် သမ္မာဒိဋ္ဌိဖြစ်ဖို့လိုတယ် ဒီလို ဆိုတာပေါ့နော်၊ သမ္မာဒိဋ္ဌိဖြစ်ဖို့ လိုတယ်၊ သမ္မာဒိဋ္ဌိ [၁၃] ဆိုတာ အခြေခံဆယ်ချက်ပေါ်မှာ မှန်ကန်တဲ့ အမြင် ရှိတာကို ပြောတာ၊ မိစ္ဆာဒိဋ္ဌိဆိုတာ အခြေခံ ဆယ်ချက် ပေါ်မှာ မှားယွင်းတဲ့အမြင်တွေရှိတယ်၊ အသိဉာဏ်တွေ မှောက်မှားနေတာကိုပြောတာ။

ဒီနေရာမှာ မိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားလုံးလေးတင် ကြည့်ပြီးတော့ သက္ကာယဒိဋ္ဌိတို့ အတ္တဒိဋ္ဌိဆိုတာတွေကို သွားပြောလို့ မရဘူး၊ အဲဒါမျိုး ဆိုလိုတာ မဟုတ်ဘူး ဒီနေရာမှာနော်၊ အကိရိယဒိဋ္ဌိတို့ နတ္ထိကဒိဋ္ဌိ ဆိုလိုတယ်၊ မိစ္ဆာဒိဋ္ဌိဆိုတာ ဒီနေရာမှာ နတ္ထိကဒိဋ္ဌိ၊ နတ္ထိကဒိဋ္ဌိကို ယူလိုက်ရင် အကိရိယဒိဋ္ဌိဆိုတာလည်း ပါသွားတယ်၊ ဆိုလိုတာက ကံနဲ့ကံရဲ့အကျိုးကို ငြင်းပယ်တာ၊ ကံတရား ရဲ့အကျိုးကို အသိအမှတ်မပြုတာ၊ မပြုခြင်းအားဖြင့် ကံတရားကိုလည်း အသိအမှတ်မပြုဘူးဆိုတဲ့အဓိပ္ပာယ် ရောက်တယ်၊ အကျိုးကို အသိအမှတ်မပြုဘူးဆိုရင် အကြောင်းကိုလည်း အသိအမှတ်မပြုရာရောက်တယ်၊ ဒါကြောင့်မို့ ဒီနေရာမှာ မိစ္ဆာဒိဋ္ဌိဆိုတာ အကိရိယဒိဋ္ဌိ အဟေတုကဒိဋ္ဌိ နတ္ထိကဒိဋ္ဌိ ဒီသုံးခုကို ပြောလိုတာနော်။

[၁၄] ထို အဲဒီမိစ္ဆာဒိဋ္ဌိအယူ ရှိနေလို့ရှိရင် ဗုဒ္ဓဘာသာ မဖြစ် ဘူး၊ သက္ကာယဒိဋ္ဌိရှိရုံနဲ့တော့ ဗုဒ္ဓဘာသာဖြစ်ပါတယ်၊ ဗုဒ္ဓတရားတော်တွေ နာရင်းနာရင်းကနေအနည်းဆုံး ကမ္မဿကတာသမ္မာဒိဋ္ဌိ ရှိရမယ်၊ သက္ကာယဒိဋ္ဌိ ဆိုတာ ကတော့ ရုပ်တရားနာမ်တရားသာ ရှိတယ်ဆိုတဲ့အသိ၊ သုတမယဉာဏ် ရ,ထားပြီဆိုရင် ဒီ သက္ကာယဒိဋ္ဌိဟာ ပရိယုဋ္ဌာနမဖြစ်ဘူး၊ ထကြွပြီး စိတ်ထဲမှာ လွှမ်းမိုးနေတာ မရှိဘူး ဆိုလို့ရှိရင်၊ ဆိုလိုတာက ရောဂါဟာ Activate မဖြစ်ဘူး၊ ထကြွပြီးတော့ ရောဂါက ကိုယ့်ကို မတိုက်ခိုက် သေးဘူး၊ Positive တော့ ဖြစ်နေတယ်။

ဆိုပါစို့- ထင်ရှားအောင်ပြောရမယ်ဆိုရင် ခုခေတ် တော်တော်များများပျံ့နှံ့သွားတဲ့ HIV ဆိုတဲ့ ရောဂါကို ကြည့်၊ သို့မဟုတ် C ပိုး B ပိုး ဒါကိုကြည့်၊ C ပိုး B ပိုး ဆိုတာ သွေးထဲမှာအဲဒီ Hepatitis C ဆိုတာ ရှိနေတယ်၊ ရှိနေတာကို positive လို့ ပြောတာ၊ သွေးသွားစမ်းတဲ့ အခါမှာ ဆရာဝန်က အဖြေထုတ်လိုက်တယ်၊ HIV Positive၊ C ပိုး Positive ဒီလိုရေးလိုက်တာ၊ Positive [၁၅] ဆိုတာ ရှိနေတယ်လို့ပြောတာ၊ ရှိနေရုံနဲ့ အန္တရာယ်ပေးပြီလားလို့ဆိုတော့ ... မပေးသေးဘူး၊ HIV ရှိနေရုံနဲ့ အန္တရာယ်မပေးသေးဘူး၊ ကျန်းမာရေးဂရုစိုက်ပြီးတော့ နေမယ်ဆိုလို့ရှိရင် ၁၀-နှစ် ၁၅-နှစ် ဒီလို ကျန်းကျန်းမာမာ နေသွားလို့ရတယ်၊ သို့သော် Activate လို့ ခေါ်တဲ့ သူကနေပြီးတော့ ပွားလာပြီ နိုးထပြီ လှုပ်ရှားလာပြီ ဆိုလို့ရှိရင်တော့ အန္တရာယ်ကြီးပေါ့၊ အန္တရာယ် ဖြစ်လာပြီ၊ ပရိယုဋ္ဌာန ဖြစ်လာတယ်၊ Positive ဆိုတာ အနုသယနဲ့ အလားသဏ္ဌာန်တူတယ်၊ Activate ဆိုတာ ပရိယုဋ္ဌာနကိုပြောတာ၊ ထကြွလာပြီဆိုရင်တော့ ကိုယ့်ကို တိုက်ခိုက်လာပြီ၊ တိုက်ခိုက်လာရင်တော့ အန္တရာယ် ရှိလာပြီ၊ HIV AIDS ရောဂါဖြစ်လာပြီ၊ ဟော ဟော တိုက်ခိုက်လာပြီဆိုတာ ဒီလိုဆိုလိုတာ။

- အဲဒါကြောင့်မို့လို့ သက္ကာယဒိဋ္ဌိက Positive ဖြစ်နေရုံနဲ့တော့ သက္ကာယဒိဋ္ဌိ Positive တန်းလန်းနဲ့ပဲ လူ့ပြည်ရောက်လိုက် နတ်ပြည်ရောက်လိုက်၊ နောက်ဆုံး ဗြဟ္မာ့ပြည်တောင် ရောက်သွားတယ်လေ၊ ဗကဗြဟ္မာ [၁၆] ကြီးကိုပဲကြည့်၊ ဒါတွေက လွဲမှားသွားတတ်တယ်၊ စာထဲပေထဲမှာ သေသေချာချာဆိုထားတာကို မလွဲမှားဖို့၊ မနောဒုစရိုက်မှာပြောတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာ နတ္ထိကဒိဋ္ဌိကို အခြေခံပြောတာ၊ နတ္ထိကဒိဋ္ဌိပြောလိုက်တာနဲ့ အကိရိယဒိဋ္ဌိဆိုတာလည်း ပါသွားတယ်၊ အဟေတုကဒိဋ္ဌိ ဆိုတာလည်း ပါသွားတယ်၊ ကံ၏အကျိုးကို ငြင်းပယ်လိုက်တာနဲ့ ကံကိုလည်း ငြင်းပယ်ပြီးသား ရောက်သွားတယ်၊ အကြောင်းတရားကိုလည်း ငြင်းပယ်ပြီးသား ရောက်သွားတယ်၊ အဲဒါက ဒုစရိုက်၊ အဲဒါတော့ အန္တရာယ် ရှိတယ်၊ ဒီလိုဆိုလိုတာပေါ့နော်။

ဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့က မနောသုစရိုက်လို့ ဆိုတဲ့ သမ္မာဒိဋ္ဌိရှိဖို့လိုတယ်၊ သမ္မာဒိဋ္ဌိဆိုတာ ပညာပဲလေ၊ သဒ္ဓါမဟုတ်ဘူး၊ သမ္မာဒိဋ္ဌိဆိုတာ အချက် (၁၀)ချက် ပေါ်မှာ အခြေခံတယ်ဆိုတာ ဘာလဲ၊ အတ္ထိ ဒိန္န၊ အတ္ထိ ယိဋ္ဌံ၊ အတ္ထိ ဟုတံ - သုံးခု၊ အလှူဒါနပြုတာနဲ့ ပတ်သက်ပြီးတော့ အတ္ထိ ဒိန္နံ -ဒါနရှိတယ်လို့ပြောတာမဟုတ်ဘူး၊ ဒါနရှိတယ်လို့ပြောလိုက်တာက ဒါနရဲ့အကျိုးရှိတယ်လို့ [၁၇] ပြောတာပဲ၊ စကားလုံးကို ကြည့်မယ်ဆိုရင် ဒိန္န- ပေးလှူအပ်သည့် အရာသည်၊ အတ္ထိ- ရှိတယ်၊ ဟုတံ- ပူဇော်အပ်သည့် အရာသည်၊ အတ္ထိ- ရှိတယ်၊ ဆိုလိုတာတော့ ဒိန္န- ပေးလှူရခြင်းရဲ့ အကျိုးတရားသည်၊ အတ္ထိ- ရှိတယ်၊ ဒီလို ဖွင့်တာ၊ ဟုတံ- ပူဇော်ခြင်း၏ အကျိုးတရား၊ ယိဋ္ဌိ- အကြီးအကျယ်ပူဇော်ခြင်းရဲ့ အကျိုးတရား၊ အတ္ထိ- ရှိတယ်၊ ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် ဒီလိုရှိတယ်လို့ မြင်တဲ့ အမြင်ရှိဖို့လိုတယ်။

ဒါဟာ ခြုံပြောမယ်ဆိုရင် ကမ္မဝါဒီ၊ ကိရိယဝါဒီ ကံ၊ ကံ၏အကျိုးကို လက်ခံတာကို ဆိုလိုတယ်၊ ဗုဒ္ဓဘာသာဖြစ်ဖို့ ကံ၊ ကံ၏အကျိုးကို သိမြင်လက်ခံဖို့က အခြေခံအကြောင်းတရားလို့ ဒါကြောင့်ပြောတာ၊ ကံ၊ ကံ၏အကျိုးက ငြင်းပယ်နေလို့ရှိရင်တော့ ဗုဒ္ဓဘာသာမဖြစ်ဘူး၊ ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံမလုံလောက်ဘူးလို့ ဒီလိုပြောရမယ်။

အဲဒီမှာ ဆယ်ချက်ဆိုတာလေးကို မှတ်ဖို့၊ အတ္ထိ ဒိန္န၊ အတ္ထိ ယိဋ္ဌံ၊ အတ္ထိ ဟုတံ၊ ယိဋ္ဌ ဆိုတာ အကြီး [၁၈] အကျယ် ပူဇော်မှု၊ ဟုတ ဆိုတာ သာမန်ပူဇော်မှု၊ အကျိုးတရားတွေ ရှိတယ်လို့ လက်ခံတာ၊ သိမြင်တယ် သမ္မာဒိဋ္ဌိ။

“အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော”၊ သုကတဒုက္ကဋာနံ- ကောင်းစွာ ပြုအပ်တဲ့ ကုသိုလ်၊ မကောင်းသဖြင့်ပြုအပ်တဲ့ အကုသိုလ်၊ ကုသိုလ် အကုသိုလ်တို့ရဲ့ အကျိုးရင်း အကျိုးဆက် ဆိုတာ ရှိတယ်လို့သိတဲ့ဉာဏ်ပညာ-သမ္မာဒိဋ္ဌိ၊ “အတ္ထိ အယံ လောကော၊ အတ္ထိ ပရော လောကော”၊ ဒီလောကဆိုတာ ရှိတယ်၊ ပရလောကဆိုတာ ရှိတယ်၊ “အတ္ထိ မာတာ၊ အတ္ထိ ပိတာ” အမေရှိတယ် အဖေရှိတယ်ဆိုတာ အမေအဖေကို အသိအမှတ်ပြုတယ်လို့ ပြောတာ၊ အမေအဖေကို အသိအမှတ်ပြုသဖြင့် အမေအဖေပေါ်မှာ ပြုစုလုပ်ကျွေးတဲ့ ကုသိုလ်တရား၊ အမေအဖေကို စော်ကားတဲ့ အကုသိုလ်တရား အကျိုးရှိတယ်လို့ လက်ခံတာကို ဆိုလိုတယ်။

[၁၉] “အတ္ထိ သတ္တာ သြပပါတိကာ” သေပြီးတဲ့နောက် ပြန်ဖြစ်တဲ့သတ္တဝါရှိတယ်လို့ လက်ခံတယ်၊ “အတ္ထိ သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပဒါ” မှန်ကန်စွာ သိပြီးတဲ့ အကျင့်မှန်နဲ့ လမ်းမှန်ကျင့်သုံးလို့ အောင်မြင်ပေါက်မြောက်ပြီးတော့ ဒီလောကကြီးကို ထူးခြားတဲ့ အသိဉာဏ်နဲ့သိပြီးဟောနိုင်တဲ့ ဘုရားဆိုတာ ရှိတယ်လို့ အဲဒီလို အချက်ဆယ်ချက်ပေါ်မှာ အခြေခံပြီးတော့ သိမြင်တဲ့အသိဉာဏ်ကို သမ္မာဒိဋ္ဌိလို့ခေါ်တာ၊ ဒီနေရာမှာ သမ္မာဒိဋ္ဌိလို့ ခေါ်တာ၊ အတ္ထိကသမ္မာဒိဋ္ဌိလို့ ခေါ်တယ်၊ အဲဒီ အတ္ထိကသမ္မာဒိဋ္ဌိသည် ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့ အခြေခံအကြောင်းတရားလို့ ဒီလိုပြောရမယ်။

မြတ်စွာဘုရားနဲ့ ခေတ်ပြိုင်ပေါ်လာတဲ့ ပူရဏ ကဿပဆိုတဲ့ ဆရာကြီးက ကံတရားကို ငြင်းပယ်တဲ့ ပုဂ္ဂိုလ်ကြီး၊ သာမန်အားဖြင့် ဗုဒ္ဓဘာသာတွေအနေနဲ့ ကတော့ ဒါ မထူးဆန်းဘူးလို့၊ ကံ၊ ကံ၏အကျိုးကို သိတယ်ဆိုတာ ကိုယ့်ဟာကိုယ် အလိုအလျောက်သိနေတယ်လို့ထင်နေကြတာ၊ မဟုတ်ဘူး။ ဘုရား တရားတော် [၂၀] ကို နာလာလို့၊ နာထားရလို့ ဗုဒ္ဓဘာသာဝင် မိဘတွေက၊ ဆရာသမားတွေက၊ ဆရာတော် သံဃာတော်တွေက ရှင်းပြထားလို့ ကံ၊ ကံ၏အကျိုးကို လက်ခံနေတာ၊ ကိုယ့်ဟာကိုယ်သိတဲ့အသိ မဟုတ်ဘူး။ ကြည့်လေ- ပူရဏ ကဿပ တို့လိုဟာမျိုးနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ။ ပူရဏကဿပက သူ့ဝါဒက ဘာပြောလဲ၊ “နတ္ထိ ဝါပံ၊ နတ္ထိ ပါပဿ အာဂမော”တဲ့၊ မကောင်းမှုဆိုတာ မရှိဘူးတဲ့၊ မရှိသည့်အတွက်ကြောင့် ဘာအကျိုးမှ မလာဘူး၊ အကိရိယဝါဒ- မကောင်းမှုဆိုတာ လုပ်လို့ မရဘူးတဲ့၊ လုပ်လို့မဖြစ်ဘူး၊ လူတွေက လုပ်လို့ရတယ် ထင်နေတာ၊ လုပ်မရဘူးတဲ့၊ စိတ်က ထင်တာသာရှိတယ်၊ အကိရိယဆိုတာ လုပ်လို့မရဘူးလို့ပြောတာ၊ အကုသိုလ်ဆိုတာလည်း လုပ်လို့မရဘူး၊ ကုသိုလ်ဆိုတာလည်း လုပ်လို့မရဘူး၊ ဘာဖြစ်လို့တုန်း၊ ကုသိုလ်အကုသိုလ် ရှိမှ မရှိတာ၊ မရှိတာ ဘယ်လိုလုပ် လုပ်မလဲ၊ ဒီလိုဆိုလိုတာနော်။ သူက ငြင်းပယ်တာ ကြည့်လေ၊ အဲဒီဝါဒဟာ တစ်ချိန်တုန်းက အိန္ဒိယနိုင်ငံမှာ ဖြန့်ဖြူးခဲ့တဲ့ ဝါဒပဲ၊ [၂၁] “နတ္ထိ ပါပံ၊ နတ္ထိ ပါပဿ အာဂမော။ နတ္ထိ ပုညံ၊ နတ္ထိ ပုညဿ အာဂမော။” အကုသိုလ်ဆိုတာ မရှိဘူး၊ အကုသိုလ်ရဲ့အကျိုးလည်း မဖြစ်ပေါ်လာဘူး၊ ကုသိုလ်ဆိုတာလည်း မရှိဘူး၊ ကုသိုလ်ရဲ့အကျိုးလည်း မရှိဘူး၊ လုပ်လို့လည်းမရဘူး၊ လူတွေက လုပ်ရတယ်လို့ ထင်တာတဲ့။

သူက ဘယ်လောက်ထိအောင် ရှင်းပြတုန်းဆိုရင် တတ်နိုင်လို့တဲ့ သူများအသက်တွေသတ်၊ လူသတ်လက်နက်ကြီးထွင်၊ သင်တုန်းစက်ကြီး ထွင်ပြီးတော့ ရှိသမျှသတ္တဝါတွေ အကုန်သတ်ပြီး အသားပုံကြီး ပုံထားတာတောင်မှပဲ ပါဏာတိပါတကံ မထိုက်ပါဘူးလို့ ဟောတာ၊ ဘယ်လောက်ဆိုးတဲ့ဝါဒလဲဆိုတာ စဉ်းစားကြည့်၊ အဲဒီအကုသိုလ်အကျိုး သူမခံရဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆို ရှိမှမရှိတာ ဒီလိုပြောတာ။

အေး- ကောင်းတဲ့ဘက်ကို ပြန်ပြောတော့လည်း တတ်နိုင်လို့ မင်း အလှူအတန်းတွေလုပ်၊ သီလတွေ ဆောက်တည်၊ သမထဘာဝနာတွေ ပွားများ၊ ကုသိုလ် [၂၂] ကောင်းမှုတွေ လုပ်ချင်သလောက်လုပ်၊ ဘာအကျိုးမှ မရဘူး၊ အကိရိယဝါဒက အဲဒီလို။

အဲဒီလိုဟောတဲ့ဝါဒတွေက မြတ်စွာဘုရား မပွင့်ခင်က လူသားတွေရဲ့ကြားမှာဖြန့်ဖြူးထားတာ၊ မှိုင်းတိုက်ထားတယ်။

လောကလူတွေဟာ ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်ဆိုရင် ကျေနပ်တယ်လေ၊ လူဆိုတာ အကုသိုလ် မဖြစ်ဘူးဆိုလည်း ကြိုက်တယ်လေ၊ လူက အကုသိုလ် ဖြစ်ရင် ကြောက်တယ်ပေါ့၊ အပါယ်ငရဲ ခံရမှာဆို ကြောက်တယ်၊ ကြောက်လို့မလုပ်တာ၊ အေး အကုသိုလ်ဆိုတာ မရှိဘူး၊ အပါယ်ငရဲကျတယ်ဆိုတာ မရှိဘူးလို့ ဒီလိုပြောတဲ့အခါကျတော့ လုပ်ရဲတာပေါ့။

လူဆိုတာ လုပ်ချင်တာလုပ် ဆိုလို့ရှိရင် လုပ်ချင်တာက အကောင်းမဟုတ်ဘူး၊ မကောင်းတာတွေပဲ လုပ်ချင်တာ၊ ကောင်းတာဆိုတာက ရေဆန်နဲ့ အလားသဏ္ဌာန်တူတယ်၊ ရေစုန်ဆိုတာကတော့ ဟောဒီ မြစ်နားနီးနီးနေတဲ့လူတွေ ပိုသိတယ်၊ ရေစုန်ဆိုတာတော့ [၂၃] လှေကလေးနဲ့ သွားတဲ့အခါမှာ ရေစုန်ဆို တက်တစ်ချက်မှ မလှော်ဘဲနဲ့ အသာလေးထိုင်လိုက်သွား သူ့ဟာသူ ရောက်သွားတယ်နော်၊ လွယ်တယ်၊ ရေဆန်ကျတော့ တက်တစ်ချက်မရပ်နဲ့၊ ရပ်ရင် အထက်မတက်တော့ဘူး ဆန်တက်နေရတာ၊ အေး သူတို့ရဲ့ဝါဒက ရေစုန်တာနဲ့ တူတယ်ပေါ့၊ အဲဒီလို မြတ်စွာဘုရားနဲ့ ခေတ်ပြိုင်မှာ အဲဒီလိုဟောတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ ဒီတော့ မြတ်စွာဘုရားက မဟုတ်ဘူး၊ ကံ ဆိုတာ ရှိတယ်၊ ကံရဲ့အကျိုးတရားဆိုတာရှိတယ်၊ မကောင်းတာ လုပ်ရင် မကောင်းတာ ခံရမယ်၊ ကောင်းတာလုပ်ရင် ကောင်းတာ စံရမယ်၊ ဟော- “ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ကမ္မဿ ဒါယာဒါ ဘဝိဿန္တိ။” စဉ်းစား ကိုယ့်ဟာကိုယ်၊ ကောင်းတဲ့ ကုသိုလ်ပဲဖြစ်ဖြစ် အကုသိုလ်ပဲဖြစ်ဖြစ်တဲ့ တစ်ခုလုပ်မယ်၊ အဲဒီလုပ်တဲ့ကံရဲ့ ဆိုးမွေကောင်းမွေကို ကိုယ်ပဲ ခံရမယ်လို့ ဒီလိုဆိုလိုတာ၊ ဟုတ်တယ်လေ လူတွေရဲ့ မျက်နှာတွေမှာ ကံကြမ္မာပုံရိပ်တွေ ပေါ်နေတာပဲ၊ နို့မို့ဆို [၂၄] ပုံစံတူ ဖြစ်နေမှာပေါ့ လူတွေမှာ၊ ဟိုဘဝတုန်းက ဒေါသကြီးခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့မျက်နှာက ပြုံးမရတဲ့မျက်နှာမျိုးကြီး ဖြစ်နေတယ်၊ ပြုံးလို့ရယ်လို့မရတဲ့မျက်နှာမျိုးကြီး ဖြစ်တယ်၊ ဒေါသကြီးခဲ့တာကိုး၊ မျက်နှာကြောကြီးတင်းပြီးတော့ ပြုံးမရတဲ့မျက်နှာမျိုးကြီး ဖြစ်တယ်၊ ဇီးကွက်မျက်နှာလိုပဲပေါ့၊ ဇီးကွက်က ဘယ်လိုမှ ပြုံးလို့မှမရတာ၊ ကံကြမ္မာရဲ့ပုံရိပ်တွေဟာ လူတွေရဲ့ သဏ္ဌာန်မှာ လှမလှ ဆိုတာလည်း ပေါ်လာတယ်၊ အသက်ရှည်တယ် အသက်တိုတယ်ဆိုတာလည်း ပေါ်လာတယ်၊ ပစ္စည်းဥစ္စာ ချမ်းသာတယ် ဆင်းရဲတယ် မွဲတေတယ် ဆိုတာလည်း ပေါ်လာတာပဲ၊ ဒါ ကံကြမ္မာပုံရိပ်တွေ၊ “ကမ္မံ သတ္တေ ဝိဘဇတိ” တဲ့၊ ကံတရားက သတ္တဝါတွေကို ခွဲဝေတယ်၊ ဆူကြုံနိမ့်မြင့် တစ်ယောက်နဲ့တစ်ယောက် အဆင့်အတန်းကိုခွဲပေးတာ ကံတရားပဲလို့။

အဲဒီကံတရားကို လက်ခံတာ၊ သိမြင်တာဟာ ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံတရားပဲလို့၊ သဒ္ဓါမဟုတ်ဘူး ပညာ၊ နို့မို့ဆိုရင် ယုံကြည်မှုဆိုတာ ဒီ့ပြင်လူတွေလည်း [၂၅] ရှိတာပဲလေ၊ ယုံကြည်ရုံသက်သက်နဲ့ မရဘူး၊ ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိဆိုသည်မှာ Right understanding မှန်မှန်ကန်ကန် နားလည်တာကို ဆိုလိုတယ်၊ အဲဒီ မှန်မှန်ကန်ကန်နားလည်တယ်ဆိုတာ ပညာရဲ့နာမည်ပဲ၊ ဒါကြောင့်မို့ ဗုဒ္ဓဘာသာဖြစ်ရန် အခြေခံတရားလို့ဆိုသည်မှာ သဒ္ဓါလား၊ ပညာလား လို့ဆိုရင် ပညာလို့ ဒီလိုသတ်မှတ်ရမယ်။

ဒါဖြင့် ဗုဒ္ဓဘာသာမှာ သဒ္ဓါက ဘယ်သွားထားလဲလို့ဆိုရင် ကမ္မဿကတာသမ္မာဒိဋ္ဌိဆိုတဲ့ မှန်ကန်တဲ့ အမြင်ကို အခြေခံလိုက်တဲ့အခါကျတော့ ပညာရဲ့နောက်မှာ ပါလာတဲ့သဒ္ဓါဟာ၊ ကြည့်နော်- ပညာ မပါတဲ့ သဒ္ဓါနဲ့ ပညာရဲ့နောက်မှာဖြစ်လာတဲ့သဒ္ဓါ မတူဘူး၊ စဉ်းစားကြည့် - မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာတရားတွေ ရှိကြတဲ့အထဲမယ် တခြားဘာသာတွေ ဘာကို ယုံကြည်တာလဲ၊ ဘာကို ကိုးကွယ်တာလဲ၊ သူတို့ယုံကြည်တာ ဘာလဲ၊ ဗုဒ္ဓဘာသာတွေ ယုံကြည်တာကဘာလဲ၊ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာလို့ပြောပြီး ကိုယ်ဘာယုံမှန်း မသိဘူး [၂၆] ဆိုရင်တော့ မဟုတ်သေးဘူးနော်၊ ကိုယ်ယုံတာက ဘာလဲ၊ သဒ္ဓါဆိုရင် စာနဲ့ပေနဲ့ တိတိကျကျဆိုထားတာ သိဖို့လိုတယ်။

တခြားဘာသာဝင်တွေက ယုံတယ်ဆိုတဲ့ faith ဟာ ဘာကိုယုံတာလဲလို့ဆိုရင် အနန္တတန်ခိုးကိုယုံတာ၊ ကမ္ဘာကြီးကို ဘုရားသခင်ဖန်ဆင်းတယ်နော်၊ အတူတူပဲ၊ ပြောမယ်ဆိုလို့ရှိရင် ဘာသာတရားတွေ ဗုဒ္ဓဘာသာက လွဲရင် ကျန်တဲ့ဘာသာတွေက နတ်ကိုးကွယ်တဲ့ဘာသာတွေပဲ များတယ်၊ နတ်ဆိုတာ God ပဲလေ၊ ကောင်းကင်ဘုံကနတ်နဲ့ လူ့ပြည်ကနတ် ဒါပဲကွာတယ်၊ ဘာနတ်ဖြစ်ဖြစ် ကိုးကွယ်လို့ရှိရင် Mediator ဆိုတာ ရှိတယ်၊ ကြားခံဆက်သွယ်ပေးတဲ့ ပုဂ္ဂိုလ်၊ ဗမာလိုပြောတော့ နတ်ကတော်ပေါ့၊ ကောင်းကင်ဘုံကနတ်နဲ့ ဆက်ဆံတော့ရော နတ်ကတော် မလိုဘူးလား၊ လိုတာပဲ၊ နတ်ကတော်လို့ မခေါ်ဘူး၊ ဘယ်လိုခေါ်တုန်း၊ တမန်တော် တဲ့၊ အဲဒါ အတူတူပဲနော်၊ မြေပြင်ပေါ်က နတ်နဲ့ ဆက်သွယ်ပေးတဲ့လူကျတော့ ဘာခေါ်တုန်း၊ နတ် [၂၇] ကတော်တဲ့၊ ယောက်ျားလည်း နတ်ကတော်ပဲ၊ မိန်းမလည်း နတ်ကတော်ပဲနော်၊ ဟိုကတော် ဒီကတော်တွေ ကျတော့ မိန်းမတွေပဲများတယ်၊ နတ်ကတော်ကျတော့ ယောက်ျားနတ်ကတော်လည်း ရှိတယ်၊ ဒီလိုဆိုတာ။ မစဉ်းစားရင် မသိဘူး၊ စဉ်းစားရတယ် ဒါတွေဟာ၊ စဉ်းစားရတယ်။

Mediator လို့ ခေါ်တယ် ကြားခံဆက်သွယ်တယ်၊ ကောင်းကင်ဘုံက တန်ခိုးရှင်ကြီး၊ ကမ္ဘာကြီးကို ဖန်ဆင်းတယ်၊ သတ္တဝါတွေကို ဖန်ဆင်းတယ်၊ အားလုံးကို ဖန်ဆင်းတယ်၊ ဖန်ဆင်းရှင်ကြီး၊ အဲဒီ ဖန်ဆင်းရှင်ကြီးကို ကိုယ်တိုင်တွေ့လို့ ရလား၊ မရဘူး။ ဘယ်သူကပြောလဲ၊ တမန်တော်က ပြောတယ်။

လူ့ပြည်ကနတ်တွေ ဘာနတ်ညာနတ်နဲ့ မြန်မာပြည်မှာ (၃၇)မင်း၊ အဲဒီနတ်တွေကို ဘယ်သူမြင်ဖူးလဲ၊ မမြင်ဖူးဘူး၊ နတ်ကတော်ပြောတာကို လက်ခံတာ၊ နတ်ကတော်က ဘာဆက်ရမယ်ဆို ဆက်တယ်လေ၊ လူတွေက ဆက်ကြတာ၊ Mediator ပဲ ကြားခံဆက်သွယ်ရေးနဲ့ [၂၈] သွားနေကြတာ၊ အဲဒါ နတ်ကိုးကွယ်တယ်ဆိုတာ အခု ဒီအတိုင်းပဲ။

ဒါဖြင့် အဲဒီ နတ်ကိုးကွယ်တဲ့လူတွေရဲ့ ယုံကြည်ချက်က ဘာလဲဆိုလို့ရှိရင် ... နတ်ကိုးကွယ်တဲ့လူတွေ ယုံကြည်တာကတော့ အနန္တတန်ခိုးကို ယုံကြည်တာပဲ၊ ဘာလို့လဲ၊ ကြည့်လေ နတ်တင်ပြီးတော့ ဘာပြောလဲ၊ “မ,တော်မူပါ” “စ,တော်မူပါ” “မ,စတော်မူပါ” ဟုတ်လား၊ “စောင့်ရှောက်တော်မူပါ မ,စတော်မူပါ”၊ ဒီလိုပဲပြောတာမဟုတ်လား၊ “အရှင်ကြီး မ,စတော်မူပါ” တန်ခိုးပဲ ယုံတာလေ၊ အဲတော့ သူ့ဆီကနေပြီး Blessing ပဲ တောင်းနေတာ၊ ဘယ်ဘာသာဖြစ်ဖြစ် ဗုဒ္ဓဘာသာက လွဲရင် အဲလို Blessing တောင်းတာ၊ “အရှင်သခင်ကြီး မ,တော်မူပါ၊ ကျေးဇူးသစ္စာစောင့်သိပါ့မယ်၊ ခွင့်လွှတ်တော်မူပါ” ဟော- ဒီလိုဆိုတာ။

ဒါဖြင့် ဗုဒ္ဓဘာသာဆိုနေတဲ့ ဩကာသနဲ့ကော တူလားလို့ဆိုရင် ဘယ်တူမှာတုန်း၊ ဩကာသဆိုတာ ကိုယ့်အမှားကို ကိုယ့်ဟာကိုယ် ဝန်ခံတာ၊ ဝန်ခံပြီးတဲ့ [၂၉] အခါမှာ ကောင်းအောင် လုပ်ပါ့မယ်ဆိုတာရှိတယ်၊ သူတို့လည်း ဆင်ဆင်တွေတော့ရှိတယ်၊ confession လို့ ခေါ်တယ်၊ သို့သော် သူတို့နဲ့မတူဘူး၊ ဒီတော့ ဗုဒ္ဓဘာသာဝင်တွေက ကိုယ့်ဘာသာရဲ့အတိမ်အနက်ကို အဓိပ္ပာယ်ကို သေသေချာချာသိဖို့ လိုတယ်ပေါ့။

ဗုဒ္ဓဘာသာက ယုံကြည်တာဟာ ဘုရားရဲ့ အနန္တတန်ခိုးကိုယုံတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင်တွေ ယုံရမှာက ဘုရားရဲ့အနန္တတန်ခိုးကို ယုံရမှာ မဟုတ်ဘူး၊ ဒါဖြင့် ဘုရားရှင်က တန်ခိုးမရှိဘူးလားလို့ဆို သူ့ဟာသူ ရှိမှာပေါ့၊ အဲဒီတန်ခိုးက ကိုယ့်ကိုဘာလုပ်ပေးနိုင်မှာလဲ၊ ဆိုလိုတာက ဗုဒ္ဓဘာသာဝင်တွေ ယုံရမှာက မြတ်စွာဘုရားကိုယ်တိုင်ဖွင့်ဆိုထားတဲ့ပါဠိကို ကြည့်- “ကတမာ ဘိက္ခဝေ သဒ္ဓါ”-ယုံကြည်မှုဆိုတာဘာလဲ၊ မြတ်စွာဘုရားက “ဣဓ ဘိက္ခဝေ အရိယသာဝကော သဒ္ဒဟတိ တထာဂတဿ ဗောဓိ၊ ဣတိ ပိ သော ဘဂဝါ၊ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာ-”

[၃၀] ဒေဝမနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါတိ” ပါဠိတော်တွေမှာ အဲဒီအတိုင်းပဲရှိတယ်နော်။

သဒ္ဓါ-ယုံကြည်တယ်ဆိုတာ ဘာကို ယုံကြည်တာတုန်းဆိုတော့ ကြည့်၊ တထာဂတဿ ‘မြတ်စွာဘုရား၏၊ ဗောဓိ-အသိဉာဏ်ကို၊ သဒ္ဒဟတိ-ယုံကြည်၏။ တန်ခိုး ယုံတယ်လို့ မပါဘူးနော် ဒီမှာ၊ မြတ်စွာဘုရားရဲ့တန်ခိုး ယုံကြည်တာလို့ ဒီလိုပြောတာမဟုတ်ဘူး၊ အသိဉာဏ်ကို ယုံကြည်တာ၊ ဒါ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာတွေ မတူတဲ့အချက်လို့ ဒီလိုမှတ်ထား။ ကဲ-ဒါဖြင့် ဘယ်လိုထူးခြားလဲ၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်၊ တန်ခိုးယုံတဲ့လူနဲ့ အသိဉာဏ်ယုံတဲ့လူ ဘာကွာလဲ၊ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အတွေးတွေက အများကြီးကွာသွားတယ်၊ အနန္တတန်ခိုးယုံတဲ့ပုဂ္ဂိုလ်က တန်ခိုးရှင်ရဲ့ မ,စမှုကို မျှော်လင့်နေမယ်၊ ဒါ တစ်ချက်။ မျှော်လင့်နေသည့် အတွက်ကြောင့် သူ့ကိုယ်ပိုင်ဉာဏ်နဲ့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ သိဖို့ဆိုတာမရှိဘူး၊ သူ့ရဲ့ကိုယ်ပိုင် ဆန္ဒ [၃၁] ဆုံးဖြတ်ချက်မရှိဘူး၊ သူ့ရဲ့လုံ့လဝီရိယ၊ သူ့ရဲ့ အသိပညာ က တန်ဖိုးမရှိဘူး။ ဘာလို့လဲဆို တန်ခိုးရှင်ကြီးက မ,မှာ ပဲလေ၊ အဲဒါ တန်ခိုးယုံကြည်တဲ့ပုဂ္ဂိုလ်က အဲဒီအခြေအနေမျိုးရောက်သွားတယ်၊ အသိဉာဏ် ယုံကြည်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်လိုအခြေအနေဖြစ်လဲ၊ အသိဉာဏ် ကို ယုံကြည်သည့်အတွက်ကြောင့် ဒီလိုအသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က ဟောထားတဲ့၊ ဆုံးမထားတဲ့ အဆုံးအမတွေ ဟာ ဘယ်တော့မှ မမှားဘူး၊ ဒီလိုပုဂ္ဂိုလ်မျိုးက ရှောင်ရ မယ်ဆိုတာ တို့ရှောင်ရမယ်၊ ဆောင်ရမယ်ဆိုတာလည်း တို့ဆောင်ရမယ်၊ မရှောင်ရင် အပြစ်ရှိတယ်လို့ ဟော ထားတယ်၊ အေး- သေချာတယ် အပြစ်ရမယ်၊ လိုက် နာလို့ရှိရင် အကျိုးရှိတယ်လို့ ဟောထားတယ်၊ သေချာ တယ် လိုက်နာရင်အကျိုးရှိမယ်၊ ဟော- ဉာဏ်ယုံသည့် အတွက်ကြောင့် နောက်ဆက်တွဲက ကိုယ်ကိုယ်တိုင် လုပ်သင့်တာနဲ့ မလုပ်သင့်တာတွေ ခွဲခြားသိလာတယ်။ ကိုယ့်ရဲ့ဆန္ဒ၊ ကိုယ့်ရဲ့လုံ့လဝီရိယ၊ ကိုယ့်ရဲ့အသိဉာဏ် [၃၂] တွေဟာ တန်ဖိုးတက်လာတယ် လို့ ဒီလိုပြောတာပေါ့ နော်။

ဒီတော့ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့အတွက် ယုံကြည်မှု ဆိုတဲ့သဒ္ဓါဟာ ကမ္မဿကတာသမ္မာဒိဋ္ဌိ လို့ဆိုတဲ့ အခြေခံပြီးတော့မှ ဘုရားကို ယုံကြည်တယ်ဆိုတာ ဗုဒ္ဓရဲ့အသိဉာဏ်ကို ယုံကြည်တယ်ဆိုတာ လာတာ၊ ဒီလိုဆိုလိုတာနော်၊ အသိဉာဏ်ကိုယုံကြည်တယ်ဆိုတာ လာတာ၊ ဒါကြောင့်မို့ သောတာပန်ဖြစ်ပြီ ဆိုတဲ့အခါ ကျတော့ “ဗုဒ္ဓေ အဝေစ္စပသာဒ၊ ဓမ္မေ အဝေစ္စပသာဒ၊ သံဃေ အဝေစ္စပသာဒ”၊ အဝေစ္စ ဆိုတာ သေသေချာချာ သိရှိနားလည်ပြီး ကြည်ညိုတာ၊ ရမ်းသန်းပြီးတော့ ကြည်ညိုတာ မဟုတ်ဘူး၊ ဘုရားကို ကြည်ညိုတယ် တရားကိုကြည်ညိုတယ် သံဃာကိုကြည်ညိုတယ်ဆိုတဲ့ သဒ္ဓါဟာ အသိဉာဏ် အခြေခံထားတဲ့သဒ္ဓါသာ ဖြစ် တယ်၊ အဲဒါမှာ ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် ပညာသည် ပထမ၊ ကမ္မဿကတာသမ္မာဒိဋ္ဌိလို့ဆိုတာ ရှိရမယ် အနည်းဆုံး၊ ကံ,ကံ၏အကျိုးကို လက်ခံယုံကြည်တဲ့ [၃၃] လက်ခံတဲ့၊ ကံ,ကံ၏အကျိုးကိုသိမြင်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ အခြေခံအကြောင်း တရားအဖြစ် ရှိရမယ်။

အဲဒါ ရှိလာပြီးတဲ့နောက်မှာ . ဒီအသိဉာဏ်နဲ့ ပေါင်းစပ်လာပြီးတော့ မြတ်စွာဘုရားရဲ့အသိဉာဏ်ကို ယုံကြည်လာတယ်၊ ယုံကြည်လာသည့်အတွက်ကြောင့် မြတ်စွာဘုရားဟောတဲ့ တရားတော်တွေမှာ အလေးအနက် စဉ်းစားတယ်၊ အလေးအနက်စဉ်းစားပြီးတော့ မှတ်သားနာယူ အဓိပ္ပာယ်စဉ်းစား လေးနက်စွာ လိုက်နာ ကျင့်သုံးတယ်ဆိုတဲ့အဆင့်ကို ရောက်လာတယ်၊ ဒီလို ဆိုတာ။ အဲတော့ အသိဉာဏ်က ဆင့်ကဲဆင့်ကဲ တက် သွားတယ်၊ ဗုဒ္ဓဘာသာဝင်တွေ အသိဉာဏ်က ဆင့်ကဲ ဆင့်ကဲနောက်ဆုံးမှာ အသိဉာဏ်ကအဓိက “ပညုတ္တရာ သဗ္ဗေ ဓမ္မာ” သဘောတရားတွေအားလုံးထဲမှာ ပညာ ဟာ အထက်တန်းအကျဆုံးပဲ.. အမြတ်ဆုံးပဲလို့ ဒီလို ပြောတာ၊ ပညာမှာ လမ်းဆုံးတာပဲ။ ပိုးရှိ [၃၄] ဗုဒ္ဓဘာသာတရားတော်ဟာ သဒ္ဓါမှာ လမ်းဆုံးတာ မဟုတ်ဘူး, ပညာမှာ လမ်းဆုံးတယ်။ တခြား ဘာသာဝင် တွေက သဒ္ဓါမှာ လမ်းဆုံးတယ်၊ ယုံကြည်ရင်ပြီးရော ဘာမှစောဒက မတက်နဲ့၊ လက်ခံရမယ်၊ ယုံကြည်ရမယ် ဒါပဲ သူတို့က။ ဗုဒ္ဓဘာသာမှာ .. မြတ်စွာဘုရားက ယုံကြည်မှုကို ဒီလောက်ကြီး အားမပေးဘူး၊ ရှင်သာရိပုတ္တရာကိုယ်တိုင်တောင်မှ တစ်ခါပြောတယ်၊ “အသဒ္ဓေါ အကတညူ စ၊ သန္နိစ္ဆေဒေါ စ ယောနရော”ဆိုတာ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို သုံးတဲ့စကားလုံး လေး ကြည့် - အသဒ္ဓေါ - ယုံကြည်မှုကင်းမဲ့သူလို့ ဒီလိုသုံးတယ်၊ ကိုယ်တိုင်သိလို့ ကိုယ်တိုင်သိတဲ့အသိနဲ့ သိတာဟာ ယုံကြည်တာ မဟုတ်ဘူးလို့ ဒီလိုပြောတာပဲ၊ သာမန်အားဖြင့်တော့ အသဒ္ဓေါ - သဒ္ဓါကင်းမဲ့သူလို့ ဒီလိုဆိုလိုတာ။ သို့သော် ဒီနေရာမှာ အသဒ္ဓေါ-ကိုယ်ပိုင် ဉာဏ်နဲ့ သိထားသည့်အတွက်ကြောင့် ... သူများပြောတာကို ယုံတဲ့လူ မဟုတ်ဘူး။

[၃၅] တစ်ခါတုန်းက ဒီယုံကြည်မှုနဲ့ အသိဉာဏ်ကို မကွဲပြားတဲ့အခါမှာ ရောထွေးပြီးတော့ ပြောကြတယ်၊ ဗုဒ္ဓရဲ့ဥပသကာ အနာဂါမ် ဥပသကာ စိတ္တသူကြွယ် ဆိုတာ ရှိတယ်၊ အဲဒီ စိတ္တသူကြွယ်ဆိုတဲ့ အနာဂါမ် ဥပသကာကြီးက နိဂဏ္ဌနာဋပုတ္တဆိုတဲ့ ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်တဲ့ အယူဝါဒရှိတဲ့.. နိဂဏ္ဌဂိုဏ်းဆရာကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ နိဂဏ္ဌဂိုဏ်းဆရာကြီးက မေးတယ်၊ အတွေးမဲ့ စိတ်ကူးမဲ့တဲ့ သမာဓိဆိုတာ ရှိတယ်ဆိုတာ ယုံကြည်သလားလို့ဆိုတော့ စိတ္တသူ့ကြွယ်ကပြောတယ် အတွေးမဲ့ စိတ်ကူးမဲ့ သမာဓိရှိတယ်ဆိုတာ သူမယုံဘူး တဲ့၊ ယုံတာမဟုတ်ဘူးလို့ သူကဖြေလိုက်တယ်၊ ဖြေလိုက် တော့ နိဂဏ္ဌနာဋပုတ္တက သဘောကျတယ်၊ ကြည့်- ရဟန်းဂေါတမက ... အတွေးမဲ့ ... စိတ်ကူးမဲ့ ကြံစည်မဲ့ သမာဓိရှိတယ်လို့ ဟောနေတာ အခု သူ့တပည့်က မယုံဘူး ပြောနေတယ်နော်၊ သူဟာ စိတ္တသူကြွယ်ဟာ အလွန်ရိုးဖြောင့်တယ်ပေါ့၊ အလွန်တော်တယ်၊ ကြည့် စမ်း- သူ့ ဆရာက ရှိတယ် ဟောထားတာတောင် သူ [၃၆] မယုံဘူးပြောတယ်ဆိုတော့ စိတ္တသူကြွယ်က ရှင်းပြတယ်၊ အတွေးမဲ့ ကြံစည်မှုမဲ့တဲ့ သမာဓိရှိတယ်ဆိုတာ တပည့်တော်ကိုယ်တိုင်သိတာတဲ့, ယုံတာမဟုတ်ဘူးလို့ ရှင်းတဲ့အခါကျတော့ အဲဒီကျတော့ စိတ္တသူကြွယ်ဟာ အလွန်ကောက်ကျစ်တယ်ဆိုပြီးတော့ ကဲ့ရဲ့ပြန်တယ်။ အဲဒီမှာ စိတ္တသူကြွယ်က သူ့ကို Challenge လုပ်တယ်၊ ခုနတုန်းကတော့ စိတ္တသူကြွယ် အလွန် ရိုးဖြောင့်တယ်လို့ပြောတယ်၊ အခုကျတော့ စိတ္တသူကြွယ် ကောက်ကျစ်တယ်လို့ ပြောပြန်တယ်၊ ရှေ့စကား မှန် တယ်ဆိုရင် နောက်စကားမှားပြီ၊ နောက်စကားမှန်တယ် ဆိုရင် ရှေ့စကားမှားပြီ၊ စကားနှစ်ခွ ပြောတယ်ဆိုပြီး တော့ သူ့ကို ပြန်ပြီးတော့ပြောတယ်၊ စိတ္တသံယုတ်မှာ မှတ်တာ၊ အဲဒီမှာ စိတ္တသူကြွယ် . ပြောလိုရင်းက အဝိတက္ကအဝိစာရသမာဓိ၊ ဝိတက်လည်း မပါတဲ့ ဝိစာရလည်းမပါတဲ့ အတွေးလည်း မရှိဘူး၊ ဟုတ်လား စိတ်ကူးလည်းမရှိဘူး ကြံစည်မှုလည်း ကင်းမဲ့တဲ့ သမာဓိမျိုး ရှိတယ်ဆိုတာ သူကိုယ်တိုင်သိတယ်၊ ဒါကြောင့်မို့လို့ [၃၇] ယုံကြည်မှု မဟုတ်ဘူးလို့ သူကပြောလိုတာ၊ သူကိုယ်တိုင် ရထားတာတဲ့၊ အဲဒါမျိုးဆိုရင်၊ ဒီတော့ သိတာနဲ့ယုံတာ က တခြားစီပဲ။

ယုံတယ်ဆိုတာ သူများစကားပေါ်မှာ အခြေခံ ရတာ၊ ဒါကြောင့်မို့ သောတာပန်ဖြစ်သွားရင်ကြည့်လေ “အပရပ္ပစ္စယော”တဲ့၊ အပရပ္ပစ္စယောဆိုတာ သူတစ်ပါး စကားကို ယုံရတာ မဟုတ်တော့ဘူးတဲ့၊ မယုံတော့ဘူး၊ ကိုယ်တိုင်သိတာ၊ သောတာပန်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဒီယုံတယ်ဆိုတဲ့ဟာ သူ့မှာမရှိတော့ဘူး၊ ဒါ ယုံတယ် ဆိုတာ မရှိဘူး၊ သဒ္ဓါတရားကင်းမဲ့သွားတယ်လို့ ဒီလို ဆိုလိုတာ မဟုတ်ဘူးနော်၊ ... ကိုယ်ကိုယ်တိုင်သိတာ ဖြစ်သည့်အတွက်ကြောင့် ယုံတယ်ဆိုတာ မဟုတ်တော့ ဘူး၊ ဒါပြောတာနော်၊ ယုံတာနဲ့ သိတာဟာ အလွန် ကွာခြားတယ်၊ ယုံတယ်ဆိုတာ ကိုယ်မမြင်ရ ကိုယ်မသိ တဲ့အရာကို လက်ခံတာကို ယုံတယ်လို့ခေါ်တာ၊ သိတယ် ဆိုတာ ကိုယ်ကိုယ်တိုင်မြင်တယ် ... ကိုယ်ကိုယ်တိုင် တွေ့တယ် ဒီလိုဆိုလိုတာပေါ့၊ အေး- ဒါကြောင့်မို့လို့ [၃၈] ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံအကြောင်းတရားဆိုသည်မှာ သဒ္ဓါမဟုတ်ဘူး ပညာလို့ ဒီလိုပြောချင်တာပေါ့၊ ဒီ ရှုထောင့်ကနေပြောတာ၊ သဒ္ဓါမဟုတ်ဘူး ပညာ။

အဲဒီပညာကို အခြေခံပြီးတော့မှ မြတ်စွာဘုရားရဲ့ အသိဉာဏ်ကိုယုံကြည်တယ်၊ “သဒ္ဒဟတိ တထာဂတဿ ဗောဓိ” ဘုရားကို ယုံကြည်သောအားဖြင့် ဘုရား ဟောတဲ့တရားပေါ်မှာ ယုံကြည်တယ်၊ ဘုရားရဲ့ တပည့် သာဝကသံဃာတွေကို ယုံကြည်တယ်၊ မြတ်စွာဘုရား၏ အဆုံးအမဖြစ်တဲ့ ကံတရားကို ယုံကြည်တယ်၊ ကံ၏ အကျိုးတရားကို ယုံကြည်တယ်၊ ဟော- ဖြစ်သွားတယ်၊ ကံကံ၏အကျိုးကိုယုံကြည်တယ်ဆိုတာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ အသိဉာဏ်ပေါ်မှာ အခြေခံတဲ့ယုံကြည်မှုလို့ ဒီလိုပြောတာ။

ဒီတော့ ဗုဒ္ဓဘာသာမှာ သဒ္ဓါဆိုတာဟာ ဒီ ယုံကြည်မှုထားတယ်ဆိုတာ ချဉ်းကပ်ဖို့အတွက် ပြောတာ၊ မြတ်စွာဘုရားကို သဟမ္ပတိဗြဟ္မာကြီးကနေပြီး တော့ တရားတောင်းပန်တယ်လေ၊ တရားဟောပါ [၃၉] လို့ဆိုတာ တရားမနာရလို့ရှိရင် ဆုတ်ယုတ်ကြပါလိမ့် မယ်၊ တရားကိုသိတဲ့ပုဂ္ဂိုလ်တွေ ရှိနိုင်ပါတယ်၊ မြတ်စွာ ဘုရား တရားဟောတော်မူပါလို့ဆိုတော့ မြတ်စွာဘုရား က ပြောတယ်လေ “ငါ နိဗ္ဗာန်တံခါးကြီး ဖွင့်လိုက်ပါပြီ” တဲ့နော်၊ “အပါပုရေတံ အမတဿ ဒွါရံ” နိဗ္ဗာန်တံခါးကြီး ဖွင့်လိုက်ပါပြီ၊ တရားဟောမယ်၊ သို့သော် “ယေ သောတဝန္တော ပမုစ္စန္တု သဒ္ဒံ” အသိပညာ နားရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ပညာရှိရုံနဲ့မရဘူး အသိပညာနား ရှိထား တဲ့ပုဂ္ဂိုလ်ဟာ၊ သဒ္ဒံ ပမုစ္စန္တု -ယုံကြည်ချက်ကို သူ့ဆီ ပို့လွှတ်ထားပါလို့ မြတ်စွာဘုရားက၊ သူ့မယုံရင် သူ့ စကား ဘယ်နားထောင်မှာတုန်း။

ဘုရားကိုယုံတာဟာ စကားနားထောင်ဖို့ အတွက် ပဲနော်၊ ဆိုကြပါစို့ - ဥပမာတစ်ခုပြောရမယ်ဆိုရင် ဆရာဝန်ကို မယုံဘူးဆိုရင် ... ဆရာဝန်ပေးတဲ့ဆေး သောက်ပါ့မလား၊ ဆရာဝန်ပေးတဲ့ဆေး သောက်တယ် ဆိုတာ ဆရာဝန်ကိုယုံလို့ သောက်တာလေ၊ အဲဒါမျိုးလိုပဲ မြတ်စွာဘုရားက “ယေ သောတဝန္တော ပမုစ္စန္တု သဒ္ဒံ”

[၄၀] ငါ့အပေါ်မှာ ယုံကြည်ချက်ကို စေလွှတ်ကြ၊ လွှတ်ထားလို့ ဒီလိုပြောတာ၊ တိပိဋကဓရဆရာတော်ကြီးကတော့ ပမုစ္စန္တုကို သူက သဒ္ဓါတည်းဟူသော အထုပ်ကြီးကို ဖြေထားကြလို့ ဒီလိုပြန်တယ်၊ “သဒ္ဓါ ဘာဇနံ ဥပနေတု” ဆိုတဲ့ အဋ္ဌကထာကိုကြည့်၊ သဒ္ဓါဆိုတဲ့ခွက်ကို အဆင် သင့် လုပ်ထားကြ၊ ဘုရားကပေးမယ့်တရားတွေ ခံယူဖို့ လို့ဆိုတဲ့ အဓိပ္ပာယ်ဖွင့်တယ်၊ အဲဒီမှာ သဒ္ဓါတရားရှိခြင်း အားဖြင့် မြတ်စွာဘုရားစကားကို လက်ခံတယ်။ မှန်တယ်လေ၊ မြတ်စွာဘုရားက တရားဦးဟောဖို့ ဗာရာဏသီကို ကြွသွားတယ်၊ ဣသိပတန ရောက်တော့ ပဉ္စဝဂ္ဂီတွေက ဘုရားဖြစ်တယ်ဆိုတာ လက်မှမခံတာ၊ မြတ်စွာဘုရားတောင် ဆက်ဆံတာ တန်းတူရည်တူ ဆက်ဆံတယ်၊ “အာဝုသော ဂေါတမ” တဲ့၊ အာဝုသော ဆိုတဲ့စကားလုံးကို အင်္ဂလိပ်တွေ ပြန်တဲ့အခါမှာ friend တဲ့၊ မိတ်ဆွေဂေါတမ၊ သူငယ်ချင်း ဂေါတမလို့ပြောတဲ့ အဓိပ္ပာယ်၊ ကိုယ်နဲ့ တန်းတူရည်တူ ဆက်ဆံပြီးတော့ ပြောတာ၊ ဟိုတုန်းက အကြီးအကျယ်ကြိုးစားတုန်းက၊ [၄၁] အရိုးကြေကြေ အရည်ခမ်းခမ်း ကြိုးစားတုန်းကတောင်မှပဲ တရားထူးတရားမြတ်မရတာ၊ အခုလို လျှောက်သွားနေ ဘယ်ရမှာတုန်း၊ ဟော- မယုံဘူး၊ ဘုရားကို မယုံဘူး၊ သုံးကြိမ်တိုင် ငြင်းပယ်ကြတယ်၊ မယုံတဲ့ပုဂ္ဂိုလ်ကို ဘုရားက တရားဟောရင် ရမှာမဟုတ်ဘူး၊ ဒါကြောင့်မို့ နောက်ဆုံးမှာ မြတ်စွာဘုရားက နေပါဦးတဲ့၊ မင်းတို့ စဉ်းစားကြည့်၊ ၆-နှစ်ပတ်လုံး ဒုက္ကရစရိယကျင့်နေ တုန်းက ငါရတော့မယ် စိတ်မပျက်ကြနဲ့ ရတော့မှာ ဆိုတာကို ငါဘယ်တုန်းကများ ပြောဖူးလဲဆိုတော့ အဲဒီကျတော့မှ ပဉ္စဝဂ္ဂီတွေက သဘောပေါက်သွားပြီး မြတ်စွာဘုရားပေါ်မှာ လက်ခံယုံကြည်မှုတွေ ဖြစ်ပေါ်လာတယ်၊ လက်ခံယုံကြည်ပြီဆိုတော့မှ မြတ်စွာဘုရားက “ဒွေ မေ ဘိက္ခဝေ အန္တာ” ဆိုပြီးတော့ ရှောင်ရမှာတွေကို စတင်ပြီးတော့ဟောတာ၊ အားလုံးသိတဲ့ အတိုင်း ဓမ္မစကြာတရား စဟောတာ။

ဒီတော့ ယုံကြည်မှုဆိုသည်မှာ လက်ခံဖို့အတွက် ဖြစ်တယ်၊ သို့သော် အဲဒီယုံကြည်မှုကို အခြေခံပြီးတော့ [၄၂] ရလာတဲ့အသိဉာဏ်ကသာလျှင် တန်ဖိုးနော်၊ ဒါကြောင့် မို့လို့ မြတ်စွာဘုရားအပေါ်မှာ ယုံကြည်လက်ခံတဲ့ အရှင်ကောဏ္ဍည သစ္စာ ၄-ပါးကို ရှင်းပြလိုက်တဲ့အခါမှာ သဘောပေါက်သွားပြီး “ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗ တံ နိရောဓဓမ္မ” ဆိုတဲ့ ထူးခြားတဲ့ ဓမ္မအမြင်တစ်ခု သူ့မှာရပြီး ဓမ္မစက္ခုဆိုတဲ့ ပညာမျက်စိရရှိပြီးတော့သွားတယ်၊ သဒ္ဓါရတာမဟုတ်ဘူး, ပညာရတာ၊ စဉ်းစားကြည့် သဒ္ဓါဆိုတာကို ဣန္ဒြေ ၅-ပါး ဗိုလ် ၅-ပါးထဲမှာ လိုအပ်သည့်အတွက် မြတ်စွာဘုရားထည့်ထားသော်လည်းပဲ အဓိကက ဗုဒ္ဓရဲ့တရားတော်မှာ “ပညုတ္တရာ သဗ္ဗေ ဓမ္မာ” လို့ဆိုတဲ့အတိုင်း ပညာဟာ အကောင်းဆုံး အမြတ်ဆုံးပဲ ဖြစ်တယ်နော်။

ဒါကြောင့်မို့ ဓမ္မစကြာတရားဟောလို့ ရသွားတာ၊ ဘာရသွားတုန်း၊ ပညာရသွားတာ။ ဘာပညာတုန်းလို့ ဆိုရင် ဓမ္မစက္ခုဆိုတဲ့ပညာ၊ အဲဒီမှာ သဒ္ဓါဆိုတာတောင် ဖယ်လိုက်သေးတယ်၊ “အပရပ္ပစ္စယော” တဲ့ သူများစကား ယုံတဲ့ပုဂ္ဂိုလ် မဟုတ်တော့ဘူးတဲ့၊ ဝိဂတကထံကထော- [၄၃] သို့လောသို့လော တွေးတောယုံမှားမှုတွေ ကင်းတယ်၊ ဝေသာရဇ္ဇပ္ပတ္တော’ရဲရဲဝံ့ဝံ့ ဆုံးဖြတ်နိုင်တဲ့အနေအထားမျိုး ရောက်သွားတယ်၊ ပညာရှိလို့ ရဲရဲဝံ့ဝံ့ဆုံးဖြတ်တာလေ၊ ပညာရသွားတာ၊ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်တယ်၊ “ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗေ တံ နိရောဓဓမ္မံ” ဖြစ်ခြင်းသဘောရှိတဲ့တရားမှန်သမျှဟာ ချုပ်ခြင်းသဘောရှိတယ်ဆိုတာ လုံးဝဆုံးဖြတ်ချက်ချသွားတယ်၊ အသိဉာဏ်။ ယုံကြည်တာ မဟုတ်ဘူး၊ အသိဉာဏ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာ ဖြစ်ရန် အခြေခံတရားဆိုသည်မှာ ကမ္မဿကတာသမ္မာဒိဋ္ဌိဆိုတဲ့ ပညာပဲလို့ အခြေခံဒီလိုမှတ်သားရမယ်။

အဲဒီ ကမ္မဿကတာသမ္မာဒိဋ္ဌိ အခြေခံပြီးတော့ မြတ်စွာဘုရားရဲ့ အသိဉာဏ်ကို ယုံကြည်တယ်ဆိုတဲ့ သဒ္ဓါ၊ အဲဒီသဒ္ဓါတရားကို အခြေခံပြီး အသိဉာဏ်နဲ့ ပေါင်းစပ်ပြီး ဘုရားကို နှစ်နှစ်ကာကာ ယုံကြည်တယ်၊ တရားကို နှစ်နှစ်ကာကာ ယုံကြည်တယ်၊ သံဃာကို နှစ်နှစ်ကာကာ ယုံကြည်တယ်၊ အဲဒီလို ယုံကြည်မှုတွေ [၄၄] နော်၊ ဆုံးဖြတ်မှုနဲ့ ယုံကြည်မှု၊ အသိနဲ့ ဆုံးဖြတ်တဲ့ ယုံကြည်မှုတွေ။

သဒ္ဓါဆိုတာ နောက်ပိုင်းကျတော့ ယုံတယ်ဆိုတာထက် ဆုံးဖြတ်တာဆိုတဲ့အဓိပ္ပာယ် ယူသွားတယ်၊ အဓိမောက္ခဆိုတာ အဲဒါပဲ၊ သဒ္ဓါကို အဓိမောက္ခလို့ သုံးတယ်လေ၊ ဥပက္ကိလေသာ ဝိပဿနုပက္ကိလေသာထဲမှာ သဒ္ဓါကို အဓိမောက္ခလို့ သုံးတယ်၊ အဓိမောက္ခဆိုတာ ဆုံးဖြတ်တာကိုပြောတာ၊ သေသေချာချာ အသိဉာဏ်နဲ့ သိထားတဲ့ပုဂ္ဂိုလ်ဟာ သို့လောသို့လော မဖြစ်တော့ဘဲနဲ့ လုံးဝ ဆုံးဖြတ်ချက်ချနိုင်တာ အဓိမောက္ခ၊ သဒ္ဓါကို ကောက်တာပဲ၊ အဲဒီလို ဆုံးဖြတ်နိုင်စွမ်းရှိသွားတယ်။ မဂ္ဂင်(၈)ပါးကို မြတ်စွာဘုရား ဟောတဲ့အခါမှာ သမ္မာဒိဋ္ဌိဆိုတဲ့ အသိဉာဏ်ကိုရှေ့တန်းတင်ပြီးတော့ နောက်က ဘာတွေ ဘာတွေ... ထည့်ဟောတုန်းဆိုတော့ သမ္မာသင်္ကပ္ပ- အသိဉာဏ်ကိုအထောက်အကူပြုတဲ့ မှန်ကန်တဲ့အတွေး။ လောကလူတွေက တွေးပြီးမှ ပြောတာဖြစ်သောကြောင့် သမ္မာဝါစာ။ ကိုယ်ကျင့်သီလ၊ [၄၅] သမ္မာဝါယာမ-

ပြောတဲ့အတိုင်း လုပ်ကြတာ ဖြစ်သောကြောင့် သမ္မာကမ္မန္တ။ မှန်ကန်တဲ့လုပ်ရပ်၊ အပြောနဲ့အလုပ် အသက်မွေးတာဖြစ်သောကြောင့် သမ္မာအာဇီဝ- မှန်ကန်တဲ့ အသက်မွေးမှု။ အေး- မှန်ကန်တဲ့အသက်မွေးမှုလုပ်တဲ့ ပုဂ္ဂိုလ်တိုင်း ပျင်းနေလို့မရဘူး၊ ကြိုးပမ်းအားထုတ်မှု၊ ကြိုးပမ်းအားထုတ်ပြီဆိုလို့ရှိရင် သတိထားရမှာဖြစ်လို့ သမ္မာသတိ၊ စိတ်ဓာတ်တည်ငြိမ်မှသာ အသိဉာဏ်ဖွံ့ဖြိုးနိုင်တာ ဖြစ်သောကြောင့် သမ္မာသမာဓိလို့ ဆိုတာ၊ မဂ္ဂင်(၈)ပါး အကျင့်တရားလို့ဆိုတာ ဟောတဲ့ထဲမှာ သဒ္ဓါ မပါဘူး၊ ပညာနဲ့ သွားတာနော်၊ သီလ သမာဓိ ပညာ ဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတော့ အခုလို နိဗ္ဗာန်ထိအောင် ပို့ဆောင်နိုင်တဲ့ ဒီအရည်အချင်းတွေ၊ သမ္မာဒိဋ္ဌိကနေစပြီး သမ္မာဒိဋ္ဌိမှာ လမ်းဆုံးတယ်လို့ပဲ ပြောရမှာပဲ။

ကမ္မဿကတာသမ္မာဒိဋ္ဌိဆိုတဲ့ မှန်ကန်တဲ့ အမြင်တစ်ခုကို အခြေခံပြီးတော့ ဗုဒ္ဓဘာသာဖြစ်တယ်၊ ဗုဒ္ဓဘာသာဖြစ်ပြီးတော့ အသိဉာဏ်နဲ့ ပေါင်းစပ်တဲ့ [၄၆] ယုံကြည်မှုတွေနဲ့ မြတ်စွာဘုရားကို ချဉ်းကပ်တယ်၊ ချဉ်းကပ်လို့ တရားဓမ္မတွေနာတယ်၊ နာတော့ အသိဉာဏ်တွေ ရပြန်တယ်၊ ရတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်တယ်၊ ကျင့်ကြံကြိုးကုတ်အားထုတ်လို့ လက်တွေ့ အသိဉာဏ်တွေ တစ်ခါ ရလာပြန်တယ် ဆိုတော့ ဟော- အသိဉာဏ်တွေက တစ်ခုပြီးတစ်ခု ဆက်တိုက် မြင့်သထက်မြင့်လာပြီး နောက်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ အသိဉာဏ်ထိအောင် ရရှိသွားပြီဆိုရင် သံသရာဝဋ်ဆင်းရဲက လွတ်ကင်းနိုင်တဲ့ အဆင့်ကို ရောက်သွားတာတဲ့။

ဒါကြောင့်မို့ ဗုဒ္ဓဘာသာဖြစ်ရန်အခြေခံ ဆိုသည်မှာလည်း ကမ္မဿကတာသမ္မာဒိဋ္ဌိပဲ ဆိုတာကို မှတ်သားနာယူကြရမှာဖြစ်တယ်။ တရားချစ်ခင် သူတော်စင်အပေါင်းတို့၊ မိမိတို့ကိုယ်တိုင် အရာခပ်သိမ်းကို ဆင်ခြင်စဉ်းစားတတ်တဲ့ အသိဉာဏ်ရအောင် အခုလို တရားပွဲတွေလုပ်ပြီး တရားနာကြတာ ဖြစ်တယ်ပေါ့ တရားပွဲက ရတဲ့ အသိဉာဏ်တွေနဲ့ မိမိတို့ဘဝခရီးကို မှန်ကန်တဲ့ [၄၇] လမ်းကြောင်းကနေ လျှောက်လှမ်းတတ်ဖို့၊ အသိဉာဏ်တွေရဖို့၊ ဆည်းပူးအားထုတ်ကြဖို့၊ ဗုဒ္ဓရဲ့တရားတော်အရ အသိဉာဏ်ရဖို့ဟာ အင်မတန်မှ အရေးပါတယ် ဆိုတာကို ကိုယ်စီကိုယ်စီ မှတ်သားနာယူပြီး မှန်ကန်တဲ့ အသိတရားတွေ ရရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

kqm5u4kx3wg9jyxjkw4moikdy1efykw
မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား
0
6472
22340
2026-11-05T16:10:58Z
Tejinda
173
"{{header | title = မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22340
wikitext
text/x-wiki
{{header
| title = မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဗုဒ္ဓဘာသာဖြစ်ရန်အခြေခံ]]
| previous2 = [[ပါရာယနဒေသနာ]]
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မကျန်းမာသူများ အတွက် အထူးနှလုံးသွင်းတရား

[၁] မှတ်တမ်း သာသနာတော်နှစ် ၂၅၆ဝ-ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၈-ခုနှစ်၊ နတ်တော်လဆန်း(၃)ရက်၊ ၂ဝ၁၆-ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ရွှေကျီးမြင်မြတ်စွာဘုရား၊ ရွှေကျီးနားဓမ္မာရုံကြီးအတွင်း ဆင်ယင် ကျင်းပပြုလုပ်အပ်သည့် ဓမ္မပူဇာ အထူးဓမ္မသဘင် အခမ်းအနား၌ နှစ်ဖက်မိဘများ ဖြစ်ကြသော ဦးရင် + ဒေါ်မြင့်မြင့် နှင့် ဦးလွင်စိန်+ ဒေါ်လွင်လွင်(အောင်မေတ္တာနာရီနှင့်မိုဘိုင်း)တို့ကို ရည်စူးအမှူးထား လျက် မန္တလေးမြို့၊ ၈၁-လမ်းနှင့်၃၁-လမ်းထောင့်၊ ဦးအောင်မင်း+ ဒေါ်ဝင်းဝင်းမော်၊ သမီး မအိရွှေစင်အောင်၊ မရွှေယမင်းအောင်၊ သား မောင်မင်းခန့် (orange mobile နှင့် motor) မိသားစုတို့၏ အမတ ဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “မကျန်းမာသူများ အတွက် အထူးနှလုံးသွင်းတရား” အကြောင်း တရားဒေသနာတော်။

မြတ်စွာဘုရားဟောကြားဆုံးမတဲ့ တရားတော်တွေဟာ .. အတွေးအခေါ်သက်သက်၊ အမြင်သက်သက် မျှသာ မဟုတ်ဘူး။ လက်တွေ့ ကျင့်သုံးလို့ရတဲ့ တရားတွေသာဖြစ်တယ်။ လောကလူတွေဟာ ဘဝရရှိလာတဲ့ [၂] အခါမှာ အခြေအနေမျိုးစုံနဲ့ ကြုံတွေ့ကြရတယ်။ ကျန်းမာတဲ့အခါရှိသလို မကျန်းမာတဲ့ အခါလည်း ရှိတယ်။ စီးပွားရေး အဆင်ပြေတဲ့အခါ ရှိသလို အဆင်မပြေတဲ့အခါလည်း ရှိတယ်။ ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာတွေ တိုးတက်တဲ့အခါရှိသလို ဆုတ်ယုတ်တဲ့အခါ လည်း ရှိတယ်။

လောကဓမ္မလို့ခေါ်တဲ့ လောကဓံနဲ့ ကြုံတွေ့လာတဲ့ အခါမှာ လူတွေဟာ စိတ်နှလုံး တုန်လှုပ်ခြောက်ခြား တတ်ကြပြီး ကောင်းတဲ့လောကဓံနဲ့ ကြုံတွေ့တဲ့ အခါမှာ မော်ကြွားတတ်ကြတယ်၊ တိုးတက်ရင် ဘဝမေ့တာမျိုး မကောင်းတဲ့လောကဓံနဲ့ ကြုံတွေ့ရင် စိတ်ဓာတ်တွေ ကျပြီး depression ဖြစ်တာမျိုး ဖြစ်တတ်ကြတယ်၊ ဒီလို ဖြစ်တာဟာ မတည်ငြိမ်တဲ့ သဘောကိုဆောင်တာပဲ ဖြစ်တယ်။ ဘယ်လူမျိုးပဲ ဖြစ်ဖြစ်၊ မတည်ငြိမ်တဲ့ဘဝကို ဖြတ်သန်းနေရတဲ့အချိန်မှာ အမှားတစ်ခုကို လုပ်မိတတ် ကြတယ်။

[၃] မကောင်းတဲ့ လောကဓံနဲ့ကြုံတွေ့လို့ မခံစားနိုင် ဘူးဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့ suicide ဆိုတာမျိုး လုပ်လေ့ရှိတယ်။ ကမ္ဘာမှာ suicide လုပ်တဲ့ သတင်းတွေ များစွာရှိတယ်။ ကြီးပွားတိုးတက်လာလို့ အစစအရာရာ အောင်မြင်လာရင်လည်း အောက်ခြေ လွတ်ပြီး မကြာခင်ပဲ ပျက်စီးဆုံးရှုံးသွားပြန်တယ်။ မတည်ငြိမ်တဲ့ လောကကြီးမှာ တည်တည်ငြိမ်ငြိမ် ဘယ်လိုနေကြမလဲ။ မြတ်ဗုဒ္ဓရဲ့အဆုံးအမဟာ မတည်ငြိမ်တဲ့ လောကကြီးမှာ တည်တည်ငြိမ်ငြိမ် နေတတ်ဖို့ အတွက် အကောင်းဆုံး လမ်းညွှန်ချက် ဖြစ်တယ်။ လက်တွေ့ လိုက်နာကျင့်သုံးမယ်ဆိုရင် အကျိုးရှိတဲ့ အဆုံးအမတရားဖြစ်တယ်။

မြတ်စွာဘုရားဟောကြားတဲ့ တရားသည် logic မဟုတ်ဘူး၊ philosophy လည်း မဟုတ်ဘူး။ လူတွေ ကျင့်သုံးဖို့၊ လက်တွေ့ကျတဲ့ ဆုံးမသွန်သင်ချက်သာ ဖြစ်တယ်။ တစ်ဖက်ကပြောမယ်ဆိုရင် ဗုဒ္ဓဘာသာဟာ [၄] ယုံကြည်ကိုးကွယ်ပြီး ဆုတောင်းရတဲ့ ဘာသာမျိုးလည်း မဟုတ်ဘူး။ ဆုတောင်းရတဲ့ ဘာသာမျိုးမှာသာ လူတွေ ကောင်းကျိုးချမ်းသာရဖို့ ဆုတောင်းကြတယ်။ ဆုတောင်းမှုနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား သွန်သင် ဆုံးမထားတာရှိတယ်။ “ဆုတောင်းနေလို့ ဘာတစ်ခုမှ မရဘူး။ ရနိုင်တဲ့အကြောင်းကိုသာ ဆည်းပူးအားထုတ် ရမယ်”လို့ ဟောတယ်။ အင်မတန်မှ လက်တွေ့ကျတဲ့ အဆုံးအမစကား ဖြစ်တယ်။

သို့သော် လောကလူတွေက ဆုတောင်းလို့ တိုက်ဆိုင်မှုနဲ့ ကြုံလာတဲ့အခါ ဆုတောင်းပြည့်တယ်လို့ အသိအမှတ် ပြုကြပြန်တယ်။ တကယ်တော့ ဆုတောင်း ပြည့်တယ်လို့ ပြောရမှာထက် ကိုယ့်ဆန္ဒအတိုင်း ဖြစ်လာတာနဲ့ ကြုံကြိုက်တာသာ ဖြစ်တယ်။ သို့သော် ထိုကဲ့သို့ ဖြစ်ပေါ်ဖို့အတွက် ဘယ်လောက် အရင်းအနှီးတွေ ထုတ်ရတယ် ဆိုတာကိုတော့.. မေ့ထားကြတယ်။

[၅] တကယ်တော့ ကိုယ်ကိုယ်တိုင် ကောင်းတာတွေလုပ်ပြီး အရင်းအနှီးထုတ် ကြိုးပမ်းကြရတာဖြစ်တယ်။ လောကလူတွေက လောဘကြောင့် ကြီးပွား တိုးတက်တယ်လို့ ယူဆကြတယ်။ တကယ်ကတော့ လောဘကြောင့် ကြီးပွားတိုးတက်တာ မဟုတ်ဘူး။ လောဘဟာ လိုချင်တတ်တဲ့ အရာသာဖြစ်တယ်။ လောဘကြီးတိုင်း ကောင်းကျိုးချမ်းသာရတာ မဟုတ် ဘူး။ ပညာတတ်အောင် သင်တယ်၊ လုံလဝီရိယနဲ့ ကြိုးစားတယ်ဆိုမှ ဘဝမှာ အောင်မြင်တယ်။ စီးပွားရေး အောင်မြင်တဲ့ကိစ္စမှာ မမြင်ရတာက ကံတရား။ မြင်ရတာက လုံ့လဝီရိယနဲ့ အသိဉာဏ်သာ ဖြစ်တယ်။ မမြင်ရတဲ့ ကံတရားအပေါ်မှာ လုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်တယ်၊ အသိပညာနဲ့ ဆင်ခြင်စဉ်းစား တယ်။ ဒါတွေကသာ ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းရင်း စင်စစ် ဖြစ်တယ်။ ဆုတောင်းလို့ ရတာမဟုတ်ဘူး။ တိုက်ဆိုင်မှုမျိုးသာ ဖြစ်တယ်၊ ကိုယ့်ရဲ့ လုံ့လဝီရိယနဲ့ [၆] အသိဉာဏ်ဟာ ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းရင်း အစစ်အမှန် ဖြစ်တယ်ဆိုတာကို မှတ်သားကြဖို့ လိုအပ်တယ်၊ မြတ်စွာဘုရားကလည်း အဲဒီအတိုင်းပဲ ဟောတာ ပဲ ဖြစ်တယ်။

သို့သော် ဗုဒ္ဓဘာသာအဖြစ် ခံယူထားသော်လည်း လူတွေဟာ ခေါက်ရိုးကျိုးပြီး အကျင့်ပါနေလို့ ဆုတောင်း ကြတယ်။ နတ်ကိုးကွယ်သလို ကိုးကွယ်တာမျိုးဟာ ခေါက်ရိုးကျိုးလာလို့သာ ကိုးကွယ်ကြတာ ဖြစ်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမအရ လက်တွေ့လုပ်ဖို့သာ ဖြစ်တယ်။ လက်တွေ့လုပ်ခြင်းကသာလျှင် ကြီးပွားတိုးတက်နိုင်တယ်။ ဒီကနေ့ စီးပွားဥစ္စာ တိုးတက်ပြီး အောင်မြင်ကြီးပွားနေတဲ့ ပုဂ္ဂိုလ်တွေ ကြိုးစားလို့သာ အောင်မြင်ကြတာ ဖြစ်တယ်။

တစ်ခါတုန်းက ရန်ကုန်သိမ်ကြီးဈေးထဲက အထည်ရောင်းတဲ့ ဒကာမကြီးတစ်ယောက်က ပြောဖူးတယ်။ “အရှင်ဘုရား၊ အခုလို စနေ၊ တနင်္ဂနွေ ရက်အားမှာ [၇] ပြည်သူ့ဥယျာဉ်ထဲ လျှောက်လည်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အခြေခံလူတန်းစား၊ လူလတ်တန်းစားတွေသာ ဖြစ် တယ်။ တကယ် ပိုက်ဆံချမ်းသာတဲ့ လူက အဲဒီရက်မှာ မအားဘူး၊ အလုပ် လုပ်နေကြရတယ်” တဲ့။ သူတို့ ကြီးပွားချမ်းသာနေတာဟာ အလုပ်လုပ်လို့ ကြီးပွားချမ်းသာတာ ဖြစ်တယ်၊ ဒါကတော့ သေချာတယ်။ ကိုယ်ကိုယ်ကိုလည်း ပြန်ဆန်းစစ်ကြည့်၊ ငါ့မှာ စီးပွားဥစ္စာ ဘာကြောင့်တိုးတက်နေတာလဲ။ ငါကိုယ်တိုင်က လုံ့လဝီရိယရှိတယ်၊ ဒီနေရာမှာ အသိဉာဏ် ဆိုတာ စီးပွားရေးနဲ့ပတ်သက်တဲ့ အမြော်အမြင်ကို ပြောတာ၊ အမြော်အမြင် အသိဉာဏ်နဲ့ လုံ့လဝီရိယကို အကြောင်းပြုပြီး လူတွေဟာ ကြီးပွားတိုးတက်ကြတာ ဖြစ်တယ်။

တစ်ခါတရံ အကြောင်းအကျိုး မညီညွတ်တဲ့ အခါမှာ စီးပွားဥစ္စာ မတိုးတက်ဘူး အဲဒီအခါမှာ အားကိုးရာ ရှာသည့်အနေနဲ့ ဗေဒင်မေးလိုက်၊ ဆုတောင်းလိုက် [၈] လုပ်လေ့လုပ်ထရှိတာဟာ ရသေ့စိတ်ဖြေ အလုပ်သာလျှင် ဖြစ်တယ်။ အဲဒါကြောင့် ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဖြစ်လာနိုင်တယ် ဆိုလို့ရှိရင် ဘုန်းကြီးတို့ တတွေ နေ့စဉ်ဘုရားရှေ့ သွားထိုင်ပြီး ဆုတောင်းနေပါ လား။ အဲဒီလိုနဲ့ ထမင်းဝပါ့မလား၊ မဝနိုင်ဘူး။ နေ့စဉ်နဲ့ အမျှ တန်ခိုးကြီးဘုရားရှေ့ သွားထိုင်ဆုတောင်းနေရုံနဲ့ စီးပွားဥစ္စာတိုးတက်လာမှာ မဟုတ်ဘူး။

ဒါကြောင့် စီးပွားဥစ္စာ ဖြစ်ထွန်းလာတာဟာ လုံ့လဝီရိယနဲ့ အသိဉာဏ်ကြောင့် ဖြစ်တယ်ဆိုတာကို သတိထားပြီး ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်။ စီးပွားဖြစ်ချင်ရင်လည်း ကြိုးစားရမယ်၊ တရားထူး တရားမြတ် ရချင်ရင်လည်း ကြိုးစားရမယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ နည်းမှန်လမ်းမှန် အသိဉာဏ်ရှိဖို့ တော့ လိုအပ်တယ်။ လွဲလွဲမှားမှားတွေ လျှောက်လုပ် မယ်ဆိုရင်တော့ မအောင်မြင်နိုင်ဘူး။

[၉] ကံဆိုတာ အခြေခံမျှသာ ဖြစ်တယ်။ “ကံဟုမူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာရှင့်’ လင်္ကာမှာ မန်လည်ဆရာတော်ကြီးက သတိပေး ရေးထားတာ။ ကံလို့ပြောတာဟာ အခြေခံအကြောင်းတစ်ခု အနေနဲ့သာ ပြောတာ။ စည်းစိမ်ဥစ္စာတိုးတက်ဖို့ကျတော့ လုံ့လဝီရိယ အဓိကကျတယ်လို့ ဒီလိုဆိုတယ်။ တစ်ချို့ ပြောတာ ကြားရတယ်၊ “အမလေးဘုရား၊ မလွယ်ပါဘူး။ ဒီကနေ့ ထမင်းလေးတစ်လုပ်စားဖို့ရာ လျှာထွက်အောင် အလုပ်လုပ်ရပါတယ်နဲ့ ပြောတယ်။” ဒါ အမှန်တရား ပြောတာ။ ဟုတ်တယ်၊ လျှာထွက်မှာပေါ့။ ပြောစရာတွေ လိုက်ပြောနေရင် လျှာထွက်မှာပဲ။ လျှာထွက်အောင် တပည့်တော်တို့ အလုပ်လုပ်ရတယ်၊ အလွယ်တကူနဲ့ ဖြစ်လာတာ မဟုတ်ဘူးဆိုတာ စီးပွားဥစ္စာရှာတဲ့ ပုဂ္ဂိုလ်တိုင်း အင်မတန်မှ ထင်ရှားတဲ့အချက်ပဲ ဖြစ်တယ်။ လောကကြီးမှာ အောင်မြင်ကြီးပွားလာတဲ့ အခါမျိုးမှာ ဘာနှလုံးသွင်းမလဲ၊ တစ်ခါတရံ အဆင်မပြေဘူး [၁၀] ဆိုရင် ဘာလုပ်မလဲ၊ ဆိုပါစို့၊ လောကမှာ နေမကောင်း ထိုင်မသာဖြစ်၊ ခေါင်းကိုက်တယ်ဆိုရင် ဘာလုပ်မလဲ။ အခု ဘုန်းကြီးတို့ အကြောတွေတက်နေလို့ ဘာလုပ်ရမလဲ။ Muscal ဆိုတာ သောက်လာခဲ့ရတယ်၊ အဖြေကတော့ ရှိတာချည်းပဲ။ အကြောတက်လာလို့ရှိရင် Muscal သောက်ရမယ်။ အအေးပတ်လို့ရှိရင်လည်း အအေးပတ် ပြေတဲ့ဆေး သောက်ရမယ်၊ ဖြေဆေးကတော့ ရှိတာချည်းပဲ။

အဲဒီလိုပဲ ဘဝခရီး လျှောက်လှမ်းတဲ့အခါ ကိုယ့်မှာ ဖြေဆေးရှိဖို့လိုတယ်။ စိတ်ဓာတ်ကျနေမယ့်အစား စိတ်ဓာတ်ကျစရာ အကြောင်းရှိလာရင် ဘာ နှလုံးသွင်း မလဲ။ ကိုယ်လုပ်တဲ့အလုပ်တွေ လုပ်သမျှ အောင်မြင်ကြီး ပွားလို့ရှိရင်လည်း ဘာကိုနှလုံးသွင်းရမလဲ။ နှစ်ခုစလုံးကို ထိန်းညှိပေးဖို့ လိုအပ်တယ်။ အဲဒီနှစ်ခုစလုံး ထိန်းညှိနိုင် မှ တည်ငြိမ်တဲ့ဘဝကို လျှောက်လှမ်းနိုင်မှာ ဖြစ်တယ်။

[၁၁] မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း ဘဝခရီး သွားမယ်ဆိုရင် လူတွေမှာ စိတ်ဓာတ်ကျခြင်း၊ စိတ်ဓာတ်ကြွခြင်း နှစ်ခုစလုံးမဖြစ်ဘူး၊ တည်ငြိမ်အေးချမ်းသော စိတ်ဖြင့် ဘဝခရီးကို လျှောက်လှမ်းနိုင်ကြမယ်ဆိုတာ သေချာတယ်။ အဲဒါအတွက် စိတ်ဖြေဆေးကို ဆောင်ထားဖို့ လိုအပ်တယ်။ မြတ်စွာဘုရားရဲ့ စိတ်ဖြေဆေးဟာ အင်မတန်မှ မှန်ကန်ပြီး အစွမ်းထက်တယ်။ လောကမှာ အောင်မြင်ကြီးပွားတယ်ဆိုတာ အစဉ် ထာဝရဖြစ်တာ မဟုတ်ဘူး၊ အကြောင်းအကျိုး ညီညွတ် တဲ့အခါသာ ဖြစ်တာ။ ဒီအကြောင်းအကျိုး ညီညွတ်တဲ့ အချိန်မှာ အောင်မြင်ကြီးပွားနိုင်တယ်။ ဘဝကို မမေ့ဖို့ ကိုယ့်ကိုယ်ကို သတိပေးပေးရမှာ ဖြစ်တယ်။ တစ်ခါ တခါ အဆင်မပြေလို့ ဆုံးရှုံးနစ်နာမှု ကြုံတွေ့တဲ့အခါ လည်း တည်မြဲမှာမဟုတ်ဘူး။ တခဏမျှသာ ဖြစ်တာ ဖြစ်တယ်။ ဘာကြောင့် ဆုံးရှုံးနစ်နာနေသလဲ ဆိုတာကို အဖြေရှာရမယ်၊ အဖြေတွေ့ ရင် အမှန်အကန်ကို ပြန်ပြီး [၁၂] ရောက်မှာပဲ။ စိတ်ဓာတ်ကျမယ့်အစား အဲဒီလို နှလုံးသွင်းပြီး ဖယ်ရှားရမှာ ဖြစ်တယ်။

လောကမှာ နှလုံးသွင်းတရားဟာ အင်မတန်မှ အရေးကြီးတယ်။ နှလုံးသွင်း မမှန်ဘူးဆိုလို့ရှိရင် လူဟာ ဆင်းရဲတာနဲ့ တွေ့လာရင်တစ်မျိုး၊ ချမ်းသာနဲ့ တွေ့လာရင်တစ်မျိုး၊ အမျိုးမျိုးအဖုံဖုံ လူတွေရဲ့ စိတ်နှလုံးဟာ တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်ပေါ်လာစေတတ်တယ်။ ဒါကြောင့်မို့ “လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့် စိတ်ထား” ဟာ လိုအပ်တယ်။ ဘယ်လောက်ပဲ လောကဓံတွေ ပြင်းထန်ပြင်းထန် စိတ်နှလုံး ကြံ့ခိုင်အောင် လေ့ကျင့်ပေးကြရမှာဖြစ်တယ်။ စိတ်နှလုံးကြံ့ခိုင် အောင် နှလုံးသွင်းရမှာ ဖြစ်တယ်။

မုန်တိုင်းတိုက်လာပြီဆိုရင် သစ်ပင်ကြီးတွေဟာ ယိမ်းထိုးနေကြတယ်။ နောက်ဆုံးမှာ အမြစ်ပါ ကျွတ်ထွက်သွားတယ်။ အိမ်တွေဟာ ပြိုလဲတယ်။ မုန်တိုင်းရဲ့ ဒဏ်ကို ခံနိုင်စွမ်းမရှိကြဘူး။ သို့သော် ကျောက်တောင် [၁၃] ကြီးတွေကတော့ ဘယ်လောက်ပဲ မုန်တိုင်းတိုက်တိုက်၊ ယိမ်းထိုးခြင်းလည်း မရှိဘူး။ လှုပ်ရှားခြင်းလည်း မရှိဘူး။ ပကတိတည်ငြိမ်စွာ ရှိနေနိုင်ကြတာ။ အဲဒါ ဘာကြောင့်လဲ၊ ခိုင်ခံ့လို့ပဲ ဖြစ်တယ်ပေါ့။ အဲဒါမျိုးလိုပဲ ကိုယ့်စိတ်ဓာတ်တွေကို ခိုင်ခံ့အောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်။

လောကမှာ စိတ်ဓာတ်အကျဆုံးအချိန်က ဘယ်အချိန်တုန်းဆိုရင် မကျန်းမမာဖြစ်တဲ့အချိန်ပဲ ဖြစ်တယ်။ အဲဒီလို စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ စဉ်းစားရမယ်၊ စိတ်ဓာတ်ကျနေတာ အဖြေလားလို့။ အဖြေမဟုတ်ဘူး။ စိတ်ဓာတ်ကျနေရမယ့်အစား လုပ်သင့်တာလုပ်ဖို့က ပိုအရေးကြီးတယ်။ လောကကြီးမှာ အဆိုးဆုံး ကြုံတွေ့တဲ့အခါ အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ် ရမယ်။ မြတ်စွာဘုရား ဂိလာနသုတ္တန် မှာ ဟောထား တာကို နာယူမှတ်သားကြည့်ပါ။

[၁၄] လောကလူသားတွေဟာ ကျန်းမာတဲ့အခါ ရှိသလို မကျန်းမာတဲ့အခါ ရှိတယ်။ ကျန်းမာနေတဲ့ အခါမှာ လူတွေဟာ ပျော်ရွှင်နေတော့ ဘာလုပ်လုပ် အဆင်ပြေနေကြတယ်။ အဆင်ပြေနေပြီဆိုရင် ပျော်စရာတွေက လွှမ်းမိုးနေတာမို့ အားကိုးရာ သိပ်မရှာကြဘူး။ မကျန်းမမာ ဖြစ်လာပြီဆိုရင်တော့ စိတ်ဓာတ်ကျလာကြတယ်။ အားကိုးရာ ရှာလာကြတယ်။ ကိုယ်ရော သူရော အတူတူပဲ ဖြစ်တယ်။

မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကိုလည်း နာယူမှတ်သားခြင်းဖြင့် အကျိုးရှိအောင် လုပ်ရမယ်။ ရောဂါဆိုတာ လူတိုင်းမှာ ရှိတာ။ ဘုန်းကြီးတို့မှာလည်း ရောဂါဝေဒနာတွေဟာ ရှိနေတာပဲ။ မရှိဘူး မဟုတ်ဘူး။ အသက်(၆၀)လောက်ကစပြီး ဒီဇက်ရောဂါ ဖြစ်လာတာ ပင်ပန်းဆင်းရဲမှုကို အမြဲတမ်းခံရတယ်။ လူကြားထဲ သွားတာပဲဖြစ်စေ၊ ကိုယ့်ဟာကိုယ် နေရင်း ထိုင်ရင်းဖြစ်စေ ကိုယ့်ကိုယ်ကို ထိန်းပြီးနေရတဲ့ ပင်ပန်း [၁၅] တဲ့ ဆင်းရဲဒုက္ခဟာ သေးတာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒါတွေကို မေ့ထားနိုင်ဖို့အတွက် အကျိုးရှိတဲ့ အလုပ်တစ်ခုကို လုပ်နေဖို့ အရေးကြီးတယ်။ မြတ်စွာဘုရားဟောကြားတဲ့ဒီသုတ္တန်ဟာ မှတ်သားနာယူဖို့ အလွန်ကောင်းတဲ့ သုတ္တန်ဖြစ်တယ်။ ဂိလာနသုတ်လို့ခေါ်တယ်။ ဂိလာနဆိုတာ မကျန်းမာသူလို့ အဓိပ္ပာယ်ရတယ်။ လူတိုင်းလူတိုင်းဟာ အမြဲတမ်း ကျန်းမာနေတာ မဟုတ်ဘူး။ မကျန်းမာတဲ့အခါ ရှိတယ်။ အသက်အရွယ်ကြီးလာရင်လည်း ကျန်းမာမှုဆိုတာ လျော့နည်းလာတတ်တယ်။ မကျန်းမမာ ဖြစ်လာတတ်တယ်။ လူတိုင်းလူတိုင်းမှာ အမေအို၊ အဖေအို၊ အဖိုး အဖွား အိုမင်းမစွမ်းပုဂ္ဂိုလ်တွေ ရှိလာတတ်တယ်။ မိဘဘိုးဘွားတွေ မကျန်းမမာလို့ ပြုစုနေရတဲ့အခါ၊ မိမိကိုယ်တိုင် မကျန်းမမာဖြစ်နေတဲ့အခါ ဘဝမှာ lonely ဖြစ်လာတတ်တယ်။ အဲဒီအခါ ဘာနှလုံးသွင်းသင့်သလဲ။ ဘာနဲ့ နေမလဲဆိုတာဟာ အရေးကြီးတယ်။ အဲဒီ [၁၆] အချိန်မှ အပျော်ရှာလို့ မဖြစ်ဘူး။ အပျော်ရှာနေရင် ပိုဆိုးသွားမှာပဲ ဖြစ်တယ်။ ဒါကြောင့်မို့ “မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား” ကို မြတ်စွာဘုရား ဟောကြားခဲ့တာ ဖြစ်တယ်။

မြတ်စွာဘုရား ဒေသစာရီခရီးစဉ်မှာ သာဝတ္ထိ၊ ဝေသာလီ၊ ရာဇဂြိုဟ်တို့ ဆိုတာကို ရောက်တယ်။ အဲဒီ ပတ်ဝန်းကျင်ဟာ မြတ်စွာဘုရားရဲ့ ခရီးစဉ်အတွင်းမှာ ရှိတယ်။ ဒီကနေ့ ဗုဒ္ဓဂယာသွားတဲ့ပုဂ္ဂိုလ်တွေ အဲဒီ ခရီးလမ်းကြောင်းတွေ ရောက်ဖူးကြမှာပဲ။ အဲဒီ ခရီးလမ်းကြောင်းအတိုင်း သာဝတ္ထိကနေ ဝေသာလီကို သွားတယ်၊ ဝေသာလီကနေ ရာဇဂြိုဟ်၊ ရာဇဂြိုဟ်ကနေ တစ်ခါ သာဝတ္ထိဘက် ပြန်တယ်။ အဲဒီလို မဇ္ဈိမဒေသ လမ်းကြောတစ်လျှောက်မှာ နေထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေ မြတ်စွာဘုရား ဆုံးမစကားဟောကြားလို့ အချို့ အချို့သော ပုဂ္ဂိုလ်တွေဟာ စိတ်နှလုံးအေးချမ်းမှု ရပြီးတော့ ဘဝခရီးကို ငြိမ်းချမ်းစွာ ဖြတ်သန်းသွားနိုင်ကြတယ်။

[၁၇] မဂဓတိုင်းရဲ့ တစ်ဖက်ကမ်းမှာ ဝဇ္ဇီတိုင်း ဝေသာလီပြည်ရှိတယ်။ အဲဒီဝေသာလီပြည်က oligarchy system နဲ့အုပ်ချုပ်တယ်။ အိန္ဒိယနိုင်ငံမှာ ဘုရားလက်ထက်တုန်းက monarchical system လို့ ခေါ်တဲ့ ဧကရာဇ်ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့နေရာတွေက သာဝတ္ထိမြို့ကို အခြေပြုတဲ့ ကာသိတိုင်း ကောသလတိုင်း ရှိတယ်။ ရာဇဂြိုဟ်မြို့ကို အခြေပြုတဲ့ အင်္ဂတိုင်း မဂဓတိုင်းဆိုတာ ရှိတယ်။ ကောသမ္ဗီမြို့ကို အခြေပြုတဲ့ ဥတေနဘုရင်ကြီး အုပ်ချုပ်တဲ့ဒေသရှိတယ်။ စဏ္ဍပဇ္ဇောတမင်းကြီး အုပ်ချုပ်တဲ့ အဝန္တိတိုင်း (ဘုံဘေနား)က ဥဇ္ဇေနီဆိုတာ ရှိတယ်။ အဲဒီလို အိန္ဒိယနိုင်ငံမှာ ဧကရာဇ်ဘုရင်စနစ်တွေနဲ့ ထိုထိုဒေသတွေမှာ အုပ်ချုပ်နေကြတဲ့အချိန် ဝေသာလီမြို့ကို အခြေပြုတဲ့ ဝဇ္ဇီနိုင်ငံတော်ကြီးကတော့ oligarchy system ကို ကျင့်သုံးတယ်။ oligarchy system ဆိုတာ ဒီကနေ့ခေတ် ပါလီမန်စနစ်နဲ့ ဆင်ဆင်တူတယ်။ အားလုံး မင်းသားပေါင်း (၇၇၀၇) ယောက်။

[၁၈] အဲဒီ (၇၇၀၇) ယောက်သော ပုဂ္ဂိုလ်တွေ ခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေ ဗိုလ်ပါ စစ်တပ်တွေ အားလုံး သူ့အဖွဲ့အစည်းနဲ့သူ၊ သူတို့ဟာ စည်းလုံးညီညွတ်စွာနဲ့ တိုင်းပြည်အရေးကို ဆောင်ရွက်လုပ်ကိုင်ကြတယ်။ တိုင်းရေးပြည်ရေးကိစ္စ ပေါ်လာတဲ့အခါမှာ တူညီသော ဆန္ဒနဲ့ စည်းရုံးပြီး ခေါင်းဆောင်ရဲ့ နောက်မှာ အကုန်လိုက်ပြီး အားထုတ်ကြတယ်။ လုပ်ကြစို့ဆိုရင် တညီတည်း လုပ်တယ်။ ဒါကြောင့်မို့ ဝေသာလီ၊ ဝဇ္ဇီမင်းတွေဟာ ထိုခေတ်က စံပြဖြစ်လောက်အောင် ညီညွတ်တယ်လို့ ဒီလိုဆိုလိုတယ်။

သူတို့နိုင်ငံမှာ စစ်ပညာသင်ကြရတယ်။ သင်တန်းတက်နေတဲ့ အချိန်မှာ သင်တန်းသားတွေဟာ ခုခေတ်လို မွေ့ယာတို့၊ ခေါင်းအုံးတို့၊ မှီခေါင်းအုံးတို့၊ ခေါင်းအုံးပျော့ပျော့တွေကို မအုံးရဘူး။ သစ်တုံးကိုပဲ ခေါင်းအုံးအဖြစ် အုံးကြရတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ကြမှာစိုးလို့ သစ်တုံးခေါင်းအုံး အိပ်ကြရတယ်။ အဲဒီလောက်ထိ [၁၉] အောင် သူတို့ လေ့ကျင့်ကြရတယ်။ မြားပစ်သင်တန်းကို တက်ကြရတယ်။ ခုခေတ်ကတော့ သေနတ်နဲ့ အဝေးက ပစ်တယ်။ ရှေးခေတ်ကတော့ မြားပစ်သင်တန်းလေ့ကျင့်၊ ဆင်စီး၊ မြင်းစီး၊ ဓားခုတ်၊ လှံထိုးဆိုတာ အဲဒါတွေ သင်ယူကြရတယ်။

အဲဒီလို ဝေသာလီပြည်ဟာ ဝဇ္ဇီမင်းတွေ အုပ်ချုပ်လို့ အင်မတန်မှကြီးပွားတိုးတက်လာတယ်။ ကြာတဲ့အခါ ရာဇဂြိုဟ် ဗိမ္ဗိသာရမင်းကြီးတို့ကပါ စိုးရွံ့လာတယ်။ ဝဇ္ဇီနိုင်ငံတော်ကြီးဟာ သိပ်ကြီးကျယ်လာတဲ့အခါမှာ သူတို့ စိုးရိမ်စိတ်တွေဝင်လာတယ်။ အခု မြန်မာဘုရားဖူးတွေရောက်တဲ့ ပတ္တနားဆိုတဲ့နေရာမှာ အရင်တုန်းက ပါဋလိပုတ္တ ဆိုတဲ့ရွာလေး။ အဲဒီရွာလေးကို ပါဋလိပုတ်မြို့အဖြစ် တည်ဆောက်တာဟာ တိုးတက်ကြီးပွားလာတဲ့ ဝဇ္ဇီနိုင်ငံရဲ့အန္တရာယ်ကို ကာကွယ်ဖို့ရာ မြို့သစ်တည်တာလို့ ဆိုတယ်။ ခုခေတ်မြေပုံနဲ့ သေချာကြည့်မယ်ဆိုရင်တော့ ဝဇ္ဇီတွေချီတက်လာနိုင်တဲ့ လမ်းမျိုးမှာ [၂၀] အဟန့်အတား ဖြစ်ဖို့အတွက် ... ပါဋလိပုတ္တမြို့ကို တည်ထောင်ခဲ့တယ်လို့ ဆိုတယ်။

မြတ်စွာဘုရားဟာ အလွန်ညီညွတ်တဲ့ ဝေသာလီမြို့က မဟာဝနလို့ဆိုတဲ့ တောအုပ်ကြီးမှာ လိစ္ဆဝီမင်းတွေက ဆောက်လုပ်လှူဒါန်းတဲ့ ကူဋာဂါရသာလာ အထွဋ်တပ်တဲ့ ကျောင်းဆောင်မှာ သီတင်းသုံးတော်မူတယ်။ ညနေချမ်းအခါ ကျောင်းထဲကို လှည့်လည်ကြည့်တယ်။ မကျန်းမမာရှိတဲ့ ပုဂ္ဂိုလ်တွေ သီတင်းသုံးဖို့ဆိုပြီး ဆောက်ထားတဲ့ ဂိလာနသာလာ ဆိုတာ ရှိတယ်။ အဲဒီ ဂိလာနသာလာ အဆောက်အဦးဘက်ကို မြတ်စွာဘုရားကြွသွားတယ်။ ဂိလာနသာလာမှာ ရဟန်းတစ်ပါး အင်မတန်မှ အားနည်းပြီး စိုးရိမ်လောက်အောင် မကျန်းမမာ ဖြစ်နေတယ်။ အဲဒီ မကျန်းမမာဖြစ်နေတဲ့ ရဟန်းကို အကြောင်းပြုပြီး မြတ်စွာဘုရားက ဂိလာနသုတ္တန် “မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား” ကို ဟောကြားခဲ့တာ ဖြစ်တယ်။

[၂၁] လောကမှာ လူတိုင်းလူတိုင်းဟာ ထာဝရကျန်းမာနေကြမှာ မဟုတ်ဘူး။ မကျန်းမာဘူးဆိုရင် “ဒို့ရော ဘာလုပ်မလဲ”။ မြတ်စွာဘုရားရဲ့ အဆုံးအမတရားကို မှတ်သားနာယူထားကြရမှာ ဖြစ်တယ်။

မြတ်စွာဘုရားက “ချစ်သားရဟန်းတို့၊ ဒီလို မကျန်းမမာဖြစ်ပြီး အလွန့်ကိုအားနည်းနေတဲ့ ဂိလာနရဟန်းမျိုးကို ဒီနှလုံးသွင်းတရား ငါးမျိုးက စွန့်ခွာမသွားဘူးဆိုရင် မကြာမီ အာသဝကင်းကွာ ရဟန္တာဖြစ်ဖို့ မြော်လင့်နိုင်တယ်”။

ဆိုလိုတာက ဒီနှလုံးသွင်းတရား ငါးမျိုးဟာ မကျန်းမမာဖြစ်နေတဲ့ ပုဂ္ဂိုလ်နဲ့ အတူတကွ ရှိနေမယ်ဆိုလို့ရှိရင် ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခုကို ရနိုင်တယ်။ “သူ့သန္တာန်မှာရှိတဲ့ ကိလေသာ အာသဝတွေကို ကင်းကွာပြီးတော့ ရဟန္တာအဖြစ်ထိအောင် ရောက်နိုင်တယ်”။ ရဟန္တာဖြစ်နိုင်တဲ့ ဒီ နှလုံးသွင်းတရားတွေကို နှလုံးသွင်းဖို့ လိုအပ်တယ်လို့ ဆိုလိုတာ ဖြစ်တယ်။

[၂၂] ရဟန္တာဖြစ်နိုင်တယ်ဆိုတော့ ရဟန္တာ မဖြစ်တောင်မှ စိတ်ဓာတ်မှာ အင်အားတွေ၊ သတ္တိတွေ ပြန်ရပြီး စိတ်ဓာတ်ကျတာမျိုး မဖြစ်ဘူး။ လောကမှာ စိတ်ဓာတ်ကျတာမျိုးတွေက အဆိုးဆုံးပဲပေါ့။ အဲဒီလို စိတ်ဓာတ်မကျဖို့အတွက် မြတ်စွာဘုရားက ဒီမကျန်းမာတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီ “နှလုံးသွင်းတရားငါးမျိုး” ကို သေသေချာချာ အထူးနှလုံးသွင်းသင့်တယ်လို့ ရဟန်းတွေကို ဆုံးမတာဖြစ်တယ်။

အဲဒီလို နှလုံးသွင်းမယ်ဆိုရင် သူ့သန္တာန်မှာရှိတဲ့ မပြတ်စီးဝင်နေတဲ့ ကိလေသာအာသဝတွေ ကင်းကွာပြီး စေတောဝိမုတ္တိ၊ ပညာဝိမုတ္တိလို့ခေါ်တဲ့ အရဟတ္တဖိုလ်သမာဓိ၊ အရဟတ္တဖိုလ်ပညာမျိုးကို ရရှိပြီး ရဟန္တာအဖြစ် ရောက်ရှိသွားနိုင်တယ်။ မြတ်စွာဘုရားက မကျန်းမမာဖြစ်နေသူတွေ ဒီတရားကို နှလုံးသွင်းဖို့ ဆုံးမတိုက်တွန်းခဲ့တာ ဖြစ်တယ်။

[၂၃]

(၁) အသုဘာနုပဿီ

အသုဘာနုပဿီ ကာယေ ဝိဟရတိ = ကိုယ့်ကာယအပေါ်မှာ အသုဘလို့ ရှုမြင်လျက်နေရမယ်။ ငါ့ခန္ဓာကိုယ်မှာ တင့်တယ်တာတစ်ခုမှ မရှိဘူး။ ခန္ဓာကိုယ်ဟာ အလွန်စက်ဆုပ်စရာ ကောင်းတယ်လို့ အဖန်ဖန် နှလုံးသွင်းမှု ရှိရမယ်။ ဒီလိုဆိုလိုတာ။ မြန်မာလူမျိုးတွေက အသုဘဆိုရင် “မသာ” သွားသွား သတိရနေကြတယ်။ မသာကို ပြောတာ မဟုတ်ဘူး။ အသုဘဆိုတာ မတင့်တယ်ဘူးလို့ ပြောတာ။ ကိုယ့်ကိုယ်ကို တင့်တယ်တယ်၊ လှတယ်လို့ ဆိုလို့ရှိရင် ကိုယ့်ကာယပေါ်မှာ တွယ်တာစိတ်တွေ ပိုများလာတယ်၊ အလှပြင်ချင်လာတယ်။ ကိလေသာတွေက ပိုပွားလာတယ်။ အဲဒီတော့ ကိုယ့်ကာယဟာ မတင့်တယ် ရွံစဖွယ်ကောင်းတယ်ဆိုတာကို စိတ်ထဲမှာ နှလုံးသွင်းဖို့ လိုအပ်တယ်။

[၂၄] “ဘာဖြစ်လို့ ဒါတွေ တွေးနေမလဲ။ ဒါတွေ တွေးရင် စိတ်ဓာတ်ကျမှာပေါ့” လို့ လူငယ်တွေက ပြောကောင်း ပြောကြလိမ့်မယ်။ စိတ်ဓာတ်ကျဖို့ ပြောတာမဟုတ်ဘူး။ အမှန်သိဖို့ ပြောတာ။ တကယ်ကတော့ မတင့်တယ်တာ အမှန်ပဲပေါ့။ စဉ်းစားကြည့်၊ အသုဘလား၊ သုဘလား။ သုဘဆိုတာ တင့်တယ်တယ်၊ သူ့ဟာသူ ထားမယ်ဆိုရင် ရှုချင်စဖွယ် တင့်တယ်မှု အပြည့်အဝရှိတယ်။ အသုဘဆိုတာ မတင့်မတယ်ဖြစ်နေတာ၊ ရွံစရာ ဖြစ်နေတာ။

ခန္ဓာကိုယ်ကြီးဟာ ရွံစရာလား၊ နှစ်သက်စရာကြီးလားဆိုတာကို ပြန်ကြည့်လိုက်။ မနက်အိပ်ရာထတဲ့ အချိန်မှာ အိပ်ရာက နိုးလာပြီဆိုရင် မျက်နှာမသစ်ဘဲ နေကြည့်လေ။ တစ်ပတ်လောက်နေ၊ ဒီ့ထက် မထင်ရှားသေးဘူးဆိုရင် တစ်လလောက်နေ၊ မျက်နှာမသစ်နဲ့။ တစ်လလောက်နေ၊ ရေလည်းမချိုးနဲ့၊ ဘာမှ မဖီးမလိမ်းဘူးဆိုလို့ရှိရင် ဘယ်လိုဖြစ်လာမလဲ စဉ်းစားကြည့်။

[၂၅] လူတွေဟာ နေ့စဉ်နဲ့အမျှ ပြင်ဆင်ဖီးလိမ်း လုပ်နေကြလို့ တင့်တောင့်တင့်တယ်လို ဖြစ်နေတာ။ သဘာဝအတိုင်း နေကြည့်လိုက်။ သဘာဝအတိုင်း နေကြည့်လိုက်လို့ရှိရင် သဘာဝဟာ ပေါ်လွင်လာတယ်။ အဲဒီ ပေါ်လွင်လာတဲ့ သဘာဝကို မြင်အောင်ကြည့်တာကို အသုဘလို့ခေါ်တယ်။ မသာအလောင်းကို ပြောတာ မဟုတ်ဘူး။ မြန်မာစကားမှာ အသုဘ ဆိုရင် လူတွေက မစဉ်းစားချင်ဘူး။ အသုဘဆိုတာ မတင့်မတယ် ရွံစဖွယ် အခြေအနေကို ပြောတာ၊ ဆင်ခြင်သုံးသပ်ကြည့်ရမယ်။

ဟုတ်ပြီ ကိုယ့်ကိုယ်ကိုကြည့်။ မျက်လုံးက ထွက်တဲ့ မျက်ရည်ပဲဖြစ်စေ၊ မျက်ချေးပဲဖြစ်စေ၊ မွှေးကြိုင်လို့ သိမ်းထားစရာ ဖြစ်ရဲ့လား။ နှာခေါင်းကထွက်တဲ့ နှပ်ချေး၊ နှပ်ရည်တွေ စုထားလို့ရမလား။ အဖိုးတန်သလား။ ခံတွင်းကထွက်တဲ့ တံတွေးကအစ၊ အားလုံး ခန္ဓာကိုယ်က ထွက်သမျှတွေဟာ မွှေးကြိုင်တာများ တစ်ခုခု ရှိသလား။ တန်ဖိုးရှိပြီး သိမ်းထားလို့ ရတဲ့အရာများ [၂၆] ရှိသလားဆိုတော့ ဘယ်အရာမှ မရှိဘူး။ အဲဒီလို ဆင်ခြင်စဉ်းစားကြည့်လိုက်ရင် မတင့်မတယ် ရွံစဖွယ် အခြေအနေမျိုးကို တွေ့ရမှာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို အဲဒီလို နှလုံးသွင်းရမယ်။

နှာခေါင်းက ထွက်တယ်၊ နားက ထွက်တယ်၊ ပါးစပ်ကထွက်တယ်၊ တစ်ခြားခန္ဓာကိုယ်မှာရှိတဲ့ ဒွါရတွေက ထွက်တာတွေ မှန်သမျှဟာ တစ်ခုမှ မွှေးကြိုင်တာ မရှိဘူး၊ သိမ်းထားစရာ မရှိဘူး။ အားလုံးဟာ ရွံစရာ အနံ့ဆိုးတွေနဲ့ချည်းပဲ။ အဲဒါကို ဆင်ခြင်သုံးသပ်ရမယ်လို့ ဆိုလိုတယ်။

သာမန်ပုဂ္ဂိုလ်တွေကတော့ ဒါတွေ လျှောက်တွေးနေတာ အပိုပဲလို့ အောက်မေ့လိမ့်မယ်၊ မဟုတ်ဘူး၊ မပိုဘူး။ ဒီလို တွေးခြင်းအားဖြင့် ... ကိုယ့်ကိုယ်ကို တင့်တယ်တယ်၊ လှတယ်လို့ ထင်နေတဲ့ အထင်တစ်ခုကို ချွန်းအုပ်မိပြီးသား ဖြစ်သွားတယ်။ ဘရိတ်အုပ်လိုက်တာ ဖြစ်တယ်။ အဲဒီ ဘရိတ်အုပ်လိုက်ခြင်းအားဖြင့် [၂၇] မတင့်မတယ် ဖြစ်လာတဲ့အခါ စိတ်ဓာတ်ကျတာ မဖြစ်ဘူး၊ ကိုယ့်ကိုယ်ကို လှတယ်လို့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် မကြာခင် အိုမင်းရှုံ့တွ ဖြစ်လာတဲ့အခါ စိတ်ဓာတ်တွေ ကျလာတတ်တယ်။ စိတ်ဓာတ်ကျလာပြီဆိုရင် လူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေချင်သလို ဖြစ်လာတယ်။ အဲဒါမျိုးမဖြစ်ရအောင် မြတ်စွာဘုရားက အမှန်သိဖို့အတွက် ခန္ဓာကိုယ်ရဲ့ မတင့်တယ်မှုကို အဖန်ဖန် ရှုကြည့်တတ်ရမယ်လို့ ဟောတာ။ အနုပဿီ ဆိုတာ တကယ့်အဖြစ်အတိုင်း ကြည့်တတ်ဖို့၊ မြင်တတ်ဖို့ လိုတယ်လို့ ဆိုလိုတယ်။

လောကလူတွေဟာ အမျိုးသားတွေပဲ ဖြစ်ဖြစ်၊ အမျိုးသမီးတွေပဲ ဖြစ်ဖြစ် ရေမိုးချိုးသန့်စင်ပြီး ဖီးလိမ်းပြင်ဆင်ထားလို့သာ ကြည့်ပျော်ရှုပျော်ရှိနေတာ။ ပကတိအတိုင်း ထားကြည့်ပါလား။ ကိုယ့်ကိုယ်ကိုတောင် နှာခေါင်းပိတ်နေရမယ့် အနေအထားမျိုး ဖြစ်မှာပဲ။

[၂၈] ထမင်းစားတဲ့အခါလူတွေဟာ ဝိုင်းဖွဲ့ပြီး ပျော်လို့ပါးလို့ စားကြတယ်။ အဲဒီစားလိုက်တဲ့ အစာတွေကို အစာကြေလို့ နောက်ဆုံး စွန့်ပစ်ရတဲ့အချိန်ကျရင် အခန်းထဲဝင် ဂျက်ထိုးပြီး တစ်ယောက်တည်း ဘာလို့ လုပ်ကြရသလဲ။ မွှေးကြိုင်လို့လား၊ မမွှေးကြိုင်လို့လား ဆိုတာ စဉ်းစားကြည့်ပေါ့။ တကယ် စဉ်းစားကြည့်မယ်ဆိုရင် လူရဲ့ ခန္ဓာကိုယ်က ထွက်တာဟာ ဘာတစ်ခုမှ အကောင်းမထွက်ဘူး။ ဒီသဘောကို မြတ်စွာဘုရားက ကြည့်ခိုင်းတာ။

အဲဒီလို ကြည့်ခြင်းဟာ စိတ်ဓာတ်ကျဖို့ မဟုတ်ဘဲနဲ့ ခန္ဓာကိုယ်ပေါ်မှာ တွယ်တာမှု၊ ကိုယ့်ကိုယ်ကို တွယ်တာခြင်း၊ သူတစ်ပါးကို တွယ်တာခြင်းဆိုတဲ့ တွယ်တာမှုတွေကို လျှော့ချဖို့ဖြစ်တယ်။ ဒီ လျှော့ချတဲ့နည်းဟာ အကောင်းဆုံးပဲ။

လျှော့ချလိုက်နိုင်တာနဲ့ တစ်ပြိုင်နက် လူဟာ အလှပြင်တာတွေ မလုပ်တော့ဘူး။ သန့်သန့်ပြန့်ပြန့် [၂၉] သန့်သန့်ရှင်းရှင်း နေတယ်။ ခန္ဓာကိုယ်ကြီးရဲ့ သဘာဝကို သိရှိနားလည်သွားပြီ။ အဲဒီ သိရှိနားလည်သွားလို့ အမှန်သိခြင်းဟာ အင်မတန်မှ တန်ဖိုးရှိတယ်လို့ ဆိုလိုတယ်။ နဂိုတုန်းက အမှန်မသိဘဲနဲ့ အထင်အမြင်တွေနဲ့ နေထိုင်ကြတာ။ ဒီလို အမှန်သိလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ပေါ်မှာ တွယ်တာတဲ့ လောဘကို လျှော့ချနိုင်တယ်။

လောဘကို လျှော့ချလိုက်တာနဲ့ မုန်းတီးမှု ဆိုတာလည်း လျော့ကျသွားတယ်။ အမှန်မသိမှုဆိုတဲ့ မောဟဟာလည်း လျှော့ကျသွားတယ်။ လောဘကိုလည်း လျှော့ချနိုင်တယ်။ ဒေါသကိုလည်း လျှော့ချနိုင်တယ်။ မောဟကိုလည်း လျှော့ချနိုင်တယ်။ နောက်ဆုံး ကိလေသာအာသဝတွေ ကင်းပြီး အမှန်တရားကို သိရှိနားလည်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မိမိရဲ့ခန္ဓာပေါ်မှာလည်း တွယ်တာစိတ်ကုန်သွားတယ်။ သူတစ်ပါးရဲ့ ခန္ဓာပေါ်မှာလည်း တွယ်တာစိတ်ကုန်သွားတယ်။

[၃၀] ကုန်သွားသည့်အတွက်ကြောင့် တွယ်တာမှုကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သောကဆိုတာ မရှိတော့ဘူး။ ပရိဒေဝဆိုတာ မရှိဘူး။ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဆိုတာ မရှိဘူး။ စိတ်နှလုံးတွေ အေးချမ်းသွားတယ်၊ ဒီလို ဆိုလိုတယ်။

မကျန်းမာတဲ့ ပုဂ္ဂိုလ်မှသာ ဒီလို ရှုရမှာလားဆိုရင် မဟုတ်ဘူး။ မကျန်းမာတဲ့အချိန်မှာရှုရင် ပိုပြီးသူ့အတွက် အကျိုးဖြစ်မယ်ပေါ့။ ကျန်းမာနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်းပဲ ဒီ အသုဘာနုပဿနာ လို့ခေါ်တဲ့ ဒီ မတင့်မတယ်သဘောကို အဖန်ဖန်ရှုခြင်းဆိုတဲ့ အလုပ်ကို လုပ်ရမယ်။ အနုပဿနာ ဆိုတာ အမှန်သိဖို့အတွက် သတိရယ်၊ ပညာရယ်၊ လုံ့လဝီရိယရယ် ပေါင်းစပ်ပြီးတော့ ကိုယ့်ခန္ဓာရဲ့သဘာဝကို အမှန်သိအောင် ကြိုးစားရှုမှတ်ခြင်းသာ ဖြစ်တယ်။ အဲဒါကို ကမ္မဋ္ဌာန်းထိုင်တယ်လို့ ပြောတာ။ ကမ္မဋ္ဌာန်းအားထုတ်တယ် ဆိုတာလည်း အဲဒါပဲ။ အဲဒီလို သိဖို့လုပ်တာ။ အဲဒီလို မသိဘဲနဲ့ [၃၁] ကမ္မဋ္ဌာန်းကို ဟန်ပြ အားထုတ်နေလို့ရှိရင်ကတော့ တရားထူး တရားမြတ်တော့ ရမှာမဟုတ်ဘူး။ တကယ် အသိဉာဏ်ရဖို့ရာ ခက်တယ်။

လောကလူတွေက ကြွားစရာဆိုတာ အမျိုးစုံ ရှာတတ်တယ်လေ။ ဘယ်နေရာကပဲဖြစ်ဖြစ် ကြွားဖို့ရာတော့ ဝန်မလေးကြဘူး။ ယောဂီလုပ်တောင်မှ fashion လေးနဲ့ သွားချင်သေးတာ။ အဲဒီလို မဖြစ်စေရဘူး။ အသိဉာဏ်နဲ့ သွားရမှာဖြစ်တယ်။ အဲဒီလိုနေမှ တကယ့် သဘာဝအစစ်အမှန်ကို သိရှိမှာ။

ဒါက နှလုံးသွင်းရမယ့် အချက်တစ်ခုပဲ။ ဒီလို နှလုံးသွင်းခြင်းအားဖြင့်လည်းပဲ ကိလေသာအာသဝတွေ ကုန်ပြီး ရဟန္တာအဖြစ်ကို ရောက်သွားနိုင်တယ်လို့ ဆိုလိုတယ်။

(၂) အာဟာရေပဋိကူလသညာ

နောက် ဒုတိယကတော့ အာဟာရေပဋိကူလသညာ = ကိုယ်စားတဲ့ အစားအစာနဲ့ ပတ်သက်လာတဲ့ [၃၂] အခါ ဘယ်တော့မှ မက်မက်မောမော စိတ်ဓာတ်မျိုး မဖြစ်စေရဘူး၊ မဖြစ်အောင် ဘာလုပ်ရမလဲ။ ဆင်ခြင်တုံတရားနဲ့ စားရမယ်။

ခုခေတ်လူတွေမှာ ရောဂါအများကြီး ဖြစ်နေကြတာဟာ ကြိုက်လို့စားတာကို အကြောင်းပြုပြီး ဖြစ်နေကြတာ။ ဆင်ခြင်တုံနဲ့ စားတာမဟုတ်ဘူး။ မစားရင်လည်း မဖြစ်ဘူး၊ စားရမှာ ဖြစ်တယ်။ စားတဲ့အခါမှာလည်း ကိုယ်စားတဲ့ အစားအစာနဲ့ ပတ်သက်လာလို့ရှိရင် ဆင်ခြင်ပြီးစားတတ်ဖို့ လိုအပ်တယ်လို့ ဆိုလိုတယ်။

ဘယ်လို ဆင်ခြင်ရမလဲလို့ဆိုရင် “ငါ ဘာဖြစ်လို့ ဒါ စားတာလဲ။ ခန္ဓာကိုယ် မပင်မပန်း အသက်ရှင်ဖို့ စားတယ်။ အလုပ်လုပ်နိုင်ဖို့ စားတယ်” ဆိုတဲ့ အတွေးမျိုးနဲ့ တွေးတတ်ရမယ်။ ပျော်ဖို့ပါးဖို့ စားတာမဟုတ်ဘူး။ ဝဖို့လှဖို့ စားတာမဟုတ်ဘူး။ မပင်မပန်းနဲ့ အလုပ်လုပ်နိုင်အောင် စားတာ၊ “ငါစားတဲ့ အစားအစာဟာ ပါးစပ်ထဲ မရောက်ခင်ကလေးသာလျှင် တင့်တောင့် [၃၃] တင့်တယ် ရှိသော်လည်းပဲ ပါးစပ်ထဲ ထည့်လိုက်တဲ့ အချိန်ကနေစပြီးတော့ ဒီအစာရဲ့ တန်ဖိုးဟာ လျော့ကျသွားပြီလို့ တွေးပါ၊ အာဟာရေပဋိကူလသညာ ဆိုတာ အဲဒါပြောတာ။

ပါးစပ်ထဲက အစာဟာ ခွေးအန်ဖတ်နဲ့ ဘာထူးလဲ။ ဘာမှ မထူးဘူးလေ။ လူရဲ့ အန်ဖတ်နဲ့ ခွေးအန်ဖတ် တူတူပဲ ဖြစ်မှာပဲ။ အဲဒီတော့ ဘယ်လောက်ကောင်းတဲ့ အစာအာဟာရပဲဖြစ်စေ ပါးစပ်ထဲ ထည့်လိုက်ပြီးတဲ့နောက်မှာ တန်ဖိုးတွေကျဆင်းသွားပြီ။ ဘယ်လောက်ထိ တန်ဖိုးတွေ ကျသွားတုန်းဆိုရင် အပြင်ဘက်တောင် မထုတ်ရဲဘူး။ toilet ထဲ သွားထုတ်ရတဲ့ အဆင့်မျိုး ရောက်သွားတယ်။ အဲဒါ တန်ဖိုးကျသွားတာပဲဖြစ်တယ်။ အဲဒီ တန်ဖိုးကျသွားတဲ့ အနေအထားထိအောင် ဆင်ခြင်ပြီးစားပါလို့ဆိုတယ်။

ဒါတွေတွေးရင် ရွံစရာကြီးပဲလို့ ဒီလိုထင်ကောင်း ထင်ကြလိမ့်မယ်။ မဟုတ်ဘူး။ ရွံစရာတွေးမှ တော်ကာ [၃၄] ကျတယ်။ နို့မို့ဆို ကြိုက်လို့စားတယ်။ မတည့်လည်း မတည့်မှန်းသိလည်း စားတယ်။ ကြိုက်လို့စားတယ်။ ပြီးရင် ဆေးသောက်မယ်လို့ပြောတယ်။ တစ်ချို့ကျတော့ “ဝဝစားပြီး သေမယ်” လို့တောင် ပြောတယ်။ ဘဝမှာ အလွန်အကျွံတွေ ဖြစ်တတ်တယ်။ အဲဒါတွေကို ထိန်းကျောင်းဖို့အတွက် အာဟာရေပဋိကူလသညာ ကို နှလုံးသွင်းရမယ်။

ကိုယ်စားတဲ့ အစာအာဟာရနဲ့ ပတ်သက်ပြီးတော့ ခဏလေးအတွင်းမှာ အာဟာရရဲ့ တန်ဖိုးတွေဟာ ကျဆုံးသွားတယ်။ ငါစားတာဟာ ခန္ဓာကိုယ်တည်တံ့ပြီး အသက်ရှည်ဖို့အတွက်သာ စားတာ။ တစ်ခြားကိစ္စအတွက် စားတာမဟုတ်ဘူး။ လှဖို့ ဝဖို့ ပျော်ဖို့ ပါးဖို့ စားတာမဟုတ်ဘူး။ အလုပ်လုပ်နိုင်ဖို့စားတယ်။ စားခြင်းကြောင့်လည်း ရောဂါဝေဒနာတွေ မဖြစ်စေရဘူး။ ခြင်းကြောင့်လည်း ရောဂါဝေဒနာတွေ မဖြစ်စေရဘူး။ အားလုံး ကိုယ်စားသမျှ အစာတွေကြောင့် အပြစ်မဖြစ် [၃၅] စေရဘူး။ ကြိုက်လို့စားတာ မဟုတ်ဘဲနဲ့ စားသင့်လို့ စားတာမျိုး၊ ဆေးဝါးအဖြစ် မှီဝဲပြီး စားတာမျိုး နှလုံးသွင်း ဆင်ခြင်ပြီး စားရမယ်။

အာဟာရေပဋိကူလသညာ=အာဟာရ၌ ရွံစဖွယ်ဟူသော အမှတ်သညာထားပြီးတော့စားမယ်၊ ဒီအတိုင်း ကျင့်သုံးနေထိုင်ကြမယ်ဆိုရင် တဖြည်းဖြည်း ဒီအစာအာဟာရအပေါ်မှာ တွယ်တာတဲ့တဏှာကို လျှော့ချနိုင်မယ်။ လျှော့ချနိုင်လို့ရှိရင် ကျန်တာတွေမှာလည်း တဖြည်းဖြည်း လျှော့ချလို့ ရသွားတယ်။

လောကလူတွေဟာ ဒီ့ပြင်ဟာ လျှော့ချနိုင်ကြတယ်။ အဝတ်ကောင်းကောင်း မဝတ်ရချင်နေပါစေ။ ကားကောင်းကောင်း မစီးရချင်နေပါစေ၊ အစာလေးတော့ ကောင်းကောင်းလေး စားချင်ပါတယ် ဆိုတာမျိုးက ရှိတယ်လေ။ အဲဒီလို မဖြစ်ရအောင် ကိုယ့်ခန္ဓာကိုယ်မှာ လိုအပ်ချက် အတိုင်းအတာတစ်ခုအတွက်သာ ငါစားတယ်ဆိုတဲ့ အသိနဲ့သတိ ထားလိုက်မယ် ဆိုလို့ [၃၆] ရှိရင် အစာစားခြင်းတည်းဟူသော အကြောင်းကြောင့် ဒုက္ခဖြစ်စရာအကြောင်း မရှိတော့ဘူး။ ဒါကြောင့်မို့ အာဟာရေပဋိကူလသညာ ဆိုတာဟာ အင်မတန်မှ အကျိုးသက်ရောက်မှုကို ဖြစ်စေတယ်။

အာဟာရပေါ်မှာ မက်မက်မောမော စားခြင်းကြောင့် မတည့်တာစားခြင်းကြောင့် ဆီးချိုရှိပါတယ်ဆိုမှ အချိုကြိုက်တာမျိုး၊ သွေးတိုးရောဂါ ရှိပါတယ်ဆိုမှ ဝက်သားအဆီမှ စားချင်တာမျိုးတွေ မဖြစ်တော့ဘူးပေါ့။ အဲဒီလို မဖြစ်လို့ရှိရင် အသက်ရှည်ခြင်းဆိုတဲ့ အကျိုးကျေးဇူးကို ရလာမှာပဲဖြစ်တယ်။

သို့မဟုတ်လို့ရှိရင် ဆီးချိုရှိလျက် အချိုကလေး စားလိုက်ချင်သေးတယ်။ သွေးတိုး ရှိပါရဲ့သားနဲ့ ဝက်သားတုတ်ထိုးလေး ဝါးလိုက်ချင်သေးတယ်ဆိုရင် အဲဒါ ဒုက္ခရောက်မှာပဲ၊ ဒီလိုဆိုတာပေါ့နော်။ အဲဒီလို မဖြစ်ရအောင် ကိုယ့်ဟာကိုယ် အတိုင်းအတာတစ်ခုနဲ့ စားကြရမှာ။ အဲဒီလို နှလုံးသွင်းဆင်ခြင်လိုက်မယ်ဆိုရင် [၃၇] ကျန်းမာမှုတွေ တိုးတက်လာပြီး အသိဉာဏ်တွေဟာ ဖွံ့ဖြိုးလာနိုင်တယ်။ နောက်ဆုံးမှာ ရဟန္တာအဖြစ် ရောက်ရှိသွားနိုင်တယ်လို့ မြတ်စွာဘုရားက ... ဒီလို ဆုံးမတာ။

(၃) အနဘိရတသညာ

နောက်တစ်ခု ဆင်ခြင်သုံးသပ်ဖို့က ဘာတုန်းဆိုရင် သဗ္ဗလောကေ အနဘိရတသညာ = လောကကြီး တစ်ခုလုံးမှာ ပျော်စရာဆိုတာ မရှိဘူးဆိုတဲ့အတွေးကို တွေးတတ်ရမယ်။

လောကလူတွေက ပျော်စရာပဲ လိုက်ရှာကြတယ်လေ။ ဒါ တစ်ခုရိုးသွားရင် နောက်တစ်ခုပြောင်းတယ်။ ပျော်စရာ ရှာလိုက်ကြပုံကတော့ သီချင်းတွေ၊ album တွေ များစွာထွက်သော်လည်း ဒီသီချင်းကတော့ ရိုးသွားပြီဆိုရင် နောက်သီချင်းတစ်ခု ရှာပြန်တယ်။ အဝတ်ဆိုလို့ရှိရင်လည်း ဒီ fashion လေးက၊ ဒီ design လေးက [၃၈] ရိုးသွားပြီဆို နောက် design တစ်ခု ရှာပြန်တယ်။ အဲဒီတော့ လောကကြီးမှာ ဘာပဲဖြစ်ဖြစ် မရိုးခင်သာ လူတွေက ပျော်စရာလို့ထင်တာ၊ မကြာခင် ရိုးသွားတယ်လေ။ မကြာခင်ရိုးသွားမှာ ဖြစ်သောကြောင့် ကြိုတင်ပြီးတော့ ရိုးထားလိုက်လို့ရှိရင်လည်း ပြီးတာပဲ အကုန်လုံး၊ ဒါမျိုးတွေ မဖြစ်တော့ဘူး။

“သဗ္ဗလောကေ အနဘိရတသညာ- လောကကြီးတစ်ခုလုံးမှာ ပျော်စရာဆိုတာ ဘာမှမရှိဘူး” လူတွေ ပျော်စရာလို့ ထင်ပြီးတော့သာ ပျော်နေကြတာ။ တကယ်ကျတော့ တဖြည်းဖြည်း အိုလာတယ်၊ နာလာတယ်၊ နောက်ဆုံး အသက်စွန့်ပြီးတော့ သွားကြရတယ်။ မခွဲချင်ဘဲ ခွဲသွားကြရတယ်ဆိုတဲ့ အဖြစ်မျိုးတွေဟာ လောကကြီးမှာ ကြုံတွေ့နေကြရတာ ဖြစ်လို့ တကယ်အစစ်အမှန် ပျော်စရာဆိုတာ ဘာတစ်ခုမှ မရှိဘူးဆိုတာ သေချာတယ်။ ပျော်ရင်းပါးရင်းနဲ့ အသက် [၃၉] ထွက်သွားကြတာတွေ ကြည့်ပြီး ဒီလို နှလုံးသွင်းတရားနဲ့ ဆင်ခြင်တုံတရားနဲ့ နေရမယ်လို့ ဒီလိုဆိုတယ်။ ဒီတရားအားလုံးဟာ လောဘကို ဖယ်ရှားတာသာ ဖြစ်တယ်။ လောဘတွေကို လျှော့ချနိုင်ဖို့ ဒီအတိုင်းပဲ နှလုံးသွင်းကြရမှာ ဖြစ်တယ်။

(၄) အနိစ္စသညာ

နောက် နံပါတ်လေးကဘာတုန်းဆိုရင် သဗ္ဗသင်္ခါရေသု အနိစ္စသညာ= သင်္ခါရတရား အားလုံးအပေါ်မှာ မမြဲဘူးဆိုတဲ့အမှတ်သညာကို ထားရမယ်လို့ဆိုလိုတယ်။ သင်္ခါရလို့ဆိုတော့ ဘာတွေတုန်း။ မိမိကိုယ်တိုင်က သင်္ခါရ၊ ကိုယ့်သန္တာန်မှာ ရှိသမျှအားလုံးတွေ သင်္ခါရ၊ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေအားလုံး သင်္ခါရ၊ မျက်စိက မြင်သမျှတွေ သင်္ခါရ၊ နားထဲကကြားသမျှတွေ သင်္ခါရ၊ နှာခေါင်းက နမ်းရှူလို့ရတာ၊ လျှာက လျက်လို့ရတာ၊ ခန္ဓာကိုယ်က ထိတွေ့လို့ရတာ၊ အားလုံးဟာ သင်္ခါရ [၄၀] ချည်းပဲ၊ ဘယ်အရာမှ မမြဲဘူး။ အားလုံး သင်္ခါရတရားဆိုတာ ပျက်စီးခြင်းမှာပဲ အဆုံးသတ်သွားတယ်။ “နုပျိုခြင်းက အိုမင်းခြင်းမှာ အဆုံးသတ်တယ်၊ ကျန်းမာခြင်းက ရောဂါရခြင်းမှာ အဆုံးသတ်တယ်။ အသက်ရှင်ခြင်းက သေခြင်းမှာ အဆုံးသတ်တယ်” အားလုံး နောက်ဆုံးမှာအဆုံးသတ်ရှိတယ်။ ဘယ်အရာမှ မမြဲဘူးဆိုတာကို မကြာခဏ ဆင်ခြင်စဉ်းစားကြည့်ရင် ဘယ်အရာကိုမှ မတွယ်တာတော့ဘူး။ နို့မို့ဆိုလို့ရှိရင် လောကလူတွေဟာ အဝတ်အစား ကောင်းကောင်းလေး ရှိလျက်လည်း မဝတ်ရက်၊ ရတနာ ပစ္စည်းတွေ ဆိုတာလည်း မသုံးရက်၊ မစွဲရက်၊ ကိုယ့်ပစ္စည်းလေးကို နှမျောနေတတ်ကြတယ်ပေါ့။ အဲဒါကြောင့်မို့ မမြဲတဲ့သဘောကို ဆင်ခြင်ပြီး သုံးသင့်တာ သုံးမယ်၊ စားသင့်တာ စားမယ်၊ လှူသင့်တာလှူမယ်။ ကုသိုလ်ကောင်းမှုရအောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေကို မွေးလာနိုင်ဖို့အတွက် “သဗ္ဗသင်္ခါရေသု [၄၁] အနိစ္စသညာ သင်္ခါရဟူသမျှ ဘယ်အရာမှ မမြဲဘူးဆိုတာ ဆင်ခြင်သုံးသပ်ထားရမယ်”လို့ ဒီလို ဆိုတယ်။

အဲဒီလို ဆင်ခြင်ထားခြင်းဖြင့် မမြဲတဲ့သဘောနဲ့ ကြုံတွေ့လာတဲ့အခါမှာ စိတ်ဓာတ်ကျတယ်ဆိုတာ မဖြစ်အောင် မြတ်စွာဘုရားက ကြိုတင်ဆင်ခြင် စဉ်းစားခိုင်းတာပဲ၊ ဒါလည်း နှလုံးသွင်းရမယ်။

(၅) မရဏသညာ

နောက်ဆုံးတစ်ခုက “မရဏသညာ ခေါပနဿ အဇ္ဈတ္တံ သူပဋ္ဌိတာ ဟောတိ”။ ဘယ်သူပဲဖြစ်ဖြစ်၊ တစ်နေ့ကျရင် သေဆုံးခြင်းနဲ့ အဆုံးသတ်ကြရမှာ။ အဲဒီ သေဆုံးခြင်းနဲ့ အဆုံးသတ်ရမယ်ဆိုတာကို ဘယ်တော့မှ မေ့မထားနဲ့လို့ ဒီလိုပြောတာ။

သေခြင်းတရားနဲ့ ရင်ဆိုင်တွေ့တဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်ရလေအောင် “ဇီဝိန် ထင်လင်း [၄၂] သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေသည် တကား' ဆိုတာကို အမြဲဆင်ခြင်ရမယ်။ ကိုယ့်ရှေ့က သေသွားတဲ့ ပုဂ္ဂိုလ်တွေလည်း မြောက်မြားစွာရှိတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုလည်းပဲ သေနိုင်တယ်ဆိုတာကို အမြဲတမ်း သတိထားဖို့ပဲ။

ခုခေတ်မှာ သေနိုင်တာက ပိုတောင်များသေးတယ်။ မော်တော်ဆိုင်ကယ်လေး စီးထွက်၊ ဦးထုပ်က မပါ၊ ဟိုနားကျ ဘုန်းကနဲလဲ၊ ဒုက္ခရောက်၊ ဒါမျိုးတွေလည်း ပြည့်နေတာပဲ။ အိမ်ပြန်မရောက်တော့ဘူး၊ အဆုံးသတ်သွားကြတယ်။ ကားလမ်းမကြီးပေါ်မှာ မောင်းသွားတယ်၊ မောင်းသွားရင်း မတော်တဆ ဖြစ်တယ်၊ သေသွားကြတယ်၊ ဒီလိုဟာတွေလည်း အများကြီးရှိတယ်။ နေ့စဉ်နဲ့အမျှ အန္တရာယ်တွေနဲ့ သေဆုံးခြင်းဆိုတာတွေက ရှိကြတယ်။

အဲဒီတော့ လူ့လောကကြီးမှာ အချိန်မရွေး သေနိုင်တယ်ဆိုတာ အမြဲတမ်း mindfulness လုပ်နေဖို့လိုအပ် [၄၃] တယ်။ အဲဒီလို သေမယ်လို့တွေးတာဟာ စိတ်ဓာတ်ကျဖို့ မဟုတ်ဘူး။ ဖြစ်လာနိုင်တဲ့ အနေအထားတစ်ခုကို ကြိုတင်ပြင်ဆင်ပြီး သိနေသင့်တာကို ပြောတာ။ သိထားရမှာကို ပြောတာ။

အဲဒီလို ကြိုတင်သိပြီး ပြင်ဆင်ထားသည့်အတွက် ကိုယ့်မှာ လုပ်စရာတွေဟာ လုပ်ပြီးသား ဖြစ်နေတတ်တယ်။ အဲဒီလို မဟုတ်ဘူးဆိုလို့ရှိရင် လူက ရောဂါရလာပြီ၊ မသေချင်သေးဘူး၊ အလုပ်တွေက ရှိသေးတယ်လို့ ဖြစ်လာတယ်။ အဲဒီအခါမှာ ယူကြုံးမရ ဖြစ်လာတယ်။ တစ်ချို့မှာ ရုတ်တရက်ကြီး ရောဂါရသလို ဖြစ်လာတတ်တယ်။ အဲဒီရောဂါကို သိလည်းသိလိုက်ရော ကုမရတဲ့ incurable ရောဂါမျိုး ဆိုလို့ရှိရင် ဟာ ဘာမှလည်း မလုပ်ရသေးဘူး။ မသေချင်သေးဘူး ဖြစ်လာတယ်။ သို့သော် နေရမှာလားဆို မနေရတော့ဘူး။ ဒါကြောင့်မို့လို့ အမြဲတမ်း “မရဏသညာ- သေဆုံးခြင်း အမှတ်သညာ” ကို အမြဲတမ်းထားခြင်း [၄၄] အားဖြင့် အဆင့်သင့်ဖြစ်နေအောင် လုပ်နေဖို့ လိုအပ်တယ်လို့ ဒီလိုဆိုတာ။

သေခြင်းတရားကို စဉ်းစားလို့ ဘယ်လိုများ အကျိုးရှိမှာတုန်းလို့ မေးလို့ရှိရင် သေခြင်းတရားဆိုတာ လူတိုင်းရင်ဆိုင်ရမှာဖြစ်သောကြောင့် မရဏသညာကို ကြိုတင်စဉ်းစားထားတဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါမှာ ရဲရဲဝံ့ဝံ့အသက်စွန့်နိုင်တဲ့ အနေအထားမျိုးရှိတယ်။ စိတ်နှလုံး တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲနဲ့ ရဲဝံ့စွာ ဘဝကို ကူးသွားနိုင်တဲ့ အကျိုးရှိတယ်။ အဲဒီလို မဟုတ်ဘူးဆိုလို့ရှိရင် လူတွေဟာ စိတ်နှလုံး တုန်လှုပ်ခြောက်ခြားသွားတတ်တယ်ပေါ့။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ဒုက္ခတွေ ပိုများသွားတတ်တယ်။ ဒါကြောင့်မို့ သေခြင်းတရားဆိုတာဟာ မှန်ကန်တဲ့နည်းနဲ့ နှလုံးသွင်းဖို့လိုအပ်တယ်။ သေခြင်းတရားနဲ့ ပတ်သက်ပြီး သတိထားစရာ လောကလူတွေရဲ့ စိတ်မှာ ဖြစ်ပေါ်လာတတ်တဲ့ အစွန်းလေးဖက်ကို ရှောင်လွှဲဖို့ လိုအပ်တယ်။ လောကလူ [၄၅] ဆိုတာ အမျိုးမျိုးရှိတဲ့အထဲမယ်
(၁) ကိုယ်ချစ်ခင်တဲ့ လူတစ်ယောက်ရဲ့ သေဆုံးမှုကို သွားတွေးမိလို့ရှိရင် သောကဖြစ်သွားတတ်တယ်။ အဲဒါဟာ မရဏဿတိ ကမ္မဋ္ဌာန်း မဖြစ်ဘူး၊ သောကဖြစ်လို့ အကုသိုလ် ဖြစ်တယ်။
(၂) ကိုယ်မုန်းတဲ့လူတစ်ယောက်ရဲ့ သေဆုံးခြင်းကို သွားသတိရတဲ့အခါ ဒီကောင် ‘သေ’ အေးတာပဲ၊ တစ်တော ရှင်းသွားတယ်လို့ ဝမ်းသာတတ်ပြန်တယ်။
(၃) ကိုယ်နဲ့ ဘာမှလည်းမခင်၊ သိလည်းမသိတဲ့ ပုဂ္ဂိုလ် သေဆုံးခြင်းကျရင်တော့ သူ့ဟာသူ သေတာ၊ ငါနဲ့ ဘာဆိုင်လို့တုန်းဆိုပြီးတော့ သံဝေဂ မဖြစ်တတ်ဘူး။
(၄) မိမိကိုယ်ကို သေဆုံးခြင်းကို ကြည့်တဲ့အခါကျတော့ ကြောက်သွားပြန်တယ်တဲ့။ အဲဒီတော့ ကိုယ့်ကိုယ်ကို သေခြင်းကိုနှလုံးသွင်းမိလို့ ကြောက်သွားရင်လည်း ကမ္မဋ္ဌာန်း မဟုတ်တော့ဘဲ လမ်းချော်သွားခြင်းပဲ ဖြစ်တယ်။

[၄၆] ကိုယ်ချစ်ခင်သူရဲ့ သေဆုံးခြင်းကြောင့် သောကဖြစ်သွားမယ် ဆိုလို့ရှိရင်လည်း လမ်းချော်သွားခြင်းသာ ဖြစ်တယ်။ ကိုယ်နဲ့မုန်းတဲ့ပုဂ္ဂိုလ်၊ မတည့်တဲ့ ပုဂ္ဂိုလ်ရဲ့ သေခြင်းကိုကြည့်ပြီး ဝမ်းသာမှုဖြစ်ရင်လည်း လမ်းချော်ခြင်းပဲဖြစ်တယ်။ ကိုယ်နဲ့လုံးဝမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သေဆုံးခြင်းကို ကြည့်ရင်လည်း သံဝေဂမဖြစ်ဘူးတဲ့။ ဒါကြောင့်မို့လို့ သေဆုံးခြင်းနဲ့ ပတ်သက်လာလို့ရှိရင် သံဝေဂဖြစ်ရမယ်။ အသိဉာဏ်ဖြစ်ရမယ်လို့ ဒီလိုဆိုလိုတယ်။

မသေခင်ကြိုတင်ပြီး လုပ်ရမယ့် ကိစ္စတွေကို ကြိုတင်ပြင်ဆင်ပြီး လုပ်လေ့လုပ်ထရှိခြင်းဟာ အင်မတန်မှ စိတ်နှလုံးအေးချမ်းမှုကို ဖြစ်ပေါ် စေတယ်လို့ ဒီလို ဆိုတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ဒီတရားငါးမျိုးကို နှလုံးသွင်းပါတဲ့။
နံပါတ်(၁)က ကိုယ့်ခန္ဓာကိုယ်ကြီး မတင့်မတယ် ရွံစဖွယ် ကောင်းတယ်ဆိုတာကို မပြတ်ဆင်ခြင်ပေးပါ။

[၄၇] နံပါတ်(၂)က ကိုယ်စားတဲ့ အစာအာဟာရတွေရဲ့ စက်ဆုပ်ဖွယ်ရာ အခြေအနေတွေကို မပြတ်စဉ်းစားပေး
နံပါတ်(၃)က လောကကြီးရဲ့ ပျော်ရွှင်စရာ ကင်းမဲ့ နေပုံကို ဆင်ခြင်စဉ်းစားပေးပါ။
နံပါတ်(၄)က သင်္ခါရမှန်သမျှ ဘယ်အရာမှ မမြဲဘူး ဆိုတဲ့ အနိစ္စသညာကို ဆင်ခြင်ပေးပါ။
နံပါတ်(၅)က သေခြင်းနဲ့ ပတ်သက်တဲ့ အမှတ်သညာတစ်ခု ကိုယ့်ရဲ့ သေခြင်းပဲဖြစ်စေ၊ ကိုယ်နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သေဆုံးခြင်းပဲဖြစ်စေ၊ သေဆုံးခြင်းနဲ့ပတ်သက်ပြီး သတိ, သံဝေဂ, အသိဉာဏ် အမြဲတမ်းဖြစ်အောင် ဆင်ခြင် စဉ်းစားပေးပါလို့ ဟောကြားတော်မူတာ ဖြစ်တယ်။

ဒီနှလုံးသွင်းတရား ငါးမျိုးဟာ မကျန်းမာသူတွေအတွက် အထူးလိုအပ်တဲ့ နှလုံးသွင်းတရား ကမ္မဋ္ဌာန်း ငါးခုပဲ ဖြစ်ပါတယ်လို့ ဒီလိုဆိုတယ်။ ခုလို ကမ္မဋ္ဌာန်း [၄၈] ငါးမျိုးကို နှလုံးသွင်းဆင်ခြင်ခြင်းအားဖြင့် ထိုပုဂ္ဂိုလ်ဟာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်။ မြတ်စွာဘုရားက ဘယ်လောက်ထိအောင် ဟောတုန်းဆိုလို့ရှိရင် ဒီလိုသာ မှန်မှန်ကန်ကန် နှလုံးသွင်းပြီး ဒီတရားငါးမျိုး သူ့သန္တာန်မှာ ပြည့်ပြည့်ဝဝကြီး ရှိမယ်ဆိုရင် သူဟာ မသေခင်မှာ ရဟန္တာဖြစ်သွားနိုင်ပါတယ်လို့ ဟောတယ်။ ရဟန္တာဖြစ်တယ်ဆိုတာ လောဘတွေ ကင်းသွားတာ၊ ဒေါသတွေ ကင်းသွားတာ၊ မောဟတွေ ကင်းသွားတာကို ဆိုလိုတယ်။ အဲဒီလို လောဘ၊ ဒေါသ၊ မောဟတွေ လုံးဝကင်းစင်ပြီး စိတ်နှလုံးအေးချမ်းတဲ့ ပုဂ္ဂိုလ်အဖြစ်ကို ရရှိနိုင်တယ်လို့ မြတ်စွာဘုရားက ဟောကြားတာသာ ဖြစ်တယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်တို့၊ မြတ်စွာဘုရားက ဂိလာနသာလာရောက်ရှိနေတဲ့ အခိုက်မှာ မကျန်းမာပြီး အားနည်းနေတဲ့ ရဟန်းတစ်ပါးကို အကြောင်းပြုပြီး မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေရဲ့ နှလုံး [၄၉] သွင်းရမယ့် ကမ္မဋ္ဌာန်းတရားငါးမျိုးကို ခုလို ဟောကြား ဆုံးမခဲ့တာ ဖြစ်တယ်။

လူတိုင်းလူတိုင်းဟာ ကျန်းမာနေသည့်အခါမှာပဲ ဖြစ်စေ၊ မကျန်းမာတဲ့ အခါမှာပဲဖြစ်စေ ဒီတရားငါးမျိုးကို မှတ်သားနာယူပြီး ဆင်ခြင်စဉ်းစားပေးနိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကို တွယ်တာမှုဆိုတဲ့ လောဘ၊ အလိုမကျမှုဆိုတဲ့ ဒေါသ၊ အမှန်မသိမှုဆိုတဲ့ မောဟတွေ ကင်းကွာပြီး စိတ်နှလုံး အေးချမ်းစွာ ဘဝခရီးကို ဖြတ်သန်းနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ မှတ်သားပြီး မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံး နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု ... သာဓု

7y9xhxcv41xhhfbyr8mg6siajaqdqio
22341
22340
2026-11-05T16:22:20Z
Tejinda
173
22341
wikitext
text/x-wiki
{{header
| title = မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဗုဒ္ဓဘာသာဖြစ်ရန်အခြေခံ]]
| previous2 = [[ပါရာယနဒေသနာ]]
| next = [[မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည်]]

jhdpd8yvupn84t3cvds2v1fyhffja8d
မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည်
0
6473
22342
2026-11-05T16:24:19Z
Tejinda
173
"{{header | title = မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | p..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22342
wikitext
text/x-wiki
{{header
| title = မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား]]
| previous2 = [[ဗုဒ္ဓဘာသာဖြစ်ရန်အခြေခံ]]
| next = [[မာလုကျပုတ္တရဟန်းအတွက် ရဟန်းအတွက် အလုပ်ပေးတရား]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည်

[၁] မှတ်တမ်း

သာသနာတော်နှစ်-၂၅၆၁ ခုနှစ်၊ ကောဇာသက္ကရာဇ်- ၁၃၇၉ ခုနှစ်၊ ပြာသိုလပြည့်နေ့၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ ရန်ကုန်မြို့၊ ပြည်လမ်း၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်း၊ ပြည်သူ့ဥယျာဉ် ဓမ္မမဏ္ဍပ်အတွင်း ဆင်ယင် ကျင်းပပြုလုပ်အပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးသည့် သာသနာ့ပူဇာ မြတ်မင်္ဂလာ နှစ်သစ်ကူး တရား အလှူတော် အထူးဓမ္မသဘင်အခမ်းအနား၌ ဟောကြားအပ်သော “မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည်” တရားတော်။

နိုင်ငံတကာနှစ်သစ်ကူး ၂၀၁၈ ခုနှစ်၊ နှစ်ဦး မင်္ဂလာအခါမှာ ကျက်သရေအပေါင်းနှင့် ပြည့်စုံတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်း ပြည်သူ့ ဥယျာဉ် ဓမ္မမဏ္ဍပ်အတွင်း ဆင်ယင်ကျင်းပတဲ့ နှစ်ဦး တရားပွဲမှာ “မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်ကို ဘယ်လို [၂] တည်ထောင်ရတယ်” ဆိုတာကို မြတ်ဗုဒ္ဓရဲ့ အဆုံးအမနှင့်အညီ ရှင်းလင်းဟောကြားမှာ ဖြစ်ပါတယ်။ မင်္ဂလာဆိုတဲ့စကားဟာ မြန်မာလူမျိုးတွေ နှစ်သက်တဲ့ စကားလုံး ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ အနှစ်သာရရှိတဲ့ မင်္ဂလာစကားလုံးကို ပိုင်ဆိုင်တဲ့ လူမျိုးတွေ ဖြစ်တယ်။ နှုတ်ဆက်ရင် “မင်္ဂလာပါ” ဆိုတဲ့စကားနဲ့ နှုတ်ဆက်ကြလို့ ဒီစကားလုံးဟာ မြန်မာလူမျိုးတွေရဲ့ ကိုယ်ပိုင်စကားလုံးလို ဖြစ်လာတယ်။ ဒါကြောင့် မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်ကို တည်ထောင်ဖို့ ကြိုးစားကြရမှာဖြစ်တယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀၀ ကျော် အေဒီ ၁၁ ရာစုနှစ်လောက်ကစပြီး ယဉ်ကျေးမှုအနှစ်သာရအဖြစ် လူတို့ရဲ့ နှလုံးသားထဲ ရောက်ရှိလာတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတော်တွေဟာ ကနေ့အထိ ရှင်သန်နေတယ်။ မင်္ဂလာတရားဆိုတာ လူငယ်ကလေးကအစ အားလုံးသိနေကြတာဖြစ်တယ်။ မြန်မာနဲ့ မင်္ဂလာ၊ မြန်မာ့ယဉ်ကျေးမှုနှင့် မင်္ဂလာ ခွဲခြားလို့မရအောင် ရင်ထဲ [၃] နှလုံးထဲ စွဲမြဲနေတဲ့အရာဖြစ်သောကြောင့် ဗုဒ္ဓမြတ်စွာ ဟောကြားထားတဲ့ “မင်္ဂလာတရား ၃၈ ပါး” အထဲမယ် အရေးကြီးဆုံး မင်္ဂလာတရားနဲ့ နိုင်ငံတော်သစ်ကြီးကို တည်ထောင်မယ်ဆိုရင် ဖြစ်နိုင်တယ်။ ဘယ်မင်္ဂလာလဲဆိုရင် ပဏ္ဍိတာနဉ္စ သေဝနာ- အသိပညာရှင်၊ အတတ်ပညာရှင်၊ စိတ်ကောင်း နှလုံးကောင်းရှိကြတဲ့ သူတော်ကောင်းတွေနဲ့ ပူးပေါင်းခြင်းမင်္ဂလာဖြစ်တယ်။ နိုင်ငံသစ် တည်ထောင်ရာမှာ ပညာရှင်တွေနဲ့ တွဲဖက်အလုပ်လုပ်ခြင်းဟာ မင်္ဂလာအားလုံးကို ပြည့်စုံစေနိုင်တာ ဖြစ်သောကြောင့် တကယ့်ကို အရေးကြီးတဲ့အချက်လို့ ဆိုရမှာဖြစ်ပါတယ်။ ကမ္ဘာဦးကာလ လူသားတွေရဲ့ လူ့သမိုင်းကို အဂ္ဂညသုတ်မှာ မြတ်ဗုဒ္ဓကိုယ်တိုင် ဟောပြောတော်မူခဲ့တယ်။ ကမ္ဘာဦးကာလမှာ လူတွေဟာ ကိုယ်ကျင့်တရားကောင်းမွန်ကြတယ်။ ပြည်သူလူထုဆိုတဲ့ လူ့အစုတစ်စုတည်း အလွန်ညီညွတ်ပြီး အေးချမ်းသာယာစွာ နေလာခဲ့ကြတယ်။

[၄] အဲဒီလိုနေလာတဲ့အခါ ကိုယ်ကျင့်တရား ပျက်ပြားလာတဲ့ပုဂ္ဂိုလ်တွေ ပေါ်ပေါက်လာခဲ့တယ်။ သည့်အတွက် လူ့ရဲ့ဂုဏ်သိက္ခာတွေ ကျဆင်းလာတာကို တားဆီးဖို့ လူတွေကတင်မြှောက်တဲ့ “မဟာသမ္မတမင်း” ဆိုတာ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ မဟာဇနေန သမ္မတောတိ မဟာသမ္မတော- ‘ပြည်သူလူထုက စိတ်တူကိုယ်တူ အသိအမှတ်ပြု တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်ကို မဟာသမ္မတလို့ ခေါ်တာဖြစ်တယ်။ မဟာသမ္မတဟာ အသိပညာနဲ့လည်း ပြည့်စုံတယ်၊ အတတ်ပညာနဲ့လည်း ပြည့်စုံတယ်၊ စိတ်ကောင်း နှလုံးကောင်းရှိတယ်၊ တကယ့်ပညာရှိ သူတော်ကောင်းကြီးလည်း ဖြစ်တယ်။

အေး- လူ့လောကထဲမှာ လူ့ရဲ့ဂုဏ်သိက္ခာ ပျက်ယွင်းလာမှုတွေ ဘာက စတင်ဖြစ်ပေါ်လာသလဲလို့ ဆိုရင် အဒိန္နာဒါန ဆိုတဲ့ သူတစ်ပါးပိုင်ပစ္စည်းကို ရယူခြင်းပဲဖြစ်တယ်။ လူတွေဟာ ကိုယ်ကျင့်တရား ပျက်လာပြီဆိုရင် ကိုယ်မပိုင်တဲ့ပစ္စည်းကို မတရားရလိုမှု လောဘကို

[၅] မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည်

မထိန်းနိုင်ကြဘူး။ အများပိုင်ပစ္စည်း သို့မဟုတ် တခြားလူပိုင်တဲ့ပစ္စည်းကို ရယူတတ်တဲ့ အကျင့်တွေ တစ်စတစ်စ ဝင်ရောက်လာတယ်။ ကိုယ့်ပစ္စည်းမဟုတ်မှန်း သိလျက်နဲ့ သူများပစ္စည်းကို တစ်နည်းနည်းနဲ့ရယူတဲ့ အကျင့်ဆိုးဟာ လူ့အသိုင်းအဝိုင်းထဲမှာ ဖြစ်ပေါ်လာတယ်။ အဲဒီလို ဖြစ်ပေါ်လာတဲ့အခါ “ဒါဟာ အင်မတန်ဆိုးတဲ့ အကျင့်ပဲ၊ ဘာဖြစ်လို့ သူများပစ္စည်းကို ယူရသလဲ” လို့ လူ့အသိုင်းအဝိုင်းက ဝိုင်းဝန်းပြီး ရှုံ့ချကြတယ်၊ အပြစ်တင်ကြတယ်။ လူလူချင်း ရှုံ့ချအပြစ်တင်ခြင်းဆိုတဲ့ “ဂရဟာ” ဆိုတာ ဖြစ်ပေါ်လာခဲ့တယ်။ ဒါတင်မကဘူး၊ လူတွေဟာ မိမိရဲ့ပစ္စည်းဥစ္စာ မတရားယူတာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တုတ်၊ ဓားစတဲ့ လက်နက်တွေကိုင်စွဲပြီး လူလူချင်းရန်မူတဲ့ အကျင့်ဆိုးတွေဟာလည်း ဖြစ်ပေါ်လာခဲ့တယ်။ ဒါ လူ့အသိုင်းအဝိုင်းထဲမှာ ရှေးဦးစွာပေါ်လာတဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှုကြီးပဲဖြစ်တယ်။

[၆] အဲဒီအချိန်မှာ လူသားတွေ တိုင်ပင်ဆွေးနွေးကြတယ်။ လူတွေရဲ့ dignity လူ့ဂုဏ်သိက္ခာ ပျက်ပြားလာပြီ၊ မကောင်းတဲ့အကျင့်ဆိုးတွေ လူ့အသိုင်းအဝိုင်းထဲ ရောက်လာပြီ၊ ဒါတွေကို တားမြစ်မှတော်မယ်။ တားမြစ်မယ့်ပုဂ္ဂိုလ်တစ်ယောက် တင်မြှောက်ကြရအောင်ဆိုပြီး မဟာသမ္မတ (လူထုခေါင်းဆောင်) ကို တင်မြှောက်ကြတယ်။ လူတိုင်းက ကြည်ညိုလေးစားပြီး အသိပညာရှိတဲ့ပုဂ္ဂိုလ်တစ်ဦးကို ရွေးချယ်တင်မြှောက်ကြတယ်။

တင်မြှောက်တဲ့အခါမှာ သူ့ကို တာဝန် (၃) ရပ် ရှေးဦးစွာ အပ်နှင်းကြတယ်။
(၁) သမ္မာ ခီယိတဗ္ဗ ခီယေယျ- မကောင်းတာလုပ်တဲ့သူကို၊ အပြစ်ရှိတဲ့သူကို အပြစ်ရှိတယ်ဆိုတာ အပြစ်ထင်ရှားအောင် ထုတ်ဖော်ပြောဆိုဖို့။
(၂) သမ္မာ ဂရဟိတဗ္ဗ ဂရဟေယျ- စွဲချက်တင်ပြီးတော့ ပြစ်ဒဏ်သတ်မှတ်ပေးသင့်တဲ့ပုဂ္ဂိုလ်ကို ပြစ်ဒဏ်ပေးဖို့။
(၃) သမ္မာ ပဗ္ဗာဇေတပ္ပံ ပဗ္ဗာဇေယျ- လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ထိုက်တဲ့ပုဂ္ဂိုလ်ကို နှင်ထုတ် [၇] ဖို့လို့ဆိုတဲ့ ဒီအချက် (၃) ချက်ကို လူတွေက အာဏာအပ်နှင်းလိုက်တယ်။

ပညာရှိပြီး စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်ရဲ့လက်ထဲကို အာဏာ (၃) ရပ် အပ်နှင်းလိုက်တယ်။ အဲဒီ အာဏာ (၃) ရပ်က
နံပါတ် (၁) အပြစ်ကို ဖော်ထုတ်ပေးဖို့။
နံပါတ် (၂) စွဲချက်တင်ဖို့နဲ့
နံပါတ် (၃) ပြစ်ဒဏ်ခတ်ဖို့ဆိုပြီး ဒီအချက် (၃) ချက်၊ ဥပဒေ (၃) ရပ်ကို စတင်ထုတ်ပြန်ခြင်းပဲဖြစ်တယ်။

အဲဒီလို ဖြစ်လာတဲ့အခါမှာ လူတွေက သူတို့ တင်မြှောက်လိုက်တဲ့ မဟာသမ္မတမင်းကို ကတိဝန်ခံချက်တစ်ခုပေးကြတယ်။ အားလုံးအတွက် တာဝန်ယူပြီး ပြည်သူတွေရဲ့အကျိုးကို ဆောင်ရွက်နေရလို့ ကိုယ်တိုင်လုပ်ကိုင်စားသောက်ဖို့ မအားလပ်တဲ့အတွက် ပြည်သူတွေက သူ့ကို ဆယ်ပုံတစ်ပုံ အခွန်ပေးပါ့မယ်လို့။ အခွန်ပေးတယ်ဆိုတာ ပြည်သူတွေက စတင်တောင်းဆိုခဲ့တဲ့အရာသာ ဖြစ်တယ်ပေါ့။ မဟာသမ္မတမင်းကို တင်မြှောက်ပြီး ထို မဟာသမ္မတမင်းအတွက် [၈] လူထုက အခွန်ဆက်သခြင်း၊ ပေးခြင်းဆိုတဲ့ တာဝန်ကို ယူလိုက်ကြတယ်။

မဟာသမ္မတမင်းက လူတွေထဲမှာ မကောင်းတဲ့ အကျင့်ဆိုးတွေကို ဟန့်တားဖို့ တာဝန်ယူရတယ်။ ပြည်သူလူထုတွေက မဟာသမ္မတမင်းကို အခွန်ပေးအပ်ပါမယ်လို့ တာဝန်ယူတယ်။ လူသားတွေ ကိုယ်တိုင်က အခွန်ပေးမယ်လို့ ကတိပြုခဲ့တဲ့အရာသာ ဖြစ်တယ်ပေါ့။

ဒါကြောင့်မို့ ရှေးတုန်းကဆိုလို့ရှိရင် ဆယ်ပုံတစ်ပုံ၊ ဥပမာ- စပါး ၁၀ တင်းရလို့ရှိရင် ၁ တင်းကို တိုင်းပြည် အုပ်ချုပ်တဲ့ပုဂ္ဂိုလ်အတွက် ပေးအပ်ကြတယ်။ အဲဒီလိုနည်းနဲ့ ပြည်သူနဲ့ မဟာသမ္မတမင်း သို့မဟုတ် ပြည်သူနဲ့အစိုးရ၊ အစိုးရနဲ့ပြည်သူ လက်တွဲပြီး ကောင်းကျိုးချမ်းသာ ငြိမ်းချမ်းသာယာတဲ့ အနေအထားတစ်ခုကို ဖော်ဆောင်လာခဲ့ကြတယ်။

ဒါ ကမ္ဘာဦးကာလက အချိန်ကိုဖော်ပြတာ။ မြတ်စွာဘုရားကိုယ်တိုင် ဟောထားတဲ့ အဂ္ဂည (ကမ္ဘာဦး [၉] အကြောင်း သိကောင်းစရာ) သုတ္တန်မှာ ဒီအတိုင်းပဲ ရှင်းလင်းဟောကြားထားတယ်။ အဲဒီလို မဟာသမ္မတမင်း ပေါ်လာပြီး နောက်ပိုင်းမှာ ခေတ်ပြောင်းတိုင်း အခြေအနေအရပ်ရပ်ဟာ လူသားတွေရဲ့ အခြေအနေဟာ ပိုပိုပြီး ယိုယွင်းလာတာတွေ ဖြစ်လာတယ်။ ထိုကဲ့သို့ ယိုယွင်းလာတဲ့အခါမှာ ဝိုင်းဝန်းထိန်းညှိပေးဖို့ လူ့အသိုင်းအဝိုင်းမှာ အစုကြီး (၄) စု သို့မဟုတ် မဏ္ဍိုင်ကြီး (၄) ရပ် ပေါ်ထွန်းလာခဲ့တယ်။ [ ဒီကနေ့ပြောကြတဲ့ မဏ္ဍိုင် (၄) ရပ် မဟုတ်ဘူး။ ]

မြတ်စွာဘုရား ဒေသနာတော်အရ မဏ္ဍိုင်ကြီး (၄) ရပ်ဆိုတာ -
နံပါတ် (၁) ဘာသာတရား။
နံပါတ် (၂) က အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပညာရှိ သူတော်ကောင်းများ။
နံပါတ် (၃) နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရနဲ့
နံပါတ် (၄) ပြည်သူလူထု။

[၁၀] တိုင်းပြည်တစ်ပြည် သာယာဝပြောဖို့အတွက် ဒီမဏ္ဍိုင် (၄) ရပ် ပေါင်းစပ် လုပ်ကိုင်ဆောင်ရွက်သွားကြရတယ်။ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ မြတ်စွာဘုရားဟောတဲ့ မင်္ဂလာတရားကို အခြေခံပြီး တိုင်းသစ် ပြည်သစ် နိုင်ငံသစ်ကို ဒီစနစ်နဲ့ တည်ထောင်မယ်ဆိုရင် တရားမျှတ အေးချမ်းသာယာပြီး ကြီးပွားတိုးတက်တဲ့နိုင်ငံဖြစ်မယ်ဆိုတာ ထင်ရှားပါတယ်။

မင်္ဂလာတရားဆိုတာ ဘယ်ဘာသာ ဘယ်လူမျိုး ဘယ်အသိုင်းအဝိုင်းကမဆို အားလုံး လက်ခံကျေနပ်နိုင်တဲ့ တရားပဲဖြစ်တယ်။ လမ်းမှန်ပေါ်ရောက်အောင်၊ စိတ်နှလုံး အေးချမ်းသာယာအောင် ဘာသာတရားရဲ့ အဆုံးအမက ဖော်ဆောင်ပေးတာပဲဖြစ်တယ်။

အဲဒီလို ဘာသာတရားနဲ့ ဖော်ဆောင်ပေးလို့ လူတွေ စိတ်နှလုံးအေးချမ်းလာတဲ့အခါ ရိုင်းပျလိုစိတ်တွေ မရှိဘဲ လွန်စွာယဉ်ကျေးပြီး တစ်ဦးအပေါ်တစ်ဦး မေတ္တာသက်ရောက်လို့၊ နိမ့်ကျသွားတဲ့ ပုဂ္ဂိုလ်တွေ [၁၁] အပေါ်မှာ အကြင်နာတရားထားလို့၊ လူသားအချင်းချင်း တိုးတက်လာလို့ရှိရင်လည်း ဝမ်းသာအဲလဲဖြစ်လို့၊ တစ်ဦးအပေါ်တစ်ဦး သည်းခံခွင့်လွှတ်လို့ တည်ငြိမ်သော စိတ်နေသဘောထား၊ ရင့်ကျက်သော စိတ်နေသဘောထားနဲ့ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်တယ်။ ဘာသာတရားနဲ့ စုစည်းထိန်းကြောင်းပေးလျှင် ငြိမ်းချမ်းစေတတ်တဲ့ စိတ်နှလုံးကိုရရှိကြမှာဖြစ်တယ်။ ငြိမ်းချမ်းဖို့ အတွက် ဘာသာတရားရဲ့ အဆုံးအမ လိုအပ်တယ်ဆိုတာ အင်မတန်မှထင်ရှားတယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကြည့်။

ပရဒုက္ခ ပဓာနေနေ၊
အတ္တနော သုခ မိစ္ဆတိ။

“သူများကို ဒုက္ခပေးပြီး ကိုယ်ချမ်းသာဖို့ ကြိုးစားတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ ချမ်းသာသုခ မရဘူး” လို့ ဆုံးမတာဖြစ်တယ်။ သူများကို ဒုက္ခပေးပြီး ကိုယ့်ရဲ့ ချမ်းသာသုခကိုမရှာဖို့ ဘာသာတရားက ဆုံးမတာဖြစ်တယ်။

[၁၂] သုခကာမာနိ ဘူတာနိ၊
ယော ဒဏ္ဍေန ဝိဟိံသတိ။
အတ္တနော သုခ မေသာနော၊
ပေစ္စသော န လဘတေ သုခံ။

“ချမ်းသာသုခကို ရချင်ကြတဲ့ သတ္တဝါတွေကို ဒုက္ခပေးပြီး ကိုယ့်ချမ်းသာမှုကိုရှာမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ဘယ်သောအခါမှ ချမ်းသာသုခမရဘူး” တဲ့။ ဒီအဆုံးအမတရားတော်တွေဟာ ကိုယ်ချင်းစာတရား အခြေခံထားပြီး မှန်ကန်တဲ့လမ်းကြောင်းက ချမ်းသာသုခကို ရှာဖို့အတွက် မြတ်စွာဘုရားက ဟောကြားဆုံးမတာဖြစ်တယ်။ ဒါကြောင့် ဘာသာတရားရဲ့ အဆုံးအမဆိုတာ အင်မတန်မှ အရေးကြီးတယ်။

မင်္ဂလသုတ်မှာ ကြီးပွားတိုးတက်ချင်တယ် ဆိုလို့ရှိရင် “အသိဉာဏ်ကင်းမဲ့ပြီး ထင်ရာလုပ်တတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွဲဖက်ပြီးအလုပ်မလုပ်နဲ့။ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နဲ့ တွဲဖက်ပြီး အလုပ်လုပ်။ လူ့အသိုင်းအဝိုင်းထဲမှ [၁၃] လူတော်လူကောင်းတွေကို ရွေးချယ်အသိအမှတ်ပြု။” စာပေနဲ့ ပြောမယ်ဆိုရင်- အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။ ပူဇာ စ ပူဇနေယျာနံ ဆိုတာ ဒီအချက်ကိုပြောတာ။ လူ့အသိုင်းအဝိုင်းထဲမှာ တော်တဲ့လူကို တော်သလို ချီးမြှောက်တာ ပူဇာ။ ပူဇော်တယ်ဆိုတာ တော်ရင် တော်သလို ချီးမြှောက်ပြီးဂုဏ်ပြုတာ။ ရွေးချယ် ဂုဏ်ပြုတာ။ ဒီလိုဆိုလိုတယ်ပေါ့နော်။

အလုပ်လုပ်ပြီ ဆိုတဲ့အခါမှာ လူကိုခင်သည်ဖြစ်စေ၊ မခင်သည်ဖြစ်စေ၊ အမျိုးတော်သည်ဖြစ်စေ၊ မတော်သည်ဖြစ်စေ အလုပ်တစ်ခုကို ဖော်ဆောင်ပြီဆိုရင် အသိပညာ၊ အတတ်ပညာရှိတဲ့ ပုဂ္ဂိုလ်နဲ့သာ တွဲဖက်ပြီး အလုပ်လုပ်ရမယ်။ အသိဉာဏ်ကင်းမဲ့တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လောက်ပဲ ကိုယ်နဲ့ရင်းနှီးရင်းနှီး သူ့အကြံတွေကိုယူပြီး အလုပ်လုပ်ရင် အလွဲလွဲ အချော်ချော်နဲ့ ဒုက္ခရောက်နိုင်တယ်။

[၁၄] ဒါကို မြတ်စွာဘုရားက အသေဝနာ စ ဗာလာနံ- အသိဉာဏ်ပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်နဲ့ တွဲဖက်ပြီးမလုပ်နဲ့။ (ဗာလကို လူမိုက်လို့ ဘာသာပြန်တဲ့အခါမှာ မြန်မာစကားမှာ လူဆိုးလူမိုက်ဆိုတဲ့ အဓိပ္ပာယ်လို့ လူတွေက ထင်မှတ်သွားကြတယ်။ ဆိုလိုတာက ဗာလ ဆိုတာ အသိပညာ ကင်းမဲ့သူ၊ ပညာမရှိသူလို့ ဒီလိုဆိုလိုတယ်။) ပညာမရှိရင် အလွဲလွဲ အမှားမှား လုပ်တတ်တယ်။ ဒါကြောင့်မို့ ပညာရှိဖို့ အရေးကြီးတယ်။ ပဏ္ဍိတ ဆိုတာ အရာရာမှာ စဉ်းစဉ်းစားစား၊ ဆင်ဆင်ခြင်ခြင်၊ အမြော်အမြင်ရှိရှိ လုပ်တတ်တဲ့ပုဂ္ဂိုလ်ကိုခေါ်တယ်။ အဲဒီ ပဏ္ဍိတလို့ခေါ်တဲ့ အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်နဲ့ တွဲဖက်ပြီး အလုပ်လုပ်ပါလို့ ဒီလို ပြောလိုရင်းဖြစ်တယ်။ အေး- လူ့အသိုင်းအဝိုင်းထဲမှာ ပူဇာ စ ပူဇနေယျာနံ... ဂုဏ်ပြုထိုက်တဲ့ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုပါ၊ ဒါဟာ အရေးကြီးဆုံး မြတ်ဗုဒ္ဓဆုံးမထားတဲ့ မင်္ဂလာ [၁၅] ဒီ မင်္ဂလာတရားကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကိုယ့်အသိုင်းအဝိုင်းမှာ ကိုယ်လက်ခံနိုင်တဲ့ အရာတွေသာဖြစ်တယ်။ ငြင်းပယ်စရာအကြောင်း တစ်ခုမှမရှိဘူး။ တကယ်လိုက်နာလို့ရှိရင် တကယ်ကြီးပွားတိုးတက်နိုင်တဲ့အရာသာဖြစ်တယ်။ ဒီ့ထက် တိုးတက်လာဖို့အတွက် ကြိုးစားရမယ့်အချက်တွေကိုလည်း မြတ်စွာဘုရားက မင်္ဂလာတရားတော်မှာ ဆက်လက်ပြီးတော့ ဟောထားတာ အားလုံးသိကြတယ်နော်။

အဲဒီလို ဘာသာတရားဟာ မတိမ်းစောင်းအောင် လမ်းကြောင်းကို ဖြောင့်ပေးတယ်။ အဲဒီ ဘာသာတရားကို ဦးဆောင်ဟောကြားတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိကိုယ်တိုင်က ကိုယ်ကျင့်တရားနှင့်အညီနေဖို့ဟာ အရေးကြီးတယ်။

မြတ်စွာဘုရားက အသညတော ပဗ္ဗဇိတော န သာဓု- ဘာသာတရားဟောပြောနေတဲ့ပုဂ္ဂိုလ် ဖြစ်လျက်နဲ့ စောင့်စည်းမှုကင်းတယ်၊ ကိုယ်ကိုယ်တိုင်က မကောင်းတဲ့ စိတ်နေသဘောထားတွေ၊ မကောင်းတဲ့ [၁၆] အပြောအဆိုတွေ၊ နှုတ်ကိုစောင့်စည်းခြင်း၊ ကိုယ်အမူအရာကို စောင့်စည်းခြင်းလို့ဆိုတဲ့ စောင့်စည်းမှုတွေ ကင်းမဲ့မယ် ဆိုလို့ရှိရင် မသင့်တော်ဘူးတဲ့။ ဘာသာတရား ဟောပြောတဲ့ ပုဂ္ဂိုလ်ဆိုတာ အရာရာမှာ စောင့်စည်းရမှာဖြစ်တယ်။ အပြောအဆို ဆင်ခြင်ရတယ်၊ အလုပ်အကိုင်ဆင်ခြင်ရတယ်၊ အသွားအလာ အနေအထိုင် အကုန်ဆင်ခြင်ရမယ်လို့ ဒီလိုဆိုတယ်။ မဆင်ခြင်ဘူးဆိုရင် ကိုယ်ကျင့်တရား လွင့်ပါးပျက်ယွင်းခြင်းပဲဖြစ်တယ်ပေါ့။ ဆိုပါစို့- အပြောအဆိုနဲ့ ပတ်သက်လာလို့ရှိရင် မြတ်စွာဘုရား ဆုံးမထားတာ ရှိတယ်။ ဘုရားကိုယ်တိုင်ပဲ လိုက်နာကျင့်သုံးတဲ့အချက် ရှိတယ်။

ပြောပြီဆိုလို့ရှိရင် ကိုယ်ပြောတဲ့အကြောင်းအရာသည်
(၁) မှန်ကန်တာဖြစ်ရမယ်၊ မမှန်တာကို မပြောရဘူး၊ ကိုယ်ပြောတဲ့စကားသည် မှန်တဲ့စကားပဲ ဖြစ်ရမယ်။ မမှန်တဲ့စကား မဖြစ်စေရဘူး။ ဒါဖြင့် မှန်ရုံနဲ့ ပြောရမလား ဆိုလို့ရှိရင် မပြောရဘူးတဲ့။ မှန်ရုံနဲ့လည်း [၁၇] မပြောရသေးဘူး။ နောက်တစ်ခု ဆက်စဉ်းစားရမှာ ဘာလဲ။
(၂) ငါပြောတဲ့စကားဟာ အများအတွက် အကျိုးရှိသလား၊ အကျိုးရှိတယ်ဆိုမှ ပြောရမယ်။ အကျိုးမရှိဘူးဆိုရင် မပြောရဘူး။ ဟုတ်ပြီ၊ မှန်လည်း မှန်တယ်၊ အကျိုးလည်းရှိတယ်၊ ပြောရတော့မလား ဆိုရင် ပြောသင့်တဲ့အချိန်ကြည့်ဦး၊
(၃) ပြောသင့်တဲ့ အချိန်ကျပြီဆိုမှပြော၊ အချိန်မကျဘဲပြောရင် တန်ဖိုးရှိတဲ့ စကားပဲဖြစ်စေ ပျက်ပြယ်သွားတတ်တယ်။ မှန်လည်းမှန်တယ်၊ အကျိုးလည်းရှိတယ်၊ ပြောဖို့လည်း အချိန်တန်လာပြီဆိုမှ ပြောပါတဲ့။

ဟုတ်ပြီ၊ ပြောတဲ့အခါမှာ ဘယ်လိုပြောရမလဲ၊ ဘယ်လိုအသုံးအနှုန်းနဲ့ပြောရမလဲဆိုရင်
(၄) ယဉ်ကျေးသိမ်မွေ့တဲ့ စကားလုံးနဲ့ပြောပါ။ ရိုင်းစိုင်းတဲ့စကားလုံးနဲ့ မပြောပါနဲ့။ ဒါဖြင့် ယဉ်ကျေးတယ်၊ မယဉ်ကျေးဘူး ဆိုတာ စကားအပေါ်ယံကလေးက လုပ်လို့ရတယ်။ စကားကို ချိုလို့ရတယ်၊ စိတ်နေသဘောထားရော ဘယ်လိုထားရမလဲဆိုရင်
(၅) မေတ္တ စိတ္တေန-မေတ္တာ [၁၈] စိတ်နဲ့ပြောပါတဲ့။ န ဒေါသန္တရော-မုန်းတီးတဲ့စိတ်နဲ့ မပြောပါနဲ့။ ဟော- ဒါ ဘာသာတရားရဲ့ အဆုံးအမပဲ ဖြစ်တယ်။

မြတ်စွာဘုရားရဲ့ အဆုံးအမတွေဟာ အင်မတန်မှ ပြီးပြည့်စုံတယ်။ တိုင်းပြည်တစ်ပြည်မှာ လူကောင်းသူကောင်းဖြစ်ဖို့ ဘာသာတရားရဲ့လမ်းညွှန်မှု၊ ဆုံးမမှု ဆိုတာ အင်မတန်မှအရေးပါတယ်လို့ ဒီလိုဆိုလိုတာ။ ဘာသာတရားရဲ့ အဆုံးအမကြောင့် ဒီ လမ်းကြောင်းအတိုင်း လျှောက်လှမ်းလို့ရှိရင် ကိုယ်လျှောက်လှမ်းတဲ့ လမ်းဟာ မှန်ကန်တဲ့လမ်းကြောင်းဖြစ်လို့ ကြီးပွားတိုးတက်မှု ဖြစ်ပေါ်စေနိုင်မှာဖြစ်တယ်။

အဲဒီလို အကြောင်းတရား မှန်မှန်ကန် စဉ်းစားဆင်ခြင်တတ်ဖို့ လူသားတွေရဲ့ စိတ်နှလုံးထဲ အေးမြပြီး ယဉ်ကျေးသွားဖို့ ဘာသာတရားရဲ့ အဆုံးအမဟာ အရေးကြီးတယ်လို့ ဒီလိုဆိုတယ်။ မဏ္ဍိုင်ကြီး(၄)ရပ်ထဲမှာ ဘာသာတရားဟောပြောသူဟာ ပထမမဏ္ဍိုင် ဖြစ်တယ်။

[၁၉] ဘာသာတရားရဲ့ အဆုံးအမနှင့်အညီ နိုင်ငံသစ်ကို ထူထောင်တဲ့အခါ ဘယ်သူတွေဟာ ဒုတိယ အရေးကြီးဆုံးလဲဆိုရင် ပညာရှင်တွေဟာ အရေးကြီးဆုံးပဲ။ မြန်မာနိုင်ငံမှာလည်းပဲ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ထူးခြားထက်မြက်တဲ့ပုဂ္ဂိုလ်တွေ။ ဆိုပါစို့၊ စီးပွားရေး ပညာရှင်တွေ၊ အစစအရာရာ လူမှုရေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ နိုင်ငံရေး ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ စကားပြော ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ အမြော်အမြင်ကြီးမားတဲ့ ပညာရှင်တွေ မြန်မာနိုင်ငံမှာ ရှိပါတယ်။ အဲဒီလို အသိပညာရှင်၊ အတတ်ပညာရှင်တွေဟာ အင်မတန်မှ အရေးပါတယ်။

တိုင်းပြည်ကို ကြီးပွားတိုးတက်အောင် ပညာရှိတို့ရဲ့ အကြံကောင်းဉာဏ်ကောင်းဟာ သိပ်အရေးပါတယ်။ ပညာရှိတွေက လမ်းညွှန်တဲ့အတိုင်း ပညာရှိတွေနဲ့ တွဲဖက်ပြီး အခက်အခဲတွေကို ကျော်လွှားအောင် ကြိုးစားကြရမှာဖြစ်တယ်ပေါ့။ အဲဒီ ပညာရှင်တို့ရဲ့ စကားကို အလေးထားပြီး ဆောင်ရွက်ကြရတယ်။ ဘယ် [၂၀] နိုင်ငံမှာပဲဖြစ်ဖြစ် တိုးတက်ကြီးပွားလာတယ်ဆိုတာ အသိပညာရှင်၊ အတတ်ပညာရှင်နဲ့ ကင်းပြီးတော့ တိုးတက်ကြီးပွားလာတဲ့ နိုင်ငံဆိုတာ မရှိပါဘူး။ တိုင်းပြည်တိုင်းမှာ ကောင်းကျိုးချမ်းသာရအောင် အကြံပေးနိုင်တဲ့ ပညာရှိအဖွဲ့ဆိုတာ ရှိကိုရှိတယ်။ အဲဒီပညာရှင်တွေရဲ့ လမ်းပြမှု၊ ထိုပညာရှင်တွေရဲ့ Guide Line ကို ယူပြီး လုပ်ကိုင်ဆောင်ရွက်ကြရမယ်။ ပညာရှင်တွေဟာ တိုင်းပြည်တိုးတက်ဖို့ရာအတွက် ထူးခြားတဲ့ ရှေ့ဆောင်လမ်းပြ အလင်းရောင်ပေးတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်တယ်။ ဒါကြောင့်မို့ ပညာရှင်တွေကို အလေးပေးပြီး လုပ်သင့်တာနဲ့ မလုပ်သင့်တာ ဒါကို စဉ်းစားကြရမှာဖြစ်တယ်။

လောကမှာ မလုပ်သင့်တာလုပ်မိရင် အပြစ်ဖြစ်သလို လုပ်သင့်တာကိုမလုပ်ဘဲနေမိရင်လည်း အပြစ်ဖြစ်တတ်တယ်။ ဒါကြောင့် အပြစ်မဖြစ်ဖို့၊ ကောင်းကျိုးချမ်းသာတွေရဖို့ ပညာရှိတို့၏ အဆုံးအမဆိုတာ အင်မတန်မှ အရေးကြီးတယ်ပေါ့။

[၂၁] ငါးရာ့ငါးဆယ် ဇာတ်တော်ထဲမှာ တိုင်းပြည်ရဲ့ အန္တရာယ်ကြုံလာတဲ့အခါမှာ ... မဟောသဓပဏ္ဍိတ (မဟော်သဓာ သုခမိန်) ပညာရှိရဲ့ အစွမ်းသတ္တိကြောင့် စစ်အင်အား ဘယ်လောက်ပဲကြီးကြီး၊ သူ့ နိုင်ငံကို ဘယ်လိုပဲ အနိုင်ကျင့်ကျင့် ပညာရှိရဲ့စွမ်းအားနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တယ်။

ထို့အတူပဲ စူဠကာလိင်္ဂဇာတ်မှာ အဿကမင်းနဲ့ ကာလိင်္ဂမင်းတို့ စစ်ဖြစ်ရာမှာ စစ်အင်အားချင်း မယှဉ်နိုင်လောက်အောင် ကာလိင်္ဂမင်းက သာလွန်တယ်။ အဿကမင်းရဲ့နိုင်ငံဟာ သေးငယ်ပြီး စစ်အင်အားက အင်မတန်မှနည်းပါးတယ်။ သို့သော် နှစ်ဖက်ယှဉ်ပြိုင်စစ်တိုက်ကြတဲ့အခါမှာ နန္ဒိသေန ပညာရှိပုဂ္ဂိုလ်ရဲ့ အကြံဉာဏ်နဲ့ ဆောင်ရွက်လို့ စစ်အင်အားကြီးမားတဲ့ ကာလိင်္ဂမင်းကို အနိုင်ရလိုက်တယ်။ ဘာဖြစ်လို့ အနိုင်ရလိုက်သလဲဆိုရင် ပညာရှိပုဂ္ဂိုလ်ရဲ့ စွမ်းဆောင်မှုကြောင့် ဖြစ်တယ်။

[၂၂] ဒါကြောင့်မို့ တကယ့်နိုင်ငံသစ်ကို တည်ထောင်ပြီဆိုရင် ပညာရှိတွေကို ရှေ့တန်းတင်ပြီး ပညာရှိတွေရဲ့ ရှေ့ဆောင်လမ်းပြမှုနဲ့ သွားကြရမှာဖြစ်တယ်။ အဲဒီ ပညာရှင်တွေကို ရှေ့တန်းတင်ပြီးတော့ ပညာရှင်တွေရဲ့ ပြောဆိုလမ်းညွှန်မှုအတိုင်း တိုင်းပြည်ကို ဖော်ဆောင်သွားမယ်ဆိုရင် နိုင်ငံဟာ ကြီးပွားတိုးတက်လာမှာ ဖြစ်တယ်။

ပညာရှိဆိုတဲ့ ပုဂ္ဂိုလ်ကိုလည်း မြတ်စွာဘုရားက သတိပေးတယ်။
“ယော ပဏ္ဍိတော ကောဓနော တံ န သာဓု”

ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာ အမျက်မထွက်ရဘူး၊ စိတ်မကောက်ရဘူး၊ တိုင်းပြည်ကြီးပွားဖို့အတွက် အမျက်ဒေါသထွက်ပြီး ဘေးထွက်ပြီး မထိုင်ရဘူး။ အဲဒီလို ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ အမျက်ဒေါသကို ထိန်းချုပ်ခြင်း ဆိုတာတွေနဲ့ ပြည့်စုံပြီး မိမိနိုင်ငံ ကြီးပွားတိုးတက်ဖို့အတွက် [၂၃] နားလည်သည်အထိအောင် ဦးဆောင်မှု၊ လမ်းညွှန်မှုကို ပေးတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။

မဏ္ဍိုင်ကြီး(၄)ရပ်ထဲမှာ ပညာရှိရဲ့ အခန်းကဏ္ဍဟာ အင်မတန်မှကြီးမားတယ်။ ဒါကြောင့်မို့ ကြီးမားလှတဲ့ အခန်းကဏ္ဍမှာရှိတဲ့ ပညာရှိပုဂ္ဂိုလ်ဟာ စိတ်တိုသူ မဖြစ်ရဘူး၊ အမျက်ဒေါသကြီးသူ မဖြစ်ရဘူး၊ စိတ်ရှည်သည်းခံပြီး အငြိုးအတေး မထားဘဲ မိမိပညာစွမ်းအားဖြင့် တိုင်းပြည်တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။

ဘာသာတရားဟောကြားသူ ပြီးလို့ရှိရင် ပညာရှိပုဂ္ဂိုလ်ဟာ အရေးအကြီးဆုံးပဲ။ စီးပွားရေးနဲ့ ပတ်သက်လာရင် စီးပွားရေးပညာရှင်၊ တခြားအရေးအရာတွေနဲ့ ပတ်သက်လာလို့ရှိရင်လည်း ဆိုင်ရာဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်၊ ဒီပညာရှင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ ဒီလိုဆိုတယ်။

တိုင်းပြည်မှာ ပြည်သူလူထုနဲ့ အစိုးရဟာ တတိယ နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်တယ်။ ပြည်သူလူထုကို မြတ်စွာ [၂၄] ဘုရားက လမ်းညွှန်ပြတယ်။
“အလသော ဂိဟိ ကာမဘောဂီ န သာဓု”
ပြည်သူလူထုဟာ အလုပ်မလုပ်ဘဲနဲ့ ပျင်းနေမယ် ဆိုလို့ရှိရင် ဘာတစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူးတဲ့။ ဒါကြောင့်မို့ ပြည်သူလူထုဟာ အလုပ်ကြိုးစားရမယ်လို့ ဆိုလိုတယ်။ ကြိုးစားပမ်းစား အလုပ်လုပ်ကြရမှာဖြစ်တယ်။ မိမိတို့ တတ်စွမ်းရှိသမျှ ပညာရှိတွေရဲ့ အကြံကောင်းဉာဏ်ကောင်းကိုယူခြင်း၊ ဘာသာတရားရဲ့ အဆုံးအမအောက်မှာ နေထိုင်ခြင်းဖြင့် မိမိတို့ဘဝ သာယာလှပအောင် နေ့စဉ်နဲ့အမျှ ကြိုးစား အလုပ်လုပ်ကြရမှာ ဖြစ်တယ်။ တိုင်းပြည်တစ်ပြည်ဟာ ပြည်သူလူထုတွေ အလုပ်ကြိုးစားလုပ်လို့ ပြည်သူလူထုထဲက ချမ်းသာတဲ့ပုဂ္ဂိုလ်တွေ ပေါ်လာရင် တိုင်းပြည်ချမ်းသာတာပဲ။ လူတစ်ယောက်ချမ်းသာတယ်ဆိုရင် တိုင်းပြည်ချမ်းသာတာပဲ။

အများပြည်သူလူထုသည် ကြိုးစားရမှာဖြစ်တယ်။ ပျင်းလို့ရှိရင်တော့ အောင်မြင်ကြီးပွားမှာ မဟုတ်ဘူး။ မြတ်စွာဘုရားက ဒီလိုဟောတယ်။ စီးပွားဥစ္စာတိုးတက် [၂၅] အောင် ပြည်သူလူထု ဆောင်ရွက်ကြရမှာဖြစ်တယ်။ စီးပွားဥစ္စာတိုးတက်ဖို့အတွက် ဘာအရေးကြီးလဲ ဆိုရင် မြတ်စွာဘုရားက
“ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ”
တက်တက်ကြွကြွနဲ့ ကြိုးစားရှာဖွေခြင်းဟာ စီးပွားဥစ္စာရခြင်းရဲ့ အကြောင်းပဲဖြစ်တယ်။

မြန်မာနိုင်ငံမှာ တချို့ပုဂ္ဂိုလ်တွေ နားလည်နေတာက လောဘကြီးမှ ချမ်းသာတယ်လို့ နားလည်နေကြတယ်။ လောဘကြောင့် ဘယ်တော့မှမချမ်းသာပါဘူး၊ ချမ်းသာခြင်း၏အကြောင်းက အသိပညာနဲ့ လုံ့လဝီရိယပဲ။ ချမ်းသာတဲ့နိုင်ငံတွေဟာ လောဘရှိလို့ ချမ်းသာတာ မဟုတ်ဘူး၊ အသိပညာနဲ့ ဝီရိယရှိလို့ ချမ်းသာတာ။ ဒါကြောင့်မို့ ပညာတတ်အောင် ပညာရှိတွေထံမှာ နည်းခံရတယ်။ မိမိကိုယ်တိုင် ပညာရှိအောင် ကြိုးစားရတယ်။ ပညာရထားသည့်အတိုင်း အလုပ်လုပ်ကြရတယ်။

မြတ်စွာဘုရား ဟောကြားထားတဲ့ ဒေသနာတော်တွေထဲမှာ စီးပွားဥစ္စာ တိုးတက်မြင့်မားချင်ရင် ဘာ [၂၆] လုပ်ရမလဲ၊
“ဥဋ္ဌာန သမ္ပဒါ”
တက်တက်ကြွကြွ လုံ့လဝီရိယနဲ့ ပြည့်စုံရမယ်လို့ဟောတာ၊ လောဘကြီးရမယ်လို့ ဟောတာမရှိဘူး။ တက်တက်ကြွကြွ လုံ့လ ဝီရိယ ရှိရမယ်လို့ ဒီလိုဟောတာ။ ပျင်းတိပျင်းရော် မလုပ်ရဘူး၊ အလုပ်လုပ်တဲ့အချိန်မှာ ဖင့်နှေးမနေရဘူး။ ဘယ်အလုပ်ပဲလုပ်လုပ် တက်ကြွရမယ်။ ဆိုပါစို့-နေ့စဉ် ရုံးသွားတာကစပြီး စောစောရောက်အောင်သွားမယ်၊ ရုံးလုပ်ငန်းကို ဖိဖိစီးစီးလုပ်မယ်၊ အချိန်ဖြုန်းမနေဘူး၊ ကိုယ်လုပ်ရမယ့်အလုပ်ကို တက်တက်ကြွကြွ လုပ်ဆောင်ရမယ်။ ကုမ္ပဏီဝန်ထမ်းဆိုလည်း ကုမ္ပဏီအလုပ်ကို တက်တက်ကြွကြွ လုပ်ရမယ်။ ကိုယ့်အလုပ် လစ်ဟင်းမှုမရှိအောင် ကြိုးစားအားထုတ်ရမယ်။ ဝန်ထမ်းဖြစ်ရင် ဝန်ထမ်းပီပီ အလုပ်ကို တက်တက်ကြွကြွ၊ သေသေသပ်သပ် ကြိုးစားရမယ်။ ဘယ်အလုပ်ပဲလုပ်လုပ် စေ့စေ့စပ်စပ်၊ တက်တက်ကြွကြွ ကြိုးစားအားထုတ်ရမှာပဲ .. ဖြစ်တယ်ပေါ့။ ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင် ပေါ့လျော့မှုကြောင့် [၂၇] ဖြစ်ပေါ်လာမယ့် အကျိုးဆက်ဟာ ဒုက္ခရောက်ခြင်း၊ အဆင်မချောခြင်းဖြစ်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက
“အလသော ဂိဟီ ကာမဘောဂီ န သာဓု”
ပြည်သူလူထုဟာ ပျင်းလို့ရှိရင် မကောင်းဘူး။ ဒါကြောင့် ပြည်သူတွေ မပျင်းရဘူး၊ အလုပ်များများလုပ်ကြရမယ်လို့ ဒီလိုဆိုလိုတယ်ပေါ့။ ကြိုးကြိုးစားစား အလုပ်လုပ်ခြင်းအားဖြင့် တိုင်းပြည်ဟာ တိုးတက်ကြီးပွားလာမယ်။

ကြိုးစားအားထုတ်ပြီး ရှာဖွေရမယ်။ ရှာဖွေပြီးတဲ့အခါ ရလာတဲ့ပစ္စည်းကို
“အာရက္ခသမ္ပဒါ”
အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်။ မြန်မာနိုင်ငံမှာ အများစု ကြည့်လိုက်မယ်ဆိုရင် အသုံးနဲ့အဖြုန်းနှစ်မျိုးတွင် အဖြုန်းက များနေတယ်လို့ ထင်တယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ဟောကြားတဲ့ တရားကို လိုက်နာကျင့်သုံးသင့်တယ်။ အဖြုန်း မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်။ အသုံးလား၊ အဖြုန်းလားဆိုတာ ကွဲပြားခြားနားစွာသိပြီး [၂၈] မိမိအတွက် တန်ဖိုးရှိရှိ အသုံးတစ်ခု ဖြစ်ဖို့အတွက် အလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး အသုံးကိုသုံးပြီး အဖြုန်းမဖြစ်အောင် ကြိုးစားအားထုတ်ကြရမယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက သိင်္ဂါလောဝါဒသုတ်မှာ မိသားစုဘတ်ဂျက်စနစ် ညွှန်ကြားထားတာရှိတယ်။
“စတုဓာ ဝိဘဇေ ဘောဂေ၊ ပဏ္ဍိတော ဃရ မာဝသံ”
အိမ်ရာတည်ထောင် လူ့ဘောင်မှာနေတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်ရဲ့ဝင်ငွေကို အပိုင်းလေးပိုင်း သတ်မှတ်ထားပါ။ အဲဒီ အပိုင်းလေးပိုင်းမှာ-
ဧကေန ဘောဂံ ဘုဉေယျ၊ ဒီဟိ ကမ္မံ ပယောဇယေ၊
စတုတ္ထဉ္စ နိဓာပေယျ၊ အာပဒါသု ဘဝိဿတိ။
လေးပုံပုံ တစ်ပုံကို နေ့စဉ်အသုံးပြုပါ။ ကျန်တဲ့ နှစ်ပုံကို အရင်းအနှီးတိုးပွားအောင် စီးပွားရေးမှာ အသုံးချပါ။ နောက်ဆုံး လေးခုမြောက်တစ်ပုံကိုတော့ [၂၉] ဘေးရန်ကြုံလာတဲ့အခါ စုငွေအနေနဲ့ထားပါလို့ မြတ်စွာဘုရားကဟောတယ်။

ဘုန်းကြီးတို့ဆီလာတဲ့ လူငယ်လူရွယ်တွေ မေးကြည့်တယ်၊ ရတဲ့ငွေထဲက ဘယ်လောက်စုသလဲလို့။ မစုတဲ့လူကများတယ်။ စုထားရမယ်၊ စုဆောင်းနိုင်ရမယ်။ မစုလို့ရှိရင် မကြီးပွားဘူး။ ခြတွေ၊ ပျားတွေ ရတာမစုဆိုရင် ခြတောင်ပို့ မဖြစ်ဘူး၊ ပျားအုံ ဆိုတာလည်း မဖြစ်ဘူး။ စုနိုင်လို့သာ ခြတောင်ပို့တို့၊ ပျားအုံတို့ ဆိုတာ ဖြစ်တာဖြစ်တယ်။ ရ,ရ၊ သုံးသုံးဆိုတာ နှံကောင်ရဲ့ထုံးသာ ဖြစ်တယ်ပေါ့။

ပုရွက်ဆိတ်တို့၊ ခြတို့၊ ပျားတို့ဆိုတဲ့ အကောင်တွေဟာ ကြိုးစားပြီး အလုပ်လုပ်ကြတယ်၊ ရသမျှတွေကို ရှာဖွေစုဆောင်းထားကြတယ်။ ဒီ အလေ့အထတစ်ခုဟာ အင်မတန်မှကောင်းတဲ့ အလေ့အထတစ်ခု ဖြစ်တယ်။ ဒီအလေ့အထကို မိမိတို့ကိုယ်တိုင် ကျင့်သုံးမိအောင် သတိထားကြရမှာ ဖြစ်တယ်ပေါ့။

[၃၀] လေးပုံပုံ တစ်ပုံက နေ့စဉ်အသုံးပြုတဲ့အထဲမယ် တစ်ပုံနဲ့လောက်အောင်သုံး။ နှစ်ပုံကိုတော့ အရင်းအနှီးအတွက် လုပ်ငန်းမှာထည့်သွင်းပြီး လေးခုမြောက်တစ်ပုံကိုတော့ emergency လိုအပ်တဲ့အချိန်မှာ အသုံးပြုဖို့ စုပါလို့ ဒီလိုဟောတာ။

ဒီအထဲမှာ အလှူအတန်း ဝါသနာပါတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေက မေးကြလိမ့်မယ်။ ဘယ်အထဲကလှူရမလဲဆိုရင် စားတဲ့ထဲကပဲ လှူရမှာ ဖြစ်တယ်ပေါ့။ စုတဲ့ငွေဟာ တကယ့်ကိုထိန်းသိမ်းထားသင့်တဲ့ငွေ ဖြစ်တယ်ပေါ့။ အရေးကိစ္စကြုံလာတဲ့အခါ ကိုယ့်အတွက် အဆင်သင့်ဖြစ်ရမယ်။ ဒါက မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်ပဲ ဖြစ်တယ်ပေါ့။ အဲဒါကို ‘သမဇီဝိတာ’ ဝင်ငွေထွက်ငွေ မျှမျှတတ သုံးစွဲတတ်အောင် လေ့ကျင့်ဖို့နဲ့ “ကလျာဏမိတ္တ’ မိတ်ကောင်းဆွေကောင်းတွေရှိဖို့ မြတ်စွာဘုရားက ဆုံးမတယ်။ လူ့လောကမှာ ရှာသမျှ ပစ္စည်းဥစ္စာတွေဟာ အဖတ်မတင်ဘူး၊ အဖတ်မတင်အောင် ယိုပေါက်ကြီး [၃၁] ခြောက်ပေါက်ရှိတယ်။ အဲဒီ ယိုပေါက်ကြီးတွေကိုလည်း ပိတ်နိုင်ရမယ်။ တိုင်းပြည်တစ်ပြည်မှာ အရှုံးပေါ်နေတယ်ဆိုတာ ယိုပေါက်ကြီးတွေ ရှိနေတယ်ဆိုတာ ထင်ရှားတယ်။ ဘယ်အလုပ်ဖြင့် အရှုံးပေါ်နေတယ်၊ ဘယ်အရာဖြင့် အမြတ်မထွက်ဘူး ဆိုတာဟာ ယိုပေါက်တွေ ရှိနေတယ်လို့သာ မှတ်ရမှာဖြစ်တယ်ပေါ့။ ယိုပေါက်တွေကို ပိတ်နိုင်ပြီဆိုရင် ကြီးပွားတိုးတက်လာမှာ ဖြစ်တယ်။ “အိတ်ပေါက်နဲ့ဖားကောက်” ဆိုတဲ့ မြန်မာစကားလိုပဲ ယိုပေါက်တွေရှိနေရင်တော့ ရှာဖွေသမျှဟာ အပေါက်ကနေထွက်ပြီး အားလုံးကုန်မှာပဲဖြစ်တယ်။ စီးပွားဥစ္စာ မတည်ခြင်းရဲ့ အကြောင်း ယိုပေါက်ကြီးတွေနဲ့ ပတ်သက်ပြီး ဘာဟောထားတုန်းဆိုရင် အပျင်းထူခြင်းဟာ ယိုပေါက်တစ်ခုပဲ။ ရှိတဲ့ အခြေအနေလေးနဲ့ ယစ်မူးမေ့လျော့နေခြင်းဟာလည်း ယိုပေါက်တစ်ခုပဲ။ ကြိုးကြိုးစားစား မရှာဖွေ၊ မထိန်းသိမ်းခြင်းဟာလည်း ယိုပေါက်ကြီးတစ်ခုပဲ။ ကိုယ့်ကိုကိုယ် မထိန်း [၃၂] သိမ်း၊ မစောင့်ရှောက်ခြင်းဟာလည်း ယိုပေါက်တစ်ခုပဲ။ အအိပ်ကြီးခြင်းဟာလည်း ယိုပေါက်တစ်ခုပဲ။ အချိန်ဆွဲခြင်းဟာလည်း ယိုပေါက်တစ်ခုပဲလို့ ယိုပေါက် ခြောက်ပေါက် ကို မြတ်စွာဘုရားက ဟောထားတယ်။ အဲဒီတော့ မြတ်စွာဘုရားရဲ့ အဆုံးအမ တရားတော်တွေဆိုတာဟာ သံသရာကထွက်မြောက်ဖို့ တစ်ခုတည်းအတွက်သာ ဟောတာမဟုတ်ဘူး။ သံသရာမှာ ချမ်းချမ်းသာသာနေဖို့၊ လူ့ဘဝ အဆင့်အတန်းမီမီ၊ အဆင့်အတန်းမြင့်မြင့် နေနိုင်ဖို့အတွက် လမ်းညွှန်မှုတွေ ပေးတာဖြစ်တယ်။ ဗုဒ္ဓကို မှီခိုအားထား ကြည်ညိုလေးစားကြတဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဘုရား ဘာတွေဆုံးမခဲ့တယ်ဆိုတာ သိရှိနားလည်ပြီး အဆုံးအမအတိုင်း လိုက်နာကြမယ်ဆိုရင် မင်္ဂလာတရားနဲ့အညီ နိုင်ငံသစ်ကိုတည်ခြင်းပဲ ဖြစ်တယ်ပေါ့။ မြတ်စွာဘုရားက တစ်ခွန်းထဲ အလေးအနက် ပြောတာက ပြည်သူလူထု ပျင်းနေရင်မကောင်းဘူး၊ ပြည်သူလူထုက အလုပ်ကြိုးစားကြရမယ်။

[၃၃] မဏ္ဍိုင်ကြီးလေးရပ်မှာ ဦးဆောင်နေသူကို ရာဇာ လို့ခေါ်တယ်၊ ဒီကနေ့ခေတ်မှာတော့ အစိုးရ။ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရ သို့မဟုတ် မင်းစိုးရာဇာ။ အဲဒီ မင်းစိုးရာဇာဟာ အင်မတန်မှ အရေးကြီးတယ်။ ဘယ်အလုပ်ကို လုပ်လုပ် အမြော်အမြင်ရှိရှိ လုပ်ရမယ်။ စဉ်းစဉ်းစားစား အမြော်အမြင်ကြီးမားစွာ လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်တယ်။ အကယ်၍ အမြော်အမြင် ကင်းမဲ့စွာ ပြုလုပ်လိုက်ပြီဆိုရင် တိုင်းပြည်အတွက် နစ်နာဆုံးရှုံးသွားနိုင်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက သတိပေးတယ်။ “ရာဇာ န သာဓု အနိသမ္မကာရီ” ဘာလုပ်လုပ် ပညာနဲ့ ဆင်ခြင်သုံးသပ်ပြီးမှ လုပ်ကိုင်ရမယ်။ မစဉ်းမစား အရမ်းလုပ်တာကို အနိသမ္မကာရီ လို့ခေါ်တယ်။ အဲဒီ မစဉ်းမစား အမြော်အမြင်ကင်းမဲ့စွာ ပြုလုပ်လိုက်ခြင်းဟာ အများအတွက် နစ်နာဆုံးရှုံးမှု ဖြစ်စေနိုင်တယ်။ ဒါကြောင့်မို့ တိုင်းပြည်ကို ဦးဆောင်တဲ့ အစိုးရ [၃၄] ဆိုတာ အမြော်အမြင်ကြီးရမယ်၊ ဘာလုပ်လုပ် စီမံကိန်းချချ အမြော်အမြင်ရှိရမယ်လို့ ဆိုလိုတယ်။ အမြော်အမြင်ရှိဖို့အတွက် ဘယ်သူတွေကို အားကိုးရမလဲဆိုရင် ခုနကပြောတဲ့ ပညာရှိတွေနဲ့ တွဲဖက်ရမယ်။ ပညာရှိတွေရဲ့ အကြံဉာဏ်ကို ယူရမယ်။ စိတ်နှလုံးအေးချမ်းပြီးတော့ အမှန်အကန် စဉ်းစားနိုင်ဖို့အတွက် ဘာသာတရားအဆုံးအမကို လက်ခံကျင့်သုံးရမယ်။

ဒါကြောင့် ပညာရှိတို့ရဲ့ အဆုံးအမ၊ ပညာရှိတို့ရဲ့ လမ်းပြမှုနဲ့ စီမံဆောင်ရွက်တဲ့ အလုပ်ကိစ္စမှန်သမျှဟာ လွဲမှားမှုမရှိဘူး၊ စဉ်းစဉ်းစားစား လုပ်သည့်အတွက်ကြောင့် မည်သူ့ကိုမှ မထိခိုက်ဘဲနဲ့ တိုင်းပြည်ဟာ တိုးတက်ကြီးပွားလာနိုင်တယ်။ ဒီ ဇာတက ဒေသနာမှာ မဏ္ဍိုင်ကြီးလေးရပ်ကို ပေါင်းစပ်ဟောကြားထားတာပဲ ဖြစ်တယ်ပေါ့။ ဒီကနေ့ခေတ်ပြောတဲ့ ဥပဒေပြုမဏ္ဍိုင်တို့၊ ဥပဒေဆိုတဲ့ မဏ္ဍိုင်ဟာ .. ဘယ်အထဲမှာပါတာလည်းဆိုရင် [၃၅] ဒီအထဲမှာ အကြုံးဝင်သွားတယ်။ ပညာရှိဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုတွေထဲမှာ အကြုံးဝင်သွားတယ်။ မင်းစိုးရာဇာတွေ ထုတ်ပြန်တဲ့အထဲမှာလည်း အကြုံးဝင်သွားတယ်။ ဒါကြောင့်မို့ အခုပြောတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ ဒေသနာတော်အရ မဏ္ဍိုင်ကြီးလေးရပ် ဆိုသည်မှာ-
၁။ ဘာသာတရား ဟောပြောတဲ့ပုဂ္ဂိုလ်၊
၂။ အသိပညာရှင် အတတ်ပညာရှင်၊
၃။ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရ၊
၄။ ပြည်သူလူထု။

ဒီလေးရပ်ဟာ ပေါင်းစပ်ပြီး တည်ရှိနေတာ ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ညီညွတ်ခြင်းပဲ ဖြစ်တယ်ပေါ့။ အားလုံးဟာ ပူးပေါင်းပြီး ဆောင်ရွက်ကြမယ်ဆိုရင် အောင်မြင်ကြီးပွားမှုအတွက် လုံလောက်တဲ့ အင်အားတွေ ရှိလာမှာဖြစ်တယ်။ ပညာရှိကလည်း အစိုးရနဲ့ ပူးပေါင်းပြီးလုပ်ရမယ်၊ တိုင်းသူပြည်သားတွေနဲ့ ပူးပေါင်းပြီး လုပ်ရမယ်။ ဘာသာတရားဟောကြားတဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ [၃၆] မြတ်စွာဘုရားရဲ့ အဆုံးအမ၊ ဘာသာတရားရဲ့ အဆုံးအမ လူတွေရဲ့ရင်ထဲ နှလုံးထဲရောက်အောင် မပြတ်သွန်သင်ဆုံးမရမယ်။ အဲဒီနည်းနဲ့ နိုင်ငံသစ်ကို ထူထောင်လိုက်မယ်ဆိုရင် အားလုံး တိုးတက်ကြီးပွားသွားနိုင်တယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး။ ၂၀၁၈-ခုနှစ်၊ နိုင်ငံတကာနှစ်သစ်ကူး နှစ်ဦးမင်္ဂလာ အခါသမယမှာ မင်္ဂလာရှိတဲ့နှစ်သစ် ဖြစ်ဖို့အတွက် ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့ကစပြီး မှန်ကန်တဲ့ စီမံကိန်းတွေ၊ ရည်မှန်းချက်တွေချမှတ်ပြီး လုပ်ဆောင်ကြရမှာဖြစ်တယ်။ လူတိုင်းလူတိုင်း ရည်မှန်းချက် ကြီးကြီးနဲ့ New Year Resolution ကို ချမှတ်ထားကြရမှာဖြစ်တယ်။ လူတိုင်းလူတိုင်း ဒီ ၂ဝ၁၈ မှာ ဘာလုပ်မယ်၊ ဘယ်အတိုင်းအတာတစ်ခုအထိ တိုးတက်အောင်လုပ်မယ်၊ လူငယ်လူရွယ်တွေ ဆိုလို့ရှိရင် ၂ဝ၁၈-ခုနှစ်မှာ “စီးပွားဥစ္စာ ဘယ်ရွေ့ဘယ်မျှ တိုးတက်အောင် ကြိုးစားမယ်၊ အသိပညာတွေ ... ဘယ်ရွေ့ဘယ်မျှ ရအောင် ကြိုးစားမယ်” ဆိုတဲ့ ဆုံးဖြတ်ချက် ရှိကြမှာပဲ [၃၇] ဖြစ်တယ်။ ဘာသာတရားကို ဟောပြောတဲ့ပုဂ္ဂိုလ်တွေ အနေနဲ့လည်းပဲ ပြည်သူပြည်သားတွေ အားလုံးဟာ စိတ်နှလုံး အေးချမ်းမှုရှိပြီး မှန်ကန်တဲ့အမြင်တွေ ရအောင် ကြိုးစားကြရမှာဖြစ်တယ်။ ပညာရှိတွေဟာ ဘေးထွက်ထိုင်မနေဘဲ တိုင်းပြည်အတွက် ကိုယ်ဖိရင်ဖိ လမ်းမှားတဲ့နေရာဆီကို မရောက်ရအောင် မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်သည်ထိအောင် ထိန်းကြောင်းပြီး အလင်းရောင်ကို ပြကြရမှာဖြစ်တယ်။ ဒါကြောင့် ဘာသာတရား ဟောကြားတဲ့ပုဂ္ဂိုလ်၊ ပညာရှိ၊ အစိုးရ၊ ပြည်သူဆိုတဲ့ မဏ္ဍိုင်ကြီးလေးရပ် ပေါင်းစပ်လိုက်မယ်ဆိုရင် ... မင်္ဂလာတရားနဲ့အညီ တည်ထောင်တဲ့ နိုင်ငံသစ်ဟာ . တိုးတက်ဖွံ့ဖြိုးပြီး ငြိမ်းချမ်းသာယာတဲ့ အနေအထားမျိုး မကြာခင် ရောက်ရှိမယ်ဆိုတာ သေချာပါတယ်။ တရားချစ်ခင် သူတော်စင် ပရိသတ် အပေါင်းတို့။ တိုင်းပြည် အေးချမ်းသာယာတယ်ဆိုတာ မိမိတို့ တိုင်းပြည်ထဲမှာ ဆူးငြောင့်ခလုတ်တွေ မရှိခြင်းဘဲ [၃၈] ဖြစ်တယ်။ လူတိုင်းလူတိုင်းဟာ ပြည့်စုံတဲ့ဘဝမှာနေကြရပြီး လိုအင်ဆန္ဒတွေပြည့်ဝကြလို့၊ အိမ်တိုင်းအိမ်တိုင်းဟာ တံခါးဖွင့်အိပ်နိုင်လို့၊ မိမိတို့ရဲ့ သားငယ် သမီးငယ်လေးတွေ ရင်ခွင်မှာထားပြီးတော့ စိတ်နှလုံးအေးချမ်းစွာ နေနိုင်ဖို့အတွက် တစ်ဦးမေတ္တာတစ်ဦးမှာ ထားရှိမှုဟာ အရေးကြီးဆုံးပဲဖြစ်တယ်။ မေတ္တာဖြင့် ပူးပေါင်းမှု မရှိဘူးဆိုရင် အန္တရာယ် ကြုံလာတဲ့အခါ တစ်ဦးနဲ့တစ်ဦး အချင်းများမယ်၊ တစ်ဦးတစ်ဦး ... အပြစ်ရှာမယ်၊ တစ်ယောက်စောင့်တယ်၊ တစ်ယောက်ရဲ့ အမှားကိုထောက်တယ် ဆိုတာတွေ လုပ်နေမယ် ဆိုရင်တော့ ဇာတကထဲမှာ ပါတဲ့ “ငုံးနဲ့မုဆိုး ဇာတ်လမ်းလေး”လို ဖြစ်သွားနိုင်တာကို သတိထားကြရမှာဖြစ်တယ်။ မုဆိုးတစ်ဦးဟာ ပိုက်နဲ့အုပ်ပြီး ငုံးတွေကိုဖမ်းတယ်၊ အဲဒီငုံးတွေက သိပ်ပြီး ညီညွတ်ကြတယ်။ မုဆိုးက ပိုက်နဲ့အုပ်လိုက်တိုင်း ပိုက်ကိုချီပြီး အားလုံးစွမ်းအားနဲ့ ပျံသွားကြပြီး ဝေးလံတဲ့အရပ်ကို ရောက်တဲ့အခါ ဆူးခြုံ [၃၉] ပေါ် ပျံချလိုက်ကြတယ်။ ဆူးခြုံနဲ့ပိုက်ငြိပြီး အားလုံးဟာ ပိုက်အတွင်းက လွတ်ကင်းအောင် ပျံထွက်သွားကြတယ်။ မုဆိုးကပိုက်နဲ့အုပ်လိုက်တိုင်း တညီတညွတ်တည်း ပိုက်ကွန်ကိုချီပြီး ပျံသွားကြတယ်။ တစ်ကောင်နဲ့ တစ်ကောင် အချင်းမများဘဲ ပူးပေါင်းဆောင်ရွက်ကြသည့်အတွက်ကြောင့် သူတို့ဟာ ဘေးရန်အန္တရာယ်က လွတ်မြောက်နေကြတယ်။ အဲဒီအခါမှာ မုဆိုးက ဘာပြောသလဲလို့ဆိုရင်-
သမ္မောဒမာနာ ဂစ္ဆန္တိ၊
ဇာလမာဒါယ ပက္ခိနော။
“ငုံးတွေဟာတဲ့ ပူးပေါင်းပြီးတော့ ပိုက်ကွန်ကြီးကို ချီသွားကြတာမှန်တယ်” သူ့ပိုက်ကွန်တွေ ဆုံးရှုံးတယ်။
ယဒါ တေ ဝိဝဒိဿန္တိ၊
တဒါ ဧဟိန္တိ မေ ဝသံ။
“တစ်နေ့ကျရင် သူတို့ဟာ အချင်းများကြလိမ့်မယ်၊ တစ်ကောင်နဲ့တစ်ကောင်မတည့်ဘဲ အပြစ်ရှာလာကြ [၄၀] လိမ့်မယ်။ အဲဒီအချိန်ကျလို့ရှိရင် ဒီငုံးတွေ ငါ့လက်တွင်း အကုန်သက်ဆင်းလိမ့်မယ်။” နေ့စဉ်နဲ့အမျှ ပိုက်ကွန်နဲ့ ငုံးတွေကိုအုပ်ပြီး ဖမ်းဖို့ ကြိုးစားတယ်။ မကြာခင်ပဲ ငုံးတွေဟာ အချင်းများလာကြတယ်။ တစ်ကောင်နဲ့တစ်ကောင် တက်နင်းမိတဲ့အခါမှာ သည်းခံနိုင်မှုမရှိကြဘူး၊ “ငါ့ခေါင်း ဘာကြောင့်နင်းရသလဲ” အချင်းများပြီး ရန်ဖြစ်ကြတယ်။ တစ်ကောင်နဲ့တစ်ကောင် ဆိတ်လာကြတယ်၊ စိတ်ဝမ်းကွဲလာကြတယ်၊ ပူးပေါင်းဆောင်ရွက်မှု မရှိတော့ဘူး၊ ငုံးတွေ အချင်းများနေတုန်း နောက်က ပိုက်ကြိုးကို မုဆိုးက ဆွဲလိုက်တယ်၊ ငုံးတွေအားလုံး ပိုက်တွင်း အကုန်မိသွားတယ်။ အဲဒီတော့ ငုံးတွေဟာ တညီတညွတ်တည်း ရှိနေသမျှ အန္တရာယ်က လွတ်နေကြတယ်။ အချင်းများပြီ ဆိုတဲ့အခါ မုဆိုးရဲ့လက်တွင်း သက်ဆင်းကြရတယ်။ ထို့အတူပဲ အခု မဏ္ဍိုင်ကြီးလေးရပ် အစိုးရ၊ ပြည်သူ၊ ပညာရှိ၊ ဘာသာတရား ဟောတဲ့ပုဂ္ဂိုလ် [၄၁] အားလုံး ပူးပေါင်းဆောင်ရွက်နေသမျှ ကာလပတ်လုံး တိုင်းပြည်ကြီးဟာ တိုးတက်သာယာနေမှာဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မတည့်ကြဘူး၊ တစ်ယောက်အပြစ် တစ်ယောက်ဖို့နေကြမယ်ဆိုရင် ငုံးတွေရဲ့ ကံကြမ္မာမျိုး ဖြစ်သွားနိုင်တယ်ဆိုတာကို သတိထားကြရမှာ ဖြစ်ပါတယ်။ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ မြတ်ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့ မင်္ဂလာတရားနဲ့အညီ နိုင်ငံသစ်ကို တည်ထောင်ကြမယ်ဆိုရင် ကြီးပွားတိုးတက်ပြီး မကြာခင် သာယာလှပတဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်ကြမှာဖြစ်တယ်လို့ ကိုယ်စီ ကိုယ်စီ ယုံကြည်သောစိတ်ထားဖြင့် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
သာဓု
သာဓု
သာဓု

7nna2vo64ab5nswzfrdg6nj8ksv2y4l
မာလုကျပုတ္တရဟန်းအတွက် ရဟန်းအတွက် အလုပ်ပေးတရား
0
6474
22343
2026-11-05T16:25:31Z
Tejinda
173
"{{header | title = မာလုကျပုတ္တရဟန်းအတွက် ရဟန်းအတွက် အလုပ်ပေးတရား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22343
wikitext
text/x-wiki
{{header
| title = မာလုကျပုတ္တရဟန်းအတွက် ရဟန်းအတွက် အလုပ်ပေးတရား
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည်]]
| previous2 = [[မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား]]
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မာလုကျပုတ္တရဟန်းအတွက် ရဟန်းအတွက် အလုပ်ပေးတရား

[၁] မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၄-နှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂- ခုနှစ်၊ နယုန်လဆန်း (၈)ရက်၊ (၂၀. ၅. ၂ဝ၁ဝ) ကြာသပတေးနေ့၊ ပြင်ဦးလွင်မြို့၊ ချမ်းမြေ့ရိပ်သာအတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနား၌ ဟောကြားအပ်သော ‘မာလုကျပုတ္တ ရဟန်းအတွက် အလုပ်ပေးတရား’ တရားဒေသနာတော်။

သံယုတ္တနိကာယ်မှာ မာလုကျပုတ္တသုတ်ဆိုတာ ရှိတယ်။ မြန်မာနိုင်ငံမှာ မာလုကျဆိုတဲ့ ဒီနာမည်က ခပ်ဆန်းဆန်း ဖြစ်နေတယ်။ သူ့ဖခင်ရဲ့နာမည်ကို အစွဲပြုပြီး ရဟန်းကို မာလုကျပုတ္တ (မာလုကျရဲ့ သား) လို့ ခေါ်တာဖြစ်တယ်။ မာလုကျရဲ့သား ရဟန်းဟာ သာသနာဘောင် ဘယ်အရွယ်ဝင်တယ်ဆိုတာ မသိနိုင်သော်လည်း မြတ်စွာဘုရားက သူ့ကို အလုပ်ပေးတရား ဟောတဲ့အခါ သူအသက်အတော်ကြီးနေပြီ။ အသက်ကြီးမှ သင်္ကန်းဝတ်တာလည်း ဖြစ်ချင်ဖြစ်မယ်။

[၂] ရဟန်းတွေဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး တရားတောင်းကြတာ ထုံးတမ်းစဉ်လာပဲ။ ရှင်အာနန္ဒာတို့လည်း မြတ်စွာဘုရားထံမှာ တရားတောင်းဖူးတာပဲ။ “အရှင်ဘုရား တပည့်တော်ကို တရားအကျဉ်းချုပ် ဟောပါ။ အရှင်ဘုရား တရားနာယူပြီးတဲ့အခါမှာ တပည့်တော် တစ်ပါးတည်း လွတ်လွတ်လပ်လပ် ဆိတ်ငြိမ်ရာ ချဉ်းကပ်ပြီး ကြိုးကြိုးစားစား အားထုတ်ပါမယ်။ နိဗ္ဗာန်တစ်ခုတည်းကို ဦးတည်ထားတဲ့စိတ်ဓာတ်နဲ့ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်ပါ့မယ်”လို့ ဒီလို လျှောက်ထားလေ့ရှိကြတယ်။ အဲဒီလို လျှောက်ထားလေ့ ရှိတာကို ထိုထိုသုတ္တန်တွေမှာ တွေ့ရတယ်။

အခုလည်း မာလုကျပုတ္တရဟန်းဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး “အရှင်ဘုရား၊ တရားအကျဉ်းချုပ် ဟောပါဘုရား။ အရှင်ဘုရား တရားနာယူပြီးတဲ့အခါမှာ တပည့်တော် တစ်ပါးတည်း ဆိတ်ငြိမ်ရာအရပ်ကို ချဉ်းကပ်လို့ ကြိုးကြိုးပမ်းပမ်း အားထုတ်ပါ့မယ်။ ကိုယ်နဲ့ [၃] အသက် မငဲ့ကွက်ဘဲ နိဗ္ဗာန်ကိုဦးတည်လျက် စွဲစွဲမြဲမြဲ ကြိုးစားပါ့မယ်”လို့ ဒီလိုလျှောက်တယ်။ အဲဒီလိုလျှောက်တဲ့အခါ မြတ်စွာဘုရားက ဘာပြန်မိန့်ကြားတုန်းဆို “ကိုယ်တော်ငယ်တွေ ဘယ်လို ပြောမတုန်း။ ဒီကိုယ်တော်ကြီးကတောင် အသက်က ကြီးလှပြီ။ နောက်ဆုံးအရွယ် အိုမင်းရင့်ရော်နေတဲ့ အဖိုးကြီး မာလုကျပုတ္တ ရဟန်းကတောင် ဩဝါဒ လာတောင်းနေပြန်ပြီ”လို့ မြတ်စွာဘုရားက မိန့်တယ်။ ဒီလိုမိန့်တာနဲ့စပ်ပြီး အဋ္ဌကထာဆရာက ရှင်းပြတယ်။ “တစ်ဖက်ကလည်း မာလုကျပုတ္တကို ချီးမြှောက်တဲ့အနေနဲ့ ပြောတဲ့စကားဖြစ်တယ်၊ တစ်ဖက်ကလည်း ရဟန်းငယ်တွေကို သတိပေးတဲ့အနေနဲ့ ပြောတာ ဖြစ်တယ်။ “ဒီလိုအသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်ကတောင်မှပဲ တရားဟောပေးပါ၊ ကြိုးကြိုးစားစား အားထုတ်ပါ့မယ်လို့ တောင်းပန်နေတယ်။ ငယ်တဲ့ပုဂ္ဂိုလ်တွေဆိုရင် ပိုတောင်းပန်သင့်တယ်”လို့ဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း ပါတယ်။ နောက်တစ်ဖက်က ကြည့်မယ်ဆိုရင် အသက် [၄] အရွယ်ကြီးလှမှ လာပြီးတရားတောင်းရမလားလို့ အပြစ်တင်တဲ့ ပုံစံမျိုးလည်း ပါတယ်။

ဘာပဲဖြစ်ဖြစ် အဲဒီလို မိန့်လိုက်ခြင်းအားဖြင့် မာလုကျပုတ္တရဟန်းဟာ ပိုပြီး အားတက်သရော ဖြစ်လာတာတော့ သေချာတယ်။ ဘာဖြစ်လို့တုန်းဆိုရင် လူဆိုတာ အလွယ်တကူဆိုရင် သိပ်တန်ဖိုး မထားတတ်ဘူး။ ခဲခဲယဉ်းယဉ်းမှ တန်ဖိုးထားတတ်ကြတယ်။ မြတ်စွာဘုရားကို လာလျှောက်တဲ့ အချိန်တုန်းက စိတ်ဓာတ်ထက်သန်တာ ဟုတ်ချင်မှ ဟုတ်မယ်။ ဘုရား ဒီလို မိန့်လိုက်တဲ့အခါ ပိုပြီးထက်သန်သွားတာလည်း ဖြစ်နိုင်တယ်။

“ကိုယ်တော်ငယ်တွေ ဘယ်လိုပြောမလဲ။ ဒီလို အသက်ရွယ်ကြီးတဲ့ အိုမင်းရင့်ရော်နေတဲ့ ရဟန်းကြီးကတောင် လာပြီး ငါ့ကို ဩဝါဒတောင်းနေပြီ” ဒီလို မိန့်လိုက်တဲ့အခါ “အရှင်ဘုရား၊ တပည့်တော် အိုပေမယ့်လို့ ကြိုးစားပါ့မယ်။" ဘယ်လောက်ကောင်းတုန်း။ တပည့်တော် အသက်အရွယ်ကြီးတာတော့ ဟုတ်ပါ [၅] တယ်။ ဒါပေမယ့် ကြိုးစားပါ့မယ်။ ကြိုးစားအားထုတ်ခြင်းဖြင့် ဓမ္မအမွေကို ရနိုင်ကောင်း ရနိုင်ပါလိမ့်မယ် ဘုရား။ ဘုရားကိုယ်တိုင်ပေးလိုက်တဲ့ အလုပ်ပေးတရား အားထုတ်ပြီး ဓမ္မအမွေလေး ရချင်ပါတယ်တဲ့။ မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းယူပြီး အားထုတ်ရတယ်ဆိုတာ သိပ်ကံကောင်းတာပေါ့၊ အခုခေတ်လည်း ကမ္မဋ္ဌာန်းဆရာထံမှ ကမ္မဋ္ဌာန်းယူပြီး အားထုတ်ကြရတယ်။ သို့သော် ဘာကွာတုန်းလို့ဆိုရင် ကနေ့ခေတ်မှာတော့ ကမ္မဋ္ဌာန်းဆရာတွေက ကမ္မဋ္ဌာန်းပေးပေမယ်လို့ မမှားနိုင်တဲ့ နည်းစနစ်တစ်ခုကို အခြေခံထားပြီး ကမ္မဋ္ဌာန်းပေးကြရတာ ဖြစ်တယ်။ မြတ်စွာဘုရားကျတော့ အာသယာနသယ၊ ဣန္ဒိယပရောပရိယတ္တိ ဉာဏ်တော်နဲ့ ပုဂ္ဂိုလ်ရဲ့ အဇ္ဈာသယကို ရှုဆင်ခြင်ပြီးမှ တရားပေးလေ့ရှိတယ်။ အဲဒါက ပိုပြီးထိရောက်တယ်။ ဆိုပါစို့၊ ဘာဖြစ်လို့ပါလို့ဆို ရောဂါပြောပြီး ဆရာဝန်ပြတဲ့အခါ ဆရာဝန်ဆိုတာလည်း ဒိဗ္ဗစက္ခုဉာဏ်တို့ ဘာတို့ ရတာမှ မဟုတ်တာ။

[၆] ဥပမာမယ် ခေါင်းကိုက်တယ်ဆိုရင် ခေါင်းကိုက်တာတွေက အကြောင်းအမျိုးမျိုး ရှိတာပေါ့။ ခေါင်းကိုက်ခြင်းရဲ့ အကြောင်းတွေက အများကြီးရှိတယ်။ ခေါင်းကိုက်တယ်ဆိုလို့ရှိရင် ဘယ်လိုကြောင့်ပဲ ကိုက်ကိုက်၊ သက်သာနိုင်တဲ့ဆေးမျိုးကို မှန်းပြီးပေးရတာ။ မှန်းပေးလိုက်တဲ့အခါ “ဒီဆေးသောက်၊ သုံးရက်လောက်ကျ ပြန်ပြဦး”လို့ ပြောတယ်။ ဒီဆေးနဲ့ တည့်မတည့် စမ်းပေးလိုက်တဲ့ သဘောပဲ။ ဆရာဝန်ထံသွား၊ တစ်ခါတည်း ပျောက်တာမှ မဟုတ်ဘဲ။ မှန်းပေးရတာ။ “ဒါနဲ့ အဆင်ပြေရင်လည်း ဆက်သောက်၊ အဆင်မပြေဘူးဆို ထပ်လာခဲ့ဦး။” အဲဒါ ဘာဖြစ်လို့ ဒီလိုလုပ်ရတာတုန်းဆိုရင် ‘ရောဂသမုဋ္ဌာန’ ရောဂါဖြစ်ခြင်း၏ အကြောင်းကို အတိအကျ မသိလို့ဘဲ ဒီလိုပြောရတာဖြစ်တယ်။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဘုရားထံ တရားလာတောင်းပြီဆိုတာနဲ့ တစ်ပြိုင်နက် မြတ်စွာဘုရားက သူ့ရဲ့ဘဝဖြစ်စဉ် တသီတတန်းကြီး အတိတ်ကပုံရိပ်တွေဟာ ဉာဏ်တော်ထဲမှာ အကုန်ထင်လာတယ်။ ဘယ် [၇] တုန်းက ဘာလုပ်ခဲ့တယ်ဆိုတာမှအစ အတိတ်ပုံရိပ်တွေ အကုန်ပေါ်လာတယ်။ ပေါ်လာသည့်အတွက်ကြောင့် ထိုပုဂ္ဂိုလ်နဲ့ သင့်လျော်တဲ့ ကမ္မဋ္ဌာန်းကို မြတ်စွာဘုရားက ရွေးချယ်ပေးတယ်၊ အဲဒီပုဂ္ဂိုလ်ရဲ့ နှလုံးသွင်း အဇ္ဈာသယ ဝါသနာဆိုတာ ရှိတယ်။ လေ့ကျင့်ခဲ့တဲ့ အလေ့အကျင့်တွေနဲ့ ပြန်ဆက်စပ်ပေးတယ်။

ဥပမာတစ်ခု ပြောရအောင်။ သုဝဏ္ဏကာရ ပုတ္တ- ရွှေပန်းတိမ်သည် သားလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှင်သာရိပုတ္တရာထံ ရောက်လာပြီး သင်္ကန်းဝတ်တယ်။ ရဟန်းဖြစ်လာတော့ ရှင်သာရိပုတ္တရာက အပေါ်ယံ စဉ်းစားတဲ့သဘောနဲ့ “လူငယ်လူရွယ်ဆိုတာ အပျော်အပါး ကြိုက်တယ်။ သူ့ကို အာရုံငါးပါး ကာမဂုဏ်တရားတွေပေါ်မှာ တပ်မက်မှုရှိတယ်၊ လှချင်ပချင်တယ်၊” ဒါကတော့ လူငယ်ရဲ့သဘာဝ၊ လှချင်ပချင်တယ်၊ အလှအပ ကြိုက်တယ်။ အဲဒီတော့ ဒီလှချင်ပချင်၊ အလှအပ ကြိုက်တယ်ဆိုတာ တဏှာလောဘရဲ့ သဘောပဲ။ အဲဒါကိုချိုးနှိမ်မှ ကောင်းမယ်ဆိုပြီး အသုဘ [၈] ကမ္မဋ္ဌာန်း ပေးလိုက်တယ်.. ရွံစရာ မတင့်မတယ် ခန္ဓာကိုယ်ရဲ့ စက်ဆုပ်ဖွယ်ဆိုတာတွေ နှလုံးသွင်းဖို့ အသုဘသညာ ကမ္မဋ္ဌာန်း ပေးလိုက်တဲ့အခါ သူ့ရဲ့ အခြေခံစရိုက် နှလုံးသွင်းနဲ့ မကိုက်သည့်အတွက်ကြောင့် လေးလ အားထုတ်တာတောင် သမာဓိ မဖြစ်ဘူး။ ဘာဖြစ်လို့တုန်း။ သူ့စိတ်က အလှအပကြိုက်တဲ့ပုဂ္ဂိုလ် ဖြစ်နေလို့။ ရွံစရာတွေ မတင့်တယ်တာတွေကို စိတ်မဝင်စားဘူး။ စိတ်မဝင်စားသည့် အတွက်ကြောင့် စိတ်ကို တည်ငြိမ်အောင် ကြိုးစားဖို့ မလွယ်ဘူး ဖြစ်နေတယ်။ လေးလ ကြာတာတောင်မှပဲ တရားမတက်ဘဲ ဖြစ်နေတယ်။

ဒါနဲ့ ရှင်သာရိပုတ္တရာက အသေးစိတ်ရှင်းပြပြီး ဒီကမ္မဋ္ဌာန်းကိုပဲ ဆက်ပေးတယ်။ လေးလအားထုတ်တာ မအောင်မြင်တဲ့အခါကျတော့ မြတ်စွာဘုရားကိုယ်တိုင် ပေးမှ ဖြစ်တော့မယ် ယူဆပြီး ဘုရားဆီလွှတ်တယ်။ မြတ်စွာဘုရားထံ ရောက်တဲ့အခါ အတိတ်က ပုံရိပ်တွေ ကြည့်လိုက်တယ်။ ဘဝပေါင်း ငါးရာ၊ [၉] ရွှေပန်းတိမ်သည်ဖြစ်ခဲ့တယ်။ ပန်းတိမ်ဆရာ ဆိုတာ လူတွေရဲ့ အဆင်တန်ဆာတွေကို လုပ်တာဆိုတော့ အမြဲတမ်း အလှအပ စဉ်းစားနေတယ်။ ဘယ်လိုလှအောင် လုပ်ရမလဲ။ လက်ဝတ်တန်ဆာ ရတနာတွေကို ဘယ်လို အလှခြယ်ရမလဲ။ လှတာပတာ စဉ်းစားမှုက စိတ်ထဲနှလုံးထဲမှာ စွဲလာတယ်။ အဲဒါ မြင်တဲ့အခါ မြတ်စွာဘုရားက အသုဘ ကမ္မဋ္ဌာန်းနဲ့ ဒီရဟန်းနဲ့ မတော်ဘူး။ လမ်းကြောင်း ပြောင်းပေးလိုက်တယ်။ အင်မတန်လှပတဲ့ ကြာပွင့်ကြီးတစ်ခု ချက်ချင်း ဖန်ဆင်းပြီး လက်ထဲ ထည့်ပေးလိုက်တယ်။ ပဒုမ္မာကြာပန်းဆိုတော့ အနီရောင်ပေါ့။ အဲဒီ ပဒုမ္မာကြာပန်းကြီးကို လက်ထဲထည့်လိုက်ကတည်းက ဒီကိုယ်တော်က စိတ်ထဲမှာ ပျော်သွားတယ်။ ဒီကြာပန်းကြီးကို ကြည့်ရင်း သိပ်စိတ်ဝင်စားသွားတယ်။ မြတ်စွာဘုရားက မှာလိုက်တယ်။ “ဆိတ်ငြိမ်ရာအရပ်သွား၊ ရှေ့မှာ သဲပုံလေးတစ်ခု ထားပြီး ကြာပန်းကြီးကို အဲဒီသဲပုံပေါ်စိုက်၊ စိုက်ပြီးတဲ့အခါ ကြာပန်းရဲ့အဆင်းအရောင်၊ အနီရောင်ပေါ်မှာ [၁၀] စိတ်ကလေးငြိမ်အောင်ထား။” ဒါ လောဟိတကသိုဏ်း စီးဖြန်းခိုင်းတာပဲ။ သမထကျင့်စဉ်တစ်ခု လုပ်ခိုင်းလိုက်တာ။ အဲဒီတော့ နဂိုကလည်း စိတ်ဝင်စားနေတာဆိုတော့ ဒီကြာပန်းကြီးကို ကြည့်ပြီး စိတ်က တည်ငြိမ်သွားပြီ။ ဟိုရောက်ဒီရောက် မရောက်တော့ဘူး။ အဲဒီ အနီလေးပေါ်မှာ သမာဓိဟာ လျင်လျင်မြန်မြန် ရသွားပြီ။ တခဏလေးအတွင်းမှာပဲ လောဟိတကသိုဏ်းဆိုတဲ့ အနီအာရုံပေါ်မှာ စိတ်လေးဟာ တည်ငြိမ်သွားပြီ။ အဲဒီ အနီရောင်လေးပေါ်မှာ ကြံစည်နေတာရယ်၊ တွေးတောနေတာရယ်၊ နှစ်သက်ကျေနပ်နေတာရယ်၊ စိတ်ထဲမှာ ချမ်းသာနေတာရယ်၊ ထိုချမ်းသာမှုအရ စိတ်ကလေးဟာ အဲဒီအနီရောင်အပေါ်မှာ တည်ငြိမ်သွားတာရယ် ဆိုတဲ့ အင်္ဂါငါးရပ်ဟာ စိတ်ထဲမှာဖြစ်နေတယ်။

သူ့စိတ်မှာ ကာမအာရုံနဲ့ ပတ်သက်ပြီး လိုချင်ဆန္ဒဆိုတဲ့ ကာမစ္ဆန္ဒဆိုတာ မဖြစ်ဘူး။ မုန်းတီးမှုဆိုတဲ့ ဗျာပါဒလည်း မဖြစ်ဘူး။ အိပ်ချင် ငိုက်မြည်းမှုဆိုတဲ့ [၁၁] ထိနမိဒ္ဓလည်း မဖြစ်ဘူး။ စိတ်လွင့်မှုနဲ့ စိတ်ပင်ပန်းမှုဆိုတဲ့ ဥဒ္ဓစ္စ၊ ကုက္ကုစ္စလည်း မဖြစ်ဘူး။ ဒီအာရုံတွေနဲ့ ပတ်သက်ပြီး သံသယတွေ ဖြစ်လာတာလည်း မရှိဘူး။ နီဝရဏတွေ ကင်းသွားတယ်။ ကျန်တဲ့ အကုသိုလ်တွေ လည်း ကင်းသွားတယ်။ ကာမဂုဏ်အာရုံတွေကထွက်ခွာပြီး လောဟိတကသိုဏ်းဆိုတဲ့အာရုံမှာ စိတ်ကလေး ငြိမ်ကျသွားတယ်။ အပ္ပနာသမာဓိ ရသွားတယ်။ အဲဒီကနေ ဆင့်ကဲဆင့်ကဲနဲ့ ဈာန်အင်္ဂါတွေကို တစ်စုစီ တစ်စုစီ ဖြုတ်ပယ်ပြီး သမာဓိစွမ်းအား မြှင့်လိုက်တဲ့အခါ နောက်ဆုံး ရူပဈာန်ထဲက အဆင့်မြင့်ဆုံးဖြစ်တဲ့ စတုတ္ထဈာန် အဆင့်ထိအောင် ရောက်သွားတယ်။ တခဏလေးအတွင်းပဲ အဲဒီလို သမထစွမ်းအားတွေ သိပ်ကောင်းသွားတယ်။ မြတ်စွာဘုရားက စောင့်ကြည့်နေတယ်။ ငါပေးလိုက်တဲ့ ကြာပန်းအာရုံမှာ ကမ္မဋ္ဌာန်းအလုပ် လုပ်နေတဲ့ ဒီရဟန်းအခြေအနေ ဘယ်လိုရှိတုန်း ကြည့်လိုက်တဲ့အခါ သူဈာန်ရနေပြီ။ သမာဓိစွမ်းအားတွေ ကောင်းနေ [၁၂] ပြီ။ သို့သော် ဝိပဿနာလမ်းကြောင်းပေါ် သူ့ဟာသူ သွားတတ်ပါ့မလားလို့ ကြည့်တော့ မသွားတတ်ဘူး။ မသွားတတ်လို့ မြတ်စွာဘုရားက အဲဒီ အနီရောင် ကြာပန်းကြီးကို ဈာန်ဝင်စားနေတဲ့ အချိန်ကလေးအတွင်းမှာ ညှိုးနွမ်းပြီး အရောင်အဆင်း ပျက်သွားအောင်၊ ညှိုးသွားအောင် ဖန်ဆင်းလိုက်တယ်။ အဲဒီလို ဖန်ဆင်းလိုက်တဲ့အခါ ဈာန်ကလည်း ထပြီး ကြည့်လိုက်ရော ခုနက လှနေတဲ့ ကြာပန်းကြီးက အလှပျက်သွားပြီး မတည်မြဲတဲ့ သဘောတွေကို သရုပ်ဆောင်ပြနေတာ တွေ့တယ်။

အဲဒီမှာ မြတ်စွာဘုရားက ရောင်ခြည်တော်တွေ လွှတ်ပြီး တရားဟောတယ်။ “ဗဟိဒ္ဓဖြစ်တဲ့ကြာပန်းသာ ဒီလိုဖြစ်တာ မဟုတ်ဘူး။ သင့်ရဲ့ အဇ္ဈတ္တခန္ဓာကိုယ် ဖြစ်တဲ့ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ ဝိညာဏတွေ ဟာလည်း ဖြစ်ပေါ်လာပြီးတဲ့နောက် ညှိုးနွမ်းပျက်ပြားသွားတာပဲ” လို့ ဝိပဿနာလမ်းကြောင်းပေါ် တင်ပေးလိုက်တယ်။ ခဏလေးအတွင်းမှာ ဝိပဿနာဉာဏ် ဖြစ်ပြီး ရဟန္တာအဆင့်ထိ ရောက်သွားတယ်။

[၁၃] ဘယ်လို မြှင့်တာတုန်းဆိုရင် သောတာပန်ရဲ့ ဝိပဿနာနဲ့ သကဒါဂါမ်ရဲ့ ဝိပဿနာ မတူဘူး။ သောတာပန်အဆင့်လောက် ရစေနိုင်တဲ့ ဝိပဿနာကို အားထုတ်လို့ သောတာပန်ဖြစ်သွားတယ်။ သောတာပန် ဖြစ်ပြီး သကဒါဂါမ်အဆင့်တက်ဖို့ရာ ဒီဝိပဿနာပဲ အားထုတ်ရမယ်။ အဲဒီ ဝိပဿနာကျတော့ ခုနက သောတာပန်တွေကျင့်တဲ့ ဝိပဿနာထက် အဆင့်မြင့်သွားပြီ။ ကျင့်ပုံကတော့ ဒီအတိုင်းပဲ။ သို့သော် အသိဉာဏ်က ပိုပြီး ရှင်းရှင်းသွားကာ အဆင့်မြင့်မြင့် လာတယ်။ ပြောမယ်ဆိုရင် quality က ပိုပိုကောင်းကောင်းလာတယ်။ ဉာဏ်ရည်ဉာဏ်သွေးက ပို,ပိုပြီးတော့ တက်လာတယ်။

အဲဒီတော့ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်အတွက်လည်း ဝိပဿနာအားထုတ်ရတယ်၊ သောတာပန် ဖြစ်သွားပြီးနောက် သကဒါဂါမ်ဖြစ်ဖို့ရာလည်း ဒီဝိပဿနာအဆင့်ကို ထပ်ကျင့်ရတယ်။ ကျင့်တဲ့အခါ ဝိပဿနာဉာဏ် ရင့်သန်ထက်မြက်လာရင်လည်း [၁၄] သကဒါဂါမိမဂ်ဖိုလ် ရသွားတယ်။ အဲဒီနောက်မှာ အနာဂါမ်ဖြစ်ဖို့ရာ အတွက်လည်း ဝိပဿနာကျင့်စဉ်ကို ထပ်ပြီးတော့ မြှင့်ပေးရတယ်။ မြှင့်တဲ့အခါမှာ အနာဂါမိမဂ်၊ အနာဂါမိဖိုလ် ရတယ်။ အနာဂါမ် ဖြစ်သွားတဲ့ အခါမှာလည်း ဝိပဿနာကျင့်စဉ်ကိုပဲ ထပ်မြှင့်ရတယ်။ အဲဒီအခါ အဆင့်မြင့်တဲ့ အရဟတ္တဖိုလ်အထိ ရောက်သွားတယ်၊ မဂ်လေးပါး၊ ဖိုလ်လေးပါးဆိုတာ အစဉ်အတိုင်းဖြစ်တာ၊ ကျော်ပြီး သွားလို့မရဘူး။

ရဟန္တာဖြစ်ဖို့ရာအတွက် ဝိပဿနာကို လေးကြိမ်လေးခါ အဆင့်မြှင့်ပြီး ပွားများအားထုတ်လိုက်တဲ့အခါ နောက်ဆုံးမှာ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ထိအောင် ရောက်သွားတယ်။

မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်းက အင်မတန်မှ ထိရောက်တယ်။ ဘာဖြစ်လို့ ထိရောက်လဲ။ ပုဂ္ဂိုလ်စရိုက် သူနှစ်ခြိုက်တာတွေနဲ့ ဆီလျော်ညီညွတ်အောင် ပေးလို့ ထိရောက်တယ် တခဏအတွင်း အကျိုးသက်ရောက်မှုဟာ အင်မတန်မှ ကြီးမားတယ်။ ဒါကြောင့်မို့ [၁၅] ဘုရားနဲ့တွေ့ရတဲ့ ပုဂ္ဂိုလ်တွေ ကံကောင်းတယ်လို့ ပြောရမယ်။ သို့သော် ဘုရားနဲ့မတွေ့ပေမယ့် တရားအားထုတ်လို့ရှိရင် မဂ်ဖိုလ် နိဗ္ဗာန် မရနိုင်ဘူးလားဆိုရင် ရနိုင်တယ်။ ဒီလမ်းကြောင်းက သွားရမှာပဲ။ ရှင်သာရိပုတ္တရာထံ တရားနာပြီး ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိတာပဲ။ ဘုရား ပရိနိဗ္ဗာန်စံသွားပြီးတဲ့နောက်မှာ တရားကျင့်စဉ်တွေ အဆင့်ဆင့် နာယူမှတ်သားပြီး ကျင့်ကြံကြိုးကုတ် အားထုတ်ကြလို့ နိဗ္ဗာန် ရောက်သွားတာတွေလည်း များစွာရှိတယ်။

အဲဒီတော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်လိုက်တာနဲ့ တစ်ပြိုင်နက် တရားထူး တရားမြတ် ဆိုတာ ရနိုင်တာတွေချည်းပဲ။ မြတ်စွာဘုရားကတော့ အာသယာနသယ၊ ဣန္ဒိယပရောပရိယတ္တိ ဉာဏ်နဲ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုတာတွေ ရင့်သန်မှု ရှိမရှိ၊ ထက်မြက်မှုရှိမရှိ ကြည့်ပြီး မထက်မြက်သေးလို့ရှိရင် အချိန်စောင့်တယ်။ ထက်မြက်မှု ရှိလာပြီဆိုရင်

[၁၆] ထက်မြက်မှု ရှိတဲ့အချိန်နဲ့ကိုက်ပြီး တရားဟောပေးတယ်။

မာလုကျပုတ္တ ရဟန်းဟာလည်း အသက်အရွယ် တော်တော်လေးကြီးမှ မြတ်စွာဘုရားထံ အလုပ်ပေးတရား တောင်းတယ်။ “အကျဉ်းချုပ်ကလေး ဟောကြားပါ။ အရှင်ဘုရား တရားနာယူပြီးတဲ့ အခါမှာ တပည့်တော် ကြိုးစားပါ့မယ်လို့” ဆိုလို့ မြတ်စွာဘုရားက ဟောတော်မူတယ်။

ဘယ်လိုဟောတုန်း ဆိုလို့ရှိရင် “တသ္မာ တိဟ တေ မာလုကျပုတ္တ ဧဝံ သိက္ခိတဗ္ဗ” ဒီလိုဆိုရင် လိုက်နာရမယ့် ကျင့်ကြံကြိုးကုတ် အားထုတ်ရမယ့် တရားကို ငါဟောမယ်။ အဲဒီတော့ တရားဆိုတာ တခြားမှာရှာရတာ မဟုတ်ဘူး။ “တရားရှာ ကိုယ်မှာ တွေ့” ဆိုတဲ့အတိုင်း ကိုယ့်သန္တာန်မှာပဲ တရားဆိုတာ ရှိတယ်။ ရှိတဲ့တရားကို ရှုမှတ်နိုင်တဲ့ သတိစွမ်းအားတွေ၊ ဉာဏ်စွမ်းအားတွေ၊ သမာဓိစွမ်းအားတွေကို တိုးမြှင့် လေ့ကျင့်တာဟာ တရားအားထုတ်တာပဲ။ တရားကို [၁၇] ကြည့်နိုင်တဲ့ စွမ်းအားရှိကြတဲ့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ ကာရကမဂ္ဂင် ငါးပါးကို ကိုယ့်သန္တာန်မှာ တိုးမြင့် လေ့ကျင့်ပေးရတယ်။

ရှုစရာအာရုံဖြစ်တဲ့ တရားက ကိုယ့်သန္တာန်မှာ အဆင်သင့်ရှိတယ်။ ရှိရဲ့သားနဲ့ ဘာဖြစ်လို့ မသိတာတုန်းဆိုရင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတာတွေက မလုံလောက်သေးလို့ ဖြစ်တယ်။ အဲဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးတို့ အလုပ်ပေးတဲ့အခါမှာ ကြည့်၊ သတိသမ္ပဇည - သတိကိုမွေးမြူလေ့ကျင့်ဖို့။ သမ္ပဇည ဆင်ခြင်ဉာဏ်ကို လေ့ကျင့်မွေးမြူဖို့ “သွားရင် သွားတယ်၊ စားရင် စားတယ်” အကုန်လုံး သတိစွမ်းအားတွေ၊ ဉာဏ်စွမ်းအားတွေ တက်လာအောင် မှတ်ခိုင်းတယ်။ ဒါက သတိသမ္ပဇည ကို မွေးမြူတာပဲ။ အခြေခံကစပြီး သွားရင် သွားတယ်၊ စားရင် စားတယ်၊ လမ်းလျှောက်တဲ့ အခါလည်း ကြွတယ်၊ ချတယ်စသည်ဖြင့် မှတ်တာပေါ့။

[၁၈] အဲဒီလို မှတ်တာဟာ သတိစွမ်းအား၊ ဉာဏ်စွမ်းအား တိုးတက်လာအောင် လုပ်ပေးတာ။ အဲဒီလို လုပ်ပေးတယ်ဆိုတာ မဂ္ဂင်ရှစ်ပါးထဲက ကာရကမဂ္ဂင် ကို လေ့ကျင့်ပေးတာ။ လေ့ကျင့်တဲ့အခါ ကိုယ့်သန္တာန်မှာ ရှိတဲ့ အာရုံနဲ့ပဲ လေ့ကျင့်တာ။

အဲဒီတော့ ကိုယ့်သန္တာန်မှာရှိတဲ့ အာရုံဆိုတာကို စဉ်းစားကြည့်လိုက်ဦး။ ဘာတွေရှိတုန်းလို့ မေးကြည့်လိုက်။ မျက်စိကမြင်တဲ့ ရူပါရုံ ရှိတယ်။ နားကကြားရတဲ့ အသံ သဒ္ဒါရုံ ရှိတယ်။ နှာခေါင်းက နမ်းရှူရတဲ့ ဂန္ဓာရုံ ရှိတယ်။ အစာစားတဲ့အခါမှာ လျှာနဲ့ထိတွေ့ရတဲ့ ရသာရုံ ရှိတယ်။ ခန္ဓာကိုယ်နဲ့ ထိတွေ့ရတဲ့ ဖောဋ္ဌဗ္ဗာရုံ ရှိတယ်။ အဲဒီ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတာတွေ မပါဘဲနဲ့ အတိတ်အာရုံပဲဖြစ်စေ၊ အနာဂတ်အာရုံပဲ ဖြစ်စေ၊ နူးညံ့သိမ်မွေ့တဲ့ အာရုံတွေပဲဖြစ်စေ၊ စိတ်ကူးစိတ်သမ်းနဲ့ ကြံတွေးပြီး သိရတဲ့အာရုံရှိတယ်။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ လို့ခေါ်တယ်။ အဲဒီလို အာရုံတွေကလွဲလို့ သိစရာရှိမှ မရှိတာ။ စိတ်က သိနေတာ ဒီအာရုံတွေပဲ ရှိတယ်။

[၁၉] အဲဒီ အာရုံတွေထဲမှာလည်း ထပ်ရွေးလိုက်ဦး။ မျက်စိက မြင်လို့ရတဲ့အာရုံကိုပဲ ကြည့်ပါဦး။ မျက်စိက မြင်ရတဲ့အာရုံ မမြင်ရတဲ့အာရုံ နှစ်မျိုးမရှိဘူးလား၊ ရှိတယ်။ ကိုယ်မမြင်ရတဲ့ အာရုံတွေ မရှိဘူးလား။ အများကြီး ရှိနေသေးတယ်။ မမြင်ရတဲ့အာရုံရှိသလိုပဲ မမြင်ဘူးတဲ့အာရုံတွေရော မရှိဘူးလား၊ ရှိတယ်။ အခု လောလောဆယ် မမြင်ရတဲ့အာရုံတွေရော မရှိဘူးလား ရှိတယ်။ မမြင်ရတဲ့ အာရုံတွေကို ကြည့်ချင်လိုက်တာ ဆိုတဲ့ဆန္ဒ ဖြစ်ပါ့မလား မဖြစ်ဘူး။ မျက်စိနဲ့ ကိုယ်မမြင်ရတဲ့အာရုံက အများကြီး။ မြင်ဖူးတဲ့အာရုံကလည်း နည်းနည်းပဲ ရှိတာ။ မြင်ချင်လိုက်တာ ဆိုတဲ့ဟာလည်း နည်းနည်းပဲ ရှိတာ။ ကိုယ်မှ မမြင်ဖူးဘဲနဲ့ မြင်ချင်လိုက်တာဆိုတာ ရှိပါ့မလား။ မရှိဘူး။

အဲဒီတော့ မြတ်စွာဘုရားက မာလုကျပုတ္တ ကို မေးတယ်။ မျက်စိနဲ့ မြင်လို့မရတဲ့အာရုံ၊ မျက်စိနဲ့ မြင်လို့ မရတဲ့ အာရုံဆိုတာ ကိုယ့်မျက်စိနဲ့ အလှမ်းမမီတဲ့ အာရုံတွေရှိတယ်။ လူ့မျက်စိနဲ့ မမြင်ရတဲ့အာရုံ၊ အဲဒီ အလှမ်း [၂၀] မမီတဲ့အာရုံမျိုး၊ ဘယ်တုန်းကမှ မမြင်ဖူးတဲ့အာရုံ၊ ကြည့်ချင်တယ်ဆိုတဲ့စိတ် မပေါ်တဲ့အာရုံ။ အဲဒီအာရုံတွေနဲ့ ပတ်သက်ပြီး “မင်းမှာ မြင်လိုတဲ့ဆန္ဒ မြင်ပြီးနောက်မှာ တွယ်တာမှု ရာဂ တွေ၊ ချစ်ခင်စုံမက်နေမှု ရာဂ တွေ ဖြစ်ပါ့မလား” လို့ မေးတယ်။

မြင်မှ မမြင်ဖူးဘဲနဲ့ မြင်ချင်လိုက်တာတို့၊ တွယ်တာနေတယ်တို့၊ ချစ်ခင်နေတာတို့ ဖြစ်နိုင်ပါ့မလား။ မျက်စိအာရုံထဲမှာ မျက်စိနဲ့ ကိုယ်မမြင်ဖူးတဲ့အာရုံ၊ မြင်ချင်လိုက်တာလို့ မရှိတဲ့အာရုံတွေပေါ်မှာ ဆန္ဒ ဆိုတာလည်း မဖြစ်ဘူး။ ရာဂ ဆိုတာလည်း မဖြစ်ဘူး။ ပေမ ဆိုတာလည်း မဖြစ်ဘူး။ မဖြစ်တာ သေချာတယ်။ အဲဒီတော့ အဲဒီ အာရုံမျိုးမှာ ကမ္မဋ္ဌာန်းအားထုတ်ဖို့ လိုပါ့မလား။

မဟာစည်ဆရာတော်ကြီး ဟောထားတာ ရှိတယ်လေ။
“မမြင်ရရာ ကိလေသာ၊
သူ့ဟာသူ ငြိမ်းသည်တဲ့။”
ကိုယ်မှ မမြင်တာ၊ မမြင်ဘူးတဲ့ အာရုံတွေပေါ် လိုက်ပြီး ကမ္မဋ္ဌာန်းရှုစရာ မလိုဘူး။ ကမ္မဋ္ဌာန်း [၂၁] ရှုတော့မယ်ဆိုရင် မျက်စိနဲ့မြင်ပြီး နှစ်သက်တွယ်တာစရာအာရုံ၊ ကိုယ်မြင်ဖူးတဲ့ အာရုံပေါ်မှာ တွယ်တာမှုတွေ ဖြစ်နေတယ်။ အဲဒီတွယ်တာမှုကို ပြုတ်ဖို့ ဒီအာရုံတွေကို ရှုမှတ်ရမှာ။ အာရုံရဲ့သဘာဝကို သိပြီး အာရုံပေါ်မှာ သတိသမ္ပဇည တွေ ထားနိုင်ပြီဆိုရင် ခုနကပြောတဲ့ ရာဂ ဆိုတာလည်း မလာဘူး၊ ဒေါသ ဆိုတာလည်း မလာဘူး၊ မောဟ ဆိုတာလည်း မလာဘူး။

တရားကျင့်တယ်ဆိုတာ အာရုံကို ဖယ်ရှားပစ်တာ မဟုတ်ဘူး။ ထိုအာရုံပေါ်မှာ တွယ်ငြိနေတဲ့ ရာဂ၊ မုန်းတီးနေတဲ့ ဒေါသ၊ ထိုအာရုံရဲ့ သဘာဝကို အမှန်မသိတဲ့ မောဟ၊ ဒါကိုဖယ်တာ။ အဲဒီတော့ ကိုယ်လုပ်ရမယ့်အလုပ်က တရားအားထုတ်တာ။ တရားအားထုတ်တယ်ဆိုတာ ဒါတွေ ဖယ်ထုတ်ရမှာ။ ဒါတွေ မဖယ်ထုတ်ဘဲနဲ့ လက်ခံနေရင် ဘယ်လိုလုပ်ပြီးတော့ လမ်းကြောင်းပေါ် ရောက်ပါ့မလဲ၊ မရောက်နိုင်ဘူး။ ဒါကြောင့်မို့ အခု မာလုကျပုတ္တ ကို အလုပ်ပေး တရားဟောနေတဲ့အခါမှာ မျက်စိနဲ့ မြင်ရတဲ့အာရုံနဲ့ [၂၂] ပတ်သက်ပြီး မြတ်စွာဘုရားက မျက်စိနဲ့ မြင်ရတဲ့ အာရုံမှာ မင်း လောဘ ဖြစ်သလား၊ ဒေါသ ဖြစ်သလား၊ မောဟ ဖြစ်သလား၊ ဒီနေရာမှာတော့ ဒေါသ တွေ မပြောဘဲ မြတ်စွာဘုရားက ဦးတည်ချက်တစ်ခုနဲ့ ပြောတယ်။ တပ်မက်မှု၊ ချစ်ခင်မှု၊ မြတ်နိုးမှုဖြစ်တဲ့ အာရုံပေါ်မှာ ကမ္မဋ္ဌာန်းရှုဖို့ပြောတာ။ မျက်စိနဲ့မြင်ပြီးတော့ နှစ်သက်မှု၊ ကျေနပ်မှုတွေ၊ တွယ်တာမှုတွေ ဖြစ်လာပြီဆိုရင် အဲဒီပေါ်မှာ ကမ္မဋ္ဌာန်းအလုပ် အားထုတ်ပါ။

အဲဒီလို ကမ္မဋ္ဌာန်းအလုပ် အားထုတ်တာ ဘာအတွက်လဲလို့ဆိုရင် တွယ်တာမှုကို ဖယ်ရှားဖို့ပဲ။ တွယ်တာမှုကို ဖယ်ရှားတယ်ဆိုတာ ဒီအာရုံရဲ့သဘာဝကို မသိဘဲနဲ့ ဖယ်လို့မှမရတာကိုး။ အာရုံရဲ့ သဘာဝတွေကို သိလာရင် အလိုလို တွယ်တာမှုက ကင်းသွားမှာပဲ။

ဆိုပါစို့။ ဈေးသွားပြီး အထည်ဆိုင်ထဲမှာ အထည်ဝယ်တယ် ဆိုပါစို့၊ အဆင်လေးကလည်း လှလိုက်တာ၊ အထည်လေးကလည်း ကောင်းလိုက်တာ၊ [၂၃] အရောင်လေးလည်း ကြိုက်တယ်။ အဆင်လေးလည်း ကြိုက်တယ်။ ဒီဇိုင်းလေးလည်း ကြိုက်တယ်ပေါ့။ အဲဒီတော့ အစကလေးကို ဝယ်တော့မယ်လို့ ကြည့်ရင်း ကြည့်ရင်းနဲ့ ဘာသွားတွေ့တုန်းဆို မီးလောင်ပေါက် သုံးပေါက် သွားတွေ့တယ်။ ဝယ်မလား မဝယ်ဘူးလား။ မဝယ်ဘူး။ အဲဒီတော့ ခုနတုန်းက လိုချင်လိုက်တာဆိုတဲ့ အပေါ်မှာ စိတ်ပျက်သွားသလား၊ မပျက်ဘူးလား။ ပျက်သွားတယ်။ အဲဒါလိုပဲ ဘယ်လောက်ကြိုက်နေနေ အပြစ်တွေ့လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် စိတ်ပျက်သွားတယ်။

အဋ္ဌကထာကပေးတဲ့ ဥပမာက ဒီ့ထက်ပြင်းတယ်။ ရွံတတ်တဲ့လူတော့ ရွံမှာပေါ့။ အဋ္ဌကထာက ပေးတဲ့ ဥပမာကို ပြောမယ်။ သိပ်ဆာလောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် ထမင်းပွဲကြီး ပြင်ထားတယ်၊ ပူပူနွေးနွေးလေး လက်ဆေးပြီး စားတော့မယ်လို့ ထမင်းပန်းကန်ထဲ နှိုက်လိုက်တဲ့အခါ ဘာသွားတွေ့တုန်းဆိုရင် ထမင်းပန်းကန်ထဲမှာ မစင်တုံးသုံးတုံး သွားတွေ့တယ်။

[၂၄] ဒီလူ ထမင်းဆာနေတာ ပျောက်သွားမလား၊ မပျောက်သွားဖူးလား။ ပျောက်သွားတယ်၊ မစင်တုံးကို မြင်တဲ့အခါ ထမင်းစားချင်ပါ့ဦးမလား။ မစားချင်ဘူး။ အဲဒီ ဥပမာမှာ ထမင်းစားချင်လို့ ထမင်းပေါ်မှာ မက်မောတွယ်တာနေတာနဲ့ သင်္ခါရ အာရုံပေါ်မှာ မက်မောတွယ်တာ တူတယ်။ မစင်တုံးသုံးတုံး မြင်တာနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ဆိုတဲ့ လက္ခဏာသုံးခုကို မြင်တာ တူတယ်။ ကိုယ်မြင်လိုက်တဲ့အာရုံရဲ့ မမြဲတဲ့သဘောတွေ၊ ဆင်းရဲတဲ့သဘောတွေ၊ ကိုယ်မပိုင်တဲ့ သဘောတွေ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရ အာရုံအပေါ် တွယ်တာမှု ကင်းပြတ်သွားတယ်။

အဲဒါကြောင့်မို့ ကမ္မဋ္ဌာန်းအားထုတ်တယ် ဆိုတာ ကိုယ်ကြိုက်တဲ့အာရုံအပေါ် အပြစ်ကိုမြင်အောင် ရှုနိုင်ဖို့ အရေးကြီးတယ်။ ကိုယ်မှ မမြင်ဖူးတဲ့အာရုံပေါ် ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ ဘယ်ရှိမလဲ။ မြင်ဖူးတဲ့ အာရုံ၊ မြင်ချင်တဲ့အာရုံပေါ်မှာသာ ကြိုက်တယ် မကြိုက်ဘူးဆိုတာ ရှိမှာပေါ့။ ဒါကြောင့်မို့ အဲဒီပေါ်မှာ ကမ္မဋ္ဌာန်းရှူပါလို့ မာလုကျပုတ္တ ကို မြတ်စွာဘုရားက ဟောတာ။

[၂၅] ဒါ နားလည်လို့ရှိရင် အသံလည်း ထို့အတူပဲ။ တစ်ခါမှလည်း နားထဲမှာ ကြားလည်း မကြားဖူးဘူး။ ကြားနေတာလည်း မဟုတ်ဘူး၊ ကြားချင်တဲ့ဆန္ဒလည်း မဖြစ်ဘူးဆိုတဲ့ အာရုံပေါ်မှာ ဘယ်လိုလုပ်ပြီး တွယ်တာမှုဆိုတာ ဖြစ်နိုင်မလဲ။ မဖြစ်ဘူး။ အနံ့လည်း ထို့အတူပဲ၊ အရသာလည်း ထို့အတူပဲ။ ခန္ဓာကိုယ်နဲ့ ထိတွေ့ရတဲ့ ဖောဋ္ဌဗ္ဗာရုံ ဆိုတာလည်း ထို့အတူပဲ။ စိတ်ကူးစိတ်သန်းနဲ့ သိရတဲ့အာရုံဖြစ်တဲ့ ဓမ္မာရုံ နဲ့ ပတ်သက်ပြီးတော့လည်း ထို့အတူပဲ။ မမြင်ဘူး၊ မသိဘူး၊ မကြားဘူးတဲ့ အာရုံတွေ ပေါ်မှာ တွယ်တာမှုဆိုတာ မဖြစ်နိူင်ဘူး။ အဲဒါကြောင့်မို့ မမြင်ဘူးတဲ့ အာရုံတွေကို လိုက်ရှာပြီး တရားရှုစရာ မလိုဘူးတဲ့။ ကိုယ်တွယ်တာ စွဲလန်းနေတဲ့ အာရုံတစ်ခုအပေါ်မှာ ကမ္မဋ္ဌာန်းတရား ဆိုတာ ရှုရတယ်။ ဒါ ဝိပဿနာ ရဲ့ အာရုံကို မြတ်စွာဘုရားက ဘယ်ရှုရမယ်ဆိုတာကို မာလုကျပုတ္တ ကို ပြောပြတာ။

[၂၆] အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့အာရုံ၊ အရသာအာရုံ၊ အထိအတွေ့ အာရုံ၊ စိတ်ကူးစိတ်သန်း အာရုံဆိုတဲ့ အဲဒီအာရုံခြောက်ပါးနဲ့ ပတ်သက်ပြီး တွယ်တာမက်မောမှုကို ဖြစ်နိင်တဲ့၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် တဏှာ၊ ဒိဋ္ဌိ အမြင်နဲ့ ချဉ်းကပ်မိတဲ့ အာရုံတွေပေါ်မှာ ထို တဏှာ၊ ဒိဋ္ဌိ ကို ဖယ်ရှားပစ်ဖို့ရန် အတွက် အပြစ်ကိုမြင်အောင် ကြည့်ပါ။ အပြစ်ဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ အပြစ်အနာအဆာ။ မမြဲတဲ့ သဘောတွေကို ဆင်ခြင်စဉ်းစားဖို့ ကမ္မဋ္ဌာန်းပေးလိုက်တယ်။

မြတ်စွာဘုရားက ရာဂ၊ ဒေါသ၊ မောဟ မဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ဆက်ဟောတယ်။ အမြင်အာရုံတွေပေါ်မှာ မြင်မြင်ချင်း တပ်မက်တာတော့ မဟုတ်ဘူး။ မြင်ပြီးတဲ့နောက် လူဟာ ကောင်းလိုက်တာ ဆိုတဲ့ အတွေးကလေး နောက်ကမှ လိုချင်တယ်ဆိုတာ လာတာလေ။ မြင်ခိုက်လေးမှာ လိုချင်တာ မဟုတ်ဘူး။ ကြားခိုက်လေးမှာ နှစ်သက်တာလည်း မဟုတ်ဘူး၊ [၂၇] စိတ်က အလွန်လျင်မြန်လွန်း အားကြီးလို့သာ။ ကိုယ်က စဉ်းစားလိုက်တဲ့ အခါကျလို့ရှိရင် ခုနက ကိလေသာတွေက ဝင်လာပြီ အများကြီး။ မြင်ပြီးတဲ့အာရုံလေး ပေါ်မှာ လှလိုက်တာလို့ ဖြစ်လာတယ်။ ပါးစပ်က ပြောလာတဲ့အဆင့် ရောက်လာတယ်။ ပြောလာတဲ့ အဆင့် ရောက်လာပြီးတော့ ဒီအာရုံတွေပေါ်မှာ စွဲမက်မှုဆိုတာ ဖြစ်လာပြန်တယ်။

ထို့အတူပဲ နားကကြားတဲ့ အသံပေါ်မှာ စွဲမက်မှုဆိုတာ ဖြစ်လာတယ်။ သာယာလိုက်တာလို့ တွေးတယ်။ အနံ့ပေါ်မှာလည်း မွှေးလိုက်တာဆိုတာ လာပြန်တယ်။ အရသာပေါ်မှာလည်း ကောင်းလိုက်တာ၊ ခန္ဓာကိုယ်ပေါ်မှာလည်း အထိအတွေ့ ညက်ညောလိုက်တာ၊ စိတ်ကူးစိတ်သန်းထဲမှာလည်း ကောင်းလိုက်တာဆိုတဲ့ အတွေးတွေ ဝင်လာတဲ့အခါမှာ ရာဂ ဆိုတာ ဖြစ်တယ်။ ချစ်ခင်မှုတွယ်တာမှုတွေ ဝင်လာတယ်။ အဲဒါကြောင့် မြင်တဲ့အာရုံတွေ့ရင် အမြင်မှာတင် ရပ်ထားလိုက်မယ်၊ ရှေ့ဆက် မစဉ်းစားဘူးဆိုရင်၊ [၂၈] ကြားတဲ့အာရုံကို ကြားရင် ဘာသံပါလိမ့်လို့ ဆက်ပြီး မစဉ်းစားဘူး၊ ကောင်းတယ်၊ ဆိုးတယ် ဆက်မစဉ်းစားဘဲ ကြားတယ်ဆိုတာနဲ့ပဲ ရပ်ထားရမယ်။ ဒါကြောင့်မို့ မဟာစည်ဆရာတော်ကြီးက ပြောတာ။
“မြင်ရင် မြင်တယ်လို့မှတ်၊
ကြားရင် ကြားတယ်လို့မှတ်”
ဆိုတာ ဒီတင် ရပ်ခိုင်းတာ။ ဒီကျင့်စဉ် အလွန်မှန်ကန်တဲ့ကျင့်စဉ်။ မြင်ရင် မြင်တယ်လို့ မှတ်တယ်။ တစ်ချို့က မြင်ရင် မြင်တယ်လို့ မှတ်တာ တရားမဟုတ်ဘူးလို့ပြောတာ ရှိသေးတယ်။ နားယောင်စရာ မလိုဘူး။ မြင်ရင် မြင်တယ်လို့ မှတ်ရမယ်၊ ကြားရင် ကြားတယ်လို့ မှတ်ရမယ်ဆိုတာ ရှေ့တိုးမသွားအောင် လုပ်တဲ့သဘောပဲ။ ရှေ့တိုးမစဉ်းစားနဲ့၊ မြင် မြင်ခိုက်ကလေးမှတ်၊ ကြား ကြားခိုက်ကလေးမှတ်၊ နံရင် နံတဲ့ အခိုက်ကလေးမှတ်။ ရှေ့ဆက် မစဉ်းစားနဲ့။ နှာခေါင်းထဲမှာ မွှေးတဲ့အနံ့လေး၊ ဘာနံ့ပါလိမ့်၊ မကြည့်ချင်ဘူးလား။ ကြည့်ချင်လာတယ် အသံလေး ကြားလိုက်ရင်လည်း ဘာသံပါလိမ့်နဲ့ ကြည့်ချင်လာတယ်၊ တွယ်တာလာတယ်။

[၂၉] အဲဒီလို တွယ်တာမှုတွေ မလာအောင် ကြား ကြားတဲ့အသံကို အသံသဘောအနေနဲ့ပဲ ရပ်ထားလိုက်တယ်။ အနံ့ကိုလည်း အနံ့သဘောနဲ့တင် ရပ်ထားလိုက်တယ်။ အရသာကိုလည်း အရသာပေါ်မှာတင် ရပ်ထားလိုက်တယ်။ ခန္ဓာကိုယ်ရဲ့ အထိအတွေ့ကိုလည်း အထိအတွေ့ပေါ်မှာ ရပ်ထားလိုက်တယ်။ စိတ်ကူးတဲ့နေရာမှာလည်း စိတ်ကူးတဲ့ဟာလေးတင်ပဲ၊ အဲဒါ လေ့ကျင့်ခန်း လုပ်တာပဲ။

မာလုကျပုတ္တ အား ဟောတဲ့အခါ။
“ဒိဋ္ဌေ ဒိဋ္ဌမတ္တံ” အမြင်အာရုံလေးကို မြင်ရုံလေးပဲ ရပ်ထားလိုက်၊ ရှေ့ဆက်စဉ်းစားပြီး ရာဂ၊ ဒေါသ တွေ မပွားစေနဲ့၊
“သုတေ သုတမတ္တံ” ကြားရင် ကြားတာလေးပဲ ရပ်ထား။
“မုတေ မုတမတ္တံ” နှာခေါင်းက အနံ့ရတာ၊ လျှာနဲ့ အရသာသိတာ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့တာဆိုတာ အဲဒီမှာ တင် ရပ်ထားလိုက်မယ်။
“ဝိညာတေ ဝိညာတမတ္တံ” စိတ်ထဲကအသိကို အသိလေးနဲ့ပဲ ရပ်ထားလိုက်တယ်။ ရှေ့ဆက်မစဉ်းစားနဲ့။

[၃၀] အဲဒီလို ရပ်ထားနိုင်ပြီဆိုရင် ဘာဖြစ်လဲဆိုရင် အဲဒီ အာရုံနဲ့တွဲပြီး ရာဂစိတ်တွေ မပေါ်ဘူး။ ဒေါသလည်း မပေါ်ဘူး၊ လိုချင်တယ်ဆိုတာလည်း မလာတော့ဘူး။ ‘န တေန’ အဲဒီ အာရုံတွေပေါ်မှာ ဘာဖြစ်လဲဆိုလို့ရှိရင် အဲဒီအာရုံနဲ့ တွဲပြီးတော့ ရာဂစိတ်တွေ မပေါ်ဘူး။ ဒေါသလည်း မပေါ်ဘူး၊ လိုချင်တယ်ဆိုတာလည်း မလာတော့ဘူး၊ အဲဒီအာရုံဟာ ကိုယ့်ကို လွှမ်းမိုးတဲ့အာရုံ၊ ကိုယ်တပ်မက်စရာ အာရုံတစ်ခု ဖြစ်မလာတော့ဘူးပေါ့။ အဲဒီလို ဖြစ်မလာလို့ရှိရင် ကိုယ့်စိတ်လေးဟာလည်း အဲဒီအာရုံပေါ်မှာ remain မဖြစ်ဘူး။ တဏှာလောဘနဲ့ တွယ်တာပြီး မရပ်တည်တော့ဘူး။ အဲဒီ အာရုံတွေပေါ်ကနေ စိတ်ကလေးဟာ လွတ်မြောက်သွားတယ်။

စိတ်ကလေး လွတ်မြောက်သွားတယ်ဆိုတာ ရာဂနဲ့ တွယ်တာမှု မရှိဘူး၊ ဒေါသနဲ့ မုန်းတီးတာ မရှိဘူး၊ မောဟနဲ့ တွေဝေတာ မရှိဘူးဆိုလို့ရှိရင် အာရုံကို အာရုံရဲ့ သဘာဝအနေနဲ့ သိပြီး တွယ်တာမှုတွေ လုံးဝ ကင်းသွားတယ်။

[၃၁] မာလုကျပုတ္တက “တပည့်တော်ကို အတိုလေး ဟောပါ” ဆိုလို့ ဘုရားကလည်း အတိုလေးပဲ ဟောလိုက်တာ။ အမြင်အာရုံနဲ့ ပတ်သက်၍ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဖြစ်ရင် “တတော တွံ မာလုကျပုတ္တ န တေန” တဲ့။ အဲဒီအာရုံတွေနဲ့ မဆက်စပ်တော့ဘူး။ မဆက်စပ်ရင် ဘာဖြစ်တုန်း။ “န တတ္ထ” အဲဒီအာရုံမှာ ရာဂ၊ ဒေါသ၊ မောဟဆိုတာ မဖြစ်တော့ဘူး။ မဖြစ်ရင် စိတ်ဟာ ကိလေသာမှ လွတ်သွားပြီ။ ရာဂ၊ ဒေါသ၊ မောဟ မရှိဘူး၊ အာရုံတွေပေါ်မှာ ရာဂ၊ ဒေါသ၊ မောဟ မဖြစ်ဘူးဆိုကတည်းက ဒါ ကိလေသာ အာသဝေါတွေ ကုန်သွားပြီ။ သင်္ခါရတွေနဲ့ ဆက်စပ်မှု မဖြစ်တော့ဘူး။

အဲဒီလို ကိလေသာမှ လွတ်တဲ့ပုဂ္ဂိုလ်ဟာ ‘နေဝိဓ’ ဒီဘဝမှာလည်း ဖြစ်မှာမဟုတ်ဘူး။ “န ဟုရံ” နောင်ဘဝမှာလည်း ဖြစ်မှာ မဟုတ်ဘူး။ “န ဥဘယ မန္တရေန” ဒီဘဝနဲ့ ဟိုဘဝ စပ်ကြားမှာလည်း ဖြစ်မှာ မဟုတ်ဘူး။ “သေဝန္တော ဒုက္ခဿ” ဒါ ဒုက္ခအဆုံးသတ် နိဗ္ဗာန်ပဲလို့ ဒီလိုဟောတာ။

[၃၂] အဲဒီတော့ ဒုက္ခအဆုံးသတ်ခြင်းဆိုတာ ဒီဘဝနဲ့ ဆက်စပ်နေတာလည်း မဖြစ်ဘူး။ ဒီနေရာနဲ့ ဆက်စပ်တာလည်း မဟုတ်ဘူး။ ဟိုနေရာနဲ့ ဆက်စပ်တာလည်း မဟုတ်ဘူး။ အဲဒီနှစ်ခုကြားလည်း မဟုတ်ဘူး၊ လုံးဝ လွတ်သွားပြီလို့ ဒီလိုဟောတာ။ မာလုကျပုတ္တကို အလုပ်ပေးတရားအနေနဲ့ မြတ်စွာဘုရားက ဒီလို ဟောလိုက်တာ။ ဟောလိုက်တဲ့အခါကျတော့ ဒီ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်လေးကို သူ သဘောပေါက်သွားတယ်။

မာလုကျပုတ္တ နားလည်ပုံ

မာလုကျပုတ္တက အခုကျင့်စဉ်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားကို လျှောက်တယ်။ “တပည့်တော် ဒီလို နားလည်တယ်ဘုရားတဲ့။ ဘယ်လို နားလည်တုန်း ဆိုလို့ရှိရင် အာရုံနဲ့ပတ်သက်ပြီး ဒိဋ္ဌေ ဒိဋ္ဌမတ္တံ မလုပ်ဘူးဆိုလို့ရှိရင် သတိမေ့ပြီး အဆင်းအာရုံလေးကို ရှုမြင်လိုက်မယ်ဆိုလို့ရှိရင် လှလိုက်တာဆိုတဲ့ အတွေးဝင်လာတယ်။ မြင်တာကို မြင်တယ်လို့ ဒီနားတင် မရပ်နိုင်ဘူး [၃၃] ဆိုလို့ရှိရင် တွေးပြီးတော့ ဘာဖြစ်လာတုန်း။ ပန်းလေးပဲ မြင်တယ် ထားပါတော့။ မြင်လိုက်တဲ့ အခါကျတော့ ပန်းလေးကို မြင်တယ်လို့ မျက်စိနဲ့ ဒီလောက်လေးတင် ရပ်မထားဘဲနဲ့ ကြည့်လိုက်တော့ ဘာပန်းလေးပါလိမ့်။ လှလိုက်တာ၊ အရောင်လေးကလည်း လှလိုက်တာ။ နှစ်သက်စရာအာရုံတွေကို စိတ်ထဲက တွေးလာတယ်။ တွေးလာတဲ့ အခါကျတော့ ဒီပန်းလေးကို ရချင်လိုက်တာဆိုတာ ဖြစ်လာတယ်။ ရချင်လိုက်တာ၊ နှစ်သက်ကျေနပ်တဲ့ ခံစားမှုလေး၊ တွယ်တာတဲ့ ခံစားမှုလေး ဝင်လာတယ်တဲ့။ အဲဒီတွယ်တာတဲ့ ခံစားမှုလေးဟာ စိတ်ကို လွှမ်းမိုးထားလိုက်တယ်။

အဲဒီလို လွှမ်းမိုးထားလိုက်တဲ့အခါ ဒီခံစားမှုတွေဟာ တစ်ခါဖြစ်ပြီး ရပ်သွားတာ မဟုတ်ဘူး။ ဆက်တိုက် ဆက်တိုက် လာခဲ့တော့တာပဲ။ ဒါလေးနဲ့ ပတ်သက်ပြီး နောက်ထပ်လည်း ကြည့်ချင်တယ်၊ နောက်ထပ်လည်း မြင်ချင်တယ်၊ ခံစားချင်တယ်။ ဒါလေး ပျောက်သွားမှာ စိုးတယ်ဆိုတာရော မလာဘူးလား။

[၃၄] အဲဒီလို ဆက်တိုက်ဆက်တိုက် လာတဲ့အခါ ရူပါရုံကို အကြောင်းပြုပြီး ဘာတွေဖြစ်လာတုန်းဆို လိုချင်မှုဆိုတဲ့ လောဘတွေ လာလိမ့်မယ်။ မရလို့ရှိရင် စိတ်ပင်ပန်းမှုတွေရော လာမယ်။ အာရုံရနေတဲ့ အချိန်လေးမှာ ကျေနပ်တယ်။ ဒါလေးက မြဲတာမဟုတ်ဘူး။ ပျောက်သွားပြီဆိုရင် စိတ်ပင်ပန်းပြန်ရော။ ထိုအခါ အာရုံလေးရဲ့ နှိပ်စက်မှုကို ခံရပြန်တယ်။ လှတယ်ဆိုတဲ့ ပန်းကလေးဟာ ကိုယ့်ရှေ့တင်ပဲ နွမ်းပြီး ကြွေကျသွားတယ်။ စိတ်မခံစားရဘူးလား၊ ခံစားရတယ်။ ကိုယ်ကြိုက်တဲ့ အရာလေးတစ်ခု ပျက်စီးသွားတာနဲ့ တစ်ပြိုင်နက် သောက၊ ပရိဒေဝဆိုတာ လာတာပဲ။

တစ်ခြားသုတ္တန်တွေမှာလည်း မြတ်စွာဘုရား ဟောထားတယ်။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်လို့ဆိုတဲ့ ဒီသဘာဝတရားတွေပေါ်မှာ “အဟံ- ငါ၊ မမ- ငါ့ဟာ” ဆိုတဲ့ အတွေးလေး တွေးမယ်။ အဲဒီလို တွေးတဲ့အချိန်မှာ ဒီ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တွေက သူ့သဘာဝအတိုင်း မမြဲလို့ ပျက်စီး [၃၅] ပြောင်းလဲသွားပြီ ဆိုတဲ့အခါ စိတ်ဆင်းရဲစရာတွေ ဖြစ်လာတယ်တဲ့။ သောကတွေ စိုးရိမ်မှုတွေ ဖြစ်လာတယ်။ လောကလူတွေက ဒီအတိုင်းပဲ ဖြစ်နေတာပဲလေ။ ငါ-ငါ့ဟာလို့ သတ်မှတ်ထားသည့်အတွက်ကြောင့် စိတ်ပင်ပန်းနေကြတာကိုး။ ဒါကြောင့် အခုလည်းပဲ အဲဒီလို စိတ်ပင်ပန်းမှုတွေ ဖြစ်လာတဲ့အခါ ဒုက္ခဖြစ်ကြောင်းတရားတွေ လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတွေက တိုးပွားလာတယ်။ တိုးပွားလာတယ်ဆိုကတည်းက နိဗ္ဗာန်နဲ့ ဝေးပြီပေါ့။ မာလုကျပုတ္တက အဲဒီလို နားလည်သွားတယ်။

ရူပါရုံကို နှစ်သက်စရာလို့ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဆက်တိုက်ဆက်တိုက် ခံစားမှုတွေကလည်း လောဘနဲ့ ယှဉ်တွဲလာတယ်၊ လောဘနဲ့ ယှဉ်တွဲလာတဲ့ ခံစားမှု ပျက်စီးသွားတာနဲ့ ဒေါသတွေ၊ ဝမ်းနည်းကြေကွဲမှုတွေ ဆက်တိုက်လာပြီ။ အကုသိုလ်တွေ ဆက်တိုက်လာပြီ၊ မရရင်လည်း ရအောင် ကြိုးစားမှုဆိုတာတွေ ဖြစ်လာတယ်။ အဲဒီ အကုသိုလ်တွေဟာ [၃၆] ဒီခံစားမှုကို အကြောင်းပြုပြီး ဆက်တိုက်လာတယ်။ အဲဒီလို အကုသိုလ်တွေက တိုးတိုးလာလို့ရှိရင် နိဗ္ဗာန်နဲ့ ဝေးပြီပေါ့။

အဲဒီလို မမြင်ဘဲနဲ့ ဘယ်လိုမြင်ရမတုန်းဆိုရင် “န သော ရဇ္ဇတိ ရူပေသု” ကိုယ့်မျက်စိနဲ့ မြင်ရတဲ့ ရူပါရုံလေးပေါ်မှာ ခုနက မမက်မောမိအောင် “မြင်ရင် မြင်တယ်” ဆိုတဲ့ အဆင့်လေးမှာပဲ ရပ်၊ မြင်တာကို မြင်တယ်ဆိုတဲ့ အဆင့်နဲ့ ရပ်လိုက်ပြီး သတိနဲ့ မြင်တယ်ဆိုတာကို ရှုမှတ်သုံးသပ်လိုက်တဲ့အခါမှာ မြင်တဲ့အာရုံလေးပေါ်မှာ တွယ်တာမှုဆိုတာ မလာတော့ဘူး။ မလာလို့ရှိရင် အဲဒီအမြင်အာရုံ ရူပါရုံလေးက ကိုယ့်စိတ်ကို မလွှမ်းတော့ဘူး၊ ချုပ်ကိုင်မထားနိုင်တော့ဘူး။

မြင်တာကို မြင်တယ်လို့တင် ရပ်ထားသည့်အတွက်ကြောင့် ဒီအာရုံက ကိုယ့်စိတ်ကို လာချုပ်ကိုင်ထားတာ မရှိဘူး။ ချုပ်ကိုင်ထားတာ မရှိလို့ ခံစားမှု ဝေဒနာကလည်းပဲ တဏှာနဲ့ တွဲဖက်လာတာ မဟုတ်ဘူး။ ပုံမှန်ခံစားမှုလေးတွေ ဖြစ်လာတယ်။ ဖြစ်လာသည့် [၃၇] အတွက်ကြောင့် ရာဂ၊ ဒေါသ၊ မောဟတွေဟာ မဖြစ်လာနိုင်တော့ဘူး။ မြင်တဲ့အာရုံလေးပေါ်မှာ သတိလေးနဲ့ နေတဲ့အခါ ဒုက္ခဖြစ်ခြင်းရဲ့ အကြောင်း ကိလေသာတွေက တိုးပွားပြီးတော့ မလာတော့ဘူး။ ကိလေသာတွေ ရပ်ဆိုင်းသွားတယ်။ ကိလေသာတွေ ရပ်ဆိုင်းသွားတာနဲ့ တစ်ပြိုင်နက် နိဗ္ဗာန်ဟာ အနီးလေးပဲပေါ့၊ ဒီလို ဆိုလိုတာ။ ‘သန္တိကေ နိဗ္ဗာန ဝုစ္စတိ”။

အဲဒီလို အမြင်အာရုံပေါ်မှာ ဝိပဿနာတရား ရှုမှတ်သလို အကြားအာရုံပေါ်မှာလည်း ထို့အတူပဲ။ အနံ့အာရုံပေါ်မှာလည်း ထို့အတူပဲ၊ အရသာ အာရုံပေါ်မှာလည်း ထို့အတူ၊ စားရင်လည်း မနက်စာ စားတာပဲ ဖြစ်စေ၊ နေ့လည်စာ စားတာပဲဖြစ်စေ စားရင်း စားရင်း လည်း ဒီလိုရှုမှတ်ပြီး သွားတာပေါ့။ ထိုင်နေတဲ့အခါပဲ ဖြစ်စေ၊ လျောင်းနေတဲ့ အခါပဲဖြစ်စေ ခန္ဓာကိုယ်နဲ့ ထိတွေ့နေတာတွေ မှန်သမျှကို ခုနကပုံစံနဲ့ ရှုမှတ်ပြီး သွားတယ်။ လောဘမဖြစ်အောင် ထိန်းတယ်၊ ဒေါသမဖြစ်အောင် ထိန်းတယ်။ မောဟမဖြစ်အောင် အာရုံရဲ့ [၃၈] သဘာဝတွေ သိနေအောင် ကြိုးစားတယ်။ သတိသမ္ပဇညတွေ ကိုယ့်သန္တာန်မှာ ဖြစ်အောင် လုပ်တယ်။ ဒါက တရားအားထုတ်တာပဲ။

အာရုံဆိုတာ တစ်ခြားမဟုတ်ဘူး။ မိမိရဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ဆိုတဲ့ အဇ္ဈတ္တမှာ ဗဟိဒ္ဓက ဝင်လာတဲ့ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံလို့ဆိုတဲ့ အာရုံတွေပဲဖြစ်တယ်။ အဆိုပါ အာရုံတွေနဲ့စပ်ပြီး တွယ်တာမှုတွေ မဖြစ်အောင်၊ မုန်းတီးမှုတွေ မဖြစ်အောင်၊ အမှန်မသိမှု မောဟတွေ မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်တာ။ အဲဒါတွေ မထိန်းနိုင်ဘူးဆိုရင် မာနဆိုတာလည်း လာဦးမယ်၊ ဣဿာဆိုတာလည်း လာဦးမယ်။ မစ္ဆရိယဆိုတာလည်း လာဦးမယ်။ ဒါတွေက တစ်ခါတခါ မသိမသာ ဝင်လာ

[၃၉] သိမ်မွေ့တဲ့ တရားသဘော

အဲဒီ မာနတို့၊ ဥဒ္ဓစ္စတို့ဆိုတာဟာ အင်မတန်မှ သိမ်မွေ့တဲ့ တရားတွေ။ မာနကို မာနမှန်းမသိအောင် သိမ်မွေ့တယ်။ အင်္ဂုတ္တရနိကာယ်မှာ အနုရုဒ္ဓသုတ္တန် ရှိတယ်။ ရှင်အနုရုဒ္ဓါဟာ သာသနာဘောင်ဝင်ပြီး တစ်ဝါတွင်း အတွင်းမှာ သမထကျင့်စဉ်ကို ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တော့ ဈာန်အဘိညာဉ်တွေကို ရတယ်။ အထူးသဖြင့် သူရရှိတဲ့ အဘိညာဉ်ကတော့ ဒိဗ္ဗစက္ခု အဘိညာဉ်ပဲ။ ဒိဗ္ဗစက္ခုအဘိညာဉ်ကို အင်မတန်မှ လိုလားနှစ်သက်သည့် အတွက်ကြောင့် အမြဲတမ်း လေ့ကျင့်တယ်။ တစ်ပါးတည်းနေလို့... အားနေရင် ဈာန်ဝင်စားပြီး ဒိဗ္ဗစက္ခု အဘိညာဉ်နဲ့ စကြဝဠာတစ်ထောင်ကို အမြဲတမ်းကြည့်တယ်။ တစ်ထိုင်တည်းနဲ့ တစ်ထောင်ကို ကြည့်နိုင်တယ်ဆိုတာ နည်းတဲ့စွမ်းအားမှ မဟုတ်တာ။ Television ထဲမှာ အကုန်လုံး မြင်နေရသလိုပဲ စကြဝဠာတစ်ထောင်က အဖြစ်အပျက်တွေ အကုန်လုံး မြင်နေရတာ။

[၄၀] အဲဒီလိုဆိုတော့ သူ့စိတ်ထဲမှာ ဘယ်လို အတွေးတွေ ဝင်လာတုန်းဆို “ငါဟာ ဒိဗ္ဗစက္ခုနဲ့ စကြဝဠာတစ်ထောင်ကို ကြည့်နိုင်တယ်” ဆိုတဲ့ အတွေးလေးက ဝင်လာတယ်။ အဲဒါဟာ မသိမသာ မာနဖြစ်နေတယ်။ ကိုယ့်ရဲ့ အရည်အချင်းပေါ်မှာ အထင်အမြင် ဖြစ်လာတယ်။ နောက်ဆုံး သူ့စိတ်ထဲမှာ ဘယ်လိုတွေးတုန်းဆိုရင် ငါဟာ ဒီလောက် သမာဓိ ကောင်းနေတာ၊ ကိလေသာတွေ ခဏလေး ကုန်သွားမှာပဲ။ ကိလေသာတွေက ငါ့စိတ်ကို မလွှမ်းမိုးနိုင်ဘူး။ ငါ ကျင့်ကြံလိုက်ရင် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဆိုတာ ခဏလေး ရမှာပဲလို့ဆိုပြီး ဝိပဿနာကျင့်တယ်။ လုံးဝမရဘူး။ သမာဓိ ဘယ်လောက် ကောင်းနေနေ၊ ခုနက အတွေးတွေ ရှိနေသည့်အတွက်ကြောင့် ဉာဏ်စဉ် မတက်ဘူး၊ မတက်တော့မှ ရှင်သာရိပုတ္တရာဆီ သွားပြီး အလုပ်ပေးတရား တောင်းရတယ်။ ဒါ သမထကျင့်စဉ် တစ်ခုကို အောင်မြင်ပြီးသား ပုဂ္ဂိုလ်တစ်ဦးနော်။ ရှင်သာရိပုတ္တရာအား လျှောက်တယ်၊ “အရှင် [၄၁] ဘုရား၊ တပည့်တော်ဟာ စကြဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်တဲ့။ တပည့်တော်မှာ သတိတွေလည်း အင်မတန်ကောင်းတယ်၊ သမာဓိတွေကလည်း တည်ငြိမ်တယ်၊ ဝီရိယတွေလည်း အင်မတန် ကောင်းတယ်။ ပညာတွေလည်း ထက်မြက်တယ်။ ဒါပေမယ့်လို့ တပည့်တော် ကိလေသာ အာသဝေါတွေ ကုန်အောင် လုပ်လို့မရဘူး ဖြစ်နေတယ်။”

အဲဒါနဲ့ ရှင်သာရိပုတ္တရာက ဘာထောက်ပြတုန်းဆို “ငါ့ရှင် အနုရုဒ္ဓါတဲ့၊ စကြဝဠာတစ်ထောင်ကို ငါ ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်ဆိုတာ အဲဒါ မာနဖြစ်နေတာ။ အဲဒီ မာနကို ဖယ်လိုက်ပါ။”

ကဲ စဉ်းစားကြည့်ပေါ့။ ဒါ မာနလို့တောင် မထင်ဘဲ တကယ်ဆိုရင် ဒါ သူကြည့်နိုင်လို့ ကြည့်နိုင်တယ်ပြောတာ။ အဲဒါကြောင့်မို့ ယောဂီတွေလည်း သတိထား။ ငါတရားထိုင်ရင် ငါ့သမာဓိ ဘယ်လောက် ကောင်းတယ် ဆိုတဲ့အတွေး မဝင်နဲ့။ ဝင်လို့ရှိရင် ငါသမာဓိ သိပ်ကောင်းတာပဲ။ ငါ တရားထူးတရားမြတ် [၄၂] ခဏလေး ရနိုင်တာပဲဆိုရင် ဒီသမာဓိ စွမ်းအားပေါ်မှာ မာနတက်သွားလို့ရှိရင် ခုနက ဒီစွမ်းအားက လွှမ်းမိုးထားမယ် ဆိုရင် ရှေ့တက်လို့ရမှာ မဟုတ်ဘူး။ ဒီမာနဟာ သာမန်အားဖြင့် မာနလို့ မထင်ရတဲ့ မာနပဲ။ ဒါကို ယာထာဝမာန လို့ခေါ်တာ။ သူကြည့်နိုင်လို့ ကြည့်နိုင်တယ်ပြောတာ၊ ငါက တစ်နေ့ကို တရားဘယ်နှစ်ကြိမ် ထိုင်နိုင်တယ်၊ ဟုတ်ရဲ့လား။ ဒီအတွေးလေးက ကိုယ့် အရည်အသွေးပေါ်မှာ ထင်နေလို့ မာနလို့ခေါ်တာပဲ။ တရားမထိုင်နိုင်ဘူးလို့ တွေးရင်လည်း မာနပဲ အဲဒါ။ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေ မှန်သမျှဟာ မာနတရားလို့ ခေါ်တယ်။ ရှင်သာရိပုတ္တရာက ဒါကို ထောက်ပြတယ်။

ရှင်သာရိပုတ္တရာက “ငါ့ရှင် ဒါမာနပဲ။ ငါ့မှာ သတိတွေ ကောင်းတယ်၊ သမာဓိတွေလည်း ကောင်းလိုက်တာ၊ ဝီရိယတွေလည်း ကောင်းတယ်။ ကြိုးပမ်းအားထုတ်မှုတွေလည်း ရှိတယ်လို့ ဒီလို စဉ်းစားတာဟာ ဥဒ္ဓစ္စပဲ” တဲ့။ အာရုံထဲမှာ လွင့်နေတဲ့သဘောပဲ။ သမာဓိ [၄၃] ရဲ့ အင်အား နည်းသွားတဲ့သဘောပဲ။ ဒါလည်း ဥဒ္ဓစ္စလို့ မထင်ရလောက်အောင် သိမ်မွေ့တဲ့ ဥဒ္ဓစ္စပဲ။ ဘာဖြစ်လို့များ ကိလေသာ အာသဝေါတွေ မကုန်တာလဲ ဆိုတဲ့အတွေးဟာ ကုက္ကုစ္စ။ စာပေကျမ်းဂန်မှာ ပြောတဲ့ ကုက္ကုစ္စက နှစ်မျိုးတည်းပဲ ရှိတယ်။
“ကတာ ကတ အနုသောစန’ လုပ်မိတဲ့ အကုသိုလ်အတွက်လည်း နောင်တပူပန်မှု ဖြစ်တယ်။ မလုပ်မိတဲ့ကုသိုလ်ကို တွေးပြီးတော့လည်း နောင်တပူပန်မှုဖြစ်တယ်။ အဲဒီ ကုက္ကုစ္စမျိုးသာ ပြတယ်။ လုပ်ရဲ့သားနဲ့ မအောင်မြင်လို့ ဖြစ်တဲ့ ကုက္ကုစ္စကို မပြဘူး။

သို့သော် စူဠနိဒ္ဒေသ မဟာနိဒ္ဒေသ မှာ ငါ သောတာပန် ဖြစ်အောင်လုပ်ရဲ့နဲ့ မဖြစ်ဘူး၊ သကဒါဂါမ် ဖြစ်အောင် လုပ်ရဲ့သားနဲ့မဖြစ်ဘူး။ အနာဂါမ်ဖြစ်အောင် ကြိုးစားရဲ့သားနဲ့မဖြစ်ဘူး။ ရဟန္တာဖြစ်အောင် ကြိုးစားရဲ့သားနဲ့ မဖြစ်ဘူးလို့ ဒီအတွေးတွေဟာလည်း ကုက္ကုစ္စ တဲ့။ ဒီလို နောက်တစ်မျိုး ထပ်မှတ်ရမှာပေါ့။

[၄၄] အဲဒီ သဘာဝတရားလေးတွေက သေချာ စဉ်းစားကြည့်ရင် အလွန်သေးငယ်တယ်။ အလွန်သိမ်မွေ့တယ်။ ဒါပေမယ့်လို့ တရားထူးတရားမြတ်ရဖို့ရာ အတွက်ကျတော့ အဲဒီအဟန့်အတားတွေက ကြီးမားတဲ့ အဟန့်အတားတွေ ဖြစ်တယ်။ ဥပမာ ဘာနဲ့ စဉ်းစားကြည့်ရမတုန်းဆိုရင် သဲပွင့်လို မြူမှုန်သေးသေးလေး၊ လက်ဖဝါးထဲ ထည့်ပြီး ပွတ်မယ်ဆိုရင် သိမှာ မဟုတ်ဘူး၊ သို့သော် အဲဒီလောက် သေးတာလေးကို မျက်လုံးထဲ ထည့်လိုက်ရင် မျက်လုံးထဲမှာ ခိုးလုခိုးလု ဖြစ်မသွားဘူးလား။ ဖြစ်သွားတယ်။ အဲဒါမျိုးလိုပဲ မဂ်ဖိုလ်နိဗ္ဗာန် တရားရဖို့ကျတော့ ဒီလောက်သေးတဲ့ အနှောင့်အယှက်လေးတွေကလည်း ခိုးလုခိုးလု ဖြစ်သွားမှာပဲ ဒီလိုဆိုလိုတယ်။

ရှင်သာရိပုတ္တရာက ရှင်အနုရုဒ္ဓါကို ထောက်ပြသလိုပဲ တရားထူးတရားမြတ်ရဖို့ဆိုတာ ဒီ ကိလေသာ အာသဝေါတွေ အလွန်သိမ်မွေ့တယ်။ ဒါကြောင့်မို့လို့ ဒီကိလေသာတွေဟာ အလွန်သိမ်မွေ့တဲ့ ကိလေသာ [၄၅] တွေ ကိုယ့်သန္တာန်မှာ မထင်မှတ်ထားဘဲနဲ့ ဝင်လာတတ်တယ်။

မြတ်စွာဘုရားက အနာဂါမ် ပုဂ္ဂိုလ်တွေဟာ သူ့ရဲ့ဝိပဿနာပေါ်မှာ ကျေနပ်ပြီးတော့ နေတယ်ဆိုလို့ ရှိရင် ရဟန္တာမဖြစ်နိုင်ဘူးလို့ ဟောတယ်။ အဲဒီတော့ ရဟန္တာဖြစ်အောင် ကိုယ်ရထားတဲ့ ဓမ္မကိုပင် စွန့်လွှတ်ရမယ်၊ တရားဆိုတာ ဖောင်နဲ့တူတယ်တဲ့။ ဖောင်ဆိုတာ ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်း ကူးဖို့ရာအတွက်ပဲ။ ဟိုဘက်ကမ်း ရောက်သွားရင် ဒီဖောင်ကြီးကို ဘာအသုံးချမလဲ။ အသုံးချဖို့လိုသေးလား၊ မလိုတော့ဘူး။ တရားကျင့်တယ်ဆိုတာ ဟိုဘက်ကမ်းဆိုတဲ့ နိဗ္ဗာန်ကို ရောက်ဖို့ ကျင့်တာ။ အဲဒီတရားကို တွယ်တာဖို့ သိမ်းပိုက်ထားဖို့ မဟုတ်ဘူး။

အဲဒီတော့ မြတ်စွာဘုရားက ဘယ်လိုဟောတုန်း။ “ဓမ္မကိုတောင်မှ ငါကို ပယ်ခိုင်းတာ။ အဓမ္မဆိုရင်တော့ မပြောနဲ့တော့တဲ့။ ကိလေသာဆိုတဲ့ အကုသိုလ် အဓမ္မတွေဆိုတာကတော့ လုံးဝပယ်ရမယ်၊” ဟောဒီ [၄၆] သောတာပန်ရဲ့ ဝိပဿနာဆိုတဲ့ ဓမ္မတောင်မှပဲ ဝိပဿနာကို ပယ်နိုင်မှ၊ သကဒါဂါမ်ရဲ့ ဝိပဿနာမျိုး ရမယ်။ အနာဂါမ်ရဲ့ ဝိပဿနာမျိုး ပယ်နိုင်မှ ရဟန္တာရဲ့ ဝိပဿနာမျိုး ရမယ်။ ကိုယ်ရထားတဲ့ အဆင့်ကလေးကို တွယ်နေမယ်၊ မပယ်နိုင်ဘူး ဆိုလို့ရှိရင် ရှေ့မတက်နိုင်ဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားက ပယ်ခိုင်းတယ်။ အဓမ္မသာ ပယ်ရတာ မဟုတ်ဘူး။ ဓမ္မလည်း ပယ်ရမယ်လို့ “ဓမ္မာပိ ဝေါ ဘိက္ခဝေ ပဟာတဗ္ဗာ၊ ပဂေဝ အဓမ္မာ” ဓမ္မကိုတောင် ပယ်ရတယ်။ အဓမ္မဆိုတာတော့ မပြောနဲ့တော့လို့ ဟောထားတာ ရှိတယ်။

ဒါကြောင့် ရှင်အနုရုဒ္ဓါကို အဟန့်အတား ဖြစ်စေတတ်တဲ့ ဒီအကုသိုလ်တရားသုံးခုကို ထောက်ပြပြီး ရှင်သာရိပုတ္တရာက “ငါ့ရှင် အနုရုဒ္ဓါ အဲဒါတွေ မစဉ်းစားနဲ့။ မစဉ်းစားခြင်းအားဖြင့် ဖယ်ရှားခိုင်းတာပဲ ဒါ။ မစဉ်းစားနဲ့ဆိုတာ ဒီမာနဖြစ်စရာလည်း မစဉ်းစားနဲ့။ ဥဒ္ဓစ္စဖြစ်အောင်လည်း မစဉ်းစားနဲ့။ ကုက္ကစ္စဖြစ်အောင်လည်း မစဉ်းစားနဲ့။ နိဗ္ဗာန်ကို ဦးတည်ပြီးတော့သာ [၄၇] တစ်ဖြောင့်တည်းကျင့်ပါ” လို့ ဒီလိုဟောတာ။ အဲဒီလို ဟောလိုက်တော့မှ အရှင်အနုရုဒ္ဓါဟာ ရဟန္တာ ဖြစ်သွားတာ။ အဲဒီတော့ အလုပ်ပေးတရား ဆိုတာလည်း အင်မတန်မှ အရေးကြီးတယ်။ တရားတက်ဖို့ ဆိုတာ အင်မတန်မှ အရေးကြီးတယ်။

မာလုကျပုတ္တကို မြတ်စွာဘုရားက အလုပ်ပေးတရားကို ဟောလိုက်တဲ့အခါမှာ မူလ လျှောက်ထားတဲ့အတိုင်း သူနားလည်သွားတယ်။ ဝိပဿနာအာရုံဆိုတာ မျက်စိနဲ့မြင်ဖူးတဲ့၊ မြင်ဖူးပြီး တွယ်တာမှုရှိတဲ့အာရုံ၊ နားနဲ့ ကြားပြီး တွယ်တာမှုရှိတဲ့အာရုံ၊ နှာခေါင်းနဲ့ နမ်းရှူပြီး တွယ်တာမှုရှိတဲ့အာရုံ၊ လျှာနဲ့လျက်ပြီး တွယ်တာမှုရှိတဲ့ အာရုံ၊ ခန္ဓာကိုယ်နဲ့ထိတွေ့ပြီး တွယ်တာမှုရှိတဲ့အာရုံ၊ စိတ်ကူးစိတ်သန်းနဲ့ ကြံစည်ပြီး တွယ်တာမှုရှိတဲ့အာရုံ၊ အဲဒီတွယ်တာမှုရှိတဲ့ အာရုံတွေပေါ်မှာ သဘာဝတရားကို ရှုမြင်ဆင်ခြင် သုံးသပ်ခြင်းဖြင့် အနိစ္စဆိုတဲ့အပြစ်၊ ဒုက္ခဆိုတဲ့အပြစ်၊ အနတ္တဆိုတဲ့အပြစ်တွေကို မြင်တယ်။ အဲဒီလို မြင်ခြင်းအားဖြင့် ရာဂ၊ ဒေါသ၊ မောဟဆိုတဲ့ [၄၈] ကိလေသာတွေ မဝင်အောင် ကြိုးစားအားထုတ်ရမယ် ဆိုတာ သဘောပေါက်သွားတယ်။

သူဟာ တစ်ပါးတည်း ဆိတ်ငြိမ်ရာအရပ် ချဉ်းကပ်ပြီးတော့ နိဗ္ဗာန်ကို ဦးတည်ပြီးတော့ ကြိုးကြိုးပမ်းပမ်း အားထုတ်လိုက်တယ်၊ အာတာပီ ဆိုတာ မရမနေ အားထုတ်တာကို ပြောတာ။ လုံ့လဝီရိယက ပျော့ညံ့လို့ မဖြစ်ဘူး။ တချို့ကလည်း ပြောကြသေးတယ်။ အတ္ထကိလမထဖြစ်မယ်၊ ဒီလောက်ကြီး မလုပ်နဲ့လို့ အကြံပေးသယောင်ယောင်နဲ့ ဖျက်တယ်။ မြတ်စွာဘုရားက အဲဒီလို မဟုတ်ဘူး။ လမ်းစဉ်မှန်နေတယ်ဆို အရိုးကြေကြေ အရေခမ်းခမ်း အားထုတ်လို့ ပြောတာ။

အတ္ထကိလမထဆိုတာ အဲဒါပြောတာ မဟုတ်ဘူး။ သက်သက် ခန္ဓာကိုယ် ဒုက္ခခံရုံပဲ ဘာအကျိုးမှ မတွက်ဘူး၊ အဲဒါမှ အတ္ထကိလမထ။ ခန္ဓာကိုယ်ကို ညှင်းဆဲလို့ ကိလေသာကုန်တယ်ဆိုတဲ့ အယူအဆနဲ့ လုပ်တာမှ အတ္ထကိလမထ လို့ ခေါ်တယ်။ ကြိုးကြိုးစားစား အားထုတ်တိုင်း အတ္ထကိလမထ မဟုတ်ဘူး။

[၄၉] ဒါကြောင့်မို့ အာတာပီ- ပြင်းပြင်းထန်ထန် ကြိုးပမ်းအားထုတ်တယ်။

အားထုတ်တယ်ဆိုတာ သမ္မပ္ပဓာန်တရား ကြိုးစားအားထုတ်ခြင်းပဲ။ အားထုတ်မှု လေးမျိုးရှိတယ်။
နံပါတ် (၁)က အကုသိုလ်တရားတွေ မဝင်အောင် ဆို့ပိတ်တာ။ ဆို့ပိတ်ခြင်း သံဝရ။
(၂)ဆို့ပိတ်လို့မရသဖြင့် နယ်ကျွံလာပြီဆိုရင် “ပဟာန” ဖယ်ရှားခြင်း။
(၃)ကုသိုလ်တွေဖြစ်လာအောင် စောင့်ရှောက်ခြင်း၊
(၄)ဖြစ်လာတဲ့ ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ တိုးတက်လာအောင် ကြိုးပမ်းအားထုတ်ခြင်း၊ သံဝရ, ပဟာန, အနုရက္ခဏာ, ဘာဝနာ အဲဒီလေးမျိုး။ လေးဘက်လေးတန် ကြိုးစားအားထုတ်ခြင်းကို သမ္မပ္ပဓာန်တရား လေးပါးလို့ ခေါ်တယ်။

အကုသိုလ်တွေ ကိုယ့်သန္တာန်မှာ မဝင်အောင် ဆို့ပိတ်ဖို့ ကြိုးစားရမယ်။ ဝင်လာလို့ရှိရင် ဖယ်ရှားပစ်ဖို့ ကြိုးစားရမယ်။ ကုသိုလ်တွေ ကိုယ့်သန္တာန်မှာ မဖြစ်သေးရင် ဖြစ်လာအောင် လုပ်ရမယ်။ ဖြစ်ပြီးလို့ရှိရင် [၅၀] ကိုယ့်သန္တာန်မှာ တိုးတက်လာအောင် ကြိုးပမ်းအားထုတ်ရမယ်။ အဲဒါကို ကြိုးစားတယ်လို့ပြောတာ။ အဲဒီ ကြိုးစားမှုလေးရပ်နဲ့ ပြင်းပြင်းထန်ထန် ကြိုးပမ်းအားထုတ်တဲ့အခါ ခန္ဓာနဲ့အသက်ကို မငဲ့ကွက်ဘဲ “ပဟိတတ္တ” နိဗ္ဗာန်သို့ ဦးတည် စေလွှတ်ထားတဲ့ စိတ်ဓာတ်နဲ့ ခိုင်ခိုင်မာမာ ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တာ နောက်ဆုံးကျတော့ မျှော်မှန်းချက်ရှိတဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ထိအောင် မာလုကျပုတ္တ ရဟန်းတော်ကြီးဟာ အသက်အရွယ်ကြီးတဲ့အခါမှ ရဟန္တာ ဖြစ်သွားပါတယ်။

ဒါဟာ မာလုကျပုတ္တသုတ်မှာ လာတာကို ဘုန်းကြီးတို့ ရှင်းလင်းပြီးတော့ ဟောကြားတာ ဖြစ်ပါတယ်။ မာလုကျပုတ္တသုတ်ဆိုတာ သံယုတ္တနိကာယ်၊ သဠာယတနဝဂ္ဂ ပါဠိတော်မှာ ရှိပါတယ်။ အဲဒီသံယုတ်မှာလာတဲ့ မာလုကျပုတ္တရဟန်းကို မြတ်စွာဘုရား အလုပ်ပေးတရား ဟောတယ်။ အဲဒီအလုပ်ပေးတရားနဲ့ မဟာစည်ဆရာတော်ဘုရားကြီးတို့ ပေးတဲ့နည်းလမ်းနဲ့ [၅၁] ဟာ တစ်ထပ်တည်းပါပဲ၊ အကုန် ဘုရားဟော တရားတွေပဲ။ ကိုယ်တိုင် ဒီလမ်းအတိုင်းပဲ လျှောက်လှမ်းသွားမယ်ဆိုရင် တစ်နေ့ကျတော့ ကိလေသာ အာသဝေါတွေ ဖယ်ရှားပစ်နိုင်တဲ့ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ဆိုတဲ့ နောက်ဆုံးအဆင့်ကို ရောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရမှာ ဖြစ်တယ်ဆိုတာကို ယုံကြည်ပြီး ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု သာဓု
Transcribed by- Ko Thu Rein Aung
Typed-Ma Wai Wai Lwin
Final edition copy by Htet Naing San

okhujs7yybzjl73zvlu2l7f7g98echh
22344
22343
2026-11-05T17:21:26Z
Tejinda
173
22344
wikitext
text/x-wiki
{{header
| title = မာလုကျပုတ္တရဟန်းအတွက် ရဟန်းအတွက် အလုပ်ပေးတရား
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည်]]
| previous2 = [[မကျန်းမာသူများအတွက် အထူးနှလုံးသွင်းတရား]]
| next = [[မုန်းတုံ့ကို ဖြေ နှင့် အခြား]]

dknwmbhswfzcxih6m2y9i700nlqyper
မုန်းတုံ့ကို ဖြေ နှင့် အခြား
0
6475
22345
2026-11-05T17:23:27Z
Tejinda
173
"{{header | title = မုန်းတုံ့ကို ဖြေ နှင့် အခြား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = မာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22345
wikitext
text/x-wiki
{{header
| title = မုန်းတုံ့ကို ဖြေ နှင့် အခြား
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မာလုကျပုတ္တရဟန်းအတွက် ရဟန်းအတွက် အလုပ်ပေးတရား]]
| previous2 = [[မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည်]]
| next = [[မြတ်ဗုဒ္ဓသာသနာနှင့် သီတင်းကျွတ် လပြည့်နေ့ အမှတ်တရများ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မုန်းတုံ့ကို ဖြေ နှင့် အခြား

အမှာစာ

ပါမောက္ခချုပ်ဆရာတော်ဘုရား နုပျိုစဉ်က ရေးသားခဲ့သော
၁။ အချစ်နည်းနည်းလျှော့
၂။ မုန်းတုံ့ကိုဖြေ စသော ဓမ္မဆောင်းပါး (၉)ပုဒ်ကို ဆရာတော်ဘုရားကြီး၏ သက်တော် (၇၅)နှစ်ပြည့် စိန်ရတုမွေးနေ့ အခါသမယတွင် ပထမအကြိမ် အုပ်ရေ ၃ဝဝဝ၊ မွေးနေ့ပွဲအပြီးတွင် ဒုတိယအကြိမ် အုပ်ရေ ၁၀၀၀ စုစုပေါင်း အုပ်ရေ ၄ဝဝဝ တို့ကို ဓမ္မဒါနအဖြစ် ရိုက်နှိပ်ပူဇော်ခဲ့ပြီး ဖြစ်ပါသည်။

ယခုတဖန် ဓမ္မစာပေကို မြတ်နိုးကြသော စာပေ ဝါသနာရှင် ပုဂ္ဂိုလ်များ၏ လိုလားတောင့်တမှုကို ဖြည့်ဆည်းသောအားဖြင့် မိခင်တိုက်တာကြီး၏ တာဝန်ရှိဆရာတော်များ၏ တိုက်တွန်းချက်အရ တတိယအကြိမ် အုပ်ရေ ၅ဝဝဝ တို့ကို ထပ်မံရိုက်နှိပ် ပူဇော်အပ်ပါသည်။

သုခီ အတ္တာနံ ပရိဟရန္တု အရှင်ခေမိဿရာဘိဝံသ ၇၇- ခု၊ တော်သလင်းလပြည့် နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နိဒါန်း

ဓမ္မဗျူဟာစာစောင်တွင် ဆရာတော်ဘုရား နုပျိုစဉ်က ရေးသားခဲ့သော ဓမ္မဆောင်းပါးများကို ရှေးယခင်ကပင် ဖတ်၍ သဘောကျနှစ်ခြိုက်ခဲ့ပါသည်။ “အခါသင့်၍ အခွင့်သာခဲ့လျှင် စုစည်း၍ ဓမ္မဒါနပြုရပါမူ ကောင်းလေစွ” ဟုလည်း အကြံဖြစ်ခဲ့ပါသည်။ ယခု ဓမ္မဗျူဟာ ဒေါ်ခင်လှတင် (မဟာသဒ္ဓမ္မဇောတိကဓဇ)၏ ကျေးဇူးပြုမှုကြောင့် ဓမ္မဗျူဟာ စာစောင်တွင် ကလောင်အမည်အမျိုးမျိုးဖြင့် ဆရာတော်ဘုရား ရေးသားခဲ့သော ဓမ္မဆောင်းပါးကိုးပုဒ်ကို တစ်စုတစ်စည်းတည်း ရရှိလာခဲ့ပါသည်။ သို့အတွက် ထိုဓမ္မဆောင်းပါးများကို စုစည်း၍ ဆရာတော်ဘုရား၏ ၇၅ နှစ်ပြည့် ဝိဇာတကာလ အခါသမယတွင် အခါသင့်အခွင့်သာ၍ ဓမ္မဒါနပြုလိုက်ပါသည်။ စကားလုံး ရွေးချယ်မှုနှင့် သွယ်ကုံးမှု အပြင်အဆင် နုယဉ်လှပသော်လည်း ကလက်မှု မရှိ, ဓမ္မလမ်းကြောင်းမှ သွေဖည်မှု မရှိသော ဆရာတော်ဘုရား၏ ဓမ္မစာပန်းကလေးများကို တရှိုက်မက်မက် ရှုမြင် မွှေးကြူကြပါကုန်၊ ပြီးလျှင် မစွန့်မပစ် ရင်တွင်း နှလုံးတွင်း နှံသွင်းသိမ်းဆည်းထားကြပါကုန်၊ ပြီးလျှင် လိုအပ်သလို ထုတ်ယူပန်ဆင်၍ မိမိတို့ ဘဝကို အလှဆင်ကြပါကုန်။

အသျှင်အဘိဇာတာဘိဝံသ ၇၆ ခု၊ တပေါင်းလပြည့်ကျော် ၆

[၁] အချစ်နည်းနည်း လျှော့

ကိုမာလာ ဤ၌ အချစ်ဆိုသည်မှာ တဏှာချစ်သာတည်း၊ လောကမှာ တဏှာမကင်းကြသေးသူတိုင်း အချစ်မကင်းကြသေးပေ၊ လူကို ချစ်၍ ပစ္စည်းကို စုံမက်နေကြသည်၊ အမိ,အဖ မောင်နှမမို့ ချစ်မဝနိုင် ရှိကြသည်၊ ဇနီးမယားနှင့် သမီးသားမို့ ချစ်အားတွေ ပိုကြပြန်သည်၊ ချစ်မိသည့် လူနှင့် ပတ်ဝန်းကျင်ကို မခွဲနိုင် မခွါရက် ရှိနေကြသည်၊ နေ့ရှိသရွေ့ အချစ်ကဗျာတွေ သီလျက် အချစ်လောကသို့ ချီတက်နေကြသည်။

သို့ပင် အချစ်သည်းနေကြသော်လည်း အချစ်၏ နိဂုံးကိုကား ဆွဲကြည့်မိကြပုံ မရပေ၊ အကယ်သာ အချစ်၏ နိဂုံးကို ဆွဲကြည့်မိမည်ဆိုပါက အချစ်နိဒါန်းပျိုးဖို့ လက်တွန့် [၂] မိကောင်း တွန့်မိကြပေမည်၊ အဘယ့်ကြောင့်ဆိုသော် အချစ်၏ နိဂုံးကား “အပြုံး”မဟုတ်၊ “အငိုအရှိုက်”သာ ဖြစ်နေသောကြောင့်တည်း။

မြတ်ဗုဒ္ဓက “ပိယဇာတိကာ သောကပရိဒေဝဒုက္ခ ဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာ- ပူဆွေးရ၊ ငိုကြွေးရ၊ ဒုက္ခဖြစ်ရ၊ စိတ်ညစ်ရ၊ အသည်းကျွမ်းရတယ်ဆိုတာ ချစ်ခြင်းကြောင့် ဖြစ်ရတာ၊ ချစ်ခြင်းမှ အစပျိုးလာတာ”ဟု ဟောတော်မူခဲ့သည်၊ သို့ရာတွင် “အချစ်ကြောင့် ငိုရသည်” ဆိုသော မြတ်ဗုဒ္ဓ၏ စကားကို လက်မခံဘဲ “အချစ်ကြောင့် ပျော်ရွှင်ရသည်”ဟုသာ အချစ်ဆရာကြီးများက ဆိုချင်ကြ၏၊ အချစ်၏ နိဂုံးမှာ အပြုံးသာဟု ထင်မှတ်လျက် ရှိနေကြသည်။

မြတ်ဗုဒ္ဓ၏ “အချစ်ကြောင့် ငိုရသည်”ဆိုသော ဟောမိန့်ချက်နှင့်စပ်၍ သဘောမကျ ကန့်ကွက်ခဲ့ကြသဖြင့် ရှင်းလင်းချေပခဲ့ရပုံ ဇာတ်လမ်းကလေးတစ်ခုမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ဗုဒ္ဓသည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးလျက်ရှိ၏၊ ဗုဒ္ဓထံ သာဝတ္ထိမြို့မှ ဒကာတစ်ယောက် ရောက်လာသည်၊ ရှိခိုးဝပ်ချ၍ ခပ်မှိုင်မှိုင် ထိုင်နေသည်။ “ဘယ့်နှယ်လဲ ဒကာ! မျက်နှာမသာမယာနဲ့ စိတ်ညစ်စရာ တွေ့နေသလား?”ဟု ဗုဒ္ဓက မေးတော်မူရာ... [၃] “ချစ်မဝတဲ့ သားလှကလေးတစ်ယောက် သေဆုံးသွားသဖြင့် ဝမ်းနည်း ပူဆွေး ငိုကြွေးရပါကြောင်း” လျှောက်ထားလေသည်။

“အင်း . . . ဒီလိုပဲ ဖြစ်ရမယ်၊ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဆိုတာ ချစ်ခြင်းကြောင့် ဖြစ်ရတာပဲ၊ ချစ်ခြင်းမှ အစပျိုးခဲ့တာပဲ” ဗုဒ္ဓက တရားလမ်းကြောင်းဖြင့် မိန့်သည်။

“ဘယ့်နှယ် အရှင်ဘုရား! သောကပရိဒေဝဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ မဟုတ်နိုင်ပါ၊ တပည့်တော် ဒီစကား လက်မခံနိုင်ပါ၊ ချစ်ခြင်းကြောင့် ပျော်ရွှင်ရခြင်းသာ ဖြစ်နိုင်ပါသည်။”

ထိုဒကာသည် ဗုဒ္ဓ၏ စကားကို ကန့်ကွက်၍ ထပြန်သွားလေ၏။ ထိုစဉ်က ဗုဒ္ဓနှင့် မလှမ်းမကမ်း သစ်ပင်ရိပ်အောက်မှာ ကစားသမားအချို့သည် ကြွေပစ်ကစားနေကြသည်။ ထိုဒကာသည် ကစားဝိုင်းသို့ သွားပြီး “ရဟန်းဂေါတမက ‘အချစ်ကြောင့် သောကပရိဒေဝ ဖြစ်တယ်၊ အချစ်ကြောင့် ငိုရတယ်’ လို့ အမိန့်ရှိပုံ၊ သူက မဖြစ်နိုင်ဟု ကန့်ကွက်ပြီး အချစ်ကြောင့် ဝမ်းသာပျော်ရွှင်မှုသာ ဖြစ်နိုင်ကြောင်း ပြန်ပြီး လျှောက်ခဲ့ပုံတို့ကို ပြောပြရာ ကစားသမားများက သူ့ဘက်မှ ထောက်ခံကြသည်။

[၄] ဤသတင်းသည် သာဝတ္ထိမြို့တွင်း ပျံ့နှံ့သွားသည်၊ နန်းတွင်းသို့ပင် ရောက်ရှိသွားသည်၊ ထိုအခါ ပသေနဒီ ကောသလ ဘုရင်ကြီးက မလ္လိကာမိဖုရားကို ခေါ်ပြီး “ငိုရတာဟာ ချစ်ခင်ခြင်းကြောင့် ဖြစ်တယ်လို့ မင်းရဟန်းဂေါတမက ဟောဆိုပါလား?”ဟု ပြောသည်၊ “မြတ်စွာဘုရားက ဟောတယ်ဆိုရင် မမှားပါဘူး၊ ဒီတိုင်း ဖြစ်ရမှာပဲ”ဟု မလ္လိကာက အေးအေးဆေးဆေး ပြန်ပြောသည်။

“အင်း . . . မလ္လိကာကတော့ ဆရာပြောသမျှ ‘မှန်ပါတယ်၊ မှန်ပါတယ် ဆရာ’ ဆိုတဲ့ တပည့်ကျနေတာပဲ၊ ရဟန်းဂေါတမ ဟောသမျှ အမှန်ချည်းပဲ၊ သွား သွား သွား၊ အလွန်မုန်းစရာကောင်းတဲ့ မလ္လိကာ” ဘုရင်ကြီးက စိတ်ဆိုးဆိုးနဲ့ အော်ငေါက်လွှတ်လိုက်သည်။

ထိုအခါ မလ္လိကာသည် အပြုံးမပျက် ပြန်လာခဲ့ပြီး နာဠိဇင်္ဃပုဏ္ဏားကို အပါးခေါ်ကာ “ဗုဒ္ဓဆီ သွားစမ်းပါ ဗြာဟ္မဏ၊ ကျွန်ုပ်စကားနဲ့ မလ္လိကာက မြတ်ဘုရားအား ရှိခိုးလိုက်ပါကြောင်း၊ ကျန်းမာရေး မေးလျှောက်လိုက်ပါကြောင်း လျှောက်ထားပါ၊ ပြီးတော့ ပူဆွေးရ ငိုကြွေးရတယ်ဆိုတာ ချစ်ခြင်းကြောင့် ဖြစ်တယ်လို့ မြတ်ဘုရားဟောပါသလား? လို့လဲ လျှောက်ပါလေ၊ အဲသည်အခါမှာ မြတ်ဘုရားအမိန့်ရှိတာကို သေသေချာချာ မှတ်ခဲ့၊ ဘုရားဆိုတာ ဘယ်တော့မှ အမှားမဟောဘူး”ဟု မှာကြားလွှတ်လိုက်သည်။

[၅] နာဠိဇင်္ဃပုဏ္ဏားသည် ဗုဒ္ဓထံရောက်၍ မလ္လိကာမှာလိုက်သမျှတို့ကို လျှောက်ထားသည်။ ထိုအခါ ဗုဒ္ဓက “ပူဆွေးရ ငိုကြွေးရတာဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ မှန်တယ်၊ ဒါကို နားလည်အောင် ရှင်းပြမယ်၊ ရှေးက ဒီသာဝတ္ထိမြို့မှာပဲ မိခင်သေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦးဟာ ပူဆွေးသောကရောက်ပြီး ‘ကျွန်မအမေ မမြင်ဘူးလားရှင်၊ ကျွန်မအမေများ မမြင်ဘူးလားရှင်’ ဟု လူတကာ လျှောက်မေးပြီး အရူးမကလေး ဖြစ်သွားဖူးတယ်၊ ဒီလို ပူဆွေးငိုကြွေးရတာဟာ မိခင်အပေါ် ချစ်ခြင်းကြောင့် ဖြစ်တာပဲ မဟုတ်လား?”။

“ဒီ သာဝတ္ထိမြို့ကပဲ အမျိုးသမီးတစ်ဦးဟာ သူ့အိမ်သားနဲ့အတူ မိဘဆွေမျိုးများထံ သွားလည်တယ်၊ သူ့မိဘတွေက ဒီလူနဲ့ သဘောမတူဘူး၊ ဒီတော့ အတင်းခွဲပြီး သူတို့သဘောတူတဲ့ နောက်လူတစ်ယောက်နဲ့ နေရာချထားဖို့ စီမံကြတယ်၊ အမျိုးသမီးက ဒီအကြောင်း သူ့ယောက်ျားကို ဖွင့်ပြောလိုက်တယ်၊ ယောက်ျားလုပ်သူမှာ ပူဆွေးသောကရောက်ပြီး နောက်ဘဝမှာ ဆုံကြစို့ဟုဆိုကာ သေကြောင်းကြံလိုက်တယ်၊ ဒီအဖြစ်အပျက်က သောကပရိဒေဝဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ ထောက်ခံနေတယ်” ဗုဒ္ဓက ဤသို့ ရှင်းလင်း မိန့်ကြားတော်မူလေသည်။

[၆] နာဠိဇင်္ဃသည် ဗုဒ္ဓ၏ မိန့်ဆိုရှင်းလင်းချက်ကို မလ္လိကာအား ပြောကြားသည်။ မလ္လိကာသည် လိမ္မာဖျတ်လတ် ပါးနပ်သည့် မိဖုရားပီပီ ဘုရင်ကြီးထံ ပြုံးရွှင်စွာ ချဉ်းကပ်၍ ဤသို့ စကားစသည်။

“ဘယ့်နှယ်လဲ အရှင်မင်းတရား! ဝဇိရီမင်းသမီးကို ချစ်တယ် မဟုတ်လား?”

