ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.47.0-wmf.3 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk မင်္ဂလသုတ်-၆၁/၉၇ 0 6296 21984 2026-05-21T20:56:39Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၆၁/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၆၀..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21984 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၆၁/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၆၀/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၆၂/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် ၆၁

ဓမ္မပါလဇာတ်တော်လာ ကျင့်ဝတ်များ

တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။ (ဇာတက၊ဋ္ဌ၊၄၊၅၂။)

တသ္မာ၊ ထို့ကြောင့်။ အမှံ၊ ငါတို့၏။ ဒဟရာ၊ ငယ်ရွယ်နုနယ်တဲ့ သားငယ်၊ သမီးငယ်တို့သည်။ န မီယရေ၊ မသေကျေ၊ မပျက်စီးကြပါကုန်။

မိမိတို့ရဲ့ သားငယ် သမီးငယ်တွေ ဒီကျင့်ဝတ်ပဋိပတ်တွေကို ရိုသေစွာ လိုက်နာပြုကျင့်တဲ့အတွက်ကြောင့် မသေကျေ မပျက်စီးကြဘူးဆိုပြီးတော့ ဓမ္မပါလ ပုဏ္ဏားကြီးကနေပြီးတော့ တက္ကသိုလ် ဒိသာပါမောက္ခဆရာကြီးကို ရှေးဦးစွာ ဂါထာလေးတစ်ခုဖြင့် သူတို့ရဲ့ ကျင့်ဝတ်ပဋိပတ်ကို ပြောတယ်နော်။ သူတို့ရဲ့ ကျင့်ဝတ်ပဋိပတ်တွေက ဒီလောက်ပဲ ရှိသလားဆိုတော့ မကသေးပါဘူးနော်။ နောက်ထပ် သူတို့ရဲ့ ဆွေမျိုးတွေမှာ ကျင့်နေတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ဆက်လက်ပြီးတော့ ပြောပြန်တယ်။

"သုဏောမ ဓမ္မံ အသတံ သတဉ္စ၊ န စာပိ ဓမ္မံ အသတံ ရောစယာမ။
ဟိတွာ အသန္တေ န ဇဟာမ သန္ေတ၊ တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။" (ဇာတက၊ဋ္ဌ၊၄၊၅၂။)

မယံ၊ ငါတို့သည်။ အသတံ ဓမ္မဉ္စ၊ မသူတော်တို့ရဲ့ တရားကိုလည်းကောင်း။ သတဉ္စ၊ သူတော်ကောင်းတို့ရဲ့ တရားကိုလည်းကောင်း။ သုဏောမ၊ နာယူကြပါကုန်၏။

ကျွန်တော်မျိုးတို့ရဲ့ ဆွေမျိုးသားချင်းတွေ၊ ကျွန်တော်တို့ ဓမ္မပါလ ရွာသားတွေဟာ မသူတော်တို့ရဲ့ တရားကိုလည်း နားထောင်ပါတယ်။ သူတော်ကောင်းတို့ရဲ့ တရားကိုလည်း နားထောင်တယ်။ တရားနာရုံတော့ သွားနာကြည့်တယ်နော်။ နာပြီးတဲ့အခါ ဘာဖြစ်လဲ?

န စာပိ ဓမ္မံ အသတံ ရောစယာမ။ (ဇာတက၊ဋ္ဌ၊၄၊၅၂။)

အသတံ ဓမ္မဉ္စ၊ မသူတော်တရားကို။ န ရောစယာမ၊ မနှစ်သက်ကြပါကုန်။

တရားတစ်ခုကို သွားနာလိုက်တဲ့ အချိန်အခါမှာ မသူတော်တို့ရဲ့ တရားဖြစ်နေခဲ့ရင်တော့ ဒီ မသူတော်တရားကိုတော့ ကျွန်တော်မျိုးတို့ ရွာသူရွာသားတွေ မနှစ်ခြိုက်ကြပါဘူးနော်။

ဟိတွာ အသန္တေ န ဇဟာမ သန္တေ၊

အသန္တေ၊ မသူတော်တရားတို့ကို။ ဟိတွာ၊ ပယ်စွန့်ထားကြပြီး၍။ သန္တေ၊ သူတော်ကောင်းတရားတို့ကို။ န ဇဟာမ၊ ဘယ်တော့မှ မစွန့်လွှတ်ကြပါကုန်။

သူတော်ကောင်းတို့ရဲ့ တရားကိုလည်း သွားပြီးတော့ နာယူတယ်။ မသူတော်တို့ရဲ့ တရားလည်း သွားပြီးတော့ နာယူတယ်။ နာယူပြီးတဲ့ အချိန်အခါမှာ ကျွန်တော်မျိုးတို့ဟာ မသူတော်တရားကို ဘယ်တော့မှ မနှစ်ခြိုက်ကြဘူး။ မသူတော်တရားတွေကို စွန့်လွှတ်တယ်။ သူတော်ကောင်း တရားကိုသာလျှင် ဘယ်တော့မှ မစွန့်လွှတ်ဘူး။ ဟော စဉ်းစားကြည့်ကြနော်။ အဲဒီ စိတ်ထားလေးတွေဟာ အလွန် အရေးမကြီးဘူးလား? အရေးကြီးတယ်။ သူတော်ကောင်း ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်မှန်ခဲ့ရင် ဒါ အလွန် အရေးကြီးတဲ့ စိတ်နေစိတ်ထားပဲ။

လောကမှာ မသူတော်တွေလည်း ရှိတယ်၊ သူတော်ကောင်းတွေလည်း ရှိကြတယ်။ ရှိလိုက်တဲ့ အချိန်အခါမှာ မသူတော်တို့ရဲ့ စကားလည်း မိမိက နားထောင်မိမှာပဲ၊ သူတော်ကောင်းတို့ရဲ့ စကားလည်း နားထောင်မိမှာပဲ၊ အဲဒီ အချိန်အခါမှာ မိမိဘက်က ဘယ်လို ရှိရမလဲ? မသူတော်တရား မှန်ခဲ့ရင် စွန့်လွှတ်နိုင်တဲ့စိတ်ထား ရှိဖို့၊ မနှစ်သက်တဲ့စိတ်ထား ရှိဖို့ မလိုဘူးလား? သူတော်ကောင်းတရား မှန်ခဲ့ရင်လည်း ထိုသူတော်ကောင်းတရားကို မစွန့်လွှတ်မိဖို့လည်း အလွန် အရေးမကြီးဘူးလား? အရေးကြီးတယ်။ မသူတော် တရားတွေကို သွားပြီး ဖက်ထားမိမယ်၊ သူတော်ကောင်း တရားကို စွန့်လွှတ်မိမယ်ဆိုရင် မိမိအတွက် အကြီးအကျယ် အကျိုးပျက်စီးမှု မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်နော်။

လောကမှာ တလောတုန်းက ဟို... အသေဝနာ စ ဗာလာနံ မင်္ဂလာတုန်းက ဘုန်းကြီး ဟောခဲ့ပြီးပါပြီနော်။ သမန်းမြက်ဟာ သူ့ချည်းသက်သက် တည်ရှိနေတုန်းမှာ မကောင်းတဲ့ အပုပ်နံ့တွေ လှိုင်နေတာ ဟုတ်သလား? မဟုတ်ဘူး။ ဒါပေမဲ့ ငါးပုပ်ကို သွားပြီး ဒီသမန်းမြက်နဲ့ ထုပ်လိုက်တဲ့ အချိန်အခါမှာ ငါးရဲ့ အပုပ်နံ့သည် သမန်းမြက်အထိ ကူးစက်ပြီး မသွားဘူးလား? သွားတယ်။ အဲဒီလို ကူးစက်သွားလိုက်တဲ့ အချိန်အခါမှာ ဒီသမန်းမြက်ကို ယူပြီးတော့ နမ်းကြည့်လိုက်လို့ရှိရင် သမန်းမြက်ကနေ အပုပ်နံ့တွေ တလှိုင်လှိုင် ထွက်မနေဘူးလား? ထွက်နေတယ်။ ဘာဖြစ်လို့လဲ? သမန်းမြက်ဟာ ငါးပုပ်နဲ့ သွားပြီးတော့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲမိတဲ့ အတွက်ကြောင့် အပုပ်နံ့တွေ လှိုင်ထွက်လာခြင်းဖြစ်တယ်။

အကယ်၍ ဒီသမန်းမြက်သည် ဒီငါးပုပ်နဲ့သာ သွားပြီး မပေါင်းမိဘူး၊ ငါးပုပ်ကို ဒီသမန်းမြက်နဲ့သာ မထုပ်မိဘူးဆိုရင် ဒီလို အပုပ်နံ့တွေ ထွက်ပါ့မလား? မထွက်ဘူး။ ဘယ့်နှယ်တုံး တရားနာ ပရိသတ်တွေ သဘောပေါက်ရဲ့လား? မသူတော်နဲ့ သွားပြီး ပေါင်းမိမယ်ဆိုရင်တော့ အဲဒါ ဘာဖြစ်မလဲ? အပုပ်နံ့တွေ ထွက်လာမှာပဲ။ သူတော်ကောင်းနဲ့သာ သွားပေါင်းမိရင်တော့ ဒီလို အပုပ်နံ့ ထွက်ပါ့မလား? မထွက်ဘူး။ ဒီတော့ မသူတော်နဲ့ သွားပေါင်းပြီးတော့ မသူတော်တရားကို မိမိက နှစ်ခြိုက်ခဲ့မယ်ဆိုရင်တော့ မိမိမှာလည်း အပုပ်နံ့တွေ ကူးမလာဘူးလား? ကူးလာပြီ။

နဂိုက မိမိ မပုပ်ပေမယ့်လို့ မသူတော်နဲ့ သွားပေါင်းမိတဲ့အတွက် မသူတော်တရားကို သွားပြီး နှစ်ခြိုက်ခဲ့မိမယ်ဆိုရင် မသူတော် တရားကိုလည်း မိမိက မစွန့်လွှတ်ဘူး၊ ရောပြီးတော့ ဘသားယိမ်းလိုက်၊ ရောယိမ်းလိုက်ပေါ့လေ။ ဟုတ်တယ်မလား? အဲဒီ ပုံစံစနစ် ဖြစ်ခဲ့မယ် ဆိုလို့ရှိရင်လည်း မိမိမှာကော အပုပ်နံ့တွေ လှိုင်ပြီးတော့ မလာနိုင်ဘူးလား? လာနိုင်တယ်။ ပြောရင်းနဲ့ သူတို့ရွာသားတွေက ဘယ်လို သဘောရှိသလဲ?

မယံ၊ ကျွန်တော်မျိုးတို့သည်ကား။ အသတံ ဓမ္မဉ္စ၊ မသူတော်တို့ရဲ့ တရားကိုလည်းကောင်း။ သတဉ္စ၊ သူတော်ကောင်းတို့ရဲ့ တရားကိုလည်းကောင်း။ သုဏောမ၊ နာကြားကြပါကုန်၏။ အပိ၊ ထိုသို့ပင် နာကြားကြပါကုန်သော်လည်းပဲ။ အသတံ၊ မသူတော်တို့ရဲ့ တရားကို။ န ရောစယာမ၊ မနှစ်သက်ကြပါလေကုန်။ အသန္တေ၊ မသူတော်တရားတို့ကို။ ဟိတွာ၊ ပယ်စွန့်နိုင်ကြကုန်သည်ဖြစ်၍။ သန္တေ၊ သူတော်ကောင်းတရားတို့ကို။ န ဇဟာမ၊ ဘယ်တော့မှ မစွန့်လွှတ်ကြပါကုန်။

မသူတော်တရားကို သူတို့က စွန့်ရင် စွန့်မယ်၊ သူတော်ကောင်းတရားကိုတော့ ဘယ်တော့မှ မစွန့်ဘူးတဲ့။ ကဲ သူတော်ကောင်းတရားကို ဘယ်တော့မှ မစွန့်ဘူးဆိုတာ ဒီနေရာမှာ အထူးဦးတည်ပြီး ပြောနေတာက ဘာလဲ? ကာယသုစရိုက်တရားတွေကို ဘယ်တော့မှ မစွန့်လွှတ်ဘူး၊ ဝစီသုစရိုက်တရားတွေကို ဘယ်တော့မှ မစွန့်လွှတ်ဘူး၊ မနောသုစရိုက်တရားတွေကို ဘယ်တော့မှ မစွန့်လွှတ်ဘူး၊ တစ်နည်းပြောရရင်တော့ ဘာတဲ့လဲ?

သူ့အသက် ဘယ်တော့မှ မသတ်ဘူး၊ သူ့ပစ္စည်း ဘယ်တော့မှ မတရား မယူဘူး၊ သူ့သားမယားတွေ ဘယ်တော့မှ မဖျက်ဆီးဘူး၊ မုသားစကားတွေ ဘယ်တော့မှ မပြောဘူး၊ ကုန်းစကားတွေ ဘယ်တော့မှ မပြောဘူး၊ ကြမ်းတမ်းတဲ့ စကားတွေ ဘယ်တော့မှ မပြောဘူး၊ ပြိန်ဖျင်းတဲ့စကား ဘယ်တော့မှ မပြောဘူး၊ သူတစ်ပါးပစ္စည်း မတရားသော နည်းလမ်းဖြင့် လိုချင်တဲ့ ကြံစည် စိတ်ကူးမှု ဘယ်တော့မှ မပြုဘူး၊ သတ္တဝါတွေ သေကျေပျက်စီးဖို့ ဆင်းရဲဒုက္ခရောက်ဖို့ရန်အတွက် ကြံစည်စိတ်ကူးမှု ဘယ်တော့မှ မပြုဘူး။ မှားယွင်းနေတဲ့ ကံ၊ ကံ၏အကျိုးကို လက်မခံတဲ့ မိစ္ဆာဒိဋ္ဌိ အယူဝါဒတွေကို ဘယ်တော့မှ မစွဲလမ်းဘူး၊ မဆုပ်ကိုင်ထားဘူး။ ဒါကြောင့် -

အသန္တေ၊ မသူတော်တရားတို့ကို။ ဟိတွာ၊ ပယ်စွန့်နိုင်ကြကုန်သည်ဖြစ်၍။ သန္တေ၊ သူတော်ကောင်းတရားတို့ကို။ န ဇဟာမ၊ ဘယ်တော့မှ မပယ်စွန့်ကြပါကုန်။ တသ္မာ၊ ထို့ကြောင့်။ အမှံ၊ ကျွန်တော်မျိုးတို့၏။ ဒဟရာ၊ ငယ်ရွယ်နုနယ်တဲ့ သားငယ်၊ သမီးငယ်တို့သည်။ န မီယရေ၊ မသေကျေ၊ မပျက်စီးကြပါကုန်။

စဉ်းစားကြည့်ကြနော်။ မသူတော်တရားကို စွန့်လွှတ်နိုင်တဲ့ စိတ်ထား၊ သူတော်ကောင်းတရားကို လိုက်နာပြီး ပြုကျင့်တဲ့ စိတ်ထား၊ မသူတော် တရားကို မနှစ်ခြိုက်တဲ့ စိတ်ထား၊ သူတော်ကောင်းတရားကို နှစ်ခြိုက်နေတဲ့ စိတ်ထား၊ မသူတော်တရားကို ပယ်စွန့်ပြီးတော့၊ သူတော်ကောင်းတရားတွေကို ဘယ်တော့မှ မပယ်စွန့်တဲ့ စိတ်ထား။ အဲဒီ စိတ်ထားနှစ်ခု နှိုင်းယှဉ်ကြည့်ပါ။ ဘယ်စိတ်ထားက အေးချမ်းမှု၊ ချမ်းသာမှုသုခကို ဖြစ်စေနိုင်သလဲ? ပြန်စဉ်းစားကြည့်ပေါ့နော်။ သူတော်ကောင်းတရားတွေကို ဖြည့်ကျင့်နေတဲ့ ပုဂ္ဂိုလ်နော် -

သူ့အသက် ဘယ်တော့မှ မသတ်ဘူး။ သူ့အသက် သတ်ခြင်းတည်းဟူသော အကြောင်းကြောင့် စိတ်ဆင်းရဲမှု ဖြစ်ဦးမလား? မဖြစ်ဘူး။ စိတ်ချမ်းသာ နေမယ်နော်။ သူ့ပစ္စည်း ဘယ်တော့မှ မတရား မယူဘူး။ သူ့ပစ္စည်း မတရား ယူခြင်းတည်းဟူသော အကြောင်းကြောင့် စိတ်ဆင်းရဲမှု ထိုပုဂ္ဂိုလ် သန္တာန်မှာ ဖြစ်နိုင်ဦးမလား? မဖြစ်ဘူး။ သူ့သားမယား ဘယ်တော့မှ မဖျက်ဆီးဘူး။ သူ့သားမယား ဖျက်ဆီးခြင်းတည်းဟူသော အကြောင်းကြောင့် စိတ်ဆင်းရဲမှုဆိုတဲ့ ဒုက္ခမျိုး ဖြစ်နိုင်ဦးမလား? မဖြစ်တော့ဘူး။ ရှောင်ကြဉ်ထားတဲ့အတွက်နော်။

မုသား ဘယ်တော့မှ မပြောဘူး။ မုသား ပြောခြင်းကြောင့် ရရှိမယ့် စိတ်ဆင်းရဲမျိုး ဒီပုဂ္ဂိုလ်သန္တာန်မှာ ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ ကုန်းစကား ဘယ်တော့မှ မပြောဘူး။ ကုန်းစကား ဘယ်တော့မှ မပြောတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ကုန်းစကား ပြောကြားခြင်းကြောင့် ရရှိမယ့် ဆင်းရဲဒုက္ခမျိုး ရှိဦးမလား? မရှိတော့ဘူး။ ကြမ်းတမ်းတဲ့ စကားတွေ သူဘယ်တော့မှ မပြောဘူး။ ကြမ်းတမ်းတဲ့ စကားကို ဘယ်တော့မှ မပြောတဲ့အတွက် ကြမ်းတမ်းတဲ့ စကားကို ပြောကြားခြင်းတည်းဟူသော အကြောင်းကြောင့် ရရှိမယ့် ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခတွေ ရှိဦးမလား? မရှိဘူး။ ပြိန်ဖျင်းတဲ့ စကား၊ အနှစ်မရှိတဲ့ စကား၊ အကျိုးမရှိတဲ့ စကားတွေ ဘယ်တော့မှ မပြောဘူး။ အဲဒီလို ပြိန်ဖျင်းတဲ့စကား မပြောကြားခြင်းတည်းဟူသော အကြောင်းကြောင့် ထိုပုဂ္ဂိုလ်သန္တာန်မှာ ပြိန်ဖျင်းတဲ့ စကားကို ပြောကြားခြင်းကြောင့် ရရှိမယ့် ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခတွေ ရှိဦးမလား? မရှိတော့ဘူး။

သူ့ပစ္စည်း မတရား လိုချင်တဲ့ စိတ်ထား ဘယ်တော့မှ မရှိဘူး။ သူတစ်ပါးတွေရဲ့ ကြီးပွားချမ်းသာတာကို ဝမ်းမြောက်နှစ်သက်နေတဲ့ စိတ်ထားသာ ရှိတယ်။ သူတစ်ပါးတွေကို ဆင်းရဲဒုက္ခ ရောက်စေမှာ သေကျေ ပျက်စီးမှာ ဘယ်တော့မှ ဒီလိုစိတ်ထား မရှိဘူး။ ဆင်းရဲဒုက္ခ ရောက်စေလိုတဲ့ စိတ်ထား၊ သေကျေ ပျက်စီးစေလိုတဲ့ စိတ်ထား ဘယ်တော့မှ မရှိဘူး။ သူတစ်ပါးတွေ ဘေးရန်ကင်းတာကို အလိုရှိတယ်၊ ကိုယ်ဆင်းရဲ ကင်းနေတာကို အလိုရှိတယ်၊ စိတ်ဆင်းရဲကင်းနေတာကို အလိုရှိတယ်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နေတာကိုသာ အလိုရှိတယ်။

ဒီထက် တစ်ဆင့်တက်လိုက်တဲ့ အချိန်ကျတော့ မှန်ကန်နေတဲ့ ကံ၊ ကံ၏အကျိုးကို တတ်သိနားလည်နေတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်တွေ ရှိတယ်။ ဒီထက် တစ်ဆင့်တက်လိုက်တော့ ဈာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်တွေ ရှိတယ်။ ဒီထက် တစ်ဆင့်တက်လိုက်တော့ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိဉာဏ်တွေနဲ့ ပြည့်စုံနေတယ်။ အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စိတ်ထားသည် ချမ်းသာသုခတွေနဲ့ ပြည့်ဝ မနေဘူးလား? ပြည့်ဝနေတယ်။ ဒီလို စိတ်ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်း ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အသက်ရှည်မှုဆိုတဲ့ ဒီသဘောတရား ပေါ်လာပါတယ်နော်။

ဒါကြောင့် သူတို့ရဲ့ ဆွေမျိုးတွေမှာ စိတ်ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းဆိုတဲ့ ဒီကျင့်ဝတ်ပဋိပတ်တွေကို ရိုသေစွာ လိုက်နာကျင့်နေတဲ့ အတွက်ကြောင့် သူတို့ရဲ့ ဆွေမျိုးသားချင်းတွေထဲမှာ ငယ်ရွယ်နုနယ်နေတဲ့ ကလေးသူငယ်တွေသည် သားငယ်၊ သမီးငယ်တွေသည် ဘယ်တော့မှ မသေကျေ မပျက်စီးပါဘူးဆိုပြီး ဒီဒုတိယ ဂါထာလေးနဲ့ ပြောတယ်။ နောက်တစ်ခု သူဆက်ပြောပြန်တယ်။

"ပုဗ္ဗေဝ ဒါနာ သုမနာ ဘဝါမ၊ ဒဒမ္ပိ ဝေ အတ္တမနာ ဘဝါမ။" (ဇာတက၊ဋ္ဌ၊၄၊၅၂။)

မယံ၊ ကျွန်တော်မျိုးတို့သည်ကား။ ပုဗ္ဗေဝ ဒါနာ၊ မလှူမီ ရှေ့အဖို့၌ ပင်လျှင်။ သုမနာ၊ နှစ်သက်ရွှင်လန်း ဝမ်းမြောက်မှု စိတ်ထား ရှိကြကုန်သည်။ ဘဝါမ၊ ဖြစ်ကြပါကုန်၏။

ဒါနတစ်ခု ပြုတော့မယ်ဆိုရင် မလှူမီ ရှေ့အဖို့မှာလည်း နှစ်သက်ရွှင်လန်း ဝမ်းမြောက်နေတဲ့ စိတ်ထားတွေ ရှိကြတယ်။

ဝေ၊ စင်စစ် ဧကန်အားဖြင့်။ ဒဒမ္ပိ၊ ပေးလှူဆဲ အချိန်အခါ ကာလ၌လည်းပဲ။ အတ္တမနာ၊ နှစ်လို ဝမ်းမြောက်သော စိတ်ထား ရှိကြကုန်သည်။ ဘဝါမ၊ ဖြစ်ကြပါကုန်၏။

တကယ် ပြောလိုက်တော့လည်း ပေးလှူနေဆဲ အချိန်အခါကို လှမ်းကြည့်လိုက်မယ်ဆိုရင် ပေးလှူနေဆဲ အချိန်အခါမှာလည်း အလွန် နှစ်သက် ရွှင်လန်း ဝမ်းမြောက်နေတဲ့ စိတ်ထားတွေ ရှိနေကြပါတယ်။
ဒတွာပိ ဝေ နာနုတပ္ပါမ ပစ္ဆာ၊ တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။ (ဇာတက၊ဋ္ဌ၊၄၊၅၂။)

ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ပစ္ဆာ ဒတွာပိ၊ ပေးလှူပြီးတဲ့ နောက်ပိုင်းကာလ၌လည်းပဲ။ နာနုတပ္ပါမ၊ နောင်တတစ်ဖန် ပူပန်မှု မဖြစ်ကြပါကုန်၏။

ပေးလှူပြီးတဲ့ နောက်ပိုင်းကာလကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာလည်း ကျွန်တော်မျိုးတို့ရဲ့ သန္တာန်မှာ "ဒီလို ပေးလှူမိတာတော့ မှားလေပြီ" ဆိုပြီးတော့ နောင်တတစ်ဖန် ပူပန်မှု ဘယ်တော့မှ မဖြစ်ဘူး။ မကောင်းဘူးလား? သိပ်ကောင်းတဲ့ စိတ်ထားပဲ။ လုပ်ငန်းတစ်ခုကို ပြုလုပ်တဲ့ အချိန်အခါမှာ စိတ်ဓာတ်တွေ ပြတ်သားနေတဲ့ သူတော်ကောင်းတို့ရဲ့ စိတ်ထားလေးပဲနော်။ မလှူမီ ရှေ့အဖို့မှာလည်း နှစ်သက်ရွှင်လန်း ဝမ်းမြောက်နေတယ်။ ပေးလှူနေတဲ့ အချိန်အခါမှာလည်း နှစ်သက်ရွှင်လန်း ဝမ်းမြောက်နေကြတယ်။ ပေးလှူပြီးတဲ့ နောက်ပိုင်းကာလမှာလည်း နောင်တတစ်ဖန် ပူပန်မှု မရှိဘူး။ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ပြီးတော့ပဲ နေတယ်။ အဲဒီ အပရစေတနာက အခုလို ဒါနနေရာမှာ အလွန် အရေးကြီးပါတယ်။

သတ္တဝါတစ်ဦးတစ်ယောက် ပန်းတစ်ပွင့် လှူလို့ (၉၁) ကမ္ဘာတိုင်တိုင် အပါယ်မလားရဘူး။ ကောင်းတဲ့ အကျိုးတွေကိုသာ ခံစားရတယ်ဆိုတာက ဒီအပရစေတနာတွေ အားကောင်းလို့ပါနော်။ မလှူမီ ရှေ့အဖို့မှာလည်း နှစ်သက်ရွှင်လန်း ဝမ်းမြောက်တယ်၊ လှူနေတုန်းမှာလည်း ဝမ်းမြောက်တယ်၊ လှူပြီးတဲ့ နောက်ပိုင်းမှာ ဒီအလှူဒါနကို ဝမ်းမြောက်ဝမ်းသာဖြင့် အသစ်ပြန်ပြီး အာရုံယူနိုင်ခဲ့တယ်ဆိုရင် အာုံယူလိုက်တဲ့ အချိန်အခါမှာလည်း ဝမ်းမြောက်ဝမ်းသာမှုတွေ ပုံစံတူပဲ ထပ်ခါထပ်ခါ ဖြစ်နေတယ်ဆိုရင် နောက်ထပ် အသစ်တစ်ဖန် ထပ်ခါထပ်ခါ ဒါနတွေ ပြုနေတာနဲ့ သိပ်တူတယ်နော်။

ဒါကြောင့် ဦးပဉ္စင်းတို့ ကောင်းမှု ကုသိုလ်တစ်ခုနဲ့ ပတ်သက်လို့ စိတ်ဆင်းရဲစေတတ်တဲ့ စကားမျိုးတွေကို ပြောကြားတာ ကောင်းသလား၊ မကောင်းဘူးလား? မကောင်းဘူး။ အလှူရှင် နှစ်သက်ဝမ်းမြောက်တဲ့ စကားလေးတွေကို ပြောကြားပေးတာက အလှူရှင်အတွက် မလှူမီ၊ လှူနေဆဲ၊ လှူပြီးနောက်ပိုင်း ကာလသုံးခုလုံးမှာ ကောင်းမှု ကုသိုလ်တရားတွေ တိုးပွားခြင်းရဲ့အကြောင်း မဖြစ်ဘူးလား? ဖြစ်နေတယ်။ ဒါ သတိထားဖို့ လိုတယ်နော်။ အဲဒီ ပုံစံအတွက်ကြောင့် ဘာဖြစ်သလဲ?

တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။

တသ္မာ၊ ထို့ကြောင့်။ အမှံ (အမှာကံ)၊ ကျွန်တော်မျိုးတို့၏။ ဒဟရာ၊ ငယ်ရွယ်နုနယ်နေသေးတဲ့ သားငယ် သမီးငယ်တို့သည်။ န မီယရေ၊ ဘယ်တော့မှ မသေကျေ မပျက်စီးကြပါကုန်။

ဒီစိတ်ထားလေးတွေက ကျွန်တော်မျိုးတို့ရဲ့ ငယ်ရွယ်နုနယ်တဲ့ သားငယ် သမီးငယ်တွေဟာ ဘယ်တော့မှ မသေကျေ မပျက်စီးကြပါဘူး ဆိုပြီးတော့ ပြန်ပြောတယ်။ နောက်တစ်ဆင့် -

"သမဏေ မယံ ဗြာဟ္မဏေ အဒ္ဓိကေ စ၊ ဝနိဗ္ဗကေ ယာစနကေ ဒလိဒ္ဒေ။
အန္နေန ပါနေန အဘိတပ္ပယာမ၊ တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။"

မယံ၊ ကျွန်တော်မျိုးတို့သည်။ သမဏေ စ၊ သမဏ အမည်ရတဲ့ ရဟန်းတော်တို့ကိုလည်းကောင်း။ ဗြဟ္မဏေ စ၊ ဗြဟ္မဏအမည်ရတဲ့ သူတော်ကောင်းတို့ကိုလည်းကောင်း။ အဒ္ဓိကေ စ၊ ခရီးသွားသမားတို့ကို လည်းကောင်း။ ဝနိဗ္ဗကေ စ၊ တောလမ်းကို သွားကြတဲ့ ပုဂ္ဂိုလ်တို့ကို လည်းကောင်း။ ယာစနကေ စ၊ သူတောင်းစားတို့ကိုလည်းကောင်း။ ဒလိဒ္ဒေ စ၊ ဆင်းရဲနွမ်းပါးတဲ့ ပုဂ္ဂိုလ်တို့ကိုလည်းကောင်း။ အန္နေန ဝါ၊ ထမင်းဖြင့် လည်းကောင်း။ ပါနေန ဝါ၊ အဖျော်ယမကာဖြင့်လည်းကောင်း။ အဘိတပ္ပယာမ၊ နှစ်သက်ရောင့်ရဲစေကြပါကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အမှံ၊ ကျွန်တော်မျိုးတို့၏။ ကုလေ၊ အမျိုးအနွယ်၌။ ဒဟရာ၊ ငယ်ရွယ်နုနယ်နေတဲ့ သားငယ် သမီးငယ်တို့သည်။ န မီယရေ၊ ဘယ်တော့မှ မသေကျေ မပျက်စီးကြပါကုန်။

စဉ်းစားကြည့်စမ်းနော်။ သမဏ အမည်ရနေတဲ့ ကိလေသာ အပူခပ်သိမ်းမှ ငြိမ်းအေးပြီးတဲ့ သူတော်ကောင်းတွေလည်း ရှိကြတယ်။ သို့မဟုတ် ကိလေသာ အပူကို ငြိမ်းအောင် ကျင့်နေတဲ့ သူတော်ကောင်းတွေလည်း ရှိကြတယ်။ ဗြဟ္မဏ အမည်ရနေတဲ့ သူတော်ကောင်းတွေလည်း ရှိကြတယ်။ အထူးသဖြင့်တော့ သာသနာတော်တွင်းမှာ ဗြဟ္မဏ ဆိုတာကတော့ ပါပဗြဟ္မဏဆိုတဲ့အတိုင်း မကောင်းမှု အကုသိုလ်တွေကို ဖျက်ဆီးပြီးတဲ့ ဝိသုဒ္ဓိဗြဟ္မဏ အမည်ရနေတဲ့ ကိလေသာ အားလုံးက စင်ကြယ်တဲ့ ရဟန္တာ အရှင်မြတ်တွေကို ဗြဟ္မဏလို့ ခေါ်ပါတယ်။ အဲဒီ သမဏ ဗြဟ္မဏ အမည်ရတဲ့ သူတော်ကောင်းတွေကိုလည်း အလှူဒါန ပြုတယ်နော်။

အဒ္ဓိကေ စ၊ ခရီးသွားသမားတွေကိုလည်း အလှူဒါန ပြုတယ်၊ တောလမ်းခရီးကို သွားနေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အလှူဒါန ပြုပေးတယ်၊ ဖုန်းတောင်းယာစကာတွေကိုလည်း အလှူဒါန ပြုပေးတယ်၊ သူဆင်းရဲတွေကိုလည်း အလှူဒါနတွေ ပြုပေးတယ်။ ဘာတွေနဲ့ ပြုသလဲဆိုတော့ -

အန္နေန၊ ထမင်းဖြင့်လည်း အလှူဒါန ပြုတယ်။ ပါနေန၊ အဖျော်ယမကာဖြင့်လည်း အလှူဒါနပွဲတွေ ကျင်းပပေးတယ်။ အဲဒီလို ပေးကမ်းလှူဒါန်းပြီးတော့ သူတို့ရဲ့ စိတ်ဓာတ်တွေကို ဘာလုပ်သလဲ? --- နှစ်သက်ကျေနပ်အောင် ရွက်ဆောင်ပြီးတော့ ပေးကြတယ်။

ကြည့်စမ်း! တစ်ဖက်ပုဂ္ဂိုလ်တွေပေါ့။ ထမင်းလှူလိုက်လို့၊ ဆွမ်းလှူလိုက်လို့ ဒီဆွမ်းစားရခြင်းကြောင့် အသက်ရှည်မယ်ဆိုရင် အဲဒီ အသက်ရှည်စေတတ်တဲ့ ကံကို ထူထောင်တဲ့ ပုဂ္ဂိုလ်တွေမှာ တစ်ဖန် ပြန်ပြီးတော့ အသက်ရှည်ခြင်းဆိုတဲ့ အကျိုးတရား ပေါ်မလာနိုင်ဘူးလား? ပေါ်လာနိုင်တယ်။ အဖျော်ယမကာတွေ တစ်ဖက်ပုဂ္ဂိုလ်တွေ သောက်သုံးရတယ်။ သောက်သုံးလိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် သူတို့မှာ အသက်ရှည်ခြင်းဆိုတဲ့ အကျိုးတရားတစ်ခု ပေါ်လာတယ်ဆိုရင် လှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တွေမှာလည်း တုံ့လှည့်တစ်ဖန် ပြန်ပြီးတော့ အသက်ရှည်ခြင်းဆိုတဲ့ ဒီသဘောတရားတွေ ပေါ်မလာနိုင်ဘူးလား? ပေါ်လာတယ်။

တစ်ဖက်ပုဂ္ဂိုလ်တွေ အကယ်၍များ မစားခဲ့ရဘူး၊ အကယ်၍များ မသောက်ခဲ့ရဘူး ဆိုလို့ရှိရင်တော့ အသက်ဆက်လက်ပြီး တည်တံ့နိုင်တဲ့သဘော ရှိလား? မရှိဘူး။ ဒါကြောင့် မိမိတို့က စိတ်ထားလေးကို အဆင့်အတန်း မြင့်မြင့်မားမား ထား၊ ဒီအစာအာဟာရကို စားသုံးရခြင်းတည်းဟူသော အကြောင်းကြောင့်၊ ဒီအဖျော်ယမကာကို သောက်သုံးရခြင်းတည်းဟူသော အကြောင်းကြောင့် "ဒီသူတော်ကောင်းသည် အသက်ရှည်ကြပါစေ၊ ဘေးရန် ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ"။ ဒီလို မေတ္တာရေချမ်း ပက်ဖျန်းပြီးတော့သာ ဒါနတစ်ခု ကျင်းပလိုက်ရင် ဒီဒါနမှာ မေတ္တာဓာတ်တွေက ထုံမွမ်းထားတဲ့အတွက် ဒီဒါနသည် အဆင့်အတန်း မြင့်မားနေတဲ့ ဒါနတစ်ခု အဖြစ်သို့ ပြောင်းလဲမသွားနိုင်ဘူးလား? ပြောင်းသွားပြီ။

သူတစ်ပါးတွေအပေါ်မှာ အသက်ရှည်စေလိုခြင်း၊ ဘေးရန် ကင်းစေလိုခြင်း၊ စိတ်ဆင်းရဲ ကင်းစေလိုခြင်း၊ ကိုယ်ဆင်းရဲ ကင်းစေလိုခြင်း၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်စေလိုခြင်း ဆိုတဲ့ ဒီမေတ္တာဓာတ် ခြံရံထားတဲ့ ဒီစိတ်ထားတွေသည် မိမိ အသက်ရှည်ဖို့ရန်အတွက်၊ ဘေးရန် ကင်းဖို့ရန်အတွက်၊ စိတ်ဆင်းရဲ ကင်းဖို့ရန်အတွက်၊ ကိုယ်ဆင်းရဲ ကင်းဖို့ရန်အတွက်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ဖို့ရန်အတွက် များစွာ ကျေးဇူးပြုမပေးနိုင်ဘူးလား? ကျေးဇူးပြုပေးနိုင်တယ်။

ဒါကြောင့် ဒါနတစ်ခု ပြုတဲ့ အချိန်အခါလေးတွေမှာ မိမိတို့ရဲ့ စိတ်နေစိတ်ထားလေးတွေကို အဆင့်အတန်းမြင့်မြင့် ထားတတ်ဖို့ မလိုဘူးလား? လိုပါတယ်။ ကဲ ကောင်းပြီ။ "မိမိတို့က ဒါန မပြုနိုင်ဘူးဘုရား။ ဒီလိုဆိုရင် တပည့်တော်တို့ကကော ဒီလိုစိတ်ထားမျိုး ဘယ်လို ထားတော့မလဲ?" ဒီလိုတော့ မေးစရာ ရှိတယ်။ ထားလို့ ရပါတယ်နော်။ ဝိသာခါ ကျောင်းအမကြီး ပုပ္ဖါရုံကျောင်းကြီး ရေစက်ချပွဲ ဆိုကြပါစို့နော်။ လှူတာကတော့ ဝိသာခါ ကျောင်းအမကြီးက လှူတာပါ။ ဒါပေမဲ့ ဝိသာခါ ကျောင်းအမကြီးရဲ့ မိတ်ဆွေဖြစ်တဲ့ အမျိုးကောင်းသမီးတစ်ဦး ဝမ်းသာလိုက်တာ ဝိသာခါ ကျောင်းအမကြီးလှူတဲ့ အလှူဒါနပွဲမှာ ဝမ်းမြောက်ဝမ်းသာနဲ့ သူက သာဓုခေါ်တယ်။ ဝမ်းမြောက်ဝမ်းသာနဲ့ ဝိုင်းပြီးတော့ ဝေယျာဝစ္စတွေ ဆောင်ရွက်ပေးတယ်။ သေတဲ့ အချိန်အခါမှာ ဒီကံလေးက သူ့ကို ပင့်တင်ပေးလိုက်တာ နတ်ပြည်နတ်လောကမှာ အင်မတန် ကြီးကျယ်တဲ့ နတ်ဘုံဗိမ္မာန်ပိုင်ရှင် နတ်သမီးကြီးတစ်ဦး ဖြစ်သွားတယ်။

မိမိ မလှူနိုင်ပေမယ့်လို့ သူများ လှူတာကို ဝမ်းမြောက်နေတဲ့ ဒီစိတ်ထားကိုက သတ္တဝါတစ်ဦးကို အဆင့်အတန်း မြင့်မားအောင် ပင့်တင်ပေးနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိနေတယ်။ အယ် ... အဲဒီ စိတ်ထား မရှိဘူး။ သူများ အလှူဒါနတွေနဲ့ ပတ်သက်ပြီးတော့ ကသိကအောက် ဖြစ်အောင် စိတ်ဆင်းရဲအောင် လျှောက်ပြီးတော့ ပြောမယ်၊ ဆိုမယ် ဆိုလို့ရှိရင်တော့ မိမိလည်း အသက်တိုမသွားနိုင်ဘူးလား? တိုသွားနိုင်တယ်။ အလှူရှင်တွေလည်း စိတ်မချမ်းမြေ့စရာ ကြားရတဲ့အတွက်ကြောင့် သူ့ရဲ့ အလှူဒါနဆိုတဲ့ ကုသိုလ်စေတနာမှာ အကုသိုလ်စေတနာတွေက ဝိုင်းရံထားတဲ့အတွက် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတွေကို ရနိုင်ပါဦးမလား? အလွန် အဆင့်အတန်း မြင့်မားတဲ့ အကျိုးတော့ မရတော့ဘူးနော်။ ဘာဖြစ်လို့လဲ? အကုသိုလ်က သူ့အလှူဒါနမှာ များစွာ ခြံရံသွားပြီနော်။

ဒါကြောင့် ဦးပဉ္စင်းတို့ သူတော်ကောင်းဆိုတာက သူတော်ကောင်းတို့ ထားရှိသင့်တဲ့ စိတ်နေစိတ်ထားလေးတွေကို ပြုပြင်ပြောင်းလဲပြီး ထားတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါကြောင့် -

မယံ၊ ကျွန်တော်မျိုးတို့သည်။ သမဏေ စ၊ သမဏ အမည်ရတဲ့ ရဟန်းတော်တို့ကိုလည်းကောင်း။ ဗြဟ္မဏေ စ၊ ဗြဟ္မဏအမည်ရတဲ့ သူတော်ကောင်းတို့ကိုလည်းကောင်း။ အဒ္ဓိကေ စ၊ ခရီးသွားသမားတို့ကို လည်းကောင်း။ ဝနိဗ္ဗကေ စ၊ တောလမ်းကို သွားကြတဲ့ ပုဂ္ဂိုလ်တို့ကို လည်းကောင်း။ ယာစနကေ စ၊ သူတောင်းစားတို့ကိုလည်းကောင်း။ ဒလိဒ္ဒေ စ၊ ဆင်းရဲနွမ်းပါးတဲ့ ပုဂ္ဂိုလ်တို့ကိုလည်းကောင်း။ အန္နေန ဝါ၊ ထမင်းဖြင့် လည်းကောင်း။ ပါနေန ဝါ၊ အဖျော်ယမကာဖြင့်လည်းကောင်း။ အဘိတပ္ပယာမ၊ နှစ်သက်ရောင့်ရဲစေကြပါကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အမှံ၊ ကျွန်တော်မျိုးတို့၏။ ကုလေ၊ အမျိုးအနွယ်၌။ ဒဟရာ၊ ငယ်ရွယ်နုနယ်နေတဲ့ သားငယ် သမီးငယ်တို့သည်။ န မီယရေ၊ ဘယ်တော့မှ မသေကျေ မပျက်စီးကြပါကုန်။

ဘယ်လောက် ကောင်းသလဲနော်။ သူတစ်ပါးတို့ရဲ့ အလှူဒါန၊ မိမိတို့ရဲ့ အလှူဒါန ပြန်ကြည့်လိုက်နော်။ သူတစ်ပါးတွေကို အသက်ရှည်စေလိုတဲ့ စိတ်ထား၊ ဘေးရန် ကင်းစေလိုတဲ့ စိတ်ထား၊ စိတ်ဆင်းရဲ ကင်းစေလိုတဲ့ စိတ်ထား၊ ကိုယ်ဆင်းရဲ ကင်းစေလိုတဲ့ စိတ်ထား၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်စေလိုတဲ့ စိတ်ထား။ ဒီစိတ်ထားတွေ ခြံရံပြီးတော့ ကံတစ်ခု ထူထောင်လိုက်တဲ့ အချိန်အခါမှာ ဒီကံက မျက်မှောက်ဘဝမှာ ပထမဇော စေတနာတွေက အသက်ရှည်ခြင်း အကျိုးတရားတွေကို မပေးဘူးလား? ပေးသွားပြီနော်။

ကဲ နောက်တစ်ခု - သံသရာခရီးမှာကော ဒီကံတွေက အကျိုးမပေးဘူးလားဆိုတော့ ပေးပါတယ်နော်။ အလယ်ဇော ငါးချက်ကတော့ နိဗ္ဗာန် မရမီစပ်ကြား သံသရာခရီးဆိုတာ ထင်ရှားရှိနေခဲ့ရင်တော့ သင့်တဲ့ ဘဝမှာ အကျိုးပေးနိုင်တဲ့ သဘောရှိတယ်။ သတ္တမဇောကတော့ ဒုတိယဘဝ၊ လာမယ့် ပထမ အနာဂတ်ဘဝမှာ အကျိုးပေးမယ်နော်။

ကဲ နောက်တစ်ခု -

"မယဉ္စ ဘရိယံ နာတိက္ကမာမ၊ အမှေ စ ဘရိယာ နာတိက္ကမန္တိ။" (ဇာတက၊ဋ္ဌ၊၄၊၅၂။)

မယဉ္စ၊ ကျွန်တော်တို့သည်လည်းပဲ။ ဘရိယံ၊ အိမ်ရှင်မိန်းမကို။ နာတိက္ကမာမ၊ လွန်ကျူး၍ မကျင့်ကြပါလေကုန်။ အမှေ စ၊ ကျွန်တော်မျိုးတို့ကိုလည်းပဲ။ ဘရိယာ၊ အိမ်ရှင်မတို့က။ နာတိက္ကမန္တိ၊ လွန်ကျူး၍ မကျင့်ကြပါလေကုန်။

ကျွန်တော်တို့ ယောက်ျားတွေကလည်း အိမ်ရှင်မတွေကို ကျော်လွန်ပြီး အခြားအမျိုးသမီးတွေအပေါ်မှာ လွန်လွန်ကျူးကျူး မပြုကျင့်ကြဘူး။ အိမ်ရှင်မတွေကလည်း ကျွန်တော်တို့ ယောက်ျားတွေကို ကျော်လွှားပြီးတော့ တခြားတခြား ယောက်ျားတွေနဲ့ လွန်လွန်ကျူးကျူး ဘယ်တော့မှ မကျင့်ကြပါဘူး။

"အညတြ တာဟိ ဗြဟ္မစရိယံ စရာမ၊" (ဇာတက၊ဋ္ဌ၊၄၊၅၂။)

တာဟိ၊ ထို အိမ်ရှင်မတို့ကို။ အညတြ၊ ကြဉ်ဖယ်ထား၍။ ဗြဟ္မစရိယံ၊ ဗြဟ္မစရိယ အမည်ရတဲ့ မြတ်သော ကျင့်စဉ်ကို။ စရာမ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေကြပါကုန်၏။

မိမိတို့ရဲ့ အိမ်ရှင်ယောက်ျား၊ မိမိတို့ရဲ့ အိမ်ရှင်မမှ တစ်ပါး တခြားတခြားသော ပုဂ္ဂိုလ်တွေနဲ့ ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် ဒီအဗြဟ္မစရိယ သိက္ခာပုဒ်ကို လုံခြုံအောင် ရိုသေစွာ စောင့်ထိန်းပြီးတော့ နေကြပါတယ်။

တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။ (ဇာတက၊ဋ္ဌ၊၄၊၅၂။)

တသ္မာ၊ ထို့ကြောင့်။ အမှာကံ၊ ကျွန်တော်မျိုးတို့၏။ ကုလေ၊ အမျိုးအနွယ်၌။ ဒဟရာ၊ ငယ်ရွယ်နုနယ်နေတဲ့ သားငယ် သမီးငယ်တို့သည်။ န မီယရေ၊ ဘယ်တော့မှ မသေကျေ မပျက်စီးကြပါကုန်။

ကိုယ်ကျင့်သီလ ကောင်းမွန်ခြင်း တစ်ခုပဲနော်။ ကိုယ်ကျင့်သီလ ကောင်းမွန်ခြင်းသည် အသက်ရှည်ဖို့ရန်အတွက် အကြောင်းတစ်ခု မဖြစ်-ဘူးလား? ဖြစ်နေပြန်တယ်နော်။ နောက်တစ်ခု -

"ပါဏာတိပါတာ ဝိရမာမ သဗ္ဗေ၊ လောကေ အဒိန္နံ ပရိဝဇ္ဇယာမ။
အမဇ္ဇပါ နောပိ မုသာ ဘဏာမ၊ တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။ (ဇာတက၊ဋ္ဌ၊၄၊၅၃။)

သဗ္ဗေ၊ ခပ်သိမ်းကုန်သော ကျွန်တော်မျိုးတို့သည်။ ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ဝိရမာမ၊ ရှောင်ကြဉ်ကြပါကုန်၏။ လောကေ၊ လောက၌။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်တဲ့ သူတစ်ပါးရဲ့ ဥစ္စာကို။ ပရိဝဇ္ဇယာမ၊ ယူခြင်းမှ ရှောင်ကြဉ်ကြပါကုန်၏။ အမဇ္ဇပါ နောပိ၊ မူးယစ်မေ့လျော့သည့် အကြောင်းရင်းဖြစ်သော သေရည်သေရက်တို့ကို မှီဝဲ စားသောက်ခြင်းမှလည်း ရှောင်ကြဉ်ကြပါကုန်၏၊ မူးယစ်ဆေးဝါးတို့ကို မှီဝဲ စားသောက်ခြင်းမှလည်း ရှောင်ကြဉ်ကြပါကုန်၏။ မုသာ၊ ချွတ်ယွင်းဖောက်ပြန် မမှန်ကန်တဲ့ မုသားစကားကို။ န ဘဏာမ၊ ဘယ်တော့မှ မပြောကြား ကြပါကုန်။ တသ္မာ၊ ထို့ကြောင့်။ အမှာကံ၊ ကျွန်တော်မျိုးတို့၏။ ကုလေ၊ အမျိုးအနွယ်၌။ ဒဟရာ၊ ငယ်ရွယ်နုနယ်နေတဲ့ သားငယ် သမီးငယ်တို့သည်။ န မီယရေ၊ ဘယ်တော့မှ မသေကျေ မပျက်စီးကြပါကုန်။

သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်တယ်၊ လောကမှာ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးတဲ့ သူတစ်ပါးဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်တယ်၊ မူးယစ်ဆေးဝါးတွေကို မှီဝဲစားသောက်ခြင်းမှ ရှောင်ကြဉ်တယ်၊ မုသားစကားကိုလည်း ဘယ်တော့မှ မပြောကြားကြပါဘူး၊ ရှောင်ကြဉ်တယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့၏ အမျိုးအနွယ်မှာ ငယ်ရွယ်နုနယ်နေတဲ့ သားငယ် သမီးငယ်တွေသည် ဘယ်တော့မှ မသေကျေ မပျက်စီးကြပါဘူး။

ငါးပါးသီလ မြဲတယ်ပေါ့။ ခုနက ကာမေသုမိစ္ဆာစာရကို ဂါထာတစ်ခုနဲ့ ပြောထားတယ်။ ခု ဒီနေရာမှာတော့ ပါဏာတိပါတ, အဒိန္နာဒါန, မုသာဝါဒ, သူရာမေရယဆိုတဲ့ သိက္ခာပုဒ် လေးခု ထပ်ပြောတော့ ပေါင်းလိုက်တော့ ငါးပါး သီလ ကျင့်ဝတ်ကို ခိုင်ခိုင်မြဲမြဲနဲ့ ကျင့်ကြတယ်။ တစ်ရွာလုံး ကျင့်ကြတယ်။ နောက်တစ်ခု -

"ဧတာသု ဝေ ဇာယရေ သုတ္တမာသု၊ မေဓာဝိနော ဟောန္တိ ပဟူတပညာ။
ဗဟုဿုတာ ဝေဒဂုနော စ ဟောန္တိ၊ တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။ (ဇာတက၊ဋ္ဌ၊၄၊၅၃။)

ဝေ၊ စင်စစ် ဧကန် အမှန်အားဖြင့်။ သုတ္တမာသု၊ ကိုယ်ကျင့်သီလ စင်ကြယ်နေတဲ့ မိခင်တို့၏ ဝမ်းကြာတိုက်၌။ ဧတာသု၊ ထိုသားငယ် သမီးငယ်တို့သည်။ ဇာယရေ၊ မွေးဖွား၍ လာကြပါကုန်၏၊

မိခင်၏ ဝမ်းကြာတိုက်ကို လှမ်းပြီး ကြည့်လိုက်။ အဲဒီ မိခင်က ဘယ်လို မိခင်လဲလို့မေးရင် သုဒ္ဓမာတု စင်ကြယ်နေတဲ့ ကိုယ်ကျင့်သီလရှိတဲ့ မိခင်ဖြစ်တယ်။ စင်ကြယ်နေတဲ့ ကိုယ်ကျင့်သီလရှိတဲ့ မိခင်ရဲ့ ဝမ်းကြာတိုက်မှာ ဒီသားငယ် သမီးငယ်တွေဟာ ပဋိသန္ဓေ တည်နေပြီးတော့မှ မွေးဖွားလာကြရတယ်။ အဲဒီ ဓာတ်တွေက ကူးသွားတယ်နော်။ မိဘတို့ရဲ့ စင်ကြယ်နေတဲ့ ကိုယ်ကျင့်သီလ ဓာတ်ငွေ့, ကုသိုလ်ဓာတ်ငွေ့တွေက ဒီကလေးရဲ့ ခန္ဓာအိမ်အထိ ကူးစက်ပြီးတော့ ပျံ့နှံ့သွားတယ်။ ဘယ်လို ပျံ့နှံ့သွားသလဲလို့ မေးတော့ ဒီမိဘတွေက ခုလို ကိုယ်ကျင့်သီလ စင်ကြယ်ခြင်းသည် အလကားသက်သက် ဘာမှနားမလည်ဘဲနဲ့ စင်ကြယ်နေတဲ့ ပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူး။

ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ရှိတယ်။ မှန်ကန်နေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေ ရှိနေတယ်။ ဒီလို မှန်ကန်တဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ခြံရံထားတဲ့ စိတ်နေစိတ်ထားဖြင့် ကိုယ်ကျင့်သီလတွေကို ဖြူစင်အောင် စောင့်ထိန်းတယ်။ အဲဒီ ကိုယ်ကျင့်သီလ ဖြူစင်နေတဲ့ ဒီမိဘတွေရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ တည်နေပြီးတော့မှ ဒီသားငယ်၊ သမီးငယ်တွေက မွေးဖွားလာရတယ်။ ဖြစ်ထွန်းလာရတဲ့ ဒေသ ကြည့်လိုက်မယ်ဆိုရင် အလွန် စင်ကြယ်သန့်ရှင်းနေတဲ့ ဒေသတစ်ခု မဖြစ်ဘူးလား? ဖြစ်နေပြီ။ နောက်တစ်ခု -

"ဧတာသု ဝေ ဇာယရေ သုတ္တမာသု၊ မေဓာဝိနော ဟောန္တိ ပဟူတပညာ။"

ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ သုတ္တမာတု၊ စင်ကြယ်သော, ဖြူစင် မြင့်မြတ်သော ကိုယ်ကျင့်သီလရှိနေတဲ့ မိခင်တို့၏ ဝမ်းကြာတိုက်တော်၌။ ဧတာသု၊ ထို သားရတနာတို့သည်။ ဇာယရေ၊ မွေးဖွား၍ လာကြပါကုန်၏။ ဧတာသု၊ ထိုသားရတနာတို့သည်။ ပဟူတပညာ [?]

မိခင်ကို ကြည့်လိုက်တော့ ကိုယ်ကျင့်သီလက စင်ကြယ်တယ်၊ အသိ-အလိမ္မာ ဉာဏ်ပညာတွေကလည်း ကြွယ်ဝတယ်၊ ယုံကြည်ချက် သဒ္ဓါတရား စွမ်းအင်ကလည်း အားကောင်းနေတယ်၊ အဲဒီလို ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ တည်နေပြီးတော့ မွေးဖွားလာရတဲ့ ဒီသားငယ် သမီးငယ်တွေကို ပြန်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီသားငယ် သမီးငယ်တွေဟာလည်း မေဓာဝီ၊ ပညာရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ ဘာဖြစ်လို့လဲ?

”သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့၏”။ ဓာတ်ငွေ့ တူရာတူရာကို ကံက ရောက်အောင် ပို့ပေးတယ်။ အရှင်သာရိပုတ္တရာရဲ့ တပည့်တွေ ကြည့်လိုက်။ အရှင်သာရိပုတ္တရာက ပညာဉာဏ် ကြီးမားတဲ့အတွက် သူ့ရဲ့ တပည့်တွေအားလုံးက ပညာဉာဏ် ကြီးမားကြတယ်။ ဓာတ်တူရာတူရာကို ကံလေးတွေက ရောက်အောင် ပို့ဆောင်ပေးလိုက်တယ်။

အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးကျတော့ တန်ခိုးကြီးတယ်။ သူ့တပည့်တွေအားလုံး တန်ခိုးကြီးကြတယ်။ ဓာတ်တူရာတူရာ အချင်းချင်း ပေါင်းဖော်ယှဉ်တွဲ မှီဝဲမှုဆိုတာ ဖြစ်ပေါ်လာတယ်။ အလားတူပဲ ... အရှင်အနုရုဒ္ဓါကျတော့ ဒိဗ္ဗစက္ခုအဘိညာဏ်အရာမှာ ကျွမ်းကျင်တယ်။ သူ့တပည့်တွေလည်း အားလုံး ဒိဗ္ဗစက္ခုအဘိညာဏ်အရာမှာ ကျွမ်းကျင်တော်မူကြပြန်တယ်။ ကံကနေ ဒီနေရာရောက်အောင်ကို ဖန်တီးပြီးတော့ ပို့ဆောင် ပေးလိုက်တယ်။ ခုလည်း ဒီအတိုင်းပဲ။ မိခင်တွေက ကိုယ်ကျင့်သီလ စင်ကြယ်နေတယ်၊ ဉာဏ်ပညာ ကြီးမားကြတယ်၊ ဉာဏ်ပညာ ကြီးမားပြီးတော့ ကိုယ်ကျင့်သီလ စင်ကြယ်နေတဲ့ မိခင်တို့ရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ တည်နေလာရတဲ့ ကလေးသူငယ်တွေဟာလည်း မေဓာဝီ (=ပညာရှိတဲ့) သူတော်ကောင်းလေးတွေ ဖြစ်လာကြတယ်။ ဓာတ်တူအချင်းချင်း လာပြီးတော့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်မိတာပဲ။

ဒီလို ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်မိအောင် ရှေးရှေး ယခင်တုန်းက ပုဗ္ဗေ စ ကတပုညတာလို့ ခေါ်ဆိုအပ်တဲ့ ရှေးရှေးဘဝတွေက ပြုခဲ့ဖူးတဲ့ ကောင်းမှု ကုသိုလ်ထူးဆိုတာ ရှိခဲ့ရပါတယ်နော်။ အဲဒီ ကောင်းမှုကုသိုလ်ထူးလေးတွေက ခုလို ဓာတ်တူရာ အချင်းချင်း ပေါင်းဆုံမိအောင် ပို့ဆောင်ပေးတယ်။ သံသရာခရီးဆိုတာ ရှိခဲ့မယ်ဆိုရင်ပေါ့နော်။ ခုလို မိကောင်း, ဖကောင်း, မိတ်ကောင်း, ဆွေကောင်း, ဆရာကောင်း, သမားကောင်းဆိုတာက အလွန် အရေးမကြီးဘူးလား? သိပ်အရေးကြီးတယ်။ ဒါကြောင့် ဒီဘဝမှာ မိမိတို့ဟာ ဓာတ်ကောင်းလေးတွေ မိမိတို့ရဲ့ သန္တာန်မှာ ကိန်းဝပ်လာအောင် ရှေးဦးစွာ ကြိုးစားအားထုတ်ဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်နော်။ ကဲ -

ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ သုတ္တမာတု၊ စင်ကြယ်သော, ဖြူစင် မြင့်မြတ်သော ကိုယ်ကျင့်သီလရှိနေတဲ့ မိခင်တို့၏ ဝမ်းကြာတိုက်တော်၌။ ဧတာသု၊ ထို သားရတနာတို့သည်။ ဇာယရေ၊ မွေးဖွား၍ လာကြပါကုန်၏။ ဧတာသု၊ ထိုသားရတနာတို့သည်ကား။ မေဓာဝိနော၊ ပညာရှိတဲ့ သူတော်ကောင်းတို့သည်။

ဗဟုဿုတ များပြားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဝေဒကျမ်းတွေမှာလည်း တစ်ဖက်ကမ်းခပ် တတ်မြောက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ ဒါကြောင့် ဘာဖြစ်လဲ?

တသ္မာ၊ ထို့ကြောင့်။ အမှာကံ၊ ကျွန်တော်မျိုးတို့၏။ ကုလေ၊ အမျိုးအနွယ်၌။ ဒဟရာ၊ ငယ်ရွယ်နုနယ်နေတဲ့ သားငယ် သမီးငယ်တို့သည်။ န မီယရေ၊ မသေကျေ မပျက်စီးကြပါကုန်။

ဘယ်လောက် ကောင်းသလဲ ကြည့်စမ်းနော်။ အမေ အဖေတွေကလည်း ကိုယ်ကျင့်သီလ စင်ကြယ်တယ်တဲ့ အမေ အဖေတွေ ဖြစ်တယ်။ ပညာကြီးတဲ့ အမေ အဖေတွေ ဖြစ်တယ်။ သားတွေ သမီးငယ်တွေကလည်း ကိုယ်ကျင့်သီလ စင်ကြယ်တယ်၊ ပညာတွေ သိပ်ကြီးတယ်။ ပြန့်ပြောကြီးကျယ်တဲ့ ဗဟုဿုတတွေက သိပ်များတယ်။ အတတ်ပညာတွေကလည်း စုံအောင် တတ်တယ်။ အဲဒီ မိသားတစ်စုကို လှမ်းပြီး ကြည့်လိုက်စမ်းပါ။ အဲဒီလို မိသားစုတွေ ပြည့်စုံစွာ နေထိုင်နေတဲ့ ရွာတစ်ရွာကို လှမ်းကြည့်လိုက်စမ်းပါ။ ဘယ်လောက် အေးချမ်းသာယာမလဲနော်။ ဒီသားငယ် သမီးငယ်တွေရဲ့ ကိုယ်ကျင့်သီလ ပျက်စီးမှုနဲ့ ပတ်သက်ပြီးတော့ မိဘတွေရဲ့ သန္တာန်မှာ စိုးရိမ်မှု, ကြောင့်ကြမှု, ပူဆွေးမှု, ငိုကြွေးမှုတွေ ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်တော့ဘူး။ ဘယ်လောက် ကောင်းသလဲနော်။

ဒါဟာ ဘာကို အခြေခံနေသလဲလို့ မေးတော့ - မိမိတို့မှာ ဓာတ်ကောင်းလေးတွေ ပါလာလို့။ ဒီလို ဓာတ်ကောင်းတွေနဲ့ လာပြီးတော့ ပေါင်းဆုံရတာ။ မိမိတို့က ဓာတ်ယုတ်တွေ ပါနေမယ်ဆိုရင်တော့ ဓာတ်ယုတ်တွေနဲ့ သွားပြီးတော့ ပေါင်းဆုံမယ်။ ဘာဖြစ်လို့လဲ။ ခုနက [?] သုတ္တန် ဆိုတာ တလောကလည်း ဟောခဲ့ပါတယ်။ အရှင်ဒေဝဒတ်ရဲ့ တပည့်တွေက အရှင်ဒေဝဒတ်လိုပဲ ယုတ်မာတဲ့ စိတ်ထားရှိကြတယ်။ ဟော ... ဓာတ်တူ အချင်းချင်း သွားပြီးတော့ မပေါင်းမိဘူးလား? ပေါင်းမိကြတယ်။

အရှင်အာနန္ဒာ တပည့်တွေက ဗဟုဿုတ များကြသလို၊ အရှင်ဒေဝဒတ်ရဲ့ တပည့်တွေကျတော့ ပါပိစ္ဆာ (= ယုတ်မာတဲ့ အလိုဆိုး) ရှိတယ်။ ယုတ်မာတဲ့ အလိုဆိုးဖြင့် အနှိပ်စက်ခံနေရတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ သွားပြီးတော့ ဖြစ်ကြတယ်။ ဓာတ်တူအချင်းချင်း ပေါင်းကြတယ်နော်။ ဘယ်လို ယုတ်မာတဲ့ အလိုဆိုးလဲ။ အဲဒီ ပွဲမှာ ကြည့်ပါ။ ဒီ [?] သုတ္တန်လေး ဘုရားရှင်ဟောတာက ဂိဇ္ဈကုဋ် တောင်ရံမှာ ဖြစ်ပါတယ်။ အရှင်ဒေဝဒတ်က ကျောက်မောင်းဆင်ပြီးတော့ မြတ်စွာဘုရားကို ကျောက်မောင်းဆင်ပြီး သတ်တဲ့ ပွဲပဲ။ [?] ကံကို ဖြစ်စေပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ခြေမတော်မှာ သွေးဥတည်သွားတယ်။

အဲဒီပွဲမှာ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလာန် အစရှိတဲ့ တပည့်ကြီးတွေက လာပြီးတော့ စောင့်ရှောက်ကြတယ်။ အရှင်ဒေဝဒတ်ကလည်း သူ့တပည့်တွေနဲ့အတူ ဘုရားရှင်ကို လာပြီးတော့ ကာကွယ်စောင့်ရှောက်ပေးတယ်။ ဟန်ဆောင်တာ မဟုတ်ဘူးလား? အဲဒါဟာ ယုတ်မာတဲ့ အလိုဆိုးလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ သူတင်လားဆိုတော့ မဟုတ်သေးဘူး။ သူ့တပည့်တွေ အကုန်ပါလာတယ်။ ဒီတော့ ဆရာလုပ်တဲ့ ပုဂ္ဂိုလ်က ဟန်ဆောင်ရင် တပည့်တွေလည်း ဟန်ဆောင်ကြတယ်။

ဟော ... ဆရာလုပ်တဲ့ ပုဂ္ဂိုလ်က အလိုဆိုးရှိခဲ့ရင် တပည့်တွေလည်း အလိုဆိုးရှိတယ်။ ဘာဖြစ်လို့လဲ? ဓာတ်တူရာတူရာ ပေါင်းကြတယ်။ အတိတ်ထဲက ဒီဓာတ်ငွေ့လေးတွေက သူတို့ရဲ့ သန္တာန်မှာ ကပ်ပြီးတော့ ပါလာကြတယ်။ ပါလာတဲ့ အခါကျတော့ ဒီဓာတ်ငွေ့တွေ ခြံရံပြီးတော့ ထူထောင်ထားတဲ့ ကံတွေက အဲဒီ ဓာတ်ငွေ့ချင်းတူတဲ့ နေရာကို ရောက်အောင် ပို့ဆောင်ပေးလိုက်တယ်။ ဒါကြောင့် ဒီဘဝမှာ မိမိတို့ရဲ့စိတ် ဘယ်လို ထားရမယ်ဆိုတာ ကိုယ့်ဟာကို ဆန်းစစ်ဖို့ လိုတယ်။ မိမိကိုယ်ကို မိမိ သူတော်ကောင်း ဟုတ်၏, မဟုတ်၏ကိုလည်းပဲ ဆန်းစစ်တတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ သူတော်ကောင်း မဟုတ်ဘဲနဲ့ ငါဟာ သူတော်ကောင်း ပါပဲလို့ ကိုယ့်ကိုယ်ကို အထင်ကြီးနေခဲ့မယ်, ထင်နေခဲ့မယ်ဆိုရင် ဒါကိုယ့်ကိုယ်ကို လိမ်တာပဲ။

အဲဒီလို ကိုယ့်ကိုယ်ကို လိမ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်သည် နောက်ထပ် ဘဝတစ်ခုရပြီ။ ကိုယ့်ကိုယ်ကို လိမ်တဲ့ ဒီသဘောတရားတွေ ပေါ်မလာနိုင်ဘူးလား? ပေါ်လာပြီ။ နောက်ဘဝကျလည်း သူက ဒီလိုပဲ ကိုယ့်ကိုယ်ကို လိမ်နေဦးမှာပဲ။ နောက်တစ်ဘဝကျတော့လည်း ဒီဓာတ်ငွေ့က မကုန်သေးဘူးဆိုရင် ကိုယ့်ကိုယ်ကို ထပ်ပြီးတော့ လိမ်ဦးမှာပဲ။ အဲဒီပုံစံစနစ်နဲ့သာ သံသရာခရီး ကျင်လည်ခဲ့မယ်ဆိုရင်တော့ နောက်ဆုံး အရှင်ဒေဝဒတ်နဲ့ အရှင်ဒေဝဒတ်ရဲ့ တပည့်တွေကဲ့သို့ အကြီးအကျယ် ဆုံးရှုံးပျက်စီးရတဲ့ ဘဝသို့ မရောက်နိုင်ဘူးလား? ရသွားနိုင်တယ်။ ဒါ သတိရှိဖို့ လိုတယ်နော်။ ကဲ ... နောက်တစ်ခု -

"မာတာ ပိတာ စ ဘဂိနီ ဘာတရော စ၊ ပုတ္တာ စ ဒါရာ စ မယဉ္စ သဗ္ဗေ။
ဓမ္မံ စရာမ ပရလောကဟေတု၊ တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ။ (ဇာတက၊ဋ္ဌ၊၄၊၅၃။)

မာတာ ပိတာ စ၊ မိဘနှစ်ပါးတို့သည်လည်းကောင်း။ ဘဂိနီ စ၊ အစ်မ ညီမတို့သည်လည်းကောင်း။ ဘာတရော စ၊ ညီအစ်ကိုတို့သည်လည်းကောင်း။ ပုတ္တာ စ၊ သား သမီးတို့သည်လည်းကောင်း။ ဒါရာ စ၊ အိမ်ရှင်မတို့သည်လည်းကောင်း။ မယဉ္စ၊ ကျွန်တော်မျိုးတို့သည်လည်းကောင်း။ သဗ္ဗေ၊ ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော ရွာသူရွာသားတို့သည်။ ပရလောကဟေတု၊ တမလွန် လောကတည်းဟူသော အကြောင်းကြောင့်။ ဓမ္မံ၊ သုစရိုက် ဆယ်ပါးကုသိုလ်တရားကို။ စရာမ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေကြပါကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အမှာကံ၊ ကျွန်တော်မျိုးတို့၏။ ကုလေ၊ အမျိုးအနွယ်၌။ ဒဟရာ၊ ငယ်ရွယ်နုနယ်နေတဲ့ သားငယ် သမီးငယ်တို့သည်။ န မီယရေ၊ ဘယ်တော့မှ မသေကျေ မပျက်စီးကြပါကုန်။

မိဘတွေ ကြည့်လိုက်တော့လည်း သုစရိုက် ဆယ်ပါးကို ဖြည့်ကျင့်နေတဲ့ မိဘတွေ ဖြစ်ကြတယ်။ အစ်မတွေ, ညီမတွေ, အစ်ကိုတွေ, မောင်တွေ ကြည့်လိုက်တော့လည်း သုစရိုက် ဆယ်ပါးကို ဖြည့်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ သားတွေ, သမီးတွေ, မယားတွေ ကြည့်လိုက်ပြန်တော့လည်း သုစရိုက် ဆယ်ပါးကို ဖြည့်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်ကြတယ်။

ဒါကြောင့် ကျွန်တော်မျိုးတို့ကို ကြည့်လိုက်တော့လည်း ကျွန်တော်မျိုးတို့ကလည်း သုစရိုက် ဆယ်ပါးကို ဖြည့်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့အမျိုးအနွယ် ကျွန်တော်တို့ ရွာမှာ ရှိနေတဲ့ လူအားလုံးဟာ သုစရိုက်တရားကို ဖြည့်ကျင့်ကြတယ်။ ဘာ ဦးတည်ချက်နဲ့ ဖြည့်ကျင့်သလဲလို့ မေးတော့ -

ပရလောကဟေတု၊ တမလွန် လောကတည်းဟူသော အကြောင်းကြောင့်။ ဓမ္မံ၊ သုစရိုက် ဆယ်ပါး ကုသိုလ်တရားကို။ စရာမ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေကြပါကုန်၏၊

တမလွန်လောကဆိုတဲ့ ဒီအကြောင်းတရားတစ်ခု ထင်ရှားရှိနေခြင်း တည်းဟူသော အကြောင်းကြောင့် ကျင့်နေတာ။ တမလွန်လောက သံသရာ ခရီး မဆုံးသေးတဲ့ ပုဂ္ဂိုလ်အဖို့ တမလွန်လောက ရှိတယ်လို့ သူတို့က လက်ခံ ယုံကြည်ကြတယ်။ ထို တမလွန်လောကမှာ ကောင်းကျိုးချမ်းသာကို မျှော်လင့်တောင့်တနေတဲ့ စိတ်ထားလည်း ရှိကြတယ်။ တမလွန် လောကမှာ ကောင်းကျိုးချမ်းသာကို မျှော်လင့်တောင့်တနေတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင် ဘာလုပ်ရမလဲ?

တမလွန်လောကမှာ ရရှိနိုင်တဲ့ ကောင်းကျိုးချမ်းသာတွေကို ကျိန်းသေ ဧကန် ရရှိစေနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ သုစရိုက် ဆယ်ပါးဆိုတဲ့ ဒီသူတော်ကောင်းတရား ကုသိုလ်တရားတွေကို စနစ်တကျ ဖြည့်ကျင့်ရပါတယ်။ အဲဒီလို ဖြည့်ကျင့်ကြတဲ့အတွက် ကျွန်တော်မျိုးတို့ရဲ့ အမျိုးအနွယ်မှာ ငယ်ရွယ်နုနယ်နေတဲ့ သားငယ် သမီးငယ်တို့သည် ဘယ်တော့မှ မသေကျေ မပျက်စီးကြပါဘူးဆိုပြီး ဒီစကား ပြောတယ်နော်။ ကဲ နောက်တစ်ခု -

"ဒါသာ စ ဒါသျော အနုဇီဝိနော စ၊ ပရိစာရကာ ကမ္မကရာ စ သဗ္ဗေ။
ဓမ္မံ စရန္တိ ပရလောကဟေတု၊ တသ္မာ ဟိ အမှံ ဒဟရာ န မီယရေ"။ (ဇာတက၊ဋ္ဌ၊၄၊၅၃။)

ဒါသာ စ၊ ကျွန်ယောက်ျားတို့သည်လည်းကောင်း။ ဒါသျော စ၊ ကျွန်မိန်းမတို့သည်လည်းကောင်း။ အနုဇီဝိနော စ၊ မှီခို ခယ၍ အသက်မွေး နေကြတဲ့ ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ပရိစာရကာ စ၊ အလုပ်အကျွေး တို့သည်လည်းကောင်း။ ကမ္မကရာ စ၊ အလုပ်သမားတို့သည်လည်းကောင်း။ သဗ္ဗေ၊ ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော ရွာသူရွာသားတို့သည်။ ပရလောကဟေတု၊ တမလွန် လောကတည်းဟူသော အကြောင်းကြောင့်။ ဓမ္မံ၊ သုစရိုက် ဆယ်ပါးကုသိုလ်တရားကို။ စရန္တိ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေကြပါကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အမှာကံ၊ ကျွန်တော်မျိုးတို့၏။ ကုလေ၊ အမျိုးအနွယ်၌။ ဒဟရာ၊ ငယ်ရွယ်နုနယ်နေတဲ့ သားငယ် သမီးငယ်တို့သည်။ န မီယရေ၊ ဘယ်တော့မှ မသေကျေ မပျက်စီးကြပါကုန်။

ဘယ်လောက် ကောင်းလိုက်သလဲ ကြည့်စမ်း! ရွာထဲမှာ ကျွန်ဆိုတာက အလွန် အဆင့်မနိမ့်ဘူးလား? နိမ့်ပါတယ်။ အဲဒီလို အဆင့်အတန်း နိမ့်နေတဲ့ ကျွန်ယောက်ျားတွေ, ကျွန်မိန်းမတွေ, မှီခိုကပ်ရပ်ပြီးတော့ အသက်မွေးနေရတဲ့ ပုဂ္ဂိုလ်တွေ, အလုပ်သမားတွေ, အလုပ်အကျွေးတွေ ဆိုတာ ရှိကြတယ်။ အဲဒီ ပုဂ္ဂိုလ် အားလုံးသည်လည်း တမလွန်လောကတည်းဟူသော အကြောင်းကြောင့် သုစရိုက် ဆယ်ပါး ကုသိုလ်တရားတွေကို ရိုရိုသေသေနဲ့ ဖြည့်ကျင့်ကြပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့ရဲ့ အမျိုးအနွယ်မှာ ငယ်ရွယ်နုနယ်နေတဲ့ သားငယ် သမီးငယ်တို့သည် ဘယ်တော့မှ သေကျေ ပျက်စီးခြင်း မရှိပါဘူး။

ကြည့်စမ်း ! ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေ ပြန်ကြည့်မယ် ဆိုရင် ဒီကျွန်တွေထက်တော့ အဆင့်အတန်း မြင့်တယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။ မှီခိုကပ်ရပ်ပြီးတော့ သူတစ်ပါးကို အသက်မွေးရတဲ့ ပုဂ္ဂိုလ်တွေထက်တော့ အဆင့်အတန်းမြင့်တဲ့ သူတော်ကောင်းတွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီ အလုပ်သမားတွေ အလုပ်အကျွေးတွေ ထက်တော့ ပိုပြီးတော့ အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒီလိုဆိုရင် အဲဒီလို အဆင့်နိမ့်နေတဲ့ ပုဂ္ဂိုလ်တွေတောင် ဒီ သုစရိုက်ဆယ်ပါးဆိုတဲ့ ကုသိုလ်ကမ္မပထ တရားတွေကို တမလွန် လောကတည်းဟူသော အကြောင်းကြောင့် ရိုရိုသေသေ ဖြည့်ကျင့်ကြတယ်ဆိုရင် -

ဒီနေ့ သူတော်ကောင်းတွေ ပိုပြီးတော့ ဖြည့်ကျင့်ဖို့ မထိုက်ဘူးလား? ထိုက်ကြတယ်။ သတိရှိဖို့ လိုတယ်။ မိမိတို့ ရထားတဲ့ ဘဝလေး တန်ဖိုးရှိရှိဖြင့် ဘဝတစ်ခုမှာ အဆုံးသတ်နိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ လူတွေအတွက်ကို ဦးတည်ပြီးတော့ ဒါ သုစရိုက်ဆယ်ပါး ပြောနေတယ်။ ရဟန်းတော်များအတွက်တော့ ရဟန်းတို့နဲ့ ထိုက်တန်နေတဲ့ သီလကျင့်ဝတ်တွေ ရှိကြပါတယ်။ သီလရှင် ဆိုလို့ရှိရင်လည်း သီလရှင်တွေနဲ့ ထိုက်တန်နေတဲ့ ကျင့်ဝတ်တွေ မရှိဘူးလား? ဆယ်ပါးသီလ ကျင့်ဝတ်တွေ ရှိကြပါတယ်။ ဒီကျင့်ဝတ်တွေကို တမလွန် လောကတည်းဟူသော အကြောင်းကြောင့် ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးဖြင့် စင်ကြယ်အောင် ဖြည့်ကျင့်ကြဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ သတိရှိဖို့နော်။

အဲဒီလို ဓမ္မပါလ ပုဏ္ဏားကြီးကနေပြီးတော့ တက္ကသိုလ် ဒိသာပါမောက္ခ ဆရာကြီးကို ဒီလို ဂါထာလေးတွေဖြင့် သူတို့ရဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ဆိုဆုံးမလိုက်တယ်နော်။ ဆိုဆုံးမလိုက်တဲ့ အချိန်အခါမှာ ဒီလောက်နဲ့ မပြီးသေးဘူး။ ပုဏ္ဏားကြီးကလည်း တရားဟော ကောင်းတယ်နော်။ တရားဟောကောင်းတော့ ဆက်ပြီးတော့ သူက ဂါထာလေးတွေနဲ့ ဟောပြန်တယ်။

"ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊ ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ။" (ဇာတက၊ဋ္ဌ၊၄၊၅၄။)

ဓမ္မော၊ သုစရိုက်ဆယ်ပါး ကုသိုလ်တရားသည်။ ဟဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ဓမ္မစာရိံ၊ တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ သူတော်ကောင်းကို။ ရက္ခတိ၊ အစဉ်မကွာ ကွယ်ကာ စောင့်ရှောက် တတ်ပေ၏၊

သုစရိုက်ဆယ်ပါး ကုသိုလ်တရားဆိုတာက ဒီတရားကို ကျင့်နေတဲ့ သူတော်ကောင်းကို စင်စစ်ဧကန် အမှန်အားဖြင့် စောင့်ရှောက်ပေးတတ်ပါတယ်။ အထူးသဖြင့်တော့ ဒီနေရာမှာ သမ္မာဒိဋ္ဌိက အဆင့်မြင့်တယ်နော်။ သုစရိုက်ဆယ်ပါးထဲမှာ ခုနက ခဏခဏ ပြောပြီးပြီ။ ကာယ သုစရိုက်က သုံးပါး၊ ဝစီ သုစရိုက်က လေးပါး၊ မနော သုစရိုက်က သုံးပါး။ အဲဒီထဲမှာ သမ္မာဒိဋ္ဌိက အလွန် အဆင့်မြင့်နေတယ်။ သူတစ်ပါး အပြောနဲ့ လွမ်းနေရတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ = ကံ, ကံ၏အကျိုးကို ယုံကြည်ရတဲ့ သမ္မာဒိဋ္ဌိဟာလည်း သူနဲ့ ထိုက်တန်သလောက်တော့ အဆင့်မြင့်ပါတယ်။

ဒါပေမဲ့ သူ့ထက် အဆင့်တကယ်မြင့်တာကတော့ ဘာလဲ? မိမိ ကိုယ်တိုင်က နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတဲ့ ဒီဉာဏ်နှစ်ပါး ရရှိလို့ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေတဲ့ ကံ, ကံ၏အကျိုးကို တတ်သိ နားလည်နေတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိက ပိုပြီးတော့ အဆင့်မြင့်တယ်။ အဲဒီထက် အဆင့်မြင့်တာကတော့ ခုနက ဈာနသမ္မာဒိဋ္ဌိတို့၊ ဝိပဿနာ သမ္မာဒိဋ္ဌိတို့၊ မဂ္ဂသမ္မာဒိဋ္ဌိတို့၊ ဖလသမ္မာဒိဋ္ဌိတို့ပဲ။

ဒီနေရာမှာ ဘုရားရှင်က တရားကို ကျင့်တဲ့ ပုဂ္ဂိုလ်ကို တရားက ပြန်ပြီး စောင့်ရှောက်တယ် ဆိုတာက အထူးသဖြင့်တော့ မဂ္ဂသမ္မာဒိဋ္ဌိကို အထူး ဦးတည်ထားပါတယ်။ ဒါကြောင့် -

ဓမ္မော၊ သုစရိုက်ဆယ်ပါး ကုသိုလ်တရားသည်။ ဟဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ဓမ္မစာရီ၊ တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ သူတော်ကောင်းကို။ ရက္ခတိ၊ အစဉ်မကွာ ကွယ်ကာ စောင့်ရှောက် တတ်ပေ၏၊

ဘာတွေက စောင့်ရှောက်ပေးသလဲ? အပါယ်လေးဘုံမှ လွတ်အောင် စောင့်ရှောက်ပေးတယ်၊ ကာမ (၁၁)ဘုံမှ လွတ်အောင် စောင့်ရှောက်ပေးတယ်၊ (၃၁)ဘုံမှ လွတ်အောင် စောင့်ရှောက်ပေးတယ်၊ အိုဘေးဆိုးကြီးမှ လွတ်အောင်, နာဘေးဆိုးကြီးမှ လွတ်အောင်, သေဘေးဆိုးကြီးမှ လွတ်အောင် စောင့်ရှောက်ပေးတယ်။ ဒီထက်ကောင်းတဲ့ အစောင့်အရှောက် အကာအကွယ်ဆိုတာ ရှိဦးမလား? မရှိနိုင်တော့ဘူး။ ဒါကြောင့် တရားကို တကယ်ကျင့်ပါ။ တရားကိုသာ တကယ်ကျင့်ရင် တရားက ကျင့်နေတဲ့ ပုဂ္ဂိုလ်ကို တစ်ဖန် ပြန်ပြီးတော့ စောင့်ရှောက်ပေးပါတယ်။ တရားကို မကျင့်ဘူး။ မကျင့်တဲ့ ပုဂ္ဂိုလ်ကို တရားက တစ်ဖန်ပြန်ပြီးတော့ စောင့်ရှောက်ပေးပါဦးမလား? မစောင့်ရှောက်တော့ဘူး။ အဲဒါ သတိရှိဖို့ လိုတယ်နော်။

တရားကျင့်မှ တရားက ပြန်စောင့်ရှောက်ပေးမှာ။ တရားကို မကျင့်ရင် တရားက ဘယ်တော့မှ ပြန်ပြီးတော့ မစောင့်ရှောက်ဘူး။ သူက အင်မတန် သစ္စာရှိတယ်။ လောကမှ တစ်ဦးနဲ့တစ်ဦး သစ္စာရှိတယ်ဆိုတာ ဘုန်းကြီးက ဒီတရားလောက် သစ္စာရှိတယ်လို့ မထင်ပါဘူးနော်။ တရားက သိပ်ပြီး သစ္စာရှိတာ။ သူ့ကိုသာ သွားမချစ်နဲ့။ သူက ဘယ်တော့မှ မချစ်ဘူး။ သူ့ကိုသာ မုန်းပါစေ။ သူကလည်း အမြဲတမ်း မုန်းနေလိမ့်မယ်။ ဘယ့်နှယ်တုံး တရားနာ ပရိသတ်တွေ ... တရားကို တကယ်ကျင့်မလား, မကျင့်ဘူးလားလို့ ဘုန်းကြီးက မေးရင် ဘယ်လိုဖြေမလဲ? ဒကာကြီးတွေကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ကျင့်မယ်လို့ ပြောတာပဲ။ တကယ်ကို ကျင့်သလားလို့ ထပ်ပြီး မေးလိုက်တော့ နောက်တွန့်သွားတယ်။ ဟုတ်တယ်မလား? ဒါကြောင့် -

ဓမ္မော၊ သုစရိုက်ဆယ်ပါး ကုသိုလ်တရားသည်။ ဟဝေ၊ စင်စစ် ဧကန် အမှန်အားဖြင့်။ ဓမ္မာစာရီ၊ သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ပုဂ္ဂိုလ်ကို။ ရက္ခတိ၊ အစဉ်မကွာ ကွယ်ကာ စောင့်ရှောက်တတ်ပေ၏။ ဓမ္မော၊ ကောင်းစွာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ထားအပ်တဲ့ သုစရိုက်ဆယ်ပါး ကုသိုလ်တရားသည်။ သုခံ၊ လူ, နတ်, နိဗ္ဗာန် သုံးတန်ဟူဘိ ချမ်းသာအတိကို။ အာဝဟတိ၊ ရောက်အောင် မသွေ ရွက်ဆောင်၍ပေးတတ်ပါပေ၏၊

ကောင်းကောင်းသာ တရားကို ကျင့်ပါ။ ကောင်းကောင်း ကျင့်ထားတဲ့ ဒီတရားက လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို ကျိန်းသေဧကန် ရရှိအောင် ရွက်ဆောင်ပေးနိုင်ပါတယ်။ ဒီထက်ကောင်းမွန်တဲ့ အာမခံချက် ဘယ်မှာ ရမလဲ? ဘယ်မှာမှ မရနိုင်ဘူးနော်။

ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ၊ န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။

ဓမ္မော၊ ကောင်းစွာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ထားအပ်တဲ့ သုစရိုက်ဆယ်ပါး ကုသိုလ်တရား၌။ သုစိဏ္ဏေ၊ ဤသည်က။ ဧသာနိသံသော၊ အကျိုးအာနိသံသပါပေတည်း။ ဓမ္မာစာရီ၊ သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ပုဂ္ဂိုလ်သည်။ ဒုဂ္ဂတိံ၊ အပါယ်ဘူမိဒုဂ္ဂတိသို့။ န ဂစ္ဆတိ၊ ဘယ်တော့မှ မလားရောက်ရပါပေ။

သုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေကို အဆင့်အတန်းမြင့်မြင့် စံချိန်မီသာ တကယ်လက်တွေ့ ကျင့်ပါ။ ဒီလို ကျင့်နေတဲ့ ပုဂ္ဂိုလ်သည် အပါယ်ဘူမိဒုဂ္ဂတိကို ဘယ်တော့မှ မရောက်ရဘူး။ လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာ၊ သုံးတန်သော ဘူမိလို့ ခေါ်ဆိုအပ်တဲ့ အကောင်းဆုံးသော ဘုံဌာနတွေကို ကောင်းစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထားတဲ့ ဒီတရားတွေက ရောက်အောင် ကျိန်းသေဧကန် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်။ ဒီစွမ်းအားကြောင့် ရရှိတဲ့ လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာဆိုတဲ့ ဒီအကျိုးတရားသည် ကောင်းစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထားအပ်တဲ့ တရားတော်ကြောင့် ရရှိတဲ့ အကျိုးတရား ဖြစ်ပါတယ်နော်။

"ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊ ဆတ္တံ မဟန္တံ ဝိယ ဝဿကာလေ။" (ဇာတက၊ဋ္ဌ၊၄၊၅၄။)

ဟဝေ၊ စင်စစ် ဧကန် အမှန်အားဖြင့်။ ဓမ္မော၊ သုစရိုက်ဆယ်ပါး ကုသိုလ်တရားသည်။ ဓမ္မစာရိံ၊ သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေတဲ့ပုဂ္ဂိုလ်ကို။ ရက္ခတိ၊ အစဉ်မကွာ ကွယ်ကာ စောင့်ရှောက်တတ်ပေ၏။ ဝဿကာလေ၊ မိုးတွင်း အချိန်အခါ ကာလ၌။ ဆတ္တံ မဟန္တံ ဝိယ၊ ကြီးမားလှစွာသော ထီးကဲ့သို့။

ဒီအချိန်မှာ ထီးကြီးကြီးက တော်တော်လေး လိုချင်ကြတယ်နော်။ ဒါပေမယ်လို့ ဘုန်းကြီးတွေ ရတာကလည်း ထီးက စကောစက ဖြစ်ဖြစ်နေတယ်နော်။ ခု ဒီနေရာမှာ ဘာတဲ့လဲ? မိုးတွင်း အချိန်အခါကာလ ရောက်လာတဲ့ အချိန်အခါမှာ အင်မတန် ကြီးမားနေတဲ့ ထီးကြီးကနော် ဘာဖြစ်သလဲ?

ဝဿကာလေ၊ မိုးတွင်းအချိန်အခါကာလ၌။ ဆတ္တံ မဟန္တံ ဝိယ၊ ကြီးမားသော ထီးကဲ့သို့။ မယှံ၊ ကျွန်တော်မျိုး၏။ ဓမ္မပါလော၊ ဓမ္မပါလ အမည်ရတဲ့ သားငယ်ကို။ ဓမ္မံ၊ တရားတော်က။ ရက္ခတိ၊ လုံခြုံစွာ စောင့်ရှောက်ထားနေပါပေ၏၊

သူ့ရဲ့ ယုံကြည်ချက်ပဲ။ မိုးအချိန်အခါ ကာလမှာ မိုးမစိုစွတ်အောင် အင်မတန် ကြီးမားတဲ့ ထီးကြီးက ဆောင်းနေတဲ့ ပုဂ္ဂိုလ်ကို စောင့်ရှောက် ကာကွယ်ပေးသလိုပဲ။ အလားတူပဲ ကျွန်တော်ရဲ့ သားဖြစ်တဲ့ ဓမ္မပါလ သတိုးသားကို သူကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေက လုံခြုံအောင် စောင့်ရှောက် ပေးနေပါတယ်။

ကဲ ... ဘယ်တရားက စောင့်ရှောက်ပေးနေတာလဲ? ကိုယ်ကျင့်နေတဲ့ သုစရိုက်ဆယ်ပါး ကုသိုလ်တရားက မိမိကို လုံခြုံအောင် ပြန်ပြီးတော့ စောင့်ရှောက်ပေးတာ။ မိမိမှာ လုံခြုံမှု မရှိဘူး။ ဘာဖြစ်လို့လဲ? သုစရိုက်ဆယ်ပါး ကုသိုလ်တရားက မိမိကို ပြန်ပြီးတော့ လုံခြုံအောင် မစောင့်ရှောက်ပေးလို့။ ဘာဖြစ်လို့ လုံခြုံအောင် မစောင့်ရှောက်ပေးသလဲ? မကျင့်လို့ပဲ။ လုံခြုံအောင် မိမိက မကျင့်ဘူး။

သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို မိမိက လုံခြုံအောင် မကျင့်ရင် သုစရိုက်ဆယ်ပါး ကုသိုလ်တရားကလည်း မိမိကို လုံခြုံအောင် ပြန်ပြီးတော့ စောင့်ရှောက်ပေးပါ့မလား? မစောင့်ရှောက်ဘူး။ သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို မိမိက မလုံ့တလုံလေး ကျင့်မယ်။ ကဲ ထားပါတော့ ...။ မလုံ့တလုံကျင့်ရင် သုစရိုက်ဆယ်ပါး ကုသိုလ်တရားကလည်း မိမိကို မလုံ့တလုံဘဲ ပြန်ပြီးတော့ စောင့်ရှောက်ပေးမယ်။ ဘယ့်နှယ်တုံး! မလုံ့တလုံ ကြိုက်ကြလား။ မလုံ့တလုံ မကြိုက်ဘူး ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။ မိမိကသာ သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။ တရားက မိမိကိုလည်း လုံခြုံအောင် ပြန်ပြီးတော့ ထိန်းသိမ်း စောင့်ရှောက်ပေးလိမ့်မယ်။ ဒါကြောင့်

အညဿ၊ အခြားသူတစ်ယောက်၏။ အဋ္ဌီနိ၊ အရိုးတို့သည်။ အဿ၊ ဖြစ်ပါလိမ့်မယ်။ မမ၊ ကျွန်တော်မျိုးတို့၏။ ဓမ္မပါလ၊ သားငယ်ဖြစ်တဲ့ ဓမ္မပါလ သတို့သားသည်။ သုခီ၊ ချမ်းသာခြင်းရှိသည်။ ဟောတိ၊ ဖြစ်ပါပေ၏၊

သင်ယူလာတဲ့ ဒီအရိုးတွေဟာ တခြားတခြား ပုဂ္ဂိုလ်တစ်ဦးရဲ့ အရိုးတွေပဲ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ရဲ့ သားငယ်ဖြစ်တဲ့ ဓမ္မပါလ သတို့သားဟာ ချမ်းသာခြင်းရှိနေတဲ့ ပုဂ္ဂိုလ်သာ ဖြစ်ပါတယ် ဆိုပြီးတော့ ဒီလို ပြန်ပြောတယ်။ အဲဒီအခါကျတော့မှ ဒိသာပါမောက္ခဆရာကြီးက ဝမ်းသာလိုက်တာ ကျွန်တော်မျိုး လာတာဟာ ဒီတရားတော်တွေကို နာယူဖို့၊ ဒီလို စုံစမ်းဖို့အတွက် လာတာပါ ဆိုပြီးတော့ သည်းခံကန်တော့တယ်နော်။ ကန်တော့ပြီးတဲ့ အချိန်အခါမှာ ခု ဓမ္မပါလပုဏ္ဏားကြီး ဟောလိုက်တဲ့ တရားတွေကို အကုန်လုံး ရေးကူးသွားတယ်။ ရေးကူးပြီးတော့ သူတို့ရွာ ရောက်တဲ့အချိန်အခါမှာ လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။

ကဲ ... ဒီနေ့ တရားနာ ပရိသတ်တွေလည်း ဓမ္မပါလပုဏ္ဏားကြီး ဟောတဲ့တရား နာကြားရပြီး လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မလားလို့ ဘုန်းကြီးကမေးရင် ဘယ်လိုဖြေမလဲ? ကဲ ... အားထုတ်နိုင်ကြပါစေ။ အားထုတ်နိုင်ခဲ့ရင်တော့ ဒီမင်္ဂလာတရားက ဘာလဲ? လူ, နတ်, နိဗ္ဗာန် သုံးတန်ဘူမိ အကောင်းဆုံးသော သုဂတိလို့ ခေါ်ဆိုအပ်တဲ့ ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးမှာ ဖြစ်တဲ့အတွက် ဓမ္မစရိယာခေါ်တဲ့ တရားကို ကျင့်ခြင်း၊ သုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေကို ကျင့်ခြင်းကို ဘုရားရှင်က မင်္ဂလာဆိုပြီးတော့ ဒီလို ဟောထားပါတယ်နော်။

ကဲ ဓမ္မစရိယ မင်္ဂလာပြီးတော့ နောက် မင်္ဂလာတစ်ခုကတော့ ဘာလဲ?

