ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.2
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
ခေမာထေရီအကြောင်း
0
959
21982
3205
2026-05-15T22:27:17Z
~2026-29396-66
719
အမိတာ
21982
wikitext
text/x-wiki
{{header
| title = မဟာဗုဒ္ဓဝင်
| author = မင်းကွန်းဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = (၂) ခေမာထေရီအကြောင်း
| previous = [[မဟာပဇာပတိ ဂေါတမီထေရီအကြောင်း|(၁) မဟာပဇာပတိ ဂေါတမီထေရီအကြောင်း]]
| previous2 =
| next = [[ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း|(၃) ဥပ္ပလဝဏ္ဏာ ထေရီအကြောင်း]]
| next2 =
| year =
| notes =
| edition =
| categories = မဟာဗုဒ္ဓဝင်
| shortcut =
| portal =

(၂) ခေမာထေရီအကြောင်း

(ဤခေမာထေရီမ၏ အကြောင်းအရာကို အင်္ဂုတ္တရအဋ္ဌကထာ, ထေရီဂါထာ အဋ္ဌကထာနှင့် ဓမ္မပဒအဋ္ဌကထာတို့၌ အကျဉ်းမျှ ဖွင့်ပြအပ်၏၊ အပဒါနပါဠိတော်၌ကား ခေမာထေရီကိုယ်တိုင်ပင်

၁၉

အကျယ် ဟောပြအပ်၏။ ထို့ကြောင့် ဤခေမာထေရီအကြောင်းကို အဋ္ဌကထာ သုံးကျမ်းတို့နှင့်လည်း ညှိနှိုင်း၍ အပဒါနပါဠိတော်ကို အဦးတည်ကာ ရေးသားပြဆိုပေအံ့)-

(က) ထေရီမ၏ ရှေးဆုတောင်း

ဤခေမာထေရီအလောင်း အမျိုးကောင်းသမီးသည် လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ သူဌေးသမီးဖြစ်လတ်၍ တနေ့သ၌ မြတ်စွာဘုရား ဟောကြားသည့်တရားကို ကြားနာရ၍ သဒ္ဓါတရားဖြစ်ရှိကာ သရဏဂုံတည်သူ ဥပါသိကာ ဖြစ်လာလေ သည်။

ထို့နောက် မိ,ဖတို့ထံ ခွင့်ပန်၍ ဘုရားအမှူးရှိသော သံဃာကို ခုနစ်ရက်ပတ်လုံး ဆွမ်းပြုစုလုပ်ကျွေး ဆက်ကပ်၍ ခုနစ်ရက်လွန်မြောက်သောအခါ ပဒုမုတ္တရ မြတ်စွာဘုရားရှင်က အမိတာ ထေရီမကို ပညာဧတဒဂ်ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ကို ကြားသိ, တွေ့မြင်, ဝမ်းမြောက်, အားကျကာ တဖန် အဓိကာရ ကောင်းမှုကုသိုလ်ကိုပြု၍ ထိုပညာဧတဒဂ် ရာထူး = ဌာနန္တရကို ဆုတောင်းလေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားကလည်း ကမ္ဘာတသိန်း လွန်သောအခါ ဤမြတ်စွာဘုရား သာသနာ၌ ပညာဧတဒဂ်ရ ခေမာထေရီ ဖြစ်မည့်အကြောင်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

ဘဝများစွာ နတ်မိဖုရား လူမိဖုရား ဖြစ်ခြင်း

ထိုသူဌေးသမီးသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ ထိုဘဝမှ စုတေလတ်သော် တာဝတိံသာ, ယာမာ, တုသိတာ, နိမ္မာနရတိ, ပရနိမ္မိတဝသဝတ္တီ နတ်ပြည်ကြီး ၅-ထပ်တို့၌ အစဉ်အတိုင်း နတ်မိဖုရားကြီးချည်း ဖြစ်ရသည့်ပြင် နတ်ပြည်မှ စုတေ၍ လူ့ပြည်၌ တဖန် ဖြစ်ပြန်သောအခါလည်း စကြဝတေးမင်း, ဧကရာဇ်မင်းတို့၏ မိဖုရားကြီးချည်း ဖြစ်ရလေသည်။ ဤသို့လျှင် နတ်ပြည် လူ့ပြည်တို့၌ ဖြစ်လေတိုင်းသော ဘဝမှာပင်

၂၀

နတ်မိဖုရားကြီး, လူမိဖုရားကြီး ဖြစ်ကာ ကမ္ဘာပေါင်းများစွာ နတ်စည်းစိမ် လူစည်းစိမ်ကို အလှည့်အလည် ခံစားသုံးဆောင်၍ ကျင်လည်ခဲ့ရလေသည်။

ဗြဟ္မစာရိနီ ဘိက္ခုနီဘဝ

ယင်းသို့ ကမ္ဘာပေါင်းများစွာ နတ်စည်းစိမ်, လူစည်းစိမ်ကို အလှည့်အလည် ခံစားသုံးဆောင်၍ ကျင်လည်ခဲ့လေရာ ဤကမ္ဘာမှ လွန်ခဲ့သော ကိုးဆယ့်တကမ္ဘာဝယ် ဝိပဿီမြတ်စွာဘုရား ပွင့်ထွန်းတော်မူသောအခါ အမျိုးကောင်းသမီး ဖြစ်လတ်၍ မြတ်စွာဘုရားထံ ဆည်းကပ်၍ တရားကို နာလတ်သည်ရှိသော် သဒ္ဓါတရား ကြီးမားစွာဖြစ်ရှိကာ ဘိက္ခုနီမ-ပြုလုပ်၍ နှစ်ပေါင်း တသောင်းကြာ မြတ်သောအကျင့်ကို ကျင့်သုံးသဖြင့် ကမ္မဋ္ဌာန်းအလုပ် အားထုတ်သူ, ဗဟုသုတပြည့်ဝသူ, ပဋိစ္စသမုပ္ပါဒ်တရား၌ ကျွမ်းကျင်လိမ္မာသူ, သစ္စာလေးပါးတို့၌ ရဲရင့်သူ, သိမ်မွေ့စွာသော တရားအဟောကောင်း = ဓမ္မကထိက ဘိက္ခုနီမဖြစ်၍ သုံးပါး သိက္ခာ သာသနာကို လိုက်နာ ကျင့်သုံးခဲ့လေသည်။

ထိုဘဝမှ စုတေလတ်သော် တုသိတာနတ်ပြည်သို့ တက်ရ၍ ဖြစ်လေရာရာ ဘဝတို့၌ ဝိပဿီမြတ်စွာ သာသနာဝယ် ကောင်းစွာ အားထုတ်ခဲ့ခြင်း ကောင်းမှုရင်းကြောင့် သူ့ထက်ကဲသာ ပညာ, သီလ, ဘောဂ, ဥစ္စာ လိမ္မာသော အခြွေအရံပရိသတ် ရှိသူဖြစ်ကာ နှစ်သက်ဖွယ်ရာ များစွာသော လူနတ်စည်းစိမ်တို့ကို အလွယ်တကူ ရယူ သုံးဆောင်ခံစားရသည့်ပြင် ထိုပဋိပတ်ကောင်းမှု အစွမ်းကြောင့်ပင် ဖြစ်တိုင်းသော လူ့ဘဝ, နတ်ဘဝတို့၌ အရှင်သခင် စိုးပိုင်သူများက အလေးထား မြတ်နိုးရသူ နတ်မိဖုရား, လူမိဖုရား ဖြစ်ရလေသည်။

ကျောင်းတိုက် ဒါယိကာမဘဝ

ထိုအမျိုးသမီးသည် ဤဘဒ္ဒကမ္ဘာ ကောဏာဂုံ မြတ်စွာဘုရား လက်ထက်တော်အခါ ဗာရာဏသီပြည်ဝယ် ကြွယ်ဝသော အမျိုးသမီးဖြစ်၍ (အမည်နာမ-မပါ၊ ခေမာဟူ၍သာ လွယ်လွယ်မှတ်ထားရာ၏)

၂၁

ဓနဉ္ဇာနီအမျိုးသမီး, သုမေဓာအမျိုးသမီးတို့နှင့် အတူတကွ ဒါနပြုဖော် သူငယ်ချင်းမ-တို့ ဖြစ်ကြကာ သုံးယောက်သား ဒါယိကာခံ၍ သံဃအရာမ် ကျောင်းတိုက်ကြီးနှင့်တကွ သံဃိကကျောင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့ကြလေသည်။ ထိုဘဝမှ စုတေကြသော် သုံးယောက်သားလုံးပင် တာဝတိံသာနတ်ပြည်နှင့် လူ့ပြည်တို့၌ နတ်စည်းစိမ်, လူစည်းစိမ်တို့ကို အထက်တန်းကျကျ သုံးဆောင်ခံစားကြရလေသည်။

ကိကီမင်းကြီး၏ သမီးတော်ကြီးဘဝ

ဤဘဒ္ဒကမ္ဘာမှာပင် ကဿပမြတ်စွာ ပွင့်ထွန်းတော်မူသော အခါဝယ် ကာသိတိုင်းရှင် ဗာရာဏသီပြည် ကိကီမင်းကြီးသည် မြတ်စွာဘုရား၏ အလုပ်အကျွေး ဒါယကာအရင်း ဖြစ်လေသည်။ ထိုကိကီမင်းကြီးမှာ-

ခေမာ, ဥပ္ပလဝဏ္ဏာ စ၊ ပဋာစာရာ စ ကုဏ္ဍလာ။

ကိသာဂေါတမီ, ဓမ္မဒိန္နာ၊ ဝိသာခါ ဟောတိ သတ္တမီ-

ဟူသော ဂါထာအတိုင်း ဤအကျွန်ုပ်တို့ မြတ်စွာဘုရား သာသနာ၌ အစဉ်အတိုင်း (၁) ခေမာထေရီ၊ (၂) ဥပ္ပလဝဏ္ဏာထေရီ၊ (၃) ပဋာစာရာထေရီ၊ (၄) ကုဏ္ဍလကေသီထေရီ၊ (၅) ကိသာဂေါတမီထေရီ၊ (၆) ဓမ္မဒိန္နာထေရီ၊ (၇) ဝိသာခါကျောင်းအမကြီးတို့ ဖြစ်ကြမည့်-