“ချစ်တာပေါ့ မလ္လိကာ”

“ဒါဖြင့် မပြောကောင်း ပြောကောင်း ခုနေများ ဝဇိရီမင်းသမီး နတ်ရွာစံသွားမယ်ဆိုရင် ပူဆွေး ငိုကြွေးရမှာ ပေါ့နော်”

“ပူဆွေးရ ငိုကြွေးရရုံ ဘယ်ကမလဲ၊ ငါ့အသက်တောင် ထိခိုက်သွားနိုင်တယ်”

“ခုလို မင်းတရား ပူဆွေး ငိုကြွေးရတယ်ဆိုတာ ဝဇိရီမင်းသမီးကို ချစ်လို့ပဲ မဟုတ်လား၊ ဒါကို ရည်ရွယ်ပြီး မြတ်စွာဘုရားက သောကပရိဒေဝဟာ ချစ်ခြင်းကြောင့် ဖြစ်တာလို့ ဟောခြင်းဖြစ်ပါတယ် အရှင်မင်းတရား”

မလ္လိကာက ခုလိုမေးပြီး လက်တွေ့ ရှင်းပြသောအခါ ကောသလဘုရင်ကြီးသည် သဘောကျကာ ကျေနပ်အားရလှသဖြင့် “အံ့စရာပဲ မလ္လိကာ! အံ့စရာပဲ၊ ဗုဒ္ဓဟာ အလွန်ထိုးထွင်းမြင်တတ်ပါပေတယ်၊ ကဲ... နှုတ်ကျင်းဖို့ ရေတစ်ခွက်ပေးစမ်း”ဟု ပြောဆို နှုတ်ကျင်းပြီးနောက် ဗုဒ္ဓရှိရာ [၇] တရိုတသေလက်အုပ်ချီလျက် “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟု ဝမ်းသာရွှင်မြူး ဥဒါန်းကျူးလိုက်၏။

စာဖတ်သူသည် အချစ်၏ နိဂုံးမှာ အပြုံးမဟုတ်၊ အငိုအရှိုက်သာ ဖြစ်ကြောင်း သဘောပေါက်ပြီးဖြစ်ရာ စိုးရိမ်ပူဆွေးရ၊ ငိုကြွေးရ၊ ဒုက္ခဖြစ်ရ၊ စိတ်ညစ်ရ၊ အသည်းကျွမ်းရဆိုသည့် ဒုက္ခအဝဝမှ သက်သာရာရလိုပါလျှင် အချစ်နည်းနည်းလျှော့ဖို့ လိုပါသတည်း။ ။

ဓမ္မဗျူဟာစာစောင်၊ အတွဲ(၁၁)၊ အမှတ်(၉) ၁၃၃၄- ခုနှစ်၊ နတ်တော်လပြည့်၊ ဗုဒ္ဓဟူးနေ့ [၉] လူ့စိတ်တွင် မှီတွယ်ဖြစ်ပေါ်လာတတ်သော တဏှာပေမဖြင့် ချစ်ခြင်း၊ ဒေါသအာဃာတဖြင့် မုန်းခြင်း နှစ်မျိုးလုံး ဘယ်အရာမှ မကောင်းပေ၊ အချစ်အမုန်း နှစ်မျိုးလုံးသည် လက်ခံထားမိသူကို လှလှကြီး ဒုက္ခပေးတတ်ကြသည်။

ထိုတွင် ချစ်ခြင်းသည် အဆိပ်ခတ်ထားသော အဖျော်ယမကာနှင့် တူသည်၊ သောက်စတွင် ချိုမြမြမို့ အရသာရှိလှသော်လည်း အဆိပ်ဒဏ်ခံရသည့်အခါတွင်မူ သက်ပြတ်ကြွေမျှ ဒုက္ခရောက်ရလေသည်။ ချစ်စ ခင်စ ပြုံးရယ်ရသော်လည်း မလွှဲသာ၍ ခွဲခွာရသည့် အဆုံး၌မူ မပြုံးနိုင် မရွှင်အား သည်းကြားလှိုက်ဖို ရှိုက်ကြီးငိုရတော့သည်၊ “ချစ်ခြင်းကြောင့် သောကဖြစ်ရသည်၊ ချစ်ခြင်းကြောင့် ဘေး [၁၀] တွေ့ရသည်၊ ချစ်ခြင်းမှ လွတ်မြောက်ပြီးသူမှာ သောကမရှိနိုင်၊ ဘယ်မှာ ဘေးရှိနိုင်အံ့နည်း”ဟု ဗုဒ္ဓက လက်တွေ့ သုံးသပ်ပြတော်မူခဲ့ပေသည်၊ ချစ်ခြင်းသည် ဒုက္ခအမျိုးမျိုး ပေးတတ်သောကြောင့် ဒုက္ခပေါ့လိုလျှင် အချစ်လျှော့ပါမှ ဖြစ်မည်။

အချစ်လျှော့သော်လည်း အမုန်းကိုတော့ လက်မခံသင့်ပေ၊ “ပေါ့စေလို၍ ကြောင်ရုပ်ထိုး ဆေးအတွက် လေး” မဖြစ်စေသင့်။ မုန်းခြင်းသည် အဆိပ်ခတ်ထားသော ဘူးခါးရည်နှင့် တူသည်၊ သောက်စတွင်လည်း ပျို့အန်ထွက်မျှ ခါးလှ နံလှသည်၊ အဆိပ်သင့်သောအခါလည်း သက်ပြတ်ကြွေမျှ ဒုက္ခနှင့် ရင်ဆိုင်ရလေသည်။

မုန်းခြင်းသည် ချစ်ခြင်းထက်ပင် ဆိုးသေးသည်၊ ချစ်ခြင်းမှာ အစတွင် ပျော်မဆုံးအောင် သာယာဖွယ်ရှိသော်လည်း မုန်းခြင်းမှာမူ သာယာဖွယ်ဟူက မြူတစ်စိမျှ မရှိချေ၊ “စစချင်း ဆောက်နဲ့ ထွင်း” ဆိုတာမျိုး ဖြစ်သည်၊ မီးသည် တောက်လျှင်တောက်ချင်း ပူလောင်တတ်ပြီး ကြာလေ ပူလောင်လေ ဖြစ်သည်၊ မုန်းခြင်းသည် မီးနှင့် တူ၏၊ မုန်းစ မုန်းဆုံး တဟုန်းဟုန်း ပူလောင်တတ်သည်။

မုန်းခြင်းကို အဘိဓမ္မာဝေါဟာရဖြင့် “ဒေါသ”ဟု ခေါ်သည်၊ ဒေါသဆိုသည်မှာ စိတ်၌ မှီတွယ်ဖြစ်တတ်သော စေတသိက်မျိုး ဖြစ်သည်၊ ဒေါသကို လက္ခဏ, ရသ, ပစ္စု [၁၁] ပဋ္ဌာန်, ပဒဋ္ဌာန်တို့ဖြင့် အဋ္ဌကထာဆရာမြတ်တို့က ဤသို့ သရုပ်ဖော်ကြသည်။

“ဒေါသသည် ရိုက်ပုတ်အပ်သော မြွေဆိုးပမာ ကြမ်းတမ်းခက်ထန်သော လက္ခဏာရှိသည်၊ အဆိပ်မိထားသူအလား တုန်လှုပ်ချောက်ချားခြင်း ကိစ္စရှိသည်၊ တစ်နည်းမှာ တောမီးပမာ မှီရာပုဂ္ဂိုလ်ကို လောင်တတ်သော ကိစ္စရှိသည်၊ အခွင့်သာသည်နှင့်တပြိုင်နက် ဒုက္ခပေးတတ်သော ရန်သူအလား ပြစ်မှားတတ်သောတရားဟု ယောဂီဉာဏ်အမြင်မှာ ထင်လာသည်၊ အာဃာတ ဝတ္ထုဟူသည့် နီးကပ်သော အကြောင်းရှိသည်၊ အဆိပ်ခတ်ထားသော နွားကျင်ငယ်နှင့် တူလေသည်။”

မုန်းခြင်းသည် အကြောင်းကင်းလျက် ဖြစ်လာနိုင်သော တရားမျိုးမဟုတ်၊ ဆိုင်ရာအကြောင်းတို့က စုပေါင်းဖန်တီးပေးလိုက်သော အကျိုးတရားမျိုးသာ ဖြစ်သည်၊ ယမ်းဖို၊ ယမ်းမ၊ ပွတ်ခြစ်ပေးမှု လုံ့လ ဤအကြောင်းသုံးမျိုးက စုပေါင်းဖန်တီးလိုက်သောကြောင့် မီးခြစ်ဆံမှာ မီးတောက်ကလေး ဖြစ်ပေါ်လာရသည်။ အနိဋ္ဌာရုံနှင့် တွေ့ဆုံရခြင်း၊ နှလုံးသွင်းမှားခြင်းဟူသော အကြောင်းနှစ်ရပ် ပေါင်းစပ်မိသောအခါ မုန်းခြင်းဒေါသ ပေါ်လာရပေသည်၊ “ဒင်းဟာ ငါနဲ့ ငါ့ချစ်ခင်သူရဲ့ အကျိုးမဲ့ကို အရင်ကလည်း လုပ်ခဲ့တယ်၊ ခုလည်း လုပ်တုန်းပဲ၊ နောင်လည်း လုပ်ဦးမှာပဲ၊ ငါနဲ့ မတဲ့သူရဲ့ [၁၂] အကျိုးကို အရင်ကလည်း လုပ်ခဲ့တယ်၊ ခုလည်း လုပ်တုန်းပဲ၊ နောင်လည်း လုပ်ဦးမှာပဲ”ဟု မကျေနိုင် မချမ်းနိုင် ဖြစ်ခြင်းဖြင့် အမုန်းတရား တိုးပွားလာနိုင်သည်။

မုန်းခြင်းသည် ဆိုးကျိုး ဆိုးမွေကို အပ်နှင်းတတ်သည်၊ မုန်းစိတ် ဝင်လာပြီဆိုကတည်းက မုန်းစိတ်ရှင်သည် ဦးစွာ ခံရလေသည်၊ မျက်ထောင့် နီလာသည်၊ အံကြိတ်ရသည်၊ တောက်ခေါက်မိသည်၊ တကိုယ်လုံး ဆတ်ဆတ်တုန်ကာ နေမချိ ထိုင်မထိ ဖြစ်ရသည်၊ မုန်းစိတ် ဆင်ရိုင်းကို အချိန်မီ ချွန်းမအုပ်နိုင်ပါလျှင် ကြောက်မက်ဖွယ် ကြေကွဲဖွယ်များနှင့် ရင်ဆိုင်ရတော့သည်။

ဒေါသသည် အကျိုးလည်း မသိ၊ အကြောင်းလည်း မမြင်၊ ဒေါသနှိပ်စက်ခံနေရစဉ် ထိုသူအဖို့ မှောင်အတိကျလျက် ရှိသည်၊ မုန်းခြင်း၏ အပြစ်တို့ကား များလှစွာ၏၊ မုန်းခြင်းကြောင့် မိမိကိုယ်ကို ဆင်းရဲအောင်လည်း လုပ်သည်၊ သူတပါး ဆင်းရဲအောင်လည်း လုပ်သည်၊ သို့မဟုတ် နှစ်ဦးလုံး ဆင်းရဲအောင်လည်း လုပ်မိတတ်သည်။ ကိုယ့်အကျိုးမှန်းလည်း မသိနိုင်၊ သူတပါးအကျိုးမှန်းလည်း မသိနိုင်၊ နှစ်ဦးလုံး၏ အကျိုးမှန်းပင် မသိနိုင်၊ ဒုစရိုက်ကိုလည်း မရှောင်နိုင်တော့ချေ။

မုန်းတုံ့မဖြေနိုင်ခဲ့လျှင် ကလဲ့စားချေခြင်းဖြင့် သံသရာလည်ကြရမည်၊ ကြောင်နှင့်ကြွက်တို့သည်လည်းကောင်း၊ [၁၃] မြွေနှင့် မြွေပါတို့သည်လည်းကောင်း မုန်းတုံ့မပြေ ကမ္ဘာ့ရန်ဖက်ကြီးများ ဖြစ်လျက်နေကြသည်။ ရှေးက ကြို့ပင်စောင့်နတ်နှင့် ဝက်ဝံတို့သည် မုန်းတုံ့မပြေ အချင်းချင်း ပျက်စီးစေခဲ့ကြလေသည်။ လူမျိုးအချင်းချင်းလည်းကောင်း၊ နိုင်ငံအချင်းချင်းလည်းကောင်း၊ မုန်းစိတ်ပွားနေကြပါလျှင် အဆုံးမသတ်နိုင်သော စစ်ပွဲကြီးများကို ဆင်နွှဲနေကြလေဦးမည်၊ ဗုံးသံ၊ အမြောက်သံ တစ်ကမ္ဘာလုံး ညံလျက်နေပေဦးမည်၊ ယမ်းငွေ့ ယမ်းနံ့တို့သည် ကမ္ဘာအနှံ့ လှိုင်ပျံ့နေပေဦးမည်။

မုန်းခြင်း၏ အပြစ်တို့ကို နစ်နစ်နောနော စောကြောဆင်ခြင်ကာ မုန်းစိတ်ကို ပယ်ခွာရမည်၊ မုန်းစိတ်ဆင်ရိုင်းကို ချွန်းအုပ်နှိမ်နင်းရမည်၊ မုန်းစိတ်မီးပွား မကြီးထွားမီက ဆီးတားငြှိမ်းသတ်ကြရမည်၊ မုန်းစရာတွေ့သော်လည်း မုန်း၍မနေ မုန်းတုံ့ကို ဖြေရမည်၊ မုန်းတုံ့ကို မည်သို့ဖြေမည်နည်း?၊ မစင်အညစ်အကြေး လူးပေနေသောနေရာကို မစင်ဖြင့် ဆေးကြော၍မရ၊ အမုန်းကို အမုန်းဖြင့် တုံ့ပြန်နေ၍ အမုန်းမပြေနိုင်၊ ခန္တီ၊ မေတ္တာဖြင့် တုံ့ပြန်မှသာ ပြေနိုင်ပေသည်။

“ဒင်း ငါ့ကို ဆဲဖူးတယ်၊ ငါ့ကို ရိုက်နှက်ဖူးတယ်၊ ငါ့ကို အနိုင်ယူဖူးတယ်၊ ငါ့ပစ္စည်း မတရားယူဖူးတယ်” စသည်ဖြင့် မုန်းစိတ်နှောင်ကြိုး အမျိုးမျိုး အထပ်ထပ် ရစ်ပတ်နေသူမှာ ရန်မငြိမ်းနိုင်၊ မုန်းတုံ့မပြန် သည်းခံမျက်ဖြေသူများမှာသာ ရန်ငြိမ်းနိုင်ပေသည်၊ ပုဂံခေတ်က [၁၄] အနန္တသူရိယသည် “သူတည်းတစ်ယောက်၊
ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊
ပျက်လင့်ကာသာ၊
ဓမ္မတာတည်း”
ဖြင့် မုန်းတုံ့ကို ဖြေခဲ့သည်။

မြတ်ဗုဒ္ဓက မုန်းတုံ့ဖြေနည်းကို ဤသို့ သွန်သင်ပြသ ဆုံးမတော်မူခဲ့သည်၊ “မိမိ မုန်းမိသည့်ပုဂ္ဂိုလ်အပေါ် မေတ္တာပွားခြင်း၊ ကရုဏာထားခြင်း၊ ဥပေက္ခာပြုခြင်း၊ မေ့ပျောက်လစ်ခြင်း၊ ကံပိုင်ရှင်သဘောကို အခိုင်အမာ စွဲကိုင်ထားခြင်းဖြင့် ဖြစ်ပေါ်လာသော မုန်းစိတ်ကို အကြွင်းမဲ့ ပယ်ဖျောက်ပစ်ရမည်” ဟူ၏။

အကြောင်းတစ်ခုခုကြောင့် တစ်စုံတစ်ယောက်သောသူကို မုန်းမိပြီဆိုပါက ထိုပုဂ္ဂိုလ်ကို မေတ္တာပို့ရမည်၊ မုန်းနေသူကို မေတ္တာပို့ရသည်မှာ လူတိုင်းအဖို့ လွယ်လှမည်မဟုတ်ပေ၊ သို့ရာတွင် ထိုသူ၏ မုန်းစရာအကွက်များကို ပယ်လှန်၊ ခင်မင်စရာအကွက်များကိုသာ ရှာကြံပြီး ထိုအကွက်ကို ဆုပ်ကိုင်ကာ မေတ္တာပွားရမည်၊ ရေငတ်လာသော နွေခရီးသည်သည် ညွန်မှော်ဖုံးနေသော ရေအိုင်ကြီးမှ ညွန်မှော်တို့ကို အသာဖယ်ပြီး ရေကိုသာ သောက်သကဲ့သို့တည်း။ မေတ္တာပို့၍မှ မုန်းစိတ်မပြေလျှင် ထိုသူ၏ ပျော့ကွက် ညံ့ကွက် သနားစရာအကွက်တို့ကို ရှာကြံပြီး ကရုဏာပွားရမည်၊ သို့မှ မုန်းစိတ်မပြေသေးလျှင် ချစ်စိတ်မဝင်သလို [၁၅] မုန်းစိတ်လည်း မဝင်စေဘဲ အလယ်အလတ်သဘောတွင် ခိုင်မာစွာ ရပ်တည်သည့် ဥပေက္ခာတရားကို လက်ကိုင်ထားပြီး မုန်းတုံ့ဖြေရမည်၊ သို့မှ မုန်းစိတ်မပြေသေးဘူးဆိုလျှင် ထိုပုဂ္ဂိုလ်ကို မေ့ပစ်လိုက်ရမည်၊ သူ့အကြောင်းကို စိတ်ကူးပင် မထည့်ဘဲ နေရမည်၊ သို့တိုင် မုန်းစိတ်မပြေသေးဘူးဆိုလျှင် ကံပိုင်ရှင်သဘောကို အခိုင်အမာ စွဲကိုင်ခြင်းဖြင့် မပြေပြေအောင် မုန်းတုံ့ကို ဖြေရမည်၊ “သူ့ကံနဲ့သူ ဖြစ်မည့်လူကို ငါက မုန်းနေတော့ကော ဘာလုပ်ဦးမှာလဲ” ဟု ဆင်ခြင်သုံးသပ်ခြင်းဖြင့် အမုန်းဇာတ်သိမ်းအောင် လုပ်ရမည်၊ မုန်းတုံ့ကိုဖယ် မေတ္တာတုံ့လှယ်ကြရမည်။

လူတိုင်းလူတိုင်း ဤသို့ မုန်းတုံ့ကိုဖယ် မေတ္တာတုံ့လှယ်ကြမှသာလျှင် သာယာပျော်ရွှင်ဖွယ်ကောင်းသော ဘဝကို ကြုံတွေ့နိုင်ပေသည်၊ လူအချင်းချင်းလည်းကောင်း၊ လူမျိုးအချင်းချင်းလည်းကောင်း၊ နိုင်ငံအချင်းချင်းလည်းကောင်း မုန်းတုံ့ပယ်လှန် မေတ္တာတုံ့ပြန်မှသာလျှင် ကမ္ဘာကြီး ထာဝရ ငြိမ်းချမ်းသာယာနိုင်ပေမည်။ လူမျိုးအချင်းချင်း မုန်းစိတ်ပွားကာ အတောမသတ် အရက်စက်ဆုံး အကြမ်းကြုတ်ဆုံး ဆင်နွှဲနေကြသော လူသတ်စစ်ပွဲကြီးများလည်း အကန့်အသတ်မရှိ ရပ်နားသွားကြပေလိမ့်မည်။ အမြောက်သံ ဗုံးသံ တိတ်၍ မေတ္တာပို့သံတွေ တစ်ကမ္ဘာလုံး ညံလာပေလိမ့်မည်။ ယမ်းခိုး [၁၆] ယမ်းနံ့တွေ ကင်းရှင်း၍ မေတ္တာရနံ့တွေ ကြိုင်သင်းလာပေလိမ့်မည်။ သို့ကြောင့်မို့ ရရှိလာသည့် ဘဝလေး တန်ဖိုးရှိလေအောင် ကမ္ဘာကြီး ငြိမ်းချမ်းသာယာလေအောင် “မေတ္တာတုံ့ဝေ မုန်းတုံ့ဖြေကြပါ” ဟု အထပ်ထပ် ပြောချင်ပါသတည်း။

ဓမ္မဗျူဟာစာစောင်၊ အတွဲ(၁၁)၊ အမှတ်(၁၁) ၁၃၃၄- ခုနှစ်၊ တပို့တွဲလပြည့်၊ စနေနေ့

[၁၇] ဘဝစက်ဝန်း ချာချာလည်

. ကိုမာလာ အဝိဇ္ဇာက ဘဝ၏အပြစ်ကို မမြင်ရအောင် အမှောင်ချကွယ်ကာထားသည်၊ တဏှာက ဘဝကို မက်မောသာယာတွယ်တာသည်၊ ကံတရားက ထိုထိုဘဝသို့ ပစ်ချလိုက်သည်၊ ကံပစ်ချရာဌာနမှာ ပဋိသန္ဓေဝိညာဏ် တည်နေသည်၊ ဤတွင် ဘဝတစ်ခု အစပြုသည်။

တစ်ဖန် ရရှိထားသောဘဝမှာ အဝိဇ္ဇာက ကွယ်ကာပြန်သည်၊ တဏှာက တွယ်တာပြန်သည်၊ ထိုအခါ ကိုယ်ဖြင့်လုပ်၊ နှုတ်ဖြင့်ပြော၊ မနောက ကြံစည် အလီလီသော ကံတရားများကို ပြုမိလေ၏၊ ထိုကံတွေက ဘဝအတန်တန်ကို ဖန်တီးကြပြန်သည်၊ ရှည်ဝေးခဲ့ရသည်၊ ဘဝစက်ဝန်းကြီး ချာချာလည်ခဲ့ရသည်။

[၁၈] အဝိဇ္ဇာနှင့် တဏှာသည် ဘဝစက်ဝန်း၏ ‘ပုံတောင်း’ ဖြစ်သည်၊ ကံတွေက ‘အကန့်’၊ ဇရာ မရဏကား ‘အကွပ်’ ဖြစ်သည်။ ပုံတောင်း၊ အကန့်၊ အကွပ် ဤသုံးရပ်ပေါင်းစပ် ဘဝစက်ဝန်းသည် အစမထင် သံသရာမှာ အစဉ်မပြတ် လည်ပတ်လာခဲ့သည်၊ ဘဝစက်ဝန်း ချာချာလည်နေသမျှ မရေတွက်နိုင် မဆုံးနိုင်သော ဒုက္ခအမျိုးမျိုးကို တွေ့ကြုံခံစားကြရသည်၊ ဘဝစက်ဝန်း အလည်ရပ်မှသာ ဒုက္ခတွေ အဆုံးသတ်သွားပေလိမ့်မည်။

ဘဝစက်ဝန်းကြီး မလည်နိုင်အောင် မည်သို့ပြုလုပ်ရမည်နည်း?၊ မြတ်ဘုရား ဟောကြားခဲ့သော မဇ္ဈိမပဋိပဒါ လမ်းစဉ်ကို ကျင့်သုံးပြီး အရဟတ္တမဂ်ဉာဏ် ပုဆိန်ကို အရယူကာ ဘဝစက်ဝန်းကြီးကို ထုခွဲဖြိုဖျက်ပစ်ခြင်းဖြင့် မလည်နိုင်အောင် ပြုလုပ်ရပေမည်။ အရဟတ္တမဂ်ဉာဏ် ပုဆိန်ဖြင့် အဝိဇ္ဇာ တဏှာ ပုံတောင်းကို ထောင်းထောင်းကြေအောင် ထုခွဲပစ်ရမည်။ ပုံတောင်း ကြေသွားလျှင် ကံတည်းဟူသော အကန့်တို့လည်း ဖရိုဖရဲ ပြိုကွဲလဲကျသွားပေလိမ့်မည်၊ ဇရာမရဏ အကွပ်လည်း ရပ်တည်ခွင့် မရတော့ချေ။ ဤမျှဖြင့် ဘဝစက်ဝန်းကြီးသည် ပြိုကွဲလဲကျ အဆုံးသတ်သွားရတော့သည်၊ ဤနှယ် ဘဝစက်ဝန်းကြီး ပြိုကွဲလဲကျ အဆုံးသတ်သွားရခြင်းသည်ပင် ဘဝချုပ်ငြိမ်းရာ နိဗ္ဗာန် ဖြစ်သည်။

[၁၉] ဘဝချုပ်ငြိမ်းရာ နိဗ္ဗာန်ကား ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်သည်၊ ဘဝအပြစ်ကို နစ်နစ်နောနော သိမြင်သည့် ပုဂ္ဂိုလ်မွန်တို့၏ စံပျော်ရာ ဖြစ်သည်၊ ဘေးကင်းရန်ကွာ အေးချမ်းရာ ဖြစ်သည်၊ ဘဝဒုက္ခ ကြောက်လှသူတို့၏ ခိုလှုံရာ ဖြစ်သည်။ သို့ရာတွင် ဘဝ၏အပြစ်ကို မမြင်၊ ဘဝကို ခင်မင်နေကြသူ ပုထုဇဉ်တို့က နိဗ္ဗာန်ဆိုသည်မှာ မျှော်လင့်ချက် ကင်းမဲ့ရာဌာန ဖြစ်သည်ဟု မြင်နေကြသည်။ အသူတရာ နက်လှသည့် ချောက်ကမ်းပါးကြီးအလား ကြောက်စရာဟု ထင်မှတ်မှားနေကြသည်။ ရဲရဲညီးသည့် မီးတောက်ကြီးအသွင် တွေးထင်ကြောက်ရွံ့ မကပ်ဝံ့ ရှိနေကြသည်။ သို့ဖြစ်ရသည်မှာ အဝိဇ္ဇာ တဏှာတည်းဟူသော အကွယ်အကာနှင့် အတွယ်မကင်းကြသေးသဖြင့် ဘဝအပြစ်ကို မမြင်နိုင်ကြသေးသောကြောင့် ဖြစ်ပေသည်။ ဘဝအပြစ်ကို မမြင်သေးသမျှ ဘဝချုပ်ရာ နိဗ္ဗာန်ကို မြတ်နိုးတတ်ဦးမည် မဟုတ်ပေ။ ဘဝအပြစ်မြင်အောင် မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ကျင့်သုံးပြီး အကွယ်အကာကို လှပ်ရမည်၊ အတွယ်အတာကို ဖြတ်ရမည်။ အကွယ်အကာရှင်း၍ အတွယ်အတာ ကင်းသွားလျှင် ဘဝအပြစ်ကို ထင်းထင်းကြီး မြင်လာပေလိမ့်မည်၊ ဘဝအပြစ် မြင်လေလေ ဘဝချုပ်ရာ နိဗ္ဗာန်ကို မြတ်နိုးတတ်လေလေ ဖြစ်လာမည်။ ထိုအခါ ဘဝကို တော်လှန်၍ နိဗ္ဗာန်နှင့် လျော်ကန်သောအကျင့်ကို အရိုးကြေကြေ အရေခန်းခန်း မသွေတမ်း ကြိုးပမ်းတော့သည်။

[၂၀] ဤတွင် ဘဝအပြစ်ကို ကိုယ်တွေ့ သိမြင်ကာ သံဝေဂကြီးစွာဖြင့် ဘဝချုပ်ရာ နိဗ္ဗာန်သို့ အရောက်လှမ်းခဲ့ကြသည့် ဘဝခရီးသည် သုံးဦး၏ ကြေကွဲဖွယ် အတ္ထုပ္ပတ်ကို တစ်ရပ်အဖြစ် တင်ပြလိုပေသည်။

သာဓက

သာဝတ္ထိပြည်မှ အမျိုးသမီးလေးတစ်ဦးသည် ကုန်သည်လေးတစ်ဦးနှင့် အကြောင်းပါသည်၊ ကုန်သည်လေးသည် ရခါစ ဇနီးငယ်ကို မိဘထံ အပ်နှံ၍ ရာဇဂြိုဟ်ပြည်ဘက်သို့ ကုန်ရောင်းကုန်ဝယ် ထွက်လာခဲ့သည်။ တစ်လ၊ နှစ်လ၊ သုံးလ၊ လေးငါးခြောက်လ ကြာသောအခါ အမျိုးသမီးငယ်မှာ ကိုယ်ဝန်ထင်ရှားလာသည်။ ထိုအခါ ယောက္ခမများက သူတို့သား မရှိခိုက် ယောက်ျားတစ်ပါးနှင့် ဖောက်ပြားသည်ဟု စွပ်စွဲကာ အိမ်မှ နှင်ချလိုက်ကြသည်၊ အမျိုးသမီးလေးသည် အမျိုးမျိုး တောင်းပန်ရှင်းပြ၍ မရသည့်အဆုံး မျက်နှာငယ်ငယ်နှင့် အိမ်ပေါ်မှ ဆင်းခဲ့ရသည်။

မိမိအိမ်သား ကုန်ရောင်းသွားရာ ရာဇဂြိုဟ်သို့ လိုက်ခဲ့သည်။ ရှာရ ဖွေရ နှစ်လကျော် သုံးလကြာမှ ရာဇဂြိုဟ်အနီးသို့ ရောက်လာခဲ့သည်။ ရက်တွေကလည်း ကျွမ်း၊ ခရီးကလည်း ပန်း၊ စိတ်ကလည်း နွမ်းနှင့် မလှမ်းချင်အောင် ဖြစ်လာသည်။ ခရီးတစ်ထောက်နားရန် ရာဇဂြိုဟ်အနီး ဇရပ်တစ်ခုသို့ ဝင်သည်၊ သည်တွင် ကလေးမျက်နှာ မြင်လေသည်။ ကူညီမည့်သူ မလာ၊ ကိုယ်တိုင်သာ လက်သည် [၂၁] လုပ်ရရှာပေသည်။ ကလေးသိပ်ကာ ရေရှာထွက်ရပြန်သည်။ ပြန်လာသောအခါ ကလေးပျောက်နေတော့၏။

ဤတွင် ပဋာမြေလူး အရူးတစ်ပိုင်း ဖြစ်ရှာရပြန်သည်၊ ငိုခဲ့ရ ရှိုက်ခဲ့ရပေါင်း များလှပြီဖြစ်၍ သည်တစ်ခါ မငိုနိုင် မရှိုက်အား မျက်ရည်များလည်း ခန်းလှလေပြီ။ တစ်ပူပေါ် တစ်ပူဆင့်ကာ ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာခဲ့သည်။ ဘယ်ဝယ်စခန်း ဘယ်သို့ လှမ်းရမည်မသိ၊ ခြေဦးတည့်ရာ ထွက်လာမိသည်။ အန္တရာယ်မကင်းသည့် တောလမ်းခရီးကို လျှောက်နေမိသည်၊ “တောတွင်းမှာ စောရဗိုလ်တစ်ဦးနှင့် တွေ့ဆုံသည်၊ စောရဗိုလ်သည် မြင်မြင်ချင်း ကရုဏာသက်လာသည်၊ ညှိုးရော်နွမ်းလျနေသော ပန်းကိုမှ မြတ်နိုးကြင်နာပြန်သည်၊ စောရဗိုလ်နောက် လိုက်ခဲ့ရပြန်သည်။ စောရဗိုလ်နှင့် သမီးကလေးတစ်ယောက် ရသည်၊ တစ်နေ့တွင် အခန့်မသင့်၍ လင်မယား စကားများကြရာ စိတ်ကြီးလှသော အမျိုးသမီးသည် ရင်သွေးငယ်ကို ကုတင်ပေါ် ပစ်ချလိုက်၏။ ရင်သွေးငယ်ခမျာ ကြားက ခေါင်းကွဲရရှာသည်၊ သည်တွင် လင်သားကြောက်၍ မနေဝံ့သဖြင့် ရာဇဂြိုဟ်သို့ ထွက်ပြေးခဲ့သည်။ သည်နောက် ရာဇဂြိုဟ်မှာ ဖြစ်သလို နေထိုင်စားသောက်ကာ ဘဝကို ရင်ဆိုင်ရသည်။ မကြာလှပေ၊ ရာဇဂြိုဟ်မှ လူငယ်တစ်ဦးနှင့် အကြောင်းပါပြန်သည်။ ထိုလူငယ်သည် နောက်တွင် အမျိုးသမီးတစ်ဦး [၂၂] နှင့် လက်ထပ်ပြန်၍ မယားနှစ်ယောက် အတူထားကာ လုပ်ကိုင်ကျွေးမွေးနေသည်၊ သူတို့ အိမ်ထောင်သည် ညီညွတ်၏၊ သာယာ၏၊ တစ်ဦးနှင့်တစ်ဦး ကြင်နာကြ၏၊ သူတို့ သုံးဦးသည် ကိုယ့်အကြောင်းကိုယ် မသိကြ။ သို့သော် သွေးက သူတို့အကြောင်းကို ပြောပြနေသည်၊ မရိပ်မိကြသေး။

တစ်နေ့သောအခါ မယားကြီးလုပ်သူက မယားငယ်ကို သန်းရှာပေးသည်။ သန်းရှာရင်း ခေါင်းမှ အမာရွတ်ကလေးကို အမှတ်မထင် မြင်လိုက်သည်။ ထိုအခါ မယားကြီးသည် တစ်စုံတစ်ခု သတိရဟန် တွေသွားသည်၊ ငိုင်နေသည်၊ မျက်လုံးအိမ်မှ မျက်ရည်တွေ ပြည့်လျှံလာကာ မိုးနှယ် ရွာချသည်။ မိမိအိမ်သား၏ အငယ်အနှောင်းဖြစ်သူကို တင်းကြပ်စွာ ဖက်ထားပြီး ရှိုက်သံကြားမှ ပေါ်ထွက်လာသော အသံကား “သမီး . . . သမီး! ငါ့သမီးမှ ငါ့သမီး” အံ့အားသင့်ပြီး ကြောင်ကြည့်နေရှာသော မယားငယ်ကို မယားကြီးက ရှိုက်ကာ ရှိုက်ကာ ဇာတ်ကြောင်းပြန်သည်၊ သည်တွင် မနေနိုင်တော့ဘဲ အမေ့ရင်ခွင်ကြား တိုးဝင်ကာ ခေါင်းဖြင့်ခွေ့ပြီး ငိုတော့သည်၊ စောရဗိုလ်နှင့် ရခဲ့သည့် သမီး၊ ယောက်ျားတစ်ဦး၏ မယားကြီး မယားငယ်အဖြစ် ပြန်လည်ဆုံတွေ့ရသည့် အမေနှင့် သမီး ... [၂၃] ထိုအခိုက် မယားနှစ်ဦး၏ အဖြစ်ထူးကို သိရ၍ ကြောင်ကြည့်နေသော လင်ယောက်ျားသည် မယားကြီး၏ ပြောစကားကို နားစိုက်နေမိသည်၊ ဇရပ်ပေါ်မှာ မွေးကာစ ပျောက်သွားသော သားကလေးအကြောင်း ပြောနေသည်။ ယောက်ျားလုပ်သူသည် ထိုအကြောင်းကြားသောအခါ တွေသွားသည်၊ ငိုင်နေသည်၊ မျက်လုံးအစုံမှ မျက်ရည်တွေလျှံကျကာ “ဘာတဲ့-ဘာတဲ့၊ ဇရပ်ပေါ်မှာ ပျောက်သွားတဲ့သူဟာ သား ဟုတ်လား၊ အဲဒါ အဲဒါ ကျွန်တော်ပဲ၊ ကုန်သည်တစ်ယောက်က ကျွန်တော့်ကို ခေါ်သွားပြီး မွေးစားတာ၊ ဒီအကြောင်း သူတို့လည်း ပြောဖူးတယ်၊ ခင်ဗျားဟာ ကျွန်တော့်အမေပေါ့” ပြောပြောဆိုဆို လဲကျသွားသည်။ အတန်ကြာအောင် ရှိုက်သံ ငိုသံ တစ်အိမ်လုံးညံနေသည်။

သူတို့သုံးဦးသည် ကြေကွဲဖွယ် ဇာတ်လမ်းတစ်ပုဒ် ကပြခဲ့ကြရပြီး သားအမိသုံးဦးမှ လင်မယားသုံးဦးအဖြစ် တကယ်ကရတော့ ဇာတ်နာလွန်းသည်၊ ဘဝ၏ ကျီစားမှုကို တရားလွန် ခံရကြသဖြင့် ဘဝကို အလွန့်အလွန် နာကြည်းကြသည်။ ဘဝကို အရွံမုန်းတကာ့ အရွံမုန်းဆုံး ဖြစ်သူများတွင် သူတို့သုံးဦးက ပိုသည်။ သားအမိဖြစ်လျက် လင်မယား ဖြစ်ရသည်ကိုတော့ ခွင့်မလွှတ်နိုင်အောင် နာကြည်းမိကြသည်။

[၂၄] သားအမိ မောင်နှမမှန်း သိရသောအခါ အချစ်တဏှာ ညစ်မှ မေတ္တာစစ်ဝင်လာသည်။ အမေဖြစ်သူကို မောင်နှမနှစ်ဦးက ဝဲယာတွဲယှက် ဖက်ထားကြသည်။ ထိုအခါ အမိမေတ္တာစစ်ဖြင့် သားနှင့်သမီးကို ယုယစွာ ပွတ်သပ်ပြီး ရှိုက်သံကြားမှ အကြင်နာထားကာ ခေါ်လိုက်သည်။
“သား”
“သမီး”
“မေမေ”

သူတို့သည် ဘဝ၏ဒဏ်ကို လှလှကြီး ခံခဲ့ကြရသဖြင့် ဘဝကို အကြောက်ကြီး ကြောက်သွားကြလေပြီ။ မှောင်အတိ ကျလျက်ရှိသော ဘဝခရီးကြမ်းကြီးကို ဖြတ်သန်းခဲ့ကြရသဖြင့် အလင်းသို့ ရောက်လိုသောဆန္ဒ ပြင်းပြလျက် ရှိကြသည်၊ ဤတွင် သူတို့စိတ်မှာ အသိဉာဏ်ရောင် ဝင်းလက်လာပြီး တစ်စုံတစ်ခုကို လမ်းညွှန်ပြလိုက်သည်၊ ဆိုးအို ညှိုးလျနေသော သူတို့၏ မျက်နှာသည် အတန်ငယ် လန်းဆန်းရောင်သမ်းလာသည်၊ သူတို့သည် ဤသို့ သဘောတူ ဆုံးဖြတ်လိုက်ကြ၏။ “ဂေါတမမြတ်ဘုရားထံ ရှင်ရဟန်း ပြုကြစို့” အမေနှင့် သမီးတို့သည် ဘိက္ခုနီလုပ်၍ ရဟန္တာမ အဖြစ်သို့ ရောက်ကြလေသည်။ သားလည်း ရဟန်းပြု၍ ရဟန္တာအဖြစ်သို့ရောက်ကာ “ဂင်္ဂါတီရိယထေရ်” ဟု ထင်ရှား။

[၂၅] ၏၊ သူတို့သည် ဘဝအပြစ်ကို နဖူးတွေ့ ဒူးတွေ့ သိမြင်ကြ၍ ဘဝကို ရွံမုန်း ငြီးငွေ့ကာ ဘဝချုပ်ရာ နိဗ္ဗာန်သို့ အရောက် လှမ်းခဲ့ကြလေပြီ။

ဘဝဆိုသည်မှာ မရေတွက်နိုင်သော ဒုက္ခတို့၏ စုဝေးရာဌာနကြီး ဖြစ်သည်၊ တောနက် သီခေါင် အမှောင်ကြီး မှောင်ရာဌာန ဖြစ်သည်၊ အန္တရာယ်ပေါသည့် ပင်လယ်ကြောကြီး ဖြစ်သည်၊ အလွန်မနီးသည့် ကန္တာရခရီးကြီး ဖြစ်သည်၊ “မစင်သည် အနည်းငယ်ဖြစ်စေ မကောင်းသော အနံ့ရှိ၏။ ဘဝဆိုသည်မှာလည်း လက်ဖျစ်တစ်တီး အချိန်လောက်ပင်ဖြစ်စေ ချီးကျူးဖွယ် မရှိချေ” ဟု မြတ်ဘုရား ဟောကြားခဲ့ပေသည်။

ပဋိသန္ဓေနေရသည့် ဒုက္ခ၊ အိုရသည့် ဒုက္ခ၊ နာရသည့် ဒုက္ခ၊ သေရသည့် ဒုက္ခ၊ ချစ်ခင်မြတ်နိုးသည့် ပစ္စည်းဥစ္စာ ပုဂ္ဂိုလ်သတ္တဝါတို့နှင့် ကွဲရသည့် ဒုက္ခ၊ မမြင်လို မတွေ့လိုသည့် အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံ ဆုံဆည်းရသည့် ဒုက္ခ၊ လိုချင်တိုင်း မရသည့် ဒုက္ခ အဝဝကား ဘဝမှာသာ တွေ့ရကြုံရသည့် ဒုက္ခများ ဖြစ်ပေသည်။ ဘဝဟူက ထိုဘဝ ဤဘဝ ဘယ်ဘဝမှ မကောင်းပေ။ ဤသို့ရှုမြင်သုံးသပ် အထပ်ထပ် စဉ်းစားပါလျှင် ဘဝအပြစ်ကို မြင်လာနိုင်ပေသည်။ ဘဝအပြစ်ကို မြင်မှ ဘဝချုပ်ရာ နိဗ္ဗာန်ကို မြတ်နိုးတတ်မည်။ ဘဝချုပ်ရာ နိဗ္ဗာန် [၂၆] ကိုမြတ်နိုးတတ်မှ ဘဝမှ လွတ်မြောက်အောင် ကြိုးစားပေမည်။ ထိုသို့ ကြိုးစားမှ ချာချာလည်နေသော ဘဝစက်ဝန်းကြီး ပြိုကွဲတန့်ရပ် အဆုံးသတ်သွားမည် ဖြစ်ပါသတည်း။

ဓမ္မဗျူဟာစာစောင်၊ အတွဲ(၁၂)၊ အမှတ်(၁) ၁၃၃၅ ခုနှစ်၊ တန်ခူးလပြည့်၊ အင်္ဂါနေ့

[၂၇] အနန္တဇိန

“ငါ့ရှင် ! သင့်ဣန္ဒြေကား ကြည်လင်တောက်ပြောင် လှသည်၊ အရေအဆင်းကလည်း သန့်ရှင်းဝင်းလက်နေသည်၊ ငါ့ရှင်သည် အဘယ်သူ့ကို ရည်စူး ဦးတည်ပြီး ရဟန်းပြုခဲ့ပါသနည်း?၊ ငါ့ရှင်၏ ဆရာကား အဘယ်သူနည်း?၊ အဘယ်သူ၏ တရားကို ငါ့ရှင် နှစ်သက်ပါသနည်း?”

ဝါဆိုလပြည့်နေ့ နံနက်ခင်းသည် သာသာယာယာရှိသည်။ ပြာလဲ့လဲ့ ကောင်းကင်ပြင်မှာ ဂွမ်းပုံကြီးအလား ဆွတ်ဆွတ်ဖြူနေသော တိမ်လွှာကြီးများ တရွေ့ရွေ့ သွားနေသည်ကို မြင်ရသည်၊ မြိုင်ယံခင်တန်းမှ တောပန်း တောင်ပန်းတို့သည် မြင်သူ ခူးချင်အောင် ဖူးပွင့် ကြိုင်လှိုင်နေကြသည်၊ ဖြိုးဖြိုးဖျတ်ဖျတ် တောင်လေတိုက်ခတ်တိုင်း ယိမ်းနွဲ့လှုပ်ရှား [၂၈] နေသော သစ်ပင်တို့ကို ကြည့်ရသည်မှာ အကပြိုင်နေကြသလို ရှိသည်။ လေဖိတိုင်း ပြိုအိလှုပ်ရှားနေသော ကောက်ပင်စိမ်းစိမ်းတို့ကလည်း မြစ်တွင်းမှာ လှိုင်းပြေပြေ ထနေသည်နှင့် တူလှသည်။

သည်အခြေမျိုးမှာ သုံးဂါဝုတ်ခန့် ကွာလှမ်းသော ဗောဓိနှင့် ဂယာအကြားရှိ လမ်းကျဉ်းကလေးပေါ်တွင် ခရီးသည်တစ်ဦး ရောက်ရှိနေသည်။ သူကား အာဇီဝကတစ်ဦး ဖြစ်သည်။ ဟောင်းနွမ်းညစ်ပေနေသော အဝတ်တစ်ထည်ကို အပေါ်တွင် သိုင်းခြုံထားသည်မှအပ အောက်ပိုင်းတွင် ဗလာကျင်းထားသည်။ တရော်ကင်ပွန်းနှင့် ကင်းသည့်ပြင် ဆီမသွင်း ဘီးမရှင်းဘဲထား၍ ရှုပ်ထွေးနေသော ဆံကျစ်၊ ထူလပျစ်ပေါက်နေသော မုတ်ဆိတ် ကျင်စွယ်များအကြားမှ အိုမင်းရင့်ရော်နေသော မျက်နှာကို မြင်ရသည်။ အသက်အရွယ် ကြီးရင့်ခြင်း၊ ခြိုးခြံသော အကျင့်ဖြင့် ဆင်းဆင်းရဲရဲ နေခဲ့ရခြင်းကြောင့် မွဲခြောက်တွန့်လိမ်နေသော အသားအရေ ရှိသည်။

“အင်း . . . မနက်ဖြန်ဆို မိုးတွင်းရောက်တော့မယ်၊ ဝတ္ထာရဇနပုဒ်က လုဒ္ဒကရွာကို စောစောရောက်အောင် သွားမှပဲ၊ ငါ့ဒကာ မုဆိုးကြီးလည်း ဒီကနေ့ မျှော်နေရော့ပေါ့” ခရီးစဉ်ကို တွေးတောရင်း နှုတ်မှ ဖွင့်ထုတ်ရေရွတ်ကာ မုတ်ဆိတ်မွေးကို လက်တစ်ဖက်ဖြင့် ဆွဲသပ်၍ အတန်ငယ် [၂၉] ခေါင်းမော့ပြီး ရှေ့ခရီးကို မျှော်ကြည့်လိုက်သည်။ ထိုအခါ သူ၏ မျက်လုံးအစုံသည် ပြူးကျယ်လာပြီး ခပ်သွက်သွက် လှမ်းလာသော ခြေလှမ်းသည် တုံ့ရပ်သွားသည်။ မလှမ်းမကမ်းမှ ရင်ဆိုင်လာနေသော သမဏတစ်ဦးကို မြင်ရသည်။ ထိုသမဏသည် အရောင်ရင့်ရင့် ဆိုးထားသော သင်းပိုင်ကို ဝတ်၍ ဧကသီကို နှစ်စညီပြုပြီး ရုံထားသည်။ ပုခုံးတစ်ဖက်တွင် သပိတ်လွယ်လျက် ရှိသည်။ ထိုသမဏ၏ အသွင်အပြင်သည် ကြည်ညိုဖွယ်ရှိ၏၊ သွားလာပုံမှာ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်၍ ဆင်ပြောင်ကြီးကဲ့သို့ ခံ့ညား တည်ငြိမ်သည်၊ အနီးကပ် ကြည့်ရလျှင် ထူးခြားသပ္ပါယ်လှမျိုးကြွယ်သော ရုပ်ရည်သည် ပီပြင်လာသည်၊ ပြည့်ဖြိုးလုံးဝန်းသော ဦးခေါင်းမှာ လက်နှစ်သစ်ခန့်ရှည်သော ပိတုန်းရောင် ဆံကေသာသည် ဦးထိပ်အလယ် လက်ယာရစ်၍ စေတီငယ်သဏ္ဌာန် စုစုချွန်ချွန် ဖြစ်လျက်ရှိသည်၊ နဖူးပြင်မှာ ရွှေပြားခတ်၍ တပ်ဆင်ထားသကဲ့သို့ လှပသော သင်းကျစ်တော် ပါသည်၊ သိကြားမင်း၏လေး သက်တင်ရေးကဲ့သို့ ညွတ်ကွေးသော မျက်ခုံး၊ နက်မှောင်ကျော့ကျော့ ကော့ရရော့ မျက်တောင်၊ တောက်ပြောင်သော မျက်လုံး၊ ရွှေချွန်းအလား ထင်ရှားသော နှာတံ၊ ဟင်္သာပြဒါးရည် ချင်းချင်းနီ၍ ထိညီ စေ့စပ်သော နှုတ်ခမ်း၊ ခန့်ညားပြည့်ဖြိုးသော မေးတို့ဖြင့် ရှုမဝအောင် လှပသောမျက်နှာရှိသည်။

[၃၀] ထိုသမဏကလေးသည် အသက်အရွယ် နုနယ်လှသေးသော်လည်း တည်ငြိမ်မှုနှင့် အသိဉာဏ်ကား ရင့်ကျက်နေသည်၊ အထက်တန်းကျသော အမျိုးအနွယ်မှဖြစ်ပြီး အံ့ဩလောက်အောင် ထူးခြားသောသူဖြစ်ကြောင်း မြင်ရုံဖြင့် သိနိုင်သည်။ အာဇီဝကကြီးသည် ဤမျှ ထူးခြားသော ရုပ်ရည်၊ မကြုံဖူးသော တည်ကြည်မှုတို့ကြောင့် ထိုသမဏကလေး၏ အကြောင်းကိုသိချင်လှ၍ ဤသို့ မေးမြန်းသည်။ “ငါ့ရှင် ! သင့်ဣန္ဒြေကား ကြည်လင်တောက်ပြောင် လှသည်၊ အရေအဆင်းကလည်း သန့်ရှင်းဝင်းလက်နေသည်၊ ငါ့ရှင်သည် အဘယ်သူ့ကို ရည်စူး ဦးတည်ပြီး ရဟန်းပြုခဲ့ပါသနည်း?၊ ငါ့ရှင်၏ ဆရာကား အဘယ်သူနည်း?၊ အဘယ်သူ၏ တရားကို ငါ့ရှင် နှစ်သက်ပါသနည်း?”

အာဇီဝကကြီးသည် ထိုသမဏကလေး၏ ရုပ်ရည်ကို တအံ့တဩ ချီးကျူးပြီး မိမိသိလိုသော အဖြေကိုစောင့်ရင်း ထိုသမဏလေး၏ မျက်နှာကို အကဲခတ် ကြည့်ရှုလျက် နေသည်၊ ရဲရင့်သော အဖြေလွှာသည် ထိုသမဏလေးထံမှ တည်ငြိမ်ခံ့ညားစွာ ပေါ်ထွက်လာ၏။

“ငါသည် အားလုံးကို အနိုင်ယူ လွှမ်းမိုး၍ အလုံးစုံကို သိပြီးသူ ဖြစ်သည်၊ အားလုံးသော တရားတို့အပေါ် လိမ်းကျံ ငြိကပ်ခြင်း အလျှင်းမရှိသည့်ပြင် အားလုံးကို စွန့်လွှတ်ပြီး ဖြစ်၏၊ အတွယ်အတာ ကုန်ခန်းရာ နိဗ္ဗာန်ကို အာရုံပြု၍ [၃၁] လွတ်မြောက်ပြီး ဖြစ်သည်၊ ကိုယ်တိုင် ထူးခြားသောဉာဏ်ဖြင့် သိခဲ့သောကြောင့် အဘယ်သူ့ကို ဆရာပါဟု ညွှန်ပြရအံ့နည်း?”

အာဇီဝကကြီးသည် အဖြေစကား၏ အနှစ်သာရကို မသိသော်လည်း ရဲရင့်စွာ ဖြေဆိုခြင်းကိုကား ထူးခြားသည်ဟု မှတ်ယူမိသည်၊ “ကိုယ်တိုင်သိလို့ ဘယ်သူ့ကို ဆရာလို့ ညွှန်ပြရမလဲ” ဟူသော စကားကို အနည်းငယ် မကျေနပ်၊ လောကမှာ ဆရာကင်းပြီး ဘာမျှ မသိနိုင်ဟု ခံယူချက် အစွဲသန်နေသည်၊ သို့အတွက် “ဒါဖြင့် ငါ့ရှင်မှာ ဆရာ မရှိဘူးပေါ့” ဟု သံသယမျက်လုံးဖြင့် ပြုံးတုံ့တုံ့ မေးလိုက်ပြန်သည်။

“ဟုတ်ပေသည်၊ ငါ့မှာ ဆရာမရှိ၊ ဆရာမဆိုထားဘိ၊ ငါနှင့်တူသူပင် မရှိ၊ နတ်နှင့်တကွသော လောကမှာ ငါနှင့်အတူ စံပြုလောက်သူလည်း မရှိ”

ဤအဖြေစကားကို ကြားရသောအခါ “တယ် ရဲရင့်ပါကလား” ဟု အာဇီဝကကြီးက တွေးသည်။ ထိုအခါ မိမိမှာ သာမန် သမဏတစ်ဦး မဟုတ်ကြောင်း မပြမသိ၊ ပြမှ သိမည်ဟု ထိုသမဏကလေးက ဤသို့ ဆက်လက် ပြောဆိုသည်။

“လောကမှာ ငါသာလျှင် အရဟန္တအစစ်ဖြစ်သည်၊ ငါသာ အတုမဲ့ ဆရာဖြစ်သည်၊ ငါသာ တစ်ဆူတည်းသော [၃၂] သမ္မာသမ္ဗုဒ္ဓဘုရားအစစ် ဖြစ်သည်၊ အပူခပ်သိမ်း ငြိမ်းအေးပြီးသူ၊ ချုပ်ငြိမ်းပြီးသူ ဖြစ်သည်”။

အာဇီဝကကြီးသည် “ငါသာ တစ်ဆူတည်းသော သမ္မာသမ္ဗုဒ္ဓဘုရားအစစ်” ဟူသော ဝန်ခံချက်ကို ကြားရ၍ သမ္မာသမ္ဗုဒ္ဓဟု ဝန်ခံကြွေးကြော်နေကြသည့် ပူရဏကဿပစသော သူတို့နှင့် နှိုင်းယှဉ်မိသည်၊ “အင်း- ဒီသမဏသာ သမ္မာသမ္ဗုဒ္ဓအစစ် ဖြစ်နိုင်လောက်တယ်” ဟု စဉ်းစား၏၊ သမဏကလေးသည် မိမိ၏ ခရီးစဉ်နှင့် လုပ်ငန်းရပ်ကိုပါ အာဇီဝကကြီးအား ဆက်လက် ပြောပြလိုက်သည်။

“ဓမ္မစက်ကြီး လည်စေရန် ကာသိတိုင်း၏ မြို့တော်သို့ ငါသွားမည်၊ အမှန်တရားနှင့်စပ်၍ မမြင်စမ်းစမ်း မျက်ကန်းပမာ ဖြစ်နေသော လောကသားတို့ထံမှာ အမြိုက်စည်ကြီးကို ရိုက်တီးပေတော့မည်”

ထိုအခါ အာဇီဝကကြီးက ရဲရင့် ပြတ်သားသော ဝန်ခံချက်တို့ကို ကြားရ၍ “ငါ့ရှင်၏ ဝန်ခံချက်အတိုင်း ငါ့ရှင်သည် အနန္တဇိန (မဆုံးနိုင်သော ဉာဏ်ဖြင့် ကိလေသာကို အောင်နိုင်သူ) ဘွဲ့ထူးကို ခံထိုက်ပါသလော?” ဟု မေးရာ• • • “အာသဝေါကုန်ခြင်းသို့ရောက်ရှိပြီးသူ ငါကဲ့သို့သော ပုဂ္ဂိုလ်တို့သည် ဇိနဖြစ်ကြလေသည်၊ ငါသည် ယုတ်မာညစ်ကျေး [၃၃] မကောင်းမှုတို့ကို အောင်နိုင်ပြီးသူ ဖြစ်သောကြောင့် ငါသည် ဇိနအစစ်ဖြစ်ပေသည် ဥပက” ဟု မိန့်ဆို ဖြေကြားသည်။ ထိုအခါ ဥပကမည်သော အာဇီဝကကြီးသည် “ဤမျှ ရုပ်ရည်ချောမော သန့်ပြန့်သူမှာ ဤလို အသိဉာဏ်မျိုး ရှိလောက်ပါပေသည်” ဟု တွေးတောအားရ မှတ်ချက်ချပြီးလျှင် “ငါ့ရှင်ပြောသည့်အတိုင်း ဟုတ်ပေရာ၏” ဟု ခေါင်းတဆတ်ဆတ် ငြိမ့်ကာ လမ်းဖယ်ပြီး ခရီးဆက်လေတော့၏။

ဓမ္မဗျူဟာစာစောင်၊ အတွဲ(၁၂)၊ အမှတ်(၄) ၁၃၃၅- ခုနှစ်၊ ဝါဆိုလပြည့်စနေနေ့ (၁၄.၇.၇၃) သာသနာနှစ် (၂၅၁၇)

[၃၅] ဆေးကြောပြီးသော လက်ရှိသူ

ကိုမာလာ

သဒ္ဓါတရားကောင်းသူ အပေးအကမ်း ရက်ရောသူကို “ပယတပါဏိ- ဆေးကြောပြီးသော လက်ရှိသူ” ဟု မြတ်စွာဗုဒ္ဓ ဟောပြတော်မူခဲ့ပေသည်။ သဒ္ဓါတရားကောင်းသူမှာ မစ္ဆရိယ အညစ်အကြေး ကင်းစင်သန့်ရှင်းနေသဖြင့် သူ၏လက်သည် ပေးကမ်းဖြန့်ဝေရန် အသင့်ဖြစ်နေ၏။ နှမြောတွန့်တိုခြင်း အလျှင်းမရှိ၊ ပေးရ ကမ်းရလျှင် ပျော်ရွှင်နေတတ်၏၊ တောင်းရ ရမ်းရ အလွန်လွယ်၏၊ ပေးချင် ကမ်းချင်သည်၊ လှူချင် တန်းချင်သည်၊ အနည်းဆုံး မိမိစားနေသည့် မုန့်တစ်ချပ် ငှက်ပျောသီးတစ်လုံးကိုပင် “ရော့၊ အင့်” ဟု တစ်ဖဲ့တစ်ချိုး ခွဲဝေပေးတတ် ကျွေးမွေးတတ်သည်။ ပေးရ ကျွေးရမှလည်း ကျေနပ်တတ်လေသည်။

[၃၆] အများစု၏ လက်သည် သူတစ်ပါး၏ ပစ္စည်းကို ယူရာ၌ သွက်သလောက် ကိုယ့်ပစ္စည်းကို သူတစ်ပါးအား ပေးရာ၌မူ တွန့်နေတတ်ကြသည်၊ ထိုသို့ဖြစ်ခြင်းမှာ ထိုသူ့သန္တာန်၌ မစ္ဆရိယအညစ်အကြေးများ စွန်းငြိ ပေရေ ညစ်ထေးနေသောကြောင့်တည်း။ မှန်၏၊ မစ္ဆရိယအညစ်အကြေး ညစ်ထေး စွန်းပေနေသောသူ၏ လက်သည် အပေးမရှိ၊ အယူသာရှိ၏။ ထိုသူမျိုးသည် မိမိပစ္စည်းကို ကျစ်ကျစ်ပါအောင် ထုပ်ပိုးထားတတ်ပြီး သူတစ်ပါး၏ပစ္စည်းကိုမူ မရအရ နှိုက်ယူ တတ်လေသည်။

မစ္ဆရိယသည် စိတ်ကို စွဲမှီ ဖြစ်ပေါ်လာတတ်သော စေတသိက်တရားမျိုး ဖြစ်သည်။ ရရှိပြီးနှင့် ရရှိမည့် မိမိဥစ္စာကို လျှို့ဝှက်ထားခြင်း လက္ခဏာရှိ၏၊ မိမိပစ္စည်း သူတစ်ပါးနှင့် ဆက်ဆံရမည်ကို မခံနိုင်ခြင်းကိစ္စ ရှိ၏။ မစ္ဆရိယသမားသည် ကိုယ့်ပစ္စည်းကို သူများပေးဖို့ နေနေသာသာ၊ ကိုင်ကြည့်သည်ကိုပင် မကြိုက်နိုင် ဖြစ်တတ်သည်။ မိမိပစ္စည်း သူတစ်ပါးအား ပေးကမ်းရန် မလွှဲသာ၍ ကြုံလာပြန်လျှင်လည်း မပေးစွန့်လို တွန့်တိုနေတတ်သော သဘောဟု ယောဂီပုဂ္ဂိုလ်တို့ ဉာဏ်အမြင်မှာ ထင်ဟပ်လာသည်။ မစ္ဆရိယတရား ဖြစ်ပွားလာခြင်း၏ အနီးကပ်ဆုံး အကြောင်းမှာ မိမိ စည်းစိမ်ဥစ္စာပင် ဖြစ်သည်၊ မိမိ၏ စည်းစိမ်ဥစ္စာကို အာရုံပြု၍ မစ္ဆရိယတရား ဖြစ်ပွားညစ်ထေးလာခြင်းဖြစ်သည်။

[၃၇] မစ္ဆရိယသမား၏ လက်သည် “ညစ်ပေနေသောလက်” ဖြစ်သည်၊ မစ္ဆရိယအညစ်အကြေး အနည်းငယ် စွန်းငြိညစ်ပေနေလျှင် ကိုယ့်ပစ္စည်းကို ဆုပ်ကိုင်ထားလိုက်၏။ များများ ညစ်ပေလာလျှင်ကား သူများ ပေးကမ်းလှူဒါန်းနေသည်ကို အချောင် နှမြောကာ ဝင်ရောက် ဟန့်တားမိတတ်သည်၊ ကဲ့ရဲ့ ပြစ်တင်မိတတ်သည်၊ ကာဠအမတ်ကြီးသည် ပသေနဒီ ကောသလမင်းကြီး၏ အသဒိသဒါနပွဲကို ပြစ်တင် ဝေဖန်မိ၍ အပြစ်ကြီးစွာ ရဖူးလေသည်။

မစ္ဆရိယသည် မိမိကိုလည်း အကျိုးမပြု၊ သူတစ်ပါးကိုလည်း အကျိုးမပြု၊ မည်သူ့ကိုမှ အကျိုးမပြုချေ။ သို့အတွက် မစ္ဆရိယအညစ်အကြေးကို သဒ္ဓါရေစင်ဖြင့် ပြောင်စင်အောင် ဆေးကြောပစ်သင့်ပေသည်။ မစ္ဆရိယအညစ်အကြေးကင်းဝေး သန့်စင်နေသောသူကို “ဆေးကြောပြီးသော လက်ရှိသူ” ဟု ဆိုရသည်။ ဆေးကြောပြီးသော လက်ရှိသူသည် မိမိပစ္စည်းကို ပေးကမ်း ဖြန့်ဝေရန် အသင့် ဖြစ်နေတတ်သည်။ ယူရမည်ထက် ပေးရမည်ဆိုလျှင် ပိုသွက်တတ်သည်။ ဝေဖန် ခွဲခြမ်း ပေးကမ်း လှူဒါန်းမှုတွင် မွေ့လျော်ပျော်ရွှင်တတ်သည်၊ တောင်းရရမ်းရ အလွန်လွယ်သည်၊ မိမိအတွက် ပဓာနမထား၊ တောင်းခံလာသူအား ကြည်ဖြူရက်ရောစွာ ပေးတတ်ကမ်း တတ်လေသည်။

သိဝိမင်းသည် မိမိမျက်လုံးကိုပင် နှမြောမဖက် [၃၈] ရက်ရောစွာ ထုတ်ယူလှူဒါန်းဖူးသည်၊ ဝေဿန္တရာမင်းသည် မယ်တော်ဝမ်းမှ ဖွားမြင်စမှာပင် “မေမေ ! လှူချင်တယ်၊ ဘာရှိလဲ” ဟု လက်ဖြန့်တောင်းသည်၊ မယ်တော်ကလည်း ဝမ်းသာအားရပင် “ရော့၊ ငါ့သား! ကြိုက်သလို လှူ” ဟုဆိုကာ ငွေတစ်ထောင်ထုပ်ကို လက်ထဲထည့်ပေးသည်၊ လေးနှစ်သား အရွယ်တွင် တစ်သိန်းတန် မင်းသားဝတ်တန်ဆာများကို ကိုးကြိမ်တိတိ အထိန်းတော်များအား ချွတ်ပေးဖူးသည်။ ပေးရကမ်းရလှူဒါန်းရလျှင် ကျေနပ်ပျော်ရွှင်နေသည်။ ပေးချင် ကမ်းချင် လှူချင် တန်းချင်စိတ်သည် ထာဝရထက်သန်နေသည်။ ရှစ်နှစ်သား အရွယ်တွင် “အကယ်၍များ တောင်းခံလာသူ ရှိလျှင် ငါ့အသည်းနှလုံးပင် ဖြစ်စေ လှူဒါန်းမည်” ဟု ကြံစည် သုံးသပ် ဆုံးဖြတ်လိုက်ရာ မြေကြီးပင် သိမ့်သိမ့်ခါအောင် တုန်လှုပ်သွားဖူးသည်။

ဆေးကြောပြီးသော လက်ရှိသူများသည် မည်သည့်အရာကိုမဆို ပေးကမ်းလှူဒါန်းရန် ဝန်မလေးကြပေ။ အသိဉာဏ်ရှိသော လူသားကို မဆိုထားဘိ၊ အလောင်းတော် ယုန်ကလေးသည်ပင် ဆေးကြောပြီးသော လက်ရှိသူဖြစ်ခဲ့၏။ မီးပုံတွင်း ခုန်ဆင်းပြီး မိမိအသားကိုပင် ရဲဝံ့စွာ လှူဒါန်းသဖြင့် လဗိမာန်တွင် ယုန်တံဆိပ် ခတ်နှိပ်ကာ ဂုဏ်ပြုခံခဲ့ရပေသည်။ “ပုခက်လွှဲသော လက်သည် ကမ္ဘာကို စိုးမိုး၏” ဟု ဆိုသည်ထက် “ဆေးကြောပြီးသော လက်သည် ကမ္ဘာကို [၃၉] စိုးမိုး၏” ဆိုခြင်းက ပို၍ အမှန်နှင့် နီးစပ်နိုင်ရာသည်။ အမှန်ပင် အပေးအကမ်း ရက်ရောဆေးကြောပြီးသော လက်ရှိသူတို့၏ ဂုဏ်သတင်းသည် ကမ္ဘာချင်းအောင် တည်ရှိပေသည်။ ဘုရားတန်ဆောင်း ဂူကျောင်း ရေကန်တို့၌ ထိုသူတို့၏ အမည်များသည် ကျက်သရေရှိစွာ ပေါ်လွင် ထင်ရှားလျက် ရှိကြပေသည်။

မြန်မာပြည်သူတို့သည် ဗုဒ္ဓဘာသာတရားတော်၏ သွန်သင်ချက်ကြောင့် မစ္ဆရိယအညစ်အကြေး နည်းပါး၍ အပေးအကမ်း ရက်ရောကြသည်။ မရှိနွမ်းပါးသူများကို သနားတတ်ကြသည်။ ထောက်ပံ့ပေးကမ်း ကူညီတတ်ကြသည်။ မိတ်ဆွေ သူငယ်ချင်းများတွေ့လျှင် အတင်းဖိတ်ခေါ်၍ ကျွေးမွေးတတ်ကြသည်။ မိသားစုထမင်းဝိုင်းမှ “ထမင်း သုံးဆောင်လှည့်ပါဦးဗျို့၊ ထမင်းသုံးဆောင် လှည့်ပါဦးရှင်” အတင်း မရမက ဖိတ်ခေါ်တတ်ကြသည်။

မြန်မာပြည်သူတို့သည် ဧည့်သည်လာလျှင် ကျွေးမွေး ဧည့်ခံရမှ ကျေနပ်တတ်ကြသည်၊ ဘယ်အိမ်တက်တက် အနည်းဆုံး ကွမ်းဆေးလက်ဖက်ဖြင့် ဧည့်ခံလေ့ရှိကြသည်ပင်။ ထမင်းတစ်နပ် ကျွေးရန် မည်သူမျှ ဝန်မလေးတတ်ကြ၊ မြန်မာပြည်သူတို့သည် ဆေးကြောပြီးသော လက်ရှိသူများ ဖြစ်ကြသည်။ မြန်မာပြည်၌ ၁၂-ရာသီလုံးလုံး ဒါနပွဲများဖြင့် စည်ကားလျက် ရှိ၏၊ ဘုရားပွဲကျောင်းပွဲ ရှင်ပြုရဟန်းခံ [၄၀] ဆိတ်သုဉ်းသွားသည်ပင် မရှိ၊ အလှူမင်္ဂလာပွဲအတွက် ထမင်းအိုး ဟင်းအိုးများမှာ အခိုးအငွေ့များ တလူလူ တက်လျက် ရှိသည်။ အကျွေးအမွေး ပေါသည်၊ အလှူအတန်း များသည်၊ လှူဒါန်းပေးကမ်းခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ ကမ္မဿကတာအမြင်ဖြင့် ကြည့်လျှင် ကျေနပ်အားရဖွယ် ဖြစ်သည်။ လှူဒါန်းပေးကမ်းသဖြင့် လူတစ်ဦးတည်း၏ လက်၌ ငွေကြေးပမာဏ မြောက်မြားစွာ စုပုံမနေတော့ရာ ဘောဂဗေဒအရလည်း ကျေနပ်စရာပင် ဖြစ်သည်။ မိမိပစ္စည်းကို လှူဒါန်း ပေးကမ်းရာ၌ နယ်နိမိတ် ကန့်သတ်ဘောင်ခတ်ထားခြင်းမရှိ၊ မိမိ စိတ်ကြည်လင်ရာ လှူဒါန်းပေးကမ်းနိုင်သည်၊ အလှူ၏ အကျိုးကိုလည်း ထိုက်တန်သလောက် ရရှိနိုင်သည်ပင်။

“အို ဝစ္ဆဂေါတ္တ ! လူအား လှူဒါန်းပေးကမ်းသည်ကို မဆိုထားဘိ၊ ရေပိုးရေမွှားကလေးတွေ စားကြပါစေ ဆိုသည့် စေတနာဖြင့် အိုးဆေးရေ ခွက်ဆေးရေကို ရေမြောင်း ရေအိုင်တွင် သွန်ပစ်တာတောင်မှ ကောင်းကျိုးသုခ ရနိုင်ပေသည်” ဟု မြတ်စွာဗုဒ္ဓ ဟောတော်မူခဲ့ပေသည်။

သို့ရာတွင် လယ်သမားထုံးကိုကား နှလုံးမူရာသည်။ သီးနှံဖြစ်ထွန်း၍ အမြတ်များများ ရလိုသော လယ်သမားသည် မြေကောင်းရွေး၍ စိုက်ပျိုးသကဲ့သို့ ကောင်းကျိုးသုခ များများ ရလိုသော သူသည်လည်း အကျင့်ကောင်းသူ မြင့်မြတ်သူကို [၄၁] ရွေးချယ် လှူဒါန်းရသည်။ ထို့ပြင် မိမိ၏ စေတနာအင်အားကလည်း ကောင်းကျိုးသုခ များစွာရရေး မရရေးတွင် အဆုံးအဖြတ် ပေးနိုင်၏၊ စေတနာထက်သန်လျှင် ထက်သန်သလောက် ကောင်းကျိုးသုခ ဖြစ်ထွန်းပေါ်ပေါက်နိုင်ပေသည်။

စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းသည် မိမိလည်း အကျိုးရှိ၊ သူတစ်ပါးလည်းအကျိုးရှိ၊ နှစ်ဦးနှစ်ဝလုံးပင် အကျိုးရှိပေသည်။ နှမြောတွန့်တိုခြင်းကား မည်သူမျှ အကျိုးမရှိချေ။ “မစ္ဆရိယသမား၏ လက်ထဲရှိ ပစ္စည်းဥစ္စာများသည် ရက္ခိုသ် စောင့်သော ရေကန်ကြီးသဖွယ် မည်သူ့ကိုမျှ အကျိုးမပြု” ဟု မြတ်စွာဗုဒ္ဓ ဟောပြတော်မူခဲ့သည်။ သို့အတွက် မစ္ဆရိယ ရက္ခိုသ်ကို ထုတ်နှင်ဖယ်ရှား၍ အများသုံး ရေကန်ကြီး ဖြစ်အောင် လုပ်သင့်၏။

ကျွန်ုပ်တို့သည် မစ္ဆရိယ အညစ်အကြေးကို ပြောင်စင်အောင် ဆေးကြောသုတ်သင်ကြပါစို့၊ ကျွန်ုပ်တို့၌ရှိသော ပစ္စည်းတို့ကို အများနှင့်အတူ ကြည်ဖြူစွာ ခွဲဝေ သုံးစွဲကြပါစို့၊ အများအား ပေးကမ်းဖြန့်ဝေရန် “ဆေးကြောပြီးသော လက်ရှိသူ” တွေ ဖြစ်ကြပါစို့။

ဓမ္မဗျူဟာစာစောင်၊ အတွဲ(၁၂)၊ အမှတ်(၈) ၁၃၃၅- ခုနှစ်၊ တန်ဆောင်မုန်းလပြည့်၊ သောကြာနေ့ (သာသနာနှစ်- ၂၅၁၇) (၉-၁၁-၇၂)

[၄၃] ဝါကျွတ်ပွဲ၏ ရှုခင်းတစ်ခု

ဤအသျှင်နန္ဒမာလာဘိဝံသ လွန်ခဲ့သော ၂၅၅၆-နှစ်မှ ဝါကျွတ်ပွဲ၏ ရှုခင်းတစ်ခု. . . ထိုနှစ် ထိုနေ့ မွန်းတိမ်းစအချိန်မှာ သင်္ကဿမြို့ အနီးတွင် လူထုပရိသတ်ကြီးသည် ကြိတ်ကြိတ်တိုး စည်ကားလျက် ရှိသည်။ အရှင်သာရိပုတ္တရာ ခေါင်းဆောင်သော သံဃာတော်ထုကြီးကလည်း လူထုရှေ့ ရောက်ရှိနေသည်၊ ပရိသတ်အားလုံးသည် အားတက်သရော စောင့်မျှော်နေကြသည်။ လူတိုင်း၏ မျက်လုံးအစုံသည် ပြာလဲ့လဲ့ ကောင်းကင်ကြီးကို ကြည့်၍ တစ်စုံတစ်ခုကို ရှာနေသကဲ့သို့ ရှိသည်။ လူထုပရိသတ်ကြီးသည် တိုင်ပင်မထားဘဲ ‘ဟယ်’ ဟု တစ်ပြိုင်နက် အော်လိုက်မိသည်။ ပြာလဲ့လဲ့ ကောင်းကင်ပြင် [၄၄] ကြီးကို ထိုးဖောက်၍ ဖြူနီဝါရောင်ခြည်တန်းကြီး သုံးသွယ်သည် ရုတ်တရက် ပေါ်လာသည်။ သင်္ကဿမြို့ တံခါးဆီသို့ ထိုးစိုက်ကျရောက်လာသည်၊ ငွေစောင်းတန်း၊ ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း စောင်းတန်းကြီး သုံးသွယ်အဖြစ် ထင်ရှားလာသည်။

မကြာမီပင် သာယာငြိမ့်ညောင်းလှသည့် နတ်စည်၊ နတ်စောင်းသံများနှင့်အတူ အလယ်ဗဟိုပတ္တမြားစောင်းတန်းမှ တစ်လှမ်းချင်း ကြွဆင်းလာသော မြတ်ဗုဒ္ဓကို ထင်ရှားစွာ ဖူးမြင်ကြရသည်။ ရွှေစောင်းတန်းမှ နတ်များ၊ ငွေစောင်းတန်းမှ ဗြဟ္မာများ ခြံရံလိုက်ပို့ကြသည်။ နတ်အဆိုကျော် ပဉ္စသိခ သည် ဗေလုဝနတ်စောင်းကို သာယာငြိမ့်ညောင်းစွာ တီးလျက်၊ သုယာမနတ်မင်းကြီးသည် စာမရီသားမြီးယပ် ကိုင်လျက်၊ သန္တုဿိတနတ်မင်းကြီးက ပတ္တမြားယပ် တလွှဲလွှဲ ခတ်လျက်၊ သိကြားမင်းကြီးက ဝိဇယုတ္တရ ခရုသင်းကို ဗြဟ္မာများက ထီးဖြူတွေ မိုးလျက် လိုက်ပါကြသည်။

စောင်းတန်းဦး ရောက်သည်နှင့် တစ်ပြိုင်နက် သံဃာ့ခေါင်းဆောင်ဖြစ်သူ အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓကို ဦးစွာ ကြိုဆိုဦးတိုက် နှုတ်ဆက်သည်၊ ဘိက္ခုနီများမှ ဥပ္ပလဝဏ္ဏာထေရီ က ဒုတိယ၊ ပရိသတ်များက တတိယ ရှိခိုး နှုတ်ဆက်ကြသည်၊ အရှင်သာရိပုတ္တရာက ဤသို့ လျှောက်ထားသည်။

[၄၅] “အို မြတ်စွာဘုရား . . . ၊ ယနေ့ မြတ်စွာဘုရားကို လူနတ်အားလုံးတို့က ချစ်ခင် ကြည်ညိုကြောင်း ပြသလျက် ရှိကြပါပြီ၊ မြတ်ဘုရား၏ ဘဝမျိုးကို လိုလားတောင့်တလျက် ရှိကြပါပြီ”

ထိုအခါ မြတ်ဗုဒ္ဓက “ပိုင်နိုင်စွာ ရှုမှတ်၍ လွတ်လပ်ငြိမ်းချမ်းသော တရား၌ နှစ်ခြိုက်ပျော်ပိုက်လျက် အစဉ်သတိရှိသော ပညာရှိပုဂ္ဂိုလ်များကို နတ်လူတွေက ချစ်ခင်တောင့်တကြတာ ထုံးစံပဲ” ဟု မိန့်တော်မူသည်။ ထို့နောက် အရှင်သာရိပုတ္တရာ၏ ဂုဏ်ရည်များ ပေါ်လွင်စေရန် ပြဿနာများမေး၍ အရှင်သာရိပုတ္တရာက ဖြေဆိုရာ အရှင်သာရိပုတ္တရာ၏ ပညာစွမ်းကို အံ့ဩချီးမွမ်းကြရသည်။ အရှင်သာရိပုတ္တရာ သည် အောက်ပါပြဿနာများကို မေးလျှောက်သည်။

“ဒီနေ့လောက် တင့်တယ်သည့် မြတ်ဘုရား၏ အသရေတော်ကို ရှေးကမြင်လည်း မမြင်ဖူး၊ သူများပြောသံလည်း မကြားဖူးပါ။ မြတ်ဘုရား၏ စွမ်းရည်ကို လူနတ်တွေအားလုံး ယနေ့ လက်တွေ့ သိမြင်ကြရပါပြီ။ လွတ်လပ်သော၊ တည်ကြည်မြင့်မြတ်သော၊ ရိုးသားသော လောကထွတ်ထား မြတ်ဘုရားကို အများအတွက် ပြဿနာ မေးလျှောက်လိုပါသည်။”

“ဖြစ်, အို, နာ, သေ ဒုက္ခတွေကို ရွံ့မုန်းလှ၍ လူသံတိတ်ဆိတ် တောမြိုင်ရိပ်သို့ ခိုဝင်ကပ်နား အမှတ်တရား [၄၆] ဖြင့် နေသော ရဟန်းအဖို့ ကြောက်စရာကောင်းသော်လည်း မကြောက်သင့်သော အာရုံ မည်မျှရှိပါသနည်း?”

“တောစခန်းမှ ဘဝလွတ်မြောက်ရေး ကြိုးပမ်းနေသော ရဟန်းက အနိုင်တိုက်ရမည့် ဘေးရန်တွေ မည်မျှ ရှိပါသနည်း?”

“ထိုရဟန်းအနေနဲ့ ဘယ်စကား ပြောသင့်၊ ဘယ်နေရာ သွားလာသင့်၊ ဘယ်အလုပ် လုပ်သင့်ပါသနည်း?”

“ထိုရဟန်းသည် အဘယ်သိက္ခာကို ခံယူကျင့်သုံးပြီး ရင့်ကျက်သောဉာဏ်ရည်၊ တည်ကြည်သော နှလုံး၊ အစဉ်သုံးသော သတိဖြင့် ငွေစင်အောင် လုပ်သော ပန်းထိမ်သည်ပမာ ကိုယ့်ကိုယ်ကိုယ် သန့်စင်အောင် လုပ်ရပါမည်နည်း?”

မြတ်ဗုဒ္ဓ၏ အဖြေလွှာမှာ ဤသို့တည်း။
“ထက်မြက်သော ပညာ၊ ထင်စွာသော သတိဖြင့် ရဟန်းကျင့်ဝတ်၌ တည်၍ မှက် ခြင် ယင်ရိုင်းဘေး၊ မြွေကင်း ဘေး၊ လူဆိုးသူဆိုးဘေး၊ သားရဲ တိရစ္ဆာန်ဘေး၊ အယူဝါဒ မတူသော သူတို့၏ဘေး ဤဘေးငါးမျိုးနှင့် ရင်ဆိုင်တွေ့သော်လည်း ရဟန်းသည် ကြောက်ရွံ့မနေသင့်။”

“အပြစ်ကင်းသော ကျင့်စဉ်ကို ရှာဖွေစူးစမ်းနေသော ရဟန်းသည် အနာရောဂါ၊ ဆာလောင်မွတ်သိပ်မှု၊ အပူဒဏ် အအေးဒဏ်တို့ကို ခံနိုင်ရမည်။”

“မခံနိုင်၍ အကုသိုလ်မှ သက်သာရာ မရှာသင့်၊ ဇွဲသန်သန် အားထုတ်သင့်၏။”

[၄၇] စကား
“ရဟန်းသည် ခိုးဝှက်လုယူခြင်း မပြုသင့်၊ မုသားမပြောသင့်၊ သတ္တဝါတွေအပေါ် မေတ္တာထားရမည်၊ စိတ်ဆိုးစိတ်ညစ်များပေါ်လာက မကောင်းကျိုးပေးမည့် တရားတွေပဲဟု ပယ်ပစ်လိုက်ရမည်။”

“ရဟန်းသည် ဒေါသတကြီး စိတ်လိုက်မာန်ပါ မလုပ်သင့်၊ မာနမကြီးသင့်၊ ဒေါသမာနတို့ကို အမြစ်ပါမကျန် တူးဖြိုပစ်ရမည်၊ ချစ်ခြင်းမုန်းခြင်း နှစ်မျိုးကို အနိုင်တိုက်ရမည်၊ ကောင်းမြတ်သော ပီတိကို အရယူ၍ ပညာရှေ့ထား ဘေးရန်များကို တော်လှန်ပစ်ရမည်။”

“ဆိတ်ငြိမ်ရာဌာနနှင့် အလုပ်စခန်းဝယ် မပျော်ပိုက်ခြင်းကို အနိုင်တိုက်ရမည်၊ စားဝတ်နေရေးကို တွေးမိလျှင် ပစ္စည်းမဲ့ရဟန်းအဖို့ ငိုမိတတ်သည်၊ ထိုအတွေးများကို ဖျောက်ပစ်ရမည်။”

“အချိန်တန်၍ ဆွမ်းသင်္ကန်း ရလာသောအခါ ရောင့်ရဲမှုဂုဏ် မပျက်စေရန် ဒကာ့ပမာဏ ကိုယ့်ပမာဏ သိရမည်၊ မြို့တွင်း ရွာတွင်းသို့ ရောက်သောအခါ ဣန္ဒြေ ထိန်းချုပ်၍ သွားရမည်၊ လူတွေက စော်စော်ကားကား ပြောလာပြန်လည်း ကြမ်းတမ်းသော စကားမျိုးဖြင့် ပြန် မပြောရ။”

“မျက်လွှာချ၍ သွားရမည်၊ ထိုထို ဤဤ လျှောက်မသွားရ၊ ရှုမှတ်မှု တရား အားထုတ်ရမည်၊ နိုးနိုးကြားကြား [၄၈] နေရမည်၊ ဥပေက္ခာရှိသော တည်ကြည်မှုမျိုးရအောင် အားထုတ်ရမည်၊ မကောင်းသော အတွေးအတောများ၊ နောင်တများကို ဖြတ်ပစ်ရမည်။”

“ဆရာသမားများက သတိပေး ဆုံးမသောအခါ နှစ်သက်စွာ လက်ခံရမည်၊ သီတင်းသုံးဖော်များအပေါ် ထိပါးပုတ်ခတ်ချင်စိတ်ဟူသော ငြောင့်ကိုနှုတ်ဖယ်ပစ်ရမည်၊ အပြစ်ကင်းသော စကားကိုသာ အချိန်နဲ့အချိန် ပြောရမည်၊ လူကဲ့ရဲ့ခံရမည့် အလုပ်မျိုးကို စိတ်ကူးပင် မထည့်ရ။”

“အာရုံငါးပါးမှာ စွဲကပ်တတ်သော တဏှာမြူကို ဖယ်ရှားနိုင်အောင် ကျင့်ရမည်။ သို့မှသာ အာရုံ၏ အတိုက်အခိုက်ကို ခံနိုင်မည်။”

“ငါးပါးအာရုံ ကာမဂုဏ်၌ ခင်တွယ်သော ဆန္ဒကို ဖယ်ရှား၍ အစဉ်ကပ်သော သတိ၊ လွတ်လပ်သော စိတ်ရှိလျက် သင်္ခတတရားတို့၌ စူးစိုက်လေ့လာခြင်းဖြင့် မသိခြင်း အမှောင်ထုကို ဖြိုခွင်းရာသတည်း။”

မြတ်ဗုဒ္ဓသည် ကြည်လင်ပြတ်သားသောအသံဖြင့် ဟောကြား၍ တရားတော်ကို အဆုံးသတ်လိုက်သည်၊ ပရိသတ်ကြီးထံမှ တောင်ပြိုမြေအက် ဝက်ဝက်ကွဲမျှ သာဓု သံကြီး ပေါ်ထွက်လာသည်။ ဤကား လွန်ခဲ့သော ၂၅၅၆- နှစ်မှ ဝါကျွတ်ပွဲ၏ ရှုခင်းတစ်ခု ဖြစ်သည်။

“ဘေးရန်တွေနဲ့ ရင်ဆိုင်ရပေမယ့် မကြောက်နဲ့၊ ကိုယ့်အလုပ်ကို ရဲရဲလုပ်၊ ရိုးရိုးနေ၊ စိတ်ကောင်းမွေး၊ အများ [၄၉] ကောင်းကျိုး ဆောင်ရွက်၊ ဒေါသ မာန မကြီးနဲ့၊ အာဏာ မပြနဲ့၊ အကျိုးပြုသော ဝေဖန်ချက်မျိုးကို လက်ခံ၊ ငါ့အလုပ် အောင်မှအောင်ပါ့မလားဆိုသည့် ပျော့ညံ့သောစိတ်မျိုးကို ဖယ်ရှားပစ်၊ ကိုယ့်လမ်းစဉ်နှင့်ဆန့်ကျင်သော အလုပ်မျိုးကို စိတ်ကူးပင် မထည့်ရ” စသော သွန်သင်ချက်များသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၆-နှစ်မှ ယနေ့တိုင်အောင် လူတိုင်းအတွက် ဘဝလမ်းညွှန်များအဖြစ် တည်ထွန်းလျက် ရှိပေသတည်း။

ဓမ္မဗျူဟာစာစောင်၊ အတွဲ(၁၂)၊ အမှတ်(၇) ၁၃၃၅- ခုနှစ်၊ သီတင်းကျွတ်လပြည့်၊ ကြာသပတေးနေ့ (၁၁.၁၀.၇၃)၊ သာသနာနှစ် (၂၅၁၇)

[၅၁] လက်တွေ့ကျသည့်အဖြေ

. ကိုမာလာ တစ်ချိန်က မဂဓသည် နယ်မြေဒေသ ကျယ်ဝန်းသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်ခဲ့၏။ သယံဇာတ ကြွယ်ဝ၍ ရွှေတွင်း ငွေတွင်းတို့ဖြင့် ဝင်းဝင်းလဲ့နေသည်။ ဇောတိက၊ ဇဋိလ၊ မေဏ္ဍက၊ ကာကောဏ္ဏ၊ ကာကဝလိယတို့သည် မဂဓရတနာ သူဌေးကြီးများ ဖြစ်ကြသည်။ မဂဓသည် ဆန်စပါး များစွာ ထွက်၍ စားနပ်ရိက္ခာ ကြွယ်ဝ၏။ မဂဓနယ်မြေ တစ်ဝက်ခန့်ကို စပါးကွင်းများက နေရာယူထားကြ၏။ ရွှေရောင်ဝင်း၍ စပါးနံ့ သင်းနေသည်။ မဂဓသားတို့သည် လယ်ယာလုပ်ငန်းတွင် ကျွမ်းကျင်ကြသည်။ မဂဓလယ်ကွက်များသည် အလွန်လှပ၍ စနစ်တကျရှိ၏။ လေးထောင့်ကွက်ဖွဲ့ပုံ၊ ကွက်စဉ်ဖော်ပုံ၊ အကန့်သွင်းပုံ၊ ကန်သင်းဆည်ပုံမှာ အလွန်ခေတ်မီ၏။

[၅၂] တစ်ရပ်တစ်ကျေးမှ ရောက်လာသူတွေ တစ်အံ့တစ်ဩ ငေးမော ကြည့်မိကြ၏၊ မဂဓသည် ကြွယ်ဝချမ်းသာသော နယ်မြေဒေသကြီးတစ်ခု ဖြစ်သည်။

နာဠန္ဒသည် မဂဓ၏ မြို့ကလေးတစ်မြို့ ဖြစ်သည်၊ ရာဇဂြိုဟ်မြို့တော်နှင့် ရှစ်မိုင်ခန့်သာ ကွာဝေး၏၊ အပေါ်ရုံထည်များ ဆာရီများ ရောင်းချရာ ပင်ရင်းဌာနကြီးတစ်ခု ဖြစ်သည်။ နာဠန္ဒဆာရီများသည် နာမည်ကြီး၏၊ လှပခိုင်ခံ့ လူကြိုက်များသည်၊ မဂဓပျိုဖြူများသည် နာဠန္ဒဆာရီကို စုံမက် မြတ်နိုးကြ၏။ တစ်ကူးတစ်က မှာယူဝတ်ဆင်ကြသည်။ နာဠန္ဒမှ ဆာရီကုန်သည်သူဌေးကြီးသည် ဗုဒ္ဓအရှင်မြတ်၏ ဥပါသကာတစ်ဦး ဖြစ်၏။ သူ၏ သရက်ဥယျာဉ်ကြီး၌ ကျောင်းဆောက်၍ ဗုဒ္ဓအရှင်မြတ်အား လှူဒါန်းထားသည်။ ဗုဒ္ဓအရှင်မြတ်သည် နာဠန္ဒရောက်လာတိုင်း သရက်ဥယျာဉ် ကျောင်း၌ သီတင်းသုံးတော်မူလေ့ရှိသည်။

ဗုဒ္ဓအရှင်မြတ်သည် မဂဓနယ်မြေတွင် ခရီးလှည့်ရင်း နာဠန္ဒသို့ ရောက်တော်မူလာ၏၊ သရက်ဥယျာဉ်ကျောင်းမှ သရက်ပင်ပျိုတို့သည် ဗုဒ္ဓအရှင်မြတ်ကို ကြိုဆိုနေကြ၏။ ဗုဒ္ဓအရှင်မြတ် ကြွရောက်လာသည့်အခါ သရက်ဥယျာဉ်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။ သရက်ပင်ပျိုများတွင် ကျက်စားနေကြသည့် ကျေးငှက်ကလေးများသည် တစ်စာစာ မမြည် တေးမသီဘဲ ကိုယ်စီ ငြိမ်သက်နေကြ၏။ တတက်တက် [၅၃] နှင့် စိတ်ပျက်လောက်အောင် ဆူညံလေ့ရှိသော ရှဉ့်နက်ကလေးများပင် နှုတ်ပိတ်ငြိမ်သက် အိပ်စက်နေရော့သလား ထင်မှားလောက်ဖွယ် ပုန်းကွယ် ငြိမ်သက်နေကြ၏။ မှန်၏၊ ဗုဒ္ဓအရှင်မြတ်သည် တိတ်ဆိတ် ငြိမ်သက်မှုကို မြတ်နိုးတော်မူ၏။ ဗုဒ္ဓအရှင်မြတ်သီတင်းသုံးရာ ဌာနတိုင်းသည် တိတ်ဆိတ်ငြိမ်သက်နေစမြဲပင်။ စွမ်းအင်ရှိသော ဓာတ်သဘောတို့မည်သည် ပတ်ဝန်းကျင်ကို ကူးစက်ပျံ့နှံ့တတ်ရာ ဗုဒ္ဓအရှင်မြတ်၏ ဓာတ်သဘော ကူးစက်သဖြင့် သရက်ဥယျာဉ်တစ်ခုလုံး ငြိမ်သက်သွားခြင်း ဖြစ်သည်။

ဤမျှ ငြိမ်သက်သွားသော်လည်း အိပ်စက်ရာမှ နိုးလာဘိသည့်အလား မကြာမီ လှုပ်ရှားလာ၏။ ဗုဒ္ဓအရှင်မြတ် ကြွလာကြောင်း သတင်းရလျှင်ရချင်း နာဠန္ဒလူထုသည် သရက်ဥယျာဉ်သို့ အလုအယက် ရောက်လာကြ၏။ ဗုဒ္ဓအရှင်မြတ်ကို နှုတ်ဆက်ကြ ကန်တော့ကြ၏။ ဗုဒ္ဓအရှင်မြတ်၏ တရားဓမ္မကို နာယူကြ၏။ ပုစ္ဆာပြဿနာများကို မေးလျှောက်ကြ၏။ ထိုစဉ် ပရိသတ်တွင် ပါဝင်သော နာဠန္ဒခေါင်းဆောင်ဖြစ်သူ အသိဗန္ဓကပုတ္တသည် ဗုဒ္ဓအရှင်မြတ်ကို ခွင့်ပန်ကာ အောက်ပါ ပြဿနာတစ်ရပ်ကို မေးမြန်း လျှောက်ထားလေ၏။

“အရှင်ဘုရား ! အနောက်ဘက်တွင် ဗြာဟ္မဏတွေက မီးကိုးကွယ်သည့် အဂ္ဂိကဘာသာဝင်တွေပါ၊ သူတို့ဟာ ကိလေ [၅၄] သာ သန့်စင်အောင်ဆိုပြီး ညတိုင်း မနက်တိုင်း ရေချိုးကြပါတယ်၊ ဘယ်သွားသွား ရေကရားကို အမြဲ ယူဆောင်ပြီး မှော်ပန်းတွေ ပန်ထားကြပါတယ်၊ ဒါကတော့ သူတို့ဟာ ရေဖြင့် ကိလေသာ ဆေးကြောသူများဟု အများသိအောင်ပါ၊ သူတို့မှာ ယုံကြည်ချက် ဓလေ့ထုံးစံ တစ်ခု ရှိပါတယ်၊ သူတို့ ဘာသာဝင်တစ်ယောက် သေဆုံးရင် အလောင်းကို ဝိုင်းရံပြီး “အို အချင်း! ဗြဟ္မာလောက သို့ အရောက်သွားလော့၊ အို အချင်း! ဗြဟ္မာလောက သို့ အရောက်သွားလော့”ဟု တိုက်တွန်းကြ ဆုတောင်းကြပါတယ်၊ ဤနည်းနဲ့ သေဆုံးသူရဲ့ ဝိညာဉ်က ဗြဟ္မာလောက သို့ ရောက်သွားတယ်လို့ ယုံကြည်ကြပါတယ်၊ အရဟံ သမ္မာသမ္ဗုဒ္ဓ ဖြစ်တော်မူတဲ့ အရှင်ဘုရားကော တစ်လောကလုံးကို သေဆုံးပြီးတဲ့နောက် ကောင်းရာသုဂတိ ရောက်အောင် ဆုတောင်း ပို့ဆောင် ပေးနိုင်ပါသလား?”

ထိုအခါ ဗုဒ္ဓအရှင်မြတ် သည် အသိဗန္ဓကပုတ္တကို ကရုဏာလွှမ်းခြုံနေသော မျက်လုံးတော်အစုံဖြင့် ကြည့်တော်မူလိုက်ပြီး သာယာနူးညံ့သော အသံတော်ဖြင့် “ဒီမေးခွန်းကို ဖြေဆိုရန်အတွက် သင့်ကိုပဲ မေးခွန်းတစ်ခု ပြန်ပေးမယ်၊ ကြိုက်သလို ဖြေနိုင်တယ်”ဟု မိန့်တော်မူပြီး ဤသို့ မေးခွန်း ထုတ်တော်မူသည်။

[၅၅] “ရေအိုင်တစ်အိုင်ထဲ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်ပြီး “အို ကျောက်တုံးကြီး ! ပေါ်ခဲ့ပါ၊ ကုန်းပေါ် ပြန်တက်ခဲ့ပါ” ဟု ဝိုင်းရံ ဟစ်အော်လိုက်ရင် ဝိုင်းဝန်း ဆုတောင်းလိုက်ရင် ဒီကျောက်တုံးကြီးဟာ ပေါ်လာသလား?၊ ကုန်းပေါ် တက်လာသလား?”

“ပေါ်မလာနိုင်ပါ၊ ကုန်းပေါ်လည်း တက်မလာနိုင်ပါ”

“ဘယ်လိုထင်သလဲ?၊ လူတစ်ယောက်ဟာ ရက်စက်စွာ သတ်ဖြတ်မှု၊ ခိုးယူလုယက်မှု၊ သူတစ်ပါးသားမယား စော်ကားမှု၊ လိမ်ညာလှည့်စားမှု၊ ကုန်းတိုက်မှု၊ ကြမ်းတမ်းရိုင်းပျစွာ ပြောဆိုမှု၊ အကျိုးစီးပွား ချမ်းသာသုခကို ပျက်စေနိုင်တဲ့ စကားတွေကို ပြောဆိုမှု၊ သူတစ်ပါးပစ္စည်း မတရား ကြံစည်မှု၊ သူတစ်ပါးကို လုပ်ကြံသတ်ဖြတ်ရန် အကျိုးမဲ့ဖြစ်ရန် ကြံစည်မှု၊ အမြင်မှားမှုဆိုတဲ့ ဒုစရိုက် မှုတွေကို တွင်တွင်လုပ်နေတယ်၊ ဒီလို ဆိုးမိုက်နေတဲ့လူကို ဒီလူသေရင် ကောင်းရာသုဂတိ ရောက်ပါစေလို့ ဝိုင်းပြီး ဆုတောင်းပေးကြမယ်၊ “အို. . . အချင်း! ကောင်းရာသုဂတိ သို့ အရောက်သွားလော့' ဟု ဝိုင်းဝန်းတိုက်တွန်းကြမယ်ဆိုရင် အဲဒီလူ သေတဲ့အခါမှာ ဆုတောင်းပေးလို့ တိုက်တွန်းကြလို့ ကောင်းရာသုဂတိ ရောက်သွားသလား?”

“ခုနက ဆုတောင်းရုံနဲ့ ကျောက်တုံးကြီး ပေါ်မလာသလို ဒီ ဒုစရိုက် သမားဟာလည်း ဆုတောင်းရုံနဲ့တော့ [၅၆] ကောင်းရာသုဂတိ ရောက်သွားဖို့ မရှိဘူး၊ တစ်ဖန် ကြည့်ဦး၊ ထောပတ်အိုး ဆီအိုးကြီးကို ရေနက်နက်ထဲမှာ မြှုပ်ပြီး ခွဲလိုက်ရင် အိုးကွဲ အစအနတွေဟာ ရေထဲမြုပ်ပြီး ထောပတ်တွေ ဆီတွေက ရေပေါ် ပေါ်လာမယ်၊ ဒီအခါမှာ “အို ထောပတ် ! အို ဆီ ! ရေထဲမြုပ်သွားပါ၊ ပေါ်မလာပါနဲ့” ဟု ဝိုင်းပြီး တိုက်တွန်းတာနဲ့ ထောပတ်တွေ ဆီတွေဟာ ရေထဲ မြုပ်သွားကြသလား?" “မြုပ်မသွားပါ အရှင်ဘုရား”

“ဒုစရိုက် ကို ရှောင်ကြဉ်လို့ သုစရိုက် မှုကိုသာ ပြုလုပ်နေတဲ့သူကို “အို . . . အချင်း ! အပါယ်ဘုံသွားလော့'ဟု တိုက်တွန်းရုံနဲ့ အပါယ်ကျသွားရသလား?”

“ထောပတ်တွေ ဆီတွေဟာ ဝိုင်းဝန်း တိုက်တွန်းရုံနဲ့ ရေထဲ မြုပ်မသွားသလို သုစရိုက် မှု ပြုလုပ်သူဟာလည်း တိုက်တွန်းရုံနဲ့တော့ အပါယ်ဘုံ ကျမသွားပါဘူး”

“အင်း . . . သင်မေးတဲ့ မေးခွန်းဟာ သင်ကိုယ်တိုင် ဖြေဆိုခြင်းဖြင့် ပြေသွားပေပြီ” ဟု မိန့်တော်မူကာ တရားတော်ကို အဆုံးသတ်တော်မူလိုက်၏၊ ပရိသတ်ထုကြီးမှ သာဓု သံများသည် လွှမ်းတက်သွား၏၊ အသိဗန္ဓကပုတ္တသည် ဗုဒ္ဓအရှင်မြတ် ကို ဒူးထောက် ဦးညွှတ်လျက်. . . “နှစ်သက်ဖွယ် ကောင်းလိုက်တဲ့အဖြေပါ အရှင်ဘုရား၊ နှစ်သက်ဖွယ်ကောင်းလိုက်တဲ့အဖြေပါ အရှင်ဘုရား၊ မှောက် [၅၇] ထားသည်ကို ဆွဲယူ လှန်ပေးလိုက်သလို၊ ဖုံးထားသည်ကို ဖွင့်လှစ်ပေးလိုက်သလို၊ မျက်စိလည် လမ်းမှားနေသူကို လမ်းမှန်ပြလိုက်သလို၊ အမှောင်တွင် မီးရှူးတန်ဆောင်ကြီး ထွန်းညှိလိုက်သလို ဗုဒ္ဓအရှင်မြတ် ၏ အဖြေလွှာကား ရှင်းလင်းပြတ်သားလှပါပေသည်၊ ယနေ့မှစ၍ တပည့်တော်ကို ဥပါသကာ တစ်ယောက်အဖြစ် အသိအမှတ် ပြုတော်မူပါ”ဟု လျှောက်ကြားလေ၏။

ဓမ္မဗျူဟာစာစောင်၊ အတွဲ(၁၃)၊ အမှတ်(၂)
၁၃၃၆- ခုနှစ်၊ ကဆုန်လပြည့်၊ တနင်္ဂနွေနေ့ (၅.၅.၇၄)
သာသနာနှစ် (၂၅၁၇)

[၅၉] မိုက်ပြစ် မိုက်ဒဏ်

ကိုတုလ တစ်ဝါဖြင့် ကျွတ်ခဲ့ပြန်လေပြီ။

ဝါကျွတ်လေတိုင်း ဗုဒ္ဓအရှင်မြတ် ထံ အာဂန္တုရဟန်းတွေ လာရောက်ကန်တော့ကြစမြဲ ဖြစ်၏။ ယခုလည်း ဗုဒ္ဓရှင်တော်မြတ် သီတင်းသုံးရာ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်သို့ အာဂန္တုရဟန်းများ ရောက်လာမစဲ တဖွဲဖွဲ ရှိ၏။

အချိန်ကား နေဝင်ရီတရော၊ နေမင်းကြီးသည် တိမ်မြူကလေးများကို ကြက်သွေးရောင်ဖြင့် ပက်ဖျန်း ကျီစယ်ခဲ့၍ မိုးကုတ်စက်ဝိုင်းသို့ ငုပ်လျှိုးပြေးဝင်သွားရိုး ဖြစ်၏။ ယနေ့မှ တိမ်မဲကြီးက အနိုင်ကျင့်လိုက်သဖြင့် မချင့်မရဲ ဝင်သွားရ၏။ ရှစ်ခွင်ဒိသာမှ မိုးသားတိမ်လိပ်တွေ [၆၀] တရိပ်ရိပ် တက်လာကြ၏။ မျက်စဉ်းညိုရောင် တိမ်တောင်ထက်မှ လျှပ်စစ်နွယ်များသည် ယှက်လိမ်မြူးကွန့်လူးလွန့်လျက် ရှိကြ၏။ မိုးသားတိမ်လိပ်များက ည ကောင်းကင်အားလုံးကို အုပ်ဖုံးလိုက်သည်။ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မိုးချုန်းသံ တညံညံ၊ မိုးရွာသံက မစဲ။ သဲသဲမဲမဲ ရွာချလျက် ညကို စိုးမိုးထား၏။

အရုဏ်တက်ပြီ၊ မိုးလည်း စင်စင်လင်းလေပြီ၊ မိုးသား တိမ်ရိပ်တွေလည်း ကင်းလေပြီ၊ နံနက်ခင်းအလှသည် အေးမြ တည်ငြိမ်လျက် ရှိသည်၊ သာယာကြည်နူးဖွယ် အတိ ဖြစ်သည်။ ထိုစဉ် အာဂန္တုများသည် ဇေတဝန်ကျောင်းတွင်း လှည့်ပတ်ကြည့်ရှုကြပြီး ဗုဒ္ဓအသျှင်မြတ် ထံ ဝင်ရောက်လာကြ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ! ဦးပါလသည် စင်္ကြံလျှောက်ရင်း ပိုးကောင်တွေ နင်းသတ်ထားပါတယ်ဘုရား”

အာဂန္တုရဟန်းများသည် မိမိတို့ မြင်တွေ့ခဲ့သော ဇေတဝန်ကျောင်းမှ ပြစ်ချက်တစ်ခုကို ဗုဒ္ဓအသျှင်မြတ် အား တိုင်ကြားလျှောက်ထားကြ၏။

“စင်္ကြံလျှောက်ရင်း ဦးပါလ ပိုးကောင်တွေ နင်းသတ်နေတာကို သင်တို့ကိုယ်တိုင် မြင်ခဲ့ကြသလား”

“ဒီလိုတော့ မမြင်ခဲ့ပါဘုရား၊ ဦးပါလ စင်္ကြံလျှောက်တဲ့နေရာမှာ ပိုးကောင်သေတွေ့မြင်ခဲ့ရ၍ လျှောက်ခြင်းဖြစ်ပါတယ် ဘုရား”

[၆၁] “နင်းသတ်နေတာ သင်တို့ကိုယ်တိုင် မမြင်ခဲ့သလို ဦးပါလဟာ ဒီပိုးကောင်တွေကို မြင်ရှာတာ မဟုတ်ဘူး၊ သူ့မှာ ရဟန္တာ ပုဂ္ဂိုလ်ကြီး ဖြစ်နေပေမယ့် မျက်စိ နှစ်ကွင်း အလင်းမရရှာတော့ဘူး”

ထိုအခါ အာဂန္တုများသည် “ရဟန္တာ ကို တို့အပြစ်တင်မိပြီ"ဟု ထိတ်လန့်တုန်လှုပ်သွားကြ၏။ ဦးပါလဟာ ရဟန္တာ ဖြစ်လောက်အောင် ကုသိုလ်ကောင်းပါလျက် အဘယ့်ကြောင့် မျက်စိနှစ်ကွင်း အလင်းမရပဲရှိသည်ကိုလည်း သိချင်ကြ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ! ဦးပါလဟာ ရဟန္တာ ဖြစ်လောက်အောင် ကုသိုလ်ကံတွေရှိပါလျက် အဘယ့်ကြောင့် မျက်စိကွယ်ရရှာပါသလဲဘုရား?”

“ရဟန်းတို့ . . “ကမ္မဿကာ သတ္တာ”လို့ သင်တို့ကို ငါ မကြာခဏသွန်သင်ခဲ့တယ်မဟုတ်လား၊ ရှေးဘဝက သူလုပ်ခဲ့တဲ့ ကံဆိုးရဲ့ အကျိုးအမွေပဲပေါ့၊ အတိတ်က မိုက်ပြစ်မိုက်ဒဏ်တွေကို ခုထိ ခံနေရတယ်ပေါ့လေ. . . ဗုဒ္ဓအသျှင်မြတ် သည် ဤမျှဖြင့် စကားကို ရပ်တန့်ထားလိုက်၏။ အာဂန္တုရဟန်းများသည် “ဦးပါလ၏ ရှေးဘဝဇာတ်လမ်းကို နာလိုကြပါကြောင်း” လျှောက်ထားကြ၏။ “ဒါဖြင့် ကောင်းပြီ၊ သေချာစွာ နားထောင်ကြ”ဟု မိန့်၍ ဦးပါလ၏ အတိတ်ဘဝဇာတ်လမ်းကို ဟောကြားတော်မူသည်။

[၆၂] ကျေးရွာတစ်ရွာမှ ဆေးဆရာတစ်ဦးသည် အခဖြင့် ဆေးကု၍ အသက်မွေးသည်။ သမုဒ္ဒရာဝမ်းတစ်ထွာကို ကျောင်းသည်၊ ဇနီးမယားနှင့် သမီးသားတို့ကို ကျွေးသည်၊ မိသားစု ဝမ်းဝရေး ခါးလှရေး မနည်း ရုန်းကန်ရ၏။ ခက်သည်မှာ မကျန်းမာသူရှိမှ ဆေးကုရသည်။ ထိုခေတ်က လူတွေကလည်း ကျန်းမာရေးကောင်းကြ၏။ ကိုယ့်ရွာတွင် ကိုယ်ကုပ်နေ၍ ဝမ်းလည်း မဝ၊ ခါးလည်း လှမည် မဟုတ်၊ နယ်စုံလှည့်၍ ဆေးကုဖို့ အကြံထုတ်ရ၏။

ရွာတစ်ရွာရောက်၍ လူနာတစ်ယောက်တော့ တွေ့ပြီ။ မျက်စိဝေဒနာရှင် အမျိုးသမီးတစ်ဦးတည်း။ ဝေဒနာရှင်နှင့် တွေ့ဆုံ၍ ရောဂါကို စမ်းသပ်ကြည့်သည်။ ဆေးတွေ့လျှင် ပျောက်နိုင်သည်ဟု သိ၏။ “ပျောက်အောင် ကုနိုင်ပါတယ်” ဟု အာမခံ၍ ဆေးဖိုးဝါးခအတွက် စကားပြောကြည့်သည်။ “ကုသာကုပါ ဆရာရယ်၊ ကျွန်မမျက်စိသာ အကောင်းပကတိ ဖြစ်ရင် ရှိပစ္စည်း ပုံအပ်ပြီး လူပါ ကျွန်ခံပါ့မယ်”

ဆေးဆရာသည် ဆေးဖိုးဝါးခ စိတ်ကြိုက်ရမည်ဟု ယူဆ၍ အစွမ်းထက်သော မျက်စဉ်းကို ပေးခဲ့၏။ တစ်ပတ်အတွင်း ပျောက်မည်ဟု အာမခံ၍ ပြန်လာခဲ့သည်။ တစ်ပတ်ပြည့်ပြီး ဆေးဆရာသည် လူနာရှင်ထံ ဆေးဖိုးဝါးခတောင်းရန် အိမ်မှ ထွက်လာခဲ့သည်။ မျက်စိရောဂါရှင်လည်း မျက်စိ [၆၃] အကောင်းပကတိ ဖြစ်နေလေပြီ။ သို့သော် ဆေးဆရာအကြိုက်တွင် ဝေဒနာရှင် မျက်ဖြူဆိုက်လေပြီ။

“အင်း . . . ငါ့တော့ ခက်ပြီ၊ ဒီဆရာကလည်း ငွေ သိပ်မက်ပုံရတယ်၊ တကယ်တော့ ငါ အပြောလွန်သွားတာပဲ၊ နှုတ်လွန် ကျွန်ဖြစ်ကိန်း ဆိုက်နေမလား၊ တတ်နိုင်ပါဘူးလေ၊ မီးစင်ကြည့် ကရမှာပဲ”

“ဟော ဆရာ လာပြီ၊ ဆရာ လာပြီ”

“မျက်စိ ဘယ့်နှယ့်နေသေးလဲ ဟေ့၊ ပျောက်ပြီ မဟုတ်လား?”

“ဆရာရယ် ! ဆရာ့မျက်စဉ်းခတ်တာ အစကတော့ သက်သာသလိုလိုပါပဲ၊ နောက်တော့ မနေနိုင်လောက်အောင် ကျိန်းစပ်လာတယ်ဆရာ၊ ဒါနဲ့ ဆက်ပြီး မခတ်ဝံ့တော့ဘူး” ဝေဒနာရှင်အမျိုးသမီးသည် သဏ္ဌာန်လုပ် သရုပ်တူစေပြီး အခန်းတွင်းဝင်၍ အိပ်ယာတွင် လှဲနေလိုက်၏။

“အမလေး၊ ကျွတ် ကျွတ် ကျွတ်”

ဆေးဆရာကလည်း အပါးပင်။ ဆေးဖိုးဝါးခ မပေးချင်လို့ တစ်ပတ်ရိုက်မှန်း နားလည်လိုက်၏။ ဗြုန်းကနဲ ယမ်းပုံမီးကျ ဒေါသမီးလောင်သည်၊ သို့ရာတွင် ဒေါသ ဆင်ရိုင်းကို ချွန်းအုပ်လိုက်ပြီး ပညာရှိနှိပ်စက်နည်းသို့ ဗျူဟာပြောင်းလိုက်၏။

[၆၄] “သည်လိုဆို ငါ့နှမ ဘာမှမပူပါနဲ့၊ တစ်ဆေးမပျောက် တစ်ဆေးပေါ့၊ မျက်စဉ်းတစ်မျိုးပြောင်းပေးမယ်၊ ဆေးဖိုးဝါးခက အရေးမဟုတ်ပါဘူး”

ဆေးဆရာသည် ကိုယ့်အကြံနှင့် ကိုယ် ပြုံးမိ၏။ ဝေဒနာရှင်ကလည်း “ပိုင်လိုက်လေ ငါ့နှယ်”ဟု ကြိတ်၍ ရယ်သည်။ ထိုအပြုံးနှင့် အရယ် ဘယ်ဟာက ရက်စက်သနည်း၊ စောင့်ကြည့်ရမည်၊ အိမ်ရောက်၍ မယားကို တီးတိုးပြောသည်၊ မယားက ကန့်ကွက်စကား ဆို၏။ “အိုရှင်... မတော်တာ၊ မရက်စက်ပါနဲ့ လူတစ်ယောက်ကို ဒါလောက် ..” “ဒီလိုကောင်မမျိုး ဒါမှ မှတ်မှာကွ”

ပြောပြောဆိုဆို နေရာမှ ထ၍ ဆေးအိတ်ကို ယူပြီး အိမ်မှ ထွက်ခဲ့သည်၊ ဝေဒနာရှင်တို့ အိမ်သို့ ရောက်ပြီ၊ ဆေးဆရာသည် ရယ်ရယ်မောမော ပြောသည်။

“ငါ့နှမ၊ တစ်ဆေးမကောင်း တစ်ဆေးပေါ့၊ မပျောက်မှာ မပူနဲ့၊ ဆရာက အာမခံနဲ့ ကုတဲ့ဥစ္စာ၊ ငါ့နှမထက် ဆိုးတာတွေတောင် ပျောက်တာတွေ ဒုနဲ့ဒေး၊ ရော့ . . . ငါ့နှမ၊ ဒီမျက်စဉ်းလေး ခတ်လိုက်”

မျက်စဉ်းကို ခတ်လိုက်ပြီ၊ “ကဲ . . . ဆရာပြန်ဦးမယ်၊ ကိစ္စလေး ရှိသေးတယ်”ဟု ပြောပြောဆိုဆို ရယ်ရယ်မောမော ထွက်လာခဲ့၏၊ ဝေဒနာရှင်ကား တစ်ပတ်ရိုက်ခံရလေပြီ၊ [၆၅] မျက်စဉ်းခတ်ပြီး မကြာခင်ပင် မျက်စိနှစ်ဖက်လုံး ကျိန်းစပ်လာသည်။ နီရဲရောင်အမ်းလာသည်၊ နှစ်ရက်လောက်အကြာတွင် မျက်စိအခြေအနေ ပိုဆိုးလာသည်။

မျက်လုံးမှ သွေးများ စီးကျလာ၏၊ မျက်လုံးအိမ်ကြီးသည် တဖြည်းဖြည်းရှုံ့ပြီး ချိုင့်ဝင်သွားလေပြီ၊ မျက်စိနှစ်ကွင်း အလင်းမရတော့ပြီ။

“ရဟန်းတို့! ဦးပါလသည် ယခုလို ဆေးဆရာဘဝက အသပြာဆရာပီပီ ဆေးဖိုးဝါးခအတွက် ဤမျှ မိုက်မဲခဲ့၏၊ ရက်စက်ခဲ့၏၊ ဒီမိုက်ပြစ်မိုက်ဒဏ်တွေ ဘဝအတန်တန် ခံခဲ့ရလေပြီ။ ယခုဘဝမူကား နောက်ဆုံးမိုက်ကြွေးဆပ်ရခြင်း ဖြစ်သည်။ ရဟန်းတို့ စိတ်ဆိုးစိတ်မိုက်ဖြင့် လုပ်သမျှဟာ ဤသို့ ဒုက္ခနှင့် ရင်ဆိုင်ရသည်သာ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဘဝသင်ခန်းစာယူပြီး ဤ နီတိဂါထာ ကို ကျက်မှတ်ကျင့်သုံးကြရမည်”

မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံ'ဝ ဝဟတော ပဒံ။

“ခံစားမှု မှတ်သိမှုသဘောတွေကို စိတ်က ရှေ့ဆောင်နေ၏၊ စိတ်က ကြီးမှူးနေ၏၊ စိတ်က ဖန်တီးနေ၏၊ အကယ်၍ [၆၆] ဆိုးမိုက်သည့် စိတ်မျိုးဖြင့် ပြောလိုက်မိ လုပ်လိုက်မိမည်ဆိုပါက သည့်အတွက် ဆင်းရဲဒုက္ခသည် သူ့နောက်က လိုက်နေပေမည်၊ လှည်းက,ထားသည့် နွားကြီး နောက် လှည်းဘီးကြီး လိမ့်လိုက်နေသလိုပင်တည်း”။

ဓမ္မဗျူဟာစာစောင်၊ အတွဲ ၁၄၊ အမှတ် ၁၃၃၆ ခုနှစ်၊ တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့ (၂၆.၃.၇၅)
သာသနာနှစ် ၂၅၁၈

[၆၇] ကြည်ညိုစိတ်၏ တန်ဖိုး

ကိုတုလ(စစ်ကိုင်း)

ယနေ့ကား လူတိုင်း အံ့ဩရသောနေ့ ဖြစ်၏၊ ထူးဆန်းသောသတင်းကို ကြားရသည်၊ သာဝတ္ထိမြို့ ရပ်ကွက်တစ်ခုမှ လူတွေ စုပြောနေကြသည်၊ သတင်းထူးကို ပြောကြသည်၊ ဝေဖန်ကြသည်၊ ထင်မြင်ချက်တွေနှင့် ဖွင့်ကြသည်။

“မယုံရေးချ မယုံဗျာ၊ ဒီလောက် နှမြောတဲ့ လူကပ်စေးနှဲကြီးက ဘုရားအမှူးရှိတဲ့ သံဃာတွေကို ဆွမ်းစားပင့်သတဲ့၊ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး”

“အရမ်း မပြောကြနဲ့ဦးဗျ၊ သူ့အိမ်မှာ ဆွမ်းတွေ ဟင်းတွေ ချက်ပြုတ်နေတာတော့ တကယ်ပဲ”

[၆၈] “ဟေ့ ဟေ့ ! ဟိုမှာ မြင်ရဲ့လား၊ ဘုရားကြွသွားတယ်၊ သံဃာတော်တွေနဲ့”

မျက်စိလျင်သူက သံဃာများ စီတန်းလျက် အဒိန္နပုဗ္ဗက၏ အိမ်ဘက်သို့ ဆွမ်းစားကြွသွားသည်ကို ကြည့်ပြီး ပြောလိုက်သည်၊ လူတိုင်း၏ မျက်လုံးအစုံသည် တစ်နေရာတည်းသို့ စုပြုံရောက်သွားကြသည်။ ဗုဒ္ဓအသျှင်မြတ် သည် သံဃာတော်များနှင့်အတူ အဒိန္နပုဗ္ဗက အိမ်မှာ ဆွမ်းဘုဉ်းပေးလျက် ရှိ၏၊ ပစ္စည်းကို အလွန်နှမြော၍ မည်သူ့ကို ဘာတစ်ခုမှ‘ရော့ အင့်'ဟု မပေးဘူးသော လူ့ ကပ်စေးနှဲကြီး၏ ဆွမ်းကျွေးပွဲသို့ တအံ့တဩ လာကြည့်ကြသည်။ အကဲခတ်ကြ လေ့လာကြသည်။ သတင်းထူး၍ လာကြည့်သူတွေ တစတစ များလာကြသည်။ အဒိန္နပုဗ္ဗကအိမ်မှာ မဖိတ်ပဲ ဧည့်ပရိသတ်တွေ ရောက်နေကြပြီး အလှူမင်္ဂလာပွဲကြီးတစ်ခုအလား စည်ကားလျက်ရှိ၏။

ဗုဒ္ဓအသျှင်မြတ် နှင့် သံဃာတော်များ ဆွမ်းဘုဉ်းပေး၍ ပြီးကြပြီ၊ သို့တိုင်မြို့လူထုသည် မပြန်ကြသေး၊ ဗုဒ္ဓအသျှင်မြတ် ၏ တရားတော်ကို နာလိုကြ၏၊ အဒိန္နပုဗ္ဗက၏ အခြေအနေကို စောင့်ကြည့်လိုကြ၏၊ သံဃာတော်များသည် သပိတ်ရော လက်ပါ စင်ကြယ်စွာ ဆေးကြော၍ ဗုဒ္ဓအသျှင်မြတ် ကို အရိုအသေပေးကာ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ အဒိန္နပုဗ္ဗကသည် ဗုဒ္ဓအသျှင်မြတ် ၏ အနီးသို့ ချဉ်းကပ်၍- [၆၉] “အသျှင်ဂေါတမ! ခွင့်ပြုရင် ပြဿနာတစ်ခု မေးချင်ပါတယ်”ဟု ခွင့်တောင်းစကားဆိုသည်။ “မေးချင်တာ မေးနိုင်ပါတယ်”

“အသျှင်ဂေါတမ! ကိုယ်တော်တို့ကို မလှူဒါန်းဘဲ မပူဇော်ဘဲ ကိုယ်တော်တို့တရားကို မကြားနာဘဲ ဥပုသ်မစောင့်ဘဲ စိတ်ထဲက ကိုယ်တော်တို့ကို ကြည်ညိုရုံသက်သက်နဲ့ နတ်ပြည်ရောက်တဲ့သူ ရှိနိုင်ပါသလား?”

“ဘာဖြစ်လို့ ဒို့ကို မေးပြန်သလဲ၊ သင့်သားကိုယ်တိုင်က ပြောပြလိုက်တယ် မဟုတ်လား?”

“ဘယ်တုန်းကလဲ အသျှင်ဂေါတမ”

“စောစောက သုသာန်နားမှာ ဒီအကြောင်းတွေ ပြောပြီး သင့်သားရဲ့ တိုက်တွန်းချက်အရ ဒို့ကို ပင့်တာ မဟုတ်လား?”

ဗုဒ္ဓအသျှင်မြတ်သည် အဒိန္နပုဗ္ဗက၏ လျှို့ဝှက်ချက်များကို ခရေစေ့တွင်းကျ ဖွင့်ဟမိန့်တော်မူသည်။

“လူကလေးရေ လူကလေးရဲ့! ဘယ်များ နေရှာပါလိမ့် လူကလေးရယ် အီး . . . အီး ...”

အရုဏ်တက်၍ လင်းကြက်တွန်လေပြီ၊ သာဝတ္ထိမြို့ သုသာန်မြေကား သစ်ချုံအုပ်ဆိုင်း၍ မှိုင်းညို့ညို့ ရှိ၏။

[၇၀] လူသူကွင်းရှောင်၍ ခေါင်လှ၏။ မသိုးမသန့် ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။ သာယာသော နံနက်ခင်းပင် ဖြစ်စေ၊ သုသာန်မြေကား ထာဝရကျက်သရေ ကင်းမဲ့နေသည်။ ဘာသာဟစ်ကြွေး ကျေးငှက်တို့ တွန်သော တေးသည်ပင် သာယာဖွယ်မရှိ၊ လင်းကြက်ဆော်သည်နှင့်အတူ အဒိန္နပုဗ္ဗက၏ ငိုကြွေးသံကား ပေါ်လာစမြဲဖြစ်သည်။ တစ်ဦးတည်းသော သားကလေးအတွက် ရတက်မဆုံးနိုင်သော ကြေကွဲမှုဖြင့် နေ့စဉ် ငိုပွဲဆင်လာသည်။

အဒိန္နပုဗ္ဗကသည် သွားလေသူ သားကလေး၏ မြေပုံအနီးဝယ် အားရအောင်ငိုပြီး သုသာန်ပြင်ဘက်သို့ တစ်လှမ်းချင်း ထွက်လာခဲ့သည်၊ သုသာန်အပြင်သို့ ထွက်မိလျှင် ထွက်မိချင်း ကြားရသောအသံနှင့် မြင်တွေ့ရသော မြင်ကွင်းတို့က သူ့ခြေလှမ်းကို တုံ့ရပ်သွားစေသည်၊ ဝတ်ကောင်းစားလှနှင့် လုလင်လေးတစ်ယောက်သည် အလွန်နာကြည်းစွာ ရှိုက်ကြီးတငင် ငိုကြွေးနေလေ၏။

“ဆန်းလိုက်ပါဘိ ဒီသူငယ်၊ ဘာလို့များ ငိုနေပါလိမ့်” သိချင်စိတ်က နှိုးဆော်သဖြင့် ငိုကြွေးနေသော လုလင်လေးအနီးသို့ သွားသည်၊ ကိုယ်ချင်းစာကာ သူ့ဒုက္ခကို မေးကြည့်မိ၏၊ အပူသည်ချင်း အဖော်ညှိကြည့်၏။ “ကျွန်တော့်ဒုက္ခက တခြားမဟုတ်ပါဘူး ဘဘရဲ့၊ ကျွန်တော့်မှာ အလွန်လှပတဲ့ ရွှေလှည်းအိမ်ကြီး ရထားပါတယ်၊ [၇၁] ဒါပေမယ့် အဲဒီလှည်းအိမ်နဲ့ တော်တဲ့လှည်းဘီးက မရှိဘူးဗျ၊ လှည်းဘီးမရရင် ကျွန်တော်တော့ သေရမှာပါပဲဗျာ” အဒိန္နပုဗ္ဗကသည် သူများအလှည့်တွင် သူက တရားချသည်၊ ဖျောင်းဖျသည်၊ ကြင်နာဆပွား အားပေးစကားဆိုသည်။

“ဪ- ဒါကြောင့်လား၊ ဒါအတွက်တော့ မပူနဲ့၊ ဘဘက မင်းကို လှည်းဘီးကြီး လုပ်ပေးမယ်၊ ရွှေလှည်းဘီး ကြိုက်သလား၊ ငွေလှည်းဘီး ကြိုက်သလား၊ လိုချင်တာသာ ပြော၊ ဘဘမှာ ရွှေတွေ ငွေတွေ ပေါတယ်၊ ဘဘမှာ အခု အမွေခံ သားသမီးရှိတော့တာ မဟုတ်ဘူး၊ မောင်ရင့် ကြည့်ရတာလည်း ငါ့ရဲ့သွားရှာသူ သားကလေးနဲ့ တူလိုက်တာကွယ်”

“ဘဘပြောတဲ့ ရွှေလှည်းဘီးလည်း မလိုချင်ပါဘူး၊ ငွေလှည်းဘီးလည်း မလိုချင်ပါဘူး၊ ကျွန်တော်လိုချင်တဲ့ လှည်းဘီးက ကောင်းကင်က လနဲ့ နေပဲ၊ လနဲ့ နေကို လှည်းဘီးလုပ် တပ်ရမှ ကျွန်တော့် လှည်းအိမ်ကြီးလှမှာ”

“မင်းဟာ တယ်မိုက်တဲ့ ကောင်လေးပဲ၊ မဟုတ်တာ သွားတမ်းတလို့ ရမလား၊ လနဲ့နေကိုတော့ မင်းသေတောင် မရဘူး”

“ဘဘရယ်! ဘဘပဲ စဉ်းစားကြည့်ပါ၊ ကျွန်တော် လိုချင်လို့ ငိုပြီး တမ်းတနေတဲ့ လ နေ ဟာ အထင်အရှား [၇၂] မြင်နေရတာပါ၊ ကျွန်တော်က မြင်နေရတဲ့ လနဲ့နေကို လိုချင်လို့ ငိုတယ်၊ ဘဘကတော့ သေသွားတဲ့သားကို မမြင်ရဘဲ ဘယ်နေမှန်းလဲ မသိ၊ ရမ်းငိုနေတယ်၊ ဒီတော့ ကျွန်တော်နဲ့ ဘဘ ဘယ်သူက ပိုမိုက်ရာကျလဲဗျာ”

အဒိန္နပုဗ္ဗက၏ နှုတ်မှ အာမေဍိတ်သံ ထွက်လာသည်၊ လုလင်လေး၏စကားက သူ့ကို အလေးအနက် စဉ်းစားစေ၏၊ ဖြောင့်ဆိုဝန်ခံစေ၏။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဘဘက ပိုမိုက်ရာ ကျပါတယ်၊ ဒီနေ့ကစပြီး ဘဘ မငိုတော့ဘူး၊ ဘဘ နားလည်ပြီ နားလည်ပြီ”

အဒိန္နပုဗ္ဗကသည် လုလင်လေးအား ကျေးဇူးစကားကို အားရပါးရ ဆိုနေသည်။ လုလင်လေး၏ အမည်နာမနှင့် နေရပ်တို့ကို မေးမြန်းနေသည်၊ လုလင်လေးသည် မေးသမျှ ဖြေ၍ တစ်စုံတစ်ခု ပြောပြပြီးလျှင် ထွက်ခွာသွားလေသည်၊ အဒိန္နပုဗ္ဗကသည် ကျောပေးထွက်ခွာသွားသော လုလင်လေးကို မျက်စိတဆုံးကြည့်၍ တစ်ဦးတည်း ရပ်နေရစ်သည်။ အဒိန္နပုဗ္ဗကသည် သူ့မျက်စိကိုလည်း သူမယုံတော့၊ သူ့နားကိုလည်း သူ အားမထားတော့၊ ကိုယ်တိုင်တွေ့ရသည့် ကိုယ်တွေ့ အဖြစ်အပျက် ဖြစ်ပါလျက် အိပ်မက်လေလားဟု [၇၃] စဉ်းစားနေမိ၏။ သို့သော် လုလင်လေး၏ရုပ်သည် သူ့မျက်စိထဲက မထွက်၊ ပြောသွားသော အသံကိုလည်း နားက ကြားလျက် . . . “ကျွန်တော်ဟာ ဘဘရဲ့ သား ကုဏ္ဍလီ လေ၊ ကျွန်တော် အသည်းအသန်ဖြစ်နေတုန်း ဘုရားဂေါတမဟာ ကျွန်တော်တို့ အိမ်နားက ဖြတ်ပြီး ကြွသွားတယ်၊ ဘုရားဂေါတမကို မြင်လိုက်ရတော့ 'ဪ . . . တယ်ထူးမြတ်တဲ့ ပုဂ္ဂိုလ်ပါလား'ဟု ကြည်ညိုစိတ် ဖြစ်သွားမိတယ်၊ ရောဂါကို ခေတ္တမေ့ပြီး ကျွန်တော့်စိတ်တွေဟာ ဘုရားဂေါတမကို အာရုံပြုပြီး အတော်ကြာအောင် ကြည်နူးနေမိတယ်၊ ဒီနောက်တော့ ကျွန်တော် ဘာမှမသိတော့ဘဲ ခုဘဝ ရောက်လာရော၊ လောကမှာ ဘုရားဂေါတမသာ ဘုရားစစ် ဘုရားမှန် ဖြစ်တယ်၊ မယုံ မရှိပါနဲ့၊ ယနေ့ပဲ ဘုရားဂေါတမကို သွားရောက်ဆည်းကပ်ပါ”

ဗုဒ္ဓအသျှင်မြတ်က ဖြစ်ကြောင်းကုန်စင်ကို လှစ်ဟ တော်မူလိုက်သည်။ အဒိန္နပုဗ္ဗကသည် ဟုတ်မှန်ကြောင်း ဝန်ခံ၏၊ “ဘုရားကြည်ညိုစိတ်၏ တန်ဖိုးဟာ အနည်းဆုံး [၇၄] နတ်ပြည်ရောက်နိုင်တယ်၊ ဘာဝနာလမ်းဖြင့် ဆက်လှမ်းပါမူ မဂ်ဖိုလ်နိဗ္ဗာန်တိုင် ရောက်နိုင်တယ်”ဟု မိန့်ကြားပြီး နီတိ ဂါထာကို သင်ကြားတော်မူလိုက်၏။

မနောပုဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ။

“ခံစားမှု မှတ်သိမှု စေ့ဆော်မှုသဘောတွေကို စိတ်က ရှေ့ဆောင် - စိတ်ကကြီးမှူး - စိတ်က ဖန်တီး၏၊ အကယ်၍ ကြည်လင်သောစိတ်ဖြင့် ပြောလိုက်မိ - လုပ်လိုက်မိပါမူ သည့်အတွက် ချမ်းသာသုခသည် ထိုသူ့နောက်က မစွန့်မခွာ အရိပ်ပမာ လိုက်နေမည်သာတည်း။”

ဓမ္မဗျူဟာစာစောင်၊ အတွဲ(၁၄)၊ အမှတ်(၂)
၁၃၃၇- ခုနှစ်၊ တန်ခူးလပြည့်၊ သောကြာနေ့ (၂၅-၄-၇၅)
သာသနာနှစ် (၂၅၁၈)

iff2wcdwv183hciif28nwinejnc9822
မြတ်ဗုဒ္ဓသာသနာနှင့် သီတင်းကျွတ် လပြည့်နေ့ အမှတ်တရများ
0
6476
22346
2026-11-05T17:25:01Z
Tejinda
173
"{{header | title = မြတ်ဗုဒ္ဓသာသနာနှင့် သီတင်းကျွတ် လပြည့်နေ့ အမှတ်တရများ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section =..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22346
wikitext
text/x-wiki
{{header
| title = မြတ်ဗုဒ္ဓသာသနာနှင့် သီတင်းကျွတ် လပြည့်နေ့ အမှတ်တရများ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မုန်းတုံ့ကို ဖြေ နှင့် အခြား]]
| previous2 = [[မာလုကျပုတ္တရဟန်းအတွက် ရဟန်းအတွက် အလုပ်ပေးတရား]]
| next = [[မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မြတ်ဗုဒ္ဓသာသနာနှင့် သီတင်းကျွတ် လပြည့်နေ့ အမှတ်တရများ

[၁] မှတ်တမ်း

သာသနာတော်နှစ် (၂၅၅၇)၊ ကောဇာ သက္ကရာဇ် (၁၃၇၅) ခုနှစ်၊ သီတင်းကျွတ် လပြည့်နေ့ (၁၉. ၁၀. ၂၀၁၃)၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးလမ်း၊ အဘိဓမ္မရတနာဃရ ဓမ္မဗိမာန်တော်ကြီး အတွင်း ဆင်ယင်ကျင်းပပြုလုပ်သည့် အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ် ဓမ္မပူဇာသဘင်၌ ဟောကြားအပ်သော “မြတ်ဗုဒ္ဓသာသနာနှင့် သီတင်းကျွတ် လပြည့်နေ့ အမှတ်တရများ” အကြောင်း တရားဒေသနာတော်။

[၂] မြန်မာပြက္ခဒိန်အရ ဒီကနေ့ဟာ ဗုဒ္ဓသာသနာ တော်မှာ ထူးခြားတဲ့ လပြည့်နေ့တစ်နေ့ ဖြစ်တယ်။ ဒီလပြည့်နေ့မှာ ထူးခြားတဲ့ အကြောင်းတွေများစွာ ဖြစ်ခဲ့မည် ဖြစ်သော်လည်း မှတ်တမ်းတင်ထားတာ လေးကို ဘုန်းကြီးတို့ မှတ်သားကြရမယ်။ အားလုံး သိတဲ့အတိုင်း ဒီကနေ့က အဘိဓမ္မာတရားပွဲကြီး ပြီးဆုံးတဲ့နေ့ဖြစ်တယ်။ ဒါကြောင့် “အဘိဓမ္မာ အခါတော်နေ့” လို့ သတ်မှတ်ကြတယ်။ အဘိဓမ္မာ စဟောတဲ့နေ့ မဟုတ်ဘူး၊ ဝါတွင်းသုံးလ ဟောကြား တော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီးဟာ ဒီကနေ့ မှာပဲ ပြီးဆုံး၍ နိဂုံးအုပ်နိုင်ခဲ့တယ်။ ဗုဒ္ဓမြတ်စွာက တာဝတိံသာနတ်ပြည်တက်ပြီး အင်မတန်လေးနက်တဲ့ ဓမ္မသဘာဝတွေကို အသေးစိတ် ဟောခဲ့တယ်။ အဘိဓမ္မာ (၇)ကျမ်းကို ချဲ့ဖွင့်ပြီး နတ်တွေနဲ့ ထိုက်တန်အောင် လေးနက်မှုရှိတဲ့ [၃] အဘိဓမ္မာ တရားတော်ကြီးကို သုံးလပတ်လုံး ဟောကြားခဲ့တယ်ဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ အားလုံး သိကြတယ်။ ဒီကနေ့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီး ဟာ တာဝတိံသာနတ်ပြည်မှာ ပြီးဆုံးလို့ နိဂုံးချုပ်တဲ့ နေ့လို့ ပြောရမှာဖြစ်တယ်။ ဒါလည်း ထူးခြားချက် တစ်ခုလို့ ဆိုရမယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဝါတွင်းသုံးလ ဆွမ်းစားချိန်ကျတိုင်း လူ့ပြည်သို့ ကြွရောက်ပြီး ဆွမ်းဘုန်းပေးတယ်။ နေ့စဉ် လာရောက်တွေ့ဆုံတဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ် အား အဘိဓမ္မာရဲ့ အနှစ်ချုပ်တွေကို ဟောကြားပေး ခဲ့တယ်။ ရှင်သာရိပုတ္တရာ အရှင်မြတ်ကလည်း ဉာဏ်ပညာ အလွန်ကြီးမားတယ်။ မြတ်စွာဘုရား အကျဉ်းချုပ်ဟောကြားခဲ့တဲ့ အဘိဓမ္မာတရားကို [၄] မိမိရဲ့ဉာဏ်ဖြင့် စီစဉ်ပြီး တပည့် ရဟန်းငါးရာကို ထပ်ဆင့်ဟောကြားခဲ့တာ။ အဲဒီ အဘိဓမ္မာတရား တွေရဲ့ အဆုံးသတ်နေ့ကလည်း ဒီနေ့ပဲ။ ဆိုလိုတာက အဘိဓမ္မာတရားတော်သည် နတ်ပြည်မှာဟောတဲ့ အဘိဓမ္မာတရား၊ လူ့ပြည်မှာ ရှင်သာရိပုတ္တရာ ဟောကြားတဲ့ အဘိဓမ္မာတရားလို့ နှစ်မျိုးရှိတယ်၊ အဲဒီ အဘိဓမ္မာ ဒေသနာ နှစ်ရပ်စလုံးဟာ ဒီကနေ့ တစ်ပြိုင်နက် နိဂုံးချုပ်နိုင်ခဲ့တယ်။ စတင်ပြီးဟောတဲ့နေ့ကို “အဘိဓမ္မာအခါတော် နေ့”လို့ မသတ်မှတ်ဘဲ ပြီးဆုံးတဲ့နေ့ကို အဘိဓမ္မာ အခါတော်နေ့လို့ ဘာလို့ သတ်မှတ်ရသလဲဆိုရင် စဟောတဲ့နေ့က အဘိဓမ္မာတရား ပြည့်ပြည့်စုံစုံ ဟောရခဲ့သေးတာ မဟုတ်သေးဘူး။ အခုလို နောက်ဆုံး အဘိဓမ္မာ (၇)ကျမ်းဟောလို့ နိဂုံးအုပ်နိုင် တဲ့နေ့ကို အဘိဓမ္မာအခါတော်နေ့လို့ သတ်မှတ်တာ [၅] ပိုပြီးသဘာဝကျတယ်။ များသောအားဖြင့် မှတ်တမ်းတွေထဲမှာ မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာတရား ဟောတဲ့အခါမှာ ရပ်ဆိုင်းခြင်းမရှိဘဲနဲ့ ဟောတယ်၊ အသံမစဲ ဟောတယ်ပေါ့လေ။ အဘိဓမ္မာတရားတော်ကိုပဲ ဟောတယ်လို့ အများက သိနေကြသော်လည်း ရံခါရံခါ တရားနာတဲ့ နတ်တွေအတွက် လိုအပ်တဲ့ အချက်တွေကို ထည့်သွင်းဟောသွားတာတွေလည်း ရှိတယ်ဆိုတာ ပိဋကတ်စာပေ သဲလွန်စအရ သိရှိရတယ်။ အဘိဓမ္မာဟောရင်း ဟောပြောသွားတဲ့ တရားတွေရှိတယ်ဆိုတာ လောမသကယ ဘဒ္ဒေကရတ္တ သုတ္တန်ဆိုတာ ရှိတယ်။ အဲဒီ ဘဒ္ဒေကရတ္တသုတ်အရ အဘိဓမ္မာတရား ဟောတုန်း က ကိုယ်တိုင်နာခဲ့တဲ့ စန္ဒနနတ်သားက [၆] ရှင်လောမသကဝိယနဲ့ တွေ့တဲ့အခါမှာ ဘဒ္ဒေကရတ္တ သုတ် အနှစ်ချုပ်ဂါထာကို နာခဲ့ရတဲ့အကြောင်းကို လျှောက်ထားဖူးတယ်။ အဲဒီသဲလွန်စ စကားအရ သုံးလပတ်လုံး အဘိဓမ္မာတရားဟောတယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်သော်လည်း နတ်တွေရဲ့ စရိုက်ဝါသနာတွေကို ကြည့်ပြီး တရားထူးတရားမြတ် ရစေဖို့အတွက် သုတ္တန် တရားများကိုလည်း ထည့်သွင်းဟောကြား တယ်လို့ ဒီလိုမှတ်သားသင့်တယ်။ အဘိဓမ္မာဒေသနာတော်ဆိုတာဟာ ပရမတ္ထ တရားလေးပါးကို အခြေပြုတယ်။ သို့သော် အခြေပြု တဲ့ ပရမတ္ထတရားလေးပါးကိုပဲ ရှုထောင့်ပေါင်း မြောက်များစွာကနေ ချဲ့ထွင်ပြီးတော့ ဟောတာ။ အားလုံးသိကြတဲ့အတိုင်း အဘိဓမ္မာ (၇)ကျမ်းမှာ အကျယ်ဆုံးကျမ်းဟာ “အနန္တနယသမန္တ ပဋ္ဌာန” လို့ [၇] ခေါ်တဲ့ ပဋ္ဌာန်းကျမ်းကြီးပေါ့။ မြန်မာပြည်မှာ ပဋ္ဌာန်း စာအုပ်ကို ပေယျာလမြှုပ်ပြီး ပုံနှိပ်ထားတာဖြစ်လို့ (၅)အုပ်ပဲရှိတာ။ တကယ်ကတော့ ပေယျာလ မမြှုပ်ဘဲ မေးခွန်းနဲ့ အဖြေတွေအားလုံး ထုတ်ဖော်ပြီး စာအုပ်အဖြစ် ပုံနှိပ်မယ်ဆိုရင် အခု ရတနဃရ ဗိမာန်ကြီးပင် စာအုပ်တွေနဲ့ ပြည့်လျှံသွားနိုင်တယ်။ အဲဒီလောက်ထိ ထုထည်ကြီးမားတယ်လို့ မှတ်သား ကြရတယ်။ လောကမှာ ရှိသမျှအကြောင်းတရားတွေကို ပြည့်ပြည့်စုံစုံ ဟောကြားခဲ့တာ ဒီအဘိဓမ္မာပဲ။ အဘိဓမ္မာ ဆိုတာ အဘိဝိသိဋ္ဌဓမ္မ ထူးခြားတဲ့ဓမ္မတွေ ပါဝင်တဲ့ ဒေသနာ၊ သို့မဟုတ် အတိရေကဓမ္မ ပိုပြီး ပြည့်ပြည့်စုံစုံ ဟောထားတဲ့ ဒေသနာဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် “အဘိ” ဆိုတာ အလွန်လေးနက်တဲ့။ ဓမ္မ- ဆိုတာ သဘာဝတရား [၈] ဓမ္မများလို့ ဆိုလိုတယ်။ သာမန်ပုဂ္ဂိုလ်တွေက “ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ” ဆိုတဲ့ လောက ဝေါဟာရအရသာ သိနေကြသော်လည်း မြတ်စွာ ဘုရားက အဘိဓမ္မာတရားတော်ကို သမ္မုတိသစ္စာ ပိုင်းက စကားလုံးတွေ များများမသုံးဘဲနဲ့ ပရမတ္ထ ဆိုက်ထိတဲ့ စကားလုံးတွေ သုံးနှုန်းဟောပြသွားတာ ဖြစ်တယ်။ အဘိဓမ္မာတရားတော်ဟာ သုတ္တန်တွေ ထက် ပိုပြီးလေးနက်တယ်၊ ပိုပြီးပြည့်စုံတယ်။ သုတ္တန်ပါဠိဆိုတာ လူတွေရဲ့ စရိုက် ဝါသနာ အခြေနေကိုကြည့်ပြီး ဆုံးမသွန်သင်ခဲ့တဲ့ တရား ဒေသနာတော်များ ဖြစ်တယ်။ အဘိဓမ္မာကတော့ စရိုက်ဝါသနာများကို ရှုငဲ့ခြင်းမပြုဘဲ “ဘယ်လို သဘာဝတရားတွေ အချင်းချင်း အမှီပြုဆက်သွယ် ပြီး ဖြစ်ကြသလဲ”ဆိုတာကို ရှင်းပြတယ်။ သဘာဝ တရားသက်သက် အကျယ်ချဲ့ ဟောထားတာဖြစ်လို့ [၉] အင်မတန်မှ ထူးခြားတဲ့ ဒေသနာတော်တစ်ရပ်လို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး တညီတည်း လက်ခံ ထားကြတယ်။ အဲဒီ အဘိဓမ္မာဒေသနာတော်ကို အကျယ်ချဲ့ ပြီး တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရား ဟောတာက တစ်ပွဲ၊ လူ့ပြည်မှာ မြတ်စွာဘုရားဆီက နည်းခံပြီးတော့ ရှင်သာရိပုတ္တရာ ဟောတာက တစ်ပွဲ လို့ အဘိဓမ္မာတရားပွဲကြီး နှစ်ပွဲဟာ တစ်ပြိုင်နက် ပြီးဆုံးတယ်လို့ ပြောရမယ်။ ဒီကနေ လူ့ပြည်ရောက် လာတဲ့ အဘိဓမ္မာတရားတော်ဟာ ရှင်သာရိပုတ္တရာ ဟောတဲ့ အဘိဓမ္မာတရားလို့ မှတ်ယူရမှာ ဖြစ်တယ်။ “အဘိဓမ္မေ ပါစနာမဂ္ဂေါ နာမ သာရိပုတ္တထေရုပ္ပဘဝေါ” အဘိဓမ္မာမှာ အခုလို အစီအစဉ်တကျ “ဝါစနာမဂ္ဂ” ပို့ချတဲ့အစဉ်၊ (သို့မဟုတ်) အဘိဓမ္မာ လက်ချာဟာ ရှင်သာရိပုတ္တရာ ပေးသွားတဲ့အတိုင်း [၁၀] မှတ်တမ်းတင်ထားတာ ဖြစ်တယ်။ လူသားတွေနဲ့ သင့်လျော်ရုံ မကျဉ်းမကျယ် စီစဉ်ထားတဲ့ အဘိဓမ္မာ တရား ဖြစ်တယ်။ နတ်ပြည်မှာဟောတဲ့ အဘိဓမ္မာ တရားကတော့ ဒီထက်ပိုပြီး ကျယ်ဝန်းတယ်။ အဲဒီ အဘိဓမ္မာကို မြတ်စွာဘုရား ပြည့်ပြည့် စုံစုံဟောကြားပြီး ဒီကနေ့ပဲ နိဂုံးချုပ်နိုင်ခဲ့တာပါ။ အဲဒီလို နိဂုံးချုပ်နိုင်တဲ့အခါမှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကို လူ့ပြည်ပြန်ကြွဖို့ လာရောက် ပင့်တဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲဆိုရင် ရှင်မဟာ မောဂ္ဂလာန် ဖြစ်တယ်။ ရှင်လူပရိသတ်ဟာ ဝါတွင်း သုံးလပတ်လုံး မြတ်စွာဘုရားကို စောင့်မျှော်ပြီး နေကြတယ်။ မြတ်စွာဘုရား အပြန်ခရီးဟာ ဘယ်က လာမယ်ဆိုတာကို သိချင်ကြတယ်။ ရှင်သာရိပုတ္တရာ က တန်ခိုးအရာ ထူးချွန်သူ မဟုတ်သည့်အတွက် ရှင်သာရိပုတ္တရာဆီ ချဉ်းကပ်ပြီး မမေးကြဘူး။

[၁၁] တန်ခိုးအရာ ဧတဒဂ်ရတဲ့ ရှင်မောဂ္ဂလာန်ထံ ချဉ်းကပ်ပြီး မေးကြတယ်။ မြတ်စွာဘုရားကို လူ့ပြည် ပြန်ကြွလာဖို့ သွားရောက် ပင့် တာကတော့ ရှင်မောဂ္ဂလာန်ပဲ ဖြစ်တယ်။ မြတ်စွာဘုရား မိန့်ကြားချက်အရ နတ်ပြည်က အပြန်ခရီးမှာ သင်္ကဿမြို့မှာ ဆင်းသက်မယ်။ အဲဒီ နေရာဌာနကိုပဲ ပရိသတ်တွေက ပြောင်းရွှေ့ပြီး မြတ်စွာဘုရား ပြန်ကြွလာမယ့်အချိန်ကို စောင့်မျှော် နေကြတာဖြစ်တယ်။ မြတ်စွာဘုရား လူ့ပြည်ပြန်ကြွ လာတဲ့နေ့ဟာ ဒီကနေ့ဆိုတော့ ထူးခြားချက်တစ်ခုပဲ လို့ သတ်မှတ်ရမယ်။ သီတင်းကျွတ်လပြည့်နေ့ဟာ အင်မတန်မှ ထူးခြားတယ်။ မြတ်စွာဘုရား စောင်းတန်းသုံးသွယ်ဖြင့် နတ်ပြည်မှ ကြွဆင်းတယ်ဆိုတာ ထားလိုက်တော့။ မြတ်စွာဘုရား ကြွလာတယ်။ နတ်တွေလိုက်ပြီး [၁၂] ပို့ဆောင်ကြတယ်။ သင်္ကဿမြို့မှာ ပြန်ပြီးဆင်းသက် ကြွရောက်လာတယ်။ အဲဒီလို မြတ်စွာဘုရား လူ့လောက ပြန်လည်ခြေချတဲ့အချိန်မှာ ဘုရားကို ပထမဆုံး ရှိခိုးနှုတ်ဆက်ခွင့်ရတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲဆိုရင် ရှင်သာရိပုတ္တရာမထေရ်မြတ် ဖြစ်တယ်။ ရှင်သာရိပုတ္တရာဟာ ဝါတွင်းသုံးလ မြတ်စွာဘုရားထံက အဘိဓမ္မာတရားတွေကို သင်ယူ ခဲ့တာဖြစ်တယ်။ နေ့စဉ်နဲ့အမျှ မြတ်စွာဘုရားနဲ့ ရှင်သာရိပုတ္တရာတို့ ဆက်သွယ်မှုရှိနေကြတယ်။ လူ့ပြည်ကို ပြန်ရောက်တဲ့ အချိန်မှာ ပထမဆုံး ခြေတော်အစုံကို ဦးတိုက်ပြီး ရှိခိုးခွင့်ရတာလည်း ရှင်သာရိပုတ္တရာမထေရ်မြတ်ပဲ။ ဒုတိယ ဦးတိုက်ခွင့်ရသူကတော့ အမျိုးသမီး ဘိက္ခုနီတစ်ဦးပဲ။ ဥပ္ပလဝဏ္ဏာထေရီလို့ ခေါ်တယ်။ မြတ်စွာဘုရားကို ဒုတိယမြောက် ရှိခိုးကန်တော့ခွင့် [၁၃] ရသူဖြစ်တယ်။ အင်မတန်များပြားတဲ့ ပရိသတ်ကြီးထဲ မှာ ဒီအခွင့်အရေးရတယ်ဆိုတာ နည်းတာမဟုတ် ဘူးလေ၊ ကြီးမားတဲ့ အခွင့်အရေးကြီးပဲ။ အမျိုးသား ထဲက ရှင်သာရိပုတ္တရာ၊ အမျိုးသမီးဘိက္ခုနီတွေထဲက ဥပ္ပလဝဏ္ဏာထေရီမတို့ဟာ အင်မတန်ထူးခြားတဲ့ အခွင့်အရေးကြီးတွေကို ရရှိကြတယ်။ ဒီနေရာမှာ အရှင်အာနန္ဒာတို့ အရှင်မောဂ္ဂလာန်တို့ ဒီအခွင့် အရေးရတယ်ဆိုတာ စာထဲမှာ မှတ်တမ်းမရှိဘူး။ ဒါကလည်း ဒီမြတ်စွာဘုရား သာသနာတော်နဲ့ ပတ် သက်ပြီး ဒီကနေ့ ထူးခြားချက်ပဲလို့ ဒီလိုကြည့်ရမယ်။ အဲဒီမှာ ပထမဆုံးဦးတိုက်ခွင့်ရတဲ့ ရှင်သာရိ ပုတ္တရာမထေရ်မြတ်က ခမ်းခမ်းနားနားနဲ့ လူ့ပြည် ပြန်လည်ရောက်ရှိလာတဲ့ မြတ်စွာဘုရားကိုကြိုဆိုရင်း နှုတ်ဆက်တယ်။

[၁၄] “နမေ ဒိဋ္ဌော ဣတော ပုဗ္ဗေ၊
န သုတော ဥဒ ကဿစိ”
ယခင်က သူတစ်ခါမှ ဒီလိုခမ်းနား ကြီးကျယ်တဲ့ မြတ်စွာဘုရားရဲ့ ကျက်သရေတွေကို မတွေ့ ရဘူးပါဘူး။ ဘယ်သူဆီကမှလည်း ဒီလို ကျက်သရေရှိတဲ့ မြတ်စွာဘုရား နတ်ပြည်က လူ့ပြည် ပြန်ရောက်လာတယ်ဆိုတဲ့ သတင်းကိုလည်း မကြား ရဘူးပါဘူး။ အင်မတန်မှ ခမ်းနားကြီးကျယ်စွာ မြတ်စွာဘုရားကို တလောကလုံးက ဦးညွတ်ပြီးတော့ လူတွေသာမက နတ်တွေ ဗြဟ္မာတွေ စကြာဝဠာ ပေါင်း မြောက်များစွာက ကောင်းကင်ယံကြီး တစ်ခုလုံး ပြည့်နေအောင် ဦးတိုက်ရှိခိုးကြတယ်။ ဗုဒ္ဓရဲ့ အသရေတော်ဟာ အင်မတန်မှ ထူးခြားလှပါ တယ်လို့ ရှင်သာရိပုတ္တရာမထေရ်မြတ်က လျှောက်ခဲ့တာပါ။

[၁၅] ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ပညာအရာ အင်မတန်ကြီးတယ်။ “နမေ ဒိဋ္ဌော ဣတော ပုဗ္ဗေ” ဒီအရင်တုန်းက မြတ်စွာဘုရား အခုလို ခမ်းခမ်း နားနား ကြီးကျယ်စွာ ကြွရောက်လာတာ သူမမြင် ဖူးဘူး “န သုတော ဥဒကဿစိ” ဘယ်သူ့ထံမှလည်း မကြားဖူးဘူး၊ အင်မတန်မှ ထူးခြားတယ်လို့ မြတ်စွာ ဘုရားကို ဦးစွာ နှုတ်ဆက်စကား ပြောကြားခဲ့တာ ဖြစ်တယ်။ လူထုကြားမှာ အလွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ရှိသေးတယ်။ အဲဒါ ဘယ်သူတွေတုန်းဆိုရင် နတ်ပြည်ရောက် မြတ်စွာဘုရားရဲ့ သတင်းတွေကို ပြန်ကြားပေးနေတဲ့ ရှင်မောဂ္ဂလာန်နဲ့ ရှင်အနုရုဒ္ဓါတို့ပဲ ဖြစ်တယ်။ အရှင်မောဂ္ဂလာန်နဲ့ အရှင်အနုရုဒ္ဓါတို့ဟာ ပရိသတ်ကြားမှာ အတော့်ကို Popular ဖြစ်ကြတယ်။ ဘာဖြစ်လို့တုန်းဆို တန်ခိုးရှင်တွေ ဖြစ်လို့ပဲ။ တန်ခိုး ရှင်တွေဟာ အလွန် Popular ဖြစ်တယ်။

[၁၆] ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ ၂-ပါး ဟာ အင်မတန်မှလည်း ရင်းနှီးကြတာ။ သို့သော် တန်ခိုးအရာမှာ ထူးခြားပြောင်မြောက်တာက ရှင်မောဂ္ဂလာန် ဖြစ်တယ်။ ရှင်မောဂ္ဂလာန်ဟာ လူ့လောကအလယ်မှာ အလွန်ထင်ရှားတယ်။ ရှင်မောဂ္ဂလာန်ကြောင့် ဗုဒ္ဓသာသနာတော်ကို လူသိ များပြီး ကြီးပွားတိုးတက်တယ်လို့ ယူဆကြတယ်။ ဒါကြောင့်မို့ ရှင်မောဂ္ဂလာန်ကို အပြတ်ရှင်းတယ် ဆိုတာ ဒီကိစ္စလည်းပါတယ်။ အတိတ်က ဝဋ်ကြွေး ဆိုတာထားလိုက်၊ ပစ္စုပ္ပန်လုပ်ရပ်က အဲဒီဘက်ကို ဦးလှည့်နေတယ်။ ဒါတင်မကဘူး၊ ရှင်မောဂ္ဂလာန်ရဲ့ စွမ်းဆောင် မှုတွေက ဘာတွေတုန်းဆိုရင် ရှင်မောဂ္ဂလာန်ဟာ ဒေသစာရီ ကြွချီလေ့ရှိတယ်။ နတ်ပြည်ရောက်လိုက်၊ ဒုဂ္ဂတိဘုံတွေရောက်လိုက်နဲ့ လှည့်လည် သွားလာပြီး [၁၇] နတ်ပြည်က နတ်သား နတ်သမီးတွေ ဘာကုသိုလ် တွေလုပ်လို့ ဒီလိုစည်းစိမ်တွေ ရတာတုန်းဆိုတာ မေးတယ်။ မေးပြီး လူ့ပြည်ပြန်ဟောတယ်၊ တစ်ခါ ဆင်းရဲဒုက္ခ ရောက်နေကြတဲ့ ဒုဂ္ဂတိဘုံတွေဆီ သွားတယ်။ သွားပြီး ဘာကြောင့် ဒီလိုဒုက္ခခံရသလဲ၊ ဘာကြောင့် ဒီဘဝရလာတာလဲ၊ ဘယ်ဘဝက လာတာလဲလို့ ဆိုတာတွေ မေးမြန်းပြီး လူ့ပြည် ပြန်ဟောတယ်။ ဝိမာနဝတ္ထုတို့ ပေတဝတ္ထုတို့ဟာ အများအားဖြင့် ရှင်မောဂ္ဂလာန်မထေရ်မြတ်ရဲ့ “ခရီးသွားမှတ်တမ်း” တွေလို့ ပြောရမှာပဲ။ သူကိုယ် တိုင် သွားရောက်စုံစမ်းပြီး ကံ,ကံ၏အကျိုးကို ဖော်ညွှန်းတဲ့ ဒီဒေသနာတော်တွေနဲ့ လူ့လောကမှာ သာသနာပြုတာ။ အလွန်အောင်မြင်ခဲ့တယ်လို့ ဒီလို ပြောရမှာဘဲ။

[၁၈] အဲဒီတော့ ရှင်မောဂ္ဂလာန်တို့က ပရိသတ်ထဲ မှာ အလွန်လူသိများ၍ ထင်ပေါ်ကျော်ကြားမှုကို ရရှိနေကြတယ်။ အဘိဓမ္မာတရားတော်ကို မြတ်စွာ ဘုရားဆီက သင်ယူပြီး သူ့ရဲ့ တပည့်သာဝက ငါးရာ ကို သင်ကြားပို့ချပေးနေတဲ့ ရှင်သာရိပုတ္တရာကတော့ လူသိနည်းတယ်။ ဒီပရိသတ်ကြီးက ရှင်သာရိပုတ္တရာ ရဲ့ ပညာစွမ်းကို မသိကြဘူးတဲ့။ ပညာဆိုတာ အင်မတန်မှ နက်နဲတယ်၊ ခက်ခဲ တယ်၊ ရှင်မောဂ္ဂလာန်လို တန်ခိုးရှင်တွေဟာ တောင် ကြီးလို ထင်ပေါ်ကျော်ကြားနေပေမယ့် ရှင်သာရိ ပုတ္တရာမထေရ်မြတ်ရဲ့ ပညာရည်အချင်းကိုတော့ လူတွေက သိပ်မသိကြဘူး။ အဲဒီမသိတာကို သိစေ လိုတဲ့ဆန္ဒ မြတ်စွာဘုရားမှာ ရှိတယ်။ ဒီလောက် များပြားလှတဲ့ သံဃာ့ပရိတ်သတ်ထဲမှာ ဗုဒ္ဓဝိသယ ဘုရားအရာ ဘုရားမှသာ ဖြေနိုင်တဲ့ မေးခွန်းမျိုးကို [၁၉] မေးလိုက်တဲ့အခါ ဖြေနိုင်သူ မရှိကြဘူး၊ ရှင်သာရိပုတ္တရာ တစ်ပါးသာ ဖြေဆိုနိုင်တယ်။ အဲဒီအချိန်ကျမှ ပရိသတ်ကြီးက ရှင်သာရိပုတ္တရာ ဟာ ဘုရားပြီးရင် ပညာအကြီးဆုံးပဲလို့ သိပြီး ရှိခိုးဦးညွတ်လာကြတယ်။

ဆိုလိုတာက “အဘိဓမ္မာအခါတော်နေ့ မှာ မြတ်စွာဘုရားက ပညာရှင်တွေရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်တယ်” လို့ ဒီလိုပြောလို့ရတယ်။ ပညာရှင်ဆိုတာမျိုးက ဘာနဲ့တူတုန်းဆိုလို့ရှိရင် စည်ကြီးနဲ့ တူတယ်။ စည်ဟာ တီးမှအသံထွက်တယ်။ ပညာရှိကလည်း မေးမှပြောတယ်။ အဲဒါကြောင့်မို့ Popular မဖြစ်ဘူး။

ပညာရှိဆိုတာ ဆားအိုး

အရှင်မောဂ္ဂလာန် နဲ့ အရှင်သာရိပုတ္တရာ တို့ တစ်ခါတုန်းက ပြောကြဆိုကြတာရှိတယ်။

[၂၀] ရှင်သာရိပုတ္တရာ က ပထမဆုံး ဥပမာပေးပြီးတော့ ရှင်မောဂ္ဂလာန် ကို ပြောတယ်။ “အရှင်မောဂ္ဂလာန် တို့များ အင်မတန်မှ တန်ခိုးကြီးမားလှပါပေတယ်။ လူသိထင်ရှား ‘အင်မတန်မြင့်မားတဲ့ တောင်ကြီး’ လိုပါပဲ။ တပည့်တော်တို့ကတော့ အဲဒီတောင်ထဲမှာရှိတဲ့ ကျောက်တုံးလေး တစ်တုံးလောက်ပါပဲ” လို့ ရှင်မောဂ္ဂလာန် ကို ဂုဏ်တင်ပြီး ပြောခဲ့တယ်။ ရှင်မောဂ္ဂလာန် က တောင်ကြီးလို ကြီးမားကျော်ကြားပြီး တပည့်တော်ကတော့ အဲဒီတောင်ကြီးအနီးက ကျောက်တုံးကလေးပါပဲလို့ ပြောတယ်။

ရှင်မောဂ္ဂလာန် က ဘာပြန်လျှောက်တုန်း ဆိုရင် “အရှင်ဘုရားတဲ့၊ အရှင်ဘုရားက တကယ် ပညာအရာ ထူးချွန်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ‘ဆားအိုးကြီး’ လိုပါပဲတဲ့။ တပည့်တော်က အဲဒီဆားအိုးကြီးထဲက ‘ဆားပွင့်ကလေး’ ပါ” လို့ ပြောတယ်။

[၂၁] ဒီနှိုင်းယှဉ်ချက်နှစ်ခုကို သာမန်ကြည့်မယ် ဆိုလို့ရှိရင် ဆားအိုးဆိုတာ ဘာလုပ်မှာလဲ၊ သေးသိမ်တဲ့ ဥပမာလို့ ဒီလိုထင်ကောင်း ထင်လိမ့်မယ်။ အဲဒီမှာ ပညာရှိကို ဆား နဲ့ နှိုင်းတယ်ဆိုတာ အလွန် အဓိပ္ပာယ်ရှိတယ်။ လူတွေစားကြတဲ့ အစာအာဟာရထဲမှာ ဘယ်အရာပဲဖြစ်ဖြစ် ဆား ဆိုတာ မမြင်ရဘူး။ ဆား ကိုလည်း တိုက်ရိုက်မစားကြဘူး။ သို့သော် ဟင်းခွက်တိုင်း ဆား မပါရင် အရသာ ပေါ့ပျက်ပျက် ဖြစ်တယ်။ နောက်ဆုံး သရေစာတွေတောင် ဆား လေးပါမှ ကောင်းတယ်ဆိုတာ ဖြစ်တယ်။ ဆိုလိုတာက ဟင်းထဲမှာ ပျော်ဝင်နေတာဆိုတော့ မသိဘူး၊ မထင်ရှားဘူး၊ ကြက်သားဟင်းမှာလည်း ခပ်မှာပဲ။ ဒါပေမဲ့ ကြက်သားဟင်း ဆား မပါဘဲနဲ့ ချက်ကြည့် ပေါ့ရွှတ်ရွှတ် ဖြစ်မှာပဲ။

[၂၂] ရှင်မောဂ္ဂလာန် ပေးလိုက်တဲ့ ဥပမာမှာ ဆား ဆိုတာ လူတွေစားသုံးတဲ့ အရာအားလုံးထဲမှာ သူမပါရင် လုံးဝ အရသာမရှိဘူး။ “ပညာရှိမပါရင် ဘာမှမဖြစ်ဘူး” ဆိုတဲ့ အဓိပ္ပာယ်နဲ့ပြောတာ၊ ဥပမာစကားဟာ တွေးလေ လေးနက်လေပဲ။ တန်ခိုးကြီးလို့ Popular ဖြစ်တဲ့ ပုဂ္ဂိုလ်က တောင်ကြီးလို ကြီးမားတယ်။ ပညာရှိပုဂ္ဂိုလ်ကတော့ သူ့ရဲ့အရည်အချင်း သိပ်ပြီး မသိရဘူး။ သို့သော် သူမပါရင် ပေါ့ပျက်ပျက်ကြီးပဲ။ အရသာမထွက်ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတာ။

လူ့ဘဝတုန်းကလည်း သူငယ်ချင်း၊ ရဟန်းဖြစ်လာတော့လည်း အတူတကွနေကြတဲ့ လက်ဝဲရံ လက်ယာရံ ဒီမထေရ်မြတ်ကြီးနှစ်ပါး အပြန်အလှန် အခုလို စကားပြောပုံ မှတ်တမ်းတင်တဲ့ သုတ္တန်ကို ဃဋသုတ္တန် လို့ခေါ်တယ်။ သံယုတ်ပါဠိတော် မှာ ပါရှိတယ်။

[၂၃] ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ ပညာကြီးတော့ နေရာတကာမှာ သူပါရတယ်။ အဘိဓမ္မာ တရားဟောတာလည်း သူပါရတယ်။ သို့သော် သူပါတာကို မသိကြဘူး။ မသိကြလို့ မြတ်စွာဘုရားက မေးခွန်းထုတ်ပြီး ရှင်သာရိပုတ္တရာ ရဲ့ ဉာဏ်စွမ်းဉာဏ်စတွေကို ထုတ်ဖော်ပေးခဲ့တာ။ အဲဒါလည်း ဒီကနေ့ပဲပေါ့။

ဗုဒ္ဓသာသနာ မှာ သီတင်းကျွတ်လပြည့်နေ့ ရဲ့ ထူးခြားချက်တွေက အဘိဓမ္မာအခါတော်နေ့ တစ်ခုတင်မဟုတ်ဘူး။ နတ်ပြည်ကနေ လူ့ပြည်သို့ ကြွလာပြီး ရှေးဦးစွာ ခြေချတဲ့နေ့ဟာလည်း ဒီ သီတင်းကျွတ်လပြည့်နေ့ ပဲလို့ ဒီလိုမှတ်ကြရတယ်။ ပညာဂုဏ်ကို ထုတ်ဖော်ပြီး ပညာရှိကို ရှေ့တန်းတင်ပေးတဲ့ နေ့ဟာလည်း ဒီကနေ့ပဲလို့ ဒီလိုမှတ်ရမယ်။

[၂၄] နောက်တစ်ခုက ဘာတုန်းဆိုရင် ဒီ သီတင်းကျွတ်လပြည့်နေ့ မှာ ယနေ့ မြန်မာပြည်မှာရှိကြတဲ့ သံဃာ ၅ သိန်းခန့် ရှိတဲ့ထဲမယ် ရဟန်းတော် အရှင်မြတ်တွေက မိမိတို့ ဝါဆိုရာ ဒေသအလိုက် ပဝါရဏာ ပြုကြတယ်။ စည်းလုံးမှုအတွက် အရေးပါတဲ့ ပဝါရဏာ ပွဲကို ဆင်နွှဲကြတာဖြစ်တယ်။ ပဝါရဏာ ဆိုတာ ဖိတ်ကြားခြင်းပဲ။ အင်မတန်မှ မှတ်သားစရာကောင်းတဲ့ လုပ်ငန်းတစ်ခု၊ စည်းရုံးရေးမှာ အလွန်အရေးကြီးတဲ့ ထိရောက်တဲ့လုပ်ငန်းတစ်ခု ဖြစ်တယ်။

“ကိုယ်တိုင်မြင်လို့ပဲဖြစ်စေ၊
သူများဆီက တစ်ဆင့်ကြားလို့ပဲဖြစ်စေ၊
သို့မဟုတ် သံသယဖြစ်စရာ တွေ့ပြီး သံသယဖြစ်လို့ပဲဖြစ်စေ
ကောင်းကျိုးကို လိုလားတဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ ပြောဆိုသတိပေးပါ။
အပြစ်ကို တွေ့မြင်တဲ့အခါ ပြုပြင်ပါ့မယ်” လို့ ခုလို ပွင့်လင်းတဲ့ စကားလုံးနဲ့ ပွင့်လင်းမြင်သာ အချင်းချင်း [၂၅] ဝေဖန်စရာရှိရင် ဝေဖန်ပါ။ ထောက်ပြပါ။ အားလုံး လက်ခံပါမယ်ဆိုတဲ့ အပြောမျိုးနဲ့ အချင်းချင်း အပြန်အလှန် ဖိတ်ကြားတာ ဖြစ်တယ်။ စည်းလုံးညီညွတ်မှုအတွက် ပဝါရဏာ ပြုတာဟာလည်းပဲ ဒီ သီတင်းကျွတ်လပြည့်နေ့ ပဲ။

တစ်နေရာမှာ စုနေတဲ့ပုဂ္ဂိုလ်တွေ မကြာခင်ပဲ သာသနာပြုခရီး ထွက်ကြတော့မှာ၊ ထွက်တဲ့အခါမှာ အတူနေလာတဲ့ အချိန်ပိုင်းမှာ တစ်ဦးနဲ့တစ်ဦး အဆင်မပြေတာရှိရင် လျော့ပါးသွားဖို့ အခုလို ဖိတ်ကြားခြင်းပဲ ဖြစ်တယ်။ အင်မတန်မှ ယဉ်ကျေးတဲ့ လူ့ယဉ်ကျေးတို့ရဲ့ အစဉ်အလာတစ်ခုပဲ။ အဲဒီယဉ်ကျေးမှု အစဉ်အလာတစ်ခုဟာ ဗုဒ္ဓသာသနာ တော်မှာ ထင်ထင်ရှားရှား ရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပဲ။ အင်မတန်မှ ကောင်းမြတ်တဲ့ အစဉ်အလာတစ်ခုပါ။

[၂၆] အဲဒီတော့ ဒီလိုထူးခြားပြီး မှတ်သားစရာလေးတွေနဲ့ ပြည့်နှက်နေတဲ့ သီတင်းကျွတ်လပြည့်နေ့ မှာ တို့တတွေ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဖြစ်သည်အားလျော်စွာ ဒီကနေ့ရဲ့ ထူးခြားချက်တွေ ဘာတွေရှိတယ်ဆိုတာကို သိရှိနားလည်ပြီး မိမိတို့ရဲ့ အခြေခံ စိတ်ဓာတ်တွေ သဘောတရားတွေ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံတဲ့အခါမှာ မည်သို့ ပေါင်းသင်းဆက်ဆံကြမယ်၊ ဘယ်လိုသဘောထားရမယ်ဆိုတာ သိရှိနားလည်နိုင်ကြတယ်။

လောကမှာ အယဉ်ကျေးဆုံးလို့ ဆိုနိုင်တဲ့ လူ့အသိုင်းအဝိုင်းဟာ ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းပဲ ဖြစ်တယ်။ သို့သော် ရိုင်းစိုင်းတာ မရှိဘူးလားဆိုရင် ရှိတယ်၊ ဒါ ကာယကံရှင်နဲ့ပဲ ဆိုင်တယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမဩဝါဒက ရိုင်းစိုင်းစေတာ တစ်ခုမှမရှိဘူး။ ယဉ်ကျေးစေတယ်။

[၂၇] အင်မတန်မှ ယဉ်ကျေးစေတဲ့ အဆုံးအမ ဖြစ်တယ်။ ဘိက္ခု၊ ဘိက္ခုနီ၊ အမျိုးသား ဥပါသကာ၊ အမျိုးသမီး ဥပါသိကာမ လို့ဆိုတဲ့ ဗုဒ္ဓသာဝက အဖွဲ့အစည်း (Buddhist society) ဆိုတာ ဒီလေးခုပဲ။ ဒီလေးခုဟာ တညီတည်း တာဝန်ရှိပြီး တညီတည်း လိုက်နာကျင့်သုံးကြရတဲ့ ဗုဒ္ဓရဲ့အဆုံးအမပဲ ဖြစ်တယ်။ အဲဒီတော့ ဒီနေ့ရဲ့ ထူးခြားချက်ကလေးတွေကို ကြည့်ပြီး ဒီစနစ်ဟာ အင်မတန်မှ ကောင်းမြတ်တယ်။ အချင်းချင်း လိုက်လျောညီထွေရှိအောင် အချင်းချင်း ဖိတ်ကြားမှုဆိုတာ လူတွေမှာလည်း လုပ်သင့်တယ်။ အတူတကွနေကြတဲ့အခါ “အပြစ်ရှိရင်ပြောပါနော်။ သတိပေးပါ။ လိုက်နာပါ့မယ်” ဆိုတဲ့ အပြောလေးတွေဟာ လူ့လောကမှာ အယဉ်ကျေးဆုံး အပြုအမူပဲ။ ဘာဖြစ်လို့တုန်းဆိုရင် “လူဆိုသည်မှာ အသိဉာဏ်မထိရောက်တဲ့ အခါမျိုး၊ သတိလက်လွတ် [၂၈] သွားတဲ့ အခါမျိုး” မှာ အမှားအယွင်းလေးတွေ ဆိုတာ လုပ်မိတတ်တယ်။ တစ်ဦးနဲ့တစ်ဦးအကြား စိတ်ခုစရာလေးတွေ ရှိတတ်တယ်။ စိတ်ခုစရာတွေမရှိဘဲ တစ်ဦးနဲ့တစ်ဦး မေတ္တာ သက်ရောက်မှုဆိုတာ အင်မတန်မှ အရေးကြီးတာပါ။

အဘိဓမ္မာပြန့်ပွားရေး အသင်းကြီး ဆိုပြီး ဖွဲ့ထားတဲ့ အသင်းသူ အသင်းသားတွေမှာ အချင်းချင်း စိတ်ခုစရာတွေ မရှိစေရဘူး။ အပြန်အလှန် နားလည်မှုတွေပေးပြီး လိမ္မာယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာ အသင်းကြီး ဖြစ်သင့်တယ်။ စိတ်ထဲ နှလုံးသားထဲမှာ ဒီလိုမှတ်သားထားပြီး သီတင်းကျွတ်ရဲ့ စိတ်ဓာတ်၊ ပဝါရဏာ စိတ်ဓာတ်၊ ပဝါရဏာ ယဉ်ကျေးမှုတွေ လက်ခံကျင့်သုံးဖို့ လိုအပ်တယ်။

[၂၉] ဗုဒ္ဓ၏ ဖိတ်ကြားမှု

အဲဒီတော့ ဒီ ပဝါရဏာ ဖိတ်ကြားမှုကို မြတ်စွာဘုရားကိုယ်တိုင် လုပ်တယ်။ “ငါက ဘုရားပဲ၊ ငါဟောတာပဲ၊ မင်းတို့လိုက်နာကြရမယ်” ဆိုတာမျိုး မရှိဘူး။ မြတ်စွာဘုရားကိုယ်တိုင် ရဟန်းတပည့်တွေကို ဖိတ်ခေါ်တယ်။ “ငါ့မှာ တစ်စုံတစ်ခု အပြစ်ရှိရင် ပြောကြ” လို့ မြတ်စွာဘုရားကိုယ်တိုင်က ဖိတ်ခေါ်တယ်။ အလွန်အံ့ဩစရာ ကောင်းတယ်။ ဗုဒ္ဓမြတ်စွာရဲ့ ဒေသနာတော်တွေထဲက သံယုတ်ပါဠိတော် ထဲမှာ ဝင်္ဂီသသံယုတ် ဆိုတာ ရှိတယ်။ အဲဒီ ဝင်္ဂီသသံယုတ် မှာ ပဝါရဏာသုတ္တန် ဆိုတာ ရှိတယ်။ အခုလို သီတင်းကျွတ်လပြည့်နေ့ ပဲ။ မြတ်စွာဘုရားကိုယ်တိုင်က တပည့်တွေကို ပွင့်လင်းစွာ သူ့မှာအပြစ်ရှိရင် ပြောကြလို့ဆိုပြီး ဖိတ်ခေါ်ခဲ့ကြောင်း ပါရှိတယ်။

[၃၀] မြတ်စွာဘုရားက သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ရဲ့ ပြာသာဒ်ဆောင်မှာ သီတင်းသုံးနေတယ်။ အခုလို သီတင်းကျွတ်လပြည့်နေ့ ကြီးမှာ မြတ်စွာဘုရားဟာ မိဂါရမာတုပါသာဒ မှ အောက်ဆင်းပြီး ကျယ်ဝန်းတဲ့ လွင်ပြင်ကြီးမှာ ထိုင်တယ်။ ရဟန်းသံဃာ ၅၀ဝ ကလည်း မြတ်စွာဘုရားကို ခြံရံပြီးတော့ ဘုရားအနီးမှာ ထိုင်နေကြတယ်။ အဲဒီအချိန်ဟာ အခုလို သီတင်းကျွတ်လပြည့်နေ့ ရဲ့ အချိန်လေးတစ်ခုပဲ ဖြစ်တယ်။ အဲဒီလို ထိုင်နေတဲ့အခါ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က သံဃာ့ပရိသတ်ကို မိန့်ကြားတော်မူတယ်။ “ဟန္ဒဒါနိ ဘိက္ခဝေ၊ ပဝါရေမိ ဝေါ။” ရဟန်းတို့ အခုသင်တို့ကို ငါဖိတ်ကြားပါတယ်။ “န စ မေ ကိဉ္စိ ဂရဟထ ကာယိကံ ဝါ ဝါစသိကံ ဝါ” “ငါ့မှာ ကာယကံမှု ဝစီကံမှု များ ပြစ်တင်စရာများ ရှိကြသလား၊”

[၃၁] (ပြစ်တင်စရာ မရှိဘူးလား၊ ပြစ်တင်စရာရှိရင် ပြောကြပါလို့ဆိုတဲ့ အဓိပ္ပာယ်၊) ကာယကံမှု၊ ဝစီကံမှု ပတ်သက်ပြီးတော့ ပြစ်တင်စရာများ ရှိလို့ရှိရင် ပြောနိုင်တယ်လို့ မြတ်စွာဘုရားက ဖိတ်ကြားတာ၊ ဒါ ဘုရား ပဝါရဏာ ပြုတာပဲပေါ့။

ငါကသာ သတိပေးရမယ်၊ ငါ့တပည့်တွေက ငါ့ကို သတိပေးစရာမလိုဘူးလို့ ဒီလိုမြတ်စွာဘုရားရဲ့ စိတ်ဓာတ်ထဲမှာ မရှိဘူးဆိုတာ အင်မတန်မှ ထင်ရှားတယ်။ သို့သော် မြတ်စွာဘုရားရဲ့အပြစ်ကို ထောက်ပြနိုင်တဲ့ ပုဂ္ဂိုလ်ရှိလားဆိုတော့ မရှိဘူး။ ဘာလို့မရှိတုန်း၊ အပြစ်မှမရှိတာ။ အပြစ်ရှိလို့ ပြောခိုင်းတာ မဟုတ်ဘူး။ ဒိဋ္ဌာနုဂတိ လို့ခေါ်တဲ့ ကောင်းတဲ့ အစဉ်အလာတွေကို လိုက်နာကျင့်သုံးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ ဖြစ်တယ်။ စိတ်ဓာတ်ရေးဟာ [၃၂] အင်မတန်မှ ကွာခြားတယ်။ ယနေ့ခေတ်မှာ လူကြီးဖြစ်သွားပြီဆိုရင် “ငါ့ကို လာမပြောနဲ့၊ ငါပြောတာပဲ လုပ်” ဆိုတဲ့ အဆင့်မျိုးကို ရောက်သွားကြတယ်။ သူက အပြောခံတာ မဟုတ်တော့ဘူး၊ သူပြောတာပဲ လိုက်နာ။ အဲဒီလို အဓိပ္ပာယ်မျိုးရောက်တယ်။ မြတ်စွာဘုရားက ကိုယ်မှုနှုတ်မှုနဲ့ ပတ်သက်ပြီး ငါ့မှာ ကဲ့ရဲ့စရာတွေများ ရှိသလား၊ ရှိရင်ပြောကြလို့ ဆိုတဲ့အဓိပ္ပာယ်ပဲ။ အဲဒီလို မြတ်စွာဘုရားကိုယ်တိုင်က သံဃာ ၅ဝဝ ကြားမှာ ပွင့်ပွင့်လင်းလင်း အခုလို ဖိတ်ကြားတယ်။ တကယ်တော့ မြတ်စွာဘုရားမှာ ကာယကံ ကလည်း အင်မတန်မှ စင်ကြယ်တယ်။ ဝစီကံ ကလည်း အင်မတန်မှ စင်ကြယ်တယ်။ စိတ်ကြံစည်တွေးတောမှုတွေကလည်း အလွန် သန့်ရှင်းစင်ကြယ်တယ်၊ အပြစ်မရှိဘူး။

[၃၃] ဘဝမှာ ခန္ဓာကိုယ်ရထားလို့ရှိရင် အဲဒီခန္ဓာကိုယ် အသက်ရှည်ဖို့အတွက် အသက်မွေးဝမ်းကျောင်းဆိုတာ ရှိရမယ်။ အဲဒီ အသက်မွေးဝမ်းကျောင်းမှုနဲ့ ပတ်သက်လည်းပဲ မြတ်စွာဘုရားမှာ “ပရိသုဒ္ဓါဇီဝ” လုံးဝစင်ကြယ်တဲ့ အသက်မွေးမှု ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဘယ်သူ့ဆီကမှ ထောက်ခံချက် ယူစရာ မလိုဘူး။ ကာယကံ နဲ့ ပတ်သက်ပြီးတော့လည်း အပြစ်တစ်စုံတစ်ရာ မရှိဘူး။ ဝစီကံ နှုတ်အပြောနဲ့ ပတ်သက်၍လည်း အပြစ်တစ်စုံတစ်ရာ မရှိဘူး။ ကာယကံ ဝစီကံ မရှိဘူးဆိုတာတင် မကဘူး၊ စိတ်ထဲက ကြံတွေးမှုနဲ့ ပတ်သက်၍လည်း အပြစ်တစ်စုံတစ်ရာ မရှိဘူး။ အဲဒါတွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက သူများဆီမှ ထောက်ခံမှုကို လိုအပ်တာ မဟုတ်ပါဘူး။

[၃၄] သို့သော် အစဉ်အလာကောင်းတစ်ခု လိုက်နာကျင့်သုံးစေဖို့အတွက် ဘုရားကိုယ်တိုင် စံပြအနေနဲ့ “ငါ့မှာ ကိုယ်မှုနှုတ်မှုနဲ့ ပတ်သက်ပြီး အပြစ်တင်စရာများရှိရင် ပြောကြ” လို့ ဒီလိုရဟန်းတွေရဲ့ကြားမှာ ပဝါရဏာ ပြုတဲ့အနေနဲ့ ဖိတ်ကြားခဲ့တယ်။ ဒါက အင်မတန်မှ ရဲရင့်တဲ့စကားလို့ ဒီလိုပြောရမယ်။ တခြားဘာသာရေး ခေါင်းဆောင်တွေ ဒီလို မလုပ်ရဲဘူး။ ဒီလိုလုပ်တာနဲ့ ပရိသတ်ထဲက ဟိုကလက်ညှိုးထထိုး၊ ဒီက လက်ညှိုးထထိုးတွေမှ ဖြစ်နေမှာဘဲ။ မြတ်စွာဘုရားနဲ့ ခေတ်ပြိုင် ဘာသာရေး ဆရာကြီးတွေ ၆ ဦးတောင် ရှိတယ်။
(၆)ဦးလုံးဟာ သူ့လူတွေ သူ့တပည့်တွေကို သူတို့မနိုင်ကြဘူး။ သူ့တပည့်တွေကလည်း သူတို့ကို ကျေနပ်ကြတာ မဟုတ်ဘူး။

[၃၅] တစ်ခါတုန်းက ပုရာဏကဿပ က တရားဟောနေတယ်။ တပည့်တစ်ဦးက ထပြီးကန့်ကွက်သတဲ့။ “ကိုယ်တော်ဟောတာ မှားတယ်။ အဲဒါ အဲဒီလိုမဟုတ်ဘူး” ဆိုပြီး ထကန့်ကွက်တယ်။ ကန့်ကွက်တဲ့အခါ ပုရာဏကဿပ ပြောတယ်။ “ငါပြောတာနားထောင်ဦး၊ ငါပြောနေတုန်း ဝင်မပြောနဲ့” လို့ ပြောတာလည်း မရဘူးတဲ့။ သူ့ပရိသတ် သူမထိန်းနိုင်ဘူး။ ပိဋကတ်ထဲမှာ ဒီအကြောင်း မှတ်တမ်းတင်ထားတာ ရှိတယ်။ ထို့အတူပဲ မာက္ခလိဂေါသာလ တို့၊ သဉ္စယဗေလဋ္ဌပုတ္တ တို့၊ ပကုဓကစ္စာယန တို့၊ အဇိတကေသကမ္ဗလ၊ နိဂဏ္ဌနာဋပုတ္တ ဆိုတဲ့ ဆရာကြီးတွေလည်း ဒီအဖြစ်မျိုးတွေ ကြုံကြရတယ်။

မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေဟာ တုတ်တုတ်မလှုပ်ကြဘူး။ ဘုရားတရားဟောနေတုန်း [၃၆] ချောင်းကလေးဟန့်မိတာနဲ့ အနားက ကိုယ်တော်က တတောင်နဲ့တွက်ပြီး သတိပေးတာခံရတယ်။ “ဘုရားတရားဟောနေတယ်။ အသံမထွက်ပါစေနဲ့”။ ဒီလိုသတိပေးတာတောင် ရှိတယ်။ အချင်းချင်းဟာ အင်မတန်မှ ညီညွတ်ပြီး ဘုရားရှေ့မှာဆိုရင် အင်မတန်မှ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ကြတာ ဖြစ်တယ်။ ဒါကြောင့်မို့ “တပည့်တွေရဲ့ မြတ်နိုးမှုကို အရဆုံး ဘာသာရေးခေါင်းဆောင်ဟာ ဘယ်သူလဲ” လို့ ဆွေးနွေးမေးကြတဲ့ အခါမှာ သမဏ ဂေါတမ တစ်ပါးသာလျှင် ရှိတယ်။ ကျန်တဲ့ဆရာကြီးတွေက သူတို့တပည့် သူတို့ မနိုင်ကြဘူးတဲ့။

မြတ်စွာဘုရားက တပည့်တွေကို နိုင်တယ်လို့ ဆိုတာ ကိုယ်တိုင်ကလည်း ယဉ်ကျေးတယ်။ တပည့်တွေကလည်း ယဉ်ကျေးတယ်။ ကိုယ်တိုင်ကလည်း ငြိမ်သက်အေးချမ်းတယ်။ တပည့်တွေကလည်း [၃၇] ငြိမ်သက်အေးချမ်းတယ်။ တကယ့်အနှစ်သာရပိုင်းမှာ ပြည့်စုံနေတာ ဖြစ်သောကြောင့် အင်မတန်မှ ငြိမ်းချမ်းတယ်။

အဲဒီလို အခြေအနေမျိုးမှာတောင် မြတ်စွာဘုရားက “ဟန္ဒဒါနိ ဘိက္ခဝေ ပဝါရေမိ ဝေါ” ရဟန်းတို့ အခုငါ သင်တို့ကို ဖိတ်ခေါ်တယ်။ ငါ့မှာ ကဲ့ရဲ့စရာ ကိုယ်မှု နှုတ်မှုများရှိရင် ပြောကြ၊ ပြောနိုင်ပါတယ်လို့ မြတ်စွာဘုရားက ဒီလိုဖိတ်ခေါ်လိုက်တယ်။

အဲဒီလိုဖိတ်ခေါ်လိုက်တဲ့အခါ သံဃာ့ပရိသတ်ထဲမှာ အကြီးအကဲအနေနဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ်က တရိုတသေ လက်ကန်တော့ထိုးလို့ မြတ်စွာဘုရားရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး ပြန်လျှောက်တယ်။ “န ခေါ် မယံ ဘန္တေ ဘဂဝတော ကိဉ္စိ ဂရဟာမ” “အရှင်ဘုရား တပည့်တော်တို့ ဘုရားအပေါ်မှာ ကိုယ်မှု နှုတ်မှုနဲ့ ပတ်သက်ပြီး ကဲ့ရဲ့စရာ တစ်ခုမှ မရှိပါဘူး။”

[၃၈] မြတ်စွာဘုရားနဲ့ ပတ်သက်ပြီး လုံးဝကျေနပ်ပါတယ်။ ဘာကြောင့်လဲလို့ဆိုရင် “ရှင်တော်မြတ်ဘုရားဟာ ဒီလမ်းစဉ်ကို ရှေ့ဦးစွာတီထွင်ပြီး ချမှတ်ပေးတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ နိဗ္ဗာန်သွားတဲ့ လမ်းကြောင်းကြီး စတင်ပြီး တီထွင်ဟောကြားတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ အခု တပည့်တော်တို့ဆိုတာ မြတ်စွာဘုရား ချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်း လိုက်ပြီး နိဗ္ဗာန်ကို တွေ့ကြုံရတာဖြစ်လို့ တပည့်တော်တို့အနေနဲ့ မြတ်စွာဘုရားအပေါ်မှာ အပြစ်တစ်စုံတစ်ရာ မမြင်ကြပါဘူး”လို့ ရှင်သာရိပုတ္တရာက ပြန်လျှောက်တယ်။

တပည့်သာဝကဆိုတာ မြတ်စွာဘုရား ချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်း လိုက်ကြရတဲ့ ပုဂ္ဂိုလ်တွေဖြစ်လို့ မြတ်စွာဘုရားအပေါ်မှာ ကဲ့ရဲ့စရာ တစ်စုံတစ်ခုမှ မရှိပါဘူးလို့ လျှောက်ထားပြီး ရှင်သာရိပုတ္တရာက [၃၉] ဘာလျှောက်ပြန်တုန်းဆိုရင် “အရှင်ဘုရား တပည့်တော်အပေါ် မြတ်စွာဘုရားအနေနဲ့ ပြောစရာ ကိုယ်မှုနှုတ်မှုနဲ့ ပတ်သက်ပြီး ကဲ့ရဲ့စရာများ ရှိပါသလားဘုရား။ တပည့်တော် ဖိတ်ကြားပါတယ်။ မြတ်စွာဘုရား မိန့်ကြားတော်မူပါ” ဆို မြတ်စွာဘုရားက “သာရိပုတ္တရာ သင့်ပေါ်မှာလည်း ငါဘာမှ ပြောစရာမရှိပါဘူး။ သင်ဟာ ငါ့တပည့်တွေထဲမှာ အင်မတန်မှ ကြီးမားတဲ့ ပညာရှိတယ်။ ကျယ်ပြန့်တဲ့ ပညာရှိတယ်။ ရွှင်လန်းတက်ကြွတဲ့ ပညာရှိတယ်။ ထိုးထွင်းသိနိုင်တဲ့ ပညာရှိတယ်။ ငါဘုရားဟောသမျှ တရားတွေကို နောက်ကနေလိုက်ပြီး ပြည့်ပြည့်စုံစုံ ဟောကြားနိုင်တာ သင်တစ်ဦးတည်းပဲ။ ဒါကြောင့် ငါ့တပည့်အပေါ်မှာ အပြစ်တစ်စုံတစ်ရာ မရှိပါဘူး” လို့ မိန့်တယ်။

[၄၀] ဘုရားကိုယ်တိုင်က ဘာမှပြောစရာ မရှိပါဘူးလို့ဆိုတော့ ရှင်သာရိပုတ္တရာက “အဲဒီလိုဆိုရင် ဟောဒီရဟန်း ၅ဝဝ ပေါ်မှာရော အပြစ်တင်စရာ ရှိပါသလား၊ တပည့်တော် သူတို့ကိုယ်စား ဖိတ်ကြားအပ်ပါတယ်” တဲ့။

မြတ်စွာဘုရားက “မရှိပါဘူး။ ဒီထဲမယ် အပါး (၆၀)က တေဝိဇ္ဇ (၃)ပါး ရရှိထားတဲ့ တကယ့်ရဟန္တာပုဂ္ဂိုလ်တွေဖြစ်တယ်။ နောက်ထပ် အပါး (၆၀)က ဆဠာဘိည၊ နောက် အပါး (၆၀)က ဥဘတောဘာဂဝိမုတ္တ၊ နှစ်ဖက်အစုံမှ ကိလေသာကင်းတဲ့ ပုဂ္ဂိုလ်ထူးတွေဖြစ်တယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ ပညာဝိမုတ္တပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အဲဒီတော့ ရဟန်း ၅၀၀ လုံး တကယ့်ရဟန္တာတွေကြီးပဲ ဆိုတော့ အပြစ်ပြောစရာ မရှိဘူးလို့ မြတ်စွာဘုရား အတည်ပြု ပြန်ကြားပေးလိုက်တယ်။

[၄၁] ဘယ်လောက် ယဉ်ကျေးတုန်း။ ဘာမှ အပြစ်မရှိတာတောင်မှဘဲ အပြစ်ရှိရင် ပြောကြပါလို့ ဒီလို ဖွင့်ဟပေးနိုင်တဲ့ စိတ်သဘောထားဟာ ဘယ်လောက်ကြီးမြတ်သလဲဆိုတာ စဉ်းစားကြည့်။ လောကလူတွေက ကိုယ်မာနကို ကိုယ်မချိုးနိုင်ကြဘူး။ ရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်မျိုးတွေဟာ မာနဆိုတာ လုံးဝမရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေ။ တောင်းပန်စရာရှိရင် သူကအရင် တောင်းပန်တယ်။

ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ (၇)နှစ် အရွယ် ကိုရင်လေးတစ်ပါးက ရှင်သာရိပုတ္တရာရဲ့ သင်္ကန်းစလေး နောက်မှာ လျှောကျပြီး မညီမညာ ဖြစ်နေတာကို ထောက်ပြပြီး “အရှင်ဘုရား သင်္ကန်းလျှောကျနေပါတယ်” လို့ ပြောတဲ့အခါ တရိုတသေ တလေးတစား သင်္ကန်းကို ပြင်ဆင်ဝတ်ပြီးတော့မှ ရှင်သာရိပုတ္တရာက “သင့်လျော်ပါပြီလား” လို့ တလေး [၄၂] တစား ပြောတယ်။ အခုချိန်မှာ ဆိုလို့ရှိရင် ပြောလိုက်မယ်။ ခဏခဏ ကြားရတဲ့စကားက “လျှာမရှည်နဲ့” ဆိုတဲ့ စကားပဲ။ လျှာမရှည်နဲ့ဆိုတဲ့ စကားကတော့ တွင်တွင်သုံးတာ။ အဲဒီမှာ ရှင်သာရိပုတ္တရာက အဲဒီလိုစကားမျိုး မပြောတဲ့အပြင် “တဒဟုပဗ္ဗဇိတော ဇာတိယာ သတ္တ ဝဿိကော”
မွေးဖွားလို့ သန္တော၊
(၇)နှစ်ပဲ ရှိသေးတယ်။ ကိုရင်ဝတ်တာလည်း ဒီနေ့မှ ဝတ်တာ။
အဲဒီကိုရင်လေးက အပြစ်ထောက်ပြပြီး ပြောတယ်ဆိုရင် ဦးထိပ်ရွက်ပန်ဆင်ပါမယ်” လို့ ပြောတယ်။ ဒါကလည်း အင်မတန်မှ ပညာကြီးတဲ့ ပုဂ္ဂိုလ်၊ ဘာမာနမှမရှိတဲ့ ပုဂ္ဂိုလ်သူမြတ်ကြီးတွေရဲ့ စိတ်နေသဘောထားဟာ ကြီးမြတ်လှပါတယ်။

ဘုန်းကြီးတို့တတွေ အတုယူကြရမှာ ဖြစ်တယ်။ ဒီလောက်ကြီးမားတဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ်မြတ်ကြီး တောင်မှဘဲ အခုလို စိတ်နေသဘောထားတွေ [၄၃] ထားနိုင်တယ်ဆိုရင် ငါတို့ဘာလို့ မထားနိုင်ရမှာလဲ။ ဒို့ကြိုးစားပြီး ထားကြရမယ်။ ဒို့မှာရှိတဲ့ဂုဏ်က ဘာမှ ပြောလောက်တာလဲ မဟုတ်ဘူး။ အံ့ဩလောက်တာလည်း မဟုတ်ဘူး။ အခု မြတ်စွာဘုရားလို ပုဂ္ဂိုလ်မျိုးကတောင်မှ တပည့်သာဝကတွေဘက် လှည့်ပြီး ပြောစရာရှိရင် ပြောကြလို့ ဖိတ်ကြားတဲ့ စကားကို ပြောနိုင်သေးတာပဲ။ ဒို့က ဘာလို့ မပြောနိုင်ရမှာလဲလို့ ကိုယ့်ကိုယ်ကို ဆုံးမကြရမှာဖြစ်တယ်။ အဲဒီတော့ ရှင်သာရိပုတ္တရာမထေရ်မြတ်က “ဒီရဟန်းတွေအပေါ်မှာ အပြစ်ရှိသလား၊ အပြစ်ရှိရင် မိန့်တော်မူပါ” မေးတဲ့အခါ မြတ်စွာဘုရားက မရှိဘူးတဲ့၊ ရဟန်းအားလုံးဟာ အပါး (၆၀)က တေဝိဇ္ဇပတ္တရဟန္တာတွေ၊ နောက် အပါး (၆၀)က ဆဠာဘိည၊ အဘိညာဉ် (၆)ပါးရတဲ့ ဂုဏ်ထူးဝိသေသနနဲ့ ရဟန္တာ ဖြစ်ရတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်အပါး (၆၀)က ဥဘတော [၄၄] ဘာဂဝိမုတ္တ၊ (အရူပသမာပတ်နဲ့ ရူပကာယမှ လွတ်မြောက်တယ်။ အရဟတ္တမဂ်နဲ့ နာမကာယမှ လွတ်မြောက်တယ်လို့ ဆိုတော့ နှစ်ဖက်ကနေ လွတ်မြောက်တာ။) ဘက်စုံ လွတ်မြောက်မှုရှိတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီလို ထူးခြားတဲ့ တပည့်သာဝကတွေ ဖြစ်လို့ ပြောစရာတစ်ခု မရှိဘူးလို့ မြတ်စွာဘုရားက အခုလိုပြန်ကြားတယ်။ အဲဒါ ပဝါရဏာသုတ္တန်မှာ လာတဲ့စကားရပ်တွေပဲ ဖြစ်တယ်။

အဲဒီမှာ ပရိသတ်တွေထဲမှာပါနေတဲ့ ရှင်ဝင်္ဂီသဆိုတဲ့ ရဟန်းက ဝမ်းသာအားရဖြစ်ပြီး မြတ်စွာဘုရားကို လျှောက်တယ်။ “အခုအတွေ့အကြုံလေးတစ်ခုကို တပည့်တော် ကဗျာသီကုံးပြီး ဂါထာဗန္ဓနဲ့ ချီးမွမ်းစကား ပြောချင်ပါတယ်ဘုရား။ သူ့ဉာဏ်ထဲမှာပြောဖို့ ပေါ်လာတယ်” ဆိုတော့ မြတ်စွာဘုရားက ပြောခွင့်ပေးလိုက်တယ်။

[၄၅] ရှင်ဝင်္ဂီသဆိုတာ ရုတ်ချည်းကဗျာဆိုနိုင်တယ်။ မြန်မာလူမျိုးတွေထဲမှာလည်း ရှေးက စာဆိုတော်ကြီးတွေဟာ ရုတ်ချည်းကဗျာစပ်ကြတယ်။ ထူးခြားတဲ့ အနေအထားမျိုးတွေ ရှိတယ်။ ရှင်ဝင်္ဂီသဟာလည်း ပဋိဘာနအရာမှာ စိတ်ကူးကောင်းတဲ့အရာမှာ သူက ထူးချွန်တယ်။ ဝင်္ဂီသဆိုတဲ့ နာမည်ကို ဘာကြောင့် ခေါ်သလဲဆိုရင်-
“ဝဂ် ဇာတောတိ ဝင်္ဂီသော၊
ဝစနေ ဣဿရောတိ ဝါ၊”
ဆိုတဲ့အတိုင်း ဝင်္ဂတိုင်းမှာ မွေးဖွားသောကြောင့်လည်း ဝင်္ဂီသလို့ခေါ်တယ်။ တစ်နည်းကတော့ စကားအရာမှာ အစိုးရလို့ သူသုံးချင်တဲ့ စကားလုံးတွေဟာ ချက်ချင်းသုံးနိုင်တယ်။ ကဗျာစကားတွေ အသုံးပြုနိုင်တယ်။ ဒါကြောင့်မို့လို့ ဂီသ၊ ဒီလိုအဓိပ္ပာယ်နဲ့ “ဝါဂီသ” ဆိုတဲ့ စကားလုံး အနေနဲ့ ထည့်သုံးလေ့ရှိတယ်။ “ဝါဂီသ” ဆိုတာ [၄၆] “ဝါစာယ ဣဿရော ဝါဂီသော” စကားလုံးကို အစိုးရတယ် ပိုင်နိုင်တယ်ပေါ့။ သူသုံးချင်တဲ့ စကားလုံးလေးတွေကို ရုတ်ချည်းသုံးနိုင်တယ်။ အဲဒီလို ထူးချွန်ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်က မြတ်စွာဘုရားနဲ့ တပည့်သာဝကတွေ သူ့စိတ်ထဲမှာ ကြည်နူးလွန်းလို့ သူက မြတ်စွာဘုရားကို သူကဗျာ ရွတ်ဆိုပါရစေဆိုပြီးတော့ လျှောက်ထားခဲ့တာ။ အဲဒီမှာ သူလျှောက်ထားတာ လေးငါးဂါထာလောက် ရှိတယ်။ ဒီမှာတော့ နှစ်ဂါထာလောက်ပဲ ပြောပါ့မယ်။

“အဇ္ဇ ပန္နရသေ ဝိသုဒ္ဓိယာ၊
ဘိက္ခု ပဉ္စသတာ သမာဂတာ၊
သံယောဇနေ ဗန္ဓနစ္ဆိဒါ၊
အနီဃာ ခီဏ ပုနဗ္ဘဝါ ဣသီ" [၄၇] အခုရဟန္တာပုဂ္ဂိုလ်တွေဆိုတာ ခီဏ ပုနဗ္ဘဝ တစ်ဖန် ဖြစ်ဖို့ဆိုတာ တစ်ဖန်ဖြစ်စေလတ္တံ့ ဘဝမှာ နောက်ထပ် ပြန်မွေးစေတတ်တဲ့ ကိလေသာတွေ သူတို့မှာ ကုန်သွားပြီ။ ဆင်းရဲဒုက္ခတွေလည်း လုံးဝ ကင်းသွားတယ်။ သံယောဇဉ် ကြိုးတွေကိုလည်း တစ်စမကျန်ပြတ်ပြီးတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်တယ်။ တကယ်စင်ကြယ်တဲ့ အနေနဲ့ အခုလိုလပြည့်နေ့မှာ ဆုံစည်းကြတာ ဖြစ်ပါတယ်လို့ စိတ်ထဲမှာ ကြည်နူးအားရစွာ မြတ်စွာဘုရားကို လျှောက်ထားခဲ့တာ။ နောက် သူလျှောက်ထားတဲ့ စကားက “သဗ္ဗေ ဘဂဝတော ပုတ္တာ၊ ပလာပေတ္ထ န ဝိဇ္ဇတိ”

အခု မြတ်စွာဘုရားရဲ့ တပည့်သားတွေချည်းပဲ။ အဖျင်းဆိုတာ တစ်ယောက်မှ မပါဘူးတဲ့။ အနှစ်တွေချည်းပဲ။ ဒီလိုပြောတာ။ အဖျင်းတွေ [၄၈] အမှိုက်တွေ မပါဘူး။ ဒီရဟန္တာငါးရာဟာ အားလုံးအနှစ်တွေပြည့်နေတဲ့ ပုဂ္ဂိုလ်တွေ ချည်းပါပဲလို့၊ ပလာပေတ္ထ န ဝိဇ္ဇတိ၊ ပလာပ-ဆိုတာ အနှစ်မရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ပလာပလို့ ခေါ်တယ်။ အဲဒီ ပလာပဆိုတဲ့ အနှစ်မရှိတဲ့ ပုဂ္ဂိုလ်တွေ တစ်ဦးမှ မရှိဘူးတဲ့။

“တဏှာ သလ္လဿ ဟန္တာရံ၊
ဝန္ဒေ အာဒိစ္စ ဗန္ဓုနံ”

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ကလည်း ရင်ထဲက တဏှာဆိုတဲ့ မြှားညောင့်ကြီးကို ဖယ်ရှားပြီးသား ဖြစ်တယ်။ ဘုန်းကြီးတို့တတွေရဲ့ ရင်ထဲမှာ တဏှာမြှားတံ စူးနေတာ၊ ဒီဆူးညောင့်ကြီး စူးလို့ သွားမထိလိုက်နဲ့ သောကဖြစ်လာတယ်။ လောကလူတွေဟာ သောကနဲ့ နေကြတာ။ ဘာဖြစ်လို့ သောကနဲ့ [၄၉] နေရသလဲဆိုရင် တွယ်တာမှုတွေနဲ့ နေလို့ပဲ။ အဲဒီတွယ်တာမှုဟာ ကိုယ့်ရင်ထဲမှာ စူးဝင်နေတဲ့ မြှားညောင့်ကြီးလိုပဲ။ ဆူးစူးနေလို့ရှိရင် သွားမထိနဲ့။ ထိရင်နာတာပဲလေ။ အဲဒါလိုပဲ။ တဏှာတည်းဟူသော မြှားညောင့်ကြီး ရင်ထဲ စူးဝင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလေး ဖြစ်လိုက်ဖြစ်လိုက် စိုးရိမ်တာ၊ ပူဆွေးတာ ဒါတွေ လာကုန်တယ်။

ရှေးတုန်းက မြှားနဲ့ပစ်တာကိုး၊ မြှားနဲ့ပစ်တာဆိုတော့ လူရဲ့ခန္ဓာကိုယ်ထဲ မြှားစူးဝင်သွားရင် ခွဲစိတ်ပြီးမှ ထုတ်လို့ရတယ်။ ဒီအတိုင်း ထုတ်လို့ရှိရင် မြှားနားရွက်တွေနဲ့ ငြိပြီး ထုတ်မရဘူး။ ငါးမျှားတံလိုပဲ လေ ပြန်ထုတ်လို့ရတာ မဟုတ်ဘူး။ အဲဒီလောက် ထုတ်ပယ်ဖြစ်ဖို့ ဆွဲထုတ်ဖို့ခက်ခဲလှတဲ့ မြှားညောင့်ကြီး စူးနေသလိုပဲ လူတွေရဲ့ရင်ထဲ တဏှာဆိုတဲ့ တွယ်တာမှု မြှားညောင့်က စူးဝင်နေတယ်။ မြတ်စွာဘုရား [၅၀] ကတော့ အဲဒီ စူးဝင်နေတဲ့ မြှားညောင့် နုတ်ပြီးနေပြီ။ အဲဒီလို ပုဂ္ဂိုလ်မျိုးဖြစ်တဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကို တလေးတစား သူဦးခိုက်ပါတယ်။ ရှိခိုးပါတယ်လို့ ရှင်ဝင်္ဂီသက အဲဒီရှုခင်းကို ကြည့်ပြီးတော့ ဝမ်းသာလွန်းလို့ ဒီစကားတွေကို လျှောက်ခဲ့တာ။ ပဝါရဏာသုတ္တန် မြန်မာပြန်ကကို ဖတ်ကြည့်ကြပေါ့။ ဖတ်ကြည့်တဲ့အခါ ဓမ္မရသဆိုတာ ခံစားပြီးကြည့်၊ ဘယ်လောက်ယဉ်ကျေးတဲ့ ပရိသတ်လဲ။ ဘယ်လောက်ပွင့်လင်းတဲ့ ဆရာတပည့်လည်း ဆိုတာ သိရမယ်။ အင်မတန်မှ ပွင့်လင်းတယ်။ မာန်မာနတွေ ကင်းကြတယ်။

မြတ်စွာဘုရား အပါအဝင် သံဃာတွေဟာ အခုလို အပြန်အလှန် စကားပြောကြတယ်။ အပြန်အလှန် လေးစားသမှုကို ပြုကြတဲ့ဟာလည်းပဲ ဒီသီတင်းကျွတ်နေ့ပဲ မှတ်ထား။ ဒီသီတင်းကျွတ် [၅၁] လပြည့်နေ့ဟာ ထူးခြားခဲ့တယ်။ လွန်ခဲ့ နှစ်ပေါင်း ၂၅ဝဝ ကျော်က ဒီအဖြစ်အပျက်တွေဟာ တစ်ခါတည်း ဖြစ်ပျက်လာခဲ့ဖူးတယ်။

ဒီကနေ့ မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေ အဆက်ဆက် ဗုဒ္ဓရဲ့ သာသနာတော်ကို သယ်ဆောင်လာလို့ ဒီကနေ့ခေတ် ရောက်လာကြပြီ။ ဒီကနေ့ခေတ်မှာရော အခုလို ဝါတွင်းကာလကုန်ဆုံးတဲ့ သီတင်းကျွတ်လပြည့်နေ့မှာ သံဃာတွေ အချင်းချင်း ဖိတ်ကြားတဲ့စကားကို ပြောရမယ်။ မပြောဘဲ မနေရဘူး ပြောဖို့ မြတ်စွာဘုရားက ဥပဒေတစ်ခု ပညတ်ထားတယ်။ ဘာဖြစ်လို့ ဥပဒေ ပညတ်ရတုန်းဆိုတော့ သာသနာတော် ရှေ့ပိုင်းမှာ သာသနာဘောင်ဝင်လာတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ့်ကို အနှစ်သာရပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေများတယ်။ တချို့ သာသနာဘောင် မဝင်ကတည်းက ရဟန္တာ [၅၂] ဖြစ်လာကြတာ။ ရဟန္တာ ဖြစ်တယ်။ သောတာပန် ဖြစ်လာတယ်။ တကယ့်ကို အရိယာသူတော်စင် ဖြစ်ပြီးမှ ရဟန်းဝတ်ကြတာ များတယ်။ ဓမ္မစကြာတရား ဟောပြီးတဲ့ အချိန်လေးမှာ ပဉ္စဝဂ္ဂီငါးဦးထဲက ရှင်ကောဏ္ဍညဟာ ရသေ့ကြီး တစ်ဦးပဲ။ သောတာပန်ဖြစ်သွားတဲ့ အခါမှာ မြတ်စွာဘုရားရဲ့ တပည့် ရှင်ရဟန်းပြုခွင့် တောင်းဆိုတာ သူတစ်ဦးတည်းပဲ။ ကျန်တဲ့ ပဉ္စဝဂ္ဂီတွေက မတောင်းဘူး။ ရသေ့ပုံနဲ့ နေကြသေးတာ။ “လဘေယျာ ဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇိ၊
လဘေယျံ ဥပသမ္ပဒံ” သူ့ကို ရှင်ပြုခွင့် ရှင်ရဟန်း အဖြစ်ကို မြတ်စွာဘုရားအနေနဲ့ ခွင့်ပြုပေးပါ ရချင်ပါတယ်။ ဘုရားရဲ့တပည့် ဖြစ်ချင်ပါတယ်။ အဲဒီအခါမှ မြတ်စွာဘုရားက “ဧဟိဘိက္ခု” ခေါ်တာ။ မြတ်စွာဘုရားက လက်တော်ကို ဆန့်တန်းပြီး [၅၃] ဖိတ်ခေါ်လိုက်တဲ့ စကားပေါ့။ “ဧဟိဘိက္ခု၊ လာခဲ့ ရဟန်း။” ဒီစကားလုံးလေးက အင်မတန်မှ ထိရောက်တယ်။ မြတ်စွာဘုရားက ဘာဆက်မိန့်တုန်းဆိုတော့ သွာက္ခာတော ဓမ္မော၊ ဟောထားတဲ့တရားဟာ လုံးဝမှန်ကန်တယ်။ လွဲလွဲမှားမှား ဟောတာ တစ်ခုမှမရှိဘူး။ အာမခံချက် ပေးထားတာ။ ခုခေတ်ဆို ဂရန်တီပေါ့။ ဘုရား ဂရန်တီပေးလိုက်တာ ဘာတုန်းဆို ငါဟောတဲ့တရား အလွဲအမှား တစ်ခုမှ မရှိဘူး။ လုပ်ကြည့် မင်းသေချာသိလိမ့်မယ်။ ဘာဖြစ်လို့တုန်းဆို ဘုရားက သူဟောသမျှ တရားတွေဟာ “သယံ အဘိညာ အစ္ဆိကတွာ ပဝေဒေတိ” သူကိုယ်တိုင်သိပြီး လက်တွေ့ကျင့်သုံးပြီးမှ ဟောတာကိုး။ အစဉ်အလာဆိုတဲ့ Tradition တွေကို ဟောနေတာ မဟုတ်ဘူး။ hear say ဆိုတဲ့ သူပြောငါပြော ပြောတာတွေကို ကြားပြီးတော့ ဟောတာမဟုတ်ဘူး။

[၅၄] စာအုပ်ဖတ်ပြီးတော့လည်း ဟောတာမဟုတ်ဘူး။ သူကိုယ်တိုင်သိတဲ့ အသိကို သူကိုယ်တိုင်ပဲ ကျင့်သုံး လိုက်နာပြီးမှ ဟောတာ ဖြစ်သောကြောင့် မြတ်စွာဘုရားက ရဲရဲဝံ့ဝံ့ကြီး ပြောရဲတယ်။ သွာက္ခာတော ငါဟောတာ အလွဲအမှား မရှိဘူး။ ဒါ ဂရန်တီ ပေးလိုက်တာ။ သာသနာတော် ဝင်ရောက်တယ်ဆိုတာ ဒီအတိုင်းနေရတာ မဟုတ်ဘူး။ အလုပ်လုပ်ရတယ်။ ဘာအလုပ်လုပ်ရမလဲ။ စရ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို ကျင့်ရမည်။ မဂ္ဂင်ရှစ်ပါး၊ သီလနဲ့ ပြည့်စုံအောင် လုပ်ရမယ်။ သမာဓိနဲ့ ပြည့်စုံအောင်လုပ်ရမယ်။ ပညာနဲ့ပြည့်စုံအောင် လုပ်ရမယ်။ ဗြဟ္မစရိယ မြတ်သောအကျင့်လို့ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ရမယ်။ ဒါတာဝန်ပေးလိုက်တာပဲ။ ကျင့်။ ဘာအတွက်လဲလို့ ရည်ရွယ်ချက်က သမ္မာ ဒုက္ခဿ အန္တကိရိယာယ၊ ဒုက္ခ အဆုံးသတ်ဖို့ပဲလို့ ဒီလိုဆိုလိုတယ်။

[၅၅] ဒါဖြင့် ဒုက္ခဆိုတာ ဘယ်ဟာခေါ်တာလဲလို့ ဆိုတော့ ဘုန်းကြီးတို့တတွေ သိနေတဲ့ဒုက္ခက တစ်မျိုး။ စားစရာ မရှိဘူးဆိုရင်ဒုက္ခပါပဲ။ နက်ဖြန်ခါ အိမ်မှာ ထမင်းချက်စရာမရှိဘူး။ ဒုက္ခပါပဲ။ ဒါတွေကို သာလျှင် ဒုက္ခလို့ထင်တာကိုး။ အိမ်ကဆန်အိုးထဲ ဆန်ရှိတယ်။ ဆီအိုးထဲ ဆီရှိမယ်ဆိုရင် ဒုက္ခလို့ မညည်းတော့ဘူး။ အဲဒါနဲ့ပတ်သက်ပြီး ဒီနေရာမှာ သမ္မာ ဒုက္ခဿ အန္တကိရိယာယ၊ ဒုက္ခဆိုတာ ဘယ်သူ့ကို ခေါ်တာလဲလို့ဆိုရင် ခန္ဓာငါးပါးကို ခေါ်တာ။ ခန္ဓာငါးပါးဟာ ဒုက္ခပဲ။ အဲဒီခန္ဓာငါးပါး ဆိုတဲ့ ဒုက္ခအဆုံးသတ်ဖို့လို့ ဒီလိုဆိုတယ်။ “ပဉ္စာနံ ခန္ဓာနံ နိရောဓေါ- ခန္ဓာငါးပါးတွေရဲ့ ချုပ်ငြိမ်းတာဟာ။ နိဗ္ဗာနံ- နိဗ္ဗာန်ပဲ” ဒီလိုဆိုတာ။ ခန္ဓာငါးပါး ချုပ်သွားတာ။ ကောသမ္ဗိသုတ်မှာ "ဘဝနိရောဓေါ နိဗ္ဗာနံ- ဘဝချုပ်ငြိမ်းသွားတာ [၅၆] နိဗ္ဗာန်” ဒီလိုဆိုတယ်။ အဲဒီတော့ ခန္ဓာငါးပါးကို ဒုက္ခလို့ပြောတာ။ အဲဒီခန္ဓာငါးပါး ပြတ်သွားအောင် ဗြဟ္မစရိယကို ကျင့်ပြီးတော့ အကြောင်းတွေကို ပယ်သတ်လိုက်လို့ အကျိုးရပ်သွားတာ ဒါနိဗ္ဗာန်ပဲလို့ ဟောတာ၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒီဒုက္ခတွေအားလုံး ကုန်ဆုံးသွားသည့်တိုင်အောင် ကျင့်ရမယ်လို့ ဒါက တာဝန်တစ်ခုကို ပေးလိုက်တာ။ အဲဒီနည်းနဲ့ အရှင်ကောဏ္ဍညကို ရဟန်းခံပေးလိုက် တာပဲ။ ဒါနဲ့ပဲ ရှင်ကောဏ္ဍည တစ်ဦးတည်း ပထမဆုံး သောတာပန်ရဟန်း ဖြစ်သွားတယ်။ ရဟန်းဘဝ ရောက်သွားတယ်။ မြတ်စွာဘုရားဟောကြားတဲ့ တရားတွေဟာ အင်မတန်မှ မှန်ကန်လေးနက်ပြီးတော့ အင်မတန်မှ လည်း တိကျတယ်, အကြောင်းနဲ့အကျိုးနဲ့ ဒီလို ဟောထားတာ၊ လမ်းစဉ်နဲ့လုပ်ထုံးနဲ့ ဒါတွေအကုန် [၅၇] ပြည့်ပြည့်စုံစုံရှိတယ်။ ပြည့်ပြည့်ဝဝရှိလို့ ကြည့်မယ် ဆိုရင် အင်မတန်မှ ကျေနပ်စရာကောင်းတယ်လို့ ဒီလိုပြောရမယ်။ အဲဒီလို သာသနာဘောင် စဝင်လာတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေ ဝင်လာတာ ဆိုတော့ ပြောစရာတစ်ခုမှ မရှိဘူး။ နောက်ပိုင်း ရောက်လာတဲ့အခါ ပြောစရာတွေ ပေါ်လာတယ်။ ပဝါရဏာဆိုတဲ့ ဖိတ်ကြားမှု ပဝါရဏာ ယဉ်ကျေးမှု သံဃာ့ပရိသတ်တွေမှာ ဥပဒေတစ်ခု လုပ်ပြီးတော့ မလုပ်မနေရဆိုတာမျိုးဖြစ်အောင် မြတ်စွာဘုရားက ဒီဝိနယဆိုတဲ့ ဥပဒေစည်းကမ်းတစ်ခုကို ထည့်ပေးတယ်။ ဒါကြောင့်မို့ ဒီစည်းကမ်းကို လိုက်နာသောအားဖြင့် ဒီကနေ့ သံဃာတွေဟာ သီတင်းကျွတ် လပြည့်နေ့မှာ ပဝါရဏာပြုကြရတယ်။

[၅၈] ဇာတ်လမ်းက ဘယ်လိုစလာတာတုန်းဆိုရင် ကောသလတိုင်း တစ်နေရာ သွားရောက်ပြီး ရဟန်းတွေ ဝါတွင်းမှာ တရားအားထုတ်ကြတယ်။ သူတို့ ခေါင်းထဲမှာ အတွေးပေါ်လာတယ်။ ဘယ်လိုနည်းနဲ့ တို့ညီညွတ်ရေး ရမလဲ။ ဘယ်လိုနည်းနဲ့ တို့ ဆွမ်း၊ ကွမ်း မပင်မပန်းဘဲနဲ့ နေလို့ရမလဲ။ အဲဒီလို စဉ်းစားကြတဲ့အခါ သူတို့ ဘာလုပ်ကြလဲဆိုရင် ဝစီပိတ်ကျင့်ဖို့ ဆုံးဖြတ်ကြတယ်။ ဝစီပိတ်ကျင့်တဲ့ လူတွေလည်း သတိထားသင့်တယ်။ ဝစီပိတ်ဆိုတာကို မူဂဗ္ဗတ လို့ ခေါ်တယ်။ မူဂဆိုတာ စကားမပြောနိုင်တဲ့ အ,အ။ ဆွံ့အနေတဲ့ပုဂ္ဂိုလ်ကို မူဂလို့ခေါ်တယ်။ ဝတဆိုတာ အကျင့်။ မူဂရဲ့ အကျင့်တွေလို့ ဒီလိုပြောတာ။ မြန်မာပြည်မှာလည်း ဝစီပိတ်ကျင့်တယ် ဆိုတာ ရှိတယ်။ မုသာဝါဒ ဝစီတော့ မပြောနဲ့ပေါ့။ မုသာဝါဒ ပဲ ပိတ်ရမှာဘဲ။ မှန်တာမပြောဘဲနေရင် ရသင့်ရထိုက် [၅၉] တဲ့ အခွင့်အရေးတွေ ဆုံးကုန်မှာပေါ့။ တရားစကား တောင် မပြောရဘူး ဖြစ်မှာပေါ့။ ဝစီပိတ်ဆိုတိုင်း မကောင်းဘူး။ မပြောသင့်တဲ့စကား ပြောသင့်တဲ့ စကားဆိုတာ မြတ်စွာဘုရားကိုယ်တိုင် ခွဲခြားဟောကြားပြီးသားပဲလေ။ အကောင်းရော အဆိုး ရော နှစ်ခုစလုံး ပိတ်ပစ်ရင် ဘယ်နှယ့်နေမလဲ။ အပြစ်ရှိတဲ့လူရော အပြစ်မရှိတဲ့လူရော ပိတ်ရင် ကျေနပ်ပါ့မလား။ ကျေနပ်စရာ မကောင်းဘူးလေ။ အပြစ်ရှိတဲ့ဟာသာ ပိတ်ရမယ်။ အပြစ်မရှိတာ ပိတ်ရင် ဘယ်သူကျေနပ်မလဲ။ မကျေနပ်ဘူး။ စကားမှာလည်း ထို့အတူပဲ။ ပြောသင့်တဲ့ စကားကို ပြောရမယ်။ မပြောသင့်တဲ့ စကားကိုပိတ်။ ပြောသင့်တာလည်း မပြောဘူး။ မပြောသင့်တာ လည်း မပြောဘူး။ နှစ်ခုစလုံး ပိတ်လိုက်လို့ရှိရင်တော့ ကျေနပ်စရာ မကောင်းဘူး။ အဲဒါကို မြတ်စွာဘုရား [၆၀] မူဂဗ္ဗတလို့ ခေါ်တယ်။ အဲဒီ မူဂဗ္ဗတ အကျင့်ကို ကျင့်တာ ဗုဒ္ဓသာသနာရဲ့ ပြင်ပမှာ အင်မတန် ခေတ်စားတယ်။ အဲဒီခေတ်က မူဂဗ္ဗတ အကျင့်လို့ ခေါ်တယ်။ အဲဒီ ရဟန်းတွေ မူဂဗ္ဗတ အကျင့်ကို သူတို့က ဆောက်တည်လိုက်ကြတယ်။ တစ်ဝါတွင်းလုံး တစ်ပါးနဲ့တစ်ပါး လုံးဝစကားမပြောဘူး။ မြတ်စွာဘုရားက ဒီအကြောင်းတွေကို သိတယ်။ ဝါကျွတ်လို့ မြတ်စွာဘုရားဆီ ရောက်လာတဲ့အခါ ဘယ်လိုနေကြသလဲလို့ မေးတော့ သူတို့က ဝစီပိတ်ကျင့်ခဲ့ကြတာဖြစ်နေတယ်။ မြတ်စွာဘုရားက ကဲ့ရဲ့တယ်။ “မင်းတို့နေတာတွေက သပတ္တသံဝါသ ရန်သူတွေ ဆက်ဆံနည်း ဆက်ဆံတာကိုး။ ဟုတ်တယ်။ သပတ္တဆိုတာ ရန်သူ ကိုယ်နဲ့ မတည့်တဲ့လူ စကားမပြောဘူးလေ။ မခေါ်ဘူး။ နှုတ်သီးကြီး စူနေမယ်။ အဲဒါ သပတ္တသံဝါသလို့ ခေါ်တယ်။

[၆၁] နောက်ဆုံးမှာ စကားမပြောဘဲနဲ့ အတူ နေကြတာ တွေက ဘယ်သူတွေတုန်းဆိုရင် ကျွဲနွားတွေလည်းပဲ တစ်ကောင်နဲ့တစ်ကောင် စကားမပြောဘူး။ ဒီလို နေကြတာတဲ့။ ပသုသံဝါသ ကျွဲနွား ဆက်ဆံရေးပဲ တဲ့။ ဘုရားက နောက်တစ်ခါ သိုးတွေရဲ့ ဆက်ဆံရေး ပဲတဲ့။ ဧဠကသံဝါသ၊ သိုးတွေ ဆက်ဆံသလို ဆက်ဆံနေကြတယ်။ ရန်သူတွေ တစ်ဦးနဲ့တစ်ဦး ဆက်ဆံသလို ဆက်ဆံတာ။ တစ်ဦးနဲ့တစ်ဦး စကား မပြောဘဲနေတာဟာ ကောင်းတဲ့အလုပ် မဟုတ်ဘူး။ မြတ်စွာဘုရားက ဥပဒေ ပညတ်လိုက်တယ်။ ဒီလို မူဂဗ္ဗတလို့ခေါ်တဲ့ (ဆွံ့အ) စကားမပြောနိုင်တဲ့ အ,အရဲ့ အကျင့်မျိုးကို မကျင့်ရဘူးတဲ့။ ကျင့်လို့ရှိရင် ဒုက္ကဋ်အာပတ်သင့်စေလို့ ပညတ်တယ်။ အခုလို သီတင်းကျွတ်လပြည့်နေ့မှာ ပဝါရဏာပြုဖို့ဆိုပြီး တော့ ညွှန်ကြားတာ ဖြစ်တယ်။ ဒါက သာသနာ့ သမိုင်းမှာ အလွန်မှတ်သားစရာကောင်းတယ်။

[၆၂] အဲဒီမှာ မြတ်စွာဘုရားက ဝါကျွတ်လာပြီ ဆိုလို့ရှိရင် လိမ္မာယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ တစ်ဦးနဲ့တစ်ဦး ပြောခွင့်ဆိုခွင့်ရှိရမယ်။ ပြောရေး ဆိုခွင့်ရှိရမယ်။ ပြောရေးဆိုခွင့် ရှိပြီးတော့ လည်း အပြောခံရတဲ့ပုဂ္ဂိုလ်က လိုက်နာဖို့လိုတယ်။ ပြောတဲ့ ပုဂ္ဂိုလ်ကလည်း ကရုဏာနဲ့ပြောဖို့လိုတယ်။ မြတ်စွာဘုရားကိုယ်တိုင်က စကားမပြောရဘူးလို့ မပညတ်ဘူး။ စကားပြောမယ်ဆိုရင် “ဘူတေန ဝက္ခာမိ နော အဘူတေန” ပြောမယ်ဆိုရင် မှန်တာပဲ ပြောမယ်။ မမှန်တာ မပြောရဘူး။ ဒီလို ခွဲခြားထားတာ။ ဒါကြောင့်မို့ ဝိဘဇ္ဇဝါဒ ခွဲခြားပြီးတော့ပြောတာ၊ အဆိုးနဲ့အကောင်း ပြောပြီဆိုရင် မှန်တာပြောရမယ်။ ဟုတ်တာကို ပြောရမယ်။ မဟုတ်တာကို မပြောရ ဘူး။ ဒါတစ်ခု။

[၆၃] ဟုတ်တာကို ပြောတိုင်း လျှောက်ပြောလို့ ရမလားလို့ဆို မရဘူး။ ပြောသင့်တဲ့ အချိန်ကျမှ ပြောရမယ်။ “ကာလေန ဝက္ခာမိ နော အကာလေန” အချိန်တန်မှ ပြောရမယ်။ ပြောသင့်တဲ့စကားတောင် အချိန်တန်မှ ပြောရမယ်။ ဒီလိုဆိုလိုတာပါ။ ဟုတ်ပြီ။ မှန်တာလည်း ဟုတ်တယ်။ ပြောသင့် တဲ့ အချိန်လည်းရောက်ပြီ။ ပြောတဲ့အခါ ပြောပုံ ပြောနည်းက ဘာလဲဆိုတော့ “သံလှေန ဝက္ခာမိ နော ဖရုသေန” ယဉ်ယဉ်ကျေးကျေးစွာ ပြောရတယ်။ ရိုင်းရိုင်းပျပျ မပြောရဘူး။ အကျိုးရှိတဲ့စကား ဖြစ်တောင်မှဘဲ ယဉ်ယဉ်ကျေးကျေး ပြောရမယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ကိုယ်ပြောတဲ့ စကားသည် မှန်တယ်။ သို့သော် အကျိုးရှိဖို့ လိုအပ် သေးတယ်။ မှန်တော့မှန်တယ်။ အကျိုးမရှိတဲ့ စကားမျိုးကိုလည်း မပြောရဘူး။ အကျိုးရှိတဲ့စကား [၆၄] ကိုသာ ပြောရမယ်။ ပြောတယ်ဆိုတဲ့အခါမှာ “မေတ္တ စိတ္တော ဝက္ခာမိ နော ဒေါသန္တရေန” မေတ္တာစိတ်နဲ့ပဲ ပြောရမယ်။ ဒေါသနဲ့ မပြောရဘူး။ ဒါတွေက မြတ်စွာဘုရားကိုယ်တိုင်က အပြောနဲ့ပတ်သက်ပြီး တော့ ဆုံးမသွန်သင်ပေးထားတာ။ အဲဒါတွေ နှစ်ခုစလုံး ပယ်ပြီး မူဂဗ္ဗတ အကျင့်ကျင့်တာတော့ မကောင်းဘူးလို့ ဒီလိုဆိုလိုတာ။ ခုခေတ် အခေါ် ဝစီပိတ်။ ဒါမျိုး မလုပ်ရဘူးဆိုပြီး ပညတ်တယ်။ အဲဒီမှာ ဝါကျွတ်ပြီဆိုရင် မြတ်စွာဘုရားက တစ်ဦးနဲ့တစ်ဦး ဖိတ်ရမယ်။ ဒါကြောင့်မို့ သံဃာတွေ က အကြီးနဲ့အငယ် အပြန်အလှန် ဖိတ်ခေါ်တဲ့ စကားလေးက “သံဃံ ဘန္တေ ပဝါရေမိ၊ ဒိဋ္ဌေနဝါ သုတေနဝါ ပရိသင်္ကာယဝါ” ဒီစကားနဲ့ပဲ ပြောတယ်။ “တပည့်တော်အပေါ်မှာ မသင့်လျှော်တဲ့ အမှုကိစ္စ တွေ အရှင်ဘုရားကိုယ်တိုင် မြင်တာနဲ့ပဲ ဖြစ်စေ၊ [၆၅] သို့မဟုတ် သူများဆီက သတင်းကြားတာနဲ့ပဲ ဖြစ်စေ။ သို့မဟုတ် အရှင်ဘုရားစိတ်ထဲမှာ သံသယ ဖြစ်နေတာနဲ့ပဲဖြစ်စေ ပြောပါ။” ပြောဖို့ဖိတ်ခေါ်တယ်။ ပြော ခွင့်ပေးပါတယ်။ ဒီလိုဆိုတာ။ ဒါအလွန်ယဉ်ကျေးတဲ့ စိတ်ဓာတ်ရှိပြီး အလွန်ယဉ်ကျေးတဲ့ ဖိတ်ကြားချက် တစ်ခုပဲ။ “သံဃံ ဘန္တေ ပဝါရေမိ” သံဃာကို ဖိတ်ကြားပါတယ်။ ဒိဋ္ဌေနဝါ သုတေနဝါ ပရိသင်္ကာယဝါ ဝဒန္တမံ အာယသ္မန္တော၊ အရှင်ဘုရားတို့ တပည့်တော်ကို ပြောပါ။ ပဿန္တော ပဋိကရိဿာမိ၊ အရှင်ဘုရား တို့တပည့်တော်ကိုပြောပါ။ ပဿန္တော ပဋိကရိဿာမိ အရှင်ဘုရားတို့ ထောက်ပြလို့ အပြစ်တွေ့ပြီဆိုရင် တပည့်တော်ပြင်ပါ့မယ်။ ဘယ်လောက်ကောင်းတဲ့ ယဉ်ကျေးမှုလဲ။ အဲဒီကောင်းမြတ်တဲ့ ယဉ်ကျေးမှုဟာ လည်းပဲ ဟောဒီ သီတင်းကျွတ်လပြည့်နေ့မှာ လုပ်ဆောင်ကြရတာ ဖြစ်တယ်။ လူ့ယဉ်ကျေးတွေရဲ့ [၆၆] အသိုင်းအဝိုင်းတွေထဲက ဒါကို ပဝါရဏာယဉ်ကျေးမှု လို့ ခေါ်တယ်။

အကျိုးကျေးဇူး

အခုလို အချင်းချင်း အပြန်အလှန် ဖိတ်တယ် လို့ဆိုတာ ဘယ်လိုအကျိုးတွေ ရှိလို့လဲ။ အလုပ်တစ်ခု လုပ်ပြီဆိုလို့ရှိရင် အကျိုးမရှိဘဲ လုပ်လို့ မရဘူး။ အကျိုးရှိရမယ်။ ဘယ်လိုအကျိုးရှိ တုန်းဆိုတော့ မြတ်စွာဘုရားက ရည်ရွယ်ချက်တွေနဲ့ အကျိုးရှိပုံကို ပြောတယ်။ အဲဒီလို အချင်းချင်း အပြန်အလှန် အတူနေတဲ့ ပုဂ္ဂိုလ်ချင်းဟာ အခုလို ပွင့်လင်းစွာ တစ်ဦးနဲ့ တစ်ဦး တရင်းတနှီး အလေးအနက်ထား ပြောဆိုကြရတယ်။ ဒါဆိုရင်ဘာဖြစ်လဲ အညမညာနုလောမတာ တစ်ဦးနဲ့တစ်ဦးဟာ လိုက်လျှော်ညီထွေ ကျင့်တတ်တယ်။ အမုန်းမရှိဘူး။ အင်မတန်မှ ခင်မင်ဖွယ် [၆၇] ကောင်းတဲ့ အမူအရာတွေနဲ့ တစ်ဦးမေတ္တာ တစ်ဦးမှာဆိုတာလို မေတ္တာသက်ရောက်ပြီး အပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် တိုးတက်လာနိုင်တယ်။ ဒါကြောင့်မို့ အညမညာနုလောမတာ အပြန်အလှန် လိုက်လျောညီထွေ ရှိစေတဲ့ စကားရုပ်ပဲလို့။ နောက်တစ်ခုက “အာပတ္တိ ဝုဋ္ဌာနတာ၊ အာပတ္တိဆိုတာ ရဟန်းတွေရဲ့ သန္တာန်မှာ အပြစ် သင့်ရောက်မှုကိုခေါ်တာ။ အဲဒီ အပြစ်သင့်ရောက်မှုတွေကလည်း ဝုဋ္ဌာန ထမြောက်နိုင်ပါတယ်။ အပြစ်ကလည်း လွတ်သွားနိုင်တယ်လို့ ဒီလိုဆိုလိုတာ၊ ကျူးလွန်ထားတဲ့ အပြစ်တစ်ခုကလည်း လွတ်မြောက်စေပြီးသား ဖြစ်တယ်။ အခုလို ပြောလိုက်ခြင်း အားဖြင့် ရင်ထဲ နှလုံးသားထဲမှာ ရှင်းပြီးတော့ တအုံနွေးနွေး ဖြစ်နေမယ့်အရာတွေ မဖြစ်တော့ဘူးလို့ ဒီလိုပြောတာ။

[၆၈] နောက်တစ်ခုကတော့ ဘာတုန်းဆို ဝိနယပုရက္ခာရတာ၊ ဝိနယပုရက္ခာရတာ ဆိုတာ ဘုရားရဲ့ အဆုံးအမ လိုက်နာရမယ့် ကိုယ်နှုတ်ယဉ်ကျေးမှု အတွက် သွန်သင်ပြသထားတဲ့ အဆုံးအမတရားတွေကို ရှေ့တန်းတင်ပြီးတော့ တလေးတစား လုပ်ရာလည်း ရောက်တယ်။ ဒီအကျိုးသုံးမျိုးပဲ အချင်းချင်း လိုက်လျောညီထွေရှိမှု၊ အပြစ်တွေက ထမြောက်မှု၊ ဦးတည်ပြီးတော့ ရှေ့တန်းတင်ပြီးတော့ အဓိကထားတယ် ဆိုတာမျိုးဖြစ်ဖို့ ဒီရည်ရွယ်ချက် သုံးခုနဲ့ ပဝါရဏာပြဖို့ မြတ်စွာဘုရားက ခွင့်ပြုခဲ့တာ ဖြစ်တယ်။ ပဝါရဏာပြုတယ်ဆိုတာ တစ်ဦးနဲ့တစ်ဦး အပြစ်ရှိရင် ပြောပါလို့ ဖိတ်ကြားခြင်းသာ ဖြစ်တယ်။ ဒါက ဒီကနေ့ခေတ်ထိအောင် အခုလိုယဉ်ကျေးတဲ့ လုပ်ငန်းတွေ ပြုလုပ်နေကြတာဟာလည်းပဲ ဒီ သီတင်းကျွတ်လပြည့်နေ့ပဲ။ ဒါကြောင့်မို့ မြတ်စွာ [၆၉] ဘုရား သာသနာတော်မှာ သီတင်းကျွတ်နေ့နဲ့ ပတ်သက်ပြီးတော့ အမှတ်တရဖြစ်စရာ အကြောင်းတွေများစွာရှိတယ်လို့ ဒီလိုဆိုတာ။ အဘိဓမ္မာတရားကို အပြီးသတ်ဟောပြီးတဲ့ နေ့ဟာလည်းပဲ ဒီနေ့ပဲဖြစ်တယ်။ အဘိဓမ္မာတရားဟောတဲ့အခါ လူ့ပြည်က အဘိဓမ္မာတရားလည်း အပြီးသတ်တယ်။ နတ်ပြည်က အဘိဓမ္မာတရား လည်း အပြီးသတ်တယ် ဆိုတာကလည်း ဒီကနေ့ပဲ ဖြစ်တယ်။ အဘိဓမ္မာတရားဟောပြီး လူ့ပြည်သို့ ပြန်လည် ကြွလာခဲ့တာလည်း ဒီကနေ့ပဲဖြစ်တယ်။ အဲဒီ ရှင်သာရိပုတ္တရာနဲ့ ဥပ္ပလဝဏ္ဏာထေရီမတို့က မြတ်စွာဘုရားကို ပထမဆုံး ရှိခိုးခွင့်ရကြတာလည်း ဒီကနေ့ပဲဖြစ်တယ်။ ရှင်သာရိပုတ္တရာရဲ့ ပညာရည် အချင်းကို မြတ်စွာဘုရားက ပရိသတ်အလယ်မှာ ထုတ်ဖော်ပြောခွင့်ရတာလည်း ဒီကနေ့ပဲ ဖြစ်တယ်။

[၇၀] ရဟန်းသံဃာအချင်းချင်း အပြန်အလှန် နားလည်မှုနဲ့ တစ်ဦးနဲ့တစ်ဦး အပြစ်ရှိရင် ဖိတ်ကြားပြီးတော့ ဒီစည်းရုံးညီညွတ်မှုကို ဖြစ်ပေါ် စေတာ သမဂ္ဂသံဝါသ ကို ဖြစ်ပေါ်စေတာလည်း ဒီကနေ့ပဲဖြစ်တယ်လို့။ ဒါကြောင့်မို့လို့ ဒါက ဗုဒ္ဓသာသနာတော်နဲ့ ပတ်သက်တဲ့ သီတင်းကျွတ်လပြည့်နေ့ အမှတ်တရများပဲ ဖြစ်တယ်။ ဒါဖြင့် ဒီကနေ့ခေတ် မြန်မာလူမျိုးတွေ ဘာတွေလုပ်နေကြလဲဆိုရင် သီတင်းကျွတ်လပြည့် နေ့မှာ မီးထွန်းကြတယ်။ မီးထွန်းတာ ရည်ရွယ်ချက် အမျိုးမျိုးရှိမယ် ထင်ပါတယ်။ ငယ်စဉ်ကတွေ့ဖူးတာ တော့ နွားခြံကုန်းတွေမှာလည်း ထွန်းတာပဲ။ လှေကားတွေမှာလည်း ထွန်းတာပဲ။ ဟိုထွန်း ဒီထွန်း ထွန်းကြတာပဲ။ နတ်တွေကို ပူဇော်တယ်လို့ပဲ ထင်ပါတယ်။ နောက်ပိုင်းကျတော့ နတ်ပူဇော်မဲ့အစား [၇၁] တာဝတိံသာနတ်ပြည်က မြတ်စွာဘုရား ကြွလာတာကို ကြိုဆိုပူဇော်တဲ့အနေနဲ့ ထွန်းကြတယ်။ ရည်ရွယ်ချက်ကတော့ ကောင်းသွားတယ်လို့ ပြောရမယ်။ တကယ်ကတော့ မီးထွန်းတယ်ဆိုတာ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူလူမျိုးတွေရဲ့ ဒီပါဝလိပွဲဆိုတာ ရှိတယ်။ ဗမာတွေကတော့ တစ်ခါတစ်လေ “ဒေဝါလီ” လို့ ခေါ်နေကြတယ်။ တကယ်ကတော့ ဒီပါဝလိ၊ ဒီပဆိုတာ ဆီမီး၊ အာဝလီဆိုတာ အစဉ်အတန်း၊ အတန်းလိုက် မီးတွေထွန်းထားကြတာ။ ရည်ရွယ်ချက်ပေါ်မှာ မူတည်ပြီးတော့ အကောင်းအဆိုး ပြောရမှာ ဖြစ်တယ်။ အများအားဖြင့် မီးနတ်ကို ပူဇော်တဲ့အနေနဲ့ မီးထွန်းကြတာပေါ့။ ဂြိုဟ်ကိုးလုံး ပူဇော်တာကို နောက်ပိုင်းမှာ ဘုရားနဲ့ပြောင်းပြီး “ဘုရားကိုးဆူ”ဆိုတာ ဖြစ်သွားတာ။ အမှန်ကတော့ ဂြိုဟ်ကိုးလုံးကို ပူဇော်တာ။

[၇၂] အဲဒါမျိုးလို ဘာသာတရား ထွန်းကားလာတဲ့ အခါမှာ လူတွေရဲ့ ဦးတည်ချက်ဟာလည်း ရွေ့လျားသွားတယ်။ အကောင်းဘက်ရောက်လာရင်တော့ ကောင်းတယ်လို့ပဲ ပြောရမှာပေါ့။ ဒီကနေ့ခေတ် မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးတဲ့ လုပ်ရပ်တစ်ခုက တော့ ဘာတုန်းဆို သီတင်းကျွတ်ပြီဆိုတာနဲ့ ဘိုးဘွား မိဘတွေ ကန်တော့ကြတယ်။ ဆရာသမားတွေ ကန်တော့ကြတယ်။ ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်တွေကို သွားရောက်ပြီးတော့ ဂါရဝပြုကြတယ်။ ကန်တော့ခြင်းတွေ ကန်တော့ကြတယ်ဆိုတဲ့ ဒီယဉ်ကျေးမှုက တော့ အင်မတန်မှ ကောင်းတယ်လို့ပဲ ပြောရမှာဘဲ။ အချင်းချင်း စည်းလုံးညီညွတ်မှုအတွက် အထောက်အကူများစွာ ဖြစ်တယ်။ တခြားနိုင်ငံကလူတွေ ကြည့်လိုက်၊ ခရစ်စမက်နေ့မှာ ကဒ်ကလေးပို့လိုက်တာပဲရှိတယ်။ ဒီလိုသွားပြီးတော့ ဂါရဝပြုတာရှိမှာ [၇၃] မဟုတ်ဘူးပေါ့။ အဝေးကနေပြီးတော့ ခရစ်စမတ် ကဒ်လေးနဲ့ နှုတ်ဆက်တာပေါ့။ နောင်တစ်ချိန် မြန်မာပြည်မှာလည်း ဒီလိုမဖြစ်ဘူးလို့ မပြောနိုင်ဘူး။ သို့သော် ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ကိုယ်တိုင် ထိန်းသိမ်းရမယ် ဆိုတာတော့ ရင်ထဲနှလုံးသားထဲမှာ သိမ်းထားဖို့ လိုအပ်တယ်။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုဟာ ဗုဒ္ဓသာသနာရဲ့ လွှမ်းမိုးသက်ရောက်မှုရဲ့ အောက်မှာရှိလို့ သာသနာ့ယဉ်ကျေးမှုနဲ့ မြန်မာ့ယဉ်ကျေးမှုဟာ ခွဲလို့မရအောင် တွဲနေပြီလို့ ဒီလိုဆိုနိုင်တယ်။

မြန်မာနိုင်ငံကို ဗုဒ္ဓရဲ့စာပေတွေ ရောက်လာပြီးတော့ ထွန်းကားတိုးတက်လာတာဟာ ပုဂံခေတ်က စခဲ့တာဖြစ်လို့ အင်မတန်မှ ထုထည်ကြီးမားတယ်။ သို့သော်လည်းပဲ ထုထည်ကြီးမားလို့ တို့ဆီမှာ အမြစ်တွယ်နေပြီ။ ဒါတွေဘယ်တော့မှ မပျောက်တော့ဘူး [၇၄] လို့ မအောက်မေ့လေနဲ့။ ဒီအမြစ်ကို ဖျက်ဆီးမဲ့ ပိုးတွေက အများကြီးပဲ။ ဒီအမြစ်ကို ဖျက်ဆီးမဲ့ သတ္တဝါတွေက အများကြီး ရှိလာတယ်။ ဒါကြောင့်မို့လို့ ဒီကောင်းမြတ်တဲ့ အစဉ်အလာဆိုတဲ့ မိမိတို့ရဲ့ ဘာသာတရားနဲ့ ပတ်သက်ပြီး အမြစ်တွယ်နေတာကို ပိုပြီးတော့ သန်သန်မာမာ ခိုင်ခိုင်ခံ့ခံ့ဖြစ်အောင် သတိ ဝီရိယနဲ့ ကြိုးစား အားထုတ်ကြရမှာ ဖြစ်တယ်။ အဲဒီတော့ သီတင်းကျွတ်လပြည့်နေ့ရဲ့ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုဟာ ဘိုးဘွား၊ မိဘ၊ ဆရာသမားတွေကို ကန်တော့ခြင်းပဲဖြစ်တယ်။ ဒါက မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတစ်ခုပဲလို့ ဒီကနေ့ခေတ်စားနေတာကို ကြည့်ပြီးတော့ပြောတာ။ ဗျောက်ဖောက်တာကတော့ ကြောက်စရာကောင်းတယ်။ ဘယ်ကယဉ်ကျေးမှု ကူးစက်လာသလဲတော့ မသိဘူး။ ဗျောက်နဲ့ဗုံးနဲ့ ရောသွားရင် [၇၅] ခက်လိမ့်မယ်။ အဲဒါကြောင့်မို့ ဒီလိုအနှောင့်အယှက်ဖြစ်တဲ့ အရာမျိုးကတော့ ရှောင်ကြဉ်တာဟာ အကောင်းဆုံးပဲပေါ့။ မလုပ်သင့်ဘူးဆိုတာ သိဖို့ လိုအပ်တယ်။ အထူးသဖြင့် လူငယ်လူရွယ်တွေဟာလည်း အပျော်တစ်ခုတည်းကို မကြည့်ဘဲနဲ့ မိမိတို့ရဲ့ ယဉ်ကျေးမှုတွေ မပျက်ပြားစေအောင် လိုက်နာကျင့်သုံးကြရမယ်ဆိုတာ အသက်အရွယ်ရတဲ့ ပုဂ္ဂိုလ်တွေက နားချပြီးတော့ ဆုံးမပေးပြီး လူငယ်တွေကို သိမ်းသွင်းခေါ်ဆောင်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။

လုပ်ပြီဆိုရင်ငါလုပ်တဲ့အလုပ်သည် ငါ့အတွက် အကျိုးရှိသလား သူများအတွက် အကျိုးရှိသလား နှစ်ဦးစလုံးအတွက် အကျိုးရှိရဲ့လား အကျိုးမရှိဘူးလားဆိုတာ ဒီစံချိန်နဲ့ပဲ တိုက်ဆိုင်ပြီးတော့ ကြည့်ရမှာဖြစ်တယ်။ ငါ့မှာ အကျိုးရှိတယ်ဆိုရင် [၇၆] ပျော်ရတယ်။ ဒါငါ့အကျိုးပဲ။ သို့သော်အထိတ်အလန့် ဖြစ်သွားတယ်ဆိုရင် ဒါအကျိုး ပျက်ပြားတာခေါ်တာပေါ့။ အဲဒီလိုမဖြစ်စေရအောင် ယဉ်ကျေးမှုဆိုတာကို တကယ့်စစ်မှန်တဲ့ ယဉ်ကျေးမှု၊ စိတ်နှလုံးအေးချမ်းတဲ့ ယဉ်ကျေးမှုမျိုး။ မိမိတို့မြန်မာနိုင်ငံမှာ ရောက်ရှိလာတဲ့ အခြေအနေတွေကနေ မပျက်စီးအောင် ဝိုင်းဝန်း စောင့်ရှောက်ရမှာဖြစ်တယ်။

ဒါကြောင့်မို့ ယဉ်ကျေးမှုတွေ ဖြစ်ပေါ်လာခဲ့တဲ့ အင်မတန်ကောင်းတဲ့ ပဝါရဏာယဉ်ကျေးမှုနဲ့ မြန်မာ့ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းသွားနိုင်မယ်ဆိုလို့ရှိရင် အင်မတန်မှ တန်ဖိုးရှိတယ်ဆိုတာကို ကိုယ်စီကိုယ်စီ သဘောကျပြီး သီတင်းကျွတ်လပြည့်နေ့ အမှတ်တရများကို မှတ်သားကာ မိမိတို့ဘဝကို တိုးတက်အောင် ကြိုးစားအားထုတ် နိုင်ကြပါစေ ကုန်သတည်း။
သာဓု သာဓု သာဓု

04rcbyxspqk10q2a90z8xthqycjbm8e
မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး
0
6477
22347
2026-11-05T17:29:03Z
Tejinda
173
"{{header | title = မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = မြတ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22347
wikitext
text/x-wiki
{{header
| title = မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မြတ်ဗုဒ္ဓသာသနာနှင့် သီတင်းကျွတ် လပြည့်နေ့ အမှတ်တရများ]]
| previous2 = [[မုန်းတုံ့ကို ဖြေ နှင့် အခြား]]
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး

ဂုဏ်တော်ကိုးပါး ဘုရားရှိခိုး

နဝဂုဏဝဏ္ဏနာ

ဣတိပိ သော ဘဂဝါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာ ဒေဝမနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ။
၁။ သော ဘဂဝါ၊ ဘုန်းတော်ကြီးမား၊ ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ မြတ်သောအလှူ၊ ခံယူထိုက်ဘိ၊ ဂုဏ်ထူးရှိသဖြင့်၊ ထူးသည့်ပူဇာ၊ လေးဖြာပစ္စယ၊ ထိုက်တန်လှ၍၊ အရဟဂုဏ်၊ ပြည့်စုံပေလတ်၊ ဤအကြောင်းသကတ်ကြောင့်လည်း။ အရဟံ၊ အရဟဟူ၊ ပြိုင်သူမပေါ်၊ မြတ်ဂုဏ်တော်ဖြင့်၊ ထင်ပေါ်မသွေ၊ ကျော်ကြားတော်မူပါပေသတည်း။
၂။ သော ဘဂဝါ၊ ဘုန်းတော်ကြီးမား၊ ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ လုံးစုံရှိသမျှ၊ မြတ်ဓမ္မကို၊ မပြဆရာ၊ ကိုယ်တိုင်သာလျှင်၊ မှန်စွာမယွင်း၊ ဉာဏ်ဟုန်သွင်းလျက်၊ ရှင်းလင်းကုန်စင်၊ သိမြင်ပေတတ်၊ ဤအကြောင်းသကတ်ကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓဟူ၊ ပြိုင်သူမပေါ်၊ မြတ်ဂုဏ်တော်ဖြင့်၊ ထင်ပေါ်မသွေ၊ ကျော်ကြားတော်မူပါပေသတည်း။

၃။ သော ဘဂဝါ၊ ဘုန်းတော်ကြီးမား၊ ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ သုံးပါးရှစ်တန်၊ ဝိဇ္ဇာဉာဏ်တည့်၊ နိဗ္ဗာန်ရောက်ကြောင်း၊ ကျင့်ကောင်းစရဏ၊ ဆယ့်ငါးဝနှင့်၊ မုချကုံလုံ၊ ပြည့်စုံပေလတ်၊ ဤအကြောင်းသကတ်ကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္နဟူ၊ ပြိုင်သူမပေါ်၊ မြတ်ဂုဏ်တော်ဖြင့်၊ ထင်ပေါ်မသွေ၊ ကျော်ကြားတော်မူပါပေသတည်း။
၄။ သော ဘဂဝါ၊ ဘုန်းတော်ကြီးမား၊ ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဟုတ်မှန်လေဘိ၊ အကျိုးရှိ၍ ကြားသိသူအလိုက်၊ ကြိုက်,မကြိုက်ဟု၊ ပြောထိုက်စကား၊ ဤနှစ်စားကို၊ မိန့်ကြားပေလတ်၊ ဤအကြောင်းသကတ်ကြောင့်လည်း။ သုဂတော၊ သုဂတဟူ၊ ပြိုင်သူမပေါ်၊ မြတ်ဂုဏ်တော်ဖြင့်၊ ထင်ပေါ်မသွေ၊ ကျော်ကြားတော်မူပါပေသတည်း။
၅။ သော ဘဂဝါ၊ ဘုန်းတော်ကြီးမား၊ ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ သဘာဝသမုဒယ၊ နိရောဓနှင့်၊ ဥပါယတစ်ဖြာ၊ ခြင်းရာစုံပြ၊ လောကအကြောင်း၊ ကောင်းကောင်းသိတတ်၊ ဤအကြောင်းသကတ်ကြောင့်လည်း။ လောကဝိဒူ၊ လောကဝိဒူ၊ ပြိုင်သူမပေါ်၊ မြတ်ဂုဏ်တော်ဖြင့် ထင်ပေါ်မသွေ ကျော်ကြားတော်မူပါပေသတည်း။

၆။ သော ဘဂဝါ၊ ဘုန်းတော်ကြီးမား၊ ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဆုံးမထိုက်သူ၊ ပုဂ္ဂိုလ်ဟူက၊ ကျင့်မူအလိုက်၊ စရိုက်သဘော၊ လိုက်လျောညီစွာ၊ ဆုံးမရာဝယ်၊ အသာမရှိ၊ ကဝိအမြတ်၊ ဤအကြောင်းသကတ်ကြောင့်လည်း၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ အနုတ္တရော ပုရိသဒမ္မသာရထိဟူ၊ ပြိုင်သူမပေါ်၊ မြတ်ဂုဏ်တော်ဖြင့်၊ ထင်ပေါ်မသွေ၊ ကျော်ကြားတော်မူပါပေသတည်း။
၇။ သော ဘဂဝါ၊ ဘုန်းတော်ကြီးမား၊ ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ မျက်မှောက်တမလွန်၊ ကျိုးနှစ်တန်ဖြင့်၊ ဝေဖန်ဆုံးမ၊ သွန်သင်ပြသူ၊ နတ်လူဗြဟ္မာ၊ မြတ်ဆရာဟု၊ ဂုဏ်ဝါကြီးမြတ်၊ ဤအကြောင်းသကတ်ကြောင့်လည်း။ သတ္ထာ ဒေဝမနုဿာနံ၊ သတ္ထာ ဒေဝမနုဿာနံဟူ ပြိုင်သူမပေါ်၊ မြတ်ဂုဏ်တော်ဖြင့်၊ ထင်ပေါ်မသွေ၊ ကျော်ကြားတော်မူပါပေသတည်း။
၈။ သော ဘဂဝါ၊ ဘုန်းတော်ကြီးမား၊ ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ သစ္စာလေးတန်၊ တရားမှန်ကို၊ ဧကန်မိမိ၊ ကိုယ်တိုင်သိလျက်၊ များဘိဝေနေ၊ သိစေတရပ်၊ ဤအကြောင်းသကတ်ကြောင့်လည်း၊ ဗုဒ္ဓေါ၊ မြတ်ဗုဒ္ဓဟူ၊ ပြိုင်သူမပေါ်၊ မြတ်ဂုဏ်တော်ဖြင့်၊ ထင်ပေါ်မသွေ၊ ကျော်ကြားတော်မူပါပေသတည်း။

- ယ -
၉။ သော ဘဂဝါ၊ ဘုန်းတော်ကြီးမား၊ ထိုရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဣဿရိယ, ဓမ္မ, ယသ၊ သိရီ, ကာမ, ပယတ္တအပြား၊ ဘုန်းခြောက်ပါးနှင့်၊ ထူးခြားကုံလုံ၊ ပြည့်စုံပေလတ်၊ ဤအကြောင်းသကတ်ကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါဟူ၊ ပြိုင်သူမပေါ်၊ ... မြတ်ဂုဏ်တော်ဖြင့်၊ ထင်ပေါ်မသွေ၊ ကျော်ကြားတော်မူပါပေသတည်း။

တံ၊ အရဟံအစ၊ ဘဝဂ်အဆုံး၊ ဘဝဂ်ချုန်းမျှ၊ ခြိမ့်အုံးကြေငြာ၊ ဂုဏ်ကိုးဖြာကြောင့်၊ လွန်စွာထင်ရှား၊ ထိုရှင်တော်မြတ်ဘုရားကို။ အဟံ၊ သံသရာဝဋ်မှ၊ လွတ်လိုလှ၍ အမတရည်မျှော်၊ ဘုရားတပည့်တော်သည်၊ ဝန္ဒာမိ၊ ဂုဏ်တော်ရည်မှန်း၊ သဒ္ဓါလွှမ်းလျက်၊ ရွှင်လန်းကြည်သာ၊ ရှိခိုးပါ၏အရှင်ဘုရား။

[၁] သာသနာတော်နှစ်- ၂၅၅၇-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၅-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၄)ရက်၊ ၂၀၁၄-ခုနှစ်၊ ဧပြီလ(၁၃)ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ဓမ္မသဟာယသာသနစင်တာ၊ ဓမ္မရတိမဟာဓမ္မသဘာ ဓမ္မာရုံ၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် သင်္ကြန်အကြိုနေ့ ညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနားဝယ် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မိဘနှစ်ပါးဖြစ်ကြသော ဦးလှအောင်+ဒေါ်ခင်မေရီ တို့အားရည်စူး၍၊ မောင်ချမ်းမြေ့အောင် နှင့် ဦးအောင်လွင်အောင်+ဒေါ်အိန္ဒြာအောင်၊ သား-မောင်အောင်စည်ဖြိုး၊ သမီး-မချောသီရိလွင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏ အရဟံဂုဏ်တော်’ အကြောင်း တရားဒေသနာတော်။

သား - ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ငယ်စဉ်တောင်ကျေး ကလေးဘဝမှာ“ဣတိပိ သော ဘဂဝါ' ကို မိဘများ ချပေးလို့ နှုတ်တက်ရနေကြတယ်။ ငယ်စဉ်ကရတဲ့ ပါဠိ၏ အဓိပ္ပါယ်ကို တချို့သိကြတယ်၊ တချို့က မသိကြဘူး။ သိသူနဲ့ မသိသူ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မသိသူက ပိုများလောက်စရာ ရှိတယ်။ ငယ်ငယ်တုန်းက ရတဲ့စာကို ရွတ်ရုံပဲရွတ်ပြီး အသုံးချတဲ့အခါမှာ အန္တရာယ်ကင်းဖို့အတွက်သာ အသုံးချကြတယ်။ ဘုန်းကြီးတို့ကိုယ်တိုင်လည်း ငယ်ငယ်က “ဣတိပိသောရွတ်ရင် တစ္ဆေသရဲပြေးတယ်” လို့ ယုံကြည်ပြီး ကြောက်တဲ့အခါတိုင်း [၂] ရွတ်မိနေတယ်ပေါ့နော်။ ဒီလို အကြောက်ပြေ မန္တန်သဘောမျိုးလောက်ပဲ လူတွေနားလည်နေကြတာ။

ဣတိပိ သော ဘဂဝါ မှစတဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေဟာ (၉)မျိုး သို့မဟုတ် (၁၀)မျိုးလို့ ခွဲခြားဖွင့်တာရှိတယ်။ (၉)မျိုးလို့ယူတာ ပိုပြီးမူရင်းကျတယ်လို့ မှတ်သင့်ပါတယ်။ ဝိသုဒ္ဓိမဂ်မှာ (၉)မျိုး၊ တစ်နည်း (၁ဝ)မျိုးဆိုပြီး နှစ်မျိုးဖွင့်ပြထားတယ်။ ဒါကတော့ ဖြစ်နိုင်တဲ့နည်းအနေနဲ့ ဖွင့်ပြတာပါ။

ထိုထိုသုတ္တန် ပါဠိတော်တွေကို ကြည့်မယ်ဆိုရင်“ဣတိပိ သော' ပါတဲ့ သုတ္တန်တွေ အတော်ကိုများလိမ့်မယ်။ ဆိုပါစို့- အင်္ဂုတ္တရနိကာယ်မှာ သုတ်ပေါင်း ခုနစ်ထောင်လောက်ရှိတယ်။ အနည်းဆုံး သုတ်တစ်ထောင်လောက်မှာ “ဣတိပိ သော” ဆိုတဲ့ စကားလုံး ပါတာဖြစ်တယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ဖော်ပြတိုင်း “ဣတိပိ သော ဘဂဝါ’ ဆိုတဲ့ စကားလုံးက ပါတယ်။

လောကမှာ ‘ဗုဒ္ဓ ဗုဒ္ဓ’ နဲ့ ပြောကြတယ်။ ဘုရားဆိုရင် ‘အရဟံ’ စတဲ့ အရည်အချင်းတွေရှိရမယ်လို့ ဆိုလိုတာပေါ့နော်။ ဆိုလိုတာက “ဣတိပိ သော' ဆိုတာ ဘုရားရဲ့ အရည်အချင်း သတ်မှတ်ချက်လို့ ပြောရမှာပဲ။ လောကမှာ လူတွေရဲ့ အရည်အချင်း သတ်မှတ်ချက်တွေ ရှိတယ်လေ။ အဲဒီ သတ်မှတ်ချက်အရ လူရဲ့ အရည်အချင်းကို ထုတ်ဖေါ် ပြောကြရတယ်။ ဘုရားဆိုတဲ့ပုဂ္ဂိုလ်မှာ ဒီ အရည်အချင်းတွေ [၃] ရှိရမယ်လို့ပြောတာ။ မြတ်စွာဘုရားက “ငါဟာ ဒီဂုဏ်တွေနဲ့ ပြည့်စုံတယ်'လို့ ကြွားလုံးထုတ်တာ မဟုတ်ဘူး၊

လောကမှာ ဘုရားပွင့်ဖို့ဆိုတာ အင်မတန်ခဲယဉ်းတယ်။ ဘုရားဆိုသည်မှာ ဘယ်လိုအရည်အချင်းတွေ ရှိရမယ်ဆိုတာ သိရှိနားလည်ဖို့ လိုတာပေါ့။ ဘုရားမှန်ရင် ဒီလိုအရည်အချင်းတွေ ရှိဖို့လိုတယ်၊ အေး-အရည်အချင်းမရှိဘဲနဲ့ ဘုရားလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း လောကမှာ အများကြီးရှိတယ်။ လောကမှာ ဘုရားမပွင့်ခင်က ဗုဒ္ဓကောလာဟလဆိုတာ ကြိုတင်ပေါ်ပေါက်နေတယ်။ ခုခေတ်မှာတော့ ‘ကောလာဆိုရင် မမှန်ကန်တဲ့သတင်း’ လို့ အဓိပ္ပာယ်ယူဆကြတယ်။ ပါဠိစာပေမှာ ကောလာဟလဆိုတာ မမှန်သတင်းလို့ အဓိပ္ပာယ်မရဘူး။ တစ်ခုခု ဖြစ်ပေါ်လာတော့မယ်ဆိုရင် ကြိုတင်သတင်း ဖြစ်ပေါ်နေတတ်တယ်ပေါ့။ ကြိုတင်ပြီး ဟိုနားက ပြောလိုက်၊ ဒီနားကပြောလိုက်နဲ့ လူတွေကြားထဲရောက်ရှိလာတဲ့ စကားသံတွေကို ‘ကောလာဟလ’လို့ ခေါ်တာနော်။

ကောလာဟလ(၅)မျိုး

အားလုံးကြားဖူးကြလိမ့်မယ်၊ ကောလာဟလ ဆိုတာ
(၅)မျိုးရှိတယ်-
(၁) ဗုဒ္ဓကောလာဟလ၊ လောကမှာ ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ပေါ်လိမ့်မယ်ဆိုတာ နှစ်ပေါင်းများစွာ ကြိုတင်ပြီး အသံတွေထွက်လာတယ်။

[၄] (၂) စက္ကဝတ္တိကောလာဟလ၊ စကြဝတေးမင်း ပေါ်လိမ့်မယ် ဆိုတာလည်းပဲ ကြိုတင်သတင်းထွက်လာတယ်။
(၃) မင်္ဂလကောလာဟလ၊ လောကမှာ လူတွေက မင်္ဂလာ ရှိချင်ကြတယ်။ မြန်မာတွေဆိုရင် ‘မင်္ဂလာပါ”ဆိုတဲ့ စကားနဲ့ နှုတ်ဆက်ကြတယ်။ မင်္ဂလာဆိုတာဘာလဲ? ဘယ်လိုမှမင်္ဂလာ ရှိနိုင်သလဲ? အတိအကျ အဖြေထုတ်ဖို့လိုတယ်။ မင်္ဂလာကို အမှန်အကန်ပြောနိုင်တဲ့ပုဂ္ဂိုလ် ပေါ်လိမ့်မယ်လို့ ကြိုတင် သတင်းတွေဖြစ်တယ်။
(၄) ကပ္ပကောလာဟလ၊ ကမ္ဘာကြီး ဘယ်တော့ပျက်စီး လိမ့်မယ် ဆိုတဲ့သတင်း ပေါ်ထွက်လာတယ်။ မကြာခင်ကတောင်မှ ၂၀၁၂-ခုမှာ ကမ္ဘာကြီးပျက်မယ်ဆိုပြီး သတင်း ဖြစ်ပေါ်လိုက်သေးတယ်လေ၊ အဲဒီဟာမျိုး ကြိုတင်သတင်း ဖြစ်ပေါ်လာတာကို ကပ္ပကောလာဟလ ခေါ်တာ။
(၅) မောနေယျကောလာဟလ၊ မောနေယျ အကျင့် ကျင့်သူ ပေါ်လိမ့်မယ်ဆိုတာ ကြိုတင်သတင်းထွက်မှုပဲ။

ဗုဒ္ဓကောလာဟလ

အဲဒီတော့ “ဗုဒ္ဓကောလာဟလ” ဘုရားပွင့်လိမ့်မယ်ဆိုတဲ့ သတင်းဟာ ကြိုတင်ပြီး ထွက်လာတယ်၊ ဗြာဟ္မဏတွေ သင်ကြားကြတဲ့ ဝေဒကျမ်းဂန်တွေထဲမှာလည်း ဗုဒ္ဓဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ်ဆိုတာ ဖော်ပြတာရှိတယ်။ ဘုရား [၅] ဖြစ်မယ့်ပုဂ္ဂိုလ်ဟာ ဘယ်လို ရုပ်လက္ခဏာမျိုး ရှိတယ်ဆိုတာ ဝေဒကျမ်းတွေမှာ အတိအကျဆိုထားတယ်။ အဲဒီကျမ်းတွေ ကလည်း ကြိုတင်ပြီး ပေါ်ပေါက်နေတာ။

ဥပမာမယ်၊ လူတွေရဲ့သန္တာန်မှာ အမှတ်အသား ၃၂-မျိုး၊ (မဟာပုရိသလက္ခဏာ ၃၂-မျိုး) ရှိတယ်။ အဲဒီ ၃၂-မျိုးလုံး ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာ ဗုဒ္ဓနဲ့ စကြဝတေးမင်းလောင်းဆိုတာ ကျမ်းတွေမှာ ဆိုထားတယ်။ ဒီ ၃၂-မျိုးသော အမှတ်အသား လက္ခဏာရှိလာပြီဆိုရင် ဒီပုဂ္ဂိုလ်ဟာ “ဒွေယေဝ ဂတိယော’ တဲ့။ သူ့ရဲ့အလားအလာဟာ ၂-မျိုးပဲရှိတယ်။
(၁) လူ့ဘဝမှာ နေရင် စကြဝတေးမင်းဖြစ်မယ်၊
(၂) အကယ်၍ တောထွက်ပြီး တရားကျင့်မယ်ဆိုရင် ဘုရားဖြစ်မယ်၊ ဒီနှစ်လမ်းပဲရှိတယ် ဆိုတဲ့ အကြောင်း ဝေဒကျမ်းကပြောတာ။ အဲဒီ ဝေဒကျမ်းတွေအရ ဗြာဟ္မဏတွေအသိုင်းဝိုင်းမှာလည်း ဒီလို အရည်အချင်းရှိသူ မှသာ ဗုဒ္ဓဆိုတာ သူတို့သိထားပြီးဖြစ်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားမပွင့်ခင်မှာ ‘ငါဗုဒ္ဓ ငါဗုဒ္ဓ’ နဲ့ ဗုဒ္ဓအမည်ခံ ပုဂ္ဂိုလ်တွေဟာ ကောလာဟလ သတင်းတွေ သံယောင်လိုက်ပြီး ပေါ်လာတာ အများကြီးပဲ။

ပုရာဏကဿပ ကလည်း သူ့ကိုယ်သူ ဗုဒ္ဓလို့ ကြေငြာလိုက်တယ်။ သို့သော်လည်း ဝေဒကျမ်းဂန်တွေနဲ့ တိုက်ကြည့်တဲ့အခါ သူက ကိုက်ညီမှုမရှိဘူး၊ သူ့ဟာသူပဲ ဗုဒ္ဓလို့ နာမည် တပ်တယ်။ မက္ခလိဂေါသာလ ကလည်း ‘ငါဗုဒ္ဓ’ ဆိုပြီးတော့ [၆] တသီးတခြား ပေါ်လာပြန်တယ်။ သူ့မှာလည်း အသိုင်းဝိုင်းကတော့ရှိတာပဲ၊ သဉ္စယဗေလဋ္ဌပုတ္တ, အဇိတကေသကမ္ဗလ, ပကုဓကစ္စာယန, နိဂဏ္ဍနာဋပုတ္တ တို့ဟာလည်း နောက်လိုက် နောက်ပါတွေ အလွန်များတယ်၊ သူတို့ကလည်း ‘ငါဗုဒ္ဓပဲ’ ဆိုတယ်။ သို့သော် ဗြာဟ္မဏတွေက ဝေဒကျမ်းတွေနဲ့ တိုက်ဆိုင်ကြည့်တဲ့အခါမှာ မဟာပုရိသလက္ခဏာတွေ မတွေ့ရဘူး၊ အရဟံ စတဲ့ ဂုဏ်အရည်အချင်းတွေလည်း သူတို့မှာ မတွေ့ရဘူး၊ မပြည့်စုံတော့ အများစုက ဗုဒ္ဓဆိုတာကို နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်ခြင်း မရှိဘူးပေါ့၊ သူ့ကိုယုံကြည်တဲ့ ပုဂ္ဂိုလ်အချို့လောက်ကသာ ကိုးကွယ်ကြတယ်ပေါ့။

အဲဒီတော့ ဗုဒ္ဓကောလာဟလအရ နောက်ဆုံး ပေါ်လာတဲ့ပုဂ္ဂိုလ်က ဂေါတမဗုဒ္ဓ ပဲ၊ ဂေါတမဗုဒ္ဓကို ဗြာဟ္မဏတွေက ပထမလက်မခံကြဘူး။ ကြည့်လေ-ထိပ်တန်း ဗြာဟ္မဏကြီးတွေ ဗုဒ္ဓထံ စုံစမ်းရေးတွေ အရင်လွှတ်ကြတယ်။ ပသေနဒီ ကောသလမင်းကြီးက မြို့စားအဖြစ်ပေးထားတဲ့ ပညာတတ် မျိုးရိုးမြင့်မြတ်တဲ့ ပေါက္ခရသာတိတို့၊ မိထိလာမြို့က ဗြဟ္မာယု ပုဏ္ဏားကြီးတို့ အဲဒီလို ဝေဒကျမ်းတတ် ဆရာကြီးတွေက မြတ်စွာဘုရားဆီ စုံစမ်းရေး ကြိုတင်လွှတ်ကြတယ်။

နောက်ပြီး ပါရာယနသုတ်မှာပါတဲ့ ဗာဝရီပုဏ္ဏားကြီးကလည်း‘ဗုဒ္ဓဆိုပြီး နာမည်ကြီးတာ ဟုတ်မဟုတ်ဆိုတာ မင်းတို့ စုံစမ်းကြ” ဆိုပြီးတော့ တပည့်(၁၆)ဦးကို လွှတ်တယ်။

[၇] အဲဒီခေတ်က ဂေါတမဗုဒ္ဓဆီ စုံစမ်းရေး၊ ထောက်လှမ်းရေးတွေ အများကြီးလွှတ်တယ်။ ပထမဆုံး ဗာဝရီ ပုဏ္ဏားကြီး လွှတ်လိုက်တယ်၊ သူကဘယ်မှာနေတုန်းဆို ဟိုး အိန္ဒိယ အလယ်ပိုင်းလောက်မှာနေတယ်။ ဂေါဓာဝရီမြစ်ကမ်းအနီးက တိုင်းပြည်နှစ်ပြည်ရဲ့အကြားမှာ ကျွန်းမြေကြီးရှိတယ်။ အဲဒီ ကျွန်းမြေကြီးပေါ်မှာ သောင်းချီတဲ့ တပည့်ပရိသတ်နဲ့ သွားနေတာ၊ လောကကြီးကို စွန့်လွှတ်ပြီး ဝေဒကျမ်းဂန်တွေ သင်ယူပို့ချခြင်း၊ ကမ္မဋ္ဌာန်းကျင့်ခြင်းဆိုတဲ့ ယောဂအကျင့်တွေ၊ သမထကျင့်စဉ်တွေ ကျင့်ပြီးနေတယ်။ ဘုရားပွင့်ပြီလို့လည်း သတင်းကြားရော သူ့တပည့်တွေလွှတ်ပြီး စုံစမ်းခိုင်းတာ။ ဆရာကြီးတွေဆိုတော့ ဗုဒ္ဓဟုတ်မဟုတ် မသိဘဲနဲ့ ဘယ်တော့မှ အရမ်းမသွားကြဘူး။ သူတို့ကလည်း နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ဘုရား ဟုတ်မဟုတ် စုံစမ်းခိုင်းတာ။ ဘာတွေနဲ့ စုံစမ်းခိုင်းတုန်းဆိုရင် ဝေဒကျမ်းတွေမှာပါတဲ့ မဟာပုရိသလက္ခဏာ ၃၂-မျိုးလုံး ရှိမရှိဆိုတာကို သွားကြည့်ခိုင်းတယ်။

ဗာဝရီပုဏ္ဏားကြီးက သူ့တပည့်တွေကို ဘယ်လောက်ထိအောင် မှာလိုက်တုန်းဆိုရင် “အေး- ဘုရားဆိုလို့ရှိရင် ပါးစပ်ကထုတ်ပြီး မေးခွန်းထုတ်စရာ မလိုဘူး' တဲ့။ မင်းတို့ စိတ်ထဲကမေးတဲ့ မေးခွန်းကို သူ နှုတ်ကဖြေလိမ့်မယ်' တဲ့၊ ဒီလိုတောင် မှာလိုက်တာနော်။ အဲဒီလို မှာလိုက်တဲ့အတိုင်းပဲ သွားပြီးစုံစမ်းထောက်လှမ်းကြတာ။

[၈] မြတ်စွာဘုရားမှာ ၃၂-ပါးသော ယောက်ျားမြတ် လက္ခဏာတွေ တွေ့ရတယ်။ တွေ့ရုံတင် မကဘူး၊ ခုနက စိတ်ကူးထဲကနေပြီး လျှို့ဝှက်ထားတဲ့ မေးခွန်းတွေကို စိတ်နဲ့ မေးတယ်။ “ဗာဝရီပုဏ္ဏားကြီးက အသက်ဘယ်လောက်ရှိပြီလဲ” “တပည့်ဘယ်နှစ်ဦးရှိသလဲ” “မဟာပုရိသလက္ခဏာ ဘယ်နှစ်ခု ရသလဲ” စိတ်ထဲကနေ မေးကြတယ်။ မေးလိုက်တဲ့အချိန်မှာ မြတ်စွာဘုရားက နှုတ်ကနေထုတ်ပြီး ဖြေလိုက်တာ၊ အဲဒါကြောင့်မို့ သူတို့တအံ့တဩဖြစ်ပြီး ဗုဒ္ဓကို ယုံကြည်သွားကြတယ်။

ဗာဝရီရဲ့တပည့်တွေဟာ မြတ်စွာဘုရားကို သူတို့သိချင်တဲ့ လေးနက်တဲ့ ... မေးခွန်းတွေကိုမေးတာ။ အဲဒီသုတ္တန်ကို ‘ပါရာယနဒေသနာ’ အမည်နဲ့ ပြည့်ပြည့်စုံစုံ ဘုန်းကြီးတို့ ရှင်းလင်းဟောထားတယ်။

ဗြဟ္မာယုပုဏ္ဏားကြီးဆိုတာ အသက် ၁၂၀-ရှိပြီ၊ သူ မလာခင် သူ့ရဲ့တပည့် ဥတ္တရလုလင်ကို လွှတ်လိုက်တယ်။ ‘ငါသင်ပေးထားတဲ့ မဟာပုရိသလက္ခဏာနဲ့ တိုက်ကြည့်’ ဆိုပြီး မှာလိုက်တာ။ ဥတ္တရလုလင်ဟာ ဘုရားကျောင်းမှာကို အကြာကြီးနေပြီး ဘုရား ဟုတ်မဟုတ် လေ့လာထောက်လှမ်းတာ၊ အဲဒီလို ထောက်လှမ်းပြီးတဲ့အခါ သူ့ဆရာကြီးဆီ report တင်လိုက်တာ။ သူ့ဆရာကြီးက အဲဒီအခါကျမှ ဂေါတမဗုဒ္ဓကို လာရောက်ဖူးမြော်တာ။ အဲဒီဆရာကြီးက အသက် (၁၂၀)

[၉] အဘိုးကြီး ဖြစ်နေပြီနော်။ သို့သော် အင်မတန်မှ ဂုဏ်ဝါကြီးမားပြီး အားလုံးက လေးစားရတဲ့ ဆရာကြီးဖြစ်တယ်။

မြတ်စွာဘုရားထံ သူလာတွေ့တဲ့အချိန်မှာ မြတ်စွာဘုရားက ပရိသတ်အလယ်မှာ တရားဟောနေတဲ့အချိန်၊ ဗြဟ္မာယုပုဏ္ဏားကြီးလည်း ဝင်လာရော ပရိသတ်က လှုပ်လှုပ်လှုပ်လှုပ်နဲ့ ဖြစ်သွားတယ်။ အဲဒီလောက်ထိအောင် အရှိန်အဝါ ကြီးတယ်ပေါ့။ သူက ပရိသတ်ကိုပြောတယ် “ငြိမ်ငြိမ်နေကြပါ၊ ငြိမ်ငြိမ်နေကြပါ” ပေါ့။

အဲဒီမှာ ဘုရားသွားတဲ့ အလယ်လမ်းလေးဆိုတာရှိတယ်။ ခုခေတ် တရားပွဲတွေမှာလို ဓမ္မကထိကဆရာတော်ကြွဖို့ အလယ်ကလမ်းလေးချန်ထားတာ ရှိတယ်။ အဲဒီလမ်းကနေပြီးတော့ သူက ဘုရားအနီးထိ ရောက်အောင်လာတယ်၊ သူ့တပည့် ထောက်လှမ်းပြီး တင်ပြထားတဲ့အတိုင်း သူကိုယ်တိုင် မြတ်စွာဘုရားမှာ မဟာပုရိသလက္ခဏာတွေ ရှိသလားဆိုတာ ထောက်လှမ်းသေးတယ်။ နဖူးရေ ဒူးရေ ရုပ်လက္ခဏာ သွင်ပြင်တွေ အားလုံးကိုကြည့်တယ်၊ ‘တို့စာထဲမှာ ဆိုထားတာနဲ့ အကုန်ကိုက်တယ်’ လို့ ကျေနပ်တယ်။ ဒီတော့မှ ဗြဟ္မာယုပုဏ္ဏားကြီးဟာ မြတ်စွာဘုရားကို အားရပါးရ ခြေဖမိုးကို ခေါင်းနဲ့တိုက်ရှိခိုးတယ်။ “အကျွန်ုပ် ဗြဟ္မာယုပုဏ္ဏားကြီးပါ” လို့လည်း လျှောက်တယ်။

ပေါက္ခရသာတိပုဏ္ဏားကြီးကလည်း တပည့် အမ္မဋ္ဌလုလင်ကို လွှတ်ပြီး မြတ်စွာဘုရား ဟုတ်,မဟုတ် ထောက်လှမ်း [၁၀] ခိုင်းတယ်၊ ထောက်လှမ်းပြီးပြီဆိုတော့မှ သူလာတာပေါ့။ ဒါက မြတ်စွာဘုရား လက်ထက်က ဗုဒ္ဓဟုတ်,မဟုတ်ဆိုတာတွေက မဟာပုရိသလက္ခဏာနဲ့ တိုက်ဆိုင်ကြည့်တယ်၊ သို့သော် အရည်အချင်းကိုတော့ သာမန်ပုဂ္ဂိုလ်တွေ မသိနိုင်ကြဘူး၊ ဒါကြောင့်မို့ ဗုဒ္ဓရဲ့ အရည်အချင်းဆိုသည်မှာ- ‘အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသဓမ္မသာရထိ၊ သတ္ထာ ဒေဝမနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ’

ဒီအရည်အချင်းတွေနဲ့ .. ပြည့်စုံတဲ့ ပုဂ္ဂိုလ်မျိုးမှသာလျှင် ဘုရားဆိုတာဖြစ်တယ်။ ဒီအရည်အချင်းမရှိရင် ဘုရား မဟုတ်ဘူး၊ အဲဒီတော့ “ဣတိပိ သော” ဆိုတဲ့ ဗုဒ္ဓဂုဏ်တော်တွေပါတဲ့ သုတ္တန်တွေဟာ အလွန်များတယ်။

အဲဒီထဲမှာ အရဟံ နဲ့ သမ္မာသမ္ဗုဒ္ဓေါ ဒီဂုဏ်တော်နှစ်ခု ကတော့ ဘုရားနဲ့ ပတ်သက်လာလို့ရှိရင် မပါတာကို မရှိဘူး၊ ကျန်တဲ့ဂုဏ်တော်တွေက တစ်ခါတစ်ရံမှ ပါတယ်နော်။

ခုနကရွတ်သွားတဲ့ “နမော တဿ” ပဲကြည့်၊ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ အထဲမှာ ဂုဏ်တော်သုံးခုပါတယ်လေ။ အရဟတော ဆိုတာ အရဟံ ကိုပြောတာ၊ သမ္မာသမ္ဗုဒ္ဓဿ ဆိုတာ သမ္မာသမ္ဗုဒ္ဓ ကိုပြောတာ၊ ဘဂဝတော ဆိုတာ ဘဂဝါ ဂုဏ်တော်ကို ပြောတာ။ အဲဒီ ဂုဏ်တော်သုံးမျိုးဟာ အင်မတန်မှ အရေးပါ [၁၁] တယ်၊ ဒီကနေ့ ‘မြတ်ဗုဒ္ဓရဲ့ အရဟံဂုဏ်တော်’ ဆိုတာကို သိရှိနားလည်ကြရအောင် စာပေကျမ်းဂန်မှာ ရေးထားတဲ့အတိုင်း ဟောပြောမှာဖြစ်ပါတယ်။

အရဟံ

အရဟံဆိုတာ အက္ခရာသုံးလုံးပဲရှိတယ်၊ အ,ရယ် ရ,ရယ် ဟ,ရယ်၊ ဒီသုံးလုံးဖြစ်ပေမယ့် အဓိပ္ပာယ်ငါးမျိုးထွက်တယ်နော်။ ဘုန်းကြီးတို့တတွေ ဗုဒ္ဓါနုဿတိဘာဝနာပွားပြီ ဆိုတဲ့ အခါမှာ ဒီ အရာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အာရုံပြုရမယ်။ မြတ်စွာဘုရားကို အရဟံလို့ခေါ်တာဟာ ဒီဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံလို့ဖြစ်တယ်၊ သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး။ ဂုဏ်ထူးဝိသေသနဲ့ ချီးကျူးခံရတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တွေကို အာရုံပြုတဲ့ သတိကို ဗုဒ္ဓါနုဿတိလို့ ခေါ်တယ်၊ ဗုဒ္ဓ- မြတ်စွာဘုရားရဲ့ ဂုဏ်ကို၊ အနုဿတိ- အကြိမ်ကြိမ် အထပ်ထပ် သတိထားခြင်း၊ သတိရနေခြင်း။ တစ်နည်းအားဖြင့် အနု- သင့်တင့်လျောက်ပတ်တဲ့၊ သတိ- အမှတ်ရမှုပဲ၊ ဘုရားနဲ့ပတ်သက်ပြီး အလွန်သင့်လျော် လျောက်ပတ်တဲ့ အမှတ်ရမှုလို့ ဒီလိုအဓိပ္ပာယ်ရတယ်။ ဘုရားဂုဏ်ကို အာရုံပြုနေတာနဲ့ပဲ သမထကမ္မဋ္ဌာန်း ဖြစ်တယ်ပေါ့။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဝိပဿနာဉာဏ် ဖြစ်စေဖို့အတွက် ကြီးမားသောအထောက်အကူဖြစ်တယ်ပေါ့။

[၁၂] လူတွေရဲ့သန္တာန်မှာ သဒ္ဓါစွမ်းအားတွေ ဖွံ့ဖြိုးတိုးတက်သွားစေနိုင်တယ်။ ဒါကြောင့်မို့ ဗုဒ္ဓါနုဿတိဘာဝနာဟာ အမြတ်ဆုံး ဖြစ်တယ်လို့ စာပေကျမ်းဂန်တွေမှာ ဆိုထားတာပေါ့။

အဲဒီတော့ ဗုဒ္ဓဂုဏ်တော်ပွားပြီဆိုရင် ဘယ်လိုပွားမလဲ၊ “ဣတိပိ သော ဘဂဝါ၊ ဣတိပိ- ဆိုတာက အကြောင်းကို ရည်ညွှန်းတာ၊ သော ဘဂဝါ- ငါ ကြည်ညို ကိုးကွယ်တဲ့ တစ်လောကလုံးက လေးစားရတဲ့ ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်သူမြတ်ဟာ၊ (ဒီနေရာမှာ ဘဂဝါလို့ခေါ်လိုက်တာက အလွန် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကိုသုံးတဲ့ အိန္ဒိယ စကားလုံးပဲ၊ ကနေ့တောင်မှ အိန္ဒိယနိုင်ငံမှာ ‘ဘဂဝံ’လို့ သုံးလေ့ရှိတယ်၊ တကယ့်ကြီးမားတဲ့ ပုဂ္ဂိုလ်တွေကို ‘ဘဂဝံ’လို့ သူတို့သုံးတယ်နော်၊ အဲဒီ ‘ဘဂဝံ’လို့ သုံးတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် ဂုရုကြီးလို့ အဓိပ္ပာယ်ရတယ်။ ပိုပြီးလေးစားရတဲ့ ဂုရုကြီးတွေကို ‘ဘဂဝံ’ လို့ခေါ်တယ်။ ဒါက အိန္ဒိယနိုင်ငံသုံးစကားတစ်ခုပဲ၊ ‘ဘဂဝံ’ ဆိုတာ အလွန့်ကို ကြီးမြတ်တယ်၊ ဒါကြောင့်မို့ အဋ္ဌကထာဆရာက ‘ဘဂဝါတိ ဂုရု’ ‘ဂရုံ ဟိ လောကေ ဘဂဝါတိ ဝုစ္စတိ’တဲ့၊ လောကလူတွေက လေးစားအပ်တဲ့ ဂုရုကို ‘ဘဂဝံ’ လို့ ခေါ်ကြတယ်။)

ဘဂဝါဆိုတာ ဂုရုကိုခေါ်တာတဲ့၊ လောကကြီးတစ်ခုလုံးရဲ့ အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ပဲ။ မြတ်စွာဘုရားဟာ ကိုယ်ကျင့်သီလနဲ့ နှိုင်းယှဉ်မယ်ဆိုလည်း သာတဲ့ပုဂ္ဂိုလ်မပြောနဲ့ [၁၃] တူတဲ့ပုဂ္ဂိုလ်တောင်မရှိဘူး။ သမာဓိနဲ့ နှိုင်းယှဉ်လိုက်ပြန်ရင်လည်း သာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့ တူတဲ့ပုဂ္ဂိုလ်တောင်မရှိဘူး၊ ပညာအားဖြင့်လည်း သာတဲ့ပုဂ္ဂိုလ်မပြောနဲ့ တူတဲ့ပုဂ္ဂိုလ်တောင် မရှိဘူးလို့ ဒီလိုဆိုလိုတယ်ပေါ့နော်။ ဒါကြောင့်မို့ တစ်လောကလုံးက ဦးညွှတ်လေးစားရတဲ့ ပုဂ္ဂိုလ်သူမြတ်ဖြစ်လို့ ဘဂဝံလို့ ဒီလိုခေါ်တာ။

“ဣတိပိ သော ဘဂဝါ၊ သောဘဂဝါ- ဘုန်းတော်ကြီးမား ထိုရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ- ဤအကြောင်း ဤအကြောင်းတွေကြောင့်၊ အရဟံ- အရဟဆိုတဲ့ အရည်အချင်း ရှိပါပေ၏။”

နှလုံးသွင်းတဲ့အခါမှာ အဲဒီလို နှလုံးသွင်းရမယ်။ အကြောင်းနဲ့ ဂုဏ်အရည်အချင်းကို သိရမယ်။ “ဒီပုဂ္ဂိုလ်သူမြတ်ဟာ ဒီအရည်အချင်းတွေ ရှိပါလား။ ဒါကြောင့်မို့ တကယ့် အရဟံပါလား”ဆိုတဲ့အတွေးနဲ့ မြတ်စွာဘုရား ဂုဏ်တော်ကို အမှတ်ရပြီး ဆင်ခြင်စဉ်းစားနေမှုနော်။ သမ္မာသင်္ကပ္ပဆိုတဲ့ အတွေးနဲ့ သတိထားနေတာ၊ သတိကို အဓိကထားပြီး ပြောတာ၊ သတိရှိတယ်ဆိုရင် ပညာလည်းဖြစ်လာတယ်။ မြတ်စွာဘုရားအကြောင်း ဆန်းစစ်လေ့လာတဲ့အခါမှာသော်- ဒီအကြောင်း ဒီအကြောင်းတွေကြောင့် ဘုရားဟာ တကယ့် အရဟံပါလားလို့ လက်ခံလာတယ်၊ ကျေနပ်တယ်၊ [၁၄] အဲဒီ ကျေနပ်လာသည်ထိအောင် နှလုံးသွင်းရမှာ။ အရေးကြီးတာက မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုသိဖို့ကြိုးစားရမယ်။

အဲဒီတော့ စဉ်းစားရမှာက ‘သော ဘဂဝါ ဣတိပိ အရဟံ၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ’ လို့ ပါဠိလို ပြောတယ်။ မြန်မာလိုပြောတဲ့အခါ “တို့ကိုးကွယ်တဲ့ မြတ်စွာဘုရားဟာ ဒီအချက် ဒီအချက်တွေကြောင့် အရဟံ ဂုဏ်တော်နဲ့ ပြည့်စုံပါပေတယ်” လို့ စိတ်ထဲမှာ သဘောကျလာသည်ထိအောင် အကြိမ်ကြိမ်အထပ်ထပ် သတိကပ်ပြီး စဉ်းစား ဆင်ခြင် သုံးသပ်နေဖို့လိုတယ်။ ဒါကို ဗုဒ္ဓါနုဿတိ ဘာဝနာပွားတယ်လို့ ခေါ်တာ။

အဲဒီလို စနစ်တကျပွားမယ်ဆိုရင် ဂုဏ်တော်ပွားနေတဲ့ အချိန်မှာ ရာဂ, ဒေါသ, မောဟ ဆိုတာတွေ ဖြစ်မှာမဟုတ်ဘူးနော်။ အင်မတန်မှ ကြည်နူးဖွယ်ရာတွေ၊ ကျေနပ်စရာတွေပဲ ဖြစ်လာပြီး သမာဓိရလာမှာ ဖြစ်ပါတယ်။

အေး-ဒါကြောင့်မို့ ဘယ်အလုပ်ပဲဖြစ်ဖြစ် စနစ်တကျ လုပ်ရမယ်၊ သိလည်းသိရမယ်၊ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ၊ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကိုကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာ ယုံရုံယုံရမှာ မဟုတ်ဘူး။ တကယ်ကို သိရှိနားလည်အောင် လုပ်ကြရမယ်၊ ဗုဒ္ဓဘာသာမှာ သဒ္ဓါနဲ့ပညာ ၂-မျိုးမှာ ပညာကို အဓိကထားတယ်။ ပညာပါတဲ့ သဒ္ဓါမျိုးသာလျှင် [၁၅] တန်ဖိုးရှိတယ်လို့ ဆိုတယ်။ ဒါကြောင့်မို့ ပညာကို လေ့လာဆည်းပူးအားထုတ်ကြရတယ်။

ဗုဒ္ဓဘာသာတွေဟာ ပညာဗုဒ္ဓဘာသာဖြစ်ဖို့ လိုတယ်ပေါ့၊ သဒ္ဓါဗုဒ္ဓဘာသာချည့် မဖြစ်စေရဘူး။ သဒ္ဓါဗုဒ္ဓဘာသာဆိုတာ မခိုင်မြဲဘူး၊ အပြောကောင်းရင် သဒ္ဓါတရားဆိုတာ ပျောက်သွားတယ်။ ပညာပါမှ ခိုင်မာတယ်၊ နှစ်နှစ်ကာကာသိထားတယ်၊ အဲဒီလို ဖြစ်ရမယ်။ ဒါကြောင့်မို့ “မြတ်ဗုဒ္ဓရဲ့ အရဟံဂုဏ်တော်” လို့ ခေါင်းစဉ်တပ်ထားတဲ့အတိုင်း အရဟံဆိုတဲ့ အဓိပ္ပာယ်ကို ငါးမျိုးခွဲခြားပြီး မှတ်ရတယ်။

အရဟံ၏အဓိပ္ပာယ်

အရဟံ- ဝေးကွာခြင်း၊ ဘာတွေနဲ့ ဝေးကွာတာတုန်းဆိုရင် လောဘ, ဒေါသ, မောဟ, မာန်မာန, စိတ်နှလုံးမှာ ပူလောင်စေတတ်တဲ့ အကုသိုလ် အညစ်အကြေးတွေမှ လုံးဝ ဝေးကွာတယ်။

သူ့ဟာသူ ... ဝေးကွာတာလားဆိုရင် မဟုတ်ဘူး၊ သောတာပတ္တိမဂ်နဲ့ ဖယ်ရှားလိုက်တယ်၊ သကဒါဂါမိမဂ်နဲ့ ဖယ်ရှားလိုက်တယ်၊ အနာဂါမိမဂ်နဲ့ ဖယ်ရှားလိုက်တယ်၊ အရဟတ္တမဂ်နဲ့ ဖယ်ရှားလိုက်တယ်။ ဒါ့ကြောင့် ဝေးကွာတယ်။ မြတ်စွာဘုရားရဲ့စိတ်ဟာ ကိလေသာတွေနဲ့ ဘယ်တော့မှမစပ်ဘူး၊ ဝေးကွာသွားပြီ၊ ခွဲထုတ်လိုက်ပြီ၊ ဒီလိုပြောတာနော်။

[၁၆] ဘုန်းကြီးတို့တတွေရဲ့စိတ်မှာ ခွဲမရလောက်အောင် လောဘ, ဒေါသ, မောဟတွေက တွဲဖက်နေတယ်။ မြတ်စွာဘုရားကျတော့ လောဘတွေနဲ့လည်း ဝေးသွားပြီ၊ ဒေါသတွေနဲ့လည်း ဝေးသွားပြီ၊ မောဟတွေနဲ့လည်း ဝေးသွားပြီ၊ ကိလေသာ အပူတွေနဲ့လည်း ဝေးသွားပြီ၊ ဒါကြောင့် မြတ်စွာဘုရားရဲ့ စိတ်နှလုံးဟာ ဘယ်လောက်အေးချမ်းနေမယ်ဆိုတာ စဉ်းစားကြည့်၊ ပူတယ်ဆိုတာ . ကိလေသာကြောင့် ပူတာ ဖြစ်တယ်၊ ကိလေသာမရှိရင် အေးချမ်းတယ်၊ ဒါကြောင့် အရဟံရဲ့အဓိပ္ပာယ်တစ်ခုက အာရကာ- ဝေးကွာခြင်း ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကိလေသာတွေက ဝေးကွာနေတယ်တဲ့။

မဂ်လေးပါးနဲ့ ကိလေသာတွေကို ဖယ်ရှားဖျက်ဆီးပစ်ထားတာ ဖြစ်သောကြောင့် မြတ်စွာဘုရားဟာ ကိလေသာတွေနဲ့ အလွန်ကိုဝေးတယ်၊ ရဟန္တာတွေမှာတော့ အနံ့အသက်တွေ ကျန်နေတယ်၊ လောဘကို ဖယ်လိုက်ပြီ၊ လောဘရဲ့ အနံ့အသက် ကျန်နေတယ်။ ဒေါသကို ဖယ်လိုက်ပြီ၊ အနံ့အသက် ကျန်နေတယ်။ မောဟကို ပယ်လိုက်ပြီ၊ အနံ့အသက် ကျန်တယ်။ ရဟန္တာ ဖြစ်သွားပေမယ့် နဂိုပင်ကိုယ်စရိုက်တွေ မပျောက်ဘူး။

မြတ်စွာဘုရားကျတော့ လောဘရဲ့ အငွေ့အသက်၊ ဒေါသရဲ့အငွေ့အသက်၊ မောဟရဲ့အငွေ့အသက်၊ ကိလေသာတွေရဲ့ အငွေ့အသက် တစ်ခုမှမကျန်ဘူး။ ဒါကြောင့်မို့ ဘုရား [၁၇] မှာ ဝါသနာနှင့်တကွ ကိလေသာတွေကိုပယ်တယ် လို့ ပြောတယ်၊ ရဟန္တာပုဂ္ဂိုလ်တွေ အရဟတ္တမဂ်ရပေမယ့် ဝါသနာကို မပယ်နိုင်ဘူးတဲ့။

မြတ်စွာဘုရားမှာ ဝါသနာဆိုတဲ့ ကိလေသာရဲ့ အငွေ့အသက်သတ္တိဟာ လုံးဝမရှိတော့ဘူး။ ဒါ့ကြောင့် “ကိလေသာမှ ဝေးကွာသူ” ဆိုတဲ့ ဂုဏ်ဟာ .. ရဟန္တာပုဂ္ဂိုလ်နဲ့တောင်မှ မထိုက်တန်ဘူး၊ ဘုရားမှ ထိုက်တန်တယ်နော်၊ ဒါကြောင့်မို့ အရဟံ- ဆိုသည်မှာ ကိလေသာတွေက ဝေးကွာနေခြင်းဆိုတဲ့ အရည်အချင်းတစ်ခုလို့ မှတ်သားကြရမယ်။

ဟော- နောက်အဓိပ္ပာယ်တစ်မျိုးထွက်ပြန်တယ်၊ အရဟံ ကို အရ-ဟံ လို့ဖတ်ပါ။ အရ- (အရိ) ရန်သူတွေကို၊ ဟ- ချေမှုန်းပြီးသား အနိုင်ယူပြီးသား ဖြစ်တယ်။

ရန်သူဆိုတာ ကိလေသာရန်သူကိုပြောတာ၊ ကိလေသာကမှ တကယ့်ရန်သူအစစ်လေ၊ ငရဲချတာက ပုဂ္ဂိုလ် ရန်သူ မဟုတ်ဘူး၊ ကိုယ့်ရင်ထဲမှာဖြစ်တဲ့ လောဘ, ဒေါသ, မောဟ ဆိုတဲ့ ရန်သူက ငရဲချတာ၊ လောဘ, ဒေါသ, မောဟလောက် ကိုယ့်ကိုဒုက္ခပေးတာ ရှိမှမရှိတာ၊ အပြင်ဘက်ကလူက ဒုက္ခပေးတယ်ဆိုတာ ရံဖန်ရံခါသာ ပေးလို့ရတာလေ။ ဒုက္ခပေးလို့ ရန်သူလို့ခေါ်မယ်ဆိုရင် အမြဲတမ်း ကိုယ့်ကိုဒုက္ခပေးနေတာ ဘယ်သူလဲ၊ ကိလေသာပဲ။ ကိလေသာကမှ ရန်သူအစစ်၊ စိတ်ညစ်ရတာ ဘယ်သူ့ကြောင့်? သူ့ကြောင့်၊ အဆင်မပြေ [၁၈] ဖြစ်ရတာ ပြောမှားဆိုမှားတွေဖြစ်ရတာ သူ့ကြောင့်ပဲ၊ အားလုံး လောကကြီးမှာ မဖြစ်ချင်တာတွေဖြစ်နေတာလည်း သူ့ကြောင့်ပဲ။ ဟော- သူ့လောက်ကိုယ့်ကို ဒုက္ခပေးတဲ့သူ ဘယ်ရှိမလဲနော်၊ မုန်းစရာကောင်းတဲ့ ရန်သူအစစ်ဟာ ကိုယ့်ရင်ထဲ နှလုံးထဲမှာ ဖြစ်နေတဲ့ လောဘ, ဒေါသ, မောဟတွေသာ ဖြစ်တယ်။

အဲဒီ လောဘ, ဒေါသ, မောဟ ဆိုတဲ့ ရန်သူတွေကို အနိုင်ယူပြီးတော့ ဖယ်ရှားပစ်ပြီးသား ဖြစ်သောကြောင့် ‘အရဟံ’ တဲ့။

အဲဒီစကားလုံးက ‘အရိဟန’ မှ ပြောင်းလဲလာတာ။ အရိ ဆိုတာ ရန်သူ၊ ဟနဆိုတာ ဖျက်ဆီးတာ၊ ရန်သူတွေကို ချေမှုန်း ဖျက်ဆီးပစ်သူ၊ ဒါ့ကြောင့် အရဟံ- မိမိကို ဒုက္ခပေးနေတဲ့ ကိလေသာ ရန်သူတွေကို အားလုံးအနိုင်ယူပြီးသူဖြစ်တယ်၊ ကိလေသာအားလုံးကို ချေမှုန်းပြီးဖြစ်တယ်။ ရန်သူမရှိတော့ဘူး လို့ ဆိုလိုတယ်။

ဘုရားမှာ ရန်သူမရှိဘူးဆိုရင် ဒေဝဒတ်တို့ ဘယ်သွားတုန်းလို့ မေးကောင်းမေးလိမ့်မယ်။ အဲဒါက အပြင်ရန်သူနော်၊ ဘုရားမှာ ကိလေသာရန်သူဆိုတာ မရှိတော့ဘူး၊ ဒါကြောင့်မို့ အရဟံ- ကိလေသာရန်သူတွေကို ချေမှုန်းဖျက်ဆီးပြီးဖြစ်သူ လို့ဆိုတဲ့ ဒီအဓိပ္ပာယ်ဟာ ဒုတိယအဓိပ္ပာယ်ဖြစ်တယ်။

“သော ဘဂဝါ- ထိုဘုန်းတော်ကြီးမား ရှင်တော်မြတ်ဘုရားဟာ၊ ဣတိပိ- ကိလေသာရန်သူတွေကို အပြီးသတ် [၁၉] ချေမှုန်းတတ်တဲ့ အရည်အချင်းရှိသောကြောင့်၊ အရဟံ- အရဟ, အရဟ မည်တော်မူပါပေ၏။

ကိလေသာတွေကို အနိုင်တိုက်ပြီးသား ပုဂ္ဂိုလ်တွေကို ‘အရဟ’လို့ ခေါ်ရမယ်ဆိုရင် မြတ်စွာဘုရားကသာ တစ်ခါတည်း နလံမထူနိုင်အောင် ချေမှုန်းထားတာ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေက အနိုင်ရတယ်ဆိုတာ ခေတ္တခဏပဲ၊ မြတ်စွာဘုရား အနိုင်ရလိုက်တဲ့ ကိလေသာတွေက ဘယ်တော့မှ နောက်ကြောင်းပြန်လာတာ မရှိဘူးတဲ့၊ အပြီးသတ်နိုင်တာပေါ့၊ ဒါကြောင့်မို့ အရဟံ- ရန်သူတွေကို အနိုင်ရသူ လို့ ခေါ်ခြင်းခေါ်ရင် မြတ်စွာဘုရားကိုသာလျှင် ခေါ်ရမှာဖြစ်တယ်ပေါ့။

ဒီအရည်အချင်းကို စိတ်ထဲက နှလုံးသွင်းပြီး အရဟံဆိုတဲ့ ဂုဏ်တော်ကို အာရုံထဲမှာ ကြည်နူးလာသည်ထိအောင် အကြိမ်ကြိမ် အထပ်ထပ် အမှတ်ရဖို့ပဲ၊ ဒါကို ဗုဒ္ဓါနုဿတိလို့ ခေါ်တာနော်။

ဟော-နောက်တစ်ခုက အရဟံကိုပဲ အရ’ဟံ ဟုဖတ်ပါ။ အရ’အကန့်၊ ဟ’ဖျက်ဆီးတာ၊ အကန့်တွေကို ဖျက်ဆီးပြီးသူ။

သံသာရစက္က (ဘဝရထားဘီး)

သံသရာစက်ဝန်းကြီးကို ကြည့်လိုက်မယ်ဆိုရင် ဘာနဲ့ ဥပမာတူတုန်းဆိုရင် လှည်းဘီးကြီးနဲ့တူတယ်။ လှည်းဘီးကြီး ဥပမာထားပြီးကြည့်မယ်ဆိုရင် သံသရာမှာ ဘဝရထားကိုစီးပြီး [၂၀] သွားနေကြရတယ်။ သံသာရစက္ကလို့ဆိုတဲ့ လှည်းဘီးကြီးနဲ့ လည်ပတ်ပြီးနေတာ၊ ဘဝရထားကြီးဟာ ဘီးကြီးနဲ့သွားနေတယ်။

ဒါဖြင့် ဘီးနဲ့ ဘယ်လိုတူသလဲဆိုရင် အဝိဇ္ဇာ ရယ် ဘဝတဏှာရယ်၊ မသိမှုနဲ့ လိုချင်မှု အဲဒီနှစ်ခုသည် လှည်းဘီးရဲ့ အလယ်ခေါင်က ဝင်ရိုးတပ်တဲ့နေရာဖြစ်တယ်၊ အဝိဇ္ဇာနဲ့ တဏှာမှာ အားလုံးက တည်နေတာဖြစ်သောကြောင့် အဝိဇ္ဇာ တဏှာကို “ပုံတောင်း”လို့ ခေါ်တာ။ အရပ်ဒေသအလိုက် ခေါ်ပုံချင်းတူချင်မှတူမယ်ပေါ့နော်။ နာဘိ ဆိုတဲ့ ပုံတောင်းကြီးပေါ်မှာ အကန့်တွေစိုက်ထားပြီး ဘေးကကွပ်ထားတဲ့အရာကျတော့ ‘အကွပ်တံကူ’ လို့ ခေါ်တယ်ပေါ့။

အဲဒီတော့ လှည်းဘီးကြီးရဲ့ပုံသဏ္ဌာန်ကို ဖော်ကြည့်လိုက်မယ်ဆိုရင် အဝိဇ္ဇာနဲ့ တဏှာက ပုံတောင်းနော်။ သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဥပါဒါန်, ဘဝ ဆိုတာတွေက အကန့်တွေ ဒေါက်ဆံတွေပေါ့။ အဲဒီနောက် ဘဝတစ်ခုဟာ အိုခြင်းနဲ့သေခြင်းမှာ အဆုံးသတ်တာ။ ဒါကြောင့်မို့ ဇရာ မရဏ ကို အကွပ်တံကူလို့ ခေါ်တယ်ပေါ့။ ပါဠိလို “နေမိ”လို့ ခေါ်တယ်။

နောက်တစ်ခါ လှည်းဘီးကြီးဟာ ဝင်ရိုးမရှိရင် လည်တာမဟုတ်ဘူး။ ဒါကြောင့်မို့ ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝ, အဝိဇ္ဇာသဝ လို့ဆိုတဲ့ အာသဝတရားတွေ ဖြစ်ပေါ်လာမှုဟာ ဝင်ရိုးနဲ့အလားသဏ္ဌာန်တူတယ်ပေါ့။

[၂၁] အဲဒီ ဘဝရထားကြီးကို ပုံဖော်ကြည့်လိုက်တဲ့အခါမှာ အဝိဇ္ဇာနဲ့ တဏှာက ပုံတောင်း၊ ဇရာ မရဏက အကွပ်၊ သင်္ခါရ စသည်က အလယ်က ဒေါက်ဆံတွေ၊ အဲဒီလို လှည်းဘီးကြီးဟာ အခြေအနေကောင်းနေသမျှ ဘဝရထားဟာ ဒီဘီးကြီးနဲ့ လည်ပတ်နေမှာဖြစ်တယ်။ အဲဒါကြောင့်မို့ ဘုန်းကြီးတို့တတွေဟာ လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရစ္ဆာန်ဖြစ်လိုက်နဲ့ သံသရာထဲမှာ မဆုံးနိုင်တဲ့ခရီးကြီးကို ဘီးကြီးနဲ့လည်ပတ်ပြီး သွားလာနေတာ။

ချားရဟတ်ဥပမာ

ဥပမာနောက်တစ်ခု ပြောမယ်ဆိုရင်တော့ “ရဟတ်” ဆိုတာလိုပေါ့နော်။ “ချားရဟတ်” ဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ အထက်ရောက်လိုက် အောက်ရောက်လိုက်နဲ့ လည်နေတာ ဆုံးတယ်လို့မှ မရှိဘဲ။ အဲဒါလိုပဲ သံသရာကြီးဟာ မဆုံးဘူး။

အဲဒီမဆုံးနိုင်တဲ့ သံသရာခရီးသွား ပဋိစ္စသမုပ္ပါဒ်ဘီးကြီးကို ဝိပဿနာဉာဏ်အခြေခံတဲ့ မဂ်ဉာဏ်တွေနဲ့ ဖျက်ဆီးပစ်လိုက်တာ။ နောက်ဆုံးမှာ အကန့်တွေဒေါက်တွေကို ရိုက်ချိုးပစ်လိုက်တယ်၊ ပုံတောင်းကြီးကို ခွဲပစ်လိုက်တယ်၊ အကွပ်တံကူတွေကို ဖျက်ဆီးပစ်လိုက်တယ်ဆိုတော့ ဒီဘီးကြီးဟာ မလည်တော့ဘူး။

[၂၂] သီလဆိုတဲ့မြေပေါ်မှာရပ်ပြီး သဒ္ဓါဆိုတဲ့လက်နဲ့ အရဟတ္တမဂ်ဆိုတဲ့ဓားကို ကိုင်စွဲပြီး အဲဒီဘီးကြီးကို ဖျက်ချလိုက်တာ အဲဒီဘီးကြီးဟာ ပြိုကျသွားတယ်။ လည်နိုင်စွမ်း မရှိတော့ဘူး။ အေး- အဲဒီအဓိပ္ပာယ်ကိုယူပြီးတော့ အရဟံ-သံသရာစက်၏ အကန့်တွေကို ဖျက်ဆီးပြီးဖြစ်တယ်ဆိုတဲ့ ... အရည်အချင်းရှိတယ်။