ဉာတကာနဉ္စ သင်္ဂဟော

ဉာတကာနဉ္စ သင်္ဂဟော၊ ဆွေမျိုးတို့ကို သင်္ဂြိုဟ်ထောက်ပံ့ခြင်း။ အဲဒီတော့ ဆွေမျိုးတို့ ဆိုတာကတော့ ဆွေ ခုနှစ်ဆက်၊ မျိုး ခုနှစ်ဆက်တိုင်အောင် အားလုံး ယူရပါတယ်။ သို့သော် ဒီနေရာမှာကတော့ မိမိတို့ရဲ့ ဆွေမျိုးကိုလည်း မိမိတို့က ထောက်ပံ့ပြီး၊ တခြားတခြား ပုဂ္ဂိုလ်တွေကို ဆွေမျိုးလို့ မယူဆရင်တော့ ဒါအမြင်ကျဉ်းတဲ့သဘောတော့ ရှိပါတယ်နော်။ ဒီနေရာမှာကတော့ မိမိတို့ရဲ့ အမျိုးအနွယ် အားလုံးကိုပဲ ဆွေမျိုးလို့ ပြောချင်တယ်။ ဆွေ ခုနှစ်ဆက်၊ မျိုး ခုနှစ်ဆက်နဲ့ ဆက်ကြည့်လိုက်မယ် ဆိုလို့ရှိရင်တော့ အမျိုးအနွယ်တွေဟာ တော်တော်လေး ဆက်စပ်ပြီး ကူးလူး ပျံ့နှံ့နေတဲ့ သဘောတော့ ရှိကြပါတယ်နော်။

အဲဒါကြောင့် ဒီပုဂ္ဂိုလ်တွေကို စောင့်ရှောက်ပေးတယ်၊ သင်္ဂြိုဟ်ထောက်ပံ့တယ် ဆိုတာက ဘာလဲလို့ မေးတော့ - တစ်ခါတစ်ရံ မိမိတို့ရဲ့ ဒီအမျိုးအနွယ် ဆွေမျိုးသားချင်းတွေက စည်းစိမ်ဥစ္စာ ပျက်စီးချင်လည်း ပျက်စီးသွားမယ်။ စည်းစိမ်ဥစ္စာ ပျက်စီးရင် အဲဒီ အချိန်အခါမှာ မိမိက စည်းစိမ်ဥစ္စာဖြင့် သင်္ဂြိုဟ်ထောက်ပံ့ပေးဖို့ လိုအပ်တယ်။ မိမိ ဆွေမျိုးတွေက တစ်ခါတလေ ဗျာဓိဆိုတဲ့ ဖျားနာတဲ့ ရောဂါတွေ ဖြစ်ပြီးတော့ မိမိထံ ရောက်ချင်ရောက်လာမယ်။ ထိုအချိန်အခါမှာလည်း မိမိက ဒီအဖျားအနာတွေ ကင်းသွားအောင် ချမ်းသာသုခ ရရှိအောင် ရွက်ဆောင်ပေးနိုင်ဖို့ မလိုဘူးလား? လိုအပ်တယ်။

နောက်တစ်ခု - မိမိရဲ့အနီးသို့ ချဉ်းကပ်လာတဲ့ ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။ မိမိအနီးသို့ ချဉ်းကပ်လာတဲ့ ပုဂ္ဂိုလ်တွေကိုလည်း မိမိ စွမ်းအားရှိသလောက် အဝတ်အစားတွေ, စပါးဥစ္စာတွေ စသည်ဖြင့် သင်္ဂြိုဟ်ထောက်ပံ့ပေးဖို့ လိုတယ်နော်။ နောက်ဆုံး မိမိက ပစ္စည်းနှင့် မထောက်ပံ့နိုင်တောင် ထိုပုဂ္ဂိုလ်တွေရဲ့ ကိုယ်ကျင့်သီလလေးတွေ ကောင်းမွန်တာကို အကြောင်းပြုပြီးတော့ စိတ်ချမ်းသာသွားအောင် ချီးမွမ်းပြီးတော့ ပေးတတ်ဖို့တော့ လိုအပ်တယ်။ အဲဒါက နှုတ်နဲ့ စောင်မလိုက်တာပဲနော်။

ဒီတော့ ကိုယ်၏ စောင်မခြင်း၊ နှုတ်၏ စောင်မခြင်းဆိုတဲ့ ဒီစောင်မခြင်း နှစ်မျိုးဖြင့် ချီးမြှောက်လိုက်တဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်တွေမှာ ဒိဋ္ဌဓမ္မိက မျက်မှောက်ဘဝမှာလည်း ချမ်းသာသုခ ရသွားမယ်။ ပေးလှူလိုက်တဲ့ မိမိမှာလည်း သုဂတိဂမန၊ အလှူခံ ပုဂ္ဂိုလ်တွေမှာလည်း ဒီပစ္စည်းတွေ ရရှိတဲ့အတွက် စိတ်ချမ်းသာ သွားပြီ။ အထောက်အပံ့တွေ ရရှိတဲ့အတွက် ဒီအထောက်အပံ့တွေကို အခြေခံပြီးတော့ မိမိတို့ကလည်း တစ်ဆင့်တက် ကြီးပွားအောင် လုပ်လိုက်တဲ့ အချိန်အခါမှာ ကြီးပွားချမ်းသာသည်နှင့်အမျှ စွမ်းအားရှိသလောက် ဒါန, သီလ အစရှိတဲ့ ကောင်းမှုကုသိုလ်တွေကို ဆက်လက်ပြီး ကြိုးပမ်းခဲ့မယ်ဆိုရင် ထိုပုဂ္ဂိုလ်တွေလည်း ကောင်းရာသုဂတိ ရောက်မယ်။ ပေးလှူလိုက်တဲ့ ဆွေမျိုးတွေကို သင်္ဂြိုဟ်ထောက်ပံ့နေတဲ့ မိမိမှာလည်း တမလွန်လောက ကြီးပွားချမ်းသာဖို့ရန်အတွက် အကြောင်း မဖြစ်ဘူးလား? ဖြစ်တယ်။

အကယ်၍သာ မိမိက နိဗ္ဗာန်ကို ရည်ရွယ်တောင့်တပြီး ကောင်းမှု ကုသိုလ်ပြုနိုင်ခဲ့မယ် ဆိုလို့ရှိရင် ဒီဒါနကုသိုလ်က နိဗ္ဗာန် ရသည့်တိုင်အောင် အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် လိုက်ပြီး ကျေးဇူးပြုပေးနေလိမ့်မယ်။ ဒါကြောင့် လူ, နတ်, နိဗ္ဗာန် သုံးတန်ဘူမိ အကောင်းဆုံးသော ချမ်းသာ သုဂတိတွေကို ရရှိစေနိုင်တဲ့ စွမ်းအား ရှိခြင်းကြောင့် ဆွေမျိုးတို့အား ချီးမြှောက်ခြင်းဆိုတဲ့ တရားကိုလည်း မြတ်စွာဘုရားက မင်္ဂလာဆိုပြီးတော့ ဟောထားတယ်နော်။ အဲဒီတော့ ဒီနေရာမှာ မြတ်စွာဘုရားက ဒီသင်္ဂဟ တရားလေးပါးဆိုတာ တလောက ပြောခဲ့ပါတယ်နော်။ ဒါန၊ ပေယျဝဇ္ဇ၊ အတ္ထစရိယ၊ သမာနတ္တတာ။

မိမိတို့ရဲ့ ဆွေမျိုး သို့မဟုတ် မိမိတို့ရဲ့ အမျိုးတွေအပေါ် ဇာတ်တူ သမ္ဘာတူ အားလုံးအပေါ်မှာ ဒါန၊ ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ တရားတစ်ခု ရှိရမယ်။ ပေယျဝဇ္ဇ၊ ထိုပုဂ္ဂိုလ် အားလုံး ဘယ်ပုဂ္ဂိုလ်မဆိုပါ။ အထီး, အမ မဟူ အားလုံးအပေါ်၌ ပေယျဝဇ္ဇ (=ချစ်ခင်မြတ်နိုးဖွယ် စကားလေးတွေ ပြောကြားတတ်ရမယ်)။ ဒါ ချီးမြှောက်တာ တစ်မျိုးပဲ။ ချစ်ခင်မြတ်နိုးဖွယ်ရာ ကောင်းနေတဲ့ စကားလေးတစ်ခု ကြားလိုက်ရရင် တစ်ဖက်သား ပုဂ္ဂိုလ်မှာ စိတ်ထဲမှာ အေးချမ်း မသွားဘူးလား? အေးချမ်းသွားတယ်။ အေးချမ်းသွားလိုက်ရင် သူ့မှာ ကုသိုလ်တရားတွေ တိုးပွား မသွားဘူးလား? တိုးပွားသွားတယ်။

နားထဲကို သံရည်ပူ လောင်းထည့်လိုက်သလို တစ်ခါတည်း အင်မတန် ပူလောင်စေတတ်တဲ့ စကားမျိုး ပြောကြားသင့်သလား? မပြောသင့်ဘူး။ လွှကြီးတစ်ချောင်း နားထဲ ထည့်ပြီးတော့ ဆွဲလိုက်သလို အလွန် ကြမ်းတမ်းနေတဲ့ စကားမျိုးတွေကို ပြောသင့်သလား? မပြောသင့်ပါဘူးနော်။ သူတစ်ပါးကို ချီးမြှောက်တယ်ဆိုတာ ဒါနနဲ့ ချီးမြှောက်တာ ရှိတယ်။ တစ်ချို့က ပေးကမ်းလှူဒါန်းမှ ကျေနပ်တဲ့ ပုဂ္ဂိုလ်ကို (ဒါန=) ပေးကမ်းလှူဒါန်းခြင်းဖြင့် ချီးမြှောက်ပေးရတယ်။ တစ်ချို့က သူများက ပေးတာ ကမ်းတာ ဒါကို သူတို့ မလိုချင်ဘူး။ ဒါပေမဲ့ ဘာလဲ (ပေယျဝဇ္ဇ၊ ) ချစ်ခင်မြတ်နိုးဖွယ်ရာ စကားလေးတွေကို သူတို့ ပြောပြတာကို သူတို့က သိပ်ပြီးတော့ နှစ်သက်တယ်, မြတ်နိုးတယ်။ အဲဒီလို ပုဂ္ဂိုလ်ကို (ပေယျဝဇ္ဇ၊ ) ချစ်ခင်မြတ်နိုးဖွယ်ရာ စကားလေးတွေ ပြောကြားပြီးတော့ ချီးမြှောက်ပေးရတယ်။ မြှောက်ပေးတာ ပြောတာ မဟုတ်ဘူးနော်? မှန်ကန်တာ ချစ်ခင်မြတ်နိုးဖွယ်ရာ စကား ပြောတာ။

အတ္ထစရိယ။ တချို့က အကျိုးရှိတဲ့ စကားလေးတွေနဲ့ ဆိုဆုံးမတာ တချို့က ကျေနပ်တယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို အကျိုးရှိတဲ့ အကျိုးစီးပွား ရှိတဲ့ လုပ်ငန်းရပ်တွေကို ကိုယ်က ဆိုဆုံးမခြင်း စသည်ဖြင့် ကူညီပြီးတော့ ရွက်ဆောင်ပေးရတယ်။ တချို့ကျတော့ သမာနတ္တတာ။ အကျိုးတရားတွေလည်း သိပ်မလိုပါဘူး။ သူ့မှာ ပြည့်စုံနေတယ်၊ အသိအလိမ္မာ ဉာဏ်ပညာတွေကလည်း သူ့မှာ ဖူလုံနေတယ်၊ သိပ်ပြီး သူတစ်ပါးဆီကနေ မျှော်လင့်ချက် မထားဘူး။ ဒါပေမဲ့ သူက တချို့က ဘယ်လိုလဲ? သမာနတ္တတာ၊ တန်းတူဆက်ဆံမှ ကျေနပ်တယ်။ အဲဒီလို တန်းတူ ဆက်ဆံမှ ကျေနပ်တဲ့ ပုဂ္ဂိုလ်ကို မိမိက တန်းတူဆက်ဆံပေးပါ။ ဒါဟာ သူတို့ကို ချီးမြှောက်နေတာပဲ။ သင်္ဂဟတရား လေးပါးပဲ။ ဆွေမျိုးတွေ အားလုံးအပေါ် သို့မဟုတ် ဇာတ်တူအမျိုးတူ အားလုံးအပေါ်၌ ဒီစိတ်ထားလေးတွေ ရှိဖို့ မြတ်စွာဘုရားက ဆိုဆုံးမထားတယ်။ အဲဒီ သင်္ဂဟတရား လေးပါးပဲ။ ဒါ သတ္တဝါ အချင်းချင်း ချီးမြှောက်တဲ့ တရားလေးပါးပဲ။

ဒီတော့ အဲဒီမှာ ဒါနတစ်ခုပဲ ပိုက်ဆံကုန်တယ်။ ပေယျဝဇ္ဇ၊ ချစ်ခင် မြတ်နိုးဖွယ်ရာ စကားလေးတွေ ပြောကြားပေးရတာ ပိုက်ဆံ ဘယ်လောက်များ ကုန်သလဲ? မကုန်ပါဘူး။ မိမိမှာလည်း ပြောနေတဲ့ အချိန်အခါမှာ ကုသိုလ်တရား တိုးပွားတယ်။ တစ်ဖက်သား နာယူနေတဲ့ အချိန်အခါမှာလည်း ကုသိုလ်တရား မတိုးပွားဘူးလား? တိုးပွားတယ်။ အတ္ထစရိယ သူအကျိုးရှိအောင် သီလကျင့်စဉ်တွေ, သမာဓိ ကျင့်စဉ်တွေ, ပညာ ကျင့်စဉ်တွေကို မိမိက သွန်သင်ပြသ ဆိုဆုံးမပေးတယ်။ အကျိုးရှိမယ့် လုပ်ငန်းရပ်တွေကို ကူညီပြီးတော့ ရွက်ဆောင်ပေးတယ်။ ပိုက်ဆံ ဘယ်နှစ်ပြား ကုန်သလဲ? တစ်ပြားမှ မကုန်ဘဲနဲ့ ကုသိုလ်တရားတွေ အဆင့်အတန်းမြင့်မြင့် ရတယ်။ တလောက ပြောခဲ့တဲ့အတိုင်း ဒါနဟူသမျှတို့တွင် ဓမ္မဒါနသည် အသာဆုံး အမြတ်ဆုံးဆိုပြီး ပြောခဲ့တယ်။ အဆင့်အတန်း အမြင့်မားဆုံးဖြစ်တဲ့ ဓမ္မဒါနကြီးတစ်ခုကို ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ မရနိုင်ဘူးလား? ရနိုင်တယ်။ နောက်တစ်ခု -

သမာနတ္တတာ၊ တန်းတူထားပြီး စိတ်ထားလေး ဆက်ဆံတာ။ ဘယ်လောက်များ ပင်ပန်းသလဲ? ဘယ့်နှယ်တုံး ယောဂီတွေ ပင်ပန်းကြသလား? တန်းတူ တစ်ယောက်နဲ့တစ်ယောက် ဒင်းနဲ့ ငါနဲ့ မတန်ပါဘူး။ ဟုတ်တယ်မလား? တန်းတူထားပြီး စိတ်က မထားနိုင်ဘူး။ ဒင်းနဲ့ ငါနဲ့ မတန်ဘူး။ ဒင်းက ဘယ်လို ကောင်မစား၊ ငါက ဘယ်လို ကောင်မစား။ ဟုတ်တယ်မလား? တစ်ဖက်သားကိုတော့ နှိမ့်ချပြီး မိမိကိုယ်ကိုတော့ ချီးမြှောက်ထားတယ်။ အဲဒီစိတ်ထားနဲ့ တစ်ဖက်သားကို ဆက်ဆံရင်တော့ အကုသိုလ်တရားတွေ မိမိတို့ နှစ်ဦးသားလုံး အပေါ်မှာ မတိုးပွားနိုင်ဘူးလား? တိုးပွားလာတယ်။ တန်းတူထားပြီး ဆက်ဆံတယ်။ ပိုက်ဆံ ဘယ်နှစ်ပြား ကုန်သလဲ? တစ်ပြားမှ မကုန်ဘဲနဲ့ ကုသိုလ်တရား တိုးပွားတဲ့ ကျင့်စဉ်တွေပါနော်။

ဒါကြောင့်

ဒါကြောင့် ဘုရားရှင်ရဲ့ ကျင့်စဉ်တွေဟာ တကယ်လက်တွေ့ ကျင့်မယ်ဆိုရင် တကယ်လက်တွေ့ အကျိုးတရားတွေ မရနိုင်ဘူးလား? ရနိုင်တယ်။ အဲဒီတော့ ဒီနေရာမှာ မိမိတို့က အဆင့်အတန်း မြင့်မားနေတဲ့ စိတ်ထားလေး ထားတတ်ဖို့နဲ့ ပတ်သက်ပြီးတော့ ဦးပဉ္စင်း သုတ္တန်လေးတစ်ခု ရှိတယ်။ ဦးပဉ္စင်းတို့ အနမတဂ္ဂသံယုတ်ဆိုတဲ့ အဲဒီ သံယုတ်မှာ မြတ်စွာဘုရား ဟောထားတယ်နော်။

န သော, ဘိက္ခဝေ, သတ္တော သုလဘရူပေါ ယော နမာတာဘူတပုဗ္ဗော ဣမိနာ ဒီဃေန အဒ္ဓုနာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဣမိနာ ဒီဃေန အဒ္ဓုနာ၊ ဤရှည်လျားလှစွာသော သံသရာခရီး ကာလပတ်လုံး။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ န မာတာဘူတပုဗ္ဗော၊ အမိ မဖြစ်စဘူးပေ။ သော သတ္တော၊ ထိုကဲ့သို့သော သတ္တဝါကို။ န သုလဘရူပေါ၊ ရလွယ်သည်ကား မဟုတ်ပါ။

အင်မတန် ရှည်လျားတဲ့ သံသရာခရီးတစ်လျှောက်မှာ အမေ မတော်ဖူးတဲ့ ပုဂ္ဂိုလ်ဆိုတာ အင်မတန် ရခဲပါတယ်၊ အဖေ မတော်ဖူးတဲ့ ပုဂ္ဂိုလ် အင်မတန် ရခဲတယ်၊ အစ်ကို မတော်ဘူးတဲ့ ပုဂ္ဂိုလ်, အစ်မ မတော်ဖူးတဲ့ ပုဂ္ဂိုလ်, မောင် မတော်ဖူးတဲ့ ပုဂ္ဂိုလ်, ညီမ မတော်ဖူးတဲ့ ပုဂ္ဂိုလ် အင်မတန် ရခဲတယ်။ သား မတော်ဖူးတဲ့ ပုဂ္ဂိုလ်, သမီး မတော်ဖူးတဲ့ ပုဂ္ဂိုလ် အင်မတန် ရခဲတယ်။ အဲဒီ စိတ်ထားလေး ဘုရားရှင်က ဟောထားတယ်နော်။ ဘာဖြစ်လဲ?

တံ ကိဿ ဟေတု?၊ ထိုကဲ့သို့ ဖြစ်ခြင်းသည်။ အဘယ်အကြောင်းကြောင့် နည်းဟူမူကား။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော ပုဗ္ဗာကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏနံ သတ္တာနံ တဏှာ သံယောဇနာနံ သန္နာဝတံ သံသရတံ

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အယံ သံသာရော၊ ဤခန္ဓာ အာယတန ဓာတ်တို့၏ အဆက်မပြတ် ဖြစ်ပေါ်၍နေရာ အစဉ်အတန်းဟု ခေါ်ဆိုအပ်သော သံသရာသည်။ အနမတဂ္ဂေါ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ သော်လည်း မသိအပ် မသိနိုင်သော အစရှိပေသည်။ အဝိဇ္ဇာ နီဝရဏနံ၊ အဝိဇ္ဇာ နီဝရဏ တရားသည် ပိတ်ဖုံး ကာဆီးအပ်သည်ဖြစ်၍။ တဏှာ သံယောဇနာနံ၊ တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ ထားအပ်ကုန်သည်ဖြစ်၍။ သံသရတံ သန္နာဝတံ၊ ထိုဘဝမှ ဤဘဝ၊ ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးလွှား၍ နေကြရကုန်သော။ သံသရတံ၊ တစ်ခုသော ဘဝ၌လည်းပဲ ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးလွှား၍ နေကြရကုန်သော။ သတ္တာနံ၊ သတ္တဝါတို့၏။ ပုဗ္ဗာကောဋိ၊ သံသရာ၏ ရှေးအစွန်းကို။ န ပညာယတိ၊ မသိအပ် မသိနိုင်ပေ။

သံသရာခရီးက သိပ်ရှည်ပါတယ်နော်။ အဝိဇ္ဇာ နီဝရဏတရားက ပိတ်ဖုံးကာဆီးထားပြီးတော့ တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ ခံနေရတယ်။ ဒီသတ္တဝါတွေဟာ ဘဝ တစ်ခုပြီးတစ်ခု တစ်ဘဝမှ တစ်ဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စားပြီး ပြေးလွှား နေကြရတယ်။ တစ်ခုသော ဘဝမှာလည်းပဲ ထပ်ကာ ထပ်ကာ ကျင်လည်ကျက်စား ပြေးလွှားပြီး နေကြရတယ်။ ဒါကြောင့် ဒီသတ္တဝါတို့ရဲ့ သံသရာ၏ ရှေ့အစွန်းဆိုတာ ဉာဏ်ဖြင့် အစဉ်လျှောက်၍ လှမ်းမျှော်ပြီး ကြည့်မယ်ဆိုလည်း မသိအပ် မသိနိုင်တဲ့ အစရှိပါတယ်။

အဲဒီလောက် ရှည်လျားလှတဲ့ သံသရာခရီးမှာ အမေ မတော်ဖူးတဲ့ ပုဂ္ဂိုလ်, အဖေ မတော်ဖူးတဲ့ ပုဂ္ဂိုလ်, အစ်ကို၊ ညီ မတော်ဖူးတဲ့ ပုဂ္ဂိုလ်, အစ်မ၊ ညီမ မတော်ဖူးတဲ့ပုဂ္ဂိုလ်, သား မတော်ဖူးတဲ့ပုဂ္ဂိုလ်, သမီး မတော်ဖူးတဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိနိုင်ပါဘူး။ အလွန်ရခဲပါတယ်။ ဒီဒေသနာတော်အရ ကြည့်ရင်တော့ တစ်လောကလုံးသည် ယခုဘဝမှာ အမေ၊ အဖေ စသည်ဖြင့် ဆွေမျိုး မဟုတ်ပေမယ့်လို့ သံသရာခရီးဖက်က လှမ်းကြည့်လိုက်တော့ တစ်လောကလုံးသည် ကိုယ့်ဆွေမျိုးတွေချည်း ဖြစ်မနေဘူးလား? ဖြစ်နေပါတယ်။ တစ်လောကလုံးသည် ကိုယ့်ဆွေမျိုးတွေပဲလို့ ဒီလိုစိတ်ကို မွေးမြူနိုင်ခဲ့မယ်ဆိုရင်, တစ်လောကလုံးသည် မိမိရဲ့ မိသားစုတွေသာ ဖြစ်ပါတယ်လို့ ဒီလိုစိတ်ကို မွေးမြူနိုင်ခဲ့မယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး မကျေနပ်မှုဆိုတဲ့ သဘောတရားတွေ ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်တော့ဘူး။ အားလုံးကို သိရင် အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်။

တစ်ချိန်တုန်းက ဦးပဉ္စင်း ပြောခဲ့ပါတယ်နော်။ အားလုံးကို သိမယ် ဆိုလို့ရှိရင် ခွင့်လွှတ်နိုင်တဲ့ စိတ်ထားလေးတွေ ပေါ်မလာနိုင်ဘူးလား? ပေါ်လာတယ်။ အဲဒီတော့ ဒီနေရာမှာ ဘုရားအလောင်းတော်တို့ရဲ့ ကျင့်စဉ်လေးတွေ ဦးပဉ္စင်း ဒီညဟောဖို့ ရည်ရွယ်ထားပါတယ်။ ဦးပဉ္စင်းတို့ ဘုရား အလောင်းတော် လောကတ္ထစရိယ သတ္တဝါအားလုံးတို့အတွက် ကျင့်ခဲ့ပါတယ်။ သတ္တဝါအားလုံး ချမ်းသာသုခ ရရှိရေးအတွက်လည်း ကျင့်ခဲ့တယ်။ ဉာတတ္ထစရိယ မိမိ ဆွေမျိုးတွေ ချမ်းသာရေးအတွက်လည်း ကျင့်ခဲ့တယ်။ ဆွေမျိုးဆိုတာ ဒီမှာ ဇာတ်တူ, သမ္ဘာတူ အားလုံးကို ဆွေမျိုးလို့ ပြောနေတာနော်။ ကိုယ့်ဆွေမျိုး, ညီ, အစ်ကို မောင်နှစ်မ အရင်းလောက်ကိုသာ ပြောနေတာ မဟုတ်ဘူး။ ဘကြီး, ဘထွေး, မိကြီး, မိထွေးစတဲ့ ဒီလို ဆွေမျိုးသားချင်းလောက်သာ ပြောနေတာ မဟုတ်ဘူး။ တစ်မျိုးသားလုံးရဲ့ ကောင်းစားရေးအတွက် ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်က ကျင့်ခဲ့တာ။

ဗုဒ္ဓတ္ထစရိယ ဘုရားဖြစ်ရန်အတွက်လည်း ကျင့်ခဲ့ပါတယ်။ အဲဒီတော့ ဒီတစ်မျိုးသားလုံးရဲ့ ကောင်းစားရေးကို ကျင့်တဲ့အပိုင်းမှာ ဦးပဉ္စင်းတို့ ဘုရား အလောင်းတော်ဟာ လူ့ဘဝ ရောက်ရှိတဲ့အခါမှာ ကျင့်တဲ့ ကျင့်စဉ်တွေကတော့ အားလုံး ထင်ရှားကြပါတယ်။ တိရစ္ဆာန် ဘဝမှာတောင်မှ ဖြစ်ခဲ့ရင် တစ်မျိုးသားလုံးရဲ့ ကောင်းစားရေးကို အသက်စွန့်ပြီးတော့ ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်ဟာ ကျင့်ခဲ့တယ်။ တစ်ချိန် ဆိုကြပါစို့နော် -

မြတ်စွာဘုရား ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခိုက် ဆိုပါတော့။ ဉာတတ္ထစရိယကို အကြောင်းပြုပြီးတော့ ဒီကာက ဇာတ်ဆိုတဲ့ ဇာတ်တော်လေးတစ်ခု ဟောခဲ့ပါတယ်။ အဲဒီတော့ -

ကာကဇာတ်

အတိတ်ဘဝတစ်ခု ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းက ထီးဖြူအုပ်ချုပ် မင်းလုပ်ခဲ့တယ်။ ဘုရားအလောင်းတော်ကလည်း ကံအကြောင်း မလှချင်တော့ ထိုဘဝမှာ ကျီးဘဝ ရောက်သွားတယ်နော်။ ကျီးကန်း သွားဖြစ်တဲ့ အချိန်အခါကျတော့ တစ်နေ့မှာ ပုရောဟိတ် ပုဏ္ဏားကြီးကနေပြီးတော့ မြို့ပြင်မှာ သူက သွားပြီးတော့ ရှိတဲ့မြစ်မှာ ရေသွားချိုးတယ်။ ရေချိုးပြီးတော့ သူက နံ့သာတွေ ဘာတွေ ကျကျနန လိမ်းကျံ၊ လိမ်းကျံပြီးတဲ့ အချိန်အခါကျတော့မှ ပန်းတွေလည်း ပန်။ ပန်းပန်ပြီးတဲ့ အချိန်အခါကျတော့မှ အလွန် အဆင့်အတန်း မြင့်နေတဲ့ အဝတ်အစားတွေ ဝတ်ပြီးတော့မှ မြို့တွင်းကို သူက ဝင်လာတယ်။ ပုဏ္ဏားကနော် နည်းနည်းလေး ကြည့်လိုက်စမ်းပါဦး။ သူက ပန်းလည်း ပန်ထားတယ်၊ သနပ်ခါးတွေကလည်း, အမွှေးအကြိုင်တွေကလည်း ကျကျနန လိမ်းထားတယ်၊ အဝတ်အစားတွေကလည်း အလှဆုံး သူက ပြင်ထားခဲ့တယ်။ အဲဒီလို ပြင်ထားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

အဲဒီ သူဝင်လာတဲ့ မြို့တံခါးမှာက ကျီးနှစ်ကောင် နေနေတယ်နော်။ ကျီးကန်းနှစ်ကောင် နေနေတဲ့ အချိန်အခါကျတော့ အဲဒီ ကျီးကန်းနှစ်ကောင်အနက် ကျီးကန်းတစ်ကောင်ကနေပြီး ကျီးကန်းတစ်ကောင်ကို ဘာပြောလဲနော်။

‘‘သမ္မ, အဟံ ဣမဿ ဗြာဟ္မဏဿ မတ္ထကေ သရီရဝဠဉ္ဇံ ပါတေဿာမိ’’

သမ္မ၊ အဆွေတော် ကျီးကန်း။ အဟံ၊ ငါသည်။ ဣမဿ ဗြာဟ္မဏဿ၊ ဤပုဏ္ဏား၏။ မတ္ထကေ၊ ဦးခေါင်းထက်၌။ သရီရဝဠဉ္ဇံ၊ ကျင်ကြီးကို။ ပါတေဿာမိ၊ စွန့်ချလိုက်ပေအံ့။

ဟော ပြောပြီ ပြောပြီ။ ကျီးကန်းက တော်တော်လေး ပုဏ္ဏားကြီးကို မြင်ပြင်းကတ်သွားတယ်နဲ့ တူတယ်နော်။ အဆွေတော် ကျီးကန်း “ငါဟာ အဲဒီ ပုဏ္ဏားကြီးရဲ့ ခေါင်းပေါ်မှာ မစင်တွေ စွန့်ချလိုက်မယ်” ပြောလိုက်တဲ့ အချိန်အခါကျတော့ တစ်ဖက်က ကျီးကန်းက ဘာပြန်ပြောသလဲ?

‘‘မာ တေ ဧတံ ရုစ္စိ, အယံ ဗြာဟ္မဏော ဣဿရော, ဣဿရဇနေန စ သဒ္ဓိံ ဝေရံ နာမ ပါပကံ။ အယဉှိ ကုဒ္ဓေါ သဗ္ဗေပိ ကာကေ ဝိနာသေယျ’’

တေ၊ သင့်အား။ ဧတံ၊ ဤကဲ့သို့ ကျင်ကြီးကို စွန့်ခြင်းကို။ မာ ရုစ္စိ၊ မနှစ်သက်ပါလင့်။ အယံ ဗြာဟ္မဏော၊ ဤပုဏ္ဏားကြီးသည်ကား။ ဣဿရော၊ အာဏာရှိတဲ့ ပုဂ္ဂိုလ်ပါတည်း။ ဣဿရဇနေန စ၊ အာဏာရှိတဲ့ ပုဂ္ဂိုလ်၌လည်းပဲ။ သဒ္ဓိံ၊ အတူတကွ။ ဝေရံ နာမ၊ ရန်ဖြစ်ခြင်းသည်။ ပါပကံ၊ ယုတ်မာလှပါပေ၏။

ဤပုဏ္ဏားကြီးက ဣဿရ အစိုးရတဲ့ပုဂ္ဂိုလ်၊ အာဏာရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်နော်။ အာဏာရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ သွားပြီးတော့ ရန်ဖြစ်မယ် ဆိုလို့ရှိရင် ဒီရန်ဖြစ်မှုသည် ပါပက ယုတ်မာတဲ့ လုပ်ငန်းတစ်ခု ဖြစ်တတ်တယ်။ ဘယ့်နှယ်တုံး မှားလား, မှန်လားနော်? နည်းနည်း သတိထားနော်။ နှုတ်သီးကောင်းတဲ့ ပုဂ္ဂိုလ်တွေ နည်းနည်း သတိထားကြ။ ကိုယ့်နှုတ်သီး နည်းနည်း စောင့်ထိန်းကြ ဟုတ်တယ်, မဟုတ်ဘူးလား? အာဏာရှိတဲ့ ပုဂ္ဂိုလ်နဲ့ သွားပြီးတော့ ရန်ဖြစ်ခြင်းဟာ အင်မတန် ယုတ်မာတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်နော်။ ဘာဖြစ်လို့လဲ?

အယံ၊ ဤပုဏ္ဏားသည်။ ကုဒ္ဓေါ၊ အမျက်ထွက်ခဲ့သည်ရှိသော်။ သဗ္ဗေပိ ကာကေ၊ ကျီးအားလုံးတို့ကိုလည်းပဲ။ ဝိနာသေယျ၊ ပျက်စီးစေလေရာ၏။

ဒီပုဏ္ဏားကြီးက အကယ်၍များ ဒေါသထွက်သွားမယ်ဆိုရင် ဒို့ကျီး အားလုံးကို သူက ပျက်စီးအောင် ပြုလုပ်ချင် ပြုလုပ်လိမ့်မယ်။ မမှန်ဘူးလား? မှန်နေတယ်။ ဒါပေမယ့်လို့ ဘာဖြစ်သလဲ? တစ်ဖက် ကျီးကန်းက ဘာပြောလဲ? တော်တော်လေးတော့ ခက်တယ်နော်။

‘‘န သက္ကာ မယာ န ကာတုံ’’

မယာ၊ ငါသည်။ န ကာတုံ၊ ကျင်ကြီးမစွန့်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်ပါ။

ငါ ကျင်ကြီး မစွန့်ဘဲ မနေနိုင်ဘူးကွယ်။ ဟော ... မခက်ဘူးလား? ဒီစကား မပြောနဲ့ဆို မပြောဘဲ ဘယ်တော့မှ မနေနိုင်ဘူးတဲ့။ ကဲ ခက်ပုံကနော်။ သူကလည်း ဒီပုဏ္ဏားကြီးရဲ့ ခေါင်းပေါ်မှာ ငါ,ကျင်ကြီး မစွန့်ဘဲ ငါ,နေကို မနေနိုင်တော့ဘူးတဲ့။ ကဲ ခက်ပုံက ခက်ပုံက။ ကဲ အဲဒီလို ခက်နေတဲ့ အချိန်အခါကျတော့ ဘာဖြစ်လာလဲ?

‘‘တေန ဟိ ပညာယိဿသိ’’၊ ကဲ ဒီလို ဆိုလို့ရှိရင်တော့ မင်းလုပ်တဲ့ လုပ်ငန်းဟာ မင်းဟာမင်း ထင်ရှားလာလိမ့်မယ်။ မတတ်နိုင်တော့ဘူး။ ဒါကို မလုပ်ပါနဲ့ဆို သူက မလုပ်ဘဲ မနေနိုင်ဘူး ဆိုတာကိုး။ မလုပ်ဘဲ မနေနိုင်တော့ ကဲ မင်း,အမှုက မင်းဖာသာမင်း ထင်ရှားလာလိမ့်မယ် ဆိုပြီးတော့ ပြောလိုက်တယ်။

သူ့ဘက်က ကြည့်မယ် ဆိုလို့ရှိရင် ရေလည်း သွားပြီး စင်ကြယ်အောင် ချိုးထားတယ်၊ အမွှေးနံ့သာတွေလည်း သေချာလိမ်းထားတယ်၊ ပန်းကလည်း ပန်လာသေးတယ်၊ အဝတ်ကလည်း အဆင့်အတန်းမြင့်မြင့် အကောင်းဆုံး သူက ဝတ်လာတာ။ အဲဒီလို ဝတ်လာပါလျက်နှင့် ခေါင်းပေါ်မှာ ဒီလို မစင် စွန့်ချလိုက်တော့ သူ့ဘက်က ဒေါသ မဖြစ်ဘူးလား? ဖြစ်မှာပဲ။ ဒါက ဓမ္မတာပဲနော်။ အဲဒါနဲ့ ဒေါသဖြစ်ပြီးတော့ ကျီးတွေအပေါ်မှာ သူက ရန်ငြိုးဖွဲ့တယ်။ ရန်ငြိုးဖွဲ့ပြီးတော့ သူက အခွင့်ကောင်း ရှာနေတယ်။ ရှာနေရင်းနဲ့ တစ်နေ့ ဘာဖြစ်သလဲ?

အဲဒီမှာ လူငှားတစ်ယောက်ပေါ့လေ။ အိမ်တစ်အိမ်မှာ လူငှားတစ်ယောက်က သူက ဘာလုပ်သလဲ? လူငှားတစ်ယောက်ရဲ့ အိမ်ရှင်မ ကျွန်မ တစ်ယောက်ရှိတယ်။ အဲဒီ ကျွန်မတစ်ယောက်က သူက စပါးတွေကို ရှေးခေတ်ယဉ်ကျေးမှုအရဆိုတာ စပါးထောင်းရတာပေါ့နော်။ ဆုံလေးထဲမှာ ထည့်ထည့်ပြီးတော့ စပါးကို ထောင်းရတယ်။ ဆန်ဖြစ်အောင် အဲဒီလို စပါးတွေကို ထောင်းနေတဲ့ အချိန်အခါမှာ စပါးက ခြောက်လာလို့ ပူလာမှ သူက ထောင်းထုရတာ နည်းနည်းလေး လွယ်ကူတော့ စပါး နည်းနည်းလေး နေလှန်းရတယ်။ အဲဒီ နေလှန်းထားတဲ့ အချိန်အခါမှာ ဘာဖြစ်သလဲ? ထိုင်ပြီးတော့ စပါးကို စောင့်နေရင်း သူကလည်း အိပ်ပျော်သွားတယ်။ သူအိပ်ပျော်နေတဲ့ အချိန်အခါမှာ ဘာဖြစ်သလဲ? ဆိတ်တွေက အမွေးရှည်ရှည်ဆိတ်ဆိုတော့ သိုးနဲ့ တူပါတယ်နော်။ အဲဒီ သိုးတွေက လာပြီးတော့ စားပြန်တယ်။ စားလိုက်တဲ့အခါ နိုးလာတဲ့အခါ သွားမောင်းလိုက်၊ သွားမောင်းပြီး သူကလည်း အငြိမ်မနေဘူး ပြန်ပြီး အိပ်ပျော်သွားပြန်တယ်။ အိပ်ပျော်သွားလိုက်၊ နိုးလိုက်။ ဆိတ်တွေက ခုနက သိုးတွေက လာစားလိုက်၊ ထပ်မောင်းလိုက်ပေါ့နော်။
m1j51wtb8tugmepyaapuyhldbx7gyyi မင်္ဂလသုတ်-၆၂/၉၇ 0 6297 21985 2026-05-21T21:02:02Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၆၂/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၆၁..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21985 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၆၂/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၆၁/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၆၃/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် ၆၂

ပုဏ္ဏားကြီးကလည်း ဒေါသဖြစ်ပြီးတော့နော် ကျီးကန်းတွေအပေါ်မှာ ရန်ငြိုးဖွဲ့နေတဲ့အချိန်၊ ကျွန်မကလည်း စပါးလှန်းရင်းဖြင့် အိပ်ပျော်တာကို အခြေခံပြီးတော့ သိုးတွေက စပါးတွေကို ဝင်ဝင်စားတာ သုံးကြိမ်ရှိသွားပြီ။ သုံးကြိမ်စေ့သွားတဲ့ အချိန်အခါကျတော့ ဒီကျွန်မက ဘာလုပ်သလဲ? မီးစကိုင်ပြီးတော့ သိုးတွေကို လိုက်ပြီးတော့ ရိုက်တယ်။ မီးစနဲ့ ကိုင်ပြီးတော့ သိုးတွေကို လိုက်ပြီး မီးတို့တဲ့သဘော၊ မီးရှို့တဲ့ပုံစံနဲ့ ရိုက်လိုက်တော့ သိုးမွေးတွေ မီးလောင်ရော။ သိုးမွေးတွေက မီးလောင်တဲ့ အချိန်အခါကျတော့ ဘုရင့် ဆင်တင်းကုပ်တွေကို ပြေးပြီးတော့ ဆင်တင်းကုပ်တွေနဲ့ သွားပြီး ပွတ်လိုက်တော့ အဲဒီကနေတဆင့် ဆင်တင်းကုပ်တွေ ကူးစက်ပြီး မီးက လောင်ကုန်တယ်။ ဘုရင့် ဆင်တင်းကုပ်တွေ မီးလောင်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

ဆင်တွေ မီးလောင်ကုန်ပြီ။ ကြိုးတွေနဲ့ ချည်ထားတော့ ဆင်တွေကလည်း ပြေးလို့ မပြေးသာ၊ ထူးခတ်ထားတော့ မီးလောင်တဲ့ အချိန်အခါကျတော့ ဆင်တွေ အဲဒီမှာ ဆင်တွေ မီးလောင်တဲ့ရောဂါ စွဲပြီ။ ဆင်ထိန်းတွေကလည်း ကုသနိုင်တဲ့စွမ်းအား မရှိကြဘူးနော်။ ကုသနိုင်တဲ့စွမ်းအား မရှိတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? ပုရောဟိတ်ပုဏ္ဏားကြီး လာတဲ့ အချိန်အခါကျတော့ ပုရောဟိတ်ပုဏ္ဏားကြီးကို မေးပြီ။ ကဲ ဆင်တွေမှာ ဘယ်လိုမှ ကုသလို့ မရဖြစ်နေတယ်။ အဲဒီတော့ ဒီရောဂါကို ကုသနိုင်ရေးအတွက် ပုဏ္ဏားကြီး အကြံဉာဏ်ပေးပါ။ ဆေးကောင်း နည်းကောင်းများ ပေးစမ်းပါ။

ပုဏ္ဏားကြီးကလည်း အကွက်ရသွားတယ်နော်။ အကွက်ရသွားတော့ ဘာလုပ်သလဲ? တစ်စုံတစ်ခုသော ဆေးများ ရခဲ့မယ်ဆိုရင်တော့ အရှင်မင်းမြတ် ဒီဆင်တွေကို ကုသလို့ ရကောင်းရနိုင်ပါတယ်။ အဲဒီဆေးက ဘာဆေးလဲလို့ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့မှ -

မဟာရာဇ၊ မြတ်သောမင်းကြီး ... ကျီးဆီများ ရခဲ့မယ်ဆိုရင်ပေါ့ ဒီဆင်တွေရဲ့ အနာရောဂါကို ပျောက်ကင်းအောင် ကုနိုင်ပါလိမ့်မယ်။ အဲဒီလို အမိန့်ချလိုက်တဲ့ အချိန်အခါကျတော့ ရှင်ဘုရင်ကလည်း ဘာလုပ်သလဲ? ဒီလိုဆိုရင် ကျီးတွေသတ်ပြီး အဆီထုတ်စေ ဆိုပြီးတော့ အမိန့်ချလိုက်တယ်။ အဲဒီမှာ ကျီးတွေ သေလိုက်တာ သောက်သောက်လဲ သေတော့တာပဲနော်။ ဟိုနေရာ တစ်ပုံ၊ ဒီနေရာ တစ်ပုံ ဘယ်လောက်ပဲ စုပုံနေပေမယ့်လို့ ကျီးတွေ အဆီထုတ်ကြည့်တယ်။ ဘယ်လိုမှ အဆီကလည်း မရဖြစ်နေတယ်။ မရဖြစ်နေတဲ့ အချိန်အခါကျတော့ အဲဒီအချိန်အခါမှာ ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်ကလည်း ကျီးဖြစ်နေပါတယ်။ သူ့မှာလည်း ခြံရံနေတဲ့ ကျီးပရိသတ်ကလည်း ရှစ်သောင်းခန့်လောက် ရှိတယ်နော်။ အင်မတန်ကြီးတဲ့ သုဿန်ကြီးတစ်ခုမှာ မှီတင်းပြီးတော့ နေထိုင်ပါတယ်။ အဲဒီ အချိန်အခါကျတော့ ကျီးတွေကလည်း ဘုရားအလောင်း ကျီးမင်းထံ လာပြီးတော့ ပြောကြတယ်။ ဖြစ်ပေါ်လာတဲ့ ဘေးဒုက္ခတွေကို အားလုံး ပြောပြကြတယ်။ ပြောပြလိုက်တဲ့ အချိန်အခါကျတော့ ဘုရားအလောင်း ကျီးကလည်း စဉ်းစားတယ် -

‘ဌပေတွာ မံ အညော မယှံ ဉာတကာနံ ဥပ္ပန္နဘယံ ဟရိတုံ သမတ္ထော နာမ နတ္ထိ, ဟရိဿာမိ နံ’’

မံ၊ ငါ့ကို။ ဌပေတွာ၊ ထား၍။ အညော၊ အခြားတစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည်။ မယှံ၊ ငါ၏။ ဉာတကာနံ၊ ဆွေမျိုးဖြစ်တဲ့ ကျီးအပေါင်းတို့၏ သန္တာန်၌။ ဥပ္ပန္နဘယံ၊ ဖြစ်ပေါ်နေတဲ့ ဘေးဒုက္ခကို။ ဟရိတုံ၊ ပယ်ရှားဆောင်ယူအံ့သောငှာ။ သမတ္ထော နာမ၊ စွမ်းနိုင်တဲ့ ပုဂ္ဂိုလ်မည်သည်။ နတ္ထိ၊ မရှိပေ။ နံ၊ ထိုဘေးဒုက္ခကို။ ဟရိဿာမိ၊ ငါ ပယ်ဖျောက်၍ ပေးပေအံ့။

သူက စဉ်းစားတယ်။ သူတော်ကောင်းဆိုတာ ဒီစိတ်ထားကလေး ရှိဖို့ လိုအပ်ပါတယ်နော်။ ဒီမှာ ဒီလို စဉ်းစားခန်း ဝင်နေတဲ့ပုဂ္ဂိုလ်က လူလား, တိရစ္ဆာန်လားလို့ မေးရင် ဘာလို့ပြောမလဲ? တိရစ္ဆာန်ပဲ။ တိရစ္ဆာန်ဖြစ်တဲ့ ပုဂ္ဂိုလ်မှာတောင် ဒီစိတ်ထား ရှိသေးတယ်ဆိုရင် ခုလို တရားနာနေတဲ့ သူတော်ကောင်းတွေမှာ ဒီစိတ်ထားမျိုးလေးတွေ ပိုပြီးတော့ မထားသင့်ကြဘူးလား? ထားသင့်တယ်။ သူတစ်ပါးတွေ ဘေးဒုက္ခရောက်အောင် သူတော်ကောင်းတွေ မပြုလုပ်ကောင်းပါဘူး။ ပြုလည်း မပြုလုပ်သင့်ပါဘူး။

ဘေးဒုက္ခ တစ်စုံတစ်ခု ဖြစ်ပေါ်ခဲ့ရင် ဒီဘေးဒုက္ခတွေ ပယ်ရှားပေးဖို့ရန်အတွက် ငါ, ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရွက်ဆောင်ပေးရမလဲ? ဒီစိတ်ထားရှိဖို့ လိုတယ်နော်။ ကဲ ... အဲဒီအခါကျတော့မှ ဘုရားအလောင်းတော်က ဘာလုပ်သလဲ? အရေးကြုံရင် သက်လုံကောင်းဖို့တော့ မလိုအပ်ဘူးလား? လိုအပ်တယ်။ အဲဒီအခါကျတော့မှ ဘုရားအလောင်းတော်က သူပြုကျင့်တဲ့ ထုံးလေး ဦးပဉ္စင်း ကြည့်တယ်နော်။ အတုယူဖို့ သိပ်ကောင်းတယ်နော်။ အဲဒီ စဉ်းစားခန်း ဝင်ပြီးတော့မှ သူ, ဘာလုပ်သလဲ?

ဒသ ပါရမိယော အာဝဇ္ဇေတွာ မေတ္တာပါရမိံ ပုရေစာရိကံ ကတွာ ဧကဝေဂေန ပက္ခန္ဒိတွာ ဝိဝဋမဟာဝါတပါနေန ပဝိသိတွာ ရညော အာသနဿ ဟေဋ္ဌာ ပါဝိသိ။

ဒသ ပါရမိယော၊ ဆယ်ပါးကုန်သော ပါရမီတော်တို့ကို။ အာဝဇ္ဇေတွာ၊ ဆင်ခြင်တော်မူပြီး၍။ မေတ္တာပါရမိံ၊ မေတ္တာပါရမီကို။ ပုရေစာရိကံ၊ ရှေ့သွားပြုသည်ကို။ ကတွာ၊ ပြု၍။ ဧကဝေဂေန၊ တစ်ဟုန်တည်းဖြင့်သာလျှင်။ ပက္ခန္ဒိတွာ၊ ပျံသန်းသွား၍။ ဝိဝဋမဟာဝါတပါနေန၊ ဖွင့်၍ ထားအပ်သော လေသာပြူတင်းပေါက်ကြီးဖြင့်။ ပဝိသိတွာ၊ နန်းတော်တွင်းသို့ဝင်၍။ ရညော၊ မင်း၏။ အာသနဿ၊ ထိုင်နေရာ ပလ္လင်၏။ ဟေဋ္ဌာ၊ အောက်၌။ ပါဝိသိ၊ ဝင်၍ နေလေ၏။

စွမ်းအင်သတ္တိဆိုတာ ဒီအခါမှာ ပြတာပဲနော်။ ဒီတော့ ဒီလို စွန့်စားခန်း တစ်ခုမှာ သူက ဘာကို အသုံးချသလဲ? ပါရမီဆယ်ပါးကို။ သူဖြည့်ကျင့်ခဲ့တဲ့ ပါရမီဆယ်ပါးကို ပြန်ပြီးတော့ ဆင်ခြင်ပါတယ်။ ဘာဖြစ်လို့ သူဖြည့်ကျင့်ခဲ့တဲ့ ပါရမီတွေကို သူဆင်ခြင်နိုင်တဲ့ စွမ်းအားရှိသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်ရင် ဘုရားအလောင်းတော်များဟာ နိယတ ဗျာဒိတ်ပန်းကို ဆင်မြန်းတော်မူပြီးသည့် နောက်ပိုင်းကာလမှာ ဘယ်ဘဝပဲ ရောက်ရောက် မိမိဟာ ဘုရားလောင်းပဲဆိုတာတော့ သိနေပါတယ်နော်။

ဒါကြောင့် မိမိ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီကိုလည်း သူသိတယ်။ အတိတ်က ဘဝတစ်ခုမှာ ပြုစုပျိုးထောင်ခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံလေးတွေက အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာလို့ အခုလို အဟိတ်တိရစ္ဆာန်ဘဝ ရောက်ရှိနေရပေမယ့်လို့ မိမိဟာ အလောင်းတော် ဘုရားအလောင်းတော် ဖြစ်တယ်ဆိုတာကိုတော့ ပြန်ပြီးတော့ အမှတ်ရနေပါတယ်။ ဒါကြောင့် မိမိ ဒီအလောင်းတော်ဘဝနဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလအတွင်းမှာ ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ ပါရမီတော်တွေကို ပြန်ပြီးတော့ ဆင်ခြင်တယ်။ ပါရမီ အားလုံးကို ဆင်ခြင်ပြီးတဲ့ အချိန်အခါကျတော့မှ နောက်တစ်ဆင့် သူက ထပ်ကွန့်ပြီးတော့ ဘာလုပ်သလဲ? မေတ္တာပါရမီကို ရှေ့သွားပြုတယ်။ ပုဂ္ဂိုလ် တစ်ဦးနဲ့တစ်ဦး အချေအတင် အကြောင်းတိုက်ဆိုင်လို့ ပြောဖို့ အခွင့်ကြုံလာပြီ ဆိုလို့ရှိရင်တော့ ဒီမေတ္တာဆိုသည့် လက်နက်ကောင်းသည် အလွန် ထိရောက်တဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်နော်။ မေတ္တာကို ရှေ့သွားပြုတယ်ဆိုတာက ဘာလုပ်သလဲ?

မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းတွေ စီးဖြန်းကြပါတယ်။ သတ္တဝါအားလုံး အပေါ်၌ မေတ္တာရေချမ်း ပက်ဖျန်းပေးတယ်။ ဒီကျီးဟာ မေတ္တာစျာန်ကို ဝင်စားနိုင်တဲ့စွမ်းအား မရှိတာ မှန်တယ်။ ဒါပေမဲ့လို့ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်တဲ့ စွမ်းအင်တော့ ရှိပါတယ်။ စျာန်မဆိုက်ပေမယ့်လို့ အလောင်းတော်ရဲ့ မေတ္တာပါရမီ စွမ်းဟုန်တွေက အလွန် အရှိန်အဝါ ထက်မြက်ခဲ့ပြီး ဖြစ်တဲ့အတွက် အတိတ်ဘဝထိုထိုက မေတ္တာစျာန်ရရှိအောင် ဝင်စားထားတဲ့ ဒီပါရမီတော်မြတ်အပေါင်းတွေက ယခုလို အရေးကြုံတဲ့ အချိန်အခါမှာ အလောင်းတော် စီးဖြန်းပွားများ အားထုတ်နေတဲ့ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို အားကြီးသော မှီရာ ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေပါတယ်။

ဒါကြောင့် မေတ္တာကမ္မဋ္ဌာန်းကို ရှေ့သွားပြုတော့ ဘယ်ပုဂ္ဂိုလ်တွေကို မေတ္တာပွားရမလဲ? နန်းတွင်းမှာ အထူးသဖြင့် မိမိ ရင်ဆိုင်ရမယ့် သတ္တဝါတွေ, မိမိရဲ့ ဆွေမျိုးဖြစ်တဲ့ ကျီးသတ္တဝါတွေ ဒါတွေကို အလေးဂရုပြုပြီးတော့ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းတွေ စီးဖြန်းပေးတယ်နော်။ အဲဒီလို စီးဖြန်းလိုက်တဲ့ အချိန်အခါမှာ တစ်ဦးရဲ့ မေတ္တာဓာတ်ဟာ တစ်ဦးကို ကူးစက်နိုင်တဲ့ စွမ်းအင်တွေ အများကြီး ရှိပါတယ်နော်။ အထူးသဖြင့် သူက ဒီရှင်ဘုရင်ကြီးထံ သွားမှာဖြစ်တော့ ဗာရာဏသီ ရှင်ဘုရင်ထံကို သွားမှာဖြစ်တော့ ဗာရာဏသီ ရှင်ဘုရင်ထံကိုတော့ အလေးဂရုပြုပြီးတော့ သူက မေတ္တာဘာဝနာ ကမ္မဋ္ဌာန်း ရေချမ်း ပက်ဖျန်းပေးပါတယ်နော်။

အဲဒီလို မေတ္တာဘာဝနာ ပွားများပြီးတဲ့ အချိန်အခါကျတော့မှ သူက တစ်ဟုန်တည်းနဲ့ တစ်ခါတည်း ပျံပြီးတော့ ထိုအချိန်အခါမှာ မင်းရင်ပြင်မှာ မင်းနန်းတော်မှာ ဖွင့်ထားတဲ့ ကြီးတဲ့ လေသာ ပြူတင်းပေါက်ကြီးကနေ တအားဝင်ပြီးတော့ တစ်ခါတည်း ဘုရင်ရဲ့ ပလ္လင်အောက်မှာ ဝင်ပြီးတော့ နေလိုက်တယ်။ အဲဒီ အချိန်အခါကျတော့မှ ဘုရင့်ပလ္လင်အောက်ကို ဒီကျီးတစ်ကောင် ရောက်လာပြီဆိုတော့ ဘေးကပုဂ္ဂိုလ်တွေက ဒီကျီးကို ဖမ်းကြတယ်။ ဒါပေမယ့်လို့ ဘာဖြစ်သလဲ?

ရှင်ဘုရင်ကြီးကနေပြီးတော့ တားမြစ်လိုက်တယ်။ သူဟာ ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာ တစ်ခုခုကိုတော့ ရှာဖွေနေတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူ့ကို မဖမ်းပါနဲ့။ ဘာဖြစ်လို့ ရှင်ဘုရင်က ဒီစိတ်ထား ရှိရသလဲ။ ဒီအချိန်အခါမှာ အကြောင်းရှိပါတယ်နော်။ ဘာအကြောင်းလဲဆိုတော့ ဒီရှင်ဘုရင်က တစ်ခြားပုဂ္ဂိုလ် မဟုတ်ဘူး။ ရှင်အာနန္ဒာရဲ့ အလောင်းတော်ဖြစ်တယ်။ ကျီးကလည်း ဘုရားအလောင်းတော် ဖြစ်နေပြန်တယ်။ သူတို့နှစ်ဦးက တစ်ဦးနဲ့တစ်ဦး သံသရာခရီးမှာ အင်မတန် မေတ္တာဓာတ် ကူးလူးဆက်ဆံပြီး ချစ်ကြည်နူးခဲ့တဲ့ သူတော်ကောင်း အချင်းချင်း ဖြစ်ကြပါတယ်။ ဘဝ ခြားနေပေမယ့်လို့ တစ်ဦးနဲ့တစ်ဦး ခုလို မြင်တွေ့လိုက်တဲ့ အချိန်အခါမှာ အတိတ် သံသရာအဆက်ဆက်က ပွားများအားထုတ်ထားခဲ့တဲ့ မေတ္တာဘာဝနာ ရေချမ်းတွေက တစ်ဦးနဲ့တစ်ဦး ကူးလူးဆက်ဆံမှု ရှိလာတယ်။ ဆက်စပ်မှုရှိအောင်လည်း ကျီးဘက်ကနေပြီးတော့ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းတွေကို ကြိုတင်ပြီးတော့ စီးဖြန်းထားပါတယ်နော်။ အဲဒီ အခါကျတော့မှ ဘုရားအလောင်းက တစ်ဟုန်တည်း ပျံလာရတော့ တော်တော်လေး ပင်ပန်းနေတဲ့အတွက် အပန်းလေးပြေအောင် ခေတ္တ နားလိုက်တယ်။ နားလိုက်ပြီးတဲ့ အချိန်အခါကျတော့မှ နောက်ထပ်တစ်ဖန် သူ ပွားများအားထုတ်ခဲ့တဲ့၊ သူဖြည့်ကျင့် ဆည်းပူးခဲ့တဲ့ မေတ္တာပါရမီကိုပဲ ပြန်ပြီးတော့ စီးဖြန်းတယ်။ စီးဖြန်းပြီးတဲ့ အချိန်အခါကျတော့မှ ဘုရင့် ပလ္လင်အောက်ကနေ ထွက်တယ်။ ထွက်ပြီးတော့ ရှင်ဘုရင်ကြီးကို သူက လျှောက်ထားတယ်။ ဘယ်လို လျှောက်ထားသလဲ?

‘‘မဟာရာဇ, ရညာ နာမ ဆန္ဒာဒိဝသေန အဂန္တွာ ရဇ္ဇံ ကာရေတုံ ဝဋ္ဋတိ။

မဟာရာဇ၊ မြတ်သော မင်းမြတ်။ ရညာ နာမ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်မည်သည်ကား။ ဆန္ဒာဒိဝသေန အဂန္တွာ၊ ဆန္ဒာဂတိ စသည်တို့၏ အစွမ်းဖြင့် မကျူးလွန် မရောက်ရှိမူ၍။ ရဇ္ဇံ ကာရေတုံ၊ ထီးဖြူ မင်းလုပ် အုပ်ချုပ်၍ အံ့သောငှာ။ ဝဋ္ဋတိ၊ သင့်တင့်လျောက်ပတ်ပါပေ၏။

အရှင်မင်းမြတ် ... တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ချစ်သဖြင့် မပြုသင့်တဲ့ အလုပ်ကိုလည်း မပြုလုပ်ရဘူး၊ မုန်းသဖြင့် မပြုသင့်တဲ့ အလုပ်ကိုလည်း မပြုလုပ်ရဘူး၊ ကြောက်သဖြင့် မပြုသင့်တဲ့ အလုပ်ကိုလည်း မပြုလုပ်ရပါဘူး၊ မသိမလိမ္မာ မိုက်မဲတဲ့အတွက်ကြောင့် မပြုသင့်တဲ့ အလုပ်တွေကိုလည်း မပြုလုပ်ရပါဘူး။ အကယ်၍ ချစ်သဖြင့် မပြုသင့်တဲ့အလုပ် မပြောသင့်တဲ့စကား ပြောခဲ့မယ်ဆိုရင် အဲဒါ ဆန္ဒာဂတိ လိုက်တယ်လို့ ခေါ်တယ်။ မုန်းသဖြင့် မပြုသင့်တဲ့အလုပ် မပြောသင့်တဲ့စကား ပြောခဲ့ရင် ဒါကတော့ ဒေါသာဂတိ လိုက်တယ်လို့ ခေါ်တယ်။ ကြောက်သဖြင့် မပြုသင့်တဲ့အလုပ် မပြောသင့်တဲ့စကား ပြောခဲ့မယ်ဆိုရင် ဒါကတော့ ဘယာဂတိ လိုက်တယ်လို့ ခေါ်တယ်။ ဘာမှမသိ မိုက်မဲ တွေဝေနေတဲ့အတွက် မပြုသင့်တဲ့ အလုပ်တွေ ပြုလုပ်မယ်၊ မပြောသင့်တဲ့ စကားတွေ ပြောမယ်ဆိုရင် ဒါကတော့ မောဟာဂတိလိုက်တယ်လို့ ခေါ်ပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဒီအဂတိ လေးပါး မလိုက်စားသင့်ပါဘူး။ အဂတိ လေးပါးသို့ မရောက်ရှိဘဲ တိုင်းပြည်ကို တရားနှင့်လျော်ညီစွာ ထီးဖြူအုပ်ချုပ် မင်းလုပ်သင့်ပါတယ် ဆိုပြီးတော့ ဒီစကားလေးပြောတယ်။

နောက် -

ယံ ယံ ကမ္မံ ကတ္တဗ္ဗံ ဟောတိ, သဗ္ဗံ နိသမ္မ ဥပဓာရေတွာ ကာတုံ ဝဋ္ဋတိ။

ယံ ယံ၊ အကြင်အကြင်ကဲ့သို့သော။ ကမ္မံ၊ လုပ်ငန်းရပ်ကို။ ကတ္တဗ္ဗံ၊ ပြုသင့်ပြုထိုက်သည်။ ဟောတိ၊ ဖြစ်၏။ သဗ္ဗံ၊ ထိုထို ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းရပ်အားလုံးကို။ နိသမ္မ၊ စူးစမ်းဆင်ခြင်တတ်သော ဉာဏ်ပညာရှိသည်ဖြစ်၍။ ဥပဓာရေတွာ၊ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍။ ကာတုံ၊ ပြုခြင်းငှာ။ ဝဋ္ဋတိ၊ သင့်တင့်လျောက်ပတ်ပါပေ၏။

ဘယ်လုပ်ငန်းကိုမဆို ပြုတော့မယ်ဆိုရင် မိမိပြုလုပ်မည့် လုပ်ငန်းအားလုံးကို ဉာဏ်နှင့် စူးစမ်းဆင်ခြင်ပြီးတော့မှ ပြုသင့်ပါတယ်။

ယဉ္စ ကယိရမာနံ နိပ္ဖဇ္ဇတိ, တဒေဝ ကာတုံ ဝဋ္ဋတိ, န ဣတရံ။

ယဉ္စ၊ အကြင်လုပ်ငန်းရပ်ကိုလည်းပဲ။ ကယိရမာနံ၊ ပြုလုပ်ခဲ့သည် ရှိသော်။ နိပ္ဖဇ္ဇတိ၊ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးကို ပြီးစီး ပြည့်စုံစေနိုင်ပေ၏။ တဒေဝ၊ ထိုကဲ့သို့ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးကို ပြီးစီးစေတတ်တဲ့ လုပ်ငန်းရပ်မျိုးကိုသာလျှင်။ ကာတုံ၊ ပြုခြင်းငှာ။ ဝဋ္ဋတိ၊ သင့်တင့်လျောက်ပတ်ပါပေ၏။ န ဣတရံ၊ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးကို မပြီးစီးစေတတ်တဲ့ လုပ်ငန်းရပ်မျိုးကို။ ကာတုံ၊ ပြုခြင်းငှာ။ န ဝဋ္ဋတိ၊ မသင့်တင့်ပါ။

သူပြောတဲ့ စကားလေး ကြည့်ပေါ့နော်။ လုပ်ငန်းတစ်ခု ပြုမယ်ဆိုရင် ဒီလုပ်ငန်းကြောင့် ရရှိမယ့် အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးကျေးဇူး တစ်ခုခုတော့ ရှိသင့်ပါတယ်။ အကယ်၍ လုပ်ငန်းတစ်ခုကို ပြုလုပ်လိုက်တဲ့ အချိန်အခါမှာ ထိုက်တန်တဲ့ အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတစ်ခု ပြီးစီးတယ် ဆိုရင်တော့ ထိုလုပ်ငန်းမျိုးကိုတော့ ပြုသင့်ပြုထိုက်ပါတယ်။ လုပ်ငန်းတစ်ခုကို ပြုစုပျိုးထောင်လိုက်တဲ့ အချိန်အခါမှာ ထိုက်တန်တဲ့ အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးကျေးဇူး တစ်စုံတစ်ရာ ပြီးစီးမှု မရှိဘူး ဆိုရင်တော့ ထိုလုပ်ငန်းရပ်မျိုးကိုတော့ အသင်မင်းကြီး မပြုသင့်ပါဘူး။ ဘယ့်နှယ်တုံး? ဒီစကား တရားနာနေတဲ့ ပုဂ္ဂိုလ်တွေ လက်ခံနိုင်ရဲ့လား?

မိမိ ပြောလိုက်တဲ့, ပြုလုပ်လိုက်တဲ့ လုပ်ငန်းတစ်ခု၊ မိမိ ပြုစုပျိုးထောင်လိုက်တဲ့ ကာယကံတစ်ခု၊ မိမိ ပြုစုပျိုးထောင်လိုက်တဲ့ ဝစီကံတစ်ခု၊ မိမိ ပြုစုပျိုးထောင်လိုက်တဲ့ မနောကံတစ်ခု ဆိုကြစို့နော်။ အဲဒီ ကံတွေက အဆင့်အတန်း မြင့်မားနေတဲ့ လူ,နတ်,နိဗ္ဗာန် သုံးတန်သော ချမ်းသာခေါ်တဲ့ အကျိုးကျေးဇူးကို ပြီးစီးစေနိုင်တဲ့ စွမ်းအား ရှိ,မရှိတော့ မိမိ နှိုင်းချိန်တတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ အကယ်၍ လူ,နတ်,နိဗ္ဗာန် သုံးတန်သော ချမ်းသာဆိုတဲ့ အကျိုးကျေးဇူးကို ပြီးစီးစေနိုင်တဲ့ စွမ်းအင် ရှိနေတယ် ဆိုရင်တော့ အဲဒီလို လုပ်ငန်းရပ်မျိုးတော့ ပြုလုပ်သင့်ပါတယ်။

အကယ်၍ လူ,နတ်,နိဗ္ဗာန် သုံးတန်သော ချမ်းသာဆိုတဲ့ အကျိုးတရားကို ပြီးစီးစေနိုင်တဲ့ စွမ်းအား မရှိခဲ့ဘူးဆိုရင် ထိုကဲ့သို့သော လုပ်ငန်းရပ်မျိုးကို မပြုလုပ်သင့်ပါဘူး။ ဘယ့်နှယ်တုံး? တရားနာ ပရိသတ်တွေ ဒီစကား လက်ခံနိုင်ရဲ့လား? လက်ခံနိုင်ရမယ်။ လက်ခံနိုင်တယ် ဆိုရင်လည်း ဘာလုပ်ရဦးမလဲ? နောက်တစ်ဆင့် လိုက်နာပြုကျင့်ရမယ်။ လက်တော့ လက်ခံနိုင်တယ်ဘုရား။ ဒါပေမဲ့ တပည့်တော်တို့က မပြုကျင့်နိုင်ဘူး ဆိုလို့ရှိရင် အကျိုးကျေးဇူး ရှိပါ့မလား? မရှိဘူးနော်။ ဒါသတိရှိဖို့ လိုတယ်။ အခု ပြောနေတဲ့ စကားက လူက ပြောတာလား၊ တိရစ္ဆာန်က ပြောတာလား? တိရစ္ဆာန်ကတောင် ဒီလောက်ပြောနေတယ် ဆိုလို့ရှိရင်တော့ လူတွေ လိုက်နာဖို့ မကောင်းဘူးလား? ဘယ့်နှယ်တုံး? ဒကာကြီးတွေ လိုက်နာဖို့ သိပ်ကောင်းတယ်။

သစေ ဟိ ရာဇာနော ယံ ကယိရမာနံ န နိပ္ဖဇ္ဇတိ, တံ ကရောန္တိ, မဟာဇနဿ မရဏဘယပရိယောသာနံ မဟာဘယံ ဥပ္ပဇ္ဇတိ။

ဟိ၊ မှန်လှပေ၏။ သစေ၊ အကယ်၍။ ရာဇာနော၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ယံ၊ အကြင် (လုပ်ငန်း) တစ်ခုကို။ ကယိရမာနံ၊ ပြုလုပ်လိုက်သည်ရှိသော်။ န နိပ္ဖဇ္ဇတိ၊ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးမပြည့်စုံတတ်။ တံ၊ ထိုကဲ့သို့သောအမှုကို။ န သေဝိတဗ္ဗံ၊ အကယ်၍များ ပြုကြကုန်သည် ဖြစ်အံ့။ မဟာဇနဿ၊ သတ္တဝါအပေါင်းတို့၏။ မရဏဘယပရိယောသာနံ၊ သေဘေးလျှင် အဆုံးပိုင်းခြားရှိသော။ မဟာဘယံ၊ ကြီးကျယ်သော ဘေးကြီးသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍ လာတတ်ပေ၏။

အကယ်၍ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ လုပ်ငန်းတစ်ခုကို ပြုလုပ်လိုက်တယ်။ ပြုလုပ်ခြင်းတည်းဟူသော အကြောင်းကြောင့် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတွေကို ပြီးစီးမှု မရှိဘူး။ လူ,နတ်,နိဗ္ဗာန် သုံးတန်သော အကျိုးလို့ ခေါ်ဆိုအပ်တဲ့ အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတရားတွေကို မပြီးစေနိုင်ဘူးဆိုရင် ထိုကဲ့သို့သော အလုပ်မျိုးကို အကယ်၍များ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်က ပြုခဲ့မယ်ဆိုရင် များပြားလှတဲ့ သတ္တဝါအပေါင်းရဲ့ သေဘေးလျှင် အဆုံးအပိုင်းအခြားရှိနေတဲ့ ကြီးကျယ်တဲ့ ဘေးဒုက္ခကြီးတွေ ဖြစ်ပေါ်လာတတ်ပါတယ်နော်။

ပုရောဟိတော ဝေရဝသိကော ဟုတွာ မုသာဝါဒံ အဘာသိ

ပုရောဟိတော၊ ပုရောဟိတ် ပုဏ္ဏားကြီးသည်ကား။ ဝေရဝသိကော၊ ရန်ငြိုးဖွဲ့ခြင်း၊ ဒေါသထွက်ခြင်းဆိုတဲ့ အလိုနိုင်ငံသို့ လိုက်ပါသည်။ ဟုတွာ၊ ဖြစ်၍။ မုသာဝါဒံ၊ မုသားစကားကို။ အဘာသိ၊ ပြောဆိုနေပါ၏။

ကဲ ... ကြည့်စမ်း။ ပုရောဟိတ် ပုဏ္ဏားကြီးတဲ့။ သူက တိုင်းပြည်မှာ ပညာရှိဆိုတဲ့ အမည်ခံနေတဲ့ ပုဂ္ဂိုလ်ပါ။ အဲဒီ ပုဂ္ဂိုလ်က ကျီးတွေအပေါ်မှာ ဘာဖြစ်သလဲ? ရန်ငြိုးဖွဲ့တယ်၊ ဒေါသထွက်တယ်၊ ဒင်း ငါ့ကို တစ်ချိန်က ဒီလို ပြုခဲ့တယ်၊ ဒီလို ပြောခဲ့တယ် ဆိုပြီးတော့ ရန်ငြိုးဖွဲ့ထားတယ်။ ဒေါသတွေ ထွက်တယ်။ အဲဒီ ရန်ငြိုးဒေါသရဲ့ အလိုနိုင်ငံကို လိုက်ပါပြီးတော့ မုသားစကားတွေ သူက ပြောနေတာတဲ့။ ကြည့်စမ်း စဉ်းစားကြည့်စမ်းနော်။ ညနေက ကိုရင်လေးက မေးတယ်။ ဆရာတော် ပုဏ္ဏားကြီး ဒေါသထွက်တဲ့အကြောင်း မပါသေးဘူးတဲ့။ ဟုတ်တယ်မလား? အခု ဒေါသထွက်နေတဲ့အပိုင်း ရောက်နေပြီ။ ပုဏ္ဏားက ဒေါသထွက်တဲ့အတွက် သူ ဘာလုပ်သလဲ? ကျီးဆီသာ ရမယ်ဆိုရင် ဆင်တွေမှာ ဖြစ်ပေါ်တဲ့ ရောဂါဝေဒနာကို ပျောက်ကင်းနိုင်အောင် သူ ကုပေးနိုင်တယ်။ အဲဒီလိုပြောတဲ့ ပုဏ္ဏားကြီးဟာ ကျီးတွေမှာ အဆီ မရှိဘူးဆိုတာ သူ သိသလား, မသိဘူးလားလို့မေးရင် ဘယ်လို ဖြေမလဲ? သိနေတယ်, သိနေတယ်နော်။ သိရဲ့သားနဲ့ သူ သက်သက်ချလိုက်တော့ ဒါဟာ မုသားစကား ဖြစ်မနေဘူးလား? ဖြစ်နေတယ်။

ကျီးဆီကလည်း ကျီးမှာ အဆီမှ မရှိတာ။ ကျီးကန်းမှန်သမျှ အဆီ မရှိဘူး။ မရှိမှန်း သိပါလျက်နဲ့ သူက သက်သက်ပြောနေတယ်။ ဘာအတွက်လဲမေးတော့ သူက ရန်ငြိုးဖွဲ့ထားတယ်။ ငါ့ကို တစ်ချိန်က ဒင်းတို့ ဒီလို ပြုလုပ်ခဲ့တယ်။ ဘာလုပ်တာလဲ? ခေါင်းပေါ် မစင်တွေ စွန့်ချပေးတာပဲနော်။ သိပ်ပြီး အလွန်ကြီးကျယ်တဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အလွန်ကြီးကျယ်တဲ့ ရန်ငြိုးတစ်ခုအဖြစ် နှောင်ဖွဲ့ထားတယ်။ နှောင်ဖွဲ့ထားတဲ့ အချိန်အခါကျတော့ ကျီးသား သတ္တဝါအပေါင်းလို့ ခေါ်ဆိုအပ်တဲ့ သတ္တဝါ အားလုံးဟာ ဘာဖြစ်သလဲ? သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိနေတဲ့ ကြီးစွာသော ဘေးဒုက္ခကို ဆိုက်ရောက်နေပြီ။

ပုရောဟိတော ဝေရဝသိကော ဟုတွာ မုသာဝါဒံ အဘာသိ, ကာကာနံ ဝသာ နာမ နတ္ထိ။

ကာကာနံ၊ ကျီးတို့၏ သန္တာန်၌။ ဝသာ နာမ၊ အဆီမည်သည်။ နတ္ထိ၊ မရှိပါ။ ဣတိ၊ ဤသို့လျှင်။ အဘာသိ၊ လျှောက်ထားလိုက်လေ၏။

ကျီးတွေမှာ ဘယ်တော့မှ အဆီမရှိပါဘူး ဆိုပြီးတော့ ဘုရားအလောင်း ကျီးကနေပြီးတော့ ရှင်ဘုရင်ကြီးကို လျှောက်ထားတယ်။ အဲဒီစကား ကြားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ? ရှင်ဘုရင်ကြီးကလည်း ကျီးကို အင်မတန် ကြည်ညိုသွားတယ်။ ကြည်ညိုတဲ့အတွက် ဒီဘုရားအလောင်းကျီးကို ရွှေအင်းပြင်ပေါ်မှာ တင်ပြီးတော့ အဲဒီမှာ နေထိုင်စေပြီးတော့ မင်းနဲ့ ထိုက်တန်တဲ့ အသုံးအဆောင် အစာအာဟာရကို အဲဒီမှာ ကျကျနန ကျွေးတယ်။ ဆီတွေနဲ့လည်း လိမ်းကျံ ပေးပါတယ်နော်။ မင်းနဲ့ ထိုက်တန်တဲ့ အသုံးအဆောင် အဖျော်ယမကာတွေကို သောက်သုံးစေပြီးတဲ့ အချိန်အခါကျတော့မှ တော်တော်လေး အမောအပန်းပြေပြီ ဆိုတော့မှ ဘုရားအလောင်းကို ဒီ ရှင်ဘုရင်ကြီးက မေးကြည့်တယ်နော်။

‘‘ပဏ္ဍိတ, တွံ ‘ကာကာနံ ဝသာ နာမ နတ္ထီ’တိ ဝဒေသိ, ကေန ကာရဏေန နေသံ ဝသာ န ဟောတိ’’

ပဏ္ဍိတ၊ ပညာရှိ။ တွံ၊ သင်သည်။ ကာကာနံ၊ ကျီးတို့၏ သန္တာန်၌။ ဝသာ နာမ၊ အဆီမည်သည်။ နတ္ထိ၊ မရှိပါ။ ဣတိ၊ ဤသို့။ ဝဒေသိ၊ ပြောဆို၍ နေပေ၏။ ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။ နေသံ၊ ထိုကျီးတို့၏ သန္တာန်၌။ ဝသာ၊ အဆီသည်။ န ဟောတိ၊ မရှိပါသနည်း။

သင်က ကျီးတွေမှာ အဆီမရှိဘူးလို့ ပြောနေပြီ။ ကဲ ... ဘယ်လို အကြောင်းကြောင့် ကျီးတွေမှာ အဆီ မရှိရပါသလဲ ဆိုပြီးတော့ ပြန်ပြီးတော့ မေးကြည့်တယ်။ အဲဒီအခါကျတော့မှ ဘုရားအလောင်း ကျီးကနေ ဘာပြန်ပြီးတော့ အမိန့်ရှိသလဲ? ဒီလို ဒီလို အကြောင်းတွေကြောင့် ကျီးတွေမှာ အဆီ မရှိပါဘူးဆိုပြီးတော့ သူက နည်းနည်းလေး ပြောပြတယ်။ ဂါထာလေးနဲ့နော် -

‘‘နိစ္စံ ဥဗ္ဗိဂ္ဂဟဒယာ, သဗ္ဗလောကဝိဟေသကာ၊ တသ္မာ နေသံ ဝသာ နတ္ထိ, ကာကာနမှာက ဉာတိနံ’’

အမှာကံ၊ ကျွန်တော်မျိုးတို့၏။ ဉာတိနံ၊ ဆွေမျိုးဖြစ်ကြကုန်သော။ ကာကာနံ၊ ကျီးတို့၏ သန္တာန်၌။ နိစ္စံ၊ အမြဲမပြတ်။ ဥဗ္ဗိဂ္ဂဟဒယာ၊ ထိတ်လန့်တုန်လှုပ်တဲ့ စိတ်ထားလည်း ရှိ၍ နေကြပါပေကုန်၏။

ကျီးတွေကို ကြည့်လိုက်ရင် အမြဲတမ်း ထိတ်လန့်တုန်လှုပ်နေတဲ့ စိတ်ထားရှိတယ်။ ဒါက အကြောင်းတစ်ခု -

သဗ္ဗလောကဝိဟေသကာ၊ အလုံးစုံသော သတ္တဝါအပေါင်းကို ညှဉ်းပန်းနှိပ်စက် ကြပါပေကုန်၏။

သတ္တဝါ အားလုံးကိုလည်း ညှဉ်းပန်းနှိပ်စက်တတ်တဲ့ အလေ့ဝါသနာတွေက ရှိနေတယ်။ အဲဒီ သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက်တတ်တဲ့ အလေ့အထဆိုတာ ကျီးတို့ရဲ့ အလေ့အထပဲ။ လူသား အသိအလိမ္မာ ဉာဏ်ပညာရှိနေတဲ့ သူတော်ကောင်းတွေမှာ ဒီလို စိတ်ထားမျိုး ရှိသင့်သလား? မရှိသင့်ဘူး။ ကဲ ... သတိရှိကြနော်။ သူတစ်ပါးတွေကို မျက်ရည်ကြီးငယ် အသွယ်သွယ် ကျသွားအောင် ကိုယ်ဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ နှုတ်ဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းဆိုတာ သူတော်ကောင်းမှန်ရင် ပြုသင့်ပါ့မလား? မပြုသင့်ဘူး။ ဒါကြောင့် -

အမှာကံ၊ ကျွန်တော်မျိုးတို့၏။ ဉာတိနံ၊ ဆွေမျိုးဖြစ်ကြကုန်သော။ ကာကာနံ၊ ကျီးတို့၏ သန္တာန်၌။ နိစ္စံ၊ အမြဲမပြတ်။ ဥဗ္ဗိဂ္ဂဟဒယာ၊ ထိတ်လန့်တုန်လှုပ်တဲ့ စိတ်ထားလည်း ရှိ၍ နေကြပါပေကုန်၏။ သဗ္ဗလောကဝိဟေသကာ၊ အလုံးစုံသော သတ္တဝါအပေါင်းကို ညှဉ်းပန်းနှိပ်စက်မှုကိုလည်း ပြုလုပ်တတ်ကြပါကုန်၏။ တသ္မာ၊ ထို့ကြောင့်။ နေသံ၊ ကျီးတို့၏ သန္တာန်၌။ ဝသာ၊ အဆီသည်။ နတ္ထိ၊ မရှိပါ။

အမြဲတမ်း စိတ်ဓာတ်တွေက ထိတ်လန့်တုန်လှုပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာလည်း အဆီ မရှိဘူး။ သူတစ်ပါးတွေကို အမြဲမပြတ် ညှဉ်းပန်း နှိပ်စက်တတ်တဲ့ သတ္တဝါအားလုံးကို ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာလည်း အဆီ မရှိပါဘူး။ ဒီလို အမြဲတမ်း ထိတ်လန့်တုန်လှုပ်တဲ့ စိတ်ထားရှိခြင်း၊ သတ္တဝါအားလုံးကို ညှဉ်းပန်းနှိပ်စက်တတ်တဲ့ စိတ်ထားရှိခြင်း၊ ဒီအကြောင်းနှစ်ခုကြောင့် ကျီးတွေရဲ့ သန္တာန်မှာ အဆီ မရှိပါဘူး ဆိုပြီး ပြန်ဖြေတယ်။ အဲဒီ အဖြေကြားလိုက်တဲ့ အချိန်အခါမှာ ရှင်ဘုရင်ကြီးကလည်း အင်မတန် ကြည်ညိုသွားတယ်နော်။ အင်မတန် ကြည်ညိုတဲ့အတွက် ကျီးတွေမှာ အဆီမရှိဘူးဆိုတာ ခုပစ္စုပ္ပန်မှာတွင် မရှိတာလားဆို မဟုတ်သေးဘူး။

အတီတေပိ န ဘူတပုဗ္ဗာ, အနာဂတေပိ န ဘဝိဿတိ

အတီတေပိ၊ အတိတ်ဘဝ ထိုထို၌လည်းပဲ။ န ဘူတပုဗ္ဗာ၊ ကျီးတို့၏ သန္တာန်၌ အဆီ မရှိခဲ့စဖူးပါ။ အနာဂတေပိ၊ နောင်အနာဂတ် ကာလ၌လည်းပဲ။ န ဘဝိဿတိ၊ ကျီးတို့၏ သန္တာန်၌ ဘယ်တော့မှ အဆီ ရှိလိမ့်မယ် မဟုတ်ပါ။

ဘာဖြစ်လို့လဲ? ဒီဝါသနာဓာတ်ငွေ့က အမျိုးစဉ်ဆက်အားဖြင့် ပျံ့နှံ့သွားတယ်။ ကျီးတိုင်း ကျီးတိုင်းမှာ များသောအားဖြင့် ထိတ်လန့်တုန်လှုပ်တဲ့ စိတ်ထားတွေ လက်ဆင့်ကမ်းပြီးတော့ သင်ပေးသွားတယ်။ အကုန်လုံး ဒီလို ဒီအတိုင်း ကူးစက်သွားတယ်။ သတ္တဝါအားလုံးကို ညှဉ်းပန်းနှိပ်စက်တတ်တဲ့ စိတ်ထားလေးတွေလည်း အားလုံး သူတို့မှာ ကူးစက် ပျံ့နှံ့သွားတယ်။ ကျီးတစ်ဆက်ကနေ နောက်တစ်ဆက်၊ နောက်တစ်ဆက်ကနေ နောက်တစ်ဆက် အဲဒီလို အဆက်ဆက် ပျံ့နှံ့သွားတဲ့အတွက် အတိတ်က ကျီးတွေဟာလည်း ဒီအတိုင်းပဲ အဆီတစ်ခါမှ မရှိခဲ့ဘူး။ နောင်အနာဂတ်ဖြစ်မယ့် ကျီးတွေဟာလည်း ဒီအတိုင်းပဲ အဆီတစ်ခါမှ မရှိခဲ့ဘူး။ ခုလက်ရှိ ပစ္စုပ္ပန်တည်ရှိနေဆဲဖြစ်တဲ့ ကျီးတွေမှာလည်း အဆီ မရှိပါဘူး ဆိုပြီးတော့ သူက ပြောတယ်။ ပြောလိုက်တဲ့ အချိန်အခါကျတော့မှ ရှင်ဘုရင်ကြီးကို ဒီကျီးက ဘာဆက်ပြီး ဆိုဆုံးမသလဲ?

‘‘မဟာရာဇ, ရညာ နာမ အနိသမ္မ အနုပဓာရေတွာ ကမ္မံ န ကတ္တဗ္ဗံ’’

မဟာရာဇ၊ မြတ်သော မင်းကြီး။ ရညာ နာမ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်မည်သည်ကား။ အနိသမ္မ၊ မစူးစမ်း မဆင်ခြင်ဘဲ။ အနုပဓာရေတွာ၊ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်မှု မရှိဘဲ။ ကမ္မံ၊ လုပ်ငန်းရပ်တစ်ခုကို။ န ကတ္တဗ္ဗံ၊ မပြုသင့် မပြုထိုက်ပါ။

အရှင်မင်းမြတ် ... တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်မှု မရှိဘဲနဲ့ မည်သည့် လုပ်ငန်းရပ်မဆို မပြုသင့်ပါဘူး ဆိုပြီးတော့ အသိပေးတယ်။ အဲဒီ အချိန်အခါကျတော့မှ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ရှင်ဘုရင်ကြီးက အင်မတန် နှစ်ခြိုက်ပြီးတော့ ဘုရားအလောင်းကို ပူဇော်တယ်။ ဘာနဲ့ ပူဇော်သလဲလို့ မေးတော့ နန်းစည်းစိမ် အကုန်လုံးကို အပ်နှင်းပြီးတော့ ပူဇော်ပါတယ်။ ပူဇော်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

ဗောဓိသတ္တော ရဇ္ဇံ ရညောယေဝ ပဋိဒတွာ ရာဇာနံ ပဉ္စသု သီလေသု ပတိဋ္ဌာပေတွာ သဗ္ဗသတ္တာနံ အဘယံ ယာစိ။

ဗောဓိသတ္တော၊ ဘုရားအလောင်းသည်။ ရဇ္ဇံ၊ မင်းစည်းစိမ်ကို။ ရညောယေဝ၊ ဗာရာဏသီမင်းအားသာလျှင်။ ပဋိဒတွာ၊ တစ်ဖန် ပြန်ပေးလိုက်၍။ ရာဇာနံ၊ ဗာရာဏသီ ဘုရင်မင်းကြီးကို။ ပဉ္စသု သီလေသု၊ ငါးပါးသီလတို့၌။ ပတိဋ္ဌာပေတွာ၊ တည်စေ၍။ သဗ္ဗသတ္တာနံ၊ ခပ်သိမ်းဥဿုံ အလုံးစုံသော သတ္တဝါတို့အား။ အဘယံ၊ ဘေးမဲ့ကို။ ယာစိ၊ တောင်းလေပြီ။

ဒီဆုတစ်ခုတော့ တောင်းလိုက်တယ်နော်။ မင်းစည်းစိမ်ကြီးကို တိုင်းပြည်ကို ရှင်ဘုရင်ကြီးကိုပဲ တစ်ဖန် ပြန်အပ်တယ်။ အပ်ပြီးတဲ့ အချိန်အခါကျတော့မှ ရှင်ဘုရင်ကို ငါးပါးသီလ ကောင်းစွာ ဆောက်တည်စေတယ်, ကျင့်သုံးစေတယ်။ ဆောက်တည် ကျင့်သုံးစေပြီးတဲ့ အခါကျတော့မှ သတ္တဝါအားလုံးကို ဘေးမဲ့ပေးရန် တောင်းတယ်နော်။

ရာဇာ တဿ ဓမ္မဒေသနံ သုတွာ သဗ္ဗသတ္တာနံ အဘယံ ဒတွာ ကာကာနံ နိဗဒ္ဓဒါနံ ပဋ္ဌပေသိ။

ရာဇာ၊ ဗာရာဏသီ ဘုရင်မင်းမြတ်ကြီးသည်လည်းပဲ။ တဿ၊ ထိုဘုရားအလောင်း ကျီးမင်း၏။ ဓမ္မဒေသနံ၊ တရားဒေသနာတော်ကို။ သုတွာ၊ ကြားနာရသည်ဖြစ်၍။ သဗ္ဗသတ္တာနံ၊ ခပ်သိမ်းဥဿုံ အလုံးစုံသော သတ္တဝါတို့အား။ အဘယံ၊ ဘေးမဲ့အလှူဒါနကို။ ဒတွာ၊ ပေးလှူပြီး၍။ ကာကာနံ၊ ကျီးတို့အား။ နိဗဒ္ဓဒါနံ၊ နိဗဒ္ဓ အလှူဒါနဝတ်ကို။ ပဋ္ဌပေသိ၊ တည်ထားခဲ့လေပြီ။

သတ္တဝါအားလုံးကိုလည်း ဘေးမဲ့အလှူကြီး ပေးလိုက်တယ်။ ကျီးတွေ အတွက်လည်း နိဗဒ္ဓ နိစ္စ အမြဲမပြတ် လှူဒါန်းတဲ့ အလှူဒါနပွဲကြီးတစ်ခု တည်ထားပေးတယ်။ နေ့တိုင်းနေ့တိုင်း ဆန်တွေကိုလည်း လှူဒါန်းပေးတယ်၊ ဆားတွေလည်း လှူဒါန်းပေးတယ်၊ ထမင်းတွေလည်း လှူဒါန်းပေးတယ်၊ အရသာ အမျိုးမျိုးရှိတဲ့ အစာအာဟာရတွေကိုလည်း ဆုပ်နယ်ပြီးတော့ ကျီးတို့အတွက် သီးသန့် လှူဒါန်းပေးတယ်နော်။ ဘုရားအလောင်း ကျီးအတွက်ကျတော့ သူစားတဲ့ ရှင်ဘုရင်စားတဲ့ အစားအစာတွေ အအားလုံး လှူပေးတယ်နော်။ အဲဒီတော့ ဒီနေရာမှာ ပြောချင်တာကတော့ ဘာလဲ?

ဉာတတ္ထစရိယပဲ။ ဘုရားအလောင်းသည် အသက်ကို စွန့်ပြီးတော့ သတ္တဝါတွေရဲ့ အကျိုးစီးပွားအတွက် ကျင့်ခဲ့တဲ့ ထုံးလေးပဲနော်။ နောက် ထုံးတစ်ခု ရှိနေသေးတယ်။ အဲဒီ ထုံးကတော့ ဒီဘုရားအလောင်းတော်ဟာ ဒီလို လူသားဘဝမှာ မဆိုထားနဲ့ ဦးပဉ္စင်းတို့ ဆွေမျိုးတို့ကို သင်္ဂြိုဟ်ထောက်ပံ့တယ်။ ဆွေမျိုးတို့အတွက်၊ မိမိ အမျိုးသား, တစ်မျိုးသား အားလုံးအတွက် အသက်ကို စွန့်လွှတ်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့တဲ့ ထုံးလေးတစ်ခု ရှိပါသေးတယ်နော်။ အဲဒီ ဇာတ်တော်ကတော့ ကုက္ကုရဇာတ်တော် ခေါ်ပါတယ်။ ဦးပဉ္စင်းတို့ အတိတ်ဘဝတစ်ခုမှာ ဗာရာဏသီပြည်မှာပဲ ဆိုကြပါစို့။

ဗြဟ္မဒတ်မင်းက ထီးဖြူအုပ်ချုပ် မင်းလုပ်တယ်။ ဘုရားအလောင်းကလည်း ခွေးဖြစ်ထိုက်တဲ့ ကံလေးတစ်ခုကို အတိတ်ဘဝတစ်ခုမှာ ထူထောင်ခဲ့မိလို့ ခွေးဘဝ ရောက်သွားရပြန်တယ်နော်။ အကြောင်း မလှဘူးပေါ့။ ဒါကတော့ သူ့ကံအားလျော်စွာပါပဲ။ ခွေးဘဝ ရောက်လိုက်တဲ့ အချိန်အခါကျတော့ ရာပေါင်းများစွာသော ခွေးတွေ ခြံရံပြီးတော့ အဲဒီ သုဿန်ကြီး တစ်ခုမှာပဲ နေထိုင်ပါတယ်။ တစ်နေ့ကျတော့ ဘာဖြစ်သလဲ? ရှင်ဘုရင်က သိန္ဓောမြင်းအဖြူတွေကို ကပြီးတော့ ရထားကို အကုန်လုံး ပြည့်ပြည့်စုံစုံ တန်ဆာဆင်ပြီး ရထားပေါ်တက်ပြီးတော့ ဥယျာဉ်တော်ထွက်ပြီး ဥယျာဉ် ကစားတယ်။ တစ်နေ့လုံး ဥယျာဉ်တော် ပျော်ပါးလိုက်တဲ့အတွက်နော် မိုးချုပ်သွားတယ်။ ဥယျာဉ်တော်မှာပဲ မိုးချုပ်ပြီးတဲ့ အခါကျတော့မှ မြို့ကို ဝင်လာတဲ့ အချိန်အခါမှာ တော်တော်လေး မှောင်သွားပြီ။ မှောင်သွားတဲ့အတွက်ကြောင့် မင်းချင်းယောက်ျားတွေကနေပြီး ဘာလုပ်သလဲ?

ရထားမှာ ဆင်မြန်းထားတဲ့ ဒီအဆင်းတန်ဆာ အားလုံးကို ဒီအတိုင်းပဲ ထားလိုက်တယ်။ မနက်ကျမှပဲ သိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ထားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လာသလဲ? အဲဒီညမှာ မိုးက အကြီးအကျယ် ရွာတယ်။ မိုးက အကြီးအကျယ် ရွာလိုက်တော့ အဲဒီမှာ ရထားမှာ ဆင်မြန်းထားတဲ့ ကုန်းနှီးတို့၊ ရထားအခင်းတို့ စသည်ဖြင့် ကြိုးတို့၊ ပတ်ထားတဲ့ ကြိုးတို့ စသည်ဖြင့် ဒါတွေက သားရေကြိုးတွေ ဖြစ်တယ်။ သားရေ ကုန်းနှီးတွေ ဖြစ်တယ်။ ဖြစ်နေတဲ့ အချိန်အခါကျတော့ မိုးက အကြီးအကျယ် ရွာလိုက်တဲ့အခါ မိုးစိုလိုက်တော့ ဒီသားရေတွေကနေပြီးတော့ အနံ့တွေ ထွက်လာတယ်။ အနံ့ထွက်လာတဲ့ အချိန်အခါကျတော့ နန်းတွင်းမှာရှိတဲ့ ခွေးတွေကလည်း အကုန်လုံး အဲဒီ သားရေတွေ သွားပြီး ကိုက်စားကြရော။ ကိုက်စားတဲ့ အချိန်အခါကျတော့ ရှင်ဘုရင်ကြီးကလည်း သူ့ရထားမှာရှိတဲ့ သားရေတွေ ခွေးတွေစားတယ်ဆိုတာကို အကြောင်းပြုပြီးတော့ ခွေးတွေကို တော်တော်လေး ဒေါသ ထွက်သွားတယ်။ ဒေါသ ထွက်လိုက်တဲ့အတွက်ကြောင့် ဘာလုပ်သလဲ?

‘‘ဒိဋ္ဌဒိဋ္ဌဋ္ဌာနေ သုနခေ ဃာတေထ’’

ဒိဋ္ဌဒိဋ္ဌဋ္ဌာနေ၊ မြင်မြင်တိုင်းသော နေရာ၌။ သုနခေ၊ ခွေးတို့ကို။ ဃာတေထ၊ သတ်ဖြတ်ကြကုန်လော့။

ဘယ်နေရာမှာမဆို မြင်တဲ့နေရာမှာ ခွေးတွေ အကုန်သတ်တော့။ အမိန့်ထုတ်လိုက်ပြီ။ အမိန့်ထုတ်လိုက်တဲ့ အချိန်အခါကျတော့ အဲဒီ အချိန်က စပြီးတော့ ခွေးတွေက အကြီးအကျယ် ပျက်စီးတော့တာပဲ။ ပျက်စီးတဲ့ အခါကျတော့ မြင်တဲ့နေရာမှာ ခွေးတွေက အကုန်လုံး သတ်ခံရပြီ။ အသတ်ခံရတော့ ခွေးတွေကလည်း ပြေးစရာမရှိတော့ သုဿန် ပြေးကြပြီနော်။ ဘုရားအလောင်းထံရောက်တဲ့ အချိန်အခါကျတော့ အကျိုးအကြောင်း တင်ပြတယ်။

ဘုရားအလောင်းထံကို ရောက်တဲ့အခါ ခွေးတွေကလည်း တော်တော်လေး အင်အားများနေတယ်။ များလိုက်တဲ့ အချိန်အခါကျတော့ နန်းတွင်းမှာ ခင်းထားတဲ့ သားရေတွေနဲ့၊ ရထားကို ကြက်ထားတဲ့ သားရေ ဒီသားရေတွေကို ခွေးတွေ ခဲထားတဲ့အတွက် ခွေးတွေအပေါ် အမျက်ထွက်ပြီးတော့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ဗာရာဏသီ ဘုရင်မင်းကြီးက ခွေးတွေကို သတ်ဖို့ရန်အတွက် အမိန့်ချလိုက်တယ်။ ဒါကြောင့် များစွာသော ခွေးတွေတော့ ပျက်စီးနေပြီ ဖြစ်တယ်၊ ခွေးတွေမှာတော့ ဘေးဒုက္ခ အကြီးအကျယ် ဆိုက်ရောက်နေပြီ ဖြစ်တယ် ဆိုပြီးတော့ ဘုရားအလောင်းကို တင်ပြကြတယ်။ အဲဒီ အခါကျတော့ ဘုရားအလောင်းက စဉ်းစားပြီးနော် -

အာရက္ခဋ္ဌာနေ၊ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နန်းတော်အတွင်း၌။ ဗဟိ၊ နန်းတော်ရဲ့ ပြင်ပမှာ ရှိနေကြကုန်သော။ သုနခါနံ၊ ခွေးတို့၏။ ဩကာသော၊ ထိုသားရေကို ဝင်ရောက်၍ စားနိုင်ခြင်းဆိုတဲ့ အခွင့်အရေးသည်။ နတ္ထိ၊ မရှိနိုင်။

စဉ်းစားပြီနော် ... နန်းတွင်းဆိုတာက အစောင့်အကြပ်တွေက သိပ်ပြီးတော့ များတယ်။ အစောင့်အကြပ်တွေက များတဲ့အပြင် နန်းတွင်းကို ဝင်လို့ မရအောင် ခိုင်ခံ့နေတဲ့ မြို့ရိုးတွေ, တံတားတွေကလည်း ရှိနေတယ်။ ရှိနေတဲ့ အချိန်အခါကျတော့ နန်းတွင်းရဲ့ အပြင်ဘက်မှာ နန်းတော်ရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ခွေးတွေကတော့ နန်းတွင်း ဝင်ပြီးတော့ ဒီသားရေကို စားဖို့ဆိုတာ ဘယ်လိုမှ အခွင့်အလမ်းကတော့ မရရှိနိုင်ဘူး။ ပညာရှိများကြည့် စဉ်းစားခန်း ဘယ်လောက် လေးနက်တယ်ဆိုတာ -

အန္တောရာဇနိဝေသနေ ကောလေယျကသုနခါနမေဝ တံ ကမ္မံ ဘဝိဿတိ။

အန္တောရာဇနိဝေသနေ၊ မင်းရဲ့ နန်းတော်အတွင်း၌။ ကောလေယျကသုနခါနံ၊ နန်းတွင်း၌ ကြီးပြင်းလာကြတဲ့ ခွေးတို့၏။ ဧဝ၊ သာလျှင်။ တံ ကမ္မံ၊ ထိုအမှုသည်။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မယ်။

ဒီသားရေတွေကို စားတယ်ဆိုတဲ့ လုပ်ငန်းရပ်ကတော့ နန်းတွင်းမှာ ကြီးပြင်းလာတဲ့ ခွေးတွေရဲ့ အမှုကိစ္စ, လုပ်ငန်းကိစ္စသာ ဖြစ်လိမ့်မယ်။ စဉ်းစားပြီ။

ဣဒါနိ ပန စောရာနံ ကိဉ္စိ ဘယံ နတ္ထိ

ဣဒါနိ၊ ယခုအခါ၌။ ပန၊ ကား။ စောရာနံ၊ ခိုးသားဓားပြဖြစ်၍ နေကြတဲ့ ခွေးတို့၏သန္တာန်၌။ ကိဉ္စိ ဘယံ၊ တစ်စုံတစ်ခုသော ဘေးဒုက္ခသည်။ နတ္ထိ၊ မရှိပေ။

အစောရာ မရဏံ လဘန္တိ

အစောရာ၊ သူခိုးမဟုတ်တဲ့ ခွေးတို့သည်ကား။ မရဏံ၊ သေကျေ ပျက်စီးခြင်းကို။ လဘန္တိ၊ ရရှိ၍ နေကြပေကုန်၏။

တကယ့် သူခိုးဖြစ်တဲ့ ခွေးတွေကတော့ ဘာဘေးဒုက္ခမှ မရောက်ဘူး။ သူခိုးမဟုတ်တဲ့ ခွေးတွေက ဘေးဒုက္ခတော့ အကြီးအကျယ် ရောက်နေပြီ။

ယံနူနာဟံ စောရေ ရညော ဒဿေတွာ ဉာတိသံဃဿ ဇီဝိတဒါနံ ဒဒေယျ’’

အဟံ၊ ငါသည်။ စောရေ၊ သူခိုးခွေးတို့ကို။ ရညော၊ ဗာရာဏသီ မင်းကြီးအား။ ဒဿေတွာ၊ ထင်ရှားပြ၍။ ဉာတိသံဃဿ၊ ဆွေမျိုးအပေါင်းဖြစ်တဲ့ ခွေး၏ (ဆွေမျိုးဖြစ်ကြတဲ့ ခွေးအပေါင်းတို့၏)။ ဇီဝိတဒါနံ၊ အသက်အလှူဒါနကို။ ဒဒေယျ၊ ပေးလှူရပါမူကား။ ယံနူန၊ ကောင်းလေစွ။

သူ စဉ်းစားပြီးနော်။ ငါဟာ သားရေကို စားတဲ့ ခွေးသူခိုးတွေကို ရှင်ဘုရင်ကြီးကို ငါ သေချာပြမယ်။ ပြပြီးတဲ့ အခါကျတော့မှ ဆွေမျိုးအပေါင်း ဖြစ်နေတဲ့ ငါ့ရဲ့ ခွေးအပေါင်းရဲ့ အသက်အလှူဒါန ဇီဝိတဒါနကြီးကို ငါလှူဒါန်းရမယ် ဆိုရင်တော့ သိပ်ကောင်းမယ်။ ဒီလို စဉ်းစားတယ်။ စဉ်းစားပြီးတဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

ပါရမိယော အာဝဇ္ဇေတွာ မေတ္တာဘာဝနံ ပုရေစာရိကံ ကတွာ

ပါရမိယော၊ ပါရမီ ဆယ်ပါးတို့ကို။ အာဝဇ္ဇေတွာ၊ ဆင်ခြင်ပြီး၍။ မေတ္တာဘာဝနံ၊ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို။ ပုရေစာရိကံ၊ ရှေ့သွားပြုသည်ကို။ ကတွာ၊ ပြု၍။

ပါရမီတွေကို ပြန်ဆင်ခြင်တယ်။ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို ရှေ့သွားပြုတယ်။ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းတွေ ဒီတစ်ခါမှာ ပြန်ပြီးတော့ စီးဖြန်းပြန်တယ်နော်။ ဘေးရန် ကင်းကြပါစေ၊ သတ္တဝါ အားလုံးပေါ့နော်။ သို့မဟုတ် ခွေးတွေ သို့မဟုတ် နန်းတွင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေ ဘေးရန် ကင်းကြပါစေ, စိတ်ဆင်းရဲ ကင်းကြပါစေ, ကိုယ်ဆင်းရဲ ကင်းကြပါစေ, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ စသည်ဖြင့် ဒီမေတ္တာဘာဝနာရေချမ်း ပက်ဖျန်းပေးပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဘုရားအလောင်းတော်တို့က ဒီလို လုပ်ငန်းတစ်ခု လုပ်တဲ့အချိန်အခါမှာ မေတ္တာကို ရှေ့သွားပြဓာန်းပြီးတော့ လုပ်လေ့ ရှိပါတယ်နော်။ ဒါကြောင့်လည်း ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်ဟာ ပဋိသန္ဓေ လူ့ပြည်လူ့လောကမှာ နောက်ဆုံးဘဝ ပဋိသန္ဓေ တည်နေတဲ့ အချိန်အခါမှာ ဘယ်ကံက အကျိုးပေးသလဲဆိုတဲ့အချက်နဲ့ ပတ်သက်ပြီးတော့ အဋ္ဌသာလိနီ အဋ္ဌကထာကတော့ မေတ္တာ ပုဗ္ဗဘာဂ ပဋိပဒါ = မေတ္တာရဲ့ ရှေ့သွားဖြစ်တဲ့ ကျင့်စဉ်တွေက ပဋိသန္ဓေအကျိုးကို လာပေးတယ်ဆိုပြီး ဒီလို ဖွင့်ထားတယ်။

မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့ အချိန်အခါမှာ မေတ္တာဈာန်သို့ မဆိုက်မီ သမာဓိတွေ ရှိတယ်။ ပရိကမ္မသမာဓိ၊ ဥပစာရသမာဓိလို့ ခေါ်ဆိုအပ်တဲ့ သမာဓိတွေ ရှိပါတယ်။ အဲဒီ သမာဓိနဲ့ ယှဉ်တွဲနေတဲ့ ကုသိုလ်ဘာဝနာတွေကို မေတ္တာပုဗ္ဗဘာဂပဋိပဒါလို့ ခေါ်ပါတယ်။ မေတ္တာရဲ့ ရှေ့ပြေးကျင့်စဉ် ပဋိပတ္တိပဲ။ အဲဒီ မေတ္တာရဲ့ ရှေ့ပြေးဖြစ်တဲ့ ဒီကျင့်ဝတ်ပဋိပတ် ကုသိုလ်တရားတွေက ဘုရားအလောင်းတော်ကို နောက်ဆုံးဘဝမှာ သိဒ္ဓတ္ထမင်းသားဘဝသို့ ရရှိအောင် ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ ကံတွေ ဖြစ်လာတယ်နော်။

ပြီးတော့ ဘုရားအလောင်းရဲ့ ပဋိသန္ဓေအကျိုးကို ပေးတဲ့ကံက မေတ္တာပြဓာန်းနေတဲ့ ကုသိုလ်ကံ ဖြစ်ခြင်းကြောင့် မေတ္တာဈာန်တွေကတော့ ဗြဟ္မာပြည်မှာ အကျိုးပေးတဲ့ စွမ်းအားရှိတယ်နော်။ မေတ္တာဈာန် မဆိုက်မီ ဥပစာရသမာဓိ၊ ဒီထက် အဆင့်နိမ့်တဲ့ ပရိကမ္မသမာဓိ ဒီသမာဓိနဲ့ ယှဉ်တွဲနေတဲ့ ကုသိုလ်စေတနာတွေကတော့ ခုလို လူ့ပြည်လူ့လောက၊ နတ်ပြည်နတ်လောကတွေမှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့စွမ်းအား ရှိပါတယ်။ အဲဒီလို စွမ်းအား ရှိခြင်းကြောင့် အခု ဘုရားအလောင်းတော်ရဲ့ ပဋိသန္ဓေမျိုးစေ့ကို အကျိုးပေးတတ်တဲ့ စွမ်းအားရှိတဲ့ ကုသိုလ်ကံသည် မေတ္တာဘာဝနာနှင့် ယှဉ်တွဲနေတဲ့ ကံတွေဖြစ်တယ်။ မေတ္တာဘာဝနာ ကုသိုလ်ကံတွေ ဖြစ်နေတယ်။ မေတ္တာဘာဝနာ ကုသိုလ်ကံတွေ ဖြစ်ခြင်းကြောင့် ဒီကံက အကျိုးပေးတဲ့ ဘဝမှာ ဘုရားရှင်ရဲ့သန္တာန်မှာ မေတ္တာ အလွန်အားကောင်းနေတဲ့ သူတော်ကောင်းတစ်ဦး မဖြစ်ရဘူးလား? ဖြစ်ရတယ်။

တလောက ဘုန်းကြီး ပြောခဲ့တယ်။ ဘုရားရှင်ရဲ့ မေတ္တာကို နှိုင်းချိန်ကြည့်ပါ။ ဦးပဉ္စင်းတို့ ရောဇမလ္လမင်းသားနော်။ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို မြို့ထဲမှာ တကြော်ကြော်နဲ့ ကြွေးကြော်ပြီးတော့ ပြောနေတယ်။ ဘုရားရှင်က တကယ်တော့ အင်မတန် ချီးမွမ်းထိုက်တဲ့ သူတော်ကောင်းတစ်ဦးပါ။ အဲဒီလို ချီးမွမ်းထိုက်တဲ့ သူတော်ကောင်း တစ်ဦးကိုသော်လည်း အကောင်း သူက မမြင်တတ်ဘူး။ အဆိုးပဲ မြင်နေတယ်။ အဆိုးမြင်နေတဲ့ အချိန်အခါကျတော့ ရှင်အာနန္ဒာက မြို့ထဲ သွားတော့ ကြားခဲ့တယ်။

ဩော် ... ရောဇမလ္လမင်းသားတော့ အကြီးအကျယ် ပျက်စီးတော့မှာပဲ။ ဒီလောက်တောင် ပူဇော်သင့် ပူဇော်ထိုက်တဲ့ တစ်လောကလုံးမှာ အသာဆုံး အမြတ်ဆုံး ဖြစ်နေတဲ့ ဘုရားရှင်ကိုသော်လည်း သူ ကျေနပ်မှုမရှိ ဖြစ်နေပြီ။ သူ့မှာတော့ အလွန်ကြီးလေးတဲ့ အကုသိုလ်ကံတွေကတော့ ဝင်ရောက်နေပြီ ဆိုပြီးတော့ သနားသွားတယ်။ သနားတဲ့အတွက် ကျောင်းတော် ပြန်ရောက်လာတော့ ဘာလုပ်သလဲ?