သမဏီ, သမဏဂုတ္တာ စ၊ ဘိက္ခုနီ, ဘိက္ခဒါယိကာ။

ဓမ္မာ စေဝ, သုဓမ္မာ စ၊ သတ္တမီ သံဃဒါယိကာ-

ဟူသော ဂါထာအတိုင်း (၁) သမဏီမင်းသမီး၊ (၂) သမဏဂုတ္တာမင်းသမီး၊ (၃) ဘိက္ခုနီမင်းသမီး၊ (၄) ဘိက္ခဒါယိကာ မင်းသမီး၊ (၅) ဓမ္မာမင်းသမီး၊ (၆) သုဓမ္မာမင်းသမီး၊ (၇) သံဃဒါယိကာ မင်းသမီးဟူ၍ သမီးတော်ခုနစ်ယောက်တို့ ရှိကြလေသည်။

ထိုသမီးတော် ခုနစ်ယောက်တို့အနက် ဤခေမာထေရီအလောင်း အမျိုးကောင်းသမီးသည် အကြီးဆုံး သမဏီမင်းသမီး

၂၂

ဖြစ်လာလေသည်။ ထိုသမဏီမင်းသမီးသည် ကဿပ မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ရဟန်းမ = ဘိက္ခုနီပြုရန် အလွန်ပင် စိတ်သန်လျက် ခမည်းတော်မင်းကြီးထံ ခွင့်ပန်ပါသော်လည်း ရဟန်းမ = ဘိက္ခုနီ ပြုလုပ်ရန် အခွင့်မရခဲ့ချေ။ ထိုအခါ သမီးတော် ခုနစ်ယောက်လုံးတို့ပင် အနှစ်နှစ်သောင်းကြာ ခင်ပွန်းမရှာ ကောမာရိဗြဟ္မစရိယ = သတို့သမီး (အပျို)ဘဝဖြင့်ပင် တသက်လုံး ဥပုသ်သီတင်း ကျင့်သုံးခြင်းကို ကျင့်ကြံ၍ ကဿပမြတ်စွာဘုရားကို အသက်ထက်ဆုံး ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေး ဆည်းကပ်ကြလေသည်။

အခါတပါး၌ ကဿပမြတ်စွာဘုရားသည် အလွန် အံ့ဩဖွယ်ကောင်းသော မဟာနိဒါနသုတ္တန်တရားကို ဟောကြားတော်မူလေသည်။ (မဟာနိဒါနသုတ်မှာ ဒီဃနိကာယ်ခေါ် သုတ်သုံးကျမ်းအဝင်အပါ နှစ်ခုမြောက် မဟာဝဂ္ဂပါဠိ၌ နှစ်ခုမြောက်သုတ္တန်ဖြစ်သည်၊ ထိုသုတ်ကို ကြည့်ရှုကုန်ရာ၏)။ သမဏီမင်းသမီးသည် ထိုမဟာနိဒါနသုတ္တန်ကို နာရ၍ သဒ္ဓါတရား ကြီးမားစွာဖြစ်ရှိကာ လေ့လာသင်ကြား နှုတ်ရဆောင် ရွတ်အံသရဇ္ဈာယ်ခဲ့လေသည်။

ထိုကောင်းမှု ကုသိုလ်ကံများကြောင့် သမဏီမင်းသမီးဘဝမှ စုတေလတ်သော် တာဝတိံသာနတ်ပြည်၌ နတ်မိဖုရားကြီးဖြစ်လေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း

ထိုအမျိုးကောင်းသမီးသည် နောက်ဆုံးပစ္ဆိမ ဤဘဝဝယ် သာဂလမြို့၌ မဒ္ဒရာဇ်မင်း၏ သမီးတော်ဖြစ်၍ ပြည်သူခပ်သိမ်းကို ချမ်းငြိမ်းဘေးကင်းစေလျက် မွေးဖွားလာသူ ဖြစ်သောကြောင့် “ခေမာ”မင်းသမီးဟု အမည်တွင်လေသည်။ ခေမာမင်းသမီး အရွယ်သို့ ရောက်သောအခါ ဗိမ္ဗိသာရမင်းကြီး၏ အလွန်ချစ်မြတ်နိုးအပ်သည့် မိဖုရားကြီးဖြစ်လာ၍ ကိုယ်အဆင်း၌ အလွန်မာန်ယစ်သူ ဖြစ်လေသည်။

၂၃

မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ ခေမာမိဖုရားသည် “မြတ်စွာဘုရားကား ရုပ်၌ အပြစ်ကိုပြ၍ တရားဟောတော်မူသတဲ့”ဟု အဆင့်စကား ကြားသိရ၍ အဆင်းမာန်ယစ်သူ ဖြစ်ရကား “ငါသွားလျှင်လည်း မြတ်စွာဘုရားသည် အဆင်းရုပ်၌ အပြစ်ကိုပင် ပြတော်မူလေရာ၏”ဟု ကြံစည်မိကာ ကြောက်သဖြင့် မြတ်စွာဘုရားရှင် အထံတော်သို့ အဖူးအမြော် မသွားရောက်ပဲ နေလေ၏။

ဗိမ္ဗိသာရမင်းကြီး၏ ဥပါယကောသလ္လဉာဏ်

ဗိမ္ဗိသာရမင်းတရားကြီးသည် “ငါကား မြတ်စွာဘုရား၏ အမြတ်ဆုံး အလုပ်အကျွေး ဒါယကာဖြစ်လေသည်၊ သို့စဉ် အရိယာသူတော်ကောင်းကြီးတယောက်၏ မိဖုရားကြီး မြတ်စွာဘုရားရှင်ထံတော်သို့ အဖူးအမြော် မသွားရောက်ခြင်းကို ငါသည် အဘယ်နည်းဖြင့်မျှ မနှစ်သက်နိုင် = လက်မခံနိုင်”ဟု ကြံစည် ဆင်ခြင်ကာ စာဆိုကဝိ (=စာရေးဆရာ)တို့ကို “ဝေဠုဝန်ကျောင်းတော်ဖွဲ့ ဂီတိဂါထာ”တို့ကို ဖွဲ့နွဲ့သီကုံးစေပြီးလျှင် ထိုဂီတိဂါထာများကို “ခေမာမိဖုရား ကြားလောက်သည့် ဥပစာ၌ တစာစာ သီဆိုကြရမည်”ဟု အဆိုကျော်များကို အမိန့်ပေး၍ သီဆိုစေလေသည်။

ဝေဠုဝန်ဥယျာဉ်တော်ဖွဲ့ဂီတိ၄-ဂါထာ

(၁) ရမ္မံ ဝေဠုဝနံ ယေန၊ န ဒိဋ္ဌံ သုဂတာလယံ။

န တေန နန္ဒနံ ဒိဋ္ဌံ၊ ဣတိ မညာမသေ မယံ။

ယေန = အမှတ်မထင် အကြင်သူသည်။ ရမ္မံ = နှလုံးမွေ့လျော် ပျော်ဖွယ်ကောင်းသော။ သုဂတာလယံ = သုံးလူ့မှန်ကင်း တရားမင်း၏ သီတင်းသုံး နေထိုင်ရာလည်းဖြစ်သော။ ဝေဠုဝနံ = ဝါးတောတွင်ခေါ် ဥယျာဉ်တော်ကို။ န ဒိဋ္ဌံ = ကုသိုလ်ကံ မထောက်မ- သဖြင့် မမြင်ရ = မရှုရချေ။ တေန = ထိုသူသည်။ နန္ဒနံ = နတ်တို့ပျော်ရာ ကဲသာမြတ်မွန် နန္ဒဝန်ခေါ် နတ်ဥယျာဉ်တော်ကို။

၂၄

န ဒိဋ္ဌံ = မမြင်ရသည်မည်၏။ ဣတိ = ဤသို့။ မယံ = ငါတို့သည်။ မညာမသေ = အောက်မေ့ဆင်ခြင် မှတ်ထင်ကြကုန်၏။

(၂) ယေန ဝေဠုဝနံ ဒိဋ္ဌံ၊ နရ-နန္ဒန-နန္ဒနံ။

သုဒိဋ္ဌံ နန္ဒနံ တေန၊ အမရိန္ဒ သုနန္ဒနံ။

ယေန = အမှတ်မထင် အကြင်သူသည်။ နရ-နန္ဒန-နန္ဒနံ = လူတိုင်းကြည်ညို ရာဇဂြိုဟ်ပြည်ရှင် ဘုရင်ဗိမ္ဗိသာရ နှစ်သက်အားရအပ်သော။ (ဝါ) နရ-နန္ဒန-နန္ဒနံ = တလောကလုံး ညွှတ်ရုံးချစ်ခင် ဘုရားရှင်သည် ပျော်ရွှင် နှစ်သက်တော်မူအပ်သော။ ဝေဠုဝနံ = ဆိတ်ငြိမ်သာမော ကျယ်ပြန့်ပြောသည့် ဝါးတောမြတ်မွန် တုဖက်လွန်သော ဝေဠုဝန်ခေါ် ဥယျာဉ်တော်ကို။ ဒိဋ္ဌံ = မျက်ဝါးထင်ထင် ရှုမြင်ရ၏။ တေန = ထိုသူသည်။ အမရိန္ဒ သုနန္ဒနံ = နတ်တို့သနင်း သိကြားမင်းသည် လွန်မင်းစွာ နှစ်သက်အပ်သော။ နန္ဒနံ = နတ်တို့ပျော်ရာ ကဲသာမြတ်မွန် နန္ဒဝန်ခေါ် နတ်ဥယျာဉ်တော်ကို။ သုဒိဋ္ဌံ = ကောင်းစွာလှလှ တွေ့မြင်ရသည်မည်၏။

(၃) ဝိဟာယ နန္ဒနံ ဒေဝါ၊ ဩတရိတွာ မဟီတလံ။

ရမ္မံ ဝေဠုဝနံ ဒိသွာ၊ န တပ္ပန္တိ သုဝိမှိတာ။

ဒေဝါ = တာဝတိံသာ နတ်များစွာတို့သည်။ နန္ဒနံ = နန္ဒဝန်ခေါ် နတ်ဥယျာဉ်တော်ကို။ ဝိဟာယ = ပယ်ခွါ ရှောင်ရှား စွန့်ပစ်ထားခဲ့ကြ၍။ မဟီတလံ = ဇမ္ဗူဒီပါ လက်ျာဦးကင် မြေအပြင်သို့။ ဩတရိတွာ = သက်ဆင်းခဲ့ကုန်၍။ ရမ္မံ = နှလုံးမွေ့လျော် ပျော်ဖွယ်ကောင်းသော။ ဝေဠုဝနံ = ဝေဠုဝန်ခေါ် ဥယျာဉ်တော်ကို။ ဒိသွာ = မျက်ဝါးထင်ထင် တွေ့မြင်ကြရကုန်သည်ရှိသော်။ သုဝိမှိတာ = အလွန်အကဲ အံ့အဲကြကုန်လျက်။ န တပ္ပန္တိ = ပူပန်ကင်းလွေ့ စည်းစိမ်မေ့၍ မငြီးငွေ့ မရောင့်ရဲနိုင်ကြကုန်။