ဆိုလိုတာက မြတ်စွာဘုရားဟာ ဘဝခရီး ရပ်သွားပြီ။ ဘုန်းကြီးတို့တတွေက ဘဝခရီးကို သွားကြရဦးမှာ၊ သွားကြတဲ့အခါမှာ ဘဝခရီးကို ဘာနဲ့စတုန်း အဝိဇ္ဇာ တဏှာနဲ့စတယ်၊ ဘာနဲ့အဆုံးသတ်တုန်း အိုခြင်း သေခြင်းနဲ့ အဆုံးသတ်တယ်။ ကြားထဲမှာ ... ဘာတွေဖြစ်တုန်းဆို ကောင်းမှုလုပ်လိုက် မကောင်းမှုလုပ်လိုက်၊ ပျော်လိုက်, ပါးလိုက် ရယ်လိုက်, မောလိုက် ဒါတွေနဲ့ သွားနေတာလေ၊ အဲဒါတွေကို အကုန်ဖြိုချဖျက်ဆီးပစ်လိုက်လို့ သံသရာခရီး ရပ်တန့်သွားပြီဆိုရင် ဘီးကြီးပြိုကွဲသွားတာနဲ့ အလားသဏ္ဌာန် တူတယ်ပေါ့။

ဒါကြောင့်မို့ အရဟံ- သံသရာစက်ဝန်းရဲ့ အကန့်တံကူ သံသရာစက်ဘီးကြီးကို ဖျက်ဆီးပြီးတဲ့ ပုဂ္ဂိုလ်မြတ်ဖြစ်တယ်။ ဒီလို ဖျက်ဆီးပြီးဖြစ်သောကြောင့် မြတ်စွာဘုရားဟာ တကယ့် “အရဟံ” ပုဂ္ဂိုလ်မြတ် ဖြစ်ပါပေတယ်လို့ ဂုဏ်ရည်နဲ့ တွဲမှတ်ထားရမယ်။

[၂၃] ဟော- နောက်တစ်ခုက 'အရဟ’လို့ပဲ တစ်ပေါင်းတည်း ဖတ်၊ အရဟ-ထိုက်တန်သူလို့ အဓိပ္ပာယ်ရတယ်၊ ဘယ်သူပဲ ရှိခိုးရှိခိုး ရှိခိုးထိုက်တယ်။ ဘယ်သူကပဲ လက်အုပ်ချီချီ လက်အုပ်ချီဖို့ ထိုက်တန်တယ်။ ဘယ်သူကပဲလှူလှူ လှူတာတွေဟာ ထိုက်တန်တယ်။

ဘာဖြစ်လို့လဲ၊ လက်အုပ်လေး တစ်ကြိမ်ချီလိုက်တာနဲ့ နတ်ပြည် ရောက်သွားနိုင်တယ်၊ ... အကျိုးတုံ့ပြန်မှုတွေဟာ အင်မတန်မှ ထိရောက်တယ်။ လက်အုပ်မချီနိုင်ဘူးဆိုလည်း မျက်လုံးလေးဖွင့်ကြည့်ပြီး ကြည်နူးတဲ့စိတ်ကလေး ဖြစ်လိုက်တာနဲ့ပဲ နတ်ပြည်ရောက်သွားတယ်။ ဟော- မထိုက်တန်ဘူးလား၊ စိတ်ထဲက ကြည်နူးလိုက်တာနဲ့ပဲ ကောင်းရာသုဂတိဘုံ ရောက်သွားနိုင်တယ်ဆိုတော့ အလွန်ထိုက်တန်တာပေါ့။ ဒါန ကောင်းမှု ပြုလိုက်လည်းပဲ ပြုလိုက်သမျှ အကျိုးဖြစ်ထွန်းတယ်။ ဆိုပါစို့- အရောင်းအဝယ် ကိစ္စတွေဆိုရင် အရင်းက နည်းနည်းလေးနဲ့ အမြတ်ကြီးကြီးရတယ်ဆိုရင် လုပ်ထိုက်တယ် ပြောကြမှာပဲ။ မြေမှာလည်းစိုက်ပျိုးလိုက်လို့ သီးနှံတွေအများကြီး ထွက်တယ်ဆိုရင် စိုက်ထိုက်တယ်လို့ ပြောကြမှာပဲ။

ထို့အတူပဲ အကျိုးတုံ့ပြန်မှု အင်အားတွေ အလွန် ကောင်းတာ ဖြစ်သောကြောင့် မြတ်စွာဘုရားဟာ ဘယ်ပုဂ္ဂိုလ်က ပူဇော်ပူဇော်၊ ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဘယ်ဘက်က ကြည့်ကြည့်၊ မြတ်စွာဘုရားဟာ မထိုက်တန်ဘူးလို့ [၂၄] ပြောစရာ သီလက နိမ့်ကျနေတာမရှိဘူး။ သမာဓိ နိမ့်ကျနေတာ မရှိဘူး၊ ပညာ နိမ့်ကျနေတာ မရှိဘူး၊ အားလုံးဟာ အဆင့်အမြင့်ဆုံးဖြစ်နေတယ်။ ဒါကြောင့်မို့ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ ဦးညွှတ်ခြင်းကို ထိုက်တန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။

ကောသလမင်းကြီးက လူ့အဆင့်အတန်းနဲ့ ပြောမယ်ဆိုရင် မြတ်စွာဘုရားအမျိုးထက်သာတယ်၊ ကောသလမင်းကြီးက ကာသိတိုင်းနဲ့ ကောသလတိုင်း နှစ်နိုင်ငံကို အုပ်စိုးတဲ့ ဧကရာဇ် ဘုရင်ကြီး၊ မြတ်စွာဘုရားအမျိုးက သက္ကတိုင်း အငယ်စားလေးမှာ အုပ်ချုပ်ရတာ၊ ကောသလမင်းကြီးက အင်ပါယာကြီးတယ်၊ မြတ်စွာဘုရားရဲ့အမျိုး သုဒ္ဓေါဒနမင်းတို့က တိုင်းငယ်ပြည်ငယ်လေးမှာ မင်းဖြစ်တာ၊ ဒါ ရာထူးနဲ့ ပြောတာပေါ့နော်။

သို့သော် ... ကောသလမင်းကြီးဟာ မြတ်စွာဘုရားထံ လာတဲ့အခါ မြတ်စွာဘုရားကို သူ ဘယ်လောက်ထိအောင် လေးစားတုန်းဆိုရင် မြတ်စွာဘုရားရဲ့ခြေဖမိုးကို နဖူးနဲ့တိုက်ပြီး ရှိခိုးတယ်။

မြတ်စွာဘုရား ကိုယ်တိုင်က ကောသလမင်းကြီး ရိုကျိုးတာနဲ့ပတ်သက်ပြီး ရဟန်းတွေကို မိန့်တယ်၊ “ငါတို့ သာကီဝင် မင်းမျိုးတွေဆိုတာ ကောသလမင်းကြီးရဲ့ အရံမင်းအဆင့်ပဲ ရှိတယ်” ပေါ့၊ မြတ်စွာဘုရားက “အနုယ” လို့ သုံးတယ်။ အနုယန္တဆိုတာ နောက်ကလိုက်ရတာ၊ ဆင့်ခေါ်ရင် သွားကြရတယ်နော်၊ ဗမာပြည်မှာလည်း တိုင်းကြပ်ပြည်ကြပ်ကလေးတွေ [၂၅] အင်းဝက မြို့တော်ဖြစ်တဲ့အချိန်မှာ ‘ပြည်ကလာခဲ့၊ ဟံသာဝတီကလာခဲ့၊ စစ်တိုက်စရာရှိတယ်’ ဆိုသွားကြရတယ်လေ။ အဲဒီလို အနုယန္တအဆင့်တွေပေါ့။

‘အဲဒီလို ငါတို့က အနုယန္တအဆင့်မှာ ရှိသော်လည်း ကောသလမင်းကြီးဟာ မြတ်စွာဘုရားကို ငါ့ထက်အဆင့်မြင့်တယ်၊ ငါ့ထက် ရာထူးကြီးတယ်၊ ငါ့ထက် မြင့်မြတ်တယ်၊ လောကီဂုဏ်အားဖြင့် မြင့်မြတ်တယ်ဆိုတဲ့အနေနဲ့ နဖူးနဲ့ တိုက်ပြီး ရှိခိုးတာမဟုတ်ဘူး’ တဲ့၊ ‘ငါ့ကို အားရပါးရ ရှိခိုးတယ်ဆိုတာ သီလ, သမာဓိ, ပညာ ဆိုတဲ့ လက်လှမ်းမမီတဲ့ အရည်အချင်းတွေကြောင့် ရှိခိုးတာ’ လို့ မြတ်စွာဘုရားကိုယ်တိုင် ဒီလိုဟောထားတာ။

အဲဒီတော့ ... ကောသလမင်းလို တိုင်းကြီးပြည်ကြီးကို အုပ်စိုးတဲ့ ဧကရာဇ်ဘုရင်ကြီးက နဖူးနဲ့ခြေဖမိုးကိုတိုက်ပြီးတော့ ရှိခိုးတယ်၊ အဲဒီလို ရှိခိုးရလောက်အောင် ထိုက်တန်လို့ မြတ်စွာဘုရားကို ရှိခိုးတာတဲ့။ ဟော- “အရဟ” ထိုက်တန်သူဆိုတာ အဲဒါကိုပြောတာ။ ထိုက်တန်တယ်၊ အားရပါးရ ကြည်ညို လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

အေး- လူမင်းကသာ ရှိခိုးတာလားဆိုတော့ ဘယ်ဟုတ်မှာတုန်း၊ တာဝတိံသာနဲ့ စတုမဟာရာဇ် နတ်ပြည်နှစ်ပြည်ကို အုပ်စိုးထားတဲ့ သိကြားမင်းကြီး ဝရဇိန်လက်နက်ကြီးကိုင် ထွက်လာလို့ရှိရင် အားလုံးက ကြောက်ကြတယ်နော်၊ အဲဒီ [၂၆] သိကြားမင်းကြီးကလည်း မြတ်စွာဘုရားကို ဦးတိုက်တယ်တဲ့၊ အဲဒီအထက်က နတ်တွေလည်း ထို့အတူပဲ။ သဟမ္ပတိဗြဟ္မာမင်းကြီးဆိုတာ အတိတ်ဘဝတုန်းက ကဿပ ဘုရားလက်ထက်မှာ ‘သဟက’ ဆိုတဲ့ ရဟန်းဖြစ်ပြီးတော့ ပထမဈာန်ရတယ်။ ပျံတော်မူသွားတဲ့အခါ သဟမ္ပတိဗြဟ္မာ သွားဖြစ်တယ်၊ သဟမ္ပတိဗြဟ္မာဟာ အားလုံးသိတဲ့အတိုင်း တရားဟောဖို့တောင်းပန်တဲ့ ပုဂ္ဂိုလ်ကြီးပဲ၊ တောင်းပန်ပြီးတဲ့အခါမှာ ဘုရားပူဇော်ဖို့ ပန်းကုံး ကုံးတယ်၊ ပန်းကုံးကလည်း သေးသေးမဟုတ်ဘူး၊ မြင်းမိုရ်တောင်လောက် အလုံးအဝန်းရှိတဲ့ ပန်းကုံးကြီးကုံးတာ၊ မပြီးနိုင်ဘူး။ ဘာဖြစ်လို့ မပြီးတာတုန်း၊ တန်ခိုးနဲ့ကုံးတာမဟုတ်ဘူး၊ ကျကျနနကို စိတ်ပါဝင်စားစွာ ပန်းကိုကုံးတာ၊ ပန်းကုံးနေတုန်း မြတ်စွာဘုရား ဓမ္မစကြာ ဟောသွားပြီ၊ နောက်ဆုံးမှာ ပရိနိဗ္ဗာန် စံသွားပြီဆိုတော့မှ ပန်းကုံးမပြီးခင် ပြေးလာပြီး ဘုရားကိုပူဇော်ရတယ်၊ ပန်းကုံးကလည်း ၄၅-နှစ်ကြာအောင် ကုံးတာနော်။ နတ်ပြည်မှာ ၄၅-နှစ်မဟုတ်ဘူးပေါ့၊ လူ့ပြည်နဲ့ ၄၅-နှစ်ကုံးတာတောင် မပြီးသေးတဲ့ ပန်းကုံးကြီး၊ အဲဒါဘာဖြစ်လို့တုန်းဆိုရင် ပူဇော်ချင်လွန်းလို့ ထိုက်တန်လွန်းလို့ ပူဇော်တာ။

ဗြဟ္မာမင်းကြီးတွေကလည်းပဲ ဘုရားကို ပူဇော်တာပဲ၊ နတ်မင်းကြီးတွေကလည်း ဘုရားကိုပူဇော်တယ်၊ လူမင်းတွေကလည်း ဘုရားကိုပူဇော်တယ်၊ အဲဒီလို ဘုရားကို ပူဇော်တဲ့ [၂၇] အကြောင်းကို ကဗျာဆန်ဆန် ဘယ်လိုရေးထားတုန်းဆိုရင် “မြတ်စွာဘုရားရဲ့ ခြေသည်းတော်ဟာ သဘာဝအားဖြင့် နီရဲပြီး တောက်ပြောင်နေတယ်၊ သို့သော်လည်းပဲ လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့ရဲ့ သရဖူအရောင်တွေကြောင့် ဒီခြေသည်းတော်ရောင်ဟာ ရောင်စုံရောယှက်နေတယ်” လို့ ဒီလိုရေးထားတယ်။ ဆိုလိုတာကတော့ မြတ်စွာဘုရားခြေတော်ကို အမြဲ ဦးတိုက်နေတဲ့ ပုဂ္ဂိုလ်တွေကြောင့် နီရဲနေတဲ့ ခြေသည်းရဲ့အလှဟာ ဟိုအရောင် ဒီအရောင်တွေနဲ့ ရောထွေးကုန်တယ်လို့ ဒီလိုဆိုလိုတာ။ အဲဒါဟာ ဘာတုန်းဆိုတော့ ထိုက်တန်သူဖြစ်လို့ပဲ။ အရဟံ- ထိုက်တန်သူဆိုတာ တစ်လောကလုံးက မြတ်စွာဘုရားကို ဘယ်လိုပဲလှူလှူ ဘုရားထက် ပစ္စည်းက တန်သွားတယ်လို့မရှိဘူးတဲ့။ ဒါကြောင့်မို့ ကနေ့ခေတ်တောင်ကြည့်၊ မြတ်စွာဘုရားကိုရည်မှန်းပြီး စေတီတော်တွေတည်ပြီး ကိုးကွယ်ကြတယ်၊ ရုပ်ပွားတော်တွေထုပြီး ကိုးကွယ်ကြတယ်။ ကိုးကွယ်လို့က မဆုံးနိုင်ဘူးလေ၊ ထိုက်တန်သူဖြစ်လို့ ဒီလိုလုပ်ကြတယ်လို့ဆိုတာ ဒါ “အရဟံ” ပဲ၊ ကနေ့ထိအောင် ကိုးကွယ်ဆည်းကပ်နေကြတုန်းပဲ၊ ဒီလိုဆိုလိုတာပေါ့နော်။

နောက်တစ်ခုက “အရဟံ” ကို “အ-ရဟံ” လို့ဖတ်ပြီး ရဟ-ဆိတ်ကွယ်ရာ၊ အ-မရှိဘူး၊ မြတ်စွာဘုရားမှာ ဆိတ်ကွယ်ရာရယ်လို့ မရှိဘူး၊ ဆိုလိုတာက တိတ်တိတ်ပုန်း လူမသိသူမသိလုပ်တဲ့ အကုသိုလ်ဆိုတာ သူ့မှာမရှိဘူးလို့ ဆိုလိုတယ်။

[၂၈] “လောကေ ပဏ္ဍိတမာနိနော ဗာလာ” ကိုယ့်ကိုကိုယ် ပညာရှိကြီးလို့ ထင်နေကြတဲ့ ဗာလ ပုဂ္ဂိုလ်တွေဟာ ‘အသိလောကဘယေန’ အပြစ်တင်မှာ၊ မကောင်းသတင်း ထွက်မှာတို့ ကြောက်ကြတယ်နော်၊ မကောင်းသတင်းထွက်မှာ ကြောက်တော့ “ရဟော ပါပံ ကရောန္တိ” တိတ်တိတ်ကလေး မဟုတ်တာ လုပ်တယ်တဲ့၊ ... ကွယ်ရာမှာ မဟုတ်တာ လုပ်ကြတယ်။ ဒါ လောကကြီးမှာ အများစုကို ပြောတာနော်။ ရှေ့မှာတော့ ဟန်ကြီးပန်ကြီးနဲ့ နေပြီးတော့ ကွယ်ရာကျတော့ မဟုတ်တာလုပ်နေတာတွေ အများကြီးရှိတယ်ပေါ့။ မြတ်စွာဘုရားကတော့ အဲဒီလိုမဟုတ်ဘူး၊ “န ကဒါစိ ကရောတိ” ဘယ်တော့မှ ဆိတ်ကွယ်ရာမှာ မဟုတ်တာလုပ်တယ်လို့ မရှိဘူးနော်။ လူရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တာမရှိဘူး၊ မြတ်စွာဘုရားမှာ ဆိတ်ကွယ်ရာဆိုတာမရှိဘူး၊ သာမန်ပုဂ္ဂိုလ်တွေကျတော့ ဆိတ်ကွယ်ရာဆိုတာ ရှိနေသေးတယ်၊ ဆိတ်ကွယ်ရာဆိုတာ ... ဖုံးကွယ်ထားတာကိုပြောတာ၊ မြတ်စွာဘုရားမှာ ဖုံးကွယ်ထားတာ ဘာတစ်ခုမှမရှိလို့ “အ-ရဟ” လျှို့ဝှက်ဖုံးကွယ်ထားတာမရှိဘူး။ ဒါလောက်ထိအောင် သန့်ရှင်းစင်ကြယ်တယ်” ဒီလိုဆိုလိုတာပေါ့နော်။ အဓိပ္ပာယ်က ပါပကရဏေ- အောက်တန်းကျတဲ့အလုပ်ကို လုပ်တဲ့နေရာမှာ၊ ရဟာဘာဝတောပိ-ဆိတ်ကွယ်ရာမရှိသောကြောင့်လည်းပဲ၊ အရဟံ-အရဟမည်တယ်လို့ ဒီလိုဆိုလိုတာပေါ့နော်။

[၂၉] ဒါဖြင့် မြတ်စွာဘုရားရဲ့ ဂုဏ်အရည်အချင်းတွေဟာ ဒီ “အရဟံ”ဆိုတဲ့ စကားလုံးလေး တစ်လုံးထဲမှာပဲ တစ်စုတည်း ပြောမယ်ဆိုရင် -
၁။ ကိလေသာတွေက လုံးဝဝေးကွာနေခြင်း။
၂။ ကိလေသာရန်သူတွေကို ဖယ်ရှားပြီးဖြစ်ခြင်း။
၃။ သံသရာ စက်အကန့်လို့ဆိုတဲ့ အကြောင်းတရား ကိလေသာတရားတွေကို ဖယ်ရှားပြီးဖြစ်ခြင်း။
၄။ တစ်လောကလုံးရဲ့ ဦးညွှတ်လေးစားမှု၊ လှူဒါန်းမှု ထိုက်တန်သူဖြစ်ခြင်း။
၅။ ဆိတ်ကွယ်ရာမှာ မကောင်းမှုကိုလုပ်တာမရှိခြင်း။
ဆိုတဲ့ အဲဒီ အရည်အချင်းငါးမျိုးကြောင့် မြတ်စွာဘုရားကို အရဟံဆိုတဲ့ဂုဏ်တော်နဲ့ ချီးမွမ်းထိုက်တယ်။

လောကမှာ မြတ်စွာဘုရားကို အရဟံလို့ဆိုတဲ့ ဒီဂုဏ်ထူးကြီးဟာ မြေပြင်မှကောင်းကင်ထိအောင် တစ်လောကလုံးမှာ ပျံ့နှံ့ထင်ရှားနေတယ်။ လူတိုင်းလူတိုင်းက အသိအမှတ်ပြုထားတဲ့ ဂုဏ်ရည်တစ်ခုပါလို့ ဒီလိုဆိုလိုတာပေါ့နော်။

ဒါကြောင့်မို့ ဦးညွှတ်လေးစားတဲ့ ပုဂ္ဂိုလ်တိုင်းက “နမော တဿ ဘဂဝတော အရဟတော” ဆိုတာ အဲဒါကိုပြောတာ။ ဒီအရည်အချင်းတွေနဲ့ မြတ်စွာဘုရားကို ပူဇော်ကြတာ၊ ကိုးကွယ်ကြတာလို့ ဒီလိုဆိုလိုတယ်။

[၃၀] တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့၊ ဗုဒ္ဓမြတ်စွာရဲ့ အရဟံဂုဏ်တော်ဆိုသည်မှာ အက္ခရာသုံးလုံး ပေါင်းစပ်ထားတဲ့စကားပင်ဖြစ်စေကာမူ မြတ်စွာဘုရားရဲ့ဂုဏ်တွေ အများကြီးပါဝင်နေတဲ့ ဂုဏ်တော်အရည်အချင်းတစ်ခု ဖြစ်ပါတယ်၊ ခုလို အရဟံဆိုတဲ့ အရည်အချင်းရှိမှသာလျှင် ဘုရားအစစ် ဖြစ်နိုင်ပါတယ်ဆိုတာကို မှတ်ယူကြပြီး ဗုဒ္ဓါနုဿတိဂုဏ်ကို စိတ်အာရုံမှာ အမြဲတမ်းညွှတ်ပြီး ပီတိ သောမနဿတွေဖြစ်အောင် မိမိတို့ရဲ့စိတ်ကို လွှမ်းထုံထားနိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု
သာဓု

[၃၁] မြတ်ဗုဒ္ဓ၏ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်

သာသနာတော်နှစ်- ၂၅၅၇-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၅-ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁၅)ရက်၊ ၂၀၁၄-ခုနှစ်၊ ဧပြီလ(၁၄)ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ဓမ္မသဟာယ သာသနစင်တာ၊ ဓမ္မရတိမဟာဓမ္မသဘာ ဓမ္မာရုံ၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် သင်္ကြန်အကျနေ့ ညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနားဝယ် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မိဘနှစ်ပါး ဖြစ်ကြသော ဦးလှအောင်+ဒေါ်ခင်မေရီ တို့အားရည်စူး၍၊ သား- မောင်ချမ်းမြေ့အောင် နှင့် ဦးအောင်လွင်အောင်+ဒေါ်အိန္ဒြာအောင်၊ သား-မောင်အောင်စည်ဖြိုး၊ သမီး-မချောသီရိလွင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်” အကြောင်း တရားဒေသနာတော်။

“သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ” ဆိုတာ လောကမှာ သီလ၊ သမာဓိ၊ ပညာအားဖြင့် အမြင့်မြတ်ဆုံးလို့ အသိအမှတ်ပြုထားတဲ့ ... သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ကို ဖော်ပြတာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ နေ့စဉ်နဲ့အမျှ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” လို့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ထုတ်ဖော်ရှိခိုးကြတယ်။ ကြည်နူးအားရတဲ့ စိတ်ဓာတ်နဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ထုတ်ဖော်ပြောဆိုကြတယ်။

[၃၂] ဘုရားဂုဏ်တော်တွေကိုသိရှိနားလည်ဖို့ သဒ္ဓါတရားရှိရုံနဲ့ မဖြစ်နိုင်ဘူး။ ပညာရှိမှ မြတ်စွာဘုရားရဲ့ ဂုဏ်အရည်အချင်းကို သိနိုင်စွမ်းရှိတယ်ပေါ့။ ဒါကြောင့် ပညာအရည်အချင်းတိုးတက်အောင် ကြိုးစားကြရတယ်။

ယုံကြည်မှုသဒ္ဓါသက်သက်နဲ့ အလုပ်မဖြစ်ဘူး၊ အသိပညာ တိုးတက်အောင် ကြိုးစားကြရတယ်၊ မြတ်စွာဘုရား ကိုယ်တော်မြတ်မှာ အခုလို ဂုဏ်ရည်တွေနဲ့ပြည့်စုံတယ်၊ ဒီလို ဂုဏ်ရည်တွေရှိတဲ့ပုဂ္ဂိုလ်မှသာ လောကမှာ အားကိုးထိုက်တဲ့ ဘုရားအစစ်ဖြစ်တယ်လို့ဆိုတာ ခံယူကြရမှာဖြစ်တယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် “သူလည်း ဘုရား၊ ငါလည်း ဘုရား” လောကမှာ ဘုရားဆိုတဲ့ပုဂ္ဂိုလ်တွေ အလျှိုအလျှို ပေါ်လာကြတယ်။ ဘုရားမှန်သမျှမှာ နောက်လိုက်နောက်ပါတွေက ရှိကြတာ၊ နောက်လိုက်နောက်ပါ ရှိသည့်အတွက်ကြောင့် ဘုရားအစစ်အမှန်ဆိုတာ ဘယ်လိုအရည်အချင်းတွေနဲ့ရှိမှ၊ ဘယ်လိုအရည်အချင်းပြည့်မှ ဘုရားဖြစ်တယ်ဆိုတာ စံသတ်မှတ်ထားတာရှိတယ်ပေါ့။

ဒီနေရာမှာ Tourist Guide လုပ်နေတဲ့ ဒကာတစ်ယောက်က လျှောက်ထားဖူးတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ နိုင်ငံခြားသားတွေက “ဂေါတမဗုဒ္ဓက သူ့ကိုယ်သူ ဘုရားလို့ ကြေညာတာလား၊ သို့မဟုတ် တစ်စုံတစ်ယောက်က ဘုရားဖြစ်ပြီလို့ ထုတ်ပြန်ကြေညာပေးတာလား? ဘုရားဆိုတဲ့စံကို [၃၃] ကြိုတင်သတ်မှတ်ထားတာ ရှိသလား၊ ဘယ်စံတွေအရ ဘုရားလို့ ခေါ်ရတာလဲ” ဒီမေးခွန်းကို မေးလေ့ရှိကြတယ်တဲ့။ အဲဒီလိုမေးမယ်ဆိုလို့ရှိရင် “မြတ်စွာဘုရားကိုယ်တိုင်က သူ ဘုရားဖြစ်တယ်ဆိုတာကို ထုတ်ဖော်ကြေညာတာဖြစ်တယ်” လို့ပဲ ဖြေရမှာဖြစ်တယ်။ မြတ်စွာဘုရားကို တစ်စုံတစ်ယောက်ကနေ အရှင်ဘုရား ဘုရားဖြစ်သွားပါပြီလို့ လာပြောလို့ ဘုရားဖြစ်တာမဟုတ်ဘူး။ ဒါကတစ်ခု။

ဘုရားဆိုတဲ့ပုဂ္ဂိုလ်ရဲ့ အရည်အချင်းတွေက ကြိုတင်သတ်မှတ်ထားတာရှိသလားဆိုရင် ရှိတယ်လို့ ပြောရမယ်။ ဘုရားဖြစ်တဲ့ပုဂ္ဂိုလ်ဟာ ရုပ်လက္ခဏာအားဖြင့် သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်လက္ခဏာတွေနဲ့ ပြည့်စုံရမယ်၊ ဒါတစ်ခု။ တရားဓမ္မကိုမည်သူ့ထံကမှနည်းခံတာမဟုတ်ဘဲ ကိုယ်ပိုင်ဉာဏ်ဖြင့် သိတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ရမယ်၊ အဲဒီလို သိတယ်ဆိုတာ “ဧဝံ တိ ပရိဝဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ ဟောတိ” ဆိုတဲ့အတိုင်း သစ္စာလေးပါးနဲ့ ပတ်သက်ပြီး သိတာဖြစ်တယ်။

သစ္စာတစ်ပါးတစ်ပါးမှာ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်လို့ ဉာဏ်သုံးမျိုးရှိတယ်။ သစ္စဉာဏ်ဆိုတာ “အမှန်တရားဟာ ဒါပဲ၊ ဒီ့ထက်မပိုဘူး” တိတိကျကျ ပြောနိုင်တယ်ပေါ့၊ အရိယာပုဂ္ဂိုလ်အဖြစ်ကို ဖြစ်အောင် စွမ်းဆောင်ပေးနိုင်တဲ့ သို့မဟုတ် အရိယာပုဂ္ဂိုလ်တွေသိရတဲ့ အမှန်တရား၊ သစ္စာ [၃၄] လေးမျိုးဆိုတာ ဒီထက်လည်း မပိုဘူး။ ဒီထက်လည်း မလျော့ဘူး။

ဒုက္ခသစ္စာဆိုတာလည်း ဒါအကုန်ပဲ၊ ကျန်တာမရှိဘူး၊ သမုဒယဆိုတာလည်း ဒါအကုန်ပဲ၊ နိရောဓ မဂ္ဂ ဆိုတာလည်း ဒါအကုန်ပဲ၊ အတိုင်းအတာ အကန့်အသတ်နဲ့တကွ အကြွင်းအကျန်မရှိ သိရှိတာ၊ အမှန်တရားကို အမှန်တရားလို့သိတာကို သစ္စဉာဏ်လို့ ခေါ်တာပဲ၊ အဲဒီလိုသိတာ သစ္စာကို ပိုင်းခြားသိတာဖြစ်သောကြောင့် သစ္စဉာဏ်။

ဒါဖြင့် သစ္စာဆိုတာ ဘာလုပ်စရာလဲလို့ မေးလို့ရှိရင် ဒုက္ခသစ္စာဆိုတာ ပိုင်းခြားပြီးသိရမယ့်သစ္စာဖြစ်တယ်၊ ပယ်ရမှာ မဟုတ်ဘူး၊ မျက်မှောက်ပြုရမှာ မဟုတ်ဘူး၊ တိုးပွားလာအောင် လုပ်ရမှာ မဟုတ်ဘူး၊ သိဖို့ပဲ။ အဲဒီလိုသိတာဟာ လုပ်ငန်းသဘောကိုသိတာဖြစ်သောကြောင့် ကိစ္စဉာဏ်လို့ ခေါ်တယ်။ သမုဒယသစ္စာဆိုတာ ပယ်ရမယ့် သစ္စာမျိုး ဖြစ်တယ်။ သူဟာ မျက်မှောက်ပြုရမှာမဟုတ်ဘူး၊ တိုးပွားအောင်လုပ်ရမှာ မဟုတ်ဘူး၊ ဖယ်ရှားပစ်ရမယ့်အရာသာဖြစ်တယ်လို့ လုပ်ငန်းသဘောအားဖြင့် သိတာဟာ ကိစ္စဉာဏ်။

နိရောဓသစ္စာ ဆိုတာ မျက်မှောက်ပြုရမယ်။ မျက်မှောက်ပြုတယ်ဆိုတာ ကိုယ်တိုင်တွေ့အောင်၊ ကိုယ်တိုင်သိရှိအောင် လုပ်ရမယ်လို့ ဒီလိုဆိုလိုတယ်၊ အဲဒါဟာ နိရောဓသစ္စာက ကိုယ်တိုင်မျက်မှောက်ပြုနိုင်ဖို့။

[၃၅] မဂ္ဂသစ္စာဆိုတာ ကိုယ့်သန္တာန်မှာမဖြစ်သေးရင် ဖြစ်အောင်လုပ်ပြီး ဖြစ်ပြီးလို့ရှိရင် တိုးပွားအောင်လုပ်ရမယ်။

အဲဒီလို ဒုက္ခသစ္စာက ပိုင်းခြားသိရမယ်၊ သမုဒယသစ္စာက ပယ်ရမယ်၊ နိရောဓသစ္စာက မျက်မှောက်ပြုရမယ်၊ မဂ္ဂသစ္စာက တိုးပွားအောင် လုပ်ရမယ်လို့ သစ္စာလေးရပ်၊ လုပ်ငန်းသဘောကို ပိုင်းခြားသိတာကို ကိစ္စဉာဏ်လို့ခေါ်တယ်။

ဒါက လောကီလက်တွေ့ အနေနဲ့လည်း ဒီလိုပဲ ကြည့်ရမှာပဲ၊ ဘယ်ကိစ္စပဲဖြစ်ဖြစ် သိဖို့ဆိုတာ တစ်ခု၊ ပယ်ရမှာက တစ်ခု ဒီလိုလာမှာပဲလေ၊ အဲဒီတော့ ဒါကို ကိစ္စဉာဏ် လို့ခေါ်တယ်။

ဟုတ်ပြီ၊ သိစရာတွေ သိပြီးပြီလား၊ ပယ်ရမယ့်ဟာတွေ ပယ်ပြီးပြီလား၊ မျက်မှောက်ပြုရမယ့်အရာကိုရော မျက်မှောက်ပြုပြီးပြီလား၊ ပွားများအားထုတ်ရမယ့်အရာရော အပြည့်အစုံ ပွားများအားထုတ်ပြီးပြီလားလို့ ကိုယ့်ဟာကိုယ် မေးခွန်းထုတ်ကြည့်ရမယ်။ သိရမယ့်အရာတွေ အကြွင်းအကျန်မရှိ အကုန်သိပြီးပြီ၊ လုပ်ပြီးပြီလို့ ဆိုလိုတာ၊ အဲဒါ ကတဉာဏ် ပဲ၊ သမုဒယသစ္စာကို ဖယ်ရှားပြီးပြီ၊ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုပြီးသွားပြီ၊ မဂ္ဂသစ္စာကိုလည်း ပွားများခြင်းကိစ္စပြီးပြီ၊ လုပ်ပြီးသွားပြီ လို့သိတာက ကတဉာဏ်၊ ဒီလိုဆိုလိုတယ်။

သစ္စာကိုသိတာက သစ္စဉာဏ်၊ လုပ်ရမယ့်အလုပ်ကို သိတာက ကိစ္စဉာဏ်၊ လုပ်ပြီးပြီလို့သိတာက ကတဉာဏ်။

[၃၆] လောကလူတွေလိုပေါ့နော်၊ ထမင်းပွဲ ပြင်ဆင်ရမယ်၊ ထမင်းက ဘာလုပ်ရမလဲ၊ ဆန်ကဘာလုပ်ရမလဲ၊ ထမင်းဖြစ်အောင်ချက်ရမယ်၊ ဒါကို ထမင်းဆိုတာ ဘာလဲသိတာ နံပါတ်တစ်၊ အဲဒီထမင်းကို ဘာလုပ်ရမှာလဲ၊ လူတွေ စားဖို့ရာအတွက် ပြင်ဆင်ရမယ်၊ ချက်ပြုတ်ရမယ်၊ ဟော ဒီလိုသိတာ။ တစ်ခါ ချက်ပြီးပြီဆိုတာလည်းသိသွားတယ်၊ ဒါလည်း လုပ်ငန်းသဘော၊ ဘာပဲဖြစ်ဖြစ် ဒီတိုင်းချည်းပဲလေ၊ အဲဒီလို အဆင့်သုံးဆင့်နဲ့ သိရှိသဘောပေါက်သွားတာ၊ အဲဒါကို တိ ပရိဝဋံ-သစ္စာလေးပါးနဲ့ပတ်သက်ပြီး သိမှုသုံးရပ်နဲ့သိမှ ပြည့်ပြည့်စုံစုံဖြစ်တယ်။

သစ္စာ တစ်ပါးတစ်ပါးမှာ သုံးခုသုံးခုဆိုတော့ သစ္စာလေးပါးမှာ ဆယ့်နှစ်ခုဖြစ်သွားတယ်၊ အဲဒါကို ဒွါဒသာကာရ လို့ဆိုတာ။ သစ္စာနဲ့ပတ်သက်လာတဲ့အခါ အကြွင်းအကျန် မရှိတော့ဘူး၊ အကုန်လုံးသိတယ်၊ သစ္စာဆိုတဲ့ အပိုင်းအခြားကိုလည်းသိတယ်၊ လုပ်ရမယ့်ကိစ္စကိုလည်း သိတယ်၊ ကိုယ်ကိုယ်တိုင်လုပ်ပြီးပြီဆိုတာလည်း သိတယ်။

ဘုန်းကြီးတို့တတွေ ဒီသုံးမျိုးထဲမှာ သစ္စာဆိုတာ သိဖို့ ကြိုးစားနေကြတုန်းပဲ၊ ဘာလုပ်ရမယ်ဆိုတာ သင်ယူကြရမယ်။ ဒါပေမယ့် လုပ်ပြီးပြီဆိုတာကတော့ မဖြစ်သေးဘူး၊ လုပ်နေရတုန်းသာဖြစ်တယ်။

[၃၇] ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာ သစ္စာလေးပါးကိုလည်း ပိုင်းခြားသိတယ်၊ ဘယ်သူမှ ပြောပြတာမဟုတ်ဘဲနဲ့သိတယ်၊ လုပ်ရမယ့် ကိစ္စကိုလည်းသိတယ်၊ လုပ်ပြီးပြီ ဆိုတာကိုလည်း သိတယ်၊ အဲဒီလိုသိတာကို ယထာဘူတဉာဏဒဿန လို့ ခေါ်တယ်၊ အဲဒီအသိဉာဏ် ပြည့်ပြည့်စုံစုံ မဖြစ်သေးသမျှ ဘုရားလို့ ဝန်မခံသေးဘူးလို့ပြောတာ။

သစ္စာလေးပါးမှာ တိ ပရိဝဋံ-အလှည့်အပြောင်း သုံးခု၊ ဒွါဒသာကာရ-အခြင်းအရာဆယ့်နှစ်မျိုး၊ သစ္စာလေးပါးကို အဲဒီရှုထောင့်ကနေ ပြည့်ပြည့်ဝဝသိတဲ့ဉာဏ်ကြီးဟာ ပြီးပြည့်စုံသည်ဖြစ်သောကြောင့် “ငါဟာ လောကမှာ ဘုရားဖြစ်ပြီ” လို့ ကြေညာတာဆိုတော့ ဒီလိုသိမှုဟာ စံပဲလေ။

ဒီစံကို ဘယ်သူက သတ်မှတ်ပေးတာတုန်းလို့ဆိုတော့ လောကမှာတစ်ခါတစ်ရံ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေဟာ သူသိချင်တဲ့အတိုင်းအတာဆိုတာရှိတယ်၊ အဲဒီ အတိုင်းအတာ တစ်ခု လေ့လာမှုကိစ္စ တစ်ခုပြီးဆုံးသွားလို့ရှိရင် သူတို့ကိုယ်သူတို့ ငါသိချင်တာတွေ အကုန်သိသွားပြီဆိုတဲ့ အတိုင်းအတာတစ်ခု၊ ဟော- သိပ္ပံဆရာကြီးတွေလည်း တစ်ခုခု Research လုပ်နေတဲ့အခါမှာ အကုန်သိသွားပြီ၊ ဒါတွေ အကုန် အဖြေထုတ်နိုင်သွားပြီဆိုရင် ဒါ ပြီးပြည့်စုံတယ်လို့ပဲ ပြောရမှာပဲလေ။ မြတ်စွာဘုရားကလည်း အဲဒီလိုပဲ စံသတ်မှတ်ထားတာ၊ အဲဒီသတ်မှတ်ချက်စံအတိုင်း အသိဉာဏ်ရဲ့ အတိုင်းအတာ [၃၈] တစ်ခုနဲ့ သစ္စာနဲ့ပတ်သက်ပြီး သိစရာဘာမှမကျန်တော့ဘူး၊ လုံးဝပြည့်စုံသွားတယ်။

အဲဒီတော့ ရဟန္တာပုဂ္ဂိုလ်တွေကရော ဒီလိုမသိဘူးလားဆိုရင် သိတယ်၊ အဲဒီ ရဟန္တာပုဂ္ဂိုလ်တွေသိတာဟာ မြတ်စွာဘုရားထံမှာ နည်းယူပြီးမှ သိကြတာ၊ ကိုယ်ပိုင်ဉာဏ်နဲ့ သိတာမဟုတ်ဘူး၊ မြတ်စွာဘုရားကတော့ ကိုယ်ပိုင်ဉာဏ်နဲ့ ပြည့်ပြည့်စုံစုံ အကြွင်းအကျန်မရှိအောင် သိတာဖြစ်တယ်။ ဒါ ဗုဒ္ဓလို့ ဆိုရတဲ့ စံချိန်စံညွှန်းတစ်ခုဖြစ်တယ်၊ သူ့ကိုယ်သူ Declare လုပ်နိုင်တယ်လို့ ဒီလိုဆိုလိုတာနော်။

ရှေးယခင်တွေက ရှိခဲ့သော်လည်း ဒီ မဂ္ဂင်ရှစ်ပါးဆိုတဲ့ လမ်းကြောင်းကြီးဟာ ပျောက်သွားတယ်၊ ကဿပဘုရားလက်ထက် ကဿပဘုရားက ဖော်ထုတ်ထားခဲ့တယ်၊ သို့သော် ဒီလမ်းကြောင်းကြီးက နှစ်ပေါင်းကြာတဲ့အခါ တောဖုံးပြီး ပြန်ပျောက်သွားတယ်။ ပထမဆုံး ဖော်ထုတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာ ထူးခြားတဲ့ပုဂ္ဂိုလ်ပဲ၊ ဘယ်သူ့ဆီကမှ နည်းယူတာမဟုတ်ဘူး၊ ဒီလမ်းကြောင်းကိုပြန်ပြီး ရှာတွေ့တာ။

ဒါကြောင့် တစ်ဖက်ကကြည့်မယ်ဆိုရင် လမ်းဟောင်းလို့ ပြောတယ်၊ မြတ်စွာဘုရားကိုယ်တိုင်က မဂ္ဂင်ရှစ်ပါး အကျင့်တရားဟာ (ပုရာဏမဂ္ဂ)လမ်းဟောင်းပါတဲ့။ လမ်းဟောင်းကို ပြန်ပြီးဖော်ထုတ်တာ၊ ဒါကြောင့်မို့ ဘုရားသိတာကို Discover လို့ သုံးတာနော်၊ တွေ့ရှိတာသာဖြစ်တယ်၊ ဖန်တီးတာမဟုတ်ဘူး။

[၃၉] အဲဒီ လမ်းကြောင်းဟာ သာမန်ပုဂ္ဂိုလ်တွေ မတွေ့နိုင်တဲ့ လမ်းကြောင်းပဲ၊ ထူးခြားတဲ့အသိဉာဏ်နဲ့ ကျင့်ကြံကြိုးကုတ် အားထုတ်မှသာ တွေ့နိုင်တဲ့လမ်းကြောင်းဖြစ်တယ်၊ အလွန် ခက်ခဲတယ်။ ဂမ္ဘီရ- အလွန်နက်နဲတယ်၊ အလွန်နက်သောကြောင့်။ ဒုဒ္ဒသ-ဘယ်ကစရမှန်းမသိလောက်အောင်လို့ မြင်ရခက်တယ်။ နိပုဏ- အလွန်ကို သိမ်မွေ့တယ်။ ပဏ္ဍိတ ဝေဒနိယ− ပညာရှင်တွေသာ သိနိုင်တယ်။ အတက္ကာဝစရ- ကျိုးကြောင်းဆင်ခြင်တဲ့ Logic နည်းနဲ့တွက်ချက်ယူလို့ မရနိုင်ဘူး။ အဲဒီလောက် လေးနက်တဲ့ တရားဓမ္မတွေဟာ ကြောင်းကျိုးဆင်ခြင်တဲ့ Logic နည်းတွေနဲ့ တွက်လို့လည်း မတွေ့နိုင်တဲ့ အရာတစ်ခုသာဖြစ်တယ်၊ အဲဒါဟာ မြတ်စွာဘုရားဖြစ်ဖို့အတွက် ဘုရားလို့ သူ့ကိုယ်သူပြောနိုင်တဲ့ အရည်အချင်းပဲ။

ထိုထိုသုတ္တန်တွေမှာ ဒီလိုပဲ မြတ်စွာဘုရားဟာ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပတ်သက်ပြီးတော့ သူ့ကိုယ်သူဘုရားဖြစ်ပြီဆိုတာ ကြေညာချက်ထုတ်တာပဲ၊ ကြေညာချက်ထုတ်တဲ့အခါ “ငါ ဘုရားဖြစ်ပြီ”လို့ ကြွားလုံးထုတ်တာမျိုး မဟုတ်ဘူး။ ဒါတွေဒါတွေ သိလို့ ဘုရားဖြစ်တာ၊ အချက်အလက်နဲ့ သေသေချာချာ ပြောတာ၊ ဒါတွေဒါတွေသိပြီးမှ ငါဘုရားဖြစ်တယ်လို့ ကြေညာတာ၊ မသိသေးဘူးဆိုရင် ငါဘုရားဖြစ်တယ်လို့ မကြေညာဘူးလို့ ဓမ္မစကြာတရားတော်မှာ ဟောထားတာရှိတယ်။

[၄၀] ဒါကြောင့်မို့ ဘုရားဖြစ်ဖို့ရာအတွက် သိရမယ့် နယ်ပယ်တွေဆိုတာ ရှိတာပဲနော်၊ အင်မတန်မှကျယ်ဝန်းတဲ့ လောကကြီး တစ်ခုလုံးမှာ ကြီးမားတဲ့ အသိဉာဏ်ကြီးနဲ့ တွေ့စရာရှိတာတွေ အကုန်တွေ့သွားမှ ဒီဉာဏ်ဟာ လမ်းဆုံးတယ်။ “ယာဝတကံ ဉေယျံ တာဝတကံ ဉာဏံ” တဲ့။ သိစရာတွေ ရှိတတ်တဲ့ အတိုင်းအတာအတိုင်း ဉာဏ်က အကုန်လိုက်သိတယ်။ ဆိုလိုတာက Measurement နှစ်ခု၊ အတိုင်းအတာနှစ်ခုဟာ သိစရာတွေက ဒီလောက်ရှိရင် သိတဲ့ဉာဏ်ကလည်း အဲဒီလောက်ရှိတယ်၊ မပိုဘူးလို့ ပြောတာနော်၊ အကုန်သိတယ် လို့ ဆိုလိုတယ်။ သိနိုင်တဲ့ ဉာဏ်ရဲ့စွမ်းရည်သတ္တိ ရောက်နိုင်တဲ့ အတိုင်းအတာထိအောင် သိစရာတွေကလည်း ရှိတယ်၊ အတိုင်းအတာတူတယ်လို့ပြောတာ။

ပိုပြီးထင်ရှားအောင်ပြောရမယ်ဆိုလို့ရှိရင် သိစရာတွေက မိုင်တစ်ထောင်ဆိုရင် ဉာဏ်ကြီးကလည်း မိုင်တစ်ထောင်ပဲ၊ ဉာဏ်ကြီးကမိုင်တစ်ထောင်ဆိုရင်လည်း သိစရာတွေက မိုင်တစ်ထောင်။ ဆိုလိုတာက အသိဉာဏ်နဲ့ သိစရာ အကြောင်းအရာတွေဟာ အံဝင်ခွင်ကျပဲ။ အပိုအလိုမရှိလို့ ဒီလိုပြောတာနော်။

တစ်စုံတစ်ယောက်က လာပြီးတော့နော် အရှင်ဘုရား ဗုဒ္ဓဖြစ်ပြီလို့ လာကြေညာမှ ဘာမှန်းမသိညာမှန်းမသိ ဟုတ်တယ်၊ ငါဗုဒ္ဓဖြစ်ပြီလို့ ဒီလိုပြောရတာမျိုး မဟုတ်ဘူး။

[၄၁] ထိုထို သုတ္တန်တွေမှာ မြတ်စွာဘုရားဟာ ဘုရားအဖြစ်ကိုရပြီး ပြောတဲ့စကားလုံးတွေ ရှိတယ်ပေါ့၊ ဒီအတိုင်းအတာတစ်ခုနဲ့ ဘုရားဆိုတာကို ပြောကြရတာဖြစ်တယ်ပေါ့။

သမ္မာသမ္ဗုဒ္ဓေါ

အေး- သမ္မာသမ္ဗုဒ္ဓ ဆိုတဲ့ စကားလုံးလေးကိုကြည့်၊ သမ္မာ-အမှန်အကန်၊ သံ-ကိုယ်ပိုင်ဉာဏ်နဲ့၊ ဗုဒ္ဓ-သိစရာတွေကိုသိတယ်၊ ဒီစကားလုံးက သုံးလုံးပေါင်းစပ်ထားတာ၊ ဗုဒ္ဓဆိုတာ သိတဲ့အသိဉာဏ်နဲ့သိသူ၊ ဘယ်လိုသိတာတုန်းဆိုရင် ကိုယ်ပိုင်ဉာဏ်နဲ့သိတယ်၊ သမ္ဗုဒ္ဓ-ကိုယ့်ဟာကိုယ်သိတာ။ သိတယ်ဆိုတာ သူများပြောလို့သိတာ ရှိတယ်နော်၊ သင်ထားလို့သိတာရှိတယ်၊ ဒီလိုသိတာမျိုးတွေ သူများလုပ်တာ ကြည့်ပြီး သိတာရှိတယ်၊ အဲဒီလိုဟာမျိုး မဟုတ်ဘူးတဲ့၊ ကိုယ်ပိုင်ဉာဏ်နဲ့သိတာ၊ သူများဆီက တစ်ဆင့်ကြားပြီးမှ သိတဲ့အသိမျိုး မဟုတ်ဘူး၊ အဲဒီ သိတဲ့အသိဟာလည်း လွဲမှားမှု မရှိဘူး။ သမ္မာ-အမှန်အကန် ကိုယ်ပိုင်ဉာဏ်နဲ့ သိစရာမှန်သမျှကိုသိလို့ သမ္မာသမ္ဗုဒ္ဓ လို့ ဒီလိုဆိုတာပေါ့နော်။

အဲဒီတော့ အမှန်အကန် ကိုယ်ပိုင်ဉာဏ်နဲ့ သိစရာရှိသမျှကို သိတယ်ဆိုတာ ဘယ်လိုဟာကိုပြောတာလဲ? လောကမှာ ပညာရပ်တွေကလည်း အများကြီး၊ သိစရာတွေကလည်း အများကြီး။ သို့သော် သိစရာတွေထဲမယ် သတ္တဝါတွေအတွက် [၄၂] အကျိုးဖြစ်ဖို့တို့၊ မိမိသန္တာန်မှာ ကိလေသာတွေကုန်ခမ်းဖို့တို့ ဒီလိုအကျိုးရှိမယ့် သိမှုတွေကိုသာ ဒီနေရာမှာ ဆိုလိုတာဖြစ်တယ်။ အေး- မင်းထမင်းစားပြီးပြီလား မစားရသေးဘူးလား ဒီအသိက ဘာတန်ဖိုးရှိလဲ? ဘာမှတန်ဖိုးမရှိဘူးလေ၊ လူတစ်ယောက် ထမင်းစားပြီးပြီလားမသိ၊ ကဲ- သိတော့ရော ဘာဖြစ်တုန်း ဘာမှမဖြစ်ဘူး၊ မသိတော့ရော ဘာဖြစ်လဲ၊ ဘာမှ မဖြစ်ဘူး၊ အဲဒီလိုအသိမျိုးကို မဆိုလိုဘူး။

အသိတစ်ခုဟာ လင်းကနဲသွားပြီး ဘဝခရီးမှာ မီးရှူးတန်ဆောင်ဖြစ်တဲ့ အသိမျိုးကသာ တန်ဖိုးရှိတာ။ သိတယ်ဆိုတိုင်း ပညာနဲ့သိတာလို့ မအောက်မေ့လေနဲ့။ အကျိုးမရှိတဲ့ အသိတွေကလည်း အများကြီး၊ အဲဒီအသိမျိုးကို ဆိုလိုတာ မဟုတ်ဘူး၊ လူတကာမသိနိုင်တဲ့ လျှို့ဝှက်ခက်ခဲ နက်နဲတာကို သိတာမှ တကယ့်အသိလို့ပြောရမှာ။

တစ်ခါတစ်ခါ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ရဟန်းတော်တွေ ခရီးဝေးကနေကြွလာတဲ့အခါမှာ မေးတယ်၊ “ရဟန်း၊ ဘယ်ကနေလာခဲ့တာလဲ” လို့မေးတယ်၊ တချို့က တွေးတယ်၊ “ဘုရားပဲ မသိဘူးလား၊ ဘာလို့မေးနေရတာလဲ နော်” “နေကောင်းရဲ့လား၊ ကျန်းမာရဲ့လား” မေးတယ်၊ “ဘုရားပဲ မသိဘူးလား” ပေါ့၊ မသိလို့မေးတာ မဟုတ်ဘူး၊ နှုတ်ဆက်တဲ့အနေနဲ့မေးတာ။

[၄၃] တစ်နည်းအားဖြင့် အသိဉာဏ်ဆိုတာ အသုံးချမှသိတယ်၊ မျက်စိဆိုတာလည်း မှိတ်ထားရင် မြင်ရတာမဟုတ်ဘူး၊ ဉာဏ်ကလည်း စဉ်းစားမှသာ သိတာဖြစ်တယ်။ အဲဒီတော့ မေးတိုင်း မသိလို့မေးတာ၊ ဒီလိုမဟုတ်ဘူးနော်။ မသိဘူး ဆိုတိုင်းကလည်းပဲ အရေးပါတဲ့မသိမှု၊ ဘယ်ကလာတုန်းဆိုတာ မသိတော့ရော ဘာဖြစ်လဲ၊ ဘာမှမဖြစ်ဘူး။

ဆင်ခြင်လိုက်ရင် မြတ်စွာဘုရားက အကုန်သိတယ်၊ မဆင်ခြင်ဘဲနေရင် မသိဘူး၊ ဆိုလိုတာက မျက်လုံးကို အသုံးမချရင် မမြင်ဘူး။ (အသုံးမချဘဲနဲ့ မြင်နေလို့ရှိရင် ကြောင်တောင်ကြီးဖြစ်နေမှာပေါ့၊ မှိတ်ထားလည်း မြင်နေတာမျိုး ဖြစ်နေမှာပေါ့။)

အဲဒီနေရာမှာ မြတ်စွာဘုရားနဲ့ခေတ်ပြိုင် ပုရာဏ ကဿပ တို့ ဘာတို့ကလည်း သဗ္ဗညုတဉာဏ် သူတို့မှာလည်းရှိတယ် ဆိုပြီးတော့ Omniscient အားလုံးကိုသိတဲ့ ဉာဏ်ကြီးဟာ Omnipresent အမြဲတမ်းရှိနေတယ်။ သူ့ဉာဏ်ကြီးက အမြဲတမ်း ရှိနေတယ်။ သွားနေရင်လည်း ဒီဉာဏ်ကြီးက ရှိနေတယ်၊ နောက်ဆုံးမှာ အိပ်နေရင်လည်း ဉာဏ်ကြီးကရှိတယ်။ မီးထွန်းထားသလိုပေါ့၊ ဉာဏ်ကြီးက ထင်းနေတယ်၊ အမြဲတမ်းရှိနေတယ်ပေါ့၊ သူတို့က အဲဒီလိုလက်ခံတယ်။

ပုရာဏ ကဿပတို့လို သွားနေရင်း၊ ထိုင်နေရင်း၊ အိပ်ပျော်နေရင်းသိနေတဲ့ သဗ္ဗညုတဉာဏ်ဆိုတာကို မြတ်စွာ [၄၄] ဘုရားက လက်မခံဘူး၊ အဲဒီလိုဉာဏ်မျိုး ငါ့မှာမရှိဘူးတဲ့၊ ဟုတ်တယ်လေ၊ အိပ်နေတုန်းသိတဲ့ ဉာဏ်မျိုးက တော်တော် ထူးဆန်းတဲ့ဉာဏ်ပဲလေ၊ အိပ်နေပါတယ်ဆို ဘယ်သိမှာတုန်း၊ အဲဒီမှာ မြတ်စွာဘုရားက ဝေဖန်ပြတယ်။ “အေး အဲဒီလို ဉာဏ်ကြီးရှိနေတယ် ဆိုလို့ရှိရင် ဘာဖြစ်လို့လမ်းမှားတာလဲ” တစ်ခါတစ်ခါ ခွေးဆိုးနဲ့တွေ့လို့အကိုက်ခံရတယ်၊ တစ်ခါတစ်ခါ ခြေထောက်ဆူးစူးတယ်၊ အကယ်၍သာ အဲဒီလိုဉာဏ်ကြီးက မီးထွန်းထားသလို အမြဲတမ်းသိနေတဲ့ သဗ္ဗညုတဉာဏ်ရှိရင် မှားယွင်းစရာ တစ်ခုမှမရှိဘူးတဲ့၊ အဲဒီလို ဝေဖန်ပြဖူးတယ်။ မြတ်စွာဘုရားမှာရှိတဲ့ သဗ္ဗညုတဉာဏ်ဆိုသည်မှာ သိချင်လို့ ဉာဏ်ကိုအသုံးချလိုက်တာနဲ့ တစ်ပြိုင်နက် ရှင်းကနဲ လင်းကနဲ အကုန်လုံးအဖြေထုတ်နိုင်တဲ့ဉာဏ်မျိုးကိုဆိုလိုတယ်။ အမြဲတမ်း လင်းနေတဲ့ဉာဏ်မျိုးကို ပြောတာမဟုတ်ဘူး၊ ဒါက အလွန် သဘာဝကျတယ်၊ ဓားတောင်မှဓားအိမ်ထဲထည့်ထားပြီး အသုံးမပြုဘူးဆိုရင် ဓားကပြတ်မှမပြတ်တာ၊ သူ့ဟာနဲ့သူ သဘာဝကျကျ အသုံးချပြီဆိုမှ ဓားကပြတ်တယ်လေ၊ အဲဒီတော့ အသုံးမချဘဲနဲ့ စွမ်းရည်ထက်နေတယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာကိုး။

မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးဆိုတာ သိချင်လို့ ကြည့်လိုက်ပြီ ဆိုလို့ရှိရင် ... ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အနေအထားတွေကိုသိတယ်။ ဒီပုဂ္ဂိုလ်ဟာ ခု ဘာတွေတွေးနေတာလဲ၊ သူအတိတ်တုန်းကရော ဘာတွေလုပ်ခဲ့လဲဆိုတာ [၄၅] တစ်သီတစ်တန်းကြီး အကုန်လုံးမြင်တယ်နော်။ သူ့ရဲ့ နောက်ကြောင်း ရာဇဝင်အကုန်လုံးသိတယ်။ လူတစ်ယောက်ရဲ့စိတ်ကို တစ်ဆယ့်ခြောက်မျိုးခွဲပြီးတော့ မြတ်စွာဘုရား တစ်ခဏအတွင်း အကုန်သိတယ်။

သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ကြည့်လိုက်ရင် ဓမ္မရဲ့သတ္တိတွေ၊ သိရမယ့်တရားတွေ အကုန်လုံး ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် အကုန်လုံးဉာဏ်တော်ရဲ့ရှေ့မှာ ရောက်လာတယ်၊ အဲဒီ စွမ်းရည်သတ္တိရှိတဲ့ဉာဏ်မျိုးကို သဗ္ဗညုတဉာဏ်လို့ ခေါ်တယ်။

မြန်မာနိုင်ငံမှာ မြတ်စွာဘုရားအကြောင်းလည်း သေသေချာချာ စာတွေ ဖတ်ထားတာမရှိတော့ “သဗ္ဗညုတဉာဏ် ဆိုတာ ရှိသလား?”ဆိုတာ မေးခွန်းထုတ်ပြီး “သဗ္ဗညုတဉာဏ် မရှိဘူး” ဆိုပြီး တစ်ချိန်တုန်းက စာစောင်တစ်ခု ထုတ်ဖူးတယ်ပေါ့နော်၊ အဲဒီလို ကိုယ်ကဉာဏ်မမီဘဲပြောတာ ဖြစ်နေတာပေါ့၊ အကယ်၍ ကိုယ်ဉာဏ်မီနိုင်မယ်ဆိုလို့ရှိရင် ပြောစရာ တစ်ခုမှ မရှိဘူး၊ လေ့လာဖို့ပဲ လိုအပ်တယ်ပေါ့။

အသိဉာဏ်ဆိုတာ စွမ်းရည်သတ္တိရှိတယ်။ ဥပမာ ဆေးပညာသင်ထားတဲ့ ဆရာဝန်တစ်ယောက် မြင်တဲ့အမြင်မျိုး သာမန်လူတစ်ယောက်က ဘယ်လိုလုပ်မြင်မလဲ၊ မမြင်နိုင်ဘူး။ အဲဒီတော့ ပညာရပ်ဆိုတာ သူ့ဟာနဲ့သူရှိတယ်၊ သူ့ဟာနဲ့သူ ရှိတယ် ဆိုတာကို မလေ့လာဘဲ မဟုတ်ဘူးလို့ ပြောလို့ရတာမှ [၄၆] မဟုတ်တာကိုး၊ ဒါကြောင့်မို့ မြတ်စွာဘုရားက အမှန်အကန် ကိုယ်ပိုင်ဉာဏ်နဲ့သိစရာရှိသမျှတရားဓမ္မကိုသိတယ်။ ဒါ့ကြောင့် သမ္မာသမ္ဗုဒ္ဓ လို့ဆိုတာဖြစ်တယ်။

ဟုတ်ပြီ နံပါတ်တစ် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကိုရှင်းကြရအောင်။ ဘာကြောင့်မြတ်စွာဘုရားကို သမ္မာသမ္ဗုဒ္ဓ လို့ဆိုရသလဲ၊ သမ္မာ-အမှန်အကန်ပဲ သိတယ်၊ လွဲမှားတာ မရှိဘူး။ သံ- ကိုယ်ပိုင်ဉာဏ်နဲ့သာသိတယ်။

ဘုရားအလောင်း တောထွက်လာတဲ့အချိန် မဂဓတိုင်းမှာ ဘာသာတရားကို ကျင့်ကြံကြိုးကုတ်အားထုတ်နေကြတဲ့ ဓမ္မယောဂီကြီးတွေ ရှိတယ်။ သူ့နည်းသူ့စနစ်နဲ့ အားထုတ်နေကြတယ်။ သမထကျင့်စဉ်မှာ ပေါက်ပေါက်ရောက်ရောက် အောင်မြင်နေကြတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီ ဆရာတွေထံ ဘုရားအလောင်း သွားရောက်ချဉ်းကပ်တယ်။ သို့သော် စာပေမှာ မှတ်တမ်းတင်ထားတာနှစ်ဦးသာရှိတယ်။

ဘုရားအလောင်းဟာ ပထမဆုံး အာဠာရ ရသေ့ကြီးနဲ့ တွေ့တယ်။ အမျိုးအနွယ်က ကာလာမဖြစ်လို့ အာဠာရ ကာလာမ လို့ခေါ်တယ်။ သူက သမထကျင့်စဉ်မှာ အဆင့်ခွန်ထိ ပေါက်ရောက်ပြီးသားဖြစ်တယ်၊ ဘုရားအလောင်းက ချဉ်းကပ်ပြီးမေးတဲ့အခါမှာ သူက ပြောပြတယ်၊ တကယ့် သူတော်ကောင်းကြီးပါ၊ လျှို့ဝှက်တယ်ဆိုတာမရှိဘူး။

[၄၇] ဗမာပြည်မှာတော့ ဘိန္ဓောဆေးနည်းတောင်မှ လျှို့ဝှက်ထားကြတယ်၊ ဆေးအမယ်တွေ အကုန်လျှို့ဝှက်ကြတယ်နော်၊ ဟိုဟာလျှို့ဝှက် ဒါလျှို့ဝှက်နဲ့ ကြာတော့ သေရာပါသွားရော၊ မရှိတော့ဘူး၊ အကုန်ပျောက်ကုန်တယ်၊ ပညာမလျှို့ဝှက်သင့်ဘူး၊ အကုန်ပြောပြတယ်။

ဘုရားအလောင်းဟာ မကြာမီ တစ်ခဏအတွင်းမှာပဲ အာဠာရရောက်တဲ့အဆင့်ကို ရောက်သွားတယ်၊ လက်တွေ့လုပ်တယ်၊ လုပ်တော့ ရောက်သွားတယ်။ ရောက်သွားတဲ့အခါ အာဠာရကိုသွားပြောတယ်၊ “ဆရာ-ဒီအဆင့်ဟာ ဒါပဲလား” ဆိုတော့ “ဟာ- ဟုတ်တယ်” ဝမ်းသာလိုက်တာနော်၊ သူသိတဲ့ အဆင့်ကိုသိတော့ “လာ၊ တို့ ဒီယောဂဂိုဏ်းကြီးကို နှစ်ဦး ပူးတွဲပြီး ဦးဆောင်ကြရအောင်” လို့ ဖိတ်ခေါ်တယ်။

အဲဒီမှာ ဘုရားအလောင်းက သူရှာတာ ဒါ မဟုတ်သေးဘူး၊ ဒီထက်အဆင့်မြင့်တာကို သူရှာချင်တယ်၊ သူရှာတာက သတ္တဝါတွေ ဘဝရလာပြီးတဲ့နောက်မှာ အိုမင်းရင့်ရော်ခြင်း၊ သေဆုံးခြင်းဆိုတာကို ဘယ်သူမှ ကျော်လွှားပြီး မသွားနိုင်ကြဘူး၊ မအို မနာ မသေ ထာဝရခိုင်မြဲတဲ့အရာ ရှိသလားဆိုတာ ရှာတာပဲ၊ အမတ မသေတဲ့၊ မပြောင်းလဲတဲ့ ဓာတ်သဘော ရှိသလားလို့ လိုက်ရှာတာ၊ မတွေ့ဘူး။ ဒီကျင့်စဉ်ရဲ့လမ်းဆုံးက ဗြဟ္မာ့ဘုံပဲ၊ ဗြဟ္မာ့ဘုံဆိုတာ ကမ္ဘာပေါင်းများစွာ ရပ်တည်ပြီးတဲ့ အခါ ပျက်စီးဦးမှာပဲ။

[၄၈] နောက်ဆရာတစ်ဦးဆီသွားတယ်၊ ဥဒက ရာမပုတ္တ တဲ့၊ အဲဒီအချိန်မှာ ရာမ ဆိုတဲ့ ဆရာကြီးက မရှိတော့ဘူး၊ သူ့ လက်ထောက် ဥဒကဆိုသူ ကျန်ရစ်တယ်၊ ရာမဆိုတဲ့ဆရာကြီးက ရှစ်ဆင့်ထိအောင် ပေါက်သွားတယ်၊ ဘုရားအလောင်းက ဥဒကထံ ချဉ်းကပ်ပြီးမေးတဲ့အခါ ရာမဆရာကြီးရဲ့ ပေါက်ရောက်မှု ရှစ်ဆင့်ကိုဟောပြောတယ်။

ဘုရားအလောင်းက ခုနလိုပဲ စဉ်းစားတယ်၊ “အေး- ရာမဆရာကြီးမှာသာ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတွေ ရှိတာမဟုတ်ဘူး၊ ငါ့မှာလည်း ရှိတယ်၊ ငါကြိုးစားမယ်၊ ငါ ကြိုးစားရင် သူတို့လို ရလာမှာပဲ” ဆိုပြီး အားထုတ်တယ်၊ မကြာခင်ပဲ ရာမဆရာကြီးအဆင့် ရှစ်ဆင့်ပေါက်ရောက်သွားတယ်။

ရောက်ပြီး ဥဒကထံသွားပြောတယ်၊ ဥဒကက ဝမ်းသာလွန်းလို့ သူတောင်မရောက်သေးဘူး၊ အဲဒီအဆင့်ကျင့်တုန်းပဲ ရှိသေးတယ်၊ ဝမ်းသာလွန်းအားကြီးလို့ “အရှင်ဘုရား ဒီဂိုဏ်းကြီးကို ခေါင်းဆောင်ပါ” ဝမ်းသာအားရ ဖိတ်ခေါ်ပြီး တပည့်ခံတယ်။

အဲဒီအဆင့်ကလည်းပဲ အမတဓာတ် ဆိုတာကို မရနိုင်သေးဘူး၊ နောက်ဆုံးသေဦးမှာပဲ၊ သင်္ခတတရားတွေဟာ မြဲတာ တစ်ခုမှ မရှိသေးဘူး၊ “ငါလိုချင်တာ ဒါမဟုတ်သေးဘူး” ဆိုပြီး လက်မခံဘဲ ထွက်လာခဲ့တယ်။

[၄၉] နောက်ဆုံး အဲဒီခေတ်က ခေတ်စားနေတဲ့ ခန္ဓာကိုယ်ကို ညှဉ်းဆဲပြီးကျင့်တဲ့အကျင့်တွေနဲ့ အမှန်တရားတွေ့မလားဆိုပြီး ကျင့်တယ်၊ အဲဒီအကျင့်ကို ဒုက္ကရစရိယာ လို့ခေါ်တယ် (ဒုက္ခစရိယာ မဟုတ်ဘူး) ဒုက္ကရဆိုတာ လုပ်နိုင်ဖို့ အင်မတန် ခက်ခဲတဲ့၊ စရိယာ-အကျင့်၊ သာမန်ပုဂ္ဂိုလ်တွေဟာ စိတ်ပျက်သွားမယ်၊ ဒုက္ခမခံနိုင်ဘူး၊ ၆-နှစ်နီးပါး အဲဒီအကျင့်ကိုကျင့်တာ၊ လူတစ်ကိုယ်လုံး ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ပိန်ချုံးသွားတယ်၊ သို့သော် သူလိုချင်တဲ့လမ်းကြောင်း ရှာမတွေ့ဘူး။

ဘုရားအလောင်းဟာ ရှေ့ပိုင်းမှာ ဆရာရှာတယ်၊ အဲဒီ ဆရာတွေက သူလိုချင်တဲ့လမ်းကို မပြနိုင်ကြဘူး။ နောက်ပိုင်း သူစဉ်းစားလာတယ်၊ “သိယာ အညော မဂ္ဂေါ ဗောဓာယ- ငါသိချင်တဲ့အသိဉာဏ် ရဖို့ရာအတွက်က ဒီလမ်းကသွားလို့တော့ မတွေ့ဘူး၊ နောက်တစ်လမ်း ဖြစ်လိမ့်မယ်” လို့ စဉ်းစားတယ်။ ဝိပဿနာကျင့်စဉ်ဘက် ဦးတည်တဲ့ သမထ လမ်းကြောင်းကို ရှာတွေ့တယ်။

ခန္ဓာကိုယ်က ကျန်းမာရေး အလွန်ထိခိုက်သွားပြီ၊ ဒါကြောင့်မို့လို့ အစာပြန်စားမယ်၊ အစာပြန်စားတယ်၊ အဲဒီ အချိန် ပဉ္စဝဂ္ဂီတွေအနားမှာရှိနေကြတယ်၊ အစာရေစာဖြတ်ပြီး ကျင့်တဲ့အကျင့်ကို အာဇာနည်အကျင့်လို့သတ်မှတ်တာ၊ အစာရေစာလည်း ပြန်စားရော ပဉ္စဝဂ္ဂီတွေက “ဟာ- ဂေါတမရဟန်းဟာ အကျင့်တွေလက်လျော့လိုက်ပြီ၊ တို့ မျှော်လင့်ချက်နဲ့ [၅၀] စောင့်နေလို့ အပိုပဲ” ဆိုပြီး ဗာရာဏသီဘက်ကို ထွက်သွားကြတာ။

အဲဒီအချိန်မှာ ဘုရားအလောင်းဟာ တစ်ဦးတည်းပဲ ကျန်ရစ်တယ်၊ ကိုယ်ပိုင်နည်းစနစ်နဲ့ ဝိပဿနာကျင့်စဉ်ကို တွေ့သွားတယ်၊ အမတဓာတ်တွေ့ဖို့ရာအတွက် ဖြစ်ပြီးပျက်နေတဲ့ အရာတွေကို ရှုမှတ်ပွားများရမယ်။ အဲဒါတွေကို ကျော်ချင်လို့ရှိရင် “ဘယ်အရာမှမမြဲဘူး ဆိုတဲ့အသိကမှ ထာဝရမြဲတာ တွေ့ဖို့ မှန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်” လို့ ခံယူချက်ထားပြီးတော့ ကျင့်လိုက်တယ်။

နောက်ဆုံးမှာ ... သင်္ခတတရားတွေကို ကျော်သွားပြီး အသင်္ခတဆိုတဲ့ အမတဓာတ်ကို သွားတွေ့တယ်၊ အဲဒီမှာ ဘုရားအလောင်းဟာ ငါလိုချင်တဲ့အဆင့်ကိုရောက်ပြီဆိုပြီး သူ့ကိုယ်သူ ဘုရားလို့ကြေညာတော့တာ၊ ဒီလိုပြောတာနော်။ အဆင့်တစ်ခုဆိုတာသတ်မှတ်ထားတာရှိတယ်လေ၊ ဒါကြောင့် သမ္မာသမ္ဗုဒ္ဓ အမှန်အကန် ကိုယ်ပိုင်ဉာဏ်နဲ့သိတယ်၊ ကိုယ်ပိုင်ဉာဏ်နဲ့သိအောင် ကြိုးစားအားထုတ်တယ်။

ဟုတ်ပြီ၊ ဒီသိစရာတွေဟာ ထူးကဲတဲ့ဉာဏ်နဲ့မှ သိနိုင်တယ်၊ သာမန်ပညာဆိုတာလေးနဲ့ မသိနိုင်ဘူးတဲ့၊ အဲဒါကြောင့်မို့လို့ အဘိညေယျ ထူးခြားတဲ့ဉာဏ်တွေနဲ့မှ သိနိုင်တယ်၊ သဘာဝတရားတွေကို အသေးစိတ်သိတယ်၊ ဘာကြောင့် ဖြစ်တယ်ဆိုတာ သိတယ်၊ ဘယ်မှာ ချုပ်ငြိမ်းသွားမယ်ဆိုတာ [၅၁] သိတယ်၊ ဒီလိုချုပ်ငြိမ်းအောင် ဘာလုပ်ရမလဲဆိုတာ သိတယ်၊ မြတ်စွာဘုရားက တရားဓမ္မကို ရှုထောင့်လေးမျိုးကသိတယ်။ ရှုထောင့်လေးမျိုးဆိုသည်မှာ ပိုင်းခြား၍ သိရမယ့် တရားက တစ်ခု၊ ဖယ်ရှားပစ်ရမယ့်တရားက တစ်ခု၊ မျက်မှောက်ပြုရမယ့် တရားကတစ်ခု၊ တိုးပွားအောင်လုပ်ရမယ့်တရားက တစ်ခု၊ တရားဆိုတာ အကုန်လုံးပယ်ရမှာလည်း မဟုတ်ဘူး၊ အကုန်လုံး မျက်မှောက်ပြုရမှာလည်း မဟုတ်ဘူး၊ ဒါကြောင့်မို့ ပိုင်းပိုင်းခြားခြား သူ့ဟာနဲ့သူ ကွဲကွဲပြားပြားသိတာ။ ‘ပရိညေယျ’ ပိုင်းခြားသိရမယ့်တရား၊ ‘ပဟာတဗ္ဗ’ ဖယ်ရှားရမယ့်တရား၊ ‘သစ္ဆိကာတဗ္ဗ’ မျက်မှောက်ပြုရမယ့် တရား၊ ‘ဘာဝေတဗ္ဗ’ ကိုယ့်သန္တာန်မှာဖြစ်ပြီး တိုးပွားလာအောင် လုပ်ရမယ့်တရားလို့ ဒီအစုလေးခု ရှုထောင့်လေးခုကနေပြီး တရားတွေကိုသိရှိနားလည်သွားတာ၊ အဲဒီလိုသိသည့်အတွက်ကြောင့် သမ္မာသမ္ဗုဒ္ဓ လို့ခေါ်တာဖြစ်တယ်။

ဓမ္မစကြာ တရားတော်မှာ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု- နော်၊ ဘယ်တုန်းကမှ ဘယ်သူ့ဆီကမှ မကြားခဲ့ဖူးတဲ့ တရားတွေမှာ စက္ခုံ ဥဒပါဒိ- အမြင်မျက်စိတွေဖြစ်လာတယ်။ ဉာဏံ ဥဒပါဒိ- အသိဉာဏ်တွေဖြစ်လာတယ်၊ ဝိဇ္ဇာ ဥဒပါဒိ- မှန်ကန်စွာသိမှုတွေဖြစ်လာတယ်၊ ပညာ ဥဒပါဒိ− ပိုင်းပိုင်းခြားခြားသိတဲ့ ပညာတွေ ဖြစ်လာတယ်၊ သူ့ဟာသူဖြစ်လာတာ မဟုတ်ဘူး၊ ကျင့်ကြံကြိုးကုတ် အားထုတ်လို့ ဖြစ်လာတာ၊ “ငါဟာ ဘုရားဖြစ်ပြီ” လို့ ကြေညာတာဖြစ်တယ်ပေါ့။

[၅၂] ကဲ- ဥပမာလေးတစ်ခု ကြည့်ကြရအောင်၊ မြတ်စွာဘုရား က သမ္မာသမ္ဗုဒ္ဓ လို့ဆိုတဲ့အခါ ဘာကိုပြောလိုတာလဲ၊ သိလွယ်အောင် ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်၊ ဘုန်းကြီးတို့တတွေ ခန္ဓာကိုယ် ရထားတယ်၊ အဲဒီ ရထားတဲ့ခန္ဓာကိုယ်ကြီးဟာ ဘယ်သူ့ခန္ဓာကိုယ်ပဲဖြစ်ဖြစ် တဖြည်းဖြည်းရင့်ပြီး အိုလာတယ်၊ အိုလာတာကို ဇရာ လို့ခေါ်တယ်၊ လူ့ခန္ဓာကိုယ်မှမဟုတ်ဘူး၊ ပန်းပွင့်လေးတွေကအစ အကုန်လုံး သင်္ခါရမှန်သမျှဟာ ဘယ်အရာပဲဖြစ်ဖြစ် ဟောင်းနွမ်းရင့်ရော်လာတယ်၊ ဒါကို ဇရာ လို့ ခေါ်တာပဲ၊ နောက်ဆုံးမှာတော့ ပျက်စီးသွားတယ်၊ ဒါကို မရဏ လို့ ခေါ်တယ်။

ဟုတ်ပြီ၊ ဘုန်းကြီးတို့ အခု ရင့်လာတယ်၊ ကိုယ်ရထားတဲ့ခန္ဓာကိုယ်က မျက်လုံးကလည်း ရင့်လာတယ် မှုန်လာတယ်၊ နားကလည်းရင့်လာတယ် ထိုင်းလာတယ်၊ သွားတွေကလည်း ကျိုးလာတယ်၊ ခေါင်းက ဆံပင်တွေကလည်း ဖြူလာတယ်၊ အင်အားတွေကလည်း ဆုတ်ယုတ်လာတယ်၊ နောက်ဆုံးမှာ အားတွေပြတ်၊ ခြေမသယ်နိုင် လက်မသယ်နိုင်ဖြစ်ပြီး အသက်နဲ့ကိုယ် အိုးစားကွဲသွားတဲ့ မရဏ ဆိုတာလာတယ်။

ဇရာမရဏရဲ့သဘောကို သိသွားပြီ၊ ပိုင်းခြားပြီးသိတယ်၊ “အေး ဟုတ်တယ်၊ ငါ့မှာ ဇရာရှိတယ်၊ ငါ့မှာ မရဏတရားလည်း ဖြစ်လာလိမ့်မယ်၊ သေခြင်းသဘောတရားလည်း ငါ့မှာ ရှိတယ်၊ ဒီနှစ်ခုဟာ သိစရာအနေနဲ့ အခုသိလိုက်ပြီ၊ ဟော- ဒါသိမှုကို ပရိညေယျ လို့ခေါ်တယ်၊ ပိုင်းပိုင်းခြားခြားသိတာ။

[၅၃] ဒါဖြင့် ဒီ ဇရာ မရဏဟာ .. ဘာကြောင့်ဖြစ်တာလဲလို့ အကြောင်းရှာရင် ဇာတိပစ္စယာ ဇရာမရဏံ= ငါမွေးလာလို့ အိုတာပဲ၊ မမွေးရင် အိုမှာမဟုတ်ဘူးနော်၊ ပန်းပွင့်လေးတွေကလည်း ဘာကြောင့်နွမ်းရတုန်း?၊ ပွင့်လာလို့ နွမ်းတာ၊ မပွင့်ဘဲ နေရင် နွမ်းမှာမဟုတ်ဘူးလေ၊ ‘ဇာတိပစ္စယာ ဇရာမရဏံ” ဆိုတဲ့နေရာမှာ ဇရာ နဲ့ မရဏ က ဒုက္ခသစ္စာ တဲ့၊ ကျေနပ်စရာမကောင်းတဲ့ အမှန်တရားတစ်ခုပဲ။

ဇရာမရဏံ ထဲမှာ ငါလို့ပြောစရာမရှိဘူး၊ ငါ့ဟာလို့ ပြောစရာမရှိဘူး၊ သူ့ဟာသူအိုနေတာ၊ သူ့ဟာသူ ပျက်သွားတာ၊ အဲဒါကြောင့် ဒုက္ခ၊ ‘ဒု’ဆိုတာ စိတ်ပျက်စရာ ကောင်းပြီးတော့ ‘ခ’ဆိုတာ ဘာမှအနှစ်ရှာမရတဲ့အရာလို့ ဆိုလိုတယ်။

ဘာနဲ့ဥပမာတူတုန်းဆိုရင် မြစ်ထဲမှာ တစ်ခါတစ်ရံ ရေမြှုပ်ဆိုင်ကြီးတွေ မျောလာတာရှိတယ်၊ အဲဒီရေမြှုပ်ဆိုင်ကြီးတွေ ထဲမှာ ဘာတွေများပါတုန်းလို့ လက်နဲ့မွှေကြည့်လိုက် ရှဲ-ရှဲ-ရှဲ ဆို အကုန်လုံးကြေသွားမယ်၊ ဘာမှမတွေ့ဘူး၊ အဲဒါလိုပဲ ဇရာ မရဏလို့ ဆိုတဲ့အထဲမယ် အနှစ်ဆိုတာ ဘာတစ်ခုမှ မကျန်ရစ်ဘူး၊ အားလုံးဟာပြိုကွဲပျက်စီးသွားတဲ့အရာဖြစ်တယ်၊ အဲဒါကြောင့် ဒုက္ခလို့ ခေါ်တာနော်။

စားစရာမရှိလို့ငြီးတဲ့ဒုက္ခက တစ်မျိုးနော်၊ ပိုက်ဆံမရှိလို့ ဒုက္ခ ဒုက္ခလို့ အဲဒီဒုက္ခကတစ်မျိုး၊ ခေါင်းကိုက်လို့ သွားကိုက်လို့ငြီးတဲ့ ဒုက္ခကတစ်မျိုး။ အဲဒါ ဒီ ဇရာ မရဏကို ဒုက္ခဆိုတာ [၅၄] ကျေနပ်စရာမကောင်းဘူး၊ ဘာမှမရှိတဲ့ အရာတစ်ခု ဖြစ်တယ်၊ သုညသဘောတရားပဲ။

ဒုက္ခဆိုတာ ဟုတ်ပြီ၊ ဘယ်သူကလုပ်လို့ ဖြစ်လာရတုန်း ဆိုရင် ဇာတိပစ္စယာ ဇရာမရဏံတဲ့။ မွေးလာခြင်းဟာ သမုဒယသစ္စာ၊ ဇာတိဆိုတဲ့ မွေးဖွားလာမှုကိုမှ မရုတ်သိမ်းနိုင်ဘဲနဲ့ ဇရာ မရဏကို ရုတ်သိမ်းလို့မရဘူး။

အဲဒီတော့ ဇာတိက သမုဒယသစ္စာ၊ ဇရာ မရဏက ဒုက္ခသစ္စာ၊ ဟော- ဒါကိုယ်တိုင်သိနိုင်တဲ့ အသိလေးတွေပဲ၊ ဇာတိ မရှိရင် ဇရာမရဏမရှိဘူး၊ အကြောင်းတရားမရှိသည့် အတွက်ကြောင့် ဒုက္ခဆိုတဲ့ အကျိုးတရားလည်း မရှိဘူး၊ ဒီနှစ်ခုစလုံး မရှိတော့လို့ရှိရင် ဒုက္ခဆိုတာ မရှိတော့ဘူးပေါ့။ အဲဒါကို “ဥဘိန္နံ အပ္ပဝတ္တိ နိရောဓော’ ဒီနှစ်ခု မဖြစ်လို့ရှိရင် နိရောဓခေါ်တဲ့ ထာဝရချုပ်ငြိမ်းမှုပဲဖြစ်တယ်။

ဒါဖြင့် အဲဒီနှစ်ခုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲလို့ဆိုရင် အဲဒီနိရောဓကို ရောက်စေနိုင်တဲ့ မဂ္ဂင်ရှစ်ပါးအကျင့်တရားသည် မဂ္ဂ၊ ဒီအကျင့်လမ်းကြောင်းကနေ သွားလို့ရှိရင် အဲဒီနှစ်ခုစလုံး မဖြစ်တဲ့နေရာကို တွေ့လိမ့်မယ်။

ဇရာမရဏကို ပိုင်းခြားသိလိုက်ပြီ၊ ဇာတိကိုလည်း ဖယ်လိုက်ပြီ၊ ဇာတိရော မရဏရော နှစ်ခုစလုံး ငြိမ်းသွားတာ နိရောဓ၊ ဖယ်လိုက်နိုင်တဲ့လမ်းစဉ်က မဂ္ဂ လို့ဆိုတော့ သစ္စာလေးပါးပဲ၊ ဒီလိုသိတာကို ပြောတာနော်။

[၅၅] ပဋိစ္စသမုပ္ပါဒ်ကို ဒီလို တစ်ခုစီတစ်ခုစီသိတယ်၊ ဒါဖြင့် ဇာတိမှာရော အနှစ်ရှိရဲ့လား၊ မရှိဘူး။ ဒါကြောင့် ဇာတိက ဒုက္ခ၊ အဲဒီဒုက္ခဆိုတဲ့ ဇာတိကို ဘယ်သူက ထုတ်နေတာတုန်း ဆိုတော့ ဘဝပစ္စယာ ဇာတိ၊ ကံတရားတွေက ထုတ်နေတယ်၊ ကံတရားဆိုတဲ့ ဘဝက သမုဒယသစ္စာ၊ ဥဘိန္နံ အပ္ပဝတ္တိ ဇာတိလည်းမဖြစ်ဘူး၊ အကြောင်းတရားဖြစ်တဲ့ဘဝလည်း မရှိတော့ဘူး၊ အကြောင်းရော အကျိုးရော နှစ်ခုစလုံးငြိမ်းသွားခြင်းသည် နိရောဓ၊ အဲဒီငြိမ်းမှုကိုသိအောင်ကြိုးစားခြင်းသည် မဂ္ဂ၊ ဒီလိုသွားတာ။

တစ်ခါ ဘဝ ဆိုတာသိပြီ၊ ဘဝဆိုတာ ကျေနပ်စရာ မကောင်းဘူး၊ မနှစ်သာရမရှိဘူး၊ သုည Emptiness အဲဒါဟာ ဒုက္ခပဲ၊ ဒီဒုက္ခကို ဘယ်သူကထုတ်နေတာတုန်း ဥပါဒါနပစ္စယာ ဘဝေါ၊ ဥပါဒါန်က သမုဒယသစ္စာ၊ ဘဝက ဒုက္ခသစ္စာ၊ ဥပါဒါန်နဲ့ဘဝ နှစ်ခုစလုံး ချုပ်ငြိမ်းသွားတာက နိရောဓသစ္စာ၊ အဲဒီလို ချုပ်ငြိမ်းအောင် ကျင့်စဉ်ကျင့်လို့ အသိဉာဏ်ရလာတာ မဂ္ဂသစ္စာ၊ ဒီလို တရားတိုင်း တရားတိုင်းကို မြတ်စွာဘုရားက ကိုယ်ပိုင်ဉာဏ်နဲ့သိတယ်။ အဲဒီအသိဟာလည်းပဲ လုံးဝမှန်ကန်တဲ့အသိဖြစ်တယ်၊ အဲဒါကြောင့် သမ္မာသမ္ဗုဒ္ဓလို့ ခေါ်တာနော်။

အဲဒီအတိုင်းပဲ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်စဉ်းစားရမယ်။ ဆင်ခြင်စဉ်းစားလိုက်မယ်။ ဥပါဒါန်ကို ဒုက္ခသစ္စာလို့ ယူလိုက်ရင် တဏှာပစ္စယာ ဥပါဒါနံ၊ တဏှာသည် သမုဒယသစ္စာ၊ [၅၆] နှစ်ခုစလုံးရဲ့ မဖြစ်ရာသည် နိရောဓသစ္စာ၊ အဲဒီ မဖြစ်ရာကို သိစေနိုင်တဲ့ အကျင့်တရားသည် မဂ္ဂသစ္စာ။ ဘယ်ထိအောင် သွားတုန်း အဝိဇ္ဇာထိအောင်သွားတယ်။

သင်္ခါရဆိုတဲ့ ကံတရားတွေက ဒုက္ခသစ္စာ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ အဝိဇ္ဇာက သမုဒယသစ္စာ၊ သင်္ခါရက ဒုက္ခသစ္စာ၊ အဲဒီနှစ်ခုစလုံးမဖြစ်မှုက နိရောဓသစ္စာ၊ အဲဒီမဖြစ်ခြင်းကို မဖြစ်တာကိုသိနိုင်တဲ့ အသိဉာဏ်က မဂ္ဂသစ္စာ။ ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံး ဒီလို တစ်ခုစီတစ်ခုစီ စဉ်းစားဆင်ခြင်သုံးသပ်ပြီးတော့ မြတ်စွာဘုရားဟာ တရားခပ်သိမ်းကို သိတော်မူတယ်။

အာယတနနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောရမယ်ဆိုလို့ရှိရင် အာယတနဆိုတာ မျက်စိ, နား, နှာ, လျှာ, ကာယ, မန ဆိုတဲ့ အတွင်းအာယတနက ခြောက်ခု၊ အဆင်း, အသံ, အနံ့, အရသာ, အထိအတွေ့, ဓမ္မဆိုတဲ့ အပြင်အာယတနက ခြောက်ခု၊ အားလုံးဆယ့်နှစ်ခု။ အဲဒီ ဆယ့်နှစ်ခုကို တစ်ခုချင်း စဉ်းစား။

စက္ခုဆိုတဲ့မျက်စိသည် ဒုက္ခသစ္စာ၊ ဘာဖြစ်လို့ ဒုက္ခလို့ ပြောတာလဲလို့ဆိုရင် ကျေနပ်စရာမကောင်းလို့၊ အဲဒီ မျက်စိဆိုတဲ့ဒုက္ခဟာ ဘာကြောင့်ဖြစ်လာတာတုန်း၊ အတိတ်ဘဝက လိုချင်တဲ့ တဏှာကြောင့် ဖြစ်လာတာ၊ အတိတ်ဘဝကကံနဲ့ တွဲဖက်လာတဲ့ တဏှာသည် သမုဒယသစ္စာ၊ အဲဒီတဏှာနဲ့ မျက်စိ ဒီနှစ်ခုလုံး လုံးဝချုပ်ငြိမ်းသွားတာက နိရောဓသစ္စာ၊ [၅၇] အဲဒီချုပ်ငြိမ်းမှုကို ရောက်စေနိုင်တဲ့မဂ္ဂရှစ်ပါးအကျင့်တရားသည် မဂ္ဂသစ္စာ၊ ဟော- မျက်စိလေးနဲ့ပတ်သက်ပြီး ဒီလိုခွဲတာ။ နားနဲ့လည်းထို့အတူပဲ၊ နှာခေါင်းနဲ့လည်းထို့အတူပဲ၊ ဆိုလိုတာက အကြောင်းနဲ့အကျိုး ဒါကိုဆင်ခြင်သုံးသပ်တာပဲ။ အဲဒီလိုသိတဲ့ အသိတွေကိုသိလို့မြတ်စွာဘုရားကို သမ္မာသမ္ဗုဒ္ဓေါ- အမှန်အကန် ကိုယ်ပိုင်ဉာဏ်ဖြင့် တရားဓမ္မမှန်သမျှကို သိတော်မူတတ်တယ်လို့ဆိုတဲ့ ဂုဏ်ရည်နဲ့ မြတ်စွာဘုရားကို ချီးကျူးကြရတာဖြစ်တယ်။

အဲဒီလို ချီးမွမ်းတာဟာ တစ်လောကလုံးက အသိအမှတ် ပြုထားတဲ့ ဂုဏ်ရည်တစ်မျိုးသာလျှင် ဖြစ်တယ်ပေါ့။ မြတ်စွာဘုရားက သူ့ကိုယ်သူ ကြေညာလို့ ဒီလိုဂုဏ်ရည်မျိုး တက်လာတာမဟုတ်ဘူး။ “သောဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ” ဒီလို သိစရာရှိတာတွေကို အမှန်အကန် သိတော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓ အစစ် ဖြစ်တော်မူပါပေတယ်။”

လောကမှာ ပညာရှိမှန်သမျှဟာ မြတ်စွာဘုရား ဟောလိုက်တာနဲ့ တစ်ပြိုင်နက် တပည့်အဖြစ် ခံယူသွားကြတယ်။ အားလုံးက သူတို့မသိတဲ့အရာတွေကို .. မြတ်စွာဘုရားက ထုတ်ဖော်ဟောတာ။ သတိမထားမိတဲ့အရာတွေကို ထုတ်ဖော်တာ ဖြစ်သောကြောင့် အားလုံး မြတ်စွာဘုရားရဲ့ တပည့်သာဝကအဖြစ် ခံယူသွားကြရတယ်။

[၅၈] “ဒါကြောင့်မို့ ဘုရားဆိုသည်မှာ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်နဲ့လည်း ပြည့်စုံရမှာဖြစ်တယ်။ အဲဒီလို အရည်အချင်းတွေရှိမှ ဘုရားဆိုတာဖြစ်တယ်”

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ ဗုဒ္ဓဂုဏ်ကိုအာရုံပြုပြီး မိမိတို့ ရရှိထားတဲ့ ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ အစပြုတဲ့ ဂုဏ်တစ်ခုစီ တစ်ခုစီရဲ့ အနှစ်သာရကို သိရှိနားလည်ပြီး သဒ္ဓါတွေ တိုးပွားလာအောင်၊ သတိတွေ တိုးပွားလာအောင်၊ ပညာတွေ တိုးပွားလာအောင် အကြိမ်ကြိမ် အထပ်ထပ် ဆင်ခြင်သုံးသပ်ခြင်းဖြင့် ကုသိုလ်တရား ဖြစ်ပွားတော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု
သာဓု သာဓု

[၅၉] မြတ်ဗုဒ္ဓ၏ ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်

သာသနာတော်နှစ်- ၂၅၅၇-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၅-ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁)ရက်၊ ၂၀၁၄-ခုနှစ်၊ ဧပြီလ(၁၅)ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ဓမ္မသဟာယသာသနစင်တာ၊ ဓမ္မရတိမဟာဓမ္မသဘာဓမ္မာရုံ၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် သင်္ကြန် အကြတ်နေ့ ညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနားဝယ် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မိဘနှစ်ပါးဖြစ်ကြသော ဦးလှအောင်+ဒေါ်ခင်မေရီ တို့အား ရည်စူး၍၊ သား-မောင်ချမ်းမြေ့အောင်နှင့် ဦးအောင်လွင်အောင်+ဒေါ်အိန္ဒြာအောင်၊ သား-မောင်အောင်စည်ဖြိုး၊ သမီး-မချောသီရိလွင် မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်’အကြောင်း တရားဒေသနာတော်။

“သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော- ဘုန်းတော်ကြီးမား ထိုရှင်တော်မြတ်ဘုရားဟာ ဝိဇ္ဇာသုံးမျိုး၊ ဝိဇ္ဇာရှစ်မျိုး၊ စရဏ တစ်ဆယ့်ငါးမျိုးလို့ ဆိုတဲ့ ဂုဏ်ရည်တွေနဲ့ ထူးခြားစွာ ပြည့်စုံတော်မူသောကြောင့် ဝိဇ္ဇာစရဏသမ္ပန္န ဟု လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်တိုင်အောင် လွှမ်းခြုံကျော်ကြားတော် မူပါပေ၏”

ဝိဇ္ဇာ နဲ့ စရဏ အရည်အချင်းနှစ်ရပ်နဲ့ ပတ်သက်ပြီး ဝိဇ္ဇာဆိုတာ အသိပညာ။ လောကမှာ ဝိဇ္ဇာ ဆိုတဲ့စကားလုံး အောက်မှာ ပညာရပ် အမျိုးမျိုးရှိတယ်၊ မြတ်စွာဘုရား [၆၀] လက်ထက်တုန်းက ဝိဇ္ဇာ ဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် ဖော်ဆောင်တဲ့အခါမှာ အသိပညာအမျိုးမျိုးကို ဝိဇ္ဇာလို့ အဓိပ္ပာယ်ဖော်တယ်။

စရဏဆိုတာ အဲဒီ ဝိဇ္ဇာဆိုတဲ့ အသိဉာဏ်ရဖို့အတွက် ကျင့်ကြံကြိုးကုတ် အားထုတ်ရတဲ့ နည်းလမ်းကိုခေါ်တယ်။ စရဏနဲ့ဝိဇ္ဇာ ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာ စရဏကျင့်စဉ်ကိုကျင့်မှ ဝိဇ္ဇာဆိုတဲ့ ပညာရပ်တစ်ခုကို ရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကိုသိရတယ်။

မြန်မာနိုင်ငံမှာ ဝိဇ္ဇာပညာရပ်ကို Arts လို့ ဘာသာပြန်ကြတယ်။ တစ်ချိန်က ရန်ကုန်တက္ကသိုလ်ကို “ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်”လို့ ခေါ်ခဲ့သေးတယ်။ လောကီမှာသုံးတဲ့ ဝိဇ္ဇာ ဆိုတဲ့ စကားလုံးနဲ့ ဝိဇ္ဇာစရဏသမ္ပန္နော မှာပါတဲ့ ဝိဇ္ဇာစကားလုံး ရည်ညွှန်းချက်ချင်း တူသလားလို့ဆိုရင် လုံးဝမတူဘူး။ ဝိဇ္ဇာဆိုတဲ့စကားလုံးဟာ အိန္ဒိယနိုင်ငံမှာ ကနေ့ထိ အသုံးရှိတယ်။ ဗြာဟ္မဏတွေက ဝိဇ္ဇာဆိုတဲ့ စကားလုံးကို သုံးကြတယ်။ သူတို့ခေတ်က ပညာတတ်တွေမှန်သမျှ ဝိဇ္ဇာပညာရပ်ကို တတ်ရတယ်၊ ဝိဇ္ဇာဆိုတဲ့ ပညာရပ်ဟာ လက်မှုပညာနဲ့ မဆိုင်ဘူး။ နှုတ်မှုပညာတစ်မျိုးပဲ။ သိပ္ပံပညာရပ်က ပုံသေနည်းနဲ့ သွားတဲ့ ပညာရပ်ဖြစ်တယ်။ ဝိဇ္ဇာဆိုတဲ့ ပညာရပ်က တပည့်က ဆရာထက် သာချင်သာသွားမှာပဲ၊ သင်လည်းပဲ ပြည့်ပြည့်ဝဝ တတ်ချင်မှတတ်မယ်၊ မသင်ဘဲနဲ့လည်း တတ်ချင်တတ်မယ်။ ဝိဇ္ဇာပညာရပ်ဆိုတာ အင်မတန်မှ နယ်ကျယ်တယ်ပေါ့။

[၆၁] အိန္ဒိယနိုင်ငံမှာ ဒီစကားလုံးကိုသုံးတယ်။ သို့သော် အသံထွက်ကွဲတယ်။ အိန္ဒိယမှာ “ဝိဒျာ” လို့ဖတ်တယ်။ ဒဒွေး ယပင့်နဲ့ ဝိဒျာ။ မြန်မာပြည်ရောက်တဲ့အခါ ပါဠိသဒ္ဒါအရ ချကို ဇလို့ပြောင်းပြီး ဝိဇ္ဇာဖြစ်သွားတယ်။ ပါဠိစကားလုံး ဝိဇ္ဇာကို နိုင်ငံတကာအသံထွက်နဲ့ ဖတ်တဲ့အခါ ဝိဂျာလို့ဖတ်တယ်နော်။

မြန်မာတွေက ဝိဇ္ဇာလို့ဖတ်တယ်။ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ဥရောပနိုင်ငံတွေ အပါအဝင် “ဝိဒျာ” လို့ဖတ်ကြတယ်။ ဝိဇ္ဇာဆိုတဲ့အသံကတော့ မြန်မာတစ်နိုင်ငံတည်းပဲရှိတယ်။

အိန္ဒိယနိုင်ငံမှာ ဒီကနေ့ထိ စာသင်ကျောင်း(School) ကို ဘာသာပြန်တဲ့အခါ “ဝိဒျာလယ’ လို့ပြန်တယ်။ ဝိဂျာဆိုတာ ပညာ၊ အာလယဆိုတာ တည်ရာ။ အသိပညာတွေ ဖြန့်ဖြူးတဲ့ နေရာလို့ ဒီလိုဆိုလိုတယ်။

School ကို ဝိဂျာလယ၊ College ကိုတော့ သူတို့က မဟာဝိဒျာလယ လို့သုံးတယ်။ တက္ကသိုလ်ကိုတော့ ဝိဆွ-ဝိဂျာလယ လို့ခေါ်တယ်။ ဝိဆွဆိုတဲ့အဓိပ္ပာယ်က အတတ်ပညာ အားလုံးဆိုတဲ့ အဓိပ္ပာယ်ရတယ်၊ ဝိသကြုံဆိုတာ ဝိဆွကမ္မပဲ။ ဝိဆွ ဆိုတဲ့ အိန္ဒိယစကားလုံးဟာ အားလုံးလို့ အဓိပ္ပာယ်ရတယ်။ အလုပ်အားလုံးကိုလုပ်တယ်လို့ ဆိုလိုတယ်။ (ဝိသု- အားလုံးသော၊ ကမ္မ−အမှု။ အလုပ်အားလုံးကိုလုပ်လို့ဝိသုကမ္မ) ဥယျာဉ်တွေ ဗိမာန်တွေဖန်ဆင်းဖို့ သိကြားမင်းက ခိုင်းစရာရှိရင် [၆၂] ဝိသကြုံကိုခိုင်းတယ်။ အဲဒီ ဝိသကြုံ ဝိသုကမ္မဆိုတဲ့ စကားလုံးကိုကြည့်ပြီး ဗိသုကာလို့ ခေါ်တယ်။ ဝိဆွ နဲ့ ဝိစ္စ အဓိပ္ပာယ်တူတယ်။

မြန်မာပြည်မှာ အဲဒီလိုတွဲဖက်ထားတာ မရှိဘူး၊ School ဆိုရင် ဘယ်လိုသုံးမလဲ၊ School ဆိုတာ “ကျောင်း”၊ College ကို သုံးစရာမရှိတော့ College ပဲ ခေါ်လိုက်ပြန်တယ်။ တက္ကသိုလ် University ကို ဘယ်လိုခေါ်ပြန်တုန်းလို့ဆိုရင် ၅၅၀-ဇာတကမှာပါတဲ့ တက္ကသိုလ်ကို အကြောင်းပြုပြီး “တက္ကသိုလ်” လို့ ခေါ်လိုက်ပြန်တယ်။

သို့သော် Institute တို့ Academy တို့ကို မြန်မာစကားဖြင့် ဘယ်လိုခေါ်တုန်းဆိုရင် သတ်မှတ်ထားတဲ့စံမရှိသည့်အတွက် အားလုံးကို တက္ကသိုလ်ချည်းပဲ ခေါ်ကြတယ်။ သတ်မှတ်ထားတဲ့စံမရှိဘူး ဖြစ်နေတယ်ပေါ့။

အင်္ဂလိပ် ဒီစကားလုံးကိုသုံးမယ်ဆိုရင် အဆင့်တူ မြန်မာစကားလုံးကို သတ်မှတ်ထားသင့်တာပေါ့နော်၊ အဲဒီလို သတ်မှတ်ထားမှ ဘာသာပြန် အမျိုးမျိုးမဖြစ်ဘူး။ Institute ကို ဘုန်းကြီးတို့ သိမီသလောက်ပြောရမယ်ဆိုရင် မြန်မာမှာ “သိပ္ပံ” ဆိုတဲ့နာမည် ပြန်ခဲ့ကြတယ်။ မဟာသိပ္ပံတို့ သိပ္ပံတို့ ဒီလိုပြန်ခဲ့တယ်။ ဆေးသိပ္ပံလို့ဆိုတာ Medical Institute ကို ပြန်တာ။ အခုကျတော့ ဆေးတက္ကသိုလ် ဖြစ်သွားတယ်။ Medical University လို့ ပြောင်းသလားတော့ မသိဘူး။

[၆၃] ဆိုလိုတာက သူ့အဆင့်နဲ့သူ အင်္ဂလိပ်စကားလုံးကို ဗမာစကားလုံးတီထွင်ဖို့ လိုအပ်နေတယ်ပေါ့။ အဆင့်လိုက် တီထွင်သွားရမယ်၊ မတီထွင်လို့ရှိရင် Level တွေမှားကုန်တယ်၊ ခေါ်ချင်ရာခေါ် ပြန်ချင်ရာပြန် ဆိုတာမျိုး ဖြစ်လာတယ်ပေါ့။ အဲဒီလိုတော့ မဖြစ်သင့်ဘူး။

ဝိဇ္ဇာလယ School၊ မဟာဝိဇ္ဇာလယ College၊ ဝိသ္ဝဝိဇ္ဇာလယ University၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့မှာ သူတို့ဘာသာနဲ့ ပြန်ဆိုသုံးစွဲကြတယ်။

ဝိဇ္ဇာ ဆိုတဲ့စကားလုံးကို မြတ်စွာဘုရားလက်ထက်တုန်းက ဘယ်သူတွေ တွင်တွင်သုံးခဲ့သလဲဆိုရင် ဗြာဟ္မဏတွေ တွင်တွင် သုံးကြတယ်။ ပုဏ္ဏားတွေက ဗေဒကျမ်းတွေကို သင်ကြတယ်။ ဗေဒကျမ်းဆိုတာ ဣရုဝေဒ၊ ယဇုဝေဒ၊ သာမဝေဒ ဆိုတဲ့ ဝေဒကျမ်းတွေကိုခေါ်တယ်။ ဂါထာတွေနဲ့ ရေးသားထားတာ အလွန်များတယ်။ နတ်တွေကို ချီးမွမ်းပြီး နတ်တွေကို ပူဇော်တာတွေ ပါတယ်ပေါ့။ အဲဒီ ဝေဒကျမ်းတွေကို ဗြာဟ္မင် လူမျိုးတွေပဲ သင်ရတယ်။ အဲဒီ ဝေဒကျမ်းတွေကို သင်တဲ့နှစ်ကာလ ဘယ်လောက်ကြာသလဲလို့ဆိုရင် (အခုခေတ်ကတော့ ငါးနှစ်ဆိုရင်ကျောင်းပို့လိုက်ပြီနော်။ အဲဒီခေတ်ကတော့ ဆယ့်ခြောက်နှစ်လောက်မှသင်ပုံရတယ်။) လေးဆယ့်ရှစ်နှစ် သင်ရတယ်။ (ခုခေတ် လေးဆယ့်ရှစ်နှစ်သာ ကျောင်းတက်ရင်တော့ အဘိုးကြီးဖြစ်ပြီဆိုတာ သေချာတယ်နော်။)

[၆၄] ဗြာဟ္မင်တွေ ကျောင်းတက်တာ လေးဆယ့်ရှစ်နှစ်၊ အိမ်ထောင်မပြုရဘူး။ အဲဒီအချိန်ပိုင်းကို ဗြဟ္မစာရီ လို့ ခေါ်တယ်။ ဗြာဟ္မင်တွေဟာ ဝေဒကျမ်းတွေကိုသင်ရတာ။ ဝေဒကျမ်း ဆိုတဲ့အထဲမယ် ဆေးကျမ်းတွေလည်းပါတယ်။ အဟောဗေဒင်တွေချည်းပဲ မဟုတ်ဘူး၊ သူတို့က အင်မတန်မှ များပြားလှတဲ့ ပညာရပ်တွေ၊ အဲဒီပညာရပ်တွေကို ပြည့်ပြည့်စုံစုံ သင်ရတယ်။

ဥပမာ ကဗျာရေးပုံ၊ စာဖွဲ့နွဲ့ပုံတွေနော်၊ ပြောပုံဆိုပုံတွေ အကုန်လုံးပါတယ်။ အလင်္ကာကျမ်းတို့ ဆန်းကျမ်းတို့ဆိုတာ စကားကိုအလင်္ကာတန်ဆာဆင်ပြီး ဘယ်လိုပြောမယ်၊ Flowery ဖြစ်အောင် ရသမြောက်အောင်ရေးနည်း ပြောဆိုနည်း ဆိုတဲ့ ပညာရပ်တွေ အများကြီးပါတယ်။

သဒ္ဒါကျမ်း၊ အဘိဓာန်ကျမ်းလို့ဆိုတဲ့ နိဃဏ္ဍုကျမ်း၊ သစ်ပင်ရဲ့ အမည်နာမတွေကအစ အကုန်လေ့လာရတယ်။ အဲဒီလို အလွန်ကျယ်ဝန်းတဲ့ ပညာရပ်ကြီးဖြစ်တယ်။ အဲဒီ ဝေဒသုံးပုံကို တတ်ကျွမ်းပြီဆိုလို့ရှိရင် အဲဒီဗြာဟ္မင်ကို “တေဝိဇ္ဇော” (တေဝိဇ္ဇာ) လို့ ခေါ်တယ်။ ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသူလို့ ဆိုလိုတယ်။ အဲဒီတော့ ဗြာဟ္မဏတွေက ဝေဒသုံးပုံတတ်တဲ့ ပုဂ္ဂိုလ်ကိုသာလျှင် တေဝိဇ္ဇ လို့ သတ်မှတ်တယ်။

မြတ်စွာဘုရားက တေဝိဇ္ဇ - ဝိဇ္ဇာသုံးပါးကို ပု၊ ဒိ၊ အာ လို့ ပြောင်းလဲသတ်မှတ်တယ်။ ဗြာဟ္မင်တွေက ဝေဒကျမ်းသုံးကျမ်းကိုတတ်လို့ရှိရင် ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသူလို့ သတ်မှတ်ကြတယ်၊ [၆၅] မြတ်စွာဘုရားက သူများရွတ်တာကို လိုက်ရွတ်တတ်ရုံ၊ ရှေ့က ပြောတာကို နောက်ကလိုက်ပြောတတ်ရုံ ... ကြက်တူရွေးလို တတ်တဲ့ အတတ်မျိုးတတ်သူကို တေဝိဇ္ဇ လို့မခေါ်ဘူးလို့ ဆိုတယ်။

မြတ်စွာဘုရားဟောတဲ့ ဝိဇ္ဇာသုံးပါးဟာ သာမန်နဲ့ရနိုင်တာမျိုး မဟုတ်ဘူး။ အလွန်ခက်ခဲတယ်။ မြတ်စွာဘုရားရဲ့ ဝိဇ္ဇာသုံးပါးကို အကျဉ်းချုပ်ပြောမယ်ဆိုလို့ရှိရင် ပု,ဒိ,အာ လို့ပြောရမယ်။ “ပု”ဆိုတာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ “ဒိ” ဆိုတာ ဒိဗ္ဗစက္ခုဉာဏ်၊ “အာ”ဆိုတာ အာသဝက္ခယဉာဏ်။ ဒီဉာဏ်သုံးမျိုးရမှ တေဝိဇ္ဇ- ဝိဇ္ဇာသုံးပါးနဲ့ ပြည့်စုံတယ်လို့ ဒီလို သတ်မှတ်တယ်။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဆိုတာ လူတိုင်းလူတိုင်းဟာ အတိတ်ဆိုတာရှိတယ်။ ဒီဘဝမှာ အတိတ်ရှိသလို ဘဝမြောက်များစွာမှာ အတိတ်ဘဝတွေရှိခဲ့တယ်။ အဲဒီ အတိတ်ဘဝ အကြောင်းအရာတွေကို ပြန်ပြီးသိနိုင်တဲ့ အသိဉာဏ်မျိုးကိုခေါ်တယ်။ သာမန်ပုဂ္ဂိုလ်တွေ ဒီဝိဇ္ဇာကို သင်လို့ရတာမှ မဟုတ်တာ၊ ကျင့်ရမယ့်ဟာလေ။

အဲဒီမှာပုဏ္ဏားတွေလက်လှမ်းမမီကြဘူး။ အဲဒီမှာ သူတို့က အတော်ခံပြင်းတာ၊ မြတ်စွာဘုရားကို ပုဏ္ဏားတွေက မုန်းကြတယ်။ ဒါကြောင့်မို့ အိန္ဒိယနိုင်ငံမှာ သာသနာမြန်မြန်ကွယ်သွားတာ။ မြတ်စွာဘုရားကလည်း သူတို့ကို နှိပ်ကွပ်တယ်၊ ဘယ်လောက်ထိအောင် နှိပ်ကွပ်တုန်းဆို “မင်းတို့ ရှေးဟောင်း [၆၆] ဗြဟ္မဏတွေရဲ့ကျင့်စဉ်က ကနေ့ ခွေးတွေမှာပဲရှိတော့တယ်” လို့တောင် ပြောတယ်။ အဲဒီလောက်ထိအောင် ပြောတာ၊ ဗြာဟ္မင်တွေက တော်တော်စိတ်ဆိုးတာ။

မြတ်စွာဘုရားက ဝိဇ္ဇာသုံးပါးဆိုသည်မှာ သူတို့လက်လှမ်းမမီတဲ့၊ စိတ်ကူးထဲတောင် မတွေ့နိုင်တဲ့ ပု,ဒိ,အာ ဝိဇ္ဇာမှ ဝိဇ္ဇာအစစ်၊ မင်းတို့ ဗေဒသုံးပုံက ဝိဇ္ဇာအစစ်မဟုတ်ဘူးဆိုပြီး သူတို့ကိုနှိမ့်ချတော့ ဘယ်ခံနိုင်မလဲ။

အဲဒီလို မြတ်စွာဘုရားက ဝိဇ္ဇာရဲ့စံကို သတ်မှတ်လိုက်တဲ့ အခါမှာ ပုဗ္ဗေနိဝါသာနုဿတိတဲ့ အတိတ်ဘဝကို သိနိုင်ရမယ်၊ ဒီပညာနဲ့သိနိုင်တဲ့ပုဂ္ဂိုလ်မှ ဝိဇ္ဇာ နဲ့ပြည့်စုံသူ၊ ကိုယ့်ရဲ့ အတိတ်ဘဝ ဘယ်လောက်ပဲရှည်ဝေးဝေး ပြန်ပြီးအမှတ်ရနိုင်တဲ့ သတိစွမ်းအားရှိတဲ့ အသိပညာမျိုးကို ဝိဇ္ဇာလို့ခေါ်တာ။ သမထ ကျင့်စဉ်တစ်ခုကိုကျင့်ပြီး ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ရပြီးတော့မှ ဒီအသိဉာဏ် ဝိဇ္ဇာမျိုးက ရနိုင်တာကိုး၊ အဲဒီတော့ သာမန်ပုဂ္ဂိုလ်တွေမရနိုင်ဘူး။ စာကျက်သလိုကျက်လို့လည်းမရဘူး။ ပုဏ္ဏားတွေ ဘယ်လိုမှ လက်လှမ်းမမီဘူး၊ အဲဒါကမှဝိဇ္ဇာအစစ်လို့ မြတ်စွာဘုရားက သတ်မှတ်ပြတယ်။

အတိတ်သိတယ်ဆိုတာ ဝိုးတိုးဝါးတားသိတာမဟုတ်ဘူး၊ ခုခေတ် လူဝင်စားတွေ ဘယ်တုန်းက ဘာဖြစ်ခဲ့တယ်ဆိုတဲ့ အသိမျိုးမဟုတ်ဘူး၊ မနေ့က အဖြစ်အပျက်တစ်ခုကို ဒီနေ့ ပြန်ပြောသလို တိတိကျကျ အကုန်သိတယ်။

[၆၇] မြတ်စွာဘုရားဆိုရင် အတိုင်းအတာ အကန့်အသတ်မရှိ အတိတ်ကိုသိတယ်။ ရှင်သာရိပုတ္တရာက တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလအတိုင်းအတာအထိသိနိုင်တယ်။ ဟိုဘက်ကို မသိဘူး၊ ရှင်မဟာကဿပတို့ကတော့ ကမ္ဘာတစ်သိန်းလောက်ပဲ သိနိုင်တယ်။ ဟိုဘက်ကို မသိနိုင်ဘူး။ စွမ်းရည်သတ္တိ ဉာဏ်မမီလို့ ဟိုဘက်ရောက်တဲ့အခါ မှောင်သွားတယ်။

နာမရူပပရိစ္ဆေဒဉာဏ် မရတဲ့ သမထကျင့်စဉ်ကျင့်တဲ့ ပုဂ္ဂိုလ်တွေက ကမ္ဘာလေးဆယ်ပဲ သိနိုင်ကြတယ်။ ဟိုဘက်ကို မသိတော့ဘူး၊ အဲဒီလို ဉာဏ်ရဲ့စွမ်းဆောင်နိုင်မှု အင်အားချင်း မတူဘူးပေါ့။

လူတွေရဲ့မျက်စိအမြင်ပဲကြည့်ပေါ့၊ လူဟာ ဘယ်ကြည့်ကြည့် ... ကိုယ်က ဒီကောင်းကင်စက်ဝန်းကြီး အလယ်မှာပဲ ရှိနေတယ်လေ။ ဘာဖြစ်လို့တုန်းဆို ကိုယ့်မျက်စိက ဒီလောက်ပဲ မြင်တာကိုး၊ မိုးကုတ်စက်ဝိုင်းကြီးအတွင်းပဲ လူဟာမြင်လို့ရတာကိုး၊ အဲဒါ မျက်စိအမြင် Eye sight ရဲ့ အတိုင်းအတာပဲ။ ဒီလောက်ပဲမြင်လို့ရတယ်။ ဟိုဘက်ကို မမြင်ရဘူး။ မရှိလို့ မဟုတ်ဘူး။ ဒါလောက်ပဲမြင်နိုင်တယ်။ ကောင်းကင် လှမ်းကြည့်လိုက်ရင် တိမ်ပြာမိုးပြာကြီးကို မြင်နေရတယ်ဆိုတာ မျက်စိက ဟိုဘက်ထိမမြင်ရလို့ အဲဒီနားတင်ရပ်သွားတဲ့သဘောပဲ။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဆိုတာလည်းပဲ ဉာဏ်ရဲ့ စွမ်းရည်ကြီးရင်ကြီးသလောက် အတိုင်းအတာ အကန့်အသတ်မရှိ မြင်နိုင်တယ်လို့ ဒီလိုဆိုတယ်၊ အဲဒါမှ ဝိဇ္ဇာ။

[၆၈] နောက်တစ်ခါ ဒိဗ္ဗစက္ခုဝိဇ္ဇာ၊ ဒိဗ္ဗစက္ခုဆိုတာ နတ်တွေရဲ့ မျက်စိလို ဝေးတဲ့အရာကိုလည်း ကြည့်လို့ရတယ်၊ ကွယ်နေတဲ့ အရာကိုလည်း မြင်နိုင်စွမ်းရှိတယ်၊ လူတွေမြင်ကွင်းထက် ပိုပြီးတော့ စွမ်းရည်သတ္တိထက်တဲ့ မြင်အားကောင်းတဲ့ အသိဉာဏ်တစ်မျိုးကို ဒိဗ္ဗစက္ခုဝိဇ္ဇာလို့ ခေါ်တယ်နော်။ ဒါဟာလည်းပဲ စတုတ္ထဈာန် ရပြီးတဲ့အခါမှာ ဒိဗ္ဗစက္ခုဆိုတာ ဖြစ်တယ်။ အဲဒီ ဒိဗ္ဗစက္ခုကလည်းပဲ .. အတိုင်းအတာတစ်ခုနဲ့ အလင်းရောင် ဖြန့်ကြက်ပြီးမှသာ ကြည့်လို့ရတယ်။ ကြည့်ချင်တဲ့ အတိုင်းအတာအလိုက် အလင်းရောင်ကြီးကို ဖြန့်ရတယ်။ ဥပမာ ညမှောင်နေတဲ့အချိန်မှာ ဓာတ်မီးနဲ့ ထိုးကြည့်သလိုပဲ။ အလင်းရောင်မပါရင် ပကတိမျက်စိက မမြင်ရသလို ဒိဗ္ဗစက္ခု ဆိုတဲ့ ဉာဏ်မျက်စိကလည်း အလင်းရောင်မပါရင် မမြင်ရဘူး။ မျက်စိရဲ့သဘာဝချင်းတူတယ်၊ ဆန့်ကျင်တာ မဟုတ်ဘူး။ ဒိဗ္ဗစက္ခုဆိုတာကို မြတ်စွာဘုရားက ဒုတိယဝိဇ္ဇာလို့ သတ်မှတ်တယ်။

နောက်တစ်ခု အာသဝက္ခယဝိဇ္ဇာ။ ကိုယ့်ရဲ့သန္တာန်မှာ စီးဝင်နေတဲ့ ကိလေသာကို အာသဝ လို့ခေါ်တယ်။ မျက်စိက မြင်လိုက်ရင် လောဘဖြစ်လိုက် ... မောဟဖြစ်လိုက်၊ နားက ကြားတဲ့အသံကို အကြောင်းပြုပြီး လောဘဖြစ်လိုက် မောဟဖြစ်လိုက်၊ နှာခေါင်းက နမ်းရှူရတဲ့အနံ့၊ လျှာနဲ့လျက်ရတဲ့ အရသာ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့ရတဲ့ အထိအတွေ့၊ စိတ်ကူး [၆၉] ကြံစည်ရတဲ့ အာရုံတွေပေါ်မှာ လောဘဖြစ်လိုက် မောဟဖြစ်လိုက်၊ မှားယွင်းတဲ့အမြင်တွေနဲ့မြင်လိုက်ပေါ့။ ဒီ အာသဝဆိုတာတွေက မပြတ်စီးဝင်နေတယ်၊ အဲဒီ စီးဝင်နေတဲ့ အာသဝတွေကို လုံးဝကုန်ဆုံးသွားစေနိုင်တဲ့ ဝိပဿနာကျင့်စဉ်ကို ကျင့်ရတယ်။

ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီး သစ္စာလေးပါးကို သိလိုက်တာနဲ့ တစ်ပြိုင်နက် မဂ်လေးပါး ဖိုလ်လေးပါး အဆင့်ဆင့် ရောက်တယ်။ မဂ်ဉာဏ်လေးပါးဖြင့် .. ကိလေသာတွေကို တစ်စချင်း တစ်စချင်း ဖြုတ်ပယ်တယ်၊ အရဟတ္တမဂ် ရောက်တဲ့အခါ အာသဝဆိုတာ လက်ကျန်မရှိအောင် ကုန်သွားတယ်။ အဲဒီလို အာသဝတွေကို ရှင်းပစ်နိုင်တဲ့ အရဟတ္တမဂ်ဉာဏ်ကို အာသဝက္ခယလို့ခေါ်တာပဲ။ အဲဒီ အရဟတ္တမဂ်ဉာဏ်ရဲ့ အကျိုး အရဟတ္တဖိုလ် ကိုလည်း အာသဝက္ခယလို့ခေါ်တယ်။ အဲဒီ အသိဉာဏ်မျိုးကိုမှ အာသဝက္ခယဝိဇ္ဇာ လို့ သတ်မှတ်တယ်။ ဝေဒကျမ်းတွေ ရွတ်တတ်ရုံ တေဝိဇ္ဇလို့ သတ်မှတ်တဲ့ ပုဏ္ဏားတွေနဲ့ အလှမ်းကွာနေတာကိုး၊ သမထကျင့်စဉ် ကျင့်လို့ရှိရင် ပထမဝိဇ္ဇာ၊ ဒုတိယဝိဇ္ဇာရတယ်၊ ဝိပဿနာကျင့်စဉ် ကျင့်လို့ရှိရင် အာသဝက္ခယဝိဇ္ဇာဆိုတဲ့ တတိယဝိဇ္ဇာရတယ်။ အဲဒီ ဝိဇ္ဇာသုံးပါးနဲ့ပြည့်စုံမှ တကယ့်ကို တေဝိဇ္ဇဖြစ်တယ်။

ရှင်သာရိပုတ္တရာတို့လည်း ဝိဇ္ဇာသုံးပါးကို မျက်မှောက်ပြုကြတယ်။ ကျန်တဲ့ ရဟန်းတော်တွေလည်း ဝိဇ္ဇာသုံးပါးကို [၇၀] မျက်မှောက်ပြုကြတာပဲ၊ မြတ်စွာဘုရားနဲ့ ဘာကွာလဲဆိုရင် ဒီဂရီကွာတယ်၊ မြတ်စွာဘုရားက ကိုယ်ပိုင်ဉာဏ်နဲ့သိတယ်၊ အကန့်အသတ်မရှိအောင် ဉာဏ်ရဲ့စူးရောက်မှု ရှိတယ်။ နယ်ပယ်အကန့်အသတ်မရှိဘူး၊ ဒါကြောင့် မြတ်စွာဘုရားကို သာလျှင် ဝိဇ္ဇာစရဏသမ္ပန္န လို့ ခေါ်လို့ရတယ်။

ကျန်တဲ့ပုဂ္ဂိုလ်တွေ ဝိဇ္ဇာဉာဏ်တွေရှိပေမယ့် သူတို့ဝိဇ္ဇာဉာဏ်တွေက Perfect မဖြစ်ဘူး၊ အတိုင်းအတာ အကန့်အသတ်နဲ့ အားပျော့နေတယ်။ အဲဒီတော့ မြတ်စွာဘုရားရဲ့ ဝိဇ္ဇာသမ္ပန္နက ပိုပြီးပြည့်စုံတယ်။ ခြွင်းချက်မရှိအောင် ပြည့်စုံတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားကိုသာလျှင် ဝိဇ္ဇာသမ္ပန္နလို့ ဝိဇ္ဇာဂုဏ်တော်နှင့် ပြည့်စုံပါတယ်လို့ ဒီလိုပြောလို့ရတယ်။

ဝိဇ္ဇာ ၈-ပါး

ဝိဇ္ဇာ ၈-ပါးလို့ ဆိုတဲ့အခါမှာ
(၁) ဝိပဿနာဉာဏ်၊
(၂) မနောမယိဒ္ဓိဉာဏ်၊
(၃) ဣဒ္ဓိဝိဓဉာဏ်၊
(၄) ဒိဗ္ဗသောတဉာဏ်၊
(၅) စေတောပရိယဉာဏ်။
ဤဉာဏ် (၅) မျိုးကို ဝိဇ္ဇာ ၃-မျိုးမှာ ပေါင်းထည့်၍ ပြဆိုခြင်းသာဖြစ်သည်။

စရဏတရား

ဒါဖြင့် အဲဒီ ဝိဇ္ဇာဉာဏ်တွေရဖို့ရာအတွက် အရေးကြီးတဲ့ ကျင့်စဉ်တွေက ဘာတွေလဲလို့ဆိုရင် စရဏ အကျင့်တရား [၇၁] (၁၅)ပါးဖြစ်တယ်။ စရဏရဲ့အဓိပ္ပာယ်က သွားရောက်ကြောင်းတရား၊ နိဗ္ဗာန်ကိုသွားမယ်ဆိုရင် ဘာနဲ့သွားမလဲ?၊ စရဏနဲ့ သွားရမယ်လို့ ဒီလိုဆိုတာ။ ဒါကြောင့်မို့ စရဏဟာ သွားစရာ ရောက်ကြောင်းနည်းလမ်း၊ ‘စရတိ ဧတေဟီတိ စရဏံ' အရိယာသာဝက ပုဂ္ဂိုလ်ဟာ ဟောဒီတရားတွေကို ကျင့်ပြီးမှ မသေရာ နိဗ္ဗာန်ကိုရောက်တာ။ နိဗ္ဗာန်ကိုရောက်စေတတ်တဲ့ အကြောင်းတရားတွေဟာ ဟောဒီ စရဏတရားပဲတဲ့။ စရဏတရားဆိုတာ .. တစ်ဆယ့်ငါးမျိုး ရှိတယ်၊ စရဏ တစ်ဆယ့်ငါးပါးဆိုတာကို မဇ္ဈိမနိကာယ် သေခသုတ္တန် မှာ ရှင်အာနန္ဒာမထေရ်မြတ်က ညီအစ်ကိုဝမ်းကွဲတော်တဲ့ မဟာနာမ သာကီဝင်မင်းကို ဦးတည်ပြီး ဟောခဲ့တယ်။ ကပိလဝတ်မြို့က လွှတ်တော်အသစ်ကြီးထဲမှာဟောခဲ့တဲ့ တရားနော်။ စရဏတစ်ဆယ့်ငါးပါးဆိုတာ ဘာလဲလို့ဆိုရင် - နံပါတ်တစ်က “သီလသမ္ပန္န” တဲ့။ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံရမယ်။ ရဟန်းတော်တွေဆိုလို့ရှိရင် ပါတိမောက္ခသံဝရသီလ လို့ခေါ်တယ်။ လူတွေဆိုရင် ငါးပါးသီလ၊ ရှစ်ပါးသီလ ဒီကိုယ်ကျင့်သီလနဲ့ ပြည့်စုံတယ်။ အဲဒီတော့ နိဗ္ဗာန်ကို သွားချင်လို့ရှိရင် အရင်ဆုံးလုပ်ရမှာ ဘာလဲဆိုရင် သီလအကျင့်ပဲ ဖြစ်တယ်။

တချို့က သီလကို အရေးမပါသယောင်ယောင် ပြောတယ်၊ သန္တတိအမတ်ကြီး ဘာသီလမှမရှိဘူး၊ အရက်ကလေး [၇၂] တမြမြနဲ့နေတာ၊ နိဗ္ဗာန်ရသွားတယ်။ ငါလည်း အဲဒီလိုရမယ်လို့ ထင်တာကိုး၊ သန္တတိအမတ်ကြီးရဲ့ ပညာအဆင့်အတန်းမျိုး ကိုယ့်မှာရှိရင်တော့ ဟုတ်တာပေါ့၊ သန္တတိရဲ့ပညာက အလွန်ထက်တယ်၊ ပြီးတော့ သီလဆိုတာ အကြာကြီးစောင့်ရတာ မဟုတ်ဘူး၊ အခု ဆောက်တည်နိုင်ရင် အခု သီလပြည့်စုံသွားတယ်နော်။

သန္တတိအမတ်ကြီးက မြတ်စွာဘုရားနဲ့ တွေ့လိုက်တာနဲ့ ကိုယ်ကျင့်သီလက လုံသွားပြီ အရက်ပြတ်သွားပြီ။ အေး- ခုခေတ်မှာ စိတ်ကောင်းလေးဝင်လာတဲ့အချိန် အရက်ကို ဘုရားလှူ၊ လှူပြီးရင်ပြန်သောက် အဲဒီလို စိတ်ကမပြတ်ဘူးလေ၊ သန္တတိအမတ်ကြီးကပြတ်တယ်၊ မြတ်စွာဘုရားနဲ့မတွေ့ခင်က မူးတာဟုတ်တယ်၊ ဘုရားနဲ့လည်းတွေ့လိုက်ရော ပြတ်သွားတာ၊ ပြတ်တာက ဘယ်တော့မှ ပြန်မသောက်တဲ့အပြတ်၊ သူက Determination နဲ့သွားတာ၊ လုံးဝ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံသွားတယ်။

သီလဟာ အလွန်အရေးကြီးတယ်တဲ့၊ ဗုဒ္ဓဘာသာရဲ့ အစဆုံးလုပ်ငန်းဟာ သီလပဲ၊ ဒါကြောင့် စာပေကျမ်းဂန်မှာ သီလံ သာသနဿ အာဒိ။ သီလဟာ သာသနာတော်ရဲ့အစပါလို့ ပြောတာ၊ ဟုတ်ပြီ- သီလက ဘာဖြစ်လို့အရေးပါတယ်လို့ ပြောရတုန်း။ သီလရှိပြီဆိုရင် အနဝဇ္ဇသုခ- အပြစ်ကင်းတဲ့ ချမ်းသာ ခံစားရမယ်တဲ့။

[၇၃] အပြစ်ကင်းတဲ့ချမ်းသာ ခံစားရမှ သုခိနော စိတ္တံ သမာဓိယတိ၊ ချမ်းသာတဲ့ စိတ်ချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကမှ သမာဓိဆိုတာဖြစ်တယ်၊ ဟော- သီလတင် မပြီးသေးဘူး၊ သမာဓိရဖို့အတွက် သီလဟာ အများကြီး အထောက်အကူ ဖြစ်တယ်၊ သီလက စိတ်ချမ်းသာမှုကိုပေးနိုင်တယ်၊ ဒါကြောင့် သမာဓိဖြစ်ဖို့ လွယ်သွားတယ်။

သမာဓိက သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ၊ သမာဓိရှိမှ ယထာဘူတဉာဏ်ဆိုတာ ဖြစ်တယ်၊ ဒါကြောင့်မို့ သီလဟာ အရေးကြီးဆုံးပဲ။ နိဗ္ဗာန်သွားချင်ရင် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံအောင်အရင်လုပ်၊ ဒါတစ်ခု။ နောက်နံပါတ်(၂)က ဒီ သီလတွေ ခိုင်မာနေဖို့အတွက် သတိကြီးစွာထားပြီး ကာကွယ်စောင့်ရှောက်ခြင်း ဣန္ဒြိယေသု ဂုတ္တဒွါရော တဲ့။ မျက်စိ, နား, နှာ, လျှာ, ကာယ, မနလို့ ဆိုတဲ့ ဣန္ဒြေခြောက်ပါး ရှိတယ်နော်၊ အဲဒီခြောက်ခုထဲက မျက်စိက မြင်ပြီး လောဘမဖြစ်အောင်၊ နားကကြားပြီး လောဘမဖြစ်အောင်၊ နှာခေါင်းကအနံ့ရပြီး လောဘမဖြစ်အောင်၊ လျှာက လျက်ပြီး လောဘမဖြစ်အောင်နော်။ ဒီလို ကာယနဲ့ထိတွေ့ပြီး လောဘမဖြစ်အောင်၊ မနနဲ့ စိတ်ကူးပြီး လောဘမဖြစ်အောင်လို့ ထိန်းသိမ်းစောင့်ရှောက်မှုပဲ။ ထိန်းတယ်ဆိုတာ မျက်စိကို ထိန်းတာမဟုတ်ဘူး၊ နားကို ထိန်းတာမဟုတ်ဘူး၊ ဘာကိုထိန်းတာတုန်း မျက်စိကကြည့်ပြီး လောဘမဖြစ်အောင်ထိန်းတာ ကာကွယ်တာ။

[၇၄] အဲဒီတော့ ကာကွယ်မှုကလည်း မှားနေတတ်တယ်နော်။ မျက်စိကြီး ပိတ်ထားရုံနဲ့ လုံတာမဟုတ်ဘူး၊ နားပိတ်ထားရုံနဲ့ လုံတာမဟုတ်ဘူး၊ ဆိုလိုတာက မျက်စိကမြင်လာတဲ့ အာရုံပေါ်မှာ လောဘမဖြစ်အောင် သတိနဲ့ထိန်းတယ်၊ အဲဒီလို ဣန္ဒြေတံခါး လုံအောင်ထိန်းတယ်ဆိုသည်မှာ အာရုံတွေ့ပြီး အကုသိုလ်မဝင်အောင်ထိန်းတာ၊ အဲဒါဟာ ဒုတိယမြောက် စရဏပဲ။

နောက်နံပါတ်(၃)က ဘောဇနေ မတ္တညုတာ၊ အစာ အာဟာရစားတဲ့အခါမှာ အတိုင်းအတာ ပမာဏနဲ့ ဆင်ခြင်မှု ရှိရတယ်။ မတ္တညုတာဆိုတာ အတိုင်းအတာသိမှု၊ ကိုယ့် ပမာဏ ကိုယ်သိရမယ်။ ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ နဝဉ္စ ဝေဒနံ ဥပ္ပါဒေဿာမိ၊ စားလိုက်လို့ရှိရင် ဝေဒနာအသစ် ဖြစ်မယ်။ ဝေဒနာအဟောင်းဆိုတဲ့ ဆာလောင်မှုဆိုတာလည်း ပျောက်ရမယ်၊ ဝေဒနာအသစ် ဗိုက်အင့်တာတို့ အစာမကြေတာတွေ မဖြစ်ရအောင် စားရမယ်။ အတိုင်းအတာတစ်ခုနဲ့ စားပါလို့ ပြောတာနော်။ ထမင်းစားရင် အတိုင်းအတာလေး တစ်ခုနဲ့ စားတတ်တာ ကိုယ်ကျင့်တရားနော်၊ ဒါက ကိုယ့်ဝမ်းကို ချင့်ချိန်ပြီး စားနိုင်ရမယ်။ အပိုတွေ သွန်ပစ်တာတို့ ဒါတွေက ဒီ ဘောဇနေမတ္တညုတာပျက်လို့ ဖြစ်တာပေါ့နော်။

နောက်တစ်ခု ကိုယ်နဲ့တည့်တဲ့အစာကို ရွေးစားတာ၊ မတည့်တဲ့အစာကိုမစားဘူး။ ဒါလည်း ဘောဇနေမတ္တညုတာ။

[၇၅] ဒါဟာ နိဗ္ဗာန်ရောက်ကြောင်း ဟုတ်ကဲ့လားဆိုရင် ဟုတ်တာပေါ့၊ မတည့်တာတွေစား ဗိုက်နာဝမ်းလျှော ဘယ်လိုလုပ် တရားအားထုတ်မလဲ?နော်၊ နိဗ္ဗာန်သွားဖို့ရာအတွက် အနှောင့်အယှက်တွေ ဖြစ်တာပေါ့၊ အဲဒါကြောင့် တည့်တာလည်း စားရမယ်၊ အတိုင်းအတာနဲ့လည်းစားရမယ်၊ အဲဒါကိုဆိုလိုတာ။

ဟော- နောက်တစ်ခုက အစာစားတဲ့အခါမှာ ထားရမယ့် ရည်ရွယ်ချက်နဲ့ မထားရမယ့် ရည်ရွယ်ချက်တွေ၊ ဒါကတော့ ပညာရပ်နဲ့သက်ဆိုင်သွားတယ်၊ မထားရမယ့် ရည်ရွယ်ချက်က ဘာတုန်း၊ မြူးတူးပျော်ပါးကစားဖို့ စားတာမဟုတ်ဘူး၊ ဝအောင် လှအောင်စားတာ မဟုတ်ဘူး၊ တန်ဆာဆင်ဖို့စားတာ မဟုတ်ဘူး၊ အသားအရည်တွေ ပြည့်ဖြိုးအောင် စားတာမဟုတ်ဘူး။ ထားရမယ့်ရည်ရွယ်ချက်က ဣမဿ ကာယဿ ဌိတိယာ-ဒီခန္ဓာကိုယ်ကြီးတည်တံ့ဖို့ဖြစ်တယ်၊ ဝိဟိံသူပရတိယာ− မစားရင် ပင်ပန်းမယ်၊ ပင်ပန်းတာတွေပျောက်အောင် စားတယ်၊ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်ဖို့အတွက် စားတယ်၊ ဒီလို မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့စားရမယ်၊ အဲဒါကိုလည်း ဘောဇနေ မတ္တညုတာ လို့ခေါ်တယ်။

ဟော- နောက်တစ်ခု ဇာဂရိယာနုယောဂ တဲ့၊ တရားအားထုတ်တဲ့အခါမှာ ထိုင်ရင်း၊ စင်္ကြံလျှောက်ရင်းဖြင့် ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ လောဘတွေ ဒေါသတွေ မဖြစ်ရအောင် သတိသမ္ပဇညနဲ့ ထိန်းသိမ်းစောင့်ရှောက်နေတာ၊ [၇၆] စိတ်ကိုသန့်ရှင်းအောင် လေ့ကျင့်နေတာ။ အဲဒါကို ဇာဂရိယာနုယောဂ ကမ္မဋ္ဌာန်းအားထုတ်နေတာလို့ပဲ ပြောတာနော်။ ဇာဂရိယာနုယောဂဆိုတာ နိုးနိုးကြားကြား အားထုတ်ခြင်း တဲ့၊ ဘယ်လောက်ထိအောင် နိုးကြားရမလဲ? တစ်နေကုန် စင်္ကြံသွားရင်း၊ ထိုင်ရင်းဖြင့် ကိုယ့်စိတ်ထဲမှာ လောဘ, ဒေါသ မဖြစ်အောင် ထိန်းသိမ်းနေရမယ်။ ညဉ့်ဦးယံ (ပထမယာမ်) ဆိုတာ ၆-နာရီလောက်ကနေပြီး ၁၀-နာရီလောက်ထိအောင် ခုတိုင်းပဲ တရားအားထုတ်နေရမယ်နော်၊ ၁၀-နာရီမှ နာရီပြန် နှစ်ချက်ထိအောင် ခေတ္တခဏအပန်းဖြေပြီး အိပ်စက်ရမယ်၊ ၄-နာရီ အိပ်ရမယ်။ ဆိုလိုတာက နှစ်ဆယ့်လေးနာရီမှာ လေးနာရီပဲအိပ်ပြီးတော့ နာရီနှစ်ဆယ် အားထုတ်တာကို ဇာဂရိယာနုယောဂ လို့ခေါ်တယ်။

အခုပြောခဲ့တာ သီလသမ္ပန္န၊ ဣန္ဒြိယေသုဂုတ္တဒွါရတာ၊ ဘောဇနေမတ္တညုတာ၊ ဇာဂရိယာနုယောဂ တဲ့။ ဒီ စရဏ ကျင့်ကိုကျင့်ရမယ်၊ ယောဂီပုဂ္ဂိုလ်တွေရဲ့ ကျင့်ရမယ့် စရဏ တရား ၁၅-ပါးထဲက ပထမ(၄)ပါးဖြစ်တယ်။

နောက်ပြီး သဒ္ဓမ္မ တဲ့။ သူတော်ကောင်းတရား ခုနစ်ပါးနဲ့ ပြည့်စုံအောင် လုပ်ရမယ်။ သူတော်ကောင်းတရား ခုနစ်ပါး ဆိုသည်မှာ နံပါတ်(၁) သဒ္ဓါ၊ မြတ်စွာဘုရားရဲ့ အသိဉာဏ်ကို ယုံကြည်တဲ့ သဒ္ဓါ၊ အေး-ဘုရားရဲ့အသိဉာဏ်ကို ယုံကြည်ရင် ဘုရားက နိဗ္ဗာန်သွားချင်ရင် ဒါတွေလုပ်ဆိုတာ ယုံမှာပေါ့၊
[၇၇] အကယ်၍သာ မြတ်စွာဘုရားရဲ့ အသိဉာဏ်ကို မယုံဘူးဆိုရင် ဒါနိဗ္ဗာန်ရောက်ကြောင်းတရားအဖြစ် လက်ခံချင်မှ ခံမှာကိုး၊ ဘယ့်နှယ် ထမင်းလျော့စားတာနဲ့ နိဗ္ဗာန်ရောက်ရမှာလားလို့ စောဒကတက်ချင်တက်နေမယ်။

သဒ္ဓါဆိုတာ ယုံကြည်တာ၊ ဘာကိုယုံကြည်တာတုန်း ဆိုရင် မြတ်စွာဘုရားရဲ့ အသိဉာဏ်ကို ယုံကြည်တာ၊ ဒါ အဓိကနော်၊ တန်ခိုးယုံကြည်တာ မဟုတ်ဘူး။ ဘုရားရဲ့ အသိဉာဏ်ကို ယုံကြည်တာ၊ နံပါတ်တစ် ယုံကြည်ခြင်းဖြင့် ဘုရားလမ်းညွှန်တဲ့အတိုင်း .. လိုက်မယ်။ အဲဒါအတွက် လမ်းကြောင်းခင်းပေးတာ။
(၂)နဲ့(၃)က ဟိရီ နဲ့ ဩတ္တပ္ပ။ ဟိရီ ဆိုတာ မကောင်းမှုကိုရွံတာ၊ ဩတ္တပ္ပဆိုတာ မကောင်းမှုကို ကြောက်တာ၊ မဟုတ်တာလုပ်ရမှာ ရွံရမယ် ကြောက်ရမယ်။ ဒီနှစ်ခုဟာ အကုသိုလ်တွေ ရှောင်ဖို့အတွက် အရေးကြီးတဲ့စိတ်ဓာတ်ရဲ့ မြင့်မြတ်မှုပဲနော်။
နံပါတ်(၄)က ဗဟုသုတ တဲ့။ မြတ်စွာဘုရားဟောတဲ့ တရားတွေ သင်ရမယ် သိရမယ်။ အကုန်လုံးမဟုတ်တောင် တရားအားထုတ်တဲ့အခါမှာ ရုပ်အကြောင်း နာမ်အကြောင်း ခန္ဓာအကြောင်း ၊ အာယတနအကြောင်း ဓာတ်အကြောင်း သင်ရမှာ။

ရုပ်ဆိုတာဘာလဲ? နာမ်ဆိုတာဘာလဲ? ဆိုတာကို သေသေချာချာမသိဘူးဆိုရင် လွဲလွဲမှားမှားတွေ ဖြစ်ကုန်တယ်၊ [၇၈] ဒါကြောင့် သေသေချာချာသင်ရမယ်၊ ဒါကို ဗဟုသုတ လို့ ပြောတာ၊ စာပေနဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ပတ်သက်ပြီး များများသင်ထားရမယ်။
နံပါတ်(၅) က အာရဒ္ဓဝီရိယ တဲ့။ ကြိုးကြိုးစားစား လုပ်ရမယ်တဲ့နော်။ ကြိုးစားရမယ်၊ မရမနေ ငါလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ထားရမယ်၊ နောက်မဆုတ်ရဘူး။ မရမနေ ကြိုးပမ်း အားထုတ်ရမယ်။
နံပါတ်(၆)က သတိ၊ ကိုယ်လုပ်တဲ့လုပ်ငန်း ... ကာယ ဝေဒနာ စိတ္တ ဓမ္မ ဆိုတဲ့ သတိပဋ္ဌာန် အာရုံတွေပေါ်မှာ သတိမြဲမြဲကြီးခိုင်မာအောင် ကြိုးစားအားထုတ်ရမယ်။
နံပါတ်(၇)က ပညာတဲ့။ အဲဒီ သဒ္ဓမ္မ သူတော်ကောင်း တရား ခုနစ်ပါးကို ကိုယ့်သန္တာန်ထဲမှာ ခိုင်မာသည်ထိအောင်၊ ကြီးပွားတိုးတက်လာသည်ထိအောင် လေ့ကျင့်ရမယ်လို့ ဒီလို ဆိုတာ။

တရားအားထုတ်နေတဲ့အချိန်မှာ ဗဟုသုတ မဆည်းပူးရဘူးဆိုတာ မဟုတ်ဘူးနော် ဆည်းပူးရမယ်။ တရားလည်း နာရတယ်။ တစ်ခါတည်းနဲ့ မရနိုင်ဘူး၊ အဲဒါကြောင့်မို့လို့ ဒါတွေဟာ လုပ်ရမယ့်ကိစ္စတွေချည်းပဲ။ ယခင်က (၄)ခု၊ အခု (၇)ခုဆိုတော့ (၁၁)ခုဖြစ်သွားတယ်။

အဲဒီ (၁၁)ခုထဲ ဈာန်လေးပါးထည့်လိုက်တာ၊ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ဆိုတာ တရားတွေ [၇၉] ကျင့်တာ။ သမာဓိလုပ်ငန်း ဒီကျမှလာတာ၊ ရှေ့ပိုင်းက လုပ်ရမယ့်အလုပ်တွေ မလုပ်ဘဲနဲ့ ခုန်တက်ရင် နိဗ္ဗာန်ကို ဖားခုန်သလို ခုန်သွားလို့ မရဘူးတဲ့နော်၊ ကျင့်စဉ်အတိုင်းသွားရမယ်၊ အခြေခံတွေကောင်းအောင် အရင်လုပ်ရမယ်၊ လုပ်ပြီးတဲ့အခါ သမာဓိကျင့်စဉ်တစ်ခုကို ကျင့်ရတယ်။

အာနာပါနဖြစ်ဖြစ် သမာဓိကျင့်စဉ်တစ်ခုကို ကျင့်လိုက်တဲ့ အခါမှာ ပထမဈာန်ရမယ်၊ ဒုတိယဈာန်ရမယ်၊ တတိယဈာန် ရမယ်၊ စတုတ္ထဈာန်ရမယ်ဆိုတော့ ကဲ- ဒါတွေ အကုန်လုံး ပေါင်းလိုက်တဲ့အခါ စရဏတရား တစ်ဆယ့်ငါးပါး ပြည့်စုံတယ်။

နိဗ္ဗာန်သွားတဲ့ပုဂ္ဂိုလ်တွေ မသေရာနိဗ္ဗာန်ကို ဘာနဲ့သွားလဲ?၊ ဒီဆယ့်ငါးပါးနဲ့သွားတယ်လို့ ဒီလိုဆိုတယ်။ သီလသမ္ပန္န၊ ဣန္ဒြိယသံဝရ၊ ဘောဇနေမတ္တညုတာ တို့က သီလပဲ၊ သီလ အုပ်စုထဲမှာ ဝင်သွားတယ်။ ဇာဂရိယာနုယောဂ က ဝီရိယတို့ သတိတို့ အုပ်စုထဲမှာဝင်သွားတယ်။ သူတော်ကောင်းတရား ခုနစ်ပါး ဆိုတာက အားလုံးကိုခြုံထားတဲ့ General Point ကို ပေးတယ်။ ဈာန်လေးပါးဆိုတော့ သမာဓိကျင့်စဉ်ကို ကျင့်ခိုင်းတာပဲ၊ အကျဉ်းချုပ်လိုက်မယ်ဆိုရင် သီလ၊ သမာဓိ၊ ပညာပဲ။ နိဗ္ဗာန်ကိုသွားတယ်ဆိုတာ သီလ၊ သမာဓိ၊ ပညာနဲ့မှဖြစ်တာကိုး။

မြတ်စွာဘုရားဟာ သူများနဲ့မတူတဲ့ သီလ၊ သူများနဲ့ မတူတဲ့ ဣန္ဒြိယသံဝရ၊ သူများနဲ့မတူတဲ့ ဘောဇနေမတ္တညုတာ၊ [၈၀] သူတစ်ပါးတွေနဲ့မတူတဲ့ ဇာဂရိယာနုယောဂ၊ သူတစ်ပါးတွေနဲ့ လုံးဝမတူတဲ့ အလှမ်းမမှီနိုင်လောက်အောင်မြင့်မားတဲ့ သူတော်ကောင်းတရား ခုနစ်ပါး၊ ဈာန်လေးပါး ဆိုတာတွေနဲ့ ပြည့်စုံတော်မူတယ်။ ဒါတွေနဲ့ပြည့်စုံလို့ ဝိဇ္ဇာစရဏ သမ္ပန္နော၊ ဝိဇ္ဇာသုံးပါး၊ စရဏတစ်ဆယ့်ငါးပါးနဲ့ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားလို့ ထင်ရှားတာဖြစ်တယ်။

တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့၊ မြတ်ဗုဒ္ဓ၏ ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော် ဆိုတာဟာ အလွန်ကြီးမား မြင့်မြတ်တဲ့ ဂုဏ်အရည်အချင်းသာဖြစ်တယ်။ အဲဒီ ဂုဏ်အရည်အချင်းတွေက လွဲပြီးတော့ ဘယ်ပုဂ္ဂိုလ်မှ နိဗ္ဗာန်ဆိုတာ ရနိုင်တာ မဟုတ်ဘူး။ သို့သော် မြတ်စွာဘုရား ရရှိထားတဲ့ အရည်အချင်းကို ကျန်တဲ့ပုဂ္ဂိုလ်တွေက မှီနိုင်တာမဟုတ်ဘူး။ ဒါကြောင့် မြတ်စွာဘုရားကိုသာလျှင် ဝိဇ္ဇာစရဏသမ္ပန္န၊ အသိ- ဝိဇ္ဇာ, အကျင့်-စရဏနဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားလို့ တစ်လောကလုံးမှာ ထင်ရှားကျော်ကြားတော်မူတာဖြစ်တယ် ဆိုတာကို သိရှိကြည်ညိုကြ၍ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေကိုအာရုံပြုပြီး ဝမ်းသာပီတိဖြစ်တော်မူနိုင်ကြပါစေကုန်သတည်း။
သာဓု
သာဓု
သာဓု

[၈၁] မြတ်ဗုဒ္ဓ၏ သုဂတဂုဏ်တော်

သာသနာတော်နှစ်- ၂၅၅၇-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၅- ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၂)ရက်၊ ၂၀၁၄-ခုနှစ်၊ ဧပြီလ(၁၆)ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ဓမ္မသဟာယ သာသနစင်တာ၊ ဓမ္မရတိမဟာဓမ္မသဘာ ဓမ္မာရုံ၌ ဆင်ယင်ကျင်းပပြုလုပ်အပ် သည့် သင်္ကြန်အတက်နေ့ ညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနားဝယ် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ မိဘနှစ်ပါး ဖြစ်ကြသော ဦးလှအောင်+ဒေါ်ခင်မေရီ တို့အားရည်စူး၍ သား - မောင်ချမ်းမြေ့အောင် နှင့် ဦးအောင်လွင်အောင်+ ဒေါ်အိန္ဒြာအောင်၊ သား-မောင်အောင်စည်ဖြိုး၊ သမီး-မချောသီရိလွင် မိသားစု တို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏ သုဂတ ဂုဏ်တော်” အကြောင်း တရားဒေသနာတော်။

သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ဆိုတာ အက္ခရာသုံးလုံးသာ ပါဝင်တဲ့ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တစ်ပါး ဖြစ်တယ်။ လူ့လောကတွင်မက နတ်ပြည်၊ ဗြဟ္မာ့ပြည် အပါအဝင် သတ္တလောကကြီးတစ်ခုလုံး သိမ်းကျုံးကျော်ကြား ထင်ရှားတော်မူခဲ့တယ်။

သုဂတ စကားလုံးရဲ့ အဓိပ္ပါယ်ကို စာပေကျမ်းဂန်မှာ ငါးမျိုးဖွင့်ဆိုထားတယ်၊ အဲဒီ ငါးမျိုးလုံးဟာ မြတ်စွာဘုရားနဲ့ ဆက်စပ်ပြီး သိရှိမှတ်သားကြရတဲ့ ဂုဏ်ရည်တွေချည်းပဲ၊ မြတ်စွာဘုရားမှာ လောကလူသားတွေထက် အင်မတန်မြင့်မားတဲ့ ဂုဏ်အရည်အချင်းတွေရှိတယ်။ ဒီလို ဂုဏ်အရည်အချင်းတွေရှိတဲ့ပုဂ္ဂိုလ်မှ ဘုရားလို့ သတ်မှတ်လို့ရတယ်။

[၈၂] အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော ဆိုတဲ့ ဂုဏ်အရည်အချင်းတွေနဲ့ ပြည့်စုံမှ ဘုရားဖြစ်နိုင်တဲ့ စံဆိုတာ သတ်မှတ်ချက်ရှိတယ်၊ ဒီ အရည်အချင်းတွေအားလုံးဟာ အသိဉာဏ်ရဲ့ ထက်မြက်မှုနဲ့ ပတ်သက်တာတွေချည်းပဲပေါ့၊ ဘုရားဆိုတာ အသိဉာဏ်ထက်မြက်မြင့်မားတဲ့ ပုဂ္ဂိုလ်သာ ဖြစ်တယ်။

သို့သော် အသိဉာဏ် ထက်မြက်မြင့်မားမှု ဆိုတာဟာ အလိုအလျောက် ထက်မြက်မြင့်မားလာတာ မဟုတ်ဘူး၊ ကျင့်ကြံကြိုးကုတ်အားထုတ်ခဲ့လို့၊ လေ့ကျက်သင်ကြားခဲ့လို့သာ ဖြစ်တယ်။ သီလစွမ်းအားမြင့်မားမှု၊ သမာဓိစွမ်းအား မြင့်မားမှု ကြောင့် အသိဉာဏ်ဟာ မြင့်မားရတယ်။ မသိတာ မရှိရလေအောင် ဉာဏ်ပညာရဲ့ အစွမ်းသတ္တိ ထက်မြက်မှုကို အကြောင်းပြုပြီး ဒီဂုဏ်တော်တွေ ရရှိလာတာဖြစ်တယ်။ ဒါကြောင့်မို့ အသိဉာဏ်ဟာ အဓိက၊ ......ကျန်တာတွေက ပံ့ပိုးပေးတဲ့ အကြောင်းတရားတွေမျှသာ ဖြစ်တယ်။

လူ့လောကမှာလည်း ဉာဏ်ပညာမြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကို အားလုံးက လေးစားကြရတာ၊ ကိုယ်ကျင့်တရားတော့ ကောင်းပါရဲ့၊ အသိဉာဏ်က မရှိဘူးဆိုရင် အားကိုးလောက်တဲ့ အနေအထားမရှိဘူး၊ သူ့ဟာသူ ဘယ်လောက်ပဲ ကိုယ်ကျင့်တရား ကောင်းနေကောင်းနေ အများအကျိုး ဆောင်ရွက်ဖို့ ပညာရှိမှဖြစ်တာ၊ မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကို ပြောမပြ [၈၃] နိုင်ဘူးဆိုရင် ဒီပုဂ္ဂိုလ်ကို ကိုးကွယ်ဆည်းကပ်လို့လည်း ကိုယ့်မှာ ကုသိုလ်ရရုံကလွဲလို့ ဘာတစ်ခုမှရမှာ မဟုတ်ဘူးပေါ့၊ မြတ်စွာဘုရားလို ပုဂ္ဂိုလ်မျိုးကျတော့.. အသိဉာဏ်ရှိသည့်အတွက် မှန်ကန်တဲ့လမ်းကြောင်းတွေကို ထုတ်ဖေါ်ပြောကြားနိုင်တယ်။ ကမ္ဘာလောကကြီးမှာ ပညာရှိထံ ဆည်းကပ်ကြရတယ်၊ ဘာဖြစ်လို့လဲ? ပညာလိုလားလို့၊ ပညာဟာ တန်ဖိုးအရှိဆုံး အရာဖြစ်လို့ အသိပညာတွေအတတ်ပညာတွေရဖို့ ဆည်းကပ်ကြရတယ်။ အဲဒီပုဂ္ဂိုလ်ရဲ့ သင်ကြားပြသမှုကို မှတ်သားနာယူကြရတယ်။

လောကမှာ ကျောင်းတွေဖွင့်ထားတာ ကောလိပ်တွေ ဖွင့်တာ ယူနီဗာစီတီတွေဖွင့်တာ ဘာအတွက်လဲလို့မေးရင် ပညာအတွက်ပဲ၊ ပညာဟာ ဘယ်လောက် အရေးပါတယ် ဆိုတာ အင်မတန်မှထင်ရှားတယ်၊ လူဖြစ်လာပြီး ကျောင်းထားရတယ်ဆိုတာ ပညာအတွက်ပဲဖြစ်တယ်၊ ပညာကမှ အားလုံးကို ထိန်းချုပ်ပြီး ဘဝခရီးမှာ အဆင့်မြင့်မြင့် သွားလို့ရတာ၊ ဒါကြောင့်မို့ ပညာသင်ကြားရေး အဓိကထားပြီး လုပ်တာပေါ့နော်။

မြတ်စွာဘုရားကလည်း ပညာမှာ အထွတ်အထိပ်သို့ ရောက်နေတယ်၊ သုဂတဆိုတဲ့ ဂုဏ်တော်ကြီးရဲ့ အဓိပ္ပါယ်ကို လေ့လာမှတ်သားကြည့်မယ်ဆိုရင် ပညာနဲ့ ပတ်သက်တာလို့ ပြောရမှာပဲ။

[၈၄] ဂုဏ်တော်ကိုးပါးကို လေ့လာထားတဲ့ ပုဂ္ဂိုလ်တွေ အဓိပ္ပာယ် အမျိုးမျိုး မှတ်သားဖူးပါလိမ့်မယ်၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ပါရာဇိကဏ် အဋ္ဌကထာ၊ ထိုထို အဋ္ဌကထာကျမ်းတွေမှာ တညီတည်း ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ငါးမျိုးကို ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ မှတ်သားကြရအောင် စာပေကျမ်းဂန်နဲ့အညီ ရှင်းလင်း ပြောကြားမှာ ဖြစ်တယ်။

သောဘဏဂမနုတ္တာ သုဂတော

သုဂတ ဆိုတဲ့ စကားလုံးကို သု-ဂတ လို့ ခွဲပြီး ‘သု’ အဓိပ္ပာယ်တစ်ခု၊ ‘ဂတ’ က အဓိပ္ပာယ်တစ်ခု၊ ‘သု’ ဆိုတာ ကောင်းမြတ်တယ်၊ တင့်တယ်တယ်၊ ကျေနပ်စရာကောင်းတယ်၊ အပြစ်ကင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ‘ဂတ’ ဆိုတာ သွားရောက်ခြင်း သို့မဟုတ် လမ်းကြောင်း၊ အပြစ်ကင်းတဲ့ လမ်းစဉ်၊ မှန်ကန်တဲ့ လမ်းစဉ်ရှိတဲ့ ပုဂ္ဂိုလ်လို့ ဒီလို အဓိပ္ပာယ်ရတယ်။

လောကမှာ... လမ်းစဉ်မှားနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လမ်းဆုံးရောက်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်၊ မြတ်စွာဘုရားဟာ မှန်ကန်တဲ့ လမ်းစဉ်ရှိလို့ လိုချင်တဲ့ ကောင်းကျိုးချမ်းသာတွေကို ရတာဖြစ်တယ်။ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းလာတဲ့ ပုဂ္ဂိုလ်ဆိုတဲ့ အနေနဲ့ ဂုဏ်တင်ရတာ၊ လမ်းမှန်ပေါ်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဂုဏ်တင်ရမယ့် ပုဂ္ဂိုလ်ပဲဖြစ်တယ်။

[၈၅] ဘာဖြစ်လို့တုန်းဆိုရင် လောကမှာ လူတွေဟာ လမ်းမှား လျှောက်နေကြတာတွေက အများကြီးပဲ၊ မမှန်မကန်တဲ့ လမ်းပေါ်ကို လျှောက်လှမ်းလို့ ဆင်းရဲဒုက္ခ ကြုံတွေ့နေကြတာတွေ အများကြီးပဲ၊ အကုသိုလ်ကို ကုသိုလ်ထင်ပြီး လုပ်နေကြတာတွေ၊ ကုသိုလ်ကို အကုသိုလ်ထင်ပြီး ရှောင်နေကြတာတွေ၊ မလုပ်သင့်တာကျတော့ လုပ်သင့်တယ်လို့ ထင်ပြီး လုပ်သင့်တာကျတော့ မလုပ်သင့်ဘူးလို့ ထင်ပြီး လမ်းမှားနေတာတွေ၊ မိမိ လျှောက်လှမ်းတဲ့ လမ်းဟာ ထင်တဲ့အတိုင်း ဘာတစ်ခုမှ ဖြစ်မလာတဲ့ မမှန်ကန်တဲ့ လမ်းကြောင်း ဖြစ်နေတာတွေကို လျှောက်လှမ်းပြီး လမ်းဆုံးတာနဲ့ တစ်ပြိုင်နက် ဒုက္ခတွင်းကို သက်ဆင်းကြရတာတွေ ဖြစ်တယ်ပေါ့။

ကမ္ဘာလောကကြီးမှာ ကြည့်လိုက်၊ လမ်းစဉ်တစ်ခု မှားပြီဆိုလို့ရှိရင် ထိုမှားယွင်းတဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာတဲ့ လူမျိုး၊ လျှောက်လှမ်းတဲ့ တိုင်းပြည်ဟာ နောက်ဆုံးမှာ ဆင်းရဲတွင်းနက်သွားတယ်၊ ကောင်းကျိုးချမ်းသာဆိုတာ မရနိုင်ဘူး။

အဲဒီတော့ သုဂတ ဆိုတာ အပြစ်ကင်းတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာတဲ့သူလို့ ဒီလို အဓိပ္ပာယ်ရတယ်၊ သောဘဏဂမန− အပြစ်ကင်းတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းလာတဲ့သူ။

အပြစ်ကင်းတဲ့ လမ်းကြောင်းဆိုတာ ကိလေသာတွေ ကုန်ဖို့အတွက် ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့ လမ်းကြောင်းပဲ။

[၈၆] ရည်ရွယ်ချက် ဦးတည်ချက်က ဘာလဲလို့ဆိုရင် “သေခြင်းတရားရှိရင် မသေတဲ့တရားဆိုတာ ရှိရမယ်၊ အဲဒီ မသေတဲ့တရားရဖို့ ဘယ်လမ်းကြောင်းက သွားရမလဲ” စူးစမ်းရှာဖွေတယ်။ နောက်ဆုံး အဲဒီလမ်းကြောင်းအတိုင်း သွားတဲ့အခါမှာ မသေရာ နိဗ္ဗာန် ဆိုတာကို ရောက်ရှိသွားတယ်ပေါ့။ အဲဒီ လမ်းကြောင်းကနေ လျှောက်တာ။

လောကလူသားတွေ မဖြေရှင်းနိုင်တဲ့ ပြဿနာ ဘာလဲ? လူတိုင်းကြုံတွေ့နေရတဲ့ ပြဿနာ ဘာလဲ? နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်တဲ့ ပြဿနာလားဆိုရင် မဟုတ်ဘူး၊ နိုင်ငံရေးပြဿနာဆိုတာ နိုင်ငံတိုင်းလည်း မကြုံတွေ့ဘူး၊ လူတိုင်းလည်း မကြုံတွေ့ဘူး၊ ဒါက ဖြေရှင်းလို့မရတဲ့ဟာလည်း မဟုတ်ဘူး၊ စီးပွားရေးပြဿနာလားမေးရင်လည်း စီးပွားရေးပြဿနာဆိုတာ ခဏတစ်ဖြုတ် သာမန်ဖြစ်တဲ့ ကိစ္စတစ်ခုနော်၊ လူတိုင်းလည်း မဆုံကြဘူး၊ နိုင်ငံတိုင်းလည်း မကြုံဘူး၊ ကြုံတဲ့အခါတိုင်းလည်း စနစ်တကျ ဖြေရှင်းသွားလို့ရှိရင် ပြေသွားပြန်တာပဲ၊ လူမှုရေးပြဿနာ၊ ကျန်းမာရေးပြဿနာ၊ ပြဿနာပေါင်းများစွာဟာ ခဏတစ်ဖြုတ်ပဲ ကြုံတွေ့ပြီးတော့ ဖြေရှင်းလို့ရတဲ့ အရာတွေချည်းပဲ။

ဖြေရှင်းလို့မရတဲ့ ပြဿနာက ဘာလဲဆိုရင် အိုခြင်း, နာခြင်း, သေခြင်းဆိုတဲ့ ပြဿနာပဲ၊ ဘာလူမျိုးပဲဖြစ်ဖြစ် ဘယ်ဘာသာကိုးကွယ်တဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဒီပြဿနာ အဖြေရှာတွေ့နိုင်ပါ့မလား မတွေ့နိုင်ဘူး၊ ကြိုးစားကြတယ်လေ၊ သွေးသစ်တွေ [၈၇] လဲလဲပြီးတော့... အသက်ရအောင် နေဖို့ ကြိုးစားကြတယ်၊ ကြိုးစားရင်းနဲ့ပဲ... ပြုတ်သွားကြတယ်။ မအိုဖို့ ကြိုးစားရင်းနဲ့ပဲ ပြုတ်သွားကြတယ်။

ဘဝမှာ ကံရဲ့ အဓိပ္ပာယ်တစ်ခုကို စဉ်းစားနိုင်အောင် ပြောပြမယ်၊ ခုခေတ်ပြောလို့ နားလည်စရာတွေ ရှိတယ်၊ ဒုံးပျံပစ်စင်မှ ဒုံးပျံတစ်ခုကို ပစ်တင်လိုက်တယ်၊ ဒုံးပျံကို လောင်ချာနဲ့ တွန်းအားထည့်ပစ်လိုက်တယ်၊ စွမ်းအားရှိသလောက်တော့ ဒုံးပျံက သွားနေမှာပဲ၊ စွမ်းအားကုန်တာနဲ့ ပြန်ကျသွားတယ်။ အဲဒါလိုပဲ ကံကြမ္မာက ဖန်တီးလိုက်တဲ့ စွမ်းအားနဲ့ လူတစ်ယောက် စတင်လိုက်တဲ့ ကံရဲ့ စွမ်းအားက ပစ်တင်လိုက်တယ်၊ ကံက လိုက်လာတာ မဟုတ်ဘူး၊ နောက်ဆုံးကျ ကံက ဖန်တီးလိုက်တဲ့ ပဋိသန္ဓေစိတ် ကြားထဲမှာ ဘဝင်စိတ် ဝီထိစိတ် တွေဖြစ်ပြီး နောက်ဆုံးစိတ်ကလေးကို စုတိစိတ် လို့ ခေါ်တာပဲ၊ အဲဒီ ပဋိသန္ဓေ စုတိစိတ်နှစ်ခုရဲ့ အကြားကာလကို ဘဝတစ်ခုလို့ ခေါ်တာ၊ ကံကနေ ပစ်လွှတ်လိုက်တာ... အရှိန်မသေမချင်း လူတွေက ဆက်လက် ရှင်သန်နေမှာ။

ဘဝတစ်ခုကို ကံကြမ္မာက အရှိန်နဲ့ လွှတ်လိုက်တာ၊ အဲဒီ အရှိန်မကုန်မချင်း ဘဝတစ်ခု သွားနေမှာပဲ၊ တစ်ယောက်နဲ့တစ်ယောက် တူသလားလို့ဆို မတူဘူး၊ ပစ်လိုက်တဲ့ ကံအရှိန်ချင်းက မတူကြဘူး၊ မတူသည့်အတွက်ကြောင့် အသက်တိုရှည် ကွာခြားတယ်။

[၈၈] လုပ်ထားတဲ့ ကံထဲမှာ ‘ပါဏာတိပါတ’ တွေက လွှမ်းမိုးကြီးစိုးတယ်ဆိုလို့ရှိရင်တော့ သက်တမ်းမစေ့ခင် ပြုတ်ထွက်သွားမှာပဲ၊ အရှိန်က အစောကြီးကုန်ပြီး စောစောသေသွားတယ်၊ အဲဒီထဲမှာ မသေဘူးဆိုလို့ရှိရင်လည်း သေဖို့ရာ အကြောင်းတွေ ရောဂါဖြစ်လိုက်၊ ဟိုဟာတွေဖြစ်လိုက်၊ ဒီဟာတွေဖြစ်လိုက် ပါဏာတိပါတကံက ဝင်ပြီးတော့ နှောင့်ယှက်လိုက်တဲ့အခါ ဆက်သွားနိုင်ခြင်း စွမ်းအားတွေ မရှိတော့ဘူး၊ ကြားထဲကနေပြီး အနှောင့်အယှက် ခံလိုက်ရတဲ့အခါကျတော့ ရှေ့မသွားနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်၊ အဲဒီသဘောပဲနော်၊ ကံကနေပြီးတော့ စတင်ပစ်လိုက်တာ၊ အဲဒီ ကံကနေ ပစ်လိုက်တဲ့ ဘဝအတိုင်းအတာအတိုင်း လူတွေဟာ သွားနေကြရတယ်၊ အဲဒီတော့ အတိုင်းအတာတစ်ခု စေ့သွားပြီဆိုရင် ဘယ်သတ္တဝါမှ နေလို့မရဘူး။

တာဝတိံသာနတ်ပြည်က နတ်တွေဟာ သူတို့ရဲ့ အရေအတွက်နဲ့ နှစ်ပေါင်းတစ်ထောင် ပြည့်ပြီဆိုရင် ဆက်နေလို့ မရဘူး၊ သူ့ရဲ့ ကန့်သတ်ချက်ရှိတယ်၊ လူတွေကျတော့ အဲဒီလို ကန့်သတ်ပေးထားတာ မရှိသည့်အတွက်ကြောင့် လူတွေဟာ အရှည်အတို ပိုကွာတယ်၊ နတ်တွေကျတော့ ကန့်သတ်ထားတာရှိတယ်၊ ယေဘုယျအားဖြင့် သူတို့လုပ်တဲ့ ကုသိုလ်ကံရဲ့ အရှိန်ကို စံတစ်ခုအနေနဲ့ သတ်မှတ်လို့ရတယ်။ စတုမဟာရာဇ်နတ် သက်တမ်းက ငါးရာ၊ တာဝတိံသာနတ်ရဲ့ သက်တမ်းက တစ်ထောင်၊ ယာမာနတ်ရဲ့ သက်တမ်းက [၈၉] နှစ်ထောင်၊ ဒီလို တိုးတက်သွားတာပေါ့၊ အဲဒီလို နတ်သက်တွေက ကံကြမ္မာရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ တိုရှည် သွားကြတာ၊ သို့သော် အဲဒီသက်တမ်းစေ့သွားလို့ရှိရင် ရှေ့ဆက်သွားလို့ မရတော့ဘူး၊ ဖန်တီးလိုက်တဲ့ကံက အရှိန်ကုန်သွားပြီ။ သတ္တဝါတွေတွင်လားဆိုရင် မဟုတ်ဘူး၊ ပန်းပွင့်လေးတွေလည်း ကြည့်ပေါ့၊ ပန်းပင်က ပွင့်လာတဲ့ ပန်းပွင့်လေးတွေဟာ ဘယ်နှစ်ရက် ခံမှာလဲ၊ အတိုင်းအတာအတိုင်း သွားတယ်၊ ပိုခံအောင် ရေလေးဘာလေးနဲ့ လုပ်တဲ့အခါကျတော့ အားပြည့်သွားတဲ့အခါမျိုးလည်း ရှိတယ်၊ သို့သော်လည်းပဲ ဒီပန်းလေးဟာ တစ်လပဲခံမယ့်ပန်းဆိုလို့ရှိရင် ဘယ်လိုပဲ ရေတွေနဲ့ လောင်းလောင်း နောက်ဆုံးတော့ နွမ်းပြီးကြွေသွားမှာပဲပေါ့၊ ခြောက်ချင်လည်း ခြောက်သွားမှာ၊ အဲဒါလိုပဲ လောကလူသားတွေ မဖြေရှင်းနိုင်တဲ့ ပြဿနာဟာ ဘာလဲလို့မေးရင် အိုခြင်း, နာခြင်း, သေခြင်းကို ဘယ်ဘာသာကမှ ဖြေရှင်းမပေးနိုင်ဘူး၊ ရလာတဲ့ ဘဝမှာ မအိုရအောင် မနာရအောင် မသေရအောင်လုပ်တဲ့ နည်းစနစ်မရှိဘူး။

မြတ်စွာဘုရားကိုယ်တိုင်က ဟောထားတယ်... “နတ္ထိ ဇာတဿ အမရဏံ” မွေးလာပြီးတဲ့နောက် မသေတဲ့ သတ္တဝါဆိုတာ လောကမှာ မရှိပါဘူးတဲ့၊ အဲဒီတော့ ဘာသာရေး ပြဿနာတစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင် မွေးလာပြီးတဲ့နောက် မသေအောင်လုပ်နိုင်တဲ့နည်း ရှိလားဆိုတော့ မရှိဘူး၊ ဒါဖြင့် [၉၀] မသေရအောင်... ဘာလုပ်ရမလဲဆိုရင် မမွေးအောင် လုပ်ဖို့ပဲ ရှိတယ်တဲ့၊ ဒီလိုဆိုတာပေါ့နော်။

အဲဒီတော့ နောက်ထပ် ပြန်မွေးနေတာ ဘာကြောင့်တုန်းဆိုရင် လိုချင်တဲ့ တဏှာ ဦးဆောင်တဲ့ အမှန်မသိအောင် အဝိဇ္ဇာ က အမှောင်ချထားတယ်၊ ကံတရားတွေက တွန်းပို့တယ်၊ မွေးရပြန်တယ်၊ အဲဒီတော့ လက်သည်တွေက ဘယ်သူတုန်းဆိုရင် အဝိဇ္ဇာရယ်... တဏှာရယ်၊ ကံရယ် သူတို့တွေဟာ လက်သည်ပဲ၊ အဝိဇ္ဇာက အမှန်မမြင်အောင် ဖုံးကွယ်ပေးထားတယ်၊ တဏှာက သဘောတွေကျတယ်၊ တွယ်တာတယ်၊ သူတွယ်တာတဲ့ နေရာကို ကံကနေ တွန်းပို့လိုက်တယ်၊ တစ်ဘဝရောက်လာပြန်ပြီ၊ သူတို့ဖန်တီးလိုက်တဲ့ အရာတစ်ခုသည် နောက်ဆုံးမှာ အိုရပြန်ပြီ၊ နာရပြန်ပြီ၊ သေရပြန်ပြီ။

ဟော- ဒီ အိုခြင်း နာခြင်း သေခြင်းလို့ဆိုတဲ့ ပြဿနာကို လွန်မြောက်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ မွေးအောင်လုပ်နေတဲ့၊ ဘဝတစ်ခုရအောင် လုပ်နေတဲ့၊ အမှန်တရားကို မသိအောင် ကာနေတဲ့ အဝိဇ္ဇာ ကို ဖယ်လိုက်ရမယ်၊... အဝိဇ္ဇာဖယ်လိုက်တာနဲ့ တွယ်တာမှု မဖြစ်ဘူး။

ဥပမာ ဘာနဲ့တူတုန်းဆိုရင် ဘီလူးက လူယောင်ဖန်ဆင်းထားတဲ့အခါ ချောချောလှလှလေးလို့ ထင်ရပေမယ့် နောင်ကျရင် ဘီလူးစားခံရတယ်၊ ဒီ ဘီလူးရုပ်ကို ဖုံးလွှမ်းထားတဲ့ မျက်နှာဖုံးကို ခွာပစ်လိုက်ဖို့လိုတယ်၊ အဲဒီ မျက်နှာဖုံးကို ဘယ် [၉၁] သူက စွပ်ပေးထားတာတုန်းဆိုတော့ အဝိဇ္ဇာက စွပ်ပေးထားတာ၊ မျက်နှာဖုံးလှလှလေး စွပ်ပေးထားတော့ မူလရုပ်သွင် မပေါ်ဘူး၊ မပေါ်တော့ တဏှာက သဘောကျတယ်၊ မျက်နှာဖုံး စွပ်ပေးတာက အဝိဇ္ဇာနော်၊ လှတယ်လို့ထင်ပြီး တွယ်တာတာက တဏှာ၊ ရအောင်ကြိုးစားတာက ကံ၊ ဟော- သူတို့ သုံးခု လုပ်နေကြတယ်။

ဘဝဆိုတဲ့ ဘီလူးကောင်ကြီးကို အလှထင်အောင် အဝိဇ္ဇာ ကနေ ဖုံးပေးထားပြီးတော့ တဏှာ က လိုချင်လာတဲ့အချိန်မှာ ကံ ကနေပြီးတော့ တွန်းပို့လိုက်တာတဲ့၊ ဘီလူးရင်ခွင်ထဲ ရောက်သွားတယ်၊ ဘာဖြစ်လဲ အစားခံလိုက်ရပြီနော်၊ ခေါင်းတွေလည်း ဖြူသွားပြန်ပြီ၊ သွားတွေလည်း ကျိုးသွားပြန်ပြီ၊ ဘဝတစ်ခုမှာ အသေပဲထွက်ထွက် အရှင်ပဲထွက်ထွက် ဘီလူးစားခံရတာချင်း အတူတူပဲနော်။

အဲဒီတော့ ဘဝတစ်ခု မရအောင် ဘာလုပ်ရမှာလဲ? အဝိဇ္ဇာဆိုတဲ့ မျက်နှာဖုံးကို ခွာ၊ ဘီလူးရုပ်သွင် ပေါ်လာမယ်၊ ပေါ်လာတဲ့အခါကျတော့ ကြောက်တယ်၊ မလိုချင်တော့ဘူး၊ မကြိုးစားတော့ဘူးဆိုတော့ အဝိဇ္ဇာပျောက်ရင် တဏှာလည်း ပျောက်တယ်၊ တဏှာပျောက်ရင် ကံတွေရဲ့ အစွမ်းသတ္တိလည်း ပျောက်သွားတယ်၊ ပျောက်သွားသည့်အတွက်ကြောင့် သူတို့ ဖန်တီးနေတဲ့ လုပ်ကြံဇာတ်လမ်းကြီးဟာ မပေါ်လာတော့ဘူး၊ မပေါ်လာလို့ရှိရင်... ဘီလူးစားခံရခြင်းက လွတ်သွားတယ်၊ အဲဒီနည်းကို ဘုရားက ဟောတာပဲ။

[၉၂] မအိုရာ မနာရာ မသေရာဆိုတာ တချို့က ထင်နေတယ်၊ လူဖြစ်လာပြီး ဘယ်တော့မှ မအိုတော့ဘူးလို့ ထင်တာ၊ ဖြစ်ကို မဖြစ်တော့တာနော်၊ နိဗ္ဗာန် ဆိုတာ ဖြစ်ကို မဖြစ်တော့တာ၊ ဘာလို့ မဖြစ်တုန်းဆို ခုနက လှည့်စားမှုတွေနဲ့ လိုချင်မှုတွေ မရှိတော့ဘူး၊ မရှိသည့်အတွက်ကြောင့် ဘဝဆိုတာ စကို မစလာတော့ဘူး၊ အဲဒီ နည်းလမ်းကိုပဲ မြတ်စွာဘုရားက ရှာဖွေတွေ့ထားတာတဲ့၊ ဖြစ်လာတဲ့ သတ္တဝါကို မအိုအောင် လုပ်နိုင်တာတော့ မဟုတ်ဘူး၊ မဖြစ်အောင် လုပ်တဲ့ နည်းစနစ်တဲ့။ ပုထုဇဉ်တွေအနေနဲ့ ကြည့်မယ်ဆိုရင် မဖြစ်ဘူးဆိုလို့ရှိရင် လူတွေက မကြိုက်တော့ဘူး၊ ဖြစ်ချင်နေတာလေ၊ ဖြစ်ချင်နေတဲ့ ဘဝတဏှာ ရှိနေသမျှ ကာလပတ်လုံး မဖြစ်ရတော့ဘူးဆိုရင် နိဗ္ဗာန်ဟာ ကြောက်စရာကြီး ဖြစ်သွားတယ်၊ ဘာဖြစ်လို့လဲ၊ လိုချင်တဲ့ တဏှာရဲ့ လွှမ်းမိုးမှုက ချုပ်ကိုင်ထားမှုကြောင့် ကိုယ့်အနေနဲ့ ဖြစ်တာကိုပဲ ကြိုက်တယ်၊ ဖြစ်တာကိုပဲ ကြိုက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဖြစ်တာကို မကြိုက်သည်ထိအောင် မြင်အောင် ကြိုးစားကျင့်တာကို ဝိပဿနာ အားထုတ်တယ်လို့ ခေါ်တယ်နော်။

အမှန်မသိသေးတော့ ဘီလူးကို ဘီလူးမှန်း မသိသေးတာ၊ အဲဒီတော့ ဘီလူးကို ဘီလူးမှန်းသိအောင် ဝိပဿနာတရား အားထုတ်တယ်၊ ဘီလူးမှန်းလည်း သိပြီ မကြိုက်တော့ဘူး၊ ဝိပဿနာဉာဏ်တွေ ဖြစ်လာတယ်၊ အဲဒီကျတော့ ကံတရား [၉၃] တွေကို ဖယ်ရှား၊ ကိလေသာတွေကို ဖယ်ရှားလိုက်တဲ့အခါ အရဟတ္တမဂ် ဆိုတဲ့ ဉာဏ်ရလာတယ်၊ အဲဒီ လမ်းကြောင်းကို မြတ်စွာဘုရားက ရှာတွေ့တာတဲ့။

ဘုရားမပွင့်ခင်က ဒီလမ်းကို မတွေ့ဘူး၊ မသေရာတရားကို ရှာနေတာ၊ အခုခေတ်လည်း ရှာကြတယ်လေ ဓာတ်လုံးလေးထိုး ဆေးလေးသောက် ဓာတ်ပြာလေး ပျားရည်နဲ့ ရောသောက်၊ ဒါလေးစားရင် မအို, မနာ, မသေ၊ ဆေးတောင်မှ နာမည်ပေးထားသေးတယ်၊ မအို, မနာ, မသေဆေးတဲ့နော်။

လူတိုင်းလူတိုင်းဟာ အိုလည်း မအိုချင်ဘူး၊ နာလည်း မနာချင်ဘူး၊ သေလည်း မသေချင်ဘူး၊ တကယ်တော့ ရလားဆို မရဘူး၊ နောက်ဆုံးမှာ အသက်တောင် ဆွဲဆန့်လို့ မရတာကြီးကို မအိုမသေဖို့ဆိုတာ အခဲယဉ်းကြီးလေ၊ မသေချင်ဘဲနဲ့ပဲ သေရမှာပဲ၊ အဲဒီတော့ မြတ်စွာဘုရားက မသေရာလမ်းကြောင်းဆိုတဲ့ အကောင်းဆုံး လမ်းကြီးကို ရှာဖွေတွေ့ထားတာ၊ ဒါကြောင့်မို့ ‘သုဂတ’ လို့ ခေါ်တာ။

အဲဒီ မသေရာလမ်းကြောင်းဆိုတာ ဘယ်လမ်းလဲဆိုရင် မဂ္ဂင်ရှစ်ပါး တည်းဟူသော လမ်းကြောင်းပဲ၊ အဲဒီ မဂ္ဂ ဆိုတဲ့ လမ်းဟာ ဘာနဲ့ ဖွဲ့စည်းထားတာတုန်းဆိုတော့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ လို့ ခေါ်တဲ့ ဒီရှစ်ပါးနဲ့ ဖွဲ့စည်းထားတာ၊ မဂ္ဂဆိုတာ ဒီအဖွဲ့အစည်းတစ်ရပ်ရဲ့ နာမည်၊ ဒီရှစ်ပါးကို ပေါင်းပြီးတော့ “မဂ္ဂ” လို့ ခေါ်တာ။

[၉၄] ဝိပဿနာတရား အားထုတ်နေတဲ့အချိန်မှာလည်း ဒီရှစ်ခုနဲ့ သွားနေတာ၊ သို့သော် စွမ်းအားပြည့်သွားပြီဆိုရင် မဂ်ဉာဏ် ဖြစ်သွားပြီ၊ အဲဒီတော့ လုပ်ရတာက ဝိပဿနာမဂ္ဂ၊ ရလိုက်တာက အရိယာမဂ္ဂ၊ ဝိပဿနာက အလုပ်လုပ်ပြီး အသိဉာဏ်တွေ ဖွံ့ဖြိုးလာအောင်၊ အတွေးတွေ မှန်ကန်လာအောင် ကိုယ်ကျင့်တရားကို အခြေခံပြီးတော့ ကြိုးစားမှုတွေ သတိထားမှုတွေ သမာဓိတွေ ဒီစွမ်းအားတွေကို မြှင့်ရင်းမြှင့်ရင်းနဲ့ နောက်ဆုံးမှာ ဒီရှစ်ခုက တစ်ခုတည်းကဲ့သို့ ဖြစ်သွားတယ်၊ စွမ်းအားပြည့်တယ်ဆိုတာ ဝိပဿနာအခိုက်တုန်းကတော့ ရှစ်ခုက ရှစ်မျိုးဖြစ်နေကြတယ်၊ တစ်စထောင် တစ်စလဲနဲ့ ရှစ်မျိုးမှန်းသိသာတယ်၊ အလုပ်တွေလုပ်နေကြတာ။

အဲဒီရှစ်ခုက တပေါင်းတည်း ဖြစ်သွားပြီဆိုရင် အရိယာမဂ္ဂ ဖြစ်သွားပြီ၊ တစ်ခုတည်းဖြစ်သွားပြီဆိုရင် စွမ်းအင်တွေ အားလုံးစုသွားတယ်၊ တစ်ခုတည်းလိုဖွဲ့စည်းပြီး စည်းလုံးညီညာ သွားပြီ ဆိုလို့ရှိရင် ကိလေသာအားလုံးကို ဖယ်ရှားပစ်လိုက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားကို “သောဘဏဂမနတ္တာ သုဂတော” တင့်တယ်သော အပြစ်ကင်းသော လမ်းကြောင်းရှိတဲ့ပုဂ္ဂိုလ်မြတ်တဲ့ ဒီလို အဓိပ္ပာယ်ရတယ်။

ဘာသာတရားကို ဟောပြောနေတဲ့ ပုဂ္ဂိုလ်တွေ ဒီလမ်းကြောင်းမတွေ့ဘူး၊ ရှာလို့မရဘူး၊ ဗြဟ္မာ့ပြည်ကိုပဲ ပန်းတိုင် [၉၅] ထားပြီး ကျင့်ကြတာ၊ ကမ္ဘာပေါင်းချီပြီး နှစ်ပေါင်းကြာစွာ အသက်ရှည်တာကိုပဲ မအို, မနာ, မသေ မှတ်ထင်နေကြတာ၊ ဘာထူးလဲ ခုခေတ် ထင်ရှားရှိတဲ့ ဘာသာတရားတွေ ကြည့်လိုက်၊ သူတို့ပြောတယ်မဟုတ်လား၊ သေလို့ရှိရင် ဘယ်သွားလဲ “ကောင်းကင်ဘုံ” သွားတယ်၊ ကောင်းကင်ဘုံဆိုတာ ဗြဟ္မာ့ပြည်ကိုပြောတာ၊ ဗုဒ္ဓဘာသာ တရားတော်အရ ဈာန်ရမှ ဗြဟ္မာ့ဘုံ ရောက်တာ၊ သမာဓိကျင့်စဉ်တွေကို ကျင့်မှရတာ၊ ဘုရားရှိခိုးရုံလေးနဲ့ Confession လုပ်ရုံလေးနဲ့ ဗြဟ္မာ့ပြည်ရောက်ဖို့ဆိုတာ ဝေလာဝေး၊ ဗြဟ္မာ့ပြည်မပြောနဲ့၊ လူ့ပြည်ပြန်ဖြစ်ရင် ကံကောင်း။

လမ်းကြောင်းအမှန်ကို မြတ်စွာဘုရား ထုတ်ဖော်ဟောထားတယ်၊ ဗြဟ္မာ့ပြည်ရောက်ချင်ရင် သမထကျင့်စဉ်တစ်ခုကိုကျင့်၊ ရောက်ကိုရောက်တယ်။ သို့သော် ဗြဟ္မာ့ပြည်ဟာ လမ်းဆုံးလားဆိုတော့ ဘယ်ဟုတ်မလဲ၊ ရှည်တော့ရှည်တယ် သို့သော် သေမှာပဲ ဒီလိုဆိုလိုတယ်။ အဲဒီတော့ ဒီ မသေတဲ့ လမ်းကြောင်းကို ဘယ်သူမှမတွေ့ဘူး၊ အကောင်းဆုံး အစစ်မှန်ဆုံး အပြစ်ကင်းဆုံးလမ်းကြောင်းကို မြတ်စွာဘုရားကိုယ်တိုင် စတွေ့တာဖြစ်သောကြောင့် ... သုဂတ - အကောင်းဆုံးသော လမ်းကြောင်းကို လျှောက်လှမ်းပြီးသူ ဆိုတဲ့ အဓိပ္ပာယ်နဲ့ အကောင်းဆုံးသော လမ်းကြောင်းရှိတဲ့ ပုဂ္ဂိုလ်မြတ်အနေနဲ့ “သုဂတ” လို့ခေါ်တာ၊ ဒါက အဓိပ္ပာယ်တစ်ခုနော်။

သောဘဏဂမနတ္တာ သုဂတော
တင့်တယ်သော
သွားခြင်း သွားရောက်တဲ့လမ်းကြောင်းရှိတဲ့ပုဂ္ဂိုလ်မြတ်လို့ ဒီလို
[၉၆] အဓိပ္ပာယ်ရတယ်၊ ဒါက အလွန်ကြီးမားတဲ့ဂုဏ်ရည်၊ ကမ္ဘာမှာ ဘယ်ပညာရှိမှ မတွေ့ခဲ့ဘူး၊ ဂေါတမဗုဒ္ဓပဲတွေ့တယ်၊ ကျန်တဲ့ ပုဂ္ဂိုလ် မတွေ့ဘူး၊ ဒီလိုဆိုလိုတာပေါ့။

သု ဌာနံ ဂတတ္တာ သုဂတော

ဟော - နောက်တစ်ခုက ဘာလဲဆိုရင် အဲဒီလမ်းကြောင်းကိုတော့ တွေ့ပြီးပြီ၊ အဲဒီလမ်းအတိုင်း လျှောက်သွားလို့ လမ်းဆုံးကိုရောက်ပြီဆိုတာက အဓိပ္ပာယ်တစ်ခုဖြစ်တယ်။ မြတ်စွာဘုရားဟာ အဲဒီလမ်းကြောင်းအတိုင်းသွားလို့ လမ်းဆုံးကိုလည်း ရောက်ပြီးပြီ၊ လမ်းဆုံးကဘာလဲ? နိဗ္ဗာန် ပေါ့နော်၊ မအိုဘူး မနာဘူး မသေဘူးဆိုတဲ့ နည်းလမ်းကို တွေ့ထားပြီ၊ မှန်တယ် သောဘဏဂမနတ္တာ သုဂတော - အကောင်းဆုံးသောလမ်းကြောင်းရှိတဲ့ပုဂ္ဂိုလ်၊ လမ်းကြောင်းရှိတဲ့အတိုင်း လျှောက်လှမ်းပြီးပြီလားဆိုရင် လျှောက်လှမ်းပြီးပြီ။ ဒါကြောင့် သုဂတ - အကောင်းဆုံးသော နိဗ္ဗာန်ဆိုတဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းလို့ အကောင်းဆုံးသော နိဗ္ဗာန်ဆိုတဲ့ လမ်းဆုံးကို ရောက်ပြီးဖြစ်ပြီ၊ ဟော - ဒါကလည်း “သုဂတ” ရဲ့ အဓိပ္ပာယ်တစ်ခုပဲ။

မြတ်စွာဘုရားဟာ လမ်းစဉ်ကိုသာ ဖော်ထုတ်တာမဟုတ်ဘူး၊ လမ်းဆုံးပန်းတိုင်ကိုလည်း ရောက်သွားပြီးဖြစ်တယ်။ လမ်းဆုံး ဘယ်နားနေမှန်းမသိဘူးဆိုရင် ချီတက်သာသွားတာ [၉၇] လမ်းလည်းမဆုံးဘူး၊ ရောက်လည်း မရောက်ဘူး။ ဥပမာ လူတစ်ယောက် ခရီးသွားသလိုပေါ့၊ သူက ခရီးသွားရင်း ဘာလုပ်တုန်းဆိုရင် “ငါက လမ်းမသိဘူး၊ အဲဒီတော့ အထုပ်ကြီးကြီးကို ရှေ့ကထား၊ အထုပ်သေးသေးကို နောက်ကထား၊ အဲဒီအထုပ်ကြီးကြီးရှိတဲ့ဘက်သာလျှောက်သွား ရောက်တယ်ပေါ့” တစ်ရက်ကျတော့ သူက လမ်းမှာ အိပ်ပျော်နေတယ်၊ လူတစ်ယောက်က အထုပ်ကြီးနဲ့ အထုပ်သေး ပြန်လှည့်ထားတယ်၊ အဲ့အထုပ်ကြီးရှိတဲ့ဘက် သွားလိုက်တာ အိမ်ပြန်ရောက်သွားတယ်၊ ဟော - အဲဒါမျိုးဖြစ်နေတယ်။

အရိယမဂ်ဆိုတဲ့လမ်းကြောင်းကို မြတ်စွာဘုရား ပထမဆုံး တွေ့ရှိတယ်၊ အဲဒီ လမ်းကြောင်းအတိုင်း လျှောက်တယ်၊ လမ်းဆုံးပန်းတိုင်ကိုလည်းရောက်ခဲ့ပြီ၊ အဲဒါကြောင့်မို့ သုဂတ - လမ်းကြောင်းကိုလည်း သိသူ၊ လမ်းဆုံးကိုလည်း ရောက်ပြီးသူ ဆိုတဲ့ အဓိပ္ပာယ်ရတယ်ပေါ့။

စာပေကျမ်းဂန်မှာ ဘယ်လိုဖွင့်ပြတုန်းဆိုရင် “သုန္ဒရံ နိဗ္ဗာနံ ဂစ္ဆတီတိ သုဂတော” အလွန်ကောင်းမွန်တဲ့ဌာနကို ရောက်ရှိသူ ဖြစ်လို့ “သုဂတ” တဲ့။ ကောင်းတယ်ဆိုတာ ဘာဖြစ်လို့ကောင်းတာတုန်း၊ အဲဒီနေရာရောက်သွားရင် ဒုက္ခဆိုတာ တစ်ခုမှ မရှိတော့ဘူး၊ ဒုက္ခတွေ ကင်းသွားလို့ကောင်းတာ။

သံသရာထဲမှာ ဆိုရင် ဒုက္ခတွေက အလွန်များတယ်လေ။ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲတွေရှိတယ်။ သင်္ခါရတွေနဲ့ ရှိနေသည့်အတွက်ကြောင့် ဖြစ်ပြီးရင်ပျက်နေတဲ့ [၉၈] ဒုက္ခကြီးကို ဘယ်သူမှတားဆီးလို့မရဘူး၊ ဟော - နိဗ္ဗာန်ကျတော့ အဲဒီဒုက္ခတွေ မရှိဘူး၊ အေးချမ်းတယ်၊ ဒါကြောင့်မို့ နိဗ္ဗာန်ဟာ သုန္ဒရဌာန အလွန်ကောင်းတဲ့နေရာကြီးတစ်ခုပဲ၊ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းတယ်၊ အဲဒီ နိဗ္ဗာန်ဆိုတဲ့ လမ်းဆုံးကိုလည်း ဒီလမ်းကနေလျှောက်ပြီး ကိုယ်တိုင်ရောက်သွားပြီးပြီလို့ ဒီလို ပြောတာနော်၊ အဲဒါ ဒုတိယအဓိပ္ပာယ်။

သာဂတတ္တာ သုဂတော

တတိယ အဓိပ္ပာယ်က မြတ်စွာဘုရားရဲ့ ဒီဖြတ်သန်းမှုဟာ နောက်ကြောင်းမပြန်တဲ့ ဖြတ်သန်းမှုလို့ခေါ်တယ်။ ဘုရားသွားတဲ့ လမ်းကြောင်းဟာ နောက်ကြောင်းပြန်တဲ့လမ်း မဟုတ်ဘူး၊ အေး - နောက်ကြောင်းပြန်တယ် .. ဆိုကတည်းက စမ်းတဝါးဝါး လုပ်နေရရင်တော့ နောက်ကြောင်းပြန်မှာပဲ သေချာတယ်။ ရှေ့တစ်လှမ်းသွားလိုက် နောက်နှစ်လှမ်း ဆုတ်လိုက် ဖြစ်နေတယ်လေ။ ရှေ့တစ်လှမ်းတိုး နောက်နှစ်လှမ်း ဆုတ်ဆိုတဲ့ လမ်းစဉ်ကြီးပေါ့။ ဘယ်လိုလုပ်ရောက်မလဲ၊ ရှေ့တစ်လှမ်းထဲတိုးပြီး နောက်ကို နှစ်လှမ်းဆုတ်တယ်ဆိုတော့ ကြေနေပြီ၊ သူ ဒီနေရာပဲ ရပ်ရမယ့်သဘော ဖြစ်နေတယ်၊ အဲဒီလို မဟုတ်ဘူးတဲ့။

မြတ်စွာဘုရားက နောက်ကြောင်းမပြန်ဘူး၊ ဘာကြောင့် နောက်ကြောင်း မပြန်တုန်း၊ သူလျှောက်တဲ့လမ်းက မှန်ကန်တဲ့ လမ်း ဖြစ်လို့ပဲ။ လုပ်တဲ့လုပ်ရပ် အင်မတန်မှ သေသေသပ်သပ် [၉၉] ရှိတာ ဖြစ်သောကြောင့် အားလုံးဟာ ရှင်းပြီးသား ဖြစ်သွားတယ်၊ ဒီလိုဆိုလိုတာပေါ့နော်။ အဲဒီတော့ အဓိပ္ပာယ်က ဘယ်လိုဖွင့်တုန်း “သမ္မာ ဂတတ္တာ” တကယ့်ကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖယ်ရှားလျှောက်လှမ်းသွားတာ ဖြစ်သောကြောင့် မြတ်စွာဘုရားဟာနောက်ကြောင်းပြန်လာတာမရှိဘူး၊ ဘာတွေ နောက်ကြောင်း မပြန်တာတုန်းလို့ဆိုလို့ရှိရင် ကြည့် - မြတ်စွာဘုရားဟာ မဂ္ဂင်ရှစ်ပါး အကျင့်တရား ကျင့်စဉ် အတိုင်း ကျင့်လိုက်တယ်၊ ကျင့်လိုက်တဲ့အခါမှာနော် ဝိပဿနာဉာဏ် အဆင့်ဆင့် ကျင့်သွားတယ်၊ သောတာပတ္တိမဂ် ရလိုက်တယ်၊ သောတာပတ္တိမဂ်နဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာကို ပယ်လိုက်တယ်၊ အဲဒီ ဒိဋ္ဌိ ဝိစိကိစ္ဆာဟာ ပြန်ပြီးခေါင်းထောင်လာတာ မရှိတော့ဘူး၊ နောက်ကြောင်း မပြန်တော့ဘူး။ ပယ်တယ်ဆိုတာ တစ်ခါတည်းပယ်တာ။ သောတာပန်ဖြစ်ပြီးတဲ့နောက်မှာ ဒိဋ္ဌိ ဝိစိကိစ္ဆာ ဘယ်တော့မှ ပြန်မလာတော့ဘူး။ အပြီးသတ် အနိုင်ရခြင်းပဲ ဖြစ်တယ်၊ အဲဒါဟာ မှန်ကန်တဲ့ လုပ်ဆောင်ချက်လို့ ဒီလိုအဓိပ္ပာယ်ရတယ်၊ နောက်ကြောင်းပြန်မလာဘူး။

သကဒါဂါမိမဂ်နဲ့ အပါယဂါမနီယဖြစ်တဲ့ ကိလေသာတွေ လောဘတွေ ဒေါသတွေကို လျှော့ချတဲ့အခါမှာ လျှော့ချပြီး ကိလေသာတွေ ပြန်ပြီးရှင်သန်အားပြည့်လာတယ်ဆိုတာ မရှိဘူးတဲ့၊ နောက်ကြောင်းမပြန်တော့ဘူး၊ အနာဂါမိမဂ်နဲ့ ကာမရာဂနဲ့ ဗျာပါဒ၊ ကာမဂုဏ်အာရုံကို တွယ်တာတဲ့ လောဘနဲ့ အလိုမကျတဲ့ ဒေါသဆိုတာတွေဟာလည်း ဖယ်ရှားပြီးဖြစ် [၁၀၀] တယ်။ ဘယ်တော့မှ ပြန်မပေါ်အောင် ဖယ်ရှားတယ်၊ နောက်ကြောင်း မပြန်ဘူးလို့ ဒီလိုဆိုတာပေါ့နော်။

တစ်ခါ အရဟတ္တမဂ်နဲ့ ကိလေသာ ဖယ်လိုက်တယ်၊ အဲဒီ ဖယ်လိုက်တဲ့ ကိလေသာတွေဟာ ဘယ်ကိလေသာမှ ပြန်ပြီး ခေါင်းထောင်ထလာတာ မရှိဘူးတဲ့၊ အပြီးသတ်သွားတာ ဖြစ်သောကြောင့် ဒီလမ်းကြောင်းဟာ နောက်ကြောင်း ပြန်လှည့်စရာ အကြောင်းတစ်ခုမှ မရှိဘူး၊ ရှေ့ကိုသာ ဆက်သွား ဆက်သွားပြီးတော့ အားလုံး ကိလေသာတွေကို အပြတ်ရှင်းပြီးသားဖြစ်လို့ မြတ်စွာဘုရားရဲ့ သွားရောက်ခြင်းဟာ မှန်ကန်သော သွားရောက်ခြင်း၊ မြတ်စွာဘုရားရဲ့ လမ်းစဉ်ဟာ တိကျမှန်ကန်တဲ့ အလုပ်ဖြစ်တဲ့လမ်းစဉ်လို့ ဒီလိုအဓိပ္ပာယ်ရတယ်၊ သမ္မာ ဂတတ္တာ ကောင်းသောနည်းဖြင့် သွားရောက်ခြင်းလို့ ဒီလိုဆိုလိုတယ်နော်။

အဲ - မသေမသပ် လုပ်ထားလို့ရှိရင်တော့ ပြန်ပြန်လုပ်ပေတော့၊ မသေသပ်လို့ရှိရင် ပြန်ပြန်လုပ်ရတယ်လေ၊ သေသေသပ်သပ် လုပ်ထားလို့ရှိရင် နောက်ကြောင်းပြန်စရာ မရှိဘူး၊ အပြီးသတ် ဖြစ်သွားတယ်။ ဒါကြောင့်မို့ နောက်ကြောင်း မပြန်ဘူးလို့ ဒီလိုဆိုလိုတာ၊ ရှေ့ကိုသာ ဆက်သွားတယ်၊ အဲဒါဟာ သုဂတ ဂုဏ်တော်ရဲ့ အဓိပ္ပာယ်တစ်ခုပဲ။ အင်မတန်မှ ချီးမွမ်းစရာကောင်းပြီးတော့ ကျေနပ်စရာကောင်းတဲ့ မြတ်စွာဘုရားရဲ့ အရည်အချင်းတွေပေါ့၊ ဒါမျိုးမှ ဘုရားဆိုတာ ဖြစ်တယ်ပေါ့။

[၁၀၁] သမ္မာ ဂတော သုဂတော

နောက်တစ်ခုက “သမ္မာဝါ ဂတော” တဲ့၊ မြတ်စွာဘုရား လျှောက်လှမ်းလာတဲ့ ခရီးကြောင်းကို ပြန်ကြည့်၊ ဘုရားဖြစ်ဖို့ လျှောက်လှမ်းလာတဲ့ လမ်းဟာလည်းပဲ မှန်ကန်တဲ့ လမ်းကြောင်းပဲ။ လမ်းမှားနေလို့ရှိရင် ဘုရား ဘယ်ဖြစ်မှာတုန်းနော်၊ ဘုရားမပြောနဲ့ မန္တလေးသွားရင်တောင် လမ်းမှားပြီးတော့ မိုးကုတ်လမ်း လိုက်သွားရင် ရောက်မှာ မဟုတ်ဘူးနော်။ အဲဒီတော့ မန္တလေးသွားရင် မန္တလေးလမ်းကြောင်းပေါ်မှာ ရောက်နေရမယ်၊ မြတ်စွာဘုရားလာခဲ့တဲ့လမ်းက မှန်ကန်တဲ့ လမ်းကလာတာ၊ ဘယ်ကလာခဲ့တာတုန်းလို့ မေးလိုက်လို့ရှိရင် ဘဝမှာ အရင်တုန်းက မထင်မရှားပဲ။

ဒီပင်္ကရာမြတ်စွာဘုရားနဲ့ တွေ့တဲ့အခါ သုမေဓာရသေ့ ဘဝမှာ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး စွန့်လွှတ်အနစ်နာခံနိုင်လောက်အောင် စိတ်ဓာတ်ပြင်းထန်တယ်။ ချမ်းသာသမျှ ပစ္စည်းဥစ္စာတွေလည်း အကုန်လုံး စွန့်လွှတ်တယ်၊ ဒီပင်္ကရာ မြတ်စွာဘုရားနဲ့ သံဃာတွေ ဗွက်မနင်းရအောင် သူ့ပေါ် နင်းသွားပါလို့ အသက်ကိုစွန့်တယ်၊ အကယ်၍သာ ဘုရားနဲ့ ရဟန္တာတွေသာ နင်းသွားမယ်ဆိုလို့ရှိရင် အရိုးတောင်မှ မှုန့်သွားလိမ့်မယ်ထင်ပါရဲ့။ ဒီလို ဘုရားကို တံတားခင်းပြီးတော့ လှူတယ်ဆိုတာ အသက်စွန့်ရတာ၊ အသက်စွန့်ပြီးတော့ လှူတာ။

[၁၀၂] အဲဒီနည်းနဲ့ ဒီပင်္ကရာ မြတ်စွာဘုရားထံ ဗျာဒိတ်ခံပြီးတော့ ပါရမီဆယ်ပါး အကျင့်တရားတွေကို ဦးလည်မသုန် ဖြည့်ကျင့်ခဲ့တယ်။ နောက်ဆုတ်မယ်ဆိုတဲ့စိတ်ဓာတ် မရှိဘူး၊ ရှေ့ကိုတိုးပြီး ကျင့်မယ်ဆိုတဲ့စိတ်နဲ့ ကျင့်လာခဲ့တာ။ အဲဒီ လမ်းကြောင်းဟာလည်းပဲ အလွန်ပဲဖြောင့်တန်းတယ်၊ သူ သန္နိဋ္ဌာန်ချထားတဲ့ အတိုင်းပဲနော်၊ ကမ္ဘာပေါင်း လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာခဲ့တယ်။

လေးအသင်္ချေဆိုတာ မရေမတွက်နိုင်တဲ့ ကမ္ဘာလေးခါ ကြုံခဲ့တယ်။ ဒါကို လေးအသင်္ချေလို့ ခေါ်တယ်၊ ဘယ်ဘုရားတွေကြားမှာ မရေမတွက်နိုင်တဲ့ကမ္ဘာလေးခါ .. ကြုံရတုန်းဆိုတော့ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်ပြီးတဲ့နောက် ကောဏ္ဍည ဘုရားပွင့်တယ်။ အဲဒီတော့ ကောဏ္ဍညဘုရားနဲ့ ဒီပင်္ကရာ ဘုရားကြားမှာ ကမ္ဘာပေါင်း ဘယ်လောက်ကြာတယ်ဆိုတာ အရေအတွက် မရှိဘူး၊ အဲဒါကို တစ်အသင်္ချေလို့ မှတ်တယ်၊ အဲဒီလိုပေါင်း လေးခါကြုံခဲ့တယ်။ ပဒုမုတ္တရ မြတ်စွာဘုရားရဲ့ နောက်ကစ ကမ္ဘာတစ်သိန်းတွက်တယ်၊ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အဲဒီလိုအဓိပ္ပာယ်ယူရတယ်။

မရေမတွက်နိုင်တဲ့ကမ္ဘာက လေးခါ ဘုရားနဲ့တွက်တာနော်၊ မရေမတွက်နိုင်တဲ့ ကမ္ဘာတွေ ခြားသွားတာက လေးခါ၊ ရေတွက်လို့ရတဲ့ကမ္ဘာက တစ်သိန်း၊ အားလုံး အဲဒီ လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းမှာ ဒါနစတဲ့ပါရမီတွေကို ဖြည့်ကျင့်ခဲ့တာ မှန်ကန်တဲ့လမ်းကြောင်းနဲ့ လျှောက်လှမ်းလာသည့် [၁၀၃] အတွက်ကြောင့် ဂေါတမဘုရားဘဝကို ရောက်လာသည်ထိအောင် ဒီလမ်းကြောင်းအတိုင်း လျှောက်လာလို့ ဘုရားဖြစ်လာတာ၊ အဲဒါကိုပြောတာ သမ္မာဂတော စွဲစွဲမြဲမြဲ လျှောက်လှမ်းလာခဲ့တာ။

သာမန်ဇွဲမျိုးနဲ့ လူဆိုရင် ဘယ်ဖြစ်ပါ့မတုန်းနော်၊ သာမန် ဇွဲသမားဆို ဘယ်ဖြစ်မလဲ၊ ဒီဘဝလေးတောင်မှ စိတ်မရှည်တဲ့လူမျိုးက အများကြီးပဲနော်၊ ဖြစ်မှာဟုတ်ပါဘူးဆိုပြီး လျှော့လိုက်ကြတာ၊ မြတ်စွာဘုရားအလောင်းကတော့ .. ဖြစ်မှာမဟုတ်ဘူးဆိုတဲ့စိတ်ဓာတ် လုံးဝမရှိဘူး၊ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အတိုင်းပဲ ရှေ့ကိုဦးတည်ပြီး သွားနေတာ၊ အဲဒီလို ရှေ့ကို ဦးတည်သွားတာကိုပဲ သမ္မာဂတတဲ့။ မှန်ကန်တဲ့ လမ်းကြောင်း ပေါ်မှာ လျှောက်လှမ်းသွားတယ်။

ဘုရားဘဝရောက်လာတဲ့အခါကြည့်၊ သိဒ္ဓတ္ထ မင်းသား ဖြစ်တဲ့အခါမှာ စည်းစိမ်ချမ်းသာတွေက အလွန်ကြီးမားတယ်ပေါ့။ ဘုရင့်သားလဲဖြစ်တယ်၊ အလွန်ချမ်းသာကြွယ်ဝတဲ့ မျိုးရိုး ထဲမှာလည်းဖြစ်တယ်၊ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ချမ်းချမ်းသာသာနေရတယ်၊ သူ့ ဘဝမှာ ပျော်စရာချည်းပဲနော်၊ ပျော်စရာချည်းပဲနေတဲ့ဘဝမျိုးကို မစွန့်လွှတ်ဘဲနဲ့ ဘုရားဖြစ်ဖို့ ခက်တယ်လေ။ ဒါကြောင့်မို့လို့ အဲဒါတွေကို စွန့်လွှတ်ခြင်းဟာလည်းပဲ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းခြင်းပဲ ဖြစ်တယ်။

[၁၀၄] စွန့်လွှတ်ပြီးတဲ့ နောက်မှာကြည့်၊ ဘုရားအလောင်းက တရားဓမ္မကျင့်တာ၊ တရားဓမ္မကျင့်တဲ့အခါမှာလည်း အစွန်းရောက်တဲ့အကျင့်တွေကို ရှောင်ရှားပြီး မှန်ကန်တဲ့လမ်းကြောင်းက သွားတာ။ ဘဝဟာ ထာဝရမြဲတယ်လို့ယူဆတဲ့ သဿတ အစွန်း၊ ထာဝရပြတ်စဲသွားတယ်လို့ ယူဆတဲ့ ဥစ္ဆေဒ အစွန်း နော်။ ထာဝရတည်မြဲနေတယ်လို့ယူတဲ့ သဿတ၊ ထာဝရပြတ်စဲသွားတယ်လို့ယူတဲ့ ဥစ္ဆေဒ၊ အဲဒီလမ်းကြောင်းနှစ်ခုကို ရှောင်ရှားပြီး အလယ်လမ်းကလာခဲ့တာ။

“အေး- အကြောင်းရှိသေးရင် ဖြစ်ဦးမှာပဲ၊ အကြောင်းချုပ်လို့ရှိရင် ချုပ်မှာပဲ” ဒါကြောင့် ထာဝရမြဲတယ်ဆိုတာ မဟုတ်ဘူး၊ ထာဝရပြတ်စဲတယ်ဆိုတာလည်း မဟုတ်ဘူး။ အကြောင်းရှိရင် ဖြစ်ဦးမှာပဲ။ အကြောင်းချုပ်လို့ ချုပ်သွားတာကို မြင်သောအားဖြင့် ထာဝရ မြဲတယ်ဆိုတာ မဟုတ်ဘူး၊ ပြန်ပြီးဖြစ်တာကို မြင်သောအားဖြင့် ထာဝရ ပြတ်သွားတယ်ဆိုတာ မဟုတ်ဘူး၊ အကြောင်းရှိရင် ဖြစ်မယ်၊ အကြောင်းမရှိရင် မဖြစ်ဘူးဆိုတဲ့ မှန်ကန်တဲ့လမ်းကြောင်းကနေ သွားလိုက်တာ။ သဿတ အစွန်း၊ ဥစ္ဆေဒအစွန်းကိုရှောင်ပြီး ဖြောင့်မတ်တဲ့လမ်းကနေ တရားကျင့်တာ။

နောက်ဆုံးမှာ အရိယမဂ္ဂင် ကျင့်စဉ်ကို ကျင့်တဲ့အခါမှာ ကာမသုခလ္လိကာနုယောဂလို့ ဆိုတဲ့ ဇိမ်ခံတဲ့အကျင့်၊ ကာမဂုဏ် အာရုံတွေကိုခံစားတဲ့အကျင့်ကို ရှောင်ရှားတယ်။ ဒုက္ခခံခြင်းဖြင့် [၁၀၅] ကိလေသာတွေကို ကုန်နိုင်တယ်ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုကိုယ် နှိပ်စက်ပြီးကျင့်တဲ့အကျင့်မျိုး။ အတ္တကိလမထာနုယောဂ အကျင့်မျိုးကိုလည်း ရှောင်ရှားတယ်၊ ဇိမ်ခံတဲ့အကျင့်ကိုလည်း ရှောင်ရှားတယ်၊ နှိပ်စက်တဲ့အကျင့်ကိုလည်း ရှောင်ရှားတယ်။ ကာမသုခလ္လိကာနုယောဂဆိုတာ သုခဆိုသမျှကိုပယ်တာ မဟုတ်ဘူး၊ ကာမသုခကို လက်မခံရဘူး၊ ကာမသုခ ခံစားတယ်ဆိုတာ တဏှာရာဂစိတ်နဲ့ပဲ ခံစားလို့ရတယ်၊ ကာမသုခက တခြား သုခတွေကိုတော့ မပယ်လှပ်ဘူး၊ ခံစားသင့်တဲ့ ချမ်းသာကို ခံစားတယ်။

အတ္တကိလမထာနုယောဂမှာ မလိုအပ်ဘဲ ဒုက္ခခံတဲ့ တပ အကျင့်မျိုးတွေကို ဆိုလိုတာ။ ဆင်းရဲခံသင့်တာကို ခံတယ်၊ ဥပမာမယ် တရားထိုင်တယ် ညောင်းမယ်ညာမယ်နော် အဲဒါတွေကို သည်းခံတယ်၊ ဥပုသ်စောင့်တယ် ညနေ ထမင်းဆာတယ် သည်းခံတယ်၊ အဲဒီလို ကောင်းတာလုပ်တဲ့အခါမှာ ခန္ဓာကိုယ်ကို မငဲ့ညှာဘဲနဲ့ ကြိုးစားအားထုတ်တာ၊ ခံသင့်ရင် ဒုက္ခခံမယ်၊ ဟိုဘက်ဒီဘက်အစွန်းကို ရှောင်ရှားထားတဲ့ မဇ္ဈိမပဋိပဒါ ကျင့်စဉ်ကနေသွားတယ်လို့ ဒီလိုပြောတာနော်။ မဇ္ဈိမပဋိပဒါ ကျင့်စဉ်ဆိုတာ အဲဒါကိုဆိုလိုတယ်။

အဲဒီ မဇ္ဈိမပဋိပဒါ ကျင့်စဉ်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်သွားလို့ မြတ်စွာဘုရားက ဘုရားအဖြစ်သို့ ရောက်သွားတယ်၊ ဆိုလိုတာက “သမ္မာဂတ” ဆိုတာ ပါရမီဖြည့်တုန်းကလည်း မှန်ကန်တဲ့လမ်းကြောင်းက လျှောက်လာခဲ့တာပဲ။

[၁၀၆] ဘုရားဖြစ်ဖို့ ကျင့်တဲ့အခါလည်းပဲ လမ်းမှန်ကနေ လာခဲ့တယ်၊ ဒါကြောင့်မို့ အောင်မြင်ပေါက်ရောက်သွားတယ်။ အဲဒီ အဓိပ္ပာယ်ကိုယူပြီးတော့ မှန်ကန်စွာလာတဲ့ပုဂ္ဂိုလ်၊ မှန်ကန်စွာ ရောက်လာတဲ့ပုဂ္ဂိုလ် ဖြစ်သောကြောင့် သုဂတ- မှန်ကန်တဲ့ ကျင့်စဉ်နဲ့ ဘုရားဖြစ်လာတဲ့ပုဂ္ဂိုလ်လို့ ဒီလို အဓိပ္ပာယ်ရတယ်နော်။

သမ္မာ ဂဒတ္တာ သုဂတော

နောက်တစ်မျိုးက “သမ္မာ ဂဒတ္တာ သုဂတော” သမ္မာဂဒ ဆိုတာ စကားပြောတဲ့အခါ ရွေးချယ်ပြီးတော့ပြောတယ်။ လောကလူတွေက “ပါးစပ်ဆိုတာ ထမင်းစားဖို့နဲ့ စကားပြောဖို့ပဲ” မှန်တယ်၊ ပါးစပ်နဲ့ပဲ စားရတာပဲလေ၊ စကားပြောတာလည်း ပါးစပ်နဲ့ပဲ ပြောရတယ်။ ကဲ-စဉ်းစားကြည့်၊ ဟုတ်တယ် ထမင်းစားဖို့ဆိုပြီး စားချင်ရာစားကြည့်ပါလား၊ ဝက်သားမတည့်ဘဲ ဝက်သားသွားစား၊ မကြာခင် ဘာဖြစ်သွားတုန်း။ ဆီးချိုရောဂါ ရှိတယ်နော်၊ အချိုတွေသွားစားရင် ဘာဖြစ်လဲ၊ စားချင်တိုင်း စားရမှာ မဟုတ်ဘူး၊ “ပါးစပ်ဆိုတာ စားဖို့ထားတာဟေ့၊ စားမယ်” လုပ်လို့မရဘူးလေ၊ စားကြည့်ပါလား၊ ဒုက္ခရောက်မှာပေါ့။ ပါးစပ်ဆိုတာ စကားပြောဖို့ထားတာ၊ ငါပြောချင်တာပြောမယ် ဆိုပြီးပြောရင်လည်း ဒုက္ခရောက်မှာပဲ။ အဲဒီတော့ လောကမှာ ရွေးချယ်မှုဆိုတာရှိတယ်၊ စားသင့်မှစားရမယ်၊ ပြောသင့်မှ [၁၀၇] ပြောရမယ်၊ မြတ်စွာဘုရားဟာ စကားကိုရွေးချယ်ပြီး ပြောသင့်မှပြောတယ်။

ဒါဖြင့် ပြောသင့်တဲ့စကား မပြောသင့်တဲ့စကား ဘယ်လို သတ်မှတ်မလဲ၊ သာမန် အကြမ်းစားပြောမယ်ဆိုရင် မပြောသင့်တဲ့စကား လေးမျိုးရှိတယ်၊ ဒုစရိုက်လေးမျိုးလို့ ဒီလိုခေါ်ကြတာပေါ့နော်၊ မပြောသင့်တဲ့စကားလေးမျိုး။ လိမ်ပြောတဲ့စကားဟာ မပြောသင့်ဘူး၊ တစ်ဖက်သား ကွဲပြဲသွားအောင် မပြောသင့်ဘူး၊ တစ်ဖက်သား နားမချမ်းသာအောင် တရားလက်လွတ် စကားတွေ မပြောသင့်ဘူးတဲ့။ ဒါ မပြောသင့်တဲ့ ဝစီဒုစရိုက်လို့ ဒီလို ခေါ်တယ်၊ ရှောင်ရမယ်။

ပြောသင့်တဲ့စကားကဘာတုန်း၊ မှန်ကန်တဲ့စကား ပြောရမယ်၊ နှစ်ဦးသား ညီညွတ်စေ့စပ်အောင် ပြောရမယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ တစ်ဖက်သားနားချမ်းသာအောင်ပြောရမယ်၊ အကျိုးရှိတဲ့ တရားစကား ပြောရမယ်၊ ဒီလိုဆိုတာ။ ပြောသင့်တာနဲ့ မပြောသင့်တာခွဲခြားသိပြီး ပြောသင့်တာကိုရွေးချယ်ပြီး ပြောရမယ်။ အစားအစာလည်း ထို့အတူပဲ၊ ကိုယ့်ခန္ဓာကိုယ်နဲ့တည့်တဲ့ အစားအစာ ရွေးချယ်ပြီးစားရမယ်၊ မတည့်တာကို ရှောင်ရမယ်။ ဒါ လုပ်ရမယ့်ကိစ္စကလည်း ဒီအတိုင်းပဲလေ။

လောကမှာ စကားခြောက်ခွန်း လူ၌ထွန်း၏။ လောကလူတွေ ပြောလေ့ရှိတဲ့ စကားခြောက်မျိုး ရှိတယ်တဲ့။ အဲဒီ စကားခြောက်မျိုးက ဘာတွေလဲဆိုရင် လူမကြိုက်တဲ့စကားနဲ့ [၁၀၈] ကြိုက်တဲ့စကား၊ ဒီနှစ်ခုကို အရင်မှတ်ရမယ်၊ လူဆိုတာ အကောင်းပြောတိုင်းလည်း ကြိုက်တာမဟုတ်ဘူး၊ အဆိုးပြောတိုင်းလည်း မကြိုက်တာမဟုတ်ဘူး၊ မြှောက်ပြောရင် ကြိုက်တယ်လေ၊ မြှောက်ပြောတာကိုတော့ လူတွေက ကြိုက်ကြတယ်၊ အမြှောက်ကြိုက်တဲ့ အကြောင်းလေးကို ရေးထားတာ ရှိတယ်။ သူဌေးတစ်ယောက်က သူဌေးတစ်ယောက်ဆီက သူက ကြွေးယူထားတယ်။ ကြွေးယူထားတော့ အဲဒီလူလာတိုင်း သူကရှောင်နေတယ် အမြဲတမ်းရှောင်နေတယ်၊ တစ်ရက်တော့ အဲဒီ သူဌေးကြီးက မြင်းကြီးစီးပြီးတော့ လာတယ်။ သူကလည်း အဲဒီလမ်းကလာတော့ ပက်ပင်းပါတွေ့တယ်၊ ကြွေးတင်တဲ့လူနဲ့ ပက်ပင်းပါတွေ့တယ်။ တိမ်းလို့မရဘူး။ သူက ဘာလုပ်တုန်းဆိုရင် “သူဌေးကြီးမြင်းက လှလိုက်တာ လှလိုက်တာ၊ သူဌေးကြီးစီးတာလည်း အင်မတန်မှ စတိုင်ကျတာပဲ၊ ကဆုန်ပေါက်ပြီးတော့ ပြေးမယ်ဆိုရင် ဘယ်လောက်များ ကြည့်ကောင်းလိုက်မလဲ” မြှောက်ပြောလိုက်တယ်။ မြှောက်လိုက်တဲ့အခါ သူဌေးကြီးက မြင်းကို အပြေးစီးပြလိုက်တယ်။ ကြွေးတောင်းဖို့ရာ မေ့သွားတယ်။ လောကလူတွေဟာ ချီးမွမ်းတာတို့ မြှောက်တာတို့ကို ကြိုက်တယ်။

လူကြိုက်တဲ့စကား၊ လူမကြိုက်တဲ့စကား ဒီနှစ်ခုကို အရင်မှတ်ထားပြီးတော့ အဲဒီနှစ်ခုမှာ အကျိုးမရှိတဲ့စကား၊ အကျိုးရှိတဲ့စကား၊ ဒီနှစ်ခုနဲ့ မြှောက်မယ်။ အကျိုးမရှိတာ အကျိုးရှိတာ [၁၀၉] ဒီနှစ်ခုနဲ့ မြှောက်တယ်၊ ပြီးတဲ့အခါ မှန်မမှန်နှစ်ခုနဲ့ ပြန်မြှောက်တယ်။ နှစ်ကိုနှစ်နဲ့မြှောက်တော့ ဘယ်လောက်ဖြစ်မလဲ လေးဖြစ်တာ၊ အဲဒါကိုတစ်ဖန် နှစ်နဲ့ပြန်မြှောက်တော့ ရှစ်ရမယ်။ သို့သော် ဒီနေရာမှာ ရှစ်မယူဘဲ (၆)အနေနဲ့ ပြောပြတာ၊ စကားခြောက်ခွန်း လူ၌ထွန်း၏။

ဘုရားမပြောတဲ့စကားက လေးမျိုး၊ ဘုရားပြောတဲ့စကားက လေးမျိုးပဲရှိတယ်တဲ့။ ဘုရားမပြောတဲ့စကားမှာ လူမကြိုက်တဲ့စကားကို ဘုရားပြောသလားဆိုရင် လူကြိုက်ကြိုက် မကြိုက်ကြိုက် ပြောသင့်ရင် ပြောမှာပဲ၊ အဲဒီတော့ မကြိုက်တဲ့ စကားသုံးခုကို ပြောရအောင်၊ လူမကြိုက်တဲ့စကား နားထောင်တဲ့ ပုဂ္ဂိုလ်က မကြိုက်ဘူး၊ လူမကြိုက်တဲ့ စကားသုံးခုဆိုတာ ဘာလဲလို့ဆိုရင် မမှန်ဘူး၊ အကျိုးမရှိဘူး ဆိုတာက စကားတစ်ခု။ မမှန်ဘူး၊ အကျိုးမရှိဘူး၊ နားထောင်တဲ့လူက မကြိုက်ဘူး၊ အဲဒီစကားမျိုးကို မြတ်စွာဘုရားက ဘယ်တော့မှ မပြောဘူးတဲ့။ ကိုယ်ပြောတဲ့ စကားဟာ မှန်ကန်မှုလည်း မရှိဘူး၊ တစ်ဖက်သားလည်း ဘာအကျိုးမှရမှာ မဟုတ်ဘူး၊ ပြီးတော့ နားထောင်တဲ့လူကလည်း မကြိုက်ဘူး၊ အဲဒီစကားမျိုးကို လုံးဝ မပြောဘူးတဲ့။ နောက်တစ်ခုက စကားကတော့ မှန်တယ်၊ ဒါပေမဲ့ ဘာအကျိုးမှမရှိဘူး၊ လူကလည်း မကြိုက်ဘူး၊ အဲဒီ စကားမျိုးကိုလည်း မပြောဘူးတဲ့။ နောက်တစ်ခု တတိယ စကားမျိုးက ဘာတုန်းဆိုရင် မှန်လည်းမှန်တယ်၊ အကျိုးလည်း [၁၁၀] ရှိတယ်၊ ဒါပေမဲ့ လူကမကြိုက်ဘူး၊ အဲဒီ စကားကိုတော့ အချိန်အခါကြည့်ပြီး မြတ်စွာဘုရားက ပြောသင့်ရင်ပြောတယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ ပြောသင့်ရင်ပြောမယ်၊ နားထောင်သူက မကြိုက်ဘူး။

ဆိုပါစို့ ဒေဝဒတ်နဲ့ ပတ်သက်ပြီးပြောတယ်။ ဒေဝဒတ်က အလွန်အကျွံ ပြစ်မှုတွေကို ကျူးလွန်လာတဲ့အခါမှာ မြတ်စွာဘုရားက အာပါယိကော ဒေဝဒတ္တော- ဒေဝဒတ်ကတော့ အပါယ်ကျတော့မှာပဲ၊ နေရယိကော- ငရဲမှာဖြစ်လိမ့်မယ်၊ အတေကိစ္ဆော- ပြင်လို့မရတော့ဘူး ကုစားလို့ မရတော့ဘူး၊ ကပ္ပဋ္ဌော- ငရဲမှာ တစ်ကမ္ဘာကြာအောင် ခံရလိမ့်မယ်။

ဒီစကားကို မြတ်စွာဘုရားပြောတာ မှန်သလားဆိုရင် မှန်တယ်၊ ဒေဝဒတ်က ကြိုက်မလားလို့ဆိုရင် မကြိုက်ဘူး၊ အကျိုးရှိသလားလို့ဆိုရင် ကျန်တဲ့ပုဂ္ဂိုလ်တွေ ဒေဝဒတ်လို မမိုက်ကြဖို့ အများအတွက် အကျိုးရှိသွားတယ်၊ မင်းတို့လည်း မိုက်ရင် ဒီလိုဖြစ်လိမ့်မယ်ဆိုတာ သတိပေးပြီးသား ဖြစ်သွားတယ်။ ဒါကြောင့်မို့ မှန်တယ် အကျိုးရှိတယ်၊ ဒေဝဒတ်ကတော့ မကြိုက်ဘူး၊ အဲဒီစကား ပြောသင့်တဲ့အချိန်မှာ မြတ်စွာဘုရား ပြောတယ်။

ဒါတောင်မှ မြတ်စွာဘုရားကို စောဒကတက်တဲ့ ပုဂ္ဂိုလ်တွေ ရှိသေးတယ်၊ “နေစမ်းပါဦး၊ ဒေဝဒတ်ကြီးသေရင် ငရဲကျမှာ ကုလို့မရဘူးလို့ ပြောတာ ဘာကြောင့်ပြောရတာတုန်း၊ လူပဲ အမှားပြင်ရင် ဖြစ်ရမှာပေါ့”

[၁၁၁] အဲဒီမှာ မြတ်စွာဘုရားက ရှင်းပြတယ်။ “ငါ မသိဘဲနဲ့ ပြောတာ တစ်ခုမှမရှိဘူး၊ ဒေဝဒတ်ရဲ့စိတ်ဟာ အားလုံး အမည်းရောင် လွှမ်းသွားပြီ၊ အဖြူဆိုလို့ သားမြီးဖျားလေးနဲ့ ထောက်ပြလောက်တဲ့ အကွက်ကလေးတောင် မရှိတော့ဘူး၊ ဒါကြောင့် ဒေဝဒတ်ဟာ ကုလို့မရတော့ဘူးလို့ပြောတာ” အကယ်၍သာတဲ့ သားမြီးဖျားလောက် အတိုင်းအတာ တစ်ခုအထိ ဒေဝဒတ်မှာ ကုသိုလ်စိတ်ကလေး ကျန်နေသေးတယ်ဆိုရင် ငါမပြောသေးဘူးတဲ့၊ မြတ်စွာဘုရားကိုတောင် ဝေဖန်တယ်နော်။ အဲဒါတွေသိလို့ ငါပြောတာ။ မြတ်စွာဘုရားပြောတဲ့စကားတစ်ခွန်းသည် လူမကြိုက်ပေမဲ့လို့ မှန်တယ် အကျိုးရှိတယ်ဆိုရင် ပြောသင့်တဲ့အချိန် ရောက်ရင် ပြောတယ်၊ အဲဒီတော့ ပြောသင့်တဲ့အချိန်ရောက်မှ ပြောတာနော်၊ အဲဒီအချိန်ဆိုတာလည်း သိပ်တန်ဖိုးထားတယ်၊ နေရာတကာ လျှောက်ပြောနေတာ မဟုတ်ဘူး၊ ဒီအချိန်က ပြောရတော့မယ်ဆိုမှ ပြောတယ်။

နောက်တစ်ခါ လူကြိုက်တယ်ဆိုတဲ့ စကားသုံးမျိုးကို တစ်ခါကြည့်။ မမှန်ဘူး၊ အကျိုးလည်း မရှိဘူး၊ ဒါပေမဲ့ ကြိုက်တယ်။ ဟာသကြိုက်တဲ့ လူတွေလိုပေါ့နော်၊ မှန်လည်းမမှန်ဘူး၊ အကျိုးလည်းမရှိဘူးဆိုရင် ကြိုက်တဲ့သူက ကြိုက်တာပဲ။ အဲဒါကတစ်ခု။

မှန်တယ်၊ အကျိုးမရှိဘူး၊ လူကြိုက်တယ်။ အေး- မှန်ပေမဲ့လို့ အကျိုးမရှိဘူးဆိုရင် ဘယ်ပြောသင့်မလဲ၊ အဲဒီတော့ [၁၁၂] မမှန်ဘူး၊ အကျိုးမရှိဘူး၊ လူကြိုက်တယ်။ ဘယ်သူကြိုက်ကြိုက် မြတ်စွာဘုရားက မပြောဘူး။ မှန်တယ်၊ အကျိုးမရှိဘူး၊ လူကြိုက်တယ်၊ ဒီစကားလည်း မြတ်စွာဘုရားမပြောဘူး။

မှန်တယ်၊ အကျိုးလည်းရှိတယ်၊ လူလည်းကြိုက်တယ်၊ အဲဒီစကားမျိုးကိုတော့ မြတ်စွာဘုရားက ပြောသင့်တဲ့အချိန်ကို ကြည့်ပြီးပြောတယ်၊ အဲဒါဟာ သုဂတ- ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားလို့ အဓိပ္ပာယ်ပြန်ဆိုကြတယ်။ ဘယ်စကားကောင်းတာတုန်းလို့ မေးလို့ရှိရင် မှန်လည်း မှန်ရမယ်၊ အကျိုးလည်းရှိရမယ်၊ ဒီစကားဟာ ကောင်းတယ်လို့ ဖြေရမယ်။

မှန်တယ်၊ အကျိုးရှိတယ်၊ တစ်ဖက်သားကတော့ ကြိုက်ချင်မှ ကြိုက်မယ်၊ ကြိုက်တာရှိမယ် မကြိုက်တာ ရှိမယ်၊ ဟော- အဲဒါကို ရှေးဆရာတွေကပြောတာ၊ စကားခြောက်ခွန်း လူ၌ ထွန်း၏။ လေးခွန်းကိုဖယ် နှစ်ခွန်းတည်လို့ဆိုတာ မြတ်စွာဘုရားက နှစ်ခွန်းပဲပြောတယ်၊ ကျန်တဲ့စကားလေးမျိုး မြတ်စွာဘုရား ဘယ်တော့မှမပြောဘူးတဲ့။ အဲဒီတော့ ဒါက အလွန် မှတ်သားစရာ ကောင်းတာနော်။ ဘုန်းကြီးတို့တတွေဟာ ခြောက်ခွန်းဆို ရှစ်ခွန်းလောက်ပြောနေတယ် ဒီထဲမှာနော်၊ ခုနကလို မြှောက်မယ်ဆိုရင် ရှစ်ခွန်းလောက် ပြောနေတယ်၊ ခြောက်ခွန်း မဟုတ်ဘူး၊ အဲဒီတော့ မြတ်စွာဘုရားကကြည့် ဘယ်လောက်ထိအောင် သတိထားတယ်ဆိုတာ၊ [၁၁၃] စဉ်းစားကြည့်၊ ကိုယ်တော်မြတ်ပြောမယ့် စကားတစ်ခုဟာ မှန်လည်းမှန်ရမယ်၊ အကျိုးလည်းရှိရမယ်၊ ဒီနှစ်ခုကို စံထားတာ၊ အေး-မှန်လည်းမှန်တယ်၊ အကျိုးလည်းရှိတယ်၊ ပြောသင့်ဖို့ ကြုံလာပြီ ဆိုတဲ့အခါမှာ နားထောင်တဲ့ပုဂ္ဂိုလ်က ကြိုက်ချင်ကြိုက်မယ် မကြိုက်ချင် မကြိုက်ဘူး၊ ကြိုက်တာ မကြိုက်တာ ဂရုမစိုက်ဘူး၊ အကျိုးရှိမယ်ဆိုပြောမှာပဲ၊ မှန်ရင်လည်း ပြောမှာပဲ၊ ဒီလိုဆိုလိုတယ်ပေါ့နော်။ အဲဒီလိုပြောတာ ဖြစ်သောကြောင့် မြတ်စွာဘုရားကို သုဂတ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၊ မှန်ကန်တဲ့ စကားကိုသာ ပြောလေ့ရှိတဲ့ မြတ်စွာဘုရား၊ ဒါဟာ အလွန် ကြီးမားတဲ့ ဂုဏ်ရည်ပဲ။

လောကလူတွေဟာ လက်နှစ်လုံးနဲ့ပိတ်ရင်လုံတဲ့ ပါးစပ်ပေါက်ကလေးကို ပိတ်နိုင်တာမှ မဟုတ်တာနော်၊ အတင်းအဖျင်း ပြောစရာရှိလို့ရှိရင်၊ ဟို ဘာကစလဲ၊ ကြားပြီးပြီလား ဆိုတာက စတယ်၊ ကြားပြီးပြီလားက စတယ်၊ ဒါ လူချင်း မတွေ့ရရင် တယ်လီဖုန်းဆက်ပြီးတော့ ပြောဦးမှာ၊ မပြောရရင် ယားကျိယားကျိ ဖြစ်နေတယ်။ လောကလူတွေရဲ့စိတ်မှာ အဲဒီလိုဖြစ်တာ။ အေး-မြတ်စွာဘုရားဟာ အလွန်ချီးမွမ်းဖွယ် ကောင်းတဲ့ ဂုဏ်ရည်တွေ ဒီစကားမျိုး ဒီလို ထိန်းထိန်းသိမ်းသိမ်း နှုတ်စကား၊ ထိန်းထိန်းသိမ်းသိမ်း ပြောတတ်ဆိုတတ်သည့် အတွက်ကြောင့် မြတ်စွာဘုရားရဲ့ နှုတ်ထွက်ဟာ ဆိုခဲစေ [၁၁၄] မြဲစေပဲ၊ ဘယ်တော့မှ လွဲမှားသွားတာ မရှိဘူး၊ မှန်ကန်တိကျတဲ့ စကားကိုပြောတာ။

အေး-ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ် အပေါင်းတို့၊ ဗုဒ္ဓမြတ်စွာရဲ့ သုဂတ ဂုဏ်တော်ကြီးကို နာယူ မှတ်သားပြီးတော့ တို့တတွေဟာလည်း မှန်ကန်တဲ့ လမ်းကြောင်းကို ပိုင်ဆိုင်ဖို့အရေးကြီးတယ်၊ ပိုင်ဆိုင်ထားပြီး အဲဒီ လမ်းကြောင်းအတိုင်း လျှောက်လှမ်းလို့ ပန်းတိုင်ကိုရောက်တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ဖို့လိုအပ်တယ်၊ လုပ်တဲ့လုပ်ငန်းသည် သေသေသပ်သပ်နဲ့ နောက်ကြောင်းမပြန်ရအောင် သေသပ်တဲ့ အလုပ်မျိုးနဲ့ တို့တတွေ လုပ်ရမှာဖြစ်တယ်။

ကျင့်ဆောင်တဲ့၊ လျှောက်လှမ်းတဲ့ လမ်းဟာလည်းပဲ မှန်ကန်တဲ့လမ်းကြောင်းက လျှောက်လှမ်းလာတာ ဖြစ်ရမယ်။ စကားပြောတဲ့အခါမှာလည်းပဲ မှန်ကန်ပြီးတော့ အကျိုးရှိတဲ့ စကားမျိုးကိုသာလျှင် တို့တတွေ ရွေးချယ်ပြီးတော့ ပြောကြရမှာဖြစ်တယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ သုဂတ ဂုဏ်တော်ကို အာရုံပြုပြီး ကောင်းတဲ့ကိုယ်ကျင့်တရားတွေ ကျင့်သုံး ထူထောင်နိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု
သာဓု

[၁၁၅] မြတ်ဗုဒ္ဓ၏ လောကဝိဒူ ဂုဏ်တော်

သာသနာတော်နှစ် ၂၅၅၇ နှစ်၊ ကောဇာ သက္ကရာဇ်-၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၃) ရက်၊ ၂၀၁၄-ခုနှစ်၊ ဧပြီလ (၁၇) ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ဓမ္မသဟာယ သာသနစင်တာ၊ ဓမ္မရတိမဟာဓမ္မသဘာ ဓမ္မာရုံ၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် သင်္ကြန် အကြတ်နေ့ ညဦးယံ ဓမ္မသဘင်အခမ်းအနားဝယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဦးလှအောင်+ဒေါ်ခင်မေရီ တို့အားရည်စူး၍ မောင်ချမ်းမြေ့အောင် နှင့် ဦးအောင်လွင်အောင်+ ဒေါ်အိန္ဒြာအောင် သား-မောင်အောင်စည်ဖြိုး၊ သမီး-မချောသီရိလွင် မိသားစု၊ မန္တလေးမြို့ နှစ်ဖက်မိဘများအားအမှူးထား၍ ဦးဌေးလွင်+ဒေါ်ဌေးဌေးမြင့်၊ သား-ကိုကျော်စွာဟိန်း၊ မမြတ်မွန်မွန်ဦး၊ ကိုပိုင်စိုးအောင်၊ သမီး ကိုရဲဝင်းနိုင်+မမေသူအောင်၊ မြေး-ဆုနှင်းဆက်ချယ်ရီဝင်းနိုင် (ဌေးမြင့်မော်ကုမ္ပဏီ) မိသားစုနှင့် ရန်ကုန်မြို့ ဒေါက်တာဦးတင်ထွန်း+ ဒေါ်တင်လှ၊ သမီး ဒေါက်တာဆုရင်ထွန်း မိသားစုတို့၏ အမတဒါန ဓမ္မဒါန အဖြစ်ဖြင့်ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏ လောကဝိဒူ ဂုဏ်တော်” တရား ဒေသနာတော်။

“သော ဘဂဝါ ဣတိပိ လောကဝိဒူ ဘုန်းတော်ကြီးမား ရှင်တော်မြတ်ဘုရားဟာ လောကအကြောင်းကို ကောင်းကောင်းသိလို့ လောကဝိဒူ ဆိုတဲ့ဂုဏ်တော်ကြီးနဲ့ လူ့ပြည် နတ်ရပ် ဗြဟ္မာ့ပြည်ပါမကျန် တစ်လောကလုံးအနှံ့ ထင်ရှား ကျော်ကြားတော်မူခဲ့တာဖြစ်တယ်။”

လောကဝိဒူဆိုတဲ့ အရည်အချင်းကို မြတ်စွာဘုရား ကိုယ်တိုင်က “ငါ လောကအကြောင်းကို သိတယ်” လို့ ပြောလို့ [၁၁၆] ချည်းမဟုတ်ဘူး၊ လောကအကြောင်း သိမှုနဲ့ ပတ်သက်ပြီး လူသားတွေ နတ်ဗြဟ္မာတွေအားလုံးက အံ့ဩလောက်အောင် အသိဉာဏ်ကြီးမားမှုကို အကြောင်းပြုပြီး မြတ်စွာဘုရားကို “လောကဝိဒူ၊ လောကအကြောင်း အကုန်အစင်သိတော်မူတဲ့ မြတ်စွာဘုရား” လို့ ထင်ရှားကျော်ကြားခဲ့တာ ဖြစ်တယ်ပေါ့။ ဒီနေရာမှာ လောကလို့ဆိုတာနဲ့ ပတ်သက်ပြီး လောက (၃)မျိုးကို မှတ်သားကြရမှာ။
(၁) သတ္တလောကလို့ဆိုတဲ့ သတ္တဝါတွေ၊
(၂) ဩကာသလောကလို့ဆိုတဲ့ သတ္တဝါတွေရဲ့ တည်ရာ ဘုံတွေ၊ စကြဝဠာအပါအဝင် အားလုံးတည်ရာ ဌာနကြီး၊
(၃) သင်္ခါရလောကလို့ဆိုတဲ့ သဘာဝဓမ္မတွေ၊ လောကကို သုံးမျိုးခွဲခြားဖော်ပြထားတယ်။ လောကရဲ့ အကြောင်းကို မြတ်စွာဘုရားဟာ အကုန်အစင်သိချင်တယ်လို့ အာရုံပြုတာနဲ့ အကုန်လုံးသိနိုင်တယ်၊ ဒီလိုဆိုတာပေါ့နော်။

သတ္တလောကကို သိတော်မူပုံ

သတ္တဝါတွေအကြောင်းကို သိတယ်။ သတ္တဝါ အနန္တလို့ ဆိုတယ်၊ လူသတ္တဝါတွေတင်မကဘူး၊ လောကကြီးမှာရှိတဲ့ သက်ရှိသတ္တဝါတွေ အားလုံးရဲ့ အကြောင်းကိုသိတယ်။ ဒီ သတ္တဝါတွေဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ သတ္တဝါတွေ [၁၁၇] ဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းတရား၊ ဒီသတ္တဝါတွေ စိတ်နေ သဘောထား ဘယ်လိုရှိလို့ သံသရာထဲမှာ ဆင်းရဲဒုက္ခတွေ ကြုံကြရတယ်။ ဘယ်လို စိတ်နေသဘောထားတွေ မြင့်မြတ်သည့်အတွက်ကြောင့် သံသရာဝဋ်က လွတ်ကြတယ်ဆိုတဲ့ သတ္တဝါတွေနဲ့ပတ်သက်တဲ့အရာအားလုံးကို သိတော်မူတယ်။

ဥပမာ- သတ္တလောကနဲ့ပတ်သက်ပြီး တိရစ္ဆာန်လောက အကြောင်းကို မြတ်စွာဘုရားက စကားလုံးနှစ်လုံးနဲ့ သရုပ်ဖော်ပြတယ်။ “အညမည ခါဒိကာ၊ ဒုဗ္ဗလ ခါဒိကာ” တဲ့။ တိရစ္ဆာန်တွေဟာ အညမည ခါဒိကာ-အချင်းချင်း သတ်ဖြတ်စားနေကြတာ၊ ဟုတ်တယ်လေ၊ မြွေအကြီးက မြွေအငယ်ကို စားတာပဲ။ ငါးအကြီးက ငါးအငယ်ကို မြိုတာပဲ၊ မျိုးတူတဲ့ သတ္တဝါတွေလည်း အချင်းချင်း သတ်ဖြတ်စားကြတာ။ နောက်တစ်ခုက ဒုဗ္ဗလ ခါဒိကာ- အင်အားကြီးမားတဲ့ သတ္တဝါတွေက အင်အားနည်းတဲ့သတ္တဝါတွေကို သတ်ဖြတ်စားနေကြတယ်။

ဒီကနေ့ခေတ်မှာ Safari တို့ Discovery တို့ Animal Planet တို့ဆိုတာတွေကို ကြည့်မိမယ်ဆိုရင် ကမ္ဘာလောကကြီးမှာရှိတဲ့ သတ္တဝါတွေဟာ မြတ်စွာဘုရား ဟောထားတဲ့အတိုင်းပဲ အချင်းချင်း သတ်စားနေကြတယ်။ အားနည်းတဲ့ကောင်ကို အားကြီးတဲ့ကောင်က သတ်ဖြတ်စားသောက်နေတယ်။ အင်အားချင်း တူရင်တောင်မှပဲ တိုက်ခိုက်ပြီး စားသောက်နေကြတယ်ဆိုတာ အလွန်ထင်ရှားတယ်ပေါ့။

[၁၁၈] ဒီထဲမှာ လူသတ္တဝါတွေအကြောင်း မပါသေးဘူးနော်။ တကယ်ကတော့ လူတိုင်းဟာ သတ္တဝါတွေရဲ့အသား စားနေကြပေမယ့် အညမည ခါဒိကာ၊ ဒုဗ္ဗလ ခါဒိကာ လို့ မြတ်စွာဘုရားက မဟောဘူး။ ဘာလို့ မဟောတာတုန်းဆိုတော့ လူတွေက အညမည ခါဒိကာ- တစ်ယောက် တစ်ယောက် စားပစ်နေတာ မဟုတ်ဘူး။ တခြားအစားအစာတွေ ရှိတယ်ပေါ့၊ သို့သော် လူတွေက သတ္တဝါတွေကို သတ်မစားဘူးလား လို့ဆိုရင် စားတယ်။

တိရစ္ဆာန်လောကဟာ အလွန့်ကို ဆန်းကြယ်တယ်။ တိရစ္ဆာန်လောကလောက် ဆန်းကြယ်တာ လောကမှာ မရှိဘူး။ လိပ်ပြာမျိုးစု တစ်ခုပဲကြည့်၊ တိရစ္ဆာန်လောက ဘယ်လောက် ဆန်းကြယ်တယ်ဆိုတာ သိနိုင်တယ်။ လိပ်ပြာ အတောင်လေးတွေဟာ ဒီဇိုင်းအမျိုးမျိုးနဲ့ထွက်တယ်။ အဲဒီတော့ လိပ်ပြာဆိုတဲ့သတ္တဝါ ဘာကြောင့်ဖြစ်တာတုန်းဆိုရင် ကံကြောင့်ဖြစ်တာ။ ဟုတ်ပြီ၊ လိပ်ပြာမှာရှိတဲ့ အတောင်က အရောင်ကလေးတွေထည့်တာတို့ ဒီဇိုင်းလေးတွေ လုပ်တာတို့ကတော့ ကံကလုပ်တာလားလို့ဆိုတော့ မဟုတ်ဘူး၊ သူ့ရဲ့ မျိုးရိုးဗီဇကထုတ်တာ။ စာပေကျမ်းဂန်မှာ ကံကတော့ လိပ်ပြာဘဝကို ရောက်စေတယ်။ လိပ်ပြာပုံစံမျိုးစုံ ဒီဇိုင်းအမျိုးမျိုး အရောင်အမျိုးမျိုးကတော့ ယောနိလို့ဆိုတဲ့ မျိုးရိုးနဲ့သက်ဆိုင်တယ်လို့ ဒီလိုဆိုတယ်။

[၁၁၉] ဟုတ်တယ်၊ လူ့ဘဝ လူဖြစ်လာတယ်ဆိုတာ ကံနဲ့ဆိုင်တယ်။ သို့သော် အသားမည်းတာတို့ အသားဖြူတာတို့ အရပ်ပုတာတို့ အရပ်ထွားတာတို့ကတော့ တချို့ကိစ္စက ကံနဲ့သာသက်ဆိုင်တယ်လို့ပြောလို့မရဘူး၊ ယောနိနဲ့ သက်ဆိုင်တာ ရှိသေးတယ်။ ဒေသနဲ့သက်ဆိုင်တယ်။

အာဖရိကမှာဖြစ်တဲ့လူက အာဖရိကန်ပုံစံဖြစ်မှာပဲ။ မြန်မာပြည်လာဖြစ်တဲ့လူက မြန်မာအသားအရောင်၊ ဥရောပမှာ ဖြစ်လို့ရှိရင် ဥရောပပုံစံ၊ တစ်ခါတစ်ခါ ဖောက်ပြီးတော့ မြန်မာပြည်မှာ မျက်စိကြောင်တောင်တောင်နဲ့ ဥရောပအရောင် လာဖြစ်တဲ့လူက ရှိသေးတယ်။ အဲဒီလူတွေရဲ့ ဆန္ဒကြောင့်မို့ ဖြစ်တာ။ မွေးလာတုန်းကတော့ မြန်မာပါပဲ၊ ဆေးဆိုးလိုက်တဲ့အခါ ဆံပင်က အရောင်အမျိုးမျိုးတွေ ဖြစ်ကုန်ပြန်တာပေါ့။ အဲဒါကျတော့ ကံနဲ့မဆိုင်ဘူး။ ယောနိနဲ့ လုပ်ရပ်နဲ့သက်ဆိုင်တယ်လို့ ဆိုရမယ်။ “ယောနိသိဒ္ဓါ” ယောနိကြောင့်ဖြစ်တယ်လို့ ပါဠိကျမ်းတွေမှာဆိုတယ်။

လူ့ဘဝရောက်ဖို့ဆိုတာ ကံကအဓိကပဲ။ ရောက်လာပြီးတဲ့နောက်မှာ ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး ထွက်လာတာကတော့ ယောနိနဲ့သက်ဆိုင်တယ်လို့ ဒီလိုခွဲခြားတယ်။ လူသားတွေဟာလည်းပဲ အမျိုးမျိုး အဖုံဖုံ မတူကွဲပြားကြတယ်။ လူတွေ အမျိုးမျိုးအဖုံဖုံရှိသလို နတ်တွေ ဗြဟ္မာတွေမှာလည်းပဲ မတူညီတာတွေ ရှိနိုင်တာပေါ့။

[၁၂၀] ဥပမာမယ် ဗြဟ္မာတွေ ဆိုလို့ရှိရင် မတူညီဘူး။ နတ်တွေကလည်း တစ်ဘုံနဲ့တစ်ဘုံ မတူညီဘူး။ မတူညီတာက ကံနဲ့ ပတ်သက်သွားပြန်တယ်။ ပထမဈာန် ဗြဟ္မာ့ဘုံမှာ ဗြဟ္မာ ဖြစ်တာခြင်းတူဦး ဈာန်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့အချိန်မှာ ထက်သန်ပြင်းပြတဲ့ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ လို့ဆိုတဲ့ ဣဒ္ဓိပါဒ်လေးမျိုးက အစွမ်းထက်ပြီ ဆိုလို့ရှိရင် မဟာဗြဟ္မာ ဖြစ်တယ်။ အလတ်တန်းစားလောက်ဆိုရင် ဗြဟ္မပုရောဟိတာ ဖြစ်တယ်၊ သာမန်ဆိုရင် ဗြဟ္မပါရိသဇ္ဇာ ဆိုတဲ့ အနိမ့်စားဗြဟ္မာဖြစ်တယ်။

ကံပြုလုပ်တဲ့အချိန်မှာ ထက်သန်ပြင်းပြမှုရှိမရှိနဲ့ ဆုံးဖြတ်ချက်တွေ ပေးတယ်။ အဲဒီတော့ အရာရာ ကံဆိုတဲ့ အကြောင်းတစ်ခုထဲတော့ မဟုတ်ဘူး၊ ခုနက ယောနိ ဆိုတာလည်း အကြောင်းတစ်ခုပဲ။ ပတ်ဝန်းကျင် ဆိုတာလည်း အကြောင်းတစ်ခုပဲ၊ ဥတု၊ အာဟာရ ဆိုတာလည်း အကြောင်းတစ်ခုပဲလို့ ဒီလိုမှတ်ရမယ်။ အကြောင်းတစ်မျိုးတည်းကို မြတ်စွာဘုရားက မဟောဘူး။

မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာမှာ “ကံဟု မူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာတည်း” ရေးတယ်။ ကံကိုဟောတာဟာ အခြေခံအကြောင်းတစ်ခုအနေနဲ့ ဟောတာပါတဲ့၊ ဉာဏ် လုံ့လ ဝီရိယတွေ တခြား အကြောင်းတွေကိုလည်းပဲ အသိအမှတ်ပြုတယ်၊ အဲဒါတွေရဲ့ စွမ်းရည်သတ္တိကလည်း ရှိသေးတယ်၊ ဒီလိုဆိုတာပေါ့နော်။

[၁၂၁] ကံတစ်ခုတည်းကို သတ်မှတ်ထားလို့ရှိရင် ဘာဖြစ်တုန်းဆို မိစ္ဆာဒိဋ္ဌိဖြစ်နိုင်တယ်။ ဘာဖြစ်ဖြစ် ကံကြောင့်ချည်းပဲပြောမယ်။ အတိတ်ကလုပ်ခဲ့တဲ့ အကုသိုလ်ကံကြောင့် ဖြစ်တာချည်းပဲ၊ ကုသိုလ်ကံကြောင့် ဖြစ်တာချည်းပဲလို့ အားလုံး ကံတစ်ခုတည်း ကိုသာလက်ခံပြီ ဆိုလို့ရှိရင် အဲဒီအယူအဆဟာ မှားယွင်းတဲ့ အယူအဆလို့ သတ်မှတ်တယ်။
(၂၄)ပစ္စည်းကြည့်လေ၊ ကမ္မပစ္စယော ဆိုတာ တစ်ခုတည်း ပါတာပဲ၊ ကျန်တာ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော စတဲ့ (၂၃)မျိုး ရှိနေသေးတယ်မဟုတ်လား?၊ အဲဒီတော့ မြတ်စွာဘုရားက ကံတစ်ခုတည်းဟောတာမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။

သို့သော် လူတွေကဘာဖြစ်ဖြစ် ကံပဲချကြတာများတယ်နော်။ ကံကိုပဲဦးတည်ပြီး ပြောနေကြတယ်။ ပဋ္ဌာန်းအရ ပစ္စယသတ္တိလို့ခေါ်တဲ့ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိ (၂၄)မျိုး ရှိတဲ့အထဲမယ် ... ကမ္မပစ္စယော ဆိုတာ တစ်ခုတည်းပဲ ကံ အကြောင်းလို့ပြောတာဖြစ်တယ်။ ကျန်တာတွေက ကံ မဟုတ်ဘူး။ ဆိုင်ရာဆိုင်ရာသတ္တိတွေရဲ့ စွမ်းဆောင်မှုတွေ အများကြီးပါတယ်။

လူတစ်ယောက် နှာစေးချောင်းဆိုး ဖြစ်တယ်။ နှာစေးချောင်းဆိုးဖြစ်တာ အတိတ်က အကုသိုလ်ကြောင့် နှာစေးတာပဲဆိုရင် ဘယ်ဟုတ်မှာတုန်း။ နှာစေးချောင်းဆိုးတာ ရာသီ [၁၂၂] ဥတုပြောင်းလို့မို့၊ အအေးမိတာတို့ဆိုတဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေ ရှိတယ်လေ။ အပူမိတာတို့ အအေးမိတာတို့ ဒီလိုနဲ့ ဖြစ်တာ။ ကိုယ့်ခန္ဓာကိုယ်က ကိုယ်ခံအားကျနေတဲ့အချိန်မှာ ရာသီဥတုဒဏ်ကိုမခံနိုင်လို့ဖြစ်တာတို့ စတဲ့တခြားအကြောင်းတွေရှိသေးတယ်။ အဲဒီအကြောင်းတွေကို ထည့်မပြောဘဲနဲ့ ကံချည်းလို့ပြောလို့ရှိရင် “ပုဗ္ဗေကတဟေတုဒိဋ္ဌိ” လို့ ခေါ်တယ်။ မှားယွင်းတဲ့ အယူအဆတစ်ခုပဲ။

သတ္တလောကဟာ အင်မတန်မှ ဆန်းကြယ်တယ်။ သတ္တဝါတွေဟာ အကြမ်းဖျင်းအားဖြင့် ပြောမယ်ဆိုရင် မတူညီတဲ့သတ္တဝါတွေ သုဂတိဘုံ ဒုဂ္ဂတိဘုံလို့ ဘုံအလိုက် ပြောမယ်ဆိုလို့ရှိရင် ချမ်းသာသုခကို ရရှိခံစားခွင့်ရကြတဲ့ သတ္တဝါတွေထဲမှာ ကာမဂုဏ်အာရုံနဲ့ပတ်သက်တဲ့ ချမ်းသာသက်သက် ခံစားရတဲ့ဘုံက နတ်ဘုံ။ ချမ်းသာနဲ့ဆင်းရဲ ဆင်းရဲနဲ့ ချမ်းသာ နှစ်ခုတွဲဖက်ပြီးတော့ ခံစားရတာက လူ့ဘုံ။ ကာမဂုဏ်အာရုံတွေက ကင်းကွာပြီး ဈာန်အာရုံနဲ့ မြင့်မြတ်ဖြူစင်စွာ အစာကြမ်း အာဟာရကြမ်းတွေ မစားဘဲနဲ့ ပီတိနဲ့ ဘဝမှာရပ်တည်နိုင်တဲ့ ဘုံက ဗြဟ္မာ့ဘုံ။

နောက် လူတွေရဲ့အောက် နိမ့်ကျသွားတဲ့ ဒုဂ္ဂတိဘုံလို့ သတ်မှတ်ထားတဲ့အထဲမှာ အောက်ဆုံးဘုံက နိရယ တဲ့၊ ချမ်းသာတာတစ်စက်မှမရှိလို့ နိရယလို့ခေါ်တာ (နိ-အယ) (အယဆိုတာ သုခ၊ နိ ဆိုတာကင်းနေတာ၊ ချမ်းသာသုခ လုံးဝ [၁၂၃] မရှိတဲ့နေရာ နိရယ၊ ချမ်းသာဆိုတာ ကြားတောင်မကြားဖူးဘူးနော်၊ ဒလစပ်ချည်း ဒုက္ခခံနေရတာ နိရယ။)

အဲဒီထက် နည်းနည်းသက်သာတာက တိရစ္ဆာန်။ အဲဒီထက် နည်းနည်း သက်သာတာက ပြိတ္တာ။ ဆင်းဆင်းရဲရဲနဲ့ နေထိုင် စားသောက်ရတဲ့ဘုံက ပြိတ္တာဘုံ။ ပြိတ္တာထဲမှ ဝိနိပါတိက အသုရာဘုံ။

ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်၊ အပါယ်လေးဘုံ၊ သို့သော် ပါဠိတော်တွေထဲမှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာလို့ သုံးဘုံပဲ ပြတာများတယ်။ အသုရကာယ ဆိုတာ တယ်ပြီးမပါတတ်ဘူး၊ မရှိလို့မဟုတ်ဘူး ရှိတော့ရှိတယ်။ ပြိတ္တာထဲမှာ ရောထည့်ပြီး သုံးလေ့ရှိတယ်ပေါ့။ အပါယ်သုံးဘုံလို့ ပြောမယ်ဆိုလည်း ရတယ်။ သုတ္တန်တွေအရ အပါယ်သုံးဘုံ၊ လေးဘုံလို့ဆိုလို့ရှိရင် ပြိတ္တာနဲ့ အသုရကာယကိုခွဲပြီး ပြောလိုက်တာ။ သတ္တလောကအကြောင်းကိုသိတော်မူတဲ့နေရာမှာ ဘယ် ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့၊ ဘယ်အကုသိုလ်တွေလုပ်ခဲ့လို့ ဘယ်ဘုံဘယ်ဘုံဖြစ်ကြရတယ်ဆိုတာ ခွဲခြားပြီး သိနိုင်ဟောနိုင်တယ်။ သတ္တလောက အကြောင်းကို အသေးစိတ် ကုန်စင်အောင်သိတယ်၊ ဒါကြောင့် မြတ်စွာဘုရားကို လောကဝိဒူ လို့ခေါ်တာ။

ခုခေတ် သတ္တဗေဒတို့ သတ္တဝါတွေအကြောင်း လေ့လာနေတဲ့ နောက်ပညာရပ်တွေရှိတယ်။ (Zoology) တို့ ဘာတို့ပေါ့နော်။ ဇီဝအကြောင်းလေ့လာတဲ့ (Biology) တို့ပေါ့။ အဲဒီ [၁၂၄] သတ္တဝါတွေအကြောင်း လေ့လာတယ်ဆိုတာ သတ္တဝါတွေ ဘယ်လိုဖြစ်ကြတယ်၊ ဘယ်လိုပြုမူတယ်၊ ဘယ်လိုနေထိုင်ကြတယ် ဆိုတာလောက်ပဲ သူတို့လေ့လာတာ။

မြတ်စွာဘုရားက “ဒီသတ္တဝါ ဘာလုပ်လို့ ဒီဘုံဘဝ ရောက်လာတယ်” ဆိုတာပါ သိတာ။ အတိတ်ဘဝတုန်းက ဘာတွေလုပ်ခဲ့တယ်၊ ဒီဘဝပြီးရင် သူဘယ်သွားမှာ ဆိုတာတွေအထိ မြတ်စွာဘုရားသိတယ်။ အပေါ်ယံသိ မဟုတ်ဘူး။ အကုန်လုံးအတွင်းကျကျ သတ္တဝါတွေရဲ့ စိတ်အစဉ်ကိုပါ သိနိုင်သည့်အတွက် မြတ်စွာဘုရားကို လောကဝိဒူလို့ ဒီလိုဆိုတာနော်။ ဒါ သတ္တလောကနဲ့ ပတ်သက်ပြီးသိတာ။

ဩကာသလောကကို သိတော်မူပုံ

ဩကာသလောကဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ စာအုပ်တွေရေးကြတယ်။ တချို့က မယုံကြည်တဲ့ ရှုထောင့်က ရေးကြတယ်။ လောကဝိဒူ လောကအကြောင်းကိုသိတယ် လို့ဆိုတဲ့နေရာမှာ စကြဝဠာအနန္တရှိတယ်လို့ မြတ်စွာဘုရားက ဟောတယ်။ အခု သိပ္ပံခေတ်မှာလည်းပဲ စကြဝဠာတွေ တွေ့ရှိလာတယ်။ စကြဝဠာအနန္တဆိုတဲ့ အဆိုကို လက်ခံလာကြတယ်နော်၊ တစ်ချိန်တုန်းကတော့ မဟုတ်လေသယောင်ယောင် တွေ့တာလေးလောက်တင်ကြည့်ပြီး ပြောကြတာ။

စာပေကျမ်းဂန်ထဲမှာ ဩကာသလောက ဆိုတာနဲ့ ပတ်သက်ပြီး စကြဝဠာအကြောင်းကို ဟောထားတာတွေ [၁၂၅] အချို့ မြင်ရမှယုံတဲ့ ပုဂ္ဂိုလ်မျိုးတွေ ရှိသေးတယ်။ လက်တွေ့မျက်တွေ့ ဝါဒလို့ ခေါ်တယ်။ မမြင်ရရင် မယုံဘူးတဲ့။

ကိုယ်မမြင်လို့လည်း မယုံဘူးပြောလို့မရဘူး၊ မတွေ့ဘူးလို့လည်း မယုံဘူးလို့ ပြောလို့မရဘူး။ လောကမှာ ထူးထူးခြားခြားတွေဟာ တွေ့ရှိပြီးနေတယ်။ စကြဝဠာအနန္တဆိုတဲ့ ဗုဒ္ဓရဲ့ ဟောပြောချက် မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတယ်။ ဒီကနေ့ခေတ်မှာ လက်ခံလာကြတယ်၊ လက်ခံလာကြပြီး စူးစမ်းလေ့လာနေတဲ့ ပုဂ္ဂိုလ်တွေက စကြဝဠာအနန္တဆိုတာ လက်ခံလာကြတယ်။

လောကဝိဒူ ဂုဏ်နဲ့ပတ်သက်ပြီး တောင်ကျွန်း မြောက်ကျွန်း အရှေ့ကျွန်း အနောက်ကျွန်း ကျွန်းကြီးလေးကျွန်းတို့ မြင်းမိုရ်တောင်တို့ဆိုတာ ဖော်ပြထားတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး မယုံတဲ့လူတွေရှိတယ်။ မယုံသေးဘူးဆိုရင် စူးစမ်းပေါ့။

သို့သော် မြတ်စွာဘုရားက စကြဝဠာနဲ့ ပတ်သက်ပြီး ဟောထားတာရှိတယ်။ အင်္ဂုတ္တရနိကာယ်မှာ စူဠနိကသုတ် တဲ့။ (Cosmology) စကြဝဠာအငယ်စားအစုတစ်ခု ဆိုတာရှိတယ်။ မြင်းမိုရ်တောင်ကို အခြေပြုပြီး အဲဒီမှာ ကျွန်းကြီးလေးကျွန်း၊ လူ့ပြည်၊ စတုမဟာရာဇ် နတ်ပြည်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ လို့ဆိုပြီး နတ်ပြည် ခြောက်ထပ်နဲ့တည်ရှိနေတဲ့ အဝန်းအဝိုင်းဟာ စကြဝဠာတစ်ခု။

[၁၂၆] စကြဝဠာပေါင်း တစ်ထောင်ကို စူဠနိကာလောကဓာတု လို့ ခေါ်တယ်။

စကြဝဠာ (စက္ကဝါဠ) ဆိုတဲ့ အသုံးကို ဘုရားကိုယ်တိုင် သုံးခဲ့သလားဆိုတော့ မသုံးခဲ့ဘူး။ လောကဓာတု ဆိုတဲ့စကားလုံးကို သုံးခဲ့တယ်။ နောက်ပိုင်းကျမှ စကြဝဠာ ဆိုတဲ့ စကားလုံးကို ပါဠိစာပေမှာ သုံးလာတယ်။ အတော်လေးနောက်ကျမှ ပေါ်လာတာဖြစ်တယ်။ ဝေါဟာရဆိုတာ တစ်ဖြည်းဖြည်းမှ ပေါ်လာတာတွေရှိတယ်လေ။ တစ်ပြိုင်နက်ပေါ်တာ မဟုတ်ဘူး။

အဲဒီတော့ စကြဝဠာအနန္တဆိုတဲ့ အယူအဆအရ လူ့ဘုံဆိုတာ ဒီတစ်ဘုံထဲမဟုတ်ဘူး။ အခုဒီကနေ့ ဘုန်းကြီးတို့နေတဲ့ စကြဝဠာကတစ်ခု၊ ဒီလို စကြဝဠာတွေ အများကြီးရှိတယ်။ ဒါကြောင့်မို့ Unknown Flying Object (UFO) ပုဂံပြားပျံ ပေါ့လေ၊ ခဏခဏတွေ့တယ်လည်းပြောကြတယ်၊ မဟုတ်ဘူးလို့လည်း ပြောကြတယ်။

ဘုန်းကြီးတို့နေတဲ့မြေကို ကမ္ဘာ့ဂြိုဟ်ကြီးလို့ ပြောပါစို့။ ကမ္ဘာ့ဂြိုဟ်ကြီးပေါ်မှာ ကျွန်းကြီးလေးကျွန်းရှိတယ်။ သမုဒ္ဒရာတွေရှိတယ်၊ မြင်းမိုရ်တောင်ရှိတယ်၊ စတုမဟာရာဇ်နတ်ဘုံနဲ့ တာဝတိံသာနတ်ဘုံရှိတယ်၊ ကျန်တာတွေကတော့ ဒီ မြင်းမိုရ်တောင်ရဲ့အထက်မှာ အဆင့်ဆင့် အဆင့်ဆင့် ကောင်းကင်ဘုံမှာ အနှံ့အပြားရှိနေတယ်။ အဲဒါကို စကြဝဠာတစ်ခုလို့ သတ်မှတ်တယ်။ အဲဒီလို စကြဝဠာပေါင်းတစ်ထောင် ရှိတာကို စူဠနိကာလောကဓာတ်လို့ မြတ်စွာဘုရားခေါ်တယ်။

[၁၂၇] အဲဒီ တစ်ထောင်ကို တစ်ထောင်နဲ့မြှောက်ရင် တစ်သန်း ရတယ်။ စကြဝဠာတစ်သန်းကို မဇ္ဈိမိကာလောကဓာတု လို့ ခေါ်တယ်။ တစ်သန်းကို တစ်ထောင်နဲ့မြှောက်လိုက်တဲ့အခါ စကြဝဠာ ကုဋေတစ်သိန်းဖြစ်တယ်။ အဲဒါကို မဟာလောကဓာတ် လို့ ခေါ်တယ်။

မြတ်စွာဘုရားက စကြဝဠာကုဋေတစ်သိန်း ကြားအောင် ပြောနိုင်တယ်တဲ့။ ဘယ်လိုကြားအောင် ပြောသလဲလို့ဆိုရင် လုပ်ပုံလုပ်နည်းကတော့ တော်တော်ကို စနစ်ကျတယ်။ ဒီ သတ္တဝါတွေဆိုတာ အိပ်နေတဲ့လူလည်းရှိမှာပဲ၊ အမှတ်တမဲ့ နေတဲ့ လူတွေလည်း ရှိကြမှာပဲ။ အိပ်ပျော်နေတဲ့လူ၊ အမှတ်တမဲ့နေတဲ့ လူတွေ ကြားချင်မှကြားမှာ၊ အဲဒီတော့ အိပ်ရာမှနိုးအောင်၊ အမှတ်တမဲ့မနေအောင် နှိုးလိုက်သေးတယ်။ ဘယ်လိုနှိုးတုန်း ဆိုရင် မြတ်စွာဘုရားက လောကကြီးတစ်ခုလုံး မှောင်သွားအောင် ညိုသောရောင်ခြည်တော် အရင်လွှတ်လိုက်တာ။ စကြဝဠာ ကုဋေတစ်သိန်းဟာ မှောင်ကြီးကျသွားတယ်။

လင်းနေရာက ရုတ်တရက်မှောင်သွားတဲ့အခါ လူတွေဟာ ဘာဖြစ်တာပါလိမ့် အုတ်အုတ်ကျက်ကျက် ဖြစ်တတ်တယ်၊ လူ့ရဲ့သဘာဝက လန့်ဖြန့်ပြီး အကုန်လုံး အိပ်နေတဲ့ လူတွေပါနိုး၊ အကုန်လုံး အမှောင်ကြီးဖြစ်နေပြီဆိုတဲ့အချိန်ကျတော့မှ ရောင်ခြည်တော်လွှတ်လိုက်တယ်။ အဲဒီလို အလင်းရောင် ပေါ်လာပြီဆိုတော့ လူတိုင်းအားလုံးက အလင်းရောင်ကို အာရုံစိုက်နေကြတယ်။

[၁၂၈] အဲဒီအချိန်မှာ မြတ်စွာဘုရားက တရားတစ်ပုဒ် ဟောလိုက်တယ်။ အားလုံးကြားသွားတယ်။ အဲဒီလိုနည်းနဲ့ မြတ်စွာဘုရားဟာ ဗုဒ္ဓရဲ့စွမ်းရည်သတ္တိတစ်ခုကို ဖော်ပြခဲ့တာရှိတယ်။ ဒါဟာ ဒီဩကာသလောကကြီးနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားရဲ့ ဟောကြားချက်တွေပဲ။

လူတွေက ခဏခဏမေးကြတယ်။ မြင်းမိုရ်တောင် ဘယ်မလဲ? မြင်းမိုရ်တောင် ရှာနေကြတုန်းပဲရှိသေးတယ်။ အဲဒီတော့ မြင်းမိုရ်တောင်ရှာတယ်ဆိုရင် ဘယ်လိုရှာမှာလဲ၊ ကိုယ်နေတာက မြင်းမိုရ်တောင်ခါးပန်းမှာနေတာ။ မြင်းမိုရ်တောင်ခါးပန်းမှာနေပြီးတော့ မြင်းမိုရ်တောင်ရှာနေရင်တော့ ယောက်မခါးထိုးပြီး ရှာနေသလိုဖြစ်မှာပဲ၊ ရှာလို့မတွေ့တော့ဘူး။ မြင်းမိုရ်တောင်ဆိုတာ သေးသေးလေးမှမဟုတ်တာ။

ကမ္ဘာလုံးကြီးဆိုပါစို့၊ တောင်ဝင်ရိုးစွန်း မြောက်ဝင်ရိုးစွန်း ဝင်ရိုးစွန်းတွေ အသာထား၊ အဲဒီမှာ ကမ္ဘာကြီးရဲ့တည်နေပုံကို နည်းနည်း အာရုံပြုကြည့်လိုက်မယ် ဆိုလို့ရှိရင် သိပ်ကြီးမားလွန်းအားကြီးလို့ လူတွေမြင်ဖို့ခက်တယ်လေ။ ကိုယ် ဘယ်နေရာရောက်ရောက် ကိုယ်ဟာ မိုးကုတ်စက်ဝိုင်းကြီးရဲ့ အလယ်မှာပဲရှိတယ်။ ကိုယ့်ရဲ့မြင်ကွင်းက ဒါလောက်ပဲရှိတယ်။ လူ့ပြည်က မြင်းမိုရ်တောင်ခါးပန်းမှာရှိတယ်။ အဲဒီတော့ မြင်းမိုရ်တောင်ခါးပန်းဆိုတာ အခုကနေ့ စိတ်ကူးနဲ့ဖော်ထုတ်ထားတဲ့ ကမ္ဘာလုံးကြီးရဲ့ခါးပန်းမှာရှိနေတယ်ဆိုတော့ ကိုယ်က အဲဒီမှာနေပြီး မြင်းမိုရ်တောင်လိုက်ရှာလို့ ဘယ်တွေ့မှာတုန်း။

[၁၂၉] မြင်းမိုရ်တောင်ထိပ် အမြင့်ဆုံးနေရာမှာ တာဝတိံသာ နတ်ပြည်ရှိတယ်တဲ့၊ အောက်ဆုံးအခြေမှာ အသုရာနတ်ပြည် ရှိတယ်တဲ့၊ မြင်းမိုရ်တောင်ခါးပန်းမှာ လူ့ပြည်ရှိပြီး စတုမဟာရာဇ် နတ်ပြည်ကလည်း အဲဒီပတ်ဝန်းကျင်မှာ ရှိနေတယ်လို့ ဒီလိုဆိုတာပေါ့။ ဒီတော့ ကမ္ဘာဂြိုဟ်ကြီးရဲ့အမြင့်ဆုံးနေရာဟာ မြင်းမိုရ်တောင်ပဲပေါ့။

ပင်လယ်ရေမျက်နှာနဲ့ညီနေတဲ့ လူတွေနေတဲ့ ရေပြင်ကြီးက မြင်းမိုရ်တောင်ရဲ့အလယ်လောက်မှာ ရောက်ပြီးနေတယ်။ မြင်းမိုရ်တောင်ကြီးက ပင်လယ်ထဲမှာ တစ်ဝက်မြုပ်နေတယ်၊ တစ်ဝက်ပေါ်နေတယ်။ ကမ္ဘာ့မြေပြင်ကြီးကို ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း ရေပြင်ကြီးတွေကလွှမ်းပြီး ရေပြင်မှာ ကျွန်းမြေကြီးတွေက ပေါလောပေါ် (Floating) နေတာပဲ။ အဲဒီ ပေါ်နေတဲ့အရာတစ်ခုလုံးက မြင်းမိုရ်တောင်ကြီးပဲလို့ ပြောရမယ်။ စာပေအရ ဒီလိုဆိုထားတယ်။

အဲဒီတော့ မြင်းမိုရ်တောင်ဆိုသည်မှာ ကမ္ဘာလုံးကြီး တစ်ခုလုံးကို ခြုံကြည့်ရမယ်၊ ခြုံကြည့်တဲ့အခါ အမြင့်ဆုံးထိပ်က မြင်းမိုရ်တောင်ထိပ်ပဲ၊ ကမ္ဘာလုံးကြီးတစ်ခုလုံးကိုပဲ မြင်းမိုရ်တောင်လို့လည်း ပြောလို့ရတယ်။ အဲဒီ တောင်ထိပ်ဟာ တာဝတိံသာနတ်ပြည်ရဲ့ တည်ရာဌာနဖြစ်ပြီး အောက်ခြေက အသုရာဘုံရဲ့တည်ရာဌာန၊ အလယ်ခါးပန်း ပတ်ပတ်လည်ကတော့ ကျွန်းကြီးလေးကျွန်းဆိုတဲ့ လူ့ပြည်ရဲ့ တည်ရာဌာန၊ ဒီလိုပြောလို့ရတာပေါ့။

[၁၃၀] ဂျာမနီနိုင်ငံသွားပြီး သင်တန်းပို့ချတုန်းက ဂျာမန် ကျောင်းသားတစ်ယောက်ကမေးတယ်။ “မဟာပရိနိဗ္ဗာနသုတ်မှာတဲ့ လေထုကြီးလှုပ်တော့ ရေထုကြီးလှုပ်တယ်တဲ့၊ ရေထုကြီးလှုပ်တဲ့အခါ မြေထုကြီးလှုပ်တယ်”ပေါ့။ အဲဒါနဲ့ ရှင်းပြပေးပါလို့ တောင်းဆိုတယ်။

လေထုကြီးလှုပ်တယ်ဆိုတာ အခု ကမ္ဘာဂြိုဟ်ကြီးဆိုတာ ဒီကနေ့ သိပ္ပံက ဘယ်လိုပြောတုန်းဆိုတော့ အာကာသကြီးထဲမှာရှိတယ်လို့ ပြောတာပဲမဟုတ်လား? အာကာသကြီးထဲမှာ ရှိတယ်။ အာကာသလို့ဆိုကတည်းက ဘေးကပတ်ပတ်လည်ကလေတွေချည်းပဲလေ။ အဲဒီလေထု လှုပ်သည့်အတွက်ကြောင့် မြေထုက လှုပ်တယ်၊ ရေထုက လှုပ်တယ်၊ ရေထုက လှုပ်သည့်အတွက်ကြောင့် ကမ္ဘာမြေထုကလှုပ်တယ်လို့ ဒီလို ဆိုထားတာ။

သူက ဒီလိုစိတ်ကူးပြီး မေးပုံရတယ်။ လေပေါ်မှာရေ၊ ရေပေါ်မှာမြေ အထပ်ထပ် အဆင့်ဆင့်နေတယ်လို့ ဒီလို ထင်တာကိုး။ တကယ်ကတော့ ကမ္ဘာဂြိုဟ်ထုကြီးမှာ မြေကြီးတွေဟာ အမြင်အားဖြင့်ပြောမယ်ဆိုလို့ရှိရင် ပင်လယ်ပြင်ကြီးက အလွန်ကြီးတယ်။ ပင်လယ်ထဲမှာရှိတဲ့ ကမ္ဘာ့ကျွန်းကြီးတွေဟာ ရေပြင်မှာပဲ ပေါ်နေတဲ့သဘောမျိုး မြင်ရတယ်လေ။ မြေပုံကို ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ဒီမြေတွေဟာ ပင်လယ်ထဲမှာ ပေါ်နေတဲ့ အလွှာကြီးတွေလို မြင်ရတယ်ပေါ့။

[၁၃၁] အဲဒါနဲ့ ဘုန်းကြီးကပြောတာ “မင်း ကမ္ဘာ့မြေပုံကြီး ကြည့်လိုက်တဲ့အခါ ကမ္ဘာကြီးဟာ အာကာသထဲမှာရှိတယ်၊ ဟုတ်တယ်၊ လေကလှုပ်တယ်၊ ... ကမ္ဘာမြေကြီးကလည်း ပင်လယ်ရေကြီးတွေ ပတ်ချာဝိုင်းပြီးနေတယ်၊ လေတိုက်လို့ရှိရင် လှုပ်ရင် ရေကအရင်လှုပ်မှာပဲ၊ လှုပ်ပြီးလို့ရှိရင် ကမ္ဘာမြေကြီးပါ လှုပ်တယ်၊ အဲဒါကို အမြင်အားဖြင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒီပုံစံပဲဖြစ်နိုင်တယ်” လို့ ရှင်းပြလိုက်တယ်။

သူစဉ်းစားနေတုန်း ဂျာမန် အမျိုးသမီးတစ်ယောက်က “ဟုတ်တယ် ဟုတ်တယ်” လို့ ဝင်ပြောလိုက်တယ်၊ သူလည်း ဆက်မမေးတော့ဘူး၊ သဘောကျလို့လား သဘောမကျလို့လား ဆိုတာတော့မသိဘူး။ ဘုန်းကြီးတို့ကတော့ ကြံဖန် ဖြေရတာပဲလေ။ အဲဒီတော့ အင်မတန်မှကြီးမားတဲ့ အရာဝတ္ထုကြီး တစ်ခုကို ကိုယ်က ပုံဖော်ပြီးပြောဖို့ဆိုတာ အလွန်ခဲယဉ်းတဲ့ ကိစ္စတစ်ခုပဲပေါ့နော်။

အဲဒီတော့ မြတ်စွာဘုရားကို ဩကာသလောကလို့ဆိုပြီးတော့.. မြင်းမိုရ်တောင်တွေ ဒါတွေကို အဋ္ဌကထာဆရာက လောကဝိဒူထဲမှာ ထည့်ရေးတာကို တစ်ချိန်တုန်းက မြန်မာနိုင်ငံမှာ အဋ္ဌကထာဆရာကို အပြစ်တင်ပြီး လောကဝိဒူကို မြတ်စွာဘုရားဟာ ဩကာသလောကကြီးအကြောင်း သိတယ်ဆိုတာ မဟုတ်ဘူးလို့ဆိုပြီး စာအုပ်တွေရေးကြတယ်၊ မဟုတ်ဘူးဆိုရင် အကြောင်းပြလေ၊ အဲဒီလိုတော့လည်း အကြောင်းမပြဘူး၊ အဲဒီတော့ မယုံတာကတော့ ဘာတတ်နိုင်မှာတုန်း။

[၁၃၂] မယုံတဲ့လူကို ယုံအောင်ပြောစရာ မလိုပါဘူးနော်၊ ယုတ္တိ ရှိမရှိဘဲ ကိုယ်ကကြည့်ရမှာပေါ့။ အဲဒါကြောင့် ဒီလိုစွမ်းအား ကြီးမားတဲ့၊ ပညာကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောကြားချက်ဟာ အမှားအယွင်း မရှိဘူးလို့ ဘုန်းကြီးတို့ကတော့ လက်ခံတယ်ပေါ့၊ ကိုယ်မတွေ့သေးတာပဲရှိတယ်၊ မရှိတာမဟုတ်ဘူး။ အဲဒီတော့ မြတ်စွာဘုရားဟာ ဩကာသလောက အကြောင်းကိုလည်း သိတယ်။

လောကနဲ့ ပတ်သက်လာတဲ့အခါမှာ ရောဟိတဿသုတ် ဆိုတာ ရှိတယ်။ ရောဟိတဿ လို့ဆိုတဲ့ ဗြဟ္မာတစ်ဦးရှိတယ်၊ အဲဒီဗြဟ္မာက အရင်ဘဝတုန်းက ဈာန်ရ ရသေ့ကြီး၊ တန်ခိုး အဘိညာဉ်နဲ့ ပြည့်စုံတယ်၊ သူကလည်း ကမ္ဘာကြီးကို သုတေသနလုပ်ချင်တဲ့ ပုဂ္ဂိုလ်ပဲ။

သူက တန်ခိုးနဲ့သုတေသနလုပ်တာ၊ ဘယ်လိုလုပ်တာတုန်းဆိုလို့ရှိရင် သူ့ရဲ့လျင်မြန်မှုဟာ စကြဝဠာတစ်ခုတစ်ခုကို သွားတဲ့ လျင်မြန်တဲ့နှုန်းက ဘယ်လောက်ထိအောင်မြန်တုန်း ဆိုလို့ရှိရင် အလွန်သန်မာတဲ့ မြားတစ်စင်းကို ပစ်လိုက်တဲ့အချိန်လေးမှာ အဲဒီမြားဟာ ထန်းပင်အရိပ်ကလေးကို ဖြတ်သွားတဲ့အချိန်၊ ထန်းပင်ဆိုတာ ဘယ်လောက်ရှိမှာတုန်း တွက်ကြည့်လိုက်မယ်ဆိုရင် ထန်းလုံးတစ်ခုရဲ့ပမာဏဟာ တစ်ပေလောက်ပဲ ထားပါတော့နော်၊ အဲဒီ တစ်ပေအတိုင်းအတာလေးကို မြားကဖြတ်သွားတဲ့အချိန်လေးဟာ အလွန်လျင်မြန်တာပေါ့၊ [၁၃၃] ဖျပ်ကနဲ ဖြတ်သွားတာ။ အဲဒီ အချိန်ပိုင်းလေးလောက်ကို စကြဝဠာတစ်ခု ဖြတ်ကျော်နိုင်တယ်လို့ သူကပြောတာ။ သူ့ ခြေလှမ်း တစ်လှမ်းတစ်လှမ်းက ဘယ်လောက်ကျယ်တုန်းဆို အရှေ့သမုဒ္ဒရာကနေ အနောက်သမုဒ္ဒရာကို ခြေထောက် တစ်လှမ်းနဲ့ပဲသွားတယ်။

ခြေလှမ်းကလည်းကျဲတယ်၊ လျင်မြန်တဲ့အဟုန်ကလည်း အလွန်လျင်မြန်တယ်၊ အဲဒီနှုန်းနဲ့ အနန္တစကြဝဠာရဲ့ အဆုံးကို သိဖို့ သူလေ့လာကြည့်တယ်၊ အေး- အပန်းဖြေတဲ့အချိန်လေး၊ စားတဲ့အချိန်၊ သောက်တဲ့အချိန်လေးလောက်ပဲ ချန်ထားပြီး အနှစ်တစ်ရာပတ်လုံး သူစူးစမ်းလေ့လာခဲ့တာ အသက်(၁၀၀) ပြည့်လို့ သေသာသွားတယ် စကြဝဠာအဆုံးကို သူမရောက်ခဲ့ပါဘူးလို့ မြတ်စွာဘုရားကို လာလျှောက်တယ်။ ရောဟိတဿဗြဟ္မာ က မြတ်စွာဘုရားကို ဆက်ပြီး လျှောက်တယ်၊ “အရှင်ဘုရားတဲ့၊ လျှောက်လှမ်းသွားခြင်းဖြင့် (သို့မဟုတ် သွားရောက်ခြင်းဖြင့်) လောကရဲ့အဆုံးကို သိနိုင်တယ်၊ မအိုရာ မနာရာ မသေရာ လောကရဲ့အဆုံးကို သိနိုင်တယ်၊ လောကရဲ့အဆုံးကို ရောက်နိုင်တယ်လို့ တပည့်တော် မယုံကြည်ဘူး”တဲ့။

မြတ်စွာဘုရားက သူပြောတာကို ထောက်ခံတယ်၊ “ဟုတ်တယ်၊ သွားရောက်ခြင်းဖြင့် လောကရဲ့အဆုံးကို မင်းတွေ့မှာ မဟုတ်ဘူး၊ မအို မနာ မသေ လောကရဲ့အဆုံးကိုဘယ်တော့မှ ရောက်မှာ မဟုတ်ဘူးတဲ့။ လောကရဲ့အဆုံးကို မတွေ့ဘဲနဲ့ [၁၃၄] လည်း ဘယ်တော့မှ အိုခြင်း, နာခြင်း, သေခြင်း ဆိုတဲ့ ပြဿနာတွေကို အဆုံးသတ်နိုင်မှာမဟုတ်ဘူး”

လောကလို့ဆိုတဲ့ နေရာမှာ ရောဟိတဿ ဗြဟ္မာကြီးက သူပြောချင်တဲ့ လောကက ဩကာသလောကကြီးဖြစ်တယ်။ ဩကာသလောက စကြဝဠာအနန္တကို သွားကြည့်တာ၊ သွားလို့ အဆုံးမရောက်ခင်ဘဲ သေခဲ့ရတယ်၊ အဆုံးကို ရှာမတွေ့ခဲ့သေးဘူး။ ဘယ်နေရာမှာ လောကကြီးဟာ အဆုံးသတ်သလဲ။ မြတ်စွာဘုရားက သူ့ကို လမ်းကြောင်းပြောင်းလိုက်တယ်၊ ဩကာသလောက ကြီးအကြောင်းပြောလို့ သူ တရားထူး တရားမြတ်ရဖို့ မရှိဘူး၊ ဒါ့ကြောင့် မြတ်စွာဘုရားက သင်္ခါရလောကဘက်ကိုဦးလှည့်ပေးလိုက်တာ၊ လောကဆိုတဲ့အသုံးနဲ့ ဘယ်လိုဦးလှည့်ပေးလိုက်တုန်း ဆိုလို့ရှိရင် “အေး- လောကရဲ့ အဆုံး သွားရောက်ခြင်းဖြင့်ဘယ်လိုမှမရောက်နိုင်ဘူး၊ လောက အဆုံးကိုမတွေ့သမျှ အိုခြင်း, နာခြင်း, သေခြင်း ဆင်းရဲဆိုတာမှလည်း လွတ်မှာမဟုတ်ဘူး”

သင်္ခါရလောကကို သိတော်မူပုံ

လောကဆိုတာ . အခြားဟာကိုပြောတာ မဟုတ်ဘူး၊ ခန္ဓာကိုပြောတာ၊ သင်္ခါရလောကဘက်ကို ဦးလှည့်လိုက်တာ၊ “ဩကာသလောကကြီး သွားနေလို့ကတော့ ဘာမှလည်း အကျိုးမရှိဘူး၊ အဆုံးတွေ့တော့ရော မင်းဘာဖြစ်မလဲ၊ ဘာမှ [၁၃၅] “မဖြစ်ဘူး၊ အဲဒီတော့ လောကရဲ့အဆုံးကို ရှာချင်ရင် သင်္ခါရ လောကကိုပဲရှာ” လို့ မြတ်စွာဘုရားက သူ့ကို လမ်းကြောင်း ဖြောင့်ပေးလိုက်တာ၊ သင်္ခါရလောကရဲ့အဆုံးကို ရှာနိုင်မှ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆင်းရဲက လွတ်မှာတဲ့။

ဟောဒီ အသိစိတ်တွေ အမှတ်သညာတွေရှိတဲ့ တစ်လံလောက် အတိုင်းအတာရှိတဲ့ လူရဲ့ခန္ဓာကိုယ်ကြီးကို လောက လို့လည်းခေါ်တယ်၊ လောကသမုဒယ- လောကဖြစ်ကြောင်း တရားဆိုတာလည်း ဒီမှာပဲရှိမယ်၊ လောကချုပ်ရာဆိုတာလည်း ဒီမှာပဲရှိမယ်၊ လောကချုပ်ရာသို့ရောက်ကြောင်း အကျင့် ပဋိပဒါ ဆိုတာလည်း ဒီမှာပဲရှိတယ်၊ ဒီလောကကို စူးစမ်းရမှာဖြစ်တယ်လို့ မြတ်စွာဘုရားက သင်္ခါရလောကဘက်ကို ဦးလှည့်ပေးလိုက်တာ။

သတ္တဝါတွေ လမ်းကြောင်းအမှန်ပေါ်ကိုရောက်ဖို့ တင်ပေးတာ ဘုရားရဲ့ လုပ်ငန်းပဲလေ၊ ဩကာသလောကကြီးကို ရှာနေလို့ အဆုံးလည်းတွေ့မှာလည်း မဟုတ်ဘူး၊ တွေ့သည့်တိုင်အောင် သံသရာဝဋ်ဆင်းရဲကလွတ်ဖို့အတွက် အထောက်အကူ ဖြစ်မှာလည်း မဟုတ်ဘူး၊ ဒါကြောင့်မို့ အဲဒါတွေကို ရှာတာဟာ အကျိုးမရှိဘူး၊ သင်္ခါရလောကရဲ့အဆုံးကို ရှာရမယ်လို့ ဒီလိုဆိုတာပေါ့နော်။

အဲဒီတော့ မြတ်စွာဘုရားက ဟောလိုက်တာ၊ “ဟောဒီ တစ်လံမျှလောက်ရှိတဲ့ လူတွေရဲ့ ကိုယ်ကာယ၊ အဲဒီ ကိုယ်ကာယကိုပဲ လောကလို့ သတ်မှတ်တယ်တဲ့။

[၁၃၆] ဒီနေရာမှာ သစ္စာလေးပါးကို မြတ်စွာဘုရားက ဟောလိုရင်းဖြစ်တယ်ပေါ့၊ ဘာကြောင့် လောကလို့ခေါ်တုန်း၊ “လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော” ပျက်စီးတတ်သောကြောင့် လောကတဲ့။ ဘယ်တော့မှ ထာဝရတည်မြဲတာ မရှိဘူး၊ ခန္ဓာဆိုတာ ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ ပျက်စီးသွားမှာပဲ၊ အားလုံးဟာ ပျက်စီးနေတာချည်းပဲ၊ မြင်မြင်သမျှ ရုပ်ဝတ္ထုတွေ အားလုံးဟာ ပျက်စီးသွားတာပဲ၊ သက်ရှိသတ္တဝါတွေ အားလုံးဟာလည်း ပျက်စီးနေကြတာ၊ ထာဝရ တည်မြဲနေတဲ့အရာဆိုတာ ဘယ်မှမရှိဘူး၊ အားလုံးဟာ မွေးဖွားလာခြင်း၊ ရင့်ရော်လာခြင်း၊ အိုမင်းလာခြင်း၊ နောက်ဆုံး သေဆုံးသွားခြင်း၊ ပျောက်ကွယ်သွားခြင်းနဲ့ ဒီလိုပဲ အဆုံးသတ်နေကြရတယ်။ အဲဒီ သင်္ခါရလောကရဲ့အဆုံးကို ရှာရမယ်တဲ့၊ အသိဉာဏ်နဲ့ ရောက်အောင် သွားရမယ်တဲ့။

အဲဒီတော့ သင်္ခါရလောကရဲ့အဆုံးကို ရှာချင်ရင် မင်း ဘာတွေသိအောင်လုပ်ရမလဲ၊ လောကဆိုတာကို သိအောင်လုပ်ရမယ်၊ ဒီလောက ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းတရားကို သိအောင်လုပ်ရမယ်၊ ဒီလောက ဘယ်မှာ အဆုံးသတ်တယ်ဆိုတာကို သိအောင်လုပ်ရမယ်၊ အဲဒီအဆုံးသတ်ကို ရှာဖွေတဲ့ နည်းစနစ်ကိုလည်း သိအောင်လုပ်ရမယ်လို့ ဒီလို ဟောတာပေါ့။

[၁၃၇] ရောဟိတဿ ဆိုတဲ့ ဗြဟ္မာကြီးကို တရားဟောလိုက်တဲ့အခါမှာ သူဟာ အသိဉာဏ်ပွင့်လင်းသွားပြီး အကျွတ်တရား ရသွားတယ်၊ အဲဒီလိုဆိုတာပေါ့နော်။

လောက ပျက်စီးနေတယ်ဆိုတာ ဘာကိုပြောတာတုန်းဆိုရင် ရုပ်ခန္ဓာကြီး ပျက်စီးနေတာ၊ သာမန်သိပ္ပံပညာရပ်နဲ့ စူးစမ်းလေ့လာရင်တောင် လူရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ (ဆဲလ်) ကလေးတွေ ပျက်စီးနေတယ်ဆိုတာကို တွေ့ရှိရတယ်လေ၊ ဝိပဿနာဉာဏ်နဲ့ ကြည့်နိုင်မယ်ဆိုရင် ဒီ့ထက် အသေးစိတ် ပျက်စီးနေတယ်ဆိုတာ တွေ့ရတယ်ပေါ့၊ အဲဒီလို ပျက်စီးလာလို့ လူ့ရဲ့ခန္ဓာကိုယ်ကြီးဟာ တဖြည်းဖြည်းယိုယွင်း အိုမင်းရင့်ရော်လာပြီး နောက်ဆုံး သေဆုံးသွားတယ်၊ အဲဒီတော့ လူရဲ့ခန္ဓာကိုယ်ကြီးကိုပဲ လောကလို့ခေါ်လိုက်တာ။ ဘုန်းကြီးတို့တတွေမှာရှိတဲ့ ခန္ဓာငါးပါး ဘာတွေနဲ့ ဖွဲ့စည်းထားတုန်း ဒီလောကဟာကြည့်- ရုပ်တွေရှိတယ်၊ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယ၊ ဟော- အဓိက ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ခန္ဓာကိုယ်ကြီးကို ခွဲစိတ်ကြည့်လိုက်၊ မာမာပျော့ပျော့အတုံးအခဲတွေကတစ်ပုံ၊ အရည်တွေကတစ်ပုံ၊ အပူငွေ့ အအေးတွေက တစ်ပုံ၊ လှုပ်ရှားနေတဲ့ လေတွေက တစ်ပုံ၊ ဒီဓာတ်ကြီးလေးပါးပဲတွေ့တာပဲ၊ တစ်ပုံစီခွဲထားလိုက်ပြီး ပုံပျက်သွားအောင် ဖျက်ကြည့်လိုက်ပေါ့လေ။

အရိုးတွေ အသားတွေ ကလီစာတွေ တစ်ပုံပုံကြည့်လိုက်၊ စိတ်ထဲကပဲ ပုံပေါ့နော်၊ တစ်ပုံပုံကြည့်လိုက်၊ အဲဒါ အရိုးတွေ [၁၃၈] အသားတွေ ကလီစာတွေကတစ်ပုံ၊ အရည်တွေက တစ်ပုံ ပုံထားလိုက်၊ နောက်တစ်ခါ အပူငွေ့ အအေးဆိုတာတွေက တစ်ပုံပုံထားလိုက်၊ လှုပ်ရှားနေတဲ့လေက တစ်ပုံပုံထားလိုက်မယ်ဆိုလို့ရှိရင် ခန္ဓာကိုယ်ကြီးမှာ တစ်ခုစီခွဲထုတ်လိုက်လို့ရှိရင် ဒီလေးမျိုးပဲတွေ့မှာပဲ။ ဒီ့ထက်ပိုပြီး တွေ့စရာအကြောင်းမရှိဘူး၊ ဒါကိုပဲ ဓာတ်ကြီးလေးပါးလို့ခေါ်တာ။ အဲဒီလေးခုကို လေးပုံပုံလိုက်တာနဲ့ တပြိုင်နက် လူဆိုတာ ရှိဦးမလား၊ ရှာတွေ့မှာ မဟုတ်ဘူးလေ။

မဟာသတိပဋ္ဌာနသုတ်မှာ ဟောထားတာ။ အဲဒီ လူဆိုတဲ့ အမှတ်သညာ ပျောက်သွားသည့်တိုင်အောင်၊ သတ္တဝါဆိုတဲ့ သညာ ပျောက်သွားသည့်တိုင်အောင် အခုလိုခွဲစိတ်ပြီး ကြည့်ရမယ်၊ အပုံလေးပုံ ပုံပြီးတော့ အပြန်အလှန် စဉ်းစားကြည့်လိုက်လို့ရှိရင် လူရဲ့ရုပ်ပုံလွှာဟာ ပျောက်သွားပြီလေ။ သဘာဝတရားအမည်တစ်မျိုးဘက်ကို ပြောင်းပြီးရောက်ရှိသွားတယ်။

မဟာသတိပဋ္ဌာနသုတ်မှာတဲ့ မြတ်စွာဘုရားက ဥပမာလေးဟောထားတယ်၊ နွားသတ်သမားဟာ နွားတစ်ကောင်ကို သတ်တယ်၊ သတ်ပြီးတဲ့အချိန်မှာ နွားသတ်တယ်ဆိုတဲ့ အသိစိတ် ရှိနေသေးတယ်၊ လှီးဖြတ်နေတဲ့အချိန်မှာလည်း ငါ့နွားကြီးကို လှီးဖြတ်နေတယ်ဆိုတာ ရှိသေးတယ်၊ ဟုတ်ပြီ- သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ ဓားတစ်ချောင်းနဲ့ နွားကို အကုန်လုံး ခုတ်ထစ်ဖြတ်ပြီးတဲ့အခါ အရိုးကတစ်ပုံ၊ အသားကတစ်ပုံ၊ သွေးတွေက တစ်ပုံနဲ့ ဒီလိုအပုံပုံထားလိုက်လို့ရှိရင် ပြီးတဲ့အခါ လာဝယ်တဲ့ [၁၃၉] လူတွေကိုရောင်းနေပြီ၊ အဲဒီကျတော့သူ ငါနွားရောင်းနေတယ်လို့ အတွေးရှိသေးလား၊ မရှိတော့ဘူး။ ဘာဖြစ်တုန်း အသားရောင်းတယ် ဖြစ်သွားတယ်၊ အသားရောင်းမယ် သားရေရောင်းမယ်၊ ဒါပဲရှိတော့တာ၊ နွားဆိုတဲ့သညာ ပျောက်သွားပြီ။

အဲဒီအတိုင်း ခန္ဓာကိုယ်ကို ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောနဲ့ ခွဲစိတ်ပြီးကြည့်၊ သဏ္ဌာန်ပျောက်သွားရမယ်၊ သဏ္ဌာန်ပျောက်သွားပြီဆိုရင် သတ္တသညာကို ဖယ်ရှားပြီးသား ဖြစ်သွားတယ်၊ ဒါက မဟာသတိပဋ္ဌာနသုတ်အရ ဓာတုမနသိကာရ ဆိုတဲ့ ဓာတ်ကမ္မဋ္ဌာန်းပေါ့နော်။ ဓာတ်ကြီးလေးပါးကို ကမ္မဋ္ဌာန်းပွားပုံ၊ စတုဓာတုဝဝတ္ထာန ကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ အကျဉ်းအားဖြင့် အဲဒီလိုပြောတာ။

မဟာဟတ္ထိပဒေါပမသုတ် (ဆင်ခြေရာနဲ့ ဥပမာပေးပြီး ဟောတဲ့သုတ်) မှာ ဒီ့ထက်နည်းနည်း အကျယ်ချဲ့လိုက်တယ်၊ “ဆံပင်၊ မွှေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမှေး၊ အဖျဉ်း၊ အဆုပ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်” အဲဒီ ပထဝီဓာတ်(၂၀) ကို တစ်ပုံ ပုံလိုက်တယ်။ အဲဒီနောက်မှာ အာပေါဓာတ်(၁၂)ကို တစ်ပုံ ပုံလိုက်တယ်။ အဲဒီလို ပထဝီတစ်ပုံ၊ အာပေါတစ်ပုံ ပုံထားလိုက်ရင် လူဆိုတဲ့ သညာဟာ ပျောက်သွားတယ်။

ကားကို တစ်စစီ ဖြုတ်ထားလိုက်လို့ရှိရင် ကားဆိုတာ ပျောက်သွားပြီလေ၊ အဲဒီလို သတ္တသညာတစ်ခုကို ပျောက် [၁၄၀] ကွယ်သွားသည်ထိအောင် ခွဲစိတ်ကြည့်ရတယ်။ အဲဒါကို analytical knowledge of mind and matter လို့ဆိုတာ။ အရေးအကြီးဆုံးက သတ္တသညာ ပျောက်သွားပြီ ဆိုလို့ရှိရင် တစ်ခုပြီးသွားပြီ။ အဲဒီကနေ အသေးစိတ် တစ်ခုစီ အသိဉာဏ် တက်လာပြီး ရှုမြင်သွားမှာပဲ၊ မြတ်စွာဘုရား ဟောတာကြည့်လေ၊ နွားဆိုတဲ့သညာ ပျောက်သွားပြီတဲ့၊ အမဲသားရောင်းနေတယ်ဆိုတဲ့ အသိစိတ်ပဲ သူ့မှာရှိတော့တယ်။

အဲဒီလို သတ္တသညာ ပျောက်သည်ထိအောင် ခွဲခြားစိတ်ဖြာလိုက်တာနဲ့တပြိုင်နက် ဘာဖြစ်သွားလဲ၊ လူတွေရဲ့ တွယ်တာမှုက ပျောက်သွားနိုင်တယ်။ လူတွေဟာ ဘယ်လို တွယ်တာတာလဲလို့ဆိုရင် ပုံပန်းသဏ္ဌာန် တပ်ဆင်ထားတဲ့ အပေါ်မှာ တွယ်တာတာ၊ ခွဲလိုက်တာနဲ့တပြိုင်နက် တွယ်တာသေးရဲ့လား၊ ဟော-ပရမတ်ရောက်ရောက် မရောက်ရောက် တွယ်တာမှုက ပျောက်နေပြီလေ။

ဆံပင် ခွဲထုတ်လိုက်မယ်၊ ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ခြင်ဆီ တစ်ခုစီခွဲထုတ်လိုက်လို့ရှိရင် ချစ်စရာ ကောင်းလိုက်တာ၊ ခင်စရာ ကောင်းလိုက်တာလို့ ရှိသေးလား၊ သူ့နေရာလေးသူ တပ်ဆင်ထားရင်တော့ ဟုတ်တယ်၊ ဆေးရောင်လေးက ဆိုးလိုက်သေးတာ၊ မိတ်ကပ်လေးက လိမ်းလိုက်သေးတာ ဆိုတော့ ဟုတ်စရာဖြစ်နေတယ်၊ ကဲ- တစ်ခုစီ ခွဲထုတ်လိုက်တဲ့ [၁၄၁] အခါ အဲဒီစိတ်တွေ ပေါ်သေးလား၊ တွယ်တာမှုဆိုတဲ့စိတ်ဟာ လုံးဝပျောက်သွားတယ်၊ အဲဒီ ပျောက်သွားတာကိုက အကျိုးအမြတ်ကြီးတစ်ခုပဲ။

ပုံပန်းသဏ္ဌာန် ပျောက်သွားလိုက်တာနဲ့ တပြိုင်နက်ထဲ တွယ်တာမှုကလည်း ပျောက်သွားပြီလေ။ တကယ် ကမ္မဋ္ဌာန်း အလုပ် အားထုတ်တယ်ဆိုတာ တွယ်တာမှု ပျောက်ချင်လို့ လုပ်တာ၊ တွယ်တာမှုကိုဖျောက်ဖို့က အဓိက၊ မုန်းတီးမှုရော ရှိသေးလား၊ တွယ်တာမှုမရှိဘူးဆိုရင် မုန်းတီးမှုလည်း မလာတော့ဘူးလေ၊ ခုနက အမဲသားရောင်းနေတဲ့လူက နွားဆိုတဲ့ အသိ သူမှာမရှိတော့ဘူး၊ အသားရောင်းနေတယ်ဆိုတဲ့အသိပဲ ရှိတော့တယ်၊ အဲဒီတော့ နွားဆိုတဲ့သညာ ပျောက်သွားပြီ။

အဲဒါလိုပဲ သတ္တသညာပျောက်သွားပြီး ယောက်ျား မိန်းမ ဆိုတဲ့ အမှတ်သညာတွေ ပျောက်သွားသည့်အတွက်ကြောင့် ရာဂတွေ ဒေါသတွေ မလာတော့ဘူးလေ၊ အဲဒီ မလာတာဟာ အမြတ်ပဲ၊ ဒီ့ထက်ပိုပြီးတော့ နှိပ်ကွပ်ပေးတဲ့အခါမှာ နောက်ဆုံးမှာ လုံးဝမပေါ်နိုင်တဲ့ အနေအထားမျိုးထိအောင် ရောက်သွားမယ်၊ positive ကနေ negative ဖြစ်အောင် လုပ်ရမယ် ဒီလို ပြောတာ။

ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်ပြီး .. လောကဆိုတာဟာ ဟောဒီ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယပဲ။ ခန္ဓာကိုယ်ကြီး တစ်ခုစီ ဖျက်ကြည့်လိုက်တဲ့အခါမှာ ဒါတွေကရုပ်တွေပဲ၊ ရုပ်သပ်သပ်ပဲ၊ အပူနဲ့တွေ့ရင်တစ်မျိုး၊ အအေးနဲ့တွေ့ရင်တစ်မျိုး [၁၄၂] အမျိုးမျိုး ပြောင်းလဲနေတတ်တဲ့ သဘာဝပဲလို့သိတယ်။ ဒါက ရူပက္ခန္ဓာ၊ ရုပ်အစု။

အဲဒီရုပ်ကိုမှီပြီး အသိစိတ်ဖြစ်လာတယ်၊ အာရုံလေး တွေ့ရင် ကျေနပ်တယ်၊ ပျော်တယ်၊ မပျော်ဘူး၊ စိတ်ညစ်တယ် ဆိုတဲ့ စိတ်ရဲ့ခံစားမှုလေးတွေက ရှိသေးတယ်။ အဲဒီစိတ်ရဲ့ ခံစားမှုတွေဆိုတာ တစ်ခဏလေးတင်ဖြစ်တာ ဖြစ်သောကြောင့် ဘာနဲ့ ဥပမာတူတုန်းဆိုလို့ရှိရင် မိုးရွာတဲ့အခါမှာ တံစက်မြိတ်အောက်က ရေစီးကြောင်းကလေးတွေ ရှိတယ်လေ၊ အပေါ်က တံစက်မြိတ်ပေါ်က ရေလေးကျလိုက်တဲ့အခါမှာ ပွက်ကနဲဆိုပြီးတော့ ရေပူဗောင်းလေး ပေါ်လာတယ်၊ နောက်တစ်ခါ မကျခင်ဘဲ ဖောက်ကနဲ ထွက်သွားပြန်တယ်၊ အဲ့ဝေဒနာဆိုတာ အဲဒီအတိုင်းပဲ။ ခံစားလို့ငိုရတယ်၊ မျက်ရည်တောင် မခြောက်သေးဘူး ပြုံးစိစိဖြစ်နေပြီ၊ ခံစားမှုကမြန်တယ် ဆိုတာကို ပြောပြတာ။ အဲဒါကို ဝေဒနာက္ခန္ဓာ လို့ပြောတာ။

သညာက္ခန္ဓာ- မှတ်သားထားတယ်၊ အဲဒီ မှတ်မှုဆိုတာဟာလည်း ခိုင်မာတဲ့အရာ မဟုတ်ဘူး၊ ဖြစ်ပြီးပျက်သွားတဲ့ အရာမျှသာဖြစ်တယ်၊ ဘာနဲ့တူတုန်းဆိုရင် တံလျှပ်နဲ့တူတယ်၊ တံလျှပ်ဆိုတာ အောက်ကမြေပြင်ကို ပူတဲ့အခါ မြေကြီးက အငွေ့ကလေးတွေ ထွက်တယ်၊ အပေါ်က မိုးကလေး ရွာချလိုက်တဲ့အခါ ... အပူငွေ့တွေထတယ်၊ အပူနဲ့တွေ့တဲ့အခါ လှပ်လှပ်လှပ်လှပ်နဲ့ ကြည့်လို့ရှိရင် ရေပြင်လိုလိုထင်ရတယ်။

[၁၄၃] “တံလျှပ်ကိုရေထင်၍ ရွှေသမင်အလိုက်မှားတယ်” လို့ပြောကြတာနော်၊ ရေလှိုင်းမဟုတ်ဘူး အပူလှိုင်းလေးတွေ ပေါ်နေတာ၊ သွားကြည့်လိုက်ရင် ဘာမှမရှိဘူး။ လူတွေရဲ့ အမှတ်သညာဆိုတာလဲ တံလျှပ်လိုပဲတဲ့၊ ဘာမှမဟုတ်ဘူး၊ အထင်မျှသာ ဖြစ်တယ်။

ထို့အတူ အဝေးကနေကြည့်ရင် ဩော်-ဒါက အမျိုးသမီးပဲ၊ ဒါဟာ အမျိုးသားပဲ ထင်နေတာ၊ တကယ် ဒီ အရေခွံခွာကြည့်လိုက်ပြီဆိုရင် ဘာမှမရှိတော့ဘူး၊ ထင်တာတွေ တစ်ခုမှ မဟုတ်ဘူး၊ ကြောက်တတ်တဲ့လူ ညနေချိန် ခြုံပုတ်ကလေးကြည့်၊ ဟာ- သရဲကြီးလာနေတယ်လို့ ဒီလိုထင်တယ်၊ တကယ် သွားကြည့်တော့ ခြုံကခြုံပဲလေ၊ အဲဒီလိုဖြစ်တာ။ အဲဒါကြောင့်မို့လို့ သညာလို့ဆိုတာ ဘာမှခိုင်မာတဲ့ အရာတစ်ခု မဟုတ်ဘူးလို့ ဒီလိုပြောတာ။

နောက် သင်္ခါရက္ခန္ဓာ၊ သင်္ခါရဆိုတဲ့ဟာက အားလုံးပေါင်းစုထားတာ၊ တွေးတာ ကြံတာ လိုချင်တာ မုန်းတီးတာတွေ အားလုံး လူရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အရာပဲ။ ဘာနဲ့ ဥပမာတူတုန်းဆိုရင် ငှက်ပျောတုံးကြီးနဲ့တူတယ်၊ ငှက်ပျောတုံးကို တစ်ဖပ်ချင်းတစ်ဖပ်ချင်းခွာလိုက်၊ တစ်ဖပ်ချင်း တစ်ဖပ်ချင်း ခွာပြီး အနှစ်ရှာကြည့်၊ နောက်ဆုံးမှာ အူတိုင်ပဲတွေ့တယ်၊ ဘာမှမရှိဘူး၊ အနှစ်ရှာမတွေ့ဘူး မဟုတ်လား၊ အဲဒါလိုပဲ သင်္ခါရက သဘာဝတရား (၅၀) စုထားတာ၊ တစ်ခုချင်း ခွာကြည့် [၁၄၄] လိုက် ဘာမှမရှိဘူး၊ နောက်ဆုံးမှာ အနှစ်မဲ့တာကိုသာ သိရတယ်။

ဝိညာဏက္ခန္ဓာကိုကြည့်တဲ့အခါ ဝိညာဏဆိုတဲ့အသိစိတ်ဟာ မျက်လှည့်ပြနေတာနဲ့ အတူတူပဲ။ ဟိုလိုထင်လိုက်၊ ဒီလိုထင်လိုက်နဲ့ စိတ်တွေဟာ မျက်လှည့်ပြနေသလိုပဲ။ ကမ္မဋ္ဌာန်းထိုင်ရင်းတောင် လာပြတတ်တယ်၊ ဟိုဟာမြင် ဒါမြင်၊ မြင်လာတယ်။

အဲဒီတော့ ကြည့်လိုက်မယ်ဆိုရင် လောကလို့ဆိုတဲ့ ခန္ဓာငါးပါးဟာ ဘယ်အရာမှ ခိုင်မာတာမရှိဘူး၊ အားလုံးဟာ တစ်ခဏလေးအတွင်းမှာ ပြောင်းလဲပျက်စီးနေတဲ့အရာသာ ဖြစ်တယ်။ ဟောဒီလို သင်္ခါရလောကကြီးရဲ့ သဘာဝကို အသေးစိတ်သိတာ လောကဝိဒူ ဖြစ်တယ်။

ဒီခန္ဓာဆိုတဲ့ သင်္ခါရလောကကြီးဟာ ဘာကြောင့်ဖြစ်တာတုန်း ကြည့်လိုက်ရင် တဏှာကြောင့် ဖြစ်တာ၊ လိုချင်မှုက ဦးဆောင်လာတာ၊ လိုချင်လို့လုပ်တယ်၊ လုပ်လို့ရတယ်ပေါ့။ ဘာလို့လိုချင်တာတုန်းဆိုရင် အမှန်မသိလို့လိုချင်တာ။ အဝိဇ္ဇာက ပိတ်ကာပေးတယ်၊ တဏှာက လိုချင်တယ်၊ ဒါကြောင့် ကံတရားတွေကိုလုပ်ပြီး ရလာပြန်တယ်၊ ဒါက လောကဖြစ်ခြင်းရဲ့ အကြောင်းတရားပဲ။

ဒါဖြင့် ဒီခန္ဓာတွေဟာ ဘယ်မှာပဲ အပြီးသတ်ချုပ်တုန်းဆိုရင် နိဗ္ဗာန်ဆိုတာ တွေ့ရတယ်၊ နိဗ္ဗာန်မှ ဒီသင်္ခါရတရားတွေ အပြီးသတ်ချုပ်တယ်၊ ဒါကြောင့်မို့ နိဗ္ဗာန်ဟာ ပဉ္စန္နံ ခန္ဓာနံ [၁၄၅] နိရောဓော နိဗ္ဗာနံ လို့ဆိုတယ်။ ခန္ဓာငါးပါးဟာ အကြောင်းတွေ ပြတ်သွားလို့ ဘယ်တော့မှမဖြစ်တော့တဲ့ အနေအထားမျိုး ရောက်တာဟာ နိဗ္ဗာန်ပဲ၊ အဲဒါဟာ နိရောဓကို သိတာ။

ဒီ နိရောဓကို ရောက်ဖို့ရာအတွက် ဘာလုပ်ရမလဲဆိုရင် လောကလို့ဆိုတဲ့ ခန္ဓာကို သိရှိနားလည်လာအောင် သတိစွမ်းအားတွေ သမာဓိစွမ်းအားတွေ အသုံးချပြီး အသိဉာဏ် ရင့်ကျက်လာအောင် လုပ်ရမယ်တဲ့၊ ရင့်ကျက်တဲ့အခါမှာ လိုချင်တဲ့တဏှာကို ဖယ်ရှားနိုင်တယ်၊ နောက်ဆုံး အမှန်သိပြီး လိုချင်စိတ်တွေ ကင်းပြတ်သွားပြီဆိုတဲ့အခါ လောကနိရောဓ ဆိုတဲ့ နောက်ဆုံးချုပ်ငြိမ်းတယ်ဆိုတဲ့ နိဗ္ဗာန်အဆင့်ကို သိရှိနိုင်တယ်။ တဏှာလို့ဆိုတဲ့ လောကသမုဒယကို ဖယ်ရှားပစ်နိုင်တယ်။ အဲဒါမှ လောကရဲ့အဆုံးဆိုတာ တွေ့မှာလို့ မြတ်စွာဘုရားက ဒီလိုဟောတယ်။

မြတ်စွာဘုရားက လောကရဲ့အဆုံးကို မတွေ့မချင်း အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ ဆင်းရဲဒုက္ခမှ မလွတ်ဘူး၊ လောကရဲ့အဆုံးဆိုတာ လမ်းလျှောက်ပြီး သွားရင်လည်း ဘယ်တော့မှ မရောက်ဘူး။ လောကအဆုံး မရောက်ရင်လည်း ဘယ်တော့မှ ဒုက္ခအဆုံးသတ်မှာ မဟုတ်ဘူး၊ ဒီနေရာမှာ ငါ ပြောချင်တဲ့ လောကဆိုတာ သင်္ခါရလောကလို့ ဆိုတာဖြစ်သည်။ သင်္ခါရလောကကို မြတ်စွာဘုရား သိတော်မူတယ်။

ဩကာသလောကသိဒ္ဓိ၊ သတ္တလောကသိဖို့ လွယ်တယ်။ ဘာဖြစ်လို့လဲဆိုရင် မျက်စိနဲ့ကြည့်လို့ရတာတွေ အများကြီး [၁၄၆] ရှိလို့ပဲ။ သို့သော် ဒီသင်္ခါရလောက ဆိုတာကတော့ မျက်စိနဲ့ ကြည့်လို့ရတာ မဟုတ်ဘူး၊ အသိဉာဏ်နဲ့မှ သိလို့ရတယ်။ ဒါကြောင့်မို့ သင်္ခါရလောကကိုသိမှုဟာ အဓိကပဓာနဖြစ်တယ်လို့ မှတ်သင့်တယ်။

လောကဝိဒူ ... လောကအကြောင်း သိတယ် ဆိုတာ သဘာဝအားဖြင့်သိတယ်၊ ဖြစ်ကြောင်းကိုသိတယ်၊ လောက ဘယ်မှာချုပ်တယ်ဆိုတာ သိတယ်၊ လောကချုပ်ကြောင်း အကျင့်ပဋိပဒါ ဆိုတာကိုသိတယ်၊ ကုန်စင်အောင်သိသောကြောင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကို လောကဝိဒူ ဆိုတဲ့ဂုဏ်နဲ့ ချီးကျူးကြရတာ ဖြစ်ပါတယ်။

အေး- လောက တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ ဗုဒ္ဓမြတ်စွာ၏ လောကဝိဒူ ဂုဏ်တော်ဟာ ဗုဒ္ဓ၏အရည်အချင်းကို ထင်ရှားစေတဲ့ ဂုဏ်တော်တစ်ပါးဖြစ်တယ်။ ဒီလို လောကအကြောင်း မသိဘဲနဲ့ ဘယ်လိုလုပ် ဘုရားဖြစ်မလဲ၊ လောကအကြောင်းမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဟောပြောတဲ့ တရားဓမ္မဟာလည်း ဘယ်လိုလုပ်ပြီး မှန်ကန်နိုင်မလဲ၊ အကြောင်းသိမှုဟာ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်ရည်စွမ်းပကားဟာ အလွန်ကြီးမားပုံကို သိရှိထင်ရှားစေတယ်။ မြတ်ဗုဒ္ဓ၏ လောကဝိဒူဂုဏ်တော်ကို အာရုံပြုပြီး ဗုဒ္ဓမြတ်စွာ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။ သာဓု သာဓု ... သာဓု

[၁၄၇] မြတ်ဗုဒ္ဓ၏ အနုတ္တရော ပုရိသဒမ္မ သာရထိ ဂုဏ်တော်

သာသနာတော်နှစ် ၂၅၅၇ နှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၉) ရက်၊ ၂၀၁၄ ခုနှစ် ဧပြီလ (၂၃) ရက်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာဝိဇယရံသီကျောင်းတိုက်၊ ဓမ္မမဏ္ဍပ်အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် မဟာဝိဇယရံသီ စလေကျောင်းတိုက်၏ ပဓာန နာယက ဖြစ်တော်မူသော ဘဒ္ဒန္တဝိဇယ အရှင်သူမြတ်အား နိုင်ငံတော်အစိုးရက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် လှူဒါန်း ဆက်ကပ်သည့် ဂုဏပူဇာနှင့် စပ်လျဉ်း၍ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်းအနား၌ မန္တလေးမြို့ ကန်တော်ကြီး အရှေ့တိုက်တန်းနေ ဦးမောင်မောင်စိုး+ဒေါ်ခင်မာ၊ သား-မောင်ကောင်းမြတ်စိုး၊ သမီး-မယွန်းနန္ဒာစိုး၊ စိုး ဆောက်လုပ်ရေး မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏ အနုတ္တရော ပုရိသဒမ္မ သာရထိဂုဏ်တော်” အကြောင်း တရားဒေသနာတော်။

မြတ်ဗုဒ္ဓ၏ အနုတ္တရော ပုရိသဒမ္မ သာရထိ ဂုဏ်တော် ဆိုတာ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ သိရှိနားလည်ထားကြတဲ့ ဂုဏ်ရည်တစ်ခုပဲ။ မြန်မာလူမျိုးတွေ ငယ်စဉ်တောင်ကျေး ကလေးဘဝကစပြီး “ဣတိပိ သော” နှုတ်တက်ရကြတယ်။ သို့သော် အနက်အဓိပ္ပါယ် ကျကျနနသိတဲ့ ပုဂ္ဂိုလ်ကတော့ ရာခိုင်နှုန်း သိပ်များလှမယ် မထင်ဘူး။ မိမိတို့ ကိုးကွယ် [၁၄၈] ဆည်းကပ်နေတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဂုဏ်အရည်အချင်းတွေကို သိရှိနားလည်သင့်တယ်။