မြတ်စွာဘုရား ... ရောဇမလ္လမင်းသားကတော့ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို မြို့ထဲမှာ ပြောကြားနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားသည် ရောဇမလ္လမင်းသားအပေါ်၌ ကရုဏာရှေ့ရှုပြီးတော့ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းရေချမ်း ပက်ဖျန်းပေးတော်မူပါ ဆိုပြီးတော့ လျှောက်ထားတောင်းပန်တယ်။ လျှောက်ထားတောင်းပန်နေတဲ့ ပုဂ္ဂိုလ်ကို ပြန်ကြည့်လိုက်တော့လည်း ဒီ ရောဇမလ္လမင်းသားရဲ့ အကျိုးတရားကို လိုလားတောင့်တတဲ့ စိတ်ထားရှိသလား၊ မရှိဘူးလား? ရှိနေပြန်တယ်နော်။ အဲဒီ အချိန်အခါမှာ ဘုရားရှင်ကလည်း အတိတ်ပါရမီ အဆက်ဆက်က အတိတ်သံသရာ အဆက်ဆက်မှာ ဒီမေတ္တာပါရမီ ဦးဆောင်နေတဲ့ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခဲ့တဲ့အတွက် မေတ္တာပါရမီနှင့်တကွ ပါရမီဆယ်ပါးလုံးကို ဖြည့်ကျင့်ခဲ့တဲ့အတွက် ဘာလုပ်လိုက်သလဲ?

သတ္တဝါအားလုံးအပေါ်၌ ဖြန့်ကြက်ပြီး ပွားများနေတဲ့ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို ခေတ္တ ရုပ်သိမ်းလိုက်တယ်။ ရုပ်သိမ်းပြီးတဲ့ အချိန်အခါကျတော့မှ ရောဇမလ္လမင်းသား တစ်ဦးတည်းအပေါ်သို့ စူးစိုက်ပြီး မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းရေချမ်း ပက်ဖျန်းပေးတော်မူတယ်။ ထိုအချိန်အခါမှာ ဒီ ရောဇမလ္လမင်းသားရဲ့ စိတ်ထားတွေ ပြောင်းလဲသွားတယ်။ နွားသားငယ်လေး ပျောက်နေတဲ့ နွားမမိခင်ကြီးသည် နွားသားငယ်လေးကို မရမက အတင်းလိုက်ပြီး ရှာဖွေသလိုပဲ ရောဇမလ္လမင်းသားသည် ဘုရားရှင်ရှိရာ ကျောင်းတိုက်အတွင်း ချက်ချင်းရောက်လာတယ်။

”မြတ်စွာဘုရား ဘယ်မှာလဲဘုရား ...၊ မြတ်စွာဘုရား ဘယ်မှာလဲဘုရား ...” ဆိုပြီး ချက်ချင်း စိတ်ဓာတ်တွေ ပြောင်းလဲသွားတယ်နော်။ ဘုရားရှင်ကလည်း သူနဲ့ ထိုက်တန်တဲ့ တရားစကားတွေ ဟောကြားပြသ ပေးလိုက်တဲ့ အချိန်အခါမှာ သရဏဂုံ တည်သွားပါတယ်။ ကုသိုလ်တရားတွေ သူ့သန္တာန်မှာ များစွာ တိုးပွားမသွားဘူးလား? တိုးပွားသွားတယ်။ ဒါကြောင့် ဒီမေတ္တာရဲ့ စွမ်းအားဟာ အလွန်မကြီးမားဘူးလား? ကြီးမားပါတယ်။

မည်သည့် ကာယကံကို မဆို၊ မည်သည့် ဝစီကံကို မဆို မိမိတို့က ပြုလုပ်တော့မယ်ဆိုရင် ဒီမေတ္တာဘာဝနာလေးကို ရှေ့သွားပြုပြီးတော့ ပြုလုပ်ခဲ့မယ်၊ ပြောဆိုခဲ့မယ်ဆိုရင် ပြုလုပ်ပြောဆိုနေတဲ့ မိမိသန္တာန်မှာလည်း ကုသိုလ်တရားတွေ မတိုးပွားဘူးလား? တိုးပွားသွားတယ်။ ဟို အပြုခံရတဲ့ သို့မဟုတ် အပြောအဆို ခံရတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာလည်း ကုသိုလ်တရားတွေ မတိုးပွားဘူးလား? တိုးပွားတယ်။ အခု ကြည့်ပေါ့ -

ရောဇမလ္လမင်းသားရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေ တိုးပွားမသွားဘူးလား? တိုးပွားသွားတယ်။ မေတ္တာဆိုတဲ့ ဒီလက်နက်ကို ဘုရားရှင်က အသုံးပြုလိုက်တဲ့အတွက် ဘုရားရှင်မှာလည်း နောက်ထပ် ဒီရောဇမလ္လမင်းသားရဲ့ နှောင့်ယှက်တဲ့ ဒဏ်ကိုလည်း ခံရသေးလား? မခံရတော့ဘူး။ ပြောင်းလဲသွားတယ်။

မယှံ ဥပရိ လေဍ္ဍုံ ဝါ မုဂ္ဂရံ ဝါ မာ ကောစိ ခိပိတုံ ဥဿဟီ

မယှံ၊ ငါ၏။ ဥပရိ၊ အထက်၌။ လေဍ္ဍုံ ဝါ၊ ခဲကိုသော်လည်းကောင်း။ မုဂ္ဂရံ ဝါ၊ ဆောက်ပုတ်ကိုသော်လည်းကောင်း။ ကောစိ၊ တစ်စုံတစ်ယောက်သောသူသည်။ ခိပိတုံ၊ ပစ်ခတ်ခြင်းငှာ (သို့မဟုတ်) ဖြစ်အံ့သောငှာ။ မာ ဥဿဟီ၊ မစွမ်းနိုင်ပါစေသတည်း။

ဟော ... သူက မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းရေချမ်း ပက်ဖျန်းပြီးတဲ့ အချိန်အခါ၊ မေတ္တာဘာဝနာတွေ စီးဖြန်းပြီးတဲ့ အချိန်အခါကျတော့မှ သူက ဘာလုပ်သလဲ? အဓိဋ္ဌာန်ပါရမီကို ကူလိုက်တယ်။ ငါ့ရဲ့အပေါ်မှာ မည်သည့် သတ္တဝါ တစ်စုံတစ်ယောက်ကမှ ခဲကိုသော်လည်းကောင်း၊ ဆောက်ပုတ်ကိုသော်လည်းကောင်း တစ်စုံတစ်ခုသော လက်နက်ကို ပစ်လွှတ်ခြင်းငှာ မစွမ်းနိုင်ပါစေသတည်းဆိုပြီး ဓိဋ္ဌာန်တော်မူပါတယ်။ ဘာဖြစ်လို့လဲ? တကယ် အန္တရာယ်များတဲ့ နေရာကို သူက ဝင်ရတော့မှာ ဖြစ်တယ်နော်။ အသက်စွန့်ပြီး ဝင်ရတော့မှာဖြစ်တော့ ဒီအဓိဋ္ဌာန်ပါရမီကို ဝင်ပြီးတော့ ကူရပြန်တယ်။ အတိတ်ဘဝ ထိုထိုက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ချီပြီးတော့ ဒီအဓိဋ္ဌာန်ပါရမီကိုလည်း ဖြည့်ကျင့်ခဲ့တာ ဖြစ်ခြင်းကြောင့် အခုလို အခက်အခဲ ကြုံတဲ့ အချိန်အခါမှာ ဒီအဓိဋ္ဌာန်ပါရမီသည် အထမြောက်မလာဘူးလား? ထမြောက်လာတယ်။

ဒါကြောင့် ဒကာကြီးတွေ၊ ဒကာမကြီးတွေ နည်းနည်း ဒီအဓိဋ္ဌာန်ပါရမီလေးက လေ့ကျင့်ပေးဖို့ ကောင်းတယ်။ ဒီနေ့ကစပြီး ငါ ဒီအလုပ်ကို မလုပ်ဘူး။ အဓိဋ္ဌာန်ပါ။ ဒီနေ့ကနေ စပြီး ဒီအပြော ငါ ဘယ်တော့မှ မပြောဘူး။ အဓိဋ္ဌာန်ပါ။ အောင်မြင်အောင် လေ့ကျင့်ပါ။ တစ်နေ့မှာ ဒီအဓိဋ္ဌာန်ပါရမီတွေက စွမ်းအင် ထက်မြက်လာတတ်ပါတယ်။ ဘုန်းကြီးရှေ့တော့ ဘာလုပ်သလဲ? ”မုသာဝါဒ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဘုန်းကြီး ခပ်တည်တည် ချပေးလိုက်တယ်။ ဟိုကလည်း ”မုသာဝါဒ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဆိုပြီး ခပ်တည်တည် လိုက်ဆိုလိုက်တယ်။ တကယ်ကော ဆောက်တည်သလား? ဘုန်းကြီးကလည်း ချပေးလိုက်ရတာ မောရောနော်။ သူတို့ကလည်း မုသာဝါဒမှာ တကယ်ရှောင်ကြဉ်တာ ဟုတ်သလား? မရှောင်ကြပြန်ဘူး။

ဘုန်းကြီးရှေ့မှာတော့ ဣန္ဒြေရရ ခပ်တည်တည်လေးနဲ့ သူက သီလ သွားယူမယ်လေ။ ဒီနေ့ ဆရာတော် သီလပေးမယ်။ ဟုတ်တယ်မလား? ခပ်တည်တည်လေးနဲ့ သူက သီလ လာယူတယ်။ သမာဒိယာမိဆို လုပ်သွားတာပဲ။ ပြီးတော့ တကယ်ကျင့်တာ ဟုတ်သလား? မကျင့်ပြန်ဘူး။ မကျင့်တော့ သူက အကျိုးပေးနိုင်ပါဦးမလား? သူ့ရဲ့ အဓိဋ္ဌာန်ပါရမီက အောင်မြင်မှု မရှိတဲ့အတွက် သူအဓိဋ္ဌာန်ကြည့်လိုက် မီးတွေကို ရေဖြစ်ပါစေသတည်းလို့ အဓိဋ္ဌာန်ကြည့် ဖြစ်ပါ့မလား? ရေကို မီးဖြစ်စေလို့ အဓိဋ္ဌာန်ကြည့် ဖြစ်ပါဦးမလား? မဖြစ်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲ?

သူ့ သမာဒိယာမိက တကယ့် သမာဒိယာမိ မဟုတ်ဘူး။ တကယ့် သမာဒိယာမိဆိုတာ နားလည်သလား? နားလည်ကြပါလိမ့်မယ်။ ဟုတ်တယ်မလား? ဒါကြောင့် ဒီနေရာမှာ ဘုရားအလောင်းတော်ကတော့ သူက သံသရာ တစ်လျှောက်မှာ တကယ့် သမာဒိယာမိ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ပဲ။ ဒါကြောင့် ဒီနေရာမှာ အဓိဋ္ဌာန်ပါရမီ ကူလိုက်တယ်။ ကူလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

ဧကကောဝ အန္တောနဂရံ ပါဝိသိ။

ဧကကောဝ၊ တစ်ယောက်တည်းသာလျှင်။ အန္တောနဂရံ၊ မြို့တွင်းသို့။ ပါဝိသိ၊ ဝင်ရောက်၍ သွားခဲ့လေပြီ။

တစ်ယောက်တည်းပဲ မြို့ထဲဝင်သွားတယ်။ ဘာအပေါင်းအဖော်မှလည်း မခေါ်ဘူး။ စွန့်စားခန်းပဲ။

အထ နံ ဒိသွာ ဧကသတ္တောပိ ကုဇ္ဈိတွာ ဩလောကေန္တော နာမ နာဟောသိ။

အထ၊ ထိုအခါ၌။ နံ၊ ထိုဘုရားအလောင်းခွေးကို။ ဒိသွာ၊ မြင်၍။ ဧကသတ္တောပိ၊ တစ်စုံတစ်ယောက်သော သတ္တဝါသည်သော်မျှလည်းပဲ။ ကုဇ္ဈိတွာ၊ အမျက်ထွက်၍။ ဩလောကေန္တော နာမ၊ ကြည့်တဲ့ ပုဂ္ဂိုလ်မည်သည်။ န အဟောသိ၊ မရှိခဲ့လေ။

ဘယ်လောက်ကောင်းလိုက်သလဲ ကြည့်စမ်း! ဘုရားအလောင်းခွေး ခပ်တည်တည်ပဲ ဝင်သွားလိုက်တယ်။ သူ့ကို ဒေါသထွက်ပြီးကြည့်တဲ့ ပုဂ္ဂိုလ် တစ်ယောက်မျှ မရှိဘူး။ ဘာစွမ်းအင်လဲ? မေတ္တာဘာဝနာရဲ့ စွမ်းအင်၊ အဓိဋ္ဌာန်ပါရမီရဲ့ စွမ်းအင်တွေပဲ။ ဘယ်လောက် အစွမ်းထက်သလဲ ကြည့်။ တကယ် တုတ်တွေ၊ ဓားတွေ၊ လက်နက်တွေ ကိုင်သွားတာ ဟုတ်သလား? မဟုတ်ပါဘူးနော်။

အထ နံ ဒိသွာ ဧကသတ္တောပိ ကုဇ္ဈိတွာ ဩလောကေန္တော နာမ နာဟောသိ။

အထ၊ ထိုအခါ၌။ နံ၊ ထိုဘုရားအလောင်းခွေးကို။ ဒိသွာ၊ မြင်၍။ ဧကသတ္တောပိ၊ တစ်စုံတစ်ယောက်သော သတ္တဝါသည်သော်မျှလည်းပဲ။ ကုဇ္ဈိတွာ၊ အမျက်ထွက်၍။ ဩလောကေန္တော နာမ၊ ကြည့်တဲ့ ပုဂ္ဂိုလ်မည်သည်။ န အဟောသိ၊ မရှိခဲ့လေ။

ရာဇာပိ သုနခဝဓံ အာဏာပေတွာ သယံ ဝိနိစ္ဆယေ နိသိန္နော ဟောတိ။

ထိုအချိန်မှာ ဗာရာဏသီ မင်းကြီးက ဘာလုပ်သလဲ?

ရာဇာပိ၊ ဗာရာဏသီ ဘုရင်မင်းမြတ်သည်လည်းပဲ။ သုနခဝဓံ၊ ခွေးသတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို။ အာဏာပေတွာ၊ ခိုင်းစေပြီး၍။ သယံ၊ မိမိကိုယ်တိုင်က။ ဝိနိစ္ဆယေ၊ တရားစီရင်ရာဌာန၌။ နိသိန္နော၊ ထိုင်နေလျက်။ ဟောတိ၊ ရှိပေ၏။

ဗာရာဏသီ ဘုရင်ကြီးကလည်း ခွေးတွေကို သတ်ဖို့ရန်အတွက် ခွေးသတ်လုပ်ငန်း အမိန့်အာဏာတွေ ဆင့်ဆိုပြီးတဲ့အခါ တရားစီရင်တဲ့ ဝိနိစ္ဆယဌာနမှာ မိမိကိုယ်တိုင်က ထိုင်ပြီးတော့ တရားစီရင်နေပြီနော်။

ဗောဓိသတ္တော တတ္ထေဝ ဂန္တွာ ပက္ခန္ဒိတွာ ရညော အာသနဿ ဟေဋ္ဌာ ပါဝိသိ။

ဗောဓိသတ္တော၊ ဘုရားအလောင်းသည်။ တတ္ထေဝ၊ ထိုတရားစီရင်ရာ နေရာသို့သာလျှင်။ ဂန္တွာ၊ သွား၍။ ပက္ခန္ဒိတွာ၊ ပြေးသွား၍။ ရညော၊ မင်း၏။ အာသနဿ၊ ပလ္လင်၏။ ဟေဋ္ဌာ၊ အောက်၌။ ပါဝိသိ၊ ဝင်ရောက်၍ နေခဲ့လေပြီ။

ဘယ်လောက် သတ္တိရှိသလဲနော်။ အင်မတန် အန္တရာယ်များတဲ့ နေရာ မဖြစ်ဘူးလား? ဖြစ်ပါတယ်။ ဒီလို အန္တရာယ်များတဲ့ နေရာမှာ သူက ရဲရဲဝင့်ဝင့်နဲ့ ဝင်သွားလိုက်တာ ဘယ်သူ့အတွက်လဲ? မိမိရဲ့ အမျိုးသားတွေအတွက်ပဲနော်။ မိမိအတွက် ဟုတ်သလား? မဟုတ်ပါဘူး။ မိမိ တစ်မျိုးသားလုံးရဲ့အတွက်ဆိုတဲ့ ဒီစိတ်ထားလေး သူတော်ကောင်းဆိုတာ ရှိသင့်ပါတယ်။ မိမိရဲ့ ဘုန်းကြီးတွေအတွက်၊ မိမိရဲ့လူမျိုးတွေအတွက်၊ မိမိတို့ရဲ့ သီလရှင်တွေအတွက်၊ မိမိတို့ရဲ့ ယောဂီတွေအတွက် စသည်ဖြင့် ဒီလို မွန်မြတ်တဲ့ စိတ်ထားလေးတွေ ရှိဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒီပုဂ္ဂိုလ်တွေအတွက် ဘာလုပ်ရမှာလဲ?

ချမ်းသာသုခရအောင် သူက ရွက်ဆောင်ပေးမှာ၊ ဆင်းရဲဒုက္ခရောက်အောင် ပြုလုပ်မှာ ဟုတ်သလား? မဟုတ်ဘူး။ ဆင်းရဲဒုက္ခ ရောက်ဖို့ရန်အတွက်လည်း သွားပြောနေတာ ဟုတ်သလား? မဟုတ်ဘူး။ ချမ်းသာသုခ ရရှိဖို့အတွက် သူသွားပြီး ဆောင်ရွက်တာပဲ။ ဆောင်ရွက်တဲ့အပိုင်းမှာ သူက ဘာလုပ်ပြီး ဆောင်ရွက်ရသလဲ? အသက်ကို စွန့်လွှတ် လှူဒါန်းပြီးတော့မှ သူက ဆောင်ရွက်ရတဲ့ လုပ်ငန်းပါ။ နန်းတော်ဆိုတာက ခွေးတစ်ကောင် မပြောနဲ့ လူသာမန် တစ်ဦးတောင် ဝင်ရောက်ဖို့တောင်အတွက် အလွန် ခက်ခဲတဲ့ ဒေသတစ်ခု။ ဒီလိုနေရာမျိုးမှာ ခုလို အင်မတန် ကြီးမားတဲ့ ခွေးကြီးတစ်ကောင် ဝင်သွားတာ ဘယ်သူမှ ဘာမှမလုပ်ဘူးဆိုတာ ဘယ်လောက် ကြီးမားတဲ့ မေတ္တာဘာဝနာရဲ့ စွမ်းအားဆိုတာ ကြည့်ပေတော့။ အဲဒီ အချိန်အခါကျတော့မှ -

အထ နံ ရာဇပုရိသာ နီဟရိတုံ အာရဒ္ဓါ

အထ၊ ထိုအခါ၌။ နံ၊ ဒီခွေးကို။ ရာဇပုရိသာ၊ မင်းချင်းယောက်ျားတို့သည်။ နီဟရိတုံ၊ အပြင်သို့ ဆွဲထုတ်ခြင်းငှာ။ အာရဒ္ဓါ၊ ကြိုးစားအားထုတ်ကြကုန်ပြီ။

ဒီခွေးကို မင်းချင်းယောက်ျားတွေကနေ အပြင် ဆွဲထုတ်ဖို့ ကြိုးစားကြပြီ။

ရာဇာ ပန ဝါရေသိ။

ရာဇာ ပန၊ ဗြဟ္မဒတ်မင်းကြီးကမူ။ ဝါရေသိ၊ တားမြစ်တော်မူ၏။

ရှင်ဘုရင်ကြီးက ဆွဲမထုတ်ဖို့ရန်အတွက် တားမြစ်လိုက်ပြီနော်။ ဘာဖြစ်လို့လဲ? အတိတ်ဘဝ ခုနက ပြောခဲ့တဲ့အတိုင်းပဲ မေတ္တာဓာတ်တွေက တစ်ဦးနဲ့တစ်ဦး ကူးလူးဆက်ဆံခဲ့တယ်။ ဒီမှာ ရှင်ဘုရင်ကလည်း ရှင်အာနန္ဒာ အလောင်းပါပဲနော်။ မေတ္တာဓာတ်ချင်း ကူးလူးဆက်ဆံခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ဦးနဲ့တစ်ဦး အခုလို တွေ့လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက်တည်း တစ်ဦးကိုတစ်ဦး မေတ္တာဓာတ်တွေက ပြန်ပြီးတော့ ဝင်လာကြတယ်။ အဲဒီတော့ ဒီခွေးကလည်း အနည်းငယ် အပန်းဖြေပြီးတဲ့ အချိန်အခါကျတော့မှ ပလ္လင်အောက်ကနေ ထွက်တယ်။ ထွက်ပြီးတော့ ရှင်ဘုရင်ကို ရှိခိုးလိုက်တယ်။ ရှိခိုးပြီးတော့မှ ဘာလျှောက်သလဲ?

‘‘ဒေဝ, တုမှေ ကုက္ကုရေ မာရာပေထာ’’

ဒေဝ၊ အို အရှင်မင်းမြတ်တို့။ တုမှေ၊ အရှင်မင်းမြတ်တို့သည်။ ကုက္ကုရေ၊ ခွေးတို့ကို။ မာရာပေထ၊ သတ်စေကြပါကုန်သလော။

အရှင်မင်းမြတ်။ အရှင်မင်းမြတ်တို့ဟာ ခွေးတွေကို သတ်စေကြပါသလား? ခွေးတွေကို သတ်ခိုင်းပါသလား မေးကြည့်တယ်။ ဘာဖြစ်လို့လဲ? ပညာရှိဆိုတာ စူးစမ်းဆင်ခြင်ပြီးတော့မှ မေးမြန်းပြီးတော့မှ အလုပ်တစ်ခု လုပ်ရပါတယ်နော်။ မတိကျတဲ့ အလုပ်တစ်ခုကို သွားပြီး ကယောင်ကတမ်း ယောင်ယမ်းပြီး ပြောဆိုခဲ့မိရင် အမှားမှား အယွင်းယွင်းတွေ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ သူက တိကျအောင် စုံစမ်းရတယ်နော်။ စုံစမ်းတဲ့ အချိန်အခါမှာလည်း နှုတ်သီး တစ်လံလောက် ရှည်ပြီး ပြောတာ ဟုတ်သလား? မဟုတ်ပါဘူး။ ဘယ်လိုလုပ်သလဲ?

သေသေချာချာ ရှိခိုးလိုက်သေးတယ်နော်။ ဘာဖြစ်လို့လဲ? တစ်ဘက်ပုဂ္ဂိုလ်ကို စိတ်ထားတွေ နူးညံ့ပျော့ပျောင်းသွားအောင် ဒါရွက်ဆောင်နေတာ။ အဲဒီလို တစ်ဘက်ပုဂ္ဂိုလ်ကို ရှိမခိုးခင်မှာ သူက ဘာတွေလုပ်နေသလဲ? မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းတွေ စီးဖြန်းနေပါတယ်။ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းတွေ စီးဖြန်းပြီးတဲ့ အချိန်အခါကျတော့မှ သူက ရိုရိုသေသေနဲ့ ရှိခိုးလိုက်တယ်။ ဟိုပုဂ္ဂိုလ် စိတ်ဓာတ် ပြောင်းမသွားနိုင်ဘူးလား? ပြောင်းသွားနိုင်တယ်။ ဒါဟာ ဦးပဉ္စင်းတို့ အလောင်းတော်တို့ရဲ့ တကယ့် အကျပ်အတည်းမှာ ကျင့်သွားတဲ့ ကျင့်စဉ်လေးတွေပါ။ ခုဒီထဲမှာ ဆိုကြပါစို့။

အသတ်ခံရတဲ့ပုဂ္ဂိုလ် ဒီထဲမှာ ဘယ်နှစ်ယောက် အခုနေ ရှိသလဲ? တစ်ယောက်မှ မရှိပါဘူး။ သိပ်ပြီး အလွန်ကြီး ကျပ်တည်းနေကြတာ မဟုတ်ပါဘူး။ ဘုရားအလောင်းဖြစ်တဲ့ ခွေးတစ်ကောင်တောင်မှ သတ္တဝါ အားလုံးအပေါ်အတွက် မေတ္တာဘာဝနာရေချမ်း ပက်ဖျန်းပေးနိုင်တဲ့ စွမ်းအင် ရှိတယ်ဆိုရင် အသိအလိမ္မာ ဉာဏ်ပညာရှိပါတယ်လို့ ဝန်ခံနေတဲ့ ခုလိုပုဂ္ဂိုလ်တွေ, သူတော်ကောင်းတွေ သတ္တဝါ အားလုံးအပေါ်မှာ မေတ္တာဘာဝနာရေချမ်း ပက်ဖျန်းပေးဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါ အသိဉာဏ်ရှိဖို့ သိပ်လိုအပ်တယ်နော်။

အဲဒီတော့ ရှိခိုးပြီးတဲ့ အခါကျတော့မှ အရှင်မင်းမြတ် ... ခွေးတွေကို သတ်ဖို့အတွက် အမိန့် ချမှတ်တော်မူပါသလား ဆိုပြီးတော့ ရိုသေစွာ လျှောက်ထားတယ်။ “ဟေ့ကောင် ... မင်း ခွေးတွေ အသတ်ခိုင်းတယ် ဟုတ်သလား?” ဟော ... ဒီပုံစံမျိုး ဟုတ်သလား? မဟုတ်ပါဘူး။ အလွန် ရိုင်းပျတဲ့ စကားမျိုးတွေကို အဲဒီ ပြဿနာမျိုးနဲ့ ရှင်ဘုရင်ကို သွားပြောကြည့်ပါလား။ ဘာဖြစ်မလဲ? ဒီပြောတဲ့ ခွေးကော ချက်ချင်း သေမသွားနိုင်ဘူးလား? သေသွားနိုင်တယ်။ ဒါ မေတ္တာဓာတ်ကလေးနဲ့ ယှဉ်တွဲပြီးတော့ စကားဆိုတာ ပြောရပါတယ်။ အဲဒီအခါကျတော့မှ ရှင်ဘုရင်ကြီးကို မေးမြန်းလိုက်တဲ့ အချိန်အခါကျတော့မှ

အာမ မာရာပေမဟံ = ဟုတ်တယ်။ ငါခွေးတွေကို သတ်ခိုင်းခဲ့မိတယ်လို့ ပြန်ပြောတယ်။ လိမ်သလား? မဟုတ်ပါဘူး။ ငါ မခိုင်းပါဘူး။ ဒီလို ပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူး။ သူတော်ကောင်းဆိုတာက ဘယ်တော့မှ လိမ်လည် လှည့်ဖြားမှု မလုပ်ရပါဘူးနော်။

ကော နေသံ အပရာဓော နရိန္ဒ

နရိန္ဒ၊ လူတို့ကို အစိုးရတော်မူပါပေသော အိုမင်းမြတ်။ နေသံ၊ ထိုခွေးတို့၏။ အပရာဓော၊ အပြစ်သည်ကား။ ကော၊ အဘယ်ပါနည်း။

မေးပြီး။ ကဲ ... ခွေးတွေကို အသတ်ခိုင်းပြီ ဆိုလို့ရှိရင်လည်း ဘာဖြစ်လို့ အသတ်ခိုင်းရသလဲဆိုတဲ့ အကြောင်းကို ရှာဖွေဖို့ မလိုဘူးလား? လိုအပ်ပြီ။ အရှင်မင်းမြတ် လူတို့ကို အစိုးရတော်မူတဲ့ အရှင်မင်းမြတ် ... ခွေးတွေမှာ ဘယ်လို အပြစ်ရှိနေသလဲ မေးကြည့်တယ်။

ရထဿ မေ ပရိဝါရစမ္မဉ္စ နဒ္ဓိဉ္စ ခါဒိံသု

ရထဿ၊ ရထား၏။ မေ၊ ငါ၏။ ပရိဝါရစမ္မဉ္စ၊ ခြံရံထားတဲ့ သားရေကိုလည်းကောင်း။ နဒ္ဓိဉ္စ၊ မှေးယှက်ဖွဲ့ရစ်ထားတဲ့ သားရေကိုလည်းကောင်း။ ခါဒိံသု၊ စားကြလေကုန်ပြီ။

ငါ့ရဲ့ ရထားမှာ ရှိနေတဲ့ ခြံရံထားတဲ့ သားရေတွေ၊ မှေးယှက်ထားတဲ့, ချည်နှောင်ထားတဲ့ သားရေတွေ အားလုံး စားပစ်ကြတယ်။ ဒီလို ရှင်ဘုရင်ကြီးက ပြန်ပြီးတော့ ပြောတယ်။ ပြောလိုက်တဲ့ အချိန်အခါမှာ ဘုရားအလောင်းခွေးက သူမေးပုံလေးတွေက သိပ်အကွက်စေ့တယ်နော်။ ဒကာကြီးတွေ ရှေ့နေလုပ်စားချင်ကြတယ် ဆိုလို့ရှိရင်တော့ သူ့မေးခွန်းလေးတွေကို သင်ထားဖို့ သိပ်ကောင်းတယ်။

‘‘ယေ ခါဒိံသု, တေ ဇာနာထာ’’

ယေ၊ အကြင်ခွေးတို့သည်။ ခါဒိံသု၊ သားရေကို စားကြကုန်၏။ တေ၊ ထိုခွေးတို့ကို။ ဇာနာထ၊ သိရှိကြပါကုန်သလား။

ဟော ... သူက ပြန်မေးပြီ။ သားရေစားတဲ့ ခွေးတွေကို အရှင်မင်းကြီး သိတော်မူပါသလားတဲ့ မေးကြည့်တယ်။

န ဇာနာမာ = ငါ မသိဘူးကွယ်။

‘‘‘ဣမေ နာမ စမ္မခါဒကစောရာ’တိ တထတော အဇာနိတွာ ဒိဋ္ဌဒိဋ္ဌဋ္ဌာနေယေဝ မာရာပနံ န ယုတ္တံ, ဒေဝါ’’

ဒေဝ၊ အို အရှင်မင်းမြတ်။ ဣမေ၊ ဤခွေးတို့သည်။ စမ္မခါဒကစောရာ၊ သားရေစားတဲ့ သူခိုးခွေးတို့သည်။ နာမ၊ မည်သည်ကား။ တထတော၊ ဟုတ်မှန်တိုင်းသော သဘောအားဖြင့်။ အဇာနိတွာ၊ မသိရှိပါဘဲလျှင်။ ဒိဋ္ဌဒိဋ္ဌဋ္ဌာနေယေဝ၊ မြင်မြင်ရာ အရပ်၌။ မာရာပနံ၊ ခွေးတို့ကို သတ်စေခြင်းငှာ။ န ယုတ္တံ၊ မသင့်မတင့်လှပါ။

ဒီခွေးတွေဟာ သားရေကို ခိုးစားနေတဲ့ သူခိုးခွေးတွေပဲလို့ အရှင်မင်းကြီး မသိဘူး။ အဲဒီလို ဟုတ်မှန်သည့်အတိုင်း မသိပါဘဲလျက် မြင်တိုင်းမြင်တိုင်း တွေ့တဲ့နေရာမှာ ခွေးတွေကို သတ်နေခြင်း ဆိုတာကတော့ မသင့်တော်ပါဘူး ဆိုပြီးတော့ ပြန်ပြောတယ်။ ဘယ့်နှယ်တုံး? အဲဒီ စကားလေးက ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်နေတယ်။ အဲဒီ စကားက ဘယ်သူပြောနေတဲ့ စကားလဲ? ခွေးက ပြောနေတဲ့ စကားပါနော်။ ခွေးကတောင်မှ ဒီလို ပြောတတ်တယ်ဆိုရင်နော် လူတွေဟာ ဒီစကားလေးတွေကို ပိုပြီး ဆင်ခြင်ဖို့ မကောင်းဘူးလား? သားရေခိုးစားတဲ့ ခွေးက ဘယ်ခွေးလဲ? ကျကျနန သိဖို့တော့ မလိုဘူးလား? ကဲ ခိုးတာမှန်ခဲ့ရင် ဘယ်ခွေးတွေက ခိုးသလဲ? တိတိကျကျ သိရမယ်။ မတိမကျ မသိဘဲနဲ့ ရမ်းပြီးတော့ စကားပြောခဲ့မယ် ဆိုလို့ရှိရင် မှားမသွားနိုင်ဘူးလား? မှားသွားမယ်။

ဒါကြောင့် အရှင်မင်းမြတ် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်ဆိုတာ ဒီခွေးတွေဟာ သားရေတွေကို ခိုးစားနေတဲ့ ခွေးတွေပါပဲလို့ ဟုတ်မှန်တဲ့အတိုင်း မသိရှိပါဘဲလျက် မြင်မြင်သမျှ ခွေးတွေကို လိုက်ပြီး သတ်ဖြတ်နေခြင်း ဆိုတာကတော့ မတော်ပါဘူး။ မြင်မြင်သမျှတွေကို အကုန်လုံး လိုက်ပြီး မဟုတ်မတရား စွပ်စွဲနေတာကော တော်မလား? မတော်ဘူး။ သတ်ဖြတ်နေတာကော တော်မလား? မတော်ဘူးနော်။

‘‘ရထစမ္မဿ ကုက္ကုရေဟိ ခါဒိတတ္တာ ‘ဒိဋ္ဌဒိဋ္ဌေ သဗ္ဗေဝ မာရေထာ’တိ သုနခဝဓံ အာဏာပေသိ’’

ရထစမ္မဿ၊ ရထား၌ ဖွဲ့ယှက်မှေးယှက် ထားအပ်တဲ့ သားရေကို။ ကုက္ကုရေဟိ၊ ခွေးတို့က။ ခါဒိတတ္တာ၊ ခဲစားထားသည့်အဖြစ်ကြောင့်။ ဒိဋ္ဌဒိဋ္ဌေ၊ မြင်မြင်တိုင်းသော ခွေးတို့ကို။ သဗ္ဗေဝ၊ မြင်မြင်သမျှ ခွေးအားလုံးကိုသာလျှင်။ မာရေထ၊ သတ်စေ။ ဣတိ၊ ဤသို့လျှင်။ အာဏာပေသိ၊ ခွေးတို့ကို သတ်စေရန် မိန့်ကြားစေခိုင်းခဲ့ပါ၏။

ဩော် ရထားမှာ မှေးယှက်တင်ထားတဲ့, ရထားမှာ ရှိနေတဲ့ သားရေတွေကို ခွေးတွေက စားတဲ့အတွက် မြင်မြင်သမျှ ခွေးတွေကို သတ်ဖို့ အမိန့် ပေးလိုက်တာပါ ဆိုပြီးတော့ ပြန်ပြောတယ်။ အဲဒီ ပြန်ပြောတဲ့အခါမှာ ဘုရားအလောင်းက ပြန်ပြီးတော့ နည်းနည်းလေးမေးတယ်။ အဲဒီ မေးခွန်းလေးက တော်တော် ကောင်းတယ်နော်။

‘‘ကိံ ပန ဝေါ မနုဿာ သဗ္ဗေဝ ကုက္ကုရေ မာရေန္တိ

ဟော သူက မေးပြီ။

ဒေဝါ၊ အို အရှင်မင်းမြတ်။ ဝေါ၊ အရှင်မင်းမြတ်တို့ရဲ့။ မနုဿ၊ မင်းချင်းယောက်ျားတို့သည်။ သဗ္ဗေဝ၊ ခွေးအားလုံးတို့ကိုပင်လျှင်။ မာရေန္တိ၊ သတ်ဖြတ်ကြပါကုန်သလား။

ဒီလိုဆိုရင် အရှင်မင်းမြတ် ... ကျွန်တော်မျိုး မေးမယ်။ အရှင်မင်းရဲ့ မင်းချင်းယောက်ျားတွေဟာ ခွေးအားလုံးကို သတ်ကြပါသလား မေးကြည့်တယ်။

ဥဒါဟု မရဏံ အလဘန္တာပိ အတ္ထိ’’

ဥဒါဟု၊ ထိုသို့ မဟုတ်ခဲ့ပါမူ။ မရဏံ၊ သေခြင်းကို။ အလဘန္တာ၊ မရရှိကုန်သော။ သုနခါ၊ ခွေးတို့သည်။ ပိ၊ လည်းပဲ။ အတ္ထိ၊ ရှိကြပါကုန်သလား။

ခွေးတွေကို မြင်မြင်တဲ့ နေရာမှာ သတ်ဖို့ဆိုပြီးတော့ အရှင်မင်းမြတ်က အမိန့်ချလိုက်တယ်။ အရှင်မင်းမြတ်ရဲ့ မင်းချင်းယောက်ျားတွေက ခွေးတွေကို မြင်မြင်သမျှ ခွေးအကုန်လုံးကို သတ်သလား? သို့မဟုတ် အသတ်မခံရတဲ့ ခွေးတွေကော မရှိဘူးလား? သူက မေးကြည့်တယ်။ ဘယ့်နှယ်တုံး ဒကာကြီးတွေ မမေးသင့်ဘူးလား? မေးသင့်နေတယ်။

‘‘အတ္ထိ, အမှာကံ ဃရေ ကောလေယျကာ မရဏံ န လဘန္တီ’’

အတ္ထိ၊ ရှိပါပေ၏။ အမှာကံ၊ ငါတို့ရဲ့။ ဃရေ၊ နန်းတော်တွင်း၌။ ကောလေယျကာ၊ နန်းတွင်း၌ ကြီးပြင်းလာရတဲ့ ခွေးတို့သည်။ မရဏံ၊ သေခြင်းကို။ န လဘန္တိ၊ မရရှိကြပါကုန်။

ဟော ... သူကလည်း အမှန်အတိုင်းတော့ ပြန်ဖြေရတယ်နော်။ “ရှိပါတယ်။ ဒို့ရဲ့ နန်းတွင်းထဲမှာ ကြီးလာတဲ့, နန်းတွင်းမှာ မွေးလာတဲ့ ခွေးတွေကတော့ သေခြင်းဆိုတဲ့ သဘောတရားကို မရပါဘူး” ဆိုပြီး ဖြေတယ်။

မဟာရာဇ ဣဒါနေဝ တုမှေ ‘‘ရထစမ္မဿ ကုက္ကုရေဟိ ခါဒိတတ္တာ ‘ဒိဋ္ဌဒိဋ္ဌေ သဗ္ဗေဝ မာရေထာ’တိ သုနခဝဓံ အာဏာပေသိ’’

မဟာရာဇ၊ မြတ်သော မင်းကြီး။ တွံ၊ အသင်မင်းကြီးသည်။ ဣဒါနေဝ၊ ဤယခုအခါ၌ပင်လျှင်။ တုမှေ၊ အရှင်မင်းကြီးတို့သည်။ ဧဝံ၊ ဤသို့။ အဝေါစုံ၊ မိန့်ကြားတော်မူခဲ့ပါကုန်ပြီ။

အရှင်မင်းကြီး။ အရှင်မင်းကြီးပဲ အခုပဲ ဒီလို ပြောတယ်။ ဘယ်လိုလဲ?

ရထစမ္မဿ၊ ရထား၌ တည်ရှိတဲ့ သားရေကို။ ကုက္ကုရေဟိ၊ ခွေးတို့က။ ခါဒိတတ္တာ၊ ခဲစားသည့်အဖြစ်ကြောင့်။ ဒိဋ္ဌဒိဋ္ဌေ၊ မြင်တိုင်းမြင်တိုင်းသော။ သဗ္ဗေဝ၊ ခွေးအားလုံးတို့ကိုသာလျှင်။ မာရေထ၊ သတ်ကြကုန်လော့။ ဣတိ၊ ဤသို့။ သုနခဝဓံ၊ ခွေးကို သတ်ခြင်းဆိုတဲ့ အမိန့်အာဏာကို။ အာဏာပေသိ၊ စေခိုင်းမိန့်ကြားတော်မူခဲ့လေပြီ။

အရှင်မင်းကြီး ... အခုပဲ အရှင်မင်းကြီးက ပြောတယ်။ ဘယ်လို ပြောသလဲ? ရထားမှာ တည်ရှိတဲ့ သားရေတွေကို ခွေးတွေ စားတဲ့အတွက်ကြောင့် မြင်မြင်သမျှ ခွေးအားလုံးကို သတ်စေဆိုပြီးတော့ အမိန့်ပေးတယ်လို့ အရှင်မင်းကြီး ပြောပါတယ်နော်။

ဣဒါနိ ပန ‘‘အမှာကံ ဃရေ ကောလေယျကာ မရဏံ န လဘန္တီ’’ ဝဒေထ။

ဣဒါနိ ပန၊ ယခုအခါ၌ကား။ အမှာကံ၊ ငါတို့၏။ ဃရေ၊ ရွှေနန်းတော်အတွင်း၌။ ကောလေယျကာ၊ နန်းတွင်း၌ ကြီးပြင်းလာကြတဲ့, နန်းတွင်းမှာ မွေးဖွားတဲ့ ခွေးတို့သည်။ မရဏံ၊ သေခြင်းကို။ န လဘန္တိ၊ မရရှိကြကုန်။ ဣတိ၊ ဤသို့။ ဝဒေထ၊ ပြောဆို၍ နေပြန်ပါ၏။

အမိန့်ထုတ်စဉ် အချိန်အခါတုန်းကတော့ မြင်မြင်သမျှ ခွေးတွေ အကုန်သတ်စေဆိုပြီးတော့ အမိန့်ထုတ်တယ်။ ခုတစ်ခါ ပြန်ပြီးတော့ ပြောပြန်တယ်။ နန်းတွင်းမှာ ရှိတဲ့ ခွေးတွေကတော့ မသေကြဘူးလို့လည်း ပြောပြန်တယ်။ ဘယ့်နှယ်တုံး? အဲဒီ နန်းတွင်းမှာရှိတဲ့ ခွေးတွေက သူတို့ မမြင်တဲ့ ခွေးတွေ ဟုတ်သလား? အဲဒါပဲနော် လောကကြီးက တော်တော်လေးတော့ မခက်ဘူးလား? ခက်နေတယ်နော်။ ကဲ နောက်တစ်ခု ဘာဆက်သလဲ?

ဧဝံ၊ ဤသို့။ သန္တေ၊ ဖြစ်ခဲ့သည်ရှိသော်။ နနု၊ မဟုတ်လား။ တုမှေ၊ အရှင်မင်းမြတ်တို့သည်။ ဆန္ဒာဒိဝသေန၊ ဆန္ဒာဂတိ စသည်တို့၏ အစွမ်းဖြင့်။ အဂတိဂမနံ၊ အဂတိ လိုက်စားခြင်းသို့။ ဂစ္ဆထ၊ ရောက်ရှိ၍ နေကြပါကုန်ပြီ မဟုတ်ပါလား။

ချပြီနော်။ ဒီလို ဆိုလို့ရှိရင်တော့ အရှင်မင်းမြတ်တို့ဟာ ဆန္ဒာဂတိ အစရှိတဲ့ အဂတိလိုက်စားခြင်းကို ပြုကျင့်နေကြတာလို့ မခေါ်နိုင်ဘူးလားတဲ့နော်။ မိမိ နန်းတွင်းက ခွေးကျတော့ ခွေးမဟုတ်သလို ဖြစ်နေတယ်။ ဟိုး နန်းတွင်း ပြင်ဘက်ရှိတဲ့ ခွေးတွေကျသာ ခွေးလို့ အသိအမှတ် ပြုနေတယ်။ ဒီလို ဆိုလို့ရှိရင်တော့ မိမိခွေးကိုတော့ ချစ်တယ်။ နန်းတော် ပြင်ဘက်က ရှိတဲ့ ခွေးကျတော့ မချစ်ဘူးဆိုတဲ့သဘော မသက်ရောက်ဘူးလား? သက်ရောက်နေတယ်။

အမိန့်ပေးစဉ် အချိန်အခါတုန်းက နန်းတွင်းက ခွေးသတ်စေ၊ နန်းတွင်းရဲ့ ပြင်ဘက်မှာရှိတဲ့ ခွေးသတ်စေဆိုပြီး ဒီလို အမိန့်ပေးတာမျိုး ဟုတ်သလား? မဟုတ်ဘူး။ ခွေးဆို မြင်မြင်သမျှ ဘယ်နေရာမှာမဆို ခွေးတိုင်းကို သတ်စေဆိုပြီး အမိန့်ပေးတယ်။ တကယ်သတ်တော့ နန်းတွင်းက ခွေးက အသတ်မခံရဘူး။ နန်းတွင်းရဲ့ ပြင်ဘက်မှာရှိတဲ့ ခွေးတွေကပဲ အသတ်ခံနေရတယ် ဆိုပြီးတော့ ပြန်ပြောတယ်။ အဲဒီတော့ ဒီလိုဆိုလို့ရှိရင် အရှင်မင်းကြီးတို့ဟာ ဆန္ဒာဂတိခေါ်တဲ့ ချစ်သဖြင့် မပြုသင့်တဲ့ လုပ်ငန်းရပ်ကို ပြုနေခြင်းကြောင့် ဆန္ဒာဂတိခေါ်တဲ့ အဂတိကို လိုက်စားနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလား?

ဒေါသာဂတိ = ဒေါသဖြစ်တဲ့အတွက် မပြုသင့်တဲ့ အလုပ်ကို ပြုနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလား? ဘယာဂတိ = ကြောက်သဖြင့် မပြုသင့်တဲ့ အလုပ်ကို ပြုနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလား? မောဟာဂတိ = မိုက်သဖြင့်, တွေဝေမိုက်မဲသဖြင့် မပြုသင့်တဲ့ အလုပ်ကို ပြုနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလား? ဆိုပြီးတော့ ခွေးကြီးက မေးတယ်။ မေးပြီးတော့ သူက ဆက်ပြီး တရားဟောပြန်တယ်။

အဂတိဂမနဉ္စ နာမ န ယုတ္တံ, န စ ရာဇဓမ္မော, ရညာ နာမ ကာရဏဂဝေသကေန တုလာသဒိသေန ဘဝိတုံ ဝဋ္ဋတိ

အဂတိဂမနဉ္စ နာမ၊ အဂတိလေးပါး လိုက်စားခြင်းမည်သည်က။ န ယုတ္တံ၊ မသင့်တင့်ပါ။ န စ ရာဇဓမ္မော၊ မင်းကျင့်တရားလည်း မဟုတ်ပါ။ ရညာ နာမ၊ မင်းတို့ မည်သည်က။ ကာရဏဂဝေသကေန၊ ဟုတ်မှန်တဲ့ အကြောင်းတရားကို ရှာမှီးတတ်တဲ့ ပုဂ္ဂိုလ်သည်။ တုလာသဒိသေန၊ ချိန်ခွင်လျှာနှင့် တူသောသူသည်။ ဘဝိတုံ၊ ဖြစ်ခြင်းငှာ။ ဝဋ္ဋတိ၊ သင့်မြတ်ပေ၏။

တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်ဆိုတာ အဂတိလေးပါး မလိုက်စားသင့်ပါဘူး။ အဂတိလေးပါးကို လိုက်စားခြင်းဆိုတဲ့ ဒီအဂတိ လိုက်စားခြင်းဆိုတဲ့ လုပ်ငန်းရပ်သည် မင်းကျင့်တရားလည်း မဟုတ်ပါဘူး။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်ဆိုတာ မှန်ကန်တိကျနေတဲ့ အကြောင်းတရားတွေကို ရှာဖွေသင့်ပါတယ်။ မှန်ကန်တိကျနေတဲ့ အကြောင်းတရားတွေကို ရှာဖွေပြီးတဲ့ အခါမှာ ချိန်ခွင်လျှာကဲ့သို့ ဟိုဘက် ဒီဘက် လျှာထွက်ခြင်းဆိုတဲ့ ဟိုဘက်ကို လိုက်ခြင်း ဒီဘက်ကို လိုက်ခြင်းဆိုတဲ့ ဘက်လိုက်ခြင်းလုပ်ငန်း မပြုသင့်ပါဘူး။ ချိန်ခွင်လျှာကဲ့သို့ အလေးမပါတဲ့ ချိန်ခွင်လျှာဟာ အလယ်ခေါင်မှာ ငြိမ်နေသလိုပေါ့နော်။ အဲဒီလို ချိန်ခွင်လျှာနဲ့ တူတဲ့ ပုဂ္ဂိုလ်များ, ဘက်မလိုက်တဲ့ ပုဂ္ဂိုလ်များ ဖြစ်သင့်ပါတယ် ဆိုပြီးတော့ ပြန်ပြောပြတယ်။

ဣဒါနိ စ ကောလေယျကာ မရဏံ န လဘန္တိ

ဣဒါနိ စ၊ ယခုအခါ၌ကား။ ကောလေယျကာ၊ နန်းတွင်း၌ ကြီးပြင်းလာရတဲ့ ခွေးတို့သည်ကား။ မရဏံ၊ သေခြင်းပျက်စီးခြင်းကို။ န လဘန္တိ၊ မရရှိကြပါကုန်။

ဒုဗ္ဗလသုနခါဝ လဘန္တိ

ဒုဗ္ဗလသုနခါဝ၊ အားနွဲ့နေတဲ့ ခွေးတို့သည်သာလျှင်။ လဘန္တိ၊ ရရှိ၍ နေကြပါကုန်၏။ မရဏံ၊ သေခြင်းတရားကို။

အခုအခါ ကြည့်လိုက်မယ် ဆိုလို့ရှိရင် နန်းတွင်းမှာ ကြီးပြင်းလာရတဲ့ ခွေးတွေက သေခြင်းတရားကို မရရှိကြပါဘူး။ အားနွဲ့နေတဲ့ ခွေးတွေကသာလျှင် သေခြင်းတရားကို ရရှိနေကြပါတယ်။

ဧဝံ သန္တေ နာယံ သဗ္ဗသုနခဃစ္စာ, ဒုဗ္ဗလဃာတိကာ နာမေသာ’’

ဧဝံ သန္တေ၊ ဤသို့ ဖြစ်ခဲ့သည်ရှိသော်။ အယံ၊ ဤခွေးသတ်မှုသည်ကား။ သဗ္ဗသုနခဃစ္စာ၊ ခွေးအားလုံးကို သတ်တဲ့ လုပ်ငန်းရပ်သည်။ န၊ မဖြစ်ပါ။ ဧသာ၊ ဤခွေးကို သတ်ခြင်းလုပ်ငန်းရပ်သည်။ ဒုဗ္ဗလဃာတိကာ၊ အားနွဲ့တဲ့ ခွေးတို့ကို သတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်သာ ဖြစ်ပါပေ၏။

ဟော ... မဟုတ်ဘူးလား? ဟုတ်နေတယ်။ ဘယ်လောက် အကွက်ကျသလဲ စကားပြောတာနော်။ ဒီ ခွေးသတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ဟာ ခွေးအားလုံးကို သတ်တဲ့ လုပ်ငန်းရပ် မဟုတ်ပါဘူး။ အားနွဲ့နေတဲ့ ခွေးတွေကို သတ်ဖြတ်တဲ့ လုပ်ငန်းရပ်တစ်မျိုးသာလျှင် ဖြစ်နေပါတယ်။

ဧဝဉ္စ ပန ဝတွာ မဟာသတ္တော မဓုရဿရံ နိစ္ဆာရေတွာ ‘‘မဟာရာဇ, ယံ တုမှေ ကရောထ, နာယံ ဓမ္မော’’

အဲဒီလို ဘုရားအလောင်းက အလွန်သာယာတဲ့, ချိုမြိန်တဲ့ အသံလေးနဲ့ ကျူးရင့်ပြီးတော့ -

မဟာရာဇ၊ မြတ်သော မင်းကြီး။ ယံ၊ အကြင်အမှုကို။ တုမှေ၊ အရှင်မင်းကြီးတို့သည်။ ကရောထ၊ ပြုကြပါကုန်၏။ အယံ၊ ဤ အရှင်မင်းကြီးတို့ ပြုလုပ်နေသော အမှုသည်။ န ဓမ္မော၊ ဓမ္မနှင့် မညီပါ။

အရှင်မင်းကြီးတို့ ပြုလုပ်နေတဲ့ လုပ်ငန်းရပ်ဆိုတာက တရားဓမ္မနဲ့ လျော်ညီတဲ့ လုပ်ငန်းရပ် မဟုတ်ပါဘူး ဆိုပြီးတော့ ရှင်ဘုရင်ကြီးကို တရားဟောချင်တဲ့အတွက် နောက်ဂါထာလေးတစ်ခု ရွတ်ဖတ်တယ်နော် -

‘‘ယေ ကုက္ကုရာ ရာဇကုလမှိ ဝဒ္ဓါ, ကောလေယျကာ ဝဏ္ဏဗလူပပန္နာ၊ တေမေ န ဝဇ္ဈာ မယမသ္မ ဝဇ္ဈာ, နာယံ သဃစ္စာ ဒုဗ္ဗလဃာတိကာယ’’

မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေ ကုက္ကုရာ၊ အကြင် ခွေးတို့သည်ကား။ ရာဇကုလမှိ၊ မင်းမျိုး၌။ ဝဒ္ဓါ၊ ကြီးပြင်း၍ လာကြပါကုန်၏။ ကောလေယျကာ၊ နန်းတွင်း၌ ကြီးပွားတိုးတက်တဲ့ ပုဂ္ဂိုလ်တို့သည်၊ နန်းတွင်း၌ ကြီးပြင်းလာကြရကုန်သော မင်းမျိုး၌ ကြီးပြင်း၍ လာကြရတဲ့ ခွေးတို့သည်။ ဝဏ္ဏဗလူပပန္နာ၊ အဆင်းခွန်အားနှင့် ပြည့်စုံကြကုန်သော။ ဟောန္တိ၊ ဖြစ်ကြပါကုန်၏။ တေ၊ ထိုခွေးတို့သည်ကား။ န ဝဇ္ဈာ၊ သတ်ထိုက်တဲ့ ခွေးတို့သည် မဖြစ်ကြပါကုန်။ မယံ၊ ကျွန်တော်မျိုးတို့သည်သာလျှင်။ ဝဇ္ဈာ၊ သတ်ထိုက်တဲ့ ခွေးတို့သည်။ အသ္မ၊ ဖြစ်၍ နေကြပါကုန်၏။ အယံ၊ ဤအမှုသည်ကား၊ ဤလုပ်ငန်းရပ်သည်။ သဃစ္စာ၊ ခွေးသတ်တဲ့ လုပ်ငန်းရပ်သည်။ န၊ မဖြစ်ပါ။ အယံ၊ ဤလုပ်ငန်းရပ်သည်။ ဒုဗ္ဗလဃာတိကာ၊ အားနွဲ့တဲ့ ပုဂ္ဂိုလ်တို့ကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်နေတဲ့ လုပ်ငန်းရပ်သာ ဖြစ်ပါပေ၏။

ဘယ်လောက်ကောင်းသလဲ? သူပြောတဲ့ စကားနော်။ နန်းတွင်းမှာ ကြီးပြင်းလာရတဲ့ ခွေးတွေ အသတ်မခံရဘူးတဲ့နော်။ နန်းတွင်းမှာ ကြီးပြင်းလာရတဲ့ ခွေးတွေကို ကြည့်လိုက်လို့ရှိရင် ဝဏ္ဏ = အဆင်းတွေကလည်း သိပ်ပြည့်စုံတယ်၊ လှတယ်။ ဗလ = ခွန်အားတွေကလည်း သိပ်ကောင်းတယ်။ အဲဒီလို အားရှိပြီး ရုပ်အဆင်းနဲ့ လှပတင့်တယ်ပြီး နန်းတွင်းမှာ ကြီးပြင်းလာရတဲ့ ဒီခွေးတွေက အသတ်မခံရဘူး။ အသတ်မခံရတဲ့အတွက် ဒီပြုလုပ်နေတဲ့ လုပ်ငန်းရပ်သည် ခွေးသတ်တဲ့ လုပ်ငန်းရပ် မဟုတ်ပါဘူး။ အားနွဲ့တဲ့ ပုဂ္ဂိုလ်တွေကို ညှဉ်းပန်း သတ်ဖြတ် နှိပ်စက်နေတဲ့ လုပ်ငန်းရပ် တစ်ခုသာ ဖြစ်ပါတယ်။

ဘယ့်နှယ်တုံး? ဒကာကြီးတွေ မှားသလား? မှန်နေတယ်။ အဲဒီ စကားသည် ဘယ်သူက ပြောနေတာလဲ? ခွေးပြောတဲ့ စကားပါနော်။ ခွေးပြောတဲ့ စကားက ဒီလောက်တောင် မှန်တယ် ဆိုလို့ရှိရင် လူပြောတဲ့ စကားသည် ဒီထက်တောင် ပိုပြီးမှန်ဖို့တော့ မကောင်းဘူးလား? ကောင်းနေတယ်။ သတိရှိဖို့ သိပ်လိုတယ်နော်။ ဒီလို ပြောလိုက်တဲ့ အချိန်အခါကျတော့မှ ရှင်ဘုရင်ကြီးကလည်း ဘာဖြစ်သလဲ?

ရာဇူဟိ နာမ စောရာ နိဂ္ဂဏှိတဗ္ဗာ, နော အစောရာ။

ခွေးက ဆက်ပြီး တရားဟောတယ်။

ရာဇူဟိ နာမ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်တို့ မည်သည်ကား။ စောရာ၊ ခိုးသားဓားပြတို့ကို။ နိဂ္ဂဏှိတဗ္ဗာ၊ နှိပ်ကွပ်အပ်ကုန်၏။ နော အစောရာ၊ ခိုးသားဓားပြမဟုတ်တဲ့ ပုဂ္ဂိုလ်တို့ကို။ နော နိဂ္ဂဏှိတဗ္ဗာ၊ မနှိပ်ကွပ်သင့်၊ မနှိပ်ကွပ်ထိုက်ပါပေ။

တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်ဆိုတာ ခိုးသားဓားပြတို့ကိုသာ နှိပ်ကွပ်သင့်ပါတယ်။ ခိုးသားဓားပြမဟုတ်တဲ့ ပုဂ္ဂိုလ်တွေကို မနှိပ်ကွပ်သင့်ပါဘူး။

ဣဓ ပန စောရာနံ ကိဉ္စိ ဘယံ နတ္ထိ, အစောရာ မရဏံ လဘန္တိ။

ဣဓ၊ ယခုအခါ၌ကား။ စောရာနံ၊ သူခိုးတို့သန္တာန်၌။ ကိဉ္စိ ဘယံ၊ တစ်စုံတစ်ခုသော ဘေးဒုက္ခသည်။ နတ္ထိ၊ မရှိပါ။ အစောရာ၊ သူခိုးမဟုတ်တဲ့ သူတို့သည်သာလျှင်။ မရဏံ၊ သေခြင်းကို။ လဘန္တိ၊ ရရှိကြပါကုန်၏။

ပြောလိုက်တဲ့စကား ကြည့်နော် - ဒီမှာ ကြည့်လိုက်မယ်ဆိုရင် ခွေးသူခိုးတွေက တစ်ယောက်မှ ဒုက္ခမရောက်ကြဘူး။ ခွေးသူခိုး မဟုတ်တဲ့ ခွေးတွေကသာလျှင် သေကျေပျက်စီး နေကြပါတယ်။

ဘယ်လောက်များ ရင်နင့်ဖွယ်ရာ ကောင်းတဲ့စကားလဲ။ ပြန်ကြည့်။ ဒါ အသက်ကို စွန့်ပြီးတော့ နန်းတွင်းမှာ သွားပြီးတော့ ရင်ဆိုင်ပြီးတော့ အခြေအတင် စကားပြောနေရတာနော်။ ကဲနောက်တစ်ခု -

အဟော ဣမသ္မိံ လောကေ အယုတ္တံ ဝတ္တတိ, အဟော အဓမ္မော ဝတ္တတိ

ဣမသ္မိံ လောကေ၊ ဤလောက၌။ အယုတ္တံ၊ ယုတ္တိမရှိတဲ့ စကား (သို့မဟုတ်) လုပ်ငန်းရပ်သည်။ ဝတ္တတိ၊ သင့်တင့်၍ (သို့မဟုတ်) ပြုကျင့်၍ နေပေ၏။ အဟော၊ အံ့ဩဖွယ် ကောင်းပေစွတကား။ ဣမသ္မိံ လောကေ၊ ဤလောက၌။ အယုတ္တံ၊ ယုတ္တိမရှိတဲ့ လုပ်ငန်းရပ်ကို။ ဝတ္တတိ၊ ပြုကျင့်၍ နေပေ၏။ အဟော အဓမ္မော ဝတ္တတိ၊ ဤကဲ့သို့ တရားမဝင် ပြုကျင့်၍ နေခြင်းသည်ကား အံ့ဩဖွယ် ကောင်းပေစွတကား။

ဒီလောကမှာ မပြုသင့်တဲ့, ယုတ္တိမရှိတဲ့ ဒီလုပ်ငန်းရပ်တွေကို ပြုကျင့် နေကြတယ်။ အင်မတန် အံ့ဩဖို့ ကောင်းပါတယ်။ အဓမ္မတွေကို လိုက်နာပြီးတော့ ပြုကျင့်နေကြတယ်။ အင်မတန် အံ့ဩဖို့ ကောင်းပါတယ် ဆိုပြီးတော့ ခွေးက ပြန်ပြောတယ်နော်။ ကဲ ရှင်ဘုရင်အနေနဲ့ ဘယ်လို ဖြစ်သွားသလဲ? ကဲ ... ဒကာကြီးတွေ စဉ်းစားကြည့်စမ်းနော်။ ခွေးကတောင် ဒီလောက် ပြန်ပြောနေရင် ရှင်ဘုရင်ဘက်က ဘယ်လိုနေမလဲ? ပြန်စဉ်းစားတော့နော်။
fswpkgh08oos3zxb27dyspcq1j4i8uj မင်္ဂလသုတ်-၆၃/၉၇ 0 6298 21986 2026-05-21T21:03:22Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၆၃/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၆၂..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21986 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၆၃/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၆၂/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၆၄/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် ၆၃

ရာဇာ ဗောဓိသတ္တဿ ဝစရံ သုတွာ အာဟ

ကဲ ... ဗာရာဏသီမင်းမြတ်က ခွေးကို ပြန်မေးတဲ့အပိုင်းကတော့ ရောက်နေပြီနော်။ ခွေးကို ဘယ်လို ပြန်မေးသလဲ?

‘‘ဇာနာသိ တွံ, ပဏ္ဍိတ, အသုကေဟိ နာမ ရထစမ္မံ ခါဒိတံ’’

ပဏ္ဍိတ၊ ပညာရှိသူတော်ကောင်း။ တွံ၊ သင်သည်။ အသုကေဟိ နာမ၊ ဤအမည်ရှိတဲ့ ခွေးတို့သည်။ ရထစမ္မံ၊ ရထား၌ တည်ရှိတဲ့ သားရေကို။ ခါဒိတံ၊ ခဲစားအပ်၏။ ဣတိ၊ ဤသို့လျှင်။ ဇာနာသိ၊ သိရှိပါသလား။

ပညာရှိဆိုတာနော် မေးပုံလေးကြည့်ပေါ့နော်။ ကဲ ... ပညာရှိသူတော်ကောင်း ဤမည်သော ခွေးတွေက သားရေကို စားတယ်ဆိုတာ အသင်ခွေးပညာရှိ သိရှိပါသလားလို့ အမိန့်ရှိတယ်။ မေးကြည့်တယ်နော်။ သူတော်ကောင်းဆိုတာက ဒီစိတ်ထား ရှိရပါတယ်နော်။ စူးစူးစမ်းစမ်း ဆင်ဆင်ခြင်ခြင်နဲ့ မေးမြန်းရတယ်။ ဘယ်သူ ခိုးသလဲ? ခိုးစားတာ ဘယ်သူတွေ ခိုးစားသလဲ? တိတိကျကျ သိအောင် လုပ်ရတယ်။ မတိမကျ မမှန်မကန်ဘဲနဲ့ သူတစ်ပါးတွေကို သွားပြီးတော့ မဟုတ်မတရား စွပ်စွဲခဲ့ရင် ခုလို ခွေးသတ်ပွဲကြီး ဖြစ်မသွားနိုင်ဘူးလား? ဖြစ်သွားတယ်။ ကြည့်ကြနော်။

သတ္တဝါတွေ အကြောင်းမဲ့ ဒီလို သေကျေပျက်စီးပြီး ဆင်းရဲဒုက္ခတွေ ရောက်ကုန်ကြတယ်။ ရောက်လိုက်တော့ ဘာထူးလဲ စဉ်းစားကြည့်ပေါ့။ သတ်တဲ့ ပုဂ္ဂိုလ်တွေမှာလည်း အကုသိုလ်တရား မတိုးပွားဘူးလား? တိုးပွားတယ်။ အသက်ခံရတဲ့ ပုဂ္ဂိုလ်တွေမှာလည်း ကြောက်ကြောက်လန့်လန့်နဲ့ တုန်တုန်ရီရီနဲ့ သေကျေ ပျက်စီးရတဲ့အတွက် အပါယ်သံသရာ ဝဋ်ဆင်းရဲဒုက္ဲမှ ကျွတ်နိုင်, လွတ်နိုင်ပါဦးမလား? မလွတ်နိုင်ဘူး။ ဒီလို ကြောက်ကြောက်လန့်လန့် ထိတ်ထိတ်ရွံ့ရွံ့နဲ့ ဘဝတစ်ခု အဆုံးသတ်ခဲ့ရရင် ထိုပုဂ္ဂိုလ်တွေ များသောအားဖြင့် ငရဲရောက်ကြပါတယ်။

ခွေးဘဝမှာ အဆင့်အတန်း နိမ့်ရတဲ့အထဲ သေပြီးတော့လည်း နောက်ထပ် ငရဲရောက်သေးတယ်ဆိုတော့ အသက်ခံရတဲ့ဘက်ကို ပြန်ကြည့်လိုက်ရင်လည်း အကြီးအကျယ် ဆုံးရှုံးမှုကြီးတွေ မဖြစ်ဘူးလား? ဖြစ်နေတယ်။ သတ်တဲ့ဘက် ကြည့်လိုက်တော့လည်း သူတစ်ပါးတွေကို သေကျေပျက်စီးအောင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့အတွက် သတ်ဖြတ်တဲ့ ပုဂ္ဂိုလ်တွေမှာလည်း အကုသိုလ်တရားတွေ မတိုးပွားနိုင်ဘူးလား? တိုးပွားနိုင်တယ်။ ဇာတ်ကြောင်းလေးကို ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တော့ ဘာကို အခြေခံခဲ့သလဲ? ဒီဇာတ်ကြောင်းမှာတော့ ခုနက သားရေ စားတာကို အခြေခံနေတယ်။

အဲဒီတော့ ဒီသားရေက နန်းတွင်းက ခွေးတွေက စားတာပါနော်။ နန်းတော်ရဲ့ အပြင်ဘက်မှာရှိတဲ့ ခွေးတွေတော့ စားတာ မဟုတ်ဘူး။ ဒါပေမဲ့ အသတ်ခံရတဲ့ အချိန်အခါကျတော့ နန်းတော်ရဲ့ အပြင်ဘက်မှာ ရှိတဲ့ ခွေးတွေက အသတ်ခံရတယ်။ မနေ့ကဟောခဲ့တဲ့ ဇာတ်ကတော့ ပုဏ္ဏားခေါင်းပေါ်မှာ မစင်လေး စွန့်ခဲ့တဲ့ ပြဿနာလေး တစ်ခုပဲနော်။ ရန်ငြိုးဖွဲ့ကြတာနော်။ အဲဒီ ရန်ငြိုးဖွဲ့တာကို အခြေခံပြီးတော့ မဟုတ်မတရားတွေ ဖြစ်ကုန်ကြတာပဲ။ ကဲ ... ဒီလိုမေးလိုက်တဲ့ အချိန်အခါကျတော့မှ ဘုရားအလောင်း ခွေးမင်းကြီးက ဘာပြောသလဲ?

ငါသိပါတယ်ကွယ်။

‘‘ကေဟိ ခါဒိတ’’န္တိ? ‘‘တုမှာကံ ဂေဟေ ဝသနကေဟိ ကောလေယျကသုနခေဟီ’’

ကေဟိ၊ အဘယ်ခွေးတို့သည်။ ခါဒိတံ၊ ခဲစားအပ်ပါသနည်း။ ဣတိ၊ ဘယ်ခွေးတွေ စားသလဲ ပြောစမ်းပါ။ တုမှာကံ၊ အရှင်မင်းမြတ်တို့၏။ ဂေဟေ၊ နန်းတော်တွင်း၌။ ဝသနကေဟိ၊ နေထိုင်၍ နေကြကုန်သော။ ကောလေယျကသုနခေဟိ၊ နန်းတွင်း၌ ကြီးပြင်းလာကြတဲ့ ခွေးတို့သည်။ ခါဒိတံ၊ ခဲစားအပ်ပါ၏။ ဣတိ၊ ဤသို့ လျှောက်ထားလိုက်လေ၏။

အရှင်မင်းမြတ်။ အရှင်မင်းမြတ်တို့ရဲ့ နန်းတော်တွင်းမှာ ကြီးပြင်းလာကြရတဲ့ နန်းတွင်းမှာ တည်ရှိနေတဲ့ ခွေးတွေက စားတာပါ။ ပြန်ပြီးတော့ လျှောက်ထားတယ်နော်။

တေဟိ၊ ထိုနန်းတွင်း၌ ကြီးပြင်းပြီး မွေးဖွားထားတဲ့ ခွေးတို့က။ ခါဒိတဘာဝေါ၊ ခဲစားသည်၏ အဖြစ်ကို။ ကထံ၊ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့်။ ဇာနိတဗ္ဗော၊ သိရှိပါသနည်း။

ဒီနန်းတွင်း၌ရှိတဲ့ နန်းတွင်းက ခွေးတွေက နေပြီးတော့ ဒီသားရေကို စားတယ်ဆိုတာ သင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် သိနိုင်သလဲ? သူ့ဘက်က အကြောင်းပြချက် ခိုင်လုံဖို့ မလိုဘူးလား? လိုပြီ။ ကိုယ့်ဘက်က အကြောင်းပြချက် မခိုင်လုံဘဲနဲ့တော့ သွားပြီး အရမ်း စွပ်စွဲခဲ့လိုက်ရင် ဒီမှာ ခွေးကို စွပ်စွဲတဲ့ ပွဲကြီးတစ်ခု ထပ်ပြီး ပေါ်မလာဘူးလား? ပေါ်လာဦးမယ်နော်။ ကဲ ... သူက အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ပြန်ပြီး တင်ပြပြန်တယ်။

‘‘အဟံ တေဟိ ခါဒိတဘာဝံ ဒဿေသာမိ’’

တေဟိ၊ ထိုနန်းတွင်း ခွေးတို့က။ ခါဒိတဘာဝံ၊ ခဲစားသည့်အဖြစ်ကို။ အဟံ၊ ကျွန်တော်မျိုးသည်။ ဒဿေသာမိ၊ ထင်ရှားအောင် ပြပါမယ်။

နန်းတွင်းက ခွေးတွေက ဒီသားရေကို စားတဲ့အကြောင်း ထင်ရှားအောင် ပြောပြမယ်။ ထင်ရှားအောင် ပြပေးပါမယ်။ ကဲ ဒီလိုဆိုရင် ပညာရှိ သူတော်ကောင်း ပြစမ်းပါ။ ရှင်ဘုရင်ကြီးကလည်း အမိန့်ရှိတယ်နော်။

တုမှာကံ၊ အရှင်မင်းမြတ်တို့၏။ ဃရေ၊ နန်းတော်တွင်း၌။ ကောလေယျကသုနခေ၊ နန်းတွင်း၌ ကြီးပြင်းလာတဲ့ ခွေးတို့ကို။ အာဟရာပေတွာ၊ ခေါ်ဆောင်၍။ ထောကံ၊ အနည်းငယ်သော။ တက္ကဉ္စ၊ ရက်တက်ရည်ကိုလည်းကောင်း။ ဒဗ္ဗတိဏာနိ စ၊ မြေဇာမြက်တို့ကိုလည်းကောင်း။ အာဟရာပေထ၊ ဆောင်ယူတော်မူခဲ့စေကြပါကုန်။

တချို့ကတော့ မြေဇာမြက်လို့တော့ ဘာသာပြန်တယ်။ များသော အားဖြင့်တော့ ဒကာကြီးတွေတော့ မြင်ဖူးလိမ့်မယ် ထင်တယ်။ ခွေးတွေ တစ်ခါတလေ မြက်တွေ သွားသွားစားပြီး ထိုးထိုးအန်တာနော် အဲဒီ မြက်ပဲ [?] လို့တော့ ပါဠိလိုခေါ်တယ်။ အဲဒီတော့ [?] လို့ခေါ်တဲ့ ဒီမြက်တွေနဲ့ ရက်တက်ရည် နည်းနည်းတော့ ယူခဲ့ပါတဲ့ - သူက ပြောလိုက်တယ်နော်။ နန်းတွင်းမှာရှိတဲ့ ခွေးတွေကိုလည်း အားလုံး ခေါ်ခဲ့ပါ။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါကျတော့ သူလျှောက်ထားတဲ့အတိုင်း ရှင်ဘုရင်ကလည်း နန်းတွင်းမှာရှိတဲ့ ခွေးတွေကို အကုန်လုံး ခေါ်စေတယ်။ သူပြောတဲ့အတိုင်း ရက်တက်ရည် အနည်းငယ်နဲ့ မြေဇာမြက်တွေ [?] ခေါ်တဲ့ မြက်တွေကိုလည်း ဆောင်ယူစေပါတယ်။ အဲဒီ အခါကျတော့မှ ဘုရားအလောင်းခွေးက ဘာပြောသလဲ, ဘာလုပ်သလဲ?

ဣမာနိ၊ ဤ။ တိဏာနိ၊ မြက်တို့ကို။ တက္ကေန၊ ရက်တက်ရည်ဖြင့်။ မဒ္ဒါပေတွာ၊ ထောင်းထု ကြေမွစေ၍။ ဧတေ၊ ထို။ သုနခေ၊ ခွေးတို့ကို။ ပါယေထ၊ တိုက်ကြပါကုန်။

ဒီမြက်တွေကို ရက်တက်ရည်ဖြင့် ထောင်းထုပြီးတော့ ရက်တက်ရည်နဲ့ နယ်ညှစ်၊ ညှစ်ပြီးတော့ ဒီရည်တွေကို အဲဒီခွေးတွေကို တိုက်စမ်းပါ ဆိုပြီးတော့ သူက အမိန့်ပေးတယ်။ လျှောက်ထားလိုက်တယ်။ အဲဒီ အခါကျတော့မှ ဘုရားအလောင်းခွေး လျှောက်ထားတဲ့အတိုင်း ဗာရာဏသီဘုရင် မင်းကြီးကလည်း ပြုလုပ်ပါတယ်။ ပြုလုပ်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

ပီတာ ပီတာ၊ သောက်တိုင်း သောက်တိုင်းကုန်သော။ သုနခါ၊ ခွေးတို့သည်။ စမ္မေဟိ သဒ္ဓိံ၊ သားရေတို့နှင့်အတူတကွ။ ဝမိံသု၊ အန်ကြလေကုန်ပြီ။

သောက်တိုင်းသောက်တိုင်း ဒီရက်တက်ရည်နဲ့ ရောထားတဲ့ မြက်တွေကို ကြိတ်ချေထားတဲ့ အရည်တွေ ညှစ်ပြီးတော့ သောက်တိုင်းသောက်တိုင်း ခွေးတွေဟာ အကုန်လုံး အန်လိုက်တဲ့အခါ သားရေတွေပါ ထွက်ပြီးတော့ လာကြပြီတဲ့။ အခုခေတ်မှာတော့ နည်းနည်း တိုက်ကြည့်ဖို့ ကောင်းတယ် ထင်တယ်နော်။ ဟုတ်တယ်မလား?

ရာဇာ ‘‘သဗ္ဗညုဗုဒ္ဓဿ ဗျာကရဏံ ဝိယာ’’တိ တုဋ္ဌော ဗောဓိသတ္တဿ သေတစ္ဆတ္တေန ပူဇံ အကာသိ။

ရာဇာ၊ ဗာရာဏသီ ဘုရင်မင်းမြတ်ကြီးက။ သဗ္ဗညုဗုဒ္ဓဿ၊ သဗ္ဗညုဘုရားရှင်၏။ ဗျာကရဏံ ဝိယ၊ ဖြေကြားတော်မူခြင်းကဲ့သို့။ ဣတိ၊ ဤသို့လျှင်။ တုဋ္ဌော၊ နှစ်သက်သော စိတ်ထားရှိသည်ဖြစ်၍။ ဗောဓိသတ္တဿ၊ ဘုရားလောင်းအား။ သေတစ္ဆတ္တေန၊ ထီးဖြူဖြင့်။ ပူဇံ၊ ပူဇော်ခြင်းကို။ အကာသိ၊ ပြုခဲ့လေပြီ။

ဗာရာဏသီဘုရင်ကြီး သိပ်ပြီးတော့ ကျေနပ်သွားတယ်နော်။ သဗ္ဗညု သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ ဖြေကြားတော်မူတဲ့ အဖြေကို ကြားနာရတဲ့အတိုင်း နှစ်သက်ဝမ်းမြောက်သလိုပဲ ဘုရားအလောင်းခွေးရဲ့ အဖြေကို သိလိုက်တဲ့ အချိန်အခါမှာ အလွန် ကျေနပ်သွားတယ်။ ကျေနပ်တဲ့အတွက် ဘုရားအလောင်းခွေးကို ထီးဖြူဆောင်းပြီးတော့ မင်းအဖြစ် ပူဇော်ပါတယ်နော်။

ဗောဓိသတ္တော၊ ဘုရားအလောင်းခွေးသည်။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တော်မူပါ။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဓမ္မံ၊ သုစရိုက် ဆယ်ပါး ကုသိုလ်တရားကို။ စရ၊ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တော်မူပါ။ မာတာပိတူသု၊ အို မာတာပိတု မိဘတို့အပေါ်၌။ သမ္မာ၊ ကောင်းမွန် မှန်ကန်တဲ့ ကျင့်ဝတ်ပဋိပတ်ကို။ စရ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူပါ။

သုစရိုက်ဆယ်ပါး ကုသိုလ်တရားတွေကို အရှင်မင်းမြတ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူပါ၊ မိဘတို့အပေါ်၌ ရိုသေစွာ ပြုစုလုပ်ကျွေးခြင်း အစရှိတဲ့ ကျင့်ဝတ်ပဋိပတ်တွေကိုလည်းပဲ ကောင်းမွန် ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူပါ စသည်ဖြင့်နော်။ ဆယ်ဂါထာဖြင့် ဒီမှာ တရားဟောပါတယ်။ အဲဒီ ဆယ်ဂါထာ ဆက်ဟောနေရင်တော့ တရားမဆုံးတော့ဘူး ထင်တယ်နော်။

တရားဟောပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?

မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣတော၊ ဤနေ့မှ။ ပဋ္ဌာယ၊ စ၍။ အပ္ပမတ္တော၊ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားပြီး (ကုသိုလ်တရားတို့၌ မမေ့မလျော့သူ)။ ဟောဟိ၊ ဖြစ်တော်မူပါ။

ဒီနေ့ကစပြီး အရှင်မင်းမြတ် ကုသိုလ်ကောင်းမှု တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားပြီးတော့ နေတော်မူပါ ဆိုပြီးတော့ ရှင်ဘုရင်ကို ငါးပါးသီလ ဆောက်တည်စေပါတယ်။ ငါးပါးသီလ ဆောက်တည်စေပြီးတော့ ငါးပါးသီလမှာ ရပ်တည်ပြီးတဲ့ အချိန်အခါမှာ ထီးဖြူကို ရှင်ဘုရင်အား တစ်ဖန် ပြန်ပြီးတော့ အပ်နှင်းတယ်နော်။ အဲဒီ အချိန်အခါမှာ ဗာရာဏသီ ဘုရင်ကြီးကလည်း ဘုရားအလောင်းခွေးရဲ့ တရားစကားကို ကြားနာပြီးတဲ့ အချိန်အခါ သတ္တဝါ အားလုံးတို့အား ဘာလုပ်သလဲ?

အဘယဒါန = ဘေးမဲ့ဒါနကြီး ပေးပါတယ်။ ဘုရားအလောင်းခွေးကို အစပြုပြီးတော့ ခွေးအားလုံးတို့အတွက် မိမိစားတဲ့ အစာအာဟာရနဲ့ တန်းတူညီတဲ့ နိစ္စဘတ် ဝတ်ဆွမ်းတွေကို လှူဒါန်းပေးတယ်။ ဘုရားအလောင်းရဲ့ အဆုံးအမ ဩဝါဒမှာ ရပ်တည်ပြီးတော့ အသက်ထက်ဆုံး ဒါနအစရှိတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုတယ်။ ကွယ်လွန်သွားတဲ့ အချိန်အခါကျတော့ နတ်ပြည် နတ်လောက ရောက်ရှိသွားပါတယ်နော်။ အဲဒီ ဘုရားအလောင်းခွေး ဆိုဆုံးမလိုက်တဲ့ ဒီတရားသည် ဘယ်လောက်တည်သွားသလဲလို့ မေးတော့ -

[?] = နှစ်ပေါင်း တစ်ထောင်တိုင်အောင် တည်သွားတယ်။ ဒီ အဆုံးအမ ဩဝါဒသည် နှစ်ပေါင်း နောက်ထပ် တစ်ထောင်အထိ တည်တယ်နော်။ ဘုရားအလောင်းလည်း အသက်ထက်ဆုံး မိမိ တတ်အားသမျှ ပါရမီတွေ ဖြည့်ကျင့်ပြီးတော့ ကံအားလျော်စွာ ဘဝတစ်ပါး ပြောင်းသွားခဲ့ပါတယ်နော်။

ဒါကြောင့် ဒီနေရာမှာ ကြည့်မယ်ဆိုလို့ရှိရင် ဘုရားအလောင်းဟာ မိမိတို့ရဲ့ ဉာတတ္ထစရိယခေါ်တဲ့ ဆွေမျိုးတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း, ဆွေမျိုးတို့အတွက် တကယ်လက်တွေ့ အသက်စွန့်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ ဒီပါရမီတွေကို စနစ်တကျ ထူထောင်ခဲ့တဲ့သဘော မရှိဘူးလား? ရှိတယ်။ ခုလို တကယ်တမ်း အသက်စွန့်ပြီးတော့ ဆွေမျိုးတို့ရဲ့ အကျိုးကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းတည်းဟူသော အကြောင်းကြောင့် ခွေးအပေါင်းသည်လည်း ချမ်းသာသုခ မရဘူးလား? ရပါတယ်။ သူတော်ကောင်းဆိုတာက သူတစ်ပါးကို ချမ်းသာစေရမယ်ဆိုတဲ့ ဒီစိတ်ထား အမြဲရှိဖို့ လိုတယ်နော်။ အဲဒီစိတ်ထား မရှိနိုင်ဘူး။

မဟာကပိဇာတ်တော်နှင့် ဉာတတ္ထစရိယကျင့်စဉ်

တချို့ကနော် သူတစ်ပါး စိတ်ချမ်းသာစေရမယ်ဆိုတဲ့ ဒီစိတ်ထား တချို့တချို့ ပုဂ္ဂိုလ်တွေမှာ မရှိဘူးနော်။ မရှိတဲ့ အချိန်အခါကျတော့ ဘာဖြစ်နိုင်သလဲ? ပြဿနာလေး တစ်ခုရှိတယ်။ ဘုရားအလောင်းရဲ့ ဉာတတ္ထစရိယနဲ့ ဆက်သွယ်နေတဲ့ ပြဿနာပါပဲ။ ဦးပဉ္စင်းတို့ မဟာကပိဇာတ်ဆိုတဲ့ ဇာတ်ကလေးတစ်ခု ရှိပါတယ်နော်။ အဲဒီဇာတ်မှာ ဘုရားအလောင်းက ဆွေမျိုးတွေအတွက် ဉာတတ္ထစရိယကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ပုံကို အခြေခံပြီးတော့ ရဟန်းတွေက ချီးမွမ်းစကား ပြောကြားတာကို အကြောင်းပြုပြီးတော့ ဒီဇာတ်တော်လေး ဟောတာပါနော်။ အလားတူပဲ အတိတ်ဘဝ တစ်ခု -

ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း ထီးဖြူမင်းလုပ် အုပ်ချုပ်နေတဲ့ အချိန်အခါမှာ ဘုရားအလောင်းက မျောက်မျိုးမှာ သွားပြီး ဖြစ်တယ်။ အရွယ်ရောက်တဲ့ အချိန်အခါ ကြည့်လိုက်တော့ ဘုရားအလောင်း မျောက်က အလွန် အလုံးအရပ် သဏ္ဌာန်နဲ့ ပြည့်စုံနေတယ်။ စွမ်းအားကလည်း အလွန် အားကောင်းတယ်။ ဘယ်လောက် အားကောင်းသလဲလို့ မေးရင်တော့ ဆင်ငါးစီးအားကို ဆောင်နိုင်တဲ့ စွမ်းအားရှိနေတယ်။ ကိုယ်လုံးက သိပ်ကြီးတယ်။ မျောက်အပေါင်း ရှစ်သောင်း ခြံရံပြီးတော့ ဟိမဝန္တာတောမှာ ကျက်စားပြီး နေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှချင်တော့ ပြဿနာလေးတစ်ခု ပေါ်လာပြီနော်။

အဲဒီ သူတို့ ကျက်စားနေတဲ့ ဒီဟိမဝန္တာတောထဲမှာ ဂင်္ဂါမြစ်ကမ်းပါး ဆိုကြပါစို့။ ဂင်္ဂါမြစ်က ဟိမဝန္တာကို မြစ်ဖျားခံခဲ့တာဖြစ်တော့ ဂင်္ဂါမြစ်ကမ်းပါးမှာ အလွန် ကြီးမားနေတဲ့ တောင်ထွတ်လောက် ကြီးနေတဲ့ သရက်ပင်ကြီး တစ်ပင် ရှိနေတယ်။ ဒီသရက်ပင်ကြီးကလည်း တောင်ထွတ်ကြီးကဲ့သို့ တစ်ခါတည်း အလွန် အကိုင်းအခက်တွေက ဝေဆာနေတယ်။ အကိုင်းကြီး တစ်ခု အပင်မှထွက်သွားတဲ့ အကိုင်းကြီးတစ်ခုက ကုန်းပေါ်မှာ အကိုင်းကြီး နှစ်ခုကျတော့ ကမ်းစပ်မှာ အကိုင်းကြီး တစ်ခုကျတော့ ဂင်္ဂါမြစ်ထဲမှာ ရှိနေတယ်။ ရှိနေလိုက်တဲ့ အချိန်အခါကျတော့ ဒီသရက်ပင်ကလည်း သီးလိုက်တဲ့အသီး ကြည့်လိုက်ပြန်တော့လည်း သူက အိုးစရည်း ပမာဏလောက်ရှိတဲ့ အသီးကြီးတွေ သီးတယ်။ ခန့်မှန်းကြည့်ရတာတော့ အလွန် အသက်ရှည်တဲ့၊ သက်တမ်းရှည်တဲ့ ခေတ်လို့ ယူဆရပါတယ်နော်။

အိုးစရည်း ပမာဏလောက်ရှိနေတဲ့ သရက်သီးကြီးတွေ သီးတော့ ဘုရားအလောင်း မျောက်မင်းကလည်း တစ်နေ့တော့ ဒီသရက်သီးတွေကို အကြောင်းပြုပြီးတော့ ဒို့မျောက်တွေမှာ ဒုက္ခတော့ ရောက်လိမ့်မယ်ဆိုတာ သဘောပေါက်တယ်။ သဘောပေါက်တဲ့အတွက် အဲဒီ ဂင်္ဂါမြစ်ထဲ ကိုင်းနေတဲ့ အကိုင်းမှာရှိတဲ့ အသီးကို အနုကနေ စပြီးတော့ အကုန်လုံး ခူးပြီးတော့ စားစေပါတယ်။ ခြွေချစေတယ်။ အဲဒီ စနစ်ဖြင့် သူတို့ တောထဲမှာ နေလာရာကနေပြီးတော့ တစ်နေ့တော့ ပြဿနာက ဘယ်လို ပေါ်လာသလဲ? ခါချဉ်ထုပ်လို ပုံစံမျိုးလို့ ယူဆရပါတယ်။ ပိုးကောင်တွေက သရက်သီးတစ်ခုကို ထုပ်ထားလိုက်တယ်။ ထုပ်ထားလိုက်တော့ ဒီသရက်သီးက ခါချဉ်ထုပ်၊ ပိုးကောင်ထုပ်ပဲလို့ ဒီမျောက်တွေကလည်း ယူဆတဲ့အတွက် ဒီသရက်သီးရယ်လို့ မယူဆဘူး။ အပြင်က အရွက်တွေနဲ့ အထုပ်ကြီး ဖြစ်နေတယ်။ ဒီသရက်သီးကလည်း အချိန်တန်တော့ မှည့်လာပြီ။ မှည့်လာတော့ ဂင်္ဂါမြစ်ထဲ ကြွေကျသွားတယ်။

အဲဒီအချိန်မှာ ကံမကောင်းချင်တော့ ဗာရာဏသီ ဘုရင်ကလည်း ဂင်္ဂါမြစ်အတွင်းမှာ ရေဆင်းပြီးတော့ ရေချိုးပါတယ်။ ရှင်ဘုရင် ရေချိုးပြီ ဆိုလို့ရှိရင်တော့ အထက် အောက် သုံးဖက်ပေါ့လေ ပိုက်ကွန်တွေ တားပေးရပါတယ်။ ပိုက်ကွန်တွေ တားထားတဲ့ အချိန်အခါကျတော့ ရှင်ဘုရင်ကလည်း ရေချိုးပြီးပြီ။ ညနေချမ်း ကမ်းပေါ်အတက် တံငါသည်တွေကလည်း ဂင်္ဂါမြစ်ထဲမှာ တံငါရှာရင်းနဲ့ ဒီပိုက်ကွန်ကို ဆွဲမလိုက်တော့ ဒီသရက်သီးကြီး သွားပြီး ငြိနေတာ တွေ့တယ်။ သရက်သီးကလည်း သိပ်ကြီးထွားနေတဲ့ အခါကျတော့ တံငါသည်တွေကလည်း သူတို့ ရှင်ဘုရင်ကို ဆက်သပါတယ်။ ရှင်ဘုရင်ကလည်း ဘာသီးမှန်းမသိတော့ တံငါသည်တွေကို မေးလိုက်တော့ တံငါသည်တွေက မုဆိုးတွေတော့ သိကောင်းသိလိမ့်မယ် ပြန်ပြီး တင်ပြ လျှောက်ထားတော့ မုဆိုးတွေကို လှမ်းပြီး ခေါ်လိုက်တယ် -

မုဆိုးတွေ ဆိုက်ရောက်လာတဲ့ အချိန်အခါမှာ မုဆိုးတွေက ဒီအသီးသည် သရက်သီး ဖြစ်တဲ့အကြောင်း တင်ပြ လျှောက်ထားကြပါတယ်။ လျှောက်ထားလိုက်တော့ ဘာလုပ်သလဲ? ရှေးဦးစွာ မုဆိုးတွေပဲ ကဲ ... မင်းတို့ အရင်စားတော့။ အစားခိုင်းလိုက်တယ်။ ဟုတ်၊ မဟုတ် သိရအောင်။ မုဆိုးတွေကလည်း စားပြပါတယ်။ စားပြလိုက်တဲ့ အခါကျတော့ ဘာမှ မဖြစ်ဘူးဆိုတာ သိတော့ ရှင်ဘုရင်က စားတယ်။ စားလိုက်တဲ့ အချိန်အခါမှာ ဒီသရက်သီးရဲ့ အရသာက ရှင်ဘုရင်ရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးကို စိမ့်ထုံပြီးတော့ကို ပျံ့နှံ့သွားတယ်။ ဒီအရသာပေါ်မှာ အလွန် တွယ်တာ တပ်မက်နေတဲ့ ရသတဏှာဖြင့် နှောင်ဖွဲ့ထားတဲ့အတွက် တောမုဆိုးတွေကို သူက မေးပါတယ်။

ဒီသရက်ပင် ဘယ်မှာ ရှိတယ်ဆိုတာကို သူက သေချာမေးတယ်။ တောမုဆိုးတွေကလည်း ဂင်္ဂါမြစ်အထက်မှာ ရှိတဲ့အကြောင်း တင်ပြပြီး လျှောက်ထားကြပါတယ်။ ဒီသရက်သီးကို နန်းတွင်းသူတွေကိုလည်း သူက အားလုံး ကျွေးပါတယ်။ မှူးကြီးမတ်ရာတွေကိုလည်း ကျွေးတယ်။ ကျွေးပြီးတော့ သူ ဒီလောက်နဲ့ မကျေနပ်တော့ ဒီသရက်ပင်ရှိတဲ့ နေရာကို သူက စစ်ချီပြီးတော့ တက်တော့တာပဲနော်။ မုဆိုးတွေကို ခရီးလမ်းပြ လုပ်ပြီးတော့ နောက်ဆုံးတိုတို ပြောကြစို့။

ဘယ်နေ့ ဘယ်ရက် ဘယ်လောက်ကြာတယ် ဆိုတာကိုတော့ အတိအကျ မပြောနိုင်ဘူးတဲ့။ တော်တော်ကြာသွားတယ် တက်လိုက်တာ။ ဒီသရက်ပင်နားရောက်တော့ မုဆိုးတွေက ဒီသရက်ပင်ပဲ ဆိုပြီးတော့ ညွှန်ပြလိုက်တော့ လှေတွေ၊ ဖောင်တွေကို တစ်နေရာမှာ ထားပြီးတော့ အဲဒီ သရက်ပင်အောက် ခြေလျင် လျှောက်ပြီးတော့ သွားကြတယ်။ သရက်ပင်အောက်မှာ နေရာတွေ ယူ၊ နေရာတွေ ယူပြီးတဲ့ အချိန်အခါကျတော့ သရက်သီးတွေ ကျကျနန စိတ်ရှိတိုင်း အားရပါးရ စားကြပါတယ်။

စားသောက်ပြီးတဲ့ အချိန်အခါကျတော့ ညအခါမှာ ဒီသရက်ပင်အောက်မှာ အိပ်ကြတယ်။ အိပ်တော့ အစောင့်အရှောက်တွေလည်း ချထားပါတယ်။ မီးတွေလည်း အားလုံး ထွန်းထားတယ်။ မီးတွေလည်း အားလုံး ထွန်းပြီးတော့ အစောင့်အရှောက်တွေနဲ့ ကျကျနန အိပ်တယ်။ ဒီသရက်ပင်မှာ ဘယ်သူမှ လာပြီး မနှောင့်ယှက်နိုင်အောင်၊ ဒါပေမဲ့ အဲဒီ အစောင့်အရှောက်တွေနဲ့တကွ အားလုံး အိပ်ပျော်ကြပြီ။ အိပ်ပျော်လိုက်တဲ့ ညဉ့်သန်းခေါင်ယံ အချိန်လောက်ရောက်တော့ ဘုရားအလောင်း မျောက်မင်းဦးဆောင်နေတဲ့ မျောက်တွေက ဒီသရက်ပင်မှာ လာပြီး ကျက်စားကြတယ်။ မျောက်ပေါင်း ရှစ်သောင်းလို့ ပြောတာပေါ့နော်။ ဒီတော့ မျောက်အကောင် ရှစ်သောင်းလောက် တက်ပြီးတော့ ကျက်စားနိုင်တဲ့ သရက်ပင်ဆိုတာကတော့ အခုခေတ် ဦးပဉ္စင်းတို့ မြင်နေကျ သရက်ပင်ထက်တော့ အဆပေါင်းများစွာ ကြီးလိမ့်မယ်လို့ ယူဆရပါတယ်နော်။ ကျက်စားလိုက်တဲ့ အချိန်အခါကျတော့ -

အကြောင်းမလှချင်တော့ အဲဒီအချိန်မှာ ရှင်ဘုရင်ကလည်း နိုးပြီ။ နိုးလိုက်တဲ့ အချိန်အခါကျတော့ မီးတွေကလည်း ထွန်းထားတော့ မျောက်တွေ ဒီသရက်ပင်က သရက်သီးတွေ စားနေတာ သွားတွေ့တယ်။ တွေ့လိုက်တဲ့ အချိန်အခါကျတော့ ရှင်ဘုရင်က လေးသည်တော်တွေ ဆင့်ခေါ်ပြီးတော့ ဒီမျောက်တွေ နောက်တစ်နေ့ ဘယ်လိုမှ ဒီသရက်ပင်ကနေ မဆင်းနိုင်အောင် အကုန်လုံး ဝိုင်းခိုင်းလိုက်တယ်။ လေးတွေ၊ မြားတွေနဲ့ အကုန်လုံး ဝိုင်းထားတယ်။ ဝိုင်းထားပြီးတော့ နောက်တစ်နေ့ကျရင် မျောက်သားလည်း စားမယ်၊ သရက်သီးလည်း စားမယ်ဆိုတဲ့ ဒီရည်ရွယ်ချက်ဖြင့် ဝိုင်းထားတာပါ။

အဲဒီလို ဝိုင်းထားလိုက်တဲ့ အချိန်အခါကျတော့ မျောက်တွေက လှမ်းပြီးတော့ အန္တရာယ်ကို ကြည့်လိုက်တော့ မြင်သွားပြီ။ ဘယ်လိုမှလည်း မပြေးရဲတော့ဘူး။ ပြေးလိုက်ရင်လည်း ပစ်တော့မယ်ဆိုတာက အဆင်သင့် ဖြစ်နေပြီ။ အဲဒီ အချိန်အခါကျမှ ဘုရားအလောင်း မျောက်မင်းကို အကျိုးအကြောင်း တင်ပြလျှောက်ထားကြတယ်။ တင်ပြလျှောက်ထားတဲ့ အချိန်အခါကျတော့ ဘုရားအလောင်း မျောက်မင်းကလည်း ဘာဖြစ်သလဲ?

‘‘မာ ဘာယိတ္ထ, အဟံ ဝေါ ဇီဝိတံ ဒဿာမိ’’

တုမှေ၊ သင်တို့သည်။ မာ ဘာယိတ္ထ၊ မကြောက်လန့်ကြပါကုန်လင့်။ အဟံ၊ ငါသည်။ ဝေါ၊ သင်တို့အား။ ဇီဝိတံ၊ အသက်ကို။ ဒဿာမိ၊ ပေးလှူပေအံ့။

ခေါင်းဆောင်ကောင်းတို့ရဲ့ စိတ်ထားလေးပဲနော်။ ဘာမှ မကြောက်နဲ့။ သင်တို့ကို ငါအသက်ပေးလှူမယ်။ သင်တို့ရဲ့ အသက်တွေကို ငါဇီဝိတဒါန ပြုမယ်။ အဲဒီလို မျောက်အပေါင်းကို သက်သာရာ ရစေပြီးတော့ သူက အပေါ်တက်သွားတယ်။ ဖြောင့်တဲ့ အကိုင်းကြီးတစ်ခု ရှိတယ်။ အဲဒီ အကိုင်းထိပ် တက်၊ အဲဒီကနေပြီးတော့ ဂင်္ဂါမြစ်ကမ်းဘက်ကို သွားတဲ့ အကိုင်းကနေ ထိပ်ဆုံးအကိုင်းတစ်ခုကို ကူးပြီးတော့ အဲဒီ ထိပ်ဆုံး အကိုင်းကနေပြီးတော့ ဂင်္ဂါမြစ် တစ်ဖက်ကမ်းကို လှမ်းပြီးတော့ တအား ခုန်လိုက်တယ်။ ဂင်္ဂါမြစ်က ဒီအချိန်အခါမှာ မြစ်ကတော့ နည်းနည်းလေး မြစ်အစ ဖြစ်နေတဲ့အတွက် နည်းနည်းလေး ကျဉ်းတယ်လို့တော့ ယူဆရပါတယ်။

သို့သော် သရက်ပင်ကိုင်းကတော့ အလွန်ကြီးပုံ ရတယ်။ အဲဒါကြောင့် လှမ်းခုန်လိုက်တဲ့ အချိန်အခါ ဂင်္ဂါမြစ် တစ်ဖက်ကမ်းမှာရှိတဲ့ ချုံပုတ်ပေါ်ကို ကျလိုက်တဲ့ အချိန်အခါမှာ ခုန်လာတဲ့ သရက်ကိုင်းကနေပြီးတော့ ချုံပုတ်ပေါ် အထိ ဘယ်ရွေ့ဘယ်မျှ ခရီးအတိုင်းအတာ ရှိမယ်ဆိုတာ ဉာဏ်ဖြင့် ခန့်မှန်းပြီးတော့ တိုင်းတာခဲ့တယ်။ တိုင်းတာပြီးတဲ့ အချိန်အခါကျတော့မှ ဆိပ်ကမ်းမှာရှိတဲ့ သစ်ပင်တစ်ပင် ဒီသစ်ပင်ကို ချည်ပတ်မယ့် နွယ် ဘယ်လောက်ရှိရမလဲ ဆိုတာလည်း တိုင်းတာလိုက်တယ်။ တိုင်းတာပြီးတဲ့ အချိန်အခါကျတော့မှ နွယ်တွေ သွားရှာတယ်။ နွယ်ရှာပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?