၂၅

(၄) ရာဇပုညေန နိဗ္ဗတ္တံ၊ ဗုဒ္ဓပုညေန ဘူသိတံ။

ကော ဝတ္တာ တဿ နိဿေသံ၊ ဝနဿ ဂုဏသဉ္စယံ။

ယံ ဝနံ = အကြင် ဝေဠုဝန်ခေါ် ဥယျာဉ်တော်သည်။ ရာဇပုညေန = မင်းဘုန်းလှုံ့ဖန် ကုသိုလ်ကံကြောင့်။ နိဗ္ဗတ္တံ = ဖြစ်ပေါ်ပေါက်ရောက်လာ၏။ ယံ ဝနံ = အကြင် ဝေဠုဝန်ခေါ် ဥယျာဉ်တော်ကို။ ဗုဒ္ဓပုညေန = ဘုရားဘုန်းတော် အာနုဘော်ဖြင့်။ ဘူသိတံ = တန်းဆာဆင်အပ်၏။ တဿ ဝနဿ = ထိုဝါးတောမြတ်မွန် ဝေဠုဝန်၏။ ဂုဏသဉ္စယံ = များလှဘိတောင်း ဂုဏ်အပေါင်းကို။ ကော = စာဆိုကဝိ အဘယ်ပညာရှိသည်။ နိဿေသံ = အကြွင်းမရှိအောင်။ ဝတ္တာ = သီကုံးဖွဲ့ခိုင် ဆိုစွမ်းနိုင်အံ့နည်း။

ခေမာမိဖုရား ထိုသီချင်းသံကို ကြားရလျှင် ရှေးအခါက ထိုဝေဠုဝန်ဥယျာဉ်တော်သို့သွား၍ မင်းတရားနှင့် မွေ့လျော်ပျော်ပါး ကစားဘူးသော်လည်း မသွားရဘူးသကဲ့သို့ အထူးတလည် အဆန်းတကြယ် အံ့ဩဖွယ်ကြီးထင်၍ သွားရောက်ကြည့်ရှုချင်သော အာသာဆန္ဒ ပြင်းပြလျက် ဗိမ္ဗိသာရမင်းတရားကို တင်ကြားခွင့်ပန်ပြီးလျှင် ကြီးစွာသော အခမ်းအနားဖြင့် မြတ်ဘုရားနှင့် မတွေ့ရအောင်ကြံ၍ ဆွမ်းခံဝင်ချိန်တွင် ဥယျာဉ်တော်သို့ဝင်ပြီး အပွင့်, အသီး, အကင်းအငုံ ပန်းမျိုးစုံထွေးယှက်, ပန်းဝတ်ရက်ယူသုံး ပျားပိတုန်းတသောသော, ဥဩတွန်ကျူး, ဒေါင်းမြူးကခုန်, လူစုံမရောပြွမ်း, ဆိတ်ချမ်းလူသံ, စင်္ကြံ, မဏ္ဍပ်, ကျောင်း, စရပ်တို့ဖြင့် ယောဂီသူမြတ်တို့ မွေ့လျော်ရာ ဝေဠုဝန်ဥယျာဉ်တော်ကို ရှုမြော်လှည့်လည်လေ၏။

ထိုသို့ လှည့်လည်စဉ်အတွင်း ခေမာမိဖုရားသည် တခုသော သစ်ပင်ရင်း၌ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ထိုင်နေသည့် ယောဂီရဟန်းပျိုတပါးကို မြင်၍ “ရှုချင်စဖွယ် ဤအရွယ်မှာ မွေ့လျော်ဖွယ်အာရုံ ကာမဂုဏ်ကိုခံစားပြီး သက်ကြီးယိုယွင်း အိုမင်းမှသာ ရဟန်းတရားကို အားထုတ်သင့်ဘိတကား”ဟု

၂၆

အမှားကြံဆင်ခြင်၍ ဘုရားရှင်မရှိဟူသော အမှတ်ဖြင့် ဂန္ဓကုဋီကျောင်းသို့ လှည့်ပတ် ချဉ်းကပ်လေသော် ခေမာမိဖုရား လာလိမ့်မည်ကို သိတော်မူနှင့်၍ ဆွမ်းခံမကြွပဲ ဂန္ဓကုဋီကျောင်းတော်၌ပင် တန်ခိုးတော်ဖြင့် ခေမာမိဖုရားထက် အဆဆသာလွန် လှပတင့်တယ်သော မိန်းမငယ် = ဣဒ္ဓိရုပ်ကို ဖန်ဆင်းတော်မူလျက် လေညှင်းယပ်ခပ်စေ၍ နေတော်မူလင့်သော မြတ်စွာဘုရားရှင်ကို ပက်ပင်းပါ ဖူးမြင်ရလေ၏။

ခေမာမိဖုရားသည် မိမိအဆင်း၌ တပ်မက်ခြင်းကို ပယ်စွန့်၍ ထိုဣဒ္ဓိရုပ် သူငယ်မအဆင်း၌ ပြင်းစွာတပ်မှိန်း တစိန်းစိန်းကြည့်ရှုဆဲ၌ပင် မြတ်စွာဘုရားရှင်၏ ဖန်ဆင်းချက်ကြောင့် ထိုသူငယ်မ ရွတ်တွအိုမင်း အဆင်းဖောက်ပြန် ဆံဖြူသွားကျိုး ညှင်းဆိုး, မှည့်စွဲလျက် တွဲရရွဲကျသောသားမြတ်, တွန့်ကပ်ပိန်ခြောက်သော အရေအသား, ကိုးရိုကားရား ခြေလက်အင်္ဂါ, ကြီးစွာသော အဆစ်အပိုင်း, အကြောပြိုင်းရရိုင်းနှင့် ကုပ်ကိုင်းသော ကိုယ်ရှိလျက် ပင့်သက်ရှူရှိုက် တုန်တုန်ခိုက်ခိုက် မျက်ဖြူဆိုက်၍ ဖိုက်ခနဲလဲသေသည်ကို မြင်ရလေလျှင် ခေမာမိဖုရား၏ စိတ်သန္တာန်၌-

“ဓိရတ္ထု ရူပံ အသုစိ၊ ရမန္တေ ယတ္ထ ဗာလိယာ။

ရူပံ = ဓာတ်လေးပါးဆောင် ဤရုပ်ကောင်သည်။ အသုစိ = ပင်ကိုယ် သူ့သဘောဝယ် မစင်ကြယ်ပါတကား။ ဓိ = စက်ဆုပ်ရွံရှာဖွယ်သည်။ အတ္ထု = ဖြစ်စွာ့တကား။ ယတ္ထ = ယင်းသို့ မစင်မကြယ် ထွီဖွယ်ဖြစ်သော ရုပ်ကောင်၌။ ဗာလိယာ = ပညာအန္ဓ အမိုက်မတို့သည်။ ရမန္တေ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကုန်၏တကား” -

ဟု သံဝေဂဉာဏ် ထက်သန်စွာ ဖြစ်ရှိလာလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ခေမာမိဖုရားအား ဤဆိုလတ္တံ့သော တရားဂါထာတို့ကို ဟောကြားတော်မူလေ၏-

၂၇

(၁) အာတုရံ အသုစိံ ပူတိံ၊ ပဿ ခေမေ သမုဿယံ။

ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိနန္ဒိတံ။

ခေမေ = ခေမာမိဖုရား..။ အာတုရံ = ကျင်နာခံခက် နှိပ်စက်ထသော။ အသုစိံ = မစင်မကြယ် ထွီဖွယ်ရာ ဖြစ်ထသော။ ပူတိံ = ပုပ်ဟောင်ညှီလှောင်း မကောင်းသော အနံ့ရှိထသော။ ဥဂ္ဃရန္တံ = အထက်သို့လည်း တစက်စက် ယိုထွက်ထသော။ ပဂ္ဃရန္တံ = အောက်သို့လည်း တစက်စက် ယိုထွက်ထသော။ ဗာလာနံ = မလိမ္မာသူ လူမိုက်တို့သည်။ အဘိနန္ဒိတံ = လွန်စွာစုံမက် နှစ်သက်မြတ်နိုးအပ်သော။ သမုဿယံ = ခန္ဓာကိုယ် အတ္တဘောကို။ ပဿ = စေ့စေ့ငုငု ကြည့်ရှုလော့။

(၂) အသုဘာယ စိတ္တံ ဘာဝေဟိ၊ ဧကဂ္ဂံ သုသမာဟိတံ။

သတိ ကာယဂတာ တျတ္ထု၊ နိဗ္ဗိဒါဗဟုလာ ဘဝ။

အသုဘာယ = မတင့်မတယ် စက်ဆုပ်ဖွယ်ဟု စိတ်ဝယ်ထင်မြင်ခြင်းအကျိုးငှါ။ ဧကဂ္ဂံ = တခုတည်းသော အာရုံရှိသော။ သုသမာဟိတံ = ကောင်းစွာ တည်ကြည်သော။ စိတ္တံ = ဘာဝနာစိတ်ကို။ ဘာဝေဟိ = ပွါးစေလော့။ ကာယဂတာ = ကာယကောဋ္ဌာသ၌ဖြစ်သော။ သတိ = အောက်မေ့ခြင်းသတိသည်။ တေ = သင့်အား။ အတ္ထု = ဖြစ်စေလော့။ နိဗ္ဗိဒါဗဟုလာ = ငြီးငွေ့ခြင်းများသည်။ ဘဝ = ဖြစ်လော့။

(၃) ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။

အဇ္ဈတ္တဥ္စ ဗဟိဒ္ဓါ စ၊ ကာယေ ဆန္ဒံ ဝိရာဇယ။

ခေမေ = ခေမာမိဖုရား..။ ဣဒံ = ဤငါ့ထံကပ်ခို မိန်းမ၏ကိုယ်သည်။ ဘိဇ္ဇတိ ယထာ = အိုမင်းရွတ်တွ ပျက်စီးရသကဲ့သို့။ တထာ = ထို့အတူ။ ဧတံ = ထိုသင်၏ကိုယ်သည်။ ဘိဇ္ဇိဿတိ = အိုမင်းရွတ်တွ ပျက်စီးရလတ္တံ့။