ဒီနေ့ ဘာသာတရားအမျိုးမျိုး ကိုးကွယ်ကြတယ်၊ ဟိုဘာသာကလည်း သူတို့ဘုရားရှိတယ်။ ဒီဘာသာမှာလည်း သူတို့ဘုရားရှိတယ်။ တစ်ချို့က ရောကျော်လုပ်ပြီး “ဘုရားဆိုတာ တစ်ဆူထဲပဲ” ဆိုပြီး ဟိုဘုရားလိုလို၊ ဒီဘုရားလိုလို ပြောတာမျိုးတွေရှိသေးတယ်။ ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် “ဗုဒ္ဓ”လို့ ပြောလို့ရတဲ့ ဒီလိုအရည်အချင်းဟာ အခြား ဘယ်ပုဂ္ဂိုလ်မှာမှ မရှိဘူး၊ ဂေါတမဗုဒ္ဓတစ်ဆူသာလျှင် ဒီအရည်အချင်း ရှိတယ်။

ကောင်းကင်ဘုံက နတ်တွေမှာ ဒီအရည်အချင်းမျိုးရှိတာ မဟုတ်ဘူး။ ကုသိုလ်ကောင်းမှုရှိလို့ နတ်ဗြဟ္မာ ဖြစ်နေပေမယ့်လို့ ကိုယ်ကျင့်သီလအားဖြင့်ရော၊ သမာဓိအားဖြင့်ရော၊ ပညာအားဖြင့်ရော မြတ်စွာဘုရားနဲ့တူဖို့ဆိုတာဝေး၊ ဘယ်လိုမှ မနီးစပ်ဘူး။ ဒါကြောင့် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတွေက မြတ်စွာဘုရားရဲ့ ခြေတော်ကို ဦးညွှတ်ပြီး ရှိခိုးကြရတယ်၊ လေးစားကြရတယ်။

ဘုရားပွင့်မှ အမှန်တရားကိုသိကြတယ်။ ဓမ္မစကြာတရား ဟောတဲ့အခါမှာ ကောင်းကင်ဘုံမှာ သက်တမ်းရှည်ကြာစွာ ဈာန်ရဲ့အစွမ်းတန်ခိုးနဲ့ နေထိုင်ကြတဲ့ ဗြဟ္မာတွေဟာ ဓမ္မစကြာ တရားနာလိုက်မှ အမှန်တရားသိပြီး ဓမ္မစက္ခုကို ရရှိကြတယ်။

[၁၄၉] ၁၈-ကုဋေသော ဗြဟ္မာတွေ တရားထူး တရားမြတ်ကို သိခွင့် ရသွားကြတယ်။

မြတ်စွာဘုရားထံမှ ဓမ္မစကြာတရားမနာခင် သစ္စာလေးပါးဆိုတာကို သိကြတာမဟုတ်ဘူး။ မြတ်စွာဘုရားက ထုတ်ဖော်ဟောကြားလိုက်မှ ဗြဟ္မာဆိုတဲ့ ကောင်းကင်ဘုံက တန်ခိုးကြီးပုဂ္ဂိုလ်တွေဟာလည်း သစ္စာလေးပါး အမှန်တရားကို သိရှိကြပြီး သံသရာဝဋ်က လွတ်ကင်းသွားကြတယ်။ နို့မို့ဆိုရင် သံသရာထဲက ထွက်ပေါက်မရကြဘူး။

မြန်မာစကားပုံအတိုင်း “ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုတ်ရှုတ်” တဲ့နော်၊ အခုဗြဟ္မာကြီး ဖြစ်နေပေမယ့် ကံမကောင်း အကြောင်းမလှလို့ အကုသိုလ် အလှည့်ကြုံလာတဲ့အခါမှာ ဝက်စားကျင်းထဲ တရှုတ်ရှုတ်စားနေရတဲ့ ဝက်ပုပ်ကြီးလည်း ဖြစ်သွားနိုင်တယ်လို့ ဒီလိုပြောတာပေါ့နော်။ ဗြဟ္မာဖြစ်စဉ် နားကင်းကြီးနဲ့ တဝင်းဝင်းနေပြီး ဝက်ဖြစ်တဲ့အခါ နားရွက်ကလေး တဖျတ်ဖျတ်ခတ်ပြီး ဝက်စားကျင်းမှာ တရှုတ်ရှုတ်စားနေတဲ့ဝက် ဖြစ်ရပြန်တယ်။

သို့သော် ဗြဟ္မာက သေပြီးချက်ချင်း ဝက်မဖြစ်ဘူးပေါ့၊ သံသရာလည်တဲ့အခါမှာ စုန်ချည်ဆန်ချည် အတည်မကျ ဘဝခရီးဟာ ထွက်ပေါက်မရသည့်အတွက် ဘယ်လောက် အဆင့်မြင့်တဲ့ပုဂ္ဂိုလ်ဖြစ်စေ နောက်ဆုံးကျရင် အောက်တန်းနောက်တန်း ပြန်ရောက်သွားတဲ့အခါရှိတယ်၊ ဒီလိုဆိုတာပေါ့။

[၁၅၀] အေး-မြတ်စွာဘုရား တရားနာလိုက်ရတဲ့အခါမှ ဓမ္မစက္ခု ဆိုတာရပြီး ရထားတဲ့ အခြေအနေတစ်ခုမှ လျောကျသွားခြင်း မရှိတော့ဘူး။ ပြောရမယ်ဆိုရင် ဗြဟ္မာ့ပြည်မှာ တဝင်းဝင်းကနေပြီး ဝက်စားကျင်း မဆင်းတော့ဘူးပေါ့။ မြတ်စွာဘုရားရဲ့ ကျေးဇူးတော်တွေဟာ ဗြဟ္မာတွေမှာ အများကြီးရှိတယ်ပေါ့။ နတ်တွေဆိုတာ ဗြဟ္မာလောက် တန်ခိုးကြီးတာမဟုတ်ဘူး။ ဓမ္မစကြာတရား ဟောတဲ့အခါ နတ်တွေက အသင်္ချေ၊ လူသားထဲက ရှင်ကောဏ္ဍည ဓမ္မစက္ခုဆိုတဲ့ တရားမျက်စိ ပွင့်လင်းပြီး သစ္စာလေးပါးကိုသိသွားတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေက မသိသေးဘူး။ လူသားထဲက ပဉ္စဝဂ္ဂီငါးဦးသာလျှင် မြတ်စွာဘုရားရဲ့ တရားဦးကို နာကြားခွင့်ရကြတာ။ တစ်ဦးထဲသာလျှင် အသိဉာဏ်ရသွားတယ်။ သံသရာဝဋ်က ထွက်ဖို့ လမ်းစ ပေါ်သွားတယ်လို့ ဒီလိုပြောရမယ်။

အေး-ဒါကြောင့်မို့ လောကမှာ ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာ ဒီအရည်အချင်းတွေရှိရမယ်။ ဒီအရည်အချင်း မရှိလို့ရှိရင် ကောင်းကင်က နတ်ပဲဖြစ်စေ ဘယ်လောက်ပဲတန်ခိုးကြီးကြီး ဒီအရည်အချင်း မပါဘူးဆိုလို့ရှိရင် ဘုရားလို့ သတ်မှတ်လို့ မရဘူး။ “ဘုရားလို့ သတ်မှတ်တာဟာ အစွမ်းတန်ခိုးကို သတ်မှတ်တာ မဟုတ်ဘူး၊ အသိဉာဏ်ကို သတ်မှတ်တာ” ဗုဒ္ဓဆိုတာ “သိသူ” လို့ အဓိပ္ပါယ်ရတယ်။ ဘာတွေကို သိတာတုန်းလို့ဆိုရင် သစ္စာလေးပါး အမှန်တရားကိုသိတာ။

[၁၅၁] အေး- ကျန်တဲ့ နတ်ဗြဟ္မာတွေ တန်ခိုးကြီးချင် ကြီးလိမ့်မယ်။ ဘယ်လောက်ပဲ တန်ခိုးကြီးကြီး မြတ်စွာဘုရားလို အသိဉာဏ် မရှိကြဘူး။ ဗြဟ္မာ့ပြည်ရောက်ပေမယ့် အယူဝါဒလွဲမှားနေတဲ့ ဗကဗြဟ္မာကြီးဆိုတာတောင် ရှိနေသေးတာပဲ။ ဒါကြောင့်မို့ ဗုဒ္ဓဆိုသည်မှာ အသိဉာဏ်အမြင့်မားဆုံးပုဂ္ဂိုလ်လို့ ဆိုရမယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ဘုရားကိုယုံကြည်တဲ့ သဒ္ဓါဟာ “သဒ္ဒဟတိ တထာဂတဿ ဗောဓိ” လို့ ဆိုတဲ့ အတိုင်း မြတ်စွာဘုရားရဲ့ အသိဉာဏ်ကို ယုံကြည်တာ၊ အစွမ်းတန်ခိုးကို ယုံကြည်တာမဟုတ်ဘူး။ တန်ခိုးဆိုတာ အသိဉာဏ်လောက် အစွမ်းသတ္တိမရှိဘူး။ အသိဉာဏ်ကသာလျှင် အမှန်တရားကို ဖော်ထုတ်နိုင်တာဖြစ်တယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ရဲ့ သဗ္ဗညုတဉာဏ်တော်ကြောင့် အနုတ္တရော ပုရိသဒမ္မ သာရထိ ဆိုတဲ့ ဂုဏ်တော်ဟာ ထင်ထင်ရှားရှား ပါလာတယ်။

ပုရိသဒမ္မ- ဆုံးမထိုက်တဲ့ သတ္တဝါ၊ (ပုရိသ ဆိုတာ အမျိုးသားတွေကို ရည်ညွှန်းတာ မဟုတ်ဘူး။ တကယ်လို့ အမျိုးသားကိုရည်ညွှန်းတယ် ဆိုရင်လည်း အမျိုးသမီးတွေလည်း အပါအဝင် ဖြစ်တယ်။) ပုရိသဆိုတဲ့ စကားလုံးဟာ သတ္တဝါအားလုံးကို ကိုယ်စားပြုတဲ့ စကားလုံးပဲ။ ပုရိသဒမ္မ- ဆုံးမထိုက်တဲ့ သတ္တဝါ၊ သာရထိ- ယဉ်ကျေးအောင် ဆုံးမတော်မူတတ်တာ။

[၁၅၂] ဘုရားဆိုတာ သူ့ဟာသူ ဘုရားဖြစ်၊ သူ့ဟာသူသိပြီး အလကားနေတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူး။ ဆုံးမထိုက်တဲ့ပုဂ္ဂိုလ်ကို ဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဆုံးမသူရှိမှ ယဉ်ကျေးနိုင်တယ်။ လောကမှာ မိမဆုံးမ ဖမဆုံးမဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ရိုင်းပျတယ်။

လောကသတ္တဝါတွေမှာလည်းပဲ မိမိတို့ရဲ့ အဆင့်အတန်း အားလျော်စွာ ပိုက်ဆံငွေကြေးဓနပြည့်စုံရင် ဓနကို အမှီပြုပြီး ရိုင်းပျကြတယ်၊ ရာထူးဂုဏ်သိရ်ရှိရင် ရာထူးဂုဏ်သိရ်ကို အမှီပြုပြီး ရိုင်းပျကြတယ်၊ ပညာရှိရင် ပညာဂုဏ်ကိုအကြောင်းပြုပြီး ရိုင်းပျကြတယ်၊ အလှမာန်တို့ ဓနမာန်တို့ဆိုတဲ့ မာန်မာနတွေ တက်ပြီး ရိုင်းပျကြတယ်။ အဲဒီလို ရိုင်းပျပြီး မယဉ်မကျေး ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားက ဆုံးမတော်မူတတ်တယ်။

သို့သော် မြတ်စွာဘုရား ဆုံးမတာဟာ ရိုက်ဆုံးမတာ မဟုတ်ဘူး၊ နားလည်သဘောပေါက်အောင်၊ အသိဉာဏ်ရပြီး လိမ္မာယဉ်ကျေးသွားအောင် ဆုံးမတာ။ ရိုင်းစိုင်းတဲ့ပုဂ္ဂိုလ် ယဉ်ကျေးသွားတယ်။ ဒေါသခက်ထန်တဲ့ပုဂ္ဂိုလ်ဟာ မေတ္တာ သက်ရောက်သွားတယ်။ ဆိုးသွမ်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းမွန်သွားတယ်။

အဲဒီ ဆုံးမထိုက်တဲ့ပုဂ္ဂိုလ်ကို ဆုံးမတတ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ထဲမယ် မြတ်စွာဘုရားဟာ အသာဆုံးပဲ။ မြတ်စွာဘုရားနဲ့တူတဲ့ [၁၅၃] ပုဂ္ဂိုလ်ကော ရှိလို့လားဆိုရင် မရှိဘူး။ တူတဲ့လူမပြောနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တောင် မရှိဘူးလို့ ဒီလိုဆိုလိုတယ်။

ဒါကြောင့် အနုတ္တရော ပုရိသဒမ္မ သာရထိ- ဆုံးမထိုက်တဲ့ သတ္တဝါကို ဆုံးမတဲ့နေရာမှာ အထူးချွန်ဆုံးပဲ။ လိမ္မာယဉ်ကျေးအောင် ဆုံးမတဲ့နေရာမှာ အသာလွန်ဆုံး အထွတ်အထိပ်ရောက်တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ ဒီလိုဆိုလိုတာ။

ဂုဏ်တော်နှစ်မျိုး အယူအဆ

အေး-ဒီနေရာမှာ အနုတ္တရော နဲ့ ပုရိသဒမ္မ သာရထိ ဆိုတာကို အဋ္ဌကထာတွေမှာ အနုတ္တရောကို ဂုဏ်တော်တစ်ခု၊ ပုရိသဒမ္မ သာရထိကို ဂုဏ်တော်တစ်ခုလို့ယူပြီး ပထမနည်း ခွဲဖွင့်တယ်။ ဒါကြောင့် ဗုဒ္ဓဂုဏ်တော်ဆယ်ပါးဖြစ်တဲ့နည်းလည်း ရှိတယ်။

နောက်တစ်နည်းကတော့ အနုတ္တရော နဲ့ ပုရိသဒမ္မ သာရထိ နှစ်ခုပေါင်းမှ ဂုဏ်တော်တစ်ခုအနေနဲ့ ဖွင့်တယ်။ အဲဒီနည်းမှာ ပါဠိတော်တွေနဲ့ ဘယ်နည်းက ပိုညီညွတ်သလဲလို့ ဆိုရင် အနုတ္တရော ပုရိသဒမ္မ သာရထိ ကို ၂-ပုဒ်မခွဲဘဲ ဂုဏ်တော်တစ်ခုတည်းလို့ ပြောတဲ့နည်းက ပါဠိတော်နဲ့ ပိုပြီး ညီညွတ်တယ်လို့ ပြောရမယ်။

မဇ္ဈိမနိကာယ် သဠာယတနဝိဘင်္ဂသုတ်မှာလည်း “သော ဝုစ္စတိ ယောဂ္ဂါစရိယာနံ အနုတ္တရော ပုရိသဒမ္မ သာရထိ”

[၁၅၄] ဆုံးမတတ်တဲ့ပုဂ္ဂိုလ်တွေထဲမှာ ထိပ်တန်းအကျဆုံး ဆုံးမတတ်သူလို့ မြတ်စွာဘုရားကို ချီးမွမ်းတာ။ အဲဒီတော့ သာမာန် ဆုံးမတတ်တဲ့ အနေအထားမျိုး မဟုတ်ဘူး။ အနုတ္တရော ပုရိသဒမ္မ သာရထိ ထိပ်တန်းအကျဆုံး၊ အထွတ်အထိပ် အရောက်ဆုံး၊ ပြောစရာမရှိအောင် ဆုံးမတဲ့နေရာမှာ လိမ္မာပါးနပ်ဆုံးဆိုတဲ့ အဓိပ္ပါယ်နဲ့ အနုတ္တရော ပုရိသဒမ္မ သာရထိ လို့ နှစ်ပုဒ်ကိုပေါင်းပြီး ဆိုထားတယ်။

နောက်တစ်ခု ... အင်္ဂုတ္တရနိကာယ် ကေသိသုတ္တန် မှာလည်းပဲ မြတ်စွာဘုရားကို အနုတ္တရော ပုရိသဒမ္မ သာရထိ လို့ ပုဒ်နှစ်ပုဒ်ကို ဂုဏ်တော်တစ်ခုထဲအနေနဲ့ ဖွင့်ဆိုထားတယ်။ ဒါကြောင့် အနုတ္တရော နဲ့ ပုရိသဒမ္မ သာရထိ မခွဲခြားဘဲ တစ်ခုတည်းယူတာဟာ ဒီပါဠိတော်နှစ်ခုနဲ့ ပိုပြီးကိုက်ညီတယ်၊ ဆီလျော်တယ်၊ ပိုလည်း အဓိပ္ပါယ်သင့်တော်တယ်လို့ ဆိုနိုင်တယ်ပေါ့။

ဟုတ်ပြီ။ မြတ်စွာဘုရားကို ဘာဖြစ်လို့ ဒီဂုဏ်တော်နဲ့ ချီးမွမ်းရတာလဲ၊ သာမန်အားဖြင့် မိဘတွေလည်း ကိုယ့်သားသမီးကို ဆုံးမကြတာပဲ။ လောကမှာ ဆင်အတတ်သင်တဲ့ ပုဂ္ဂိုလ်တွေလည်း ဆင်ကိုဆုံးမကြတယ်။ မြင်းအတတ်သင်တဲ့ ပုဂ္ဂိုလ်တွေလည်း မြင်းကိုဆုံးမကြတယ်။ နွားအတတ်ကိုသင်တဲ့ ပုဂ္ဂိုလ်တွေကလည်း နွား၊ ခုခေတ်ဆိုရင် ခွေးတောင်မှ သင်ကြားပေးကြတယ်။ အားလုံး သတ္တဝါတွေကို သင်ကြားပြသပြီး ဆုံးမကြတယ်။

[၁၅၅] အဲဒီ ဆုံးမမှုမှန်သမျှတွေဟာ သာမာန်အားဖြင့် ဆုံးမမှုမျိုးတွေချည်းပဲ။ သံသရာဝဋ်ကလွတ်အောင်ဆိုတဲ့ အတိုင်းအတာအထိ ဘယ်သူမှ မရောက်ဘူး။ မြတ်စွာဘုရားရဲ့ ဆုံးမမှုဟာ သံသရာဝဋ်က လွတ်သွားသည်ထိအောင် ဆင်းရဲဒုက္ခတွေ အားလုံးကင်းသွားအောင် ဆုံးမတာ။

ဟုတ်ပြီ။ ဆင်ဆရာတစ်ယောက်က ... ဆင်ကို ဆုံးမလို့ ဆင်ဟာလိမ္မာယဉ်ကျေးသွားတယ်။ လူကြားထဲဝင်လို့ရတယ်။ မင်းစိုးရာဇာတွေ စီးလို့ရတယ်။ ခိုင်းတာတွေလုပ်တယ်။ လိမ္မာသွားတဲ့ ဆင်တစ်ကောင်ရဲ့ လုပ်ဆောင်မှုက ဒါလောက်ပဲ ဖြစ်မယ်။ ဒီနေ့ခေတ်ဆိုရင် ဆင်တွေကို အုန်းပင်ထောင်ခိုင်းတာတို့ ဘာတို့ပေါ့လေ မျိုးစုံပေါ့၊ ဒီကနေ့ခေတ် ဆင်တွေတောင် အငြိမ်မနေရဘူး။ ဟိုလိုလုပ်ခိုင်း၊ ဒီလိုလုပ်ခိုင်း။

ဒါပေမယ့်လို့ သူတို့လုပ်ဆောင်ပြသသမျှသည် သံသရာဝဋ်ကလွတ်တာ တစ်ခုမှမရှိဘူး။ သံသရာဝဋ်ကလွတ်ဖို့နေနေသာသာ နတ်ပြည်ရောက်ကြောင်း ကုသိုလ်တောင် မပါဘူးလို့ ပြောရမယ်။ အဲဒီအတိုင်းအတာနဲ့ တိုင်းလိုက်မယ် ဆိုလို့ရှိရင် အေး- သွန်သင်ပြသမှု ဆုံးမတာတွေဟာ အဆင့်မမီဘူးလို့ ပြောရမှာပေါ့။

လူတွေမှာ မိဘတွေက သားသမီးကိုဆုံးမတယ်။ ဆရာသမားတွေက တပည့်တွေကိုဆုံးမတယ်။ အဲဒီ ဆုံးမမှု အတိုင်းအတာတွေဟာ ... တစ်ဘဝစာတောင်မှပဲ လုံလောက်ချင်မှ [၁၅၆] လုံလောက်တယ်။ ဆုံးမလိုက်လို့ ယဉ်ကျေးသွားရင်လည်း တစ်ဘဝတည်းပဲ ယဉ်ကျေးတာ။ သာမန်လူတွေ ဆုံးမတာ နောင်ဘဝ ပြန်ရိုင်းရင် ရိုင်းနေဦးမှာ။

မြတ်စွာဘုရား ဆုံးမလိုက်တဲ့ ယဉ်ကျေးမှု ရသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ ဘယ်တော့မှ ပြန်ရိုင်းစိုင်းဆိုတာ မရှိတော့ဘူး။ အဲဒါကြောင့် လိမ္မာအောင်၊ ယဉ်ကျေးအောင် ဆုံးမတဲ့ ပုဂ္ဂိုလ်တွေထဲမှာ မြတ်စွာဘုရားကို မီသူမရှိဘူး၊ တူသူလည်း မရှိဘူး၊ နှိုင်းယှဉ်ပြစရာလည်း မရှိဘူး။ အဆင့်အားဖြင့်လည်း အလွန်ကွာလှမ်းတယ်။ ဒါကြောင့်မို့ အနုတ္တရော ပုရိသဒမ္မ သာရထိ ဂုဏ်တော်ကို ရရှိတာဖြစ်တယ်။ ဆုံးမထိုက်သော ဘုရားဂုဏ်ကို အာရုံပြုပြီး စဉ်းစား၊ စဉ်းစားတဲ့အခါမှာ သဒ္ဓါတရားတွေ တိုးတက်လာတယ်။

ကဲ- စဉ်းစားကြည့်ရအောင်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဆုံးမထိုက်တဲ့ ပုဂ္ဂိုလ်ထဲမယ် တိရစ္ဆာန်လည်းပါတယ်၊ လူလည်းပါတယ်၊ နတ်လည်းပါတယ်၊ ဗြဟ္မာလည်းပါတယ်။ မြတ်စွာဘုရား ဆုံးမမှုကို ရသွားတဲ့ပုဂ္ဂိုလ်သည် ထာဝရ ယဉ်ကျေးတဲ့ပုဂ္ဂိုလ် ဖြစ်သွားတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေရဲ့ ဆုံးမမှုကို ရသွားတဲ့ ပုဂ္ဂိုလ်တွေ ထာဝရယဉ်ကျေးမှု မဟုတ်ဘူး။ တဒင်္ဂလေး တစ်ခဏလေးလောက် ယဉ်ကျေးမှုသာဖြစ်တယ်။ မြတ်စွာဘုရားရဲ့ [၁၅၇] ဆုံးမမှုကို ခံရလို့ရှိရင်တော့ ထာဝရ ယဉ်ကျေးသွားတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။

နာဠာဂီရိဆင်ကို ဆုံးမခြင်း

ကဲ- အားလုံးသိကြတဲ့အတိုင်း နာဠာဂီရိဆင်အကြောင်းကိုပဲ ကြည့်၊ မဂဓတိုင်းမှာ စစ်ပွဲတွေမှာ အသုံးပြုတဲ့ ဆင်ဆိုးကြီး၊ ရန်သူတွေရဲ့ ဓားလှံတွေကို ပမာမခန့် တိုက်ပွဲဝင်နိုင်တဲ့ ဆင်ဆိုးကြီး၊ စစ်ထွက်ပြီဆိုရင် သူ့ကို အရက်တွေတိုက်ပြီး ရှေ့တန်းက လွှတ်လိုက်လို့ရှိရင် ရန်သူကို ရွပ်ရွပ်ချွံချွံ ချေမှုန်းတဲ့ သတ္တိကောင်းတဲ့ ဆင်ကြီးပေါ့။

အဲဒီဆင်ကြီးကို အရက်တွေကို ပိုတိုက်ပြီး မြတ်စွာဘုရား ရဟန်းသံဃာတွေနဲ့ ဆွမ်းခံဝင်လာတဲ့လမ်း၊ တိမ်းလို့မရနိုင်တဲ့ နေရာမျိုးအရောက်မှာ ဒီဆင်ကြီးကို လွှတ်လိုက်တာ။ ဆင်ကြီးလာနေတာကို ကြည့်ပြီး ရှင်အာနန္ဒာဟာ မြတ်စွာဘုရားအပေါ်မှာလည်း အလွန်ချစ်ခင်တဲ့ စိတ်ဓာတ်ရှိတော့ ဘုရားကို ဆင်ထိုးသတ်မှာ သိပ်စိုးရိမ်တယ်။ ဒါကြောင့်မို့ သူကိုယ်တိုင်ပဲ အသေခံမယ်ဆိုပြီး ဘုရားရှေ့ကကာပြီး တက်ရပ်တယ်၊ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။

အဲဒီအချိန်မှာ နှာမောင်းကြီးကိုမြှောက်၊ နားရွက်ကြီးထောင်ပြီး ပြေးလာတဲ့ ဆင်ကြီးဟာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ရဲ့ မေတ္တာဓာတ်အရှိန်အဝါကြောင့် အမူးပြေရုံ [၁၅၈] တင်မကဘူး၊ သူ့ရဲ့ စိတ်ဆိုးစိတ်မိုက်တွေပါ ပျောက်သွားတယ်။ မြတ်စွာဘုရားအနီးလည်း ရောက်ရော မြတ်စွာဘုရားကို ရှိခိုးဝပ်ချတယ်။ ယဉ်ကျေးတဲ့ ဆင်လိမ္မာကြီးတစ်ကောင် ဖြစ်သွားတယ်။

အဲဒီမှာ မြတ်စွာဘုရားက ဘာနဲ့ဆုံးမတာတုန်းလို့ မေးရင် မေတ္တာနဲ့ဆုံးမတာ။ မေတ္တာနဲ့ဆုံးမပြီး မြတ်စွာဘုရားက ဆင်ကြီးရဲ့ ဦးထိပ်လေးကို လက်တော်နဲ့သုံးသပ်ပြီး “မင်းမမိုက်နဲ့၊ ငါလိုဘုရားပြစ်မှားမိလို့ရှိရင် မင်းဒုက္ခရောက်လိမ့်မယ်၊ မပြစ်မှားရဘူး” လို့ မေတ္တာ၊ ကရုဏာ လွှမ်းခြုံတဲ့စကားနဲ့ မိန့်ကြားလိုက်တဲ့အခါမှာ ဆင်ကြီးဟာ ဘုရားကို ဝတ်ပြုပြီး နောက်ဆုတ်ပြန်သွားတယ်။ လိမ္မာပြီး ဘယ်သူ့ကိုမှ ဒုက္ခမပေးတော့တဲ့ အနေအထားမျိုးကို ရောက်သွားတယ်။

ကြည့်နော်၊ အသိဉာဏ်မရှိဘူးဆိုတဲ့ တိရစ္ဆာန်ကိုတောင် စိတ်ဓာတ်ပြောင်းလဲသွားအောင် ဆုံးမတာ။ ဒီလိုရိုင်းပျနေတဲ့ တိရစ္ဆာန်တစ်ကောင်ကို ဘာနဲ့ဆုံးမတာတုန်းဆိုတော့ မေတ္တာနဲ့ ဆုံးမလိုက်တာ။

ဒါ မြတ်စွာဘုရားရဲ့ ဆုံးမလိုက်နိုင်မှု၊ ဒါ အနုတ္တရော ပုရိသဒမ္မ သာရထိ ဆိုတဲ့ ဂုဏ်ရည်ရဲ့ စွမ်းဆောင်မှုတစ်ခု၊ ဘုရားဆိုတာ ဒီလို ရိုင်းပျနေတဲ့ တိရစ္ဆာန်သတ္တဝါပင်ဖြစ်စေ လိမ္မာယဉ်ကျေးသွားသည်ထိအောင် ဆုံးမတယ်။

[၁၅၉] ဆင်ဆရာတွေက ဆင်ကိုဆုံးမတဲ့အခါ ဘယ်လိုဆုံးမကြသလဲ။ ဆင်ကြီးကို ထူးကြိုးတွေနဲ့တုပ်၊ လှံတွေနဲ့ထိုး၊ နားရွက်ကို ပေါက်ချွန်းနဲ့ပေါက်၊ နာကျင်အောင်လုပ်ပြီး ဆင်ကို ဆုံးမကြတယ်။

မြတ်စွာဘုရားကတော့ ဆင်ကို အပ်ဖျားလေးနဲ့တောင်မှ နာကျင်အောင်လုပ်တာမရှိဘူး။ စိတ်နှလုံး နူးညံ့ပျော့ပြောင်းသွားအောင် မေတ္တာစွမ်းအားနဲ့ ဆုံးမတာ။ တစ်ခါတည်း လိမ္မာယဉ်ကျေးသွားတာပဲ။ မြတ်စွာဘုရားနဲ့ တွေ့တဲ့အချိန်ကစပြီးတော့ စိတ်ဓာတ်ဟာ လိမ္မာယဉ်ကျေးသွားတယ်။

အင်္ဂုလိမာလကို ဆုံးမခြင်း

နောက် လူသားတွေဆုံးမတယ်လို့ ဆိုတဲ့အခါမှာ လောကလူသားထဲမှာ အဲဒီခေတ်က အရိုင်းဆုံး၊ အကြမ်းတမ်းဆုံးဟာ အင်္ဂုလိမာလပဲ။ အင်္ဂုလိမာလဟာ နဂိုကတော့ လူတော်လူကောင်း တစ်ယောက်ပဲ။ သူက ပုရောဟိတ် ပုဏ္ဏားကြီးရဲ့ သားတစ်ဦးပဲ။ သူ့ရဲ့အဖေက သူ့ရဲ့နာမည်ကို အဟိံသက လို့ ပေးထားတယ်။ ဘယ်သူ့ကိုမှ မညှင်းဆဲဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ အေး- အပေါင်းအသင်းမှားတယ်။ အပေါင်းအသင်း မှားတယ်ဆိုတာ တစ်ဖက်လှည့်နဲ့ လူသတ်သမားအဖြစ်သို့ ရောက်အောင် ဘယ်သူက လုပ်လိုက်တာတုန်းလို့ဆိုရင် သူ့ကို ပညာသင်ပေးတဲ့ တက္ကသိုလ်ဆရာကြီးက လုပ်လိုက်တာ။

[၁၆၀] တစ်ဖက်လှည့်နဲ့ ဆရာခိုင်းလို့ လူသတ်သမားဘဝ ရောက်သွားတယ်။ အဲဒါလည်း အလွန်သတိထားစရာကောင်းတာနော်။ သူ့ခမျာ ပင်ကိုယ်စရိုက်ဆိုးတာ မဟုတ်ဘူး။ အသိဉာဏ် အင်မတန် ထက်မြတ်တယ်။ ဉာဏ်ကောင်းတယ်။ သို့သော် မဟုတ်မခံတဲ့ စရိုက်တော့ သူ့မှာရှိပုံရတယ်။

အင်္ဂုလိမာလရဲ့ ဇာတ်ကြောင်းတွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ပေါရိသာဒဆိုတဲ့ ရိုင်းပျတဲ့ဘဝ။ လူသားစားတယ်၊ ရက်စက်ကြမ်းကြုတ်တယ်။ ပြီးတော့ ဘီလူးဘဝ၊ သူဖြစ်ခဲ့တဲ့ ဘဝတွေက အကြမ်းအတမ်းတွေချည်းပဲ။ စရိုက်ဆိုတာ လူတွေမှာ ပါတတ်တယ်။

ဒါကြောင့် ဒီကနေ့ခေတ် သာသနာတော်နဲ့ ကြုံတွေ့တဲ့အခါမှာ ကိုယ့်စရိုက်၊ ကိုယ့်ဝါသနာကို သိရှိထားသင့်တယ်။ မကောင်းတဲ့စရိုက်၊ မကောင်းတဲ့ဝါသနာဆိုရင် ပြင်ဖို့လိုအပ်တယ်ပေါ့။ အေး- ပြင်ဖို့မစဉ်းစားဘဲ တချို့က ဘာပြောလဲ “ဝါသနာကို မတားနဲ့” တဲ့၊ ဝါသနာပါလို့လုပ်တာ။ ကောင်းတဲ့ ဝါသနာပါရင် တော်တာပေါ့။ မကောင်းတာကျတော့ တားရပေမယ်ပေါ့။ ကိုယ့်ဟာကိုယ်လည်း ပြင်ရမှာပဲ။ မပြင်ဘူးဆိုရင် စရိုက်ဆိုးကြီးနဲ့ အလိုက်ကန်းဆိုးမသိ ဘဝတိုင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်မယ်၊ ကိုယ့်သန္တာန်မှာ ဆိုးဝါးတဲ့ ကံကြမ္မာပုံရိပ်တွေကို ဖြစ်ပေါ်စေနိုင်တယ်။

[၁၆၁] အင်္ဂုလိမာလဟာ နောက်ဆုံးဘဝမှာတောင်မှ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်သော်လည်းပဲ စရိုက်ဆိုးကပါလာပြီး လူသတ်သမားဘဝ ရောက်သွားတယ်။ အကယ်၍သာ စရိုက်ကောင်းတယ်ဆိုရင် ဆရာလုပ်တဲ့ပုဂ္ဂိုလ်က တစ်ဖက်လှည့်နဲ့ တိုက်တွန်းတောင် လုပ်မှာမဟုတ်ဘူး။ ပင်ကိုယ်က လူကောင်းဖြစ်ပေမယ့် မကောင်းတဲ့ဝါသနာ ဗီဇအခံ ရှိသည့်အတွက်ကြောင့် သူဟာ ဒီလိုဘဝ ရောက်သွားတာ။

အင်္ဂုလိမာလဟာ တောတန်းထဲ ဖြတ်သန်းသွားလာတဲ့ လူဆိုရင် ဆင်နဲ့လာလာ၊ မြင်းနဲ့လာလာ ဘယ်သူ့ကိုမှ အလွတ်မပေးဘူး၊ သူ့အသံကြားရင် ဆင်လည်းပြေးရတာပဲ၊ မြင်းလည်းပြေးရတာပဲ၊ လူအုပ်လည်းမခံနိုင်ဘူး။ ပြိုလဲပြီးတော့ ထွက်ပြေးကြတာပဲ။ သူ့ရဲ့လက်ချက်နဲ့ အသက်ထွက်ကြရတယ်။ အဲဒီလောက်ထိအောင် သန်စွမ်းပြီး ကြမ်းတမ်းရိုင်းပျတဲ့ပုဂ္ဂိုလ်။

မြတ်စွာဘုရားနဲ့ ဆုံတွေ့စဉ်က တောင်ကုန်းလေးတစ်ခုပေါ်မှာ ဓားကြီးထောက်ပြီးတော့ စောင့်ကြည့်နေတာ။ ဘုရားလည်းရောက်ရော တောင်ပေါ်ကနေပြေးဆင်းပြီး ဓားနဲ့လိုက်တာ။ မြတ်စွာဘုရားအနီး မီလုမီလုနဲ့ မမီဘူး။ အင်္ဂုလိမာလကြီးဟာ ရှေ့တက်လို့ မရဘူးနော်။ လမ်းလျှောက်စက်ပေါ်မှာ လမ်းလျှောက်နေတဲ့သူဟာ ရှေ့မရောက်သလိုပဲ သူကလည်း ဘုရားအနီးရောက်အောင် မကပ်နိုင်ဘူး။ မြတ်စွာဘုရားရဲ့ တန်ခိုးတော်ကြောင့် ဘုရားကို လက်လှမ်းမမီဘူး။ ဖတ်ဖတ် [၁၆၂] မောနေအောင် လိုက်ပေမယ့် မြတ်စွာဘုရား ပုံမှန်သွားနေတာကို မမီဘူး။

မမီတဲ့အခါ “တိဋ္ဌ သမဏ- ကိုယ်တော် ရပ်လိုက်” လို့ အော်ဟစ်ပြောလိုက်တယ်။ အဲဒီမှာ မြတ်စွာဘုရားက နောက်လှည့်ပြီး “ငါက ရပ်နေတာပါတဲ့၊ မင်းပဲ ရပ်ဖို့လိုပါတယ်”တဲ့။ အဲဒီစကားက သူ့ရဲ့နှလုံးသားကို ထိသွားတယ်။ သာမန်ပုဂ္ဂိုလ်ဆိုရင် မထိဘူး။ သူက အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်၊ “ငါက ရပ်နေပါတယ်တဲ့၊ မင်းပဲ ရပ်ဖို့လိုပါတယ်” သူ့စိတ်ထဲမှာ ဒီစကားလုံးလေးကို ကြားလိုက်တဲ့အခါမှာ “ဟာ- သွားနေရဲ့သားနဲ့ ငါတော့ ရပ်နေတာ၊ မင်းပဲရပ်ဖို့လိုပါတယ်” လို့ ပြောတာ အဓိပ္ပာယ်ရှိတယ်ပေါ့။

အဲဒီမှာ သူသိချင်တဲ့စိတ်ကြောင့် မြတ်စွာဘုရားကို မေးတယ်။ “နေပါဦး၊ အရှင်ဘုရားက ရပ်တယ်ဆိုတာ ဘာကိုပြောတာလဲ” “အေးလေ၊ ငါက သူများအသက်တွေ မသတ်တော့ဘူး၊ အကုသိုလ်အလုပ်တွေ အကုန်ရပ်ပစ်လိုက်ပြီတဲ့။ သံသရာကိုလည်း ငါရပ်ပစ်လိုက်ပြီ။ မင်းက အကုသိုလ်အလုပ်တွေ မရပ်သေးဘူး။ သံသရာ မရပ်သေးဘူး။ ငါကတော့ ရပ်လိုက်ပြီ” လို့ ဒီလိုအဓိပ္ပာယ်နဲ့ ပြောတာ။ အဲဒီမှာ သူဟာ အသိဉာဏ်တွေ ပွင့်သွားပြီး လက်ထဲပါတဲ့ ဓားတွေ၊ လှံတွေ အကုန်ပစ်ချပြီး ဘုရားရှေ့မှာ ဒူးထောက်တယ်။

[၁၆၃] ကဲ- ကြည့်လေ၊ အလွန်ရိုင်းပျပြီး ဆိုးသွမ်းတဲ့ အင်္ဂုလိမာလဟာ တစ်ခဏလေးအတွင်းမှာပဲ လိမ္မာယဉ်ကျေးသွားတယ်။ စကားလေးတစ်လုံးနဲ့တင် လိမ္မာယဉ်ကျေးသွားတာ။ ဒါ တမင် ရွေးချယ်ပြီး ပြောတဲ့စကား။ ဆုံးမစကားဟာ အင်မတန်မှ ထိရောက်တယ်လို့၊ လုံးဝ ယဉ်ကျေးသွားတယ်။ မြတ်စွာဘုရားထံမှာ ရဟန်းဝတ်ခွင့်တောင်းပြီး ဘုရားနဲ့အတူ ကျောင်းတော် လိုက်သွားတယ်။ ဘယ်တော့မှ .. သူများအသက်သတ်တာ မလုပ်တော့ဘူး။

“ယတောဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ”
အရိယာဇာတ် ရဟန်းမြတ်ဖြစ်တဲ့အချိန်ကစပြီး သတ်လိုစိတ်နဲ့ ဘယ်သတ္တဝါကိုမှ သတ်မိတယ်ဆိုတာ သူ,မသိပါဘူး။ ဆိုလိုတာက ဘယ်သတ္တဝါကိုမှ မသတ်ဘူးလို့ပြောတာ။

အေး- အင်္ဂုလိမာလရဲ့ မိဘတွေ သူတို့သား တောထဲမှာ သောင်းကျန်းနေတာ ဆုံးမဖို့ စဉ်းစားကြတယ်၊ မဆုံးမနိုင်ကြဘူး။ ကောသလမင်းကြီးလည်း မဆုံးမဝံ့ဘူး၊ မြတ်စွာဘုရားကတော့ စကားလေးတစ်ခွန်းနဲ့တင်ပဲ လိမ္မာယဉ်ကျေးသွားအောင် သွန်သင်နိုင်စွမ်းရှိတယ်။ အဲဒါကြောင့်မို့ အနုတ္တရော ပုရိသဒမ္မ သာရထိ- ဆုံးမထိုက်တဲ့ပုဂ္ဂိုလ် ဆုံးမတဲ့နေရာမှာတော့ အထွတ်အထိပ်ပါပဲ။ ဒီလို ဂုဏ်ထူးဝိသေသနဲ့ ချီးမွမ်းထိုက်တယ်။

[၁၆၄] အခုလို အနုတ္တရော ပုရိသဒမ္မ သာရထိ ဆိုတာ အင်္ဂုလိမာလကို လိမ္မာအောင် ဆုံးမလိုက်တာတို့၊ နာဠာဂီရိ ဆင်ကြီးကို လိမ္မာအောင် ဆုံးမလိုက်တာတို့ အဲဒီလို မြတ်စွာဘုရားရဲ့ အရည်အချင်းဂုဏ်တော်တွေ .. စိတ်ရောက်မယ်ဆိုရင် တကယ့်ကို ဗုဒ္ဓါနုဿတိပဲ။ စိတ်ကြည်နူးမှုရရှိပြီး ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ဖြစ်နိုင်တယ်။

ရည်ရွယ်ချက်နှစ်မျိုး

ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းမှာ ရည်ရွယ်ချက် နှစ်ခုရှိတယ်။ နံပါတ်တစ်က ... သမ္ပန္နေသနတ္ထ- စိတ်ကြည်နူးဖို့ ဘုရားဂုဏ်တော်ကို ပွားတာ။ နောက်တစ်ခုက ဝိပဿနတ္ထ- ဝိပဿနာရှုဖို့ပွားတာ။ ဗုဒ္ဓါနုဿတိ အခြေခံတဲ့ ပီတိကို ဝိပဿနာရှုရင်း ရဟန္တာဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်ပေါ့၊ ဒီလိုဆိုလိုတာ။

ဘုရားဂုဏ်ကို အာရုံပြုပြီး ကြည်နူးတဲ့စိတ်တွေရအောင် ကိုယ်နားလည်တဲ့ ဂုဏ်လေးတွေကို အာရုံပြုပြီး နှလုံးသွင်း ဆင်ခြင်ရမယ်။ ပီတိဖြစ်လာသည်ထိအောင် ဆင်ခြင်ရမယ်။ ဒီလိုပြောတာနော်။

[၁၆၅] အာဠဝကဘီလူးကို ဆုံးမခြင်း

အင်္ဂုလိမာလကို ဆုံးမတာ။ လူသားမဟုတ်တဲ့ နတ်ထဲ အပါအဝင်ဖြစ်တဲ့ အင်မတန်မှ ကြမ်းတမ်းရိုင်းပျတဲ့ အာဠဝက ဘီလူးကြီးကို ဆုံးမတယ်ဆိုတာလည်း အားလုံးသိကြတာပဲ။ မာရ်နတ်သားကို ဆုံးမတယ်ဆိုတာလည်း အားလုံးသိကြတယ်။

အာဠဝကဘီလူးကြီးဆိုရင် အလွန်ကိုရိုင်းစိုင်းတဲ့ ဘီလူးကြီးဖြစ်တယ်။ မြတ်စွာဘုရားက ဆုံးမလိုက်လို့ တရားဓမ္မ ဟောပြောလိုက်တဲ့အခါ ဘယ်လောက်အထိ ယဉ်ကျေးသွားတုန်းဆိုရင်နော် အခြား ဗုဒ္ဓဘာသာဝင်တွေတောင် သူလို ပြောကြရဲ့လား၊ သူလိုစိတ်ဓာတ်ထားရဲ့လား၊ စံနမူနာယူပြီးတော့ ကြည့်ရအောင်။ အာဠဝကဘီလူးကြီးက မြတ်စွာဘုရားအပေါ်မှာ ဘယ်လောက်လေးစားသွားတယ်ဆိုတာ ကြည့်။

“သောဟံ ဝိစရိဿာမိ၊ ဂါမာ ဂါမံ ပုရာ ပုဂံ၊ နမဿမာနော သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ” တဲ့။
“တပည့်တော်ဟာ တစ်ရွာကနေတစ်ရွာ၊ တစ်မြို့ကနေ တစ်မြို့ သွားလာလှည့်ပတ်တဲ့အခါမှာ မြတ်စွာဘုရားရဲ့ မှန်ကန်တဲ့ဗုဒ္ဓဖြစ်မှု၊ တရားတော်မြတ်ရဲ့ မှန်ကန်တဲ့ဓမ္မဖြစ်မှုကို အမြဲတမ်း ဦးထိပ်ပန်ဆင်ပြီး သွားပါမယ်။ ဘယ်သွားသွား ဘာလုပ်လုပ် တပည့်တော် ဘုရားကိုဦးထိပ်ထားပါတယ်”

[၁၆၆] အာဠဝကဘီလူးကြီးဟာ ဘယ်လောက် ယဉ်ကျေးသွားတုန်း၊ ဒီကနေ့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ ဒီစိတ်ဓာတ်မျိုး မွေးထား၊ တပည့်တော် ဈေးသွားသွား၊ ဘာလုပ်လုပ် အိမ်အလုပ်တွေလုပ်ရင်း မြတ်စွာဘုရားကို ဦးထိပ်ထားပါတယ် ဘုရား။ ဘုရားဂုဏ်တော်ကို အမြဲတမ်းသတိရပြီး မြတ်စွာဘုရားကို ကြည်နူးတဲ့စိတ်နဲ့ အမြဲတမ်းပူဇော်ပါတယ်ဆိုတဲ့ စိတ်ကို ထားရမယ်။

ရွာတစ်ရွာကနေတစ်ရွာ၊ တစ်မြို့ကနေတစ်မြို့ လုပ်ငန်းကိုင်ငန်း ကိစ္စတွေနဲ့ သွားလာတဲ့အခါ ဘုရားကိုရှိခိုးပြီး သွားပါတယ်။ အဲဒီလို မြတ်စွာဘုရားကို စိတ်ထဲအာရုံထဲမှာ အမြဲတမ်း သတိရ ရှိခိုးပြီးနေပါတယ်ဆိုတာကို အာဠဝကဘီလူးကြီးက ပြောကြားတာ။ အဲဒီလောက်ထိအောင် လိမ္မာယဉ်ကျေးသွားတယ်။

ယခင်က သူ့ဗိမာန်ထဲ ရောက်လာတဲ့ ရသေ့သူတော်ကောင်းတွေ၊ ဈာန်ရ ရသေ့ကြီးတွေ ရူးသွပ်သွားအောင် သူ နှိပ်စက်လွှတ်လိုက်တာ၊ ခြေနှစ်ချောင်းကိုင်ပြီး ဟိုဘက်ပစ်လိုက်တာတွေရှိတယ်။ အဲဒီလို သူနှိပ်စက်ခဲ့တာတွေက အများကြီးပဲ။ မြတ်စွာဘုရားက သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ကရုဏာထားခြင်း၊ မေတ္တာပွားခြင်းဆိုတဲ့စိတ်စွမ်းအားတွေနဲ့ နားလည်အောင် ပြောပြခြင်းဖြင့် ရိုင်းပျတဲ့ အာဠဝက ဘီလူးကြီးကို ဆုံးမတော်မူခဲ့တယ်။ ဒါကြောင့်မို့ အနုတ္တရော ပုရိသဒမ္မ [၁၆၇] သာရထိ ဂုဏ်ရည်ဟာ အင်မတန်မှထူးခြားတဲ့ ဂုဏ်ရည်တစ်ခုပဲလို့ ဒီလိုကြည်နူးစရာကောင်းတယ်။

အေး- ဒါတင်လားလို့ဆိုရင် ဒီကနေ့ ကောင်းကင်ဘုံက ထာဝရဘုရားကို ကိုးကွယ်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ ဗြဟ္မာကို ကိုးကွယ်နေကြတဲ့ပုဂ္ဂိုလ်တွေ သတိထားစရာပေါ့။

ဗကဗြဟ္မာကို ဆုံးမခြင်း

အဲဒီ ကောင်းကင်ဘုံက ‘ဗက’ ဆိုတဲ့ ဗြဟ္မာကြီးဟာ တန်ခိုးတော့ကြီးပါရဲ့၊ သူ့ကိုယ်သူ လောကကြီးကို ဖန်ဆင်းသူလို့ ဒီလိုထင်တယ်။ သူနေတဲ့ဗြဟ္မာ့ဘုံကြီးဟာ မအို မနာ မသေ ထာဝရဘုံကြီးအဖြစ် မှတ်ယူနေတယ်။

မြတ်စွာဘုရားက ဗကဗြဟ္မာကြီးရဲ့ မှားယွင်းတဲ့ အယူအဆတွေကိုယူဆပြီး လမ်းမှားနေတာကို လမ်းမှန်ပို့ဖို့ဆိုပြီး ကြီးမားတဲ့ ကရုဏာတရားနဲ့ ဗြဟ္မာ့ပြည်ကို ကြွသွားတယ်၊ မြတ်စွာဘုရားကြွလာတာလည်းမြင်လိုက်ရော ဗကဗြဟ္မာကြီးက ‘သွာဂတံ တေ ဘော ဂေါတမ’ ဒီလာတာ ကောင်းသော လာခြင်းပါဆိုပြီး မြတ်စွာဘုရားကို ကြိုဆိုတယ်၊ Welcome လုပ်တယ်ပေါ့၊ ကြိုပြီးတော့ သူကဘာပြောတုန်း။ “ရှင်ဂေါတမ ဒီလာတာ ကောင်းတယ်။ ဟောဒီဘုံမှာ နိစ္စ၊ ဓုဝ ဘယ်တော့မှ မပြောင်းလဲဘူး၊ ဒီဘုံရောက်လာလို့ရှိရင် ... ဘယ်တော့မှ နောက်ကြောင်းမပြန်ရတော့ဘူး။ အိုခြင်း၊ နာခြင်း သေခြင်းတွေ [၁၆၈] လွန်မြောက်ပြီး နိစ္စထာဝရနေရတဲ့ဘုံဖြစ်တယ်” လို့ နှုတ်ဆက် ကြိုဆိုတဲ့စကား ပြောလိုက်တယ်။

အဲဒီအခါမှာ မြတ်စွာဘုရားက “ဗကဗြဟ္မာကြီးဟာ အဝိဇ္ဇာရဲ့ အလွှမ်းမိုးခံနေရပါလား၊ မှောင်ကျနေပြီး မသိတာ ဆိုးလိုက်တာ” လို့ပြောလိုက်တယ်။ မသိခြင်းဆိုတဲ့ အဝိဇ္ဇာတရားက လွှမ်းမိုးထားလို့ လွဲလွဲမှားမှားတွေ ပြောနေတယ်။ မမြဲတဲ့ဘုံကြီးကို မြဲတယ်လို့ပြောနေတယ်။

ဒီလိုပြောတော့ ဘေးကဗြဟ္မာတွေကတောင်မှပဲ “ဒါက မဟာဗြဟ္မာကြီး၊ အရှင်ဂေါတမ အဲဒီလိုမပြောပါနဲ့”လို့ ဘုရားကို ဝင်ပြီးကန့်ကွက်ကြတယ်။ နောက်ဆုံး ဗကဗြဟ္မာကြီးဟာ လက်လျှော့သွားရတယ်။

သူ့ရဲ့ အတိတ်ဇာတ်ကြောင်းတွေကို မြတ်စွာဘုရားက ရှင်းပြတယ်။ သူမမြင်တာတွေကို ဘုရားကပြတယ်။ ဘယ်လို ကုသိုလ်တွေ လုပ်ခဲ့လို့ ဗြဟ္မာ့ပြည်ရောက်တယ်။ သူ့ရဲ့ သက်တမ်းနဲ့ ဘုံဘဝတွေကိုပါ .. မြတ်စွာဘုရားက တစ်ခုစီ ရှင်းထုတ်လိုက်တဲ့အခါ ဗြဟ္မာ့ဘုံဟာ သူ့ဘဝဟာ နိစ္စ၊ ဓုဝ ထာဝရဘုံ မဟုတ်ဘူးဆိုတာ သူသဘောပေါက်သွားတယ်။ နောက်ဆုံးမှာ လက်ခံသွားတယ်။ အဲဒီလို လက်ခံသွားပြီး အမြင်မှန်ရသွားသည်ထိအောင် တန်ခိုးကြီးတဲ့ ဗြဟ္မာကြီးကို ခုလို လိမ္မာယဉ်ကျေးအောင်၊ အမှန်တရားကိုသိအောင် ဆုံးမနိုင်စွမ်း ရှိတယ်ပေါ့။ ဗြဟ္မာတွေ ဘယ်လောက်တန်ခိုးကြီးကြီး [၁၆၉] မြတ်စွာဘုရားနဲ့ ပြိုင်ဆိုင်တဲ့အခါ နောက်ဆုံးမှာ အရှုံးပေးရတယ်။

ဒါ့ကြောင့် မြတ်စွာဘုရားသခင် .. ကိုယ်တော်မြတ်ဟာ သတ္တဝါတွေကို ... ဆုံးမတဲ့အခါမှာ အင်မတန်မှ ထူးခြားတဲ့ အနုတ္တရော ပုရိသဒမ္မ သာရထိဂုဏ်ရှင်ဖြစ်ရတယ်။ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုပြီးတော့ မြတ်စွာဘုရားရဲ့ ဒီဂုဏ်ဟာ လူ့ဘုံကနေပြီး အထက်ဘဝဂ်ထိအောင် ထင်ရှားကျော်ကြားတော်မူခဲ့တာ ဖြစ်ပါတယ်။

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ ဗုဒ္ဓမြတ်စွာရဲ့ အနုတ္တရော ပုရိသဒမ္မ သာရထိ ဂုဏ်ရည်ဟာ ဗြဟ္မာ့ဘုံတိုင်အောင် ... ထင်ရှားကျော်ကြားပြီး လွှမ်းခြုံနေတဲ့ ဂုဏ်ရည်သာ ဖြစ်ပါတယ်။ အဲဒီဂုဏ်ရည်တွေကို အာရုံပြုပြီး ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပွားများအားထုတ်ကြရမှာ။

အဲဒီ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဟာ ဝိပဿနာကျင့်စဉ်အတွက်လည်း အထောက်အကူဖြစ်တယ်။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပွားများအားထုတ်ခြင်းအားဖြင့် သဒ္ဓါတရားတွေ၊ သတိတွေ၊ ကုသိုလ်တရားတွေ မြင့်မားလာခြင်း၊ မြတ်စွာဘုရားနဲ့အတူ နေရသကဲ့သို့ စိတ်ထဲမှာ ခံစားလာရခြင်း၊ အကုသိုလ်အမှုမှ ရှောင်ကြဉ်လာခြင်းဆိုတဲ့ ... အကျိုးကျေးဇူးတွေကို မြောက်များစွာ ရရှိနိုင်တာ ဖြစ်သောကြောင့် ဗုဒ္ဓမြတ်စွာရဲ့ ဂုဏ်တွေကို စိတ်နှလုံးထဲလွှမ်းခြုံထားပြီး ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း [၁၇၀] ကို ဖြစ်ပွားအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု
သာဓု

[၁၇၁] မြတ်ဗုဒ္ဓ၏ သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော်

သာသနာတော်နှစ် ၂၅၅၇ နှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၃) ရက်၊ ၂၀၁၄ ခုနှစ် ဧပြီလ (၂၇) ရက်။ မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ ဓမ္မသဟာယ သာသနစင်တာ၊ ဓမ္မရတိ မဟာဓမ္မသဘာ ဓမ္မရုံအဝန်း၌ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ရှင်ပြုအလှူတော်အောင်ပွဲ ညဉ့်ဦးယံ ဓမ္မသဘင် အခမ်းအနား၌ အနန္တငါးပါး ဦးထိပ်ထားလျက် နှစ်ဖက်သော မိဘများအား အမှူးထား၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၊ အလှူဒါယကာ ဦးမြင့်ဆွေ၊ ခရိုင်ဦးစီးမှူး၊ စက်မှုသီးနှံဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် အလှူဒါယိကာမ ဒေါ်ဥမ္မာဝင်း၊ သား မောင်စံလင်း၊ သမီး မရီမွန်သန့် မိသားစုတို့၏ အမတဒါန၊ ဓမ္မဒါန အဖြစ်ဖြင့် ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏ သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော်” တရားဒေသနာတော်။

ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ကြည်ညိုမြတ်နိုး အားကိုး ဆည်းကပ်ရာ ဘုရားဆိုတဲ့ပုဂ္ဂိုလ်မှာ ဂုဏ်အရည်အချင်းတွေ မြောက်များစွာရှိတဲ့အထဲမယ် အရေးကြီးတဲ့ ဂုဏ်အရည်အချင်းက အရဟံ စသောဂုဏ်တော်တွေပဲဖြစ်တယ်။ ဒီအရည်အချင်းဟာ ဘုရားဆိုတဲ့ပုဂ္ဂိုလ်တိုင်း ပြည့်စုံရမယ့်အရည်အချင်းတွေပဲ ဖြစ်တယ်။ မြတ်စွာဘုရားဖြစ်အောင် ကျင့်တယ်ဆိုတာ ဒီ အရည်အချင်းတွေရရှိအောင် ပြုလုပ်ခြင်းပဲဖြစ်တယ်။

[၁၇၂] အကြင်နာတရား နဲ့ ပညာတရား၊ ဒီနှစ်ခုနဲ့ ပြည့်စုံမှ လူသားတွေကို ကယ်တင်ခြင်းလုပ်ငန်းဟာ အောင်မြင်နိုင်မယ်။ အကြင်နာတရားဆိုတဲ့ကရုဏာရှိပေမယ်လို့ ပညာဆိုတဲ့တရား မရှိဘူးဆိုရင် လွဲလွဲမှားမှား လမ်းညွှန်မှုတွေကြောင့် လိုအပ်တဲ့ ကယ်တင်မှုကို ရရှိမှာမဟုတ်နိုင်ဘူး။ ဒါကြောင့်မို့ “အကြင်နာနဲ့ ပညာ” ဒီနှစ်ခုဟာ အရေးပါတယ်။ ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မြတ်တွေမှာ ဒီလိုအရည်အချင်းနှစ်ရပ် ပြည့်စုံဖို့ လိုအပ်တယ်ပေါ့။

အဲဒီ အရည်အချင်းနှစ်ရပ် ပြည့်စုံဖို့အတွက် ဘာတွေ လိုအပ်တုန်းဆိုရင် ထို ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဟာ လုံးဝသန့်ရှင်း စင်ကြယ်ပြီး မကောင်းမှုအကုသိုလ်လုံးဝကင်းတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။ နောက်ဆုံးမှာ ဆိတ်ကွယ်ရာမှာတောင် မကောင်းမှု အကုသိုလ်ဆိုတာ လုပ်လေ့မရှိတဲ့ပုဂ္ဂိုလ်၊ အဲဒီလို ဆိတ်ကွယ်ရာမှာတောင် အကုသိုလ်အမှုကို မဖြစ်စေတဲ့ ပုဂ္ဂိုလ်မျိုးဟာ စိတ်ယုတ်မာကင်းတဲ့ ပုဂ္ဂိုလ်မျိုး၊ ကိုယ်ကျင့်တရားက လုံးဝ ဖြူစင်သန့်ရှင်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လို့ အရဟံဆိုတဲ့ ဂုဏ်ထူးနဲ့ ချီးကျူးထိုက်သူဖြစ်တယ်။

ဒါဖြင့် အရဟံ ဆိုတဲ့ အရည်အချင်းတစ်ခုရလာတာဟာ ဘယ်လိုအသိဉာဏ်မျိုးရှိလို့လဲဆိုရင် သမ္မာသမ္ဗုဒ္ဓေါ- အမှန် အကန်သိလို့ဖြစ်တယ်။ ကိုယ်ပိုင်ဉာဏ်နဲ့လည်းသိသူ ဖြစ်ရမယ်။ တဆင့်ခံဆိုတာဟာ ပြောပြတဲ့ပုဂ္ဂိုလ်က အသိဉာဏ် လုံလောက်မှု မရှိဘူးဆိုရင် တစ်ဆင့်ခံအသိက မှားတတ်တယ် [၁၇၃] ပေါ့။ မြတ်စွာဘုရားက သူများဆီကနေ တဆင့်သိတာမျိုး မဟုတ်ဘူး။ ကိုယ်ပိုင်ဉာဏ်နဲ့သိတာသာဖြစ်တယ်။ သိတဲ့အခါမှာလည်း အမှန်အကန်သိတယ်။ “သမ္မာ ဆိုတာ အမှန်အကန်၊ သံ ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ဗုဒ္ဓ သိစရာကိုသိတယ်” အဲဒီလို သိလို့ ပညာဘက်ကလည်း အရည်အချင်းပြည့်စုံတယ်။

အဲဒီလို အရည်အချင်း ပြည့်စုံအောင် မကောင်းတဲ့ အကုသိုလ်တွေ လုံးဝကင်းစင်တဲ့ အရဟံ ဖြစ်ရမယ်။ အရဟံ ဖြစ်သလို အသိပညာနဲ့လည်း ပြည့်စုံတယ်။ အဲဒီလို ပြည့်စုံမှုဆိုတာ အလွယ်တကူနဲ့ရလာတာ မဟုတ်ဘူး။ ကျင့်စရာတွေ ကျင့်ရတယ်။ သိဖွယ်ရာတွေသိရမယ် ဆိုတဲ့ ဝိဇ္ဇာစရဏ သမ္ပန္နော အကျင့်တရားနဲ့ ပြည့်စုံလို့ဖြစ်တယ်၊ အသိဉာဏ်တွေနဲ့ ပြည့်စုံရမယ်။

အဲဒီလိုပြည့်စုံတဲ့အခါမှာ ထိုက်ထိုက်တန်တန် အောင်မြင် ပေါက်ရောက်ပြီးသားဖြစ်လို့ သုဂတော အထွတ်အထိပ် ရောက်ပြီးသွားပြီလို့ဆိုတာဖြစ်တယ်။ အထွတ်အထိပ် ရောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောစကားဟာ လွဲမှားတာ မရှိဘူး။ မှန်ကန်တဲ့စကားကို ပြောတတ်ရုံနဲ့ သတ္တဝါတွေရဲ့အကျိုးကို ဆောင်ရွက်မှုဆိုတာဟာ လုံလောက်ရဲ့လားဆိုရင် မလုံလောက်သေးဘူး။

ဒါကြောင့်မို့ လောကဝိဒူ လောကအကြောင်းကို ကောင်းကောင်း သိရတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဆုံးမ [၁၇၄] သွန်သင်မယ်ဆိုရင် ဒီပုဂ္ဂိုလ်ရဲ့အကြောင်း၊ စိတ်နေသဘောထား၊ အမူအကျင့်စရိုက် ဝါသနာဆိုတာ အသေးစိတ်က သိထားရမယ်။ မသိဘဲနဲ့ ရမ်းပြီးပြောဆိုဆုံးမမယ်ဆိုရင် အောင်မြင်မှုရနိုင်မှာမဟုတ်ဘူး။ ဒါကြောင့်မို့ လောကဝိဒူ ဆိုတဲ့ ဂုဏ်တော်ကြီးဟာ သတ္တဝါတွေရဲ့ အကျိုးကို ဆောင်ရွက်တဲ့အခါမှာ အင်မတန်မှထိရောက်တယ်။

အဲဒီလို လောကအကြောင်းသိတော့မှ အနုတ္တရော ပုရိသဒမ္မ သာရထိ အကောင်းဆုံး ဆုံးမတတ်သူ ဖြစ်နိုင်တယ်။ ဆုံးမတဲ့နေရာမှာ ပါးနပ်လိမ္မာမှုမရှိဘူးဆိုရင်လည်း အောင်မြင်မှာ မဟုတ်ဘူးလေ။ အေး-မိဘဟာ ကိုယ့်သားသမီးအကြောင်းကိုတော့ သိတယ်။ ဒါပေမယ့်လို့ ဆုံးမတဲ့နည်းစနစ်မမှန်ဘူး ဆိုလို့ရှိရင် မိဘနဲ့သားသမီးဟာ အဆင်ပြေမှာ မဟုတ်ဘူး။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်လည်း ရောက်လာမှာမဟုတ်ဘူး။ ဒါကြောင့်မို့ ... ဆုံးမတဲ့နေရာမှာ လိမ္မာကျွမ်းကျင်မှုရှိရမယ်။ အနုတ္တရော ပုရိသဒမ္မ သာရထိ - ဆိုဆုံးမထိုက်တဲ့ ပုဂ္ဂိုလ်ကို ဆုံးမတဲ့နေရာမှာလည်းပဲ ကျွမ်းကျင်လိမ္မာမှုဆိုတဲ့ အရည်အချင်းဟာ လိုအပ်တယ်။

ဆရာက တပည့်ကို ဆုံးမတဲ့အခါ လိမ္မာကျွမ်းကျင်ဖို့ လိုတယ်။ မိဘကသားသမီးကို ဆုံးမတဲ့အခါမှာလည်း အတူတူပဲ။ သားသမီးရဲ့စိတ်နေစိတ်ထား ဘယ်လိုရှိတယ်။ သားသမီးကို ဘယ်လိုဆုံးမမှရမယ်ဆိုတဲ့အချက်မှာ ကျွမ်းကျင်မှုရှိရမယ်။

[၁၇၅] မြတ်စွာဘုရားဟာ လောကသားတွေအားလုံးကို ဆုံးမတာဖြစ်တယ်။ လောကသားတွေက အင်မတန်မှ များပြားတယ်။ စရိုက်ကြမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ စိတ်နေ သဘောထား ခက်ထန်တဲ့ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီပုဂ္ဂိုလ်မျိုးစုံကို မြတ်စွာဘုရားဟာ လိမ္မာယဉ်ကျေးအောင် ဆုံးမတဲ့နေရာမှာတော့ အထွတ်အထိပ်ရောက်လို့ အနုတ္တရော ပုရိသဒမ္မ သာရထိ ဆိုတဲ့ အရည်အချင်းနဲ့ ထင်ရှားတာဖြစ်တယ်။

ဒီလိုအရည်အချင်းတွေနဲ့ပြည့်စုံပြီး ဆုံးမသွန်သင်တတ်လို့ မြတ်စွာဘုရားဟာ သတ္တဝါအားလုံးရဲ့ ခေါင်းဆောင်ပုဂ္ဂိုလ် ဖြစ်လာတယ်။ သတ္တာ ဒေဝမနုဿာနံ- နတ်၊ လူတို့ရဲ့ ဆရာအဖြစ် ထင်ရှားတော်မူတယ်။

မြတ်စွာဘုရားဟာ လူသားတွေကိုသာ ဆုံးမတာ မဟုတ်ပါဘူး။ နတ်ဗြဟ္မာတွေကိုလည်း ဆုံးမတော်မူတယ်။ လောကမှာ အမြတ်ဆုံးသော ဆုံးမသွန်သင်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ သတ္တာ ဒေဝမနုဿာနံ ဆိုတဲ့ ဂုဏ်တော်ကြီးကို ရရှိတယ်။ အဲဒီလို မြတ်စွာဘုရားရဲ့ဂုဏ်တွေကို တစ်ခုစီ တစ်ခုစီ အာရုံပြုပြီး ဆင်ခြင်စဉ်းစားနိုင်ရင် ဗုဒ္ဓါနုဿတိဘာဝနာ ဖြစ်လာနိုင်တယ်။

တရားချစ်ခင်သူတော်စင် ပရိသတ်များအနေနဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အသေးစိတ်သိရှိအောင် မှတ်သား နာယူထားကြရမှာဖြစ်တယ်။ မိမိတို့ အိမ်တိုင်း အိမ်တိုင်း [၁၇၆] မှာလည်း ဘုရားတွေရှိကြတယ်။ မိမိတို့ ဒေသပတ်ဝန်းကျင်မှာ လည်းပဲ ဘုရားပုထိုးတွေရှိကြတယ်။ ဘယ်နေရာပဲ ရောက်ရောက် ဂုဏ်တော်တွေကို နှလုံးသွင်းနိုင်ရင် ဗုဒ္ဓါနုဿတိ ဘာဝနာ ဖြစ်တယ်။ ဘုရားကိုအာရုံပြုပြီးတော့ ရတဲ့ကုသိုလ်ဟာ..အင်မတန်မှကြီးမားတဲ့ကုသိုလ်လို့ ဒီလိုပြောရမယ်။

သတ္တာ ဒေဝမနုဿာနံ ဂုဏ်တော်

သတ္ထာ ဒေဝမနုဿာနံ ဆိုတာ နတ်တွေ လူတွေရဲ့ ဆရာဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဘာကြောင့် ဆရာဖြစ်တာလဲ၊ လူနတ် ဗြဟ္မာ သတ္တဝါတွေရဲ့ အကျိုးစီးပွား ဖြစ်ပေါ်လာအောင် ဆုံးမသွန်သင်ပြသနိုင်လို့ ဆရာဖြစ်တာ။

အေး- မြတ်စွာဘုရားက သတ္တဝါတွေရဲ့အကျိုးကို ဆုံးမ ဟောပြောတဲ့အခါမှာ အကျိုးဆိုတာ သုံးမျိုးရှိတယ်။ ပထမက ဒိဋ္ဌဓမ္မိကတ္ထ တဲ့။ ဒိဋ္ဌဓမ္မိကတ္ထ ဆိုတာ အခုလက်ရှိဘဝမှာရတဲ့ ကောင်းကျိုးချမ်းသာ။ လက်ရှိဘဝမှာ ကောင်းကျိုးချမ်းသာတွေ ရဖို့ဆိုတာကိုလည်း မြတ်စွာဘုရားက ဆုံးမဩဝါဒပေးတယ်။

သတ္တဝါဆိုတာ အမျိုးမျိုးရှိတယ်ပေါ့။ တစ်ချို့ ဒီဘဝပဲ ကောင်းစားချင်တဲ့ ပုဂ္ဂိုလ်ရှိတယ်။ တစ်ချို့က နောင်ဘဝမှာ ကောင်းစားချင်တဲ့ ပုဂ္ဂိုလ်ရှိတယ်။ တစ်ချို့က သံသရာဝဋ်ဆင်းရဲက လွတ်ချင်တဲ့ပုဂ္ဂိုလ်ရှိတယ်။ ဒီဘဝမှာ ကောင်းကျိုးချမ်းသာ [၁၇၇] တွေ ရချင်တယ်ဆိုရင်လည်း တကယ် ကောင်းကျိုးချမ်းသာ ရစေနိုင်တဲ့နည်းလမ်းကို မြတ်စွာဘုရားကဟောတယ်။ ဒီဘဝ ရနိုင်တဲ့အကျိုးစီးပွားနဲ့ ပတ်သက်ပြီး ဟောထားတာ ရှိတယ်လေ။ “သမ္ပဒါတရား လေးပါး”တဲ့။ သမ္ပဒါတရား ၄-ပါးနဲ့ပြည့်စုံရင် ဒီဘဝမှာ ကြီးပွားတယ်လို့ဆိုတယ်။ ၄-ပါး ဆိုတာ-
(၁) လုပ်ငန်းမှန်သမျှ ဘယ်အလုပ်ပဲလုပ်လုပ် ဥဋ္ဌာနသမ္ပဒါ- တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ်လုပ်ခြင်းဆိုတဲ့ ဝီရိယနဲ့ ပြည့်စုံရမယ်။ ဥပမာ- စိုက်ပျိုးရေးလုပ်တယ် ဆိုရင်လဲ တက်တက်ကြွကြွ လုပ်ရမယ်။ တက်တက်ကြွကြွလုပ်တယ် ဆိုတဲ့နေရာမှာ ဒက္ခ- လုပ်ငန်းကျွမ်းကျင်မှု။ ဥပါယဝီမံသာ- နည်းပညာ။ Technology ပေါ့၊ နည်းပညာလည်းရှိရမယ်။ ဘာလုပ်လုပ် မှန်ကန်တဲ့နည်းပညာနဲ့ လုပ်နိုင်ရမယ်လို့ ဒီလို ပြောတာ။

ဒါ့အပြင် လုပ်တယ်ဆိုရင် ဇွဲကောင်းဖို့လည်း လိုအပ်သေးတယ်။ ကောက်ရိုးမီးလိုဆိုရင် အကျိုးဖြစ်ထွန်းနိုင်တာ မဟုတ်ဘူး။ တစ်ချို့ကိစ္စက ရေရှည်လုပ်ရတာရှိတယ်။ အဲဒီ ရေရှည်လုပ်ငန်းမျိုးမှာ အကျိုးသက်ရောက်မှု ပေါ်လာသည်အထိ ဇွဲရှိရမယ်လို့ “အနလသ” ဆိုတဲ့ စကားလုံးနဲ့ပြတယ်။

[၁၇၈] အဲဒီတော့ ကြိုးစားအားထုတ်မှုဆိုတာ ဘယ်လုပ်ငန်းပဲ လုပ်လုပ် ကိုယ်လုပ်တဲ့လုပ်ငန်း အောင်မြင်သည်အထိ ကြိုးစားအားထုတ်တာ ဥဋ္ဌာနသမ္ပဒါပဲ။
(၂) ဟုတ်ပြီ၊ ကြိုးစားအားထုတ်လို့ရလာပြီ။ ရလာတာတွေကို ဂရုမစိုက်ဘူး၊ မထိန်းသိမ်းဘူး ဆိုလို့ရှိရင်လဲ ရှာဖွေရကျိုးနပ်မှာ မဟုတ်ဘူး။ ပစ္စည်းတော့ ရှာကြပါရဲ့၊ သို့သော် အလေအလွင့်ကို ထိန်းသိမ်းနိုင်စွမ်းမရှိဘူး၊ အင်မတန်မှ အားနည်းတယ်ဆိုရင် မကြီးပွားနိုင်ဘူး။ သီးနှံကစ ငွေကြေးဓန အလေအလွင့်ကို ထိန်းသိမ်းစောင့်ရှောက်မှုဟာ အင်မတန်မှ အရေးကြီးတယ်။

မြန်မာနိုင်ငံမှာ အာရက္ခသမ္ပဒါ အားနည်းတယ်၊ အိမ်တိုင်း အိမ်တိုင်း ထမင်းချက်တာပဲကြည့်၊ အပိုတွေ အင်မတန်မှ များတယ်။ စားနိုင်တာထက် ပိုချက်တယ်။ သွန်ပစ်တယ်။ ငွေကြေးလည်း သုံးစွဲသင့်တာထက်ပိုသုံးရင် ဒါ အလေအလွင့် ခေါ်တာပဲလေ။ စပါးရိတ်သိမ်းရင်တောင်မှပဲ အလေအလွင့်က အများကြီးပဲ။ ကောက်သင်းကောက်တဲ့ လူကတောင် ချမ်းသာနေသေးတယ်။ အလေအလွင့်ပေါတာကိုပြောတာ။ ဘာပဲဖြစ်ဖြစ် အလေအလွင့်ကို မထိန်းသိမ်းနိုင်ဘူးဆိုလို့ရှိရင် ဆုံးရှုံးနစ်နာမှုတွေက အများကြီးရှိတယ်။

အဲဒီ အလေအလွင့်ကို ထိန်းသိမ်းပြီးတဲ့နောက်မှာ စောင့်ရှောက်မှု၊ မပျက်စီးအောင် ထိန်းသိမ်းမှု အင်မတန်မှ လိုအပ် [၁၇၉] နေတယ်။ ဒါတွေလည်း နည်းပညာအသုံးချပြီး ထိန်းသိမ်းဖို့ အများကြီးလိုအပ်တယ်ပေါ့။

ခရမ်းချဉ်သီးတစ်ပိဿာ တစ်ရာလောက် ပေးရတယ် ဆိုတဲ့အချိန်မှာ ဥဋ္ဌာနသမ္ပဒါ နဲ့ ဘာလုပ်မလဲ ဆိုလို့ရှိရင် ခရမ်းချဉ်သီးဈေးပေါပေါနဲ့ဝယ်ပြီး ကြာရှည်ခံအောင်လုပ်ထားသင့်တယ်၊ နည်းစနစ်တွေရှိကြတယ်။

ဘုန်းကြီးတို့ ငယ်စဉ်က စစ်ကိုင်းတောင်ရိုးက သီလရှင်တွေ ခရမ်းချဉ်သီးငပိလုပ်တာ တွေ့ဖူးတယ်။ ခရမ်းချဉ်သီးအမှည့် ဈေးပေါပေါနဲ့ရတဲ့အခါမှာဝယ်ပြီး ထက်ခြမ်းခြမ်း၊ အရည်ကိုညှစ်၊ အဖတ်တွေကိုဖယ်ထားပြီး ဆားသိပ် နေလှမ်းတယ်။ တစ်ရက်နှစ်ရက်လှမ်းလို့ ဖန့်လာပြီဆိုတဲ့အခါ စဥ့်အိုးထဲမှာထည့်ပြီး သိပ်ထားတယ်။ နှစ်ပေါက်အောင် ထားလို့ရတယ်။

ခရမ်းချဉ်သီးအရည်တွေလည်း ထို့အတူပဲ။ အစေ့တွေကို ဖယ်ထားပြီး အရည်တွေကို ပုလင်းထဲထည့်ပြီး နေပူလှမ်းထားတယ်။ ခရမ်းချဉ်သီးရည်နဲ့လုပ်တဲ့ သဘာဝငံပြာရည်တစ်မျိုး ဖြစ်တယ်။

ခရမ်းချဉ်သီးပေါတဲ့အချိန်မှာ အခုလိုလုပ်ထားမယ် ဆိုလို့ရှိရင် ခရမ်းချဉ်သီးတစ်ပိဿာတစ်ထောင် ဖြစ်ပြီဆိုတဲ့အချိန်မှာ ခရမ်းချဉ်သီး ဝယ်စရာမလိုတော့ဘူး။ အများကြီး အသုံးတည့်သွားမယ်။ အဲဒီလို လုပ်ထားနိုင်မယ် ဆိုလို့ရှိရင် ငွေကြေး [၁၈၀] သက်သာသွားမယ်ပေါ့။ ကိုယ့်ဟာကိုယ်လုပ်ထားတာဆိုတော့ စိတ်ချလက်ချစားနိုင်တယ်။ ခုခေတ်မှာပိုပြီး အဲဒီလို ကိုယ့်ဟာကိုယ် လုပ်စားသင့်တဲ့ အနေအထားမျိုးတွေရောက်လာတယ်။
(၃) သမဇီဝိတာ- ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင် သုံးစွဲတတ်ရမယ်။ ဝင်ငွေကနည်းနည်း၊ သုံးတာက များနေလို့ရှိရင် လိုငွေတွေပြမှာပေါ့။ အဲဒီလိုမဖြစ်ရအောင် မျှမျှတတ သုံးစွဲတတ်ရမယ်။
(၄) ကလျာဏမိတ္တတာ- စီးပွားရေးနဲ့ ပတ်သက်ပြီး အကြံကောင်း ဉာဏ်ကောင်း အထောက်အကူပေးမယ့် မိတ်ကောင်း ဆွေကောင်း၊ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး အကြံကောင်း၊ ဉာဏ်ကောင်းပေးနိုင်တဲ့ ပုဂ္ဂိုလ်ကောင်းတွေနဲ့ ပေါင်းသင်း ဆက်ဆံရမယ်။ အဲဒီလို သမ္ပဒါတရား (၄)ပါးနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ် လက်ရှိဘဝမှာပင် ကြီးပွားတယ်လို့ မြတ်စွာဘုရားက ဟောတယ်။

ဒါက ဒိဋ္ဌဓမ္မိကနဲ့ မြတ်စွာဘုရားရဲ့ ဆုံးမသွန်သင်ချက်ပဲပေါ့။ ဗုဒ္ဓဘာသာ သူတော်စင်တွေ မြတ်စွာဘုရားရဲ့ အဆုံးအမကိုသိပြီး လိုက်နာကျင့်သုံးကြမယ် ဆိုလို့ရှိရင် ကြွေးကင်းမယ်၊ ချမ်းသာမယ်၊ အေးအေးလူလူ နေနိုင်မယ်။

လူ့ဘဝရောက်လာရင် စီးပွားရှာရမယ်တဲ့။ စီးပွားရေး မျက်စိရှိရမယ်။ စီးပွားရေးမျက်စိရှိသလို ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ မျက်စိလည်းရှိရမယ်။ ဒါမှ ဒွိစက္ခု မျက်စိနှစ်လုံး [၁၈၁] ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ မျက်စိနှစ်လုံးရှိမှ လူ့ဘဝမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်ဖြစ်နိုင်တယ်ပေါ့။ ဒါကြောင့် မျက်စိအမြင်နှစ်မျိုးကို ရအောင် ကြိုးစားအားထုတ်ရမယ်။

အခြေခံအားဖြင့် ဒါဟာ ဒိဋ္ဌဓမ္မိကတ္ထနဲ့ မြတ်စွာဘုရားရဲ့ ဆုံးမသွန်သင်ချက်ပဲ။ ဟော- ဒီအတိုင်းလိုက်နာလို့ အကျိုးရှိသွားတဲ့ ပုဂ္ဂိုလ်တွေလည်း မြောက်များစွာရှိတယ်ပေါ့။ ဒုတိယ - သမ္ပရာယိကတ္ထ − နောင်ဘဝကို ကောင်းစားရေးအတွက်။ ဒီဘဝတော့ တပည့်တော်တို့သိရပြီ။ စားဝတ်နေရေး အဆင်ပြေတယ်။ နောက်ဘဝကို စိတ်ချရအောင် ဘာတွေ လုပ်ရမလဲဆိုရင် နောင်ဘဝ ကောင်းစားရေးအတွက် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ လို့ဆိုတဲ့ ဒီအရည်အချင်းတွေ ကိုယ့်သန္တာန်မှာရှိအောင် လုပ်ရမယ်။

ယုံကြည်ချက် သဒ္ဓါရှိရမယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမကို ယုံကြည်တယ်။ ယုံကြည်တယ်ဆိုတာ လက်ခံတယ်။ လိုက်နာတယ်။ အဲဒီ သဒ္ဓါရှိလာရင်ဘာဖြစ်လဲ။ ကိုယ်ကျင့် သီလကို ထိန်းသိမ်းစောင့်ရှောက်တယ်။ အနည်းဆုံး ငါးပါးသီလလုံအောင် ထိန်းသိမ်းစောင့်ရှောက်မယ်။

စာဂ၊ ရလာတဲ့ ပစ္စည်းဥစ္စာကို အများနဲ့ ခွဲဝေပြီးတော့ သုံးစွဲနိုင်တယ်။ စွန့်ကြဲပေးကမ်းတယ်။ ပညာ၊ ဒါကတော့ အရေးကြီးဆုံးပဲပေါ့။ ပညာရှိအောင်ကြိုးစားရမယ်။ မသိတာတွေကိုမေးတယ်။ မရှင်းတာတွေကို မေးတယ်။ ဒါဟာ [၁၈၂] ကိုယ်တိုင်သင်ယူခြင်း ဖြစ်တယ်။ သင်ယူတဲ့ပုဂ္ဂိုလ်ဟာ အခု ချက်ချင်းတတ်သွားမယ်ပေါ့။ ပညာဆိုတာဆုတောင်းနေရမယ့် အရာ မဟုတ်ဘူး။ ကိုယ်တိုင်သင်ရင် ကိုယ်တိုင်တတ်မယ်ပေါ့။ အေး- အဲဒီလို သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ ဆိုတဲ့ ဒီအရည်အချင်းတွေနဲ့ ကိုယ့်ကိုကိုယ် ပြည့်စုံအောင် လုပ်ရမယ်။ မြတ်စွာဘုရားက ဒီအရည်အချင်းတွေက .. ဘယ်တော့မှ အောက်ကိုမချဘူးတဲ့။ ထောပတ်အိုးကြီးကို ရေထဲမြှုပ်ပြီး ခွဲလိုက်တဲ့အခါ အိုးကွဲတွေကသာ အောက်ရောက်ချင်ရောက် သွားမယ်။ ထောပတ်တွေကတော့ အပေါ်တက်လာမှာပဲ။

ထို့အတူ သဒ္ဓါနဲ့ထုံမွှမ်းထားတဲ့စိတ်တွေ၊ သီလနဲ့ထုံမွှမ်းထားတဲ့ စိတ်တွေ၊ စာဂ၊ ပညာတို့နဲ့ ထုံမွှမ်းထားတဲ့စိတ်တွေဟာ ဘယ်တော့မှ အောက်ကိုဆွဲချမှာ မဟုတ်ဘူးတဲ့။ အမြဲတမ်း အပေါ်တက်လာမှာတဲ့။ နောက်ဘဝ ကောင်းကျိုးချမ်းသာ အတွက် စိတ်ချရတဲ့တရားပဲပေါ့။ ဒီလို သွန်သင်ပြသ ဆုံးမ ဩဝါဒပေးလို့ မြတ်စွာဘုရားကို သတ္ထာ- ဆုံးမတတ်သူလို့ ခေါ်တာဖြစ်တယ်။

တတိယက- ပရမတ္ထတဲ့။ အေး- ဒီဘဝ ကောင်းစားတာတို့၊ နောက်ဘဝ ကောင်းစားတာတို့ထက် ဘဝနောက်ဆုံး နိဗ္ဗာန်ချမ်းသာကို ရချင်ပါတယ်ဆိုရင်လည်း ရနိုင်တဲ့နည်းစနစ်တွေကို မြတ်စွာဘုရား ဟောပေးထားတာပဲလေ။ ဗုဒ္ဓါနုဿတိ အခြေခံပြီး ဝိပဿနာကျင့်တယ်။ တစ်ခြား ကမ္မဋ္ဌာန်းအခြေခံပြီး [၁၈၃] ဝိပဿနာကိုသွားတယ်။ ဝိပဿနာကို တိုက်ရိုက်ကျင့်တယ် ဆိုတဲ့ ဒီအကျင့်တွေကို ကျင့်ခြင်းအားဖြင့် နိဗ္ဗာန်ချမ်းသာ ဆိုတာလည်း မျက်မှောက်ပြုနိုင်တယ်။

အဲဒီတော့ မြတ်စွာဘုရားသည် သတ္တဝါတွေကို ဒီဘဝလည်း အကျိုးရှိအောင် သွန်သင်ပြသဆုံးမတယ်။ နောင်ဘဝ အကျိုးရှိဖို့ဆိုတာလည်း သွန်သင်ပြသဆုံးမတယ်။ သံသရာက လွတ်ဖို့ဆိုတာကိုလည်း သွန်သင်ပြသဆုံးမတယ်။ လုံးဝပြည့်စုံတယ်ပေါ့။ သာမန်ပုဂ္ဂိုလ်တစ်ဦးက ဒီဘဝကောင်းကျိုးချမ်းသာ ရအောင် လမ်းညွှန်ကောင်း လမ်းညွှန်နိုင်သော်လည်း နောင်ဘဝ လမ်းညွှန်နိုင်တဲ့ပုဂ္ဂိုလ်ဟာ မရှိဘူး။ တကယ်တော့ နောင်ဘဝ လမ်းညွှန်နိုင်တဲ့ဘာသာ ဆိုတာတောင် မရှိဘူး။ ဒီဘဝ စီးပွားဖြစ်အောင် လမ်းညွှန်တာတွေတော့ ရှိကောင်းရှိမယ်ပေါ့။ နောင်ဘဝကို သေချာစိတ်ချရတဲ့ လမ်းညွှန်ချက်ဟာ ဗုဒ္ဓရဲ့ အဆုံးအမမှာပဲရှိတာ။

မြတ်စွာဘုရားက သတ္တဝါတွေရဲ့ အကျိုးကို လိုလားပြီး ဆုံးမသွန်သင်တတ်လို့ သတ္ထာ ဒေဝမနုဿာနံ လို့ ထင်ရှားတယ်။ လူတွေကိုသာ ဆုံးမသလားဆိုတော့မဟုတ်ဘူး။ နတ်တွေကိုပါ ဆုံးမပေးတယ်။ ဒါကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အားလုံးတို့ရဲ့ဆရာဖြစ်တယ်။

[၁၈၄] ကုန်သည်အကြီးအမှူး

ဟော- နောက်အဓိပ္ပာယ်တစ်မျိုးက သတ္ထာ ဆိုတာဟာ ရှေ့ဆောင်ကုန်သည်မှူး။ ရှေးတုန်းက ကုန်ရောင်း ကုန်ဝယ် တစ်နယ်တစ်ကျေးကို သွားတဲ့အခါမှာ ကုန်သည်ခေါင်းဆောင် ဆိုတာ သိပ်အရေးကြီးတယ်။ လှည်းပေါင်းငါးရာနဲ့ သွားကြတယ်ဆိုတဲ့ ဇာတ်လမ်းတွေကို ကြားဖူးကြလိမ့်မယ်။ အဲဒီ လှည်းပေါင်းငါးရာနဲ့သွားတာဟာ လမ်းပြပုဂ္ဂိုလ်၊ ခေါင်းဆောင် ပုဂ္ဂိုလ်မပါလို့ရှိရင် အန္တရာယ်အလွန်ကြီးတယ်။ ကန္တာရခရီးက အလွန်ရှည်လျားပြီး ကြမ်းတမ်းတယ်။ အဲဒီကန္တာရခရီးတွေကို ဖြတ်သန်းပြီး ဟိုဘက်ကိုရောက်အောင်သွားမှ အကျိုးအမြတ် များများရတာဖြစ်တယ်။

ကန္တာရဆိုတဲ့ စကားလုံးက ဘာကိုဆိုလိုတာလဲ။ ကန္တာရ ဆိုတာ အသွားအလာပြတ်နေတဲ့၊ အန္တရာယ်ထူပြောတဲ့ခရီးလို့ ခေါ်တယ်။ အဲဒီနေရာမှာ ရေမရှိတဲ့၊ ရေရှားပါးတဲ့ သဲကန္တာရကြီးတွေကို ကန္တာရလို့ ခေါ်တယ်။ သားရဲတိရစ္ဆာန်တွေ ထူပြောတဲ့နေရာ၊ ဖြတ်သန်းသွားရင်လည်း အန္တရာယ်တွေအလွန်များတဲ့ ခရီးမျိုးကိုလည်း ကန္တာရလို့ ခေါ်တယ်။ နောက်တစ်ခါ သူခိုး၊ ဓားပြတွေ သောင်းကျန်းလို့ သူပုန်တွေ အုပ်စိုးနေတဲ့ခရီးကို ဖြတ်သန်းသွားလို့ရှိရင်လည်း အန္တရာယ်တွေများလို့ အဲဒီခရီးမျိုးကို ကန္တာရလို့ ခေါ်တယ်ပေါ့။ အဲဒီလို ကန္တာရခရီးကြီးကို [၁၈၅] သွားတဲ့အခါမှာ လမ်းကြောင်းပြတဲ့ပုဂ္ဂိုလ်၊ ခေါင်းဆောင်ကောင်း မရှိဘူးဆိုရင် လိုရာခရီးကို ဘယ်တော့မှ မရောက်နိုင်ဘူးတဲ့။

အဲဒီဥပမာအတိုင်းပဲ မြတ်စွာဘုရားက လမ်းပြတဲ့အထဲမယ် ခေါင်းဆောင်ကောင်းပဲ။ ကုန်သည်ခေါင်းဆောင်ကြီး လို့ဆိုတဲ့ အဓိပ္ပာယ်နဲ့လည်း မြတ်စွာဘုရားကို သတ္ထာ လို့ ချီးမွမ်းတယ်။

အဲဒီတော့ သံသရာဆိုတာဟာ ကန္တာရခရီးကြီးတစ်ခုနဲ့ တူတယ်။ ဘုန်းကြီးတို့တတွေ ဒီကနေ့ ကန္တာရခရီးကို ဖြတ်သန်းနေကြတာ။ သံသရာဘဝခရီးကို ဖြတ်သန်းတယ် ဆိုတာ ကန္တာရခရီးကို ဖြတ်သန်းတာပဲ။ တကယ့် ပကတိ ခရီးကြီးမှာ ရေမရှိတဲ့ပြဿနာ၊ သားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်ပြဿနာ၊ ဘေးရန်အန္တရာယ်တွေ အမျိုးမျိုး၊ သူခိုး သူပုန်တွေရဲ့ အန္တရာယ်ပြဿနာရှိသလို ဘဝဆိုတဲ့ ခရီးကြီးဟာလည်းပဲ အန္တရာယ်တွေ၊ ပြဿနာတွေ အင်မတန်မှ ထူပြောတယ်။

ဘုန်းကြီးတို့ ဒီကနေ့ အိုခြင်းဆိုတဲ့ ကန္တာရကြီးကို ဖြတ်ရတယ်။ နာခြင်းဆိုတဲ့ကန္တာရကိုလည်း ဖြတ်ရတယ်။ နောက်ဆုံးတော့ သေခြင်းဆိုတဲ့ ကန္တာရကို ဖြတ်ကြရတယ်။ အဲဒီလို ဖြတ်သန်းသွားလာရတာ အန္တရာယ် အလွန်များတယ်ပေါ့။

[၁၈၆] အိုခြင်းဆိုတဲ့ဘေးနဲ့လည်း ရင်ဆိုင်ရမယ်၊ နာခြင်းဆိုတဲ့ ဘေးနဲ့လည်း ရင်ဆိုင်ရမယ်၊ သေခြင်းဆိုတဲ့ ဘေးနဲ့လည်း ရင်ဆိုင်ရမယ်။ ဘယ်တော့မှ မဆုံးနိုင်တဲ့ ဘဝခရီးကြီးကို လျှောက်လှမ်းနေကြရတော့ ဒီကန္တာရခရီးကြီးက ထွက်ပေါက်မရနိုင်ကြဘူး။

ဘဝခရီးကြီးက ထွက်တဲ့နည်းစနစ်ကို မြတ်စွာဘုရားက လမ်းညွှန်ပြသ ဆုံးမတော်မူတယ်။ ဓမ္မစကြာ တရားတော်မှာ သံသရာဝဋ်က လွတ်ချင်လို့ရှိရင် ဒီလမ်းနှစ်သွယ်ကို ရှောင်ရမယ်။
(၁) ကာမဂုဏ်ချမ်းသာကို ခံစားပြီးတော့ မေ့မေ့လျော့လျော့နေတဲ့ ကာမသုခလ္လိကာနုယောဂ လမ်း၊ ဒီလမ်းက သွားရင် အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ကန္တာရခရီးက ထွက်ပေါက်မရှိနိုင်ဘူး။
(၂) မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကိုယ့်ကိုကိုယ်ညှဉ်းပန်းပြီးကျင့်တဲ့ အတ္တကိလမထာနုယောဂ လမ်း၊ ဒီလမ်းကြောင်းက လည်းမသွားနဲ့။ သွားရင် ဘာအကျိုးမှ ရရှိမှာမဟုတ်ဘူး၊ ပင်ပန်းရုံသက်သက်ပဲရှိမယ်။ အချို့ အလုပ်တွေက လုပ်ရတယ်၊ ပင်ပန်းတယ်၊ အကျိုးရှိသလားဆိုရင် မရှိဘူး။ အကျိုးက ကိုယ်မျှော်သလောက်ရမလား၊ ရမလာဘူး။

အေး- ဒါကြောင့်မို့ ဒီလမ်းနှစ်လမ်းကို ရှောင်ရှားပြီး မှန်ကန်တဲ့ မဇ္ဈိမပဋိပဒါလမ်းကြောင်းကသွားဖို့ လမ်းညွှန်ပြသ ပေးခဲ့တယ်။

[၁၈၇] ဒါဖြင့် နိဗ္ဗာန်သွားတဲ့ မဇ္ဈိမပဋိပဒါ လမ်းကြောင်းဟာ ဘယ်မှာရှိတာတုန်းလို့မေးရင် ကိုယ့်သန္တာန်မှာပဲရှိတယ်။ ဒီလမ်းကြောင်းကို အမျိုးအစားရှစ်ခုနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။

အမှန်မြင်ခြင်း

သမ္မာဒိဋ္ဌိ (Right understanding) အမှန်မြင်ရမယ်။ အမှန်သိရမယ်။ ဒါဘာကိုအမှန်သိရမလဲဆိုတော့ လောကမှာ အမှန်သိတယ်လို့ဆိုတာ ပြဿနာကို ပြဿနာလို့သိခြင်း၊ ပြဿနာရဲ့ အကြောင်းတရားကိုသိခြင်း၊ ပြဿနာရဲ့အဖြေကို သိခြင်းနဲ့ ဖြေတဲ့နည်းလမ်းကိုသိခြင်း။ ဒီလေးမျိုးပဲ။ အဲဒါကို သစ္စာလေးပါးလို့ ခေါ်တာ။

ဒုက္ခကိုသိတယ်၊ ဒုက္ခရဲ့ အကြောင်းတရားကိုသိတယ်၊ ဒုက္ခ ဘယ်မှာချုပ်ငြိမ်းတယ်ဆိုတာ သိတယ်၊ ချုပ်ငြိမ်းဖို့ လမ်းကြောင်းကို သိတယ်ဆိုရင် အဲဒီအမှန်သိမှုဟာ သမ္မာဒိဋ္ဌိ။

အမှန်တွေးခြင်း

အဲဒီလိုအမှန်သိဖို့ ဘာလိုလဲဆိုရင် မှန်ကန်စွာ တွေးတော ဆင်ခြင်မှုဟာ လိုအပ်တယ်။ ဒါကြောင့်မို့ သမ္မာသင်္ကပ္ပ- အမှန်တွေးနိုင်ရမယ်။

[၁၈၈] အမှန်ပြောခြင်း

အေး - အမှန်စဉ်းစားပြီးတဲ့အခါ စဉ်းစားပြီးမှ စကားပြောတာဖြစ်သောကြောင့် သမ္မာသင်္ကပ္ပပြီးလျှင် သမ္မာဝါစာ တဲ့၊ မှန်ကန်တဲ့စကားကိုပြောတယ်။ လိမ်မပြောဘူး၊ အမှန်ကိုပြောတယ်။ ကုန်းမတိုက်ဘူး၊ ညီညွတ်အောင်သာ ပြောတယ်။ ကြမ်းတမ်းတဲ့စကားတွေကို မပြောဘူး။ ယဉ်ကျေးလိမ္မာစွာ ပြောတယ်၊ အကျိုးမရှိတဲ့စကားတွေကိုမပြောဘူး၊ ကောင်းကျိုးချမ်းသာရစေနိုင်တဲ့ တရားနဲ့ပတ်သက်တဲ့ စကားမျိုးကိုပဲပြောတယ်။ ဒါကို မှန်ကန်စွာပြောဆိုမှုလို့ ခေါ်တယ်။

အမှန်ပြုလုပ်ခြင်း

မှန်ကန်စွာပြောဆိုပြီးရင် လူတွေကပြောပြီး အလုပ်လုပ်တာ ဖြစ်သောကြောင့် သမ္မာကမ္မန္တ- မှန်ကန်တဲ့အလုပ်၊ မှန်ကန်တဲ့အလုပ်ဆိုသည်မှာ သူများအသက်ကို မသတ်ရဘူး ရှောင်ရမယ်။ သူများဥစ္စာကို မယူရဘူး ရှောင်ရမယ်။ သူတစ်ပါး သားမယားကို မပြစ်မှားရဘူး ရှောင်ရမယ်။ ဟော- ဒါ မှန်ကန်တဲ့လုပ်ရပ်ပဲ။ ရှောင်ကြဉ်တာဟာ အလုပ်တစ်ခုပဲ။

မှန်ကန်တဲ့ အသက်မွေးမှု

အဲဒီလို မှန်ကန်စွာဆိုခြင်း၊ မှန်ကန်စွာပြုလုပ်ခြင်းဆိုတဲ့ ကိုယ်ကျင့်တရားတွေနဲ့ အသက်မွေးတာကို သမ္မာအာဇီဝ လို့ [၁၈၉] ခေါ်တယ်။ ဟော- မြတ်စွာဘုရားက သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတဲ့ ကိုယ်ကျင့်သီလကို အခြေခံထားရမယ်လို့ ဆုံးမတယ်။

မှန်ကန်စွာ ကြိုးပမ်းမှု

သမ္မာဝါယာမ ဘာတွေကို ကြိုးစားရမှာတုန်းဆိုရင် မိမိ စိတ်ထဲမှာ မကောင်းတဲ့ စိတ်ယုတ်မာတွေမဖြစ်အောင်ဆိုပြီး ဆို့ပိတ်ဖို့ ကြိုးစားရမယ်။ မနိုင်လို့ ပေါက်ထွက်လာပြီဆိုရင် ဖယ်ရှားပစ်ဖို့ ကြိုးစားရမယ်။ စိတ်မဆိုးအောင် သတိထား။ ဆိုးလာမိရင်လည်း ဖယ်ရှား။ ဒါ သမ္မာဝါယာမလို့ ခေါ်တယ်။ လောဘမဖြစ်သေးရင် မဖြစ်အောင်လည်း သတိထားရမယ်။ မတော်တဆ သတိလက်လွတ်ဖြစ်သွားလို့ရှိရင်လည်း မြန်မြန် ဖယ်ရှားပစ်ဖို့ ကြိုးစားမယ်။ ကိုယ့်သန္တာန်မှာ မဖြစ်ဖူးသေးတဲ့ ကုသိုလ်တွေ ဖြစ်လာအောင်လုပ်တယ်။ ဖြစ်လာပြီးလို့ရှိရင်လည်း တိုးပွားလာအောင်လုပ်တယ်။

ဆိုပါစို့။ တစ်နေ့တစ်ခါ တစ်ခါမှ မေတ္တာမပို့ဘူး ဆိုလို့ရှိရင် မေတ္တာပို့တယ်။ မေတ္တာဖြစ်အောင် ကြိုးစားတာ။ အဲဒီ တစ်နေ့တစ်ခါမှ တစ်နေ့နှစ်ခါဖြစ်အောင်လုပ်မယ်။ သုံးခါ ဖြစ်အောင်လုပ်မယ်။ ဆယ်ခါဖြစ်အောင် လုပ်မယ်။ အခါ တစ်ရာ ဖြစ်လာအောင် လုပ်မယ်။ တိုးပွားအောင်လို့လုပ်တာ။ ဒီလိုဆိုလိုတာနော်။ ကုသိုလ်ကောင်းမှုကို တိုးတိုးပြီးတော့ [၁၉၀] လုပ်လာတာ။ အဲဒီလို အကုသိုလ်နဲ့ပတ်သက်ပြီး ဆို့ပိတ်ခြင်း၊ ဖယ်ရှားခြင်း၊ ကုသိုလ်နဲ့ပတ်သက်ပြီးတော့ မဖြစ်သေးရင် ဖြစ်အောင်လုပ်ခြင်းနဲ့ ဖြစ်လာလို့ရှိရင် တိုးပွားလာအောင် ကြိုးစားခြင်းဆိုတဲ့ ဒီကြိုးပမ်းမှုလေးရပ်ကို သမ္မာဝါယာမ လို့ခေါ်တယ်။

မှန်ကန်သော သတိရှိမှ

ဒီလိုကြိုးပမ်းပြီဆိုလို့ရှိရင် အမှန်တရားပေါ်မှာ သတိထားပြီးတော့ ကြိုးစားရမှာ ဖြစ်သောကြောင့် သမ္မာသတိ၊ သတိမရှိရင် မလုပ်ဖြစ်ဘူးလေ။ လူက ဒါကြောင့်မို့ သတိရှိရမယ်။

မှန်ကန်သော တည်ငြိမ်မှ

အဲဒီလိုကြိုးစားတဲ့အခါမှာ စိတ်တည်ငြိမ်မှုဆိုတာ အရေးပါတယ်။ သမ္မာသမာဓိ တဲ့။ အဲဒါ မဂ္ဂင်ရှစ်ပါးနဲ့ အလုပ်လုပ်ရတာ။ ဒီလိုဆိုလိုတာပေါ့။

ကဲ-ဒါဖြင့် ဒီ ထွက်လေ ဝင်လေကိုမှတ်ပြီး ကမ္မဋ္ဌာန်း နှလုံးသွင်းတယ်ဆိုပါစို့။ ဘာနဲ့ နှလုံးသွင်းနေတာလဲလို့ ဆင်ခြင်စဉ်းစားကြည့်လိုက်။ ထွက်လေဝင်လေကို နှလုံးသွင်းတော့မယ်ဆိုတဲ့အခါမှာ ရှေးဦးစွာ ဘာလုပ်ရမလဲ။ ကိုယ်ကျင့်သီလ ဆောက်တည်ရမယ်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတဲ့ ဒီသုံးခုကိစ္စပြီးသွားတယ်။ သီလရဲ့အင်အားတွေကို ရယူ [၁၉၁] လိုက်ပြီး သီလကိုအာရုံပြုလိုက်တဲ့အခါ မဟုတ်တာမလုပ်သည့်အတွက်ကြောင့် စိတ်အားတွေ ပိုတက်လာတယ်။ အဲဒီအချိန်မှာ ထွက်လေဝင်လေလေးပေါ်မှာ သတိထားတာက သမ္မာသတိ။ အဲဒီလို သတိထားဖို့ ကြိုးစားနေတာက သမ္မာဝါယာမ၊ ထွက်လေဝင်လေလေးပေါ်မှာ စိတ်ကလေး တည်ငြိမ်သွားတာ သမ္မာသမာဓိ၊ အဲဒီ ထွက်လေဝင်လေလေးရဲ့ သဘာဝကို ဆင်ခြင်စဉ်းစားတာက သမ္မာသင်္ကပ္ပတဲ့၊ အမှန်သိလိုက်တာက သမ္မာဒိဋ္ဌိလို့ ဒီလိုဆိုတယ်နော်။

အဲဒီ မဂ္ဂင် ၅-ပါးနဲ့ အလုပ်လုပ်နေတာပဲလေ။ အဲဒီလို အလုပ်လုပ်တာကိုပဲ နိဗ္ဗာန်သွားနေတယ်လို့ ဒီလိုဆိုတာ။ တခြားနည်းနဲ့သွားတာ မဟုတ်ဘူး။ ဒီ သဘာဝတရားတွေ မိမိသန္တာန်မှာဖြစ်အောင် လုပ်နေခြင်းသည်ပင် နိဗ္ဗာန်သွားနေခြင်းပဲ ဖြစ်တယ်။

မဂ္ဂ အဓိပ္ပာယ်

သမ္မာဒိဋ္ဌိစတဲ့ ရှစ်ခုကို “မဂ္ဂ”လို့ ခေါ်တာ။ မဂ္ဂ ဆိုတာ လမ်းပဲ။ ဒီလမ်းက ဘယ်သွားတဲ့လမ်းလဲဆို နိဗ္ဗာန်ကိုသွားတဲ့လမ်း။ နိဗ္ဗာန်ကို ဦးတည်ဖောက်ထားတဲ့လမ်းပေါ့။ ဒီ လမ်းကြောင်းအတိုင်းသွားရင် နိဗ္ဗာန်ကိုရောက်တယ်။

ဒါဖြင့် နိဗ္ဗာန်ကို ဘာကရှာပေးသလဲဆိုရင် ဒီတရားတွေကပဲ နိဗ္ဗာန်ကိုရှာပေးတာ။ ဒါကြောင့်မို့ မဂ္ဂတိ နိဗ္ဗာနံ [၁၉၂] ဂဝေသတီတိ မဂ္ဂေါ- နိဗ္ဗာန်ကို ရှာပေးလို့ မဂ္ဂ လို့ခေါ်တာ။ ဒီသမ္မာဒိဋ္ဌိ စသည်က နိဗ္ဗာန်ကိုတွေ့အောင် ရှာပေးတယ်။ ဘယ်လိုလုပ်ပြီး နိဗ္ဗာန်ကို တွေ့တုန်းလို့ မေးလို့ရှိရင် “ကိလေသေ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” တဲ့။ ဒီတရားတွေက ကိလေသာတွေကို ဖျက်ဆီးပြီး နိဗ္ဗာန်အရောက်ပို့ပေးတာဖြစ်တယ်။ တဖက်က ဖယ်ရှားလိုက်တယ်။ တဖက်က ငြိမ်းချမ်းတဲ့အဆင့်ကို ပို့ပေးလိုက်တယ်။ မဂ္ဂဆိုတာ ဒီအလုပ်နှစ်ခုကိုလုပ်တာ။

အေး- ဗုဒ္ဓရဲ့ဂုဏ်ကို အခြေခံပြီးတော့ အခုလို မဂ္ဂင်ရှစ်ပါး ကျင့်မယ်ဆိုလို့ရှိရင် သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ရာ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲဆိုတဲ့ ဘဝကန္တာရခရီးကြမ်းကြီးက လွတ်မြောက်ရာနိဗ္ဗာန်ကို ရောက်နိုင်သည်။ မြတ်စွာဘုရားက ဒီလို သံသရာဝဋ်ကလွတ်ကြောင်း တရားကိုလည်း သွန်သင်ဆုံးမတော်မူတာ ဖြစ်တယ်ပေါ့။

ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမတွေဟာ အင်မတန်မှ ပြည့်စုံတယ်။ တခြား ဘယ်ဘာသာမှ ဒီလောက်ပြည့်စုံတာ မရှိဘူး။ ဒီဘဝချမ်းသာချင်ရင်လည်း ချမ်းသာတဲ့ နည်းလမ်းတွေ ပေးတယ်။ နောင်ဘဝချမ်းသာချင်တယ် ဆိုလို့ရှိရင်လည်း ချမ်းသာတဲ့ နည်းလမ်းတွေပေးတယ်။ နောက်ဆုံး သံသရာဝဋ်က လွတ်ဖို့ဆိုလည်းပဲ မှန်ကန်တဲ့လမ်းကြောင်းကို ပေးထားတယ်။ တခြားဘာသာမှာ ဒီလမ်းကြောင်းမျိုးမရှိနိုင်ဘူး။

[၁၉၃] ဒါကြောင့်မို့ လူရော နတ်ရော သတ္တဝါအားလုံး မိမိတို့ ဆန္ဒအားလျော်စွာ ကောင်းရာသုဂတိ၊ ကောင်းရာ အနေအထား တစ်ခုကို ရရှိချင်တယ်ဆိုရင် .. မြတ်စွာဘုရားဟာ ပြီးပြည့်စုံအောင် ဆုံးမသွန်သင်ပေးထားတာဖြစ်လို့ မြတ်စွာ ကိုယ်တော်မြတ်သည်သာလျှင် သတ္ထာ
ဘုရားသခင်
ဒေဝမနုဿာနံ တကယ့် လူတွေ နတ်တွေ အားလုံးရဲ့ဆရာ ဖြစ်ပါပေတယ်ဆိုတဲ့ ဂုဏ်ကိုအာရုံပြုပြီး စိတ်ထဲမှာ ကြည်နူးလာနိုင်တယ်ပေါ့။

အဲဒီလို ကြည်နူးလာပြီ ဆိုတဲ့အခါ ဝိပဿနာဉာဏ်နဲ့ ရှုဆင်ခြင်လိုက်မယ်ဆိုရင် ဗုဒ္ဓါနုဿတိ ဘာဝနာကနေ ဝိပဿနာကျင့်စဉ်တစ်ခုကိုတက်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ထိအောင် ရောက်ရှိသွားနိုင်တယ်။ ဒီနည်းစနစ်ကို မြတ်စွာဘုရားက ဟောကြားဆုံးမတာဖြစ်ပါတယ်။

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ မြတ်စွာဘုရားရဲ့ဂုဏ်တွေကို အဖန်တလဲလဲ ဆင်ခြင်စဉ်းစား သုံးသပ်ပြီး ပီတိတွေဖြစ်အောင် နှလုံးသွင်းဆင်ခြင်နေခြင်းဟာ ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်။ ဒီ ကုသိုလ်တရားရဲ့ တန်ဖိုးဟာ အင်မတန်မှကြီးမားတယ်။ အဲဒီလို ဗုဒ္ဓဂုဏ်ကို အာရုံပြုနေရတဲ့အချိန်မှာ လောဘလည်း မဖြစ်ဘူး၊ ဒေါသလည်း မဖြစ်ဘူး၊ မောဟလည်း မဖြစ်ဘူး။ အလွန်မြင့်မြတ်တဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်တွေနဲ့ နေလိုက်ရတဲ့အချိန်တွေဟာ [၁၉၄] အင်မတန်မှ တန်ဖိုးရှိတဲ့အချိန်ဖြစ်လို့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန် သတည်း။

သာဓု
သာဓု
သာဓု

[၁၉၅] မြတ်ဗုဒ္ဓ၏ ဗုဒ္ဓ ဂုဏ်တော်

သာသနာတော်နှစ် ၂၅၅၈ နှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ ကဆုန် လပြည့်ကျော် (၅) ရက်၊ ၂၀၁၄ ခုနှစ် မေလ (၁၈) ရက်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ဓမ္မသဟာယ သာသနစင်တာ၊ ဓမ္မရတိ မဟာဓမ္မသဘာ၊ ဓမ္မာရုံကျောင်းတော်ကြီး၌ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် (Win Higher Education Center) မန္တလေးမြို့၊ ကျွဲဆည်ကန်၊ ၃၁ လမ်း၊ အမှတ် ဃ/၂၈၊ ဆရာကြီး ဦးဝင်းတင်+ ဆရာမကြီး ဒေါ်ချိုနွယ်စိုး၊ သမီးဒေါက်တာ ဝင်းဖြူဖြူသန့်၊ သား မောင်ရန်လင်း၊ မောင်ကျော်သူ မိသားစုနှင့် ကျောင်းသူ/ ကျောင်းသားများ၏ အမတဒါန၊ ဓမ္မဒါန အဖြစ်ဖြင့် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် အထူးတရားပွဲ၌ ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏ ဗုဒ္ဓ ဂုဏ်တော်” တရားဒေသနာတော်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ သိကြတဲ့ ဣတိပိသော ဘဂဝါ အရဟံ အစရှိတဲ့ ဂုဏ်တော်ကိုးပါးမယ် နံပါတ်(၈) ဖြစ်တဲ့ “ဗုဒ္ဓေါ” ဂုဏ်တော်အကြောင်းကို ဒီနေ့ နာယူမှတ်သား ကြရအောင်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို စိတ်နှလုံးထဲ လွှမ်းထုံထားခြင်းကြောင့် ရရှိလာတဲ့ ကုသိုလ်ကောင်းမှုဟာ အလွန် ကြီးမြတ်တဲ့ ကုသိုလ်ကောင်းမှုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် လောကမှာ ကိုယ်ကျင့်သီလအားဖြင့်လည်း မြတ်စွာဘုရားနှင့် တူတဲ့ပုဂ္ဂိုလ်မရှိ၊ သာတဲ့ပုဂ္ဂိုလ်ဆိုတာ ဝေးရော။ သမာဓိ [၁၉၆] စွမ်းအားဖြင့် တူတဲ့ပုဂ္ဂိုလ်မရှိ၊ သာတဲ့ပုဂ္ဂိုလ်ဆိုတာ လုံးဝမရှိနိုင်ဘူး။ ပညာအားဖြင့်လည်း တူတဲ့ပုဂ္ဂိုလ်မရှိ၊ သာတဲ့ပုဂ္ဂိုလ်ဆိုတာ လုံးဝမရှိနိုင်ဘူး။ အဲဒီလို သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဂုဏ်အရည်အချင်း သာလွန်သောကြောင့်ဖြစ်တယ်။

မြတ်ဗုဒ္ဓဟာ လူသားတစ်ဦးဖြစ်ပြီး လူတွေရရှိနိုင်တဲ့ ဂုဏ်အရည်အချင်းတွေထဲက ထူးခြားတဲ့ ဂုဏ်အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ သူတော်စင်ပုဂ္ဂိုလ်မြတ်ဖြစ်တယ်။ အစွမ်းတန်ခိုးကြီးလို့ ကိုးကွယ်ရတဲ့ နတ်ဘုရားမဟုတ်ဘူး။ ဒီလိုပြောလိုက်လို့ တန်ခိုးမကြီးဘူးလို့ မဟုတ်ဘူး။ အစွမ်းတန်ခိုး ဆိုသည်မှာ အမျိုးစုံရှိတယ်။ လူတွေနားလည်နေတဲ့ အစွမ်းတန်ခိုးဆိုတာ အရာရာ ဖန်ဆင်းနိုင်မှုလို့ဆိုတာ ဖြစ်တယ်။ အရာရာ လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အစွမ်းတန်ခိုးမျိုးကိုပဲ လူတွေက အစွမ်းတန်ခိုးလို့ သတ်မှတ်နေကြတာ။

စာပေကျမ်းဂန်မှာ အစွမ်းတန်ခိုးအမျိုးမျိုး ဖော်ပြထားတာ ရှိတယ်။ ငှက်တွေကောင်းကင်ပျံနိုင်တာကို ကမ္မဇဣဒ္ဓိ လို့ခေါ်တယ်။ သူ့ကံကပေးတဲ့ အစွမ်းတန်ခိုးလို့ပြောတာ။ ရေထဲမှာ ငါးတွေကူးနိုင်တာလည်းပဲ သူတို့ရဲ့ ကမ္မဇဣဒ္ဓိ ဆိုတဲ့ အစွမ်းတန်ခိုးပဲ။ လူတွေက ငှက်လို ကောင်းကင်မပျံနိုင်ဘူး။ ငါးလိုလည်း ရေထဲဆင်းပြီး မကူးနိုင်ကြဘူး။ သို့သော် လူတွေမှာ အစွမ်းတန်ခိုး မရှိဘူးလားလို့ဆိုရင်ရှိတယ်၊ လူတွေရဲ့ အစွမ်းတန်ခိုးက ဦးနှောက်လို့ပြောတဲ့ အသိဉာဏ်ပေါ့။

[၁၉၇] တိရစ္ဆာန်လောကကြီးနဲ့ ကမ္ဘာလောကကြီးကို ချုပ်ကိုင်နိုင်လောက်အောင် စွမ်းရည်သတ္တိ မြင့်မားတာဟာ လူတွေရဲ့ အသိဉာဏ်ပဲဖြစ်တယ်ပေါ့။ လောကမှာ ဘယ်သက်ရှိသတ္တဝါမှ လူသားကို မယှဉ်နိုင်ကြဘူး။ လူသားတွေဟာ အကြံဉာဏ်၊ စွမ်းရည်သတ္တိတွေနဲ့ ရေထဲမှာပုန်းခိုနေတဲ့ ငါးကိုလည်း ဖမ်းနိုင်တယ်။ မြေကြီးထဲက သတ္တဝါတွေကိုလည်း ဖမ်းယူနိုင်တယ်။ ကောင်းကင်ပျံတဲ့ သတ္တဝါတွေကိုလည်း ဖမ်းယူနိုင်တယ်။

အင်မတန်မှ အင်အားကောင်းတဲ့ ဆင်ကြီးတွေကိုလည်း လေ့ကျင့်သင်ကြားပြီးတော့ ယာဉ်အဖြစ် အသုံးချတယ်၊ အခိုင်းအစေအဖြစ် အသုံးချတယ်။ အင်မတန်မှ အပြေးမြန်တဲ့ မြင်းတို့လိုအကောင်တွေကိုလည်း အသုံးချနိုင်တယ်။ ကိုယ့်ထက် အင်အားကြီးတဲ့ သတ္တဝါကြီးတွေကို ချုပ်ကိုင်ပြီးတော့ ကိုယ့် လောဘအတိုင်း ဆောင်ရွက်စေနိုင်တယ်ဆိုတဲ့ အသိဉာဏ် စွမ်းရည်ဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ စဉ်းစားကြည့်ပေါ့။

အေး- မြတ်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မှာလည်း အလွန်ထူးခြားတဲ့ စွမ်းရည်သတ္တိတွေရှိတာဖြစ်တယ်။ အဲဒီလို အစွမ်းတန်ခိုးကို ပြောတာ။ ကမ္ဘာကြီးကို ဖန်ဆင်းတာတို့နော်၊ သတ္တဝါတွေကို ဖန်ဆင်းတာတို့၊ လူသားတွေကို ဖန်ဆင်းတာတို့၊ လူသားတွေရဲ့ အကောင်းအဆိုး ဒါတွေကို ဖန်ဆင်းတာတို့ဆိုတဲ့ အစွမ်းတန်ခိုးမျိုးတွေကို ပြောတာမဟုတ်ဘူး။ တကယ်တော့ [၁၉၈] ကမ္ဘာကြီးကိုဖန်ဆင်းတယ်ဆိုတာ လူတွေရဲ့တွေးဆယုံကြည်မှု သက်သက်မျှသာဖြစ်တယ်။

လူသားတွေရရှိနိုင်တဲ့ ဂုဏ်သိက္ခာ အရည်အချင်းတွေဟာ လူရဲ့တန်ဖိုးပဲ။ အဲဒီတန်ဖိုးထဲမယ် ကိုယ်ကျင့်သီလ ကောင်းတာလဲ တန်ဖိုးတစ်ခုပဲ။ တည်ငြိမ်တဲ့ သမာဓိစွမ်းအား ရှိတာလဲ တန်ဖိုးတစ်ခုပဲ။ အသိပညာထက်မြတ်တာလဲ တန်ဖိုးတစ်ခုပဲ။ လူ့လောကမှ လူတွေဟာလဲ ဒီဂုဏ်သိက္ခာရှိအောင် ဘာတွေလုပ်ရတုန်းဆိုရင် .. ကိုယ်ကျင့်တရားကောင်းအောင် လုပ်ရတယ်။ ပညာတတ်အောင် လုပ်ရတယ်။ ဒီနှစ်ခုဟာ အရေးကြီးတဲ့အရာနှစ်ခုပဲဖြစ်တယ်။ အဲဒီထဲမယ် သီလရှိပြီးတဲ့နောက် ပညာဆိုတဲ့အရာက အစွမ်းအထက်ဆုံးပဲဖြစ်တယ်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ လူ့လောကမှာ ပညာအားဖြင့် အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ သီလ၊ သမာဓိ အစွမ်းထက်တယ်။ သို့သော် ပညာကတော့ အထွတ်အထိပ် ရောက်သည်အထိ အစွမ်းထက်တယ်။

ဒီနေရာမှာ နည်းနည်းစဉ်းစားကြည့်၊ ဗုဒ္ဓဆိုတဲ့ စကားလုံးက “သိသူ”ဆိုတဲ့ အဓိပ္ပာယ်ကိုပြောတာ။ “ဗုဇ္ဈတီတိ ဗုဒ္ဓေါ” သိတဲ့သူဆိုတဲ့ အဓိပ္ပာယ်။ ဘာတွေကို သိတာတုန်းဆိုရင် လောကမှာ သိစရာမှန်သမျှကို အကုန်သိတယ်။

သိစရာဆိုတာ အင်မတန်မှများတယ်။ ဘုန်းကြီးတို့သိတာ တစ်ထွာတစ်မိုက်တောင် မရှိဘူး။ သိစရာတွေက အများကြီး။ မသိတာနဲ့သိတာကို တွက်ကြည့်လိုက်မယ်ဆိုရင် မသိတာတွေ [၁၉၉] ကများပြီး သိတာက နည်းနည်းလေးပဲ။ လက်တစ်ဆုပ်စာလေးလောက်ပဲ ကိုယ်သိတယ်။ ကိုယ်မသိတာတွေက အများကြီး။ ဒို့ပြင်ဟာမပြောနဲ့ တောထဲမှာပေါက်နေတဲ့ သစ်ပင်တွေရဲ့ နာမည် အကုန်ဖော်နိုင်ရဲ့လား။ ဒီသစ်ပင်တွေရဲ့ အသုံးရော အကုန်သိသလား။ ပညာရပ်အနေနဲ့ တစ်ခုပဲကြည့်ဦး။

ရှေးခေတ်က တက္ကသိုလ်မှာ ပညာသင်တဲ့ ရုက္ခဗေဒ၊ အာယုဗေဒ စတဲ့ အတတ်ပညာမျိုးတွေဟာ အံ့ဖွယ်ဖြစ်တယ်။ သစ်မြစ်သစ်ဥကနေဖော်စပ်တဲ့ (Herbal Medicine) ဆိုတာနဲ့ လူ့အသက်ကို ကယ်နိုင်ခဲ့တယ်။ ကနေ့ခေတ်မှာ ပြန်ပြီး ခေတ်စားလာတယ်နော်။ အမေရိကန်နိုင်ငံမှာတောင်မှ အဲဒီ သစ်ပင်တွေ သစ်မြစ်တွေ ဒါတွေကို (Research)လုပ်ပြီး ပြန်ထုတ်နေတယ်။

အဲဒီတော့ ရှေးတုန်းက တက္ကသိုလ်ပြည်မှာ ဆေးပညာ အတတ်ကိုသင်တဲ့ ကျောင်းသားတစ်ယောက်ကို ဇီဝကလို့ သိကြတယ်ပေါ့။ သူသင်တာခုနစ်နှစ်ကြာတယ်။ သူ့သင်ပုံ သင်နည်းကလည်း ဘယ်လောက်တောင် ထက်မြက်တုန်း ဆိုလို့ရှိရင် “မြန်မြန်လည်းသင်တယ်။ များများကြီးလည်း သင်တယ်။ သင်ထားသမျှကိုလည်း မှတ်မိတယ်။ မေ့ပျောက်တာ မရှိဘူး”တဲ့။ အဲဒီလိုသင်ထားတဲ့ပညာရပ်ဟာ အလွန် များပြားတယ်။

အဲဒီ ဆေးပညာရပ်မှာ သစ်ပင်တစ်ပင်ရဲ့ အသုံးဝင်ပုံ၊ ဘယ်လိုဂုဏ်သတ္တိတွေရှိတယ် ဆိုတာကအစ အသေးစိတ် [၂၀၀] သင်ရတယ်။ သူသင်ကြားရတဲ့ ဆေးပညာအတတ်က ကုန်သလားဆိုတော့ မကုန်ဘူး။ သူ့ဆရာဆီ ချဉ်းကပ်ပြီးမေးတယ်။ “သူသင်တာ ခုနစ်နှစ် ရှိသွားပြီတဲ့။ ဒါ ကုန်ပြီလား” ဆိုတော့ ဆရာကြီးကပြောတယ်။ “ဘယ်ကုန်မလဲ၊ ဒါပေမယ့်လို့ မင်း ဘဝ အသက်ဝမ်းကြောင်း အသက်မွေးဖို့အတွက် ငါပြောမယ် တဲ့။ တူရွင်းလေးတစ်ချောင်းယူသွား၊ ဟောဒီမြို့ရဲ့ပတ်ဝန်းကျင် တစ်ယူဇနာ(ရှစ်မိုင်) အတွင်းရှိတဲ့ သစ်ပင်တွေကိုလေ့လာ။ ဘာပင်မှ မကျန်စေနဲ့၊ လေ့လာခဲ့၊ အဲဒီထဲမယ် ဆေးဖက်မဝင်တဲ့ သစ်ပင်တွေ့ရင် မင်းယူလာခဲ့ပါ” တဲ့။ အဲဒါ ဒိသာပါမောက္ခ ဆရာကြီးက စာမေးပွဲစစ်တာပဲ။ အဲဒီနည်းနဲ့ စာမေးပွဲစစ်တာ။ (အခုခေတ် အဲဒီစာမေးပွဲနဲ့စစ်ရင်တော့ အကုန်ကျမယ် ထင်တယ်နော်။)

တူရွင်းတစ်ချောင်းယူပြီး လိုက်ရှာတယ်၊ ဇီဝကဟာ ဆေးဘက်မဝင်တဲ့အပင် တစ်ပင်မှရှာမတွေ့ဘူး။ ဟိုအပင်လေးကြည့်လိုက်လည်း သုံးလို့ရတယ်။ ဒီအပင်လေး ကြည့်လိုက်လည်း သုံးလို့ရတယ်။ ဒီအမြစ်က ဘယ်လိုသုံးတယ် ဆိုတာတွေ အားလုံးသိနေတာချည်းပဲ။ အသုံးမဝင်တဲ့အပင် ဆိုတာ ရှာလို့မတွေ့ခဲ့ဘူး။

ရှာလို့မတွေ့တော့ ဆရာကြီးထံပြန်ပြီး အစီရင်ခံတယ်၊ ဆရာကြီးက “မင်း ဆေးပညာတတ်ပြီ၊ အိမ်ပြန်ချင်ပြန်တော့” လို့ ခွင့်ပေးလိုက်တယ်။ ရိက္ခာနည်းနည်းလေးပေးပြီး ဆရာကြီးက ဇီဝကကို ပြန်လွှတ်လိုက်တယ်။ ဘာဖြစ်လို့ရိက္ခာနည်းနည်း [၂၀၁] ပေးတုန်းဆိုရင် “ဒီကောင် လမ်းသွားလို့ရှိရင် ရိက္ခာပြတ်လိမ့်မယ်။ ပြတ်ရင် သူ့ဆေးပညာနဲ့ ဆေးကုလိမ့်မယ်” ဆိုတဲ့ အမြင်ကြောင့်ဖြစ်တယ်။ ဇီဝကဟာ ဆေးအိတ်လွယ်သွားတာလည်း မရှိဘူး။ ဆေးစာလည်း ဖတ်စရာမလိုဘူး၊ သူ့ဆေးပညာနဲ့ပဲ ကုလို့ရမယ်။ သူ့မှာဆေးအိတ်လည်း မပါဘူး။ ဆေးသေတ္တာလည်း မပါဘူး။ ဒီအတိုင်းသွားတာ။

ရောဂါတွေ့တာနဲ့ မီးဖိုချောင်ထဲက ပစ္စည်းနဲ့လည်း ကုချင်ကုတယ်။ သစ်ပင်အခေါက်နဲ့လည်း ကုချင်ကုတယ်။ ဒီလိုနဲ့ ရောဂါတွေကုသွားတာ အများကြီးပဲ။ ဆေးပညာအနေနဲ့ အဲဒီတုန်းက အလွန်မြင့်မားခဲ့တယ်ဆိုတာကို ဖော်ပြတယ်။ အလွန်မြင့်မားခဲ့တဲ့ ဆေးပညာရပ်တစ်ခုဟာ လောကမှာ ထင်ရှားခဲ့သေးတယ်။ အဲဒီတော့ လောကမှာ လူတွေ လက်လှမ်းမမှီတဲ့ ပညာရပ်တွေ အများကြီးရှိနေသေးတယ်။

တောထဲမှာရှိတဲ့ သစ်ပင်တွေရဲ့ အမည်နာမသိဖို့တောင်မှ ခဲယဉ်းတယ်ပေါ့။ အသုံးအစွဲသိဖို့ဆိုတာကတော့ ဝေလာဝေး။ အဲဒီတော့ လောကမှာပညာလောက်ကြီးမားတဲ့ အစွမ်းတန်ခိုးဟာ မရှိဘူး။ လူတွေဟာ လူ့ဘဝရောက်လာတာနဲ့မကြာဘူး။ သုံးလေးနှစ်အရွယ်ကနေစပြီး ကျောင်းထားကြရတယ်။ အဲဒီကနေ မူလတန်း၊ မူလတန်းကနေ သေသည်အထိ သင်နေကြရတာ။ ပညာရပ်ဆိုတာ ဆုံးတယ်လို့မရှိဘူး။ ပညာကတော့ မဆုံးဘူး၊ Course ကတော့ ကုန်ချင်ကုန်မှာပေါ့။ ဘွဲ့ရတာ [၂၀၂] တော့ ရှိချင်ရှိမှာပေါ့။ ပညာကုန်လို့ ရတာမဟုတ်ဘူး။ သင်တန်းကုန်လို့ရတာ။

အဲဒီတော့ မြတ်စွာဘုရားကို “ဗုဒ္ဓ” လို့ ခေါ်တာဟာ သိစရာတွေကိုအကုန်သိလို့ ခေါ်တာဖြစ်တယ်။ မြတ်စွာဘုရား အများကြီးသိတယ်။ အကုန်အစင်သိတယ်၊ မြတ်စွာဘုရားက တစ်ခါဟောတယ်- သစ်တောထဲမှာ သစ်ရွက်လေးတွေ ကောက်ယူ၊ လက်ထဲမှာဆုပ်ပြီး “တွေ့လား၊ ငါ့လက်ထဲမှာရှိတဲ့ သစ်ရွက်တွေ၊ ဒီတောကြီးထဲမှာရှိတဲ့ သစ်ရွက်တွေနဲ့ ငါ့လက်ထဲမှာရှိတဲ့ သစ်ရွက်တွေ ဘယ်ဟာကများတုန်း” လို့ ရဟန်းတွေကို မေးတော့ ရဟန်းတွေက “အရှင်ဘုရား၊ တောထဲမှာရှိတဲ့ သစ်ရွက်တွေက အင်မတန်များပါတယ်” တဲ့။

“အဲဒီအတိုင်းပဲတဲ့၊ ငါသိပြီး မဟောတဲ့ အကြောင်းအရာတွေက သစ်တောထဲမှာရှိတဲ့သစ်ရွက်တွေလို အများကြီးပဲတဲ့။ ငါသိပြီး ဟောတဲ့တရားက ငါ့လက်ထဲမှာဆုပ်ထားတဲ့ သစ်ရွက်တွေလောက်ပဲ” တဲ့။ အဲဒီတော့ ဘုရားသိတဲ့ပညာရပ်ဟာ ဘယ်လောက်ကျယ်တယ်ဆိုတာ ... ဆင်ခြင်စဉ်းစားကြည့်လို့ ရတယ်။

မြတ်စွာဘုရားက အဲဒီပညာရပ်တွေကို အချောင်ရတာလားလို့ မေးကြည့်ရင် ဘယ်ဟုတ်ပါ့မလဲ။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းသင်ယူပြီးမှ၊ ပညာပါရမီ ဖြည့်ကျင့်ပြီးတော့မှ ရတာဖြစ်တယ်။

[၂၀၃] ဘုရားမဖြစ်ခင်က ဒါတွေ အကုန်သိသလားဆိုရင် မသိနိုင်ဘူး။ ဘုရားဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဗုဒ္ဓဆိုတဲ့ ပုဂ္ဂိုလ်အဖြစ်ကို ရောက်ရှိသွားတယ်။ လမ်းစဉ်အတိုင်း တရားဓမ္မ ကျင့်တဲ့အခါမှာ အသိဉာဏ် ပွင့်လင်းသွားတာဖြစ်တယ်။ ကိုယ်ကျင့်သီလတွေ၊ သမာဓိတရားတွေ ဒီစွမ်းအားတွေနဲ့ အသိဉာဏ် ပွင့်လင်းသွားတဲ့အချိန်ဆိုတာ ဖြစ်ပေါ်လာခဲ့တာ။ အဲဒီကျတော့မှ ဗုဒ္ဓ ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တာ။

မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်ကိုးပါးမှာ ဒုတိယ ဂုဏ်တော်က သမ္မာသမ္ဗုဒ္ဓေါတဲ့၊ (သမ္မာဆိုတာအမှန်အတိုင်း၊ သံက ကိုယ်တိုင်၊ ဗုဒ္ဓက သိတာ။) အဲဒီ ဂုဏ်တော်ကလည်း အမှန်အကန် ကိုယ်တိုင်သိတယ်။ သစ္စာလေးပါးကို အမှန်အကန် ကိုယ်တိုင်သိလို့ သမ္မာသမ္ဗုဒ္ဓလို့ခေါ်တာ။

အခုဒီ ဗုဒ္ဓ ဂုဏ်တော်ကလည်း အသိဉာဏ်နဲ့ ပတ်သက်တယ်။ ဂုဏ်တော်ကိုးပါးမှာ ဂုဏ်တော်နှစ်ပါးက အသိဉာဏ်နဲ့ ပတ်သက်နေတယ်။ အသိဉာဏ်က ဘယ်လောက်အရေးပါတယ်ဆိုတာ စဉ်းစားကြည့်နော်။

ဒီထဲမယ် သီးခြားသိတာတွေပါသေးတယ်။ ဘာတွေတုန်းဆိုရင် ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာ ဆိုတာလည်း အသိဉာဏ်ပဲနော်။ လောကဝိဒူ- လောကအကြောင်းကိုသိတယ် ဆိုတာလည်း အသိဉာဏ်ပဲ။ ဗုဒ္ဓ-သိသူ ဆိုတာလည်း အသိဉာဏ်ပဲ။ အသိဉာဏ်နဲ့ ပတ်သက်ပြီး အရေးပါလို့ ဖော်ပြထားတာ။

[၂၀၄] လောကမှာ အရေးကြီးဆုံးက ပညာပဲ။ “ပညာဟာ လူ့ရဲ့ တန်ဖိုး” လို့ ပြောကြတယ်။ တကယ်လည်းပဲ သိသူနဲ့ မသိသူဟာ အလွန်ကွာခြားတယ်ပေါ့။ မသိတဲ့ပုဂ္ဂိုလ်ဟာ အရာခပ်သိမ်း မှောင်ကျနေသလိုဖြစ်တယ်။ သိတဲ့ပုဂ္ဂိုလ်ကတော့ အရာခပ်သိမ်း သူ့အတွက်မှာ လင်းနေတယ်။ ဘာလုပ်လုပ် သူဟာ အသိဉာဏ်ရှိရှိနဲ့လုပ်သွားတယ်။ အသိဉာဏ်ရဲ့ တန်ဖိုးဟာ အင်မတန်မှကြီးမားတယ်။

သမ္မာသမ္ဗုဒ္ဓ နှင့် ဗုဒ္ဓ အထူး

အဲဒီမှာ “သမ္မာသမ္ဗုဒ္ဓ” “ဗုဒ္ဓ” ဘာထူးလဲ၊ ထူးခြားမှု ရှိလားလို့ မေးစရာရှိလာတယ်။ အသိဉာဏ်ကို နှစ်ပိုင်းခွဲပြီး ပြောလိုက်တာ၊ သမ္မာသမ္ဗုဒ္ဓ- မှန်မှန်ကန်ကန် ကိုယ်တိုင်သိတယ်ဆိုတာ သစ္စာလေးပါးသိတာကိုဆိုလိုတယ်။ လောကမှာ သစ္စာလေးပါး အမှန်တရားကိုသိမှ သံသရာဝဋ်ကလွတ်ဖို့ လမ်းစကို တွေ့နိုင်တယ်။ သစ္စာမသိဘဲနဲ့ သံသရာဝဋ်က လွတ်လမ်းဆိုတာ မတွေ့နိုင်ဘူး။

ဆိုပါစို့။ ကိုယ့်မှာ ပြဿနာတစ်ခု ရှိလာပြီ။ လူတွေမှာ လူမှုရေး ပြဿနာ၊ စီးပွားရေး ပြဿနာ၊ ဘာပြဿနာ၊ ညာပြဿနာ ပြဿနာတွေ (Problem) တွေပေါ့။ Problem တွေ ရှိလာပြီဆိုရင် Problem ရှိမှန်းသိရုံနဲ့ ပြီးလားဆိုတော့ မပြီးဘူးနော်။ Problem ပြဿနာကိုသိတာဟာ တစ်ခုပဲသိသေးတယ်။

[၂၀၅] ဘာသိဖို့လိုတုန်းဆိုတော့ ဒီ Problem ပြဿနာဟာ ဘာကြောင့် ဖြစ်တာလဲ၊ အကြောင်းရင်းကိုသိဖို့လိုတယ်။

The cause of problem ပြဿနာရဲ့ အကြောင်းလည်း သိတယ်၊ ပြဿနာကိုလည်းသိတယ်။ ပြဿနာရဲ့ အကြောင်းကိုလည်းသိတယ်။ ဒါလောက်နဲ့ လုံလောက်ပြီလားဆိုရင် မလုံလောက်ဘူး။ ပြဿနာဆိုတာ အဖြေရှိသေးတယ်။ အဖြေရှာနိုင်ရမယ်နော်။ Solution ပြဿနာရဲ့အဖြေ။ အဲဒီအဖြေကိုလည်း သိဖို့လိုတယ်။ ဒါဖြင့် အဖြေဆိုတာသိပြီ။ ပြဿနာငြိမ်းတာကိုသိပြီ။ အဲဒီပြဿနာငြိမ်းတဲ့နည်းလမ်း ဆိုတာကိုလည်း သိရမယ်။ The way of solution of problem ကို သိရမယ်၊ ဒီလိုဆိုတာပေါ့။

အဲဒီတော့ လေးဘက်လေးတန် မှန်မှန်ကန်ကန်သိမှ ကိစ္စပြီးတယ်။ ပြဿနာကိုလည်း သိတယ်။ ဒီပြဿနာ ဘာကြောင့်ဖြစ်တယ် ဆိုတာလည်း သိတယ်။ ပြဿနာရဲ့ အေးငြိမ်းမှုကိုလည်း သိတယ်။ ဘယ်လိုနည်းနဲ့ အေးငြိမ်းတယ် ဆိုတာကိုလည်း သိတယ်။ ဟော- လေးဘက်လေးတန် ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်သိမှ ဒီပြဿနာဟာ အဖြေထုတ်နိုင်တာ ဖြစ်တယ်ပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် ပြဿနာတစ်ခုကို အဖြေမှန်မထုတ်နိုင်ဘူးဆိုရင်၊ အဖြေမှန်ထုတ်နိုင်တဲ့ နည်းလမ်းကို မသိဘူးဆိုရင် ဘယ်တော့မှ အဖြေရမှာ မဟုတ်ဘူး။ အေးငြိမ်းမှာ မဟုတ်ဘူး။

[၂၀၆] ဘဝပြဿနာ အဖြေရှာ

ကဲ- ဘုန်းကြီးတို့တတွေ ကြုံတွေ့နေရတဲ့ ဘဝပြဿနာကိုကြည့်မယ်။ ဘဝပြဿနာတစ်ခုကိုကြည့်, လူတိုင်းရင်ဆိုင်နေရတဲ့ ဘဝပြဿနာတစ်ခုက ဘာတုန်းဆိုရင် တဖြည်းဖြည်း အိုမင်းလာခြင်း၊ ရောဂါဝေဒနာရခြင်း၊ သေဆုံးရခြင်း၊ ဒါ ကြီးမားတဲ့ ပြဿနာကြီးတစ်ခု။ တစ်ခြား လူမှုရေးပြဿနာတို့၊ မိသားစုပြဿနာတို့၊ နိုင်ငံရေးပြဿနာတို့ ဘာတို့ဆိုတာ ရှိချင်မှရှိတာလေ။ လူတိုင်းမတွေ့ဘူး မဟုတ်လား။ အဲဒီပြဿနာတွေက လူတိုင်းမတွေ့ဘူး။ နိုင်ငံတိုင်းလည်း မတွေ့ဘူး။

အဲဒီတော့ လူမျိုးတိုင်းလည်းတွေ့တယ်။ ဘာသာဝင်တိုင်းလည်း တွေ့တယ်။ သက်ရှိသတ္တဝါမှန်သမျှဟာ တွေ့ကြုံနေရတဲ့ ပြဿနာက ဘာတုန်းဆိုရင် အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ ပြဿနာပဲ။ ဒီပြဿနာကို ဘယ်သူဖြေရှင်းနိုင်သလဲ။ ဘာကြောင့် ဒီပြဿနာ ဖြစ်နေရတာလဲ။ ဒီပြဿနာ ဘယ်မှာ အဆုံးသတ်မှာလဲ။ အဆုံးသတ်တဲ့နည်းလမ်း ရှိသလား။ ဒီအချက်လေးကိုမှ မသိဘူးဆိုလို့ရှိရင် ဒီပြဿနာ ဘယ်လိုလုပ် ဖြေရှင်းမလဲ။

ဘုန်းကြီးတို့ မလေးရှားသွားပြီး သင်တန်းပို့ချတုန်းက အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာ (Problem)လို့ ခေါ်တယ်လို့ ဆိုတော့ အမျိုးသမီးတစ်ယောက်ကမေးတယ်။ “ဆရာတော်၊ ဒါက သဘာဝတရား မဟုတ်လားတဲ့။ ပြဿနာမဟုတ်ဘူး”

[၂၀၇] အိုတယ်၊ နာတယ်၊ သေတယ် ဆိုတာ လူ့သဘာဝပဲပေါ့၊ မဟုတ်ဘူး၊ “အေး၊ မင်း အဲဒါကို ပြဿနာလို့ မမြင်သမျှ ကာလပတ်လုံး ဖြေရှင်းဖို့ ဘယ်တော့မှမကြိုးစားတော့ဘူး”လို့။ ငုံ့ခံနေမှာပဲလေ။ အဲဒါကြောင့်မို့လို့ ပြဿနာကို ပြဿနာမြင်ဖို့ဟာ နံပါတ်တစ်အရေးကြီးဆုံးပဲလို့ ရှင်းပြောခဲ့တယ်။

အခု ကျောင်းသား လူငယ်လေးတွေ၊ ကျောင်းသူလေးတွေ ငယ်ငယ်လေးတွေ ပါလာကြတယ်။ ဒီအရွယ်မှာ သူတို့ ဘာမှမစဉ်းစားသေးဘူး၊ ပျော်နေတာ။ ငယ်ငယ်လေးပဲ။ “ အေး၊ ဒီငယ်ငယ်လေးတွေ၊ သို့သော် လှမ်းပြီး ဟိုဘက် အနှစ် ၆ဝ လောက် မျှော်ကြည့်လိုက်ပေါ့။ အနှစ် ၆ဝ လောက်ရဲ့ နောက်ပိုင်းမှာ မင်းတို့ခေါင်းက ဆံပင်တွေ အနက်ကျန်သေးလား၊ ဆေးဆိုးရင်တော့ ရတာပေါ့ကွာ။ ဆံပင်နက်တာ ရှိဦးမလား။ သွားတွေရော ဒီအတိုင်း ကျန်ပါ့မလားနော်။ မျက်စိကရော အခုအတိုင်း ကောင်းပါ့မလား။ ပါးရေတွေ မတွန့်ဘဲနဲ့ အခုအတိုင်းလို ချောချောလှလှလေးတွေ ရှိပါ့မလား”ဆိုတာ စဉ်းစားသာကြည့်လိုက်။

အဲဒီမှတ်တိုင်ကို မင်းတို့ကျော်သွားနိုင်မယ်လို့ထင်လား။ ဘယ်တော့မှ မကျော်နိုင်ဘူးနော်။ အခု ဘုန်းဘုန်းတို့ ရောက်နေတဲ့ မှတ်တိုင်ကြီးကို မင်းတို့ရောက်ဦးမယ်။ သွားတွေက ပြုတ်ထွက်ကုန်ပြီနော်။ မျက်စိတွေက မှုန်ကုန်ပြီ။ ဆံပင်တွေက ဖြူကုန်ပြီ။ ဟိုနားက ယိုင်၊ ဒီနားက ယိုင်၊ ဟိုနားက ရွဲ့၊ ဒီနားက [၂၀၈] ရွဲ့နဲ့ဆိုတော့ အိမ်အိုကြီးလို တဖြည်းဖြည်း ဖြစ်လာကြတယ်။ အဲဒီပြဿနာ မရှိဘူးလားဆိုတော့ရှိတယ်။

တစ်နေ့နေ့ ရင်ဆိုင်ရမယ်။ ငယ်ငယ်တုန်းက ဘုန်းကြီးက စဉ်းစားတယ်။ ရွာထဲမှာနေတော့ အဘိုးကြီးတွေ၊ အဘွားကြီးတွေ တွေ့တယ်။ ရှုံ့ရှုံ့တွတွကြီးတွေ။ သူတို့ မွေးကတည်းက အဘိုးအိုကြီးတွေ၊ အဘွားအိုကြီးတွေအဖြစ် မွေးလာတယ်လို့ ဒီလိုထင်တာ။ ကိုယ်လည်း သူတို့လိုဖြစ်လာမယ်လို့ တစ်ခါမှ မတွေးမိဘူး။ ဒီအဘိုးကြီးက သူမွေးကတည်းက ဒီပုံစံကြီး မွေးတာပဲလို့ အောက်မေ့တာနော်။ တစ်ခါမှ မစဉ်းစားဘူး၊ မစဉ်းစားသည့်အတွက်ကြောင့် ကြောက်လည်းမကြောက်ဘူး။ ဪ- နောက်ကျတော့ သူတို့လည်း ငယ်ငယ်တုန်းက ငါတို့လိုပဲ၊ နောက်ပိုင်းမှ ဒီလိုတွေ အိုမင်းရှုံ့တွ ဖြစ်ကုန်တာပါလားနော်။ အခုတော့ ပေါက်နေပါပြီ၊ သဘောမပေါက်ခဲ့တာ ပြောပြတာပါ။

ဘုရားအလောင်းတွေက အိုခြင်း၊ သေခြင်းကို ပြဿနာတစ်ခုအနေနဲ့ ကြည့်တတ်တယ်။ ကြည့်ပြီး ဒီပြဿနာ ဘာကြောင့်ဖြစ်တာတုန်းလို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ရှာလိုက်တဲ့အခါ မွေးလာလို့ အိုရတာပဲ။ မမွေးရင် မအိုရဘူး။ “ဇာတိပစ္စယာ ဇရာမရဏံ” အကယ်၍ မမွေးခဲ့ဘူးဆိုရင် အခုလို အဘိုးအို အဘွားအို ဖြစ်မှာမဟုတ်ဘူး။

[၂၀၉] ဒါဖြင့် ဘာကြောင့်မွေးတာတုန်းဆိုရင် အေး- ဘဝရှိလို့ မွေးတာ။ ဘဝဆိုသည်မှာ ကံတရားနဲ့ ဖြစ်ပေါ်လာတဲ့ ခန္ဓာကို ခေါ်တယ်။ “ဘဝပစ္စယာ ဇာတိ” ဘဝရှိလို့မွေးတာ။

ဒါဖြင့် ဘဝကတော့ ဘာဖြစ်လို့ ရှိနေရတာတုန်းလို့ဆိုရင် “ဥပါဒါနပစ္စယာ ဘဝေါ” အစွဲအလန်းရှိနေလို့၊ တွယ်တာလို့ ဖြစ်နေရတာ။ ကိုယ်ကိုယ်တိုင်ကိုက တွယ်တာနေတာ။ ကိုယ့် ဘဝကိုယ် ကျေနပ်နေတာ။

လူသားတွေကသာ ကိုယ့်ဘဝ ကျေနပ်တာ မဟုတ်ဘူး။ တိရစ္ဆာန်တွေကလည်း ကျေနပ်နေတာပဲနော်။ လူဖြစ်ချင်သလားဆို ခေါင်းယမ်းမှာ။ “လူမဖြစ်ချင်ပါဘူး။ လူက အလုပ်ရှုပ်တယ်၊ ကျောင်းနေရတာနဲ့၊ စာကျက်ရတာနဲ့” သူတို့မှာ အေးအေးဆေးဆေးပဲ။ ဘာမှလုပ်စရာမလိုဘူးနော်။ တကယ်သိရင် လူဖြစ်ချင်မှာ မဟုတ်ဘူး။ ကိုယ့်ဘဝလေးကိုယ် ကျေနပ်ပြီး တွယ်ငြိနေတာကို ဥပါဒါန်လို့ခေါ်တာပဲ။ ဥပါဒါန်ဟာ ဘာကြောင့် ဖြစ်ရတာတုန်းဆိုရင် “တဏှာ” ဆိုတဲ့ လိုချင်တပ်မက်မှုကြောင့်ဖြစ်ရတာ။

ဒါဖြင့် ဒီတဏှာရော ဘာလို့ ဖြစ်ရတာတုန်းဆိုရင် “ဝေဒနာပစ္စယာ တဏှာ” ဆိုတဲ့အတိုင်း စိတ်ရဲ့ ခံစားမှုတွေ ကြောင့်ဖြစ်တာ။ စိတ်ခံစားမှုလေးတွေ ရှိသည့်အတွက်ကြောင့် သာယာဖွယ် ခံစားမှုတွေဆိုရင် လိုချင်လာတယ်။ အဲဒီလိုချင်မှုလေးတွေကြောင့် “ဝေဒနာပစ္စယာ တဏှာ”ဆိုတာလာတယ်။

[၂၁၀] ဒါဖြင့် အဲဒီ ဝေဒနာကရော ဘာကြောင့်ဖြစ်ရတုန်းလို့ ဆိုရင် အာရုံနဲ့စိတ် ဆက်သွယ်မှု ဖဿကြောင့် ဖြစ်ရတာ။ ဆက်သွယ်မှုရှိသွားလို့ရှိရင် ဖြစ်တာပဲလေ။ အမြဲတမ်း စိတ်နဲ့ အာရုံနဲ့ထိတာ။ အဲဒါကို ဖဿ လို့ခေါ်တယ်။

ဖဿ က ဘာဖြစ်လို့ ဖြစ်ရတာတုန်းဆိုရင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယ၊ မန ဆိုတဲ့ (Sense organ) တွေရှိလို့ဖြစ်တာ။ အဲဒီ (Sense organ) တွေဟာ ဘာကြောင့် ဖြစ်တာတုန်းဆိုရင် နာမ်တရားတွေနဲ့ ရုပ်တရားတွေရှိလို့ဖြစ်တာ။

နာမ်တရားတွေက ... ဘာကြောင့် ဖြစ်တာတုန်းဆိုရင် အသိစိတ် ပဋိသန္ဓေဆိုတဲ့ ဝိညာဉ်လာလို့။ အဲဒီ ဝိညာဉ်က ဘာကြောင့်ဖြစ်တာတုန်းဆိုတော့ “သင်္ခါရပစ္စယာ ဝိညာဏံ”။ ကံတရားတွေကြောင့်ဖြစ်တာ။

အဲဒီ ကံတရားဟာ ဘာကြောင့် ရှိနေတာတုန်းဆို “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” တဲ့။ အမှန်မသိလို့ ဒါတွေရှိနေတာ။ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာ အဖြေတွေ ထုတ်ပေးထားတယ်။ ဘဝတစ်ခုရဲ့ အဖြေတွေ။ ဘာကြောင့်ဖြစ်တယ် ဆိုတာ အကြောင်းတွေကို ရှာပြထားတာ။ အကြောင်းတွေ ရှာပြသလို (Solution) ကိုလည်း ပြထားတယ်။ မသိခြင်း (အဝိဇ္ဇာ) ဆိုတာမရှိရင် ကံတရားတွေ မဖြစ်တော့ဘူး။ ကံတရားတွေမဖြစ်ရင် ပဋိသန္ဓေ ဝိညာဉ်ဆိုတာ မလာဘူး။ မလာလို့ရှိရင် နာမ်ရုပ်တွေမဖြစ်ဘူး။ နာမ်ရုပ်တွေ မဖြစ်လို့ရှိရင် [၂၁၁] (Sense organ) တွေ မလာဘူး။ (Sense organ)တွေ မလာဘူး ဆိုရင် ဖဿဆိုတဲ့ (Contact) တွေ မလာဘူး။ ဖဿမလာရင် ဝေဒနာ မလာဘူး။ ဝေဒနာ မလာလို့ရှိရင် တဏှာ မလာဘူး။ တဏှာမလာရင် ဥပါဒါန် မလာဘူး။ ဥပါဒါန် မလာရင် ဘဝ ဆိုတာ မလာဘူး။ ဘဝ မရှိရင် ဇာတိ မရှိဘူး။ ဇာတိ မရှိရင် အိုတာ၊ နာတာ၊ သေတာမရှိဘူး။ ဒါက ဖြေရှင်းမှု(Solution) ကို ပြသွားတာ။

အဲဒီလို အကြောင်းနဲ့အကျိုးနဲ့ ဒီလို မှန်မှန်ကန်ကန် လေးဘက်လေးတန်က ပြည့်ပြည့်စုံစုံသိတာကို သမ္မာသမ္ဗုဒ္ဓလို့ ပြောတာ။ အဲဒီလိုသိလို့ သမ္မာသမ္ဗုဒ္ဓ ဖြစ်တယ်။ သာမန်ပညာ မဟုတ်ဘူး။ လေးနက်မှန်ကန်တဲ့ သဘာဝတရားကြီး တစ်ခုလုံးကို ခြုံငုံသုံးသပ်နိုင်တဲ့ အသိပညာမျိုးကို မြတ်စွာဘုရား ရခဲ့တယ်။

ဗုဒ္ဓေါ ဆိုတာက အဲဒီလေးမျိုးတင်သိလားဆိုတော့ မဟုတ်ဘူး။ လောကမှာ သိစရာမှန်သမျှ အကုန်သိတယ်။ “ယာဝတကံ ဉေယျံ တာဝကကံ ဉာဏံ” တဲ့။ သိစရာ ရှိသလောက် ဉာဏ်ကလည်း လိုက်သိတယ်။ အသိဉာဏ်နဲ့ သိစရာ အကြောင်းအရာတွေအားလုံးဟာ ကွက်တိဖြစ်တယ်။ သိစရာဉာဏ်ကလည်း မကျန်အောင်သိတယ်။ အဲဒါကို “သဗ္ဗညုတဉာဏ်” (Omniscience)လို့ ခေါ်တာပဲ။ သဗ္ဗညု ဆိုတာ အရာခပ်သိမ်းကိုသိသူ။ အရာခပ်သိမ်းကိုသိတယ် ဆိုတဲ့နေရာမှာ အမြဲသိနေတာလားဆိုရင် မဟုတ်ဘူး၊ အဲဒီ [၂၁၂] ဉာဏ်ကြီးက မီးထွန်းထားသလို အမြဲသိပြီး အမြဲလင်းနေတာလားဆိုရင် အဲဒါမျိုး မဟုတ်ဘူး။

မျက်လုံးဆိုတာ ဖွင့်ကြည့်မှပဲ မြင်တယ်မဟုတ်လား။ မှိတ်ထားရင် မမြင်ဘူးလေ။ ဓားဆိုတာလည်း ဘယ်လောက်ထက်ထက် ဓားအိမ်ထဲ ထည့်ထားရင် ခုတ်လို့ရပါမလား၊ မရဘူး။ သဗ္ဗညုတဉာဏ်ရဲ့ အဓိပ္ပာယ်က သိစရာတစ်ခုကို သိချင်လို့ ကြည့်လိုက်ရင် အားလုံးရှင်းပြီး သိတယ်။ မသိလို့ ခေါင်းကုတ်ရတာမရှိဘူးလို့ ပြောတာနော်။ သိချင်လို့ ကြည့်လိုက်တာနဲ့ တစ်ပြိုင်တည်း အကုန်ရှင်းရှင်းကြီး သိတာကို သဗ္ဗညုတဉာဏ်လို့ ခေါ်တယ်။ အိပ်နေတုန်းမှာ ဒီဉာဏ်ကြီး ရှိနေတာ မဟုတ်ဘူး။ မီးလင်းနေသလို ဒီဉာဏ်ကြီးဟာ အမြဲတမ်းရှိနေတာ မဟုတ်ဘူး။ သိချင်လို့ ကြည့်လိုက်ရင် သိတယ်။

ပညာတတ်သူနှင့် မတတ်သူ

ကဲ- ပညာတတ်တဲ့သူနဲ့ မတတ်တဲ့သူနော်။ ကိုယ့်လေ့လာမှုနယ်ပယ်မဟုတ်တဲ့ ပြဿနာတစ်ခု မေးလိုက်ပြီဆိုရင် မတတ်တဲ့လူက အဖြေမထုတ်နိုင်ဘူး။ တတ်တဲ့လူကတော့ အဖြေထုတ်နိုင်တယ်။ ဥပမာ- ဆေးပညာသင်ထားတယ်။ ဆေးပညာတတ်တဲ့ပုဂ္ဂိုလ်က ဆေးပညာနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုမေးမယ်ဆိုရင် အဖြေထုတ်နိုင်ပေမယ့် ကျန်တဲ့ ပုဂ္ဂိုလ်က အဖြေထုတ်နိုင်မှာ မဟုတ်ဘူး၊ သိမှမသိတာကိုး။

[၂၁၃] သင်ထားတဲ့ပုဂ္ဂိုလ်က သိတယ်ပေါ့။ ဘာဖြစ်လို့ သင်ထားတဲ့ ပုဂ္ဂိုလ်ကသိပြီး မသင်တဲ့ပုဂ္ဂိုလ်က ... ဘာလို့မသိတာတုန်းလို့ ဆိုရင် ပညာရဲ့စွမ်းအားချင်း မတူတာပေါ့။ ဒီလိုဆိုလိုတယ်။ အေး-ဒါကြောင့်မို့ မြတ်စွာဘုရားက ဘာသိချင်သိချင်၊ သိချင်လို့ ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် အဆီးအတားမရှိ အကုန်လုံး အကြွင်းအကျန်မရှိ အကုန်လုံးသိတယ်။ အကြောင်းကိုလည်း သိတယ်။ အကျိုးကိုလည်း သိတယ်။ နည်းလမ်းကိုလည်း သိတယ်။ ဖြေရှင်းချက်ကိုလည်း သိတယ်ဆိုတော့ လေးဘက်လေးတန် ပြည့်ပြည့်စုံစုံ သိသွားတယ်။ ဒီလိုဆိုတာပေါ့။

အဲဒီတော့ ဂုဏ်တော် ၂-ခု ထူးခြားပုံက သမ္မာသမ္ဗုဒ္ဓ ဆိုတဲ့ ဂုဏ်တော်ကြီးက သစ္စာလေးပါးကိုသိတာ အဓိကထားပြီးတော့ပြောတယ်။ အမှန်တရားကိုသိတာ အဓိကထားပြောပြီး ဗုဒ္ဓေါဆိုတာကျတော့ သစ္စာလေးပါးမှတစ်ပါး ကျန်တဲ့ သိစရာမှန်သမျှ အကုန်သိတာကို ပြောတာ။ ဒါကြောင့်မို့ ဒီနှစ်ခု ခွဲထားတယ်လို့ ဒီလိုဆိုတယ်။

ထူးခြားပုံ နောက်တစ်နည်း

နောက်တစ်မျိုးက ကြည့်- သမ္မာသမ္ဗုဒ္ဓေါ လို့ ဆိုတာဟာ သိစရာတွေကိုသိတဲ့အသိဉာဏ်၊ ပဋိဝေဓဉာဏ်လို့ခေါ်တယ်။ (Penetration) ထိုးထွင်းပြီးသိတယ်။ တရားဓမ္မနဲ့ ပတ်သက်ပြီး သိစရာမှန်သမျှ အကုန်သိတယ်။ ထိုးထွင်းသိတယ်။

[၂၁၄] ဗုဒ္ဓေါ ဆိုတာက အဲဒီသိတာကို သူများနားလည်အောင် ဘယ်လိုပြောရမလဲဆိုတာကို သိတယ်။ ဒေသနာဉာဏ်လို့ ခေါ်တယ်။ မတူဘူးနော်။ သိတော့သိတယ်၊ ပြောမပြတတ်ဘူး ဆိုတဲ့သူတွေ အများကြီးပဲ။ အဲဒီတော့ သူများနားလည်အောင် လူတိုင်းရှင်းမပြတတ်လို့ လူတိုင်းဟာ ဆရာမဖြစ်ဘူး။ ပညာတတ်တဲ့ပုဂ္ဂိုလ်တွေ ရှိသော်လည်းပဲ.. ကိုယ်ပညာတတ်တိုင်း သူများစိတ်ဝင်စားအောင်၊ သူများနားလည်အောင် ပြောပြနိုင်တာက အရည်အချင်းတစ်ခုပဲ။

သိတာက အရည်အချင်းတစ်ခု။ သူတစ်ပါးနားလည်အောင် ပြောပြနိုင်တာက အရည်အချင်းတစ်ခု။ သိတဲ့အရည်အချင်းကို ပဋိဝေဓဉာဏ်လို့ခေါ်တယ်။ သူများနားလည်အောင် ပြောပြနိုင်တာကို ဒေသနာဉာဏ်လို့ခေါ်တယ်။ သမ္မာသမ္ဗုဒ္ဓေါက ပဋိဝေဓဉာဏ်ကိုပြောတာ၊ ဗုဒ္ဓေါကျတော့ ဒေသနာဉာဏ်ကို ပြောတာလို့ ဒီလိုအဓိပ္ပာယ်ယူရမယ်။

မြတ်စွာဘုရားကို ကြည်ညိုပူဇော်လိုတဲ့အနေနဲ့ ဂုဏ်တော်များရဲ့ အဓိပ္ပာယ်ကိုသိအောင် လေ့လာမယ် ဆိုလို့ရှိရင် အင်မတန်ကြည်နူးတဲ့စိတ်တွေ ဖြစ်လာနိုင်တယ်။

လောကမှာ အတုယူအားကျစရာပုဂ္ဂိုလ်ဆိုတာ ရှိတယ်လေ။ အဲဒီလို အတုယူအားကျရမယ့် ပုဂ္ဂိုလ်မျိုးထဲမှာ မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကို ပွားခြင်းအားဖြင့် ဘုရားကို အတုယူ အားကျမှုတွေ ဖြစ်လာတာပေါ့။ “ဗုဒ္ဓဿ ပူဇံ မဟာတေဇဝန္တော” မြတ်စွာဘုရားကို ပူဇော်လို့ရှိရင် မိမိမှာ အစွမ်းတန်ခိုး [၂၁၅] တွေ တိုးတက်လာတယ်လို့ ပြောတယ်။ ဘုရားကို ပူဇော်တာနဲ့ အစွမ်းတန်ခိုးတွေ ဘယ်လိုတိုးတက်လာသလဲ၊ မြတ်စွာဘုရားလို အရည်အချင်းရှိတဲ့ သူတော်စင်တစ်ဦးကို မြတ်မြတ်နိုးနိုး စိတ်ထဲမှာ အမြဲထားခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ သက်ရောက်လာသလဲလို့ဆိုရင် ဒါဟာ ရှင်းရှင်းလေးပဲ။

အာဏာရှိတဲ့ သူတစ်ယောက်နဲ့သိရင် သိတာနဲ့တင်ပဲ တော်တော်လေးကို အလုပ်မဖြစ်ဘူးလား။ လူကြီးနဲ့သိတယ် ဆိုတာနဲ့တင်ပဲ တော်တော်အလုပ်ဖြစ်နေပြီ။ မြတ်စွာဘုရားလို ပုဂ္ဂိုလ်မျိုးနဲ့သိပြီဆိုရင် အစွမ်းသတ္တိတော့ ရတာပေါ့။ လူရိုသေ ရှင်ရိုသေ ဖြစ်သွားတာပဲ။ ဒါက နားလည်တဲ့ဥပမာနဲ့ ပြောပြတာ။

ဗုဒ္ဓဟူသော ဝေါဟာရ၏ အဓိပ္ပာယ်

မြတ်စွာဘုရားရဲ့ ဗုဒ္ဓ ဆိုတဲ့ ဂုဏ်တော်ကို နားလည် သဘောပေါက်အောင် ပြောရမယ်ဆိုရင် သိစရာရှိတာတွေကို သိတော်မူလို့ ဗုဒ္ဓ လို့ခေါ်တယ်။ အဲဒီ ဗုဒ္ဓဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ပြန်တဲ့အခါ “သိသူ” လို့ အဓိပ္ပာယ်ပြန်ရတယ်။ နောက်တစ်ခုကတော့ “နိုးကြားသူ” လို့လည်း အဓိပ္ပာယ်ပြန်လို့ ရတယ်။ “ပွင့်လင်းသူ”ဆိုတဲ့ အဓိပ္ပာယ်လည်း ပြန်လို့ရတယ်။ မသိတဲ့လူတွေက အိမ်မောကျနေတာနဲ့တူတယ်။ သိတဲ့ လူတွေက နိုးတဲ့လူ။ နိုးမှသိတာလေ။ အိပ်ပျော်နေရင် ဘာမှ မသိဘူး။ နိုးပြီဆိုရင် သိတယ်လေ။ အဲဒီလိုပဲ မြတ်စွာဘုရားက [၂၁၆] အမှန်တရားကိုသိတယ်ဆိုတော့ နိုးကြားသူ၊ မောဟတည်းဟူသော အိပ်ပျော်ခြင်းကနေ နိုးထလာလို့ အမှန်တရားတွေကို သိတယ်လို့ ဒီလိုဆိုတာ။

ဗုဒ္ဓဟူသော ဘွဲ့အမည်

အဲဒီ ဗုဒ္ဓဆိုတဲ့ ဂုဏ်အရည်အချင်းဟာ အမေကပေးတာလားဆို မဟုတ်ဘူး။ အဖေက ပေးတာလား၊ မဟုတ်ဘူး။ ဆွေမျိုးဉာတိတွေက ပေးတာလား၊ မဟုတ်ဘူး။ နတ်ဗြဟ္မာတွေက ပေးတာလား၊ မဟုတ်ဘူး။ မိမိကိုယ်တိုင် ကြိုးစားအားထုတ်ခြင်းကြောင့် ရလာတဲ့ အသိဉာဏ်မျှသာ ဖြစ်တယ်ပေါ့။ ဒါကြောင့်မို့ အသိပညာဆိုတာ ကိုယ်တိုင်ကြိုးစားပြီးတော့ ရယူကြရတာဖြစ်တယ်။

ကိုယ်တိုင်မသင်ဘဲနဲ့ ရနိုင်တဲ့ပညာရပ်ဆိုတာ လောကကြီးမှာ မရှိပါဘူး။ ကိုယ်တိုင်ကြိုးစား သင်ယူမှသာလျှင် ရနိုင်တာ ဖြစ်ပါတယ်။

အေး-မြတ်စွာဘုရားမှာလည်း ဗုဒ္ဓဆိုတဲ့ အမည်နာမတော်ဟာ သူများကပေးအပ်တဲ့ အမည်နာမ မဟုတ်ဘူး။ ကိုယ်တိုင် ကျင့်ကြံကြိုးကုတ်အားထုတ်လို့ရတဲ့ အမည်နာမသာဖြစ်တယ်။ ဘုရားရဲ့ အသိဉာဏ်ကြီးမားမှုကြောင့် ဗုဒ္ဓလို့ ကျော်စောမှု ဂုဏ်ရည်ကို အာရုံပြုပြီး ကြည်နူးဝမ်းသာမှုရအောင် ကြိုးစား အားထုတ်ကြရမယ်။

[၂၁၇] လောကမှာ ကံမကောင်းဘူးဆိုရင် ကံကောင်းအောင်က ဘာလုပ်ရမှာလဲ၊ မကောင်းတဲ့ကံတွေ ပပျောက်အောင် ကံကောင်းတဲ့နည်းတွေ မရှိဘူးလားဆို၊ ရှိတယ်။ အကုသိုလ် အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်နေတာကို လူတွေက ကံမကောင်းဘူးလို့ပြောတာ။ အကုသိုလ်ရဲ့ အကျိုးတရားတွေက ကိုယ့်သန္တာန်ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင် ဒါက ကံမကောင်းဘူးလို့ ပြောကြတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ်ကြည့်ရမယ်။ ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်းတွေလုပ်တယ်။ သို့သော် အတိတ်တုန်းက မှားယွင်းမှုတွေကလည်း လူတွေသန္တာန် လာရောက်ပြီး အကျိုးပေးနေတာတွေ ရှိတတ်တာပေါ့။

အဲဒီလို ဖြစ်ပေါ်လာတာမျိုးတွေကော မရှိနိုင်ဘူးလားဆို ရှိနိုင်တယ်။ ရှိလာလို့ရှိရင် ဘာနဲ့အကာအကွယ်လုပ်ရမလဲလို့ ဆိုရင် ကံကောင်းအောင် ကောင်းတဲ့ကံတရားတွေကို ကြိုးစားပြီး လုပ်ရမယ်။

ဘုရားကို အာရုံပြုမယ်၊ တရားကို အာရုံပြုမယ်၊ သံဃာကို အာရုံပြုမယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ရွတ်ဖတ် သရဇ္ဈာယ်မယ်။ ဘုရားကို ပူဇော်မယ်နော်။ ဘုရားနဲ့ ပတ်သက်ပြီး စိတ်ကြည်နူးမှုတွေရအောင် လုပ်ရမယ်။ ကုသိုလ်ကောင်းမှုတွေ မပြတ်လုပ်ပေးရမယ်။ ဘုရားပန်း၊ ရေချမ်း အမြဲတမ်း ဆက်ကပ်၊ ဘုရားကို အာရုံပြု၊ ကုသိုလ်တရားတွေကို စိတ်ထဲ [၂၁၈] မှာ ဖြစ်ပွားအောင်ကြိုးစား၊ အဲဒီလို ကြိုးစားခြင်းအားဖြင့်လည်းပဲ မကောင်းတဲ့ကံတွေ ပပျောက်သွားနိုင်တယ်။

ဒါကြောင့်မို့ ရှေးတုန်းက ကျမ်းစာတစ်စောင်ရေးပြီဆိုရင် ပဏာမဂါထာနဲ့ ဘုရားရှိခိုးတယ်။ ကျမ်းတစ်ကျမ်းရေးတဲ့အခါ ပြီးအောင် ရေးနိုင်ဖို့ တော်တော်ခဲယဉ်းတယ်။ အင်မတန်မှ ကြီးလေးတဲ့ တာဝန်ကြီးတစ်ခုကို လုပ်ရတာဖြစ်တယ်။ သာမန် ပုဂ္ဂိုလ်တွေဆိုလည်း မရေးနိုင်ကြဘူး။ အဲဒီလို ရေးနိုင်ဖို့အတွက်။ ဒါ ဖေတော့ မောင်တော့ ရေးတာပြောတာ မဟုတ်ဘူးနော်။

အလေးအနက် ကျမ်းစာကြီးတွေကိုရေးပြီဆိုရင် ဘာလုပ်ရတုန်း။ အဲဒီရေးနေတဲ့အချိန်မှာ ရောဂါဝေဒနာ ဖြစ်လာမယ်ဆိုရင် ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူး။ မကျန်းမမာ ဖြစ်လာရင် ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူး။ အခြားအနှောင့်အယှက်တွေ ဝင်လာရင်လည်း ပြီးနိုင်မှာမဟုတ်ဘူး။ ကြားဖြတ်ဝင်လာတဲ့ အန္တရာယ်ကို ပယ်ဖျောက်နိုင်ဖို့အတွက် ရှေးဦးစွာ ဘုရားကို ရှိခိုးကြတယ်။ ဘုရားရဲ့ ဂုဏ်တော်တွေကို ကိုယ့်စိတ်ထဲ နှလုံးထဲ ထုံထားလိုက်တဲ့အခါ အဲဒီ ကုသိုလ်ကံရဲ့ စွမ်းအားကြောင့် ကြားဖြတ်ဝင်ရောက်မယ့် အကုသိုလ်တွေဟာ မလာနိုင်တော့ဘူး။ ဟန့်တားပြီးသား ဖြစ်သွားတယ်။

ဒီ ကံဆိုးမိုးမှောင်ကျလာတဲ့အခါ ဖြစ်လာမယ့် အရိပ်အရောင်ရှိပြီ ဆိုတဲ့အချိန်မှာ ဘာနဲ့ ကာကွယ်ရသလဲဆိုရင် [၂၁၉] ဘုရားကို အာရုံပြုပြီး ဗုဒ္ဓါနုဿတိကို ပွားရမယ်။ ဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြု၊ ကမ္မဋ္ဌာန်းထိုင်၊ ဂုဏ်တော်တွေကို နှလုံးသွင်းဆင်ခြင်ပြီး အချိန်များများ မြတ်စွာဘုရားကို ပူဇော်ရမယ်။

လုပ်ပြီးတဲ့အခါ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုကို ကိုယ် မမြင်ရတဲ့ သတ္တဝါတွေ၊ ကိုယ့်အနီးအပါးမှာရှိတဲ့ အိမ်စောင့်နတ်တွေကို အမျှအတန်း ပေးဝေရမယ်။ အဲဒီ အမျှအတန်း ပေးဝေခြင်းအားဖြင့် ကိုယ်နဲ့သူတို့နဲ့က မိတ်ဆွေဖြစ်သွားတယ်။ ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။ မိတ်ဆွေဖြစ်လို့ရှိရင် ကိုယ် အန္တရာယ်မရောက်အောင် သူတို့က ကြည့်ရှုပေးတယ်။

အိမ်နီးနားချင်းနဲ့ တည့်အောင်ပေါင်းရင်တောင်မှပဲ ကိုယ့်အိမ် ကြည့်ပေးဖော်ရမယ်။ မတည့်ဘူးဆိုရင် မသိချင်ယောင် ဆောင်နေမှာ ဘာကြီးဖြစ်နေနေ၊ ဟုတ်ကဲ့လား။ အဲဒါလိုပဲ ကိုယ်မမြင်ရလို့ အိမ်စောင့်နတ်တို့၊ ကိုယ်စောင့်နတ်တို့ သွားပြီးတော့ ရန်မဖြစ်လေနဲ့။ ရန်ဖြစ်ရင်တော့ အဲဒါ ကိုယ့်ကို ကောင်းကျိုးပေးမှာ မဟုတ်ဘူးနော်၊ ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့။

နောက်ဆုံးမှာ ကိုယ့်ရဲ့အိမ်က မွေးထားတဲ့ ခွေးနဲ့တောင် ရန်ဖြစ်ရင် ကိုယ့်ကို မျက်စောင်းထိုးကြည့်တာ အနည်းဆုံး ခံရမယ်။ ကြောက်လို့သာ ပြန်မလုပ်တာ ရှိမယ်နော်။ ဒီတိရစ္ဆာန်တွေမှာလည်း အသိရှိတယ်လေ။ တစ်ခါလောက် ရိုက်ထားတဲ့သူဆိုရင် ရှောင်ပေရှောင်ပေနဲ့ မျက်စောင်းထိုးကြည့်တယ်။

[၂၂၀] သူတို့ အမြဲတမ်း ငါ့များဘာလုပ်မလဲဆိုပြီး ဒေါသနဲ့ကြည့်တာ။ ဘယ်သူနဲ့မှ ရန်မဖြစ်ဘဲ မေတ္တာသက်ရောက်အောင် လုပ်တာဟာ ကိုယ့်အတွက် ကံကောင်းစေခြင်းရဲ့ အကြောင်းတစ်ခုပဲ ဖြစ်တယ်ပေါ့။ ကိုယ့်အတွက် အကူအညီရခြင်းပဲ။

မေတ္တာပို့ရတယ်။ အမျှအတန်းပေးဝေရတယ်။ ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်း .. ဖိတ်ကြားပြီးတော့ သူတို့ကို အရေးတယူ လုပ်ရတယ်။ မိတ်ဆွေတောင်မှ လမ်းမှာတွေ့ရင် ကိုယ်က အရင်ခေါ်ရတယ်။ အရေးတယူ နှုတ်ဆက်ရင် ရင်းနှီးတယ်။ မခေါ်ချင်သလိုလို လုပ်သွားရင် သူကလည်း မခေါ်ချင်သလိုလို ပြန်လုပ်မှာပဲ။ လူအချင်းချင်းတောင် ဒီလိုဖြစ်လာတယ်။

အဲဒါကြောင့်မို့လို့ ကံကောင်းအောင်လုပ်ဖို့ ဆိုသည်မှာ ကိုယ်ကိုယ်တိုင်က ရင်ထဲက အမုန်းကင်းပြီး မေတ္တာဘာဝနာတွေ များများပွားရမယ်။ မေတ္တာပို့မယ်၊ အမျှအတန်း ပေးဝေမယ်၊ အားလုံးနဲ့ မိတ်ဆွေတွေဖြစ်မယ်။ အရာရာမှာ စိတ်ကြည်နူးမှုတွေ ရလာတဲ့အခါမှာ ကိုယ်တွေးတာတွေ၊ ကိုယ်ကြံတာတွေ၊ ကိုယ်လုပ်တာတွေလည်း လမ်းမှန်ပေါ် ရောက်လာနိုင်တယ်ပေါ့။

အဲဒီလိုမဟုတ်ဘူး၊ “ကံမကောင်း အကြောင်းမလှ” လို့ မကောင်းတာတွေနဲ့ စိတ်ကညစ်နေရင် ပိုဆိုးသွားနိုင်တယ်။ အဲဒီလိုမဖြစ်ရအောင် သတိရှိရမယ်။ ဘယ်သူပဲဖြစ်ဖြစ် [၂၂၁] ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် ကံကောင်းတဲ့အခါ ကောင်းတယ်၊ မကောင်းတဲ့အခါ မကောင်းဘူး။

ဘုရားဂုဏ်တော်တွေကို ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲ ရောက်အောင် တည်ငြိမ်အေးချမ်းမှုကို ပေးနိုင်တဲ့ဟာမျိုးဖြစ်အောင် လုပ်ရမယ်။ ပြီးပြီဆိုပြီးတော့မှ ကိုယ့်ရဲ့ (Wish)ကို ဖော်ပြတာ။ ဆုတောင်းတိုင်းကတော့ မရဘူးပေါ့။ ဆုတောင်းတိုင်း ရလို့ရှိရင် ဘာမှလုပ်မနေနဲ့။ ထိုင်ပြီးတော့ ဆုသာဆုတောင်း။ စာမေးပွဲ အောင်လို့ရှိရင် ဒီ ၃-လုံးပါပါစေ၊ ၆-လုံးပါပါစေ၊ ထိုင်သာ ဆုတောင်းနေ၊ စာမကျက်နဲ့၊ ရမှာမဟုတ်ဘူးနော်။

အဲဒါကြောင့်မို့လို့ ဆုတောင်းရုံနဲ့ ဘယ်အရာမှ မရဘူး။ ဆုတောင်းတယ်ဆိုတာ Wish ကို ဖော်ပြတာပဲ ဖြစ်တယ်။ ဆုတောင်းတာ လိုချင်တဲ့ဆန္ဒရဲ့နောက်မှာ လုံ့လ ဝီရိယတို့၊ အသိဉာဏ်တို့ ဆိုတာတွေ လိုအပ်တယ်ပေါ့။

အဲဒီလို အကြောင်းအကျိုး ဆီလျော်စွာ အလုပ်လုပ်မှ ကောင်းကျိုးချမ်းသာတွေဆိုတာ ရနိုင်တယ်။ အဲဒီလို အချက်တွေကိုလည်း မြတ်စွာဘုရား ဟောတာဖြစ်တယ်။ ဗုဒ္ဓဆိုတဲ့ ဂုဏ်တော်တွေထဲမှာ အရာခပ်သိမ်းကို သိစွမ်းနိုင်တဲ့ အသိဉာဏ်ရှိလို့ “ဗုဒ္ဓ” ဆိုတာကို အာရုံပြုပြီးတော့ နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့် မိမိအတွက် ကံကောင်းလာနိုင်တယ် ဆိုတာ ယုံကြည်ကြရမှာဖြစ်တယ်။

[၂၂၂] သူတော်စင်ပရိသတ်အပေါင်းတို့၊ မြတ်ဗုဒ္ဓ၏ ဗုဒ္ဓဂုဏ်တော် ဆိုသည်မှာ သိမှုအရည်အချင်းဖြစ်တယ်။ “သမ္မာသမ္ဗုဒ္ဓ” ဆိုသည်မှာ သစ္စာလေးပါးကို ကုန်စင်အောင်သိတာ၊ “ဗုဒ္ဓ” ဆိုသည်မှာ သစ္စာလေးပါးမှတစ်ပါး အခြားသိစရာတွေကို အကြွင်းအကျန်မရှိ သိတာ။ တစ်နည်းအားဖြင့် သမ္မာသမ္ဗုဒ္ဓ ဆိုသည်မှာ ထိုးထွင်းသိတဲ့ ပဋိဝေဓအသိဉာဏ်မျိုးကို ဆိုလိုပြီး ဗုဒ္ဓဆိုသည်မှာ ဟောပြောတဲ့ အဟောအပြောနဲ့ ပတ်သက်ပြီး သိတဲ့ ဒေသနာဉာဏ်မျိုးကို ဆိုလိုတယ်လို့ ကိုယ်စီ ကိုယ်စီ မှတ်သားပြီး ဗုဒ္ဓါနုဿတိဘာဝနာ ပွားများခြင်းဖြင့် ကုသိုလ်တရား ဖြစ်ပွားအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု
သာဓု
သာဓု

[၂၂၃] မြတ်ဗုဒ္ဓ၏ ဘဂဝါဂုဏ်တော်

သာသနာတော်နှစ် ၂၅၅၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ် ဖေဖော်ဝါရီလပြည့်ကျော် (၆) ရက်၊ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ (၁၆)ရက်၊ မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း၊ ရတနာရာမနွယ်နင်းကျောင်းတိုက် ရတနာ့ဗိမာန်တော်ကြီးအတွင်း ဆင်ယင် ကျင်းပ ပြုလုပ်အပ်သည့် ဝိဟာရ မဟာကျောင်းလွှတ်ပူဇော်ပူဇာ အကြိုဓမ္မ သဘင် အခမ်းအနား၌ မန္တလေးမြို့၊ ရှမ်းပွဲရပ်၊ ဒေါက်တာ ဦးချစ်မောင်-မျက်စိ အထူးကု ဆရာဝန်ကြီးအားရည်စူး၍ ဒေါက်တာ မြင့်မြင့်မေ-စိတ်ရောဂါအထူးကု ဆရာဝန်ကြီးနှင့် သားသမီးများဖြစ်ကြသော ဦးမင်းမင်းထွဋ်+ဒေါက်တာမိမိခင်၊ ဒေါက်တာမောင်မောင်နိုင်+ဒေါ်ခင်မာထွန်း၊ ဒေါက်တာနိုင်ထွန်းဦး၊ ဒေါက်တာ ဝင်းဝင်းမေ မိသားစု တို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏ ဘဂဝါဂုဏ်တော်”အကြောင်း တရားဒေသနာတော်။

ဗုဒ္ဓဘာသာဝင် သူတော်စင်များ ကြည်ညိုလေးစား အားထားကိုးကွယ်ရာဖြစ်တဲ့ မြတ်စွာဘုရားမှာ ဂုဏ်ရည်တွေ မြောက်များစွာရှိတယ်။ အဲဒီအထဲမယ် ကျမ်းဂန်မှာ အများဆုံး ဖော်ပြတဲ့ ဂုဏ်တော်က (၉)ပါးဖြစ်တယ်။ အရဟံ စတဲ့ ဂုဏ်တော်တွေကို ကျမ်းဂန်မှာ နေရာအနှံ့အပြား အကြိမ်ကြိမ် ဖော်ပြထားတယ်၊ ဘုရားမှန်သမျှဟာ ဒီလို အရည်အချင်းတွေ ရှိရမယ်လို့ ဆိုလိုတယ်။

[၂၂၄] အရည်အချင်းဆိုတာ ပုဂ္ဂိုလ်နဲ့တွဲစပ်ပြီး မှတ်သားရတဲ့ အရည်အချင်းမျိုးပဲ၊ အဲဒီတော့ ပုဂ္ဂိုလ်ဆိုတာတွေက များစွာ ရှိသော်လည်းပဲ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်နဲ့ အရည်အချင်း မရှိတဲ့ပုဂ္ဂိုလ်ဆိုတာ မတူညီကြဘူးပေါ့။

အရည်အချင်းဆိုတာ လေးစားလောက်တဲ့ အရည်အချင်း ဖြစ်မှ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေအဖို့ ကိုးကွယ်ရကျိုးနပ်မယ်။ လောကမှာ အရည်အချင်းဆိုတာ တစ်ဦးနဲ့တစ်ဦး မတူညီကြဘူး၊ မြတ်စွာဘုရား ဒီအရည်အချင်းတွေရလာတာ အလွယ်တကူနဲ့ ရလာတာမဟုတ်ဘူး။

လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီ ၁၀ ပါး အပြား ၃၀ စတဲ့ ဗုဒ္ဓဖြစ်ကြောင်းတရားတွေကို စွမ်းစွမ်းတမံ ကျင့်ကြံကြိုးကုတ်အားထုတ်ခဲ့လို့ရတာဖြစ်တယ်။ နှစ်နဲ့ပြောလို့ မရဘူး၊ ကမ္ဘာနဲ့ချီပြီး ပြောရတယ်။ အဲဒီလောက်ကြာအောင် လေ့ကျင့်မှ ဘုရားတစ်ဆူ ဖြစ်တယ်။ ဒါဟာ ကျေနပ်စရာ အင်မတန်မှ ကောင်းတယ်ပေါ့။ အချောင်ဘုရားဖြစ်လို့ မရနိုင်ဘူးပေါ့၊ နို့မို့ဆိုရင် လောကမှာ “အချောင်ဘုရားတွေ” အများကြီး ပေါ်လာဦးမှာပေါ့။ တကယ်ကို ကြိုးစားအားထုတ်လို့ ဒီလိုအရည်အချင်းတွေ ရလာတယ်ဆိုတာ သဘာဝကျတယ်။

ကနေ့ခေတ်မှာလည်း လူတွေ တစ်ဦးနဲ့တစ်ဦး အရည်အချင်းခြင်း ကွာခြားတယ်ဆိုတာ ကြိုးစားအားထုတ်မှုပေါ်မှာ [၂၂၅] အများကြီးတည်ရှိနေကြတယ်။ ပင်ကိုယ်က အရည်အချင်း ကောင်းတဲ့အပေါ်မှာ ကြိုးစားအားထုတ်မှုကြောင့်သာ တိုးတက်ဖြစ်ပေါ်လာတာ ဖြစ်တယ်။ အဲဒီတော့ မကြိုးစားဘဲ ရလာတဲ့ အရည်အချင်းတစ်ခုဟာ မှန်ကန်တဲ့ အရည်အချင်း ဖြစ်ဖို့ ခဲယဉ်းပါတယ်။

ကနေ့ခေတ်မှာ အရည်အချင်းကို ဘာနဲ့သတ်မှတ်တုန်း ဆိုရင် တော်တော်များများက Certificate နဲ့ သတ်မှတ်ကြတယ်။ Certificate က တကယ့်အရည်အချင်းမဟုတ်ဘူး၊ တကယ် အရည်အချင်းရှိပြီဆိုတဲ့ပုဂ္ဂိုလ်ဟာ Certificate နဲ့ ဖော်ပြလို့ ရနိုင်တာမဟုတ်ဘူး၊ လက်မှတ်နဲ့ဖော်ပြတဲ့ အရည်အချင်းက တကယ့်အရည်အချင်း မဖြစ်နိုင်ဘူးနော်၊ မဖြစ်နိုင်ဘူး။

ဒါကြောင့်မို့လို့ မြတ်ဗုဒ္ဓရဲ့ အရည်အချင်းဆိုတာ ကြိုးစားအားထုတ်ပြီး ပါရမီတွေ ဖြည့်ခဲ့လို့ ရတဲ့ အရည်အချင်းဖြစ်တယ်။ ဘုရားဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ဒီအရည်အချင်းတွေဟာ ကျေနပ်ဖွယ်ရာ အင်မတန်မှ ကောင်းတယ်၊ ဒီလိုလုပ်မှ ဘုရားဖြစ်တယ် ဆိုတာ အင်မတန်မှ ကျေနပ်စရာ ကောင်းတယ်။

အဲဒီတော့ အရည်အချင်းပြည့်အောင် ဘယ်လိုကြိုးစားခဲ့ရတယ် ဆိုတာကိုလည်း လမ်းစဉ်ကျင့်ထုံးကို အတိအကျ ဖော်ပြထားသည့်အတွက် အချောင်ဘုရားဖြစ်လာတာ မဟုတ်ဘူးဆိုတာ အင်မတန်မှ ထင်ရှားတယ်။

[၂၂၆] သော ဘဂဝါ နဲ့ ဗုဒ္ဓေါ ဘဂဝါ

ဒါကြောင့်မို့ ဗုဒ္ဓသာသနာတော်မှာ မြတ်ဗုဒ္ဓရဲ့ဉာဏ်တော်ကို ယုံကြည်အားထား ကိုးကွယ်လေးစားကြတဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ မသိမဖြစ်တဲ့ ဗုဒ္ဓရဲ့ အရည်အချင်းတွေဟာ ဘာတွေလဲ။ ဣတိပိ သော ဘဂဝါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသဒမ္မ သာရထိ၊ သတ္ထာ ဒေဝမနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ လို့ ကိုးမျိုးရှိတယ်။

အဲဒီမှာ “ဣတိပိ သော ဘဂဝါ” ဆိုပြီး နောက်ဆုံးမှာ “ဗုဒ္ဓေါ ဘဂဝါ”လို့ ဘဂဝါတစ်ခု ထပ်ပါတာကို သတိထားဖို့ပါ။ အဲဒီနှစ်ခုက ဘယ်လိုကွဲပြားခြားနားသလဲလို့ဆိုရင် အစမှာပါတဲ့ “ဣတိပိ သော ဘဂဝါ” က မြတ်စွာဘုရားဆိုတဲ့ ပုဂ္ဂိုလ်ကို ရည်ညွှန်းပြောတဲ့စကား ဖြစ်တယ်။ ပုဂ္ဂိုလ်ကိုပြောတာဖြစ်သောကြောင့် “ဒဗ္ဗဝါစက”လို့ဆိုတယ်၊ “သော ဘဂဝါ-ထို မြတ်စွာဘုရားသည်” ဆိုတာ အရည်အချင်းကိုပြောတာ မဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့ ဒီဂုဏ်နဲ့ဆက်နွယ်နေတဲ့ ပုဂ္ဂလကို ဖော်ထုတ် ပြောဆိုခြင်းသာဖြစ်တယ်။

ဘဂဝါ ဆိုတဲ့ စကားလုံးကို ကနေ့ အိန္ဒိယနိုင်ငံမှာ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေအတွက်သုံးတာ တွေ့ရတယ်နော်။ လေးစားရတဲ့ပုဂ္ဂိုလ်တွေ၊ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို သုံးလေ့ရှိတဲ့ စကားလုံးတစ်ခုလို့ ယူဆရမှာဖြစ်တယ်။

[၂၂၇] ဗုဒ္ဓေါ ဘဂဝါ “ဘဂဝါ” က အရည်အချင်းကို ဖော်ပြတဲ့ စကားလုံးဖြစ်တယ်။ ဒါကြောင့် “ဘဂဝါ, ဘဂဝါ” လို့ နှစ်ထပ် ပါနေခြင်းဟာ တစ်ခုကပုဂ္ဂိုလ်ကိုရည်ညွှန်းတယ်၊ တစ်ခုက အရည်အချင်းကိုရည်ညွှန်းတယ်၊ လူနဲ့အရည်အချင်းလို့ ဆိုလိုတာပေါ့နော်။

အဲဒီတော့ ဒီကနေ့ပြောမှာ“မြတ်ဗုဒ္ဓရဲ့ ဘဂဝါဂုဏ်တော်” ဖြစ်တယ်။ “ဗုဒ္ဓေါ ဘဂဝါ” လို အဆုံးသတ်ထားတဲ့ ဘဂဝါ ဂုဏ်တော်ရဲ့ အကြောင်းကို ပြောပြမှာဖြစ်တယ်ပေါ့နော်၊ ဘဂဝါနဲ့ပတ်သက်ပြီး ဒီစကားလုံး ဖြစ်ပေါ်လာပုံကို အဓိပ္ပာယ်တွေ အများကြီးပဲ ဖွင့်ဆိုထားတယ်။ သို့သော် ဒီကနေ့တော့ အဲဒီလောက်အများကြီး ဖွင့်ထားတဲ့အတိုင်း အကုန်လုံး မပြောနိုင်ဘူး၊ အဋ္ဌကထာမှာဖွင့်တဲ့အဖွင့်ကလေးလောက်ပဲ မှတ်သား နာယူကြဖို့ပေါ့။

မြတ်စွာဘုရားရဲ့ အရည်အချင်းတွေမှာ အရဟံ ဆိုတာက ဘယ်လိုအရည်အချင်းလဲ၊ သမ္မာသမ္ဗုဒ္ဓေါက ဘယ်လို အရည်အချင်းလဲဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ သိသင့် သိထိုက်တယ်၊ အလေးအနက်ထားပြီး သိကြရမယ်။ ဗုဒ္ဓါနုဿတိဘာဝနာ ပွားများအားထုတ်ပြီ ဆိုတဲ့အခါမှာ ဒီအရည်အချင်းတွေကိုပဲ အာရုံပြုကြရတာဖြစ်တယ်။ အဲဒီ အရည်အချင်းကို သိရှိသဘောပေါက်မှသာလျှင် ဗုဒ္ဓါနုဿတိ ဂုဏ်တော်ရဲ့ စွမ်းအားတွေဟာ ပိုပြီးမြင့်မားလာမယ်။ မြတ်ဗုဒ္ဓရဲ့ [၂၂၈] အရည်အချင်း ဂုဏ်ရည်တွေကို အာရုံပြုပြီး မိမိရဲ့ စိတ်နှလုံး အား တည်ငြိမ်စွာ ထားနိုင်မယ်ဆိုလို့ရှိရင် ကြီးမားတဲ့ ကုသိုလ်တရား ဖြစ်ပွားနိုင်တယ်။

ရည်ရွယ်ချက်နှစ်မျိုး

ဗုဒ္ဓရဲ့ဂုဏ်ကို အာရုံပြုတယ်ဆိုတာ ရည်ရွယ်ချက် နှစ်ခု ရှိတယ်။ တစ်ခုက စိတ်ကြည်နူးမှုအတွက်၊ လောကမှာ လူတွေက စိတ်ကြည်နူးနေပြီဆိုလို့ရှိရင် ထိုကြည်နူးတဲ့စိတ်ကို အားတစ်ရပ်အနေနဲ့ အသုံးပြုပြီး အသိဉာဏ်ဖွံ့ဖြိုးအောင် လုပ်လို့ရတယ်ပေါ့။ စိတ်ညစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘယ်လိုမှ အသိဉာဏ်မဖြစ်နိုင်ဘူးလေ၊ အဲဒီတော့ မြတ်စွာဘုရားရဲ့ ဂုဏ်ကို အာရုံပြုလိုက်လို့ စိတ်တွေဟာ ကြည်နူးလာတယ် ဆိုရင် အကြံကောင်း ဉာဏ်ကောင်းတွေ ဖြစ်ပေါ် လာနိုင်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ဂုဏ်ကို အာရုံပြုခြင်းအားဖြင့် စိတ်ရဲ့ကြည်နူးမှုတွေကို ရရှိနိုင်တယ်။

ကြည်နူးမှုရလာတဲ့စိတ်ကလေးကို အသုံးချလိုက်လို့ရှိရင် သမာဓိစွမ်းအားတွေ၊ ပညာစွမ်းအားတွေ တက်လာတယ်။ သမာဓိကလည်း ထက်မြက်လာမယ်၊ ပညာကလည်းပဲ ထက်မြက်လာမယ်၊ ဒီလိုဆိုလိုတာပေါ့နော်၊ ဥပမာ-ပန်းချီကားချပ်တစ်ချပ်ကို ရေးတော့မယ်ဆိုလို့ရှိရင် ပန်းချီရေးမယ့် [၂၂၉] ကားချပ်ကြီးတစ်ခုဟာ သန့်စင်နေဖို့လိုတယ်၊ ညစ်ပေနေလို့ ရှိရင် ဒီဆေးခြယ်တဲ့အခါမှာ လှပမှုဖြစ်မှာမဟုတ်ဘူး။ ထို့အတူပဲ စိတ်ကိုလည်း ရှေးဦးစွာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြုပြီး သန့်ရှင်းစင်ကြယ်မှု ဆိုတာတွေ လိုအပ်တယ်။ နောက် တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် မြတ်စွာဘုရား ဂုဏ်တော်နဲ့ ဆေးကြောသန့်စင်လိုက်လို့ သန့်ရှင်းနေတဲ့လူရဲ့ သမာဓိစွမ်းအားတွေ၊ ပညာစွမ်းအား တွေဟာ ထက်မြက်လာတယ်။ ဒါအတွက် ဝိပဿနာကျင့်စဉ် တစ်ခုကို ကျင့်လိုက်မယ်ဆိုရင် လွယ်လွယ်ကူကူ အောင်မြင် ပေါက်ရောက်သွားနိုင်တယ်လို့ ဒီလိုဆိုတာ။

ဘယ်အခါဖြစ်ဖြစ် လုပ်စရာအလုပ်အကိုင်ရှိတယ်၊ ဘုရား ဂုဏ်ကို အာရုံပြုလိုက်မယ်၊ ပြုပြီးတော့ စိတ်ဓာတ်တွေ အင်အားတွေ တက်လာပြီဆိုတော့မှ ကိုယ်လုပ်စရာကို ဆက်လုပ်မယ် ဆိုရင် အောင်မြင်နိုင်တယ်။

ဒါပေမဲ့ ကနေ့ခေတ်မှာ တချို့ စာရေးဆရာတွေက အရက်ကလေးသောက်ပြီး စာရေးရင် အသိဉာဏ်တွေ ဖွံ့ဖြိုး တယ်လို့ ဒီလိုပြောကြတယ်၊ သူတို့ရတဲ့ အသိဉာဏ်ဆိုတာက ဘာတုန်းဆို “ဖေတော့ မောင်တော့” အသိဉာဏ်မျိုးတွေပဲ၊ လောကမှာ မမြင်ချင်အဆုံး မကြားချင်အဆုံး ဖြစ်နေတဲ့ လောက လူသားတွေရဲ့ အကြောင်းကို ရေးတာဖြစ်တော့ [၂၃၀] စိတ်ရွှင်လန်းတယ်၊ ဒါကိုပဲ ဒီလိုရည်ညွှန်းတာနဲ့တူတယ်၊ ဉာဏ်ဖြစ်တာတော့ မဟုတ်နိုင်ဘူး။

တချို့က အရက်ကလေးသောက်ပြီးလုပ်မှ ပိုပြီးတော့ ဉာဏ်ရွှင်တယ်လို့ ထင်ကြတယ်ပေါ့နော်၊ အဲဒီတော့ အခုလို တရားဓမ္မ အားထုတ်တာကျတော့ အရက်ကလေး သွားသောက်မိသွားရင်တော့ အဲဒါ တရားဓမ္မနဲ့ ဝေးသွားမှာပဲ သေချာတယ်၊ မှန်ကန်တဲ့ အမြင်တစ်ခုကို ရဖို့ဆို မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ မြတ်စွာဘုရား ဂုဏ်တော်ကို ပွားထုံခြင်းအားဖြင့် လူတွေရဲ့ အသိဉာဏ်ဟာ ရွှင်လန်းတက်ကြွလာနိုင်တယ်။

နောက်တစ်ခုက ဝိပဿနာ အားထုတ်ဖို့အတွက် ဝိပဿနာဉာဏ် ရင့်သန်ဖို့အတွက်လည်း မြတ်စွာဘုရား ဂုဏ်တော်ကို ပွားပေးရမယ်လို့ဆိုတယ်။ မြတ်စွာဘုရား ဂုဏ်တော်ကို အာရုံပြုလိုက်တာနဲ့ သဒ္ဓါစွမ်းအားတွေက တက်လာတယ်၊ သဒ္ဓါစွမ်းအားနဲ့ ညီမျှစွာ ဝီရိယတို့ သတိတို့ သမာဓိတို့ ပညာတို့ ဆိုတာတွေလည်း ထက်မြက်ပြီး လာတတ်တယ်။

အဲဒီတော့ မြတ်စွာဘုရားဂုဏ်ကို အာရုံပြုခြင်းအားဖြင့် ဆေးကြောလိုက်တဲ့ အသိဉာဏ်နဲ့ ရှုမှတ်လိုက်တဲ့အခါ ဝိပဿနာဉာဏ်က ပိုပြီး စူးစူးရှရှ ထက်ထက်မြက်မြက် အောင်အောင်မြင်မြင် ဖြစ်နိုင်တယ်လို့ဆိုတာကို စာပေ ကျမ်းဂန်မှာ ပြောထားတယ်။

[၂၃၁] မြတ်စွာဘုရားရဲ့ “ဣတိပိ သော ဘဂဝါ” ဆိုတဲ့ ဂုဏ်တော်ကိုးပါးမှာပါတဲ့ ဘဂဝါ ရဲ့ အဓိပ္ပာယ်ကို စာပေ ကျမ်းဂန်တွေမှာ ဘယ်လိုဖော်ပြတုန်းဆိုတာ မှတ်သားရမယ်။ သာမန်အားဖြင့် ဣတိပိ သော ဘဂဝါမှာ ဘဂဝါရဲ့အဓိပ္ပာယ်က ပုဂ္ဂိုလ်ကိုရည်ညွှန်းတယ်၊ ဒါကြောင့်မို့ အဋ္ဌကထာဆရာတွေက “ဘဂဝါတိ ဂရု” ဘဂဝါ ဆိုတာ ဂရုလို့ ဖွင့်ဆိုကြတယ်။ အခုခေတ် စကားလုံးနဲ့ ဂုရု လို့ရှိတယ်။

နောက် မော်ဒန်အင်္ဂလိပ်စကားမှာ ဂုရု ဆိုတဲ့ အိန္ဒိယ စကားလုံးကို အဘိဓာန်တွေမှာ ထည့်သွင်းထားပြီပေါ့။ ဒီ တကယ့်ဆရာကြီးပေါ့၊ အဋ္ဌကထာဆရာတွေက ဘဂဝါဆိုတာ ဘာကိုပြောတာသလဲ၊ ဘဂဝါတိ ဂုရု ပေါ့၊ ဘဂဝါဆိုတာ လောကလူသားတွေအားလုံးက လေးစားရတဲ့၊ တကယ့် အလေးပြုအပ်တဲ့ ဆရာပဲလို့ ဒီအဓိပ္ပာယ်ကို ဖွင့်ဆိုတယ်။

“ဂရုံ ဟိ လောကေ ဘဂဝါတိ ဝုစ္စန္တိ” လောက လူတွေရဲ့ အသုံးအနှုန်းမှာ အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ကို ဂရုလို့ခေါ်တယ်။ အိန္ဒိယနိုင်ငံမှာ ဂုရုကြီး, ဂုရုကြီးနဲ့ ခေါ်ကြတယ်လေ၊ လေးစား ရတဲ့ ပုဂ္ဂိုလ်တွေကို ဂုရုကြီးလို့ခေါ်တယ်။ ကြီးက ဗမာစကား မဟုတ်ဘူး၊ (Ji) နဲ့ရေးတဲ့ ဂျီးနော်၊ သို့သော် ဗမာတွေကတော့ ဂုရုကြီးတို့၊ ဆရာတော်ကြီးတို့ဆိုတဲ့ ကြီးက ဗမာကတော့ ကကြီး ရရစ်ကြီး လုံးကြီးတင်ကြီးတဲ့ အကြီးဖြစ်နေတယ်နော်။

[၂၃၂] သော ဘဂဝါ အဓိပ္ပာယ်

အဲဒီတော့ အိန္ဒိယဂျီးဆိုတာ လေးစားအပ်တဲ့ ပုဂ္ဂိုလ်ကို ခေါ်တာ၊ ဆရာဆိုတဲ့ အဓိပ္ပာယ်ရတယ်ထင်ပါရဲ့။

ဟုတ်ပြီ၊ အဲဒီမှာ “ဘဂဝါတိ ဂရု၊ ဂရုံ ဟိ လောကေ ဘဂဝါတိ ဝုစ္စန္တိ” လောကမှာ လေးစားအပ်တဲ့ ပုဂ္ဂိုလ်ကို ဘဂဝါလို့ ဒီလိုခေါ်လေ့ရှိကြပါတယ်လို့ အဋ္ဌကထာဆရာက ဖွင့်ပြထားတယ်၊ အဲဒီတော့ မြတ်စွာဘုရားကို ဘဂဝါဆိုတဲ့ စကားလုံးကို အင်္ဂလိပ်လို ပြန်တဲ့အခါ (The Blessed One) လို့ ပြန်ကြတယ်။

ဘဂဝါဆိုတဲ့ စကားလုံးကို အဋ္ဌကထာ ဖွင့်ဆိုချက်နဲ့ ညီအောင် အင်္ဂလိပ်လို ဘာသာပြန်ရင် The Great Teacher လို့ပဲ ပြန်သင့်တယ်ပေါ့။ The Great Guru Ji ပေါ့၊ တကယ် လေးစားအပ်တဲ့ ဆရာသမားကြီး။

အဋ္ဌကထာဆရာက အဓိပ္ပာယ်ဖွင့်ဆို ပြောသွားတာက ဘဂဝါ ဆိုတဲ့ စကားလုံးဟာ “ဂုဏ ဝိသိဋ္ဌသဗ္ဗသတ္တုတ္တမ ဂရုဂါရဝါ ဓိဝစန မေတံ” ဘဂဝါဆိုတဲ့ စကားလုံးဟာ အရည် အချင်းက အလွန်ကို ထူးခြားပြီး သာမန်ပုဂ္ဂိုလ်တွေမမီတဲ့ အရည်အချင်းမျိုးရှိတဲ့ပုဂ္ဂိုလ်မျိုး ဖြစ်တယ်တဲ့။

သဗ္ဗသတ္တုတ္တမ- သတ္တဝါအားလုံးထက် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်၊ အဲဒီ အရည်အချင်းတွေက အလွန်ထူးခြားပြီး တော့ အရည်အချင်းတွေ.. ထူးခြားသောကြောင့် သတ္တဝါ [၂၃၃] အားလုံးထက် မြတ်တာ၊ အခြားအကြောင်းကြောင့် မြတ်တာ မဟုတ်ဘူး၊ ဥပမာ- ဘုရင့်သားဖြစ်လို့ မြတ်တာမဟုတ်ဘူး၊ ရာထူးကြီးလို့ မြတ်တာမဟုတ်ဘူးနော်၊ ပိုက်ဆံချမ်းသာလို့ မြတ်တာ မဟုတ်ဘူး။

တလေးမြတ်တာ ဘာကြောင့်လဲ?၊ ဂုဏ ဝိသိဋ္ဌ- ထူးခြားတဲ့ အရည်အချင်းတွေ၊ ဂုဏ်အရည်အချင်းတွေရှိလို့ မြတ်တယ်၊ အားလုံးထက်မြတ်တယ်၊ အဲဒီ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကို တလေးတစား သုံးစွဲတဲ့ စကားလုံးပါလို့ ဒီလိုရည်ညွှန်းတာနော်။ ဒါလည်း အလွန်အဓိပ္ပာယ်ရှိတဲ့ စကားပဲနော်၊ တလေးတစား သုံးစွဲထားတဲ့ စကားလုံးပဲဖြစ်တယ်လို့ ဒီလိုဆိုတာ၊ ဒါကြောင့်မို့ -

ဘဂဝါတိ ဝစနံ သေဋ္ဌိ- ဘဂဝါဆိုတဲ့ စကားလုံးဟာ အလွန်အဆင့်မြင့်တဲ့ စကားလုံးဖြစ်တယ်တဲ့။
ဘဂဝါဝစန မုတ္တမံ- ဘဂဝါဆိုတဲ့ စကားလုံးဟာ အမြင့်မြတ်ဆုံး သော စကားလုံးတစ်ခုဖြစ်တယ်။
ဂရုဂါရဝ ယုတ္တော သော၊ ဘဂဝါ တေန ဝုစ္စတိ- လေးစားအပ်တဲ့ ... အရည်အချင်းတွေနဲ့ ယှဉ်နေတဲ့ပုဂ္ဂိုလ်၊ လေးစားအပ်တဲ့ အရည်အချင်းတွေရှိတဲ့ပုဂ္ဂိုလ်မှ ဘဂဝါလို့ ခေါ်သင့်တယ်ပေါ့၊ သာမန်နာမည်မှည့်ထားရုံနဲ့ ဘဂဝါ မခေါ် သင့်ဘူး။
ဒါ ဘဂဝါဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ကို ရည်ညွှန်းတဲ့အခါ ဒီအဓိပ္ပာယ်ကို မှတ်သားရမယ်။

[၂၃၄] ဘဂဝါဆိုတာ အမည်နာမ

နောက်တစ်ခါ ဘဂဝါဆိုတဲ့ စကားလုံးဟာ အမည်နာမကို ဖော်ပြတယ်။ အမည်နာမအနေနဲ့ပြောမယ်ဆိုရင် “ဘဂဝါ” အမည်နာမရရှိတဲ့ပုဂ္ဂိုလ်ဟာ ဘာကြောင့် “ဘဂဝါ”အမည်နာမကို ရသလဲ မေးစရာရှိတယ်။ အမည်ရပုံတွေက အမျိုးမျိုးရှိတယ်၊ အသွင်သဏ္ဌာန်ကိုကြည့်ပြီး အမည်ရတာရှိတယ်။ အတိုင်းအတာကိုကြည့်ပြီး အမည်ရတာရှိတယ်။ အခြေအနေတစ်ရပ်ကို အကြောင်းပြုပြီး အမည်ရတာရှိတယ်ပေါ့၊ ဒီနေရာမှာ “ဘဂဝါ”ဆိုတဲ့ အမည်ဟာ ‘ဂုဏနေမိတ္တိက’ အရည်အချင်းဆိုတာကို အကြောင်းပြုပြီးတော့ ရတဲ့နာမည်တဲ့။

နာမည်ဆိုတာ အမျိုးမျိုးရှိတယ်၊ အမေကမှည့်တဲ့ နာမည်ရှိတယ်၊ အဖေကမှည့်တဲ့ နာမည်ရှိတယ်၊ အများကခေါ်တဲ့ နာမည်ရှိတယ်၊ မြတ်စွာဘုရားကို “ဘဂဝါ” လို့ခေါ်တာဟာ အမေကပေးတဲ့ နာမည်လား၊ အဖေကပေးတဲ့ နာမည်လား၊ ဆွေမျိုးအစဉ်အလာအရ ခေါ်တဲ့နာမည်လား၊ လောကလူသားတွေက ခေါ်ကြတာလားဆိုရင် တစ်ခုမှမဟုတ်ဘူးတဲ့။

မြတ်စွာဘုရားအလောင်းတော်ဟာ ပါရမီတွေ ဖြည့်ကျင့်ပြီး နောက်ဆုံးအကြိမ်မှာ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး အမြင့်ဆုံးအသိဉာဏ်ကို ရရှိခဲ့တယ်။ အမြင့်ဆုံးအသိဉာဏ်နဲ့ ကိလေသာအားလုံးကလွတ်လို့ အာသဝတွေ အားလုံးကုန်ခမ်းသွားပြီး အာသဝက္ခယလို့ခေါ်တဲ့ အရဟတ္တ [၂၃၅] အဲဒီနောက်မှာ အရဟတ္တဖိုလ်ဆိုတဲ့ အကျိုးဖြစ်တဲ့ ဒီဉာဏ်ကို ရလိုက်တာနဲ့ တစ်ပြိုင်နက် “ဘဂဝါ” နာမည်ဟာ အလိုအလျောက် ရသွားတယ်လို့ ဆိုလိုတယ်နော်။ ဒီနာမည်ဟာ ဘုရားဖြစ်လိုက်တာနဲ့ ရသွားတဲ့ နာမည်သာဖြစ်တယ်။ ဒီလို ရှင်သာရိပုတ္တရာကိုယ်တိုင်က ပဋိသမ္ဘိဒါမဂ်မှာ ကျကျနန ရှင်းပြပေးတယ်။

ဟုတ်ပြီ၊ ဘဂဝါ ဆိုတဲ့ အမည်နာမနဲ့ ပတ်သက်ပြီး သော ဘဂဝါ... ထိုမြတ်စွာဘုရားသည်ဆိုတာ မြတ်စွာဘုရားရဲ့ အမည်နာမကို သုံးသပ်ပြီး ဖော်ပြတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ပဲ၊ ဗုဒ္ဓေါ ဘဂဝါ၊ အဲဒီဘဂဝါက ပုဂ္ဂိုလ်နဲ့ မပတ်သက်ဘဲနဲ့ အရည်အချင်း သပ်သပ်ကို ဖော်ပြတယ်။

ဘဂဝါ ဖွင့်ဆိုချက်များ

ဘာကြောင့် မြတ်စွာဘုရားဟာ “ဘဂဝါ” ဆိုတဲ့ အရည်အချင်းဂုဏ်ရည်ကို ရသလဲဆိုရင် အချက်အလက်တွေနဲ့ ရှင်းပြထားတာရှိတယ်။

ဘဂဝါ

(၁) ‘ဘဂ’ ဆိုတာ ပါရမီအားလုံးကို “ဘဂ” လို့ခေါ်တယ်။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး လောကမှာ ဒီအထွတ်အထိပ်ရောက်အောင်၊ လောကုတ္တရာတရား [၂၃၆] အနေနဲ့ အမြင့်ဆုံးအဆင့်ရောက်အောင် လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာလို့ဆိုတဲ့ သုခတွေကို ပေးစွမ်းနိုင်တဲ့ ဒါန၊ သီလ စတဲ့ ပါရမီဆယ်ပါး အပြားသုံးဆယ်၊ အဲဒီ ပါရမီတွေကို အထွတ်အထိပ်ရောက်အောင် ကျင့်သုံးခဲ့တယ်။ အဲဒီကျင့်သုံးခဲ့တဲ့ ပါရမီတရားတော်တွေကို “ဘဂ” လို့ခေါ်တယ်။

အဲဒီ ပါရမီတရားတော်တွေကို ကျင့်သုံးပြီးဖြစ်တယ်၊ ‘ဘဂ’ ဆိုတဲ့ ပါရမီအရည်အချင်းတွေ ပြည့်ပြည့်ဝဝရှိတဲ့ ပုဂ္ဂိုလ်ဖြစ်သောကြောင့် မြတ်စွာဘုရားကို ဘဂဝါ။ အကြောင်းမဲ့ ခေါ်ရတာမဟုတ်ဘူး၊ အခုလို ဒါန၊ သီလ ပါရမီဆယ်ပါး အပြားသုံးဆယ်ကို ပြည့်ပြည့်ဝဝ အထွတ်အထိပ်ရောက်အောင် ကျင့်သုံးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ “ဘဂဝါ” ခေါ်တာ ဖြစ်တယ်ပေါ့နော်။ ဒီနံပါတ်တစ် အဓိပ္ပာယ်ကို အဲဒီလိုမှတ်ရမယ်။

အချုပ်မှာ လောကီ လောကုတ္တရာ ချမ်းသာသုခအားလုံးကို ပေးစွမ်းနိုင်တဲ့ အထွတ်အထိပ်ရောက်အောင် ကုသိုလ်တရားကို ဆည်းပူးအားထုတ်ခဲ့လို့ “ဘဂဝါ” ခေါ်တယ်။ ဒီအဓိပ္ပာယ်ကို ယူရမယ်နော်။

ဘဂ္ဂဝါ ဘဂဝါ

(၂) ‘ဘဂ္ဂဝါ’ ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပာယ်တူယူပြီး “ဘဂဝါ” လို့ခေါ်တာဖြစ်တယ်။ ဒီလိုအထွတ်အထိပ် ရောက်တာဟာ ကောင်းတာတစ်ခုထဲနဲ့ အထွတ်အထိပ်ရောက်နိုင် [၂၃၇] တာ မဟုတ်ဘူး၊ မကောင်းတာတွေ အားလုံးကိုလည်း ဖယ်ရှားပြီး တားမြစ်ရမယ်။

လောကမှာ အဆိုးနဲ့အကောင်းဆိုတာ ဒွန်တွဲနေတယ်လေ၊ ဒွန်တွဲနေတော့ အဆိုးတွေကို ဘယ်လောက်ထိအောင် ဖယ်ရှားပစ်နိုင်သလဲဆိုတဲ့ မူအပေါ်မှာလည်း မူတည်တယ်၊ လောကမှာ အကောင်းဆိုသည်မှာ အဆိုးတွေကင်းတဲ့ အကောင်းမှ အကောင်းလို့ဆိုလို့ရမှာပေါ့ဆိုတော့ အဆိုးတွေနဲ့ ရောနေလို့ရှိရင် အကောင်းလို့ ခေါ်လို့မရနိုင်ဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားဟာ ကိလေသာဆိုတဲ့ စိတ်ရဲ့ အညစ်အကြေးတွေ၊ အဆိုးတရားတွေ အားလုံးကို ဖယ်ရှားပြီး ဖြစ်နေတယ်၊ အဲဒီအဆိုးတရားတွေအားလုံးကို ချိုးဖျက်ဖယ်ရှားပြီး ဖြစ်သောကြောင့်လည်း (ဘဂ္ဂဝါ) ဘဂဝါ လို့ခေါ်တယ်၊ ဒါ အဆိုးဘက်က ကြည့်တာနော်။

အဲဒီအဆိုးထဲမှာ ဖယ်ရှားဖို့ရာ ခက်ခဲတဲ့ မာရ လို့ဆိုတဲ့ ဒုက္ခပေးနိုင်တဲ့ မာရ်ငါးပါးပေါ့နော်၊ မာရဆိုတာ မာရ်နတ်တစ်ခုထဲကို ပြောတာမဟုတ်ဘူး၊ မာရ်နတ်အပါအဝင် မာရ်ငါးပါးကို အောင်တော်မူတယ်။ လူတွေရဲ့စိတ်ကို ပူလောင်စေတယ်၊ စိတ်ကို ညစ်နွမ်းအောင်လုပ်တယ်၊ စိတ်ကို ဒုက္ခပေးနေတာဟာ စိတ်မဟုတ်ဘူး၊ စိတ်ကို ဒုက္ခပေးနေတာတွေက ကိလေသာတွေသာ ဖြစ်တယ်နော်။

[၂၃၈] လူတွေက ပြောကြတယ်၊ စိတ်ညစ်တယ်၊ စိတ်ညစ်တယ်ဆိုတာ စိတ်ကတော့ ညစ်တာမဟုတ်ဘူး၊ စိတ်ထဲမှာ အညစ်တွေရှိတာကို ဆိုလိုတယ်။ အဲဒီတော့ စိတ်ညစ်တာနဲ့ စိတ်နဲ့အညစ်ကို ခွဲထုတ်လိုက်၊ အဝတ်ကြီးက ပေနေတယ်လို့ ပြောရင် အဝတ်နဲ့ပေတာနဲ့ ခွဲထုတ်လို့ရတယ် မဟုတ်လားနော်။

ကိုယ်ဝတ်ထားတဲ့ အဝတ်အစားတစ်ခု (သို့မဟုတ်) ကိုယ့်ခန္ဓာကိုယ်မှာ ပေရေနေတယ် ညစ်ပေနေတယ် ဆိုလို့ရှိရင် ခန္ဓာကိုယ်နဲ့ ညစ်ပေနေတာဟာ ခွဲလို့ရတယ်လေ။ ထို့အတူပဲ စိတ်ညစ်တယ်ဆိုတဲ့နေရာမှာ စိတ်နဲ့ ညစ်တာ နှစ်ခုခွဲထုတ်လိုက်၊ ခွဲထုတ်လိုက်ပြီးတော့ အဲဒီကိလေသာဆိုတာ အဲဒီစိတ်ရဲ့ အညစ်အကြေးတွေကို ပြောတာ (Mental impurity) သို့မဟုတ် (Mental defilement) လို့ ဘာသာပြန်တယ်။

အဲဒီ (Mental defilement) လို့ဆိုတဲ့ စိတ်ရဲ့ အညစ်အကြေး ကိလေသာတွေကို မြတ်စွာဘုရားက အားလုံးရှင်းပစ်လိုက်ပြီ။ ဒါကြောင့် “ဘဂဝါ” လို့ခေါ်တယ်။ အကယ်၍ ကိလေသာတွေရှင်းပစ်တာ ကျန်နေသေးတယ်ဆိုရင် ဘဂဝါ လို့ မခေါ်နိုင်ဘူး။

ဒါဖြင့် မေးစရာရှိတယ်၊ ရှင်သာရိပုတ္တရာ စတဲ့ ရဟန္တာတွေတို့၊ ပစ္စေကဗုဒ္ဓတွေတို့ရော “ဘဂဝါ” လို့ ခေါ်နိုင်သလားဆိုတော့ သူတို့ကတော့ ရှင်းတော့ ရှင်းတယ်။ ဒါပေမဲ့ [၂၃၉] မကုန်ဘူး။ မကုန်ဘူးဆိုသည်မှာ သတ္တိကျန်ရစ်တယ်၊ ဝါသနာကျန်တယ်နော်။ ကိလေသာအနေနဲ့ ကုန်အောင်ရှင်းသော်လည်း ကိလေသာရဲ့ အငွေ့အသက်တွေ ကျန်နေသေးတယ်။ ရဟန္တာပုဂ္ဂိုလ်တွေမှာ ကိလေသာရဲ့ အငွေ့အသက်တွေ ကျန်နေသည့်အတွက်ကြောင့် သူတို့ကို “ဘဂဝါ” လို့ ခေါ်လို့ မရဘူး။

မြတ်စွာဘုရားက ကိလေသာတွေကို ပယ်တယ်ဆိုတာ အငွေ့အသက်ပါ မကျန်အောင် လုံးဝရှင်းတယ်။ အဲဒီတော့ ရှင်းပုံရှင်းနည်းခြင်းလည်း မတူဘူးလို့ ဒီလိုမှတ်သားရမယ်နော်။ မြတ်စွာဘုရားရဲ့ အရဟတ္တမဂ်က ကိလေသာကို ဖယ်ရှားတဲ့အခါ အငွေ့အသက်ပါ မကျန်အောင် ဖယ်ရှားတယ်။ ဝါသနာဆိုတာ အငွေ့အသက်ကို ခေါ်တာ။ ဘီယာတွေ ထည့်ထားတဲ့ ပုလင်း ဘီယာတွေ သွန်လိုက်ပေမဲ့လို့ အနံ့ကျန်ရစ်တာပေါ့၊ အဲဒါလိုပဲ ရဟန္တာပုဂ္ဂိုလ်တွေမှာ ကိလေသာကို ဖယ်လိုက်တဲ့အခါမှာ ဘာကျန်နေတုန်းဆိုတော့ ကိလေသာရဲ့ အငွေ့အသက်လေးတွေ ကျန်နေသေးတယ်၊ ဒီလိုဆိုလိုတယ်နော်။

အဲဒီတော့ မြတ်စွာဘုရားက အဲဒီလို အငွေ့အသက်ထိအောင် မကျန်တော့ဘူး၊ အနံ့ကို လုံးဝမကျန်တော့လောက်အောင် ရှင်းပစ်လို့ မြတ်စွာဘုရားသည် ကိလေသာကို ဖယ်ရှားတဲ့နေရာမှာ တခြားပုဂ္ဂိုလ်တွေထက် ထူးချွန်တယ်လို့ ဒီလိုပြောရမယ်။ ဒါကြောင့်မို့ “ဘဂဝါ” ခေါ်ထိုက်တယ်လို့ ဒီလို [၂၄၀] ပြောတာ။ အဲဒီ ကိလေသာဆိုတာကို မာရ လို့ခေါ်တယ်။ ဂုဏ်အရည်အချင်းတွေကို ဖျက်ဆီးပစ်တတ်တယ်၊ ဒါကြောင့်မို့ မာရ ခေါ်တာ။

နောက်တစ်ခု ခန္ဓာငါးပါးကလည်း မာရ ပဲ၊ ခန္ဓာငါးပါးကို ဘာကြောင့် မာရ ခေါ်တုန်းဆိုရင် သတ္တဝါတွေကို သတ်တတ်တယ်၊ သူများက လာသတ်တာမဟုတ်ဘူး၊ ခန္ဓာငါးပါး သတ်တာနော်၊ ရုပ်တွေနဲ့ ဝေဒနာတွေ၊ သညာတွေ၊ သင်္ခါရတွေဟာ မာရတွေပဲ၊ ဘာကြောင့်တုန်းဆိုရင် သူက သေတတ်တယ်၊ သတ်တတ်တယ်။ သူ့ဟာသူတင် သေတာမဟုတ်ဘူး၊ သူများကိုလည်း သတ်တယ်။

ဥပမာမယ်- နှလုံးရပ်သွားတယ်ဆိုရင် နှလုံးက သူ့ဟာသူတင် သေတာမဟုတ်ဘူး၊ ကျန်တာတွေပါ အကုန်ခေါ်သွားတာလေ၊ အကုန်သေသွားတာ၊ ဒီလိုပေါ့။ တစ်ခုခု ပျက်စီးသွားရင် ကျန်တာတွေအကုန်လိုက် ပျက်စီးသွားတယ်။ ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ ရထားတဲ့ ခန္ဓာငါးပါးကိုလည်း မာရလို့ ခေါ်တယ်။ မြတ်စွာဘုရားဟာ နောက်ထပ် ခန္ဓာဖြစ်စေမယ့် အကြောင်းတရားတွေကို ပယ်ခြင်းအားဖြင့် ဒီ ခန္ဓာမာရ ဆိုတာကိုလည်း ကျော်လွှားနိုင်ခဲ့တယ်၊ ပယ်ဖျက်နိုင်ခဲ့တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားကို “ဘဂဝါ” လို့ ခေါ်တာ၊ ဒါလည်း အကြောင်းတစ်ခုပဲနော်။

[၂၄၁] နောက်တစ်ခု မာရ ဆိုတာ အဘိသင်္ခါရ၊ အဘိသင်္ခါရ ဆိုတာ ဘဝကြီးတစ်ခုကို တည်ဆောက်ပြီးတော့ ဖန်ဆင်းနေတဲ့ ကံတရားတွေ။ အဲဒီ ကံတရားတွေကိုလည်း မြတ်စွာဘုရားဟာ ကိလေသာကို ရှင်းလိုက်ခြင်းအားဖြင့် ကံတရားတွေကိုလည်း ရှင်းပြီးသား ဖြစ်သွားတယ်။ ဒီကံတရားတွေက မြတ်စွာဘုရား သန္တာန်မှာ အကျိုးပေးနိုင်စွမ်း မရှိတော့ဘူး၊ အားလုံးဟာ ချုပ်ငြိမ်းသွားတယ်။

ကံတရားတွေက ဆက်လက်ဖြစ်ပြီးတော့ အကျိုးပေးနေဦးမယ်ဆိုရင် အကြိမ်ကြိမ် အဖန်ဖန် ထပ်ပြီးသေနေကြဦးမှာပဲ၊ အဲဒီ သေခြင်းတရားကို ဖြစ်ပေါ်စေနိုင်တဲ့ ဒီအဘိသင်္ခါရ ဆိုတဲ့ ကံတရားတွေကိုလည်းပဲ မြတ်စွာဘုရားက နှိမ်နင်း ဖျက်ဆီးပြီးသားဖြစ်သွားလို့ “ဘဂဝါ” ဒီလိုခေါ်တယ်။ မာရ်ငါးပါးက တစ်ခုစီတစ်ခုစီ အဲဒီလို သွားတာနော်၊ ကိလေသာမာရ၊ ခန္ဓမာရ၊ အဘိသင်္ခါရမာရ၊ ဒေဝပုတ္တမာရ။

-ဟော- ဒေဝပုတ္တမာရဆိုတာ သူ့ရဲ့ ဝါသနာအလျောက် သူတော်ကောင်း ဆိုလို့ရှိရင် အနှောင့်အယှက်ပေးချင်တယ်။ နတ်ဆိုးပေါ့နော်၊ ခက်တာက ဒီနတ်ဆိုးဟာ ဗုဒ္ဓဘာသာတင် ရှိတာမဟုတ်ဘူး၊ ဒီ့ပြင်မှာလည်း နတ်ဆိုးက ပါနေတယ်နော်၊ ဆေတန် ဆိုတဲ့ဟာလေ။ အဲဒီတော့ မြတ်စွာဘုရားမှာ ဒီနတ်ဆိုးက ဘာဖြစ်လို့ ရှိနေရသလဲဆိုရင် လောကမှာ ဘယ်သူပဲဖြစ်ဖြစ် [၂၄၂] ကောင်းတာလုပ်ပေမဲ့လို့ စိတ်ထားမကောင်းတဲ့ ပုဂ္ဂိုလ်တွေဆိုတာ လောကမှာ ရှိစမြဲပဲနော်၊ သူတော်ကောင်းတွေဆိုရင် ပိုပြီးတော့ နှောင့်ယှက်တယ်၊ အဲဒီလို လူထဲမှာ လူဆိုးရှိသလိုပဲ နတ်ထဲမှာ နတ်ဆိုးဆိုတာရှိတယ်။ နတ်ဆိုးဟာ ကောင်းအောင်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် အနှောင့်အယှက်တစ်ခုဖြစ်တာ၊ လူဆိုးဟာလည်း လူတော်လူကောင်းတွေအတွက် အနှောင့်အယှက်တစ်ခု ဖြစ်တာပဲ၊ အဲဒီသဘောလောက်ပေါ့ ထားပေါ့နော်။

အဲဒီ ဒေဝပုတ္တမာရ ဆိုတာလည်း မြတ်စွာဘုရားကို နှောင့်ယှက်ရုံ နှောင့်ယှက်တာ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတဲ့အခါ ဒီ မာရ ဟာ မြတ်စွာဘုရားကို လိုက်ပြီးတော့ နှောင့်ယှက်နိုင်တဲ့ အနေအထားမျိုး မရှိတော့ဘူး၊ လမ်းစ ပျောက်သွားပြီ၊ ဒါကြောင့်မို့ ဒေဝပုတ္တမာရကိုလည်း နိုင်လိုက်ပြီလို့ ပြောလို့ရတယ်၊ တနည်းအားဖြင့် မာရ်နတ်ဟာ မြတ်စွာဘုရားအလောင်း တောထွက်တဲ့အချိန်မှာ ဝင်တားတယ်။ “စကြဝတေးမင်း စည်းစိမ်ဆိုတာ မလိုချင်ဘူး၊ ဘုရားဖြစ်ဖို့ ကြိုးစားမယ်” ပြောတဲ့အခါ “ကောင်းပြီ၊ သူစောင့်ကြည့်မယ်နော်၊ အိမ်ပြန်ချင်တဲ့စိတ် ပေါ်တာနဲ့ တစ်ပြိုင်နက် သိစေရမယ်” ဆိုပြီး မာရ်နတ်က ကြိမ်းဝါးခဲ့တယ်။

[၂၄၃] မြတ်စွာဘုရားအလောင်း ခြောက်နှစ် တရားကျင့်နေတဲ့အခါ မာရ်နတ်က အနီးကပ် အမြဲတမ်း စောင့်ကြည့်နေတယ်။ အလုပ်မရှိ အလုပ်ရှာပေါ့၊ ဘုရားအလောင်း တရားအားထုတ်နေတာကို သူက စောင့်ကြည့်နေတယ်၊ ဘုရားဖြစ်ပြီး တစ်နှစ် ကြာသည်ထိအောင် စောင့်ကြည့်တယ်၊ တောထွက်ပြီး တရားကျင့်တာက ခြောက်နှစ်၊ ဘုရားဖြစ်ပြီး နောက်တစ်နှစ်ဆိုတော့ ခုနစ်နှစ် စောင့်ကြည့်တာ၊ ခုနစ်နှစ်လုံးလုံး ဇွဲကောင်းကောင်းနဲ့ စောင့်ကြည့်တာတောင် သူလိုချင်တဲ့အချက် မတွေ့ရသည့်အတွက်ကြောင့် မာရ်နတ်က မြတ်စွာဘုရားကို လက်မြှောက် အရှုံးပေးသွားတာနော်။

ယူလာတဲ့ ဗေလုဝပဏ္ဍု နတ်စောင်းကြီးဟာ သူ့ရင်ခွင်ကနေ အောက်လျောကျသွားတယ်၊ သူပြန်လစ်သွားတာ။ အဲဒီနတ်စောင်းကြီး .. ဘယ်သူ့ဆီ ရောက်သွားတုန်းဆိုရင် ပဉ္စသိင်္ခဆီ ရောက်သွားတယ်လို့ ဆိုတာပဲနော်။

ဗေလုဝ နတ်စောင်းကြီးဟာ မာရ်နတ်ပိုင်တဲ့ နတ်စောင်း၊ ပြန်တော့တောင်းပုံမရဘူး၊ နတ်စောင်းကြီး သူ့ရင်ခွင်ထဲကနေ အောက်လျောကျတာ သူပြန်မကောက်တော့ဘူး၊ စိတ်ပျက်သွားတယ်၊ အဲဒီလိုထိအောင် နှောင့်ယှက်ခဲ့တဲ့ မာရကိုလည်းပဲ မြတ်စွာဘုရားက အနိုင်ရလိုက်တာ။ ဒါကြောင့်မို့လို့ မာရ်ငါးပါးကို အောင်တယ် ဆိုတဲ့အထဲမယ် ဒေဝပုတ္တမာရ ဆိုတာ ထည့်ထားတယ်နော်။

[၂၄၄] နောက်တစ်ခုက မစ္စု သေခြင်းတရားကိုလည်း မာရလို့ ခေါ်တယ်။ အဲဒီသေခြင်းတရားကိုလည်း မြတ်စွာဘုရားက နောက်ဆုံးမှာ ဘယ်လိုအောင်လိုက်သလဲဆိုလို့ရှိရင် ခန္ဓာကိုယ် မရအောင် ခန္ဓာရခြင်းရဲ့ အကြောင်းတရားတွေကို ဖယ်ရှားခြင်းအားဖြင့် ခန္ဓာကိုယ်မရှိတော့ဘူး။

ပထမ ကိလေသာတွေကို ချုပ်ငြိမ်းလို့ ကိလေသပရိနိဗ္ဗာန်၊ ကိလေသပရိနိဗ္ဗာန်ပြီးတော့ နောက်ဆုံးမှာ ခန္ဓာပရိနိဗ္ဗာန်စံပြီးတဲ့နောက်မှာ မစ္စု ဆိုတာ မလာတော့ဘူးပေါ့၊ တစ်ခါပဲ သေမယ် နောက်ထပ်မသေတော့ဘူးလို့ ဒီလိုဆိုတာပေါ့၊ အဲဒီတော့ မစ္စုမာရ်ကိုလည်းပဲ အကြောင်းတရားတွေကို ဖျက်ဆီးသောအားဖြင့် အောင်လိုက်တယ်လို့ ဒီလိုမာရ်ငါးပါးကို ချိုးဖျက်အောင်မြင်ပြီး ဖြစ်သောကြောင့်လည်း ဘဂဝါ ခေါ်တာတဲ့၊ ဒီလိုဆိုလိုတယ်နော်။

ယုတ္တော ဘဂေဟိ ဘဂဝါ

နောက်တစ်ခါ ဘဂ ဆိုတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသောကြောင့် ဘဂဝါ ခေါ်တယ်။ ဘဂဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာတွေတုန်းဆိုရင် ဘဂ ဆိုတာ
(၁) ဣဿရိယ- အုပ်စိုးနိုင်သူဖြစ်ရမယ်။
(၂) ဓမ္မ- အဆင့်မြင့်တဲ့ သဘာဝတရားရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။
(၃) ယသ- ကျော်စောမှုရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်၊
(၄) သိရီ- ကျက်သရေရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်၊ [၂၄၅] (၅) ကာမ- လိုချင်တာတွေ အကုန်ပြီးစီးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်၊ ပြီးစီးနိုင်တဲ့ အရည်အချင်းရှိရမယ်။ (၆) ပယတ္တ- လုံ့လ ဝီရိယ ကြီးမားသောပုဂ္ဂိုလ်ဖြစ်ရမယ်၊ အဲဒီတော့ ဘဂဆိုတာ ဒီအရည်အချင်း(၆)မျိုးကို ရည်ညွှန်းတယ်။

ဘဂ ဆိုတဲ့ ဒီစကားလုံးက ဖော်ပြတဲ့ အရည်အချင်းတွေအရ မြတ်စွာဘုရားဟာ ဘယ်အရာကို အစိုးရတာလဲလို့ မေးစရာရှိတယ်။ သူ့စိတ်ကို အစိုးရတာဖြစ်တယ်။ သူ့စိတ်ကို သူ စိုးမိုးအုပ်ချုပ်တာ၊ လောကကြီးကို စိုးမိုးအုပ်ချုပ်တာ မဟုတ်ဘူး။

ဣဿရိယ ဘုန်းတော်

မြတ်စွာဘုရားက သကစိတ္တေ ဣဿရိယ- ကိုယ့်စိတ်ကို အစိုးရတယ်။ စဉ်းစားကြည့်လေ- ဘုန်းကြီးတို့တတွေ ငါ့စိတ် ငါ့စိတ်နဲ့ ပြောကြတယ်၊ “ငါ့စိတ်ကို လာမစမ်းနဲ့” သူများတောင်မှ သူက ခြိမ်းခြောက်လိုက်သေးတယ်လေ၊ ကိုယ့်စိတ်ကို ကိုယ်နိုင်သလားလို့ဆိုတော့ လူတွေဟာ အားလုံး ကိုယ့်စိတ်ကိုကိုယ် အရှုံးပေးနေကြတဲ့ လူတွေချည်းပဲ၊ ကိုယ့်စိတ်ကိုယ် အုပ်ချုပ်နိုင်စွမ်းရှိရဲ့လားလို့ဆိုရင် မရှိဘူး၊ သူများအပေါ် အုပ်ချုပ်ချင် အုပ်ချုပ်မယ်၊ စိတ်ကို အုပ်ချုပ်လို့မရဘူး၊ အုပ်ချုပ်လို့မရလို့နော်။ စိတ်သွားတိုင်း ကိုယ်ပါဖို့ရာ ဆုတောင်းနေကြတယ်။

[၂၄၆] စိတ်ကို ဘယ်သူမှ မအုပ်ချုပ်နိုင်ဘူး၊ မြတ်စွာဘုရားက သူ့စိတ်ကိုယ်သူ အုပ်ချုပ်နိုင်တယ်။ စိတ်ကို လွှမ်းမိုးကြီးစိုးထားနိုင်သောကြောင့် မြတ်စွာဘုရားမှ တကယ့်ကို ဘဂဝါဖြစ်တယ်၊ ဒီလိုဆိုလိုတယ်နော်။ ဣဿရိယ ဆိုတာ အစိုးရတာ၊ လူတွေက ကိုယ့်စိတ်ကို အစိုးမရကြဘူး၊ မြတ်စွာဘုရားက သူ့စိတ်ကိုသူ အစိုးရတယ်။

ဘယ်လောက်ထိအောင် အုပ်ချုပ်နိုင်သလဲ၊ ကိုယ်ကာယကို ပြောင်းလဲမှုမှာ စိတ်ကို ကြီးစိုးထားနိုင်သလဲဆိုလို့ရှိရင် ဘုန်းခြောက်ပါးနဲ့ ပတ်သက်ပြီး ပြောထားတဲ့ စကားရှိတယ်။ မြတ်စွာဘုရား သူ့စိတ်အလိုဆန္ဒအတိုင်း အကုန်ပြီးတယ်၊ စိတ်တိုင်းကျ ဖန်ဆင်းလို့ရတယ်။ အဲဒါကို အဏိမာ လို့ ခေါ်တယ်။ အဏိမာ ဆိုတာ သူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို သေးသေးလေးဖန်ဆင်းတယ်။ သေးသေးလေး ဖန်ဆင်းတယ် ဆိုတာ ... မျက်စိမြင်ကွင်းအောက်က ပျောက်သွားလောက်အောင် ဖန်ဆင်းနိုင်တယ်ပေါ့။

ဗကဗြဟ္မာကြီးနဲ့ တွေ့တဲ့အချိန်တုန်းက ဗကဗြဟ္မာကြီးက မြတ်စွာဘုရားကို စိန်ခေါ်တယ်၊ သူ့ကို ရှာနိုင်ရင် ရှာပေါ့။ တူတူပုန်းတာနော်၊ တူတူပုန်းတဲ့ဟာမျိုးလိုပေါ့နော်။ Hide and seek လုပ်မယ်၊ တွေ့အောင်ရှာဆိုတော့ ဗကဗြဟ္မာကြီးက ပုန်းတယ်၊ သူပုန်းတဲ့နေရာတိုင်း မြတ်စွာဘုရားက တွေ့မြင်တယ်။ သူပုန်းလို့ မရဘူး။

[၂၄၇] မြတ်စွာဘုရားက “ဒီတစ်ခါ ငါ့အလှည့်၊ ငါပုန်းမယ် မင်းရှာ” ပြောပြီး မြတ်စွာဘုရားက လုံးဝ ပျောက်သွားတယ်လို့ ပြောခံရမှာစိုးလို့ အသံပေးပြီး ရုပ်မမြင်အောင် ဖန်ဆင်းလိုက်တယ်။

အဲဒီမှာ မြတ်စွာဘုရားရဲ့အသံကို ကြားနေရတယ်။ လူ မတွေ့ဘူး။ ဗြဟ္မာကြီးက ဒေါင်းတောက်နေအောင်ရှာတာ၊ အသံသာကြားနေတာ ဘယ်နားကမှန်းမသိဘူး၊ ရှာလို့မရဘူး။
ဘဝေဝါဟံ ဘယံ ဒိတွာ၊ ဘဝဉ္စ ဝိဘဝေသိနံ။
ဘဝံ နာဘိဝဒိ ကိဉ္စိ၊ နန္ဒိ စ န ဥပါဒါယိ။
ဆိုတဲ့ ဂါထာကို မြတ်စွာဘုရားကိုယ်တိုင် ရွတ်ပြီးနေတာ၊ အသံတော့ ကြားရတယ်၊ ဘုရားကို ရှာလို့မရခဲ့ဘူး၊ ဗကဗြဟ္မာကြီး အရှုံးပေးခဲ့ရတယ်။

အဲဒီဂါထာကို တန္တရ မန္တရ ဝါသနာပါသူတွေက ကိုယ်ပျောက်ဂါထာဆိုပြီး ဥုံခံ ရွတ်နေကြလေရဲ့နော်။ ဒါဟာ မြတ်စွာဘုရားရဲ့ တန်ခိုးတော်တွေထဲမှာ အဏိမာ ဆိုတဲ့ သေးသေးလေး ဖန်ဆင်းလို့ရတဲ့ အစွမ်းတန်ခိုးပဲ။ ကဲ-ကြီးချင်သပ ဆိုရင်လည်း အစွန်းအစ ရှာမတွေ့လောက်အောင် ကြီးအောင်လုပ်လို့ရတယ်။ ဒါကို မဟိမာ လို့ခေါ်တယ်။ ကြီးချင်ရင်လည်း အများကြီး ကြီးလို့ ရတယ်။

နောက် လဃိမာ ခန္ဓာကိုယ်ကြီး ပေါ့ပါးသွားအောင် လုပ်လို့လည်းရတယ်။ အဲဒီလို အရည်အချင်းတွေနဲ့ ပြည့်စုံလို့ မြတ်စွာဘုရားကို ဘဂဝါလို့ခေါ်တာ။

[၂၄၈] ဓမ္မ ဘုန်းတော်

နောက်တစ်ခု ဓမ္မ-လောကုတ္တရာတရား၊ နောက် ယသ- ဂုဏ်သတင်း။ တခြားပုဂ္ဂိုလ်တွေ ဘယ်လောက်ပဲ ကျော်တယ် ပြောပြော မသိတဲ့သူတွေ အများကြီးနော်၊ တချို့ကပြောတယ်၊ ‘နိုင်ငံကျော်’ နိုင်ငံတင်မကပါဘူး၊ ‘ကမ္ဘာကျော်’ သိတဲ့သူက နည်းနည်းပဲ၊ ကမ္ဘာကျော်တာ သူ့ဟာသူကျော်နေတာ၊ မသိတဲ့သူတွေ အများကြီးရှိတယ်နော်။

ယသ ဘုန်းတော်

မြတ်စွာဘုရားကတော့ လောကတ္တယ ဗျာပကော- ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံလို့ဆိုတဲ့ လောက(သို့မဟုတ်) လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံဆိုတဲ့ လောက၊ အဲဒီ လောကသုံးမျိုးလုံးမှာ ပျံ့နှံ့ပြီး ယထာဘုစ္စဂုဏာဓိဂတော- မမှန်မကန် ကျော်ကြားတာမဟုတ်ဘူး၊ စစ်မှန်သော ဂုဏ်အရည်အချင်းကြောင့် ရရှိသော ကျော်ကြားမှုသာဖြစ်တယ်။ အတိဝိယ ပရိသုဒ္ဓေါ ယသော တဲ့၊ လုံးဝသန့်စင်တဲ့ ဂုဏ်သတင်းလို့ ဒီလိုဆိုလိုတယ်။

သိရီ ဘုန်းတော်

နောက်တစ်ခုက သိရီ- ကျက်သရေတဲ့။ ကျက်သရေရှိတာနဲ့ ပတ်သက်ပြီး ရူပကာယ ဒဿန ဗျာဝဋဇန နယနပသာဒ ဇနန သမတ္ထာ ဆိုတဲ့ အလှအပကိုကြည့်ဖို့ [၂၄၉] အားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေအတွက် စိတ်တိုင်းကျ လှတဲ့အလှ မြတ်စွာဘုရားမှာသာ ရှိတယ်လို့ ဒီလိုဆိုတယ်နော်။ ရူပကာယ- မြတ်စွာဘုရားရဲ့ ရုပ်အဆင်းဟာ ဘယ်နေရာက ကြည့်ကြည့် ဘယ်ဟာကိုပဲကြည့်ကြည့်၊ လက်ချောင်း ကြည့်မလား၊ မျက်နှာကြည့်မလား၊ နှာခေါင်းကြည့်မလားပဲ။ အသေးစိတ် ဘယ်ဟာကိုပဲကြည့်ကြည့် လောကလူတွေ အလှအပရှာကြည့်ဖို့ ကြိုးစားတဲ့ပုဂ္ဂိုလ်တွေရဲ့ မျက်စိပသာဒကို ဖြစ်ပွားစေနိုင်တယ်တဲ့။ မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အားလုံးဟာ ပြည့်ပြည့်စုံစုံ ကျက်သရေရှိလို့ သိရီ ဘုန်းတော်ကိုရလို့ ဘဂဝါ ခေါ်တာတဲ့။

ကာမ ဘုန်းတော်

နောက်တစ်ခု ကာမ- လိုအင်ဆန္ဒ။ မြတ်စွာဘုရားဟာ လိုအင်ဆန္ဒမှန်သမျှ ကိုယ့်အကျိုးစီးပွား လုပ်ချင်သလား၊ သူများအကျိုးစီးပွား လုပ်ချင်တာလား။ ဘယ်အရာကိုပဲ လုပ်ချင်လုပ်ချင် အောင်မြင်မှုတွေ အများကြီးရတယ်လို့ ဒီလို ဆိုတယ်။

ဘယ်ကိစ္စဖြစ်ဖြစ် အတ္တဟိတမှာ မအောင်မြင်ဘူး၊ အရှုံးပေးလိုက်ရတယ်၊ ပရဟိတကိစ္စမှာ မအောင်မြင်လိုက်ဘူးလို့ ဆိုတာမျိုး တစ်ခုမှမရှိဘူး။ မြတ်စွာဘုရားဟာ လုပ်သင့်လုပ်ထိုက်တာ လုပ်လိုက်တာ မှန်သမျှဟာ အားလုံးအကျိုး [၂၅၀] ပြီးစီးအောင် လုပ်နိုင်တာ။ လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံတယ်။ ဒါကြောင့် ဘဂဝါ လို့ ကျော်ကြားတယ်။

ပယတ္တ ဘုန်းတော်

နောက်တစ်ခု ပယတ္တ တဲ့။ သဗ္ဗလောက ဂရုဘာဝ ပတ္တိ ဟေတု ဘူတော- တစ်လောကလုံးက လေးစားလောက်တဲ့၊ သမ္မာဝါယာမ သင်္ခါတော ပယတ္တော- မှန်ကန်စွာ ကြိုးစားမှု ဆိုတဲ့ ပယတ္တ ဟု ဘုန်းစွမ်းတစ်မျိုးပဲ။ မှန်မှန်ကန်ကန် ကြိုးစားတဲ့နေရာမှာ မြတ်စွာဘုရားလောက် လုံ့လဝီရိယ ကောင်းတဲ့ပုဂ္ဂိုလ် လောကမှာမရှိဘူး။

ဘာသာရေး ခေါင်းဆောင်တွေထဲမယ် မြတ်စွာဘုရားဟာ ကမ္ဘာမှာ အလုပ်လုပ်ဆုံးလို့ ပြောရမယ်နော်။ မြတ်စွာဘုရားဟာ နေ့မှာလည်း တစ်နေကုန် အလုပ်လုပ်တယ်။ ပြောမယ်ဆိုရင် နံနက်ပိုင်း နေ့လယ်ပိုင်း နှစ်ချိန်၊ ညပိုင်း ရောက်တဲ့အခါ ပထမယာမ်-လူတွေ၊ ရဟန်းတွေ တရားဟောတယ်။ မဇ္ဈိမယာမ်ရောက်တော့ နတ်တွေ၊ ဗြဟ္မာတွေ တရားဟောတယ်။ ပစ္ဆိမယာမ်မှာ နားနေ အိပ်စက်တဲ့အချိန်က တစ်နာရီတောင် မပြည့်ဘူး။

မနက်ကျတော့လည်း အစောကြီးထပြီး သတ္တဝါတွေကို ကြည့်တယ်။ ကြည့်ပြီးတော့ ဘယ်သတ္တဝါဟာ ဘယ်အခြေအနေရှိတယ်၊ ဘယ်သူ့ကို နားလည်အောင်ပြောရမယ် [၂၅၁] ဆိုတာတွေ လောကကို မနက်အချိန်မှာတစ်ကြိမ်ကြည့်တယ်၊ ညနေမှာတစ်ကြိမ်ကြည့်တယ်။ တစ်နေ့ကို နှစ်ကြိမ် နှစ်ကြိမ် ပုံမှန်အလုပ်လုပ်ပြီးတော့ကြည့်တယ်။ ဘုရားမှာ နားတဲ့ အားတဲ့ အချိန် မရှိဘူးတဲ့။ အလုပ်လုပ်ဆုံးပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားသာ ဖြစ်တယ်ပေါ့။ ဒါကြောင့်မို့လို့ အများလေးစားလောက်အောင် အလုပ်ကြိုးစားခဲ့တဲ့ လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ ကလည်း ဘဂဝါဆိုတဲ့ ဂုဏ်ကို ထိုက်တန်တယ်လို့ ဒီလိုပြောတာနော်။
“သော ဘဂဝါ- ဘုန်းတော်ကြီးမား ထိုရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ- ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ အခြား ဘုန်းတော်ခြောက်ပါးနှင့် ထူးခြားကုံလုံပြည့်စုံပေတတ် ဤအကြောင်း သက္ကဒ္ဓကြောင့်လည်း၊ ဘဂဝါ- ဘဂဝါဟု ပြိုင်သူမပေါ် မြတ်ဉာဏ်တော်ဖြင့် ထင်ပေါ်မသွေ ကျော်ကြားတော်မူပါပေသတည်း”

ဝိဘတ္တဝါ ဘဂဝါ

ကဲ-ကောင်းပြီ၊ နောက်တစ်ခု ပြောမှာက ဝိဘတ္တဝါ ဆိုတဲ့ အဓိပ္ပာယ်နဲ့ပြောတယ်။ တရားဓမ္မတွေကို ဟောပြောတဲ့အခါ အသေးစိတ် ဝေဖန်ခွဲခြားဟောပြောတယ်၊ လုံးပြီးတော့ မဟောဘူး။ အသေးစိတ် ဝေဖန်ခွဲခြမ်းတယ် ဆိုတာကို သိချင်ရင် အဘိဓမ္မာ(၇)ကျမ်းကို လေ့လာကြည့်၊ မြတ်စွာဘုရားရဲ့ Analysis လုပ်တာ ဘယ်လောက်သေချာတယ်ဆိုတာ ခန့်မှန်းလို့ရတယ်။

[၂၅၂] လောကလူတွေက “ရေ”ကို $H_2O$ လို့ သုံးမျိုးပဲခွဲတယ်။ မြတ်စွာဘုရားက “ရေ”ဆိုတဲ့အထဲမှာ ရှစ်မျိုးခွဲပြထားတယ်။ အဲဒီတော့ ဘုရားလောက် အသေးစိတ်တာ လောကမှာ မရှိဘူး။ အားလုံး အသေးစိတ် ခွဲခြားဟောပြောနိုင်တာ ဖြစ်သောကြောင့်လည်း ဝိဘတ္တဝါအရ “ဘဂဝါ” ခေါ်ပါတယ်။

ဒီလို အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့အပြင် ကိုယ်သိတဲ့ တရားတွေကို အသုံးချသလား။ တချို့ကျတော့ ကိုယ်သိတဲ့ တရားတွေ အသုံးချချင်မှချတာကိုး။ လောကမှာ ပစ္စည်းရှိတိုင်း ကိုယ်သုံးတာမှ မဟုတ်တာ။ မြတ်စွာဘုရားက နေ့စဉ်နဲ့အမျှ ဗြဟ္မာဝိဟာရတရားတွေ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ နောက် ဈာန်တရားတွေ၊ သမာပတ်တရားတွေ နေ့စဉ်နဲ့အမျှ အသုံးချတယ်။ ဘုရားဟာ ဘယ်လောက်ထိအောင် သမာပတ်ကို အသုံးချသလဲလို့ဆိုရင် သတ္တဝါတွေကို တရားဟောတဲ့အချိန် သတ္တဝါတွေက ဝမ်းမြောက်ဝမ်းသာ သာဓု သာဓု ခေါ်နေတဲ့ အချိန်လေးမှာတောင်မှပဲ သမာပတ် ဝင်စားလိုက်တယ်တဲ့။ စက္ကန့်ပိုင်းအချိန်ကိုတောင် အအားမပေးဘဲ ကိုယ်ရထားတဲ့ တရားထူးကို အသုံးချတာဖြစ်သောကြောင့် မြတ်စွာဘုရားကို “ဘဂဝါ” လို့ခေါ်တယ်။

[၂၅၃] ဘဝေသု ဝန္တဂမနော ဘဂဝါ

ဟော- နောက်ဆုံးတစ်ခု ဘဝေသု ဝန္တဂမနော တဲ့။ ဘုန်းကြီးတို့တတွေ တစ်ဘဝကနေ တစ်ဘဝ ဘဝခရီးကို လျှောက်လှမ်းနေရတာဟာ ဘယ်သူ့ကြောင့်လဲ မေးလို့ရှိရင် အဖြေက “တဏှာ” ကြောင့်။ တွယ်တာမှုဆိုတဲ့ ဒီတဏှာ စွမ်းအားနဲ့ တဏှာဦးဆောင်ပြီး ကံတရားတွေကို ဖန်တီးတယ်၊ အဝိဇ္ဇာက အမှန်တရားကိုမသိအောင် ကာကွယ်ပေးထားတယ်။ တဏှာက ရှေ့ဆောင် ရှေ့ရွက်လုပ်တယ်။ ကံတရားတွေက မျိုးစေ့ချပေးတယ်။ ဒါကြောင့်မို့ ဒီဘဝက ပျောက်သွားလိုက် ဟိုဘဝက ပေါ်လာလိုက်၊ ဒီ မဆုံးနိုင်အောင် ဘဝခရီးကြီးကို လျှောက်လှမ်းနေကြရတယ်။ မြတ်စွာဘုရားက အဲဒီ မဆုံးနိုင်တဲ့ ဘဝခရီးကြီးကို ဆောင်ကြဉ်းနေတဲ့ တဏှာဆိုတဲ့ ရှေ့ဆောင်ကို ဖယ်ရှားပစ်လိုက်ပြီ။ အဲဒီတဏှာဆိုတဲ့ ရှေ့ဆောင်ကို အံထုတ်ပစ်လိုက်ပြီ။ ဒီအဓိပ္ပာယ်နဲ့ ဘဂဝါ။ ဘဝေသု ဝန္တဂမနော- ဘဝရှေ့ဆောင် တဏှာကို ထွေးထုတ်ပြီး ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ မြတ်စွာဘုရားကို ဘဂဝါခေါ်တာ ဖြစ်တယ်။

အေး-ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ မြတ်ဗုဒ္ဓရဲ့ ဘဂဝါဂုဏ်တော် ဆိုသည်မှာ အင်မတန်မှလေးနက်တဲ့၊ ပြီးပြည့်စုံတဲ့ ဒီလို အရည်အချင်းတွေကို ရည်ညွှန်းပြီးတော့ ခေါ်တာဖြစ်တယ်။

[၂၅၄] နံပါတ်(၁) မြတ်စွာဘုရားကို ဘဂဝါ ခေါ်တာဟာ ပါရမီတွေ အပြည့်အဝ ကျင့်သုံးပြီး ဖြစ်သောကြောင့်လည်း ဘဂဝါ လို့ ခေါ်တယ်နော်။
နံပါတ်(၂) ဘာကြောင့် ဘဂဝါ ခေါ်တုန်းဆိုတော့ အဆိုးတရားတွေအားလုံးကို ဖယ်ရှားချိုးနှိမ်ပြီး ဖြစ်သောကြောင့်လည်း ဘဂဝါလို့ခေါ်တယ်။
နံပါတ်(၃) အင်မတန်မှ စွမ်းရည်ပြည့်ဝတဲ့ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တဆိုတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသောကြောင့်လည်း ဘဂဝါလို့ခေါ်တယ်နော်။
နံပါတ်(၄) တရားဓမ္မတွေကို ပြည့်ပြည့်ဝဝနဲ့ ခွဲခြားစိတ်ဖြာပြီး ဟောကြားတတ်သောကြောင့်လည်း ဘဂဝါ ခေါ်တယ်။
နံပါတ်(၅) မိမိရရှိထားတဲ့ တရားဓမ္မတွေကို အမြဲတမ်း အသုံးပြုနေတဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဘဂဝါလို့ခေါ်တယ်။
နံပါတ်(၆) ဘဝကို ရှေ့ဆောင်ရှေ့ရွက်လုပ်နေတဲ့ တဏှာဆိုတဲ့ အဆိုးတရားကို ဖယ်ရှားထွေးအံပြီး ဖြစ်သောကြောင့် ဘဂဝါခေါ်တယ်လို့ ဒီလို စာပေကျမ်းဂန်မှာ ဘဂဝါ အဓိပ္ပာယ်တွေကို ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ ဗုဒ္ဓမြတ်စွာရဲ့ ဘဂဝါ ဂုဏ်တော်တွေကို အာရုံပြုပြီး တို့ကိုးကွယ်တဲ့ မြတ်စွာဘုရားဆိုတာ သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။ ဒီလို အရည် [၂၅၅] အချင်းတွေရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ဆိုတာကို သိရှိနားလည်ပြီး သဒ္ဓါတရား ဖြစ်ပွားကြတယ်၊ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို မိမိတို့ရဲ့ ရင်ထဲ နှလုံးသားထဲရောက်အောင် ကျင့်ဆောင်ခြင်းအားဖြင့် မိမိတို့ဘဝမှာလည်းပဲ လေးစားဖွယ် အရည်အချင်းတွေ ရရှိအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု
သာဓု
သာဓု

3spqzrv5f2fxq2z0nxs7g1134mnjx5x
22348
22347
2026-11-05T18:25:02Z
Tejinda
173
22348
wikitext
text/x-wiki
{{header
| title = မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မြတ်ဗုဒ္ဓသာသနာနှင့် သီတင်းကျွတ် လပြည့်နေ့ အမှတ်တရများ]]
| previous2 = [[မုန်းတုံ့ကို ဖြေ နှင့် အခြား]]
| next = [[မြတ်ဗုဒ္ဓ၏ကျေးဇူး အထူးပေးဆပ်ခဲ့သူ]]

roslmzknf73dxdjexbt00fo211hdz35
မြတ်ဗုဒ္ဓ၏ကျေးဇူး အထူးပေးဆပ်ခဲ့သူ
0
6478
22349
2026-11-05T18:26:18Z
Tejinda
173
"{{header | title = မြတ်ဗုဒ္ဓ၏ကျေးဇူး အထူးပေးဆပ်ခဲ့သူ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | p..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22349
wikitext
text/x-wiki
{{header
| title = မြတ်ဗုဒ္ဓ၏ကျေးဇူး အထူးပေးဆပ်ခဲ့သူ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး]]
| previous2 = [[မြတ်ဗုဒ္ဓသာသနာနှင့် သီတင်းကျွတ် လပြည့်နေ့ အမှတ်တရများ]]
| next = [[မွေးနေ့လက်ဆောင်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မြတ်ဗုဒ္ဓ၏ကျေးဇူး အထူးပေးဆပ်ခဲ့သူ

[၁] မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၉)ရက်။ ၂ဝ၁၁ ခုနှစ်၊ ဧပြီလ (၂၇)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သဒ္ဒမ္မပဇ္ဇောတာရုံကျောင်းတိုက်ကြီးနှင့် ကျောင်းတိုက်ခွဲ(၈)တိုက်တို့၏ အဓိပတိ မဟာနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသ ဆရာတော်ဘုရားကြီး၏ သက်တော် (၈၀) ပြည့် ပတ္တမြားရတု ဝိဇာတမင်္ဂလာ ပူဇော်သည့် အခမ်းအနား ဓမ္မသဘင်၌ ထို ဆရာတော်ဘုရားကြီး သီတင်းသုံးရာ မုံရွာမြို့ သဒ္ဓမ္မပဇ္ဇောတာရုံ ကျောင်းတိုက်ကြီး၏ ဓမ္မာရုံကြီးအတွင်းဝယ် ဟောကြားအပ်သော “မြတ်ဗုဒ္ဓ၏ကျေးဇူး အထူးပေးဆပ်ခဲ့သူ” အကြောင်း တရားတော်။

မြတ်ဗုဒ္ဓ၏ ကျေးဇူးဆိုတာ ဘာလဲ။ မြတ်ဗုဒ္ဓ၏ ကျေးဇူးကို အထူးပေးဆပ်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ဘယ် ပုဂ္ဂိုလ်လဲ။ ဘုန်းကြီးတို့တတွေ သိရှိနားလည်ပြီးတော့ မိမိတို့ရဲ့အပေါ်မှာရော မြတ်ဗုဒ္ဓရဲ့ကျေးဇူးတရားတွေ [၂] ရှိနေသလား။ ရှိနေလို့ရှိရင် တို့တတွေရော ကျေးဇူး ဘယ်လိုဆပ်ကြမလဲ။

အကောင်းဆုံးကျေးဇူးပေးဆပ်သွားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးရဲ့ စံနမူနာကို ယူပြီးတော့ ဒီကနေ့ ဗုဒ္ဓမြတ်စွာရဲ့သာသနာကို ကြည်ညိုမှီခိုအားထားနေကြတဲ့ ရဟန်း ရှင်လူပြည်သူအများဟာ ဗုဒ္ဓရဲ့ ကျေးဇူးတရားကို အကောင်းဆုံး ကျေးဇူးဆပ်နည်းနဲ့ ဆပ်တတ်အောင် မှတ်သားနာယူဖို့ပါ။

မြတ်ဗုဒ္ဓရဲ့ကျေးဇူးတရားဆိုတာ အထူးပြောစရာ မလိုဘူး။ လောကမှာ ကျေးဇူးတင်တတ်လို့ရှိရင် သစ်ပင်လေးတစ်ပင်အောက် ဝင်ပြီးတော့ အရိပ်နားခိုရင်တောင်မှပဲ ထိုမိမိနားခိုရတဲ့ အခိုက်အတန့်လေးဟာ အပူအပင်တွေ ငြိမ်းပြီးတော့ အပန်းအနွမ်းတွေ ပြေသွားတဲ့အတွက်ကြောင့် ဒီသစ်ပင်လေးရဲ့ ကျေးဇူးတရားဆိုတာ သိရှိနားလည်နိုင်တယ်ပေါ့။ ဒါကြောင့်မို့ ရှေးသူတော်စင်တွေက သစ်ပင်ရိပ်ကို ခိုမိလို့ရှိရင် အရိပ်နေနေ အခက်ချိုးချိုး မလုပ်ရဘူး၊ ကျေးဇူးတရား [၃] ကို သိရတယ်လို့ ဒီလိုဆုံးမခဲ့ကြတယ်။ မြန်မာနိုင်ငံမှာလည်းပဲ မိမိအပေါ်မှာ ကျေးဇူးရှိခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ တစ်လုပ်ကျွေးဖူး သူ့ကျေးဇူး စသည်ဖြင့် ကျေးဇူးတရားတွေကို ထုတ်ဖော်ပြီးတော့ ပြောကြားလေ့ရှိကြတယ်ပေါ့။ လောကလူတွေဟာလည်းပဲ တစ်ဦးတစ်ယောက်က မိမိကို ကူညီလုပ်ဆောင်မယ် ဆိုလို့ရှိရင် ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ် ပြောလေ့ရှိကြတယ်။ တစ်ကယ်ကျေးဇူးတင်သလား၊ မတင်ဘူးလားဆိုတာ အနှစ်သာရ အပိုင်းကတော့ မတူညီတတ်ဘူး။ သို့သော် ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခုဟာ ယဉ်ကျေးမှု တစ်ခုအနေနဲ့ သုံးလာတဲ့စကားတစ်ခုဖြစ်ပြီးတော့ တစ်ခါတစ်ရံကျတော့ နှုတ်က ကျေးဇူးတင်တယ် ပြောပေမယ့်လို့ ရင်ထဲနှလုံးထဲက ကျေးဇူးတင်တာမျိုး မဟုတ်ဘဲ ဖြစ်တတ်တယ်ပေါ့။ အဲဒီလို ကျေးဇူးတင်တာကို နှုတ်ကသာပြောပြီးတော့ ရင်ထဲနှလုံးထဲက မပါလို့ရှိရင် နှုတ်ကပဲ အကူအညီပေးမယ့်စကား [၄] ပြောပြီး တကယ်လက်မပါတဲ့ မိတ်ဆွေကို ဝစီပရမ မိတ်ဆွေလို့ ခေါ်သလိုပဲ ဖြစ်မှာပဲ။ ရထားပေ နှုတ်နဲ့ပဲဧည့်ခံတယ်၊ တကယ်လက်တွေ့ မပါဘူး၊ အဲဒီလိုပုဂ္ဂိုလ်မျိုးကို မိတ်ဆွေတုလို့ ဒီလိုသတ်မှတ်ကြတယ်ပေါ့။ အဲဒီလိုမျိုးပဲ ကျေးဇူးတင်တယ်ဆိုတဲ့ အခါမှာ နှုတ်က ပြောတဲ့အတိုင်း ရင်ထဲကလည်း တကယ်ကျေးဇူးတင်ပြီး ဆပ်ဖို့ကြုံလာလို့ရှိရင် ဆပ်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ အဲဒီတော့ မြတ်စွာဘုရားရဲ့ ကျေးဇူးဆိုတာ ဘာလဲ? သေချာ စဉ်းစားကြည့်လိုက်၊ ဘုန်းကြီးတို့တတွေ ဘုရားသာသနာနဲ့ မကြုံရဘူး၊ ဘုရားဟောခဲ့တဲ့ တရားတွေကို မနာရဘူး ဆိုလို့ရှိရင် အသိဉာဏ်အနေနဲ့ စဉ်းစားကြည့် “ဒါက အပြစ်ရှိသလား ဒါက အပြစ်မရှိဘူးလား၊ ဒါက ကုသိုလ်လား ဒါက အကုသိုလ်လား၊ ဒါက လုပ်ထိုက်သလား ဒါက မလုပ်ထိုက်ဘူးလား” ဆိုတာကို ကွဲကွဲပြားပြားသိဖို့ အင်မတန်မှ ခဲယဉ်းတယ်။ တရားနာရလို့သာ လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ အပြစ်ရှိတာနဲ့ အပြစ်မရှိတာ၊ [၅] ကုသိုလ်နဲ့အကုသိုလ်၊ ဒီကွဲပြားခြားနားမှုကို သိနေကြရတာ။ ဒီကနေ့ မိမိတို့သိနေတဲ့ အသိဉာဏ်ရတာ မြတ်စွာဘုရားရဲ့ကျေးဇူးပဲပေါ့။

ဒါတင်မကဘူး၊ ဒါက အခြေခံအားဖြင့်ပြောတာ ဒီ့ထက်ကျေးဇူးကြီးတာဘာလဲဆိုရင် ဘုန်းကြီးတို့တတွေ မဆုံးနိုင်တဲ့ သံသရာခရီးကြီးကို လျှောက်တယ်၊ ထိုသံသရာကြီးဆိုတာ ဘယ်ကစလာမှန်းမသိအောင် ရှည်ကြာခဲ့တယ်။ “အနမတဂ္ဂ” လို့ခေါ်တဲ့ အစရှာလို့ မသိနိုင်တဲ့ သံသရာခရီးကြီးထဲမှာ လျှောက်လှမ်းလာရသော်လည်းပဲ ထိုသံသရာကနေ ထွက်ပေါက်ဆိုတာ ဘယ်နည်းနဲ့မှ မတွေ့နိုင်ဘူး။ အဲဒီထွက်ပေါက်ကို ဖော်ထုတ်ပေးတဲ့ ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားပဲပေါ့။ သံသရာကြီးထဲက လွတ်မြောက်ချင်လို့ရှိရင် ဒီလမ်းက သွားဆိုပြီးတော့ လမ်းညွှန်တဲ့ပုဂ္ဂိုလ်ဟာ ဘုရားတစ်ဆူပဲ ရှိတယ်။

ကျန်တဲ့ပုဂ္ဂိုလ်တွေက လမ်းမညွှန်ဘူးလား၊ မြတ်စွာဘုရား လက်ထက်တုန်းက လမ်းညွှန်ခဲ့တာတွေ [၆] အများကြီးပဲ၊ အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင် လွတ်မြောက်မှု ဆိုတဲ့ မောက်ခ်ရှ ဆိုတဲ့လွတ်မြောက်မှုနဲ့ ပတ်သက်ပြီးတော့ နည်းအမျိုးမျိုး ဖော်ပြပြီးတော့ ဟောပြောနေကြတဲ့ ဘာသာရေးဂိုဏ်းတွေရှိတာပေါ့၊ အဲဒီဘာသာရေးဂိုဏ်းတွေရဲ့ လမ်းစဉ်အတိုင်းလိုက်နာလို့ရှိရင် တကယ့် ထွက်ပေါက်ရသလားဆိုတော့ မရကြဘူး။ ထွက်ပေါက် ထင်ပြီး သွားရောက်တဲ့အခါမှာ ဆင်းရဲဒုက္ခတွေနဲ့ပဲ ကြုံကြရတယ်၊ တကယ့်ထွက်ပေါက်မဟုတ်ဘူး။ မြတ်စွာဘုရားကျတော့ အဲဒီလိုမဟုတ်ဘူး၊ သံသရာဝဋ်က ထွက်နိုင်တဲ့ တကယ့်ထွက်ပေါက်ဆိုတာကို ပေးထားတယ်။ ထွက်ပေါက်ဆိုတာဘာလဲဆိုရင် နိဗ္ဗာန်။

အေး- အဲဒီထွက်ပေါက်ကို သွားဖို့လမ်းကြောင်းကိုလည်း မြတ်စွာဘုရားက တိတိကျကျ ထုတ်ဖော်ဟောကြားပေးထားတယ်။ ဒါက မဂ္ဂင်ရှစ်ပါး၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် ထိုထွက်ပေါက်ကို ရောက်ကို ရောက်ကြရမယ်။

[၇] အင်မတန်ကြီးမားတဲ့ အဆောက်အဦတွေမှာဆိုရင် (Emergency Exit) ဆိုတာ ထည့်ထားကြရတယ်ပေါ့။ ထွက်ပေါက်မရှိလို့ရှိရင် အရေးကြုံလာလို့ရှိရင် ထွက်ဖို့ခက်တယ်ပေါ့။ သံသရာခရီးကြီးမှာလဲပဲ သံသရာဆိုတာ အင်မတန်ကျယ်ပြီး အင်မတန်ကြီးတဲ့ ဒီအထဲမှာ တဝဲလည်လည်နဲ့ ထွက်ပေါက်ရှာမရနိုင်ဘူး။ ၃၁-ဘုံထဲမှာ ဘုန်ကြီးတို့တတွေဟာ လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရစ္ဆာန်ဖြစ်လိုက် ငရဲရောက်လိုက်နဲ့ စုန်ချီဆန်ချီနော်။ တကယ့်ကို (အနာဂါမ်တွေသာရောက်နိုင်တဲ့ သုဒ္ဓါဝါသ ငါးဘုံကလွဲရင်) ကျန်တဲ့ဘုံတွေမှာ ဘုန်းကြီးတို့တတွေဟာ စုန်ချီဆန်ချီနဲ့ လည်နေကြရတာ။ ဗြဟ္မာဖြစ်တော့ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုတ်ရှုတ် ဆိုတာလို ခေါင်းအမျိုးမျိုး ပြောင်းပြီးတော့ သံသရာထဲမှာ လည်နေကြရတယ်။ ထွက်ချင်လို့ ထွက်ပေါက်လိုက်ရှာရင် လည်း ထွက်ပေါက်တွေ့တာမဟုတ်ဘူးတဲ့၊ ထွက်ပေါက် မရနိုင်ဘူး၊ ထွက်ပေါက်ထင်ပြီး တိုးရင်လည်း တဝဲလည်လည်နဲ့ သံသရာထဲကို ရောက်သွားကြတယ်။

[၈] ဘာနဲ့ ဥပမာတူတုန်းဆိုတော့ ဝင်္ကပါခရီးနဲ့ တူတယ်။ ဝင်္ကပါထဲ လှည့်လို့ရှိရင် ထွက်ပေါက်လို့ ထင်ပြီးတော့သွားရင် ပိတ်နေတာတွေနဲ့ချည်း ဆုံတယ်ပေါ့။ သံသရာထဲပဲ ပြန်ရောက်နေကြတယ်။ အေး- ဒါကြောင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း ဖြစ်တဲ့ လမ်းကိုလည်း ထုတ်ဖော်ပေးတယ်။ သံသရာဝဋ်ဆင်းရဲက ထွက်ပေါက်ဖြစ်တဲ့ နိဿရဏ နိဗ္ဗာန်ဆိုတဲ့တရားကိုလည်း ဟောကြားပေးထားတယ်။

ထို ဟောကြားပေးထားတဲ့ နိဿရဏ ဆိုတဲ့ ထွက်ပေါက်က တကယ့်ထွက်ပေါက်၊ ဒီမဂ္ဂင်လမ်းကြောင်း လျှောက်သွားလို့ရှိရင် တို့ တကယ့်ထွက်ပေါက်ကို ရပြီး၊ တကယ်ဒုက္ခတွေအေးငြိမ်းပြီး သံသရာထဲက လွတ်မြောက်သွားကြတဲ့ပုဂ္ဂိုလ်တွေ အများကြီးပဲ၊ အဲဒီ ထွက်ပေါက်ကို မြတ်စွာဘုရားက ဘုရားအဖြစ်သို့ ရောက်ပြီး နှစ်လလွန်တဲ့အခါမှာ ဗာရာဏသီပြည်အနီးက ဣသိပတန လို့ခေါ်တဲ့ ဘေးမဲ့တောကြီးမှာ ဓမ္မစကြာတရားကိုဟောခြင်းဖြင့် ထွက်ပေါက်ကိုရှာပေး [၉] ခဲ့တယ်။ မြတ်စွာဘုရားမပွင့်မီက သံသရာဝဋ်ကလွတ်ဖို့ ကြိုးစားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုဂ္ဂိုလ်မှ မလွတ်မြောက်နိုင်ကြဘူး။ မြတ်စွာဘုရားအလောင်းကို သမထကျင့်စဉ်တွေ ဟောပြောပေးတဲ့ အာဠာရကာလာမတို့ ဥဒကရာမပုတ္တတို့ဆိုတာ ထွက်ပေါက် မရရှာကြဘူး။ မရဘဲနဲ့ ဘယ်ရောက်သွားကြတုန်း၊ အာဠာရကာလာမ ဆိုတာ ၃၁-ဘုံထဲမှာ အပါအဝင်ဖြစ်တဲ့ အာကိဉ္စညာယတနဘုံ (ရုပ်မရှိ နာမ်ချည်းသာရှိတဲ့ဘုံ) မှာ ကမ္ဘာပေါင်း မြောက်များစွာ သက်တမ်းရှည်ကြာပြီး သက်တမ်းကုန်တာနဲ့ တပြိုင်နက် သံသရာ ပြန်လည်လာဦးမှာပဲ။ သူကြိုးစားတုန်းကတော့ ထွက်ပေါက်လို့ထင်ပြီးတော့ သွားတာ၊ ထွက်ပေါက်မဟုတ်သေးဘူး။

ထို့အတူပဲ ရာမ ဆရာကြီးက နေဝသညာနာသညာယတန ဆိုတဲ့ ကျင့်စဉ်ကြီးကို ကျင့်ပြီးတော့ သံသရာကနေ ထွက်ပေါက်လို့ ယူဆပြီး ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့တယ်။ သူ့တပည့်ဖြစ်တဲ့ ဥဒက [၁၀] တို့ကိုလည်း ဒီလမ်းစဉ်ကို ညွှန်ကြားခဲ့တယ်။ ဘုရားအလောင်းဟာလည်းပဲ ရာမရဲ့လမ်းကြောင်းအတိုင်း လျှောက်လှမ်းကြည့်ခဲ့တယ်၊ နောက်ဆုံးမှာ (၃၁)ဘုံထဲမှာ ဘဝဂ္ဂ လို့ခေါ်တဲ့ အမြင့်ဆုံးထိပ်ဖျားဘုံလို့ ခေါ်တဲ့ နေဝသညာနာသညာယတနဘုံ ရောက်သွားပြီး နောက်တစ်နေ့ကျတော့ အောက်ပြန်ကျလာဦးမှာပဲ၊ အဲဒီတော့ ထွက်ပေါက်ရမသွားဘူးလို့ ဒီလိုဆိုတယ်နော်။

ဒီလောက်ကြိုးစားတဲ့ ပုဂ္ဂိုလ်တွေတောင် ထွက်ပေါက် ရမသွားဘူး။ သံသရာဝဋ်က ထွက်ပေါက်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ ဒီကျင့်စဉ်ကိုကျင့်မယ်ဆိုရင် သံသရာဝဋ်ကထွက်နိုင်တဲ့ ထွက်ပေါက်ကိုရမယ်လို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ဟောထားတယ်။ အဲဒီအတိုင်း ရှင်ကောဏ္ဍညကစပြီးတော့ မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေဟာ ပြီးပြည့်စုံတဲ့ ထွက်ပေါက်ကို ရရှိသွားကြတယ်။ ဒီကနေ့ထိအောင် မြတ်စွာဘုရား ညွှန်ကြားထားတဲ့ လမ်းကြောင်းကြီးဟာ ရှိနေတုန်းပဲ။

[၁၁] ဘုန်းကြီးတို့တတွေ ဒီလမ်းကြောင်းက လျှောက်လှမ်းနေမယ်ဆိုရင်တော့ အနှေးနဲ့အမြန် ရောက်သွားကြမှာပဲ။ ဒီဘဝ မရောက်လို့ရှိရင် ဒုတိယဘဝမှာ ရောက်နိုင်တယ်။ မြတ်စွာဘုရားကိုယ်တိုင်က သံယုတ်ပါဠိတော်မှာ ဟောထားတာရှိတယ်။ ချမှတ်ထားတဲ့ လမ်းစဉ်တစ်ခုကို ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုလို့ရှိရင် ဒီဘဝမှာတင်ပဲ မဂ်ဖိုလ်နိဗ္ဗာန်ကိုရမယ်နော်။ နေ့စဉ်နဲ့အမျှ ဝိပဿနာကျင့်စဉ်တစ်ခု ကျင့်ကြံကြိုးကုတ် အားထုတ်နေလို့ရှိရင် သေခါနီး နောက်ဆုံးအချိန်မှာ မဂ်ဖိုလ်နိဗ္ဗာန်ရနိုင်တယ်။ သေခါနီးအချိန်ဆိုတာ လူတွေဟာ အားလုံးကိုစွန့်လွှတ်ပြီး ကြိုးစားတဲ့အချိန်ပဲ။ အဲဒီပုဂ္ဂိုလ်ဟာ သေခါနီးအချိန်မှာ ရသွားနိုင်တယ်။ အကယ်၍ သေခါနီးမှာမရဘူး ဆိုလို့ရှိရင် ဒုတိယဘဝမှာ ချမ်းသာသုခရှိတဲ့ နတ်ဘုံတစ်ဘုံ ရောက်လို့ရှိရင် ဒီလမ်းကြောင်းအတိုင်းပြန်လျှောက်လို့ နိဗ္ဗာန်ချမ်းသာကို ရနိုင်တယ်လို့ ဒီလို အကျိုးကျေးဇူးတွေကို မြတ်စွာဘုရားက ဟောပြောထားတာ။

[၁၂] ထို အဲဒီတော့ နိဗ္ဗာန်သွားတဲ့ လမ်းကြောင်းကိုလည်းပဲ မြတ်စွာဘုရားက “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” လို့ မဟာသတိပဋ္ဌာနသုတ်မှာ ဟောထားတာ။ ဒါက တစ်ကြောင်းတည်းသောလမ်းပဲ၊ ဟိုလမ်း ဒီလမ်းတွေ သွားစရာမရှိဘူး၊ တခြားလမ်းခွဲတွေ လမ်းမှားစရာ မရှိဘူး၊ “ဒီလမ်းကပဲလျှောက်” လို့ တိတိလင်းလင်း ညွှန်ကြားထားခဲ့တာ။ ဒါကြောင့် ဒီကနေ့ထိအောင် နိဗ္ဗာန်တံခါးကြီး ဖွင့်ထားပေးခဲ့တာရယ်၊ ထို နိဗ္ဗာန်တံခါးကြီးရောက်အောင်သွားနိုင်တဲ့ လမ်းကြောင်းကြီးကို ချမှတ်ပေးထားခဲ့တာရယ်ဆိုတဲ့ ဒီကျေးဇူးတရားဟာ အင်မတန်ကြီးမြတ်လှတဲ့ ကျေးဇူးတရား။ မြတ်စွာဘုရား မပွင့်ခင်ကဆိုရင် ဒီလမ်းကို ဘယ်သူကမှ မပြနိုင်ဘူး၊ ဒီထွက်ပေါက်ကိုလည်း ဘယ်သူမှ မပေးနိုင်ဘူးတဲ့။ မြတ်စွာဘုရားတစ်ဆူပဲ ပေးခဲ့တယ်။ ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ သံသရာဝဋ်ဆင်းရဲက လွတ်ချင်သပဆိုရင် မြတ်စွာဘုရား ဟောထားတဲ့အတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်ကြမယ်။

[၁၃] အဲဒီလိုအားထုတ်မယ်ဆိုရင် အကျိုးကျေးဇူးတွေရမှာပဲ၊ ဒါဟာ မြတ်စွာဘုရားရဲ့ ကျေးဇူးတရားတွေပဲပေါ့။ အဲဒီလို နိဗ္ဗာန်ရောက်မှ ဘုရားကိုကျေးဇူးတင်စရာ မဟုတ်သေးဘူး၊ သံသရာမှာကျင်လည်ရတဲ့ အချိန်မှာလဲပဲ အဆင်ပြေပြေနဲ့ သံသရာထဲက ဒုက္ခတွေ သက်သာလို့ ချမ်းသာတစ်ခုကနေ ချမ်းသာတစ်ခုရယူလို့ သံသရာကို သက်သက်သာသာ ကျင်လည်ပြီးတော့ နောက်ဆုံး နိဗ္ဗာန်ထွက်ပေါက်ဆီ ရောက်ရှိသွားနိုင်တဲ့ လမ်းကြောင်းကိုလည်းပဲ မြတ်စွာဘုရား ချမှတ်ပေးထားတယ်။

အေး- အဲဒါကြောင့်မို့လို့ ဘုရားပေးတဲ့ လမ်းကြောင်းအတိုင်း လျှောက်ကြမယ်ဆိုလို့ရှိရင် ဘုန်းကြီးတို့တတွေ သံသရာထဲက မထွက်ရသေးစေကာမူ အနှေးနဲ့အမြန်ထွက်တော့ ထွက်ရမယ်။ မထွက်ရသေးစေကာမူ သံသရာလည်တဲ့အခါမှာလည်းပဲ ချမ်းချမ်းသာသာ သံသရာလည်နိုင်အောင် မြတ်စွာဘုရားက ပေးထားတဲ့ နည်းလမ်းတွေလေ။ ဒါနကောင်းမှု လုပ်ရ [၁၄] မယ်၊ သီလဆောက်တည်ရမယ်၊ ဘာဝနာကမ္မဋ္ဌာန်း အားထုတ်ကြိုးပမ်းရမယ်၊ ဒါန၊ သီလ၊ ဘာဝနာစတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်တရားတွေ၊ အပြစ်ကင်းတဲ့ တရားတွေ ဒါတွေကိုမြတ်စွာဘုရားက ဟောကြားဆုံးမပေးထားတာ၊ ဟောကြားတဲ့အတိုင်းမှန်ကန်တယ်၊ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ ကျေးဇူးတရားဟာ အလွန်ကြီးမားလှပါတယ်လို့ ဒီလိုဆိုလိုတာပေါ့။

ကျေးဇူးဆပ်သူ

ဒါဖြင့် မြတ်ဗုဒ္ဓရဲ့ကျေးဇူးကို ထူးထူးခြားခြား အထူးပေးဆပ်ခဲ့တဲ့ ပုဂ္ဂိုလ်က ဘယ်ပုဂ္ဂိုလ်လဲ၊ ဘုန်းကြီးတို့တတွေရော ပေးဆပ်နေကြတာဟုတ်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့ မြတ်စွာဘုရားရဲ့ကျေးဇူးကို ဆပ်တယ်ဆိုတာ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း ကျေးဇူးဆပ်တယ်လို့ မအောက်မေ့လေနဲ့။ မြတ်စွာဘုရားရဲ့ကျေးဇူးကို ခံစားပြီးတော့ နိဗ္ဗာန်ချမ်းသာကို ရရှိသွားတဲ့ပုဂ္ဂိုလ်တွေ အများကြီး၊ အဲဒီအများကြီးထဲက ဘုရားကျေးဇူး [၁၅] ကို ဆပ်သွားတဲ့ပုဂ္ဂိုလ်ဆိုတာ အရေအတွက်အများကြီး မဟုတ်ဘူး။ ဒါကြောင့်မို့ မြတ်ဗုဒ္ဓရဲ့ ကျေးဇူးတရားကို အထူးပေးဆပ်ခဲ့သူကတော့ ဘုန်းကြီးတို့ သာသနာတော်မှာ ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့ ပြီးလို့ရှိရင် တတိယသာဝကလို့ ထင်ရှားတဲ့ ရှင်မဟာကဿပ မထေရ်မြတ်ကြီးဟာ ဘုရားကျေးဇူးကိုပေးဆပ်ခဲ့တယ်။ မြတ်ဗုဒ္ဓရဲ့ ကျေးဇူးကို အထူးပေးဆပ်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့ရဲ့နောက်မှာ တတိယသာဝကလို့ခေါ်တဲ့ ရှင်မဟာကဿပ မထေရ်မြတ်ကြီးပဲဖြစ်တယ်။ ထိုအရှင်မြတ်ကြီးက မြတ်စွာဘုရားရဲ့ ကျေးဇူးတရားတွေ ဘယ်ပုံပေးဆပ်ခဲ့တယ်ဆိုတာဟာ အင်မတန်မှ ကြည်ညိုစရာကောင်းတယ်၊ အတုယူအားကျသင့်တယ်၊ အားကျထိုက်တဲ့ ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်တယ်ပေါ့။

ရှင်မဟာကဿပရဲ့ အတ္ထုပ္ပတ္တိ

ရှင်မဟာကဿပရဲ့ အတ္ထုပ္ပတ္တိကို အားလုံး ကြားဖူးကြလိမ့်မယ်၊ ဒီနေရာမှာ ရှင်မဟာကဿပရဲ့ အတ္ထုပ္ပတ္တိကို အကျဉ်းချုပ်ပြောရမယ်ဆိုလို့ရှိရင် သူက [၁၆] မဂဓတိုင်းက မဟာတိတ္ထ ဆိုတဲ့ရွာမှာ အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ ဗြာဟ္မဏလို့ခေါ်တဲ့ ပုဏ္ဏားတွေထဲက ဖြစ်တယ်။ အမျိုးအနွယ်က ကဿပဖြစ်ပြီး သူ့နာမည်ရင်းက ပိပ္ပလိ ဖြစ်တယ်၊ အင်မတန်မှ ချမ်းသာကြွယ်ဝပြီးတော့ များလှတဲ့ပစ္စည်းဥစ္စာတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ အမျိုးသားတစ်ယောက်ဖြစ်တယ်။ သူက ဘဝမှာ အင်မတန်မှစင်ကြယ်တဲ့ပုဂ္ဂိုလ်တစ်ဦးပဲ၊ ဗြဟ္မာ့ပြည်ကနေပြီးတော့ လူဖြစ်လာတဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ကြောင့် ကာမဂုဏ်အာရုံစိတ် ကင်းတယ်၊ အိမ်ထောင်ရေးကို စိတ်မဝင်စားဘူး၊ အရွယ်ရောက်လာတဲ့အခါ မိဘတွေပိုင်တဲ့ အမွေပစ္စည်းတွေက အများကြီးဆိုတော့ ဒီသားလေးကိုလွှဲချင်တယ်။ အဲဒါကြောင့် အိမ်ထောင်ပြုဖို့နားချတယ်ပေါ့။ နားချပါများတဲ့အခါကျတော့ မဖြစ်နိုင်တာတစ်ခုကို လုပ်ပြတယ်။ ဘဏ္ဍာတိုက်ထဲက ရွှေတွေထုတ်ပြီးတော့ ရွှေရုပ်တစ်ခု လုပ်ခိုင်းတယ်။ လုပ်ခိုင်းပြီးတော့ ဒီရွှေရုပ်လိုလှတဲ့ အမျိုးသမီးရှိမယ်ဆိုရင် အိမ်ထောင်ပြုမယ်ပေါ့၊ မဖြစ် [၁၇] နိုင်တာကို ခိုင်းလိုက်တာပဲ။ သို့သော် ဘုန်းကံပါရမီရှိတဲ့ ပုဂ္ဂိုလ်တွေအတွက် မဖြစ်နိုင်တာတွေက ဖြစ်လာတတ်တယ်။ အေး- မာဂဓတိုင်း၊ သာဂလမြို့က ဒီလိုပဲ သူနဲ့ အမျိုးချင်းတူတဲ့ ကပိလဆိုတဲ့ မျိုးရိုးကလာတဲ့ သူဋ္ဌေးသမီး၊ ဗြာဟ္မဏ သူဋ္ဌေးသမီးတစ်ဦးက အင်မတန်မှ လှတယ်၊ သူထုလုပ်ပေးထားတဲ့ ရွှေရုပ်နဲ့ အတော်တူအောင် ချောမောလှပတယ်ပေါ့လေ။

အဲဒါကို အိမ်ထောင်မပြုချင်လို့ ရွှေရုပ်ထုပြီးတော့ ဒီရွှေရုပ်လိုလှတဲ့သူတွေ့ရင်တော့ အိမ်ထောင်ပြုမယ်လို့ဆိုတဲ့အတိုင်းပဲ မိဘတွေက လိုက်ရှာတော့ အဲဒီ မာဂဓတိုင်း၊ သာဂလမြို့မှာနေပြီးတော့ ကပိလမျိုးရိုးကနေ ဘဒ္ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့တော့ နောက်ဆုံးမှာ သဘောမတူဘဲနဲ့၊ နှစ်ဦးလုံးက ဆန္ဒမရှိဘဲနဲ့ မတော်တဆ အိမ်ထောင်ကျတယ်ပေါ့။ ဘယ်လိုပဲအိမ်ထောင်ကျကျ သူတို့နှစ်ဦးစလုံးက ဗြဟ္မာ့ပြည်က လာတာဆိုတော့ မောင်နှမလိုပဲ နေတယ်ဆိုတာ အားလုံးကြားဖူးကြတယ်။ တိတ်တိတ်ပုန်း [၁၈] စာတွေရေးကြပေမယ့်လို့ နောက်ဆုံးမှာ သူတို့ရဲ့ အိမ်ထောင်ဖက်မှုကို လိုလားတဲ့ ပုဂ္ဂိုလ်တွေရဲ့ လက်ချက်နဲ့ မတော်တဆ အိမ်ထောင်ကျသွားကြတယ်ပေါ့။

အဲဒီလို အိမ်ထောင်ကျပေမယ့်လို့ သူတို့ဟာ တကယ့်ကိုစင်စင်ကြယ်ကြယ်နေကြပြီး နောက်ဆုံး မိဘနှစ်ပါး မျက်ကွယ်ပြုသွားတဲ့အခါမှာ ရှိသမျှစည်းစိမ်ဥစ္စာတွေ စီမံအုပ်ချုပ်ပြီး သူတို့ရဲ့ နောက်လိုက်နောက်ပါတွေကလည်း အလွန်များတယ်ပေါ့၊ သူတို့ရဲ့ လယ်ယာကိုင်းမြေလုပ်ပေးတဲ့ပုဂ္ဂိုလ်တွေ၊ သူတို့ပိုင်ဆိုင်တဲ့ နေရာတွေက အင်မတန်များပြီးတော့ အလုပ်လုပ်တဲ့ ရွာကြီးတွေကိုက ရွာကြီးပေါင်းတစ်ဆယ့်လေးရွာရှိသတဲ့။ အဲဒါနဲ့ တစ်နေ့ကျတော့ ဒီပိပ္ပလိလုလင်ဟာ လယ်ယာမှာ သွားရောက်စစ်ဆေးကြည့်ရှုရင်း ကျီးကန်းတွေက ပိုးကောင်တွေကို လယ်ထွန်တဲ့နေရာမှာ လယ်စာခဲမှာ ပေါ်လာတဲ့ တီကောင်တွေကို စားသောက်နေတာ မြင်တော့ ဒီအကုသိုလ်တွေ ဘယ်သူခံရမှာတုန်း [၁၉] ဆိုတော့ လုပ်တဲ့လူတွေက ပြောတယ်၊ ဒါ ပိုင်ရှင်ပဲ ခံရမှာဆိုတော့ သူ သိပ်လန့်သွားတယ်ပေါ့နော်။ အင်မတန်မှ လန့်သွားတယ်ပေါ့၊ တစ်ခါ ဘဒ္ဒါဟာလည်း နှမ်းတွေလှမ်းထားတဲ့နေရာကနေပြီးတော့ နှမ်းထဲမှာ ပါတဲ့ပိုးတွေကို အကောင်ဗလောင်တွေက စားကြပြုကြတဲ့အခါမှာ ဒီအကုသိုလ်က ဘယ်သူ့ဆီလာမှာတုန်းဆိုတော့ ပိုင်ရှင်ဆီပဲလာမှာဆိုတော့ သူလည်း သိပ်လန့်သွားတယ်။

ဒါကြောင့်မို့ နှစ်ဦးစလုံးဟာ တိုင်ပင်ထားတာ မဟုတ်ပေမယ့်လို့ ဒီပစ္စည်းတွေ ကျန်တစ်ဦးအပေါ်မှာ အပ်နှံပြီးတော့ လူ့ဘောင်ကနေထွက်ခွာကြဖို့ စီမံကြတယ်။ ညနေဆုံတဲ့အခါကျတော့ ပိပ္ပလိလုလင်က စပြီးတော့ ပြောတယ်။ ရှိသမျှပစ္စည်းတွေအားလုံး လွှဲအပ်တယ်၊ သူကတော့ လူ့လောကကနေ ထွက်ခွာပြီးတော့ တရားရှာတဲ့ ပုဂ္ဂိုလ်သူတော်စင်ဘဝ ပြောင်းတော့မယ်ဆိုတော့ ဘဒ္ဒါကလည်း သူလည်း အဲဒီလိုစိတ်ကူးတဲ့ အကြောင်း၊ အဲဒီတော့ နှစ်ဦးစလုံးဟာ ဒီပစ္စည်းတွေကို [၂၀] လုံးဝငဲ့ညှာခြင်းမပြုဘဲနဲ့ သူ့ခေါင်းကိုယ်ရိတ်၊ ကိုယ့်ခေါင်း သူရိတ်ပေါ့၊ သူ့ဆံပင်ကိုယ်ဖြတ်၊ ကိုယ့်ဆံပင်သူဖြတ်ပြီးတော့ သူတို့နှစ်ဦးဟာ ဖန်ရည်စွန်းတဲ့ အဝတ်တွေ ဝတ်လို့ ထိုခေတ်က ရဟန်း သူတော်စင်တွေရဲ့ အဝတ်တွေကိုဝတ်ပြီးတော့ သပိတ်လွယ်ပြီး အိမ်ကဆင်းသွားကြတာ ဘယ်သူကမှ သတိမထားမိလိုက်ဘူး။

နောက်ဆုံး လမ်းမှာ ရွာတွေ ဖြတ်သန်းသွားလာတဲ့အခါ သူတို့ပိုင်ဆိုင်တဲ့ ရွာကလူတွေက မှတ်မိကြတယ်။ မှတ်မိတဲ့အခါ ငိုယိုတောင်းပန်ပေမယ့်လို့ သူတို့နောက်ကြောင်းပြန်မလှည့်ကြတော့ဘူး။ မဂဓတိုင်းက ထွက်ခွာလာလိုက်ကြတာ သူတို့သွားနေတဲ့ခရီးက ရာဇဂြိုဟ်နဲ့ နာလန္ဒဆိုတဲ့ကြားမှာ ခရီးသွားနေကြတာ၊ မြတ်စွာဘုရားကို ရည်စူးပြီးတော့ သင်္ကန်းဝတ်တာ၊ အဲဒီလိုသူတို့ သင်္ကန်းဝတ်ပြီးတော့ ထွက်လာကြတာ။ ထွက်လာကြတော့ လမ်းခုလပ်ရောက်တဲ့အခါကျတော့ ပိပ္ပလိကပြောတယ်၊ တို့နှစ်ယောက် အတူတူသွားလို့ မတော်ဘူးပေါ့၊ လူတကာ အထင်လွဲလိမ့်မယ်။ အဲဒါ [၂၁] ကြောင့်မို့လို့ မင်းက တစ်လမ်းသွား၊ ငါက တစ်လမ်းသွားမယ်ဆိုပြီး လမ်းဆုံလေးမှာရပ်ပြီးတော့ပြောတယ်။ အဲဒီလိုပြောတော့ ဘဒ္ဒါက လက်ဝဲလမ်းကိုယူပြီးတော့ ပိပ္ပလိက လက်ယာလမ်းကနေသွားလိုက်တာ နောက်ဆုံးမှာ အဲဒီ နာလန္ဒနဲ့ ရာဇဂြိုဟ်ကြားမှာ ဗဟုပုတ္တကဆိုတဲ့ညောင်ပင်ကြီး၊ အရိပ်ကောင်းတဲ့ ညောင်ပင်ကြီးရှိတယ်၊ အဲဒီ ညောင်ပင်ကြီးကို ခပ်လှမ်းလှမ်းက မြင်လိုက်တဲ့အခါမှာ ညောင်ပင်ကြီးအောက်ကနေ ရွှေရောင်တွေဝင်းဝါပြီး တောက်ပနေတာကို သူတွေ့သွားတယ်၊ အဲဒီလိုတွေ့လို့ ညောင်ပင်ကြီးအနီးလည်း ရောက်ရော ညောင်ပင်အောက်မှာ မြတ်စွာဘုရား သီတင်းသုံးနေတာကို ဖူးတွေ့လိုက်တာနဲ့ သူ့စိတ်ထဲမှာ တခါတည်း ဆုံးဖြတ်လိုက်တယ်။

ဘုရားထံချဉ်းကပ်ပြီးတော့ ဘုရားမှန်း သူ ဘယ်တုန်းကမှလည်း မြင်ဖူးတာမဟုတ်ဘူး၊ မမြင်ဖူးပေမယ့်လို့ ဒီပုဂ္ဂိုလ်ကို ရည်စူးပြီးတော့ ငါရဟန်းပြုတာပဲလို့ စိတ်ထဲမှာဆုံးဖြတ်ပြီးတော့ စကားသုံးခွန်းကို သူက [၂၂] လျှောက်ထားတယ်လေ၊ လောကမှာ ဆရာတင်ရမယ်ဆိုလို့ရှိရင်လည်း ဘုရားရှင်ကိုပဲ ဆရာတင်ပါတော့မယ်နော်၊ “ဆတ္ထာရဉ္စ ဝဟံပယံ ဘဂဝန္တောမေဝ ပဿယံ” သူလျှောက်ထားတဲ့စကားလေးက “လောကမှာ ဆရာအဖြစ် သတ်မှတ်ကိုးကွယ်ရမယ်ဆိုရင် အရှင်ဘုရားကိုပဲ သတ်မှတ်ကိုးကွယ်ပါ့မယ်၊ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အောင်မြင်တဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ရှုမြင်ရမယ်ဆိုရင်လည်း အရှင်ဘုရားကိုပဲ ရှုမြင်ပါ့မယ်၊ အမှန်တရားကိုသိတဲ့ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုရမယ်ဆိုလည်း အရှင်ဘုရားကိုပဲ တပည့်တော်ယုံကြည်ပါတယ်၊ အသိအမှတ်ပြုပါတယ်”လို့ ဒီစကားသုံးခွန်းကို ဘုရားကိုတွေ့တွေ့ချင်း သူက လျှောက်တာ၊ ဘုရားအပေါ်မှာ မြင်လိုက်တာနဲ့ပဲ ဒီပုဂ္ဂိုလ်ဟာ ငါရည်စူးပြီး ဝတ်လာတဲ့ဘုရား၊ တရားထူးတရားမြတ် သိတဲ့ပုဂ္ဂိုလ်ပဲလို့ စိတ်ထဲမှာ အဲဒီလိုယူပြီး ဆုံးဖြတ်ပြီးတော့ မြတ်စွာဘုရားကို တပည့်ခံလိုက်တာပေါ့နော်။

[၂၃] မြတ်စွာဘုရားထံမှာတပည့်ခံတာ၊ အဲဒီ တပည့်ခံလိုက်တဲ့အချိန်မှာ မြတ်စွာဘုရားက ဩဝါဒ သုံးခုပေးတယ်။ အဲဒီဩဝါဒသုံးခုဟာ သူ့အဖို့မှာ ရဟန်းအဖြစ် ခွင့်ပြုလိုက်တဲ့ ဩဝါဒသုံးခုပဲ၊ အဲဒီ ဩဝါဒသုံးခုက ဘာလဲဆိုလို့ရှိရင် သာသနာမှာဝင်လာတယ်ဆိုလို့ရှိရင် သာသနာမှာ ကိုယ့်ထက်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတာရှိတယ်၊ ကိုယ့်ထက်ငယ်တဲ့ပုဂ္ဂိုလ်ဆိုတာရှိတယ်၊ ကိုယ်နဲ့ရွယ်တူဆိုတာရှိတယ်၊ လူ့အသိုင်းအဝိုင်းထဲမှာနေလို့ရှိရင်လည်း ကိုယ့်ထက်ကြီးတဲ့လူရှိတယ်၊ ကိုယ့်ထက် ငယ်တဲ့လူရှိတယ်၊ ကိုယ်နဲ့ရွယ်တူဆိုတာရှိတယ်။

အဲဒီလိုပုဂ္ဂိုလ်မျိုးနဲ့ ပတ်သက်လာလို့ရှိရင် မြတ်စွာဘုရားက နံပါတ်တစ် သူ့ကိုဩဝါဒပေးတာ၊ ထက်သန်တဲ့ ဟိရီဩတ္တပ္ပထားပါတဲ့၊ ဒါ နံပါတ်တစ်က အရှက်အကြောက်၊ ဒါ လောကလူတွေလည်းပဲ အင်မတန်သိထားစရာကောင်းတယ်၊ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ပေါ်မှာ လေးစားတဲ့သဘောပဲ၊ ဟိရီ ဆိုတာ ကိုယ့်သိက္ခာကိုယ် လေးစားတာ၊ ဩတ္တပ္ပ ဆိုတာ ကိုယ့် [၂၄] ပတ်ဝန်းကျင်ကိုလေးစားတာ၊ အေး-ဒီကနေ့ခေတ်မှာတော့ ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ၊ ကိုယ့်ထမင်းကိုယ်စားတာပဲဆိုတဲ့လူက များတယ်လေ။ အဲဒါ ဘာကိုဖော်ပြတုန်းဆိုတော့ ဟိရီဩတ္တပ္ပဆိုတာ မရှိတော့တဲ့သဘောကို ပြောတာ၊ ဒါ ဟို ရှင်မဟာကဿပဆိုတာလည်း လူ့ဘဝတုန်းက အင်မတန်ချမ်းသာတဲ့ ပုဂ္ဂိုလ်ကြီးဆိုရင် မာန်မာနတက်မယ်ဆိုရင် သူ တက်စရာချည်းပဲပေါ့။ ဒါကြောင့်မို့မြတ်စွာဘုရားက ဒီစကားကိုအရင်မိန့်တာ “တိပ္ပံ ဟိရီဩတ္တပ္ပံ ပစ္စုပဋ္ဌိတံ မေ ဘဝိဿတိ ထေရေသု နဝေသု မဇ္ဈိမေသု” ထေရ ဆိုတာ ကိုယ့်ထက်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ နဝ ဆိုတာ ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်တွေ၊ မဇ္ဈိမ ဆိုတာ ကိုယ်နဲ့ရွယ်တူပုဂ္ဂိုလ်တွေ၊ ရဟန်း သံဃာတွေထဲမှာလည်းပဲ ကိုယ့်ထက်ကြီးတဲ့ပုဂ္ဂိုလ်ရှိတယ်နော်၊ သို့မဟုတ် ထေရ အဆင့်ရှိတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်၊ ဝါငယ်သေးတဲ့ နဝ အဆင့်ရှိတဲ့ပုဂ္ဂိုလ်ရှိတယ်၊ ကိုယ်နဲ့ရွယ်တူတန်းတူ မဇ္ဈိမအဆင့်ရှိတဲ့ ပုဂ္ဂိုလ်ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေအပေါ်မှာ တကယ့်ကို ထက်သန်တဲ့ ဟိရီဩတ္တပ္ပ [၂၅] ထားပါလို့ဆိုတာ အရှက်အကြောက် ရှိပါစေ၊ ဟိရီနဲ့ ဩတ္တပ္ပ ရှိပါစေ၊ ဘယ်သူ့ဂရုစိုက်ရမှာလဲဆိုတဲ့ မာန်မာနတရားတွေမထားရဘူးလို့ ဆုံးမဩဝါဒပေးတယ်။

လောကမှာလူတွေကနော် ကိုယ့်ထမင်း ကိုယ်စားနေတာ ဘယ်သူ့မှဂရုမစိုက်ဘူးဆိုတဲ့အသုံးက တော်တော်လေး သုံးကြတယ်၊ အဲဒီတော့ အဲဒီလိုမဟုတ်ဘူး၊ ဟိရီဆိုတာ ကိုယ့်သိက္ခာကို ကိုယ်လေးစားပြီး မကောင်းတာဆိုမလုပ်ဘူး ကိုယ့်ကိုယ်ကိုတန်ဖိုးထားတာ၊ ဩတ္တပ္ပ ဆိုတာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို တန်ဖိုးထားတယ်၊ လေးစားတယ်၊ မဟုတ်တာမလုပ်ဘူး၊ အကုသိုလ်က ရှောင်တယ်။ ဟိရီဩတ္တပ္ပနှစ်ခုစလုံးဟာ မလုပ်သင့်တာကို မလုပ်ဖို့အတွက် အင်မတန်မှအရေးကြီးတဲ့ သဘာဝတရားနှစ်ခုဖြစ်တယ်။ ဒါကြောင့်မို့ သာသနာ့ဘောင်ဝင်လာပြီ ဆိုလို့ရှိရင် ဟိရီဩတ္တပ္ပ နှစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်ပါလို့ ဒါနံပါတ်တစ်ဩဝါဒပဲ။ ရှင်မဟာကဿပကို ဒီအတိုင်းကျင့်ပါလို့ ဒီ ပိပ္ပလိ ဘဝကနေ ဝင်ရောက်လာတဲ့ ရှင်မဟာကဿပအလောင်းကို [၂၆] မြတ်စွာဘုရားက ညောင်ပင်ကြီးအောက်မှာ ဒီလိုဆုံးမတာ။

ဟော- နောက် ဒုတိယဆုံးမချက်ကတော့ဘာလဲဆိုလို့ရှိရင် အပြစ်ကင်းတဲ့ တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့ ဟောပြောဆုံးမမယ် ဆိုလို့ရှိရင်တဲ့ စိတ်ပါလက်ပါ လိုလိုလားလား နားထောင်ပါတဲ့။ တရားနာတဲ့အခါမှာ အမှတ်တမဲ့မနာနဲ့လို့ ဆိုလိုတယ်၊ တကယ်စစ်မှန်တဲ့ တရားဓမ္မတွေကို ဟောပြောနေပြီ ဆိုလို့ရှိရင် စိတ်အားကုန်စိုက်ပြီးတော့ လေးလေးနက်နက် တရားဓမ္မကို မှတ်မိအောင် ကြိုးစားပြီးတော့နာပါ၊ ဒါက ဒုတိယလိုက်နာရမယ့်ဩဝါဒတရား။

တတိယ လိုက်နာရမယ့် ဩဝါဒတရားက ဘာတုန်းဆိုလို့ရှိရင် ကာယဂတာသတိနဲ့ ပတ်သက်ပြီးတော့ ဆိုလိုတာက ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အမြဲတမ်းသတိကပ်ပါစေ။ ကာယဂတာသတိဆိုတာ အာနာပါနလည်း ကာယဂတာသတိပဲ၊ အခြားခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ကာယာနုပဿနာတို့လည်း ကာယဂတာသတိပဲပေါ့။ ဆိုလိုတာက ကိုယ်နဲ့စိတ်နဲ့ကွာမနေဘဲနဲ့ မိမိ [၂၇] ခန္ဓာကိုယ်ပေါ်မှာ မိမိရဲ့ ကာယပေါ်မှာ သို့မဟုတ် ကိုယ်နဲ့ပတ်သက်နေတဲ့ သဘာဝတရားတွေအပေါ်မှာ သတိအမြဲတမ်း ရှိနေပါစေ။

သတိပဋ္ဌာန်တရား အားထုတ်ဖို့ ပြောတာပဲ၊ အကျဉ်းချုပ်လိုက်မယ်ဆိုလို့ရှိရင် အဲဒီတော့လောကမှာ ဒီနိဗ္ဗာန်ခရီးကို သွားချင်တယ် ဆိုလို့ရှိရင် ကိုယ့်သန္တာန်မှာပဲ အားလုံးပြောကြရတယ်လေ။... နိဗ္ဗာန်ဆိုတာ တရားရှာ ကိုယ်မှာတွေ့ လို့ဆိုတဲ့အတိုင်း ကိုယ့်သန္တာန်မှာပဲ ကိုယ့်ဉာဏ်စိုက်ပြီးတော့ ကိုယ့်သန္တာန်မှာရှိတဲ့ တရားကိုပဲရှုကြရတယ်။ အဲဒီတော့ နိဗ္ဗာန်သွားတဲ့ လမ်းကြောင်းဆိုတာလည်းပဲ ကိုယ့်သန္တာန်မှာပဲရှာပြီးတော့ ရှုပြီး လျှောက်လှမ်းကြတာပဲ။ ထွက်ပေါက်ဆိုတာလည်းပဲ ကိုယ့်သန္တာန်မှာပဲ ရှိတာပဲ။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားကတတိယအဆုံးအမအနေနဲ့ ကိုယ်ကျင့်တရား ကျင့်ကြံကြိုးကုတ်အားထုတ်ဖို့ ဝိပဿနာလုပ်ငန်းစဉ်ကို ဟောတဲ့အနေနဲ့ သာတသဟဂတာ မေကာယဂတာ သတိပေါ့ ဘဝိဿတိ ကာယဂတာသတိ နဲ့ [၂၈] ပတ်သက်ပြီးတော့ အမြဲတမ်း... ခန္ဓာကိုယ်ပေါ်မှာ သတိရှိပါစေ။

သတိရှိတယ်ဆိုရင် ဉာဏ်ဟာလည်း ဖြစ်ပေါ်ပြီးတော့လာတယ်။ ဘာဖြစ်လို့တုန်းဆိုရင် ဉာဏ်ဆိုတာ သတိမပါဘဲ ဘယ်တော့မှမဖြစ်ဘူးတဲ့ “နဟိသတိဝေဒဟိတာ ပညာနာမအတ္ထိ” တဲ့။ သတိမပါရင် ပညာမဖြစ်ဘူး၊ ဒါကြောင့်မို့လို့ သတိထားဖို့ မြတ်စွာဘုရားက ကာယဂတာသတိကို ကြိုးစားအားထုတ်ဖို့လို့ဆိုပြီးတော့ အခုလို ဆုံးမဩဝါဒသုံးမျိုးပေးလိုက်တာ။ အဲဒီ ဆုံးမဩဝါဒသုံးမျိုးကို နာယူခြင်း လက်ခံလိုက်တာနဲ့ပဲ ဒီရှင်မဟာကဿပကို ရဟန်းပြုပေးလိုက်တာ။ ဒါကြောင့်မို့ ဩဝါဒ ပဋိဂ္ဂဟအနုပသမ္ပဒါ လို့ခေါ်တယ်။ ဒီကနေ့ခေတ် ရဟန်းခံပေးတဲ့နည်းနဲ့ ရဟန်းခံတာမဟုတ်ဘူး။ အရှင်မဟာကဿပကြီးဟာ သူ့ဟာသူ သင်္ကန်းဝတ်လာတယ်နော်၊ ဖန်ရည်စွန်းတဲ့အဝတ်ကိုဝတ်လာတယ်၊ သပိတ်လွယ်လာတယ်၊ မြတ်စွာဘုရားဆီကို ရောက်တဲ့အခါမှာ မြတ်စွာဘုရားက ဒီအဆုံးအမ ဩဝါဒတရား [၂၉] ပြည့်ပြည့်ဝဝ ကို ပေးလိုက်တဲ့အခါမှာ သူခိုင်ခိုင်မာမာကြီး ဒီကျင့်စဉ်ကို ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တယ်၊ အားလုံး အဲဒီအချိန်ကနေစပြီးတော့ မြတ်စွာဘုရားရဲ့ အဆုံးအမကို သူ မြေဝယ်မကျလက်ခံကျင့်သုံးလာခဲ့တာ၊ သာသနာထဲဝင်လို့ (၈)ရက်မြောက် ရောက်တဲ့ အခါကျတော့ ရဟန္တာဖြစ်သွားတယ်၊ ပုထုဇဉ်ဘဝနဲ့ (၈)ရက်ပဲကြာတယ်ပေါ့။

ဘုရားကိုယ်တိုင်က ဗဟုပုတ္တကဆိုတဲ့ ညောင်ပင်မှာ သွားပြီးတော့ သူ့ကိုကြိုဆိုခဲ့တာ။ အဲဒီ ဆုံးမ ဩဝါဒပေးပြီးတော့ မြတ်စွာဘုရားက ခရီးစထွက်တော့ သူလည်းနောက်ကလိုက်ခဲ့တာ၊ လမ်းကျတော့ မြတ်စွာဘုရားက လမ်းလျှောက်ပြန်လာရင်းကနေပြီးတော့ သစ်ပင်တစ်ပင်အောက်မှာ ခေတ္တနားဖို့ရာ ထိုင်ဖို့ အခြင်းအရာပြတဲ့အခါမှာ သူ့ပခုံးပေါ်မှာ ပါလာတဲ့ အင်မတန်မှ တန်ဖိုးရှိတဲ့ ဒီ နှစ်ထပ်အဝတ်ကြီးကို မြတ်စွာဘုရားထိုင်ဖို့ သူကခင်းပေးတယ်။ ခင်းပေးတဲ့ အခါမှာ မြတ်စွာဘုရားက သူခင်းပေးတဲ့ သူ့ပခုံးပေါ်က [၃၀] ပါလာတဲ့ ဒုကုဋ်သင်္ကန်းပေါ့လေ၊ နှစ်ထပ်သင်္ကန်းကြီးပေါ်မှာ မြတ်စွာဘုရားကထိုင်ရင်း ... လက်တော်နဲ့ ပွတ်ပြီးတဲ့အခါမှာ “ကဿပ၊ သင့်ရဲ့အဝတ်က တယ်ပြီး ကောင်းပါလား၊ ချောညက်လှပါလား” သူက သူဌေးကြီးဆိုတော့ အင်မတန်မှ တန်ဖိုးရှိတဲ့အဝတ် သူဝတ်နိုင်မှာပေါ့နော်၊ သူ့ အဝတ်လေးကို မြတ်စွာဘုရားက ချီးမွမ်းတာကို ဘုရားကလိုချင်လို့မဟုတ်ဘူး။ ဘုရားပခုံးပေါ်မှာ ပါလာတဲ့ ပိုက်ဆံလျှော်နဲ့ ရက်ထားတဲ့အဝတ်ကြီး၊ ပိုက်ဆံလျှော်နဲ့ရက်ထားတာက ... ညံ့ရုံတင်မကဘူး၊ အဲဒီအဝတ်က ဘယ်ကရလဲဆိုတော့ ကျွန်မတစ်ဦး သေလို့ ခန္ဓာကိုယ်ကို ရစ်ပတ်ပြီးတော့ အလောင်းကို ရစ်ပတ်ပြီးတော့ ပစ်ထားတဲ့အဝတ်။ အဲဒီအဝတ်ကနေ ကောက်ယူဖွတ်လျှော်ပြီးတော့ ချုပ်ထားတဲ့အဝတ်ကြီး။ အဲဒီတော့ ပိုက်ဆံလျှော်အဝတ်ဆိုတော့ အင်မတန်မှ တန်ဖိုးလည်းနည်းတယ်။ သုသာန်ကနေ ကောက်ထားတဲ့ အဝတ်လည်းဖြစ်တော့ အင်မတန်မှညံ့တယ်။

[၃၁] အဲဒါကို မြတ်စွာဘုရားက ပခုံးပေါ် တင်လာတာ၊ အဲဒီမှာ မြတ်စွာဘုရားက ရှင်မဟာကဿပရဲ့ အင်မတန်ကောင်းတဲ့ အဝတ်ကြီးပေါ်မှာ ထိုင်ရင်းကနေပြီးတော့ တယ်နူးညံ့ပါလားလို့ဆိုတော့ ရှင်မဟာကဿပက “အရှင်ဘုရား၊ အဲဒီအဝတ်ကို အရှင်ဘုရားကို လှူပါတယ်” ဆိုတော့ မြတ်စွာဘုရားက “ဒီအဝတ်ကို ငါ့လှူလို့ရှိရင် ငါ့ပခုံးပေါ်က သုံးပြီးသားဖြစ်တဲ့ ဒီအဝတ်ကိုယူနိုင်မလား” လို့ မေးတဲ့အခါမှာ တပည့်တော် အသက်ထက်ဆုံး ဝတ်ပါ့မယ်ဘုရားလို့။ ဟော- အဝတ်လဲပြီးတော့ဝတ်တဲ့သဘောပေါ့နော်။ အဲဒီလဲပြီးတော့ဝတ်တာ၊ ဒီလိုချီးမြှောက်တာဟာ ရှင်သာရိပုတ္တရာတို့လည်း ဒီအခွင့်အရေးမရဘူး၊ ဒီ ရှင်မဟာကဿပတစ်ပါးပဲ ဒီအခွင့်အရေးရတာ၊ အဲဒီတော့ ဒီအဝတ်ကို မြတ်စွာဘုရားဆီက ပခုံးပေါ်က ပိုက်ဆံလျှော်အဝတ်ကို ရှင်မဟာကဿပက သုံးပြီးတော့ သူ့မှာပါလာတဲ့ အင်မတန်ကောင်းတဲ့ အစနဲ့ချုပ်ထားတဲ့ အဝတ်ကို မြတ်စွာဘုရားကိုလှူတယ်ပေါ့။ အဲဒီနေရာမှာ သင်္ကန်း [၃၂] လဲလှယ်ပြီးတော့ဝတ်ခဲ့တယ်။ ဒီကြားထဲမှာ မြတ်စွာဘုရားက ရှင်မဟာကဿပနဲ့ပတ်သက်ပြီးတော့ ထိုထို သုတ္တန်တွေ ဟောပြောထားတာရှိသေးတယ်။ ရှင်မဟာကဿပကို ဦးစားပေးပြီးတော့ ကဿပကိုစံနမူနာထားပြီးတော့ ရဟန်းတွေ ရှင်မဟာကဿပလို ကျင့်ကြပြီးတော့ ရှင်မဟာကဿပကြီးကို ဟောထားတာဆိုရင် ဒကာဒကာမတွေအိမ်ကို သွားတဲ့အခါမှာ ‘လ’လို ကျင့်ရမယ်တဲ့၊ “စန္ဒူပမာ ပဋိပဒါ” “လ” လို ကျင့်တယ်လို့ဆိုတာ ကိုယ်လည်းခွာ စိတ်လည်းခွာ အမြဲတမ်း အာဂန္တုစိတ်မွေးရမယ်။ ဒကာဒကာမတွေနဲ့ ဆက်ဆံတဲ့အခါမှာ ‘လ’လိုကျင့်တယ်ဆိုတာ ဘယ်လိုအကျင့်လည်း ဆိုလို့ရှိရင် ‘လ' ဟာ ကောင်းကင်ခရီးသွားတဲ့အခါမှာ ဘယ်အရာကိုမှ ငြိတွယ်ခြင်းမရှိဘဲနဲ့ သူ့လမ်းကြောင်းကို သူဖြောင့်ဖြောင့်တန်းတန်းသွားတယ်။ လောကကြီးက သူ့ကို အင်မတန်မှ ချစ်ခင်ကြတယ်။ သူက ‘လ’ ဆိုတော့ ဘယ်သူ့အပေါ်မှ ပိုပြီးတော့ အလင်းရောင် ပိုပေးတာလည်း မရှိဘူး။ သံယောဇဉ်လည်း မရှိဘူး။

[၃၃] သူ့လမ်းသူသွားတယ်။

အဲဒါလိုပဲတဲ့ ရဟန်းတွေဟာ ဒကာဒကာမတွေဆီသွားတဲ့အခါမှာ စိတ်လည်းခွာထားရမယ်၊ ကိုယ်လည်းခွာထားရမယ်။ ‘လ’ ဥပမာအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ရမယ်။ ရှင်မဟာကဿပဟာ ‘လ’ လိုပဲ ကျင့်တယ်ပေါ့။ အမြဲတမ်းရင်းနှီးတဲ့ ဒကာဒကာမဆိုတာ မရှိသလို “လ” လိုကျင့်သုံးတဲ့အတွက်ကြောင့် ကုသိုလ်ကောင်းမှုလိုချင်တဲ့ပုဂ္ဂိုလ်တွေ၊ အဲဒီကုသိုလ်ကောင်းမှု လိုချင်တဲ့ပုဂ္ဂိုလ်တွေထံ ဆွမ်းရပ်ပြီးတော့ ကိုယ်ကျင့်ရမယ့်တရားကိုသာ ကျင့်ပြီးတော့ ဒီလိုနေခဲ့တာ၊ ဘယ်ပေါ်မှ သံယောဇဉ်ဆိုတာ မထားဘူး။ ရဟန်းဆိုတာ ဒီလိုကျင့်ရမယ်လို့ စန္ဒူပမသုတ်မှာ ရှင်မဟာကဿပမထေရ်မြတ်ကိုစံထားပြီးတော့ မြတ်စွာဘုရားက ဒီလိုဟောကြားထားတာ၊ တစ်ခြား သုတ္တန်တွေမှာလည်း ရှင်မဟာကဿပကို စံထားပြီးတော့ ဟောခဲ့တာ။ မြတ်စွာဘုရားက တကယ့်ကို ကိုယ်တော်တိုင်ဖွတ်ပြီးတော့ ချုပ်ထားတဲ့ ပံ့သကူသင်္ကန်းကြီးကို [၃၄] ရှင်မဟာကဿပကိုပေးလိုက်တာဟာ အင်မတန်မှ အဓိပ္ပါယ်ရှိတယ်။ ရှင်မဟာကဿပကို ဓုတင်ဆောင်ခိုင်းတာပဲ၊ တကယ့်သူဌေးကြီးမှ တကယ့် ခြိုးခြိုးခြံခြံနေရတဲ့အဆင့်ကို ရောက်သွားတယ်။ သင်္ကန်းဆိုလည်း ပံ့သကူပဲဝတ်ရတယ်၊ ဓုတင်ဆိုတာ
ပံသုကူလိကင်္ဂ ဓုတင်။ နေတာကလည်း တောကျောင်းပဲနေရတယ်
အရညကင်ဓုတင်။ ဆွမ်းစားလို့ရှိရင်လည်း ဆွမ်းခံလို့ရတဲ့ ဆွမ်းပဲစားတယ်၊ ဒကာ ဒကာမတွေ အိမ်က ပင့်တဲ့ဆွမ်း မစားဘူး
ပိဏ္ဍပါတိကဓုတင်။ အိမ်ဆွမ်းခံတဲ့အခါမှာလည်းပဲ သူဌေးအိမ်တွေရွေးပြီးတော့ မသွားဘူးနော်၊ အိမ်စဉ်အတိုင်းသွားတယ်၊
သပဒါနစာရိကဓုတင်။ တစ်ထပ်သာစားတယ်
ဧကသနိကဓုတင်။ ခွက်တစ်လုံးထဲ သပိတ်ထဲပါတာသာစားတယ်၊ သပိတ်ဆိုတဲ့ခွက်တစ်လုံးထဲနဲ့စားတယ်နော်
ပတ္တပိဏ္ဍိကဓုတင်၊ ဒီလို ရံဖန်ရံခါ သုသာန်မှာ နေတယ်
သောသာနိကဓုတင်။ ရံဖန်ရံခါ သစ်ပင်အောက်မှာ နေတယ်
ရုက္ခမူလဓုတင် ဆိုတဲ့ ဒီဓုတင်အကျင့်တွေ၊ [၃၅] အဲဒီ ဓုတင်အကျင့်တွေဟာ ရှင်မဟာကဿပကြီး တစ်သက်လုံး ကျင့်သွားတဲ့အကျင့်တွေပဲ။