အဲဒီ သစ်ပင်မှာ နွယ်စတစ်ခုကို ခိုင်ခံ့အောင် ချည်၊ တစ်ခြား နွယ်တစ်ဖက်ထိပ်ကိုတော့ သူ့ခါးမှာ ချည်ပြီးတော့ အဲဒီ သစ်ပင်ကနေပြီးတော့ ဒီဘက် ဂင်္ဂါမြစ်ထဲမှာ ခုနက ရှိနေတဲ့ ဂင်္ဂါမြစ်ကမ်း ရှိနေတဲ့ သရက်ပင်ကို လှမ်းပြီးတော့ ခုန်လိုက်တယ်။ ခုန်လိုက်တဲ့ အချိန်က သူတိုင်းတာစဉ် အချိန်အခါမှာ သတိလစ်သွားတဲ့ အချက်ကလေး တစ်ခုရှိတယ်။ သူ့ခါးကို ပတ်တာ ဘယ်လောက်ရှိမယ်ဆိုတာကို သူက ထည့်ပြီး မတွက်ခဲ့မိဘူး။ မတွက်မိတော့ ကြိုးက မမှီတမီ ဖြစ်နေတယ်။ အဲဒီမှာ သစ်ကိုင်းကို သူ့ကိုယ်လုံးနဲ့ လှမ်းပြီးတော့ ဆွဲထားလိုက်တယ်။ ရှင်ဘုရင်ကြီးကလည်း ဒီအပြုအမူကို သူက အောက်ကနေ သေချာထိုင်ပြီးတော့ ကြည့်နေတယ်။ ဘာလုပ်မလဲဆိုတာ သူက ကြည့်နေတယ်။ ခေါင်းဆောင်ကောင်းတို့ဟာ ဘယ်လို လုပ်တာ ဆိုတာကို သူကလည်း အင်မတန် အတုယူချင်နေတယ်။

အဲဒီတော့ အဲဒီလို လှမ်းပြီးတော့ သစ်ကိုင်းတစ်ခုကို လှမ်းဆွဲလိုက်တယ်။ လှမ်းဆွဲလိုက်တဲ့ အချိန်အခါကျတော့ မီသွားတယ်။ မီသွားတဲ့ အချိန်အခါကျတော့ ကြိုးက သစ်ကိုင်းကို ချည်ဖို့ရန်တော့ မမီဘူး။ သူကနေ သစ်ကိုင်းကို လှမ်းပြီး ဖက်ထားလိုက်တော့ မီနေပြီ။ မီနေတဲ့ အခါကျတော့ ကဲ ... သူ့အပေါ်ကို ဖြတ်ပြီးတော့ ပြေးကြပေတော့ ဆိုပြီးတော့ မျောက်တွေကို အားလုံး သူက အချက်ပေးပြီးတော့ အမိန့်ပေးလိုက်တယ်။ အဲဒီ အချိန်အခါမှာ မျောက်တွေက သူ့ကို ပထမ ရှိခိုး၊ ရှိခိုးပြီးတော့မှ ကျောပေါ်ကို တက်နင်းပြီးတော့ အကုန်လုံး ဟိုဘက်ကမ်း ကူးသွားကြတယ်။ ကြိုးကနေ ပြဿနာပေါ်ချင်တော့ မောင်မင်းကြီးသား ကျန်နေတယ်နော်။

မောင်မင်းကြီးသား ဘယ်သူလဲ အရှင်ဒေဝဒတ် အလောင်းပဲ။ ဟုတ်တယ်မလား? သူက အခွင့်ကောင်း ရပြီ။ သူ့ကို ကယ်တင်မှာပဲ။ သူ့ကို ကယ်တင်မယ်၊ သူ့ကို သူက ညှဉ်းပန်းနှိပ်စက်ဖို့ရန် စိတ်ထားတွေ ရှိနေတယ်။ ဘာဖြစ်လို့လဲ? အဲဒါက ဟိုး ... ရွဲကုန်သည် ဘဝက ထားရှိခဲ့တဲ့ ရန်ငြိုးလေးပဲ။ ရန်ငြိုးလေးတစ်ခုကို အခြေခံပြီးတော့ ဒီနေရာမှာတော့ ငါ ဒီကောင်ကို ညှဉ်းပန်းနှိပ်စက်ဖို့၊ သတ်ဖြတ်ဖို့တော့ အခွင့်ရပြီ ဆိုပြီးတော့ သူက လှမ်းကိုင်ထားတယ်လေ။ သူတစ်ဖက် ကူးဖို့ရန်အတွက် သူ၊ လှုပ်လို့ မရဘူး။ သာမန် အချိန်မှာဆိုရင်တော့ ဘုရားအလောင်းကို သူ၊ ကပ်လို့ မရပါဘူး။ ခုအချိန်အခါကျတော့ ဘုရားအလောင်းကို သူက ကလဲ့စား ချေမယ်။ ဒီကောင်ကိုတော့ ငါ ဒီနေရာမှာ အနိုင်ရအောင်ချမယ် ဆိုပြီးတော့ အမြင့်ဆုံး သစ်ကိုင်းကို တက်လိုက်တယ်။ တက်ပြီးတဲ့ အခါကျတော့မှ အဲဒီ အမြင့်ဆုံး သစ်ကိုင်းကနေ အားကောင်းကောင်းနဲ့ ဘုရားအလောင်း ကျောပေါ်ကို တအား ခုန်ချလိုက်တယ်။ ခုန်ချလိုက်တဲ့ အချိန်အခါကျတော့ -

အဲဒီမှာ ဘုရားအလောင်း နှလုံးကွဲသွားတယ်နော်။ သူ ဟိုဘက်ကမ်း ရောက်အောင်တော့ ကပျာကယာ ကူးလိုက်ပါတယ်။ ကူးလိုက်တဲ့ အချိန်-အခါကျတော့ ဘုရားအလောင်းကလည်း ဒီသစ်ကိုင်းကို သူ မလွှတ်ဘူး။ ဒါပေမဲ့ သူ ဘာမှ မလုပ်နိုင်တော့ဘူး။ သူ့နှလုံးက ကောင်းကောင်း အလုပ် မလုပ်တော့ဘူး။ အဲဒီအခါမှာ ရှင်ဘုရင်ကြီးက ဒီအပြုအမူကို ကြည့်ပြီးတော့ မနက်မိုးလင်းတဲ့ အချိန်အခါကျတော့ မျောက်မင်းကို သူက ဒီအတိုင်း ထားလို့တော့ မတော်ဘူး။ မတော်ဘူးဆိုပြီးတော့ ဘာလုပ်သလဲ?

လှေတွေ အကုန်လုံး ခေါ်လိုက်တယ်။ ခေါ်ပြီးတဲ့ အခါမှာ အဲဒီ ဘုရားအလောင်း လှမ်းပြီး ကိုင်ထားတဲ့ သစ်ခက်ရှိတဲ့အောက်မှာ လှေတွေ ရပ်တည်ပြီး အဲဒီအပေါ်မှာ ငြမ်းတွေ ဆင်လိုက်တယ်။ ငြမ်းဆင်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီမျောက်ကို သက်သက်သာသာလေးနဲ့ အောက်ကို ပွေ့ချီပြီး ချသွားတယ်နော်။ ပွေ့ချီ ချပေးပြီးတဲ့ အချိန်အခါကျတော့ မျောက်ရဲ့ ကိုယ်မှာ အညိုရောင် ပိတ်စလေးတွေနဲ့ လွှမ်းခြုံပြီးတော့ အကြိမ်တစ်ထောင် ချက်ထားတဲ့၊ အကြိမ်တစ်ထောင် စစ်ထားတဲ့ ဆီနဲ့ သေချာသုတ်လိမ်း။ ဘုရားအလောင်းကို တင်လဲရည်တွေတိုက်၊ နင်းနယ်ပြီးတော့ ပေးပါတယ်။

ဒါပေမဲ့လို့ ဘုရားအလောင်းက အသက်မရှင်ဘူးတဲ့နော်။ နှလုံးက ကောင်းကောင်း အဆင်မပြေတော့ နှလုံးကွဲသွားတဲ့အတွက် အဲဒီနေရာမှာပဲ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်သွားတဲ့ အချိန်အခါကျတော့မှ ရှင်ဘုရင်ကြီးကလည်း စိတ်မကောင်းဘူး။ စိတ်မကောင်းတဲ့ အခါကျတော့ မှူးကြီးမတ်ရာတွေကို အမိန့်ချလိုက်တယ်။

ကဲ ... ဒီမျောက်ကို ရှင်ဘုရင်တို့ကို မီးသင်္ဂြိုဟ်တဲ့ ပုံစံအတိုင်းဖြင့် အခမ်းအနား ကြီးကြီးကျယ်ကျယ်ဖြင့် မီးသင်္ဂြိုဟ်ရမယ်ဆိုပြီး အမိန့်ပေးလိုက်တယ်။ အားလုံး မှူးကြီးမတ်ရာတွေကော၊ မိဖုရားတွေကော အားလုံး အတူလိုက်ပြီးတော့ မီးသင်္ဂြိုဟ်ပေးရပါတယ်။ မီးသင်္ဂြိုဟ်ပြီးတဲ့ အချိန်အခါကျတော့ ဘုရားအလောင်းရဲ့ ဦးခေါင်းခွံကို ယူလာတယ်။ ဦးခေါင်းခွံနော်။ ဦးခေါင်းခွံကို ယူလာပြီးတဲ့ အခါကျတော့မှ ဘာလုပ်သလဲနော်။ သူ့ရဲ့ စိတ်ထဲမှာ ဒီဘုရားအလောင်းအပေါ်မှာ သူက အလွန် ကြည်ညိုနေတဲ့ အချက်တစ်ခု ရှိတယ်။ ဘယ်လို ကြည်ညိုသလဲ?

အယံ တိရစ္ဆာနော ဟုတွာ အတ္တနော ဇီဝိတံ အဂဏေတွာ ပရိသာယ သောတ္ထိဘာဝမေဝ အကာသိ

အယံ၊ ဤမျောက်သည်။ တိရစ္ဆာနော၊ တိရစ္ဆာန်။ ဟုတွာ၊ ဖြစ်ပါလျက်။ အတ္တနော၊ မိမိ၏။ ဇီဝိတံ၊ အသက်ကို။ အဂဏေတွာ၊ မရေတွက်မူ၍။ ပရိသာယ၊ ပရိသတ်၏။ သောတ္ထိဘာဝမေဝ၊ ချမ်းသာမှုရှိသည်၏ အဖြစ်ကိုသာလျှင်။ အကာသိ၊ ပြုတော်မူခဲ့လေပြီ။

ဒီမျောက်က ကြည့်လိုက် - တိရစ္ဆာန်တစ်ကောင်ပင် ဖြစ်နေပေမယ်လို့ မိမိ၏ အသက်ကို ထည့်ပြီး ငဲ့ကွက်တွယ်တာမှု, ရေတွက်မှု မပြုဘူး။ မိမိရဲ့ မျောက်အပေါင်းလို့ ခေါ်ဆိုအပ်တဲ့ ဆွေမျိုးတွေရဲ့ ချမ်းသာမှုကိုသာလျှင် သူက သေသေချာချာ အသက်စွန့်ပြီးတော့ ရွက်ဆောင်သွားတယ်။

ဘယ့်နှယ်တုံး? ဒကာကြီးတွေ ကြည်ညိုဖို့ မကောင်းဘူးလား? ကောင်းပါတယ်။ တစ်ဖက် ပုဂ္ဂိုလ် ကြည့်လိုက်တဲ့ အခါကျတော့ ဒီလောက်တောင် သူတစ်ပါးရဲ့ ကောင်းကျိုးကို ရွက်ဆောင်ပေးနေတဲ့ ပုဂ္ဂိုလ်အပေါ်မှာ နှလုံးကွဲသွားအောင် သူက လုပ်ရပ်တယ်ဆိုတော့ တစ်ဖက်ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်ကို ကြည့်လိုက်ရင်လည်း ကောင်းသေးလား? အလွန် ယုတ်ညံ့တဲ့, အလွန် ညံ့ဖျင်းတဲ့ လုပ်ငန်းရပ်မျိုး မဖြစ်ဘူးလား? ဖြစ်နေတယ်။ အဲဒီလို ယုတ်ညံ့တဲ့ လုပ်ငန်းတစ်ခုကို သူတစ်ပါး ကောင်းကျိုးကို ရွက်ဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဒီလို ယုတ်ညံ့တဲ့ လုပ်ငန်းတစ်ခု ပြုလိုက်တယ်။ ဒီ အရှင်ဒေဝဒတ် ဒီနေ့ ဘယ်ရောက်သွားသလဲ? ငရဲရောက်နေတယ်နော်။

ဘာဖြစ်လို့ သူက ဒါကို ပြုလုပ်ရပါသလဲလို့ ပြန်ဆန်းစစ်ကြည့်လိုက်တော့လည်း ရွဲကုန်သည် ဘဝမှာ ရွှေခွက်တစ်ခုကို အခြေခံပြီး မကျေနပ်ချက်လေးကို မွေးမြူခဲ့တာ။ အဲဒီ အချိန်အခါကစပြီး တစ်ဘဝနဲ့ တစ်ဘဝ ဒီမကျေနပ်ချက်ကို ပယ်ဖျက်ဖို့ မပြုဘဲ ရင့်ကျက်အောင် မွေးမြူလာခဲ့တဲ့အတွက် နောက်ဆုံး ဘုရားဖြစ်သည်အထိ သုံးလောကထွတ်ထား ဘုရားဖြစ်သည့် ဘဝအထိ ဘုရားရှင်အပေါ်၌ သူ ကျေနပ်မှု ရှိသလား? မရှိဘူး။ စဉ်းစားကြည့်နော်။

ဒေါသတွေ ခြံရံပြီးတော့ ကံတစ်ခုကို ပြုစုပျိုးထောင်ခဲ့တယ်။ တစ်ဖက်သော ပုဂ္ဂိုလ်အပေါ်၌ မကျေနပ်ချက်တွေ တစ်ပုံကြီး ထားပြီးတော့ မိမိက ကံတွေ ထူထောင်နေတယ်။ အဲဒီကံက အကျိုးပေးတဲ့ ဘဝရောက်လာရင် အဲဒီ တစ်ဖက်သား ပုဂ္ဂိုလ်အပေါ်မှာလည်း ဘယ်တော့မှ ကျေနပ်မှု မရှိနိုင်ဘူး။ ရှင်ဒေဝဒတ်က အဲဒီလို ကံမျိုး ထူထောင်ခဲ့တာ။ ထူထောင်ခဲ့တော့ ခု ဘုရားလောင်း မျောက်ဘဝရောက်တော့လည်း မကျေနပ်ဘူး။ မျောက်ဘဝမှာတင် မကျေနပ်သလားလို့ မဟုတ်သေးဘူး။ ဘုရားဖြစ်တဲ့ ဘဝရောက်တော့လည်း ဘုရားအပေါ်မှာ ကျေနပ်သလား? မကျေနပ်ဘူး။ ဘုရားအပေါ်မှာတောင် မကျေနပ်ဘူး ဆိုလို့ရှိရင်တော့ ဒီပုဂ္ဂိုလ်ကို နောက်ထပ် သူ့အတွက် စကားလုံး ရှာဖွေလို့ ရပါဦးမလား? မရတော့ဘူး။ ဒါ ဘဝဆုံးပြီပဲနော်။ မတုန်မလှုပ်သော ဘုရားရှင်အား ပြစ်မှားမိခဲ့တဲ့အတွက် မတုန်မလှုပ်တဲ့ အကျိုးကို ခံစားရတယ်ဆိုပြီးတော့ စာကတော့ ဒီလို ဖော်ပြထားတယ်။

ဒီကမ္ဘာ တည်သရွေ့ အရှင်ဒေဝဒတ် ဒီငရဲက ဘယ်တော့မှ မလွတ်ဘူး။ ဒီကမ္ဘာ ပျက်တဲ့ အချိန်အခါကျမှ သူ ဒီငရဲက လွတ်မယ်။ သူ ခံနေရတဲ့ အကျိုးကို ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင် အလျား ယူဇနာ တစ်ရာ၊ အနံ ယူဇနာ တစ်ရာ၊ အစောက် ယူဇနာ တစ်ရာ ရှိနေတဲ့ အဝီစိငရဲအတွင်းမှာနော်။

မတ်တပ်ရပ်နေတယ်။ မတ်တပ် ရပ်လိုက်တဲ့အခါ အပေါ်သံအမိုးကို သွားပြီးတော့ နဖူးအထိ မြုပ်နေတယ်။ ခေါင်းကလည်း လှုပ်လို့ မရဘူး။ ညာဘက်လက်က ညာဘက် သံတံတိုင်းအတွင်း လက်ကောက်ဝတ်အထိ မြုပ်တယ်။ ဘယ်ဘက်လက်ကလည်း ဘယ်ဘက် သံတံတိုင်းအတွင်းမှာ လက်ကောက်ဝတ်ထိ မြုပ်နေတယ်။ လှုပ်လို့ မရဘူး။ အဲဒီ လှုပ်မရတဲ့ အထဲမှာ ပိုပြီး သေချာသထက် သေချာအောင် ဘာလုပ်လိုက်သလဲ? ရင်ဝကို ဖောက်ပြီးတော့ ထန်းလုံးခန့် ရှိနေတဲ့သံချွန် မီးဟုန်းဟုန်း တောက်နေတဲ့ သံချောင်းကြီးတစ်ချောင်းက အရှေ့နဲ့ အနောက် တိုးလျိုပေါက် ဖောက်ပြီးတော့ အရှေ့တံတိုင်း အနောက်တံတိုင်းမှာ သွားပြီးတော့ စိုက်ပြီး မြုပ်နေတယ်။ လှုပ်လို့ ရသေးလား? မရဘူး။ ဘာဖြစ်လို့လဲ?

မတုန်မလှုပ်သော ဘုရားရှင်အား ပြစ်မှားမိခဲ့တဲ့အတွက် မတုန်မလှုပ်တဲ့ အကျိုးတရားတွေကို ရရှိတယ်လို့ ဒီလို ဖော်ပြထားပါတယ်နော်။ ဒါကြောင့် ဦးပဉ္စင်းတို့ မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့ သူတော်ကောင်းများကိုတော့ ပြစ်မှားမိခဲ့မယ်ဆိုရင် ဒီလို အကျိုးမျိုးတွေ မရနိုင်ဘူးလား? ရနိုင်တယ်။ ဒါ သတိရှိဖို့ သိပ်လိုအပ်ပါတယ်နော်။

မိမိတို့က အခုလို အသိဉာဏ်ရှိတဲ့ ဘဝတစ်ခု ရရှိတဲ့ အချိန်အခါမှာ မိမိရဲ့ ဘဝက အဆင့်အတန်း မြင့်မားတာထက် မြင့်မားနေတဲ့ ဘဝတစ်ခုသာ ဖြစ်စေရမယ်ဆိုတဲ့ စိတ်ထားဖြင့် သီလကျင့်စဉ်တွေ, သမာဓိကျင့်စဉ်တွေ, ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ဖို့ မလိုဘူးလား? လိုအပ်တယ်နော်။ ဒါပေမဲ့ ခုနက ဘုရားအလောင်း မျောက်က ခုနက သေသေချာချာ စနစ်တကျ ကျင့်လိုက်တဲ့ အချိန်အခါမှာ ဆွေမျိုးတွေအတွက် ကျင့်လိုက်တဲ့ အချိန်အခါမှာ ခုနက ရှင်ဘုရင်ကြီးကနေ ငြမ်းနဲ့ ယူပြီးတော့ အောက်ကို ချလိုက်ပြီ။ ချပြီးတဲ့ အချိန်အခါကျတော့မှ ဘုရားအလောင်း မျောက်ရဲ့ အောက်မှာ သားရေနွယ်လေးနော် သိုးမွေးနဲ့ ခင်းထားတဲ့ သားရေနွယ်တွေကို သေချာ ခင်းပေးပါတယ်။ ခင်းပြီးတော့မှ ဒီပေါ်မှာ သိပ်တယ်။ သိပ်ပြီးတော့ ဘုရားအလောင်းကို မသေခင်မှာ ရှင်ဘုရင်ကြီးက ဘုရားအလောင်းကို မေးခွန်းလေးတွေ မေးပါတယ်နော်။ ခုနက မီး, မသင်္ဂြိုဟ်ခင်ပေ့ါ။

အဲဒီ မေးခွန်းလေးတွေက ဒီည ဘုန်းကြီး ဟောချင်တဲ့ တရားပဲနော်။ အဲဒီတော့ ရှင်ဘုရင်ကြီးက ဘာစပြီး မေးသလဲ? မေးလိုက်တဲ့ အချိန်အခါမှာလည်း မိမိက မြင့်တဲ့နေရာက မေးပြီးတော့ ငါဘုရင်ပဲ ဆိုပြီးတော့ မြင့်တဲ့နေရာက နေပြီး မမေးပါဘူး။ အနိမ့်ကို ဆင်းပြီးတော့ မေးတယ်။ ဘာဖြစ်လို့လဲ? သိပ်ကြည်ညိုသွားတယ်။ တိရစ္ဆာန် တစ်ကောင်ပင် ဖြစ်ပေမယ်လို့ မိမိရဲ့ အသက်ကို စွန့်ပြီးတော့ မိမိရဲ့ ဆွေမျိုးတွေအတွက် တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တာကို ခေါင်းဆောင်မှန်လို့ရှိရင် အင်မတန် မနှစ်ခြိုက်ကြဘူးလား? နှစ်ခြိုက်တယ်။ အဲဒီအခါမှာ သူက ဘာမေးသလဲ?

အတ္တာနံ သင်္ကမံ ကတွာ, ယော သောတ္ထိံ သမတာရယိ၊ ကိံ တွံ တေသံ ကိမေ တုယှံ, ဟောန္တိ ဧတေ မဟာကပိ

မဟာကပိ၊ ကြီးကျယ်မြင့်မြတ်လှပေသော အိုမျောက်မင်း။ ယော၊ အကြင်သင်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ သင်္ကမံ၊ တံတား။ ကတွာ၊ ပြု၍။ ဧတေ၊ ဤမျောက်တို့ကို။ သောတ္ထိံ၊ ဘေးမရှိသည်ကို။ ကတွာ၊ ပြု၍။ သမတာရယိ၊ ကယ်တင်ထုတ်ဆောင်တော်မူခဲ့လေ၏။

ဒီမျောက်တွေကို သင်က တံတားခင်းတယ်။ ခုနက သစ်ကိုင်းလေးကို လှမ်းကိုင်ပြီးတော့နော်။ တံတားခင်းပြီးတော့ ဒီမျောက်တွေရဲ့ ဘေးမရှိရာ အရပ်သို့ ရောက်အောင် ထုတ်ဆောင် ကယ်တင်ခဲ့တယ်။

မဟာကပိ၊ ကြီးကျယ်မြင့်မြတ်လှပေသော အိုမျောက်မင်း။ ယော၊ အကြင်သင်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ သင်္ကမံ၊ တံတား။ ကတွာ၊ ပြု၍။ ဧတေ၊ ဤမျောက်တို့ကို။ သောတ္ထိံ၊ ချမ်းသာခြင်းသို့ ရောက်ရှိအောင်။ သမတာရယိ၊ ကောင်းစွာ ကူးမြောက်စေတော်မူခဲ့လေပြီ။ တွံ၊ သင်သည်။ တေသံ၊ ထိုမျောက်တို့အား။ ကိံ၊ အဘယ်သို့ တော်စပ်ပါသနည်း။ ဧတေ၊ ဤမျောက်တို့သည်လည်း။ တုယှံ၊ သင့်အား။ ကိံ၊ အသို့ တော်စပ်ကြပါကုန်သနည်း။

အဲဒီမျောက်တွေ သင်နဲ့ ဘာများ တော်သလဲ, ဘယ်လိုများ တော်စပ်ကြသလဲ, ဘယ်လို ဆွေမျိုးတော်ကြသလဲ စသည်ဖြင့် မေးကြည့်တယ်နော်။ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့မှ ဘုရားအလောင်း မျောက်မင်းကလည်း ဘာပြန်ပြောသလဲ?

ရာဇာဟံ ဣဿရော တေသံ, ယူထဿ ပရိဟာရကော၊ တေသံ သောကပရေတာနံ, ဘီတာနံ တေ အရိန္ဒမ

အရိန္ဒမ၊ ရန်သူတို့ကို ဆိုဆုံးမတတ်တော်မူပါပေသော အို ဘုရင်မင်းမြတ်။ အဟံ၊ ကျွန်တော်မျိုးသည်။ ယူထဿ၊ မျောက်အပေါင်းကို။ ပရိဟာရကော၊ ဆောင်ထားသော။ ဣဿရော၊ အစိုးရတဲ့ပုဂ္ဂိုလ် အစိုးရသော။ တေသံ၊ ထိုရှစ်သောင်းသော မျောက်တို့၏။

ဒီမျောက်တွေရဲ့ မျောက်ရှစ်သောင်းတို့ရဲ့ ရှင်ဘုရင် ဖြစ်ပါတယ်။ မျောက်ရှစ်သောင်းကို ယူဆောင်ပြီးတော့ လှည့်လည် ကျက်စားနေတဲ့ မျောက်တို့ရဲ့ အရှင်သခင် ဖြစ်တယ်။ ဒီမျောက်တွေမှာ စိုးရိမ်ပူဆွေးခြင်းဆိုတဲ့ သောကတရားဖြင့် အနှိပ်စက်ခံနေရပြီ။ ဘယ်သူ့ကြောင့်လဲ? အရှင်မင်းကြီးကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်သောကဖြင့် အနှိပ်စက် ခံနေရတဲ့ ဒီမျောက်တွေ အရှင်မင်းကြီးကို အလွန် ကြောက်ရွံ့နေကြပြီ။ အရှင်မင်းကြီးကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးရန်ဒုက္ခတွေ အလွန် ကြောက်ရွံ့နေတယ်။ ဒါကြောင့် တံတားခင်းပြီးတော့ ဒီမျောက်တွေကို ကျွန်တော် ထုတ်ဆောင် ကယ်တင်ခြင်း ဖြစ်ပါတယ်။ စသည်ဖြင့် သူက ပြောတယ်နော်။ နောက်တစ်ခု

ရာဇာဟံ ဣဿရော တေသံ, ယူထဿ ပရိဟာရကော၊ တေသံ သောကပရေတာနံ, ဘီတာနံ တေ အရိန္ဒမ

သူဟောတဲ့ ဂါထာလေးတွေပဲနော်။ ဘာပြောသလဲ?

အရိန္ဒမ၊ ရန်သူတို့ကို ဆိုဆုံးမတတ်ပါပေသော အိုမင်းကြီး။ အဟံ၊ ကျွန်တော်သည်။ ယူထဿ၊ မျောက်အပေါင်းကို။ ပရိဟာရကော၊ ဆောင်ယူတတ်သော။ ဣဿရော၊ အစိုးရသော။ တေသံ၊ ထိုရှစ်သောင်းသော မျောက်တို့ကို။ ရာဇာ၊ မင်းပါပေတည်း။

ဒီမျောက်အပေါင်းကို ကြည့်လိုက်မယ်ဆိုရင်တော့ ကျွန်တော်က မျောက်တွေကို အစိုးရတဲ့ ရှင်ဘုရင်တစ်ဦးတော့ ဖြစ်ပါတယ်။ အရှင်မင်းကြီးမှ ကြောက်ရွံ့တဲ့အတွက် မင်းကြီးကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးရန်တွေကို ကြောက်ရွံ့တဲ့အတွက် စိုးရိမ်သောကဖြင့် အနှိပ်စက်ခံနေရတဲ့ မျောက်တွေ ဖြစ်တယ်။

ဒါကြောင့် ဒီမျောက်အပေါင်းကို ငါ ထုတ်ဆောင်ကယ်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် လေးအပြန်နဲ့ တိုင်းကြည့်မယ် ဆိုလို့ရှိရင်တော့ အပြန်တစ်ရာ၊ အလံတစ်ရာလောက် ကွာတဲ့အရပ်နော်။ အဲဒီ အလံတစ်ရာလောက်ကွာတဲ့ အရပ်ကို မိမိရဲ့ ခန္ဓာကိုယ်ဖြင့် လှမ်းခုန်လိုက်ပါတယ်။ လှမ်းခုန်ပြီးတဲ့အချိန်အခါကျတော့ ဟိုဘက်ကမ်း ရောက်ပြီ။ နွယ်ကို ခွေပြီ။ နွယ်ခွေပြီးတဲ့အချိန်အခါကျတော့ တစ်ဖက်ကမ်းမှာရှိတဲ့ သစ်ပင်မှာ သစ်ပင်ရဲ့ အောက်ခြေမှာ ဒီနွယ်ကို ခိုင်ခံ့အောင် ချည်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီဘက်ကမ်းကို လှမ်းပြီးတော့ သူက တစ်ဖန် ပြန်ပြီးတော့ ခုန်တဲ့အကြောင်း ဆက်ပြောတယ်နော်။ ဒါကြောင့် -

အတ္တာနံ၊ မိမိကိုယ်ကို။ ဝိဿဋ္ဌဓနုနော၊ ညှို့မှလွတ်သော လေး၏။ သတံ၊ အပြန်တစ်ရာ အတိုင်းအရှည်ရှိသော အရပ်ကို။ ဥလ္လင်္ဃယိတွာ၊ ကောင်းစွာခုန်၍။ တတော၊ ထိုအရပ်မှသာလျှင်။ အပရပါဒေသု၊ နောက်ခြေတို့၌။ လတာဂုဏံ၊ ထိုယူအပ်သော နွယ်ကို။ ဒဠှံ၊ မြဲမြံစွာ။ ဗန္ဓံ၊ ဖွဲ့ချည်ထားခဲ့၍။

နောက်ခြေတို့ ဆိုတာကတော့ သူ့ရဲ့ ခါးအောက်ပိုင်းကို ပြောတာပါနော်။ ထားခဲ့ပြီးတော့ ဘာလုပ်သလဲ?

‘‘ဆိန္နဗ္ဘမိဝ ဝါတေန’’ = လေကြောင့် ပြတ်သော တိမ်တိုက်ကဲ့သို့။ ဦးပဉ္စင်းတို့ တိမ်တိုက်ကြီးတွေ ရှိနေပြီ။ ဖြူနေတဲ့ တိမ်တိုက်တွေ ဆိုကြပါစို့။ ဖြူနေတဲ့ တိမ်တိုက်တွေကို လေကနေ တိုက်ခတ်လိုက်တဲ့ အချိန်အခါမှာ တချို့ တိမ်တိုက်တွေက ပထမ မူလ ရှိရင်းစွဲဖြစ်တဲ့ တိမ်တိုက်ကနေ လွင့်စဉ်

‘‘ဆိန္နဗ္ဘမိဝ ဝါတေန’’ = လေကြောင့် ပြတ်သော တိမ်တိုက်ကဲ့သို့။ နုဏ္ဏော၊ မိမိ၏အဟုန်ကြောင့် ဖြစ်ပေါ်၍လာသော လေသည် လွင့်အပ်သည်ဖြစ်၍။

မိမိရဲ့ လှမ်းပြီး ခုန်လိုက်တဲ့ လေရဲ့ တွန်းကန်အား စွမ်းအားကြောင့် တစ်ဖက်ကမ်းမှာ ရပ်တည်ပြီးတော့ တစ်ဖက်ကမ်းကို လှမ်းပြီး ခုန်လိုက်တဲ့အခါ ခုန်တဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ တွန်းတဲ့ တွန်းကန်နေတဲ့ ဝါယောဓာတ် လေအားတွေ ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ်လာပြီ။ အဲဒီ လေအားရဲ့ စွမ်းအဟုန်ကြောင့် ဒီဘက်ကမ်း ရောက်လာတာ ဘယ်လိုလဲလို့ မေးရင်း တိမ်တိုက်ကနေပြီးတော့ လေတိုက်တဲ့ အဟုန်ကြောင့် လွင့်စဉ်ပြီး ထွက်လာတဲ့ တိမ်တိုက်ကြီး တစ်ခုလိုပဲ။ ဒီဘက်ကမ်း ရောက်လာတယ်နော်။ ဒါကြောင့် -

ဆိန္နဗ္ဘမိဝ ဝါတေန၊ လေကြောင့် ပြတ်သော တိမ်တိုက်ကဲ့သို့။ နုဏ္ဏော၊ မိမိ၏ ခုန်လိုက်တဲ့ အဟုန်ကြောင့် ဖြစ်ပေါ်၍လာသော လေသည် လွင့်ပစ်အပ်သည်ဖြစ်၍။ ရုက္ခံ၊ သရက်ပင်သို့။ ဥပါဂမိံ၊ ကပ်ရောက်ခဲ့လေ၏။

တစ်ဖက်ကနေ လှမ်းပြီး ခုန်လိုက်တာ တိမ်တိုက်ကြီး လေထဲကနေ လွင့်လာတဲ့အတိုင်း ဒီသစ်ပင်ကို ဆိုက်ရောက်လာပြီ။

သော အဟံ၊ ထို ငါသည်။ တတ္ထ၊ ထိုကောင်းကင်ပြင်၌။ အပ္ပဘဝံ၊ မစွမ်းနိုင်သည်ဖြစ်၍။ သာခံ၊ သရက်ခက်ကို (ဤသရက်ပင်သို့ရောက်အောင်)။ ဟတ္ထေဟိ၊ လက်နှစ်ဖက်တို့ဖြင့်။ အဂ္ဂဟိံ၊ ကိုင်ဆွဲခဲ့လေပြီ။

ဒီကောင်းကင်ပြင်မှာ လှမ်းပြီး ကြည့်လိုက်တော့ ကြိုးက မမီဘူး ဖြစ်နေတယ်။ မမီ ဖြစ်နေတဲ့အတွက်ကြောင့် သရက်ပင်ပေါ်သို့ ရောက်ဖို့ရန် မစွမ်းနိုင်တဲ့အတွက် နီးစပ်ရာ သရက်ကိုင်း တစ်ကိုင်းကို လှမ်းပြီးတော့ ဆွဲပြီးတော့ ကောင်းကင်မှာ ရပ်တည်နေခဲ့ရတယ်နော်။ အဲဒီလို ကောင်းကင်မှာ ရပ်တည်ပြီးတဲ့ အချိန်အခါကျတော့ သူက ဘာလုပ်သလဲ? ရှေ့ဆက်ပြီး ပြောတယ်နော်။

‘‘တံ မံ ဝိယာယတံ သန္တံ၊ သာခါယ စ လတာယ စ၊ သမနုက္ကမန္တာ ပါဒေဟိ၊ သောတ္ထိံ သာခါမိဂါ ဂတာ။’’

သန္တံ၊ စောင်း၌ တည်အပ်သော စောင်းကြိုးကဲ့သို့။ သာခါယ စ၊ သရက်ခက်သည်လည်းကောင်း။ လတာယ စ၊ နွယ်သည်လည်းကောင်း။ ဝိယာယတံ၊ မြင်အပ်သည်ဖြစ်၍။ တံ မံ၊ မြင်အပ်သည့်သဏ္ဍာန် ဖြစ်၍နေသော ထိုငါ့ကို။

စောင်းလေးတစ်ခု ချည်ထားတယ် ဆိုကြပါစို့။ စောင်းကြိုး တစ်ဖက်က ကောက်နေတဲ့ နေရာမှာ ချည်တယ်၊ တစ်ဖက်က ဟိုဘက်က စောင်းအရင်းမှာ ချည်တယ်နော်။ ဒီပုံစံအတိုင်းပဲ။ ကြိုးက သူ့ကို တစ်ဖက်က သူ့ခါးအောက်ပိုင်းကို ခြေထောက်ကို ချည်ထားတယ်၊ တစ်ဖက်ကလည်း သူ့လက်က သရက်ကိုင်းကို လှမ်းပြီးတော့ ဆွဲထားတယ်နော်။ ဆွဲထားလိုက်တဲ့အတွက် ဘာဖြစ်သလဲ?

သန္တံ၊ စောင်း၌ တည်အပ်သော စောင်းကြိုးကဲ့သို့။ သာခါယ စ၊ သရက်ခက်သည်လည်းကောင်း။ လတာယ စ၊ နွယ်သည်လည်းကောင်း။

တစ်ဖက်ကို ကြည့်လိုက်တော့ သရက်ခက်၊ တစ်ဖက်ကို ကြည့်လိုက်တော့ နွယ်။ အဲဒီနှစ်ခုက ဘာဖြစ်သလဲ?

သန္တံ၊ စောင်း၌ တည်အပ်သော စောင်းကြိုးကဲ့သို့။ သာခါယ စ၊ သရက်ခက်သည်လည်းကောင်း။ လတာယ စ၊ နွယ်သည်လည်းကောင်း။ ဝိယာယတံ၊ မြင်အပ်သည်ဖြစ်၍။ တံ မံ၊ မြင်အပ်သည့်သဏ္ဍာန် ဖြစ်၍နေသော ထိုငါ့ကို။ သာခါမိဂါ၊ မျောက်တို့သည်။ ပါဒေဟိ၊ ခြေတို့ဖြင့်။ သမနုက္ကမန္တာ၊ နင်းကြကုန်လျက်။ သောတ္ထိံ၊ ဘေးမရှိခြင်း (ချမ်းသာခြင်း) သို့။ ဂတာ၊ ရောက်ရှိသွားကြလေကုန်ပြီ။

မျောက်အပေါင်းတို့က ကျွန်တော့်အပေါ်မှာ နင်းပြီးတော့ ချမ်းသာစွာ ဟိုဘက်ကမ်းရောက်အောင် သွားကြတယ်နော်။ အဲဒီ အချိန်အခါမှာ အပစ် ခိုင်းပါလား? ရှင်ဘုရင်က အပစ် မခိုင်းဘူး။ ဘာဖြစ်လို့လဲ? အကြောင်းလေးတွေကတော့ နှစ်ချက် ရှိပါတယ်။ အကြောင်းတစ်ချက်ကတော့ ဒီရှင်ဘုရင်ဟာ တခြားပုဂ္ဂိုလ် မဟုတ်ပါဘူး။ ရှင်အာနန္ဒာရဲ့ အလောင်းပါနော်။ ရှင်အာနန္ဒာအလောင်း ဖြစ်တဲ့အတွက် ဘုရားအလောင်း မျောက်ကို တွေ့လိုက်ကတည်းက စိတ်ထဲမှာ အင်မတန် ကျေနပ်နေပြီ။ ဒါက အကြောင်း တစ်ခု။ နောက် အကြောင်းတစ်ခုကတော့ -

ခေါင်းဆောင်ကောင်းတို့မည်သည်မှာ တခြား ခေါင်းဆောင်တွေက ဘယ်လိုများ မိမိတို့ရဲ့ ဆွေမျိုးတွေကို ချမ်းသာသုခ ရရှိအောင် ရွက်ဆောင် ပေးသလဲ? ဒါကို သူက အတုယူချင်တယ်နော်။ အဲဒီ အတုယူချင်တဲ့ စိတ်ထားဖြင့် သူက လှမ်းကြည့်နေပြီ။ လှမ်းကြည့်နေတဲ့ အတွက်ကြောင့် သူက မျောက်တွေကို ပစ်ခတ်ပြီး သတ်ဖို့ရန်အတွက် အမိန့် မပေးပါဘူး။ ကဲ ... ဟိုဘက်ကမ်းရောက်အောင် သူက အကူးခိုင်းလိုက်ပြီ။ ကူးခိုင်းလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

‘‘တံ မံ န တပတေ ဗန္ဓော၊ မတော မေ န တပေဿတိ၊ သုခမာဟရိတံ တေသံ၊ ယေသံ ရဇ္ဇမကာရယိံ။’’

တံ၊ အကြင်အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ယေသံ၊ အကြင်မျောက်တို့၏။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ အကာရယိံ၊ ပြုကျင့်ခဲ့လေပြီ။ မယာ၊ ငါသည်။ တေသံ၊ ထိုမျောက်တို့၏။ သုခံ၊ ချမ်းသာကို။ အာဟရိတံ၊ ဆောင်အပ်ခဲ့လေပြီ။

သူ့စိတ်ထဲ သူကျေနပ်နေတယ်နော်။ သူ သေရတာကို ဝမ်းနည်းတဲ့ စိတ်ထား သူ့မှာ ရှိသလား? မရှိဘူး။ သူ့ရဲ့ ဆွေမျိုးတွေ မိမိကို အကြောင်းပြုပြီးတော့ ချမ်းသာသုခ ရရှိတာကို သူက အင်မတန် ကျေနပ်တယ်။ သူတော်ကောင်းဆိုတာ အဲဒီစိတ်ထား ရှိဖို့ လိုပါတယ်နော်။ မိမိတို့ရဲ့ သီတင်းသုံးဖော်တွေ၊ မိမိတို့ရဲ့ ဆွေမျိုးသားချင်းတွေ၊ မိမိတို့ရဲ့ တိုင်းသူပြည်သားတွေ မိမိကို အကြောင်းပြုပြီးတော့ ချမ်းသာသုခ ရရှိတာကို အလွန် နှစ်သက် ဝမ်းမြောက်ပြီး ကျေနပ်တဲ့ စိတ်ထား သူတော်ကောင်းတိုင်းမှာ ရှိရပါတယ်နော်။ မိမိကို အကြောင်းပြုပြီးတော့ တစ်ဖက်သားတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတဲ့ သဘောဆိုတာ ဒါ သူတော်ကောင်းတို့ရဲ့ သဘောထား ဟုတ်သလား? မဟုတ်ဘူး။ ဒါ စဉ်းစားကြနော်။ အချိန် ရှိပါသေးတယ်။ အချိန်ရှိနေတဲ့ အချိန်အခါမှာ မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို မိမိတို့က ပြုပြင်ပြောင်းလဲပြီး ပေးတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။

ခုနက အရှင်ဒေဝဒတ် ကြည့်ပေါ့။ မိမိတို့ရဲ့ ဆွေမျိုးတွေအတွက် အခုလို အသက်စွန့်ပြီး ကယ်တင်ပေးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတာတောင် ဝမ်းသာတဲ့ စိတ်ထား သူ့မှာ ရှိသလား? မရှိဘူး။ ဝမ်းသာတဲ့ စိတ်ထား မရှိတဲ့အတွက် ဝမ်းမသာတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေ ရောက်တဲ့နေရာကို ဒီနေ့ သူသွားနေရတယ်။ ဝမ်းသာတဲ့ စိတ်ထားရှိတဲ့ သူတော်ကောင်းသာ မှန်ရင် ဒီနေရာမျိုး သူ ရောက်ပါ့မလား? မရောက်နိုင်ဘူး။ ကြည့်ပေါ့ -

ဦးပဉ္စင်းတို့ တစ်လောကလုံးမှာ ဦးပဉ္စင်းတို့ ဘုရား ဘယ်လောက် ကြည်ညိုဖို့ ကောင်းသလဲ? အတုမရှိတဲ့ ဉာဏ်တော်မြတ်တွေ ရှိခဲ့ပါတယ်နော်။ ဒီနေ့ ဒကာကြီးတွေ တရားအားထုတ်နေကြတယ်၊ ဘယ်သူ့ ဂုဏ်ကျေးဇူးလဲ ပြန်ပြီး ဆန်းစစ်ကြည့်ပါ။ ဘုရားသာ အကယ်၍ လောကမှာ မပွင့်ခဲ့ဘူးဆိုရင် ဒီတရားတွေ ဦးပဉ္စင်းတို့ သိခွင့်ရပါ့မလား? မရနိုင်ဘူး။ ဘုရားသာ မပွင့်ခဲ့ရင် ဒီ သမာဓိကျင့်စဉ်တွေလည်း ဦးပဉ္စင်းတို့ စနစ်တကျ ကျင့်တတ်ဖို့ မလွယ်ဘူး။ ဒီ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေ စနစ်တကျ စီးဖြန်းတတ်ဖို့ဆိုတာ လွယ်ပါ့မလား? မလွယ်ဘူး။ ပိုပြီး မလွယ်တဲ့ အချက်တစ်ခုကတော့ နိဗ္ဗာန်ရဖို့ဟာ ပိုပြီး မခက်ခဲဘူးလား? ခက်ခဲတယ်။

နိဗ္ဗာန်ဆိုတဲ့ ဒီလမ်းကို ဘယ်ကနေ လျှောက်ရမယ်ဆိုတာ ဦးပဉ္စင်းတို့ ဘုရားသာ မပွင့်ခဲ့ရင် တိတိကျကျ သိပါ့မလား? မသိဘူး။ ဒီလောက်တင်လားဆိုတော့ မဟုတ်သေးဘူး။ အောက်ဘက်ကို ပြန်ကြည့်လိုက်ဦး။ ဘယ်လိုမှ မကောင်းမှု အကုသိုလ်ကံတွေကို ကျင့်ခဲ့တဲ့အတွက် အပါယ်ရောက်တယ်ဆိုတာလဲ ဦးပဉ္စင်းတို့ ဘုရားသာ မပွင့်ခဲ့ရင် သိနိုင်ပါ့မလား? မသိနိုင်ဘူး။ ဤကား ကုသိုလ်တရား၊ ဤကား အကုသိုလ်တရား ဆိုတာ ဘုရား ပွင့်လာလို့ သိရတာ။ ဒီတော့ ဒီဘုရားရှင်ဟာ တစ်လောကလုံးအတွက် အလွန် ကျေးဇူး မများဘူးလား? ကျေးဇူးများနေတယ်။

အဲဒီလို ကျေးဇူးများနေတဲ့ ဒီဘုရားရှင်အပေါ်မှာတောင်မှ ကျေနပ်တဲ့ စိတ်ထား သူ့မှာ ရှိသလား? မရှိဘူး။ မကျေနပ်နိုင်ဘူးနော်။ မကျေနပ်နိုင်တဲ့အတွက် သူ့မှာ အကုသိုလ်တရားတွေ တိုးပွားနေတဲ့အတွက် ဘုရားအလောင်းကို တွေ့တိုင်း၊ တွေ့တိုင်း၊ ဘဝတိုင်း၊ ဘဝတိုင်းမှာ အကုသိုလ် တရားတွေက သူ့ကို နှိပ်စက်နေတဲ့ အတွက်ကြောင့် သူ့မှာ ချမ်းသာသုခ ရရှိသလား? ဆင်းရဲဒုက္ခ ရောက်သလားလို့ မေးရင် ဘယ်လို ဖြေမလဲ? ဆင်းရဲဒုက္ခတွေကို ရောက်နေတယ်။ အခုလည်း ကြည့်ပေါ့နော်။ ဘုရားအလောင်းက မျောက်အပေါင်းကို ကယ်တင်နေပြီ။

တံ၊ အကြင်အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ယေသံ၊ အကြင်မျောက်တို့၏။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ အကာရယိံ၊ ပြုကျင့်ခဲ့လေပြီ။ မယာ၊ ငါသည်။ တေသံ၊ ထိုမျောက်တို့၏။ သုခံ၊ ချမ်းသာကို။ အာဟရိတံ၊ ဆောင်အပ်ခဲ့လေပြီ။

ဝမ်းသာနေတယ်၊ ဝမ်းသာနေတယ်။ ဒီမျောက်အပေါင်းတို့ရဲ့ မင်းအဖြစ်ကို ငါက ပြုကျင့်ခဲ့တယ်။ ငါသည် ယခုအခါမှာ ထိုမျောက်အပေါင်းတို့ရဲ့ ချမ်းသာသုခကို ရွက်ဆောင်ပြီးပြီတဲ့နော်။

တံ၊ ထို့ကြောင့်။ ဗန္ဓော၊ ကြိမ်နွယ်ဖြင့် နှောင်ဖွဲ့ခြင်းသည်။ မံ၊ ငါ့ကို။ န တပတေ၊ မပူပန်စေပါ။

ဒါကြောင့် ကြိမ်နွယ်နဲ့ ယခုလို ငါ့ကို ရစ်ပတ်နှောင်ဖွဲ့ထားတာဟာ ငါ့ကို ပူပန်မှု ဘာမှ မဖြစ်စေဘူး။ သူ့စိတ်ထဲ ဝမ်းသာနေတယ်နော်။

သတော၊ သတိသည် ပြည့်စုံသော။ မေ၊ ငါ့အား။ မရဏံ၊ သေခြင်းသည်။ န တပေဿတိ၊ မပူပန်စေလတ္တံ့။

ဟော ... သတိတရားနဲ့ ပြည့်စုံနေတဲ့ ငါ့ကို သေခြင်းတရားက ဘယ်တော့မှ ပူပန်စေမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ? ကောင်းမှုကုသိုလ်ကို သူက အသက်စွန့်ပြီး လှူဒါန်းလိုက်ပြီလေ။ သူ့အသက်ကို စွန့်လွှတ်ပြီးတော့ သူက လှူတာ။ အကယ်၍ ဒီအချိန်အခါမှာပေါ့လေ လေးတော်သားတွေက မြားနဲ့ ပစ်မယ်ဆိုရင်လည်း သူ အသေခံမယ်။ ဘယ်သူကပင် ဘယ်လိုပဲ သတ်သည် ဖြစ်စေ၊ ဖြတ်သည် ဖြစ်စေ သူ အားလုံး အသေခံတော့မယ်။ အသက်ကို စွန့်လွှတ် လှူဒါန်းပြီးတော့မှ မိမိရဲ့ ဆွေမျိုးတွေကို သူက ချမ်းသာသုခ ရရှိအောင် ထုတ်ဆောင် ကယ်တင်နေတာ။ အဲဒီ ကယ်တင်နေတဲ့ ဒါနပွဲကြီးတစ်ခု၊ အသက်လှူဒါန်းနေတဲ့ ဇီဝိတဒါနပွဲကြီးတစ်ခုက အောင်အောင်မြင်မြင် ဖြစ်မသွားဘူးလား? ဖြစ်သွားပြီ။

ဒီလို အောင်အောင်မြင်မြင် ဖြစ်သွားတဲ့အတွက်ကြောင့် ဒီလို ကြိမ်နွယ်ဖြင့် ရစ်ပတ်နှောင်ဖွဲ့ ခံနေရတဲ့ သူ့ရဲ့ဘဝကို ဒီကြိမ်နွယ်က ရစ်ပတ်နှောင်ဖွဲ့ခြင်းတည်းဟူသော အကြောင်းကြောင့် သူ ပူပန်မှု ဖြစ်သလား? မဖြစ်ဘူး။ ဝမ်းနည်းမှု၊ ကြေကွဲမှုလည်း မဖြစ်ဘူး။

အကယ်၍ ငါ့မှာ သေခြင်းတရား ဖြစ်ခဲ့မယ် ဆိုလို့ရှိရင်လည်း ဒီသေခြင်းတရားသည် ငါ့ကို ဘယ်တော့မှ ပူပန်စေမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ? သတိနဲ့ သူက ပြည့်စုံနေတယ်။ ဘာသတိလဲလို့ မေးရင်တော့ ဒီနေရာမှာ ပါရမီ ဆယ်ပါးအပေါ်မှာ အာရုံယူပြီး အမှတ်ရနေတဲ့ သတိလည်း ဖြစ်ပါတယ်၊ မရဏာနုဿတိလည်း ဖြစ်နိုင်ပါတယ်နော်။ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းနှင့် ယှဉ်တွဲနေတဲ့ ကမ္မဋ္ဌာနနုဿတိပေါ့၊ မေတ္တာကမ္မဋ္ဌာနာ နုဿတိကမ္မဋ္ဌာန်းတွေလည်း ဖြစ်နိုင်ပါတယ်။

အဲဒီတော့ ဒီနေရာမှာ သူက အလောင်းတော်ဖြစ်နေတော့ ဒီအလောင်းတော်က ဒီအချိန်အခါမှာ တော်တော်လေး ရင့်ကျက်နေပြီ ဖြစ်ပါတယ်နော်။ ရင့်ကျက်နေတဲ့အတွက်ကြောင့် ဒီကမ္မဋ္ဌာန်း အာရုံတွေကို သူက စျာန်ပေါက်အောင် အားထုတ်နိုင်တဲ့ စွမ်းအား မရှိပေမယ့်လို့ တိရစ္ဆာန် ဖြစ်နေတဲ့အတွက် သူက စျာန်တော့ ရအောင် အားထုတ်လို့ မရဘူး။ မရပေမယ့်လို့ ဒီကမ္မဋ္ဌာန်းတွေကို သူက ပြန်ပြီး ဆင်ခြင်တတ်တယ်၊ ရှုပွားတတ်တယ်၊ နှလုံးသွင်းတတ်တယ်။ ဒီအဆင့်လောက်တော့ ရှိနေတယ်။

ဒီနေ့ တရားထိုင်နေတဲ့ ပုဂ္ဂိုလ်တွေကျတော့ စျာန်တွေအထိ ရအောင် အားထုတ်မယ် ဆိုလို့ရှိရင် ပါရမီအားလျော်စွာ ရနိုင်တဲ့ သူတော်ကောင်းတွေ မရှိနိုင်ဘူးလား? ရှိနိုင်ပါတယ်။ ဒီမျောက်ထက်တော့ ပိုပြီးတော့ အဆင့်အတန်းမြင့်တဲ့ ဘဝကို မိမိတို့ ရရှိမထားဘူးလား? ရရှိထားတယ်။ မိမိရရှိထားတဲ့ ဒီအဆင့်အတန်း မြင့်မားနေတဲ့ ဘဝတစ်ခုမှာ အဆင့်အတန်း အလွန် မြင့်မားနေတဲ့ တရားတွေ မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ ကဲ ... ခုဒီနေရာမှာကြည့် ဘုရားအလောင်း မျောက်က ဘာပြောသလဲ?

တံ၊ အကြင်အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ယေသံ၊ အကြင်မျောက်တို့၏။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ အကာရယိံ၊ ပြုကျင့်ခဲ့လေပြီ။ မယာ၊ ငါသည်။ တေသံ၊ ထိုမျောက်တို့၏။ သုခံ၊ ချမ်းသာကို။ အာဟရိတံ၊ ဆောင်အပ်ခဲ့လေပြီ။

မျောက်အပေါင်းတို့ရဲ့ မင်းအဖြစ်ကို ပြုလုပ်ခဲ့တဲ့အတွက် မျောက်အပေါင်းတွေကို ချမ်းသာသုခ ရရှိအောင် ငါ၊ ထုတ်ဆောင် ကယ်တင်ခဲ့ပြီ။ ဒါကြောင့် ကြိမ်နွယ်ဖြင့် ရစ်ပတ်နှောင်ဖွဲ့မှုသည် ငါ့ကို ပူပန်မှု မဖြစ်စေဘူး။

သတော၊ သတိသည် ပြည့်စုံသော။ မေ၊ ငါ့အား။ မရဏံ၊ သေခြင်းသည်။ န တပေဿတိ၊ မပူပန်စေလတ္တံ့။

သတိနှင့် ပြည့်စုံနေတဲ့ ငါ့မှာ ပူပန်မှု ဘယ်လိုမှ မဖြစ်တော့ဘူး။ သူက သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်အဝ ရှိတယ်နော်။ နောက်တစ်ခု ဘာဆက်ပြီးတော့ လျှောက်ထားသလဲ?

အရိန္ဒမ၊ ရန်သူတို့ကို ဆိုဆုံးမတတ်တော်မူပါပေသော။ ရာဇ၊ အို မင်းမြတ်။ အရိန္ဒမ၊ ရန်သူတို့ကို ဆိုဆုံးမတတ်ပါပေသော။ ရာဇာ၊ ရာဇာ မင်းမြတ်။ တေ၊ သင်မင်းမြတ်အား။ ဧသာ ဥပမာ၊ ဤဥပမာကို။ အဝေါစုံ၊ ဆိုအပ်ခဲ့လေပြီ။ တံ၊ ထိုဥပမာဖြင့် နှီးနှော၍ ဆိုအပ်သော။

သူ့ရဲ့ကိုယ်ကို သူ့ရဲ့ ကျင့်သွားတဲ့ ကျင့်စဉ်ကို သူက ဥပမာ အရာထားပြီးတော့ ပြောနေတယ်နော်။ အဲဒီ ဥပမာ အရာထားပြီးတော့ နောက်ထပ် သူက တရားဟောချင်တယ်။ ဟောချင်တဲ့အတွက် သူဆက်ဟောပြီ။

ခတ္တိယေန၊ မင်းသည်။ ရဋ္ဌဿ၊ တိုင်းနိုင်ငံတို့၏လည်းကောင်း။ ယောဂ္ဂဿ၊ ရထားအစရှိသော ယာဉ်စီးသူရဲ၏လည်းကောင်း။ ဗလဿ၊ စစ်သည်-ဗိုလ်ပါ၏လည်းကောင်း။ နိဂမဿ စ၊ နိဂုံးသို့ တိုင်းသူ-ပြည်သားအပေါင်း၏လည်းကောင်း။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော သူတို့၏။ သုခံ၊ ချမ်းသာကို။ ဣဋ္ဌဗ္ဗံ၊ အလိုရှိအပ်၏။

သူက ဒီစကားလေး ဆက်ပြီး လျှောက်ထားတယ်နော်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်ဆိုတာ တိုင်းသူပြည်သား လူအများရဲ့ ချမ်းသာသုခကိုလည်း ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိရမယ်။ စစ်သည် ဗိုလ်ပါ အစရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ချမ်းသာသုခကိုလည်း ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိရမယ်။ နိဂုံးသူ၊ ကျေးတောသူ၊ ကျေးတောသား အားလုံး သတ္တဝါ အားလုံးတို့ရဲ့ ချမ်းသာသုခကိုလည်း ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိရမယ်။ အဲဒီ ချမ်းသာသုခတွေကို ရှာဖွေပေးနိုင်တဲ့ စွမ်းအားလည်း ရှိရမယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်ဆိုတာ ဉာဏ်ပညာနဲ့လည်း ပြည့်စုံသင့် ပြည့်စုံထိုက်ပါပေတယ် ဆိုပြီးတော့ သူက လျှောက်ထားတယ်နော်။ အဲဒီလို လျှောက်ထားပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?

ဧဝံ မဟာသတ္တော ရာဇာနံ ဩဝဒန္တော အနုသာသန္တောဝ ကာလမကာသိ။

ဧဝံ၊ ဤသို့လျှင်။ မဟာသတ္တော၊ ဘုရားအလောင်းတော်သည်။ ရာဇာနံ၊ ဗာရာဏသီ ဘုရင်မင်းကြီးကို။ ဩဝဒန္တော၊ ဆိုဆုံးမလျက်။ အနုသာသန္တောဝ၊ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆိုဆုံးမလျက်။ ကာလမကာသိ၊ ကွယ်လွန်၍ သွားခဲ့လေပြီ။

အဲဒီလို ဘုရားအလောင်းက ထပ်ခါထပ်ခါ ဆိုဆုံးမတဲ့အတွက် ဆိုဆုံးမပြီးတဲ့နောက်ပိုင်း ဘုရားအလောင်းလည်း ကွယ်လွန်သွားပြီ။

ရာဇာ အမစ္စေ ပက္ကောသာပေတွာ ‘‘ဣမဿ ကပိရာဇဿ ရာဇူနံ ဝိယ သရီရကိစ္စံ ကရောထ’’

ရာဇာ၊ ဗာရာဏသီ ဘုရင်မင်းကြီးသည်။ အမစ္စေ၊ အမတ်တို့ကို။ ပက္ကောသာပေတွာ၊ ခေါ်စေ၍။ ဣမဿ ကပိရာဇဿ၊ ဤမျောက်မင်းအား။ ရာဇူနံ ဝိယ၊ ဘုရင်မင်းတို့အား ပြုကျင့်သကဲ့သို့။ သရီရကိစ္စံ၊ မီးသင်္ဂြိုဟ်ခြင်းကိစ္စကို။ ကရောထ၊ ပြုကြပါကုန်။

ရှင်ဘုရင်ကြီးက အမတ်တွေ ခေါ်ပြီ။ ခေါ်ပြီးတဲ့ အချိန်အခါကျတော့ ဒီမျောက်မင်းအား မင်းတို့ကို မီးသင်္ဂြိုဟ်ခြင်းကိစ္စ ပြုသကဲ့သို့ မျောက်မင်းကိုလည်း မီးသင်္ဂြိုဟ်ခြင်းကိစ္စ ပြုပါဆိုပြီးတော့ ပြောတယ်နော်။

ဣတိ၊ ဤသို့လျှင်။ ဝတွာ၊ ပြောဆို၍။ ဣတ္ထာဂါရမ္ပိ၊ မောင်းမမိဿံ အပေါင်းအားလည်း။ အာဏာပေသိ၊ စေခိုင်းတော်မူပြန်၏။

အမတ်တွေ စေခိုင်းပြီးတဲ့ အချိန်အခါမှာ မောင်းမမိဿံတွေကိုလည်း ဆက်ပြီးတော့ စေခိုင်းတယ်။

‘‘တုမှေ ရတ္တဝတ္ထနိဝတ္ထာ ဝိကိဏ္ဏကေသာ ဒဏ္ဍဒီပိကဟတ္ထာ ကပိရာဇာနံ ပရိဝါရေတွာ အာဠာဟနံ ဂစ္ဆထာ’’

တုမှေ၊ သင်တို့သည်။ ရတ္တဝတ္ထနိဝတ္ထာ၊ နီမြန်းသော အဝတ်တို့ကို ဆင်မြန်းကြကုန်လျက်။ ဝိကိဏ္ဏကေသာ၊ ဖရိုဖရဲ ဖြန့်ကြဲသော ဆံပင် ရှိကြကုန်သည်ဖြစ်၍။

တလောကလည်း ဘုန်းကြီး ပြောခဲ့ပါတယ်နော်။ မသာပို့တဲ့ အချိန်အခါကျတော့မှ ဘာလုပ်ရသလဲ? အဝတ်နီတွေ ဝတ်ရတယ်၊ ဆံပင်တွေကို ဖိုးရိုးဖားရားနဲ့ ဖြန့်ကြဲပြီးတော့ ထားရတယ်။ ခုခေတ် ဆံပင်တွေက အမြဲတမ်း ဖြန့်ကြဲထားတယ်။ အဲဒါ ဘယ်မသာများ လိုက်ပို့နေသလဲတော့ မပြောတတ်ဘူး။ ဘုန်းကြီးကျောင်း လာတာတောင်မှ ဆံပင်လေးက ဖြန့်ထားပြီး ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်၊ ဟိုဘက်ခေါင်းလေးက လှည့်လိုက်၊ ဒီဘက်ခေါင်းလေးက လှည့်လိုက် လုပ်နေသေးတယ်နော်။ ခက်ပုံကနော် -

တုမှေ၊ သင်တို့သည်။ ရတ္တဝတ္ထနိဝတ္ထာ၊ နီမြန်းသော အဝတ်တို့ကို ဆင်မြန်းကြကုန်လျက်။ ဝိကိဏ္ဏကေသာ၊ ဖရိုဖရဲ ဖြန့်ကြဲသော ဆံပင် ရှိကြကုန်သည်ဖြစ်၍။ ဒဏ္ဍဟတ္ထာ၊ တုတ်တောင်ဝှေးကို လက်စွဲကြကုန်သည်ဖြစ်၍။ ဒီပိကဟတ္ထာ၊ ဆီမီးတို့ကို လက်စွဲကြကုန်သည်ဖြစ်၍။ ကပိရာဇာနံ၊ မျောက်မင်းကို။ ပရိဝါရေတွာ၊ ခြံရံကြကုန်၍။ အာဠာဟနံ၊ သုဿန် သချိုင်းသို့။ ဂစ္ဆထ၊ သွားကြလေလော့။

သင်တို့ဟာ နီမြန်းသော အဝတ်တွေကို ဝတ်ကြပါ။ ဆံပင်တွေကို ဖြန့်ကြဲပြီး ထားကြပါ။ ဆီမီး တုတ်၊ တိုင်တွေကို လက်က ကိုင်စွဲပြီးတော့ မျောက်မင်းကို ခြံရံပြီးတော့ သုဿန်ကို ခေါ်ဆောင်သွားကြပေတော့၊ လိုက်ပို့ကြပေတော့ ဆိုပြီးတော့ သူက အမိန့်ချတယ်နော်။

အမစ္စာ ဒါရူနံ သကဋသတမတ္ေန စိတကံ ကရိတွာ ရာဇူနံ ကရဏနိယာမေနေဝ မဟာသတ္တဿ သရီရကိစ္စံ ကတွာ သီသကပါလံ ဂဟေတွာ ရညော သန္တိကံ အဂမံသု။

အမစ္စာ၊ အမတ်တို့သည်။ ဒါရူနံ၊ ထင်းတို့ကို။ သကဋသတမတ္တေန၊ လှည်းတစ်ရာမျှဖြင့်။ စိတကံ ကရိတွာ၊ မီးသင်္ဂြိုဟ်ရန် ထင်းကို ပြုလုပ်၍။ ရာဇူနံ၊ မင်းတို့အား။ ကရဏနိယာမေနေဝ၊ ပြုလုပ်တိုင်းသော အမှတ်အသားဖြင့်သာလျှင်။

ရှင်ဘုရင်တွေကို မီးသင်္ဂြိုဟ်တဲ့ အချိန်အခါမှာ ပြုလုပ်တဲ့ အထိမ်းအမှတ် အခမ်းအနား ပုံစံအတိုင်းပဲနော်။

မဟာသတ္တဿ၊ ဘုရားအလောင်းတော်၏။ သရီရကိစ္စံ၊ မီးသင်္ဂြိုဟ်ခြင်းကိစ္စကို။ ကတွာ၊ ပြု၍။ သီသကပါလံ၊ ဦးခေါင်းခွံကို။ ဂဟေတွာ၊ ယူဆောင်ခဲ့၍။ ရညော၊ မင်း၏။ သန္တိကံ၊ ထံသို့။ အဂမံသု၊ ကြွသွားကြလေကုန်၏။

ဘုရားအလာင်းကို မီးသင်္ဂြိုဟ်လိုက်တယ်။ မီးသင်္ဂြိုဟ်ပြီးတဲ့ အချိန်အခါကျတော့မှ ဘုရားအလောင်းရဲ့ ဦးခေါင်းခွံကို ယူဆောင်ပြီးတော့ ဗာရာဏသီ ဘုရင်ထံသို့ ဆက်သကြတယ်။ ရှင်ဘုရင်ကတော့ ဒီသုဿန်ကို လိုက်ပြီးတော့ မပို့ဘူးနော်။

ရာဇာ မဟာသတ္တဿ အာဠာဟနေ စေတိယံ ကာရေတွာ ဒီပေ ဇာလာပေတွာ ဂန္ဓမာလာဒီဟိ ပူဇေတွာ သီသကပါလံ သုဝဏ္ဏခစိတံ ကာရေတွာ ကုန္တဂ္ဂေ ဌပေတွာ ပုရတော ကတွာ ဂန္ဓမာလာဒီဟိ ပူဇေန္တော ဗာရာဏသိံ ဂန္တွာ အန္တောရာဇဒွါရေ ဌပေတွာ သကလနဂရံ သဇ္ဇာပေတွာ သတ္တာဟံ ဓာတုပူဇံ ကာရေသိ။

ရာဇာ၊ ဗာရာဏသီမင်းကြီးသည်။ မဟာသတ္တဿ၊ ဘုရားအလောင်းတော်၏။ အာဠာဟနေ၊ မီးသင်္ဂြိုဟ်ရာ သချိုင်းအရပ်၌။ စေတိယံ၊ စေတီကို။ ကာရေတွာ၊ တည်ထားပြီး၍။ ဒီပေ၊ ဆီမီးတို့ကို။ ဇာလာပေတွာ၊ ထွန်းညှိခဲ့ပြီး၍။ ဂန္ဓမာလာဒီဟိ၊ ပန်းနံ့သာစသည်တို့ဖြင့်။ ပူဇေတွာ၊ ပူဇော်၍။ သီသကပါလံ၊ ဦးခေါင်းခွံကို။ သုဝဏ္ဏခစိတံ၊ ရွှေချခြင်းကို။ ကာရေတွာ၊ ပြုလုပ်၍။ ကုန္တဂ္ဂေ၊ ဖောင်ဦး၌။ ဌပေတွာ၊ ထား၍။ ပုရတော ကတွာ၊ ရှေ့သွားပြု၍။ ဂန္ဓမာလာဒီဟိ၊ ပန်းနံ့သာ စသည်တို့ဖြင့်။ ပူဇေန္တော၊ ပူဇော်လျက်။ ဗာရာဏသိံ၊ ဗာရာဏသီပြည်သို့။ ဂန္တွာ၊ ပြန်သွား၍။ အန္တောရာဇဒွါရေ၊ မင်းနန်းတော် တံခါးအတွင်း၌။ ဌပေတွာ၊ ထား၍။ သကလနဂရံ၊ အလုံးစုံသော မြို့တော်ကို။ သဇ္ဇာပေတွာ၊ တန်ဆာဆင်စေ၍။ သတ္တာဟံ၊ ခုနှစ်ရက်တို့ ကာလပတ်လုံး။ ဓာတုပူဇံ၊ ဓာတ်တော်ကို ပူဇော်ခြင်း အမှုကို။ ကာရေသိ၊ ပြုစေခဲ့လေပြီ။

ဘုရားအလောင်း မီးသင်္ဂြိုဟ်တဲ့ နေရာမှာ စေတီ တည်ထားလိုက်တယ်။ အဲဒီ စေတီ တည်ထားတာကတော့နော် နည်းနည်းလေး ဝိဝါဒလေးတွေတော့ ရှိကြပါတယ်။ အရိယာ သူတော်ကောင်းတို့ရဲ့ ဓာတ်တော်၊ အရိုးတော်များကိုတော့နော် စေတီတည်ထား ကိုးကွယ်သင့်တယ်ဆိုတာ မြတ်စွာဘုရား ဟောထားတာ ရှိတယ်။ သကျသာကီဝင် မင်းတို့ရဲ့ အရိုးဓာတ်တော်တွေကိုလည်း စေတီတည်ထား ကိုးကွယ်ခဲ့ရင် ကိုးကွယ်ဆည်းကပ်တဲ့ ပုဂ္ဂိုလ်တွေ ကောင်းရာသုဂတိ ရောက်ရှိနိုင်ကြောင်းလည်း ဘုရား ဟောထားတာ ရှိပါတယ်။ ပုထုဇန် ပုဂ္ဂိုလ်များ ကွယ်လွန်သွားခဲ့လို့ရှိရင် ထိုကဲ့သို့ စေတီတည်ထား ကိုးကွယ် ထိုက်၊ မထိုက် ဆိုတာကတော့ နည်းနည်း အငြင်းပွားကြတယ်နော်။ ဘုန်းတော်ကြီးတွေပေါ့ ပုထုဇန်ဘဝဖြင့် ပျံတော်မူသွားပြီ။ အဲဒီ ပုထုဇန် ဖြစ်နေတဲ့ ဘုန်းတော်ကြီးတွေရဲ့ အရိုးကို စေတီတည်ထားပြီး ကိုးကွယ်ထိုက်သလား? ဒီပြဿနာပဲနော်။

အဲဒါ တချို့ ကျမ်းများမှာတော့ စေတီတည်ထား ကိုးကွယ်ခဲ့မယ် ဆိုလို့ရှိရင်တော့ ကောင်းမှုကုသိုလ် ဖြစ်တယ်။ ဒီပူဇော်မှုကြောင့် ကောင်းရာသုဂတိလည်း ရောက်နိုင်တယ်ဆိုတဲ့ အဆိုတော့ ရှိပါတယ်နော်။ အဲဒီ အဆိုကလည်း မှန်သင့်သလောက်တော့ မှန်လိမ့်မယ်လို့ ဘုန်းကြီးလည်း ယူဆပါတယ်နော်။ မှန်သင့်သလောက် မှန်တယ်ဆိုတာက ဘုန်းကြီးက ပုထုဇန် ရဟန်းတော်ဘက်က ဘက်လိုက်ပြီး ပြောတဲ့စကားတော့ မဟုတ်ပါဘူး။ အကြောင်းလေးတစ်ခု ရှိပါတယ်။ တစ်ဖက်ကလည်း အရိယာ သူတော်ကောင်းတွေ၊ အထူးသဖြင့် ရဟန္တာ ပုဂ္ဂိုလ်တွေ ပရိနိဗ္ဗာန်စံသွားတဲ့ အချိန်အခါမှာ ဓာတ်တော်မွေတော်များကို စေတီတည်ထား ကိုးကွယ်ခဲ့ရင် ကိုးကွယ်နေတဲ့ သူတော်ကောင်းတို့သည် ကောင်းရာသုဂတိသို့ ရောက်ရှိနိုင်တဲ့အကြောင်း အတိအကျ ဘုရားဟောတွေလည်း ရှိပါတယ်နော်။

အဲဒီတော့ ကျန်နေတဲ့ ပုထုဇန်နဲ့ ပတ်သက်လို့တော့ ဟောကြားချက်က မရှိဘူး။ မရှိတော့ စေတီတည်ထားပြီး ကိုးကွယ်ခဲ့ရင် ဘာဖြစ်မလဲ ဆိုတာကို တချို့ ကျမ်းဂန်များက အကြောင်းပြထားတယ်။ ပုထုဇန် ရဟန်းတော်တွေက သိပ်များတယ်။ များလိုက်တဲ့ အချိန်အခါကျတော့ စေတီတော်တွေလည်း ပုထုဇန် ရဟန်းတော် များသလောက် စေတီတော်တွေလည်း မများနိုင်ဘူးလား? များတယ်။ များလာပြီဆိုရင် ရိုသေသမှု အလေးဂရုပြုမှု ဆိုတာတွေက အားနည်းသွားလိမ့်မယ်နော်။ အဲဒီလို အားနည်းမှာ စိုးလို့ ဒီစေတီ တည်ထားကိုးကွယ်မှုကို မကန့်ကွက်သော်လည်း ထည့်သွင်းပြီး မဖော်ပြခြင်း ဖြစ်တယ်ဆိုပြီး တချို့ကတော့ ဒီလို အယူအဆ ရှိကြတယ်နော်။ အဲဒီ အယူအဆနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးကလည်း နည်းနည်း ပုထုဇန် ရဟန်းတော်များ ဘုန်းကြီးပျံပေါ့နော်။

ဘုန်းကြီးပျံမှာ သွားပြီးတော့ ပူဇော်ခြင်းတည်းဟူသော အကြောင်းကြောင့် ကုသိုလ် ရ,မရ နည်းနည်းလေး သုတေသန လုပ်ကြည့်ပါတယ်။ လုပ်ကြည့်လိုက်တော့ ဘုန်းကြီး ထူးထူးခြားခြား ယောဂီတစ်ဦး သွားတွေ့တယ်။ သူက အတိတ်ဘဝတစ်ခုမှာ ခုခေတ် ဘုန်းကြီးပျံလို့ ယူဆရတဲ့ ပုံစံမျိုးပဲ။ အဲဒီ ဘုန်းကြီးပျံမှာ သွားပြီးတော့ သူက ရှိခိုး ဝတ်ပြုပြီးတော့ ပူဇော်တယ်။ ပန်း ဆီမီးတို့နဲ့ သွားပြီးတော့ ပူဇော်တယ်။ ပူဇော်လိုက်တဲ့ အချိန်အခါမှာ သူ့ရဲ့ သေခါနီး မရဏသန္နဇော ဆိုက်တဲ့ အချိန်အခါကျတော့ ဘုန်းကြီးပျံကို ပူဇော်နေတဲ့ အခြင်းအရာအားဖြင့် အသစ်တစ်ဖန် ကုသိုလ်ကံကို ထပ်မံပြုနေတဲ့ အခြင်းအရာအားဖြင့် ထင်လာတယ်။ ဒါ အာရုံ ထင်ခြင်းပဲနော်။

ကမ္မနိမိတ် ဆိုတာကတော့ အဲဒီ ဘုန်းကြီးပျံမှာ လှူခဲ့တဲ့ ပန်းတွေ သို့မဟုတ် ဘုန်းကြီးပျံ အခမ်းအနားတွေ စသည်ဖြင့် ဒါတွေ ထင်ခဲ့မယ် ဆိုလို့ရှိရင်တော့ ကမ္မနိမိတ် ထင်တယ်လို့ ပြောနိုင်ပါတယ်။ ကမ္မနိမိတ် ဆိုတာကတော့ ဒီကုသိုလ်ကံ ဖြစ်မြောက်ဖို့အတွက် အကြောင်းတရားပဲ။

ဒီအခါမှာ သူကတော့ အဲဒီ ကမ္မနိမိတ် မထင်ဘဲ၊ အသစ်တစ်ဖန် ပြန်ပြီးတော့ ဒီဆီမီးတွေ, အမွှေးတိုင်တွေ, ပန်းတွေ ပူဇော်နေတဲ့ အခြင်းအရာအားဖြင့် ထင်လာတယ်။ အဲဒီ ကောင်းမှုကုသိုလ်ကံကြောင့် သူက ကောင်းရာသုဂတိ ရောက်သွားတယ်။ သူ့ထုံးလေးတစ်ခု ရှိခဲ့ပါတယ်။ ဒါကြောင့် လူသားတွေအတွက် ဝကွက်ပြီး ပြောမယ် ဆိုလို့ရှိရင်တော့နော်။ ဒီဒကာ,ဒကာမတွေအတွက် ဝကွက်ပြီး ပြောမယ် ဆိုလို့ရှိရင်တော့ အခုလို ပူဇော်ခြင်းဟာလည်း ဒါကုသိုလ် ရတန်သလောက်တော့ ရပါတယ်။

ဒါပေမဲ့ ဦးပဉ္စင်း ရဟန်းတော်တွေဘက်က ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင်တော့ တချို့တချို့ ရဟန်းတော်သာ အသိနည်းလိမ့်မယ်လို့ ဘုန်းကြီးတော့ ယူဆပါတယ်နော်။ ပုထုဇန် ရဟန်းတော်များ ကွယ်လွန်သွားပြီ။ ပျံလွန်တော်မူသွားပြီ ဆိုလို့ရှိရင်တော့ ပျံလွန်တော်မူသည်နှင့် တစ်ပြိုင်နက်တည်း သိက္ခာကျသွားတယ်။ သိက္ခာ မရှိတော့ဘူး။ သူ့သန္တာန်မှာ တည်ရှိနေတဲ့ အဓိသီလသိက္ခာခေါ်တာ အားလုံး ပျက်စီးသွားတယ်။ ပျက်စီးသွားတဲ့အတွက်, သိက္ခာကျသွားတဲ့အတွက် ရဟန်းတော်များဟာ သိက္ခာ ကျသွားတဲ့ ပုဂ္ဂိုလ်များကို ရှိမခိုးကောင်းပါဘူး။

မိမိက ရဟန်းသိက္ခာ ရှိနေသေးတယ်။ မိမိရဲ့ သန္တာန်မှာ သီလကျင့်စဉ်ခေါ်တဲ့ သီလသိက္ခာတွေ ထင်ရှား ရှိနေသေးတယ်။ သမာဓိသိက္ခာနဲ့ ပညာသိက္ခာကတော့ အထိုက်အလျောက် ရှိချင်လည်း ရှိမယ်၊ မရှိသော်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလို သီလသိက္ခာ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးက သိက္ခာကျသွားတဲ့ ပုဂ္ဂိုလ် သို့မဟုတ် သိက္ခာချပြီးတော့ လူထွက်သွားတဲ့ ပုဂ္ဂိုလ် အဲဒီလို ပုဂ္ဂိုလ်တွေကို ရှိမခိုးကောင်းဘူး။ ဒါကြောင့် ခုကာလ ဘုန်းကြီးပျံတွေမှာ ရဟန်းတော်များ ဘက်ကနေပြီးတော့ ပျံလွန်တော်မူသွားတဲ့ အလောင်းကို ရှိခိုးသင့်, မခိုးသင့်ဆိုတာ နည်းနည်းလေးတော့ စကားများကြတယ်နော်။ စာမှာကတော့ ရှိမခိုးသင့်တဲ့ အပေနိယ ပုဂ္ဂိုလ်ထဲမှာ အဲဒီ အလောင်းတွေလည်း ပါနေတယ်နော်။ အဲဒီတော့ ရှိခိုးခဲ့ရင် ဘာဖြစ်မလဲ? ရှိခိုးခဲ့ရင် ရဟန်းတော်များမှာ ဒုက္ကဋ်အာပတ် သင့်ပါတယ်။ အာပတ်သင့်တဲ့ သဘောတော့ ရှိတယ်။ အဲဒါကြောင့် နည်းနည်းတော့ သတိထားကြပေါ့နော်။

ကဲ ... ဒီနေရာမှာ ဘုရားအလောင်းကျတော့ ဗာရာဏသီ ဘုရင်မင်းကြီးက ဘာလုပ်သလဲ?

ရာဇာ၊ ဗာရာဏသီမင်းကြီးသည်။ မဟာသတ္တဿ၊ ဘုရားအလောင်းတော်၏။ အာဠာဟနေ၊ မီးသင်္ဂြိုဟ်ရာ သချိုင်းအရပ်၌။ စေတိယံ၊ စေတီကို။ ကာရေတွာ၊ တည်ထားပြီး၍။ ဒီပေ၊ ဆီမီးတို့ကို။ ဇာလာပေတွာ၊ ထွန်းညှိခဲ့ပြီး၍။ ဂန္ဓမာလာဒီဟိ၊ ပန်းနံ့သာစသည်တို့ဖြင့်။ ပူဇေတွာ၊ ပူဇော်၍။

စေတီ တည်ထားပြီးတဲ့အခါ ဒီစေတီတော် တည်ရှိတဲ့ နေရာလေးမှာ ဆီမီးတွေလည်း သူက ပူဇော်တယ်။ ပန်းနံ့သာ စသည်ဖြင့်လည်း ပူဇော်တယ်။ ပူဇော်ပြီးတော့ ဘာဖြစ်သလဲ?

သီသကပါလံ၊ ဦးခေါင်းခွံကို။ သုဝဏ္ဏခစိတံ၊ ရွှေချခြင်းကို။ ကာရေတွာ၊ ပြုလုပ်၍။

ဘုရားအလောင်းတော် မျောက်မင်းရဲ့ ဦးခေါင်းခွံကို သူက ရွှေချတယ်။

ကုန္တဂ္ဂေ၊ ဖောင်အထက်၌။ ဌပေတွာ၊ ထား၍။

ရှေးဦးစွာ ထွက်တဲ့ ဖောင်ပေါ့။ ဖောင်အထက်မှာ သူက ထားလိုက်တယ်။

ပုရတော ကတွာ၊ ရှေ့သွားပြု၍။ ဂန္ဓမာလာဒီဟိ၊ ပန်းနံ့သာ စသည်တို့ဖြင့်။ ပူဇေန္တော၊ ပူဇော်လျက်။ ဗာရာဏသိံ၊ ဗာရာဏသီပြည်သို့။ ဂန္တွာ၊ ပြန်သွား၍။

ဗာရာဏသီပြည် ပြန်သွားပြီ။

အန္တောရာဇဒွါရေ၊ မင်းရင်ပြင် တံခါးအတွင်း၌။ ဌပေတွာ၊ ထား၍။ သကလနဂရံ၊ အလုံးစုံသော မြို့တော်ကို။ သဇ္ဇာပေတွာ၊ တန်ဆာဆင်စေ၍။ သတ္တာဟံ၊ ခုနှစ်ရက်တို့ ကာလပတ်လုံး။ ဓာတုပူဇံ၊ ဓာတ်တော်ကို ပူဇော်ခြင်း အမှုကို။ ကာရေသိ၊ ပြုစေခဲ့လေပြီ။

ခုနှစ်ရက် ကာလပတ်လုံး ဓာတ်တော်ပူဇော်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ပြုတယ်နော်။ ဒီနေရာမှာ ကြည့်လိုက်မယ် ဆိုလို့ရှိရင် ဓာတ်တော်ဟာ ဘာလဲ? ဘုရားအလောင်း မျောက်ရဲ့ ဦးခေါင်းခွံပဲနော်။ အဲဒါကြောင့် အခုခေတ်မှာ နည်းနည်းလေး ဓာတ်တော် ဓာတ်တော်ဆိုတာ အလုံးလေးတွေဖြစ်မှ ဓာတ်တော်လို့ တချို့ကတော့ ပြောချင်ကြတယ်နော်။ ဓာတ်တော်က အခု ဒီနေရာမှာတော့ ဦးခေါင်းခွံကိုလည်း ဓာတ်တော်လို့ သုံးနေတယ်နော်။ အရိုးဓာတ်တော်တွေပဲနော်။

အထ နံ ဓာတုံ ဂဟေတွာ စေတိယံ ကာရေတွာ ယာဝဇီဝံ ဂန္ဓမာလာဒီဟိ ပူဇေတွာ ဗောဓိသတ္တဿ ဩဝါဒေ ပတိဋ္ဌာယ ဒါနာဒီနိ ပုညာနိ ကရောန္တော ဓမ္မေန ရဇ္ဇံ ကာရေတွာ သဂ္ဂပရာယဏော အဟောသိ။

အထ၊ ထိုအခါ၌။ နံ ဓာတုံ၊ ထို (ဦးခေါင်းခွံ) ဓာတ်တော်ကို။ ဂဟေတွာ၊ ယူ၍။

အဲဒီ ဓာတ်တော်ဆိုတာက ဘာလဲ? ဦးခေါင်းခွံ, ရွှေချထားတဲ့ ဦးခေါင်းခွံပဲနော်။

နံ ဓာတုံ၊ ထို (ဦးခေါင်းခွံ) ဓာတ်တော်ကို။ ဂဟေတွာ၊ ယူ၍။ စေတိယံ၊ စေတီကို။ ကာရေတွာ၊ တည်ထား၍။

စေတီတော်တစ်ဆူ ထပ်ပြီးတော့ တည်လိုက်တယ်။

ယာဝဇီဝံ၊ အသက်ရှင်သမျှ ကာလပတ်လုံး။ ဂန္ဓမာလာဒီဟိ၊ ပန်းနံ့သာ စသည်တို့ဖြင့်။ ပူဇေတွာ၊ ပူဇော်၍။ ဗောဓိသတ္တဿ၊ ဘုရားအလောင်းတော်၏။ ဩဝါဒေ၊ အဆုံးအမ ဩဝါဒ၌။ ပတိဋ္ဌာယ၊ ရပ်တည်၍။ ဒါနာဒီနိ၊ ဒါန အစရှိကုန်သော။ ပုညာနိ၊ ကောင်းမှုကုသိုလ်တို့ကို။ ကရောန္တော၊ ပြုလျက်။ ဓမ္မေန၊ တရားသော နည်းလမ်းဖြင့်။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကာရေတွာ၊ ပြုလုပ်၍။ သဂ္ဂပရာယဏော၊ နတ်ပြည်သို့ လားတော်မူသည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

အဲဒီတော့ ဘယ်ကံကနေ အကျိုးပေးတယ် ဆိုတာကိုတော့ အတိအကျ ဒီမှာ ဖော်ပြချက်တော့ မရှိဘူး။ ဒီတော့ ဒီဓာတ်တော်ကို သူက စေတီ တည်တယ်။ စေတီ တည်ပြီးတဲ့ အချိန်အခါကျတော့ အသက်ထက်ဆုံး ပန်းနံ့သာစသည်ဖြင့် ပူဇော်တယ်။ ပူဇော်ပြီးတော့ ဘုရားအလောင်းရဲ့ အဆုံးအမ ဩဝါဒတို့မှာ ရပ်တည်တယ်။ ရပ်တည်ပြီးတော့ ဒါနစတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုတယ်။ ပြုတဲ့အတွက် တရားသော နည်းလမ်းဖြင့် တရားနဲ့အညီ, မင်းကျင့်တရား ဆယ်ပါးနဲ့အညီ တိုင်းပြည်ကို ထီးဖြူအုပ်ချုပ် မင်းလုပ်တော်မူတယ်။ အဲဒီလို ထီးဖြူအုပ်ချုပ် မင်းလုပ်တဲ့အတွက် ကွယ်လွန်သွားသည့် အခြားမဲ့၌ ဘယ်ရောက်သွားသလဲ?

သဂ္ဂပရာယဏော အဟောသိ။၊ နတ်ပြည် နတ်လောကသို့ ရောက်ရှိသွားတယ် ဆိုပြီးတော့ ဒီလို ဖော်ပြထားတယ်။ အဲဒီ ဖော်ပြချက်အရ ကြည့်မယ် ဆိုလို့ရှိရင်တော့ ဒီအချိန်အခါမှာ ဘုရားအလောင်း မျောက်သည် အရိယာ သူတော်ကောင်းလား, ပုထုဇန်လားလို့ မေးရင် ပုထုဇန်နော်။ အဲဒီ ပုထုဇန်အဆင့်မှာ တည်ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သော်လည်း [?] မိမိတို့ရဲ့ ဆွေမျိုးတွေအတွက် အသက်စွန့်ပြီးတော့ တကယ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ ဉာတတ္ထစရိယာကို အလွန် ကြည်ညိုသွားတယ်။ ဒီ ဉာတတ္ထစရိယာကို ကြည်ညိုတဲ့အတွက်ကြောင့် ဘုရားအလောင်း မျောက်မင်းရဲ့ ဦးခေါင်းခွံကိုပါ အခုလို စေတီတည်ထား ကိုးကွယ်ပြီးတော့ ပူဇော်နေခြင်း ဖြစ်တယ်။ သို့သော် အဲဒီထဲမှာ ထူးခြားတာကတော့ ခုနက ဘုရားအလောင်းမျောက်မင်းက ဟောနေတဲ့ ဂါထာလေးတွေ, တရားဂါထာလေးတွေ ရှိပါတယ်နော်။

အဲဒီ တရားဂါထာတွေထဲက အထူးသဖြင့်တော့ ဒါန, သီလ, သမထ, ဝိပဿနာ အစရှိတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုဖို့၊ မင်းကျင့်တရား ဆယ်ပါးနဲ့အညီ တိုင်းပြည်အုပ်ချုပ် ထီးဖြူအုပ်ချုပ် မင်းလုပ်ဖို့ စသည့် ဒီလို အဆုံးအမတွေလည်း ပါနေပါတယ်။ အဲဒီ အဆုံးအမတွေက ဗာရာဏသီ မင်းအတွက် အလွန် တန်ဖိုးရှိတဲ့ အဆုံးအမတွေ ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ သူတို့က သူကလည်း ဒီအဆုံးအမတွေကို လိုလားတောင့်တနေတယ်။ ဘာဖြစ်လို့လဲ?

ဘာဖြစ်လို့လဲ ဆိုတာက ဦးပဉ္စင်းက ဒီနေရာမှာ ပါရမီအကြောင်းလေး နည်းနည်း ပြောချင်တာပါ။ ရှင်အာနန္ဒာ အလောင်းက ဘုရားရှင်ရဲ့ အဆုံးအမကို လိုလားတောင့်တတဲ့ စိတ်ထားဖြင့် ဘုရားရှင်ကို ပြုစုလုပ်ကျွေးနေတဲ့ စိတ်ထား, ဘုရားရှင်ရဲ့ အဆုံးအမကို လိုလားတောင့်တတဲ့ စိတ်ထားဖြင့် ပဒုမုတ္တရ ဘုရားရှင်ရဲ့ သာသနာတော်တွင်းထဲက ဆုတောင်းပန်ထွာပြီးတော့မှ ပါရမီတွေကို ဖြည့်ကျင့်ခဲ့တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်နော်။

အဲဒီလို ပါရမီတွေကို ဖြည့်ကျင့်ခဲ့တဲ့အတွက်ကြောင့် ယခုလို ဘဝမှာ အကြောင်းအားလျော်စွာ ဘုရားအလောင်းနဲ့ လာပြီးတော့ ဆုံဆည်းမိပြီ။ ဆုံဆည်းမိလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဘုရားအလောင်းအပေါ်မှာ ပြစ်မှားချင်တဲ့ စိတ်ထား သူ့မှာ ရှိလား? မရှိဘူး။ အတိတ်ကတည်းက ဘုရားအလောင်းရဲ့ အဆုံးအမကို နှစ်ခြိုက်မြတ်နိုးတဲ့ စိတ်ထား, ဘုရားအလောင်းကို ပြုစုလုပ်ကျွေးချင်တဲ့ စိတ်ထား သို့မဟုတ် ဘုရားရှင်အပေါ်၌ ပြုစုလုပ်ကျွေးချင်တဲ့ စိတ်ထား, ဘုရားရှင်ရဲ့ တရားတော်ကို နာယူလိုတဲ့ စိတ်ထား, ဘုရားရှင်ရဲ့ အဆုံးအမကို ခံယူလိုတဲ့ စိတ်ထား ဒီစိတ်ထားတွေနဲ့ သူက ကံတွေကို ထူထောင်ခဲ့တယ်။ ဒီကံတွေက အကျိုးပေးလိုက်တဲ့ အခါမှာ ဘုရားအလောင်းတော်နဲ့ ယခုလို ဘဝတစ်ခုမှာ လာပြီး တွေ့လိုက်ရတာနဲ့ တစ်ပြိုင်နက်တည်း အလောင်းတော်အပေါ်မှာ ပြစ်မှားချင်တဲ့ စိတ်ထား ရှိသလား? မရှိဘူး။

အရှင်ဒေဝဒတ်ကျတော့ ဘုရားရှင် အပေါ်မှာ မကျေနပ်တဲ့ စိတ်ထားဖြင့် ကံတွေကို ထူထောင်ခဲ့တယ်။ ထူထောင်လိုက်တဲ့ အတွက်ကြောင့် ဘုရားအလောင်းတော်နဲ့ လာပြီး တွေ့လိုက်တဲ့ ဘဝမှာ ဘုရားအလောင်းတော် အပေါ်၌ ကျေနပ်တဲ့စိတ်ထား ရှိသလား? မရှိဘူး။ ကွာဟချက် မရှိဘူးလား? ရှိနေတယ်နော်။ အရှင်ဒေဝဒတ်အလောင်းရဲ့ စိတ်ထားနဲ့ အခု အရှင်အာနန္ဒာအလောင်းဖြစ်တဲ့ ဗာရာဏသီမင်းတို့ရဲ့ စိတ်ထား စိတ်နေစိတ်ထားချင်း တူညီကြသလား? မတူညီကြဘူး။ မတူညီကြတဲ့အတွက် အကျိုးပေးခြင်းကော တူညီသေးလား? မတူညီဘူး။

အရှင်ဒေဝဒတ် အလောင်းက ဒီကနေ့ ငရဲရောက်နေတယ်။ အရှင်အာနန္ဒာအလောင်းက ဒီကနေ့ ဒုက္ခဇာတ်သိမ်းပြီးတော့ နိဗ္ဗာန်နန်းသို့ ဆိုက်ရောက်သွားပြီ။ ပရိနိဗ္ဗာန်စံသွားပြီ ဖြစ်တယ်နော်။ နိဗ္ဗာန်သို့ ဆိုက်ရောက်သွားပြီ။ ကျေနပ်မှုရှိတဲ့ ပုဂ္ဂိုလ်နဲ့ မကျေနပ်မှုရှိတဲ့ ပုဂ္ဂိုလ်နှစ်ဦးတို့ရဲ့ ကွာဟချက် မထူးခြားဘူးလား? ထူးခြားနေတယ်နော်။
c02uqai61y17b8mwlhmb659g43i8l8t မင်္ဂလသုတ်-၆၄/၉၇ 0 6299 21987 2026-05-21T21:04:34Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၆၄/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၆၃..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21987 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၆၄/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၆၃/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၆၅/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် ၆၄

ကဲ ... ဒီနေရာမှာ သုတ္တန်နှစ်မျိုးနှစ်စား ဓာတ်တော်နှစ်ခု ဘုန်းကြီး ဟောထားတယ်။ အဲဒီ ဓာတ်တော်တွေထဲမှာ ဗဟုဿုတလေးတစ်ခု ပါတယ်။ အဘယဒါန = ဘေးမဲ့ အလှူဆိုပြီး ပြောထားပါတယ်။ အဲဒီ အဘယဒါန အကြောင်းလေး ဒီည ဘုန်းကြီး ဒီသုတ္တန်လေး ဟောဖို့ ရည်ရွယ်ထားပါတယ်။

အဘယဒါနနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်မှာ အဘိသန္တသုတ္တန် ဆိုပြီးတော့ သုတ္တန်လေးတစ်ခု ဟောထားပါတယ်။ ဗဟုဿုတအဖြစ် ထိုသုတ္တန်လေးကို နာကြားကြည့်ရအောင်။

‘‘အဋ္ဌိမေ, ဘိက္ခဝေ, ပုညာဘိသန္ဒာ ကုသလာဘိသန္ဒာ သုခဿာဟာရာ သောဝဂ္ဂိကာ သုခဝိပါကာ သဂ္ဂသံဝတ္တနိကာ, ဣဋ္ဌာယ ကန္တာယ မနာပါယ ဟိတာယ သုခါယ သံဝတ္တန္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ။ သုခဿာဟာရာ၊ ချမ်းသာသုခကို ရွက်ဆောင်၍ ပေးတတ်ကြကုန်သော။ သောဝဂ္ဂိကာ၊ အထက်နတ်ပြည် အကျိုးငှာ ထင်ရှားဖြစ်ပေါ်၍ လာကြကုန်သော။ သုခဝိပါကာ၊ ချမ်းသာသော အကျိုးကို ပေးတတ်ကြကုန်သော။ သဂ္ဂသံဝတ္တနိကာ၊ နတ်ပြည် နတ်လောက၌ ပဋိသန္ဓေကို ဖြစ်စေတတ်ကြကုန်သော။ ပုညာဘိသန္ဒာ၊ ဤကောင်းမှုကုသိုလ် အထုတို့သည်။ ကုသလာဘိသန္ဒာ၊ ဤကုသိုလ်အယဉ်တို့သည်။ အဋ္ဌ၊ ရှစ်မျိုးတို့သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။ ဣမေ၊ ဤကောင်းမှု ကုသိုလ်အထု အယဉ်တို့သည်။ ဣဋ္ဌာယ၊ အလိုရှိခြင်းငှာ။ ကန္တာယ၊ နှစ်သက်ခြင်းငှာ။ မနာပါယ၊ မြတ်နိုးခြင်းငှာ။ ဟိတာယ၊ လူ,နတ်,နိဗ္ဗာန် သုံးတန်သော ချမ်းသာ အစီးအပွား အလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ။ သံဝတ္တန္တိ၊ ဖြစ်ကြပါကုန်၏။

မြစ်ရေကြီး တသွင်သွင် စီးနေသလို အဆက်မပြတ် တသွင်သွင် ဖြစ်ပေါ်နေတဲ့ ကုသိုလ်ထုထည် ကုသိုလ်အယဉ်ကြီး အစဉ်အမြဲ ရှိတယ်တဲ့နော်။ အဲဒီ ကုသိုလ်ထုထည် ပမာဏကြီးက အလွန် ကြီးကျယ်တယ်။ မြစ်ရေတွေ တသွင်သွင် စီးနေသလို သတ္တဝါတစ်ဦးရဲ့ သန္တာန်မှာ တသွင်သွင် ကုသိုလ်တွေ အဆက်မပြတ် ဖြစ်နေတယ်။ ထုထည်က အလွန် ကြီးမားတယ်။ အဲဒီ ထုထည် အလွန် ကြီးမားနေတဲ့ ဒီကုသိုလ်တွေသည် သုခဿာဟာရာ = ချမ်းသာသုခကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားလည်း ရှိတယ်။

သောဝဂ္ဂိကာ = အထက်, အထက် နတ်ပြည်၌ အဆင့်အတန်း အလွန် မြင့်မားနေတဲ့ အကျိုးတရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားလည်း ရှိတယ်။ သုခဝိပါကာ = ချမ်းသာတဲ့ အကျိုးတရားကိုလည်း ပေးတတ်တယ်။ သဂ္ဂသံဝတ္တနိကာ = နတ်ပြည် နတ်လောကမှာ ပဋိသန္ဓေဆိုတဲ့ အကျိုးကိုလည်း ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။

ဣဓ, ဘိက္ခဝေ, အရိယသာဝကော ဗုဒ္ဓံ သရဏံ ဂတော ဟောတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ။ ဣဓ၊ ဤ ငါဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌။ အရိယသာဝကော၊ အရိယာ ဖြစ်တော်မူသော တပည့်သာဝကသည်။

တကယ့် အရိယာသာဝက သူတော်ကောင်းတွေလည်းပဲ ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ရှိတယ်။ အကယ်၍ ဒီသာဝကတစ်ဦးသည် အရိယာ မဖြစ်သေးဘူးဆိုရင် အရိယာသာဝကော = အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ ဒီလို အနက်အဓိပ္ပါယ် နှစ်မျိုး ပေးရပါတယ်နော်။ အရိယာ သာဝကဆိုတဲ့ စကားလုံးလေးကို နှစ်မျိုး ဘာသာပြန်ထားတယ်။

အရိယာသာဝကော၊ အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ အရိယာသာဝကော၊ အရိယာ သာဝကသည်။ (ဝါ) အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂတော၊ ယုံကြည်သတ်မှတ် ဆည်းကပ်သည်။ ဟောတိ၊ ဖြစ်၏။

အရိယာသာဝက တစ်ဦးကတော့ ဘုရားရှင်ကို ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာ အဖြစ်နဲ့ ယုံကြည်သတ်မှတ်ပြီး ရှိကြပါတယ်။ ဒါကတော့ ငြင်းစရာ မရှိဘူး။ ဘာဖြစ်လို့လဲ? ဟိုး ... ရတနသုတ္တန်မှာ ဟောထားပါတယ်နော် - ”ဆစ္စာဘိ ဌာနာနိ အဘဗ္ဗကာတုံ” ဆိုပြီး ဒီလို ဟောထားတယ်။ သောတာပန် အရိယာသူတော်ကောင်းပဲ ဖြစ်ချင်ဖြစ်ပါစေ အရိယာ သူတော်ကောင်းတို့ရဲ့ သဘောက ဘယ်လို ရှိသလဲ? အမိကို သတ်ခြင်းဆိုတဲ့ အင်မတန် ကြီးမားတဲ့ ပြစ်မှုကြီးတွေကို ဘယ်တော့မှ မလွန်ကျူးဘူး။ အဖကို သတ်ခြင်းဆိုတဲ့ အလွန်ကြီးလေးတဲ့ ပြစ်မှုကြီးတွေကို ဘယ်တော့မှ မလွန်ကျူးဘူး။ ရဟန္တာပုဂ္ဂိုလ်အား သတ်ခြင်းဆိုတဲ့ အလွန်ကြီးလေးတဲ့ ပြစ်မှုကြီးတွေကို ဘယ်တော့မှ မလွန်ကျူးဘူး။ ဘုရားရှင်အား သွေးစိမ်း တည်စေခြင်းဆိုတဲ့ ဒီလောဟိတုပ္ပါဒကကံကိုလည်း မဖြစ်စေဘူး။ သံဃာ သင်းခွဲခြင်းဆိုတဲ့ အလွန် ကြီးလေးတဲ့ လုပ်ငန်းရပ် တစ်ခုကိုလည်း ဘယ်တော့မှ မပြုကျင့်ဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ -

ဘုရားရှင်မှတစ်ပါး သာသနာတော်ရဲ့ ပြင်ပမှာ ရှိနေတဲ့ အခြားအခြားသော ပုဂ္ဂိုလ်တွေကို ဆရာအဖြစ် ရည်ညွှန်းပြီး ကိုးကွယ် ဆည်းကပ်ခြင်းဆိုတဲ့ လုပ်ငန်းရပ် ဘယ်တော့မှ မပြုဘူး။ အဲဒီ စကားလေးက သိပ်အရေးကြီးပါတယ်နော်။ သာသနာတော်ရဲ့ ပြင်ဘက်မှာ ရှိတယ်ဆိုတာက ရတနာသုံးပါးရဲ့ အပြင်ဘက်ကို ပြောတယ်။ ဘုရားရတနာ, တရားရတနာ, သံဃာရတနာဆိုတဲ့ ရတနာသုံးပါးရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကို ကိုးကွယ်အားထားရာအဖြစ်နဲ့ ယုံကြည်သတ်မှတ် ဆည်းကပ်ပြီး ရှိခိုးဝပ်ချ ပူဇော်ခဲ့မယ်ဆိုရင် မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။ အခုခေတ်မှာ ရှိနေတဲ့ အထက်ဆရာကြီး အားလုံးပေါ့။ သာသနာတော်ရဲ့ ရတနာသုံးပါးရဲ့ အပြင်ဘက်မှာ ရှိသလား, ရတနာသုံးပါးရဲ့ အတွင်းဘက်မှာ ရှိသလား? အပြင်ဘက်ပဲ။

အဲဒီ အထက်ဆရာကြီးတွေကို ကိုးကွယ်အားထားရာ အဖြစ်နဲ့ ယုံကြည်သတ်မှတ် ဆည်းကပ်ပြီးတော့ ဆရာအဖြစ်နဲ့ ရည်ညွှန်းလိုက်တယ်။ အရိယာ သူတော်ကောင်းမှန်ရင် ဘယ်တော့မှ အဲဒီလို ရတနာသုံးပါးရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကို ဆရာအဖြစ်နဲ့ ရည်ညွှန်းခြင်း ဘယ်တော့မှ မရှိဘူး။ ကိုးကွယ်အားထားရာ ဆရာအဖြစ်နဲ့ ရည်ညွှန်းမှု ဘယ်တော့မှ မရှိဘူး။ အကယ်၍ ရှိနေခဲ့မယ်ဆိုရင် အရိယာ သူတော်ကောင်း ဟုတ်သလား? မဟုတ်ဘူး။ ဒါက နည်းနည်းလေး အကဲခတ်ဖို့ နည်းလေးပဲနော်။ အခု ဒီနေရာမှာ အရိယာ ဖြစ်နေတဲ့ အရိယာသာဝက သို့မဟုတ် အရိယာ ဖြစ်တော်မူတဲ့ ဘုရားရှင်ရဲ့ တပည့်သာဝက။ အဲဒီ သာဝကသည် ဘာလုပ်သလဲ?

ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍။ ဂတော၊ ယုံကြည်သတ်မှတ် ဆည်းကပ်သည်။ ဟောတိ၊ ဖြစ်၏။

ဘုရားကို ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာ အဖြစ်နဲ့ ယုံကြည် သတ်မှတ် ဆည်းကပ်ပြီး နေတယ်။ အလားတူပဲ -

ဓမ္မံ၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်ကို။ သရဏံ၊ ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂတော၊ ယုံကြည်သတ်မှတ် ဆည်းကပ်သည်။ ဟောတိ၊ ဖြစ်၏။ သံဃံ၊ ရှစ်ယောက်ထင်ပေါ် အရိယာ သံဃာတော်မြတ်အပေါင်းကို။ သရဏံ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂတော၊ ယုံကြည်သတ်မှတ် ဆည်းကပ်သည်။ ဟောတိ၊ ဖြစ်၏။

ဘယ်နှစ်မျိုးလဲ? သုံးမျိုးနော်။ အဲဒီ သုံးမျိုး စုပေါင်းပြီး ပြောလိုက်မယ်။

အယံ, ဘိက္ခဝေ, ပဌမော ပုညာဘိသန္ဒော ကုသလာဘိသန္ဒော သုခဿာဟာရော သောဝဂ္ဂိကော သုခဝိပါကော သဂ္ဂသံဝတ္တနိကော, ဣဋ္ဌာယ ကန္တာယ မနာပါယ ဟိတာယ သုခါယ သံဝတ္တတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ သုခဿာဟာရော၊ ချမ်းသာသုခကို ရွက်ဆောင်ခြင်း ပေးတတ်သော။ သောဝဂ္ဂိကော၊ နတ်ပြည် အကျိုးငှာ ထင်ရှားဖြစ်ပေါ်၍ လာသော။ သုခဝိပါကော၊ ချမ်းသာသော အကျိုးကို ပေးတတ်ကုန်သော။ သဂ္ဂသံဝတ္တနိကော၊ နတ်ပြည်နတ်လောက၌ ပဋိသန္ဓေကို ဖြစ်ပေါ်စေတတ်သော။ ပဌမော၊ ရှေးဦးစွာသော။ အယံ ပုညာဘိသန္ဒော ကုသလာဘိသန္ဒော၊ ဤကောင်းမှုအထု, ကုသိုလ်အယဉ်သည်။ ဣဋ္ဌာယ၊ အလိုရှိခြင်းငှာ။ ကန္တာယ၊ နှစ်သက်ခြင်းငှာ။ မနာပါယ၊ မြတ်နိုးခြင်းငှာ။ ဟိတာယ၊ လူနတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာတည်းဟူသော အကျိုးစီးပွား အလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ။ သံဝတ္တတိ၊ မုချမသွေ ဖြစ်ပါပေ၏။

သာဝကတစ်ဦး, အရိယာဖြစ်တဲ့ အရိယာသာဝကတစ်ဦး သို့မဟုတ် အရိယာ ဖြစ်တော်မူတဲ့ ငါဘုရားရှင်ရဲ့ အရိယာသာဝကတစ်ဦးဟာ ဘုရားကို ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍ ဆည်းကပ်တယ်။ ယုံကြည်သတ်မှတ် ဆည်းကပ်တယ်။ ဒီလို ယုံကြည်သတ်မှတ် ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်သည် အဲဒီလို ယုံကြည်သတ်မှတ် ဆည်းကပ်နေတဲ့ ကောင်းမှုကုသိုလ်အထု ကောင်းမှုကုသိုလ် အယဉ်တွေက ဘာဖြစ်သလဲ?

သုခဿာဟာရော = ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားလည်း ရှိတယ်။ နတ်ပြည် နတ်လောကမှာ အလွန် အလိုရှိအပ်, နှစ်သက်မြတ်နိုးအပ်တဲ့ ချမ်းသာသုခဆိုတဲ့ အကျိုးတရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားလည်း ရှိတယ်။ သုခဝိပါကော = ကောင်းကျိုးချမ်းသာ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားလည်း ရှိတယ်။

သဂ္ဂသံဝတ္တနိကော = နတ်ပြည် နတ်လောကမှာ ပဋိသန္ဓေကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအားလည်း ရှိတယ်။ ဣဋ္ဌာယ = အလိုရှိအပ်တဲ့။ ကန္တာယ = နှစ်သက်အပ်တဲ့။ မနာပါယ = မြတ်နိုးအပ်တဲ့ တရားလည်း ဖြစ်တယ်။ ဟိတာယ = လူနတ် နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားရှိတဲ့။ သုခါယ = တကယ့် ချမ်းသာစစ်ကို ရရှိစေနိုင်တဲ့ စွမ်းအားရှိတယ်။

စဉ်းစားကြည့်စမ်း။ မြတ်စွာဘုရားကို ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍ ဆည်းကပ်တယ်။ ဒါက ပထမပေါ့။ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မခန်ဟု ခေါ်ဆိုအပ်တဲ့ ဆယ်တန်ထင်ပေါ် တရားတော်မြတ်ကိုလည်း ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍ ယုံကြည်သတ်မှတ် ဆည်းကပ်တယ်။ ဒါက ဒုတိယ။ ရှစ်ယောက်ထင်ပေါ် အရိယာ သံဃာမြတ် အပေါင်းကို ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍ ဆည်းကပ်တယ်။ ယုံကြည် သတ်မှတ် ဆည်းကပ်လိုက်တယ်။ ဒါက တတိယပဲ။ အဲဒီ ရတနာသုံးပါးကို ဒီလို ကိုးကွယ်ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ နေ့စဉ်နေ့စဉ် ရတနာ သုံးပါးကို ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာအဖြစ်နဲ့ ယုံကြည်သတ်မှတ်ပြီး ဆည်းကပ်နေတဲ့အတွက် ကုသိုလ်ထုအယဉ်သည် တစ်နေ့တစ်နေ့ ဘယ်လောက် ဖြစ်မလဲ? ပြန်ပြီး ဆန်းစစ်ကြည့်နော် -

အခုလို တရားနာပြီ ဆိုလို့ရှိရင် ဘုရားကို ဦးတိုက်တယ်၊ တရားကို ဦးတိုက်တယ်၊ သံဃာကို ဦးတိုက်တယ်။ ယုံကြည်သတ်မှတ် ကိုးကွယ် ဆည်းကပ်တယ်နော်။ သတိရတဲ့ အချိန်အခါတိုင်းမှာလည်း ဘုရားကို အာရုံအမြဲတမ်း ပြုတယ်။ စွမ်းအားရှိသလောက် ဘုရားကို အာရုံပြုနေတယ်၊ တရားတော်တွေကို အာရုံပြုနေတယ်၊ သံဃာဂုဏ်ကို အာရုံပြုနေတယ်၊ အကယ်၍များ ဘုရားဂုဏ်ကို တစ်မိနစ်လောက် အာရုံပြုနိုင်တယ်ဆိုရင် တစ်မိနစ်လောက် အတွင်းမှာ ကုသိုလ်စိတ်ထု အယဉ်သည် ဘယ်လောက် ဖြစ်သွားမလဲ? အကယ်၍များ ဆယ်မိနစ်လောက် ဘုရားဂုဏ်ကို အာရုံပြု နိုင်တယ်ဆိုရင် ဆယ်မိနစ်အတွင်းမှာ ကုသိုလ်စိတ်အစဉ်တွေဟာ ဘယ်လောက် များများကြီး ဖြစ်သွားမလဲ? ပြန်စဉ်းစားကြည့်နော်။ တစ်နာရီလောက်သာ ဘုရားဂုဏ်ကို အာရုံပြုနိုင်မယ်ဆိုရင် တစ်နာရီအတွင်းမှာ ကုသိုလ်ထု အယဉ်ကြီးသည် မြစ်ရေ တသွင်သွင် စီးနေသလို အဆက်မပြတ် ဆက်တိုက် ဖြစ်မနေနိုင်ဘူးလား? ဖြစ်နေနိုင်တယ်။ တရားတော်ရဲ့ ဂုဏ်, သံဃာဂုဏ်ကို အာရုံပြုတဲ့ နေရာမှာလည်း ဒီအတိုင်းပဲ။

ဒီတော့ ဒီလို ဘုရားကို ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာအဖြစ်နဲ့ ယုံကြည်သတ်မှတ်ပြီး ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ, တရားကို ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာအဖြစ်နဲ့ ယုံကြည်သတ်မှတ်ပြီး ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ, အရိယာ သံဃာတော်ကို ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာအဖြစ်နဲ့ ယုံကြည်သတ်မှတ်ပြီး ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရတနာသုံးပါးတို့ရဲ့ ဂုဏ်ကို အာရုံပြုလိုက်တိုင်း ပြုလိုက်တိုင်း အလွန် ကြီးမားနေတဲ့ ကုသိုလ်ထုထည် ရေအယဉ်တွေသည် တသွင်သွင် စီးပြီးတော့ မနေနိုင်ဘူးလား? နေနိုင်တယ်။ ပိုက်ဆံ ဘယ်နှစ်ပြား ကုန်သလဲ? တစ်ပြားမှ မကုန်ဘူးနော်။

ကုသိုလ်ဆိုတာက စက္ကန့်တိုင်း, စက္ကန့်တိုင်း၊ မိနစ်တိုင်း, မိနစ်တိုင်း၊ နာရီတိုင်း, နာရီတိုင်းမှာ ယူတတ်ရင် မရဘူးလား? ရပါတယ်။ ဘာလို့ အကျိုးမရှိတဲ့ အလုပ်ကို ပြုလုပ်ပြီးတော့, အကျိုးမရှိတဲ့ စကားတွေကို ပြောပြီးတော့ မိမိတို့ရဲ့ အလွန်တန်ဖိုးရှိနေတဲ့ အချိန်တွေကို ဖြုန်းတီး ပစ်ကြရတာလဲ? စိတ်ကို ထားတတ်မယ်ဆိုရင် ကုသိုလ်ထု ရေအယဉ်တွေဟာ တသွင်သွင် မိမိသန္တာန်မှာ စီးဆင်းပြီး မနေနိုင်ဘူးလား? စီးဆင်းနေနိုင်တယ်။ နံပါတ်(၃) ပြီးပြီ။

နောက်ထပ် မြတ်စွာဘုရားက ဒါန ငါးမျိုး ဆက်ဟောတယ်။ အဲဒီ ဒါန ငါးမျိုးနဲ့ ကုသိုလ်ထု ရေအယဉ် တသွင်သွင်စီးနေတဲ့ ကုသိုလ်ထု ရေအယဉ် သုံးမျိုး ပေါင်းလိုက်မယ်ဆိုရင် ဘယ်လောက်ရှိမလဲ ရှစ်မျိုး။ ကဲ ... အဲဒီ ငါးမျိုးကို ပေါင်းပြောကြရအောင်နော် -

‘‘ပဉ္စိမာနိ, ဘိက္ခဝေ, ဒါနာနိ မဟာဒါနာနိ အဂ္ဂညာနိ ရတ္တညာနိ ဝံသညာနိ ပေါရာဏာနိ အသံကိဏ္ဏာနိ အသံကိဏ္ဏပုဗ္ဗာနိ, န သံကိယန္တိ န သံကိယိဿန္တိ, အပ္ပဋိကုဋ္ဌာနိ သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အဂ္ဂညာနိ၊ အမြတ်ဟု အသိအမှတ်ပြုအပ်ကုန်သော။ မဟာဒါနာနိ၊ အင်မတန် အဆင့်အတန်း မြင့်မားပြီးတော့ အလွန် မြင့်မြတ်တဲ့ တရားအဖြစ်နဲ့ ဘုရားရှင်တို့ အသိအမှတ် ပြုထားတဲ့တရား။ အဂ္ဂညာနိ၊ အမြတ်ဟု အသိအမှတ်ပြုအပ်ကုန်သော။ ရတ္တညာနိ၊ ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်၏ဟု သိအပ်ကုန်သော။ ဝံသညာနိ၊ သူတော်ကောင်းတို့၏ အဆက်အနွယ်ဟု သိအပ်ကုန်သော။ ပေါရာဏာနိ၊ ရှေးသူတော်ကောင်းတို့၏ အလေ့အကျင့်ဟု အသိအမှတ် ပြုအပ်ကုန်သော။ အသံkိဏ္ဏာနိ၊ မပယ်ဖျက် မနှုတ်သိမ်းအပ်ကုန်သော။ အသံကိဏ္ဏပုဗ္ဗာနိ၊ ရှေးယခင်က ရှေးရှေး ဘုရားရှင်တော် လက်ထက်က မပယ်ဖျက် မပယ်နှုတ် အပ်ဖူးကုန်သော။ န သံkိယန္တိ၊ ယခုလည်းပဲ မပယ်ဖျက် မပယ်နှုတ် ထိုက်ကုန်သော။ န သံကိယိဿန္တိ၊ နောင်အနာဂတ် ကာလ၌လည်းပဲ မပယ်ဖျက် မပယ်နှုတ် အပ်ကုန်သော။ ဒါနာနိ၊ အလှူဒါနတို့သည်။ မဟာဒါနာနိ၊ ကြီးကျယ်မြင့်မြတ်ကုန်သော ဒါနတရားတို့သည်။ ပဉ္စိမာနိ၊ ဤငါးမျိုးတို့တည်း။ ဣမာနိ ပဉ္စ၊ ထိုငါးမျိုးကုန်သော အလှူဒါနတို့ကို။ ဝိညူဟိ၊ ပညာရှိသူတော်ကောင်း ဖြစ်ကြကုန်သော။ သမဏေဟိ၊ သမဏတို့သည်လည်းကောင်း။ ဗြာဟ္မဏေဟိ၊ ဗြဟ္မဏတို့သည်လည်းကောင်း။ အပ္ပဋိကုဋ္ဌာနိ၊ ရွံရှာ စက်ဆုပ်မှု မရှိကြလေကုန်။

ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့, ပညာရှိ သူတော်ကောင်းတို့ မစက်ဆုပ်အပ်တဲ့ အလှူဒါန ငါးမျိုးတဲ့နော်။ အဲဒီ အလှူဒါနတွေကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က မွန်မြတ်တဲ့ တရားအဖြစ်နဲ့ အသိအမှတ်ပြုတယ်။

ရတ္တညာနိ - ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး ဖြစ်ပေါ်နေတဲ့ တရားတွေလို့ ဒီလို အသိအမှတ် ပြုထားတယ်။ ဝံသညာနိ - သူတော်ကောင်းတို့ရဲ့ အဆက်အနွယ်လို့လည်း အသိအမှတ် ပြုထားတယ်။ ပေါရာဏာနိ - ရှေးသူတော်ကောင်းတို့ရဲ့ အလေ့အကျင့်လို့ ဒီလို ဘုရားအစရှိသော သူတော်ကောင်းတို့ အသိအမှတ် ပြုထားတယ်။

အပ္ပဋိကုဋ္ဌာနိ - ပညာရှိ သမဏ ဗြဟ္မဏ အမည်ရတော်မူတဲ့ သူတော်ကောင်းတို့က မစက်ဆုပ် မရွံရှာအပ်တဲ့ တရားတွေလည်း ဖြစ်တယ်ဆိုပြီး ဒီလို -

‘‘ပဉ္စိမာနိ, ဘိက္ခဝေ, ဒါနာနိ မဟာဒါနာနိ အဂ္ဂညာနိ ရတ္တညာနိ ဝံသညာနိ ပေါရာဏာနိ အသံkိဏ္ဏာနိ အသံကိဏ္ဏပုဗ္ဗာနိ, န သံkိယန္တိ န သံကိယိဿန္တိ, အပ္ပဋိကုဋ္ဌာနိ သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟိ။

ဝိညူဟိ၊ ပညာရှိ သူတော်ကောင်း ဖြစ်ကြကုန်သော။ သမဏေဟိ၊ သမဏတို့သည်လည်းကောင်း။ ဗြာဟ္မဏေဟိ၊ ဗြဟ္မဏတို့သည်လည်းကောင်း။ အပ္ပဋိကုဋ္ဌာနိ၊ ရွံရှာစက်ဆုပ်မှု မရှိအပ်ကုန်သော။ ဒါနာနိ၊ အလှူဒါနတို့သည်။ မဟာဒါနာနိ၊ ကြီးကျယ်မြင့်မြတ်သော အလှူဒါနတို့သည်။ ဣမာနိ၊ ဤငါးမျိုးတို့သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ပညာရှိ သူတော်ကောင်းတို့ ရွံရှာစက်ဆုပ်မှု မရှိကြတဲ့ အလှူဒါန ငါးမျိုးဆိုပြီးတော့ ဒီလို မြတ်စွာဘုရား ဟောထားတယ်။ အဲဒီ အလှူဒါန ငါးမျိုးက ဘာတွေလဲ ?

ဣဓ, ဘိက္ခဝေ, အရိယသာဝကော ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣဓ၊ ဤသာသနာတော်အတွင်း၌။ အရိယသာဝကော၊ အရိယာသာဝကသည် (ဝါ) အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ ပါဏာတိပါတံ၊ သူ့အသက်ကို သတ်ခြင်းကို။ ပဟာယ၊ ပယ်စွန့်ထားခဲ့၍။ ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ဖြစ်၏။

မြတ်စွာဘုရား၏ သာသနာတော်အတွင်းမှာ အရိယာသာဝက ဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အရိယာဖြစ်တော်မူသော ဘုရားရှင်၏ တပည့်သား သာဝကတစ်ဦးတို့သည် သူ့အသက် သတ်ခြင်းကို ပယ်စွန့်ထားပြီးတော့ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်တယ်။ အဲဒီလို ရှောင်ကြဉ်တဲ့ လုပ်ငန်းရပ်တစ်ခုကို မြတ်စွာဘုရားက ဘယ်လို ဆက်ဟောသလဲ?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သော။ အရိယသာဝကော၊ အရိယာသာဝကသည် (ဝါ) အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ အပရိမာဏာနံ၊ အတိုင်းအတာ ပမာဏ မရှိကြကုန်သော။ သတ္တာနံ၊ သတ္တဝါတို့အား။ အဘယံ၊ ဘေးမဲ့အလှူကို။ ဒေတိ၊ ပေးလှူ၍ နေပေ၏။ အဝေရံ၊ ရန်မရှိခြင်းကို။ ဒေတိ၊ ပေးလှူ၍ နေပေ၏။ အဗျာဗဇ္ဈံ၊ ကိုယ်ဆင်းရဲခြင်း မရှိခြင်းကို။ ဒေတိ၊ ပေးလှူ၍ နေပေ၏။ အပရိမာဏဿ၊ အတိုင်းအတာ မရှိသော။ အဘယဿ၊ ဘေးမဲ့ခြင်း။ အဝေရဿ၊ ရန်မရှိခြင်း။ အဗျာဗဇ္ဈဿ၊ စိတ်ဆင်းရဲကင်းခြင်း၏။ ဘာဂီ၊ အဖို့ဘာဂရှိသည်။ ဟောတိ၊ ဖြစ်၏။

ဘေးမဲ့အလှူတစ်ခု လှူနေတယ်။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်တယ်။ မြတ်စွာဘုရားရှင်ရဲ့ အရိယာဖြစ်တဲ့ အရိယာသာဝက တစ်ဦး သို့မဟုတ် အရိယာ ဖြစ်တော်မူတဲ့ ဘုရားရှင်ရဲ့ တပည့်သား သာဝကတစ်ဦး။ အဲဒီ တပည့်သား သာဝကတစ်ဦးက သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပြီးတော့ အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို ဘေးမဲ့ အလှူကြီး ပေးတယ်နော်။ ဘေးမဲ့ အလှူကြီးပေးတယ်။ ရန်မရှိတဲ့ အလှူကြီးကို ပေးတယ်။ စိတ်ဆင်းရဲကင်းနေတဲ့ အလှူဒါနကြီး တစ်ခုကို ပေးလှူတယ်။ ပေးလှူလိုက်တဲ့အတွက် ဘာဖြစ်သလဲ?

အပရိမာဏာနံ သတ္တာနံ အဘယံ ဒတွာ အဝေရံ ဒတွာ အဗျာဗဇ္ဈံ ဒတွာ အပရိမာဏဿ အဘယဿ အဝေရဿ အဗျာဗဇ္ဈဿ ဘာဂီ ဟောတိ။

အပရိမာဏာနံ၊ အတိုင်းအတာ ပမာဏ မရှိကြကုန်သော။ သတ္တာနံ၊ သတ္တဝါတို့အား။ အဘယံ၊ ဘေးမဲ့အလှူကို။ ဒတွာ၊ ပေးလှူခြင်းကြောင့်။ အဝေရံ၊ ရန်မရှိတဲ့ အလှူကို။ ဒတွာ၊ ပေးလှူခြင်းကြောင့်။ အဗျာဗဇ္ဈံ၊ စိတ်ဆင်းရဲခြင်းကင်းတဲ့ အလှူဒါနကို။ ဒတွာ၊ ပေးလှူခြင်းကြောင့်။ အပရိမာဏဿ၊ အတိုင်းအတာ ပမာဏ မရှိသော။ အဘယဿ၊ ဘေးမရှိသော။ အဝေရဿ၊ ရန်မရှိသော။ အဗျာဗဇ္ဈဿ၊ စိတ်ဆင်းရဲခြင်း ကင်းသော အကျိုးတရား၏။ ဘာဂီ၊ အဖို့ဘာဂရှိသည်။ ဟောတိ၊ ဖြစ်၏။

ဘေးမဲ့ အလှူကြီးတစ်ခု, ရန်မရှိတဲ့ အလှူကြီးတစ်ခု, စိတ်ဆင်းရဲ ကင်းစေတတ်တဲ့ အလှူဒါနကြီးတစ်ခုကို ပေးလှူတယ်။ ပေးလှူလိုက်တဲ့ ဒီအရိယာ သာဝကသည် ဘာဖြစ်သလဲ? အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတို့အား ဘေးမဲ့အလှူကို ပေးလှူသည် မည်တယ်။ ရန်မရှိတဲ့ အလှူကို ပေးလှူသည် မည်တယ်။ ဘေးမဲ့ အလှူကို ပေးလှူပြီးတော့ ဘာဖြစ်သလဲ?

အပရိမာဏာနံ၊ အတိုင်းအတာ ပမာဏ မရှိကြကုန်သော။ သတ္တာနံ၊ သတ္တဝါတို့အား။ အဘယံ၊ ဘေးမဲ့အလှူကို။ ဒတွာ၊ ပေးလှူခြင်းကြောင့်။ အဝေရံ၊ ရန်မရှိတဲ့ အလှူကို။ ဒတွာ၊ ပေးလှူခြင်းကြောင့်။ အဗျာဗဇ္ဈံ၊ စိတ်ဆင်းရဲခြင်းကင်းတဲ့ အလှူဒါနကို။ ဒတွာ၊ ပေးလှူခြင်းကြောင့်။ အပရိမာဏဿ၊ အတိုင်းအတာ ပမာဏ မရှိသော။ အဘယဿ၊ ဘေးမရှိသော။ အဝေရဿ၊ ရန်မရှိသော။ အဗျာဗဇ္ဈဿ၊ စိတ်ဆင်းရဲခြင်း ကင်းသော အကျိုးတရား၏။ ဘာဂီ၊ အဖို့ဘာဂရှိသည်။ ဟောတိ၊ ဖြစ်၏။

သူတစ်ပါးတွေကို မိမိကနော် အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို ဘေးမဲ့ အလှူ ပေးခဲ့တဲ့အတွက် မိမိ ဘေးရန်ကင်းရတယ်။ ရန်မရှိတဲ့ အလှူဒါနကို ပေးလှူခဲ့တဲ့အတွက် မိမိမှာ ရန်kင်းရတယ်၊ ရန်မရှိ ဖြစ်ရတယ်။ သတ္တဝါတွေ စိတ်ဆင်းရဲ ကင်းစေတတ်တဲ့ အလှူဒါနကို ပေးလှူခဲ့ခြင်းတည်းဟူသော အကြောင်းကြောင့် မိမိမှာ စိတ်ဆင်းရဲခြင်း ကင်းခြင်းဆိုတဲ့ အကျိုး-အဖို့ဘာဂ ရရှိတယ်။ ကဲ ... အဲဒီ အလှူဒါနဟာ တခြားတခြား သတ္တဝါတွေမှာ ခုနက ဆွမ်းကျွေးခြင်းဆိုတဲ့ အလှူဒါနနဲ့ ဒီလို ဘေးမဲ့ အလှူဒါန ဒီနှစ်ခု တိုင်းတာ နှိုင်းစာကြည့်ရင် သတ္တဝါတွေဟာ ဘယ်အလှူဒါနကို ပိုပြီးတော့ မြတ်နိုးမလဲ? ဘေးမဲ့ အလှူဒါနကို ပိုပြီးတော့ မမြတ်နိုးနိုင်ဘူးလား? မြတ်နိုးနိုင်တယ်။ ဒီလို ဆိုလို့ရှိရင် တခြားတခြား သတ္တဝါတွေကို သတ်ဖြတ်ခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်မျိုးကို သူတော်ကောင်းမှန်ရင် ပြုလုပ်သင့်ပါ့မလား? မပြုလုပ်သင့်ဘူး။ အင်မတန် မြတ်တဲ့ အလှူဒါနပါနော်။

ဘုရားရှင်က သာမန် ဒါနလို့ မဟောဘူး။ ဒါနာနိ = မဟာ ဒါနာနိ = ဒါန ရိုးရိုးတွင် မဟုတ်ဘူး၊ အလွန် ကြီးကျယ်မြင့်မြတ်နေတဲ့ ဒါနပါ ဆိုပြီးတော့ ဒီလို ဟောထားတယ်နော်။ ဒါ ဘေးမဲ့ အလှူပဲ။ အဲဒီ ဘေးမဲ့အလှူသည် ပိုက်ဆံ ဘယ်လောက်ကုန်သလဲ? မကုန်ပါဘူး။ အလွန် အဆင့်အတန်း မြင့်တယ်နော်။ နောက်တစ်ခု မြတ်စွာဘုရား ဘာဆက်ပြီး ဟောသလဲ?

ဣဒံ, ဘိက္ခဝေ, ပဌမံ ဒါနံ မဟာဒါနံ အဂ္ဂညံ ရတ္တညံ ဝံသညံ ပေါရာဏံ အသံကိဏ္ဏံ အသံကိဏ္ဏပုဗ္ဗံ, န သံကိယတိ န သံကိယိဿတိ, အပ္ပဋိကုဋ္ဌံ သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟိ။

ဘိက္ခဝေ၊ ချသားရဟန်းတို့ ။ ဣဒံ၊ ဤအလှူဒါနသည်ကား။ အဂ္ဂညံ၊ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့က အမြတ်ဟု အသိအမှတ် ပြုအပ်သော။ ရတ္တညံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်၏ဟု အသိအမှတ် ပြုအပ်ကုန်သော။ ဝံသညံ၊ သူတော်ကောင်းတို့ရဲ့ အဆက်အနွယ်ဟု အသိအမှတ် ပြုအပ်ကုန်သော။ ပေါရာဏံ၊ ရှေးသူတော်ကောင်းတို့၏ အလေ့အကျင့်ဟု အသိအမှတ် ပြုအပ်ကုန်သော။ အသံကိဏ္ဏံ၊ မပယ်နှုတ်အပ်, မပယ်ဖျက်အပ်သော။ အသံကိဏ္ဏပုဗ္ဗံ၊ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်း၌လည်းပဲ မပယ်နှုတ်ခဲ့ဖူး, မဖျက်သိမ်းခဲ့ဖူးသော။ န သံကိယတိ၊ ယခုလည်းပဲ မပယ်နှုတ်အပ်, မဖျက်သိမ်းအပ်သော။ န သံကိယိဿတိ၊ နောင်အနာဂတ် ကာလ၌လည်းပဲ မပယ်နှုတ်အပ်, မဖျက်သိမ်းအပ်သော။ ဝိညူဟိ၊ သိကြားလိမ္မာသော ပညာရှိကြကုန်သော။ သမဏေဟိ ဗြာဟ္မဏေဟိ၊ သမဏ ဗြဟ္မဏတို့သည်။ အပ္ပဋိကုဋ္ဌံ၊ ရွံရှာစက်ဆုပ်မှု မရှိသော။ ဒါနံ၊ အလှူဒါနသည်။ ပဌမံ၊ ရှေးဦးစွာသော။ ဒါနံ၊ အလှူဒါနသည်။ မဟာဒါနံ၊ ကြီးကျယ်မြင့်မြတ်သော အလှူဒါနသည်။ ဟောန္တိ၊ ဖြစ်ပါပေ၏။

အလွန် အဆင့်အတန်း မြင့်မားနေတဲ့ ဒါနတစ်ခု ဖြစ်တယ် ဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတယ်နော်။ ဘာဒါနလဲ? အဘယဒါန = ဘေးမဲ့ အလှူပဲ။ အဝေရဒါန = ရန်မရှိတဲ့ အလှူ။ အဗျာဗဇ္ဈဒါန = စိတ်ဆင်းရဲ ကင်းစေတတ်တဲ့ အလှူ။ အဲဒီတော့ နောက်တစ်ခု မြတ်စွာဘုရား ဘာဆက်ဟောသလဲ?

အယံ, ဘိက္ခဝေ, စတုတ္ထော ပုညာဘိသန္ဒော ကုသလာဘိသန္ဒော သုခဿာဟာရော သောဝဂ္ဂိကော သုခဝိပါကော သဂ္ဂသံဝတ္တနိကော, ဣဋ္ဌာယ ကန္တာယ မနာပါယ ဟိတာယ သုခါယ သံဝတ္တတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ။ အယံ၊ ဤသည်ကား။ စတုတ္ထော၊ လေးခုမြောက်သော။ ပုညာဘိသန္ဒော၊ ကောင်းမှု အထုသည်။ ကုသလာဘိသန္ဒော၊ ကုသိုလ်အယဉ်သည်။ သုခဿာဟာရော၊ ချမ်းသာသုခကို ရွက်ဆောင်၍ ပေးတတ်သော။ သောဝဂ္ဂိကော၊ နတ်ပြည်အကျိုးငှာ ဖြစ်သော။ သုခဝိပါကော၊ ချမ်းသာသော အကျိုးတရားကို ပေးတတ်သော။ သဂ္ဂသံဝတ္တနိကော၊ နတ်ပြည်နတ်လောက၌ ပဋိသန္ဓေဟူသော အကျိုးတရားကို ဖြစ်ပေါ်စေတတ်သော။ ဣဋ္ဌာယ၊ အလိုရှိခြင်းငှာ။ ကန္တာယ၊ နှစ်သက် မြတ်နိုးခြင်းငှာ။ မနာပါယ၊ မြတ်နိုးခြင်းငှာ။ ဟိတာယ၊ လူ, နတ်, နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွား အလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ။ သံဝတ္တတိ၊ မုချမသွေ ဖြစ်ပါပေ၏။

ငါးပါးသီလ မဟာဒါနတရားတော်

လေးခုမြောက် ဒါနတစ်ခုပဲ။ တစ်နည်းအားဖြင့်တော့ ကုသိုလ်ထု အယဉ်ပဲ။ သတ္တဝါတစ်ဦး တွေ့ပြီ။ မိမိက မသတ်ဘဲ ရှောင်ကြဉ်တယ်။ မိမိရဲ့ သီလတွေကို မိမိ ပြန်ပြီးတော့ ဆင်ခြင်တယ်။ ရှောင်ကြဉ်တဲ့ အချိန်အခါမှာ ရှောင်ကြဉ်တဲ့ ကုသိုလ်ဖြစ်တယ်။ ဆင်ခြင်တဲ့ အချိန်အခါမှာ ဆင်ခြင်တဲ့ ကုသိုလ်ဖြစ်တယ်။ ဆောက်တည်တဲ့ အချိန်အခါမှာ ဆောက်တည်တဲ့ ကုသိုလ်တွေ မဖြစ်ဘူးလား? ဖြစ်တယ်။

တစ်နေ့လုံး ဒီသီလကို စောင့်ထိန်းနေရင် တစ်နေ့တာ အတွင်းမှာ ကုသိုလ်ထု အယဉ်၊ ကုသိုလ်ရေအယဉ်တွေ တသီတသွင်သွင် ဘယ်လောက် များများ စီးမလဲ ပြန်ကြည့်ပေါ့နော်။ တစ်လလောက်များ ဒီသီလကို စောင့်ထိန်းထားခဲ့ရင်၊ တစ်နှစ်လောက်များ ဒီသီလကို စောင့်ထိန်းထားခဲ့ရင်၊ တစ်သက်ပတ်လုံး ဒီသီလကို ထိန်းသိမ်းစောင့်ရှောက်ထားခဲ့မယ်ဆိုရင် ကုသိုလ်ထုထည် ပမာဏ ဘယ်လောက် များပြားမလဲ? ကုသိုလ်စိတ်အယဉ်တွေသည် ဘယ်လောက် များပြားမလဲ? ပြန်ကြည့်ပေါ့နော်။

ဒါကြောင့် မြတ်စွာဘုရားက ဒါကို လေးခုမြောက်ဖြစ်တဲ့ ကုသိုလ်ထု၊ ကုသိုလ်အယဉ်ကောင်းမှုထု၊ ကောင်းမှုအယဉ် ဆိုပြီးတော့ ဟောထားတယ်။ ဒီကောင်းမှု ထုထည် ပမာဏက ဘာအကျိုးပေးနိုင်သလဲလို့ မေးရင်လည်း ချမ်းသာသုခကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်။ ဘာဖြစ်လို့လဲ? သူတစ်ပါးတွေကို မိမိက ညှဉ်းပန်းနှိပ်စက်တာ မဟုတ်ဘူး။ ချမ်းသာသုခ ရစေအောင် မိမိကလည်း ရွက်ဆောင်ခဲ့တယ်။ ဒါကြောင့် ဒီကောင်းမှု ကုသိုလ်စေတနာတွေက အကျိုးပေးတဲ့ အချိန်အခါမှာ ဒီကုသိုလ်ထု အယဉ်ကလည်း ချမ်းသာတဲ့ အကျိုးကိုသာ ရွက်ဆောင်ပေးတယ်။

ဒီကောင်းမှုကုသိုလ် စေတနာတွေက သဂ္ဂသံဝတ္တနိက၊ နတ်ပြည်၊ နတ်လောကမှာ တည်ရှိနေတဲ့၊ နှစ်သက်မြတ်နိုးဖွယ်ရာ ဖြစ်နေတဲ့ အာရုံ အမျိုးမျိုး၊ အလိုရှိအပ်တဲ့ အာရုံ အမျိုးမျိုး၊ အကျိုးတရား အမျိုးမျိုးကို ပေးနိုင်တဲ့ စွမ်းအားလည်း ရှိတယ်။ သုခဝိပါက၊ ချမ်းသာတဲ့ အကျိုးတရား မှန်ရင် အားလုံး ပေးနိုင်တဲ့ စွမ်းအားရှိတယ်။ သုခသံဝတ္တန္တိက၊ နတ်ပြည် နတ်လောကမှာ ပဋိသန္ဓေအားဖြင့် ဖြစ်စေနိုင်တဲ့ စွမ်းအားလည်း ရှိတယ်။

ဒီကုသိုလ်ထု ကုသိုလ်အယဉ်တွေဟာ ဣဋ္ဌ၊ အလိုရှိအပ်တဲ့ တရား-တွေလည်း ဖြစ်တယ်။ ကန္တ၊ နှစ်သက်အပ်တဲ့ တရားတွေလည်း ဖြစ်တယ်။ မနာပ၊ မြတ်နိုးအပ်တဲ့ တရားလည်း ဖြစ်တယ်။ ဟိတ၊ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားကို ရွက်ဆောင်ပေးနိုင်တဲ့ တရားလည်း ဖြစ်တယ်။ သုခ၊ ချမ်းသာကြောင်း တရားတွေလည်း ဖြစ်နေတယ် ဆိုပြီးတော့ မြတ်စွာဘုရား ဒီလို ဟောတယ်နော်။ နောက်တစ်ခု မြတ်စွာဘုရား ဆက်ပြီး ဟောပြန်တယ်။

‘‘ပုန စပရံ, ဘိက္ခဝေ, အရိယသာဝကော အဒိန္နာဒါနံ ပဟာယ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ…ပေ… ကာမေသုမိစ္ဆာစာရံ ပဟာယ ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ ။ပ။ မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော ဟောတိ ။ပ။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနံ ပဟာယ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတော ဟောတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ပုန စပရံ၊ နောက်တစ်မျိုးသော်ကား။ အရိယသာဝကော၊ အရိယာသာဝကသည် (ဝါ) အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ အဒိန္နာဒါနံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သည့် သူတစ်ပါး၏ ဥစ္စာကို ယူခြင်းကို။ ပဟာယ၊ ပယ်စွန့်ထားခဲ့၍။ အဒိန္နာဒါနာ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သည့် သူတစ်ပါး၏ ဥစ္စာကို ယူခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ဖြစ်၏။

ကာမေသုမိစ္ဆာစာရံ၊ ကာမတို့၌ မှားယွင်းဖောက်ပြန်နေတဲ့ အကျင့်ကို။ ပဟာယ၊ ပယ်စွန့်ထားခဲ့၍။ ကာမေသုမိစ္ဆာစာရာ၊ ကာမတို့၌ မှားယွင်းဖောက်ပြန်နေတဲ့ အကျင့်ကို ကျင့်ခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ဖြစ်၏။

မုသာဝါဒံ၊ မုသားစကား ပြောကြားခြင်းကို။ ပဟာယ၊ ပယ်စွန့်ထားခဲ့၍။ မုသာဝါဒါ၊ မုသားစကား ပြောကြားခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ဖြစ်၏။

သုရာမေရယမဇ္ဇပမာဒဋ္ဌာနံ၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းရင်းဖြစ်သော သေရည်သေရက်တို့ကို မှီဝဲ စားသောက်ခြင်းကို။ ပဟာယ၊ ပယ်စွန့်ထားခဲ့၍။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းရင်းဖြစ်သော သေရည်သေရက်တို့ကို မှီဝဲ စားသောက်ခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ဖြစ်၏။

ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? လေးခုနော်။ ပါဏာတိပါတ တစ်ခုနဲ့ ပေါင်းလိုက်တော့ ငါးခုပေါ့နော်။ ငါးပါးသီလပဲ မြတ်စွာဘုရား ဟောနေတာနော်။ ဒီတော့ အရိယာ သာဝကတစ်ဦးဟာ သူတစ်ပါးပစ္စည်း မယူဘူး၊ ရှောင်ကြဉ်တယ်။ သူ့သားမယား မဖျက်ဆီးဘူး၊ ရှောင်ကြဉ်တယ်။ မုသားစကား ဘယ်တော့မှ မပြောဘူး၊ ရှောင်ကြဉ်တယ်။ မူးယစ်ဆေးဝါး ဘယ်တော့မှ မမှီဝဲဘူး၊ ရှောင်ကြဉ်တယ်။ အဲဒီလို ရှောင်ကြဉ်လိုက်တဲ့အတွက် ဘာဖြစ်သလဲ?

သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတော, ဘိက္ခဝေ, အရိယသာဝကော အပရိမာဏာနံ သတ္တာနံ အဘယံ ဒေတိ အဝေရံ ဒေတိ အဗျာဗဇ္ဈံ ဒေတိ။

ပေါင်းပြောကြစို့နော်။ သူတစ်ပါးပစ္စည်းကို မယူဘူးဆိုရင် သူတစ်ပါးမှာ ဆင်းရဲသွားမလား၊ ချမ်းသာမလား? ချမ်းသာသွားမယ်နော်။ နောက်တစ်ခု သူတစ်ပါးရဲ့ သားမယားတွေကို မဖျက်ဆီးဘူး ဆိုလို့ရှိရင်၊ ရှောင်ကြဉ်လိုက်မယ်ဆိုရင် သူတစ်ပါးရဲ့ သားမယားတွေမှာ ချမ်းသာမှု ဖြစ်မလား၊ ဆင်းရဲမှု ဖြစ်မလား? ချမ်းသာသွားမယ်နော်။ အလားတူပဲ မိမိက မုသားစကား မပြောဘူး၊ မုသားစကားကို ရှောင်ကြဉ်လိုက်တယ်။ ရှောင်ကြဉ်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် မိမိရဲ့ မုသားကို အကြောင်းပြုပြီးတော့ တစ်ဖက်သားတွေ ဆင်းရဲဒုက္ခ ရောက်ပါဦးမလား? မရောက်တော့ဘူး။ မုသားကို မရှောင်ဘူး ပြောလိုက်ပြီ ဆိုလို့ရှိရင်တော့ တစ်ဖက်သား ပုဂ္ဂိုလ်တွေ ဆင်းရဲဒုက္ခ မရောက်နိုင်ဘူးလား? ရောက်သွားနိုင်သည်။

မူးယစ်ဆေးဝါးတွေ မှီဝဲ စားသောက်တယ်။ စားသောက်ခြင်းတည်းဟူသော အကြောင်းကြောင့် ရန်တွေ တိုးပွားပြီး မလာတတ်ဘူးလား? လာတယ်။ ရန်တိုးပွားလာပြီ ဆိုလို့ရှိရင်လည်း တစ်ဖက်သား ပုဂ္ဂိုလ်တွေမှာ စိတ်ဆင်းရဲဖို့၊ ကိုယ်ဆင်းရဲဖို့ရန် အကြောင်းတွေ ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ်လာပြီ။

အခု သူတော်ကောင်းတစ်ဦးက ဒီလို သူ့ပစ္စည်း မတရားယူခြင်း၊ သူ့ သားမယား ဖျက်ဆီးခြင်း၊ မုသားပြောခြင်း၊ မူးယစ်ဆေးဝါး မှီဝဲခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်တွေကို ရှောင်ကြဉ်လိုက်ပြီ။ ရှောင်ကြဉ်လိုက်တဲ့အတွက် ဘာဖြစ်သလဲ?

ဘိက္ခဝေ, အရိယသာဝကော အပရိမာဏာနံ သတ္တာနံ အဘယံ ဒေတိ အဝေရံ ဒေတိ အဗျာဗဇ္ဈံ ဒေတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တေဟိ စ ဒဏ္ဍေဟိ ပဋိဝိရတော၊ ထိုကဲ့သို့ ရှောင်ကြဉ်သော။ အရိယသာဝကော၊ အရိယာသာဝကသည် (ဝါ) အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ အပရိမာဏာနံ၊ အတိုင်းအတာ ပမာဏ မရှိကြကုန်သော။ သတ္တာနံ၊ သတ္တဝါတို့အား။ အဘယံ၊ ဘေးမဲ့အလှူကို။ ဒေတိ၊ ပေးလှူနေသည်မည်၏။ อဝေရံ၊ ရန်မရှိတဲ့ အလှူဒါနကို။ ဒေတိ၊ ပေးလှူနေသည်မည်၏။ အဗျာဗဇ္ဈံ၊ စိတ်ဆင်းရဲခြင်း ကင်းစေတတ်တဲ့ အလှူဒါနမျိုးကို။ ဒေတိ၊ ပေးလှူနေသည်မည်၏။

မှန်သလား၊ မမှန်ဘူးလား? ပြန်စဉ်းစားကြည့်ကြနော်။ မိမိက သူတစ်ပါး ပစ္စည်းမယူဘူး ဆိုလို့ရှိရင် သူတစ်ပါးတွေ ဒါမိမိကို အကြောင်းပြုပြီးတော့နော် ဘေးမဲ့အလှူ ဖြစ်သွားအောင် ဘေးမဲ့ အလှူဒါနတစ်ခု လှူတာပဲ။ သူ့သားမယား မဖျက်ဆီးဘူး။ မုသား ဘယ်တော့မှ မပြောဘူး ဆိုလို့ရှိရင်လည်း သူတစ်ပါးတွေကို ဒါဘေးမဲ့တဲ့ အလှူဒါနကို လှူနေတာ။ မူးယစ်ဆေးဝါးတွေကို မှီဝဲစားသောက်ခြင်းမှ ရှောင်ကြဉ်လိုက်တယ် ဆိုလို့ရှိရင်လည်း သတ္တဝါတွေကို အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို ဘေးမဲ့အလှူ ပေးလှူနေတာပဲ။ ရန်မရှိတဲ့ အလှူကို ပေးလှူနေတာပဲ။ စိတ်ဆင်းရဲခြင်း ကင်းနေတဲ့ အလှူဒါနကို ပေးလှူနေတာ။ အဲဒီလို ပေးလှူလိုက်တဲ့အတွက် ဘာဖြစ်မလဲ?

အပရိမာဏာနံ သတ္တာနံ အဘယံ ဒတွာ အဝေရံ ဒတွာ အဗျာဗဇ္ဈံ ဒတွာ, အပရိမာဏဿ အဘယဿ အဝေရဿ အဗျာဗဇ္ဈဿ ဘာဂီ ဟောတိ။

အပရိမာဏာနံ၊ အတိုင်းအတာ ပမာဏ မရှိကြကုန်သော။ သတ္တာနံ၊ သတ္တဝါတို့အား။ အဘယံ၊ ဘေးမဲ့အလှူကို။ ဒတွာ၊ ပေးလှူခြင်းကြောင့်။ အဝေရံ၊ ရန်မရှိတဲ့ အလှူဒါနကို။ ဒတွာ၊ ပေးလှူခြင်းကြောင့်။ အဗျာဗဇ္ဈံ၊ စိတ်ဆင်းရဲခြင်း ကင်းစေတတ်တဲ့ အလှူဒါနကို။ ဒတွာ၊ ပေးလှူခြင်းကြောင့်။ အပရိမာဏဿ၊ အတိုင်းအတာ ပမာဏ မရှိသော။ အဘယဿ၊ ဘေးမဲ့ခြင်း၏။ အဝေရဿ၊ ရန်မရှိခြင်း၏။ အဗျာဗဇ္ဈံဿ၊ စိတ်ဆင်းရဲကင်းခြင်း၏။ ဘာဂီ၊ အဖို့ဘာဂ ရှိသည်။ ဟောတိ၊ ဖြစ်၏။

သူတစ်ပါးတွေကို မိမိက ဘေးမဲ့အလှူကြီး လှူခဲ့တဲ့အတွက် မိမိမှာ ဘေးကင်းခြင်းဆိုတဲ့ အဖို့ဘာဂ မရှိဘူးလား? ရှိတယ်။ သူတစ်ပါးတွေကို ရန်ကင်းစေတဲ့ အဝေရနော်။ ရန်မရှိတဲ့ အလှူဒါနကြီးကို လှူခဲ့တဲ့အတွက် မိမိမှာ ရန်ကင်းခြင်းဆိုတဲ့ အဖို့ဘာဂ မရှိဘူးလား? ရှိတယ်။ သူတစ်ပါးတွေကို စိတ်ဆင်းရဲ ကင်းစေတဲ့ အလှူဒါနကို ပေးလှူခဲ့တဲ့အတွက် မိမိမှာ စိတ်ဆင်းရဲခြင်း မကင်းဘူးလား? ကင်းရတယ်။ ပိုက်ဆံ ဘယ်လောက်များ ကုန်သလဲ? မကုန်ပါဘူး။ ဒါ အဆင့်အတန်း အလွန် မြင့်နေတဲ့ ဒါနကြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ မိမိ ရရှိသွားတာပဲ။

ဣဒံ, ဘိက္ခဝေ, ပဉ္စမံ ဒါနံ မဟာဒါနံ အဂ္ဂညံ ရတ္တညံ ဝံသညံ ပေါရာဏံ အသံကိဏ္ဏံ အသံကိဏ္ဏပုဗ္ဗံ, န သံကိယတိ န သံကိယိဿတိ, အပ္ပဋိကုဋ္ဌံ သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဣဒံ၊ ဤအလှူဒါနသည်ကား။ အဂ္ဂညံ၊ အမြတ်ဟု အသိအမှတ် ပြုအပ်သော။ ရတ္တညံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး ဖြစ်၏ဟု အသိအမှတ် ပြုအပ်သော။ ဝံသညံ၊ သူတော်ကောင်းတို့ရဲ့ အဆက်အနွယ်ဟု အသိအမှတ် ပြုအပ်သော။ ပေါရာဏံ၊ ရှေးသူတော်ကောင်းတို့၏ အလေ့အကျင့်ဟု အသိအမှတ် ပြုအပ်သော။ အသံကိဏ္ဏံ၊ မပယ်ဖျက်အပ် မပယ်နှုတ်အပ်သော။ အသံကိဏ္ဏပုဗ္ဗံ၊ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်း၌လည်းပဲ မပယ်ဖျက်အပ် မပယ်နှုတ်အပ်သော။ န သံကိယတိ၊ ယခုအခါ၌လည်းပဲ မပယ်ဖျက်အပ် မပယ်နှုတ်အပ်သော။ န သံကိယိဿတိ၊ နောင်အနာဂတ် ကာလ၌လည်းပဲ မပယ်ဖျက်အပ် မပယ်နှုတ်ထိုက်သော။ ပဉ္စမံ၊ ငါးခုမြောက်သော။ ဒါနံ၊ အလှူဒါနပါပေတည်း။ မဟာဒါနံ၊ ကြီးကျယ်မြင့်မြတ်သော အလှူဒါန ပါပေတည်း။ တံ၊ ထိုကဲ့သို့သော အလှူဒါနမျိုးကို။ ဝိညူဟိ၊ သိကြားလိမ္မာကြကုန်သော ပညာရှိ သူတော်ကောင်း ဖြစ်ကြကုန်သော။ သမဏေဟိ ဗြာဟ္မဏေဟိ၊ သမဏ ဗြဟ္မဏတို့သည်။ အပ္ပဋိကုဋ္ဌံ၊ ရွံရှာစက်ဆုပ်မှု မရှိပါပေ။

ဣဒံ, ဘိက္ခဝေ, ပဉ္စမံ ဒါနံ မဟာဒါနံ အဂ္ဂညံ ရတ္တညံ ဝံသညံ ပေါရာဏံ အသံကိဏ္ဏံ အသံကိဏ္ဏပုဗ္ဗံ, န သံကိယတိ န သံကိယိဿတိ, အပ္ပဋိကုဋ္ဌံ သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟိ။

ဘယ်လောက်ကောင်းတဲ့ ဒါနလဲနော်။ ဒီဒါနက အဂ္ဂညံ၊ မြတ်တဲ့ ဒါနအဖြစ် ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့က အသိအမှတ် ပြုထားတဲ့ ဒါနလည်း ဖြစ်တယ်။ ရတ္တညံ၊ ရှည်မြင့်စွာသော သံသရာ ခရီးကာလပတ်လုံး ဖြစ်ပေါ်ခဲ့တဲ့ ဒါနတစ်ခု အဖြစ်နဲ့လည်း ဘုရားအစရှိတဲ့ အရိယာ သူတော်ကောင်းတို့က အသိအမှတ် ပြုထားတယ်။

ဝံသညံ၊ ရှေးသူတော်ကောင်းတို့၏ အဆက်အနွယ် ဆိုပြီးတော့ အသိအမှတ် ပြုထားပါတယ်။ ပေါရာဏံ၊ ရှေးသူတော်ကောင်းတို့၏ အလေ့အကျင့် တစ်ခုအဖြစ်နဲ့လည်း အသိအမှတ် ပြုထားတယ်။ အသံကိဏ္ဏံ၊ မပယ်ဖျက်သင့် မပယ်နှုတ်ထိုက်တဲ့ တရားလည်း ဖြစ်တယ်။ အသံကိဏ္ဏပုဗ္ဗံ၊ ရှေးရှေးကလည်း မပယ်ဖျက်ဖူး။ န သံကိယတိ၊ ယခုလည်း မပယ်နှုတ်အပ် မပယ်ဖျက်အပ်တဲ့ တရားဖြစ်တယ်။ န သံကိယိဿတိ၊ နောင်အနာဂတ် ကာလမှာလည်း မပယ်နှုတ်အပ် မပယ်ဖျက်အပ်တဲ့ တရားတစ်ခု ဖြစ်ပါတယ်။

ဒါတွင်လားဆိုတော့ မကသေးဘူး။ သမဏေဟိ ဗြာဟ္မဏေဟိ ဝိညူဟိ၊ သိတော်မူ မြင်တော်မူတဲ့ တတ်သိနားလည်ကြတဲ့ သမဏ ဗြဟ္မဏ အမည်ရှိနေတဲ့ သူတော်ကောင်းတို့။ အပ္ပဋိကုဋ္ဌံ၊ ကဲ့ရဲ့ပြစ်တင်ခြင်း မပြုအပ်သော တရားဖြစ်၏။

အယံ ခေါ, ဘိက္ခဝေ, အဋ္ဌမော ပုညာဘိသန္ဒော ကုသလာဘိသန္ဒော သုခဿာဟာရော သောဝဂ္ဂိကော သုခဝိပါကော သဂ္ဂသံဝတ္တနိကော, ဣဋ္ဌာယ ကန္တာယ မနာပါယ ဟိတာယ သုခါယ သံဝတ္တတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အယံ ခေါ၊ ဤသည်ကား။ ပုညာဘိသန္ဒော၊ ဤကောင်းမှု အထုသည်။ ကုသလာဘိသန္ဒော၊ ဤကုသိုလ်အယဉ်သည်။ အဋ္ဌမော၊ ရှစ်ခုမြောက်သော (အကြောင်းတရားပေတည်း)။ သုခဿာဟာရော၊ ချမ်းသာကို ရွက်ဆောင်၍ ပေးတတ်သော။ သောဝဂ္ဂိကော၊ နတ်ပြည်နတ်လောက၌ ချမ်းသာတဲ့ အကျိုးငှာ ဖြစ်ပေါ်၍ လာသော။ သုခဝိပါကော၊ ချမ်းသာတဲ့ အကျိုးတရား ထင်ရှားရှိသော။ သဂ္ဂသံဝတ္တနိကော၊ နတ်ပြည်နတ်လောက၌ ပဋိသန္ဓေကို ဖြစ်ပေါ်စေတတ်သော စွမ်းအားရှိသော။ ဣဋ္ဌာယ၊ အလိုရှိခြင်းငှာ။ ကန္တာယ၊ နှစ်သက် မြတ်နိုးခြင်းငှာ။ မနာပါယ၊ မြတ်နိုးခြင်းငှာ။ ဟိတာယ၊ လူ, နတ်, နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွား အလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ။ သံဝတ္တတိ၊ မုချမသွေ ဖြစ်ပါပေ၏။

ပေါင်းလိုက်တော့ ဘယ်နှစ်ခု ရှိသလဲ? ရှစ်ခုပဲနော်။ အဲဒီ ရှစ်ခုထဲမှာ ဘုန်းကြီး ဒီည ပြောချင်တာကတော့ အဘယဒါန = ဘေးမဲ့အလှူပဲ။ အဲဒီ ဘေးမဲ့အလှူဆိုတာ ဘာပြောတာလဲ? သူ့အသက် မသတ်ဘဲနဲ့ ရှောင်ကြဉ်တာ, သူ့ပစ္စည်း မယူဘဲနဲ့ ရှောင်ကြဉ်တာ, သူ့သားမယားတွေ မဖျက်ဆီးဘဲနဲ့ ရှောင်ကြဉ်တာ, မုသား မပြောဘဲနဲ့ ရှောင်ကြဉ်တာ, မူးယစ်ဆေးဝါး မသုံးစွဲဘဲနဲ့ ရှောင်ကြဉ်တာပဲ။ အဲဒီလို ရှောင်ကြဉ်မှုကို ဘုရားရှင်က ဘာဒါနလို့ ဟောထားသလဲ? အဘယဒါန = ဘေးမဲ့ဒါနနော်။

အများ နားလည်နေတာကတော့ သတ္တဝါကြီးတွေကို မပစ်ခတ် မသတ်ဖြတ်ဖို့ရန်အတွက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်တွေက အမိန့်အာဏာ ထုတ်ဆင့်ပြီးတော့ ကြေညာတာကိုတော့ အဘယဒါနလို့ အသိများတယ်။ ဒါပေမဲ့လို့ သူတစ်ပါးပစ္စည်း မတရား မယူတာ၊ သူ့သားမယား မဖျက်ဆီးတာ၊ မုသား မပြောတာ၊ မူးယစ်ဆေးဝါး မသုံးစွဲတာတွေကို အဘယဒါနလို့ သိတဲ့ ပုဂ္ဂိုလ်တော့ နည်းနည်း နည်းလိမ့်မယ်နော်။ ရှိတော့ ရှိကြပါတယ်နော်။ အသိနည်းကြလိမ့်မယ်။

ဒါကြောင့် အဘယဒါနဆိုတာ ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းခဲ့မယ် ဆိုလို့ရှိရင် မိမိသည် ဘေးမဲ့အလှူကြီးကို ပေးလှူနေတာ မမည်ဘူးလား? မမည်တယ်။ ဘေးမဲ့အလှူကြီးကို ပေးလှူလိုက်တဲ့အတွက် မိမိမှာ ဘေးမဲ့ခြင်းဆိုတဲ့ အကျိုးတရား ပေါ်မလာဘူးလား? ပေါ်လာတယ်။ ရန်မရှိတဲ့ အလှူကြီးကို ပေးလှူလိုက်တဲ့အတွက် မိမိမှာ ရန်မရှိခြင်းဆိုတဲ့ အကျိုးတရား ပေါ်မလာဘူးလား? ပေါ်လာတယ်။ စိတ်ဆင်းရဲခြင်း ကင်းစေတဲ့ သတ္တဝါတွေ အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို စိတ်ဆင်းရဲခြင်း ကင်းစေခြင်းဆိုတဲ့ အလှူဒါနကြီးကို မိမိက ပေးလှူလိုက်တဲ့အတွက် မိမိမှာလည်း စိတ်ဆင်းရဲ ကင်းခြင်းဆိုတဲ့ အကျိုးတရားတစ်ခု ထင်ရှား ဖြစ်ပေါ်ပြီး မလာဘူးလား? ဖြစ်ပေါ်လာတယ်။ စဉ်းစားကြည့်နော်။ ဒကာကြီးတွေ ဒါ လေးလေးနက်နက်ကလေး ယခုလို အသိဉာဏ်ရှိတဲ့ ဘဝလေးမှာ စဉ်းစားရမယ့် တရားတစ်ခုပဲ။

မိမိရဲ့ မုသားစကားကို အကြောင်းပြုပြီးတော့ တစ်ဖက်သားတွေ စိတ်ဆင်းရဲရတယ်ဆိုရင် အဲဒီ ပြောလိုက်တဲ့ ပုဂ္ဂိုလ်လည်း စိတ်ဆင်းရဲမှု ပြန်မဖြစ်ဘူးလား? ဖြစ်ပါတယ်။ ဒါ လောကမှာ လေ့လာကြည့်ရင် သိနိုင်ပါတယ်နော်။ နှုတ်ကလေးကို နည်းနည်းလေး စောင့်စည်းလိုက်မယ် ဆိုလို့ရှိရင်, စောင့်စည်းတတ်မယ် ဆိုလို့ရှိရင် ဒီအကျိုးတရားတွေ ဖြစ်ပါ့မလား? မဖြစ်ဘူး။ အလားတူပဲ သူ့အသက်ကို သတ်လိုက်တယ်။ တစ်ဖက်သား ပုဂ္ဂိုလ်တွေ ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း မဖြစ်ဘူးလား? ဖြစ်တယ်။ သတ္တဝါအားလုံးဟာ မိမိရဲ့အသက်ကို ချစ်မြတ်နိုးကြတာပဲ။ နူနေတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ချင်ဖြစ်ပါစေ မိမိရဲ့ ကိုယ့်အသက်ကလေးကို စွန့်လွှတ်ဖို့ ဆိုတာကတော့ နည်းနည်းလေး တုန်လှုပ်ချောက်ချားမှု မရှိဘူးလား? ရှိနေတယ်။

သူတစ်ပါးတွေကို သတ်ဖြတ်တယ် ဆိုတာက သူတစ်ပါးကို ကိုယ်ဆင်းရဲခြင်းဖြစ်အောင်, စိတ်ဆင်းရဲခြင်းဖြစ်အောင် ပြုလုပ်တာပဲ။ သတ်တယ်ဆိုတာ ဒကာကြီးတွေ စဉ်းစားကြည့်ပါ။ အသတ်ခံရလို့ သေတဲ့ သတ္တဝါတစ်ဦးဟာ သက်သက်သာသာလေးနဲ့ သေသွားရတာ ဟုတ်သလား? မဟုတ်ဘူး။ မချိမဆန့် ဖြစ်ပြီးမှ သေရတာ။ မချိမဆန့် ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း ဖြစ်ပြီးမှ သေရတယ်။ အလားတူပဲ သူတစ်ပါးပစ္စည်း မိမိက မတရားယူလိုက်တယ်။ မတရား ယူလိုက်တဲ့အခါ အယူခံလိုက်ရတဲ့ ပုဂ္ဂိုလ်တွေမှာ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း ဆိုတာတွေ ထင်ရှားဖြစ်ပေါ်ပြီး မလာနိုင်ဘူးလား? လာနိုင်တယ်။

မုသား ပြောလိုက်တယ်။ တစ်ဖက်သား ပုဂ္ဂိုလ်တွေမှာ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတွေ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ ကာမေသုမိစ္ဆာစာရ လုပ်ငန်းရပ်တွေ လွန်ကျူးလိုက်တယ်။ 一ဖက်သား ပုဂ္ဂိုလ်တွေမှာ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတွေ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ မူးယစ်ဆေးဝါးတွေ မှီဝဲ စားသောက်ပြီးတော့ မိမိက ရမ်းလိုက်တယ်။ တစ်ဖက်သား ပုဂ္ဂိုလ်တွေမှာ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတွေ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။

ဒါကြောင့် ငါးပါးသီလကို လွန်ကျူးဖောက်ဖျက်ခြင်းသည် အတိုင်းအတာ ပမာဏ မရှိတဲ့ သတ္တဝါတွေကို ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဖြစ်အောင် ပြုလုပ်နေသည် မမည်တယ်။ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းပြီးတော့ ငါးပါးသော ကျင့်ဝတ်တွေကို မလွန်ကျူးဘဲနဲ့ ရှောင်ကြဉ်လိုက်ခြင်းဟာလည်း အတိုင်းအတာ ပမာဏမရှိတဲ့ သတ္တဝါတွေကို ဘေးမဲ့အလှူကြီး ပေးလှူနေသည် မမည်တယ်။ ရန်မရှိတဲ့ အလှူဒါနကြီးကို ပေးလှူနေသည် မမည်တယ်။ စိတ်ဆင်းရဲ ကင်းစေတဲ့ အလှူဒါနကြီးကို ပေးလှူနေသည် မမည်တယ်။

ဒီလို ဘေးမရှိတဲ့ အလှူဒါနကြီးကို ပေးလှူခြင်းကြောင့် မိမိမှာ ဘေးမရှိ ဖြစ်တယ်။ ရန်မရှိတဲ့ အလှူဒါနကြီးကို ပေးလှူခြင်းတည်းဟူသော အကြောင်းကြောင့် မိမိမှာ ရန်မရှိ ဖြစ်ရတယ်။ စိတ်ဆင်းရဲခြင်း ကင်းစေတဲ့ အလှူဒါနကြီး တစ်ခုကို ပေးလှူခြင်းတည်းဟူသော အကြောင်းကြောင့် မိမိမှာ စိတ်ဆင်းရဲခြင်း မကင်းရဘူးလား? ကင်းရတယ်။ ဒါကြောင့် တစ်လောကလုံးဟာ ဟိုတစ်နေ့ညက ပြောခဲ့သလိုပေါ့နော်။ မိမိတို့က စိတ်သာ ထားတတ်ပါစေ -

ဩော် ... တစ်လောကလုံးမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ငါ့အမေ မတော်ဖူးတဲ့ ပုဂ္ဂိုလ်, ငါ့အဖေ မတော်ဖူးတဲ့ ပုဂ္ဂိုလ်, အစ်မ ညီမ မတော်ဖူးတဲ့ ပုဂ္ဂိုလ်, အစ်ကို ညီ မတော်ဖူးတဲ့ ပုဂ္ဂိုလ်, မိထွေး မိကြီး ဘကြီး၊ ဘထွေး ဦးကြီး ဦးလေး စသည်ဖြင့် မတော်ဖူးတဲ့ ပုဂ္ဂိုလ် မရှိဘူး။ တစ်လောကလုံးဟာ ငါ့ဆွေမျိုးတွေချည်းပဲ။ ဒီဆွေမျိုးတွေကို ငါသည် ဘေးကင်းအောင် ပြုလုပ်သင့်တယ်၊ ရန်ကင်းအောင် ပြုလုပ်သင့်တယ်၊ ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း ကင်းအောင် ပြုလုပ်သင့်တယ်လို့ ဒီလို အသိဉာဏ်လေးတစ်ခု မိမိရဲ့ စိတ်ထဲမှာ ဝင်လာပြီ ဆိုလို့ရှိရင် တစ်လောကလုံးသည် ကိုယ့်ရဲ့ ဆွေမျိုးတွေချည်း ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ မိသားစုချည်းပဲ အားလုံး ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ ဒါကြောင့် ဒီနေရာမှာ ရှေးသူတော်ကောင်းတွေက ဘာလေး ပြောသလဲ?

အယံ နိဇော ပရော ဝေတ္တိ ဂဏနာ လဟုစေတသာမ်။
ဥဒါရစရိတာနာံ တု ဝသုဓဲဝ ကုဋုမ္ဗကမ်။

အယံ၊ ဤသူသည်ကား။ နိဇော၊ ကိုယ်နှင့်ရင်းသူ အတွင်းလူ ဖြစ်ပါပေ၏။ အယံ၊ ဤသူကတော့။ ပရော၊ အပဖြစ်သူ တစိမ်းပြင်ပြင်လူသာတည်း။ ဣတိ၊ ဤသို့လျှင်။ လဟုစေတသာ၊ စိတ်ထားပေါက်ပျက် မလေးနက်မှု (ရှိကုန်သော)။ တေသံ၊ သူတို့၏။ ဂဏနာ၊ ကိုယ့်လူ သူ့လူ လူနှစ်မူထားလျက် တွက်ဆချက်သည်။ ဟောတိ၊ ဖြစ်ကြပါလေ၏။

စိတ်ထားညံ့တဲ့ပုဂ္ဂိုလ်၊ ပေါ့ပျက်ပျက်ရှိတဲ့ ပုဂ္ဂိုလ်နော်။ အဲဒီ ပုဂ္ဂိုလ်တွေကတော့ ဒါက ငါ့လူ, ဒါကတော့ သူ့လူ, ဒါက ငါနဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်, ဒါက ငါ မရင်းနှီးတဲ့ ပုဂ္ဂိုလ်, ဒါကတော့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်, ဒီပုဂ္ဂိုလ်ကျတော့ တစိမ်းပဲ ဆိုပြီးတော့ သူ့လူ, ကိုယ့်လူ ခွဲခြားမှု မရှိဘူးလား? ရှိတတ်တယ်နော်။ စိတ်ထား ယုတ်ညံ့တဲ့ ပုဂ္ဂိုလ်တွေမှာ နိမ့်ကျတဲ့ ပုဂ္ဂိုလ်တွေမှာသာလျှင် ဒီလို ခွဲခြားမှု ရှိတာနော်။

အယံ၊ ဤသူသည်ကား။ နိဇော၊ ကိုယ်နှင့်ရင်းသူ အတွင်းလူ ဖြစ်ပါပေ၏။ အယံ၊ ဤသူကတော့။ ပရော၊ အပဖြစ်သူ တစိမ်းပြင်ပြင်လူသာတည်း။ ဣတိ၊ ဤသို့လျှင်။ လဟုစေတသာ၊ စိတ်ထားပေါ့ပျက် မလေးနက်မှု (ရှိကုန်သော)။ တေသံ၊ သူတို့၏။ ဂဏနာ၊ ကိုယ့်လူ သူ့လူ လူနှစ်မူထားလျက် တွက်ဆချက်သည်။ ဟောတိ၊ ဖြစ်ကြပါလေ၏။

ဥဒါရစရိတာနာံ တု၊ စိတ်နေသဘောထား ကြီးမားမြင့်မြတ်ကြတဲ့ သူတော်ကောင်း တို့အတွက်မှာမူကား။ ဝသုဓဲဝ၊ ကမ္ဘာဗွေ ခွင်မြေတစ်ပြင်လုံးသည်။ ကုဋုမ္ဗကမ်၊ အိမ်ထောင်တစ်ခုတည်း၊ မိသားစုတည်းအနေဖြစ်၍ နေပါပေ၏။

စိတ်ထားမြင့်မြတ်နေတဲ့ သူတော်ကောင်းတို့အဖို့ ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင်နော် - ကမ္ဘာမြေပြင် တစ်ခွင်လုံးမှာ တည်ရှိနေတဲ့ သတ္တဝါအားလုံးသည် အိမ်ထောင်စု တစ်ခုတည်းပဲ ဖြစ်သွားတယ်။ အဲဒီ အိမ်ထောင်စု တစ်ခု အနေဖြင့် စိတ်ထားတတ်မယ် ဆိုလို့ရှိရင် ဘာဖြစ်မလဲ? မိမိရဲ့ သန္တာန်မှာ အတိုင်းအတာ ပမာဏ မရှိတဲ့ ကုသိုလ်ထုအယဉ် ကောင်းမှုထု အယဉ်ရေသည် တသွင်သွင် စီးဆင်းနေလိမ့်မယ်။ ဒါက ငါ့အမေပဲ, ဒါက ငါ့အဖေပဲ, ဒါက ငါ့အစ်ကို, ဒါက ငါ့အစ်မ, ဒါက ငါ့ညီ ဒီလိုသာ စိတ်ထားတတ်မယ် ဆိုရင်ပေါ့နော် မိသားစု စိတ်ဓာတ်သာ ရှိမယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေ အပေါ်မှာ မိမိက သတ်ဖြတ်ခြင်းဆိုတဲ့ လုပ်ငန်း ဖြစ်ပါဦးမလား? မဖြစ်တော့ဘူး။ ဒီပုဂ္ဂိုလ်ရဲ့ ပစ္စည်းကို မတရားသော နည်းလမ်းဖြင့် ယူချင်တဲ့ စိတ်တွေကော ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ ဒီပုဂ္ဂိုလ်တွေကို လိမ်လည် လှည့်ဖြားချင်တဲ့ စိတ်ထား၊ မုသား ပြောချင်တဲ့ စိတ်ထား ရှိဦးမလား? မရှိတော့ဘူး။ ဘယ်လောက် ကောင်းသလဲနော်။ မကောင်းဘူးလား? သိပ်ကောင်းတယ်။ အကျိုးရှိတယ်။ ဒီပုဂ္ဂိုလ်တွေကို မှားယွင်း ဖောက်ပြန်နေတဲ့, မတော်မှန်တဲ့ ကာမေသုမိစ္ဆာစာရဆိုတဲ့ လုပ်ငန်းရပ်တွေ မိမိ ပြုကျင့်ဦးမလား? မပြုကျင့်တော့ဘူး။

ဒါကြောင့် မိမိတို့ရဲ့ စိတ်နေစိတ်ထားလေးတွေကို ပုံမှန်ဖြစ်အောင် ပြုပြင်ပြောင်းလဲပေးတတ်ဖို့တော့ မလိုဘူးလား? လိုအပ်ပါတယ်။ ဒီဥစ္စာက ဘာကနေ ဆက်သွယ်ပြီးတော့ လာသလဲ? ဉာတကာနဉ္စ သင်္ဂဟောနော်။ ဉာတကာနဉ္စ သင်္ဂဟောဆိုတဲ့ ဆွေမျိုးတို့ကို သင်္ဂြိုဟ်ထောက်ပံ့ခြင်းဆိုတဲ့ မင်္ဂလာကို အခြေတည်ပြီးတော့ ပြောလိုက်တာနော်။ ဘုရားအလောင်းတော်ရဲ့ အဘယဒါန အလှူဒါနကြီး ပေးလှူပုံအကြောင်းကို အခု ဘုန်းကြီး ဒီည ပြောလိုက်ပါတယ်နော်။ နောက်တစ်ခုကတော့ ဉာတကာနဉ္စ သင်္ဂဟော-ပြီးတော့ နောက်မင်္ဂလာ တစ်ခုက ဘာလဲ?

အနဝဇ္ဇာနိ ကမ္မာနိ = အပြစ်မရှိတဲ့ လုပ်ငန်းရပ်ပဲ။ အပြစ်မရှိတဲ့ လုပ်ငန်းရပ်ကို ပြုလုပ်ခြင်းကိုလည်း မြတ်စွာဘုရားက မင်္ဂလာတစ်ခု အဖြစ်နဲ့ ဟောထားပါတယ်နော်။ အဲဒီတော့ ဒီအနဝဇ္ဇာ ကမ္မ = အပြစ်မရှိတဲ့ လုပ်ငန်းတွေဆိုတာက ဘယ်လို လုပ်ငန်းရပ်မျိုးတွေလဲ?

###အနဝဇ္ဇာနိ ကမ္မာနိ နာမ

အဋ္ဌကထာက ဒီလို ဖွင့်ထားတယ်နော်။ အနဝဇ္ဇာနိ ကမ္မာနိ နာမ၊ အပြစ်မရှိတဲ့ အမှုတို့ မည်သည်ကား -

ဥပေါသထင်္ဂသမာဒါနဝေယျာဝစ္စကရဏအာရာမဝနရောပနသေတုကရဏာဒီနိ ကာယဝစီမနောသုစရိတကမ္မာနိ။

ဥပေါသထင်္ဂသမာဒါနဝေယျာဝစ္စကရဏအာရာမဝနရောပနသေတုကရဏာဒီနိ၊ ဥပုသ်စောင့်သုံးခြင်း၊ ဝေယျာဝစ္စဆောင်ရွက်ခြင်း၊ အရံ ဥယျာဉ်စိုက်ပျိုးခြင်း၊ တံတား ဆောက်တည်ခြင်း အစရှိကုန်သော။ ကာယဝစီမနောသုစရိတကမ္မာနိ၊ ကာယ သုစရိုက်တရား, ဝစီ သုစရိုက်တရား, မနော သုစရိုက်တရားတို့ ပါပေတည်း။

အပြစ်မရှိသော လုပ်ငန်းနှင့် သုစရိုက်တရားများ

အပြစ်မရှိတဲ့ လုပ်ငန်းဆိုတာ ဘယ်လို လုပ်ငန်းတွေကို အပြစ်မရှိဘူးလို့ ပြောတယ်လို့မေးရင် ဥပုသ်ကျင့်သုံးနေတဲ့ လုပ်ငန်းရပ်ကိုလည်း အပြစ်မရှိဘူးလို့ ပြောတယ်၊ ဗုဒ္ဓဝေယျာဝစ္စ, ဓမ္မဝေယျာဝစ္စ, သံဃဝေယျာဝစ္စ, ဆရာသမား ဝေယျာဝစ္စ, မိဘ ဝေယျာဝစ္စ အစရှိတဲ့ ဝေယျာဝစ္စ ကြီးကြီး ငယ်ငယ်တွေကို ပြုလုပ်ဆောင်ရွက်ခြင်းကိုလည်း ဒါ အပြစ်မရှိတဲ့ လုပ်ငန်းရပ်တွေကို ပြုလုပ်ဆောင်ရွက်နေသည် မည်တယ်။

သတ္တဝါအားလုံး ချမ်းသာရေးအတွက် ရှေးရှုပြီးတော့ အာရာမ်ဥယျာဉ်တွေ စိုက်ပျိုးတယ်။ တောသစ်ပင်တွေ စိုက်ပျိုးတယ်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် အရိပ်အာဝါသ ရကြပါစေ၊ ချမ်းသာသုခ ရရှိကြပါစေ ဆိုပြီးတော့ အာရာမ်ဥယျာဉ်တွေ တည်ထားပေးတယ်။ တောသစ်ပင်တွေ စိုက်ပျိုးပြီးတော့ ပေးတယ်။ တံတားတွေ တည်ဆောက်ပြီးတော့ ပေးတယ်။ အဲဒီလို လုပ်ငန်းရပ်တွေဟာလည်း အပြစ်မရှိတဲ့ လုပ်ငန်းရပ်မျိုး ဖြစ်တယ်။ နောက်တစ်ခုကတော့ -

ကာယကံ စင်ကြယ်အောင် ကာယသုစရိုက်တရားတွေကို ဖြည့်ကျင့်တယ်။ ဝစီကံ စင်ကြယ်အောင် ဝစီသုစရိုက်တရားတွေကို ဖြည့်ကျင့်တယ်။ မနောကံ စင်ကြယ်အောင် မနောသုစရိုက်တရားတွေကို ဖြည့်ကျင့်တယ်။ အဲဒါကိုလည်း အပြစ်မရှိတဲ့ လုပ်ငန်းလို့ ခေါ်တယ်။

ဒီတော့ ဒီနေရာမှာ ဒီ သုစရိုက်တရားတွေက ထပ်ခါထပ်ခါ ပါနေတဲ့အတွက်ကြောင့် ဒီနေရာမှာ ပြောလိုတဲ့ အချက်ကတော့ ဥပုသ်စောင့်သုံးတယ်။ ဥပုသ်စောင့်သုံးတဲ့ အချိန်အခါမှာလည်း ကာယသုစရိုက်, ဝစီသုစရိုက်, မနောသုစရိုက်တွေကို စင်ကြယ်အောင် ဖြည့်ကျင့်ပါလို့ ပြောလိုတယ်နော်။ ဒီထက်မှ -

မိမိက ဗုဒ္ဓဝေယျာဝစ္စ, ဓမ္မဝေယျာဝစ္စ, သံဃဝေယျာဝစ္စ, ဆရာသမား ဝေယျာဝစ္စ, မိဘဝေယျာဝစ္စ အစရှိတဲ့ ဝေယျာဝစ္စ ကြီးငယ်တွေကို ပြုလုပ်ဆောင်ရွက်တယ်။ အဲဒီ အချိန်အခါမှာလည်း ကာယကံ စင်ကြယ်မှုတွေ ရှိနေပါစေ, ဝစီကံ စင်ကြယ်မှုတွေ ရှိနေပါစေ, မနောကံ စင်ကြယ်မှုတွေ ရှိနေပါစေလို့ ဆိုလိုတယ်။ ဘယ့်နှယ်တုံး? ဝေယျာဝစ္စ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ဘုန်းကြီး အခု ပြောနေတာ, ပြောချင်တာလေးများ သဘောပေါက်သလား?

ဝေယျာဝစ္စတော့ ဗုဒ္ဓဝေယျာဝစ္စ, ဓမ္မဝေယျာဝစ္စ, သံဃဝေယျာဝစ္စ စသည်ဖြင့် ဝေယျာဝစ္စတော့ လုပ်တယ်၊ စိတ်ထဲက မကျေနပ်ဘူး။ ဟုတ်ရဲ့လား? ကာယကံ စင်ကြယ်မှု, ဝစီကံ စင်ကြယ်မှု, မနောကံ စင်ကြယ်မှုတွေ ရှိသလား? မရှိဘူး။ ဟိုလူကို မကျေနပ်တာက တစ်မျိုး၊ ဒီလူကို မကျေနပ်တာက တစ်မျိုး၊ ဘာကို မကျေနပ်တာက တစ်မျိုး၊ ညာကို မကျေနပ်တာက တစ်မျိုး စသည်ဖြင့် ဝေယျာဝစ္စတော့ လုပ်ပါရဲ့ မကျေနပ်ချက်တွေ တစ်ပုံကြီး ထမ်းပြီးတော့ ဝေယျာဝစ္စ လုပ်နေတယ်ဆိုရင် စင်ကြယ်နေတဲ့ ဝေယျာဝစ္စကံမျိုး ဟုတ်ပါ့မလား? မဟုတ်ဘူး။

သူတစ်ပါးတွေ အကျိုးရှိအောင် ဆိုပြီးတော့ မိမိကတော့ ဝေယျာဝစ္စ ဆောင်ရွက်တာပဲ။ ဆောင်ရွက်တဲ့ အချိန်အခါမှာ မိမိရဲ့ ကာယကံ စင်ကြယ်မှု, ဝစီကံ စင်ကြယ်မှု, မနောကံ စင်ကြယ်မှု ရှိဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ ဥပုသ်တော့ စောင့်တယ်။ ဥပုသ်စောင့်တဲ့ အချိန်အခါမှာလည်း ကာယကံ စင်ကြယ်မှု, ဝစီကံ စင်ကြယ်မှု, မနောကံ စင်ကြယ်မှု ရှိဖို့တော့ မလိုဘူးလား? လိုအပ်တယ်။

ဥပုသ်စောင့်တယ်။ ဘာလုပ်ကြသလဲ? ရေနွေးကြမ်းလေး ထိုင်သောက်တယ်။ နာမည်ကတော့ ဥပုသ်လို့ ပြောတယ်။ ရေနွေးကြမ်းလေး ထိုင်သောက်ပြီး ပြောလိုက်တဲ့ စကားတွေက တဖောင်ဖောင်။ ညနေကျတဲ့ အခါမှာတော့ အိမ်ပြန်သွားတယ်။ ဘာသွားလုပ်သလဲလို့ မေးတော့ ကျောင်းမှာ သွားပြီးတော့ ဥပုသ်စောင့်တယ်လို့ အဖြေပေးတယ်။

ဥပုသ်သီလ ညှိုးနွမ်းခြင်းနှင့် ဝိနည်းတော်များ

အဲဒီ ဥပုသ်မျိုးကတော့ ကာယကံ စင်ကြယ်မှု, ဝစီကံ စင်ကြယ်မှု, မနောကံ စင်ကြယ်မှု ရှိနေတဲ့ ဥပုသ်မျိုးလို့ ပြောနိုင်ပါ့မလား? ဒီကြားထဲ ပေါက်တောလေး ဘာလေးကလည်း သောက်လိုက်သေးတယ်။ ဟုတ်တယ် မလား? ပေါက်တောလေးကလည်း သောက်လိုက်သေးတယ်။

ခုနကပဲ ဒကာကြီး ဦးကံဆိုင်က ကားမောင်းလာရင်းနဲ့ စပ်မိတော့ ပြောတယ်။ သူက ရှေ့မှာလည်း ကော်ဖီခွက် ချထားတယ်။ ကော်ဖီလည်း သောက်လိုက်တယ်။ လက်တစ်ဖက်က ဆေးပြင်းလိပ်တို ကိုင်ထားတယ်။ လက်တစ်ဖက်ကျတော့ စီးကရက် နှစ်လိပ် ကိုင်ထားတယ်။ ဟုတ်တယ်မလား? ပါးစပ်ထဲကျတော့ ကွမ်းကလည်း စားထားသေးတယ်။ ဒီတော့ အလုပ်တွေက မများလှဘူးလား? များနေတယ်။ အဲဒီလို အလုပ်များနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဥပုသ်သည် ကာယကံ စင်ကြယ်မှု, ဝစီကံ စင်ကြယ်မှု, မနောကံ စင်ကြယ်မှုရှိတဲ့ ဥပုသ်မျိုးလို့ ပြောနိုင်ပါ့မလား? မပြောနိုင်ဘူး။ နောက်တစ်ခုကတော့ -

အဲဒီမှာ ဒကာကြီးတွေ ဘုန်းကြီးတော့ ခဏခဏ ပြောဖူးပါတယ်။ ဒီကျောင်းက အလေ့အထ ရှိတယ်။ သူတို့က ကိုးပါးသီလ ယူတဲ့ အလေ့အထ ရှိကြတယ်။ ဒါနဲ့ ဘုန်းကြီးက တစ်နေ့တော့ မေးကြည့်တယ်။ ဒကာကြီးတွေ ယူတဲ့ သီလက ခုနှစ်ပါးခွဲလား၊ ရှစ်ပါးခွဲလားလို့ ဘုန်းကြီးက မေးကြည့်တယ်။ အဲဒါ ဒကာကြီးတွေ သဘောပေါက်ကြသလား? ဒီလိုပါ ဘုန်းကြီးတို့ ဒီအကြောင်းပြတာက -

အခိုးလိပ်တွေကို သောက်ဖို့ရန်အတွက် အပ်တယ် ဆိုတဲ့ စကားလေး တစ်ခု ဝိနည်းဒေသနာမှာ ရှိပါတယ်။ အဲဒါက ဘာအကြောင်းပြုသလဲလို့ မေးတော့ ရှင်မဟာကစ္စည်း မထေရ်မြတ်နဲ့ တူပါတယ်။ အဲ အရှင် [?] နဲ့ တူတယ်။ ခေါင်းမှာ ဦးယဉ်းနာ ဆိုပြီးတော့ ရှေးအခေါ်က ခေါ်တယ်။ အဲဒီ ဦးယဉ်းနာသည် ဘာအနာ ဆိုတာတော့ အတိအကျ မပြောနိုင်ဘူး။ ရှေးဘာသာပြန်နည်းပဲ။

အဲဒီ ဦးယဉ်းနာရောဂါ စွဲကပ်လာတဲ့အတွက် ဆေးတွေနဲ့ ထုံမွမ်းထားတဲ့ အခိုးလိပ်ကို ရှူမှ ပျောက်မယ်ဆိုပြီးတော့ အကြောင်းတစ်ခု ပေါ်လာတယ်။ မြတ်စွာဘုရားကို တင်ပြလျှောက်ထားတဲ့ အချိန်အခါမှာ မြတ်စွာဘုရားက အဲဒီ အခိုးလိပ်တွေကို ရှူဖို့ ခွင့်ပြုပါတယ်။ အဲဒါကို အကြောင်းပြုပြီးတော့ အခုကာလ ဆေးလိပ်ကလည်း အခိုးလိပ်ပဲ အဲဒါ သောက်ကောင်းတယ် ဆိုပြီး ပြောကြတာပဲနော်။

ဒီတော့ ဦးပဉ္စင်းတို့ ဒီဆေးပစ္စည်း ဆိုတာက မြတ်စွာဘုရား ခွင့်ပြုတာက ဂိလာနပစ္စယ မကျန်းမာခြင်းတည်းဟူသော အကြောင်းတရားကို အခြေခံ ပြီးတော့ ဆေးပစ္စည်း သုံးစွဲဖို့ရန် ခွင့်ပြုတယ်။ ကျန်းမာနေပါလျက်နဲ့ ဆေးစား အာပတ်သင့်တယ်။ ဒါက မစားကောင်းဘူးနော်။

ကြံရည်ကို ခွင့်ပြုတာက ပဋိဘာဂပစ္စယ ဆာလောင်မွတ်သိပ်ခြင်းတည်းဟူသော အကြောင်းကို အခြေခံပြီးတော့မှ မြတ်စွာဘုရားက ကြံရည်ကို ခွင့်ပြုထားတယ်။ မဆာဘဲနဲ့ သွားသောက် ဘုန်းကြီးတွေမှာ အာပတ်သင့်တာပဲ။ ဆေးပစ္စည်းလည်း ခုနက ရောဂါ မရှိဘဲနဲ့ ဆေးသွားပြီး စားလိုက်။ ဒါ ဘုန်းကြီးတွေမှာ အာပတ် သင့်ပါတယ်။ အဲဒါကြောင့် နေ့လည် ကြောင်တောင်ကြီးပေါ့လေ။ နေ့လည် ကြောင်တောင် ဆိုတာကတော့ ဘုန်းကြီးတွေ ဆွမ်းစားပြီးတဲ့ အချိန်အခါ -

ဥပမာ - ဆယ်နာရီခွဲလောက် ဆွမ်းစားပြီးတယ်ပဲ ဆိုကြပါစို့။ ဆယ့်နှစ်နာရီခွဲလောက်, တစ်နာရီခွဲလောက် အကြောင်းရှိလို့ရှိရင် ဖျော်ရည် သွားကပ်ကြတယ်။ အဲဒီ အချိန်အခါမှာ ဘုန်းကြီးတွေ ဆာပြီလား? မဆာသေးဘူး။ ဥပုသ်သည်တွေကော ဆာပြီလား? မဆာသေးဘူး။ မဆာသေးတဲ့ အချိန်အခါမှာ မဆာဘဲနဲ့ ဒီဖျော်ရည်ကို သွားသောက်ခဲ့ရင် ရဟန်းတော်များမှာ အာပတ်သင့်ပါတယ်။ ဥပုသ်သည်တွေမှာလည်း အဲဒီ အချိန်အခါမှာ ဥပုသ်က ညှိုးနွမ်းသွားတယ်နော်။ တစ်ချက်။ နောက်တစ်ခု -

ဝိကာလဘောဇန သိက္ခာပုဒ် ဆန်းစစ်ခြင်း

ရေနွေးကြမ်း သောက်တယ်။ ရေနွေးကြမ်း သောက်တဲ့ အချိန်အခါကျတော့ မွန်းလွဲသွားရင်တော့ မသောက်ကောင်းပါဘူးနော်။ မွန်းလွဲပြီးသော်လည်း ဥပုသ်သည်တွေက ထိုင်ပြီးတော့ ရေနွေးကြမ်းတွေ သောက်နေကြမယ်ဆိုရင် ဝိကာလဘောဇနာ သိက္ခာပုဒ် ပျက်စီး မသွားဘူးလား? ပျက်စီးသွားတယ်။

နောက်တစ်ခု အဲဒီ ခုနက ပြောခဲ့တဲ့အတိုင်း ဆေးလိပ် သောက်တယ်။ ဥပုသ်သည် ဒကာတွေကျတော့ ဒါ ဘုန်းကြီးတွေနဲ့ပဲ ဆေးလိပ်သောက်တာ ဆိုင်တယ်။ ဥပုသ်သည်တွေနဲ့ မဆိုင်ဘူးလို့ တချို့က ဒီလို ထင်ကြတယ်။ ထင်လိုက်တဲ့ အချိန်အခါကျတော့ အဲဒီ ဆေးလိပ် သောက်ပြီ၊ ပေါက်တောလည်း သောက်ပြီ။ သောက်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လို့ သောက်သလဲလို့ သူတို့ မေးကြည့်လိုက်လို့ရှိရင် ရောဂါရှိသလားလို့ မေးရင် ရောဂါရှိတာ ဟုတ်သလား? မဟုတ်ဘူး။ သောက်ချင်လို့ သောက်တဲ့ သဘောပဲနော်။

ရောဂါမရှိဘဲနဲ့ ဒီဆေးပစ္စည်းကို သောက်ခဲ့ရင် ရဟန်းတော်များမှာတော့ ခုနက ဒုက္ကဋ်အာပတ် သင့်ပါတယ်။ လူတွေကျတော့ ဘာဖြစ်မလဲ? ဘယ်ဒုက္ကဋ်အာပတ် သင့်သလဲလို့ မေးရင် အဲဒီမှာ ဝိကာလဘောဇနာ သိက္ခာပုဒ်မှာ အနုပညတ်တွေ မြတ်စွာဘုရား ပညတ်ထားပါတယ်နော်။

အဲဒီတော့ နေလွဲညစာ စားခဲ့လို့ရှိရင်တော့ ပါစိတ်အာပတ် သင့်တယ်။ အဲဒီလို ဆေးပစ္စည်းတွေပေါ့။ ဆေးပစ္စည်းတွေကို အနာရောဂါဆိုတဲ့ အကြောင်းတရား ထင်ရှား မရှိဘဲနဲ့ သွားပြီး စားသုံးခဲ့ရင်တော့ ဒုက္ကဋ် အာပတ်သင့်စေလို့ ဒီလို ပညတ်တယ်။

အဲဒီ ပညတ်ချက်ကို ကြည့်လိုက်မယ် ဆိုလို့ရှိရင်တော့ ဝိကာလဘောဇနာ သိက္ခာပုဒ်နဲ့ သွားပြီးတော့ ငြိစွန်းနေတဲ့သဘော မရှိဘူးလား? ရှိတယ်။ ရှိတဲ့အခါကျတော့ အဲဒီ ဆေးလိပ်သောက်တာ ဝိကာလဘောဇန လုံးလုံး ပျက်သလားဆိုတော့ လုံးလုံးကြီးတော့ မပျက်ဘူး။ တစ်ဝက်လောက်တော့ ပျက်သွားတယ်။

အဲဒီ တစ်ဝက်လောက် ပျက်ခြင်းကြောင့် ဦးပဉ္စင်းက ဒကာကြီးတွေကို ဥပုသ်ယူမယ်ဆိုရင် ခုနှစ်ပါးခွဲ ယူမလား, ရှစ်ပါးခွဲ ယူမလားလို့ သူတို့ကို ဦးပဉ္စင်းက မေးမေးကြည့်ရတယ်နော်။ ဥပုသ်တော့ စောင့်တည်တယ်။ စောင့်တည်ပြီး မကျင့်ဘူး ဆိုလို့ရှိရင် သူတို့မှာ အကျိုး ရှိပါ့မလား? မရှိနိုင်ဘူး။ ဒါ သတိရှိဖို့တော့ လိုတယ်နော်။

ကဲ ဒါဖြင့်ရင် ဒီလို ဥပုသ်စောင့်သုံးခြင်း, ဝေယျာဝစ္စကြီးငယ်ကို ရွက်ဆောင်ပေးခြင်း, သစ်ပင် စိုက်ပျိုးခြင်း, ဥယျာဉ် စိုက်ပျိုးခြင်း, သတ္တဝါ အားလုံး ချမ်းသာရေးအတွက် ရည်ရွယ်ပြီးတော့ ဥယျာဉ်တွေ စိုက်ပျိုးတယ်၊ သစ်ပင်တွေ စိုက်ပျိုးပေးတယ်၊ တံတားတွေ တည်ဆောက်ပေးတယ်၊ ကျောင်းကန်ဘုရားတွေ ပြုပြင်တယ်, မွမ်းမံတယ်, ဆောက်လုပ် လှူဒါန်းတယ်။ အဲဒီလို ကောင်းမှု ကုသိုလ်ကံတွေကို ပြုလိုက်တဲ့ အချိန်အခါမှာ ကာယကံ စင်ကြယ်မှုလည်း ရှိမယ်၊ ဝစီကံ စင်ကြယ်မှုလည်း ရှိနေမယ်၊ မနောကံ စင်ကြယ်မှုလည်း ရှိနေမယ်ဆိုရင် ဒီလို လုပ်ငန်းရပ်တွေကို (အနဝဇ္ဇာကမ္မ=) အပြစ်မရှိတဲ့ လုပ်ငန်းရပ်လို့ ခေါ်တယ်။

သာဝဇ္ဇကမ္မနှင့် ဘေးလေးပါး

ဒါဖြင့် အပြစ်ရှိတဲ့ လုပ်ငန်းရပ်တွေက ဘာတွေလဲလို့ မေးတော့ ဒုစရိုက် လုပ်ငန်းရပ်တွေပဲနော်။ ကာယဒုစရိုက်တွေကို လွန်ကျူးနေတယ်၊ ဝစီဒုစရိုက်တွေကို လွန်ကျူးနေတယ်၊ မနောဒုစရိုက်တွေကို လွန်ကျူးနေတယ်။ အဲဒီလို လွန်ကျူးလိုက်ပြီ ဆိုလို့ရှိရင် လွန်ကျူးတဲ့ အချိန်အခါမှာလည်း ဒီဒုစရိုက် တရားတွေကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရာဂ တရားတွေ, ဒေါသ တရားတွေ, မောဟ တရားတွေ, မာန်မာန တရားတွေ, ဣဿာ မစ္ဆရိယ တရားတွေ ထင်ရှား ဖြစ်မနေဘူးလား? ဖြစ်နေတယ်။

ဖြစ်နေတဲ့အတွက်ကြောင့် အဲဒီလို လုပ်ငန်းရပ်မျိုးကိုတော့ ဒုစရိုက်တွေ ပြုကျင့်နေတဲ့ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ လုပ်ငန်းရပ်တွေကိုတော့ (သာဝဇ္ဇကမ္မ=) အပြစ်ရှိတဲ့ လုပ်ငန်းရပ် ဆိုပြီးတော့ ဒီလို ခေါ်ပါတယ်နော်။

အဲဒီတော့ ဒီသာဝဇ္ဇကမ္မကြောင့် ဘာဖြစ်သလဲ? ဘေးအမျိုးမျိုး သင့်နိုင်တယ်။ (အတ္တနုဝါဒဘေး၊ ) မိမိကိုယ်ကို စွပ်စွဲခြင်း၊ (ပရာနုဝါဒဘေး=) သူတစ်ပါးတို့ကလည်း မိမိကိုယ်ကို မသူတော်လို့ စွပ်စွဲခြင်း၊ (ဒဏ္ဍာဘေး=) မင်းပြစ်မင်းဒဏ် သင့်ခြင်း၊ သေပြီး အထက်မှာလည်း အပါယ်ဒုဂ္ဂတိ ဘေးဆိုတဲ့ ဒီဘေးဆိုးကြီး လေးမျိုးက ဒီသာဝဇ္ဇကမ္မခေါ်တဲ့ အပြစ်ရှိတဲ့ လုပ်ငန်းရပ်တွေကို လှမ်းပြီး ဆီးကြိုပြီး မနေဘူးလား? ဆီးကြိုပြီး နေတယ်။

အနဝဇ္ဇကမ္မဆိုတဲ့ လုပ်ငန်းရပ်ကျတော့ အဲဒီလို ဘေးဆိုးကြီးတွေ ရှိသေးလား? မရှိတော့ဘူး။ မရှိတဲ့အတွက် မြတ်စွာဘုရားက ဒီနေရာမှာ ဝိသာခါကျောင်းအမကြီးကို တစ်ချိန် ဟောထားပါတယ်နော် -

‘‘အဋ္ဌင်္ဂသမန္နာဂတော ခေါ, ဝိသာခေ, ဥပေါသထော ဥပဝုတ္ထော မဟပ္ဖလော ဟောတိ မဟာနိသံသော မဟာဇုတိကော မဟာဝိပ္ဖါရော။’’

ဝိသာခေ၊ ကျောင်းအမ ဝိသာခါ။ ခေါ၊ စင်စစ်။ အဋ္ဌင်္ဂသမန္နာဂတော၊ အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံသော။ ဥပေါသထော၊ ဥပုသ်သည်။ ဥပဝုတ္ထော၊ ကျင့်သုံးခဲ့သည်ရှိသော်။ မဟပ္ဖလော၊ ကြီးကျယ်ဖွံ့ဖြိုး များပြားသော အကျိုးရှိသည်။ မဟာနိသံသော၊ ကြီးမြတ်သော အာနိသင် ရှိသည်။ မဟာဇုတိကော၊ ကြီးမြတ်သော တန်ခိုး ရှိသည်။ မဟာဝိပ္ဖါရော၊ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးကို ပြန့်ကားသော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

# အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်တော်

အင်္ဂါရှစ်ပါးနှင့် ပြည့်စုံနေတဲ့ ဥပုသ်တစ်ခုကို ကျင့်သုံး ဆောက်တည်ပြီ။ ဆောက်တည်လိုက်တဲ့ အချိန်အခါမှာ ဒီဥပုသ်က (မဟပ္ဖလ မဟာနိသံသ၊ ) ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရင်း အကျိုးဆက်တွေ ရှိတယ်။ အလွန်တောက်ပြောင်နေတဲ့ အကျိုးလည်း ရှိတယ်။ [?] ကြီးကျယ် ပြန့်ကားတဲ့ အကျိုးလည်း ရှိပါတယ်။ တစ်ယောက်ကောင်းလောက်အတွက် အကျိုးပေးတာ မဟုတ်ဘူးနော်။ သတ္တဝါအားလုံးအတွက်ကိုပါ မိမိကို အကြောင်းပြုပြီး ချမ်းသာစေနိုင်အောင် ကြီးကျယ်ပြန့်ကားတဲ့ အကျိုးတွေကို ပေးနိုင်ပါတယ်လို့ ဒီလို ပြောနေတယ်။ ဘယ်လို စောင့်သုံးသလဲလို့ မေးတော့ -

ဣဓ, ဝိသာခေ, အရိယသာဝကော ဣတိ ပဋိသဉ္စိက္ခတိ –

ဝိသာခေ၊ ကျောင်းအမ ဝိသာခါ။ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ အရိယသာဝကော၊ အရိယာ သာဝကသည် (ဝါ) အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့် သာဝကသည်။ ဣတိ၊ ဤသို့လျှင်။ ပဋိသဉ္စိက္ခတိ၊ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍ နေလေ၏။

ဥပုသ်စောင့်သုံးတယ် ဆိုတာက သာမန် စောင့်သုံးခြင်းမျိုးတော့ မဟုတ်ဘူးနော်။ အရိယာဖြစ်တဲ့ အရိယာ သာဝက တစ်ဦး သို့မဟုတ် အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝက တစ်ဦးဟာ ဉာဏ်နဲ့ ဒီလို စူးစမ်းဆင်ခြင်တယ်။ ဘယ်လို ဆင်ခြင်သလဲ?