၂၈

ဧတံ = ထိုသင်၏ကိုယ်သည်။ သောဘတိ ယထာ = မသေခင် ခေတ္တမျှ တင့်တယ်လှပသည်ဟု ထင်ရသကဲ့သို့။ တထာ = ထို့အတူ။ ဣဒံ = ဤငါ့ထံကပ်ခို မိန်းမ၏ကိုယ်သည်။ သောဘတိ = မသေခင် ခေတ္တမျှ တင့်တယ်လှပသည်ဟု ထင်ရ၏။ အဇ္ဈတ္တဉ္စ = အတွင်းလည်းဖြစ်သော။ ဗဟိဒ္ဓါ စ = အပလည်းဖြစ်သော။ ကာယေ = ကိုယ်၌။ ဆန္ဒံ = တပ်မက်သော ဆန္ဒရာဂကို။ ဝိရာဇယ = ပယ်စွန့်ဖြတ်တောက်လော့။

(၄) အနိမိတ္တဉ္စ ဘာဝေဟိ၊ မာနာနုသယမုဇ္ဇဟ။

တတော မာနာဘိသမယာ၊ ဥပသန္တာ စရိဿသိ။

အနိမိတ္တဉ္စ = လုံးလုံးလျောင်းလျောင်း ပေါင်း၍တည်ဟန် သဏ္ဌာန် အကောင်အထည် မရှိဟု ခွဲထုစပ်ဖန် အဖြစ်အပျက်ကိုရှုသော ဝိပဿနာဉာဏ်ကိုလည်း။ ဘာဝေဟိ = ပွါးစေလော့။ မာနာနုသယံ = မိမိကိုယ်၌ ပုန်းလျှိုးခိုအောင်း မကောင်းဆိုးရွား ထောင်လွှားသော မာနာနုသယကို။ ဥဇ္ဇဟ = စွန့်ပယ်လော့။ တတော မာနာဘိသမယာ = ထိုသို့ မာနကို စွန့်ပယ်ခြင်းကြောင့်။ ဥပသန္တာ = ဆယ့်တမီးဟူ အပူခပ်သိမ်း အကုန်ငြိမ်းသည်ဖြစ်၍။ စရိဿသိ = နိဗ္ဗာန်ထုတ်ချောက် ရောက်ရလတ္တံ့။

(၅) ယေ ရာဂရတ္တာနုပတန္တိ သောတံ၊

သယံ ကတံ မက္ကဋကော၀ ဇာလံ။

ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ၊

အနပေက္ခိနော ကာမသုခံ ပဟာယ။

မက္ကဋကော = ပင့်ကူကောင်သည်။ သယံ ကတံ = မိမိပြုအပ်သော။ ဇာလံ = ကွန်ရက်အသွင် ပင့်ကူချည်မျှင်သို့။ အနုပတန္တိ ယထာ = အစဉ်လျှောက်၍ နေသကဲ့သို့။ ယေ = အကြင်သတ္တဝါတို့သည်။ ရာဂရတ္တာ = ရာဂဖြင့် တပ်မက်မောကုန်၏။ တေ = ထိုသတ္တဝါတို့သည်။ သယံ ကတံ = မိမိသည် ပြုအပ်သော။

၂၉

သောတံ = ကိလေသာအယဉ် ခန္ဓာအစဉ်သို့။ အနုပတန္တိ = အစဉ်လိုက်၍ နေရကုန်၏။ ဓီရာ = ပညာရှိတို့သည်။ ကာမသုခံ = ကာမဂုဏ်ချမ်းသာကို။ အနပေက္ခိနော = ငဲ့ကွက်တွယ်တာခြင်း မရှိကုန်ပဲ။ ပဟာယ = ပယ်စွန့်ကုန်၍။ ဧတမ္ပိ = ထိုကိလေသာအယဉ် ခန္ဓာအစဉ်ကိုလည်း။ ဆေတွာန = တစမကျန် တွန်းလှန်ဖြတ်တောက်ကုန်၍။ ပရိဗ္ဗဇန္တိ = နိဗ္ဗာန်ထုတ်ချောက် သွားရောက်ကြကုန်၏။

ဤတရားဒေသနာကို ကြားနာရ၍ ခေမာမိဖုရား၏စိတ် ကြည်သာရွှင်လန်း ခံ့ကျန်း၍နေသည်ကို သိမြင်တော်မူကာ မြတ်စွာဘုရားသည် (ခေမာမိဖုရားအလောင်း သမဏီမင်းသမီးဘဝ ကဿပ ဘုရားရှင်လက်ထက်တော်က လေ့လာနှုတ်တက် ဆောင်ခဲ့ဘူးသော) မဟာနိဒါနသုတ်ကို ဟောတော်မူလေ၏။ ထိုမဟာနိဒါနသုတ်ကို ကြားနာရသောအခါ ခေမာမိဖုရားသည် ရှေးက မိမိ လေ့ကျက်ခဲ့ဘူးသည်ကို အမှတ်ရကာ ထိုနေရာ၌ပင် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်လေ၏ = သောတာပန်အရိယာမ ဖြစ်လေ၏။

သောတာပန်အရိယာမ ဖြစ်ပြီးသောအခါ ခေမာမိဖုရားသည် မိမိ ရှေးက ရုပ်မာနဖြင့် အထင်မှား အမြင်မှားခဲ့သည့်အပြစ်ကို တောင်းပန်ကန်တော့လိုရကား မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်းလျက် ဤဆိုလတ္တံ့သော ငါးဂါထာတို့ကို လျှောက်ဆို တောင်းပန်လေ၏-

(၁) နမော တေ သဗ္ဗဒဿာဝိ၊ နမော တေ ကရုဏာကရ။

နမော တေ တိဏ္ဏသံသာရ၊ နမော တေ အမတံ ဒဒ။

သဗ္ဗဒဿာဝိ = ခပ်သိမ်းသော တရားတို့ကို ကြွင်းထားမရှိ မြင်သိတော်မူပေသော မြတ်စွာဘုရား..။ တေ = ရှင်ပင်ဘုရားအား။ နမော = ရိုသေမြတ်နိုး ရှိခိုးပါ၏ဘုရား။ ကရုဏာကရ = မဟာကရုဏာ၏တည်ရာ ဖြစ်တော်မူပေသော မြတ်စွာဘုရား..။ တေ = ရှင်ပင်ဘုရားအား။ နမော = ရိုသေမြတ်နိုး ရှိခိုးပါ၏ဘုရား။

၃၀

တိဏ္ဏသံသာရ = သံသရာဝဲဂယက်မှ ကူးတက်တော်မူပြီးသော မြတ်စွာဘုရား..။ တေ = ရှင်ပင်ဘုရားအား။ နမော = ရိုသေမြတ်နိုး ရှိခိုးပါ၏ဘုရား။ အမတံဒဒ = ဘယ်အခါမှမသေ အမြိုက်မွေကို ပေးဝေတော်မူပေသော မြတ်စွာဘုရား..။ တေ = ရှင်ပင်ဘုရားအား။ နမော = ရိုသေမြတ်နိုး ရှိခိုးပါ၏ဘုရား။

(၂) ဒိဋ္ဌိဂဟနပက္ခန္ဒာ၊ ကာမရာဂဝိမောဟိတာ။

တယာ သမ္မာ ဥပါယေန၊ ဝိနီတာ ဝိနယေ ရတာ။

ဒိဋ္ဌိဂဟနပက္ခန္ဒာ = မိစ္ဆာညစ်ထေး ချုံပျစ်စေးသို့ ပြေးဝင်သော။ ကာမရာဂဝိမောဟိတာ = ကာမဂုဏ်ကို ခင်စုံတပ်မက် နှစ်သက်လိုက်စား၍ မျက်စိလည် လမ်းမှားသော အကျွန်ုပ်သည်။ သမ္မာ ဥပါယေန = လှပတင့်တယ် ရှုချင်ဖွယ်သော မိန်းမငယ်အဆင်းကို ဖန်ဆင်းတုံရှောင်း နည်းကောင်း ဥပါယ်တမျဉ်ဖြင့်။ တယာ = ရှင်ပင်ဘုရားသည်။ ဝိနီတာ = လိမ္မာယဉ်ကျေးအောင် နည်းပေးဆုံးမအပ်သည်ဖြစ်၍။ ဝိနယေ = ကိုယ်နှုတ်နှလုံးကို ဆုံးမယဉ်ကျေးခြင်း၌။ ရတာ = နှစ်ခြိုက်ရွှင်ပျော် မွေ့လျော်ရပါပြီဘုရား။

(၃) အဒဿနေန ဝိယောဂါ၊ တာဒိသာနံ မဟေသိနံ။

အနုဘောန္တိ မဟာဒုက္ခံ၊ သတ္တာ သံသာရသာဂရေ။

တာဒိသာနံ = ရှင်ပင်ဘုရားကဲ့သို့ သဘောရှိကုန်သော။ မဟေသိနံ = သီလ သမာဓိ အစရှိသော ဂုဏ်ကြီးသခင် ဘုရားရှင်တို့ကို။ အဒဿနေန = မဖူးမြင်ရသဖြင့်။ ဝိယောဂါ = ကွေကွင်း ကင်းကွာခြင်းကြောင့်။ သတ္တာ = သတ္တဝါတို့သည်။ သံသာရသာဂရေ = သံသရာပြင်ကျယ် မြစ်ပင်လယ်၌။ မဟာဒုက္ခံ = ကြီးကျယ်သောဆင်းရဲကို။ အနုဘောန္တိ = ခံစားကြရကုန်၏။

(၄) ယဒါဟံ လောကသရဏံ၊ အရဏံ အရဏန္တဂုံ။

နာဒ္ဒသာမိ အဒူရဋ္ဌံ၊ ဒေသယာမိ တမစ္စယံ။

၃၁

အဟံ = ခေမာသမုတ် အကျွန်ုပ်သည်။ လောကသရဏံ = လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်သော။ အရဏံ = ကိလေသာရန်သူ ကင်းဝေးတော်မူသော။ အရဏန္တဂုံ = ကိလေသာရန်သူပုန် ကုန်ရာနိဗ္ဗာန်သို့ ရောက်တော်မူသော ရှင်ပင်ဘုရားကို။ အဒူရဋ္ဌံ = ရာဇဂြိုဟ်မြို့နီး ဝါးတောကြီး၌ နေတော်မူသည်ကိုလျက်။ ယံ န အဒ္ဒသာမိ = အကြင် လာရောက်ဦးတင် မဖူးမြင်မိပါ။ တံ အစ္စယံ = ထိုနီးလျက် ဦးတင် ဖူးမြင်မလာ မလိမ္မာသော အပြစ်ဒေါသ အာဒီနဝကို။ ဒေသယာမိ = ဖော်ပြတင်ကြား လျှောက်ထား တောင်းပန်ပါ၏ဘုရား။