အသက် ၁၂ဝ ရှည်သွားသည်ထိအောင် ဒီ အကျင့်တွေကို ကျင့်သွားတဲ့ အရှင်မြတ်ကြီးပေါ့။ အဲဒီလို မြတ်စွာဘုရားက သင်္ကန်းတစ်ထည်ချီးမြှောက်ခြင်းဖြင့် တကယ့် ပံ့သကူသင်္ကန်းကို ချီးမြှောက်ခြင်းဖြင့် ဒီဓုတင်တွေ အောင်မြင်ဖို့အတွက် ရှင်မဟာကဿပကို ဒီ တာဝန် ပေးလိုက်တဲ့သဘောပဲ၊ သာသနာတော်မှာ ဓုတင်ဆောင်တဲ့နေရာမှာ တကယ်စံပြပုဂ္ဂိုလ်ကြီးပေါ့။ ဒါကြောင့်မို့လို့ ... ဓုတင်ဆောင်တဲ့နေရာမှာ ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးမြှောက်စားခံရတဲ့ပုဂ္ဂိုလ်၊ နောက်ဆုံးမှာ ရှင်မဟာကဿပကြီးဟာ အသက် အိုမင်းရင့်ရော်လာတဲ့အခါမှာ ... တောရကျောင်းကြီးမှာ နေတယ်။ ဆွမ်းခံလို့စားရတယ်။ ပြီးတော့ သူဝတ်တဲ့ နှစ်ထပ်သင်္ကန်းကြီးလည်း တဖြည်းဖြည်း ဆွေးမြေ့လာတဲ့ အခါကျတော့ ထပ်ထပ်ပြီးတော့ချုပ်ရတယ်။ အဖာတွေ အထွေးတွေကလည်း အများကြီးဆိုတော့ တစ်ထပ် [၃၆] ကနေ နှစ်ထပ်၊ နှစ်ထပ်ကနေ သုံးထပ်၊ သုံးထပ်ကနေ လေးထပ်၊ ဒီလိုဖြစ်လာတယ်။ သင်္ကန်းကြီးကလည်း အင်မတန်လေးတယ်။

အသက်အရွယ်ရလာတဲ့အခါကျတော့ သင်္ကန်းက လေး၊ နေတဲ့ကျောင်းကလည်း တောကျောင်းဆိုတော့ ... တောင်ပေါ်တက်ရတာကို အင်မတန်မှ ပင်ပန်းပုံရတော့ မြတ်စွာဘုရားက ကဿပ၊ အသက်ကြီးပြီတဲ့ တို့နားနေပါဦးလား။ ဒကာဒကာမတွေလှူတဲ့ ပေါ့ပေါ့ပါးပါး သင်္ကန်းလေးဝတ်ပါလား၊ ဒကာဒကာမတွေ ဆွမ်းစားပင့်ရင်လည်း လိုက်ပါလားလို့ဆိုတော့ လက်မခံဘူး။ ရှင်မဟာကဿပက ငြင်းပယ်တယ်။ ဘာဖြစ်လို့ ငြင်းပယ်တာတုန်းလို့ဆိုတော့ တပည့်တော်ဟာ ဒီအကျင့်ကိုကျင့်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါကြောင့်မို့ တပည့်တော်ကျင့်တဲ့အတွက်ကြောင့် ဝန်လည်းမလေးဘူး၊ နောင်လာနောက်သားတွေ အတွက် လည်း စံနမူနာဖြစ်ပါစေ ဆိုပြီးတော့ သူ ကျင့်ကြံကြိုးကုတ် အားထုတ်နေတာ၊ သူ့အတွက်လည်းပဲ ဒီဘဝ [၃၇] ချမ်းသာသုခရတယ်လို့ ဒီအကြောင်းအရာနှစ်ချက်နဲ့ မြတ်စွာဘုရားကို လျှောက်ထားပြီးတော့ သေတပန် သက်တဆုံး ဓုတင်အကျင့်ကိုကျင့်သွားတဲ့ အရှင်မြတ်ကြီးပေါ့။

အဲဒီလောက် ထူးချွန်တဲ့ပုဂ္ဂိုလ်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့အခါမှာ သူလည်းအင်မတန်မှ အသက်ကြီးပြီ၊ သို့သော် မြတ်စွာဘုရားထက် အသက်ရှည်တယ်၊ ဘုရားက သက်တော် ၈၀ မှာ ပရိနိဗ္ဗာန်စံတယ်။ သူက ၁၂ဝ ထိအောင်နေသွားရတယ်။ အဲဒီတော့ သူက ဘယ်လိုလုပ်ပြီးတော့ ဒီမြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားတဲ့အခါမှာ သူ့ပရိသတ်ထဲမှာ သုဘဒ္ဒဆိုတဲ့ ကိုယ်တော်ကြီးတစ်ပါး ပါလာတယ်၊ ဘုရား ပရိနိဗ္ဗာန်စံတဲ့ဆီ သွားတာ၊ ဘုရားပရိနိဗ္ဗာန်စံတဲ့သတင်းကို ရှင်မဟာကဿပရဲ့ တပည့်ပရိသတ်တွေက မရသေးဘူး။ ပါဝါကနေ ကုသိနာရုံကို သွားနေကြတာ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော့မယ်ဆိုတဲ့ သတင်းကြားလို့ အားလုံး ရဟန်းတွေဟာ ကုသိနာရုံကို သွားကြတယ်။ သို့သော် [၃၈] အဲဒီသတင်းလည်းရရော အဲဒီထဲက သုဘဒ္ဒဆိုတဲ့ ရဟန်းကြီးက “အေး- ရဟန်းဂေါတမ မရှိရင် တို့ လုပ်ချင်တာ လုပ်လို့ရတော့မှာပဲ၊ ဒီလိုမစိုးရိမ်ကြနဲ့၊ တို့လုပ်ချင်တာလုပ်လို့ရပြီ” လို့ ဒီစကားမျိုးကြားတဲ့ အခါကျတော့ ရှင်မဟာကဿပက သံဝေဂဖြစ်သွားတယ်။

အဲဒီမှာ ရှင်မဟာကဿပဟာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ... တည်တံ့ဖို့အတွက် ... တို့တစ်ခုခု ဆောင်ရွက်ရမယ်လို့ဆိုပြီး သံဃာပရိသတ်ဟာ အဲဒီတုန်းက ကုသိနာရုံကိုရောက်လာကြတာ ခုနစ်သိန်းရှိတယ်။ အဲဒီ ခုနစ်သိန်းသော သံဃာတွေကြားထဲမှာ သူဘာပြောလဲဆိုလို့ရှိရင် ဒီ အဓမ္မလို့ဆိုတဲ့ ဓမ္မရဲ့ ဆန့်ကျင်ဘက်တရားတွေ၊ အဝိနယလို့ဆိုတဲ့ မြတ်စွာဘုရားပညတ်တဲ့ဝိနည်းရဲ့ဆန့်ကျင်ဘက်တွေ ထွန်းကားမလာခင်၊ အဲဒီဓမ္မတို့ ဝိနယတို့ကို ပယ်ဖျက်ခြင်းမခံရခင် တားမြစ်ခြင်းမခံရခင်၊ အဓမ္မဝါဒီပုဂ္ဂိုလ်တွေ ရှေ့တန်းရောက်မလာခင်၊ အားမကောင်းခင် တို့တတွေ မြတ်စွာ [၃၉] ဘုရားရဲ့ တရားတော်တွေကို စုစုစည်းစည်း လုပ်ကြရအောင်လို့ အဲဒီလို သံဃာ့ပရိသတ်ရှေ့မှာ သူက ခေါင်းဆောင်ပြီးတော့ ပြောကြားခဲ့တာ။ ရှင်မဟာကဿပကြီးသာ အဲဒီလို မလုပ်ခဲ့ဘူးဆိုလို့ရှိရင် ဒီကနေ့ဘုန်းကြီးတို့တတွေ သင်ကြားလေ့လာနေတဲ့ ပိဋကတ်တွေဟာ ပြည့်စုံမှု ရှိချင်မှရှိမယ်ပေါ့။

အခုတော့ ရှင်မဟာကဿပဟာ အဲဒီ သံဃာ့ပရိသတ်ကြားထဲမှာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဓမ္မတွေ စုစည်းဖို့ရန် အင်မတန်မှအရေးကြီးတယ်။ ဘုရားမရှိတဲ့နောက်မှာ .. ဒီမြတ်စွာဘုရားရဲ့ တရားတော်တွေပျောက်ပျက်သွားနိုင်တယ်။ နောက်ဆုံးမှာ ပန်းပွင့်တွေဟာ ကြိုးနဲ့သီပြီးတော့ မထားနိုင်ဘူးဆိုလို့ရှိရင် လေတိုက်တာနဲ့ ဟိုတစ်ပွင့် ဒီတစ်ပွင့် လွင့်ပြီးတော့ ... အကုန်ပျက်စီးသွားနိုင်တယ်။ ဒါကြောင့်မို့ ကြိုးနဲ့သီထားသလို တို့တတွေ စနစ်တကျစုစည်းကြရအောင်၊ သူရတဲ့ ဘုရားဟောတဲ့တရား၊ ကိုယ်ရတဲ့ ဘုရားဟောတဲ့တရား အားလုံး သံဃာတွေစုံတဲ့အချိန် [၄၀] မှာ ရထားတဲ့တရားတွေ အကုန်လုံးစုစည်းပြီးတော့ ဒီအသံညှိပြီးတော့ သူရတဲ့တရား ကိုယ်ရတဲ့တရား ရသမျှတွေကို ဘုရားဟောဟုတ်မဟုတ် စစ်ဆေးပြီးတော့ စုစည်းပေးတာ၊ ဒါ သင်္ဂါယနာတင်တယ်လို့ ခေါ်တာပေါ့နော်။ သံဆိုတာ စုပေါင်းပြီးတော့၊ ဂါယ အသံချင်းတိုက်ထားတာပဲ၊ စုပေါင်းပြီးတော့ဆိုတယ်ဆိုတာ၊ သူရတာနဲ့ ကိုယ်ရတာနဲ့ ညီမညီ ညှိကြည့်တာပေါ့။ အဲဒီလိုညှိကြည့်ပြီးတော့ ဘုရားဟောတဲ့တရားတွေ ဟုတ်ပြီ၊ မှန်ပြီဆိုတဲ့အခါမှာ အတည်ပြုပြီးတော့ အားလုံး ဘုရား တရားတော်တွေ မပျောက်အောင် စုစည်းခဲ့တာ။ အဲဒီ စုစည်းမှုကို ခေါင်းဆောင်တာ ဘယ်သူတုန်းဆိုလို့ရှိရင် ဒီရှင်မဟာကဿပ။ သူလုပ်ခဲ့တဲ့ အလုပ်ဟာ ဘယ်လောက် .. မြတ်စွာဘုရားကို ကျေးဇူးဆပ်ရာရောက်လဲလို့ဆိုရင် ဒီကနေ့ မြတ်စွာဘုရားရဲ့ သာသနာတော်ဟာ နှစ်ပေါင်း ၂၅ဝဝ ကျော်သည်ထိအောင် သာသနာ တည်ရှိနေတာဟာ ဒါ သူဆောင်ရွက်ခဲ့လို့ တည်ရှိတာ။ အဲ- နို့မို့ဆိုရင် [၄၁] ဘုန်းကြီးတို့တတွေ ဒီတရားတော်တွေ တွေ့ကောင်းမှ တွေ့တော့မယ်။ ဘာဖြစ်လို့တုန်းဆိုတော့ နှစ်ပေါင်း ၂၅ဝဝ ကျော်သွားပြီလေ။ အဲဒီတော့ ရှင်မဟာကဿပရဲ့ အစီအစဉ်အတိုင်း လက်ဆင့်ကမ်းပြီးတော့ ဆောင်ရွက်လာလို့သာ ဒီကနေ့ခေတ် သာသနာတော်ကို တွေ့ရတယ်။ အဲဒါ သင်္ဂါယနာတင်တယ်ဆိုတာ အဲဒီသဘောပဲ၊ စုစည်းပြီးလာခဲ့ကြတာပေါ့။ အဲဒီမှာ ရှင်မဟာကဿပက ဒီတရားတော်တွေကို စုစည်းတဲ့ လုပ်ငန်းကိုလုပ်တဲ့အခါမှာ သူ့ရဲ့ခံယူချက်က ဘာလဲဆိုရင် သူဟာ သာမာန်ပုဂ္ဂိုလ်တွေနဲ့မတူဘူးပေါ့။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကိုယ်တိုင် သူ့ သင်္ကန်းကို အလှူခံပြီးတော့ ဘုရားဝတ်တဲ့ သင်္ကန်းကြီးကို သူ့ကိုပေးခဲ့တာ။ ဒါ သူ့ကိုတာဝန်ပေးခဲ့တာလို့ ယူဆတယ်။ ဒီလိုချီးမြှောက်မှုဟာ ရှင်သာရိပုတ္တရာတောင် မရခဲ့ဘူး၊ ရှင်မောဂ္ဂလာန်တောင် မရခဲ့ဘူး၊ အဲဒီတော့ မြတ်စွာဘုရားကိုယ်တိုင်ကိုက သင်္ကန်း ပေးပြီးတော့ ချီးမြှောက်ခဲ့တဲ့ပုဂ္ဂိုလ်၊... သူ့စိတ်ထဲမှာ [၄၂] အခုလို ဘုရားမရှိတော့တဲ့အခါမှာ ဒီတရားတော်တွေကို စုစုစည်းစည်း ငါ မလုပ်ခဲ့ဘူးဆိုရင် ငါ တာဝန် မကျေဘူး၊ ကျေးဇူးဆပ်ရာမရောက်ဘူး။

ဒါကြောင့်မို့ ငါကျေးဇူးဆပ်မယ်လို့ သူ့စိတ်ထဲမှာ ဒါကအကောင်းဆုံးကျေးဇူးဆပ်နည်းကို ရွေးချယ်ပြီးတော့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို စုစည်းပေးခဲ့တာ၊ စုစည်းပေးခဲ့ရုံတင်မကဘူး၊ ဒီသံဃာတွေကို ဦးဆောင်ပြီးတော့ နောက်ဆုံးမှာ မူသုံးချက် ချခဲ့တယ်လေ။
“အပညတ္တံ နပညပေတဗ္ဗ” မြတ်စွာဘုရား ပညတ်တဲ့တရားတွေ အသစ် မပညတ်ရဘူး။
“ပညတ္တံ န သမုစ္ဆိန္ဒိတဗ္ဗ” ပညတ်ပြီးသား တရားတွေကို မပယ်ဖျက်ရဘူး။
“ယထာပညတ္တေသု သိက္ခာပဒေသု သိက္ခိတဗ္ဗ” ပညတ်ပြီးသား သိက္ခာပုဒ်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ရမယ်လို့ဆိုတဲ့ ထေရဝါဒမူ သုံးချက်ကို ချမှတ်ပေးခဲ့တာလည်း ရှင်မဟာကဿပပဲပေါ့။

[၄၃] ဒါကြောင့်မို့လို့ ထေရဝါဒနိုင်ငံမှာ မြတ်စွာဘုရားရဲ့ မူရင်းတရားတော်တွေဟာ ပြုပြင်ပြောင်းလဲမှုမရှိဘဲနဲ့ ဒီကနေ့ထိတည်နေတာ၊ ဒီ ဆရာတော်ဘုရားကြီးဟာလည်း ကြည့်လေ၊ ဒီလိုကျောင်းကြီးတည်ပြီးတော့ စာပေပို့ချပြီး စာသင်တိုက်ကြီးကို ဦးဆောင်လာတယ်ဆိုတာ ဘာလုပ်တာလဲလို့မေးမယ်ဆိုရင် မြတ်စွာဘုရားရဲ့ ကျေးဇူးကို ဆပ်တာပဲပေါ့။ ဒီတော့ သာသနာပြုတယ်ဆိုတဲ့နေရာမှာ အရေးအကြီးဆုံးက ဘာလဲဆိုရင် မြတ်စွာဘုရားရဲ့တရားတော်တွေ သာသနာမှာ တည်ရှိနေဖို့ဟာ အရေးအကြီးဆုံးပဲ။ ဘုရား တရားတော်တွေ ပျောက်ကွယ်သွားရင် သာသနာ ပျောက်ကွယ်သွားနိုင်တယ်။ ဓမ္မအစစ်တွေ ထွန်းကားဖို့၊ ဝိနယအစစ်တွေ ထွန်းကားဖို့။ ဓမ္မအတုအရောင်တွေ ဝိနယအတုအရောင်တွေ ပေါ်လာလို့ရှိရင် ဓမ္မအစစ် ဝိနယအစစ်ဆိုတာ ပျောက်ကွယ်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ ... ခုလို စာသင်တိုက်ကြီးတွေ တည်ထောင်ပြီးတော့ သာသနာပြုတာဟာ ရှင်မဟာကဿပ [၄၄] ကဿပ သင်္ဂါယနာတင်ပြီးတော့ သာသနာတော်ကို ရှည်ကြာအောင် ဆောင်ရွက်ခဲ့သလိုပဲ သာသနာတော် မှာ အင်မတန်မှအရေးကြီးတယ်ဆိုတာ အားလုံး သတိထားဖို့ လိုအပ်တယ်ပေါ့။ ဒီကနေ့ခေတ်မှာတောင်မှပဲ အတုအရောင်တွေဆိုတာ များစွာပေါ်ပေါက်လာပြီးတော့နေတယ်။ မြတ်စွာဘုရားဟောတဲ့တရား မဟုတ်ဘဲနဲ့ ဘုရားဟောတဲ့တရားနော်။ တရားအမျိုးစုံတွေ ပေါ်ပြီးတော့ မိမိတို့ထင်ရာတရားတွေကို ဟောပြောပြီး စာထဲပေထဲကလည်းမဟုတ်။ မြတ်စွာဘုရား အခုလို ရှင်မဟာကဿပတို့ ဦးဆောင်ပြီးတော့ ဘုရားဟော မူရင်းတရားတွေ မပျောက်ပျက်ရအောင် ထိန်းသိမ်းလာတဲ့ထဲကလည်း မဟုတ်ဘဲနဲ့ မိမိတို့ ထင်ရာမြင်ရာ တရားတွေကို ဟောပြီးတော့ ဘုရားဟော လုပ်နေတာဟာ ဒါသာသနာအတွက် အင်မတန်မှ အန္တရာယ်များတယ်။ တရားတု တရားယောင်တွေကို တရားစစ် ထင်ပြီးတော့ လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားချမှတ်ခဲ့တဲ့ နိဗ္ဗာန်ဆိုတဲ့ထွက်ပေါက်ဟာလည်း [၄၅] ပိတ်သွားနိုင်တယ်ပေါ့။ အဲဒီနိဗ္ဗာန်ဆိုတဲ့ထွက်ပေါက်ကို လျှောက်လှမ်းဖို့ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကလည်းပဲ ... မှန်ကန်တဲ့အကျင့်တရား မဟုတ်လို့ရှိရင် နိဗ္ဗာန်ထွက်ပေါက်ကို ဘယ်လိုနည်းနဲ့မှ မရောက်နိုင်ဘူး။ အေး-ဒါကြောင့်မို့လို့ ဒီကနေ့သာသနာပြုချင်ရင် သို့မဟုတ် မြတ်ဗုဒ္ဓရဲ့ကျေးဇူးကိုဆပ်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ၊ ရှင်မဟာကဿပကြီးက မြတ်စွာဘုရားရဲ့ ကျေးဇူးကို ဘယ်လိုပေးဆပ်ခဲ့သလဲ။ သူစဉ်းစားတယ်၊ ကိုယ်တိုင်သင်္ကန်းကိုချီးမြှင့်ပြီးတော့ ဝတ်ရုံစေခဲ့တာ သူ့ကိုဒါအထူးချီးမြှောက်တာ၊ သင်္ဂါယနာမတင်ခဲ့ဘူးဆိုရင် သူ ဘုရားရဲ့ကျေးဇူးကို ဆပ်ရာရောက်မှာ မဟုတ်ဘူး။ ဒါတင်မကဘူး အဓိဂမလို့ဆိုတဲ့ တရားထူး တရားမြတ်တွေနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဘုရားနဲ့ကိုယ်တိုင်နှိုင်းယှဉ်ပြီးတော့ ရှင်မဟာကဿပကို ရှေ့တန်းတင်ပြီးတော့ ချီးမွမ်းခဲ့တာ။ သံဃာ့ပရိသတ်ထဲမှာ အကြိမ်ကြိမ်ပဲ။ ငါ ပထမဈာန်ဝင်စားနိုင်သလို ကဿပလည်း ဝင်စားနိုင်တယ် စသည်ဖြင့် ငါရတဲ့ [၄၆] တရားတွေ ကဿပလည်းရတယ် .. လို့ဆိုပြီးတော့ ဟောတဲ့ ကဿပသံယုတ်ဆိုတာ ရှိတယ်။ အဲဒီလို မြတ်စွာဘုရားက ထူးခြားတဲ့ တရားထူး တရားမြတ်တွေနဲ့ နှိုင်းယှဉ်ပြီး ရှင်မဟာကဿပကို သံဃာ့အလယ်မှာ ချီးမွမ်းခဲ့တာဟာလည်းပဲ အကြွေးတစ်ခုလို့ပဲ သူယူဆတယ်။ ဒါတွေကို ဒီလိုချီးမွမ်းခဲ့တာဟာ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ငါ့ကိုရည်သန်ခဲ့တာပဲလို့ . စိတ်ထဲမှာ ထားပြီးတော့ မြတ်စွာဘုရားကျေးဇူးကို ဆပ်မယ်ဆိုပြီးတော့လုပ်တာ။ အေး- ဒါကြောင့်မို့လို့ သူ ဘုရားဂုဏ်ကျေးဇူးကို ဘာနဲ့ ဆပ်သလဲဆိုလို့ရှိရင် မြတ်စွာဘုရားဟောတဲ့တရားတွေ မပျောက်ပျက်အောင် စုစည်းပေးခြင်းဖြင့် ကျေးဇူးဆပ်တာ။ အဲဒီတော့ ဘုန်းကြီးတို့တတွေလည်း ဒီကျေးဇူးဆပ်ကြမယ်ဆိုရင် ဘာလုပ်ရမလဲ။ မြတ်စွာဘုရား တရားတော်တွေ မပျောက်ပျက်အောင် ဝိုင်းဝန်းပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ကြရမှာ၊ ဒီကနေ့ တရားတု၊ တရားယောင်တွေ များစွာ ပေါ်ပေါက်လာသည့် [၄၇] အတွက်ကြောင့် ဘုန်းကြီးတို့တတွေဟာ မူရင်းစာတွေကို သင်ကြားပို့ချကြဖို့ အရေးကြီးတယ်။ ဒါကြောင့်မို့လို့ ... ဘုန်းကြီး အခုဆိုလို့ရှိရင် ပြင်ဦးလွင်မှာ ဝိသုဒ္ဓိမဂ် ဆိုတာကို ဘုန်းကြီးတွေကို သင်ပေးတာမဟုတ်ဘူး၊ လူဒကာ ဒကာမတွေကို သင်ပေးတယ်။ ဘာဖြစ်လို့ သင်ပေးတာလဲလို့ဆိုရင် မူရင်းကိုသိစေချင်လို့၊ မူရင်းကိုသိထားမှ ဘယ်သူပြောတာပဲဖြစ်ဖြစ် ဟုတ်သလား မဟုတ်ဘူးလား၊ စာထဲမှာ ပါတာလား မပါဘူးလားဆိုတာ ကွဲကွဲပြားပြားသိဖို့ အင်မတန် အရေးကြီးတယ်။ စာထဲမှာ မပါဘဲနဲ့ ပါသယောင် ကိုယ့်အယူအဆတွေကို တရားထဲမှာ ဟောပြောမယ်ဆိုလို့ရှိရင် ဒါဟာမှားယွင်းနိုင်တယ်ပေါ့။ စာကသာလျှင် မြတ်စွာဘုရားတရားကို အစဉ်အလာအားဖြင့် ထိန်းသိမ်းထားတာဖြစ်လို့ တရားဆိုတာ ကိုယ့်တရားမဟုတ်ဘူး၊ ဘုရားရဲ့တရားသာဖြစ်တယ်။ ဘုရားတရားဆိုလို့ရှိရင် ဘုရားဟောတဲ့အတိုင်း မှန်မှန်ကန်ကန် မှတ်သားဖို့ အင်မတန်မှ အရေးကြီးတယ်။

[၄၈] လောကမှာ ဟိုနည်းဒီနည်း ဆိုပြီးတော့ နည်းတွေ ပြောနေကြပေမယ်လို့ ဆရာတွေရဲ့ ခေါင်းစဉ်တပ်တဲ့ နည်းမျှသာဖြစ်တယ်။ အားလုံးဟာ ဘုရားနည်းတွေချည်းပဲ။ ဘုရားဟောတဲ့အတိုင်းပဲ လိုက်နာကျင့်သုံးကြရမှာဖြစ်တယ်ပေါ့။ ဒါကြောင့်မို့ ဘုရားဟောတဲ့ တရားမူရင်းတွေ မပျောက်ပျက်အောင် ဘုန်းကြီးတို့တတွေဟာ ထိန်းသိမ်းစောင့်ရှောက်ကြရမှာ။ လူပဲဖြစ်ဖြစ် ရှင်ပဲဖြစ်ဖြစ် မြတ်စွာဘုရားဟောတဲ့ မူရင်းကျမ်းစာတွေကို သင်ယူလေ့လာလို့ မိမိတို့တတ်ပြီးလို့ရှိရင် လက်ဆင့်ကမ်းဖို့ ဒါဟာ သာသနာပြုတဲ့ နေရာမှာ အရေးအပါဆုံး သာသနာပြုခြင်းပဲဖြစ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ မြတ်စွာဘုရားဟောထားတဲ့ အတိုင်းပဲလေ။ အဋ္ဌကထာဆရာကြီးတွေကလည်း အမိန့်ရှိတယ်။ “ပရိယတ္တိယေဝ သာသနဿမူလံ” တဲ့၊ မြတ်စွာဘုရားရဲ့ သာသနာကြီး တည်တံ့ဖို့အတွက် သင်ယူမှုဟာ အဓိကဖြစ်တယ်။ စာပေသင်ယူခြင်း၊ စာပေပို့ချပေးခြင်း သင်ယူခြင်းဟာ ... အင်မတန်မှ [၄၉] အရေးကြီးတယ်။ “ပရိယတ္တိ ဌိတာယ သာသနံဌိတံ” ပရိယတ္တိတည်နေသမျှ ကာလပတ်လုံး သာသနာတည်တယ်လို့ ဒီလိုဆိုတာဟာ အင်မတန်မှ လေးနက်ပြီးတော့ မှန်ကန်တယ်ပေါ့။ ဒီကနေ့ မသင်လို့ မနက်ဖြန်ခါ စာတွေ ပျောက်သွားတာနဲ့တပြိုင်နက် သာသနာဟာ ကွယ်သွားနိုင်တယ်ပေါ့။ နောက်ဆုံး စာသင်တဲ့ ပုဂ္ဂိုလ်တွေ မရှိဘူး ဆိုလို့ရှိရင် ဘုန်းကြီးတို့တတွေ မြတ်စွာဘုရား သာသနာတော်ဟာ ပျောက်ကွယ်သွားမယ်။ လူတွေက ထင်ကောင်းထင်လိမ့်မယ်။ ဘုရားကျောင်းကန်တွေစည်ကားနေတာ သာသနာလို့ ထင်လိမ့်မယ်၊ မဟုတ်ဘူး။ သာသနာက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေမျှသာဖြစ်တယ်။ တကယ့် သာသနာအစစ်ဆိုတာ မြတ်စွာဘုရား ဟောကြားတဲ့ တရားတွေသာ ဖြစ်တယ်။ မြတ်စွာဘုရားဟောကြားတဲ့ တရားတွေ လောကကြီးမှာ တည်ရှိနေဖို့ အင်မတန်မှ အရေးကြီးတယ်။

[၅၀] ဒါကြောင့်မို့ ဒီကနေ့ခေတ်မှာတောင် ဘုန်းကြီးတို့တတွေ စပ်မိတဲ့အခါမှာ ပြောရသေးတယ်။ ဘုန်းကြီးတွေရဲ့ တကယ့်တာဝန်က ဘာလဲလို့ဆိုရင် ပိဋကသုံးပုံကို လေ့လာသင်ယူဖို့၊ အဋ္ဌကထာ ဋီကာနှင့်တကွ မြတ်စွာဘုရား ဟောကြားတဲ့ ... တရားတော်တွေကို နားလည်အောင်သင်ယူမှုဟာ အင်မတန်မှ အရေးကြီးတယ်။ အဲဒီသင်ယူပြီး တဆင့်ပို့ချပေးတာ၊ အခု ဒီကျောင်းတိုက်ကြီးဆိုကြည့်- ဆရာတော်ကြီး ဦးဆောင်ပြီး လုပ်လာခဲ့တာ၊ တပည့်တွေ များစွာမွေးထုတ်ထားတာ။ ဆရာတော်ကြီး တပည့်တွေထဲကနေပြီးတော့ တိပိဋကဓရ ပုဂ္ဂိုလ်ကျော်နှစ်ပါး ပေါ်ထွန်းလာခဲ့ပြီးသား။ အဲဒီတော့ ဒီလိုပုဂ္ဂိုလ်တွေကို မွေးထုတ်ပေးတာဟာ ဒါ သာသနာလက်ဆင့်ကမ်းတာခေါ်တယ်။ ထို ပုဂ္ဂိုလ်တွေကနေတဆင့် မိမိတို့ရဲ့ တပည့်တွေကို ဆက်လက်သင်ကြားပြီးတော့ ပို့ချသွားမယ်။ သာသနာဆိုတာ ဒီလိုလက်ဆင့်ကမ်းကြရတာ။ အဲဒီလို လက်ဆင့်ကမ်းတယ်ဆိုတာ သင်ယူပို့ချခြင်းသာ၊ သင်ယူပို့ချခြင်း [၅၁] ဖြင့်သာ လက်ဆင့်ကမ်းလို့ရတယ်။ တခြားနည်းနဲ့ လက်ဆင့်ကမ်းလို့မရဘူး။ ပုဂ္ဂိုလ်နဲ့ လက်ဆင့်ကမ်းရတယ်၊ စာအုပ်နဲ့လက်ဆင့်ကမ်းလို့မရဘူး။ အကယ်၍ စာအုပ်တွေကို တဆင့်ပြီးတဆင့် စာအုပ်တွေသာ ပေးထားခဲ့၊ မဖတ်တတ်တာနဲ့ နောက်ဆုံးသာသနာဟာ ပျောက်ကွယ်သွားနိုင်တယ်ပေါ့။ မသင်တာနဲ့ မသိတာနဲ့ ဒီသာသနာဟာ စာအုပ်ပဲရှိလင့်ကစား ပျောက်ကွယ်ပြီးတော့သွားတယ်လို့ .. ဒီလိုပဲဆိုရမယ်။ ဒါကြောင့်မို့ သာသနာကွယ်ဖို့ဆိုတာ လွယ်လွယ်လေးရယ်။ အေး-ဒါကြောင့်မို့လို့ အခုလို ရှင်မဟာကဿပဟာ မြတ်စွာဘုရားရဲ့ ကျေးဇူးတရားကို ဆောင်ရွက်တယ်။ ကျေးဇူးဆပ်တယ်ဆိုတာ ဘယ်လိုဆပ်တာတုန်းဆိုရင် မြတ်စွာဘုရားဟောတဲ့ တရားတွေ တစ်လုံးတစ်ပါဒမှ မပျောက်ပျက်အောင် ထိန်းသိမ်းပေးခြင်းဖြင့် မြတ်စွာဘုရားကို ကျေးဇူးဆပ်တယ်။ အဲဒီလိုပဲ ဒီကနေ့ ခေတ်ရောက်လာတဲ့အခါ မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မတွေရှိတယ်။ ဘုန်းကြီးတို့တတွေ ဘယ်လို [၅၂] ကျေးဇူးဆပ်ကြမလဲ။ သံဃာတွေက မြတ်စွာဘုရားရဲ့ တရားဓမ္မတွေကိုသင်ယူခြင်း၊ ပို့ချခြင်းဖြင့် ကျေးဇူးဆပ်ရမယ်။ ဒကာဒကာမတွေက သင်ယူပို့ချနေတဲ့ ပုဂ္ဂိုလ်တွေ သင်ယူခြင်း ပို့ချခြင်းကိစ္စမှာ လွယ်ကူချောမောပြီးတော့ ထို သင်ယူမှု ပို့ချမှုကိစ္စ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ပစ္စည်းလေးပါး ထောက်ပံ့အားပေးခြင်းဖြင့် တစ်ပိုင်းက ဆောင်ရွက်ရမယ်။ တစ်ပိုင်းက မိမိတို့ကိုယ်တိုင် တတ်စွမ်းသမျှ မြတ်စွာဘုရားရဲ့ တရားဓမ္မတွေကို မှတ်သားလေ့လာ သင်ယူခြင်းဖြင့် မြတ်စွာဘုရားရဲ့တရားတော်တွေကို ဒီလိုမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့အထဲမှာ တစ်တပ်တစ်အား ပါဝင်ပြီးတော့ ဆောင်ရွက်ဖို့ အင်မတန်မှ အရေးကြီးတယ်။ ဒါသာလျှင် သာသနာပြု အစစ်ဖြစ်တယ်။ တခြားနည်းနဲ့ သာသနာပြုရုံနဲ့ မြတ်စွာဘုရား တရားတော်တွေ တည်တံ့မှာမဟုတ်ဘူး။ ဘယ်လောက်ပဲ ကျောင်းကြီးတွေဆောက်ဆောက်၊ ဘယ်လောက်ပဲ ဘုရားကြီးတွေ တည်ထားထား မြတ်စွာ [၅၃] ဘုရား ဟောတဲ့တရား ပျောက်ကွယ်ပြီဆိုရင် ဒါ သာသနာကွယ်တယ်လို့ ပြောရမှာပဲ။ ဘာဖြစ်လို့တုန်း ကြည့်လေ- ပါကစ္စတန်နိုင်ငံမှာ ဘုရားပုထိုးတွေ ရှိတယ်လေ၊ ပြတိုက်ထဲမှာ ဘုရားရုပ်ပွားတော်တွေ ရှိတယ်လေ။ ဒါပေမယ့် ပါကစ္စတန် တစ်နိုင်ငံလုံးကလူတွေရဲ့ နှလုံးသားထဲမှာ ဘုရားတရား မရှိတော့ဘူး။ အိန္ဒိယနိုင်ငံမှာ မြတ်စွာဘုရား သီတင်းသုံးခဲ့တဲ့ နေရာတွေ ကျောင်းနေရာဟောင်းတွေ ရှိတယ်လေ။ သို့သော် လူတွေရဲ့နှလုံးသားထဲမှာ တရားမရှိတော့ဘူး။ မရှိတာဟာ သာသနာကွယ်တာပဲပေါ့။ အဲဒီတော့ မြန်မာနိုင်ငံမှာလည်းပဲ အခု နိုင်ငံသူနိုင်ငံသားတွေက ထိုက်သင့်သလောက် မြတ်စွာဘုရားတရားတော်ကို နာကြတယ်၊ လေ့လာကြတယ်၊ သင်ယူကြတယ်။ ဟို ရန်ကုန်တို့မှာ ဆိုလို့ရှိရင် အဘိဓမ္မာသင်တန်းတွေ၊ မန္တလေးမှာလည်း အခုအဘိဓမ္မာသင်တန်းတွေစသင်လာတယ်၊ ဝိသုဒ္ဓိမဂ် သင်တန်းတွေတို့၊ သံယုတ်ပါဠိတော် သင်တန်းတွေတို့ ဒီလိုသင်ယူလာကြတာဟာ ဒါက မှန်ကန်တဲ့ လမ်း [၅၄] ကြောင်းပေါ် ရောက်လာတယ်လို့ပဲ ဒီလိုပြောရမယ်။ အဲဒီလို သင်ယူခြင်းဟာ သာသနာတည်တံ့ခြင်းရဲ့ အကြောင်းတစ်ခုဖြစ်တယ်ဆိုတော့ မသင်ယူခြင်းဟာ သာသနာပျက်ခြင်းရဲ့အကြောင်းလို့ ဒီလိုပဲပြောရမှာပဲ။

အေး- ဒါကြောင့်မို့လို့ မှန်ကန်တဲ့တရား သိဖို့အတွက် မှန်ကန်တဲ့စာပေကို သင်ရမယ်။ အဲဒီလို မသင်ဘူးဆိုလို့ရှိရင် တစ်ဦးတစ်ယောက်က ဒါ ဘုရားဟောပါလို့ လာပြောတာ လက်ခံပြီးတော့ မမှန်ကန်တဲ့ တရားတစ်ခုကို အမှန်အကန်တရားလို့ ထင်ပြီးတော့ လိုက်နာကျင့်သုံးမယ်ဆိုရင် ကိုယ်ကျိုးနည်းသွားမယ်။ အများကြီး လမ်းမှားပြီးတော့ ရောက်သွားနိုင်တယ်။ ဒီကနေ့ခေတ်မှာ ဒီလမ်းဆိုတာ ဒီလမ်းအစစ်လို အတုအယောင်တွေက အင်မတန် များမှများသည့်အတွက်ကြောင့် မမှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်သွားလို့ရှိရင် မမှန်ကန်တဲ့ ခရီးဆုံးနဲ့တွေ့သွားမှာပဲပေါ့။ အဲဒီတော့ လမ်းမှားပြီးတော့သွားပြီဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ .. သွားလိုတဲ့နေရာလည်း ရောက်မှာမဟုတ်ဘူး။

[၅၅] မြတ်ဗုဒ္ဓ၏ကျေးဇူး အထူးပေးဆပ်ခဲ့သူ

မမှန်ကန်တဲ့လမ်းကြောင်းကို လျှောက်မိသည့် အတွက်ကြောင့် ဒုက္ခရောက်နိုင်တယ်။ နိဗ္ဗာန်သွားတဲ့လမ်းဆိုတာ အင်မတန်မှ မှန်ကန်ဖို့ အရေးကြီးတယ်။ ဒါကြောင့်မို့ အဲဒီ နိဗ္ဗာန်ဆိုတဲ့လမ်းကို တကယ် ညွှန်ပြနေတဲ့ ပိဋကသုံးပုံဆိုတာ ဒီကနေ့ခေတ် မပျောက်မပျက်ရှိနေသေးတယ်။ မြန်မာနိုင်ငံမှာ ယခုကျေးဇူးရှင် သက်တော်ရှည် ၈ဝ ပြည့် မွေးနေ့အရှင်ဖြစ်တဲ့ ဒီကျောင်းတိုက်ရဲ့ အဓိပတိ နာယကဆရာတော်ဘုရားကြီးလို ကျောင်းတိုက်ကြီးတွေ တည်ထောင်ပြီးတော့ ဒီလို သာသနာပြုပြီးတော့နေကြတဲ့ အတွက်ကြောင့် မှန်ကန်တဲ့ လမ်းကြောင်းတွေဟာ ဒီကနေ့ထိအောင် ပွင့်နေသေးတယ်လို့ ဒီလိုပြောတာ။ အဲဒီပွင့်နေတဲ့ လမ်းကြောင်းတွေကရတဲ့ အသိကသာလျှင် တကယ့် အစစ်အမှန်ဖြစ်တယ်။ ဟိုက ဒီက လမ်းကြောင်းက မဟုတ်ဘဲနဲ့ တခြားလမ်းကြောင်းတွေက သွားတဲ့လမ်းဟာ မှန်ကန်မှုမရှိဘူး။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ ပရိယတ္တိစာပေသင်ယူမှုဟာ အင်မတန် အရေးကြီးတဲ့ [၅၆] အတွက်ကြောင့် ဒကာဒကာမတွေအနေနဲ့၊ အားလုံး သူတော်စင် ပရိသတ်တွေအနေနဲ့ မြတ်စွာဘုရားကို ကျေးဇူးဆပ်ချင်တယ် ဆိုလို့ရှိရင် ဘယ်လိုလုပ်ရမလဲ။ ဘုရားဟောတဲ့ တရားတွေ ရေရှည်တည်တံ့အောင်၊ မိမိတို့ရဲ့ သားစဉ်မြေးဆက် (generation) တွေကို မျိုးဆက်သစ်တွေဆီကို လက်ဆင့်ကမ်းနိုင်အောင် ကြိုးစားခြင်းသာလျှင် မှန်ကုန်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်။ ဘုရားကို မှန်မှန်ကန်ကန် ကျေးဇူးဆပ်ခြင်းဖြစ်တယ်လို့ .. ကိုယ်စီကိုယ်စီ .. သဘောကျပြီးတော့ မှန်ကန်တဲ့ . ကျေးဇူးဆပ်နည်းဖြင့် ... ဆပ်နိုင်အောင် တရားတော်ကို ကြိုးစားသင်ယူ
မြတ်စွာဘုရား
ထိန်းသိမ်းခြင်းဖြင့် ဘုရားရဲ့သာသနာ ကြီးပွားအောင် ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု

6cjfncl9cosz27es32c31os6blu0y5x
မွေးနေ့လက်ဆောင်
0
6479
22350
2026-11-05T18:27:30Z
Tejinda
173
"{{header | title = မွေးနေ့လက်ဆောင် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = မြတ်ဗုဒ္ဓ၏ကျေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22350
wikitext
text/x-wiki
{{header
| title = မွေးနေ့လက်ဆောင်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မြတ်ဗုဒ္ဓ၏ကျေးဇူး အထူးပေးဆပ်ခဲ့သူ]]
| previous2 = [[မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး]]
| next = [[ရင်းနှီးမြှုပ်နှံခြင်း]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

မွေးနေ့လက်ဆောင်

[၁] ၁၃၇၂ ခုနှစ်၊ တပေါင်းလဆန်း(၁၅)ရက်၊ မြန်မာ ပြက္ခဒိန်နှစ်အရ မွေးနေ့အခါသမယဖြစ်သည့် ယနေ့ မှာ အားလုံးသော ဗုဒ္ဓဘာသာဝင် သူတော်စင် ပုဂ္ဂိုလ် တို့အား မွေးနေ့လက်ဆောင်အဖြစ် တရားတစ်ပုဒ်ကို ဟောပြောပါ့မယ်။ . တရားဓမ္မအမည်ကို “မွေးနေ့လက်ဆောင်” လို့ပဲ မှတ်ယူထားလိုက်ကြပါ။

ဘုန်းကြီးတို့ မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်၊ တပေါင်းလပြည့်နေ့ည၊ ၁၉၄၀ ပြည့်နှစ်၊ မတ်လ ၂၂ ရက်နေ့ည (၂၂ ရက် ကုန်ဆုံးပြီးတော့ ၂၃ ရက်နေ့ အရောက်) ၁၂း၃၀ နာရီ အချိန်ကာလ သမယဖြစ်သည့် Zero hour 30 minutes မှာ လူ့ ဘဝကိုရောက်လာတာ ဖြစ်ပါတယ်။ သောကြာသားဖြစ်ရမှာ မိနစ် ၃၀ လွန်သွား ပြီး စနေဘက် ကူးသွားလို့ စနေသားဖြစ်တာ၊ ဒီတော့ [၂] အဲဒီ လပြည့်နေ့က သောကြာနေ့ဖြစ်ပါတယ်။ သောကြာ ည သန်းခေါင်ကျော် ၂၄ နာရီကုန်ဆုံးလို့ Zero hour 30 minutes ရောက်တဲ့အချိန်မှာ ဘုန်းကြီးတို့ လူ့ဘဝ ကို လူသားတစ်ယောက်အနေနဲ့ ရောက်ရှိလာတယ်လို့ မှတ်တမ်းအရ သိရတယ်။ တကယ်တော့ လူ့ဘဝစတင် ရောက်ရှိတာဟာ အဲဒီရက်ထက် စောပါတယ်။ မွေးဖွား လာခြင်းကိုသာလျှင် မှတ်တမ်းတင်ထားခြင်းဖြစ်တယ်။

ဘဝဆိုတာ ဘယ်ကစသလဲ ဆိုလို့ရှိရင် ပထမဆုံး ပဋိသန္ဓေစိတ်ကလေးက စတာပါ။ အဲဒီ ပဋိသန္ဓေ စတည်တဲ့နေ့ကိုတော့ ဘုန်းကြီးတို့ သိနိုင်စွမ်းမရှိပါဘူး၊ မြတ်စွာဘုရားအလောင်းကျတော့ ပဋိသန္ဓေ စပြီးတော့ တည်တဲ့နေ့ဟာ ကဆုန်လပြည့်နေ့ မတိုင်ခင် ဝါဆို လပြည့်နေ့မှာ ပဋိသန္ဓေတည်တယ်လို့ အတိအကျ ပြောလို့ရတယ်။ ဘုန်းကြီးတို့တစ်တွေတော့ ပဋိသန္ဓေ ဘယ်နေ့တည်တယ်ဆိုတာ မှန်းဆပြီးသာပြောနိုင်တာ ဖြစ်ပါတယ်။ သို့သော် မွေးဖွားတဲ့အချိန်ကိုသာလျှင် သတ်မှတ်ပြီးတော့ လူ့ဘဝရောက်ရှိတယ်လို့ပြောတာ။

[၃] - မွေးဖွားခြင်းဆိုတာကို ပါဠိစာပေမှာ ဇာတိလို့ အသုံးပြုပါတယ်။ ဇာတိဆိုတာ ဘဝတစ်ခုမှာ စတင် ဖြစ်ပေါ်လာတာကိုခေါ်တယ်။ ဘဝတစ်ခု စဖြစ်တာ ဘယ်အချိန်မှာဖြစ်သလဲ ဆိုလို့ရှိရင် လူ့ဘဝအနေနဲ့ မွေးဖွားခြင်းရဲ့ source ဟာ ပဋိသန္ဓေစိတ်ကလေး စတင်ပေါ်တဲ့နေ့ပဲ။ ဒါကို မွေးဖွားခြင်း ဇာတိလို့ ဒီလို ပြောရမှာပါ။ ဇာတိတရားဟာ အဲဒီအချိန်မှာ စတင်လာ တယ်။ မိခင်ဝမ်းထဲမှာ “ကိုးလလွယ် ဆယ်လဖွား” ဆိုတဲ့ အတိုင်းပေါ့လေ။ မိခင်ဝမ်းထဲမှာ နေထိုင်ပြီးတဲ့နောက် မှာ လူ့ဘဝရောက်လာတဲ့အချိန်ကို မှတ်တမ်းတင်လိုက် တာကတော့ တပေါင်းလပြည့်နေ့ည ၁၂ နာရီခွဲအချိန်၊ အဲဒီအချိန်မှာ ဘာမသိ ညာမသိနဲ့ လူ့ ဘဝရောက်လာ တယ်လို့ ပြောရမယ်။
၁၀ ဘုရားအလောင်းတွေ မွေးဖွားတဲ့အခါကျတော့ သတိသမ္ပဇညနဲ့ မွေးဖွားလာတယ်ဆိုတော့ သိသိကြီး မွေးဖွားလာတယ်လို့ ပြောရမယ်။ ဘုန်းကြီးတို့ကတော့ မယောင်မလည်နဲ့ လူ့ဘဝရောက်လာတယ်လို့ပဲ ပြောရ [၄] မယ်၊ မသိလိုက်ဘူးပေါ့။ အဲဒီလို လူသားတိုင်း လူသား တိုင်း ဇာတိတရားကို ရပြီးတော့ မိခင်ဝမ်းကနေ ကျွတ် လွတ်ပြီး လူ့လောကကြီးကို စတင်တွေ့ဆုံကြတယ်, မြင်ကြတယ်ဆိုတာကို မှတ်တမ်းတင်ပြီးတော့ “မွေးနေ့’ ဆိုပြီးတော့ လုပ်ကြတယ်။

sonuna ár အဲဒီလို မွေးဖွားလာတဲ့အခါမှာ သာမန် ရိုးရာ မွေးဖွားကြတာရှိသလို ထူးထူးခြားခြား မွေးဖွားလာကြ တာလည်း အမှတ်တရတွေ ရှိကြပါတယ်။ ဘုန်းကြီးတို့ ဘဝမှာတော့ ဘာအမှတ်တရမှ မှတ်သားထားခြင်း မရှိ ပါဘူး။

ဆရာ မြတ်စွာဘုရားအလောင်းနဲ့ ပတ်သက်ပြီးတော့ သုံးဘဝ မွေးဖွားလာတဲ့နေ့မှာ ထူးခြားတဲ့မှတ်တမ်းလေး တွေ ရှိပါတယ်။ ဘုရားအလောင်းတော် မဟောသဓ မွေးဖွားလာတဲ့အခါမှာ လက်ထဲမှာ ဆေးတောင့်ကလေး ပါလာတယ်။ မိခင်ဝမ်းက ကျွတ်လွတ်တဲ့ မွေးနေ့မှာပဲ သူ့မိခင်ကြီးကို အဲဒီဆေးတောင့်ကလေး လက်ဆောင် ပေးလိုက်တယ်။ ဆေးကို ပါဠိဘာသာနဲ့ ဩသဓ လို့ [၅] ခေါ်တယ်။ အင်မတန်ကြီးကျယ်ထူးခြားတဲ့ဆေးဖြစ်လို့ မဟာဩသဓ၊ ကြီးမားတဲ့ စွမ်းရည်သတ္တိရှိတဲ့ဆေးကို လက်ကဆုပ်ကိုင်ပြီးတော့ မွေးလာတဲ့ပုဂ္ဂိုလ် ဖြစ်သော ကြောင့် မဟောသဓ လို့ ဒီလိုနာမည်ပေးတာ။ အလွန် ပညာရှိတာ ဖြစ်သောကြောင့် မဟောသဓ လို့ခေါ်တာ မဟုတ်ဘူး။ မဟောသဓ ဆိုလို့ရှိရင် ပညာရှိလို့ပဲ တွေက သိကြတယ်၊ စွမ်းရည်သတ္တိ အင်မတန်ကြီးမား တဲ့ ဆေးတောင့်လေး မိခင်ကို လက်ဆောင်ပေးလို့ သူ့ကို မဟောသဓ လို့ နာမည်ပေးခဲ့တာ။ အဲဒါ ဘုရား အလောင်း မဟောသဓရဲ့ မွေးနေ့ဟာ ထူးခြားတယ်လို့ ဒီလိုပြောရမှာဖြစ်တယ်။

နောက်တစ်ခု မြတ်စွာဘုရား နောက်ဆုံး ပါရမီ ဖြည့်ရတဲ့ဘဝလို့ ဆိုရမယ့် ဝေဿန္တရာမင်း ဘဝမှာ မွေးဖွားလာတဲ့အခါမှာလည်းပဲ မိခင်ဝမ်းက ကျွတ်လွတ် လို့ သူ့ရဲ့မွေးနေ့မှာပဲ လက်ကလေးဖြန့်ပြီးတော့ “လှူ စရာပေးပါ” လို့တောင်းတယ်။ သူက (လူ့ဘဝ ရောက် လာတယ်ဆိုတာ လက်ဖဝါးချည်း ပါလာတယ်) လက် [၆] ထဲမှာ ဘာမှပါမလာဘူး၊ ပါမလာသည့်အတွက်ကြောင့် “လှူစရာပေးပါ” လို့ မိခင်ကို လက်ဖြန့်ပြီးတောင်းတယ်၊ သူ့လက်ဆောင်ကတော့ တခြားမဟုတ်ဘူး၊ ဒါန ကောင်းမှု လုပ်ချင်တဲ့ စိတ်ထားလေးဟာ သူ့ ရဲ့ လက် ဆောင်ပဲ၊ အဲဒီလို ထူးခြားတဲ့ အမှတ်အသားတစ်ခု ရှိတယ်နော်။

မြတ်စွာဘုရားရဲ့ နောက်ဆုံးဘဝလို့ ပြောရမယ့် ဘုရားဖြစ်မယ့်ဘဝ အလောင်းတော် သိဒ္ဓတ္တ မင်းသား လေး မွေးဖွားလာတဲ့အခါ အဲဒီမွေးနေ့ရဲ့ ထူးခြားတဲ့ ဖြစ်စဉ်ကတော့ မိခင်ဝမ်းက ကျွတ်လွတ်တာနဲ့တစ်ပြိုင် နက် နတ်တွေရဲ့ လက်ထဲကနေပြီး လူသားတွေရဲ့ လက်ထဲ ရောက်တယ်၊ မြေကြီးပေါ်မှာ ချက်ချင်း မတ်တပ်ရပ်နိုင်တဲ့စွမ်းအားတွေရတယ်၊ မြောက်ဘက် ကို လှည့်ပြီးတော့ (၇)လှမ်းသွားတယ်။ တစ်လောက လုံးကို လှည့်ပတ်ပြီး ကြည့်လိုက်တဲ့အခါမှာ သူဟာ လောကမှာ အမြတ်ဆုံးပုဂ္ဂိုလ်ဆိုတာ သိရလို့ “အဂ္ဂေါ ဟမသ္မိ လောကဿ” ဆိုတဲ့ စကားလုံးကို စတင်ပြော [၇] ဆိုခဲ့တာ။ သူ့ရဲ့မွေးနေ့မှာ “ငါဟာ လောကမှာ အမြတ် ဆုံးပဲ” လို့ပြောခဲ့တယ်။ ဒါတင်မကဘူး၊ နောက် ပြော လိုက်တဲ့စကားတစ်ခုကတော့ “အယ မဇ္ဈိမာ ဇာတိ” တဲ့။ “ဒီတစ်ခါမွေးတာ သူ နောက်ဆုံးမွေးခြင်းပါ” လို့ ကြေငြာသွားတယ်။ အဲဒါက ဘုရားအလောင်းဘဝနဲ့ ပတ်သက်ပြီးတော့ ထူးခြားတဲ့ ဖြစ်စဉ်ကလေးတွေပဲ ဖြစ်ပါတယ်။

အဲဒီလို လူ့လောကမှာ လူတွေဟာ မိမိရဲ့ကံ အားလျော်စွာ ဘဝတစ်ခုကို ရရှိပြီးတော့ လာကြတယ်၊ ဇာတိဆိုတဲ့မွေးဖွားခြင်း သို့မဟုတ် ဇာတိဆိုတဲ့ ပဋိသန္ဓေ နေခြင်းကို ရရှိလာပြီး လူ့ဘဝမှာ မွေးဖွားလာကြတယ်၊ အဲဒီတော့ ဇာတိဟာ ကလလရေကြည် သန္ဓေတည်တဲ့ အချိန်ကစတယ်။ မွေးဖွားတဲ့အချိန်ကတော့ ကိုယ်လက် အင်္ဂါ ပြည့်ပြည့်စုံစုံ ဖြစ်လာခြင်းလို့ ဒီလိုပြောရမှာပေါ့။ အဲဒီမှာ ဇာတိရဲ့အဓိပ္ပာယ်ကို စာပေကျမ်းဂန်တွေ ဘယ်လိုဖော်ပြတုန်းဆိုတော့ ဇာတိဆိုတာ ဘာကို [၈] ပြောတာလဲ ဆိုလို့ရှိရင် “ခန္ဓာနံ ပါတုဘာဝေါ” တဲ့။ “ခန္ဓာငါးပါး ဖြစ်ပေါ်လာမှုကို ဇာတိ” လို့ပဲ ခေါ်တယ်။ ” လူတွေရဲ့သန္တာန်မှာ “သင်္ခါရ ပစ္စယာ ဝိညာဏံ” လို့ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်မှာ ပါတဲ့အတိုင်း သင်္ခါရ ဆိုတဲ့ ကံစွမ်းအားနဲ့ ဝိညာဏ ဆိုတဲ့ ပဋိသန္ဓေစိတ်ကလေး ပေါ်လာတာ။ ပဋိသန္ဓေစိတ်ကလေး ပေါ်လာတဲ့အထဲ မှာ ဘာတွေ တွဲဖက်ပါလာလဲဆိုတော့ ပဋိသန္ဓေစိတ်ရဲ့ တည်ရာမှီရာအနေနဲ့ ဆောင်ရွက်တဲ့ ကမ္မဇရုပ်တွေ ပါလာတယ်။ ရူပက္ခန္ဓာ ပါလာတယ်ပေါ့။ နောက် ပဋိသန္ဓေစိတ်လို့ဆိုတဲ့ ဝိညာဏက္ခန္ဓာ၊ ထို ပဋိသန္ဓေ စိတ်ကလေးနဲ့ တွဲဖက်ပါလာတဲ့ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ လို့ဆိုတဲ့ ခန္ဓာတွေ ပါလာ တယ်။ ခြုံပြီးတော့ ကြည့်လိုက်လို့ရှိရင် ခန္ဓာငါးပါးကို ရလာတယ်။ အဲဒါတွေဟာ ဇာတိပဲလို့။ ဘုန်းကြီးတို့ ဘဝတွေဟာလည်း အဲဒီလိုပဲ စခဲ့တာပဲပေါ့။ ဒါကြောင့် မို့ ဓမ္မသင်္ဂဏီပါဠိတော်မှာ ဇာတိရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆို [၉] တာ “ခန္ဓာနံ ပါတုဘာဝေါ” တဲ့။ ခန္ဓာတွေ ဖြစ်ပေါ် လာမှုကို ဇာတိလို့ ခေါ်ပါတယ်ပေါ့။

“အာယတနာနံ ပတိလာဘော” ခန္ဓာတွေဖြစ်ပေါ် လာတဲ့အခါမှာ အာယတန လို့ဆိုတဲ့ နာမ်တရားတွေရဲ့ အခြေခံတွေ သို့မဟုတ် နာမ်တရားတွေမှာ ထင်ဟပ် လာတဲ့ အာရုံတရားတွေ၊ ဒါတွေ ရရှိလာခြင်းပဲ။ ခန္ဓာ ပေါ်တာတွေကို အကြောင်းပြုပြီးတော့ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံလို့ဆိုတဲ့ အာရုံတွေ ဖြစ်ပေါ်လာမှု ဟာ ဒါ အာယတနတွေ ရရှိလာခြင်းပဲ။ ဘဝဆိုတာ ဒါကိုပြောတာပါလို့ ပရမတ္ထ ရှုထောင့်ကနေပြီးတော့ မြတ်စွာဘုရားက ဓမ္မသင်္ဂဏီပါဠိတော်မှာ ဒီလိုရှင်းလင်း ပြီးတော့ ဖော်ပြထားတာ။

ဒီတော့ ဇာတိဆိုတဲ့တရားနဲ့ ပတ်သက်လာလို့ရှိရင် မွေးနေ့ဆိုရင် တော်တော်များများက မွေးနေ့ကို Happy Birthday ဆိုပြီးတော့ ပျော်ရွှင်ချမ်းမြေ့တဲ့ မွေးနေ့အဖြစ် လုပ်ချင်ကြတယ်ပေါ့။ ဒီတော့ မွေးနေ့ဆိုတာ ဂုဏ်ပြု [၁၀] ထိုက်သလား၊ ရှုတ်ချထိုက်သလား။ ဒါ စဉ်းစားစရာ ကောင်းတာပေါ့။ မွေးလာတာဟာ ကောင်းသလား၊ မကောင်းဘူးလား၊ ရလာတာ ဘာတွေရလာသလဲ၊ အခု မြတ်စွာဘုရား ဟောတဲ့အတိုင်းဆိုရင် happiness ကို ရတာမဟုတ်ဘူး၊ ခန္ဓာငါးပါးကိုရတာဖြစ်တယ်ပေါ့နော်။ ဒီတော့ ခန္ဓာငါးပါးဆိုတဲ့ အထဲမယ် happiness တင် ရတာမဟုတ်ဘူး၊ ကျန်တာတွေလည်း ပါနေတယ်ပေါ့။ ဒီတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ကတော့ ဒီလိုမွေးတာ ကောင်းသလားလို့ဆိုတာကို ဘုရားဖြစ်ပြီးတဲ့အချိန်မှာ ဘယ်လိုပြောတုန်းဆိုတော့ “ဒုက္ခာ ဇာတိ ပုနပ္ပုနံ” မွေးလာတာ မကောင်းဘူးတဲ့၊ ခဏခဏမွေးရင် ဒုက္ခဖြစ်တယ်တဲ့၊ ဒုက္ခတွေကြုံတွေ့ တယ်။ ဒါကြောင့်မို့လို့ ဒီလို လူ့ ဘဝပဲဖြစ်ဖြစ်၊ ဘယ်ဘဝ ပဲဖြစ်ဖြစ် မွေးဖွားလာခြင်း ဇာတိတရားဟာ အကောင်း မဟုတ်ဘူးလို့ ဘုရားက ဥဒါန်းကျူးတဲ့ ဂါထာထဲမှာ “ဒုက္ခာ ဇာတိ ပုနပ္ပုနံ” လို့ဖော်ပြထားတယ်။ မွေးဖွား လာတာဟာ ကောင်းတာမဟုတ်ဘူး၊ ခဏခဏမွေးရင် [၁၁] ဒုက္ခဖြစ်တယ်။ ဒါကြောင့်မို့လို့ ငါ လူ့ဘဝမှာ ဘာကြောင့် ခဏခဏမွေးနေရသလဲ၊ ဘယ်သူ့ကြောင့် မွေးနေ ရသလဲ ဆိုတဲ့အကြောင်းကို ရှာတာ။ ခန္ဓာအိမ်ကို တည်ဆောက်တဲ့ပုဂ္ဂိုလ်ဟာ တဏှာပဲဖြစ်တယ်ဆိုတာ နောက်ဆုံးမှာ တွေ့ရှိတယ်။ “ဂဟကာရက” ဆောက် လုပ်ရေးသမား။ အဲဒီ ဆောက်လုပ်ရေးသမားကို နောက်ထပ် မဆောက်ရအောင် . ထိန်းချုပ်ပစ်လိုက် တယ်ပေါ့၊ ဖယ်ရှားပစ်လိုက်တယ်။ အဲဒါဆိုရင် ဒုက္ခ ဆိုတာ နောက်ထပ်မလာတော့ဘူးပေါ့။

ဒါက ဘုန်းကြီးတို့ရဲ့အမြင်တွေနဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မအမြင်က အင်မတန်မှ အလှမ်းကွာတယ်။ လောကလူတွေက မွေးနေ့ဆိုရင် ပျော်ကြတယ်၊ ရွှင်ကြ တယ်။ မွေးနေ့မှာ “မွေးနေ့လက်ဆောင်” ဆိုတာတွေ ရချင်ကြတယ်။ မွေးနေ့လက်ဆောင်နဲ့ ပတ်သက်လာရင် မွေးနေ့လက်ဆောင်ဆိုတာ မိမိနဲ့ မေတ္တာထားကြတဲ့ မိတ်ဆွေသင်္ဂဟတွေက၊ မိဘဆွေမျိုးတွေက မွေးနေ့မှာ [၁၂] ဆိုရင် ... အထူး မေတ္တာလက်ဆောင် ပေးပြီးတော့ ဆုတောင်းကြတယ်ပေါ့လေ။ ဟဟာနာမှု ငယ်ငယ်တုန်းက ပုံပြင်လေးတစ်ခု ဖတ်ဖူးတယ်။ အဲဒီ ပုံဝတ္ထုလေးမှာ သားကလေးတစ်ယောက်က မွေးနေ့ရောက်လာတဲ့အခါမှာ မိဘတွေက “တို့သား ကလေးကို ဘာမွေးနေ့လက်ဆောင်ပေးရမလဲ၊ သူများ မပေးတဲ့ မွေးနေ့လက်ဆောင်တွေ တို့တစ်တွေ ပေးချင် တယ်၊ အင်မတန်ထူးခြားတဲ့ မွေးနေ့လက်ဆောင်” ခုခေတ်ဆိုရင်တော့ ပစ္စည်းဥစ္စာတွေ စဉ်းစားကြမှာပေါ့၊ မွေးနေ့လက်ဆောင်နဲ့ ပတ်သက်လာရင် ပစ္စည်းအမျိုး မျိုး၊ တန်ဖိုးရှိတဲ့ပစ္စည်းတွေ မွေးနေ့လက်ဆောင်အဖြစ် ပေးဖို့ဆိုတာကို စဉ်းစားကောင်း စဉ်းစားမိမယ်။ သို့သော် အဲဒီပုံဝတ္ထုလေးထဲမှာ မွေးနေ့လက်ဆောင်ကို စဉ်းစား တဲ့အခါမှာ သူက ဘာတောင်းဆိုတုန်း ဆိုလို့ရှိရင် “မွေးနေ့မှာ သူလုပ်ချင်တာတွေ လုပ်ပါရစေ၊ မိဘတွေ က ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ အကြံပေးခြင်း ဘာမှ မလုပ်ရဘူး၊ သူလုပ်ချင်တာတွေ၊ သူ့စိတ်ထဲရှိတာတွေ [၁၃] အကုန်လုပ်မယ်” အဲဒီ လက်ဆောင် သူက တောင်း တယ်၊ မိဘတွေကလည်း သဘောတူလိုက်တယ်။ မွေးနေ့လက်ဆောင်ပေးတယ်။ “ကဲ၊ ငါ့သား၊ ဒီနေ့ တစ်ရက်တော့ လုပ်ချင်တာလုပ်၊ တို့ဘာမှမပြောဘူး” တစ်ရက်တာ မွေးနေ့လက်ဆောင်ပေးလိုက်တယ်။ အဲဒီကလေးက ဘာတွေလုပ်တုန်းဆိုရင် ကလေး ဆိုတာဟာ သူလုပ်ချင်တာက ဆော့ချင်တာပဲပေါ့။ သူ မျိုးစုံလုပ်တယ်၊ ရေကူးတယ်၊ သူငယ်ချင်းတွေနဲ့ ချမ်းတုန် လာသည်အထိကူးတယ်၊ နောက် ခွေးတစ်ကောင်ကို သူ့ကိုအကိုက်ခံရသည်ထိအောင် ရိုက်တယ်။ သူကြိုက် တဲ့ အချဉ်သီးတွေစားတယ်။ နောက်ဆုံးကျတော့ ဘာ ဖြစ်တုန်းဆို သူက သစ်ပင်ပေါ်ကလိမ့်ကျတယ်။ အဲဒီ နေ့မှာပဲ တောက်လျှောက် ဖျားတော့တာပဲ။ အကြီး အကျယ် ဖျားပြီးတော့ ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံ က ပြန်ဆင်းပြီးတော့ သက်သာလာတဲ့အခါမှာ သူက မိဘတွေကိုပြောတယ်။ “နောက် ဒီမွေးနေ့လက်ဆောင် မျိုး ဘယ်တော့မှ မပေးပါနဲ့တော့” တဲ့။ မှန်ကန်တဲ့ [၁၄] ရွေးချယ်မှုမရှိဘဲနဲ့ ကိုယ်လုပ်ချင်တာလုပ်မယ် ဆိုတဲ့ မွေးနေ့လက်ဆောင်မျိုးက အန္တရာယ်များတာပေါ့။ ဒါကြောင့်မို့ ဒီလိုမွေးနေ့လက်ဆောင်မျိုးကိုတော့ မပေး ပါနဲ့လို့ ပြောတာနော်။ အဲဒီတော့ မွေးနေ့နဲ့ ပတ်သက် ပြီး ရှုမြင်ချက်တွေကတော့ အမျိုးမျိုးပဲပေါ့။ လျာကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မွေးဖွား လာခြင်းဆိုတဲ့ ဇာတိတရားနဲ့ ပတ်သက်ပြီးတော့ ပထမ ဆုံး ဓမ္မစကြာတရားတော်မှာ Four Noble Truth သစ္စာလေးပါး ဟောကြားတဲ့အခါမှာ ဒုက္ခသစ္စာလို့၊ ဒုက္ခဆိုတာ လုံးဝမှန်တယ်။ ဟောဒီ အမှန်တရားထဲမှာ ဒုက္ခဆိုတာ ဘာတွေကိုပြောတာလဲဆိုတော့ “ဇာတိ ပိ ဒုက္ခာ” လို့ ဇာတိကို အရင်ဆုံးစပြီးတော့ ပြောတယ်။ မွေးဖွားလာခြင်းဟာ ဒုက္ခပဲ။

ဒီတော့ ဒီနေရာမှာ မွေးဖွားလာတာဟာ ဘာဖြစ် လို့ ဒုက္ခဖြစ်ရတာလဲ၊ ဖြစ်လာခြင်းသည် ဘာဖြစ်လို့ ဒုက္ခ လို့ သတ်မှတ်ရသလဲလို့ ဆိုတဲ့အခါ သူကိုယ်တိုင်က ဆင်းရဲလို့ ဒုက္ခလို့ပြောတာ မဟုတ်ဘူး၊ အဲဒီ ဇာတိ ရလာ [၁၅] လို့ရှိရင် ထိုဇာတိကို အကြောင်းပြုပြီးတော့ ဇာတိဟာ ဒုက္ခအားလုံးရဲ့တည်ရာ ဖြစ်လာလို့ ဒုက္ခလို့ ပြောတာပါ တဲ့။ ဇာတိကိုယ်တိုင်ကတော့ ဒုက္ခမဟုတ်ဘူးလို့ ဒီလို ဆိုထားတာပါ။ ဝိသုဒ္ဓိမဂ်ကျမ်းမှာ “အယံ ဟိ ဇာတိ သယံ န ဒုက္ခာ” “ဖြစ်ပေါ်လာမှုဟာ၊ ဖြစ်ခြင်းသဘော ဆိုတာ သူကတော့ဒုက္ခမဟုတ်ပါဘူး”တဲ့။ “ဒုက္ခပတ္တိယာ ပန ဝတ္ထုဘာဝေန ဒုက္ခာ ဝုတ္တာ” တဲ့။ “သူဟာ ဒုက္ခ ဖြစ်ဖို့ရာအတွက် အခြေခံအကြောင်းတရားတစ်ခု ဖြစ်နေ လို့ ဇာတိကို ဒုက္ခလို့ပြောတာပါ” တဲ့။

ဟုတ်တာပေါ့။ လောကမှာ လူတွေ ကြုံတွေ့ရသမျှ ပြဿနာတွေအားလုံးဟာ မွေးဖွားလာလို့ ကြုံတာလေ၊ ချမ်းသာနေတဲ့အခါမှာ ဒုက္ခကို မေ့ထားကြတာကိုး။ တကယ်ကတော့ လူတွေဟာ ဒုက္ခနဲ့ကင်းတဲ့သူ ရှိမှမရှိ တာ။ မကင်းနိုင်တဲ့ဒုက္ခတွေဟာ ဘာလဲဆိုရင် အိုခြင်း ဆင်းရဲ၊ နာခြင်းဆင်းရဲ၊ နောက်ဆုံးမှာ သေခြင်းဆင်းရဲ ဆိုတာ ဘယ်ပုဂ္ဂိုလ်မှ မကင်းဘူး၊ ဘယ်လူမျိုးမှလည်း ရှောင်လွှဲလို့မရဘူး။ ဘယ်ဘာသာဝင်မှလည်း ရှောင်လွှဲ [၁၆] လို့ မရဘူး။ ဘယ်သတ္တဝါမှ ရှောင်လွှဲလို့မရတဲ့ ပြဿနာတွေပဲ။ တခြားဒုက္ခဆိုတာတော့ ကြုံချင်မှကြုံမယ်ပေါ့။ ဒီဒုက္ခတွေကတော့ အားလုံးကြုံရမှာပဲ။ အဲဒီတော့ အိုခြင်းဆိုတဲ့ဆင်းရဲဟာ မွေးလို့ဖြစ်တာ နော်၊ မမွေးရင် အိုစရာမရှိဘူးပေါ့။ ဒါကြောင့်မို့ “ဇာတိ ပစ္စယာ ဇရာ” အဲဒါကြောင့် ဒုက္ခလို့ပြောတာ။ ဒုက္ခဆိုတဲ့အထဲမှာ ဒီ မွေးဖွားလာတဲ့ သန္ဓေလေးတည်လာတဲ့ အချိန်ကစပြီးတော့ ဒုက္ခ(၇)မျိုးဆိုတာ ဖြစ်ပေါ်လာတာပဲ၊ အဆင့်ဆင့် ကြုံတွေ့ရတဲ့ဒုက္ခတွေ။ ၉ သို့သော် အမိဝမ်းမှာ နေတဲ့အချိန်မှာ တချို့ကလည်းပြောကြတယ်၊ “အမိဝမ်းထဲမှာနေတုန်းက တို့က ဘာမှမသိဘူး၊ ဘာမှမသိလို့ ဒုက္ခမရှိဘူး” လို့ ပြောကြတယ်။ မသိတာနဲ့မရှိတာ တခြားစီပဲနော်။ တချို့ အဲဒီလိုဟာမျိုးတွေ ဟောနေတာရှိတယ်။ “ဟာ၊ ဇာတိဒုက္ခဆိုတာ မဟုတ်ပါဘူး၊ မိခင်ဝမ်းထဲမှာ သန္ဓေတည်ရတာ ဘာမှဒုက္ခမဖြစ်ဘူး၊ သိတောင်မသိဘူး” လို့ ဒီလိုဟောတာတွေရှိတယ်။ ဒီတော့ သာမန်ပုဂ္ဂိုလ်တွေက ကြည့် [၁၇] လိုက်မယ်ဆိုရင်တော့ ယုံစရာကြီးပေါ့။ ဟုတ်တယ်လေ၊ ကိုယ်မသိတာ၊ အဲဒီတော့ မသိတာနဲ့မရှိတာ မတူဘူးပေါ့။ မသိတာနဲ့မရှိဘူးလို့ ပြောလို့မရဘူး၊ ဒုက္ခဆိုတာ ရှိတယ်။ ဒီပို ပဋိသန္ဓေ တည်လိုက်တဲ့အချိန်မှာ သန္ဓေတည်ရတဲ့ ဒုက္ခကလည်း နည်းတဲ့ဒုက္ခမှမဟုတ်တာ။ မိခင်ဝမ်းမှာ သန္ဓေတည်ရတယ်ဆိုတာ မွှေးကြိုင်နေတဲ့ နံ့သာတွေ ထုံမွှမ်းထားတဲ့ တိုက်ခန်းထဲမှာ နေရတာမှမဟုတ်တာ၊ အားလုံးသိနေကြတာပဲ၊ ဝိသုဒ္ဓိမဂ်က အဲဒါကို အသေးစိတ် ရေးထားတယ်။ “အပေါ်က အစာသစ်အိမ်” တဲ့၊ “အောက်က အစာဟောင်းအိမ်” တဲ့။ “အင်မတန်မှ ပုပ်လှောင်နေတဲ့နေရာ” လို့ ဒီလိုရေးထားတယ်။ ဘုန်းကြီး ဝိသုဒ္ဓိမဂ်မှာ အဲဒီစာပိုဒ်လေးကိုရှင်းပြတော့ နိုင်ငံခြားက အမျိုးသမီးကြီးတွေက စိတ်ဆိုးတယ်၊ သူတို့ကို ရှုတ်ချပြောတယ်လို့ ထင်တယ်၊ ရှုတ်ချပြောတာတဲ့။ တကယ်တော့ ရှုတ်ချပြောတာ မဟုတ်ပါဘူး၊ တကယ် အမှန်ပါပဲနော်၊ လူ့ခန္ဓာကိုယ်ကို ဘယ်သူက မွှေးတယ် [၁၈] လို့ ပြောမလဲ၊ အပေါ်ယံ မွှေးတယ်ဆိုတာ လိမ်းကျံထားတဲ့ နံ့သာရဲ့အနံ့ပဲ၊ လူ့အနံ့မှမဟုတ်တာ၊ အဲဒီတော့ အဲဒါတွေ အထင်မှားအောင်လုပ်တာနော်၊ အထင်မှားတယ်၊ အမြင်မှားတယ်၊ အတွေးမှားတယ်၊ အသိမှားတယ်ဆိုတဲ့ ဝိပ္ပလ္လသ ဖြစ်တာလေ။ အပေါ်ယံလေးကြည့်ပြီး အဲဒီလို ထင်တာ၊ တကယ် အနှစ်သာရပိုင်းက အမှန်အတိုင်း တွေးကြစို့ဆိုရင် တကယ်ဟုတ်တယ်။ သို့သော်လည်း အဲဒီစာပိုဒ်လေးကို ရှင်းပြတော့ သူတို့က မကျေနပ်ဘူး၊ မကျေနပ်လည်း ဒါ အဖြစ်မှန်က ဒီအတိုင်းပဲ။ အဲဒါကို “ဂမ္ဘောက္ကန္တိမူလက ဒုက္ခ” လို့ခေါ်တယ်။ အမိဝမ်းထဲမှာ သက်ဆင်းရတဲ့ဒုက္ခ၊ မွှေးကြိုင်တဲ့နံ့သာတွေနဲ့ ထုံမွှမ်းထားတဲ့ တိုက်ခန်းထဲ ဝင်ရတာမဟုတ်ဘူး၊ နံစော်နေတဲ့ အခန်းထဲကို ဝင်ရတာတဲ့။ အဲဒါကိုကပဲ စိတ်ပျက်စရာကြီး တစ်ခုလို့ အဲဒီလိုပြောတာ။ တချို့က အဲဒီလို စိတ်ပျက်စရာတွေနဲ့ ကြုံရမှာစိုးလို့ ဥပပါတ်ပဋိသန္ဓေနဲ့ ဖြစ်ရပါလို၏လို့ ဆုတောင်းတာတွေလည်း ရှိသေးတယ်လေ၊ အမေ့ဝမ်းဗိုက်ထဲကို မဝင်ချင်လို့။

[၁၉] ဇာတိဆိုတာ အစပျိုးတဲ့နေရာ

အဲဒီတော့ ဇာတိဆိုတာ အစပျိုးတဲ့နေရာလေးက ရှိရမှာပေါ့။ သစ်ပင်တောင်မှ မြေကလေးရှိမှ ပေါက်လို့ရတာကိုး။ လူ့ရဲ့ဘဝဟာလည်းပဲ အဲဒီ ပေါက်စရာ Fertilizer လုပ်ထားတဲ့ဟာလေးရှိဖို့ လိုသေးတာကိုး။ အဲဒီပေါ်မှာ ရှင်သန်ထွားကျိုင်းလို့ရတာကိုး။ အဲဒီတော့ ဒါက ဒုက္ခတစ်ခုပဲ။

နောက်ထပ် ဒုက္ခတစ်ခုက ကိုယ်ဝန်ဆောင်နေရတဲ့ အချိန်။ လူ့ဘဝထဲမှာ ကိုယ်မသိပေမယ့်လို့ ဘာဒုက္ခတွေ ရှိသလဲဆိုရင် မိခင်မှာလည်း ဒုက္ခရှိတာပဲ။ သန္ဓေသားလေး foetus မှာလည်း ဒုက္ခရှိတယ်။ သူ့ ဒုက္ခတွေက ဘာတွေတုန်းဆိုရင် ရေခဲမုန့်ကြိုက်တဲ့ အမေက ရေခဲမုန့်စားလိုက်ရင် ဆောင်းရာသီအအေးမျိုး အေးမှာပဲ။ မုန့်ဟင်းခါးကြိုက်လို့ ငရုတ်သီးတွေဘာတွေနဲ့ စားလိုက်လို့ရှိရင်လည်း ပူမှာပဲ၊ စပ်မှာပဲပေါ့။ အဲဒီ ဒုက္ခတွေလည်းပဲ ရှိတယ်။ ခံစားခဲ့ရတယ်။ သို့သော် မေ့သွားတယ်။ ဒီဟာမပြောနဲ့လေ, လူက သွားကိုက်ဖူး၊ နား [၂၀] ကိုက်ဖူးပေမယ့် ပျောက်သွားလို့ရှိရင် မေ့သွားတာပဲလေ။ ဒုက္ခဆိုတာ မြန်မြန်မေ့လွယ်တယ်။ နောက်တစ်ခုကတော့ “ဂဗ္ဘဝိပတ္တိမူလကဒုက္ခ” မွေးဖို့ခက်ခဲပြီးတော့ ဒုက္ခရောက်တာတွေလည်းရှိတယ်၊ အဲဒီလို မမွေးနိုင်၊ မဖွားနိုင်ဘဲနဲ့ ဒုက္ခရောက်နေပြီးတော့ ခံနေရတဲ့ ဒုက္ခမျိုးလည်း ဒီဇာတိကြောင့် ဖြစ်ပေါ်လာတာ။

နောက်တစ်ခါကျတော့ မွေးဖွားရခြင်းဒုက္ခဆိုတာ ဒါ အားလုံးသိတာပဲ။ မွေးဖွားရခြင်းဒုက္ခဟာ OG ဆရာမကြီးတွေဆို ပိုသိတာပေါ့။ မွေးဖွားလာခဲ့ရတဲ့ ကလေးလေး တစ်ယောက်ဟာ မွေးလာတာနဲ့ တစ်ပြိုင်နက် ငိုပြီးတော့ မွေးလာရတာပဲ။ ပြုံးရွှင်ပြီးတော့ မွေးဖွားလာတဲ့ပုဂ္ဂိုလ်ဟာ အင်မတန်ရှားတယ်။ ဘုန်းကြီးတို့ ဂျာမနီရောက်တုန်းက “လောကဟာ ငိုခြင်းနဲ့ စလာခဲ့တာပါ၊ မငိုဘဲနဲ့ မွေးလာတဲ့လူများ ရှိသလား” လို့မေးတဲ့အခါ အဲဒီ ဂျာမန်အမျိုးသမီးတစ်ယောက်က “ရှိတယ် ဘုရား” တဲ့။ သူက ဒီလို [၂၁] တယ်။ အဲဒီတော့ ရံဖန်ရံခါတော့ ရှိကောင်းရှိမှာပေါ့။ ဗုဒ္ဓစာပေတွေထဲမှာလည်း မငိုဘဲနဲ့မွေးတာ ခုနက ဘုရားအလောင်းတို့ ဘာတို့ကျတော့ မငိုဘဲနဲ့မွေးလာတာတော့ ရှိမှာပေါ့လေ။ သို့သော် ယေဘုယျအားဖြင့် တစ်ရာမှာ ကိုးဆယ့်ကိုးယောက်က ငိုကြွေးကြတာချည်းပဲ။ ငိုတယ်ဆိုကတည်းက ပျော်လို့ငိုတာ မဟုတ်ဘဲနဲ့ မခံနိုင်လို့ ငိုတာလေ။ အဲဒါ မွေးဖွားခြင်းဇာတိရဲ့ အခြေခံကြောင့် ဖြစ်ပေါ်လာတာ။

နောက်တစ်ခု၊ မွေးဖွားလာလို့ အပြင်ရောက်လာပြန်တော့လည်း လေစိမ်းတိုက်လိုက်တယ်ဆိုတဲ့ အချိန်မှာ အင်မတန်မှခံရခက်တဲ့ ဒုက္ခတစ်ခုပဲ။ အဲဒါလည်း ဒုက္ခတစ်ခုပဲ။

နောက်တစ်ခုက လူ့ဘဝ ရောက်လာတဲ့အခါမှာ ကိုယ့်ဟာကိုယ် အနေအထိုင်မတတ်လို့ ကိုယ့်ဟာကိုယ် ဆော့ရင်းကနေ သစ်ပင်ပေါ်က လိမ့်ကျလို့၊ လဲလို့ ခြေထောက်ကျိုးတာတို့၊ လက်ကျိုးတာတို့ စသဖြင့် ကိုယ့်ရဲ့လုံ့လကြောင့် ဖြစ်ရတဲ့ဒုက္ခတွေကလည်း အမျိုး [၂၂] မျိုးပဲ။ သူတစ်ပါးကနှိပ်စက်လို့ခံရတဲ့ ဒုက္ခတွေကလည်း အမျိုးမျိုးပဲဆိုတော့ မွေးဖွားလာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခတွေဟာ အင်မတန်မှများတယ်လို့ ဝိသုဒ္ဓိမဂ်မှာ ရေးသားထားတာ အလွန်မှတ်သားစရာ ကောင်းတယ်ပေါ့။ “ဇာတိ ပိ ဒုက္ခာ” ဆိုတာ ဒီလိုဆိုလိုတာပေါ့။ ခိုင်း ရလာတဲ့ ဇာတိတရားနဲ့ ပတ်သက်ပြီးတော့ သူတော်ကောင်းတွေရဲ့အမြင်က အခု မြတ်စွာဘုရားက “ဇာတိ ပိ ဒုက္ခာ” လို့ဟောတာ ဟုတ်ပြီ၊ အမြင်နှစ်မျိုး ရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ အကြီးဆုံး နှမတော် ‘စာလာ’ဆိုတဲ့ ဘိက္ခုနီမက ဇာတိနဲ့ ပတ်သက်ပြီးတော့ ပြောခဲ့တယ်၊ ဘုန်းကြီးတို့တစ်တွေကတော့ မွေးလာတာကို သဘောကျကောင်းကျမယ်၊ ဘိက္ခုနီမကို မာရ်နတ်ကမေးတယ်။ “အရှင်မ မကြိုက်ဆုံးဟာ ဘာလဲ” လို့ မေးတော့ သူက “မွေးဖွားလာခြင်းပဲ” တဲ့။ မွေးနေ့ကို မကြိုက်ဘူးနော်။ သဘောကတော့ မွေးဖွားခြင်းကို သူ မကြိုက်ဘူးဆိုတော့ မာရ်နတ်ကြီးက ဘာပြောတုန်းဆိုတော့ “မွေးဖွားတာ ကောင်းပါတယ်” တဲ့။ “ဇာတော [၂၃] ကာမာနိ ဘုဉ္ဇတိ”
“မွေးဖွားလာလို့ ပျော်စရာ အလွန်ကောင်းတယ်၊ မျက်စိက လှတာတွေမြင်ရတယ်၊ နားက သာယာတဲ့အသံတွေ ကြားရတယ်၊ နှာခေါင်းက မွှေးကြိုင်တဲ့အနံ့တွေ နမ်းရှူရတယ်၊ လျှာက အရသာရှိတဲ့ အစာတွေ စားရတယ်၊ ခန္ဓာကိုယ်က ကောင်းတာတွေ ထိတွေ့ရတယ်၊ လောကကြီးဟာ ပျော်စရာကြီးပဲ၊ မွေးလို့ တို့လောကကြီးထဲမှာ ပျော်နေရတာ၊ ဘာလို့ မကောင်းရမှာလဲ” လို့ပြောတော့ အဲဒီ ဘိက္ခုနီမက ပြန်ပြောတယ်။ ပြီးရင် “ဇာတဿ မရဏံ ဟောတိ” တဲ့။ “ဘယ်ကောင်းမလဲ၊ မွေးလာရင်သေရမှာ” တဲ့နော်။ ပြီးတော့ “ဇာတော ဒုက္ခာနိ ဖုသတိ” တဲ့။ “မွေးဖွားလာသည့်အတွက်ကြောင့် ပြဿနာတွေဆုံရမယ်” တဲ့။ ဟုတ်တယ်၊ လူ့ဘဝမှာ ပြဿနာတွေ အမျိုးစုံ ဆုံရတယ်၊ နောက်ဆုံး ဘာပြဿနာမှမရှိဘူးဆိုရင် တဖြည်းဖြည်း အိုလာတာဟာ ပြဿနာပဲ။ ဘယ်သူ ခေါင်းဖြူချင်မှာတုန်းနော်၊ မဖြူချင်လို့ ဆေးနဲ့ဆိုးရတယ်၊ ဘယ်သူ သွားကျိုးချင်မှာတုန်း၊ [၂၄] သို့သော် ကျိုးတယ်။ ဘယ်သူ ပါးရေတွန့်ချင်မှာတုန်း၊ Botox တို့ ဘာတို့ ထိုးကြတယ်နော်။ အဲဒီလို အမျိုးမျိုး အကာအကွယ်တွေ လုပ်ပေမယ့်လို့ ဒါဟာ တားလို့ရလားဆို မရဘူး၊ နောက်ဆုံးကျတော့ ရုပ်ပျက်ဆင်းပျက် လူ့ဘဝမှာ တကယ့်ကို အရုပ်ဆိုး အကျည်းတန် ဖြစ်ရတယ်။

ကိုယ့်ကိုကိုယ် ငယ်ငယ်ကဓာတ်ပုံနဲ့ အသက်ကြီးမှ ဓာတ်ပုံနှစ်ခုကို ယှဉ်ကြည့်လိုက်၊ ယှဉ်ကြည့်လိုက်လို့ရှိရင် တော်တော်ကို အရုပ်ဆိုးသွားပြီ။ ၁၇ နှစ်အရွယ် ဓာတ်ပုံနဲ့ အခု ၇၁ နှစ်အရွယ်က ဓာတ်ပုံ သွားကြည့်လိုက်မယ်ဆိုရင် အတော်ကို အရုပ်ဆိုးသွားပြီနော်။ မမှတ်မိနိုင်လောက်အောင် different ဖြစ်သွားပြီ။ ဒါဟာ ဘယ်သူ့ရဲ့လက်ချက်လဲ ဆိုလို့ရှိရင် ဇရာရဲ့လက်ချက်၊ ဒီဇရာ ဘာကြောင့်ဝင်လို့ရတုန်းဆို ဇာတိရှိလို့ ဝင်လို့ရတာပေါ့။ ဒါကြောင့်မို့လို့ ဇာတိတရားဟာ ကောင်းတဲ့တရား မဟုတ်ဘူးလို့ ဒီလိုဆိုလိုတာ။ အဲဒီ ဘိက္ခုနီမက ပြောတယ်၊ “ဇာတော ဒုက္ခာနိ ဖုသတိ” တဲ့နော်။

[၂၅] လောကမှာ ဒုက္ခသုက္ခ ကြုံရသမျှဟာ ဟောဒီ ဇာတိကြောင့်ပဲတဲ့။ ဒါကြောင့်မို့လို့ သူ ဇာတိကို မကြိုက်ဘူးလို့ပြောတယ်။

သာမန်လူတွေကတော့ ကောင်းတာလေး ရွေးပြီးတော့ ဇာတိကို လက်ခံပြီး ကြိုက်နေကြတာပဲ။ ဒါကြောင့်မို့လို့ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ညောင်တုန်း ရွှေဟင်္သာတောရ စတုတ္ထစံကျောင်း ဆရာတော်ကြီးက တရားဟောတာ ကြားလိုက်တယ်။ ဇာတိ မွေးနေ့နဲ့ ပတ်သက်ပြီးတော့ဟောတဲ့ တရားလေးတစ်ပုဒ်ဟာ အနှစ်ချုပ်ပြောရမယ်ဆိုရင် ဘာလဲဆိုရင် “ဇာတိဆိုတဲ့ တရားဟာ ချီးမွမ်းထိုက်တဲ့တရားလား၊ ရှုတ်ချထိုက်တဲ့တရားလား” တဲ့။ သူက မေးပြီးတော့ “ဇာတိဆိုတဲ့ တရားဟာ ချီးမွမ်းထိုက်တဲ့တရား မဟုတ်ဘူး၊ ရှုတ်ချရမယ့်တရား” တဲ့။ အဲဒီတော့ မွေးနေ့ဆိုတာ “မွေးနေ့က မင်္ဂလာ မဟုတ်ပါဘူး၊ မွေးနေ့မှာလုပ်တဲ့ ကုသိုလ်က သာလျှင် မင်္ဂလာဖြစ်ပါတယ်။ ဇာတိကတော့ မင်္ဂလာ မဟုတ်ပါဘူး၊ ရှုတ်ချရမယ့်တရား ဖြစ်ပါတယ်” လို့ အဲဒီ [၂၆] ဆရာတော်ဘုရားကြီး ဟောသွားတာကို စိတ်ထဲမှာ မှတ်သားမိနေတယ်။

နောက်တစ်ခါ ယော တိပိဋကဓရ ဆရာတော်ဘုရားကြီးကတော့ ‘မွေးနေ့’ ကို သူက ဘာပြောလဲဆိုတော့ ‘မွေးနေ့မဟုတ်ဘူး’ တဲ့၊ ‘အိုနေ့’ တဲ့၊ မွေးနေ့ဆိုတာ အိုလာတာကို ပြောတာပါတဲ့။

ဒါတွေလည်း တကယ်တော့ မှန်ကန်တဲ့စကားတွေ ချည်းပဲပေါ့နော်။ အဲဒီလို လောကလူတွေဟာ မွေးလာပြီ ဆိုလို့ရှိရင်တော့ အကျိုးရှိဖို့ကတော့ လိုအပ်လာတယ်၊ မွေးနေ့လုပ်တဲ့အခါမှာ မွေးနေ့ဆိုတာတော့ လူတိုင်းမှာ ရှိတယ်၊ မွေးတာလည်း ကောင်းသလား ဆိုတော့ မကောင်းဘူးနော်။ သို့သော် မွေးလာတဲ့အထဲကတော့ အကောင်းဖြစ်ဖို့တော့ လိုအပ်လာတယ်ပေါ့။ အဆိုးထဲက အကောင်း၊ လူတွေက ပြောကြတယ်၊ အမှိုက်ထဲကရွှေပေါ့။ အဲဒီလို ဘဝတစ်ခုရလာပြီ ဆိုလို့ရှိရင် ကိုယ်ရလာတဲ့ဘဝဟာ ဗဟုဇနဟိတ အများအတွက် အကျိုးရှိမယ့် [၂၇] ဘဝလား၊ ကိုယ့်အတွက် အကျိုးရှိမယ့်ဘဝလား။ ရလာတဲ့ ဘဝတစ်ခုဟာ ဗဟုဇနဟိတ ဗဟုဇနသုခ၊ အများကောင်းစားဖို့အတွက်လား၊ အများချမ်းသာဖို့အတွက်လား၊ ကိုယ်ချမ်းသာဖို့အတွက်လား။ အဲဒီလို လောကမှာ လူတစ်ယောက် ထွန်းကားပေါ်ပေါက်လာတဲ့အခါမှာ အများကိုအကျိုးပြုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် သူ့ရဲ့ အကျိုးပြုမှုကြောင့် (ပင်ကိုယ်အားဖြင့် ဇာတိတရားသည် ရှုတ်ချရမယ့်တရား ဖြစ်သော်လည်း) မွေးဖွားလာခြင်းကြောင့် ရလာတဲ့ အမြတ်တွေက အများကြီးလို့ ဒီလိုပြောရမယ်။ သူ့ကို ချီးမွမ်းတာတော့ မဟုတ်ဘူး၊ သူ့ကြောင့် ရလာတဲ့ result ကတော့ အင်မတန်မှ ချီးမွမ်းထိုက်တယ်။

ဥပမာမယ် စဉ်းစားကြည့်၊ ကြာဟာ ဘယ်မှာ ပေါက်တုန်းဆို ရွှံ့ညွန်ထဲမှာပေါက်တယ်၊ ရွှံ့ညွန်ဆိုတာ ဘယ်လိုမှ ချီးမွမ်းလို့ရမယ့်အရာ မဟုတ်ဘူး။ သို့သော် ရွှံ့ညွန်ထဲ ပေါက်လာတဲ့ ကြာပွင့်လေးကျတော့ အင်မတန်မှချီးမွမ်းထိုက်တယ်၊ တန်ဖိုးချင်းမတူဘူးပေါ့။

[၂၈] ရွှံ့ညွန်ထဲက မွေးလာတဲ့၊ ရလာတဲ့ ဒီ result လေးဟာ အင်မတန်မှ မွှေးကြိုင်တဲ့ ကြာပန်းလေးတစ်ခုအဖြစ် အင်မတန်မှ တန်ဖိုးရှိသွားတယ်။ အဲဒီလိုပဲ ဇာတိဆိုတဲ့ ရွှံ့ဗွက်ကြီးထဲကနေပြီးတော့ ဘုန်းကြီးတို့တစ်တွေ ဗဟုဇနဟိတ ဗဟုဇနသုခ လို့ ခေါ်တဲ့ အများအတွက် ကောင်းကျိုးချမ်းသာတွေ ဆောင်ရွက်နိုင်တယ်၊ အများအတွက် အကျိုးဖြစ်လာတယ်၊ အများအတွက် အကျိုးဖြစ်ရာဖြစ်ကြောင်းအလုပ်တွေ လုပ်နိုင်တယ်ဆိုရင် အဲဒါဟာ ရွှံ့ထဲကနေပြီးတော့ ကြာပန်းပွင့်လာသလိုပဲပေါ့၊ ကောင်းကျိုးချမ်းသာတွေ ရတယ်။ အဲဒါကျတော့ ချီးမွမ်းထိုက်တာဟာ ရွှံ့ကို ချီးမွမ်းတာမဟုတ်ဘူး၊ ကြာကိုချီးမွမ်းတာ။

ဒီတော့ မွေးနေ့မှာ ဒီလိုကောင်းမြတ်တဲ့ ကုသိုလ်တရားတွေ ဆည်းပူး အားထုတ်မယ် ဆိုရင်တော့ “မွေးနေ့ကိုယ်တိုင်က တန်ဖိုးမရှိသော်လည်း မွေးနေ့ကို အကြောင်းပြုပြီးတော့ ရလာတဲ့တရားတွေဟာ တန်ဖိုးရှိပါတယ်” လို့ ခွဲခြားပြီးသိဖို့ လိုတာပေါ့။ အဲဒီလို ခွဲခြား [၂၉] ပြီးသိမှ၊ ဆိုလိုတာက တကယ်ကတော့ မွေးဖွားလာခြင်းဟာ မကောင်းဘူး၊ မကောင်းတဲ့ထဲကနေပြီးတော့ အကောင်းကဘာလဲ ဆိုလို့ရှိရင် မိမိသန္တာန်မှာဖြစ်ပေါ်လာတဲ့ ကုသိုလ်တရားတွေက ကောင်းတယ်၊ အများကို အကျိုးပြုနိုင်တဲ့ အလုပ်တွေက ကောင်းတယ်၊ ကိုယ့်ကို အမှီပြုပြီးတော့ အများချမ်းသာတယ်ဆိုလို့ရှိရင် ကောင်းတယ်၊ အဲဒီ ကောင်းတာတွေ များများရမှ တို့တစ်တွေဟာ ကြီးမားတဲ့ ဒီအကျိုးကိုရမှာဖြစ်တယ်။ ဒီတော့ ဇာတိကို အရင်းတည်ပြီးတော့ ပါရမီကုသိုလ်တွေ ဖြစ်အောင် လုပ်လို့ရတယ်။

ဒါကြောင့်မို့ happy birthday to you လို့ ဆိုပြီးတော့ ဘာနဲ့ happy ဖြစ်ကြမှာလဲ၊ မွေးနေ့တိုင်း မွေးနေ့တိုင်းဟာ ကုသိုလ်ကောင်းမှုတွေ လုပ်ပြီးတော့ ရလာတဲ့ ကုသိုလ်တရားသာလျှင် အမြတ်ဖြစ်ပါတယ်။ မွေးလာတာတော့ လူတိုင်းမွေးကြတာပဲ၊ သတ္တဝါတွေ အားလုံး မွေးလာတာ၊ မွေးလာခြင်းကတော့ အကောင်းမဟုတ်ရိုးအမှန်ပါပဲ။

[၃၀] မဟုတ်ပါဘူး၊ အဲဒီ မကောင်းထဲက ရလာတာဟာ တန်ဖိုးချင်း မတူညီကြဘူးပေါ့။

...ဒါကြောင့်မို့ မြတ်စွာဘုရားက ပေတဝတ္ထုပါဠိတော် မှာ ဟောထားတဲ့ ဂါထာကလေးတစ်ပုဒ်မှာ “ယံ ကိဉ္စာရမ္မဏံ ကတွာ၊ ဒဇ္ဇာ ဒါနံ မလာဘိဘူ” တဲ့။ ဘာကိုပဲ အကြောင်းပြုပြုတဲ့၊ “ယံ ကိဉ္စိ အာရမ္မဏံ ကတွာ” တစ်ခုခုကို အကြောင်းပြုပြီးတော့တဲ့ ကိုယ့်သန္တာန်မှာဖြစ်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်ရမယ်။ အထူးသဖြင့် ဒါနကောင်းမှုပြုပြီဆိုရင် မစ္ဆရိယ ဆိုတဲ့ အညစ်အကြေးကို ဖယ်ရှားရမယ်ပေါ့။ သီလဆောက်တည်ပြီဆိုလို့ရှိရင် လောဘ၊ ဒေါသ စတဲ့ အညစ်အကြေးတွေကို ဖယ်ရှားတယ်၊ ဘာဝနာကျင့်စဉ်တစ်ခုကို အားထုတ်ပြီဆိုလို့ရှိရင်လည်း ဆိုင်ရာဆိုင်ရာ အညစ်အကြေးတွေကို ဖယ်ရှားတယ်။ သမာဓိကျင့်စဉ်တစ်ခုကိုကျင့်ပြီဆိုရင် နီဝရဏ အညစ်အကြေးတွေကို ဖယ်ရှားပစ်တယ်။ အဲဒီလို ဖယ်ရှားပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ခြင်းဟာ အင်မတန်မှ ကောင်းတယ်တဲ့။

[၃၁] ဒီတော့ ဇာတိတရားဟာ ရှုတ်ချထိုက်တဲ့တရား၊ ကဲ့ရဲ့ရမယ့်တရား ဖြစ်သော်လည်းပဲ ထိုဇာတိကို အမှီပြုပြီးတော့ တို့တစ်တွေဟာ ရွှံ့ကနေပြီး ကြာပန်းပွင့်အောင် ကြိုးစားနိုင်မှ မွေးနေ့ဆိုတာဟာ ထူးခြားတဲ့ မွေးနေ့၊ ထူးခြားတဲ့ဘဝတစ်ခု ဒီလိုဖြစ်လာမှာပါလို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ယခုလို မွေးနေ့အခါသမယမှာ ထူးခြားတဲ့ ကုသိုလ်တရားတွေကို ရအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု
သာဓု
သာဓု

jxjoqvtfezmklrh120ytq4ewgleijj2
ရင်းနှီးမြှုပ်နှံခြင်း
0
6480
22351
2026-11-05T18:28:33Z
Tejinda
173
"{{header | title = ရင်းနှီးမြှုပ်နှံခြင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = မွေးနေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22351
wikitext
text/x-wiki
{{header
| title = ရင်းနှီးမြှုပ်နှံခြင်း
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မွေးနေ့လက်ဆောင်]]
| previous2 = [[မြတ်ဗုဒ္ဓ၏ကျေးဇူး အထူးပေးဆပ်ခဲ့သူ]]
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ရင်းနှီးမြှုပ်နှံခြင်း

အမှာစကား

“ရင်းနှီးမြှုပ်နှံခြင်း” ဟု အမည်ပေး၍ ဟောကြားအပ်သော ဤတရားစကားသည် ဗုဒ္ဓမြတ်စွာ၏ “နိဓိကဏ္ဍသုတ်” ကို ဆီလျော်သလို ဟောကြားအပ်သော တရားစကားဖြစ်သည်။ ဤတရားစကားကို နာယူပြီးသည့်အခါ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် မူရင်း နိဓိကဏ္ဍသုတ်ပါဠိနှင့် ဆဋ္ဌ သံဂါယနာမူ မြန်မာပြန်တို့ကို ဆက်လက်ဖတ်ရှု လေ့လာသင့်သည်။

သို့ဖြစ်၍ ဟောပြောချက်အပြင် မူရင်းပါဠိနှင့် မြန်မာပြန် တို့ကို ထည့်သွင်းဖော်ပြလိုက်သည်။ မြတ်စွာဘုရား ဟောကြား တော်မူသည့်အတိုင်းသာ ဖတ်ရှုနာယူ မှတ်သားပြီး ကြိုးစား လိုက်နာနိုင်ကြပါစေ။

အရှင်နန္ဒမာလာဘိဝံသ (၉-၂-၂၀၁၁)

မှတ်တမ်း

သာသနာတော်နှစ် ၂၅၅၂ - ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁- ခုနှစ်၊ တန်ခူးလဆန်း (၄)ရက်၊ ကြာသပတေးနေ့၊ ရန်ကုန်မြို့၊ ဦးအောင်သိန်း+ ဒေါ်ခင်သန်းနွဲ့၊ သမီး-မစန္ဒီ၊ မငယ်၊ သား- ကိုရန်ပြေ၊ ကိုဟိန်းမင်းအောင် မိသားစု။ ဒေါ်ယဉ်ကြူနှင့် မောင်နှမများ။ ရန်ကုန်မြို့ ဦးစံသာ+ ဒေါ်မေဦးခင်၊ သမီး- စံသာရတနာ၊ သား-စံသာသုခ မိသားစု တို့က ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်၏ သက်တော် (၇ဝ)ပြည့်နှစ် မွေးနေ့အမှတ်တရ ကုသိုလ်အဖြစ်ဖြင့် မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြုတက္ကသိုလ် ထေရဝါဒ ပသာရဏီ သိမ်တော်ကြီး အတွင်းဝယ် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် သိက္ခာထပ် အလှူတော်မင်္ဂလာ အခမ်းအနား၌ ဟောကြားအပ်သော “ရင်းနှီးမြှုပ်နှံခြင်း” တရားတော်။

[၁] ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာ ရင်းနှီးမြှုပ်နှံခြင်း တစ်မျိုး ဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာ စီးပွားဥစ္စာ တိုးတက်ဖို့ ကမ္ဘာအနှံ့ ဆောင်ရွက်နေကြတဲ့ ကိစ္စဟာ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ ရှေးခေတ်ကာလတုန်းက မြှုပ်နှံသိမ်းထားမှု ဆိုတဲ့အလုပ်ကို လုပ်ကြတယ်။ အဲဒီ မြှုပ်နှံသိမ်းထားမှုဆိုတာ အိုးကြီးတွေထဲမှာ ရတနာ ပစ္စည်းတွေထည့်ပြီး ရေထွက်လုနီးပါးနက်တဲ့ တွင်းကြီး တွေတူးကာ ထိုတွင်းကြီးတွေထဲမှာ မြှုပ်နှံသိမ်းဆည်းပြီး ထားကြတယ်။ အဲဒီအကြောင်းကို ဗုဒ္ဓမြတ်စွာက နိဓိကဏ္ဍသုတ် မှာ ဟောကြားထားတယ်။

လောကမှာ စီးပွားဥစ္စာရှိတဲ့ ပုဂ္ဂိုလ်တွေက ဆောင်ရွက်ဖွယ်ကိစ္စ ဖြစ်ပေါ်လာရင် အသုံးပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွှေငွေ ရတနာ ပစ္စည်းတွေကို အိုးကြီး [၂] တွေထဲမှာ ထည့်သွင်းပြီး ရေထွက်လုနီးပါးနက်တဲ့ တွင်းကြီးတွေတူးကာ မြှုပ်နှံထားကြတယ်။ ရှေးခေတ် စနစ်အရ လုံခြုံမှုရှိတယ်လို့ ယူဆကြတယ်။ ယနေ့ခေတ် မှာတော့ မြေကြီးထဲမှာမြှုပ်တယ်ဆိုတာ အလွန်ရှားသွား ပြီပေါ့။ မြန်မာနိုင်ငံမှာ တောရွာမှာနေကြတဲ့ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေဟာ တိတ်တဆိတ် မိမိတို့အိမ် အောက် တွင်းတူးပြီး ရတနာပစ္စည်းတွေကို မြှုပ်နှံထား တယ်ဆိုတဲ့ အစဉ်အလာဟာ တော်တော်လေးကြာ အောင် ရှိခဲ့တယ်။ ဒီကနေ့ခေတ်တော့ အဲဒီလို မြှုပ်နှံတဲ့ ပုဂ္ဂိုလ် နည်းပါးသွားပါပြီ။

ဘဏ်စနစ် ပေါ်လာတဲ့အခါ ဘဏ်မှာ အပ်နှံထား ကြတယ်ပေါ့။ ကုမ္ပဏီထူထောင်တဲ့ ပုဂ္ဂိုလ်တွေ ကုမ္ပဏီ မှာ အရင်းအနှီး ရှယ်ယာတွေထည့်ပြီး မိမိတို့ ပစ္စည်း ဥစ္စာတွေ တိုးပွားအောင် ဆောင်ရွက်ကြတယ်။ ဒီကနေ့ ခေတ်မှာ ရင်းနှီးမြှုပ်နှံမှု investment ဆိုပြီး နည်းစနစ် တစ်မျိုး ပေါ်လာတယ်။ ရှေးတုန်းက အသုံးလိုလာတဲ့ အခါမှာ အသုံးချဖို့ ပစ္စည်းဥစ္စာတွေကို မြှုပ်ကြတာ။

[၃] အဲဒီမှာ အသုံးကိစ္စဆိုတာ .. ဘယ်လိုဟာတွေလည်း ဆိုတာ မြတ်စွာဘုရားက ဆက်ရှင်းပြတယ်။

ရှေးစနစ်နဲ့ ရှေးခေတ်ကာလတုန်းက အကြောင်း ကိစ္စ ပေါ်လာရင် အသုံးပြုဖို့ ဒီလို မြှုပ်နှံထားခြင်းရဲ့ ရည်ရွယ်ချက် အချို့က ဘာလဲလို့ဆိုရင်
“ရာဇတော ဝါ ဒုရုတ္တဿ” မင်းစိုးရာဇာတွေနဲ့ ပတ်သက်လာပြီး ရာဇဝတ်ပြစ်ဒဏ်တွေသင့်တဲ့အခါမှာ မိမိတို့ရဲ့ငွေကြေး ဓနကို အသုံးပြုပြီး လွတ်မြောက်အောင် ကြိုးစားဖို့ဆိုတဲ့ ရည်ရွယ်ချက်က တစ်ခု။
“စောရတော ပီဠိတဿ ဝါ” သူခိုးဓားပြတွေက အနိုင်အထက် နှိပ်စက်လုယူသွားလို့ မိမိရှိတဲ့ပစ္စည်းတွေ ကုန်သွားလို့ရှိရင်လည်း မြှုပ်နှံထားတဲ့ပစ္စည်းကို အစားထိုး အသုံးပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်။
“ဣဏဿ ဝါ ပမောက္ခာယ” နောက်တစ်ခုက မထင်မှတ်ဘဲ လုပ်ငန်းတစ်ခုဟာ မအောင်မြင်လို့ ကြွေးတွေတင်လာမယ် ဆိုရင်လည်း အဲဒီကြွေးတွေ [၄] ပေးနိုင်အောင်ဆိုပြီး ရင်းနှီးမြှုပ်နှံထားကြတယ်၊ ဒါက တစ်ခု။

နောက်တစ်ခုက “ဒုဗ္ဘိက္ခ” တဲ့။ တစ်ခါတစ်ရံ လူ့ လောကဆိုတာ မိုးခေါင်ရေရှားဖြစ်ပြီး အစာရေစာ ခေါင်းပါးတဲ့၊ လုပ်ငန်းကိုင်ငန်းမကောင်းတဲ့ စီးပွားရေး ပျက်ကပ်ကြီးဆိုတာ ဖြစ်ပေါ်လာတတ်တယ်။ ဒုဗ္ဘိက္ခ လို့ဆိုတဲ့ မိုးခေါင်ရေရှား အစားအစာ ရှားလာတဲ့ အခါမျိုးမှာ အသုံးပြုဖို့ ရင်းနှီးမြှုပ်နှံကြတယ်။

“အာပဒါသု” အခြားဘေးရန်မျိုးတွေ ကြုံလာတဲ့ အခါ .. ဒီပစ္စည်းတွေကိုအသုံးပြုပြီး မိမိရဲ့ ချမ်းသာမှုကို ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပစ္စည်းဥစ္စာကို သိမ်းထား မြှုပ်နှံထားလေ့ရှိကြတယ်။

ဒါ အလွန်ကောင်းတဲ့ စနစ်တစ်ခုပဲ။ ရှိသမျှ ပစ္စည်း ကို အသုံးပြုတဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခရောက်လို့ရှိရင် ရုန်းထွက် ဖို့ အင်မတန်မှခဲယဉ်းတယ်။ ဒါကြောင့်မို့ မြတ်စွာ ဘုရားက စီးပွားရေးနဲ့ ပတ်သက်ပြီး ဟောထားတယ်။

[၅] “မိမိရှိတဲ့ ပစ္စည်းကို လေးပုံပုံသင့်တယ်။ တစ်ပုံက emergency အတွက် သိမ်းထားသင့်တယ်။ ကျန်တဲ့ တစ်ပုံကိုစားပြီး ကျန်တဲ့နှစ်ပုံကိုတော့ အတိုးအပွား ရအောင် အရောင်းအဝယ် ကိစ္စတွေမှာ ဆောင်ရွက် သင့်တယ်” လို့ ဩဝါဒ ပေးထားတယ်။ ဒါက လောကမှာ လူတွေ ဒုက္ခမရောက်အောင် စီးပွားရေး စီမံချက်တစ်မျိုး ပဲပေါ့။ အဲဒီစနစ်အတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် ဒီကနေ့ခေတ် စီးပွားရေးကပ်ဆိုက်တာမျိုး ကြုံလာရင် တောင် အထောက်အကူတွေ အများကြီး ဖြစ်နိုင်တယ် ပေါ့။ ကိုယ့်မှာ emergency အတွက် ငွေကြေးတွေ ရှိနေသည့်အတွက်ကြောင့် ဆင်းဆင်းရဲရဲ မဖြစ်နိုင်ဘူး။ အဲဒီလို ရည်ရွယ်ချက်နဲ့ ရှေးတုန်းကတော့ ရတနာတွေ ကို မြှုပ်နှံသိမ်းဆည်းလေ့ရှိတယ်တဲ့။

မသေချာတဲ့ မြှုပ်နှံမှု

အဲဒီလို မြှုပ်နှံထားမှုတွေဟာ တကယ်ရော ကိုယ့်ရဲ့ ရည်ရွယ်ချက်အတိုင်း အောင်မြင်ပါရဲ့လားလို့ မေးစရာ ရှိတယ်။ ရေထွက်လုနီးပါးနက်တဲ့ တွင်းကြီးတွေထဲမှာ [၆] ဒီလိုမြှုပ်ထားပေမယ့်လို့ မြှုပ်နှံမှုအားလုံးဟာ အမြဲတမ်း ရည်ရွယ်ချက်အတိုင်း မဖြစ်ကြဘူး။ ဘာကြောင့် မဖြစ် လာတာတုန်းဆိုရင် မြှုပ်နှံထားတဲ့ ပစ္စည်းဥစ္စာ ရတနာ ရွှေအိုးကြီးကလည်း နေရာပြောင်းသွားတတ်တယ်။ ရွေ့သွားတတ်တယ်။ မြေထဲမြှုပ်ထားတဲ့ဟာ တစ်ခါ တစ်ခါ ရွေ့သွားတယ်။ မြေရဲ့ရွေ့လျားနေမှုကို လူတွေ က သတိမထားမိဘူး။ အဲဒီတော့ မြှုပ်တုန်းက ဒီနေရာ နောက်ထပ် တူးဖော်တဲ့အခါမှာ တစ်နေရာရောက်နေ တတ်တယ်။ ဥပမာ- ငါးပေ၊ ဆယ်ပေကွာ ရွေ့နေတာမျိုး ရှိတတ်တယ်။ မြေကြီးထဲမှာလည်း ငလျင်ကြောဆိုတာ လည်း ရှိသေးတယ်။ အခု စစ်ကိုင်းမှာပြောနေကြတယ်။ မင်းဝံတောင်နဲ့ စစ်ကိုင်းတောင်ကြားမှာ တစ်နှစ်တစ်နှစ် ဆိုလို့ရှိရင် တစ်လက်မနီးပါးခန့် မြေကြောက ရွေ့နေ တယ်လို့ ဒီလိုပြောကြတယ်။ အဲဒီလို ရွေ့နေတာလေး တွေ ရှိတတ်တယ်ပေါ့။ အဲဒီတော့ ရင်းနှီးမြှုပ်နှံထားတဲ့ ပစ္စည်းဥစ္စာတွေလည်း ဒီလို ရွေ့သွားတတ်တယ်။

[၇] နောက်တစ်ခုက မြှုပ်နှံတုန်းက အမှတ်အသား လုပ်ထားတာတွေကလည်း တစ်ခါတစ်ရံ မေ့လျော့ပြီး မှားမှားယွင်းယွင်း ဖြစ်တတ်တယ်။ မသေချာတော့ဘူး၊ ဒီနားလိုလို ဟိုနားလိုလို အမှတ်သညာတွေကလည်း တွေဝေသွားတတ်တယ်။

နောက်တစ်ခုက လူတွေ မမြင်ရတဲ့ မြေကြီး တွင်းနက်တွေထဲမှာနေတဲ့ နဂါးတွေဆိုတာရှိတယ်။ အဲဒီ နဂါးတွေကလည်း ရတနာ ပစ္စည်းတွေကိုရွှေ့ပြီး ယူသွား တတ်တယ်။ တန်ခိုးကြီးတဲ့ နတ်တွေ၊ ဘီလူးတွေ ကလည်း အဲဒီ ရတနာ ပစ္စည်းတွေကိုရွှေ့ပြီး ယူသွား တတ်သေးတယ်။ အဲဒါကြောင့်မို့ မြေကြီးထဲ မြှုပ်ထား တာ မသေချာဘူးလို့ပြောတာ။

ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ မြှုပ်နှံ သိမ်းဆည်းထားတဲ့ နေရာကိုသိနေတဲ့ ကိုယ့်ရဲ့သားတွေ၊ သမီးတွေက တိတ်တဆိတ် ဒီပစ္စည်းတွေကို ထုတ်ယူပြီး သုံးပစ်တတ်သေးတယ်။ လူယုံဆိုပေမယ့် မယုံရတာ [၈] လည်း ရှိသေးတယ်ပေါ့။ အဲဒီလိုနည်းနဲ့ မြှုပ်နှံထားမှု တွေဟာ လွဲချော်သွားတတ်သေးတယ်။

နောက်ဆုံး လွဲချော်စရာအကြောင်းတစ်ခုကတော့ ကုသိုလ်ကံ ကုန်သွားပြီဆိုရင် အကုန်လုံး ပျောက်သွား တာပဲ။ မရဘူး။ မြေကြီးထဲထားတဲ့ .. ပစ္စည်းတွေ တစ်မျိုးမျိုးနဲ့ ပျောက်သွားရော။ ကုသိုလ်ကံ မရှိတော့ ဘူးဆိုရင် အကုန်လုံး ပျောက်ပျက်သွားနိုင်တယ်။ ဒါကြောင့်မို့ အဲဒီလို မြှုပ်ထားတာတွေဟာ စိတ်ချရမှု မရှိဘူးတဲ့။

ဒီကနေ့ ခေတ်စနစ်အရ ရင်းနှီးမြှုပ်နှံမှု investment တွေလည်း စိတ်မချရတာတွေရှိတယ် ဆိုတာ အားလုံးသိနေကြတာပဲ။ ဘဏ်ထားလို့ ရှိရင် လည်း bankrupt ဖြစ်သွားတာတို့၊ ရှယ်ယာ ဝင်ထားလို့ ရှိရင်လည်း ကုမ္ပဏီပျက်သွားတာတို့ ရှိတာပဲ။ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေဟာ ဘယ်နေရာမှ စိတ်ချရတာ မရှိဘူး လို့ မြတ်စွာဘုရားက ရှေးခေတ်စနစ်ကို ထောက်ပြပြီး နိဓိကဏ္ဍသုတ် မှာ ဟောထားတာရှိတယ်။

[၉] သေချာတဲ့ ရင်းနှီးမြှုပ်နှံမှု

အဲဒီတော့ သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုက ဘာလဲလို့ ဆိုတာကို မြတ်စွာဘုရားက ယခုလို ရှင်းပြတယ်။ “လိမ္မာပါးနပ်တဲ့သူ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် တကယ် စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်ပြီ ဆိုရင် ထိုပစ္စည်းဥစ္စာကို အသုံးပြုပြီး ဒါနကောင်းမှု လုပ်တယ်” ဒါ ရင်းနှီးမြှုပ်နှံမှု တစ်ခုပဲ။

ဒါနကောင်းမှု လုပ်တာက ခုနကပြောတဲ့ အခက် အခဲတွေ၊ ပျက်စီးဆုံးရှုံးမှုတွေနဲ့ တစ်ခုမှမကြုံရဘူး။ ကိုယ် ဒါနလုပ်ထားတာသိလို့ ဒါနကို ခိုးယူလို့မရဘူး၊ နေရာရွေ့သွားအောင် လုပ်လို့မရဘူး၊ နဂါးတွေ ဘီလူး တွေက ရွှေ့ယူသွားလို့ မရဘူး၊ ကုသိုလ်ကံကုန်ခြင်း ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံမှု ထဲမှာ ဒါနကောင်းမှုပြုပြီး ရင်းနှီးမြှုပ်နှံမှုဟာ အလွန် သေချာတယ်လို့ မြတ်စွာဘုရားကဟောတာ။

နောက်တစ်ခု ရင်းနှီးမြှုပ်နှံတာက ပစ္စည်းဥစ္စာကို ရင်းနှီးမြှုပ်နှံတာ မဟုတ်ဘူး။ အေး၊ တို့တော့ ဒါန [၁၀] ကောင်းမှု များများကြီး မပြုနိုင်ဘူး၊ အဲဒီတော့ တစ်ခြား နည်းနဲ့မြှုပ်နှံရမယ်၊ ဘယ်လိုမြှုပ်နှံရမလဲဆိုရင် ကိုယ်ကျင့် တရားနဲ့လည်း ရင်းနှီးမြှုပ်နှံလို့ရတယ်တဲ့။ အနည်းဆုံး ငါးပါးသီလ မကျိုး မပေါက် မပျောက် မကြားရအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုတဲ့ ကိုယ်ကျင့်တရား။ သီတင်းနေ့များမှာ (၈)ပါးသီလ (၉)ပါးသီလ ခံယူ ဆောက်တည်ခြင်းဆိုတဲ့ သီလ အကျင့်တရား။ အဲဒီ ကိုယ်ကျင့်တရား ထိန်းသိမ်း စောင့်ရှောက်မှုဟာလည်း စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲတဲ့။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ စိတ်ကလေးကို သမာဓိ စွမ်းအားနဲ့ ထိန်းပေးတာ၊ စိတ်ကလေး လွင့်ပါးမှု မရှိအောင် ကောင်းတဲ့အာရုံတစ်ခုပေါ်မှာ စိတ်လေး ငြိမ်အောင် သမာဓိတရား ကြိုးစားအားထုတ်တယ်။ ဆိုလိုတာက သမထကျင့်စဉ်တစ်ခုကို ကျင့်ပြီးတော့ လည်း ရင်းနှီးမြှုပ်နှံမှု လုပ်လို့ရတယ်။ ဒါလည်း ရင်းနှီး မြှုပ်နှံမှု တစ်ခုပဲ။

[၁၁] နောက်တစ်ခုက ပညာအဆင့်ဆင့် ရင်းနှီးမြှုပ်နှံမှု၊ မိမိတို့မှာ လောကီပညာပဲဖြစ်ဖြစ်၊ လောကုတ္တရာ ပညာ ပဲဖြစ်ဖြစ် နောက်ဆုံး အဆင့်မြင့်တဲ့ ဝိပဿနာပညာစတဲ့ ပညာရပ်တွေကို မိမိတို့သန္တာန်မှာ ရအောင် ကြိုးစား အားထုတ်ခြင်းဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုဆိုတာ ဖြစ်တယ် တဲ့။ ဒါက သေချာတဲ့ ပစ္စည်းဥစ္စာ ရင်းနှီးမြှုပ်နှံမှု တစ်ခု ပဲ။ ခုနကလို ပျက်စီးတာတွေ မရှိနိုင်ဘူးတဲ့။

ဒါနဖြင့် မြှုပ်နှံရမည့် ဌာန

ကဲ-ကောင်းပြီ၊ ဒါနဆိုတဲ့ မြှုပ်နှံမှုလုပ်ချင်လို့ရှိရင် ဘယ်နေရာမှာမြှုပ်မလဲ။ ခုနတုန်းက ရတနာ ရွှေအိုးကြီး တွေ မြှုပ်တဲ့အခါ၊ ပစ္စည်းဥစ္စာတွေကို မြှုပ်ပြီး သိမ်းတဲ့ အခါ ရေထွက်လုနီးပါးဖြစ်တဲ့ တွင်းနက်ကြီးတွေတူးပြီး အဲဒီတွင်းထဲမှာ တော်တော်နဲ့ ဖော်ထုတ်လို့မရအောင် ထည့်ပြီးတော့ထားတဲ့နည်းနဲ့ မြှုပ်နှံတယ်။ အခု ဒါနဆိုတဲ့ ကုသိုလ်ကောင်းမှုကိုတော့ ဘယ်မှာ မြှုပ်မလဲဆိုတော့ မြှုပ်နှံတဲ့နေရာကို မြတ်စွာဘုရားကဟောတယ်။

[၁၂] ဒါနဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်မယ်ဆိုရင် ဗုဒ္ဓ မြတ်စွာရဲ့ ဓာတ်တော် မွေတော်တွေကို ထည့်သွင်း ပြီးတော့ ပူဇော်ထားတဲ့ စေတီ ပုထိုးတွေမှာ မြှုပ်နှံလို့ ရတယ်။ နောက်တစ်ခုက သံဃာတွေမှာ မြှုပ်နှံလို့ ရတယ်။ သံဃာ့ဂုဏ်ကို အာရုံပြု၍၊ သံဃာတွေကို လှူဒါန်းခြင်းဖြင့် ဒါနကုသိုလ် ရင်းနှီးမြှုပ်နှံလို့ရတယ်။ နောက်တစ်ခုက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပဲ ဖြစ်စေ လှူဒါန်းပြီး ရင်းနှီးမြှုပ်နှံလို့ရတယ်။ နောက် ရင်းနှီး မြှုပ်နှံမှုက ကိုယ့်အိမ်ရောက်လာတဲ့ ဧည့်သည် (သို့) ဖိတ်ထားလို့ ရောက်လာတဲ့ဧည့်သည်တွေကို ကျွေးမွေး ဧည့်ခံတာလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုပဲတဲ့။ ထို့ နောက်တစ်ခုက မိဘနှစ်ပါးထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ် တွေဟာ မိဘကို ပြုစုလုပ်ကျွေးတာဟာလည်း ရင်းနှီး မြှုပ်နှံနေတာ တစ်ခုပဲတဲ့။ မိသားစုထဲမှာ “အစ်ကိုကြီး အဖအရာ၊ အစ်မကြီး အမိအရာ” ဆိုတဲ့အတိုင်း မိမိရဲ့ မိသားစုထဲမှာ မိဘနှစ်ပါးမရှိတော့ဘူးဆိုရင် အစ်ကိုကြီး၊ အစ်မကြီးတွေမှာလည်း ရင်းနှီးမြှုပ်နှံပေးလို့ ရတယ်လို့ [၁၃] ဒီလိုဆိုလိုတယ်။ အဲဒီမှာ ဒါနကောင်းမှုပြုပြီးတော့ ရင်းနှီး မြှုပ်နှံလိုက်တာဟာ သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရားကဟောတယ်။

ဘဝသံသရာ အတူပါ

အဲဒီလို ရင်းနှီးမြှုပ်နှံမှုဟာ အလွန်သေချာတဲ့ ရင်းနှီး မြှုပ်နှံမှု ဖြစ်တယ်တဲ့။ အဲဒါကို မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတယ်။

ဒါန သီလ သံယမ ဒမ လို့ဆိုတဲ့ ကုသိုလ်ကောင်းမှု လုပ်ပြီးတော့ စေတီစတဲ့ ဌာနတွေမှာ ရင်းနှီးမြှုပ်နှံထားပြီ ဆိုလို့ရှိရင် အဲဒီ ကုသိုလ်ကောင်းမှုတည်းဟူသော ရင်းနှီးမြှုပ်နှံထားတဲ့ ဥစ္စာဟာ ဘယ်သူကမှ အနိုင်ကျင့် ပြီးတော့ မယူနိုင်ဘူးတဲ့။ အနိုင်ကျင့်ပြီး မယူနိုင်ရုံမျှမက ထိုပစ္စည်းဥစ္စာဟာ မိမိဘဝ သံသရာ သွားလေရာ နောက်ကပါလာမယ့် ပစ္စည်းဥစ္စာမျိုး ဖြစ်တယ်တဲ့။ အနုဂါမိက လို့ခေါ်တယ်။

[၁၄] ခုနက ရွှေတွေ၊ ငွေတွေ၊ ရတနာတွေ ဆိုတာက ကိုယ့်နောက်မပါဘူးလေ။ ဒီဘဝမှာတင် ကိုယ့်နောက် ပါလာတာ မဟုတ်ဘူး။ ဝတ်သွားတာလေးတော့ ပါတာ ပေါ့။ ဒါပေမယ့် လုယူတဲ့သူနဲ့တွေ့ ရင် ပါသွားပြန်ရော။ အနုဂါမိက လို့ဆိုတဲ့ ကုသိုလ်ကျတော့ အဲဒီလို မဟုတ် ဘူး။ ဒီဘဝမှာလည်း ကိုယ်နဲ့ ထပ်ချပ်မကွာရှိတယ်။ တမလွန်ဘဝ ရောက်သွားတဲ့အခါမှာလည်း သံသရာ ခရီးမှာ ကိုယ်နဲ့ ထပ်ချပ်မကွာရှိနေမယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက အနုဂါမိက လို့ခေါ်တယ်။ အနုဂါမိက ဆိုတာ မျက်ခြေမပြတ် အစဉ်လိုက်ပါနေတဲ့ ပစ္စည်းဥစ္စာ လို့ ဆိုလိုတယ်။

မြတ်စွာဘုရားက ဟောထားတယ်။ ဘယ်လောက် အားကိုးထိုက်တုန်းဆိုတော့- အခုလို ဒါန၊ သီလ ကုသိုလ်ကောင်းမှု လုပ်ပြီးတော့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ကုသိုလ်ဟာ ထားသွားရမယ့် ပစ္စည်း တွေထဲမှာ ယူသွားလို့ရတဲ့ ပစ္စည်းမျိုးပါတဲ့။ ကျန်တာ [၁၅] တွေကတော့ ထားသွားရမယ်ဆိုတာ အားလုံးအသိပဲ။ ဘယ်သူမှ ယူမသွားနိုင်ဘူး။

ဒါတင်မကသေးဘူး၊ အဲဒီ ပစ္စည်းဥစ္စာဟာ တစ်ခြားပုဂ္ဂိုလ်တွေနဲ့ အမွေဆိုင်မဟုတ်ဘူးတဲ့။ တစ်ခြား ပစ္စည်းကျတော့ ... အမွေဆိုင်တယ်လေ။ မိဘအမွေ ဆိုပြီးတော့ အမွေလုကြတာတွေတို့ အမွေပြဿနာတို့ အများကြီး ရှိတယ်။ ကုသိုလ်ကောင်းမှုကျတော့ ကိုယ် လုပ်တဲ့သူပဲ ပိုင်တယ်၊ ကျန်တဲ့သူက အမွေခံလို့ မရဘူး။ ဒါကြောင့်မို့ ဘယ်သူနဲ့မှ မဆက်ဆံဘူး၊ ဘယ်သူနဲ့မှ မပတ်သက်ဘူး။ လုပ်သူ တစ်ယောက်တည်းနဲ့သာ ဆိုင်တယ်။ အမွေခံရမှာ ကိုယ်တစ်ယောက်တည်းပဲ။ ကိုယ်လုပ်ရင် ကိုယ်တစ်ယောက်တည်းပဲ အမွေခံရမယ်။ ကုသိုလ်ကောင်းမှုဆိုတာ ကိုယ်ပိုင်တဲ့ တကယ့်အမွေပဲ။ ကျန်တဲ့အမွေက ကိုယ်တစ်ယောက်တည်း မပိုင်ဘူးတဲ့။

မြှုပ်နှံထားတဲ့ ရွှေအိုးတွေ၊ ရတနာအိုးတွေ ဆိုတာ တွေက တိတ်တဆိတ် ဖော်ထုတ်ပြီးတော့ ယူသွားလို့ ရတယ်။ ဒါကျတော့ အဲဒီလိုဖော်ထုတ်လို့မရတဲ့ ဥစ္စာမျိုး [၁၆] ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဖြစ်တယ်။ ဒါကြောင့်မို့ စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များဟာ မိမိနဲ့ ထပ်ချပ်မကွာလိုက်ပါပြီးတော့ လုံခြုံ စိတ်ချရဆုံး ဖြစ်တဲ့ ကုသိုလ်ကောင်းမှုတည်းဟူသော ရင်းနှီးမြှုပ်နှံမှု ကို ပြုလုပ်ကြတယ်။ အဲဒီ စိတ်ချသေချာတဲ့ ကုသိုလ် ကောင်းမှုကိုသာလျှင် ပညာရှိများဟာ ပြုလုပ်လေ့ရှိ တယ်။

လိုချင်တာ ပေးနိုင်

အဲဒီမှာ မြတ်စွာဘုရားက ကိုယ့်နောက်က အမြဲ တမ်း လိုက်ပါနေတဲ့ကုသိုလ် လို့ဆိုတော့ နောက်က လိုက်ပါနေပေမယ့်လို့ အသုံးဝင်မှ ကောင်းတယ်လေ။ အသုံးမဝင်ရင် မကောင်းဘူး။ ဒါကြောင့်မို့ အဲဒီ ရင်းနှီး မြှုပ်နှံမှုကရတဲ့ ကုသိုလ်ကောင်းမှုဟာ ကိုယ့်နောက်က လိုက်ပါနေရုံတင် မကဘူး၊ ဒီကုသိုလ်ကောင်းမှုဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးဟာ လူ့ဘဝပဲ ရောက်ရောက်၊ နတ်ဘဝ ပဲ ရောက်ရောက် မိမိနှင့်အတူပါလာပြီး လိုချင်တာ အရာရာအားလုံးကို ပေးနိုင်တယ်တဲ့။

[၁၇] ကိုယ်နဲ့အတူပါလာတဲ့ စိန်ရွှေ ရတနာ၊ ငွေကြေးဓန ဟာ လိုချင်တာအကုန်လုံး မပေးနိုင်ဘူး။ လူ့လောကမှာ ပိုက်ဆံပေးပြီး ဝယ်လို့ရတာ အကုန်လုံး မဟုတ်ဘူး၊ တစ်ချို့တစ်လေသာ ရတယ်ပေါ့။ ဥပမာ စိတ်ချမ်းသာမှု ဆိုတာ ပိုက်ဆံပေးပြီး ဝယ်လို့မရဘူး။ ကျန်းမာမှုဆိုတာ လဲ ပိုက်ဆံပေးပြီး ဝယ်လို့မရဘူး။ ပိုက်ဆံပေးပြီး ဝယ်လို့ မရတာ အများကြီးရှိတယ်။ ဒါကြောင့်မို့ အားလုံးကို ပေးတယ်လို့ ပြောလို့မရဘူး။ ပကတိ ငွေကြေးဓနဟာ အကုန်လုံးကို ပေးနိုင်တယ်လို့ ပြောလို့မရဘူး။ ကုသိုလ်ကောင်းမှုကျတော့ အကုန်လုံးကို ပေးနိုင် တယ်၊ အကြွင်းအကျန်မရှိဘူး။ အပြည့်အဝကို လိုချင် တာ ပေးနိုင်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက စကား ကုန်အောင် “ဘာတောင့်တ တောင့်တ အဲဒီကုသိုလ်နဲ့ ရနိုင်တယ်”လို့ ဒီလိုဟောတာ။

အဲဒီမှာ လိုချင်တာအကုန်ဆိုတော့ ဘာတွေများပါ လိမ့်ဆိုရင် လောကလူတွေ လိုချင်တာတွေကို မြတ်စွာ ဘုရားက ထုတ်ပြထားတာ။

[၁၈] လူတွေက လှချင်တယ်။ အေး၊ လှချင်လို့ ရှိရင် လည်း လှပတဲ့ အဆင်းကိုရတယ်။ အသံ ကောင်းချင် တယ်ဆိုရင် အသံ ကောင်းတာရတယ်။ ရုပ်ခန့်ငြားပြီး ချောမောလှပချင်တယ်ဆိုရင် ပုံပန်းသဏ္ဌာန် လှပ အောင်လည်း ကုသိုလ်က ပေးတယ်။ အသွင်သဏ္ဌာန် လှပအောင်လည်း ကုသိုလ်က ပေးတယ်။ အခြံအရံ များပြီး အကြီးအကဲ ဖြစ်ချင်တယ် ဆိုရင်လည်း ဟောဒီ ကုသိုလ်က လုပ်ပေးတယ်တဲ့။ ဒါကြောင့်မို့ အားလုံးကို ပေးတယ်လို့ပြောတာ။

တိုင်းပြည်တစ်ပြည်၊ ဒေသတစ်ခုကို လွှမ်းမိုးအုပ်စိုး ရတဲ့ ဧကရာဇ်မင်း၊ ပဒေသရာဇ်မင်း စည်းစိမ်ဥစ္စာမျိုး ကိုလည်း အဲဒီကုသိုလ်က ရစေနိုင်တယ်။ စကြဝဠာ တစ်ခုကို လွှမ်းမိုးအုပ်စိုးနိုင်တဲ့ စကြဝတေးမင်းရဲ့ ချမ်းသာသုခကိုလည်း ပေးနိုင်တယ်။ ဒါ လူ့စည်းစိမ်နဲ့ ပတ်သက်လာလို့ရှိရင် စကြာမင်းရဲ့ စည်းစိမ်ဟာ အကြီးမားဆုံးပဲပေါ့။ ဒီ့ထက်ကြည့်လိုက်ရင် နတ်ပြည်မှာ [၁၉] နတ်ဘုရင်တစ်ပါးရဲ့ စည်းစိမ်ကိုလည်း ဒီကုသိုလ် ကောင်းမှုက ပေးနိုင်တာ။

နောက်ဆုံး မြတ်စွာဘုရားက ခြုံပြီးဟောလိုက် တာက “လူ့ဘဝ၊ လူ့စည်းစိမ်တွေမှန်သမျှ အကုန် ပေးနိုင်ပါတယ်။ နတ်ပြည်မှာရှိတဲ့ မွေ့ လျော်ပျော်ပိုက် စရာ စည်းစိမ်ဥစ္စာတွေလည်း အကုန်ပေးနိုင်တယ်။ အေး- လူ့စည်းစိမ်၊ နတ်စည်းစိမ်တင် မကဘူးတဲ့ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာ ဆိုတာ ကိုလည်း ဟောဒီ ကုသိုလ်က ပေးနိုင်ပါတယ်” နိဗ္ဗာန်ချမ်းသာရဖို့ ဒီကုသိုလ်ကပေးတယ်ဆိုတာ အခွင့်အလမ်းတစ်ခုကို ရှာပေးလိုက်တာ။ နိဗ္ဗာန် ချမ်းသာကိုပေးတယ် ဆိုတဲ့နေရာမှာ ဒါနကောင်းမှု၊ သီလကောင်းမှုကို အကြောင်းပြုပြီးတော့ သူတော် ကောင်းနှင့် ပေါင်းဆုံမိခြင်းဆိုတဲ့ မိတ်ကောင်း ဆွေကောင်း တွေ့တယ်။ ဆိုပါစို့- ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ ဥပတိဿပရိဗိုဇ် ဘဝတုန်းက ရှင်အဿဇိတို့လို မိတ်ကောင်းဆွေကောင်းနဲ့ မတွေ့ဘူး [၂၀] ဆိုလို့ရှိရင် သောတာပန်ဖြစ်ဖို့ မရှိဘူးပေါ့။ မိတ်ကောင်း ဆွေကောင်းနဲ့တွေ့အောင် ရှေးကုသိုလ်က ဖန်တီးပေး လိုက်လို့ ရှင်အဿဇိနဲ့ သွားဆုံရတာ။ အဲဒီလို ဆုံလိုက် တဲ့အခါမှာ တရားဓမ္မကို ရှင်းပြလိုက်တာ လေးပါဒရှိတဲ့ ဂါထာလေးကို နာလိုက်ရတာနဲ့ တရားသိသွားတာ၊ အဲဒီ အခြေအနေကိုပြောတာ။

ဒါနကုသိုလ်၊ သီလကုသိုလ်ကနေပြီးတော့ မိတ် ကောင်း ဆွေကောင်းတွေနဲ့တွေ့အောင် ဖန်တီးပေး တယ်။ မိမိကိုယ်တိုင်ကလည်း မှန်မှန်ကန်ကန် စဉ်းစား ပြီး နှလုံးသွင်းထားနိုင်တယ်။ ယောနိသောမနသိကာရ ရှိတယ်။ ကြိုးစားအားထုတ်မှုရှိတယ်ဆိုတော့ ဝိဇ္ဇာဆိုတဲ့ မဂ်ဉာဏ်ရတယ်။ ဝိမုတ္တိဆိုတဲ့ ဖိုလ်ကို ရလာတယ်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တွေကို ရလာတယ်။ အဲဒါတွေ ရခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကိုရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ “ဝိဇ္ဇာဝိမုတ္တိ” ဆိုတဲ့ အမြင့်ဆုံးဖြစ်တဲ့ အဆင့်ထိအောင် ကုသိုလ် ရင်းနှီးမြှုပ်နှံမှုက ရစေနိုင် တယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာ။

[၂၁]
2. ဒီ့ထက် အဆင့်မြင့်တာတွေရှိသေးတယ်။ ရဟန္တာ ဖြစ်တာတောင်မှပဲ ရဟန္တာခြင်း မတူသေးဘူး။ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကတော့ တူတယ်။ စာမေးပွဲ အောင်တာလိုပေါ့၊ တချို့က ဂုဏ်ထူးနဲ့အောင်တယ်။ တချို့က ရိုးရိုးအောင်တယ်ပေါ့။ အေး၊ ဂုဏ်ထူးတွေ လိုချင်တယ် ဆိုလို့ရှိရင် ဟောဒီ ကုသိုလ်က ပေးသေး တယ်။

ပဋိသမ္ဘိဒါဉာဏ်ကြီးကိုလည်း ရချင်လို့ရှိရင် အခု ပြောတဲ့ ကုသိုလ်ကောင်းမှုတွေက ပေးစွမ်းနိုင်တယ်။ ဝိမောက္ခ လို့ဆိုတဲ့ ကိလေသာတွေက လွတ်မြောက်စေ တတ်တဲ့ မဂ်တရား၊ ဖိုလ်တရား အဆင့်မြင့်တာတွေ ရချင်လို့ရှိရင်လည်း ဒါက ပေးနိုင်တယ်။

ဒါတင်မကဘူး၊ ဘုရားတစ်ဆူရဲ့ လက်ထက်မှာ အဂ္ဂသာဝကတို့ မဟာသာဝကတို့ဆိုတဲ့ အဆင့်အတန်း မြင့်တဲ့ တပည့်သာဝကအဖြစ်နဲ့ ကျွတ်တမ်းဝင်ချင်တယ် ဆိုရင်လည်း ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်၊ ရှင်မဟာကဿပ၊ ရှင်အာနန္ဒာတို့လို ဖြစ်ချင်တယ်ဆိုရင် [၂၂] အဲဒီ သာဝကတွေရနိုင်တဲ့ ပါရမီကုသိုလ်ထူးကိုလည်း ဖြစ်အောင် ဖန်တီးပေးနိုင်တယ်။

အေး၊ သာဝကအဖြစ်နဲ့ နိဗ္ဗာန်မစံချင်ဘူး။ ကိုယ်တိုင် သစ္စာလေးပါးတရား ထိုးထွင်းသိတဲ့ ပစ္စေကဗုဒ္ဓ အနေနဲ့ နိဗ္ဗာန်ယူချင်တယ်ဆိုရင်လည်းပဲ ဟောဒီ ကုသိုလ်က ပေးနိုင်တယ်။ နောက်ဆုံး ကိုယ်တိုင် ဘုရား ဖြစ်ချင်တယ် ဆိုရင်တောင်မှပဲ ဒီကုသိုလ်ကပေးတယ်။

ဒီကုသိုလ်နဲ့ပဲ ရတယ်လို့ ပြောတယ်။ ဒီကုသိုလ် တွေရဲ့ စွမ်းဆောင်မှုက ဘယ်လောက် ကြီးမားတယ် ဆိုတာ .. မြတ်စွာဘုရားက ဟောတာ။ ကိုယ့်ရဲ့ ရည်ရွယ်ချက်အတိုင်းဖြစ်တယ်။ နောက်ဆုံး ဘုရား အဖြစ်ထိအောင် ဖြစ်တယ်။

အေး၊ ဒါကြောင့်မို့ နိဂုံးချုပ်အနေနဲ့ မြတ်စွာဘုရား က နိဓိကဏ္ဍသုတ်မှာ ဘယ်လိုဟောထားတုန်းဆိုတော့ “ယခုလို ကုသိုလ်ကောင်းမှုတွေ လုပ်တာဟာ တကယ့် ကို ကြီးမားတဲ့ အကျိုးရှိတယ်။ ဒါကြောင့်မို့ ပညာရှိ [၂၃] သူတော်ကောင်းတွေဟာ ကုသိုလ်ကောင်းမှုကို အလေး ထားပြီး ချီးမွမ်းကြတယ်”။

ဒါကို တကယ်တန်ဖိုးထားတယ်။ ဘာဖြစ်လို့ တန်ဖိုး ထားတုန်းဆို သိလို့ တန်ဖိုးထားတာဖြစ်တယ်။ ဒီကနေ့ မွေးနေ့မင်္ဂလာ သိက္ခာပဒပူဇာမင်္ဂလာ ဆည်းပူးအားထုတ်တဲ့နေရာမှာ..ကုသိုလ်ရကြတယ်။ ကိုယ်တိုင် ရင်းနှီးမြှုပ်နှံကြတာတွေချည်းပဲ။ အကုန်လုံး ကိုယ့်အတိုင်းအတာအရ ရင်းနှီးမြှုပ်နှံကြတာ။ အားလုံး ဒီကနေ့ ကုသိုလ်ရကြတယ်။ ဝေယျာဝစ္စဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေ ကုသိုလ်ရတယ်၊ သန့်ရှင်းရေးလုပ်တဲ့ ပုဂ္ဂိုလ် တွေလည်း ရင်းနှီးမြှုပ်နှံမှုပြုတာပဲ။ ပန်းဆင်တဲ့ ပုဂ္ဂိုလ် တွေလည်း ရင်းနှီးမြှုပ်နှံတာပဲ။ သိမ်ဆင်းလောင်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရင်းနှီးမြှုပ်နှံတာပဲ။ အားလုံး ကိုယ့် အတိုင်းအတာနဲ့ကိုယ် ကုသိုလ်ကောင်းမှုလုပ်ကြတာ ဟာ အားလုံးရဲ့ ရင်းနှီးမြှုပ်နှံမှုတွေပဲ။ ကိုယ်ပိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အသီးသီး လုပ်ဆောင်ကြတာ ဖြစ်တယ်။ အားလုံး ကုသိုလ်ရတဲ့ပွဲပဲ။

[၂၄] သာမန်ကြည့်မယ်ဆိုရင်တော့ ဒီကနေ့ဟာ ဆရာတော်ရဲ့ မွေးနေ့ပဲ၊ မွေးနေ့အမှတ်တရလုပ်တဲ့ ပုဂ္ဂိုလ်ပဲရတယ်လို့ ဒီလိုထင်ရတယ်။ တကယ်တော့ မဟုတ်ဘူး။ ကိုယ်လုပ်တဲ့ ကုသိုလ်တွေဟာ ဘာပဲ လုပ်လုပ်၊ လုပ်သမျှကုသိုလ်တွေဟာ ကိုယ်နဲ့သာဆိုင်ပြီး ကိုယ်ရကြတာ။ ဒီကနေ့ အားလုံး ကုသိုလ်ရတဲ့နေ့ပဲ၊ အားလုံးဟာ မိမိတို့ ရင်ထဲနှလုံးထဲမှာ ကုသိုလ်တွေ ရင်းနှီးမြှုပ်နှံလို့ အားလုံး အကျိုးအမြတ်တွေ ရတယ်လို့ ဒီလိုမှတ်ရမှာ ဖြစ်ပါတယ်။

ဧဝံ မဟတ္ထိကာ ဧသာ၊ ယဒိဒံ ပုညသမ္ပဒါ။
တသ္မာ ဓီရာ ပသံသန္တိ၊ ပဏ္ဍိတာ ကတပုညတံ။
ယဒိဒံ ပုညသမ္ပဒါ- အကြင် ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံခြင်းသည်။ အတ္ထိ-စင်စစ်မသွေရှိပါပေတော့၏။ ဧသာ ပုညသမ္ပဒါ- ဤကုသိုလ်ကောင်းမှုနှင့် ပြည့်စုံခြင်း သည်။ ဧဝံ မဟတ္ထိကာ- ဤမျှလောက် အကျိုးကျေးဇူး တွေ များလှပါပေတော့၏။ တသ္မာ- ထို့ကြောင့်။ ဓီရာ- ပညာဖြင့် မိမိ၏ ကောင်းကျိုးချမ်းသာကို ရယူတတ်ကြ [၂၅] ကုန်သော။ ပဏ္ဍိတာ-ပညာရှိတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည်။ ကတပုညတံ- ပြုအပ်ပြီး သော ကောင်းမှုရှိသူရဲ့ ဖြစ်ကြောင်း ကုသိုလ်ကောင်းမှု မှန်သမျှကို။ ပသံသန္တိ- ချီးမွမ်းကြပါပေကုန်သည်ဟူ၍။ ဘဂဝါ-ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ အဝေါစ- ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေ သတည်း။

သာဓု သာဓု သာဓု [၂၆]
၁။ နိဓိံ နိခေတိ ပုရိသော၊ ဂမ္ဘီရေ သြဒကန္တိကေ။ အတ္ထေ ကိစ္စေ သမုပ္ပန္နေ၊ အတ္ထာယ မေ ဘဝိဿတိ။
၂။ ရာဇတောဝါ ဒုရုတ္တဿ၊ စောရတော ပီဠိတဿ ဝါ။ ဣဏဿ ဝါ ပမောက္ခာယ၊ ဒုဗ္ဘိက္ခေ အာပဒါသု ဝါ။ ဧတဒတ္ထာယ လောကသ္မိံ ၊ နိဓိ နာမ နိဓီယတိ။
၃။ တာဝ’သုနိဟိတော သန္တော၊ ဂမ္ဘီရေ သြဒကန္တိကေ။ န သဗ္ဗော သဗ္ဗဒါ ဧဝ၊ တဿ တံ ဥပကပ္ပတိ။
၄။ နိဓိ ဝါ ဌာနာ စဝတိ၊ သညာ ဝါဿ ဝိမုယှတိ။ နာဂါ ဝါ အပနာမေန္တိ၊ ယက္ခာ ဝါပိ ဟရန္တိနံ။
၅။ အပ္ပိယာ ဝါပိ ဒါယာဒါ၊ ဥဒ္ဓရန္တိ၊ အပဿတော။ ယဒါ ပုညက္ခယော ဟောတိ၊ သဗ္ဗမေတံ ဝိနဿတိ။
[၂၇]
၆။ ယဿ ဒါနေန သီလေန၊ သံယမေန ဒမေန စ။ နိဓိ သုနိဟိတော ဟောတိ၊ ဣတ္ထိယာ ပုရိသဿ ဝါ။
၇။ စေတိယမှိ စ သံဃေ ဝါ၊ ပုဂ္ဂလေ အတိထီသု ဝါ။ မာတရိ ပိတရိ စာပိ၊ အထော ဇေဋ္ဌမှိ ဘာတရိ။
၈။ ဧသော နိဓိ သုနိဟိတော၊ အဟေယျော အနုဂါမိကော။ ပဟာယ ဂမနီယေသု၊ ဧတံ အာဒါယ ဂစ္ဆတိ။
၉။ အသာဓာရဏ မညေသံ၊ အစောရာဟရဏော နိဓိ။ ကယိရာထ ဓီရော ပုညာနိ၊ ယော နိဓိ အနုဂါမိကော။
၁ဝ။ ဧသ ဒေဝ မနုဿာနံ၊ သဗ္ဗကာမဒဒေါ နိဓိ။ ယံ ယဒေဝါဘိပတ္တေတိ၊ သဗ္ဗ မေတေန လဗ္ဘတိ။
၁၁။ သုဝဏ္ဏတာ သုသရတာ၊ သုသဏ္ဌာနာ သုရူပတာ။ အာဓိပစ္စပရိဝါရာ၊ သဗ္ဗမေတေန လဗ္ဘတိ။
၁၂။ ပဒေသရဇ္ဇံ ဣဿရိယံ ၊ စက္ကဝတ္တိသုခံ ပိယံ။ ဒေဝရဇ္ဇမ္ပိ ဒိဗ္ဗေသု၊ သဗ္ဗမေတေန လဗ္ဘတိ။
[၂၈]
၁၃။ မာနုဿိကာ စ သမ္ပတ္တိ၊ ဒေဝလောကေ စ ယာ ရတိ။ ယာ စ နိဗ္ဗာန သမ္ပတ္တိ၊ သဗ္ဗမေတေန လဗ္ဘတိ။
၁၄။ မိတ္တသမ္ပဒမာဂမ္မ၊ ယောနိသော စ ပယုဉ္စတော။ ဝိဇ္ဇာဝိမုတ္တိဝသီဘာဝေါ၊ သဗ္ဗမေတေန လဗ္ဘတိ။
၁၅။ ပဋိသမ္ဘိဒါ ဝိမောက္ခာ စ၊ ယာ စ သာဝကပါရမီ။ ပစ္စေကဗောဓိ ဗုဒ္ဓဘူမိ၊ သဗ္ဗမေတေန လဗ္ဘတိ။
၁၆။ ဧဝံ မဟတ္ထိကာ ဧသာ၊ ယဒိဒံ ပုညသမ္ပဒါ။ တသ္မာ ဓီရာ ပသံသန္တိ၊ ပဏ္ဍိတာ ကတပုညတံ။
နိဓိကဏ္ဍသုတ္တံ နိဋ္ဌိတံ [၂၉] ရင်းနှီးမြှုပ်နှံခြင်း ၉

နိဓိကဏ္ဍသုတ် မြန်မာပြန်

၁။ ယောက်ျားသည် အကျိုးစီးပွားနှင့်စပ်သော ကိစ္စ ဖြစ်လတ်သော် ငါ၏အကျိုးငှါ ဖြစ်လိမ့်မည်ဟု နှလုံးပြု၍ ရေသို့ရောက်လောက်အောင် နက်သောအရပ်၌ ရွှေအိုး ကို မြှုပ်နှံထားရ၏။
၂။ ရာဇဝတ်ပြစ်မှုဖြင့် စွပ်စွဲခံရသော ငါ့အား မင်းဘေး မှ လွတ်မြောက်ရန် ဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း၊ ခိုးသူတို့ နှိပ်စက်ခံရသောငါ့အား ခိုးသူဘေးမှ လွတ် မြောက်ရန် ဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ကြွေးမြီ တင်သော ငါ့အား ကြွေးမြီမှ လွတ်မြောက်ရန် ဖြစ်လိမ့် မည်ဟူ၍ လည်းကောင်း၊ ငတ်မွတ် ခေါင်းပါးသောအခါ ၌ မျှတရန် ဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း၊ မီး,ရေ စသော ဘေးရန်တို့ ဖြစ်ပေါ်လတ်သော် ငါ့အား သုံးစွဲရန် ဖြစ်လိမ့်မည်ဟူ၍ လည်းကောင်း နှလုံးသွင်း၍ ဤ အကျိုးပြီးခြင်းငှါ လောက၌ ... ရွှေအိုးမည်သည်ကို မြှုပ်နှံထားရ၏။
[၃၀]
၃။ ရေသို့ ရောက်လောက်အောင် နက်သော မြေ၌ ကောင်းစွာ မြှုပ်ထားအပ်သည် ဖြစ်သော်လည်း အလုံးစုံ သော ဥစ္စာသည် အခါခပ်သိမ်းပင် ထိုယောက်ျားအား မပြည့်စုံ။
၄။ ရွှေအိုးသည် မြှုပ်ထားရာအရပ်မှမူလည်း ရွေ့လျား တတ်၏။ ထိုဥစ္စာရှင်၏ အမှတ်သည်လည်း မေ့လျော့ တတ်၏၊ နဂါးတို့သည်လည်း နေရာပြောင်းထားတတ် ကုန်၏။ ဘီလူးတို့သည်လည်း ထိုရွှေအိုးကို ဆောင်ယူ တတ်ကုန်၏။
၅။ မချစ်အပ်ကုန်သော အမွေခံတို့သည်မူလည်း (ဥစ္စာ ရှင်) မမြင်စဉ် တူးဖော်ထုတ်ဆောင်တတ်ကုန်၏။ ကုသိုလ်ကံ ကုန်သောအခါ၌မူလည်း ထိုဥစ္စာအလုံးစုံ သည် ပျောက်ပျက်တတ်၏။
၆။ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အကြင် တစ်စုံ တစ်ယောက်သောသူသည် အလှူပေးခြင်းဖြင့် လည်း ကောင်း၊ သီလဆောက်တည်ခြင်းဖြင့် လည်းကောင်း၊ ကိုယ်,နှုတ်,နှလုံး စောင့်စည်းခြင်းဖြင့် လည်းကောင်း၊

[၃၁] ပင်ရင်းနှီးမြှုပ်နှံခြင်းက

ဣန္ဒြေတို့ကို ဆုံးမခြင်းဖြင့် လည်းကောင်း ကောင်းမှု တည်းဟူသော ရွှေအိုးကို ကောင်းစွာ မြှုပ်ထားအပ်၏။
၇။ စေတီ၌ လည်းကောင်း၊ သံဃာ၌ လည်းကောင်း၊ ပုဂ္ဂိုလ်၌ လည်းကောင်း၊ ဧည့်သည်တို့၌ လည်းကောင်း၊ အမိ၌ လည်းကောင်း၊ အဖ၌လည်းကောင်း၊ ထို့ပြင် အစ်ကိုကြီး အစ်မကြီး၌ လည်းကောင်း ကောင်းမှုတည်း ဟူသော ရွှေအိုးကို ကောင်းစွာမြှုပ်ထားအပ်၏။
၈။ ကောင်းစွာမြှုပ်ထားအပ်သော ဤရွှေအိုးသည် (ရန်သူတို့) မအောင်နိုင်သည်ဖြစ်၍ (တမလွန်ဘဝသို့) အစဉ်လိုက်၏၊ (စည်းစိမ်ဥစ္စာတို့ကို) ပယ်စွန့်၍ တမလွန် ဘဝသို့ ပြောင်းသွားရသည်ရှိသော် ထိုကုသိုလ်ရွှေအိုးကို ယူ၍သွားရ၏။
၉။ (ကုသိုလ်)ရွှေအိုးသည် သူတစ်ပါးတို့နှင့် မဆက်ဆံ၊ ခိုးသူတို့ မခိုးယူနိုင်၊ ပညာရှိသည် ကုသိုလ်ကောင်းမှု တို့ကို ပြုရာ၏။ (ကုသိုလ်) ရွှေအိုးသည် (တမလွန်ဘဝ သို့) အစဉ်လိုက်၏။

[၃၂] ၁၀။ ဤ (ကုသိုလ်) ရွှေအိုးသည် နတ်လူတို့၏ အလို ဟူသမျှကိုပေး၏။ အကြင် အကြင် ချမ်းသာကို တောင့်တကုန်၏။ ထိုတောင့်တရာရာ ချမ်းသာအားလုံး ကိုပင် ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
၁၁။ အရေအဆင်းကောင်းသည့်အဖြစ်၊ အသံကောင်း သည့်အဖြစ်၊ အသွင်သဏ္ဌာန် ကောင်းသည့်အဖြစ်၊ ရုပ်အဆင်း လှပသည့်အဖြစ်၊ အစိုးရသည့်အဖြစ်၊ အခြွေ အရံများသည့်အဖြစ် ဟူသော အကျိုးအားလုံးကို ထို ကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
၁၂။ ပဒေသရာဇ်မင်းအဖြစ်ကို လည်းကောင်း၊ အစိုးရ သော ဧကရာဇ်မင်းအဖြစ်ကို လည်းကောင်း၊ နှစ်သက် မြတ်နိုးအပ်သော စကြဝတေးမင်း ချမ်းသာကို လည်း ကောင်း၊ နတ်ပြည်တို့၌ နတ်မင်းအဖြစ်ကိုလည်းကောင်း ဤအကျိုးအားလုံးကို ထို ကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
၁၃။ လူ့ပြည်ရှိ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ နတ်ပြည် ၌ မွေ့လျော်ဖွယ်ကို လည်းကောင်း၊ နိဗ္ဗာန်ချမ်းသာကို [၃၃] လည်းကောင်း အကျိုးအားလုံးကို ထိုကုသိုလ် ရွှေအိုး ကြောင့် ရနိုင်၏။
၁၄။ မိတ်ဆွေကောင်းနှင့် ပြည့်စုံခြင်းကို အကြောင်းပြု ၍ သင့်သော အကြောင်းအားဖြင့် အားထုတ်သောသူ အား အရဟတ္တမဂ် အရဟတ္တဖိုလ်ပညာတို့၌ လေ့လာ ခြင်းရှိသောသူအဖြစ်တည်းဟူသော အကျိုးအားလုံးကို ထိုကုသိုလ် ရွှေအိုးကြောင့် ရနိုင်၏။
၁၅။ ပဋိသမ္ဘိဒါလေးပါး ဝိမောက္ခ (ရှစ်ပါး) သာဝက ပါရမီဉာဏ် ပစ္စေကဗောဓိဉာဏ် သမ္မာသမ္ဗောဓိဉာဏ် တည်းဟူသော အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုး ကြောင့် ရနိုင်၏။
၁၆။ အကြင် ကုသိုလ်ပြည့်စုံခြင်းသည်ရှိ၏။ ထိုကုသိုလ် ပြည့်စုံခြင်းသည် ဤသို့ များသောအကျိုးရှိ၏။ ထို့ကြောင့် တည်ကြည်သော ပညာရှိတို့သည် ပြုပြီးသော ကုသိုလ် ကောင်းမှုရှိသည့် အဖြစ်ကို ချီးမွမ်းကြကုန်၏ဟု (မိန့်တော်မူ၏)။

နိဓိကဏ္ဍသုတ် မြန်မာပြန် ပြီး၏။

by6ronqdopxs5xv1irztri44c8lmqup
22352
22351
2026-11-05T19:44:12Z
Tejinda
173
22352
wikitext
text/x-wiki
{{header
| title = ရင်းနှီးမြှုပ်နှံခြင်း
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[မွေးနေ့လက်ဆောင်]]
| previous2 = [[မြတ်ဗုဒ္ဓ၏ကျေးဇူး အထူးပေးဆပ်ခဲ့သူ]]
| next = [[ရောဂါကုစား စိတ်စွမ်းအား]]

hl39smlk620a5evqpb4x148rnh1zww7
ရောဂါကုစား စိတ်စွမ်းအား
0
6481
22353
2026-11-05T19:46:18Z
Tejinda
173
"{{header | title = ရောဂါကုစား စိတ်စွမ်းအား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ရင်းနှ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22353
wikitext
text/x-wiki
{{header
| title = ရောဂါကုစား စိတ်စွမ်းအား
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ရင်းနှီးမြှုပ်နှံခြင်း]]
| previous2 = [[မွေးနေ့လက်ဆောင်]]
| next = [[ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား အနုမောဒနာတရား]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ရောဂါကုစား စိတ်စွမ်းအား

အမှာစကား

သာသနာတော်နှစ် ၂၅၅၀-ပြည့်နှစ်၊ ကောဇာ သက္ကရာဇ် ၁၃၆၈- ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈-ရက်၊ ရန်ကုန်တိုင်း၊ ဥက္ကံမြို့၊ ဘုရားကြီး ကျောင်းတိုက်အတွင်းဝယ် ဝိနယာဓိက ဝိနည်း စာတော်ပြန် မေးဖြေပွဲကြီးနှင့် စပ်လျဉ်း၍ ဆင်ယင် ကျင်းပပြုလုပ်အပ်သော ညဉ့်ဦးယံဓမ္မသဘင် အခမ်းအနားဝယ် ဟောကြားအပ်သည့် “ရှစ်ယောက်နှင့် တစ်ယောက်” တရား ဒေသနာတော်။

ဤစာအုပ်သည် ဟောတရားကို အသံမှ စာလုံးအဖြစ် ကူးပြောင်းကာ တည်းဖြတ် ထုတ်ဝေ အပ်သော စာအုပ်ဖြစ်သည်။ အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်၌လာရှိသော “အက္ခဏသုတ်” ကိုပင် “ရှစ်ယောက်နဲ့တစ်ယောက်” ဟု အမည်ပေးကာ ဟောထားခြင်း ဖြစ်သည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြသည့် “ဩကာသကန်တော့ချိုး” တွင် ပါဝင်သည့် “ရပ်ပြစ်ရှစ်ပါး” ဆိုသည်မှာ အဆိုပါ ရှစ်ယောက်ရဲ့ ဖြစ်ရာဘုံဘဝ ရှစ်မျိုးကို ရည်ညွှန်းသည်။

ဤစာအုပ်ကို ဖတ်ရှုပြီးလျှင် မူရင်း အက္ခဏသုတ်ကိုလည်း ဖတ်ရှုလေ့လာသင့်သည်။ ရရှိထားပြီး မိမိတို့ရဲ့ ဘဝအခြေအနေကောင်းများကို လက်တွေ့အသုံးချကာ ဘဝတန်ဖိုးကို အပြည့်အဝ အရယူနိုင်ကြပါစေ။

ဓမ္မအသိ ရှိလျက်နေမည်။
အရှင်နန္ဒမာလာဘိဝံသ [၁] ဒီကနေ့ညဟောမယ့် တရားရဲ့ အမည်က ရှစ်ယောက်နဲ့တစ်ယောက်တဲ့။ “ရှစ်ယောက်နဲ့ တစ်ယောက်” ဆိုတာ ဘယ်နှစ်ယောက်တုန်း၊ ကိုးယောက်နော်၊ ကိုးယောက်လို့ မပြောဘဲနဲ့ ဘာဖြစ်လို့ “ရှစ်ယောက်နဲ့ တစ်ယောက်” လို့ ပြောရသလဲဆိုတာ တရားနာပြီးရင် သဘော ပေါက်မှာပါ။ တရားချစ်ခင် သူတော်စင်တို့ဟာ ရှစ်ယောက်ထဲမှာပါသလား၊ သို့မဟုတ် တစ်ယောက်ထဲမှာ ပါသလား ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ကြရမှာပါ၊ [၂] ဒီ ဒေသနာတော်အရ “ရှစ်ယောက်နဲ့ တစ်ယောက်” ဆိုတာ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်က ရှစ်ယောက်ရှိတယ်၊ လောကမှာ ဘဝအခြေအနေ အကျိုးပေးမလှလို့ ကံဆိုးမိုးမှောင်ကျပြီး အခြေအနေမလှတဲ့ပုဂ္ဂိုလ်က ရှစ်ယောက်၊ ကံကောင်းတဲ့ ပုဂ္ဂိုလ်က တစ်ယောက်ထဲပဲရှိတယ်။ ဆိုလိုတာက ကိုးယောက်မှာ တစ်ယောက်ပဲ ကံကောင်းတယ်လို့ ပြောတာနော်။ အေး ကံမကောင်းတဲ့လူက ရှစ်ယောက်၊ ကံကောင်းတဲ့လူက တစ်ယောက်ထဲပဲ ရှိတယ်၊ အဲဒီ တစ်ယောက်ထဲမှာ တရားချစ်ခင် သူတော်စင် ပရိသတ်တို့ ပါတယ် မပါဘူးဆိုတာ ကိုယ့်ဖာသာကိုယ် ကြည့်ရမယ်။ အခြေအနေကောင်းရထားတဲ့

[၃] အခွင့်ကောင်းရသူနဲ့ မရသူ

ကံမကောင်း အကြောင်းမလှ အခြေအနေ မပေးတဲ့ပုဂ္ဂိုလ် ရှစ်ယောက်ဆိုတာ ဘယ်သူတွေလဲ၊ သံသရာဝဋ်က လွတ်ကင်းဖို့ တရားဓမ္မတွေကို မြတ်စွာဘုရားက ဟောတယ်၊ ထိုဟောထားတဲ့ တရားဓမ္မတွေကိုကျင့်ဖို့ အခွင့်အလမ်း မရရှိတဲ့ ပုဂ္ဂိုလ်တွေကို ပြောတာ။ လောကမှာ လူဖြစ်လာသော်လည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေက အများကြီးပဲ၊ သံသရာလည်နေကြတဲ့ အထဲမှာ လူတိုင်းလူတိုင်း အခွင့်ကောင်း ရရှိနေကြတာ မဟုတ်ဘူး၊ အခွင့်ကောင်းမရတဲ့ပုဂ္ဂိုလ်တွေ အများကြီးပဲ။

အခွင့်အရေးဆိုတာနဲ့ပတ်သက်ပြီး ပြောရရင် အခွင့်အရေးဆိုတာ အမျိုးမျိုးရှိတယ်၊ ဆိုပါစို့- [၄] တယ်လီဗစ်ရှင်း ကြည့်ချင်တယ်ဆိုရင် အိမ်မှာ တယ်လီဗစ်ရှင်း ရှိပေမယ့် လျှပ်စစ်မီး မရှိဘူး၊ လျှပ်စစ်မီးက မလာဘူးဆိုရင် ကြည့်လို့ ရမလား၊ မရဘူး၊ မီးလာတဲ့အခါမှ ကြည့်လို့ရတယ်၊ အခွင့်အရေးဆိုတာ အမြဲတမ်း ရှိရဲ့လား၊ မရှိဘူး၊ ဟို လျှပ်စစ်မီးနဲ့ ဝေးကွာတဲ့ တောရွာတွေမှာ လျှပ်စစ်မီး မပြောနဲ့ ကြယ်ကလေးတွေ လ,ကလေးတွေရဲ့ အလင်းရောင်နဲ့ နေကြရတယ်။ ကြယ်ရောင် လရောင်လေးတွေကို အားကိုးပြုပြီးတော့ ညအခါမှာ ခရီးသွားကြရတယ်။

ဟို ယခင်တုန်းက ဧရာဝတီတိုင်းက လူတွေဟာ ဒီရေ အတက်အကျကြည့်ပြီးတော့ ချောင်းတွေ မြောင်းတွေမှာ ခရီးသွားကြရတယ်နော်၊ ရေတက်ချိန်ကလေးကိုကြည့်ပြီး လှေလောင်းတွေနဲ့ ခရီးသွားရတယ်၊ ချောင်းကြို ချောင်းကြားလေးမှာ [၅] ရေကျသွားပြီဆိုရင် သွားလို့ရသေးရဲ့လား၊ မရဘူး။ အခွင့်အရေးဆိုတာ အမြဲတမ်းရှိမနေဘူးလို့မှတ်ပါ၊ လူ့ဘဝရနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း အခွင့်ကောင်း အမြဲတမ်း ကြုံတာမဟုတ်ဘူးတဲ့၊ အခွင့်အရေးကြုံတဲ့ အခိုက်ကလေးမှာ အခွင့်သာခိုက်ကလေးမှာ ရသင့် ရထိုက်တာတွေကို ရအောင် ယူလိုက်မှ အခွင့်အရေး ရနိုင်တယ်။ အခွင့်အရေး ဆိုတာ နောက်တစ်ခါ ပြန်လာချင်မှလာတယ်။ အခွင့်ကောင်းကို opportunity လို့ခေါ်တယ်၊ opportunity ဆိုတဲ့ အခွင့်ကောင်းဟာ ရံဖန်ရံခါမှသာ ရောက်လာတတ်တယ်၊ တစ်ခါရောက်လာပြီးရင်လည်း နောက်ထပ် ရောက်ချင်မှ ရောက်လာတယ်၊ ရောက်လာတဲ့ အချိန်လေးမှာ လုပ်ရင် လုပ်လိုက်၊ မလုပ်လိုက်ဘူးဆိုရင် သွားရော။ ထို့အတူပဲ သံသရာကြီးထဲမှာလည်း သတ္တဝါရယ်လို့ [၆] ဖြစ်လာပြီးတော့ အခွင့်ကောင်းလေးတွေလက်လွတ် ဆုံးရှုံးပြီး ဘယ်လိုမှ အခွင့်မရတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ “ရှစ်ယောက်” တောင် ရှိတယ်။

ကဲ ဆိုပါစို့၊ အခုလို ကြည့်စရာ ရှုစရာတွေ ပေါများနေတဲ့ အချိန်လေးမှာ မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်တွေဟာ ထို ကြည့်စရာ ရှုစရာ လေးတွေကို ကြည့်လို့ရရဲ့လား။ ကြံကြံဖန်ဖန် လူရွှင်တော်တွေက ပြောတာ ရှိသေးတယ်နော်၊ မင်းတုန်းမင်းကြီးတဲ့ ပဉ္စမသံဂါယနာတင်သွားပေမယ့်လို့ ဖာလူဒါတော့ သောက်မသွားရဘူးလို့ ပြောတယ်၊ ဘာဖြစ်လို့တုန်းဆို မင်းတုန်းမင်း လက်ထက်က ဖာလူဒါမှ မရှိတာနော်၊ အဲလို ကြံကြံဖန်ဖန် ပြောတဲ့လူက ရှိသေးတယ်၊ ကဲ တယ်လီဗစ်ရှင်းရော ကြည့်သွားရရဲ့လား၊ အဲဒီတုန်းကမှ မရှိသေးတာ၊ ဟုတ်ရဲ့လား။

[၇] အဲဒီတော့ အခွင့်အရေးဆိုတာ အမြဲတမ်း ရှိနေတာ မဟုတ်ဘူး၊ သူ့ခေတ်နဲ့ သူ့အခါ ဒီလို ပေါ်လာတာမျိုး ဖြစ်တယ်၊ မျက်စိနှစ်ကွင်း အလင်း မရတဲ့ပုဂ္ဂိုလ်က လောကမှာ ကြည့်စရာ မြင်စရာတွေ ဘယ်လောက်ပေါပေါ၊ သူ့မှာ အခွင့်အရေးက ဘယ်လိုမှ မလာတော့ဘူး၊ အေး ဒီကနေ့ခေတ်မှာ နားထောင်ချင်စရာ အသံမျိုးစုံ၊ music တွေကလည်း ပေါမှပေါ၊ ငြိမ့်ညောင်းသာယာတဲ့ သီချင်းတွေက စပြီးတော့ pop music တွေအထိ၊ ဒီကနေ့မှာ နားကောင်းတဲ့လူတွေ နားထောင်ခွင့်ရသော်လည်း နားလေးနေတဲ့ပုဂ္ဂိုလ်၊ နားမကြားရတဲ့ပုဂ္ဂိုလ် အဖို့ ထိုသီချင်းသံကို နားထောင်နိုင်ခွင့် ရရဲ့လား၊ မရဘူးနော်။

[၈] အခွင့်အရေးဆုံးရှုံးသူများ

ဒီနေရာမှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ပုဂ္ဂိုလ်ရှစ်ယောက်ဟာ “သံသရာဝဋ်က ကျွတ်လွတ်ရေးအတွက် မြတ်သောအကျင့်ကျင့်ဖို့ အခွင့်အရေး ဆုံးရှုံးနေကြတယ်” တဲ့၊ တစ်ယောက်သော ပုဂ္ဂိုလ်သာလျှင် အဲဒီအခွင့်အရေးကို ရတယ်။ ကဲ ဘယ်ပုဂ္ဂိုလ်တွေဟာ အခွင့်အရေး ဆုံးရှုံးနေတုန်းဆိုတာ ကြည့်ကြရအောင်၊ လောကမှာ မြတ်စွာဘုရား ပွင့်တော်မူလာတယ်၊ မှန်ကန်တဲ့ တရားဓမ္မတွေကို ဟောပြောတော်မူတယ်၊ အဲဒီလို ဘုရားပွင့်ပြီး တရားဟောနေတဲ့အချိန်၊ ဒီကနေ့ကမ္ဘာ ဂေါတမဗုဒ္ဓရဲ့ လက်ထက်တော်အခါနဲ့ ပြောမယ်ဆိုရင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၅၀-ကျော်က ဗုဒ္ဓမြတ်စွာ ပေါ်ထွန်း [၉] ခဲ့တယ်။ ပေါ်ထွန်းခဲ့ပြီးတော့ ဣသိပတန မိဂဒါဝုန်တောမှာ ဓမ္မစကြာတရား ဟောခဲ့တယ်၊ အဲဒီ ဓမ္မစကြာတရားကို လူသားအနေနဲ့ နာခွင့်ရလိုက်တာ ဘယ်နှစ်ယောက်ရှိသလဲ၊ ပဉ္စဝဂ္ဂီ ငါးဦးပဲရှိတယ်၊ လူတွေအများကြီးထဲက ဓမ္မစကြာတရား နာခွင့် ရလိုက်တာ လူငါးဦးပဲရှိတယ်၊ နတ်ဗြဟ္မာတွေကသာ များတာကိုး၊ လူသားအနေနဲ့ ငါးဦးထဲပဲ နာခွင့်ရခဲ့ကြတယ်၊ အဲဒီလို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် လောကမှာပွင့်ပြီး တရားဟောတော်မူတဲ့အခါ သတ္တဝါတိုင်း တရားနာခွင့်ရကြရဲ့လား၊ မရကြဘူး။ တရားနာခွင့်မရဘဲ အခွင့်အရေး လုံးဝဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သူတွေလဲ လို့ဆိုရင် -
တစ် ငရဲကျနေသူဟာ အခွင့်အရေး လုံးဝဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။

[၁၀] ၁ - ငရဲကျနေသူ

ဘုရားပွင့်ပြီး တရားဟောနေတဲ့ အချိန်ကာလတွေမှာ ကံမကောင်း အကြောင်းမလှလို့ ငရဲဘုံ ရောက်ပြီး ဒုက္ခခံနေရတဲ့ပုဂ္ဂိုလ်တွေ မရှိဘူးလား၊ ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောတဲ့ တရားကို နာယူပြီး မြတ်သောအကျင့်ကျင့်ပြီး နိဗ္ဗာန်ရဖို့ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာရှိရဲ့လား၊ မရှိဘူး၊ အဲဒီ ငရဲကျနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လုံးဝ အခွင့်အရေးဆုံးရှုံးနေသူ ဖြစ်တယ်။

ငရဲဘုံဆိုတာကို ပါဠိလို နိရယ လို့ ခေါ်တယ်၊ “နိရ်” ဆိုတာက မရှိဘူး၊ “အယ” က ချမ်းသာသုခ၊ ချမ်းသာသုခ တစ်စက်ကလေးမှမရှိတဲ့ ဘုံဘဝကို “နိရယ” လို့ခေါ်တာပါ၊ ငရဲဘုံ ရောက်နေတဲ့ ပုဂ္ဂိုလ် [၁၁] ဟာ သူ့မှာလည်း မျက်စိနှစ်လုံးပါတာပဲ၊ သူ့မျက်စိနှစ်လုံးက မြင်ရတဲ့ အရာမှန်သမျှ ကြောက်မက်ဖွယ်ရာနဲ့ အနိဋ္ဌာရုံတွေချည်းပဲ မြင်တယ်၊ အကောင်းမြင်ရတယ်လို့ မရှိဘူးတဲ့။

ဘုန်းကြီးတို့ လူသားတွေရဲ့ မျက်စိက ကောင်းတာလည်းမြင်ရတယ်၊ မကောင်းတာလည်း မြင်ရတယ်၊ လှတာလည်း မြင်ရတယ်၊ မလှတာ လည်း မြင်ရတယ်၊ နှစ်သက်စရာတွေလည်း မြင်ရတယ်၊ မနှစ်သက်စရာတွေလည်း မြင်ရတယ်၊ ဟို ငရဲဘုံကျတော့ မြင်သမျှ မြင်ကွင်းဟာ အကောင်းတစ်ခုမှ မရှိဘူးတဲ့၊ မြင်ရတဲ့ အရာတွေမှန်သမျှ ကြောက်စရာတွေ၊ တုန်လှုပ်စရာတွေ၊ စိတ်ထိခိုက်စရာတွေ၊ ဆင်းရဲစရာတွေချည်းပဲ မြင်ရတယ်။ နားက ကြားလိုက်ရလို့ရှိရင်လည်း ချိုသာတဲ့ အသံ၊ စိတ်ချမ်းသာတဲ့အသံ တစ်သံမှ မကြားရဘူး၊ [၁၂] အင်မတန်မှ ဆင်းရဲစရာကောင်းတဲ့ အသံမျိုးတွေပဲ ကြားရတယ်တဲ့၊ နှာခေါင်းက အနံ့ရလိုက်တာလည်း မွှေးကြိုင်တဲ့ အနံ့ဆိုတာ ဝေလာဝေး၊ နှာခေါင်းပိတ်ထားရမယ့် အနံ့မျိုးတွေချည်းပဲ သူတို့ရတယ်တဲ့၊ လျှာက လျှက်ရတဲ့ အရသာလည်း ကောင်းတဲ့ အရသာ တစ်ခုမှမရှိဘူး၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အရသာလည်း တစ်ခုမှ ချမ်းသာတာ မရှိဘူးတဲ့၊ ဪ ငရဲဘုံဆိုတာ မျက်စိက မြင်ရတာ၊ နားက ကြားရတာ၊ နှာခေါင်းက နမ်းရှူရတာ၊ လျှာက လျှက်ရတာ၊ ခန္ဓာကိုယ်က ထိရတာ၊ ဘယ်အရာမှ ကျေနပ်စရာ နှစ်သက်စရာ မရှိဘူး၊ အဲဒီလို ဘုံဘဝမျိုး ရောက်နေတဲ့ပုဂ္ဂိုလ်ဟာ တရားနာနိုင်ပါ့မလား၊ မနာနိုင်ဘူးတဲ့၊ တရားမနာနိုင်ရုံတွင်မကဘူး၊ တရားရဲ့အရသာ ခံစားနိုင်ဖို့ဆိုတာလည်း သူ့မှာ မရှိဘူး၊ ဘုရားပွင့်နေတဲ့ အချိန်လေးမှာ မြတ်စွာ [၁၃] ဘုရား ဟောတဲ့တရား အင်မတန်မှ ကြုံတောင့်ကြုံခဲတဲ့တရားကို နာခွင့်မရသည့်အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်ဟာ အခွင့်အရေး ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။

၂ - တိရစ္ဆာန် ဖြစ်နေသူ

ထို့အတူပဲ နောက်တစ်ဦးကြည့်- တိရစ္ဆာန် ဖြစ်နေသူတဲ့။ ငရဲလောက်တော့ မဆင်းရဲဘူး၊ သို့သော် ဆင်းရဲတယ်၊ ဘုရားပွင့်ပြီးတော့ တရားဟောနေတဲ့အချိန် တိရစ္ဆာန်ဘုံ ရောက်နေတယ်၊ နွားဖြစ်နေတယ်၊ ခွေးဖြစ်နေတယ်၊ ကြက်ဖြစ်နေတယ်၊ ဝက်ဖြစ်နေတယ်ပေါ့။ တိရစ္ဆာန်ဘုံဆိုတာ ငရဲလောက်တော့ မဆင်းရဲဘူး၊ သို့သော် ဆင်းရဲတယ်၊ တိရစ္ဆာန်ဘဝဟာ အင်မတန်မှ ဒုက္ခရောက် [၁၄] တယ်။ လူတွေ အနိုင်ကျင့်တာ ခံနေရတာဟာ တိရစ္ဆာန်တွေပဲ၊ လူတွေက တိရစ္ဆာန်တွေကို အနိုင်ကျင့်ပြီး သတ်ဖြတ်စားသောက်ကြတယ်။ ဘုန်းကြီးတို့ ဒီကနေ့ တရားဟောလာရင်း တောင်မှ ကားလမ်းဘေးက ရွာလေးတွေမှာ ကြက်ကလေးတွေ မွေးထားတာ မြင်တော့ စိတ်ထဲမှာ တွေးမိသေးတယ်၊ ဩော် ဒီကြက်ကလေးတွေ အခု ငယ်သေးတယ်၊ ကြီးတဲ့အချိန်မှာ ဟင်းအိုးထဲ ရောက်မယ့် အကောင်တွေချည်းပဲလို့ တွေးမိတယ်။ လမ်းမှာ တွေ့ခဲ့သေးတယ်၊ ကြက်တွေကို ခြေထောက်တွေမှာ ပူးချည်ထားပြီး မော်တော်ဆိုင်ကယ်နောက်က ဆွဲသွားတာ၊ အရှင်လတ်လတ် ကြက်တွေနော်၊ ဘယ်သူကမှ သူတို့ကို ကယ်တုန်း၊ ဘယ်သူ့မှ မကယ်ဘူး၊ လူတွေ ဘယ်လောက် ရက်စက်တယ်ဆိုတာကြည့်၊ သူတို့လည်း သူတို့ [၁၅] ဘဝမှာ အင်မတန်ပျော်ရှာကြတာ၊ ထိုပျော်နေတဲ့ ဘဝကလေးမှာ ကြာကြာမနေကြရဘူး။ လူတွေက နှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ် စားသောက်ကြတယ်။

ကြက်တွေ ဝက်တွေ ခြေထောက်နှစ်ချောင်း ကြိုးနဲ့ပူးပြီး ချည်ထားရုံမကဘူး၊ ဇောက်ထိုး ဆွဲထားသေးတယ်၊ တစ်ချို့များ ကြက်တွေ ခြင်းထဲထည့်ပြီး အရှင်လတ်လတ် ကားပေါ်က ပစ်ချတာတွေတောင် တွေ့ဖူးတယ်၊ ဩော် တိရစ္ဆာန်ဘဝဟာ ဘယ်သူမှ ကယ်တင်မယ့်သူ မရှိဘူး၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က တိရစ္ဆာန်တွေရဲ့ ဒုက္ခကို “အညမညခါဒိကာ ဒုဗ္ဗလခါဒိကာ” တဲ့၊ တိရစ္ဆာန်တွေဆိုတာ ကြီးနိုင်ငယ်ညှင်း အချင်းချင်းသတ်ပြီးတော့ စားနေကြတာတဲ့။

[၁၆] ဖား-ဖားချင်းစား၊ ငါး-ငါးချင်းစား ဆိုတာလို၊ အကောင်ကြီးရင် အကောင်ငယ်ကို စားပစ်တာပဲ၊ တိရစ္ဆာန်တွေဟာ အချင်းချင်း စားကြတယ်တဲ့၊ အားရှိတဲ့အကောင်က အားနည်းတဲ့အကောင်ကို စားပစ်တယ်၊ အတော်ကြောက်စရာကောင်းတဲ့ဘုံ။ တယ်လီဗီးရှင်းမှာ ကြည့်ဖူးကြပါလိမ့်မယ်၊ discovery channel ဆိုတာ အာဖရိကတောရိုင်းမှာရှိတဲ့ တိရစ္ဆာန်တွေအကြောင်း ရိုက်ပြထားတာ ရှိတယ်။ သံဝေဂယူစရာ တစ်ခါတစ်ရံ ကြည့်ရတယ်၊ ဗဟုသုတတော့ဖြစ်တယ်၊ ဘုန်းကြီးတို့ အမေရိကနေတုန်းက discovery channel က safari ဆိုတဲ့ အခန်းကို ကြည့်တယ်၊ အာဖရိကတိုက် တောရိုင်းထဲက တိရစ္ဆာန်တွေရဲ့ သဘာဝကို ရိုက်ကူးထားတာ၊ အဲဒီ ရိုက်ကူးထားတဲ့ အထဲမှာ အို-သမင်လေးတွေ အစာစားနေကြတာ၊ တော်ကြာ [၁၇] ကျားကလိုက်ဖမ်း၊ ပြေးလိုက်ရှာကြတာ၊ နောက်ဆုံး မိတဲ့အကောင် အစားခံလိုက်ရတာပဲ။ ကျွဲရိုင်းတွေ အုပ်လိုက်ကြီးနေကြ၊ တော်ကြာ ခြင်္သေ့ကလာ၊ ဝိုင်းလိုက်၊ ပြေးလိုက်ကြတာ အကုန်လုံး၊ ကွဲပြီးတော့ ကျန်ရစ်တဲ့အကောင် သတ်စားခံရတာ၊ ဒီအကောင်တွေက မောလို့ ရေငတ်လို့ ရေထဲဆင်းတဲ့အခါကျတော့ ရေထဲမှာ မိကျောင်းတွေက စောင့်နေကြတယ်၊ ရေလေးသောက်နေတုန်းရှိတယ်၊ အမြီးနဲ့ရိုက်ပြီး ဝိုင်းကိုက်စားကြပြန်ရော၊ သွေးရဲရဲ သံရဲရဲနဲ့၊ အတော်သနားစရာ ကောင်းတဲ့ ဘဝတွေပဲနော်၊ ဘယ်တော့မှလည်း လွတ်လမ်းမရှိကြဘူး၊ သူ့ခမျာများ ခြင်္သေ့ ကျား ပါးစပ်ထဲမှာ မျက်လုံးကလေးပြုးလျက် အသက်ပျောက်သွားရှာကြတယ်။ တစ်ခါတုန်းက ကြည့်လိုက်ရတယ်၊ ကျွဲကြီးတစ်ကောင်ကို ခြင်္သေ့တွေက [၁၈] ဝိုင်းကိုက်စားနေကြတယ်၊ နောက်ကဖဲ့စား၊ ရှေ့က ကျွဲကြီးက အော်တုန်းပဲရှိသေးတယ်၊ နောက်ပိုင်းက ပေါင်တွေ အကုန်ပဲ့ကုန်ပြီ မရှိတော့ဘူး၊ တိရစ္ဆာန် ဘဝဆိုတာ အင်မတန်မှ သနားစရာကောင်းတယ်၊ မြတ်စွာဘုရားက တိရစ္ဆာန်လောကဟာ ငရဲ ပြီးရင်တော့ အဆိုးဆုံးပဲတဲ့၊ အင်မတန် ဆိုးတဲ့ဘဝ၊ လူတွေက ထင်ကောင်းထင်ကြမယ်၊ အိမ်မွေးထား တဲ့ ကြောင်ကလေးတွေ၊ ခွေးကလေးတွေကို ကြည့်ပြီးတော့ သူတို့မှာ ဘာအလုပ်အကိုင်မှမရှိဘူး၊ ချမ်းချမ်းသာသာ စားနေကြရတယ်၊ အနည်းစု ကလေးကိုကြည့်ပြီး ထင်ကောင်းထင်မယ်၊ တချို့ မွေးထားတဲ့ ခွေးတွေများ ချမ်းချမ်းသာသာ ကျကျ နန နေကြရတယ်၊ မွေးတာမှ စပယ်ရှယ် မွေးထား တာ။ စပယ်ရှယ်ခွေးစာ ကျွေးရတယ်၊ ဟိုဟိုဒီဒီ သွားတဲ့အခါလည်း ကားကြီးစီးပြီး သွားရတယ်၊ [၁၉] ခွေးတချို့ကျတော့ အိပ်တဲ့အခါမှာလည်း လူ့အိပ်ရာမှာလိုပဲ အိပ်ရ တယ်၊ ဒါ ကံကောင်းတဲ့ တိရစ္ဆာန်တချို့ပါ၊ ချမ်းသာ တဲ့လူက ... မွေးထားတဲ့ ကံကောင်းတာမျိုး ရှိတော့ရှိတယ်။ သို့သော် တိရစ္ဆာန်ဘဝဆိုတာ .. ဘယ်လိုပဲ တရားဟောဟော၊ နားလည်နိုင်တဲ့စွမ်းရည်သတ္တိ သူတို့မှာ ရှိရဲ့လား၊ အသိဉာဏ်က မရှိဘူး၊ သူတို့ အတွေးထဲမှာ ဘာပဲရှိတုန်းဆိုရင်၊ ဘာစားရမတုန်း၊ ဘယ်နေရာ အိပ်ရမတုန်း၊ ဒါပဲ၊ စားဖို့အိပ်ဖို့နဲ့ ကာမကိစ္စ၊ ဒါပဲရှိတယ်၊ ဆန့်ကျင်ဖက် အကောင် လာရင် ကိုက်ဖို့၊ ရန်ဖြစ်ဖို့ ဒါလောက်ပဲ သူတို့မှာ စဉ်းစားတာ၊ ဒီပြင် ဘာတစ်ခုမှ မရှိဘူး၊ ကောင်းတဲ့ ကုသိုလ်ဖြစ်ဖို့ဆိုတာ အခွင့်အရေးရှိရဲ့လား၊ မရှိဘူး၊ ဒါ့ကြောင့်မို့လို့ တိရစ္ဆာန်ဘဝရောက်နေတဲ့ အချိန်မှာ ဘုရားပွင့် တရားဟောနေသော်လည်း ဒီပုဂ္ဂိုလ် [၂၀] ဟာလည်း အခွင့်အရေး ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပဲတဲ့။

## ၃ - ပြိတ္တာဖြစ်နေသူ

ဟော နောက်တစ်ယောက်က ငရဲကျနေတာ လည်း မဟုတ်ဘူး၊ တိရစ္ဆာန်ဖြစ်နေတာလည်း မဟုတ်ဘူး၊ ဘယ်ရောက်နေတုန်းဆိုရင် ဆင်းရဲ ဒုက္ခတွေ အမျိုးမျိုးခံနေရတဲ့ ပြိတ္တာဘဝ ရောက်နေ အဲဒီပြိတ္တာဘဝဆိုတာ စားစရာမရှိလို့ မစား ရတာများတယ်။ အမြဲတမ်း ဆာလောင်နေတာပဲ၊ ဘယ်တော့မှ ဗိုက်ပြည့်အောင် မစားရဘူး၊ နေစရာ ကလည်း မရှိဘူး၊ ဟိုခြုံဖုတ်၊ ဟိုသစ်ပင် ကပ်ပြီးတော့ နေကြရတယ်။ လူတွေကတော့ တစ္ဆေသရဲလို့ ခေါ်မှာပေါ့နော်၊ ဟိုသစ်ပင် ဟိုခြံကြား ဒီလိုကပ်ပြီး [၂၁] တော့နေရတယ်၊ လူတကာ စွန့်ပစ်လိုက်တဲ့ မစင် အညစ်အကြေး နှပ်တံတွေး ဒါတွေကို လိုက်ရှာပြီး စားကြတယ်၊ ပြိတ္တာဘဝ အင်မတန်မှဆင်းရဲတယ်၊ အမြဲတမ်း ဆာနေတာ။

ကာလကဉ္စိကာဆိုတဲ့ ပြိတ္တာကြီး တစ်ကောင် အကြောင်း အဋ္ဌကထာမှာ ပါတယ်၊ ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကာလတုန်းက ဂင်္ဂါမြစ် ကမ်းခြေမှာ တောင်ပြေးလိုက်၊ မြောက်ပြေးလိုက်နဲ့ ကမ်းခြေတလျှောက်မှာ ပြေးလွှားနေတဲ့ ပြိတ္တာ ကြီးတစ်ကောင်ကို ဆွမ်းခံကြွတဲ့ကိုယ်တော်တွေက တွေ့သတဲ့၊ တွေ့တဲ့အခါကျတော့ အဲဒီပြိတ္တာကြီးကို ဘာဖြစ်လို့ ပြေးလွှားနေတာလဲ ဘာလိုချင်လို့လဲလို့ မေးတဲ့အခါ ရေသောက်ချင်လို့တဲ့၊ ရေငတ်လွန်း လို့တဲ့၊ ရေငတ်တယ်ဆိုတာ သာမန်ငတ်တာ မဟုတ် [၂၂] ဘူး၊ တစ်ကိုယ်လုံး ပူလောင်ပြီးတော့ မသောက်ရ မနေနိုင်လောက်အောင် ဖြစ်နေတာနော်။ အဲဒီတော့ ရဟန်းတွေက ပြောကြသတဲ့၊ “မင်း ဟာ မြစ်ကမ်းခြေမှာ မင်းပြေးနေတာပဲ မဟုတ်လား၊ မြစ်ရေတွေ မမြင်ဘူးလား၊ အဲဒီမှာ သောက်ပါတော့ လား” လို့ဆိုတော့ “အရှင်ဘုရား၊ တပည့်တော် ရေ မမြင်ရဘူးဘုရား” တဲ့၊ ကဲ ဘယ်လောက် သနား စရာကောင်းလဲ၊ တပည့်တော် ရေမမြင်ရဘူး ဘုရား တဲ့၊ ရေသောက်ချင်လွန်းလို့ တပည့်တော် ရေရှာ နေတာပါတဲ့၊ ရေသံတွေတော့ ကြားနေတယ်တဲ့၊ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် သူ့မှာ ရေ မဟုတ်တော့ဘူး၊ သူရောက်သွားရင် ရေ မဟုတ် တော့ဘူး၊ အဲဒါနဲ့ ရဟန်းတွေက သနားလို့ “ကဲ ဒီလိုဆိုလို့ရှိရင် မင်း ဒီအနားမှာ ပက်လက်လှန်အိပ်၊ တို့ သပိတ်တွေနဲ့ခပ်ပြီး မင်းပါးစပ်ထဲ ရေလောင်း [၂၃] ထည့်ပေးကြမယ်” ဆိုပြီး သပိတ်တွေနဲ့ ဂင်္ဂါမြစ်ထဲက ရေတွေခပ်ပြီး သူ့ပါးစပ်ထဲ လောင်းထည့်ပေးကြ သတဲ့။

အဲဒီလို လောင်းထည့်ပေးတာ တစ်ပါးတည်း မဟုတ်ဘူး၊ အပါးသုံးဆယ်လောက် လောင်းထည့် လိုက်တာ၊ တစ်နာရီလောက်ထိအောင် လောင်းကြ တာ၊ ရေသောက်ရပြီလားဆိုတော့ မသောက်ရ သေးဘူးတဲ့၊ ရဟန်းတွေက “ကဲ ဒို့လည်း ဆွမ်းခံချိန် နီးပြီတဲ့၊ ဒို့ ရေတွေ လောင်းထည့်လိုက်တာ မင်း တစ်ကိုယ်လုံးကို ရွှဲရွှဲစိုနေပြီ၊ ရေမသောက်ရ သေးဘူးလား” ဆိုတော့ “အရှင်ဘုရားတို့ လောင်း ထည့်တဲ့ရေ တပည့်တော် လည်ချောင်းထဲ ရောက် လျက်နဲ့ မရောက်ဘူးပြောရင် တပည့်တော် ဒီဘဝ က မလွတ်ပါစေနဲ့ဘုရား” တဲ့၊ ရေတစ်စက်မှ လည်ချောင်းထဲ မရောက်ဘူးတဲ့။

[၂၄] ကဲ သူ့ဘဝဟာ ဘယ်လောက်ဆင်းရဲတဲ့ ဘဝ တုန်း၊ အဲဒီဘဝမျိုး ရောက်နေလို့ရှိရင် အခုလို တရားဓမ္မ နာပြီးတော့ ကျွတ်တန်းဝင်နိုင်ပါ့မလား၊ မဝင်နိုင်ဘူး၊ သံသရာလည်နေတဲ့ အချိန်မှာ ငရဲ လည်း ရောက်သွားနိုင်တာပဲ၊ တိရစ္ဆာန်လည်း ဖြစ်နိုင်တာပဲ၊ ပြိတ္တာဘဝလည်း ရောက်နိုင်တာပဲ၊ အဲဒီလို ရောက်သွားပြီ ဆိုလို့ရှိရင်၊ ဒီပုဂ္ဂိုလ်ဟာ အခွင့်ကောင်းတွေ လက်လွတ်ဆုံးရှုံးသွားတဲ့ ပုဂ္ဂိုလ် ပဲ။ အင်မတန်မှ ကြောက်စရာကောင်းတယ်။ ရှင်မဟာမောဂ္ဂလာန်နဲ့ ရှင်လက္ခဏတို့ ဂိဇ္ဈကုဋ် တောင်ပေါ် ကျောင်းကနေပြီးတော့ မြို့ထဲဆွမ်းခံဖို့ ဆင်းလာကြတယ်၊ ဆင်းလာရင်း .. ရှင်မဟာမောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့ ဘာတွေ့တုန်းဆို ဂိဇ္ဈကုဋ် တောင် ကောင်းကင်ယံမှာ အော်ဟစ် ငြီးငြူငိုကြွေး တဲ့ အရိုးစုပြိတ္တာကြီး တွေ့သတဲ့၊ skeleton ပေါ့၊ [၂၅] ကြည့်လိုက်ရင် အရိုးစုချည်းပဲ၊ အဲဒီ အရိုးစုပြိတ္တာကြီး က ကောင်းကင်မှာ သွားနေတာ၊ ဠင်းတတွေ၊ စွန် တွေ၊ ကျီးကန်းတွေက သူ့ကို ဝိုင်းဆိတ်နေကြတာတဲ့၊ ဒီပြင် လူတွေမှာ ပကတိမျက်စိနဲ့မမြင်ရဘူး၊ ရှင်မဟာမောဂ္ဂလာန်က ဒိဗ္ဗစက္ခုနဲ့မြင်တာ၊ အသံကိုလည်း ဒိဗ္ဗသောတနဲ့ကြားလိုက်တာ၊ အဲဒီအကောင်ကြီးဟာ ဒီလိုပဲ အော်ဟစ်ပြီးတော့ ကောင်းကင်ယံမှာ ပြေးလွှားနေရှာတာတဲ့၊ ကဲ သူ ဘယ်လိုလုပ် တရား နာနိုင်ပါ့မတုန်း။

သူ့အရိုးလေးတွေက မထိလိုက်နဲ့၊ ထိလိုက်ရင် သိပ်နာတာပဲတဲ့၊ သူဟာ ဟိုဘဝက ဘာဖြစ်ခဲ့တုန်း ဆို၊ သူ နွားသတ်သမားဖြစ်ခဲ့တယ်၊ နွားတွေသတ်ပြီး အရိုးကနေ အသားကို ခြစ်မယူဘူးလား၊ ယူတဲ့ အခါကျတော့ သူ့မျက်စိထဲမှာ အဲဒီအရိုးပုံကြီးပဲ မြင်နေတာ၊ နွားသတ်သမားသေတဲ့အခါ ငရဲကျ၊ [၂၆] ငရဲက ပြန်လွတ်တဲ့အခါ အမဲရိုးတွေပဲ မျက်စိထဲမှာ မြင်နေတယ်၊ သေပြီး ငရဲကလွတ်လာတဲ့အခါ ပြိတ္တာ လာဖြစ်ပြန်တယ်၊ အဆစ်ဒုက္ခခံရတာနော်၊ အဲဒီလို ပြိတ္တာဘဝ ရောက်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ ဘယ်လိုလုပ်ပြီးတော့ တရားနာဖို့ တရားကျင့်ဖို့ အခွင့်အလမ်း ရှိနိုင်ပါ့မတုန်း၊ မရှိနိုင်ဘူးတဲ့၊ ဒါ့ကြောင့်မို့ ... ဒီပုဂ္ဂိုလ်ဟာလည်း အခွင့်အရေး ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲတဲ့။

## ၄ - အရူပနှင့် အသညသတ်

ထို့အတူပဲ မြတ်စွာဘုရားက လောကကြီးမှာ ပွင့်နေပြီး တရားဓမ္မတွေ ဟောနေပြီ၊ ဒီပုဂ္ဂိုလ်က ဘယ်ရောက်နေတုန်းလို့ဆိုတော့ ရုပ်ခန္ဓာကိုယ်ကြီး မပါတဲ့ ဗြဟ္မာ့ဘုံ ရောက်နေတယ်၊ အသိစိတ်ပဲ [၂၇] ရှိတယ်၊ ရုပ်ခန္ဓာကြီးမရှိဘူး၊ သူက သာမန်ပုဂ္ဂိုလ် တော့ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ဘဝတုန်းက သူ ဈာန်ရ အောင် အားထုတ်ထားတော့ ဈာန်ကို ပဉ္စမဈာန် အဆင့်ထိအောင် အဆင့်မြင့် တရားကျင့်ခဲ့တဲ့ ယောဂီပုဂ္ဂိုလ်ကြီး၊ သို့သော်လည်း သူ့ အတွေး အခေါ် လေး လွဲချော်သွားတာရှိတယ်။ ဘာလွဲချော်သွားတုန်းဆိုတော့ “ ဒီရုပ်ခန္ဓာ ကိုယ်ကြီးရှိလို့ ခေါင်းကိုက်တာ, ဗိုက်နာတာတို့ ဆိုတာတွေ ဖြစ်နေတာ၊ အိပ်ရတာ စားရတာတို့ ဆိုတာလည်း ဟောဒီရုပ်ခန္ဓာကိုယ်ကြီးကြောင့်ပဲ၊ ဒုက္ခမှန်သမျှ ဟောဒီ ရုပ်ခန္ဓာကိုယ်ကြီး ရှိနေလို့ ဖြစ်နေတာ၊ စိတ်ကလေးချည့်ဆို ဘယ်လောက် ကောင်းမတုန်း” သူ့အတွေးက အဲဒီလို တွေးတာ၊ အဲဒီလို သွားတွေးပြီးတော့ “နောင်ဘဝ ငါမှာ ရုပ်ခန္ဓာကြီး မရပါရစေနဲ့၊ စိတ်ကလေးပဲ ရပါရစေ”

[၂၈] လို့ တောင့်တတယ်။ တောင့်တတဲ့အတိုင်း အရူပဗြဟ္မာ့ဘုံ သွားပြီးဖြစ်တယ်၊ ကမ္ဘာပေါင်း များစွာ ကြာတယ်၊ ဒီပုဂ္ဂိုလ်လည်း အဲဒီဘဝမှာ ချမ်းချမ်း သာသာတော့ နေရပါရဲ့၊ မြတ်စွာဘုရား တရား ဟောတာ နာခွင့်ရရဲ့လား၊ မရှိဘူးတဲ့၊ လွဲသွားပြီ၊ တရားတော်မှ မနာရလို့ရှိရင် သံသရာဝဋ်က လွတ်ဖို့ဆိုတာ မရှိဘူး။

မြတ်စွာဘုရား အလောင်းတော်ဘဝက တော ထွက်ပြီး တရားကျင့်တယ်၊ တရားကျင့်တဲ့အခါ ပထမ ဆရာမျိုးစုံထံ နည်းယူပြီးတော့ ကျင့်တာ၊ အဲဒီထဲမှာ အာဠာရကာလာမ ဆိုတဲ့ ဆရာကြီးတစ်ဦး လည်း ပါတယ်၊ ဥဒက ရာမပုတ္တ ဆိုတဲ့ ဆရာကြီး တစ်ဦးလည်း ပါတယ်၊ အာဠာရကာလာမ ဆိုတဲ့ ဆရာကြီးက ဈာန်အဆင့်အားဖြင့် ရူပါဝစရဈာန် လေးဆင့်အထိ ပေါက်ရောက်အောင်မြင်တဲ့အပြင် [၂၉] အရူပါဝစရဈာန် မှာ တတိယအဆင့်အထိ ရောက် ထားတဲ့ ပုဂ္ဂိုလ်၊ သူက သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ ခုနစ်ဆင့် ပေါက်ထားတဲ့ ပုဂ္ဂိုလ်ကြီး၊ ဘုရား အလောင်းက သူ့ဆီက သင်ပြီးတော့ တရား အားထုတ်လိုက်တာ . သူနဲ့တန်းတူ သူ့အဆင့်ကို ရရှိဖူးတယ်။

တစ်ဖန် ဥဒကရာမပုတ္တ ဆိုတဲ့ ရသေ့ ဆရာကြီးက သူကိုယ်တိုင်ကတော့ ဈာန်ရှစ်ဆင့်ထိ အောင် မပေါက်သေးဘူး၊ သူလည်း ဘုရား အလောင်းနဲ့ တွေ့တဲ့အခါက ခုနစ်ဆင့်ပဲ ရောက် သေးတယ်။ ဒါပေမဲ့လို့ သူက ရှစ်ဆင့်မြောက် နေဝသညာနာသညာယတန ဆိုတဲ့ နောက်ဆုံး အဆင့် ဘယ်လိုအားထုတ်ရတယ်ဆိုတဲ့ နည်းစနစ် ကို သူ့ဆရာဆီကရထားလို့ ဘုရားအလောင်းကို သင်ပေးတယ်၊ ဘုရားအလောင်းက အားထုတ်လိုက် [၃၀] တာ သူ့ဆရာကြီး ပေါက်ရောက်တဲ့ အဆင့်ထိ အောင် ပေါက်သွားလို့ ဘုရားအလောင်းကို သူက ဆရာတင်ထားတယ်၊ နောက်ပိုင်းမှာ သူလည်းပဲ ရှစ်ဆင့်ထိအောင် ပေါက်ပြီးသွားတယ်၊ အဲဒီပုဂ္ဂိုလ် ကြီးနှစ်ဦးဟာ ဘုရားအလောင်းရဲ့ ဆရာကြီးတွေပဲ။ ဘုရားဖြစ်ပြီးတဲ့အခါ ဓမ္မစကြာတရား ဟောခါ နီး ကြည့်လိုက်တော့ အာဠာရ ကာလာမ ဆိုတဲ့ ရသေ့ကြီးက တရားမဟောခင် ခုနစ်ရက်လောက် အလိုမှာ သေသွားပြီတဲ့၊ သေသွားပြီး ခုနကပြောတဲ့ ရုပ်မရှိ နာမ်သာရှိတဲ့ အရူပဘုံကို ရောက်နေတယ်၊ အကယ်၍ ရုပ်ရော နာမ်ရော ရှိမယ်ဆိုလို့ရှိရင် ဘုရားက လိုက်ပြီးတော့ တရားဟောမှာ၊ ဘာဖြစ်လို့ တုန်းဆိုရင် သူ့ဆရာ တော်ဖူးတာကိုး၊ ကျေးဇူး ဆပ်ချင်တယ်၊ တစ်ခါ ဥဒကရာမပုတ္တ ဆရာကြီး ကြည့်လိုက်တဲ့ အခါကျတော့ ... ညဉ့်ဦးယံကပဲ [၃၁] ကွယ်လွန်သွားပြီ၊ သူလည်းပဲ အရူပဗြဟ္မာ့ဘုံမှာ သွားဖြစ်နေတယ်။

သူတို့နှစ်ယောက်ဟာလည်းပဲ မြတ်စွာဘုရားနဲ့ တေ့လွဲ လွဲသွားကြတာ၊ တစ်ဦးက တရားဟောမလို့ ခုနစ်ရက်အလို၊ ကျန်တစ်ဦးက တစ်ရက်အလို လေးမှာ နှစ်ဦးစလုံး သေဆုံးသွားကြပြီ၊ တရား လိုက်ဟောလို့ရတဲ့ ဘဝမျိုး မဟုတ်သည့်အတွက် ကြောင့် ဘယ်လိုမှ သူတို့ဘုရားနဲ့တွေ့ဖို့ အခွင့် အရေးဟာ မရှိတော့ဘူးတဲ့၊ ဘာဖြစ်လို့တုန်း၊ သူတို့ ဘဝသက်တမ်းက အလွန်ရှည်တယ်၊ အရိမေတ္တေယျ ဘုရား ပွင့်တောင်မှလည်း သူတို့က ရှိနေကြဦးမှာပဲ၊ မကျွတ်သေးဘူး၊ ဒါပေမယ့် သူတို့ တရားနာခွင့် တော့ ရမှာမဟုတ်ဘူး၊ ဘာဖြစ်လို့တုန်း၊ နားမှ မပါတာကိုး၊ ကဲ အဲဒီပုဂ္ဂိုလ်ကြီး နှစ်ဦးကြည့်၊ [၃၂] ဘယ်လောက်ဆုံးရှုံးသွားတုန်း၊ အင်မတန်မှ ဆုံးရှုံး နစ်နာတယ်တဲ့။

ထို့အတူပဲ .. တချို့ပုဂ္ဂိုလ်က .. ဈာန်တရား အားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေးပေါ် လာတယ်၊ ဘာတွေပေါ်လာတုန်းဆိုရင် စားချင်တာ လည်း ဒီစိတ်၊ သွားချင်တာလည်း ဒီစိတ်၊ စိတ်မရှိရင် အေးမှာပဲ၊ ဒီစိတ်က နေရာတကာဆောင်နေတယ်၊ စိတ်က တော်တော်ဆိုးတယ်၊ ဒီစိတ်တွေ မပါရင် ကောင်းမှာပဲ ဆိုပြီးတော့ စိတ်ကို မုန်းတီးပြီးတော့ “နောင်ဘဝ စိတ်မရပါစေနဲ့” လို့ ဆန္ဒပြုတယ်။ စိတ်မပါဖို့ရာ ဆန္ဒပြုပြီး သေဆုံးသွားတဲ့အခါ အဲဒီ ပုဂ္ဂိုလ်ဟာ အသညသတ္တ ဆိုတဲ့ ဗြဟ္မာကြီး သွားဖြစ် တယ်၊ အဲဒီ ဗြဟ္မာကြီးက ဘာနဲ့တူတုန်းဆိုတော့ ရုပ်တုကြီးတွေလိုပေါ့။

[၃၃] ယခုခေတ် လမ်းလယ်ခေါင်မှာထားတဲ့ ရုပ်တု ကြီးတွေဟာ စကားပြောတတ်ရဲ့လား၊ နေပူတာ လည်း ပူမှန်းမသိဘူး၊ ဘာမှမသိဘူး၊ ရုပ်တုကြီးလိုပဲ၊ အဲဒီပုဂ္ဂိုလ်ဟာ ဒီဘဝက ထိုင်လျက် သေသွားလို့ ရှိရင် ဟိုမှာ ကမ္ဘာငါးရာ ထိုင်လျက်ဖြစ်တယ်၊ ဒီဘဝ က လဲလျောင်းပြီး သေသွားရင် ဟိုဘဝမှာလည်း လဲလျက်ကြီး ကမ္ဘာငါးရာ၊ ဒီလိုနဲ့ ဘုရားအဆူဆူ ပွင့်သော်လည်း တရားနာခွင့်မရတော့ဘူးတဲ့၊ ကဲ ဘယ်လောက် အခွင့်အရေး ဆုံးရှုံးတုန်း။

တစ်ချိန်ကျ အဲဒီပုဂ္ဂိုလ်တွေဟာ ပြန်ပြီးတော့ သံသရာလည်ကြဦးမှာ၊ “ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း ဝက်စားကျင်းမှာ တရုတ်ရှုတ်” ဆိုတဲ့အတိုင်း သံသရာ လည်ဦးမှာ၊ ဗြဟ္မာ ဖြစ်တုန်းကတော့ တဝင်းဝင်း နေပေမဲ့လို့ ဗြဟ္မာ့ပြည်က စုတေစိတ်ကျသွားတဲ့ အခါ နောက်ဘဝ တစ်ခုခုမှာ ဝက်ပြန်ဖြစ်တာကို [၃၄] ပြောတာနော်၊ ဗြဟ္မာဘုံက စုတေပြီး ချက်ချင်းတော့ ဝက်မဖြစ်ဘူးပေါ့၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် သူ ရထားတဲ့ ဈာန်ကုသိုလ်ရဲ့တန်ခိုးက အစွမ်းသတ္တိက အင်မတန်မှကြီးတယ်၊ ဘဝတစ်ခု နှစ်ခုလောက် ခြားပြီးလို့ရှိရင် သူလည်း ဒုဂ္ဂတိဘုံ ရောက်ဦးမှာပဲတဲ့၊ ဘာဖြစ်လို့တုန်း သူ့သန္တာန်မှာ ကိလေသာတွေ ရှိနေတုန်းကိုး၊ အေး အဲဒီပုဂ္ဂိုလ်ဟာလည်းပဲ အခွင့် အရေး ဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်ပဲ။

အသညသတ် ဗြဟ္မာ့ပြည်ရောက်နေတဲ့ ပုဂ္ဂိုလ် တွေနဲ့ အရူပ ဗြဟ္မာ့ပြည်ရောက်နေတဲ့ ပုဂ္ဂိုလ် တွေဟာ ဘုရားဘယ်လိုပွင့်သော်လည်း တရားနာဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားပြီတဲ့၊ ဒါ့ကြောင့်မို့လို့ ဒီပုဂ္ဂိုလ်ဟာလည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ် တစ်ဦးထဲမှာ ပါနေပြန်တယ်။

[၃၅] ကဲ ဘုရားပွင့်ပြီး တရားဟောနေတဲ့အချိန်မှာ ငရဲကျနေတဲ့ပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံးတယ်၊ တိရစ္ဆာန် ဖြစ်နေတဲ့ပုဂ္ဂိုလ်လည်း အခွင့်အရေးဆုံးရှုံး တယ်၊ ပြိတ္တာဖြစ်နေတဲ့ ပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံးတယ်၊ သက်တမ်းရှည်ကြာပြီး ရုပ်သာရှိနေတဲ့ ဗြဟ္မာ၊ နာမ်သာရှိတဲ့ဗြဟ္မာ ဖြစ်နေလို့ရှိရင်လည်း အခွင့်အရေး ဆုံးရှုံးတယ်တဲ့၊ ဟော ဒီပုဂ္ဂိုလ် လေးယောက် အခွင့်အရေး ဆုံးရှုံးနေပြီ။

## ၅ - ပစ္စန္တရစ် လူဖြစ်သူ

ကဲ နောက်တစ်ဦးက ဘယ်သူလဲလို့ဆိုရင် မြတ်စွာဘုရားပွင့်လို့ တရားဟောနေတဲ့အချိန် ဘုရား တရားနဲ့မနီး၊ အလွန်ဝေးလံတဲ့ အရပ်၊ သာသနာမထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေ [၃၆] တယ်၊ အဲဒီပုဂ္ဂိုလ်မှာရော တရားဟောတာ ကြားနာ ခွင့် အခြေအနေကောင်း ရပါ့မလား၊ မရဘူးတဲ့၊ အဲဒီ ပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေး ဆုံးရှုံးတဲ့ ပုဂ္ဂိုလ်ထဲမှာ ပါတယ်၊ လောကမှာ ဝေးလံဒေသ တောတောင်ထူထပ်တဲ့အရပ်မှာဖြစ်တဲ့ လူရိုင်းဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အချို့ဒေသတွေမှာရှိတယ်။ ဘုန်းကြီးတို့ သီဟိုဠ်မှာနေတုန်းက သီဟိုဠ် ကျွန်းမှာ “ဝဲဒ” ဆိုတဲ့ လူရိုင်းတွေရှိတယ်၊ သီဟိုဠ် ကျွန်းလေးက သေးသေးလေး၊ အရှေ့ အနောက် မိုင် - ၁၅ဝ လောက်၊ တောင်နဲ့မြောက် မိုင်-၂ဝဝ လောက်သာရှိတဲ့ ကျွန်းကလေး၊ အဲဒီကျွန်းမှာ မူလ ကျွန်းနေ လူရိုင်းတွေ ကနေ့အထိ ရှိနေတုန်းပဲ၊ အဲဒီ လူရိုင်းတွေက အဝတ်မဝတ်ဘူး၊ တောထဲမှာပဲ နေကြတယ်။ ငယ်ငယ်လေးထဲက အကောင် ဘလောင်တွေကို ပစ်ခတ် စားသောက်ပြီး နေထိုင် [၃၇] ကြတာ၊ သူတို့ကို အိမ်ဆောက်ပေးရင်လည်း အိမ်မှာ မနေဘူး၊ တောထဲထွက်ပြေးကြတယ်၊ အဝတ်အစား ပေးလည်း မဝတ်ဘူးတဲ့၊ Aborigine လို့ခေါ်တဲ့ မူလလူရိုင်းမျိုးတွေဟာ ဒီကနေ့ထိ ရှိနေတုန်းပဲ၊ Australia နိုင်ငံမှာလည်း မူလကျွန်းနေ Aborigine ဆိုတဲ့ လူရိုင်းတွေရှိတာပဲ၊ တောထဲမှာ တိရစ္ဆာန်တွေနဲ့နေပြီး တိရစ္ဆာန်တွေကိုသတ်ဖြတ်ပြီး စားသောက်ပြီးနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီပုဂ္ဂိုလ်တွေ ဟာ ဘုရားတရား ဆိုတာကို ဘယ်လိုမှ မသိဘူး၊ တရားဓမ္မနဲ့ပတ်သက်လို့ ဘာမှ စိတ်မဝင်စားဘူး၊ သူတို့ စားဖို့သောက်ဖို့လောက်ပဲ စဉ်းစားတယ်၊ ပျော်ဖို့ပါးဖို့ပဲ စဉ်းစားတယ်။ တောထဲမှာပဲ ဒီလို နေကြတဲ့ လူသားမျိုးနွယ်တွေတဲ့၊ အဲဒီပုဂ္ဂိုလ်တွေဟာ လည်း တရားထူးရရှိဖို့ အခွင့်အရေးတွေ ဆုံးရှုံး နေကြတာပဲ မဟုတ်လား။

[၃၈] ၆ - မိစ္ဆာဒိဋ္ဌိ ဖြစ်သူ

နောက်တစ်ခု အခွင့်အရေး ဆုံးရှုံးနေသူက မိစ္ဆာဒိဋ္ဌိ ဖြစ်နေသူပဲ၊ ဘုရားပွင့်တယ်၊ ဘုရားပွင့်တဲ့ ဒေသမှာပဲ လူဖြစ်တယ်၊ ဘုရားက တရားဟောနေ တယ်၊ ဆိုပါစို့၊ မြတ်စွာဘုရားက သာဝတ္ထိပြည်မှာ သီတင်းသုံးတယ်၊ အဲဒီပုဂ္ဂိုလ်ကလည်း သာဝတ္ထိပြည် မှာပဲ လူဖြစ်တယ်၊ သို့သော် ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ပုဂ္ဂိုလ်၊ မိစ္ဆာအယူဝါဒရှိနေတဲ့ပုဂ္ဂိုလ် ဖြစ်နေမယ်။ မက္ခလိဂေါသာလကို ကိုးကွယ်သူ ဖြစ်နေမယ်၊ ပုရာဏကဿပကို ကိုးကွယ်သူ ဖြစ်နေ မယ်၊ ရဟန်းဂေါတမ ဟောတဲ့တရားတွေ မမှန်ဘူး လို့ ယူဆသူ ဖြစ်နေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကရော ဘုရားတရား နာပါ့မလား၊ မနာဘူး။

[၃၉] မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ကံနဲ့ ကံရဲ့ အကျိုးကို ငြင်းပယ်သူတွေ ဖြစ်ကြတယ်၊ ဒါန ကောင်းမှုလုပ်တာရဲ့ အကျိုးဆိုတာ မရှိဘူးတဲ့၊ ဒီလောကမှာ ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေအတွက် နောင် လောကဆိုတာ မရှိဘူး၊ နောင်လောကက ပုဂ္ဂိုလ် တွေအတွက် ဒီလောကဆိုတာ မရှိဘူး၊ ကုသိုလ် အကုသိုလ်ရဲ့ အကျိုးတို့ အပြစ်တို့ဆိုတာ မရှိဘူးလို့ ဆိုတဲ့အယူဝါဒ၊ နတ္ထိကဝါဒ၊ ဒီမိစ္ဆာ အယူဝါဒ ယူနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ၊ အဲဒီ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ ဘုရားပွင့်လို့ တရားဟောသော် လည်း အကျွတ်တရားရဖို့ အခွင့်အလမ်း ရှိရဲ့လား၊ မရှိဘူး၊ အဲဒီ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်လည်းပဲ အခွင့်အရေးဆုံးရှုံးတဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်၊ ဒီ မိစ္ဆာအယူဝါဒကို သူတို့စွန့်လွှတ်လိုက်ရင် ဗုဒ္ဓမြတ်စွာတရားကို နာမယ်ဆိုလို့ရှိရင် သူတို့မှာ [၄၀] နားထောင်နိုင်ဖို့ နားရှိမယ်၊ အသိဉာဏ်လည်း ရှိမယ် ဆိုရင် ရနိုင်မယ်၊ သို့သော် ယုံကြည်မှု မရှိသည့် အတွက်ကြောင့် ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို မနာကြ ဘူးတဲ့၊ မနာလို့ တရားကိုမသိရသည့်အတွက်ကြောင့် သံသရာဝဋ်က ကျွတ်လွတ်ဖို့ဆိုတာ သူတို့ အခွင့် အရေး မရှိဘူး၊ ဒါ့ကြောင့်မို့လို့ အဲဒီ မိစ္ဆာအယူဝါဒ ရှိတဲ့ ပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်တဲ့။

၇ - အသိဉာဏ်မရှိသူ

ဟော ... နောက်တစ်ယောက် ရှိသေးတယ်၊ မြတ်စွာဘုရားက တရားဟောသော်လည်းပဲ သူ နားလည်နိုင်စွမ်းမရှိဘူး၊ အသိပညာမရှိဘူး၊ ခုခေတ် လိုပြောရင်တော့ IQ မမြင့်ဘူးလို့ ပြောရမှာပေါ့ [၄၁] နော်၊ အဲဒီပုဂ္ဂိုလ်ရဲ့ IQ မမြင့်တဲ့ပုဂ္ဂိုလ်က ဘာ ပြောပြော နားလည်နိုင်တဲ့ စွမ်းရည်သတ္တိမရှိဘူး၊ အသိဉာဏ်တုံးလာတာ၊ မွေးထဲက နလဘိန်းတုံး ဖြစ်လာတယ်၊ အဲဒီပုဂ္ဂိုလ်မျိုးဟာလည်း ဘုရားနဲ့ အကြိမ်ကြိမ်တွေ့ တွေ့ပြီး တရားနာပေမယ့် တရား ထူး တရားမြတ်ရနိုင်တဲ့ အခွင့်အရေး မရှိဘူးတဲ့။

အားလုံးပေါင်းကြည့်၊ ဘယ်နှစ်ဦးရှိသွားပြီလဲ၊
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ပွင့်၍ တရား
ဟောနေတဲ့အချိန်မှာ ငရဲကျနေတဲ့ ပုဂ္ဂိုလ်က
တစ်ယောက်၊ တိရစ္ဆာန်ဖြစ်နေတဲ့ ပုဂ္ဂိုလ်က
တစ်ယောက်၊ ပြိတ္တာဖြစ်နေတဲ့ ပုဂ္ဂိုလ်က
တစ်ယောက်၊ အသက်ရှည်ပြီး ရုပ်သာရှိတဲ့ဗြဟ္မာ၊
နာမ်သာရှိတဲ့ ဗြဟ္မာဖြစ်နေတဲ့ ပုဂ္ဂိုလ်က
တစ်ယောက်၊ လူရိုင်းမျိုးမှာ ဖြစ်ပြီးတော့ သာသနာ
မထွန်းကားတဲ့ အရပ်မှာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်က
[၄၂] တစ်ယောက်၊ ဘုရားပွင့်တဲ့နေရာမှာဖြစ်သော်လည်း မိစ္ဆာအယူဝါဒရှိနေတဲ့ ပုဂ္ဂိုလ်က တစ်ယောက်၊ နောက်ပြီး ဘုရားပွင့်တဲ့နေရာမှာ ဖြစ်သော်လည်း အသိဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်က ... တစ်ယောက်တဲ့၊ အားလုံးဘယ်နှစ်ယောက်ရှိသွားပြီလဲ၊ ခုနစ်ယောက် ရှိပြီ၊ အေး သံသရာကြီးထဲမှာ လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါမှာ လူတိုင်းလူတိုင်းဟာ အခွင့် ကောင်းတွေကို ရနေကြတာမဟုတ်ဘူးတဲ့။

၈ - ဘုရားမပွင့်တဲ့အခါ ဉာဏ်ရှိသူ

နောက်တစ်ယောက်က လူ့ဘဝမှာ လူဖြစ် တယ်၊ အသိဉာဏ်လည်းရှိတယ်၊ သို့သော် ဘုရား မပွင့်ဘူးတဲ့၊ အဲဒီပုဂ္ဂိုလ်လည်း အခွင့်အရေး ဆုံးရှုံး တာပဲ၊ အားလုံး ပေါင်းလိုက်တော့ ဘယ်နှစ်ယောက် [၄၃] ဖြစ်သွားတုန်း၊ ရှစ်ယောက်၊ အဲဒီ ရှစ်ယောက်ဟာ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်ရှစ်ယောက် တဲ့။

တစ်ယောက် ဟူသည်

ကဲ တစ်ယောက်ဆိုတာ ဘယ်သူလဲ၊ ဗုဒ္ဓ မြတ်စွာ ပွင့်တော်မူတဲ့ အချိန်မှာလည်းဖြစ်တယ်၊ တရားဓမ္မတွေ ထွန်းကားနေတဲ့ အချိန်လည်း ဖြစ် တယ်၊ အဲဒီအချိန်မှာ လူလာဖြစ်တယ်၊ အသိဉာဏ် လည်းရှိတယ်၊ ဟော အဲဒီပုဂ္ဂိုလ်ကျတော့ မြတ်သော အကျင့်ကျင့်ဖို့ရာ အခွင့်အလမ်းတွေ အများကြီး ရသွားပြီ။ မြတ်စွာဘုရားပွင့်လို့ ပထမဆုံး ဒီအခွင့်အရေး ကို ရလိုက်သူဟာ အရှင်ကောဏ္ဍည ပေါ့၊ မြတ်စွာ [၄၄] ဘုရားကိုယ်တော်မြတ်က ဓမ္မစကြာတရားဟောတဲ့ အခါမှာ တရားနာခွင့်ရတာ ဟောဒီ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ၊ အဿဇိ ဆိုတဲ့ ငါးဦးနော်။ ဒီငါးဦးဟာ ဘုရားအလောင်းတော် တောထွက် လာတဲ့အချိန်မှာ နောက်ကနေ လိုက်လာကြတဲ့ ပုဂ္ဂိုလ်ငါးဦးနော်၊ သူတို့က ဗုဒ္ဓဂယာမှာ ဘုရား အလောင်း တရားကျင့်နေတဲ့အချိန် အနီးအပါးက နေပြီး အားပေးစကားပြောပြီး ဝတ်ကြီး ဝတ်ငယ် ပြုပြီး နေကြတာ။ ဘုရားအလောင်းတော်ဟာ ဒုက္ကရစရိယာ လို့ခေါ်တဲ့ တပအကျင့်တွေ၊ အစာဖြတ် ရေဖြတ် တဲ့အကျင့်တွေ ကျင့်တယ်။ နောက်တော့ အဲဒီ အကျင့်တွေဟာ အသိဉာဏ်ကို ရစေနိုင်တဲ့ အကျင့် တွေ မဟုတ်ဘူးလို့ စဉ်းစားဆင်ခြင်ပြီး ထိုအကျင့် တွေကို စွန့်ပယ်လိုက်တယ်၊ စွန့်ပယ်လိုက်တဲ့ [၄၅] အချိန်ကနေစပြီးတော့ ကောဏ္ဍည ဦးဆောင်တဲ့ ရသေ့ငါးဦးက အထင်အမြင် လွဲသွားတယ်၊ ဩော် ရဟန်းဂေါတမဟာ တရားအကျင့်ကို စွန့်လွှတ် လိုက်ပြီ၊ ဆက်ပြီး တရားမကျင့်တော့ဘူး၊ တရားထူး တရားမြတ်လည်း ရမှာမဟုတ်တော့ဘူးဆိုပြီး ဘုရားအလောင်း အနီးမှာ ... မနေကြတော့ဘဲ ဂယာကနေ ဗာရာဏသီပြည်ဘက်ကို ထွက်သွားကြ တယ်။ အဲဒီလို သူတို့ စွန့်ခွာသွားတဲ့နောက်မှာ ဘုရား အလောင်းတော်ဟာ ခန္ဓာကိုယ်ကို မျှမျှတတ ဖြစ်အောင် အစာရေစာများ ပြန်လည်ဘုဉ်းပေး သုံးဆောင်လို့ ခန္ဓာကိုယ် မျှတတဲ့အခါမှာ မဇ္ဈိမ ပဋိပဒါဆိုတဲ့ အလယ်လမ်းကျင့်စဉ်ကို ကျင့်တယ်၊ အာနာပါနကို အခြေခံတဲ့ကျင့်စဉ်ကို ကျင့်တာနော်၊ အဲဒီ အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်တဲ့အခါ [၄၆] ပထမဈာန်ရတယ်၊ ဒုတိယဈာန်ရတယ်၊ တတိယ ဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်၊ အဲဒီကနေ ဈာန် အဆင့်ဆင့်တက်သွားပြီး နောက်ဆုံးမှာ အဘိဉာဏ် တွေရလို့ ထို သမထ ကျင့်စဉ်ကနေပြီးတော့ ဝိပဿနာလမ်းကြောင်းကို ပြောင်းလိုက်တဲ့အခါမှာ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဆိုတဲ့ မဂ်လေးပါး ဖိုလ်လေးပါး အဆင့်ဆင့် တစ်ခုပြီးတစ်ခု ရသွားပြီး နောက်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ် ရပြီးတော့ ဘုရား အဖြစ်ကို ရောက်သွားတယ်၊ အဲဒီကမ္မဋ္ဌာန်းနဲ့ပဲ ဘုရားအလောင်းတော်ဟာ ဘုရားအဖြစ်သို့ ရောက်သွားတယ်။ ဘုရားအဖြစ်သို့ ရောက်ပြီးတော့ တရား ဟောရမယ့်ပုဂ္ဂိုလ်တွေ ကြည့်လိုက်တဲ့အခါ ဘယ်သူ အသိဉာဏ်ရှိသလဲ၊ ငါဟောတဲ့တရား .. ဘယ်သူ [၄၇] နားလည်နိုင်မလဲ ကြည့်လိုက်တော့ နောက်ဆုံးမှာ ပဉ္စဝဂ္ဂီငါးဦးဟာ ငါ့ကို ပြုစုခဲ့တဲ့ကျေးဇူးတရားတွေ ရှိတယ်၊ သူတို့ကို ဟောမယ်ဆိုပြီး ဓမ္မစကြာတရား ဟောတာနော်၊ အဲဒီပုဂ္ဂိုလ်ငါးဦးဟာ သူတို့မှာ ကိုယ်ပိုင် အသိဉာဏ်ကလည်းရှိတယ်၊ မြတ်စွာ ဘုရားကလည်း ပွင့်လာတယ်၊ တရားဓမ္မလည်း ဟောတယ်၊ ဟော အခြေအနေသုံးခုစလုံး သူတို့မှာ ရမသွားဘူးလား၊ အေး ရသွားတာနဲ့ ရှင်ကောဏ္ဍည ကစပြီး သောတာပန်ဖြစ်သွားကြတယ် မဟုတ်လား၊ အဲဒီလိုပုဂ္ဂိုလ်မျိုး တစ်ဦးသည်သာလျှင် အခြေအနေ ကောင်းနဲ့ကြုံတယ်လို့ ပြောတာနော်။ ရှစ်ယောက်နဲ့တစ်ယောက် ထဲက ဟောဒီ တစ်ယောက်ထဲပဲ ... အခွင့်အရေးရတယ်၊ အဲဒီ တစ်ယောက်ထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေက ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကာလတုန်းက ပဉ္စဝဂ္ဂီ [၄၈] ငါးဦးကလည်း ဒီတစ်ယောက်ထဲမှာပါတယ်၊ ယသ အမှူးရှိတဲ့ သူငယ်ချင်း လေးယောက်ကလည်း ဒီတစ်ယောက်ထဲမှာပါတယ်၊ အရှင်မောဂ္ဂလာန်တို့၊ အရှင်သာရိပုတ္တရာတို့လည်း ဒီထဲမှာ ပါကြတယ်၊ အသီတိမဟာသာဝက ရှစ်ကျိပ်သော တပည့်တွေ လည်း ဒီ “တစ်ယောက်” ဆိုတဲ့ အထဲမှာ အကုန် ပါကြတယ်။ နောက်ဆုံးမှာ မြတ်စွာဘုရားဟောတဲ့ တရားဓမ္မနာရလို့ အကျွတ်တရားရသွားတဲ့ ပုဂ္ဂိုလ် တိုင်း ပုဂ္ဂိုလ်တိုင်း ဘုရားပွင့်လို့ တရားဟောတဲ့ အခါမှာ တရားနာခွင့်ရပြီး မြတ်သောအကျင့်ကို ကျင့်လို့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုသွားကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ ဟောဒီ “တစ်ယောက်” ထဲမှာ ပါကြတယ်။ အခု တရားချစ်ခင် သူတော်စင်ပရိသတ်တို့ လည်း လူ့ဘဝရနေကြပြီ၊ ဗုဒ္ဓမြတ်စွာရဲ့ သာသနာ [၄၉] တော်မြတ်ကြီး ထွန်းလင်းနေသည့်အတွက်ကြောင့် တရားဓမ္မကျင့်ကြံကြိုးကုတ် အားထုတ်ဖို့ နည်းလမ်း တွေ ဒီကနေ့အထိ ရှိနေတုန်းပဲ၊ အဲဒီတော့ ဘုရား လည်း ရှိနေသေးတယ်၊ တရားလည်း ရှိနေသေး တယ်၊ တရားရှိနေရင် ဘုရားရှိလည်း ရှိတာပဲ၊ ဘာဖြစ်လို့ တရားရှိနေရင် ဘုရားရှိတယ်လို့ ပြောနိုင် တုန်းဆိုတော့ မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီးမှာ ဟောထားခဲ့တာရှိတယ်။
“ယော ခေါ အာနန္ဒ၊ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ” တဲ့၊
အာနန္ဒ- ညီဘွားအာနန္ဒာ၊ ယော ဓမ္မော- အကြင်ဓမ္မကိုလည်းကောင်း၊ ယော ဝိနယောစ- အကြင်ဝိနယကိုလည်းကောင်း၊ မယာ- ငါဘုရား သည်၊ ဒေသိတော ဟောပြောအပ်ခဲ့လေပြီ၊ ပညတ္တော-ပညတ်အပ်ခဲ့လေပြီ၊ သော ဓမ္မဝိနယော’

[၅၀] ထိုငါဟောအပ်တဲ့ဓမ္မ ငါပညတ်ခဲ့တဲ့ ဝိနယသည်၊ မမ- ငါရဲ့၊ အစ္စယေန- ပရိနိဗ္ဗာန် စံလွန်ပြီးတဲ့ အခါကာလမှာ၊ ဝေါ’အသင်ချစ်သားတို့ရဲ့၊ သတ္ထာ– ဆိုဆုံးမတတ်တဲ့ ဆရာသည်၊ ဘဝိဿတိ’ဖြစ်ပေ လိမ့်မယ်ဟူ၍၊ ဘဂဝါ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ-ကောင်းစွာ မသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။ မြတ်စွာဘုရား ဟောထားတဲ့ တရားဓမ္မတွေ ဒီကနေ့အထိ ထွန်းကားပြီး ... တည်ရှိနေကြတာ ဖြစ်သောကြောင့် ဘုရားပွင့်တဲ့အချိန်လို့ မဆိုနိုင် ဘူးလား၊ အေး ဘုရားကလည်း ပွင့်နေတယ်၊ တရား ဓမ္မတွေကိုလည်း ဟောနေတယ်၊ မိမိကိုယ်တိုင် ကလည်း အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားသိနိုင်တဲ့အသိဉာဏ်လည်း ရှိနေတယ်၊ တရား ဓမ္မကို ခံယူနိုင်တဲ့ ဉာဏ်စွမ်းအားလည်း ရှိနေတယ် [၅၁] ဆိုတော့ တရားထူး တရားမြတ်ရနိုင်တဲ့ မြတ်သော အကျင့်ကိုကျင့်ဖို့ အခွင့်အလမ်းတွေ မရှိဘူးလား၊ ရှိတယ်၊ မြတ်သောအကျင့်ကျင့်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိတယ်၊ ပုဂ္ဂိုလ်အဆင့်ကတော့ အမျိုးမျိုး ရှိတာပေါ့။

နံပါတ် ၁-က “ဥဋိတညူ” တဲ့၊

ဒီ ပုဂ္ဂိုလ်ကတော့ အဆင့်အမြင့် ဆုံး ပုဂ္ဂိုလ်မျိုးပေါ့၊ အသိဉာဏ် အထက်မြက်ဆုံး ပုဂ္ဂိုလ်၊ နည်းနည်းလေး ပြောလိုက်တာနဲ့ တစ်မဂ် တစ်ဖိုလ် ရသွားနိုင်တယ်၊ ဥပမာ အရှင်သာရိပုတ္တရာ မထေရ်မြတ်တို့လိုပေါ့၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဆိုလို့ရှိရင် ပထမတုန်းက တရားဓမ္မ ရှာရင်း သိစ္စည်းပရိဗိုဇ်ကြီးရဲ့ တပည့်အဖြစ် ခံယူ တယ်၊ ပရိဗိုဇ်ဝတ်နေတယ်၊ သူ့ထံက ပညာတွေ သင်လိုက်တဲ့အခါ ဘာမှ မယ်မယ်ရရမရှိဘူး၊ သူတို့ [၅၂] လိုချင်တဲ့ တရားမဟုတ်ဘူးဆိုတာ သိလာတယ်၊ ဒါကြောင့်မို့ တရားစစ် တရားမှန်ကို ဟောပြော နိုင်တဲ့ ပုဂ္ဂိုလ်ကို ရှာရင်းရှာရင်းနဲ့ နောက်ဆုံးမှာ ပဉ္စဝဂ္ဂီငါးဦးထဲက ရှင်အဿဇိမထေရ်မြတ်နဲ့ သွားပြီး တော့တွေ့တာ။ တွေ့တဲ့အခါမှာလည်းပဲ ရာဇဂြိုဟ်ပြည်ထဲမှာ ဆွမ်းခံသွားရင်းကနေ အမှတ်မထင်တွေ့တော့ ပုဂ္ဂိုလ်ရဲ့ အခြေအနေကို ကြည့်လိုက်တာ၊ အကဲခတ် လိုက်တာနဲ့ ဒီပုဂ္ဂိုလ်ကတော့ တရားထူးတရားမြတ် ဖြစ်ရတဲ့ပုဂ္ဂိုလ် ဖြစ်လောက်တယ်ဆိုပြီး ရှင်အဿဇိ နောက်ကနေလိုက်ပြီး ရှင်အဿဇိ ဆွမ်းဘုဉ်းပေးတဲ့ နားမှာ ဝတ်ကြီးဝတ်ငယ်ပြုလို့ ဆွမ်းဘုဉ်းပေးပြီးတဲ့ အခါ မေးတယ် “အရှင်ဘုရားရဲ့ဆရာက ဘယ်သူ တုန်း၊ ဘယ်သူ့ကို ဆရာတင်ပြီးတော့ သင်္ကန်း ဝတ်တာတုန်း၊ အရှင်ဘုရားရဲ့ဆရာက ဘာတွေ [၅၃] ဟောတာတုန်း” ဆိုတဲ့ မေးခွန်းတွေကို မေးလိုက်တာ ပေါ့နော်၊ အဲလိုမေးတဲ့အခါ ရှင်အဿဇိက “သူ သာသနာ့ဘောင် ဝင်လာတာ မကြာသေးပါဘူးတဲ့၊ ဘုရားရဲ့ဝါဒ အကျယ်တဝင့် သူမပြောနိုင်ပါဘူးတဲ့၊ သူသိသလောက် အကျဉ်းကလေး ပြောပါ့မယ်” ဆိုတော့ ရှင်သာရိပုတ္တရာအလောင်း ဥပတိဿ ပရိဗိုဇ်က “အရှင်ဘုရားတဲ့၊ တပည့်တော်ကို အတို လေးပဲ အမိန့်ရှိပါတဲ့၊ အဓိပ္ပါယ်ကပဲ အရေးကြီးပါ တယ်၊ စကားလုံးတွေများဖို့ မလိုပါဘူး၊ အရှင်ဘုရား အကျယ်မပြောချင်နေပါ၊ အကျဉ်းလေးပဲသာ ပြောပါ” တဲ့။ ဒီတော့ အရှင်အဿဇိ ပြောလိုက်တာ မှ လေးကြောင်းပဲရှိတဲ့ ဂါထာလေးတစ်ပုဒ်ပါ၊
‘ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
[၅၄] တေသဉ္စ ယော နိရောဓော၊
ဧဝံ ဝါဒီ မဟာသမဏော။”
ယေ ဓမ္မာ- အကြင်အကျိုးတရားတို့သည်၊ ဟေတုပ္ပဘဝါ- အကြောင်းတရားကို အခြေခံ၍ ဖြစ်ပေါ်လာကြပေကုန်၏၊ တေသံ- ထို အကျိုး တရားတို့ရဲ့၊ ဟေတုံ- အကြောင်းစစ် အကြောင်း မှန်ကို၊ တထာဂတော-မြတ်စွာဘုရားသည်၊ အာဟ– ဟောတော်မူခဲ့လေပြီ။ ရှင်အဿဇိက ရှင်းပြလိုက်တဲ့ စကားဟာ “ဘယ်အရာပဲဖြစ်ဖြစ်၊ အကြောင်းကင်းပြီး မဖြစ် ဘူးတဲ့၊ အကြောင်းတရားကို အခြေခံပြီးတော့မှသာ ဖြစ်တာတဲ့၊ အဲဒီအကြောင်းတရားကို မြတ်စွာဘုရား ဟောပါတယ်” တဲ့၊ အကြောင်းတရားနဲ့ အကျိုး တရား၊ ဒီနှစ်ခုကို ပြောလိုက်တာ၊ အဲဒီစကားကို နားထောင်လဲပြီးရော သောတာပန်ဖြစ်သွားတယ်၊

[၅၅] သောတာပန်ဖြစ်တယ်ဆိုတာ သံသယတွေ ကင်းသွားတာ၊ ဝိစိကိစ္ဆာ လုံးဝမရှိတော့ဘူး၊ မှားယွင်းတဲ့ အမြင် လုံးဝမရှိတော့ဘူး၊ အမြင်မှန် ရသွားပြီ၊ အကြောင်းတရားနဲ့ အကျိုးတရား မြင်ဖို့ဆိုတာ လည်း လွယ်တာမဟုတ်ဘူး၊ ကဲ တရားချစ်ခင် သူတော်စင် ပရိသတ်တို့ အကြောင်းအကျိုးလေးကို မြင်တတ်အောင်ကြည့်။

လူတိုင်း လူတိုင်းမှာ မျက်စိရှိနေကြတယ်၊ မျက်စိလေးနှစ်လုံး ဖွင့်လိုက်လို့ရှိရင် မြင်စရာ အာရုံလေးက မျက်စိထဲမှာ ပေါ်မလာဘူးလား၊ ပေါ်လာတယ်၊ ပေါ်လာတဲ့အခါကျတော့ ဥပမာ - ပန်းပွင့်ကလေးကို ကြည့်တယ်ဆိုလို့ရှိရင် ပန်းပွင့်ကလေးနဲ့ မျက်လုံးလေး ဆုံလိုက်တဲ့အခါ ပန်းပွင့်ကလေးကို မြင်တယ်ဆိုတဲ့ အသိစိတ်လေး ပေါ်မလာဘူးလား၊ အဲဒီမြင်သိစိတ်ကလေး ပေါ်လာတာဟာ ဘာကို [၅၆] အကြောင်းပြုတုန်းဆိုတော့ မြတ်စွာဘုရားက “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” တဲ့၊
စက္ခုံ စ -စက္ခုပသာဒရုပ်ကိုလည်းကောင်း လောကမှာ မြင်တတ်တဲ့မျက်စိကလေး၊ ရူပေ စ- အဆင်း အာရုံကိုလည်းကောင်း၊ ပဋိစ္စ- အကြောင်းပြု၍၊ စက္ခုဝိညာဏံ- မြင်သိစိတ်ကလေး သည်၊ ဥပ္ပဇ္ဇတိ- ဖြစ်ပေါ်လာရပေတော့၏၊

မြင်သိစိတ်ကလေး ဖြစ်တယ်ဆိုတာက “ဟေတုပ္ပဘဝ” အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားလေးတစ်ခုပဲ၊ အဲဒီ မြင်သိစိတ်ကလေး ဖြစ်ဖို့ရာအတွက် ဒီမှာ အကြောင်းနှစ်ခုကို မြတ်စွာဘုရား ပြထားတယ်၊ မျက်စိရယ် မြင်စရာအာရုံရယ်။ မျက်စိနဲ့ မြင်စရာအာရုံ ဒီနှစ်ခုကို အကြောင်းပြုပြီး ဟောဒီ မြင်သိစိတ်ကလေး ပေါ်လာတာလို့ အကြောင်းနဲ့အကျိုး ဒီနှစ်ခုကို ဟောတာ၊ ကဲ ဒါဖြင့် [၅၇] မျက်စိမှိတ်ထားမယ် ဆိုလို့ရှိရင်ရော မြင်သိစိတ် ပေါ်ပါ့မလား၊ မြင်စရာအာရုံ မရှိဘူးဆိုရင်ရော မြင်သိစိတ်ပေါ်ပါ့မလား၊ မပေါ်ဘူး၊ မျက်စိလည်း ရှိရမယ်၊ မြင်သိစိတ်လည်း ရှိရမယ်၊ မြင်စရာအာရုံနဲ့ မျက်စိဆုံမိတာ ဖြစ်ရမယ်၊ အနည်းဆုံး အဲဒီ အကြောင်းနှစ်ခု ပေါင်းဆုံတဲ့အခါမှာ မြင်မှုဖြစ်ပေါ်လာတယ်။

သာမန်အားဖြင့် မြတ်စွာဘုရားက ဒီနှစ်ခုဟာ အဓိကအရေးကြီးလို့ မျက်စိနဲ့ မြင်စရာအာရုံ ဒီနှစ်ခုကိုသာ အကြောင်းအနေနဲ့ သုတ္တန်တွေမှာ ဟောထားသော်လည်း အခြားအကြောင်းတွေ ရှိသေးတယ်။ ကဲ ပန်းပွင့်ကလေးတစ်ပွင့် မြင်ဖို့ရာ အတွက် မျက်စိရှိတယ်၊ ပန်းပွင့်လေးရှိတယ်၊ သို့သော် မျက်စိနဲ့ ပန်းပွင့်ကြားမှာ အမှောင်ဖုံးနေမယ်ဆိုရင် မြင်ပါ့မလား၊ အဲဒီတော့ အလင်းရောင် [၅၈] လေးရဲ့အကူအညီ မလိုဘူးလား၊ ဒါ့ကြောင့်မို့လို့ ညမှောင်မိုက်ထဲ ခရီးသွားတဲ့ အခါကျတော့ ဓာတ်မီးကလေးနဲ့ သွားကြရတာလေ၊ ဓာတ်မီးကလေး ထိုးကြည့်မှ မြင်ရတာ၊ အဲဒီတော့ အလင်းရောင်လေးကလည်း အကြောင်းတစ်ခု မဖြစ်ဘူးလား၊ အေး ဒါ့ကြောင့်မို့ မျက်စိလည်း ရှိရမယ်၊ မြင်စရာ အာရုံကလည်း ရှိရမယ်၊ ဟော အလင်းရောင်လေး ကလည်း ရှိရမယ်။

နောက်တစ်ခု ဘာလိုတုန်းဆိုရင် သတိထားမိဖို့ လိုသေးတယ်၊ “သတိမမူ ဂူမမြင်” တဲ့၊ သတိမူရင် မြူတောင်မြင်တယ်လို့ ဆိုကြတယ်လေ၊ သတိမထားရင် မမြင်တာတွေ အများကြီးပဲ၊ အဲဒါကြောင့်မို့ attention လို့ ခေါ်တဲ့ မနသိကာရလေးကလည်း ရှိရဦးမယ်တဲ့၊ ပေါင်းလိုက်တဲ့အခါ မျက်စိရယ်၊ အဆင်းအာရုံရယ်၊ အလင်းရယ်၊ နှလုံးသွင်းမှုဆိုတဲ့ [၅၉] မနသိကာရရယ်၊ လေးခုဖြစ်သွားတယ်၊ အဲဒီလေးခုသည် အကြောင်းတဲ့၊ မြင်သိစိတ်ကလေးသည် အကျိုး၊ အကြောင်းကို မှီတည်ပြီး ဒီအကျိုးတရားလေးက ဖြစ်တာ၊ အဲဒီမြင်သိစိတ်ကလေးဟာ နဂိုတုန်းက မျက်စိနဲ့ရူပါရုံ မဆုံခင်က ဘယ်နေရာမှာ ရှိနေတုန်း၊ သေသေချာချာ စဉ်းစားကြည့်နော်၊ မျက်စိနဲ့ရူပါရုံ မဆုံခင်က မြင်သိစိတ်လေးဟာ ဘယ်နေရာမှာ ရှိတုန်းဆိုရင် ဘယ်နေရာမှ မရှိဘူး။ ဆိုပါစို့ ဥပမာတစ်ခု ပြောရအောင်၊ စောင်းကလေးတစ်ခု၊ ခုခေတ်ဆိုရင်တော့ စောင်းထက်ပိုပြီးတော့ လူတွေအသိများတာ ဂစ်တာလေးတစ်ခု ဆိုပါတော့နော်၊ ဂစ်တာလေးကို တီးမယ်ဆိုလို့ရှိရင် ဂစ်တာထဲမှာ အသံလေးတွေက ဘယ်နားမှာ ရှိနေတုန်း၊ ကြိုးထဲမှာလား၊ အိုးထဲမှာလား၊ တီးတဲ့လူရဲ့ လက်ထဲမှာလား၊ ဘယ်မှာ ရှိတယ်လို့ထင်တုန်း၊ [၆၀] ဘယ်မှာမှရှိနေတာ မဟုတ်ဘူးနော်၊ ကြိုးထဲမှာလည်း အသံတွေရှိနေတာ မဟုတ်ဘူး၊ အိုးထဲမှာလည်း အသံတွေရှိနေတာ မဟုတ်ဘူး၊ တီးတဲ့လူရဲ့ လက်ထဲမှာလည်း အသံရှိနေတာ မဟုတ်ဘူး၊ သို့သော် ကြိုးရယ်၊ အိုးရယ်၊ တီးတဲ့လူရယ် သုံးခု ပေါင်းလိုက်တဲ့အခါ အသံထွက်မလာဘူးလား၊ အဲဒါလိုပဲ မျက်စိ၊ အဆင်းအာရုံ၊ အလင်း၊ နှလုံးသွင်းမှုလို့ ဆိုတာတွေ ပေါင်းလိုက်တဲ့အခါ မြင်သိစိတ်ကလေး ပေါ်လာတာ၊ နဂိုတုန်းက တစ်နေရာမှာ ရှိနေတာ မဟုတ်ဘူးတဲ့၊ ထို့အတူပဲ စဉ်းစားကြည့်၊ အလှူအတန်း လုပ်တဲ့အခါ အိုးစည်တို့ ဒိုးပတ်တို့ တီးကြတယ်မဟုတ်လား၊ အိုးစည်တို့ ဒိုးပတ်တို့ထဲမှာ အိုးစည်သံတွေ၊ ဒိုးပတ်သံတွေ ရှိနေသလား၊ မရှိဘူး၊ ဘာကို အကြောင်းပြုတုန်းဆိုရင် အဲဒါ စည်ရယ်၊ လက်ရယ်၊ တီးခတ်မှု လုံ့လ [၆၁] စွမ်းအားရယ် ဟောဒီ အကြောင်းသုံးခုပေါင်းမှ ထွက်လာတာ မဟုတ်ဘူးလား။

အဲဒီထက် ထင်ရှားတဲ့ ဥပမာလေးတစ်ခု ကြည့်ဦး၊ ဆေးလိပ်သောက်တတ်တဲ့ လူတွေက အိတ်ထောင့်ထဲမှာ ဘာဆောင်ထားတုန်း၊ မီးခြစ်ဘူးကလေး ဆောင်ထားကြတယ်၊ အဲဒီ မီးခြစ်ဘူးထဲမှာ မီးရှိရဲ့လား၊ မီးရှိရင် အိတ်ထောင့်ထဲ ထည့်ထားက လောင်သွားမှာပေါ့နော်၊ မီးဆိုတာ လောင်တတ်တဲ့သဘောရှိတယ်၊ သို့သော် မီးလိုချင်ရင် အဲဒီ မီးခြစ်ဘူးထဲက မရဘူးလား၊ ခြစ်ပေးခြင်းဆိုတဲ့ အကြောင်းတစ်ခု ထပ်ပိုးလိုက်ရင် မီး မရဘူးလား၊ သို့သော်လည်းပဲ lighter လို့ဆိုတဲ့ ဂတ်စ်မီးခြစ်ဘူး ဆိုလို့ရှိရင်တော့ အထဲမှာ gas လည်းရှိရမယ်၊ မီးခြစ်ဖို့ရာအတွက် ဘီးလုံးလေးလည်းရှိရမယ်၊ အမာခံလေး ပွတ်တဲ့နေရာလည်း ရှိရမယ်၊ ဒီအင်္ဂါရပ်တွေ [၆၂] ပြည့်စုံပြီဆိုလို့ရှိရင် နောက်ဆုံးမှာ လူကနေပြီးတော့ လက်ညှိုးလေးနဲ့ လက်မလေးနဲ့ဖိပြီး ခြစ်လိုက်ခြင်းဆိုတဲ့ အကြောင်းကလေးတစ်ခု ထည့်လိုက်ရင် မီးကလေးက ဝုန်းကနဲတောက်လာတာ မဟုတ်လား၊ အဲဒီမီးကလေးဟာ ဒီထဲမှာရှိနေတာ မဟုတ်ဘူးတဲ့၊ အကြောင်းနဲ့တိုက်ဆိုင်လာလို့ အကြောင်းကြောင့် ပေါ်လာတယ်ဆိုတာကို ရှင်းပြတာပဲ။

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”။ ဒီနေရာမှာ အကြောင်းတရားကို ဟောလိုက်တာ၊ ယေ ဓမ္မာ- အကြင် အကျိုးတရားတွေဟာ၊ ဒုက္ခသစ္စာဆိုတဲ့ အကျိုးတရားတွေဟာ၊ ဟေတုပ္ပဘဝါ- အကြောင်းကနေ စတင်ပြီး ဖြစ်လာကြတာ၊ အကြောင်းကို စွဲပြီးတော့ ဖြစ်ကြတာ၊ အကြောင်းမရှိဘဲနဲ့ လုံးဝမဖြစ်ဘူးတဲ့။ ဘုန်းကြီးတို့သန္တာန်မှာ ဖြစ်နေတဲ့ အရာမှန်သမျှ [၆၃] အကြောင်းပေါ်မှာ စွဲမှီပြီး ဖြစ်နေတာချည်းပဲ၊ အဲဒီ အကြောင်းကို စွဲမှီပြီးတော့ဖြစ်နေတာ၊ မဖြစ်ခင်က တစ်နေရာရာမှာ ရှိနေတာလဲ မဟုတ်ဘူး၊ ဖြစ်ပြီးတော့ရော တစ်ခါထဲပျောက်သွားကြတာပဲ၊ အဲဒါကို အနိစ္စလို့ ခေါ်တာပဲ။

“အဟုတွာ” ဘယ်နေရာမှာမှ ထင်ရှားရှိနေတာ မဟုတ်ဘဲနဲ့၊ သမ္ဘောတိ- အကြောင်းတွေ ပေါင်းဆုံလို့ ဖြစ်လာရတယ်၊ ခုနက မြင်သိစိတ်လေးဟာ ခန္ဓာကိုယ်ထဲမှာ ဘယ်နေရာမှ ရှိနေတာ မဟုတ်ဘူး၊ သို့သော် မျက်စိရယ်၊ မြင်စရာအာရုံရယ်၊ အလင်းရောင်ရယ်၊ နှလုံးသွင်းမှုရယ်၊ အဲဒီ လေးခု ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ် ပေါ်လာတယ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျှက်သိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်တွေ အားလုံးလည်း ဒီတိုင်းပဲလို့ မှတ်ရမယ်နော်၊ [၆၄] ဟေတုံ ပဋိစ္စ သမ္ဘူတာ- အကြောင်းရှိတဲ့အခါမှာ ပေါ်လာတယ်၊ ဟေတုဘင်္ဂါ နိရုဇ္ဈရေ- အကြောင်းချုပ်သွားတာနဲ့ ချုပ်သွားရောတဲ့၊ အနိစ္စဆိုတာ အဲဒါပြောတာ၊ အဟုတွာ- ဘယ်နေရာမှာ ရှိနေတာ မဟုတ်ဘဲနဲ့၊ သန္တောတိ- အကြောင်းတွေ တိုက်ဆိုင်ပြီးတဲ့အခါမှာ ပေါ်လာတယ်၊ ဟုတွာ- အကြောင်းတွေ တိုက်ဆိုင်လို့ ဖြစ်ပေါ်လာပြီးတဲ့နောက်မှာလည်း၊ ပဋိဝေတိ- ပျောက်ကွယ်၍ သွားတယ်၊ မမြဲဘူးတဲ့၊ မြင်သိစိတ်လေးဟာ အမြဲရှိနေတာ ဟုတ်ကဲ့လား၊ သူ့ဟာလေးနဲ့သူ ဖြစ်ပြီး ပျောက်သွားတာ၊ စဉ်းစားကြည့်လေ၊ စောင်းကလေးကို လက်ကလေးနဲ့ တီးလိုက်တဲ့အခါ စောင်းသံလေး ထွက်လာပြီး ပျောက်မသွားဘူးလား၊ နောက်ထပ် တီးရင် နောက်ထပ်ပေါ်၊ နောက်ထပ်တီး နောက် [၆၅] ထပ်ပေါ်၊ တစ်နာရီတီးရင် တစ်နာရီလုံးလုံး ပေါ်နေမှာ၊ သို့သော် ပေါ်လာတဲ့ အသံတွေဟာ ရပ်တည်နေတာ ဟုတ်ကဲ့လား၊ ပျောက်သွားတာနော်၊ အဲဒါကိုပြောတာ အနိစ္စ။ မြတ်စွာဘုရားရဲ့ တရားတော် ဆိုတာက အင်မတန်မှ လက်တွေ့ကျတယ်၊ မြတ်စွာဘုရားက လူတိုင်းလူတိုင်း သိနိုင်တဲ့ သဘာဝတရားတွေကို ဟောတာ၊ ဒီအချက်တွေ ရှုဆင်ခြင်နေတာကိုပဲ တရားအားထုတ်တယ်လို့ ခေါ်တာနော်၊ မျက်စိကြီးမှိတ်ပြီးတော့ ငုတ်တုတ်ကြီး ထိုင်နေမှ တရားအားထုတ်တာမဟုတ်ဘူး၊ တရားဓမ္မကို ဆင်ခြင်သုံးသပ်နေလို့ရှိရင် ဘယ်လို အနေအထားမျိုးပဲ နေနေနော် တရားအားထုတ်တာပဲ။ မျက်စိမှိတ်ပြီး ဟိုတွေးဒီတွေး တွေးနေရင်လည်း တရားအားထုတ်တာ မဟုတ်ဘူးနော်။

[၆၆] အေး ဒါ့ကြောင့်မို့ တရားဓမ္မဆိုတာ သဘာဝအတိုင်း မိမိသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အရာတွေကို ခေါ်တယ်။ အဲဒီ သဘာဝတရားတွေကို ဆင်ခြင်စဉ်းစားပြီးတော့ ရှုမှတ်နေတာ၊ အဲဒီလို ရှုမှတ်ပြီး သဘာဝတရားတွေကို သိနေတာသည်ပင်လျှင် တရားအားထုတ်နေတာဖြစ်တယ်၊ တရားသိနေတယ်လို့ ဒီလိုပြောတာ၊ အဲဒီလို သိနေမယ်ဆိုလို့ရှိရင် ခုနက အသိမျိုးလေး သိနေရမယ်။ ဩော် မျက်စိရယ် အဆင်းအာရုံရယ် ဒီနှစ်ခုဆုံမိလို့ မြင်သိစိတ်ကလေး ပေါ်လာတာပါလားလို့ ဒီအတွေးလေး တွေးနေလို့ရှိရင် ထိုမြင်စရာအာရုံပေါ်မှာ လောဘဆိုတာ ဖြစ်စရာအကြောင်း မရှိတော့ဘူး၊ ဒေါသဆိုတာလည်း ဖြစ်စရာအကြောင်း မရှိတော့ဘူး၊ လောဘဖြစ်တယ်ဆိုတာ ဒီမြင်သိစိတ်နဲ့ မြင်ပြီးတဲ့နောက် ဒီအာရုံပေါ်မှာ မသင့်မတင့် နှလုံးသွင်း [၆၇] သည့်အတွက်ကြောင့် ဖြစ်ရတာ၊ မသင့်မတင့် နှလုံးသွင်းသည့်အတွက်ကြောင့် ဒေါသဖြစ်ရတာ။ မဆင်မခြင် မစဉ်းစားနိုင်သည့်အတွက်ကြောင့် မောဟဖြစ်ရတာလို့ဆိုတော့ ဒီတရားတွေဟာ သူ့ဆိုင်ရာဆိုင်ရာ အကြောင်းလေးတွေနဲ့ချည်းပဲ ဖြစ်နေကြရတာ၊ အဲဒီလို ရှင်းရှင်းလင်းလင်း သိလာနိုင်တယ်။ အဲဒီ အသိဉာဏ်မျိုးကို ရှစ်ယောက်သော ပုဂ္ဂိုလ်တွေ မရနိုင်ဘူးတဲ့၊ တစ်ယောက်သော ပုဂ္ဂိုလ်သာလျှင် ဒီအသိဉာဏ်ရဖို့ အခွင့်အရေးရကြတယ်။ ဒီအသိဉာဏ်ရဖို့ အခွင့်အရေးရတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ဒီအသိဉာဏ်မျိုး ရကြသလားဆိုတော့ မရဘူး၊ ဘာဖြစ်လို့မရလဲ၊ ရအောင်မလုပ်လို့ မရတာ၊ နေ့စဉ်နဲ့အမျှ နေကြထိုင်ကြတဲ့အခါမှာ အချို့ ပုဂ္ဂိုလ်တွေဟာ တရားဓမ္မဘက်မှာ စိတ်ကူးတောင်မထည့်ဘူး၊ ရောင်းရေးဝယ်တာ ကိစ္စတွေ၊ သွားရေး [၆၈] လာရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေနဲ့ပဲ အချိန်ကုန်ပြီးတော့နေကြတယ်။ ဘယ်လိုလုပ်ပြီး ဒီတရားကို သိပါ့မလဲ။ မသိဘူး၊ အဲဒီလိုဆိုရင် မိမိကိုယ်တိုင်လည်း ရှစ်ယောက်ထဲ ပါမသွားပေဘူးလား၊ တရားဓမ္မကို မသိရဘူးဆိုရင် ခုနက နှစ်ယောက်သော ပုဂ္ဂိုလ်တွေဟာ အခွင့်အရေးဆုံးသလိုပဲ ရနေတဲ့အခိုက်ကလေးမှာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို နှလုံးမသွင်းမိဘူးဆိုလို့ရှိရင်၊ နှလုံးသွင်းဆင်ခြင်ဖို့ စိတ်မရှိဘူးဆိုလို့ရှိရင် မိမိကိုယ်တိုင်လည်း အခွင့်အရေး ရနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ပါ့မလား၊ မဖြစ်ဘူး၊ ဒါကို သတိကြပ်ကြပ်ထားဖို့ အင်မတန်မှ လိုအပ်တယ်၊ ရှစ်ယောက်သော ပုဂ္ဂိုလ်တွေ အခွင့်အရေး ဆုံးနေကြတယ်၊ ငါဟာ တစ်ယောက်သော ပုဂ္ဂိုလ်ထဲ ပါတယ်၊ သို့သော် မလုပ်ဘဲနေရင် ငါလည်းပဲ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်၊ မြတ်စွာဘုရားသခင် [၆၉] ကိုယ်တော်မြတ်က၊ “မနုဿတ္တဘာဝေါ ဒုလ္လဘော” တဲ့၊ လူ့ဘဝဆိုတာ ရဖို့အင်မတန်ခက်တယ်၊ ဘာဖြစ်လို့ ခက်တုန်းဆို စဉ်းစားကြည့်ပေါ့၊ လူ့ဘဝက ဘာကြောင့် ရနိုင်တာတုန်းဆို ကုသိုလ်ကြောင့်ရတာ၊ ကဲ ကုသိုလ်စိတ်ဖြစ်တဲ့ အချိန်ဟာ များသလား၊ နည်းသလား ကိုယ့်ဟာကိုယ် စဉ်းစားကြည့်၊ နံနက် မိုးသောက် အလင်းရောက်တဲ့အချိန်က ညအိပ်ရာဝင်တဲ့အချိန်အထိ ကြည့်လိုက်၊ အိပ်ပျော်နေတဲ့ အချိန်တော့ထား၊ ကုသိုလ်စိတ်မရှိဘူး ဘဝင်စိတ်ပဲ ဖြစ်တယ်၊ အိပ်နေတဲ့အချိန်ကို နှုတ်ထားလိုက်၊ ဘဝင်စိတ်တွေ မဖြစ်လို့ ဝီထိစိတ်ဖြစ်နေတဲ့အချိန် နံနက်မိုးသောက် အလင်းရောက်လို့ မျက်စိနှစ်လုံး ဖွင့်လိုက်တဲ့အချိန်ကစပြီးတော့ အိပ်ရာပေါ်မှာလှဲပြီး မျက်စိနှစ်လုံးပိတ်ပြီး အိပ်ပျော်သွားတဲ့ အချိန်ထိ ကြည့်၊ ကုသိုလ်စိတ် ဘယ်နှစ်ခါဖြစ်လဲ။

[၇၀] ကုသိုလ်စိတ် ဖြစ်တဲ့အချိန်နဲ့ အကုသိုလ်စိတ် ဖြစ်တဲ့အချိန် ဘယ်ဟာက များသလဲ၊ ကုသိုလ်နဲ့မှ လူ့ဘဝရတယ်ဆိုတော့ ကုသိုလ်စိတ် ဖြစ်ဖို့ရာ အင်မတန် ခဲယဉ်းတော့ လူ့ဘဝ ဖြစ်ဖို့ရာရော မခဲယဉ်းဘူးလား၊ ဒါ့ကြောင့်မို့ ခဲယဉ်းတယ်လို့ ပြောတာ၊ လူ့ဘဝရဖို့ခက်တယ်ဆိုပေမယ့် တစ်ချို့က ထင်တယ်၊ ဒီကနေ့ လူဦးရေတွေ တိုးနေတယ်၊ သန်းပေါင်း ၅ဝဝဝ ကျော်သွားပြီ၊ ကမ္ဘာမှာ လူဦးရေတွေ တိုးနေတယ်၊ အဲဒီတော့ လူ့ဘဝရခဲတယ်လို့ မထင်ကြဘူး။ သို့သော် တိရစ္ဆာန်ဦးရေနဲ့ နှိုင်းယှဉ်ပြီးတော့ ကြည့်မယ်ဆိုရင် လူဦးရေဟာ ဘာမှ ပြောပလောက်တာ မရှိဘူး၊ ကုသိုလ်ကံနဲ့မှ လူ့ဘဝရနိုင်တာဖြစ်သောကြောင့် ကုသိုလ်ဖြစ်ဖို့ အချိန်သည် မည်မျှနည်းသလဲ၊ ကိုယ့်ဟာသာကိုယ် စဉ်းစားကြည့်၊ သူများကို မကြည့်နဲ့။

[၇၁] ကိုယ့်ရဲ့ဘဝကိုပဲ ကိုယ်ကြည့်၊ ငါ့ရဲ့ဘဝမှာ ကုသိုလ်ဖြစ်တဲ့အချိန်နဲ့ အကုသိုလ်ဖြစ်တဲ့အချိန် ဘယ်ဟာကများသလဲ၊ သို့မဟုတ် ကုသိုလ်လည်း မဖြစ်ဘူး၊ အကုသိုလ်လည်း မဖြစ်ဘူး၊ ဘဝင်စိတ်တွေ ဖြစ်နေတဲ့ အိပ်ပျော်နေအချိန် ဘယ်ဟာက များသလဲ၊ နာရီနဲ့ တွက်ကြည့်လိုက်မယ်ဆိုရင် နိုးနေတဲ့ အချိန်လေးမှာတောင် ကုသိုလ်စိတ်က များများ မဖြစ်ဘူး၊ ဒီလိုဆိုရင် လူ့ဘဝရဖို့ရာ “လူ့ပြည်က အပ်တစ်စင်းထောင်ထား၊ ဗြဟ္မာ့ပြည်က အပ်တစ်စင်းချလိုက်ရင် အပ်ဖျားချင်းသာ ထိကောင်းထိဖို့က လွယ်ကောင်းမယ်၊ လူ့ဘဝရဖို့ကခက်တယ်” ဆိုတာ မမှန်ပေဘူးလား၊ မှန်တယ်၊ ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် ကုသိုလ်စိတ်ဖြစ်တဲ့အချိန်က အလွန်နည်းလို့။

[၇၂] အဲဒါကြောင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က -
“မနုဿတ္တလာဘံ လဒ္ဓါန၊ သဒ္ဓမ္မေ သုပ္ပဝေဒိတေ။
ယေ ခဏံ နာဓိဂစ္ဆန္တိ၊ အတိနာမေန္တိ တေ ခဏံ။” လို့ ဟောတော်မူတာ။

“သဒ္ဓမ္မေ သုပ္ပဝေဒိတေ- သူတော်ကောင်းတရားကို ရှင်တော်ဘုရား ဟောကြားနေတဲ့ အခိုက်အခါကာလမှာ၊ မနုဿတ္တလာဘံ- လူ့ဘဝရရှိခြင်းကို၊ လဒ္ဓါန- ရရှိကြပါကုန်လျက်၊ ယေ- အကြင် ပုဂ္ဂိုလ်တို့သည်၊ ခဏံ- တကယ့် အခွင့်ကောင်း အခါကောင်းကြီးကို၊ နာဓိဂစ္ဆန္တိ- အခွင့်ကောင်း အခါကောင်းမှန်း မသိကြလေကုန်၊ တေ- ထိုအခွင့်ကောင်း အခါကောင်းကြီးကို အခွင့်ကောင်း အခါကောင်းမှန်း မသိကြတဲ့ ပုဂ္ဂိုလ်တို့သည်၊ ခဏံ- [၇၃] တကယ့်တန်ဖိုးရှိတဲ့ လူ့ဘဝ ရခိုက်အခါ တန်ဖိုးရှိတဲ့ အခါသမယကို။ "အတိနာမေန္တိ" ကုန်လွန်စေကြသည် ဟူ၍၊ ဘဂဝါ- ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ- ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။

အင်မတန်ကောင်းတဲ့ အခွင့်ကောင်းကြီးရဲ့ တန်ဖိုးကို မသိလို့ရှိရင် အဲဒီအခွင့်ကောင်းကြီးဆိုတာ ထာဝရရှိနေမယ့်အရာ မဟုတ်ဘူးနော်၊ အခွင့်ကောင်းကြီးဆိုတာ မကြာခင်ကုန်တော့မှာ၊ လူတိုင်း လူတိုင်းမှာ အခုလို သာသနာတော်ကြီး ပွင့်လင်းနေခိုက် ကိုယ်ကလည်း ကျန်းမာရေးကောင်းတယ်၊ မျက်စိလည်းကောင်းတယ်၊ အကုန်လုံး ကောင်းနေတဲ့ အချိန်လေးမှာ တရားဓမ္မ အားထုတ်နိုင်တဲ့ အချိန်လေးမှာ တရားအားမထုတ်နိုင်ဘူး၊ ဟိုကိစ္စ ဒီကိစ္စတွေနဲ့ အချိန်ဖြုန်းပြီး နေလိုက်မယ်ဆိုရင် [၇၄] ဒီအခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးသွားနိုင်တယ်။

ဒီအခွင့်အရေးဆိုတာက အမြဲတမ်းရှိနေမှာ မဟုတ်ဘူးတဲ့၊ အဲဒီအခွင့်အရေးတွေ ကုန်သွားတာနဲ့တစ်ပြိုင်နက် နောက်ထပ် ရချင်မှရမှာ။ အဲဒါကို ပြောတာ၊ အခွင့်ကောင်းကို တန်ဖိုးရှိရှိ အသုံးမချတတ်လို့ရှိရင် ဒီအခွင့်ကောင်းဟာ ကုန်သွားမှာတဲ့၊ ကုန်သွားပြီဆိုမှ လုပ်မယ်ဆိုရင် "မိုးလွန်မှ ထွန်ချ၊ နေဝင်မှ စပါးလှမ်း" ဆိုတာမျိုးလိုဖြစ်ပြီး ထိုပုဂ္ဂိုလ်ရဲ့လုပ်သမျှတွေဟာ ဘာမှအရာထင်တော့မှာ မဟုတ်တော့ဘူးတဲ့၊ အေး ... ဒါ့ကြောင့်မို့လို့ ဘုန်းကြီးတို့တစ်တွေဟာ ရှစ်ယောက်ထဲမှာမပါဘူး၊ တစ်ယောက်ထဲမှာပါတယ်၊ သို့သော် အခွင့်ကောင်း ရှိနေတဲ့အချိန်ကလေးမှာ လုပ်သင့်တာလုပ်ရမယ်။ မလုပ်ရင် ရှစ်ယောက်ထဲ ပါသွားလိမ့်မယ်။

[၇၅] "အခွင့်သာခိုက်မှု ရအောင်ယူ၊ ထိုသူပညာရှိ" တဲ့၊ လယ်တီဆရာတော်ကြီးက ... အမိန့်ရှိတယ်၊
"အခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလိမ့်လေး" တဲ့၊
ဟုတ်ကဲ့လား၊ အခွင့်သာခိုက်ကလေးမှ မလုပ်ဘူးဆိုရင် ကိုယ့်လောက် မိုက်တဲ့လူ မရှိတော့ဘူးလို့ ဒီလိုပြောတာ၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကလဲ အခွင့်သာနေတဲ့ အချိန်လေးမှာ လုပ်ရမယ်၊ ဘာတွေလုပ်ရမတုန်း ဆိုလို့ရှိရင် မြတ်စွာဘုရားဟောတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ဖို့ပဲ။

ဘုရားသာသနာတော်မှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားကလွဲလို့ တခြားကျင့်စရာမရှိဘူး၊ မဂ္ဂင်ရှစ်ပါး အကျင့်တရား ဆိုတာကလည်းပဲ လူတိုင်းလူတိုင်း သန္တာန်မှာ အခြေခံအားဖြင့် ရှိနေတဲ့တရားပဲ။ ရှိနေတဲ့တရားကို အရှိအတိုင်းသိအောင် လေ့ကျင့် [၇၆] ရမှာ။ ကိုယ့်သန္တာန်မှာ ဘာတွေရှိတုန်းဆိုရင် အာရုံပြုကြည့်၊ ဘုန်းကြီးတို့တတွေမှာ ကာယ ဆိုတဲ့ ရုပ်ခန္ဓာကိုယ်ကြီး ရှိတယ်နော်၊ အာရုံကိုသိတတ်တဲ့ အသိစိတ်ဆိုတာရှိတယ်၊ ဝေဒနာ လို့ဆိုတဲ့ ခံစားချက်တွေ ရှိတယ်၊ မှတ်သိမှု တွေးကြံမှု ဆိုတဲ့ သဘာဝဓမ္မတွေ ရှိတယ်။

ဪ ကိုယ့်သန္တာန်မှာရှိတဲ့ ဒီသဘာဝတရားတွေကို သူ့သဘာဝအတိုင်းမြင်အောင် ရှုမှတ်ပွားများနေတာဟာ မဂ္ဂင်ရှစ်ပါး ကျင့်နေတာပဲ ဖြစ်တယ်။ ဥပမာ ထွက်လေဝင်လေ လေးကို ရှုနေလို့ရှိရင် ကာယာနုပဿနာ ပဲ၊ ဝမ်းနည်းတယ်၊ ဝမ်းသာတယ်၊ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတဲ့ ခံစားချက်လေးကို ရှုနေလို့ရှိရင် ဝေဒနာနုပဿနာ၊ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ ဒေါသနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ မောဟနဲ့ ယှဉ်တွဲ [၇၇] လာတဲ့စိတ်၊ ဒီစိတ်ကလေးတွေကို ရှုမယ်ဆိုလို့ရှိရင် စိတ္တာနုပဿနာ၊ ကျန်တဲ့ ကြံတွေးမှု၊ ကြံစည်မှုတွေ၊ ရုပ်ခန္ဓာတွေ စသည် ရှုမယ်ဆိုလို့ရှိရင် ဓမ္မာနုပဿနာ၊ အဲဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို အမှန်မြင်အောင်ကြည့်ဖို့ လိုအပ်တယ်တဲ့။

အဲဒီလို အမှန်မြင်အောင် .. ကြည့်တာကိုပဲ သမ္မာဒိဋ္ဌိ လို့ခေါ်တာ၊ သမ္မာဒိဋ္ဌိ ဆိုတဲ့ အမှန်မြင်ဖို့အတွက် ဘာလုပ်ရမလဲ၊ သမ္မာသင်္ကပ္ပ ဆိုတဲ့ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့လိုတယ်၊ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက် ကြိုးစားဖို့လိုအပ်တယ်၊ ဒါက သမ္မာဝါယာမ၊ ထိုကြိုးစားတဲ့အခါမှာ စိတ်စိုက်ဖို့ လိုအပ်သေးတယ်၊ ဒါက သမ္မာသတိ၊ အာရုံတစ်ခုထဲမှာ စိတ်ကို ငြိမ်အောင်ထားတာက သမ္မာသမာဓိ တဲ့၊ ပေါင်းလိုက်တဲ့အခါကျတော့ မဂ္ဂင်ငါးပါး၊ [၇၈] ဒီမဂ္ဂင်ငါးပါးအဓိကဖြစ်တယ်၊ "ကာရာပကမဂ္ဂင်" သို့မဟုတ် "ကာရကမဂ္ဂင်" လို့ခေါ်တယ်၊ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့အခါမှာ ဒီမဂ္ဂင်ငါးခုဟာ ဟန်ချက်ညီညီနဲ့ အလုပ်လုပ်သွားပြီ ဆိုလို့ရှိရင် သဘာဝတွေကို အမှန်အတိုင်း သိနိုင်မှာ ဖြစ်တယ်။

ဆိုပါစို့ ထွက်လေဝင်လေ လေးကို ရှုမှတ်နေတယ် ဆိုလို့ရှိရင် ထွက်လေဝင်လေ လေးကို သူ့သဘာဝလေးအတိုင်း မသိသိအောင် ကြိုးစားတာ သမ္မာဝါယာမ၊ ထို ထွက်လေဝင်လေ လေးကို အမြဲတမ်း သတိကပ်ထားတာက သမ္မာသတိ၊ ထို ထွက်လေဝင်လေ အာရုံတစ်ခုထဲပေါ်မှာ စိတ်ကို တည်ငြိမ်အောင် ထားတာက ... သမ္မာသမာဓိ၊ ထွက်လေဝင်လေ လေးရဲ့ သဘာဝကို စဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ္ပ တဲ့။

[၇၉] အဲဒီလို လေးခု ပေါင်းစပ်လိုက်တဲ့အခါ ဘာပေါ်လာတုန်းဆိုရင် သမ္မာဒိဋ္ဌိ၊ ထွက်လေဝင်လေ လေးရဲ့ သဘာဝတရားကို အမှန်မြင်လိုက်တာက သမ္မာဒိဋ္ဌိ၊ ထွက်လေဝင်လေ လေးရဲ့ သဘာဝတရားကို အမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိ ဆိုတာ ပေါ်လာတယ်၊ အဲဒီလို အမှန်မြင်လိုက်တယ် ဆိုတာ ထွက်လေဝင်လေ လေးဟာ သူ့သဘာဝပဲ၊ ထွက်လေဝင်လေ ပဲ "ငါမဟုတ်ပါလား" ဆိုတာ မြင်လာတယ်၊ ငါမဟုတ်ဘူးဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့၊ အဲဒီ အမှန်မြင်လိုက်တဲ့ အခါကျတော့မှ ရုပ်နာမ်ဓမ္မသင်္ခါရ တွေနဲ့ ပတ်သက်လာပြီးတော့ အမှန်မြင်လာတာနဲ့ တစ်ပြိုင်ထဲ "ငြီးငွေ့မှု" ဆိုတာ ပေါ်လာတယ်၊ ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်ထဲ "တွယ်တာမှု" ဆိုတာ မရှိတော့ဘူး၊ တွယ်တာမှု မရှိတာနဲ့တစ်ပြိုင်နက် "လွတ်မြောက်" သွားတာပဲလေ။

[၈၀] အဲဒီလို အဆင့်ဆင့် အကျိုးရှိသွားအောင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ လို့ ဆိုတဲ့ သတိပဋ္ဌာန် အာရုံလေးပါးအပေါ်မှာ လူတိုင်းလူတိုင်းဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မိမိတို့အားလပ်တဲ့ အချိန်လေးမှာ အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင် ခုနကပြောတဲ့ အသိဉာဏ်တွေအားလုံး ပေါ်လာကြမှာပါတဲ့၊ အဲဒီလို ပေါ်လာတဲ့အခါမှာ ဝိမုတ္တ လွတ်မြောက်မှု ဆိုတာကို ရမှာဖြစ်ပါတယ်။

အဲဒီလိုမှ မကြည့်နိုင်ဘူးဆိုရင် အတွယ်အတာတွေနဲ့ လူတွေမှာ ဘာတွေဖြစ်မလဲ၊ တွယ်တာမှုရှိရင် သောက တွေလာမယ်၊ သောက တွေဖြစ်ရင် ဒုက္ခ တွေ ဖြစ်မယ်၊ ဒေါမနဿ တွေ ဖြစ်မယ်နော်၊ သောက တွေနဲ့ လူ့လောကမှာ လူတွေနေကြရတာ၊ အဲဒီ သောက တွေ ပရိဒေဝ တွေ၊ ငိုကြွေးရတယ်၊ [၈၁] စိတ်ဆင်းရဲရတယ်၊ ကိုယ်ဆင်းရဲရတယ်၊ အဲဒါတွေ လွန်မြောက်ဖို့အတွက် နည်းလမ်းကတော့ တစ်ခုထဲပဲ၊ ဒီနည်းလမ်းဟာ မြတ်စွာဘုရား ချမှတ်တော်မူတဲ့ ဒီမဂ္ဂင်ရှစ်ပါး သတိပဋ္ဌာန် အကျင့်တရားပဲတဲ့၊ ဒါ့ကြောင့်မို့လို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က
"ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ၊ သောက ပရိဒေဝါနံ သမတိက္ကမာယ၊ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ၊ ဉာယဿ အဓိဂမာယ၊ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ" လို့ ဟောတော်မူတာ ဖြစ်တယ်။

"ဘိက္ခဝေ – ချစ်သား ရဟန်းတို့၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ- သတိပဋ္ဌာန်တရားလေးပါး အကျင့်တရားလို့ဆိုတဲ့၊ အယံ မဂ္ဂေါ- ဤကျင့်စဉ်ဟာ၊ သတ္တာနံ- သတ္တဝါတို့ရဲ့၊ ဝိသုဒ္ဓိယာ- ကိလေသာ [၈၂] အညစ်အကြေးတွေ စင်ကြယ်ဖို့ရာ၊ ဧကာယနော- တစ်ကြောင်းတည်းသော လမ်းပါပဲ။" ကိလေသာ အညစ်အကြေးတွေ ကင်းစင်သွားမှ၊ ကိလေသာ အပူအပင်မရှိမှ စိတ်ငြိမ်းအေးမှုဆိုတာ ရမှာနော်၊ "သောကပရိဒေဝါနံ – စိုးရိမ်ရခြင်း၊ ငိုကြွေးရခြင်းတို့ကို၊ သမတိက္ကမာယ = ကျော်လွှားနိုင်ဖို့ရာ။" လူတွေဟာ နေ့စဉ်နဲ့အမျှ နေကြထိုင်ကြတဲ့အခါမှာ သောက ကို ရင်ဝယ်ပိုက်ပြီးတော့ နေကြရတာ၊ သောက တွေ ကြီးထွားလာတဲ့အခါ ငိုကြရပြန်တယ်၊ စိုးရိမ်တယ်ဆိုတာကြည့်လေ၊ ပျက်စီးမှာစိုးရိမ်တယ်၊ ပျက်စီးသွားပြီးရင်လည်း စိုးရိမ်တယ်၊ ဆုံးရှုံးမှာ စိုးရိမ်တယ်၊ ဆုံးရှုံးပြီးသွားရင်လည်း စိုးရိမ်ရတယ်၊ ငိုကြွေးရတယ်။

"ဒုက္ခဒေါမနဿာနံ- ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတို့ရဲ့၊ အတ္ထင်္ဂမာယ- ချုပ်ငြိမ်းစေဖို့ရာ၊ [၈၃] ဉာယဿ အဓိဂမာယ- နိဗ္ဗာန်ကို ရောက်စေတတ်တဲ့ လမ်းကြောင်းကို သိရှိဖို့ရာ၊ နိဗ္ဗာနဿ- နိဗ္ဗာန်ကို၊ သစ္ဆိကိရိယာယ- မျက်မှောက်ပြုဖို့ရာ၊ အယံမဂ္ဂေါ- ဒီသတိပဋ္ဌာန်ဆိုတဲ့ ကျင့်စဉ်တရားသည်(ဝါ) မဂ္ဂင်ရှစ်ပါးအကျင့်တရားသည်သာလျှင်၊ ဧကာယနော- တစ်ကြောင်းတည်းသော လမ်းပါပဲရယ်လို့၊ ဘဂဝါ... ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ အဝေါစ- ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။"

[၈၄] နိဂုံးစကား

ကံဆိုးသူ ရှစ်ယောက်၊ ကံကောင်းတဲ့ ပုဂ္ဂိုလ် တစ်ယောက်၊ ကံကောင်းတဲ့ပုဂ္ဂိုလ် တစ်ယောက်ထဲမှာ တို့တတွေ ပါနေတဲ့အချိန်၊ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် တကယ့်ကံကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်နိုင်မှာ ဖြစ်သောကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့သည် ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ခိုက်မှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

rjp33arhk8vdjq860vmt9t9w6p2yyp3
ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား အနုမောဒနာတရား
0
6482
22354
2026-11-05T19:47:47Z
Tejinda
173
"{{header | title = ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား အနုမောဒနာတရား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22354
wikitext
text/x-wiki
{{header
| title = ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား အနုမောဒနာတရား
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ရောဂါကုစား စိတ်စွမ်းအား]]
| previous2 = [[ရင်းနှီးမြှုပ်နှံခြင်း]]
| next = [[လူငယ်များသို့ ဩဝါဒ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား အနုမောဒနာတရား

[၁] အနုမောဒနာမှတ်တမ်း

သာသနာတော်နှစ် ၂၅၅၇-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၆-ခုနှစ် တန်ခူးလပြည့်ကျော် (၈) ရက်၊ ၂၀၁၄-ခုနှစ် ဧပြီလ ၂၂-ရက်၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာ ဓမ္မသဟာယသာသနစင်တာ ဓမ္မရတိမဟာဓမ္မသဘာ ဓမ္မာရုံ၌ ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှမြို့ နှစ်ဘက်မိဘများအား အမှူးထား၍ အလှူဒါယကာဦးအောင်သူမျိုး + အလှူဒါယိကာမ ဒေါ်ထက်ထက်သန်းထွန်း သား မောင်ကောင်းထက်သူ၊ အလှူဒါယကာ ဦးဝင်းနိုင် အလှူဒါယိကာမ ဒေါ်ပြည့်ပြည့်သန်းထွန်း သား မောင်သီဟနိုင် မိသားစုတို့၏ “ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား အနုမောဒနာတရား”။

[၂] ရှင်ပြုအလှူတော်ဆိုတာ မိမိတို့ရင်ဝယ်ဖြစ်တဲ့ သားသမီးကို မြတ်စွာဘုရား သာသနာတော်မှာ ကိုယ်ကျင့်သီလ ဗြဟ္မစရိယအကျင့်ကို ကျင့်ကြံ ကြိုးကုတ် အားထုတ်ဖို့ တိုက်တွန်းပေးတဲ့ သဘောပဲ ဖြစ်တယ်။ မိမိကိုယ်တိုင် ကိုယ်ကျင့်သီလ ထိန်းသိမ်း စောင့်ရှောက်ပြီး သူတစ်ပါးကိုလည်း ကိုယ်ကျင့်သီလ ထိန်းသိမ်းစောင့်ရှောက်အောင် တိုက်တွန်းပေးတဲ့ ပုဂ္ဂိုလ်ဟာ “အတ္တဟိတ” ကိုယ့်အကျိုးကိုလည်း ဆောင်ရွက်တယ်။ “ပရဟိတ” သူတစ်ပါးရဲ့ အကျိုးကိုလည်း ဆောင်ရွက်တယ်လို့ ပြောရမယ်။

ပုဂ္ဂိုလ်လေးမျိုး

မြတ်စွာဘုရားက ပုဂ္ဂိုလ်လေးမျိုး ခွဲခြား ဟောထားတယ်။
(၁) ကိုယ့်အကျိုးစီးပွားကိုသာ [၃] လုပ်ပြီး သူများအကျိုးစီးပွားကို မလုပ်တဲ့ပုဂ္ဂိုလ်က တစ်မျိုး၊
(၂) သူများအကျိုးစီးပွားကိုသာလုပ်ပြီး ကိုယ့်အကျိုးစီးပွားကို မလုပ်တဲ့ပုဂ္ဂိုလ်က တစ်မျိုး၊
(၃) ကိုယ့်အကျိုး သူ့အကျိုး နှစ်မျိုးလုံးကို မလုပ်တဲ့ပုဂ္ဂိုလ် ကတစ်မျိုး၊
(၄) ကိုယ့်အကျိုး သူ့အကျိုး နှစ်မျိုးလုံး ပြုလုပ်သူက တစ်မျိုးလို့ ဒီလို လေးမျိုးခွဲခြားပြီး ဟောထားတယ်။

အညံ့ဆုံးပုဂ္ဂိုလ်ကတော့ “အတ္တဟိတ” မိမိ အကျိုးကိုလည်း မလုပ်၊ “ပရဟိတ” သူတစ်ပါး အကျိုးကိုလည်း မလုပ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ လောကမှာ လူရယ်လို့ ဖြစ်လာသော်လည်း ဘာကောင်းကျိုးမှ ဖြစ်အောင်မလုပ်နိုင်သည့်အတွက် အချိန်သာကုန်ပြီး တန်ဖိုးရှိတဲ့ ဘဝတစ်ခု ဆုံးရှုံးသွားစေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီလိုပုဂ္ဂိုလ်ဟာ အညံ့ဆုံးပဲလို့ မြတ်စွာဘုရားက ဟောခဲ့တယ်။

[၄] ကိုယ်ကျိုးစီးပွားကိုတော့ လုပ်တယ်၊ သူတစ်ပါးအကျိုးစီးပွားကို မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ်ကျိုးစီးပွားလုပ်တဲ့အတွက် ချီးမွမ်းထိုက်သော်လည်း သူတစ်ပါး အကျိုးစီးပွားမလုပ်လို့ တစ်ဖက်က ကဲ့ရဲ့ထိုက်တယ်။ အဲဒီလိုပဲ သူတစ်ပါး အကျိုးစီးပွားကိုတော့ လုပ်တယ်၊ ကိုယ့်အကျိုးစီးပွားကို မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်လည်း တစ်ဖက်က ကဲ့ရဲ့ထိုက်ပြီး အခြားတစ်ဖက်က ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ကိုယ့်အကျိုးစီးပွားလည်းလုပ် သူတစ်ပါး အကျိုးစီးပွားလည်း လုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ဘက်စုံကောင်းတဲ့ ပုဂ္ဂိုလ်၊ နှစ်ဘက်စလုံးက ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီတော့ ကိုယ့်ကိုယ်ကို အကောင်းဆုံး ပုဂ္ဂိုလ်မျိုးဖြစ်အောင် ကိုယ်တိုင်လုပ်ရမယ်။

[၅] ကိုယ်တိုင်လုပ်က ကိုယ်တိုင်ရ

ညံ့သွားအောင်လည်း
ကိုယ်ပဲလုပ်တာ၊
ကောင်းလာအောင်လဲ ကိုယ်ပဲလုပ်တာ။
သူတစ်ပါးနဲ့ မသက်ဆိုင်ဘူးလို့ ဒီလိုဆိုလိုတယ်။ ဗုဒ္ဓမြတ်စွာရဲ့ တပည့်သာဝကတွေရဲ့ ခံယူချက်က သူတစ်ပါးကို အားကိုးရတာ မဟုတ်ဘဲ မိမိကိုယ်တိုင် ကြိုးစားရတာဖြစ်တယ်။ “အတ္တာဟိ အတ္တနော နာထော”၊ မိမိသည်သာလျှင် မိမိရဲ့ ကိုးကွယ်ရာဆိုတော့ လုပ်စရာရှိတာ ကိုယ်တိုင်လုပ်ရမှာဖြစ်တယ်။

ဒါဖြင့် ကိုယ်လုပ်စရာရှိတာ မလုပ်ဘဲနဲ့ တခြားသူ အားကိုးနေတဲ့ပုဂ္ဂိုလ်တွေကော ရှိသလားဆိုတော့ ကမ္ဘာမှာ အများကြီးပဲ။ ဘုရားသခင်က ထာဝရကောင်းကင်ဘုံ ခေါ်ထားမယ်၊ ဘုရားသခင်က ထာဝရငရဲ ပို့မယ်ဆိုတဲ့ ဒီနှစ်ခုနဲ့ ဘုရားသခင်ကို အားကိုးပြီး ကိုယ့်လုပ်ငန်း ကိုယ့်အတွက် ကောင်းကျိုး [၆] ချမ်းသာရဖို့ ကိုယ်တိုင်လုပ်ရမယ်ဆိုတဲ့ အသိမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ကမ္ဘာမှာ လူဦးရေအများကြီးပဲ။ ဘုရားသခင် အလိုတော်ကျ၊ ဘုရားသခင်ခိုင်းလို့ ဆိုပြီး ခံယူလုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေ အများကြီးပဲ။ ဗုဒ္ဓဘာသာဝင် သူတော်စင်အနေနဲ့ မြတ်စွာဘုရားက ဆုံးမတဲ့အတိုင်း လုပ်သင့်လုပ်ထိုက်တာ ကိုယ်တိုင်လုပ်ရမယ်။ ကိုယ်တိုင်လုပ်မှ အောင်မြင်နိုင်တယ်ဆိုတာ၊ လက်တွေ့အားဖြင့်လဲ စဉ်းစားလို့ရတယ်။ မိမိတို့သားသမီးတွေကို ချစ်ခင်လို့ ပညာတတ်ကြီး ဖြစ်စေချင်တယ်။ ငွေကြေးဓန အကုန်ခံပြီး ကျောင်းကောင်းကောင်း ထားပေးမယ်၊ ဆရာကောင်းထံ အပ်နှံပေးမယ်။ ဒီထက် ပိုလုပ်နိုင်သလားဆိုတော့ မလုပ်နိုင်ဘူး။ သားသမီးလုပ်တဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်က စာကြိုးစားမှ ပညာတတ်ဖြစ်မှာပဲ။ မကြိုးစားတဲ့ သားသမီးကတော့ ပညာတတ် ဖြစ်မလာဘူး။ လောကမှာ လက်တွေ့ပဲလေ။

[၇] ကိုယ်တိုင်လုပ်မှ ရတယ်ဆိုတာ အင်မတန်မှ မှန်ကန်တယ်။ အားကိုးလို့ရတယ်ဆိုတာ အကန့်အသတ်နဲ့သာ အားကိုးလို့ရတယ်။ သားသမီးက မိဘကို အားကိုးသည်ပဲဖြစ်စေ၊ မိဘက သားသမီးကို အားကိုးသည်ပဲဖြစ်စေ အကန့်အသတ်ရှိတယ်။ အားကိုးလို့မရတဲ့ အချက်တွေက ပိုများတယ်။ ကိုယ်တိုင်လုပ်ရမယ့်အချက်တွေ ဥပမာမယ် နတ်ပြည်ရောက်ဖို့ဆိုတာတွေ၊ တရားထူး တရားမြတ် ရဖို့ဆိုတာတွေဟာ ကိုယ်တိုင်ကြိုးစားမှ ရမယ့်ကိစ္စတွေဖြစ်တယ်။ ကုသိုလ်ကောင်းမှု ဖြစ်ဖို့ဆိုတာလည်း သူများအားကိုးလို့မရဘူး။ ကိုယ့်စိတ်ထဲမှာဖြစ်အောင် ကိုယ်တိုင်ကြိုးစားအားထုတ်ရတယ်။ “သူလုပ်ရင် ပြီးတာပဲ ငါလုပ်စရာမလိုဘူး” ဆိုတဲ့အတွေးကြောင့် မာဃလုလင်ရဲ့ အငယ်ဆုံးဇနီး သုဇာတာဟာ ဗျိုင်းမ ဘဝ ရောက်သွားတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ [၈] ကိုယ်တိုင်လုပ်ကြသည့်အတွက် သိကြားမင်းဖြစ်သွားတဲ့ မာဃလုလင်နဲ့အတူ တာဝတိံသာ နတ်ပြည်မှာ ဖြစ်ကြရတယ်။ ဒါကြောင့် ဘယ်ကိစ္စပဲ ဖြစ်ဖြစ် ကိုယ်တိုင်လုပ်ရမယ်ဆိုတာ ထင်ရှားတယ်ပေါ့။

အတ္တပရ နှစ်မျိုးရ

အခု ရှင်ပြုအလှူတော်ဆိုတာ ကိုယ်တိုင် လုပ်ဆောင်တဲ့ ကောင်းမှုကုသိုလ် ဖြစ်တယ်။ အတ္တဟိတနဲ့ ပရဟိတ နှစ်မျိုးလုံးကိုလည်း လုပ်ဆောင်တယ်လို့ ပြောရမယ်။ “ဟိတ” ဆိုတာ ချမ်းသာသုခရဖို့အတွက် အခြေအနေကောင်းတွေကို ဖန်တီးပေးခြင်းလို့ ခေါ်တယ်။ “ဟိတ” ဆိုတာ အကြောင်းတရားပဲ ဖြစ်တယ်။ အခုလို ဒါနကောင်းမှု လုပ်တယ် သီလဆောက်တည်တယ်။ တရားဓမ္မ နာယူတယ်ဆိုတာ အခြေအနေကောင်းတွေကို [၉] ဖန်တီးနေခြင်းသာဖြစ်တယ်။ သုခဆိုတာ မလာသေးဘူး။ သုခ ဆိုတာ ဒါကိုခေါ်တာ မဟုတ်ဘူး။ ဥပမာ ကျန်းမာဖို့အတွက် ကျန်းမာရေး ဂရုစိုက်တယ်၊ ဆေးဝါးဓာတ်စာ စားတယ်၊ သင့်တော်တဲ့ အာဟာရစားတယ်၊ မသင့်တာတွေကို ရှောင်တယ် ဒါတွေဟာ အကြောင်းတရား ဟိတပဲ။ အဲဒီ ဟိတက ရလာတဲ့အကျိုးကတော့ ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်းပဲ။ ဒါမှ သုခလို့ ခေါ်တာ။ ဟိတ နဲ့ သုခဆိုတာ အမြဲတမ်း တွဲနေတာ။ ဟိတ က အကြောင်းတရား၊ သုခက အကျိုးတရား။ သုခကို တိုက်ရိုက်လုပ်လို့ မရဘူး။ ဟိတကိုပဲ လုပ်လို့ရတယ်။ ဟိတလုပ်မှ သုခရရှိတာဖြစ်တယ်။ သရက်စေ့ စိုက်မှ သရက်ပင် ဖြစ်လာသလိုပေါ့။ သရက်ပင် ဖြစ်လာမှ သရက်သီးဆိုတာ စားလို့ရမယ်ပေါ့။

[၁၀] ကိုယ်ကိုယ်တိုင် ဘုရားဟောတဲ့ တရားဓမ္မတွေကို လက်ခံကျင့်သုံးတယ်၊ ကိုယ်ကျင့်သီလတွေ ထိန်းသိမ်းစောင့်ရှောက်တယ်။ ဒါတွေက အတ္တဟိတ ပေါ့။ ကိုယ့်ရင်သွေးဖြစ်တဲ့ သားသမီးများကို လည်းပဲ ငယ်ရွယ်သူတွေမို့ အသိတရား မရှိသေးတာကို ရှိလာအောင်၊ ကိုယ်ကျင့်သီလ မရှိသေးတာကို ရှိလာအောင် တိုက်တွန်းနှိုးဆော်ပေးတဲ့ အနေနဲ့ ရှင်သာမဏေပြုပေးတယ်။ ဒါတွေက ပရဟိတပေါ့။ သူတို့အတွက် ဟိတကို ဖန်တီးပေးတာ။ သရဏဂုံ သီလဆောက်တည်လိုက်တာနဲ့ ဟိတဆိုတာ သူတို့မှာ ရသွားတယ်။ ကုသိုလ်ကောင်းမှုတွေ ဖြစ်သွားတာ ဟိတဖြစ်တယ်လို့ခေါ်တယ်။ အဲဒီ ဟိတက အကျိုးထုတ်လုပ်မှ သုခဆိုတာ ရရှိလာတယ်ပေါ့။ အဲဒီတော့ အတ္တဟိတ၊ ပရဟိတ ဆိုတာ ကောင်းမြတ်တဲ့ အခြေအနေတွေကို ဖန်တီး [၁၁] ပေးနေခြင်း၊ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ ဖန်တီးပေးခြင်း ဖြစ်တယ်။ ကိုယ်ကိုယ်တိုင် ဒါနကောင်းမှုလုပ်တယ်၊ သီလဆောက်တည်တယ်။ ကိုယ့်ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေကိုလည်း ပါဝင်ပြီး ဒါနကောင်းမှုပြုစေတယ်၊ သီလဆောက်တည်စေတယ်။ အတ္တဟိတ ပရဟိတ ဆိုတာ ဒါကို ပြောတာ။ ကိုယ်ကိုယ်တိုင်လည်း အခြေအနေကောင်းတွေ ဖန်တီးတယ်၊ ပတ်ဝန်းကျင်က လူတွေ ကိုလည်း အခြေအနေကောင်းတွေ ဖန်တီးပေးတယ်ပေါ့။

ကိုယ်က ဖန်တီးပေးရုံသာ ဖန်တီးပေးလို့ရတာ၊ လုပ်တာကျတော့ သူတို့လုပ်မှဖြစ်တာ။ ကိုယ့်သားသမီးပဲကြည့် အခု ကိုယ်ကရှင်ပြုပေးလိုက်တယ်။ ရှင်ပြုပေးလိုက်လို့ သီလဆောက်တည်လိုက်တဲ့အချိန်မှာ ကုသိုလ်ရသွားတယ်။ အကယ်၍ သူတို့က ကောင်း [၁၂] ကောင်းမနေဘူးဆိုရင် ကိုယ်ဖန်တီးပေးထားတဲ့ အရာတစ်ခုဟာ အကောင်းဖြစ်ချင်မှ ဖြစ်မှာ။ အဆိုးဖြစ်ချင်လည်း ဖြစ်သွားမှာပဲ။ ဒါ သူတို့ပေါ်မှာ မူတည်သွားတယ်ပေါ့။ လူတစ်ယောက်ကို ရဟန်း ခံပေးလိုက်တယ်။ အဲဒီရဟန်းက ရဟန်းဘဝမှာ ကောင်းကောင်းမွန်မွန် နေရင် သူ့အတွက် ဟိတတွေပဲ။ ကောင်းကောင်း မနေဘူးဆိုရင် သူ့အတွက် ဟိတမဖြစ်ဘူး။ အဟိတ ဖြစ်သွားတယ်။ မိဘက သားသမီးကို ချမ်းသာအောင် ပညာသင်ဖို့ဆိုပြီး ငွေကြေးဓန ထုတ်ပေးလိုက်တယ်။ တကယ်က ဟိတဖြစ်အောင် ထုတ်ပေးလိုက်တာ။ အဲဒီ ငွေကြေးကို တလွဲအသုံးချလိုက်ပြီဆိုရင် ဟိတ မဖြစ်တော့ဘူး။

အခု မိဘတွေကိုယ်တိုင်ကလည်း ကုသိုလ်ကောင်းမှု လုပ်တယ်။ သားသမီးတွေကိုလည်း [၁၃] ဟိတဖြစ်အောင် ဖန်တီးပေးလိုက်တယ်။ မိဘတွေအတွက်ကတော့ တာဝန်ကျေသွားပြီပေါ့။ ဟိတဖြစ်တာ မဖြစ်တာကတော့ သားသမီးတို့တာဝန်ပဲ။ ကိုယ်လုပ်တဲ့ အလုပ်အနေနဲ့ ကျေနပ်စရာဖြစ်တယ်ပေါ့။ အတ္တဟိတ ကိုယ့်ရဲ့အကျိုးလည်းလုပ်တယ်။ ပရဟိတ သူတစ်ပါးရဲ့အကျိုးလည်း လုပ်တယ်။ အခုအလုပ်က မြတ်စွာဘုရား ခွဲခြားဟောပြောတဲ့ ပုဂ္ဂိုလ်လေးမျိုးထဲမှာ အကောင်းဆုံး စတုတ္ထပုဂ္ဂိုလ် အဆင့်ကို ရောက်တယ်လို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိတို့အကျိုးစီးပွားလည်း လုပ်တယ်။ မိမိတို့ ရင်ဝယ်ပေါက်ဖွား သားရတနာတွေရဲ့ အကျိုးစီးပွားကိုလည်း လုပ်တယ်။

ဒီ အတ္တဟိတ ပရဟိတဆိုတာ လူတိုင်း လုပ်နိုင်တာတော့ မဟုတ်ဘူးပေါ့။ အကျိုးစီးပွား ရှိရာရှိကြောင်း လမ်းကြောင်းပေါ်မှာ တင်ပေးလိုက် [၁၄] တာနဲ့ ကိုယ်က အတ္တဟိတ ပရဟိတ နှစ်မျိုးလုံးကို ရသွားတာ။ မြန်မာနိုင်ငံမှာ ရှင်ပြုအလှူတော် မင်္ဂလာတွေ လုပ်ကြတယ်။ မြတ်စွာဘုရား အဆုံးအမအတိုင်း လိုက်နာကျင့်သုံးဖို့ဆိုတဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်ကို ထားဖို့လိုအပ်တယ်။ ကလေးငယ် ဒီအရွယ်ထိအောင် ရှင်ပြုမပေးရသေးလို့ အများကဲ့ရဲ့မှာကြောက်တဲ့ ရည်ရွယ်ချက်နဲ့တော့ မလုပ်ထိုက်ဘူးပေါ့။ ရှင်ပြုပေးတယ်ဆိုတဲ့ အနှစ်သာရက ဘာလဲဆိုတာ သဘောပေါက်ဖို့လိုတယ်။

ဓမ္မအမွေ

လောကမှာ မိဘကသားသမီးကိုပေးရတဲ့ အမွေဆိုတာရှိတယ်။ သားသမီးကလည်း မိဘပေးမယ့်အမွေ ရစရာရှိတယ်။ မိဘရဲ့ပိုင်ဆိုင်တဲ့ ပစ္စည်းကို သားသမီးကို ခွဲဝေပေးတာမို့ “ဒါယ”လို့ခေါ်တယ်။ ပေးရတဲ့ [၁၅] ပစ္စည်းဥစ္စာ၊ ပေးရတဲ့အရာတွေက “ဒါယ”၊ အဲဒီ ဒါယကို ရထိုက်တဲ့ ပုဂ္ဂိုလ်က “ဒါယာဒ”။ အမွေရသူ လို့ ခေါ်တယ်။ အဲဒီ အမွေရထိုက်အောင် ကျင့်ကြံ ကြိုးကုတ် အားထုတ်တာကျတော့၊ “ဒါယဇ္ဇ” လို့ ခေါ်တယ်။ ဒီစကားလုံးတွေဟာ သူ့အဓိပ္ပါယ်နဲ့သူ ဆက်စပ်နေတာ။

“ဒါယ”ဆိုတာ မိဘကသားသမီးကိုပေးတဲ့အရာ၊ သားသမီးက ရယူသူဖြစ်သောကြောင့် “ဒါယာဒ- ဒါယ+ အာဒါ” ရယူသူ၊ လိမ္မာရေးခြားရှိစွာ နေထိုင်မှလည်း ရတာဖြစ်သောကြောင့် “ဒါယဇ္ဇ” ဒီလိုဆိုလိုတာပေါ့။ ဒါကြောင့် ရှင်ပြုနားသ အလှူတော်မင်္ဂလာ အခမ်းအနားကို “သာသနဒါယာဒ” သာသနာ့ အမွေခံဆိုတဲ့ စကားလုံးကို သုံးကြတယ်။ မြတ်စွာဘုရားပေးတဲ့ အမွေကိုခံယူတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ။

[၁၆] ဒီကနေ့ သားသမီးများကို ရှင်ပြုပေးတဲ့ မိဘနှစ်ပါး ကိုယ့်ဘာသာပြန်ပြီးတော့ စဉ်းစားကြည့်လိုက်။ အမွေပေးတယ်ဆိုတာ နှစ်မျိုးရှိနိုင်တယ်။ တစ်မျိုးက ကိုယ်ပိုင်ဆိုင်တဲ့ လယ်ယာကိုင်းကျွန်း၊ တိုက်တာ၊ မြေ၊ ပစ္စည်းဥစ္စာ၊ ရွှေ၊ ငွေ၊ စိန်၊ ရတနာ ဒါတွေကိုလည်း ပေးလို့ရတဲ့ အမွေပစ္စည်းလို့ ပြောရမယ်။ နောက်တစ်မျိုးက ကိုယ်ကျင့်တရားနဲ့ မြင့်မြတ်တဲ့ တရားအမွေပေါ့။ စာပေကျမ်းဂန်မှာ ဓမ္မအမွေလို့ သုံးတယ်။ ပစ္စည်းအမွေကျတော့ အာမိသဒါယ လို့သုံးတယ်။ ပစ္စည်းအမွေ၊ ဓမ္မအမွေ ဒီနှစ်ခုရှိတဲ့ထဲမယ် တို့တတွေ ဒီနေ့ပေးတာဟာ ဘာပေးတာလဲလို့ ဆင်ခြင်စဉ်းစားကြည့်ပြီး အမွေပေးတဲ့နေ့လို့ ပြောရမယ်ပေါ့။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကို ရာဟုလာက အမွေတောင်းတာ ရှိတယ်။ သားတော် [၁၇] ရာဟုလာက တောင်းတဲ့အမွေက ပစ္စည်းဥစ္စာအမွေ၊ ထီးနန်းအမွေ၊ ရာထူးဆက်ခံဖို့ အမွေဖြစ်တယ်။ မြတ်စွာဘုရားက ပေးသလားဆိုတော့ မပေးဘူး။ မြတ်စွာဘုရားရဲ့ အမြော်အမြင်ကြီးမားမှုက ထူးခြားတယ်။ အမွေနှစ်ခု နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် ပစ္စည်းဥစ္စာ ရာထူးဂုဏ်သိမ်ဆိုတဲ့ အမွေဟာ တစ်ဘဝ အတိုင်းအတာအတွက်ပဲ အကျိုးပြုတယ် တဲ့။ နောင်ဘဝထိ မပါဘူး။ နောင်ဘဝထိ ပါဦးတော့ သူ့ရဲ့ အကျိုးပြုမှုက ကောင်းကျိုးချမ်းသာချည်းပဲလို့ မျှော်လင့်လို့ မရဘူး။

ပစ္စည်းဥစ္စာ အမွေပေးလိုက်တာနဲ့ တစ်ပြိုင်နက် ရလာတဲ့ပုဂ္ဂိုလ်မှာ ဒီပစ္စည်းကို ထိန်းသိမ်းဖို့ စိတ်သောကဆိုတာ အရင်ရသွားတယ်။ ပစ္စည်းရတာနဲ့ သောကရသွားတာနော်။ နဂိုတုန်းက ဘာမှမရှိတုန်းက လွတ်လွတ်လပ်လပ် သွားနိုင်တယ်။ ဆိုပါစို့ [၁၈] ပိုက်ဆံထုပ်ကြီး ပေးလိုက်တယ်ဆိုကတည်းက ဒီပိုက်ဆံထုပ်ကြီး ထိန်းသိမ်းဖို့ သူ့မှာ ကြောင့်ကြကြီး တစ်ခု ဖြစ်သွားတယ်။ ဒါ မသုံးရသေးဘဲ ရလိုက်တာနဲ့ သောကပေးလိုက်သလို ဖြစ်သွားတယ်။ မြတ်စွာဘုရားက စဉ်းစားတယ် “ရာဟုလာ တောင်းတဲ့ အမွေဟာ စိတ်ပူစရာကို ဖြစ်စေနိုင်တဲ့ အမွေတွေပဲ။ စိတ်ပူစရာ အမွေမျိုးကို ငါမပေးဘူး။ စိတ်နှလုံးအေးချမ်းမယ့် ငါသိတဲ့ ဓမ္မအမွေကိုပဲ ပေးမယ်”ဆိုပြီး ရာဟုလာကို ရှင်ပြုပေးလိုက်တာပဲ။ အဲဒါကို အတုယူအားကျရမှာ။ သဘောကတော့ မြတ်စွာဘုရားတောင်မှပဲ သားတော်ကို ပစ္စည်းဥစ္စာ အမွေမပေးဘဲ သာလွန်မြင့်မြတ်တဲ့ ဓမ္မအမွေကို ပေးတယ်ပေါ့။

လောကလူတွေကတော့ ပစ္စည်းဥစ္စာပေးမှ ပိုချစ်တယ်လို့ ထင်ကောင်း ထင်လိမ့်မယ်။ ဓမ္မအမွေ [၁၉] ပေးလိုက်တာက ဒီဘဝမှာလည်း သောကဖြစ်စရာ မရှိဘူး။ ဒီမျိုးစေ့ကို အခြေခံပြီး နောင်ဘဝမှာလည်း ချမ်းသာသုခတွေ ဆက်တိုက်ရမယ်။ နောက်ဆုံး နိဗ္ဗာန်ထိအောင် ဆက်တိုက် ကောင်းကျိုးပြုသွား နိုင်တယ်။

ဒါကိုကြည့်မယ်ဆိုရင် သားသမီးတွေကိုချစ်တဲ့ မိဘတိုင်းဟာ စိတ်ဆင်းရဲမယ့် အမွေမျိုးကို ဘယ်တော့မှ ပေးမှာမဟုတ်ဘူး။ သူ့အတွက် အစဉ်ထာဝရ ကောင်းမြတ်ပြီး နိဗ္ဗာန်ထိအောင် အကျိုးပြုမယ့် အမွေကိုပဲ ပေးမှာပဲ။ အကယ်၍ အဝိဇ္ဇာနဲ့ တဏှာ မကင်းသေးဘူးဆိုရင်တော့ ရွှေ ငွေ ပစ္စည်းအမွေကို ရွေးမှာပဲ။ အဝိဇ္ဇာနဲ့ တဏှာ ကင်းသွားပြီဆိုရင်တော့ ဒီအမွေမျိုးကို ဘယ်သူမှ ရွေးမှာမဟုတ်ဘူး။ ဘာကြောင့်လည်း ဆိုရင် ပစ္စည်း ဥစ္စာအမွေဆိုတာ နောက်ဆုံးမှာ “ပဟာယဂမနီယ”

[၂၀] ထားသွားရမှာတဲ့။ ဒီဘဝမှာ ချမ်းချမ်းသာသာ သုံးရ သော်လည်းပဲ နောက်ဆုံး ဘဝတစ်ခု စွန့်ခွာသွားရပြီ ဆိုရင် ထားသွားရမှာပဲတဲ့။

ထားသွားတယ်ဆိုတာ အမျိုးမျိုးပဲနော်။ ပစ္စည်းဥစ္စာနဲ့ လူဆိုတာ လူကသော်လည်း ပစ္စည်းကို စွန့်ခွာသွားနိုင်တယ်။ ပစ္စည်းကလည်း လူကိုစွန့်ခွာ သွားနိုင်တယ်။ တစ်ခုနဲ့တစ်ခု ကွဲကွာသွားခြင်းက တော့ သေချာပေါက်လာမှာပဲ။ သုံးလိုက် ဖြုန်းလိုက် လို့ ကုန်ဆုံးသွားတာလည်း ရှိတတ်တယ်ပေါ့။
(၃) ပစ္စည်းဥစ္စာဆိုတာ
(၁) အဖျက်မီးနဲ့လည်း ပတ်သက်နေတယ်။ မီးလောင်ရင်ပါသွားပြန်ရော။
(၂) ရေအဖျက်နဲ့လည်း ပတ်သက်နေတယ်။ ရေမြော ပြန်ရင်လည်း ပါသွားရော။
(၃) မင်းစိုးရာဇာတွေက သိမ်းယူရင်လည်း ပါသွားပြန်ရော။
(၄) သူခိုးဓားပြ လုယူရင်လည်း ပါသွားပြန်ရော။
(၅) မိသားစုထဲမှာ [၂၁] မလိမ်မိုး မလိမ္မာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ သားဆိုး သမီးဆိုး ပါလာရင်လည်း ဖြုန်းတီးပစ်တာနဲ့ ကုန်သွား ပြန်ရော။ ဒီလိုကုန်ဆုံးဖို့ရာ အကြောင်းတရားငါးပါး ရှိတယ်ပေါ့။ သူတို့ရဲ့အဆုံးသတ်ဟာ ပဟာယဂမနီယ ထားသွားရမယ်တဲ့။

ထားသွားရတဲ့ပစ္စည်းနဲ့ ယူသွားလို့ရတဲ့ပစ္စည်း တန်ဖိုးချင်း အလွန်ကွာတယ်ပေါ့။ အခု ဒီကနေ့ အလှူဒကာ အလှူအမ မိဘနှစ်ပါးက မိမိတို့ သားရတနာများကို ပေးလိုက်တဲ့အမွေဟာ မြတ်စွာ ဘုရား ချမှတ်ထားတဲ့ အမွေဖြစ်တာကြောင့် တန်ဖိုး မဖြတ်နိုင်တဲ့ အမွေဖြစ်တယ်။ သူတို့ကို ရှင်သာမဏေ ဖြစ်အောင် ပြုပေးလိုက်တဲ့အတွက် သူတို့စိတ်ထဲမှာ ကိုရင်ဘဝအနေနဲ့ ကြည်နူးပျော်ရွှင်သွားမယ်။ ကိုယ်ကျင့်သီလတွေ ဆောက်တည်လိုက်တဲ့ အချိန် မှာ ကုသိုလ်တရားတွေ ပြည့်ပြည့်ဝဝ ရသွားတယ်။

[၂၂] ဒါဟာ ယူသွားလို့ရတဲ့ ပစ္စည်းဖြစ်လို့ တန်ဖိုးမဖြတ်နိုင်ဘူး။

မြတ်စွာဘုရားကိုယ်တိုင် သားတော် ရာဟုလာ ကိုပေးတဲ့ အမွေမျိုး တို့သားသမီးတွေကို ဒီနေ့ ပေးလိုက်ရပြီလို့ စိတ်ထဲမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်အောင် နှလုံးသွင်းရမယ်။ အလှူလှူတယ်ဆိုတာ ရိုးရာ Tradition ဗုဒ္ဓဘာသာဝင်တွေ လုပ်ရိုးလုပ်စဉ် ကို လုပ်တယ်ဆိုတဲ့ ပုံစံမျိုး မဟုတ်တော့ဘူး။ ကိုယ့် စိတ်ထဲမှာ အလေးအနက်ထားပြီး ဒီအမွေမျိုးကို တို့ရဲ့သားသမီးတွေ တစ်ရက်ပဲရရ၊ နှစ်ရက်ပဲရရ၊ သုံးရက်ပဲရရ၊ ရသမျှဟာ အမြတ်ပဲဖြစ်တယ်။ နိဗ္ဗာန်အတွက် မျိုးစေ့ကောင်းတွေ ဖြစ်တယ်လို့ ဒီလို နှလုံးသွင်းရမယ်။

[၂၃] ကုသိုလ်မျိုးစေ့

ကုသိုလ်ကောင်းမှုဆိုတာ အခုလုပ်ရင် အခု မျိုးစေ့ကျသွားတာပဲ။ မျိုးစေ့ကျသွားတာနဲ့ ချက်ချင်း အပင်ပေါက်သလားဆိုတော့ ဘယ်ပေါက်မလဲ။ အပင်မျိုးစေ့တောင်မှပဲ ချက်ချင်းပေါက်တာမှ မဟုတ်ဘဲ။ မြေနဲ့ ရေနဲ့ ဆုံတဲ့အခါမှ အပင်ပေါက် တာ။ အဲဒီလိုပဲ ကုသိုလ်ကောင်းမှုတွေဟာ ကိုယ့် ရင်ထဲ နှလုံးထဲ ရောက်သွားပြီဆိုကတည်းက မျိုးစေ့ ကလေးတွေ ဖြစ်သွားပြီး အဲဒီ ကုသိုလ်ကံ မျိုးစေ့တွေ ဟာ ပျောက်မသွားဘဲ ဒီနေ့ခေတ်လို ပြောရမယ် ဆိုရင် Online ဖြစ်နေမှာပဲ။

မြတ်စွာဘုရား ဟောကြားတဲ့ ကိုယ်ကျင့်သီလ ကို ဆောက်တည်လိုက်ရတဲ့ သီလစေတနာ၊ မြတ်စွာ ဘုရား ခွင့်ပြုထားတဲ့ သင်္ကန်းကို ဝတ်လိုက်ရတဲ့ စေတနာ၊ ဗြဟ္မစရိယအကျင့်ကို ကျင့်လိုက်ရတဲ့ [၂၄] ကုသိုလ်ကောင်းမှု စေတနာ ဒီစေတနာတွေဟာ၊ တစ်စက္ကန့်အတွင်းမှာ မြောက်များစွာ ဖြစ်သွားတယ်။ ဒီစေတနာတွေဟာ ကိုယ့်သန္တာန်မှာ ဘယ်မှာကိန်း နေတာလဲလို့ မေးစရာရှိလာတယ်။ နှလုံးထဲမှာ ကိန်းတာလား၊ ဦးနှောက်ထဲမှာ ကိန်းတာလားဆိုရင် နှလုံးထဲလည်း မဟုတ်ဘူး၊ ဦးနှောက်ထဲမှာလည်း မဟုတ်ဘူး။ သူတို့ဘယ်မှာ ဖြစ်တာတုန်းဆိုတော့ စိတ္တသန္တတိ လို့ခေါ်တဲ့ စိတ်အစဉ်မှာဖြစ်တာ။ စိတ်အစဉ်ဆိုတာ ရပ်နေတဲ့အရာ မဟုတ်ဘူး။ ရွေ့လျားသွားနေတဲ့ အရာသာလျှင် ဖြစ်တယ်။ မြစ်ရေတွေဟာ အမြဲစီးဆင်း သွားနေသလိုပေါ့။ လူတွေရဲ့ စိတ်အစဉ်ဟာလည်း တစ်ခုဖြစ်တစ်ခုပျက် တစ်ခုဖြစ်တစ်ခုပျက်နဲ့ စိတ်အစဉ်ကြီးက ဘယ်တော့ မှမရပ်ဘူး။ နိဗ္ဗာန်ရသည်ထိအောင် စိတ်အစဉ်က သွားနေတာ။ လိုင်းကြီးတစ်ခုလို့ ပြောရမှာပေါ့။

[၂၅] ဒီကုသိုလ်မျိုးစေ့လေးဟာ အဲဒီလိုင်းထဲ ကျရောက် သွားတာ။

ပါရမီဆိုတာ ဖြည့်ရတာ

စဉ်းစားကြည့်လေ။ ဒီပင်္ကရာမြတ်စွာဘုရားနဲ့ တွေ့တဲ့အချိန် သုမေဓာရသေ့က ဘုရားဖြစ်ဖို့ ဗျာဒိတ်ခံလိုက်ရတဲ့ အချိန်ကစပြီး ပါရမီဆယ်ပါး အပြားသုံးဆယ် ကျင့်ကြံကြိုးကုပ် အားထုတ်လာခဲ့ တာ။ အဲဒီတုန်းက လုပ်တဲ့သူရဲ့ ကုသိုလ်ဟာ သေးတဲ့ ကုသိုလ်မဟုတ်ဘူး။ သူလှူတဲ့ အလှူကို သာမန် ပုဂ္ဂိုလ်တွေ မလှူနိုင်ဘူး။ မိမိရဲ့ခန္ဓာကိုယ်ကို တံတား ခင်းပြီးလှူတယ်ဆိုတာ အသက်စွန့်ပြီး လှူတာ။ သာမန်အားဖြင့် သံဃာတစ်သိန်း ကြွသွားရင် သူအသက်ရှင်နိုင်စရာ မရှိဘူးလေ။ အဲဒါ သူမသိ တာမဟုတ်ဘူး သိတယ်။ ရိုးရိုးပစ္စည်းဥစ္စာကို လှူတာ [၂၆] မဟုတ်ဘူး။ သိလျက်နဲ့ အသက်ကို လှူတဲ့အလှူ ဖြစ်တယ်။