‘ယာဝဇီဝံ အရဟန္တော ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတာ နိဟိတဒဏ္ဍာ နိဟိတသတ္ထာ လဇ္ဇီ ဒယာပန္နာ, သဗ္ဗပါဏဘူတဟိတာနုကမ္ပိနော ဝိဟရန္တိ။

ယာဝဇီဝံ၊ အသက်ထက်ဆုံး။ အရဟန္တော၊ ရဟန္တာ ပုဂ္ဂိုလ်တို့သည်။ ပါဏာတိပါတံ၊ သူ့အသက်ကို သတ်ခြင်းကို။ ပဟာယ၊ ပယ်စွန့်ထား၍။ ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်သည် (ဟောတိ - ဖြစ်၏)။ နိဟိတဒဏ္ဍာ နိဟိတသတ္ထာ၊ ချထားအပ်ပြီးသော တုတ်လက်နက်၊ ဓားလက်နက် ရှိကုန်သည်။ လဇ္ဇီ၊ မကောင်းမှု ဒုစရိုက်တို့ကို လွန်ကျူးရခြင်းမှ ရှက်ခြင်းရှိသည်။ ဒယာပန္နာ၊ သတ္တဝါတို့ အပေါ်၌ ကြင်နာသနားသော ကရုဏာတရား ထင်ရှားရှိသည်။ သဗ္ဗပါဏဘူတဟိတာနုကမ္ပိနော၊ အလုံးစုံသော သတ္တဝါတို့အပေါ်၌ အစဉ် အကျိုးစီးပွားကို လိုလား တောင့်တလျက် အစဉ် သနားစောင့်ရှောက်တတ်သော စိတ်ထားရှိလျက်။ ဝိဟရန္တိ၊ နေထိုင်ကြလေကုန်၏။

ရဟန္တာ ပုဂ္ဂိုလ်တွေကို အတုလိုက်ပြီး ပြောနေတယ်နော်။ ရဟန္တာ အရှင်မြတ်တွေက ဘာလဲ? လောကမှာ သူတို့နေတာ ဘယ်လိုနေသလဲ? ယာဝဇီဝံ၊ အသက်ထက်ဆုံးနော်။ အသက်ထက်ဆုံး သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်တော် မူကြတယ်။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပြီးတော့ ဘာလုပ်သလဲ?

နိဟိတဒဏ္ဍာ၊ တုတ်လက်နက်တွေကို ချထားတယ်။ နိဟိတသတ္ထာ၊ ဓားလက်နက်တွေကိုလည်း ချထားတယ်။ လဇ္ဇီ၊ မကောင်းမှု ဒုစရိုက်တွေကိုလည်း လွန်ကျူးရမှာ အင်မတန် ရှက်ကြတယ်။ ဒယာပန္နာ၊ သတ္တဝါတို့ အပေါ်၌ ကြင်နာသနားသော ကရုဏာတရား ထင်ရှားရှိနေတယ်။ သဗ္ဗပါဏဘူတဟိတာနုကမ္ပိနော၊ သတ္တဝါအားလုံးတို့ရဲ့ အကျိုးစီးပွားကို လိုလား တောင့်တလျက် အစဉ် သနားစောင့်ရှောက်တတ်သော စိတ်ထားရှိလျက်။ ဝိဟရန္တိ၊ နေထိုင်ကြလေကုန်၏။

အဟံ ပဇ္ဇ ဣမဉ္စ ရတ္တိံ ဣမဉ္စ ဒိဝသံ ပါဏာတိပါတံ ပဟာယ ပါဏာတိပါတာ ပဋိဝိရတော နိဟိတဒဏ္ဍော နိဟိတသတ္ထော လဇ္ဇီ ဒယာပန္နော, သဗ္ဗပါဏဘူတဟိတာနုကမ္ပီ ဝိဟရာမိ။

အဟမ္ပိ၊ ငါသည်လည်းပဲ။ အဇ္ဇ၊ ယနေ့။ ဣမဉ္စ ရတ္တိံ၊ ဤညဉ့်ပတ်လုံးလည်းကောင်း။ ဣမဉ္စ ဒိဝသံ၊ ဤနေ့ပတ်လုံးလည်းကောင်း။ ပါဏာတိပါတံ၊ သူ့အသက်ကို သတ်ခြင်းကို။ ပဟာယ၊ ပယ်စွန့်ထား၍။ ပါဏာတိပါတာ ပဋိဝိရတော၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သည်။ နိဟိတဒဏ္ဍော၊ ချထားအပ်ပြီးသော တုတ်လက်နက် ရှိသည်။ နိဟိတသတ္ထော၊ ချထားအပ်ပြီးသော ဓားလက်နက် ရှိသည်။ လဇ္ဇီ၊ ဒုစရိုက်တရားများကို လွန်ကျူးဖို့ရန် ရှက်သောစိတ် ရှိသည်။ ဒယါပန္နော၊ သတ္တဝါတို့အပေါ်၌ ကြင်နာသနားသော ကရုဏာနှင့် ပြည့်စုံသည်။ သဗ္ဗပါဏဘူတဟိတာနုကမ္ပီ၊ သတ္တဝါအားလုံးတို့၏ အကျိုးစီးပွားကို လိုလားတောင့်တလျက် အစဉ်သနား စောင့်ရှောက်သော စိတ်ရှိသည်ဖြစ်၍။ ဝိဟရာမိ၊ ငါနေအံ့။

မိမိကိုယ်ကို မိမိ စဉ်းစားတယ်နော်။ ရဟန္တာ ပုဂ္ဂိုလ်တွေကို သက်သေ အရာထားပြီးတော့ ငါလည်းပဲ ဒီနေ့ ကာလပတ်လုံး, ဒီညဉ့်ကာလပတ်လုံး ဒီနေ့မှာတော့ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပြီးတော့ သူ့အသက်ကို သတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ပယ်စွန့်ပြီး သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်မယ်။ တုတ်လက်နက်ကို ချထားမယ်၊ ဓားလက်နက်တွေကို ချထားမယ်။ ဒုစရိုက်တရားတွေကို လွန်ကျူးဖို့ရန် ရှက်တဲ့စိတ်ထားနဲ့ သတ္တဝါတွေအပေါ်မှာ ကြင်နာသနားတဲ့ ကရုဏာနဲ့ယှဉ်တဲ့ စိတ်ထားနဲ့ သတ္တဝါအားလုံးတို့ရဲ့ အကျိုးစီးပွားကို လိုလားတောင့်တတဲ့ အစဉ်သနားစောင့်ရှောက်တဲ့ စိတ်ထားနဲ့ ငါနေမယ်။ သူက ဒီလို ဆုံးဖြတ်တယ်နော်။

ဣမိနာပိ အင်္ဂေန အရဟတံ အနုကရောမိ, ဥပေါသထော စ မေ ဥပဝုတ္ထော ဘဝိဿတီ’

ဣမိနာပိ၊ ဤကဲ့သို့သော။ အင်္ဂေန၊ အကြောင်း အင်္ဂါရပ်ဖြင့်လည်း။ အရဟတံ၊ ရဟန္တာ ပုဂ္ဂိုလ်တို့အား။ အနုကရောမိ၊ အတုလိုက်၍ ကျင့်ပေအံ့။ မေ၊ ငါ၏။ ဥပေါသထော စ၊ ဥပုသ်သီတင်း ကျင့်သုံးခြင်းသည်လည်းပဲ။ ဥပဝုတ္ထော၊ ကျင့်သုံးအပ်သည် (ဝါ) ဆောက်တည်အပ်သည်။ ဘဝိဿတီတိ (ဘဝိဿတိ - ဣတိ)၊ ဖြစ်ပေလတ္တံ့၊ ဤသို့ နှလုံးပိုက်၍။ ဥပေါသထော၊ ဥပုသ်ကို စောင့်သုံးသည် ဟောတိ၊ ဖြစ်ပေ၏။

သူ့ရဲ့ စဉ်းစားခန်းလေး။ ဥပုသ်စောင့်တာ ရိုးရိုး မစောင့်ဘူး။ ရဟန္တာ ပုဂ္ဂိုလ်တွေကို အတုလိုက်ပြီးတော့ ငါကျင့်မယ်။ ဒီလို ရည်ရွယ်ချက်ဖြင့် ဥပုသ်သီတင်းကို စောင့်သုံးတယ်နော်။

ဣမိနာ ပဌမေန အင်္ဂေန သမန္နာဂတော ဟောတိ…ပေ…။

ဣမိနာ ပဌမေန အင်္ဂေန၊ ဤပထမ အင်္ဂါရပ်နှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။

ပထမဆုံး အင်္ဂါရပ်နှင့် ပြည့်စုံပြီ။ ဥပုသ် ကျင့်သုံးခြင်းဆိုတဲ့ အင်္ဂါရပ်နှင့် ပြည့်စုံပြီနော်။ နောက်တစ်ခု -

‘‘‘ယာဝဇီဝံ အရဟန္တော ဥစ္စာသယနမဟာသယနံ ပဟာယ ဥစ္စာသယနမဟာသယနာ ပဋိဝိရတာ နီစသေယျံ ကပ္ပေန္တိ – မဉ္စကေ ဝါ တိဏသန္ထာရကေ ဝါ။

ကျော်လိုက်တယ်နော်။ ရဟန္တာ အရှင်သူမြတ်တို့သည် သူ့အသက်ကို သတ်ခြင်းမှ အသက်ထက်ဆုံး ရှောင်ကြဉ်တော်မူတယ်။ သူတစ်ပါး၏ ပစ္စည်းကို မတရားယူခြင်းမှ အသက်ထက်ဆုံး ရှောင်ကြဉ်တော်မူတယ်။ မမြတ်သော မေထုန်အကျင့်ကို မှီဝဲခြင်းမှ အသက်ထက်ဆုံး ရှောင်ကြဉ်တော်မူတယ်။ မုသားစကား ပြောကြားခြင်းမှ အသက်ထက်ဆုံး ရှောင်ကြဉ်တော်မူတယ်။ မူးယစ်ဆေးဝါးကို မှီဝဲစားသောက်ခြင်းမှ အသက်ထက်ဆုံး ရှောင်ကြဉ်တော်မူတယ်။ နေလွဲညစာ စားခြင်းမှ အသက်ထက်ဆုံး ရှောင်ကြဉ်တော်မူတယ်။ ကခြင်း, ขုန်ခြင်း, သီဆို တီးမှုတ်ခြင်းတို့ကို ကြည့်ရှုခြင်း, နားထောင်ခြင်းတို့မှ အသက်ထက်ဆုံး ရှောင်ကြဉ်တော်မူတယ်။ ပန်းပန်ခြင်း, နံ့သာလိမ်းခြင်း, နံ့သာမှုန့်တို့ဖြင့် အပြေအပြစ် ပြုခြင်းဆိုတဲ့ အလှအပ တန်ဆာဆင်ခြင်းမှ ရဟန္တာ အရှင်မြတ်တို့သည် အသက်ထက်ဆုံး ရှောင်ကြဉ်တော်မူတယ်။ မြင့်သောနေရာ, မြတ်သောနေရာ၌ နေထိုင်ခြင်းမှ ရဟန္တာပုဂ္ဂိုလ်တွေ အသက်ထက်ဆုံး ရှောင်ကြဉ်တော်မူတယ်။ အဲဒီ ရှောင်ကြဉ်ချက်တွေကို အတုယူပြီးတော့ မိမိတို့လည်း အသက်ထက်ဆုံး ရှောင်ကြဉ်ဖို့ရန်အတွက် မြတ်စွာဘုရားက ညွှန်ကြားပေးနေတယ်နော်။ ကဲ -

‘‘‘ယာဝဇီဝံ အရဟန္တော ဥစ္စာသယနမဟာသယနံ ပဟာယ ဥစ္စာသယနမဟာသယနာ ပဋိဝိရတာ နီစသေယျံ ကပ္ပေန္တိ – မဉ္စကေ ဝါ တိဏသန္ထာရကေ ဝါ။

အရဟန္တော၊ ရဟန္တာ အရှင်မြတ်တို့သည်။ ဥစ္စာသယနမဟာသယနံ၊ မြင့်သောနေရာ, မြတ်သောနေရာကို။ ပဟာယ၊ ပယ်စွန့်တော်မူကြကုန်သည်ဖြစ်၍။ ဥစ္စာသယနမဟာသယနာ၊ မြင့်သောနေရာ, မြတ်သောနေရာမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်ကြကုန်လျက်။ မဉ္စကေ ဝါ၊ ညောင်စောင်းငယ်ထက်၌သော်လည်းကောင်း။ တိဏသန္ထာရကေ ဝါ၊ မြက်ခင်းပေါ်၌သော်လည်းကောင်း။ နီစသေယျံ၊ နိမ့်သော အိပ်စက်ခြင်းကို။ ယာဝဇီဝံ၊ အသက်ထက်ဆုံး။ ကပ္ပေန္တိ၊ ပြုတော်မူကြပေကုန်၏။

ရဟန္တာ အရှင်မြတ်တွေက မြင့်တဲ့နေရာ, မြတ်တဲ့နေရာတွေကို ရှောင်ကြဉ်ပြီးတော့ ပြီးတဲ့အခါမှာ ညောင်စောင်းငယ်လေး တစ်ခုပေါ်မှာသော်လည်းကောင်း၊ မြက်ခင်း တစ်ခုအပေါ်မှာသော်လည်းကောင်း ကျိန်းစက်တော် မူကြတယ်။ အသက်ထက်ဆုံး ကျိန်းစက်တော်မူတယ်။ မွေ့ယာတို့, ကော်ဇောတို့ အစရှိတဲ့ မြင့်တဲ့, မြတ်တဲ့ နေရာတွေ အခြေ တစ်တောင့်ထွာထက် ပိုပြီးတော့ ရှည်တဲ့ ကုတင် ညောင်စောင်းတွေ စသည်ဖြင့် ဒီလို နေရာမျိုးတွေမှာ ဘယ်တော့မှ နေထိုင်မှု, ကျိန်းစက်မှု မပြုကြဘူးနော်။ အဲဒီ ရဟန္တာ ပုဂ္ဂိုလ်တွေကို အတုယူပြီးတော့ ဘုရားရှင်က ကျင့်ဖို့ရန်အတွက် ဘယ်လို ညွှန်ကြားသလဲ?

အဟံ ပဇ္ဇ ဣမဉ္စ ရတ္တိံ ဣမဉ္စ ဒိဝသံ ဥစ္စာသယနမဟာသယနံ ပဟာယ ဥစ္စာသယနမဟာသယနာ ပဋိဝိရတော နီစသေယျံ ကပ္ပေမိ – မဉ္စကေ ဝါ တိဏသန္ထာရကေ ဝါ။

အဟံ၊ ငါသည်လည်းပဲ။ အဇ္ဇ၊ ယနေ့။ ဣမဉ္စ ရတ္တိံ၊ ဤညဉ့်ကာလပတ်လုံးသော်လည်းကောင်း။ ဣမဉ္စ ဒိဝသံ၊ ဤနေ့ကာလပတ်လုံးသော်လည်းကောင်း။ ဥစ္စာသယနမဟာသယနံ၊ မြင့်သောနေရာ မြတ်သောနေရာကို။ ပဟာယ၊ ပယ်စွန့်ထားခဲ့၍။ ဥစ္စာသယနမဟာသယနာ၊ မြင့်သောနေရာ မြတ်သောနေရာမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်လျက်။ မဉ္စကေ ဝါ၊ ညောင်စောင်း၌ သော်လည်းကောင်း။ တိဏသန္ထာရကေ ဝါ၊ မြက်ခင်း၌ သော်လည်းကောင်း။ နီစသေယျံ၊ နိမ့်သော နေရာ၌ အိပ်ခြင်းကို။ ကပ္ပေမိ၊ ပြုပါ၏။

ရဟန္တာ ပုဂ္ဂိုလ်တို့ကို အတုလိုက်ပြီး ငါလည်း ဥစ္စာသယန မဟာသယန အမည်ရနေတဲ့ မြင့်တဲ့နေရာ, မြတ်တဲ့နေရာတွေမှ ရှောင်ကြဉ်ပြီး ညောင်စောင်းငယ် ထက်မှာ ဖြစ်စေ၊ မြက်ခင်းပေါ်မှာပဲ ဖြစ်စေ၊ နိမ့်သော နေရာမှာ အိပ်စက်ခြင်းကို ငါလည်း ပြုတော့မယ်လို့ ဒီလို ဆုံးဖြတ်ချက် ချတယ်။ ဒီတော့ ဥစ္စာသယန မဟာသယန မြင့်တဲ့နေရာ, မြတ်တဲ့နေရာနဲ့ ပတ်သက်လို့တော့ မြန်မာပြည်မှာ ယူဆနေတဲ့ အယူအဆနဲ့ နိုင်ငံခြားမှာ ယူဆတဲ့ အယူအဆတွေ ကွာဟချက် ရှိတဲ့အကြောင်း မနှစ်က ဝါဆိုဝါကပ်တဲ့ ဩစတြေးလျ ကိုယ်တော်ကြီးကတော့ တင်ပြဆွေးနွေးကြပါတယ်နော်။ တစ်တောင့်ထွာဆိုတဲ့ အယူအဆနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး အငြင်းပွားကြတယ်။

ကုတင်၏ ခြေထောက်သည် ကုတင်ဘောင်အထိ အောက်ကနေ တိုင်းလိုက်ရင် တစ်တောင့်ထွာထက် မြင့်မယ်။ ထိုင်ခုံလို့ ခေါ်တဲ့ အခုလို ပလ္လင်တို့လို ကုလားထိုင်တို့လို ထိုင်ခုံတစ်ခု ခြေထောက်ကို တိုင်းကြည့်လိုက်လို့ရှိရင် အောက်က ဘောင်အထိ တစ်တောင့်ထွာ မြင့်တယ် ဆိုရင်တော့ ဒါ မသုံးကောင်းဘူး၊ တစ်တောင့်ထွာထက် ပိုမြင့်ရင် ဒါ မသုံးကောင်းဘူး ဆိုပြီးတော့ မြန်မာပြည်မှာတော့ အစဉ်အလာအရ ယူဆခဲ့ပါတယ်။

ဒီ အယူအဆနဲ့ ပတ်သက်ပြီးတော့ ဒီတစ်တောင့်ထွာ အယူအဆဟာ အခုထက်ထိ မြတ်စွာဘုရားရဲ့ တစ်ထွာကို အခြေခံပြီးတော့ ယူဆတဲ့ အယူအဆဖြစ်တော့ နိုင်ငံခြားမှာတော့ ဒီအယူအဆကို လက်မခံတဲ့အကြောင်း အထူးသဖြင့်တော့ ယိုးဒယားနိုင်ငံမှာ သာသနာပိုင် ဆရာတော်ကတော့ သူတို့ တစ်ဆယ့်သုံးလက်မခွဲဆိုတာ အဲဒီလောက်ကိုပဲ အခုထက်ထိ မြတ်စွာဘုရားရဲ့ တစ်ထွာလို့ သူတို့ ယူဆတဲ့အကြောင်း ရှင်းလင်း ပြောကြားပါတယ်နော်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ နိမ့်တဲ့ အလွန်နိမ့်နေတဲ့ ကုတင်ငယ်, ညောင်စောင်းငယ်ပေါ်မှာ ကျိန်းစက်တယ်။

[?] ဆိုတာက အခု ယောဂီတွေ ထိုင်နေတဲ့ သင်ဖြူးဖျာ ဆိုလို့ရှိရင်တော့ ဒါ [?] အခင်းထဲမှာပဲ ပါပါတယ်။ အဲဒီလို အခင်းလေး တစ်ခုခုလောက်ပဲ ခင်းပြီးတော့ အိပ်စက်တယ်။ ဒီလုပ်ငန်းပဲနော်။ အဲဒီ လုပ်ငန်းကို ပြုလုပ်မယ်ဆိုပြီးတော့ တကယ်လက်တွေ့ ရဟန္တာပုဂ္ဂိုလ်တွေကို အတုယူပြီ
k3zsjg32koriwujg83tg8lr7tnh6911 မင်္ဂလသုတ်-၆၅/၉၇ 0 6300 21988 2026-05-21T21:06:07Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၆၅/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၆၄..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21988 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၆၅/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၆၄/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၆၆/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ်-၆၅

ဣမိနာပင်္ဂေန အရဟတံ အနုကရောမိ, ဥပေါသထော စ မေ ဥပဝုတ္ထော ဘဝိဿတိ။

ဣမိနာ အင်္ဂေန၊ ဤအင်္ဂါရပ်ဖြင့်လည်းပဲ။ အရဟတံ၊ ရဟန္တာပုဂ္ဂိုလ်တို့ကို။ အနုကရောမိ၊ အတုလိုက်၍ ငါကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေအံ့။ ဥပေါသထော စ၊ ဥပုသ်ကိုလည်းပဲ။ ဥပဝုတ္ထော၊ ကျင့်သုံးခြင်းသည်။ ဘဝိဿတိ၊ ဖြစ်စေလိမ့်မယ်။ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ နီစသယနံ၊ နိမ့်သောနေရာ၌ အိပ်ခြင်းကို။ ကရောတိ၊ ပြုကျင့်လေ၏။

ရဟန္တာပုဂ္ဂိုလ်တို့ကို အတုလိုက်ပြီးတော့ ငါ ကျင့်မယ်။ ငါ့မှာ ဥပုသ်သီတင်း စောင့်သုံးခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်လည်း ဖြစ်လိမ့်မယ် ဆိုပြီး နှလုံးပိုက်ပြီးတော့ နိမ့်တဲ့နေရာမှာ အိပ်တယ်နော်။ အားလုံးပေါင်းလိုက်တော့ အင်္ဂါဘယ်နှစ်ချက်လဲ? ရှစ်ချက်နော်။

ဣမိနာ အဋ္ဌမေန အင်္ဂေန သမန္နာဂတော ဟောတိ။

ဣမိနာ အဋ္ဌမေန အင်္ဂေန၊ ဤရှစ်ခုမြောက် အင်္ဂါရပ်နှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။

ပေါင်းလိုက်တော့ ဥပုသ်အင်္ဂါ ဘယ်နှစ်ပါး ဖြစ်သွားသလဲ? ရှစ်ပါး။

ဧဝံ ဥပဝုတ္ထော ခေါ, ဝိသာခေ, အဋ္ဌင်္ဂသမန္နာဂတော ဥပေါသထော မဟပ္ဖလော ဟောတိ မဟာနိသံသော မဟာဇုတိကော မဟာဝိပ္ဖါရော။

ဝိသာခေ၊ ဝိသာခါကျောင်းအမ။ ဧဝံ၊ ဤသို့။ ဥပဝုတ္ထော ခေါ၊ ကျင့်သုံးအပ်သော။ အဋ္ဌင်္ဂသမန္နာဂတော၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ ဥပေါသထော၊ ဥပုသ်သည်။ မဟပ္ဖလော၊ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရင်း ရှိသည်။ မဟာနိသံသော၊ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးဆက် အာနိသင် ရှိသည်။ မဟာဇုတိကော၊ ကြီးကျယ်ဖွံ့ဖြိုး မြင့်မြတ်သော တလက်လက် တောက်ပမှု ရှိသည်။ မဟာဝိပ္ဖါရော၊ ကြီးကျယ်ပြန့်ကားသော အကျိုးတရား ထင်ရှားရှိသည်။ ဟောတိ၊ ဖြစ်ပါပေ၏။

ဒီလို ဘုရား ဟောထားတယ်နော်။ ဘယ်လောက်ထိ အကျိုးတရားတွေ ကြီးတယ်ဆိုတာနဲ့ ပတ်သက်လို့ မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတယ်နော်။

ဌာနံ ခေါ ပနေတံ, ဝိသာခေ, ဝိဇ္ဇတိ ယံ ဣဓေကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသိတွာ ကာယဿ ဘေဒါ ပရံ မရဏာ စာတုမဟာရာဇိကာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇေယျ။

ဝိသာခေ၊ ကျောင်းအမ ဝိသာခါ။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော။ ဣတ္ထီ ဝါ၊ အမျိုးသမီးသည်သော်လည်းကောင်း။ ပုရိသော ဝါ၊ အမျိုးသားသည်သော်လည်းကောင်း။ အဋ္ဌင်္ဂသမန္နာဂတံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ ဥပေါသထံ၊ ဥပုသ်ကို။ ဥပဝသိတွာ၊ ကျင့်သုံးခြင်းကြောင့်။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပျက်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ စာတုမဟာရာဇိကာနံ ဒေဝါနံ၊ စာတုမဟာရာဇ်နတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော်၏ အဖြစ်သို့။ ဥပပဇ္ဇေယျ၊ အကြင် ကပ်ရောက်၍ နေလေရာ၏။ ယံ ဧတံ ဌာနံ ခေါ၊ ဤကဲ့သို့သော ကပ်ရောက်ရခြင်းဟု ခေါ်ဆိုအပ်တဲ့ အကြောင်းအရာမျိုးသည်။ ဝိဇ္ဇတိ၊ ထင်ရှားဧကန် ရှိသည် အမှန်သာတည်း။

ဒီလို အင်္ဂါရှစ်တန်နဲ့ ပြည့်ပြည့်စုံစုံ စနစ်တကျ ကျင့်သုံးလိုက်တဲ့ ဥပုသ်။ အဲဒီ အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံတဲ့ ဥပုသ်ကို ကျင့်သုံးခြင်းတည်းဟူသော အကြောင်းကြောင့် ကိုယ်ခန္ဓာ ပျက်စီးပြီးသည်မှ နောက်ကာလ၌ စုတိပျက်ကြွေ သေလွန်ပြီးတဲ့အခါ စာတုမဟာရာဇ်နတ်တို့ရဲ့ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်နိုင်တယ်ဆိုတဲ့ ဒီအကြောင်းအရာသည် ထင်ရှားဧကန် ရှိနေတယ်နော်။ ဒါက ဘာဖြစ်လို့လဲ? မိမိက အလိုရှိခဲ့ရင် ပြောတာပါ။ ဘာဖြစ်လို့ ဒီလို ဖြစ်ရသလဲလို့ မေးရင်တော့ -

"ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ" ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဝိသုဒ္ဓတ္တာ၊ သီလစင်ကြယ်နေသည့် အတွက်ကြောင့်။ ီသလဝတော၊ သီလရှိတဲ့ ပုဂ္ဂိုလ်၏။ စေတောပဏိဓိ၊ စိတ်၏ တောင့်တချက်ဟူသမျှသည်။ ဣဇ္ဈတိ၊ မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်ပေ၏။

ချစ်သားရဟန်းတို့ ... သီလ စင်ကြယ်နေတဲ့အတွက်ကြောင့် သီလရှိတဲ့ သူတော်ကောင်းတို့ရဲ့ စိတ်ရဲ့ တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြီးစီး ပြည့်စုံတတ်တယ်။ မိမိကပေါ့နော် အခုလို အင်္ဂါရှစ်တန်နဲ့ ပြည့်စုံနေတဲ့ ဥပုသ်ကို စင်စင်ကြယ်ကြယ်သာ စောင့်သုံးပါ။ ဒီဥပုသ်ကံကို စောင့်သုံးရခြင်းတည်းဟူသော အကြောင်းကြောင့် မိမိကလည်း အလိုရှိခဲ့မယ်ဆိုရင် ရွေးချယ်ခွင့် ကြိုက်တဲ့နတ်ဘုံ ရွေးချယ်ခွင့်တော့ ရှိပါတယ်နော်။ သို့သော် အခု စာတုမဟာရာဇ် နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့လည်း ရောက်နိုင်တယ်။ ရောက်လိုက်တဲ့ အချိန်အခါကျတော့ ဘုရားရှင်က ဘာလေး ဆက်ဟောသလဲ?

ဣဒံ ခေါ ပနေတံ, ဝိသာခေ, သန္ဓာယ ဘာသိတံ – ‘ကပဏံ မာနုသကံ ရဇ္ဇံ ဒိဗ္ဗံ သုခံ ဥပနိဓာယ’’’။

ဝိသာခေ၊ ချစ်သမီး ဝိသာခါ။ ဣဒံ ခေါ ပနေတံ၊ ဤအကျိုးတရားကို။ သန္ဓာယ၊ ရည်ရွယ်တော်မူ၍။ ဒိဗ္ဗံ သုခံ၊ နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာကို။ ဥပနိဓာယ၊ ထောက်ဆ၍။ မာနုသကံ ရဇ္ဇံ၊ လူသား လူလောက၌ ဖြစ်ပေါ်၍နေသော မင်းစည်းစိမ်ကို။ ကပဏံ၊ ငမွဲဟူ၍။ ဘာသိတံ၊ ငါဘုရား ဟောကြားပြသတော်မူအပ်ပါပေ၏။

ဇမ္ဗူဒိပ် တစ်ကျွန်းလုံးပေါ့။ တိုင်းကြီး တစ်ဆယ့်ခြောက်တိုင်း သို့မဟုတ် ဇမ္ဗူဒိပ် တစ်ကျွန်းလုံးကို အစိုးရတဲ့ မင်းစည်းစိမ်က တစ်ဖက် ရှိတယ်နော်။ တစ်ဖက်က နတ်စည်းစိမ်ဆိုတာ ရှိတယ်။ အကယ်၍ ဒီဥပုသ်သီတင်း ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်က နတ်စည်းစိမ်ကို လိုလားတောင့်တခဲ့မယ် ဆိုလို့ရှိရင်တော့ သေသည်၏ အခြားမဲ့၌ စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်နိုင်တယ်။ အဲဒီလို ရောက်ရှိသွားတဲ့ အချိန်အခါမှာ နတ်တို့ရဲ့ စည်းစိမ်က လူတို့ရဲ့ စည်းစိမ်နဲ့ တိုင်းတာ နှိုင်းစာကြည့်မယ် ဆိုရင်တော့ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးကို အစိုးရနေတဲ့ မင်းရဲ့ စည်းစိမ်သည် နတ်ရဲ့ စည်းစိမ်နဲ့ တိုင်းတာနှိုင်းစာကြည့်လိုက်ရင် ဇမ္ဗူဒိပ် တစ်ကျွန်းလုံးမှာ တည်ရှိနေတဲ့ လူတို့ရဲ့ စည်းစိမ်ဟာ ငမွဲလေးမျှသာ ဖြစ်တယ်။ ဘာဖြစ်လို့လဲ?

ဘုန်းကံအားလျော်စွာပေါ့လေ နတ်ဘုံဗိမာန်တွေဟာ ယူဇနာ သုံး,လေးရာအထိ ကျယ်ပြန့်ကြပါတယ်။ ရတနာ ခုနှစ်ပါးနဲ့ တည်ဆောက်ထားတဲ့ သို့မဟုတ် မိမိတို့ရဲ့ ဘုန်းကံအားလျော်စွာ ရတနာ အမျိုးမျိုးနဲ့ တည်ဆောက်ထားတဲ့ ဘုံဗိမာန်တွေ ဖြစ်ပါတယ်။ အကယ်၍ ရွှေဗိမာန်ကြီးတစ်ခုပဲ ဆိုကြပါစို့။ ရွှေတုံးရွှေခဲနော်။ ယူဇနာ သုံးဆယ် ဆိုလို့ရှိရင် တစ်ယူဇနာ ဆယ်မိုင်နှုန်းနဲ့ပဲ တွက်လိုက်မယ် ဆိုလို့ရှိရင် မိုင်ပေါင်း ဘယ်လောက် ဖြစ်သွားမလဲ? သုံး,လေးရာလောက် ဖြစ်မယ်နော်။ မိုင်ပေါင်း သုံး,လေးရာလောက် ကျယ်ပြန့်နေတဲ့ ရွှေတုံး, ရွှေခဲ အစုအပုံကြီး လူ့လောကမှာ ရှိတဲ့ ရွှေတွေ, ငွေတွေ စုပုံလိုက် ဒီလောက် များပြားပါ့မလား? မများပါဘူးနော်။

ဒါကြောင့် ဇမ္ဗူဒိပ် တစ်ကျွန်းလုံးကို သို့မဟုတ် တိုင်းကြီး တစ်ဆယ့် ခြောက်တိုင်းကို အစိုးရနေတဲ့ မင်းစည်းစိမ်ဟာ နတ်စည်းစိမ်နဲ့ တိုင်းတာ နှိုင်းစာကြည့်လိုက်မယ် ဆိုရင်တော့ ငမွဲလေးမျှသာ ဖြစ်တယ်။ ဒါက တစ်ချက်။ သက်တမ်းကို ကြည့်လိုက်ရင် အင်မတန် ကွာပါတယ်။ လူတို့ သက်တမ်းက အင်မတန် တိုတောင်းတဲ့ သဘော ရှိပါတယ်။ နတ်တို့ရဲ့ သက်တမ်းက လူတို့ရဲ့ သက်တမ်းနဲ့စာရင် အလွန် ရှည်လျားတယ်။ ရန်သူက လာပြီး နှိပ်စက်ညှဉ်းပန်းလို့လည်း မရနိုင်ဘူးနော်။ မိမိတို့ရဲ့ လူ့ပြည် လူ့လောကက ထူထောင်ထားခဲ့တဲ့ ဘုန်းကံ ပါရမီ ကုသိုလ်ကံ အရှိန်အဝါတွေက အဆင့်အတန်း မြင့်မယ်ဆိုရင် အဆင့်အတန်း မြင့်သလို အကျိုးပေးနိုင်တဲ့ စွမ်းအား ရှိတယ်နော်။

ဒါကြောင့် အကယ်၍များ ဒီသူတော်ကောင်းတစ်ဦးက တာဝတိံသာ နတ်ပြည်ကို ရွေးချယ်ခဲ့ရင် တာဝတိံသာ နတ်ပြည်ရောက်နိုင်တယ်။ ယာမာ, တုသိတာ, နိမ္မာနရတီ, ပရနိမ္မိတဝသဝတ္တီ ခေါ်တဲ့ နတ်ပြည်ခြောက်ထပ် ဘယ်နတ်ပြည် ကြိုက်သလဲ ကြိုက်တဲ့နတ်ပြည် ရွေးချယ်မယ်ဆိုရင် ရွေးချယ်ခွင့် ရှိတယ်။ အဲဒီ နတ်စည်းစိမ်တွေက တစ်ဆင့်ထက် တစ်ဆင့် သာလွန်ပြီးတော့ မြင့်မြတ်သွားပါတယ်။ သက်တမ်းကလည်း တစ်ဆင့်ထက် တစ်ဆင့် သာလွန်ပြီးတော့ ရှည်သွားပါတယ်။ လူ့စည်းစိမ်ဆိုတာ နတ်စည်းစိမ်နဲ့ တိုင်းတာလိုက်ရင် ငမွဲလေးမျှသာ ဖြစ်ပါတယ်။ အဲဒီလောက် ကြီးကျယ်မြင့်မားနေတဲ့ အကျိုးတရားတွေကို ဒီ ဥပုသ် စောင့်သုံးခြင်းဆိုတဲ့ သဘောတရားက ရရှိစေနိုင်တယ် ဆိုပြီးတော့ ဝိသာခါ ကျောင်းအမကြီးကို မြတ်စွာဘုရားက ဟောတယ်။ ဥပုသ်သီတင်း စောင့်သုံးခြင်းတည်းဟူသော အကြောင်းကြောင့် ရရှိတဲ့ အကျိုးတရားတွေပဲ။ သို့သော် အဲဒီလို အကျိုးတရားတွေကို ကျိန်းသေဧကန် ရရှိတယ်ဆိုတာ ဘယ်လို သူတော်ကောင်းတွေ ရရှိသလဲ? များသောအားဖြင့် ဝိသာခါ ကျောင်းအမတို့လို တလောက ဘုန်းကြီးပြောခဲ့တဲ့ ဥပေါသထ နတ်သမီးတို့လို အရိယာ သူတော်ကောင်းတွေလည်း ဖြစ်ပြီးတော့ ဒီဥပုသ်သီတင်းသာ စောင့်သုံးခဲ့ရင် ကျိန်းသေ မိမိတို့ မျှော်လင့်နေတဲ့ အကျိုးတရားတွေကို အဆင့်အတန်း မြင့်မြင့်နဲ့ ရရှိနိုင်တယ်။ ဒီတော့ အရိယာသူတော်ကောင်း ဖြစ်ခဲ့ရင် ကျိန်းသေဧကန် ရရှိနိုင်တယ်ဆိုတာက ဘာဖြစ်လို့ ပြောရသလဲ?

ပုထုဇန်တို့ရဲ့ ဥပုသ်သီလကတော့ များသောအားဖြင့်တော့ နည်းနည်းလေး စင်ကြယ်မှု အားနည်းတယ်နော်။ စင်ကြယ်မှု အားနည်းတယ် ဆိုတာကတော့ ဒီဥပုသ်ကို ခြံရံထားတဲ့ သီလ, တကယ့် ဖြူဖွေးတဲ့ သီလ သိပ်မဟုတ်လှပါဘူး။ ဒီဥပုသ်မှာ သမာဓိ ခြံရံထားမှု ပုထုဇန်မှာ များသောအားဖြင့် ရှိချင် ရှိမယ်၊ မရှိသော်လည်း ဖြစ်ချင်ဖြစ်မယ်။ တစ်ခါ ဒီဥပုသ်ကံကို ဝိပဿနာ ဉာဏ်ပညာဖြင့် ထုံမွမ်းထားတဲ့ ဥပုသ် ဖြစ်ချင်လည်း ဖြစ်မယ်၊ မဖြစ်သော်လည်း ရှိမယ်။ စာကလေး ဥပုသ်တို့, နဂါးဥပုသ်တို့လည်း ဖြစ်ချင် ဖြစ်နေလိမ့်မယ်။ ခုနက ပေါက်တော ဥပုသ်လည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။

ဒါကြောင့် ပုထုဇန် လူသားတွေရဲ့ စောင့်ထိန်းထားတဲ့ ဥပုသ်တွေက အရိယာသူတော်ကောင်းတို့ရဲ့ ဥပုသ်နဲ့ တိုင်းတာ နှိုင်းစာကြည့်ရင်တော့ ဖြူစင်မှုခြင်း, အသိအလိမ္မာ ဉာဏ်ပညာ ခြံရံထားပုံခြင်း မကွာဘူးလား? ကွာနေတယ်နော်။ အဲဒီလို ကွာဟချက် ရှိတဲ့အတွက် ပုထုဇန်တို့ရဲ့ ဥပုသ်ကတော့ အကျိုးပေးတဲ့နေရာမှာ အရိယာသူတော်ကောင်းရဲ့ ဥပုသ်စံချိန်ကိုတော့ မီအောင် လိုက်နိုင်တဲ့ သဘောတော့ မရှိဘူး။ အခု ဒီနေရာမှာတော့ ဘုရားရှင်က အထူးသဖြင့် အရိယာသူတော်ကောင်းတို့ရဲ့ ဥပုသ်သီတင်း စောင့်သုံးခြင်းကို အထူးရည်ညွှန်းပြီးတော့ ဟောနေပါတယ်နော်။ ဟောပြီးပြီ။

နောက်ထပ် မြတ်စွာဘုရား [ဝါသေဋ္ဌ] ခေါ်တဲ့ ဒါယကာတစ်ဦးနဲ့ မြတ်စွာဘုရား တွေ့ပြန်တယ်။ တွေ့လိုက်တဲ့ အချိန်အခါမှာလည်း ဘုရားရှင်က ဒီဥပုသ်စောင့်သုံးရခြင်းရဲ့ အကျိုးတရားတွေကို ဝိသာခါ ကျောင်းအမကြီးကို ဟောပြတဲ့ ပုံစံအတိုင်းပဲ ထပ်မံပြီး ဟောပြန်တယ်။ ဟောလိုက်တဲ့ အချိန်အခါကျတော့ [ဝါသေဋ္ဌ] အမည်ရှိတဲ့ ဒါယကာကြီးက မြတ်စွာဘုရားကို ဘာပြန်လျှောက်ထားသလဲ?

မြတ်စွာဘုရား ... ဒီလို အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးကျေးဇူး ရှိနေတဲ့ ဒီဥပုသ်ကို အကယ်၍ မင်းမျိုးမင်းနွယ်မှာ တည်ရှိနေတဲ့ ခတ္တိယ မဟာသာလခေါ်တဲ့ သူဌေးသူကြွယ်တွေဟာ စောင့်သုံးမယ်ဆိုရင် ထိုမင်းမျိုးမင်းနွယ်တွေအတွက် အလွန် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးအာနိသင်တွေကို ရရှိစေနိုင်ပါတယ်။ အကယ်၍ ပုဏ္ဏား သူဌေးသူကြွယ်တွေ ပုဏ္ဏားမျိုးတွေကလည်း ဒီဥပုသ်ကို စောင့်သုံးမယ် ဆိုလို့ရှိရင် အလွန် အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတရားတွေကို ရရှိစေနိုင်ပါတယ်။ နေ့ညဉ့် သံသရာ ရှည်မြင့်စွာက အချိန်အခါကာလပတ်လုံး လူ,နတ်,နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားကို ရရှိဖို့ရန်, ချမ်းသာဖို့ရန်အတွက် ဖြစ်ပါတယ် မြတ်စွာဘုရား ...။

အလားတူပဲ ကုန်သည်တွေ, သူဆင်းရဲတွေကလည်း အမျိုးလေးပါး ပေါ့နော်။ မင်း, ပုဏ္ဏား, သူဌေးသူကြွယ်, ဂဟပတိနော် သူဆင်းရဲ။ ဒီအမျိုးလေးပါးလုံးဟာ ဒီအင်္ဂါရှစ်ပါးနဲ့ ပြည့်စုံနေတဲ့ ဥပုသ်ကို အကယ်၍ စောင့်သုံးခဲ့မယ် ဆိုလို့ရှိရင် ဒီအမျိုးလေးပါးလုံးအတွက် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး လူ,နတ်,နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားကို ရရှိဖို့ရန်အတွက် ချမ်းသာသုခကို ရရှိဖို့ရန်အတွက်ပဲ ဖြစ်ပါတယ် ဆိုပြီးတော့ လျှောက်ထားတယ်။ ပြီးတော့ ဆက်ပြီးတော့ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က ဘာအမိန့်ရှိသလဲ?

‘‘ဧဝမေတံ, ဝါသေဋ္ဌ, ဧဝမေတံ, ဝါသေဋ္ဌ!

ဝါသေဋ္ဌ၊ ဒါယကာ။ ဧတံ၊ ဤစကားသည်။ ဧဝံ၊ သင်ဆိုသည့်အတိုင်း မှန်လှပေ၏။ ဝါသေဋ္ဌ၊ ဝါသေဋ္ဌ။ ဧတံ၊ ဤစကားသည်။ ဧဝံ၊ ဤသင်ဆိုသည့်အတိုင်း မှန်လှပေ၏။

သူပြောတဲ့အတိုင်း မှန်တယ်။

သဗ္ဗေ စေပိ, ဝါသေဋ္ဌ, ခတ္တိယာ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသေယျုံ, သဗ္ဗေသမ္ပိဿ ခတ္တိယာနံ ဒီဃရတ္တံ ဟိတာယ သုခါယ။

ဝါသေဋ္ဌ၊ ဝါသေဋ္ဌ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ခတ္တိယာ၊ မင်းမျိုး-မင်းနွယ်တို့သည်။ အဋ္ဌင်္ဂသမန္နာဂတံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ ဥပေါသထံ၊ ဥပုသ်ကို။ စေ ဥပဝသေယျုံ၊ အကယ်၍များ ကျင့်သုံးကြကုန်ငြားအံ့။ သဗ္ဗေသမ္ပိ၊ ခပ်သိမ်းကုန်သော။ ဧတေသံ ခတ္တိယာနံ၊ မင်းမျိုးမင်းနွယ်တို့အားလည်းပဲ။ ဒီဃရတ္တံ၊ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး။ ဟိတာယ၊ လူ,နတ်,နိဗ္ဗာန် သုံးတန်သော ချမ်းသာတည်းဟူသော အစီးအပွားအလို့ငှာ။ သုခါယ၊ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း အလို့ငှာ။ အဿ၊ ဖြစ်လေရာ၏။

ဝါသေဋ္ဌ မင်းမျိုးမင်းနွယ် ဇာတ်ရှိနေတဲ့ ပုဂ္ဂိုလ်အားလုံးဟာ အကယ်၍များ ဒီအင်္ဂါရှစ်ပါးနဲ့ ပြည့်စုံနေတဲ့ ဥပုသ်သီတင်းကို စောင့်သုံးကြမယ်ဆိုရင် မင်းမျိုးမင်းနွယ် အားလုံးအတွက် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး လူ,နတ်,နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကြီးတွေကို ရရှိဖို့ရန်၊ အကျိုးစီးပွားတွေကို ရရှိဖို့ရန်အတွက် ဖြစ်စေလိမ့်မယ်။

သဗ္ဗေ စေပိ, ဝါသေဋ္ဌ, ဗြာဟ္မဏာ…ပေ… ဝေဿာ… သုဒ္ဒါ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသေယျုံ, သဗ္ဗေသမ္ပိဿ သုဒ္ဒါနံ ဒီဃရတ္တံ ဟိတာယ သုခါယ။

ဝါသေဋ္ဌ၊ ဝါသေဋ္ဌ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ စေပိ၊ အကယ်၍များ။ ဗြာဟ္မဏာ၊ ဗြာဟ္မဏတို့သည်။ ဝေဿာ၊ ကုန်သည် လယ်လုပ် ဝေဿတို့သည်။ သုဒ္ဒါ၊ ဆင်းရဲသား သုဒ္ဒတို့သည်။ အဋ္ဌင်္ဂသမန္နာဂတံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ ဥပေါသထံ၊ ဥပုသ်ကို။ ဥပဝသေယျုံ၊ ဆောက်တည် ကျင့်သုံးကြကုန်ငြားအံ့။ သဗ္ဗေသမ္ပိ၊ ခပ်သိမ်းကုန်သော။ ဧတေသံ၊ ထို။ ဗြာဟ္မဏာနံ၊ ဗြာဟ္မဏတို့အားလည်းကောင်း။ ဝေဿာနံ၊ ဝေဿတို့အားလည်းကောင်း။ သုဒ္ဒါနံ၊ သုဒ္ဒတို့အားလည်းကောင်း။ ဒီဃရတ္တံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး။ ဟိတာယ၊ စီးပွားချမ်းသာအလို့ငှာ။ သုခါယ၊ ချမ်းသာခြင်းအလို့ငှာ။ သိယာ၊ ဖြစ်လေရာ၏။

ပုဏ္ဏားအားလုံး, ကုန်သည်အားလုံး, သူဆင်းရဲ အားလုံး သူတစ်ပါး အားလုံးပေါ့နော်။ အဲဒီ အမျိုးလေးပါး အားလုံးက ဒီအင်္ဂါရှစ်ပါးနဲ့ ပြည့်စုံနေတဲ့ ဥပုသ်ကို အကယ်၍များ စောင့်သုံးကြမယ်ဆိုရင် ခပ်သိမ်းကုန်သော ပုဏ္ဏားတွေ, ကုန်သည်တွေ, သူဆင်းရဲတွေဆိုတဲ့ ဒီအမျိုးလေးပါးလုံးအတွက် အားလုံးအတွက် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး လူ,နတ်,နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားအလို့ငှာ, ချမ်းသာအလို့ငှာ ဖြစ်စေလိမ့်မယ် ဆိုပြီးတော့ မြတ်စွာဘုရား ဟောတယ်နော်။

ဒါတင် မြတ်စွာဘုရား ရပ်သလား? မရပ်ဘူး။ နည်းနည်းလေး စဉ်းစားကြည့်ပေါ့နော်။ တစ်လောကလုံး ကြီးပွားချမ်းသာရေးပဲ။ မင်းတွေကော, သူဌေးသူကြွယ်တွေကော, ပုဏ္ဏားတွေကော, သူဆင်းရဲတွေကော အမျိုးလေးပါး အားလုံးက ဒီအင်္ဂါရှစ်ပါးနဲ့ ပြည့်စုံနေတဲ့ ဥပုသ်သီတင်းတွေကို အမြဲတမ်း စောင့်သုံးနေခဲ့မယ်ဆိုရင် တစ်လောကလုံးမှာ ဒကာကြီးတွေ လူသတ်သမားတွေဆိုတာ ရှိနိုင်ပါဦးမလား? မရှိနိုင်တော့ဘူး။

သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်, ပါဏာတိပါတကံတွေ လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်တွေ ရှိဦးမလား? မရှိတော့ဘူး။ သူ့ပစ္စည်း မတရားယူနေတဲ့ ပုဂ္ဂိုလ်တွေ ရှိဦးမလား? မရှိတော့ဘူး။ သူ့သားမယား ဖျက်ဆီးတဲ့ ပုဂ္ဂိုလ်, မမြတ်တဲ့ အကျင့်တွေကို ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါဦးမလား? မရှိတော့ဘူး။ မုသားပြောတဲ့ ပုဂ္ဂိုလ်ကော ရှိဦးမလား? မရှိတော့ဘူး။ မူးယစ်ဆေးဝါး မှီဝဲ စားသောက်နေတဲ့ ပုဂ္ဂိုလ်ကော ရှိဦးမလား? မရှိတော့ဘူး။ နေ့လွဲညစာ စားတဲ့ ပုဂ္ဂိုလ်တွေလည်း မရှိတော့ဘူးနော်။ ပြီးတော့ ကတာ, ခုန်တာ, တီးတာ, မှုတ်တာ, သီဆိုတာတွေကို ကြည့်ရှုနားထောင်နေတဲ့ ပုဂ္ဂိုလ်တွေ မရှိတော့ဘူးနော်။

အဲဒီတော့ အဲဒီလို လောကကြီးတစ်ခုကို နည်းနည်း အာရုံယူကြည့်စမ်းပါ။ ဒီလို အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံတဲ့ ဥပုသ်ကို စောင့်ထိန်းတဲ့ လူ့လောကကြီး တစ်ခုလုံးက စောင့်ထိန်းနေကြပြီဆိုရင် တစ်လောကလုံး ချမ်းသာမလား, ဆင်းရဲမလား? ချမ်းသာတွေပဲ။ အားလုံးက အကယ်၍ လိုက်နာပါ။ ဒါတင်လားဆိုတော့ မကသေးဘူး။ ဘုရားရှင်က ဆက်ဟောတယ် -

သဒေဝကော စေပိ, ဝါသေဋ္ဌ, လောကော သမာရကော သဗြဟ္မကော သဿမဏဗြာဟ္မဏီ ပဇာ သဒေဝမနုဿာ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသေယျုံ, သဒေဝကဿပိဿ လောကဿ သမာရကဿ သဗြဟ္မကဿ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ဒီဃရတ္တံ ဟိတာယ သုခါယ။

ဝါသေဋ္ဌ၊ ဒါယကာ ဝါသေဋ္ဌ။ သဒေဝကော စေပိ၊ နတ်နှင့်တကွသော တစ်လောကလုံးသည်လည်းကောင်း။ သမာရကော၊ နတ်ပြည်နှင့်တကွသော။ သဗြဟ္မကော၊ ဗြဟ္မပြည်နှစ်ဆယ်နှင့်တကွသော။ သဿမဏဗြာဟ္မဏီ၊ ရဟန်းပုဏ္ဏားနှင့်တကွသော။ ပဇာ၊ သတ္တဝါအပေါင်းသည်လည်းကောင်း။ သဒေဝမနုဿာ၊ သမုတိနတ်တည်းဟူသော မင်း, ကြွင်းသော လူနှင့်တကွသော။ လောကော၊ သတ္တဝါအပေါင်းသည်လည်းကောင်း။ အဋ္ဌင်္ဂသမန္နာဂတံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံနေသော။ ဥပေါသထံ၊ ဥပုသ်ကို။ ဥပဝသေယျုံ၊ အကယ်၍မူလည်း ကျင့်သုံး ဆောက်တည်ကြကုန်ငြားအံ့။ သဒေဝကဿပိဿ၊ နတ်နှင့်တကွသော တစ်လောကလုံးသည်လည်းကောင်း။ သမာရကဿ၊ နတ်ပြည်နှင့်တကွသော။ သဗြဟ္မကဿ၊ ဗြဟ္မပြည်နှစ်ဆယ်နှင့်တကွသော။ သဿမဏဗြာဟ္မဏိယာ၊ ရဟန်းပုဏ္ဏားနှင့်တကွသော။ ပဇာယ၊ သတ္တဝါအပေါင်းသည်လည်းကောင်း။ သဒေဝမနုဿာယ၊ သမုတိနတ်တည်းဟူသော မင်း, ကြွင်းသော လူနှင့်တကွသော။ ဒီဃရတ္တံ၊ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး။ ဟိတာယ၊ လူ,နတ်,နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားအလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ။ သိယာ၊ ဖြစ်လေရာ၏။

ဒကာတော် ဝါသေဋ္ဌ ... နတ်ပြည်ခြောက်ထပ် ဝသဝတ္တီ နတ်ပြည်က အထက်ဖြစ်လို့နော်။ ဝသဝတ္တီ နတ်ပြည်နှင့်တကွသော နတ်ပြည် ခြောက်ထပ်မှာ တည်ရှိနေတဲ့ နတ်အားလုံး, ဗြဟ္မာပြည် နှစ်ဆယ်မှာ တည်ရှိနေတဲ့ ဗြဟ္မာအားလုံး, လူလောကမှာ ကြည့်မယ်ဆိုလို့ရှိရင်တော့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို သမုတိနတ်လို့ ခေါ်ပါတယ်။ ထို သမုတိ နတ်တည်းဟူသော မင်းနှင့်တကွ တိုင်းသူပြည်သား အားလုံး, ရဟန်းပုဏ္ဏား အားလုံးပဲနော်။ အဲဒီ ပုဂ္ဂိုလ်တွေက အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံနေတဲ့ ဥပုသ်ကို အကယ်၍များ ဆောက်တည်ကျင့်သုံးကြမယ် ဆိုလို့ရှိရင် -

နတ်နှင့်တကွသော တစ်လောကလုံး, ဗြဟ္မာပြည် နှစ်ဆယ်နှင့်တကွသော တစ်လောကလုံး, သမုတိ နတ်တည်းဟူသော မင်း၊ ကြွင်းသော လူနှင့်တကွသော တစ်လောကလုံး, လူသားလောက တစ်လောကလုံး, ရဟန်းပုဏ္ဏားနှင့်တကွသော တစ်လောကလုံးသည် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး လူ,နတ်,နိဗ္ဗာန် သုံးတန်သော ချမ်းသာဆိုတဲ့ အကျိုးစီးပွားတွေလည်း ရှိလိမ့်မယ်။ ချမ်းသာသုခ = ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းဆိုတဲ့ ချမ်းသာသုခတွေလည်း ရရှိလိမ့်မယ်။ ဒီလို မြတ်စွာဘုရား ဟောတယ်နော်။

ပြီးတော့ နည်းနည်း စဉ်းစားကြည့်ပါ။ ဒကာကြီးတွေ တစ်လောကလုံးသာ အခု အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံနေတဲ့ ဥပုသ်ကို ကျင့်သုံးကြမယ်ဆိုရင် တစ်လောကလုံးမှာ ချမ်းသာမယ်လို့ ဘုရားက ဟောတော့ ဘုရားရှင်ရဲ့ ဥပုသ်သီတင်း စောင့်သုံးခြင်းဆိုတဲ့ ဒီကျင့်ဝတ် ပဋိပတ်သည် လောက ကြီးပွားချမ်းသာရေးအတွက် ကျေးဇူးများစွာ မပြုနိုင်ဘူးလား? ပြုနိုင်ပါတယ်။ ဒါပေမဲ့ တချို့ပုဂ္ဂိုလ်တွေက ဘာပြောသလဲ? လောကမှာ လူတွေဟာတဲ့ ဘာသာရေးနဲ့ လူမှုရေး မကွဲကြဘူး။ သူတို့ပြောတဲ့ စကားကနော်။ တစ်ချိန်တုန်းက ဘုန်းကြီး တောထဲနေတော့ ဘုန်းကြီးကျောင်းဒကာကြီးရဲ့ သားလေးတစ်ယောက်ပဲ။ သူက လာပြောတယ် -

အရှင်ဘုရား ... လောကမှာ လူတွေဟာ လူမှုရေးနဲ့ ဘာသာရေးကို သူတို့က မကွဲကြဘူး။ ဟေ့ကောင် ... မင်းဘာပြောတာလဲ။ ဦးပဉ္စင်းက သူ့ကို မေးကြည့်တယ်။ လူမှုရေးဆိုတာ မင်းဘာပြောတာလဲ။ သူနည်းနည်း အမ်းသွားတယ်။ တကယ်တော့ လူတွေဟာ တစ်လောကလုံးမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေ သူ့အသက် မသတ်ကြဘူး၊ သူ့ပစ္စည်း မတရား မယူဘူး၊ သူ့သားမယား မဖျက်ဆီးဘူး၊ မုသားစကားတွေ မပြောဘူး၊ ပြိန်ဖျင်းတဲ့ စကားတွေ မပြောဘူး၊ ကုန်းစကားတွေ မပြောဘူး၊ ကြမ်းတမ်းတဲ့စကားတွေ မပြောဘူး၊ မူးယစ်ဆေးဝါးတွေ မသုံးစွဲဘူး ရှောင်ကြဉ်တယ်။ ဒီငါးပါးသီလပဲ မြဲကြည့်ပါ။

အဲဒီ ငါးပါးသီလ အကုန်လုံး မြဲနေကြမယ်ဆိုရင် အဲဒီ မြဲနေတဲ့ ကျေးရွာတစ်ခု ချမ်းသာမှု ရှိမလား, မရှိဘူးလား? မြဲနေတဲ့ မြို့နယ်တစ်နယ် ချမ်းသာမှု ရှိမလား, မရှိဘူးလား? မြဲနေတဲ့ တိုင်းပြည် တစ်ပြည် ချမ်းသာမှု ရှိမလား, မရှိဘူးလား? မင်းစဉ်းစား။ အဲဒီလိုဆိုရင် ဒါဟာ လူ့ရဲ့အရေး လူမှုရေးလို့ မပြောနိုင်ဘူးလား? သူ့ကို ဦးပဉ္စင်းက မေးတယ်နော်။ ဒီတော့ ဒီဥစ္စာက လူမှုရေးပါ။ လူမှုရေး ဆိုပေမယ့်လို့ ဦးပဉ္စင်းတို့ ဘာသာရေးက ဟို တခြားတခြား ဘာသာတွေလို ရွှေတိဂုံဘုရား သွားတဲ့ အချိန်အခါကျမှ ဝတ်ရုံသွားရတဲ့ အပေါ်က ကုတ်အကျႌလား ဘာလား? အပေါ်အကျႌနော် ရှပ်အကျႌလို ပုံစံမျိုး ဟုတ်သလား? မဟုတ်ပါဘူးနော်။ ငါးပါးသီလ ဘယ်လောက်ထိ မြဲရမလဲ? နှစ်ဆယ့်လေးနာရီ မြဲရမယ်နော်။ တစ်နေ့တာမှာ နှစ်ဆယ့်လေးနာရီရှိတော့ နှစ်ဆယ့်လေးနာရီ ကာလပတ်လုံး ငါးပါးသီလ မြဲရမယ်။ လူမှုရေးသည် တစ်နေ့မှာ ဘယ်လောက်ရှိသလဲ? နှစ်ဆယ့်လေးနာရီပဲ။

ဒီတော့ နှစ်ဆယ့်လေးနာရီ ကာလပတ်လုံး အဲဒီ ငါးပါးသီလ မြဲရမယ်ဆိုရင် အဲဒီ ငါးပါးသီလ မြဲခြင်းဆိုတဲ့ နှစ်ဆယ့်လေးနာရီဟာ လူရဲ့အရေးလို့ မပြောနိုင်ဘူးလား? လူမှုရေးလို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်နော်။ ဒါကြောင့် မင်း [?] ကွယ်။ မသိတဲ့ လူက ပြောတော့ နားမလည်တဲ့ လူက ယုံဆိုတာ မင်းပဲလို့ ဦးပဉ္စင်းကတော့ ပြောလိုက်တယ်။ မဟုတ်ဘူးလား? ဒကာကြီးတွေ။ ဟုတ်နေပါတယ်။ ဘုရားရှင်က အခု ဒီနေရာမှာ ဘယ်လောက်ထိ ဟောသလဲ?

ဣမေ စေပိ, ဝါသေဋ္ဌ, မဟာသာလာ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသေယျုံ

ထိုအချိန်အခါမှာ ဝါသေဋ္ဌကို မြတ်စွာဘုရားက ဒီတရား ဟောနေတဲ့ အချိန်အခါမှာ တောအုပ်တစ်ခုအတွင်းလို့ ယူဆရပါတယ်နော်။ အဲဒီတော့ တောအုပ်ကလေး တစ်ခုအတွင်းမှာ ဘုရားဟောနေတာဖြစ်တော့ ဘုရားရှင်နဲ့ ဝါသေဋ္ဌတို့ရဲ့ မျက်နှာချင်းဆိုင်မှာ ဒီတောအုပ်အတွင်းမှာ အင်ကြင်းပင်ကြီး နှစ်ပင် ရှိနေတယ်နော်။ အဲဒီ အင်ကြင်းပင် နှစ်ပင်ကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရား ဘာဟောသလဲ?

ဣမေ စေပိ, ဝါသေဋ္ဌ, မဟာသာလာ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသေယျုံ, ဣမေသမ္ပိဿ မဟာသာလာနံ ဒီဃရတ္တံ ဟိတာယ သုခါယ။ ကော ပန ဝါဒေါ မနုဿဘူတဿ’’

ဝါသေဋ္ဌ၊ ဒကာတော် ဝါသေဋ္ဌ။ ဣမေ မဟာသာလာ စေပိ၊ ဤအင်ကြင်းပင်ကြီးတို့သည်လည်းပဲ။ အဋ္ဌင်္ဂသမန္နာဂတံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ ဥပေါသထံ၊ ဥပုသ်ကို။ စေတနာယ၊ စေတနာ ထင်ရှားရှိသည်ဖြစ်လျက်။ ဥပဝသေယျုံ၊ အကယ်၍ ဆောက်တည်ကျင့်သုံးကြကုန်သည် ဖြစ်ငြားအံ့။ ဣမေသမ္ပိ မဟာသာလာနံ၊ ဤအင်ကြင်းပင်ကြီးတို့သည်လည်းပဲ။ ဒီဃရတ္တံ၊ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံး။ ဟိတာယ၊ အစီးအပွားအလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ။ အဿ၊ ဖြစ်လေရာ၏။ မနုဿဘူတဿ၊ ဖြစ်သော ပုဂ္ဂိုလ်အဖို့မှာ။ ကော ပန ဝါဒေါ၊ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။

အင်ကြင်းပင်ကြီး နှစ်ပင်ကို လက်ညှိုးထိုးပြီးတော့ ဘုရားက ဟောတယ်။ အကယ်၍များ ဒကာတော် ဝါသေဋ္ဌ ဒီ အင်ကြင်းပင်ကြီး နှစ်ပင်ဟာ စိတ်စေတနာရှိတဲ့ အင်ကြင်းပင်ကြီးတွေ ဖြစ်နေလို့ ဒီအင်္ဂါရှစ်ပါးနှင့် ပြည့်စုံတဲ့ ဒီဥပုသ်ကို အကယ်၍ စောင့်သုံးခဲ့မယ်ဆိုရင် ဒီစိတ်စေတနာ ရှိနေတဲ့ အင်ကြင်းပင်ကြီး နှစ်ပင်အတွက်လည်းပဲ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံး အကျိုးစီးပွား ရှိဖို့ရန် ချမ်းသာသုခ ဖြစ်ဖို့ရန်လည်း အကြောင်းတရား ဖြစ်ပါလိမ့်မယ်။ လူသားဖြစ်တဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ ဘာပြောဖွယ်ရာ ရှိတော့လဲ ဆိုပြီးတော့ မြတ်စွာဘုရားက ဟောလိုက်တယ်။ ဒါက ကြားဖြတ်ပြီး ဟောတဲ့ ဒေသနာပါ။ ဥပုသ်သီတင်း စောင့်သုံးခြင်း သို့မဟုတ် သီလ စောင့်ထိန်းခြင်းသည် ဘယ်လောက်အထိ အဆင့်အတန်း မြင့်တဲ့ အကျိုးတရားတွေကို ရရှိစေနိုင်တယ် ဆိုတာကို သဘောပေါက်စေချင်တဲ့အတွက် မြတ်စွာဘုရားက ဟောတာ။ ဒီနေရာမှာ အဋ္ဌကထာ ဆရာတော်က ဘုရားရှင် ဆိုလိုတဲ့ အဓိပ္ပါယ်ကို သူက ရှင်းထားတယ်။

ဣမေ တာဝ မဟာသာလာ အစေတနာ။ သစေ ဧတေပိ သစေတနာ ဟုတွာ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထံ ဥပဝသေယျုံ, ဧတေသမ္ပိ သော ဥပေါသထဝါသော ဒီဃရတ္တံ ဟိတာယ သုခါယ အဿ။ ဘူတေ ပန ဝတ္တဗ္ဗမေဝ နတ္ထီတိ။

ဣမေ၊ ဤ။ မဟာသာလာ၊ အင်ကြင်းပင်ကြီးတို့သည်။ တာဝ၊ ကား။ အစေတနာ၊ စိတ်စေတနာ မရှိကြပါကုန်။ သစေ၊ အကယ်၍။ ဧတေပိ၊ ထိုအင်ကြင်းပင်ကြီးတို့သည်လည်းပဲ။ သစေတနာ၊ စေတနာတရား ထင်ရှားရှိကြကုန်သည်။ ဟုတွာ၊ ဖြစ်၍။ အဋ္ဌင်္ဂသမန္နာဂတံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ ဥပေါသထံ၊ ဥပုသ်ကို။ ဥပဝသေယျုံ၊ ဆောက်တည်ကုန်ရာအံ့။ ဧတေသမ္ပိ၊ ထိုအင်ကြင်းပင်ကြီးတို့အားလည်း။ သော ဥပေါသထဝါသော၊ ထိုဥပုသ်ဆောက်တည်ခြင်းသည်။ ဒီဃရတ္တံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။ ဟိတာယ၊ စီးပွားအလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ။ အဿ၊ ဖြစ်လေရာ၏။ ဘူတေ ပန၊ အသက်ဝိညာဉ်ရှိသော သတ္တဝါတို့၌မူကား။ ဝတ္တဗ္ဗမေဝ၊ ပြောဆိုဖွယ်ရာသည်။ နတ္ထိ၊ မရှိတော့ပြီ။

ဒီစိတ်စေတနာ တကယ်တော့ အင်ကြင်းပင်ကြီးတွေမှာ ဥပုသ်စောင့်တည်လိုတဲ့ စိတ်စေတနာ ထင်ရှား မရှိကြပါဘူး။ ဒါပေမဲ့လို့ အကယ်၍ စိတ်စေတနာ ရှိပြီးတော့ ဒီအင်ကြင်းပင်ကြီးတွေဟာ ဥပုသ်သာ စောင့်သုံးခဲ့မယ်ဆိုရင် ဒီအင်ကြင်းပင်ကြီးတို့အဖို့လည်းပဲ ထိုဥပုသ် စောင့်သုံးခြင်း-ဆိုတဲ့ လုပ်ငန်းရပ်သည် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်-အခါကာလတို့ပတ်လုံး အကျိုးစီးပွား ရရှိဖို့ရန် ချမ်းသာသုခ ရရှိဖို့ရန် ဖြစ်နိုင်ပါတယ်။ အသက်ထင်ရှား ရှိနေတဲ့ သတ္တဝါတို့အဖို့ ဥပုသ်သီတင်း စောင့်သုံးခြင်းကြောင့် ရရှိတဲ့ အကျိုးတရားသည် ဘာပြောဖွယ်ရာ ရှိနိုင်ပါ့မလဲ ဆိုပြီးတော့ ဒီလို မြတ်စွာဘုရား ဟောပါတယ်။

ဘုရားရှင်ရဲ့ ဟောကြားလိုက်တဲ့ ဒီလုပ်ငန်းခွင် တစ်ခုဟာ ဘာလဲလို့ မေးတော့ အဋ္ဌကထာဆရာတော်က ဒါ အနဝဇ္ဇမင်္ဂလာတဲ့နော်။ အနဝဇ္ဇကမ္မ အပြစ်မရှိတဲ့ လုပ်ငန်းရပ်ကို ပြုလုပ်ခြင်းဆိုတဲ့ လုပ်ငန်းတစ်မျိုး ဖြစ်တယ် ဆိုပြီးတော့ ဒီလို ဖွင့်ပြထားတယ်နော်။ အဲဒီတော့ အနဝဇ္ဇလုပ်ငန်းရပ်တွေထဲမှာ စံပြအဖြစ်နဲ့ ကျင့်သုံးသွားတာကတော့ ဦးပဉ္စင်းတို့ ဒကာတော် သိကြားဖြစ်ပါတယ်နော်။ မာဃလုလင်ဘဝမှာ သူက ငါးပါးသီလ မြဲတယ်။ ဥပုသ်သီတင်း စောင့်သုံးတယ်။ လမ်းတွေ ပြင်တယ်။ တံတားတွေ ဆောက်တယ်။ သူတစ်ပါး ပုဂ္ဂိုလ်တွေ တည်းဖို့ရန်အတွက် ဇရပ်တွေ ဆောက်လုပ် လှူဒါန်းတယ်။ တရားဘာဝနာတွေ စီးဖြန်းဖို့ရန်အတွက် ဓမ္မာရုံတွေလည်း ဆောက်လုပ်လှူဒါန်းတယ်။ ခရီးသွား ဧည့်သည်တွေအတွက် တည်းခိုဖို့ရန် ရိပ်သာတွေလည်း ဆောက်လုပ် လှူဒါန်းကြပါတယ်နော်။ သူတစ်ပါးရဲ့ အကျိုးကို ရွက်ဆောင်တဲ့နေရာမှာ ဒီဒကာတော် သိကြားက ရှေ့တန်းက ဖြစ်ခဲ့ဖူးပါတယ်နော်။

အဲဒီလို အဆင့်အတန်းမြင့်တဲ့ ကောင်းမှု၊ အပြစ်မရှိတဲ့ လုပ်ငန်းရပ်-တွေကို ပြုလုပ်ခဲ့ခြင်းတည်းဟူသော အကြောင်းကြောင့် ဒီကနေ့ ဒကာတော် သိကြားက ဘယ်ရောက်နေသလဲလို့ ပြန်ကြည့်လိုက်တဲ့အခါ နတ်ပြည်, နတ်လောကမှာ သူလိုလားတောင့်တ နှစ်သက်နေတဲ့ နတ်စည်းစိမ်တွေကို ဝဝကြီး ခံစားမနေရဘူးလား? ခံစားနေရပါတယ်နော်။ သို့သော် ဒီလောက်တင် သူ့အကျိုးတရား ရရှိသလား၊ ရပ်သွားသလားဆိုတော့ မရပ်ပါဘူး။ ဘုရားရှင်ထံမှ အဂ္ဂပညသုတ္တန် တရားဒေသနာတော်ကို နာကြားပြီးသည်၏အဆုံးမှာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုလည်း ရရှိသွားပါတယ်။ အဆင့်အတန်းမြင့်တဲ့ လောကုတ္တရာ အရိယာ သူတော်ကောင်းဘဝသို့ ကူးပြောင်းပြီး မသွားဘူးလား? သွားတယ်။ ဘာတွေကို အခြေခံခဲ့သလဲလို့ မေးတော့ ဒီအနဝဇ္ဇကမ္မလို့ခေါ်တဲ့ ဒီကောင်းမှုကုသိုလ်တွေကို ပြုစုပျိုးထောင်ခြင်းက အခြေခံခဲ့ပါတယ်။

ဒါပေမဲ့ လောကမှာ များသောအားဖြင့် သတ္တဝါတွေက လေးမျိုး-လေးစား ရှိတယ်နော်။ အဲဒီ သတ္တဝါ လေးမျိုးလေးစားရှိတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား အင်္ဂုတ္တိုရ် ပါဠိတော်မှာ စတုက္ကနိပါတ်မှာ သိက္ခာပဒသုတ္တန် ဆိုပြီးတော့ သုတ္တန်လေးတစ်ခု ဟောထားပါတယ်နော်။ အဲဒီ သုတ္တန်လေးကို ဒီနေ့ည နည်းနည်းလေး နာကြည့်ကြရအောင်နော်။

‘စတ္တာရောမေ, ဘိက္ခဝေ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။

ချစ်သားရဟန်းတို့ ... လောကမှာ ပုဂ္ဂိုလ်လေးမျိုး ရှိတယ်။ အဲဒီ ပုဂ္ဂိုလ်လေးမျိုးက ဘာတွေလဲ?

အတ္တဟိတာယ ပဋိပန္နော နော ပရဟိတာယ,

အတ္တဟိတာယ၊ မိမိ အကျိုးစီးပွား အလို့ငှာ။ ပဋိပန္နော၊ ကျင့်လျက်နေ၏။ ပရဟိတာယ၊ သူတစ်ပါး အကျိုးစီးပွား အလို့ငှာ။ နော၊ မကျင့်ပေ။

မိမိအကျိုးစီးပွားအတွက် အကျိုးရှိတဲ့ လုပ်ငန်းတော့ ပြုကျင့်တယ်။ သူတစ်ပါး အကျိုးစီးပွားအတွက်တော့ မပြုကျင့်ဘူး။ ဒီလို ပုဂ္ဂိုလ်က တစ်မျိုးတဲ့။ ဒါနံပါတ်တစ်။

ပရဟိတာယ ပဋိပန္နော နော အတ္တဟိတာယ,

ပရဟိတာယ၊ သူတစ်ပါး အကျိုးစီးပွား အလို့ငှာ။ ပဋိပန္နော၊ ကျင့်၏။ အတ္တဟိတာယ၊ မိမိ အကျိုးစီးပွား အလို့ငှာ။ နော (ပဋိပန္နော)၊ မကျင့်ပေ။

သူတစ်ပါးရဲ့ အကျိုးစီးပွားအတွက်တော့ ကျင့်တယ်။ မိမိ အကျိုးစီးပွားအတွက်တော့ မကျင့်ဘူး။ ဒီလို ပုဂ္ဂိုလ်ကလည်း တစ်မျိုးရှိတယ်။ ဒါ နံပါတ်နှစ်နော်။ နံပါတ်သုံး ပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်လဲ?

နေဝတ္တဟိတာယ ပဋိပန္နော နော ပရဟိတာယ, အတ္တဟိတာယ၊ မိမိ အကျိုးစီးပွား အလို့ငှာ။ နေဝ ပဋိပန္နော၊ မကျင့်ပေ။ ပရဟိတာယ၊ သူတစ်ပါး အကျိုးစီးပွား အလို့ငှာလည်း။ နော ပဋိပန္နော၊ မကျင့်ပေ။

မိမိရဲ့ အကျိုးစီးပွားအတွက်လည်း မကျင့်ဘူး။ သူတစ်ပါးရဲ့ အကျိုးစီးပွားအတွက်လည်း မကျင့်ဘူး။ လောကမှာ ဒီလို ပုဂ္ဂိုလ်လည်း ရှိတယ်။ နောက် နံပါတ် လေး -

အတ္တဟိတာယ စေဝ ပဋိပန္နော ပရဟိတာယ စ။

အတ္တဟိတာယ စေဝ=မိမိရဲ့ အကျိုးစီးပွားအတွက်လည်းပဲ။ ပဋိပန္နော=ကျင့်၏။ ပရဟိတာယ စ=သူတစ်ပါး အကျိုးစီးပွား အတွက်လည်းပဲ။ ပဋိပန္နော=ကျင့်၏၊

မိမိရဲ့ အကျိုးစီးပွားအတွက်လည်း ကျင့်တယ်။ သူတစ်ပါးရဲ့ အကျိုးစီးပွားအတွက်လည်း ကျင့်တယ်။ ဒီလို ပုဂ္ဂိုလ်လည်း လောကမှာ ရှိတယ်တဲ့နော်။

အဲဒီမှာ မိမိရဲ့ အကျိုးစီးပွားအတွက်သာ ကျင့်ပြီးတော့ သူတစ်ပါးရဲ့ အကျိုးစီးပွားအတွက် မကျင့်တဲ့ ပုဂ္ဂိုလ်သည် ဘယ်လို ပုဂ္ဂိုလ်လဲ?

ဣဓ ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော အတ္တနာ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ, နော ပရံ ပါဏာတိပါတာ ဝေရမဏိယာ သမာဒပေတိ၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဣဓ၊ ဤလောက၌။ ဧကစ္စော ပုဂ္ဂလော၊ အချို့သော ပုဂ္ဂိုလ်သည်။ အတ္တနာ၊ မိမိကိုယ်တိုင်က။ ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ဖြစ်၏။ နော၊ မ...။ ပရံ၊ သူတစ်ပါးကို။ ပါဏာတိပါတာ ဝေရမဏိယာ၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၌။ နော သမာဒပေတိ၊ မဆောက်တည်စေ။

ပုဂ္ဂိုလ်တစ်ဦး လောကမှာ မိမိကိုယ်တိုင်က သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်။ ဒါပေမဲ့ သူတစ်ပါးတို့ကို သူ့အသက်ကို သတ်ခြင်းဆိုတဲ့ ပါဏာတိပါတ လုပ်ငန်းရပ်မှ ရှောင်ကြဉ်ဖို့ရန်အတွက် မဆောက်တည်စေဘူးတဲ့နော်။

အတ္တနာ အဒိန္နာဒါနာ ပဋိဝိရတော ဟောတိ, နော ပရံ အဒိန္နာဒါနာ ဝေရမဏိယာ သမာဒပေတိ၊ အတ္တနာ၊ မိမိကိုယ်တိုင်က။ အဒိန္နာဒါနာ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်တဲ့ သူတစ်ပါး၏ ဥစ္စာကို ယူခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ဖြစ်၏။ ပရံ၊ သူတစ်ပါးကို။ အဒိန္နာဒါနာ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်တဲ့ သူတစ်ပါး၏ ဥစ္စာကို ယူခြင်းမှ။ ဝေရမဏိယာ၊ ရှောင်ကြဉ်ခြင်း၌။ နော သမာဒပေတိ၊ မဆောက်တည်စေ။

မိမိကိုယ်တိုင်ကတော့ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်တဲ့ သူတစ်ပါး၏ ဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်တယ်။ သူတစ်ပါးကိုတော့ တခြားတခြား ပုဂ္ဂိုလ်တွေ ပိုင်ဆိုင်တဲ့ သူတစ်ပါးရဲ့ ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ဖို့ရန်အတွက် မဆောက်တည်စေဘူးတဲ့။ ဒါက တစ်ခု -

အတ္တနာ ကာမေသုမိစ္ဆာစာရာ ပဋိဝိရတော ဟောတိ, နော ပရံ ကာမေသုမိစ္ဆာစာရာ ဝေရမဏိယာ သမာဒပေတိ၊ အတ္တနာ၊ မိမိကိုယ်တိုင်က။ ကာမေသုမိစ္ဆာစာရာ၊ ကာမတို့၌ မှားယွင်းဖောက်ပြန်နေတဲ့ အကျင့်ကို ကျင့်ခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ဖြစ်၏။ ပရံ၊ သူတစ်ပါးကို။ ကာမေသုမိစ္ဆာစာရာ၊ ကာမတို့၌ မှားယွင်းဖောက်ပြန်နေတဲ့ အကျင့်ကို ကျင့်ခြင်းမှ။ ဝေရမဏိယာ၊ ရှောင်ကြဉ်ခြင်း၌။ နော သမာဒပေတိ၊ မဆောက်တည်စေ။

မိမိကိုယ်တိုင်က ကာမေသုမိစ္ဆာစာရ လုပ်ငန်းရပ်တွေက ရှောင်ကြဉ်တယ်။ သူတစ်ပါးအတွက် အဖို့တော့ ကာမေသုမိစ္ဆာစာရ လုပ်ငန်းရပ်မှ ရှောင်ကြဉ်ဖို့ရန်အတွက် မဆောက်တည်စေဘူး။ နောက်တစ်ခု -

အတ္တနာ မုသာဝါဒါ ပဋိဝိရတော ဟောတိ, နော ပရံ မုသာဝါဒါ ဝေရမဏိယာ သမာဒပေတိ၊

အတ္တနာ၊ မိမိကိုယ်တိုင်က။ မုသာဝါဒါ၊ မုသားစကား ပြောကြားခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ဖြစ်၏။ ပရံ၊ သူတစ်ပါးကို။ မုသာဝါဒါ၊ မုသားစကား ပြောကြားခြင်းမှ။ ဝေရမဏိယာ၊ ရှောင်ကြဉ်ခြင်း၌။ နော သမာဒပေတိ၊ မဆောက်တည်စေ။

မိမိကိုယ်တိုင်က မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်တယ်။ သူတစ်ပါးတွေကိုတော့ မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်ခြင်းမှ မဆောက်တည်စေဘူး။

အတ္တနာ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ပဋိဝိရတော ဟောတိ, နော ပရံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိယာ သမာဒပေတိ။

အတ္တနာ၊ မိမိကိုယ်တိုင်က။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းရင်းဖြစ်သော သေရည်သေရက်တို့ကို မှီဝဲစားသောက်ခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ဖြစ်၏။ ပရံ၊ သူတစ်ပါးကို။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းရင်းဖြစ်သော သေရည်သေရက်တို့ကို မှီဝဲစားသောက်ခြင်းမှ။ ဝေရမဏိယာ၊ ရှောင်ကြဉ်ခြင်း၌။ နော သမာဒပေတိ၊ မဆောက်တည်စေ။

မိမိကိုယ်တိုင်က မူးယစ်ဆေးဝါးတွေ မှီဝဲစားသောက်ခြင်းမှ ရှောင်ကြဉ်တယ်။ သူတစ်ပါးတွေကိုတော့ မူးယစ်ဆေးဝါးတွေ မှီဝဲစားသောက်ခြင်းမှ ရှောင်ကြဉ်ခြင်းမှ မဆောက်တည်စေဘူးတဲ့နော်။ ယုတ်စွအဆုံး ကိုယ့်သားသမီးကိုတောင်မှ ကိုယ် မဆုံးမဘူးနော်။

ဧဝံ ခေါ, ဘိက္ခဝေ, ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော ဟောတိ, နော ပရဟိတာယ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဧဝံ ခေါ၊ ဤသို့လျှင်။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ အတ္တဟိတာယ၊ မိမိ အကျိုးစီးပွားအလို့ငှာ။ ပဋိပန္နော၊ ကျင့်သည်။ ဟောတိ၊ ဖြစ်၏။ ပရဟိတာယ၊ သူတစ်ပါး၏ အကျိုးစီးပွား အလို့ငှာ။ နော ပဋိပန္နော ဟောတိ၊ မကျင့်သည်ဖြစ်၏။

မိမိအကျိုးစီးပွားအတွက်ပဲ ကျင့်တယ်။ သူတစ်ပါး အကျိုးစီးပွားအတွက်တော့ မကျင့်ဘူးတဲ့။ ဒါက တစ်မျိုးနော်။ တစ်ဖက်က ကြည့်မယ်ဆိုရင်တော့ ကိုယ်က ကောင်းနေတဲ့အတွက် နည်းနည်းတော်တယ်လို့တော့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ နောက်ပုဂ္ဂိုလ်တစ်မျိုး။ အဲဒီ ပုဂ္ဂိုလ်တစ်မျိုးက ဘာလဲလို့ မေးတော့ သူတစ်ပါး အကျိုးစီးပွားအတွက်တော့ ကျင့်တယ်။ မိမိ အကျိုးစီးပွားအတွက်တော့ မကျင့်ဘူး။ အဲဒါ ဘယ်လို ပုဂ္ဂိုလ်တွေလဲ?

ဣဓ, ဘိက္ခဝေ, ဧကစ္စော ပုဂ္ဂလော အတ္တနာ ပါဏာတိပါတာ အပ္ပဋိဝိရတော ဟောတိ, ပရံ ပါဏာတိပါတာ ဝေရမဏိယာ သမာဒပေတိ၊ အတ္တနာ အဒိန္နာဒါနာ အပ္ပဋိဝိရတော ဟောတိ, ပရံ အဒိန္နာဒါနာ ဝေရမဏိယာ သမာဒပေတိ၊ အတ္တနာ ကာမေသုမိစ္ဆာစာရာ အပ္ပဋိဝိရတော ဟောတိ, ပရံ ကာမေသုမိစ္ဆာစာရာ ဝေရမဏိယာ သမာဒပေတိ၊ အတ္တနာ မုသာဝါဒါ အပ္ပဋိဝိရတော ဟောတိ, ပရံ မုသာဝါဒါ ဝေရမဏိယာ သမာဒပေတိ၊ အတ္တနာ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ အပ္ပဋိဝိရတော ဟောတိ, ပရံ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိယာ သမာဒပေတိ။

လောကမှာ ပုဂ္ဂိုလ်တစ်ယောက် မိမိကိုယ်တိုင်ကတော့ ပါဏာတိပါတ သူ့အသက်သတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်မှ မရှောင်ကြဉ်ဘူး။ ဒါပေမဲ့ သူတစ်ပါးကိုတော့ သူ့အသက်သတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်မှ ရှောင်ကြဉ်ဖို့အတွက် ဆောက်တည်စေတယ်။ မိမိကိုယ်တိုင်က အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးတဲ့ သူတစ်ပါး၏ ဥစ္စာကို ယူခြင်းမှ မရှောင်ကြဉ်ဘူး။ ဒါပေမဲ့ သူတစ်ပါးကိုတော့ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးတဲ့ သူတစ်ပါး၏ ဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်ခြင်းမှ ဆောက်တည်စေတယ်။ မိမိကိုယ်တိုင်က ကာမေသုမိစ္ဆာစာရကံမှ မရှောင်ကြဉ်ဘူး။ ဒါပေမဲ့ သူတစ်ပါးတွေကိုတော့ ကာမေသုမိစ္ဆာစာရကံ၌ ရှောင်ကြဉ်ခြင်းမှ ဆောက်တည်စေတယ်။

မိမိကိုယ်တိုင်က မုသားစကား ပြောကြားခြင်းမှ မရှောင်ကြဉ်ဘူး။ သူတစ်ပါးတွေကိုတော့ မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်ဖို့ရန် ဆောက်တည်စေတယ်။ မိမိကိုယ်တိုင်က မူးယစ်ဆေးဝါးတွေ မှီဝဲစားသောက်ခြင်းမှ မရှောင်ကြဉ်ဘူး။ ဒါပေမဲ့ သူတစ်ပါးတွေကိုတော့ မူးယစ်ဆေးဝါးတွေ မှီဝဲစားသောက်ခြင်းမှ ရှောင်ကြဉ်ဖို့ရန် ဆောက်တည်စေတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေ လောကမှာ မရှိဘူးလား? ရှိတယ်။

တချို့ မိဘက အရက်သောက်တယ်။ သားသမီးကို အရက် မသောက်ဖို့ ဆိုဆုံးမတယ်။ ဘယ့်နှယ်တုံး လွယ်ကူပါ့မလား? သိပ်တော့ မလွယ်ဘူး ထင်တယ်။ သူက ရှေ့ကနေ လမ်းပြနေတယ်။ ရှေ့ဆောင်နွားလား ကောက်ကောက်သွားက နောက်နွားတစ်သိုက် ကောက်ကောက်လိုက်၏၊ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏တဲ့နော်။ ရှေ့ဆောင်နွားလားက ကောက်နေပြီ ဆိုလို့ရှိရင် နောက်ကလည်း ကောက်ကောက်လိုက်ဖို့ကလည်း သိပ်ပြီး မခက်တော့ဘူး ထင်တယ်နော်။

ဒါက မိမိအကျိုးအတွက်တော့ မကျင့်ဘူး။ သူတစ်ပါး အကျိုးစီးပွားအတွက် ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲဒီ ပုဂ္ဂိုလ်တွေထဲမှာ ဒကာကြီးတွေ ဒီနေ့ တရားဟောတဲ့ ပုဂ္ဂိုလ် တရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်း ပါချင်လည်း ပါလိမ့်မယ် ထင်တယ်။ ဘယ့်နှယ်တုံး မှားများ သွားပြီလား?

အမလေး? ကျုပ်တို့က မုသား ပြောတတ်တဲ့သူတွေ မဟုတ်ပါဘူးတဲ့။ ဟုတ်ပြီလား။ သူများနဲ့ ဆိုရင်တော့ ပြောကြပါရဲ့နော်။ မုသားပြောနေတဲ့ ပုဂ္ဂိုလ်ကို သွားပြီး အားပေးအားမြှောက် လုပ်ခဲ့ရင်လည်း အတူတူပဲ။ ဒီစာရင်းထဲမှာ ပါတယ်နော်။ ကဲ နောက်တစ်ခု မိမိ အကျိုးအတွက်လည်း မကျင့်ဘူး။ သူတစ်ပါး အကျိုးအတွက်လည်း မကျင့်ဘူး။ အဲဒီ ပုဂ္ဂိုလ်က ဘယ်လို ပုဂ္ဂိုလ်လဲလို့ မေးတော့ မိမိကိုယ်တိုင်လည်း သူ့အသက်ကို သတ်တယ်။ သူတစ်ပါးကိုလည်း သတ်ဖို့ရန် တိုက်တွန်းတယ်။ မိမိလည်း သူ့ပစ္စည်း မတရား ယူတယ်။ သူတစ်ပါးတွေကိုလည်း ယူဖို့ရန် တိုက်တွန်းတယ်။ မိမိလည်း ကာမေသုမိစ္ဆာစာရ လုပ်ငန်းရပ်တွေ လွန်ကျူးတယ်။ သူတစ်ပါးတွေကိုလည်း လွန်ကျူးဖို့ရန် တိုက်တွန်းတယ်။ မိမိလည်း မူးယစ်ဆေးဝါး မှီဝဲတယ်။ သူတစ်ပါးတွေကိုလည်း မူးယစ်ဆေးဝါး မှီဝဲဖို့ရန်အတွက် တိုက်တွန်းတယ်။ မိမိလည်း မုသားပြောတယ်။ သူတစ်ပါးတွေကိုလည်း မုသားပြောဖို့ရန်အတွက် တိုက်တွန်းတယ်နော်။

ငါးပါးသီလ မိမိလည်း မလုံခြုံဘူး၊ သူတစ်ပါးတွေကိုလည်း မလုံခြုံဖို့ရန်အတွက် တိုက်တွန်းတယ်။ အရက် မသောက်တတ်တဲ့သူကို အရက်သောက်တတ်အောင် သင်ပေးတယ်ပေါ့နော်။ အဲဒီလို ဒီပုံစံပဲ ပုဂ္ဂိုလ်ဟာ မိမိအကျိုးအတွက်လည်း မကျင့်ဘူး။ သူတစ်ပါး အကျိုးအတွက်လည်း မကျင့်ဘူး။ နောက်တစ်မျိုး -

မိမိကိုယ်တိုင်ကလည်း သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်တယ်။ သူတစ်ပါးကိုလည်း သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ဖို့ရန်အတွက် ဆောက်တည်စေတယ်။ မိမိကိုယ်တိုင်လည်း သူတစ်ပါးပစ္စည်းကို မတရား မယူဘူး။ သူတစ်ပါးကိုလည်း သူတစ်ပါးပစ္စည်း မတရားယူခြင်းမှ ရှောင်ကြဉ်ဖို့ရန်အတွက် ဆောက်တည်စေတယ်။ မိမိကိုယ်တိုင်လည်း ကာမေသုမိစ္ဆာစာရ လုပ်ငန်းရပ်တွေ မပြုကျင့်ဘူး။ သူတစ်ပါးကိုလည်း ကာမေသုမိစ္ဆာစာရ လုပ်ငန်းရပ်တွေမှ ရှောင်ကြဉ်ဖို့ရန်အတွက် ဆောက်တည်စေတယ်။ မိမိကိုယ်တိုင်လည်း မုသားမပြောဘူး။ သူတစ်ပါးတွေကိုလည်း မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်ဖို့ရန် ဆောက်တည်စေတယ်။ မိမိကိုယ်တိုင်လည်း မူးယစ်ဆေးဝါးတွေ မမှီဝဲဘူး။ သူတစ်ပါးတွေကိုလည်း မူးယစ်ဆေးဝါး မှီဝဲခြင်းမှ ရှောင်ကြဉ်ဖို့ရန် ဆောက်တည်စေတယ်။ ဒီလို ပုဂ္ဂိုလ်ကျတော့ မိမိအကျိုး သူတစ်ပါးအကျိုး နှစ်မျိုးလုံးကို ကျင့်တဲ့ပုဂ္ဂိုလ်လို့ ဒီလို ခေါ်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်လေးမျိုးမှာ ဒကာကြီးတွေ ဘယ်လိုပုဂ္ဂိုလ် နှစ်ခြိုက်သလဲ? အဲ ပြောတာပဲ ... ပြောတာပဲ ...။ နံပါတ်လေး ဒါကျတော့ ကောင်းတယ်နော်။

ဟာ ဒီကောင် တယ် ... ငါ မပြောချင်တော့ပါဘူးကွာ စိတ်ကုန်တယ်။ အဲဒီလိုလည်း ဥပေက္ခာ ထားလိုက်တာလည်း မရှိဘူးလား? ရှိပါတယ်။ နောက် ပုဂ္ဂိုလ်လေးမျိုး မှတ်သားဖွယ် ကောင်းတာလေး ဘုန်းကြီး ဆက်ဟောမယ်နော်။ မြတ်စွာဘုရား ဟောထားတယ်။

‘‘စတ္တာရောမေ, ပေါတလိယ, ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။

ဒီတစ်ခါကျတော့ တရားနာမယ့် ပုဂ္ဂိုလ်က ----- အမည်ရှိတဲ့ ဒါယကာ ---- တစ်ဦးပဲ။ လောကမှာ ပုဂ္ဂိုလ်လေးမျိုး ရှိတယ်ကွယ်တဲ့ ဘုရားက ဟောတယ်။ အဲဒီ ပုဂ္ဂိုလ်လေးမျိုးက ဘာလဲ?

ဣဓ, ပေါတလိယ, ဧကစ္စော ပုဂ္ဂလော အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန

ပေါတလိယ၊ ဒကာတော် ပေါတလိယ။ ဣဓ၊ ဤလောက၌။ ဧကစ္စော ပုဂ္ဂလော၊ အချို့သော ပုဂ္ဂိုလ်သည်။ အဝဏ္ဏာရဟဿ၊ ကဲ့ရဲ့ရှုတ်ချထိုက်သော ပုဂ္ဂိုလ်၏။ အဝဏ္ဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို (ကဲ့ရဲ့ခြင်းကို)။ ဘူတံ၊ ဟုတ်မှန်စွာ။ တစ္ဆံ၊ မှန်ကန်စွာ။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အခါ၌။ ဘာသိတာ၊ ပြောကြားတတ်သူ။ ဟောတိ၊ ဖြစ်၏။

ပုဂ္ဂိုလ်တစ်ဦး လောကမှာ ရှိတယ်နော်။ ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်တော့ အင်မတန် ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်နေတယ်။ အဲဒီ ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်ကို ပြောသင့် ပြောထိုက်တဲ့ အချိန်အခါကာလမှာ ဟုတ်မှန်တဲ့အတိုင်း သူက ဂုဏ်ကျေးဇူးမဲ့တွေကို ပြောပြတတ်တယ်နော်။

နော စ ခေါ ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။

ကာလေန၊ သင့်တင့်လျောက်ပတ်သော အချိန်အခါကာလ၌။ ဘူတံ၊ ဟုတ်သည့်အတိုင်း။ တစ္ဆံ၊ မှန်သည့်အတိုင်း။ ဝဏ္ဏာရဟဿ၊ ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်အား (သို့မဟုတ်) ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်၏။ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို။ ဘာသိတာ၊ ပြောကြားတတ်သည်။ နော စ ခေါ ဟောတိ၊ မဖြစ်ပေ။

ဒါက ပုဂ္ဂိုလ်တစ်ဦး။ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်ကိုကျတော့ နှုတ်ခမ်းလေး ထော်ထော် ထော်ထော်နဲ့ပေါ့နော် ပြောလိုက်တာ။ ဟုတ်တဲ့အတိုင်း မှန်တဲ့အတိုင်း ပြောတာပါပဲ။ ဒါကတော့နော် ဒါပေမဲ့ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ကျတော့ သူက ဘယ်တော့မှ မချီးမွမ်းဘူး။ လောကမှာ ဒီလို ပုဂ္ဂိုလ်တွေ မရှိဘူးလား? ရှိတယ်နော်။

ဣဓ ပန, ပေါတလိယ, ဧကစ္စော ပုဂ္ဂလော ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန, နော စ ခေါ အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။

ပေါတလိယ၊ ဒကာတော်။ ဣဓ၊ ဤလောက၌။ ဧကစ္စော ပုဂ္ဂလော၊ အချို့သော ပုဂ္ဂိုလ်သည်။ ကာလေန၊ ပြောသင့်ပြောထိုက်သည့် အချိန်အခါကာလ၌။ ဘူတံ၊ ဟုတ်သည့်အတိုင်း။ တစ္ဆံ၊ မှန်သည့်အတိုင်း။ ဝဏ္ဏာရဟဿ၊ ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်၏။ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို။ ဘာသိတာ၊ ပြောကြားတတ်သည်။ ဟောတိ၊ ဖြစ်၏။ ပေါတလိယ၊ ဒကာတော်။ ဣဓ၊ ဤလောက၌။ ဧကစ္စော ပုဂ္ဂလော၊ အချို့သော ပုဂ္ဂိုလ်သည်။ ကာလေန၊ ပြောသင့်ပြောထိုက်သည့် အချိန်အခါကာလ၌။ ဘူတံ၊ ဟုတ်သည့်အတိုင်း။ တစ္ဆံ၊ မှန်သည့်အတိုင်း။ အဝဏ္ဏာရဟဿ၊ ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်၏။ အဝဏ္ဏံ၊ အကဲ့ရဲ့စကားကို။ နော စ ခေါ ဘာသိတာ၊ မပြောကြားတတ်သည်။ ဟောတိ၊ ဖြစ်၏။

ဒုတိယ ပုဂ္ဂိုလ်။ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါ ဆိုတာကတော့ ပြောသင့်တဲ့ အချိန်ပေါ့နော်။ အချိန်တော့ သူနားလည်ပါတယ်။ ပြောသင့် ပြောထိုက်တဲ့ အချိန်အခါကာလမှာ ဟုတ်သည့်အတိုင်း မှန်သည့်အတိုင်း ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးကို သူက ချီးမွမ်းတယ်။ ဒါပေမဲ့လို့ ပြောသင့်ပြောထိုက်တဲ့ အချိန်အခါကာလမှာ ဟုတ်သည့်အတိုင်း၊ မှန်သည့်အတိုင်း ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးမဲ့ကိုတော့ သူဘယ်တော့မှ မပြောဘူး။ လောကမှာ ဒီလို ပုဂ္ဂိုလ်လည်း မရှိဘူးလား? ရှိတယ်။ ဘာဖြစ်လို့လဲ?

တချို့က အဲဒီ လုပ်ငန်းရပ်ကို ရန်များမှာ ကြောက်လို့ မပြောတာလည်း ရှိတယ်။ မပြောချင်လို့ မပြောတာလည်း ရှိကြပါတယ်။ ရန်များမယ် ဆိုတာက တစ်ဖက်က နှုတ်သီးက တော်တော် စွာပုံရပါတယ်နော်။ နှုတ်သီးက စွာလိုက်တော့ သွားပြီး ပြောလိုက်ရင် ပြဿနာက အကြီးအကျယ် ဖြစ်တော့မယ်။ အဲဒီလို ပြဿနာ အကြီးအကျယ် ဖြစ်မယ် ဆိုလို့ရှိရင်လည်း မပြောဘဲ နေတာက ကောင်းတယ် ဆိုပြီးတော့ အသာလေး ငြိမ်နေတာ ဒါမျိုးလည်း ရှိတတ်ပါတယ်။ တချို့ကျတော့ သူတစ်ပါးရဲ့ မကောင်းကြောင်းကို ပြောကို မပြောချင်ဘူး။ ဒါ သူတို့ရဲ့ ပင်ကိုယ် ဝါသနာပဲ။ ပြောကို မပြောချင်တဲ့အတွက် သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့ကို မပြောတာလည်း ရှိတယ်။ ပြောရင်လည်း လိုက်နာမယ့် ပုဂ္ဂိုလ်လို့ မယူဆဘူး။ အဲဒီလို လိုက်နာမယ့် ပုဂ္ဂိုလ်လို့ မယူဆလို့ မပြောတာလည်း ရှိတတ်ပါတယ်။ ဒါကလည်း ပုဂ္ဂိုလ်တစ်မျိုးပဲနော်။ နောက် နံပါတ်သုံး ပုဂ္ဂိုလ်ကျတော့ ဘယ်လိုလဲ?