(၅) မဟာဟိတံ ဝရဒဒံ၊ အဟိတောတိ ဝိသင်္ကိတာ။

နောပေသိံ ရူပနိရတာ၊ ဒေသယာမိ တမစ္စယံ။

မဟာဟိတံ = သတ္တဝါအများ သုံးဘုံသားတို့၏ များစွာသော စီးပွါးကို ဆောင်တော်မူတတ်သော။ ဝရဒဒံ = မြတ်သော မဂ်, ဖိုလ်, နိဗ္ဗာန်ကို ပေးတော်မူတတ်သော ရှင်ပင်ဘုရားကို။ အဟိတောတိ = စီးပွါးမဲ့အောင် ကဲ့ရဲ့ရှုတ်ချတတ်သည်ဟူ၍။ ဝိသင်္ကိတာ = ချွတ်ချော်တိမ်းပါး ယုံမှားတွေးတောလျက်။ ရူပနိရတာ = အရောင်အဆင်း၌ လွန်မင်းစွာ မွေ့လျော်ပျော်ပိုက်သည်ဖြစ်၍။ ယံ န ဥပေသိံ =အကြင် မဆည်းကပ် မလာရောက်မိပါ။ တံ အစ္စယံ = ထိုဆင်းရောင်ယစ်လတ် အလွဲမှတ်၍ မဆည်းကပ် မလာရောက် မှားမှောက်မိသမျှ အပြစ်ဒေါသ အာဒီနဝကို။ ဒေသယာမိ = ဖော်ပြတင်ကြား လျှောက်ထား တောင်းပန်ပါ၏ဘုရား။ ။(ဂါထာအနက်တို့မှာ မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး၏ အနက်များဖြစ်သည်။ ဆိဒ္ဒဝိဓာနနီကျမ်းမှ ထုတ်နုတ်ဖော်ပြအပ်သည်)။

ခေမာမိဖုရားသည် ဤ“ကန်တော့လွှာ ၅-ဂါထာတို့ဖြင့် မြတ်စွာဘုရားကို တောင်းပန်ကန်တော့ လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် အမြိုက်ရေချမ်းဖြင့် သွန်းဖျန်းတော်မူလိုက်သကဲ့သို့

၃၂

ခေမာမိဖုရားကို “တိဋ္ဌ ခေမေ = ရှိပစေ ချစ်သမီးခေမာ..”ဟု သည်းခံစကား မိန့်ကြားတော်မူလေ၏။ ထိုအခါ ခေမာမိဖုရားသည် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး လက်ျာရစ် လှည့်လည်ပြီး၍ ရွှေနန်းတော်သို့ ပြန်လာကာ ဗိမ္ဗိသာရမင်းတရားကို-

(၁) အဟော သမ္မာ ဥပါယော တေ၊

စိန္တိတောယမရိန္ဒမ။

ဝနဒဿနကာမာယ၊

ဒိဋ္ဌော နိဗ္ဗနထော မုနိ။

အရိန္ဒမ = ရွှေရောင်ကိုယ်ဆင်း ဝါဝင်းမှည့်ထိန် စောရန်နှိမ်..။ တေ = အရှင်မင်းမြတ်သည်။ အယံ ဥပါယော = ဝေဠုဝန်ခေါ် ဥယျာဉ်တော်ကို ရှုမြော်စေကြောင်း ဤနည်းလမ်း ဥပါယ်ကောင်းကို။ သမ္မာ = ကောင်းစွာ။ စိန္တိတော = ကြံစည်ရှုမြော် ပြုတော်မူအပ်ပေပြီ။ အဟော = လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့။ ဝနဒဿနကာမာယ = ဥယျာဉ်တော်ကို ရှုမြော်လိုသည့် ဆန္ဒပြင်းပြသော ဘုရားကျွန်တော်မသည်။ နိဗ္ဗနထော = တဏှာတည်းဟူသော တောမှ ထွက်မြောက်တော်မူပြီးသော။ မုနိ = မဟာမုနိ အတုမရှိ မြတ်စွာဘုရားကို။ ဒိဋ္ဌော = မံသ,ပညာ = နှစ်ဖြာသောစက္ခုဖြင့် စေ့ငုထင်ထင် ဖူးမြင်အပ်ခဲ့ပါပြီ။

(၂) ယဒိ တေ ရုစ္စတေ ရာဇ၊

သာသနေ တဿ တာဒိနော။

ပဗ္ဗဇိဿာမိ ရူပေဟံ၊

နိဗ္ဗိန္နာ မုနိဝါဏိနာ။

ရာဇ = သမ္မုတိနတ် အိုမင်းမြတ်..။ တေ = အရှင်မင်းမြတ်သည်။ ယဒိ ရုစ္စတေ = အကယ်၍ နှစ်သက်ကြည်ဖြူ ခွင့်ပြုတော်မူပါငြားအံ့။ အဟံ = ခေမာတွင်ခေါ် ဘုရားနှမတော်သည်။ တာဒိနော = တာဒိဂုဏ်ရှင် ဖြစ်တော်မူပေသော။ တဿ မုနိနော = ထိုမဟာမုနိ အတုမရှိ

၃၃

မြတ်စွာဘုရား၏။ သာသနေ = အံ့ဖွယ်ရှစ်ဖြာ သာသနာ၌။ ပဗ္ဗဇိဿာမိ = ရှင်ရဟန်းမ ပြုပါရစေဘုရား။ အဟံ = ခေမာတွင်ခေါ် ဘုရားနှမတော်သည်။ မုနိဝါဏိနာ = မြတ်စွာဟောကြား တရားစကားကြောင့်။ ရူပေ = ဖောက်ပြန်ယွင်းယို ဤရုပ်ကိုယ်၌။ နိဗ္ဗိန္နာ = နိဗ္ဗိဒါဉာဏ်ကိုရသဖြင့် ငြီးငွေ့စက်ဆုပ်လှပါပြီဘုရား။

ဤဂါထာတို့ဖြင့် ရဟန်းပြုရန် ခွင့်ပန်စကား လျှောက်ထား ပြောကြားလေ၏။ ထိုအခါ ဗိမ္ဗိသာရမင်းတရားသည် အမူအရာဖြင့်ပင်လျှင် ခေမာမိဖုရား အရိယမဂ်ဖိုလ်သို့ ရောက်ဆိုက်လာကြောင်းကို ရိပ်မိသိရှိသဖြင့် လက်အုပ်ကို ချီမြှောက်ကာ “အနုဇာနာမိ တေ ဘဒ္ဒေ၊ ပဗ္ဗဇ္ဇာ တဝ သိဇ္ဈတု = ဘဒ္ဒေ = ခေမာမည်ငြား အိုမိဖုရား..။ တေ = သင်မိဖုရားအား။ အနုဇာနာမိ = အနူးအညွတ် ရဟန်းပြုရန် ငါခွင့်လွှတ်၏။ တဝ = သင်မိဖုရား၏။ ပဗ္ဗဇ္ဇာ = လူ့ရပ်လူ့ဘောင် စွန့်ရှောင်ခွါမြန်း ရှင်ရဟန်းအဖြစ်သည်။ သိဇ္ဈတု = အရဟတ္တဖိုလ်ပေါက် ပြီးမြောက် အောင်မြင်ပါစေသတည်း”ဟူသော ဂါထာဝက်ဖြင့် ခွင့်လွှတ်ဆုတောင်းစကား မိန့်ကြားပြီးလျှင် ခေမာမိဖုရားကို ရွှေထမ်းစင်ထက် တင်ဆောင်ကာ ကြီးစွာသော အခမ်းအနားဖြင့် ဘိက္ခုနီမကျောင်းတိုက်သို့ ဆောင်၍ ရှင်ရဟန်းမ ပြုစေလေ၏။

ခေမာထေရီ ရဟန္တာမဖြစ်ခြင်း

ထိုသို့ ဘိက္ခုနီ = ရဟန်းမ-အဖြစ်ကို ရရှိပြီးနောက် တဆယ့်ငါးရက်မြောက်သော နေ့ဝယ် ခေမာထေရီမသည် ဥပုသ်ပြုရာ၌ ဝတ်ပြုရင်း ဆီမီး တောက်ထွန်းခြင်း, ဆီမီး ငြိမ်းသေခြင်းများကို မြင်၍ ထိတ်လန့်သံဝေဂဉာဏ်ကို ရသဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အဖြစ်အပျက်ကို ဆက်၍တဖန် သုံးသပ် ဆင်ခြင်ပြန်လေလျှင် ပဋိသမ္ဘိဒါဉာဏ်လေးပါး အဘိညာဏ်ခြောက်ပါးတို့ဖြင့် တန်းဆာဆင်အပ်သော အရဟတ္တမဂ်,ဖိုလ်သို့ ရောက်ရှိကာ ရဟန္တာထေရီမ ဖြစ်လေ၏။ ။(ဤခေမာထေရီ ရဟန္တာဖြစ်သောအကြောင်းကို ခေမာထေရီအပဒါန်အတိုင်း ရေးသားဖော်ပြအပ်သည်၊

၃၄

အင်္ဂုတ္တရအဋ္ဌကထာ, ဓမ္မပဒအဋ္ဌကထာတို့၌မူ တမျိုးဖွင့်ပြအပ်လေသည်၊ ဉာဏ်ရှုပ်ထွေးမည်စိုး၍ ဤကျမ်း၌ မဖော်ပြတော့ပြီ။)

ခေမာထေရီမသည် ပရိယတ် ပဋိပတ် နှစ်ရပ်စွယ်စုံ လေ့လာသူဖြစ်သဖြင့် ဝိသုဒ္ဓိခုနစ်ပါးတို့၌ အထူးကျွမ်းကျင် လိမ္မာသည့်ပြင် ကထာဝတ္ထု ဆယ်ပါးတို့၌လည်း သူမတူတန်အောင် ရဲရင့်သူဖြစ်လျက် အဘိဓမ္မာ နည်း၌လည်း အထူးတတ်သိလိမ္မာသူ = ပရိယတ်ရော ပဋိပတ်ပါ နှစ်ရပ်စွယ်စုံ တတ်ကျွမ်းသူ ပညာရည် ထူးချွန်သူ ဖြစ်လေသည်။ ဤအကြောင်းအရာကို အကျဉ်းဖော်ပြလတ္တံ့သော (သဠာယတနဝဂ္ဂ သံယုတ်ပါဠိ ၁၀-အဗျာကတသံယုတ်၊ သံ ၂၊ စာမျက်နှာ ၅၄၄-လာ) ၁-ခေမာသုတ်ကို ထောက်ဆ၍ သိရာ၏။ ခေမာသုတ်အကျဉ်းချုပ်မှာ-