သာမန်တွေးရင် သုမေဓာရသေ့ ဘုရားရှေ့မှာ ခန္ဓာကိုယ်နဲ့ တံတားခင်းလိုက်တာပဲ ရှိတာ။ ဘုရားက နင်းတာ မဟုတ်ဘူးဆိုပြီး လွယ်လွယ်ကူကူပဲလို့ ထင်ကောင်းထင်လိမ့်မယ်။ မဟုတ်ဘူး။ သူလှူတဲ့ အလှူဟာ သိန်းသန်းကုဋေ ကုန်ကျတဲ့ ငွေကြေး အလှူထက် ပိုမြင့်မြတ်တယ်။ အသက်ကို စွန့်လွှတ် လှူဒါန်းလိုက်တာကိုး။

သူ့ရဲ့စိတ်ဆန္ဒတွေဟာ အဲဒီအလှူရဲ့ အစွမ်း ကြောင့် ဗျာဒိတ်ရသွားတာပဲ။ “အဓိကာရောစ ဆန္ဒတာ” အဓိကာရ လွန်လွန်ကဲကဲ ဆိုတာ အဲဒါ ခေါ်တာ။ ရိုးရိုးဒါန မဟုတ် အသက်စွန့်တဲ့ဒါန ဖြစ်တယ်။ အဲဒီ ဒါနနဲ့ ဘုရားဖြစ်ချင်တဲ့ ဆန္ဒ၊ ဒီနှစ်ခုက အဆုံးအဖြတ်ပေးသွားပြီး ဒီပင်္ကရာ [၂၇] မြတ်စွာဘုရား ကိုယ်တိုင်ကိုယ်က အနာဂတ်မှာ ဘုရားဖြစ်လိမ့်မယ်လို့ ဆိုပြီးတော့ ကြိုတင်ဟောကိန်း ထုတ်လိုက်တာ။

ဒီလိုဟောလို့ ရသလားဆိုတော့ ရတာပေါ့။ ဒီကနေ့ခေတ်တောင်မှပဲ ပင်လယ်ထဲမှာ ဘယ်နေ့ ဘယ်ရက် မုန်တိုင်းတိုက်လိမ့်မယ်၊ ဘယ်နေ့ ဘယ်ရက် မိုးရွာမယ်ဆိုပြီး ကြိုတင်ပြောနေကြတာပဲ။ ပစ္စုပ္ပန်အခြေအနေကို ကြည့်ပြီး အနာဂတ်ကို ဒီလိုပဲ ပြောလို့ရတယ်။

ဒီပင်္ကရာမြတ်စွာဘုရားက ကြည့်တယ်လေ။ ပစ္စုပ္ပန်အခြေအနေဖြစ်တဲ့ ဆန္ဒက သိပ်ထက်သန် တယ်။ အဓိကာရဆိုတဲ့ ကောင်းမှုကလည်း အလွန်ကို ထက်သန်တယ်။ အဲဒီနှစ်ခုက ကြားထဲမှာ ရပ်သွားမလားဆို မရပ်ဘူး။ မုန်တိုင်းဟာ အား ကောင်းတယ် ဘယ်ထိအောင် တိုက်မယ်ဆိုတာမျိုး [၂၈] ပေါ့။ ဒီပင်္ကရာမြတ်စွာဘုရားက ဉာဏ်တော်နဲ့ ကြည့်လိုက်တဲ့အခါ ဂေါတမဘုရား ဖြစ်တဲ့ထိအောင် သွားမယ်ဆိုတာမြင်လို့ ပြောတာ။ ဒါ အင်မတန်မှ Reasonable ဖြစ်တယ်။ Logical ဖြစ်တယ်။ ရမ်းပြောတာမဟုတ်ဘူး။

ဥပမာ ငယ်ငယ်ကတည်းက လိမ်လိမ်မာမာနဲ့ စာကြိုးစားတဲ့ကလေး ဒီကလေး ကြီးလာရင်တော့ တော်မှာပဲ၊ ပညာတတ်ကြီး ဖြစ်မှာပဲနဲ့ ပြောကြတယ်။ ရမ်းပြောတာမဟုတ်ဘူး။ သူ့ ရဲ့ ပစ္စုပ္ပန်အခြေအနေ လုပ်ရပ်တစ်ခုကို ကြည့်ပြောလိုက်တာပဲ။ ဒါ မှားယွင်း စရာမရှိဘူး။

ပြင်းထန်တဲ့ လုံ့လဝီရိယနဲ့ စိတ်ဆန္ဒရှိတဲ့ ပုဂ္ဂိုလ် တွေရဲ့ ဦးတည်ချက်ဟာ ဘယ်တော့မှ နောက်ဆုတ် သွားတာတို့၊ ဘေးထွက်သွားတာတို့ မရှိဘူး။ ဖြောင့်ဖြောင့်ကြီး သွားတယ်။ ဒါကို “ပဟိတတ္တ”

[၂၉] တစ်ဖြောင့်တည်း စေလွှတ်ထားတဲ့ စိတ်ဓာတ် ဖြစ်တယ်။ သုမေဓာရသေ့ရဲ့ စိတ်ဓာတ်က ပဟိတတ္တ ပဲ။ သဗ္ဗညုတဉာဏ်တော်ကြီးကို တစ်ဖြောင့်တည်း ခေါင်းထဲမှာ ထည့်ထားပြီး နောက်ကြောင်းမလှည့်ဘဲ သွားမယ်ဆိုတာသိလို့ ဗျာဒိတ်ပေးတာ။

သုမေဓာရသေ့ဘဝက ဖြည့်ကျင့်လာတဲ့ ပါရမီ တွေနဲ့ နောက်ဘဝအဆက်ဆက် ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတွေက ဘယ်လိုပြည့်သွားတာတုန်းဆိုတော့ သုမေဓာရသေ့ဘဝကတည်းက ဖြစ်လာတဲ့ စိတ် အစဉ်ဟာ ဂေါတမဘုရားလောင်း သိဒ္ဓတ္ထ မင်းသား ဘဝ ရောက်သည့်တိုင်အောင် Online အနေနဲ့ တစ်ဆက်တည်း ဖြစ်လာလို့ ပြည့်သွားတာ။ ဒါကြောင့် ပါရမီပြည့်တယ်ဆိုတာ အဲဒီလိုပြည့်တာ။ စိတ်အစဉ်ထဲမှာ ပြည့်သွားတယ်ဆိုတာ ဗိုက်ထဲမဆန့် [၃၀] အောင် ပြည့်သွားတာမျိုးကို ပြောတာမဟုတ်ဘူး။ စွမ်းအားတွေ ရင့်ကျက်လာတာ၊ စွမ်းရည်တွေ တက်လာတာကို ပြောတာ။

ကလေးတွေ ပညာသင်တာပဲကြည့် မူလတန်း ပညာ သင်ထားရင် အလယ်တန်းကို လိုက်နိုင်တဲ့ စွမ်းရည်တွေရတယ်။ အလယ်တန်း သင်ထားရင် အထက်တန်းကို လိုက်နိုင်တဲ့ စွမ်းရည်တွေရတယ်။ အထက်တန်းသင်ထားရင် University သွားနိုင်တဲ့ အရည်အချင်းတွေရတယ်။ ဒါ အရည်အချင်း ပြည့်လာတာလေ။ စာတွေတော့ တချို့မေ့ချင်မေ့မှာ ပေါ့။ အရည်အချင်း စွမ်းရည်ကတော့ ပြည့်လာ တယ်။ ပါရမီပြည့်တယ်ဆိုတာ အဲလိုဆိုလိုတာ။ ဒါနပါရမီ ပြည့်တယ်ဆိုတာ စွန့်လွှတ်နိုင်တဲ့ စွမ်းရည်တွေ ပြည့်လာတာ။ သီလပါရမီ ပြည့်တယ် ဆိုတာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး အရာရာကို [၃၁] စွန့်လွှတ်နိုင်တဲ့ စိတ်တွေ၊ ကိုယ်ကျင့်တရားကို မြတ်နိုးတဲ့စိတ်တွေ ပြည့်လာတာကို ဆိုလိုတယ်။ စွမ်းရည်သတ္တိတွေ ပိုပိုပြီး ခိုင်မာလာတယ်။ လူတွေက ငါတို့တော့ ပါရမီ မပြည့်သေးဘူး ဆိုပြီး မကျင့်ဘဲနဲ့ ပြည့်လာအောင် စောင့်နေလို့ ကတော့ ဘယ်တော့မှ ပြည့်လာမှာမဟုတ်ဘူး။ စွမ်းရည်သတ္တိဆိုတာ ကျင့်နေမှ တိုးလာတာ။ မိုးရွာတဲ့အချိန် အိုးကြီးတွေနဲ့ မိုးရေခံရင်တော့ ပြည့်လိမ့်မယ်။ ဒါက မျှော်လင့်လို့ရတယ်။ ပါရမီ ကတော့ အဲလိုမျှော်လင့်လို့မရဘူး။ ကိုယ်ကိုယ်တိုင်က လုပ်နေခြင်းသည်ပင် ပါရမီ ပြည့်ဖို့အတွက် ဖြစ်တယ်။ ဒါမှ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်တယ်။ ပညာပါရမီ ပြည့်ချင်ရင် စာသင်ရမယ်၊ စာတွေဖတ်ရမယ်၊ တရား နာရမယ်၊ လေ့လာရမယ်၊ မသိတာတွေ မေးရမယ်။

[၃၂] ဒီအတိုင်းနေရင်တော့ ပါရမီက မပြည့်ဘူး။ ပင်လယ် ထဲကရေ မပြည့်သလိုပဲ သူ့ဟာသူတော့ ပြည့်လာ ဖို့ရာမရှိဘူး။ ကိုယ်ကဖြည့်မှပဲ ပြည့်မှာဖြစ်တယ်။ တို့ကတော့ ဒီနှစ် ဒီဘဝမှာ ကိုယ်ကျင့်သီလ တွေ မစောင့်နိုင်သေးဘူး။ ပါရမီပြည့်တဲ့ တစ်နေ့မှ စောင့်မယ်ဆိုရင်တော့ ဘယ်တော့မှ မပြည့်ဘူး။ ဒီနှစ် ဒီဘဝ စောင့်လိုက်ခြင်းသည်ပင် ပါရမီပြည့်ဖို့ ခြေတစ်လှမ်းနီးသွားတာပဲ။ နိဗ္ဗာန်အတွက် တစ်လှမ်း နီးသွားတယ်။ လုပ်နေခြင်းသည်ပင်လျှင် ပါရမီ ပြည့်ခြင်းရဲ့ အကြောင်းလို့ဆိုလိုတယ်။ လုပ်လိုက်တဲ့ အခါမှာမှ ရင်ထဲနှလုံးထဲမှာ စွမ်းအားတွေ ပြည့်သ ထက် ပြည့်လာတယ်။

ဒါနပါရမီ ပြည့်ပုံလေးကို သတိထားကြည့်။ ပထမ ပြင်ပပစ္စည်းတွေကို လှူနိုင်တယ်။ ခန္ဓာကိုယ် က သွေးသားတော့ မလှူနိုင်သေးဘူး။ နောက် [၃၃] တစ်ဆင့် ခန္ဓာကိုယ်က သွေးသားတောင်မှ လှူနိုင် တယ်။ သို့သော် အသက်ကိုတော့ မလှူနိုင်သေးဘူး။ သေမှာ ကြောက်နေသေးတယ်ပေါ့။ ဒါ ဒါနပါရမီ မပြည့်သေးဘူး။ နောက်ဆုံးအဆင့် အသက်ကိုပါ စွန့်လှူနိုင်ပြီဆိုရင်တော့ ဒါနပါရမီ ပြည့်သွားပြီ။ ဒါကြောင့် ပါရမီကို အဆင့်သုံးဆင့်နဲ့ ထားတာ။ ဒါနပါရမီ၊ ဒါနဥပပါရမီ၊ ဒါနပရမတ္ထပါရမီတွေပေါ့။ သီလကလည်း ပစ္စည်းဥစ္စာ အပျက်ခံပြီးတော့ စောင့်တဲ့သီလ၊ ခန္ဓာကိုယ် ခြေလက်အင်္ဂါ အဆုံးခံပြီး စောင့်တဲ့သီလ၊ အသက်အသေခံပြီးတော့ စောင့်တဲ့ သီလ ဒီလို အသက်အသေခံပြီးစောင့်တဲ့ သီလထိ အောင်သွားမှ သီလပါရမီ ပြည့်တယ်လို့ခေါ်တယ်။ ကျန်တဲ့ပါရမီတွေလည်း ဒီလိုမှတ်ရမယ်။

[၃၄] အလှူစစ်ပွဲ နိုင်အောင်နွှဲ

ပါရမီဆိုတာ အဲဒီလို တဖြည်းဖြည်းနဲ့ အရည် အချင်းတွေ တက်လာတာ ပြည့်လာတာကို ဆိုတယ် ပေါ့။ ဒါနပါရမီ မရှိတဲ့ပုဂ္ဂိုလ်က ကိုယ့်ငွေ တစ်ပြား တစ်ချက်မှ မလှူနိုင်ဘူး။ ဘယ်ဘက်က ကြည့်ကြည့် ကိုယ့်မှာ ပိုတယ်မရှိ လိုနေတာပဲ။ ပေးရင်တော့ ယူမယ်။ ကိုယ်ကပေးဖို့တော့ မစဉ်းစားဘူး။ ဘာမဆို လိုနေတာပဲ။ “ဦနော လောကော အတိတ္တော တဏှာဒါသော” လောကကြီးက လိုနေဦးမှာပဲတဲ့။ ကားတစ်စင်းရှိရင် နောက်တစ်စင်း လိုသေး တယ်။ အိမ်တစ်လုံးရှိရင် နောက်အိမ်တစ်လုံး လိုသေးတယ်။ တဏှာရဲ့အတွေးက ကိုယ့်ပစ္စည်းကို မစွန့်လွှတ်နိုင်ဘူး။ မြတ်စွာဘုရားဟောတဲ့ ဒေသနာ တော်တွေထဲမယ် “အလှူလှူတာ စစ်ပွဲတစ်ပွဲ ဆင်နွှဲရတာနဲ့ အတူတူပဲ”တဲ့။ ဘယ်လို တူတာတုန်း [၃၅] ဆိုတော့ “သေမှာ ကြောက်တဲ့ ပုဂ္ဂိုလ်က စစ်မတိုက် ရဲဘူး။ ပစ္စည်းကုန်မှာ ကြောက်တဲ့ ပုဂ္ဂိုလ်က အလှူမလှူရဲဘူး။” သေမှာ မကြောက်မှ စစ်တိုက်နိုင် တာ။ ပစ္စည်းကုန်မှာ မကြောက်မှ လှူနိုင်တာ။ ဒါဟာ တူညီချက်လို့ ဒီလိုပြောတာ။

နောက်တစ်ခုက စစ်တိုက်တဲ့အခါ လူအနည်း များက ဆုံးဖြတ်ပေးတာ မဟုတ်ဘူး။ အနေအထား တို့ သူရသတ္တိတို့၊ စွမ်းရည်သတ္တိတို့၊ လက်နက်တို့က ဆုံးဖြတ်ပေးသွားတာ။ အနေအထား ကောင်းတဲ့ ဘက်၊ သတ္တိရှိတဲ့ဘက်၊ လုံ့လဝီရိယကောင်းတဲ့ ဘက်က အင်အားနည်းပေမယ့် နိုင်နိုင်တယ်။ အဲဒီလိုပဲ ဒါနကောင်းမှု လုပ်ပြီဆိုရင် အလောဘဆိုတဲ့ ဒါနစေတနာတွေ၊ သဒ္ဓါ စွမ်းအား တွေက ကိလေသာရန်သူထောင်သောင်းကို ဖယ်ရှား နိုင်တယ်ပေါ့။ ရန်သူတွေကို တစ်ဦး တစ်ယောက် [၃၆] တည်းနဲ့ အနိုင်တိုက်လိုက်သလိုပဲ အကုသိုလ် ထောင်သောင်းကို အနိုင်ယူလိုက်တယ်ပေါ့။ “အပ္ပါပိ သန္တာ ဗဟုကေ ဇိနန္တိ” စစ်တိုက်တဲ့အခါမှာ လူနည်း ပေမယ့် ထောင်သောင်းရှိတဲ့ စစ်တပ်ကြီးကို နိုင်အောင် တိုက်နိုင်တယ်တဲ့။

တစ်ချိန်တုန်းက “အရှေ့အလယ်ပိုင်း အာရဘ် အစ္စရေးစစ်ပွဲ” မှတ်မိကောင်း မှတ်မိကြလိမ့်မယ်။ အစ္စရေးနိုင်ငံကို အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား သုံးနိုင်ငံပေါင်းပြီး စစ်ဦးလှည့်တိုက်တယ်။ သူတို့ သုံးနိုင်ငံက စစ်တပ်တွေ “တလဗိ”ဆိုတဲ့ အစ္စရေးရဲ့ မြို့တော်မှာ ဆုံကြမယ်ဆိုပြီး ချီတက်သွားကြတာ။ အစ္စရေးက နောက်ကနေပြီး ရိက္ခာတွေဖြတ်၊ လေယာဉ်တွေနဲ့ ဗုံးကြဲပစ်လိုက်တာ စစ်တပ်ကြီးဟာ ခါးပြတ်သွားပြီး သဲကန္တာရကြီးထဲမှာ မလှုပ်နိုင် မရှားနိုင်ဖြစ်ပြီး ခြောက်ရက်နဲ့ပဲ စစ်ပြေငြိမ်းလိုက် [၃၇] ရတယ်။ သုံးနိုင်ငံကို တစ်နိုင်ငံထဲကနေ အနိုင်ယူလိုက်တာ။

လောကမှာ ဒါမျိုးဖြစ်တယ်ဆိုတာ သက်သေအနေနဲ့ ပြောတာ။ စစ်ပွဲအကြောင်း ပြောတာ မဟုတ်ဘူး။ ပြောချင်တာက ဒါနစေတနာလေး တစ်ခုက ကိလေသာတွေ အားလုံးကို အနိုင်ယူနိုင်တယ်ပေါ့။ “အပ္ပါပိ သန္တာ ဗဟုကေ ဇိနန္တ” နည်းပေမယ့်လို့ အများကို အနိုင်တိုက်နိုင်တယ်ဆိုတာ အင်မတန်မှ မှန်ကန်တယ်ပေါ့။

ဒါကြောင့် တို့တတွေ ဒီကနေ့ ရင်မှာဖြစ်တဲ့ သားသမီးတွေရဲ့ အကျိုးကို ဆောင်ရွက်ရတယ်။ မြတ်စွာဘုရားက သားတော် ရာဟုလာအပေါ် အကျိုးစီးပွားရှိအောင် ဆောင်ရွက်သလို တို့တတွေလည်း ကြည်ညိုအားကျအတုယူပြီး သားရှင်ပြုအလှူတော် လုပ်ရတယ်၊ အတ္တဟိတ ပရဟိတ [၃၈] လုပ်ငန်းနှစ်မျိုးလုံးကို တို့အောင်မြင်အောင် လုပ်ရတယ်လို့ မိမိတို့ရဲ့ အလှူမင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ကြည်နူးဝမ်းသာမှ ကုသိုလ်တရားဖြစ်ပွားအောင် ကိုယ်စီကိုယ်စီ ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

o70zgg3xknx8y9e4p4iumvs6dgf8s4v
လူငယ်များသို့ ဩဝါဒ
0
6483
22355
2026-11-05T21:22:39Z
Tejinda
173
"{{header | title = လူငယ်များသို့ ဩဝါဒ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ရှင်ပြုအလှူ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22355
wikitext
text/x-wiki
{{header
| title = လူငယ်များသို့ ဩဝါဒ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား အနုမောဒနာတရား]]
| previous2 = [[ရောဂါကုစား စိတ်စွမ်းအား]]
| next = [[လူဆိုး လူမိုက်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

လူငယ်များသို့ ဩဝါဒ

အမှာစာ

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး၏ “လူငယ်များသို့ ဩဝါဒ” ကို ဆရာတော်ဘုရားကြီး သက်တော် (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့အခါသမယတွင် ဓမ္မဗျူဟာဆောင်းပါးများ၊ စာတမ်းများ၊ ကျမ်းဦးမိတ်ဆက်များ၊ သဝဏ်လွှာ ဩဝါဒစာလွှာများ၊ အသံဖမ်းဩဝါဒများ၊ အထွေထွေဆောင်းပါးများ၊ ကျောက်စာမော်ကွန်းများ၊ ဓမ္မသာကစ္ဆာအင်တာဗျူးများ၊ စာမူအသီးသီးတို့ကို စုပေါင်းကာ ဓမ္မစာပေအထွေထွေအမည်ဖြင့် စာမျက်နှာ ၅ဝဝ ကျော်ရှိသော စာအုပ်ကို ဓမ္မဒါနအဖြစ် ထုတ်ဝေခဲ့ပါသည်။

ထိုစာအုပ်ထုတ်ဝေစဉ်အခါက မိမိသည် အဓိကအနီးကပ် ကြီးကြပ်စီစဉ်ရသော တာဝန်ယူခဲ့ရပေသည်။ ထိုစာမူအများထဲမှ “လူငယ်များသို့ ဩဝါဒ” စာမူသည် ဘာသာ၊ သာသနာနှင့် တိုင်းပြည်လူမျိုးတို့အတွက် အလွန်ကောင်းမြတ်သော ဩဝါဒဖြစ်သောကြောင့် လူငယ်များသို့ ဩဝါဒကို သီးခြား ဓမ္မဒါန ပြုလိုက်ရပေသည်။

စာရှုသူအပေါင်းတို့သည် -
ဆရာတော်ဘုရား၏ ဩဝါဒအတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် မိမိတို့လျှောက်လှမ်းသော ဘဝခရီးမှာ တိုးတက်မြင့်မားလျက် အောင်မြင်သော ဘဝခရီးကို လျှောက်လှမ်းနိုင်ကြပါစေဟူသော ဆန္ဒမွန်ဖြင့် . . .
အရှင်ခေမိဿရာဘိဝံသ [၁] ဘုန်းဘုန်းက ကလေးတို့နဲ့တွေ့တဲ့ အချိန်လေးမှာ ဩဝါဒစကားလေး ပြောပါမယ်နော်။ အခု ဒီလိုလူ့လောကမှာ ရောက်လာတဲ့အခါ လူတွေမှာ အရွယ်သုံးမျိုးဆိုတာရှိတယ်။ ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်၊ အဲဒီအရွယ် သုံးမျိုးထဲမှ အခုလိုသက်တမ်းဆုတ်ယုတ်လာတဲ့ ကာလပိုင်းမှာ - ဆိုကြပါစို့။ နှစ်အစိတ် ပိုင်းလိုက်မယ်ဆိုလို့ရှိရင် မွေးဖွားတဲ့အချိန်ကနေ စပြီးတော့ နှစ်ဆယ့် [၂] ငါးနှစ်အထိ၊ ဒါကို ‘ပထမအရွယ်’ လို့ ခေါ်ပါတယ်။ ပထမအရွယ်ဟာ လူ့ဘဝထဲ စတင်ရောက်ရှိလာတဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြီးပွားတိုးတက်ဖွံ့ဖြိုးလာအောင် တည်ဆောက်နေတဲ့ အချိန်ပိုင်း၊ ဒီလိုတည်ဆောက်လို့ နောက်ဆုံး အသက်အစိတ်အရွယ် ရောက်သွားရှိရင် ပြည့်ပြည့်စုံစုံ တည်ဆောက်ပြီးအပိုင်းလို့ ဒီလိုဆိုရမယ်။

နောက် နှစ်ဆယ့်ခြောက်နှစ်ကနေပြီး ဟိုဘက်နှစ်အစိတ်၊ ငါးဆယ်အထိပေါ့။ အဲဒါကို ‘ဒုတိယအရွယ်’ လို့ သတ်မှတ်ရမယ်။ ဒုတိယအရွယ် ရောက်လာတဲ့အခါကျတော့ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်လူမျိုး၊ အမျိုး၊ ဘာသာ၊ သာသနာလို့ဆိုတဲ့ အများကောင်းကျိုး ဆောင်ရွက်ရမယ့် အချိန်အခါမျိုးဖြစ်တယ်။

နောက် ၅၁ နှစ်ကနေပြီးတော့ ၇၅ နှစ် နောက်ပိုင်း ရောက်လာတဲ့အခါကျတော့ ဦးဆောင်မှုအပိုင်းကို ရောက်လာတယ်။ ဆောင်ရွက်လုပ်ဆောင်တဲ့ လုပ်ငန်းတွေဟာ အထွတ်အထိပ်ကို ရောက်လာပြီး [၃] တဲ့နောက် အများကို ဦးဆောင်မှု အတွေ့အကြုံတွေကို ပြောဆိုပြီးတော့ လူ့လောကကြီးမှာ ရင့်ကျက်တဲ့ အပိုင်းလို့ ဒီလိုပြောရမယ်။

ပထမအရွယ်နဲ့ အမျိုး၊ ဘာသာ၊ သာသနာ

အခုကလေးတို့အရွယ်ဟာ ပထမအရွယ်ပိုင်းမှာ ရှိတဲ့အတွက်ကြောင့် ကိုယ်ကာယ အနေအထားရော၊ စိတ်ဓာတ်ရေးရာဆိုင်ရာရော၊ ပညာရေးဆိုင်ရာရော လေ့လာနေကြရမယ့် အချိန်ပိုင်းလည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဘုန်းဘုန်းအနေနဲ့ အခု ပြောချင်တာက ဘုန်းဘုန်းတို့ မြန်မာစကားထဲမှာ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့ စကားရှိတယ်။ အမျိုး၊ ဘာသာ၊ သာသနာဆိုရာမှာ ကိုယ့်ကိုယ်ကိုယ် ငါ ဘာလူမျိုးလဲလို့ ပြန်မေးကြည့်လို့ရှိရင် မြန်မာလူမျိုးလို့ ဒီလိုပြောရမယ်။ မြန်မာလူမျိုးလို့ဆိုရင် ကိုယ့်အမျိုးကို ချစ်တဲ့စိတ် ရှိရမယ်။ ကိုယ့်အမျိုးကို ချစ်တယ်ဆိုတာ အခြားအမျိုးကို မုန်းရမယ်။ ဒီလိုဆိုလို [၄] တာ မဟုတ်ဘူး။ ကိုယ့်အမျိုးကိုချစ်ပြီးတော့ ကိုယ့်ရဲ့ Tradition၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို မြတ်နိုးတတ်ဖို့ကို ဆိုလိုတာပါ။ မြန်မာလူမျိုးတွေဟာ ကမ္ဘာမှာကြည့်မယ်ဆိုလို့ရှိရင် အလွန်ကောင်းတဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေ ရှိတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ မြန်မာလူမျိုးတွေရဲ့ စိတ်ထဲ နှလုံးသားထဲမှာ အလွန်ယဉ်ကျေးတဲ့ ဗုဒ္ဓရဲ့ တရားတော်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ သရေခေတ္တရာ၊ ပြည်ခေတ်လောက်ကတည်းက ရှိနေခဲ့တယ်။ ရာစုနှစ်နဲ့ ပြောမယ်ဆိုရင် ၇ ရာစုနှစ်၊ ၈ ရာစုနှစ်လောက်ကတည်းက။ ဒီလိုမြန်မာလူမျိုးတွေရဲ့ရင်ထဲ၊ နှလုံးသားထဲမှာ ဗုဒ္ဓရဲ့ အဆုံးအမတရားတော်တွေ ကိန်းဝပ်လာခဲ့တဲ့ အတွက်ကြောင့် မြန်မာ့ယဉ်ကျေးမှုနဲ့ ဗုဒ္ဓရဲ့ ယဉ်ကျေးမှုဟာ ခွဲခြားလို့မရလောက်အောင် ယှဉ်တွဲပြီးတော့ နေတယ်။

မိမိထက်ကြီးတဲ့ ပုဂ္ဂိုလ်တွေကို ရိုသေလေးစားမှု၊ လူကြီးသူမစကားကို ရိုသေလေးစားမှု၊ မိမိတို့ ကိုး [၅] ကွယ်တဲ့ ဘာသာတရားကို လေးစားလိုက်နာမှု၊ ရဟန်းသံဃာတော်များကို ရိုသေလေးစားမှု၊ အချင်းချင်း လေးစားမှု၊ ချစ်ခင်မှု၊ ယှဉ်တွဲမှုဆိုတာ မြန်မာလူမျိုးတွေရဲ့ အင်မတန်ချစ်ခင်စရာကောင်းတဲ့ ကမ္ဘာမှာ အလွန်ရှားတဲ့ Tradition တစ်ခု ဖြစ်တယ်။ အဲဒီ ကိုယ့်လူမျိုးတွေရဲ့ Tradition ကို ကိုယ်မထိန်းလို့ရှိရင် ဘယ်သူက လာထိန်းသိမ်းမှာတုန်း?၊ ဘယ်သူကမှ မထိန်းသိမ်းဘူးနော်။ ကိုယ့်လူမျိုးရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာကို ကိုယ်ပဲ ထိန်းကြရမှာ ဖြစ်ပါတယ်။

ဒီကနေ့ တောရွာတွေကို သွားပြီး ကြည့်ကြည့်လိုက်ရင် မြန်မာလူမျိုး စစ်စစ်တွေရဲ့ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီမှု၊ တစ်ယောက်ကိစ္စကို တစ်ယောက် ဝိုင်းဝန်းကူညီမှု၊ တစ်ရွာလုံး တစ်ဦးကိစ္စပေါ်ရင် အားလုံးဝိုင်းဝန်း ကူညီနေကြတဲ့ မြန်မာတွေရဲ့ ထုံးတမ်းအစဉ်အလာတွေဟာ ဒီကနေ့ထိ တချို့နေရာတွေမှာ ရှိနေတုန်းပါ။ အဲဒီအစဉ်အလာတွေ ပျောက် [၆] ပျက်ပြီးတော့ မသွားအောင် ထိန်းသိမ်းရမယ်။ အခုကလေးတို့ဟာ Generation တစ်ခုပေါ့နော်၊ ကိုယ့်ရဲ့ Generation တစ်ခု မျိုးဆက်သစ်တစ်ခု ဖြစ်လာတာ။ ဒီမျိုးဆက်သစ်တစ်ခု ဖြစ်လာတဲ့ အချိန်မှာ အင်မတန်ကောင်းတဲ့ အမွေအနှစ်တွေ မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ဒါကို အမျိုးချစ်တယ်လို့ ပြောတာပါ။ ကိုယ့်အမျိုးချစ်ပြီးတော့ ကိုယ့်ရဲ့ Tradition ကို ထိန်းသိမ်းပြီးတော့ ကမ္ဘာမှာ ကိုယ့်လူမျိုးကို ဂုဏ်ယူဝင့်ကြွားနိုင်တဲ့ အနေအထားမျိုး ရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်။

ကမ္ဘာမှာ မြန်မာ

အေး . . . ‘ကမ္ဘာမှာ မြန်မာ’ ဆိုတာ အင်မတန်ကောင်းတဲ့ အစဉ်အလာရှိတဲ့ လူမျိုး၊ ညံ့တဲ့လူမျိုး မဟုတ်ဘူး။ အဲဒီလို အစဉ်အလာကောင်းတွေ ရှိနေတယ်။ ဘုန်းဘုန်းတို့ နိုင်ငံခြားသွားတဲ့အခါ [၇] တွေ့ခဲ့သမျှ မြန်မာလူမျိုးတွေ Bright ဖြစ်တယ်ဆိုတာ တစ်ကမ္ဘာလုံးက သိတယ်၊ လက်ခံထားပါတယ်၊ မြန်မာလူမျိုးတွေဟာ တက်ကြွတယ်၊ ပင်ကိုဉာဏ် အရည်အချင်းတွေ ကောင်းတယ်ဆိုတာ အများက အသိအမှတ်ပြုတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုလည်း တို့ဟာ လူညံ့မဟုတ်ဘူး။ မညံ့တဲ့လူတွေဟာ ညံ့မနေစေရအောင် တို့ကြိုးစားအားထုတ်ကြရမယ်၊ ကိုယ့်ရဲ့အရည်အသွေးကို ကိုယ်သတိထားနေတာလည်း အမျိုးချစ်တယ်လို့ ခေါ်တာပေါ့နော်။ ကိုယ့်ရဲ့လူမျိုး၊ ကိုယ့်ရဲ့ဘာသာ၊ ကိုယ့်သာသနာကို ထိန်းသိမ်းစောင့်ရှောက်တာဟာ အမျိုးချစ်တာပဲ။ ဘယ်နေရာသွားသွား ကိုယ့်ရဲ့ Tradition ကို မဖျောက်ဖျက်တာမျိုးပေါ့။

နီတိကျမ်းမှာဆိုတဲ့ စကားလေးတစ်ခု ရှိတယ်။ မြတ်လေးပန်းကို ကလေးတို့ မြင်ဖူးကြလိမ့်မယ် ထင်ပါတယ်။ မြတ်လေးပန်းဟာ နှစ်မျိုးရှိတယ် လို့တော့ ပြောတယ်။ အဲဒီ မြတ်လေးပန်းပွင့်လေး [၈] တွေမှာ ဘယ်တော့မှကြွေမကျတဲ့ မြတ်လေးပန်း ရှိတယ်။ မြတ်လေးပန်းပွင့်လေးတွေဟာ ခေါင်းပေါ်မှာ တယုတယ ပန်မယ့်လူရှိရင် အဲဒီခေါင်းပေါ်မှာနေတယ်။ အဲဒီလိုပန်မယ့်လူမရှိရင် အပင်မှာ အခြောက်ခံတယ်ဆိုတဲ့ စကားလေးရှိတယ်။ အောက်ကိုတော့ ကြွေမကျဘူးတဲ့။ ဒါမြတ်လေးပန်းရဲ့ ဂုဏ်သတ္တိလေးပေါ့။ မြန်မာလူမျိုးဟာလည်း ထို့အတူပဲ၊ ဘယ်နေရာ၊ ဘယ်နိုင်ငံပဲ ရောက်ရောက်၊ ဘယ်လူမျိုးတွေရဲ့ ကြားမှာပဲနေနေ၊ ကိုယ့်ရဲ့ Tradition၊ ကိုယ့်ရဲ့ ဇာတိမာန်ကို မစွန့်လွှတ်ဘူး။ ပင်ကိုအရည်အချင်းတွေ ပျက်ယွင်းသွားအောင် မလုပ်ဘူး။ ဒါကို အမျိုးချစ်တယ်လို့ ပြောတာနော်။

သာကီမျိုးဟေ့ တို့ဗမာ

‘ဘာသာ’ ဆိုရာမှာ မြန်မာလူမျိုးတွေဟာ ယဉ်ကျေးမှုနဲ့ ခွဲမရလောက်အောင် ကိုးကွယ်လာခဲ့တဲ့ ဘာသာဟာ ‘ဗုဒ္ဓဘာသာ’ ပဲ။ ရှေးမြန်မာလူမျိုးကြီး [၉] တွေက “သာကီမျိုးဟေ့ . . . တို့ဗမာ” ဆိုပြီး ကြွေးကြော်ခဲ့ကြတယ်။ မြန်မာလူမျိုးနဲ့ သာကီလူမျိုး ဘယ်လိုဆိုင်လဲ? လို့ဆိုရင် လွန်ခဲ့တဲ့အတိတ်ကို မကြည့်နဲ့။ ဒီကနေ့ သကျ၊ သူတို့အသံနဲ့ဆိုရင် ဆကျ (ဆတ်ကယ) လို့ ခေါ်တယ်။ ဟိုး . . . နီပေါနိုင်ငံမှာ သကျလူမျိုးတွေ ရှိတယ်။ အဲဒီလူမျိုးတွေဟာ မြန်မာလူမျိုးတွေနဲ့ တစ်ထေရာတည်း၊ တစ်ပုံစံတည်းတူတယ်။ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ပြီးတော့ လာကြတာ။

ဘုန်းဘုန်းတို့ နီပေါနိုင်ငံ ရောက်တဲ့အခါကျတော့ အဲဒီ သကျလူမျိုးတွေဟာ ဘယ်ကနေ ဆင်းသက်လာတာတုံး? လို့ မေးလိုက်တော့ တိဗက်တို-ဘားမင်း ဆိုတဲ့ အမျိုးအနွယ်က ဆင်းသက်လာတယ်လို့ ပြောတယ်။ ဘုန်းဘုန်းတို့ မြန်မာ့သမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းပဲ မြန်မာလူမျိုးဟာ တိဗက်တို-ဘားမင်း က ဆင်းသက်လာတယ်။ နောက်ပြီး တစ်ခဏလောက် လေ့လာကြည့်တာနဲ့ [၁၀] အများသုံးတဲ့ ဘာသာစကားတွေ တူနေတာ တွေ့ရတယ်။ ဘာတွေတူလဲ? ဆိုရင် . . . မြန်မာလူမျိုးတွေက “လမ်း” လို့ ပြောတာကို သူတို့ကလည်း ‘လမ်း’ ပဲ။ ဒီက “မီး” ဆိုတာ သူတို့လည်း ‘မီး’ ပဲ၊ ဒီက “ငါး” ရေထဲက ငါးပဲ ဖြစ်ဖြစ်၊ နံပါတ်ငါးပဲ ဖြစ်စေ သူတို့လည်း ‘ငါး’ ပဲ။ စကားတွေ လုံးဝတူနေတာ ရှိတယ်။ ဒီလို လုံးဝတူနေတာရှိတော့ ရှေးလူကြီးတွေ ပြောခဲ့တဲ့ “သာကီမျိုးဟေ့ တို့ဗမာ” ဆိုတာ အလဟဿပြောခဲ့တာ မဟုတ်ဘူး။ တစ်နည်းအားဖြင့် မြန်မာလူမျိုးတွေဟာ ဟိုး . . . တိဗက်တိုကုန်းမြင့်ကနေ Merge လုပ်ပြီးတော့ ဒီဘက်ကို တဖြည်းဖြည်း ရွေ့လျားပြီးတော့ ရောက်ရှိလာတာ၊ အဲဒီတော့ ပင်ကိုအားဖြင့် ဘယ်လိုပဲဖြစ်ဖြစ်၊ အနေအထားဟာ ဗုဒ္ဓမြတ်စွာရဲ့ ဆွေတော်မျိုးတော်တွေလို့ ဒီလို ပြောနိုင်ပါတယ်နော်။ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ ရင်ထဲ နှလုံးသားထဲ သွေးသားထဲမှာ ဗုဒ္ဓရဲ့ ယဉ်ကျေးမှုတွေ ကိန်းအောင်းပြီး မိမိတို့ရဲ့ နှလုံးသားထဲမှာ [၁၁] ယဉ်ကျေးမှုတစ်ခုအနေနဲ့ လက်ခံထားကြတာ။ အဲဒီ ကိုယ့်ဘာသာဟာ ဘာတုံး? ဆိုရင် ဗုဒ္ဓဘာသာပဲ။

ဘုရားမှန်ရန်

အဲဒီဗုဒ္ဓဘာသာဟာ ကိုးကွယ်မှုဆိုတဲ့ အခြားဘာသာတွေနဲ့ တူသလား? လို့ဆိုတော့ တချို့က ပြောလေ့ရှိတယ်။ ‘လောကမှာ ဘုရားဆိုတာ တစ်ဆူတည်းပဲ ရှိတယ်။ အကုန်အတူတူပါပဲ’ လို့ ပြောတတ်တယ်။ ကလေးတို့ စဉ်းစားရမှာက ဘယ်ဘုရားကို ရည်ညွှန်းတာလဲ? လို့ မေးဖို့လိုတယ်။ ဘုရားလို့ နာမည်ခံတာတွေက အများကြီးရှိတယ်နော်။ ဘုရားဆိုတာမျိုးဟာ ကရုဏာရှိရမယ်။ ပညာရှိရမယ်။ အေး ‘ကရုဏာ’ ဆိုတဲ့ နေရာမှာ သာမန် ကရုဏာမဟုတ်ဘူး။ မဟာကရုဏာ။ ပညာကလည်း မဟာပညာ။ ပညာရှိတယ်။ ကရုဏာရှိတယ်။ ပညာသာရှိပြီး ကရုဏာမရှိရင် ရက်စက်တတ်တယ်။ ကရုဏာသာရှိပြီး ပညာမရှိရင် လမ်းမှန်ကို မပေးနိုင် [၁၂] ဘူး။ ကရုဏာရော ပညာရော နှစ်ပါးစုံရမယ်။ ဘုရားမှန်ရင် ကရုဏာရော ပညာရော နှစ်ပါးလုံးစုံမှ ဘုရားဖြစ်ပါတယ်။ တခြားအရည်အသွေးတွေလည်း ရှိသေးတယ်နော်။

“ရက်စက်ပြီးတော့ ဒဏ်ခတ်တယ်” ဆိုတာ ဘုရားမဟုတ်ဘူး။ မြတ်စွာဘုရားဟာ ဆင်းရဲဒုက္ခရောက်နေတဲ့ သတ္တဝါတွေ အားလုံးအပေါ်မှာ အကြင်နာထားတာ ကရုဏာပဲ။ ထိုဆင်းရဲဒုက္ခတွေက လွတ်မြောက်အောင် လမ်းမှန်ကိုညွှန်နိုင်တာ ပညာ။ အေး . . . ကရုဏာ၊ ပညာ နှစ်ခုပေါင်းစပ်လိုက်မှ တကယ့် ဘုရားအစစ်။

လူ့လောကမှာ ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ကရုဏာလည်း ရှိရမယ်၊ ပညာလည်း ရှိရမယ်။ ပညာတော့ ရှိတယ်၊ ကရုဏာ မရှိဘူးဆိုရင် ကောက်ကျစ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ရက်စက်တတ်တယ်။ ကရုဏာတော့ ရှိတယ်၊ ပညာမရှိဘူးဆိုရင် လမ်းမှန်ကို မသိဘူး။ တလွဲတွေ လုပ်တယ်။ အေး . . . အဲဒါမျိုး [၁၃] ပြုရသော ကုသိုလ်ကောင်းမှုကြောင့် . . .” ဒီလိုပါတယ်နော်။ တချို့ကတော့ မဟုတ်ဘူး၊ တခြားဘာသာတွေမှာဆိုလို့ရှိရင် “အဖဘုရားသခင် ကယ်တော်မူပါ၊ ဆင်းရဲဒုက္ခက လွတ်မြောက်အောင် ဘာလုပ်တယ်ဆိုတာ မပါဘူး၊ ဟုတ်ရဲ့လား?၊ ခွင့်လွှတ်တော်မူပါ ဒါပဲ။

ဗုဒ္ဓဘာသာက အဲဒီလို မဟုတ်ပါဘူး။ ကိုယ့်လုပ်အားအတွက် ကိုယ်လိုချင်တာကို ရည်ညွှန်းတာ။ တောင်းယူတဲ့ဆုတောင်း မဟုတ်ဘူးနော်။ ကိုယ့်လုပ်အားဟာ ကုသိုလ်ကောင်းမှုတစ်ခုလုပ်တယ်။ အဲဒီကုသိုလ်ကောင်းမှုဟာ ဘာအတွက် ဖြစ်ချင်ပါတယ်၊ အလုပ်လုပ်ပြီးတော့မှ ပြောတဲ့စကားမျိုး၊ မတူဘူးနော်။ လုပ်ချင်တာတွေ လုပ်ပြီးတော့ ဒူးထောက်ပြီး ခွင့်လွှတ်ပါဆိုတာမျိုး မဟုတ်ဘူး။ အေး . . . ဒါကြောင့်မို့လို့ အသွင်သဏ္ဌာန်ချင်း၊ အနှစ်သာရချင်းဟာ လုံးဝကွဲပြားတယ်ဆိုတာကို ကလေးတို့ သိရမယ်။ ဘယ်အရာပဲဖြစ်ဖြစ် လေးလေးနက်နက် စဉ်း [၁၄] မဖြစ်ရအောင် တို့ဗုဒ္ဓမြတ်စွာက ပညာလည်း ရှိတယ်။ ကရုဏာလည်း ရှိတယ်။ မဟာကရုဏာနဲ့ မဟာပညာပြည့်စုံတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် အများအပေါ်မှာလည်း အကြင်နာတရား ကြီးမားတယ်။ အကြင်နာတရား ကြီးမားတဲ့အတိုင်း မှန်ကန်တဲ့ လမ်းကိုလည်း ညွှန်ပြနိုင်တယ်။

လေးလေးနက်နက် စဉ်းစားဖို့

အေး . . . ဗုဒ္ဓမြတ်စွာကို ယုံကြည်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ တခြားဘာသာနဲ့ မတူတဲ့ အချက်ကလေးကိုလည်း ကလေးတို့ သိဖို့လိုတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဆုတောင်းတယ်။ တခြားဘာသာဝင်တွေလည်း ဆုတောင်းကြတယ်။ တခြားဘာသာဝင်တွေ ဆုတောင်းတာက ရလိုမှုတွေနဲ့ ဆုတောင်းကြတာများတယ်။ ဗုဒ္ဓဘာသာ ဆုတောင်းတာနဲ့ တခြားဘာသာ ဆုတောင်းတာကို တူတယ်လို့ မထင်နဲ့။ ဗုဒ္ဓဘာသာတွေ ဆုတောင်းလို့ရှိရင် “ဤယခု [၁၅] စားတတ်ကြရမယ်နော်။ အဲဒီလို လေးလေးနက်နက် စဉ်းစားပြီးတော့ လက်ခံတတ်လာမယ်ဆိုရင် ဒါ အမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးတယ်၊ တန်ဖိုးထားတတ်တယ်လို့ ဒီလိုဆိုတယ်။ ဘယ်အရာပဲဖြစ်ဖြစ် စဉ်းစားတတ်ဖို့ လိုပါတယ်။

မှတ်ကျောက်လေးတွေ

မိမိရဲ့ Tradition မှာလည်းပဲ ကောင်းတဲ့ Tradition ရှိသလို မကောင်းတဲ့ Tradition လည်း ရှိကောင်းရှိလိမ့်မယ်။ ကောင်းမကောင်းဆိုတာကို တိုင်းတာဖို့ ပေတံလေးတစ်ခု၊ မှတ်ကျောက်လေးတစ်ခုတော့ ကိုယ့်မှာ ရှိထားရမယ်နော်။ Criterion လေးရှိရမယ်။ စံလေးတစ်ခု မှတ်ထားရမယ်။ ဘယ်အရာပဲဖြစ်ဖြစ် ကောင်းတဲ့အရာ၊ မကောင်းတဲ့အရာ၊ လုပ်သင့်တဲ့အရာ၊ မလုပ်သင့်တဲ့အရာ။ ဒီလိုနှစ်ခုခွဲပြီး ကြည့်ရမယ်။ လုပ်သင့်တဲ့အရာဆိုတာ ဘာလဲ?။ လုပ်သင့်တဲ့အရာဆိုတာ မိမိကိုလည်း ထိခိုက်နစ်နာ [၁၆] မှု မဖြစ်စေဘူး၊ သူတစ်ပါးတွေကိုလည်း ထိခိုက် နစ်နာမှု မဖြစ်စေဘူး။ နှစ်ဦးလုံးကို ထိခိုက်နစ်နာမှု မဖြစ်စေဘူးဆိုတဲ့အလုပ်ဟာ လုပ်သင့်တဲ့အလုပ်၊ အဲဒါနဲ့ပဲ စံထားရမှာ။

ကိုယ်လုပ်တဲ့ လုပ်ငန်းတစ်ခုဟာ ကိုယ့်ကို ထိခိုက်သွားရင် မလုပ်သင့်ဘူး။ ထိခိုက်တယ်ဆိုတာ ရရှိမယ့်အကျိုးတွေ လက်လွတ်သွားလို့ရှိရင်လည်း ထိခိုက်တယ်လို့ ခေါ်တယ်နော်။ ရရှိသင့်တာတွေ မရရှိတော့ဘူးဆိုရင် ထိခိုက်တယ်လို့ ခေါ်တယ်။ အဲဒီတော့ ကိုယ့်အတွက် ထိခိုက်တယ်၊ သူတစ်ပါး အတွက် ထိခိုက်တယ်။ နှစ်ဦးစလုံးအတွက် ထိခိုက်တယ်ဆိုရင် မလုပ်သင့်တဲ့ အလုပ်။ ကိုယ့်လည်း မထိခိုက်ဘူး။ သူတစ်ပါးလည်း မထိခိုက်ဘူး။ နှစ်ဦးစလုံးကို မထိခိုက်ဘူး။ မထိခိုက်တဲ့အပြင် ကောင်းကျိုးချမ်းသာတွေကို ဖြစ်ပွားစေမယ်ဆိုရင် ဒါလုပ်သင့်တဲ့အလုပ်၊ Criterion အနေနဲ့ ဒီလိုမှတ်ရမှာ။ ဒါ ‘မှတ်ကျောက်’ လို့ ခေါ်တာပါ။

[၁၇] ဒါ ဘုန်းဘုန်းအနေနဲ့ပြောတာ မဟုတ်ပါဘူး။ ဘုန်းဘုန်းတို့ ပိဋကတ်စာပေထဲမှာ “အတ္တဗျာဗာဓာယပိ သံဝတ္တတိ။ ပရဗျာဗာဓာယပိ သံဝတ္တတိ။ ဥဘယဗျာဗာဓာယပိ သံဝတ္တတိ” လို့ Criterion ကို ဗုဒ္ဓမြတ်စွာကိုယ်တိုင် ဟောပြထားခဲ့တာပါ။ ဒါနဲ့ တိုင်းတာရမှာ။ ကဲ . . . အတိုင်းအတာလေး သုံးခု၊ ကိုယ်လုပ်တဲ့ လုပ်ငန်းတစ်ခုသည် ကိုယ့်ကို ထိခိုက်သလား၊ သူတစ်ပါးကို ထိခိုက်သလား၊ နှစ်ဦးကို ထိခိုက်သလားလို့ စဉ်းစားသင့်တယ်နော်။

လုပ်သင့်တဲ့အလုပ်

ထိခိုက်တယ်ဆိုတဲ့နေရာမှာ ဘုန်းဘုန်းဥပမာတစ်ခုပြောပြမယ်။ မူးယစ်ဆေးဝါး သုံးစွဲတယ်၊ အရက်သေစာ သောက်စားတယ် ဆိုပါတော့။ တချို့တချို့ပုဂ္ဂိုလ်တွေ ပြောတာရှိတယ်၊ အရပ်ထဲမှာ အရက်သောက်ပြီးတော့ မဆဲဘူး၊ မဆိုဘူး။ ဗိုက်မှောက်ပြီးအိပ်နေတယ်။ အရက်သေစာ သောက်ပြီးတော့ [၁၈] ကိုယ့်ဘာသာကိုယ် ငြိမ်ငြိမ်လေးနေတယ်။ အပြစ်မရှိဘူးလို့ ထင်ကြတယ်နော်။ ဒါကတစ်ယောက်။ အရက်သောက်ပြီး တချို့က အရပ်ထဲမှာ ဆဲတယ်။ နှောင့်ယှက်တယ်၊ ရန်ဖြစ်တယ်၊ ဒါက တစ်ယောက်။ အဲဒီနှစ်မျိုးလုံးထဲမှာ တစ်ယောက်က အေး. . . “ကိုယ်ကြိုက်လို့ ကိုယ်သောက်။ ဗိုက်မှောက်အိပ်နေ ဘာမှမဆူနဲ့၊ မညံနဲ့၊ အပြစ်မရှိဘူး” လို့ထင်တယ်နော်။ ကဲ. . . စဉ်းစားကြည့်စမ်း။ အရက်သေစာ သောက်စားမူးယစ်ပြီးတော့ အဲဒီလိုနေတဲ့ လူတစ်ယောက်ဟာ ထိုအချိန်အတွင်းမှာ သူရသင့်ရထိုက်တဲ့ အတတ်ပညာ, အသိပညာ, စီးပွားဥစ္စာတွေ မရနိုင်တော့ဘူးနော်။ ကိုယ့်ထိခိုက်တဲ့ အလုပ်ဆိုတော့ ခုန စံနဲ့ သွားတိုက်လို့ရှိရင် ဒါကောင်းတဲ့အလုပ်လို့ ခေါ်လို့ မရတော့ဘူး၊ ကောင်းတဲ့အလုပ် မဖြစ်ဘူးနော်။ သူများအတွက် အနှောင့်အယှက် မဖြစ်သော်လည်း ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်သွားပြီ၊ ကိုယ့်အတွက် ဆုံးရှုံးသွားပြီ။ တတ်ရမည့်ပညာတွေ [၁၉] မတတ်လိုက်ရဘူး၊ အဲဒီအချိန်မှာ အဖိုးတန်ပညာတွေ ကိုယ် မရလိုက်ဘူး၊ အဖိုးတန်အသိဉာဏ်တွေ မရလိုက်ဘူး၊ တန်ဖိုးရှိတဲ့ အချိန်အတွင်းမှာ စီးပွားဥစ္စာ မရလိုက်ဘူး၊ တန်ဖိုးရှိတဲ့ အချိန်အတွင်းမှာ ကုသိုလ်တွေ မရလိုက်ဘူး။ ဆုံးရှုံးသွားတယ်၊ ဒါလည်း ‘ဆုံးရှုံးမှု’ လို့ခေါ်တယ်။ ပိုက်ဆံတွေ၊ ငွေကြေးဓနတွေ ဆုံးရှုံးမှ ဆုံးရှုံးတာမဟုတ်ဘူး။ လူ့လောကမှာ ငွေကြေးဓနဟာ တကယ့်အနှစ်သာရ မဟုတ်ဘူး။ တကယ့်အနှစ်သာရဆိုတာကို ဗုဒ္ဓမြတ်စွာက “ပညာ နရာနံ ရတနံ” တဲ့။ လူတွေရဲ့တကယ့်အနှစ်သာရ ရတနာဟာ အသိပညာ၊ အတတ်ပညာပဲနော်။ အေး.. ဒါကြောင့်မို့ အဲဒါတွေ ဆုံးရှုံးသွားလို့ရှိရင် တကယ့်ဆုံးရှုံးမှု၊ ကိုယ့်ကို မထိခိုက်မနစ်နာဘူးလား?။ ထိခိုက်တယ်၊ ကိုယ့် ထိခိုက်တာနဲ့ တစ်ပြိုင်နက် သူတစ်ပါးကိုရော တစ်ဖက်တလမ်းအားဖြင့် တိုက်ရိုက်မဟုတ်တောင် ထိခိုက်သွားနိုင်တယ်။ သူ့မှာ မိသားစုရှိတယ်လို့ ဆိုရင် သူ လုပ်ရမယ့် Duty [၂၀] တွေ သူ မလုပ်တဲ့အတွက်ကြောင့် သူ့မိသားစုမှာ တာဝန် ပိမသွားဘူးလား?။ ဟော ဒါသူများကို ထိခိုက်တယ်လို့ ခေါ်တာပေါ့။ သူ လုပ်ရမယ့် အလုပ်တွေ မလုပ်တော့ ကျန်တဲ့လူတစ်ယောက်က သူ့တာဝန်ပါ နှစ်ထပ်ကွမ်း လုပ်နေရတယ်။ ဟုတ်ရဲ့လား?။ သူ့တာဝန်ကြီးပါ လေးသွားတယ်နော်။ လေးသွားတော့ မိသားစုမှာလည်း သူတို့ကိုယ်ပိုင် အချိန်တွေ လက်လွတ်ဆုံးရှုံးသွားတယ်နော်။ ဆုံးရှုံးမှုတွေ ရှိတယ်။ ငွေကြေးဆုံးရှုံးမှုမှ ဆုံးရှုံးတာ မဟုတ်ဘူး။ အချိန်ဆုံးရှုံးတာလည်း ဆုံးရှုံးတာပဲနော်။ ဒီလိုကြည့်မယ်ဆိုလို့ရှိရင် ဆုံးရှုံးမှုတွေ မြောက်မြားစွာ ရှိပါတယ်။

မူးယစ်ဆေးသုံးစွဲပြီးတော့နေတဲ့ လူတစ်ယောက်ဟာ ပညာဘက်က ဆုံးရှုံးသွားတယ်၊ အချိန်တွေ ဆုံးရှုံးသွားတယ်၊ စီးပွားဥစ္စာတွေ ဆုံးရှုံးသွားတယ်။ တစ်ခါ သူ့အတွက် လိုက်လုပ်ပေးနေရတဲ့ မိသားစုတွေမှာလည်း အချိန်တွေ ဆုံးတယ်၊ ငွေဆုံးတယ်။

[၂၁] ဟော . အကုန်လုံး ဆုံးရှုံးနစ်နာကြတယ်။ အဲတော့ ကိုယ့်လည်း ထိခိုက်တယ်၊ သူတစ်ပါးလည်း ထိခိုက်တယ်ဆိုရင် နှစ်ဦးစလုံး ထိခိုက်တာပဲ မဟုတ်လား။ အေး ဒါကြောင့်မို့လို့ ဒီအလုပ်ဟာ မလုပ်သင့်တဲ့ အလုပ်လို့ ဒီလို သတ်မှတ်ပါတယ်။

လုပ်သင့်တဲ့အလုပ်ဆိုတာကျတော့ အေး . မိမိအတွက်လည်း အကျိုးရှိတယ်၊ မိသားစုအတွက်လည်း အကျိုးရှိတယ်၊ နှစ်ဦးနှစ်ဝ အားလုံးကို အကျိုးရှိတယ်ဆိုရင် ဒါကောင်းတဲ့အလုပ်လို့ ဒီလို သတ်မှတ်တယ်။ အေး . . . ဒါကြောင့်မို့လို့ ဗုဒ္ဓမြတ်စွာ သာသနာမှာ အမျိုးကို ချစ်တယ်, ဘာသာ သာသနာကို ချစ်တယ်ဆိုတာ အခုလို ကောင်းတဲ့ အဆုံးအမတွေ ရရှိလို့ ချစ်ခင်တာကို ဆိုလိုတယ်။ တန်ဖိုးထားတာကို ချစ်တယ်လို့ ပြောတာ၊ ကိုယ့်အမျိုးကို ချစ်ပြီးတော့ သူများအမျိုးကို ဆန့်ကျင်ဘက် လုပ်တာကျတော့ ‘မျိုးချစ်’ လို့ မခေါ်နိုင်ဘူးနော်။ ကိုယ့်အမျိုး ချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး [၂၂] ကိုယ့်ကိုယ်ကို ကြီးပွားတိုးတက်အောင် လုပ်ခွင့်ရှိတယ်၊ သူတစ်ပါးကို အနှောင့်အယှက်ပေးဖို့ မလုပ်ရဘူး။ လုပ်ခြင်းအားဖြင့် သူတစ်ပါးကို ထိခိုက်နစ်နာစေတယ်ဆိုတာ မကောင်းတဲ့အလုပ်လို့ပဲ ဒီလိုပြောရမှာပါ။

ကုသိုလ်ဆိုတာ

နောက်တစ်ခုက ကုသိုလ်၊ အကုသိုလ်၊ ဗမာလူမျိုးတွေ အပြောအဆိုရှိကြတယ်။ “ဟေ့ . ကုသိုလ်ရတယ်” လို့။ ကဲ . . . “ကုသိုလ်ရတယ်ဆိုတာ ကလေးတို့ ဘာရတာကို ပြောတာ” တုန်း?။ ပိုက်ဆံရတယ်ဆိုရင်တော့ သိတယ်။ လက်ထဲမှာ ပိုက်ဆံတွေ တစ်ထုပ်ကြီး ရသွားတယ်၊ ငွေရတယ်ဆိုရင် သိတယ်နော်။ ကုသိုလ်ရတယ်ဆိုတာကျတော့ ဘယ်လိုရတာတုန်း?၊ ကုသိုလ်ဆိုတာ ဘယ်လိုဟာတုန်း? လို့ စဉ်းစားဖို့ လိုတယ်နော်။

[၂၃] ကုသိုလ်ဆိုတာ ပါဠိ “ကုသလ” ဆိုတဲ့ စကားက လာတာ။ “ကုသလ” ဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး “ကုသိုလ်” ဖြစ်လာတာ၊ ဒီစကားလုံးလေးကို အဓိပ္ပာယ်မပြန်ဘဲနဲ့ ကုသိုလ်လို့ ဆိုထားတာ။ အဲဒီတော့ ဒီစကားလုံးလေးကို အဓိပ္ပာယ်ရှင်းပြရမယ် ဆိုရင် “ကု” ရယ်၊ “သလ” ရယ် နှစ်မျိုးခွဲလိုက်ပါ။ “ကု” ရဲ့ အဓိပ္ပာယ်က ‘အဆိုးတရား’ များတဲ့။ “သလ” ဆိုတာ ‘ဖယ်ရှားဖျက်ဆီးနိုင်တဲ့ သဘောတရား’။ “အဆိုးတရားတွေကို ဖယ်ရှားနိုင်တဲ့အရာကို ကုသိုလ်” လို့ ခေါ်တာနော်။

အဆိုးတရားတွေ

“ကု” ဆိုတာ အဆိုးတရားတွေ၊ မကောင်းကျိုးကို ပေးတတ်တဲ့တရားတွေဟာ အဆိုးတရားတွေပဲ။ ဘာတွေတုန်းလို့ ဆိုလို့ရှိရင် လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ။ လောဘဆိုတာ ကောင်းကျိုးပေးသလား? လို့ ဆိုလို့ရှိရင် လောဘဟာ ကောင်းကျိုး [၂၄] တော့ မပေးဘူး။ လောဘရှိနေတဲ့အတွက်ကြောင့် သူများကို မထိခိုက်ရင်တောင် ကိုယ်တော့ ထိခိုက်နေကြတာပဲ။ ဆိုပါတော့။ အရာဝတ္ထုတစ်ခုကို မိမိက တပ်မက်နေတယ်။ လိုချင်နေတယ်ဆိုလို့ရှိရင် အဲဒီလိုချင်နေတဲ့ အရာဝတ္ထုလေးတစ်ခုကြောင့် ကိုယ့်မှာ လောဘ ဖြစ်လာတယ်။ အဲဒီလောဘဖြစ်နေတဲ့ အတွက်ကြောင့် ဒါလေးကိုရလို့ရှိရင် သိမ်းပိုက်ထားပြီးတော့ အကုသိုလ်တွေဖြစ်လာတယ်။ ဘယ်လိုတွေ ဖြစ်လာတုန်း? ဆိုရင် ကိုယ့်ပစ္စည်းလေးကို သူများထိမှာ မကြိုက်ဘူး။ ဒီပစ္စည်းလေး မတော်တဆ ပျောက်သွားလို့ရှိရင် ဝမ်းနည်းရတာ။ ဒီတော့ ကောင်းတာတွေ မလာဘူးနော်။

လောဘဆိုတာ Attachment ပေါ့။ တွယ်တာနေတဲ့ အရာလေးတစ်ခု။ သူတို့အပေါ်ကို တွယ်တာမိပြီဆိုလို့ရှိရင် ကိုယ့်ရဲ့စိတ်အေးချမ်းမှုတွေ ဆုံးရှုံးသွားတယ်။ တွယ်တာမှုကို အကြောင်းပြုပြီးတော့ စိတ်အေးချမ်းမှုတွေ ဆုံးရှုံးသွားတယ်။ အဲဒီကိုယ့်ရဲ့ [၂၅] စိတ်ငြိမ်းချမ်းမှု ဆုံးရှုံးသွားစေတာဟာ အကောင်းလား၊ အဆိုးလား? ဆိုတော့ အဆိုးပဲနော်၊ Where there is attachment, there is worry. ပေါ့ Attachment ရှိတဲ့ နေရာမှာ Worry ဆိုတာ လာတယ်နော်။ စိတ်သောကဟာ တွယ်တာနေတဲ့ နေရာမှာရှိတယ်၊ အတွယ်အတာ မရှိရင် စိတ်သောက မရှိဘူး။ တွယ်တာနေတဲ့နေရာမှာ စိတ်သောက ဖြစ်တယ်။ ကိုယ်လိုချင် နှစ်သက်နေတဲ့ ပစ္စည်းလေးတစ်ခု။ အဲဒီပစ္စည်းလေးတစ်ခု ပျောက်သွားရင် စိတ်ဆင်းရဲတယ်နော်။ အေး . . . အဲဒီထက် တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခု။ ဒါပေမဲ့ ကိုယ်နဲ့မဆိုင်ဘူး၊ သူများပစ္စည်း၊ ကိုယ်ကလည်း မတွယ်တာဘူး။ အဲဒီပစ္စည်း ကိုယ့်ရှိတာမဟုတ်ဘူး၊ အဲဒါ ပျောက်သွားတဲ့ အခါကျတော့ စိတ်မဆင်းရဲဘူး။ ဘာဖြစ်လို့လဲ? ဆိုတော့ မတွယ်တာလို့။ ကိုယ့်ပစ္စည်းမဟုတ်တော့ ကိုယ်က လောဘမဖြစ်ဘူး။ ဟုတ်တယ် မဟုတ်လား?။ တွယ်တာပြီးတော့ မပစ်ထားဘူး။ တွယ်တာ [၂၆] မထားတဲ့အတွက်ကြောင့် ကိုယ်နဲ့လောဘနဲ့ ဆက်စပ်မထားဘူး။ ဆက်စပ်မထားတဲ့ အတွက်ကြောင့် သောက မဖြစ်ဘူး။

အဲဒီသဘောလေးတွေကို စဉ်းစားပြီးတော့ ကြည့်ရင် ဒီလောဘလေးဟာ အကောင်းလား? အဆိုးလား? ဒီလို မေးလိုက်လို့ရှိရင် အနည်းဆုံး လောဘလေးရှိရင် ကိုယ့်မှာ နောက်က Worry ဆိုတာ လာတော့တာပဲ၊ စိတ်ငြိမ်းချမ်းမှုကို ဖျက်ဆီးတတ်တဲ့ သဘာဝတရားလေးတစ်ခု ဖြစ်လာတယ်။ လောဘ ဒီထက်ကြီးလာပြီဆိုလို့ရှိရင် ဘာဖြစ်လာတုန်း?။ အဲဒါကျတော့ ကိုယ့်ပစ္စည်းတင်မကဘူး၊ သူများပစ္စည်းပါ ရချင်လာတယ်။ အဲဒီအခါကျတော့ ဘာဖြစ်တုန်း?။ သူခိုးဘဝ, ဓားပြဘဝ ရောက်လာတယ်၊ အေး . ဒီတော့ လောဘကို မထိန်းနိုင်လို့ ကြီးလာတာနဲ့တစ်ပြိုင်နက် ကိုယ့်ပစ္စည်းတင်မကဘူး၊ သူများပစ္စည်းပါ လိုချင်လာတယ်။ အဲဒီလောဘကျတော့ ပိုပြီးပြဿနာတွေ နောက်ဆက်တွဲ လိုက်လာ [၂၇] F-(3)A တယ်။ ဟုတ်ရဲ့လား ?။ ဒါကြောင့်မို့လို့ အဲဒီလောဘကို “ကု” ... “အဆိုးတရား” လို့ ခေါ်တယ်။

ဒေါသဟာ ‘အဆိုးတရား’ ဆိုတာ လူတိုင်း သိတယ်နော်။ စိတ်ဆိုးလာတာနဲ့တစ်ပြိုင်နက် ငြိမ်းချမ်းတဲ့ စိတ်အခြေအနေလေး ပျောက်ပျက်သွားတယ်နော်။ အဲဒါကြောင့်မို့ ဒေါသဖြစ်လာတာနဲ့ တစ်ပြိုင်တည်း လူရဲ့ခန္ဓာကိုယ်ဟာ အခြေအနေတွေ အကုန်ပြောင်းသွားတယ်နော်။ တုန်တုန်ဆတ်ဆတ် ဖြစ်လာတယ်။ ပါးစပ်က မပြောသင့်တာတွေ ပြောလာတယ်၊ လက်က မလုပ်သင့်တာတွေ လုပ်လာတယ်၊ ဒေါသရဲ့ အရှိန်ပေါ့။ ကောင်းတာတွေ တစ်ခုမှမဖြစ်ဘူး။ ဒေါသဖြစ်လာတာနဲ့ တစ်ပြိုင်နက် မကောင်းတဲ့ အဆိုးတွေ ဖြစ်လာတယ်။

ဒါဖြင့် မောဟက ဘယ်လိုအဆိုးကို လုပ်တာတုန်း? ဆိုတော့ ဘာလုပ်သင့်လဲ၊ ဘာမလုပ်သင့်ဘူးလဲ လို့ မသိတာ မောဟ။ လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားမသိတဲ့ မောဟဖြစ်လာပြီဆိုရင် မလုပ်သင့်တာ [၂၈] တွေ လုပ်မိတယ်၊ လုပ်သင့်တာတွေကျတော့ မလုပ်မိဘူး။ မလုပ်သင့်တာ လုပ်မိရင်လည်း ပြဿနာ၊ လုပ်သင့်တာ မလုပ်လို့ရှိရင်လည်း ဆုံးရှုံးမှု။ ဒါပြဿနာပဲ။ နှစ်ခုစလုံး အကောင်းရှိဘူးနော်။ ဒါကြောင့်မို့လို့ အချုပ်အားဖြင့် ဒီလောဘတို့ ဒေါသတို့ မောဟတို့ကို “ကု” - “အဆိုးတရား” လို့ ပြောတာပါ။ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေဟာ လက်တွေ့သိရှိနားလည်နိုင်တဲ့ သဘောတရားတွေချည်းပဲနော်။

နောက် ဆိုးတဲ့တရားနှစ်ခု ရှိသေးတယ်။ ဣဿာနဲ့ မစ္ဆရိယ။ ဣဿာ Jealousy လို့ ခေါ်တယ်။ လူတစ်ယောက် အောင်မြင်သွားတယ်၊ ကိုယ့်သူငယ်ချင်းတစ်ယောက် စာမေးပွဲအောင်တယ်၊ မနာလိုဖြစ်တယ်။ ဒါ ‘ဣဿာ’ လို့ ခေါ်တယ်။ ကိုယ်အောင်တယ်။ သူများကို မအောင်စေချင်ဘူး၊ “မစ္ဆရိယ” လို့ ခေါ်တယ်။ အဲဒီ ဣဿာ, မစ္ဆရိယဆိုတဲ့ တရားနှစ်ခုဟာလည်းပဲ ငြိမ်းချမ်းမှုကို ဖျက်ဆီး F-(3)B [၂၉] တတ်လို့ သူတို့ကိုလည်း “အဆိုးတရား” လို့ခေါ်တယ်။ အဲဒီ အဆိုးတရားတွေကို ဖယ်ရှားပစ်နိုင်တဲ့ တရားမျိုးကို “ကုသလ - ကုသိုလ်” လို့ ခေါ်တယ်။

ကုသိုလ်ဖြစ်အောင်

အဲဒီတော့ ကုသိုလ်ဆိုတာ Antibiotic တို့ လိုပေါ့။ အဆိုးတရားတွေကို ဖယ်ရှားပစ်နိုင်တယ်နော်။ လောဘကို ဖယ်ရှားပစ်ဖို့ မိမိနှလုံးသားထဲမှာ လောဘရဲ့ ဆန့်ကျင်ဘက်၊ လောဘကို ဖယ်နိုင်တဲ့ အလောဘ Anti-attachment လို့ ခေါ်တယ်။ Attachment, Anti-attachment နော်။ လောဘက Attachment အလောဘကျတော့ Anti-attachment / Anti-attachment ကို ကိုယ့်နှလုံးသားထဲမှာ တည်ဆောက်လိုက်လို့ရှိရင် Attachment က ကွာသွားရောနော်။ အဲဒါကျတော့ ဘာဖြစ်လာသလဲ ? ဆိုရင် Generality ၊ အားလုံးအပေါ်မှာ ရက်ရောတယ်၊ ခွဲဝေပေးနိုင်တယ်၊ စိတ်ဓာတ်ကြီးမား [၃၀] လာတယ်၊ သိမ်းပိုက်ထားတာ မရှိဘူး၊ မရှိတဲ့အတွက်ကြောင့် လက်လွှတ်လိုက်ရလည်း ဘာမှမဖြစ်ဘူး။ Worry မလာဘူး။

ဒေါသဆိုတဲ့ အဆိုးတရားက Hatred ၊ အဒေါသကျတော့ Anti-hatred ၊ Hatred ကို ဖယ်ရှားစွန့်ပစ်နိုင်တဲ့ သဘောတရားကို “အဒေါသ” လို့ ခေါ်တယ်။ အဲဒီ အဒေါသကိုပဲ “မေတ္တာ” လို့ ခေါ်တာနော်။ မြန်မာလူမျိုးတွေထဲမှာတော့ ‘မေတ္တာ’ ကိုတခြားနေရာ သွားသုံးနေတာလည်း ရှိသေးတယ်၊ မေတ္တာရှိပါတယ် ဆိုတာမျိုး၊ အဲဒါမျိုး ရှိသေးတယ်။ ဟုတ်ရဲ့လား? တကယ့် ‘မေတ္တာ’ ဆိုတဲ့ သဘောတရားက ဖြူစင်တယ်၊ အဲဒါလည်းပဲ ဗုဒ္ဓဘာသာတွေနဲ့ မေတ္တာအစစ်အမှန်ကို သိဖို့လိုတယ်နော်။

မေတ္တာကို Loving kindness လို့ အင်္ဂလိပ်လို ပြန်လေ့ရှိတယ်။ Loving kindness ။ ဒီပြန်ဆိုချက်ဟာ တကယ်တော့ Literal meaning နဲ့ ဝေးနေသေးတယ်။ မမှန်သေးဘူး။ တကယ်တော့ ‘မေတ္တာ’

[၃၁] ဆိုတာ ကလေးတို့ စဉ်းစားကြည့်။ “မိတ္တ” မိတ်ဆွေဆိုတဲ့ စကားလုံးကို သိတယ်နော်။ အေး . . . ‘မိတ္တ’ ဆိုတဲ့ စကားလုံးကနေ ‘မေတ္တာ’ ဖြစ်လာတယ်။ ‘မိတ္တ’ ဆိုတာ မိတ်ဆွေ၊ “မေတ္တာ” ဆိုတာ မိတ်ဆွေရဲ့ စိတ်ဓာတ်။ Spirit of friend (or) Attitude of friend. မိတ်ဆွေရဲ့ စိတ်ဓာတ်ကို “မေတ္တာ” လို့ ခေါ်တယ်။

ကဲ . . . ကလေးတို့မှာ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေရှိတယ်။ အဲဒီမိတ်ဆွေ သူငယ်ချင်းတွေ အပေါ်မှာ ဘယ်လိုစိတ်ထားသလဲ စဉ်းစားကြည့်လိုက်။ အဲဒီမှာ မေတ္တာအစစ်ကို တွေ့လိမ့်မယ်။ သူငယ်ချင်းတွေအပေါ်မှာ ဘယ်လို စိတ်ထားလဲ?
သူငယ်ချင်းတွေ တွေ့လာလို့ရှိရင် စားစေချင်တယ်၊
ပျော်စေချင်တယ်၊ တူတူနေစေချင်တယ်၊ သူကြီးပွား
တာကိုကြိုက်တယ်၊ စာမေးပွဲအောင်လာရင်
Congratulation လုပ်နိုင်တယ်။ မဟုတ်ဘူးလား?
မိတ်ဆွေဆိုလို့ရှိရင် အဲဒီလို စိတ်မျိုး ထားနိုင်ရမယ်။

[၃၂] အဲဒီစိတ်မျိုးကို အကုန်လုံးအပေါ်မှာ ထားနိုင်အောင် ကြိုးစားထားတာကို “မေတ္တာပွားတယ်” လို့ ခေါ်တာ။

ဟုတ်ရဲ့လား ? သတ္တဝါများစွာ ချမ်းသာကြပါစေ၊ ဒီလိုပွားတာဟာ မိတ်ဆွေရဲ့ စိတ်ဓာတ်၊ ကိုယ့်မိတ်ဆွေတွေအပေါ်မှာ ထားတဲ့ စိတ်ဓာတ်မျိုးကို အားလုံးအပေါ်မှာ ထားနိုင်တာကို ဆိုလိုတာနော်။ ပါဠိလို ပြောမယ်ဆိုရင် “မိတ္တဿ ဧသာ မေတ္တာ”၊ “မိတ္တဿ - မိတ်ဆွေရဲ့၊ ဧသာ - ဥစ္စာတည်း”။ မေတ္တာဟာ မိတ်ဆွေရဲ့ ဥစ္စာ။ မိတ်ဆွေတွေအပေါ်မှာရှိတဲ့ မိတ်ဆွေရဲ့ သဘောထား။ ဒီလို သဘောရတယ်နော်။ အေး . . . အဲဒါကိုပဲ “အဒေါသ” လို့ ခေါ်တာ။

“အမောဟ” ဆိုတာ အသိပညာရှိလာလို့ရှိရင် မောဟကို ဖယ်ရှားပစ်နိုင်တယ်။ ဒါကြောင့်မို့လို့ မောဟကျတော့ Delusion။ လုပ်သင့်၊ မလုပ်သင့်တာကို မသိဘူး။ တွေဝေနေတယ်။ အမောဟကျတော့ Anti-delusion။ Delusion ကို ပယ်ဖျက်နိုင်တဲ့ သဘောတရားနော်။

[၃၃] အဲဒါမျိုး မကောင်းတဲ့ အဆိုးတရားတွေကို ဖယ်ရှားပစ်နိုင်တဲ့ သဘောတရားကို “ကုသလ - ကုသိုလ်” လို့ ခေါ်တယ်။ အဲဒီကုသိုလ်ရဲ့ ဆန့်ကျင်ဘက်တရားကိုမှ “အကုသိုလ်” လို့ ပြောတာနော်။ ကုသိုလ်၊ အကုသိုလ်ဆိုတာ မိမိတို့ရဲ့စိတ်ထဲ နှလုံးသားထဲမှာ ဖြစ်တာဖြစ်သောကြောင့် ကုသိုလ်ရတယ်ဆိုတာ လောဘကို ဖယ်ရှားပစ်နိုင်တဲ့ အလောဘ ဖြစ်လာရင် ကုသိုလ်ရတယ်လို့ ပြောတာ။ ဒေါသကို ဖယ်ရှားပစ်နိုင်တဲ့ အဒေါသ၊ မေတ္တာတရား ကိုယ့်နှလုံးသားမှာ ကိန်းလာလို့ရှိရင် ကုသိုလ်ရတယ်လို့ ပြောတာ။ မောဟကို ဖယ်ရှားပစ်နိုင်တဲ့ အမောဟ မိမိတို့ရဲ့ နှလုံးသားထဲမှာ ရောက်လာလို့ရှိရင် ကုသိုလ်ရတယ်လို့ ပြောတာ။ ဣဿာကို ဖယ်ရှားပစ်နိုင်တဲ့ မုဒိတာတရား မိမိတို့ သန္တာန်မှာ ရောက်ရှိလာတာကို ကုသိုလ်ရတယ်လို့ ပြောတာ။

အဲဒီတော့ ကုသိုလ်ရတယ်ဆိုတာ မကောင်းတဲ့ သဘောတရားတွေကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းအား [၃၄] အဆိုးသတ္တိတွေ ကိုယ့်ရဲ့နှလုံးသားထဲမှာ ရလာတာ။ ဒါကြောင့်မို့ တရားအားထုတ်တယ် ဆိုတာလည်း အဆိုးတွေကို ဖယ်ရှားပြီးတော့ အကောင်းတွေ မိမိရဲ့နှလုံးသားထဲမှာ တည်ဆောက်နိုင်အောင် ကြိုးစားနေတာနော်။ အဲဒီ အဆုံးအမတွေက ဘယ်သူ့ရဲ့အဆုံးအမတုံး ? ဆိုတော့ ဘုန်းဘုန်းတို့ ကိုးကွယ်နေကြတဲ့ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမတွေပါ။ ဟုတ်ရဲ့လား?။ ဗုဒ္ဓရဲ့ အဆုံးအမတွေအတိုင်း လိုက်နာကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်မျိုးကို “ဗုဒ္ဓဘာသာ” လို့ ခေါ်တာ။ အဲဒီ ဗုဒ္ဓဘာသာသာသနာကို မြတ်နိုးတယ်ဆိုတာ အဲဒီအဆုံးအမတွေကို လိုက်နာကျင့်သုံးတာကို ပြောတာပါ။

အဓိပတိလေးပါး

အေး ကောင်းပြီ၊ ကလေးတို့အနေနဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးမယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ Tradition ကို ထိန်းသိမ်းစောင့်ရှောက်ရ [၃၅] မယ်။ ဗုဒ္ဓမြတ်စွာ ဆုံးမတော်မူတဲ့အတိုင်း မိမိရဲ့ စိတ်ထဲ၊ နှလုံးသားထဲမှာ ကောင်းတဲ့ အကောင်းတရားတွေကို တည်ဆောက်ပေးခြင်းဖြင့် မကောင်းတဲ့ အဆိုးတရားတွေကို ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်။ အဲသလို ကြိုးစားဖို့အတွက် ကလေးတို့မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးလေးချက်ကို မှတ်ထားကြပါ။ အဲဒါကို ဘုန်းဘုန်းတို့ စာပေမှာတော့ “ဣဒ္ဓိပါဒ” လို့လည်း ခေါ်တယ်။ “အဓိပတိ” လို့လည်း ခေါ်တယ်။ အဲဒါ လေးမျိုးရှိတယ်။ “ဣဒ္ဓိပါဒ” တဲ့။ “ဣဒ္ဓိ” ဆိုတာ အောင်မြင်ခြင်း၊ ကြီးပွားခြင်း အစွမ်းတန်ခိုး။ “ပါဒ” က အကြောင်းတရား။ လောကမှာ တန်ခိုးကြီးတယ်၊ အစွမ်းထက်တယ်ဆိုတာ အဲဒီအစွမ်းထက်ခြင်းရဲ့ အကြောင်းတရားလေးမျိုးရှိလို့။ “အဓိပတိ” ဆိုတာ လွှမ်းမိုးကြီးစိုးနိုင်တဲ့အရာကို ဆိုလိုတာ။ အဲဒါဘာတုံး? လို့ ဆိုရင် . . . ဆန္ဒ။ “ဆန္ဒ” ဆိုတာ ဗမာစကားမှာလည်း ရှိနေတဲ့အတွက်ကြောင့် ကလေးတို့အားလုံး နားလည် [၃၆] ပြီးသားနော်။ ဆန္ဒ ကို “လိုချင်တာ” လို့ ပြောရင် လောဘ နဲ့ ရောနေမယ်။ ကဲ . . . ကလေးတို့ တရားအားထုတ်ချင်တာနဲ့ ပွဲကြည့်ချင်တာ မတူဘူးနော်။ ပွဲကြည့်ချင်တာက လောဘ၊ တရားအားထုတ်ချင်တာက ဆန္ဒ။ ဆန္ဒဆိုတာ ကိုယ်သိမ်းပိုက်ဖို့ မဟုတ်ဘူး။ ဟုတ်ရဲ့လား? ကလေးတို့ လှူချင်တယ်၊ တန်းချင်တယ်၊ ကိုယ့်ကျင့်တရားတွေ ထိန်းသိမ်းချင်တယ်၊ အဲဒါက ဆန္ဒ။

ပျော်ချင်တယ်၊ ပါးချင်တယ်ဆိုတာတွေက လောဘ။ ကိုယ့်အတွက် အာရုံခံစားဖို့ လိုချင်တာတွေက လောဘ၊ ဟုတ်ရဲ့လား?။ မျက်စိနဲ့ကြည့်ပြီးတော့ အပျော်ကို ရှာတယ်။ နားနဲ့ နားထောင်ပြီးတော့လည်း အပျော်ကို ရှာတယ်။ သီချင်းလေးနားထောင်ပြီးတော့ ပျော်တာကို ရှာတယ်နော်။ နှာခေါင်းနဲ့ အမွှေးအကြိုင်လေးတွေကို နမ်းရှိုက်ပြီးတော့ ပျော်ရွှင်မှုကို ရှာတယ်။ လျှာနဲ့ ကောင်းတဲ့ အရသာလေးတွေကို စားပြီးတော့ ပျော်ရွှင်မှုကို ရှာတယ်။ အဲဒီလို [၃၇] ပျော်ရွှင်မှုကို လိုချင်တဲ့ Desire ကျတော့ ‘လောဘ’ လို့ခေါ်တယ်။

ဆန္ဒ ကျတော့ အဲသလို မဟုတ်ဘူး။ Wish to do. လုပ်ချင်တယ်။ အများကောင်းကျိုး ဆောင်ရွက်ချင်တယ်၊ ဥပုသ်စောင့်ချင်တယ်၊ တရားနာချင်တယ်၊ ပညာရှာချင်တယ်၊ အတတ်တတ်ချင်တယ်၊ ဟုတ်ရဲ့လား?။ ပညာတွေ တတ်ချင်တယ်၊ ဒါတွေကျတော့ ‘ဆန္ဒ’ လို့ ခေါ်တယ်နော်။ အဲဒီ ဆန္ဒမရှိဘဲနဲ့ မအောင်မြင်နိုင်ဘူး။ ဒါကြောင့်မို့ Wish to do ဆိုတဲ့ ဆန္ဒဟာ မှတ်ထားဖို့ရာက Chanda makes the impossible possible. ဆန္ဒတရားသည် မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်တတ်တယ်။ ဟုတ်ရဲ့လား? ဆန္ဒရှိလာရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိဘူး၊ ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ Chanda makes the impossible possible. Impossible ဖြစ်အောင်လုပ်မယ်၊ ဟုတ်ရဲ့လား ? Possible [၃၈] ကဲ . . . ဆန္ဒလေးတွေရှိရုံနဲ့ မပြီးသေးဘူး။ နောက်က တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုတယ်။ တကယ်လုပ်ဖို့ လိုတယ်။ အဲဒါကို “ဝီရိယ” လို့ ခေါ်တယ်။ အင်္ဂလိပ်လိုတော့ Effort/ Energy. အဲဒီ ဝီရိယကလည်းပဲ Effort makes the impossible possible. ဝီရိယသည် မဖြစ်နိုင်တာကို ဖြစ်နိုင်အောင်လုပ်တယ်။ ဖြစ်အောင် လုပ်တယ်။ ဟုတ်ရဲ့လား?

ကဲ . . . ဆန္ဒ ရှိပြီးတော့ နောက်က လုံ့လရှိရမယ်။ ရှိလာတဲ့အခါ စိတ်ဓာတ် ခိုင်မာဖို့လည်း လိုသေးတယ်။ စိတ်ဓာတ်ပျော့ညံ့နေတဲ့ ပုဂ္ဂိုလ်ဟာ မအောင်မြင်ဘူးဆိုလို့ရှိရင် လုံ့လလျှော့သွားတတ်တယ်။ အဲဒါကြောင့်မို့လို့ Determine ဖြစ်တဲ့ စိတ်ဓာတ်မျိုး၊ ခိုင်မာတဲ့ စိတ်ဓာတ်မျိုးရှိဖို့ လိုသေးတယ်။ အဲဒါကြောင့်မို့လို့ Mind makes the impossible possible. Mind ကလည်း အင်မတန် လိုသေးတယ်။ ဟုတ်ရဲ့လား။ Mind makes the impossible [၃၉] ဖြစ်ချင်တာတွေ အကုန်လုံး Make the impossible possible - ဖြစ်နိုင်တာတွေ အကုန်ဖြစ်တယ်။ ဒါကို “ဣဒ္ဓိပါဒ်လေးပါး” လို့ ခေါ်ပါတယ်။ အဲဒီ ဣဒ္ဓိပါဒ်လေးပါး ကို မိမိတို့ရဲ့ သန္တာန်မှာ ရင့်ကျက်လာအောင် စွမ်းဆောင်ပြီးတော့ ကြိုးစားကြမယ်ဆိုလို့ရှိရင် ဘဝမှာ တိုးတက်အောင်မြင်မှုကို ရမှာ မလွဲဧကန် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အားလုံးသော ကလေးတို့သည် မိမိတို့ရဲ့ဘဝမှာ တိုးတက်မြင့်မားပြီး အောင်မြင်တဲ့ဘဝခရီးကို လျှောက်လှမ်းနိုင်ကြပါစေလို့ . . . ။

လူငယ်များသို့ သဝဏ်လွှာ ၂၀၁၄ စာအုပ် မှ [၄၀] possible. ခိုင်မာတဲ့စိတ်ဓာတ်သည် မဖြစ်သေးတာကို ဖြစ်အောင် လုပ်နိုင်တယ်။

နောက်တစ်ခုက ‘ဝီမံသ’။ ဝီမံသ ဆိုတာ အဆင်ခြင်ပညာ။ ဘယ်အရာဖြစ်ဖြစ် ဘယ်လိုလုပ်သင့်တယ်၊ မလုပ်သင့်ဘူး ခွဲခြားသိတယ်။ လုပ်သင့်တာကိုလည်းပဲ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို သိတယ်။ အဲဒါမျိုးကို ဝီမံသ။ အရာရာမှာ စူးစမ်းဆင်ခြင်ပြီး လုပ်တာကို “ဝီမံသ” လို့ခေါ်တယ်။ အဲဒီ ဝီမံသ ဆိုတဲ့ Knowledge ပဲ ဆိုပါတော့။ Knowledge makes the impossible possible = အသိဉာဏ်၊ အဆင်ခြင်ပညာသည် မဖြစ်သေးတာကို ဖြစ်အောင် လုပ်နိုင်တယ်နော်။

အဲဒီလေးချက်ဟာ အင်မတန်မှ အရေးကြီးတယ်။
၁။ ဆန္ဒ။
၂။ ဝီရိယ။
၃။ စိတ်ဓာတ်။
၄။ ပညာ။
အဲဒီ လေးချက် ပေါင်းစပ်မိသွားလို့ရှိရင် ကလေးတို့ဘဝမှာ ဘာဖြစ်ချင်သလဲ?

tkcvuogly290g7lqn146ufij5j1n85o
လူဆိုး လူမိုက်
0
6484
22356
2026-11-05T21:23:59Z
Tejinda
173
"{{header | title = လူဆိုး လူမိုက် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = လူငယ်များသို့ ဩ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22356
wikitext
text/x-wiki
{{header
| title = လူဆိုး လူမိုက်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[လူငယ်များသို့ ဩဝါဒ]]
| previous2 = [[ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား အနုမောဒနာတရား]]
| next = [[လူတိုင်းကျင့်ရန် သတိပဋ္ဌာန်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

လူဆိုး လူမိုက်

[၁] သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁-ရက် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက် အနန္တဂုဏ်ရည်ကျောင်းတိုက် ထန်းပင်ကုန်း ပိတောက်မြိုင် ဓမ္မသဘင် ဆင်ယင်ကျင်းပရာ ဓမ္မဗိမာန်အတွင်းဝယ် ဟောကြားအပ်သော “လူဆိုးလူမိုက်” အကြောင်းတရား ဒေသနာတော်။

“လူဆိုးလူမိုက်” မြန်မာလို ဆိုးသွမ်းတဲ့ပုဂ္ဂိုလ်တွေ၊ ကျိုးကြောင်းဆင်ခြင်သိမြင်မှု မရှိတဲ့ပုဂ္ဂိုလ်တွေကို ဒီလူက “လူဆိုး” ပဲ၊ ဒီလူက “လူမိုက်” ပဲလို့ ပြောကြတယ်၊ စကားနှစ်ရပ် ပေါင်းစပ်ပြီးတော့ “လူဆိုးလူမိုက်” လို့လည်း တွဲပြီး ပြောကြတယ်၊ “လူဆိုး” ဆိုတာ အမူအကျင့် ဆိုးသွမ်းတဲ့ပုဂ္ဂိုလ်မျိုးကို လူဆိုးလို့ ဆိုကြတယ်၊ “လူမိုက်” ဆိုတာကျတော့ “မိုက်”

[၂] ဆိုတဲ့ အဓိပ္ပါယ်က မှောင်မိုက်တယ်ဆိုတဲ့စကားအရ ကျိုးကြောင်းဆင်ခြင်မှု မရှိဘူး၊ အသိဉာဏ်မရှိဘူး၊ အမှန်အကန် မသိဘူး၊ ဒါ့ကြောင့် မိုက်နေတယ်၊ အဲဒီစကားကို ယူပြီးတော့ မိုက်တယ်လို့ ဒီလိုပြောတာပေါ့။

အဲဒါကို အခုခေတ်မှာ မိုက်တယ်ဆိုတဲ့ စကားလုံးကို အကောင်းဖက် သွားသုံးနေတာလည်း ရှိတယ်၊ ချီးမွမ်းစကားကို “ဟာ ဒီလူက မိုက်တာပဲ” ဆိုပြီး ပြောတဲ့စကားဟာ တစ်ခါတစ်ရံ အကောင်းကို ရည်ညွှန်းပြောရတာမျိုး ဖြစ်နေတယ်၊ ဗန်းစကားတွေအနေနဲ့ပေါ့နော်၊ သို့သော် မြန်မာစကားမှာ လူမိုက်လို့ မိုက်တယ်ဆိုကတည်းက အကောင်းကို ပြောတာ မဟုတ်ဘူး၊ လောကမှာ မှောင်တယ် မိုက်တယ်ဆိုတာ ဘာမှ မမြင်ရတာကို ပြောတာ၊ လူ့ဘဝရောက်လာပြီးတော့ ဘာမှ မမြင်တဲ့အခြေအနေထဲ ရောက်ရှိနေတဲ့ပုဂ္ဂိုလ်ကို မိုက်တယ်လို့ ဒီလို ပြောလို့ [၃] ရတာပေါ့၊ အဲဒီတော့ ဒီလောကမှာ ဗန်းစကားတွေကတော့ ရှိတာပေါ့။

ဗန်းစကားဆိုတာ ပြောင်းတိပြောင်းပြန် ပြောတာ၊ မြန်မာပြည်မှာတင် ရှိတာ မဟုတ်ဘူး၊ နိုင်ငံခြားတွေမှာလည်းပဲ ရှိတယ်၊ သိပ်ကောင်းတယ်လို့ ပြောချင်လို့ရှိရင် Very bad လို့ ပြောတယ်၊ သူတို့လည်း သိပ်ဆိုးတယ်လို့ ပြောင်းပြန်၊ ပြန်ပြီး ပြောတာ၊ ဒီမှာလည်း ကောင်းတယ်ဆိုရင် မိုက်တယ်လို့ ပြောတာလည်း ရှိတယ်ပေါ့၊ သို့သော် မိုက်တယ်ဆိုတာ အဲဒီ အဓိပ္ပါယ် မဟုတ်ဘူး၊ ဒါ ဘာဖြစ်လို့ ပြောရတာတုန်းဆိုတော့ ဒီကနေ့ ခေတ်ကလေးတွေက မိုက်တယ်ဆိုလို့ရှိရင် အကောင်းလို့ ထင်နေကြတယ်။

အဲဒီတော့ လူဆိုးလူမိုက်ဆိုတာ သူ့ရဲ့အမူအကျင့်ကလည်း ဆိုးသွမ်းတယ်၊ ကျိုးကြောင်းဆင်ခြင်သိမြင်မှု မရှိသည့်အတွက်ကြောင့် သူ့ဘဝဟာ အမှောင်ကျနေလို့ မိုက်ကန်းနေတယ်၊ “မိုက်” တယ်ဆိုတာနဲ့ နောက်က တွဲပြီးတော့ “ကန်း” တယ်ဆိုတာ [၄] အဓိပ္ပါယ်ရှိတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် မှောင်နေတယ်၊ မိုက်နေတယ်ဆို မမြင်ရဘူးပေါ့၊ မမြင်ရတော့ ကန်းတယ်ပေါ့၊ ဒါကြောင့်မို့ မြန်မာစကားမှာ မမြင်မကန်းဆိုတဲ့ စကားလုံးလည်း သုံးတာ ရှိတယ်ပေါ့၊ မမြင်မကန်းဆိုတာ ကန်းလို့ မမြင်တာတော့ မဟုတ်ဘူးနော်၊ မှောင်မိုက်နေလို့ မမြင်ရဘူး၊ သို့သော် ကန်းနေတာ မဟုတ်ဘူးဆိုတဲ့အဓိပ္ပါယ်နဲ့ မမြင်မကန်းလို့ ဒီလိုသုံးတာ။

လူဆိုးလူမိုက်ဆိုတဲ့နေရာမှာ ဆိုးသွမ်းပြီးတော့ ကြောင်းကျိုးဆင်ခြင်မှုမရှိလို့ အသိဉာဏ်မရှိလို့ လုပ်သင့် မလုပ်သင့်ကို ခွဲခြားမသိဘူး၊ မသိသည့်အတွက်ကြောင့် လုပ်မိရာရာ လုပ်ချင်ရာရာတွေကို လုပ်နေတဲ့ပုဂ္ဂိုလ်ကို ဒါ လူဆိုးလူမိုက်လို့ မြန်မာစကားအရ သရုပ်ဖော်လို့ ရတယ်ပေါ့။

အဲဒီလူဆိုးလူမိုက်ရဲ့ပါဠိဘာသာစကားက ဘာတုန်းဆိုလို့ရှိရင် “ဗာလ” တဲ့၊ အားလုံး ဒီ “ဗာလ” ဆိုတဲ့စကားလုံးကို သိထားကြတယ်၊ မင်္ဂလသုတ်ထဲ [၅] မှာပါတဲ့ “အသေဝနာ စ ဗာလာနံ” ဗာလကို မပေါင်းသင်းရဘူးတဲ့၊ မင်္ဂလာရှိချင်လို့ရှိရင် ဗာလကို မပေါင်းသင်းရဘူး၊ ဗာလနဲ့ လက်တွဲပြီးတော့ မနေရဘူး၊ ဗာလနဲ့ နေရင် သူ့ရဲ့အမူအကျင့်တွေ ကူးစက်တတ်တယ်၊ မင်္ဂလာရှိချင်လို့ရှိရင် သူနဲ့ ပေါင်းသင်းဆက်ဆံမှု မလုပ်ရဘူးလို့ မြတ်စွာဘုရားက ၃၈-ဖြာ မင်္ဂလာတရားတော်တွေထဲမှာ အရေးအကြီးဆုံး နံပါတ်တစ်ထားပြီး ဟောထားတာ။

အဲဒီတော့ ဗာလဆိုတဲ့ ပါဠိစကားရဲ့အဓိပ္ပါယ်က မပေါ်သေးဘူး၊ မြန်မာလို ပြန်လို့ရှိရင် ဗာလာနံ-လူမိုက်လို့ပဲ ပြန်တယ်ပေါ့နော်၊ မိုက်တယ်ဆိုတာ ခုနပြောခဲ့သလိုပဲ အမှောင်ကျနေလို့ အသိဉာဏ်မရှိလို့ အမိုက်ထဲ ရောက်နေတဲ့ပုဂ္ဂိုလ်၊ အမှောင်ထဲ ရောက်နေတော့ မမြင်ရဘူး၊ မမြင်တော့ လုပ်ချင်ရာ လုပ်တယ်ပေါ့၊ ကျိုးကြောင်းဆင်ခြင်မှုမရှိတဲ့ အသိဉာဏ်မှောင်မိုက်နေတဲ့ပုဂ္ဂိုလ်၊ ဆိုလိုတာက အဝိဇ္ဇာရဲ့ လွှမ်းမိုးမှုကို ခံထားရလို့ မကောင်းတာကို အကောင်း [၆] ထင်၊ ကောင်းတာကို မကောင်းဘူး ထင်ပြီးတော့ သူ့အဖို့ အမှောင်ထဲ ရောက်နေတဲ့ပုဂ္ဂိုလ်မျိုးကို လူမိုက်လို့ ဒီလိုပြောတာ။

သို့သော် ဗာလဆိုတဲ့ ပါဠိစကားမှာ ပိုပြီးတော့ အဓိပ္ပါယ်ရှိတဲ့ ဖွင့်ဆိုချက်တွေကို တွေ့ရသေးတယ်၊ ဗာလဆိုတာ ဘာလဲ၊ ဗာ နဲ့ လ၊ ဒီစကားလုံးနှစ်လုံးမှာ တစ်လုံးစီ အဓိပ္ပါယ် ရှိတယ်၊ ‘ဗာ’ ဆိုတာက “နှစ်” လို့ အဓိပ္ပါယ်ရတယ်၊ ‘လ’ ဆိုတာ ကျတော့ ဖျက်ဆီးတတ်တယ်၊ နှစ်မျိုးကို ဖျက်ဆီးသူလို့ ဆိုတယ်၊ ဘာကို ဖျက်ဆီးတာတုန်းဆိုတော့ ပစ္စုပ္ပန်အကျိုးစီးပွားကိုလည်း ဖျက်ဆီးတယ်၊ တမလွန်အကျိုးစီးပွားကိုလည်း ဖျက်ဆီးတယ်၊ အဲဒီပုဂ္ဂိုလ်မျိုးကို ဗာလ လို့ ပြောတာ။

ဒီဘဝလည်း ကောင်းကျိုးချမ်းသာ မရဘူး၊ ဒီဘဝ ကောင်းကျိုးချမ်းသာရနိုင်တဲ့ အကြောင်းတရားတွေကိုလည်း ဖျက်ဆီးပစ်တယ်၊ နောင်ဘဝ ကောင်းကျိုးချမ်းသာတွေ ဖြစ်ပေါ်လာမယ့်အကြောင်းတရား [၇] တွေကိုလည်း ဖျက်ဆီးပစ်တယ်၊ ဒါကြောင့်မို့ အကျိုးနှစ်မျိုးကို ဖျက်ဆီးပစ်သူလို့ .. ပျက်စီးစေတတ်သူလို့ ဒီလို အဓိပ္ပါယ်ရတယ်။

ဗာလရဲ့အဓိပ္ပါယ်က တစ်ခါ အဲဒီအဓိပ္ပါယ်ကိုပဲ တစ်မျိုးအားဖြင့် ပြောမယ်၊ “ဗာ” “နှစ်ခု” လို့ အဓိပ္ပါယ်ရတယ်၊ ဒီကျတော့ သူ့အကျိုး ကိုယ့်အကျိုး ကိုယ့်ရဲ့အကျိုးစီးပွားကို ပျက်စီးစေတယ်၊ သူများရဲ့အကျိုးစီးပွားကိုလည်း ပျက်စီးစေတယ်၊ လူမိုက်ဆိုတာ သူက ကိုယ့်အတွက် အကျိုးရှိတယ်လို့ ထင်ပြီး လုပ်ပေမယ့် သူလည်း ထိခိုက်တာပဲ။

ဘာနဲ့ ဥပမာတူတုန်းဆိုရင် မစင်နဲ့ ကောက်ပြီးတော့ သူများကို ပေါက်တဲ့ပုဂ္ဂိုလ်လိုပဲ၊ မစင်ကောက်ပြီးတော့ ပေါက်တယ်ဆိုလို့ရှိရင် သူအရင် မပေပေဘူးလား၊ အေး အဲဒီအတိုင်းပဲ လူမိုက်က ကိုယ့်ကိုယ်ကိုလည်း ဖျက်ဆီးပြီးသား ဖြစ်တယ်၊ သူများကိုလည်း ဖျက်ဆီးတယ်၊ အဲဒါကြောင့်မို့လို့ ... ကိုယ့်အကျိုးကိုလည်း ဖျက်ဆီးတယ်၊ သူများအကျိုးကိုလည်း ဖျက် [၈] ဆီးတယ်၊ ကိုယ့်အကျိုးသူ့အကျိုးဆိုတဲ့ အကျိုးနှစ်မျိုးကို ဖျက်ဆီးတတ်သူဆိုတဲ့အဓိပ္ပါယ်နဲ့ ဗာလဆိုတဲ့ စကားလုံးကို သုံးတာတဲ့၊ ဒါက နောက်က ‘လ’ ဆိုတဲ့ စကားလုံးလေးကို ဖျက်ဆီးတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတယ်၊ ပါဠိစာပေမှာ “ဒွေ အတ္ထေ လုနာတိ” အကျိုးစီးပွားနှစ်မျိုးကို ဖျက်ဆီးတတ်တယ်၊ ပျက်စီးစေတတ်တဲ့သူလို့ ဒီလိုရှင်းပြတယ်။

နောက်တစ်ခါ ဗာလမှာ ‘လ’ ရဲ့အဓိပ္ပါယ်ကို တစ်မျိုးပြောင်းလိုက်တယ်၊ ဖျက်ဆီးတတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကနေပြီးတော့ “လာတိ ဂဏှာတိ” ရယူတတ်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖွင့်ပြန်တယ်၊ အဲဒီအဓိပ္ပါယ်နဲ့ကျတော့ ဘယ်လို ပြောမတုန်းဆိုလို့ရှိရင် အခုဘဝမှာ အကျိုးမဲ့၊ နောင်ဘဝမှာ အကျိုးမဲ့ အကျိုးမဲ့ နှစ်မျိုးကို ရအောင်ယူတတ်သူလို့ ဒီလို အဓိပ္ပါယ်ရှိတယ်၊ အဲဒီတော့ ဆိုလိုတဲ့အဓိပ္ပါယ်က ဒီဘဝလည်း အကျိုးမရှိတာကို ရအောင် ယူတတ်တယ်၊ နောင်ဘဝ [၉] လည်း အကျိုးမရှိမယ့်ဟာကို ရအောင် ယူတတ်တယ်လို့ ဆိုတယ်။

ဆိုလိုတာက အကျိုးမဲ့ယူတယ်ဆိုတာ ကောင်းကျိုးချမ်းသာကို မယူဘူး၊ ပျက်စီးရာ ပျက်စီးကြောင်းအကျိုးကိုပဲ ရယူတယ်၊ ပျက်စီးမှုဆိုတဲ့ မကောင်းကျိုးကိုပဲ ရယူတယ်၊ အဲဒီတော့ ဒီဘဝ မကောင်းကျိုး နောင်ဘဝ မကောင်းကျိုး၊ ဒီမကောင်းကျိုး နှစ်မျိုးလုံးကို ရယူတတ်တဲ့ပုဂ္ဂိုလ်ကို ဗာလလို့ ဒီလို ခေါ်ပြန်တယ်။

နောက်အဓိပ္ပါယ်တစ်ခုက ဘာတုန်းဆိုလို့ရှိရင် ဗာလဆိုတဲ့စကားလုံးက ဗလဆိုတဲ့စကားလုံးက လာတယ်ပေါ့၊ ဗလဆိုတာ အသက်မွေးတယ်၊ လောကမှာ လူဖြစ်လာလို့ရှိရင် လူတွေဟာ ဘာနဲ့ အသက်ရှင်ကြသလဲလို့ဆိုလို့ရှိရင် အသိပညာနဲ့ အသက်ရှင်ကြရတယ်၊ လူဖြစ်လာလို့ရှိရင် လူဟာ တိရစ္ဆာန်နဲ့ မတူဘူး၊ တိရစ္ဆာန်နှင့် မတူသည့်အတွက်ကြောင့် လူဖြစ်လာလို့ရှိရင် “ဒါက လုပ်သင့်တယ်၊ ဒါက မလုပ် [၁၀] သင့်ဘူး” ဆိုတာ ခွဲခွဲခြားခြား သိတတ်ကြတယ်ပေါ့၊ အဲဒီလို အနည်းဆုံး လုပ်သင့်၊ မလုပ်သင့် ခွဲခြားသိတတ်တဲ့လူ၊ “ဒီစကား ပြောသင့်တယ်၊ ဒီစကား မပြောသင့်ဘူး” “ဒီအလုပ် လုပ်သင့်တယ်၊ ဒီအလုပ် မလုပ်သင့်ဘူး” စသည်ဖြင့် ခွဲခွဲခြားခြား သိတတ်တဲ့ အသိပညာနဲ့ အသက်မွေးရမယ်။

ဒီလူကျတော့ ... အဲဒီလို ... အသက်မမွေးဘဲနဲ့ ထွက်လေဝင်လေနဲ့ပဲ .. အသက်ရှင်သူလို့ အဓိပ္ပါယ်ရတယ်၊ လူတိုင်းလူတိုင်းဟာ နှာခေါင်းပေါက်က အသက်ရှူနေတာပဲ၊ အသက်ရှင်တယ်ဆိုတာ အသက်ရှူနေလို့ အသက်ရှင်တာပေါ့နော်၊ အသက်ရှင်နေလို့လည်း အသက်ရှူလို့ ရတယ်၊ အသက်ရှူနေလို့လည်း အသက်ရှင်လို့ ရတယ်၊ အဲဒီတော့ သူ့မှာ ဘာမှ မပါဘူး၊ သူအသက်ရှင်နေတာဟာ ပညာမပါဘူး၊ လုပ်သင့်တာ မလုပ်သင့်တာ ခွဲခြားမသိဘူး၊ အသက်ရှူရုံလေးနဲ့ အသက်ရှင်နေသူဆိုတဲ့အဓိပ္ပါယ်နဲ့ ဗာလလို့ ဒီလိုသုံးတာ။

[၁၁] အဲဒီတော့ ဒီဗာလကတော့ လူ့ဘဝရောက်လာပြီးတော့ ဘာမှ မသိတတ်တဲ့လူလို့ အဓိပ္ပါယ်ရတယ်၊ အဲဒီတော့ ဒီအဓိပ္ပါယ်ကျတော့ ဗာလကို ဘယ်လိုပြန်မတုန်းဆိုရင် လူမိုက်လို့ပဲ ပြန်ရမယ်။

ခုနက အဓိပ္ပါယ်ကျတော့ ပစ္စုပ္ပန်ရဲ့အကျိုးစီးပွားကို ဖျက်ဆီးတတ်တယ်၊ တမလွန်အကျိုးစီးပွားကို ဖျက်ဆီးတယ်၊ သူတစ်ပါးရဲ့အကျိုးကို ဖျက်ဆီးတယ်၊ မိမိရဲ့အကျိုးစီးပွားကို ဖျက်ဆီးတယ်၊ အဲဒီပုဂ္ဂိုလ်မျိုးကျတော့ သူက လူဆိုးလို့ သတ်မှတ်လို့ ရသေးတယ်နော်၊ ပျက်အောင်လုပ်တဲ့ပုဂ္ဂိုလ်ကျတော့ သူက လူဆိုး၊ မသိရုံသက်သက်ဆိုရင် လူမိုက်နော်၊ ခုနက ကောင်းကျိုးချမ်းသာကို မလုပ်တတ်သည့်အတွက်ကြောင့် ပစ္စုပ္ပန်အကျိုးမဲ့ကိုလည်း ရအောင် ယူတတ်တယ်၊ တမလွန်ဘဝအကျိုးမဲ့ကိုလည်း ရအောင် ယူတတ်တယ်၊ အဲဒီပုဂ္ဂိုလ်ကျတော့လည်းပဲ သူက လူမိုက်ပဲ၊ သူ့ကျတော့ ခုနက အဓိပ္ပါယ်နဲ့ ယူ [၁၂] မယ်ဆိုရင် သူ့ကို လူဆိုးလို့လည်း ခေါ်နိုင်တယ်၊ လူမိုက်လို့လည်း ခေါ်နိုင်တယ်။

ဒါကြောင့်မို့လို့ ဗာလအဓိပ္ပါယ်ကို သိထားဖို့ လိုတယ်၊ လူ့ဘဝရလာလို့ရှိရင် တို့တစ်တွေဟာ ဘာနဲ့ အသက်ရှင်ရမလဲဆိုတာကို သိဖို့ လိုအပ်တယ်ပေါ့၊ လူဖြစ်လာလို့ရှိရင် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိရမယ်၊ သူ့အကျိုး ကိုယ့်အကျိုးကို နားလည်ရမယ်၊ ပစ္စုပ္ပန်အကျိုး တမလွန်အကျိုး ဒီနှစ်မျိုးကို ရအောင် ယူတတ်ရမယ်တဲ့၊ အကယ်၍ ရအောင် မယူတတ်ဘူး ဆိုလို့ရှိရင် ဘယ်စာရင်းထဲ ပါသွားတုန်းဆို လူဆိုးလူမိုက်ဆိုတဲ့ ဗာလစာရင်းထဲပဲ ပါသွားတယ်၊ ဆိုးမှ ဗာလ မဟုတ်ဘူးနော်၊ ဆိုးတာရယ် မိုက်တာရယ်၊ နှစ်ခုစလုံး၊ အဲဒီတော့ မဆိုးရလေအောင် မိမိကိုယ်ကို ပြုပြင်ရတယ်၊ မမိုက်ရလေအောင် အသိဉာဏ်တွေကို ဆည်းပူးအားထုတ်ကြရတယ်၊ အဲဒါကျတော့မှ လူတော်လူကောင်းဆိုတာ ဖြစ်လာနိုင်တယ်တဲ့။

[၁၃] ဒါကြောင့်မို့လို့ သူ့ရဲ့ဆန့်ကျင်ဘက်စကားလုံးက ပဏ္ဍိတလို့ ခေါ်တယ်၊ ပဏ္ဍိတလို့ဆိုတဲ့ ပါဠိစကားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့အညီ သူ့မှာ အသိပညာ ဖြစ်ပေါ်လာမှုရှိတဲ့ပုဂ္ဂိုလ်ကို ပဏ္ဍိတ၊ မြန်မာလိုကတော့ ‘ပညာရှိ’ လို့ ဒီလိုပြန်လိုက်တာပေါ့နော်၊ ပညာဆိုတာ အရာရာကို ခွဲခြားသိမြင်တဲ့ အသိပညာမျိုး၊ အရာရာကို ခွဲခြားသိတတ်တဲ့ပညာမျိုး၊ ပိုင်းပိုင်းခြားခြား သိတတ်တဲ့ပညာကို ပညာလို့ ခေါ်တာ၊ အဲဒီပညာဟာ သူ့သန္တာန်မှာ ရှိတယ်လို့၊ အဲဒါကျတော့ ပဏ္ဍိတ၊ ပညာမရှိတဲ့ဟာကျတော့ ဗာလ၊ အဲဒီတော့ လူဆိုးလူမိုက်ဆိုတာဟာ ပဏ္ဍိတဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ဆန့်ကျင်ဘက်လို့ ဒီလို မှတ်ရမယ်ပေါ့၊ ကောင်းပြီ ဒါ ဗာလနဲ့ပတ်သက်တဲ့ လူဆိုးလူမိုက်ရဲ့ အဓိပ္ပါယ်က ဒီလိုရှိတယ်ပေါ့။

အဲဒီလူဆိုးလူမိုက်ဟာ ရံဖန်ရံခါ အတတ်ပညာတွေ သင်ထားတယ်၊ ဆိုပါစို့ - အတတ်ပညာဆိုတဲ့နေရာမှာ လက်မှုပညာပေါ့၊ လက်မှုပညာတစ်ခုခု [၁၄] သင်ထားမယ်၊ ဘယ်လိုလက်မှုဖြစ်တုန်းဆိုရင် စဉ်းစားကြည့်ပေါ့ - လူဆိုးဟာ လေးမြားပစ်တတ်တယ်၊ သေနတ်ပစ်တတ်တယ်ဆိုလို့ရှိရင် ... လူဆိုးလက်ထဲ ရောက်နေတဲ့သေနတ်ဟာ အန္တရာယ်ကြီးတစ်ခု ဖြစ်သွားတယ်၊ မြားပစ်တတ်တယ်ဆိုရင် သူ့မှာရှိနေတဲ့လက်နက်ဟာ အကောင်းမဖြစ်ဘူး၊ ဥပမာမယ် လူတော်လူကောင်းရဲ့ လက်ထဲမှာရှိတဲ့ဓါးဟာ လူသုံးပစ္စည်းတစ်ခုခုကို ဖန်တီးပေးနိုင်တယ်နော်၊ သစ်ပင်တွေ ဝါးပင်တွေ လှအောင် လုပ်ပေးနိုင်တယ်၊ လိုအပ်တဲ့အချက်တွေကို ဖြည့်ဆည်းပေးတယ်၊ လူမိုက်ရဲ့လက်ထဲ ဓါးရောက်သွားပြီဆိုရင် အဲဒီဓါးကတော့ အန္တရာယ်ကြီး ဖြစ်သွားပြန်တယ်ပေါ့၊ အဲဒါလိုပဲ လူမိုက်တတ်ထားတဲ့ ပညာတစ်ခုဟာ သူ့ကိုယ်သူ ဖျက်ဆီးဖို့ အများပျက်စီးဖို့ ဒီလိုဖြစ်တတ်တယ်တဲ့။

အဲဒီအဓိပ္ပါယ်ကိုလည်းပဲ မြတ်စွာဘုရားက ဟောထားတာ ရှိတယ်၊ “လူမိုက်တွေ တတ်ထားတဲ့ အတတ်ပညာတစ်ခုဟာ” တဲ့၊ “ကိုယ့်ကိုယ်သူဖျက်ဆီးဖို့ [၁၅] ပဲ”၊ အများကို ဒုက္ခပေးဖို့ တတ်ထားတာ ဖြစ်နေတယ်၊ ယာဝဒေဝ အနတ္ထာယ - ခုနက ဗာလဆိုတဲ့ လူဆိုးလူမိုက်ရဲ့တတ်ထားတဲ့ပညာရပ်တစ်ခုဟာတဲ့၊ ယာဝဒေဝ - သူလည်း အကျိုးမဲ့ဖြစ်ဖို့၊ ကျန်တဲ့ပုဂ္ဂိုလ်တစ်ယောက်လည်း အကျိုးမဲ့ဖြစ်ဖို့ သက်သက်ပဲ ဖြစ်တယ်တဲ့၊ ဘာမှ ကောင်းကျိုးချမ်းသာ ဆောင်ကြဉ်းပေးမှာမဟုတ်ဘူးတဲ့၊ သူ့အတတ်ပညာက မိုက်ပြီဆိုလို့ရှိရင် လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားမသိဘူး၊ ဘယ်လိုလုပ်ရမယ်ဆိုတဲ့နည်းလမ်းကိုလည်း မသိဘူး။

ငါးရာ့ငါးဆယ်ထဲ ပါတဲ့ ဇာတ်လမ်းကလေးတွေ ရှိတယ်၊ သားအမိနှစ်ယောက် ဆန်ဖွပ်နေတယ်၊ ဆန်ဖွပ်နေတဲ့အခါကျတော့ မှက်ကြီးတစ်ကောင်က အမေ့ရဲ့နဖူးကို လာကိုက်တယ်၊ ကိုက်တဲ့အခါကျတော့ လက်မအားလို့ “ငါ့သမီး ငါ့နဖူးမှာ မှက်ကြီးကိုက်နေတယ်၊ မောင်းလိုက်စမ်းပါ” လို့ဆိုတော့ ဘာလုပ်တုန်းဆိုတော့ အနားနားမှာရှိတဲ့ ကျည်ပွေ့နဲ့ ငါ့အမေကို [၁၆] ကိုက်ရမလားလို့ဆိုပြီးတော့ နဖူးမှာ ကိုက်နေတဲ့မှက်ကို ကျည်ပွေ့နဲ့ထုတော့ မှက်ကတော့ပျံသွားတာပေါ့၊ သေတာက အမေဖြစ်နေတယ်၊ ပြီးတော့မှ ချုံးပွဲချငိုတယ်၊ ကဲ - စဉ်းစားသာကြည့်ပေါ့နော်၊ သတ်တာက မှက်၊ သေတာက အမေဖြစ်သွားတယ်၊ မောင်းလိုက်စမ်းပါဟဲ့ဆိုရင် ဒီလိုမောင်းရမှာ မဟုတ်ဘူးဆိုတာ သူမသိတာကို ကြည့်၊ ကျည်ပွေ့နဲ့ ကောက်ပြီးတော့ ထုလိုက်လို့ရှိရင် ငါ့အမေ သေသွားလိမ့်မယ်လို့ သူမသိဘူး၊ ကိုက်ရကောင်းလား ဆိုပြီးတော့ မှက်ကို ထုတာပဲ၊ အဲဒါမျိုးကို မိုက်တယ်လို့ ပြောတာနော်၊ လူတွေကလည်း ... ဟဲ့-မိုက်လိုက်တာ မိုက်လိုက်တာ ဒီလိုလုပ်ရတာ မဟုတ်ဘူး၊ ဒီမှာ မိုက်လိုက်တာဆိုတာ မသိလိုက်တာလို့ ပြောတာ။

အဲဒါလိုပဲ ငါးရာ့ငါးဆယ်ဇာတ်ထဲမှာ ကျေးရွာတစ်ရွာကလူတွေ ရွာပတ်ဝန်းကျင်မှာ တောအုပ်တွေ ချုံပုတ်တွေ ရေမြောင်းတွေရှိတော့ ခြင်တွေ ပေါတယ်၊ ခုခေတ်လိုလည်း ခြင်ဆေးဖျန်းတာတို့ ဘာတို့ ဒီလို [၁၇] မရှိသေးဘူးပေါ့၊ ခြင်တွေ ကိုက်တဲ့အခါကျတော့ ကဲ တို့ ဘာလုပ်မလဲ၊ ဒီခြင်တွေကို စစ်ဆင်ရေးလုပ်မယ်ပေါ့နော်၊ ခြင်နဲ့ စစ်တိုက်ကြမယ်၊ ခြင်နဲ့ စစ်တိုက်တဲ့အခါကျတော့ ဘာလုပ်လဲလို့ဆိုရင် ခြင်တွေရှိတဲ့ တောထဲသွားတဲ့အခါ ခြင်တွေက လူတွေကို လာကိုက်၊ အဲဒီခြင်တွေကို မြားနဲ့ပစ်မယ်ဆို တစ်ယောက်နဲ့ တစ်ယောက်ပဲ ခြင်အကိုက်ခံနေတဲ့လူတွေကို မြားနဲ့ ပစ်တဲ့အခါ ခြင်ကတော့ ပျံသွားတာပေါ့၊ သေတာက လူတွေ သေကုန်ကြတယ်၊ အဲဒီလို မိုက်တာမျိုးကို ဗာလလို့ ပြောတာ၊ အဲဒါကြောင့်မို့လို့ ဗာလတွေ တတ်ထားတဲ့ အတတ်ပညာတစ်ခုဟာ အကျိုးမဲ့ကို ဖြစ်ပေါ်စေတတ်တဲ့ အတတ်ပညာတွေချည်းပဲလို့ မြတ်စွာဘုရားက ဟောတာ၊ ယာဝဒေဝ အနတ္ထာယ - လူမိုက်သိတဲ့အသိပညာဟာ အကျိုးမဲ့ဖြစ်ဖို့ပဲ၊ မကောင်းကျိုးကို ရလာဖို့ပဲ ဖြစ်တယ်၊ ကောင်းတဲ့ စိတ်ဓာတ်ကလေးတွေ.. ဖြူစင်တဲ့အပိုင်းကလေးတွေကို ဖျက်ဆီးပစ်တယ်၊ ဆိုလိုတာက လူမိုက်လုပ်လိုက် [၁၈] ရင် ပြဿနာနဲ့ချည်းပဲ၊ ကောင်းတာတစ်ခုမှ ဖြစ်မလာဘူး၊ အသိပညာဆိုတဲ့ဦးထိပ်ဟာ ကြေမွသွားတယ်၊ ဉာဏ်ပညာမရှိသည့်အတွက်ကြောင့် မှားယွင်းသွားတယ်၊ ဒီလိုဆိုလိုတယ်။

အဲဒါကို ဘာကြောင့် ဟောတာတုန်းလို့ ဆိုတော့ ရှေးတုန်းက ကျောက်စရစ်ခဲပစ်တဲ့အတတ် တတ်တဲ့လူတစ်ယောက် ရှိတယ်၊ အဲဒီလူဟာ ကျောက်စရစ်ခဲလေးတွေ ကိုင်ပြီးတော့ ဆန်းဆန်းကြယ်ကြယ် သစ်ရွက်ကလေးတွေကို ပုံစံအမျိုးမျိုးပေါ်အောင် ပစ်ဖောက်နိုင်တယ်၊ သူ့စွမ်းရည်သတ္တိက ကျောက်စရစ်ခဲပစ်တာ အလွန့်ကို ပညာပါတယ်ပေါ့၊ အဲဒီလူက ဟိုဟိုဒီဒီ မသွားနိုင်ဘူး၊ ဒါကြောင့်မို့လို့ “သူဆွံ့”လို့ ခေါ်တယ်၊ သူဆွံ့ဆိုတာ သူများချီပွေ့ပြီးတော့မှ သွားနိုင်တယ်၊ ခုခေတ်မှာဆိုလို့ရှိရင် ပိုလီယိုရောဂါသမားလိုပေါ့နော်၊ ခြေထောက်က ဟိုဟိုဒီဒီ မလှမ်းနိုင်တဲ့ပုဂ္ဂိုလ်၊ ကိုယ့်ဟာကိုယ်ကို မသွားနိုင်တဲ့ပုဂ္ဂိုလ်၊ ဒုက္ခိတပေါ့၊ ဒါပေမယ့် သူက လက်သန် [၁၉] တယ်၊ ခဲလေးတွေ ကိုင်ပြီးတော့ ပစ်လိုက်တဲ့အခါ တည့်အောင် ပစ်နိုင်တယ်၊ ဒါ သူ့ပညာပဲ။

တစ်နေ့ကျတော့ ဘုရင်ကြီးက စကားများတဲ့ ပုဏ္ဏားကြီးတစ်ယောက်ကို နားငြီးလွန်းလို့ ဒီသူဆွံ့ကို အကူအညီတောင်းတယ်၊ “ငါ့မှာ စကားများလွန်းတဲ့ လူတစ်ယောက်ရှိတယ်၊ သူ့ပါးစပ်ပေါက် ပိတ်အောင် မင်း လုပ်နိုင်မလား”လို့ဆိုတော့ သူဆွံ့က ပြောတယ်၊ ဆိတ်ချေး တစ်ပြည်သားလောက် ရရင် ရပါတယ်တဲ့၊ ဆိတ်ချေးဆိုတာ အလုံးကလေးတွေနော်၊ အဲဒီဆိတ်ချေး တစ်ပြည်သားလောက် ရရင် သူလုပ်ပေးပါမယ်လို့ ပြောတယ်။

ဘုရင်ကြီးဆီ အဲဒီပုဏ္ဏားကြီး လာတဲ့အခါ သူ့ပါးစပ်ပေါက်နဲ့ချိန်ပြီး အပေါက်ဖောက်ထားတဲ့ လိုက်ကာလေးတစ်ခု ကာထားတယ်၊ ပုဏ္ဏားကြီးရဲ့ပါးစပ်ပေါက်နဲ့ တည့်တည့်နေရာတစ်ဖက်က အဲဒီကျောက်စရစ်ခဲပစ်တတ်တဲ့သူဆွံ့က ထိုင်နေမယ်၊ ဟိုပုဏ္ဏားကြီးက စကားပြောမယ်၊ ပါးစပ်ဟလိုက်တာနဲ့ အဲဒီ [၂၀] အပေါက်ကနေပြီး ဆိတ်ချေး တစ်လုံးတစ်လုံး ပစ်ထည့်ရမယ်၊ ပုဏ္ဏားကြီးကလည်း ပါးစပ်ကို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် သူများ ပြောခွင့် မရှိလောက်အောင် စကားများတယ်။

အဲဒီပုဏ္ဏားကြီး ရောက်လာပြီး ဘုရင်ရှေ့မှာ ထိုင်ပြီး တစ်ခွန်းပြောလိုက် တစ်လုံးပစ်ထည့်လိုက်၊ တစ်ခွန်းပြောလိုက် တစ်လုံးပစ်ထည့်လိုက် လုပ်တယ်၊ ပုဏ္ဏားကြီးကလည်း စကားအလွန်ပြောချင်တာဆိုတော့ ဘာအလုံးလေးတွေ ဝင်လာမှန်း မသိဘဲ ပါးစပ်ထဲ ရောက်လာတာကို စကားပြောပျက်မှာ စိုးလို့ မျိုမျိုချတာ၊ ဆိတ်ချေးတစ်ပြည်သားသာ ကုန်သွားရော စကားပြောတာ မရပ်သေးဘူး၊ အဲဒီတော့ ဘုရင်ကြီးက ပြောရတယ်၊ ဆရာ ဆိတ်ချေးတစ်ပြည်သား ဗိုက်ထဲ ရောက်သွားပြီ၊ သွားပြီး ဝမ်းနှုတ်ဆေးလေးဘာလေးသောက်ပြီးတော့ ဗိုက်ထဲက ဆိတ်ချေးတွေ ထုတ်လိုက်ဦးလို့ ပြောတော့ သူ အရှက်ရသွား [၂၁] ပြီးတော့ အဲဒီနောက်မှာ စကား သိပ်မပြောတော့ဘူးတဲ့ နော်။

အဲဒီသူဆွံ့ရဲ့အတတ်ပညာက .. ဘယ်လောက်ကောင်းတုန်း၊ ပါးစပ်ဟရင် အံကိုက် ပစ်သွင်းနိုင်တယ်၊ သူက ထွေးထုတ်လို့ မရလောက်အောင် ပစ်သွင်းလိုက်တာ၊ အာခေါင်ထဲရောက်သွားတော့ မျိုချဖို့ပဲ ရှိတော့တာပေါ့၊ ဆိတ်ချေးလေးကလည်း ဆေးလုံးလေးတွေလိုပဲ၊ အရွယ်အစားကလည်း အတော်ပဲဆိုတော့ မျိုမျိုချတယ်၊ မြေပဲစေ့လေးတွေလောက် ရှိမှာပေါ့နော်။

အဲဒါနဲ့ တခြားလူတစ်ယောက်က အဲဒီအတတ်ပညာကို သဘောကျတယ်၊ သဘောကျလို့ အဲဒီသူဆွံ့ဆီ သွားပြီးတော့ သင်တယ်ပေါ့၊ “ဆရာ ဒီပညာသင်ပေးစမ်းပါဦး”လို့ ဆိုတော့ ဟိုက “မင်းမသင်ပါနဲ့”တဲ့၊ ဘာလို့ သင်မှာတုန်း၊ သင်မပေးချင်ဘူး၊ နောက်ဆုံးကျတော့ သူ့ကို ဝတ်ကြီးဝတ်ငယ်ပြု သူသဘောကျလောက်အောင် လုပ်ပြီး တောင်းပန်တိုးလျှိုးတဲ့အခါ [၂၂] သင်ပေးလိုက်တယ်၊ သင်ပေးလိုက်တာ ပညာရပ်တွေ အကုန်လုံးတတ်သွားပြီ၊ “ဒီတော့ မင်းပညာတွေ စုံပြီ၊ ပညာသွားပြီး စမ်းပေတော့၊ ဒါပေမယ့် တိရစ္ဆာန်တွေဘာတွေ သွားမစမ်းနဲ့”၊ တိရစ္ဆာန်တစ်ကောင် သေလို့ရှိရင် အဲဒီခေတ်က ငွေတစ်ရာ ဒဏ်တပ်ခံရတယ်၊ “လူလည်း သွားမစမ်းနဲ့၊ လူသွားစမ်းလို့ လူသေရင် မင်း ငွေတစ်ထောင် ဒဏ်ရိုက်ခံရလိမ့်မယ်”၊ အဲဒီတော့ ဆရာက အကြံပေးလိုက်တာ“မင်း ကလေကချေသမားတစ်ယောက်ကို စမ်းကြည့်ပေါ့ကွာ၊ အမေအဖေမရှိ တရားစွဲမယ့်လူမရှိတဲ့ ကလေကချေ ဘယ်ကဟာမှန်း မသိ, ဘယ်သူကမှ တရားမစွဲမယ့် ပုဂ္ဂိုလ်မျိုး သွားစမ်း”လို့ မှာလိုက်တယ်။

သူက ကလေကချေရှာဖို့ စဉ်းစားလိုက်တဲ့အခါ ဖန်ရည်စွန်းတဲ့အဝတ်ကြီးကို ဝတ်ပြီး သပိတ်ကြီးပိုက်ပြီး ဆွမ်းခံလာလာနေတဲ့ တောထဲမှာ တစ်ပါတည်းနေတဲ့ ပစ္စေကဗုဒ္ဓါတွေ့တယ်၊ အင်း သူ့မှာ အမေလည်း မရှိဘူး၊ အဖေလည်း မရှိဘူး၊ သူ့ဘာသူ [၂၃] တောထဲနေတာဆိုတော့ ကလေကချေပဲ၊ သူ့စမ်းမှပဲလို့ဆိုပြီး ပစ္စေကဗုဒ္ဓါ ကြွလာတဲ့အခါ ပညာစမ်းတဲ့အနေနဲ့ ချွန်ထက်တဲ့ခဲလေးကို . ကိုင်ပြီးတော့ ဘယ်ဘက်နားက နေပြီးတော့ နားပေါက်ထဲ ဝင်အောင် ပစ်လိုက်တာ ဟိုဘက်နားထိအောင် ပေါက်သွားတယ်၊ အဲဒါနဲ့ပဲ ပစ္စေကဗုဒ္ဓါရှင်မြတ်ဟာ ဒဏ်ရာအပြင်းအထန်ရပြီး ပရိနိဗ္ဗာန်စံသွားရှာတယ်။

မြတ်စွာဘုရားလက်ထက်တုန်းကလည်းပဲ ဒီလိုပဲ၊ ရဟန်းနှစ်ပါး ဆွမ်းခံသွားရင်း ကမ်းခြေတစ်ခုကနေ ဖြတ်သန်းသွားတဲ့အခါ ကောင်းကင်ယံမှာ ဟင်္သာ (ခုခေတ် တောဘဲခေါ်တာပေါ့) အဲဒီ ဟင်္သာနှစ်ကောင်ဟာ ပျံလာတာ၊ ဟင်္သာဆိုတာ အမြဲတမ်း သူက အတွဲလိုက်လေး နေတယ်၊ ဟင်္သာနှစ်ကောင် ပျံလာတဲ့အခါကျတော့ အဲဒီရဟန်းနှစ်ပါးထဲမှာ တစ်ပါး ကျောက်စရစ်ခဲပစ်တတ်တဲ့အတတ် ရှိတယ်၊ သူက ဘာပြောတုန်းဆိုတော့ ... အဲဒီဟင်္သာနှစ်ကောင်ထဲက တစ်ကောင်ကို ဒီဘက်မျက်လုံးတစ်ဖက်က [၂၄] နေပြီး ဟိုဘက်မျက်လုံးတစ်ဖက် ပေါက်သွားအောင် ခဲနဲ့ သူပစ်ချပေးနိုင်တယ်ပေါ့၊ တစ်ပါးက ကိုယ်တော် မဖြစ်နိုင်ဘူးတဲ့၊ အပြောမကြီးနဲ့ဆိုတော့ အပြောကြီးတာ မဟုတ်ဘူး၊ ဒီဘက်မျက်လုံးက ပစ်လိုက်ရင် ဟိုဘက်မျက်လုံးက ထွက်သွားအောင် ငါ ပစ်နိုင်တယ်၊ အဲဒီလို ပြောပြီးတော့ သူကြိုက်တဲ့ ကျောက်စရစ်ခဲလေးနှစ်ခုကို ကောက်ကိုင်ပြီး လက်ထဲမှာ ဆကြည့်ပြီး ခဲတစ်လုံးကို ပစ်တင်လိုက်တယ်၊ ခဲက ဝှီးကနဲဆိုပြီးတော့ ဟင်္သာရဲ့နောက်ကျောကနေ ဖြတ်သွားတော့ ဟင်္သာက လန့်ပြီးတော့ ဘာသံတုန်းဆို လှည့်အကြည့်လိုက်မှာ နောက်ခဲတစ်လုံးက မျက်လုံးတစ်လုံးကို ပစ်လိုက်တာ သူပြောတဲ့အတိုင်းပဲ ဒီဘက်မျက်လုံးတစ်လုံးကနေ ဖောက်ပြီး .. ဟိုဘက်မျက်လုံးတစ်လုံးကို ပေါက်ထွက်သွားပြီး ဟင်္သာက သူတို့ ခြေရင်းမှာ ကျလာတယ်၊ သူတို့ပညာရပ်ကလည်း အဲဒီလောက်ထိအောင် စွမ်းတယ်နော်၊ အဲဒီရဟန်း [၂၅] ကို ရဟန်းတွေက ဝိုင်းကဲ့ရဲ့ရှုတ်ချကြတယ်၊ ဒါ ဟံသဃာတကဝတ္ထု ဆိုတာ ရှိတယ်ပေါ့နော်။

အေး ခုနက လူကလည်းပဲ လူမိုက်ဆိုတော့ လုပ်သင့်တာ မလုပ်သင့်တာ မသိဘူး၊ သွားလုပ်လိုက်တာ ပစ္စေကဗုဒ္ဓါ ပရိနိဗ္ဗာန်စံသွားတယ်၊ အဲဒီလို ပရိနိဗ္ဗာန်စံသွားတော့ .. ကိုးကွယ်ဆည်းကပ်နေတဲ့လူတွေက ပစ္စေကဗုဒ္ဓါကို မီးသင်္ဂြိုဟ်ကြမလို့ စုဝေးရောက်လာတဲ့အခါမှာ သူက “ဒါ ငါလက်တဲ့စမ်းလိုက်တာပေါ့၊ မနက်က မြို့ထဲဆွမ်းခံလာတုန်းက ငါလက်တဲ့စမ်းလိုက်တာ၊ နားပေါက်ထဲကို ခဲလေးတစ်လုံး ပစ်ထည့်လိုက်တာ ဟိုဘက်နားက ထွက်သွားတယ်”လို့ ပြောလိုက်တယ်၊ သူလုပ်တယ်လို့လည်း လူကြားထဲ ပြောရော လူတွေက ဒေါသတကြီးနဲ့ သူ့ကို ဝိုင်းသတ်လိုက်ကြတာ၊ သေဆုံးပြီး အဝီစိငရဲ ရောက်သွားတယ်။

အကုသိုလ်ကံဆိုတာက မနေဘူးလေ၊ တကယ့် ပုဂ္ဂိုလ်မြတ်ကို ပြစ်မှားတာ ဖြစ်သည့်အတွက်ကြောင့် [၂၆] သေတာနဲ့ အဝီစိငရဲရောက်တယ်၊ အဝီစိငရဲက လွတ်လာတဲ့အခါကျတော့ ဘာဖြစ်တုန်းဆိုရင် ရာဇဂြိုဟ်ပြည်နားမှာ ပြိတ္တာကြီးတစ်ကောင်ဖြစ်တယ်၊ အဲဒီ ပြိတ္တာကြီးဟာ ဘယ်သွားသွား ကောင်းကင်ယံက ကြီးတွေက သူ့ခေါင်းပေါ်မှာ တဒုန်းဒုန်းနဲ့ ထုနေတယ်၊ တူကြီးတွေ ခေါင်းပေါ်မှာ ကျလာတာ မီးရဲရဲနဲ့၊ အဲဒီလို တစ်ခေါင်းလုံး အထုခံနေရတဲ့ဟာမျိုး သွားဖြစ်တယ်တဲ့၊ ဆိုလိုတာက လူမိုက်ဟာ ဘယ်လို အတတ်ပညာတတ်တတ် ... ကောင်းတဲ့အကျိုးစီးပွားကို မရဘူး။

ခုနတုန်းက စကားများတဲ့ ပုဏ္ဏားကြီးရဲ့ ပါးစပ်ပိတ်အောင် လုပ်နိုင်တဲ့လူကတော့ ဆုတွေ ရတယ်နော်၊ စနစ်တကျ အသုံးချတတ်တဲ့လူကတော့ ဆုတွေရတယ်၊ ဟိုလူကတော့ ပစ္စေကဗုဒ္ဓါသတ်မိလို့ ငရဲလည်း ကျတယ်၊ နောက်ဆုံး ပြိတ္တာကြီးလည်း ဖြစ်တယ်၊ ဆင်းရဲဒုက္ခတွေ ခံရတယ်တဲ့။

[၂၇] ဗာလ၏ သွင်ပြင်လက္ခဏာများ

မြတ်စွာဘုရားက ဗာလနဲ့ ပတ်သက်ပြီးတော့ ဗာလဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲ၊ ဆိုးတယ် မိုက်တယ်ဆိုတာ ဘာကို ကြည့်ပြီး ပြောတာလဲလို့ ဆိုတဲ့နေရာမှာ မြတ်စွာဘုရားက ဗာလရဲ့ သွင်ပြင်လက္ခဏာ လူဆိုးလူမိုက်ရဲ့ သွင်ပြင်လက္ခဏာသုံးမျိုးကို ထားတယ်။

အဲဒီသုံးမျိုးက ဘာလဲလို့ဆိုရင်
၁။ ဒုစ္စန္တိတစိန္တိ- ကောင်းတာ ဘယ်တော့မှ စိတ်မကူးဘူး၊ လူတကာ ဒုက္ခပေးမယ့်စိတ်ကူးပဲ ကူးတယ်၊ အများဒုက္ခရောက်မယ့်စိတ်ကူးမျိုးတွေ စိတ်ကူးတယ်နော်၊ ဒီကနေ့ခေတ်မှာလည်း ရှိတာပဲ၊ အများဒုက္ခရောက်မယ့်ဟာတွေကို လုပ်တာတွေလေ၊ အဲဒီလို မကောင်းတဲ့အတွေးတွေ စိတ်ကူးတဲ့ပုဂ္ဂိုလ်, အများဒုက္ခဖြစ်ဖို့ စိတ်ကူးတဲ့ပုဂ္ဂိုလ်တွေဟာ ဗာလပဲတဲ့၊ အဲဒါကို ကြည့်ပြီးတော့ ဒီပုဂ္ဂိုလ်ဟာ လူဆိုးလူမိုက်လို့ သတ်မှတ်ရတယ်။

နောက်တစ်ခု ... စကားပြောတဲ့အခါမှာလည်း အကောင်းဘယ်တော့မှ မပြောဘူးတဲ့၊ အများ [၂၈] ကောင်းကျိုးချမ်းသာရစေတတ်တဲ့ စကားမျိုးကို မပြောဘူး၊
၂။ ဒုဗ္ဘာသိတဘာသီ လူတကာ ဒုက္ခရောက်မယ့်စကားမျိုးတွေချည်းပဲ .. ပြောတယ်တဲ့၊ ကိုယ်ထိလက်ရောက်လုပ်တဲ့အခါမှာလည်းပဲ
၃။ ဒုက္ကဋကမ္မကာရီ မကောင်းတဲ့အလုပ်ကိုပဲ လုပ်တယ်တဲ့၊ ဒါ လူမိုက်ရဲ့သွင်ပြင်လက္ခဏာသုံးမျိုး - မကောင်းတာ ကြံတယ်၊ မကောင်းတာ ပြောတယ်၊ မကောင်းတာ လုပ်တယ်။ လုပ်သည့်အတွက်ကြောင့် ကိုယ်လုပ်တဲ့လုပ်ရပ်အတွက် ပြန်ပြီးတော့ ပေးဆပ်ရတယ်၊ ဒုက္ခရောက်ရတယ်၊ ပူပန်ဆင်းရဲရတယ်၊ ဒါကြောင့်မို့ မကောင်းတာလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ လုပ်နေတဲ့အချိန်မှာလည်းပဲ ဒုက္ခရောက်တယ်၊ ဒီဘဝမှာလည်း ဒုက္ခရောက်တယ်၊ ပါပကာရီ - မဟုတ်တာလုပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဣဓ တပ္ပတိ- ဒီဘဝမှာလည်း ပူပန်ရတယ်၊ ဆင်းရဲရတယ်၊ ပေစ္စ တပ္ပတိ - နောင်ဘဝမှာလည်း ပူပန်ရတယ်။

[၂၉] ကြည့်လေ - ခုနက ပစ္စေကဗုဒ္ဓါကို သွားပြီးတော့ ကျောက်စရစ်ခဲနဲ့ပစ်ပြီး ပစ္စေကဗုဒ္ဓါ ပရိနိဗ္ဗာန်စံအောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာ ဒီဘဝမှာလည်း အထောင်းအထု အသတ်အဖြတ် ခံလိုက်ရသေးတယ်၊ သေသွားတဲ့အခါလည်း ငရဲရောက်တယ်၊ ငရဲက လွတ်တဲ့အခါလည်း ပြိတ္တာကြီးဖြစ်ပြီး ဒုက္ခရောက်ရတယ်၊ သူ့လုပ်ရပ်ကလေးကြောင့် သူ ဒုက္ခရောက်နေတာနော်။

အဲဒါကြောင့်မို့လို့ ဗာလဆိုတဲ့ပုဂ္ဂိုလ်ဟာ အဲဒီပုဂ္ဂိုလ်မျိုးပဲတဲ့နော်၊ ကောင်းတာ တစ်ခုမှ မဖြစ်ဘူး၊ ပြီးတော့ ဗာလဟာ သူလုပ်သမျှဟာ ဒုက္ခပေးတာ ဖြစ်သောကြောင့် သူကတော့ သူ့ကိုယ်သူကို သူ့အတွက် အကျိုးရှိလိမ့်မယ်လို့ ထင်တယ်၊ ဒါပေမယ့် သူ့ရဲ့လုပ်ရပ်တွေဟာ သူ့ရဲ့ ရန်သူတွေချည်းပဲ၊ အကုန်လုံး ဘာလုပ်လုပ် ဘာပြောပြော သူလုပ်သမျှ ကိစ္စတွေဟာ သူ့ရန်သူပဲ၊ တစ်ချိန်ကျလို့ရှိရင် သူ့ရဲ့ လုပ်ရပ်တွေက သူ့ကိုပြန်ပြီးတော့ ဒုက္ခပေးသွားမှာ။

[၃၀] လောကမှာ လူဆိုးလူမိုက်ဆိုတာ တစ်ခါတစ်ရံကျတော့ မိုက်ပြီဆိုတဲ့ကောင်ဟာ ပညာသင်ပေးလို့ မရအောင် မိုက်တဲ့ကောင် ရှိတယ်၊ ဆိုးတဲ့ကောင်ကလည်း ပြင်ပေးလို့ မရလောက်အောင် ဆိုးတာ ရှိတယ်၊ လူဆိုးလူမိုက်ကို အမေအဖေကလည်း ပြင်လို့ မရဘူး၊ ဆရာသမားတွေကလည်း ပြင်လို့ မရဘူး၊ ဘယ်လောက်ပဲ မိဘကောင်း ဆရာသမားကောင်း တွေ့ပေမယ့်လို့ သူက ဘယ်တော့မှ ကောင်းတဲ့ဘက်ကို ပြောင်းလဲမလာအောင် ဆိုးတဲ့လူဆိုးက ရှိသေးတယ်။

အဲဒါကို မြတ်စွာဘုရားက ဘာနဲ့ ဥပမာပေးတုန်းဆိုတော့ ဟင်းမွှေယောင်းမနဲ့ တူတယ်တဲ့၊ ဟင်းမွှေနေတဲ့ ယောင်းမကြီးက ဘယ်တော့မှ ချဉ်တယ်လည်း ပြောတာ မရှိဘူး၊ ငန်တယ်လည်း မပြောဘူး၊ ခါးတယ်လည်း မပြောဘူး၊ အမြဲတမ်း ဟင်းအိုးမျိုးစုံ သူ မွှေနေရတယ်၊ ဒါပေမယ့် ချိုချဉ်ငန်စပ်ဆိုတာ သူ ဘာတစ်ခုမှ မသိဘူးနော်၊ အမြဲတမ်း ပေါင်းနေပေ [၃၁] မယ်လို့ သူက မသိဘူး၊ ဗာလ ဟာလည်းပဲ ဘယ်လို မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတွေနဲ့ ပေါင်းပေါင်း ဟင်းမွှေယောင်းမကြီးလိုပဲ အကောင်းအဆိုး ဘာမှ မသိဘူးတဲ့၊ ပြင်လို့ မရတဲ့ လူဆိုးလူမိုက်ဆိုတာ ရှိသေးတယ်၊ ဒါကြောင့်မို့ မိမိတို့ကိုယ်တိုင် လူမိုက်ဆိုတာ မဖြစ်အောင် လူဆိုးဆိုတာ မဖြစ်အောင် အသိဉာဏ်နဲ့ အသက်မွေးရမယ်။ မြတ်စွာဘုရားက ပညာဇီဝံ - လူ့ဘဝရလာတယ်ဆိုလို့ရှိရင် အသိပညာနဲ့ အသက်မွေးရမယ်တဲ့၊ အသိပညာနဲ့ အသက်မွေးတာဟာ အကောင်းဆုံးပဲတဲ့၊ အရာရာမှာ အကောင်းအဆိုး အကြောင်းအကျိုး စဉ်းစားဆင်ခြင်ပြီးတော့ နေထိုင်ရမယ်တဲ့၊ ဒါကြောင့်မို့လို့ တရားနာကြရတယ်၊ ဆရာသမားတွေရဲ့ အဆုံးအမကို ခံကြရတယ်၊ စာပေကျမ်းဂန်တွေ ဖတ်ရှုကြရတယ်၊ လေ့လာကြရတယ်၊ ဆုံးမဩဝါဒတွေ နာယူကြရတယ်၊ ဘာဖြစ်လို့တုန်း၊ အခုလို လူဆိုးတို့ လူမိုက်တို့ဘဝက လွတ်ကျွတ်အောင်လို့ ဒီလိုပြောတာနော်၊ [၃၂] အသိဉာဏ်ရှိလာလေလေ လူမိုက်ဘဝက လွတ်လေလေ၊ လူမိုက်ဘဝက လွတ်ရင် လူဆိုးဆိုတာ မဖြစ်လာတော့ဘူးပေါ့။

လောကမှာ လူတွေက အဆိုးအကောင်းတို့ အကျိုးအကြောင်းတို့ နားမလည်တော့ဘူးဆိုလို့ရှိရင် လူ့ဘဝရတဲ့အခါမှာ ဘာတွေနဲ့ အသုံးချတတ်တုန်း၊ ပါပသ္မိံ ရမတိ မနော လို့ဆိုတဲ့အတိုင်း လူ့ရဲ့စိတ်ဟာ ... မကောင်းတဲ့အလုပ်တွေပေါ်မှာ မွေ့လျော်တယ်၊ ပျော်ပိုက်တယ်၊ ဥပမာဆိုပါတော့ - တရားနာလာဖို့နဲ့ ပွဲကြည့်ဖို့ရန်ပေါ့၊ ဒီနှစ်ခုပဲ ယှဉ်ကြည့်ပေါ့၊ ပွဲကြည့်ဖို့ကျတော့ လွယ်လွယ်ကူကူ သွားနိုင်တယ်၊ ဘာအလုပ်ရှိရှိ၊ စိတ်ကိုက ညွတ်တာ၊ ဒါ လူတိုင်းတော့ မတူဘူးပေါ့၊ တပည့်တော်တို့ကတော့ ပွဲမကြည့်ပါဘူး၊ တရားပဲ နာတာပါဆိုတဲ့လူလည်း ရှိမှာပေါ့၊ ဒါ တော်တော်လေး ပြုပြင်ထားလို့ ကောင်းလာတဲ့သဘောပဲ၊ ကိုယ့်ကိုယ်ကို ကျေနပ်အားရမှာပဲနော်၊ ကိုယ့်ကိုယ်ကို ဒီဘဝထဲ ပြုပြင်ထားတာ ဟုတ် [၃၃] ချင်မှ ဟုတ်မယ်၊ ဘဝါဘဝက ကြိုက်လာလို့နော်၊ ကောင်းတဲ့စိတ်ဓာတ်တွေ မွေးလာလို့ ဒီလို ဖြစ်တာ၊ သာမန်အားဖြင့် ပြောမယ်ဆိုရင် ပွဲကြည့်ဖို့နဲ့ တရားနာဖို့ဆိုလို့ရှိရင် ပွဲကြည့်ဖို့ပဲ ပိုပြီး စိတ်ပါဖို့ ရှိတယ်၊ တရားနာဖို့ဆိုတာ အလွန်ခဲယဉ်းတယ်ပေါ့။

ဘာဖြစ်လို့ ခဲယဉ်းတာတုန်းလို့ မေးလို့ရှိရင် ပါပသ္မိံ ရမတိ မနော လူတွေရဲ့စိတ်ဆိုတာ မကောင်းတဲ့ဘက်မှာပဲ အကျင့်ကြီးပါနေတာ၊ လွယ်လည်း လွယ်တယ်လေ၊ ရေစုန်နဲ့ရေဆန် ဘယ်ဟာ လွယ်တုန်းဆိုလို့ရှိရင် ရေစုန်ရတာ လွယ်လွယ်လေးပဲ၊ တက်ကလေးတင်ပြီးတော့ လှေပေါ်မှာ ထိုင်လိုက် သူ့ဟာသူ မျောသွားမှာပဲ၊ ရေဆန်တက်ကျတော့ အဲဒီလို လုပ်လို့ မရဘူး၊ တက်တစ်ချက် ရပ်လို့ မရဘူး၊ ပြန်မျောသွားတယ်၊ အဲဒါကြောင့် မြတ်စွာဘုရားရဲ့တရား ကောင်းတဲ့အလုပ်တွေဆိုတာဟာ ရေဆန်နဲ့ အလားတူတယ်တဲ့၊ အမြဲတမ်း လှော်ခတ်နေရတယ်၊ [၃၄] အမြဲတမ်းကြိုးစားအားထုတ်နေရတယ်၊ ကြိုးစားအားထုတ်မှုမရှိဘဲနဲ့ သူ့ဟာသူတော့ ဖြစ်မလာဘူး။ လောကမှာ လူရယ်လို့ ဖြစ်လာရင် အလွယ်လမ်းကို လိုက်လေ့ရှိကြတယ်၊ အပျော်လမ်းကို လိုက်ကြတယ်၊ ရေစုန်လမ်းကို လိုက်ကြတယ်၊ ရေဆန်လမ်းကို မလိုက်ဘူး၊ ပျော်ရာကို ရှာကြတယ်၊ တော်ရာကို မစဉ်းစားဘူး၊ တော်ရာစဉ်းစားပြီး လုပ်တဲ့သူဆိုတာ လက်တစ်ဆုပ်စာလေး ရှိတာနော်၊ ကမ္ဘာမှာ လူဦးရေ မြောက်မြားစွာရှိတဲ့ထဲမှာ စဉ်းစားကြည့် အနည်းငယ်လေးပဲ ရှိတယ်၊ လောကမှာ လူဆိုတာ ကောင်းတာလည်း လုပ်မိတာ ရှိတယ်၊ မကောင်းတာလည်း လုပ်မိတာ ရှိတယ်၊ သံသရာမှာ တစ်ခါတစ်ခါ စိတ်ကောင်းဝင်လို့ ကောင်းတာတွေကို လုပ်လိုက်ကြတယ်၊ စိတ်ဆိုးစိတ်မိုက်ဝင်လိုက်တဲ့အခါ မကောင်းတာတွေ လုပ်မိတယ်။

ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားဟောထားတာရှိတယ်၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ တဲ့ အဝိဇ္ဇာ [၃၅] ဆိုတာ မသိမှုတွေ၊ မသိတာ ဘာတုန်းဆိုတော့ အမှန်တရားကို မသိတာ၊ လုပ်သင့်တာကို မသိတာ၊ မလုပ်သင့်တာကို မသိတာ၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားမသိရင် လုပ်သင့်တာကို မလုပ်သင့်ဘူးလို့ ထင်မယ်၊ မလုပ်သင့်တာကျတော့ လုပ်သင့်တယ်လို့ ထင်မယ်၊ အဲဒီကျတော့ လုပ်တယ်၊ ဒါ သဘာဝပဲ၊ လုပ်သင့် မလုပ်သင့် မသိဘူး၊ ကိုယ်ထင်တဲ့အတိုင်း လုပ်လိုက်တယ်၊ အဲဒါလိုပဲ အဝိဇ္ဇာ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကုသိုလ်လည်း တစ်ခါတစ်ခါ လုပ်လိုက်တာပဲ၊ လုပ်သင့်တယ်ထင်လို့ လုပ်တာလည်း ရှိတယ်၊ အကုသိုလ်ကိုလည်း လုပ်လိုက်တယ်၊ လုပ်သင့်တယ် ထင်ပြီးတော့ လုပ်တာပဲ၊ ကုသိုလ်ကျတော့ လုပ်သင့်တယ် မထင်လို့ မလုပ်ဘဲ နေတာလည်း ရှိတယ်။

ဥပမာ - ဘာနဲ့တူတုန်းဆိုလို့ရှိရင် မျက်စိနှစ်ကွင်း အလင်းမရတဲ့လူတစ်ယောက်ဟာ ခရီးသွားတဲ့အခါ ရံဖန်ရံခါ ချောလို့၊ သူသွားတဲ့လမ်းလေးက [၃၆] ဖြောင့်တဲ့အခါ ဖြောင့်သွားတယ်၊ မဖြောင့်တဲ့အခါ လည်း မဖြောင့်ဘူးတဲ့၊ ဝိသုဒ္ဓိမဂ် မှာ ဒီဥပမာလေး ပေးထားတယ်၊ လမ်းညွှန်ပြမယ့်ပုဂ္ဂိုလ်မပါတဲ့ မျက်စိနှစ်ကွင်း အလင်းမရတဲ့ ပုဂ္ဂိုလ်ဟာ ရံဖန်ရံခါ လမ်းဖြောင့်တယ်၊ ရံဖန်ရံခါ လမ်းမဖြောင့်ဘူးတဲ့၊ လမ်းမှားပြီး ရောက်လာတတ်တယ်တဲ့၊ အဲဒါလိုပဲ အဝိဇ္ဇာ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ရံဖန်ရံခါ ကောင်းတဲ့ဘက်ကို ရောက်သွားပြီး ရံဖန်ရံခါ ဆိုးတဲ့ဘက်ကို ရောက်သွားတယ်တဲ့၊ ကောင်းတဲ့ဘက်ကို ရောက်လာတဲ့အခါကျတော့ ကောင်းကျိုးချမ်းသာလေးတွေ ရလိုက်တယ်၊ အဆိုးဘက်ကို ရောက်သွားတဲ့အခါကျတော့ ဒုက္ခတွေ တွေ့ရပြန်တယ်ပေါ့၊ သံသရာကြီးထဲမှာ ဒီလိုပဲ စခန်းသွားနေကြတာ၊ အကောင်း ဖြစ်လိုက်၊ အဆိုး ဖြစ်လိုက်။

ဗာရာဏသီမြို့မှာ သူငယ်ချင်း သူဌေးသား ၄ ယောက် ရှိတယ်၊ တော်တော် ခင်ခင်မင်မင် အရာရာမှာ လက်တွဲပြီးတော့ နေကြတယ်၊ အဲဒီလို နေထိုင် [၃၇] ရင်းက သူတို့သူငယ်ချင်းတွေ စကားစပ်မိစပ်ရာ ပြောကြတာပေါ့၊ အမေအဖေတွေက မရှိတော့ဘူး ထင်ပါရဲ့၊ သူတို့ပစ္စည်းဥစ္စာတွေ သူတို့လက်ထဲ အကုန်ရောက်နေတယ်၊ ငွေကြေးချမ်းသာတယ်၊ ချမ်းသာတော့ တို့ဒီငွေကြေးတွေ တစ်သက်လုံး သုံးမကုန်ဘူး၊ ဘာလုပ်ကြမလဲ၊ ဘဝမှာ ပျော်ပျော်နေသေခဲ ဆိုတဲ့ ဆောင်ပုဒ်ကို သူတို့က ရွေးချယ်ပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ ဆိုတော့ တစ်ယောက်က အကြံပေးတယ်၊ “တို့ ကောင်းပေ့ဆိုတဲ့အရက်တွေ ကောင်းပေ့ဆိုတဲ့အစာနဲ့ စားပြီးတော့ တို့တစ်သက်လုံး သောက်လည်း တို့ငွေမကုန်ဘူး၊ အေးအေးဆေးဆေးပဲ၊ တို့အကောင်းဆုံးအရက်ကို သောက်ကြမယ်၊ ခုခေတ်ဆိုရင် နိုင်ငံခြားဖြစ်အရက်ပေါ့၊ သိန်းချီတန်တဲ့ဟာမျိုးတွေပေါ့နော်၊ အဲဒါကို သောက်ပြီး တို့ ပျော်ပျော်ပါးပါး နေကြမယ်” လို့ တစ်ယောက်က အဆိုပြုတယ်၊ အဆိုပြုတော့ အရက်မကြိုက်တဲ့လူက ဒါ သဘောမတူဘူး။

[၃၈] အရက်သောက်ပြီး ဘာလုပ်မှာတုန်းကွာ၊ တို့ ဘာလုပ်မလဲ၊ ပွဲလမ်းသဘင်တွေ အဆို အတီး အက အမှုတ်တွေ အဲဒါတွေနဲ့ ပျော်ရအောင်၊ အမြဲတမ်း ပွဲလမ်းသဘင်နဲ့ တို့ နေမယ်၊ သီချင်းဆိုကြမယ်၊ သီချင်းဆိုတာ နားထောင်ကြမယ်၊ တီးကြမယ်၊ မှုတ်ကြမယ်ပေါ့၊ အဲဒါကိုလည်း နောက်တစ်ယောက်က သဘောမကျသေးဘူး၊ သဘောမကျတော့ ဘာလုပ်မလဲဆို ဟိုခေတ်ကတော့ Hotel မရှိဘူးပေါ့နော်၊ Hotel တက်ပြီး ကောင်းကောင်းစားကြမယ်ပေါ့၊ စားသောက်ဆိုင်အကောင်းစားတွေမှာ သွားပြီး ကောင်းကောင်းစားကြမယ်၊ အဲဒီလိုပြောတော့ လက်မခံဘူး။

နောက်ဆုံးတစ်ယောက်က ဘာပြောတုန်းဆိုရင် တို့ရှိတဲ့ပစ္စည်းတွေက သုံးလို့ မကုန်ပါဘူးကွာ၊ သူတို့ပြောပုံပြောနည်းက နောက်ဆုံးလူက ဘာပြောတုန်းဆိုရင် လောကမှာ ပိုက်ဆံပေးလို့ မကြွေတဲ့လူ မရှိဘူးပေါ့၊ အမျိုးသမီးချောချောလှလှတွေနဲ့ပဲ ပိုက်ဆံပေးပြီးတော့ ပျော်ပါးမယ်ဆိုပြီး အဆိုတင် [၃၉] သွင်းလိုက်တယ်၊ နောက်ဆုံးမှာ အဲဒါကို အားလုံးက သဘောကျသွားတယ်၊ သူတို့ရှိသမျှ စည်းစိမ်တွေ သုံးဖြုန်းပြီးတော့ အဲဒီလို လူ့ဘဝမှာ မဟုတ်တဲ့အလုပ်တွေ လုပ်ပြီးတော့ ဒီသူဌေးသား ၄ ယောက် သေသွားတဲ့အခါ ဘယ်ရောက်တုန်းဆိုရင် အဝီစိ ငရဲကျသွားရှာတယ်။

သူတို့ပျော်ပါးတဲ့ အမျိုးသမီးတွေကလည်း မလွတ်မလပ်၊ တချို့က အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေ၊ အဲဒီလို ပိုက်ဆံပေးစည်းရုံးပြီးတော့ ပရဒါရ သူတစ်ပါးသားမယားကို ဖျက်ဆီးတဲ့ပုဂ္ဂိုလ်တွေ သေတဲ့အခါကျတော့ သူတို့လုပ်တဲ့လုပ်ရပ်ကြောင့် အပါယ်ငရဲကျသွားကြတယ်၊ အဲဒီအပါယ်ငရဲက လွတ်လာတဲ့အခါကျတော့ လောဟကုမ္ဘီ လို့ခေါ်တဲ့ ကြေးရေပူတွေ ပွက်ပွက်ဆူနေတဲ့ ကြေးအိုးကြီးထဲမှာ သူတို့ ၄ ယောက်ဟာနော် မကောင်းမှုတွေ အတူတူလုပ်လာခဲ့တော့ ငရဲမှာ အတူတူခံကြရတယ်၊ အနှစ် ခြောက် [၄၀] သောင်းတဲ့၊ အဲဒီ ငရဲအိုးကြီးထဲမှာ နှစ်ပေါင်း ခြောက်သောင်း မြှုပ်ချည် ပေါ်ချည်နဲ့ ဒုက္ခခံရတယ်။

အဲဒီငရဲအိုးကလည်း ဘယ်နားမှာ ရှိတာတုန်းလို့ဆိုတော့ သာဝတ္ထိပြည်အနီးမှာ ရှိပုံရတယ်၊ ညကျလို့ရှိရင် အသံနက်ကြီးနဲ့ အော်တဲ့အသံကို တစ်ညမှာ ကောသလမင်းကြီး ကြားလိုက်တယ်၊ ဒု သ န သော ဆိုတဲ့ ကြောက်မက်ဖွယ်ရာ အော်ဟစ်တဲ့ အသံကြီး ၄ သံကို ကြားလိုက်ရတယ်တဲ့၊ အိပ်မက်မက်သလိုပေါ့လေ၊ ညအိပ်ရာက နိုးနေတဲ့အချိန်မှာ ညကြီးမှာ အသံဆိုးကြီးနဲ့ အော်တာကို ကြားလိုက်ရတယ်၊ သူ့နားထဲမှာ ‘ဒု’ဆိုတဲ့အသံကြီး ကြားလိုက်ပြီးတော့ ပျောက်သွားပြန်တယ်၊ ‘သ’ဆိုတဲ့ အသံကြီးကို ကြားပြီးတော့ ပျောက်သွားပြန်တယ်၊ ‘န’ဆိုတဲ့ အသံကြီး ကြားပြီးတော့ ပျောက်သွားတယ်၊ နောက်ဆုံးမှာ “သော”ဆိုတဲ့အသံကြီးတစ်ခု ကြားလိုက်ရတယ်၊ ဒါကို အဓိပ္ပါယ်ဖော်လို့ မရဘူး၊ အဲဒါ ဘယ်သူတွေအော်ကြတာတုန်းဆိုတော့ ခုနက ပရဒါရကံ ကို ကျူးလွန် [၄၁] ခဲ့တဲ့ သူဌေးသား ၄ ယောက်ပဲ၊ လူ့လောကမှာ ပျော်ပျော်နေမယ်ဆိုပြီးတော့ စည်းစိမ်ချမ်းသာတွေကို ပျော်ပါးမှုကိစ္စတွေမှာ သုံးဖြုန်းသွားတဲ့ အဲဒီသူဌေးသား ၄ ယောက်၊ လောဟကုမ္ဘီ ငရဲကို တစ်နေ့တစ်ချိန်တည်းပဲ ရောက်လာတဲ့အခါ သူတို့က အဲဒီ ပွက်ပွက်ဆူနေတဲ့ ငရဲအိုးကြီးထဲမှာ မြှုပ်သွားရင်းကနေပြီး အောက်ကြမ်းပြင်ထိအောင် ... ဒယ်အိုးဖင်ထိအောင် မြုပ်သွားပြီးတော့ ပြန်ပေါ်လာတဲ့အချိန်မှာ တစ်ယောက်ကို တစ်ယောက် .. မြင်လိုက်တဲ့အချိန်လေးမှာ အော်လိုက်ကြတာနော်၊ သူတို့ပြောချင်တဲ့ စကားကို ဆုံးအောင် မပြောနိုင်ဘူး။

ပထမလူက ‘ဒု’လို့ စပြီးပြောတဲ့အခါ ရှိသေးတယ်၊ ငရဲအိုးထဲပြန်မြုပ်သွားလို့ ဆက်ပြောလို့ မရတော့ဘူး၊ သူပြောချင်တာက “တို့ဟာ လူ့ဘဝမှာ ကောင်းကောင်း မနေခဲ့ကြဘူးတဲ့၊ လူဆိုးလူမိုက်တွေ လုပ်ခဲ့ကြတယ်တဲ့၊ တို့မှာ ပစ္စည်းဥစ္စာတွေ ရှိတယ်၊ ပစ္စည်းဥစ္စာတွေ ရှိပါရဲ့သားနဲ့ တို့ သူတော်ကောင်း [၄၂] သူတော်မြတ်တွေကိုလည်းပဲ လှူမှုတန်းမှု မပြုခဲ့ကြဘူး”တဲ့၊ နောင်တရပြီးတော့ ပြောတဲ့စကားတစ်ခုပဲ။ တို့ဟာ တော်တော်ဆိုးတာပဲ၊ လူ့ဘဝရောက်တုန်းက တို့က လူဆိုးတွေပဲ၊ တော်တော်ဆိုးသွမ်းခဲ့ကြတယ်၊ ပစ္စည်းဥစ္စာ ချမ်းသာရဲ့သားနဲ့ တို့တတွေ ကိုယ့်ဘဝရဲ့ရပ်တည်မှုအတွက် ... ကုသိုလ်ကောင်းမှုတွေ မလုပ်ခဲ့ကြဘူးဆိုတဲ့အဓိပ္ပါယ်နဲ့ ဒီလိုပြောတာလို့ မြတ်စွာဘုရားက ပြန်ပြီးတော့ ဒီအဓိပ္ပါယ်ကို ဖော်ပေးတာ၊ တို့တတွေဟာ မကောင်းတဲ့နည်းနဲ့ အသက်မွေးကြတယ်၊ ပစ္စည်းဥစ္စာတွေရှိရဲ့သားနဲ့ သူတော်ကောင်းတွေကို မပေးခဲ့ဘူး၊ ကုသိုလ်ကောင်းမှုတွေဘာတွေ မလုပ်ခဲ့သည့်အတွက်ကြောင့် ကိုယ့်အတွက် ရပ်တည်ရာဆိုတာ ဘာမှ မရှိခဲ့ဘူးလို့ ဒီအဓိပ္ပါယ်နဲ့ ပြောချင်တာ၊ စကားကို ပြည့်စုံအောင် မပြောနိုင်ဘဲနဲ့ မြုပ်ထွက်သွားတယ်၊ လူဆိုးလူမိုက်တွေရဲ့သွားရာလမ်းဟာ ဒီလိုပဲပေါ့နော်၊ ကိုယ်ပြောချင်တာလည်း ပြောလို့ မရတော့ဘူးပေါ့။

[၄၃] ဟော နောက်တစ်ယောက်က ‘သ’ ဆိုတဲ့စကားလုံးကို ပြောချင်တယ်၊ သူက ဘာပြောချင်တာတုန်းဆိုတော့ အပြည့်အစုံကို မြတ်စွာဘုရားက အဓိပ္ပါယ်ဖော်ပေးတယ်၊ “သ”ဆိုတဲ့အသံကြီးက ဘာတုန်းဆိုလို့ရှိရင် “တို့တတွေဟာ”တဲ့ “ခု ဒီငရဲမှာ အနှစ် ခြောက်သောင်းတောင် ရှိနေပြီ”တဲ့၊ ဒီနေရာမှာ စဉ်းစားကြည့်တော့ သူ ဘယ်လိုများ ရေတွက်ထားလို့ အနှစ်ခြောက်သောင်းတောင် ရှိနေပြီလို့ မှတ်မိနေတာလဲလို့၊ ငရဲကျနေတဲ့လူတွေတော့ ဘယ်လိုတွက်တယ်တော့ မသိဘူး၊ တချို့ထောင်ထဲမှာ တိုက်ပိတ်ခံရတဲ့ပုဂ္ဂိုလ်တွေကျတော့ သူတို့ အမှတ်အသားကလေးတစ်ခု လုပ်ထားတာ၊ ဘယ်နှစ်ရက်ဆိုတာကို မှတ်သားပြီး လုပ်တတ်တဲ့ပုဂ္ဂိုလ်ကျတော့ အဲဒီရက်တွေ ဘာတွေကို သိတယ်၊ အဲဒီတော့ ဒီငရဲသားကလည်း သူ မှတ်မှတ်သားသားထားလို့ အနှစ် ခြောက်သောင်းဆိုတာ တွက်လို့ ရတာ ဖြစ်လိမ့်မယ်။

[၄၄] သူက ... ပြောတယ်၊ “အနှစ်ခြောက်သောင်းတောင် ပြည့်လာပြီ၊ တို့ဒီမှာ ငရဲကျနေတာ အနှစ် ခြောက်သောင်းတောင် ရှိလာပြီ၊ ဘယ်တော့များ လွတ်ရက်ပေါ်ပါ့မလဲ၊ ဘယ်တော့များ လွတ်ကြမလဲ” လို့ ‘သ’ ဆိုပြီး ညည်းတွားတဲ့ အသံတစ်ခု ပြပြီး မြုပ်သွားတယ်။

နောက်တစ်ယောက်ကလည်း ‘န’ ဆိုတဲ့ အသံကြီး ထွက်ပြီးတော့ မြုပ်သွားတယ်၊ အဲဒီလူရဲ့စကားလုံးအဓိပ္ပါယ်ကို မြတ်စွာဘုရားက ဖော်တဲ့အခါကျတော့ နတ္ထိ အန္တော - ဘယ်မှာ အဆုံးရှိမလဲ၊ ဘယ်လိုလုပ် ဆုံးနိုင်တော့မလဲ၊ ငရဲခံနေရတာ လွတ်ရက် မရှိဘူး၊ တို့တတွေမှာ နော်၊ ဆုံးခန်းတိုင်ဖို့ ဆိုတာ ဘယ်တော့မှ မတွေ့ဘူးတဲ့၊ “သူငယ်ချင်းတို့ရေ မင်းလည်း မကောင်းတာတွေ လုပ်ခဲ့တယ်၊ ငါလည်း မကောင်းတာတွေ လုပ်ခဲ့တယ်၊ မင်းနဲ့ ငါတို့ မကောင်းတာတွေ လုပ်ခဲ့တာတွေရဲ့ ဆိုးကျိုးတွေကို တို့တတွေဟာ အခုချိန်ထိ လွတ်ရက်မရှိ ခံနေရ [၄၅] တယ်၊ ဘယ်တော့များ အဆုံးသတ်မလဲ မသိဘူး”လို့ ပြောချင်တာတဲ့။

‘သော’ ဆိုတဲ့ အဓိပ္ပါယ်ကျတော့ .. ဘာတုန်းဆိုရင် နောက်ဆုံးလူက သောဟံ - ဒီငရဲက လွတ်လို့ လူ့ဘဝ ပြန်ရောက်သွားပြီဆိုလို့ရှိရင်တဲ့၊ ဝဒညို - လိမ္မာမယ်၊ ကိုယ်ကျင့်တရားတွေ.. ကောင်းအောင် နေမယ်၊ အလှူခံပုဂ္ဂိုလ်တွေကို ... ရက်ရက်ရောရော လှူမယ်၊ အလှူခံပုဂ္ဂိုလ်တွေရဲ့စကားကို နားလည်မယ်၊ ကုသိုလ်တွေ အများကြီး လုပ်မယ်တဲ့၊ ဟောဒီငရဲက လွတ်သွားတာနဲ့ တစ်ပြိုင်နက် လူ့ဘုံရလာတဲ့အခါမှာ တို့ဟာ ကိုယ်ကျင့်တရားတွေ ကောင်းအောင် လုပ်ပြီးတော့ ဒါနကောင်းမှုတွေ လုပ်မယ်လို့ နောင်တစကားကို ဆိုတာ၊ လောကမှာ နောင်တရသွားပြီဆိုရင် ငါ အရင်ပုံစံ ပြန်ရောက်လို့ရှိရင်တော့ ငါ ကောင်းတာတွေ လုပ်တော့မယ်လို့ ဆိုတဲ့ နောင်တစကားပေါ့။

[၄၆] အဲဒီ ဒု သ န သော ဆိုတဲ့ စကားကြီး ၄-လုံးကို ရွတ်ဆိုပြီးတော့ မြုပ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ချိန်တုန်းက ဘဝခရီးကို လျှောက်လှမ်းရင်း မဟုတ်တာတွေ လုပ်ပြီးတော့ အချိန်ဖြုန်းခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာတဲ့ လူဆိုးလူမိုက်တွေ ဖြစ်ခဲ့တယ်၊ ဒါကြောင့်မို့ လူဆိုးလူမိုက်တွေရဲ့ သွားရာလမ်းကတော့ အဲဒီအတိုင်းပဲ ဖြစ်ပါတယ်လို့ ဒီလိုဆိုလိုတာ။ မြတ်စွာဘုရားလက်ထက်မှာ ဆိုးသွမ်းတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ဦး၊ လူတင်မကဘူး၊ ဆိုးသွမ်းတယ်ဆိုတာ နတ်တွေ ဘီလူးတွေထဲမှာလည်း ရှိတယ်ပေါ့၊ ဆိုးသွမ်းမှုဆိုတာ စရိုက်တစ်ခုဆိုတာ လိုက်သွားတတ်တယ်၊ ဘုန်းကြီးတို့ အဲဒါ သတိထားမိတယ်၊ စစ်ကိုင်းက ဘုန်းကြီးတို့ကျောင်းမှာ ခွေးလေခွေးလွင့်တွေ အကောင်သုံးလေးဆယ်လောက် ရှိတယ်၊ ခွေးလေခွေးလွင့်ဆိုတာ ကျောင်းက မွေးထားတဲ့ခွေးတစ်ကောင်မှ မရှိဘူး၊ ဟိုက လာလွှတ် ဒီက လာလွှတ် စားရသောက်ရတော့ ကျောင်းထဲမှာ ဝင် [၄၇] နေ၊ အဲဒီလာနေတဲ့ ခွေးတွေထဲမှာ ဘယ်သူကမှ training ပေးတာ မဟုတ်ဘူး၊ ခွေးသင်တန်းကျောင်းလည်း မရှိပါဘူး၊ တချို့ခွေးတွေကျတော့ အလွန်လိမ္မာတယ်၊ ပြောင်တဲ့နေရာတွေ မစင်မစွန့်ဘူး၊ နေတာထိုင်တာ အဆင်ပြေတယ်၊ တချို့ခွေးကတော့ ပြောင်ပြီဆိုတဲ့နေရာကို ရွေးတယ်၊ ခြေသုတ်ခုံတို့ ဘာတို့ကို ရွေးတယ်နော်၊ တကယ့်ဘုရားသံမံတလင်းတို့ ဘာတို့ ဒီလိုနေရာမျိုးမှာ ရွေးပြီးတော့ မစင်စွန့်တဲ့ခွေးလည်း ရှိတယ်၊ နောက် ဘုန်းကြီးကျောင်းထဲ နေပြီး စားသောက်နေတဲ့ ခွေးတစ်ကောင်ဟာ ဘုန်းကြီးမြင်လည်း ဟောင်တယ်၊ လာလာသမျှ အကုန်ဟောင်တယ်၊ အဲဒီလို ခွေးမျိုးလည်း ရှိတယ်၊ တချို့ခွေးက အဲဒီလို မဟုတ်ဘူး၊ လာလာသမျှကို ကြိုဆိုတယ်၊ အမြီးကလေးနှံ့ပြီး ဘယ်သူလာလာ ရန် မလုပ်ဘူး၊ အမျိုးစုံ တွေ့ရတယ်၊ အဲဒါတွေ ကြည့်လိုက်လို့ရှိရင် သံသရာက ရန်လုပ်တတ်တဲ့အကျင့် ပါလာတဲ့ ခွေးဆိုးတွေကျတော့ ... ဘယ်သူလာလာ [၄၈] မျက်စောင်းထိုးကြည့်တယ်၊ ဟောင်တယ်၊ ဟိန်းတယ်နော်၊ ဒေါသစရိုက် ရှိတယ်၊ ဟော တချို့ခွေးကျတော့ ကျောင်းကရှိတဲ့ ကိုယ်တော်တွေ ဖိနပ်တွေ အကုန်ကိုက်ပစ်တယ်နော်၊ ဒီလိုဟာမျိုးလည်း ရှိတယ်၊ တချို့ခွေးက ဖိနပ်မကိုက်ဘူး၊ သူတို့မှာလည်း သူတို့ အကျင့်စရိုက်တွေဟာ ဘဝသံသရာက ပါလာတယ်လို့ ပြောရမှာပဲ၊ ခွေးတိုင်း ဖိနပ်ကိုက်တာ မဟုတ်ဘူး၊ ခွေးတိုင်း ပြောင်တဲ့နေရာမှာ မစင်စွန့်တာ မဟုတ်ဘူး။

ခွေးမလေးတစ်ကောင်အကြောင်း

မှတ်မှတ်ရရ ပြောရဦးမယ်၊ မြို့ထဲကနေပြီးတော့ ကိုရင်တွေ ဆွမ်းခံအပြန်မှာ လိုက်လာတယ်၊ ဝဝတုတ်တုတ်လေး ဆိုတော့ သူ့ကို 'မိချော' လို့ နာမည်ပေးထားတာ၊ အဲဒီ မိချောတို့များ လူမြင်လို့ရှိရင် အမြီးလေးရမ်းပြီးတော့ ကြိုဆိုလိုက်ရတာ၊ နှုတ်ဆက်လိုက်ရတာ မနည်းဘူး၊ သူ့ခမျာ ဘယ်သူ့မြင်မြင် သဘောသိပ်ကောင်းတာ၊ တစ်ရက်တော့ သူ့ကို လှောင်ထား [၄၉] တယ်၊ လှောင်ထားတဲ့ထဲကနေပြီးတော့ သူ မထွက်နိုင်တဲ့အခါ အော်နေတယ်၊ ဖွင့်လည်း ထုတ်လိုက်ရော သူဘယ်ပြေးတုန်းဆိုရင် တောထဲကို ပြေးတယ်၊ မစင်စွန့်တာနော်၊ အကျင့်ကောင်းပုံ ပြောပြတာပါ၊ အဲ့ဒီခွေးလေးကျတော့ အသက်မရှည်ဘူး၊ သူ့ကုသိုလ်ကံကြောင့်လား မသိဘူး၊ ခွေးဘဝမှာ ကြာကြာ မနေရဘူးနော်၊ အဲ့ဒီလိုခွေးမျိုးလည်း တွေ့ဖူးတယ်၊ အမျိုးကို စုံနေတာပဲ။

ဒါတွေဟာ သေချာစဉ်းစားကြည့်ရင် သံသရာက အလေ့အကျင့်တွေ habitual practice လို့ ခေါ်တာပေါ့၊ ဝါသနာဆိုတာ ပါလာတတ်တယ်တဲ့၊ အဲဒီလိုပဲ လူတွေထဲမှာလည်း တချို့က ရန်လုပ်တတ်တဲ့လူ ရှိတယ်၊ တချို့က သဘောကောင်းတဲ့လူ ရှိတယ်နော်၊ ဘာမှမဟုတ်ဘဲနဲ့ ရန်လုပ်တဲ့ပုဂ္ဂိုလ်တွေကလည်း ရှိသေးတာပဲ၊ ကြည့်နော် လူရဲ့အကျင့်တွေမှာ။

[၅၀] ရှေးတုန်းက ညီအစ်ကိုနှစ်ယောက် ရှိတယ်၊ သူတို့ နွားတစ်ကောင်သတ်ပြီးတော့ အမဲဖော်တယ်၊ အမဲဖော်ပြီးတော့ ညီတူညီမျှ ခွဲဝေလိုက်တယ်၊ ခွဲဝေပြီးတဲ့အခါ ညီလုပ်တဲ့ပုဂ္ဂိုလ်က ပြောတယ်၊ “အစ်ကိုတဲ့၊ ကျွန်တော်က မိသားစုများပါတယ်”တဲ့၊ အိမ်ထောင်တွေနဲ့ဆိုတော့ သားသမီး ပိုများတယ်ပေါ့လေ၊ ညီလုပ်တဲ့သူက သားသမီးများတယ်၊ အစ်ကိုလုပ်တဲ့သူက သားသမီး မရှိဘူး၊ “အစ်ကို ကျွန်တော်က လူများတယ်၊ ဒီအမဲသားအူတွေ ကျွန်တော့်ကို ပေးပါ”ပေါ့၊ အပိုတွေ သူ့ကို ပေးပါလို့ ပြောတာ၊ ပြောတဲ့အခါကျတော့ ဒါလေး ပြောတာနဲ့ အစ်ကိုလုပ်တဲ့ပုဂ္ဂိုလ်က “မင်းက ညီတူညီမျှခွဲထားရဲ့သားနဲ့ ဘာပိုလိုချင်တာတုန်း” ဆိုပြီးတော့ အမဲခုတ်တဲ့ဓားနဲ့ အဲဒီညီကို ခုတ်သတ်ပစ်တယ်၊ စရိုက်ဆိုတာ ဘယ်လောက် ကြောက်စရာကောင်းတုန်းနော်။ ညီလည်း သေသွားရော သူ အဲဒီကျတော့မှ နောင်တရပြီးတော့ တစ်သက်လုံး သူလုပ်ခဲ့တာ မှား [၅၁] ပြီဆိုပြီးတော့ အဲဒီလူဟာ တရှောင်ရှောင်နဲ့ ရောဂါရ၊ စိတ်တွေ ဆင်းရဲပြီးတော့ စားသမျှအစာတွေဟာလည်း အဆီဩဇာ မဖြစ်ဘူး၊ ဒီသောကကြီးနဲ့ မကြာခင်ပဲ သူလည်း အသက်ဆုံးသွားတယ်တဲ့၊ ဘာဖြစ်တာတုန်းဆိုရင် ပိုတောင်းရမလားဆိုတဲ့ စိတ်ဆိုးပြီးတော့ ထလုပ်လိုက်တာ။

ဒီကနေ့ခေတ်မှာလည်းပဲ သတင်းစာတွေ ဘာတွေထဲမှာ ဖတ်ကြည့်မယ်ဆိုရင် တစ်ခါတစ်ရံ ဒါမျိုးတွေ ရှိတတ်တယ်လေ၊ မဖြစ်လောက်တဲ့ကိစ္စလေးနဲ့ ဒေါသထွက်ပြီးတော့ လူသတ်မှုကျူးလွန်သည်ထိအောင် ဖြစ်သွားတတ်တယ်၊ ဒါတွေဟာ စရိုက်ဆိုးတွေပဲပေါ့နော်၊ ဘဝါဘဝက ဒီစရိုက်ဆိုးတွေကို မပြင်ဘူးဆိုရင် ဒုက္ခရောက်မှာပဲတဲ့၊ လူဆိုးလူမိုက်ဆိုတာ ဒီလိုဖြစ်တတ်တယ်၊ လုပ်ပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ဒုက္ခရောက်တတ်တယ်။

နောက်တစ်ခု လူတွေဟာ ဒီရက်စက်မှုဆိုတာမျိုးတွေကို အခြေပြုထားတာ ရှိတတ်တယ်ပေါ့၊ ရက် [၅၂] စက်မှုအခြေပြုထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် နွားသတ်သမားတစ်ယောက် နှစ်ပေါင်း ၅၀-ကျော် နွားသတ်ပြီးတော့ ရောင်းချပြီး အသက်မွေးတယ်၊ တစ်နေ့တော့ သူနွားသတ်ပြီး ရောင်းချတယ်ပေါ့နော်၊ ရောင်းချပြီးတဲ့အခါကျတော့ သူကြိုက်တဲ့အမဲသားကလေး အိမ်ကအမျိုးသမီးကို ပေးထားခဲ့ပြီးတော့ ရေသွားချိုးတယ်ပေါ့၊ အသားတွေ ဘာတွေ အကုန်ရောင်းပြီးတော့ သူစားဖို့ ချန်ထားတာလေးကို ဒါလေးကို ချက်ထားလိုက်ပါဆို ပြောပြီး မြစ်သွားပြီး ရေချိုးတယ်။ သူ ရေချိုးသွားနေတဲ့အချိန်မှာ အင်မတန် ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်က ရောက်လာတယ်၊ “ဟေ့ အမဲသား မရှိတော့ဘူးလား”၊ မရှိတော့ဘူး၊ ဒါ သူစားမလို့ ထားခဲ့တဲ့အသားလေးပဲ ရှိတယ်၊ အကုန်လုံးရောင်းပြီးကုန်ပြီဆိုတော့ ဟိုလူက “ငါ့အိမ် ဧည့်သည်လာလို့ပါကွာ၊ ဒါလေးတော့ မဖြစ်မနေ ငါ့ပေးပါ”ဆိုပြီး အမဲသားကို အတင်းဇွတ်ယူသွားတယ်၊ ဟိုလူက ရေချိုးပြီးတော့ ပြန်လာတဲ့အခါ အမျိုးသမီး [၅၃] က ရှိတဲ့ထမင်းဟင်းနဲ့ ထမင်းပွဲပြင်ကျွေးတော့ “ဘယ်မလဲ အမဲသား”ဆိုတော့ “အော် ရှင့်သူငယ်ချင်းလာတယ်၊ လာပြီးတော့ သူ့အိမ် ဧည့်သည်ရောက်နေလို့ဆိုပြီးတော့ ရှင့်အတွက် ချန်ထားတာကို မပေးဘဲနဲ့ ဇွတ်အတင်းယူသွားတယ်” လို့ ပြောတဲ့အခါ သူက ဘာလုပ်လဲဆိုတော့ “အမဲသားမပါရင် ငါထမင်း မစားနိုင်ဘူး”ဆိုပြီး ဓားကိုင်ပြီးတော့ ဆင်းသွားတယ်၊ အိမ်နောက်ဖေးမှာရှိတဲ့ နွားကို ပါးစပ်ဖြဲပြီးတော့ လျှာကို လှီး၊ လှီးပြီးတော့ အဲဒီလျှာကို ချက်ခိုင်းတယ်တဲ့။ ကဲ စဉ်းစားကြည့်နော်၊ ဘယ်လောက်ရက်စက်တယ်ဆိုတာ၊ နွားကလည်းပဲ လျှာကြီးပြတ်တဲ့အခါ အော်ဟစ်နေတာပေါ့၊ ဘယ်သေဦးမှာတုန်း၊ အဲဒီနွားရဲ့လျှာကို ချက်ခိုင်းတယ်၊ ချက်ပြီးတော့ စားတယ်၊ အဲဒီနွားရဲ့လျှာကို သူ့ပါးစပ်ထဲလည်း ထည့်လိုက်လို့ လျှာနဲ့လည်း .. ထိလိုက်ရော .. သူ့လျှာကြီးကလည်း ပြတ်ကျသွားတယ်၊ နှစ်ပေါင်း-၅ဝ သူက နွားသတ် [၅၄] လာတဲ့လူ၊ ဒီကနေ့တော့ သူဒုက္ခရောက်မယ့်နေ့ဖြစ်လာတယ်။ အဲဒီနွားရဲ့လျှာကို သူ့လျှာပေါ်တင်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့လျှာပြတ်ကျသွားပြီးတော့ နွားအော်သလိုအော် ပြီးတော့ သူလည်း သေရတယ်၊ အဲဒီလို နွားအော်သလို အော်နေတဲ့အချိန်မှာ အဲဒီအမျိုးသမီးက သူ့သားကို ခေါ်ပြောတယ်၊ “ငါ့သား ကြည့်ကြည့်၊ မင်းအဖေကို ကြည့်၊ သူက ရက်စက်လိုက်တာ၊ မင်း ဒီအိမ်မှာ မနေနဲ့တော့၊ တို့ကိုလည်း ဘာမှ ကြည့်မနေနဲ့၊ မင်းလွတ်ရာကျွတ်ရာ ပြေးတော့၊ ဒုက္ခမင်းအပေါ်ရောက်တော့မှာ” လို့ ဆိုပြီးတော့ အမေလုပ်တဲ့သူက လွှတ်လိုက်တယ်။

အဲဒီသားက တက္ကသိုလ်ပြည်သွားပြီးတော့ ပန်းတိမ်ပညာသင်ပြီး ပန်းတိမ်လုပ်ငန်းနဲ့ အသက်မွေးသွားတယ်၊ နွားသတ်သမားအလုပ် မဟုတ်တော့ဘူး၊ ခုနက နွားသတ်သမားကတော့ သူလုပ်တဲ့ အလုပ်တွေရဲ့အကျိုးဆက်ကို ခံရတဲ့အခါမှာ နွားလို [၅၅] အော်ပြီးတော့ သေရတယ်၊ အင်မတန်မှ ရက်စက်တဲ့ လုပ်ရပ်တွေရဲ့အကျိုးဆိုတာ ဒါမျိုးကို ပြောတာ၊ လူဆိုးလူမိုက်ဆိုတာ ဆိုးလည်း ဆိုးတယ်၊ မိုက်လည်း မိုက်တယ်။

ဟော နောက်တစ်ခု ကြည့်ဦးမလား၊ လူဆိုးလူမိုက်ဆိုတာ လူတင်မကဘူး၊ နတ်တွေဘီလူးတွေလည်း အမိုက်အကန်းတွေ ရှိတာပဲ၊ အကျင့်က ပါလာတာလေ၊ ခုနပြောသလို ခွေးကလည်း မိုက်တာပဲ၊ ခွေးဖြစ်ရင်လည်း ခွေးမိုက်ပဲ၊ နွားဖြစ်ရင်လည်း နွားမိုက်ပဲ၊ တွေ့ဖူးကြပါလိမ့်မယ်၊ နွားလည်း သဘောကောင်းတဲ့နွားရှိတယ်၊ ဆိုးတဲ့နွား ရှိတယ်၊ ခွေးက လည်း ဆိုးတဲ့ခွေး ရှိတယ်၊ သဘောကောင်းတဲ့ခွေး ရှိတယ်၊ အဲဒါလို တိရစ္ဆာန်တွေထဲမှာလည်း ဒီလို ရှိသလို နတ်တွေဘာတွေ ဖြစ်သွားတဲ့အခါမှာလည်းပဲ . ထို့အတူပဲ နတ်ဆိုးနတ်မိုက် ဖြစ်တာပဲ၊ လူဆိုးလူမိုက်က နတ်ဆိုးနတ်မိုက် ဖြစ်တယ်။

[၅၆] တစ်ခါတုန်းက ရှင်သာရိပုတ္တရာမထေရ်မြတ်က တပေါဒါဆိုတဲ့ တောင်ကြားတစ်ခု၊ ခုခေတ်ဆိုရင်တော့ Valley ပေါ့နော်၊ မြန်မာပြည်မှာ ရန်ကုန်မှာ ခေါ်တဲ့ ရွှေတောင်ကြားတို့ ဘာတို့နော်၊ Valley ဆိုတဲ့ တောင်ကမ်းပါးယံ ... တောင်ကြားတွေပေါ့၊ တောင်နှစ်လုံးက လျှိုထဲမှာ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ နှစ်ပါးက တောရကျောင်းလေးမှာ သီတင်းသုံးနေတယ်။

အဲဒီမှာ ရှင်သာရိပုတ္တရာဟာ ဦးခေါင်းကို ပြောင်အောင် ရိတ်ပြီး လပြည့်နေ့ရဲ့ ညတစ်ညမှာ ကျောင်းခန်းအပြင်ဘက်ကို ဝရံတာမှာ ထွက်ပြီး ထိုင်နေတယ်၊ လပြည့်နေ့ကြီးဆိုတော့ လကလည်း သာနေတော့ ခေါင်းပေါ်မှာ လရောင်ကျနေတဲ့အခါ ခေါင်းကလည်း ရိတ်ထားခါစဆိုတော့ .. ပြောင်နေတယ်၊ ရှင်မောဂ္ဂလာန်က ခပ်လှမ်းလှမ်း တစ်နေရာမှာ သီတင်းသုံးနေတယ်၊ သူ့ကျောင်းနဲ့ သူပေါ့၊ အဲဒီအချိန်မှာ မြောက်ကနေ တောင်ကိုသွားတဲ့ ဘီလူး [၅၇] နှစ်ကောင်ဟာ ကောင်းကင်ယံက အဲဒီတောင်ကြောကြီးကို ဖြတ်သွားကြတယ်၊ ရှင်သာရိပုတ္တရာခေါင်းကို လသာထဲမှာ ပြောင်ပြောင်လေး မြင်တဲ့အခါကျတော့ ဆိုးမိုက်တဲ့အကောင်က ဘယ်လိုအတွေးပေါက်သလဲ ဆိုတာ စဉ်းစားကြည့်နော်၊ သူ့ဘာသူ ခေါင်းပြောင်တာကို သူက ဘယ်လိုစိတ်ကူးတုန်းဆိုရင် ဒီခေါင်းပြောင်ပြောင် လက်သီးနဲ့ ထိုးရရင် ကောင်းမယ်ကွာ၊ သက်သက်မဲ့၊ ကြည့်လေ၊ မကောင်းတဲ့အကြံကို ကြံတယ်၊ လူဆိုးလူမိုက်ဟာလေ.. ကြည့် ခေါင်းပြောင်ပြောင်မြင်တော့ လက်သီးနဲ့ ထိုးချင်စိတ် ပေါက်တယ်၊ ထိုးချင်စိတ်ပေါက်တော့ သူ့သူငယ်ချင်းကို ပြောတယ်၊ “ငါ ဒီရဟန်းခေါင်းသွားပြီးတော့ လက်သီးနဲ့ ထိုးမယ်” “ဟာ ဟေ့ကောင် မလုပ်နဲ့၊ မင်း ဒီရဟန်းက တန်ခိုးကြီးတယ်၊ သွားမလုပ်နဲ့”၊ မရဘူး မနေနိုင်ဘူး၊ “လုပ်မယ်”၊ “မလုပ်နဲ့ မင်း ဒုက္ခရောက်လိမ့်မယ်”၊ ဟိုတစ်ကောင်က တားတယ်၊ မင်း အလုပ်မရှိ အလုပ်ရှာ ကိုယ့်လမ်း ကိုယ်မသွားဘူးနော်။

[၅၈] ဟိုက ရဟန္တာမထေရ်မြတ်ကြီးက သမာပတ်ဝင်စားပြီးတော့ လရောင်ထဲမှာ ထိုင်နေတာ၊ အဲဒါကို သွားပြီး ခေါင်းကို လက်သီးနဲ့ ထိုးလိုက်တယ်၊ ဘီလူးရဲ့ လက်သီးဆိုတော့ ပြင်းတာပေါ့၊ အခုခေတ် ဟို Boxer တွေရဲ့ လက်သီးထက် ပြင်းမှာပေါ့၊ အရင်တုန်းက နာမည်ကြီးတဲ့ ကက်စီးယပ်ကလေးရဲ့ လက်သီးထက် ပြင်းမှာပေါ့၊ ဘယ်လောက်ထိအောင် ပြင်းသလဲလို့ဆိုတဲ့ သူ့ရဲ့လက်သီးဒဏ်ချက်ကို ၇-တောင် ၈-တောင်အမြင့်ရှိတဲ့ ဆင်ပြောင်တစ်ကောင်တောင် ဖင်ထိုင်သွားအောင် ထိုးနိုင်တယ်လို့ ပြောတာပဲ၊ တောင်ထွတ်တစ်ခုတောင်မှ ပြိုကျသွားအောင် သူ့လက်သီးဒဏ်ချက်က ပြင်းတယ်တဲ့၊ ရှင်သာရိပုတ္တရာမထေရ်မြတ်ကို သူ အဲဒီလိုထိုးလိုက်တာ၊ အဲဒီလိုထိုးလိုက်တဲ့အချိန်မှာ ရှင်သာရိပုတ္တရာက သမာပတ်က ထတဲ့အချိန်နဲ့ သွားဆုံတယ်ပေါ့၊ ဘီလူးတစ်ကောင် လက်သီးကြီးနဲ့ ခေါင်းကို ထိုးလိုက်တာကို ရှင်မောဂ္ဂလာန်က မြင်တယ်၊ ဟာ [၅၉] ထိုးပြီဆိုပြီးတော့ ရှင်မောဂ္ဂလာန်က ရှင်သာရိပုတ္တရာဘက်ကို ထွက်လာတယ်၊ ရှင်သာရိပုတ္တရာကလည်း သူ့ထိုးသွားမှန်း မသိလိုက်ဘူး၊ ဘာဖြစ်လို့တုန်း ဆိုတော့ ... သမာပတ်ဝင်စားနေတာကိုး၊ သို့သော် သမာပတ်က အထမှာ ခေါင်းမှာ နည်းနည်းလေး နာကျင်ကျင်လေးတော့ ဖြစ်သွားတယ်။

အဲဒီတော့ ရှင်မောဂ္ဂလာန်က ရောက်လာပြီး “အရှင်ဘုရား ဘယ့်နှယ့်နေတုန်း ဘယ်နှယ့်နေတုန်း နဲ့ လာမေးတာ”၊ ဟိုက “ဘာဖြစ်လို့လဲ”ဆိုတော့ ရှင်မောဂ္ဂလာန်က ပြောတယ်၊ “အရှင်ဘုရားကို ဘီလူးကြီးတစ်ကောင်က လက်သီးနဲ့ ထိုးသွားတာ” ဆိုတော့ “ဟာ တပည့်တော် ဘီလူးမပြောနဲ့ ပြိတ္တာတစ်ကောင်တောင် မမြင်ရပါဘူး”တဲ့၊ ရှင်မောဂ္ဂလာန်က တစ်ခါ ထပ်ပြောတယ်၊ “အရှင်ဘုရား ဒီလောက်ပြင်းထန်တဲ့.. လက်သီးဒဏ်ကိုတောင် အရှင်ဘုရားက ဘာမှ မဖြစ်ဘူး၊ အရှင်ဘုရား တယ်တန်ခိုးကြီးတာပဲ”တဲ့၊ [၆၀] တစ်ပါးနဲ့ တစ်ပါး အာလာပသလ္လာပ ပြောတယ်ဆိုတဲ့ မှတ်တမ်းလေးတစ်ခု ရှိတယ်ပေါ့နော်။

အဲဒီမှာလည်း အဲဒီဘီလူးက ဘာမှမဟုတ်ဘဲနဲ့ လူဆိုးလူမိုက်တွေရဲ့အတွေးပဲ၊ လူမိုက်တို့ရဲ့အတွေးနဲ့ သူ့ဘာသူ နေတာ သွားပြီးတော့ လက်သီးနဲ့ ထိုး, မကောင်းမှုအကုသိုလ် ကျူးလွန်တယ်၊ ထိုးလည်းပြီးရော သူဘာဖြစ်တုန်းဆိုရင် တစ်ကိုယ်လုံး ပူလှချည့်ရဲ့ လောင်လှချည့်ရဲ့ ဖြစ်ပြီးတော့ သေပြီး အဝီစိငရဲကျသွားတယ်တဲ့၊ အဲဒီဘီလူးက ဒီလိုဖြစ်တာ။ လူမိုက်ဆိုတာ အောက်တန်းကျတဲ့လူမှ လူမိုက်မဟုတ်ဘူးနော်၊ ပိုက်ဆံချမ်းသာတဲ့ အထက်တန်းကျတဲ့လူတွေမှာလည်းပဲ မကောင်းတဲ့အတွေးတွေ တွေးတယ်၊ မကောင်းတဲ့စကားကို ပြောတယ်၊ မကောင်းတဲ့အလုပ်ကို လုပ်တယ်ဆိုတဲ့ ဆိုးဆိုးမိုက်မိုက် အကြံအစည်တွေ ရှိကြတယ်။

နောက်ဆုံးမှာ ပြောရမယ်ဆိုလို့ရှိရင် အားလုံးသိကြတဲ့ မယ်တော်မာယာရဲ့ မောင်အရင်း၊ [၆၁] ယသော်ဓရာနဲ့ ဒေဝဒတ် မောင်နှမအရင်းရဲ့ ဖခင်၊ မြတ်စွာဘုရားရဲ့ ယောက္ခမတော်တဲ့ သုပ္ပဗုဒ္ဓဆိုတဲ့ သာကီဝင်မင်းဟာ ဘုရားပေါ်မှာ မကျေနပ်ဘူး၊ သူ မကျေနပ်တာ နှစ်ခုရှိတယ်၊ တစ်ခုက ဘာတုန်းဆိုရင် သူ့ သမီးကို ယူပြီး တောထွက်သွားတာ၊ သူက “ငါ့ သမီးကို ယူပြီး တော့ သူက ကလေးတစ်ယောက်နဲ့ ပစ်ထားခဲ့တယ်”ဆိုတဲ့အမြင်မျိုး မြင်တာပေါ့၊ မြင် တော့ ဘုရားအပေါ်မှာ မကျေနပ်ဘူး။

နောက်တစ်ခု သူမကျေနပ်တာက “သူ့သား ဒေဝဒတ်ကို အခွင့်အရေးမပေးဘူး”လို့ သူ့ စိတ်ထဲ ထင်တယ်၊ မြတ်စွာဘုရားကတော့ တော်တဲ့လူမှ တော်တဲ့အလျောက် အခွင့်အရေးပေးတာ၊ ဒါကြောင့် ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့ကို အခွင့်အရေး ပေးတာကို မကျေနပ်ကြဘူး၊ ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့က ပုဏ္ဏားမျိုးတွေ၊ ဒီလူတွေကို ရာထူးကြီးကြီးပေးတယ်ဆိုတာကို ဘုရားရဲ့အမျိုးတွေ က ကျေနပ်မယ် မဟုတ်ဘူး၊ ဒါကတော့နော် ပေး [၆၂] ခြင်းပေးရင် ကိုယ့်အမျိုး ပေးရမယ်ပေါ့၊ မကျေနပ်နိုင် ဘူးပေါ့၊ အဲဒီလို သူ့မှာလည်း မကျေနပ်တဲ့အချက် နှစ်ချက် ရှိတယ်၊ သမီးကိစ္စနဲ့ သားဒေဝဒတ်ကိစ္စ၊ အဲဒီနှစ်ခုအပေါ်မှာ မကျေနပ်ဘူး။

မကျေနပ်တာကို သူက ပြသဖို့ရာ တစ်ခါကျ တော့ ကြုံလာတယ်၊ မြို့လယ်ခေါင်လမ်းမမှာ သူက ခင်းကျင်းပြီးတော့ ဘာလုပ်နေလဲဆိုတော့ အရက် သောက်နေတယ်၊ အဲဒီလိုနေတဲ့အခါ မြတ်စွာဘုရား က အဲဒီလမ်းက ကြွလာတယ်၊ ကြွလာတော့ သွား ပြောကြတာပေါ့၊ “ ဘုရားကြွလာတယ်၊ ဒီလမ်းမှာ ဒီလိုလုပ်လို့ မတော်ဘူး”လို့ ပြောတော့ အရက်မူးမူး နဲ့ သူက ဘာပြန်ပြောတုန်းဆိုရင်း “အေး - သိဒ္ဓတ္ထ က ငါ့တူပဲ၊ ငါက သူ့ထက် အသက်ကြီးတယ်ပေါ့၊ သူက ငါ့ထက် ငယ်တယ်၊ ဂရုစိုက်စရာ မလိုဘူးပေါ့၊ ဒီလမ်းက မသွားနဲ့၊ တခြားလမ်းက သွားပေါ့”လို့ မချေမငံ ပြောလွှတ်လိုက်တယ်၊ လမ်းဖယ်မပေးဘူး၊ ဖယ်မပေးခြင်းအကြောင်းကတော့ မကျေနပ်တာပဲ၊ [၆၃] မကျေနပ်တဲ့အပေါ်မှာ ဘုရားကို သွားပြီးတော့ ပြစ် မှားမိတယ်၊ လူဆိုး လူမိုက်ရဲ့အတွေးနဲ့ အပြုအမူက အဲဒီလိုပဲ၊ ဒါနဲ့ ဘုရားက လှည့်ပြီးတော့ ပြန်သွားရတယ်။

အဲဒီလှည့်အပြန်လေးမှာ မြတ်စွာဘုရားရဲ့ မျက်နှာတော်က ပြုံးသွားတယ်၊ ပြုံးသွားတဲ့အခါကျ တော့ ဘာဖြစ်လို့ ပြုံးတာလဲဆိုတာကို ရှင်အာနန္ဒာက မေးတော့ “အင်း သုပ္ပဗုဒ္ဓတော့ ဒုက္ခရောက်တော့ မယ်”ပေါ့။ “ငါဘုရားအပေါ် မထေမဲ့မြင်လုပ်ပေမယ့် ဘဒွေးတော်ပဲ ဒုက္ခရောက်တော့မယ်၊ ငါ့ကို လမ်း ပိတ်တဲ့ အကုသိုလ်ဟာ နည်းတဲ့အကုသိုလ် မဟုတ် ဘူး၊ ငါသွားတဲ့လမ်းကို သူပိတ်တယ်၊ ပိတ်ပြီးတော့ အရက်သောက်တယ်၊ ဒီရက်ကနေ ၇-ရက်ပြည့်လို့ ရှိရင် သူ့ရဲ့နန်းရင်ပြင် လှေခါးရင်း နန်းပြဿဒ် လှေခါးဆောင်မှာ သူမြေမျိုလိမ့်မယ်”တဲ့ ဘုရားက အဲဒီလိုပြောတယ်၊ အဲဒီလိုပြောလိုက်တာကို သူ့ရဲ့ [၆၄] သူလျှိုစုံထောက်က ကြားသွားတယ်၊ သုပ္ပဗုဒ္ဓကို ပြန် ပြောတယ်။

ပြောတဲ့အခါကျတော့ အဲဒီကျတော့ နည်း နည်း ကြောက်လာတယ်၊ တစ်ပိုင်းကလည်း ကြောက် တယ်၊ တစ်ပိုင်းကလည်း မယုံဘူးပေါ့၊ ဘုရားပြော တာတွေက အကုန်ဖြစ်တတ်တယ်၊ ခုခေတ်မှာ ကြည့် မယ်ဆိုလို့ရှိရင် သူတော်စင်တို့ ဘုန်းတန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တွေ .. ပြောတာဖြစ်ဖြစ်လာတော့ .. အဲဒီမှာ ကြောက်တယ်ပေါ့၊ သူနည်းနည်းတော့ .. ကြောက် တယ်၊ သို့သော် ဘုရားပြောတဲ့စကား မှားရင် မုသာဝါဒနဲ့ စွပ်စွဲမယ်ဆိုပြီးတော့ သူဘာလုပ်လဲ၊ ၇- ရက်မတိုင်ခင်ကတည်းက ဘုံ ၇-ဆင့်ရှိတဲ့ နန်းပြဿဒ်ပေါ်မှာ တက်နေတယ်၊ တက်ပြီးတော့ တံခါး ပေါက်တိုင်း တံခါးပေါက်တိုင်းကို အင်မတန်အား ကောင်းမောင်းသန်တဲ့ (သူလာလို့ရှိရင် ပြန်ပြီးတော့ မဆင်းစေရဘူး၊ အတွင်းထဲကို ပြန်တွန်းပို့မယ့်) လူ ၇-ယောက်ထားတယ်၊ တစ်ထပ်ပြီး တစ်ထပ် အကုန် [၆၅] လုံး ထားတယ်၊ တံခါးကို လုံအောင် ပိတ်ပြီးတော့ အပေါ်ဆုံးနန်းပြဿဒ်မှာ တက်ပြီး နေတယ်။

၇-ရက်လည်း မြောက်ရော .. ဘာဖြစ်လာတုန်း ဆိုရင် သူ့ရဲ့မင်္ဂလာမြင်းတော်ဟာ ကြိုးလွတ်ပြီးတော့ ဟီတာ၊ လန့်နေတော့ ဘယ်သူကမှ ထိန်းလို့ မရဘူး၊ မြင်းဟီပြီး မြင်းက ဟိုကန် ဒီကန် အကုန် လျှောက် ကန်နေတယ်၊ မြင်းက သူထိန်းမှ ရတယ်၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေ ထိန်းလို့ မရဘူး၊ အဲဒီအချိန်မှာ မြင်းထိန်း မယ်လို့ မေ့ပြီးတော့ အောက်ဆင်းဖို့ လုပ်တယ်၊ ၇- ရက်မြောက်တဲ့နေ့ ဘုရားကို လမ်းပိတ်လိုက်တဲ့အချိန် မချေမငံ ပြောလွှတ်လိုက်တဲ့အချိန်, .. အဲဒီအချိန် လောက်မှာပဲ မြင်းကြီးက ထိန်းမရအောင် ဆူညံပြီး ဟီနေတော့ မေ့ပြီး သူ တံခါးဖွင့်ပြီး ထွက်လိုက်တာ တံခါးတွေကလည်း . အကုန်ပွင့်၊ အနားနားမှာ အစောင့်ထားတဲ့လူတွေကလည်းပဲ အပေါ်ပြန် တွန်း တင်ရမှာကို မေ့ပြီးတော့ အောက်ကိုချည်းပဲ တွန်းချ နေကြတယ်၊ အဲဒီလို တစ်ထပ်ပြီး တစ်ထပ် အောက် [၆၆] ရောက်သွားတယ်၊ နောက်ဆုံးမှာ လှေခါးရင်း မြေ ပေါ်လည်း ရောက်ရော မြေမျိုသွားတယ်။

မြတ်စွာဘုရားက ဘာဖြစ်လို့ ဒီလိုကြိုတင်ပြီး တော့ ပြောနိုင်တာတုန်းဆိုတော့ သူ့စိတ်ဓာတ်တွေ ရဲ့အခြေအနေကို အကုန်လုံးသိထားတာမို့လို့နော်၊ ဒါက ဘာနဲ့ဥပမာတူတုန်းဆိုရင် weather condition လို ကြိုတင်ပြီးတော့ ပြောတာလို့ပဲ ပြောရမယ်၊ ခုခေတ်ရော မပြောဘူးလား၊ ဘင်္ဂလားအော်ထဲမှာ လေဖိရပ်ဝန်းတွေ အခြေပြုနေပြီ၊ ဘယ်နေ့ ဘယ် ရက် မုန်တိုင်းဝင်နိုင်တယ်ဆိုတာ ဟိုမှာ ဖြစ်ပေါ်နေ တဲ့ အခြေအနေတွေကို ကြည့်ပြီး ပြောတာ၊ အဲဒီ တော့ မြတ်စွာဘုရားကလည်း သုပ္ပဗုဒ္ဓ ဒီလိုဖြစ်လိမ့် မယ်ဆိုတဲ့အခြေအနေ ဘာကို ကြည့်ပြောတာတုန်း လို့ဆိုရင် သူ့ရဲ့ရင်ထဲ နှလုံးထဲမှာရှိတဲ့ ဘုရားအပေါ် မှာ ကျေနပ်တာတစ်ခုမှ မရှိတဲ့ အင်မတန်ကြီးမားတဲ့ ရန်ငြိုးပေါ်မူတည်ပြီး ပြုလုပ်ခဲ့တဲ့ အဲဒီအကုသိုလ် ဟာ ဘယ်လိုတုန့်ပြန်လာမယ်ဆိုတာ သိလို့ ကြိုတင် [၆၇] ပြောတာ၊ ဒီအကုသိုလ်ရဲ့အကျိုးဆက်က ၇-ရက် မြောက်တဲ့နေ့မှာ အကျိုးပေးမယ်ဆိုတာ မြတ်စွာဘုရားက အတိအကျပြောလို့ ရတယ်ပေါ့။

ဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အခြေပြုနေတဲ့ အချက်အလက်တွေကို ကြည့်ပြီး မြတ်စွာဘုရားက အနာဂတ်ကို မှန်အောင် ဟောနိုင်တာ၊ အေး အဲဒီလို သုပ္ပဗုဒ္ဓကလည်း ကြည့်၊ ဆိုးဆိုးမိုက်မိုက် စိတ်ကောင်း နှလုံးကောင်း ထားရ မယ့်အစား မထားသည့်အတွက်ကြောင့် သူမြေမျိုပြီး တော့ အဝီစိငရဲကျသွားတယ်၊ ဒါကြောင့် သုပ္ပဗုဒ္ဓနဲ့ ဒေဝဒတ် သားအဖနှစ်ယောက်စလုံးဟာ အဝီစိငရဲ ရောက်သွားကြတယ်၊ ယသော်ဓရာကတော့ စိတ် ကောင်းနှလုံးကောင်းရှိလို့ နောက်ဆုံးမှာ ရဟန္တာမ ကြီးဖြစ်သွားပြီး ပရိနိဗ္ဗာန်စံသွားပြီနော်။

အဲဒီတော့ ဆိုလိုတာက လူဆိုးလူမိုက်တွေရဲ့ သွားရာလမ်းတွေဟာ အကောင်းမရှိဘူး၊ အဆိုးတွေ ချည်းပဲ၊ နောက်ဆုံးမှာ ငရဲ တိရစ္ဆာန် ပြိတ္တာ [၆၈] အသုရကာယ်ဆိုတဲ့ အပါယ် ၄-ဘုံမှာ ဒုက္ခကြီးစွာ ရောက်ကြရတယ်တဲ့။

ဆိုးတယ်မိုက်တယ်ဆိုတဲ့ သဘာဝတရားတွေ ဟာ အပြင်က လာတာ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ရင်ထဲ နှလုံးထဲမှာ ဖြစ်ပေါ်လာတာတွေပါ၊ အဲဒီဖြစ်ပေါ်လာ တာတွေကို ကိုယ်ကိုယ်တိုင်ရှင်းမှပဲ ရပါတယ်၊ ဆရာ မိဘတွေဆိုတာ ဆိုဆုံးမရုံပဲ .. ဆိုဆုံးမလို့ ရတယ်၊ ဒီလိုဆိုးမိုက်တဲ့အရာတွေ မိမိရဲ့ရင်ထဲမှာ ထားမယ် ဆိုလို့ရှိရင် ... ထိုလူဆိုးလူမိုက်တို့ရဲ့သွားရာလမ်းဟာ ဒီအတိုင်းပဲ.. ရှိပါတယ်ဆိုတာကို အားလုံး ကိုယ်စီ ကိုယ်စီ သဘောကျပြီး ဒီလူဆိုးလူမိုက်နဲ့ ပတ်သက် တဲ့ အကြောင်းအရာအချက်အလက်တွေကို သတိ သံဝေဂကြီးစွာ ထားပြီးတော့ လူတော်လူကောင်းဖြစ် အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။

သာဓု သာဓု သာဓု။

1jl1di766b2ux6orh5v54ms38p7wnc3
လူတိုင်းကျင့်ရန် သတိပဋ္ဌာန်
0
6485
22357
2026-11-06T02:08:20Z
Tejinda
173
"{{header | title = လူတိုင်းကျင့်ရန် သတိပဋ္ဌာန် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = လူ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22357
wikitext
text/x-wiki
{{header
| title = လူတိုင်းကျင့်ရန် သတိပဋ္ဌာန်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[လူဆိုး လူမိုက်]]
| previous2 = [[လူငယ်များသို့ ဩဝါဒ]]
| next = [[ဝိပဿနာရှုဖွယ် တောလေးဆယ်]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

လူတိုင်းကျင့်ရန် သတိပဋ္ဌာန်

[၁] သတိပဋ္ဌာန်တရားကို ဘယ်လိုပုဂ္ဂိုလ်တွေ ကျင့်ရမှာလဲလို့ဆိုရင် လူတိုင်းကျင့်ရမှာပါ။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ သတိပဋ္ဌာနသုတ်တွေဟာ အင်္ဂုတ္တရနိကာယ် သတိပဋ္ဌာနဝဂ္ဂမှာလည်း ပါရှိတယ်။ အေး-လူသိများတဲ့ သတိပဋ္ဌာနသုတ်ကြီးကတော့ ဒီဃနိကာယ်မှာ လာတဲ့ မဟာသတိပဋ္ဌာနသုတ်နဲ့ မဇ္ဈိမနိကာယ်မှာ လာတဲ့ မဟာသတိပဋ္ဌာနသုတ်၊ အဲဒီ (၂) သုတ်ပဲ ဖြစ်တယ်။ တစ်ဖန် သံယုတ္တနိကာယ်မှာ သတိပဋ္ဌာနသံယုတ်ဆိုတာ ပါရှိတယ်။ သတိပဋ္ဌာန် အကြောင်းနဲ့ စပ်လျဉ်းပြီး သုတ်အတိုလေးတွေ ဟောထားတယ်။

သတိပဋ္ဌာန်တရားဆိုတာ ပုထုဇဉ်တွေ ကျင့်ရမှာလား (သို့မဟုတ်) သောတာပန်၊ သကဒါဂါမ် ဖြစ်ပြီးမှ ကျင့်ရမှာလားလို့ ယုံမှားသံသယဖြစ်တာတွေ ရှိတယ်၊ အချို့အချို့ စာအုပ်တွေမှာ ပုထုဇဉ်တွေ မကျင့်ရဘူးလို့တောင် ရေးထားတာ ရှိတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြား [၂] တော်မူခဲ့တဲ့ သုတ္တန်တွေကို ကြည့်ရင် သတိပဋ္ဌာန်ဆိုတာ လူတိုင်း ကျင့်ရမှာ။ လူတိုင်းကျင့်ရမယ်ဆိုတာ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် သတိပဋ္ဌာန်ကို မကျင့်ဘဲနဲ့ မဂ်ဖိုလ် နိဗ္ဗာန်ကို မရဘူးလို့ ဆိုလိုတယ်။ အဲဒါ အထောက်အထား မရှိဘဲ ပြောတာမဟုတ်ဘူး၊ ပိဋကတ်စာပေကို သေချာစွာ လေ့လာကြည့်မယ်ဆိုရင် အထောက်အထားတွေ တွေ့နိုင်တယ်။

နာလန္ဒသုတ်

သတိပဋ္ဌာနသံယုတ်မှာ “နာလန္ဒသုတ်” ဆိုတာ ရှိတယ်။ အဲဒီသုတ်နဲ့ အလားတူအဓိပ္ပါယ်ပါရှိတဲ့ စကားရပ်တွေ မဟာပရိနိဗ္ဗာနသုတ်မှာလည်း ပါတယ်။ အဲဒီ သုတ်ရဲ့ အဓိပ္ပါယ်အကျဉ်းချုပ် ပြောရမယ်ဆိုရင် .. ရှင်သာရိပုတ္တရာမထေရ်မြတ်က မြတ်စွာဘုရားကို လျှောက်တယ်။ “အရှင်ဘုရား တပည့်တော်ရဲ့ စိတ်မှာ ဒီလို ယုံကြည်ချက် ရှိပါတယ်။ သမ္ဗောဓိဉာဏ်နဲ့ ပတ်သက်လာရင် မြတ်စွာဘုရားထက် သာလွန်တဲ့ ပုဂ္ဂိုလ်ဆိုတာ အတိတ်ကလည်း မရှိခဲ့ဘူး၊ အနာဂတ်မှာလည်း ရှိမှာမဟုတ်ဘူး၊ ပစ္စုပ္ပန်မှာလည်း [၃] မရှိဘူး” ဒီလို လျှောက်တဲ့အခါ မြတ်စွာဘုရားက ဘာအမိန့်ရှိတုန်းဆိုလို့ရှိရင် “သာရိပုတ္တရာ သင့်မှာ အတိတ်၊ အနာဂတ် ဘုရားရှင်တွေရဲ့ စိတ်ကို သိနိုင်တဲ့ စေတောပရိယဉာဏ်ရှိလို့ ဒီလို ရဲတင်းတဲ့ စကား ပြောတာလား” တဲ့။ စေတောပရိယဉာဏ်မရှိဘဲနဲ့ ဒီလို ပြောလို့ မရဘူးပေါ့။ စေတောပရိယဉာဏ်ရှိပြီး အတိတ်မှာ ပွင့်ခဲ့တဲ့ ဘုရားရှင်တွေရဲ့ စိတ်ကို သိလို့ အနာဂတ်မှာ ပွင့်လတ္တံ့ဖြစ်တဲ့ ဘုရားရှင်တွေရဲ့ စိတ်ကို သိလို့ ဒီလို ရဲတင်းတဲ့ စကားပြောတာလားလို့ဆိုတော့ “အရှင်ဘုရား စေတောပရိယဉာဏ်နဲ့ သိနိုင်တဲ့ စွမ်းအား တပည့်တော်မှာ မရှိပါဘူး၊ သို့သော်လည်း တပည့်တော်မှာ ဓမ္မနွယ လို့ခေါ်တဲ့ အနုမာနဉာဏ် ရှိပါတယ်။ ကြောင်းကျိုးဆင်ခြင်တတ်တဲ့ အသိဉာဏ် ရှိပါတယ်၊ အဲဒီ အသိဉာဏ်နဲ့ တပည့်တော်ဟာ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး ပြောတာ ဖြစ်ပါတယ်။”

အဲဒီမှာ ရှင်သာရိပုတ္တရာမထေရ်မြတ်က ဥပမာနဲ့ လျှောက်ထားတယ်။ “နယ်ခြားဒေသက ကင်းမြို့လေး တစ်မြို့ကို တစ်ဘက်ရန်သူတွေ မဝင် [၄] နိုင်အောင် တံခါးပေါက် တစ်ပေါက်တည်း ထားပြီး တံတိုင်း လုံလုံခြုံခြုံနဲ့ တည်ဆောက်ထားပါတယ်။ ကင်းစခန်း မြို့လေးတစ်မြို့ပါ။ အဲဒီ မြို့လေးမှာ စဉ်းစားဉာဏ်ရှိပြီး လိမ္မာပါးနပ်လှတဲ့ တံခါးမှူးကြီး တစ်ဦး ခန့်ထားပါတယ်။ အဲဒီ တံခါးမှူးကြီးက မြို့တံတိုင်းကို လှည့်ပတ်ပြီး စစ်ဆေးတဲ့အခါ တံခါးပေါက်ကြီးက လွဲလို့ ဘယ်နေရာမှ အပေါက် မရှိဘူး။ နောက်ဆုံးမှာ ကြောင်ကလေး တစ်ကောင် ထွက်သာလောက်အောင်တောင်မှ အပေါက် မတွေ့ဘူးတဲ့။ တံတိုင်းဟာ အလွန်လုံခြုံ စေ့စပ်တယ်။ အဲဒါကို ကြည့်ပြီး သူ ဘယ်လို ဆုံးဖြတ်သလဲဆိုရင် အေး မြို့ထဲ ဝင်သမျှ သတ္တဝါ အားလုံးဟာ ဟောဒီ တံခါးပေါက် တစ်ခုတည်းက ဝင်ကြတာပဲလို့ ဒီလို ဆုံးဖြတ်သလို တပည့်တော်မှာ ကြောင်းကျိုးဆင်ခြင်နိုင်တဲ့ အနုမာနဉာဏ် ရှိပါတယ် ဘုရား”တဲ့။

ဘယ်လိုကြောင်းကျိုး ဆင်ခြင်တာတုန်းဆိုရင် လောကမှာပွင့်တော်မူတဲ့ ဘုရားမှန်သမျှဟာ စိတ်ရဲ့ အညစ်အကြေးဖြစ်တဲ့ စိတ်ကို ညစ်နွမ်းစေတတ်တဲ့ [၅] ပညာကို အားပျော့သွားစေတတ်တဲ့ နီဝရဏတရား (၅) ပါးကို ဖယ်ရှားရမယ်။ သတိပဋ္ဌာန်အာရုံ (၄) ပါးပေါ်မှာ စိတ်ကို တည်ဆောက်ပြီး ဗောဇ္ဈင် (၇) ပါးကို ပွားများပြီးတော့မှ ဘုရား ဖြစ်ကြတာချည်းပဲ။ ဘယ်ဘုရားဖြစ်ဖြစ် ဒီလမ်းကပဲ အားလုံး သွားကြတယ်။ အရှင်သာရိပုတ္တရာ လျှောက်တဲ့အထဲမှာ သေချာကြည့်မယ်ဆိုရင် သမာဓိစွမ်းအားဖြင့် နီဝရဏ တရား (၅) ပါးကို ဖယ်ရှားရမယ်၊ သတိပဋ္ဌာန်တရား (၄) ပါး အပေါ်မှာ စိတ်ကို အခြေစိုက်ပြီး ဗောဇ္ဈင် (၇) ပါး ပွားရမယ်၊ ဒါမှသာလျှင် တရားထူးတရားမြတ် ရရမယ်လို့ အဲဒီသုတ္တန်မှာ ဟောထားတာ ဖြစ်တယ်။ မြတ်စွာဘုရားက သာဓုခေါ်ပြီး “ငါဘုရား အပေါ်မှာ သံသယရှိတဲ့ ပုဂ္ဂိုလ်တွေ သံသယ ကင်းသွားအောင် ပရိသတ် (၄) ပါးမှာ မကြာမကြာ ဟောပေးပါ” လို့ တိုက်တွန်းတယ်။

သို့သော် အဲဒီစကားနဲ့ ပတ်သက်ပြီးတော့ အနောက်တိုင်းက စာရေးဆရာ တစ်ဦးက သူလိုချင်တဲ့ အချက်ကိုသာ ဖြတ်ယူပြီး “သမ္ဗောဓိဉာဏ်အရာမှာ [၆] ဘုရားနဲ့တူတဲ့ ပုဂ္ဂိုလ် ဘယ်တုန်းကမှ မပေါ်ခဲ့ဘူး ဆိုတဲ့ စကားကို ပြောလို့ ရှင်သာရိပုတ္တရာဟာ အကြိမ်းအမောင်း ခံရတယ်”လို့ ရေးထားတယ်။ မမှန်မကန် ရေးထားတာသာ ဖြစ်တယ်။ မူရင်းစာပေကို မသိဘူးဆိုရင် အဲဒီ စာအုပ်ဖတ်လိုက်တာနဲ့ ရှင်သာရိပုတ္တရာ ဟာ ဒီစကားပြောမိလို့ ဘုရားရဲ့ အကြိမ်းအမောင်း ခံရတယ်လို့ မှတ်ယူသွားကြမှာပဲ၊ မဟုတ်ဘူးနော်။ မြတ်စွာဘုရားက ရှင်းပြစေချင်တဲ့ အဓိပ္ပါယ်နဲ့ “မင်းမှာ စေတောပရိယဉာဏ် ရှိရဲ့လား၊ မရှိဘူးဆိုရင် ဒီလို ရဲတင်းတဲ့ စကား ဘာကြောင့် ပြောနိုင်သလဲ မေးတာဖြစ်တယ်၊ အဲဒီတော့ ရှင်သာရိပုတ္တရာက ရှင်းပြတယ်။ ဓမ္မနွယ လို့ ခေါ်တဲ့ အနုမာနဉာဏ် သူ့မှာ ရှိပါတယ်လို့ ရှင်းပြတော့ မြတ်စွာဘုရားက သာဓု ခေါ်ပါတယ်။

အဲဒီလို နိဂုံးဆွဲတာကို မရေးဘဲနဲ့ ရှင်သာရိပုတ္တရာ ဟာ ဘုရားရှင်ကို အလွန်အမင်း ချီးမွမ်းလို့ အကြိမ်းအမောင်း ခံရတယ်ဆိုပြီး ရေးသားတာဟာ မမှန်မကန် ရေးသားချက်ပဲ ဖြစ်တယ်။ ဒါကြောင့်မို့ [၇] Buddhism လို့ ရေးထားတဲ့စာအုပ်တိုင်းဟာ မှန်ကန်တဲ့ စာအုပ်တွေ မဟုတ်ဘူး၊ သူတို့ရဲ့ ထင်မြင်ချက်တွေကို ရေးသားထားတာဖြစ်လို့ မူရင်းသုတ္တန်တွေကို ရှာဖွေပြီး ဖတ်သင့်တယ်။

အဲဒီသုတ္တန်ကို ကြည့်လိုက်မယ်ဆိုရင် ဘုရား ဖြစ်တဲ့ ပုဂ္ဂိုလ်တိုင်းဟာ နီဝရဏတရား ငါးပါးကို ဖယ်ရှားပြီး သတိပဋ္ဌာန်တရား လေးပါး ပေါ်မှာ စိတ်ကို ကောင်းစွာ တည်ဆောက်ပြီး ဗောဇ္ဈင် (၇) ပါး ပွားမှ ဘုရားဖြစ်တယ်ဆိုတော့ ဘုရားဖြစ်တဲ့ လမ်းကြောင်းကလည်း ဒီလမ်းကြောင်းသာ ဖြစ်တယ်။

ဥတ္တိယသုတ်

ဒါနဲ့ အလားတူ ဥတ္တိယသုတ်မှာလည်းပဲ မြတ်စွာဘုရားအား ရှင်အာနန္ဒာက လျှောက်ထားတဲ့ စကားလေးတစ်ခု ရှိတယ်။ လောကကြီးက ထွက်မြောက်သွားတဲ့ ပုဂ္ဂိုလ်တိုင်း၊ ပုဂ္ဂိုလ်တိုင်းဟာတဲ့ နီဝရဏ တရား (၅)ပါးကို ဖယ်ရှားပြီး သတိပဋ္ဌာန်တရား (၄) ပါး ပေါ်မှာ စိတ်ကို အခြေစိုက်ကာ ဗောဇ္ဈင် (၇) ပါး ပွားပြီးမှသာ [၈] လောကကြီးက ထွက်မြောက်နိုင်တယ်လို့။ ဒီအတိုင်းပဲ တစ်ထပ်တည်း ဆိုထားတယ်။

အဲဒီတော့ သတိပဋ္ဌာန်တရား အားမထုတ်ဘဲနဲ့ မဂ်ဖိုလ်နိဗ္ဗာန် ရတယ်ဆိုတာ ရှိကို မရှိဘူး။ အေး- တစ်ချို့က ပြောကောင်းပြောလိမ့်မယ်၊ ဝိသာခါဟာ (၇) နှစ် သမီးအရွယ်မှာ မြတ်စွာဘုရား တရားဟောလိုက်တာနဲ့ သောတာပန် ဖြစ်တာ၊ ဘယ်မှာ သတိပဋ္ဌာန် ကျင့်လိုက်ရတုန်းလို့၊ ကျင့်တာပေါ့၊ ဘယ်အချိန် ကျင့်တာတုန်းဆိုရင် တရားနာတဲ့အချိန် ကျင့်တာပဲ။ တရားကို အာရုံစိုက်ပြီး နားထောင်နေတာဟာ အဲဒီအချိန်မှာ ကျင့်နေတာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ တရားကို အာရုံစိုက်ပြီး နာနေတဲ့အချိန်မှာ စိတ်ကို ထိုတရားအာရုံကနေပြီးတော့ တခြားမရောက်စေရင် လောဘလဲ မဖြစ်ဘူး၊ ဒေါသလဲ မဖြစ်ဘူး၊ မောဟလည်း မဖြစ်ဘူး၊ အသိဉာဏ်တွေဟာ တစ်ဆင့်ပြီးတစ်ဆင့် ရှင်းပြတဲ့ စကားနောက်လိုက်ပြီး ပွင့်လင်း၊ ပွင့်လင်းသွားလို့ သောတာပန် ဖြစ်တာပေါ့၊ အဲဒါလည်း ဝိသာခါရဲ့ [၉] စိတ်ဟာ သတိပဋ္ဌာန်တရား (၄) ပါးပေါ်မှာ အာရုံ စိုက်တာပဲ ဖြစ်တယ်။

အေး-ဒါကြောင့်မို့ နီဝရဏတရားတွေကို မဖယ်ရှားဘဲ သတိပဋ္ဌာန်တရားပေါ်မှာ စိတ်ကို အခြေမစိုက်ဘဲနဲ့ မရပါဘူး၊ ကြည့်လေ မြတ်စွာဘုရားက ခန္ဓာငါးပါးကို ရှင်းပြတယ်လို့ ဆိုလို့ရှိရင် ဓမ္မာနုပဿနာ သတိပဋ္ဌာန်၊ စိတ်အကြောင်းကို ရှင်းပြနေတာကို အာရုံစိုက်နေရင် စိတ္တာနုပဿနာ သတိပဋ္ဌာန်ပေါ့၊ ဝေဒနာအကြောင်း ရှင်းပြနေတာကို အာရုံစိုက်ရင် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ပဲလေ။ အေး အဲဒီအထဲမှာ အာနာပါနတို့ အခြားအကြောင်းတွေကို ရှင်းပြမယ်၊ ရုပ်နဲ့ ပတ်သက်တာတွေကို ရှင်းပြမယ်ဆိုရင် ကာယာနုပဿနာ သတိပဋ္ဌာန် ဖြစ်တာပေါ့။

သုတ္တန်တွေမှာ ရှင်းရှင်းလင်းလင်း ဒီလိုဆိုထားတာ ရှိတယ်။ နိဗ္ဗာန်တံခါးကြီးကို ဝင်ရောက်ချင်တဲ့ ပုဂ္ဂိုလ်တိုင်း နိဗ္ဗာန်ရောက်တဲ့ လမ်းမပေါ်ကို လျှောက်လှမ်းချင်တဲ့ ပုဂ္ဂိုလ်တိုင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုတဲ့ ပုဂ္ဂိုလ်တိုင်းဟာ သတိပဋ္ဌာန်ကျင့်စဉ်တွေကို ရှောင်လွှဲလို့ မရဘူးလို့ ဒီလို ဆိုလိုတယ်။

[၁၀] အေး တစ်ချို့ စာအုပ်တွေက ရေးတယ်ပေါ့ “သတိပဋ္ဌာန်တရားဟာ ဒိဋ္ဌိသတ် တရားမဟုတ်ဘူး၊ တဏှာသတ်တရားတဲ့” မြတ်စွာဘုရားရဲ့ တရားဟာ ဘယ်တရားပဲဖြစ်ဖြစ်၊ ဒိဋ္ဌိလည်းသတ်တာပဲ၊ တဏှာလည်း သတ်တာပဲ။ သတ်တယ်ဆိုတဲ့နေရာမှာ အပြည့်အဝ အကုန်လုံး ဖယ်ရှားတာနဲ့ တစ်ချို့နေရာမှာ တစ်စိတ်တစ်ဒေသ ဖယ်ရှားတာကို ဆိုလိုတယ်။ ဆိုပါစို့ သောတာပန်ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကိုသာ ဖယ်တာလား ဆိုတော့ မဟုတ်ဘူး၊ သောတာပန်ပုဂ္ဂိုလ်က တဏှာကိုလည်း ဖယ်ရှားတယ်၊ ဒေါသကိုလည်း ဖယ်ရှားတယ်၊ မောဟကိုလည်း ဖယ်ရှားတယ်။ သို့သော် တဏှာ၊ ဒေါသ၊ မောဟတို့ကို ဖယ်ရှားတဲ့အခါ အပါယ်ကျစေနိုင်တဲ့ စွမ်းအားရှိတဲ့ တဏှာ၊ အပါယ်ချနိုင်လောက်အောင် ပြင်းထန်တဲ့ ဒေါသ။ အပါယ်ကို ချနိုင်လောက်အောင် စွမ်းအားရှိတဲ့ မောဟကိုသာ ဖယ်တာ။ အပါယ် မချနိုင်သေးတာကတော့ ကျန်သေးတာပေါ့။ မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ဘယ်တရားပဲ ဖြစ်ဖြစ် ကိလေသာ ပယ်တာချည်းပဲ၊ မပယ်တဲ့ တရား မရှိဘူး။

[၁၁] ဒါကြောင့်မို့ မမှန်မကန် ကိုယ့်ရဲ့အာဘော်တွေနဲ့ ရေးသားတဲ့ စာအုပ်မျိုးတွေကိုတော့ မဖတ်သင့်ဘူးပေါ့။ ဖတ်မယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ ဇဝေဇဝါဖြစ်ပြီးတော့ အမှန်တရားကနေ ဝေးသွားနိုင်တယ်။

“ဘုရားအဆူဆူဟာ နီဝရဏတရား (၅) ပါးကို ဖယ်ရှားလို့၊ သတိပဋ္ဌာန်တရား (၄) ပါး ပေါ်မှာ စိတ်ကို အခြေစိုက်လို့၊ ဗောဇ္ဈင် (၇) ပါး ပွားပြီးတော့မှ အသိဉာဏ်ထူးတွေကို ရကြတာ ဖြစ်တယ်။'

အဲဒါပါဠိမှာ ဘယ်လိုဆိုထားတုန်းဆိုရင်
"ပဉ္စ နီဝရဏေ ပဟာယ စေတသော ဥပက္ကိလေသေ ပညာယ ဒုဗ္ဗလီကရဏေ”တဲ့။
ဆိုလိုတဲ့ အဓိပ္ပာယ်က စေတသော ဥပက္ကိလေသေ=စိတ်ရဲ့ အညစ်အကြေးများဖြစ်နေတဲ့၊ ပညာယ ဒုဗ္ဗလိကရဏေ=ပညာအားကို ပျော့သွားအောင် ပြုနိုင်တဲ့၊ ပဉ္စ နီဝရဏေ ပဟာယ=နီဝရဏတရား (၅) ပါးကို ဖယ်ရှား၍၊ စတူသု သတိပဋ္ဌာနေသု သုပ္ပတိဋ္ဌိတစိတ္တာ = သတိပဋ္ဌာန်တရား (၄) ပါး ပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်တဲ့ စိတ်ရှိပြီးတဲ့အခါမှာ သတ္တဗောဇ္ဈင်္ဂေ=ဗောဇ္ဈင် (၇) ပါး တို့ကို၊ ယထာဘူတံ [၁၂] ဘာဝေတွာ။ မှန်မှန်ကန်ကန်ပွားစေပြီးတော့မှ အနုတ္တရံ အဘိသမ္ဗောဓိံ အဘိသမ္ဗုဇ္ဈိံသု-တဲ့ ထူးခြားတဲ့ အဘိသမ္ဗောဓိဉာဏ်ကြီးကို ထိုးထွင်းပြီး သိတော်မူကြတယ်”တဲ့။

ဘုရားဖြစ်အောင် ကျင့်တာလည်း ဒီတရားပဲ၊ သာမန်ပုဂ္ဂိုလ်တွေ ကျင့်ရတာလည်း ဒီတရားပါပဲ၊ ဒါကြောင့်မို့ သတိပဋ္ဌာန်နဲ့ ပတ်သက်လာရင် ဘယ်သူတွေ ကျင့်ရမှာလဲဆိုတော့ အားလုံးပဲ..ကျင့်ရမှာပဲ။ လူတိုင်း ကျင့်ရမယ့် တရားဖြစ်တယ်ပေါ့။

သတိပဋ္ဌာနသံယုတ် ဝိဒေသသုတ်

အဲဒါနဲ့ ပတ်သက်ပြီး ဒီထက်ထင်ရှားတဲ့ သုတ္တန်တစ်ခုကို ပြောမယ်၊ ရှင်သာရိပုတ္တရာနဲ့ အရှင်အနုရုဒ္ဓါ တို့ရဲ့ တရား ဆွေးနွေးခန်းကလေးမှာ ရှင်သာရိပုတ္တရာက မေးတယ်၊ အရှင်အနုရုဒ္ဓါက ဖြေတယ်။ ရှင်သာရိပုတ္တရာ မေးတာက “ငါ့ရှင် အနုရုဒ္ဓါ၊ သေက္ခ၊ သေက္ခနဲ့ ပြောကြတယ်။ ဘယ်လိုအတိုင်းအတာနဲ့မှ သေက္ခပုဂ္ဂိုလ် ဖြစ်နိုင်သလဲ။

[၁၃] အဲဒီမှာ နားလည်ရမှာက သေက္ခပုဂ္ဂိုလ်ဆိုတာ ကျင့်ဆဲပုဂ္ဂိုလ်၊ ဘယ်ပုဂ္ဂိုလ်ကို ခေါ်တာလဲဆိုရင်
(၁) သောတာပန်
(၂) သကဒါဂါမ်
(၃) အနာဂါမ်
အဲဒီ ပုဂ္ဂိုလ် (၃) ဦးကို သေက္ခပုဂ္ဂိုလ်လို့ ခေါ်တယ်၊ ရဟန္တာ ကျတော့ အသေက္ခပုဂ္ဂိုလ် အကျင့်ရဲ့ အပြီးအဆုံးသို့ ရောက်သွားပြီ၊ ဒီလိုပြောတာပေါ့။

အဲဒီတော့ အရှင်အနုရုဒ္ဓါက ရှင်သာရိပုတ္တရာရဲ့ အမေးကို ဖြေတယ်။“သတိပဋ္ဌာန်တရား (၄) ပါးကို တစ်စိတ်တစ်ဒေသပွားပြီးလို့ သူ့ကို သေက္ခပုဂ္ဂိုလ်လို့ ခေါ်တယ်”။

ဪ သတိပဋ္ဌာန်တရား (၄) ပါးကို ပွားပြီးပြီ၊ ဒါပေမယ့် အပြည့်အစုံမပွားရသေးဘူး၊ တစ်စိတ်တစ်ဒေသပဲ ပွားရသေးတယ်။ သူ ပွားတာက သောတာပန် ဖြစ်ရုံ၊ သကဒါဂါမ်ဖြစ်ရုံ၊ အနာဂါမ်ဖြစ်ရုံပဲ ပွားရသေးတယ်၊ ဒါကြောင့်မို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ပဲ ဖြစ်သေးတယ်၊ ဒီလိုဆိုလိုတာ။

“အသေက္ခပုဂ္ဂိုလ်ဆိုတာ ဘယ်အတိုင်းအတာနဲ့မှ ခေါ်တာတုန်း”ဆိုတော့-သတိပဋ္ဌာန်တရား (၄) ပါးကို ပြည့်ပြည့်စုံစုံ ပွားများပြီးတဲ့အခါ အသေက္ခပုဂ္ဂိုလ်လို့ [၁၄] ဆိုတယ်၊ အဲဒီတော့ ရဟန္တာဖြစ်ဖို့လည်း သတိပဋ္ဌာန် ပွားရတာပဲ၊ သောတာပန် ဖြစ်ဖို့လည်း သတိပဋ္ဌာန် ပွားရတာပဲ။

အေး-တစ်ချို့က သတိပဋ္ဌာန်တရားဆိုတာဟာ ပုထုဇဉ်တွေ မပွားရဘူး၊ သက္ကာယဒိဋ္ဌိပြုတ်ပြီးသား ပုဂ္ဂိုလ်တွေမှသာ ပွားရတယ်လို့ ယူဆပြီး ရေးသားကြတယ်။ အဲဒီလို စာအုပ်မျိုးကိုတော့ မဖတ်ထိုက်ဘူးပေါ့။ ဖတ်ရင် ကိုယ့်ခေါင်းထဲမှာ အမှိုက်သရိုက်တွေ ထည့်လိုက်သလို ဖြစ်သွားမယ်။ ကြာလာရင် ခေါင်းဟာ အမှိုက်ပုံကြီး ဖြစ်နေမယ်။ ရှုပ်ထွေးမှုတွေ ဖြစ်တတ်တယ်။ အဲဒီတော့ မြတ်စွာဘုရားဟောတဲ့ မူရင်းတရားကိုပဲ သိဖို့လိုတယ်။ ကိုယ့် အတွေးတွေ ကိုယ့်ယူဆချက်တွေနဲ့ ရောပြီး ရေးထားတဲ့ စာအုပ်မျိုးဆိုရင် ဘယ်စာအုပ်မှ မဖတ်သင့်ဘူး။ ဖတ်လို့ရှိရင် မှားမှားယွင်းယွင်းတွေ ဖြစ်သွားနိုင်တယ်ပေါ့။

အဲ- တစ်ချို့စာအုပ်မှာ ရေးတယ်၊ သတိပဋ္ဌာန်တရားက ဒိဋ္ဌိသတ် တရားမဟုတ်ဘူး၊ သတိပဋ္ဌာန်တရားဟာ တဏှာသတ် တရားသာ ဖြစ်တယ်လို့ ဒီလို_ [၁၅] ဟောထားတာ ရှိသေးတယ်။ ဒါဟာ သူတို့ရဲ့ အယူအဆ သက်သက်ပဲ။

သေခသုတ်

ကြည့် ဒီထက်သေချာတဲ့ သုတ္တန်တစ်ခုဟာ သတိပဋ္ဌာနသံယုတ်မှာပဲ လာတယ်၊ “သာလသုတ်” တဲ့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က သာလာ ဆိုတဲ့ ပုဏ္ဏားရွာမှာ နေတဲ့အချိန်မှာ ဟောခဲ့တဲ့ သုတ်ဖြစ်တယ်။ သတိပဋ္ဌာန်တရားကို ဘယ်သူတွေ ပွားရတာတုန်းလို့ ဆိုတဲ့အခါမှာ မြတ်စွာဘုရားက သာသနာ့ဘောင် ဝင်လာတဲ့ ပုဂ္ဂိုလ်တိုင်း၊ ပုဂ္ဂိုလ်တိုင်းကို သတိပဋ္ဌာန်တရား ပွားများဖို့ တိုက်တွန်းနှိုးဆော်ပေးရမယ်တဲ့၊ အဲဒီ ရှင်ငယ်ရဟန်းတွေဟာ သတိပဋ္ဌာန်တရားကို ပွားရမယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ ပွားရတာတုန်းဆိုရင် သတိပဋ္ဌာန်ရဲ့ အာရုံကို ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ဆိုတဲ့ လေးမျိုး ပေးထားတယ်။ ကာယရဲ့ သဘာဝ၊ ဝေဒနာရဲ့ သဘာဝ၊ စိတ်ရဲ့သဘာဝ၊ ဓမ္မရဲ့သဘာဝတွေကို မှန်မှန်ကန်ကန် သိဖို့အတွက်ရာ သတိပဋ္ဌာန်တရား ပွားရမယ်။ ဒါ ပုထုဇဉ်ကို ပွားခိုင်းတာ။

[၁၆] ဒါဖြင့် ပုထုဇဉ်ဘဝ လွန်မြောက်သွားလို့ သေက္ခပုဂ္ဂိုလ် ဖြစ်သွားပြီ၊ သောတာပန် ဖြစ်သွားပြီ၊ သကဒါဂါမ် ဖြစ်သွားပြီ၊ အနာဂါမ် ဖြစ်သွားပြီ ဆိုလို့ရှိရင်ကော မပွားရဘူးလားဆိုတော့ ပွားရမယ်တဲ့။ အဲဒီ ပုဂ္ဂိုလ်တွေကို အဲဒီမှာ ဒုတိယအနေနဲ့ မြတ်စွာဘုရားက “သေခါ အပ္ပတ္တမာနသာ အနုတ္တရံ ယောဂက္ခေမံ ပတ္ထယမာနာ” ရဟန်းတော်တွေထဲမှာ တစ်ချို့ပုဂ္ဂိုလ်တွေက သောတာပန် ဖြစ်သွားတယ်၊ တစ်ချို့က သကဒါဂါမ်၊ တစ်ချို့က အနာဂါမ် ဖြစ်တယ်။ အဲဒီ ပုဂ္ဂိုလ်တွေလည်း သတိပဋ္ဌာန်တရား ပွားရမယ်တဲ့။ သတိပဋ္ဌာန်ကိုပဲ ကျင့်ရမယ်တဲ့။ ဘာအတွက် ကျင့်တာတုန်းဆိုတော့ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ တရားတွေကို ပိုင်းပိုင်းခြားခြား သိအောင် ကျင့်ရမယ်၊ ခုနတုန်းက စကားနဲ့ မတူဘူး၊ ခုနက ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ တို့ကို ယထာဘူတ သိအောင် ကျင့်ရမယ်၊ အခုဟာက ပိုင်းပိုင်းခြားခြား သိအောင် ကျင့်ရမယ်၊ ရဟန္တာ မဖြစ်သေးရင် အကုန်လုံး မသိသေးဘူး၊ တစ်စိတ်တစ်ဒေသသာ သိသေးတယ်ပေါ့ ဒီအဓိပ္ပာယ်နဲ့ ပြောတာ။

[၁၇] ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်ရောဆိုတော့၊ ရဟန္တာပုဂ္ဂိုလ်လည်း သတိပဋ္ဌာန်ကိုပဲ ပွားရမှာပဲ။ ရဟန္တာပုဂ္ဂိုလ်ကို သရုပ်ဖော်ထားပုံက “အရဟံ ခီဏာသဝေါ” အာသဝေါတရားတွေ ကုန်သွားပြီ။ ဝုသိတဗြဟ္မစရိယော - မဂ္ဂဗြဟ္မစရိယ ဆိုတဲ့ အကျင့်ကို ကျင့်သုံးပြီးပြီ။ ကတကရဏီယော - လုပ်စရာတွေအားလုံး လုပ်ပြီးပြီ၊ ဩဟိတဘာရော ကိလေသာဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကိုလည်း ချပြီးသွားပြီ။ အနုပ္ပတ္တသဒတ္ထော - မိမိရဲ့ တကယ့် အကျိုးလို့ ပြောရမယ့် အရဟတ္တဖိုလ် သို့လည်း ရောက်ပြီးသွားပြီ၊ ပရိက္ခိဏဘဝသံယောဇနော ဘဝနဲ့ ပတ်သက်တဲ့ အတွယ်အတာတွေ အားလုံးလည်း ကုန်သွားပြီ။ သမ္မဒညာ ဝိမုတ္တော မှန်မှန်ကန်ကန် သိပြီးတော့ စိတ်ဟာ လုံးဝ လွတ်မြောက်သွားပြီ။ အဲဒီလို ရဟန္တာပုဂ္ဂိုလ်မျိုးရော ဘာကို ကျင့်ရမှာလည်းဆိုရင် သတိပဋ္ဌာန်ပဲ ကျင့်ပါတဲ့။

ဟော သာသနာ့ဘောင် ဝင်ခါစ ပုဂ္ဂိုလ်လည်း သတိပဋ္ဌာန်ကျင့်၊ သေက္ခပုဂ္ဂိုလ်လည်း သတိပဋ္ဌာန်ကျင့်၊ ရဟန္တာပုဂ္ဂိုလ် ဖြစ်ပြီးရင်လည်း သတိပဋ္ဌာန်ပဲ ကျင့်ရမယ်တဲ့၊ ဒီလိုဆိုတာ ဖြစ်တယ်။

[၁၈] အဲဒီတော့ ရဟန္တာပုဂ္ဂိုလ်တွေက ဘာအတွက် ကျင့်တာတုန်းဆိုတော့ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ ဆိုတာတွေနဲ့ ပေါင်းစပ်မှု မရှိအောင်တဲ့။ ဆိုလိုတာက သတိပဋ္ဌာန်ကို အာရုံပြုပြီး ဝိပဿနာဉာဏ်မှတစ်ဆင့် တက်ကာ နိဗ္ဗာန်ကို အာရုံပြုလို့ရအောင် ကျင့်ခိုင်းတာ။ ရဟန္တာပုဂ္ဂိုလ်လည်းပဲ ဝိပဿနာရှုပြီးတော့မှ ဖလသမာပတ်ဆိုတာ ဝင်စားလို့ ရတာကိုး။ နိဗ္ဗာန်နဲ့ တွေ့ချင်ရင် ဒီလမ်းကပဲ ပြန်လျှောက်ရတယ်။

ဆိုပါစို့၊ ရဟန္တာဖြစ်သွားပြီ၊ ရဟန္တာဖြစ်သွားရင် ရဟန္တာပုဂ္ဂိုလ်ကြီးဟာ အမြဲတမ်း နိဗ္ဗာန်ကို မြင်နေတာ မဟုတ်ဘူး။ သာမန်ကိစ္စတွေ ဆောင်ရွက်တဲ့ အခါမှာ သာမန် အတွေ့အကြုံတွေပဲ မြင်နေမှာ။ ဘာထူးတုန်းဆိုရင် မြင်တဲ့အခါမှာ လောဘမဖြစ်ဘူး၊ ဒေါသမဖြစ်ဘူး၊ မောဟမဖြစ်ဘူး၊ သတိရှိတယ်၊ အသိဉာဏ်ရှိတယ်၊ ကြားတဲ့အခါမှာ လောဘမဖြစ်ဘူး၊ ဒေါသ မဖြစ်ဘူး၊ သတိရှိတယ်၊ အသိဉာဏ်ရှိတယ်၊ ဒီလို အခြေအနေပဲ ရှိတယ်။ ပုထုဇဉ် ပုဂ္ဂိုလ်တွေကျတော့ မြင်တဲ့ အာရုံပေါ်မှာ ကြည့်ပြီး လောဘ ဖြစ်တယ်၊ ဒေါသလည်း [၁၉] ဖြစ်တယ်၊ မောဟလည်း ဖြစ်တယ် ကွဲပြားခြားနားမှုက ဒါပဲ။

ရဟန္တာပုဂ္ဂိုလ်တွေမှာလည်း မျက်စိရှိတာပဲ၊ နားရှိတာပဲ၊ မျက်စိရှိတော့ မြင်စရာကို မြင်မယ်၊ နားရှိတော့ ကြားစရာကို ကြားမယ်၊ အဲဒီတော့ ကြားတဲ့အခါမှာ နှစ်သက်စရာ အာရုံကို ကြားမယ်ဆိုရင် ပုထုဇဉ်တွေမှာ လောဘဖြစ်တယ်။ ရဟန္တာတွေကျတော့ လောဘမဖြစ်ဘူး၊ မနှစ်သက်စရာ အာရုံတွေ့ရင်လည်း ပုထုဇဉ်တွေမှာ ဒေါသဖြစ်ပေမယ့် ရဟန္တာမှာ ဒေါသမဖြစ်ဘူး၊ မသိတဲ့ မောဟဆိုလည်း ရဟန္တာမှာ မဖြစ်ဘူး။ သတိသမ္ပဇဉ် ရှိနေတယ်ပေါ့။ အဲဒီတော့ ဒီအာရုံတွေနဲ့ လွတ်သွားအောင် ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ လို့ ဆိုတဲ့ အာရုံတွေနဲ့ လွတ်သွားအောင် ဘာလုပ်ရမလဲ ဆိုတော့ သတိပဋ္ဌာန် အခြေစိုက်ပြီး ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် တက်သွားပြီး ဖိုလ်စိတ္တုပ္ပါဒ် ဖြစ်လာအောင် လုပ်ရမယ်။ အဲဒီအခါ ဒီ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ လို့ဆိုတဲ့ အာရုံတွေနဲ့ လွတ်ပြီး နိဗ္ဗာန်နဲ့ နေနိုင်တာ ဖြစ်တယ်။

[၂၀] အဲဒါကို ပြောတာ ကာယေန ဝိသံယုတ္တာ - ကာယနဲ့ ယှဉ်တွဲပြီးတော့ မနေအောင်၊ ကာယဆိုတဲ့ အာရုံနဲ့ တွဲစပ်ပြီးတော့ မနေအောင်၊ ကွဲကွာသွားအောင်၊ ဝေဒနာယ ဝိသံယုတ္တာ - ဝေဒနာဆိုတဲ့ အာရုံနဲ့တွဲပြီး မနေအောင်၊ စိတ္တေန ဝိသံယုတ္တာ - စိတ္တဆိုတဲ့ အာရုံနဲ့ တွဲပြီး မနေအောင်၊ ဓမ္မေန ဝိသံယုတ္တာ - ဓမ္မဆိုတဲ့ အာရုံနဲ့ တွဲပြီးတော့ မနေအောင် နိဗ္ဗာန်နဲ့သာ ယှဉ်တွဲနေအောင် ဆိုပြီး သတိပဋ္ဌာန်အကျင့်ကပဲ ဝိပဿနာဉာဏ်ကို ဖြစ်စေပြီး ဖလသမာပတ် ဝင်စားရမယ်လို့ ဒီလိုပြောတာနော်။ အဲဒီတော့ နိဗ္ဗာန်ကို အာရုံပြုနေဖို့ရာအတွက် သတိပဋ္ဌာန်ပဲ ကျင့်ပါလို့ “သာလသုတ္တန်” မှာ ဒီလို ဟောထားတယ်၊ ဒါကြောင့်မို့ သတိပဋ္ဌာန်ဆိုတာ ဘယ်သူတွေ ကျင့်ရမှာလည်း ဆိုရင် လူတိုင်း ကျင့်ရမှာ ဖြစ်တယ်ပေါ့။ အားလုံး ကျင့်ရမယ့်တရား။

သတိပဋ္ဌာနဝဂ္ဂ

အေး အင်္ဂုတ္တရနိကာယ်မှာ ဒီသတိပဋ္ဌာန်နဲ့ ပတ်သက်ပြီး သတိပဋ္ဌာနဝဂ္ဂ ဆိုတာ ရှိသေးတယ်။

[၂၁] သုတ်ပေါင်း (၁ဝ) သုတ်ရှိတယ်။ အဲဒီမှာ သတိပဋ္ဌာန်က ဘာအတွက်ကျင့်ရတာတုန်း ဆိုတာနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ရှင်းလင်းပြီး ဟောထားတယ်။ သိက္ခာဒုဗ္ဗလျ လို့ ခေါ်တဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ အားပျော့သွားစေတတ်တဲ့ ငါးပါးသီလ ပြစ်မှုတွေကို၊ ဆိုပါစို့ ပါဏာတိပါတ၊ အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယဆိုတဲ့ အဲဒီ ကံငါးပါးကျူးလွန်ဖောက်ဖျက်မှုတွေ၊ ကံငါးပါး ကျူးလွန်မှုတွေ အဲဒါတွေ မိမိရဲ့ သန္တာန်မှာ မဖြစ်အောင် ဖယ်ရှားနိုင်အောင် ဘာလုပ်ရမလဲလို့ မေးခွန်းမေးတဲ့အခါ မြတ်စွာဘုရားက အဲဒီသိက္ခာဒုဗ္ဗလျလို့ ဆိုတဲ့ ငါးပါးသီလ ပြစ်မှုတွေ ဖယ်ရှားပစ်ဖို့ရာအတွက် သတိပဋ္ဌာန် (၄) ပါး ပွားပါတဲ့။ အဲဒီတော့ ငါးပါးသီလ လုံခြုံဖို့အတွက်လည်း သတိပဋ္ဌာန်ပွားလို့ ပြောတာပါပဲ။ အကြွင်းမဲ့ ငါးပါးသီလနော်။ ငါးပါးသီလကို ဖောက်ဖျက်လို့ ဖြစ်ပေါ်လာမယ့် အကုသိုလ်တရားကို ဖယ်ရှားပစ်နိုင်ဖို့ရာအတွက် သတိပဋ္ဌာန်တရားကိုပဲ ပွားပါတဲ့။

[၂၂] ဪ နောက်တစ်ခုက နီဝရဏတရား (၅) ပါး တဲ့၊ နီဝရဏတရား (၅) ပါးဆိုတာ အားလုံး သိတဲ့ အတိုင်း ကာမစ္ဆန္ဒ - နှစ်သက်စရာ အာရုံတွေအပေါ်မှာ နှစ်သက်တွယ်တာတတ်တဲ့ တဏှာဆန္ဒ၊ ဗျာပါဒ - ထို အာရုံတွေနဲ့ ဆန့်ကျင်တဲ့စိတ်၊ မုန်းတီးတဲ့စိတ်၊ ထိနမိဒ္ဓ - ကောင်းတဲ့အပေါ်မှာ ဆုတ်နစ်ပြီးတော့ တွန့်ဆုတ်သွားတဲ့စိတ်၊ ဥဒ္ဓစ္စကုက္ကုစ္စ - စိတ်ရဲ့ မငြိမ်းချမ်းမှု၊ ပူလောင်မှု၊ ဝိစိကိစ္ဆာ - ဘုရား၊ တရား၊ သံဃာ ကျင့်စဉ်တွေ အပေါ်မှာ သံသယဖြစ်နေမှု စတဲ့ စိတ်ရဲ့ အညစ်အကြေးတွေ၊ ပညာကို အားပျော့သွားစေတတ်တဲ့ နီဝရဏတရား (၅) ပါး လူတွေ သန္တာန်မှာ ဖြစ်တတ်တယ်။ အဲဒီ နီဝရဏတရား (၅) ပါးကို ဖယ်ရှားပစ်ချင်လျှင် ဘာလုပ်ရမလဲဆိုတော့ သတိပဋ္ဌာန်ပဲ ကျင့်ပါတဲ့။ ဒီသုတ္တန်တွေမှာ ဒီအတိုင်းပဲ ဟောထားတယ်။

အဲဒီတော့ သတိပဋ္ဌာန်ဟာ တဏှာသတ်လား၊ ဒိဋ္ဌိသတ်လားလို့ မေးစရာမလိုဘူး။ အကုသိုလ်မှန်သမျှ ပယ်တာချည်းပဲ။ အကြွင်းမဲ့ ပယ်တာနဲ့ တစ်စိတ် [၂၃] တစ်ပိုင်း ပယ်တာကတော့ ရှိတာပေါ့။ သူ့အဆင့်အလိုက်ပေါ့။ ကြည့် ကာမစ္ဆန္ဒဆိုတာ လောဘပဲ၊ ဗျာပါဒဆိုတာ ဒေါသပဲ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စကုက္ကုစ္စ နဲ့ ဝိစိကိစ္ဆာ ဒီ အကုသိုလ်တရားတွေ ဖယ်ရှားဖို့ရာလည်းပဲ သတိပဋ္ဌာန်တရားကို ကျင့်ပါတဲ့။ ဒီလိုပြောတာ။

စာပေနဲ့ ပတ်သက်လာလို့ရှိရင် မြတ်စွာဘုရားရဲ့ အာဘော်မဟုတ်တဲ့ အကြောင်းအရာတွေ ဖတ်မိသွားလို့ရှိရင် ကိုယ့်ခေါင်းထဲမှာ အမှိုက်သရိုက်တွေ ရောက်သွားတာနဲ့ အတူတူပါပဲ၊ ဒီတော့ ဘုရားအာဘော်မိဖို့လိုတယ်။ Interpretation Problem ဆိုတာ ဒီဘုရားတရားတော်ကို လေ့လာတာတောင်မှပဲ ဘာသာပြန်ဆိုမှု အဓိပ္ပာယ်ကောက်ယူမှု လွဲမှားတာတွေ အများကြီး ရှိသေးတယ်။ အခုဟာက အဓိပ္ပာယ်ကောက်မှားစရာကို မလိုဘူး။ မြတ်စွာဘုရားက တိုက်ရိုက်ချည်းပဲ ဟောထားတာ၊ အဲဒီလို တိုက်ရိုက် ဟောထားတာလောက် ရှင်းလင်းတာ ဘယ်ရှိမလဲပေါ့၊ ဘုရားကိုယ်တိုင်ကိုကပဲကြည့် နီဝရဏတရား (၅) ပါးကို ဖယ်ရှားဖို့ရာအတွက် သတိပဋ္ဌာန်တရား [၂၄] (၄) ပါးကို ပွားပါတဲ့။ ရှင်းရှင်းလေးပဲ၊ နီဝရဏတရား (၅) ပါး ဖယ်ရှားဖို့ရာ နီဝရဏတရားတွေထဲမှာ ဘာတွေပါတုန်း လောဘ ပါတယ်၊ ဒေါသ ပါတယ်၊ ထိနမိဒ္ဓပါတယ်၊ ဥဒ္ဓစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာ ပါတယ်။ နောက်တစ်ခုက ကာမဂုဏ်အာရုံ (၅) ပါး အပေါ်မှာ မက်မောတဲ့ တဏှာ ရာဂ၊ ကာမဂုဏ်လို့ ဆိုတဲ့နေရာမှာ ကာမ ဆိုတာဟာ နှစ်သက်စရာ အာရုံတွေပဲ၊ နှစ်သက်စရာ အာရုံဆိုတာ မျက်စိက မြင်ရတဲ့ နှစ်သက်စရာ အာရုံ၊ နားက ကြားရတဲ့ နှစ်သက်စရာ အသံ အာရုံ၊ နှာခေါင်းက နမ်းရှုရတဲ့ အနံ့အာရုံ၊ လျှာနဲ့ လျက်ရတဲ့ အရသာ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့ရတဲ့ ဖောဋ္ဌဗ္ဗ အာရုံ အဲဒီ အာရုံတွေဟာ စိတ်ကို နှောင်ဖွဲ့ထားတတ်သောကြောင့် “ဂုဏ”တဲ့။ နှစ်သက်စရာ လိုချင်စရာ ကောင်းသောကြောင့် “ကာမ”တဲ့၊ ဒီစကားနှစ်ရပ် ပေါင်းပြီးတော့ ကာမဂုဏ၊ ကာမဂုဏ်လို့ ဆိုတာ။ အဓိပ္ပာယ်က ဒီလိုနော်။

ဒီကာမဂုဏ်မှာ ဂုဏ်က ဂုဏ်ရှိတယ်ဆိုတဲ့ စကားနဲ့ မတူဘူး။ ဗမာတွေမှာ အဲဒီစကားလုံး ရောသွား [၂၅] တတ်တယ်။ ဂုဏ်သရေရှိတယ်ဆိုတဲ့ ဂုဏ်က တစ်မျိုး၊ ဒီဂုဏ်က အရည်အချင်းတွေကို ပြောတာ ဖြစ်တယ်၊ ကာမဂုဏ် ဆိုတာက ဂုဏ်ရှိတယ်လို့ ပြောတာ မဟုတ်ဘူး။ “ကာမ” ဆိုတာ နှစ်သက်စရာကောင်းတဲ့ အာရုံ၊ “ဂုဏ” ဆိုတာ စိတ်ကို နှောင်ဖွဲ့ထားတတ်တယ်လို့ ဒီလို အဓိပ္ပာယ်နဲ့ ပြောတာ။

ဟုတ်တယ်လေ၊ စိတ်ကို နှောင်ဖွဲ့ထားလို့ လူတိုင်း လူတိုင်းဟာ ရုန်းမှ မထွက်နိုင်တာကိုး။ ဒါကြောင့်မို့ ဟောဒီ ကာမဂုဏ်အာရုံတွေကနေ ရုန်းထွက်ဖို့ ကာမဂုဏ်အာရုံတွေ ဖယ်ရှားနိုင်ဖို့ ဆိုလို့ရှိရင် ဘာလုပ်ရမလဲဆိုတော့ သတိပဋ္ဌာန် ပွားပါတဲ့။

ကဲ၊ နောက်တစ်ခု မြတ်စွာဘုရားက ဟောတယ်။ ဩရမ္ဘာဂိယ သံယောဇဉ် ငါးပါးကို ဖယ်ရှားချင်ရင်လည်းဘဲ သတိပဋ္ဌာန်ပဲ ပွားပါတဲ့။ ဩရမ္ဘာဂိယ သံယောဇဉ်ဆိုတာဟာ ကာမဘုံ၌ ကာမအာရုံတွေနဲ့ ဆက်စပ်ပြီးတော့ ကာမဘုံမှာ ဖြစ်စေတတ်တဲ့ သံယောဇဉ်မျိုး ဖြစ်တယ်။ အဲဒီ ဩရမ္ဘာဂိယသံယောဇဉ်ငါးပါး ဆိုတာ ဘာတွေလဲဆိုရင် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ကာမရာဂ၊ ဗျာပါဒ။ အဲဒီ (၅) မျိုးပဲ။

[၂၆] “သက္ကာယဒိဋ္ဌိ” ဆိုတာ ခန္ဓာငါးပါးနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ အမြင်ပေါ့၊ ခန္ဓာငါးပါးထဲက တစ်ခုခုကို အတ္တ (သို့) အတ္တရဲ့ Property အဖြစ် မြင်တယ်။ ခန္ဓာငါးပါးထဲက တစ်ခုခုကို အတ္တ (သို့) အတ္တရဲ့ ပစ္စည်း၊ အတ္တပိုင်ဆိုင်တဲ့အရာ ဒီလို မြင်တယ်ပေါ့။ ဒီလို ခန္ဓာနဲ့စပ်ပြီး မှားယွင်းတဲ့ အမြင်ကို သက္ကာယဒိဋ္ဌိလို့ ဒီလိုခေါ်တာ ဖြစ်တယ်။ “သက္ကာယ” ဆိုတာ တကယ်ရှိတဲ့ ခန္ဓာငါးပါး၊ “ဒိဋ္ဌိ” ဆိုတာ မရှိတဲ့ ထင်မြင်ယူဆချက်ကြီး၊ မှားယွင်းတဲ့ ထင်မြင်ယူဆချက်၊ ရှိတာက ခန္ဓာငါးပါး မရှိတာက အတ္တနဲ့ အတ္တနိယ။ ရှိတဲ့ ခန္ဓာငါးပါးအပေါ်မှာ မရှိတာနဲ့ တွေးထင်ပြီး မှားယွင်းတဲ့ အယူအဆတစ်ရပ်ကို သက္ကာယဒိဋ္ဌိလို့ ခေါ်တာ ဖြစ်တယ်။

အဲဒီ သက္ကာယဒိဋ္ဌိဟာ ဒိဋ္ဌိပဲပေါ့။ သတိပဋ္ဌာန်တရားဟာ ဒိဋ္ဌိသတ်တရား မဟုတ်ဘူးလို့ ပြောရင် မြတ်စွာဘုရားက ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးကို ပယ်ချင်လို့ရှိရင် သတိပဋ္ဌာန်ပွားလို့ ဆိုတော့ ဒိဋ္ဌိပယ်သတ်ဖို့ရာအတွက် သတိပဋ္ဌာန် ကျင့်ခိုင်းတာပဲလေ၊ [၂၇] အဲဒါကို ဒိဋ္ဌိသတ် တရားမဟုတ်ဘူးလို့ ဒီလိုပြောလို့ရှိရင် ဒါဟာ ဘုရားရဲ့ စကားတော်ကို ပယ်ရာ ရောက်တာပေါ့၊ ဘုရားဟောထားတဲ့တရား တိုက်ရိုက် ရှိတာပဲ။ ဝိစိကိစ္ဆာကို ဖယ်ရှားချင်ရင်လဲ သတိပဋ္ဌာန်တရားကိုပဲ ပွားရတာပဲ။ ဘုရား၊ တရား၊ သံဃာ အကျင့် သိက္ခာ ပဋိပဒါနဲ့ ပတ်သက်ပြီးတော့ သံသယ ဖြစ်တာဟာ ဝိစိကိစ္ဆာ၊ အဲဒီ ဝိစိကိစ္ဆာကို ဖယ်ရှားချင်ရင်လည်းပဲ သတိပဋ္ဌာန်ကိုပဲ ပွားပါတဲ့။

နောက်တစ်ခုက သီလဗ္ဗတပရာမာသ၊ အလေ့အထနဲ့ အကျင့်ပေါ်မှာ မှားမှားယွင်းယွင်း သုံးသပ် ရှုမြင်တယ်။ ဘယ်လို အလေ့အထလဲလို့ ဆိုလို့ရှိရင် နွားတစ်ကောင်ရဲ့ အလေ့အထ၊ အဲဒီ အလေ့အထကို ဆောက်တည်လိုက်တာ၊ နွားတစ်ကောင်ရဲ့ အလေ့အထကို ဒီနေရာမှာ “သီလ” လို့ ခေါ်တယ်။ ငါးပါးသီလတွေ ဘာတွေ သွားမတွေးနဲ့ဦး။ စကားလုံး တူပေမယ်လို့ အဓိပ္ပာယ်က မတူဘူး၊ အဲဒီတော့ သီလဗ္ဗတပရာမာသမှာ နွားတစ်ကောင်ရဲ့ အလေ့အထ (သို့) ခွေးတစ်ကောင်ရဲ့ အလေ့အထကို “သီလ” ပေါ့။ ဒါဟာ အားလုံး [၂၈] သိတယ်၊ နွားက ဘာလုပ်တတ်တယ်၊ ခွေးက ဘာလုပ်တတ်တယ်၊ သူ့ရဲ့အပြုအမူအလေ့အထ Behaviour ကို ပြောတာ၊ အဲဒီ နွားတစ်ကောင် (သို့) ခွေးတစ်ကောင်ရဲ့ အလေ့အထ “သီလ” ကို လိုက်နာစောင့်ထိန်းဖို့၊ ဆောက်တည်လိုက်တာက “ဝတ”၊ နွားလို ကျင့်မယ်၊ ခွေးလို ကျင့်မယ်။ နွားလို ကျင့်ခြင်း၊ ခွေးလို ကျင့်ခြင်းဖြင့် သံသရာဝဋ်က လွတ်တယ်၊ တရားထူး တရားမြတ်ကို ရနိုင်တယ်လို့ ယူဆတာက “ပရာမာသ” မှားမှားယွင်းယွင်း သုံးသပ်ယူဆမှု၊ အဲဒီ အဓိပ္ပာယ်ပါပဲ။

နိုင်ငံခြားက ဘာသာပြန်တဲ့ စာအုပ်တွေမှာ ဒါနဲ့ ပတ်သက်ပြီး မှားမှားယွင်းယွင်း ပြန်ဆိုထားကြတယ်။ သီလဗ္ဗတပရာမာသကို rite and ritual လို့ ဘာသာပြန်ကြတယ်၊ ဒါဟာ မဟုတ်တဲ့ ဘာသာပြန်ချက်တွေ ဖြစ်တယ်။ rite and ritual ဆိုတာ ဘာသာရေး အခမ်းအနားတွေကို ပြောတာ၊ အေး - နိုင်ငံခြားက ရေးတဲ့ စာအုပ်မှန်သမျှ rite and ritual တွေ ချည်းပဲ ရေးတယ်။ မှားမှားယွင်းယွင်း ရေးတာ၊ ထေရဝါဒ ကျမ်းဂန်တွေမှာ ဒီလို မလာဘူး။

[၂၉] ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကျကျနန ပါဠိတော်မှာ ဖွင့်ဆို ရှင်းလင်းထားပြီးသား ဖြစ်တယ်။ အဲဒီလို ရှိရဲ့သားနဲ့ ကိုယ်ကြိုက်တာ ကိုယ်ပြန်လို့ ရှိရင် ဒါဟာ ဘုရားရဲ့ တရားမဟုတ်ဘူးပေါ့။ အဓိပ္ပာယ်ကို ကိုယ်လိုချင်တာ ကိုယ်ပြောလို့ မရဘူးလေ။ ဒီစကားလုံးကို ဘုရားက သုံးတာဆိုတော့ ဘုရားဖွင့်ဆိုချက် အတိုင်းပဲ လိုက်နာရမယ်ပေါ့။ အဲဒီတော့ ဒါလည်းကြည့် “သီလဗ္ဗတပရာမာသ” ဆိုတာဟာ ဒိဋ္ဌိပဲ၊ အဲဒီ သီလဗ္ဗတပရာမာသ ဆိုတဲ့ အယူမှားမှုကို ပယ်ရှားချင်လို့ ရှိရင်လည်း သတိပဋ္ဌာန်တရားကိုပဲ ကျင့်ပါတဲ့။

အဲဒီမှာ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ ဆိုတဲ့ သံယောဇဉ် (၃) ပါးကို သောတာပတ္တိမဂ်ဉာဏ်က ဖယ်ရှားတယ်၊ နောက် (၂) ခုက ကာမရာဂနဲ့ ဗျာပါဒ၊ ကာမရာဂ ဆိုတာ နှစ်သက်စရာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်နဲ့ မြင်ရပြီးတော့ ထိရပြီး၊ သိရပြီး တွယ်တာစရာ အာရုံတွေ အပေါ်မှာ တွယ်တာမှု၊ နှစ်သက်မှု အဲဒါကို “ကာမရာဂ” လို့ခေါ်တယ်။ အဲဒီ ကာမရာဂကို ဖယ်ရှားဖို့ ဆိုရင်လည်း သတိပဋ္ဌာန် [၃၀] တရားကိုပဲ ကျင့်ပါတဲ့။ ဟော ဒါကျတော့ တဏှာသတ်တရား၊ တဏှာကို ဖယ်ရှားဖို့ရာ ကျင့်ခိုင်းတာ ဖြစ်တယ်။ ကာမရာဂဆိုတာ တဏှာပဲ ဖြစ်တယ်။ အေး-တဏှာရှိလာလို့ရှိရင် အလိုကျတာ ရှိသလို၊ အလိုမကျတာ လိုက်လာတယ်လေ။ လောကလူတွေဟာ ခင်မင်မှု ရှိလာတာနဲ့ တစ်ပြိုင်နက် မုန်းတီးမှုကလည်း ရှိလာတာပဲ။ ခင်မင်မှုနဲ့ မုန်းတီးမှုက ဆက်စပ်နေတယ်။ ကြိုက်တာနဲ့ မကြိုက်တာက အမြဲတွဲဖက်ပြီး နေတယ်။ ကြိုက်တာရှိရင် မကြိုက်တာလည်း ရှိတတ်တယ်ပေါ့။ အေး-ဒါကြောင့်မို့ ကာမရာဂနဲ့ ဗျာပါဒက တွဲထားတာ။ ကာမရာဂ မကင်းမချင်း ဗျာပါဒ ဆိုတာ မကင်းနိုင်ဘူး။ အဲဒီ ဗျာပါဒတရား ဖယ်ရှားပစ်ဖို့ ဆိုလို့ရှိရင်လည်းပဲ သတိပဋ္ဌာန်တရားကို ပွားပါတဲ့။

ဒီစကားတွေကြည့်ရင် သတိပဋ္ဌာန်ဟာ ဒိဋ္ဌိသတ်လား၊ တဏှာသတ်လား၊ ဘာသတ်လား၊ ညာသတ်လားနဲ့ ခေါင်းစဉ်တပ်ပြီး ပြောစရာ မလိုဘူးလေ။ ကိလေသာ မှန်သမျှကို ဖယ်ရှားတာချည်းပဲပေါ့။

[၃၁] ဖယ်ရှားတဲ့ နေရာမှာတော့ သောတာပတ္တိမဂ်ဆိုရင်တော့ အတိုင်းအတာတစ်ခုအထိ ဖယ်ရှားမယ်၊ သကဒါဂါမိမဂ်ကလည်း အတိုင်းအတာတစ်ခုအထိ ဖယ်ရှားမယ်။ အနာဂါမိမဂ်နဲ့လည်း အတိုင်းအတာတစ်ခုအထိ ဖယ်ရှားမယ်။ သူ့အတိုင်းအတာနဲ့သူပဲပေါ့။

ကြည့် ဩရမ္ဘာဂိယသံယောဇဉ်လို့ ခေါ်တဲ့ ဒီသံယောဇဉ်တွေ မကင်းသေးတဲ့ ပုဂ္ဂိုလ်ဟာ ကာမဘုံမှာ စုန်ချည် ဆန်ချည် ဖြစ်နေမယ်။ အနာဂါမ် ဖြစ်သွားလို့ရှိရင် ဒီ ဩရမ္ဘာဂိယသံယောဇဉ်တွေ အကုန်ပြုတ်သွားသည့် အတွက်ကြောင့် ကာမဘုံနဲ့ မဆက်စပ်တော့ဘူး။ ဒါကြောင့် အနာဂါမ် ဖြစ်သွားရင် သုဒ္ဓါဝါသဘုံ ရောက်သွားတယ်လို့ ပြောတာနော်။

အေး-ကောင်းပြီ၊ နောက်တစ်ခုက ဂတိ (၅) ပါးတဲ့၊ ဘုန်းကြီးတို့ အခုဘဝ အဆုံးသတ်သွားလို့ရှိရင် သွားရမယ့်လမ်းကြောင်းကြီး (၅) သွယ် ရှိတယ်။ လူတိုင်းအတွက် (၅) သွယ် ရှိတယ်။ အဲဒါကို ဂတိ (၅) ပါးလို့ ပြောတာ ဖြစ်တယ်။ လူတိုင်း လူတိုင်း အတွက် လမ်းကြောင်းကြီး ငါးသွယ်က ဘာတွေလဲ [၃၂] ဆိုလို့ရှိရင် နိရယဂတိတဲ့ ငရဲဆိုတဲ့လမ်းကြောင်း ငရဲဘုံ၊ တိရစ္ဆာနဂတိတဲ့ တိရိစ္ဆာန်ဘုံ၊ ပေတဂတိ ပြိတ္တာဘုံ၊ မနုဿဂတိ လူ့ဘုံ၊ ဒေဝဂတိ နတ်ဘုံ၊ နတ်ဘဝလို့ ဂတိ (၅) ပါး လမ်းကြောင်းကြီး ငါးသွယ် ရှိတယ် ပုထုဇဉ်တွေဟာ ဒီဘဝက အဆုံးသတ်သွားရင် ဟောဒီ လမ်းကြောင်းကြီး ငါးသွယ်ထဲက တစ်လမ်းမဟုတ် တစ်လမ်းတော့ လျှောက်လှမ်းကြရမှာပဲ။ အကုသိုလ်တွေ လွန်ကဲလာလို့ရှိရင်တော့ နိရယဂတိကို လျှောက်လှမ်းသွားရမှာပဲ။ သူတို့ရဲ့ Destination ဟာ ငရဲပဲ ဖြစ်မှာပေါ့။ အဲဒီထက် နည်းနည်း သက်သာရင် တိရိစ္ဆာန်ဘုံ ဖြစ်မှာပေါ့။ အဲဒီထက် နည်းနည်းသက်သာရင် ပေတဂတိ ဖြစ်မှာပေါ့။ အကုသိုလ်တွေ လွတ်ကင်းပြီး ကုသိုလ်အကျိုးပေးဖို့ အလှည့် ကြုံလာလို့ရှိရင် မနုဿဂတိနဲ့ ဒေဝဂတိပဲပေါ့။ အဲဒီလို လမ်းကြောင်းကြီး ငါးသွယ် ရှိတယ်။ အဲဒီ ဂတိ ငါးပါး ဖယ်ရှားပြီး ဘယ် ဂတိမှ မရောက်ချင်ဘူးဆိုရင် ဘာလုပ်ရမလဲ၊ သတိပဋ္ဌာန်တရား (၄) ပါး ပွားပါတဲ့။

ဘယ်ဂတိမှ မရှိတာ၊ ဂတိအားလုံးကလွတ်သွား [၃၃] တာဟာ ရဟန္တာပဲ ဖြစ်တယ်။ ရဟန္တာ ဖြစ်သွားမှသာ အဲဒီလမ်းကြောင်းကြီး ငါးသွယ် ပိတ်သွားမှာလေ။ သို့မဟုတ်ရင် မပိတ်သေးဘူး။ သောတာပန် ဖြစ်ရင်တော့ နိရယဂတိတို့၊ တိရစ္ဆာနဂတိ၊ ပေတဂတိ ပိတ်သွားပြီနော်။ အဲဒီလို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပိတ်သွားတာ။ ရဟန္တာဖြစ်ပြီဆိုရင်တော့ ဂတိ (၅) မျိုးစလုံး ပိတ်သွားပြီ။ ဒါကြောင့် “ဂတိဝိမုတ္တိ” ဂတိ (၅) မျိုးကနေ လွတ်မြောက်သွားတယ်။ ဟော နိဗ္ဗာန်ရောက်မှ ဂတိ (၅) မျိုးကနေ လုံးဝ လွတ်သွားတာ ဖြစ်တယ်။ အဲဒါကို ဂတိငါးပါးကို ဖယ်ရှားပစ်ချင်တယ် ဆိုရင်လည်း သတိပဋ္ဌာန်တရားကို ပွားပါလို့ သတိပဋ္ဌာနဝဂ်မှာ တစ်သုတ်ချင်း၊ တစ်သုတ်ချင်း မြတ်စွာဘုရား ဟောထားတာနော်။

နောက်တစ်ခုက မစ္ဆရိယတရား ငါးပါးတဲ့။
အဲဒီမစ္ဆရိယတရား ငါးပါးကို ဖယ်ရှားချင်ရင်လည်း သတိပဋ္ဌာန်ကိုပဲ ပွားပါတဲ့။ မစ္ဆရိယ ဆိုတာ ကိုယ်သာ ခံစားချင်တာ သူများနဲ့ မျှဝေခံစားလိုစိတ် မရှိဘူး။ “မာ ဣဒံ အစ္ဆရိယံ အညေသံ ဟောတု” ဆိုတဲ့ အဓိပ္ပာယ်အတိုင်း ယခုလို အံ့သြဖွယ်ရာဟာ ဘယ်သူ့ထံမှ

[၃၄] မရောက်ပါစေနဲ့၊ ငါတစ်ယောက်တည်းမှာပဲ ရှိပါစေ ဆိုတဲ့ အတွေး၊ ကိုယ်သာရလိုမှု၊ အောင်မြင်ကျော်ကြားမှုကိုလည်း ကိုယ်သာ ရချင်တယ်။ ကြီးပွားတိုးတက်မှုကိုလည်း ကိုယ်သာ ရချင်တယ်။ ချမ်းသာသုခ ခံစားမှုကိုလည်း ကိုယ်သာရချင်တယ်ဆိုတာကို မစ္ဆရိယလို့ ခေါ်တယ်နော်။ ကိုယ့်ရဲ့ စည်းစိမ်ချမ်းသာကို သိမ်းပိုက်ပြီး တစ်ဘက်သားကို မခံစားစေချင်တဲ့ ယုတ်ညံ့တဲ့ စိတ်ထားပဲ။

အာဝါသမစ္ဆရိယတဲ့ နေစရာ အဆောက်အအုံနဲ့ ပတ်သက်ပြီး ငါသာနေမယ်၊ သူများ မနေရဘူးဆိုတာ အာဝါသမစ္ဆရိယ။ ကုလမစ္ဆရိယ ဘုန်းကြီးတွေဆိုရင် ငါ့ကိုးကွယ်တဲ့ ဒကာ၊ ဒကာမ သူတစ်ပါးကို မကိုးကွယ်ရဘူးဆိုတာ ကုလမစ္ဆရိယ၊ လူအချင်းချင်းကျတော့ ငါ့သူငယ်ချင်း သူများနဲ့ အပေါင်းအသင်း မလုပ်ရဘူး ဆိုတာက ကုလမစ္ဆရိယ၊ အေး- ရလာတဲ့ လခပဲဖြစ်စေ၊ အောင်မြင်မှုပဲဖြစ်စေ ရလာတယ်၊ ငါပဲ ရချင်တယ်။ သူများကို မရစေချင်ဘူးဆိုတာဟာ လာဘမစ္ဆရိယ၊ ငါသာ လှချင်တယ်၊ သူများကို မလှစေချင်ဘူးဆိုတာ ဝဏ္ဏမစ္ဆရိယ တရားဓမ္မနဲ့ ပတ်သက်ပြီး ကိုယ်သာ သိချင် [၃၅] တယ်။ သူများ မသိစေချင်ဘူးဆိုရင် ဓမ္မမစ္ဆရိယတဲ့၊ အဲဒီ မစ္ဆရိယ တရားငါးပါးကို ဖယ်ရှားပစ်ချင်ရင် လည်း သတိပဋ္ဌာန်တရားကိုပဲ ပွားပါတဲ့။

ထို့အတူပဲ ဥဒ္ဓမ္ဘာဂိယသံယောဇဉ် အထက်ပိုင်းကို ချည်နှောင်တဲ့ သံယောဇဉ်။ ကာမဘုံကတော့ လွတ်သွားပြီ၊ ရူပဘုံ၊ အရူပဘုံလို့ဆိုတဲ့ အထက်ဘုံတွေနဲ့ ချည်နှောင်ထားတဲ့ သံယောဇဉ်မျိုး၊ အဲဒါတွေက ဘာတွေလဲဆိုရင် ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ၊ အဲဒီ (၅) ခု ဖြစ်တယ်။ ရူပရာဂဆိုတာ ရူပဈာန် ရူပဘုံပေါ်မှာ တွယ်တာတာ၊ အရူပရာဂဆိုတာ အရူပဗြဟ္မာဘုံ၊ အရူပဈာန်အပေါ်မှာ တွယ်တာတာ၊ ဒါဟာလည်း တဏှာပဲလေ၊ ကာမရာဂ သူ့မှာ မရှိတော့ဘူး၊ မျက်စိက မြင်လို့၊ နားက ကြားလို့ နှစ်သက်တယ်ဆိုတာတွေ မလာတော့ဘူး၊ ဈာန်အာရုံအပေါ်မှာ တွယ်တာနေတာ၊ အဲဒီ တွယ်တာမှုတွေကို ရူပရာဂ၊ အရူပရာဂလို့ ခေါ်တယ်။ အထက်ဘုံတွေကို တွယ်တာနေတာ ဖြစ်တယ်။ အဲဒီ တွယ်တာမှုတွေကို ဖယ်ရှားပစ်ချင်လို့ရှိရင်လည်းပဲ သတိပဋ္ဌာန်တရား ပွားပါတဲ့။

[၃၆] မာန ကိုယ့်ရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး တွေးထင်နေတဲ့ အတွေးအထင်ကို မာနလို့ ခေါ်တယ်။ အဲဒီလို အတွေးအထင်လေး ရှင်းပြီး ပျောက်သွားအောင် လုပ်ချင်လို့ရှိရင်လည်း သတိပဋ္ဌာန်တရားကိုပဲ ပွားပါတဲ့။ ဥဒ္ဓစ္စ ဆိုတာ စိတ်မတည်ငြိမ်မှု သမာဓိအား ပျော့မှုလေး၊ အဲဒီ ဥဒ္ဓစ္စတရားကို ဖယ်ရှားပစ်ချင်ရင်လည်း ဒီ သတိပဋ္ဌာန်တရား ပွားပါတဲ့။ အဝိဇ္ဇာအမှန် မသိဘူး၊ သစ္စာ (၄) ပါးနဲ့ ပတ်သက်ပြီး အမှန်မသိဘူး၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီး အမှန်မသိဘူးဆိုတဲ့ အမှန်မသိဘဲ အမှားကို သိတတ်တဲ့ အဝိဇ္ဇာကို ဖယ်ရှားပစ်ချင်တယ် ဆိုရင်လည်း သတိပဋ္ဌာန်တရား ပွားပါလို့ ဆိုတယ်။

သတိပဋ္ဌာန်တရားဟာ ကိလေသာအားလုံးကို သတ်ဖို့ရာ လက်နက်ပဲပေါ့။ ဒီလိုဆိုလိုတာ။ အဲဒီလိုပဲ “စေတောခိလ” စိတ်ရဲ့ အနှောက်အယှက် ခလုတ်ကန်သင်း။ စိတ်ထဲမှာ ခလုတ်ကန်သင်း ဖြစ်နေတယ်ဆိုတာ ဘာလဲဆိုရင် ဘုရားအပေါ်မှာ သံသယတွေ ဝင်နေတယ်။ တရားအပေါ်မှာ သံသယတွေ ဝင်တယ်။ သံဃာအပေါ်မှာ သံသယတွေ ဝင်တယ်။ ကျင့်ရတဲ့ [၃၇] ကိုယ်ကျင့်တရား အပေါ်မှာ သံသယတွေ ဝင်တယ်။ သီတင်းသုံးဖော်၊ ကျင့်ဖော် ကျင့်ဖက်တွေ အပေါ်မှာ မလိုမုန်းထားစိတ်တွေ ရှိတယ်။ အဲဒါတွေကို စေတောခိလ လို့ ခေါ်တယ်။ စိတ်ရဲ့ ဆူးငြောင့်ခလုတ် ဖြစ်တယ်။ လမ်းပေါ်မှာ ဆူးငြောင့်ခလုတ် ရှိနေမယ်ဆိုရင် ဒီလမ်းပေါ်မှာ လျှောက်သွားတဲ့ လူတိုင်း ခလုတ်တိုက်မယ်၊ ဆူးစူးမယ်။ ဒီသဘာဝတရားတွေ ရှိနေသမျှ နိဗ္ဗာန်လမ်းကြောင်းကြီးဟာ ဘယ်တော့မှ ချောမွေ့မှာ မဟုတ်ဘူးတဲ့။ ခလုတ်ကန်သင်းတွေ ဖြစ်နေတယ်။ ဒါကြောင့် အဲဒီ စေတောခိလတွေကို ရှင်းပစ်ချင်လို့ရှိရင်လည်း သတိပဋ္ဌာန်တရားပွားပါလို့ ဒီလို မြတ်စွာဘုရားက ဟောထားတယ်။

နောက်တစ်ခုက “စေတောဝိနိဗန္ဓ”တဲ့ စိတ်ကို ချုပ်နှောင်ထားတတ်တဲ့အရာ ငါးမျိုးရှိတယ်။ စိတ်ကို ချုပ်နှောင်ထားတယ်ဆိုတာ ဘာတွေက ချုပ်နှောင်ထားသလဲဆိုတော့ ခုနက နှစ်သက်စရာ၊ လိုချင်စရာ အာရုံတွေအပေါ်မှာ တွယ်တာမှု မကင်းဘူးဆိုရင် အဲဒါက နှစ်သက်စရာ တွယ်တာစရာ အာရုံတွေရဲ့ [၃၈] အပေါ် တွယ်တာမှုက စိတ်ကို ချုပ်နှောင်ထားတတ်တယ်။ ဟုတ်တယ်လေ၊ လူကသာ လွတ်လပ်နေတယ်လို့ ထင်နေတာ၊ စိတ်က မလွတ်လပ်ဘူး၊ နှစ်သက်စရာ အာရုံတွေနဲ့ ပတ်သက်ပြီး တွယ်တာနေတယ်။ ဘယ်လောက်ကြီး ဝေးနေနေ နှစ်သက်စရာ အာရုံတွေနဲ့ စိတ်က မပြတ်ဘူး ဖြစ်နေတယ်။ ဒါကြောင့် ကာမတွေအပေါ်မှာ တဏှာရာဂ မကင်းမှု တွယ်တာမှုဟာ စိတ်ကို နှောင်ဖွဲ့ထားတတ်တဲ့ အရာတစ်ခု ဖြစ်တယ်။ ကုသိုလ်စိတ်ဖြစ်ဖို့ ခက်တယ်။ စိတ်ရဲ့ အနှောင်အဖွဲ့ နှောင်ကြိုးကြီးတစ်ခု ဖြစ်တယ်။

နောက်တစ်ခုက ခန္ဓာကိုယ်မှာ တဏှာရာဂ မကင်းဘူး၊ တွယ်တာတယ်။ လူတိုင်း လူတိုင်းဟာ ကိုယ့်ခန္ဓာကိုယ်ပေါ် တွယ်တာမှုဟာ အကြီးဆုံးပဲ။ အဲဒါကလည်း စိတ်ရဲ့ အနှောင်အဖွဲ့ကြီးတစ်ခု ဖြစ်တယ်။ နောက်တစ်ခုကတော့ ရူပ အဆင်းအပေါ်မှာ တွယ်တာတာ၊ ရူပဆိုတဲ့ ဗဟိဒ္ဓရုပ်မှာ တွယ်တာတယ်။ ဒီမှာ ကာမေသု အဝိတရာဂထဲ ပါပေမယ်လို့ ရူပေ လို့ မြတ်စွာဘုရားက ထပ်ဟောထားတယ်။ ပိုပြီး တွယ်တာမှု [၃၉] အားကောင်းတဲ့ သဘော၊ အဲဒီမှာ တွယ်တာနေလို့ရှိရင်လည်း“စေတောဝိနိဗန္ဓ” လို့ ခေါ်တယ်တဲ့။ နောက်တစ်ခုက ဘာလဲဆိုရင် လောကလူတွေဟာ ဇိမ်ခံချင်တဲ့ အလေ့အထ ရှိတယ်။ ဝဝစားမယ်၊ ကောင်းကောင်း အိပ်မယ်၊ ဟော ဝဝစားပြီး ကောင်းကောင်း အိပ်မယ်ဆိုတဲ့ အတွေးဟာလည်းပဲ စိတ်ရဲ့ အနှောင်အဖွဲ့ကြီး တစ်ခုပဲ ဖြစ်တယ်လေ။ အဲဒါကို မစွန့်နိုင်လို့ တရားအားမထုတ်နိုင်ကြဘူး၊ ညစာ မစားရဘူး၊ ဥပုသ်စောင့်ရမယ်ဆိုရင် ဗိုက်ဆာတယ်၊ တရားကို (၂၄) နာရီထဲက (၄) နာရီပဲ အိပ်ပြီးအားထုတ်ရမယ်ဆိုရင် ကျန်းမာရေး ထိခိုက်မလိုလို ဟုတ်လား၊ အဲဒီလို စိတ်က ထင်လာတယ်။ မအိပ်မနေ အားထုတ်ဖို့ဆိုတာ စဉ်းစားလို့ မရဘူး။ အိပ်တဲ့ အရသာကို တပ်မက်ပြီး နေတယ်။ ဝဝစားပြီး ကောင်းကောင်း အိပ်မယ်ဆိုတဲ့ အတွေး ဇိမ်ခံလိုတဲ့ စိတ်ဟာလည်း စိတ်ရဲ့ အနှောင်အဖွဲ့ တစ်ခု ဖြစ်တယ်။

နောက်တစ်ခုကတော့ ကိုယ်ဆောက်တည်ထားတဲ့ သီလ၊ ကိုယ်ကျင့်နေတဲ့ အကျင့်တွေ၊ ဒီအကျင့် [၄၀] တွေကြောင့် နတ်ပြည်ရောက်ချင်တယ်၊ နတ်မင်း ဖြစ်ချင်တယ်၊ နတ်သား ဖြစ်ချင်တယ်၊ နတ်သမီး ဖြစ်ချင်တယ် ဆိုတဲ့ ဖြစ်လိုမှုတွေ၊ ဆန္ဒတွေ ရှိနေတာဟာ တရားထူး၊ တရားမြတ်ရဖို့ မဖြစ်နိုင်ဘူး၊ နှောင်ကြိုးကြီး တစ်ခုပဲ၊ သူက ချည်နှောင်ထားတာမို့ အထက်ကို မတက်နိုင်ဘူးလို့ ပြောတာနော်။ အဲဒါကို စေတောဝိနိဗန္ဓ ငါးပါးလို့ ခေါ်တယ်။ စေတောဝိနိဗန္ဓ ငါးပါးကို ဖယ်ရှားပစ်ချင်တယ်ဆိုရင်လည်း ဟောဒီ သတိပဋ္ဌာန်တရားကိုပဲ ပွားပါတဲ့။

အင်္ဂုတ္တရနိကာယ် သတိပဋ္ဌာနဝဂ်မှာ မြတ်စွာဘုရားက သုတ်ပေါင်း (၁၀) သုတ် ဒီလို ဟောထားတာ ရှိတယ်၊ အားလုံးခြုံငုံပြီး ကြည့်လိုက်မယ်ဆိုရင် ဒီသတိပဋ္ဌာန်တရား (၄) ပါးဟာ လူတိုင်း ကျင့်ရမယ့် သတိပဋ္ဌာန်တရား (၄) ပါး ဖြစ်တယ်။ လူတိုင်း လူတိုင်း သတိပဋ္ဌာန်တရားကို မကျင့်ဘဲနဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ဘူးတဲ့။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တဲ့ ရောက်နိုင်တဲ့ ဝင်ပေါက်ဟာ သတိပဋ္ဌာန် ကျင့်စဉ် တစ်ခုပဲ ရှိတယ်။ ဒါကြောင့် မြတ်စွာဘုရားက ရှင်းရှင်းလင်းလင်း ဟောထားတာ။

[၄၁] “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ”
သတ္တဝါတွေ ကိလေသာ အညစ်အကြေးတွေကနေ စင်ကြယ်သွားဖို့ဆိုရင် သတိပဋ္ဌာန်ဟာ တစ်ခုတည်းသော လမ်းပဲတဲ့။ ဒီလမ်းကလွဲပြီး အခြားလမ်း မရှိဘူးတဲ့။ ဒီလမ်းကပဲ လျှောက်ရမယ်၊ တခြားလမ်းက သွားလို့ မရဘူး။ ကိုယ့်စိတ်ထဲမှာ ကိလေသာ ဆိုတဲ့ အညစ်အကြေးတွေ ကင်းစင်ချင်တယ်ဆိုရင် ဒီလမ်းကပဲ လျှောက်တဲ့။

“သောကပရိဒေဝါနံ သမတိက္ကမာယ”
စိတ်ထဲမှာ ပူလောင်နေတဲ့ သောက၊ သောကကို မထိန်းနိုင်လို့ ငိုကြွေးတဲ့ ပရိဒေဝ၊ ဒါတွေကို ကျော်လွှားချင်တယ်ဆိုရင်လည်း ဒီသတိပဋ္ဌာန်တရားကိုပဲ ပွားများရမယ်။ ဒီလမ်းကိုပဲ လျှောက်လို့ ပြောတာနော်။ သတိပဋ္ဌာန်ကျင့်စဉ်ပဲ ကျင့်ရမယ်လို့ ဒီလိုပြောတာ။ “ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ” ကိုယ်ဆင်းရဲမှုတွေ၊ စိတ်ဆင်းရဲမှုတွေ လုံးဝ ချုပ်ငြိမ်းသွားဖို့အတွက်လည်း ဒီလမ်းကပဲ လျှောက်ပါတဲ့။ ဒါဟာ တစ်ခုတည်းသော လမ်းကြောင်းပဲတဲ့။

[၄၂] အဲဒီ ကာယိကဒုက္ခ၊ စေတသိကဒုက္ခ ဆိုတာဟာ သူ့ဟာသူ ရှင်းပြီးသားပဲ၊ ရှင်းပြီးသားကို တစ်ချို့က အကြောင်း ဒုက္ခ၊ အကျိုးဒုက္ခနဲ့ လျှောက်ပြီး ရေးတာ ရှိသေးတယ်နော်၊ ကာယိကဒုက္ခဆိုတာဟာ ခန္ဓာကိုယ်မှာ ကြည့်၊ ဟော- သွားကိုက်တယ်၊ နားကိုက်တယ်၊ ကာယိကဒုက္ခပဲ၊ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်လာတဲ့ ဆင်းရဲတွေ ဖြစ်တယ်။

အဲဒီ ကာယိကဒုက္ခကြောင့် ထပ်ဆင့် ဖြစ်ပေါ်လာတဲ့ စိတ်ဆင်းရဲမှုက စေတသိကဒုက္ခ၊ ဒေါမနဿလို့ ခေါ်တာ၊ ဘုရား၊ ရဟန္တာတွေကျတော့ ကာယိကဒုက္ခတော့ ရှိတယ်၊ စေတသိကဒုက္ခ မရှိဘူး။ ပုထုဇဉ်တွေကျတော့ ကာယိကဒုက္ခ ဖြစ်ရင် စေတသိကဒုက္ခက လိုက်လာပြီ၊ ဖြစ်ရလေခြင်းတဲ့။ နာရင် မခံနိုင်တော့ ဒေါသ ဖြစ်တယ်ပေါ့။ စိတ်ညစ်တယ်။ ဟော- ရဟန္တာပုဂ္ဂိုလ်ကျတော့ ကာယိကဒုက္ခကို ရှုနိုင်သွားပြီ၊ ရှုနိုင်သည့် အတွက်ကြောင့် စေတသိကဒုက္ခ မလာတော့ဘူး။ ဒါကြောင့် သလ္လသုတ်မှာ “ပုထုဇဉ်တွေဟာ မြှား နှစ်ချက် အစူးခံရတယ်”လို့ ပြောတာ။ ကာယိက [၄၃] ဒုက္ခအပြင် စေတသိကဒုက္ခ ထပ်ပြီးတော့ တိုးလာတဲ့ အခါ ပိုမဆိုးလာဘူးလား၊ သွားကိုက်တာက သူ့ဟာသူ ကိုက်တာပဲ၊ သွားကိုက်တဲ့အပေါ်မှာ ဖြစ်ရလေခြင်းလို့ စိတ်ဆင်းရဲမှုက ထပ်ပေါ်လာတယ်။ ဒီလို ပေါ်လာသည့် အတွက်ကြောင့် သွားကိုက်တာ တစ်ခု၊ သွားကိုက်သည့် အပေါ်မှာ ဖြစ်ရလေခြင်းလို့ စိတ်ဆင်းရဲမှုက ထပ်ပေါ် လာတယ်။ ဒီလို ပေါ်လာသည့်အတွက်ကြောင့် သွားကိုက်သည့် အပေါ်မှာ မခံမရပ်နိုင်ဖြစ်တဲ့ စိတ်ဆင်းရဲ မှုက တစ်ခု အဲဒါ ထပ်တိုးလာတာကို ပြောတာနော်။ အေး-ကောင်းပြီ၊ အဲဒီလို ကာယိကဒုက္ခ၊ စေတသိကဒုက္ခ တွေ လုံးဝ ချုပ်ငြိမ်းသွားစေချင်တယ် ဆိုရင်လည်း သတိပဋ္ဌာန် ကျင့်စဉ်ဟာ တစ်ခုတည်းသော လမ်းကြောင်း ပါပဲတဲ့။ ဒီလမ်းကြောင်းကပဲ လျှောက်ရမှာပါတဲ့။

ဒီနေရာမှာ ဒါက အဆိုးတရားကို ဖယ်ရှား တာလို့ ခေါ်တယ်။ အဆိုးတရား လေးပါးကို အဆိုး လေးမျိုးလို့ ခေါ်တာ။ အဆိုး လေးမျိုးဆိုတာ သောက နှလုံးသားကို ပူလောင်စေတတ်လို့ အဆိုးပဲ၊ ပရိဒေဝ ငိုရတာ ဖြစ်တဲ့ အတွက်ကြောင့် အဆိုးပဲ၊ ကာယိက [၄၄] ဒုက္ခ ကိုယ်ဆင်းရဲမှု အဆိုးပဲ၊ စေတသိကဒုက္ခ က လည်းပဲ အဆိုးပဲ။ အဲဒီ အဆိုးတရားတွေကို ဖယ်ရှား ပစ်ဖို့ရာလည်း သတိပဋ္ဌာန် ပွားရမယ်။ ဟောဒါဟာ တစ်ခုတည်းသော လမ်းကြောင်းပဲတဲ့။

ဒါဖြင့် ဘာကောင်းကျိုးတွေ သယ်ဆောင်ပေး နိုင်တုန်းဆိုတော့ ခုနကပြောတဲ့ ကိလေသာ အညစ် အကြေးတွေ သန့်စင် ဖယ်ရှားပစ်ဖို့ဆိုတာလည်း ဒီ လမ်းကြောင်းပဲဆိုတော့ စိတ်ကို သန့်စင် ပေးနိုင်တယ်လို့ ပြောတာ။ သံသရာက ညစ်နွမ်းလာတဲ့ မိမိတို့ရဲ့ စိတ် တွေကို ဖြူစင်သွားအောင် ဆေးကြောပေးနိုင်ဖို့ သတိပဋ္ဌာန် ဟာ တစ်ခုတည်းသော လမ်းကြောင်းပဲ။

နောက် “ဉာယဿ အဓိဂမာယ” တဲ့။ ဉာယ ဆိုတာ နိဗ္ဗာန်သွားတဲ့ အကြောင်းတရား၊ နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ အကြောင်းတရား၊ နိဗ္ဗာန်ဆိုတာ ထုတ်လုပ်တဲ့ အကြောင်းတရားတော့ မရှိဘူး၊ ရောက်စေ တတ်တဲ့ အကြောင်းတရားတော့ ရှိတယ်။ “သမ္ပာပကဟေတု” လို့ ခေါ်တယ်။ “ဇနကဟေတု” တော့ မရှိဘူး။ နိဗ္ဗာန်ဆိုတာ ဘာနဲ့မှ လုပ်ထားတာမှ မဟုတ် [၄၅] ဘူး။ အဲဒီတော့ နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ အကြောင်း တရားက ဘာလဲဆိုရင် ခုပြောတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ။ အဲဒီ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ဒီနေရာမှာ “ဉာယ” လို့ ပြောတာ။ အဲဒီ ဉာယလို့ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ရဖို့ဆိုရင်လည်း အဲဒီ လမ်းကြောင်းကပဲ လျှောက်ပါတဲ့။ ဒီလမ်းကြောင်း ပေါ် မလျှောက်ဘဲနဲ့ နိဗ္ဗာန် မရောက်နိုင်ဘူးလေ။ အေး-ထို့အတူပဲ နိဗ္ဗာန် ကို တကယ်မျက်မှောက် ပြုဖို့၊ မျက်မှောက်ပြုတယ်ဆိုတာ နိဗ္ဗာန်ကို တကယ် ဆိုက်ထိပြီးတော့ နိဗ္ဗာန်ကို တွေ့ကြုံ သိရှိရတဲ့ အနေ အထားမျိုး၊ နိဗ္ဗာန်ကို ကိုယ်တွေ့သိရှိတယ်။ အသိဉာဏ် နဲ့ ကိုယ်တိုင် သိရှိတဲ့ “နိဗ္ဗာနဿ သစ္ဆိကိရိယာယ” နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်ဆိုတာ တဆင့်ကြား မဟုတ်ဘူး၊ ကိုယ်တိုင် သိတာ ဖြစ်တယ်၊ အဲဒီကိုယ်တိုင် သိတယ်ဆိုတဲ့ သစ္ဆိကိရိယ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ဆိုတာလည်း ဟောဒီ ကျင့်စဉ်က တစ်ခုတည်းသော လမ်းကြောင်းပဲတဲ့။

[၄၆] သတိပဋ္ဌာန် နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ် မှာ အကျင့်တစ်ခုထဲက အကျိုး (၇) မျိုးကို ပေးစွမ်းနိုင်တယ်လို့ ဒီလိုပြောတာ ဖြစ် တယ်။ ဒါကြောင့်မို့လို့ one practice for seven advantages. One practice ကျင့်တာ တစ်ခုတည်း သတိပဋ္ဌာန် ဆိုတဲ့ ကျင့်စဉ်က တစ်ခုထဲဟာ Seven advantages အကျိုး (၇) မျိုးကို သယ်ဆောင် ပေးတယ်။ တစ်ချက်ခုတ် (၇) ချက် ပြတ်တယ်ပေါ့။ အကျိုး (၇) မျိုး ရနိုင်တယ်လို့ ပြောတာ။

ဒါကြောင့် ဒီသုတ်တွေကို လေ့လာပြီး ကြည့် မယ် ဆိုရင် သတိပဋ္ဌာန် ကျင့်စဉ်ဟာ လူတိုင်း ကျင့်ရမှာ ဖြစ်တယ် ဆိုတာ ထင်ရှားတယ်။ နောက်ဆုံးမှာ ရဟန္တာ ပုဂ္ဂိုလ်တောင်မှပဲ သတိပဋ္ဌာန် ပဲ ကျင့်ရမယ်။ ဒါကြောင့်

လူတိုင်းကျင့်ရန် သတိပဋ္ဌာန်

ဆိုတဲ့ မြတ်စွာဘုရား ရဲ့ ဒေသနာတော်တွေကို ရှင်းလင်းပြောကြားပြီး ဒီ ခေါင်းစဉ်လေးနဲ့ ဟောကြားပေးတာ ဖြစ်ပါတယ်။ အားလုံး ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို နာယူပြီးတဲ့ အခါ အမှန်အတိုင်း သိရှိပြီး သတိပဋ္ဌာန် ဟာ တဏှာ [၄၇] သတ်လား၊ ဒိဋ္ဌိ သတ်လား၊ ပုထုဇဉ်တွေ မကျင့်ရဘူး သောတာပန် ဖြစ်ပြီးမှ ကျင့်ရမယ်၊ သကဒါဂါမ်ဖြစ်ပြီး မှ ကျင့်ရမယ် စသည်ဖြင့် ဟောပြောရေးသားချက် တွေဟာ ဘုရား တရားတော်နဲ့ မညီဘူးလို့ ပြောရမယ်။

အေး-ဒါကြောင့် တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ အတိုင်း နိဗ္ဗာန် ရောက်ချင်ရင် တစ်ခုတည်းသော ကျင့် ရမယ့် တရားဟာ သတိပဋ္ဌာန်တရား ပဲ ဖြစ်တယ်၊ နီဝရဏ တရားငါးပါးကို ဖယ်ရှားပြီး သတိပဋ္ဌာန် တရား အပေါ် စိတ်ကို အခြေစိုက်လို့ ဗောဇ္ဈင် (၇) ပါး ပွားများ ခြင်းဖြင့်သာလျှင် နိဗ္ဗာန်ရနိုင်မှာ ဖြစ်တယ်။ ဒီလမ်းက လွဲပြီး အခြားလမ်း မရှိဘူးဆိုတာ သိရှိ ယုံကြည်ပြီး ကိုယ်စီ ကိုယ်ငှ ကြိုးစား အားထုတ်နိုင်ကြပါစေကုန် သတည်း။

သာဓု သာဓု သာဓု

0dqj88d8b65gme32uma9in6poichyeu
ဝိပဿနာရှုဖွယ် တောလေးဆယ်
0
6486
22358
2026-11-06T02:09:50Z
Tejinda
173
"{{header | title = ဝိပဿနာရှုဖွယ် တောလေးဆယ် | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = လူတိုင..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22358
wikitext
text/x-wiki
{{header
| title = ဝိပဿနာရှုဖွယ် တောလေးဆယ်
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[လူတိုင်းကျင့်ရန် သတိပဋ္ဌာန်]]
| previous2 = [[လူဆိုး လူမိုက်]]
| next = [[ဝိဝါဒမူလ (၆)ပါးနှင့် မြတ်ဗုဒ္ဓ]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဝိပဿနာရှုဖွယ် တောလေးဆယ်

[၁] သာသနာတော်နှစ် ၂၅၅၇-ခု၊ ကောဇာသက္ကရာဇ် ၁၃၇၅-ခုနှစ် တော်သလင်းလပြည့်ကျော် (၁၄)ရက်၊ ၂၀၁၃- ခုနှစ် အောက်တိုဘာလ(၃)ရက်၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ ရွှေရောင်တောက်ပမြတ်စွာဘုရား အောင်မင်္ဂလာ ဓမ္မသဘင်အခမ်းအနား၌၊ ကူမဲမြို့သစ်ရပ်နေ၊ ဦးအောင်လင်း၊ ဒေါ်ကြည်ကြည်လင်း အမွှာညီအကို မိသားစုနှင့် ကူမဲမြို့ ချမ်းမြသာစည်ရပ်နေ၊ ဦးမြင့်နိုင်၊ ဒေါ်စမ်းရည်မြင့် သမီး မကောင်းမွန်မြင့်၊ မမြတ်နိုးမြင့်၊ စေတနာရွှေဆိုင် မိသားစုတို့၏ အမတဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော၊ “ဝိပဿနာရှုဖွယ် တောလေးဆယ်” အကြောင်း တရားဒေသနာတော်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ အမြင့်ဆုံး လုပ်ငန်းဟာ ဘာဝနာလုပ်ငန်း ဖြစ်တယ်။ ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်ကြတဲ့ ပုဂ္ဂိုလ်တိုင်း “အနိစ္စတော, ဒုက္ခတော, အနတ္တတော” ဆိုတာ ကြားဖူးကြတယ်။ ပါဠိမှာ “တော”ဆိုတဲ့ စကားလုံးနဲ့ အဆုံးသတ်ထားတဲ့ စကားလုံးပေါင်း (၄၀) ရှိတယ်။ အဲဒါကိုပဲ “တောလေးဆယ်”လို့ ခေါ်တာ။

မြန်မာစကားမှာ “တော”ဆိုတာ သစ်ပင်တွေထူထပ်တဲ့ အရပ်ဒေသကို ရည်ညွှန်းတာဖြစ်တယ်။ အခု “တောလေးဆယ်”

[၂] ဆိုတာကတော့၊ ဝိပဿနာတရား ပွားများအားထုတ်ကြမယ့် ယောဂီပုဂ္ဂိုလ်တွေအနေနဲ့ ဝိပဿနာရှုဖို့ ရှုကွက်ပေါင်း လေးဆယ် (ရှုပုံအခြင်းအရာ လေးဆယ်) လို့ ဆိုလိုတယ်။

နိဗ္ဗာန်သို့မှန်း တစ်ကြောင်းလမ်း

အဲဒီတော့ မြတ်စွာဘုရား သာသနာတော်နဲ့ ကြုံတွေ့ပြီး လူလာဖြစ်တဲ့ အခါမှာ ကုသိုလ်ကောင်းမှုအမျိုးမျိုး လုပ်ကြတယ်။ ဒါနကောင်းမှု လုပ်ကြတယ်၊ သီလကောင်းမှု လုပ်ကြတယ်၊ ဘာဝနာကောင်းမှုဆိုတာလည်း လုပ်ကြတယ်။ အဲဒီလို လုပ်တဲ့ အထဲမယ် သံသရာဝဋ်ကလွတ်ဖို့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုဖို့ အနီးကပ်ဆုံး အလုပ်ကတော့ ဘာဝနာအလုပ်ပဲ ဖြစ်တယ်ပေါ့။

ဒါနကောင်းမှုမလုပ်လို့ နိဗ္ဗာန်မရဘူးလားဆိုရင် နိဗ္ဗာန်ကို ဦးတည်ပြီး လုပ်တဲ့ဒါနက နိဗ္ဗာန်ရဖို့အတွက် အခြေအနေကောင်းတွေ ဖန်တီးပေးမှာ ဖြစ်ပါတယ်။ သီလနဲ့ နိဗ္ဗာန် မရဘူးလားဆိုရင်လည်း သီလကောင်းမှု လုပ်သည့်အတွက်ကြောင့် နိဗ္ဗာန်လမ်းကြောင်းပေါ် ရောက်အောင် သီလက စွမ်းဆောင်ပေးမှာပဲ။ ဘာဝနာကျင့်စဉ်မှာလည်း ဝိပဿနာဉာဏ် မဖြစ်ဘဲနဲ့ နိဗ္ဗာန်ဆိုတာ မြင်နိုင်ဖို့ မရှိဘူးပေါ့။

ဒါကြောင့် နိဗ္ဗာန်ကိုလိုချင်ကြတဲ့ ပုဂ္ဂိုလ်တွေ နည်းမှန် လမ်းမှန် မည်သို့မည်ပုံ ဝိပဿနာတရား အားထုတ်ရမယ် ဆိုတာသိဖို့ ထိုထိုနေရာဒေသတွေမှာ ကမ္မဋ္ဌာန်းရိပ်သာတွေ [၃] ဖွင့်လှစ်ပြီး တရားဓမ္မကို ပြသကြတယ်။ မြန်မာနိုင်ငံမှာ ထင်ရှား ကျော်ကြားတဲ့ ဆရာတော်ကြီးများမှာ လယ်တီဆရာတော်ကြီး၊ ထိုလယ်တီဆရာတော်ကြီးရဲ့ နည်းနာနိဿယခံပြီး ကမ္မဋ္ဌာန်းဘာဝနာ ကျင့်ကြံနည်းကို ဟောပြောကြတဲ့ ဆရာတော်တွေပေါ့။ မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီး၊ မြင်းခြံ စွန်းလွန်းဆရာတော်ကြီးစတဲ့ ဆရာတော်ဘုရားကြီးများဟာ ထင်ရှားတယ်ပေါ့။

နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာ နေကြပြီး ဗုဒ္ဓဘာသာကို စိတ်ဝင်စားကြတဲ့ ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာ "meditation centre" ကမ္မဋ္ဌာန်းရိပ်သာတွေသွားပြီး တရားဓမ္မ အားထုတ်ကြတယ်။ တရားဓမ္မ အားထုတ်ခြင်းဖြင့် ဒါနကုသိုလ် ပြုတာနဲ့လည်း မတူ၊ သီလကုသိုလ်ပြုတာနဲ့လည်း မတူတဲ့ စိတ်နှလုံး အေးချမ်းမှုလေးကို ရရှိသွားကြတယ်။ ဒီဘဝမှာတင်ပဲ စိတ်ရဲ့ ပူလောင်မှုကို ဖြစ်စေနိုင်တဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ တရားတွေကို လျှော့ချပြီး စိတ်နှလုံးအေးချမ်းမှုဆိုတာ ရရှိကြတယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နိဗ္ဗာန်ကို ဘယ်လမ်းက သွားမလဲဆိုရင် အခုပြောတဲ့ ဝိပဿနာကျင့်စဉ်လမ်းကပဲ သွားရမှာ။ အဲဒီတော့ လမ်းမသိဘဲနဲ့ သွားရင် မရောက်နိုင်ဘူး။ ဒါကြောင့် လမ်းသိဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်ပေါ့။

မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ် အစမှာ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ လို့ ဟောထားတယ်။

[၄] သမ္မာသတိ ဦးဆောင်ပြီးကျင့်ရတဲ့ ပုဗ္ဗဘာဂပဋိပဒါ သတိပဋ္ဌာန်ကျင့်စဉ်ဟာ နိဗ္ဗာန်သို့ဦးတည်သွားတဲ့ တစ်ခုတည်းသော လမ်းကြောင်းပဲတဲ့။ နိဗ္ဗာန်သွားချင်တဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း ဟာ ဒီလမ်းကပဲ လျှောက်လှမ်းရမယ်လို့ ဒီလိုဟောခဲ့တာ။

သောကပရိဒေဝ လွန်မြောက်ရေး

အဲဒီလို လျှောက်လှမ်းတဲ့အခါမှာ၊ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်တုန်း။ လောကလူတွေရဲ့ နေ့စဉ်ဘဝကို စဉ်းစားကြည့်ရင် လူတွေရဲ့ နှလုံးသားဟာ ပူလောင်မှုတွေနဲ့ ရောထွေးနေတယ်။ စိတ်နှလုံး အေးချမ်းသက်သာမှု ဆိုတာ အနည်းငယ်လေးလောက်သာ ရကြတယ်။ ထာဝရအငြိမ်းဓာတ် ဆိုတာ မရနိုင်ကြဘူး။ လောကလူတွေဟာ ပူမှုတွေနဲ့ နေကြရတယ်။

စိတ်နှလုံး ပူလောင်မှုဆိုတာ ဘယ်လိုအခြေအနေမှာ ခံစားရတုန်းဆိုရင် မိမိနဲ့သက်ဆိုင်တဲ့ ဆွေတွေမျိုးတွေ ပျက်စီးသွားတာနဲ့ ကြုံတွေ့ရင် သို့မဟုတ် ပျက်စီးတော့မယ့် အနေအထားနဲ့ ကြုံတွေ့ရင် စိတ်ပူရတယ်၊ သောကဖြစ်ရတယ်။ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ပျက်စီးမှုနဲ့ကြုံရရင် စိတ်ပူရတယ်။ မိမိကိုယ်တိုင် ရောဂါဝေဒနာရရင် စိတ်ပူရတယ်။

ဆိုလိုတာက ဗျသန တရားလို့ ခေါ်တဲ့ ပျက်စီးမှုတွေနဲ့ ကြုံတွေ့တိုင်း ကြုံတွေ့တိုင်း လောကလူတွေဟာ သောက ဆိုတဲ့ ရင်တွင်းပူလောင်မှုတွေကို ခံစားကြရတယ်။ သောကကို [၅] မခံစားဖူးတဲ့လူဆိုတာ မြန်မာနိုင်ငံမှာလည်း မရှိဘူး။ တခြားနိုင်ငံတွေမှာလည်း မရှိဘူး။ သာမန်ပုထုဇဉ် ပုဂ္ဂိုလ်တိုင်းရဲ့ စိတ်ထဲမှာ တစ်စုံတစ်ရာ ဒုက္ခနဲ့ကြုံတိုင်း ဟောဒီ သောက စိုးရိမ်ပူဆွေးခြင်းဆိုတာ ဖြစ်လာတယ်။

အဲဒီ စိတ်နှလုံးပူလောင်မှုဆိုတဲ့ သောကကို လွန်မြောက်ချင်သလားလို့မေးရင် အားလုံးဟာ လွန်မြောက်ချင်ကြတယ်။ မြတ်စွာဘုရားက အဲဒီ သောကကို လွန်မြောက်ချင်ရင် ဟောဒီ လမ်းကြောင်းကပဲ လျှောက်လို့ပြောတာ။ အဲဒီတော့ မလျှောက်ဘူးဆိုတဲ့ ပုဂ္ဂိုလ်ဟာ သောကကို မလွန်မြောက်ချင်တဲ့ ပုဂ္ဂိုလ်လို့ ပြောလို့မရဘူးလား။ ရတယ်နော်။ သောကကို လွန်မြောက်ချင်သပဆိုရင် ဒီလမ်းကလျှောက်ရမယ်။ ဒီလမ်းက မလျှောက်ရင် သောက လွန်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီလိုဆိုလိုတာ။ လူတွေမှာ သောကဖြစ်ရင် ဖြစ်တဲ့နေရာမှာတင် ရပ်သွားသလားဆိုတော့ မရပ်ဘူး။ ထိန်းမရ သိန်းမရ ဖြစ်လာတဲ့အခါ မျက်ရည်ပေါက်တွေ မကျကြဘူးလား။ အဲဒါကို ပရိဒေဝ လို့ခေါ်တယ်။ စိတ်နှလုံးပူလောင်မှုတွေ ပြင်းပြလာတဲ့ အခါမှာ မျက်လုံးက မျက်ရည်တွေ ထွက်လာပြီး သာမန်အချိန်မှာ မဖြစ်ပေါ်တဲ့ အသံတစ်မျိုးကြီးနဲ့ ငိုရတယ်ဆိုတာ ပေါ်လာခဲ့တယ်။ အဲဒီ ငိုကြွေးရခြင်းဆိုတဲ့ ပရိဒေဝ က လွန်မြောက်ချင်ရင် ဒီလမ်းကြောင်းကပဲ လျှောက်ရမယ်။ ဒီလမ်းကြောင်း မလျှောက်ရင် ငိုကြွေးခြင်းဆိုတဲ့ဆင်းရဲဒုက္ခက မလွန်မြောက်နိုင်ဘူးတဲ့။

[၆] ဆင်းရဲဟူသမျှ ချုပ်ငြိမ်းရေး

နောက်တစ်ခုက လောကလူတွေဟာ ကိုယ်ဆင်းရဲမှု ဆိုတာလည်း ကြုံတွေ့ကြရ၊ စိတ်ဆင်းရဲမှုဆိုတာလည်း ကြုံတွေ့ကြရတယ်။ ကိုယ်ဆင်းရဲမှုနဲ့ စိတ်ဆင်းရဲမှုကို ပါဠိလို ဒုက္ခနဲ့ ဒေါမနဿ လို့ခေါ်တယ်။ အဲဒီ ဒုက္ခ၊ ဒေါမနဿ ချုပ်ငြိမ်းသွားဖို့ရာလည်း ဒီလမ်းကပဲ လျှောက်ရမယ်။