ဣဓ ပန, ပေါတလိယ, ဧကစ္စော ပုဂ္ဂလော နေဝ အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန, နော စ ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။

ပေါတလိယ၊ ဒကာတော်။ ဣဓ၊ ဤလောက၌။ ဧကစ္စော ပုဂ္ဂလော၊ အချို့သော ပုဂ္ဂိုလ်သည်။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အချိန်အခါကာလ၌။ ဘူတံ၊ ဟုတ်သည့်အတိုင်း။ တစ္ဆံ၊ မှန်သည့်အတိုင်း။ အဝဏ္ဏာရဟဿ၊ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်၏။ အဝဏ္ဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို။ နေဝ ဘာသိတာ ဟောတိ၊ ပြောကြားလေ့မရှိ။ ဝဏ္ဏာရဟဿ၊ ချီးမွမ်းသင့် ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်၏။ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကိုလည်း။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အချိန်အခါကာလ၌။ ဘူတံ၊ ဟုတ်သည့်အတိုင်း။ တစ္ဆံ၊ မှန်သည့်အတိုင်း။ နော စ ဘာသိတာ၊ ပြောကြားလေ့မရှိသည်။ ဟောတိ၊ ဖြစ်၏။

သင့်တင့်လျောက်ပတ်သော အချိန်အခါကာလ တစ်ခုမှာ ဟုတ်မှန်သည့်အတိုင်းပေါ့နော်။ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးမဲ့ကိုလည်း သူ ဘယ်တော့မှ မပြောတတ်ဘူး။ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးကိုလည်း သူ ဘယ်တော့မှ မချီးမွမ်းတတ်ဘူး။ လောကမှာ ဒီလို ပုဂ္ဂိုလ်လည်း မရှိဘူးလား? ရှိတယ်။ နောက် တစ်ခု နံပါတ်လေး ပုဂ္ဂိုလ် -

ဣဓ ပန, ပေါတလိယ, ဧကစ္စော ပုဂ္ဂလော အဝဏ္ဏာရဟဿ စ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန, ဝဏ္ဏာရဟဿ စ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန။

ပေါတလိယ၊ ဒကာတော်။ ဣဓ ပန၊ ဤလောက၌။ ဧကစ္စော ပုဂ္ဂလော၊ အချို့သော ပုဂ္ဂိုလ်သည်။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အချိန်အခါကာလ၌။ ဘူတံ တစ္ဆံ၊ ဟုတ်မှန်သည့်အတိုင်း။ အဝဏ္ဏာရဟဿ စ၊ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်၏လည်း။ အဝဏ္ဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို။ ဘာသိတာ၊ ပြောကြားတတ်သည်။ ဟောတိ၊ ဖြစ်၏။ ဝဏ္ဏာရဟဿ စ၊ ချီးမွမ်းသင့် ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်၏လည်း။ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို။ ဘာသိတာ၊ ပြောကြားတတ်သည်။ ဟောတိ၊ ဖြစ်၏။

နံပါတ်လေး ပုဂ္ဂိုလ်ကျတော့ သင့်တင့်လျောက်ပတ်သော အချိန်အခါကာလမှာ ဟုတ်မှန်သည့်အတိုင်း ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကိုလည်း ကဲ့ရဲ့စကားအနေနဲ့ ပြောတယ်။ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးတွေကိုလည်း သူက ဟုတ်မှန်သည့်အတိုင်း ထုတ်ဖော်ပြီးတော့ ချီးမွမ်းတတ်တယ်။ အဲဒီလို ပုဂ္ဂိုလ်လည်း လောကမှာ ရှိတယ်။ ကြည့်လိုက်တော့ ဘုရားရှင်က ဒီနေရာမှာ တရားနာနေတဲ့ ဒကာတော် ------ ကို မေးတယ်။ အဲဒီ မေးတဲ့ မေးခွန်းလေးကို ဒကာကြီးတွေလည်း ဖြေကြည့်ကြပေါ့နော်။

ဣမေသံ ခေါ, ပေါတလိယ, စတုန္နံ ပုဂ္ဂလာနံ ကတမော တေ ပုဂ္ဂလော ခမတိ အဘိက္ကန္တတရော စ ပဏီတတရော စ’?

ဒကာတော် ---- လောကမှာ ဒီလို ပုဂ္ဂိုလ်လေးမျိုး ရှိနေပါတယ်။ အဲဒီ ပုဂ္ဂိုလ်လေးမျိုးထဲမှာ သင်ဟာ ဘယ်လိုပုဂ္ဂိုလ်ကို အလွန့်အလွန် သာလွန်ပြီးတော့ နှစ်လည်း နှစ်သက်သလဲ? သာလွန်ပြီး မြင့်မြတ်တဲ့ ပုဂ္ဂိုလ်လို့လည်း သင့်စိတ်ထဲမှာ ယူဆသလဲလို့ ဘုရားရှင်က မေးကြည့်တယ်။ ကဲ ဒကာကြီးတွေ အဲဒီ ပုဂ္ဂိုလ်လေးမျိုးထဲမှာ ဘယ်ပုဂ္ဂိုလ်က နှစ်သက်ဖွယ် အကောင်းဆုံးလဲ။ ဘယ်ပုဂ္ဂိုလ်သည် အလွန်မွန်မြတ်နေတဲ့ အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ်လဲနော်။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်နော်။ ဒကာကြီးတွေ အဖြေနဲ့ -------- အဖြေနဲ့တော့ မတူဘူး ဖြစ်နေတယ်။ ကဲ ------ က ဘယ်လို ဖြေသလဲဆိုတော့ -

မြတ်စွာဘုရား ...လောကမှာ ဒီလို ပုဂ္ဂိုလ်လေးမျိုး ထင်ရှားရှိတယ်။ အရှင်ဂေါတမ ... အဲဒီ ပုဂ္ဂိုလ်လေးမျိုးထဲမှာ တချို့တချို့ ပုဂ္ဂိုလ်က ဟုတ်မှန်သည့်အတိုင်း သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့ကို, ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောကြားတတ်တယ်နော်။ ဒါပေမဲ့ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးကိုတော့ မပြောဘူး။ နောက်ပုဂ္ဂိုလ်တစ်ဦးကတော့ -

ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးကို ချီးမွမ်းတတ်တယ်။ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးမဲ့ကျတော့ ဘယ်တော့မှ မကဲ့ရဲ့ဘူး။ နောက်ပုဂ္ဂိုလ်တစ်ဦးက ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်လည်း မချီးမွမ်းဘူး။ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်လည်း မကဲ့ရဲ့ဘူး။ နောက်ပုဂ္ဂိုလ် တစ်ဦးကျတော့ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်လည်း ချီးမွမ်းတယ်။ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်လည်း ကဲ့ရဲ့တယ်။ အဲဒီလို လောကမှာ ပုဂ္ဂိုလ်လေးမျိုး ရှိနေတယ်။ အဲဒီ ပုဂ္ဂိုလ်လေးမျိုးထဲကနော် -

ဣမေ ခေါ, ပေါတလိယ, စတ္တာရော ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။

ဒီလေးမျိုးတော့ လောကမှာ ပုဂ္ဂိုလ်လေးမျိုးတော့ ရှိနေပြီ။

ဘော ဂေါတမ, စတုန္နံ ပုဂ္ဂလာနံ ယွာယံ ပုဂ္ဂလော နေဝ အဝဏ္ဏာရဟဿ အဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန, နော စ ဝဏ္ဏာရဟဿ ဝဏ္ဏံ ဘာသိတာ ဟောတိ ဘူတံ တစ္ဆံ ကာလေန၊

ဘော ဂေါတမ၊ အရှင်ဂေါတမ။ စတုန္နံ ပုဂ္ဂလာနံ၊ ဤပုဂ္ဂိုလ်လေးမျိုးတို့တွင်။ ယွာယံ ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အဝဏ္ဏာရဟဿ၊ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်၏။ အဝဏ္ဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အချိန်အခါကာလ၌။ ဘူတံ တစ္ဆံ၊ ဟုတ်မှန်သည့်အတိုင်း။ ဘာသိတာ၊ ပြောကြားတတ်သည်။ ဟောတိ၊ ဖြစ်၏။ ဝဏ္ဏာရဟဿ၊ ချီးမွမ်းသင့် ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်၏။ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အချိန်အခါကာလ၌။ ဘူတံ တစ္ဆံ၊ ဟုတ်မှန်သည့်အတိုင်း။ နော စ ဘာသိတာ ဟောတိ၊ ပြောကြားတတ်သည်။ ဟောတိ၊ ဖြစ်၏။

ပုဂ္ဂိုလ်လေးမျိုးထဲက သူက ထုတ်ပြလိုက်တယ်။ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးမဲ့ကိုလည်း သူက ဘယ်တော့မှ မပြောဘူး။ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးကိုလည်း သူက ဘယ်တော့မှ မချီးမွမ်းဘူးတဲ့နော်။

အယံ မေ ပုဂ္ဂလော ခမတိ ဣမေသံ စတုန္နံ ပုဂ္ဂလာနံ အဘိက္ကန္တတရော စ ပဏီတတရော စ။

ဣမေသံ စတုန္နံ ပုဂ္ဂလာနံ၊ ဤပုဂ္ဂိုလ်လေးမျိုးတို့တွင်။ အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်ကို။ မေ၊ ဘုရားတပည့်တော်သည်။ အဘိက္ကန္တတရော စ၊ အလွန့်အလွန် သာလွန်၍ နှစ်သက်သည်လည်းကောင်း။ ပဏီတတရော စ၊ အလွန့်အလွန် သာလွန်၍ မြင့်မြတ်သည်လည်းကောင်း၊ မြင့်မြတ်၏ဟူ၍ လည်းကောင်း။ ခမတိ၊ နှစ်သက်ပါ၏။

အဲဒီ ပုဂ္ဂိုလ်လေးမျိုးထဲမှာ အခု ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း မကဲ့ရဲ့ဘူး။ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း မချီးမွမ်းဘူး။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို တပည့်တော်က ပိုပြီးတော့ နှစ်ခြိုက်တယ်တဲ့။ ဟော ဒကာကြီးတွေ အဖြေနဲ့ တူသလား? မတူဘူး။ သူက အကြောင်းပြချက်လေး လာသေးတယ်။

တံ ကိဿ ဟေတု? အဘိက္ကန္တာ ဟေသာ, ဘော ဂေါတမ, ယဒိဒံ ဥပေက္ခာ’’

ဘော ဂေါတမ၊ အို အရှင်ဂေါတမ။ တံ၊ ထိုကဲ့သို့ ဖြစ်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း ဟူမူကား။ ဘော ဂေါတမ၊ အရှင်ဂေါတမ။ ယဒိဒံ ဥပေက္ခာ၊ အကြင်ဥပေက္ခာသည်။ အတ္ထိ၊ ရှိ၏။ ဧသာ ဥပေက္ခာ၊ ဤဥပေက္ခာသည်။ အဘိက္ကန္တာ၊ အလွန် နှစ်သက်ဖွယ်ကောင်းလှပါပေ၏။

ဟော သူ့ရဲ့ ယူဆချက်ကလေးပဲ။ ဘယ့်နှယ်တုံး ဒကာကြီးတွေ, ဒကာမကြီးတွေ ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်တော့ ဟုတ်ပါတယ်။ ဘာဖြစ်နေသလဲ။ အဲဒါပဲ ပုဂ္ဂိုလ်တွေက ဒါ တစ်ဦးနဲ့တစ်ဦး အယူအဆ အတွေးအခေါ်လေးတွေ မတူကြဘူးနော်။ အဲဒီ အခါမှာ မြတ်စွာဘုရားက ပြန်ပြီးတော့ ဖြေတယ်။ ဒကာ ဒီပုဂ္ဂိုလ်လေးမျိုး ရှိတာမှန်တယ်။ အဲဒီ ပုဂ္ဂိုလ်လေးမျိုးထဲမှာ -

စတ္တာရောမေ ပေါတလိယ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။

ပေါတလိယ၊ ဒကာတော် ပေါတလိယ။ ဣမေသံ စတုန္နံ ပုဂ္ဂလာနံ၊ ဤ ပုဂ္ဂိုလ်လေးမျိုးတို့တွင်။ ယွာယံ ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အဝဏ္ဏာရဟဿ စ၊ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်၏လည်းပဲ။ အဝဏ္ဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို။ ဘာသိတာ၊ ပြောကြားတတ်သည်။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အချိန်အခါကာလ၌။ ဘူတံ တစ္ဆံ၊ ဟုတ်မှန်သည့်အတိုင်း။

ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်ကိုလည်း ကဲ့ရဲ့သင့်တဲ့ အချိန်အခါမှာ ကဲ့ရဲ့တယ်။ ဟုတ်မှန်တဲ့အတိုင်း ကဲ့ရဲ့တယ်။ မဟုတ်မမှန် ကဲ့ရဲ့တာတော့ မဟုတ်ဘူး။ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း ဟုတ်မှန်သည့်အတိုင်း ချီးမွမ်းသင့်တဲ့ အချိန်အခါမှာ ချီးမွမ်းတယ်။ မဟုတ်တာတွေ အပိုထည့်ပြီး ချီးမွမ်းတာတော့ မဟုတ်ပါဘူးနော်။ အဲဒီလို ပုဂ္ဂိုလ်ကို ဘာဖြစ်သလဲ?

အယံ ဣမေသံ စတုန္နံ ပုဂ္ဂလာနံ အဘိက္ကန္တတရော စ ပဏီတတရော စ။

အဲဒီ ပုဂ္ဂိုလ်လေးမျိုးထဲမှာ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ်ကိုလည်း ကဲ့ရဲ့တယ်။ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း ဟုတ်မှန်သည့်အတိုင်း ချီးမွမ်းတယ်။ ဒီပုဂ္ဂိုလ်ဟာ အလွန့်အလွန် သာလွန်ပြီး နှစ်သက် မြတ်နိုးဖွယ်ရာကောင်းတဲ့ အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ်ပဲလို့ ဘုရားရှင်က ဒီလို ဟောတယ်နော်။ ဘာဖြစ်လို့လဲ?

တံ ကိဿ ဟေတု? အဘိက္ကန္တာ ဟေသာ, ပေါတလိယ, ယဒိဒံ တတ္ထ တတ္ထ ကာလညုတာ’’

ပေါတလိယ၊ ဒကာတော် ပေါတလိယ။ တံ၊ ထိုကဲ့သို့ ဖြစ်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း ဟူမူကား။ တတ္ထ တတ္ထ၊ ထိုထိုနေရာ ထိုထို အချိန်အခါ ကာလ၌။ ယဒိဒံ ကာလညုတာ၊ အကြင် ပြောသင့် ပြောထိုက်တဲ့ အချိန်ကာလကို သိခြင်းသည်။ အတ္ထိ၊ ဖြစ်၏။ အဘိက္ကန္တာ ဟေသာ၊ ဤ ပြောသင့် ပြောထိုက်တဲ့ အချိန်ကာလကို သိခြင်းသည်။ အဘိက္ကန္တာ ဟေသာ၊ အလွန် နှစ်သက်ဖွယ် ရှိလှပါပေ၏၊

ဘုရားရှင်ဘက်က အကြောင်းပြချက်ပဲနော်။ ထိုထိုအချိန်အခါ ထိုထို နေရာပေါ့။ သူ့နေရာနဲ့သူ ပြောသင့်တဲ့ အချိန်ကျရင်တော့ ပြောရတယ်။ ပြောသင့်တဲ့ နေရာကျရင်တော့ ပြောရတယ်။ အဲဒီလို ပြောကြားခြင်းဟာ ကာလညုတာ အချိန်အခါကာလကို သိတယ်လို့ ခေါ်ပါတယ်။ ဒီလို အချိန်အခါကာလကို သိခြင်းသည် အလွန် နှစ်သက်မြတ်နိုးဖွယ်ရာ ရှိတယ်နော်။ ဘာဖြစ်လို့လဲ?

မြတ်စွာဘုရားကနော် ပုဂ္ဂိုလ်လေးမျိုးထဲမှာ ပုဂ္ဂိုလ်တစ်ယောက်က ကြည့်ပေါ့နော် ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်လည်း သူက ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးမဲ့ကိုလည်း သူက ဟုတ်မှန်တဲ့အတိုင်း မပြောရဲဘူး။ ပြောလည်း မပြောဘူး။ နောက်တစ်ခု ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးကိုလည်းပဲ ချီးမွမ်းသင့်တဲ့ အချိန်အခါကာလမှာ သူက ဟုတ်မှန်တဲ့အတိုင်း မချီးမွမ်းဘူးတဲ့နော်။ အဲဒီလို မချီးမွမ်းတဲ့အတွက်ကြောင့် ဘာဖြစ်သလဲ?

အယံ မေ ပုဂ္ဂလော ခမတိ။

သူက ပြန်ပြောတယ်။ ပြန်ပြောတယ်နော်။ ပုဂ္ဂိုလ်လေးမျိုးထဲမှာနော်။ ဒီပုဂ္ဂိုလ်လေးမျိုးထဲမှာ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါကာလမှာ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးမဲ့ကိုလည်း သူက ဘယ်တော့မှ ဟုတ်မှန်တဲ့အတိုင်း မကဲ့ရဲ့ဘူး။ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကျေးဇူးကိုလည်းပဲ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါကာလမှာ ဘယ်တော့မှ ဟုတ်မှန်တဲ့အတိုင်း မချီးမွမ်းဘူး။ အဲဒီပုဂ္ဂိုလ်ကိုပဲ တပည့်တော်က ပိုပြီး နှစ်ခြိုက်တယ်။ ဘာဖြစ်လို့လဲ?

ဥပေက္ခာ သန္တတံ ပဏီတတံ။

သူကလည်း ပြန်ပြောတယ်။ ဒါဟာ သူပြောသင့် ပြောထိုက်တဲ့ ဆိတ်ဆိတ် နေသင့်နေထိုက်တဲ့ အချိန်အခါကာလမှာ သူသိပြီးတော့ ဆိတ်ဆိတ်ငြိမ်တဲ့အတွက် သူပိုပြီးတော့ ဒီပုဂ္ဂိုလ်ကို နှစ်ခြိုက်တယ်။ သူက မပြောတာကို ပိုပြီး နှစ်ခြိုက်တယ်နော်။ အဲဒီလို နှစ်ခြိုက်တဲ့အကြောင်း သူ လျှောက်ပြီးတော့မှ မြတ်စွာဘုရားကို သူက ဘာဆက်လျှောက်သလဲ?

အဘိက္ကန္တာ ဟေသာ, ဘော ဂေါတမ, ယဒိဒံ တတ္ထ တတ္ထ ကာလညုတာ။‘‘အဘိက္ကန္တံ, ဘော ဂေါတမ, အဘိက္ကန္တံ, ဘော ဂေါတမ! သေယျထာပိ, ဘော ဂေါတမ, နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ, ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ, မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ, အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ – စက္ခုမန္တော ရူပါနိ ဒက္ခန္တီတိ, ဧဝမေဝံ ဘောတာ ဂေါတမေန အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ ဘဝန္တံ ဂေါတမံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ’’

နောက်ပိုင်းကျတော့ ဘုရားဟောတာ သူက ပိုနှစ်ခြိုက်သွားပါတယ်။ ဒါပေမဲ့ သူ ပြန်လျှောက်လို့သာ လျှောက်တာ၊ လျှောက်တာ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနှစ်သက်ဖွယ် စကားလေးတွေကို သူက ဆက်ပြီးတော့ လျှောက်တယ်။ သူ့အနေနဲ့ကတော့ ခုနက စကားနည်း ရန်စဲ ဝါဒကို ပိုနှစ်ခြိုက်တဲ့ ဝါသနာဓာတ်ငွေ့က သူ့မှာ ရှိနေတယ်။ သို့သော် ဒီမှာ ဘုရားရှင်ဘက်က ကြည့်လိုက်တော့ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်ကို ကဲ့ရဲ့တာကို ဘုရားရှင်က ဟုတ်မှန်တဲ့အတိုင်း ကဲ့ရဲ့တာတော့ ချီးမွမ်းပါတယ်။ မဟုတ်မမှန်ဘဲနဲ့ ကဲ့ရဲ့မယ်ဆိုရင်တော့ ဘုရားရှင်က ချီးမွမ်းသလား? မချီးမွမ်းဘူး။ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း ဟုတ်မှန်တဲ့အတိုင်း ချီးမွမ်းသင့်တဲ့ အချိန်အခါကာလမှာသာ ဘုရားရှင်က ချီးမွမ်းခိုင်းတယ်။ မဟုတ်မမှန် ချီးမွမ်းခိုင်းတာတော့ မြတ်စွာဘုရား မနှစ်ခြိုက်ပါဘူးနော်။

ဒီတော့ အဲဒီအခါမှာ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်ကို မကဲ့ရဲ့ဘဲနေရင် ဒီပုဂ္ဂိုလ်အပေါ်မှာ မိမိတို့က မသနားတဲ့သဘော ဖြစ်တယ်။ “ဒင်းထိုက်နဲ့ ဒင်းကံ ရှိပါစေ” ဆိုပြီးတော့ ဥပေက္ခာ ပေယျာလကန် ထားလိုက်တဲ့ အခါမှာ ဒင်းမှာ အကုသိုလ်တရားတွေက ဆိုဆုံးမတဲ့ပုဂ္ဂိုလ် မရှိခဲ့ရင် တစ်နေ့ထက် တစ်နေ့ တစ်စထက် တစ်စ တိုးပွားပြီးတော့ မလာနိုင်ဘူးလား? လာနိုင်တယ်။ သနားကရုဏာရှိနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ “ဩော် ဒီ အကုသိုလ်တရားတွေ မတိုးပွားပါစေနဲ့” ဆိုပြီးတော့ နည်းပရိယာယ် အမျိုးမျိုးနဲ့ သူ့ကို ဆိုဆုံးမ ပေးရတယ်။

ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘာဖြစ်လို့ ချီးမွမ်းရသလဲ? သူ့ရဲ့ ကောင်းနေတဲ့ ဂုဏ်ကျေးဇူးတွေဟာ တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်ပါစေ ဆိုပြီးတော့ ဒီရည်ရွယ်ချက်နဲ့ ချီးမွမ်းတာလည်း တစ်မျိုး၊ နောက်တစ်ခုက ဒီလို ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်တွေ လောကမှာ ရှိတယ်။ ဒီလို ပုဂ္ဂိုလ်တွေကို အတုလိုက်ပြီးတော့ တို့လည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သင့်တယ်လို့ ဒီလို သဘောပေါက်စေခြင်း အကျိုးငှာ ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ကို ဟုတ်မှန်သည့်အတိုင်း ချီးမွမ်းသင့်တဲ့ အချိန်အခါကာလမှာ ချီးမွမ်းတာကိုလည်း မြတ်စွာဘုရားက နှစ်ခြိုက်တော် မူပါတယ်နော်။ အဲဒါကြောင့် ဘုရားရှင်ရဲ့ ဝါဒကို သူက ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ခေါ်တဲ့အနေနဲ့ ဒီ ပေါတလိယ ကြီးက ဘာလျှောက်သလဲ?

ဘော ဂေါတမ၊ အို အရှင်ဂေါတမ ...။ အဘိက္ကန္တံ၊ နှစ်သက်ဖွယ် ရှိပါလေစွ။ ဘော ဂေါတမ၊ အို အရှင်ဂေါတမ ...။ အဘိက္ကန္တံ၊ အလွန်နှစ်သက်ဖွယ် ရှိပါလေစွ။ ဘော ဂေါတမ၊ အို အရှင်ဂေါတမ ...။ ဧဝမေဝံ၊ ဖြစ်သင့်ဖြစ်ထိုက်။ သေယျထာပိ၊ လောက ဥပမာသည်ကား။ နိက္ကုဇ္ဇိတံ၊ မှောက်၍ ထားအပ်တဲ့ အရာဝတ္ထုကိုမူလည်း။ ဥက္ကုဇ္ဇေယျ၊ လှန်ဘိသကဲ့သို့။

ဧသာဟံ၊ ထိုဘုရားတပည့်တော်သည်။ ဘဝန္တံ ဂေါတမံ၊ ရှင်ဂေါတမကို။ သရဏံ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍။ ဂစ္ဆာမိ၊ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏။ ဓမ္မဉ္စ၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်သော တရားတော်မြတ်ကိုလည်းပဲ။ သရဏံ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍။ ဂစ္ဆာမိ၊ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊
iuu1x2lrwhtv20myxdk3ifj3jhsq4n4 မင်္ဂလသုတ်-၆၆/၉၇ 0 6301 21989 2026-05-21T21:07:31Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၆၆/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၆၅..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21989 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၆၆/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၆၅/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၆၇/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ် - ၆၆

ကဲ မနေ့ညတုန်းက အနဝဇ္ဇာ ကမ္မ = အပြစ်မရှိတဲ့ လုပ်ငန်းရပ်တွေနဲ့ ဆက်စပ်ပြီးတော့ အနဝဇ္ဇာ ကမ္မ မင်္ဂလာတရားအကြောင်း ပြောခဲ့ပါတယ်။ အပြစ်မရှိတဲ့ လုပ်ငန်းရပ်တို့ကို ပြုစုပျိုးထောင် ပြုလုပ်ခြင်း၊ ဥပုသ် စောင့်-သုံးခြင်း၊ တံတားတွေ ဆောက်ခြင်း၊ လမ်းတွေ ပြုပြင်ခြင်း၊ သစ်ပင် စိုက်ပျိုးခြင်း၊ ခြံဥယျာဉ် စိုက်ပျိုးခြင်း၊ သတ္တဝါအများ အရိပ်ရရှိရေးအတွက် ရည်ရွယ်ပြီးတော့ ကောင်းမှုကုသိုလ် အမျိုးမျိုးတွေ ပြုခြင်း၊ သူတစ်ပါးတို့ရဲ့ အကျိုးကို ရွက်ဆောင်ခြင်း ဒီလုပ်ငန်းရပ်တွေသည် တစ်ဖက်ကို ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ရပ်ရွာ စည်ပင်သာယာရေးအတွက်လည်း မဖြစ်ဘူးလား? ဖြစ်တယ်။ မြို့ရွာ စည်ပင်သာယာရေးအတွက်လည်း ဖြစ်ပါတယ်။ တိုင်းပြည် စည်ပင်သာယာရေးအတွက်လည်း ဖြစ်ပါတယ်နော်။

တစ်ရွာလုံးမှာရှိတဲ့ ပုဂ္ဂိုလ်တွေ ရှစ်ပါးသီလကို, ဥပုသ်သီလကို အမြဲတမ်း စောင့်ထိန်းကြမယ်ဆိုရင်၊ တစ်မြို့လုံးမှာရှိတဲ့ ပုဂ္ဂိုလ်တွေ ရှစ်ပါးသီလကို, ဥပုသ်သီလကို အမြဲတမ်း စောင့်ထိန်းကြမယ်ဆိုရင်၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ပုဂ္ဂိုလ်တွေ ရှစ်ပါးသီလကို, ဥပုသ်သီလကို အမြဲတမ်း စောင့်ထိန်းကြမယ်ဆိုရင်၊ ထိုစောင့်ထိန်းနေတဲ့ ရပ်ရွာ, ထိုစောင့်ထိန်းနေတဲ့ မြို့, ထိုစောင့်ထိန်းနေတဲ့ တိုင်းပြည်သည် စည်ပင်သာယာနေတဲ့ တိုင်းပြည် တစ်ပြည် မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ အေးချမ်းနေတဲ့ တိုင်းပြည် တစ်ပြည် ဖြစ်နိုင်ပါတယ်နော်။ အကျင့်ခြင်း, လုပ်ငန်းရပ်ခြင်း တူညီကြပြီ။ စုပေါင်းပြီးတော့ လမ်းတွေ ပြုပြင်တယ်၊ တံတားတွေ တည်ဆောက်တယ်၊ ကျောင်းကန်တွေ, ဇရပ်တွေ တည်ဆောက်ကြတယ်၊ သစ်ပင်တွေ စိုက်ပျိုးကြတယ် သတ္တဝါအားလုံး ချမ်းသာရေးအတွက် ရည်ရွယ်ပြီးတော့နော်။

အဲဒီလို ကောင်းမှုကုသိုလ်တွေကို စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ် ပြုနေတဲ့အတွက် အယူဝါဒချင်းကလည်း တူညီတယ်၊ ကိုယ်ကျင့်သီလချင်းကလည်း တူညီနေတဲ့အတွက် ထိုလူသားအချင်းချင်းသည် ပိုပြီးတော့ စည်းလုံးညီညွတ်မှု မရှိနိုင်ဘူးလား? ရှိနိုင်တယ်နော်။ ဒါလူသားတွေရဲ့ စည်းလုံးညီညွတ်မှု ရရှိရေးအတွက်လည်း ဒီ အနဝဇ္ဇာကမ္မဆိုတဲ့ မင်္ဂလာတစ်ခုသည် အလွန် အရေးကြီးတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေတယ်။

နောက်တစ်ခု ဒီလို ကောင်းမှုကုသိုလ်တွေကို အမြဲပြုနေတဲ့အတွက် ထိုပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေလည်း အမြဲ ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ ကုသိုလ်တရားတွေ အမြဲဖြစ်နေတဲ့ ပုဂ္ဂိုလ်တို့ရဲ့သန္တာန်မှာ အတိတ်က အကျိုးပေးချင်နေတဲ့ ကုသိုလ်ကံတွေဟာလည်း အကျိုးပေးဖို့ရန်အတွက် လမ်းတွေ ပွင့်ပြီးတော့ သွားတတ်ပါတယ်။ ဒါကြောင့် ဒီ အနဝဇ္ဇာ ကမ္မဆိုတဲ့ မင်္ဂလာတရားသည် လေးလေးနက်နက် ရိုရိုသေသေနဲ့ ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ လိုက်နာသင့်တဲ့ မင်္ဂလာတစ်ခု ဖြစ်ပါတယ်။ ကဲ နောက်ဂါထာ တစ်ခု မင်္ဂလာတွေ မြတ်စွာဘုရား ဆက်ဟောပြီ။

အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလမုတ္တမံ။

ဒေဝတာ၊ သိလိုရေးနှင့် မေးလျှောက်လာငြား အို ဒကာတော်နတ်သား။ ပါပါ၊ မကောင်းမှုမှ။ ယာ အာရတီ စ၊ အကြင်စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသည်လည်းကောင်း။ ယာ ဝိရတီ စ၊ အကြင် ကိုယ်နှုတ်တို့ဖြင့် ရှောင်ကြဉ်ခြင်းသည်လည်းကောင်း။ မဇ္ဇပါနာ စ၊ သေရည်သေရက်ကို သောက်စားခြင်းမှလည်းကောင်း။ သံယမော၊ စောင့်စည်းခြင်းသည်။ ဓမ္မေသု စ၊ ကုသိုလ်တရားတို့၌လည်းကောင်း။ အပ္ပမာဒေါ၊ မမေ့မလျော့ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤသုံးပါးသော အချက်အစုကို။ ဥတ္တမံ၊ မြတ်လှစွာသော။ မင်္ဂလံ၊ မင်္ဂလာမည်၏။

အာရတီ ဝိရတီ ပါပါ

မင်္ဂလာတရားလေးပါး မြတ်စွာဘုရား ဆက်ဟောတယ်နော်။ အာရတီ ဝိရတီ ပါပါ-တဲ့နော်။ ဘာကို ပါပ ခေါ်သလဲလို့ မေးတော့ ဟို ... မြတ်စွာဘုရား ဟောထားတဲ့ သုတ္တန်လေးတစ်ခု ကိုးကားပြီးတော့ အဋ္ဌကထာက ဖွင့်ထားတယ်။ ပါဏာတိပါတော၊ အဒိန္နာဒါနာ၊ မုသာဝါတောစ -

ပါပံ နာမ ယံ တံ ‘‘ပါဏာတိပါတော ခေါ, ဂဟပတိပုတ္တ, ကမ္မကိလေသော အဒိန္နာဒါနံ…ပေ… ကာမေသုမိစ္ဆာစာရော…ပေ… မုသာဝါဒေါ’’

ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း။ အဒိန္နာဒါန = အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်တဲ့ သူတစ်ပါးဥစ္စာကို ယူခြင်း။ မုသာဝါဒ = မုသားစကား ပြောကြားခြင်း။ ကာမေသုမိစ္ဆာစာရာ = သူ့သားမယားတို့ကို လွန်ကျူးခြင်း, ဖျက်ဆီးခြင်း။ ဒီတရားလေးပါးတို့ကို ပညာရှိ သူတော်ကောင်းတို့သည် ဘယ်တော့မှ မချီးမွမ်းဘူးတဲ့နော်။ အဲဒီ တရားလေးပါးကို ပါပ-အရ ယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သုရာပါန သိက္ခာပုဒ်ကို မြတ်စွာဘုရားက ဒီမင်္ဂလာတရားထဲမှာ ထည့်ပြီးတော့ ဟောနေတယ်။ အဲဒီလို ဟောခြင်းကြောင့် ဒီနေရာမှာ မကောင်းမှုမှ ရှောင်ကြဉ်ခြင်းဆိုတဲ့ ဥစ္စာက စိတ်နှင့် ရှောင်ကြဉ်ခြင်း၊ ကိုယ်နှုတ်နှင့် ရှောင်ကြဉ်ခြင်း ဆိုပြီးတော့ ဒီလို ဖော်ပြထားတယ်။

စိတ်နဲ့ ရှောင်ကြဉ်တာကို အာရတီ၊ ကိုယ်နှုတ်တို့ဖြင့် ရှောင်ကြဉ်တာကို ဝိရတီ မင်္ဂလာဆိုပြီး ဒီလို ဟောထားတယ်။ အဲဒီတော့ ဒီဝိရတီတရားက ဘယ်နှစ်မျိုး ရှိသလဲလို့ မေးရင်တော့ သမ္ပတ္တဝိရတီ၊ သမာဒါန ဝိရတီ၊ သမုစ္ဆေဒ ဝိရတီ ဆိုပြီးတော့ ဝိရတီက ဘယ်နှစ်မျိုး ရှိသလဲ? သုံးမျိုး။ အဲဒီလို သုံးမျိုး ရှိတဲ့အနက်က ဒီနေရာမှာ ရှောင်ကြဉ်ပုံ ရှောင်ကြဉ်နည်းတွေကတော့ နည်းအမျိုးမျိုး ရှိပေမယ့်လို့ ဒီနေရာမှာ ဝိရတီအကြောင်းကို အရင်ကြိုပြီးတော့ ပြောကြရအောင်။

တတ္ထ ယာ ကုလပုတ္တဿ အတ္တနော ဇာတိံ ဝါ ကုလံ ဝါ ဂေါတ္တံ ဝါ ပဋိစ္စ ‘‘န မေ ဧတံ ပတိရူပံ, ယွာဟံ ဣမံ ပါဏံ ဟနေယျံ, အဒိန္နံ အာဒိယေယျ’’န္တိအာဒိနာ နယေန သမ္ပတ္တဝတ္ထုတော ဝိရတိ, အယံ သမ္ပတ္တဝိရတိ နာမ။

တတ္ထ၊ ထို သမ္ပတ္တဝိရတီ၊ သမာဒါနဝိရတီ၊ သမုစ္ဆေဒဝိရတီဟု ခေါ်ဆိုအပ်သော ဝိရတီ သုံးမျိုးတို့တွင်။ ယာ ကုလပုတ္တဿ၊ အမျိုးကောင်းသား၊ အမျိုးကောင်းသမီး၏ သန္တာန်၌။ အတ္တနော၊ မိမိ၏။ ဇာတိံ ဝါ၊ အမျိုးဇာတ်ကိုလည်းကောင်း။ ကုလံ ဝါ၊ အမျိုးအနွယ်ကိုလည်းကောင်း။ ဂေါတ္တံ ဝါ၊ အမျိုးကိုလည်းကောင်း။ ပဋိစ္စ၊ အကြောင်းပြု၍။ ယွာဟံ၊ အကြင်ငါသည်။ ဣမံ ပါဏံ၊ ဤသူတစ်ပါး အသက်ကို။ ဟနေယျံ၊ သတ်ရာအံ့။ အဒိန္နံ၊ သူတစ်ပါးမပေးသော ဥစ္စာကို။ အာဒိယေယျံ၊ ယူရာအံ့။ ဧတံ၊ ဤသို့ပြုခြင်းသည်။ မေ၊ ငါအား။ န ပတိရူပံ၊ မလျောက်ပတ်။ ဣတိ အာဒိနာ၊ ဤသို့ အစရှိသော။ နယေန၊ နည်းဖြင့်။ သမ္ပတ္တဝတ္ထုတော၊ ရောက်ရှိလာသော ဝတ္ထုအာရုံမှ။ ဝိရတိ၊ ရှောင်ကြဉ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤရှောင်ကြဉ်ခြင်းကို။ သမ္ပတ္တဝိရတိ နာမ၊ သမ္ပတ္တဝိရတိဟူ၍ ခေါ်ဆိုအပ်၏။

သမ္ပတ္တဝိရတီတဲ့။ ပုဂ္ဂိုလ်တစ်ယောက်က သိက္ခာပုဒ်တွေ တကယ်တမ်း ဆောက်တည်ထားတာတော့ မရှိဘူးနော်။ ဒါပေမဲ့လို့ လွန်ကျူးဖို့ရန် ဝတ္ထုတစ်ခု ဆိုက်ရောက်လာပြီဆိုရင် သူက စဉ်းစားပြီ။ ဟော ဒီလို မကောင်းမှုမျိုးဟာ ငါ့ရဲ့ အမျိုးဇာတ်, ငါဟာ မဟာ ကြီးကျယ်မြင့်မြတ်တဲ့ ဇာတ်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ငါ့လို အမျိုးဇာတ် မြင့်မြတ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဒီလို မကောင်းမှုကိုတော့ ပြုလုပ်ဖို့ရန် မတော်ဘူး။ ငါ့လို စင်ကြယ်သန့်ရှင်းနေတဲ့ အမျိုးအနွယ်ရှိနေတဲ့ အမျိုးကောင်းသားတစ်ယောက်၊ အမျိုးသမီးကောင်းတစ်ယောက် ဒီလို မကောင်းမှု ပြုလုပ်ရန် မတော်ဘူး။ သူက စဉ်းစားတယ်။ ဒို့ရဲ့ အမျိုးအနွယ်မှာ ဒီလို မကောင်းမှုပြုတဲ့ ပုဂ္ဂိုလ်မျိုး မရှိဘူး။

ဒါကြောင့် မကောင်းမှုပြုတဲ့ အမျိုးအနွယ်မဟုတ်တဲ့ ငါလို ပုဂ္ဂိုလ်တစ်ယောက်က ဒီလို မကောင်းမှု ပြုဖို့ရန် မတော်ဘူး ဆိုပြီးတော့ အဲဒီလို အမျိုးဇာတ်တို့၊ မိမိတို့ရဲ့ ဆွေမျိုးဂုဏ်တို့၊ အမျိုးအနွယ်ရဲ့ ဂုဏ်ကို အာရုံယူပြီးတော့ ဆိုက်ရောက်လာတဲ့ မကောင်းမှုကနေပြီးတော့ သူက ရှောင်ကြဉ်လိုက်တယ်။ ကာယ ဒုစရိုက်တွေမှ ရှောင်ကြဉ်တယ်၊ ဝစီ ဒုစရိုက်တွေမှ ရှောင်ကြဉ်တယ်၊ မနော ဒုစရိုက်တွေမှ ရှောင်ကြဉ်လိုက်တယ်။ အဲဒီလို ရှောင်ကြဉ်တဲ့ ထုံးလေးနဲ့ ပတ်သက်ပြီးတော့ ဒီနေရာမှာ စက္ကနဥပါသကာလေး တစ်ယောက်ရဲ့ ထုံးကို ထောက်ပြထားပါတယ်နော် -

စက္ကနဥပါသကာ ဆိုတာကတော့ သီဟိုဠ်ကျွန်းက ဒါယကာလေး တစ်ဦးပါပဲ။ ဒီဒကာလေးက သူ့ရဲ့ မိခင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူက ဒီ သမ္ပတ္တဝိရတီကို ကျကျနန အားထုတ်ခဲ့တဲ့ သူတော်ကောင်းပဲ။ မိခင်က တစ်နေ့မှာ ဖျားနာတယ်။ ဖျားနာတဲ့ အခါကျတော့ ဆေးဆရာလုပ်တဲ့ ပုဂ္ဂိုလ်က ယုန်သားအစို ရခဲ့မယ်ဆိုရင် မိခင်ရဲ့ရောဂါ ပျောက်ကင်းလိမ့်မယ်လို့ ဒီလို ပြောတယ်။ ပြောလိုက်တဲ့ အချိန်အခါကျတော့ အစ်ကိုလုပ်တဲ့ ပုဂ္ဂိုလ်ကို, ဒီစက္ကနကို -

"ကဲ ... ငါ့ညီ လယ်တောသွားပြီးတော့ ယုန်ရှာပေတော့” ဆိုပြီး ခိုင်းလိုက်တယ်။ ခိုင်းလိုက်တဲ့ အချိန်အခါမှာ ကံမကောင်း အကြောင်းမလှချင်တော့ ယုန်ကလေးတစ်ကောင်ဟာ သူတို့ရဲ့ လယ်တောမှာ စပါးဖုံးစ အချိန်ဆိုတော့ စပါးဖုံး နုနုလေးတွေကို လာပြီးစားဖို့ရာ ထွက်ပြီးအလာ ဗြုန်းကနဲ လူသံကြားလိုက်တဲ့ အချိန်အခါကျတော့ ယုန်ကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ပြေးလိုက်တော့ နွယ်လေးတစ်ပင်နဲ့ ငြိပြီးတော့ လှဲနေရော၊ မပြေးနိုင်ဘူး။ အဲဒီမှာ အချောင် ဖမ်းမိတာပဲ။ ဖမ်းမိလိုက်တဲ့ အချိန်အခါမှာ ဒီစက္ကနဥပါသကာက ဘယ်လို ဆင်ခြင်သလဲ?

‘‘န မေတံ ပတိရူပံ, ယွာဟံ မာตု ဇီဝိတကာရဏာ ပရံ ဇီဝိတာ ဝေါရောပေယျံ’’

ယော အဟံ၊ အကြင်ငါသည်။ မာတု ဇီဝိတကာရဏာ၊ မိခင်၏ အသက်ရှင်ရေးတည်းဟူသော အကြောင်းကြောင့်။ ပရံ၊ သူတစ်ပါးကို။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ ဝေါရောပေယျံ၊ ချလေရာ၏။ ဧတံ၊ ဤဇီဝိတိန္ဒြေမှ ချခြင်း၊ သတ်ဖြတ်ခြင်းဆိုတဲ့ ဤလုပ်ငန်းရပ်သည်။ မေ၊ ငါ့အား။ န ပတိရူပံ၊ မသင့်တင့် မလျောက်ပတ်ပေ။

စဉ်းစားပြီ။ အမေ အသက်ရှင်ရေးတည်းဟူသော အကြောင်းကြောင့် သူတစ်ပါးကို ငါ သတ်ရမယ်ဆိုရင်တော့ ဒီအလုပ်က မတော်ဘူးကွယ်။ သူက စဉ်းစားတယ်။ စဉ်းစားပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်မလဲ? မသတ်ဘူးလို့ သူက ဆုံးဖြတ်ချက် ချလိုက်တယ်။ ဆုံးဖြတ်ချက် ချပြီးတော့ ဘာလုပ်သလဲ?

‘‘ဂစ္ဆ အရညေ သသေဟိ သဒ္ဓိံ တိဏောဒကံ ပရိဘုဉ္ဇ’’

ဂစ္ဆ၊ သွားချေတော့။ အရညေ၊ တော၌။ သသေဟိ၊ ဆွေမျိုးယုန်အပေါင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ တိဏောဒကံ၊ မြက်, ရေကို။ ပရိဘုဉ္ဇ၊ ချမ်းသာစွာ သုံးဆောင်၍ နေပေတော့။

"ကဲ ယုန်လေး မင်းသွားပေတော့။ တောထဲမှာ မင်းဆွေမျိုးသားချင်းတွေနဲ့ ဆွေမျိုးသားချင်းဖြစ်တဲ့ ယုန်တွေနဲ့ အတူတကွ မြက်, ရေတွေ စားသုံးပြီးတော့ နေထိုင်ပေတော့” ဆိုပြီးတော့ လွှတ်လိုက်တယ်။ လွှတ်ပြီးလိုက်တဲ့ အချိန်အခါကျတော့ အိမ်ပြန်ရောက်တော့ အစ်ကိုက မေးမြန်းတယ်။ ဖြစ်ရပ် အကြောင်းအစုံကိုလည်း သူက တင်ပြလိုက်တော့ အစ်ကိုက ကြိမ်းလိုက်၊ မောင်းလိုက်တာ။ ကြိမ်းလိုက်၊ မောင်းလိုက်တော့ ဒီအမျိုးသားလေးက ဘာလုပ်သလဲ? အမေထံ သွားတယ်။ သွားပြီးတော့ သူက သစ္စာဆိုတယ်။ ဘယ်လို ဆိုသလဲ?

‘‘ယတောဟံ ဇာတော, နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ’’

ယတော၊ အကြင်အချိန်အခါကာလမှ။ အဟံ၊ ငါသည်။ ဇာတော၊ ပဋိသန္ဓေအားဖြင့် မွေးဖွား၍ လာခဲ့ရပေ၏။ တတော၊ ထိုမွေးဖွားသည့် အချိန်အခါကာလမှ။ ပဋ္ဌာယ၊ စ၍။ သဉ္စိစ္စ၊ သေစေလိုသော စိတ်စေတနာ ထင်ရှားရှိလျက်။ ပါဏံ၊ သတ္တဝါကို။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ ဝေါရောပေတာ၊ ချခဲ့ဖူးသည်ကို။ နာဘိဇာနာမိ၊ မသိရှိပါ။

ဧတေန သစ္စဝဇ္ဇေန သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ဧတေန သစ္စဝဇ္ဇေန၊ ဤသို့ မှန်ကန်သော သစ္စာစကားကို ပြောဆိုရခြင်းတည်းဟူသော ဤအကြောင်းကြောင့်။ တေ၊ သင်၏ မိခင်အား။ သောတ္ထိ၊ ရောဂါလွတ်ကင်း ချမ်းသာအေးမြခြင်းသည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသတည်း။

ဟော သူ့ရဲ့ သစ္စာပြုတာနော်။ ပဋိသန္ဓေအားဖြင့် မွေးဖွားလာတဲ့ နေ့ကနေ စပြီးတော့ သေစေလိုတဲ့ စိတ်စေတနာဖြင့် သူတစ်ပါးရဲ့ အသက်ကို တစ်ခါမှ မသတ်ခဲ့ဖူးပါဘူး။ ဤမှန်ကန်သော သစ္စာစကားကြောင့် မိခင်ရဲ့ ရောဂါသည် ပျောက်ကင်းပါစေ ဆိုပြီးတော့ သစ္စာပြုတယ်။ သစ္စာ ပြုလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

ဝိရတီသုံးပါးနှင့် သစ္စာပါရမီ

တာဝဒေဝဿ မာတာ အရောဂါ အဟောသိ။

တာဝဒေဝ၊ ထိုကဲ့သို့ သစ္စာဆိုသော ခဏ၌ပင်လျှင်။ အဿ၊ ထိုစက္ကနဥပါသကာ၏။ မာတာ၊ မိခင်သည်။ အရောဂါ၊ အနာရောဂါမှ ကင်းရှင်း၍ သွားသည်။ အဟောသိ၊ ဖြစ်ခဲ့၍လေပြီ။

သစ္စာဆိုလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ထိုစက္ကနဥပါသကာ၏ မိခင်သည် အနာရောဂါမှ ကင်းရှင်း သွားခဲ့တယ်။ အဲဒီလို ရှောင်ကြဉ်မှုမျိုးကတော့ သမ္ပတ္တဝိရတီလို့ ခေါ်ပါတယ်နော်။ ဆိုက်ရောက်လာတဲ့ လွန်ကျူးဖွယ်ကို မလွန်ကျူးဘဲနဲ့ မိမိရဲ့စိတ်ကို နိုင်နင်းစွာ ထိန်းကွပ်ပြီး ထားနိုင်တဲ့ စွမ်းအားပဲ။ စိတ်ရဲ့ စွမ်းအင်သတ္တိ ဘယ်လောက် ကြီးမားသလဲဆိုတာ ဒကာကြီးတွေ ကြည့်ပါနော်။ မိမိတို့က မိမိတို့ရဲ့ စိတ်ဓာတ်၊ မိမိတို့ရဲ့ စိတ်ဓာတ်စွမ်းအားကို ယုံကြည်လေးစား မြတ်နိုးတဲ့စိတ်ထား ရှိဖို့လိုအပ်တယ်။ မိမိဟာ ကာယဒုစရိုက် ဘယ်တော့မှ မလွန်ကျူးဘူး၊ ဝစီဒုစရိုက် ဘယ်တော့မှ မလွန်ကျူးဘူး။ မလွန်ကျူးဘဲ အမြဲတမ်း စောင့်ထိန်းပါ။ မနောဒုစရိုက်တွေ ဘယ်တော့မှ မလွန်ကျူးဘူး။ မလွန်ကျူးဘဲနဲ့ အမြဲတမ်းသာ စောင့်ထိန်းနေပါ။

မိမိ စောင့်ထိန်းထားတဲ့သီလ မိမိ အသိဆုံးဖြစ်တယ်။ မိမိရဲ့ သီလ ဘယ်လောက်စင်ကြယ်တယ် ဆိုတာကို အဆင့်အတန်း မြင့်မြင့် ကိုယ့်ဟာကိုယ် နားလည်တယ်။ မစင်ကြယ်ဘူး ဆိုတာလည်း နားမလည်ဘူးလား? နားလည်ပါတယ်။ ကိုယ့်ကိုယ်ကို နားလည်ပါတယ်။ နားမလည်ဘူးဆိုတာက ဒါ ကိုယ့်ကိုယ်ကို လိမ်နေတာ။ သူများကိုလည်း လိမ်နေတာပါ။ မိမိကိုယ်ကို မိမိ စင်ကြယ်အောင် တကယ်တမ်း လက်တွေ့ကျင့်နေတဲ့ သူတော်ကောင်းက မိမိကိုယ်အကြောင်း မိမိအကြောင်း မိမိ အသိဆုံးပဲ။

အဲဒီလို သိလိုက်တဲ့ အချိန်အခါမှာ ဒီစိတ်ဓာတ်ရဲ့ စွမ်းအင်ကို အခုလို အသုံးချရမယ့်နေရာမှာ တကယ်တမ်း လက်တွေ့အသုံးချတယ်။ ဒါ စိတ်ဓာတ်ရဲ့ စွမ်းအား ကြီးမားမှုပဲ။ ဒီစွမ်းအင်လေးတွေကို ယုံယုံကြည်ကြည်နဲ့ လိုက်နာပြုကျင့်တာဟာ ဘာကြောင့်လဲလို့ မေးလိုက်ရင်တော့ သူ့ရဲ့ အတိတ်ဘဝက ဖြည့်ကျင့်ခဲ့ဖူးတဲ့ သစ္စာပါရမီအပေါ်မှာလည်း အခြေတည်နေပါတယ်။ ဒီသစ္စာပါရမီတွေကို ဒီဘဝမှာတင် သူက ပြုစုပျိုးထောင်သည် မဟုတ်ဘူး။ အတိတ်သံသရာ အဆက်ဆက်ကလည်း ပြုစုပျိုးထောင်ခဲ့တဲ့အတွက် ဒီသစ္စာပါရမီသည် ပါရမီမြောက်နေတဲ့ သစ္စာတစ်ခု ဖြစ်ပါတယ်နော်။ နောက်တစ်ခု နံပါတ်နှစ်ကတော့ -

သမာဒါနဝိရတီပြခန်း

သမာဒိန္နသိက္ခာပဒါနံ ပန သိက္ခာပဒသမာဒါနေ စ တတုတ္တရိ စ အတ္တနော ဇီဝိတမ္ပိ ပရိစ္စဇိတွာ ဝတ္ထုံ အဝီတိက္ကမန္တာနံ ဥပ္ပဇ္ဇမာနာ ဝိရတိ သမာဒါနဝိရတီ။

သမာဒိန္နသိက္ခာပဒါနံ၊ ဆောက်တည်ထားအပ်ပြီးသော သိက္ခာပုဒ် ရှိ၍နေကြကုန်သော သူတော်ကောင်းတို့၏ သန္တာန်၌။ သိက္ခာပဒသမာဒါနေ စ၊ သိက္ခာပုဒ်ကို ဆောက်တည်ခြင်း၌လည်းကောင်း။ တတုတ္တရိ စ၊ ထိုသိက္ခာပုဒ်ကို ဆောက်တည်ပြီးသည်၏ နောက်ကာလ၌ အတက်ဖြစ်သော ကာလ၌လည်းကောင်း။ အတ္တနော၊ မိမိ၏။ ဇီဝိတမ္ပိ၊ အသက်ကိုသော်လည်းပဲ။ ပရိစ္စဇိတွာ၊ စွန့်လွှတ်၍။ ဝတ္ထုံ၊ လွန်ကျူးဖွယ်ဝတ္ထုကို။ အဝီတိက္ကမန္တာနံ၊ မလွန်ကျူးကြကုန်သော သူတော်ကောင်းတို့အား (သို့မဟုတ်) မလွန်ကျူးကြကုန်သော သူတော်ကောင်းတို့၏သန္တာန်၌။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်ပေါ်၍လာသော။ ဝိရတိ၊ ဝိရတီကို။ သမာဒါနဝိရတီ၊ သမာဒါနဝိရတီဟူ၍။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗာ၊ သိသင့်သိထိုက်လှပေ၏။

သိက္ခာပုဒ် ဆောက်တည်ထားတဲ့ သူတော်ကောင်းတွေ ရှိကြတယ်နော်။ နေ့စဉ်နေ့စဉ် ဒီဌာနမှာ သီလခံယူ ဆောက်တည်တဲ့ ပုံစံအတိုင်းပေါ့နော်။ သိက္ခာပုဒ်တွေကို စနစ်တကျ ဆောက်တည်ထားပြီးပြီ။ ဆောက်တည်ထားပြီးတဲ့ သူတော်ကောင်းတွေက ဆောက်တည်ထားတဲ့ ဒီသိက္ခာပုဒ်တွေကို ရိုသေစွာနဲ့ ဖြည့်ကျင့်တယ်။ ဖြည့်ကျင့်တဲ့နေရာမှာ ဘယ်လောက်အထိ ဖြည့်ကျင့်သလဲလို့ မေးတော့ သိက္ခာပုဒ် ဆောက်တည်တဲ့ အချိန်အခါမှာလည်း ဖြည့်ကျင့်တယ်။ ဆောက်တည်ပြီးတဲ့ နောက်ပိုင်းကာလမှာလည်း ဖြည့်ကျင့်တယ်။ ဆောက်တည်ပြီးတဲ့ နောက်ပိုင်းကာလမှာ ဖြည့်ကျင့်ပုံက အတ္တနော ဇီဝိတမ္ပိ ပရိစ္စဇိတွာ = မိမိ၏ အသက်ကိုသော်လည်းပဲ စွန့်လွှတ်ပြီးတော့ကို ဖြည့်ကျင့်တယ်။ ဒါက ပရမတ္ထပါရမီပဲနော်။

အသက်ကို စွန့်လွှတ်ပြီးတော့ ကိုယ်က ဒီသီလကို ဖြူစင်အောင် စောင့်ထိန်းကြတယ်။ ဝတ္ထုအဝီတိက္ကမ = လွန်ကျူးဖွယ်ဝတ္ထု ဆိုက်ရောက်လာပြီ။ သူ့အသက် သတ်ဖို့ အကြောင်းပေါ်လာပြီ။ ဘယ်တော့မှ မသတ်ဘူး။ မိမိ အသက်ကိုသာ အသေခံမယ်။ သူ့ပစ္စည်း မတရားယူဖို့ရန် အကြောင်းပေါ်လာပြီ။ ဘယ်တော့မှ မတရား မယူဘူး။ အသက်သာ အသေခံမယ်။ သူ့သားမယား ဖျက်ဆီးဖို့ရန် အကြောင်းပေါ်လာပြီ။ ဘယ်တော့မှ မဖျက်ဆီးဘူး။ အသက်သာ အသေခံမယ်။ မုသားပြောဖို့ရန် အကြောင်းပေါ်လာပြီ။ ဘယ်တော့မှ မုသား မပြောဘူး။ အသက်သာ အသေခံမယ်။ ဒီစိတ်ဓာတ်တွေနော်။ ဒီစိတ်ဓာတ်ရဲ့စွမ်းအင်က အလွန်ကြီးပါတယ်နော်။

အဲဒီတော့ ဒီလို သိက္ခာပုဒ်ကိုလည်း ဆောက်တည်ပြီးတော့ ဒီလို မလွန်ကျူးတဲ့ပုဂ္ဂိုလ်ရဲ့ ရှောင်ကြဉ်မှုကိုတော့ သမာဒါနဝိရတီလို့ ခေါ်တယ်။ ဒီတော့ သမာဒါနဝိရတီကတော့ သိက္ခာပုဒ် ဆောက်တည်မှုရှိတယ်။ ရှောင်ကြဉ်ပုံချင်းကတော့ အတူတူပဲနော်။ သိက္ခာပုဒ် ဆောက်တည်ပြီး ရှောင်ကြဉ်တာနဲ့ သိက္ခာပုဒ် မဆောက်တည်ဘဲနဲ့ ရှောင်ကြဉ်တာ ဒါပဲ ကွာတယ်။ အဲဒီ သမာဒါနဝိရတီနဲ့ ပတ်သက်ပြီးတော့ ဘာထုံး ထောက်ပြထားသလဲဆိုတော့ ဥတ္တရဝုဍ္ဎမာနတောင်ဆိုတဲ့ တောင်တစ်တောင် ရှိတယ်။ အဲဒီ တောင်ခြေမှာနေတဲ့ ဥပါသကာတစ်ဦး ရှိပါတယ်။ အဲဒီ ဥပါသကာတစ်ဦးက [?] ဝိဟာရလို့ ခေါ်တဲ့ [?] ကျောင်းတိုက်မှာ သီတင်းသုံးတော်မူတဲ့ [?] မထေရ်မြတ်ကြီးရဲ့ထံမှာ သိက္ခာပုဒ်တွေကို ရိုသေစွာ ဆောက်တည်ထားတယ်။ မလွန်ကျူးအောင်လည်း ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။

တစ်ချိန် ... လယ်တောမှာ သွားပြီးတော့ လယ်ထွန်တယ်။ လယ်ထွန်ရာကနေပြီးတော့ ခေတ္တ အပန်းဖြေတဲ့အခါ နွားတွေကို တောထဲ လွှတ်လိုက်တော့ အလုပ်လုပ်ချိန်ကျတော့ နွားတွေကို ပြန်ပြီးတော့ ခေါ်ဖို့ရန်အတွက် တောင်ထိပ်တက်သွားတာ စပါးကြီးမြွေတစ်ကောင်နဲ့ သွားတိုးတယ်။ စပါးကြီးမြွေတစ်ကောင်နဲ့ သွားတိုးလိုက်တဲ့ အချိန်အခါမှာ မြွေက သူ့ကို ဖမ်းပြီး ရစ်ပတ်တယ်။ ဒါပေမဲ့ သူ့လက်ထဲမှာ အလွန် ထက်မြက်နေတဲ့ ဓားတစ်ခုကလည်း ပါလာတယ်။ ပါလာတဲ့ အချိန်အခါကျတော့ သူက ဘာလုပ်သလဲ? ဒီဓားနဲ့ ဒီစပါးကြီးမြွေကို ခုတ်မယ်ဆိုပြီးတော့၊ ခုတ်သတ်မယ် ဆိုပြီးတော့ သူက စိတ်ထဲမှာ ဖြစ်ပြန်တယ်။ ဖြစ်လိုက်တော့ နောက်တစ်ခါ သူက ဘာစဉ်းစားသလဲ?

"ဩော် ... ငါ အလွန် လေးစားထိုက်တဲ့ ဆရာသမားတစ်ဦးထံမှာ ငါဆောက်တည်ထားတဲ့ ဒီသီလကို ငါ ချိုးဖျက်လိုက်မယ် ဆိုရင်တော့ မတော်ဘူး"။ စဉ်းစားပြီ။ စဉ်းစားလိုက်တဲ့ အခါကျတော့ မြွေကို မသတ်ဖို့ရန် တစ်ခါ ဆုံးဖြတ်ချက် ချလိုက်ပြန်တယ်။ ဆုံးဖြတ်ချက် ချပြီးတဲ့ အခါကျတော့မှ တစ်ခါ စိတ်ထဲ သတ်ဖို့ ပြန်ဖြစ်ပြန်တယ်။ အဲဒီလို ချီတုံချတုံ နှစ်ကြိမ်လောက် ဖြစ်ပြီးတဲ့အခါ နောက်ဆုံးတော့ ငါ အသက်ကိုသာ စွန့်လွှတ်လှူဒါန်းတော့မယ်။ သူတစ်ပါးအသက်ကိုတော့ ငါဘယ်တော့မှ မသတ်တော့ဘူး ဆိုပြီးတော့ ပဲခွပ်ကို လွှင့်ပစ်လိုက်တယ်။ အဲဒီလို လွှင့်ပစ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း စပါးကြီးမြွေကလည်း သူ့ရဲ့ သီလပါရမီ တန်ခိုး၊ မေတ္တာပါရမီ တန်ခိုးတွေကြောင့် စပါးကြီးမြွေက သူ့ကိုလည်း လွှတ်လိုက်ပါတယ်။ ဖြေပြီးတော့ အလိုလို ထွက်သွားတယ်နော်။ အဲဒီမှာကျတော့ ဒီဒါယကာကြီး ဘာလုပ်သလဲ? သိက္ခာပုဒ်ကို ဆောက်တည်ပြီး ဆောက်တည်ထားတဲ့ သိက္ခာပုဒ်ကို အသက်အသေခံပြီးတော့ စွန့်လွှတ်ပြီးတော့ မကျိုးမပေါက်အောင် ထိန်းသိမ်း စောင့်ရှောက်တယ်။ အဲဒီလို ရှောင်ကြဉ်မှုမျိုးကိုတော့ သမာဒါနဝိရတီလို့ ခေါ်တယ်။

သမုစ္ဆေဒဝိရတီပြခန်း

အရိယမဂ္ဂသမ္ပယုတ္တာ သမုစ္ဆေဒဝိရတိ နာမ၊

အရိယာမဂ်ဉာဏ်နှင့် ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့ ရှောင်ကြဉ်မှုကိုတော့ သမုစ္ဆေဒဝိရတီလို့ ခေါ်တယ်။ အရိယာသူတော်ကောင်းတွေက သီလကို ချိုးဖောက်ချင်နေတဲ့ ကိလေသာ အညစ်အကြေးမှန်သမျှကို အရိယာမဂ်တရားဖြင့် အကြွင်းမဲ့ ပယ်ရှားလိုက်တယ်။ အကြွင်းမဲ့ ပယ်ရှားလိုက်တဲ့အတွက် ဘာဖြစ်သလဲ?

ယဿာ ပဝတ္တိတော ပဘုတိ အရိယသာဝကဿ ပဉ္စ ဘယာနိ ဝေရာနိ ဝူပသန္တာနိ ဟောန္တိ။

ယဿာ၊ အကြင် သမုစ္ဆေဒဝိရတီ၏။ ပဝတ္တိတော၊ ဖြစ်သော အချိန်အခါ။ ပဘုတိ၊ အစပြု၍။ အရိယသာဝကဿ၊ အရိယာသူတော်ကောင်း၏သန္တာန်၌။ ပဉ္စ၊ ငါးပါးကုန်သော။ ဘယာနိ၊ ဘေးတို့သည်။ ဝေရာနိ၊ ငါးပါးကုန်သော ရန်တို့သည်။ ဝူပသန္တာနိ၊ ငြိမ်းအေး၍ သွားကြလေကုန်သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ဘေးရန်ငါးမျိုး ငြိမ်းသွားတယ်တဲ့နော်။ အရိယာသူတော်ကောင်းတို့ဟာ ငါးပါးသီလကို သောတာပန် အရိယာပေါ့။ အောက်ထစ်ဆုံး ငါးပါးသီလကို ချိုးဖောက်လိုတဲ့ စိတ်နေစိတ်ထားမျှသော်လည်း မဖြစ်ဘူး။ ဒီတော့ ဒီစကားလေးက နည်းနည်းလေး ယောဂီတွေ သတိရှိရမယ်နော်။ ကိုယ့်ကိုယ်ကိုတော့ ပြန်ပြီးတော့ မလိမ်ကြနဲ့။ မိမိကိုယ်ကို မိမိက အရိယာ သူတော်ကောင်းလို့ ထင်ခဲ့ရင်ပေါ့နော်။ သန္တိသုခ အငြိမ်းဓာတ်အရသာကြီးကို မျက်မှောက်ပြုနေရပြီလို့ ဒီလို မိမိကိုယ်ကို မိမိယူဆရင် ငါသည် ရဟန်းဖြစ်ခဲ့ရင် ငါသည် သိက္ခာပုဒ်တွေကို လွန်ကျူးနေသလားလို့ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ဆုံးဖြတ်ချက် ချနော်။ လူဖြစ်ခဲ့ရင်လည်း ငါသည် ငါးပါးသီလ မြဲရဲ့လား ကိုယ့်ဟာကို ပြန်ပြီး ဆန်းစစ်ကြည့်နော် -

လိမ်ချင်တဲ့ စိတ်ထားလေးတွေ ရှိနေသေးတယ်၊ လိမ်လည်ပြောနေသေးတယ်၊ မုသားတွေလည်း ရေလို သုံးနေသေးတယ် ဆိုရင်တော့ ငါဟာ အရိယာ၊ ဘုရားဆိုလိုတဲ့ အရိယာ မဟုတ်သေးဘူးလို့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်လို့ ရတယ်။ သူ့အသက်သတ်ချင်တဲ့ စိတ်ထားတွေ၊ သူ့ကို ချေမှုန်းပစ်ချင်တဲ့ စိတ်ထားတွေ၊ သူ့ပစ္စည်း မတရားလိုချင်တဲ့ စိတ်ထားတွေ၊ သူ့သားမယား ဖျက်ဆီးချင်တဲ့ စိတ်ထားတွေ၊ မုသားပြောချင်တဲ့ စိတ်ထားတွေ၊ ကုန်းတိုက်ချင်တဲ့ စိတ်ထားတွေ၊ ကြမ်းတမ်းတဲ့ စကားပြောချင်တဲ့ စိတ်ထားတွေ စသည်ဖြင့် ဒီစိတ်ထားတွေ ရှိနေသ၍ ငါဟာ ဘုရားဆိုလိုတဲ့ အရိယာသူတော်ကောင်း အဆင့်သို့ မရောက်သေးဘူးဆိုတာ ကိုယ့်ဟာကိုယ် ပြန်ပြီးတော့ အဖြေပေးလို့ ရပါတယ်နော်။

ဒါကြောင့် ဘုရားဆိုလိုတဲ့ အရိယာသူတော်ကောင်းတို့ရဲ့ သန္တာန်မှာကတော့ ဒီငါးပါးသီလဆိုတဲ့ ဘေးကြီးငါးမျိုး ငြိမ်းပြီး ဖြစ်သွားတယ်။ ရန်ငါးပါးလည်း ငြိမ်းပြီး ဖြစ်သွားတယ်နော်။ အဲဒီလို မကောင်းမှုတွေမှ စိတ်နှင့် ရှောင်ကြဉ်ခြင်း၊ ကိုယ်နှုတ်နှင့် ရှောင်ကြဉ်ခြင်း အဲဒီ ရှောင်ကြဉ်ခြင်းကို စိတ်နဲ့ ရှောင်ကြဉ်တာကိုတော့ အာရတီမင်္ဂလာ၊ ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်တာကိုတော့ ဝိရတီမင်္ဂလာ ဆိုပြီးတော့ ဒီလို သုံးထားတယ်။ ဒီတော့ ဒီထဲမှာ မုသာဝါဒဆိုတဲ့ ဝစီဒုစရိုက်တစ်ခုကို ဟောလိုက်ရင် ငါးပါးသီလထဲမှာပေါ့နော်။ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ ခေါ်တဲ့ ကုန်းတိုက်တဲ့ ဝစီဒုစရိုက်၊ ကြမ်းတမ်းတဲ့စကားကို ပြောဆိုခြင်းဆိုတဲ့ ဝစီဒုစရိုက်၊ ပြိန်ဖျင်းတဲ့စကား ပြောဆိုခြင်းဆိုတဲ့ ဝစီဒုစရိုက်။ ဒီသုံးခုလည်း အကျုံးဝင်သွားပါတယ်။ ဘာဖြစ်လို့လဲ? သုတ္တန်တစ်ခုမှာ မြတ်စွာဘုရား ဟောထားတာ ရှိပါတယ်။

အကြင်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မုသားစကား ခပ်များများ ပြောနေတယ်။ ထိုမုသားစကား ခပ်များများပြောတဲ့ ပုဂ္ဂိုလ် မလွန်ကျူးရဲတဲ့ အကုသိုလ်အမှုဆိုတာ မရှိဘူးဆိုပြီး ဒီလို ဟောထားတယ်။ အဲဒါ လက်တွေ့ ဟုတ်၊ မဟုတ် စဉ်းစားကြည့်နော်။ မုသားခပ်များများ ပြောနေတဲ့ ပုဂ္ဂိုလ်သည် ဘယ်မကောင်းမှုမဆို သူ ပြုလုပ်ရဲတယ်။ ပြုလည်း ပြုတယ်။ ပြုလုပ်ရဲတဲ့ စိတ်ထားလည်း ရှိတယ်။ ပြုလည်း ပြုကျင့်နေတယ်။ သို့သော် ဘုရားရှင်ကတော့ ဒီနေရာမှာ စိတ်နဲ့ ရှောင်ကြဉ်ပုံနဲ့ ပတ်သက်ပြီးတော့ အတုယူဖွယ်ကောင်းတဲ့ သုတ္တန်တစ်ခု ဟောထားပါတယ်နော်။ အဲဒီ သုတ္တန်ကတော့ သလ္လေခသုတ္တန် ဖြစ်ပါတယ်။ အဲဒီ သလ္လေခသုတ္တန်မှာ မြတ်စွာဘုရားက စုန္ဒကို ဘာဟောသလဲ?

စိတ္တုပ္ပါဒမ္ပိ ခေါ အဟံ၊ စုန္ဒ၊ ကုသလေသု ဓမ္မေသု ဗဟုကာရံ ဝဒါမိ၊

စုန္ဒ၊ ချစ်သား စုန္ဒ။ အဟံ၊ ငါဘုရားသည်။ ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌။ စိတ္တုပ္ပါဒမ္ပိ ခေါ၊ စိတ်ဖြစ်ပေါ်ရုံမျှသော်လည်းပဲ။ ဗဟုကာရံ၊ အလွန့်အလွန် ကျေးဇူးများလှပါ၏ဟူ၍။ ဝဒါမိ၊ ဟောတော်မူ၏။
# အဋ္ဌကထာဖွင့်ချက် (စိတ်ဓာတ်၏စွမ်းအား)

ကော ပန ဝါဒေါ ကာယေန ဝါစာယ အနုဝိဓီယနာသု!

ကာယေန၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ၊ နှုတ်ဖြင့်လည်းကောင်း။ အနုဝိဓီယနာသု၊ ကိုယ်ဖြင့် ပြုလုပ်ခြင်း၊ နှုတ်ဖြင့် စီမံခန့်ခွဲခြင်း စသည်တို့၌။ ကော ပန ဝါဒေါ၊ အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်း။

ချစ်သား စုန္ဒ ...ကုသိုလ်တရားတို့ဟာ စိတ်ကလေး ဖြစ်ခဲ့မယ်ဆိုရင် စိတ်ဖြင့်ရုံမျှသော်လည်းပဲ အလွန့်အလွန် ကျေးဇူးများလှတယ်လို့ ငါဘုရား ဟောပါတယ်နော်။ အကယ်၍များ ကာယကံဖြင့် ကုသိုလ်တရားတွေကို ကိုယ်ထိလက်ရောက် ပြုမူခဲ့မယ်။ ဝစီကံဖြင့် ကုသိုလ်တရားတွေကို ဖြည့်ကျင့်ဆည်းပူးခဲ့မယ်၊ စီမံခန့်ခွဲခဲ့မယ် ဆိုရင်တော့ ဘယ်ပြောဖွယ်ရာ ရှိနိုင်ပါ့မလဲ? ဆိုပြီးတော့ ဒီလို ဟောထားတယ်။ အဲဒီမှာ အဋ္ဌကထာက ဖွင့်ထားတဲ့ အဖွင့်လေးကို ဘုန်းကြီး ပြောချင်တာပါ။ ဒါ စိတ်ဓာတ်ရဲ့ စွမ်းအားသည် ဘယ်လောက် ကြီးမားတယ်ဆိုတာ သဘောပေါက်စေချင်တယ်နော်။ ဘုရားရှင်က ဒီစကားလေး ဟောတာ ဒီစကားရဲ့ ဆိုလိုရင်း အနက်သဘောက ဘာလဲတဲ့နော် -

စိတ္တုပ္ပါဒမ္ပိ ခေါ အဟံ, စုန္ဒ, ကုသလေသု ဓမ္မေသု ဗဟုကာရံ ဝဒါမိ

စုန္ဒ၊ ချစ်သား စုန္ဒ။ အဟံ၊ ငါဘုရားသည်။ ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌။ စိတ္တုပ္ပါဒမ္ပိ ခေါ၊ စိတ်ဖြစ်ပေါ်ရုံမျှသော်လည်းပဲ။ ဗဟုကာရံ၊ အလွန့်အလွန် ကျေးဇူးများလှပါ၏ဟူ၍။ ဝဒါမိ၊ ဟောတော်မူ၏။

ကုသိုလ်တရားတွေမှာ စိတ်ထဲက ဖြစ်ရုံလေးမျှသော်လည်းပဲ အလွန် ကျေးဇူးများလှတယ်လို့ ငါဘုရား ဟောတယ်။ အယူအဆတော့ မမှားနဲ့နော်။ တချို့က တစ်ဖက်စွန်း ရောက်သွားတယ်။ ဒါနကိုလည်း ပြုနေဖို့ မလိုပါဘူး။ စိတ်ထဲက လှူနေရင်လည်း ကုသိုလ်ဖြစ်နေပါတယ်ဆိုပြီး ဒီလိုတော့ မယူဆနဲ့နော်။ အဲဒီ ပုံစံမျိုးကိုတော့ မဆိုလိုသေးဘူးနော်။ ဒီနေရာမှာ ဘုရားဆိုလိုတာက ဘာလဲ?

ယာ ပနေတာ ကာယေန စ ဝါစာယ စ အနုဝိဓိယနာ

ယာ ပနေတာ၊ အကြင် (လိုက်နာပြုကျင့်ခြင်း၊ စီမံခန့်ခွဲခြင်း) သည်။ ကာယေန စ၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ စ၊ နှုတ်ဖြင့်လည်းကောင်း။ အနုဝိဓိယနာ၊ လိုက်နာပြုကျင့်ခြင်း၊ စီမံခန့်ခွဲခြင်းသည်။ အတ္ထိ၊ ရှိ၏။

ကိုယ်ဖြင့် ကောင်းမှုကုသိုလ်ပြုဖို့ရန်အတွက် ကာယကံဖြင့် လိုက်နာပြီး ပြုကျင့်တယ်။ ဝစီကံဖြင့် လိုက်နာပြုကျင့်ပြီး စီမံခန့်ခွဲမှုတွေ လုပ်တယ်နော်။ ဘာတွေလဲလို့ မေးတော့ -

ယထာ ပဌမံ စိတ္တံ ဥပ္ပန္နံ, တထေဝ တေသံ ဓမ္မာနံ ကာယေန ကရဏံ, ဝါစာယ စ ‘‘ကရောထာ’’တိ အာဏာပနံ ဝါ, ဥဂ္ဂဟပရိပုစ္ဆာဒီနိ ဝါ, တတ္ထ ဝါဒေါယေဝ ကော

ပုဂ္ဂိုလ်တစ်ယောက်နော်။ ကောင်းမှုကုသိုလ် တစ်ခုကို ပြုကျင့်ပြီ ဆိုလို့ရှိရင်တော့ ပြုကျင့်နေတဲ့ ပုဂ္ဂိုလ်မှာ ပြုချင်တဲ့ စိတ်ထားလေး ပထမ မဖြစ်ဘူးလား? ဖြစ်ပေါ်လာတယ်နော်။ ပြုချင်တဲ့ စိတ်ထားဖြစ်ပြီ ဆိုလို့ရှိရင် အဲဒီ ပြုချင်တဲ့ စိတ်ထားနဲ့ လျော်ညီနေတဲ့ ကာယကံမှုတွေလည်း သူဆက်လက်ပြီးတော့ မပြုဘူးလား? ပြုတယ်။ ပြုချင်တဲ့ ဒီစိတ်ထားနဲ့ လျော်ညီနေတဲ့ ဝစီကံတွေကိုလည်း သူက ပြုတယ်။ “ကဲကွာ ... မင်းတို့ ကောင်းမှုကုသိုလ် ပြုကြစမ်း၊ ဆွမ်းတွေ လှူကြစမ်း၊ ဆွမ်းတွေ လောင်းလှူကြစမ်း စသည်ဖြင့် စေခိုင်းမှုတွေလည်း မလုပ်ဘူးလား? လုပ်တယ်။ ကဲ ကိုရင်လေးတွေ စားကြ စားကြ၊ ရဟန်းတွေ စားကြ စားကြ” စသည်ဖြင့်နော် တိုက်တွန်းမှု, စေခိုင်းမှုတွေ မလုပ်ဘူးလား? လုပ်တယ်။ နောက်တစ်ခု -

မိမိကိုယ်တိုင်လည်း စိတ်ထဲမှာ “ဩော် ... ငါ ဒီဓမ္မစကြာလေး ရအောင် ကျက်ရရင်တော့ သိပ်ကောင်းမှာပဲ” စိတ်ထဲဖြစ်ပြီ။ ရအောင်ကို ကျက်ပြီ။ “အနတ္တလက္ခဏသုတ်လေး ငါရအောင် ကျက်ရင်တော့ သိပ်ကောင်းမှာပဲ” ရအောင် ကျက်လိုက်တယ်။ “ဟာ ... မဟာသတိပဋ္ဌာနသုတ် ငါရအောင် ကျက်ရင်တော့ သိပ်ကောင်းမှာပဲ” ရအောင် ကျက်လိုက်တယ်။ ကုသိုလ်တရားတွေ တိုးပွားမလာဘူးလား? စိတ်ဖြစ်သည့်အားလျော်စွာ ကုသိုလ်တရားတွေ မဖြစ်လာဘူးလား? ဖြစ်လာတယ်။

ဒါကြောင့် တကယ်လက်တွေ့ ကာယကံဖြင့် ဆောင်ရွက်မယ်၊ တကယ်လက်တွေ့ ဝစီကံဖြင့် ဆောင်ရွက်မယ်ဆိုရင်တော့ ပြောဖွယ်ရာ လိုသေးလား? မလိုဘူး။ ဒါကြောင့် ကာယကံဖြင့် ကုသိုလ်တရားတွေကို ပြုကျင့်မှု၊ ဝစီကံဖြင့် စီမံခန့်ခွဲပြီး လိုက်နာပြုကျင့်မှုဟာ တကယ်စင်စစ်အားဖြင့် မနောကံဖြင့် ကြံစည်စိတ်ကူးမှု အပေါ်မှာ အခြေမတည်ဘူးလား? အခြေတည်နေတယ်။ ဒါကြောင့် ကာယကံမြောက် ကုသိုလ်ကံတွေဖြစ်ဖို့၊ ဝစီကံမြောက် ကုသိုလ်ကံတွေ ဖြစ်ဖို့ရန်အတွက် မနောကံက အခြေခံ ဖြစ်တဲ့အတွက် ကုသိုလ်တရားတွေမှာ ပြုလုပ်ချင်နေတဲ့ စိတ်ထားလေး ဖြစ်ပေါ်လာခြင်းသည်ပင်လျှင် ထိုသတ္တဝါရဲ့သန္တာန်မှာ အလွန် ကျေးဇူးများလှတယ်လို့ မြတ်စွာဘုရားက ဟောနေတယ်နော်။ ဘာဖြစ်လို့ ဒီလောက်တောင် အလွန် ကျေးဇူးများတယ်လို့ ဘုရားရှင်က ဒီနေရာမှာ စိတ်ကလေးဖြစ်ရုံနဲ့ ကုသိုလ်တရားတွေမှာ အလွန် ကျေးဇူးများတယ်လို့ ဘာကြောင့် ဟောနေရသလဲ?

ဧကန္တဗဟူပကာရာယေဝ ဟိ တာ အနုဝိဓိယနာတိ ဒဿေတိ။

ဧကန္တဗဟူပကာရာယေဝ၊ စင်စစ်ဧကန် အားဖြင့် လူ,နတ်,နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားနဲ့ ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးတတ်တဲ့ အတွက်ကြောင့်လည်းကောင်း။ တာ အနုဝိဓိယနာတိ၊ လိုက်နာပြုကျင့်ခြင်း, နှုတ်ဖြင့် စီမံခန့်ခွဲခြင်း စသည့် အကြောင်းတရားတွေ ဖြစ်ဖို့ရန်အတွက် ဒီအကြောင်းတရားတွေ ဖြစ်ပေါ်လာဖို့ရန် အကြောင်းရင်း စင်စစ် ဖြစ်နေတယ်။ ဒါကြောင့် ဒီစိတ္တုပ္ပါဒ် စိတ်ရဲ့ ဖြစ်ပေါ်ခြင်းတရားသည် အလွန် ကျေးဇူးကြီးမားလှတယ်လို့ ဟောတယ်။ အခုလိုဆိုတော့ နားလည်ချင်လည်း နားလည်မယ်။ အဋ္ဌကထာ ဆရာတော်က နည်းနည်းလေး ပိုပြီးနားလည်အောင် ထပ်ပြီးတော့ ရှင်းထားတယ်။

ဒါနံ ဒဿာမီ’’တိ ဟိ စိတ္တုပ္ပါဒေါ သယမ္ပိ ဧကန္တဟိတသုခါဝဟော အနုဝိဓိယနာနမ္ပိ ဟေတု

ဒါနံ၊ အလှူဒါနကို။ ဒဿာမိ၊ ပေးလှူအံ့။ ဣတိ၊ ဟူ၍။ စိတ္တုပ္ပါဒေါ၊ စိတ်၏ ဖြစ်ပေါ်လာခြင်းသည်။ သယမ္ပိ၊ အလှူရှင် ကိုယ်တိုင်သည်လည်းပဲ (မိမိ၏ စိတ်စေတနာကိုယ်တိုင်ကလည်းပဲ)။ ဧကန္တဟိတသုခါဝဟော၊ စင်စစ် အကျိုးစီးပွားရှိတဲ့ ချမ်းသာသုခကို ရွက်ဆောင်၍ ပေးတတ်သည်။ ဟောတိ၊ ဖြစ်၏။ အနုဝိဓိယနာနမ္ပိ၊ ကာယကံဖြင့် လိုက်နာပြုကျင့်ခြင်း၊ ကာယကံဖြင့် လိုက်နာ ဆောင်ရွက်ခြင်း၊ ဝစီကံဖြင့် စီမံခန့်ခွဲခြင်းတို့၏လည်း။ ဟေတု၊ အကြောင်းတရားသည်။ ဟောတိ၊ ဖြစ်ပါပေ၏။

အလှူဒါနလေးတစ်ခု ပြုကျင့်ပြီ။ အဲဒီ ပြုကျင့်နေတဲ့ စိတ်ထားလေး ပြန်ကြည့်စမ်းပါနော်။ ဒီစိတ်ထားလေး ကိုယ်တိုင်က ချမ်းသာသုခ အမျိုးမျိုးကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိနေတယ်။ ဒါက တစ်ခု။ နောက်တစ်ခုကတော့ ဒီလို အလှူဒါနကို ပြုတော့မယ်ဆိုတဲ့ စိတ်နေစိတ်ထား ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီအလှူဒါနကို အောင်မြင်အောင် ဘာလုပ်သလဲ? ကာယကံဖြင့် လိုက်နာပြုကျင့်ခြင်း၊ ဝစီကံဖြင့် လိုက်နာ ဆောင်ရွက်ခြင်းဆိုတဲ့ ဒီအကြောင်းတရားတွေက ထင်ရှားဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်ပုံကို နည်းနည်းလေး သူက ထပ်ပြီးရှင်းပြတယ်။

ဧဝဉှိ ဥပ္ပန္နစိတ္တတ္တာယေဝ ဒုတိယဒိဝသေ မဟာဝီထိံ ပိဒဟိတွာ မဟာမဏ္ဍပံ ကတွာ ဘိက္ခုသတဿ ဝါ ဘိက္ခုသဟဿဿ ဝါ ဒါနံ ဒေတိ

ဧဝံ ဟိ၊ ဤသို့လျှင်။ ဥပ္ပန္နစိတ္တတ္တာယေဝ၊ ဖြစ်ပေါ်လာသော စိတ်ရှိသည့်အတွက်ကြောင့်သာလျှင်။ ဒုတိယဒိဝသေ၊ နောက်တစ်နေ့၌။ မဟာဝီထိံ၊ လမ်းမကြီးကို။ ပိဒဟိတွာ၊ ပိတ်ထားလိုက်၍။ မဟာမဏ္ဍပံ၊ မဏ္ဍပ်ကြီးကို။ ကတွာ၊ ဆောက်လုပ်၍။ ဘိက္ခုသတဿ၊ ရဟန်းအရာအားသော်လည်းကောင်း။ ဝါ၊ သော်လည်းကောင်း။ ဘိက္ခုသဟဿဿ၊ ရဟန်းအထောင်အားသော်လည်းကောင်း။ ဝါ၊ သော်လည်းကောင်း။ ဒါနံ၊ အလှူဒါနကို။ ဒေတိ၊ ပေးလှူ၏၊

ရဟန်းတစ်ရာလောက် လှူချင်တယ်ဆိုတဲ့ စိတ်ထား ဖြစ်ပေါ်လာပြီ။ ရဟန်းတစ်ထောင်လောက်ကို လှူချင်တယ်ဆိုတဲ့စိတ်ထား, အလှူဒါန ပြုတော့မယ်ဆိုတဲ့စိတ်ထား ဖြစ်ပေါ်လာပြီ။ ဒီစိတ်ထား ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် နောက်တစ်နေ့မှာ လမ်းမကြီးကို ပိတ်ဆို့ပြီးတော့ မဏ္ဍပ်ကြီးတစ်ခု ဆောက်၊ ဆောက်ပြီးတဲ့ အချိန်အခါ ရဟန်းတွေ၊ ရဟန်းအပါး တစ်ရာအားသော်လည်း အလှူဒါန ပေးလှူတယ်။ ရဟန်းတစ်ထောင်ကိုသော်လည်း အလှူဒါနတွေ ပေးလှူတယ်။ အကယ်၍ အဲဒီ စိတ်မျိုးသာ မရှိခဲ့ရင် ဒီလို အလှူဒါနပွဲတစ်ခု ကျင်းပလို့ ရပါ့မလား? မရနိုင်ဘူး။ နောက်တစ်ခု -

‘‘ဘိက္ခုသံဃံ နိမန္တေထ ပူဇေထ ပရိဝိသထာ’’တိ ပရိဇနေ အာဏာပေတိ။

ဘိက္ခုသံဃံ၊ ရဟန်းသံဃာတော်မြတ်ကို။ နိမန္တေထ၊ ပင့်ဖိတ်တော်မူကြပါကုန်။ ပူဇေထ၊ ပူဇော်တော်မူကြပါကုန်။ ပရိဝိသထ၊ ပြုစုလုပ်ကျွေးတော်မူကြပါကုန်။ ဣတိ၊ ဤသို့လျှင်။ ပရိဇနေ၊ မိမိ၏ အခြွေအရံ ပရိသတ်အပေါင်းကို။ အာဏာပေတိ၊ စေခိုင်းလေ၏။

တကယ်တမ်း အလှူဒါနပွဲတစ်ခု ကျင်းပပြီဆိုရင် “ကဲ ရဟန်းသံဃာတွေကို မင်းတို့က သွားပင့်ကြကွယ်။ မင်းတို့ ရဟန်းသံဃာတွေကို ပူဇော်ကြ, ပြုစုကြ, လုပ်ကျွေးကြ” စသည်ဖြင့် နှုတ်ဖြင့် စေခိုင်းမှု၊ မိမိရဲ့ အလုပ်အကျွေးတွေကို နှုတ်ဖြင့်စေခိုင်းမှုဆိုတဲ့ သဘောတရားကော ပေါ်မလာဘူးလား? ပေါ်လာပြီ။ ဒီဝစီကံ ပေါ်လာရခြင်းဟာလည်း အခြေခံ အကြောင်းရင်း ပြန်ဆန်းစစ်ကြည့်လိုက်တော့ ငါ အလှူဒါနတစ်ခု ပြုတော့မယ်ဆိုတဲ့ စိတ်ထားကို အခြေခံပြီးမှ ဖြစ်ပေါ်လာရတယ်။ ဒါ စိတ်ရဲ့ စိတ်အားပဲ။

ဧဝံ ‘‘သံဃဿ စီဝရံ သေနာသနံ ဘေသဇ္ဇံ ဒဿာမီ’’တိ စိတ္တုပ္ပါဒေါ သယမ္ပိ ဧကန္တဟိတသုခါဝဟော အနုဝိဓိယနာနမ္ပိ ဟေတု

ဧဝံ၊ ဤအတူ။ သံဃဿ၊ သံဃာတော်အား။ စီဝရံ၊ သင်္ကန်းကို။ သေနာသနံ၊ ကျောင်းကို။ ဘေသဇ္ဇံ၊ ဆေးကို။ ဒဿာမီ၊ ပေးလှူအံ့။ ဣတိ၊ ဟူ၍။ စိတ္တုပ္ပါဒေါ၊ စိတ်၏ ဖြစ်ပေါ်ခြင်းသည်။ သယမ္ပိ၊ မိမိ စိတ်ဓာတ်ကိုယ်တိုင်ကသော်လည်းပဲ။ ဧကန္တဟိတသုခါဝဟော၊ စင်စစ်ဧကန် အမှန်အားဖြင့် လူ, နတ်, နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွား ချမ်းသာကို ရွက်ဆောင်၍ ပေးတတ်သည်။ ဟောတိ၊ ဖြစ်၏။ နုဝိဓိယနာနမ္ပိ၊ အတုလိုက်၍ ပြုလုပ်ခြင်း၊ စီမံခန့်ခွဲခြင်းတို့ရဲ့။ ဟေတု၊ အကြောင်းတရားသည်လည်းပဲ။ ဟောတိ၊ ဖြစ်ပေါ်၍ နေတတ်ပေ၏။

ရဟန်းသံဃာတော်အား ငါ သင်္ကန်းတွေ လှူမယ်၊ ကျောင်းတွေ ဆောက်လှူမယ်၊ ဆေးပစ္စည်းတွေ ငါ လှူမယ် ဆိုပြီးတော့ စိတ်ကလေး ဖြစ်လာပြီ။ အဲဒီ စိတ်ဓာတ်ကိုယ်တိုင်ကလည်း စင်စစ်ဧကန် အမှန်အားဖြင့် တကယ့် ချမ်းသာစစ်, ချမ်းသာမှန်ဖြစ်တဲ့ လူ,နတ်,နိဗ္ဗာန် သုံးတန်သော ချမ်းသာတွေကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်။ နောက်တစ်ခု -

ဒီစိတ်ဓာတ်လေးက ကိုယ်ထိလက်ရောက် လှူဒါန်းနိုင်ဖို့ရန်အတွက် ကာယကံတွေကို ပြုလုပ်စေတတ်တဲ့ အကြောင်းတရားလည်း ဖြစ်တယ်။ လှူဒါန်းဖို့ရန်နဲ့ ပတ်သက်ပြီးတော့ ဝစီကံတွေ ဖြစ်ပေါ်လာဖို့ရန်အတွက်လည်း အကြောင်းတရား ဖြစ်နေတယ်။

ဧဝံ ဥပ္ပန္နစိတ္တတ္တာယေဝ ဟိ စီဝရာဒီနိ အဘိသင်္ခရောတိ

ဧဝံ၊ ဤသို့လျှင်။ ဥပ္ပန္နစိတ္တတ္တာယေဝ၊ ဖြစ်ပေါ်လာသော စိတ်ဓာတ်ရှိသည့် အတွက်ကြောင့်သာလျှင်။ ဟိ၊ မှန်၏။ စီဝရာဒီနိ၊ သင်္ကန်းစတဲ့ လှူဖွယ်ဝတ္ထု အစုစုတို့ကို။ အဘိသင်္ခရောတိ၊ ပြုပြင် စီမံလေ၏။

သင်္ကန်းလှူမယ် ဆိုလို့ရှိရင် သင်္ကန်းတွေ လှူနိုင်အောင် ပြုပြင် စီမံခန့်ခွဲမှုတွေ ပေါ်လာတယ်။ ကာယကံမှုတွေ၊ ဝစီကံမှုတွေနော်။ ကျောင်းလှူတော့မယ်, ကျောင်းကြီး ဆောက်လှူတော့မယ် ဆိုလို့ရှိရင် ဆောက်လုပ်လှူဒါန်းဖို့ရန်အတွက် ဒီပြုပြင်မှု, စီမံခန့်ခွဲမှု, ကြိုးစားအားထုတ်မှုတွေ ပေါ်လာပြီ။ နောက်တစ်ခု -

ဒေတိ ဒါပေတိ စ။

ဒေတိ စ၊ ပေးလည်း ပေးလှူ၏။ ဒါပေတိ စ၊ ပေးလှူစေလည်း ပေးလှူစေ၏။

မိမိကိုယ်တိုင်လည်း လှူတယ်၊ သူတစ်ပါးတွေ အိမ်မှာရှိနေတဲ့ အလုပ်အကျွေးတွေ, အခိုင်းအစေတွေ, အခြွေအရံတွေကိုလည်း အကုန်လုံး လှူခိုင်းတယ်။ အဲ သရဏဂုံ ဆောက်တည်ခြင်းတို့မှာလည်း ဒီအတိုင်းပဲ။ ဒီအတိုင်း ဖြစ်ပုံနဲ့ ပတ်သက်ပြီး အဋ္ဌကထာက ဆက်ဖွင့်တယ်။
# သရဏဂုံနှင့် သီလဆောက်တည်ခြင်းဆိုင်ရာ ပါဠိ-နိဿယ

‘‘သရဏံ ဂစ္ဆာမီ’’တိ ဟိ စိတ္တံ ဥပ္ပါဒေတွာဝ ပစ္ဆာ ကာယေန ဝါ ဝါစာယ ဝါ သရဏံ ဂဏှာတိ။

သရဏံ၊ သရဏဂုံကို။ ဂစ္ဆာမီတိ၊ သရဏံ ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍။ ဂစ္ဆာမီတိ၊ ယုံကြည်သိမှတ် ဆည်းကပ်ပါ၏၊ သရဏံ ဂစ္ဆာမီတိ = သရဏဂုံကို ဆောက်တည်အံ့ဟူ၍။ စိတ္တံ၊ စိတ်သည်။ ဥပ္ပါဒေတွာဝ၊ ဖြစ်ပေါ်စေပြီးမှသာလျှင်။ ပစ္ဆာ၊ နောက်ပိုင်းကာလ၌။ ကာယေန ဝါ၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ ဝါ၊ နှုတ်ဖြင့်လည်းကောင်း။ သရဏံ၊ သရဏဂုံကို ဆောက်တည်ခြင်းကို။ ဂဏှာတိ၊ ဆောက်တည်၏။

သရဏဂုံကို ဆောက်တည်မယ်ဆိုတဲ့ စိတ်ဖြစ်ပြီ။ ဖြစ်ပေါ်ပြီးတဲ့ နောက်ကျမှသာလျှင် ကာယကံဖြင့်သော်လည်းကောင်း၊ ဝစီကံဖြင့်သော်လည်းကောင်း သရဏဂုံကို ဆောက်တည်တယ်။ ကာယကံနဲ့ သရဏဂုံကို ဆောက်တည်တယ်ဆိုတာ ဘယ်လိုဟာလဲ? အလွန်အမင်း ရိုသေစွာအားဖြင့် ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာအဖြစ်နဲ့ ရှိခိုးဝတ်ပြုတာပါပဲ။ ခြေတော်ကို ဦးတိုက်ပြီးတော့နော်။

ဆိုကြပါစို့ ဦးပဉ္စင်းတို့ ဗြဟ္မာယုပုဏ္ဏားကြီး အသက် တစ်ရာ့နှစ်ဆယ်လောက်ရှိတဲ့ အချိန်အခါမှာ ဘုရားရှင်နဲ့ တွေ့တယ်။ ဘုရားရှင်နဲ့ တွေ့တဲ့ အချိန်အခါမှာ ငါဟာ ပစ္စုပ္ပန်အကျိုးစီးပွား လုပ်ငန်းရပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ တမလွန် အကျိုးစီးပွားနဲ့ ပတ်သက်ပြီးတော့ ငါက မကျွမ်းကျင်ဘူး။ ဒါကြောင့် ငါကျွမ်းကျင်နေတဲ့ ပစ္စုပ္ပန် အကျိုးစီးပွားနဲ့စပ်တဲ့ မေးခွန်းတွေကိုတော့ ငါ မြတ်စွာဘုရားကို မလျှောက်ထားတော့ဘူး။ ငါ မကျွမ်းကျင်တဲ့ တမလွန် အကျိုးစီးပွားနဲ့စပ်တဲ့ မေးခွန်းတွေကို ငါသည် မြတ်စွာဘုရားအား လျှောက်ထားမယ် ဆိုပြီးတော့ သူ သိချင်နေတဲ့ မေးခွန်း ရှစ်ချက်ကို သူက လျှောက်ထားလိုက်တယ်။ ဂါထာလေးတွေ သီကုံးပြီးတော့နော်။ ပညာရှိဆိုတော့လည်း သူက လွယ်လွယ်ပါ။ သူ့အဖို့နော်။

အဲဒီအခါမှာလည်း ဘုရားရှင်က သူ စိတ်ကျေနပ်လောက်အောင်ပဲ သူ့ရဲ့ ဒီမေးခွန်း ရှစ်ချက်ကို အဖြေပေးတော်မူလိုက်ပါတယ်။ ကျေနပ်လိုက်တာ အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်အထိ ဆိုက်သွားပါတယ်နော်။ အဲဒီ အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်အထိ ဆိုက်လိုက်တဲ့ အချိန်အခါကျတော့ ကျေနပ်လွန်းလို့ သူ ဘာလုပ်သလဲ? တရားလည်း ပြီးဆုံးရော ထ၊ မြတ်စွာဘုရားရဲ့ ခြေဖမိုးကို ပါးစပ်နဲ့စုပ်ပြီးတော့ အလွန် ရိုသေစွာ ရှိခိုးတယ်နော်။ အင်မတန် ပညာရှိလို့ အမည်ခံနေတဲ့ ပုဏ္ဏားကြီး အသက်တစ်ရာ့နှစ်ဆယ် ရှိနေပြီ။ ဘုရားရှင်ရဲ့ ခြေဖမိုးကို ပါးစပ်နဲ့စုပ်ပြီးတော့ ရိုသေစွာ ရှိခိုးပူဇော်တယ်။ အဲဒါဟာ ကာယကံဖြင့် သရဏဂုံ ဆောက်တည်တယ်လို့ ခေါ်တယ်။ ဒါ ပါဒသရဏဂုံလို့ ခေါ်ပါတယ်။

ကာယကံဖြင့်လည်း သရဏဂုံ ဆောက်တည်တယ်။ ယခုကာလ နှုတ်ဖြင့်လည်း သရဏဂုံ ဆောက်တည်တာ ရှိတယ်နော်။ အဲဒီလို စိတ်ထဲကသာ အကယ်၍ သရဏဂုံ ဆောက်တည်မယ်ဆိုတော့ စိတ်ဓာတ် မဖြစ်ခဲ့ရင် ဒီကာယကံဖြင့် သရဏဂုံ ဆောက်တည်မှု၊ ဝစီကံဖြင့် သရဏဂုံ ဆောက်တည်မှုဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူးနော်။

သီလဆောက်တည်ခြင်းဆိုင်ရာ ပါဠိ-နိဿယ

တထာ ‘‘ပဉ္စင်္ဂံ အဋ္ဌင်္ဂံ ဒသင်္ဂံ ဝါ သီလံ သမာदिယိဿာမီ’’တိ စိတ္တံ ဥပ္ပါဒေတွာ ကာယေန ဝါ ဝါစာယ ဝါ သမာदिယတိ

တထာ၊ ထို့အတူ။ ပဉ္စင်္ဂံ၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသော။ အဋ္ဌင်္ဂံ ဝါ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကိုသော်လည်းကောင်း။ ဒသင်္ဂံ ဝါ၊ အင်္ဂါဆယ်ပါးနှင့် ပြည့်စုံတော်မူသော ဆယ်ပါးသီလကိုမူလည်း။ သီလံ၊ သီလတော်မြတ်ကို။ အဟံ၊ ငါသည်။ သမာदिယိဿာမိ၊ ဆောက်တည်ခဲ့အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။