ခေမာထေရီက ကောသလမင်းကြီးအား သိမ်မွေ့သောတရား ဟောခြင်း

အခါတပါး မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ခေမာထေရီမသည် ကောသလတိုင်းအတွင်း ဒေသစာရီ လှည့်လည်လတ်သော် သာဝတ္ထိပြည်နှင့် သာကေတမြို့အကြား တောရဏ-မည်သော အရပ်၌ နေဆဲဖြစ်၏။ ထိုအခါ ပသေနဒိ ကောသလမင်းကြီးသည် သာကေတမြို့မှ သာဝတ္ထိပြည်သို့အသွား ထိုတောရဏ-မည်သော အရပ်၌ တညဉ့်မျှ နားနေ၏။ ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မင်းချင်းယောက်ျားတယောက်ကို “အမောင်ယောက်ျား.. သွားပါချေ၊ သင်သည် ဤတောရဏအရပ်၌ ယနေ့ ဆည်းကပ်သင့်သော သမဏခေါ်ဆို ပုဂ္ဂိုလ်ကိုဖြစ်စေ, ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်ကိုဖြစ်စေ သိအောင် စုံစမ်းလော့”ဟု မိန့်ဆိုလေ၏။ ထိုမင်းချင်းယောက်ျားသည် မင်းကြီးအမိန့်အရ ထို တောရဏအရပ်အားလုံး နှံ့စပ်အောင် စုံစမ်းလှည့်လည်သော်လည်း မင်းကြီး ဆည်းကပ်သင့်သည့် သမဏပုဂ္ဂိုလ် ဗြာဟ္မဏပုဂ္ဂိုလ် တဦးတယောက်ကိုမျှ မတွေ့ရပဲ ထိုတောရဏအရပ်၌ နေထိုင်ဆဲဖြစ်သည့်

၃၅

ခေမာထေရီမကို တွေ့မြင်ရ၍ မင်းကြီးထံသို့ တဖန် ပြန်လာပြီးလျှင် ကောသလမင်းကြီးကို-

“မင်းမြတ်.. ဤတောရဏအရပ်၌ မင်းမြတ် ဆည်းကပ်သင့်သော သမဏပုဂ္ဂိုလ်, ဗြာဟ္မဏပုဂ္ဂိုလ် မရှိပါ၊ သို့ရာတွင် မြတ်စွာဘုရား၏ တပည့်မ ခေမာမည်သော ဘိက္ခုနီမသည်ကား ရှိပါ၏၊ ထိုခေမာမည်သော ဘိက္ခုနီ အရှင်မ၏ ‘ပညာရှိ၏, လိမ္မာ၏, အကြားအမြင်များ၏, ဆန်းကြယ်သော တရားစကား ဟောကြားတတ်၏, ကောင်းသော ထိုးထွင်းဉာဏ် ရှိ၏’ဟူသော ကောင်းသောသတင်း ကျော်စောခြင်းအသံသည် ပြန့်နှံ့လွှမ်းတက်ပါ၏၊ မင်းမြတ်သည် ထိုခေမာဘိက္ခုနီ အရှင်မကို ဆည်းကပ်တော်မူစေချင်ပါ၏”–

ဟု လျှောက်ထားလေ၏။ ကောသလမင်းကြီးသည် ထိုမင်းချင်းယောက်ျား လျှောက်ထားချက်အရ ခေမာထေရီ ဘိက္ခုနီမထံသို့ သွားရောက်ရှိခိုးလျက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။ ထို့နောက် မင်းကြီးနှင့် ခေမာထေရီ ဘိက္ခုနီမတို့ အပြန်အလှန် မေး,ဖြေကြပုံမှာ-

(မင်း)

အရှင်မ.. သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်ပါသလော။

(ထေရီ)

မင်းမြတ်.. “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏”ဟူသော ဤစကား = ဤအချက်ကို မြတ်စွာဘုရား မဟောကြားအပ်။

(မင်း)

အရှင်မ.. ထိုသို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်ဘူးလော။

(ထေရီ)

မင်းမြတ်.. “သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်”ဟူသော ဤစကား = ဤအချက်ကိုလည်း မြတ်စွာဘုရား မဟောကြားအပ်။

၃၆

(မင်း)

အရှင်မ.. သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းရှိ, မဖြစ်သည်လည်း ရှိသလော။

(ထေရီ)

မင်းမြတ်.. “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းရှိ, မဖြစ်သည်လည်းရှိ”ဟူသော ဤစကား = ဤအချက်ကိုလည်း မြတ်စွာဘုရား မဟောကြားအပ်။

(မင်း)

အရှင်မ.. ထိုသို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ်, မဖြစ်သည်လည်း မဟုတ်သလော။

(ထေရီ)

မင်းမြတ်.. “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကား = ဤအချက်ကိုလည်း မြတ်စွာဘုရား မဟောကြားအပ်-

ဤကား ကောသလမင်းကြီးနှင့် ခေမာထေရီတို့ ပဌမအဆင့် မေး,ဖြေကြပုံတည်း။ ထို့နောက် တဆင့်တက်၍ မင်းကြီးနှင့် ခေမာထေရီတို့ မေး,ဖြေကြပုံမှာ-

(မင်း)

အရှင်မ.. အရှင်မသည် “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်ပါသလော”ဟု ဤသို့ မေးအပ်သည်ရှိသော် “မင်းမြတ်.. သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏”ဟူသော ဤစကား = ဤအချက်ကို မြတ်စွာဘုရား မဟောကြားအပ်”ဟု ဖြေဆို၏ (၁)။ “အရှင်မ.. ထိုသို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်ဘူးလော”ဟု ဤသို့ မေးအပ်သည်ရှိသော် “မင်းမြတ်.. ‘သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်’ဟူသော ဤစကား = ဤအချက်ကိုလည်း မြတ်စွာဘုရား မဟောကြားအပ်”ဟု ဆို၏ (၂ )။ “အရှင်မ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းရှိ, မဖြစ်သည်လည်း ရှိသလော”ဟု ဤသို့ မေးအပ်သည်ရှိသော်

၃၇

“မင်းမြတ်.. ‘သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းရှိ, မဖြစ်သည်လည်းရှိ’ဟူသော ဤစကား = ဤအချက်ကိုလည်း မြတ်စွာဘုရား မဟောကြားအပ်”ဟု အရှင်မ ဖြေဆို၏ (၃)။ “အရှင်မ.. ထိုသို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်သလော”ဟု ထိုသို့ မေးအပ်သည်ရှိသော် အရှင်မသည် “မင်းမြတ်.. ‘သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်’ဟူသော ဤစကား = ဤအချက်ကိုလည်း မြတ်စွာဘုရား မဟောကြားအပ်”ဟု ဖြေဆို၏ (၄)။ အရှင်မ.. ဤစကား = ဤအချက် (၄-ရပ်လုံး)ကို မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်နည်း = အဘယ်အကြောင်းကြောင့် ဤစကား = ဤအချက် (၄-ရပ်လုံး)ကို မြတ်စွာဘုရား မဟောကြားအပ်သနည်း။

(ထေရီ)

မင်းမြတ်.. ထိုသို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးဦးအံ့၊ သင်နှစ်သက်သလို ဖြေဆိုပါလော့။ မင်းမြတ်.. ယခု ငါမေးမည့်စကားကို သင် အဘယ်သို့ သဘောကျသနည်း- ဂင်္ဂါမြစ်၌ သဲမှုန်များ “ဤမျှလောက် ရှိ၏” ဟူ၍၎င်း, “သဲမှုန် ရာပေါင်းဤမျှ ထောင်ပေါင်းဤမျှ သိန်းပေါင်းဤမျှ ရှိ၏”ဟူ၍၎င်း သဲမှုန်များကို ရေတွက်ခြင်းငှါ စွမ်းနိုင်သော တစုံတယောက် ဂဏန်းသမားဖြစ်စေ, လက်ချိုးရေသမားဖြစ်စေ, အပေါင်းလိုက်ရေသမားဖြစ်စေ သင်မင်းမြတ်မှာ ရှိပါသလော။

(မင်း)

မရှိပါ အရှင်မ..။

(ထေရီ)

မင်းမြတ်.. မဟာသမုဒြာ၌ ရေပေါက်များ “ကွမ်းစား = ပြည် ဤမျှပမာဏ ရှိ၏” ဟူ၍၎င်း, “ရေပေါက်ကွမ်းစား ပမာဏအားဖြင့် ရာပေါင်းဤမျှ,

၃၈

ထောင်ပေါင်းဤမျှ, သိန်းပေါင်းဤမျှ ရှိ၏”ဟူ၍၎င်း ရေပေါက်များကို ရေတွက်ခြင်းငှါ စွမ်းနိုင်သော တစုံတယောက် ဂဏန်းသမားဖြစ်စေ, လက်ချိုးရေသမား ဖြစ်စေ, အပေါင်းလိုက်ရေသမား ဖြစ်စေ သင်မင်းမြတ်မှာ ရှိပါသလာ။

(မင်း)

မရှိပါ အရှင်မ.. အဘယ့်ကြောင့်နည်းဆိုလျှင် မဟာသမုဒြာသည် နက်လှပါ၏, မနှိုင်းယှဉ်နိုင်ပါ, သက်ဝင်ရန် ခဲယဉ်းပါ၏။

(ထေရီ)

မင်းမြတ်.. ဤအတူပင်လျှင် သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ရုပ်ကို မြတ်စွာဘုရားသည် ပယ်အပ်ပြီးပြီ, အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ, နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ, နောက်ထပ်မဖြစ်အောင် ပြုပြီးပြီ, နောက်တဖန် ဖြစ်ခြင်းသဘော မရှိ။ ရုပ်အစု, ရုပ်ဟူသော ခေါ်ဝေါ်ပညတ်ခြင်းမှ လွတ်တော်မူပြီးသော မြတ်စွာဘုရားသည် မဟာသမုဒြာကဲ့သို့ ဂုဏ်တော်နှင့် အဇ္ဈာသယ နက်နဲလှ၏, မနှိုင်းယှဉ်နိုင်, သက်ဝင်ရန် ခဲယဉ်းလှ၏။ ထိုမြတ်စွာဘုရား၏ အဖို့ရာ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏”ဟူသော စကား = အချက်သည်လည်း မသင့်တော့ချေ။ “သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်”ဟူသော စကား = အချက်သည်လည်း မသင့်တော့ချေ။ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း ရှိ၏, မဖြစ်သည်လည်း ရှိ၏”ဟူသော စကား = အချက်သည်လည်း မသင့်တော့ချေ။ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်”ဟူသော စကား = အချက်သည်လည်း မသင့်တော့ချေ။ (မြတ်စွာဘုရား၏ အဖို့ရာ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏ဟူ၍လည်း မဆိုသင့်၊ မဖြစ်ဟူ၍လည်း မဆိုသင့်။ ဖြစ်သည်လည်း ရှိ၏၊ မဖြစ်သည်လည်း ရှိ၏ဟူ၍လည်း မဆိုသင့်။