ဒါဖြင့် ဒုက္ခဆိုတဲ့ ကိုယ်ဆင်းရဲမှုဆိုတာ ဘယ်လိုဟာ ခေါ်တာတုန်းဆိုရင် ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရလို့နာတယ်၊ ခေါင်းကိုက်တယ်၊ နားကိုက်တယ်၊ သွားကိုက်တယ်၊ ကျောအောင့်တယ် စတဲ့ ရောဂါဝေဒနာတွေ ဖြစ်တယ်။ အဲဒါကို ကာယိကဒုက္ခ လို့ ခေါ်တာ။ ကာယိကဒုက္ခဆိုတာ ရုပ်ခန္ဓာကိုယ်ကြီးကနေ စတင်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခ ဖြစ်တယ်။

ဖျားတယ်၊ နာတယ်၊ မခံသာအောင် ခန္ဓာကိုယ်ထဲက တစ်ခုခုက နာကျင်နှိပ်စက်နေတယ်ဆိုတဲ့ ဒီဒုက္ခဟာ စိတ်ကိုပါ သွားပြီးတော့ ဒုက္ခပေးတယ်။ သို့သော်လည်း ရုပ်ခန္ဓာကိုယ်က စတာဖြစ်သောကြောင့် သူ့ကို ကာယိကဒုက္ခလို့ခေါ်တာ။ စိတ်မဆင်းရဲဘူးလို့ ပြောတာ မဟုတ်ဘူးနော်။ ကာယိကဒုက္ခ ကလည်း စိတ်ကိုသွားထိတာပဲ။ Body origin mind effect ရုပ်ခန္ဓာကိုယ်မှာ စတင်လာပြီး စိတ်ကို ထိရောက်သွားတယ်။

နောက်တစ်ခု ဒေါမနဿ (စေတသိက ဒုက္ခ) တဲ့။ ဒါကတော့ ရုပ်ခန္ဓာကိုယ်မှာ နာတာကျင်တာ၊ ကိုက်တာခဲတာ [၇] တစ်ခုမှ မရှိဘူး။ နေလို့ထိုင်လို့ ကောင်းနေတယ်။ သို့သော်လည်း စိတ်ဆင်းရဲစရာ သတင်းတစ်ခုကို ကြားလိုက်တယ်ဆိုရင် အဲဒီလူဟာ စိတ်ဆင်းရဲ မသွားဘူးလား။ ရုပ်ခန္ဓာကိုယ်ကတော့ ကျန်းကျန်းမာမာကြီးပဲ။ သို့သော် စိတ်ဆင်းရဲစရာ အကြောင်းတစ်ခု ကြားလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ထိခိုက်သွားပြီး ရုပ်ပါ မထိခိုက်ဘူးလား။ “စိတ်ထောင်းတော့ ကိုယ်ကျေ” တဲ့။ ဒီလိုဆိုတာပေါ့နော်။

စိတ်ဆင်းရဲသွားတဲ့ လူတစ်ယောက်ရဲ့ မျက်နှာဟာ ညှိုးမသွားဘူးလား။ အဲဒါကို ဒေါမနဿ လို့ ခေါ်တာပဲ။ စိတ်ထဲမှာ အလိုမကျဖြစ်တာ။ စိတ်ကနေ စတင်ဖြစ်လာပြီး ရုပ်ကိုလည်း ထိခိုက်သွားတာပဲ။ ရုပ်ကစတင်တဲ့ ဒုက္ခကလည်း စိတ်ကို ထိခိုက်တယ်။ စိတ်ကစတင်တဲ့ ဒုက္ခကလည်း ရုပ်ကို ထိခိုက်တယ်။ Mind origin body effect ရုပ်ခန္ဓာကိုယ်ကြီးနဲ့ နာမ်ဆိုတာ တွဲဖက်နေတာ။ အဲဒီ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှု ဆိုတဲ့ ဆင်းရဲဒုက္ခနှစ်မျိုးဟာလည်းပဲ စိတ်နှလုံးမချမ်းသာမှုကို ဖြစ်ပေါ်စေတတ်တာ ဖြစ်သောကြောင့် နှလုံးသားရဲ့ ပူလောင်မှုပဲ ဖြစ်တယ်။ အဲဒီ နှလုံးသားရဲ့ ပူလောင်မှုက လွတ်မြောက်ချင်တယ် ဆိုရင်လည်း ဒီလမ်းကပဲ လျှောက်ပါလို့ ပြောတာနော်။

အဲဒီတော့ စိတ်သောကတွေ ပျောက်ဖို့၊ ငိုကြွေးရတာတွေ ပျောက်ဖို့၊ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုတွေ ပျောက်ဖို့ ဟောဒီလမ်းကပဲ လျှောက်ရတယ်။ မလျှောက်ဘဲ ဘယ်သူမှ [၈] ဒီဆင်းရဲ တွေက လွတ်မှာမဟုတ်ဘူးတဲ့။ ကောင်းပြီ ဒီဆင်းရဲ တွေက လွတ်ဖို့အတွက် ဒီအတိုင်းလွတ်နိုင်သလားဆိုရင် မလွတ်နိုင်ဘူး။ ဘာလုပ်မှ လွတ်နိုင်သလဲ?။

လူတွေရဲ့စိတ်ဟာ နေ့စဉ်နဲ့အမျှ ပူလောင်ပြီး ညစ်ထေးနေတယ်။ လောဘဆိုတဲ့ အညစ်အကြေးတွေ၊ ဒေါသဆိုတဲ့ အညစ်အကြေးတွေ၊ မောဟဆိုတဲ့ အညစ်အကြေးတွေ၊ မာန်မာနဆိုတဲ့ အညစ်အကြေးတွေ၊ ဣဿာ မစ္ဆရိယ ဆိုတဲ့ အညစ်အကြေးတွေကြောင့် စိတ်မဖြူစင်ဘူး၊ စိတ်မဖြူစင်ခြင်းကြောင့် သတ္တဝါတွေဟာ ဆင်းရဲဒုက္ခတွေက မလွတ်နိုင်ကြဘူး။ ညစ်နွမ်းနေကြရတယ်၊ ပူလောင်နေကြရတယ်။ အဲဒီ စိတ်ကလေး ဖြူစင်သွားအောင်၊ မကောင်းတဲ့ စိတ်သဘောထားတွေ ပျောက်သွားအောင်လည်း ဟောဒီ လမ်းကြောင်းကပဲ လျှောက်ရမယ်တဲ့။ ဝိပဿနာကျင့်စဉ်တစ်ခု ကျင့်ရမယ်လို့ ဒီလိုပြောတာ။

စိတ်စင်ကြယ်မှုကို ရပြီဆိုတဲ့အခါမှာ ထာဝရချမ်းသာတဲ့ နိဗ္ဗာန်၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ ဆိုတာတွေ မရှိတဲ့နိဗ္ဗာန်ကို ဘယ်လမ်းက သွားမလဲဆိုရင်လည်း ဟောဒီ ဝိပဿနာလမ်းကပဲ သွားရတယ်။ ဝိပဿနာလမ်း လျှောက်လှမ်းခြင်းအားဖြင့် ဉာယဿ အဓိဂမာယ နိဗ္ဗာန်လမ်းကြောင်းကြီးကို တွေ့လိမ့်မယ်တဲ့။ ထိုင်ပြီး ဆုတောင်းနေရုံနဲ့တော့ အခြေအနေကောင်းရုံလောက်ပဲ ဖြစ်မယ်။ နိဗ္ဗာန်လမ်းကြောင်းပေါ် မရောက်နိုင်ဘူး။

[၉] ဟိုဘက်ကမ်း ကူးချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီဘက်ကမ်းမှာထိုင်ပြီး “ဟေ့ ဟိုဘက်ကမ်း ငါ့ဆီလာစမ်းပါ၊ မင်းဘက်ကို ငါကူးချင်တယ်” ဆိုရင် ဟိုဘက်ကမ်းက ဒီဘက်ကို လာပါ့မလား။ ဒါ မြတ်စွာဘုရားပေးတဲ့ ဥပမာနော်။ ဟိုဘက်ကမ်း ရောက်ချင်တယ်ဆိုရင် နည်းလမ်းရှာရမယ်။ နည်းလမ်းရှာတဲ့ အခါမှာ စီးစရာလှေတို့၊ သင်္ဘောတို့၊ ဖောင်တို့၊ ဘာမှမရှိရင်လည်း လက်ပစ်ကူးပေါ့။ တစ်ခုခုနဲ့ မသွားဘဲနဲ့ ဟိုဘက်ကမ်း ရောက်ပါ့မလား။ မရောက်ဘူး။

အဲဒီတော့ နိဗ္ဗာနဿ သစ္ဆိကိရိယာယ နိဗ္ဗာန်ဆိုတာကို တွေ့ချင်တယ်ဆိုရင်လည်း ဒီအလုပ်လုပ်ရမယ်တဲ့။ ဒီတရားကိုပဲ ကျင့်ကြံကြိုးကုတ် အားထုတ်ပါလို့ ဒီလိုပြောတာ။ ဒီလမ်းက လျှောက်ရင် နောက်ဆုံးကျတော့ နိဗ္ဗာန်စခန်းပေါက်သွားမှာပဲ။ မြတ်စွာဘုရားက ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ တဲ့ ပုဗ္ဗဘာဂမဂ် လို့ဆိုတဲ့ ဝိပဿနာကျင့်စဉ်ဟာ ဧကာယနော တစ်ခုတည်းသောလမ်းပဲ။ ဟောဒီလမ်းကပဲ လျှောက်လို့ ဒီလိုပြောတာ။

အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ငယ်ရွယ်သူတွေပဲ ဖြစ်စေ စိတ်နှလုံးပူဆာမှု၊ စိတ်နှလုံးညစ်နွမ်းမှုဆိုတာ ဘယ်သူမှ မကြိုက်ဘူး။ အဲဒီ မကြိုက်တဲ့အပူတွေက ကင်းဖို့ရာအတွက် ဝိပဿနာကျင့်စဉ်ဆိုတာ လူမျိုးဘာသာမရွေး၊ ကျားမ မရွေး အသက်ကြီးငယ်မရွေး အားထုတ်သင့်တယ်လို့ ဆိုတာပေါ့နော်။

[၁၀] အားထုတ်မယ်ဆိုရင် အကျိုးကျေးဇူးတွေ ခံစားရမှာပဲ။ အားမထုတ်ဘူးဆိုရင် တစ်ကွေ့မဟုတ် တစ်ကွေ့ ဒုက္ခတွေ ကြုံပြီးတော့ ဒီပူမှုဆိုတဲ့ သောကတွေကနေ ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူးတဲ့။ အဲဒါကြောင့် ဒီကနေ့ “ဝိပဿနာရှုဖွယ် တောလေးဆယ်” ကို နာယူပြီး မိမိတို့ရဲ့ အသိဉာဏ်ထဲ ရောက်အောင် ကြိုးစားအားထုတ်သင့်တဲ့ နည်းလမ်းအဖြစ် မှတ်သားကြရမှာ ဖြစ်တယ်။

အရေးကြီးတာ သီလ

အဲဒီတော့ ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်တော့မယ်ဆိုရင် အရေးကြီးတာက ကိုယ်ကျင့်သီလကို ရှေးဦးစွာ ဆောက်တည်ရမယ်။ ကိုယ်ကျင့်သီလ ဆောက်တည်တာ ဘာဖြစ်လို့လဲမေးရင် ကိုယ်ကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အနဝဇ္ဇသုခ အပြစ်ကင်းတဲ့ ချမ်းသာကို ရရှိနိုင်တယ်။

ငါးပါးသီလဆိုတာ အားလုံးသိကြတဲ့အတိုင်း
(၁) သူတစ်ပါး အသက်သတ်ခြင်းမှ ရှောင်တယ်၊
(၂) သူများဥစ္စာ မတရားယူခြင်းမှ ရှောင်တယ်၊
(၃) သူတစ်ပါးသားမယား ပြစ်မှားခြင်းမှ ရှောင်တယ်၊
(၄) လိမ်လည်ပြောကြားခြင်းမှ ရှောင်တယ်၊
(၅) အရက်သေစာ သောက်စားခြင်းမှ ရှောင်တယ်ဆိုတဲ့ ဒီရှောင်ကြဉ်မှု (၅)မျိုးဖြစ်တယ်။
ဒီသီလကို သာမန်လို့ မအောက်မေ့လေနဲ့။ ဝိပဿနာကျင့်ဖို့ရာအတွက် အများကြီး အထောက်အကူပြုတယ်။

[၁၁] သီလကို အရင်ဆောက်တည်လိုက်။ အခု ဆောက်တည်လိုက်ပြီးတဲ့နောက်မှာ “ငါဟာ သူတစ်ပါးအသက်ကို မသတ်ဘူး၊ သူများဥစ္စာရော မခိုးဘူး၊ သူတစ်ပါးသားမယားကို မပြစ်မှားဘူး၊ လိမ်လည် ပြောကြားမှု မလုပ်ဘူး၊ အရက်သေစာ သောက်စားမှုရော မလုပ်ဘူး” ဆိုတဲ့ အဲဒီအချိန်လေးဟာ ဘယ်လောက် ကျေနပ်စရာကောင်းလဲ။ ဒီအချိန်လေးတင် ကိုယ့်ကိုယ်ကိုယ်တွေး။ အရင်တုန်းက မလုပ်တာတွေ လုပ်တာတွေ အသာထားနော်။

သီလဆိုတာ အခုဆောက်တည်ပြီး အခုမချိုးဖောက်မချင်း ဒီသီလဟာ ကိုယ့်မှာ ပြည့်စုံနေတယ်လို့ဆိုတယ်။ အဲဒါကို သဘောပေါက်ဖို့လိုတယ်။ အဲဒါ သဘောမပေါက်တော့ သန္တတိအမတ်ကြီး အရက်ကလေး တမြမြနဲ့နေရင်းကနေ ရဟန္တာဖြစ်သွားတယ်ဆိုပြီး အရက်သမားတွေက ငါတို့လည်း အရက်သောက်ရင်း ရဟန္တာဖြစ်မှာလို့ မျှော်လင့်နေကြတယ်။ ဖြစ်နိုင်ပါ့မလား။

သန္တတိအမတ်ကြီးက မြတ်စွာဘုရားရဲ့ တရားကို နာလိုက်တဲ့အချိန်ကစပြီး သူ အရက်ပြတ်သွားပြီဆိုတာ သတိထားဖို့ လိုတယ်။ ခုခေတ် အရက်သောက်တဲ့လူက ဘုရားအကြိမ်ကြိမ်လှူပြီး ပြန်သောက်တာနော်။ အဲဒီတော့ သန္တတိအမတ်တို့ဆိုတာ မှားတယ်လို့ သိတာနဲ့တစ်ပြိုင်နက် နောက် ဘယ်တော့မှ ပြန်ပြီး မလုပ်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်တယ်။

[၁၂] အင်္ဂုလိမာလဆိုတာ ကမ္ဘာကျော် လူသတ်သမားကြီးပဲ။ သတ်လိုက်တာ နည်းတာမှ မဟုတ်ဘဲ။ မြတ်စွာဘုရားနဲ့ တွေ့တာတောင် သတ်မလို့လိုက်တယ်။ မြတ်စွာဘုရားနောက်ကလိုက်ရင်း “ရဟန်း ရပ်လိုက် ရပ်လိုက်” နဲ့ အော်တယ်။ သူမမီတော့ မောလာတဲ့အခါမှာ ရပ်ခိုင်းတာ။ မြတ်စွာဘုရားက ဘာအမိန့်ရှိတုန်းဆိုတော့ “ငါကရပ်နေတာ။ မင်းပဲ ရပ်ဖို့ လိုတယ်” ဆိုတော့ ဒီစကားဟာ သူ့ရဲ့နှလုံးသားကို ထိသွားတယ်။

မြတ်စွာဘုရားရဲ့ ဆိုလိုရင်းအဓိပ္ပါယ်က “ငါက သူများအသက်သတ်ခြင်းဆိုတဲ့ မကောင်းမှု အကုသိုလ်တွေကို ရပ်ပစ်လိုက်ပြီ။ မင်းက မရပ်သေးဘူး။ မင်းရပ်ဖို့ လိုတယ်” လို့ ဒီလိုဆိုလိုတာနော်။ သူ သဘောပေါက်သွားတယ်။

သို့သော်လည်း သူလုပ်ထားတဲ့ အလုပ်တွေက အင်မတန်မှ ရက်စက်ကြမ်းတမ်းလွန်းအားကြီးတယ်။ ကမ္မဋ္ဌာန်း အားထုတ်ဖို့ တော်တော်ခက်တယ်။ ကမ္မဋ္ဌာန်း အာရုံထဲမှာ လူတွေလိုက်သတ်ခဲ့စဉ်တုန်းက အတွေ့အကြုံမြင်ကွင်းတွေပဲ ပြန်ပေါ်နေတယ်။ ဒါကြောင့် မြတ်စွာဘုရားက နည်းလမ်းပေးတယ်။

“အေး သင်ဟာ သူများအသက်သတ်ခြင်းကို ရပ်ဆိုင်းလိုက်တဲ့ အချိန်ကစပြီး ဘယ်သတ္တဝါကိုမှ မသတ်တာ မှန်တယ် မဟုတ်လား။ အဲဒီကနေစပြီး နှလုံးသွင်း” တဲ့။
ယတောဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော နာဘိဇာနာမိ [၁၃] သဒ္ဓိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ
အရိယာဇာတ် ရဟန်းမြတ်ဖြစ်တဲ့ အချိန်ကစပြီး မည်သည့်သတ္တဝါကိုမှ သတ်တယ်ဆိုတာ သူ့စိတ်ထဲမှာ မသိပါဘူး။ (လုံးဝ မသတ်ဘူးလို့ ဆိုတာနော်) အဲဒီလို အချိန်ကန့်သတ်ပြီး ကြည့်လိုက်တဲ့အခါမှ သူ့ရဲ့စိတ်ဟာ တည်ငြိမ်မှုတွေ ရလာတယ်။

အေး ဒါကြောင့် ကမ္မဋ္ဌာန်း အလုပ် အားထုတ်တော့မယ်ဆိုရင် အားမထုတ်ခင်အချိန်လေးမှာ ကိုယ်ကျင့်သီလကို ပြန်ဆောက်တည်လိုက်ပြီး “ငါဟာ ငါးပါးသီလထဲက ဘယ်အရာကိုများ ကျူးလွန်ထားတုန်း” လို့ ပြန်စဉ်းစား။ မကျူးလွန်ဘူးလို့သိရင် “ဒီကနေ့ ငါဟာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အရိယာသူတော်စင်တွေ ကျင့်တဲ့အကျင့်ကို ကျင့်နေတာပါလား” ဆိုပြီး ကျေနပ်လောက်အောင်တွေး။ အဲဒီလို ကိုယ်ကျင့်သီလကို တွေးကြည့်လိုက်တဲ့ အခါ စိတ်နှလုံး ကြည်သာလာခြင်းကို အဝိပ္ပဋိသာရ လို့ ခေါ်တယ်။

စိတ်နှလုံး ကြည်သာသွားတော့ ပါမောဇ္ဇ ဝမ်းမြောက်မှု ဖြစ်တယ်၊ ဝမ်းမြောက်တော့ ပီတိ ဖြစ်တယ်။ ပီတိဖြစ်တော့ ပဿဒ္ဓိ ကိုယ်ရောစိတ်ရော ငြိမ်းချမ်းမှုတွေ ဖြစ်လာတယ်။ ကိုယ်စိတ်ငြိမ်းချမ်းတော့ သုခ နေလို့ထိုင်လို့ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှုတွေ ရတယ်။ စိတ်ချမ်းသာ ကိုယ်ချမ်းသာတော့ သမာဓိ စိတ်ကလေးဟာ တည်ငြိမ်လာတယ်။ တည်ငြိမ်လာတော့ ယထာဘူတဉာဏဒဿန အမှန်အတိုင်း သိတယ် မြင်တယ်ဆိုတဲ့ အသိဉာဏ်မျိုးကို ရလာတယ်။ ကဲ သီလက [၁၄] ကမ္မဋ္ဌာန်း အားထုတ်မှုအတွက် ဘယ်လောက် အထောက်အကူပြုလိုက်သလဲ။ သာမန်လို့ မအောက်မေ့လေနဲ့။ ဒါကြောင့်မို့ မဂ္ဂင်(၈)ပါးထဲမှာ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတဲ့ ဒီသီလကို ဆောက်တည်ပြီးတော့ ဆင်ခြင်စဉ်းစားခြင်းအားဖြင့် သီလရဲ့ မြတ်နိုးဖွယ်ကောင်းတဲ့ အရည်အသွေးကိုသိပြီး အနဝဇ္ဇသုခ အပြစ်ကင်းတဲ့ ချမ်းသာမျိုးကို ခံစားရရှိလာတယ်တဲ့။ ဟိုးအဝေးတွေ မတွေးနဲ့။ ခုချိန်မှာ “ငါ သီလပြည့်စုံနေတယ်” ဆိုတာကို စဉ်းစားရင်း ကျေနပ်အားရပြီး ခုနကပြောတဲ့ ပါမောဇ္ဇ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ သမာဓိ ဆိုတာတွေ ဖြစ်လာအောင် နှလုံးသွင်းဆင်ခြင်ပါ။ ပြီးတဲ့နောက် ဝိပဿနာကျင့်စဉ်ကို ကျင့်ရမယ်တဲ့။

နှလုံးသွင်းရန် ရုပ်နဲ့နာမ်

အဲဒီတော့ ဝိပဿနာကျင့်စဉ် ကျင့်တယ်လို့ဆိုတဲ့အခါမှာ ဘာကိုနှလုံးသွင်းရမှာလဲဆိုရင် ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးကိုပေါ့။ ဒါကြောင့် ကြိုတင်ပြီး ကိုယ့်မှာ ခန္ဓာငါးပါး ရှိတယ်ဆိုတာ သိထားရမယ်။ အကျဉ်းချုပ် ပြောမယ်ဆိုရင် ရုပ်နဲ့နာမ် နှစ်ခုရှိတယ်ပေါ့။ အဲဒီ ရုပ်နာမ်နှစ်ပါးဆိုတာကို သိရမယ်။

ရုပ်နာမ်အနေနဲ့ သိဖို့ရာ စဉ်းစားကြည့်ပေါ့။ ကိုယ့်ခန္ဓာကိုယ်ကြီးကို ကိုယ်အာရုံစိုက်ကြည့်။ ဟောဒီ body လို့ပြောတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယ ဆိုတာကြီးက ဘာကိုမှ အာရုံ [၁၅] ယူနိုင်စွမ်းမရှိဘူး။ အာရုံကို ယူနိုင်စွမ်းမရှိသောကြောင့် အာရုံမသိတဲ့တရား၊ ဆန့်ကျင်ဘက် အကြောင်းတရားတွေနဲ့ တွေ့တဲ့အခါမှာ ပြောင်းလဲတတ်တဲ့ တရားဖြစ်လို့ သူ့ကို ရုပ်တရား လို့ခေါ်တာ။

အကြမ်းဖျင်းမှတ်မယ်ဆိုရင် “မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယဆိုတာ ရုပ်တရားကြီးပဲ။” အဲဒီ ရုပ်တရားအပေါ်မှာ မှီပြီးတော့ ဖြစ်ပေါ်လာတတ်တဲ့ “အာရုံကို ရယူတတ်တဲ့ ယှဉ်ဖက်စေတသိက်တွေနဲ့တကွ အသိစိတ်ကိုတော့ နာမ်တရား” လို့ ဒီလိုခေါ်တာ။

ကိုယ့်ဘာသာကိုယ် ဆင်ခြင်စဉ်းစားကြည့်။ အခုထိုင်နေတဲ့အချိန်မှာ သိနေတာက စိတ်ကလေးက သိတာ။ ရုပ်ခန္ဓာကိုယ်ကြီးက ငါထိုင်နေတာပါလားလို့ မသိဘူး။ သိနေတာက နာမ်တရား၊ မသိတာက ရုပ်တရားလို့ အကြမ်းဖျင်းအားဖြင့် ဒီလိုခွဲလို့ရတယ်ပေါ့။ အဲဒီတော့ လူတွေရဲ့ သန္တာန်မှာ ဒီရုပ်နဲ့နာမ် နှစ်မျိုးပဲရှိတယ်။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယလို့ဆိုတဲ့ လူ့ရဲ့ခန္ဓာကိုယ်ကို ကြည့်လိုက်။ မာတယ် ပျော့တယ်ဆိုတဲ့ သဘောတွေနဲ့ ဖွဲ့စည်းထားတဲ့ အတုံးအခဲက ပထဝီ၊ အဲဒီလို အတုံးအခဲ ဖြစ်နေအောင် ဖွဲ့စည်းထားတဲ့သဘော, ယိုစီးနေတဲ့ သဘော, အရည်သဘောတွေက အာပေါ၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပူတာ အေးတာက တေဇော၊ လှုပ်ရှားနေတာတွေ, တွန်းကန်ထား [၁၆] တာက ဝါယော လို့ဆိုတဲ့ ဓာတ်ကြီးလေးပါးလည်းပဲ အကြမ်းဖျင်း စဉ်းစားလို့ရတယ်ပေါ့။ အဲဒါတွေက ရုပ်တရားတွေပဲ။ အဲဒီရုပ်တရားတွေပေါ်မှာ မှီပြီးဖြစ်နေတဲ့ သဘာဝတရားတစ်ခုက ထိုင်နေရင် ထိုင်နေတယ်လို့ သိတယ်။ အိပ်နေရင် အိပ်နေတယ်လို့ သိတယ်။ စားချင်ရင် စားချင်တယ်လို့ သိတယ်။ သွားချင်ရင် သွားချင်တယ်လို့ သိလာတယ်ဆိုတဲ့ အဲဒီအသိလေးက နာမ်တရားဖြစ်တယ်။ နာမ်တရားကို ထပ်ပြီးတော့ ခွဲလိုက်ရင် အာရုံကို ရယူနိုင်စွမ်းရှိတဲ့ ဝိညာဏ လို့ခေါ်တဲ့ အသိစိတ်ကို ဝိညာဏက္ခန္ဓာ လို့ ခေါ်တယ်။

အဲဒီရယူထားတဲ့ အာရုံရဲ့ အရသာကို ခံစားတတ်တာကတော့ ဝေဒနာ လို့ခေါ်တယ်။ အာရုံပေါ်မှာ အတွေ့အကြုံရပြီးတော့ အာရုံရဲ့အရသာကို ခံစားတယ်။ နှစ်သက်စရာအာရုံနဲ့ တွေ့တဲ့အခါမှာ ပျော်ရွှင်မှုဆိုတာ စိတ်ရဲ့ခံစားမှုတစ်ခုပဲ။ ကိုယ်မကြိုက်တဲ့ အာရုံလေးနဲ့ တွေ့တဲ့အခါမှာ စိတ်ထဲမှာ မကျေမနပ်ဖြစ်တာလည်း ခံစားမှုတစ်မျိုးပဲ။ ကြိုက်မကြိုက် ဘာမှမထင်ရှားတဲ့ အရာတစ်ခုနဲ့ တွေ့တဲ့အခါမှာတော့ မသိသာတဲ့ ခံစားမှုပေါ့။

ဟော လူတွေရဲ့စိတ်ထဲမှာကြည့် စိတ်ရဲ့ခံစားမှုတွေဟာ ကောင်းတယ်လို့ ခံစားတာရှိတယ်၊ မကောင်းဘူးလို့ ခံစားတာ ရှိတယ်။ ကောင်းမကောင်း မထင်ရှားတဲ့ ခံစားမှုရှိတယ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာ အဲဒီ [၁၇] ဝေဒနာတွေဆိုတဲ့ ခံစားမှုတွေက လူတွေရဲ့သန္တာန်မှာ စဉ်ဆက်မပြတ် ဖြစ်နေတဲ့အရာတွေပဲ ဖြစ်တယ်ပေါ့။

အာရုံနဲ့ တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ထိုအာရုံပေါ်မှာ ခံစားမှုဆိုတာ ပေါ်လာတယ်။ အဲဒီခံစားမှုကို လူတွေဟာ ခံစားမှုလို့ မသိတဲ့အခါ ဘာပြောတုန်းဆိုတော့ “ဒီကနေ့ ငါပျော်တယ်။ ဒီကနေ့ ငါမပျော်ဘူး။ ဒီကနေ့ ငါစိတ်ညစ်တယ်” လို့ ပြောမနေကြဘူးလား။ တကယ်ကတော့ ကိုယ့်သန္တာန်မှာ ခံစားမှု သဘာဝတရား ဖြစ်ပေါ်နေတာလို့ ဒီလိုမှတ်ရမယ်။ အဲဒါကို ဝေဒနာက္ခန္ဓာ လို့ခေါ်တယ်။

အေး အာရုံတစ်ခုကို တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် အကောင်းအဆိုးဆိုတာကို မှတ်လိုက်တယ်။ တစ်ခါမှ မမြင်ဖူးခင်က ပထမဆုံးမြင်ဖူးတဲ့ အရာကို မှတ်လိုက်တယ်။ နောက်တစ်ခါ ထပ်မြင်ရင် မှတ်ထားတဲ့အတိုင်း သိတယ်။ အဲဒါ ဘာက မှတ်ပေးတုန်းဆိုရင် စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ သညာ တရားက မှတ်လိုက်တာတဲ့။ အဲဒါကို သညာက္ခန္ဓာ လို့ ခေါ်တယ်။

နောက်တစ်ခု တွေးတယ်၊ ကြံတယ်၊ လိုချင်တယ်၊ မလိုချင်ဘူး၊ စိတ်ဆိုးတယ်၊ မေတ္တာထားတယ်ဆိုတဲ့ အကောင်းအဆိုးတွေ ရောနေတဲ့ သဘာဝတရားတွေကို သင်္ခါရ လို့ ခေါ်တာ။ အဲဒီသင်္ခါရလို့ ခေါ်တဲ့ စိတ်ရဲ့ အခြေအနေ စေတသိက်တွေ ငါးဆယ်ကို သင်္ခါရက္ခန္ဓာ လို့ ခေါ်တယ်။

[၁၈] ပေါင်းလိုက်ရင် စိတ်ရယ်၊ ဝေဒနာရယ်၊ သညာရယ်၊ သင်္ခါရရယ်ဆိုတော့ ဒီခန္ဓာ(၄)ခုကတော့ နာမ်ခန္ဓာ(၄)ပါးလို့ သိအောင် ကြိုးစားရမယ်။ ဒီ့ထက် ကျဉ်းလိုက်ရင် ရုပ်နဲ့နာမ် နှစ်ခုထဲပဲ မှတ်ထား။

အကြောင်းရှိလို့ ဖြစ်တာ

အဲဒီရုပ်နာမ်နှစ်ခု သိလာပြီးတဲ့နောက်မှာ ဒီရုပ်ဒီနာမ်တွေ ဘာကြောင့် ဖြစ်တာတုန်းဆိုတဲ့ အကြောင်းတရားကို သိဖို့လိုတယ်။ အကြောင်းတရားကို သိပြီး ရုပ်တွေနာမ်တွေရဲ့ သဘာဝတွေကို စူးစမ်းဆင်ခြင်မှုဆိုတဲ့ ဝိပဿနာဉာဏ် တစ်မျိုးနဲ့ တွေ့တဲ့အခါ အခုဝိပဿနာရှုဖွယ် တောလေးဆယ် ဆိုတာ လာတာနော်။

ဒီတိုင်း တောလေးဆယ် တန်းပြီး ရှုလို့မရဘူး။ မိမိသန္တာန်မှာရှိတဲ့ ခန္ဓာကို ရှုရမှာ။ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ ဆိုတဲ့ ခန္ဓာတွေကို ကိုယ့်ခန္ဓာကိုယ်ထဲမှာ တွေ့အောင် ကြည့်ရမှာ။

မျက်စိ, နား, နှာ, လျှာ, ကာယ ဆိုတာတွေရယ်၊ မာသဘော ပျော့သဘော ဆိုတာတွေရယ်၊ ဖွဲ့စည်းမှု ယိုစီးမှုဆိုတဲ့ သဘောတွေရယ်၊ ပူတယ် အေးတယ်ဆိုတဲ့ သဘောတွေရယ်၊ တွန်းကန်လှုပ်ရှားတယ်ဆိုတဲ့ သဘောတွေရယ်၊ မျက်စိကမြင်ရတဲ့ အဆင်း၊ နားကကြားရတဲ့ အသံ၊ နှာခေါင်းက နမ်းရှူရတဲ့ အနံ့၊ လျှာနဲ့ လျက်လို့ရတဲ့ အရသာ၊ [၁၉] ခန္ဓာကိုယ်နဲ့ ထိတွေ့ရတဲ့ အထိအတွေ့ ဆိုတာတွေဟာ သိသာထင်ရှားတဲ့ ရုပ်တရားတွေ ဖြစ်တယ်ပေါ့။ ဒီရုပ်တရားတွေကို အရင်ကြည့်ရမယ်။ ဒီရုပ်တရားတွေဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်တယ်ဆိုတာလည်း သိလာရမယ်။

ဒီရုပ်တရားတွေကို မှီပြီး နာမ်တရားတွေ ဘယ်လို ဖြစ်လာလဲ? မြင်သိစိတ်ကလေး ဖြစ်ပေါ်လာပုံကို စဉ်းစားကြည့်။ လူတွေဟာ မျက်လုံးလေးနှစ်လုံး ဖွင့်လိုက်တဲ့ အချိန်ကစပြီး “မြင်တယ်” လို့ ပြောလို့ရတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်လာတယ်။ မျက်စိနဲ့ အဆင်းအာရုံ ဒီနှစ်ခု ဆုံလိုက်တဲ့အခါ မြင်သိစိတ် ဆိုတာလေး ပေါ်လာတယ်။ လက်နဲ့ မီးခြစ် ဆုံလိုက်တဲ့အခါ ဖိပြီးခြစ်လိုက်တော့ ဘာဖြစ်လဲ? မီးတောက်လေး ပေါ်မလာဘူးလား။ ပေါ်လာတယ်။ အဲဒီလိုပဲ မျက်စိနဲ့ အဆင်း ဆုံလိုက်တာဟာ တိုက်ခိုက်မှုတစ်ခုပဲ။

စောင်းကြိုးနဲ့ လက် ထိလိုက်တဲ့အခါမှာ စောင်းသံလေး ထွက်လာသလိုပဲ မျက်စိနဲ့အဆင်း ဆုံလိုက်တဲ့အခါ မြင်သိစိတ် ဆိုတာလေး ပေါ်လာတယ်။ မြင်တယ်လို့ပြောတဲ့ မြင်သိစိတ်ကလေးက ဘာကြောင့် ပေါ်လာတာတုန်းဆိုတော့ မျက်စိရယ်၊ အဆင်းရယ် ဒီနှစ်ခု ဆုံစည်းခြင်းကြောင့် ပေါ်လာတယ်ဆိုတဲ့ အကြောင်းက မထင်ရှားဘူးလား။ “မဆုံခင်က မျက်စိထဲမှာ ရှိနေတာ မဟုတ်ဘူး။ အဆင်းအာရုံထဲမှာလည်း ရှိနေတာ မဟုတ်ဘူး။ ဆုံလိုက်တဲ့အခါ၊ တိုက်လိုက်တဲ့အခါမှ ပေါ်လာတာ။”

[၂၀] ထင်ရှားအောင် ကြည့်မယ်ဆိုရင် စောင်းကြိုးထဲမှာလည်း အသံရှိနေတာ မဟုတ်ဘူး။ စောင်းအိုးထဲမှာလည်း အသံရှိနေတာ မဟုတ်ဘူး။ တီးတဲ့လက်ထဲမှာလည်းပဲ အသံရှိနေတာ မဟုတ်ဘူး။ လက်နဲ့ စောင်းကြိုး ထိလိုက်တဲ့အခါမှ စောင်းသံ ထွက်လာတာ မဟုတ်လား။

လောကလူတွေသိကြတဲ့ Gas မီးခြစ်ဘူးလေးကြည့်။ စီးကရက် သောက်ချင်တဲ့လူတွေ၊ ဆေးလိပ်ကြိုက်တဲ့ လူတွေက အိတ်ထောင်ထဲ ထည့်သွားတယ်။ အဲဒီထဲမယ် မီးတောက် ရှိသလားလို့ဆိုရင် မရှိဘူး။ ရှိရင် လောင်မှာပေါ့။ မီးဆိုတာ လောင်တယ်၊ ပူတယ်။ ဒါသူ့သဘာဝပဲ။ သို့သော် အဲဒီ မီးခြစ်ဘူးလေးကို ယူပြီးတော့ လက်ချောင်းလေးနဲ့ ဖိခြစ်လိုက်ရင် မီးမထွက်ဘူးလား။ အကြောင်းဆုံလို့ ဖြစ်တာဆိုတဲ့ သဘောကို မှတ်ထားနော်။

မြင်သိစိတ်ဆိုတာလည်း ဒီလိုပဲ အကြောင်းဆုံလို့ ဖြစ်လာတာ။ ကြားသိစိတ်ဆိုတာလည်း နားနဲ့ အသံ ဆုံတဲ့အခါ ဖြစ်လာတယ်။ နှာခေါင်းနဲ့အနံ့ ဆုံတဲ့အခါ နံသိစိတ် ဖြစ်လာတယ်။ လျှာနဲ့အရသာ ဆုံတဲ့အခါ လျက်သိစိတ် ဖြစ်တယ်။ ခန္ဓာကိုယ်နဲ့ အထိအတွေ့ ဆုံတဲ့အခါ ထိသိစိတ် ဖြစ်လာတယ်။ ဟောဒီလို နာမ်တရားလေးတွေ ဖြစ်ပေါ်လာပုံ အကြောင်းကိုပါ စဉ်းစားကြည့်ရင် သိလာတယ်ပေါ့။

[၂၁] အမှန်ရှုမြင် မဂ်စိတ်ဝင်

အဲဒီတော့ မိမိရှုရမည့်တရားဟာ မိမိသန္တာန်မှာရှိနေတဲ့ ဟောဒီရုပ်တရားနဲ့ နာမ်တရားပဲ ရှုရမယ်။ ရှုပြီဆိုတဲ့အခါမှာ ရှုပုံရှုနည်း၊ “ရှုပုံအခြင်းအရာ လေးဆယ်” ရှိတယ်ပေါ့။ အဲဒါကိုပဲ တောလေးဆယ် လို့ခေါ်တာနော်။

မြင်တဲ့အခါမှာ မျက်စိကို မျက်စိလို့တင် မြင်တာမဟုတ်ဘူး။ အဆင်းအာရုံကို လက်ခံတတ်တဲ့ သဘာဝတရားလို့ မြင်တာ၊ မဟာဘုတ်တွေကို ကြည်လင်စေတတ်တဲ့ တရားလို့ မြင်တာ။ စက္ခုပသာဒ ဆိုတဲ့ ရုပ်ကိုမြင်တာ။ အဆင်းအာရုံလေးကိုတော့ မျက်စိဆိုတဲ့ စက္ခုပသာဒ အပေါ်မှာ ထင်ဟပ်လာတတ်တဲ့ သဘောလို့ မြင်တယ်၊ ဒီလိုမြင်တာက ရူပါရုံကို သိတာ။ အဲဒီလို မျက်စိရဲ့ ပင်ကိုယ်သဘာဝလေးတွေကို မြင်လာတယ်။

အဲဒီ ပင်ကိုယ်သဘာဝလေးတွေ မြင်လာပြီးတဲ့နောက်မှာ မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ ကိုယ်မပိုင်တဲ့ သဘောဆိုတာတွေကို ရှုမြင်သုံးသပ်လာနိုင်တယ်။ အဲဒီကျတော့မှ တောလေးဆယ် ဆိုတဲ့ ရှုကွက်ပေါ် ရောက်လာမှာနော်။ မြတ်စွာဘုရားက တောလေးဆယ် ဆိုတဲ့ အခြင်းအရာ လေးဆယ်နဲ့ ရုပ်တရား နာမ်တရားတွေကို ရှုမြင်သုံးသပ်မယ်ဆိုရင် အနုလောမခန္တီဉာဏ် ကိုရတယ်တဲ့။

အနုလောမခန္တီဉာဏ် ဆိုတာ မဂ်ဉာဏ်ဖြစ်ဖို့အတွက် လျှော်ကန်လို့ အနုလောမ လို့ခေါ်တာ။ နိဗ္ဗာန်ကို မြင်တဲ့ [၂၂] မဂ်ဉာဏ်ဖြစ်ဖို့အတွက် လျှော်ကန်တဲ့ အသိတစ်မျိုးဖြစ်တဲ့ ဝိပဿနာကိုပဲ အနုလောမ လို့ခေါ်တာ။ နိဗ္ဗာန်ထိ ပေါက်ရောက်အောင် သွားနိုင်တဲ့ စွမ်းရည်သတ္တိရှိလို့ ခန္တီ လို့ ခေါ်တာ။ (သည်းခံလို့ ခန္တီပြောတာ မဟုတ်ဘူး။) အဲဒီတော့ အနုလောမခန္တီဆိုတာ မဂ်စိတ်ဖြစ်ပေါ်ဖို့အတွက် စွမ်းရည်သတ္တိရှိတဲ့ ဉာဏ်မျိုးကို အနုလောမခန္တီဉာဏ် လို့ခေါ်တာ။ အဆင့်မြင့်တဲ့ ဝိပဿနာဉာဏ် ဖြစ်တယ်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ် ဒီနှစ်ခုကို ပေါင်းကူးပေးထားတဲ့ ပေါင်းကူးတံတား ဖြစ်တယ်။ အဲဒီ ပေါင်းကူးတံတားသည် ဝိပဿနာဉာဏ်ပဲ ဖြစ်တယ်။

အနုလောမခန္တီဉာဏ်ကို ရတာတင်ပဲလားဆိုရင် အနိစ္စ ဆိုတဲ့ ဟောဒီ တောလေးဆယ်ထဲက တစ်ခုခုနဲ့ ခန္ဓာငါးပါးကို ရှုမြင်သုံးသပ်နိုင်ပြီဆိုရင် သမ္မတ္တနိယာမ သို့ ရောက်ရှိသွားနိုင်တယ်တဲ့။ သမ္မတ္တနိယာမဆိုတာ ဘယ်တော့မှ မမှားတဲ့ ထာဝရအမှန်တရား ဖြစ်တယ်။ အဲဒီ အမှန်တရား ဆိုတာ ဒီနေရာမှာ မဂ်စိတ်ကိုပြောတာ။ မဂ်စိတ်သည် နိဗ္ဗာန် အာရုံကလွဲပြီး ဘယ်အာရုံကိုမှ အာရုံမပြုဘူး။ ထာဝရမှန်ကန်တယ်။ အဲဒီ မှန်ကန်တဲ့တရားသည် နိယာမ၊ ဆုံးဖြတ်ချက် ရှိပြီး လုံးဝသေချာတဲ့ အရာဖြစ်သောကြောင့် သမ္မတ္တနိယာမ လို့ ဒီလိုပြောတာ။

[၂၃] ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ “စတ္တာလီသာယ အာကာရေဟိ အနုလောမိကံ ခန္တီ ပဋိလဘတိ” ရုပ်တရား၊ နာမ်တရားတွေကို ခြင်းရာလေးဆယ်နဲ့ ရှုမြင်သုံးသပ်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ အနုလောမခန္တီဉာဏ် ကို ရှေးဦးစွာ ရနိုင်တယ်တဲ့။ အနုလောမခန္တီဉာဏ် ရပြီးရင်လည်း သမ္မတ္တနိယာမ လို့ခေါ်တဲ့ မဂ်စိတ်ထဲကို ဝင်ရောက်သွားနိုင်ပါတယ်။ မဂ်စိတ် ပေါ်လာနိုင်တယ်လို့ ဒီလိုဟောတာနော်။
(၁) အနိစ္စတော

တောလေးဆယ်ထဲက ရှုပုံလေးကို ဒီကနေ့ည ပြီးသလောက် ပြောပြပေးမယ်။ ပဉ္စက္ခန္ဓေ အနိစ္စတော ပဿန္တော ပေါင်းစပ်ပြီးတော့ ကြည့်လိုက်တဲ့အခါ ငါ့သန္တာန်မှာ ရှိတဲ့ ပဉ္စက္ခန္ဓေ ခန္ဓာငါးပါးတို့ကို အနိစ္စတော မမြဲတဲ့ အခြင်းအရာအားဖြင့် ပဿန္တော ရှုမြင်တဲ့ပုဂ္ဂိုလ်ဟာ၊ အနုလောမိကံ ခန္တီ ပဋိလဘတိ အနုလောမိကခန္တီဉာဏ်ကိုရ၏တဲ့။

ရှုပုံက ဘယ်လိုရှုတုန်းဆိုရင် “ခန္ဓာငါးပါးဟာ မမြဲဘူး” တဲ့။ ဘာဖြစ်လို့ မမြဲတာလဲဆိုရင် “အနစ္စန္တိကတာယ” အဆုံးကို မလွန်နိုင်လို့ မမြဲဘူးတဲ့။ ဘယ်အရာပဲဖြစ်ဖြစ် ပြီးဆုံးမှုဆိုတာ မလာပေဘူးလား။ အခု တရားပွဲကျင်းပနေတာကိုပဲ ကြည့် စတင်ပြီးတဲ့နောက် ဘာလာမှာတုန်းဆိုရင် ပြီးဆုံးမှု မလာပေဘူးလား။ လူတွေလည်း မွေးဖွားလာပြီးတဲ့နောက် အဆုံးမှာ [၂၄] သေဆုံးမှုဆိုတာ မလာပေဘူးလား။ လာမှာပဲနော်။ အဲဒီ အဆုံးသတ်မှုဆိုတာကို မကျော်သေးသမျှ ကာလပတ်လုံး မြဲတယ်လို့ ပြောလို့မရဘူး။ အဲဒါကို ရည်ရွယ်ပြီးတော့ “အနိစ္စတော” မမြဲဘူးလို့ပြောတာ။

နောက်တစ်ခုက ဘာတုန်းဆိုရင် ဖြစ်မှုပျက်မှုတွေ ရှိနေသောကြောင့် အနိစ္စ တဲ့။ ဖြစ်ပြီးရင် ပျက်ဦးမှာပဲ။ အဲဒီ ဖြစ်မှုပျက်မှုတွေ ရှိနေသေးသမျှ ကာလပတ်လုံးဟာ ဘယ်တော့မှမြဲမှာ မဟုတ်ဘူးတဲ့။ အဲလိုဆိုလိုတယ်။ အာဒိအန္တဝန္တတာယ အစရှိတယ်၊ အဆုံးရှိတယ်။ စတင်မှုရှိတဲ့ အရာမှန်သမျှ အစရှိတယ်၊ အဆုံးရှိတယ်ဆိုရင် မမြဲတဲ့သဘောကို ဖော်ဆောင်တာပဲ။ လူတွေဟာ ဘဝတစ်ခုကို စတယ်။ စပြီးရင် အဆုံးသတ်မယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် စလုပ်တယ်။ ပြီးရင်အဆုံးသတ်ရတယ်။

နေမင်းကြီးပဲ ကြည့်ဦး။ နေမင်းကြီးဟာ ထွက်လာတယ်။ ညနေကျတော့ ဝင်ရောက်သွားတာပဲ။ ပန်းကလေးဟာ ပွင့်လာတာ။ ဒါ စတင်ခြင်းလို့ ခေါ်တယ်။ ပြီးရင် နွမ်းပြီးကြွေကျမသွားဘူးလား။ အသီးလေးတစ်ခုဟာ သီးလာပြီးတဲ့နောက် မှည့်ပြီး ကြွေကျသွားတယ်။ ဒီလို စတင်ခြင်းနဲ့ အဆုံးသတ်ခြင်းတွေ ရှိနေသမျှကာလပတ်လုံး အနိစ္စပဲ။

ဒါကြောင့်မို့ စာပေကျမ်းဂန်မှာ ဆိုထားတာ “အနစ္စန္တိကတာယ အာဒိအန္တဝန္တတာယ အနိစ္စတော ပဿတိ” တဲ့။ ဘုန်းကြီးတို့ တတွေရဲ့ သန္တာန်မှာရှိတဲ့ ရုပ်နာမ်တရားတွေဟာ [၂၅] ပြီးဆုံးမှုဆိုတာကို ဘယ်တော့မှ မကျော်နိုင်သေးဘူး။ ပြီးဆုံးမှုနဲ့ ကြုံရဦးမှာ ဖြစ်သောကြောင့် အနိစ္စပဲ။ နောက်တစ်ခု စတင်မှု ရှိခြင်း၊ အဆုံးသတ်မှုရှိခြင်းကြောင့်လည်း အနိစ္စပဲ။ အဲဒီ မမြဲတဲ့ တရားကို ရှုတဲ့အခါမှာ ဝိပဿနာဉာဏ်ဆိုတာ ဖြစ်ပေါ်လာတယ်။

အဲဒီမှာ ဘာပြောလဲလို့ဆိုရင်၊ ပဉ္စက္ခန္ဓေ အနိစ္စတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ ခန္ဓာငါးပါးကို မမြဲဘူးလို့ရရင် အနုလောမိကခန္တီဉာဏ်ကို ရတယ်။ အနုလောမိကခန္တီဉာဏ် ရပြီးတဲ့အခါမှာ ပဉ္စန္နံ ခန္ဓာနံ နိရောဓော နိစ္စံ နိဗ္ဗာနံ ခန္ဓာငါးပါး အပြီးသတ် ချုပ်ငြိမ်းသွားတယ်။ ဘာကြောင့် အပြီးသတ်ချုပ်ငြိမ်းသလဲဆိုရင် အကြောင်းပြတ်သွားလို့ အပြီးသတ်ချုပ်ငြိမ်းတာနော်။

ဆိုလိုတာက “အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂ နိရောဓာ သင်္ခါရနိရောဓော” လို့ ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်မှာ လာသည့်အတိုင်း “အသေသ ဝိရာဂ” အဝိဇ္ဇာတရား လက်ကျန်မရှိအောင် ပယ်သတ်တဲ့ အရဟတ္တမဂ်ဆိုတဲ့ အစွမ်းထက်တဲ့ သဘာဝတရားကြောင့် အဝိဇ္ဇာ လုံးဝချုပ်ငြိမ်းသွားတယ်ဆိုရင် နောက်ထပ် သင်္ခါရ ဆိုတာ မလာတော့ဘူးတဲ့။

အဲဒါလိုပဲ ခန္ဓာငါးပါးမှာ အကြောင်းတရားတွေ အပြီးသတ် ချုပ်ငြိမ်းသွားတယ်။ အဲဒီ အပြီးသတ်ချုပ်ငြိမ်း သွားတာကို နိစ္စံ နိဗ္ဗာနံ ထာဝရမြဲတဲ့ နိဗ္ဗာန်ပဲလို့ ရှုမြင်လိုက်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ သမ္မတ္တနိယာမံ ဩက္ကမတိ သမ္မတ္တနိယာမ [၂၆] သို့ ဝင်ရောက်သွားတယ်တဲ့။ မဂ်ထဲ ရောက်သွားတာလို့ ဆိုလိုတယ်။ လောကုတ္တရာမဂ်တစ်ခုကို ရသွားတယ်ပေါ့။ ရှေ့ပိုင်းက အနိစ္စလို့ မြင်တဲ့အချိန်က အနုလောမိကခန္တီဉာဏ်ထိအောင် ရောက်တယ်။ ခန္ဓာငါးပါး ထာဝရချုပ်ငြိမ်းသွားခြင်းဟာ နိစ္စထာဝရဖြစ်တဲ့ နိဗ္ဗာန်ပဲလို့ ရှုမြင်လိုက်တဲ့ အချိန်မှာ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ သမ္မတ္တနိယာမလို့ဆိုတဲ့ မဂ္ဂနိယာမ သဘာဝတရားတစ်ခုကို မျက်မှောက်ပြုသွားတယ်။ ဒါဟာ တောလေးဆယ်ထဲက အနိစ္စတောကို ရှုပုံရှုနည်းတစ်ခုပဲ ပေါ့။

အဲဒီတော့ ကိုယ့်ခန္ဓာကိုယ်ကို အာရုံပြုပြီးတော့ သတိထားပြီးတော့ တစ်ခုချင်း ကြည့်မယ်ဆိုရင် ကိုယ်ရထားတဲ့ မျက်လုံးလေးဟာ စတင်ဖြစ်လာတဲ့ အချိန်ရှိတယ်။ နောက် အဆုံးသတ်တဲ့ အချိန်ရှိတယ်။ အဆုံးဆိုတာကို သူကျော်ပြီးတော့ မသွားနိုင်ဘူး။ ဒါကြောင့် ဒီမျက်လုံးလေးဟာ မမြဲဘူးဆိုတာကို ရှုမြင်နိုင်ရမယ်။

အဲဒီလို အဖန်ဖန် ရှုမြင်သုံးသပ်လိုက်တဲ့အခါ မဂ်စိတ်သို့ ပို့ဆောင်ပေးနိုင်တဲ့ အနုလောမိကခန္တီဉာဏ် ကို ရတယ်။ အဲဒီစွမ်းအားနဲ့ “ဪ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားလို့ အခု မျက်လုံးဆိုတဲ့ အကျိုးတရားဟာ နောင်ဘယ်တော့မှ မဖြစ်တော့တဲ့အနေနဲ့ ချုပ်ငြိမ်းသွားရင် ဒါဟာ နိစ္စထာဝရ နိဗ္ဗာန်ပဲ” လို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် နိဗ္ဗာန်ကို အာရုံပြုပြီး သမ္မတ္တနိယာမ ဆိုတဲ့ မဂ်စိတ်ဟာ ပေါ်ပေါက်လာတယ်။

[၂၇] သင်္ခါရတရားကို အာရုံပြုတာက ဝိပဿနာဉာဏ်၊ သင်္ခါရ တွေရဲ့ မဖြစ်မှု နိဗ္ဗာန်ကို အာရုံပြုတာက မဂ်။ အဲဒီလို သွားတာ ဒီနှစ်ခုက။
(၂) ဒုက္ခတော

နောက်ထပ်ရှုနိုင်တဲ့ အခြင်းအရာတစ်ခုက ဘာတုန်း ဆိုတော့ ခန္ဓာငါးပါးကို ဒုက္ခလို့ ရခြင်းပဲ။ ကိုယ်ရထားတဲ့ မျက်စိ, နား, နှာ, လျှာ, ကာယဆိုတဲ့ ရုပ်တရားတွေ၊ ခံစားမှု, မှတ်သားမှု, စေ့ဆော်မှု, သိမှုဆိုတဲ့ ဝေဒနာ, သညာ, သင်္ခါရဆိုတဲ့ နာမ်တရားတွေ အဲဒီ ရုပ်တရား နာမ်တရားတွေကို ဒုက္ခပဲလို့ ရှုမြင်တဲ့။

ဘာကြောင့် ဒုက္ခလို့ ရှုမြင်ရတာတုန်းဆိုရင် ဖြစ်မှုနဲ့ ပျက်မှုက အစဉ်ထာဝရ နှိပ်စက်နေတာ ဖြစ်သောကြောင့် ဒုက္ခတဲ့။ တစ်စုံတစ်ယောက်ကနေပြီး နှောက်ယှက်ပေးနေတယ်ဆိုရင် လောကလူတွေ ငြီးကြတယ်လေ “ဒုက္ခပဲ။ ငါ အမြဲတမ်း အနှောက်အယှက် ခံနေရတယ်” လို့ပေါ့။

အဲဒါလိုပဲ ဖြစ်လာလိုက် ပျက်သွားလိုက် ဆိုတာကြီး တစ်ခုက အစဉ်ထာဝရ အနှောက်အယှက် ဖြစ်နေတယ်။ အနှောက်အယှက် ပေးနေတယ်။ မမြဲတဲ့သဘောကြီးက အမြဲတမ်း အနှောက်အယှက်ပေးနေတာကိုက ဒုက္ခလို့ ဒီလို ဆိုလိုတယ်ပေါ့။ ပိုက်ဆံမရှိလို့ ဒုက္ခ၊ စားစရာမရှိလို့ ဒုက္ခ၊ နေစရာမရှိလို့ ဒုက္ခ အဲဒီလို ဒုက္ခမျိုးကို ပြောတာမဟုတ်ဘူး။

[၂၈] ဖြစ်မှုပျက်မှုတွေက အစဉ်ထာဝရ နှိပ်စက်နေတာ ဖြစ်သောကြောင့် ဒုက္ခလို့ ဒီလိုရှုတာကို ပြောတာ။ ဖြစ်မှုပျက်မှုတွေက အစဉ်ထာဝရ နှိပ်စက်နေတဲ့ ဒုက္ခမျိုး ရှိနေသည့်အတွက် ခန္ဓာငါးပါးသည် ဒုက္ခလို့ ပေါ်ပေါ်လွင်လွင်၊ ထင်ထင်ရှားရှား သိမြင်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ဝိပဿနာဉာဏ် အဆင့်ဆင့် တက်ပြီးတော့ နောက်ဆုံးမှာ အနုလောမိကခန္တီဉာဏ် ဝိပဿနာထဲမှာ အဆင့်အမြင့်ဆုံးဉာဏ်ကို ရတယ်။ မဂ်ဉာဏ်ကို ပေါင်းကူးပေးနိုင်တဲ့ ဉာဏ်ကို ရရှိသွားနိုင်တယ်လို့ ဒီလိုဆိုလိုတာနော်။ အဲဒီအဆင့်ထိအောင် ရောက်သွားနိုင်တယ်။

နိဗ္ဗာန်ကျတော့ ဆန့်ကျင်ဘက်ပဲ။ ခန္ဓာငါးပါးသည် ဖြစ်ပျက်မှုတွေက နှိပ်စက်နေလို့ ဆင်းရဲဒုက္ခတွေရဲ့ အခြေခံ ဖြစ်နေတယ်။ ဘယ်ဆင်းရဲလာလာ ဟောဒီ ခန္ဓာငါးပါးနဲ့ ပတ်သက်တာချည်းပဲ။ ဒါကြောင့် ဆင်းရဲဒုက္ခတွေရဲ့ မှီရာ ဖြစ်သောကြောင့် ဒုက္ခဖြစ်နေတယ်။

အစဉ်ထာဝရ ခန္ဓာငါးပါးဟာ ဘယ်တော့မှ မပေါ်တော့ဘဲနဲ့ ချုပ်ငြိမ်းသွားမှုဟာ သုခ ဖြစ်တဲ့ နိဗ္ဗာန်ပဲ။ သုခံ နိဗ္ဗာနံ အဲဒီ ခန္ဓာငါးပါး လုံးဝချုပ်ငြိမ်းသွားပြီဆိုရင် ချမ်းသာတဲ့ နိဗ္ဗာန်ဆိုတာ ဖြစ်တာပဲလို့ ရှုမြင်လာတဲ့အခါ ကျတော့ နိဗ္ဗာန်ကို အာရုံပြုတဲ့ သမ္မတ္တနိယာမ မဂ်စိတ်ပေါ်လာတယ်လို့ ဒီလို ဆိုတာနော်။

[၂၉] အဲဒီလို ဝိပဿနာရှုဖွယ် တောလေးဆယ်ကနေပြီး ဆန့်ကျင်ဘက်ဖြစ်တဲ့ နိဗ္ဗာန်ကို မြင်ပြီဆိုတဲ့ အခါကျတော့မှ သမ္မတ္တနိယာမကို ရောက်တယ်ဆိုပြီး သူ့ဟာနဲ့သူ မြတ်စွာဘုရားက ခုလိုခွဲခြားပြီးတော့ ဟောတယ်။

အေး ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ “ဝိပဿနာရှုဖွယ် တောလေးဆယ်” ဆိုတာ မိမိတို့သန္တာန်မှာ တကယ်ရှိနေတဲ့ သဘာဝတရားတွေကို အမှတ်တမဲ့ မနေကြဘဲနဲ့ ရှုမှတ်ကြဖို့ ဖြစ်တယ်။ တို့တတွေဟာ ဘဝတစ်ခု ရလာတဲ့အခါမှာ ဘယ်တော့မှ အဆုံးသတ်ကို မကျော်လွန်နိုင်ကြသေးရင် တစ်နေ့မှာ ဆုံးတယ်ဆိုတာ ရှိရဦးမယ်။ တို့သန္တာန်မှာ ဖြစ်တဲ့ ရုပ်တရား နာမ်တရားတွေဟာ အစရှိလို့ အဆုံးရှိကြမယ့် တရားတွေသာ ဖြစ်တယ်။ ဒါကြောင့် မမြဲတဲ့သဘောတရားတွေ ပါလား။ ဒီခန္ဓာတွေ လုံးဝချုပ်ငြိမ်းသွားမှသာလျှင် မြဲတဲ့နိဗ္ဗာန်ဆိုတာ ရရှိကြမှာ ဖြစ်တယ်။

နောက်တစ်ခု ဖြစ်မှုပျက်မှုတွေက အမြဲတမ်း နှိပ်စက်နေတာဖြစ်လို့ ခန္ဓာငါးပါးဟာ ဘယ်တော့မှ ချမ်းသာမှာ မဟုတ်ဘူး။ ဆင်းရဲဒုက္ခ အစစ်ဖြစ်တယ်။ အဲဒီ ခန္ဓာငါးပါး ချုပ်ငြိမ်းသွားမှသာလျှင် ချမ်းသာလို့ဆိုတဲ့ နိဗ္ဗာန်ကို ရရှိမှာ ဖြစ်တယ်လို့ အခုလို ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ အဆင့်မြင့် ဝိပဿနာကျင့်စဉ်တစ်ခုကို သိရှိသဘောပေါက်ပြီး နေ့စဉ်နဲ့အမျှ ကျင့်ကြံကြိုးကုတ် အားထုတ်ကြမယ်ဆိုရင် သမ္မတ္တနိယာမ ဆိုတဲ့ ထာဝရမှန်ကန်ပြီး မြဲမြံတဲ့ မဂ်စိတ်နဲ့ [၃၀] နိဗ္ဗာန်ကို အာရုံပြုနိုင်တဲ့ အနေအထားမျိုး တို့တတွေ ရောက်ကြမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီသဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။
သာဓု သာဓု သာဓု

[၃၁] ဝိပဿနာရှုဖွယ် တောလေးဆယ် အပိုင်း (၂)

သာသနာတော်နှစ် ၂၅၅၇-ခု၊ ကောဇာသက္ကရာဇ် ၁၃၇၅-ခုနှစ် တော်သလင်းလပြည့်ကျော် (၁၅)ရက်၊ ၂၀၁၃- ခုနှစ် အောက်တိုဘာလ(၄)ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အင်းကုန်းစက်မှုဇုံ၊ ရွှေစက်မှုဓမ္မအလင်းရောင် ပရဟိတအဖွဲ့မှ ကြီးမှူးကျင်းပအပ်သည့် တတိယအကြိမ်မြောက် အထူးဓမ္မသဘင်တရားပွဲ၌ ဟောကြားအပ်သော၊ “ဝိပဿနာရှုဖွယ် တောလေးဆယ်” အကြောင်း အပိုင်း (၂) တရားဒေသနာတော်။

သာသနာနှင့်ကြုံခိုက်

ဘာဝနာလုပ်ငန်းကို ကြိုးပမ်းအားထုတ်ကြတဲ့ ယောဂီသူတော်စင်တွေအနေနဲ့ ဝိပဿနာတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီဆိုရင် ဝိပဿနာဉာဏ်နဲ့ ရှုမြင်တဲ့ အချက်အမျိုးပေါင်း လေးဆယ်ကို ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ရှင်းလင်းဟောကြားထားတာ ရှိတယ်။ မိမိတို့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဘုရားသာသနာတော်နဲ့ ကြုံတွေ့နေတဲ့ အချိန်မှာ မလွဲမသွေ လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်ကောင်းမှု တစ်ခုက ဘာဝနာကုသိုလ်ဖြစ်တယ်။

ဒါနကောင်းမှုဆိုတာ သာသနာနဲ့ မကြုံတွေ့လည်း လုပ်နိုင်ကြတယ်။ သီလကောင်းမှု ဆိုတာလည်း သာသနာတော်နဲ့ မကြုံတွေ့ပေမယ့် လုပ်နိုင်ကြတယ်ပေါ့။ ဝိပဿနာ ဘာဝနာ [၃၂] လုပ်ငန်းကျတော့ သာသနာတော်နဲ့ ကြုံတွေ့မှသာ လုပ်နိုင်တာဖြစ်လို့ သာသနာတော်နဲ့ ကြုံတွေ့နေတဲ့အခိုက်မှာ ဝိပဿနာဉာဏ်ဖြစ်အောင် သတိဆောင်ပြီး ဘာဝနာလုပ်ငန်းကို လုပ်သင့်လုပ်ထိုက်တယ်ပေါ့။ ဒါကြောင့် ဒီကနေ့ “ဝိပဿနာရှုဖွယ် တောလေးဆယ်” ဆိုတာကို အများနားလည်တဲ့နည်းနဲ့ ရှင်းလင်းဟောကြားပေးပါမယ်။

ခန္ဓာငါးပါး

လူတိုင်းဟာ ခန္ဓာငါးပါးရထားတယ်။ အပူအအေးကြောင့် ဖောက်ပြန်နိုင်တဲ့ ရုပ်တရားတွေ၊ မျက်စိ, နား, နှာ, လျှာ, ကာယ ဆိုတဲ့ မိမိတို့ရုပ် ကိုယ်ခန္ဓာ အစုအဝေးတွေ အားလုံးကို စုပေါင်းပြီးတော့ ရူပက္ခန္ဓာ ဆိုတဲ့ ရုပ်အစုကို ရရှိထားကြတယ်။ အာရုံတွေနဲ့ တွေ့ကြုံတဲ့ အခါမှာ ကျေနပ်တယ်၊ မကျေနပ်ဘူး၊ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတဲ့ အာရုံရဲ့ အရသာတစ်မျိုးကို ခံစားသိရှိတတ်တဲ့ နာမ်သဘောတရားကို ဝေဒနာလို့ခေါ်တယ်။ အဲဒီဝေဒနာအစုအဝေးတွေကို စုပေါင်းပြီး ဝေဒနာက္ခန္ဓာ ဆိုတာလည်း ဘုန်းကြီးတို့ တတွေရဲ့ သန္တာန်မှာရှိတယ်လို့ သတိပြုဖို့လိုတယ်။

မျက်စိက အဆင်းမြင်တဲ့ အခါပဲဖြစ်စေ၊ နားက အသံကြားတဲ့အခါမှာပဲဖြစ်စေ၊ နှာခေါင်းက အနံ့ရတဲ့အခါမှာပဲ ဖြစ်စေ၊ လျှာက အရသာခံရတဲ့အခါမှာပဲဖြစ်စေ၊ ခန္ဓာကိုယ်က အထိအတွေ့တွေ ရရှိတဲ့အချိန်မှာပဲဖြစ်စေ၊ အဲဒီ အဆင်း၊ [၃၃] အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ဆိုတဲ့ အာရုံတွေကို မှတ်သားတဲ့ သဘာဝတရားကို သညာက္ခန္ဓာ လို့ခေါ်တယ်။ သဘာဝတရားတွေရဲ့ အနေအထားကို မှတ်ပြီးတော့ နောက်တစ်ကြိမ် သိတဲ့အခါမှာလည်း အဲဒီ အမှတ်နဲ့ပဲ ပြန်ပြီး သိတယ်။ အဲဒီ သညာက္ခန္ဓာ ဆိုတဲ့ ခန္ဓာလည်းပဲ အားလုံး သန္တာန်မှာ ရှိနေတယ်။

နောက်တစ်ခု လိုချင်တယ်၊ မလိုချင်ဘူး၊ မုန်းတီးတယ်၊ မမုန်းတီးဘူးဆိုတဲ့ သဘာဝတရားတွေ၊ တွေးတယ်၊ ကြံတယ် ဆိုတဲ့ သဘာဝတရားတွေ၊ မနာလိုဝန်တို ဖြစ်တယ်ဆိုတဲ့ သဘာဝတရားတွေ လူတွေရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လေ့ရှိကြတယ်။ အဲဒီ ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝတရားတွေအားလုံး စုစည်းပြီးတော့ သင်္ခါရက္ခန္ဓာ လို့ခေါ်တဲ့ ခန္ဓာလည်း အားလုံးသန္တာန်မှာရှိနေတယ်။ အာရုံကိုသိမှု၊ အာရုံကို ရယူမှုလို့ဆိုတဲ့ အသိစိတ် ဝိညာဏက္ခန္ဓာ ဆိုတာလည်း ရှိတယ်။

ပေါင်းလိုက်တဲ့အခါ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ လို့ ခန္ဓာငါးပါးကို ဘုန်းကြီးတို့တတွေ ရရှိထားကြတယ်။ ကလေးငယ်မှာလည်း ခန္ဓာငါးပါးပဲ၊ အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်မှာလည်း ခန္ဓာငါးပါးပဲ၊ မကြီးမငယ် အလယ်အလတ် ပုဂ္ဂိုလ်တွေမှာလည်း ဒီခန္ဓာငါးပါးပဲ။ ဒါကြောင့် ခန္ဓာငါးပါး မိမိတို့ သန္တာန်မှာ ရှိတယ်ဆိုတာ ရှေးဦးစွာ သိအောင်ကြိုးစားရမယ်ပေါ့။ ဒီလို [၃၄] ခန္ဓာငါးပါးကို သိတာသည်ပင်လျှင် အလွန် တန်ဖိုးရှိပါတယ်လို့ ပြောရမယ်။

ကဿပဘုရား လက်ထက်တော် အခါကာလတုန်းက ပုဏ္ဏားကြီး ဇနီးမောင်နှံ နှစ်ယောက်ဟာ မြတ်စွာဘုရားထံက နာမ်နဲ့ ရုပ် စကားလုံးလေးနှစ်လုံး ကြားသိခဲ့ဖူးတယ်။ ဂေါတမဘုရားလက်ထက် ရောက်လာတဲ့အခါ အဲဒီအသိလေးကို အခြေခံပြီး မြတ်စွာဘုရားဟောတဲ့တရားကို နာရင်းပဲ အနာဂါမ်အဆင့် ရောက်သွားကြတယ်ဆိုတာ အားလုံး ပရိသတ် ကြားဖူးကြလိမ့်မယ်။ ဒါကြောင့် ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးကို သိရှိနားလည်အောင် လူတိုင်းလူတိုင်း ကြိုးစားထားသင့်တယ်။

အကယ်၍ နောင်ပွင့်မယ့် အရိမေတ္တေယျ မြတ်စွာဘုရားနဲ့ တွေ့ဦးတော့ ခန္ဓာငါးပါး အကြောင်းလည်း မသိ၊ ဝိပဿနာလည်း အားမထုတ်ဖူးဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေ မြတ်စွာဘုရား တရားနာပြီး ကျွတ်တန်းဝင်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလိမ့်မယ်။ ဒါကြောင့် ဒီကနေ့ ကြုံကြိုက်နေတဲ့အချိန်မှာ ဝိပဿနာဆိုတာလည်း သဘောပေါက်ဖို့၊ ဝိပဿနာ ရှုရမယ့် ရုပ်နာမ်တရားတွေ ဆိုတာလည်း သဘောပေါက်ဖို့၊ ထိုရုပ်နာမ်တရားတွေ ရှုတဲ့အခါမှာ အခြင်းအရာပေါင်း လေးဆယ်နဲ့ ရှုမြင်သုံးသပ်နိုင်တယ် ဆိုတာလည်း သဘောပေါက်ဖို့ ဒီကနေ့ ည “ဝိပဿနာရှုဖွယ် တောလေးဆယ်” ဆိုပြီး မနေ့ညက အဆက်ကို ဘုန်းကြီးတို့ ရှင်းလင်းဟောကြားပေးပါမယ်။

[၃၅] ခန္ဓာငါးပါး ‘ငါ’ထင်မှား

အခြေခံဖြစ်တဲ့ ခန္ဓာငါးပါးကို သိရှိနားလည်ပြီးတဲ့အခါမှာ ထိုခန္ဓာငါးပါးအပေါ်မှာ ဘယ်လိုမြင်နေကြသလဲဆိုတာ စဉ်းစားကြည့်။ လူတိုင်းလူတိုင်း ခန္ဓာငါးပါးကို “ငါ”လို့ပဲမြင်နေကြတယ်။ နေ့စဉ်နဲ့အမျှ စကားပြောတဲ့အခါမှာ စကားအနေနဲ့တင် မဟုတ်ဘဲ “ငါပြောတယ်၊ ငါလုပ်တယ်၊ ငါသိတယ်” စသည်ဖြင့် ဒီခန္ဓာငါးပါးကြီးကိုပဲ “ငါ”အဖြစ် သတ်မှတ်ပြောဆိုနေကြတယ်ဆိုတာ အထင်အရှားပဲ။

အမှန်တကယ် “ငါ”ဆိုတာ ရှိရဲ့လားဆိုတော့ မရှိဘူးနော်။ ဘာဖြစ်လို့ မရှိတုန်းဆိုတော့ ရုပ်တရားကလည်း သူ့အကြောင်းနဲ့သူ ဖြစ်တာပဲလေ။ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ ဆိုတဲ့ နာမ်တွေကလည်း သူ့အကြောင်းနဲ့သူ ဖြစ်နေကြတာပဲ။ သူ့အကြောင်းနဲ့သူ ဖြစ်ပြီးတော့ ကိုယ့်အလိုအတိုင်း လိုက်ကြသလားဆိုတော့ မလိုက်ဘူး။

ရုပ်တရားကြီးက ကိုယ့်အလိုအတိုင်း လိုက်သလား၊ မလိုက်ဘူးလား စဉ်းစားကြည့် ပရိသတ်။ ခေါင်းမဖြူချင်ဘဲနဲ့ ဖြူလာတယ်။ ဒါ ကိုယ့်အလို မလိုက်တာပဲပေါ့။ သွားမကျိုးချင်ဘဲနဲ့ ကျိုးလာတယ်။ ဒါလည်း ကိုယ့်အလိုမလိုက်တာပဲ။ တဖြည်းဖြည်း အိုမင်းရင့်ရော်လာတယ်၊ လှချင်ပေမယ့် လှလို့ မရဘူး။ ဒါတွေဟာ ကိုယ့်အလို မလိုက်တာလို့ ပြောတာ။ ကိုယ်က ကျန်းမာချင်တယ်၊ ရောဂါမဖြစ်ချင်ဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ကြီးက ရောဂါဖြစ်လာတယ်။ အဲဒီလို သာမန် [၃၆] အပေါ်ယံလေးပဲ စဉ်းစားကြည့်ရင် ကိုယ့်အလို မလိုက်ဘူး ဆိုတာ ထင်ရှားတယ်။

ကိုယ့်အလို မလိုက်တာကြီးကို “ငါ”လို့ သတ်မှတ်သင့်သလား၊ မသတ်မှတ်သင့်ဘူးလား ဆိုတာ စဉ်းစားကြရမယ်။ “ငါ” လို့ သတ်မှတ်တာ ဘယ်သူက သတ်မှတ်တာတုန်းဆိုတော့ ဒိဋ္ဌိ ဆိုတဲ့ မှားယွင်းတဲ့ အမြင်တစ်ခုက သတ်မှတ်တာ။ အဟံကာရ ငါလို့ ပြုတတ်တဲ့တရားက ဒိဋ္ဌိ ပဲ။

ဒိဋ္ဌိ က ငါလို့ တွေးသလို တဏှာ ကျတော့ “ငါ့ဟာ” လို့ တွေးတယ်။ “ငါ့ဟာ” လို့တွေးလို့ လူတွေက ပြောကြတယ်လေ “ငါ့ကိုယ်၊ ငါ့လက်၊ ငါ့ခြေ၊ ငါ့မျက်လုံး” စသည်ဖြင့် ပြောနေကြတယ်။ တကယ်လည်း “ငါ့ဟာ” လို့ စိတ်ထဲမှာ စွဲလမ်းထားကြတယ်။ “ငါ့ဟာ” လို့ဆိုရင် ငါပိုင်ရဲ့လားဆိုတော့ မပိုင်ဘူး။ “ငါ့ဟာ”လို့ ပြောရင်း ပြောရင်းနဲ့ပဲ မိမိတို့ပြောနေတဲ့ “ငါ့ဟာ”ကို လက်လွတ်ဆုံးရှုံးသွားတာတွေချည်းပဲဖြစ်တယ်။

ဒါကြောင့် ဒီခန္ဓာငါးပါးဆိုတာ “ငါ” လို့လည်း ပြောစရာမရှိဘူး။ “ငါ့ဟာ”လို့လည်း ပြောစရာမရှိဘူးလို့ အကြမ်းဖျင်း အာရုံပြုပြီး နားထောင်ကြည့်နော်။ ကိုယ့်စိတ်ထဲမှာ သဘောကျလာအောင် နားထောင်ထား။ တရားနာရင်းလည်း ဝိပဿနာဉာဏ်ဆိုတာ ဖြစ်သွားနိုင်တယ်။

[၃၇] တရားနာချိန် အာရုံစိုက်လေ

မြတ်စွာဘုရား လက်ထက်တော် အခါကာလတုန်းက ဘုရားဟောတဲ့တရားကို နားရင်းနဲ့ပဲ သောတာပန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ ရှိခဲ့ကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဂရုတစိုက် နားထောင်ကြလို့ပဲပေါ့။ တရားထဲမှာ နှစ်မြုပ်ပြီး ခန္ဓာဉာဏ်ရောက် နားထောင်ကြည့်ရင်း ခန္ဓာရဲ့ သဘာဝတရားတွေကို သိရှိသဘောပေါက်လာတာဟာ တရားအသိကို သိတာပဲလို့ မှတ်ရမယ်။

ဒီအသိဉာဏ်လေးဟာ မရင့်ကျက်သေးခင်တော့ သိပြီး ပျောက်သွားပေမယ့် နောင်တစ်ချိန်မှာ ရင့်ကျက်လာနိုင်တယ်ပေါ့။ သိပြီးသားဆိုတာ ပျောက်ကွယ်သွားတယ်လို့ မရှိဘူး။ တိုးတက်ပြီးတော့ တဖြည်းဖြည်း ရင့်ကျက်လာတာပဲ ရှိတယ်။ အေး ဒါကြောင့် တခြားအချိန်တွေ ဝိပဿနာကျင့်စဉ် မကျင့်နိုင်သေးဘူးဆိုရင် တရားနာတဲ့ အချိန်လေးမှာ အာရုံစိုက်ပြီး “ခန္ဓာဉာဏ်ရောက်” ဆိုတဲ့ မိုးကုတ်ဆရာတော်ကြီး အမိန့်ရှိတဲ့အတိုင်းပဲ ကိုယ့်ခန္ဓာပေါ်မှာ အသိဉာဏ် ရောက်ထားကြဖို့ အရေးကြီးတယ်ပေါ့။

ခန္ဓာငါးပါး ရှူဖို့ထား

ကောင်းပြီ “ဝိပဿနာရှုဖွယ် တောလေးဆယ်” ဆိုတာ ပါဠိစာပေမှာ “အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော”

[၃၈] ဆိုပြီး တောတွေနဲ့ ဟောထားတဲ့ အခြင်းအရာ “ရှုပုံ ရှုကွက် လေးဆယ်”ရှိတာ ဖြစ်သောကြောင့် “တောလေးဆယ်” လို့ ခေါ်တာပဲ။ ဝိပဿနာဉာဏ်နဲ့ ဘောင်ဝင်လာတဲ့ ရှုပုံ အခြင်းအရာ အမျိုးလေးဆယ် ရှိတယ်လို့ ဆိုလိုတာ။

အဲဒီ အမျိုးလေးဆယ်ထဲမှာ ခန္ဓာငါးပါးကို ရှုရတယ်။ ကိုယ့်ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်၊ “မြဲသလား၊ မမြဲဘူးလား” မမြဲဘူးဆိုတာ ထင်ရှားတယ်ပေါ့။ တစ်နှစ်သားဘဝနဲ့ ဆယ်နှစ်သားဘဝ မတူတော့ဘူး။ ဆယ်နှစ်သားဘဝနဲ့ အနှစ်နှစ်ဆယ်ဘဝမတူတော့ဘူး။ နှစ်ဆယ်အရွယ်နဲ့ သုံးဆယ်အရွယ်၊ သုံးဆယ်အရွယ်နဲ့ လေးဆယ်အရွယ်၊ လေးဆယ်အရွယ်နဲ့ ငါးဆယ်၊ ငါးဆယ်အရွယ်နဲ့ ခြောက်ဆယ်၊ အဲဒီကနေ အထက် ကြီးသွားလို့ ရုပ်တွေတူသလားလို့ဆိုတော့ မတူဘူး။

စိတ်ဆိုတာကတော့ ပိုပြီးတော့ လျှင်မြန်တယ်။ ရုပ်ခန္ဓာကိုယ်ကြီးတောင်မှပဲ အခြေအနေဟာ ပြောင်းလဲပြီးနေတာ ဖြစ်သောကြောင့် မမြဲဘူး။ နောက်ဆုံးမှာ မမြဲတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ပျက်စီးဆုံးရှုံးပြီး လူတွေရဲ့ အမြင်ကနေ ပျောက်ကွယ်သွားဦးမှာပဲ။ ဒီလိုရှုမြင်တဲ့ ရှုမြင်မှုမျိုးကို “အနိစ္စတော” လို့ ဆိုလိုတယ်။

နောက်ထပ် ဒီခန္ဓာကိုယ်ကြီး ရထားတာဟာ ချမ်းသာသလားလို့ မေးကြည့်လိုက်ရင် အမြဲတမ်း ဘယ်ချမ်းသာမလဲ။ ဆင်းရဲဒုက္ခတွေ ကြုံနေသည့်အတွက်ကြောင့် ခန္ဓာကိုယ်ကြီး ရထားတာဟာ ဆင်းရဲတယ်။ ဆင်းရဲတယ်ဆိုသည်မှာ ကိုယ့် [၃၉] ဘဝတစ်ခုကို အမြဲတမ်း နုပျိုနေတဲ့ အနေအထားမျိုး လုပ်လို့ မရတာကို ဆိုလိုတယ်။ အဲဒီ ဖြစ်မှုပျက်မှုတွေက ဒလစပ်ကပ်ပြီး နှိပ်စက်နေတာ ဖြစ်သောကြောင့် ဆင်းရဲတယ်လို့ ရှုတာလည်း “ဒုက္ခတော” ဆိုတဲ့ ရှုကွက်တစ်ခုပဲ။ အဲဒီတော့ ကိုယ့်ကိုကိုယ် အာရုံပြုပြီးတော့ မမြဲဘူးဆိုတာလည်း ကြည့်တတ်ဖို့၊ ဆင်းရဲတယ်ဆိုတာလည်း ကြည့်တတ်ဖို့ ဒီလိုကြည့်တတ်ပုံလေးတွေ ပြောခဲ့ပြီးပြီ။

## (၃) ရောဂတော

ဒီကနေ့ အပိုင်း(၂)မှာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ လာတဲ့အတိုင်း ဝိပဿနာဉာဏ် ရှုကွက်လေးဆယ်ထဲမယ် တတိယမြောက် ရှူကွက်က ဘာတုန်းဆိုတော့ “ပဉ္စက္ခန္ဓေ ရောဂတော ပဿန္တော အနုလောမိကံ ခန္တိ ပဋိလဘတိ” တဲ့။ ဘုန်းကြီးတို့တတွေ ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာကိုယ်ကြီးကို ဘယ်လိုမြင်ရမှာလဲ? ကျန်းမာတယ်လို့ မြင်ရမှာလား၊ ရောဂါကြီးလို့ မြင်ရမှာလားဆိုတာ ကြည့်ခိုင်းတာနော်။

ခန္ဓာကိုယ်ကြီးက တကယ် ကျန်းမာနေတာလား သို့မဟုတ် တကယ် ရောဂါတွေနဲ့လားလို့ဆိုရင် လောကမှာ ရောဂါမရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ ရှိမှမရှိတာ။ ရောဂါဆိုတာ ဘာကို ခေါ်တာတုန်းဆိုတော့ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာတွေက ရောဂါပဲ။ အခုခေတ် ပြောနေတဲ့ ရောဂါအမျိုးမျိုးတင် မဟုတ်ဘူး။

[၄၀] ခန္ဓာကိုယ်ကြီးရဲ့သဘာဝကိုက နာတတ်တယ်၊ ကျင်တတ်တယ်၊ ကိုက်တတ်တယ်၊ ခဲတတ်တယ်၊ ညောင်းညာတတ်တယ်။ ခန္ဓာကိုယ်ကြီး တစ်ခုလုံး ဘယ်နေရာပဲဖြစ်ဖြစ် နာလိုက်၊ အောင့်လိုက် ဒီလိုဖြစ်နေတဲ့အပြင် ရှေးတုန်းက အပြော (၉၆)ပါး ရောဂါဝေဒနာ ဒီကနေ့ခေတ်မှာ အလွန် များပြားလှတဲ့ ရောဂါဝေဒနာ ဆိုတာတွေလည်း ဘယ်မှာ ဖြစ်တာလဲလို့ စဉ်းစားကြည့်ရင် ဒီခန္ဓာကိုယ်ကြီးမှာပဲဖြစ်တာ။

ရုပ်မှာ ရောဂါတွေ ဖြစ်သလို၊ စိတ်မှာ ဖြစ်တာတွေကလည်း အများကြီးပဲ။ လောကလူတွေက ရောဂါလို့ဆိုတာ ရုပ်ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောဂါလောက်ပဲ ပြောကြတယ်။ စိတ်မှာဖြစ်တဲ့ ရောဂါတွေက နေ့စဉ်နဲ့အမျှ အများကြီး။

ရုပ်မှာဖြစ်တဲ့ ရောဂါတွေကျတော့ ခုခေတ်မှာ ကြောက်ခမန်းလိလိ AIDS တဲ့။ နောက်ပြီး ကင်ဆာရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စသည်ဖြင့် ရောဂါတွေ အများကြီးပဲ။ အဲဒါတွေက ဘယ်မှာဖြစ်တာတုန်း၊ ဘယ်မှာ ပေါ်တာတုန်းဆိုတော့ ခန္ဓာမှာပဲပေါ့။ ရုပ်ခန္ဓာကိုယ်ကြီးမှာပဲ ဖြစ်ပေါ်နေတာဆိုတော့ ရုပ်ခန္ဓာကိုယ်ကြီးကိုက ရောဂါကြီးပဲလို့ မြင်တတ်ဖို့ လိုတယ်ပေါ့။ ကိုယ်ရထားတဲ့ ခန္ဓာငါးပါးဟာ ရောဂါကြီးရထားတာပေါ့။

ဒါဖြင့် စိတ်မှာရော ရောဂါမရှိဘူးလားဆိုတော့ ရှိတာပေါ့။ အလိုမကျရင် ဒေါသဖြစ်တယ်၊ အလိုကျရင် လောဘဖြစ်တယ်၊ အမှန်မသိတဲ့ မောဟတွေဖြစ်တယ်၊ တစ်ဦးတစ်ယောက် ကိုယ့် [၄၁] ထက်သာသွားရင် မနာလိုဖြစ်တယ်၊ ငါလုပ်နိုင်တယ်ဆိုတဲ့ မာနတွေဖြစ်တယ်၊ မိမိကြီးပွားသလို သူတစ်ပါး မကြီးပွားစေချင်ဘူးဆိုတဲ့ မစ္ဆရိယတွေ ဖြစ်တယ်။ ဒါတွေဟာ စိတ်ရဲ့ ရောဂါတွေပဲလို့ ဆိုလိုတယ်။ ဒီ့ထက် ရောဂါကြီးလာရင်တော့ စိတ်အထူးကုဆေးရုံ သွားရမှာနော်။

အဲဒီတော့ ခန္ဓာကိုယ်ကို ကြည့်လိုက်ရင် ရောဂါ၊ စိတ်ကို ကြည့်လိုက်ရင်လည်း ရောဂါဆိုတော့ ခန္ဓာငါးပါးကြီးကို ဝိပဿနာအမြင်နဲ့ ဘယ်လိုရှုရမလဲဆိုတော့ “ဪ. . . ခန္ဓာကိုယ်ကြီးက အမြဲတမ်း နာကျင်နေတာ ဖြစ်သောကြောင့် တကယ့် ရောဂါကြီးပါလား” လို့ ရှုမြင်ဖို့ လိုအပ်တယ်ပေါ့။ အဲဒီတော့ ရောဂါဆိုတဲ့သဘောကို ထင်ရှားအောင် ဘယ်လိုနှလုံးသွင်းရမလဲ စဉ်းစားကြည့်။ ခန္ဓာကိုယ်ကြီးက ရောဂါဆိုတော့ ရောဂါလို့ မြင်အောင်ကြည့်။ ရောဂါ ဖြစ်လာပြီဆိုရင် ဘာလုပ်မလဲ? မတည့်တာတွေ ရှောင်ရတယ်၊ ဆေးမှန်မှန် သောက်ရတယ်၊ အနေအထိုင် ဆင်ခြင်ရတယ်။ ရောဂါဖြစ်လာတဲ့ ပုဂ္ဂိုလ်ဟာ ဒီအတိုင်းပဲ နေရတယ်။

ကျန်းမာပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ခန္ဓာကိုယ်ကြီးပဲ ကြည့်လိုက်ဦး။ သူ့အတွက်ဘာတွေ လုပ်နေရတုန်းလို့ မေးရင် စားစရာတွေ၊ ဝတ်စရာတွေ၊ နေစရာတွေနဲ့ ပံ့ပိုးပြီး ကျန်းမာအောင် လုပ်နေရတာပဲ။ ကဲ မစားဘဲနဲ့ နေကြည့်ပါလား၊ မဝတ်ဘဲ နေကြည့်ပါလား၊ ရာသီဥတုအေးနေပြီ အနွေးထည် မခြုံဘဲနဲ့ နေကြည့်ပါလား၊ ရာသီဥတု ပူနေပြီး အဝတ်နဲ့ အကာအကွယ်မလုပ်ဘဲ နေကြည့်ပါလား။ မရဘူးနော်။

[၄၂] အဲဒီတော့ ခန္ဓာကိုယ်ကြီးဆိုတာ စားစရာ၊ ဝတ်စရာ၊ နေစရာ၊ မကျန်းမာရင် ဆေးဝါးဆိုတာတွေနဲ့ အမြဲတမ်း ထိန်းမနေရပေဘူးလား။ ထိန်းနေရတာပဲလေ။ အေးပြီဆိုရင် နွေးတဲ့အဝတ်လေး ဝတ်ပေးရတယ်၊ ပူလာပြီဆိုရင် ယပ်လေလေးခတ်ပြီး နေရတယ်ပေါ့။ ပူလာရင် အေးအောင် လုပ်ရတယ်။ အေးနေရင်လည်း နွေးအောင်လုပ်ရတယ်။ ဆာရင်လည်း စားပေးရတယ်။ အစားလွန်သွားပြန်တော့လည်း အစာကြေဆေး သောက်ရပြန်တယ်။ အဲဒီလို ခန္ဓာကိုယ်ကြီးကို နေ့စဉ်နဲ့အမျှ မျှမျှတတဖြစ်အောင် ကြိုးစားအားထုတ်နေကြရတာ။ ဒါကြောင့် ရောဂါကြီးနဲ့ အလားသဏ္ဌာန်တူနေလို့ “ရောဂါ”လို့ မြင်ရမယ်။

အဲဒီလို ရှုမြင်မှ ခန္ဓာငါးပါးအပေါ်မှာ တွယ်တာမှုတွေ လျှော့ချနိုင်မှာ။ ဘုန်းကြီးတို့တတွေ သံသရာက ပါလာတဲ့ ခန္ဓာပေါ်မှာ တွယ်တာမှုဟာ အလွန်ကြီးမားပြီး အလွန်ကို စွဲနေတယ်။ လောကမှာ စွဲတဲ့ဆေးရောင် ဆိုးထားရင် အတော်နဲ့ ချွတ်လို့ရမှာ မဟုတ်သလိုပဲ လူတွေရဲ့ စိတ်ထဲမှာ စွဲလန်းနေတဲ့ အစွဲတရားဟာ ချွတ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်။

ဒီဘဝမှာတင် လူတိုင်း လူတိုင်းဟာ မိမိတို့ရထားတဲ့ ခန္ဓာကိုယ်ကြီး မလှလှရေး၊ မဝဝရေး နေ့စဉ်နဲ့အမျှ ထိန်းသိမ်းပြီးတော့ ပြုပြင်ပေးနေရတာပဲ။ မနက်မိုးလင်းတာနဲ့ Toilet အိမ်သာဝင်ရ၊ မျက်နှာသစ်ကြရ၊ သွားတိုက်ရ၊ ဝမ်းဖြည့်ကြရပေါ့။ အဲဒါတွေ မလုပ်ဘဲနေကြည့်ရင် ခန္ဓာကိုယ်ကြီးရဲ့ အနေအထား ဘယ်လိုဖြစ်သွားမလဲ စဉ်းစားကြည့်ပေါ့။

[၄၃] ဒါကြောင့် “ပစ္စယယာပနီယတာယ” အထောက်အကူတွေနဲ့ မျှတအောင် အသက်ရှည်အောင် ထိန်းကျောင်းပေးနေရတာ ဖြစ်တယ်တဲ့။ ရောဂါရှိတဲ့ ပုဂ္ဂိုလ်သည် သောက်နေရသလိုပဲ ခန္ဓာရရှိတဲ့ ပုဂ္ဂိုလ်သည် အမြဲတမ်း မှီဝဲနေကြရတယ်။ ဘာတွေ မှီဝဲရတာတုန်းဆိုရင် စားစရာတို့၊ ဝတ်စရာတို့၊ နေစရာတို့ပေါ့။ ဒါကြောင့် ခန္ဓာကိုယ်ကြီးကို ရောဂါနဲ့တူတယ်လို့ ဒီလိုရှုမြင်နိုင်အောင် ကြိုးစားပါတဲ့။ “ပဉ္စက္ခန္ဓေ- မိမိသန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးတို့ကို၊ ရောဂတော- အနာရောဂါဟူ၍၊ ပဿန္တော- ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ- မဂ်ဉာဏ်ကို ပေါင်းကူးပေးနိုင်တဲ့ မဂ်စိတ်နဲ့ လျော်ကန်သည့်အပြင် စွမ်းရည်ထက်မြက်တဲ့ ဝိပဿနာဉာဏ် “အနုလောမိကခန္တီဉာဏ်” ကို။ ပဋိလဘတိ- ရရှိနိုင်၏”။ အဲဒီလို ရှုပုံနဲ့ပဲ ဝိပဿနာဉာဏ်တွေ ထိပ်ထိအောင် ရောက်နိုင်တယ်လို့ ပြောတာနော်။

ခန္ဓာကြီးကို ရောဂါလို့ ရှုနိုင်တာနဲ့ပဲ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် တက်သွားနိုင်သောကြောင့် ဘုန်းကြီးတို့တတွေ ကိုယ့်ကိုကိုယ် တစ်နေ့တစ်ခါ စဉ်းစားပြီးတော့ ကြည့်ရမယ်။ “ငါ ရရှိထားတဲ့ ခန္ဓာငါးပါးက ရောဂါကြီးပဲ။ တို့တတွေ နေ့စဉ်နဲ့အမျှ စားလိုက်ရ၊ သောက်လိုက်ရနဲ့ နေ့စဉ် ပြုပြင်ထိန်းသိမ်းနေကြရပါလား” လို့ စဉ်းစားဆင်ခြင်ပြီး ကြည့်ကြရမယ်။

နောက်တစ်ခု ရောဂါလို့ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ကြီးကို ဘာလို့ရောဂါလို့ ပြောရတာတုန်းဆိုတော့ “ရောဂမူလတာယ စ”

[၄၄] ရောဂါဟူသမျှရဲ့ အခြေခံကြီးဖြစ်လို့ပဲတဲ့။ ရောဂါမှန်သမျှ ဘယ်မှာဖြစ်တာတုန်းဆိုရင် ခန္ဓာမှာ ဖြစ်တာ။ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေမှန်သမျှ ရုပ်ခန္ဓာကိုယ်ကြီးမှာ ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေမှန်သမျှ စိတ်မှာ ဖြစ်တယ်။

“ကာယိကရောဂါ” ကိုယ်မှာဖြစ်တဲ့ ရောဂါဆိုတာ (၉၆)ဖြာ ရောဂါဝေဒနာအပြင် ဒီကနေ့ ခေတ်ပေါ် ရောဂါတွေလည်းပါတယ်။ “စေတသိကရောဂါ” က စိတ်မှာ ဖြစ်တယ်။ အဲဒီရောဂါတွေ ဖြစ်ခြင်းရဲ့အကြောင်း၊ ဖြစ်ရမည့်နေရာ အခြေခံသည် ဘယ်သူလဲဆိုရင် ဟောဒီ ခန္ဓာငါးပါးကြီးပဲ ဖြစ်တယ်တဲ့။ ဒါကြောင့် ဘုန်းကြီးတို့တတွေမှာ ရှိတဲ့ ခန္ဓာငါးပါးသည် ရောဂါပဲ၊ ရောဂါဟူသမျှရဲ့ အခြေခံပဲလို့ ဒီရှုဒေါင့်နှစ်ခုကနေပြီး ဝိပဿနာဉာဏ်ဖြင့် ရှုမယ်ဆိုရင် ဝိပဿနာဉာဏ်တွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ “အနုလောမိကခန္တီဉာဏ်” ကို ရသွားတယ်။

အဲဒီဉာဏ် ရပြီးတဲ့အခါမှာ ခန္ဓာငါးပါးရှိနေသမျှ ရောဂါရှိနေတာပဲလို့ မြင်လာပြီဆိုရင်တော့ ခန္ဓာငါးပါး မရှိတာကို သဘောကျလာလိမ့်မယ်။ ဒါကြောင့် ခန္ဓာငါးပါး မရှိအောင် မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ သတိပဋ္ဌာန် ကျင့်စဉ်ကို ကျင့်ရမယ်။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ရမယ်။ သတိပဋ္ဌာန်ကျင့်စဉ်နဲ့ အတူတူပဲ။ မြတ်စွာဘုရားက ဟောတယ် နိဗ္ဗာန်ကို ဦးတည်တဲ့ တစ်ခုတည်းသော ဝိပဿနာအကျင့်ဟာ ဒီမဂ္ဂင်ရှစ်ပါးအကျင့်ပဲတဲ့။

[၄၅] ခန္ဓာငါးပါးကို ရောဂါလို့ ရှုမြင်သုံးသပ်နေခြင်းသည် ခန္ဓာပေါ်မှာ တွယ်တာတယ်ဆိုတဲ့ “တဏှာ”၊ ငါဆိုတဲ့အမြင် “ဒိဋ္ဌိ”၊ စွမ်းနိုင်တယ် တတ်နိုင်တယ်ဆိုတဲ့ “မာန” ဒါတွေကို ဖယ်ရှားဖို့အတွက် ဖြစ်တယ်ပေါ့။ တဏှာကိုလည်း ဖယ်လိုက်နိုင်ပြီ၊ ဒိဋ္ဌိကိုလည်း ဖယ်လိုက်နိုင်ပြီ၊ မာနကိုလည်း ဖယ်လိုက်နိုင်ပြီဆိုရင် ဟောဒီခန္ဓာငါးပါးကြီးဟာ ကိလေသာတွေ ကုန်သွားလို့ နောက်ထပ်တဖန် မဖြစ်နိုင်တော့ဘူး။ မဖြစ်နိုင်ရင် ခန္ဓာငါးပါးပေါ်မှာ တွယ်တာမှု ကင်းပြတ်လို့ ခန္ဓာငါးပါးကြီးဟာ ချုပ်ငြိမ်းသွားမှာပဲ။

ရောဂါရှိတဲ့ ပုဂ္ဂိုလ်သည် ရောဂါကြီးပျောက်မှုကို လိုလားတယ်။ ရောဂါသိထားတဲ့ ပုဂ္ဂိုလ်သည် ရောဂါပျောက်ချင်တယ်။ သွေးတိုးရောဂါရှိတဲ့ သူကလည်း သွေးတိုးရောဂါ ပျောက်ချင်တယ်။ ဆီးချိုရောဂါရှိတဲ့ ပုဂ္ဂိုလ်ကလည်း ဆီးချိုရောဂါ ပျောက်ချင်တယ်။ နှလုံးရောဂါရှိတဲ့ ပုဂ္ဂိုလ်ကလည်း နှလုံးရောဂါ ပျောက်ချင်တယ်။ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ရောဂါမှန်သမျှ လူတိုင်းဟာ ပျောက်ချင်ကြတယ်။

ခန္ဓာငါးပါးကြီးကို ရောဂါလို့ သိလိုက်တာနဲ့ တပြိုင်နက် ခန္ဓာငါးပါးကြီး မရှိမှ ဒီရောဂါတွေဟာ ပျောက်မယ်ဆိုပြီး ခန္ဓာငါးပါး မရှိတာကို လိုလားတဲ့သဘောတွေ ပေါ်လာနိုင်မယ်ပေါ့။ ခန္ဓာငါးပါးရှိနေတာက ရောဂါ၊ ခန္ဓာငါးပါး ချုပ်ငြိမ်းသွားတာက ကျန်းမာခြင်း၊ ခန္ဓာငါးပါး မရှိတော့မှ တကယ့် ကျန်းမာမှုဆိုတာ ဖြစ်တယ်။

[၄၆] အဲဒါကို ယောဂီပုဂ္ဂိုလ်အနေနဲ့ နားလည်သဘောပေါက်သွားတဲ့အခါ “ပဉ္စန္နံ ခန္ဓာနံ နိရောဓော- ခန္ဓာငါးပါး ချုပ်ငြိမ်းသွားမှုသည်၊ အာရောဂျံ- ကျန်းမာခြင်းပဲ။ အဲဒီ ကျန်းမာခြင်းသည်၊ နိဗ္ဗာနံ- တကယ့် နိဗ္ဗာန်အစစ်ပါပဲလို့၊ ပဿန္တော- ရှုမြင်မယ်ဆိုရင်၊ သမ္မတ္တနိယာမံ ဩက္ကမတိ- ခန္ဓာငါးပါးရဲ့ အပြစ်တွေကို မြင်လိုက်တာနဲ့ ခန္ဓာငါးပါး ချုပ်ရာ နိဗ္ဗာန်ဟာ တကယ့်ကျန်းမာမှုပဲလို့ နိဗ္ဗာန်ကို အာရုံပြုနိုင်လိုက်တာနဲ့ တပြိုင်နက် သမ္မတ္တနိယာမ လို့ ဆိုတဲ့ လုံးဝမှန်ကန်ပြီး ခိုင်မာတဲ့ မဂ်ဉာဏ်တစ်ခုကို ရရှိသွားနိုင်တယ်။

သာသနာတော်နဲ့ ကြုံတွေ့လာတဲ့အခါမှာ အခုလို အဆင့်မြင့်တဲ့ အသိဉာဏ်တွေရအောင် ကြိုးစားရမယ်။ အခုလို ကြားဖူးနားဝ ရသွားတာသည်ပင်လျှင် အဆင့်မြင့်တဲ့ အသိဉာဏ်လို့ မှတ်ထားရမယ်။ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဟောထားတယ်။ ဒီဘဝမှာ အခုလို မြတ်စွာဘုရားဟောထားတဲ့ တရားနဲ့ပတ်သက်ပြီး အဆင့်မြင့်တဲ့ အသိဉာဏ်တစ်ခု ရထားပြီဆိုရင် ဒီဘဝမှာ တစ်မဂ်တစ်ဖိုလ် မရရင် ဒုတိယဘဝ ကောင်းရာသုဂတိဖြစ်တဲ့ နတ်ဘုံကို ရောက်သွားရင် ထို နတ်ပြည်မှာရှိကြတဲ့ အရိယာနတ်သားတွေက တရားဟောတဲ့အခါမှာ ဒီအသိဉာဏ်လေးဟာ ပြန်ပေါ်လာနိုင်တယ်တဲ့။

“ဪ.. ခန္ဓာငါးပါးဆိုတာကို ရောဂါလို့ ရှုရမယ်” ဆိုတဲ့ အသိလေး ပြန်ပေါ်လာပြီးတော့ “ငါ လူ့ပြည်တုန်းက [၄၇] ဒါ ကြားခဲ့ဖူးပါတယ်”လို့ စဉ်းစားတာက နှေးနေဦးမယ်တဲ့။ ခန္ဓာငါးပါးကို ရောဂါကြီးပဲဆိုတဲ့ အသိကို ချက်ချင်းကြီး သိသွားပြီးတော့ ခန္ဓာငါးပါးလုံး ချုပ်ငြိမ်းသွားတာမှ ရောဂါပျောက်တဲ့ နိဗ္ဗာန်ပဲ”လို့ မြင်လိုက်တာနဲ့ မဂ်ဖိုလ်ကို ရသွားနိုင်တယ်တဲ့။

ဒါကြောင့် ကိုယ့်သန္တာန်မှာဖြစ်တဲ့ အသိဉာဏ်လေးတစ်ခုကို တန်ဖိုးထားတတ်ဖို့ လိုအပ်တယ်ပေါ့။ တန်ဖိုးမထားရင် ဒီအသိက အလကားအသိပဲလို့ ထင်ကောင်း ထင်လိမ့်မယ်။ မဟုတ်ဘူးနော်။ ဒီအသိက သံသရာမှာ အကျိုးအရှိဆုံး အသိဖြစ်တယ်လို့ မှတ်ဖို့လိုအပ်တယ်။

အေး ဒါကြောင့်မို့ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ပဉ္စန္နံ ခန္ဓာနံ နိရောဓော- ခန္ဓာငါးပါးတို့ရဲ့ အပြီးသတ် ချုပ်ငြိမ်းမှုဟာ၊ အာရောဂျံ- တကယ့် ရောဂါကင်းသွားတဲ့ အခြေအနေပဲ။ အဲဒီ တကယ့် ရောဂါကင်းသွားတဲ့ အခြေအနေဟာ နိဗ္ဗာနံ- နိဗ္ဗာန်ပဲလို့၊ ပဿန္တော- ရှုမြင်နိုင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ သမ္မတ္တနိယာမံ- လုံးဝမှန်ကန်တဲ့ မဂ္ဂနိယာမတရားသို့၊ ဩက္ကမတိ- ဝင်ရောက်သွားနိုင်၏လို့ ဆိုထားတာဖြစ်တယ်။

(၄) ဂဏ္ဍတော

ကဲ နောက်တစ်ခု စဉ်းစားကြရအောင်။ ခန္ဓာငါးပါးကို ရောဂါလို့ရှုတဲ့ ပုဂ္ဂိုလ်ရှိသလို တခြားနည်းနဲ့ရော ရှုလို့မရဘူးလားဆိုတော့ ရှုလို့ရတယ်။ “ပဉ္စက္ခန္ဓေ ဂဏ္ဍတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ၊ ပဉ္စက္ခန္ဓေ- မိမိတို့ [၄၈] သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးကို၊ ဂဏ္ဍတော- ခန္ဓာကိုယ်မှာ ပေါက်နေတဲ့ အိုင်းအမာကြီးဟူ၍၊ ပဿန္တော- ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တဲ့ ပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ- အနုလောမိကခန္တီဉာဏ်ကို၊ ပဋိလဘတိ- ရနိုင်၏တဲ့။

လူတွေရဲ့သန္တာန်မှာ တစ်ခါတစ်ခါ ဖူးရောင်ပြီး ပဒူနာတို့လို အပေါက်တွေနဲ့ ပြည်တစ်စက်စက် ယိုထွက်နေတဲ့ ရောဂါမျိုးဖြစ်တတ်တယ်။ “အနာ့ပဆုတ် ကျောလုံးပုပ်” ဆိုတဲ့ ရောဂါမျိုးပေါ့။ ဖူးရောင်ပြီးတော့ ပြည်တစိုစိုနဲ့ အမြစ်တွယ်တတ်တဲ့ ရောဂါမျိုး ဖြစ်တယ်။ အဲဒါမျိုးကို အိုင်းအမာလို့ ခေါ်တယ်။ အဲဒီ အိုင်းအမာနဲ့ ခန္ဓာငါးပါးဟာ တူတယ်လို့ ရှုမြင်သုံးသပ်ဖို့ ဖြစ်တယ်။

ထို အိုင်းအမာကို “ဂဏ္ဍ”လို့ခေါ်တယ်။ အလုံးပေါ်လာပြီး ထိုအလုံးထဲက ပြည်တွေ တစိုစိုနဲ့ ထွက်လာလို့ အိုင်းအမာ ရောဂါကြီးလို့ ပြောတာ။ အင်မတန်မှ ရွံစရာ ကောင်းတယ်ပေါ့။ အိုင်းအမာရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် “ဒုက္ခတာ သလ္လယောဂိတာယ” တဲ့။ ဒီ အိုင်းအမာကြီး ရှိနေသည့်အတွက်ကြောင့် ဆင်းရဲနေတာ။ အနာနားပတ်ဝန်းကျင် အထိမခံဘူး။ ထိလိုက်တာနဲ့ သွေးတွေ ထွက်လာတယ်။

အဲဒီလို အနာကြီးပေါက်လာရင် ပထမ အခြေအနေတစ်ခုက ဆင်းရဲဒုက္ခဆိုတဲ့ ငြောင့်ကြီး စူးနေသလိုပဲ အမြဲတမ်း နာနေတယ်။ အနာပေါက်ဖူးတဲ့ ပုဂ္ဂိုလ်တွေ သိလိမ့်မယ်။ ခန္ဓာကိုယ် အမြဲတမ်း နာနေမယ်။ ကိုယ့်ခန္ဓာကိုယ်ကြီးကို [၄၉] ကြည့်လိုက်မယ်ဆိုရင် အိုင်းအမာကြီးလိုပဲတဲ့။ ဟိုနားက နာလိုက်၊ ဒီနားက နာလိုက်၊ ဗိုက်ထဲက နာလိုက်၊ ခေါင်းက နာလိုက်၊ ကျောက နာလိုက်နဲ့ပေါ့။ ကြာကြာထိုင်ရင် ဒူးထဲက နာလိုက်၊ တင်ပါးထဲက နာလိုက်နဲ့ နာမှုတွေ အမြဲမပြတ် ဖြစ်နေတော့ နာတတ်တဲ့ အိုင်းအမာကြီးနဲ့ ခန္ဓာငါးပါးဟာ အတူတူပဲတဲ့။ ဒါကြောင့် “ခန္ဓာငါးပါးကို အိုင်းအမာကြီး”လို့ ရှုမြင်သုံးသပ်လို့ ရတယ်ပေါ့။

နောက်တစ်ခုက ဘာတုန်းဆိုရင် “ကိလေသာသုစိ ပဂ္ဃရဏတာယ” တဲ့။ အိုင်းအမာကြီးကို ကြည့်လိုက်မယ်ဆိုရင် သွေးပုပ်တွေ၊ ပြည်ပုပ်တွေ ထွက်တယ်။ အဲဒီ အနာကြီးက သွေးပုပ် ပြည်ပုပ်တွေ ထွက်သလိုပဲ ခန္ဓာကိုယ်ကြီးကလည်း မထွက်ဘူးလား။ ကိုးပေါက်ဒွါရ အမာဝက အပုပ်အစပ်တွေ အမြဲထွက်နေတာပဲနော်။ ခန္ဓာကိုယ်ကြီးကို သေချာဆင်ခြင် ကြည့်လိုက်ရင် အညစ်အကြေးတွေက အမြဲတမ်း ထွက်နေတယ်။ မျက်စိက မျက်ချေးထွက်တယ်။ နားက နားချေးထွက်တယ်။ ပါးစပ်က တံတွေးတွေ ထွက်တယ်။ ခန္ဓာကိုယ်က အခုလို ထွက်လာသမျှတွေက အညစ်အကြေးတွေချည်းပဲတဲ့။

နောက်တစ်ဖက်က ခန္ဓာကိုယ်ထဲ ကြည့်လိုက်မယ်ဆိုရင် ဘာတွေထွက်လာတုန်းဆိုရင် ... ကောင်းတာလေးတွေ့ရင် လောဘဆိုတဲ့အညစ်အကြေးက ထွက်လာတယ်။ နှလုံးသွင်းမှု မမှန်မကန်တဲ့အခါမှာ ကိုယ်မကြိုက်တဲ့အရာတွေ့ရင် ဒေါသ ဆိုတဲ့ အညစ်အကြေးက ထွက်လာတယ်။ မာနဆိုတဲ့ အညစ် [၅၀] အကြေးတွေကလည်း ထွက်လာတယ်။ ဣဿာဆိုတဲ့ အညစ်အကြေးတွေလည်း ထွက်လာတယ်ပေါ့။

ခန္ဓာကိုယ်က ထွက်လာတာဟာ ရုပ်ပိုင်းဆိုင်ရာက ကြည့်ကြည့်၊ စိတ်ပိုင်းဆိုင်ရာက ကြည့်ကြည့် ကောင်းတဲ့အရာ တစ်ခုမှမထွက်ဘူး။ အနာကြီးက ပြည်ပုပ်သွေးပုပ်တွေ ထွက်နေသလိုပဲ ခန္ဓာကိုယ်ကလည်း ရွံစရာကောင်းတဲ့ အညစ်အကြေးတွေ ကိလေသာ အညစ်အကြေးတွေသာ ထွက်တာဖြစ်လို့ ခန္ဓာကိုယ်ကြီးက အိုင်းအမာကြီးနဲ့ တူတယ်လို့ ပြောတာ။ ကိုယ်ဉာဏ်ရှိသလို ချဲ့ပြီးတော့ကြည့်ပေါ့။

နောက်တစ်ခုက “ဥပ္ပါဒ ဇရာ ဘင်္ဂေဟိ ဥဒ္ဓုမာတ ပရိပက္က ပဘိန္နာယ” တဲ့။ ခန္ဓာကိုယ်ကြီး ကြည့်လိုက်ရင် ဘာတွေ ဖြစ်လာတတ်သေးတုန်းဆိုတော့ “ဇရာ” တဲ့။ ရုပ်ခန္ဓာကိုယ်ကြီးမှာ အိုမင်းလာတယ်။ နာမ်မှာလည်း ဇရာရှိပေမယ့် မထင်ရှားဘူး။ ရုပ်ခန္ဓာကိုယ်ကြီးရဲ့ ဇရာတရားကတော့ ထင်ရှားတယ်။ “ဗျာဓိ” ဖျားနာခြင်းဆိုတာ ဖြစ်လာတယ်။ “မရဏ” သေဆုံးခြင်းဆိုတာ ဖြစ်လာတယ်။ အဲဒီ ဆင်းရဲဒုက္ခတွေဟာ ခန္ဓာကိုယ်ကြီးမှာ ဖြစ်လာတတ်တယ်တဲ့။ ခန္ဓာကိုယ်ကြီးသည် ဇရာကြောင့် တဖြည်းဖြည်း ရင့်ရော်လာတယ်။ ဗျာဓိကြောင့် မရဏကြောင့် နောက်ဆုံးမှာ ပေါက်ကွဲပျက်စီးသွားတဲ့ သဘောမျိုးရှိတာပဲ။

အိုင်းအမာကြီးက ပထမ ဘုကြီး ပေါ်လာတယ်။ နောက်တော့ ဖူးဖူးရောင်ရောင်လာပြီး အနာကြီးက မှည့်လာတယ်။

[၅၁] မှည့်လာပြီးတော့ ပေါက်သွားတယ်။ ဘယ်အချိန်ပဲ ကြည့်ကြည့် စပေါ်လာတဲ့အချိန်၊ မှည့်လာတဲ့ အချိန်၊ ပေါက်သွားတဲ့အချိန် အားလုံးဟာ တကယ့်ကို ရွံစရာကောင်းသလို ဟောဒီ ခန္ဓာကိုယ်ကြီးကလည်း အိုမင်းလာပြီဆိုရင် ရောင်လာတာနဲ့ အတူတူပဲ။ ဗျာဓိဖြစ်လာပြီဆိုရင် ရင့်သွားတာနဲ့ အတူတူပဲ။ မရဏ ဖြစ်လာပြီဆိုရင် ပေါက်ကွဲသွားတာနဲ့ အတူတူပဲတဲ့။

ဒါကြောင့် ဟောဒီခန္ဓာကိုယ်ကြီးက တကယ့်ကို “ဂဏ္ဍ” ဆိုတဲ့ အိုင်းအမာကြီးနဲ့ တူပါပေတယ်လို့ ပြောတာ။ ခန္ဓာကိုယ်ပေါ်မှာ သံယောဇဉ်ဆိုတဲ့ တွယ်တာမှုတွေ ကင်းဝေးသွားအောင် ယခုလို ဝိပဿနာဉာဏ်နဲ့ ရှုမြင်သုံးသပ်နိုင်ရမယ်တဲ့။ အဲဒီလို ခန္ဓာကိုယ်ကြီးကို အိုင်းအမာကြီးနဲ့ တူတယ်လို့ ရှုနိုင်တဲ့ ယောဂီပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်တွေထဲမှာ အဆင့်မြင့်တဲ့ အနုလောမိကခန္တီဉာဏ်ဆိုတာကို ရတယ်တဲ့။

အနာရောဂါကြီးဆိုတာ ဘယ်သူမှကြိုက်တာ မဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးက အိုင်းအမာကြီးနဲ့ တူတယ်ဆိုတော့ ခန္ဓာငါးပါး မရှိတော့ဘူးဆိုရင် အိုင်းအမာကြီး ပျောက်ကင်းသွားတာနဲ့ အတူတူပဲပေါ့။ ဒါ့ကြောင့်မို့ “ပဉ္စန္နံ ခန္ဓာနံ နိရောဓော အကြောင်းတရားတွေ ပျက်သွားလို့ ခန္ဓာပေါ်မှာ တွယ်တာမှုတွေ ရပ်သွားလို့ ခန္ဓာငါးပါး ချုပ်သွားတယ်ဆိုတဲ့ အနေအထားတစ်ခုဟာ “အဂဏ္ဍ” အိုင်းအမာကြီး ပျောက်သွားတာနဲ့ တူတယ်တဲ့။

[၅၂] ဟုတ်တယ် အနာကြီးရှိတုန်းက ဒုက္ခတွေခံရတယ်။ အနာပျောက်သွားတဲ့အခါမှာ ချမ်းသာသွားတာ။ အဲဒါလိုပဲ ခန္ဓာကြီး ရှိနေတုန်းက ဒုက္ခတွေရောက်တယ်။ ခန္ဓာပျောက်သွားတဲ့အခါကျတော့ ဒုက္ခဆိုတာမရှိတော့ဘူး။ “ပဉ္စန္နံ ခန္ဓာနံ- ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော- ချုပ်ငြိမ်းသွားမှုဟာ၊ အဂဏ္ဍီ- အိုင်းအမာကြီး မရှိတော့တဲ့၊ နိဗ္ဗာနန္တိ- နိဗ္ဗာန်ပဲလို့၊ ပဿန္တော- ရှုမြင်လာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ၊ သမ္မတ္တနိယာမံ- အရိယာမဂ်လို့ဆိုတဲ့ သမ္မတ္တနိယာမ တရားသို့၊ ဩက္ကမတိ- ဝင်ရောက်သွားနိုင်၏” မဂ်စိတ် ဖြစ်လာနိုင်တယ်လို့ ဆိုလိုတာ။

အေး ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ ကိုယ့်သန္တာန်မှာ ရှိတဲ့ ခန္ဓာတွေပေါ်မှာ တွယ်တာမှုဆိုတာ ပျောက်ကင်းသွားအောင် ရှုဖို့လိုအပ်တယ်။ အဲဒီလို ရှုလိုက်လို့ တစ်ခဏလေး သိလိုက်တဲ့ အသိဟာ ခုတင်ကပြောသလိုပဲ သံသရာမှာ တန်ဖိုးအရှိဆုံး အသိတစ်ခုဖြစ်လို့ ဘုရားနဲ့တွေ့၍ ဖြစ်စေ၊ ပစ္စေကဗုဒ္ဓတွေနဲ့ တွေ့၍ဖြစ်စေ၊ တရားနာလိုက်ရပြီဆိုရင် အခုသိတဲ့ အသိလေးက အထောက်အကူပြုပြီး လျင်လျင်မြန်မြန် တရားထူးတရားမြတ်ကို ရစေနိုင်တယ်။

(၅) သလ္လတော

ကဲ နောက်တစ်ခုကို ကြည့်ကြဦးစို့။ ရှုကွက်လေးဆယ်ထဲက နံပါတ်(၅)ပေါ့။ ဝိပဿနာ ဘယ်လိုရှူမလဲဆိုရင် ခန္ဓာ [၅၃] ငါးပါးနဲ့ ဆက်စပ်ပြီးတော့ ရှုကြရမှာ ဖြစ်တယ်။ ဒါကြောင့် “ပဉ္စက္ခန္ဓေ- ခန္ဓာငါးပါးတို့ကို၊ သလ္လတော- မြားကြောင့်အနေ အားဖြင့်၊ ပဿန္တော- ရှုမြင်နိုင်တဲ့ ပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ- အနုလောမိက ခန္တီဉာဏ်ကို၊ ပဋိလဘတိ- ရနိုင်၏” တဲ့။ ခန္ဓာငါးပါးကြီးကို မိမိသန္တာန်မှာ စူးဝင်နေတဲ့ မြားကြောင့် ကြီးလို့ ရှုရမယ်တဲ့။

“သလ္လ”ဆိုတာ မြားငြောင့်လို့ပြောတာ။ ရှေးတုန်းက တော့ လူတစ်ဦးတစ်ယောက်ကို အဝေးကနေ မြားနဲ့ပစ်တာ။ အဲဒီ မြားတံကြီး စူးဝင်နေရင် ဘယ်လောက် အခံရခက်မလဲ စဉ်းစားကြည့်ပေါ့။ ဆူးလေး စူးတာတောင်မှ အင်မတန် အခံရခက် တယ်။ မြားကြီး စူးနေတယ်ဆိုတာ ဆွဲနှုတ်လို့လည်း မရဘူး။ ငါးမျှားချိတ်လိုပဲ၊ ဆွဲနှုတ်ရင် ပိုဆိုးသွားတယ်။ ပိုနာတယ်။ ခန္ဓာငါးပါးကြီးဟာလည်း လူတွေရဲ့ သန္တာန်မှာ စူးဝင်နေတဲ့ မြားတံကြီးလိုပဲ အင်မတန်မှ ခံရခက်တဲ့အရာတစ်ခု ဖြစ်တယ်လို့ ဝိပဿနာဉာဏ်နဲ့ ရှုမြင်ရမယ်တဲ့။

ခန္ဓာငါးပါးကို မြားစူးနေတယ်လို့ ဘာကြောင့် ရှုခိုင်းတာ လဲ၊ ခန္ဓာငါးပါးက မြားစူးနေတာနဲ့ ဘယ်လိုတူလဲဆိုရင် ခန္ဓာရှိရင် အမြဲနာအောင် နှိပ်စက်နေလို့ ဖြစ်တယ်။ ဆူးလေး စူးတာတောင် နာနေတယ်လေ။ မျက်တတ် မျက်တတ်နဲ့ ဒီဆူးလေး မထွက်မချင်း နာနေတာ။ မြားတံကြီး စူးထားတယ် ဆိုရင် ပိုဆိုးတာပေါ့။ အိပ်မရအောင် နေလို့မရအောင် ထိုင်လို့ မရအောင် နာနေမှာပဲ။

[၅၄] ဒါကြောင့်မို့ ပီဠာ ဇနက တာယ နှိပ်စက်ညှဉ်းပန်းမှု၊ နာကျင်မှုကို ဖြစ်စေတယ်။ ခန္ဓာငါးပါးကအမြဲတမ်း နာကျင်မှုကို ပေးနေတာဖြစ်သောကြောင့် မြားကြီးနဲ့ အလားတူတယ်။ မြားသည် စူးဝင်နေတဲ့ ပုဂ္ဂိုလ်ကို အမြဲတမ်း ဒုက္ခပေးနေသလို ခန္ဓာငါးပါးကလည်း ခန္ဓာရရှိထားတဲ့ ပုဂ္ဂိုလ်ကို အမြဲတမ်း ဒုက္ခပေးနေတယ်တဲ့။ ဒါကြောင့် ပီဠာ ဇနက တာယ နှိပ်စက် နာကျင်မှုကို ဖြစ်စေတတ်သောကြောင့် ခန္ဓာငါးပါးဟာ စူးဝင်နေတဲ့ မြားကြီးနဲ့တူတယ်လို့ ဆိုလိုတာ။

နောက်တစ်ခုက “အန္တော တုဒန တာယ” တဲ့။ မြား ဆိုတာ အတွင်းထဲ စူးဝင်နေတာ။ ခန္ဓာငါးပါးကြီးကလည်း ကိုယ့်သန္တာန်မှာ ဖြစ်တာ ဖြစ်သောကြောင့် နှုတ်ပစ်ဖို့ အင်မတန် ခက်တယ်။ ခန္ဓာငါးပါးကြီးကို ဖယ်ပစ်ဖို့ အင်မတန်မှခက်တယ်။ မြားကြီး အတွင်းထဲမှာ စူးဝင်နေသလိုပဲ လူတွေရဲ့ သန္တာန်မှာ ဒီခန္ဓာငါးပါးကြီး ရှိနေတာဆိုတော့ အတွင်းထဲမှာ ထိုးဝင် နေသလို ဖြစ်တယ်တဲ့။

နောက်တစ်ခုက “ဒုန္နီဟရဏီယတာယ” တဲ့။ မြားစူးဝင်သွားရင် ဆွဲနှုတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဆွဲနှုတ်ရင် စုတ်ပြဲပြီး ခံနိုင်မှာ မဟုတ်ဘူး။ မြားစူးသွားရင် ဘာလုပ်ရမလဲ ဆိုတော့ ခွဲစိတ်ရတယ်ပေါ့။ ရှေးခေတ်က ခုခေတ်လို မနာတဲ့ ထုံဆေးတို့၊ မေ့ဆေးတို့နဲ့ ခွဲတာမဟုတ်ဘူး။ မြားတံ စူးဝင်သွား တဲ့ ပုဂ္ဂိုလ်ရဲ့ ဒုက္ခကို စဉ်းစားကြည့်ပေါ့။ ဒီမြားတံ စူးနေရင် လူဟာ ခံရောပဲ။ အဲဒီ မြားကြီးကို ဆွဲနှုတ်တဲ့ အချိန်မှာလည်းပဲ [၅၅] အလွန် ဒုက္ခရောက်တယ်။ နှုတ်ဖို့လည်း အင်မတန်မှ ခက်တယ် တဲ့။ ဒါကြောင့် “ဒုန္နီ ဟရဏီယ တာယ ဆွဲနှုတ်ဖို့ အလွန်ခက် ခဲသလို ခန္ဓာကြီးကိုလည်း ဖယ်ရှားဖို့ တော်တော်ခက်တယ်”တဲ့။ မလိုချင်ဘူးဆိုလို့ မရဘူး။

လောကသတ္တဝါတွေ ရရှိနေတဲ့ ခန္ဓာကိုယ်ဟာ မလိုချင် လည်း ခန္ဓာကိုယ်ကို ရနေမှာပဲ။ နွားဖြစ်ရင်လည်း နွားခန္ဓာ၊ ခွေးဖြစ်ရင်လည်း ခွေးခန္ဓာ၊ ကြက်ဖြစ်ရင်လည်း ကြက်ခန္ဓာ လိုချင်ကြမှာ မဟုတ်ဘူး။ ကြက်တွေရဲ့ ခန္ဓာကိုယ်ဆို ဘယ် လောက် သနားစရာကောင်းလဲနော်။ အားလုံးမြင်ဖူးကြမှာပေါ့။ ကြက်ရဲ့ ခြေထောက်တွေကို ကြိုးနဲ့စုချည်ပြီး မော်တော် ဆိုင်ကယ် နောက်ကနေ ဆွဲသွားတာတို့၊ စက်ဘီးနောက်က တင်သွားတာတို့ ဘယ်လောက် ဒုက္ခရောက်မလဲဆိုတာ စဉ်းစားကြည့်ပေါ့။ အဲဒီဒုက္ခတွေဟာ ဘယ်သူကပေးတဲ့ဒုက္ခလဲ ဆိုရင် ခန္ဓာကပေးနေတဲ့ ဒုက္ခတွေပဲ။ ခန္ဓာရနေလို့ ဒီဒုက္ခ ခံရတာ။

ဝက်တွေ၊ ကြက်တွေ ဘယ်လောက် ဒုက္ခရောက်လဲ။ သူတို့ ဒုက္ခရောက်သလို လူတွေရဲ့ ခန္ဓာကိုယ်ရော ဒုက္ခမရောက် ဘူးလားဆိုတော့ ရောက်တာပဲ။ ခန္ဓာရှိတဲ့ ပုဂ္ဂိုလ်သည် ဘယ် လောက်ချမ်းသာတဲ့ ပုဂ္ဂိုလ်ဖြစ်ဖြစ် တော်ကြာရောဂါဖြစ်လို့၊ ဆေးကုရလို့နဲ့ဆိုပြီး ရှာလို့မလောက်နိုင်အောင် ပိုက်ဆံရော၊ ပစ္စည်းရော ဆေးကုတာနဲ့ ကုန်ရတာပဲပေါ့။

[၅၆] ထို့ကြောင့် ခန္ဓာငါးပါးသည် စူးဝင်နေတဲ့ မြားတံကြီးနဲ့ တူတယ်တဲ့။ “မြားတံကြီးက အမြဲတမ်း နှိပ်စက်ညှဉ်းပန်း နေတယ်။ အတွင်းထဲ ဝင်နေတယ်။ ဆွဲထုတ်ဖို့ ခက်ခဲတယ်။ ခန္ဓာငါးပါးသည်လည်းပဲ အမြဲတမ်း ဒုက္ခတွေပေးနေတယ်။ သတ္တဝါတွေရဲ့ သန္တာန်ဆိုတဲ့ အတွင်းထဲမှာ ရောက်နေတယ်။ ခန္ဓာငါးပါးကြီးကို မလိုချင်လို့ ဆွဲထုတ်ဖယ်ရှားဖို့ အင်မတန်မှ ခဲယဉ်းတယ်”လို့ ရှုမြင်ဖို့ရာ ဒီရှုကွက်ကို ပေးတာဖြစ်တယ်။

တို့ ရထားတဲ့ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ ဆိုတဲ့ ခန္ဓာငါးပါးသည် တကယ့် မြားတံကြီးပဲလို့ ဒီလို ဝိပဿနာဉာဏ်နဲ့ ရှုလိုက်ရင် အဆင့်မြင့်တဲ့ အနုလောမိကခန္တီဆိုတဲ့ မဂ်ဖိုလ်ထိအောင် ပို့ဆောင်ပေးနိုင်တဲ့ ဝိပဿနာဉာဏ်မျိုးကို ရရှိသွားနိုင်တယ်။ ခန္ဓာကိုယ်ကြီးကို စူးဝင်နေတဲ့ မြားတံကြီးလို့ ရှုမြင်လာနိုင်တဲ့ ပုဂ္ဂိုလ်သည် တစ်ဖက်ကနေ ကြည့်မယ်ဆိုရင် “ပဉ္စန္နံ ခန္ဓာနံ နိရောဓော” အဲဒီ ခန္ဓာငါးပါး လုံးဝ ချုပ်ငြိမ်း သွားရင် သူ့စိတ်ထဲမှာ ဘာဖြစ်လာတုန်းဆိုတော့ “ဝိသညံ့ နိဗ္ဗာနန္တိ ပဿန္တော” မြားတံမရှိတော့တာ နိဗ္ဗာန်ကြီးပဲတဲ့။

“ခန္ဓာငါးပါး ကင်းသွားခြင်းသည် မြားတံကြီး ကင်းသွား တာနဲ့ အတူတူပဲ။ ခန္ဓာငါးပါး ချုပ်ငြိမ်းသွားခြင်းသည် မြားတံ ကြီးမရှိတာနဲ့ တူခြင်းကြောင့် ခန္ဓာမရှိတာဟာ နိဗ္ဗာန်ပဲ”လို့ ရှုမြင်နိုင်တဲ့ပုဂ္ဂိုလ်သည်။ သမ္မတ္တနိယာမံ ဩက္ကမတိ နိဗ္ဗာန်ကို မြင်ရပြီး နောက်ဆုံးမှာ လုံးဝပြောင်းလဲမှုမရှိတဲ့ သမ္မတ္တနိယာမ မှန်ကန်ပြီးတော့ ခိုင်မာတဲ့မဂ်ဉာဏ်တစ်ခုကို ရရှိသွားတယ်လို့ ဆိုလိုတာ။

[၅၇] အခု ဒီရှုကွက်က ပေးတာက လူတိုင်းလူတိုင်း ကိုယ့်ခန္ဓာ ကိုယ်ကို ဆင်ခြင်စဉ်းစားဖို့ ပေးတာနော်။ ကိုယ့်ခန္ဓာကိုယ်ပေါ် မှာ သဘောကျမနေနဲ့။ ဒီလို ဒုက္ခတွေရှိတယ်ဆိုတာ မြင်ဖို့လို တယ်။ ခန္ဓာငါးပါး မရှိတာ ပိုကောင်းတယ်ဆိုတာ သိရှိလာဖို့ အတွက် ဒီရှုကွက်လေးဆယ်ကို မြတ်စွာဘုရားက ဟောကြား တာဖြစ်တယ်။

ဒီအသိဉာဏ်တွေ ရမှသာလျှင် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ မြော်မှန်းတဲ့ နိဗ္ဗာန်ချမ်းသာဆိုတာ ရလာမှာ ဖြစ်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ “နိဗ္ဗာန်ချမ်းသာကို ရရပါလို ၏”လို့ ဆိုနေရုံနဲ့တော့ နိဗ္ဗာန်ချမ်းသာဟာ ရလာမှာ မဟုတ် ဘူးတဲ့။ အခုလို လက်တွေ့ ရှုမြင်သုံးသပ်ခြင်းသည် နိဗ္ဗာန်ချမ်းသာရဖို့ရာအတွက် လမ်းကြောင်းပေါ်ရောက်နေခြင်း ဖြစ်တယ်လို့ မှတ်ရမယ်ပေါ့။ ဒါက ရှုကွက်တစ်ခုအနေနဲ့ ပေးတာ။

(၆) = အဃတော

နောက်တစ်ခုက “အယတော- မကောင်းမှုကို ပြုလုပ် စေတတ်သည့် ဆင်းရဲဒုက္ခ အနေအားဖြင့်” ရှုရမယ်တဲ့။ “ပဉ္စက္ခန္ဓေ အဃတော ပဿန္တော အနုလာမိကံ ခန္တီ ပဋိလဘတိ- ခန္ဓာငါးပါးကို ဆင်းရဲဒုက္ခအနေအားဖြင့် ရှုရင် အနုလောမ ခန္တီဉာဏ်ကို ရနိုင်တယ်တဲ့။ ဒီနေရာမှာ “အဃတော” ဆိုတာ ဆင်းရဲဒုက္ခလို့ ရှုတယ်ဆိုရင် “ဒုက္ခတော”

[၅၈] နဲ့ တူမနေဘူးလားလို့ မေးစရာရှိတယ်၊ မတူပါဘူး၊ ဒုက္ခတော ဆင်းရဲဒုက္ခအားဖြင့် ရှုတယ်ဆိုတာ မမြဲတဲ့ ရှုဒေါင့်မှမြင်တဲ့ အမြင်ဖြစ်တယ်၊ အယတော- ဆိုတာက ဆုတ်ယုတ်မှုကို ဖြစ်စေတတ်တဲ့ ဆင်းရဲဒုက္ခမျိုးကို ဆိုလိုတာဖြစ်တယ်။ ဒါ့ကြောင့် မတူဘူး။

အေး-ဒီခန္ဓာ ၅-ပါးဟာ“ဝိဂရဟဏီယတာယ” ရှုတ်ချ ထိုက်သောအရာမျိုးဖြစ်တယ်။ “အဝုနိုအာဝဟနတာယ” ဆုတ်ယုတ်ပျက်ပြားမှု ဖြစ်စေတတ်တယ်၊ အဃဝတ္ထုတာယ ခန္ဓာ ၅-ပါးကို အကြောင်းပြုပြီး အကုသိုလ်မှုတွေ ပြုကြတယ်၊ အကုသိုလ်က အကျိုးဆုတ်ယုတ်စေတယ်လို့ ဆိုလိုတယ်။ ဒါ့ကြောင့် ခန္ဓာ ၅-ပါးကို မကောင်းမှု ပြုလုပ်စေတတ်တဲ့ ဆင်းရဲဒုက္ခအနေအားဖြင့် ရှုခြင်းဖြစ်တယ်။

ခန္ဓာ ၅-ပါး “အယ”လို့ ရှုမြင်ခြင်းဖြင့်လည်း ဝိပဿနာဉာဏ်အဆင့်ဆင့်ဖြစ်လာပြီး အနုလောမ ခန္တီဉာဏ်ကို ရနိုင် တာ ဖြစ်တယ်။

“ပဉ္စမ္မံ ခန္ဓာနံ နိရောဓော အနဃော နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ ဩက္ကမတိ” ဆိုတာ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး အနုလောမခန္တီဉာဏ်မှ တစ်ဆင့် မဂ်ဉာဏ် ဖြစ်ပေါ်လာပုံကို ပြတဲ့စကားဖြစ်တယ်။

ခန္ဓာ ၅-ပါးကို “အယ” လို့ ရှုမြင်ရင် ခန္ဓာချုပ်ငြိမ်းခြင်းကို “အနဃ-(အယကင်းရာ) နိဗ္ဗာန်ပဲ ရှုမြင်ရင်း သမ္မတ္တနိယာမ ဆိုတဲ့ မဂ်ဉာဏ်ကို ရရှိလိုက်တာ ဖြစ်တယ်။

[၅၉] (၇) အာဗာဓတော

နောက် ရှုကွက်တစ်ခုက “ပဉ္စက္ခန္ဓေ အာဗာဓတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။ ပဉ္စက္ခန္ဓေ- ခန္ဓာငါးပါးတို့ကို၊ အာဗာဓတော- နာကျင်တတ်၊ နှိပ်စက် တတ်သော တရားဟူ၍။ ပဿန္တော- ရှုမြင်တဲ့ ယောဂီ ပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ- အနုလောမိက ခန္တီ ဉာဏ်ကို၊ ပဋိလဘတိ- ရနိုင်၏”တဲ့။

“အာဗာဓ” ဆိုတာ လူတွေရဲ့ သန္တာန်မှာ စွဲကပ်ပြီးတော့ အမြဲတမ်း နာကျင်နေတဲ့ ရောဂါမျိုးကို ခေါ်တာ။ ဒူးနာတယ်၊ ခါးနာတယ်၊ မထနိုင်ဘဲ အိပ်ရာထဲ လဲနေတယ်ဆိုတဲ့ ရောဂါ မျိုးတွေကို “အာဗာဓ” တဲ့။ အဲဒီ အနာရောဂါမျိုးတွေ လူတွေရဲ့ သန္တာန်မှာ ဖြစ်တတ်တယ်တဲ့။

လူတွေမှာ ဖြစ်တဲ့ရောဂါကို နှစ်မျိုးခွဲထားတာရှိတယ်။ ခုတင်က “ရောဂ” ဆိုတာတော့ ယေဘုယျအားဖြင့် ပြောတဲ့ စကားဖြစ်တယ်။ အခု အာဗာဓ ဆိုတာက ခန္ဓာကိုယ်ထဲမှာ အမြဲတမ်းနာကျင်ပြီး မလှုပ်နိုင် မရှားနိုင်အောင် ဖြစ်စေတဲ့ ရောဂါမျိုးဖြစ်တယ်။ နောက်တစ်ခုက “အာတက်” လို့ ခေါ်တယ်။ “အာတက်” ဆိုတာ အမြဲတမ်း ဆေးစားပြီး မျှတအောင်နေရတဲ့ ရောဂါမျိုးဖြစ်တယ်။ တရှောင်ရှောင် နေရတဲ့ ရောဂါမျိုးလို့ ဆိုလိုတယ်။ ဥပမာ နှလုံးရောဂါတို့ ဆီးချိုရောဂါတို့ဆိုတာ တည့်တာလေးစားပြီး အလုပ်လည်း မလုပ်နိုင်ဘူး၊ လှုပ်လိုက်ရင် လူကမောလာတယ်ဆိုတဲ့ရောဂါ [၆၀] မျိုးတွေပေါ့။ အဲဒီလို ရောဂါမျိုးတွေကို “အာတက်” လို့ခေါ် တယ်။ “အာဗာဓ” ဆိုတာကျတော့ အိပ်ရာထဲ လဲနေလောက် အောင် နာတဲ့ရောဂါမျိုးတွေပေါ့။ ဖျားတယ်၊ နာတယ်၊ မလှုပ်နိုင်ဘူး၊ ဒူးနာတယ် ဆိုတာမျိုးတွေပေါ့။

အဲဒီတော့ ခန္ဓာငါးပါးကြီးကို အဲဒီလို အာဗာဓ ရောဂါမျိုး ကြီးလို့ ဝိပဿနာဉာဏ်နဲ့ ရှုရမယ်။ ဘာဖြစ်လို့ “အာဗာဓ” လို့ ရှုရတုန်းဆိုတော့ အိပ်ရာထဲ လဲနေတဲ့ လူမမာကြီး တစ်ယောက်ကို စဉ်းစားကြည့်ပေါ့။ အိပ်ရာထဲ လဲနေတဲ့ လူမမာကြီးတစ်ယောက်သည် သူ့ဘာသာသူ ဘာမှ မလုပ်နိုင် ဘူး။ ရေလည်း ထမသောက်နိုင်ဘူး။ နောက်ဖေးလည်း ထပြီးတော့ မသွားနိုင်ဘူး။ အိပ်ရာထဲကလည်း မထနိုင်ဘူး။ သူ့ရဲ့ အစွမ်းအစတွေ ကုန်ခမ်းနေလို့ သူများပေါ်မှာ မှီခိုနေရတယ်။ ရေလေးသောက်ချင်ရင်လည်း သူများတိုက်မှ သောက်လို့ရတယ်။ ထချင်ရင်လည်း ထူပေးမှ ထလို့ရတယ်။ ခန္ဓာငါးပါးကြီးလည်း ဒီအခြေအနေမျိုးပဲလို့ မြတ်စွာဘုရားက ဟောတာနော်။

ရောဂါသည်ကြီးမှာ မထနိုင် မလှုပ်နိုင် မရှားနိုင်တဲ့ ရောဂါမျိုးကြီး စွဲကပ်နေတာလို ခန္ဓာငါးပါးအပေါ်မှာ အဲဒီလို ရှုမြင်သုံးသပ်ပါတဲ့။ အဲဒီတော့ အာဗာဓ ဆိုတဲ့ ရောဂါ စွဲကပ် နေပြီဆိုရင် “အသေရီ ဘာဝ ဇနကတာယ” တဲ့။ သေရီ ဆိုတာ ကိုယ့်စိတ်တိုင်းကျ စားနိုင်တယ်၊ သောက်နိုင်တယ်၊ ကိုယ့်ဘာသာကိုယ် လုပ်နိုင်ကိုင်နိုင်တယ်။ သွားနိုင်တယ်၊ [၆၁] လာနိုင်တယ်။ ကိုယ့်သဘောအတိုင်း ဖြစ်တယ်ဆိုတာ “သေရီ” ပဲ။

အေး အခုလို အိပ်ရာထဲ လဲနေတဲ့ ရောဂါမျိုးကြီးရပြီ ဆိုရင် “သေရီ” မဟုတ်တော့ဘူး။ “အသေရီဘာဝ” ကိုယ်ကိုယ် တိုင် ဘာမှမလုပ်နိုင်တာ မရှိတော့ဘူး။ သူများကို အားကိုးနေရ တယ်။ ကိုယ်ကိုယ်တိုင် မသွားနိုင် မလာနိုင် မစားနိုင် ဖြစ်သလိုပဲ ဟောဒီ ခန္ဓာကိုယ်ကြီးသည်လည်း ဒီအခြေအနေ မျိုးပဲတဲ့။

နောက်တစ်ခုက “အာဗာဓ ပဒဋ္ဌာန တာယ နာကျင်မှု တွေအတွက် အခြေခံ အကြောင်းဖြစ်မှုတဲ့။ နာတယ် ကျင် တယ်၊ ကိုက်တယ် ခဲတယ်ဆိုတာ ဟောဒီ ခန္ဓာကိုယ်ကြီးမှာ ဖြစ်တာ။ ခန္ဓာငါးပါးသည် ရောဂါဝေဒနာ နာကျင်မှုတွေရဲ့ အဓိက အကြောင်းဖြစ်နေလို့ သူ့ကို “အာဗာဓ” လို့ ရှုရမယ်တဲ့။

မြတ်စွာဘုရားက အနတ္တလက္ခဏသုတ်မှာလည်း ဟော ထားတယ်လေ “ရူပံ ဘိက္ခဝေ အနတ္တာ၊ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿာ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ” တဲ့။ ရုပ်တရားသည် အတ္တ မဟုတ်ဘူး။ အနတ္တဖြစ်တယ်။ အကယ်၍ ရုပ်တရားက အတ္တဖြစ်မယ်ဆိုရင် ဒီရုပ်တရားကြီးက ဘယ်လိုလုပ်ပြီးတော့ အိပ်ရာထဲလဲတဲ့ နာကျင်နေတဲ့ အရာကြီး ဖြစ်ပါ့မလဲတဲ့။ အတ္တဆိုရင် သူ့ရဲ့ စွမ်းဆောင်မှုတွေနဲ့ နေမှာပေါ့တဲ့။ မြတ်စွာဘုရားက ဒီလို ဟောခဲ့တာ။

[၆၂] ဒါကြောင့်မို့ ... ဘုန်းကြီးတို့တတွေ .. ကိုယ်ရထားတဲ့ ခန္ဓာကိုယ် ကို “အာဗာဓ” တကယ့်ကို အိပ်ရာထဲလဲနေရတဲ့ ရောဂါမျိုးကြီး ပဲလို့ ခန္ဓာငါးပါးအပေါ်မှာ ရှုမြင်သုံးသပ်ပါတဲ့။ အဲဒီလို ရှုမြင် သုံးသပ်လိုက်ရင် ဝိပဿနာဉာဏ်တွေ အဆင့် ဆင့် တက်လာမယ်။ ခန္ဓာငါးပါး ရှိနေခြင်းသည် “အာဗာဓ” လူမမာ အနေအထားမျိုး ရောက်သွားတယ်။ ခန္ဓာငါးပါး ချုပ်ငြိမ်းသွားခြင်းသည် ကျန်းမာမှုနဲ့ ပတ်သက်တယ်၊ အနာ ရောဂါကင်းတယ် ဆိုတဲ့ အနေအထားမျိုးပဲလို့ စိတ်ထဲမှာ အဆိုးနဲ့အကောင်း ဒီနှစ်ခုကို ကွဲကွဲပြားပြား သိသွားတယ်။

ဒါကြောင့် ပဉ္စမ္မံ ခန္ဓာနံ နိရောဓော တဲ့။ ခန္ဓာငါးပါး ရှိနေခြင်းသည် အာဗာဓ၊ ခန္ဓာငါးပါး ချုပ်ငြိမ်းခြင်းသည် အနာဗာဓ ရောဂါကင်းသွားပြီ၊ အနာဗာဓံ နိဗ္ဗာနံ အာဗာဓ ကင်းတဲ့၊ နာကျင်မှုကင်းတဲ့ နိဗ္ဗာန်ပဲလို့၊ ပဿန္တော ရှုမြင် တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ သမ္မတ္တနိယာမံ မှန်ကန်တဲ့ မဂ္ဂနိယာမ တရားသို့၊ ဩက္ကမတိ သက်ရောက်သွားနိုင်၏။ နိဗ္ဗာန်ကို မြင်ပြီး မဂ်စိတ်ပေါ်လာနိုင်တယ်။

ထိုမဂ်စိတ် ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို ရှင်းပေးလိုက်လို့ ကံတရားတွေသည်လည်း ပဲ တဖြည်းဖြည်း တစ်စတစ်စ ကုန်ခန်းပြီးတော့ သွားတယ်။ သောတာပန် ဖြစ်သွားရင် ဒီခန္ဓာနဲ့ ပြန်တွေ့ဖို့ (၇)ဘဝပဲ ရှိတော့ တယ်။ သကဒါဂါမ် ဖြစ်သွားရင် ဒီ့ထက်နည်းသွားပြီ။ အနာဂါမ် ဖြစ်သွားရင် (၃၁)ဘုံထဲက ကာမဘုံတွေက လွတ်ကင်းသွားပြီ။

[၆၃] ရဟန္တာဖြစ်သွားပြီဆိုရင် ဟောဒီခန္ဓာငါးပါးကြီးကို ဘယ်တော့မှ ပြန်မရတော့တဲ့ အနေအထားမျိုးကို ရောက်သွားပြီဆိုတော့ အခုပြောခဲ့တဲ့ ရောဂါကြီးနဲ့ တူတယ်၊ အိုင်းအမာကြီးနဲ့ တူတယ်၊ မြားငြောင့်ကြီးနဲ့ တူတယ်၊ အိပ်ရာထဲလဲနေစေတဲ့ ရောဂါမျိုးကြီးနဲ့ တူတယ်ဆိုတဲ့ ဟောဒီ ခန္ဓာငါးပါးကို တို့တတွေ ဘယ်တော့မှ ပြန်ရမှာမဟုတ်ဘူး။ ဒီခန္ဓာငါးပါး ရနေရင် တို့တတွေ ဆင်းရဲဒုက္ခနဲ့ ကြုံနေကြရဦးမှာပဲလို့ ဟောဒီ ရှုမြင်ကွက်တွေက ဒီလို အသိဉာဏ်တွေကို ပေးနိုင်တာ ဖြစ်ပါတယ်။

အေး ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့၊ မိမိတို့ရထားတဲ့ ခန္ဓာငါးပါးအပေါ်မှာ ဘယ်လို ရှုမြင်ရမယ်ဆိုတာ “ဝိပဿနာရှုဖွယ် တောလေးဆယ်” အခန်းမှာ မြတ်စွာဘုရားက ရှင်းလင်းပြီး ဟောကြားထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ သာသနာတော်နဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ မိမိတို့ ခန္ဓာကိုယ်ကြီးကို လှတယ်၊ ပတယ်၊ တင့်တယ်တယ်၊ အသုံးကျတယ်ဆိုတဲ့အမြင်မျိုးတွေနဲ့ မမြင်ဘဲ ခန္ဓာကိုယ်ကြီးသည် ဆင်းရဲဒုက္ခတွေပေးတဲ့ ရောဂါကြီးသဖွယ်၊ အိုင်းအမာကြီးသဖွယ်၊ စူးဝင်နေတဲ့ မြားငြောင့်ကြီးသဖွယ်၊ ရောဂါဝေဒနာကြီးသဖွယ် ရှုမြင်နိုင်အောင် သတိတရားဖြင့် ပွားများအားထုတ်မှသာလျှင် တို့တတွေ နိဗ္ဗာန်ချမ်းသာကို ရမှာလို့ ကိုယ်စီ ကိုယ်စီ သဘောကျပြီး ဝိပဿနာတရား ရှုမှတ်ပွားများ အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

[၆၄] ဝိပဿနာရှုဖွယ် တောလေးဆယ် အပိုင်း (၃)

သာသနာတော်နှစ် ၂၅၅၇-ခု၊ ကောဇာသက္ကရာဇ် ၁၃၇၅-ခုနှစ် သီတင်းကျွတ်လဆန်း (၁)ရက်၊ ၂၀၁၃-ခုနှစ် အောက်တိုဘာလ (၅)ရက်၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့။ မိတ္ထီလာစက်မှုဇုံအတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့်၊ မိတ္ထီလာစက်မှုဇုံ ထာဝရတရား အလှူရှင်များ အဖွဲ့မှ ဦးဆောင်ကျင်းပသည့် (၁၉)ကြိမ်မြောက်၊ ဓမ္မပူဇာ၊ ဓမ္မသဘင်အခမ်းအနား၌ ဟောကြားအပ်သော၊ “ဝိပဿနာရှုဖွယ် တောလေးဆယ် အပိုင်း(၃)” တရားဒေသနာတော်။

ဝိပဿနာဆိုတာ

“ဝိပဿနာရှုဖွယ် တောလေးဆယ်ဆိုတာ မြတ်စွာဘုရား မိန့်ကြားခဲ့တဲ့ ဝိပဿနာကျင့်စဉ်တွေပဲ။ ဝိပဿနာဆိုတာ ထူးခြားတဲ့အမြင်တစ်မျိုးကို ခေါ်တာဖြစ်တယ်။ သာမန်လူတွေက ကိုယ်ရထားတဲ့ ရုပ်ခန္ဓာ၊ နာမ်ခန္ဓာအပေါ်မှာ မြင်ရိုးမြင်စဉ် “ငါ”လို့ မြင်တယ်၊ “ငါ့ဟာ”လို့ မြင်တယ်။ ဒါတင်မကဘူး အစဉ်ထာဝရ “ငါ့ဘဝ” ဆိုတဲ့ အမြင်တွေနဲ့လည်း မြင်တယ်။ ချမ်းသာတယ်ဆိုတဲ့ အတွေးတွေလည်း တွေးတယ်။ ကိုယ်ပိုင်တဲ့ဘဝလို့လည်း တွေးမြင်ကြတယ်။ သတ္တဝါတွေအားလုံး မြင်ရိုးမြင်စဉ် ဒီလိုပဲမြင်တယ်။ ဝိပဿနာဆိုတာကတော့ အဲဒီအမြင်တွေနဲ့ မတူဘူး။ ထူးခြားတဲ့အမြင် ဖြစ်တယ်။ ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာ [၆၅] ရှိနေတာ ခန္ဓာငါးပါးဆိုတာ ဗုဒ္ဓဘာသာဝင်တွေအားလုံး သိနေကြတယ်။ ထိုခန္ဓာငါးပါးကို အာရုံစိုက်ပြီးတော့ အကြမ်းဖျင်းကြည့်လိုက်မယ်ဆိုရင် သွားလာ ပြောဆို လှုပ်ရှားနေတဲ့ အကောင်အထည်ရှိတာရော မရှိတာရော body ဆိုတဲ့ ကိုယ်ကာယကြီးတစ်ခုလုံးကို ရူပက္ခန္ဓာလို့ အကြမ်းဖျင်းမှတ်ရမယ်။ ဒါမှမဟုတ် မိမိတို့သန္တာန်မှာရှိတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယ ဆိုတဲ့ သဘာဝတရားတွေကို ရူပက္ခန္ဓာလို့ မှတ်ရမယ်။

ရူပက္ခန္ဓာနဲ့ ဆက်စပ်ပြီးဖြစ်နေတဲ့ အာရုံနဲ့ တွေ့တဲ့အခါ အာရုံရဲ့အရသာကို ခံစားတယ်၊ အာရုံကို မှတ်သားတယ်၊ အာရုံပေါ်မှာ လိုချင်တယ်၊ မလိုချင်ဘူး၊ တပ်မက်တယ်၊ မတပ်မက်ဘူး ဆိုတဲ့ စေတသိက်တရားတွေ အာရုံကိုသိတဲ့ စိတ်တရားတွေကို “ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ” လို့ခေါ်တဲ့ နာမ်ခန္ဓာ (၄)ပါးလို့ မှတ်ရမယ်။ မိမိတို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ခန္ဓာငါးပါးကို အကျဉ်းချုပ်အားဖြင့် မှတ်သားထားရမယ်။

တို့တတွေရဲ့ သန္တာန်မှာ ခန္ဓာ ၅-ပါးမှတစ်ပါး တခြားဘာမှ မရှိဘူး။ body ဆိုတဲ့ ရုပ်ခန္ဓာကြီးရှိတယ်။ သိတတ်တဲ့ ဝိညာဏစိတ်ရှိတယ်။ သိတဲ့စိတ်နဲ့ မှီတွဲပြီးဖြစ်လာတဲ့ အကောင်းအဆိုး ကောင်းတယ်၊ မကောင်းဘူး လို့ ခံစားတဲ့ ဝေဒနာ၊ ကောင်းမကောင်းကို မှတ်သားတဲ့ သညာ၊ စေ့ဆော်ပေးတဲ့ သင်္ခါရ ဆိုတဲ့ စိတ်ရဲ့လှုပ်ရှားမှုတွေ ရှိတယ်။ အဲဒီ ရုပ်နာမ်တွေ [၆၆] နေ့စဉ်နဲ့အမျှ ဖြစ်နေကြတယ်။ အဲဒီဖြစ်တဲ့ သဘာဝတရားတစ်ခုကို ဆုပ်ကိုင်ထားဖို့လိုတယ်။ တို့မှာရှိတာ ဒီခန္ဓာငါးပါးပဲ ဆိုတာ သိထားဖို့ လိုအပ်တယ်။

အဲဒီ ခန္ဓာငါးပါးအပေါ်မှာ “ငါ”ဆိုတဲ့ မှားယွင်းတဲ့အမြင်၊ “ငါ့ဟာ” ဆိုတဲ့ မှားယွင်းတဲ့ အတွေးတွေကို ဖယ်ရှားပြီး မှန်ကန်တဲ့အမြင် ရှိဖို့လိုအပ်တယ်။ ထိုမှန်ကန်တဲ့အမြင်ကိုပဲ သမ္မာဒိဋ္ဌိလို့ခေါ်တာ။ ထိုသမ္မာဒိဋ္ဌိကိုပဲ ဝိပဿနာသမ္မာဒိဋ္ဌိ သာမန်အမြင်မျိုးထက် ထူးခြားတဲ့အမြင်လို့ ဆိုတယ်။

တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် ခန္ဓာငါးပါးကို အနိစ္စလို့ မြင်တဲ့၊ ဒုက္ခလို့မြင်တဲ့၊ အနတ္တလို့မြင်တဲ့ အမြင်မျိုးကို ဝိပဿနာလို့ခေါ်တယ်။ အဲဒီတော့ ဝိပဿနာအလုပ်ကို အားထုတ်ရမယ်ဆိုရင် ဘယ်အပေါ်မှာ အလုပ်လုပ်ရမလဲ၊ ဘာကိုအာရုံပြုပြီး အလုပ်လုပ်ရမလဲဆိုရင် ကိုယ့်ခန္ဓာကိုယ်ကိုပဲ အာရုံပြုရမှာ ကိုယ့်ခန္ဓာအပေါ်မှာ အလုပ်လုပ်ရမှာ။

ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ သဘာဝတရားတွေကို လက်ဆုပ်လက်ကိုင် အသိဉာဏ်ဖြင့် ပိုင်ပိုင်နိုင်နိုင် သိထားပြီးတဲ့နောက်မှာ ဝိပဿနာရှုဖို့အတွက် အနိစ္စလို့ ရှုရတယ်၊ ဒုက္ခလို့ ရှုရတယ်၊ အနတ္တလို့ ရှုရတယ်။ သို့သော် ဒီသုံးမျိုးနဲ့ ရှုမှသာ ဝိပဿနာဆိုတာ ဖြစ်တာ မဟုတ်ဘူး။ သူတို့ရဲ့ ဆင့်ပွားလာတဲ့ ရှုကွက်တွေလည်း ရှိပါသေးတယ်။ အနိစ္စနဲ့ အလားတူတာ ၉ ခု၊ သို့မဟုတ် အနိစ္စအပါအဝင်ဆို ၁၀ ခု၊ ဒုက္ခနဲ့အလားတူတာ ၂၄ ခု။ သို့မဟုတ် ဒုက္ခအပါအဝင်ဆို ၂၅ ခု၊ အနတ္တနဲ့ [၆၇] အလားတူတာ ၄ ခု။ သို့မဟုတ် အနတ္တအပါအဝင် ၅ ခု ဆိုတော့ အားလုံးပေါင်းလိုက်တဲ့အခါမှာ ဝိပဿနာရှုလို့ရတဲ့ ရှုကွက်တွေ ၄၀ ရှိတယ်။ ဒါကိုပဲ ဝိပဿနာရှုဖွယ် တောလေးဆယ်လို့ ပြောတာ။

ဝိပဿနာ ရှုပုံရှုနည်းသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တကနေ ဆင့်ပွားလိုက်တာ လေးဆယ်ရှိတယ်ပေါ့။ အဲဒီ လေးဆယ်ထဲက ဘာနဲ့ပဲရှုရှု ခန္ဓာငါးပါးကို ထိုအမြင်တွေနဲ့ မြင်မယ်ဆိုရင် သံသရာဝဋ်မှ လွတ်စေနိုင်တဲ့ ဝိပဿနာဉာဏ် ဖြစ်တယ်။ ဝိပဿနာဉာဏ်ကနေ မဂ်ဉာဏ်ဖိုလ်ဉာဏ်ထိ ရောက်ရှိသွားနိုင်တယ်လို့ မှတ်သားနားလည်ကြရမယ်။

တန်ဖိုးရှိတဲ့ အသိဉာဏ်

အဲဒီလို မရှုနိုင်ဘူးဆိုရင်တော့ နိဗ္ဗာန်ဆိုတာနဲ့ အလှမ်းဝေးနေဦးမှာပဲ။ ဒါကြောင့် နိဗ္ဗာန်ဆိုတာနဲ့ အလှမ်းမဝေးရအောင် တရားချစ်ခင် သူတော်စင်ပရိသတ်တို့အနေနဲ့ အချိန်ရတဲ့ အခိုက်လေးမှာ ဟောဒီ ဝိပဿနာရှုနည်းလေးကို နေ့စဉ်နဲ့အမျှ ကိုယ့်သန္တာန်မှာ အသိဉာဏ်ဖြစ်အောင် အချိန်ပေးပြီး အာရုံစိုက် နားထောင်မယ်ဆိုရင် ဝိပဿနာအလုပ်သည် လုပ်ပြီးသား ဖြစ်သွားမယ်။ အမှတ်တမဲ့ မနေကြဘဲ သတိရှိရှိ နေကြဖို့ လိုအပ်တာပေါ့။ အဲဒီလို သတိရှိရင် တန်ဖိုးရှိတဲ့ အသိဉာဏ်တွေ ရသွားမယ်။ ဒီဘဝ မဂ်ဖိုလ်နိဗ္ဗာန် ရတာ မရတာ အသာထား၊ တန်ဖိုးရှိတဲ့ အသိတစ်ခု ရသွားမှာ ဖြစ်တယ်ပေါ့။

[၆၈] ရှင်စူဠပန်လောင်းလျာသည် ဟိုးဝေးလံတဲ့ အတိတ်ဘဝတစ်ခုတုန်းက ဘုရင်ဖြစ်ခဲ့တယ်။ အဲဒီ ဘုရင်ဖြစ်နေတဲ့အချိန်မှာ ဝိပဿနာရှုနည်းတွေ ဘာတွေ သူသိတာ မဟုတ်ဘူး။ ဘုရားပွင့်တဲ့အချိန် မဟုတ်ဘူး။ အဲဒီ ရှင်စူဠပန်လောင်းဘုရင်သည် ပူပြင်းတဲ့ အချိန်အခါမှာ တိုင်းခန်းလှည့်လည်ရင်း နဖူးက ထွက်လာတဲ့ ချွေးတွေကို သန့်ရှင်းစင်ကြယ်တဲ့ ပုဝါအဖြူလေးနဲ့ သုတ်လိုက်တော့ ပုဝါဖြူလေး မဲသွားတာကို သူမြင်တယ်ပေါ့။ အဲဒီ အမြင်လေးပေါ်မှာ ဘယ်လို ဆင်ခြင်လိုက်သလဲဆိုရင် “ဪ ငါ့ရဲ့ခန္ဓာကိုယ်ကြီးကို အကြောင်းပြုပြီး အင်မတန် ဖြူစင်တဲ့ ပုဝါလေးတောင် မဲညစ်သွားပါလား။ ခန္ဓာကိုယ်ကြီးသည် စက်ဆုပ်ဖွယ်ကြီးပါလား” လို့ တွေးတော ဆင်ခြင်လိုက်တာနော်။

ဂေါတမဘုရားလက်ထက်တော်ရောက်လို့ ဘုရားနဲ့ တွေ့တဲ့အခါ ဘုရားက သူ့ကို ဘယ်ကမ္မဋ္ဌာန်းပေးရမလဲလို့ စဉ်းစားတော့ အဲဒီပုဝါနဲ့ ဆက်စပ်ပြီး ပုဝါဖြူလေးတစ်ခု ဖန်ဆင်းပေးပြီး သူ့လက်ထဲထည့်လိုက်တယ်။ ထို ပုဝါဖြူလေးကို စိုက်ကြည့်ပြီး သမာဓိဖြစ်အောင် ကျင့်ခိုင်းတယ်။ အဖြူရောင် “ဩဒါတ ကသိုဏ်း” ကို ရှုခိုင်းပြီး လက်နဲ့ပွတ်ခိုင်းထားတာပေါ့။

ဩဒါတကသိုဏ်း ရှုရင်း သမာဓိတွေရပြီး စိတ်ကလေး တည်ငြိမ်သွားတဲ့အခါ ဈာန်အဆင့်တွေ ရောက်သွားတယ်။ မြတ်စွာဘုရားက တန်ခိုးနဲ့ ဖန်ဆင်းထားတဲ့ ဖြူဖွေးနေတဲ့ [၆၉] ပုဝါလေးကို လက်နဲ့ပွတ်ပါ များလာတဲ့အခါ မဲညစ်သွားအောင် ဖန်တီးပေးလိုက်တယ်။ ပုဝါအညစ်ကလေးကို မြင်တဲ့အခါ ရှင်စူဠပန်သည် အရင်တုန်းက စိတ်ကလေး ပြန်ပေါ်လာတယ်။ “ဪ ငါ့လက်နဲ့ ပွတ်နေလို့ ဒီပုဝါအဖြူလေးသည် မဲညစ်သွားပါလား။ ခန္ဓာကိုယ်ကြီးသည် အညစ်အကြေးတွေနဲ့ပါလား”လို့ သူသတိထားမိသွားတယ်။

အဲဒီအချိန်မှာ မြတ်စွာဘုရားက လမ်းကြောင်းလေး တည့်ပေးလိုက်တယ်။ “အေး- လက်မှာရှိတဲ့ အညစ်အကြေးတွေကိုသာ အညစ်အကြေးလို့ မအောက်မေ့လေနဲ့။ မင်းရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ရာဂဆိုတဲ့ အညစ်အကြေးတွေ၊ ဒေါသဆိုတဲ့ အညစ်အကြေးတွေ၊ မောဟဆိုတဲ့ အညစ်အကြေးတွေကမှ တကယ့် အညစ်အကြေးအစစ်တွေ ဖြစ်တယ်” လို့ တရားဟောလိုက်တဲ့အခါ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး တစ်ထိုင်တည်းမှာပဲ ရဟန္တာဖြစ်သွားတယ်။ ဒီလို ဆင်ခြင်နှလုံးသွင်းမှုသည် ဘယ်လောက် ထိရောက်သလဲဆိုတာ စဉ်းစားကြည့်ပေါ့။

အခုလည်း တရားနာနေတဲ့ အချိန်လေးအတွင်းမှာပဲ ဆင်ခြင်မိအောင် ဆင်ခြင်ဖို့ လိုအပ်တယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ ဆက်စပ်ပြီး တွေးမိအောင် တွေးဖို့ လိုအပ်တယ်ပေါ့။ တွေးလိုက်လို့ သိလာတဲ့ အသိဉာဏ်လေးသည် သာမန်အသိဉာဏ်လို့ မအောက်မေ့လေနဲ့။ နောင်တချိန် သူတော်စင် သူတော်မြတ်တွေနဲ့ ကြုံ၍ဖြစ်စေ၊ ဘုရားရဟန္တာနဲ့ ကြုံ၍ဖြစ်စေ [၇၀] ဒီအသိလေးသည် ပြန်လည် ပေါ်ထွက်လာပြီး မိမိတို့ရဲ့ဘဝ ကျွတ်လွတ်စေတတ်တဲ့ မဂ်တရား၊ ဖိုလ်တရားနဲ့ နိဗ္ဗာန်ဆိုတာကို မျက်မှောက်ပြုဖို့ လမ်းစတွေ့သွားမှာ ဖြစ်တယ်။ ဒါကြောင့် ကိုယ်သိတဲ့ အသိဉာဏ်လေးကို တန်ဖိုးထားတတ်ကြရမယ်။

(၈) ပရတော

အဲဒီလို တန်ဖိုးထားတဲ့အနေနဲ့ “ဝိပဿနာရှုကွက် လေးဆယ်” ဆိုတာကို ရှုမိအောင် ရှုဖို့ ကြိုးစားကြရမယ်ပေါ့။ ထိုလေးဆယ်ထဲက အခု နံပါတ်(၈) ရှုပုံရှုနည်းကို ပြောပြမယ်။ ဒီရှုနည်းတွေကို ပဋိသမ္ဘိဒါမဂ်ပါဠိတော်နဲ့ ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာမှာ ကြည့်ရမယ်။ ဝိသုဒ္ဓိမဂ္ဂ သမ္မသနဉာဏ်အခန်းမှာလည်း ထည့်သွင်းကိုးကားပြီး ရေးသားထားတာ တွေ့ရမယ်။ ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်တို့အနေနဲ့ ပဋိသမ္ဘိဒါမဂ်မှာလာတဲ့ အခြင်းအရာ လေးဆယ်နဲ့ ဝိပဿနာရှုနည်းကို မှတ်သားနာယူကြရမယ်။

အရင်နှစ်ရက်က အနိစ္စတောမှ စပြီး ၇-မျိုး ရှင်းပြပြီးပြီ။ ဒီကနေ့ နံပါတ်(၈)ဖြစ်တဲ့ ဝိပဿနာရှုကွက်ကို ရှင်းပြမယ်။ ပါဠိတော်မှာ ဘယ်လိုဆိုထားတယ် ဆိုတာကို အရင်နှလုံးသွင်း ဆင်ခြင်ကြည့်ရမယ်နော်။ “ပဉ္စက္ခန္ဓေ ပရတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။

ဆိုလိုတဲ့ အဓိပ္ပါယ်က ဘုန်းကြီးတို့တတွေရဲ့ သန္တာန်မှာ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ [၇၁] ဝိညာဏက္ခန္ဓာ ဆိုတဲ့ ခန္ဓာတွေရှိတယ်။ စကားလုံး မဖော်တတ်ရင်လည်း တို့ခန္ဓာကိုယ်မှာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယဆိုတဲ့ ရူပက္ခန္ဓာ ရှိတယ်။ ဝမ်းသာတယ်၊ ဝမ်းနည်းတယ်ဆိုတဲ့ ဝေဒနာက္ခန္ဓာ ရှိတယ်။ အာရုံတစ်ခုကို မှတ်ထားလိုက်တဲ့ သညာက္ခန္ဓာ ဆိုတာရှိတယ်။ လိုချင်တယ်၊ မလိုချင်ဘူး၊ တွေးတောတယ်၊ ဆင်ခြင်တယ် ဆိုတဲ့ သင်္ခါရက္ခန္ဓာ ရှိတယ်။ အသိစိတ်လို့ဆိုတဲ့ ဝိညာဏက္ခန္ဓာ ရှိတယ်။

ဝိပဿနာဉာဏ်ဖြင့်

အကြမ်းဖျင်းအားဖြင့် ကိုယ့်သန္တာန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟောဒီ ခန္ဓာငါးပါးကို ခြုံငုံသုံးသပ်ပြီး “ပဉ္စက္ခန္ဓေ- ခန္ဓာငါးပါးတို့ကို၊ ပရတော- သူစိမ်းတရံအနေနဲ့၊ ပဿန္တော- ရှုမြင်နိုင်တဲ့ ပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ- မဂ်ဉာဏ်နဲ့ လျော်စွာဖြစ်တဲ့၊ မဂ်ဉာဏ်ကို ပို့ဆောင်ပေးနိုင်တဲ့ အနုလောမိက ခန္တီဉာဏ်ကို၊ ပဋိလဘတိ- ရနိုင်၏” လို့ ဆိုတယ်။ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ဝိပဿနာဉာဏ်ကြီးကို ရစေနိုင်တယ်လို့ပြောတာ။ ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးကို သူစိမ်းတရံလို သဘောထား ရှုမြင်ရမယ်တဲ့။

“ပရ” ဆိုတာ ငါ မဟုတ်ဘူး။ လောကလူတွေက ခန္ဓာငါးပါးကို ဘယ်လိုထင်နေတုန်းဆိုတော့ “အတ္တ” ငါ လို့ ထင်နေကြတယ်။ လောကမှာ ငါလို့ထင်နေရင် ငါပိုင်တယ်လို့လည်း ထင်လာတယ်ပေါ့။ ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်ရင် ငါ မဟုတ်ဘူး၊ သူစိမ်းတရံပဲ။ သူစိမ်းတရံဆိုတာ ငါနဲ့ လုံးဝမသိတဲ့ [၇၂] အရာပဲ။ ငါနဲ့သိတဲ့ ငါ့မိတ်ဆွေ မဟုတ်ဘူး။ ငါ့ ဆွေမျိုးလည်း မဟုတ်ဘူး။ သူစိမ်းတရံပဲ ဖြစ်တယ်။

“ပရ” ဆိုတာ ကိုယ်မဟုတ်ဘူး။ ကိုယ်မှတစ်ပါး တခြားအရာသာဖြစ်တယ်။ ငါနဲ့ ဘာမှ မပတ်သက်ဘူးလို့ ရှုနိုင်ရမယ်တဲ့။ လောကလူတွေက ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးကို “ငါ ငါ့ဟာ” လို့ ဒီလိုပဲ တွေးတယ်။ သူစိမ်းတရံလို့ ဘယ်သူမှ မမြင်ဘူး။ ဝိပဿနာဉာဏ်နဲ့ ရှုတဲ့အခါမှာ “ပရတော” တကယ့်ကို သူစိမ်းပဲ၊ ငါနဲ့ မပတ်သက်ဘူးဆိုတဲ့ အမြင်မျိုးကို စဉ်းစားတွေးခေါ်ကြည့်ပါတဲ့။

သမ္မာသင်္ကပ္ပ ဆိုတာ အမှန်တွေးတာကို ပြောတာ။ ကမ္မဋ္ဌာန်းအားထုတ်ရင် မတွေးရဘူး၊ မတွေးရဘူးနဲ့ ပြောနေကြတာက အကုသိုလ်နဲ့ ပတ်သက်တဲ့ အတွေးကိုသာ ပြောတာ။ ကမ္မဋ္ဌာန်းအာရုံနဲ့ ပတ်သက်ပြီးတော့ မတွေးရင် ဘယ်လိုလုပ်ပြီး အမှန်သိနိုင်မလဲ။ သမ္မာသင်္ကပ္ပ ဆိုတဲ့ မှန်ကန်တဲ့ အတွေးရှိမှ သမ္မာဒိဋ္ဌိ ဆိုတဲ့ အမှန်မြင်တာကို ရနိုင်တယ်။ အမှန်မြင်ဖို့အတွက် အမှန်စဉ်းစားခြင်း၊ အမှန်တွေးတောခြင်းသည် အရေးကြီးတယ်ပေါ့။

ဒါကြောင့် ခန္ဓာငါးပါးကို တွေးလိုက် “ငါ မဟုတ်ဘူး၊ သူစိမ်းတရံပဲ၊ ငါနဲ့ ဘာမှမပတ်သက်ဘူး၊” ငါက ပတ်သက်နေတယ် ထင်နေတာ၊ ငါ့ရုပ်၊ ငါ့စိတ်လို့ တွေးနေတာ။ တကယ်တော့ ငါနဲ့ဘာမှမပတ်သက်တဲ့ သူစိမ်းတရံကြီးပဲလို့ မြတ်စွာဘုရားက ဒီလိုရှုခိုင်းတာနော်။

[၇၃] “ပဉ္စက္ခန္ဓေ- ခန္ဓာငါးပါးတို့ကို ပရတော- သူစိမ်းတရံ အနေနဲ့၊ ပဿန္တော- ရှုမြင်သုံးသပ်နိုင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ- မဂ်ဉာဏ်နဲ့ လျှော်စွာဖြစ်ပေါ်လာတဲ့ စွမ်းရည်သတ္တိရှိတဲ့ ဝိပဿနာဉာဏ်တစ်မျိုးကို၊ ပဋိလဘတိ- ရနိုင်၏” တဲ့။ ဝိပဿနာဉာဏ်တွေထဲမှာ အဆင့်အမြင့်ဆုံး ဝိပဿနာဉာဏ်ကို ရတယ်တဲ့။

ခန္ဓာငါးပါးကို “ငါ မဟုတ်ဘူး၊ ငါနဲ့ မဆိုင်ဘူး၊ သူစိမ်းတရံပဲ” လို့ ဘာဖြစ်လို့ ရှုမြင်တာလဲဆိုရင်
နံပါတ်(၁) အကြောင်းက “အဝသတာယ- ခန္ဓာ ၅-ပါးဟာ ကိုယ့်ဆန္ဒအတိုင်း မဖြစ်ဘူး” တဲ့။ စဉ်းစားကြည့်ပေါ့။ ကိုယ်က ချောချောလှလှလေး ဖြစ်ချင်တယ်။ သူက အရုပ်ဆိုးတယ်၊ အကျည်းတန်လာတယ်။ ကိုယ်က အသားဖြူချင်တယ်။ သူက မဲလာတယ်။ ကိုယ်က မဲချင်ရင် သူက ဖြူနေတယ်။ ခေါင်းပေါ်မှာ ဆံပင်လေးတွေ အနက်ရောင်ကလေး ဖြစ်ချင်တယ်။ ဒါပေမယ့် တဖြည်းဖြည်း ဖြူလာတယ်။ သွားတွေဆိုရင် တစ်သက်လုံး ကောင်းကောင်း ဖြစ်ချင်တယ်။ ဒါပေမယ့် သူက ကျိုးလာတယ်။ မျက်စိဆိုလည်း အမြဲတမ်း ကြည်ကြည်လင်လင် ဖြစ်ချင်တယ်။ ဒါပေမယ့် သူက မှုန်လာတယ်။ ခန္ဓာကိုယ်ဆိုလည်း အမြဲတမ်း တောင့်တောင့်တင်းတင်း ဖြစ်ချင်တယ်။ ဒါပေမယ့် သူက ဟိုနား လျော့ကျ၊ ဒီနား လျော့ကျနဲ့ ပါးရေတွေ တွန့်လာတယ်။

[၇၄] ဒါကြောင့် ခန္ဓာငါးပါးသည် ကိုယ့်အလိုကျ ဖြစ်သလား။ မဖြစ်ဘူးနော်။ ကိုယ့်အလိုအတိုင်း ဖြစ်လာတာများ ရှိသလား ဆိုတော့ မရှိဘူးတဲ့။ ကိုယ်က ပျော်ပျော်နေချင်တယ်။ ပျော်လို့ မရဘူး။ ကိုယ်က ချမ်းသာတာကို ခံစားချင်တယ်။ ဒါပေမယ့် ခံစားလို့ မရဘူး။ သူဆင်းရဲချင်တဲ့အခါ ဆင်းရဲမယ်။ ချမ်းသာချင်တဲ့အခါ ချမ်းသာမယ်။ ဝေဒနာကိုလည်း ထိန်းချုပ်လို့ မရဘူး၊ သညာဆိုတဲ့ အမှတ်အသားကိုလည်း ထိန်းချုပ်လို့ မရဘူး၊ သင်္ခါရဆိုတဲ့ အတွေးအမြင်တွေကိုလည်း ထိန်းချုပ်လို့ မရဘူး၊ ဝိညာဏဆိုတဲ့ အသိစိတ်ကလေးကိုလည်း ထိန်းချုပ်လို့ မရဘူးတဲ့။

ခန္ဓာကြီးသည် အဲဒီလို သူ့သဘာဝအတိုင်း ထာဝရ ပြောင်းလဲနေတဲ့ အရာသာ ဖြစ်တယ်။ ကိုယ့်ဆန္ဒနှင့်အညီ ဖြစ်လာတယ်ဆိုတာ မရှိဘူးတဲ့။ ဒီလို ကိုယ့်ဆန္ဒအတိုင်း မဖြစ်သည့်အတွက်ကြောင့် အဝသတာယ ငါ့အလို မလိုက်ဘူး၊ တကယ့် စိမ်းကားသူပဲလို့ ရှုရမယ်တဲ့။

နောက်တစ်ခုက ဘာတုန်းဆိုရင် အဝိဇေယျတာယ ခန္ဓာငါးပါးအပေါ်မှာ ကိုယ်က စီမံခန့်ခွဲလို့ ရလားဆိုတော့ မရဘူးတဲ့။ မြတ်စွာဘုရားက အနတ္တလက္ခဏသုတ်မှာ ဟောထားတာ ရှိတယ်။ “ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသိ” တဲ့။ ငါ့ရုပ်ကလေး ဒီလိုရုပ်မျိုး ဖြစ်ပါစေ၊ ဒီလိုရုပ် မဖြစ်ပါစေနဲ့လို့ စီမံခန့်ခွဲလို့ ရရဲ့လားတဲ့။ မရဘူးနော်။ သူ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မှာပဲ။

[၇၅] တစ်သက်လုံးထာဝရ ကျန်းကျန်းမာမာ နေချင်တယ် ဆိုလို့ရော ဖြစ်ရဲ့လား။ မဖြစ်ဘူး။ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ ဆိုတာတွေက လာမှာပဲ။ ဒီသား၊ ဒီသမီး၊ ဒီပစ္စည်းတွေနဲ့ ရာသက်ပန်နေချင်တယ် ဆိုလို့ရော ရပါ့မလား။ မရဘူးနော်။ ကိုယ်စီမံတဲ့အတိုင်း တစ်ခုမှ မလိုက်ဘူး။ နောက်ဆုံးမှာ သူ စီမံရာပဲ ခံသွားကြရတာ မဟုတ်လား။

ဒါကြောင့်မို့ သူစိမ်းတရံပဲတဲ့။ သူလုပ်ချင်ရာလုပ်သွားတာ။ ငါနဲ့ မဆိုင်ဘူး။ အိမ်မှာ ကိုယ့်သား၊ ကိုယ့်သမီးတွေ သူတို့ လုပ်ချင်ရာလုပ်ရင် အမေအဖေတွေက အမွေပြတ် မကြော်ငြာဘူးလား။ ခန္ဓာကိုယ်ကိုလည်း အဲဒီလို အမွေပြတ် ကြော်ငြာရမယ့် အနေအထားမျိုး ရှိတယ်နော်။ ဘာဖြစ်လို့တုန်း ဆို သူ ဖြစ်ချင်ရာ ဖြစ်မှာလေ။ ခေါင်းမခဲစေချင်လို့လည်း မရဘူး။ တော်ကြာ ဘာရောဂါတဲ့၊ ညာရောဂါတဲ့ ရောဂါတွေကလည်း အမျိုးစုံလာတယ်။ ဒါတွေသည် ကိုယ်စီမံတဲ့အတိုင်း ဖြစ်တာ မဟုတ်သည့် အတွက်ကြောင့် ခန္ဓာကိုယ်သည် တကယ့်ကို သူစိမ်းတရံကြီးပဲဆိုတဲ့ အတွေးမျိုးကို များများ တွေးပေးရမယ်တဲ့။

အဲဒီလို တွေးပြီး မှန်မှန်ကန်ကန် ရှုမြင်လာရင် ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး သင်္ခါရုပေက္ခာဉာဏ် ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ မဂ်စိတ်နဲ့ ဝိပဿနာဉာဏ်ကြားမှာ ပေါင်းကူးပေးတတ်တဲ့ အနုလောမိကခန္တီဉာဏ်ကို ရလာနိုင်တယ်။ “ခန္တီဆိုတာ ဒီနေရာမှာ သည်းခံတာကို ပြောတာမဟုတ် [၇၆] ဘူး။ စွမ်းဆောင်နိုင်တယ်” လို့ ပြောတာ။ စွမ်းဆောင်နိုင်တဲ့ အသိဉာဏ်တစ်ခုကို ရရှိသွားနိုင်တယ်တဲ့။ အင်မတန်မှ တန်ဖိုးကြီးတယ်ပေါ့။

အဲဒီတော့ ခန္ဓာငါးပါးကို ဘယ်လိုရှုရမလဲဆိုရင် သူစိမ်းတရံလို့ မြင်ပါတဲ့။ အနိစ္စလို့သာ မြင်ရမှာမဟုတ်ဘူး၊ ဒုက္ခလို့သာ မြင်ရမှာမဟုတ်ဘူး၊ အနတ္တလို့သာ မြင်ရမှာ မဟုတ်ဘူး။ ဝိပဿနာဉာဏ် ရှုကွက်ပေါင်းလေးဆယ်ပေးထားတဲ့ အထဲမယ် ပရတော ငါနဲ့ ဘာမှမပတ်သက်တဲ့ သူစိမ်းတရံပဲလို့ မြင်အောင်ကြည့်ပါတဲ့။ မြင်ဖို့ရာ အချက်အလက်တွေကတော့ ငါ့အလိုအတိုင်း မလိုက်တာက တစ်ခု၊ ငါ စီမံခန့်ခွဲတဲ့နောက် မလိုက်နာတာက တစ်ခု ဒီနှစ်ခုနဲ့ ကြည့်လို့ရတယ်တဲ့။

ကိုယ်စီမံတာလည်း မလိုက်ဘူး။ ကိုယ့်ဆန္ဒအတိုင်းလည်း ဘာမှမဖြစ်ဘူး။ လူတွေကတော့ ခဏတော့ ဖြစ်တယ်ထင်တာပေါ့။ မှန်ကလေး ထောင်ကြည့်ပြီး အလှပြင်တော့ လှသွားတယ်လို့ အောက်မေ့တာပဲ။ ခဏတဖြုတ်တော့ ဟုတ်တာပေါ့။ နှစ်ကြာလာတဲ့အခါ အိုပြီး ရှုံ့တွမသွားဘူးလား။ အဲဒီအခါကျတော့ ပြင်လို့ရသေးလား။ မရဘူးနော်။ ကိုယ်လုပ်ချင်တာ လုပ်လို့မရဘူး။ ခဏလေးတော့ ဟုတ်သယောင်ယောင် ထင်နေကြတာ။ တကယ်က အရှည်ကြည့်ရမယ်။

ဒါကြောင့်မို့ ခန္ဓာငါးပါးသည် ပရတော သူတစ်ပါးပဲတဲ့။ ဒီလို ခန္ဓာငါးပါးသည် ငါ့စကား နားမထောင်ဘဲ သူလုပ်ချင်ရာတွေ လုပ်တယ်၊ ငါ စီမံလို့ မရဘူးဆိုတဲ့ အနေအထားဖြင့် [၇၇] ရှုမြင်သုံးသပ်မယ်ဆိုရင် ခန္ဓာကို လိုချင်တဲ့ တဏှာဆိုတာ ဖြစ်ပါဦးမလား။ ခန္ဓာကို လိုချင်တဲ့တဏှာ၊ ခန္ဓာပေါ်မှာ “ငါ” လို့ထင်နေတဲ့ မှားယွင်းတဲ့ အတွေးတွေ၊ “ငါ့ဟာ” လို့ တွေးနေတဲ့ တဏှာအတွေးတွေ ပျောက်သွားပြီး နောက်ဆုံးမှာ တဏှာအစေးခြောက်သွားပြီဆိုရင် နောက်ထပ် ခန္ဓာကို ရချင်တဲ့စိတ် မရှိလို့ အကြောင်းတရားတွေကို ဖယ်ရှားလိုက်တဲ့အခါ ခန္ဓာငါးပါးသည် နောက်ထပ် ပြန်မဖြစ်တော့တဲ့ အနေအထားမျိုးကို ရောက်သွားနိုင်တယ်တဲ့။

ခန္ဓာငါးပါးကို မလိုချင်တော့ဘူးဆိုရင် မရတော့ဘူး။ ရနေတာ လိုချင်တဲ့တဏှာကြောင့် ရနေတာ။ မလိုချင်တော့ဘူးလို့ဆိုတဲ့ အချိန်မှာ ခန္ဓာငါးပါးသည် နောက်ဆုံးအဆင့်အနေနဲ့ ချုပ်ငြိမ်းသွားတယ်။ ဘာကြောင့် ချုပ်ငြိမ်းသွားတာတုန်းဆိုရင် ပဋိစ္စသမုပ္ပါဒ်မှာ ဟောတဲ့အတိုင်း “အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂနိရောဓာ သင်္ခါရနိရောဓော” မသိတဲ့ အဝိဇ္ဇာ ချုပ်ငြိမ်းရင် သင်္ခါရချုပ်ငြိမ်းတယ်၊ သင်္ခါရချုပ်ငြိမ်းရင် ဝိညာဏ ချုပ်ငြိမ်းတယ်၊ ဝိညာဏချုပ်ငြိမ်းရင် နာမရူပ ချုပ်ငြိမ်းတယ်ဆိုပြီး ဒီလိုချုပ်ငြိမ်းမှုတွေနဲ့ သွားတာဖြစ်တယ်။

အဲဒီလို “ပဉ္စန္နံ ခန္ဓာနံ- ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော- ချုပ်ငြိမ်းသွားမှုသည်၊ အပရပ္ပစ္စယံ- အားကိုးစရာကောင်းတဲ့ သူတစ်ပါးဆိုတဲ့ အတွေးအထင်တွေ ကင်းရာဖြစ်တဲ့၊ နိဗ္ဗာနံ- နိဗ္ဗာန်ပဲလို့၊ ပဿန္တော- ရှုမြင်သောသူသည်၊ သမ္မတ္တနိယာမံ- သမ္မတ္တနိယာမ ဆိုတဲ့ မဂ်စိတ်သို့၊ ဩက္ကမတိ- ဝင်ရောက်၍ သွားနိုင်လေတော့၏” တဲ့။

[၇၈] ဝိပဿနာဉာဏ်ပြီးရင် သူ့ရဲ့နောက်မှာ မဂ်ဉာဏ်လာတာပဲ။ သောတာပန် ဖြစ်တယ်၊ သကဒါဂါမ် ဖြစ်တယ်၊ အနာဂါမ် ဖြစ်တယ်၊ ရဟန္တာ ဖြစ်တယ်။ အဲဒီမဂ်ဉာဏ်သည် ထာဝရ မှန်ကန်လို့ သမ္မတ္တ လို့ ခေါ်တယ်၊ မြဲလို့ နိယာမ လို့ ခေါ်တယ်။ ဘယ်တော့မှ ပြန်ပြီး ပြောင်းလဲသွားတာ မရှိဘူး။ ဖြစ်ပြီးတော့ ပြန်ပြီးဆုံးရှုံးသွားတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။ သူ့ရဲ့မှန်ကန်မှုသည် ထာဝရခိုင်မြဲလို့ သမ္မတ္တနိယာမ လို့ခေါ်တာ။ ဒီအဆင့်အမြင့်ဆုံး ဝိပဿနာဉာဏ်ရောက်အောင် ခန္ဓာငါးပါးကို သူစိမ်းတရံလို့ ရှုရမယ်တဲ့။

အဲဒီလို ရှုခြင်းအားဖြင့် ခန္ဓာငါးပါးပေါ်မှာ အတွယ်အတာတွေ ပြတ်သွားသောကြောင့် ခန္ဓာငါးပါးသည် ချုပ်သွားမယ်။ ခန္ဓာငါးပါးချုပ်သွားတော့ စိတ်ထဲမှာ ဘယ်လိုမြင်လာတုန်းဆိုတော့ “အပရပ္ပစ္စယံ နိဗ္ဗာနံ” ပရဆိုတာ ကင်းသွားတဲ့၊ တစ်ပါးရဲ့ အထောက်အကူတွေ လုံးဝကင်းသွားတဲ့ နိဗ္ဗာန်ပဲလို့ မြင်လိုက်တယ်။ အဲဒီလို မြင်လိုက်တာနဲ့ သောတာပန် ဖြစ်သွားတယ်၊ သကဒါဂါမ် ဖြစ်သွားတယ်၊ အနာဂါမ် ဖြစ်သွားတယ်၊ ရဟန္တာ ဖြစ်သွားတယ်။

ဒီလို ရှုမြင်သုံးသပ်ခြင်းကို အခုရှင်းလင်းဟောပြနေတဲ့ အချိန်လေးမှာ အာရုံစိုက်ပြီး ရှူလိုက်ရင်လည်း အသိဉာဏ်ရလာနိုင်တယ်။ ဒီအသိဉာဏ်သည် နောင်တစ်ချိန်မှာ ပေါ်လာနိုင်တယ်ပေါ့။ ခုနက နဖူးက ချွေးကို ပုဝါဖြူလေးနဲ့ သုတ်လိုက်ရာကနေ “ခန္ဓာကိုယ်ကြီးကို အကြောင်းပြုပြီး ဖြူနေတဲ့ ပုဝါလေး [၇၉] သည် ညစ်ထေးသွားတယ်” လို့ သံဝေဂ အမြင်လေး မြင်သလိုပဲ အသိဉာဏ်လေးတစ်ခုက အထောက်အကူတွေ အများကြီး ဖြစ်စေနိုင်တယ်လို့ မြင်ရမယ်။

ပလောကတော

နောက် နံပါတ်(၉) ရှုကွက်အနေနဲ့ သူစိမ်းတရံအပြင် ဘယ်လိုရှူရမလဲဆိုတော့ “ပဉ္စက္ခန္ဓေ ပလောကတော ပဿန္တော အနုလောမိကံ ခန္တိ ပဋိလဘတိ” တဲ့။ ပဉ္စက္ခန္ဓေ- ခန္ဓာငါးပါးတို့ကို၊ ပလောကတော- ပျက်စီးနေတဲ့ အရာကြီးပဲလို့၊ ပဿန္တော- ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ- မဂ်ဉာဏ်အားလျော်စွာဖြစ်တဲ့၊ စွမ်းရည်ထက်မြတ်တဲ့ အသိဉာဏ်ကို၊ ပဋိလဘတိ- ရနိုင်၏” တဲ့။

ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးကို နောက်တစ်နည်း ဘယ်လိုမြင်ရမတုန်းဆို လုံးဝပျက်စီးနေတဲ့ အရာကြီးပဲ၊ အကောင်းမဟုတ်ဘူးလို့ မြင်ရမယ်တဲ့။

ဘုန်းကြီးတို့တတွေက ခန္ဓာငါးပါးကို အကောင်း၊ တည်မြဲနေတဲ့ အရာကြီးပဲလို့ ထင်နေတာ။ မဟုတ်ဘူးနော်။ အချိန်မရွေး ဗရမ်းဗတာ ပျက်စီးနေတဲ့ အရာကြီးပဲ။ ပျက်စီးနေတာမှ အချိန်မဆိုင်းဘဲ ပျက်စီးနေတယ်နော်။ ထင်ရှားတဲ့ ပျက်စီးမှုကတော့ ဘယ်ကျမှထင်ရှားတုန်းဆိုရင် နေမကောင်းလို့ ရောဂါဖြစ်လာပြီ၊ ဗျာဓိနှိပ်စက်လာပြီဆိုရင် ပျက်စီးတာထင်ရှားတယ်။

[၈၀] လူတွေက ပြောကြတယ်။ “ဟယ် ပိန်သွားလိုက်တာ၊ အရိုးပဲကျန်တော့တယ်” တဲ့။ ဗျာဓိနဲ့ တွေ့သွားပြီဆိုရင် ခန္ဓာကိုယ်ကြီး ပျက်စီးသွားပုံ ကြည့်နော်။ သူများပျက်စီးသွားတာမြင်ပြီး ငါတော့ မပျက်စီးဘူးလို့ မတွေးလေနဲ့။ သူရတဲ့ ခန္ဓာနဲ့ ကိုယ်ရတဲ့ခန္ဓာ ခန္ဓာချင်းအတူတူပဲ။ သူ့ခန္ဓာပျက်စီးရင် ကိုယ့်ခန္ဓာလည်း ပျက်စီးတတ်တဲ့သဘောရှိတယ်လို့ တွေးရမယ်။

လူတွေက အသုဘ လိုက်ပို့တယ်ဆိုရင် “သူသေ ငါပို့၊ ငါပို့ သူသေ” ပဲ ထင်နေတာ။ ကိုယ်က ပို့တဲ့ဖက်ကပဲ နေချင်နေတာနော်။ တကယ်က သူသေသလို ငါလည်း သေနိုင်တဲ့ သဘောရှိတယ်ဆိုတဲ့အမြင်ကို မြင်နိုင်ဖို့လိုတယ်။ တချို့ကျတော့ သေတဲ့လူကိုတောင်မှ မတည့်တာတွေ စားတာကိုး ဆိုပြီး ကျန်းမာရေး မလိုက်စားလို့ သေရသလိုလိုနဲ့ အပြစ်တင်လိုက်သေးတာ။ သေတတ်တဲ့လူက သေကို သေမှာပဲနော် “အစား မဆင်ခြင်ဘူး၊ အနေအထိုင် မဆင်ခြင်ဘူး၊ ဒီလူက သောက်စားတာကိုး သေမှာပေါ့” နဲ့ ပြောသေးတာ။ သေတဲ့လူကို အပြစ်တင်တာ ခေါ်တယ်။

ဒါပေမယ့် ခန္ဓာကိုယ်ကြီးကိုက ဗျာဓိနဲ့တွေ့ရင်လည်း ပျက်စီးသွားတာပဲ။ ဇရာနဲ့ တွေ့ရင်လည်း ပျက်စီးသွားတာပဲ။ ဆံပင်လေးဖြူလာရင် ဆေးဆိုးလိုက်တယ်။ ဒါဟာ ပျက်စီးတာကို အစားထိုးတာပဲ။ ပါးရေလေးတွန့်ရင် မိတ်ကပ်ဖုံးပြီး အစားထိုးတယ်။ သွားကျိုးရင်လည်းပဲ သွားစိုက်ဆိုင်သွားပြီး သွား [၈၁] အတု စိုက်လိုက်တယ်။ အစားထိုးတာနော်။ နောက်ဆုံးကျတော့ အစားထိုးလို့ မရတော့ဘူး။ အတုလုပ်တာလည်း ခဏပဲ ရမယ်။ တခြားအတုတွေ လုပ်ရင်တော့ ဖမ်းမှာပဲ။ သွားတုလုပ်ရင်တော့ မဖမ်းဘူး။ အစစ်လိုချင်ရင်တော့ သင်္ချိုင်းကို သွားရှာရမှာပဲ။ သွားအစစ်ကတော့ သင်္ချိုင်းမှာတောင် မရှိတော့ဘူး ထင်ပါရဲ့။ မီးရှို့ပစ်လို့လေ။

ခန္ဓာကိုယ်ဆိုတာ ရောဂါဖြစ်ရင်လည်း ပျက်စီးသွားတာပဲ။ ရုပ်သာ ပျက်စီးတာလား ဆိုတော့ စိတ်လည်း ပျက်စီးတာပဲလေ။ ရောဂါဖြစ်ရင် စိတ်ဓာတ်ကျမသွားဘူးလား။ အဲ့ဒါ ပျက်စီးသွားတာပေါ့။ လူက လန်းလန်းဆန်းဆန်း မဖြစ်တော့တာကို ပြောတာ။ ရုပ်ပျက်စီးသလို စိတ်တွေလည်း ပျက်စီးသွားတာပဲ။ သေရင်တော့ပြောမနေနဲ့တော့။ ဒါကြောင့်မို့ “ပလောကတော” ပျက်စီးနေတဲ့ အရာကြီးပဲတဲ့။

ဘယ်လို ပျက်စီးတာတုန်းလို့ မေးမယ်ဆိုရင် “ဗျာဓိ ဇရာ မရဏေဟိ ပလုဇ္ဇနတာယ” တဲ့။ ဗျာဓိ ဇရာ မရဏေဟိ- ဗျာဓိတရား၊ ဇရာတရား၊ မရဏတရား၊ နာခြင်း၊ အိုခြင်း၊ သေခြင်းဆိုတဲ့ သဘာဝတရားတို့ကြောင့်၊ ပလုဇ္ဇနတာယ- ပျက်စီးခြင်းကြောင့် ခန္ဓာငါးပါးကြီးသည် ပျက်စီးနေတဲ့ အရာကြီးလို့ မြင်ရမယ်တဲ့။

ပျက်စီးခြင်းက နေ့စဉ်နဲ့အမျှ ပျက်စီးနေတာနော်။ အချိန်တစ်ခုဆိုတာ အမှတ်တမဲ့ မနေနဲ့။ မနေ့က တစ်ရက်ကုန်သွားပြီ၊ အခု ဒီနေ့တစ်ရက် ကုန်လိမ့်မယ်။ မနက်ဖြန်ခါ [၈၂] တစ်ရက်ကုန်လိမ့်ဦးမယ်။ နောက်လတွေ တစ်လကုန်လိမ့်ဦးမယ်၊ တစ်နှစ်ကုန်လိမ့်ဦးမယ်။ အဲဒီတော့ ကုန်တာကို အမှတ်တမဲ့နေရင် ရက်တွေပဲ ကုန်တယ်လို့ထင်တာ။ ကိုယ့်သန္တာန်က နုပျိုမှုတွေ ကုန်သွားတာကို သတိမထားမိဘူး။

သေချာစဉ်းစားကြည့် “မနှစ်ကလည်း ငါ ဒီရုပ်ပဲ၊ ဒီနှစ်လည်း ငါ ဒီရုပ်ပဲ” လို့ မတွက်လေနဲ့။ မနှစ်က နုပျိုတဲ့ ရုပ်တွေသည် မနှစ်ကနဲ့ ပါသွားပြီ။ မရှိတော့ဘူး။ ဒီနှစ်က ရုပ်တွေကလည်း နောက်နှစ်ခါ ပါသွားမှာပဲ။ နုပျိုမှုတွေ အကုန်လုံး ဘယ်သူက လုယူသွားတုန်းဆိုရင် ဇရာတရားက လုယူသွားတယ်။ ဇရာတရားက ဓားပြလိုပဲ လူရဲ့ခန္ဓာကိုယ်ပေါ်မှာ ရောက်လာပြီး အလှအပတွေ၊ အနုတွေ အားလုံး ယူသွားတယ်။ ဘာကျန်ရစ်တုန်းဆို အရုပ်ဆိုး အကျည်းတန်တာတွေပဲ ကျန်ရစ်တော့တယ်။ ပါးရေတွေ တွန့်ကျန်ရစ်တယ်၊ သွားတွေ ကျွတ်ကျန်ရစ်တယ်၊ ဆံပင်တွေ ဖြူကျန်ရစ်တယ်။ အဲဒီလို ရုပ်ပျက်ဆင်းပျက် ဖြစ်ပြီးတော့ ကျန်ရစ်တာ။

ငယ်ငယ်တုန်းက နာမည်ကြီးတဲ့ ရုပ်ရှင်မင်းသမီးကြီးတွေ အခု အသက်ခြောက်ဆယ် ခုနစ်ဆယ် ရှစ်ဆယ်တွေ ဖြစ်ကုန်ပြီ။ အဲဒါကို သွားကြည့်ပြီး သံဝေဂဖြစ်အောင် တွေးရမယ်။ အရင်တုန်းက အင်မတန်လှ၊ အင်မတန်ချောတွေ ရှိသေးရဲ့လား။ (မချောတဲ့ လူကျတော့လည်း သူက နဂိုကတည်းက မချောတာဆိုတော့ကိစ္စမရှိဘူး။ ချောတဲ့လူပဲပြောရတာကိုး။) ငယ်ငယ်တုန်းက နုပျိုလန်းဆန်းနေတဲ့ ရုပ်တွေသည် အသက် [၈၃] ရှစ်ဆယ် ကိုးဆယ် ရှိတဲ့အခါ လက်ကျန်ရှိသေးရဲ့လား။ မရှိဘူးနော်။

တချို့ကျတော့လည်း နုပျိုလန်းဆန်းမှုတွေ မရှိရှိအောင် ကြိုးစားကြတယ်။ မျက်နှာတွေ ဘာတွေ အကုန်လုံး ပေါင်း တင်ပြီး အလှပြင်တယ်။ ဘယ်လိုပဲ လုပ်လုပ် နောက်ဆုံး အိုခြင်း ကိုပဲ ရောက်တာပဲ မဟုတ်လား။ ဒါကို ကြိုတင်ပြီး မြင်ရဖို့ ချက်ချင်းကြီး အိုသွားတာ မဟုတ်ဘူး။ တစ်စက္ကန့်ပြီး တစ်စက္ကန့် အိုနေသောကြောင့် ဇရာတရား သည် နုပျိုမှုအားလုံးကို လုယက်သွားတယ်လို့ ပြောတာ။

မရဏတရား က ဘာကို လုယက်သွားတုန်းဆိုရင် အသက်ကို လုယက်သွားတယ်။ အသက်ရှိနေတဲ့ အချိန်မှာ လူ့ရဲ့ ခန္ဓာကိုယ်သည် မပုပ်သေးဘူး။ အသက်ထွက်သွားပြီ ဆိုရင် (၃)ရက်ထက်ပိုပြီး အိမ်ပေါ်ထားလို့ ဖြစ်သေးရဲ့လား။ အသက်မရှိတော့ဘူး ဆိုတာနဲ့ လူ့ရဲ့ခန္ဓာကိုယ်ကြီးက ပုပ်ပြီး အနံ့တွေ ထွက်လာတယ်။ လူကောင်းတုန်းက အနံ့မထွက်တာ ဘာလို့မထွက်တာတုန်းဆိုရင် အသက်က စောင့်ရှောက်ပေး နေလို့ ဖြစ်တယ်။ အသက်သည် သူနဲ့အတူတကွ ဖြစ်ဖက် ကမ္မဇရုပ် တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတာ။

ဆိုပါစို့ ကြာပန်းလေးတွေ ရေထဲမှာနေရင် လန်းဆန်းနေ တယ်။ ကုန်းပေါ်တင်လိုက်ရင် ဒီကြာပန်းတွေ ညှိုးနွမ်းမသွား ဘူးလား။ ရေထဲနေတုန်းက ဘာလို့ လန်းနေတာတုန်းဆိုရင် ရေက စောင့်ရှောက်ထားတာလေ။ ရေမရှိဘူးဆိုရင် ခြောက် [၈၄] သွားမှာပဲ။ အဲဒီလိုပဲ လူရဲ့ ခန္ဓာကိုယ်မှာ အာယု ဆိုတဲ့ အသက် ထွက်သွားပြီဆိုတာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်ကြီးသည် မလှုပ် မယှက် နေရုံတင်မကဘူး တဖြည်းဖြည်း ရုပ်ပျက်ဆင်းပျက် ဖြစ်လာပြီး ပုပ်သိုးလို့ နောက်ဆုံးမှာ မီးရှို့ပစ်ရတဲ့ အနေအထား မျိုး ရောက်မသွားဘူးလား။

အဲဒါကို ရည်ရွယ်ပြီး ခန္ဓာငါးပါး သည် ပလောကတော ပျက်စီးနေတဲ့အရာကြီးပဲလို့ ဝိပဿနာဉာဏ် နဲ့ ဆင်ခြင်စဉ်းစား ပြီး ရှုနိုင်အောင် ကြိုးစားပါတဲ့။ အဲဒီလို ရှုလိုက်တဲ့အခါမှာ ကိုယ့် သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါး သည် အိုရင်လည်း ပျက်မှာပဲ၊ နာရင်လည်း ပျက်မှာပဲ၊ သေရင်လည်း ပျက်မှာပဲဆိုတော့ ဒီခန္ဓာ ကြီး အပေါ်မှာ ငြီးငွေ့လာတယ်။ ငြီးငွေ့လာပြီး ခန္ဓာကို မလိုချင် တော့ဘူး ဆိုတဲ့အခါမှာ အကြောင်းတရားတွေ ချုပ်သွားသည့် အတွက်ကြောင့် ဒီခန္ဓာ မဖြစ်လာတော့ဘူး။

“ပဉ္စန္နံ ခန္ဓာနံ- ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော- ချုပ် သွားမှုသည်၊ အပလောကဓမ္မော ပျက်စီးခြင်းသဘောတွေ ကင်းသွားတဲ့, မပျက်စီးတော့တဲ့။ (အိုစရာမရှိဘူး၊ နာစရာ လည်း မရှိဘူး၊ သေစရာလည်း မရှိဘူး။ ခန္ဓာငါးပါး ရှိမှ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာ ဖြစ်တယ်။ ခန္ဓာငါးပါး မရှိတော့ဘူး ဆိုရင် အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ သဘာဝတွေ ကင်းစင် သွားတာ ဖြစ်သောကြောင့်) နိဗ္ဗာနံ နိဗ္ဗာန်ပဲလို့ ရှုမြင်တဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးသည် သမ္မတ္တနိယာမံ သမ္မတ္တနိယာမ ဆိုတဲ့ မဂ်စိတ်သို့၊ ဩက္ကမတိ [၈၅] ဝင်ရောက်သွားနိုင်၏” လို့ ဒီလို မြတ်စွာဘုရားက ဟောပါ တယ်။ ဒါက အကျိုးတရားလေးကို ပြတာ။

အဲဒီတော့ ဝိပဿနာရှုရင် “ခန္ဓာငါးပါး ကို ပျက်စီးနေတဲ့ အရာကြီးလို့ ရှုပါ”တဲ့။ အဲဒီလို ပျက်စီးနေတဲ့ အရာကြီးလို့ ရှုလိုက်ရင် ခန္ဓာငါးပါး ပေါ်မှာ လိုချင်တဲ့စိတ်တွေ ကုန်ခန်းသွား လိမ့်မယ်တဲ့။ လိုချင်တဲ့စိတ်တွေ ကုန်ခန်းသွားခြင်းသည် တဏှာ ကုန်ခြင်းပဲ။ တဏှာကုန်ရင် ခန္ဓာငါးပါး ချုပ်ငြိမ်းသွားလိမ့်မယ်။ အဲဒီ ခန္ဓာငါးပါး ချုပ်ငြိမ်းသွားခြင်းသည် အပလောကဓမ္မော ပျက်စီးခြင်းကင်းတဲ့ အရာဖြစ်လို့၊ နိဗ္ဗာနံ နိဗ္ဗာန်ပဲလို့ အာရုံ ပြုလိုက်တာနဲ့ တစ်ပြိုင်နက်၊ သမ္မတ္တနိယာမ ဆိုတဲ့ မဂ်စိတ် ပေါ်လာနိုင်တယ်။ ဒါက ရှုကွက်တစ်ခုပဲ။

(၁၀) ဤတိတော

(၁၀) ဤတိတော
ကဲ နောက်တစ်မျိုး စဉ်းစားကြဦးစို့။ ကိုယ့်မှာရှိတဲ့ ခန္ဓာ တွေကို ကိုယ်ကြိုက်တဲ့ ရှုကွက်တွေနဲ့ ရှုလို့ရတယ်။ အဲဒီတော့ နံပါတ်(၁၀) ရှုကွက်က “ပဉ္စက္ခန္ဓေ ခန္ဓာငါးပါးတို့ကို၊ ဤတိတော ဘေးရန်အန္တရာယ် အနေအားဖြင့်၊ ပဿန္တော ရှုမြင်တဲ့ ပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ အနုလောမိက ခန္တီဉာဏ်ကို ပဋိလဘတိ ရနိုင်တယ်” တဲ့။ ကိုယ်ရထားတဲ့ ခန္ဓာငါးပါး ကြီးသည် ဤတိ ဘေးရန်ကြီး ပဲ။ လောကလူတွေက ဘေးရန်ဆိုတာ အပြင်ကလာတယ်လို့ပဲ ထင်နေတာ။ မဟုတ်ဘူးနော်။ ဘေးရန်ဆိုတာ ကြောက်စရာ [၈၆] ကောင်းတယ်။ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေနိုင်တယ်။ အဲဒီ ဘေးရန်အန္တရာယ်ဆိုတာ ဘယ်အရာကို ပြောတာတုန်း ဆိုရင် ဒီ ခန္ဓာငါးပါး ကြီးကိုပဲ ပြောတာတဲ့။ ခန္ဓာငါးပါး ကြီးကို အကြောင်းပြုပြီး ပျက်စီးမှုတွေ အားလုံးသည် ရောက်ရှိလာနိုင် တယ်ပေါ့။ ဒါကြောင့်မို့ ခန္ဓာငါးပါး ကြီးကို ဤတိ ဘေးရန် ကြီးပဲလို့ ရှုနိုင်အောင် ကြိုးစားရမယ်။

ဘာဖြစ်လို့ ဒီလို ရှုရတာတုန်းဆိုတော့ အနေကဗျသနာ ဝဟနတာယ ပျက်စီးဆုံးရှုံးမှု အများဆုံးကို ဖြစ်ပေါ်စေတတ် လို့ ဖြစ်တယ်။ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့ ပျက်စီးမှုဆိုတာ တွေ စဉ်းစားကြည့်၊ အပေါ်ယံ ပျက်စီးမှုတွေ အသာထား စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေ ကြည့်လိုက်ရင် ခန္ဓာကိုယ် ကို အကြောင်းပြုပြီး ခန္ဓာကိုယ်ကြီးကို ကျွေးဖို့အတွက် သူများပစ္စည်းကို ခိုးတာ၊ လုတာ၊ ယက်တာ မရှိဘူးလား။ ခန္ဓာ ကိုယ်ကြီးလှဖို့၊ တည်တံ့ဖို့ဆိုတဲ့ အနေအထားမျိုးနဲ့ သူများ အသက်တွေသတ်တယ်။ ဒီလိုစိတ်ဓာတ်တွေ ပျက်စီးသွားရ တာဟာ ဟောဒီ ခန္ဓာကိုယ်ကြီးကြောင့်ပဲတဲ့။

ခန္ဓာကိုယ်ကို အကြောင်းပြုပြီးတော့ သီလ တွေ ချိုး ဖောက်တယ်။ ဒုစရိုက် တွေ လုပ်ကြတယ်၊ မကောင်းမှု အကုသိုလ် တွေ လုပ်ကြတယ်။ ဒါကြောင့် ပျက်စီးမှုတွေ အားလုံး သည် ခန္ဓာကိုယ်ကို အကြောင်းပြုပြီး ဖြစ်လာကြတာ ဖြစ်တယ်။ ဘေးရန် အန္တရာယ်တွေ ရောက်လာတာလည်း ခန္ဓာကိုယ်နဲ့ ပတ်သက်နေတယ်။ ဒါကြောင့်မို့ အနေက ဗျသနာ ဝဟန- [၈၇] တာယ များလှစွာသော ဗျသန ဆိုတဲ့ ပျက်စီးမှုတွေကို ယူဆောင်လာတတ်သောကြောင့် ဤတိတော ဘေးရန်နဲ့ တူတယ်တဲ့။

လူကို ထိခိုက်တဲ့ ဘေးရန်အန္တရာယ်တွေ အများကြီး ရှိတယ်။ မီးဘေးအန္တရာယ် ဖြစ်တယ်ဆိုရင် ပစ္စည်းတွေ ပါမသွားကုန်ဘူးလား။ ရေမျောတယ် ဆိုရင်လည်း အကုန် ပါသွားတာပဲ။ ဒီလို ဘေးအန္တရာယ်တွေသည် လူတွေကို ဒုက္ခ ရောက်စေသလို ခန္ဓာငါးပါး သည်လည်း ရထားတဲ့ ပုဂ္ဂိုလ် တွေကို ဒုက္ခရောက်အောင် လုပ်နေတယ်လို့ ဆိုလိုတာနော်။ ဒါကြောင့်မို့ ခန္ဓာကိုယ်ကြီးကို ဘေးရန်ကြီးလို့ စဉ်းစားဆင်ခြင် တွေးတောရမယ်တဲ့။

အဲဒီလို ဆင်ခြင်ခြင်းအားဖြင့် ဝိပဿနာဉာဏ် အဆင့် ဆင့်တတ်ပြီး အစွမ်းထက်တဲ့ ဝိပဿနာဉာဏ် တစ်ခုကို ရမယ်။ အဲဒီတော့ ခန္ဓာငါးပါး အပေါ်မှာ စိတ်ပျက်ခြင်း၊ ငြီးငွေ့ခြင်း၊ ဘေးရန်ကြီးဆိုပြီး ကြောက်ရွံ့ခြင်းဆိုတဲ့ အနေ အထားတွေ ဖြစ်ပေါ်လာတဲ့အခါ ခန္ဓာငါးပါး ကို မလိုချင် တော့ဘူး။ ဒါသည် တဏှာ လျော့နည်းလာတာကို ပြောတာ။ နောက်ဆုံးမှာ လိုချင်တဲ့တဏှာကို လုံးဝဖယ်ရှားပစ်နိုင်ပြီဆိုရင် ခန္ဓာငါးပါး ဆိုတာ ပေါ်မလာတော့ဘူး။

“ပဉ္စန္နံ ခန္ဓာနံ ခန္ဓာငါးပါးတို့ရဲ့ ၊ နိရောဓော-ထာဝရ ချုပ်ငြိမ်းသွားမှုသည်၊ အနီတိကံ နိဗ္ဗာနံ ၊ အန္တရာယ်ကင်း တဲ့ နိဗ္ဗာန်ပဲလို့၊ ပဿန္တော ရှုမြင်တဲ့ ပုဂ္ဂိုလ်သည်၊ သမ္ပတ္တ- [၈၈] နိယာမံ မဂ်စိတ်ထဲသို့, မဂ်တရားထဲသို့၊ ဩက္ကမတိ ဝင်ရောက်သွားနိုင်၏။"

ခန္ဓာငါးပါး ချုပ်ငြိမ်းသွားမှ အန္တရာယ်ကင်းမှာ ဖြစ်တယ်။ ခန္ဓာငါးပါး ရှိနေသမျှ အန္တရာယ်ရှိနေမှာပဲ။ ခန္ဓာငါးပါး မရှိဘူး ဆိုရင် အန္တရာယ်တွေ အကုန်ငြိမ်းသွားမယ်။

ဝိသာခါ အမျိုးသမီးလေးသည် (၇)နှစ် အရွယ်မှာ ဘုရား တရားတော် နာရင်းကနေပြီး သမ္မတ္တနိယာမ ထဲ ရောက်သွား တာပဲ။ မြတ်စွာဘုရားဟောတဲ့ ခန္ဓာအကြောင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝိပဿနာကျင့်စဉ် အကြောင်းတွေကို နားထောင် လို့ ဝိပဿနာဉာဏ် တွေ ဖြစ်သွားပြီး တစ်ထိုင်တည်းအတွင်းမှာ သမ္မတ္တနိယာမ ဆိုတဲ့ သောတာပတ္တိမဂ် ကို ရသွားတာ။ သောတာပန် ဖြစ်သွားတယ်ပေါ့။

(၇)နှစ်သမီးလေးတောင်ရတာ လွယ်လွယ်လေးလို့ ထင်ကောင်း ထင်လိမ့်မယ်။ သို့သော် သူလုပ်လာတဲ့အချိန်တွေ သည် အများကြီးပဲ။ သူလုပ်လာတဲ့ အချိန်တွေ အများကြီး ဖြစ်သလို ကိုယ်လည်းလုပ်ဖို့ လိုအပ်တယ်။ ကိုယ်လုပ်ရင်လည်း ဒီလိုပဲရလာမှာပဲလို့ ရှုမြင်ရမယ်။ ဒါက ရှုကွက် နံပါတ်(၁၀)ပေါ့။

(၁၁) ဥပဒ္ဒ၀တော

(၁၁) ဥပဒ္ဒ၀တော
နောက်တစ်ခု နံပါတ်(၁၁) အနေနဲ့ ဘယ်လိုရှုရမလဲဆို ရင် “ပဉ္စက္ခန္ဓေ ဥပဒ္ဒဝတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။ ခုနတုန်းက ဤတိ ဆိုတာက ဘေးရန် [၈၉] ပြဿနာတွေကို ဖိတ်ခေါ်တာ ဖြစ်တယ်။ ဥပဒ္ဒဝ ဆိုတာ ကပ်ပြီးတော့ နှောင့်ယှက်တဲ့ အန္တရာယ်ပေးတဲ့၊ အကျိုးမဲ့တွေကို ဖြစ်စေတတ်တဲ့ ဘေးရန်မျိုးကို ဆိုလိုတယ်။ “ဥပဒ္ဒဝတော နှိပ်စက်နေတဲ့ အန္တရာယ်ကြီးဟူ၍၊ ပဿန္တော ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ အနုလောမိက ခန္တီ အနုလောမိက ခန္တီဉာဏ်ကို ပဋိလဘတိ ရလာနိုင်၏”တဲ့။

ခန္ဓာငါးပါး ကြီးသည် ဥပဒ္ဒဝ လူတွေကို ဒုက္ခပေးနေတဲ့ ဘေးရန်ကြီး၊ ကပ်ပြီးတော့ နှိပ်စက်နေတဲ့ အရာကြီးပဲလို့ မြင်နိုင်ရမယ်။

ဘာကြောင့် ခန္ဓာငါးပါး သည် ဘေးရန်နဲ့ အလား သဏ္ဌာန် တူတာတုန်းဆိုရင် “အဝိဒိတာနံ ယေဝ ဝိပုလာနံ အနတ္ထာနံ အာဝဟနတော” တဲ့။ ကိုယ့်သဏ္ဌာန်မှာ မဖြစ် သေးတဲ့၊ မထင်ရှားတဲ့၊ အကျိုးမဲ့များစွာကို ဖြစ်ပေါ် စေတတ်တဲ့ ဘေးရန်ဆိုတာ ကိုယ့်ကို ဒုက္ခရောက်စေတယ်။ နောက်ပြီး ကပ်ပြီးတော့ နှိပ်စက်နေတယ်။ ဥပမာ ခုခေတ်မှာ ရောဂါ ဝေဒနာတွေ ဖြစ်ပြီဆိုရင် ဒီရောဂါဝေဒနာကို အကြောင်းပြုပြီး ခန္ဓာကိုယ်သည် ပင်ပန်းလာတယ်။ ရောဂါဝေဒနာကြီးက ခန္ဓာကိုယ်ကို နှိပ်စက်နေသလို ခန္ဓာငါးပါး ရှိခြင်းသည်လည်း အကျိုးမဲ့မှန်သမျှကို ဖြစ်ပေါ်စေပြီး နှိပ်စက်နေတယ်တဲ့။ ဒါတင် မကဘူး “သဗ္ဗူပဒ္ဒဝ ဝတ္ထုတာယ” လောကမှာ “ဥပဒ္ဒဝ” ဆိုတဲ့ ကပ်ရောက် နှိပ်စက်တတ်တဲ့ အရာတွေမှန်သမျှ သည် ခန္ဓာငါးပါး ရှိလို့ ဖြစ်ရတာတဲ့။ ခန္ဓာငါးပါးရှိရင် ရောဂါ [၉၀] ဝေဒနာ ပေါင်းစုံ ဖြစ်နိုင်တယ်ပေါ့။ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေစီးပြီး accident ဖြစ်တာတွေကလည်း ကပ်ရောက် နှိပ်စက်တတ်တာတွေပေါ့။ ခန္ဓာမရှိရင် ဒါတွေဖြစ်ပါ့မလား။ ခန္ဓာရှိနေသည့် အတွက်ကြောင့် ဒီလိုအနေအထားမျိုးတွေ အကုန်ဖြစ်ကြရတယ်။ လောကမှာ ပြဿနာဟူသမျှသည် ခန္ဓာရှိနေလို့ ဖြစ်တာပဲ။ အကျိုးမဲ့ မှန်သမျှကို ယူဆောင်လာ တတ်လို့ ခန္ဓာငါးပါး သည် တကယ့်ကို “ဥပဒ္ဒဝ” နှိပ်စက်နေတဲ့ ဘေးရန်ကြီးပဲလို့ ရှုမြင်သုံးသပ်ရမယ်တဲ့။

ဒီလို ရှုမြင်တဲ့အခါ ခန္ဓာကိုယ်ကြီးပေါ်မှာ ကြောက်ရွံ့ ငြီးငွေ့လာပြီး ခန္ဓာကိုယ် မရှိတာကို သဘောကျလာတယ်။ ခန္ဓာ မရှိတာကို သဘောကျလာသောကြောင့် ခန္ဓာဖြစ် ကြောင်း တဏှာ ကိုပယ်ဖို့ ကြိုးစားလာတယ်။ အကြောင်းချုပ် သွားပြီး အကျိုးချုပ်သွားတယ်။

“ပဉ္စန္နံ ခန္ဓာနံ နိရောဓော ခန္ဓာငါးပါးတို့ရဲ့ ချုပ်ငြိမ်း သွားမှုသည်၊ အနုပဒ္ဒဝံ နိဗ္ဗာနံ နှိပ်စက်တတ်တဲ့၊ ဘေးရန် အန္တရာယ်ကင်းတဲ့နိဗ္ဗာန်ပဲလို့၊ ပဿန္တော ရှုမြင်တဲ့ ပုဂ္ဂိုလ် သည်၊ သမ္မတ္တ နိယာမံ သမ္မတ္တနိယာမဆိုတဲ့ မဂ်တရားသို့ ဩက္ကမတိ သက်ရောက်သွားနိုင်၏။”

ဒါကတော့ ခန္ဓာငါးပါး အပေါ်မှာ ဥပဒ္ဒဝတော ကပ်ပြီး နှိပ်စက်နေတဲ့ ဘေးရန်ကြီးပဲလို့ရှုတဲ့ ရှုကွက်တစ်ခုဖြစ်တယ်။

[၉၁] ဘယတော

(၁၂)ခု မြောက် ဝိပဿနာ ရှုကွက်ကတော့ “ပဉ္စက္ခန္ဓေ ခန္ဓာငါးပါးတို့ကို၊ ဘယတော ကြောက်စရာဘေးဟူ၍၊ ပဿန္တော ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ အနုလောမိက ခန္တီဉာဏ်ကို၊ ပဋိလဘတိ ရလာနိုင်၏”တဲ့။ အဆင့်မြင့်တဲ့ ဝိပဿနာဉာဏ် ကို ရသွားတယ်လို့ ဆိုလိုတာ။ အဲဒီတော့ ခန္ဓာငါးပါး ကို “ဘယ” ကြောက်စရာ ဘေးကြီးလို့ မြင်ရမယ်တဲ့။

“ဘယ” ကို မြန်မာတွေက ဘေးလို့ ပြောကြတယ်။ ကြောက်စရာ လန့်စရာကောင်းတဲ့ ဘေးရန်အန္တရာယ်လို့ ဒီလို တွဲပြီးလည်း ပြောကြတယ်။ အဲဒီမှာ ဘေးဆိုတာ စိတ်နှလုံးကို တုန်လှုပ်ကြောက်ရွံ့စေတတ်တဲ့ အရာဖြစ်တယ်။ ဥပမာ ငလျင် လှုပ်တယ်၊ အဆောက်အဦးတွေ ပြိုတယ်၊ ရေတွေ ကြီးတယ်၊ ဒါတွေကို “သဘာဝဘေးရန်”လို့ ပြောလေ့ရှိကြတယ်ပေါ့။

ခန္ဓာကိုယ်ကြီးသည်လည်း အဲဒီလို အင်မတန် ကြောက် စရာကောင်းတဲ့ ဘေးရန်ကြီးပဲတဲ့။ ဘာဖြစ်လို့တုန်းဆိုရင် “သဗ္ဗဘယာနံ အာကရတာယ” လောကမှာ ဖြစ်ပေါ်လာတဲ့ ဘေးရန် အန္တရာယ်ဟူသမျှသည် ဟောဒီ ခန္ဓာကိုယ်ပေါ်မှာ ကျရောက်တာ ဖြစ်သောကြောင့် ခန္ဓာငါးပါး သည် ဘေးရန် အန္တရာယ် အားလုံးရဲ့ တည်ရာကြီး ဖြစ်နေတယ်တဲ့။ “ငါးတကာစွန့်တဲ့ မစင်သည် ပုဇွန်ခေါင်းစုတယ်”ဆိုသလိုပဲ လောကမှာ ဖြစ်ပေါ်လာတဲ့ ဘေးရန်အန္တရာယ်သည် ခန္ဓာ [၉၂] ငါးပါးအပေါ်မှာ ရောက်တယ်။ ဒါကြောင့်မို့ “သဗ္ဗဘယာနံ အာကရတာယ” ဘေးရန်ခပ်သိမ်းရဲ့ တည်ရာဖြစ်နေလို့ ခန္ဓာငါးပါး သည် ကြောက်စရာ ဘေးရန်ကြီးပဲတဲ့။ နောက်တစ်ခု “ဒုက္ခဝူပသမသင်္ခါတဿ ပရမဿာ- သဿ ပဋိပက္ခဘူတတာယ စ” တဲ့။ ဒီ ခန္ဓာငါးပါး သည် ဘာနဲ့ အလားတူတုန်းဆိုတော့ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်းလို့ ဆိုတဲ့ စိတ်သက်သာရာ ရမှုရဲ့ ဆန့်ကျင်ဘက်ကြီး ဖြစ်နေတယ်။ ခန္ဓာငါးပါး ရှိနေရင် ထာဝရငြိမ်းချမ်းမှု၊ အေးချမ်းမှုဆိုတာ မဖြစ်နိုင်ဘူး။ ခန္ဓာရှိနေသမျှ ကာလပတ်လုံး ဆင်းရဲတွေ ရှိနေမှာပဲ။ ခန္ဓာငါးပါး ရှိနေသမျှ ဘယ်တော့မှ ဘေးရန် အန္တရာယ်က လွတ်မှာမဟုတ်ဘူး။ ခန္ဓာငါးပါး သည်ပင်လျှင် ဘေးရန်ဖြစ်နေတယ်လို့ ရှုမြင်သုံးသပ်နိုင်ရမယ်။

အဲဒီလို ရှုမြင်လိုက်တဲ့အခါ ခန္ဓာငါးပါး အပေါ်မှာ ကြောက်စရာကြီးလို့ မြင်လာပြီး ခန္ဓာကိုယ်ကြီးကို မရချင်တော့ ဘူး။ အဲဒီအခါမှာ ခန္ဓာငါးပါး အပေါ်မှာ တွယ်တာတဲ့ တဏှာ ကင်းသွားတယ်။ ဒီလို တွယ်တာတဲ့ တဏှာကို ဖယ်ရှားလိုက် နိုင်ပြီဆိုရင် “ပဉ္စန္နံ ခန္ဓာနံ ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော ချုပ်ငြိမ်းမှုသည်၊ အဘယံ နိဗ္ဗာနံ ဘေးကင်းတဲ့နိဗ္ဗာန်ပဲလို့၊ ပဿန္တော ရှုမြင်တဲ့အခါ၊ သမ္မတ္တနိယာမံ သမ္မတ္တနိယာမ ဆိုတဲ့ မဂ်တရားသို့၊ ဩက္ကမတိ ဝင်ရောက်သွားနိုင်၏”တဲ့။ မဂ်ဖိုလ် ဆိုက်သွားတာကို ပြောတာနော်။ ခန္ဓာတွေ ချုပ်ငြိမ်းမှု [၉၃] သည် ဘေးရန်ကင်းရာနိဗ္ဗာန် ဖြစ်တယ်။ ဘေးရန်ကင်းရာနိဗ္ဗာန် ဆိုတာ ခန္ဓာကင်းတဲ့ နိဗ္ဗာန်ပဲ ဖြစ်တယ်တဲ့။ အဲဒီမှာ “ဝိပဿနာ ရှုဖွယ် တောလေးဆယ်” ထဲက ရှုကွက်ပေါင်း (၁၂) ခုထိအောင် ပြီးသွားပြီ။

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ မိမိတို့နဲ့ သင့်လျော်ရာ အနိစ္စလို့ပဲ ရှုရှု၊ ဒုက္ခလို့ပဲ ရှုရှု၊ ရောဂါလို့ပဲ ရှု၊ အခုပြောခဲ့တဲ့ ဘေးရန်အန္တရာယ်လို့ပဲ ရှုရှု၊ ခန္ဓာငါးပါးအပေါ်မှာ လိုချင်မှု တဏှာကို ဖယ်ရှားဖို့အတွက် ဝိပဿနာရှုတာ ဖြစ်တယ်။ အမှန်သိပြီး တဏှာကို ဖယ်ရှားနိုင်ပြီဆိုရင် “နန္ဒီ ဒုက္ခဿ မူလံ” ဆိုတဲ့အတိုင်း “နန္ဒီ” ဆိုတဲ့ တဏှာသည် ဒုက္ခရဲ့ အရင်းခံ အကြောင်းတရားဖြစ်လို့ တဏှာမကင်းသေးသမျှ ကာလပတ်လုံး ဘယ်တော့မှ နိဗ္ဗာန်ဆိုတာကို မျက်မှောက်ပြုနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် တို့တတွေ လိုချင်မှုတဏှာ ကုန်ဆုံးအောင် အမှန်မြင်ခြင်းဖြင့် ခန္ဓာငါးပါးကို ရှုမြင်သုံးသပ်တဲ့ ဝိပဿနာဉာဏ်ဖြစ်အောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကျိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေ ကုန်သတည်း။

သာဓု သာဓု သာဓု

[၉၄] ဝိပဿနာရှုဖွယ် တောလေးဆယ် အပိုင်း (၄)

သာသနာတော်နှစ် ၂၅၅၇-ခု၊ ကောဇာသက္ကရာဇ် ၁၃၇၅-ခုနှစ် သီတင်းကျွတ်လဆန်း (၂)ရက်၊ ၂၀၁၃-ခုနှစ် အောက်တိုဘာလ (၆)ရက်၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်။ ဒေးဝန်းအရှေ့ အကွက်အမှတ် (၂၇၆) ရှမ်းဝိုင်းရပ်၊ ဒါနပတိ ဥပုသ်ထွက်အပတ်စဉ် အရုဏ်ဆွမ်းကပ်အသင်းကြီး၏ (၆)နှစ်ပြည့်၊ အထိမ်းအမှတ်အဖြစ်ဖြင့် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ပဉ္စမအကြိမ်မြောက် အထူးတရားပွဲကြီး၌ ဘုရားဒါယကာကြီး ဦးဝင်းမောင်၊ ဘုရားဒါယကာမကြီး ဒေါ်ညွန့်ရီ တို့အားရည်စူး၍၊ ဦးအောင်ဝင်း၊ ဒေါ်ဝေဝေ (ဝေဝေ ဆံပင်မိတ်ကပ်အလှပြင်) သားမောင်ဝေယံဖြိုး၊ မောင်အာကာဖြိုး မိသားစုတို့၏ အမတဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဓမ္မဟောကြားအပ်သော၊ “ဝိပဿနာရှုဖွယ် တောလေးဆယ် အပိုင်း (၄)” တရားဒေသနာတော်။

သာသနာ နှင့် ဝိပဿနာ

ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်ထင်ရှားပွင့်ပေါ်မှသာလျှင် ဝိပဿနာကုသိုလ်ဆိုတာ ရယူနိုင်တာ ဖြစ်တယ်။ လောကမှာ ကုသိုလ်ဆိုတာ ဒါနကုသိုလ်ရှိတယ်၊ သီလကုသိုလ်ရှိတယ်၊ ဘာဝနာကုသိုလ် ရှိတယ်။ အဲဒီလို ကုသိုလ် အမျိုးမျိုးရှိတဲ့ အထဲမယ် ဘာဝနာကုသိုလ်မျိုးဖြစ်တဲ့ ဝိပဿနာ ဘာဝနာ ကုသိုလ်ဆိုတာ မြတ်စွာဘုရား ပွင့်ပေါ်မှသာလျှင် လိုက်နာ ကျင့်သုံးနိုင်ကြတာ ဖြစ်တယ်။

[၉၅] ဘုရားမပွင့်တဲ့ အချိန်မှာတော့ ပစ္စေကဗုဒ္ဓအရှင်မြတ်တွေ သူတို့ကိုယ်ပိုင်ဉာဏ်နဲ့ ဝိပဿနာတရားကို ဖြစ်ပွားစေကြတယ်၊ သို့သော် တစ်ဖက်သားသိအောင် ဟောပြောနိုင်စွမ်းမရှိကြဘူး။ သဗ္ဗညုမြတ်စွာဘုရားပွင့်တော်မူတဲ့ခေတ်မှသာလျှင် ဝိပဿနာ နည်းစနစ်ကို လိုက်နာကျင့်သုံးနိုင်ကြတယ်။ ဒါကြောင့် ဝိပဿနာကုသိုလ်သည် ဘုရားသာသနာအတွင်းမှာသာလျှင် လုပ်နိုင်တဲ့ကုသိုလ်ဖြစ်တယ်ဆိုတာ မှတ်သားထားကြရမယ်။ ဝိပဿနာဆိုတာ “ဝိဝိဓေဟိ ... အာကာရေဟိ ပဿတီတိ ဝိပဿနာ” တဲ့။ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေ အပေါ်မှာ အနိစ္စ- မမြဲဘူးဆိုတဲ့ အခြင်းအရာ၊ ဒုက္ခ- ဆင်းရဲတယ်ဆိုတဲ့ အခြင်းအရာ၊ အနတ္တ- ကိုယ်မပိုင်ဘူးဆိုတဲ့ အခြင်းအရာတွေကို ရှုမြင်တဲ့ဉာဏ်ကို ခေါ်တာ၊ ၎င်းတို့နဲ့ ဆက်နွယ်လာတဲ့ အခြင်းအရာလေးဆယ်၊ ရှုပုံရှုနည်းလေးဆယ်နဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို ရှုမြင်နိုင်တဲ့ အသိဉာဏ်မျိုးကို ဝိပဿနာ လို့ခေါ်တာ။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် “ဝိ” ဆိုတာ ထူးခြားတဲ့၊ “ပဿနာ” ရှုမြင်မှု ဖြစ်တယ်။ သာမန်ပုဂ္ဂိုလ်တွေ မြင်တဲ့ အမြင်မျိုးမဟုတ်ဘဲ ထူးထူးခြားခြား မြင်နိုင်တဲ့ အမြင်မျိုးကို ဆိုလိုတယ်။ အဲဒီ အမြင်မျိုးသည် မဂ်ကုသိုလ်ကို ရစေနိုင်တဲ့ ဝိပဿနာအဖြစ်ကုသိုလ်မျိုးပဲ ဖြစ်တယ်။

[၉၆] မှန်ကန်စွာနှလုံးသွင်းမှ ကုသိုလ်ဖြစ်နိုင်

ကုသိုလ်ဆိုတာ ဘယ်လိုနည်းနဲ့ ရနိုင်သလဲဆိုရင် မြတ်စွာဘုရားဟောထားတဲ့ ဒေသနာတော်မှာ “ယေကေစိ ကုသလာ ဓမ္မာ၊ သဗ္ဗေ တေ ယောနိသောမနသိကာရ မူလကာ။ ယေကေစိ ကုသလာ ဓမ္မာ- ဘယ်လို ကုသိုလ်တရားမျိုးပဲ ဖြစ်ဖြစ်။ သဗ္ဗေတေ- ထိုကုသိုလ်မှန်သမျှသည်၊ ယောနိသောမန သိကာရမူလကာ- ယောနိသောမနသိကာရ သာလျှင် အကြောင်းရင်း အခြေခံရှိကြတယ်” လို့ ဆိုထားတယ်။

မနသိကာရလို့ ခေါ်ရတဲ့ သဘာဝတရား (၃) မျိုးရှိတယ်။ စိတ်တိုင်းမှာပါဝင်နေတဲ့ မနသိကာရ စေတသိက်ဆိုတာ ရှိတယ်။ မနသိကာရ စေတသိက်ဆိုတာ အာရုံနဲ့စိတ်ကို ယှဉ်တွဲပေးပြီး စိတ်ကို အာရုံဖက်ဦးလှည့်စေတယ်။ မြန်မာလို နှလုံးသွင်းတယ်လို့ ဆိုတယ်။ မနသိ စိတ်၌၊ ကာရ ပြုလုပ်ခြင်း လို့ အဓိပ္ပာယ်ရတယ်။ စိတ်ထဲ အာရုံရောက်လာအောင် ယူတာကို ဆိုလိုတယ်ပေါ့။ မနသိကာရ စေတသိက်ကိုလည်းပဲ မနသိကာရဆိုတဲ့ အသုံးနဲ့ သုံးတယ်။

နောက်တစ်ခုကတော့ ဝီထိပဋိပါဒကမနသိကာရ ငါးဒွါရမှာ အာရုံတွေကို တံခါးဖွင့်ပေးတဲ့ စိတ်၊ သို့မဟုတ် အာရုံ အသစ် ပေါ်လာတဲ့အခါမှာ ဆင်ခြင်တဲ့ စိတ်ကိုခေါ်တာ၊ ဆင်ခြင်တယ်ဆိုတာ အာရုံတံခါးကို ဖွင့်ပေးတာပဲ။ အိပ်မောကျနေတဲ့အချိန်မှာ ဖြစ်နေတဲ့စိတ်မျိုးကို ဘဝင်စိတ်လို့ ခေါ်တယ်။ ထို ဘဝင်စိတ်ကို ရပ်တန့်သွားစေပြီး မျက်စိ၊ နား၊ နှာ၊ လျှာ၊ [၉၇] ကာယ ဆိုတဲ့ ဒွါရ (၅) ပေါက်ကနေ အသစ်ဝင်လာတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ဆိုတဲ့ အာရုံတွေကို တံခါးဖွင့်ပေးလိုက်တဲ့ စိတ်ကို ပဉ္စဒွါရာဝဇ္ဇန်းစိတ်လို့ ခေါ်တယ်။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်က တံခါးဖွင့်ပေးလိုက်တဲ့အခါမှ မြင်စရာအာရုံဆိုရင် စက္ခုဝိညာဏ်စိတ်က မြင်တယ်၊ ကြားစရာအာရုံဆိုရင် သောတဝိညာဏ်စိတ်က ကြားသိတယ်၊ အနံ့ဆိုရင် ဃာနဝိညာဏ်စိတ်က အနံ့သိတယ်၊ အရသာဆိုရင် ဇိဝှါ ဝိညာဏ်စိတ်က အရသာသိတယ်၊ အထိအတွေ့ အာရုံဆိုရင် ကာယဝိညာဏ်စိတ်က အထိအတွေ့ကို သိတယ်။ ဒီ ပဉ္စဒွါရာဝဇ္ဇန ဆိုတဲ့ အာဝဇ္ဇန်းစိတ်ဖြစ်မှ မြင်သိ၊ ကြားသိ၊ နံသိ၊ လျက်သိ၊ ထိသိ ဆိုတဲ့စိတ်တွေ ဖြစ်လာနိုင်စွမ်းရှိတယ်။ ဒါကြောင့် ငါးဒွါရမှာ တံခါးဖွင့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇနစိတ် ကိုလည်းပဲ မနသိကာရလို့ ခေါ်တယ်။ သူ့ကျတော့ ရှေ့က စကားလုံးလေး တစ်ခုထည့်ပြီး ဝီထိပဋိပါဒက ဝီထိစိတ်တွေကို ဖြစ်ပေါ်စေဖို့ တံခါးဖွင့်ပေးတဲ့ စိတ်လို့ဆိုတယ်။

နောက်တစ်ခု မနောဒွါရ ဆိုတဲ့ စိတ်တံခါးမှာ ထင်လာတဲ့ အာရုံကို တံခါးဖွင့်ပေးတဲ့ စိတ်ကိုတော့ မနောဒွါရာဝဇ္ဇနစိတ် လို့ ခေါ်တယ်။ အဲဒီ မနောဒွါရာဝဇ္ဇနစိတ်က တံခါးဖွင့်ပေးလိုက်တဲ့အခါမှာ အာရုံရဲ့ အရသာကို အရှိန်အဟုန်နဲ့ ကျနစွာ ခံစားနိုင်တဲ့ ဇောစိတ်တွေ ဖြစ်လာတယ်။ ပဉ္စဒွါရ အခိုက်မှာလည်း ဝုဋ္ဌော ဆိုတဲ့ နာမည်နဲ့ ဇောဖြစ်အောင် မနောဒွါရာဝဇ္ဇန စိတ်ကပဲ ဆောင်ရွက်ပေးတယ်။ မနောဒွါရမှာလည်းပဲ ဇောဖြစ် [၉၈] အောင် မနောဒွါရာဝဇ္ဇနစိတ်က ဆောင်ရွက်ပေးတာမို့ ဒီစိတ်ကို ဇဝနပဋိပါဒက ဇောကို ဖြစ်ပေါ်စေနိုင်တဲ့ မနသိကာရလို့ ခေါ်တယ်။ ဒီလို အဘိဓမ္မာကျမ်းဂန်ထဲမှာ မနသိကာရ (၃) မျိုး ဆိုတာကို ခွဲခြားပြထားတယ်။

အဲဒီတော့ ကုသိုလ်လုပ်တိုင်း ကုသိုလ်လုပ်တိုင်း ကုသိုလ်စိတ်ဖြစ်ဖို့ဆိုရင် ဟောဒီ မနသိကာရ ရှိရမယ်။ အများအားဖြင့်တော့ မနောဒွါရာဝဇ္ဇန ကို ရည်ညွှန်းတယ်လို့ လယ်တီ ဆရာတော်ဘုရားကြီးက ဆိုတယ်။ သို့သော်လည်း ယောနိသောမနသိကာရ ဆိုတဲ့ စကားလုံးမှာ ယောနိသော ဆိုတာ ပါလာလို့ မနောဒွါရာဝဇ္ဇန်းစိတ်ကတော့ မူလပထမဖြစ်သော်လည်းပဲ နောက်ပိုင်းရောက်တဲ့အခါ သတိလည်းပါတယ်၊ ပညာ လည်းပါတယ်၊ တခြားသဘာဝတရားတွေလည်း ပါလာတယ်လို့ ယူလို့ရတယ်။ ဒါကြောင့် ယောနိသောမနသိကာရ ကို အနုလောမခန္တီဉာဏ် ထိအောင် စာပေကျမ်းဂန်တွေမှာ ဖွင့်ဆိုပြတာဖြစ်တယ်။

ယောနိသောမနသိကာရ ရဲ့အဓိပ္ပာယ်က လမ်းမှန်အနေနဲ့ နှလုံးသွင်းတာ။ လမ်းမှန်အတိုင်း နှလုံးသွင်းတယ် ဆိုကတည်းက ပညာမပါဘဲနဲ့ လမ်းမှန်ကို နှလုံးသွင်းလို့ မရဘူး။ သတိမပါဘဲနဲ့ လမ်းမှန်ဆိုတာကို နှလုံးသွင်းလို့ မရဘူး။ ယောနိသော ဆိုတာ (ဥပါယသော၊ ပထသော) တကယ့်ကို နည်းလမ်းတကျ မှန်မှန်ကန်ကန် နှလုံးသွင်းနိုင်ခြင်းကို ခေါ်တာ။ ကိုယ့်သန္တာန်မှာ ကုသိုလ်စိတ်တွေ ဖြစ်ဖို့ဆိုတာ ဒီလို ယောနိသောမနသိကာရ ရှိရမယ်တဲ့။

[၉၉] ဝိပဿနာဉာဏ်ဖြစ်ဖို့ ဝိပဿနာကုသိုလ်ဖြစ်ဖို့ ယောနိသောမနသိကာရ သည် အရေးကြီးတယ်လို့ ဆိုရမယ်။ အဆင့်လိုက် ဒါနကောင်းမှု, ဒါနကုသိုလ် ဖြစ်ဖို့လည်း ယောနိသောမနသိကာရ ပါရမယ်။ သီလကုသိုလ်ဖြစ်ဖို့လည်း ယောနိသောမနသိကာရ ပါရမယ်။ သမထဘာဝနာ, ဝိပဿနာ ဘာဝနာဆိုတဲ့ ဘာဝနာကုသိုလ်ဖြစ်ဖို့လည်း ယောနိသောမနသိကာရ ပါရမယ်။

ယောနိသောမနသိကာရ ကို အင်္ဂလိပ် ဘာသာပြန်တဲ့အခါ wise attention လို့ ပြန်လေ့ရှိတယ်။ Wise attention ဆိုတာ မှန်ကန်တဲ့အသိဉာဏ်နဲ့ နှလုံးသွင်းတာကို ဆိုလိုတယ်။ ပါဠိ စာပေကျမ်းဂန်အတိုင်း ဘာသာပြန်ရမယ်ဆိုရင် Proper attention သင့်လျော်တဲ့၊ လမ်းကြောင်းမှန်တဲ့ နှလုံးသွင်းဆင်ခြင်မှုဖြစ်တယ်ပေါ့။

အဲဒီတော့ ဝိပဿနာတရား အားထုတ်ပြီဆိုရင် လမ်းကြောင်းမှန်တဲ့ နှလုံးသွင်းမှုသည် ပိုပြီးအရေးကြီးတယ်။ ဗုဒ္ဓမြတ်စွာ သာသနာတော်နဲ့ ကြုံတွေ့မှ ဝိပဿနာတရား, ဝိပဿနာကုသိုလ်ဆိုတာ ဖြစ်နိုင်သောကြောင့် မိမိတို့ရရှိထားတဲ့ အခွင့်အရေးကို လက်မလွတ်စေဘဲ တရားနာနေတဲ့ အချိန်အတွင်းမှာပဲဖြစ်စေ ကိုယ့်သန္တာန်မှာရှိတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရ တရား ခန္ဓာငါးပါးကို Wise attention ဆိုတဲ့ ယောနိသောမနသိကာရ နဲ့ တွေးတတ်အောင် ကြိုးစားကြရမယ်။

[၁၀၀] အခုလို တရားနာတဲ့အချိန်ပိုင်းအတွင်းမှာ ဒီအတွေးလေး တွေးလိုက်တာ အသေးအဖွဲပဲ၊ အသုံးမဝင်ပါဘူးလို့ မအောက်မေ့လေနဲ့။ ဒီ အသိဉာဏ်က များစွာအထောက်အကူ ဖြစ်စေနိုင်တယ်။

ယသ

သတို့သားအမှူးရှိတဲ့ သူငယ်ချင်းတစ်စုဟာ တစ်ခုသောဘဝမှာ လူမှုကူညီရေး၊ နာမှုကူညီရေး ကိစ္စကိုလုပ်ရင်း ကာယကံရှင်တွေက မသင်္ဂြိုဟ်နိုင်တဲ့ အလောင်းတွေကို သင်္ဂြိုဟ်ရင်း “တို့ခန္ဓာကိုယ်ကြီးလည်း တစ်နေ့ ဒီလိုပဲဖြစ်ရမှာပဲ” ဆိုတဲ့ သံဝေဂ စိတ်ကလေး ဖြစ်ခဲ့ဖူးတယ်။ မြတ်စွာဘုရား ပွင့်လာတဲ့ အခါမှာ အဲဒီ သံဝေဂစိတ်ကို အခြေခံပြီးတော့မှ သူတို့တွေ ရဟန္တာအဖြစ်ကို ရောက်သွားကြတာ။ ဒါကြောင့် အသိဉာဏ်ကို အသေးအဖွဲလို့ မအောက်မေ့လေနဲ့။

တရားဓမ္မ နာယူတဲ့ အချိန်လေးမှာလည်းပဲ ကိုယ့်သန္တာန်မှာရှိတဲ့ ရုပ်တရား၊ နာမ်တရားတွေကို အာရုံစိုက်မိအောင် သတိထားတတ်ဖို့ လိုအပ်တယ်။ သတိထားပြီး မှန်မှန်ကန်ကန် နှလုံးသွင်း ဆင်ခြင်လိုက်မယ်ဆိုရင် မဂ်ဖိုလ်အတွက် မျိုးစေ့ တစ်ခု ကိုယ့်မှာဖြစ်သွားနိုင်တယ်။ သာသနာတော်နဲ့ ကြုံတွေ့တဲ့ အချိန်မှာ ဒီမျိုးစေ့မျိုး မရလိုက်ဘူးဆိုရင် နောင်ရဖို့ အခွင့်အရေး ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်။

ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ဝိပဿနာရှုတဲ့အခါမှာ ယောနိသောမနသိကာရ မှန်မှန်ကန်ကန် နှလုံးသွင်းဆင်ခြင်တဲ့ နည်းကို ဖော်ပြထားတဲ့ အခြင်းအရာ (၄၀) ရှိတယ်။ ထို [၁၀၁] အခြင်းအရာ (၄၀) ကို အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော စသည်ဖြင့် “တော” ဆိုတဲ့ စကားလုံးလေးတွေ အဆုံးသတ်တာကို ကြည့်ပြီး မြန်မာပြည်မှာ ကမ္မဋ္ဌာန်းဘာဝနာ ဟောကြားတဲ့ ဆရာတော်ကြီးတွေက “တောလေးဆယ်” လို့ ခေါ်ခဲ့ကြတယ်။ အဲဒီအခေါ်အဝေါ် အတိုင်း “ဝိပဿနာရှုဖွယ် တောလေးဆယ်” သို့မဟုတ် ဘာဝနာလေးဆယ်၊ အနုပဿနာလေးဆယ် ကို ရှုမြင်ဖွယ် မှတ်သားနာယူကြရမှာ ဖြစ်တယ်ပေါ့။

ခန္ဓာကို ရှူရမှာ

အဲဒီတော့ ရှုတယ်ဆိုတာ ဘာကိုရှုရမှာလဲ ဆိုတော့ ကိုယ့်ခန္ဓာ ကိုယ်ရှုရမယ်။ ကိုယ့်ဘဝကို ကြည့်လိုက်ရင် ခန္ဓာငါးပါးရှိတယ်။ ခန္ဓာငါးပါးကို အကြမ်းဖျင်းပြောရမယ်ဆိုရင် ရုပ်ခန္ဓာကြီးက body၊ ထို body ကြီးကို အမှီပြုပြီး ဖြစ်နေတဲ့ mind ဆိုတဲ့ အသိစိတ်ဆိုပြီး ဒီနှစ်ခုကိုပဲ ပထမစဉ်းစားဆင်ခြင်လိုက်။ “ဪ ငါ့သန္တာန်မှာ ဘာအာရုံကိုမှ သိနိုင်စွမ်းမရှိတဲ့ အထည်ကိုယ်ကာယကြီး ရှိတယ်။ ဒီ အထည်ကိုယ်ကာယကြီးကို မှီပြီးဖြစ်နေတဲ့ သိတတ်တဲ့ အသိစိတ်တွေလည်း ရှိတယ်။ ဒါတွေဟာ ရုပ်နဲ့နာမ်ပဲ” လို့ အကြမ်းဖျင်း စဉ်းစားဆင်ခြင်ရမယ်။

ခန္ဓာငါးပါးနဲ့ ပြောတဲ့အခါကျတော့ ဗုဒ္ဓဘာသာဝင်တွေ အားလုံး သိကြတဲ့အတိုင်း လူတိုင်းလူတိုင်းရဲ့ ခန္ဓာကိုယ်မှာ ပထဝီဆိုတဲ့ မာမာပျော့ပျော့တွေ ရှိတယ်။ မာမာက အရိုးတွေ၊ ပျော့ပျော့က အသားတွေ, အကြောတွေပေါ့။ ကိုယ့်ကိုကိုယ် [၁၀၂] ဖျက်ပြီး ပုံကြည့်လိုက်ရင် အရိုး၊ အသား၊ အကြောဆိုတဲ့ မာမာ ပျော့ပျော့ အတုံးအခဲတွေ ရှိတယ်။

ထိုအတုံးအခဲတွေ အတုံးဖြစ်အောင် စုစည်းတာ ဘာက စုစည်းထားတာတုန်းဆိုတော့ အာပေါ က စုစည်းထားတာ။ အာပေါဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အစိုဓာတ်တွေ၊ အရည်တွေ၊ သွေးတွေ၊ မျက်ရည်တွေ စတဲ့ စီးနေတဲ့အရာတွေကို ခေါ်တာ။ ဒါတွေကို အာပေါလို့ အကြမ်းဖျင်းမှတ်ပေါ့။ နောက် ခန္ဓာကိုယ်ထဲမှာ ကိုယ်ငွေ့ အပူဆိုတာ ရှိတယ်၊ အအေးဆိုတာ ရှိတယ်။ အဲဒီ အပူငွေ့တို့၊ အအေးတို့ ဆိုတာတွေကို တေဇောလို့ မှတ်လိုက်။ နောက်ထပ် ခန္ဓာကိုယ်ထဲမှာ အသက်ရှူနေတဲ့ လေရှိတယ်။ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ လည်ပတ်သွားလာနေတဲ့ လေရှိတယ်။ ဝမ်းတွင်းမှာ လေရှိတယ်။ အူထဲမှာတည်တဲ့ လေရှိတယ်။ အဲဒီလိုခန္ဓာကိုယ်ထဲမှာ လှုပ်ရှားနေတဲ့ အထက်ဆန်တဲ့လေ၊ အောက်စုန်တဲ့လေ သဘောတွေကို ဝါယောလို့ မှတ်ထားလိုက်။ အခုပြောတဲ့ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဆိုတာတွေက ရုပ်တရားတွေပဲ ဖြစ်တယ်ပေါ့။

အဲဒီ ရုပ်တရားတွေကို အမှီပြုပြီးတော့ ဖြစ်နေတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယဆိုပြီး ဒွါရ (၅) ပေါက်ကနေ ဝင်လာတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ ဆိုတဲ့ သိသာ မြင်သာတဲ့ ဒီရုပ်တရားတွေ အားလုံးကို ရူပက္ခန္ဓာ လို့ ခေါ်တယ်။ တို့တတွေရဲ့ သန္တာန်မှာ ခန္ဓာငါးပါးရှိတယ်။ အခု ပထမ ရူပက္ခန္ဓာကို သိထားရမယ်။

[၁၀၃] နောက်တစ်ခု လူတွေသည် ကောင်းတဲ့အာရုံနဲ့တွေ့ရင် ပျော်ရွှင်မှုဆိုတဲ့ စိတ်အခြေအနေတစ်ခု ပေါ်လာတယ်။ မကောင်းတဲ့ အခြေအနေနဲ့တွေ့ရင် စိတ်မကျေနပ်မှုဆိုတဲ့ အခြေအနေတစ်ခုလည်း ပေါ်လာတယ်။ ကောင်းတာကို ခံစားလို့ပျော်တဲ့ သောမနဿဝေဒနာ၊ မကောင်းတာကျတော့ ဒေါမနဿဝေဒနာ၊ ခန္ဓာကိုယ်မှာကျတော့ နေလို့ထိုင်လို့ ကောင်းတဲ့ သုခဝေဒနာ၊ နေလို့ထိုင်လို့ခက်နေတဲ့ ဒုက္ခဝေဒနာ ဆိုပြီး အကြမ်းအားဖြင့် သောမနဿ၊ ဒေါမနဿ၊ သုခ၊ ဒုက္ခ ဆိုတာတွေသည် သိသာထင်ရှားတဲ့ ခံစားမှုတွေပဲ။ မသိသာ မထင်ရှားတဲ့ ခံစားမှုကျတော့ ဥပေက္ခာ လို့ခေါ်တယ်။ အဲဒီ ခံစားမှုဝေဒနာတွေကို “ဝေဒနာက္ခန္ဓာ” လို့ မှတ်ထားလိုက်ပေါ့။

အာရုံတစ်ခုကို တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် လူ့ရဲ့စိတ်မှာ မှတ်လိုက်တယ်၊ မှတ်တမ်းတင်လိုက်တယ်။ အဲဒီ မှတ်တမ်းတင်တာကို သညာ လို့ခေါ်တယ်။ ထိုမှတ်တမ်းနဲ့ပဲ ပြန်ပြီး သိတာကိုလည်း သညာလို့ခေါ်တယ်။ ဒါကြောင့်မို့ လူတွေက မမှတ်မိတော့ဘူးဆိုရင် “သညာကနည်းလိုက်တာ၊ အမှတ်သညာ နည်းတယ်” လို့ ပြောကြတယ်။ မှတ်မိတယ်ဆိုရင် “အမှတ်သညာ ကောင်းတယ်” လို့ ပြောကြတယ်။ အဲဒီ သညာဆိုတဲ့ သဘာဝအစုတရား “သညာက္ခန္ဓာ” သည်လည်း တို့တတွေရဲ့ သန္တာန်မှာရှိတယ်လို့ မှတ်ထားရမယ်။

[၁၀၄] နောက်တစ်ခု သင်္ခါရ ဆိုတာ စေ့ဆော်တယ်၊ လှုပ်ရှားတယ်၊ တွေးတယ်၊ ကြံတယ်၊ လိုချင်တယ်၊ မလိုချင်ဘူး၊ မုန်းတီးတယ်၊ မေတ္တာရှိတယ်၊ အသိဉာဏ်ရှိတယ်၊ အသိဉာဏ် မရှိဘူး ဆိုတဲ့ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ဒီသဘာဝတရားတွေ အားလုံးကို သင်္ခါရ Mental activity လို့ခေါ်တယ်။ စိတ်ရဲ့ Mental formation တွေပေါ့။ အဲဒီ စိတ်ထဲမှာ ဖြစ်ပေါ်လာတတ်တဲ့၊ စိတ်ကိုမှီပြီး စိတ်ရဲ့လှုပ်ရှားမှုအနေနဲ့ ဖြစ်တတ်တဲ့ သဘာဝတရားတွေကို “သင်္ခါရက္ခန္ဓာ” လို့ ခေါ်တယ်။ တွေးတယ်၊ ကြံတယ်၊ တည်ကြည်တယ်၊ မာနဖြစ်တယ်၊ ဣဿာဖြစ်တယ်၊ မစ္ဆရိယဖြစ်တယ် ဒါတွေအားလုံးသည် သင်္ခါရက္ခန္ဓာပဲ။ အဲဒီ ခန္ဓာတွေလည်း ကိုယ့်သန္တာန်မှာ တွေ့နေကြတယ်။

နောက်ဆုံးတစ်ခုက အာရုံနဲ့တွေ့လို့ သိတဲ့စိတ်ကို “ဝိညာဏက္ခန္ဓာ” လို့ခေါ်တယ်။ တို့တတွေရဲ့ သန္တာန်မှာ ဒီခန္ဓာငါးပါးကလွဲလို့ ဘာမှမရှိဘူး။ ခန္ဓာငါးပါးပေါင်းစပ်ထားတာပဲလို့ အကြမ်းဖျင်း မှတ်သားထားရမယ်။ အဲဒီလို မှတ်သားထားပြီးတော့ ကိုယ့်ဘဝ၊ ကိုယ့်ခန္ဓာကြီးအပေါ်မှာ ဘယ်လိုမှန်ကန်တဲ့ အမြင်နဲ့ မြင်ရမလဲဆိုတာ မြတ်စွာဘုရားဟောထားတာကို နာယူကြရမယ်။ မှန်ကန်တဲ့အမြင်နဲ့ မြင်တယ်ဆိုတာ ဝိပဿနာအမြင်ကိုခေါ်တာ။ “ဝိ” ဆိုတာ ထူးထူးခြားခြား၊ “ပဿနာ” ရှုမြင်နိုင်တဲ့ အသိဉာဏ် ဖြစ်တယ်။ ဒါကြောင့် ဒီအသိဉာဏ်ကို ရအောင် ဆည်းပူးအားထုတ်ကြရမယ်။

[၁၀၅] နှလုံးသွင်းမှန်မှ ဝိပဿနာ

အခုပြောခဲ့တဲ့ ခန္ဓာငါးပါးအပေါ်မှာ ဘယ်လိုမြင်ရမလဲ ဆိုတဲ့ မြင်ပုံပြင်နည်း၊ ပုံရှုနည်း (၄၀)ထဲက ဘုန်းကြီးတို့ တခြား တရားပွဲတွေမှာ (၁၂)မျိုးထိအောင် ဟောပြီးပြီဖြစ်တယ်။ အခု ဒီကနေ့ည နံပါတ်(၁၃)ကနေစပြီး မှတ်သားကြရမယ်။ ရှုပုံရှုနည်းတွေက ဘယ်ရှုနည်းနဲ့ပဲ ရှုရှု ဝိပဿနာဉာဏ် ဖြစ်တာပဲ။ ထိုဝိပဿနာဉာဏ် ရင့်သန်လာတဲ့အခါမှာ မဂ်စိတ်ဆိုတာမျိုးတွေ ပေါ်လာနိုင်တယ်ပေါ့။ မဂ်စိတ်ပေါ်လာပြီ ဆိုတာနဲ့ နိဗ္ဗာန်ကို သိရှိပြီး နောက်ဆုံးမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်တယ်။

ဒါကြောင့် ခန္ဓာငါးပါးကို ရှုတဲ့အခါမှာ ဘယ်လိုနည်းနဲ့ ရှူရမလဲဆိုရင် ယောနိသောမနသိကာရ အနေနဲ့ ရှုမြင်ရမယ်။ ဒါဖြင့် ဘုန်းကြီးတို့ နေ့စဉ်ဘဝမှာ ဘယ်လိုမြင်နေကြသလဲ ဆိုတော့ “အဟံကာရ မမံကာရ မာနာနုသယ” တဲ့။ ရုပ်ပဲဖြစ်စေ၊ ဝေဒနာပဲဖြစ်စေ၊ သညာပဲဖြစ်စေ၊ သင်္ခါရပဲဖြစ်စေ၊ ဝိညာဏပဲဖြစ်စေ ခန္ဓာငါးပါးကို အဟံကာရ ဆိုတဲ့ ဒိဋ္ဌိအမြင်နဲ့ “ငါ”လို့ မြင်နေတယ်။ မမံကာရ ဆိုတဲ့ တဏှာနဲ့ကျတော့ “ငါ့ဟာ”လို့ မြင်နေပြန်တယ်။ မာနာနုသယ မာနကျတော့ အရည်အချင်းပေါ်မှာ “ငါလုပ်နိုင်တယ်၊ ငါတတ်နိုင်တယ်၊ ငါသိတယ်” ဆိုပြီး အထင်အမြင် ရောက်နေကြတယ်။

အဲဒီ ဒိဋ္ဌိရယ်၊ တဏှာရယ်၊ မာနရယ် ဆိုတဲ့ ပပဉ္စတရား သုံးမျိုးရဲ့ အမြင်သည် မှားယွင်းနေတဲ့ အမြင်သာဖြစ်တယ်။

[၁၀၆] အနတ္တလက္ခဏသုတ်အရ ပြောမယ်ဆိုရင် “ဧတံ မမ- ဒါ ငါ့ဟာ” လို့ မြင်တဲ့အမြင်သည် တဏှာရဲ့ အမြင်ဖြစ်တယ်။ “ဧသော ဟမသ္မိ- ဒါ ငါဖြစ်တယ်” လို့ အရည်အချင်းကို မြင်တဲ့အမြင်ကျတော့ မာနအမြင်လို့ခေါ်တယ်။ “ဧသော မေ အတ္တာ- ငါ့ရဲ့ အတ္တ၊ ဒါ ငါစီမံတဲ့အတိုင်း ဖြစ်နိုင်တဲ့ အရာပဲ” လို့ တွေးတာကျတော့ ဒိဋ္ဌိအမြင်လို့ ဟောထားတယ်။

တခြားသုတ္တန်တွေမှာတော့ “အဟံကာရ” ငါလို့လုပ်တာ ဒိဋ္ဌိ၊ “မမံကာရ” ငါ့ဟာလို့လုပ်တာ ဘယ်သူလဲဆိုရင် တဏှာ၊ မာနကျတော့ မာနလို့ပဲ မြတ်စွာဘုရားက ဟောလိုက်တယ်။ တဏှာ မာန ဒိဋ္ဌိ အတွေးအမြင်သည် မှန်ကန်တဲ့ အတွေးအမြင် မဟုတ်ဘူး။

မမှန်ကန်ဘူးဆိုရင် အယောနိသောမနသိကာရ လို့ ခေါ်တယ်။ unwise attention မမှန်မကန် မြင်တယ်၊ မမှန်မကန် နှလုံးသွင်းတယ်။ အဲဒီလို မမှန်မကန် နှလုံးသွင်းရင် တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ အကုသိုလ်တွေပဲဖြစ်မယ်။ ဝိပဿနာ မဖြစ်ဘူးတဲ့။ အဲဒီတော့ ဝိပဿနာဖြစ်ဖို့အတွက် မှန်ကန်တဲ့ အမြင်နဲ့ မြင်ဖို့လိုအပ်တယ်ဆိုပြီး မြင်ရမယ့် အခြင်းအရာ အမျိုးပေါင်း (၄ဝ)ကို ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ဟောထားတာကို သေသေချာချာ မှတ်သားနာယူကြဖို့ လိုအပ်တယ်ပေါ့။

[၁၀၇] (၁၃) ဥပသဂ္ဂတော

ဒါကြောင့်
(၁၃) ခုမြောက် ရှုမြင်ရမယ့် အခြင်းအရာက “ပဉ္စက္ခန္ဓေ ဥပသဂ္ဂတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။
ပဉ္စက္ခန္ဓေ- မိမိတို့သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးတို့ကို၊
ဥပသဂ္ဂတော- ကပ်ရောက် နှိပ်စက်နေတဲ့ ဘေးရန်လို့၊
ပဿန္တော- ရှုမြင်တဲ့ပုဂ္ဂိုလ်သည်၊
အနုလောမိကံ ခန္တီ- အနုလောမိကခန္တီ လို့ဆိုတဲ့ ဝိပဿနာဉာဏ်ကို၊
ပဋိလဘတိ- ရနိုင်၏တဲ့။
ခန္ဓာကိုယ်ပေါ်မှာ စွဲကပ်ပြီး ဒုက္ခပေးနေတဲ့အရာကို ဥပသဂ္ဂ လို့ခေါ်တယ်။ အဲဒီ ဥပသဂ္ဂ ဆိုတဲ့ ခန္ဓာကိုယ်ပေါ်မှာ စွဲကပ်နေတဲ့ ဘေးရန်အန္တရာယ်တစ်မျိုးအဖြစ် ခန္ဓာငါးပါးကို ရှုမြင်ပါတဲ့။

ဘာဖြစ်လို့ ခန္ဓာငါးပါးကို စွဲကပ်နေတဲ့အရာလို့ ပြောတာတုန်းဆိုရင် အနေကေဟိ အနန္တေဟိ များစွာသော အကျိုးမဲ့တွေသည် ... အနုဗုဒ္ဓတာယ အစဉ်မပြတ် နောက်ဆက်တွဲအနေနဲ့ လိုက်ပါနိုင်သောကြောင့် ဖြစ်တယ်တဲ့။ ခန္ဓာရထားတဲ့ပုဂ္ဂိုလ်သည် အမျိုးစုံ ဒုက္ခတွေ ရောက်နိုင်တာပဲ။ ရောဂါဝေဒနာတွေလည်း ခန္ဓာရထားတဲ့ ပုဂ္ဂိုလ်မှာဖြစ်တာပဲ။ လောကမှာကြုံတွေ့ရမယ့် ဒုက္ခဝေဒနာတွေ အားလုံးသည် ခန္ဓာပေါ်မှာသာ ကျရောက်တာဖြစ်တယ်။ ခန္ဓာသည် ဒုက္ခဝေဒနာအားလုံးကို ဖိတ်ခေါ်နေသလိုရှိတယ်။ အကယ်၍သာ ဒီခန္ဓာမရှိဘူးဆိုရင် ဒီအကျိုးမဲ့ကိစ္စတွေ ဖြစ်နိုင်စရာ အကြောင်းမရှိဘူးတဲ့။

[၁၀၈] လူ့ဘဝမှာ ခန္ဓာငါးပါးရလာပြီဆိုရင် နောက်ဆက်တွဲ ဘာတွေပါလာတုန်းဆိုတော့ ခေါင်းကိုက်မယ်၊ ဖျားနာမယ် စသည်ဖြင့် တစ်ခုခုဖြစ်မှာပဲ။ ဘာမှမဖြစ်ဘူး ကျန်းမာတယ် ဆိုရင်လည်းပဲ တဖြည်းဖြည်း အိုလာမယ်၊ ဆံပင်တွေ ဖြူလာမယ်၊ သွားတွေကျိုးလာမယ်။ တစ်ခုမဟုတ် တစ်ခုတော့ ခန္ဓာကိုယ်သည် ရုပ်ပျက်ဆင်းပျက် တဖြည်းဖြည်း ဖြစ်လာတာပဲ။

အဲဒီတော့ မကောင်းတဲ့ အကျိုးမဲ့တွေ ဖြစ်လာတယ်ဆိုတာ ခန္ဓာရထားလို့သာ ဖြစ်တာ။ ခုနတုန်းက ဥပသဂ္ဂ ဆိုတဲ့ ဘေးရန်ဆိုး ရောဂါဆိုး စွဲကပ်နေတဲ့ပုဂ္ဂိုလ်ရဲ့ နောက်မှာ ဒုက္ခဝေဒနာတွေ တသီကြီးလိုက်နေသလိုပဲ၊ ခန္ဓာရထားတဲ့သူရဲ့ နောက်မှာလည်း တသီကြီးလိုက်နေတာ။ ဒါကြောင့်မို့ ခန္ဓာကိုယ်ကြီးနဲ့ ကပ်ရောက်နှိပ်စက်နေတဲ့ အန္တရာယ်တွေသည် အတူတူပဲလို့ ယောဂီပုဂ္ဂိုလ်အနေနဲ့ ရှုမြင်ဖို့ ပြောတာ ဖြစ်တယ်။

နောက်တစ်ခုက ဒေါသူပသဋ္ဌတာယ စိတ်ပိုင်းဆိုင်ရာ အပြစ်အနာအဆာပဲဖြစ်စေ၊ ကိုယ်ခန္ဓာနဲ့ ပတ်သက်တဲ့ အပြစ်အနာအဆာ တွေပဲဖြစ်စေ ခန္ဓာရှိနေရင် ရောက်လာမှာပဲတဲ့။ လောကမှာ ကြုံတွေ့ရတဲ့ မကောင်းတာတွေမှန်သမျှ ခန္ဓာရှိတဲ့ပုဂ္ဂိုလ်တွေ ကြုံတွေ့ကြရတာပဲ။ ဒါကြောင့် အပြစ်အားလုံး စွဲကပ်ရာ နေရာဖြစ်သောကြောင့် ဥပသဂ္ဂ လို့ ဆိုလိုတယ်။

[၁၀၉] နောက်တတိယအချက်က ဥပသဂ္ဂေါ ဝိယ အနဓိဝါသနာရဟတာယ တဲ့။ ဥပသဂ္ဂ ဆိုတာ နတ်ဖမ်းစားလို့၊ ဘီလူးဖမ်းစားလို့၊ စုန်းပြုစားလို့ ဖြစ်လာတဲ့ ရောဂါဝေဒနာတွေ ဖြစ်တယ်။ ဥပမာ ဗိုက်ထဲမှာ အလုံးကြီးရှိနေတာတို့လို အမျိုးမျိုးပေါ့လေ။ အဲဒီလို စွဲကပ်နေတဲ့ အရာတွေဟာ ဘယ်လိုမှ သည်းခံဖို့ရာ မဖြစ်နိုင်ဘူးတဲ့။ အနဓိဝါသနာရဟတာယ ခံနိုင်ရည်မရှိနိုင်လောက်အောင် ပြင်းထန်တယ်တဲ့။ ခန္ဓာကိုယ်ကြီးရထားတဲ့ ပုဂ္ဂိုလ်တွေလည်း အဲဒီလိုပဲ ရောဂါမျိုးစုံ စွဲကပ်လာတာ ဖြစ်သောကြောင့် ခံနိုင်ရည်တွေ မရှိကြတော့ဘူးတဲ့။

ဆရာတော်ကြီးတစ်ပါး ကမ္မဋ္ဌာန်းပွားသလိုပဲ “ခံနိုင်ရင်ခံ မခံနိုင်ရင်သေ” တဲ့။ ခံနိုင်တုန်းတော့ ခံနေကြရတာ။ မခံနိုင်တော့ဘူးဆိုရင် သေသွားတာပဲပေါ့။ ဒီလို ခံနိုင်ရည် မရှိလောက်အောင် ... ခန္ဓာကိုယ်ကြီးက နှိပ်စက်တတ်တာ ဖြစ်သောကြောင့် ခန္ဓာကိုယ်ကြီးကို ဥပသဂ္ဂ လို့ ဆိုတာတဲ့။

ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ကိုယ့်ခန္ဓာကိုယ်ကို အာရုံစိုက်ပြီး “ငါ့မှာ ဟောဒီ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ ဆိုတဲ့ ခန္ဓာငါးပါးကြီးက စွဲကပ်ပြီး ဒုက္ခပေးနေတာ။ ဒီခန္ဓာငါးပါးကြီးကို အကြောင်းပြုပြီး ဒုက္ခတွေ အမျိုးစုံ ကြုံတွေ့ရတယ်။ ဒီ ကြုံတွေ့ရမှုတွေသည် ဟောဒီ ခန္ဓာငါးပါးကြီးရှိလို့ ဖြစ်တယ်”လို့ မှန်ကန်တဲ့အမြင်နဲ့ ရှုမြင်သုံးသပ်ခြင်းဟာလည်း ဝိပဿနာဉာဏ် တစ်မျိုးပဲပေါ့။

[၁၁၀] ခန္ဓာငါးပါးအပေါ် အနိစ္စလို့ ရှုသလိုပဲ စွဲကပ်နေတဲ့ ဘေးရန်အန္တရာယ်ကြီး တစ်ခုအနေနဲ့ ရှုမြင်သုံးသပ်နိုင်ရင် “အနုလောမိကံ ခန္တိ ပဋိလဘတိ” အနုလောမခန္တီဉာဏ်ကို ရနိုင်တယ်။ မဂ်ဉာဏ်နဲ့ လျော်စွာဖြစ်လို့ အနုလောမိက၊ စွမ်းအားထက်မြတ်သည့်အတွက်“ခန္တီ”။ ဤစကားလုံးနှစ်လုံးကို ပေါင်းစပ်ပြီး “အနုလောမိက ခန္တီ” ဆိုတဲ့ သင်္ခါရုပေက္ခာဉာဏ်နဲ့ မဂ်ဉာဏ်ကြား အဆင့်အမြင့်ဆုံး ဝိပဿနာဉာဏ်တစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုလိုတာ။

အဲဒီလို ခန္ဓာငါးပါးကို ကိုယ်အာရုံစိုက်ပြီး “ခန္ဓာကြီးသည် စွဲကပ်နေတဲ့ ဘေးဥပဒ်အန္တရာယ်ကြီးပဲ။ ခန္ဓာကြီး ရှိနေရင် တို့သန္တာန်မှာ ဒုက္ခပေါင်းစုံ၊ အကျိုးမဲ့ပေါင်းစုံ သည် ရောက်ရှိလာနိုင်တယ်” လို့ ခန္ဓာအပေါ် ရှုမြင်သုံးသပ်လိုက်ရင် ခန္ဓာအပေါ်မှာ ကြောက်ရွံ့လာပြီး ခန္ဓာကို မလိုချင်တဲ့ အနေအထားမျိုး ဖြစ်လာတယ်။

ခန္ဓာပေါ်မှာ တွယ်တာမှုတွေ၊ အားကိုးမှုတွေ၊ ယုံကြည်မှုတွေ မရှိတော့လို့ ငြီးငွေ့ ကြောက်ရွံ့လာပြီ ဆိုတဲ့အခါ ခန္ဓာကို ရလိုတဲ့ တွယ်တာတဲ့ တဏှာဆိုတာလည်းပဲ လျော့ပါးသွားတယ်။ တဏှာကပဲ ခန္ဓာငါးပါးကို ဖြစ်စေတာ ဖြစ်သောကြောင့် တဏှာကို ဖြတ်လိုက်နိုင်ပြီ၊ လုံးဝဖယ်ရှားလိုက်နိုင်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ခန္ဓာငါးပါးသည် အပြီးသတ်ချုပ်ငြိမ်းသွားတယ်။ ဒီလို အပြီးသတ်ချုပ်ငြိမ်းသွားတော့မှ စွဲကပ်နေတဲ့ အန္တရာယ် ဆိုတာလည်း အပြီးသတ်ချုပ်ငြိမ်းသွားမယ်။

[၁၁၁] “ပဉ္စန္နံ ခန္ဓာနံ နိရောဓော အနုပသဂ္ဂ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ ဩက္ကမတိ
ပဉ္စန္နံ ခန္ဓာနံ- ခန္ဓာငါးပါးတို့၏၊
နိရောဓော-ချုပ်ငြိမ်းသွားမှုသည်၊
အနုပသဂ္ဂံ- စွဲကပ်နေတဲ့ ဘေးရန်အန္တရာယ်ကင်းတဲ့၊
နိဗ္ဗာနန္တိ- နိဗ္ဗာန်ပဲရယ်လို့၊
ပဿန္တော -ရှုမြင်တဲ့ ယောဂီ ပုဂ္ဂိုလ်သည်၊
သမ္မတ္တနိယာမံ- သမ္မတ္တနိယာမ ဆိုတဲ့ မဂ်သို့၊
ဩက္ကမတိ- ဝင်ရောက်သွားနိုင်၏” တဲ့။

နိဗ္ဗာန်ကို အာရုံပြုတဲ့မဂ်စိတ် ပေါ်လာပြီဆိုရင် ကိလေသာတွေကို အပြီးသတ် ဖယ်ရှားပြီး ခန္ဓာဆိုတဲ့ ဒုက္ခကြီးကနေ လွတ်အောင် ဆောင်ရွက်ပေးနိုင်တယ်လို့ဆိုတာ။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ အပြစ်ကို မြင်နိုင်သမျှမြင်အောင် ဘုန်းကြီးတို့တတွေ ဝိပဿနာဉာဏ်နဲ့ ကြည့်တတ် ရှုတတ်ဖို့အတွက် ဟောတာ ဖြစ်တယ်ပေါ့။

(၁၄) စလတော

နောက်
(၁၄) ခုမြောက် ရှုပုံရှုနည်းကလည်း ဒီခန္ဓာကိုပဲ ရှုရမှာဖြစ်တယ်။ တခြားကို မရှုရဘူး။ ကိုယ့်ခန္ဓာမှာ ရှိနေတဲ့ ကိုယ့်သန္တာန်မှာရှိနေတဲ့ ခန္ဓာငါးပါးကို နောက်တစ်မျိုး ဘယ်လို ရှုနိုင်သေးလဲဆိုရင် “ပဉ္စက္ခန္ဓေ စလတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ”တဲ့။
ပဉ္စက္ခန္ဓေ-မိမိတို့ သန္တာန်မှာရှိနေတဲ့ ခန္ဓာငါးပါးတို့ကို၊
စလတော-လှုပ်ရှား ပြောင်းလဲနေတတ် [၁၁၂] တဲ့ အရာလို့၊
ပဿန္တော- ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊
အနုလောမိကံ ခန္တီ- အနုလောမိက ခန္တီလို့ဆိုတဲ့ ဝိပဿနာဉာဏ်ကို၊
ပဋိလဘတိ- ရရှိနိုင်၏တဲ့။

ခန္ဓာငါးပါးကြီးကို “စလ” မတည်ငြိမ်ဘူး၊ လှုပ်ရှားနေတယ်လို့ ရှုရမယ်တဲ့။ ဘာဖြစ်လို့ လှုပ်ရှားနေတယ်လို့ ပြောတုန်းဆိုရင် လူတွေရဲ့သန္တာန်မှာ ရုပ်တရားကြီးကလည်း လှုပ်ရှားနေတာပဲ၊ စိတ်ကလည်း လှုပ်ရှားနေတာပဲ၊ ငြိမ်နေတာ မဟုတ်ဘူးတဲ့။ ဘုန်းကြီးတို့တတွေရဲ့ ရုပ်ခန္ဓာကိုယ်ကြီးကို ကြည့်။ “ဗျာဓိ ဇရာ မရဏေဟိ စေဝ လာဘာ လာဘာဒီဟိ လောကဓမ္မေဟိ ပစလတာယ” ဗျာဓိဆိုတဲ့ နာခြင်းတရား၊ ဇရာဆိုတဲ့ အိုခြင်းတရား၊ မရဏဆိုတဲ့ သေခြင်းတရားတို့ကြောင့် ဒီခန္ဓာကိုယ်ကြီးသည် လှုပ်ရှားနေတယ်၊ မငြိမ်ဘူး။

လူ့ဘဝ ရလာတဲ့အချိန် ကလေးငယ်လေးဘဝကနေပြီး တက်လာလိုက်တာ အသက် ၇ဝ၊ ၈ဝ အရွယ် ရောက်လာတာ ဟာ လှုပ်ရှားနေလို့ပဲပေါ့။ ငယ်ငယ်တုန်းက နုနုပျိုပျို၊ မျက်စိကောင်း၊ နားကောင်း၊ ဆံပင်ကောင်း၊ အသားအရေကောင်း၊ ချောချောလှလှပေါ့။ တဖြည်းဖြည်း အိုခြင်းတရား နှိပ်စက်လာတဲ့အခါ ခန္ဓာကိုယ်ကြီးက ငြိမ်နေတာ မဟုတ်ဘူးပေါ့။ ရွေ့ရှားနေသည့်အတွက် တဖြည်းဖြည်း ရုပ်ပျက်ဆင်းပျက် ဖြစ်လာတယ်။ ခေါင်းပေါ်က ဆံပင်တွေလည်း ဖြူကုန်တယ်၊ သွားတွေလည်း ကျိုးကုန်တယ်ပေါ့။ သွားကျိုးတော့ ပါးရိုးကြီးတွေ ပိန်ပြီး မေးရိုးကြီးတွေလည်း ငေါထွက်လာတယ်။

[၁၁၃] ဒီခန္ဓာကိုယ်ကြီးသည် မအိုသေးတောင်မှ ရောဂါဝေဒနာ နှိပ်စက်ရင် ပိန်ချုံးပြီး ကမ္မဋ္ဌာန်းရုပ် ပေါက်သွားနိုင်တာပဲ။ ဒါကြောင့် ခန္ဓာကိုယ်ကြီးက ငြိမ်နေတာမဟုတ်ဘူး။ အသက်ရှင် လှုပ်ရှားသွားလာနေရင်း နောက်ဆုံး သေဆုံးသွားတဲ့အခါမှာ လှုပ်နိုင်၊ ရှားနိုင်၊ ပြောနိုင်၊ ဆိုနိုင်စွမ်းမရှိဘဲနဲ့ ဆန့်ဆန့်ကြီး ဖြစ်သွားတဲ့ အနေအထားမျိုးသည်လည်း ရုပ်ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေပဲ။ တည်ငြိမ်မှု မရှိဘူးပေါ့။

နာမ်ခန္ဓာရဲ့ လှုပ်ရှားမှုကို ကြည့်ပြန်တော့လည်း လောကမှာ မကောင်းတဲ့ လောကဓံ၊ ကောင်းတဲ့ လောကဓံ ဘယ်လောကဓံနဲ့ပဲ တွေ့တွေ့၊ အကောင်းလေးမျိုး၊ အဆိုးလေးမျိုး ဘယ်လောကဓံမျိုးနဲ့ပဲ ကြုံကြုံ လူရဲ့စိတ်ဓာတ်သည် တည်ငြိမ်နေတာ မဟုတ်ဘူး။ စီးပွားရေးလေး အောင်မြင်လာရင် မော့လာတယ်၊ စိတ်ဓာတ်တွေ တက်ကြွလာတယ်၊ လှုပ်ရှားလာတယ်။ စီးပွားရေး ကျသွားပြန်တော့ စိတ်ဓာတ်တွေ ကျသွားပြန်တယ်။ ဒါဟာ လောကဓံကြောင့် လှုပ်ရှားနေတာပဲပေါ့။

ချီးမွမ်းခံရရင် မော့လာတယ်၊ ကဲ့ရဲ့ခံရရင် ငုံ့သွားပြန်တယ်။ ဒီလို လူရဲ့စိတ်တွေသည် အတက်အကျ ရှိတယ်ပေါ့။ သုခချမ်းသာနဲ့ ကြုံရင် မော့လာပြီး ဆင်းရဲတာနဲ့ ကြုံရင် ငုံ့သွားပြန်တယ်။ အခြံအရံရှိတာနဲ့ ကြုံရင် မော့လာတယ်။ အခြံအရံမဲ့တာနဲ့ တစ်ပြိုင်နက် စိတ်ဓာတ်တွေ ကျဆင်းသွားပြန်တယ်။ ကောင်းဆိုး လောကဓံအပေါ်မှာ စိတ်သည် တည်ငြိမ်မှုမရှိဘူး၊ လှုပ်ရှားနေတယ်။ ဒီလို နာမ်ခန္ဓာတွေသည် လောကဓံနဲ့ [၁၁၄] ကြုံတွေ့ရင် လှုပ်ရှားနေသလို ရုပ်ခန္ဓာတွေကလည်း ဇရာ၊ ဗျာဓိ၊ မရဏ ဆိုတာနဲ့ ကြုံတွေ့ရတဲ့အခါမှာ ငြိမ်မနေဘူး၊ လှုပ်ရှားနေတယ်ပေါ့။

“ဪ ငါတို့ဘဝကြီးသည် ငြိမ်နေတာ မဟုတ်ပါလား။ စိတ်ကလည်း လှုပ်ရှားတယ်၊ ရုပ်ကလည်း လှုပ်ရှားတယ်၊ တကယ့်ကို လှုပ်ရှားနေတဲ့ အရာကြီးပါလား” လို့ ရှုမြင်ခြင်းသည် ဝိပဿနာဉာဏ်ပဲ။

တချို့က တွေးပြီး မရှုရဘူးလို့ ပြောတယ်။ မှန်ကန်တဲ့ အတွေးနဲ့ တွေးပြီး ရှုရမယ်။ ဘာဖြစ်လို့တုန်းဆို မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာသင်္ကပ္ပ မှန်မှန်ကန်ကန် တွေးရမယ် ဆိုတာ ပါတယ်လေ။ မှန်မှန်ကန်ကန် တွေးတောမှ သမ္မာဒိဋ္ဌိ အမှန်မြင်တယ် ဆိုတာ ဖြစ်လာတာ။

တွေးတောဆင်ခြင်သုံးသပ်နေမှု ပစ္စဝေက္ခဏာ ဆိုတာ အင်မတန်မှ တန်ဖိုးရှိတဲ့အရာဖြစ်တယ်။ ကုသိုလ်တရားတွေထဲမှာ ဆင်ခြင်သုံးသပ်မှုဆိုတဲ့ အသိဉာဏ်ရဲ့ လုပ်ငန်းသည် အလွန်အရေးပါတယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ကြီးကို အာရုံစိုက်ပြီး “ဪ ရုပ်ခန္ဓာကြီးသည် မငြိမ်ပါလား။ မနေ့က ရုပ်နဲ့ ဒီနေ့ရုပ် မတူဘူး။ လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က ရုပ်နဲ့ အခုရုပ် မတူတော့ဘူး။ ကျန်းမာတုန်းက ရုပ်နဲ့ အခု မကျန်းမာတဲ့ရုပ် မတူတော့ဘူး။ ငယ်ငယ်တုန်းက ရုပ်နဲ့ အိုလာတဲ့ရုပ် မတူဘူး” ဆိုပြီး ခန္ဓာကိုယ်ကြီးရဲ့ မတည်မြဲတဲ့ သဘောကို ဆင်ခြင်စဉ်းစားကြည့်ရမယ်။

[၁၁၅] စိတ်ဓာတ်နဲ့ ပတ်သက်လာရင်လည်း “တို့စိတ်တွေဟာ တက်လိုက် ကျလိုက်၊ ပျော်လိုက်၊ ဝမ်းနည်းလိုက်၊ တည်ငြိမ်မှု မရှိဘူးပဲ” လို့ ဆင်ခြင်တုံတရားနဲ့ ဆင်ခြင်သုံးသပ်ကြည့်ရမယ် ဒါသည်လည်းပဲ ဝိပဿနာရှုကွက် တစ်ခုပါပဲတဲ့။ ဒါဖြင့် အဲဒီလို ရှုလိုက်တော့ ဘာဖြစ်လဲဆိုရင် “တို့ရထားတဲ့ ခန္ဓာကိုယ်ကြီးသည် တည်ငြိမ်မှုမရှိတဲ့ ခန္ဓာငါးပါးကြီးပါလား” ဆိုပြီး ခန္ဓာတွေပေါ်မှာ အပြစ်မြင်လာတဲ့အခါ ခန္ဓာကို ရချင်တဲ့စိတ် ကုန်ခမ်းသွားမယ်တဲ့။

ခန္ဓာကို ရချင်တဲ့စိတ် ကုန်ခမ်းမှုသည် တဏှာ လျော့ပါးသွားခြင်းပဲ ဖြစ်တယ်။ တဏှာလျော့ပါးသွားခြင်းကြောင့် နောက်ဆုံး တဏှာကို အကြွင်းမဲ့ ပယ်သတ်လိုက်နိုင်ရင် ခန္ဓာသည် နောက်ထပ် ဘယ်တော့မှ မလာနိုင်တော့တဲ့ အနေအထားမျိုးကို ရောက်သွားနိုင်တယ်ပေါ့။ အဲ့ဒါကြောင့် အခုလို ဝိပဿနာဉာဏ်နဲ့ လှုပ်ရှားနေတဲ့အရာလို့ ဆင်ခြင်သုံးသပ်နိုင်ခြင်းအားဖြင့် ခန္ဓာကြီးပေါ်မှာ တွယ်တာမှုတွေ လျော့ပါးသွားမယ်။ ခန္ဓာကိုယ်ကြီးပေါ်မှာ တွယ်တာမှုတွေကို ဖယ်ရှားလိုက်နိုင်လို့ ခန္ဓာကိုယ်ကြီးသည် နောက်ဆုံးအနေနဲ့ ချုပ်ငြိမ်းသွားပြီဆိုတဲ့အခါမှာ ဘာကိုမြင်လာလဲဆိုတော့ လှုပ်ရှားမှုကင်းတဲ့ နိဗ္ဗာန်ဆိုတာကို မြင်လာတယ်။

“ပဉ္စန္နံ ခန္ဓာနံ- ခန္ဓာငါးပါးတို့ရဲ့၊
နိရောဓော လုံးဝ နောက်ဆုံးပိတ် ချုပ်ငြိမ်းသွားခြင်းသည်၊
အစလံ လှုပ်ရှားမှုကင်းတဲ့၊
နိဗ္ဗာနန္တိ နိဗ္ဗာန်ပဲရယ်လို့၊
ပဿန္တော [၁၁၆] ရှုမြင်နိုင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊
သမ္မတ္တနိယာမံ ဒီခန္ဓာငါးပါးရဲ့ ချုပ်ငြိမ်းမှုကို နိဗ္ဗာန်လို့မြင်တာနဲ့ တစ်ပြိုင်နက် မဂ်စိတ်သို့၊
ဩက္ကမတိ ဝင်ရောက်သွားနိုင်၏” တဲ့။ မဂ်စိတ်ဆိုတာ နိဗ္ဗာန်အာရုံနဲ့မှ တွဲဖက်ပြီးပေါ်လို့ ရတာ။

နိဗ္ဗာန်ကို အာရုံမပြုဘဲနဲ့ မဂ်စိတ်ဆိုတာ မပေါ်ဘူး။ နိဗ္ဗာန်ဆိုတာသည်လည်း အခုပြောတဲ့ လှုပ်ရှားနေတဲ့ ခန္ဓာကြီးရဲ့ ချုပ်ငြိမ်းမှုပဲလို့ ဆိုလိုတယ်။ ဒါကြောင့်မို့ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ကိုယ့်ခန္ဓာကိုယ်ကြီးရဲ့ မတည်ငြိမ်မှုတွေကိုလည်းပဲ ရှုမြင်သုံးသပ်ဖို့ လိုအပ်တယ်ပေါ့။

(၁၅) ပဘင်္ဂုတော

နောက်တစ်ခု ရှုပုံရှုနည်းက “ပဉ္စက္ခန္ဓေ ပဘင်္ဂုတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ၊
ပဉ္စက္ခန္ဓေ- ခန္ဓာငါးပါးတို့ကို၊
ပဘင်္ဂုတော-... ကျိုးပဲ့ပျက်စီးတတ်တဲ့ အရာဟူ၍၊
ပဿန္တော- ရှုမြင်တဲ့ ပုဂ္ဂိုလ်သည်၊
အနုလောမိကံခန္တီ- အနုလောမိက ခန္တီဆိုတဲ့ ဝိပဿနာဉာဏ်ကို၊
ပဋိလဘတိ- ရရှိနိုင်၏” တဲ့။

ပဘင်္ဂု ဆိုတာ ကျိုးတယ်၊ ပဲ့တယ်လို့ဆိုတယ်။ ပန်းကန်လုံးလေး တိုက်မိခိုက်မိရင် ပဲ့သွားတယ်။ ဖန်ခွက်ကလေးတွေလည်း ပဲ့သွားတယ်၊ ကွဲသွားတယ်။ မြေအိုးတွေလည်း ကွဲသွားတယ်။ အဲဒီလိုပဲ ခန္ဓာကိုယ်ကြီးသည်လည်း ပဲ့တယ်၊ ကွဲတယ်ဆိုတာမျိုးတွေ ရှိတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကြီးကို ပဲ့တတ်၊ ကွဲတတ်တဲ့ သဘာဝတရားကြီးပဲလို့ ရှုမြင်သုံးသပ်နိုင်ရမယ်တဲ့။

[၁၁၇] ဘာဖြစ်လို့ ပဘင်္ဂု အကျိုးအပဲ့တွေ ဖြစ်နိုင်တယ်လို့ ဆင်ခြင်သုံးသပ်ရတာလဲဆိုရင် “ဥပက္ကမေန စေဝ သရသဝသေန စ ပဘင်္ဂု ပဂမန သီလတာယ” တဲ့။ ခန္ဓာကိုယ်ကိုကြည့်ရင် ကိုယ့်ရဲ့ လုံ့လကြောင့်ပဲဖြစ်စေ၊ သူတစ်ပါးရဲ့လုံ့လကြောင့်ပဲဖြစ်စေ ခန္ဓာကိုယ်ကြီးသည် တစ်ခုခု ဖြစ်သွားတတ်တယ်။ ဥပမာ သူများက ကိုယ့်ကို ဓားနဲ့ခုတ်လိုက်ရင် ပဲ့သွားတာပဲ၊ ပြတ်သွားတာပဲ။ ကိုယ့်ကိုကိုယ် သေကြောင်းကြံပြီး ဓားနဲ့ထိုးရင်လည်း ပဲ့သွားပြတ်သွားတာပဲ။ မတော်တဆ သူများတွန်းလို့ လဲသွားတာပဲဖြစ်စေ၊ ကိုယ့်ဘာသာကိုယ် ခလုတ်တိုက်လဲတာပဲဖြစ်စေ လဲသွားရင်လည်း ကျိုးသွားတာတို့၊ ပဲ့သွားတာတို့၊ သွေးထွက်သွားတာတို့၊ အမျိုးစုံတွေ ဖြစ်လာတာပဲပေါ့။ ဒါကြောင့် ဥပက္ကမေန မိမိရဲ့ လုံ့လကြောင့်ပဲဖြစ်စေ၊ သူတစ်ပါးရဲ့ လုံ့လကြောင့်ပဲဖြစ်စေ ခန္ဓာကိုယ်ကြီးသည် ပြိုကွဲပျက်စီးသွားနိုင်တယ်တဲ့။ ခိုင်မာတာ မရှိဘူးတဲ့။

မခိုင်မာပုံကတော့ ဘာနဲ့တူတုန်းဆိုရင် ကြက်ဥဝယ်တဲ့ အမျိုးသမီးတွေ ပိုသိတာပေါ့။ ဈေးသွားပြီး ကြက်ဥဝယ်လာရင် မကွဲအောင် အတော်သတိထားရမှာပဲ။ တစ်ခုခုနဲ့ တိုက်မိ ခိုက်မိလိုက်ရင် ကြက်ဥဆိုတာ ကွဲသွားတာပဲ။ ခန္ဓာကိုယ်ကြီးကလည်း အဲဒီအတိုင်းပဲတဲ့။ မလဲလိုက်နဲ့ လဲလိုက်ရင် ကွဲသွားမယ်၊ ကျိုးသွားမယ်။ မထိလိုက်နဲ့ ထိလိုက်ရင် စုတ်ပြတ်သွားမယ်။

[၁၁၈] ကြက်ဥကမှ နည်းနည်း အခွံမာသေးတယ်။ ခန္ဓာကိုယ်ကြီးက ကြက်ဥလောက်တောင် မမာဘူးလို့ ပြောရမယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကြက်ဥကို ခြင်ကောင်တွေက ဖောက်ပြီး မစုပ်နိုင်ဘူး။ ကြက်ဥခွံက မာတယ်လေ။ လူ့ရဲ့ ခန္ဓာကိုယ်ကျတော့ ခြင်က ကိုက်ပြီး သွေးကိုစုပ်ယူလို့ရတယ်။ ကြက်ဥ၊ ငှက်ဥထက်တောင်မှ လူ့ခန္ဓာကိုယ်သည် အထိမခံဘူးဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြတာ။ ဒါကို ပဘင်္ဂု လို့ခေါ်တယ်။ သရသဝသေန သူ့ရဲ့ ကိုယ်ပိုင်သဘောအရလည်းပဲ ဒီခန္ဓာကိုယ်ကြီးသည် ပြိုကွဲပျက်စီးတတ်တဲ့ သဘောရှိတယ်လို့ ဆိုလိုတာ။ ခန္ဓာကိုယ်ကြီးရဲ့ ပြိုကွဲပျက်စီးတတ်တဲ့ သဘောကို အာရုံထဲမှာ ထင်လာအောင် စေ့စေ့တွေးပြီး ကြည့်တတ် ရှုတတ်ရမယ်။ ဒါကိုလည်းပဲ ယောနိသောမနသိကာရ လို့ခေါ်တယ်။ အဲဒီလို ဝိပဿနာဉာဏ်နဲ့ ရှုမြင်သုံးသပ်လိုက်ပြီ ဆိုတဲ့ အခါမှာ ခန္ဓာအပေါ်မှာ ငြီးငွေ့ပြီး ခန္ဓာကို မလိုချင်တော့ဘူး။ မလိုချင်တော့ တွယ်တာမှု တဏှာတွေကို ဖယ်ရှားပြီးသား ဖြစ်သွားတယ်။ အဲဒီကျရင် ခန္ဓာကြီး၏ဖြစ်မှု ရပ်တံ့ချုပ်ငြိမ်း သွားနိုင်တယ်။

“ပဉ္စန္နံ ခန္ဓာနံ နိရောဓော- ခန္ဓာငါးပါးတို့ရဲ့ အပြီးသတ် ချုပ်ငြိမ်းမှုသည်၊
အပဘင်္ဂု နိဗ္ဗာနန္တိ- ဘယ်တော့မှ ပဲ့၊ ရွဲ့ ပျက်စီး၊ ပေါက်ကွဲခြင်းမရှိတဲ့ နိဗ္ဗာန်ပဲလို့၊
ပဿန္တော- ရှုမြင်တဲ့ ပုဂ္ဂိုလ်သည်၊
သမ္မတ္တနိယာမံ- သမ္မတ္တ နိယာမလို့ခေါ်တဲ့ မဂ်စိတ်သို့၊
ဩက္ကမတိ ဝင်ရောက် သွားနိုင်၏” တဲ့။

[၁၁၉] နောက်က မဂ်စိတ် ဖြစ်ပေါ်လာနိုင်တယ်တဲ့။ ခန္ဓာငါးပါးက ကျိုးပဲ့ ပျက်စီးတတ်တယ်။ ခန္ဓာငါးပါး မရှိတော့ရင် ကျိုးပဲ့ ပျက်စီးမှု မရှိတော့ဘူး။ အဲဒီ ကျိုးပဲ့ပျက်စီးမှု ကင်းတဲ့ နိဗ္ဗာန်ပဲလို့ ရှုမြင်သုံးသပ်နိုင်ရမယ်လို့ ဆိုတယ်။

(၁၆) အဒ္ဓဝတော

နောက်တစ်ခုက ဘာလဲဆိုရင် “ပဉ္စက္ခန္ဓေ အဒ္ဓဝတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။
ပဉ္စက္ခန္ဓေ ခန္ဓာငါးပါးတို့ကို၊
အဒ္ဓဝတော မခိုင်မာသော အနေအားဖြင့် ခိုင်မာမှုမရှိသော အနေအားဖြင့်၊
ပဿန္တော ရှုမြင်သုံးသပ်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊
အနုလောမိကံ ခန္တီ အနုလောမိက ခန္တီဉာဏ်ကို၊
ပဋိလဘတိ ရ၏ တဲ့။

ခန္ဓာငါးပါးကို ဘယ်လိုကြည့်ရမလဲဆိုရင် အဒ္ဓဝ ခိုင်မြဲတာ တစ်ခုမှ မရှိဘူး၊ ခိုင်ခံ့တာ တစ်ခုမှ မရှိဘူး၊ မြဲနေတာ မရှိဘူး၊ ခိုင်နေတာ မရှိဘူးလို့ ကြည့်မြင်ရမယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သဗ္ဗာဝတ္ထနိပါတိတာယ တဲ့။ သစ်ပင်က သစ်သီးလေးတွေသည် အပွင့်ကနေပြီး အသီးလေး ဖြစ်စမှာ ကြွေနိုင်တယ်။ အသီးလေးသီးပြီး ဖြစ်ပြီးလည်း ကြွေနိုင်တာပဲ။ အစေ့လေးထည့်ပြီးတော့မှလည်း ကြွေနိုင်တာပဲ။ မှည့်ပြီးတော့လည်း ကြွေနိုင်တာပဲ။ ခန္ဓာကိုယ်ကြီးသည် အဲဒီလိုပဲ အခိုက်အတန့်တွေ အခိုက်အတန့်တွေမှာ ပြိုလဲသွားနိုင်ပါတယ်တဲ့။

[၁၂၀] ဆိုပါစို့
(၁)နှစ်သားအတွင်းမှာလည်း သေဆုံးသွားနိုင်တယ်။
(၂)နှစ်သား အတွင်းမှာလည်း သေဆုံးသွားနိုင်တယ်။ ဘဝရဲ့ ဆယ်စုနှစ်တွေ၊ ဆယ်စုနှစ်တွေနဲ့ ကြည့်လိုက်မယ်ဆိုရင်လည်း ပထမဆယ်စုနှစ်ဖြစ်တဲ့
(၁)ကနေ (၁၀) အထိ မန္ဒဒသက လို့ခေါ်တဲ့ အင်မတန် နုနယ်တဲ့ အရွယ်မှာလည်း လူသည် သေဆုံးသွားနိုင်တယ်တဲ့။

ခိက္ခာဒသက လို့ခေါ်တဲ့ (၁၀)နှစ်ကနေ အနှစ်(၂၀) အတွင်းမှာလည်း လူသည် သေဆုံးသွားနိုင်တယ်။ ဝဏ္ဏဒသက လို့ခေါ်တဲ့ အဆင်းလှပတဲ့ (၂၁)နှစ်ကနေ (၃၀)အထိ ဒီဆယ်စုနှစ် အတွင်းမှာလည်း လူသည် သေဆုံးသွားနိုင်တယ်။ (၃၁)နှစ်ကနေ (၄၀)လို့ဆိုတဲ့ ဗလဒသက ခွန်အားတွေ ကောင်းတဲ့အချိန်မှာလည်း သေဆုံးသွားနိုင်ပါတယ်တဲ့။

သစ်သီးသည် သီးလာတဲ့အချိန်ကနေစပြီး အချိန်မရွေး ကြွေကျမည့်အန္တရာယ် ရှိနေသလိုပဲ ဘုန်းကြီးတို့တတွေရဲ့ ခန္ဓာကိုယ်ကြီးသည်လည်းပဲ ခိုင်ခံ့မှုမရှိသည့်အတွက် ဘယ်အခိုက်အတန့် ဘယ်အပိုင်းမှာပဲဖြစ်ဖြစ် ပျက်စီးဆုံးရှုံးသွားနိုင်တယ်ဆိုတာကို နှလုံးသွင်းဆင်ခြင်ရမယ်။ ဒါလည်းပဲ ဝိပဿနာဉာဏ် တစ်မျိုးပဲ။

ထိရဘာဝဿ စ အဘာဝတာယ ခိုင်မြဲတယ်ဆိုတာ ဒီခန္ဓာကိုယ်မှာ တစ်ခုမှ မရှိဘူး။ ရုပ်အနေလည်း မခိုင်မြဲဘူး။ နာမ်အနေလည်း မခိုင်မြဲဘူး။ ရုပ်ဆိုတာ စောစောက ပြောခဲ့သလို မအိုခင်က တစ်မျိုး၊ အိုလာတော့ တစ်မျိုး၊ ရောဂါ [၁၂၁] မဖြစ်ခင်က တစ်မျိုး၊ ရောဂါဖြစ်လာတော့ တစ်မျိုး၊ မသေခင်က တစ်မျိုး၊ သေတဲ့အခါ တစ်မျိုး ဘယ်အရာမှ ခိုင်မြဲသွားတာ မရှိဘူး။

နာမ်အနေနဲ့ ပြောမယ်ဆိုရင်လည်း အခု ဝမ်းသာလိုက်၊ တော်ကြာ ဝမ်းနည်းလိုက်၊ အခု ချမ်းသာလိုက်၊ တော်ကြာ ဆင်းရဲလိုက် ဘယ်အရာမှ ခိုင်မြဲတာမရှိဘူး။ အဲဒီလို ခိုင်မြဲမှု မရှိသောကြောင့် ခန္ဓာငါးပါးကို အဒ္ဓဝ ခိုင်မာမှုမရှိတဲ့ အရာလို့ ရှုမြင်သုံးသပ်ရင် ဝိပဿနာဉာဏ်ကို ရပါလိမ့်မယ်တဲ့။

ဝိပဿနာတရား အားထုတ်တယ်ဆိုတာ ဆင်ခြင်တွေးတောတဲ့ သဘောပဲဖြစ်တယ်။ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ မျက်စိမှိတ်ပြီး ထိုင်နေမှ ကမ္မဋ္ဌာန်းထိုင်တယ်လို့ ထင်နေကြတာ။ သမာဓိကျင့်တဲ့ အခါမှာတော့ အဲဒီလို တင်ပျဉ်ခွေပြီး ထိုင်တာ မှန်တယ်။ ဝိပဿနာကျင့်တာကျတော့ ဒီလိုမဟုတ်ဘူး။ လမ်းလျှောက်ရင်းလည်း အားထုတ်လို့ရတယ်။ ထိုင်နေရင်းလည်း အားထုတ်လို့ရတယ်။ လျောင်းနေရင်းလည်း အားထုတ်လို့ရတယ်။ စားနေရင်း၊ သွားနေရင်း အချိန်မရွေး အားထုတ်လို့ရတယ်။ စိတ်ထဲမှာ ဆင်ခြင်သုံးသပ်နေတာသည်ပင် ဝိပဿနာ ဖြစ်တယ်။

ထိုင်တာကို အဓိကထားပြီးပြောလို့ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတဲ့ စကားလုံးက တွင်နေတာ။ မထိုင်လည်း ကမ္မဋ္ဌာန်းအာရုံနဲ့ နေရင် ကမ္မဋ္ဌာန်းထိုင်တာပဲ။ (ထိုင်နေရင်း အိပ်နေတဲ့လူ ကျတော့ ဘယ်လိုလုပ်မလဲနော်။ ထိုင်ပြီးတော့လည်း အိပ်ပျော် [၁၂၂] သွားတာတွေ ရှိတယ်လေ။ ဒါကြောင့်မို့) ထိုင်တာက အဓိကမဟုတ်ဘူး။ စိတ်နဲ့ တရားအာရုံ တွေ့ဆုံနေမှုကသာ အဓိကဖြစ်တယ်။ ဆင်ခြင်စဉ်းစားနေတဲ့ အသိဉာဏ်ကသာ အဓိကဖြစ်တယ်ဆိုတာကို မှတ်သားထားကြဖို့ လိုတယ်။ မိမိရဲ့စိတ်ထဲက အညစ်အကြေးတွေကို ထုတ်ပယ်ပစ်ခြင်းကသာ ပဓာနဖြစ်တယ်ပေါ့။

ဟုတ်ပြီ ခုနကလို ခန္ဓာကိုယ်ကြီးရဲ့ မခိုင်မာမှုကို သိလာတဲ့ အခါမှာ ခန္ဓာပေါ်မှာ တွယ်တာမှုတွေ နည်းလာတယ်။ နောက်ဆုံးမှာ တွယ်တာတဲ့ တဏှာ မရှိတော့ဘူးဆိုရင် ပဉ္စန္နံ ခန္ဓာနံ နိရောဓော- ခန္ဓာငါးပါး ချုပ်ငြိမ်းသွားမှုသည် ဓုဝံ နိဗ္ဗာနန္တိ - တကယ့်ကို ခိုင်မာတဲ့ နိဗ္ဗာန်တရားပဲလို့၊ ပဿန္တော- ရှုမြင်တဲ့ပုဂ္ဂိုလ်သည်၊ သမ္မတ္တနိယာမံ- သမ္မတ္တ နိယာမလို့ဆိုတဲ့ မဂ်စိတ်သို့၊ ဩက္ကမတိ ဝင်ရောက်နိုင်၏။ နိဗ္ဗာန်လမ်းကြောင်းပေါ် ရောက်သွားပြီး နိဗ္ဗာန်ကိုအာရုံပြုနိုင်တယ်လို့ ဆိုလိုတာပေါ့။

(၁၇) အတာဏတော

(၁၇)ခုမြောက် ရှုပုံရှုနည်းကတော့ ပဉ္စက္ခန္ဓေ အတာဏတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ တဲ့။
ပဉ္စက္ခန္ဓေ- ခန္ဓာငါးပါးတို့ကို၊
အတာဏတော- ကာကွယ်စောင့်ရှောက်တတ်တဲ့ အနေအထား မရှိဘူးရယ်လို့၊
ပဿန္တော - ရှုမြင်သုံးသပ်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ [၁၂၃] အနုလောမိကံ ခန္တီ- အနုလောမိက ခန္တီဉာဏ်ကို၊ ပဋိလဘတိ- ရနိုင်၏တဲ့။

ခန္ဓာငါးပါးကို အတာဏ လို့ ရှုရမယ်တဲ့။ များသောအားဖြင့် ဝိပဿနာရှုတယ်ဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုတာလောက်ပဲ အသုံးများ၊ အပြောများတယ်။ ရှုပုံရှုနည်းက (၄၀) ရှိတာ။ အဲဒီ ရှုပုံရှုနည်း (၄၀) ထဲက အတာဏ မကာကွယ်တတ်ဘူး၊ မစောင့်ရှောက်တတ်ဘူးတဲ့။ သူ့ကိုယ်သူလည်း မစောင့်ရှောက်နိုင်ဘူး၊ သူများကိုလည်း မစောင့်ရှောက်နိုင်ဘူး။ ဒါကြောင့် အကာအကွယ်မဲ့နေတယ်၊ စောင့်ရှောက်တတ်တဲ့ သဘောလည်း မရှိဘူးလို့ ရှုမြင်ရမယ်တဲ့။

ဘာကြောင့် စောင့်ရှောက်တတ်တဲ့ သဘောမရှိဘူးလို့ ပြောရသလဲဆိုရင် အတာယနတာယ သဘာဝကိုက စောင့်ရှောက်နိုင်စွမ်း မရှိလို့တဲ့။ မိမိမပျက်စီးဖို့ မိမိခန္ဓာကိုယ်ကလည်း ပြန်ပြီး မစောင့်ရှောက်နိုင်ဘူး။ ခန္ဓာရှိရင် တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာတာပဲ။ ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ စွမ်းရည်သတ္တိ မရှိဘူး။ အန္တရာယ်တွေ မရောက်အောင်လည်း သူ့ကိုသူ မကာကွယ်နိုင်ဘူး။

ကာကွယ်ဆေးထိုးတယ်လို့ လူတွေက ပြောကြတယ်။ ဒါပေမဲ့ လူတွေရဲ့ သန္တာန်မှာ ရောဂါဆိုတာကို ခန္ဓာက လက်ခံလိုက်တာပဲ။ တော်ကြာ ကင်ဆာတဲ့၊ တော်ကြာ ဘာရောဂါ၊ ညာရောဂါနဲ့၊ ရောဂါတွေ အများကြီးကို ခန္ဓာကိုယ်က လက်ခံနေတာပဲ။ ဘယ်လိုကာကွယ်ဆေးတွေထိုးထိုး၊ [၁၂၄] ဒုက္ခရောက်တဲ့အခါ ရောက်တာပဲ။ အဲဒါကြောင့်မို့ ခန္ဓာကိုယ်ကြီးက ကာကွယ်နိုင်စွမ်း မရှိဘူးတဲ့။ ခန္ဓာငါးပါးကို အတာယနတာယ ကာကွယ်စောင့်ရှောက်လို့ မရဘူးဆိုတဲ့ အနေအထားဖြင့်လည်း ယောဂီပုဂ္ဂိုလ်တွေ ရှုမြင်သုံးသပ်ရမယ်တဲ့။

နောက်တစ်ခုက ဘာတုန်းဆိုရင် အလဗ္ဘနေယျ ခေမတာယ ဘေးရန်အန္တရာယ်တွေ ထာဝရငြိမ်းချမ်းသွားအောင် လုပ်လို့မရဘူးတဲ့။ ခန္ဓာရှိနေသမျှ ထာဝရငြိမ်းချမ်းအောင်၊ ဘေးရန်အန္တရာယ်တွေက လွတ်အောင် လုပ်လို့မရဘူး။ ခန္ဓာရှိနေရင် ဘေးရန်အန္တရာယ်ဆိုတာ လာမှာပဲ။ ကာကွယ်စောင့်ရှောက်လို့ မရဘူး။

အဲဒီလို ရှုမြင်သုံးသပ်တဲ့အခါမှာ ရလဒ်က ဘာတုန်းဆိုတော့ ခန္ဓာပေါ်မှာ ငြီးငွေ့ပြီး ခန္ဓာကို မလိုချင်တဲ့စိတ်တွေ ပေါ်လာမယ်။ မလိုချင်တော့လို့ မရတော့ဘူးဆိုရင် ပဉ္စန္နံ ခန္ဓာနံ နိရောဓော- ခန္ဓာငါးပါးတို့ရဲ့ ချုပ်ငြိမ်းသွားမှုသည်၊ တာဏံ နိဗ္ဗာနံ- စောင့်ရှောက်နိုင်တဲ့ နိဗ္ဗာန်ပဲ။ (နိဗ္ဗာန်မှာ ဇရာဆိုတာ မရှိဘူး၊ ဗျာဓိဆိုတာ မရှိဘူး၊ မရဏဆိုတာ မရှိဘူး၊ လုံခြုံသွားပြီ။) ဒါကြောင့် တာဏံ- စောင့်ရှောက်ကာကွယ်နိုင်တဲ့၊ နိဗ္ဗာနန္တိ- နိဗ္ဗာန်ပဲရယ်လို့၊ ပဿန္တော- ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ သမ္မတ္တနိယာမံ- သမ္မတ္တနိယာမ ဆိုတဲ့ မဂ်စိတ်သို့၊ ဩက္ကမတိ- ရောက်သွားနိုင်ပါတယ်တဲ့။

[၁၂၅]

(၁၈) အလေဏတော

(၁၈) ခုမြောက် ရှုကွက်ကလေးတစ်ခုကို ကြည့်ရအောင် “ပဉ္စက္ခန္ဓေ အလေဏတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ” တဲ့။ ပဉ္စက္ခန္ဓေ- မိမိတို့ရဲ့ သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးတို့ကို၊ အလေဏတော- ပုန်းအောင်းရာမဟုတ်သောအားဖြင့် တဲ့။

လောကလူတွေဟာ မိုးရွာရင် မိုးခိုရတယ်။ ဘေးရန်အန္တရာယ်တွေ လာရင်လည်း ခိုလှုံရတယ်။ လေတိုက်ရင်လည်း လေခိုရတယ်။ ခန္ဓာငါးပါးမှာ အဲဒီလို အန္တရာယ်တွေ မရောက်အောင် ပုန်းခိုမရဘူး။ အလေဏတော- ပုန်းအောင်းရာမဟုတ်သောအားဖြင့်၊ ပဿန္တော- ရှုမြင်တဲ့ ပုဂ္ဂိုလ်သည်၊ အနုလောမိကန္တိ- အနုလောမိက ခန္တီဉာဏ်ကို၊ ပဋိလဘတိ- ရနိုင်၏ တဲ့။

ခန္ဓာငါးပါးသည် ပုန်းစရာ၊ ခိုစရာ မဟုတ်ဘူးတဲ့။ ပုန်းလို့ ခိုလို့လည်း မရဘူးလို့ဆိုတယ်။ ဘာဖြစ်လို့ ပုန်းလို့ခိုလို့ မရတာတုန်းဆိုတော့ အလိယိတုံ- ပုန်းခိုဖို့ရာ၊ အနရဟတာယ- မထိုက်တန်သောကြောင့် တဲ့။ ခန္ဓာကိုယ်ကို အကာအကွယ်လုပ်ပြီး ဒီခန္ဓာထဲမှာ ပုန်းခိုလို့မရဘူး။ ခန္ဓာကိုယ်ကြီး ရထားရင် အဲဒီခန္ဓာကိုယ်ကြီးကို မအို၊ မနာ၊ မသေအောင် လုပ်လို့ရလား ဆိုရင် မရဘူးနော်။ ဒါတောင်မှပဲ ယုံကြည်ချက်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဓာတ်လုံးတွေထိုး၊ ဓာတ်လုံးရေစိမ်သောက်ပြီး ထွက်ရပ်ပေါက် လုပ်ကြသေးတာပဲ။ မသေအောင်ဆိုပြီး အမျိုးစုံ ကြိုးစားကြသေးတာ။

[၁၂၆] ခန္ဓာငါးပါးရှိရင် ပုန်းခိုလို့မရဘူး။ ခန္ဓာငါးပါးသည် ဘယ်တော့မှ လုံခြုံတဲ့အရာ မဟုတ်ဘူး။ မိုးမလုံတဲ့ အိမ်ကြီးထဲဝင်ပြီး မိုးခိုတာလိုပဲ ဖြစ်မှာပဲ။ လေမလုံတဲ့ အိမ်ကြီးထဲမှာ ဝင်ပြီးတော့ လေခိုတာနဲ့ အတူတူပဲ။ ပုန်းခိုလို့ရတဲ့နေရာ မဟုတ်ဘူးလို့ ဆိုလိုတာ။

နောက်တစ်ခုက “အဂ္ယီနာနမ္ပိ စ လေဏကိစ္စာ ကာရိတာယ” တဲ့။ ပုန်းခိုစရာလို့ စိတ်ထဲက အောက်မေ့သော်လည်းပဲ သူက ဘာအကာအကွယ်မှ ပေးမှာ မဟုတ်ဘူးတဲ့။ ပုန်းခိုလို့ ရတယ်ဆိုတာ ဥပမာ နေခိုချင်ရင် နေလုံတဲ့အရာ ဖြစ်ရမယ်။ လေခိုချင်ရင် လေလုံတဲ့အရာ ဖြစ်ရမယ်။ မိုးခိုချင်ရင် မိုးလုံတဲ့အရာ ဖြစ်ရမယ်။ ခန္ဓာကိုယ်ကြီးကိုက ဒီအန္တရာယ်တွေကနေ လွတ်တာမဟုတ်သည့်အတွက်ကြောင့် ပုန်းခိုမယ်ဆိုရင်လည်း ပုန်းခိုနိုင်တဲ့ လုံခြုံမှုကိစ္စမျိုး ဘာမှ လုပ်ပေးနိုင်တာ မဟုတ်ဘူး။ အန္တရာယ်တွေကို သူကတောင် ဖိတ်ခေါ်နေတာသာ ဖြစ်တယ်တဲ့။

ဒါကြောင့်မို့ ခန္ဓာကိုယ်ကြီးသည် ပုန်းလို့ခိုလို့မရတဲ့ အရာကြီးပဲလို့ ခန္ဓာကိုယ်ပေါ်မှာ စိတ်ပျက်ငြီးငွေ့လာအောင် နှလုံးသွင်း ဆင်ခြင်ခြင်းသည် ဝိပဿနာဉာဏ်တစ်မျိုးပဲတဲ့။ အဲဒီ ဝိပဿနာဉာဏ် ဖြစ်လာရင် ခန္ဓာကိုယ်ကို လိုချင်တဲ့တဏှာ ကင်းပြတ်သွားပြီး နောက်ဆုံး ခန္ဓာကိုယ်ကြီး မရချင်တော့ဘူးဆိုတဲ့အခါမှာ ပဉ္စန္နံ ခန္ဓာနံ- ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော- ချုပ်ငြိမ်းသွားမှု ဆိုတာသည်၊ လေဏံ- တကယ့် ပုန်းခိုလို့ [၁၂၇] ရတဲ့၊ နိဗ္ဗာနန္တိ- နိဗ္ဗာန်ပဲရယ်လို့၊ ပဿန္တော- ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ သမ္ပတ္တနိယာမံ- မှန်ကန်ပြီး ထာဝရတည်မြဲတဲ့ မဂ်ဆိုတဲ့ သဘာဝတရားသို့၊ ဩက္ကမတိ- ဝင်ရောက်သွားနိုင်၏။ ဝိပဿနာရှုဖွယ် တောလေးဆယ်မှာ ဟောကြားထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ ဘုန်းကြီးတို့တတွေ သာသနာတော်ကြီးနဲ့ ကြုံတွေ့နေတဲ့ အချိန်မှာ တစ်ခဏပဲဖြစ်စေ၊ တစ်မိနစ်ပဲ ဖြစ်စေ၊ တစ်နာရီပဲ ဖြစ်စေ၊ တစ်ရက်တာပဲဖြစ်စေ၊ ဟောဒီ အသိဉာဏ်တွေ ရအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ ဖြစ်တယ်။ သတိသမ္ပဇညတရား ရှေ့ထားပြီး သာသနာတော်နဲ့ ကြုံကြိုက်တဲ့အချိန် ဝိပဿနာဉာဏ်ဖြစ်အောင် ကြိုးစားကြမယ်လို့ ကိုယ်စီကိုယ်စီ အားသစ်ပြီး ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။

သာဓု သာဓု သာဓု [၁၂၈]

ဝိပဿနာရှုဖွယ် တောလေးဆယ် အပိုင်း (၅)

သာသနာတော်နှစ် ၂၅၅၇-နှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၅- ခုနှစ် သီတင်းကျွတ်လဆန်း (၃) ရက်၊ ၂၀၁၃-ခုနှစ် အောက်တိုဘာလ (၇) ရက်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်။ ဒေးဝန်းအရှေ့ အကွက် (၂၇၆) ရှမ်းဝိုင်းရပ်၊ ဒါနပတိဥပုသ်ထွက် အပတ်စဉ်အရုဏ်ဆွမ်းကပ် အသင်းကြီး၏ (၆) နှစ်ပြည့် အမှတ်တရအဖြစ်ဖြင့် ပဉ္စမအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် အထူးတရားပွဲကြီး၌ ကံသာယာမြို့သစ် နှစ်ဖက်မိဘများဖြစ်ကြသော ဦးမြကြိုင်+ဒေါ်မမ၊ ဦးမြင့်+ဒေါ်တင်အုန်း တို့အား အမှုထား၍ ဦးညီညီ+ဒေါ်နွယ်ဝေ၊ သား မောင်ရဲမြင့် တည်ကြည်၊ သမီး မစုဝေထွန်း၊ မမိုးထက်လပြည့်ဝန်း၊ မိသားစုတို့၏ အမတဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော၊ “ဝိပဿနာရှုဖွယ် တောလေးဆယ် အပိုင်း (၅)” တရားဒေသနာတော်။

နည်းစနစ်ကို သင်ယူ

ဝိပဿနာတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်လိုကြတဲ့ သူတော်စင်ယောဂီပုဂ္ဂိုလ်တိုင်း ဘယ်လို အားထုတ်ရမယ်ဆိုတဲ့ နည်းစနစ်တွေကို သိရှိနားလည်ထားသင့်တယ်ပေါ့။ ဘယ်အလုပ်ပဲ လုပ်လုပ် စနစ်တကျလုပ်မှ အောင်မြင်ပြီးစီးနိုင်တယ်။ စနစ်မကျဘူးဆိုရင် အောင်မြင်ပြီးစီးမှု မရနိုင်ဘူး။ သမထအလုပ် အားထုတ်တယ်ဆိုတဲ့ အခါမှာလည်း ကမ္မဋ္ဌာန်း [၁၂၉] ဘာဝနာ အားထုတ်ပုံ အားထုတ်နည်းကို သင်ယူကြရတယ်၊ မှတ်သားကြရတယ်။

မှတ်သားသင်ယူပြီးတဲ့နောက် လုပ်ငန်းသဘောအရ လက်တွေ့ကျင့်သုံးတဲ့အခါမှာ သံသရာကပါလာတဲ့ ကိလေသာထုထည်က အင်မတန်ကြီးမားသည့်အတွက်ကြောင့် ခဏအတွင်း အောင်မြင်ဖို့ဆိုတာ လူတော်တော်များများအဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ဇွဲရှိရှိလုပ်ရမယ့် ကိစ္စမျိုးပဲ ဖြစ်တယ်ပေါ့။