၃၉

ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်-ဟူ၍လည်း မဆိုသင့်တော့ပြီ”ဟု ဆိုလိုသည်။ နက်နဲလှ၏)။

သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ဝေဒနာကို (ပ)၊ သညာကို(ပ)၊ သင်္ခါရတို့ကို(ပ)၊ ဝိညာဏ်ကို မြတ်စွာဘုရားသည် ပယ်အပ်ပြီးပြီ, အမြစ်အရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ, နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ, နောက်ထပ်မဖြစ်အောင် ပြုပြီးပြီ, နောက်တဖန် ဖြစ်ခြင်းသဘောမရှိ၊ ဝိညာဏ်အစု, ဝိညာဏ်ဟူသော ခေါ်ဝေါ်ပညတ်ခြင်းမှ လွတ်တော်မူပြီးသော မြတ်စွာဘုရားသည် မဟာသမုဒြာကဲ့သို့ ဂုဏ်တော်နှင့် အဇ္ဈာသယ နက်နဲလှ၏, မနှိုင်းယှဉ်နိုင်, သက်ဝင်ရန် ခဲယဉ်းလှ၏။ ထိုမြတ်စွာဘုရား၏ အဖို့ရာ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏”ဟူသော စကား = အချက်သည်လည်း မသင့်တော့ချေ။ (ပ)။ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်”ဟူသော စကား = အချက်သည်လည်း မသင့်တော့ချေ။

(ဤကား ကောသလမင်းကြီးနှင့် ခေမာထေရီတို့ ဒုတိယအဆင့် မေး,ဖြေကြပုံတည်း၊ ရှင်းလင်းချက်ကို နောက်၌ ဖော်ပြပေအံ့)။

ထို့နောက် ပသေနဒိ ကောသလမင်းကြီးသည် ခေမာဘိက္ခုနီမ၏ စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှထကာ ရှိခိုးပြီးလျှင် အရိုအသေပြု၍ ဖဲသွားလေ၏။ ထို့နောက် ပသေနဒိ ကောသလမင်းသည် အခါတပါး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ခေမာထေရီမကို မေးသကဲ့သို့ပင် မြတ်စွာဘုရားရှင်ကို မေးမြန်းပြန်လေသည်။ မြတ်စွာဘုရားရှင်ကလည်း ခေမာထေရီမ ဖြေဆိုသကဲ့သို့ပင် ဖြေဆိုတော်မူလေသည် (မေး, ဖြေပုံကို ပိဋကတ်မြန်မာပြန်၌ ကြည့်ရှုရာ၏)။

ထိုသို့ မြတ်စွာဘုရား၏ ဖြေဆိုတော်မူပုံနှင့် ခေမာထေရီမ၏ ဖြေဆိုပုံတို့ (သဝေ,ပိုဒ်မ-မျှ မကွဲ) တထပ်တည်း တူညီနေသောအခါ ပသေနဒိ ကောသလမင်းကြီးသည် အလွန်အံ့ဩပြီးလျှင်

၄၀

“မြတ်စွာဘုရား.. အံ့ဖွယ်ရှိပါပေစွာ့၊ မြတ်စွာဘုရား.. မဖြစ်စဘူး အထူးဖြစ်ပါပေစွာ့၊ မြတ်စွာဘုရားနှင့် တပည့်မ၏ တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တထပ်တည်း ကျလှပါ၏, ညီညွတ်လှပါ၏, မဆန့်ကျင်ပါ။ မြတ်စွာဘုရား.. တချိန်က အကျွန်ုပ်သည် ခေမာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် ဤအကြောင်းကို မေးဘူးပါသည်၊ ထိုအရှင်မသည်လည်း ဤပုဒ်, ဤသဒ္ဒါတို့ဖြင့်ပင် ယခု မြတ်စွာဘုရား ဖြေကြားတော်မူသကဲ့သို့ ဖြေကြားခဲ့ပါပြီ၊ မြတ်စွာဘုရား.. အံ့ဖွယ်ရှိပါပေစွာ့၊ မြတ်စွာဘုရား.. မဖြစ်စဘူး အထူးဖြစ်ပါပေစွာ့၊ မြတ်စွာဘုရားနှင့် တပည့်မ၏ တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တထပ်တည်း ကျလှပါ၏, ညီညွတ်လှပါ၏, မဆန့်ကျင်ပါ”ဟု လျှောက်ထားပြီးလျှင် မိမိပြန်ရန် ခွင့်ပန်လျှောက်ထား၍ မြတ်စွာဘုရား၏ ဖြေကြားချက်စကားတော်ကို အလွန်နှစ်သက် ဝမ်းမြောက်ကာ နေရာမှထ၍ မြတ်စွာဘုရားကို ရှိခိုး, အရိုအသေပြုပြီးလျှင် ဖဲသွား = ပြန်သွားလေ၏။ ဤကား ခေမာသုတ္တန် အကျဉ်းချုပ်တည်း။

(ဤ၌။ ။သေသည်မှနောက် သတ္တဝါဖြစ်၏ ဟူ၍၎င်း, မဖြစ်ဟူ၍၎င်း, ဖြစ်သည်လည်းရှိ မဖြစ်သည်လည်းရှိ ဟူ၍၎င်း, ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် ဟူ၍၎င်း မြတ်စွာဘုရား မဟောကြားခြင်း၏ အကြောင်းကို မေးသော (ဒုတိယအဆင့်) အမေးကို ဖြေဆိုရာဝယ်-

(၁) ပရမတ္ထအားဖြင့် ခန္ဓာငါးပါးသာရှိ၍ (ခန္ဓာငါးပါးကိုလွှတ်၍) သတ္တဝါဟူသည် မရှိသောကြောင့် သတ္တဝါဖြစ်,မဖြစ်-ဟူသော အချက်ကို မြတ်စွာဘုရား မဟောကြားအပ်ဟူ၍ (ထိုအဗျာကတသံယုတ် တတိယသုတ်အတိုင်း) ဖြေလျှင်လည်း ပြေလည်၏။

(၂) သို့မဟုတ် (ထိုအဗျာကတသံယုတ် စတုတ္ထသုတ်အတိုင်း) ခန္ဓာငါးပါးနှင့်စပ်၍ သစ္စာလေးချက် အနက်သဘာဝကို မသိသောသူ၏ သန္တာန်မှာသာ သတ္တဝါ ဖြစ်,မဖြစ်နှင့်စပ်သည့် အထက်ပါ အဆိုပါ အယူမှား လေးချက် ဖြစ်၏၊ သစ္စာလေးချက် အနက်သဘောကို သိသောသူ၏ သန္တာန်မှာကား ထိုသတ္တဝါ ဖြစ်,မဖြစ်နှင့်စပ်သည့်

၄၁

အထက်ပါ အဆိုပါ အယူမှားလေးချက် မဖြစ်။ မြတ်စွာဘုရားမှာ သစ္စာလေးချက် အနက်သဘောကို အကြွင်းမဲ့ကုန်စင် သိမြင်တော်မူပြီး ဖြစ်သောကြောင့် ထိုအယူမှားလေးချက် လုံးဝမရှိ၊ မရှိသောကြောင့် မဟော-ဟု ဖြေလျှင်လည်း ပြေလည်၏။

(၃) သို့မဟုတ် (ထိုအဗျာကတသံယုတ် ပဉ္စမသုတ်အတိုင်း) ခန္ဓာငါးပါး၌ တဏှာဆန္ဒ မကင်းသောသူ၏ သန္တာန်မှာသာ ထိုအယူမှားလေးချက် ဖြစ်၏၊ ခန္ဓာငါးပါး၌ တဏှာဆန္ဒ ကင်းပြီးသူ၏ သန္တာန်မှာ ထိုအယူမှားလေးချက် မဖြစ်။ မြတ်စွာဘုရားမှာ ခန္ဓာငါးပါး၌ (ဝါသနာနှင့်တကွ) တဏှာဆန္ဒ အကြွင်းမဲ့ ကင်းပြတ်တော်မူပြီး ဖြစ်သောကြောင့် ထိုအယူမှားလေးချက် လုံးဝမဖြစ်၊ မဖြစ်သောကြောင့် မဟော-ဟု ဖြေလျှင်လည်း ပြေလည်၏။ (ထို့ပြင်လည်း ထိုအဗျာကတသံယုတ် ဆဋ္ဌမသုတ်၌ ဖြေဆိုပုံအကြောင်း ၄-ချက် လာရှိ၏၊ ထို၄-ချက်အတိုင်း ဖြေလျှင်လည်း ရှင်းရှင်းနှင့်ပင် ပြေလည်၏)။

ထိုသို့ ပြေလည်နိုင်ပါလျက် ယခု ခေမာထေရီ၏ ဖြေကြားလိုရင်း အချုပ်မှာ- “မင်းမြတ်.. မြတ်စွာဘုရား၏ အဖို့ရာ သေပြီးသည်မှ နောက်ကာလဝယ် သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသော ရုပ်, ဝေဒဒနာ, သညာ, သင်္ခါရ, ဝိညာဏ်-ဟူသော ခန္ဓာ ၅-ပါးကို (ယင်းတို့ကို ဖြစ်စေနိုင်သည့် အကြောင်း = သမုဒယကို ပယ်သောအားဖြင့်) ပယ်အပ်ပြီးလေပြီ = မြတ်စွာဘုရားမှာ ပရိနိဗ္ဗာန စုတိစိတ်တော်မှနောက် ခန္ဓာအသစ် ဖြစ်တော့မည်မဟုတ်၊ သို့ရကား မြတ်စွာဘုရားသည် အနာဂတ် ဖြစ်လတ္တံ့သော ခန္ဓာငါးပါးအစုမှလည်း လွတ်တော်မူပြီးဖြစ်၏၊ နောက်အခါ၌ ခန္ဓာငါးပါးတို့ အသစ်ဖြစ်တော့မည် မဟုတ်သောကြောင့်တည်း။ ထို့ကြောင့်ပင် ဤသို့သဘောရှိသောပုဂ္ဂိုလ် ဖြစ်တော်မူလိမ့်ဦးမည်ဟု သတ္တပညတ် ပုဂ္ဂလပညတ်လည်း ငြိမ်းပြီးဖြစ်လေသည်၊ ထို့ကြောင့် အနာဂတ ခန္ဓပညတ်မှလည်း လွတ်ပြီး ဖြစ်တော်မူလေသည်။ မင်းမြတ်.. မြတ်စွာဘုရားကား မဟာသမုဒြာကဲ့သို့ပင် ဂုဏ်တော်အားဖြင့်၎င်း, အလိုတော် = အဇ္ဈာသယအားဖြင့်၎င်း နက်နဲလှ၏။ ထိုသို့ ဂုဏဂမ္ဘီရ, အဇ္ဈာသယဂမ္ဘီရ ဖြစ်တော်မူသော သဗ္ဗညု မြတ်စွာဘုရား၏ အဖို့ရာ သေပြီးသည်မှ နောက်ကာလ၌ သတ္တဝါဟု ပညတ်လျှင် ပညတ်နိုင်ရာသည့် ခန္ဓာငါးပါး မရှိတော့လေသောကြောင့် သတ္တဝါဟူသော ပညတ်လည်း မရှိတော့ပြီ၊ ထိုသို့ မရှိသည်ကို မြင်တော်မူသော မြတ်စွာဘုရား၏ အဖို့ရာ သေသည်မှနောက် သတ္တဝါသည် ဖြစ်၏-စသည် ၄-ချက်လုံးပင်