စိတ်အညစ်အကြေး ဖယ်ရှားရေး

မြတ်စွာဘုရားရဲ့ အဆုံးအမတော်သည် Mind centre teaching လို့ဆိုတဲ့အတိုင်း စိတ်ကို ဗဟိုထားပြီး ဆုံးမသွန်သင်တာဖြစ်လို့ မိမိတို့ရဲ့ စိတ်အနေအထားကို သိရှိအောင် အမြဲတမ်း အကဲခတ်ရမယ်။ အကဲခတ်ပြီးတဲ့အခါ မိမိတို့ စိတ်အခြေအနေအရ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုနှင့် အခြေတည်ပြီး ဝိပဿနာကျင့်စဉ်ဆိုတာကို ကျင့်ကြရတယ်။

မဟာသတိပဋ္ဌာနသုတ်နဲ့ အခြားသုတ်တွေမှာ ညွှန်ကြားထားတဲ့အတိုင်း စိတ်ရဲ့ အညစ်အကြေးတွေက ဘာတွေလဲဆိုရင် နီဝရဏ လို့ခေါ်တဲ့ သဘာဝတရားတွေပဲ။ အာရုံနဲ့တွေ့လာရင် ဦးဆောင်ပြီး ဖြစ်ပေါ်လာတဲ့ နီဝရဏတရားက ကာမစ္ဆန္ဒ နီဝရဏ နှင့် ဗျာပါဒ နီဝရဏ တို့သာ ဖြစ်တယ်။

ကာမစ္ဆန္ဒ ဆိုတာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယ ဆိုတဲ့ ဒွါရ ငါးပေါက်ကနေ ဝင်ရောက်လာတဲ့ အဆင်း၊ အသံ၊ အနံ့၊ [၁၃၀] အရသာ၊ အထိအတွေ့ဆိုတဲ့ ဒီအာရုံတွေအပေါ်မှာ ကောင်းမြတ်တဲ့ အာရုံ၊ နှစ်သက်စရာကောင်းတဲ့ အာရုံမျိုးဆိုရင် ထပ်မံရရှိချင်တဲ့ ဆန္ဒ၊ ရရှိပြီး အာရုံပေါ်မှာ တွယ်တာနေတဲ့၊ သိမ်းပိုက်တတ်တဲ့ တဏှာ ဒီသဘာဝတရားတွေကို ခေါ်တာ ဖြစ်တယ်။ တရားကိုယ်အားဖြင့် လောဘကို ပြောတာပဲ။ လောဘလို့ပဲခေါ်ခေါ်၊ ရာဂလို့ပဲခေါ်ခေါ်၊ တဏှာလို့ပဲခေါ်ခေါ် ကာမစ္ဆန္ဒ သဘာဝတရားသည် လောဘပဲဖြစ်တယ်။ လိုချင်စရာအာရုံတွေအပေါ်မှာ လိုချင်မှုစိတ်ဆန္ဒ ဖြစ်ပေါ်လာခြင်းသည် ကာမစ္ဆန္ဒပဲ ဖြစ်တယ်။

ထို ကာမစ္ဆန္ဒ သည် လူတွေရဲ့ အသိဉာဏ်ကို အားပျော့သွားစေပြီး စိတ်ဓာတ်ကို လွှမ်းမိုးချုပ်ကိုင်ထားခြင်းဖြင့် လူတွေရဲ့ အသိစိတ်မှာ ကုသိုလ်တရားတွေ ဖြစ်ခွင့်မရအောင် ပိတ်ဆို့သွားတတ်တယ်။ ဒါ့ကြောင့် ထို ကာမစ္ဆန္ဒကို အပိတ်အဆို့ နီဝရဏ လို့ခေါ်တာပေါ့။ ရေမြောင်းတွေမှာ ဒိုက်တွေ၊ အမှိုက်တွေ ပိတ်နေရင် ရေမစီးတော့သလို လူတွေရဲ့ စိတ်ထဲမှာ ကာမစ္ဆန္ဒတွေ လွှမ်းမိုးထားရင် စိတ်သည် block ဖြစ်သွားတယ်။ ကုသိုလ်စိတ်တွေ စီးဝင်နိုင်ခြင်း၊ ဖြစ်ပေါ်လာခြင်း မရှိရုံမျှမက သတိတွေလည်း အားပျော့သွားတယ်၊ ပညာတွေလည်း အားပျော့သွားတယ်။

ဒါကြောင့် “ငါ့စိတ်မှာ ကာမဂုဏ်အာရုံနဲ့ တွေ့လာရင် လိုချင်တပ်မက်ပြီး သိမ်းပိုက်ထားလိုတဲ့ ဆန္ဒတွေ ရှိသလား၊ ရချင်တဲ့ဆန္ဒတွေ ရှိနေသလား၊ ဘာကြောင့် ရှိနေရသလဲ၊ ဘာနဲ့ [၁၃၁] မရှိအောင် လုပ်ရမှာလဲ” ဆိုတာတွေ သိရှိအောင်၊ မိမိစိတ်ကို check လုပ်ကြရမှာ ဖြစ်တယ်။ လူတွေက မှန်လေးကိုကြည့်ပြီး ကိုယ့်မျက်နှာကိုတော့ check လုပ်ကြတယ်။ မျက်နှာကိုကြည့်ပြီး လှ မလှ၊ အဆင်ပြေ မပြေ ကြည့်တတ်ကြပေမယ့် မိမိရဲ့ စိတ်ကိုတော့ ဆင်ခြင်သုံးသပ်မှု အားနည်းနေကြတယ်။

ဒါကြောင့် ရုပ်ခန္ဓာကိုယ်ကြီးကို မှန်ထဲမှာ ကြည့်ပြီး ဆင်ခြင်သုံးသပ်သလို မိမိရဲ့ စိတ်အခြေအနေကိုလည်း ဉာဏ်နဲ့ကြည့်ပြီး ဆင်ခြင်သုံးသပ်ဖို့ လိုအပ်တယ်။ အဲဒီလို ဆင်ခြင်သုံးသပ်ကြည့်မှ စိတ်အခြေအနေဆိုတာ သိလာနိုင်တယ်။ သိမှသာလျှင် ကိုယ့်သန္တာန်မှာ ဘယ်ကမ္မဋ္ဌာန်းတရား အားထုတ်မှ သင့်လျော်မယ်ဆိုတဲ့ ရွေးချယ်မှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်တယ်။

လောကလူတွေဟာ လောဘမကင်းဘူးဆိုရင် လိုချင်တာ ရနေသမျှ လောဘဖြစ်နေမှာပဲ။ ထိုရထားတဲ့ အရာဝတ္ထုတစ်ခု ဆုံးရှုံးသွားရင်လည်း ဒေါမနဿနဲ့ ဒေါသဆိုတာ ဖြစ်လာမှာပဲ။ ဒေါမနဿဆိုတဲ့ ခံစားချက်ဝင်လာရင် ဒေါသနဲ့ တွဲပြီး ဝင်လာတာဖြစ်သောကြောင့် နီဝရဏတရားတွေမှာ ဒေါသကို ဗျာပါဒလို့ ဆိုတယ်။ ဗျာပါဒဆိုတာ စိတ်အခြေအနေတစ်ခု ပျက်စီးသွားခြင်းဖြစ်တယ်။ အာရုံတစ်မျိုး လက်လွတ်ဆုံးရှုံးသွားရင်လည်း ဗျာပါဒဖြစ်တယ်။

ကိုယ်မမြင်ချင်၊ မကြားချင်တဲ့ အာရုံတွေ ကိုယ့်သန္တာန်မှာ ရောက်ရှိလာပြီး မြင်ရပြီ ကြားရပြီဆိုရင် စိတ်အခြေအနေ [၁၃၂] ပျက်စီးပြီး ဒေါသဖြစ်လာတယ်။ အာရုံကို မုန်းတီးတာလဲ ဒေါသပဲဖြစ်တယ်။ လူကို မုန်းပြီး စိတ်ဆိုးမှ ဒေါသမဟုတ်ဘူး။ အာရုံကို ဆန့်ကျင်တဲ့ သဘောဟာလည်း ဒေါသပဲ။ အဲဒီဒေါသကိုပဲ ဗျာပါဒလို့ ခေါ်တာ။ ဗျာပါဒဆိုတဲ့ သဘာဝတရားဟာလည်း ကုသိုလ်စိတ်တွေ မဖြစ်အောင်၊ ပညာတွေ အားပျော့သွားအောင်၊ ကောင်းမြတ်တဲ့ သတိတွေ မရှိအောင် ပိတ်ဆို့ထားတတ်တယ်။ ဒါကြောင့်မို့ နီဝရဏလို့ ခေါ်တာတဲ့။

နီဝရဏတွေထဲမှာ ဒီနီဝရဏနှစ်ခုသည် အရေးကြီးတဲ့ နီဝရဏပဲ ဖြစ်တယ်။ ဒါကြောင့်မို့ မဟာသတိပဋ္ဌာနသုတ်မှာ တရားအားထုတ်ပြီဆိုရင် ဒီနီဝရဏတရားနှစ်ခုကို အဓိကထားပြီး “ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ” လို့ ဟောတာ ဖြစ်တယ်။ လောကေ- မိမိရှုမှတ်နေတဲ့ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မလို့ဆိုတဲ့ လောကမှာ၊ အဘိဇ္ဈာဒေါမနဿံ- အဘိဇ္ဈာဒေါမနဿ လို့ဆိုတဲ့ နီဝရဏတရားကို၊ ဝိနေယျ- ပယ်ဖျောက်၍ လို့ဆိုတာ ဖြစ်တယ်။

ဝိပဿနာရှုရင် ကာမစ္ဆန္ဒ နီဝရဏနဲ့ ဗျာပါဒ နီဝရဏကို အဓိကထားပြီး ဖယ်ရှားရတာ ဖြစ်တယ်။ သမထကျင့်စဉ်တစ်ခုကို ကျင့်ပြီဆိုရင်လည်းပဲ ဒီ နီဝရဏတရားနှစ်ခုကို အဓိကထားပြီး ဖယ်ရှားရတာပဲ ဖြစ်တယ်။

နီဝရဏတရားတွေကို သမာဓိစွမ်းအားနဲ့ ဖယ်ရှားလို့ရတယ်။ ပညာစွမ်းအားနဲ့လည်း ဖယ်ရှားလို့ရတယ်။ သမာဓိရှိလာပြီဆိုရင် ကာမစ္ဆန္ဒ နီဝရဏနဲ့ ဗျာပါဒ နီဝရဏတို့ဆိုတာ [၁၃၃] ဖြစ်မလာတော့ဘူး။ ဖြစ်မလာရင် ပညာသည် တဖြည်းဖြည်း ရင့်ကျက်တိုးတက်လာနိုင်တယ်။ ဒါ့ကြောင့် နီဝရဏတရားကို ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်။ တရားအားထုတ်တယ်ဆိုတာ နီဝရဏတရားတွေကို ဖယ်ရှားဖို့ ကြိုးစားခြင်းပဲပေါ့။ အဲဒီလို ကြိုးစားတဲ့အခါမှာ လိုအပ်တဲ့ အရည်အချင်း သုံးခုက ဘာလဲလို့ဆိုရင် “အာတာပီ သမ္ပဇာနော သတိမာ” ဆိုပြီး မဟာသတိပဋ္ဌာနသုတ်မှာ ဟောထားတယ်။ အာတာပီ ဆိုတာ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်တဲ့ ဝီရိယ သို့မဟုတ် မိမိသန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေကို ဖိနှိပ်ချုပ်ချယ် တွန်းထုတ်နိုင်တဲ့ စွမ်းရည်သတ္တိရှိတဲ့ လုံ့လဝီရိယမျိုးကို ခေါ်တယ်။

ထို လုံ့လဝီရိယမျိုးဆိုတာ မဖြစ်သေးတဲ့ အကုသိုလ်မဖြစ်အောင် တားတယ်၊ စောင့်စည်းတယ်၊ ဆို့ပိတ်တယ် (သံဝရ)၊ ဖြစ်လာတဲ့ အကုသိုလ်တရားကို ဖယ်ရှားပစ်နိုင်တယ် (ပဟာန)။ ဒီနှစ်ခုသည် အင်မတန်မှ အရေးကြီးတယ်ပေါ့။ နောက်ထပ် မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်လာဖို့၊ ဖြစ်ပြီးသား ကုသိုလ်တွေ တိုးပွားလာဖို့ဆိုတာလည်း ဆက်လက် ကြိုးစားအားထုတ်ရမယ်။

အာရုံတစ်ခုပေါ်မှာ အလုပ်လုပ်လို့ရှိရင် အဲဒီလို စိတ်အားထက်ထက်မြက်မြက်နဲ့ လုပ်တဲ့ အာတာပဆိုတဲ့ လုံ့လဝီရိယမျိုး ရှိရမယ်။ ကိလေသာတွေကို တွန်းထုတ် လောင်မြိုက်ပစ်နိုင်တဲ့၊ ပူလောင်စေတတ်တဲ့ လုံ့လဝီရိယမျိုးလို့ [၁၃၄] ဆိုတယ်။ သမ္ပဇာနော သတိမာ သတိရှိဖို့ လိုတယ်။ ပညာ ဆင်ခြင်ရှိဖို့လည်း လိုတယ်။ သတိနဲ့ သမ္ပဇည ဆိုတာ အမြဲတမ်း တွဲဖက်ထားတယ်။ သတိမပါဘဲနဲ့ ပညာဖြစ်တယ်လို့ မရှိဘူး။ "န ဟိ သတိ ဝိရဟိတာနာမ ပညာ အတ္ထိ" သတိဝိရဟိတာ ပညာ - သတိကင်းပြီး ဖြစ်လာတဲ့ ပညာဆိုတာ၊ နတ္ထိ - မရှိဘူးလို့ ဆိုတယ်။ ပညာဖြစ်ဖို့ရာအတွက် သတိက ရှိနေရမယ်။ သတိ မရှိဘဲနဲ့ ပညာဆိုတာ ဖြစ်မလာနိုင်ဘူး။ ဒါကြောင့် ကမ္မဋ္ဌာန်း အားထုတ်ပြီဆိုရင်
နံပါတ် (၁) ကြိုးစားရမယ်၊
နံပါတ် (၂) သတိနဲ့ ပညာ ဒီလို တွဲဖက်ပြီး ရှိနေရမယ်။

အဲဒီလို သတိနဲ့ ပညာ တွဲဖက်ပြီး အာရုံတစ်ခုပေါ်မှာ အလုပ်လုပ်လိုက်ပြီ ဆိုတဲ့အခါ "အဘိဇ္ဈာ" ဆိုတဲ့ ကာမစ္ဆန္ဒ နီဝရဏ ကို ဖယ်ရှားလို့ ရသွားတယ်။

ဒီနေရာမှာ "အဘိဇ္ဈာ" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို သတိထားဖို့ လိုအပ်တယ်။ စာပေကျမ်းဂန်တွေမှာ အထူးမဖွင့်ပေမယ့် ဒီ "အဘိဇ္ဈာ" ဟာ မနောဒုစရိုက် ထဲမှာပါတဲ့ အဘိဇ္ဈာနဲ့ သဘာဝတရားချင်းတော့ တူတယ်။ သွင်ပြင်လက္ခဏာတော့ မတူဘူးလို့ ပြောရမယ်။

မနောဒုစရိုက်ထဲမှာပါတဲ့ အဘိဇ္ဈာ ဆိုတာ ယံ ပရဿ တံ မမဿ - သူပိုင်ပစ္စည်းသည် ငါပိုင်ဖြစ်ရင် ကောင်းမှာပဲ ဆိုတဲ့ မတရားတဲ့ အတွေးပါတဲ့ လောဘ ကို ခေါ်တာ။ ကမ္မဋ္ဌာန်း အားထုတ်နေတဲ့အချိန် ဖယ်ရှားရမယ့် အဘိဇ္ဈာ ဆိုတာက [၁၃၅] တော့ "အဘိ" အာရုံတစ်ခုခုအပေါ်မှာ ကမ္မဋ္ဌာန်းအာရုံပဲ ဖြစ်စေ၊ မိမိကြံတွေးနေတဲ့ မိမိသန္တာန်မှာ ထင်ပေါ်လာတဲ့ အာရုံတစ်ခုခုပေါ်မှာပဲဖြစ်စေ၊ "ရွာ" လောဘနဲ့ ကြံတွေးနေမှု ဆိုတဲ့ အဘိဇ္ဈာ မျိုးကို ယူရမယ်။ မနောဒုစရိုက် က အဘိဇ္ဈာကို ဆိုလိုတာ မဟုတ်ဘူး။

ကမ္မဋ္ဌာန်း အားထုတ်နေပြီး သူများပစ္စည်းငါ့ပစ္စည်းဖြစ်ရင် ကောင်းမှာပဲ ဆိုတာကတော့ ရိပ်သာဝင်လာပြီး သူများပစ္စည်း ခိုးဖို့ချောင်းတဲ့ သူခိုးကလွဲရင် ကျန်တဲ့ပုဂ္ဂိုလ် ဖြစ်ဖို့မရှိပါဘူးနော်။ တရားလာအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ "သူများပစ္စည်း ငါ့ပစ္စည်း ဖြစ်ပါစေ" ဆိုတဲ့ ကြမ်းတမ်းတဲ့ မနောဒုစရိုက် ထဲမှာပါတဲ့ အဘိဇ္ဈာ မျိုးတော့ ရှိမယ်မထင်ပါဘူး။

မဟာသတိပဋ္ဌာနသုတ် မှာ "အဘိဇ္ဈာဒေါမနဿံ" လို့ ဆိုပြီး ဒေါမနဿဝေဒနာ ကို ဖယ်ရှားရမယ်လို့ ဆိုတယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင် ဒေါမနဿဝေဒနာဆိုတာ ဒေါသ ဆိုတဲ့ "ပဋိဃ" နဲ့ အမြဲတွဲတယ်။ ဒီလို အမြဲတမ်း တွဲဖက်နေတာ ဖြစ်သောကြောင့် အဘိဓမ္မတ္ထသင်္ဂဟကျမ်း မှာ ဒေါသမူစိတ် နှစ်ခုကို ပြောတဲ့အခါ ဒေါမနဿသဟဂတံ ပဋိဃသမ္ပယုတ္တံ လို့ ပြောတယ်။

ဒါကြောင့် ဒေါမနဿလို့ ပြောရင် ဒေါသက ပါလာတယ်။ ဒေါသလို့ ပြောလိုက်ရင်လည်း ဒေါမနဿက ပါလာမှာပဲ။ စိတ်ဆိုတာ ခံစားချက်နဲ့ ကင်းတာမှ မဟုတ်ဘဲ။ မဟာသတိပဋ္ဌာနသုတ် မှာ ဒေါမနဿဝေဒနာလို့ သုံးသော်လည်းပဲ ဗျာပါဒ [၁၃၆] ဆိုတဲ့ နီဝရဏ တရားကို ရည်ညွှန်းတယ်လို့ ဆိုတယ်။ အခု ပြောခဲ့တဲ့ အဓိကကျတဲ့ ကာမစ္ဆန္ဒနီဝရဏ နဲ့ ဗျာပါဒနီဝရဏ နှစ်ခုကို ဖယ်ရှားလိုက်တာနဲ့ ကျန်တဲ့ နီဝရဏ တရားတွေကိုလည်းပဲ သမာဓိ စွမ်းအားနဲ့ ဖယ်ရှားပြီး ဖြစ်သွားနိုင်တယ်ပေါ့။

ဥပါဒါနက္ခန္ဓာ ကို ရှုပါ

ဝိပဿနာ ကျင့်စဉ်တစ်ခုကို ကျင့်ပြီဆိုတဲ့အခါမှာ ဘယ်အရာကို ဝိပဿနာအာရုံအဖြစ် ရွေးရမလဲဆိုရင် အကျဉ်းချုပ်အားဖြင့် သဘာဝအစစ်ဖြစ်တဲ့ ရုပ် နဲ့ နာမ် နှစ်မျိုးကိုပဲ ဝိပဿနာအာရုံအဖြစ် ရွေးရမယ်။ ဆိုလိုတာကတော့ "ဥပါဒါနက္ခန္ဓာ ငါးပါး" လို့ ပြောတာ။ ဥပါဒါနက္ခန္ဓာ ငါးပါးမှာ ရုပ်မှန်သမျှကတော့ ဥပါဒါနက္ခန္ဓာ ပဲ။ သို့သော် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ ဆိုတာတွေကျတော့ လောကုတ္တရာ ပိုင်းဆိုင်ရာ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏတွေ မပါဘူး။

ထို လောကုတ္တရာ ပိုင်းဆိုင်ရာ ခန္ဓာသည် ဥပါဒါန် ရဲ့ အာရုံ မဖြစ်လို့ ကမ္မဋ္ဌာန်း ရှုလို့ မရဘူး။ ကိုယ့်မရှိတာကို ရှုလို့လည်း မရဘူး။ ဥပါဒါန် ရဲ့ အာရုံဖြစ်တဲ့ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ ဆိုတဲ့ တကယ့် ဥပါဒါနက္ခန္ဓာ မျိုးကိုသာ ရှုရမှာ ဖြစ်တယ်။ ဒီနေရာမှာ "ပဉ္စက္ခန္ဓာ" ဆိုတာ ဒီ ဥပါဒါနက္ခန္ဓာ ငါးပါးကို ဆိုလိုတာလို့ မှတ်ရမယ်။

ဝိပဿနာ ရှုပြီဆိုရင် ကိုယ့်သန္တာန်မှာ ခန္ဓာငါးပါး ကို တွေ့အောင်ရှာကြရမယ်။ ရှာပြီးလို့ ထူးခြားတဲ့ အမြင်တစ်ခုနဲ့ [၁၃၇] ထို ခန္ဓာငါးပါး ကို ဘယ်လိုကြည့်ရမလဲ ဆိုတာကို ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ ရှုပုံရှုနည်း၊ အနုပဿနာ အခြင်းအရာ (၄၀) ကို ဖော်ပြထားတယ်။

ဒီကနေ့ ထိုအခြင်းအရာ (၄၀) ထဲက (၁၉) ခုမြောက်က စပြီး ဟောကြားမှာ ဖြစ်တယ်။ ရှေ့ပိုင်းက အနိစ္စတော၊ ဒုက္ခတော စသည်ဖြင့် (၁၈) မျိုးထိအောင် ရှင်းလင်းပြပြီးပြီ။ ဘယ်အမြင်နဲ့ပဲကြည့်ကြည့် လိုရင်းကတော့ မိမိရထားတဲ့ ခန္ဓာပေါ်မှာ တွယ်တာမှုတွေ ကင်းပျောက်အောင် လုပ်ခြင်းပဲ ဖြစ်တယ်။ ခန္ဓာပေါ်မှာ တွယ်တာနေသမျှ ကာလပတ်လုံး သံသရာဝဋ် က ထွက်ဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့်မို့ ခန္ဓာပေါ်မှာ မှန်ကန်တဲ့ အမြင်တွေနဲ့ မြင်နိုင်ဖို့ အခုလို တောလေးဆယ် ဆိုပြီး ရှုဖွယ်အခြင်းအရာ (၄ဝ) ကို ဟောကြားထားတာ ဖြစ်တယ်ပေါ့။

ခန္ဓာကိုယ်ပေါ်မှာ တွယ်တာနေတဲ့ တဏှာ ပြတ်ဖို့၊ မှားယွင်းတဲ့ အမြင်ဆိုတဲ့ ဒိဋ္ဌိ တွေ ဖယ်ရှားဖို့ ရှုမယ်ဆိုရင် ရှုလို့ မရတဲ့နေရာဆိုတာ မရှိနိုင်ပါဘူး။ အခုဒီ ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကိုတော့ ရှင်သာရိပုတ္တရာ မထေရ်မြတ်က မြတ်စွာဘုရားထံမှ နည်းယူပြီး ဟောကြားထားတယ်လို့ ဆိုကြတယ်။ အင်မတန်မှ ပြီးပြည့်စုံတဲ့ ကျင့်စဉ်တွေကို ဖော်ပြထားတယ်။

(၁၉) အသရဏတော

(၁၉) ရှုကွက်ကို ပြောကြရအောင်။ "ပဉ္စက္ခန္ဓေ အသရဏတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ၊ [၁၃၈] ပဉ္စက္ခန္ဓေ - ဥပါဒါနက္ခန္ဓာ လို့ဆိုတဲ့ ခန္ဓာငါးပါးတို့ကို၊
အသရဏတော - ဘေးရန်ကို ဖယ်ရှားတတ်တဲ့ တရား မဟုတ်ဘူးလို့၊
ပဿန္တော - ရှုမြင်ပါမူ"

"သရဏ" ဆိုတာ ဘေးရန်ကို ကာကွယ်စောင့်ရှောက်နိုင်တယ်၊ ကိုးကွယ်ရာ ဖြစ်တယ်လို့ ဆိုတာ။ "အသရဏ" ခန္ဓာငါးပါးသည် ကိုးကွယ်ရာ မဟုတ်ဘူး၊ အားထားရာ မဟုတ်ဘူး၊ ဘေးရန်အန္တရာယ်တွေကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းရည် ခန္ဓာငါးပါးမှာ မရှိဘူးတဲ့။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုသလို ခန္ဓာကို သရဏံ ဂစ္ဆာမိ လုပ်လို့မရဘူး။ ခန္ဓာသည် "အသရဏ" ဘေးရန်အန္တရာယ်တွေကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းရည်သတ္တိ မရှိဘူး။ ကိုယ့်ခန္ဓာကို စေ့စေ့တွေးပြီး "ခန္ဓာကိုယ်ကြီးသည် အားကိုးရမယ့် အရာ မဟုတ်ဘူး၊ ကိုးကွယ်ရမယ့် အရာလည်း မဟုတ်ဘူး၊ ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေကို တားဆီးနိုင်တဲ့ အရာလည်း မဟုတ်ဘူး" လို့ ရှုမြင်ခြင်းသည် ဝိပဿနာဉာဏ် နဲ့ ရှုမြင်ခြင်းပဲ ဖြစ်တယ်ပေါ့။

"အသရဏတော ဘေးရန်ကို ဖယ်ရှားနိုင်တဲ့တရား မဟုတ်ဘူးရယ်လို့ ပဉ္စက္ခန္ဓေ ခန္ဓာငါးပါးတို့ကို၊ ပဿန္တော ဝိပဿနာဉာဏ် နဲ့ ရှုလိုက်တဲ့အခါမှာ၊ အနုလောမိကံ ခန္တီ မဂ်ဉာဏ်အားလျော်စွာဖြစ်တဲ့၊ စွမ်းရည်သတ္တိပြည့်တဲ့ ဝိပဿနာဉာဏ်ကို၊ ပဋိလဘတိ ရလာနိုင်၏" တဲ့။

ဒီနေရာမှာ "ခန္တီ" ဆိုတဲ့ စကားလုံးလေးက ဉာဏ်ကို ဦးတည်ပြီး ပြောတာ။ သည်းခံတာကို ပြောတာမဟုတ်ဘူး။

[၁၃၉] သည်းခံတယ်ဆိုတဲ့ စကားလုံးက ဘာကို အရကောက်သလဲဆိုရင် အဒေါသ မေတ္တာ ကိုပဲ အရကောက်တယ်။ အဒေါသ စေတသိက်ကိုပဲ ခန္တီ အရကောက်တယ်။ သို့မဟုတ် အဒေါသ ပြဋ္ဌာန်းတဲ့ နာမက္ခန္ဓာ အစုကို ခန္တီ အရကောက်တယ်။ သည်းခံတယ်ဆိုတဲ့ အဓိပ္ပာယ်က မြန်မာလို ပြန်ထားတဲ့ အဓိပ္ပာယ်ပဲ။

သဒ္ဒါကျမ်း ရှုထောင့်က ပြောမယ်ဆိုရင် ခန္တီ ဆိုတာ "ခမု သဟနေ" စွမ်းရည်သတ္တိ ရှိတာကို ပြောတာ။ သည်းခံတယ်ဆိုတာ ခံနိုင်တဲ့ စွမ်းရည်သတ္တိတစ်ခုကို ပြောပြတာပဲ။ စိတ်ရဲ့ သတ္တိစွမ်းအားတစ်ခုပဲ။ ဘယ်သူက လာဆဲဆဲ၊ ဘယ်သူက လာစော်ကားစော်ကား ပုံမှန်စိတ်အခြေအနေတစ်ခု ပျက်မသွားအောင် ထိန်းထားနိုင်တာကို ခန္တီ လို့ ပြောတာ။

ကြောက်လို့ ပြန်မပြောရဲလို့ ငုံ့ခံနေတယ်၊ စိတ်ထဲကတော့ မကျေနပ်ဘူး၊ ဒေါသထွက်နေရင် ခန္တီ မဟုတ်တော့ဘူး။ အဲဒါက လူပြောင်တွေ အနက်ပေးသလို "ခန္တီစ" မနိုင်လို့ သည်းခံရခြင်း လည်းကောင်းဆိုတဲ့ ခန္တီမျိုးပဲ ဖြစ်သွားတယ်။ တကယ် ခန္တီ အစစ် မဟုတ်တော့ဘူး။ ခန္တီ ဆိုတာ ဆန့်ကျင်ဘက်တွေနဲ့ တွေ့တဲ့အခါမှာ ပင်ကိုယ်စိတ်အခြေအနေ မပြောင်းအောင် ထိန်းထားနိုင်တဲ့ စွမ်းရည်သတ္တိတစ်မျိုး ဖြစ်တယ်။ ဒါမှ ခန္တီ အစစ်လို့ ခေါ်တယ်။

အခု ဒီ ဝိပဿနာဉာဏ် ကို ခန္တီ လို့ ခေါ်တာကျတော့ စွမ်းဆောင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ မဂ်ဉာဏ် ဖြစ်ပေါ်လာသည်ထိအောင် စွမ်းဆောင်မှုပေးနိုင်တဲ့ ဉာဏ်မျိုးမို့ "အနု [၁၄၀] လောမိက ခန္တီဉာဏ်" လို့ ပြောတာ။ ဒါကြောင့် စကားလုံးဆိုတာ သူ့နေရာလေးနဲ့သူ အဓိပ္ပာယ်မှန်အောင် ယူတတ်ရတယ်။ မှန်အောင် မယူရင် မှားယွင်းတဲ့ အနက်အဓိပ္ပာယ်တွေကို ရသွားနိုင်တယ်ပေါ့။

အခု ဒီမှာ ခန္ဓာငါးပါး ကို "အသရဏ" ကိုးကွယ်ရာ မဟုတ်ဘူး၊ ဘေးရန်အန္တရာယ်တွေကို မကာကွယ်နိုင်ဘူးလို့ ရှုမြင်ရမယ်။ အဲဒီလို ရှုမြင်ရင်းနဲ့ပဲ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး မဂ်ဉာဏ် နားကပ်သွားတဲ့ အနုလောမိကခန္တီဉာဏ် ကို ရနိုင်ပါတယ်တဲ့။

ဘာကြောင့် ခန္ဓာကို "အသရဏ" လို့ ပြောရလဲဆိုရင် "နိဿိတာနံ ဘယသာရကတ္တာဘာေဝန အသရဏတော" တဲ့။ နိဿိတာနံ - ခန္ဓာကိုယ်ရှိထားတဲ့ ပုဂ္ဂိုလ်တွေကို၊ သတ္တဝါတွေ ခန္ဓာကိုယ်ကို မှီနေကြတယ်၊ ကိုယ့်ခန္ဓာကိုယ်ကြီး ရှိနေရင် ဘာမှ မဖြစ်ဘူးလို့ ယုံကြည်စိတ်ချတယ်။ အားကိုးကြတယ်။ အဲဒီလို ခန္ဓာကို အားကိုးပြီးတော့ မှီခိုနေကြတဲ့ ပုဂ္ဂိုလ်တွေကို "ဘယသာရ ကတ္တာဘာေဝန" ဘေးရန်ကို ဖယ်ရှားဖို့၊ ကာကွယ်ပေးဖို့ဆိုတဲ့ စွမ်းရည်သတ္တိ ခန္ဓာမှာ မရှိဘူးတဲ့။ အားကိုးလို့လည်း အားကိုးရာ မရောက်ဘူးတဲ့။

ဘေးရန်ဟူသမျှကို ခန္ဓာကိုယ်ကြီးကပဲ ဖိတ်ခေါ်နေသလို ရှိတယ်။ ဒုက္ခမှန်သမျှကိုလည်း ခန္ဓာကိုယ်ကြီးကပဲ ဖိတ်ခေါ်နေသလို ရှိတယ်။ ဒါကြောင့် ဘေးရန်အန္တရာယ်ကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းရည်သတ္တိ ခန္ဓာမှာ မရှိဘူးတဲ့။ ခန္ဓာကို အမှီပြုပြီး [၁၄၁] ခန္ဓာရထားတဲ့ ပုဂ္ဂိုလ်တိုင်း ဘေးရန်အန္တရာယ်နဲ့ ကြုံနေကြရတာ ဖြစ်တယ်။ ခန္ဓာကိုယ်မှာ ဖယ်ရှားနိုင်စွမ်း မရှိဘူးလို့ ဆိုတာပေါ့။ ဒါကြောင့် "အသရဏ" ခန္ဓာကိုယ်သည် အားကိုးရမယ့် အရာ မဟုတ်ဘူး။ ကျန်းမာမယ်လို့ ထင်ပေမယ့် မကျန်းမာဘူး၊ နုပျိုမယ်လို့ ထင်ပေမယ့် မနုပျိုဘူး၊ မသေဘူး ထင်ပေမယ့် မသေတာ မရှိဘူးပေါ့။ ခန္ဓာကိုယ်ကြီးက အိုခြင်း ဆိုတာကိုလည်း မကာကွယ်ဘူး၊ နာခြင်း ဆိုတာကိုလည်း မကာကွယ်ဘူး၊ သေခြင်း ဆိုတာကိုလည်း မကာကွယ်ဘူးတဲ့နော်။ ကျရောက်လာတဲ့ ဘေးရန်မှန်သမျှတွေသည် ခန္ဓာကိုယ်ကြီးက ဒိုင်ခံပြီး ဒုက္ခပေးနေတာတဲ့။

မြတ်စွာဘုရားက သံယုတ်ပါဠိတော် မှာ ဟောထားတယ်။
"ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ၊ ဝေဒနာယ ဥပ္ပါဒေါ၊ သညာယ ဥပ္ပါဒေါ၊ သင်္ခါရာနံ ဥပ္ပါဒေါ၊ ဝိညာဏဿ ဥပ္ပါဒေါ၊ ဒုက္ခဿေသော ဥပ္ပါဒေါ" တဲ့။
ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ ဆိုတာတွေ ဖြစ်ပေါ်လာမှုသည် ဒုက္ခ ဖြစ်လာတာပဲတဲ့။ သူကိုယ်တိုင်ကိုက ဒုက္ခတွေ၊ အန္တရာယ်တွေပဲ။ "ဇရာ မရဏဿ ပါတုဘာဝေါ" အိုခြင်းတို့၊ သေခြင်းတို့ ဖြစ်ပေါ်လာမှုပဲ။ "ရောဂါနံ ဌိတိ" ရောဂါတို့ရဲ့ တည်ရှိလာမှုပဲတဲ့။

အဲဒါကြောင့် ခန္ဓာကိုယ်ကြီးသည် ဘေးရန်အန္တရာယ်တွေကို ဖျောက်နိုင်စွမ်း မရှိဘူးဆိုတဲ့ အမြင်နဲ့ကြည့်ပြီး ခန္ဓာပေါ်မှာ တွယ်တာမှုတွေ ပြတ်အောင် ဝိပဿနာဉာဏ် နဲ့ [၁၄၂] အထပ်ထပ် ရှုမြင်သုံးသပ်ပါလို့ ဆိုတာ။ အဲဒီလို သုံးသပ်ခြင်းအားဖြင့် ခန္ဓာပေါ်မှာ အားကိုးယုံကြည်တဲ့စိတ်တွေ နည်းပါးလာမယ်။ ခန္ဓာကိုယ်ကြီးက ဘေးရန်အန္တရာယ်တွေကို မကာကွယ်နိုင်ဘူး ဆိုရင် ခန္ဓာအပေါ်မှာ ယုံကြည်စိတ်ချမှုတွေ၊ အားကိုးမှုတွေ ပျက်ပြယ်လာပြီး နောက်ဆုံး ခန္ဓာကိုယ်ကြီးကို မလိုချင်တဲ့အထိ ဖြစ်လာနိုင်တယ်။

ဖယောင်းတိုင် မီးလေးကိုကြည့်၊ မီးစာလည်း ရှိနေသေးတယ်၊ ဖယောင်းဆီလေးလည်း ကျန်နေသေးတယ်၊ ဒီမီးစာနဲ့ ဆီ ရှိနေသမျှ ကာလပတ်လုံး မီးတောက်ကလေး တည်ရှိနေဦးမှာပဲ။ နောက်ဆုံးမှာ မီးစာလည်းကုန်၊ ဆီလည်းခန်းသွားပြီ ဆိုရင် ဒီမီးတောက်လေး ငြိမ်းသွားတော့မှာပဲပေါ့။ အဲဒီလိုပဲ တဏှာ တွေ၊ ကိလေသာ တွေ၊ ကံတရား တွေကနေ အားဖြည့်နေမယ်ဆိုရင် ခန္ဓာတွေက အသစ်အသစ် ထပ်ပြီး ဖြစ်နေဦးမှာပဲ။ ခန္ဓာပေါ်မှာ လိုချင်တဲ့ တဏှာ ရှိနေသမျှ ကာလပတ်လုံး ခန္ဓာက ထပ်ဖြစ်နေမှာပဲ။ မလိုချင်တော့ဘူးဆိုရင် ခန္ဓာကိုယ်ကြီးက မဖြစ်တော့ဘူးပေါ့။

လောကလူတွေက နိဗ္ဗာန် ဆိုတာကို လိုက်ရှာနေကြတယ်။ နိဗ္ဗာန် ဆိုတာ ဘာမှန်းလဲ မသိဘဲနဲ့ နိဗ္ဗာန်ကို ဆုတောင်းနေကြတယ်။ နိဗ္ဗာန်ရဲ့သဘောက ဘာတုန်းဆိုတော့ "ပဉ္စန္နံ ခန္ဓာနံ နိရောဓော" ခန္ဓာငါးပါး တို့ရဲ့ ချုပ်ငြိမ်းသွားမှုကိုပဲ၊ "နိဗ္ဗာနံ" နိဗ္ဗာန်လို့ ခေါ်တာ။ ဘယ်သူချုပ်လို့ ချုပ်ငြိမ်းတာတုန်းဆိုရင် လိုချင်တဲ့ တဏှာ နဲ့ ကိလေသာ အပေါင်းအပါတွေ ချုပ်လို့ဖြစ်တယ်။

[၁၄၃] "ပဉ္စန္နံ ခန္ဓာနံ နိရောဓော - ခန္ဓာငါးပါးတို့ ချုပ်ငြိမ်းသွားခြင်းဆိုတဲ့ အရာသည်၊ သရဏံ - တကယ့် အားကိုးရာ, ကိုးကွယ်ရာ အစစ်၊ ဘေးရန်အန္တရာယ်တွေကို ဖယ်ရှားပစ်နိုင်တဲ့၊ နိဗ္ဗာနန္တိ - နိဗ္ဗာန်ပါပဲရယ်လို့၊ ပဿန္တော - ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ သမ္မတ္တနိယာမံ - မှန်ကန်ပြီး ထာဝရ ခိုင်မြဲတဲ့ မဂ် ဆိုတဲ့ တရားသို့၊ ဩက္ကမတိ - ဝင်ရောက်သွားနိုင်၏" တဲ့။

ဝိပဿနာဉာဏ် ပြီးရင် မဂ်စိတ် လာတာပဲလေ။ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ လာပြီးတဲ့နောက် ဖြစ်ပေါ်လာတာ။ သမ္မတ္တနိယာမ လို့ ဒီနေရာမှာ သုံးလိုက်တာ မဂ်စိတ် ဖြစ်ပေါ်လာတာကို ဆိုလိုတယ်။

အဲဒီတော့ ဝိပဿနာ ရဲ့ အကျိုးတရားက ဘာတုန်းဆိုရင် မဂ်ဖိုလ် ပဲ။ မဂ် သည် ဝိပဿနာ ရဲ့ အကျိုးလို့ပြောရမှာပဲ။ မဂ်ရဲ့ အကျိုးက ဖိုလ် ပေါ့။ အဲဒီတော့ အလုပ် လုပ်ရမှာက ဝိပဿနာ ကို လုပ်ရမှာ။ ဝိပဿနာ လုပ်တဲ့အခါ မဂ်စိတ် ပေါ်တယ်။ မဂ်စိတ်ပေါ်တဲ့အခါ ဘယ်လို အာရုံပြုပြီး ပေါ်တာတုန်းဆိုရင် နိဗ္ဗာန် ကို အာရုံပြုပြီး ပေါ်တာ။

ခန္ဓာငါးပါး ကို ဝိပဿနာအနေနဲ့ "အသရဏ" လို့ မြင်တယ်။ ဝိပဿနာဉာဏ်ကို လွန်မြောက်ပြီး မဂ်စိတ် ပေါ်တဲ့အခါ "သရဏံ နိဗ္ဗာနံ" ခန္ဓာငါးပါး ချုပ်ငြိမ်းသွားတာသည် အားကိုးရမယ့် နိဗ္ဗာန် ပဲလို့ ဒီလို မြင်လာနိုင်တယ်။ ဒါက တောလေးဆယ် ထဲက (၁၉) ခုမြောက် ရှုကွက်ပဲ။

[၁၄၄] (၂၀) ရိတ္တတော

နောက် (၂၀) ခုမြောက်က “ပဉ္စက္ခန္ဓေ ရိတ္တတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။ ရိတ္တ ဆိုတာ ဆိတ်သုဉ်းတယ်၊ အနှစ်သာရမရှိဘူး။ အနှစ်သာရတွေ ကင်းနေတယ်၊ ကင်းပြတ်ဆိတ်သုဉ်းနေတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။ “ရိတ္တ၊ တုစ္ဆ၊ သုည” ဆိုတဲ့ စကားလုံးတွေက အဓိပ္ပါယ်တူ စကားလုံးတွေပဲပေါ့။ အဲဒီတော့ “ပဉ္စက္ခန္ဓေ - ခန္ဓာငါးပါးတို့ကို၊ ရိတ္တတော - အနှစ်သာရ ကင်းမဲ့တဲ့အရာ ဟူ၍၊ ပဿန္တော - ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တဲ့ ပုဂ္ဂိုလ်သည်။ အနုလောမိကံ ခန္တီ - အနုလောမိက ခန္တီဉာဏ်ကို၊ ပဋိလဘတိ - ရ၏” လို့ ဆိုတာနော်။ ဒါလည်း ဝိပဿနာရှုကွက် တစ်ခုပဲ။

“ရိတ္တ” ဆိတ်သုဉ်းတယ်၊ အနှစ်သာရ မရှိဘူးဆိုတာ ဘာကိုပြောတာလဲ၊ ဘယ်လို အနှစ်သာရတွေ မရှိတာလဲ ဆိုတော့ “ယထာပရိကပ္ပိတေဟိ ဓုဝ သုဘ သုခတ္တဘာဝေဟိ ရိတ္တတာယ” တဲ့။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် လူတိုင်းလူတိုင်းသည် ကိုယ့်ရုပ်ကလေးကို သဘောကျနေကြတာချည်းပဲ။ သဘောမကျဘူး မအောက်မေ့လေနဲ့။ စိတ်ညစ်နေမယ်လို့လည်း မထင်နဲ့။ ကိုယ့်ရုပ်ကလေးကို လှတယ်လို့ပဲ အောက်မေ့တယ်။

သီဟိုဠ်မှာနေတုန်းက သီဟိုဠ်ကုလားမတွေ အသားမဲတာ မြင်တော့ ဘုန်းကြီးတို့ကတော့ ထင်တာပေါ့ “သူတို့တော့ [၁၄၅] အသားမဲလို့ စိတ်ညစ်နေမှာပဲ” လို့။ ဘယ်ဟုတ်မလဲ သူတို့က ခေါင်းလေးမော့၊ ခါးလေးကော့ပြီး နေတာပဲ။ ဘယ်စိတ်ညစ်မလဲ။ ကမ္ဘာပေါ်မှာ သူအချောဆုံးလို့ ထင်တာနော်။

နောက် အာဖရိက အမျိုးသမီးတွေ နက်ပြောင်နေတာ။ သပိတ်ရောင် ပေါက်နေပေမယ့် သူတို့ကတော့ သဘောကျနေတာနော်။ စိတ်ညစ်နေတယ်လို့များ မအောက်မေ့လေနဲ့။ ကိုယ့်ဘာသာကိုယ် အကောင်းဆုံးလို့ပဲ ထင်နေကြတာ။ မလှတာကို လှတယ်လို့ ထင်နေတာ။

အဲဒီတော့ ခန္ဓာကိုယ်ကြီးထဲမှာ သုဘ တင့်တယ်တဲ့အရာ ရှိသလားလို့ အလေးအနက်ထားပြီး စဉ်းစားကြည့်လိုက်မယ်ဆိုရင် တင့်တယ်တာ တစ်ခုမှ မပါဘူး။ တင့်တယ်နေတာက အဝတ်ကလေး လှလှဝတ်ထားတာတို့၊ မိတ်ကပ်တွေလိမ်းချယ်ထားတာတို့၊ တခါတလေကျတော့ ပေါင်းတင်ထားတာတို့၊ နှုတ်ခမ်းနီ ဆေးဆိုးတာတို့၊ မျက်လုံး မျက်ခုံးတွေ ဆွဲတာတို့ အကုန်လုံးပေါ့။ လှအောင် လုပ်ထားလို့ ကြွေရုပ်ကလေးလို လှနေတယ်လို့ ကိုယ့်ကိုကိုယ်ထင်ပြီး သဘောကျနေကြတာ။

တကယ်ကတော့ ရေမချိုး မိုးမချိုး၊ မိမွေးတိုင်း ဖမွေးတိုင်း တစ်လလောက် နေကြည့်ပါလား။ မြင်တာနဲ့ အဝေးကနေ ထွက်ပြေးကြမှာ။ အပေါ်ယံက ခြယ်မှုံးထားလို့ လှတယ်လို့ ထင်နေကြတာ။ သုဘ ဆိုတာ မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြတာ။ ခန္ဓာကိုယ်ကြီးဟာ သုဘ မှ ဆိတ်သုဉ်းနေတယ်။ အပေါ်က အရေကလေး ဖုံးထားလို့ သုဘ လို့ ထင်နေတာ။ အရေကို ခွာချကြည့်လိုက်ပါလား။ အတွင်းထဲက [၁၄၆] ကလီစာတွေ ထုတ်ကြည့်ပါလားနော်။ ထုတ်ကြည့်ပြီး “ရော့ ယူသွားမလား” ဆိုရင် အကုန်ထွက်ပြေးကြမှာပဲ။ ဘယ်သူမှ ယူမှာ မဟုတ်ဘူး။ “သုဘ” ဆိုတာ ရှိရဲ့လားလို့ သေသေချာချာ အလေးအနက်ထားပြီး အမှန်အကန် စဉ်းစားတတ်ရင် မတွေ့နိုင်တာ အမှန်ပဲ။

အပေါ်ယံလေး ပြင်ဆင်ထားလို့ လှသယောင်ယောင် ရှိနေတာ။ အထင်မှားနေတာ။ “အသုဘ” ကို “သုဘ” လို့ ထင်တယ်။ မတင့်တယ်တာကို တင့်တယ်တယ်လို့ ထင်တယ်ဆိုတာ အတွေးမှားတာ၊ အသိမှားတာ၊ အမှတ်မှားတာ။ မှားယွင်းခြင်း သုံးမျိုးနဲ့ မှားနေတာ။ ဒါကို “ဝိပလ္လာသ” လို့ ခေါ်တယ်။ အဲဒီ “ဝိပလ္လာသ” ဆိုတဲ့ စကားလုံးကို တခါတလေ ဘာသာပြန်တဲ့အခါ Hallucination လို့ ပြန်တယ်။ Hallucination ဆိုတာ အရက်သောက်ပြီး အရက်ကြောင် ကြောင်နေတဲ့ လူတစ်ယောက်ရဲ့ အမြင်မျိုးကို ဆိုလိုတာ။ သူ့ဘာသာသူ နေတဲ့လူကိုလည်း သွားပြီး ရန်လုပ်ချင် လုပ်နေတာ။ ဒီတော့ အရက်ကြောင်တာလိုပဲ ကိုယ့်စိတ်က ကြောင်နေတယ်လို့သာ မှတ်ပါ။ ကိုယ့်ကိုကိုယ် လှတယ်ထင်နေရင်တော့ အဲဒါ အရက်ကြောင်သလို ကြောင်နေတာ။

နောက်တစ်ခါ ဝိပလ္လာသ ဆိုတဲ့ စကားလုံးကို Perversion လို့လည်း ဘာသာပြန်တယ်။ အမှန်မမြင်တော့ဘူး။ တကယ်က မတင့်တယ်တဲ့ အရာကြီးကို တင့်တယ်တယ်လို့ မြင်တာသည် စိတ်ဖောက်ပြန်မှု တစ်ခုပဲ။ ဝိပလ္လာသ ဆိုတာ [၁၄၇] ဒါကိုပြောတာနော်။ အဲဒီတော့ လှပမှုက ကင်းတယ်။ သုဘ အဖြစ်က ကင်းတယ်ပေါ့။

နောက်တစ်ခုက ဘာတုန်းဆိုရင် “သုခ” တဲ့။ ချမ်းသာဆိုတာ ရှိလားဆိုရင် ဘယ်ရှိမှာတုန်း။ ချမ်းသာမှုကလည်း ကင်းတာပဲ။ ချမ်းသာတာနဲ့ ဆင်းရဲတာ ဘယ်အရာက များနေတုန်းဆို ဆင်းရဲတာများနေတယ်။ ချမ်းသာမှုက အလွန်နည်းတယ်။ နောက်တစ်ခု အတ္တဘာဝ ခိုင်မာတဲ့ အနှစ်သာရပိုင်းကနေ “ငါ” လို့ ပြောစရာမရှိဘူး။ နောက်တစ်ခု ဓုဝ တဲ့။ မြဲခိုင်တဲ့ အရာ ခန္ဓာကိုယ်မှာ ရှိလားဆိုတော့ အရိုးကလည်း မခိုင်ဘူး၊ အသားတွေကလည်း မခိုင်ဘူး။ ဘယ်အရာမှ မခိုင်ဘူးတဲ့။

တခါတလေကျတော့ စဉ်းစားကြည့်မိတယ်။ “သံနဲ့ လုပ်ထားတဲ့ ကားကြီးတောင်မှပဲ တစ်နှစ်လောက်စီးပြီးရင် ဝပ်ရှော့ထိုးရတာ။ လူ့ခန္ဓာကိုယ်က ကံနဲ့လုပ်ထားလို့သာ တော်တော့တယ်။ သံနဲ့လုပ်ထားတာမဟုတ်တဲ့ ခန္ဓာကိုယ်ကြီးက ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် အသားတွေ အသွေးတွေဆိုတာ ခိုင်စရာ တစ်ခုမှ မရှိဘူး။ ကံရဲ့ အစွမ်းအစလေးနဲ့သာ ဒါက ရပ်တည်နိုင်တာပါလား။ တကယ်ကြည့်မယ်ဆိုရင် သံနဲ့လုပ်ထားတဲ့ အရာတောင် ခဏခဏ ဖောက်ပြန်နေရင် ကံနဲ့လုပ်ထားတဲ့ ဒီရုပ်ခန္ဓာကိုယ်ကြီးက ဘယ်လိုလုပ် မြဲခိုင်စရာ ရှိမလဲ” လို့နော်။

အဲဒီ ခိုင်မာတဲ့သဘော၊ တင့်တယ်တဲ့သဘော၊ ချမ်းသာတဲ့သဘော၊ ကိုယ်ပိုင်တဲ့သဘော ဆိုတာတွေ တစ်ခုမှ မရှိဘူး။

[၁၄၈] ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှမရှိလို့ ရိတ္တ ဆိတ်သုဉ်းနေတဲ့ အရာကြီးပဲ ဖြစ်တယ်။ ခန္ဓာကိုယ်ထဲမှာ အနှစ်ရှာကြည့်ရင် ရှာမတွေ့ဘူးတဲ့။

ဖေဏပိဏ္ဍောပမသုတ် မှာ ရုပ်မှာ အနှစ်ရှာမယ်ဆိုရင် ရေမြုပ်ဆိုင်ကြီးကို အနှစ်ရှာတာနဲ့ အတူတူပဲတဲ့။ ရေမြုပ်ဆိုင်ကြီးက တောင်ကြီးလိုလို၊ သစ်တုံးလိုလို မြစ်ထဲမှာ မျောလာလို့ သွားကိုင်ကြည့်လိုက်ရင် ဘာမှ မရှိဘူးတဲ့။ ဝေဒနာ ဆိုတဲ့ ခံစားချက်တွေသည်လည်းပဲ ရေပူဖောင်းလေးလိုပဲတဲ့။ တံစပ်မြိတ်အောက်က ရေစီးကြောင်းပေါ်မှာ အပေါ်က ရေကျလိုက်ရင် ပွက်ကနဲဆို ရေပူဖောင်းလေးတွေ ဖြစ်လာတယ်။ အဲဒီ ရေပူဖောင်းလေးရဲ့ အချိန်ပိုင်းဆိုတာ ခဏလေးမျှသာ ဖြစ်တယ်။ နောက်တစ်ချီမကျခင် ပွက်ကနဲဆို ပေါက်ထွက်သွားတာ။ အဲဒီလို ခန္ဓာကိုယ်ကြီးသည် ခိုင်မာမှုဆိုတာ တစ်ခုမှ မရှိဘူးလို့ ဆိုတယ်။

ခိုင်မာတဲ့ သဘောတွေ၊ တင့်တယ်တဲ့ သဘောတွေ၊ ချမ်းသာတဲ့ သဘောတွေ၊ ကိုယ်ပိုင်တဲ့ သဘောတွေ ဆိတ်သုဉ်းနေသည့် အတွက်ကြောင့် ခန္ဓာကိုယ်ကြီးကို ရိတ္တ လို့ ရှုပါတဲ့။ ဝိပဿနာရှုတာ ရှုပုံရှုနည်း အများကြီးပဲ။ ဒါကြောင့်မို့ ဓမ္မပဒပါဠိတော်မှာ
“ယထာ ပုဗ္ဗုဠကံ ပဿ၊ ယထာ ပဿေ မရီစိကံ”
ဆိုပြီး ဟောထားတဲ့ ဂါထာတစ်ပုဒ် ရှိတယ်။ ခန္ဓာကိုယ်ကြီးကို ရေပွက်လို ရှုရမယ်၊ တံလျပ်လို ရှုရမယ် ဆိုတာတွေ ဒီသဘောကို ပြောတာနော်။

[၁၄၉] အဲဒီလိုရှုရင် ဝိပဿနာဉာဏ် အဆင့်မြင့်သွားပြီး နောက်ဆုံး ခန္ဓာကိုယ်ကြီးပေါ်မှာ တွယ်တာမှုတွေ ကင်းပြတ်သွားနိုင်တယ်။ တွယ်တာမှု ကင်းပြတ်သွားပြီဆိုရင် ခန္ဓာကို တည်ဆောက်တဲ့ အကြောင်းတရားတွေ မရှိတော့ဘူး။ မရှိတော့လို့ ပဉ္စန္နံ ခန္ဓာနံ - ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော - နောက်ဆုံးပိတ် ချုပ်ပြတ်သွားခြင်းဆိုတာ၊ အရိတ္တံ - ဆိတ်သုဉ်းမှုမရှိ ထာဝရတည်မြဲတဲ့၊ နိဗ္ဗာနန္တိ - နိဗ္ဗာန်ပဲတဲ့။

ခန္ဓာကိုယ်ကြီးက “ရိတ္တ” အနှစ်သာရတွေ ကင်းဆိတ်နေတယ်။ နိဗ္ဗာန်ကျတော့ “အရိတ္တ” အနှစ်သာရတွေ ကင်းဆိတ်တာ မဟုတ်ဘူး။ အနှစ်သာရ အပြည့်ရှိတယ်လို့ ပဿန္တော - နိဗ္ဗာန်ကို မြင်လိုက်ပြီဆိုတာနဲ့၊ သမ္မတ္တနိယာမံ ဩက္ကမတိ - သမ္မတ္တနိယာမဆိုတဲ့ မဂ်စိတ်ထဲကို ရောက်သွား၏။ မဂ်စိတ်ပေါ်လာတယ်လို့ ဆိုလိုတာ။ ဒါက (၂၀) ခုမြောက် ရှုပုံရှုနည်းပေါ့။

(၂၁) တုစ္ဆတော

(၂၁) ခုမြောက် ရှုပုံရှုနည်းက “ပဉ္စက္ခန္ဓေ တုစ္ဆတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။ ခန္ဓာငါးပါးကို “တုစ္ဆ” လို့ ရှုတယ်။ ခုနကနဲ့ အဓိပ္ပါယ်အတူတူပဲ။ “ရိတ္တ” ဆိုတာ အနှစ်သာရတွေ ကင်းမဲ့နေတယ်။ တုစ္ဆ ဆိုတာ အလကားပဲလို့ ဆိုလိုတယ်။ အနှစ်သာရ ကင်းမဲ့လို့ အလကား အရာကြီးပဲလို့ ပြောချင်တာနော်။ အနှစ်သာရ မရှိဘူးဆို [၁၅၀] အလကားပါ၊ အခွံကြီးပါ၊ အခေါက်ကြီးပါ၊ အနှစ်မရှိပါဘူးလို့ ပြောကြသလိုပဲပေါ့။ တုစ္ဆ ဆိုတာ ဘာမှ အသုံးမကျတဲ့ အရာကြီးပဲလို့ မြင်တာ။

ဒါကြောင့် တုစ္ဆ ဆိုတာသည် “ရိတ္တတာယေဝ” အနှစ်သာရကင်းမဲ့ နေသောကြောင့်ပင်လျှင်၊ “တုစ္ဆတော” အသုံးမဝင်တဲ့ အရာကြီးရယ်လို့ ခန္ဓာငါးပါးကို ရှုပါတဲ့။ ပဉ္စက္ခန္ဓေ - ခန္ဓာငါးပါးတို့ကို၊ တုစ္ဆတော - အသုံးမဝင်တဲ့ အလကားအရာလို့၊ ပဿန္တော - ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တဲ့အခါမှာ အနုလောမိကံ ခန္တီ - အနုလောမိက ခန္တီဉာဏ်ကို၊ ပဋိလဘတိ - ရနိုင်၏တဲ့။ အနှစ်သာရကင်းမဲ့လို့ “တုစ္ဆ” အလကား ဖြစ်တယ်။

နောက်တစ်နည်း ပြောမယ်ဆိုရင် “အပ္ပကတ္တာ ဝါ” တဲ့၊ အပ္ပ ဆိုတာ တစ်ခါတစ်ခါ အနည်းငယ်လို့ ပြောတယ်။ တစ်ခါတစ်ရံ လက်ကျန်မရှိ၊ ဘာမှ မရှိဘူးဆိုတဲ့ “အဘာဝ” အနက်ကိုလည်း ဟောတယ်။ ဥပမာ အပ္ပိစ္ဆာ ဆိုတာ အလိုနည်းတယ်လို့ တစ်ခါတစ်ရံ အနက်ပြန်ကြသော်လည်းပဲ အပ္ပ + ဣစ္ဆာ - လိုချင်မှုတဏှာ ကင်းတယ်လို့လည်း ဘာသာပြန်လို့ရတယ်။ အပ္ပသန္ဒေါ - အဘာဝတ္ထော မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြတယ်။ ဒီနေရာမှာလည်း မရှိဘူးဆိုတာ ဘာမှမရှိတဲ့ အလကားအရာလို့ ဆိုလိုတာပေါ့။

“အပ္ပကမ္ပိ ဟိ လောကေ တုစ္ဆန္တိ ဝုစ္စတိ” လောကမှာ မရှိတဲ့အရာကို အလကားပဲလို့ ပြောကြသလို “ခန္ဓာငါးပါးကြီး [၁၅၁] သည် တကယ်တော့လည်း အလကားအရာကြီးပါ၊ ဘာမှ အသုံးမဝင်ပါဘူး” လို့ ရှုမြင်သုံးသပ်ခြင်းအားဖြင့် ခန္ဓာငါးပါးပေါ်မှာ တွယ်တာတဲ့ တဏှာ ဖယ်ရှားလို့ရသွားတယ်။ တဏှာ အစေး ခြောက်သွားတာနဲ့ တစ်ပြိုင်နက် ခန္ဓာငါးပါးပေါ်မှာ တွယ်တာမှုတွေ၊ ရလိုမှုတွေ ကင်းပြတ်သွားတယ်။

အဝိဇ္ဇာ၊ တဏှာ ဆိုတဲ့ ကိလေသာအဖော်ကင်းမဲ့သွားတဲ့ ကံတရားတွေသည် ခန္ဓာငါးပါးကို ထုတ်လုပ်နိုင်စွမ်း မရှိတော့ဘူး။ မျိုးစေ့လေး တစ်စေ့သည် ဘယ်လိုပဲ စွမ်းရည်တွေရှိရှိ မြေနဲ့ရေနဲ့ အကူအညီ မရဘူးဆိုရင် အပင်ပေါက်မှာ မဟုတ်တော့ဘူး။ အဲဒီလိုပဲ ကံတရားသည်လည်း ကိလေသာရဲ့ အကူမရဘူးဆိုရင် “ကိလေသ နိရောဓေ ကမ္မ နိရောဓော” ကိလေသာငြိမ်းရင် ကံလည်းငြိမ်းတာပဲ။ ကိလေသာချုပ်ရင် ကံတွေ အလုပ်မဖြစ်တော့ဘူး။ ကံတွေ အလုပ်မဖြစ်တဲ့အခါကျတော့ ခန္ဓာလည်း ချုပ်သွားရတယ်ပေါ့။

ပဉ္စန္နံ ခန္ဓာနံ နိရောဓော ခန္ဓာငါးပါးချုပ်ငြိမ်းသွားမှုသည် နိဗ္ဗာန် ပဲလို့ ဆိုတယ်။ နိဗ္ဗာန်လို့ ဘာလို့ပြောလဲဆိုတော့ အတုစ္ဆ တဲ့။ အလကား အသုံးမဝင်တဲ့ အရာမဟုတ်ဘူး။ သန္တိသုခ ငြိမ်းချမ်းတဲ့ချမ်းသာသုခကြီးပဲ။ ဆင်းရဲဒုက္ခတွေ မရှိတော့တာသည် ငြိမ်းချမ်းမှုပဲပေါ့။ လူ့ရဲ့သန္တာန်မှာ ရောဂါကြီး ဖြစ်နေတယ်။ အဲဒီ ရောဂါကြီး ပျောက်သွားတာနဲ့ ဘာမှ မရှိတော့ဘူး။ ရှိနေရင် ဒုက္ခပေးနေတယ်။ မရှိရင် ငြိမ်းသွားတယ်ပေါ့။ အဲဒီလို ငြိမ်းချမ်းတဲ့သုခကို ဆိုလိုတာ။

[၁၅၂] ပဉ္စန္နံ ခန္ဓာနံ - ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော - ချုပ်ငြိမ်းမှုသည်၊ အတုစ္ဆံ - အလကား အသုံးမကျတဲ့အရာ မဟုတ်တဲ့ အလွန်ကို အသုံးဝင်တဲ့၊ နိဗ္ဗာနန္တိ - နိဗ္ဗာန်ရယ်လို့၊ ပဿန္တော - ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်သည်၊ သမ္မတ္တနိယာမံ - သမ္မတ္တနိယာမ ဆိုတဲ့ မဂ်စိတ်သို့၊ ဩက္ကမတိ - ဝင်ရောက်သွားနိုင်၏လို့ ဒီလိုဆိုတာ။

(၂၂) သုညတော

နောက် နံပါတ် (၂၂) ရှုကွက်က “ပဉ္စက္ခန္ဓေ သုညတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။ ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးကို သုည လို့ ရှုရမယ်။ သုည ဆိုတာ စိတ်ထင်တာတွေ တစ်ခုမှ မရှိတာကို ပြောတာပဲ။ ခုနက ရိတ္တ၊ တုစ္ဆ တို့နဲ့ အဓိပ္ပါယ် နီးစပ်တယ်။ သို့သော် သုည ဆိုတာ ဒီနေရာမှာ ဘာကို ရည်ညွှန်းတာလဲဆိုရင် အတ္တ ဆိုတဲ့အရာ မရှိတာကို ရည်ညွှန်းတာ။ ဥပမာ အိမ်ထဲ ဝင်ကြည့်လို့ လူတစ်ယောက်မှမရှိရင် သုညာဂါရ ပဲ။ အထဲမှာ ဘယ်သူမှ မရှိဘူး။ သေတ္တာလေး ဖွင့်ကြည့်လိုက် သေတ္တာထဲမှာ ဘာမှမရှိဘူးဆိုရင် သုည ပဲ။

အဲဒီလိုပဲ ခန္ဓာငါးပါးထဲ အတ္တ ဆိုတဲ့ အားကိုးလောက်တဲ့ အရာမရှိလို့ သုည လို့ပြောတာ။ သုည ရဲ့အဓိပ္ပါယ်က Emptiness ဘာမှ မရှိဘူးလို့ ဆိုလိုတယ်။ ခန္ဓာမှာ ခန္ဓာပဲရှိတယ်။ ခန္ဓာမှာ ကိုယ်တင်ထားတာ တစ်ခုမှမရှိဘူးလို့ ပြောလိုတာပေါ့။ ခန္ဓာငါးပါးကို သုည လို့ ရှုမြင်ရမယ်တဲ့။

[၁၅၃] ဘာဖြစ်လို့ သုည လို့ ရှုမြင်ရတုန်းဆိုရင် “သာမီနိဝါသီ ဝေဒက ကာရကဓိဋ္ဌာယက ဝိရဟိတာယ” ခန္ဓာကိုယ်ကြီးမှာ ပိုင်ရှင် မရှိဘူး။ ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်ပေါ်နေတာသာ ဖြစ်တယ်။ ဖြစ်ပြီးရင်လည်း ပျက်သွားတာ။ မှားယွင်းတဲ့ အယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေက ခန္ဓာကိုယ်ထဲမှာ သာမီ အုပ်ချုပ်နေတဲ့ ပိုင်ရှင်ရှိတယ်၊ နိဝါသီ အမြဲနေထိုင်တဲ့ သတ္တဝါရှိတယ်လို့ ယူဆကြတယ်။ ဗမာလိုပြောရင် လိပ်ပြာကောင်၊ ဝိညာဉ်ကောင်ပေါ့။ ဒီကနေ့ခေတ်တောင်မှပဲ လူတွေ လိပ်ပြာခွဲနေကြတုန်းလား မသိဘူး။ လိပ်ပြာဝိညာဉ်ကောင် ဆိုတာ အယူအဆတစ်ခုပဲ။ နိုင်ငံခြားတိုင်းပြည်တွေမှာလည်း ဒီအတိုင်းပဲ Spirit လို့ခေါ်တဲ့ အယူအစွဲက အင်မတန်မှ ကြီးမားတယ်။ သင်္ချိုင်းတွေမှာသွားပြီး ပူဇော်ပသဆုတောင်းနေကြတာ။

ဂျပန်နိုင်ငံက ကိုယာစံ ဆိုတဲ့ တောင်ပေါ်မြို့မှာ ဂျပန်ဘုန်းကြီးကျောင်းတွေ အများကြီးရှိတယ်။ အဲဒီ ဘုန်းကြီးကျောင်းတွေရဲ့ အနီးအနားမှာ အကြီးမားဆုံး ဥယျာဉ်ကြီးက သုသာန်ကြီးပဲ။ ဗမာပြည်မှာ ကျဆုံးသွားတဲ့ ဂျပန်စစ်သားတွေရဲ့ အရိုးကောက်ယူပြီး တည်ထားတဲ့ ဗမာစေတီပုံနဲ့ သူတို့ရဲ့ အမှတ်တရ သင်္ချိုင်းလဲ ပါတယ်ပေါ့။

နီဆန်းကုမ္ပဏီရဲ့ သုသာန်ရှိတယ်။ တိုယိုတာ ကုမ္ပဏီရဲ့ သုသာန်ရှိတယ်။ တခြားကုမ္ပဏီတွေလည်း ရှိတယ်။ ဂျပန်က ကုမ္ပဏီတွေ အကုန်လုံး သူတို့ ကုမ္ပဏီက လူတွေအတွက် [၁၅၄] သီးသန့် သုသာန်တွေ ရှိကြတယ်။ သုသာန်ထဲ လှည့်ကြည့်လို့ကတော့ ကုန်မှာ မဟုတ်ဘူး။ အကျယ်ကြီးပဲ။

အဲဒီမှာ ဂျပန်ဘုန်းကြီးတစ်ပါးနဲ့ စကားစပ်မိပြီး ပြောတယ်။ အခါအားလျော်စွာ နေ့ထူးရက်ထူးတွေမှာပဲ ဖြစ်စေ၊ သေဆုံးသွားတဲ့ နေ့မှာပဲဖြစ်စေ၊ တစ်နှစ်တစ်ခါပဲ ဖြစ်စေ သေသွားတဲ့ ပုဂ္ဂိုလ်တွေကို ရည်စူးပြီး အမွှေးနံ့သာတွေ၊ ပန်းတွေနဲ့ အဲဒီသုသာန်တွေ သွားပြီး ဆုတောင်းကြတယ်။ အဲဒီလို ဆုတောင်းတဲ့အခါမှာ ဘုန်းကြီးတွေက Chanting လုပ်ကြရတယ်။ ဗုံတောင်လေး ခေါက်ပြီး ဆုတောင်းစာတွေ ရွတ်ဆိုကြတယ်။

အဲဒီတော့ ဂျပန်ဘုန်းကြီးကို မေးကြည့်တယ်။ သေသွားတဲ့ လူတွေကို ရည်စူးပြီး ဘာရည်ရွယ်ချက်နဲ့ ရွတ်ဆိုတာတုန်း ဆိုတော့ သေသွားတဲ့လူတွေရဲ့ Spirit လို့ခေါ်တဲ့ ဝိညာဉ်လေးတွေ လမ်းဖြောင့်သွားအောင်လို့တဲ့။ သူတို့ ဝိညာဉ်လေးတွေ နောင်ဘဝသွားဖို့အတွက် သူတို့ လမ်းဖြောင့်ပါစေဆိုပြီး ဆုတောင်းပေးတာတဲ့။

ဝိညာဉ်တွေအတွက် နေစရာလေးတွေ လုပ်ပေးထားတယ်။ တော်တော်တော့ဆန်းတယ်။ မျောက်ချစ်တဲ့လူအတွက် လားမသိဘူး မျောက်ရုပ်လေးတွေ ထည့်ပေးထားတယ်။ လိပ်ချစ်တဲ့ လူအတွက် လိပ်ရုပ်ကလေးတွေလည်း ထည့်ထားတယ်။ ကလေးငယ်အတွက် ကလေးကစားစရာအရုပ်ကလေးတွေပါ ထည့်ပေးထားတယ်။

[၁၅၅] အဲဒီလို ရွတ်ဖတ်သရဇ္ဈာယ်ပေးလို့ ဒီ Spirit ဆိုတဲ့ ဝိညာဉ်တွေ လမ်းဖြောင့်သွားတာရော ဘယ်လောက်ရှိလဲ၊ ဘယ်နှစ်ဦး တွေ့ဖူးလဲ လို့ဆိုတော့ “အဲဒီလိုတော့ မသိဘူး၊ တဲ့။ ဒီလိုပဲ ထုံးစံအတိုင်း ရွတ်တာပါတဲ့။ ဂျပန်ဘုန်းကြီးတွေကတော့ ပိုက်ဆံရတာပေါ့။ လူတွေကလည်းပဲ စိတ်ထဲမှာ အလွမ်းပြေတာပေါ့။ ဒီအလုပ်နဲ့ သေသွားတဲ့ ပုဂ္ဂိုလ်အပေါ်မှာ အလွမ်းဖြေဖျောက်ကြတဲ့ သဘောရှိမှာပဲ။

ဝေဒက

လောကလူတွေမှာ အယူအစွဲ ဘယ်လောက်ပြင်းထန်သလဲဆိုရင် ခန္ဓာကိုယ်ထဲမှာ သာမီ ပိုင်ရှင်ရှိတယ်၊ နိဝါသီ ထာဝရနေထိုင်တဲ့ Spirit ဆိုတဲ့ ဝိညာဉ်ကောင်ရှိတယ်၊ ကံတရားတွေကို ခံစားတဲ့, ကံရဲ့အကျိုးကို ခံစားတဲ့ ဝိညာဉ်ကောင်ရှိတယ်။ ကာရက အကောင်းအဆိုး ကံတရားတွေကို ပြုလုပ်သူရှိတယ်၊ အဓိဋ္ဌာယက ဘာလုပ်မယ် ညာလုပ်မယ်, ဘယ်သွားမယ်, ဘာပြောလိုက်, ဘယ်လိုပြောလိုက် ဆိုတဲ့ စီမံခန့်ခွဲပေးနေတဲ့ ဝိညာဉ်ကောင်ရှိတယ်လို့ ဒီလို ယူဆတာ။ တကယ်တော့ အဲဒီလိုပိုင်ရှင်ဖြစ်တဲ့ ဝိညာဉ်ကောင်ဆိုတာ မရှိဘူး။ ခန္ဓာကိုယ်ထဲမှာ အမြဲနေထိုင်တယ်ဆိုတဲ့ ဝိညာဉ်ကောင်လည်း မရှိဘူး။ ခန္ဓာကိုယ်ကြီးထဲမှာ အကောင်းဆုံး အလုပ်တွေကို လုပ်နေတယ်ဆိုတဲ့ ဝိညာဉ်ကောင်လည်း မရှိဘူး။ ခံစားတယ်ဆိုတဲ့ ဝိညာဉ်ကောင်လည်း မရှိဘူး။ စီမံခန့်ခွဲပေးနေတဲ့ ဝိညာဉ်ကောင်လည်း မရှိဘူး။

[၁၅၆] အဲဒီ လူတွေထင်တဲ့ Spirit ဆိုတဲ့ ဝိညာဉ်ကောင်တွေ ခန္ဓာထဲမှာ မရှိတာကြောင့် သုည လို့ ပြောတာနော်။ လူတွေက ပြောကြတယ်လေ “အသက်ထွက်တယ်၊ အသက်ထွက်တယ်” နဲ့။ ဘယ်ကထွက်တာလဲ မသိဘူး။ တချို့က အသက်ထွက်တာကို သေချာကြည့်တယ်။ ပါးစပ်က ထွက်သွားတာလား နားထဲက ထွက်သွားတာလား၊ နှာခေါင်းထဲက ထွက်သွားတာလားဆိုပြီး ကြည့်ကြတယ်။ အဲဒါဆိုရင် ပါးစပ်ကိုလည်း ပိတ်၊ နှာခေါင်းကိုလည်းပိတ်၊ အပေါက်ဟူသမျှ အကုန်ပိတ်ထားရင် အသက်က ဘယ်ထွက်တော့မှာတုန်း။ မထွက်အောင် လုပ်ထားမှာပေါ့။ တကယ်တော့ အသက်ဆိုတာ ထွက်သွားတာမှ မဟုတ်တာ။

မြတ်စွာဘုရားဟောထားတဲ့ အသက်ဆိုတာ နှစ်ခုရှိတယ်။ အတူတကွဖြစ်တဲ့ရုပ်တွေကို စောင့်ရှောက်နေတဲ့ ရုပ်ဇီဝိတိန္ဒြေ ဆိုတာက ရုပ်ရဲ့အသက်ဖြစ်တယ်။ ဒီရုပ်ရဲ့ အသက်က သူ့နေရာမှာပဲ သူချုပ်သွားတာ။ ရုပ်ကြီးကိုမပုပ်မသိုး ဆက်လက်ပြီး ရှင်သန်နေအောင် ထိန်းသိမ်းစောင့်ရှောင်ပေးတာ။ သူပျက်သွားရင်တော့
(၃)ရက်ကကျော်ရင် ပုပ်ပွလာမှာပဲ။

နာမ်ဇီဝိတိန္ဒြေ ဆိုတဲ့ အသက်ကလည်းပဲ နာမ်တရားတွေ အာရုံနဲ့ တွေ့တိုင်းတွေ့တိုင်း ဆက်ဆက် ပေါ်နေအောင် သူကစောင့်ရှောက်ပေးတာ။ အနုပါလန-လက္ခဏာ စောင့်ရှောက်ပေးခြင်း လက္ခဏာ ရှိတယ်။ သူတို့ မစောင့် [၁၅၇] ရှောက်တော့ဘူးဆိုရင် ဒီနာမ်လည်း ဆက်လက်ဖြစ်ခွင့် မရှိတော့ဘူးလို့၊ မဖြစ်နိုင်တော့ဘူးလို့ ဒီလိုဆိုတာ။

အဲဒီတော့ အသက်ဆိုတာ ထွက်သွားတာ မဟုတ်ဘူး။ နေရာမှာပဲ အကြောင်းတွေကုန်လို့ ပြတ်တောက်ပျက်စီးသွားခြင်းမျှသာ ဖြစ်တယ်။ ခန္ဓာကိုယ်ထဲမှာ ဒီသဘာဝတွေ၊ ဝိညာဉ်ကောင်တွေ၊ အုပ်စိုးနေတဲ့ အရာတွေ တစ်ခုမှ မရှိဘူး။ ဒါကြောင့်မို့ သုည လို့ ဒီလိုမြင်ရတာပေါ့။ အဲဒီလို မြင်လိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ကြီးပေါ်မှာ အားကိုးတဲ့၊ တွယ်တာတဲ့ စိတ်တွေ မရှိတော့ဘူး။ မရှိသည့်အတွက်ကြောင့် ခန္ဓာကိုယ်ကြီးအပေါ်မှာ ငြီးငွေ့လာတယ်။ ကြောက်ရွံ့လာတယ်။

နောက်ဆုံးမှာ ဝိပဿနာဉာဏ် အမြင့်ဆုံးရောက်လာပြီး မဂ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုလာနိုင်တဲ့အနေအထားရောက်လာပြီဆိုရင် ပဉ္စဂုံ ခန္ဓာနံ -ခန္ဓာငါးပါးတို့၏၊ နိရောဓော -အပြီးသတ် ချုပ်ငြိမ်းမှုသည်၊ ပရမသုညံ -သင်္ခါရတွေရဲ့ အရိပ်နိမိတ် လုံးဝမရှိလို့ အမြတ်ဆုံး အကောင်းဆုံးဖြစ်တဲ့ သုည ဖြစ်တဲ့။ နိဗ္ဗာနန္တိ -နိဗ္ဗာန်ပါပဲ ဟူ၍၊ ပဿန္တော -ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ သမ္မတ္တနိယာမံ -သမ္မတ္တ နိယာမ ဆိုတဲ့ မဂ်တရားသို့၊ ဩက္ကမတိ -သက်ရောက်သွားနိုင်၏” လို့ ဒီလိုဆိုတာနော်။

(၂၃) အနုတ္တတော

နောက် (၂၃) ခုမြောက်က “ပဉ္စက္ခန္ဓေ အနတ္တတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။ ပဉ္စက္ခန္ဓေ [၁၅၈] -ခန္ဓာငါးပါးတို့ကို၊ အနတ္တတော-အတ္တမဟုတ်သောအားဖြင့်၊ ပဿန္တော-ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ -အနုလောမိက ခန္တီဉာဏ်ကို၊ ပဋိလဘတိ-ရရှိနိုင်၏တဲ့။ ခန္ဓာငါးပါးကို အနတ္တ လို့ ရှုရမယ်။ အတ္တ ဆိုတာ မဟုတ်ဘူး။ “သာမီ နိဝါသီ ဝေဒက ကာရက” ဆိုတဲ့ အတ္တ သဘောတွေ မရှိဘူး။ ဒါ့ကြောင့် “အနတ္တ” လို့ ရှုရမယ်တဲ့။ ဘာဖြစ်လို့ အနတ္တလို့ ရှုရမလဲဆိုရင် ခန္ဓာငါးပါးမှာသာ ဝိညာဉ်ကောင် မရှိတာ မဟုတ်ဘူး။ သူကိုယ်တိုင်ကလည်း ပိုင်ရှင်မဟုတ်ဘူးလို့ ဆိုလိုတယ်။ ခန္ဓာငါးပါးမှာ အတ္တမရှိဘူး လို့ပြောရင် ခန္ဓာငါးပါးကို “အတ္တ” လို့ ပြောရာ ရောက်နေပြန်တယ်။ ခန္ဓာထဲမှာ မရှိပေမယ့် ခန္ဓာကိုယ်တိုင်က “အတ္တ”ပါလို့ ယူစွဲလာနိုင်တယ်။

“သယဉ္စ အသာမိကဘာဝါဒိတာယ” သူကိုယ်တိုင်က သာမီ အုပ်ချုပ်နေတဲ့ပိုင်ရှင် မဟုတ်ဘူး၊ နိဝါသီ နေထိုင်တဲ့ အရာမဟုတ်ဘူး၊ ကာရက လုပ်တတ်သူ မဟုတ်ဘူး၊ ဝေဒက ခံစားတတ်သူ မဟုတ်ဘူး၊ အဓိဋ္ဌာယက စီမံတတ်သူ မဟုတ်ဘူးတဲ့။ ဒါ့ကြောင့်မို့ ခန္ဓာငါးပါးကို အနတ္တ လို့ ပြောတာ။ အနတ္တလက္ခဏသုတ် မှာကျတော့ “အနတ္တ” လို့ ဘယ်ရှုထောင့်က ဟောတာတုန်းဆိုရင် ဒုက္ခရှုထောင့်ကနေ ဟောတာနော်။ အဝသဝတ္တန ရှုထောင့်ကနေ ဟောတယ်။ ရူပံ ဘိက္ခဝေ အနတ္တာ ရုပ်သည် အနတ္တ၊ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ ရုပ်သည် အတ္တဖြစ်မယ်ဆိုရင်၊ [၁၅၉] နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ အတ္တဆိုရင် သူ့ကိုယ်သူနာအောင် ဘယ်လုပ်မလဲ, သူ့ကိုယ်သူ ဘယ်လို ထိခိုက်အောင် လုပ်မလဲတဲ့။

ဒီမှာ “အာဗာဓာယ သံဝတ္တေယျ” ဆိုတာ ဒုက္ခရှုထောင့်ကနေ ပြောတာ။ ခန္ဓာကိုယ်ကြီးက နာတယ်လေ။ အဲဒီတော့ “အတ္တ”ဖြစ်မယ်ဆိုရင် ဘယ်နာမလဲတဲ့။ လမ္ဘေထ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ ရူပံ မာ အဟောသီ”တိ အကယ်၍ ကိုယ့်အလိုအတိုင်းဖြစ်တဲ့ အတ္တမျိုးဆိုရင် ကိုယ့်ရုပ်ကို ပြင်လို့ ရမှာပေါ့တဲ့။ ကိုယ့်စိတ်တိုင်းကျလေး ဖန်ဆင်းလို့ ရမှာပေါ့တဲ့။ ဒါက အနတ္တလက္ခဏသုတ်မှာ ဒုက္ခရှုထောင့်ကနေပြီး မြတ်စွာဘုရားက ဟောတာ။

အခုဒီမှာ အဓိပ္ပါယ်ဖွင့်တာက ခန္ဓာငါးပါးကသူကိုယ်တိုင် သာမီ၊ နိဝါသီ၊ ဝေဒက၊ ကာရက မဟုတ်ဘူး။ အဓိဋ္ဌာယက စီမံတတ်သူလည်း မဟုတ်ဘူး။ ဒါကြောင့် အနတ္တလို့ ရှုခိုင်းတာ။ အဲဒီလို ရှူလိုက်သဖြင့် ခန္ဓာငါးပါးအပေါ်မှာ ငြီးငွေ့ပြီး နောက်ဆုံး တွယ်တာမှုတွေ ပြတ်သွားတယ်၊ ရပ်သွားတယ်။ အဲဒီအခါကျတော့ ခန္ဓာငါးပါးလည်း ချုပ်ငြိမ်းသွားတယ်။

“ပဉ္စန္နံ ခန္ဓာနံ နိရောဓော ပရမတ္ထံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ ဩက္ကမတိ” ပဉ္စန္နံ ခန္ဓာနံ- ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော- ချုပ်ငြိမ်းမှုသည်၊ ပရမတ္ထံ- အလွန်မြင့်မြတ်တဲ့ အနှစ်ချုပ်ဖြစ်တဲ့၊ နိဗ္ဗာနန္တိ-နိဗ္ဗာန်ပဲဟူ၍၊ ပဿန္တော- ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ သမ္မတ္တ နိယာမံ- သမ္မတ္တနိယာမ ဆိုတဲ့ မဂ်တရားသို့၊ ဩက္ကမတိ- သက်ရောက်သွားနိုင်၏တဲ့။

[၁၆၀] ဒီနေရာမှာ စာပေကျမ်းဂန်နဲ့ မကိုက်ဘဲ ရေးသားထားတဲ့ စာအုပ်တွေကို သတိထားဖို့ လိုအပ်တယ်။ “သင်္ခတ” က ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ ဖြစ်ပြီး “အသင်္ခတ” က နိဗ္ဗာန် ဖြစ်တယ်။ ဒါကို ဘယ်လို လိုင်းဆွဲကြသလဲဆိုရင် သင်္ခတ ရဲ့ လက္ခဏာ ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ။ အသင်္ခတ ကျတော့ “နိစ္စ၊ သုခ၊ အတ္တ”ဆိုပြီး လိုင်းဆွဲကြတယ်။ “နိစ္စ၊ သုခ” တို့က ဖော်ပြလို့ရတယ်။ “အတ္တ” လို့ဖော်ပြတာက လုံးဝမှားတယ်ပေါ့။

မြတ်စွာဘုရားက နိဗ္ဗာန်ကို “အတ္တ” လို့ ဒီမှာမဟောဘူး။ ဘယ်လိုဟောတုန်းဆိုရင် “ပရမတ္ထ နိဗ္ဗာနန္တိ ပဿန္တော” တဲ့။ ဒါက စာနဲ့ပေနဲ့ မှတ်သားဖို့ပေါ့။ စာလွတ်ပေလွတ် ပြောတာတွေရှိနေလို့ သတိထားတတ်ဖို့ ပြောတာ။ Logic နည်းနဲ့ လိုင်းဆွဲလိုက်တဲ့အခါ “သင်္ခတ” က “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဆိုရင် “အသင်္ခတ” က “နိစ္စ၊ သုခ၊ အတ္တ” ဆိုပြီး လိုင်းဆွဲရင် မှားတယ်ပေါ့။

ဘာကြောင့်မှားလဲဆိုရင် “နိစ္စ၊ သုခ” တို့ဆိုတာ တခြားအရာတွေနဲ့လည်း ပတ်သက်တယ်။ အတ္တ ဆိုတဲ့ စကားလုံးကတော့ မိစ္ဆာအယူဝါဒ စကားလုံး သက်သက်မျှသာ ဖြစ်တယ်ပေါ့။ “နိစ္စ၊ သုခ” ဆိုတာက မိစ္ဆာဝါဒီတွေ သုံးတဲ့ စကားလုံး မဟုတ်ဘူး။ ခုခေတ်စကားပြောမယ်ဆိုရင် Philosophical term မဟုတ်ဘူးလို့ ပြောတာ။ “အတ္တ” ဆိုတာက Philosophical term အယူအဆတစ်ခုနဲ့ ပတ်သက်တဲ့ စကားလုံးဖြစ်တယ်။

[၁၆၁] ဒါ့ကြောင့် နိဗ္ဗာန်ကို “အတ္တ” လို့ ပြောရင် သူတို့ယူဆတဲ့ “အတ္တ” သည် နိဗ္ဗာန်ထဲမှာ ရောက်သွားနိုင်တယ်ပေါ့။ မှားမှားယွင်းယွင်း မှတ်သားသွားနိုင်တယ်။ အဲဒီတော့ ဒီလို လွဲလွဲမှားမှား ပြောနေကြတာတွေ၊ ရေးနေကြတာတွေ ရှိတယ်ဆိုတာ သတိထားဖို့ လိုအပ်တယ်။

အခုက “အနတ္တ” ကို ဘာနဲ့တွဲတုန်းဆိုရင် “ပရမတ္ထ” နဲ့ တွဲတယ်။ နိဗ္ဗာန်ကို ပြောရမယ်ဆိုရင် နိဗ္ဗာန်သည် “နိစ္စ၊ သုခ၊ ပရမတ္ထ”လို့ ပြောရမယ်။ “အတ္တ” လို့ပြောရင် မှားတယ်။ “အတ္တ” ဆိုတာက မိစ္ဆာအယူဝါဒမှာ သုံးတဲ့စကားလုံးသာ ဖြစ်တယ်။ တကယ်ရှိတဲ့ အရာမဟုတ်ဘူး။

ပရိဝါရပါဠိတော်မှာ

အနိစ္စာ သဗ္ဗေ သင်္ခါရာ၊ ဒုက္ခာနတ္တာ စ ကေဝလာ။
နိဗ္ဗာနဗ္ဗေဝ ပညတ္တိ၊ အနတ္တာ ဣတိ နိစ္ဆယာ။

လို့ အထင်အရှား ဆိုထားတယ်။ နိဗ္ဗာန်ကို “အတ္တ” လို့ မပြောဘူး။ “အနတ္တ” လို့ ထည့်ပြောထားတယ်။ “အတ္တ” ဆိုတာ လုံးဝမရှိဘူး။ အတွေးအမြင် တစ်ခုမျှသာ ဖြစ်တယ်ပေါ့။

(၂၄) အာဒီနဝတော

နောက်ရှူကွက်ကဘာတုန်းဆိုရင် “ပဉ္စက္ခန္ဓေ အာဒီန၀တော” ခန္ဓာငါးပါးကို အပြစ်ဒေါသဆိုတဲ့ အနေအထားမျိုး ရှုရမယ်တဲ့။ အပြစ်ဒေါသဆိုတာ ဆင်းရဲဒုက္ခတွေကို ပေးတာ။

[၁၆၂] ခန္ဓာငါးပါးသည် တကယ့် ဒုက္ခ၊ အပြစ်တွေများတဲ့ အရာပဲလို့ ရှုရမယ်။ ဆင်းရဲဒုက္ခတွေကို ဖြစ်စေလို့ အာဒီနဝ လို့ ခေါ်တာ။ အာဒီနဝ အပြစ်လို့ ဘာလို့ပြောရလဲဆိုရင် ပဝတ္တိ ဒုက္ခတာယ တဲ့။ ပဝတ္တိ ကံနဲ့ ကိလေသာ ပေါင်းစပ်ပြီး ထုတ်လုပ်လိုက်လို့ ခန္ဓာငါးပါး ဖြစ်လာတာ။ အဲဒီ ဖြစ်လာတဲ့ ခန္ဓာငါးပါးသည် ဒုက္ခ သက်သက်မျှသာ ဖြစ်တယ်တဲ့။ ဆင်းရဲတာတွေ မှန်သမျှ ဟောဒီ ခန္ဓာပေါ်မှာ စုပြုံပြီး ရောက်လာသောကြောင့် အာဒီနဝ ဒုက္ခဖြစ်စေတတ်တဲ့ အရာလို့ ဒီလိုဆိုတာ။

နောက်တစ်ခု “ဒုက္ခဿ စ အာဒီနဝတာယ” ဒုက္ခ ကိုပဲ “အာဒီနဝ” လို့ခေါ်တာ။ နောက်တစ်နည်းကျတော့ “အာဒီနံ ဝါတိ ဂစ္ဆတိ ပဝတ္တတီတိ အာဒီနဝေါ” လောကမှာ စားရမဲ့၊ သောက်ရမဲ့ အထီးကျန် လူဆင်းရဲ၊ မိဘဆွေမျိုး သားသမီးမရှိ၊ လမ်းပေါ်မှာ နေရ အိပ်ရ၊ ကူမယ့်သူ မရှိတဲ့ ကပဏ အထီးကျန်လူသားမျိုးကို အာဒီနဝ လို့ခေါ်တယ်။ ခန္ဓာကိုယ်သည်လည်းပဲ အဲဒီလို ကယ်တင်မယ့် ပုဂ္ဂိုလ်၊ အားကိုးရမယ့် ပုဂ္ဂိုလ်မရှိတာနဲ့ တူတယ်တဲ့။

ဟုတ်တယ်နော်။ ကိုယ့်မှာ အမေရှိလား၊ အဖေရှိလား ဆိုရင် ရှိတယ်လေ။ အမေအဖေရှိတော့ရော ခန္ဓာကိုယ်ကြီး မအိုရအောင်၊ မနာရအောင်၊ မသေရအောင် စောင့်ရှောက်မယ့် လူရှိရဲ့လားဆိုတော့ မရှိဘူး။ ဘယ်သူမှ မတတ်နိုင်ဘူးနော်။ ဘယ်သူမှ မတတ်နိုင်လို့ တကယ့်ကို အထီးကျန် လူဆင်းရဲ [၁၆၃] တစ်ယောက်ပဲလို့ ဒီလိုရှုမြင်တာကို အာဒီနဝတော လို့ဆိုတာ။ ဒီရှုကွက်အနေနဲ့ ခန္ဓာငါးပါးကို အာဒီနဝ လို့ ရှုရမယ်တဲ့။ အာဒီနဝ အပြစ်အနာအဆာ ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေတတ်တဲ့ အရာပဲလို့ ရှုခြင်းအားဖြင့် ခန္ဓာငါးပါး ပေါ်မှာ တွယ်တာမှုတွေ ကင်းပြတ်သွားနိုင်တယ်။ တွယ်တာမှု ကင်းပြတ်သွားတာနဲ့ တစ်ပြိုင်နက် ကိလေသာတွေ မဖြစ်တော့ရင် ကံတရားတွေ အလုပ် မလုပ်နိုင်တော့ဘူး။ အလုပ် မလုပ်နိုင်တော့ ခန္ဓာငါးပါးသည် ချုပ်ငြိမ်းသွားတယ်။

ခန္ဓာငါးပါး ချုပ်ငြိမ်းသွားပြီဆိုတဲ့အခါ ဝိပဿနာဉာဏ် အဆင့် လွန်မြောက်ပြီး ပဉ္စန္နံ ခန္ဓာနံ နိရောဓော -ခန္ဓာငါးပါးတို့ရဲ့ ချုပ်ငြိမ်းမှုသည်၊ အနာဒီနဝံ - လုံးဝအပြစ်ကင်းစင်, ဆင်းရဲဒုက္ခကင်းစင်တဲ့၊ နိဗ္ဗာနန္တိ - နိဗ္ဗာန်ပဲလို့၊ ပဿန္တော -ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ သမ္မတ္တနိယာမံ - သမ္မတ္တ နိယာမ လို့ဆိုတဲ့ မဂ်တရားသို့၊ ဩက္ကမတိ - ရောက်ရှိသွားနိုင်၏တဲ့။

ဝိပဿနာနဲ့ ပတ်သက်ပြီး (၂၄)ခုမြောက်မှာ အာဒီနဝ လို့ ရှုပါလို့ ဒီလိုပေးတာ။ ဝိပဿနာကို ကျော်လွန်ပြီး မဂ်စိတ် ပေါ်လာတဲ့အခါမှာ နိဗ္ဗာန်ရဲ့ အပြစ်ကင်းမှု၊ ဆင်းရဲဒုက္ခကင်းမှု၊ အန္တရာယ်ကင်းမှုကို တွေ့ရှိလာနိုင်တယ်ပေါ့။

ဒါ့ကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ ဗုဒ္ဓသာသနာတော်နဲ့ ကြုံတွေ့နေတဲ့အချိန် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ခန္ဓာငါးပါးကို အသုံးချပြီး ဝိပဿနာဉာဏ်ဖြစ်အောင် [၁၆၄] ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး အချိန်ရှိခိုက် လုံ့လစိုက်ကာ ဝိပဿနာဉာဏ် ဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။

သာဓု သာဓု သာဓု

[၁၆၅] ဝိပဿနာရှုဖွယ် တောလေးဆယ် အပိုင်း (၆)

သာသနာတော်နှစ် ၂၅၅၇-နှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၅- ခုနှစ် သီတင်းကျွတ်လဆန်း (၄)ရက်၊ ၂၀၁၃-ခုနှစ် အောက်တိုဘာလ (၈)ရက်၊ စစ်ကိုင်းတောင်ရိုး သမိဒ္ဓေါဒယ ချောင်အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် သီတင်းကျွတ်အခါတော် ဓမ္မပူဇော်ပွဲ ဓမ္မသဘင်အခမ်းအနား၌ ဆရာကြီး ဒေါ်သီရိစန္ဒာ သား ကိုအောင်ကျော်ဇော+ မခင်မြတ်ကေသီ၊ မြေး ဥပွန်တရာ၊ မောင်ဝင်းဖြိုးဟန် မိသားစု တို့၏ အမတဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားအပ်သော၊ “ဝိပဿနာရှုဖွယ် တောလေးဆယ် အပိုင်း(၆)” အကြောင်း တရားဒေသနာတော်။

သာသနာအနှစ် မဂ္ဂင်ရှစ်ဖြာ

ဝိပဿနာရှုဖွယ် တောလေးဆယ်က တစ်ညတည်း ပြီးအောင် မဟောနိုင်လို့ အရင်ရက်တွေကစပြီး ဟောလာတာ ဒီကနေ့အပိုင်း(၆) ရောက်လာတယ်။ မြတ်စွာဘုရား သာသနာတော်နဲ့ ကြုံတွေ့မှသာ ရနိုင်တဲ့ကုသိုလ်သည် ဝိပဿနာ ကုသိုလ် ဖြစ်တယ်။ ဘာဖြစ်လို့ ဝိပဿနာကုသိုလ်သည် ဘုရားပွင့်မှ ရနိုင်တာလဲဆိုတော့ ဝိပဿနာကုသိုလ် ဆိုတာ မဂ္ဂင်ရှစ်ပါးနဲ့ အလုပ်လုပ်ကြရတာ ဖြစ်တယ်။ မဂ္ဂင်ရှစ်ပါး ဆိုတာ မြတ်စွာဘုရား ပွင့်ပေါ်တဲ့အခါမှသာ သိကြရလို့ ဖြစ်တယ်။

[၁၆၆] မြတ်စွာဘုရားက သုဘဒ္ဒပရိဗိုဇ်ကြီးကို မိန့်ကြားခဲ့တဲ့ အတိုင်း “မဂ္ဂင်ရှစ်ပါးမရှိတဲ့ သာသနာမှာ သောတာပန်ဆိုတဲ့ ပထမအဆင့် ကိလေသာကုန်စေတဲ့ ပုဂ္ဂိုလ်၊ သကဒါဂါမ်ဆိုတဲ့ ဒုတိယအဆင့် ကိလေသာကုန်စေတဲ့ ပုဂ္ဂိုလ်၊ အနာဂါမ်ဆိုတဲ့ တတိယအဆင့် ကိလေသာကုန်စေတဲ့ ပုဂ္ဂိုလ်၊ ရဟန္တာဆိုတဲ့ ကိလေသာအာသဝတွေအားလုံး ကုန်သွားတဲ့ ပုဂ္ဂိုလ်မျိုးဆိုတာ လောကမှာ မရှိနိုင်ဘူး။”

ဝိပဿနာကုသိုလ်ကို လူတိုင်းလူတိုင်း အောင်မြင်ပေါက်ရောက်သည် ဖြစ်စေ၊ မပေါက်ရောက်သည် ဖြစ်စေ လုပ်သင့်လုပ်ထိုက်တယ်။ မိမိတို့အစွမ်းအစရှိသလောက် ဝိပဿနာ ကုသိုလ်တော့ အရယူသင့်တယ်ပေါ့။ ဒါနကုသိုလ် ဆိုတာ ဘယ်ဘဝမှာပဲဖြစ်ဖြစ်၊ ဘယ်ခေတ်ဘယ်အခါမှာပဲ ဖြစ်ဖြစ် လုပ်လို့ရတယ်။ သီလကုသိုလ်ဆိုတာလည်း အတိုင်းအတာ တစ်ခုအရ လုပ်လို့ရတယ်။ ဝိပဿနာဘာဝနာကုသိုလ် ဆိုတာ ဘုရားပွင့်တဲ့ အချိန်မှသာ လုပ်လို့ရတာဖြစ်လို့ အခု တရားနာနေတဲ့ အခိုက်ကလေးမှာ ဝိပဿနာဘာဝနာကုသိုလ် ဖြစ်လိုက်ရင်လည်း နည်းတဲ့တန်ဖိုး မဟုတ်ပါဘူး။ ကြီးမားတဲ့ တန်ဖိုးတွေ ရနိုင်ပါတယ်။

ဝိပဿနာကျင့်စဉ်အရ မိမိရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ သဘာဝတရားတွေကို တွေးတောဆင်ခြင်ဖို့ အင်မတန်မှ အရေးကြီးတယ်။ တွေးတောဆင်ခြင်နိုင်မှ သမ္မာဒိဋ္ဌိ ဆိုတဲ့ မှန်ကန်တဲ့အမြင်တစ်ခုကို ရမှာဖြစ်တယ်။ ကမ္မဋ္ဌာန်းအားထုတ် [၁၆၇] တာ မတွေးရဘူးလို့ ပြောတဲ့စကားက ဟိုဟိုဒီဒီ လျှောက်မတွေးဖို့သာပြောတာ။ ကမ္မဋ္ဌာန်းလမ်းကြောင်းနဲ့ ပတ်သက်ပြီး မတွေးရင် မသိနိုင်ဘူး။

ဘာဖြစ်လို့တုန်းဆိုတော့ မြတ်စွာဘုရားကိုယ်တိုင်ကိုက သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ အမှန်တွေးနိုင်မှ အမှန်မြင်တယ်လို့ ဟောထားတာ။ အဲဒီတော့ အမှန်တွေးတတ်ဖို့ လိုအပ်တယ်။ မမှန်မကန် တွေးရင်တော့ အမှားတွေဖြစ်မှာပေါ့။ ဒါ့ကြောင့်မို့ သမ္မာသင်္ကပ္ပ ဆိုတာ ရှိကိုရှိရမယ်။

မဟာသတိပဋ္ဌာနသုတ် ဆိုတာ ဝိပဿနာအလုပ် အားထုတ်ဖို့ရာအတွက် အခြေခံအားဖြင့် ဟောကြားထားတဲ့ သုတ်ဖြစ်တယ်။ အဲဒီ မဟာသတိပဋ္ဌာနသုတ်မှာ ယောဂီ ပုဂ္ဂိုလ်ရဲ့ လိုအပ်ချက်တွေက ဝီရိယရယ်၊ ပညာရယ်၊ သတိရယ် ဒီသုံးခု ဖြစ်တယ်ပေါ့။ ဒီသုံးခုနဲ့မှ မပြည့်စုံရင် ကမ္မဋ္ဌာန်းအလုပ် အားထုတ်လို့ မဖြစ်နိုင်ဘူး။

အဲဒီမှာ သတိရယ်၊ ဝီရိယရယ်၊ ပညာရယ် သုံးမျိုးကို တိုက်ရိုက်ဖော်ပြထားပေမယ့်လို့ မဂ္ဂင်ရှစ်ပါးနဲ့ ကြည့်လိုက်မယ် ဆိုရင်တော့ သမ္မာသင်္ကပ္ပ ဆိုတာလည်း ပါရမယ်။ သမ္မာသမာဓိ ဆိုတာလည်း ပါရမယ်။ အားလုံးပေါင်းလိုက်ရင် “သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ” လို့ဆိုတဲ့ ဒီမဂ္ဂင်ငါးမျိုးကို ကာရကမဂ္ဂင် ဝိပဿနာ တရား အားထုတ်တဲ့၊ အလုပ်လုပ်တဲ့ မဂ္ဂင်လို့ ဆိုတာပေါ့။ ကာရကမဂ္ဂင် လို့ဆိုတဲ့ ဒီမဂ္ဂင်ငါးပါးကတော့ တိုက်ရိုက် ဝိပဿနာလုပ်ငန်းကို လုပ်တယ်။

[၁၆၈] ဒါဖြင့် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ တို့ကတော့ တရားအားထုတ်တဲ့ အချိန်မှာ မပါဘူးလားလို့ ဆိုတော့ အထောက်အကူပြုတဲ့အနေနဲ့ ပါတယ်။ သမ္မာဝါစာ က နှုတ်ကို စည်းကမ်းထားလိုက်တာ။ သမ္မာကမ္မန္တ ဆိုတာ ကိုယ်အမှုကို စည်းကမ်းထားတာ။ ကိုယ်မှု၊ နှုတ်မှု ဒီနှစ်ခုကို စည်းကမ်းထားတာပေါ့။ လူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှု ဆိုတာ နှုတ်နဲ့ အသက်မွေးတာ ရှိတယ်၊ ကိုယ်ထိလက်ရောက် လုပ်ပြီး အသက်မွေးတာ ရှိတယ်။ အဲဒီ ကိုယ်မှု၊ နှုတ်မှုတွေ စင်စင်ကြယ်ကြယ် ရှိနေပြီဆိုရင် သမ္မာအာဇီဝ အသက်မွေးမှု လည်း စင်ကြယ်မှု ရှိတယ်ပေါ့။

သီလဆိုတာ discipline ပဲ။ ကိုယ်အမှုကို စည်းကမ်း ထားတယ်။ နှုတ်ကို စည်းကမ်းထားတယ်၊ စကားပြောတဲ့အခါ မှာ စည်းကမ်းနဲ့ ပြောတယ်။ အလုပ်လုပ်တဲ့အခါမှာ စည်းကမ်းနဲ့ လုပ်တယ်။ အဲဒီစည်းကမ်းဘောင်အတွင်းက အသက်မွေးတယ် လို့ဆိုတော့ ဒါ ကိုယ်ကျင့်သီလပိုင်းက ပြည့်စုံတယ်။

ကိုယ်ကျင့်သီလ ပြည့်စုံသွားခြင်းသည် ကမ္မဋ္ဌာန်းအားထုတ်တဲ့ နေရာမှာ ဘယ်လိုအထောက်အကူ ပြုတုန်းဆိုရင် ကိုယ်ကျင့်သီလပြည့်စုံတဲ့ပုဂ္ဂိုလ်မှာ စိတ်တည်ငြိမ်မှုဆိုတဲ့ သမာဓိကို အလွယ်တကူရနိုင်တယ်။ ကိုယ်ကျင့်သီလ ပျက်ပြားသွားရင် သမာဓိဆိုတာ ဖြစ်ဖို့ခက်တယ်။ ကိုယ်ကျင့်သီလ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်သည် ကိုယ့်ရဲ့သီလကို ဆင်ခြင်လိုက်တာနဲ့၊ [၁၆၉] တွေးလိုက်တာနဲ့ အပြစ်ကင်းတယ်ဆိုတာကို မြင်ပြီး စိတ်ထဲမှာ ဝမ်းသာကြည်နူးမှု ဖြစ်လာတယ်။ အဲဒီ ဝမ်းသာကြည်နူးမှုကို အဝိပ္ပဋိသာရ လို့ခေါ်တယ်။

အဲဒီ အဝိပ္ပဋိသာရ ဝမ်းသာမှု၊ နှလုံးသာယာမှုကနေပြီး ဘာကို ဖြစ်စေတုန်းဆိုတော့ ပါမောဇ္ဇ ဆိုတဲ့ ဝမ်းမြောက်မှုကို ဖြစ်စေတယ်။ ဝမ်းမြောက်မှုက ဘာကို ဖြစ်စေတုန်းဆိုတော့ ပီတိ ကို ဖြစ်စေတယ်။ ပီတိ က ဘာကိုဖြစ်စေတုန်းဆိုတော့ ပဿဒ္ဓိ ခေါ်တဲ့ ကိုယ်စိတ်ငြိမ်းချမ်းမှုတွေကို ဖြစ်စေတယ်။ ကိုယ်စိတ်ငြိမ်းချမ်းမှုတွေက ဘာကိုဖြစ်စေတုန်းဆိုတော့ သုခ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုကို ဖြစ်စေတယ်။ ကိုယ်ချမ်းသာမှု ဖြစ်လာတဲ့အခါ စိတ်ကလေး တည်ငြိမ်လာတယ် ဆိုတဲ့ သမာဓိ ဖြစ်လာတယ်။

အဲဒီ သမာဓိ ရပြီဆိုတော့မှ ယထာဘူတဉာဏဒဿန တကယ့် မိမိသန္တာန်မှာရှိတဲ့ ရုပ်တရား၊ နာမ်တရားတွေရဲ့ အဖြစ်ကို အဖြစ်အတိုင်း၊ အရှိကို အရှိအတိုင်း မြင်တယ်၊ သိတယ်ဆိုတာ ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် ဒီသီလမဂ္ဂင်သုံးခု က စိတ်တည်ငြိမ်ဖို့အတွက်၊ အမှန်သိဖို့အတွက် အထောက်အကူပြုတယ်။

သာသနာတော်နဲ့ ကြုံတွေ့တဲ့အခါမှာ ရတနသုတ်မှာ ပါတဲ့အတိုင်း လဒ္ဓါ မုဓာ နိဗ္ဗူတိံ ဘုဉ္ဇမာနာ ကမ္မဋ္ဌာန်းအာရုံ ရှာတဲ့ နေရာမှာလည်းပဲ အဖိုးအခ ကုန်ကျစရိတ် မရှိဘူး၊ နှလုံးသွင်းတဲ့ အချိန်မှာလည်း အဖိုးအခ ကုန်ကျစရိတ် မရှိဘူး။ ဝိပဿနာအလုပ်ကို ကြိုးစားအားထုတ်သင့်တယ်။

[၁၇၀] ကြိုးစားအားထုတ်တဲ့အခါမှာ ဘာကစရမလဲဆိုတော့ ခုပြောခဲ့တဲ့အတိုင်း အခြေခံအားဖြင့်တော့ ကိုယ့်သီလကို ပြည့်စုံအောင် အရင်လုပ်ရမယ်။ သီလပြည့်စုံခြင်းသည် သမာဓိဖြစ်ဖို့ အထောက်အကူပြုတယ်။ သမာဓိရပြီးနောက် ဘာကို ဝိပဿနာအာရုံအဖြစ် အသုံးချမှာလဲလို့ဆိုရင် ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးကို ဝိပဿနာအာရုံအဖြစ် အသုံးချရမယ်။

ရုပ်နာမ်တရား ဆင်ခြင်ထား

လူတိုင်းလူတိုင်းမှာ တကယ်ရှိနေတာ ခန္ဓာငါးပါးပဲ။ အဲဒီ ခန္ဓာငါးပါးကို တွေ့အောင်ရှာခြင်း၊ ရုပ်ကိုတွေ့အောင်ရှာခြင်း၊ နာမ်ကို တွေ့အောင်ရှာခြင်းဆိုတာကို အရင်လုပ်ဖို့လိုတယ်။ ဘယ်ရှုထောင့်က ရှာရမလဲဆိုရင် သဘာဝလက္ခဏာ ရှုထောင့်က ရှာရမယ်။ ရုပ်ဆိုတာ အပူအအေးနဲ့တွေ့ရင် ပြောင်းလဲဖောက်ပြန်သွားတဲ့ သဘော၊ ဝေဒနာဆိုတာ အာရုံကို ခံစားသိရှိတဲ့သဘော၊ သညာဆိုတာ အာရုံကို မှတ်သားတဲ့သဘော၊ သင်္ခါရဆိုတာ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အာရုံနဲ့တွေ့ပြီး အလုပ်လုပ်တဲ့ သဘော၊ ဝိညာဏဆိုတာ အာရုံကို ရယူတဲ့ သဘော, အာရုံကို သိတဲ့သဘောလို့ ဒီသဘာဝလက္ခဏာ ရှုထောင့်တွေကို မှတ်ယူထားရမယ်။

အဲဒီလို သဘာဝရှုထောင့်ကနေပြီး ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးကို အရင်မှတ်ယူရမယ်။ ဒါကို နာမရူပ ပရိဂ္ဂဟ [၁၇၁] နာမ်နဲ့ရုပ် နှစ်ခုကို မှတ်ယူခြင်းလို့ ဆိုတယ်။ ဝိပဿနာတရား အားထုတ်ပြီဆိုရင် အာရုံကို အရင်မှတ်သားပြီး ရယူထားဖို့ လိုတယ်။ အဲဒီတော့ နာမရူပ ပရိဂ္ဂဟ နာမ်နဲ့ရုပ်ကို မှတ်သားပြီးတဲ့အခါမှာ ဘာမှတ်သားဖို့ လိုသေးလဲလို့ဆိုရင် ပစ္စယ ပရိဂ္ဂဟ ဆိုတဲ့ အကြောင်းတရားကို မှတ်သားဖို့ လိုသေးတယ်။ “ဘာကြောင့် ဖြစ်တာလဲ” ဆိုတဲ့ အကြောင်းတရားကို မှတ်သားရမယ်။

အဲဒီလို နာမ်နဲ့ရုပ်ကိုလည်းသိပြီ၊ နာမ်နဲ့ ရုပ်ရဲ့အကြောင်းတရားကိုလည်း သိပြီဆိုတဲ့အခါမှာ ဒီခန္ဓာငါးပါးနဲ့ ပတ်သက်ပြီးတော့ သုံးသပ်ခြင်း၊ တွေးခေါ် ဆင်ခြင်ခြင်း လုပ်ရမယ် သမ္မသန လို့ ခေါ်တယ်။ သမ္မသန ဆိုတာ အကြိမ်ကြိမ် အထပ်ထပ် သတိသမ္ပဇညနဲ့ ဆင်ခြင် သုံးသပ်ပေးမှုကို ဆိုလိုတာ။ အဲဒီတော့ တွေးခေါ်မှုဆိုတဲ့ သမ္မာသင်္ကပ္ပ ရဲ့ အရှိန်အဝါကို ယူပြီး မိမိမှတ်သားထားတဲ့ ရုပ်တရား၊ နာမ်တရားတွေကို ဘယ်ပုံ ဆင်ခြင်သုံးသပ်ရမလဲဆိုတာကို ပဋိသမ္ဘိဒါမဂ်ပါဠိတော် မှာ ရှုဖွယ်လေးဆယ် ကို ဟောကြားထားတာ ရှိတယ်ပေါ့။

ရှင်သာရိပုတ္တရာမထေရ်မြတ်က အကျယ်တဝင့် ဟောထားတဲ့စကားလုံးတွေက အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော စသည်ဖြင့် တောဆိုတဲ့ ပါဠိစကားလုံးနဲ့ အဆုံးသတ်ထားတယ်။ အဲဒါကိုကြည့်ပြီး မြန်မာပြည်မှာ “တောလေးဆယ်”လို့ မှတ်သားကြတယ်ပေါ့။ အခြင်းအရာ လေးဆယ်၊ ရှုကွက်လေးဆယ်လို့ ဆိုလိုတယ်။ အဲဒီ ရှုကွက်လေးဆယ်ရှိတဲ့ အထဲ [၁၇၂] မယ် ဒီကနေ့ မိမိခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့ ရှုလို့ရတဲ့ အချက်တွေကို (၂၅)ခုမြောက်ကနေစပြီး ရှင်းလင်းဟောပြောပေးမယ်။

(၂၅) ဝိပရိဏာမဓမ္မတော

ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ ဘယ်လိုဆိုတုန်း ဆိုတော့ “ပဉ္စက္ခန္ဓာ ဝိပရိဏာမဓမ္မတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။ ဒီပါဠိတွေက အင်မတန်မှ ရိုးရှင်းတယ်။ ပဉ္စက္ခန္ဓာ - မိမိသန္တာန်မှာရှိတဲ့ ခန္ဓာ ငါးပါးတို့ကို၊ ဝိပရိဏာမဓမ္မတော -ရုပ်ပျက်ဆင်းပျက် ပြောင်းလဲနေတဲ့ သဘာဝတရားကြီးပဲလို့၊ ပဿန္တော -ရှုဆင်ခြင်တဲ့ ယောဂီ ပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ - အနုလောမိက ခန္တီ ဉာဏ်ကို၊ ပဋိလဘတိ -ရနိုင်၏တဲ့။

ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာအပေါ်ကို ဘယ်လိုမြင်ရမလဲ၊ တို့တတွေရော သာမန်အားဖြင့် ကိုယ့်ခန္ဓာကို ဘယ်လို မြင်နေကြသလဲ။ တို့မြင်နေတဲ့ အမြင်သည် မှန်ကန်မှု ရှိရဲ့လားလို့ ဆင်ခြင်သုံးသပ်ကြည့်ရမယ်။ ဝိပရိဏာမဓမ္မ ဝိ-ရုပ်ပျက်ဆင်းပျက်၊ ပရိဏာမ- ပြောင်းလဲတာဖြစ်တယ်။

ပြောင်းတယ်ဆိုတာ အကောင်းပြောင်းတာရှိတယ်၊ အဆိုးပြောင်းတာ ရှိတယ်။ ခန္ဓာကိုယ်ကြီးက အကောင်းဘယ်တော့မှ မပြောင်းဘူး။ အဆိုးဘက်ကိုပဲ ပြောင်းတယ်။ ဒါကြောင့် “ဝိပရိဏာမ” အဆိုးဘက်ကို ပြောင်းသွားတဲ့ [၁၇၃] တရားလို့ ရှုမြင် သုံးသပ်ရမယ်တဲ့။ အဲဒီလို ရှုမြင်သုံးသပ်ခြင်းဖြင့် ခန္ဓာကြီးအပေါ်မှာ ငြီးငွေ့လာပြီး တွယ်တာမှုတွေ ကင်းပြတ်လာတယ်။ လွတ်ချင်လာတယ်။

သံသရာတစ်လျှောက်လုံးက ခန္ဓာငါးပါးကို မှားယွင်းတဲ့ အမြင်တွေဖြစ်တဲ့ အဟံကာရ ငါလုပ်လာခဲ့တာ များပြီ။ ဒိဋ္ဌိရဲ့ အတွေးတွေနဲ့ တွေးလာခဲ့တယ်ပေါ့။ မမံကာရ ငါ့ဟာလို့ ဆိုပြီးတော့ တဏှာရဲ့ အတွေးတွေနဲ့လည်း တွေးလာခဲ့တယ်။ ဒါ့ပြင် ငါလုပ်နိုင်တယ်၊ ငါစွမ်းနိုင်တယ်ဆိုတဲ့ မာန ကလည်း ပါလာသေးတယ်။ ဒါက အဟံကာရ မမံကာရ မာနာနုသယာ ဆိုတဲ့ ပါဠိအရ ပြောတာ။

အနတ္တလက္ခဏာသုတ်မှာတော့ ဧတံမမ ဆိုတာ တဏှာရဲ့ အမြင်ဖြစ်တယ်။ ဧသော ဟ မသ္မိံ ဆိုတာ မာနရဲ့ အမြင်ဖြစ်တယ်။ ဧသောမေ အတ္တာ ဆိုတာ ဒိဋ္ဌိရဲ့အမြင် ဖြစ်တယ်။ ဒီနေရာမှာ ဧသောမေ အတ္တာ နဲ့ အဟံကာရ ဆိုတာ အတူတူပဲလို့ မှတ်ရမယ်။ ဧတံ မမ နဲ့ မမံကာရ က တူတယ်။ အဲဒီတော့ ဒိဋ္ဌိရဲ့အတွေးတွေ၊ တဏှာရဲ့ အတွေးတွေသည် လူတွေမှာ နေ့စဉ်ဖြစ်နေတာ။ ခန္ဓာငါးပါးကို “ငါ”လို့ ထင်တာက ဒိဋ္ဌိရဲ့အတွေးပဲ၊ “ငါ့ဟာ”လို့ မြင်တာက တဏှာရဲ့ အတွေးပဲ။

အဲဒီလို မှားယွင်းတဲ့အတွေးတွေ ပျောက်ကင်းသွား အောင်လို့ ခန္ဓာငါးပါးကို ... ဘယ်လိုမြင်ရမှာတုန်းဆိုရင် ဝိပရိဏာမဓမ္မ အဆိုးဘက် ရုပ်ပျက်ဆင်းပျက် ပြောင်းနေတဲ့ [၁၇၄] သဘော တရားကြီးပဲလို့ ရှုမြင်ရမယ်တဲ့။ အဲဒီလို ရှုမြင်သုံးသပ်မှ ခန္ဓာငါးပါးပေါ်မှာ တွယ်တာမှုဆိုတာ လျော့ကျသွားမှာ ဖြစ်တယ် တဲ့။

အဲဒါကို အဋ္ဌကထာက ထပ်ပြီးရှင်းပြတယ်။ ဝိပရိဏာမ အဆိုးဘက်ကို ရုပ်ပျက်ဆင်းပျက် ပြောင်းလဲသွားတဲ့ သဘောဆိုတာ “ဇရာယ စေဝ မရဏေနစာတိ ဒွေဓာ ပရိဏာမ ပကတိတာယ ဝိပရိဏာမဓမ္မတော” တဲ့။ ဘုန်းကြီးတို့တတွေ ရလာတဲ့ ခန္ဓာကိုယ်ကြီးသည် အိုလာပြီဆိုရင် ပုံပျက်ပန်းပျက် ဖြစ်လာတယ်။ ခေါင်းပေါ်က ဆံပင်တွေ ဖြူလာတယ်၊ သွားတွေ ကျိုးလာတယ်၊ ပါးရေတွေ တွန့်လာတယ်။ အဲဒါ ဇရာရဲ့ သဘောကြောင့်၊ ဇရာရဲ့ အစွမ်းကြောင့် လူ့ရဲ့ ခန္ဓာကိုယ်ကြီးသည် အဆိုးဘက်ကို ပြောင်းလာတယ်လို့ ဆိုတာ။ အဲဒီလို ပြောင်းလာတဲ့သဘောတွေကို ဆင်ခြင်စဉ်းစားကြည့်ရမယ်တဲ့။

မအိုသေးတဲ့ သူက “တို့တော့ မပြောင်းသေးဘူး” လို့ မအောက်မေ့လေနဲ့။ နာရီနဲ့အမျှ၊ မိနစ်နဲ့အမျှ၊ စက္ကန့်နဲ့အမျှ အဆိုးဘက်ကို ပြောင်းနေတယ်။ မရောက်သေးတာသာ ရှိတယ်။ အဆိုးဘက်ကို ပြောင်းနေတာ။ မနေ့ကရုပ်နဲ့ ဒီကနေ့ ရုပ် မတူဘူး။ ဒီကနေ့ရုပ်နဲ့ မနက်ဖြန်ရုပ် တူမှာမဟုတ်ဘူး။ အဆိုးဘက်ကို ပြောင်းနေတာလို့ မှတ်သားရမှာ ဖြစ်တယ်ပေါ့။ တော်တော်လေး အိုသွားမှ လူတွေက ဆိုးလာမှန်းသိတယ်။ ခုန်ကျော်ပြီး အိုသွားတာတော့ မဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ တစ်ရက်ပြီးတစ်ရက် ပြောင်းလဲနေတဲ့ သဘောပဲ။

[၁၇၅] ပန်းပွင့်လေးဟာ ဒီကနေ့ လန်းလန်းဆန်းဆန်း ပွင့်တယ်။ မနက်ဖြန်ခါ ရင့်လာတယ်၊ သဘက်ခါကျတော့ နွမ်းပြီး ကြွေသွားတာ။ ရုတ်တရက် ကြွေတယ်လို့ မအောက်မေ့လေနဲ့။ ပထမနေ့က ပွင့်လန်းနေတာကို ဒုတိယနေ့ ပွင့်လန်းမှုက မမှီတော့ဘူး။ လျော့ကျသွားတယ်။ အဲဒီလိုပဲ တဖြည်းဖြည်း လျော့ကျပြီးတော့ အဆိုးဘက်ကို ရွေ့နေတယ်ဆိုတဲ့ ခန္ဓာရဲ့ သဘောကိုလည်း အာရုံပြုပြီးတော့ ကြည့်တတ်ဖို့ လိုအပ်တယ်ပေါ့။

အချိန်တွေ ကုန်သွားတယ်ဆိုတာ အချိန်က သူ့ဘာသာသူ ကုန်ရုံကုန်တာ မဟုတ်ဘူး။ ဘာတွေ ယူဆောင်သွားတုန်းဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ နုပျိုမှုတွေကို ယူဆောင်သွားတယ်။ ဒါ့ကြောင့် တဖြည်းဖြည်း ရင့်ရော်ပြီး ကျန်ရစ်တာပေါ့။ ဘာနဲ့ ဥပမာတူသလဲဆိုရင် မီးလောင်ထားတဲ့ နေရာကြည့်လိုက်ရင် အရုပ်ဆိုး အကျည်းတန် မဲကျန်ရစ်တာနဲ့ တူတယ်။ ဇရာတရား ဖြတ်သန်းသွားပြီဆိုရင် လူ့ရဲ့ခန္ဓာကိုယ်မှာလည်း ခေါင်းပေါ်က ဆံပင်တွေ အဖြူဖြစ်ကုန်တယ်။ ပါးရေတွေ တွန့်ကုန်တယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဇရာတရားက နုပျိုမှုအားလုံးကို လုယက်သွားတာ။ နုပျိုမှုတွေ အကုန်လုံး ကျဆင်းသွားတယ်။ လူတွေက “ဪ နဂိုတုန်းက ချောချောလှလှ နုနုပျိုပျိုလေး။ ခုအိုသွားလိုက်တာ” လို့ ပြောကြတယ်။ တကယ်တော့ တဖြည်းဖြည်း ယိုယွင်းလာတာကိုသိဖို့ လိုအပ်တယ်ပေါ့။ အဲဒါကိုပြောတာ ဝိပရိဏာမဓမ္မ တဲ့။

[၁၇၆] ခန္ဓာကိုယ်ကြီးသည် အခုလို အဆိုးဘက်ကို၊ ရုပ်ပျက်ဆင်းပျက်ဘက်ကို ပြောင်းလဲနေတဲ့ သဘောရှိတယ်ဆိုတာကို သတိနဲ့ စောင့်ကြည့်နေဖို့၊ ပညာနဲ့ ဆင်ခြင်ကြည့်ဖို့ လိုအပ်တယ်။ သတိ ယူပေးတဲ့အတိုင်း ပညာနဲ့ဆင်ခြင်သုံးသပ်နေဖို့ အရေးကြီးတယ်လို့ ဆိုလိုတာ။

နောက် မရဏ နဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာ ကြည့်လေ။ အသက်ဆိုတဲ့ ဇီဝိတရှိနေသေးသမျှ လူ့ရဲ့ ခန္ဓာကိုယ်ကြီး ပုပ်သိုးမသွားသေးဘူး။ အလွန်အမင်းကြီး စက်ဆုပ်ရွံရှာဖွယ် မဖြစ်သေးဘူး။ မရဏ ဖြစ်လာလို့ ဇီဝိတ ဆိုတာ ချုပ်ငြိမ်းသွားတာ။ ဇီဝိတိန္ဒြေ ချုပ်သွားတာနဲ့ တစ်ပြိုင်နက် လူ့ရဲ့ခန္ဓာကိုယ်သည် ရုပ်ပျက်ဆင်းပျက် ဖြစ်ရုံမျှမက နှစ်ရက်ကနေ သုံးရက်၊ သုံးရက်ကနေ လေးရက်ဆိုရင် ဖူးယောင်ပုပ်ပွပြီး ရုပ်ပျက်ဆင်းပျက် ပြောင်းလဲသွားတာတဲ့။ ဒီအဓိပ္ပါယ်ကို ဆိုလိုတယ်။ ဒါကြောင့် ရုပ်ခန္ဓာကိုယ်ကြီးသည် အိုခြင်း၊ သေခြင်း ဆိုတဲ့ သဘာဝတရားတွေကြောင့် ရုပ်ပျက်ဆင်းပျက်ဘက်ကို ပြောင်းလဲနေတဲ့ အရာပဲ။

နာမ်တရားတွေကတော့ ရုပ်ပျက်ဆင်းပျက် မဖြစ်ဘူးလားဆိုတော့ ဖြစ်တာပဲ။ သူတို့က ပိုမြန်သေးတယ်။ အခုဖြစ်ပြီး အခုပျက်သွားတာ။ ရုပ်ပုံ မရှိတော့ မမြင်ရလို့ သူ့ရဲ့ အိုမင်းမှုကို မသိလိုက်ကြရတာ။ ရုပ်တရားကြီးရဲ့ အိုမင်းမှုကိုတော့ သိနိုင်ကြတယ်ပေါ့။

[၁၇၇] နာမ်တရားမှာလည်း ဇရာရှိတယ်။ နာမ်တရားရဲ့ ဇရာကို အပါကဋဇရာ လို့ခေါ်တယ်။ မထင်ရှားတဲ့ ဥပါဒ်၊ ဌီ၊ ဘင် လို့ဆိုတဲ့ ခဏသုံးမျိုးထဲမှာ ဥပါဒ် ဆိုတာလာပြီး တောက်လျှောက် ဒီရောက်တာဟာ ဇရာပဲ။ ဘင် ကျတော့ ပျက်စီးသွားတယ်တဲ့။ နာမ်တရားတွေရဲ့ ပျက်စီးမှုက ပိုပြီးလျှင်မြန်လို့ မသိလိုက်နိုင်ကြတာ။

ဒါ့ကြောင့် မိမိတို့ သန္တာန်မှာရှိတဲ့ ခန္ဓာကိုယ်ကို ငယ်ရွယ်သူရော ကြီးသူပါ ဘယ်လို နှလုံးသွင်း ဆင်ခြင်ရမလဲဆိုရင် ပဉ္စက္ခန္ဓ -ခန္ဓာငါးပါးတို့ကို၊ ဝိပရိဏာမဓမ္မတော -အဆိုးဘက်သို့ ရုပ်ပျက်ဆင်းပျက် ပြောင်းလဲနေတဲ့ သဘောရှိတဲ့ တရားပဲလို့၊ ပဿန္တော - ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တဲ့ ပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ -အနုလောမိက ခန္တီဉာဏ် ကို၊ ပဋိလဘတိ -ရရှိနိုင်၏။

အနုလောမိက ခန္တီဉာဏ်ဆိုတာ ဝိပဿနာဉာဏ်မှာ အဆင့်အမြင့်ဆုံး ဝိပဿနာဉာဏ် သင်္ခါရုပေက္ခာ ရဲ့ နောက်မှာလာတဲ့ မဂ်ဉာဏ်နဲ့ လျော်ညီစွာဖြစ်တဲ့ ဝိပဿနာဉာဏ်ကို ခေါ်တယ်။ မဂ်ကို ဖြစ်ပေါ်လာစေနိုင်တဲ့ စွမ်းရည်သတ္တိရှိလို့ အနုလောမိကခန္တီ လို့ပြောတာ။ ခန္တီ ဆိုတဲ့ အဓိပ္ပါယ်က ခမု သဟနေ ဆိုတဲ့ သဒ္ဒါဓာတ်ကျမ်းအရ စွမ်းရည်သတ္တိကို ဆိုလိုတယ်။ မဂ်စိတ်ကို ဖြစ်ပေါ်လာစေအောင် အစွမ်းသတ္တိထက်လို့ အနုလောမိက ခန္တီဉာဏ်လို့ ခေါ်တာ။ အဲဒီ အနုလောမိက ခန္တီဉာဏ် ရပြီဆိုတော့မှ ဝိပဿနာဉာဏ်က မဂ်ဉာဏ်ကို ဖြစ်ပေါ်လာစေတယ်လို့ ဆိုလိုတာနော်။

[၁၇၈] အဲဒီတော့ မဂ်ဉာဏ်ဖြစ်ပေါ်လာရင် ခန္ဓာငါးပါးအပေါ်မှာ တွယ်တာမှုတွေ ချုပ်ငြိမ်းသွားတယ်။ တွယ်တာမှု ချုပ်ငြိမ်းသွားသည့်အတွက် ဖြစ်လာမယ့်ခန္ဓာငါးပါးလည်း ချုပ်ငြိမ်းရတယ်။

“ပဉ္စန္နံ ခန္ဓာနံ နိရောဓော အဝိပရိဏာမဓမ္မံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ ဩက္ကမတိ” ခန္ဓာငါးပါး ချုပ်ငြိမ်းသွားခြင်းသည် “ဝိပရိဏာမ” အဆိုးဘက်ကို ပြောင်းသွားတာမျိုး ဘယ်တော့မှ မလာတော့ဘူး။ မရှိတော့ဘူးလို့ ဆိုလိုတယ်။

ခန္ဓာငါးပါး ရှိနေသမျှ ဝိပရိဏာမဓမ္မ -အဆိုးဘက်ကို ပြောင်းနေဦးမှာပဲ။ ခန္ဓာငါးပါး ချုပ်သွားပြီဆိုရင် အဆိုးဘက်ကို ပြောင်းတာမရှိတော့ဘူး။ အဆိုးဘက်ကို မပြောင်းတော့တဲ့ အရာသည် ဘာလဲဆိုရင် နိဗ္ဗာန်ပဲဖြစ်တယ်။ အဲဒီလို ပဿန္တော- ရှုမြင်လိုက်တဲ့ယောဂီပုဂ္ဂိုလ်သည်၊ သမ္မတ္တနိယာမံ -ထာဝရ မှန်ကန်ပြီး ခိုင်မာတဲ့ မဂ်ဉာဏ်သို့၊ ဩက္ကမတိ - ရောက်ရှိ၏။ မဂ်ကျသွားတယ်လို့ ဆိုလိုတာပေါ့။

ဝိပဿနာဉာဏ်နဲ့ ခန္ဓာငါးပါးကို ဝိပရိဏာမဓမ္မ လို့ ရှုနေရင်းကနေပြီး ကိလေသာတွေ ကုန်သွားတဲ့အခါ ခန္ဓာငါးပါး မဖြစ်တော့တာသည်ပင်လျှင် အဝိပရိဏာမဓမ္မ ဖြစ်တဲ့ နိဗ္ဗာန် ပဲလို့ မြင်လိုက်တယ်။ အခုလို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် နိဗ္ဗာန်ကို အာရုံပြုပြီး မဂ်စိတ် ဖြစ်ပေါ်လာတယ်။ မြတ်စွာဘုရားက ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ဆိုတဲ့ ရှုကွက်နည်းအပြင် အခု “ဝိပရိဏာမဓမ္မ” လို့ ရှုခိုင်းတာပဲ။ ဒါ့ကြောင့်မို့ ခန္ဓာငါးပါးကို ရှုတဲ့အခါမှာ အမျိုးစုံ ရှုလို့ရတယ်ပေါ့။

[၁၇၉] ဓမ္မပဒပါဠိတော်မှာ

“ယထာ ပုဗ္ဗုဠကံ ပဿ၊
ယထာ ပဿေ မရီစိကံ” တဲ့
“ပုဗ္ဗုဠကံ” ဆိုတာ ရေပွက်ကလေးလိုလည်း ရှုလို့ရတယ်။ တံလျပ်လိုလည်း ရှုလို့ရတယ်တဲ့။

“ကုမ္ဘူပမံ ကာယမိမံ ဝိဒိတွာ” အလွယ်တကူနဲ့ ကွဲသွားတတ်တဲ့ အိုးလိုပဲ ခန္ဓာကိုယ်ကြီးသည် အလွယ်တကူနဲ့ ပျက်စီးသွားတယ်ဆိုတဲ့ သဘောနဲ့လည်း ရှုလို့ရတယ်ပေါ့။ အဲဒီတော့ ဝိပဿနာ ရှုပုံရှုနည်းတွေဟာ အခုနည်း (၄၀)အပြင် တခြားနည်းနဲ့လည်း ရှုလို့ရတယ်။ ဘယ်နည်းနဲ့ပဲရှုရှု ခန္ဓာငါးပါး အပေါ်မှာ တွယ်တာမှုတွေကင်းဖို့ရာ အဓိက ဖြစ်တယ်။

တွယ်တာမှု တဏှာကင်းတဲ့အခါမှာ တဏှာက ထုတ်လုပ်နေတဲ့ ခန္ဓာဆိုတာ ဘယ်တော့မှ မလာတော့ဘူး။ အဲဒါကို ပြောတာ “ပဉ္စန္နံ ခန္ဓာနံ နိရောဓော- တဏှာကင်းပြတ်သွားသည့် အတွက်ကြောင့် ခန္ဓာငါးပါးတို့ရဲ့ ထာဝရနောက်ဆုံးပိတ် ချုပ်ငြိမ်းသွားခြင်းသည်၊ အဝိပရိဏာမဓမ္မံ နိဗ္ဗာနန္တိ- မပြောင်းလဲတော့တဲ့သဘောရှိတဲ့နိဗ္ဗာန်ပဲ” လို့ မြင်လိုက်တာနဲ့တစ်ပြိုင်နက် မဂ်စိတ်သည် ဖြစ်ပေါ်လာတယ်။ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းအာရုံ တစ်ခုကနေပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် အဆင့်ထိအောင် ဟောထားပေးထားတာ ဖြစ်တယ်ပေါ့။ ဒါက ရှုကွက်(၂၅)ခုမြောက်အနေနဲ့ ရှုပုံရှုနည်းပဲ။

[၁၈၀] (၂၆) အသာရကတော

နောက် (၂၆)ခုမြောက် ရှုကွက်မှာ ဘယ်လိုဟောလဲဆိုရင် “ပဉ္စက္ခန္ဓေ အသာရကတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။
ပဉ္စက္ခန္ဓ -ခန္ဓာငါးပါး တို့ကို၊ အသာရကတော -အနှစ်သာရ ခိုင်မာမှု မရှိတဲ့ အရာလို့၊ ပဿန္တော -ရှုမြင်တဲ့ ပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ - အနုလောမိက ခန္တီဉာဏ်ဆိုတဲ့ အစွမ်းထက်တဲ့ ဝိပဿနာဉာဏ်, မဂ်ကိုဖြစ်ပေါ်စေနိုင်တဲ့ ဝိပဿနာဉာဏ် ကို၊ ပဋိလဘတိ -ရရှိနိုင်၏။

ဝိပဿနာဉာဏ်တိုင်းက မဂ်ကို ဆိုက်တာ မဟုတ်ဘူး။ အနုလောမိက ခန္တီဉာဏ်ရမှ မဂ်စိတ်ဆိုတာဖြစ်တာ။ ဝိပဿနာဉာဏ်တွေဆိုတာ အဆင့်ဆင့်တက်သွားတာ။ အခုလို ခန္ဓာငါးပါးသည် အနှစ်ကင်းမဲ့တယ်၊ ခိုင်မာမှုမရှိဘူးလို့ စေ့စေ့စပ်စပ် သတိသမ္ပဇညနဲ့ ရှုဆင်ခြင်မယ်ဆိုရင် မဂ်စိတ်ကို ဖြစ်ပေါ်စေတဲ့ “အနုလောမိကခန္တီဉာဏ်” ထိအောင် ရနိုင်တယ်လို့ မြတ်စွာဘုရားကဟောတာနော်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ အသေးစိတ် ရှင်းပြီးတော့ပြတယ်။

အနှစ်သာရ မရှိဘူး ခိုင်မာမှု မရှိဘူးဆိုတာကို အဋ္ဌကထာတွေကျတော့ ဘယ်လိုရှင်းပြလဲဆိုရင် ခန္ဓာငါးပါးသည် သူ့ပင်ကိုယ်သဘာဝကိုက ဒုဗ္ဗလတာယ အားမရှိဘူးတဲ့။ အားမရှိဘူးဆိုတာ ခန္ဓာကိုယ်ကြီးက ပြိုကွဲဖို့ရာအတွက်ပဲ ဖြစ်တယ်။ သံနဲ့ လုပ်ထားတာ မဟုတ်ဘူး။ သံနဲ့လုပ်ထားတာ [၁၈၁] မဟုတ်သည့် အတွက်ကြောင့် အင်အားမရှိဘူး။ ခိုင်ခန့်မှု မရှိဘူးလို့ ပြောတာ။

ဥပမာ- ကြက်ဥ၊ ငှက်ဥကလေးတွေ မတော်တဆ လွတ်ကျရင် ကွဲသွားတယ်။ ဒါဆို မခိုင်မာဘူးလို့ ပြောကြတယ်။ အင်မတန်မှ ထိခိုက်လွယ်တယ်ပေါ့။ အဲဒီ ထိခိုက်လွယ်တယ်ဆိုတဲ့ ကြက်ဥ၊ ငှက်ဥကလေးတောင်မှပဲ အခွံက ထူသေးတယ်။ ခြင်တွေက အဲဒီ ကြက်ဥ၊ ငှက်ဥကို ဖောက်ပြီးတော့ မစုပ်နိုင်ဘူး။ လူ့ရဲ့ခန္ဓာကိုယ်က အဲဒီ ကြက်ဥလောက်တောင် မမာဘူးလို့ ပြောရမယ်။ ခြင်က ဖောက်ပြီး စုပ်နိုင်လေ။

ဒါကြောင့်မို့ နကုလပိတုသုတ် မှာ မြတ်စွာဘုရားက အဏ္ဍဘူတော ကြက်ဥ ငှက်ဥသဖွယ် ဖြစ်တယ်လို့ ဟောထားတာ။ အဲဒီ စကားကို အဋ္ဌကထာ ဆရာကြီးက ရှင်းပြတယ်။ “ကြက်ဥကမှ မာသေးတယ်၊ ခြင်တွေက ဖောက်ပြီး မစုပ်နိုင်ဘူး။ လူ့ရဲ့ ခန္ဓာကိုယ်က ကြက်ဥလောက်တောင် မမာဘူး” တဲ့။ ဟုတ်တယ်နော် မလဲလိုက်နဲ့၊ လဲလိုက်ရင် ကွဲသွားပြီ။ ခလုတ် မတိုက်လိုက်နဲ့ တိုက်လိုက်ရင် ကျိုးသွားပြီ။ ခန္ဓာကိုယ်ကြီးက ခိုင်မာမှု လုံးဝမရှိဘူး။ အနှစ်သာရ လုံးဝမရှိဘူးလို့ ဆိုတာနော်။

အခုခေတ် ရောဂါတွေကများတော့ ပိုဆိုးသေးတယ်။ အရိုးပွရောဂါဆိုတာ ရှိသေးတယ်နော်။ အရိုးဆိုတာ မာတယ် ထင်နေတာ။ ဆရာတော်ကြီးတစ်ပါး တင်ပျဉ်ခွေလိုက်တာနဲ့ “ဖြောင်း” ဆို အရိုးကျိုးသွားတယ်။ ခလုတ်လေး တိုက်လိုက်တာနဲ့ အရိုးကျိုးသွားတယ်။ စတီး ခဏခဏ ထည့်ရလို့ [၁၈၂] “စတီးဆရာတော်” လို့တောင် အခေါ်ခံရတယ်။ အခုလည်းပဲ စတီးထည့်ထားရတဲ့လူတွေ များတာပဲ။ အဲဒီတော့ ခန္ဓာကိုယ်ကြီးသည် မာပါတယ်ဆိုတဲ့ အရိုးကတောင် မမာဘူးပေါ့။ ကျန်တဲ့ အရေဆိုတာက မထိနဲ့။ ထိရင် စုတ်ပြတ်သွားတာပဲ။ ခန္ဓာငါးပါးကြီးရဲ့ မခိုင်မာမှုကို ကြည့်ပြီးတော့ ပဉ္စက္ခန္ဓေ ခန္ဓာငါးပါးတို့ကို၊ အသာရကတော အနှစ်မဲ့တယ်၊ ခိုင်မာမှု မရှိဘူးလို့၊ ပဿန္တော သတိသမ္ပဇညဖြင့် ရှုမြင်ရမယ်လို့ ဆိုလိုတာပေါ့။ အဲဒီလို ရှုနေတာ၊ စဉ်းစားနေတာ၊ တွေးနေတာသည် ဝိပဿနာလုပ်နေတာပဲ။ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ ထိုင်နေမှ မဟုတ်ဘူး။ ဘယ်လို နေရာနေနေ ကုလားထိုင်ပေါ် ထိုင်ရင်းဖြစ်စေ၊ လမ်းလျှောက်ရင်းဖြစ်စေ အခုလို သဘာဝတရားတွေကို ဆင်ခြင်သုံးသပ်နေတာဟာ ကမ္မဋ္ဌာန်းထိုင်တာပဲ။

တည်တည်ငြိမ်ငြိမ်နဲ့ မျက်စိမှိတ်ပြီးတော့ ထိုင်တာတော့ အာနာပါနဿတိ ကျင့်တာဖြစ်မှာပေါ့။ ကမ္မဋ္ဌာန်းဆိုတာ ထိုင်ရုံထိုင်ရတာမှ မဟုတ်ဘဲ။ ဣရိယာပုထ်ထဲက ဘယ်ဣရိယာပုထ်နဲ့ပဲသွားသွား အဓိကကတော့ ကိုယ့်စိတ်ထဲမှာ ကမ္မဋ္ဌာန်းအာရုံနဲ့ နေဖို့က အရေးကြီးတယ်။ ကမ္မဋ္ဌာန်း ထိုင်တဲ့အခါတော့ ကမ္မဋ္ဌာန်းအာရုံ ရောက်တယ်။ မထိုင်တဲ့အခါ လွှတ်ထားလိုက်တယ်ဆိုရင် ဒုံရင်းပဲ ပြန်ဖြစ်မှာပေါ့။

သမာဓိဆိုတာ လွှတ်လိုက်တာနဲ့ ပျက်ပြယ်သွားတာ။ ပျက်စီးလွယ်တယ်ပေါ့။ နောက်ဆုံး ဈာန်ရတဲ့ “အပ္ပနာသမာဓိ”

[၁၈၃] မျိုးတောင်မှပဲ ဈာန်လျှောတယ်ဆိုတာ ရှိသေးတယ်လေ။ မပျက်စီးနိုင်တာ၊ ပြန်လျှောမကျတာကတော့ အသိဉာဏ်ပဲ ရှိတယ်။ အသိဉာဏ်ဆိုတာ တဖြည်းဖြည်း မြင့်တက်သွားတာ။ ပညာဆိုတာ သမာဓိလျှောကျသလို လျှောကျတာ မရှိဘူး။ ဒါ့ကြောင့် ဝိပဿနာဉာဏ်ဆိုတာ မိမိရဲ့ခန္ဓာပေါ်မှာ မှန်ကန်တဲ့ အမြင်တစ်ခုနဲ့ ရှုမြင်သုံးသပ်နေဖို့ လိုအပ်တယ်။

နောက်တစ်ခုက “ဖေဂ္ဂု ဝိယ သုခဘဉ္ဇ နိယ တာယ” တဲ့။ အားမရှိဘူး၊ တောင့်တင်းမှု မရှိဘူးဆိုတဲ့ အရာတွေက ပျော့ပေမယ့် ခိုင်တာရှိသေးတယ်။ ရော်ဘာတို့ ဆိုတာ ပျော့ပေမယ့် ခံနိုင်ရည်တွေ ရှိသေးတယ်။ အတော်နဲ့ ဆုတ်လို့မရဘူး၊ ဖောက်လို့မရဘူး။ ပျော့ပျော့လေးကလည်းပဲ ခိုင်ချင်ခိုင်နေသေး။

ခန္ဓာကတော့ အဲဒီလို မဟုတ်ဘူး။ ဖေဂ္ဂုဝိယ အကာလိုပဲတဲ့။ သစ်တုံးတွေမှာ အကာ, အခေါက်တွေ ရှိတယ်။ အဲဒီ “ဖေဂ္ဂု” အကာသည်၊ “သုခဘဉ္ဇနိယတာယ” အလွယ်တကူ ချိုးဖဲ့ဖောက်ထွင်းပစ်နိုင်တယ်တဲ့။ ခန္ဓာကိုယ်ကြီးသည်လည်း အဲဒီလို အလွယ်တကူ ချိုးဖဲ့ပစ်ဖို့လွယ်တယ်၊ ဖောက်ပစ်ဖို့လည်း လွယ်တယ်။ ဘယ်နေရာမှ ခန္ဓာကိုယ်ကြီးသည် ခိုင်မာနေတာ မရှိဘူး။

ဒါ့ကြောင့် “အသာရက” ခိုင်မာတဲ့အနှစ် ဘာတစ်ခုမှ မရှိဘူး။ ခန္ဓာငါးပါးသည် ပျက်စီးလွယ်တယ်၊ ကျိုးပဲ့လွယ်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ရှုမြင်သုံးသပ်ရမယ်။

[၁၈၄] အဲဒီလို ရှုမြင်နေခြင်းသည် ဝိပဿနာဉာဏ်နဲ့ ရှုမြင်သုံးသပ်ခြင်းပဲ ဖြစ်တယ်ပေါ့။

အဲဒီလို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သုံးသပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ကြီးရဲ့ အပြစ်တွေကို မြင်လာတယ်။ မြင်လာတဲ့အခါ ခန္ဓာကိုယ်ပေါ်မှာ ငြီးငွေ့လာတယ်၊ ခန္ဓာကိုယ်ကြီးကို မလိုချင်တော့ဘူး၊ လွတ်ချင်တယ်။ “မုစ္စိတုကမျတာ” ပေါ့။ လက်ထဲမှ ဆုပ်ကိုင်မထားချင်တော့ဘူး။ “ငါ့ဟာ” လို့ ဆုပ်ကိုင်မထားချင်တော့ဘူး။ လွှတ်ပစ်ချင်လာတယ်။ လွတ်ရာလွတ်ကြောင်းတွေ ကြည့်လာတယ်။ ခန္ဓာကိုယ်ကြီးပေါ်မှာ လျစ်လျူရှုလာနိုင်တယ်။ အဲဒီလို အသိဉာဏ်တွေက ဆင့်ကဲဆင့်ကဲ တိုးတက်လာတယ်။

တိုးတက်လာတဲ့ အခါကျတော့ အဓိကလက်သည်ဖြစ်တဲ့ တဏှာကို ဖယ်ရှားနိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်ကြီး နောက်ထပ် မဖြစ်လာတော့ဘူး။ ထာဝရချုပ်ငြိမ်းသွားတယ်။ “မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော” ဆင့်ကဲဆင့်ကဲ ချုပ်လာတဲ့အခါကျတော့ ခန္ဓာဆိုတဲ့ ဒုက္ခအစုကြီး ချုပ်သွားတယ်လို့ ပြောတာ။

အဲဒီလို ခန္ဓာငါးပါး ချုပ်ငြိမ်းသွားခြင်းသည် နိဗ္ဗာန်ပဲနော်။ အဲဒီ နိဗ္ဗာန်ကျတော့ ခုနက ခန္ဓာငါးပါးလို မခိုင်မာတာ မဟုတ်ဘူး။ ခိုင်မာတယ်။
ဒါ့ကြောင့် ပဉ္စန္နံ ခန္ဓာနံ -ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော -ချုပ်ငြိမ်းသွားမှုသည်၊ သာရံ နိဗ္ဗာနံ -တကယ့် အနှစ်သာရ ပြည့်တဲ့ နိဗ္ဗာန်ပဲလို့၊ ပဿန္တော -ရှုမြင်လျက်, သမ္မတ္တနိယာမံ [၁၈၅] သမ္မတ္တနိယာမဆိုတဲ့ မဂ္ဂနိယာမသို့, ဩက္ကမတိ -ရောက်ရှိသွား၏။ ဝိပဿနာဉာဏ်က မဂ်တရားကို ဖြစ်ပေါ်လာစေတယ်လို့ ဆိုလိုတာ။

ခုနက ရှုမြင်ပုံက ခန္ဓာငါးပါးကို မခိုင်မာဘူး၊ အနှစ်မဲ့တယ်လို့ ရှုတာ။ အဲဒီလို ရှုရင်းရှုရင်းကနေ တစ်ဖက်က ကြည့်လိုက်တော့ ခန္ဓာတွေ မရှိတာသည် “သာရ” အနှစ်ပြည့်တယ်လို့ မြင်လာတယ်။ အဲဒီ အနှစ်ပြည့်တာသည် နိဗ္ဗာန်ပဲလို့ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် “သမ္မတ္တနိယာမံ ဩက္ကမတိ” မဂ္ဂနိယာမထဲ ရောက်သွားတယ်လို့ ဆိုလိုတယ်။ မဂ်စိတ်ပေါ်လာတယ်။

ဒီရှုနည်းကလည်းပဲ ယောဂီပုဂ္ဂိုလ်တွေကို ဝိပဿနာကနေပြီး မဂ်စိတ်ထိအောင် ဖြစ်ပေါ်စေလိုက်နိုင်တယ်။ ဒါက (၂၆)ခုမြောက် ရှုပုံရှုနည်းဖြစ်တယ်။

(၂၇) အဃမူလတော

(၂၇)ခုမြောက် ရှုနည်းကျတော့ ပဉ္စက္ခန္ဓေ အဃမူလတော ပဿန္တော အနုလောမိကံ ခန္တိ ပဋိလဘတိ တဲ့။
ပဉ္စက္ခန္ဓေ - ခန္ဓာငါးပါးတို့ကို၊
အဃမူလတော - ဆင်းရဲဒုက္ခရဲ့ အရင်းခံလို့၊
ပဿန္တော - ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊
အနုလောမိကံ ခန္တီ - အနုလောမိကခန္တီဉာဏ်ကို၊
ပဋိလဘတိ - ရရှိနိုင်၏တဲ့။

[၁၈၆] ခန္ဓာငါးပါးကို အဃ မကောင်းမှု သို့မဟုတ် ဆင်းရဲဒုက္ခအဖြစ် ရှုမြင်ရမယ်။ ဆင်းရဲဒုက္ခ မကောင်းမှု အကုသိုလ်တွေသည် ခန္ဓာပေါ်မှာ အမှီပြုပြီး၊ ခန္ဓာနဲ့ ပတ်သက်ပြီး ဖြစ်နေတာ။ ခန္ဓာကြီးသည် မကောင်းမှု အကုသိုလ်မှန်သမျှတွေရဲ့ အခြေခံကြီးပဲတဲ့။ ခန္ဓာကိုယ်ပေါ်မှာ အပြစ်မြင်အောင် ကြည့်တဲ့ သဘောကို ဆိုလိုတယ်။ တစ်နည်းအားဖြင့် ဆင်းရဲဒုက္ခတွေရဲ့ အရင်းအမြစ်ကြီးပဲလို့ ရှုရမယ်။

ခန္ဓာငါးပါး ရှိနေသမျှ ကာလပတ်လုံး ဆင်းရဲဒုက္ခတွေ အားလုံးလာမှာပဲ။ ဒုက္ခမှန်သမျှက ခန္ဓာပေါ်မှာ စုကျလာတယ်။ ဒါ့ကြောင့် အဃဟေတုတာယ အဃမူလတော ဆင်းရဲဒုက္ခဖြစ်ဖို့ရာအကြောင်း သို့မဟုတ် အကုသိုလ်ဖြစ်ဖို့အကြောင်း ဖြစ်သောကြောင့် ခန္ဓာငါးပါးကြီးသည် “အဃမူလ” ဆင်းရဲဒုက္ခတွေရဲ့ အရင်းအမြစ် သို့မဟုတ် အကုသိုလ်တွေရဲ့ အရင်းအမြစ်ပဲလို့ ခန္ဓာငါးပါးရဲ့အပြစ်ကို ကြည့်ရတယ်။ အဲဒီလို ဝိပဿနာဉာဏ်နဲ့ ကြည့်လိုက်ပြီဆိုရင် ခန္ဓာငါးပါးပေါ်မှာ ငြီးငွေ့လာတယ်။

နောက်ဆုံးမှာ ခန္ဓာငါးပါးကို မလိုချင်တော့ဘူး တဏှာကုန်ခန်းသွားတယ်။ အဲဒီလို တဏှာကုန်ခန်းသွားတဲ့အခါ အမြင်က ဘယ်လိုပြောင်းတုန်းဆိုရင်
ပဉ္စန္နံ ခန္ဓာနံ - ခန္ဓာငါးပါးတို့ရဲ့၊
နိရောဓော - ချုပ်ငြိမ်းသွားမှုသည်၊
အနဃမူလံ - အကုသိုလ်တွေရဲ့ အခြေခံမဟုတ်တော့တဲ့, ဆင်းရဲဒုက္ခတွေရဲ့ အကြောင်းရင်း မဟုတ်တော့တဲ့၊
နိဗ္ဗာနံ - နိဗ္ဗာန်ပဲ။

[၁၈၇] ဆင်းရဲတွေကလည်း လွတ်ကင်းသွားပြီး အကုသိုလ်တွေကလည်း လွတ်ကင်းသွားပြီး။ ဒီလို ခန္ဓာငါးပါး ချုပ်ငြိမ်းသွားတာသည် တကယ့်နိဗ္ဗာန်ပဲလို့ ပဿန္တော - ရှုမြင်လျက်၊ သမ္မတ္တနိယာမံ - သမ္မတ္တနိယာမဆိုတဲ့ မဂ်တရားသို့၊ ဩက္ကမတိ - ရောက်ရှိသွားနိုင်၏ တဲ့။ ဒီရှုကွက်နဲ့လည်းပဲ ဝိပဿနာဉာဏ် ဖြစ်တယ်။

ဝိပဿနာရှုတယ်ဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုပြီး ဒီသုံးခုနဲ့တင် ရှုရတာ မဟုတ်ဘူး။ မိမိဉာဏ်ထဲမှာ ထင်လာတာတွေကို အကုန်ရှုလို့ရတယ်။ ခန္ဓာငါးပါးပေါ်မှာ ငြီးငွေ့စေနိုင်တဲ့ အမြင်တွေမှန်သမျှသည် ဝိပဿနာဉာဏ်တွေရဲ့ အတွေးအမြင်တွေပဲ ဖြစ်တယ်ပေါ့။

(၂၈) ဝဓကတော

နောက် (၂၈)ခုမြောက် ရှုနည်းကို ကြည့်ရအောင်။ မိမိတို့ရဲ့ ဉာဏ်အားလျော်စွာ ဘယ်လိုပဲ ရှူရှူ၊ ရှုပုံနည်းအမျိုးမျိုး ဟောထားတာ ဖြစ်တယ်။

ဝဓကတော - “ပဉ္စက္ခန္ဓေ ဝဓကတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ”
ပဉ္စက္ခန္ဓေ - ခန္ဓာငါးပါးတို့ကို၊
ဝဓကတော - သူသတ်ကြီးပဲ, လူသတ်သမားပဲလို့၊
ပဿန္တော - ရှုမြင်တဲ့ ပုဂ္ဂိုလ်သည်၊
အနုလောမိကံ ခန္တီ - အနုလောမိကခန္တီဉာဏ်ကို၊
ပဋိလဘတိ - ရရှိ၏တဲ့။

[၁၈၈] ခန္ဓာငါးပါးကို ဘယ်လိုမြင်ရမလဲဆိုရင် “ဝဓက” လူသတ်သမားလို့ မြင်ရမယ်တဲ့။ လောကလူတွေက လူသတ်သမားဆိုတာ အပြင်ကလူကိုပဲမြင်နေကြတာ။ ဘယ်သူ့ဖြင့် သတ်သွားပြန်ပြီ၊ ဘယ်သူ သတ်သွားတာဆိုပြီး တရားခံလိုက်ရှာ၊ ဖမ်းဆီးထောင်ချနော်။ ဝိပဿနာဉာဏ်နဲ့ ကြည့်တဲ့ပုဂ္ဂိုလ်ကျတော့ လူသတ်သမားဆိုတာ တခြားသူ မဟုတ်ဘူး။ ခန္ဓာငါးပါးကို လူသတ်သမားလို့ ခေါ်တာ။ ခန္ဓာငါးပါးက သူတင်သေတာ မဟုတ်ဘူး။ တခြားအရာတွေကိုလည်း သတ်သွားသေးတယ်။

ဇီဝိတဆိုတဲ့ နာမ်တရားနဲ့ ရုပ်တရားကိုပဲ ကြည့်။ နာမ်ဇီဝိတိန္ဒြေဆိုတာ စေတသိတ်ထဲမှာပါတဲ့ နာမ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ နာမ်ရဲ့ အသက်ဖြစ်တယ်။ ရုပ်ဇီဝိတိဆိုတာ ကမ္မဇရုပ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ရုပ်ရဲ့ အသက်ဖြစ်တယ်။ ဇီဝိတိန္ဒြေ ပျက်သွားပြီဆိုရင် သူတစ်ခုတည်း ပျက်တာ မဟုတ်ဘူး။ ကျန်တာတွေပါ အကုန်လုံး သတ်သွားတာ။ သူပျက်ရင် ကျန်တာတွေကလည်း ပျက်ရတယ်။ အဲဒီတော့ ဘယ်သူက သတ်တာတုန်းဆိုတော့ ဇီဝိတ ရုပ်နာမ်က သတ်တာပဲ။

နောက်ဆုံးမှာ ပထဝီဓာတ် ဖောက်ပြန်သွားရင် ပထဝီက သတ်လိုက်တာပဲ။ အာပေါဓာတ် ဖောက်ပြန်သွားရင်လည်း အာပေါက သတ်တာပဲ။ တေဇောဓာတ် ဖောက်ပြန်ရင်လည်း တေဇော သတ်တာပဲပေါ့။ ဝါယောဓာတ် ဖောက်ပြန်ရင်လည်း ဝါယော သတ်တာပဲပေါ့။ လောကလူတွေ သေဆုံးသွားကြ [၁၈၉] တာ ဘယ်သူသတ်နေတာလဲဆိုတော့ ခန္ဓာငါးပါး ရုပ်နာမ်တရားကပဲ သတ်နေတာလို့ ဆိုတယ်။

အဲဒီတော့ လူသတ်တရားခံကို လိုက်ရှာလိုက်တဲ့အခါ တခြားလူတွေကိုပဲ လိုက်ရှာနေတယ်။ သူများသတ်လို့ သေတာမဟုတ်ဘဲ ကိုယ့်ဘာသာ သေနေတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးပဲ ရှိတာကိုး။ ဒါ့ကြောင့် ခန္ဓာငါးပါးကို ဝဓက သတ်တတ်သူတဲ့။ သူကိုယ်တိုင်ကလည်း သေတတ်တယ်၊ သူများကိုလည်း သတ်တတ်တယ်လို့ ဆိုလိုတာ။ ဒါကြောင့်မို့ ခန္ဓာငါးပါးတို့ကို၊ သူသတ်သမားဟူ၍၊ ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ရမယ်လို့ ဆိုတာပေါ့။

ဘာဖြစ်လို့ သူသတ်သမား ခေါ်တာတုန်းဆိုတာကို အဋ္ဌကထာ ဖွင့်ပြတာက “မိတ္တမုခသပတ္တော ဝိယ ဝိဿာသဃာတိတာယ” တဲ့။ လူတွေဟာ ကိုယ့်ခန္ဓာကိုယ်ကို တသသနဲ့ နေကြတာလေ။ မလှ လှအောင်၊ မဝ ဝအောင် ပြင်ဆင်ပြီးတော့ နေကြတာ။ အမျိုးစုံလုပ်တယ်။ အဲဒါ မိတ်ဆွေ ထင်ပြီးတော့ အပေါင်းအသင်း လုပ်နေတာပဲ။ ဘယ်သူ့ကို အပေါင်းအသင်း လုပ်နေတုန်းဆိုတော့ ခန္ဓာငါးပါးကြီးကို အပေါင်းအသင်း လုပ်တယ်။

ခန္ဓာငါးပါးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးတယ်။ မနက် မိုးလင်းရင် Toilet ထဲဝင်၊ မျက်နှာသစ်၊ သွားတိုက်၊ ကောဖီတို့ ဘာတို့ သောက်ပေးရသေးတယ်။ နံနက်စာ စားပေးရသေးတယ်၊ သူ့အကြိုက်တွေ အကုန်လုပ်ပေးနေရတာ။ သူ့ဝေယျာ [၁၉၀] ဝစ္စတွေကို ငါ့ဝေယျာဝစ္စလို့ ထင်ပြီး အကုန်လိုက်လုပ်ရတာ။ သူ့ဝေယျာဝစ္စ လုပ်ရတာ သူ့အတွက်တင် မဟုတ်ဘဲ သူ့ကို ဝတ်ဆင်ထားတဲ့ အဝတ်ရဲ့ ဝေယျာဝစ္စ၊ ပတ်ဝန်းကျင်နေစရာရဲ့ ဝေယျာဝစ္စတွေ အများကြီးပဲ လုပ်နေရတယ်။ ခန္ဓာငါးပါးရဲ့ ဝေယျာဝစ္စတွေ လုပ်နေလို့ မအားရဘူးနော်။ မအားရတာကို မအားရဘူးလို့ မထင်ဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်နေတာ။ ဒါ့ကြောင့်ခန္ဓာငါးပါးသည် ဘာနဲ့တူသလဲဆိုရင်“မိတ္တမုခသပတ္တော ဝိယ” မိတ်ဆွေယောင်ဆောင်ထားတဲ့ ရန်သူနဲ့ တူတယ်တဲ့။ ကိုယ့်ရန်သူကို ရန်သူလို့ မသိဘူး။ မိတ်ဆွေလို့ ထင်တယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့နေလို့ မှန်ထဲကြည့်လိုက်ရင် ပြုံးနေတာ တွေ့မှာကိုး။ ပြုံးရွှင်နေလို့ မိတ္တမုခ မိတ်ဆွေရင်းချာရဲ့ မျက်နှာရှိတဲ့၊ သပတ္တော ရန်သူတဲ့။ တကယ့်ကို မိတ်ဆွေလို ရင်းရင်းနှီးနှီး ဖြစ်နေတဲ့ ရန်သူမှန်းမသိရတဲ့ ရန်သူလို့ ဆိုလိုတယ်ပေါ့။ ခန္ဓာငါးပါးသည် တကယ့်ကို မိတ်ဆွေယောင် ဆောင်နေတဲ့ ရန်သူကြီးပဲ။

ဝိဿာသဃာတိတာယ - ခန္ဓာငါးပါးသည် အကျွမ်းဝင်အောင် မိတ်ဖွဲ့ပြီးမှသတ်တယ်တဲ့။ ခန္ဓာကိုယ်ကြီးသည် ကိုယ်နဲ့ အင်မတန်မှ ရင်းနှီးနေတယ်။ တကယ့်ကို မိတ်ဆွေရင်းကြီးပဲဆိုပြီး သတ်တော့ ဘယ်သူက သတ်တုန်းဆို သူကပဲ သတ်သွားတာ။ ရင်းနှီးကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်သည် အသတ်ခံရသလိုပဲ ခန္ဓာငါးပါးကြီးသည် သူကိုယ်တိုင်လည်း သေတတ်တယ်၊ ကျန်တဲ့ ခန္ဓာတွေကိုလည်း သတ်ဖြတ်သွားတတ်တယ်ပေါ့။

[၁၉၁] ဒါ့ကြောင့် သူသတ်သမားပဲတဲ့။ ခန္ဓာငါးပါးသည် တကယ့် သူသတ်သမားပဲလို့ ဝိပဿနာဉာဏ်နဲ့ ရှုဆင်ခြင်ရမယ် တဲ့။

အဲဒီလို ရှုဆင်ခြင်ရင် မဂ်ဉာဏ်ကို ဖြစ်စေနိုင်တဲ့ အနုလောမိကခန္တီဆိုတဲ့ စွမ်းရည်သတ္တိရှိတဲ့ ဉာဏ်တစ်မျိုးကို ရရှိလာနိုင်ပါတယ်တဲ့။ အဲဒီ ဉာဏ်တစ်မျိုး ရလာတဲ့အခါ ဘယ်လို မြင်လာတုန်းဆိုရင်
ပဉ္စန္နံ ခန္ဓာနံ - ခန္ဓာငါးပါးတို့ရဲ့၊
နိရောဓော - ချုပ်ငြိမ်းသွားမှုသည်, (ခန္ဓာငါးပါး မရှိမှုသည်၊)
အဝဓကံ - ဘယ်သူ့ကိုမှ မသတ်တတ်တဲ့, တကယ့်ကို လူသတ်သမား မဟုတ်တဲ့, ရင်းနှီးရတဲ့ တကယ့် မိတ်ဆွေ ပမာဖြစ်တဲ့၊
နိဗ္ဗာနံ - နိဗ္ဗာန်ပဲလို့၊
ပဿန္တော - ရှုမြင်လျက်၊
သမ္မတ္တနိယာမံ - သမ္မတ္တနိယာမဆိုတဲ့ မဂ္ဂနိယာမသို့၊
ဩက္ကမတိ - ရောက်ရှိသွားနိုင်၏။

ဝိပဿနာဉာဏ်ဖြစ်တုန်းက ခန္ဓာငါးပါးကို သူသတ်လို့ ရှုမြင်တယ်။ ခန္ဓာငါးပါးအပေါ်မှာ တွယ်တာမှုတွေ ကင်းသွားတဲ့အခါကျတော့ ခန္ဓာငါးပါးချုပ်ငြိမ်းမှုသည် မသတ်တတ်တဲ့၊ တကယ့်ကို သတ်ဖြတ်မှုကင်းတဲ့ နိဗ္ဗာန်ပဲလို့ မြင်တယ်။ အဲဒီလို မြင်လျက် မဂ်စိတ်ဆိုတာ ဖြစ်ပေါ်လာတယ်လို့ အခုလို ဒီရှူကွက်နဲ့တွဲဖက်ပြီး ဟောကြားတာ ဖြစ်တယ်ပေါ့။

[၁၉၂] (၂၉) ဝိဘဝတော

နောက် (၂၉)ခုမြောက် ရှုကွက်ကျတော့ ဘယ်လိုဟောတုန်းဆို “ပဉ္စက္ခန္ဓေ ဝိဘဝတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။
ပဉ္စက္ခန္ဓေ - ခန္ဓာငါးပါးတို့ကို၊
ဝိဘဝတော - ကြီးပွားမှုကင်းတဲ့အရာ, ပွားစီးမှုမရှိတဲ့အရာ, ပျက်စီးမှုတွေ ရှိနေတဲ့အရာလို့၊
ပဿန္တော - ရှုမြင်သောသူသည်။

ဝိဘဝဆိုတာ ကြီးပွားတိုးတက်မှု မရှိတာ။ (ဘဝ-ကြီးပွားတိုးတက်မှု၊ ဝိ-ကင်းနေတယ်၊) ဝိဘဝ- ကြီးပွားတိုးတက်မှု မရှိဘူး, ပျက်စီးဆုံးရှုံးမှုနဲ့သာ ကြုံရတယ်လို့ ဒီလိုမှန်ကန်တဲ့ အမြင်နဲ့ ရှုမြင်သုံးသပ်နိုင်ရမယ်တဲ့။

ဝိဘဝ ကို အဓိပ္ပါယ်ဖွင့်တဲ့ အခါမှာ ဝိဂတ ဘဝတာယ ကြီးပွားတိုးတက်မှုတွေ ကင်းသောကြောင့်လို့ ဖွင့်တယ်။ ဘယ်လို ကြီးပွားတိုးတက်မှုတွေ ကင်းတာတုန်းဆိုတော့ လူတွေသည် မွေးဖွားလာပြီးနောက် တဖြည်းဖြည်း ဆုတ်ယုတ်သွားပြီး နောက်ဆုံး သေတွင်းသေဝ ကျသွားတာပဲတဲ့ တိုးတက်လာတာ မဟုတ်ဘဲ ဆုတ်ယုတ်သွားတာလို့ ဆိုလိုတာပေါ့။ ဇရာတရားနဲ့ ဆုတ်ယုတ်သွားတယ်။ ဗျာဓိတရားနဲ့ ကြုံတဲ့အခါ ဆုတ်ယုတ်သွားတယ်။ မရဏတရားနဲ့ ဆုတ်ယုတ်သွားတယ်။

နောက်တစ်ခုက ဘာတုန်းဆို ဝိဘဝသမ္ဘူတတာယ ဝိဘဝဒိဋ္ဌိနဲ့ ဝိဘဝတဏှာ တို့က ဖြစ်ပေါ်စေတတ်တဲ့ ခန္ဓာငါးပါးသည် တကယ့် “ဝိဘဝ” ပျက်စီးနေတဲ့ အရာကြီးတစ်ခုပဲတဲ့။

[၁၉၃] ဝိဘဝဒိဋ္ဌိ ဆိုတာ ဘဝကြီး မရှိတော့မှု၊ ထာဝရပြတ်စဲသွားမှုလို့ မြင်တဲ့ မှားယွင်းတဲ့ အမြင်ကို မြင်ခြင်းဖြစ်တယ်။ ဥစ္ဆေဒဒိဋ္ဌိလို့ခေါ်တယ်။ အဲဒီ ထာဝရပြတ်စဲသွားမှုကို လိုလားတဲ့ တဏှာသည် ဝိဘဝတဏှာ ဖြစ်တယ်။ ဥစ္ဆေဒဒိဋ္ဌိ နဲ့ တွဲဖက်ပြီးလာတဲ့ တဏှာကို ခေါ်တာ၊ မရှိတာကို ကြိုက်တာဖြစ်တယ်။

တကယ်တော့ ဘဝကြီး မရှိအောင် ဘယ်အကြောင်းတရားတွေကို လုပ်ရမှာလဲ၊ ဘာ့ကြောင့် ဘဝကြီးက ဖြစ်ပေါ်တည်ရှိနေရတာလဲ ဆိုတာကို ဆင်ခြင်သုံးသပ်ရမယ်။ လူတစ်ယောက်သေရင် ဘယ်တော့မှ ပြန်မဖြစ်ဘူးဆိုတဲ့ မှားယွင်းတဲ့ အမြင် “ဝိဘဝဒိဋ္ဌိ” ရယ်၊ အဲဒီလို မှားယွင်းတဲ့ အမြင်ပေါ်မှာ နှစ်သက်ကျေနပ်မှုဆိုတဲ့ ဝိဘဝတဏှာ ရယ်၊ အဲဒီ တဏှာဒိဋ္ဌိ မကင်းသည့်အတွက်ကြောင့် ခန္ဓာငါးပါး ထပ်တလဲလဲ ဖြစ်နေတယ်။

“ဝိဘဝ” ဆိုတဲ့ နေရာမှာ သတ္တဝါရှိတယ်လို့ ယူဆထားသည့်အတွက်ကြောင့် ဝိဘဝဒိဋ္ဌိ ဖြစ်ရတာ။ သတ္တဝါရှိတယ်ဆိုတဲ့အပေါ်မှာ တွယ်တာမှုကြောင့် ဝိဘဝတဏှာ ဖြစ်ရတာ။ အကယ်၍သာ အကြောင်းချုပ်ရင် အကျိုးတရားတွေချုပ်တယ်၊ အကြောင်းဖြစ်ရင် အကျိုးတရားတွေ ဖြစ်နေမှာပဲဆိုပြီး အကြောင်းအကျိုး ဆက်စပ်ပြီး တွေးတတ်မယ်ဆိုရင်တော့ “ဥစ္ဆေဒဒိဋ္ဌိ” ဆိုတာ မဖြစ်နိုင်ဘူးပေါ့။ အကြောင်းချုပ်လို့ အကျိုးချုပ်သွားတယ်ဆိုတာကိုသိရင် ဒါ မှန်ကန်တဲ့ အမြင်တစ်ခုလို့ခေါ်တယ်။

[၁၉၄] အဲဒီလို အကြောင်းအကျိုး ဆင်ခြင်သုံးသပ်မှု မရှိဘဲနဲ့၊ အကြောင်းချုပ်လို့ အကျိုးချုပ်တာလို့ မယူဆဘဲနဲ့ ခန္ဓာကိုယ်ကြီး သေသွားရင် ထာဝရပြတ်စဲသွားတယ်။ အဲဒီအပေါ်မှာ ကျေနပ်နေတယ်ဆိုတဲ့ “ဝိဘဝဒိဋ္ဌိ၊ ဝိဘဝတဏှာ” နဲ့ ထင်မြင်တွေးတောတယ်။ တကယ်တော့ “ဝိဘဝသမ္ဘူတတာယ” ဝိဘဝဒိဋ္ဌိနဲ့ ဝိဘဝတဏှာတို့ကြောင့် ဖြစ်လာတဲ့ခန္ဓာကြီးသည် “ဝိဘဝ” ပျက်စီးနေတဲ့ အရာကြီးတစ်ခုပဲလို့ ဝိပဿနာဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ရမယ်။

အဲဒီလို ဆင်ခြင်သုံးသပ်တဲ့အခါ ခန္ဓာကြီးအပေါ်မှာ တွယ်တာမှုတွေ ကင်းသွားမယ်။ တွယ်တာမှုတွေ ကင်းသွားရင်
ပဉ္စန္နံ ခန္ဓာနံ - ခန္ဓာငါးပါးတို့ရဲ့၊
နိရောဓော - ချုပ်ငြိမ်းမှုသည်၊
အဝိဘဝံ - ဘယ်တော့မှ မပျက်စီးရတဲ့၊
နိဗ္ဗာနံ - နိဗ္ဗာန်ပဲရယ်လို့၊
ပဿန္တော - ရှုမြင်လျက်၊
သမ္မတ္တနိယာမံ - သမ္မတ္တနိယာမဆိုတဲ့ မဂ်တရားသို့၊
ဩက္ကမတိ - ရောက်ရှိသွားနိုင်၏ ဒီလိုဆိုတာနော်။ မဂ်စိတ် ဖြစ်လာနိုင်တယ်လို့ ပြောတာ။

ဝိပဿနာ ရှုကွက်ဖြစ်တဲ့ ခန္ဓာကိုယ်ကို အာရုံစိုက်ပြီး သတိသမ္ပဇညနဲ့၊ လုံ့လဝီရိယ အသုံးချပြီး ကြည့်တတ်ဖို့ လိုတယ်။ မဟာသတိပဋ္ဌာနသုတ်မှာ အာတာပီ သမ္ပဇာနော သတိမာ ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံပြီး ရှုမြင်သုံးသပ်နေရမယ်တဲ့။ အဲဒီလို ရှုမြင်သုံးသပ်ခြင်းဖြင့် ကိုယ့်သန္တာန်မှာ ဘာတွေ မဖြစ်တော့တာတုန်းဆိုရင် ဝိနေယျလောကေ အဘိဇ္ဈာ ဒေါမနဿံ [၁၉၅] အဘိဇ္ဈာနဲ့ ဒေါမနဿ မဖြစ်လာတော့ဘူးတဲ့။ ရှုရင်းကနေပြီး အဘိဇ္ဈာဆိုတာလည်း မဖြစ်လာတော့ဘူး၊ ဒေါမနဿ ဆိုတာလည်း မဖြစ်လာတော့ဘူး။

ဒါ့ကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ဝိပဿနာရှုဖွယ်လေးဆယ်ဆိုတဲ့ ဒီကျင့်စဉ်အရ ဘယ်နည်းနဲ့ပဲရှူရှူ နိဗ္ဗာန်ကို သွားတဲ့ တစ်ခုတည်းသော လမ်းကြောင်းပဲဆိုတာကို သိရှိကြပြီး မိမိတို့သန္တာန်မှာ အခွင့်အရေးသာတဲ့ အချိန်တိုင်း အချိန်တိုင်းမှာ အခုလို မှန်ကန်တဲ့ ရှုကွက်တွေနဲ့ ဝိပဿနာဉာဏ် ဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

[၁၉၆] ဝိပဿနာရှုဖွယ် တောလေးဆယ် အပိုင်း (၇)

သာသနာတော်နှစ် ၂၅၅၇-နှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၅- ခုနှစ် သီတင်းကျွတ်လဆန်း (၅)ရက်၊ ၂၀၁၃-ခုနှစ် အောက်တိုဘာလ (၉)ရက်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စင်ရပ် မဟာဗောဓိဘုရားဝင်း အတွင်း မဟာသန္တိသုခ ဓမ္မာရုံ၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မဒီပ ဗုဒ္ဓစာပေသင်တန်းကျောင်း စတုတ္ထအကြိမ် စာအောင်ဆုနှင်းသဘင် အကြိုဓမ္မသဘင် အခမ်းအနား၌ ဟောကြားအပ်သော၊ “ဝိပဿနာရှုဖွယ် တောလေးဆယ် အပိုင်း(၇)” အကြောင်းတရား ဒေသနာတော်။

ဝိပဿနာဆိုတာ အသိဉာဏ်ကို ပြောတာပဲ။ ထူးခြားတဲ့ အမြင်တစ်ခုလို့ ဆိုလိုတယ်။ “ဝိဝိဓေဟိ အနိစ္စာဒိ အာကာရေဟိ ပဿတီတိ ဝိပဿနာ” တဲ့။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ရှုထောင့်မျိုးစုံကနေပြီး ရုပ်တရား၊ နာမ်တရား သို့မဟုတ် ခန္ဓာငါးပါးကို ရှုမြင်သုံးသပ်နိုင်တဲ့ဉာဏ်လို့ ဆိုလိုတာ။

မိမိတို့ ရရှိထားတဲ့ ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတွေကို သာမန်အားဖြင့် ဘယ်ပုံစံနဲ့ မြင်တုန်းဆိုရင် “ငါ” လို့ မြင်တယ်၊ “ငါ့ဟာ” လို့ မြင်တယ်။ ဒီရုပ်နာမ်တွေပေါ်မှာ “ငါ, ငါ့ဟာ” လို့ မြင်တဲ့ အမြင်တွေဟာ မှားယွင်းတဲ့ အမြင်ပဲ။ ဒီ ရုပ်ခန္ဓာကြီးကို တင့်တယ်တယ်လို့ မြင်ရင်လည်း မှားယွင်းတဲ့ အမြင်ပဲ၊ [၁၉၇] ထာဝရ ခိုင်မြဲတယ်လို့ မြင်ရင်လည်း မှားယွင်းတဲ့ အမြင်ပဲ၊ ချမ်းသာတယ်လို့ မြင်ရင်လည်း မှားယွင်းတဲ့ အမြင်ပဲ။ ငါလုပ်ချင်ရာ လုပ်လို့ရတယ်၊ ငါ့အလိုအတိုင်း ဖြစ်တယ်ဆိုတဲ့ အမြင်တွေကလည်း မှားတဲ့အမြင်တွေပဲ။

မှားတဲ့အမြင်တွေ ပျောက်ကင်းဖို့ ဝိပဿနာကို ဆည်းပူး အားထုတ်ရမယ်။ ဝိပဿနာဉာဏ်ရဖို့ရာအတွက် အခြေခံကနေ သင်ကြားနာယူပြီး လက်တွေ့ ဆင်ခြင် သုံးသပ်မှုသည် အရေးကြီးတယ်။ အခု တရားနာရင်းလည်း တရားအာရုံပေါ်မှာ စိတ်ထားပြီး ခန္ဓာဉာဏ်ရောက်မယ်ဆိုရင်လည်း တရားကျင့်နေတယ်လို့ဆိုလို့ရတယ်။ တရားဓမ္မကို အာရုံစိုက်နာယူခြင်းသည်ပင်လျှင် အဲဒီတရားက သောတာပန် စသော အဆင့်မျိုးကိုပေးနိုင်လို့ ဖြစ်တယ်။

ရှေးတုန်းက တရားနာရင်းကနေ တရားထူးတရားမြတ် ရသွားကြတယ်ဆိုတာ ခန္ဓာဉာဏ်စိုက်လို့၊ အာရုံစိုက်လို့ ဖြစ်တယ်။ ထိုပုဂ္ဂိုလ်တွေဟာ ဓမ္မသောတလို့ခေါ်တဲ့ ဓမ္မအလျင်ပေါ်မှာ စိတ်ဝင်စားပြီး ခန္ဓာကိုယ်နဲ့ စပ်ဟပ်ကြည့်ရင် အသိဉာဏ် တစ်ဆင့်ပြီးတစ်ဆင့် တက်သွားနိုင်တယ်။ တရားထူး တရားမြတ်ထိအောင် ပေါက်ရောက်သွားနိုင်တယ်။ စတင်ကြားနာခါစက အနုဗောဓ လို့ခေါ်တဲ့ သဝန ပဋိဝေဓ ကို ရရှိတယ်။ အဲဒီကနေ ဆက်စပ်ပြီး နှလုံးသွင်းဆင်ခြင်မှုဆိုတဲ့ ဘာဝနာ ဖြစ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် “အနုဗောဓော ဟိ ဧကစ္စော ပဋိဝေဓသမ္ဗန္ဓော” လို့ဆိုတဲ့အတိုင်း “ပဋိဝေဓ ဉာဏ်” ထိ ရသွားတယ်။

[၁၉၈] ဗုဒ္ဓမြတ်စွာက ဝိပဿနာတရားနဲ့ ပတ်သက်ပြီး ရှုကွက်ပေါင်းလေးဆယ်ကို ဟောကြားခဲ့တယ်။ မိမိတို့သန္တာန်မှာ ရရှိထားတဲ့ ခန္ဓာငါးပါးကို မှန်ကန်တဲ့အမြင်နဲ့ မြင်ရမယ်။ ဒါကို သမ္မာဒိဋ္ဌိလို့ ခေါ်တာပဲ။ သမ္မာဒိဋ္ဌိသည် အဆင့်ဆင့်ရှိတယ်။ ကံတရားနဲ့ ကံတရားရဲ့ အကျိုးကို လက်ခံတဲ့ “ကမ္မဿကတာ သမ္မာဒိဋ္ဌိ” သည် အခြေခံသမ္မာဒိဋ္ဌိမျှသာ ဖြစ်တယ်ပေါ့။

ဝိပဿနာသမ္မာဒိဋ္ဌိ ကျတော့ “ငါ” ဆိုတာ မရှိဘူး၊ “ငါ့ဟာ” ဆိုတာ မရှိဘူး၊ ထာဝရမြဲနေတာလည်း မရှိဘူး၊ ထာဝရချမ်းသာတယ်ဆိုတာလည်း မရှိဘူး။ ဒီရုပ်နာမ်ခန္ဓာ တရားတွေသည် မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ ကိုယ့်အလိုအတိုင်း မဖြစ်တဲ့သဘောတွေပဲလို့ ရှုမြင်တယ်။ မှန်ကန်တဲ့ အမြင်ဖြစ်လို့ ဒါကို ဝိပဿနာသမ္မာဒိဋ္ဌိလို့ ခေါ်တာ။ ဝိပဿနာသမ္မာဒိဋ္ဌိကို ရှုပွားလိုက်ရင် မဂ်ကိုဆိုက်ရောက် သွားနိုင်တယ်ဆိုတာကို ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ ဟောကြားထားပြီး ရှုကွက်ပေါင်း (၄၀)ရှိတဲ့အထဲက ဒီကနေ့ (၃၀)ခုမြောက်ကစပြီး ဟောကြားပေးမယ်။
(၃၀) သာသဝတော

ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ တိုက်ရိုက်ဆိုထားတာက “ပဉ္စက္ခန္ဓေ သာသဝတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ” တဲ့။ ပဉ္စက္ခန္ဓေ- ခန္ဓာငါးပါးတို့ကို၊ သာသဝတော- အာသဝေါတရားရဲ့ အာရုံဖြစ်နေတဲ့ အရာလို့၊ ပဿန္တော- [၁၉၉] ရှုမြင်နိုင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ - အနုလောမိကခန္တီဉာဏ်ကို၊ ပဋိလဘတိ -ရရှိနိုင်၏။

ခန္ဓာငါးပါးကို အနိစ္စလို့ရှုမှ၊ ဒုက္ခလို့ရှုမှ၊ အနတ္တလို့ရှုမှ မဟုတ်ဘူး။ ခန္ဓာငါးပါးဆိုတာ အာသဝတရားတွေကို ဖြစ်ပေါ်စေတတ်တဲ့ အရာပဲ၊ အာသဝတရားတွေရဲ့ အာရုံဖြစ်နေတဲ့ အရာပဲလို့ ရှုမြင်ခြင်းဟာ ဝိပဿနာဉာဏ်ရဲ့ ရှုကွက်တစ်ခုပဲ ဖြစ်တယ်ပေါ့။

အဲဒီလို ရှုခြင်းအားဖြင့် ဝိပဿနာဉာဏ်တွေထဲမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ အနုလောမိကခန္တီဉာဏ် ကို ရတယ်တဲ့။ အနုလောမိက ဆိုတာ မဂ်ဉာဏ်ဖြစ်ဖို့အတွက် သင့်လျော်လျောက်ပတ်တဲ့၊ ခန္တီ ဆိုတာ မဂ်ဉာဏ်ကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိတဲ့ဉာဏ်လို့ အဓိပ္ပါယ်ရတယ်။ ဒီစကားလုံးနှစ်လုံး ပေါင်းလိုက်တာ။

ဝိပဿနာတရား အားထုတ်မှ ဝိပဿနာဉာဏ် အဆင့်မြင့်လာပြီ ရင့်ကျက်လာပြီဆိုမှ မဂ်စိတ်က ဖြစ်ပေါ်လာတာ။ ဝိပဿနာရဲ့ အကျိုးတရားသည် မဂ်ပဲဖြစ်တယ်ပေါ့။ မဂ်ဆိုတာ အားထုတ်ရတဲ့အရာ မဟုတ်ဘူး။ ရင့်ကျက်ပြီး ရရှိလာတဲ့ attainment ပေါ့။ မျက်မှောက်ပြုရတဲ့ တရားမျိုးသာ ဖြစ်တယ်။ ဝိပဿနာဆိုတာတော့ ဖြစ်ပွားစေရမယ့်တရား၊ ပွားအောင် လုပ်ရမယ့် တရားမျိုးဖြစ်တယ်။

မဂ်ဉာဏ်ပေါ်လာအောင် စွမ်းဆောင်နိုင်တဲ့ “အနုလောမိကခန္တီဉာဏ်” ဆိုတာ မဂ်ရဲ့ရှေ့မှာဖြစ်တဲ့ ဝိပဿနာဉာဏ်မျိုး [၂၀၀] ကို ခေါ်တယ်။ သစ္စာနုလောမိကလို့လည်း တစ်ခါတစ်ခါ သုံးတာရှိတယ်ပေါ့။ “ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘု” ထဲမယ်ပါတဲ့ အဆင့်အမြင့်ဆုံး ဝိပဿနာဉာဏ်လို့ ဆိုလိုတာ။ မဂ်ဉာဏ်နဲ့ ပေါင်းကူးပေးတဲ့ ဝိပဿနာဉာဏ်ပဲ။

ခန္ဓာငါးပါးသည် အာသဝတွေကို ပွားစီးစေတတ်တယ်။ အာသဝ ဆိုတာ ဘာတွေလဲ? မျက်စိကနေပြီး ကိလေသာတွေ စီးဝင်နေတယ်။ လောဘတွေ၊ ဒေါသတွေ၊ ဒိဋ္ဌိ အမြင်မှားမှုတွေ၊ မောဟတွေ စီးဝင်နေတယ်ပေါ့။ အာသဝ လို့ သတ်မှတ်ထားတာကတော့ လေးခုပဲ သတ်မှတ်ထားတယ်။ တရားကိုယ်အားဖြင့်တော့ သုံးမျိုးပဲ သတ်မှတ်ထားတယ်။ သို့သော် အာသဝ ဆိုတဲ့ စကားလုံးကို အဘိဓမ္မာမှာသာ ကန့်သတ်ထားပေမယ့် သဗ္ဗာသဝသုတ် မှာ ကိလေသာတွေ အားလုံးကိုပဲ အာသဝ လို့ ခေါ်နိုင်တယ်လို့ ဆိုတယ်။

မျက်စိက မြင်လိုက်တာနဲ့ လောဘဆိုတဲ့ ကိလေသာ ဖြစ်လာတယ်။ နားက ကြားလိုက်တာနဲ့၊ နှာခေါင်းက အနံ့ရလိုက်တာနဲ့၊ လျှာက အရသာ တွေ့လိုက်တာနဲ့၊ ခန္ဓာကိုယ်က ထိလိုက်တာနဲ့၊ စိတ်ကူးစိတ်သန်းလုပ်တာနဲ့ ကိလေသာတွေသည် စီးဝင်လာနိုင်တယ်တဲ့။ ဒါ့ကြောင့် ခန္ဓာငါးပါးကို အကြောင်းပြုပြီး ကိလေသာတွေ အများကြီး ဖြစ်လာနိုင်တယ်ပေါ့။ အာသဝတရားတွေသည် ဘာကို အာရုံပြုပြီး ဖြစ်နေတာတုန်းဆိုရင် ဒီခန္ဓာကိုပဲ အာရုံပြုပြီး ဖြစ်နေတာ။

[၂၀၁] အဆင်းကို အာရုံပြုမယ်ဆိုရင် ရူပက္ခန္ဓာကို အာရုံပြုတာပဲ။ အသံတို့၊ အနံ့တို့၊ အရသာတို့၊ အထိအတွေ့တို့ကို အာရုံပြုမယ်ဆိုရင်လည်း ရူပက္ခန္ဓာကို အာရုံပြုတာပဲ။ စိတ်ထဲမှာ ကြံစည်တွေးတောတာတွေ၊ ကိုယ့်စိတ်ကို ကိုယ်ပြန်စဉ်းစားတာတွေ၊ ကိုယ့်စေတသိက်ကို ပြန်စဉ်းစားတာတွေကျတော့ နာမ်တရားကို အာရုံပြုတယ်လို့ ပြောလို့ရတယ်။ အဲဒီလို ခန္ဓာငါးပါး ရုပ်နာမ်တရားကို အာရုံပြုပြီး အာသဝတရားတွေ ဖြစ်ပွားလာတယ်။ ဒါ့ကြောင့် ခန္ဓာငါးပါးသည် အာသဝတွေ ဖြစ်ဖို့ရာအတွက် အဓိကအခြေခံအကြောင်းကြီး ဖြစ်နေတယ်လို့ ဆိုလိုတာပေါ့။

အဲဒီ အာသဝတွေ ဖြစ်နေပြီဆိုရင် အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော လို့ဆိုတဲ့အတိုင်း အမှန်မသိမှု အဝိဇ္ဇာက ဖြစ်နေဦးမှာပဲ။ အမှန်မသိမှုရှိနေရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုတဲ့ အကောင်းအဆိုး ကံတရားတွေဟာ မိမိသန္တာန်မှာ စုမိဆောင်းမိ ဖြစ်နေဦးမှာပဲ။ ကံတရားတွေ စုမိဆောင်းမိနေပြီ ဆိုရင် ဝိညာဏဆိုတဲ့ ဘဝအစ ပဋိသန္ဓေသည် ရောက်လာဦးမှာပဲလို့ ပဋိစ္စသမုပ္ပါဒ်အရ ဒီလိုသိရတယ်။

ဒါ့ကြောင့် ခန္ဓာငါးပါးကို ရှုမြင်ရမှာတော့ ခန္ဓာငါးပါးဟာ အာသဝရဲ့ အကြောင်းတရားပဲ၊ အာသဝတွေကို ဖြစ်ပွားစေတတ်တဲ့ အရာပဲလို့ အပြစ်အနေနဲ့ ကြည့်ရှုသုံးသပ်ရမယ် တဲ့။ ခန္ဓာငါးပါးရနေရင် အာသဝတွေ ပွားစီးနေဦးမှာပဲလို့ ရှုမြင်သုံးသပ်လိုက်ခြင်းသည် ခန္ဓာငါးပါး ရချင်တဲ့စိတ်ကို လျော့ပါးသွားစေမယ်။

[၂၀၂] ခန္ဓာငါးပါးကိုရချင်တဲ့ တဏှာက လက်သည်ပဲဖြစ်တယ်။ အဲဒီ တဏှာကို အကြောင်းပြုပြီး ကံတရားတွေလုပ်ရင် ခန္ဓာငါးပါး ရလာတယ်။ တဏှာကို ဖြတ်တောက်ပစ်လိုက်ရင် ခန္ဓာ နောက်ထပ်ဖြစ်လာစရာ အကြောင်းမရှိဘူး။ အဲဒီလို အကြောင်းမရှိတော့လို့ ခန္ဓာငါးပါး ချုပ်ငြိမ်းသွားတာဟာ နိဗ္ဗာန်ပဲလို့ ရှုမြင်လာနိုင်တယ်ပေါ့။

ဝိပဿနာကျင့်တုန်းက ခန္ဓာငါးပါးသည် အာသဝရဲ့ အကြောင်းလို့ ရှုမြင်သုံးသပ်နေရင်း ခန္ဓာငါးပါးအပေါ်မှာ ငြီးငွေ့ပြီး တွယ်တာမှုတွေ ကင်းသွားတဲ့အခါ အနာသဝ နိဗ္ဗာန ခန္ဓာငါးပါး ချုပ်ငြိမ်းသွားမှုသည် အာသဝကင်းသွားတဲ့ နိဗ္ဗာန်ပဲ လို့ ရှုမြင်လာတယ်ပေါ့။

ပဉ္စန္နံ ခန္ဓာနံ - ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော - ချုပ်ငြိမ်းသွားမှုသည်၊ အနာသဝံ - အာသဝမရှိတဲ့၊ နိဗ္ဗာနန္တိ - နိဗ္ဗာန်ပဲ ဟု၊ ပဿန္တော - ရှုမြင်လိုက်တဲ့အခါမှာ၊ သမ္မတ္တနိယာမံ သမ္မတ္တနိယာမလို့ဆိုတဲ့ မဂ်စိတ်သို့၊ ဩက္ကမတိ - ဝင်ရောက်သွားနိုင်၏။

အဲဒီလို ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ သူ့ရှုကွက်နဲ့သူ ရှင်းပြထားတယ်နော်။ ခန္ဓာငါးပါးကို သာသဝ လို့ရှုပြီး ခန္ဓာငါးပါးအပေါ်မှာ တွယ်တာတဲ့ တဏှာကို ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက် ခန္ဓာငါးပါးရဲ့ ချုပ်ငြိမ်းမှုသည် အနာသဝ နိဗ္ဗာန် ပဲလို့ အာရုံပြုလာနိုင်တယ်တဲ့။ နိဗ္ဗာန်ကိုအာရုံပြုပြီး မဂ်စိတ် ဆိုတာ ပေါ်လာနိုင်တယ်လို့ ဒီလိုဆိုတာပေါ့။

[၂၀၃]
(၃၁) သင်္ခတတော

နောက်တစ်ခါ (၃၁)ခုမြောက် ရှုကွက်က ဘာတုန်းဆိုရင် ပဉ္စက္ခန္ဓေ သင်္ခတတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ တဲ့၊ ပဉ္စက္ခန္ဓေ - ခန္ဓာငါးပါးတို့ကို၊ သင်္ခတတော -အကြောင်းတရားတွေက စုပေါင်းပြီး ဖန်တီးထားတဲ့အရာလို့၊ ပဿန္တော - ရှုမြင်နိုင်တဲ့ ယောဂီသည်၊ အနုလောမိကံ ခန္တီ - အနုလောမိကခန္တီဉာဏ်ကို၊ ပဋိလဘတိ - ရရှိနိုင်၏။

ခန္ဓာငါးပါးကို အကြောင်းတရားတွေက ပေါင်းပြီး လုပ်ထားတဲ့အရာလို့ ရှုရမယ်။ ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုသလိုပဲ သင်္ခတ လို့ ရှုတာလည်း ဝိပဿနာရှုတာပဲလို့ သိရမယ်။ သို့သော် ပဋိသမ္ဘိဒါမဂ်ကို မကြည့်ဘူးဆိုရင် ခန္ဓာငါးပါးကို သင်္ခတ လို့ ရှုတာကို ဝိပဿနာရှုတာ မဟုတ်ဘူး လို့ ထင်ကောင်းထင်မိလိမ့်မယ်။

ပဉ္စက္ခန္ဓ - ခန္ဓာငါးပါးတို့ကို၊ သင်္ခတတော - အကြောင်းတရားတွေကပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့အရာ လို့ ရှုဖို့လိုတယ်တဲ့။ အကြောင်းတရားတွေက ပေါင်းစပ်ပြီး ထုတ်ထားတဲ့အရာ ဆိုတာသည် ဘယ်အခါပဲဖြစ်ဖြစ် အကြောင်းတရားတွေကို ရှုငဲ့ပြီးနေရမှာပဲ။ အဲဒီလို အကြောင်းတရားတွေပေါ်မှာ မူတည်နေတာဖြစ်လို့ အကြောင်းတရား ပြိုကွဲသွားရင် ခန္ဓာငါးပါးလည်း ပြိုကွဲသွားမှာပဲ။ အဋ္ဌကထာအဖွင့်မှာ ဟေတုပစ္စယေဟိ အဘိသင်္ခတတာယ တဲ့။ ဟေတုပစ္စယေဟိ- ဖြစ်စေတတ်တဲ့ အကြောင်း [၂၀၄] တရားနဲ့ ထောက်ပံ့တတ်တဲ့ အကြောင်းတရားတို့ကြောင့်။ အကြောင်းတရား နှစ်မျိုးရှိတယ်။ ဇနက နဲ့ ဥပတ္ထမ္ဘက လို့ခေါ်တယ်။ (Producing cause နဲ့ Supporting cause) ဖြစ်စေတတ်တဲ့ အကြောင်းတရားရယ်၊ အထောက်အကူပေးတဲ့ အကြောင်းတရားရယ်ပေါ့။

ဥပမာ မျိုးစေ့လေးတစ်ခုကိုကြည့် အမြစ်တို့ အညွန့်တို့ ဖြစ်လာတယ်ဆိုတာ မျိုးစေ့က ဖြစ်လာတာ။ မျိုးစေ့သည် အမြစ်နဲ့အညွန့်ကို ထုတ်ပေးတဲ့ Producing cause ဖြစ်တယ်။ မြေတို့၊ ရေတို့ကျတော့ Supporting cause အထောက်အကူ ပြုရုံပြုတာပဲ။ မြေကြီးက အမြစ်ကို မထုတ်နိုင်ဘူး။ ရေကလည်း အမြစ်ကို ထုတ်တာမဟုတ်ဘူး။ မျိုးစေ့လေးက ထုတ်တာ။ မျိုးစေ့၊ မြေ၊ ရေ တို့သုံးခုပေါင်းစပ်ပြီး သစ်ပင်လေး ဖြစ်လာတာပဲ။ ခန္ဓာငါးပါးဟာလည်း မျိုးစေ့နဲ့တူတဲ့ ကံတရားက ထုတ်လုပ်ပြီး မြေ၊ ရေနဲ့တူတဲ့ ကိလေသာတရားတွေက ထောက်ပံ့ကူညီထားလို့ ဖြစ်ပေါ်လာတာပေါ့။

ခန္ဓာငါးပါးသည် အဲဒီလို အကြောင်းတရားတွေက ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ အရာလို့ သိလိုက်ရသဖြင့် ခန္ဓာငါးပါးရဲ့ ခိုင်မာမှုမရှိခြင်းသည် ထင်ရှားတယ်ပေါ့။ အကြောင်းပေါ်မှာ မှီတည်ပြီးနေရတော့ ခန္ဓာငါးပါးသည် အားကိုးရလောက်တဲ့ အနေအထားမရှိဘူး။ အကြောင်းတရားတွေ မရှိရင် ခန္ဓာငါးပါး ပြိုကျသွားမှာပဲဆိုပြီး ခန္ဓာငါးပါးကို စိတ်ချယုံကြည်လို့ မရဘူး။ အဲဒီလို ရှုမြင်ရင် ခန္ဓာငါးပါးအပေါ်မှာ တွယ်တာမှုတွေ ကင်းလာနိုင်တယ်ပေါ့။

[၂၀၅] ခန္ဓာငါးပါးရှိနေသမျှ ခန္ဓာသည် အကြောင်းတရားတွေပေါ်မှာ မှီတည်နေရတယ်။ ခန္ဓာငါးပါး မရှိခြင်းသည် ကောင်းမြတ်တဲ့ အရာပဲလို့မြင်တဲ့ အနုလောမိကခန္တီဉာဏ် ရလိုက်တာနဲ့တစ်ပြိုင်နက် အမြင်တစ်ခု ပြောင်းသွားတယ်။

နောက်ဆုံးမှာ ခန္ဓာငါးပါး မရှိမှသာလျှင် အေးချမ်းတယ်လို့ မြင်လာတယ်။ ပဉ္စန္နံ ခန္ဓာနံ - ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော- ချုပ်ငြိမ်းမှုသည်၊ အသင်္ခတံ - အကြောင်းတရားတွေက ပြုပြင်စရာမလိုတဲ့ ၊ နိဗ္ဗာနန္တိ - နိဗ္ဗာန်ရယ်လို့၊ ပဿန္တော ရှုမြင်လျက်၊ သမ္မတ္တနိယာမံ - သမ္မတ္တနိယာမလို့ဆိုတဲ့ မဂ်တရားသို့ ၊ ဩက္ကမတိ - ဝင်ရောက်သွား၏။

ယောဂီပုဂ္ဂိုလ်သည် ခန္ဓာငါးပါးကို သင်္ခတ လို့ ရှုရာကနေပြီး ခန္ဓာငါးပါးမရှိတာကို အသင်္ခတ လို့ မြင်လာတယ်။ ခန္ဓာငါးပါးရဲ့ ချုပ်ငြိမ်းသွားမှုသည် တကယ့် အသင်္ခတ နိဗ္ဗာန် ပဲလို့ နိဗ္ဗာန်ကို တွေ့ဖြစ်သွားတယ်။

ဒီလို ရှုခြင်းကလည်း နိဗ္ဗာန်ကိုရောက်သွားနိုင်တယ်။ မဂ်စိတ်ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ရှင်းပြတာ။
(၃၂) မာရာမိသ

(၃၂)ခုမြောက် ရှုကွက်ကျတော့ ပဉ္စက္ခန္ဓေ မာရာမိသတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ။ ပဉ္စက္ခန္ဓေ- ခန္ဓာငါးပါးတို့ကို၊ မာရာမိသတော- မာရရဲ့ အစာပဲလို့၊ ပဿန္တော - ရှုမြင်သောသူသည်။

[၂၀၆] ဘယ် မာရ ရဲ့ အစာတုန်းလို့ဆိုရင် မစ္စုမာရ ကိလေသ မာရာနံ အာမိသတာယ မာရာမိ သတော တဲ့။ သေခြင်း ဆိုတဲ့ မာရ ရဲ့ အစာတဲ့။ သေမင်းရဲ့ အစာလို့ ပြောလိုတာပဲ။ ခန္ဓာငါးပါး ရထားသူသည် တစ်နေ့ကျတော့ သေဆုံးရမှာ ဖြစ်သည့်အတွက်ကြောင့် သေမင်းရဲ့အစာပဲလို့ ဆိုလိုတာပေါ့။ နောက်တစ်ခုက မသေခင်ဆိုရင် ခန္ဓာငါးပါး အပေါ်မှာ တပ်မက်နေတတ်တယ်။ မိမိကိုယ်တိုင်ကလည်း မိမိခန္ဓာကိုယ် ပေါ်မှာ တပ်မက်တဲ့အပြင် သူတစ်ပါး ခန္ဓာပေါ်မှာလည်း တပ်မက်တယ်။ သူတစ်ပါးကလည်း မိမိခန္ဓာပေါ်မှာ တပ်မက် တဲ့အပြင် သူတို့ခန္ဓာပေါ်မှာလည်း တပ်မက်တယ်ဆိုတော့ ကိလေသမာရ ရဲ့ အစာလည်း ဖြစ်တယ်တဲ့။

ခန္ဓာငါးပါး ဆိုတာ သေဖို့အတွက်လည်း ဖြစ်တယ်။ သေမင်းရဲ့ အစာလည်းဖြစ်တယ်။ နောက်ဆုံးသေခြင်းမှာပဲ အဆုံးသတ်ရတယ်ပေါ့။ ဒီ ခန္ဓာငါးပါး သည်ပဲ ကိလေသာဆိုတဲ့ မာရ ရဲ့ အစာလည်း ဖြစ်နေပြန်တယ်။ ခန္ဓာငါးပါး ကို စေ့စေ့တွေးကြည့်ရင် နေ့စဉ်နဲ့အမျှ ပြိုကွဲပျက်စီးနေတာ တွေ့ရ လိမ့်မယ်။ ပြန်လည် ပြန်လည် ဖြစ်ပေါ် နေခြင်းအားဖြင့် မသေ သေးဘူးလို့ လူတွေက ထင်နေကြတာ။

တကယ်ကတော့ ဖြစ်လာတဲ့ ရုပ်နာမ် တွေဟာ ပျက်သွား တဲ့အခါ နောက်ထပ်မပေါ်ဘဲ ပျက်သွားတာ။ အလားတူတွေ အစားထိုးနေသည့်အတွက်ကြောင့် လူတွေက အသက်ရှင်နေ တယ်၊ ရှိနေတယ်လို့ပဲ ယူဆတယ်။ တကယ်တော့ ဖြစ်ပြီးပျက် သွားသည့်အရာသည် ဘယ်တော့မှ ပြန်မလာတော့ဘူး။

[၂၀၇] ဖယောင်းတိုင်မီးလေးထွန်းပြီး ငြိမ်းကြည့်လိုက် အဲဒီမီး တောက်လေး ဘယ်ရောက်သွားတာတုန်းဆိုရင် ဘယ်သူမှ မပြောနိုင်ဘူး။ နောက်ထပ်ပြန်ထွန်းလို့ ပေါ်လာတဲ့မီးတောက် သည် အဲဒီ ငြိမ်းသွားတဲ့ မီးတောက်လားလို့ မေးရင် ဘယ်ဟုတ်မလဲနော်။ ခန္ဓာကိုယ်မှာလည်းပဲ မနေ့က ရှိတဲ့ ရုပ်နာမ် တွေ မနေ့က ကုန်ဆုံးပျက်စီးသွားပြီ။ ဒီကနေ့ရှိတဲ့ ရုပ်နာမ် က ဒီကနေ့အသစ်ပဲ ဖြစ်တယ်။ သို့သော် အလားတူ ဖြစ်နေသည့်အတွက်ကြောင့် မီးတောက်ကလေး ပြန်တောက် လာတယ်လို့ လူတွေက ပြောကြသလိုပဲ “ဒီလူ မသေသေးဘူး” လို့ ထင်နေကြတာ။ ဒါက အထင်မှားမှုမျှသာ ဖြစ်တယ်ပေါ့။ ဒါကို ဝိပဿနာဉာဏ် နဲ့ စေ့စေ့တွေးပြီး ကြည့်လိုက်တဲ့အခါ ခန္ဓာငါးပါး ဆိုတာ မစ္စုမာရ ဆိုတဲ့ သေမင်းရဲ့ အစာမျှသာ ဖြစ်တယ်။ သေဆုံးဖို့အတွက် မွေးဖွားလာတယ်လို့ ပြောရမယ်။ နောက်တစ်ခုက ကိလေသာ တွေ တိုးပွားလာဖို့ ကိလေသာ ရဲ့ အစာမျှသာဖြစ်တယ်။ အဲဒီ ရှုကွက်နှစ်ခုနဲ့ပဲ မာရာမိသတော -မာရရဲ့ အစာပဲလို့ ခန္ဓာငါးပါး ကို ရှုမှတ်ပွားများ အားထုတ် မယ်ဆိုရင် ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး နောက်ဆုံးမှာ အနုလောမိကခန္တီဉာဏ် ထိအောင် ရရှိသွားနိုင်တယ်လို့ ဆိုတာ ပေါ့။

အဲဒီလို ရသွားရင် ခန္ဓာငါးပါး အပေါ်မှာ စိတ်ပျက်ငြီးငွေ့ လာပြီး ခန္ဓာငါးပါး မရှိတာ ကောင်းတယ်ဆိုတဲ့ အမြင်တစ်ခု ပေါ်လာတယ်။ ပဉ္စန္နံ ခန္ဓာနံ ခန္ဓာငါးပါး တို့ရဲ့၊ နိရောဓော [၂၀၈] ချုပ်ငြိမ်းမှုဆိုတာသည်၊ နိရာမိသံ မစ္စုမာရ်, ကိလေသမာရ် တို့ရဲ့ အစာအာဟာရ မဟုတ်တဲ့။

ခန္ဓာမရှိသည့်အတွက်ကြောင့် ခန္ဓာရဲ့ချုပ်ငြိမ်းမှုအပေါ် မှာ သေခြင်းတရားကလည်း လက်လှမ်းမမှီဘူး။ ကိလေသာ ကလည်း လက်လှမ်းမမှီဘူး။ အဲဒီလို သေမင်းနဲ့ ကိလေသာ တို့ရဲ့အစာ မဟုတ်တော့သည့်အတွက် နိဗ္ဗာနန္တိ -ထာဝရ ငြိမ်းတဲ့ အငြိမ်းဓာတ်နိဗ္ဗာန်ပဲလို့၊ ပဿန္တော - ရှုမြင် လျက်၊ သမ္မတ္တ နိယာမံ - သမ္မတ္တနိယာမ လို့ ဆိုတဲ့ မဂ္ဂနိယာမ သို့၊ ဩက္ကမတိ - ဝင်ရောက်သွားနိုင်၏ တဲ့။ မဂ်စိတ်ကျသွားတယ်လို့ ပြောတာ။ မြတ်စွာဘုရားက ဒီတစ်ခု ရှုတာနဲ့ပဲ မဂ်ထိအောင် ရောက်နိုင်တယ်ဆိုတာကို ရှင်းလင်း ဟောကြားတာပဲ ဖြစ်တယ်ပေါ့။ ဝိပဿနာဉာဏ် နဲ့ ရှုဖို့ရာ အတွက် (၄ဝ)ထဲက ဒါ(၃၂)ခုမြောက် ရှုကွက်ပဲ။

(၃၃) ဇာတိဓမ္မတော

(၃၃)ခုမြောက်ရှုကွက်ကတော့ ပဉ္စက္ခန္ဓေ ဇာတိဓမ္မတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ။ ခန္ဓာငါးပါး ဆိုတာ ဇာတိဓမ္မ ဖြစ်ပေါ်လာတတ်တဲ့ သဘာဝရှိတယ်တဲ့။ ဘယ်ခန္ဓာ ပဲဖြစ်ဖြစ် ဇာတိ ဆိုတဲ့ မွေးဖွားမှုနဲ့ စကြတာ။ လူတွေရဲ့ ခန္ဓာ ကိုယ်မှ မွေးဖွားမှုနဲ့ စတာ မဟုတ်ဘူး။ နတ်တွေရဲ့ ခန္ဓာကိုယ်၊ ဗြဟ္မာတွေရဲ့ ခန္ဓာကိုယ်၊ ဘယ်ခန္ဓာကိုယ်ပဲဖြစ်ဖြစ် Rebirth ဆိုတဲ့ ပြန်လည်မွေးဖွားမှုနဲ့ စလာကြတာ။

[၂၀၉] ဒါ့ကြောင့် ခန္ဓာငါးပါး သည် ဇာတိဓမ္မ မွေးဖွားခြင်း သဘောရှိတယ်။ မွေးဖွားလိုက် သေဆုံးလိုက်၊ မွေးဖွားလိုက် သေဆုံးလိုက်နဲ့ ခန္ဓာကိုယ်သည် မွေးဖွားလာတယ်ဆိုရင် သေဆုံးခြင်းနဲ့ပဲ အဆုံးသတ်ကြရမှာပဲ။ မွေးဖွားလိုက်တာနဲ့ တစ်ပြိုင်နက် ဆင်းရဲဒုက္ခတွေ အားလုံးသည် ခန္ဓာကိုယ်မှာ စုပြုံပြီးတော့ ရောက်ရှိလာတယ်။ ဇာတိ ပိ ဒုက္ခာ ဆိုပြီး ဓမ္မစကြာ မှာ ဒုက္ခနဲ့ ပတ်သက်ပြီး ဟောတဲ့အခါမှာ ဒုက္ခဝတ္ထု တောဒုက္ခရဲ့တည်ရာဖြစ်လို့ ဟောတာဖြစ်တယ်။

ဘုန်းကြီးတို့တတွေ ပြောကြတယ်လေ “အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာ တွေ့ရတယ်” ဆိုတာလိုပဲ လူ့ဘဝရောက်လာတဲ့အခါ ပြဿနာတွေ၊ ရောဂါဝေဒနာ ပေါင်းစုံတွေ၊ ဆင်းရဲဒုက္ခပေါင်းစုံတွေဟာ ခန္ဓာငါးပါး နဲ့ ပတ်သက်တာတွေချည်းပဲ။ ခန္ဓာငါးပါး နဲ့ မပတ်သက်ဘဲနဲ့ ဘာတစ်ခုမှ မဖြစ်ဘူး။ ခေါင်းကိုက်ရတာလည်း ခန္ဓာဖြစ်လာ လို့ပဲ။ ရောဂါဝေဒနာမျိုးစုံ ဖြစ်ရတာ၊ ပြဿနာမျိုးစုံ မြင်တွေ့ရ တာတွေဟာ မွေးဖွားလာလို့ ဖြစ်တာ။ မမွေးဖွားရင် ဒီပြဿနာ တွေ ဖြစ်မလာဘူးလို့ ဆိုတာပေါ့။

အဲဒီလို ခန္ဓာငါးပါး သည် ဖြစ်ပေါ်လာခြင်းသဘော ရှိ တယ်။ အန္တရာယ်တွေအားလုံးကို ဖိတ်ခေါ်နေတဲ့ အနေ အထားမျိုးရှိတယ်လို့ သိလာတော့ ခန္ဓာငါးပါး အပေါ်မှာ စိတ်ပျက်ငြီးငွေ့ခြင်းဆိုတာ ဖြစ်ပေါ်လာတယ်ပေါ့။ စိတ်ပျက် ငြီးငွေ့ခြင်း ဖြစ်ပေါ်လာတဲ့အခါ ခန္ဓာငါးပါး ချုပ်ငြိမ်းမှုက ပိုကောင်းတယ်ဆိုတဲ့ အမြင်တစ်ခုရလာတယ်။

[၂၁၀] ဝိပဿနာဉာဏ် နဲ့ ခန္ဓာငါးပါး မရှိတာကောင်းတယ်ဆိုတာ မြင်လာပြီး နောက်ဆုံး တကယ်မရှိတဲ့နေရာကို တွေ့လိုက်တဲ့ အခါ ပဉ္စန္နံ ခန္ဓာနံ -ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော -ချုပ်ငြိမ်း သွားမှုသည်၊ အဇာတံ - ဇာတိ ဆိုတဲ့ မွေးဖွားမှုမရှိတဲ့၊ နိဗ္ဗာနန္တိ -နိဗ္ဗာန်ပဲလို့၊ ပဿန္တော ရှုမြင်လိုက်တဲ့အခါမှာ၊ သမ္မတ္တနိယာမံ - သမ္မတ္တနိယာမ လို့ဆိုတဲ့ မဂ်စိတ်သို့၊ ဩက္ကမတိ -ရောက်ရှိ နိုင်၏တဲ့။

ထာဝရမှန်ကန်လို့ သမ္မတ္တ၊ ခိုင်မြဲလို့ နိယာမ၊ ဒီစကား နှစ်ခုကိုပေါင်းပြီး သမ္မတ္တနိယာမ ဆိုပြီး မဂ်ကိုရည်ညွှန်း တာ။ အဲဒီမဂ်ကို ရောက်ရှိသွားနိုင်တယ်တဲ့။ ဆိုလိုတာက ဝိပဿနာ ကျင့်မှ နိဗ္ဗာန်ကိုမြင်တဲ့ မဂ်ဆိုတာ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောတာ။

(၃၄) ဇရာဓမ္မတော

နောက် (၃၄)ခုမြောက် ရှုကွက်က ပဉ္စက္ခန္ဓေ ဇရာ ဓမ္မတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ တဲ့။ ခန္ဓာငါးပါး တို့ကို ဇရာဓမ္မ အိုခြင်းသဘောရှိတဲ့ အရာအဖြစ် ရှုမြင်ရမယ်တဲ့။ ဖြစ်ခြင်းသဘောရှိတာတင် မဟုတ်ဘဲ ခန္ဓာငါးပါး သည် တဖြည်းဖြည်း ရင့်ရော်အိုမင်းလာတဲ့ သဘော ရှိတယ်။

ဥပမာ ပန်းကလေးပဲကြည့် လန်းလန်းဆန်းဆန်း နုနုဖတ် ဖတ်လေး ပွင့်လာတယ်ဆိုပေမယ့် တစ်နေ့ပြီးတစ်နေ့၊ တစ်နေ့ [၂၁၁] ပြီးတစ်နေ့ ရင့်ရော်လာလို့ နောက်ဆုံးမှာ နွမ်းပြီးကြွေကျသွား တာပဲ။ လူ့ရဲ့ခန္ဓာကိုယ်လည်း မွေးဖွားလာပြီး တဖြည်းဖြည်း ရင့်ကျက်လာရင်း နောက်ဆုံးကြွေကျသွားတဲ့ အနေအထားမျိုး ရှိတယ်။ အဲဒီလို ရင့်လာတဲ့သဘော၊ အိုသွားတဲ့သဘောကို ဇရာဓမ္မ လို့ ခေါ်တယ်။

ခန္ဓာငါးပါး သည် မအိုချင်လို့လည်း မရဘူး။ ရင့်ကျက် သွားတဲ့သဘောကို တားဆီးလို့လည်း မရဘူး။ အဲဒီလို တားဆီးလို့ မရတဲ့၊ ရင့်ကျက်ခြင်း အိုမင်းခြင်း သဘောရှိတဲ့ တရားပဲလို့ ခန္ဓာငါးပါး အပေါ်မှာ ရှုမြင်လာရင် အနုလောမိက ခန္တီဉာဏ် ကိုရပြီး ခန္ဓာငါးပါး ရဲ့ ချုပ်ငြိမ်းမှုသည် ကောင်းတယ်လို့ ရှုမြင်လာနိုင်တယ်ပေါ့။

ပဉ္စန္နံ ခန္ဓာနံ -ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော -ချုပ်ငြိမ်း မှုသည်၊ အဇရံ -ရင့်ကျက်မှု အိုမင်းမှုကင်းတဲ့၊ နိဗ္ဗာနန္တိ - နိဗ္ဗာန်ပဲဟု၊ ပဿန္တော - ရှုမြင်လျက်၊ သမ္မတ္တနိယာမံ သမ္မတ္တ နိယာမ လို့ဆိုတဲ့ မဂ်တရားသို့၊ ဩက္ကမတိ ဝင်ရောက် သွားနိုင်၏။ မဂ်ကျသွားတယ်လို့ ပြောတာ။ ဒါက ရှူကွက်တစ်ခုပေါ့။

(၃၅) ဗျာဓိဓမ္မတော

နောက် (၃၅)ခုမြောက် ရှုကွက်က ဘယ်လိုတုန်းဆိုရင် ပဉ္စက္ခန္ဓေ ဗျာဓိဓမ္မတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ တဲ့။ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်ပြီး “ငါ့ခန္ဓာ [၂၁၂] ကိုယ်ကြီးသည် အခု မနာသေးတာတောင်မှ နာတဲ့သဘော ရှိနေတယ်”လို့ ရှုမြင်ဖို့လိုတယ်။ အမှန်ကတော့ နာတော့ နာနေတာပဲ။ နာမှုဆိုတဲ့ ဒုက္ခကို ဣရိယာပုထ် နဲ့ ဖုံးထားသည့် အတွက်ကြောင့်သာ ထင်ရှားမှု မရှိတာ။ ဒီဘက်က ပြောင်းရင် ဟိုဘက်ရွှေ့ထိုင်လိုက်တယ်။ ဒါ နာတာကို ထိန်းနေတာပဲလေ။ ကြာကြာကြီးထိုင်နေရင် ငြောင်းလာတယ်၊ နာလာတယ်။ ဒါ ဗျာဓိ ပဲ။ အဲဒီလို မရွေ့မပြောင်းဘဲနဲ့ နေကြည့်ရင် ဗျာဓိ ရဲ့ သဘောတွေက ပေါ်လွင်လာတယ်ပေါ့။

ဗျာဓိ ဆိုတဲ့ သဘာဝတရားတွေ ခန္ဓာကိုယ်မှာရှိတယ်။ မြတ်စွာဘုရားကိုယ်တိုင်ကိုက ဒီ ဗျာဓိ ကို အထပ်ထပ် ဟောလေ့ ရှိတယ်ပေါ့။ ဗျာဓိဓမ္မ ခန္ဓာငါးပါး ကြီး ရှိနေသမျှ နာခြင်း သဘော ရှိနေမှာပဲလို့ ခန္ဓာငါးပါး ရဲ့ အပြစ်တွေကို ရှုမြင်သုံးသပ် လာတဲ့အခါမှာ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး အနုလောမိက ခန္တီဉာဏ် ထိအောင် ရောက်သွားပြီဆိုရင် အမြင်တစ်မျိုး ရလာတယ်။

ပဉ္စန္နံ ခန္ဓာနံ - ခန္ဓာငါးပါး တို့ရဲ့၊ နိရောဓော - ချုပ်ငြိမ်းသွားခြင်းသည်၊ အဗျာဓိ -ဗျာဓိ ဆိုတဲ့ နာစရာ ခန္ဓာ မရှိသည့် အတွက်ကြောင့် နာကျင်မှုကင်းသွားတဲ့၊ နိဗ္ဗာနန္တိ - နိဗ္ဗာန် ပဲ လို့၊ ပဿန္တော - ရှုမြင်လျက်၊ သမ္မတ္တနိယာမံ - သမ္မတ္တနိယာမ လို့ဆိုတဲ့ မဂ်စိတ်သို့၊ ဩက္ကမတိ - ဝင်ရောက်သွား၏။

[၂၁၃] (၃၆) မရဏဓမ္မတော

(၃၆)ခုမြောက် ရှုကွက်က ပဉ္စက္ခန္ဓေ မရဏဓမ္မတော ပဿန္တော အနုလောမိကံ ခန္တီ ပဋိလဘတိ တဲ့။ ပဉ္စက္ခန္ဓေ- ခန္ဓာငါးပါး တို့ကို၊ မရဏဓမ္မတော- သေတတ်တဲ့ သဘာဝ ရှိတဲ့ တရားလို့ ၊ ပဿန္တော ရှုမြင်သောသူသည်။

သေတယ်ဆိုတာ ဆက်လက်ဖြစ်ပေါ်မှု ရပ်ဆိုင်းသွား တာ။ အဲဒီ ရပ်ဆိုင်းသွားတဲ့ အခြေအနေတစ်ခုကို ရောက်သွား စေတတ်တဲ့ သဘာဝတရားပဲလို့ ရှုမြင်သုံးသပ်ရင် ဒါ ဝိပဿနာဉာဏ် ဖြစ်တယ်တဲ့။ အဲဒီလို ရှုမြင်သုံးသပ်တဲ့အခါမှာ အနုလောမိကံ ခန္တီ - အနုလောမိက ခန္တီဉာဏ် ဆိုတဲ့ အဆင့်မြင့်တဲ့ ဝိပဿနာဉာဏ် ကို၊ ပဋိလဘတိ - ရရှိနိုင် ၏။

အဲဒီတော့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်စဉ်းစားကြည့်ရင် “ငါ့မှာ သေခြင်းသဘောတွေ ရှိနေတယ်” ပေါ့။ မြတ်စွာဘုရား က ဟောထားတယ် ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ၊ ဒုက္ခဿသော ဥပ္ပါဒေါ၊ ရုပ်တရားဖြစ်ပေါ်လာတာသည် ဒုက္ခဖြစ်ပေါ်လာခြင်းပဲ၊ ဇရာ မရဏဿ ပါတုဘာဝေါ အိုခြင်းတို့ သေခြင်းတို့ ဖြစ်ပေါ်လာမှုပဲတဲ့။ ရုပ်တရား ဖြစ်လာရင် အိုခြင်း သေခြင်းဆိုတာ ပါလာမှာပဲလို့ သံယုတ် ပါဠိတော် မှာ ဟောထားတယ်။

အခု ကိုယ့်ခန္ဓာကိုယ်ကို မရဏဓမ္မ သေခြင်းသဘော ရှိတဲ့တရားလို့ ရှုမြင်တဲ့အခါမှာ ခန္ဓာငါးပါး အပေါ် စိတ်ပျက်ငြီး [၂၁၄] ငွေ့လာပြီး နောက်ဆုံး ခန္ဓာငါးပါး ချုပ်ငြိမ်းသွားတာသည် တကယ့်ကို ထူးခြားတဲ့၊ အေးချမ်းတဲ့အရာပဲလို့ အမြင်တစ် မျိုးဝင်တယ်။

ပဉ္စန္နံ ခန္ဓာနံ- ခန္ဓာငါးပါး တို့ရဲ့၊ နိရောဓော- လုံးဝ ချုပ်ငြိမ်းသွားမှုသည်၊ အမတံ နိဗ္ဗာနံ- သေခြင်းကင်းတဲ့ နိဗ္ဗာန်တရားပဲလို့၊ ပဿန္တော-ရှုမြင်လျက်၊ သမ္မတ္တနိယာမံ -သမ္မတ္တနိယာမ လို့ဆိုတဲ့ မဂ်စိတ်သို့၊ ဩက္ကမတိ- ရောက် သွားနိုင်၏။

ရှုကွက်တွေ အားလုံးသည် ဘယ်ကိုဦးတည်နေတာတုန်း ဆိုတော့ မဂ်စိတ်ဖြစ်ဖို့ပဲ ဦးတည်ထားတယ်နော်။ အားလုံး ဝိပဿနာ ရှုတာပဲ။ ဒီအချက်တွေထဲက ဘယ်လိုအချက်နဲ့ပဲရှူရှူ၊ နောက်ဆုံး နိဗ္ဗာန်ကိုပဲ ဦးတည်ပြီး သွားတယ်ဆိုတာ သတိထား ဖို့ပေါ့။

(၃၇) သောကဓမ္မတာ

(၃၇)ခုမြောက် ရှုကွက်က ပဉ္စက္ခန္ဓေ သောက ဓမ္မတော ပဿန္တော အနုလောမိကံ ခန္တိ ပဋိလဘတိ တဲ့။ သောကဓမ္မ ခန္ဓာငါးပါး သည် စိုးရိမ်ခြင်းသဘော ရှိတယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ စိုးရိမ်စေတတ်တဲ့ သဘောရှိတယ်လို့တော့ ပြောလို့ရတယ်။ ဒီနေရာမှာ ဓမ္မ ကို သဘာဝလို့ မယူဘဲနဲ့ သောကဓမ္မတော သောကရဲ့ အကြောင်းတရား ဖြစ်တယ်လို့ ဆိုလိုတာပေါ့။ ဓမ္မ ကို အကြောင်းဆိုတဲ့ အဓိပ္ပါယ်ယူရမယ်။

[၂၁၅] ခုနတုန်းက ဇာတိဓမ္မ၊ ဇရာဓမ္မ၊ ဗျာဓိဓမ္မ၊ မရဏဓမ္မ တို့မှာပါတဲ့ ဓမ္မ က သဘာဝအနက်ကို ဟောတယ်။ အခု သောကဓမ္မ က စိုးရိမ်ခြင်းသဘော ရှိတယ်လို့ ပြောတာ မဟုတ်ဘဲ အဓိပ္ပါယ်မှန်အောင် ပြောမယ်ဆိုရင် စိုးရိမ်စေတတ် တဲ့သဘော သို့မဟုတ် စိုးရိမ်သောကရဲ့ အကြောင်းလို့ ပြောရမှာနော်။

တို့တတွေ သောကဖြစ်နေရတာ ဘယ်သူ့ကြောင့် ဖြစ်နေ ရတာတုန်းဆို ခန္ဓာငါးပါး ကြီးရှိလို့ ဖြစ်နေရတာ။ ခန္ဓာငါးပါး ကြီး သည် စိတ်နှလုံး ပူလောင်စေတတ်တဲ့ သောကကို မွေးဖွားပေး နေတာဖြစ်တယ်။ ခန္ဓာငါးပါး ရှိနေခြင်းက သောကတရားတွေ ကို ဖြစ်ပေါ်စေတာဖြစ်လို့ ခန္ဓာငါးပါး ကြီးသည် စိတ်ပျက် ငြီးငွေ့စရာ ကောင်းတာပဲလို့ ယောဂီပုဂ္ဂိုလ်က ရှုမြင်ပြီဆိုရင် နောက်ဆုံးမှာ အနုလောမိကံ ခန္တိ ပဋိလဘတိ အနုလောမိက ခန္တီဉာဏ် ထိအောင် ဆိုက်ရောက်သွားနိုင်တယ်။

လူဆိုတာ ဘယ်အရာကိုမှ မစိုးရိမ်ချင်ဘူး။ အေးအေး ချမ်းချမ်း နေချင်တယ်။ အေးအေးချမ်းချမ်း နေချင်ရင်တော့ ဘယ်လိုမှ ရနိုင်မလဲဆိုရင် ခန္ဓာငါးပါး မရှိမှ သောကကင်းပြီး အေးချမ်းမှာပဲ။ သားရှိရင် သားသောက၊ သမီးရှိရင် သမီး သောက၊ ပစ္စည်းရှိရင် ပစ္စည်းသောကရှိပြီး ဘယ်သူမှမရှိရင် သောကအေးတယ်လို့ ထင်တာ။ ကိုယ့်ကိုကိုယ်လည်း ပြန် သောကဖြစ်တာပဲ။ ဘယ်သူမှမရှိရင် အေးတယ်လို့ ပြောလို့ မရဘူး။ ခန္ဓာကိုယ် ကြီးမရှိမှ အေးတယ်လို့ ပြောလို့ရမယ်။ ကိုယ့်မှာ ခန္ဓာကိုယ် ကြီးရှိနေသမျှ သောကမအေးရဘူး။

[၂၁၆] ဒါ့ကြောင့်မို့ ပဉ္စန္နံ ခန္ဓာနံ - ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော- ချုပ်ငြိမ်းမှုသည်၊ အသောကံ- စိုးရိမ်မှုကင်းကွာတဲ့၊ နိဗ္ဗာနန္တိ -နိဗ္ဗာန်ပဲလို့။ နိဗ္ဗာန်ဆိုတာ ဘာကိုပြောတာတုန်းဆိုရင် ခန္ဓာငါးပါး လုံးဝချုပ်ငြိမ်းသွားတာ နိဗ္ဗာန်ပဲ။ နိဗ္ဗာန်ဆိုတာ တခြားသွားရှာနေရတာ မဟုတ်ဘူးနော်။ နိဗ္ဗာန်သည် ခန္ဓာနဲ့ တခြားစီပဲ။ အသောကံ နိဗ္ဗာနံ- ခန္ဓာငါးပါးမရှိတာသည် စိုးရိမ်စရာ ဘာတစ်ခုမှမဖြစ်တဲ့၊ သောကကို မဖြစ်စေနိုင်လို့ သောကကင်းတဲ့ နိဗ္ဗာန်ပဲလို့၊ ပဿန္တော - ရှုမြင်လျက်၊ သမ္မတ္တနိယာမံ - သမ္မတ္တနိယာမလို့ ဆိုတဲ့ မဂ်စိတ်သို့၊ ဩက္ကမတိ - ဝင်ရောက်သွားနိုင်၏။

(၃၈) ပရိဒေဝဓမ္မတော

နောက် (၃၈)ခုမြောက် ရှုကွက်က ပဉ္စက္ခန္ဓေ - ခန္ဓာငါးပါးတို့ကို၊ ပရိဒေဝဓမ္မတော ငိုကြွေးစေတတ်တဲ့ အကြောင်းတရားပဲ, ငိုကြွေးခြင်းရဲ့ အကြောင်းတရားပဲလို့၊ ပဿန္တော- ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ အနုလောမိကခန္တီ - အနုလောမိကခန္တီဉာဏ်ကို၊ ပဋိလဘတိ -ရ၏။ ခန္ဓာငါးပါးကို နောက်တစ်ခါ ရှုရမှာက ပရိဒေဝဓမ္မ တဲ့။ ငိုနေရတာ ဘယ်သူ့ကြောင့် ငိုရလဲဆိုရင် ခန္ဓာငါးပါးကြောင့် ငိုရတယ်။ ခန္ဓာငါးပါးသည် ငိုကြွေးခြင်းရဲ့ အကြောင်းတရားတစ်ခုပဲ။

[၂၁၇] ခန္ဓာငါးပါးကြီး မရှိတော့ဘူးဆိုရင် တို့ ငိုစရာအကြောင်း မရှိဘူး။ ခန္ဓာငါးပါးရဲ့ အပြစ်ကိုမြင်လိုက်လို့ ခန္ဓာငါးပါးအပေါ်မှာ တွယ်တာမှုတွေ ကင်းပြတ်သွားတဲ့အခါ၊ ခန္ဓာမလိုချင်တော့ဘူး။ ပဉ္စန္နံ ခန္ဓာနံ - ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော- ချုပ်ငြိမ်းမှုဆိုတာသည်၊ အပရိဒေဝံ နိဗ္ဗာနံ- ငိုစရာမရှိတဲ့ နိဗ္ဗာန်ပဲလို့၊ ပဿန္တော-ရှုမြင်လျက်၊ သမ္မတ္တနိယာမံ သမ္မတ္တနိယာမ ဆိုတဲ့ မဂ္ဂနိယာမတရားသို့၊ ဩက္ကမတိ- ဝင်ရောက်သွားနိုင်၏။

ဘယ်လမ်းကပဲ သွားသွား၊ ဝိပဿနာဉာဏ် ဘယ်ရှုကွက်နဲ့ပဲ ရှုရှု၊ နောက်ဆုံးနိဗ္ဗာန်ကို ဆိုက်ရောက်တာချည်းပဲ။ ရှုတာကလည်း ခန္ဓာငါးပါးချည်းပဲ ရှုသွားတာ။ ခန္ဓာငါးပါးအပေါ်မှာ မြင်ပုံမြင်နည်းလေးတွေကတော့ မတူဘူးပေါ့။

(၃၉) ဥပါယာသဓမ္မတော

နောက်(၃၉)ခုမြောက်ရှုကွက်က ပဉ္စက္ခန္ဓေ-ခန္ဓာငါးပါးတို့ကို၊ ဥပါယာသဓမ္မတော - စိတ်ပင်ပန်းစေတတ်တဲ့ အကြောင်းတရားလို့ ခန္ဓာကိုယ်ကြီးရှိနေရင် စိတ်တွေပင်ပန်းရမယ်။ ဥပါယာသ ဆိုတာ အလွန်ကိုပင်ပန်းစေတတ်တဲ့ ဒေါသတရားကို ကောက်တာ။ ဒါ့ကြောင့် ခန္ဓာငါးပါးသည် စိတ်ပင်ပန်းမှုဆိုတဲ့ ဒေါသကို အကြီးအကျယ် ဖြစ်စေတယ်။ လောကမှာ လူတွေက အေးအေးချမ်းချမ်း နေနေကြတဲ့အခါ ကိုယ့်မှာ ဒေါသမရှိဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။

[၂၁၈] နောက်ဆုံးမှာ သတိထားဖို့ရာ အကောင်းဆုံးကတော့ ဘယ်အချိန်တုန်းဆိုရင် သေခါနီးအချိန်နော်။ မသေခင်လည်း သတိထားရမှာ။ သေခါနီးကျတော့ ရောဂါဝေဒနာတွေ ပြင်းထန်လာတဲ့အခါမှာ မခံနိုင်တော့ဘူး။ ခံနိုင်ရည် မရှိတော့ဘူးဆိုရင် အဲဒီအချိန်မှာ ဘယ်လောက်စိတ်တိုနေမလဲဆိုတာ စဉ်းစားကြည့်ပေါ့။ အခုခေတ် မနာတဲ့ဆေးတွေ ထိုးပေးရင်တော့ နဲနဲသက်သာကောင်း သက်သာမယ်။

နာကျဉ်ခံခက်ပြီး သေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်သည် ကောင်းရာသုဂတိ ရောက်ဖို့ရာ အလွန်ခဲယဉ်းသွားပြီး စိတ်ပင်ပန်းပြီး ကိုယ့်ဘဝကြီးကို ချက်ချင်းကြီး စွန့်လွှတ်ပစ်ချင်တဲ့ ဒေါသတွေ ဖြစ်ချင်ဖြစ်မယ်။ အဲဒီဒေါသတွေ၊ ဒေါမနဿတွေနဲ့ သေသွားလို့ကတော့ ကောင်းရာသုဂတိ ဘယ်တော့မှ မရောက်နိုင်ဘူးတဲ့။ ဒေါသတို့၊ ဒေါမနဿတို့နဲ့ သေသွားရင် ငရဲရောက်သွားမှာပဲ။ ဒေါသနဲ့သေ ငရဲပြည်တဲ့နော်။ ဘာဖြစ်လို့တုန်းဆို ငရဲဆိုတာလည်း စိတ်တိုရတဲ့နေရာပဲလေ။ ကိုယ့်ကို အမြဲတမ်းနှိပ်စက်နေတော့ စိတ်တိုနေမှာပဲ။ ကြောက်တာလည်း စိတ်တိုတာပဲ။ အခံရခက်တာလည်း စိတ်တိုတာပဲ။ အဲဒါတွေက ဥပါယာသ တွေဖြစ်နေတာ။

အဲဒီတော့ ခန္ဓာငါးပါးကြီးရှိရင် ဥပါယာသဓမ္မ စိတ်တိုမှုကို ဖြစ်စေတတ်တဲ့၊ ဥပါယာသကို ဖြစ်စေတတ်တဲ့ တရားပဲလို့ ရှုမြင်ခြင်းသည်လည်း ခန္ဓာငါးပါးရဲ့ စိတ်ပျက်ငြီးငွေ့ဖွယ်ရာကို ရှုတာဖြစ်တယ်။ ခန္ဓာငါးပါးအပေါ်မှာ ငြီးငွေ့ပြီး တွယ်တာမှုတွေ ကင်းပြတ်သွားနိုင်တယ်။

[၂၁၉] အဲဒီလို ကင်းပြတ်သွားရင်လည်း ပဉ္စန္နံ ခန္ဓာနံ - ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော - ချုပ်ငြိမ်းသွားမှု ဆိုတာသည်၊ အနုပါယာသံ - စိတ်ပင်ပန်းကင်းတဲ့၊ နိဗ္ဗာနန္တိ - တကယ့် စိတ်ပင်ပန်းမှုမရှိတဲ့ နိဗ္ဗာန်ပဲလို့၊ ပဿန္တော - ရှုမြင်လျက်၊ သမ္မတ္တနိယာမံ - သမ္မတ္တနိယာမ လို့ဆိုတဲ့ မဂ္ဂနိယာမသို့၊ ဩက္ကမတိ - ရောက်ရှိသွားနိုင်၏။

ခန္ဓာငါးပါးနဲ့ နိဗ္ဗာန်သည် ဆန့်ကျင်ဘက်ကို သွားတယ်။ ခန္ဓာငါးပါးဖြစ်နေရင် ဥပါယာသဓမ္မ၊ ခန္ဓာငါးပါး ချုပ်ငြိမ်းသွားတာ အနုပါယာသ နိဗ္ဗာန်ပဲလို့ ဆိုလိုတာပေါ့။

(၄၀) သံကိလေသိကဓမ္မတော

နောက်ဆုံး (၄၀)မြောက် ရှုကွက်က ပဉ္စက္ခန္ဓေ- ခန္ဓာငါးပါးတို့ကို၊ သံကိလေသိက ဓမ္မတော- စိတ်ပူပန်မှု, စိတ်ညစ်ငြူးမှုကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားပဲလို့၊ ပဿန္တော - ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ အနုလောမိကံ ခန္တီ - အနုလောမိကခန္တီဉာဏ်ကို၊ ပဋိလဘတိ-ရနိုင်၏လို့ ဆိုတာပေါ့။

သံကိလေသိကဓမ္မ ဆိုတာ စိတ်ကိုပူစေတာ၊ ညစ်နွမ်းစေတာ။ စိတ်ကို ဘယ်လိုပူစေတာလဲဆိုရင် “တဏှာ ဒိဋ္ဌိ ဒုစ္စရိတ သံကိလေသာနံ ဝိသယဓမ္မတာယ” တဲ့။ ခန္ဓာငါးပါးသည် တဏှာဆိုတဲ့ စိတ်ကို ပူစေတတ်တဲ့ တရားရဲ့ အာရုံဖြစ်တယ်။ ဒိဋ္ဌိဆိုတဲ့ စိတ်ကိုပူစေတတ်တဲ့ တရားရဲ့ အာရုံဖြစ်တယ်၊ ဒုစရိုက်ဆိုတဲ့ စိတ်ကိုပူစေတတ်တဲ့ တရားရဲ့အာရုံဖြစ်တယ်တဲ့။

[၂၂၀] တဏှာက ဘာကို အာရုံပြုတုန်းဆိုရင် ခန္ဓာကိုပဲ အာရုံပြုတယ်။ ဒိဋ္ဌိကလည်း ဘာကို အာရုံပြုဖြစ်တာတုန်းဆိုရင် ခန္ဓာကိုပဲ အာရုံပြုတယ်။ ဒုစရိုက်ဆိုတဲ့ အကျင့်ဆိုးတွေကို ဖြစ်ပေါ်စေတတ်တဲ့ စေတနာဆိုးတွေက ဘယ်မှာဖြစ်တာတုန်းဆို ခန္ဓာနဲ့ပတ်သက်ပြီးတော့ပဲ ဖြစ်တယ်။ စိတ်ကို ပူလောင်စေတတ်တဲ့ ညစ်နွမ်းစေတတ်တဲ့ တရားတွေမှန်သမျှသည် ခန္ဓာနဲ့ ပတ်သက်တာတွေချည်းပဲလို့ ဆိုလိုတယ်။ ခန္ဓာနဲ့ ပတ်သက်ပြီး ဖြစ်လာတယ်ပေါ့။

ဒါ့ကြောင့် ခန္ဓာငါးပါးကို သံကိလေသိကဓမ္မ စိတ်ကို ပူလောင်စေတတ်တဲ့၊ ညစ်နွမ်းစေတတ်တဲ့၊ တရားဆိုးတွေကို ဖြစ်စေတဲ့နေရာလို့ ရှုမြင်သုံးသပ်ရမယ်။ အဲဒီလို ရှုမြင်သုံးသပ်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အပြစ်တွေကိုမြင်ပြီး ခန္ဓာပေါ်မှာ ငြီးငွေ့စိတ်တွေ ဖြစ်ပေါ်လာတယ်။ ငြီးငွေ့လာတော့ ခန္ဓာကိုယ်ကြီးကို မလိုချင်တော့ဘူး။

နောက်ဆုံး ခန္ဓာမရှိတာ ငြိမ်းချမ်းတယ်လို့ သိလာတယ်။ ပဉ္စန္နံ ခန္ဓာနံ - ခန္ဓာငါးပါးတို့ရဲ့၊ နိရောဓော - ချုပ်ငြိမ်းမှုသည်၊ အသံကိလိဋ္ဌံ - ညစ်ငြူးမှု, ပူလောင်မှုကင်းတဲ့၊ နိဗ္ဗာနန္တိ- နိဗ္ဗာန်ပဲလို့၊ ပဿန္တော - ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်၊ သမ္မတ္တနိယာမံ - သမ္မတ္တနိယာမလို့ဆိုတဲ့ မဂ္ဂနိယာမသို့၊ ဩက္ကမတိ ဝင်ရောက်သွားနိုင်၏။

အဲဒီလို ဝိပဿနာရှုဖွယ် တောလေးဆယ် ဆိုပြီး ရှုကွက်ပေါင်း (၄ဝ)ကို ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ အထင်အရှား [၂၂၁] ဟောကြားထားတာဖြစ်တယ်။ မြတ်စွာဘုရား ဟောကြားထားတာကို အရှင်သာရိပုတ္တရာမထေရ်မြတ်က ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ စုပေါင်းပြီး အခုလို ဝိပဿနာနဲ့ ပတ်သက်တဲ့ ရှုကွက်တွေကို ရှင်းလိုက်တာပေါ့နော်။

အဲဒီလို ရှင်းလိုက်တာကို ပြန်ချုံ့လိုက်မယ်ဆိုရင် အလျော်အားဖြင့် ဒုက္ခလက္ခဏာထဲ ဝင်တဲ့ ရှုကွက်ပေါင်း (၂၅)ခု၊ အနိစ္စနဲ့ ပတ်သက်တဲ့ ရှူကွက်က (၁၀)ခု၊ အနတ္တနဲ့ ဆက်နွှယ်တဲ့ “သုညတော၊ တုစ္ဆတော၊ ရိတ္တတော” ဆိုတဲ့ ရှုကွက်တွေက (၅)ခု အားလုံးပေါင်းလိုက်တဲ့အခါ အနိစ္စရှုကွက် (၁၀)ခု၊ ဒုက္ခရှုကွက် (၂၅)ခု၊ အနတ္တရှူကွက် (၅)ခုဆိုပြီး ရှုကွက်ပေါင်း (၄၀)ကို ဟောကြားထားတာ ဖြစ်ပါတယ်။

တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ ဗုဒ္ဓသာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှသာ ဝိပဿနာဉာဏ် ဆိုတာ ဖြစ်နိုင်သောကြောင့် အခု တရားနာနေတဲ့အချိန်လေးမှာပဲ မိမိခန္ဓာကိုယ်ကို မိမိ အာရုံစိုက်မိပြီး “မြတ်စွာဘုရား ဟောထားတဲ့အတိုင်း ခန္ဓာကိုယ်သည် တကယ့်ကိုဖြစ်ခြင်း သဘောရှိတဲ့ တရားပဲ၊ အိုခြင်းသဘောရှိတဲ့ တရားပဲ၊ နာခြင်း သဘောရှိတဲ့ တရားပဲ၊ သေခြင်းသဘောရှိတဲ့ တရားပဲ၊ သောကတွေ၊ ပရိဒေဝတွေ၊ ဥပါယာသတွေကို ဖြစ်စေတတ်တဲ့ တရားကြီးပဲ” လို့ ရှုမြင်သုံးသပ်ပြီး ခန္ဓာကိုယ်ပေါ်မှာ တွယ်တာမှုတွေ ဖြတ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်တယ်။

ခန္ဓာကိုယ်ပေါ်မှာ ငြီးငွေ့တဲ့စိတ်ကလေး ပေါ်လာရင်ပဲ တန်ဖိုးရှိလှပြီလို့ ပြောရမှာပဲ။ ဒါကို တန်ဖိုးမရှိဘူး၊ ဝိပဿနာ [၂၂၂] ဉာဏ် မဟုတ်ဘူးလို့ မတွေးလိုက်လေနဲ့။ ဒီလို တခဏလေး ဖြစ်ပေါ်လာတဲ့ ဉာဏ်ရည်သည်ပင် နောက်ကျရင် တန်ဖိုးရှိတဲ့ အထောက်အကူကြီးတစ်ခု ဖြစ်နိုင်တယ်။

ရှင်စူဠပန္ထကဝတ္ထုကိုပဲကြည့်၊ ပုဝါဖြူလေးနဲ့ မျက်နှာသုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ကြီးကို အကြောင်းပြုပြီး ဒီပုဝါလေးသည် ညစ်နွမ်းသွားလို့ ခန္ဓာကိုယ်ကြီးရဲ့ အပြစ်ကို တခဏ တွေ့လိုက်တဲ့ အသိဉာဏ်က အထောက်အကူဖြစ်ပြီး မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါမှာ ပုဝါဖြူလေးကို လက်နဲ့ပွတ်ရင်းကနေ “ဩဒါတကသိုဏ်း” ရှုပွားလို့ ဈာန်ရလာတဲ့အခါမှာ မြတ်စွာဘုရားက တန်ခိုးတော်နဲ့ ညှိုးနွမ်းသွားအောင် ဖန်ဆင်းလိုက်တာနဲ့တစ်ပြိုင်နက် ဘုရင်ဖြစ်ခဲ့တဲ့ ဘဝတုန်းက မျက်နှာသုတ်ခဲ့လို့ ပုဝါလေး ညစ်နွမ်းသွားတယ်ဆိုတဲ့ အသိစိတ်ကလေးသည် ပြန်ပေါ်လာပြီး နောက်ဆုံး ရှင်စူဠပန် ရဟန္တာဖြစ်သွားတယ်ဆိုတာ အားလုံးသိတာပဲ။

ဒါ့ကြောင့်မို့ အခု တရားနာတဲ့ အခိုက်ကလေးမှာပဲ ခန္ဓာငါးပါးအပေါ်မှာ အာရုံစိုက်ပြီး တစ်မိနစ်မျှပဲဖြစ်စေ ရှုလိုက်ရပြီဆိုတဲ့ ဒီ ကုသိုလ်ကောင်းမှုသည် တို့တတွေအတွက် သံသရာလွတ်ရာ များစွာအထောက်အကူဖြစ်မယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ဝိပဿနာရှုကွက်များကို အာရုံပြုပြီး ရှုမိအောင် သတိသမ္ပဇည တရားဖြင့် ကြိုးစားပွားများ အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု

of6t83bac9bmwqm29hahi87fw3mtsbl
ဝိဝါဒမူလ (၆)ပါးနှင့် မြတ်ဗုဒ္ဓ
0
6487
22359
2026-11-06T02:10:48Z
Tejinda
173
"{{header | title = ဝိဝါဒမူလ (၆)ပါးနှင့် မြတ်ဗုဒ္ဓ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဝ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22359
wikitext
text/x-wiki
{{header
| title = ဝိဝါဒမူလ (၆)ပါးနှင့် မြတ်ဗုဒ္ဓ
| author = ဒေါက်တာနန္ဒမာလာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စာစစ်ရန်လိုအပ်သည်
| previous = [[ဝိပဿနာရှုဖွယ် တောလေးဆယ်]]
| previous2 = [[လူတိုင်းကျင့်ရန် သတိပဋ္ဌာန်]]
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဒေါက်တာနန္ဒမာလာဘိဝံသ
| shortcut =
| portal =

ဝိဝါဒမူလ (၆)ပါးနှင့် မြတ်ဗုဒ္ဓ

[၁] မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၉-နှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၇-ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂- ရက်၊ ၂ဝ၁၆-ခုနှစ်၊ ဖေဖော်ဝါရီလ ၅-ရက်။ နေပြည်တော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ အနော်ရထာခန်းမအတွင်း ဆင်ယင်ကျင်းပ ပြုလုပ် အပ်သည့် ဓမ္မပူဇာဓမ္မသဘင် အခမ်းအနား၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ကို အမှူး ထား၍ ဦးအောင်ပြည့်စုံ + ဒေါ်မျိုးရတနာထိုက် (သမီး) ခင်ငြိမ်းချမ်းပြည့်စုံ မိသားစုတို့၏ အမတဒါန ဓမ္မဒါနအဖြစ် ဟောကြားအပ်သော “ဝိဝါဒမူလ (၆)ပါးနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမစကား” တရား ဒေသနာတော်။

[၂] လောကမှာ အပေါင်းနဲ့ အသင်းနဲ့ အဖွဲ့နဲ့ အစည်းနဲ့ နေထိုင်ကြတဲ့အခါ တစ်ဦးနဲ့တစ်ဦးကြား မတူကွဲပြားတဲ့စကားတွေ ဘာကြောင့်ဖြစ်ပေါ် လာသလဲ၊ လူသားတွေသည် တစ်ညီတည်း အသံ မထွက်ဘဲနဲ့ ဘာကြောင့် ကွဲပြားခြားနားမှုတွေနဲ့ ဆန့်ကျင်ဘက်စကားမျိုးတွေကို ပြောနေကြသလဲ ဆိုတာကို မြတ်စွာဘုရားက ဝိဝါဒမူလသုတ္တန် မှာ ဟောကြားခဲ့ပါတယ်။

တစ်ဦးနဲ့တစ်ဦး ညီညွတ်မှု မရှိဘဲ ကွဲလွဲသော စကားမျိုး ပြောဆိုခြင်းရဲ့ အကြောင်းရင်းကို “ဝိဝါဒမူလ” လို့ ခေါ်တယ်။ ဝိ- မတူညီသော၊ ဝါဒ- ပြောဆိုမှုတွေ, သဘောထားတွေ၊ ဝိဝါဒ- မတူညီတဲ့ အပြောအဆိုတွေ, မတူညီတဲ့ သဘောထားတွေလို့ ခေါ်တယ်။ မြန်မာမှာလည်း ဒီ “ဝိဝါဒ” ဆိုတဲ့ စကားလုံးကို သုံးတယ်။

[၃] မတူညီတဲ့ အပြောအဆိုတွေ၊ မတူညီတဲ့ စိတ်နေသဘောထားတွေ ဖြစ်ပေါ်ခြင်းရဲ့ အကြောင်း ရင်းက ဘာတွေလဲဆိုတာကို ဝိဝါဒမူလသုတ္တန်မှာ မြတ်စွာဘုရားက ဟောကြားထားတယ်။ ဒီကနေ့ အဲဒီသုတ္တန်မှာလာတဲ့ အကြောင်းအရာများကို ရှင်းလင်းဟောပြောပါမယ်။

မြတ်ဗုဒ္ဓရဲ့ အဆုံးအမ ရရှိလိုကြသဖြင့် တပည့် သာဝကများအဖြစ် ခံယူထားကြတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို သိရှိနားလည်ကြရ မှာ ဖြစ်တယ်။ “မြတ်စွာဘုရားက ဘာတွေ ဆုံးမခဲ့ တယ်၊ တို့ဘာတွေ လုပ်ရမယ်”ဆိုတာ သိရှိနားလည် ပြီး မှန်ကန်တဲ့လမ်းကြောင်းက လျှောက်လှမ်းနိုင်ဖို့ အတွက် ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်။ ဝိဝါဒမူလသုတ္တန် ကို အင်္ဂုတ္တရနိကာယ ဆက္ကနိပါတ ပါဠိတော်မှာ မှတ်တမ်းတင်ထားတာ [၄] ဖြစ်တယ်။ ဟောခဲ့တုန်းက အနီးကပ်နေကြတဲ့ တပည့်သာဝကတွေကို ဟောခဲ့တဲ့တရားပဲ။ တပည့် သာဝကတွေဆိုတာ သံဃာ့အဖွဲ့အစည်းတစ်ခုပဲ။ အဖွဲ့အစည်းအတွင်းမှာ မညီညွတ်မှုတွေ၊ သဘော ထား ကွဲပြားမှုတွေ ဘာကြောင့် ဖြစ်ပေါ်နေရတယ်၊ ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ အနေအထားတွေကို မြတ်စွာဘုရားက ပြောဆိုပြီး လိုက်နာကျင့်သုံးရမယ့် ဆုံးမ စကားတွေ ဟောကြားထားတာဖြစ်လို့ လူတိုင်း လူတိုင်း မှတ်သားနာယူစရာ ကောင်းတယ်။

လောကလူတွေဆိုတာ အပေါင်းနဲ့ အသင်းနဲ့ အဖွဲ့နဲ့ အစည်းနဲ့ နေထိုင်ကြတာဖြစ်တယ်။ မြန်မာ လူမျိုးတွေလည်း အဖွဲ့အစည်းနဲ့ နေထိုင်ကြတာ ဖြစ်တော့ အဖွဲ့အစည်းရဲ့ ညီညွတ်မှု “ကာယသာမဂ္ဂီ စိတ္တသာမဂ္ဂီ” ကာယအားဖြင့် ညီညွတ်မှု၊ စိတ်ဓာတ် အားဖြင့် ညီညွတ်မှု၊ “သမ္မောဒမာန” အတူတကွ [၅] ဝမ်းမြောက်ဝမ်းသာဖြစ်မှုဆိုတာ အင်မတန်မှ အရေး ကြီးတယ်။ Society တစ်ခုမှာ “ညီညွတ်လျှင် အင်အား” ဆိုတာ အားလုံးသိကြတယ်။ မညီညွတ် ကွဲပြားရင်တော့ အင်အားတွေ လျော့ကျသွားနိုင် တယ်။

မြတ်စွာဘုရားက ဒေသနာတော်တစ်ခုမှာ ရဟန်းတွေကို သတိပေးဆုံးမခဲ့တာက “ဝိဝါဒံ ဘယတော ဒိသွာ ၊ အဝိဝါဒဉ္စ ခေမတော” တဲ့။ “ဝိဝါဒံ ဘယတော ဒိသွာ” မတူ ကွဲပြားတဲ့ စိတ်နေ သဘောထားတွေ၊ မတူကွဲပြားတဲ့ ပြောစကားတွေ ကို မလိုလားအပ်တဲ့ အရာအဖြစ်၊ ဘေးရန်အန္တရာယ် အဖြစ် ရှုမြင်ရမယ်တဲ့။ “အဝိဝါဒဉ္စ ခေမတော” တူညီတဲ့ သဘောထားတွေ၊ တူညီတဲ့ ပြောဆိုမှုတွေ ကိုတော့ တကယ့်လိုလားအပ်တဲ့၊ ငြိမ်းချမ်းသာယာမှု ကို ဖြစ်စေနိုင်တဲ့ အကြောင်းတရားအဖြစ် မှတ်ယူ ရမယ်တဲ့။

[၆] “သမဂ္ဂါ သခိလာ ဟောထ” စိတ်တူ ကိုယ်တူ တစ်ဦးနဲ့တစ်ဦး ကြည်ဖြူပြီး အချင်းချင်း အထက်ကအောက်ကို လေးစားလို့၊ အောက်က အထက်ကို လေးစားလို့ mutual respect “အညမည ဂါရဝ” အပြန်အလှန်လေးစားမှုဆိုတာ ရှိရမယ်။ အဲဒီလို အပြန်အလှန်လေးစားမှုရှိတာကို သမဂ္ဂလို့ ခေါ်တာ။

အဲဒီ သမဂ္ဂ အပြင် တစ်ဦးနဲ့တစ်ဦး ခင်ခင် မင်မင် ချစ်ချစ်ခင်ခင် လက်တွဲပြီး အတူတကွ လုပ်ငန်းတစ်ခုကို ဖော်ဆောင်နိုင်တယ်၊ သခိလာ မိတ်ဆွေတွေရဲ့ စိတ်ဓာတ်မျိုး မွေးမြူကြရမယ်။ မြတ်စွာဘုရားက “ဧသာ ဗုဒ္ဓါနသာသနီ- ဒါ ငါဘုရားရဲ့ အဆုံးအမပဲ” လို့ အဖွဲ့အစည်းတိုင်း ညီညွတ်ဖို့ကို အဓိကထားပြီး ဟောပြောခဲ့တာ ဖြစ်တယ်။

[၇] မညီမညွတ် စိတ်နေသဘောထား ကွဲပြားလို့ အပြောအဆိုတွေ ခြားနားလာရင် ဘာကြောင့် စိတ် နေသဘောထားတွေ ကွဲပြားရသလဲ၊ ဘာကြောင့် ပြောဆိုမှုတွေ ခြားနားလာရသလဲ၊ ဘာကိုအခြေခံပြီး ဖြစ်လာသလဲဆိုတာကို အတွင်း အဇ္ဈတ္တ စိတ်နေ သဘောထားကစပြီး ဝိဝါဒမူလသုတ္တန်မှာ မြတ်စွာဘုရားက ဟောထားပေးတယ်။

ဝိဝါဒမူလ ၆-ပါး

“ဝိဝါဒမူလ” စိတ်နေသဘောထား ကွဲပြားမှု၊ အပြောအဆို ခြားနားမှုရဲ့ အရင်းအမြစ်သည် (၆)မျိုး လို့ ဆိုသော်လည်းပဲ တစ်ခုစီ ရေတွက်ရင်တော့ (၁၂) မျိုးရှိတယ်။ Group လိုက်ပြောရင် (၆)ခုပေါ့။ မြတ်စွာဘုရားက ဝိဝါဒမူလ (၆)မျိုးဆိုပြီး ပြောတဲ့အခါမှာ နှစ်ခုတွဲဖက်ပြီးတော့ ပြောလေ့ရှိတယ်။

[၈]
(၁) ပထမတစ်အစုက “ကောဓနော ဟောတိ ဥပနာဟီ” တဲ့။ “ကောဓန” ဆိုတာ ဘာပဲဖြစ်ဖြစ် စဉ်းစားမှုက ရှေ့ကမရောက်ဘဲ ကိုယ့်စိတ်ထဲ အလိုမကျဖြစ်ရင် ထစ်ကနဲ ဒေါသ ထွက်လေ့ရှိတဲ့ ပုဂ္ဂိုလ်ကိုခေါ်တယ်။ အဲဒီ ဒေါသ ထွက်လေ့ရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်သန္တာန်မှာဖြစ်တဲ့ ဆင်ခြင်စဉ်းစားမှုကို ပျက်ပြားသွားစေတတ်တဲ့ စိတ်တိုတတ်မှုကို ကောဓ လို့ ခေါ်တယ်။ ဥပနာဟ ဆိုတာ ဒေါသ ထွက်ရုံတင် မကဘူး၊ အငြိုးအတေး ထားမှုကို ခေါ်တယ်။

ကောဓန က ဒေါသထွက်မှု, စိတ်တိုမှု၊ ဥပနာဟ က အငြိုးအတေးထားမှု ဒီနှစ်ခုသည် ညီညွတ်ရေးကို ပျက်ပြားစေတတ်တဲ့ အကြောင်းရင်း ပဲ။ အဲဒီတော့ ဘုန်းကြီးတို့တတွေ Society ထဲ နေကြပြီဆိုတဲ့အခါမှာ ဒီ ကောဓန စိတ်တိုမှုနဲ့ ဥပနာဟ အငြိုးအတေးထားမှုဆိုတာ မိမိတို့ရဲ့ [၉] ရင်ထဲ၊ နှလုံးထဲမှာ ဖြစ်တတ်သောကြောင့် ဒါတွေကို ဖယ်ရှားရမှာ ဖြစ်တယ်။

အကယ်၍ ဒါတွေကို လက်ခံထားမယ်ဆိုရင် ညီညွတ်ရေးတွေ ပျက်ပြားသွားမှာ ဖြစ်တယ်။ လူတွေ ရဲ့ အတွင်းစိတ်ကြောင့် မပြောသင့်တဲ့ စကားတွေ ပြောမယ်၊ မလုပ်သင့်တာတွေ လုပ်မယ်ဆိုတဲ့အခါ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတာ ခန်းခြောက် သွားစေနိုင်တယ်။ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက အတွင်းကျကျ လူတွေရဲ့စိတ်မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ စိတ်တိုမှုနဲ့ အငြိုးအတေးထားမှု ဒီနှစ်ခုကို ဝိဝါဒမူလလို့ဆိုတယ်။ အချင်းများခြင်းရဲ့ အကြောင်း နှစ်ခုလည်းဖြစ်လို့ ဒီနှစ်ခုကို သတိထားကြရမယ် ပေါ့။

(၂) နောက် ဒုတိယအစုအနေနဲ့ ဘာပြောတာ လဲဆိုတော့ “မက္ခီ ဟောတိ ပဠာသီ” တဲ့။ မက္ခီ ဆိုတာ ကျေးဇူးကန်းသူ၊ မက္ခ ဆိုတာ ကျေးဇူး [၁၀] ကန်းခြင်းလို့ ပြောတာ။ လူတစ်ယောက်က ကိုယ့် ပေါ်မှာ ပြုဖူးတဲ့ ကျေးဇူးတရားကို အသိအမှတ် မပြုတာ မက္ခ ပဲ။ ကျေးဇူးကန်းတယ်၊ ခြေဖျက် တယ်ပေါ့။

ပဠာသီ ဆိုတာ သူများကို ဗိုလ်မထားသူ၊ ကိုယ့်ထက်သာလည်း အသိအမှတ် မပြုဘူး၊ သူနဲ့ငါ ဘာထူးလဲ အတူတူပဲလို့ ပြောတာ။ ရှေးတုန်းက အသုံးမှာတော့ “အင်တူပြုတယ်”လို့ဆိုတယ်။ အင်တူ ပြုတယ်ဆိုတာ အရည်အချင်းကိုတူအောင်ထားတာ။ ဘယ်တော့ဖြစ်ဖြစ် အင်တူပြုတယ်ဆိုတာ သူနဲ့ငါနဲ့ ဘာမှမထူးဘူးဆိုတဲ့ ပုံစံမျိုး အမြဲတမ်း ကြည့်တယ်။ ကျေးဇူးကန်းခြင်း၊ ကိုယ့်ထက်သာတဲ့ ပုဂ္ဂိုလ်ကို အသိအမှတ်မပြုနိုင်ခြင်း ဆိုတဲ့ သဘော တရားဟာလည်း Society ထဲမှာ ညီညွတ်ရေးကို ပျက်စီးစေတဲ့ သဘောတရားပဲ ဖြစ်တယ်ပေါ့။

[၁၁] ဒါကြောင့် ဒါကိုလည်းပဲ ဖယ်ရှားရမှာ ဖြစ်တယ်တဲ့။ ကျေးဇူးတရားဆိုတာ အသိအမှတ်ပြုရမယ်။ ကျေးဇူးတရားနဲ့ ပတ်သက်လာရင် မြတ်စွာဘုရားက “သစ်ပင်ရိပ်အောက် ဝင်ပြီး အရိပ်ခိုဖူးရင်တောင်မှပဲ ဒီသစ်ပင်က ငါ့ကို အေးမြစေတယ်ဆိုပြီး ကျေးဇူး တရားကို မမေ့ရဘူး” လို့ ဆိုတာနော်။ လူပုဂ္ဂိုလ် မဆိုထားဘိ သစ်ပင်ရိပ်အောက် ခိုဝင်မိရင်တောင် မှပဲ ကျေးဇူးတရားကို အသိအမှတ် ပြုရမယ်ပေါ့။ မြန်မာစကားမှာလဲ ရှိတယ်လေ “အရိပ်နေနေ အခက်ချိုးချိုး မလုပ်ရဘူး” တဲ့။ အရိပ်နေပြီး အခက် ချိုးတာမျိုး၊ ဖျက်လို ဖျက်ဆီး လုပ်တာမျိုး မလုပ်ရဘူး လို့ ဆိုတာ။ ဒါသည် အလွန်ကောင်းတဲ့ လူရဲ့ ကိုယ်ကျင့်တရား၊ စိတ်နေသဘောထားပဲ။

[၁၂] မြတ်စွာဘုရားက ပြင်ပေးတာ “မက္ခီ ဟောတိ ပဠာသီ” ကျေးဇူးကန်းတဲ့ပုဂ္ဂိုလ် မဖြစ်စေနဲ့၊ တစ်ဖက်သားရဲ့ အရည်အချင်းကို အသိအမှတ်မပြုဘဲ နဲ့ ငါနဲ့ အတူတူပဲ ဘာမှမထူးဘူးဆိုတဲ့ အတွေးမျိုး မတွေးနဲ့ တဲ့။ ကိုယ့်ထက်သာရင် သာတယ်လို့ အသိအမှတ် ပြုနိုင်ရမယ်လို့ ဆိုလိုတာ။ ဒါက ဒုတိယအစု ဖြစ်တယ်။

(၃) တတိယအစုကျတော့ “ဣဿုကီ ဟောတိ မစ္ဆရီ” တဲ့။ ဣဿုကီ ဆိုတာ ဣဿာ ရှိသူ၊ မစ္ဆရီ က မစ္ဆရိယ ရှိသူ။ ဣဿာ ဆိုသည်မှာ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်ဓာတ်မျိုးကို ပြောတာ။ တစ်ဖက်သားက အောင်မြင်သွားတယ်၊ ကြီးပွားသွား တယ်၊ ရာထူးဂုဏ်သိမ် ကိုယ့်ထက် မြင့်သွားတယ်၊ ကိုယ်နဲ့တန်းတူ လုပ်ဖော်ကိုင်ဖက် ပုဂ္ဂိုလ်က ကိုယ့် ထက်သာသွားရင် မနာလို မရှုစိမ့် ဖြစ်တယ်၊ အပြစ် ပြောတယ်။ အဲဒါမျိုးကို ဣဿာ လို့ခေါ်တယ်။

[၁၃] တဖက်သားရဲ့ အောင်မြင်ကြီးပွားမှုကို အမြဲတမ်း ရှုံ့ချပြီး ဝမ်းသာနိုင်ခြင်း မရှိတာ ဣဿာ ပဲ။ အဲဒါလည်း ဒေါသနဲ့ ယှဉ်တွဲလာတာ ဖြစ်သော ကြောင့် လူ့ရဲ့ရင်ထဲ၊ နှလုံးထဲမှာ ဖြစ်ပေါ်လာတယ် ဆိုရင် အဆိုးဘက်ကို ဦးလှည့်သွားတတ်တယ်။ ညီညွတ်ရေးကို ပျက်ပြားစေတတ်တဲ့ တရားမျိုး ဖြစ်တယ်။

မစ္ဆရီ ဆိုတာ နှမြောသူ မစ္ဆရိယရှိသူလို့ မြန်မာပြန်လေ့ရှိတယ်။ ကိုယ့်ပစ္စည်းကို နှမြောတာ တင် မစ္ဆရိယ လို့ ခေါ်တာ မဟုတ်ဘူး။ မစ္ဆရိယ ဆိုတာ ကိုယ်ကြီးပွားသလို တစ်ဖက်သားကို မကြီး ပွားစေချင်တဲ့ စိတ်ဓာတ်မျိုးကို ဆိုလိုတယ်ပေါ့။ ကိုယ် ရထားတဲ့ အခြေအနေကောင်း တစ်ခုကို သူတစ်ပါးကို မရစေချင်တာ။ အဲဒီ မရစေချင်မှုဟာလည်းပဲ ဒေါသနဲ့ တွဲဖက်လာတာ။

[၁၄] ဒီ မစ္ဆရိယဆိုတဲ့တရားက မေတ္တာတရားကို တိုက်ရိုက်ဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိတယ်။ ညီညွတ်မှု ကို ဖြစ်ပေါ် စေတဲ့ မေတ္တာတရားကို ခန်းခြောက်စေ တယ်။ Selfishness အတ္တကြီးမားလွန်း အားကြီး တယ်ပေါ့။ အနေအထားတစ်ခုကို ကိုယ်သာ ဖြစ်ချင် တယ်၊ ကိုယ်သာ ကြီးပွားချင်တယ်ဆိုတဲ့ စိတ်ဓာတ် မျိုးသည်လည်းပဲ ညီညွတ်မှုကို ပျက်စီးစေတတ်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်။ “ဣဿုကီ ဟောတိ မစ္ဆရီ” ဆိုပြီး မြတ်စွာဘုရားက ဟောထား

(၄) စတုတ္ထမြောက် အစုကတော့ “သဌော ဟောတိ မာယာဝီ” တဲ့။ သဌ ဆိုတာ ဟန်ဆောင် သူလို့ ပြောလို့ရတယ်။ မြန်မာပြန်တဲ့ ပိဋကတ် ဘာသာပြန်စာအုပ်တွေကျတော့“ကောက်ကျစ်တယ်၊ စဉ်းလဲတယ်”လို့ ပြန်တယ်။ ကောက်ကျစ်တယ်၊ စဉ်းလဲတယ်ဆိုတာ သိပ်ပြီးတော့ မပေါ်လွင်ဘူး။

[၁၅] တကယ်မှာ မတတ်ဘဲနဲ့ တတ်ချင်ယောင် ဟန်ဆောင်တယ်၊ မသိဘဲနဲ့ သိချင်ယောင် ဟန်ဆောင်တယ်၊ ကိုယ်ကျင့်တရား မကောင်းဘဲနဲ့ ကောင်းဟန်ဆောင်တယ်၊ အရည်အချင်း မရှိဘဲနဲ့ ရှိဟန်ဆောင်တယ်။ အဲဒါ သဌ လို့ ခေါ်တယ်။ မြန်မာစကားမှာ သုံးတယ်လေ “မာယာ သာဌေယျ” တဲ့။ အဲဒီ သာဌေယျ ပဲ။ အရည်အချင်း မရှိဘဲနဲ့ ရှိတယ်လို့ ဟန်ဆောင်မှုက “သဌ” သာဌေယျ ပဲ ဖြစ်တယ်ပေါ့။ ဟန်ဆောင်တဲ့ ပုဂ္ဂိုလ် တစ်ယောက်သည် ကြာရှည်စွာ ဟန်ဆောင်နိုင်တာ မဟုတ်ဘူး။ သူ့ရဲ့ အရည်အချင်း ရှိမရှိဆိုတာ သိသာ ပေါ်လွင်လာတဲ့အခါမှာ မေတ္တာ ပျက်ပြားစေ တတ်တဲ့ အရာတစ်ခုဖြစ်လို့ ညီညွတ်ရေးကို ပျက်ပြား စေတတ်တယ်။

[၁၆] ဒါကြောင့်မို့ ဟန်မဆောင်ရဘူး။ ရိုးသား ဖြောင့်မတ်သူပဲ ဖြစ်ရမယ်လို့ ဆိုတာ။ အရှိကို အရှိအတိုင်းပဲ နေရမယ်။ ကိုယ့်ရှိတဲ့ အရည်အချင်း သည် ကိုယ့်ရှိတဲ့ အရည်အချင်းအတိုင်းပဲ ပိုပြီးတော့ ဟန်ဆောင်ပန်ဆောင် မလုပ်ရဘူးလို့ ဆိုလိုတာ။ ဒါသည် ရိုးသားဖြောင့်မတ်မှုနဲ့ ပိုပြီးတော့ သက်ဆိုင် တယ်။

နောက်တစ်ခုက မာယာဝီ ဆိုတာ လှည့်စား မှု မာယာရှိသူ။ အမှားအယွင်း တစ်ခုကို လုပ်ပြီး မလုပ်သလို လှည့်စားခြင်းကို မာယာလို့ ခေါ်တယ်။ မျက်လှည့်ပြတာပေါ့။ မျက်လှည့်ကိုလည်း မာယာလို့ ခေါ်တယ်။

မဟုတ်တာလုပ်တာကို ဖုံးဖိတယ်၊ မလုပ် ယောင် ဆောင်တယ်၊ မဟုတ်တာ လုပ်တဲ့ကိစ္စတွေ အပြစ်ရှိရင် အပြစ်မရှိယောင် ဆောင်တယ်။ အဲဒီလို [၁၇] မဟုတ်တာလုပ်ပြီး မဟုတ်တာ မလုပ်တဲ့ သဏ္ဌာန် ပေါ်အောင် ဖုံးကွယ်တာမျိုးသည် မာယာ ပဲ။ “ဒေါင်းယောင်ဆောင်သောကျီး” လိုပဲ ဟန်ဆောင် ပန်ဆောင် လုပ်တာတွေ၊ အပြစ်ကို ဖုံးကွယ်ဖို့ရာ လုပ်တာတွေကို မာယာ လို့ခေါ်တယ်။

အဲဒီ “မာယာသာဌေယျ” သာဌေယျ ရှိတဲ့ ပုဂ္ဂိုလ်ကို သဌ၊ မာယာရှိတဲ့ပုဂ္ဂိုလ်ကို မာယာဝီ လို့ စာပေမှာ သုံးတာ။ အဲဒီ မရိုးမသား လုပ်မှုတွေသည် ညီညွတ်ရေးကို ပျက်စီးစေတတ်တယ်၊ အချင်းများမှု ကို ဖြစ်ပေါ် စေတတ်တယ်။ ဒါကြောင့်မို့ ဒါကိုလည်း ဝိဝါဒမူလ လို့ မြတ်စွာဘုရားက ဟောကြားတော် မူတယ်။

(၅) နောက် ပဉ္စမမြောက် အစုကတော့ “ပါပိစ္ဆာ ဟောတိ မိစ္ဆာဒိဋ္ဌိ”တဲ့။ ပါပိစ္ဆ ဆိုတာ သာမန်လိုချင်စိတ် မဟုတ်ဘဲ .. သိပ်အောက်တန်း [၁၈] ကျတဲ့ လိုချင်စိတ်မျိုးကိုခေါ်တယ်။ မတရားတဲ့နည်းနဲ့ အထက်တန်းရောက်အောင် ကြိုးစားတာမျိုးပေါ့။ ပါပိစ္ဆ ကို ယုတ်မာသော အလိုလို့ အဓိပ္ပါယ် ပြန်လေ့ရှိတယ်။ “ပါပ+ဣစ္ဆ” အောက်တန်းကျတဲ့ စိတ်နေသဘောထားနဲ့ ဖြစ်ချင်မှုတွေ၊ အောင်မြင်မှု တွေ၊ ရလိုမှုတွေဖြစ်တယ်။ ကိုယ့်ဂုဏ်အရည်အချင်း ပြည့်အောင် ကြိုးစားမယ့်အစား မြတ်စွာဘုရားကို သတ်ပြီး ဘုရားအဖြစ် ရောက်ချင်တယ်၊ ဘုရား လုပ်ချင်တယ်ဆိုတာ ပါပိစ္ဆ ပဲ ဖြစ်တယ်။ ဖြတ်လမ်း ကနေ အောင်မြင်မှု ရချင်တယ်။ အဲဒါမျိုးကို “ယုတ်မာတဲ့ အလို” လို့ ခေါ်တယ်။

နောက်တစ်ခုက မိစ္ဆာဒိဋ္ဌိ မမှန်ကန်တဲ့ အတွေးအမြင်ဖြစ်တယ်။ အမှန်တရားနဲ့ ဆန့်ကျင် ဘက် မြင်တာမှန်သမျှကို မမှန်ကန်တဲ့အမြင်၊ မှားယွင်းတဲ့အမြင်လို့ ခေါ်တယ်။ အဲဒီ “ပါပိစ္ဆ၊ [၁၉] “မိစ္ဆာဒိဋ္ဌိ” ဆိုတဲ့ အောက်တန်းကျလှတဲ့ အလိုဆန္ဒ၊ မမှန်ကန်တဲ့ အမြင်တွေသည်လည်း Society တစ်ခု မှာ အဆိုးဘက်ကို ဦးတည်သွားတတ်လို့ ဝိဝါဒမူလ လို့ မြတ်စွာဘုရားက ဟောတာဖြစ်တယ်။

(၆) နောက် (၆)ခုမြောက်ကျတော့ ဘာတုန်း ဆိုရင် “သန္ဒိဋ္ဌိ ပရာမာသီ”တဲ့။ သံ ဆိုတာ မိမိကိုယ်တိုင်ရဲ့၊ ဒိဋ္ဌိ က အမြင်အယူအဆ၊ ပရာမာသီ ဆိုတာ မှားမှားယွင်းယွင်း ဆုပ်ကိုင် ထားမှု၊ သန္ဒိဋ္ဌိပရာမာသီ ကိုယ့်ရဲ့အမြင်တစ်ခုကို ဟုတ်လှပြီဆိုပြီး အသေ ဆုပ်ကိုင်ထားမှုလို့ ခေါ်တယ်။ ရှေးတုန်းကပြောကြတဲ့ “ကျားကျားမီးယပ်” မျိုးပေါ့။ လူမမာကို ကုသဖို့ သမားကို ပင့်လာတယ်။ လူမမာက ခြင်ထောင်ထဲမှာ စောင်ခြုံပြီး အိပ်နေ လို့ လူမမာလက်ကို စမ်းတယ်။ စမ်းပြီးတဲ့အခါ [၂၀] ဘာပြောတုန်းဆိုရင် “ဒါ မီးယပ်ရောဂါပဲ” လို့ ပြောတယ်။ “ဆရာရယ် ယောက်ျားကြီးပါ” လို့ ပြောတော့ “ကျား-ကျား မီးယပ်ပဲ” လို့ အသေဆုပ် ကိုင်ပြီး ပြောတာ။ ဒါ့ကြောင့် ကိုယ်ပြောလိုက်တဲ့စကား မှားသွား တာကို အမှန်မပြင်တော့ဘဲ အသေဆုပ်ကိုင်ပြီး ပြောတတ်တဲ့ စကားမျိုးကို “ကျားကျားမီးယပ်” လို့ ဗမာစကားမှာ သုံးလာကြတယ်ပေါ့။ “သန္ဒိဋ္ဌိပရာမာသီ” လို့ ဆိုတယ်။ ဒါ ညီညွတ်ရေးကို ပျက်စီး စေတတ်တယ်။ မကောင်းတဲ့ စိတ်နေသဘောထား တစ်ခုပဲ ဖြစ်တယ်။ အဲဒါမျိုးလည်း မရှိရဘူးတဲ့။ “အာဓာနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ” အာဓာန- ကိုယ့်အမြင်တစ်ခုကို အသေဆုပ်ကိုင်ထားတာ။ ခေါင်းမာတယ်လို့ ပြောကြတယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကြိုက်တာ လုပ်တာကို [၂၁] ဆိုလိုတယ်။ အဖွဲ့အစည်းဆိုတာ အများနဲ့ ညှိနှိုင်း လုပ်ရမှာ။ ဒါမှ သဘာဝပိုကျတယ်။ အများဆန္ဒ၊ အများနဲ့ညီညွတ်အောင် ညှိနှိုင်းဆောင်ရွက်ခြင်း သည် မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ အသေဆုပ်ကိုင် ထားတယ်။ အာဓာနဂ္ဂါဟီ ပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထား တာသည်လည်း ညီညွတ်ရေးကို ပျက်ပြားစေတတ် တယ်တဲ့။

ဒုပ္ပဋိနိဿဂ္ဂီ ကိုယ့်အမြင်၊ ကိုယ့်ဆန္ဒ၊ ကိုယ့် သဘောထားကို စွန့်လွှတ်နိုင်ခဲတယ်။ အမှားကို ဆုပ်ကိုင်ထားတယ်၊ မဟုတ်မှန်းသိလည်း ဆုပ်ကိုင် ထားတယ်။ အဲဒီလို မဖြစ်စေရဘူးတဲ့။ အားလုံး ညှိနှိုင်းပြီးတော့ ဆောင်ရွက်ရမယ်လို့ မြတ်စွာဘုရား က ဆိုတာ။

[၂၂] သန္ဒိဋ္ဌိ ပရာမာသီ ကိုယ့်အမြင်တစ်ခုကို မှားမှားယွင်းယွင်း ဆုပ်ကိုင်ထားတာမျိုး မဖြစ်စေရ ဘူး။ အာဓာနဂ္ဂါဟီ အသေဆုတ်ကိုင်ထားတာ မလုပ်ရဘူး။ သုပ္ပဋိနိဿဂ္ဂီ စွန့်လွှတ်နိုင်ရမယ်။ မဟုတ်ရင် မဟုတ်ဘူး၊ ဟုတ်ရင် ဟုတ်တယ်၊ အမှန်ကို သိလာတဲ့အခါမှာ ဝန်ခံပြောကြားနိုင်ရမယ် လို့ ဆိုလိုတာ။ “ငါ့အမြင်မမှန်ဘူး မှားသွားတယ်” ဆိုတာကို ဝန်ခံပြောကြားရဲရမယ်လို့ ဆိုတာ။ အဲဒါမှ Society ထဲမှာ ညီညွတ်မှုကို ဖော်ဆောင်နိုင်မှာပဲလို့ မြတ်စွာဘုရားက အခုလို ဝိဝါဒမူ (၆)-စုကို ဟောကြားခဲ့တာဖြစ်တယ်။

“ကောဓနော ဟောတိ ဥပနာဟီ”- စိတ်တို ခြင်းနဲ့ အငြိုးအတေးထားခြင်း၊
“မက္ခီ ဟောတိ ပဠာသီ” ကျေးဇူးကန်းခြင်းနဲ့ ဂုဏ်တု ဂုဏ်ပြိုင် လုပ်ခြင်း, တစ်ဖက်သား၏ အရည်အချင်းကို အသိ [၂၃] အမှတ်မပြုခြင်း၊
“ဣဿကီ ဟောတိ မစ္ဆရီ” သူတစ်ပါး ကြီးပွားတာကို မနာလိုခြင်းနဲ့ မိမိကဲ့သို့ သူတစ်ပါးကို မကြီးပွားစေလိုခြင်း၊
“သဌော ဟောတိ မာယာဝီ” သူတော်ကောင်းယောင်, အရည်အချင်း ရှိယောင် ဟန်ဆောင်ခြင်းနှင့် မိမိအပြစ်ကို ဖုံးကွယ်ဖို့ ကြိုးစားခြင်း၊
“ပါပိစ္ဆော ဟောတိ မိစ္ဆာဒိဋ္ဌိ” ယုတ်မာတဲ့, အောက်တန်းကျတဲ့ အလိုဆန္ဒတွေ လွှမ်းမိုးခြင်းနှင့် မမှန်ကန်တဲ့ အမြင်တစ်ခုကို ဆုတ်ကိုင်ထားခြင်း၊
“သန္ဒိဋ္ဌိ ပရာမာသီ” ကိုယ့် အမြင်တစ်ခုကို အသေဆုတ်ကိုင်ထားခြင်းနှင့် ဒုပ္ပဋိနိဿဂ္ဂီ စွန့်လွှတ်ဖို့ရန် ခက်ခဲခြင်းလို့ ဆိုတဲ့ အခြေအနေဆိုးတွေသည် ဝိဝါဒမူလ ညီညွတ်ရေး ကို ပျက်စီးစေတတ်တဲ့ စိတ်နေသဘောထားတွေ ဖြစ်တယ်တဲ့။

[၂၄] ဝိဝါဒမူလရဲ့ အကျိုးဆက်

အဲဒီ သဘောထားမျိုးတွေ ရှိလာပြီဆိုရင် ဘာတွေ ဖြစ်လာနိုင်သလဲ? မြတ်စွာဘုရားက အဲဒီ ဝိဝါဒမူလ ၆-မျိုး ဖြစ်လာပြီဆိုရင် ထပ်ဆင့် ဖြစ်လာ မယ့် အနေအထားတစ်ခုကို ဟောထားပေးတယ်။ စိတ်တိုတယ်၊ အငြိုးအတေး ထားတယ်ဆိုတဲ့ ဝိဝါဒမူလ (၁)ခုပဲဖြစ်စေ၊ (၂)ခု၊ (၃)ခု (၆)ခုလုံးပဲ ဖြစ်စေ လူတစ်ယောက်မှာတော့ အကုန်လုံး ရှိချင်မှ ရှိမှာပေါ့။ (၁) ခုပဲဖြစ်ဖြစ်၊ (၂)ခုပဲဖြစ်ဖြစ် ဒီဆိုးတဲ့ စိတ်နေသဘောထားတွေ ရှိနေတဲ့ပုဂ္ဂိုလ်တစ်ယောက် သည် “သတ္ထရိ အဂါရဝေါ ဟောတိ အပ္ပတိဿာ” တဲ့။ ဒီနေရာမှာ မြတ်စွာဘုရားက သတ္ထရိ ဆိုတာ အကြီးအကဲဆရာသမားကို လေးစားမှု မပြုတာ ဗိုလ်မထားတာကို ဆိုလိုတာ။ ကိုယ့်ထက်အကြီးကို အသိအမှတ်မပြုတဲ့ စိတ်နေသဘောထား ရှိနေတဲ့ [၂၅] လူတစ်ယောက်သည် ကိုယ့်ရဲ့ဆရာ၊ ကိုယ့်အထက် အကြီးအကဲကို လေးစားစိတ် မဖြစ်တော့ဘူးတဲ့။ နောက်တစ်ခုက “ဓမ္မေပိ အဂါရဝေါ ဟောတိ အပ္ပတိဿာ” တဲ့။ ဓမ္မ ဆိုတာ မြတ်စွာ ဘုရား ဟောတဲ့တရားကို ပြောတာ။ ဒါကတော့ သာသနာနဲ့ ပတ်သက်တာပေါ့။ တခြားကိစ္စမှာ ပြောမယ်ဆိုရင် အကြီးအကဲ ပြောဆိုထားတဲ့စကား လို့ ယူရမယ်။ အဲဒီ စကားတို့၊ တရားတို့အပေါ်မှာ လည်း အလေးအနက် မထားတော့ဘူးတဲ့။ အမှန် တရားအပေါ်မှာလည်း အလေးအနက် မထားတော့ ဘူး။

“သံဃေပိ အဂါရဝေါ ဟောတိ အပ္ပတိဿာ” တဲ့။ သံဃာ ဆိုတာ လောကုတ္တရာ ဘက်က ကြည့်မယ်ဆိုရင် ရဟန်းသံဃာတွေ၊ သာမန် လူဝတ်ကြောင်တွေဘက်က ကြည့်မယ် [၂၆] ဆိုရင် ကိုယ့်ရဲ့အဖွဲ့အစည်းတစ်ခု Society တစ်ခု ပေါ့။ အဲဒီ အဖွဲ့အစည်းအပေါ်မှာလည်း အလေး မထားဘူး ဆိုတာတွေ ဖြစ်လာတယ်။ လေးစားမှုတွေ လျော့ပါးလာတယ်၊ မလေးစားဘူးဆိုတာ ဖြစ်လာ တယ်။

“သိက္ခာယပိ န ပရိပူရကာရီ” ကိုယ်ကျင့် သိက္ခာဆိုတာ ရဟန်းတွေဆိုရင် ရဟန်းတွေရဲ့ ကိုယ်ကျင့်သိက္ခာ ရှိမယ်။ လူတွေဆိုရင် လူတွေရဲ့ ကိုယ်ကျင့်သိက္ခာ ရှိမယ်ပေါ့။ ကိုယ်ကျင့်သိက္ခာ စံပြု ရလောက်အောင် မလုပ်တော့ဘူး။ ဒီစိတ်နေ သဘောထားတွေ ရှိနေသမျှ သူသည် ကိုယ်ကျင့် သိက္ခာတွေဘက်က ယုတ်လျော့လာမှာပဲ။ တိုးတက် လာမှာ မဟုတ်တော့ဘူး။ Human dignity လို့ ခေါ်တဲ့ လူ့သိက္ခာရှိအောင် မကြိုးစားတော့ဘူး။ ဒါတွေကို အလေးအနက် မထားတော့ဘူးလို့ ဆိုလိုတယ်။

[၂၇] အဲဒီတော့ ဒီဝိဝါဒမူလ (၆)ပါးလို့ဆိုတဲ့ စိတ်နေသဘောထားတွေ လူတစ်ယောက်မှာ ရှိလာပြီ၊ ဒီအခြေခံတရားဆိုးတွေ ရင်ထဲမှာ မွေးမြူ ထားပြီဆိုရင် အဲဒီပုဂ္ဂိုလ်သည် အကြီးအကဲကို မလေးစားဘူး၊ အကြီးအကဲရဲ့ စကားကို မလေးစား ဘူး၊ ကိုယ့်အဖွဲ့အစည်းကို လေးစားမှု မပြုဘူး။ ကိုယ့်သိက္ခာကိုလည်း ကိုယ်မလေးစားတော့ဘူးဆိုတဲ့ အနေအထားမျိုးတွေကို ရောက်ရှိလာနိုင်တယ်တဲ့။ ဒီလို အခြေအနေရောက်လာပြီဆိုရင် ဒီပုဂ္ဂိုလ် သည် “သော သံဃေ ဝိဝါဒံ ဇနေတိ” အဖွဲ့အစည်း ထဲမှာ မတူကွဲပြားတဲ့စကားတွေ၊ ညီညွတ်မှုပျက်ပြား မယ့်စကားတွေ၊ လုပ်ရပ်တွေကို လုပ်လာတယ်တဲ့။ ခုနက အခြေအနေဆိုးတွေ ရှိလာပြီဆိုရင် အဖွဲ့ အစည်းမှာ လေးစားရမယ့်အချက်တွေ မလေးစားရုံ မျှမက အဖွဲ့အစည်းအတွင်းမှာ ညီညွတ်ရေး [၂၈] ပျက်ပြားမယ့် အလုပ်တွေကို လုပ်လာတယ်။ နိုင်ငံ ဆိုရင်လည်း နိုင်ငံမှာ ညီညွတ်ရေး ပျက်ပြားမယ့် အလုပ်တွေ လုပ်လာတယ်၊ ပြောလာတယ်လို့ ဆိုရမယ်။

ဝိဝါဒရဲ့ ဆိုးကျိုး

ဗဟုဇန အဲဒီလို “ဝိဝါဒ”ဆိုတဲ့ ညီညွတ်ရေး ပျက်ပြားမှု က ဘယ်လောက် အန္တရာယ်ကြီးသလဲဆိုရင် “ယော ဟောတိ ဝိဝါဒေါ အဟိတာယ ဗဟုဇန အသုခါယ” တဲ့။ အများအတွက် အခွင့်အလမ်းတွေ ငြိမ်ဝပ်ပိပြားမှုတွေ၊ ယဉ်ကျေးမှုတွေ၊ အေးချမ်း သာယာမှုတွေဆိုတဲ့ အခြေအနေကောင်းတွေ လုံးဝ ပျက်စီးသွားတယ်။ စီးပွားရေး လုပ်မယ့်သူတွေလည်း အခွင့်ကောင်းတွေ ပျက်စီးသွားတယ်။ စိုက်ပျိုးရေး လုပ်မယ့် အခွင့်ကောင်းတွေ အကုန်လုံးပျက်စီး [၂၉] သွားတယ်။ ပညာရေးအတွက် အခွင့်ကောင်းတွေ လည်း ပျက်စီးသွားတယ်။ အကုန်ချဲ့ပြောမယ်ဆိုရင် ဗဟုဇန အဟိတ ဆိုတာ အများပြည်သူတွေရဲ့ အကျိုးမဲ့ ဖြစ်ပေါ် စေတယ်။ ဟိတ ဆိုတာ အခြေအနေကောင်းကို ပြောတာ။ အခြေအနေကောင်းရှိမှ သုခ ဆိုတာ ရမယ်။ ဟိတ နဲ့ သုခ သည် အကြောင်းနဲ့ အကျိုးသာ ဖြစ်တယ်။ မြန်မာလိုဘာသာပြန်တဲ့ အခါမှာ ဟိတ ကို အကျိုးစီးပွားလို့ပြန်ပြီး သုခ ကို ချမ်းသာလို့ ပြန်တယ်။

ဟိတ အကျိုးစီးပွားလို့ ဆိုတဲ့အခါမှာ သဘောပေါက်ချင်မှ ပေါက်မယ်။ ဒီစကားလုံးက သူ့အကျိုးစီးပွား၊ ငါ့အကျိုးစီးပွား ဒီလို အဓိပ္ပါယ် ပြန်ကောင်းပြန်မယ်ပေါ့။ တကယ်ကတော့ ဟိတ ဆိုတာ အင်္ဂလိပ်လိုပြောရင် good condition အခြေ အနေကောင်းလို့ဆိုတာ။

[၃၀] Good condition အခြေအနေကောင်း ဆိုတာ ဘာလဲ? ကလေးတစ်ယောက်က မိဘစကား နားထောင်တယ်၊ ကျောင်းမှန်မှန် တက်တယ်၊ စာကြိုးစားတယ်။ ဒါသည် အခြေအနေကောင်းလို့ ဆိုတယ်။ သူသည် ကြီးပွားလာမယ့် ကလေးပဲလို့ ပြောလို့ရတယ်။ ရဲဘော်တစ်ယောက်သည်လည်း ထို့အတူပဲ စည်းကမ်းတွေ လေးစားတယ်၊ ကြိုးစားတယ်ဆိုရင် ဒါအခြေအနေကောင်းလို့ခေါ်တယ်။ ဒါအောင်မြင်မှု မဟုတ်သေးဘူး၊ အခြေအနေကောင်းပဲ။ အခြေ အနေကောင်းရှိမှ သုခ ဆိုတာရတယ်။ အခြေအနေကောင်း ရအောင်သာ မိဘတွေ က လုပ်ပေးနိုင်တယ်။ မိဘတွေက သားသမီးတွေကို ချမ်းသာကို တိုက်ရိုက်ပေးလို့မရဘူး။ မိဘတွေက ကိုယ့်သားသမီးကို ကျောင်းကောင်းကောင်း ထား [၃၁] ပေးကြတယ်၊ ပညာသင်ဖို့ အခြေအနေတွေ ဖန်တီး ပေးကြတယ်၊ ဆရာကောင်းထံ အပ်ထားကြတယ်။ အဲဒါ ဘာအတွက်လည်းဆိုရင် ဟိတ ဖြစ်ဖို့တွက် လုပ်ကြတာ။ ဟိတ ကိုသာ လုပ်ပေးလို့ရတယ်။ အဲဒီ ဟိတ ကို အကြောင်းပြုပြီးတော့ ရလာတဲ့ အခြေ အနေကမှ သုခ လို့ ဆိုတာနော်။

အဲဒီတော့ မိဘက ကိုယ့်သားသမီးကို ချစ်သော်လည်းပဲ ပညာတတ်ကြီး ဖြစ်အောင် လုပ် ပေးလို့ ရသလားဆိုတော့ မရဘူး။ အခြေအနေ တစ်ခုကို ဖန်တီးပေးနိုင်တာသာ ရှိတယ်။ အခြေ အနေတစ်ခု ဖန်တီးပေးတယ်ဆိုတာ ဆုံးမတယ်၊ ကျောင်းမှန်မှန်တက်ဖို့ ပြောတယ်၊ ကျောင်းကောင်း ကောင်း ထားပေးတယ်၊ ဆရာကောင်းကောင်းဆီ အပ်ပေးတယ်။ ဒါပေမယ့် ကလေးကိုယ်တိုင်က ကြိုးစားမှ ပညာတတ်ဆိုတာ ဖြစ်တာနော်။

[၃၂] တိုင်းပြည်ငြိမ်းချမ်းသာယာနေတာ လူတွေ အတွက် အခြေအနေကောင်း၊ စည်းလုံးညီညွတ်နေ တာ လူတွေအတွက် အခြေအနေကောင်း၊ အားလုံး အတွက် အခြေအနေကောင်းလို့ ဆိုလိုတယ်။ မညီညွတ်ကြတော့ဘူး၊ ရန်ဖြစ်နေကြတယ်ဆိုရင် အခြေအနေကောင်းတွေ ပျက်စီးသွားတယ်လို့ ပြောရမယ်။ တိုင်းပြည်တွင်းမှာ သူပုန်သူကန်တွေ ထနေတယ်၊ တိုက်ပွဲတွေ ဖြစ်နေတယ်၊ ငြိမ်းချမ်းရေး တွေ ပျက်စီးနေမယ်ဆိုရင် အခြေနေကောင်း မဟုတ် ဘူး။ အဲဒါ ဟိတ ပျက်စီးနေတယ်လို့ ခေါ်တာ။ ခုနကလို ဝိဝါဒ ဖြစ်ပြီဆိုရင် ဗဟုဇန အဟိတာယ လူအများမှာ ဟိတ ဆိုတာ ပျက်စီး နေတယ်၊ အခြေအနေကောင်းတွေ ဆုံးရှုံးနေပြီ။ အခြေအနေကောင်းတွေ ဆုံးရှုံးနေရင် ဘာဖြစ်လဲ သုခ ဆိုတာ မလာတော့ဘူး။ “ဗဟုဇန အသုခါယ”

[၃၃] လူအများသည် ချမ်းသာသုခက ဝေးပြီးတော့ ဒုက္ခ ရောက်ကြရတယ်လို့ ဆိုတာနော်။ စာပေကျမ်းဂန်မှာ ရှင်းရှင်းလေး ဖော်ပြတယ်။ “သုခကာရဏံ ဟိတံ” တဲ့။ ဟိတ ဆိုတာ သုခ ရဲ့ အကြောင်းတရားကို ပြောတာပါတဲ့။ အကျိုးစီးပွားလို့ ဘာသာပြန်လေ့ရှိတဲ့ စကားပဲ။ အကျိုးရဲ့ စီးပွား ဆိုတာ အကျိုးတရားကို ဖြစ်ထွန်းစေတတ်တဲ့ အကြောင်းလို့ အဓိပ္ပါယ်ယူရတယ်နော်။ Prosperity လို့ အင်္ဂလိပ်လို ဘာသာပြန်လေ့ ရှိကြတယ်။ ကြီးပွားတိုးတက်တယ် ဆိုတာတွေက အခြေအနေ ကောင်းရှိမှ ကြီးပွားတိုးတက်တာ။

ဒါကြောင့်မို့ သုခကာရဏံ ဟိတံ သုခရခြင်း ၏ အကြောင်းတရားသည် ဟိတ၊ အဲဒီ ဟိတရဲ့ အကျိုးကျတော့မှ သုခ တဲ့။ အဲဒီတော့ လောကမှာ အခြေအနေ ကောင်းအောင် ဖန်တီးကြရတယ်။

[၃၄] တိုင်းပြည် ငြိမ်းချမ်းအောင်၊ သာယာအောင်၊ စီးပွား တိုးတက်အောင်၊ အခြေနေတွေ ကောင်းအောင် ဖန်တီးတာကို ဟိတ ကို လုပ်နေကြတယ်လို့ ပြောတာ။ အဲဒီ ဟိတ လုပ်လိုက်မှ သုခ ဆိုတဲ့ တစ်တိုင်းတစ်ပြည်လုံး ငြိမ်းချမ်းသာယာပြီး ကြီးပွား တိုးတက်တယ်ဆိုတာ ဖြစ်မှာပေါ့။

အခု ဝိဝါဒ ဆိုတာ ဖြစ်လာပြီဆိုရင်တော့ “ဗဟုဇန အဟိတာယ” အများပြည်သူတွေ အကျိုး မဲ့ဖြစ်ဖို့၊ “ဗဟုဇန အသုခါယ” အများပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်ဖို့ဆိုတာ ဖြစ်လာတယ်လို့ မြတ်စွာ ဘုရားက ဟောတာနော်။ “အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ” ဒီလို ညီညွတ်ရေးပျက်ပြားမှုက လူတွေတင် ထိခိုက်တာ မဟုတ်ဘူးတဲ့။ နတ်တွေ ထိအောင် ထိခိုက်တယ်လို့ ပြောတာ။ လူတွေ အုပ်စု ကွဲရင် နတ်တွေပါ အုပ်စုကွဲတယ်လို့ ဆိုတာ။

[၃၅] ကောသမ္ဘီပြည်မှာ ရဟန်းတွေ အချင်းများတဲ့ အခါမှာ အုပ်စုနှစ်ခု ကွဲသွားတယ်။ လူဆိုတာ တစ်ဖက်နဲ့ တစ်ဖက် ဖြစ်လာပြီဆိုရင် တစ်ဖက်ကို အားပေးတဲ့သူလည်း ရှိတာပဲနော်။ တစ်ဖက်ကို ဆန့်ကျင်တဲ့သူလည်း ရှိလာမှာပဲ။ ဝိဝါဒ ဆိုတာတွေ များလာရင် အကျိုးစီးပွား ပျက်စီးဖို့တွေ ဖြစ်လာတယ် လို့ မြတ်စွာဘုရားက ဟောတာပေါ့။ ဒါက ဝိဝါဒ ဖြစ်လာရင် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေဆိုး တွေပဲ။

ဆင်ခြင်သုံးသပ် အဖြေထွက်

ဒါဖြင့် ဘာလုပ်ကြမလဲ ဆိုတဲ့အခါ ကိုယ့် သန္တာန်မှာ စိတ်တိုတတ်သလား၊ အညှိုးအတေးတွေ ထားတတ်သလား ဆိုတာကို ကိုယ့်ကိုကိုယ် ဆန်းစစ် ရမှာပေါ့။ စိတ္တာနုပဿနာဆိုတာ မဟာသတိပဋ္ဌာန် [၃၆] ကျင့်စဉ်ထဲမှာ ပါတယ်။ ဒါက ကမ္မဋ္ဌာန်းထိုင်မှ သိရမဲ့ ကိစ္စ မဟုတ်ဘူး။ စိတ္တာနုပဿနာဆိုတာ Contemplation of mind ကိုယ့်စိတ်ဓာတ်ကို ကိုယ် Contemplate လုပ်တာ။ “ငါ စိတ်တိုတတ်သလား၊ အငြိုး အတေး ထားတတ်သလား” ဆိုတာကို အမြဲတမ်း ဆင်ခြင်သုံးသပ်ရမယ်။

စိတ်တိုတတ်တယ်၊ အငြိုးအတေး ထားတတ် တယ်လို့ အဖြေထွက်မလား သို့မဟုတ် စိတ်မတိုဘူး၊ အညိုးအတေးမထားတတ်ဘူးလို့ အဖြေထွက် မလား။ အဲဒီ အဖြေပေါ်ကြည့်ပြီး အလုပ်လုပ်ရမယ် နော်။ အဖြေထုတ်နိုင်အောင် ဘာလုပ်ရမလဲဆိုရင် ဆင်ခြင်သုံးသပ်မှုကို လုပ်ရမယ်။ ဆင်ခြင်သုံးသပ်မှု မလုပ်ဘဲနဲ့ ဘာတစ်ခုမှ မသိနိုင်ဘူးလို့ မြတ်စွာဘုရား က ဟောတယ်။

[၃၇] “ဗဟုပကာရာ ဘိက္ခဝေ ပစ္စဝေက္ခဏာ ကုသလေသု ဓမ္မေသု” အပြစ်ကင်းတဲ့ လုပ်ငန်းတွေ အတွက် ဆင်ခြင်သုံးသပ်မှုသည် အလွန်အရေး ပါတယ်လို့ ပြောတာ။ ပစ္စဝေက္ခဏာ ဆိုတာ အကြိမ် ကြိမ် အထပ်ထပ် အပြန်အလှန် ဆင်ခြင်သုံးသပ် တာ စဉ်းစားတာကို ခေါ်တာ။

အဲဒီ ဆင်ခြင်စဉ်းစားမှုကို ဒီမှာ Contemplation လို့ ဘာသာပြန်တယ်။ ပါဠိလို အနုပဿနာ လို့ ဆိုတယ်။ အနု ဆိုတာ အထပ်ထပ်၊ ပဿနာ ဉာဏ်နဲ့ကြည့်တာ၊ အနုပဿနာ ကိုယ့်စိတ်လေးကို အဖန်ဖန် ဉာဏ်နဲ့ကြည့်တာ ဖြစ်တယ်။ “ငါသည် စိတ်တိုတတ်သလား၊ အငြိုးအတေး ထားတတ်သလား၊ ကိုယ့်ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ကျေးဇူးကန်းတတ်သလား၊ ငါ့ထက်”

[၃၈] သာတယ်လို့ တဖက်သားကို အသိအမှတ် မပြုနိုင်သူ ဖြစ်သလား၊ သူတစ်ပါး ကိုယ့်ထက်သာသွားလျှင် မနာလို မရှုစိမ့်တွေ ငါ့မှာဖြစ်သလား သို့မဟုတ် ငါရထားတဲ့ အခွင့်အရေးမျိုး သူတစ်ပါး မရစေချင်ဘူးဆိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်မျိုးတွေ ဖြစ်နေသလား၊ ငါသည် ဂုဏ်မရှိဘဲနဲ့ ဂုဏ်လုပ်ပြီး အယောင်ဆောင်တတ်သူ ဖြစ်သလား သို့မဟုတ် ငါဘာသာ ငါလုပ်ထားတဲ့ အပြစ်တွေကို လူတွေ မသိဖို့ရာ ဖုံးကွယ်ဖို့ ကြိုးစားသလား” ဆိုတာတွေကို ဆင်ခြင်သုံးသပ်ရမယ်။

ပါပိစ္ဆ တစ်ခုခုလုပ်ဖို့ ယုတ်မာတဲ့ စိတ်ဓာတ်မျိုး ငါ့မှာရှိသလား၊ မိစ္ဆာဒိဋ္ဌိ မမှန်မကန် အမြင်တွေရော ငါ့မှာရှိနေသလား။ ကိုယ့်အမြင်တစ်ခုကို အသေဆုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်လားဆိုတာ ကိုယ့်ကိုကိုယ် ပြန်လည် ဆင်ခြင်သုံးသပ်ရမယ်။ အဲဒီလို [၃၉] ပြန်လည် ဆင်ခြင်သုံးသပ်လိုက်တဲ့အခါ အဖြေတစ်ခု ထုတ်နိုင်လိမ့်မယ်။

အဲဒီလို အခြေအနေတွေ တစ်ခုခုတွေ့ပြီဆိုရင် မြတ်စွာဘုရားက အဖြေထုတ်ဖို့ပြောတယ်။ “ဧဝရူပံ စေ တုမှေ ဝိဝါဒမူလံ” ဒီလို ဝိဝါဒမူလ လို့ဆိုတဲ့ အခြေအနေဆိုးတဲ့ သဘောတရားတွေ၊ စိတ်နေသဘောထားတွေကို၊ “အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သမနုပဿယျာထ" အဇ္ဈတ္တဆိုတဲ့ ကိုယ့်သန္တာန်မှာပဲဖြစ်စေ၊ ဗဟိဒ္ဓဆိုတဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာပဲဖြစ်စေ၊ အဲဒီလို ဝိဝါဒ ကွဲပြားမှုကို ဖြစ်စေတတ်တဲ့ စိတ်နေသဘောထားတွေ၊ ဆိုးဝါးတဲ့ စိတ်နေသဘောထားတွေ ရှိတယ်လို့ တွေ့ရှိမယ်ဆိုရင် ဘာလုပ်မလဲ?

[၄၀] “တတြ တုမှေ ဧတဿေဝ ပါပကဿ ဝိဝါဒ မူလဿ ပဟာနာယ ဝါယမေယျာထ” အဲဒီလို ဆိုးဝါးတဲ့ စိတ်နေသဘောထားတွေကို ဖယ်ရှားနိုင်ဖို့ ကြိုးစားကြတဲ့။ ဒါ မြတ်စွာဘုရားရဲ့ အဆုံးအမပဲ။ ကိုယ့်သန္တာန်ကို ဆင်ခြင်စဉ်းစားကြည့်လို့ ဒါတွေ တွေ့ပြီဆိုရင် မဖြစ်အောင်၊ ဖြစ်နေတဲ့ အရာတွေ နောက်ထပ်မဖြစ်ရအောင် ကြိုးစားရမယ်။

ကြိုးစားမှုဆိုတာကို မြတ်စွာဘုရားက (၄)မျိုး ခွဲပြီး ဟောထားပြန်တယ်။ သမ္မပ္ပဓာန်တရား (၄)ပါး ဆိုတာ အဆိုးဘက်က ကြိုးစားမှုနှစ်မျိုး၊ အကောင်းဘက်က ကြိုးစားမှုနှစ်မျိုး၊ အဆိုးဘက်ကြည့်မယ်ဆိုရင် အဆိုးတရားတွေ ကိုယ့်သန္တာန်မှာ မဖြစ်အောင် စောင့်စည်းဖို့ ကြိုးစားခြင်းက တစ်မျိုး၊ အဆိုးတရားတွေ ကြိုးစားလျက်နဲ့ မနိုင်လို့ ဖြစ်ပေါ်လာပြီဆိုရင် ဖယ်ရှားနိုင်ဖို့ ကြိုးစားခြင်းက တစ်မျိုး။

[၄၁] ဆို့ပိတ်ဖို့ ကြိုးစားခြင်း၊ မနိုင်ရင် ဖယ်ရှားနိုင်ဖို့ ကြိုးစားခြင်း ဒါ အဆိုးဘက် ကြိုးစားဖယ်ရှားတာ။ အဲဒီလို မကြိုးစားဘဲ လူတော်လူကောင်း ဖြစ်လာတယ်ဆိုတာ မရှိနိုင်ဘူး။

အကောင်းဘက်က နှစ်မျိုးဆိုတာ ကောင်းတဲ့ စိတ်သန္တာန်တွေ ကိုယ့်မှာ မဖြစ်သေးဘူးဆိုရင် ဖြစ်အောင် ကြိုးစားခြင်းနဲ့ ဖြစ်ပြီးသားဆိုရင် တိုးပွားအောင် ကြိုးစားခြင်းတို့ ဖြစ်တယ်။ ဒီနေရာမှာ မြတ်စွာဘုရားက ကိုယ့်သန္တာန်မှာပဲ ဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်စေ ဝိဝါဒမူလ ဆိုတဲ့ အခြေအနေဆိုးတွေကို တွေ့ပြီဆိုရင် ဖယ်ဖို့ကြိုးစားလိုက်ပါတဲ့။

အဲဒီလို တရားဆိုးတွေ ကိုယ့်သန္တာန်မှာရော ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာရော မရှိဘူးကင်းကြတယ်ဆိုရင် ပြန်ပေါ်မလာအောင် စောင့်စည်းနိုင်ဖို့ [၄၂] ကြိုးစားရမယ်။ ဖြစ်လာရင် ဖယ်ရှားနိုင်ဖို့ ကြိုးစား၊ မဖြစ်သေးဘူး ဆိုရင်လည်း နောင်ဘယ်တော့မှ မဖြစ်အောင် ကြိုးစားလို့ ဆိုတယ်။

မြတ်စွာဘုရားက “သံဝရ နဲ့ ပဟာန” လို့ ဟောထားတယ်။ သံဝရ ဆိုတာ ဆို့ပိတ်တာပဲ။ လူတစ်ယောက်က ခြင်မကိုက်အောင် ခြင်ထောင်လေးထောင်ပြီး အိပ်တယ်။ ခြင်မကိုက်အောင် ခြင်ထောင်ထောင်တာသည် သံဝရ စောင့်စည်းတာပဲ။ ဒါပေမယ့် ခြင်ဆိုတဲ့အကောင်က ဘယ်ကနေ ဘယ်လိုဝင်လာတယ်မသိ ခြင်ထောင်ထဲ ရောက်လာတတ်တယ်။ ရောက်လာပြီဆိုရင်တော့ ဘာလုပ်ရမလဲ? ခြင်ထောင်ရဲ့ အပြင်ဘက်ကို မောင်းထုတ်ဖို့ ကြိုးစားရမှာပဲ။ ပဟာန ဆိုတာ အဲဒီသဘောပဲ ဖြစ်တယ်ပေါ့။

[၄၃] အကုသိုလ် ကိုယ့်သန္တာန်မှာ မဖြစ်အောင် စောင့်စည်းရမယ်။ ဖြစ်လာပြီဆိုရင် မောင်းထုတ်ရမယ်။ ဒါကိုပဲ “သံဝရ နဲ့ ပဟာန” လို့ ဆိုတာ။ ရင်ထဲနှလုံးထဲမှာ ဒေါသ မဖြစ်မိအောင် ကြိုးစား။ ဖြစ်လာရင် လက်ခံမထားနဲ့ မောင်းထုတ်ဖို့ကြိုးစား ဝိဝါဒမူလ ဆိုတဲ့ အခြေအနေဆိုးတွေ ကိုယ့်သန္တာန်မှာ မရှိဘူးဆိုရင် နောင်ဘယ်တော့မှ မဖြစ်အောင် ကြိုတင်ပြီး ပိတ်ဆို့ထားပါ၊ ဖြစ်လာပြီ ဆိုရင်လည်း ဖယ်ရှားနိုင်အောင် ကြိုးစားဆိုပြီး အဖြေနှစ်ခု ထုတ်ပေးထားတယ်။ အဲဒီလို မြတ်စွာဘုရားက ဆုံးမဩဝါဒပေးခဲ့တာ။

“ဧဝမေတဿ ပါပကဿ ဝိဝါဒမူလဿ ပဟာနံ ဟောတိ ၊ အာယတိံ အနဝဿဝေါ ဟောတိ” အဲဒီနည်းနဲ့ ဝိဝါဒမူလ ဆိုတဲ့ အဆိုးတရားတွေကို ရင်ထဲက ဖယ်ရှားပစ်နိုင်တယ်၊ [၄၄] နောင်တဖန် မဖြစ်အောင် လုပ်ထားနိုင်တယ် ဆိုတဲ့ အကျိုးကျေးဇူးကို ရနိုင်ပါတယ်လို့ မြတ်စွာဘုရားက ဟောတာ။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေက အရင်းကျကျ၊ အတွင်းကျကျ အကြောင်းရင်းကို ရှာပြီး ဆုံးမဟောကြားထားတာ ဖြစ်တယ်။

ကြိုတင်တားဆီး ခံတပ်ကြီး

အဲဒီတော့ ဒီ ဝိဝါဒမူလ တွေ ကိုယ့်သန္တာန်မှာ မဖြစ်အောင် ခံတပ်ကြီးသဖွယ် ကြိုတင်တားဆီးတဲ့ အလုပ်တွေက ဘာတွေတုန်းဆိုတော့ မေတ္တာ၊ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မဝိဟာရ တရားတွေ ဖြစ်တယ်။

မေတ္တာ ဆိုတာ မိတ်ဆွေရဲ့စိတ်ဓာတ်ကို ပြောတာ။ မိတ်ဆွေရဲ့ စိတ်ဓာတ်တွေ ကိုယ့်သန္တာန်မှာ တည်ဆောက်ရမယ်။ တဖက်သားရဲ့ အကျိုး [၄၅] စီးပွားကို လိုလားတဲ့စိတ်တွေ အကျိုးမဲ့ဖြစ်မှာကို မလိုလားတဲ့ စိတ်တွေဆိုတဲ့ အဲဒီ မေတ္တာတရား အခိုင်အမာ တည်ဆောက်ထားရမယ်။

ဒါ့အပြင် ကိုယ့်အောက်နိမ့်ကျလာတဲ့ ပုဂ္ဂိုလ်ဆိုရင် အကြင်နာတရားနဲ့ ဖေးမတယ်၊ ကိုယ့်ထက်သာသွားရင်လည်း ဝမ်းသာနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်လည်းထားရှိရမယ်။ အဲဒီလို နိမ့်ကျသွားရင် သနားပြီး ကိုယ့်ထက် သာသွားရင် ဝမ်းသာနိုင်တာသည် ကရုဏာနဲ့ မုဒိတာ ပဲပေါ့။ နောက်ဆုံးမှာ လစ်လျူရှုရတယ် ဆိုတာလည်း ရှိရမယ်။ ပြင်လို့ ဆင်လို့ အားပေးကူညီလို့ မရတဲ့ပုဂ္ဂိုလ်ကို ဥပေက္ခာ ဆိုတာလည်း ထားရတယ်။

မိဘနှစ်ပါးမှာ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဖြစ်ပုံလေးကဘာတုန်းဆိုရင် ကိုယ့်သားလေး သမီးလေး မွေးလာတဲ့အခါ ဒီကလေးလေး ကြီးလာ [၄၆] ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ရင် ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်၊ တကယ့် လူကောင်းလေး ပညာတတ်လေး ဖြစ်စေချင်နေတာက မေတ္တာ ဖြစ်တယ်။ ဒီကလေးလေးက ခြင်ကလေး ကိုက်သွားလို့ဖြစ်စေ၊ တစ်ခုခုဖြစ်လို့ ငိုပြီဆိုရင် မိဘတွေမှာ အကြင်နာတရား ဖြစ်လာတယ်။ ဒါကို ကရုဏာ လို့ ခေါ်တယ်။

ဒီကလေးလေးက ကျန်းကျန်းမာမာနဲ့ ဆော့ကစားပြီး ပျော်နေမယ်ဆိုရင် မိဘက သူ့ကိုကြည့်ပြီး ဝမ်းသာတာကို မုဒိတာ လို့ ခေါ်တယ်။ နောက်ဆုံးမှာ ပညာတတ်ဖြစ်ပြီး သူ့အလုပ်အကိုင်နဲ့ ဖြစ်သွားပြီဆိုရင် ဥပေက္ခာ ဆိုတာ ဖြစ်သွားတယ်။ အဲဒီလို မိဘတွေရဲ့ ရင်ထဲမှာ သားသမီးနဲ့ ပတ်သက်ပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတာ အချိန်ပိုင်းအလိုက် ဖြစ်သွားတာ။

[၄၇] ထို့အတူပဲ နောက်ဥပမာတစ်ခုက ရောဂါရှင်တွေ ရောဂါပျောက်အောင်၊ ဝေဒနာတွေ သက်သာပျောက်ကင်းအောင် ကုသလိုတဲ့ ဆေးပညာ ကျွမ်းကျင်တဲ့ သမားတော်သည် လူတွေအားလုံး ကျန်းမာစေချင်တယ်ဆိုတာ မေတ္တာ ပဲ။ အဲဒီလို မေတ္တာထားသော်လည်းပဲ မကျန်းမာတဲ့ ပုဂ္ဂိုလ်ဆိုတာ ရှိလာမယ်။ မကျန်းမာတဲ့ ပုဂ္ဂိုလ်တစ်ယောက် ကိုယ့်ဆီရောက်လာပြီဆိုရင် အကြင်နာထားပြီး ရောဂါပျောက်စေချင်တာ ကရုဏာ ပဲ။ ကိုယ်တိုက်ကျွေးလိုက်တဲ့ ဆေး (သို့) ကိုယ် ကုသပေးလိုက်လို့ ရောဂါပျောက်ပြီး ကျန်းကျန်းမာမာ ဖြစ်သွားရင် မုဒိတာ ဖြစ်တယ်။ ရောဂါပျောက်စေချင်နေတာ, ကျန်းမာစေချင်တာက မေတ္တာ၊ ရောဂါဖြစ်လာလို့ အကြင်နာတရား ထားတာက ကရုဏာ၊ ရောဂါပျောက်သွားတယ်, ဆေးရုံက ဆင်းသွားတယ်ဆိုရင် မုဒိတာ ပေါ့။

[၄၈] ရောဂါက ကျွမ်းလို့ ကုမရတော့တဲ့ ပုဂ္ဂိုလ်ဆိုရင် “သဗ္ဗေသတ္တာ ကမ္မသကာ” ငါကုသလို့လည်း မပျောက်နိုင်တော့ဘူး၊ သက်သာရုံပဲ တတ်နိုင်တော့မယ် ဆိုတဲ့စိတ် ထားလိုက်တာက ဥပေက္ခာ လို့ ခေါ်တယ်။

အဲတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တွေကို လူတိုင်းအပေါ်မှာ အပြည့်အဝ တည်ဆောက်ထားနိုင်မယ်ဆိုရင် ခုပြောတဲ့ ဝိဝါဒမူလ ဆိုတာ ဝင်လာစရာ အကြောင်းမရှိတော့ဘူး။ စိတ်နေသဘောထားတွေ ပြောင်းလိုက်ပြီး မေတ္တာ ထားလိုက်တယ်။ နိမ့်ကျသွားတဲ့သူကို အကြင်နာ ထားတယ်။ သာလွန်သွားတဲ့ ပုဂ္ဂိုလ်ကို မုဒိတာ ပွားတယ်ပေါ့။

ကိုယ့်အပေါ်မှာ အဆိုးအကောင်းတွေကို ဂရုမစိုက်တော့ဘဲ လျစ်လျူပြုထားနိုင်မယ်။ ကိုယ့်ကို [၄၉] ဆိုးတဲ့လူလည်း ရှိတာပဲ၊ ထောက်ခံတဲ့လူလည်း ရှိတာပဲ၊ မထောက်ခံတဲ့ လူလည်း ရှိတာပဲ၊ ကိုယ့်အပေါ်မှာ အကောင်းပြောတဲ့သူလည်း ရှိမှာပဲ၊ မကောင်းပြောတာလည်း ရှိတာပဲ။ အဲဒီ လောကဓံတရားတွေပေါ်မှာ လျစ်လျူရှုထားနိုင်တာ ဥပေက္ခာ ပဲ။ အလွန်ရင့်ကျက်တဲ့ စိတ်လို့ခေါ်တယ်။ ပညာနဲ့ ဆက်နွယ်ပြီး ရင့်ကျက်တဲ့စိတ် ဖြစ်တယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတာ ဒီလိုရှိရမယ်တဲ့။ အဲဒီလို မွေးမြူထားရှိလိုက်မယ်ဆိုရင် ဝိဝါဒတရားတွေကို ကျော်လွှားသွားနိုင်မယ်။ ရင်ထဲ၊ နှလုံးထဲမှာ ယခုလိုထားရှိတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ လူတွေရဲ့ အရေးပါလှတဲ့ စိတ်ဓာတ်ဆိုင်ရာ ကြံ့ခိုင်မှုလေးခုသည် Society မှာ တန်ဖိုးအကြီးမားဆုံး ဖြစ်တယ်ပေါ့။ အဲဒီ တန်ဖိုးကြီးလှတဲ့ ဗြဟ္မစိုရ်တရားတွေကို အခြေခံပြီး Society [၅၀] မှာ လုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်ကြီးပွားမှု ရသည်ထက်ပိုရပြီး မိမိတို့ မျှော်မှန်းတဲ့ ငြိမ်းချမ်းသာယာတဲ့ အနေအထား တစ်ခုကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။

မိမိတို့ အသက်ရှင်သမျှ ကာလပတ်လုံး ကျေနပ်ဖွယ်ရာ ဘဝခရီးကို လျှောက်လှမ်းရင်း ကုသိုလ်တရားတွေ ဖြစ်ပွားလို့ ပါရမီကုသိုလ်တွေကို ပြုမူအားထုတ်နိုင်ပြီး ဘဝခရီးမှာ အောင်အောင်မြင်မြင် လျှောက်လှမ်းသွားနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ ရရှိကြတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းသည် မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း မိမိတို့ဘဝကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်ကြရမှာဖြစ်လို့ ကိုယ်စီကိုယ်စီ မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာဆောင်ရွက် နိုင်ကြပါစေကုန်သတည်း။

သာဓု ... သာဓု သာဓု

fyak12117cbze2bmo69qh3i466cp4jq