၄၂

မပြောသင့်တော့ပြီ၊ ထို့ကြောင့် ယင်း၄-ချက်ကို မြတ်စွာဘုရား မဟာကြားအပ်”ဟု ဖြေကြားလိုရင်းဖြစ်သည်။

ယင်းသို့ဖြစ်လျှင် “မြတ်စွာဘုရား၏ အဖို့ရာ ပရိနိဗ္ဗာနစုတိမှ နောက်ကာလ၌ ခန္ဓာအသစ် ဖြစ်ရန်မရှိသောကြောင့် သတ္တဝါသည် သေသည်မှ နောက်ကာလ၌ ဖြစ်သလော”-ဟူသော ပဌမအမေးအတွက် ဖြစ်၏-ဟု မဟောလျှင် ရှိတန်စေ၊ “သတ္တဝါသည် သေသည်မှ နောက်ကာလ၌ မဖြစ်ဘူးလော”ဟူသော ဒုတိယအမေးအတွက် အာမ = အိမ်း.. မဖြစ်ဘူး”ဟု ဝန်ခံဖြေသင့်သည် မဟုတ်လော”ဟု မေးရန်ရှိပြန်၏။ အဖြေကား- ထိုသို့ဝန်ခံ၍ ဖြေဆိုရန်မှာလည်း ထိုအမေးကိုယ်နှိုက်က ပရမတ္ထအားဖြင့် မရှိသော “သတ္တ”ဟူသော ပညတ်ကို မေးအပ်လေသောကြောင့် “အိမ်း.. မဖြစ်ဘူး”ဟုလည်း ဝန်မခံအပ်ချေ။ ဤကား အဖြေတည်း။ (ဋီကာမှ ထုတ်ပြချက်)

ဤမေး,ဖြေပုံတို့မှာ သိမ်မွေ့နက်နဲလှဘိတောင်း၊ ထိုသို့ သိမ်မွေ့နက်နဲစွာ ခေမာထေရီမကြီး ဖြေဆိုခြင်းမှာလည်း အကြောင်းထူး ရှိသည်၊ ထိုအကြောင်းထူးမှာ ထိုပဌမအဆင့် အမေး၄-ချက်ပါ “သတ္တဝါ”ဟူသော စကားရပ်ထဲ၌ အမေးရှင် ကောသလမင်းကြီး ကိုယ်တိုင်က မြတ်စွာဘုရားရှင်ကိုပါ ထည့်သွင်းရည်ရွယ်၍ မေးရင်းဖြစ်သောကြောင့် ခေမာထေရီမကြီးကလည်း မင်းကြီး ရည်ရွယ်ဦးတည်ချက် ရှိသည်ကို သိမြင်၍ မြတ်စွာဘုရားနှင့်စပ်သော အကြောင်းတို့ကိုသာ လေးနက်စွာ ညွှန်ပြ၍ ဖြေဆိုခြင်းဖြစ်သည်။ ။ဤယခု ခေမာသုတ္တန်ကား သိမ်မွေ့လှဘိ၏၊ ထို့ကြောင့် သူတော်ကောင်းတို့သည် ဤမျှဖြင့် တင်းမတိမ်ကြပဲ ပညာရှိတို့ထံ တဖန် မေးလျှောက်ကုန်ရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

ဤဆိုအပ်ပြီးသောအတိုင်း သာဝတ္ထိပြည်နှင့် သာကေတမြို့အကြား တောရဏမည်သော အရပ်၌ ကောသလမင်းကြီးအား ဤခေမာသုတ္တန်ကို ဟောကြားခြင်းသည် ခေမာထေရီမကြီးအဖို့ရာ ပညာဧတဒဂ်ရရှိရန် အနီးကပ်ဆုံးသော အကြောင်းဖြစ်၏။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် နောက်တချိန်ဝယ် ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံး နေတော်မူစဉ် ဘိက္ခုနီမတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ရှိသော် ခေမာထေရီ ဘိက္ခုနီမကြီးကို-

၄၃

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ မဟာပညာနံ ယဒိဒံ ခေမာ = ရဟန်းတို့.. ဉာဏ်ပညာကြီးကြသည့် ငါဘုရား၏ သာဝိကာ = တပည့်မ ဘိက္ခုနီတို့တွင် ခေမာထေရီ ဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံးဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “မဟာပည = ဉာဏ်ပညာ ကြီးကျယ်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။ ထို့ကြောင့်ပင် ခေမာထေရီမကြီးကိုယ်တိုင် မိမိ၏ အပဒါန်၌ ဤဆိုလတ္တံ့သော ဂါထာတို့ကို ဝမ်းမြောက်စွာ ဟောကြားမိန့်ဆိုအပ်လေပြီ-

(၁) တတော တောရဏဝတ္ထုသ္မိံ၊

ရညာ ကောသလသာမိနာ။

ပုစ္ဆိတာ နိပုဏေ ပဉှေ၊

ဗျာကရောန္တီ ယထာတထံ။

တတော = ထိုသို့ ရဟန္တာဖြစ်ပြီးသည်မှ နောက်ကာလ၌။ အဟံ = ခေမာတွင်မည် ငါထေရီသည်။ တောရဏဝတ္ထုသ္မိံ = သာဝတ္ထိပြည်နှင့် သာကေတမြို့၏ အကြား တောရဏဝတ္ထု အမည်ရှိသော အရပ်၌။ ကောသလသာမိနာ = ကောသလတိုင်းအလုံးကို ဘုန်းမီးတောက်ပ အစိုးရသော။ ရညာ = ပသေနဒိကောသလ မင်းတရားသည်။ ပုစ္ဆိတာ = သိလိုရေးဖြင့် မေးလျှောက်အပ်သည်ဖြစ်၍။ နိပုဏေ ပဉှေ = သိမ်မွေ့လှစွာ ပြဿနာတို့ကို။ ယထာတထံ = မဖောက်မပြန် ဟုတ်မှန်တိုင်း။ ဗျာကရောန္တီ = စိတ်ဖြာခွဲခြား ဖြေကြားခဲ့လေပြီ။

(၂) တဒါ သ ရာဇာ သုဂတံ၊

ဥပသင်္ကမ္မ ပုစ္ဆထ။

တထေဝ ဗုဒ္ဓေါ ဗျာကာသိ၊

ယထာ တေ ဗျာကတာ မယာ။

၄၄

တဒါ = ထိုအခါ၌။ သ-သော ရာဇာ = ကောသလမည်ငြား ထိုမင်းတရားသည်။ သုဂတံ = သာဝတ္ထိပြည်သို့ ပြန်အရောက် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့။ ဥပသင်္ကမ္မ = ချဉ်းကပ်သွားရောက်၍။ ပုစ္ဆထ = ပြဿနာနက်လေး တဖန်မေးလေပြီ။ တဒါ = ထိုသို့ မေးလျှောက်သောအခါ၌။ တေ = ထိုသိမ်မွေ့လှစွာ ပြဿနာတို့ကို။ မယာ ဗျာကတာ ယထာ = ငါလျှင်ခွဲခြား ဖြေကြားအပ်ကုန်သကဲ့သို့။ တထေဝ = ထို့အတူသာလျှင်။ ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်စွာဘုရားသည်။ ဗျာကာသိ = အနက်, သဒ္ဒါ အက္ခရာမပြား အဓိပ္ပါယ် တသားတည်းဖြင့် ဖြေကြားတော်မူလေပြီ။

(၃) ဇိနော တသ္မိံ ဂုဏေ တုဋ္ဌော၊

ဧတဒဂ္ဂေ ဌပေသိ မံ။

မဟာပညာနမဂ္ဂါတိ၊

ဘိက္ခုနီနံ နရုတ္တမော။

နရုတ္တမော = လူတို့ထက်မြတ် ဥက္ကဋ္ဌတဆူ ဖြစ်တော်မူသော။ ဇိနော = ငါးမာရ်အောင်မြင် ဘုရားရှင်ကိုယ်တော်မြတ်သည်။ တသ္မိံ ဂုဏေ = ထိုတရားတော်ကို ဟောဖော်ရင့်ကျူး ဂုဏ်ကျေးဇူး၌။ တုဋ္ဌော = နှစ်သက်အားရ ဝမ်းမြောက်တော်မူလှသည်ဖြစ်၍။ မံ = ခေမာထေရီ ခေါ်မည်သမုတ် အကျွန်ုပ်ကို။ မဟာပညာနံ = ကြီးကျယ်စွာဘိ ပညာရှိကုန်သော။ ဘိက္ခုနီနံ = ကိုယ်တော်၏ သာဝိကာ ဘိက္ခုနီမ- များစွာတို့တွင်။ အဂ္ဂါတိ = အသာဆုံး အမြတ်ဆုံးဟူ၍။ ဧတဒဂ္ဂေ = ဧတဒဂ်ရာထူး၌။ ဌပေသိ = ချီးကျူးမြှောက်စား ထားတော်မူလေပြီ။

ဤကား ခေမာထေရီ အကြောင်းတည်း။

[[Category:မဟာဗုဒ္ဓဝင်]]
[[Category:ဗုဒ္ဓဝင်]]
[[Category:မြန်မာဘာသာ]]
ok975i9lcvnt0n9ucmq4od1101ll9rj