ငါးပါးသီလ ဆောက်တည်မယ်ဆိုရင် ငါးပါးသီလ ဆောက်တည်မယ်ဆိုတဲ့ စိတ်ထားလေးက ပထမဖြစ်တယ်။ နောက်မှ ဆောက်တည်တယ်။ ရှစ်ပါးသီလ ဆောက်တည်မယ်ဆိုရင်လည်း ရှစ်ပါးသီလ ဆောက်တည်မယ်ဆိုတဲ့ စိတ်၊ ဆယ်ပါးသီလ ဆောက်တည်မယ်ဆိုတဲ့ စိတ်က ပထမဖြစ်တယ်။ ဖြစ်ပြီးတော့မှ ရှစ်ပါးသီလကို ဆောက်တည်တယ်၊ ဆယ်ပါးသီလကို ဆောက်တည်တယ်နော်။ နောက်တစ်ဆင့် တက်လိုက်ဦး။

‘‘ပဗ္ဗဇိတွာ စတူသု သီလေသု ပတိဋ္ဌဟိဿာမီ’’တိ စ စိတ္တံ ဥပ္ပါဒေတွာ ကာယေန ဝါစာယ စ ပူရေတဗ္ဗံ သီလံ ပူရေတိ။

ပဗ္ဗဇိတွာ၊ ရှင်ရဟန်း ပြုပြီးတဲ့ နောက်ပိုင်းကာလ၌။ စတူသု သီလေသု၊ စတုပါရိသုဒ္ဓိသီလ၌။ ပတိဋ္ဌဟိဿာမိ၊ တည်စေအံ့။ ဣတိ၊ ဤသို့လျှင်။ စ၊ လည်းကောင်း။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတွာ၊ ဖြစ်စေပြီးမှ။ ကာယေန စ၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ စ၊ နှုတ်ဖြင့်လည်းကောင်း။ ပူရေတဗ္ဗံ၊ ဖြည့်ကျင့် ဖြည့်ထိုက်တဲ့။ သီလံ၊ သီလကို။ ပူရေတိ၊ ဖြည့်ကျင့်၏။

ငါ ဘုန်းကြီး ဝတ်တော့မယ်ကွယ်။ ဒီနေ့ ဒကာကြီးလိုပေါ့။ မုံရွာက ဒကာကြီးလိုပေါ့နော်။ “တပည့်တော် ဘုန်းကြီးဝတ်ချင်ပြီဘုရား” နော်။ စိတ်ထဲမှာ ပထမ မဖြစ်ဘူးလား? ဖြစ်ပြီ။ စိတ်ထဲ ဖြစ်ပြီးတဲ့ အချိန်အခါကျတော့မှ ဘုန်းကြီးဝတ်ပြီးတော့ စတုပါရိသုဒ္ဓိသီလခေါ်တဲ့ သီလကြီးလေးပါးကို ငါ စင်ကြယ်အောင် ထိန်းသိမ်းစောင့်ရှောက်မယ်။ ငါ့စိတ်ကို ခိုင်ခိုင်ခန့်ခန့်ဖြင့် ဒီသီလတည်းဟူသော မြေပေါ်မှာ ရပ်တည်စေရမယ် ဆိုပြီးတော့ ဒီလို ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆုံးဖြတ်ချက်ချလိုက်တဲ့ ဒီစိတ်ထားလေးကို ပထမ ဖြစ်ပေါ်စေတယ်။

အဲဒီ စိတ်ထား ဖြစ်ပြီးတဲ့ အချိန်အခါကျတော့မှ ကာယကံဖြင့် မလွန်ကျူးရမယ့် သီလတွေကို ကာယကံဖြင့် ထိန်းသိမ်းစောင့်ရှောက်တယ်။ ဝစီကံဖြင့် မလွန်ကျူးရမယ့် သီလတွေကို ဝစီကံဖြင့် ထိန်းသိမ်းစောင့်ရှောက်တယ်၊ ကာယကံဖြင့် ဖြည့်ကျင့်ရမယ့် သီလတွေကို ကာယကံဖြင့် ဖြည့်ကျင့်တယ်၊ ဝစီကံဖြင့် ဖြည့်ကျင့်ရမယ့် သီလတွေကို ဝစီကံဖြင့် ဖြည့်ကျင့်တယ်၊ မနောကံနဲ့ ဖြည့်ကျင့်ရမယ့် သီလတွေကျတော့လည်း မနောကံဖြင့် ဖြည့်ကျင့်တယ်၊ မနောကံနဲ့ ဖြည့်ကျင့်ရမယ့် သီလဆိုတာကတော့ အထူးသဖြင့် ဣန္ဒြိယသံဝရသီလနဲ့ ဆိုင်ပါတယ်။

ဒီဣန္ဒြိယသံဝရသီလက မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ နှလုံးလို့ ခေါ်ဆိုအပ်တဲ့ ဒွါရခြောက်ပါးမှ ရာဂ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာ အညစ်အကြေးတွေ မဝင်အောင် ဆို့ပိတ်တဲ့ လုပ်ငန်းတစ်ခုဖြစ်တော့ ဘာနဲ့ ဆို့ပိတ်ရသလဲ? မိမိရဲ့ စိတ်ကလေးကို ကမ္မဋ္ဌာန်းအာရုံ သမထဘာဝနာ၊ ဝိပဿနာဘာဝနာလို့ ခေါ်ဆိုအပ်တဲ့ ကမ္မဋ္ဌာန်းအာရုံအတွင်း၌ သွတ်သွင်းထားခြင်းဖြင့် မိမိရဲ့စိတ်ကို မိမိ ထိန်းသိမ်းစောင့်ရှောက်ပေးရတယ်နော်။ ဘာဝနာအာရုံ တစ်ခုခုတည်းမှာ စိတ်ကို အမြဲတမ်း သွတ်သွင်းထားပေးရတယ်။ အဲဒီလို သွတ်သွင်းမယ်ဆိုတဲ့ ဒီသီလကြီးလေးပါးကို ငါ စနစ်တကျ ဖြည့်ကျင့်မယ် သူက စိတ်ထဲဖြစ်လိုက်တယ်။ ဖြစ်လိုက်တဲ့ အချိန်အခါကျတော့ စိတ်ဖြစ်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီသီလတွေကို တကယ်လက်တွေ့ ဖြည့်ကျင့်တယ်နော်။ အဆင့်မြင့်သွားပြီနော်။ ဒါနကနေ သီလရောက်သွားပြီ။ နောက် ရှေ့တစ်ဆင့် တက်လိုက်တယ်။

ပိဋကတ်တော် သင်ယူခြင်းနှင့် ဓုတင်၊ ဘာဝနာကျင့်စဉ်များ

‘‘ဗုဒ္ဓဝစနံ ဥဂ္ဂဟေဿာမီ’’တိ စိတ္တံ ဥပ္ပါဒေတွာဝ ဧကံ ဝါ နိကာယံ ဒွေ ဝါ တယော ဝါ စတ္တာရော ဝါ ပဉ္စ ဝါ နိကာယေ ဝါစာယ ဥဂ္ဂဏှာတိ။

ဗုဒ္ဓဝစနံ၊ ဘုရားရှင်၏ ပိဋကတ်တရားစကားတော်ကို။ ဥဂ္ဂဟေဿာမိ၊ ငါသင်ယူပေအံ့။ ဣတိ၊ ဤသို့။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတွာဝ၊ ဖြစ်စေပြီးမှသာလျှင်။ ဧကံ ဝါ နိကာယံ၊ နိကာယ်တစ်ခုကိုသော်လည်းကောင်း။ ဒွေ ဝါ၊ နိကာယ်နှစ်ခုတို့ကိုသော်လည်းကောင်း။ တယော ဝါ၊ နိကာယ်သုံးခုတို့ကိုသော်လည်းကောင်း။ စတ္တာရော ဝါ၊ နိကာယ်လေးခုတို့ကိုသော်လည်းကောင်း။ ပဉ္စ ဝါ နိကာယေ၊ နိကာယ်ငါးရပ်တို့ကိုသော်လည်းကောင်း။ ဝါစာယ၊ နှုတ်ဖြင့်။ ဥဂ္ဂဏှာတိ၊ သင်ယူလေ၏။

ဘုရားရှင်ရဲ့ တရားစကားတော်တွေကိုတော့ ငါ သင်ယူမယ် ဆိုပြီးတော့ စိတ်ထဲမှာ ပထမ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဆုံးဖြတ်ချက် ချပြီးတဲ့နောက်ပိုင်းမှသာလျှင် သင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်ကို ဖြစ်ပေါ်စေပြီးတဲ့ နောက်မှသာလျှင် နိကာယ်တစ်ခုကိုသော်လည်းကောင်း၊ နှစ်ခုကိုသော်လည်းကောင်း၊ သုံးခုကိုသော်လည်း၊ လေးခုကိုသော်လည်းကောင်း၊ နိကာယ်ငါးရပ်လုံးကိုသော်လည်းကောင်း နှုတ်ဖြင့် သင်ယူတယ်။ စိတ်က ပထမ ဖြစ်ရတယ်။ ဒီတော့ ဒီနိကာယ် ငါးရပ်အထိ သင်ယူနိုင်တဲ့ စွမ်းအင်တွေ ဘယ်က ပေါ်လာသလဲ? စိတ်ကနေ ပေါ်လာတယ်။ သင်ယူချင်တယ်ဆိုတဲ့ ဒီစိတ်ထား မရှိဘူး။ ပေါ်ပါ့မလား? မပေါ်နိုင်ဘူးနော်။ နောက်တစ်ခု -

ဧဝံ ဓုတင်္ဂသမာဒါန-ကမ္မဋ္ဌာနုဂ္ဂဟ-ကသိဏပရိကမ္မ-ဈာနသမာပတ္တိဝိပဿနာမဂ္ဂဖလ- ပစ္စေကဗောဓိ-သမ္မာသမ္ဗောဓိဝသေန နေတဗ္ဗံ။

ငါ ဓုတင် ဆောက်တော့မယ်။ စိတ်ထားလေး ပေါ်တယ်။ စိတ်ထား ဖြစ်ပေါ်လာပြီးမှ ဒီဓုတင်တွေကို အသီးသီး ဆောက်တည်ပြီး ကျင့်သုံးနိုင်တဲ့ စွမ်းအားတွေ ပေါ်လာတယ်။ ငါ ကမ္မဋ္ဌာန်း အားထုတ်တော့မယ်၊ တရားအားထုတ်မယ် သမထဘာဝနာကို ငါအားထုတ်မယ် စိတ်က ဆုံးဖြတ်ချက် ချလိုက်ပြီ။ ဆုံးဖြတ်ချက် ချပြီးမှ တကယ် ဒီစိတ်နဲ့ အားထုတ်မှ ဒီသမထကမ္မဋ္ဌာန်းဆိုတဲ့ ဘာဝနာလုပ်ငန်းသည် ပြီးစီး ပြည့်စုံပြီးတော့ လာတယ်နော်။ ဒီသမထကမ္မဋ္ဌာန်းမှာလည်း ငါ ကသိုဏ်း ပရိကံတွေကို ပထမ အားထုတ်မယ်၊ ဈာန်တွေကို ရအောင် အားထုတ်မယ်၊ ဈာန်သမာပတ်တွေကို ဝင်စားနိုင်အောင် အားထုတ်မယ်ဆိုတဲ့ စိတ်ထား ဖြစ်တယ်။ အဲဒီလို စိတ်ထား ဖြစ်တဲ့အခါကျတော့မှသာလျှင် စိတ်ဓာတ်ဖြစ်ပြီးတဲ့နောက်မှ ကသိုဏ်းပရိကံတွေကို အားထုတ်တယ်။ ဈာန်သမာပတ်တွေကို ဝင်စားနိုင်အောင် အားထုတ်တယ်။

ငါ ဝိပဿနာ ဉာဏ်တွေကို ရရှိအောင် အားထုတ်မယ်ဆိုတဲ့ စိတ်ထား ဖြစ်ပြီ။ စိတ်ထားဖြစ်ပြီးတဲ့ အချိန်အခါကျတော့မှ တကယ်လက်တွေ့ အပြင်းအထန် ကြိုးစားအားထုတ်တယ်။ ကြိုးစားအားထုတ်တော့ကော စိတ် မပါဘူးလား? ပါနေတယ်။ အဲဒီစိတ်ထားနဲ့ အားထုတ်မှ ဒီဝိပဿနာဉာဏ်တွေက ရရှိမယ်။ မဂ်ဉာဏ်ကို ရရှိစေရမယ်၊ ဖိုလ်ဉာဏ်ကို ရရှိစေရမယ်၊ ပစ္စေကဗောဓိဉာဏ်၊ သမ္မာသမ္ဗောဓိဉာဏ်တွေကို ရရှိစေရမယ်ဆိုတဲ့ ဒီစိတ်ထားဖြင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ သမ္မာသမ္ဗောဓိဉာဏ် ရရှိဖို့ရန်အတွက် ကောင်းမှုကုသိုလ် ပါရမီတွေကို ဖြည့်ကျင့်တယ်နော်။ ပုံစံလေးတစ်ခု -

ဗုဒ္ဓဘာဝကုသိုလ်နှင့် ပါရမီတော်ဖြည့်ခြင်း

‘‘ဗုဒ္ဓေါ ဘဝိဿာမီ’’တိ ဟိ စိတ္တုပ္ပါဒေါ သယမ္ပိ ဧကန္တဟိတသုခါဝဟော အနုဝိဓိယနာနမ္ပိ ဟေတု

စိတ္တုပ္ပါဒေါ၊ ဘုရားဖြစ်ရန်ဟူသော စိတ်အစဉ်သည်။ သယမ္ပိ၊ မိမိ စိတ်ကိုယ်တိုင်ကလည်းပဲ။ ဧကန္တဟိတသုခါဝဟော၊ စင်စစ်ဧကန် အမှန်အားဖြင့် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွား ချမ်းသာကို ရွက်ဆောင်၍ ပေးတတ်သည်။ ဟောတိ၊ ဖြစ်၏။ အနုဝိဓိယနာနမ္ပိ၊ ကာယကံဖြင့် အတုလိုက်၍ ပြုကျင့်ခြင်း၊ ဝစီကံဖြင့် အတုလိုက်၍ ပြုကျင့်ခြင်းတို့၏လည်းပဲ။ ဟေတု၊ အကြောင်းတရားသည်။ ဟောတု၊ ဖြစ်ပါပေ၏။

ငါ ဘုရားဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ကလေး ပေါ်လာပြီနော်။ စိတ်ဓာတ်ရဲ့ စွမ်းအား ဘယ်လောက်ကြီးသလဲ ကြည့်နော်။ ဘုရား ဖြစ်စေရမယ်ဆိုတဲ့ စိတ်ဓာတ် ပေါ်လာတော့ အဲဒီ စိတ်ဓာတ် ကိုယ်တိုင်ကလည်း စင်စစ်ဧကန် အမှန်အားဖြင့် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွား ချမ်းသာတွေကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိတယ်။ နောက်တစ်ခု ဒီစိတ်ဓာတ်က ကာယကံမှုတွေ ထင်ရှား ဖြစ်ပေါ်လာအောင်၊ ဝစီကံမှုတွေ ထင်ရှား ဖြစ်ပေါ်လာအောင်လည်း သူက ကျေးဇူးပြုပေးတယ်။ ဒါကြောင့် ဘုရားဖြစ်ရန် ဘုရားဖြစ်နိုင်တဲ့ ကျင့်စဉ်တွေကို ကာယကံမြောက် ကျင့်ဖို့၊ ဘုရားဖြစ်နိုင်တဲ့ ကျင့်စဉ်တွေကို ဝစီကံမြောက် ကျင့်ဖို့ရန်အတွက် အကြောင်းတရားလည်း ဖြစ်နေတယ်နော်။

ဧဝဉှိ ဥပ္ပန္နစိတ္တတ္တာယေဝ အပရေန သမယေန ကပ္ပသတသဟဿာဓိကာနိ စတ္တာရိ အသင်္ခေယျာနိ ကာယေန ဝါစာယ စ ပါရမိယော ပူရေတွာ သဒေဝကံ လောကံ တာရေန္တော ဝိစရတိ။

ဧဝံ၊ ဤသို့လျှင်။ ဥပ္ပန္နစိတ္တတ္တာယေဝ၊ ဖြစ်ပေါ်ခဲ့သော စိတ်ထားရှိတဲ့အတွက်ကြောင့်သာလျှင်။ အပရေန သမယေန၊ နောက်တစ်ချိန် အခါကာလ၌။ ကပ္ပသတသဟဿာဓိကာနိ စတ္တာရိ အသင်္ခေယျာနိ၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး။ ကာယေန စ၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ စ၊ နှုတ်ဖြင့်လည်းကောင်း။ ပါရမိယော၊ ပါရမီတော်မြတ်အပေါင်းကို။ ပူရေတွာ၊ ဖြည့်ကျင့်ဆည်းပူးတော်မူပြီး၍။ သဒေဝကံ လောကံ၊ နတ်နှင့်တကွသော တစ်လောကလုံးကို။ တာရေန္တော၊ ထုတ်ဆောင်ကယ်တင်လျက်။ ဝိစရတိ၊ လှည့်လည်ကျက်စား၍ နေရပေ၏။

အကယ်၍သာပေါ့နော် ... ဘုရားဖြစ်အောင် ငါကျင့်မယ်ဆိုတဲ့ စိတ်ဓာတ်ကလေးတစ်ခု မပေါ်ခဲ့ဘူး။ အဲဒီ စိတ်ဓာတ်သာ မပေါ်ရင် ၄-သင်္ချေနှင့် ကမ္ဘာ ၁-သိန်းရဲ့ နောက်ဆွယ်ကာလမှာ ဘုရား ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဘုရားဖြစ်စေရမယ်ဆိုတဲ့ ဒီစိတ်ထား ရှိခဲ့တယ်။ အဲဒီ စိတ်ထားလေးကို အကြောင်းခံပြီးတော့ ၄-သင်္ချေနှင့် ကမ္ဘာ ၁-သိန်း ပါရမီတွေ ဖြည့်လိုက်တယ်။ ဖြည့်လိုက်တဲ့ အချိန်အခါမှာ ဒီပါရမီတွေ စုံညီလာတဲ့ အချိန်အခါမှာ မိမိ မျှော်လင့်တောင့်တနေတဲ့ သမ္မာသမ္ဗောဓိဆုကြီးကို မရဘူးလား? ရတယ်။ ရလိုက်တဲ့အချိန်အခါမှာ နတ်နဲ့တကွသော တစ်လောကလုံးကို သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ ထုတ်ဆောင်ကယ်တင်လျက် လောကမှာ လှည့်လည်ကျက်စားနိုင်တဲ့အဆင့်ကို ကူးမသွားဘူးလား? ကူးသွားပြီ။

ဒီလို သတ္တဝါတွေကို ဆင်းရဲဒုက္ခ အမျိုးမျိုးမှ ထုတ်ဆောင် ကယ်တင်နိုင်တဲ့ ဂုဏ်ထူးဝိသေသဆိုတာ ဘာကို အခြေခံပြီး ရရှိခဲ့သလဲ? စိတ်ဓာတ်ကို အခြေခံတယ်နော်။ ဒါကြောင့် ဒီစိတ်ဓာတ်ကလေးကို ဦးပဉ္စင်းတို့ ပြုပြင်ပြောင်းလဲပေးတတ်ဖို့ မလိုဘူးလား? လိုပါတယ်။ ဒီစိတ်ဓာတ်ရဲ့ စွမ်းအင်သည် အလွန်ကြီးမားတယ်။ ဘုရားဖြစ်ချင်ရင် ဘုရားဖြစ်အောင်အထိ ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်။ ဒီတော့ အဲဒီ စိတ်ဓာတ်ကလေးကို အခြေခံပြီးတော့ ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်သည် ပါရမီတွေ ဖြည့်တယ်။ ဒီပါရမီတွေကို အခြေခံပြီးတော့ လူ့ချမ်းသာလည်း အမျိုးမျိုး ရရှိခဲ့တယ်။ နတ်ချမ်းသာ အမျိုးမျိုးတွေလည်း ရရှိခဲ့တယ်။ နောက်ဆုံး နိဗ္ဗာန် ချမ်းသာကြီးကိုလည်း မရရှိဘူးလား? ရရှိတယ်။

ဒီ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခဆိုတာ ဘယ်သူက ရွက်ဆောင်ပေးတာလဲလို့မေးရင် ဘုရားဖြစ်အောင် ငါ ကြိုးစားအားထုတ်မယ်ဆိုတဲ့ ဒီစိတ်ဓာတ်ကို အခြေတည်ပြီး ဖြစ်ပေါ်လာတဲ့ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုလို့ခေါ်ဆိုအပ်တဲ့၊ ပါရမီအလီလီလို့ ခေါ်ဆိုအပ်တဲ့ စိတ်ဓာတ်တွေက ရွက်ဆောင်ပေးတာ။ အကယ်၍ ဒီစိတ်ဓာတ်တွေသာ မရှိခဲ့ရင် ဒီခိုင်ခံ့နေတဲ့ အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတရားတွေ ရနိုင်ပါ့မလား? မရနိုင်ဘူး။ နောက်တစ်ခု -

ဧဝံ သဗ္ဗတ္ထ စိတ္တုပ္ပါဒေါပိ ဗဟူပကာရော။

ဧဝံ၊ ဤသို့လျှင်။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော အရာဌာနတို့၌။ စိတ္တုပ္ပါဒေါပိ၊ စိတ်၏ဖြစ်ပေါ်ခြင်းမျှသည်လည်းပဲ။ ဗဟူပကာရော၊ ကျေးဇူးများလှပါပေ၏။

ကာယဝါစာဟိ ပန အနုဝိဓိယနာ အတိဗဟူပကာရာယေဝါတိ ဝေဒိတဗ္ဗာ။

ကာယဝါစာဟိ၊ ကိုယ်နှုတ်တို့ဖြင့်။ ပန၊ ... အနုဝိဓိယနာ၊ အတုလိုက်၍ ပြုကျင့်ခြင်း၊ စီမံခန့်ခွဲခြင်း စသည်တို့သည်။ အတိဗဟူပကာရာယေဝ၊ အလွန့်အလွန် ကျေးဇူးများလှသည်သာလျှင်တည်း။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗာ၊ သိသင့် သိထိုက်လှပေ၏။

စိတ်ဖြစ်ရုံနှင့် ဒီလောက် ကျေးဇူးများတယ် ဆိုလို့ရှိရင်တော့ ကာယကံဖြင့် တကယ်လိုက်နာ ပြုကျင့်မယ်၊ ဝစီကံဖြင့် တကယ်လိုက်နာ ပြုကျင့်မယ်၊ စီမံဆောင်ရွက်မယ် ဆိုရင်တော့ အလွန့်အလွန်ကို ကျေးဇူးများပါတယ်နော်။ ဒါကြောင့် မြတ်စွာဘုရားက ဒီကုသိုလ်တရားတွေမှာ စိတ်ဖြစ်ရုံသော်လည်း အလွန့်အလွန်ကို ကျေးဇူးများတဲ့အတွက် အရှင်စုန္ဒမထေရ် သို့မဟုတ် တရားနာပရိသတ်တွေကို မြတ်စွာဘုရားက ဘာဆက်ပြီး တိုက်တွန်းသလဲနော်။

စိတ္တုပ္ပါဒမ္ပိ ခေါ အဟံ၊ စုန္ဒ၊ ကုသလေသု ဓမ္မေသု ဗဟုကာရံ ဝဒါမိ၊

စုန္ဒ၊ ချစ်သား စုန္ဒ။ ကုသလေသု ဓမ္မေသု၊ ကုသိုလ်တရားတို့၌။ စိတ္တုပ္ပါဒမ္ပိ ခေါ၊ စိတ်၏ ဖြစ်ပေါ်ခြင်းမျှသည်သော်လည်းပဲ။ ဗဟုကာရံ၊ အလွန့်အလွန်ကို ကျေးဇူးများလှ၏ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။

ဘုရားဖြစ်ချင်တဲ့စိတ်ကြောင့် ဘုရားဖြစ်ရတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်ချင်တဲ့စိတ်ကြောင့် ပစ္စေကဗုဒ္ဓါ ဖြစ်ရတယ်။ အဂ္ဂသာဝက ဖြစ်ချင်တဲ့စိတ်ကြောင့် အဂ္ဂသာဝက ဖြစ်ရတယ်။ မဟာသာဝက ဖြစ်ချင်တဲ့စိတ်ကြောင့် မဟာသာဝက ဖြစ်ရတယ်။ ပကတိသာဝက ဖြစ်ချင်တဲ့စိတ်ကြောင့် ပကတိသာဝက ဖြစ်ရတယ်။ ဒီလိုဆိုရင်ဘုရား ... ဘယ်သူ ခွေးဖြစ်ချင်သလဲ? ဒီလိုတော့ မေးစရာ ရှိတယ်နော်။

ခွေးဖြစ်ချင်တဲ့ စိတ်ဓာတ်ကြောင့် ခွေးဖြစ်ရသလားလို့ ဒီလိုတော့ မေးစရာ ရှိတယ်။ ဘယ့်နှယ်တုံး ဒကာကြီးတွေ ဘယ်လို သဘောပေါက်ကြသလဲ? ခွေးဖြစ်ချင်တဲ့စိတ်တော့ မရှိပါဘူး။ ဒါပေမဲ့ ခွေးဘဝ ရောက်ကြောင်းဖြစ်တဲ့ ဒုစရိုက်တွေကိုတော့ နှစ်ခြိုက်တဲ့စိတ်ထား မရှိဘူးလား? ရှိနေတယ်။ အဲဒီ စိတ်ထားက ခွေးဘဝကို ရောက်အောင် ပို့ဆောင်ပေးတာပဲ။ ခွေးဖြစ်ချင်တဲ့စိတ်ထား မရှိပေမဲ့လို့ ခွေးဘဝရောက်ကြောင်းဖြစ်တဲ့ ဒုစရိုက်တွေကျတော့ အလွန် မက်မောနေကြတယ်။

ဒါကြောင့် မြတ်စွာဘုရားက ဘာဆက်ဟောသလဲ?

ကော ပန ဝါဒေါ ကာယေန ဝါစာယ အနုဝိဓီယနာသု!

ကာယေန၊ ကိုယ်ဖြင့်။ ဝါစာယ ဝါ၊ နှုတ်ဖြင့်လည်းကောင်း။ အနုဝိဓီယနာသု၊ အစဉ်တစိုက် လိုက်နာပြုကျင့်ခြင်းတို့၌။ ကော ပန ဝါဒေါ၊ အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်း။

စိတ်ထဲ ဖြစ်တာတောင် အလွန့်အလွန် ကျေးဇူးများတယ်ဆိုရင် ကာယကံဖြင့် တကယ်လိုက်နာ ပြုကျင့်မယ်၊ ဝစီကံဖြင့် တကယ်လိုက်နာ ပြုကျင့်မယ်။ ဒီကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင် တကယ်လိုက်နာ ပြုကျင့်မယ်ဆိုရင် ဘယ်ပြောဖွယ်ရာ ရှိနိုင်ပါတော့မလဲနော်။

တသ္မာတိဟ၊ စုန္ဒ၊ ‘ပရေ ဝိဟိံသကာ ဘဝိဿန္တိ၊ မယမေต္ထ အဝိဟိံသကာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ကောင်းလိုက်တာနော်။

စုန္ဒ၊ ချစ်သားစုန္ဒ။ တသ္မာ၊ ထို့ကြောင့်။ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ ပရေ၊ သူတစ်ပါးတို့သည်။ ဝိဟိံသကာ၊ ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်ဖြစ်ကြပါစေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ အဝိဟိံသကာ၊ သူတစ်ပါးတို့ကို မညှဉ်းပန်း မနှိပ်စက်တတ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်လှပေ၏။

ကဲ သူတစ်ပါးတွေကတော့ ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင် ဖြစ်ပါစေ၊ ဒီနေရာမှာ တို့ကတော့ သူတစ်ပါးတွေကို မညှဉ်းပန်း မနှိပ်စက်တတ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကျင့်မယ်ဆိုတဲ့ စိတ်ထားလေးကို ဖြစ်အောင် ကြိုးစားအားထုတ်ပါ။

ပရေ ပါဏာတိပါတီ ဘဝိဿန္တိ၊ မယမေတ္ထ ပါဏာတိပါတာ ပဋိဝိရတာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ပါဏာတိပါတီ၊ သူ့အသက်ကို သတ်လေ့ရှိတဲ့ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါစေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက သူ့အသက်ကို သတ်လေ့ရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ ဒီစိတ်ကလေးကို ဖြစ်အောင် ကြိုးစားပါနော်။ နောက်တစ်ခု ဘာလဲ -

‘ပရေ အဒိန္နာဒါယီ ဘဝိဿန္တိ၊ မယမေတ္ထ အဒိန္နာဒါနာ ပဋိဝိရတာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ အဒိန္နာဒါယီ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးတဲ့ သူတစ်ပါး၏ဥစ္စာကို ယူလေ့ရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါစေ။ ဧတ္ထ၊ ဤအရာ၌။ မယံ၊ ငါတို့သည်ကား။ အဒိန္နာဒါနာ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးတဲ့ သူတစ်ပါး၏ဥစ္စာကို ယူခြင်းမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမာ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေကတော့ သူတစ်ပါးရဲ့ပစ္စည်း မတရားယူတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးတဲ့ သူတစ်ပါး၏ဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်။ အဲဒီကဲ့သို့သော ဒီလိုစိတ်ထားမျိုးကို အသင်ချစ်သားတို့ဖြစ်အောင် ကြိုးစားအားထုတ်ပါနော်။ နောက်တစ်ခု -

‘ပရေ အဗြဟ္မစာရီ ဘဝိဿန္တိ၊ မယမေတ္ထ ဗြဟ္မစာရီ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ အဗြဟ္မစာရီ၊ မမြတ်သောအကျင့်ကို ကျင့်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါစေ။ ဧတ္ထ၊ ဤအရာ၌။ မယံ၊ ငါတို့သည်ကား။ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကို ကျင့်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝิဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက အဗြဟ္မစရိယ သိက္ခာပုဒ်ကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ဗြဟ္မစာရီခေါ်တဲ့ မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကျင့်မယ်ဆိုတဲ့ ဒီစိတ်ထားကို ဖြစ်စေပါနော်။ နောက်တစ်ခု -

‘ပရေ မုသာဝါဒီ ဘဝိဿန္တိ၊ မယမေတ္ထ မုသာဝါဒါ ပဋိဝိရတာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မုသာဝါဒီ၊ မုသားစကား ပြောကြားခြင်းရှိတဲ့ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါစေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ မုသာဝါဒါ၊ မုသားစကား ပြောကြားခြင်းမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

စိတ်နဲ့ ရှောင်ကြဉ်ပုံလေးကို ဘုရား ဟောနေတာနော်။ သူတစ်ပါးတွေ မုသားစကား ပြောနေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ သူများပြောတာ ကိုယ်နဲ့ ဘာဆိုင်သလဲ? ဘယ့်နှယ်တုံး ဆိုင်ကြသလား? မဆိုင်ပါဘူး။ သူ့ဟာသူ ပြောချင်လည်း ပြောပါစေ၊ ကိုယ်ကတော့ ဘာလုပ်ရမလဲ? မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်တွေ တို့ဖြစ်ရမယ်လို့ ဒီလို စိတ်ထားပါ။ မကောင်းဘူးလား? သိပ်ကောင်းတဲ့ စိတ်ထားလေးတွေပါ။ ဒါ စိတ်နဲ့ မကောင်းမှုမှ ရှောင်ကြဉ်နေတာ။

သူတစ်ပါးဖြစ်တာကို သွားပြီး ကိုယ်က မေးငေါ့နေလို့ အကြောင်းမထူးပါဘူး။ နားထောင်နေလို့ကော အကြောင်းထူးမလား? မထူးပါဘူး။ မိမိမှာသာ အကုသိုလ်တရား တိုးပွားတယ်။ သူတစ်ပါးကို သွားပြီး မေးငေါ့ခြင်း၊ သူတစ်ပါးပြောတာကို သွားနားထောင်နေခြင်းသည် မိမိမှာ အကုသိုလ်တရား တိုးပွားဖို့အကြောင်း မဖြစ်ဘူးလား? ဖြစ်နေတယ်။ သူတစ်ပါးတွေ ဖြစ်ချင်ဖြစ်ပါစေ၊ ကိုယ်မဖြစ်ဖို့ အရေးမကြီးဘူးလား? အရေးကြီးတယ်။ သူတစ်ပါးဖြစ်တာကို ကိုယ်က လိုက်ပြီး ဂရုစိုက်နေခဲ့မယ်ဆိုရင် မိမိအလုပ်တွေ ပျက်စီးမသွားဘူးလား? ပျက်စီးသွားနိုင်တယ်နော်။ ဒါကြောင့် -

ပရေ၊ သူတစ်ပါးတို့သည်။ မုသာဝါဒီ၊ မုသားစကား ပြောကြားခြင်းရှိတဲ့ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါစေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ မုသာဝါဒါ၊ မုသားစကား ပြောကြားခြင်းမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

ဒီလိုစိတ် ထားစမ်းပါနော်။

‘ပရေ ပိသုဏဝါစာ ဘဝိဿန္တိ၊ မယမေတ္ထ ပိသုဏာယ ဝါစာယ ပဋိဝိရတာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ပိသုဏဝါစာ၊ ချောပစ်ကုန်းတိုက်သော စကားကို ပြောကြားတတ်တဲ့ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါစေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ ပိသုဏာယ ဝါစာယ၊ ချောပစ်ကုန်းတဲ့စကားကို ပြောကြားခြင်းမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ကုန်းတိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ ဟိုစကား ဒီပို့၊ ဒီစကား ဟိုပို့ ပို့နေတဲ့ပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ဟာ ဒီနေရာမှာတော့ ကုန်းတိုက်တဲ့စကားမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင် ကျင့်မယ်ဆိုတဲ့ ဒီစိတ်ထားကို ဖြစ်အောင် ကြိုးစားပါ။ ဘုရားရှင်က တိုက်တွန်းတယ်။ ဘာဖြစ်လို့လဲ? ကုသိုလ်တရားတို့မှာ စိတ်ထဲက ဖြစ်ရုံလေးမျှသော်လည်း အလွန့်အလွန် ကျေးဇူးကြီးမားလို့ပါတဲ့နော်။

‘ပရေ ဖရုသဝါစာ ဘဝိဿန္တိ၊ မယမေတ္ထ ဖရုသာယ ဝါစာယ ပဋိဝိရတာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဖရုသဝါစာ၊ ကြမ်းတမ်းတဲ့ စကားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါစေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ ဖရုသာယ ဝါစာယ၊ ကြမ်းတမ်းတဲ့စကား ပြောကြားခြင်းမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ကြမ်းတမ်းတဲ့စကား ပြောကြားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ကြမ်းတမ်းတဲ့စကားကို ပြောကြားခြင်းမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်ဆိုတဲ့စိတ်ကို မွေးမြူပါတဲ့၊ ဖြစ်အောင် ကြိုးစားပါတဲ့နော်။ နောက်တစ်ခု -

‘ပရေ သမ္ဖပ္ပလာပီ ဘဝိဿန္တိ၊ မယမေတ္ထ သမ္ဖပ္ပလာပါ ပဋိဝိရတာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ သမ္ဖပ္ပလာပီ၊ ပြိန်ဖျင်းတဲ့ စကားကို ပြောကြားလေ့ရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါစေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ သမ္ဖပ္ပလာပါ၊ ပြိန်ဖျင်းတဲ့ စကားကို ပြောကြားခြင်းမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမာ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ပြိန်ဖျင်းတဲ့ စကားကို ပြောကြားနေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ ဒီနေရာမှာ တို့ကတော့ ပြိန်ဖျင်းတဲ့ စကားတွေကို ပြောကြားခြင်းမှ ရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်ဆိုတဲ့စိတ်ကို မွေးမြူပါ။ ဘုရားရှင်ရဲ့ ပညာပေး စနစ်ကလေးတွေပဲနော်။ အလွန် အဆင့်အတန်း မမြင့်ဘူးလား? မြင့်ပါတယ်။ သူတစ်ပါး ပြုလုပ်နေတာတွေကို သွားပြီး ကိုယ်က အလေးဂရု ပြုပြီးတော့ ရိုသေစွာ လိုက်ပြီး နားထောင်နေဖို့ လိုသေးလား? မလိုပါဘူး။ မိမိ ပြုလုပ်ရမယ့်လုပ်ငန်း၊ အဆင့်အတန်းမြင့်တဲ့ လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ ဒါနကျင့်စဉ်တွေ ရှိတယ်၊ သီလကျင့်စဉ်တွေ ရှိတယ်၊ သမထကျင့်စဉ်တွေ ရှိတယ်၊ ဝိပဿနာကျင့်စဉ်တွေ ရှိတယ်။ အဆင့်အတန်း အလွန်မြင့်တဲ့ ဒီကျင့်စဉ်တွေကို ကိုယ်ကျင့်ဖို့ မလိုဘူးလား? လိုအပ်နေတယ်။ နောက်တစ်ခု -

‘ပရေ အဘိဇ္ဈာလူ ဘဝိဿန္တိ၊ မယမေတ္ထ အနဘိဇ္ဈာလူ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ အဘိဇ္ဈာလူ၊ အဘိဇ္ဈာတရား ပေါများတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါစေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ อနဘိဇ္ဈာလူ၊ အဘိဇ္ဈာတရား မများပြားတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက အဘိဇ္ဈာတရား ပေါများတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ အဘိဇ္ဈာတရား မပေါများတဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကျင့်မယ်ဆိုတဲ့ ဒီစိတ်ထားကို မွေးမြူပါနော်။ သူတစ်ပါးပစ္စည်း မတော်လောဘ ယူချင်တဲ့စိတ်ထား တခြားပုဂ္ဂိုလ်တွေမှာ ရှိချင်လည်း ရှိပါစေ၊ တို့ကတော့ မရှိစေရဘူးဆိုပြီး ဒီလို ဆောက်တည်ပြီးတော့ ကျင့်စမ်းပါ။ တိုက်တွန်းနေတယ်နော်။ နောက်တစ်ခု -

‘ပရေ ဗျာပန္နစိတ္တာ ဘဝိဿန္တိ၊ မယမေတ္ထ အဗျာပန္နစိတ္တာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဗျာပန္နစိတ္တာ၊ ဖျက်ဆီးလိုတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ အဗျာပန္နစိတ္တာ၊ မေတ္တာနှင့်ယှဉ်သော စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

“ဒီကောင်မနဲ့နော် ... ငါ ချေပစ်လိုက်ချင်တယ်” တခြားပုဂ္ဂိုလ်တွေမှာ အဲဒီလို ချေမှုန်းပစ်ချင်တယ်ဆိုတဲ့ စိတ်ထား ရှိချင်လည်း ရှိပါစေ၊ တို့ကတော့ မေတ္တာနှင့်ယှဉ်တဲ့ စိတ်ဓာတ်သာ တို့မှာ ရှိစေရမယ်ဆိုပြီးတော့ ဒီလို စိတ်ထားမျိုးကို မွေးမြူစမ်းပါ။ မကောင်းဘူးလား? သိပ်ကောင်းတယ်။

အယံ သပ္ပုရိသော ---- အဝေရော ဟောတု၊ အဗျာပဇ္ဇော ဟောတု၊ အနီဃော ဟောတု၊ သုခီ အတ္တာနံ ပရိဟရတု။

ဤသူတော်ကောင်းသည် ဘေးရန် ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။ နည်းနည်း တကယ်မပွားဘူးဘဲထား၊ မေတ္တာ တကယ်မပွားဘူးဘဲထား။ အဲဒီလိုများ ကိုယ်အေးစိတ်အေးလေးနဲ့ ရွတ်ဖတ်ပြီး နေမယ်ဆိုရင် အဲဒီ ရွတ်ဖတ်နေတဲ့ အချိန်အခါလေးမှာ တကယ် စိတ်ပါလက်ပါသာ ရွတ်ဖတ်ကြည့်ပါ။ မိမိရဲ့ စိတ်ကလေးဟာလည်း အေးချမ်း မနေဘူးလား? အေးချမ်းနေတယ်။ အပူဓာတ်တွေ ရှဲမသွားဘူးလား? ရှင်းသွားတယ်။

“ဒီကောင်မ ငါ ချေမှုန်းပစ်ချင်တယ်” ဆိုတဲ့ ဒီစိတ်ထားနဲ့ “ဤသူတော်ကောင်းသည် ဘေးရန် ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ” အဲဒီစိတ်ထား ဘယ်ဒင်းက ပိုပြီး အဆင့်မြင့်သလဲကြည့်ပေါ့၊ နှိုင်းယှဉ်ကြည့်ပေါ့။ အဲဒီ စိတ်ထား ၂ ခု ဖြစ်ပေါ်နေတဲ့ အချိန်အခါမှာ မိမိရဲ့ စိတ်နေစိတ်ထားလေးကို အကဲခတ်ကြည့်ပါ။ အပူဓာတ်နဲ့ အအေးဓာတ် ၂ ခုဟာ ယှဉ်ပြိုင်နေတယ်။

န ဟိ ဓမ္မော အဓမ္မော စ၊ ဥဘော သမဝိပါကိနော၊ အဓမ္မော နိရယံ နေတိ၊ ဓမ္မော ပါပေတိ သုဂ္ဂတိံ။

ဓမ္မနဲ့ အဓမ္မ ၂ ခု ရှိနေပြီ။ အဓမ္မက ငရဲကိုရောက်အောင် ပို့ဆောင်ပေးတယ်။ ဓမ္မက လူ၊ နတ်၊ နိဗ္ဗာန် ၃ တန်သော ဘူမိလို့ခေါ်ဆိုအပ်တဲ့ အကောင်းဆုံးသော ဂတိသို့ရောက်အောင် ပို့ဆောင်ပေးနိုင်တယ်။ ဒါ့ကြောင့် ဓမ္မနဲ့ အဓမ္မနှစ်ခု တူညီတဲ့အကျိုးတရား ဘယ်တော့မှ မရှိနိုင်ဘူး။ မိမိတို့ ဘယ်အကျိုးကို လိုချင်သလဲနော်။ ဒါ ကိုယ့်ကိုယ်ကို မေးကြည့်ရမယ်။ ဘယ်စိတ်ထားသည် အဆင့်အတန်း မြင့်မားနေတဲ့ စိတ်ထားလဲ? ဒါ ကိုယ့်ဟာကိုယ် မေးကြည့်ရမယ်နော်။ အခု ဒါ ဘုရားရှင်က ဒါ အဆင့်အတန်းမြင့်တဲ့ စိတ်ကလေးတွေကို တစ်ဆင့်ပြီးတစ်ဆင့်၊ မြင့်သထက်မြင့်အောင် မြှင့်တင်ပေးနေတာနော်။ ကဲ ... သူတစ်ပါးတွေက ဘာဖြစ်သလဲ?

“ဟိုကောင်မက ငါ့ကို မလိုဘူးလေ ... ဟိုကောင်မ ငါ့ကို တော်တော် မုန်းနေတယ်” သူ့ဘာသူ မုန်းချင်လည်း မုန်းပေါ့။ ကိုယ့်ဘက်က မမုန်းဖို့ အရေးမကြီးဘူးလား? အရေးကြီးနေတယ်။ ဒါကြောင့် ဘုရားရှင်ကနော် -

‘ပရေ ဗျာပန္နစိတ္တာ ဘဝိဿန္တိ၊ မယမေတ္ထ အဗျာပန္နစိတ္တာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဗျာပန္နစိတ္တာ၊ ဖျက်ဆီးလိုတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ အဗျာပန္နစိတ္တာ၊ မေတ္တာနှင့်ယှဉ်သော စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ဖျက်ဆီးလိုတဲ့ စိတ်ထား ရှိချင်လည်း ရှိပါစေ၊ တို့ကတော့ မေတ္တာနှင့်ယှဉ်တဲ့ စိတ်ထားကိုသာ ဒီနေရာမှာ ဖြစ်စေရမယ် ဆိုပြီး ဒီလို စိတ်ထားမျိုးကို မွေးမြူစမ်းပါတဲ့နော်။

‘ပရေ မိစ္ဆာဒိဋ္ဌီ ဘဝိဿန္တိ၊ မယမေတ္ထ သမ္မာဒိဋ္ဌီ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာဒိဋ္ဌီ၊ မှားယွင်းတဲ့ ခံယူချက်ရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ သမ္မာဒိဋ္ဌီ၊ မှန်ကန်တဲ့ သမ္မာဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေကတော့ မှားယွင်းတဲ့ ခံယူချက်ရှိတဲ့၊ မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ သမ္မာဒိဋ္ဌိ ဒီနေရာမှာ သမ္မာဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်ဆိုပြီးတော့ ဒီလို စိတ်ထားမျိုးကို မွေးမြူစမ်းပါတဲ့။ ဘာလဲ သမ္မာဒိဋ္ဌိ ? ခဏခဏ ပြောနေတယ်နော် -

ဒုက္ခသစ္စာ သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ၊ သမုဒယသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ၊ နိရောဓသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ၊ မဂ္ဂသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ။ သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးလဲ? ၄ မျိုး။ သူတစ်ပါးတွေ မိစ္ဆာဒိဋ္ဌိ ဖြစ်တာ၊ မဖြစ်တာ ဘာမှမဆိုင်ပါဘူး။ ဒီနေရာမှာ မိမိက ဒုက္ခသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ် ရရှိအောင် ငါ ကြိုးစားမယ်ဆိုတဲ့ စိတ်ကို မွေးမြူပါ၊ သမုဒယသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ် ရရှိစေရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူစမ်းပါ၊ နိရောဓသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ် ရရှိစေရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူပေးပါ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့ မဂ္ဂသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ် ရရှိစေရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူပေးစမ်းပါ ဆိုပြီးတော့ မြတ်စွာဘုရားက အဆင့်မြင့်တဲ့ စိတ်ဓာတ်မွေးမြူရေး စနစ်လေးတွေကို ဟောနေတယ်နော်။ နောက်တစ်ခု -

‘ပရေ မိစ္ဆာသင်္ကပ္ပါ ဘဝိဿန္တိ၊ မယမေတ္ထ သမ္မာသင်္ကပ္ပါ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာသင်္ကပ္ပါ၊ မှားယွင်းတဲ့ အကြံအစည် ရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ သမ္မာသင်္ကပ္ပါ၊ မှန်ကန်တဲ့ သမ္မာသင်္ကပ္ပ အယူရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက မိစ္ဆာသင်္ကပ္ပရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ သမ္မာသင်္ကပ္ပရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်ဆိုပြီး ဒီစိတ်ဓာတ်ကို မွေးမြူပါ။ ဘာလဲ မိစ္ဆာသင်္ကပ္ပ? မိစ္ဆာသင်္ကပ္ပဆိုတာ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက် ခေါ်တဲ့ ကြံစည်စိတ်ကူးမှု ၃ မျိုးပဲ။ ကာမဝိတက် ဆိုတာက သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေအပေါ်မှာ တဏှာနဲ့ ယှဉ်တွဲပြီးတော့ ကြံစည်စိတ်ကူးမှုကို ကာမဝိတက်လို့ ခေါ်တယ်။ အဲဒီ စိတ်ထား သူတစ်ပါးမှာ ရှိချင်ရှိပါစေ ... ငါ့မှာ မရှိစေရဘူး။ ဒီစိတ်ဓာတ် မွေးမြူပါနော်။ ဗျာပါဒဝိတက် ဆိုတာကတော့ -
0hmwgwn3d0hnrvkt7p1dhdi71cs9kwj မင်္ဂလသုတ်-၆၇/၉၇ 0 6302 21990 2026-05-21T21:11:09Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၆၇/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၆၆..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21990 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၆၇/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၆၆/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၆၈/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ်-၆၇

ဒီနေ့လဲ မင်္ဂလသုတ်ကို ဆက်ပြီး ဟောကြရအောင်နော်။ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်တွေအကြောင်း ပြောနေပါတယ်။ သူတစ်ပါးတွေက သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေအပေါ်၌ လိုလားတပ်မက်နေတဲ့ တဏှာလောဘ ပြဋ္ဌာန်းနေတဲ့၊ တဏှာလောဘနဲ့ ယှဉ်တွဲနေတဲ့ ကြံစည်စိတ်ကူးမှု ဒီကာမဝိတက်တွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ ငါ့ရဲ့သန္တာန်မှာ ဒီကာမဝိတက်တွေ မဖြစ်စေရဘူးလို့ - ဒီလို တရားအားထုတ်နေတဲ့ သူတော်ကောင်းဆိုတာ ဒီစိတ်ဓာတ် မွေးမြူရမယ်။ ဘယ့်နှယ်တုံး အဲဒီစိတ်ဓာတ် မွေးမြူရတာ တရားတိုးတက်မှု ရှိမလား၊ မရှိဘူးလားလို့ ဘုန်းကြီးက ထပ်မေးရင် ဘယ်လို ဖြေကြမလဲ? ဒါဖြင့်ရင် အဲဒီလို ကြံစည်စိတ်ကူးမှုမျိုး ရှိရမလား၊ မရှိရဘူးလား? ရှိရမယ်။ ဟိုဟာလေး စားချင်တယ်၊ ဒီဟာလေး စားချင်တယ်၊ ဟိုဟာလေး သွားပြီး ဝယ်ချက်ဦးမှပဲ၊ ဒီဟာလေး သွားဝယ်ချက်ဦးမှပဲလို့ ဖြစ်ပါဦးမလား? အဲဒါ ဘာဝိတက်လဲ? ကာမဝိတက်ပဲ။ ဒီကာမဝိတက်တွေ ထင်ရှားရှိနေခဲ့မယ် ဆိုရင်တော့ တရားတိုးတက်မှု ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူးနော်။ မြတ်စွာဘုရားက ဒါကြောင့် -

ပရေ မိစ္ဆာသင်္ကပ္ပါ ဘဝိဿန္တိ၊ မယမေတ္ထ သမ္မာသင်္ကပ္ပါ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာသင်္ကပ္ပါ၊ မှားယွင်းတဲ့ အကြံအစည် ရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ သမ္မာသင်္ကပ္ပါ၊ မှန်ကန်တဲ့ သမ္မာသင်္ကပ္ပ အယူရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်၊ (သလ္လေခကျင့်ဝတ် =) ခေါင်းပါးတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သူတော်ကောင်းမှန်ခဲ့ရင် ဒီစိတ်ထားမျိုး ရှိပါတယ်တဲ့နော်။ သူတစ်ပါးတွေက မိစ္ဆာသင်္ကပ္ပရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ကြပါစေ၊ ငါတို့ကတော့ သမ္မာသင်္ကပ္ပရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ရတယ်။

ဗျာပါဒဝိတက်

နောက်တစ်ခု ဗျာပါဒဝိတက် - သူတစ်ပါးတွေ သေကျေပျက်စီးအောင် ကြံစည်စိတ်ကူးနေတဲ့ ဝိတက်၊ သူတစ်ပါးတို့ရဲ့ သက်မဲ့သင်္ခါရလို့ခေါ်တဲ့ ပစ္စည်းဝတ္ထုတွေ ပျက်စီးအောင် ကြံစည်စိတ်ကူးနေတဲ့ ဝိတက်တဲ့နော်။ သူတော်ကောင်း မှန်ခဲ့ရင် ဒီလို ကြံစည်စိတ်ကူးမှု ဝိတက်မျိုးကို ကြံစည်ရမလား? မကြံစည်ရဘူး။ ဘာဖြစ်လို့လဲ? ဒီဗျာပါဒဝိတက်ကို ဘုရားရှင်က မိစ္ဆာသင်္ကပ္ပ မှားယွင်းနေတဲ့ ကြံစည်စိတ်ကူးမှုဆိုပြီး ဒီလို သတ်မှတ်ထားတယ်။

“ငါက ဘာခံမလဲ ဒင်းကို ငါ ဒီလို ပြောလိုက်မှာပေါ့” “ဒင်း ဒီလို ပြောလိုက်တော့ ဒင်းဘယ်လို ဖြစ်သွားမလဲ” ဟုတ်လား။ အဲဒီလို ကြံစည်စိတ်ကူးမှုမျိုးတွေပေါ့။ တစ်ဖက်ကို ချေမှုန်းပစ်မယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှု၊ တစ်ဖက်ကို ပျက်စီးစေရမယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှု တရားအားထုတ်နေတဲ့ သူတော်ကောင်း အမည်ခံနေရင် ဒီစိတ်ကူးမှုမျိုး ရှိရမလား? မရှိရဘူး။ ဒီစိတ်ကူးမှုတွေဟာ မိစ္ဆာသင်္ကပ္ပပဲနော်။ ဘယ်လို စိတ်ကူးမှုသာ ရှိရမလဲ? အဗျာပါဒသင်္ကပ္ပတဲ့။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု။

သတ္တဝါအားလုံးကို ခြုံငုံပြီး မေတ္တာပွားနိုင်တဲ့ ပုဂ္ဂိုလ်များက သတ္တဝါအားလုံးကို ခြုံငုံပြီးတော့ ဒီလို မေတ္တာပွားတယ်။ မေတ္တာနဲ့ယှဉ်နေတဲ့ အဗျာပါဒသင်္ကပ္ပခေါ်တဲ့ ကြံစည်စိတ်ကူးမှုတွေ ရှိရမယ်။ မေတ္တာနဲ့ ယှဉ်တွဲနေတဲ့ ကြံစည်စိတ်ကူးမှုကို အဗျာပါဒသင်္ကပ္ပခေါ်တယ်။ ကာမဝိတက်နဲ့ ယှဉ်တွဲနေတဲ့ ကြံစည်စိတ်ကူးမှုကို ကာမဝိတက်လို့ ခေါ်သလို၊ အဲဒီ ကာမဝိတက်နဲ့ ထိပ်တိုက်ဆန့်ကျင်ဘက်ဖြစ်တဲ့ ဝိတက် ၁-မျိုး ဘုန်းကြီး ပြောဖို့ကျန်သွားတယ်။ နည်းနည်း ထပ်ပြောမယ်နော်။ နိက္ခမဝိတက်လို့ ခေါ်ပါတယ်။ ကာမဝိတက်ကို မိစ္ဆာဝိတက်လို့ သတ်မှတ်ထားတယ်။ ဘုရားရှင်က နိက္ခမဝိတက်ကို သမ္မာသင်္ကပ္ပဝိတက်လို့ ဒီလို သတ်မှတ်ထားတယ်။ ဘာကို နိက္ခမ ခေါ်သလဲလို့မေးတော့ -

ပဗ္ဗဇ္ဇာ ပဌမံ ဈာနံ၊ နိဗ္ဗာနဉ္စ ဝိပဿနာ။ သဗ္ဗေပိ ကုသလာ ဓမ္မာ၊ နေက္ခမ္မန္တိ ပဝုစ္စရေ။ (ဣတိဝုတ်၊ဋ္ဌ၊၃၃၁၊၊)

ပဗ္ဗဇ္ဇံ၊ ရှင်ရဟန်းပြုဖို့ရန်၊ ရှင်ရဟန်းဖြစ်ဖို့ရန် ကြံစည်စိတ်ကူးတယ်။ အဲဒီ ကြံစည်စိတ်ကူးမှုကိုလည်း နိက္ခမသင်္ကပ္ပလို့ ခေါ်တယ်။ သို့သော် ကြံစည်စိတ်ကူးရုံတင် ကြံစည်စိတ်ကူးတာမျိုးတော့ မဟုတ်ဘူး။ တကယ်လက်တွေ့ ဆုံးဖြတ်ချက်ချပြီးတော့ ရှင်ရဟန်းပြုမယ်လို့ ဆုံးဖြတ်ချက်ချပြီးတော့ ကြံစည်တယ်။ ရှင်ရဟန်းလည်း ပြုတယ်။ စတုပါရိသုဒ္ဓိသီလတွေကို တကယ်လက်တွေ့ ဖြည့်ကျင့်တယ်။ သီလကြီး ၄-ပါးကို စင်ကြယ်အောင် ဖြည့်ကျင့်ပြီးတဲ့ အချိန်အခါမှာ ရှေ့တစ်ဆင့်တက်ပြီးတော့ သမာဓိဘာဝနာလုပ်ငန်းရပ်တွေကို စနစ်တကျ ဖြည့်ကျင့်တယ်နော်။

ဒီတော့ အဲဒီလို ဖြည့်ကျင့်နေတဲ့အချိန်အခါမှာ သီလနဲ့ ပတ်သက်တဲ့ ကြံစည်စိတ်ကူးမှုတွေကိုလည်း နိက္ခမသင်္ကပ္ပလို့ခေါ်တယ်။ သမာဓိနဲ့ ယှဉ်တွဲနေတဲ့ ကြံစည်စိတ်ကူးမှုတွေကိုလည်း နိက္ခမသင်္ကပ္ပလို့ ခေါ်ပါတယ်။ အဲဒီတော့ ဒီနိက္ခမသင်္ကပ္ပတွေက ခုနက ရဟန်း မဖြစ်သေးတဲ့ပုဂ္ဂိုလ်က ရဟန်းပြုမယ်လို့ ကြံစည်စိတ်ကူးတယ်။ တကယ်လည်း ပြုတယ်။ သီလရှင် မဝတ်သေးတဲ့ ပုဂ္ဂိုလ်တွေက သီလရှင်ဝတ်မယ်လို့ တကယ် ကြံစည်စိတ်ကူးတယ်၊ တကယ်လည်း သီလရှင်ဝတ်တယ်။ တရားမဝင်သေးတဲ့ ပုဂ္ဂိုလ်တွေက၊ ယောဂီမဖြစ်သေးတဲ့ ပုဂ္ဂိုလ်တွေက ငါ ယောဂီပုဂ္ဂိုလ် ဖြစ်စေရမယ်၊ ငါ တရားအားထုတ်မယ်ဆိုပြီး တကယ်လည်း ကြံစည်စိတ်ကူးတယ်၊ တကယ်လည်း တရားအားထုတ်တယ်၊ တကယ်လည်း ယောဂီဖြစ်အောင် ကြိုးစားတယ်။ အဲဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှုတွေကို နိက္ခမသင်္ကပ္ပလို့ ခေါ်ပါတယ်။ ဒါက ကြံစည်စိတ်ကူး ကောင်းတယ်။

ခုနက သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ တဏှာလောဘနဲ့ ယှဉ်တွဲပြီး ကြံစည်စိတ်ကူးနေတဲ့ စိတ်ကူးမှုမျိုးကတော့ ကာမဝိတက်လို့ ခေါ်ပါတယ်။ မိစ္ဆာသင်္ကပ္ပလို့ ခေါ်ပါတယ်။ သူက မကြံစည်သင့်၊ မကြံစည်ထိုက်တဲ့ ကြံစည်စိတ်ကူးမှုမျိုးပဲ။ အခု ရှင်ရဟန်း ပြုချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှင်ရဟန်း ပြုလည်းပြုတယ်။ ပြုချင်တယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှု၊ ပြုနေတဲ့ အချိန်အခါမှာ သီလတွေကို တကယ်လက်တွေ့ ဖြည့်ကျင့်နေတဲ့ ကြံစည်စိတ်ကူးမှု။ ဒီလို စိတ်ကူးမှုမျိုးတွေကိုလည်း သမ္မာသင်္ကပ္ပ၊ နိက္ခမသင်္ကပ္ပလို့ ခေါ်တယ်။ အဲဒီ နိက္ခမသင်္ကပ္ပက သမ္မာသင်္ကပ္ပတစ်မျိုးပဲ။

မှန်ကန်နေတဲ့ ကြံစည်စိတ်ကူးမှု ၁-မျိုးပဲ။ အဲဒီကနေ ရှေ့တစ်ဆင့် တက်လိုက်တဲ့ အချိန်အခါကျတော့ မိမိက သမထဘာဝနာကမ္မဋ္ဌာန်းတွေကို စနစ်တကျ စီးဖြန်းပြီ။ စီးဖြန်းလိုက်တဲ့ အချိန်အခါမှာ မိမိရဲ့သန္တာန်မှာ ပထမဈာန်သမာဓိ အစရှိတဲ့ ဈာန်သမာဓိတွေ ရမယ်။ အဲဒီလို ရပြီ ဆိုလို့ရှိရင်လည်း ဒီပထမဈာန်ကိုလည်း နိက္ခမသင်္ကပ္ပလို့ ခေါ်တယ်။

ရှင်ရဟန်း ပြုခြင်းကတော့ လူ့ဘဝမှ ထွက်မြောက်ကြောင်းဖြစ်လို့ နိက္ခမလို့ခေါ်တယ်။ ပထမဈာန်ကို ရခြင်းက ကာမဂုဏ်မှ ထွက်မြောက်ကြောင်းဖြစ်လို့ ဒီပထမဈာန်ကိုလည်း နိက္ခမလို့ ခေါ်ပါတယ်။ အဲဒီ ပထမဈာန်နာမ်တရားတွေထဲမှာ စိတ်၊ စေတသိက် ဆိုကြပါစို့။ အခု ယောဂီတွေ လက်တွေ့ ရှုနေတဲ့ အာနာပါနပဲ ဆိုကြပါစို့နော်။ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကလေးကို အာရုံပြုပြီးတော့ ပထမဈာန်သမာဓိ ပေါ်လာပြီ ဆိုကြစို့နော်။ ပထမဈာန်သမာဓိသို့ ဆိုက်ပြီဆိုရင် နာမ်ကမ္မဋ္ဌာန်းပိုင်းကို ရှုတတ်တဲ့ ယောဂီပုဂ္ဂိုလ်များ နားလည်လိမ့်မယ်။

ပထမဈာန် သမာဓိနဲ့ ယှဉ်တွဲပြီးတော့ ပထမဈာန် နာမ်တရား စိတ်၊ စေတသိက် ဘယ်နှစ်လုံး ရှိသလဲ? ၃၄-လုံးပေါ့နော်။ အဲဒီ ၃၄-လုံးထဲမှာ ဝိတက်ဆိုတဲ့ ဈာန်အင်္ဂါ ၁-ခု မပါဘူးလား? ပါနေတယ်။ အဲဒီ ဝိတက်ကို သမ္မာသင်္ကပ္ပလို့ ဒီလိုခေါ်တယ်။ ကာမဂုဏ်မှ ထွက်မြောက်ကြောင်းဖြစ်လို့ ဒီဝိတက်ကို သမ္မာသင်္ကပ္ပ။ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေပါ။ ဒီနိမိတ်ကလေးကို ထပ်ခါထပ်ခါ ကြံစည်စိတ်ကူးနေပါ။ အဲဒါဟာ သမ္မာသင်္ကပ္ပ ဖြစ်နေပြီ။

အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်ကို မိမိက အာရုံယူပြီးတော့ သမာဓိ ထူထောင်တယ် ဆိုကြစို့။ ပထမဈာန်သမာဓိ ဆိုက်ပြီ။ အဲဒီ အချိန်အခါမှာ ဒီပထမဈာန်သမာဓိနဲ့ ယှဉ်တွဲပြီးတော့လည်း ဝိတက်ခေါ်တဲ့ ဈာန်အင်္ဂါတစ်ခု ထင်ထင်ရှားရှား ဖြစ်ပေါ်နေပါတယ်။ အဲဒီ ဝိတက်ကိုလည်း သမ္မာသင်္ကပ္ပလို့ ခေါ်တယ်။ မိစ္ဆာသင်္ကပ္ပလို့ မခေါ်ဘူး။ အဲဒီလို သမ္မာသင်္ကပ္ပကနေပြီးတော့၊ အခြေခံပြီးတော့ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် အစရှိတဲ့ ဈာန်တွေကို ကူးသွားရတယ်။ အလွန် အဆင့်အတန်းမြင့်နေတဲ့ သမာဓိတွေကို ရတယ်။ ဘာဖြစ်လို့ ဒီအဆင့်အတန်း မြင့်မားနေတဲ့ ဒီသမ္မာသင်္ကပ္ပနဲ့ သမာဓိတွေကို ရသလဲလို့မေးတော့ ခုနက ပထမဈာန်နဲ့ ယှဉ်တွဲနေတဲ့ သမ္မာသင်္ကပ္ပကို အခြေခံပြီးမှ ရရှိတဲ့ သမာဓိတွေ ဖြစ်နေတယ်။

ဒါကြောင့် ဒီပထမဈာန်သမာဓိကိုလည်း နိက္ခမသင်္ကပ္ပလို့ ခေါ်ပါတယ်။ အဲဒီထက် အဆင့်အတန်း မြင့်မားနေတဲ့ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် အစရှိတဲ့ သမာဓိတွေကိုလည်း နိက္ခမသင်္ကပ္ပလို့ ခေါ်နိုင်တယ်။ သို့သော် အဲဒီမှာ ဝိတက်မပါတဲ့အတွက်ကြောင့် သူတို့ကို နိက္ခမလို့ မသုံးခြင်းသာ ဖြစ်တယ်။ နိက္ခမတော့ မည်တယ်၊ သင်္ကပ္ပတော့ မဟုတ်ဘူး။ ဒီတော့ ဒီလို ကြံစည်စိတ်ကူးမှုသာ ဖြစ်ပါစေဆိုပြီး ဘုရားရှင်က တိုက်တွန်းနေတာ ဘာကြောင့်လဲ?

ယော စ ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။ ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော။

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဝဿသတံ၊ နှစ်ပေါင်း တစ်ရာ ကာလကြာအောင်။ ဒုဿီလော၊ သီလမရှိသည် ဖြစ်ပါလျက်။ အသမာဟိတော၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဟု ခေါ်ဆိုအပ်သော စိတ်တည်ကြည်မှု သမာဓိ မရှိသည်ဖြစ်ပါလျက်။ ဝဿသတံ၊ နှစ်ပေါင်းတစ်ရာ ကာလကြာအောင်။ ဇီဝေ၊ အကယ်၍ အသက်ရှည်ရစေကာမူ။ တဿ၊ ထိုပုဂ္ဂိုလ်၏။ တတော၊ ထို နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှည်နေရခြင်းထက်။ သီလဝန္တဿ၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသော။ ဈာယိနော၊ ဈာန်ဝင်စားလေ့ရှိသော သူတော်ကောင်း၏။ ဧကာဟံ၊ တစ်နေ့တစ်ရက် တစ်နံနက်မျှ။ ဇီဝိတံ၊ အသက်ရှင်ရခြင်းသည်ကား။ သေယျော၊ သာလွန်၍ မြင့်မြတ်လှပါပေ၏။

ဒီလို ဘုရား ဟောထားတယ်။ ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်မယ်ဆိုရင် ကိုယ်ကျင့်သီလကလည်း ပျက်စီးနေပြီတဲ့နော်။ သူ့အသက်လည်း သတ်ချင် သတ်မယ်။ သူ့ပစ္စည်း မတရား ယူချင်လည်း ယူမယ်။ သူ့သားမယားတွေ ဖျက်ဆီးချင်လည်း ဖျက်ဆီးမယ်။ မုသားတွေ ပြောချင်လည်း ပြောနေမယ်နော်။ ကိုယ်ကျင့်သီလပိုင်း ကြည့်လိုက်မယ်ဆိုရင် သီလက ပျက်စီးနေပြီ။ ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ ပုဂ္ဂိုလ်သန္တာန်မှာ သမာဓိဖြစ်ဖို့ ဆိုတာလည်း အလွန် ခက်ခဲပါတယ်နော်။

သမာဓိကလည်း မရှိဘူး။ ကိုယ်ကျင့်သီလတွေကလည်း ပျက်စီးတယ်။ ရဟန်းဆိုလည်း ရဟန်းနဲ့ ထိုက်တန်တဲ့ ကိုယ်ကျင့်သီလတွေ ရှိတယ်။ ရှင်လည်း ရှင်နဲ့ ထိုက်တန်တဲ့ ကိုယ်ကျင့်သီလတွေ ရှိတယ်။ သီလရှင်လည်း သီလရှင်နဲ့ ထိုက်တန်တဲ့ ကိုယ်ကျင့်သီလတွေ ရှိတယ်။ ယောဂီတွေလည်း ယောဂီနဲ့ ထိုက်တန်နေတဲ့ ကိုယ်ကျင့်သီလ ရှိပါတယ်။ အဲဒီလို ကိုယ်ကျင့်သီလတွေကို ဖြည့်ကျင့်မှု မရှိဘူး၊ သမာဓိကလည်း မရှိဘူး။ ကိုယ်ကျင့်သီလ ပျက်စီးပြီး သမာဓိ မရှိတဲ့ ထိုပုဂ္ဂိုလ်ရဲ့ နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင် နေရခြင်းသည် မမြတ်ဘူး။ ဘာဖြစ်လို့လဲ?

ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ပုဂ္ဂိုလ်တွေကို အပါယ် ၄-ဘုံက အမြဲတမ်း ဆီးကြိုပြီး ဖိတ်ခေါ်နေပါတယ်နော်။ သတ္တဝါတစ်ဦး တစ်ယောက်က အပါယ် ၄-ဘုံ ရောက်မယ်ဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ အသက်ရှင်ခြင်းသည် မြတ်သော အသက်ရှင်ခြင်းလို့ ပြောနိုင်ပါ့မလား? မပြောနိုင်ဘူး။ အပါယ် ၄-ဘုံက ဆီးကြိုတာတွင် ဟုတ်သလားဆိုတော့ မဟုတ်သေးဘူး။ ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ်တစ်ယောက် သီလ မရှိတော့ဘူးဆိုရင် ဘေးက ပုဂ္ဂိုလ်တွေက သီလမရှိတဲ့ ဒီပုဂ္ဂိုလ်ကို မေတ္တာသက်ဝင်ပါဦးမလား? မသက်ဝင်ဘူးနော်။ ကူညီချင်တဲ့ စိတ်ထား၊ ရိုင်းပင်းချင်တဲ့ စိတ်ထား မရှိတော့ဘူး။

ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းတွေက ကဲ့ရဲ့ကြတယ်၊ ရှုတ်ချတတ်တယ်။ ဒီထက် အဆင့်အတန်းမြင့်မားနေတဲ့ ကိုယ်ကျင့်သီလ ပျက်စီးတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့ရင် မင်းပြစ်မင်းဒဏ်အထိ သင့်နိုင်တဲ့ အဆင့်အထိ မရောက်ဘူးလား? ရောက်သွားမယ်နော်။ ဒါကြောင့် ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ပုဂ္ဂိုလ်မှာ ပစ္စုပ္ပန် အကျိုးစီးပွားတွေလည်း များစွာ ဆုတ်ယုတ် ပျက်စီးတတ်ပါတယ်။ တမလွန် အကျိုးစီးပွားလည်း ဆုတ်ယုတ် ပျက်စီးတတ်ပါတယ်။ ဒါကြောင့် ကိုယ်ကျင့်သီလ ပျက်စီးပြီး သမာဓိမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်နေရခြင်းသည် မမြတ်ဘူး။ ကိုယ်ကျင့်သီလတွေနဲ့ ပြည့်စုံပြီးတော့ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိခေါ်တဲ့ နှစ်မျိုးသောသမာဓိ ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦးရဲ့ တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန်၍ မြင့်မြတ်တယ်။ ဒီလို ဘုရားဟောထားတယ်နော်။ ဘာဖြစ်လို့လဲ?

ဒီသမာဓိကို အခြေခံပြီး ဝိပဿနာ ကူးမယ်။ ရုပ်တွေ နာမ်တွေ သိမ်းဆည်း၊ အကြောင်းတရား ရှာဖွေ၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုပွား သုံးသပ်နိုင်ခဲ့ရင် ထိုသူတော်ကောင်းတို့ရဲ့သန္တာန်မှာ ဝိပဿနာဉာဏ်တွေလည်း ဖြစ်နိုင်တယ်။ တစ်ဆင့်နော်။ ဝိပဿနာဉာဏ်တွေ ဖြစ်ခဲ့ရင် ထိုဝိပဿနာ မနောဒွါရိက စိတ်အစဉ်တွေကို ပြန်ပြီး သိမ်းဆည်းကြည့်လိုက်တဲ့အခါ စိတ်စေတသိက် များသောအားဖြင့် ဉာဏ်လည်း ယှဉ်မယ်၊ ပီတိလည်း ယှဉ်မယ်ဆိုရင် စိတ်စေတသိက် ၃၄ လုံးလောက် ရှိတတ်ပါတယ်။ အဲဒီထဲမှာလည်း ဝိတက်ပါတယ်။ အဲဒီ ဝိတက်ကိုလည်း သမ္မာသင်္ကပ္ပလို့ ခေါ်တယ်။ လောကီ မဂ္ဂင်ပဲ။ အဲဒီ သမ္မာသင်္ကပ္ပက ဘာလုပ်သလဲ?

ရုပ်တွေ နာမ်တွေကို ရုပ်တရားပဲလို့ ရှုတယ်၊ ရုပ်တရားပဲလို့ ကြံစည် စိတ်ကူးတယ်၊ ရုပ်တရား အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးတယ်။ နာမ်တရားတွေကို နာမ်တရားပဲလို့ ရှုတယ်၊ နာမ်တရားပဲလို့ ကြံစည် စိတ်ကူးတယ်၊ နာမ်တရား အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးတယ်။ ဒီရုပ်နာမ်တွေရဲ့ အကြောင်းတရား အကျိုးတရား အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးတယ်။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စ အခြင်းအရာအပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးတယ်။ ဒုက္ခအခြင်းအရာအပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးတယ်။ အနတ္တအခြင်းအရာအပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေတယ်။ အဲဒီလို ရှေးရှုတင်ပေးနေတဲ့အတွက်ကြောင့် ဒီလို ရှေးရှုတင်ပေးမှုလေးကိုက သမ္မာသင်္ကပ္ပ - ကောင်းသောအကြံလို့ ဒီလို မြတ်စွာဘုရားက ဟောတယ်။ အဲဒီလို ကောင်းသောကြံစည်စိတ်ကူးမှု သမ္မာသင်္ကပ္ပမဂ္ဂင်ကိုလည်း နိက္ခမ္မသင်္ကပ္ပလို့ ခေါ်တယ်။ ဝိပဿနာဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သင်္ကပ္ပပဲ။ အဲဒီ သင်္ကပ္ပကိုလည်း ဘုရားရှင်က ဘယ်လိုဟောသလဲ?

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဝဿသတံ၊ နှစ်ပေါင်းတစ်ရာ ကာလကြာအောင်။ ဥဒယဗ္ဗယံ၊ ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ဥဒယဗ္ဗယ သဘောတရားကို။ အပဿံ၊ ဝိပဿနာ ဉာဏ်ပညာမျက်စိဖြင့် လင်းလင်းထင်ထင် မသိမြင်ပါဘဲလျက်။ ဇီဝေ၊ အကယ်၍ အသက်ရှင် နေငြားအံ့။ တဿ၊ ထိုပုဂ္ဂိုလ်၏။ ဇီဝိတာ၊ ထိုနှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင် နေရခြင်းထက်။ ဥဒယဗ္ဗယံ၊ ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ဥဒယဗ္ဗယ သဘောတရားကို။ ပဿတော၊ ဝိပဿနာ ဉာဏ်ပညာ မျက်စိဖြင့် လင်းလင်းထင်ထင် သိမြင်၍နေသော ယောဂါဝါစရ ပုဂ္ဂိုလ်၏။ ဧကာဟံ၊ တစ်နေ့ တစ်ရက် တစ်နံနက်မျှ။ ဇီဝိတံ၊ အသက်ရှင်နေရခြင်းသည်။ သေယျော၊ သာလွန်၍ သင့်မြတ်လှပါပေ၏။

ဒီလို ဘုရား ဟောထားတယ်။ ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်မယ် ဆိုလို့ရှိရင် သီလ ရှိချင်လည်း ရှိမယ်၊ သမာဓိလည်း ဖြစ်ချင် ဖြစ်မယ် ထားတော့နော်။ ဒါပေမဲ့လို့ ဒီ သီလရှိပြီး၊ သမာဓိရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဝိပဿနာ ဉာဏ်ပညာမျက်စိ မရှိဘူး။ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို လင်းလင်းထင်ထင် သိမြင်တတ်တဲ့ ဝိပဿနာ ဉာဏ်ပညာမျက်စိ မရှိဘူးဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင် နေရခြင်းသည် မမြတ်ပါဘူးတဲ့နော်။

အေး ... ပုဂ္ဂိုလ်တစ်ဦးက ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို ဝိပဿနာ ဉာဏ်ပညာမျက်စိဖြင့် လင်းလင်းထင်ထင် သိမြင်တယ်။ ထိုကဲ့သို့ သိမြင်နေသော ပုဂ္ဂိုလ်၏ တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှင် နေရခြင်းသည် သာလွန်၍ မြင့်မြတ်တယ်။ ဘာကြောင့်လဲ? ဒီလို ဝိပဿနာ ဉာဏ်ပညာတွေနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်း အပါယ် ၄ ဘုံ ဘယ်တော့မှ မရောက်ဘူးလို့ ဘုရား အာမခံထားတယ်။ ခိုင်ခိုင်လုံလုံ အာမခံထားပါတယ်နော်။ အဲဒီလို ဝိပဿနာ ဉာဏ်တွေနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းက အကယ်၍များ ဒီဘဝမှာ အကြောင်းမလှလို့ မဂ်ဖိုလ်နိဗ္ဗာန် မရဘူးဘဲထား၊ ဒုတိယဘဝ၌ ကျိန်းသေ နတ်ပြည်ရောက်မယ်။ နတ်ပြည်ရောက်ခဲ့ရင် ဘာဖြစ်မလဲ?

တတ္ထ၊ ထိုနတ်ပြည်နတ်လောက၌။ သုခိနော၊ ချမ်းသာခြင်းရှိသော။ တဿ၊ ထိုနတ်သားဖြစ်တဲ့ သတ္တဝါ၏ သန္တာန်၌။ ဓမ္မပဒါ၊ တရားပုဒ်အစုတို့သည်။ ပလဝန္တိ၊ ထင်ရှားပေါ်လွင်၍ နေကြပေကုန်၏။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သတုပ္ပါဒေါ၊ တရားတော်ကို အစဉ်လျှောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်းသည်။ ဒန္ဓော၊ နှောင့်နှေးလှသေး၏။ အထခေါ၊ တကယ်စင်စစ်မှာမူ။ သော သတ္တော၊ ထိုသတ္တဝါသည်။ ခိပ္ပံယေဝ၊ လျင်မြန်စွာသာလျှင်။ ဝိသေသဂါမီ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်နိဗ္ဗာန်ဆိုတဲ့ တရားထူးတရားမြတ်ကို ရလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒုတိယဘဝ နတ်ပြည်နတ်လောက ရောက်မယ်ဆိုရင် ထိုနတ်သားဖြစ်တဲ့ သတ္တဝါ၏သန္တာန်မှာ တရားပုဒ်အစုတို့သည် ပေါ်လွင်ထင်ရှားနေတယ်။ ပေါ်လွင်ထင်ရှားနေတဲ့ အချိန်အခါမှာ တရားတော်ကို ဉာဏ်ဖြင့် အစဉ်လျှောက်ပြီး ရှုပွားသုံးသပ်တတ်တဲ့သတိ ဖြစ်တာက နှေးသေးတယ်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို လျင်လျင်မြန်မြန်ကြီး ရနိုင်ပါတယ်လို့ ဒီလောက်အထိ မြတ်စွာဘုရားက အာမခံပြီး ဟောထားပါတယ်နော်။ ဒါကြောင့် ဒီလို ခိုင်လုံတဲ့ အာမခံချက်တွေနဲ့ ပြည့်စုံနေတဲ့ ကြံစည်စိတ်ကူးမှုမျိုးကို သူတော်ကောင်းမှန်ရင် ကြံစည်ရမလား၊ မကြံစည်ရဘူးလား? ကြံစည်ရမယ်။ ဘာဖြစ်လို့ မိမိတို့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးနေရမှာလဲနော်။

ဟိုကြံလိုက်၊ ဒီကြံလိုက်၊ ဟိုပြောလိုက်၊ ဒီပြောလိုက် ဒါတွေက သက်သက် အလဟဿ အချိန်တွေ ဖြုန်းနေတာပဲ။ သူတော်ကောင်းမှန်ရင် သူတော်ကောင်းနဲ့ ထိုက်တန်နေတဲ့ ကြံစည်စိတ်ကူးမှု ရှိရမယ်။ ဒီတော့ အကယ်၍ တပည့်တော်တို့ကဘုရား သီလတော့ ရှိပါရဲ့၊ သမာဓိလည်း ရှိပါရဲ့ ဝိပဿနာဉာဏ်ကတော့ မဖြစ်သေးဘူး ဆိုလို့ရှိရင်ကော။ အနည်းဆုံး ဒီဈာန် မလျောကျရင် ဗြဟ္မာ့ပြည်တော့ ရောက်နိုင်ပါတယ်နော်။ ကောင်းတယ်လို့တော့ ဘုန်းကြီး မဆိုလိုပါဘူး။

သို့သော် အဆင့်အတန်းမြင့်တဲ့ ဒီဝိပဿနာဉာဏ်တွေကို ဆက်လက်ပြီး ကြိုးပမ်းခဲ့မယ် ဆိုရင်တော့ ဒီသာသနာတော်အတွင်းမှာ ရကောင်းရနိုင်တယ်။ ရလိုက်တဲ့ အချိန်အခါမှာ ဒီဝိပဿနာဉာဏ်တွေက ရင့်ကျက်လာပြီ ဆိုကြစို့။ ရင့်ကျက်လာတဲ့အခါမှာ ဝိပဿနာဉာဏ်တို့ရဲ့အဆုံး၌ မသေရာအမြိုက် နိဗ္ဗာန်တရားတော်မြတ်ကြီးကို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် အာရုံပြုနိုင်ပြီ ဆိုကြစို့။ အဲဒီကို အာရုံပြုနိုင်တဲ့ပုဂ္ဂိုလ်ရဲ့ အသက်ရှင်ခြင်းကိုတော့ မြတ်စွာဘုရား ဘယ်လိုဟောသလဲ?

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ အမတံ ပဒံ၊ မသေရာအမြိုက် နိဗ္ဗာန်တရားတော်မြတ်ကြီးကို။ အပဿံ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် ပိုင်းခြား ထင်ထင်လင်းလင်း မသိမြင်ပါဘဲလျက်။ ဝဿသတံ၊ နှစ်ပေါင်းတစ်ရာ ကာလကြာအောင်။ ဇီဝေ၊ အကယ်၍ အသက်ရှင် နေငြားအံ့။ တဿ၊ ထိုပုဂ္ဂိုလ်၏။ ဇီဝိတာ၊ ထိုနှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင် နေရခြင်းထက်။ အမတံ ပဒံ၊ စုတိပြတ်ကြွေ ဘယ်ခါမှ သေကျေပျက်စီးရခြင်း မရှိသော (နိဗ္ဗာန်တရားတော်မြတ်ကို)။ အမတဿ၊ နိဗ္ဗာန်တရားတော်မြတ်ကို။ ပဿတော၊ အရိယာမဂ်ဉာဏ်၊ အရိယာဖိုလ်ဉာဏ်ဖြင့် ထင်ထင်လင်းလင်း သိမြင်၍နေသော ယောဂါဝါစရပုဂ္ဂိုလ်၏။ ဧကာဟံ၊ တစ်နေ့ တစ်ရက် တစ်နံနက်မျှ။ ဇီဝိတံ၊ အသက်ရှင် နေရခြင်းသည်။ သေယျော၊ သာလွန်၍ သင့်မြတ်လှပါပေ၏။

ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်မယ်။ မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် လင်းလင်းထင်ထင် မသိမြင်ပါဘဲနဲ့ နှစ်ပေါင်းတစ်ရာ ကာလကြာအောင် ဒီပုဂ္ဂိုလ် အသက်ရှင်ရတယ် ဆိုကြစို့။ နှစ်ပေါင်းတစ်ရာ ကာလကြာအောင် ဒီပုဂ္ဂိုလ် အသက်ရှင်နေတဲ့ ထိုပုဂ္ဂိုလ်ရဲ့ အသက်ရှင်ခြင်းသည် မမြတ်ဘူးတဲ့နော်။ ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်မယ် ဆိုလို့ရှိရင် မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးကို အရိယမဂ်ဉာဏ်၊ အရိယဖိုလ်ဉာဏ်ဖြင့် ထင်ထင်လင်းလင်း သိမြင်ပြီးတော့ နေတယ်။ ထိုပုဂ္ဂိုလ်ရဲ့ အသက်ရှင်ခြင်းသည် သာလွန်၍ မြင့်မြတ်တယ်။ ဘာကြောင့်လဲ?

ဒီအရိယမဂ်ဉာဏ်၊ အရိယဖိုလ်ဉာဏ်က အောက်ထစ်ဆုံးဖြစ်တဲ့ သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ပဲ ထားပါတော့။ အပါယ် ၄ ဘုံမှ ကွင်းလုံးကျွတ် လွတ်သွားအောင် ထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်။ သတ္တဝါတစ်ဦးတစ်ယောက် နောက်ထပ်တစ်ဖန် သံသရာခရီးဆိုတာ ရှိနေခဲ့လို့ အပါယ်လေးဘုံကို ဘယ်တော့မှ မရောက်ရဘူးဆိုရင် ဒီထက်ကောင်းတဲ့ အခွင့်အလမ်းကြီးတွေဆိုတာ ရနိုင်ပါဦးမလား? ရနိုင်တယ်။ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ အခွင့်အလမ်းပဲ။

အေး ... ဒီထက် တစ်ဆင့်တက်လိုက်လို့ သကဒါဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ်၊ အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ရရှိခဲ့မယ် ဆိုလို့ရှိရင်တော့ ကာမ ၁၁ ဘုံမှ ကွင်းလုံးကျွတ် လွတ်သွားမယ်။ ကာမဘုံမှ နောက်ထပ်တစ်ဖန် ပြန်ပြီး ပဋိသန္ဓေ တည်နေရခြင်းဆိုတဲ့ ဒုက္ခအားလုံး လွတ်သွားပြီ။ ဒီထက် တစ်ဆင့်တက်လိုက်လို့ အရဟတ္တ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် ဒီအငြိမ်းဓာတ် နိဗ္ဗာန်၊ မသေရာ အမြိုက်နိဗ္ဗာန်ကြီးကို အာရုံပြုနိုင်မယ်ဆိုရင်တော့ ပရိနိဗ္ဗာန စုတိရဲ့နောက်ဆွယ်မှာ နောက်ထပ်တစ်ဖန် ဘဝသစ်နဲ့ ပဋိသန္ဓေ တည်နေရခြင်းဆိုတာ မရှိတော့ဘူး။ ပဋိသန္ဓေနေရတဲ့ဒုက္ခမှ ကွင်းလုံးကျွတ် လွတ်မယ်၊ အိုဘေးဆိုးကြီးမှ လွတ်မယ်၊ နာဘေးဆိုးကြီးမှ လွတ်မယ်၊ သေဘေးဆိုးကြီးမှ လွတ်မယ်။ ဒီထက်ကောင်းတဲ့ အခွင့်အရေး ရှိဦးမလား? မရှိနိုင်ဘူး။

ဒါကြောင့် မသေရာအမြိုက် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အရိယမဂ်ဉာဏ်၊ အရိယဖိုလ်ဉာဏ်ဖြင့် ထင်ထင်လင်းလင်း သိမြင်ပြီးတော့ တစ်နေ့ တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန်ပြီးတော့ မြင့်မြတ်ပါတယ်လို့ ဒီလို ဘုရားဟောထားတယ်။ အဲဒီ နိဗ္ဗာန်ကို အာရုံပြုနေတဲ့ အရိယမဂ်ဉာဏ်နဲ့၊ အရိယဖိုလ်ဉာဏ်နဲ့ ယှဉ်တွဲပြီးတော့လည်း သမ္မာသင်္ကပ္ပမဂ္ဂင် များသောအားဖြင့်တော့ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဆိုတာကတော့ ပုဂ္ဂိုလ်တို့ရဲ့ အခြေအနေလိုက်လို့ ပေါ့နော်။ ပထမဈာန်တွေကို ဝိပဿနာရှုခိုက် သို့မဟုတ် ကာမာဝစရ ရုပ်တရား၊ နာမ်တရားတွေကို ဝိပဿနာရှုခိုက် အရိယမဂ် ဆိုက်ခဲ့မယ် ဆိုလို့ရှိရင်တော့ ထိုအရိယမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တွေမှာ သမ္မာသင်္ကပ္ပမဂ္ဂင်ဝိတက် ပါဝင်လျက် ရှိပါတယ်။

အထက်ပိုင်းဒုတိယဈာန် အစရှိတဲ့ အထက်ပိုင်းဈာန်တွေကို ဝိပဿနာရှုခိုက် အရိယမဂ် ဆိုက်ခဲ့မယ်ဆိုရင်တော့ သမ္မာသင်္ကပ္ပ မပါဘူး။ ကဲ ကောင်းပြီ။ ဒီနေရာမှာ ပြောချင်တာက ထိုနိဗ္ဗာန်အာရုံကို အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေခြင်းသဘောကို သမ္မာသင်္ကပ္ပလို့ခေါ်တယ်။ ကောင်းမှန်နေတဲ့ မှန်ကန်နေတဲ့ ကြံစည်စိတ်ကူးမှုပဲ။ အဲဒီ မှန်ကန်နေတဲ့ ကြံစည်စိတ်ကူးမှုကိုလည်း နိက္ခမ္မသင်္ကပ္ပလို့ခေါ်တယ်။ ဘာကြောင့်လဲ?

၃၁ ဘုံမှ ကွင်းလုံးကျွတ် လွတ်မြောက်စေနိုင်တဲ့ စွမ်းအား ရှိနေတဲ့ ကြံစည်စိတ်ကူးမှုမျိုး ဖြစ်နေတယ်။ အိုဘေးဆိုးကြီးမှ လွတ်စေနိုင်တယ်၊ နာဘေးဆိုးကြီးမှ လွတ်စေနိုင်တယ်၊ သေဘေးဆိုးကြီးမှ လွတ်စေနိုင်တယ်။ ဒီလိုဆိုရင် ဒီလို ကြံစည်စိတ်ကူးမှုမျိုးတွေကို ယောဂီပုဂ္ဂိုလ်တို့က အိုဘေး၊ နာဘေး၊ သေဘေးမှ လွတ်ချင်တယ်ဆိုရင် မကြံစည်သင့်ဘူးလား? ကြံစည်သင့်တယ်။ ထိုင်ပြီး စဉ်းစားရမှာ ပြောတာ မဟုတ်ဘူးနော်။ ဘာကိုလဲ?

နိဗ္ဗာန်ကို အသင်္ခတ အငြိမ်းဓာတ်နိဗ္ဗာန်ကို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် အာရုံယူနိုင်တဲ့ အဆင့်အထိရောက်အောင် ကြိုးစားပါလို့ ဒီလို ဆိုလိုတယ်နော်။ အဲဒါကြောင့် ဒီနိဗ္ဗာန်ကို အာရုံယူနေတဲ့ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ သမ္မာသင်္ကပ္ပကိုလည်း နိက္ခမ္မသင်္ကပ္ပလို့ပဲ ခေါ်ပါတယ်။ နောက်တစ်ခု -

ပဗ္ဗဇ္ဇာ ပဌမဇ္ဈာနံ၊ နိဗ္ဗာနဉ္စ ဝိပဿနာ။ သဗ္ဗေပိ ကုသလာ ဓမ္မာ၊ နေက္ခမ္မာတိ ပဝုစ္စရေ။ (ဣတိဝုတ္တက-ဋ္ဌ-၃၃၁၊၊)

ကုသိုလ်တရားအားလုံးနဲ့ ယှဉ်တွဲနေတဲ့ ကြံစည်စိတ်ကူးမှု ဝိတက်အားလုံးကိုလည်း သမ္မာသင်္ကပ္ပလို့ပဲ ခေါ်ပါတယ်။ နိက္ခမ္မသင်္ကပ္ပလို့ပဲ ခေါ်ပါတယ်။ ဒါကြောင့် နိက္ခမ္မသင်္ကပ္ပက ပေါင်းလိုက်ရင် -
၁။ ပဗ္ဗဇ္ဇံ = ရှင်ရဟန်းဖြစ်ဖို့ရန်အတွက် ကြံစည်စိတ်ကူးမှု။
၂။ ပထမဈာန်နဲ့ ယှဉ်တွဲနေတဲ့ သမ္မာသင်္ကပ္ပ။
၃။ ဝိပဿနာဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သမ္မာသင်္ကပ္ပ။
4။ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံယူနေတဲ့ မဂ်ဉာဏ်-ဖိုလ်ဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သမ္မာသင်္ကပ္ပ။
၅။ ကုသိုလ်စိတ်အားလုံးနဲ့ ယှဉ်တွဲနေတဲ့ သမ္မာသင်္ကပ္ပ။

အဲဒီ သမ္မာသင်္ကပ္ပ ၅-မျိုးကို ဘာလို့ ခေါ်သလဲ? နိက္ခမ္မသင်္ကပ္ပလို့ ခေါ်တယ်။ အသက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့အပေါ်၌ လိုလားတပ်မက်နေတဲ့ စိတ်ထား, တဏှာလောဘနဲ့ ယှဉ်တွဲနေတဲ့ ကြံစည်စိတ်ကူးမှုကိုတော့ ကာမဝိတက်လို့ခေါ်ပါတယ်။ အဲဒီ ကာမဝိတက်က မိစ္ဆာသင်္ကပ္ပ၊ နိက္ခမ္မ-ဝိတက်က သမ္မာသင်္ကပ္ပ။ အဲဒီ သင်္ကပ္ပနှစ်ခု ရှိတဲ့အနက်က သူတော်ကောင်းမှန်ခဲ့ရင် မြတ်စွာဘုရားက ဘယ်လို အမိန့်ရှိသလဲ?

‘ပရေ မိစ္ဆာသင်္ကပ္ပါ ဘဝိဿန္တိ, မယမေတ္ထ သမ္မာသင်္ကပ္ပါ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာသင်္ကပ္ပါ၊ မှားယွင်းတဲ့ အကြံအစည် ရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ သမ္မာသင်္ကပ္ပါ၊ မှန်ကန်တဲ့ သမ္မာသင်္ကပ္ပ အယူရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

သူတော်ကောင်းမှန်ရင် ဒီစိတ်ထားမျိုး ထားပါတဲ့နော်။ သူတစ်ပါးတွေက မိစ္ဆာသင်္ကပ္ပရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ သမ္မာသင်္ကပ္ပရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်ဆိုပြီးတော့ ဒီလိုစိတ်ထားပါ။ ဘယ့်နှယ်တုံး တရားနာပရိသတ်တွေ ထားနိုင်ကြမလား? ငပိကြော်တို့၊ သရက်သီးသနပ်တို့ဘက်ကို စိတ်ကလေးများ ရောက်နေကြသေးလား? နည်းနည်း စဉ်းစားကြနော်။ နောက်တစ်ခု -

ဗျာပါဒသင်္ကပ္ပ ခုနက ပြောပြီးပြီ။ သတ္တဝါတွေကို သေကျေပျက်စီးဖို့၊ သူတစ်ပါးတို့ရဲ့ စည်းစိမ်ဥစ္စာတွေ ပျက်စီးဖို့ ကြံစည်စိတ်ကူးမှု။ ဒါကိုလည်း မိစ္ဆာသင်္ကပ္ပလို့ ခေါ်တယ်။ နောက်တစ်ဖက်ကတော့ အဗျာပါဒသင်္ကပ္ပ။ စဉ်းစားကြည့်စမ်း! စိတ်အေးချမ်းမှုချင်း တူသလား? “ဒင်းကို ငါက မကျေနပ်ဘူး၊ ဒင်းကို ငါ ချေမှုန်းပစ်ချင်တယ်” အဲဒီစိတ်ထား ရှိနေတဲ့ပုဂ္ဂိုလ်။ အဲဒီအချိန်အခါမှာ သူ့မှာ စိတ်ချမ်းသာမှု ရှိမလား? မရှိပါဘူးနော်။ တစ်ဖက်ကို ပြန်ကြည့်စမ်း! သမ္မာသင်္ကပ္ပဘက်ကလေး -

အယံ သပ္ပုရိသော အဝေရာ ဟောတု၊ အဗျာပဇ္ဇော ဟောတု၊ အနီဃော ဟောတု၊ သုခီ အတ္တာနံ ပရိဟရတု။

ဤသူတော်ကောင်းသည် “ဘေးရန် ကင်းပါစေ, စိတ်ဆင်းရဲ ကင်းပါစေ, ကိုယ်ဆင်းရဲ ကင်းပါစေ, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ” ဆိုပြီးတော့ မေတ္တာဘာဝနာရေချမ်း ပက်ဖျန်းပေးနေတယ်။ အကယ်၍များ မေတ္တာဈာန်ရသည်အထိ ပွားများအားထုတ်နိုင်တယ် ဆိုကြပါစို့နော်။ အဲဒီလို မေတ္တာဈာန် ဝင်စားနိုင်နေတဲ့ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ သမ္မာသင်္ကပ္ပ ကြံစည်စိတ်ကူးမှုနဲ့ ဒင်းအပေါ်မှာ ငါ နည်းနည်းမှ မကျေနပ်ဘူးဆိုတဲ့ ကြံစည်စိတ်ကူးမှု ဘယ်ဒင်းကများ အေးချမ်းမှု ရှိမလဲ? စဉ်းစားကြည့်နော်။ ဒါကြောင့် -

‘ပရေ မိစ္ဆာသင်္ကပ္ပါ ဘဝိဿန္တိ, မယမေတ္ထ သမ္မာသင်္ကပ္ပါ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာသင်္ကပ္ပါ၊ မှားယွင်းတဲ့ အကြံအစည် ရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ သမ္မာသင်္ကပ္ပါ၊ မှန်ကန်တဲ့ သမ္မာသင်္ကပ္ပ အယူရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက မိစ္ဆာသင်္ကပ္ပ = မှားယွင်းတဲ့ ကြံစည်စိတ်ကူးမှုတွေ ရှိတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ မှန်ကန်တဲ့ ကြံစည်စိတ်ကူးမှုရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီစိတ်ထားမျိုးကို မွေးမြူပါ။ မြတ်စွာဘုရား ဆုံးမနေတဲ့ အဆုံးအမပဲ။ ဘယ့်နှယ်လည်း ယောဂီပုဂ္ဂိုလ်တွေ လိုက်နာဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ကောင်းတယ်ဆိုတာက ဘုန်းကြီးရှေ့မှာ ဘုန်းကြီးက ရှေ့နေမေးလေး မေးလိုက်လို့ ကောင်းတယ်လို့ ပြောတာလား? မကောင်းဘူးလားလို့ ဘုန်းကြီးက မေးလိုက်တော့ ကောင်းပါတယ်ဘုရားလို့ ပြန်ပြောရမှာပဲ။ မကောင်းဘူးလို့ ပြန်လျှောက်ရင်ကော တော်ပါ့မလား? ဘယ့်နှယ်တုံး ကိုရင် ... ကောင်းသလား, မကောင်းဘူးလားမေးရင် ဘယ်လိုဖြေမလဲ? အဲဒါပဲ။

တကယ်ကောင်းတော့ ကောင်းတယ်။ တကယ်လက်တွေ့ ကျင့်ဖို့ကျတော့ အခက်အခဲတွေက များစွာ ရှိကြပါတယ်။ ဘာတွေ ခက်ခဲသလဲ? ဘုန်းကြီး ခုနက ဆွမ်းစားကျောင်း ရောက်သွားပါတယ်။ သွားစဉ်အခါတုန်းကတော့ ပြောရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားတာပဲနော်။ ခုနှစ်သံချီပဲ ခေါ်မလား, ရှစ်သံချီပဲ ခေါ်မလားတော့ မသိဘူး။ ဘုန်းကြီးတော့ နားမလည်ဘူး ... အသံကုန် အော်နေကြတယ်။ ဟုတ်တယ်မလား? ဘုန်းကြီးကလည်း ကုဋီတက်နေတုန်း ကိစ္စက မပြီးနိုင်တော့ မသွားနိုင်သေးဘူး။ ဘုန်းကြီးသွားတဲ့ အချိန်ခါကျတော့ အသံက တိတ်သွားပြီနော်။

လက်နှစ်လုံးလောက်ရှိတဲ့ ဒီပါးစပ်ကလေးကို အကြိမ်ကြိမ် ဘုန်းကြီးလည်း သတိပေးပါတယ်။ တကယ်တမ်းကျတော့ သူက စောင့်စည်းမှုဆိုတဲ့ သဘောတရားသည် အမြဲတမ်း လိုအပ်မနေဘူးလား? လိုအပ်နေတယ်။ ဒါ သတိရှိဖို့ ကောင်းတယ်နော်။ တရားအားထုတ်နေတဲ့ ဌာနတစ်ခုမှာပေါ့ မိစ္ဆာသင်္ကပ္ပတွေ ရှိနေရင် မိစ္ဆာဝါစာတွေ ပေါ်လာတာပဲ, မိစ္ဆာကမ္မန္တတွေလည်း ပေါ်လာတာပဲ။ မိစ္ဆာသင်္ကပ္ပတွေ မရှိဘူးဆိုရင် မိစ္ဆာဝါစာလည်း မဖြစ်ဘူး။ မိစ္ဆာကမ္မန္တတွေလည်း မဖြစ်တော့ဘူး။ သမ္မာသင်္ကပ္ပတရား ထင်ရှား ရှိနေတဲ့ သူတော်ကောင်းရဲ့ သန္တာန်မှာလည်း မိစ္ဆာသင်္ကပ္ပ ဖြစ်ပါဦးမလား? မဖြစ်ဘူး။ မိစ္ဆာဝါစာတွေကော ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ မိစ္ဆာကမ္မန္တတွေကော ဖြစ်ဦးမလား? မဖြစ်တော့ဘူး။

ဒါကြောင့် အဖြူနဲ့အမည်း မြတ်စွာဘုရားက ဒီနေရာမှာ ခွဲပေးနေတာ။ ဒီလို သူတော်ကောင်းလို့ အမည်ခံပြီး တရားကျင့်နေတဲ့ ဌာနတွေမှာ သူတော်ကောင်းမှန်ခဲ့ရင် မိစ္ဆာသင်္ကပ္ပတွေကို ပြုလုပ်နေရမှာလား, သမ္မာသင်္ကပ္ပတွေကို ပြုလုပ်နေရမှာလားလို့ မေးရင် ဘယ်လိုဖြေကြမလဲ? သမ္မာသင်္ကပ္ပ ပြုလုပ်ရမယ်။ ပြုလုပ်နိုင်အောင် အမြဲတမ်း ကြိုးစားဖို့ လိုတယ်နော်။ ဒါကြောင့် -

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာသင်္ကပ္ပါ၊ မှားယွင်းတဲ့ အကြံအစည် ရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ သမ္မာသင်္ကပ္ပါ၊ မှန်ကန်တဲ့ သမ္မာသင်္ကပ္ပ အယူရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

ဝိဟိံသဝိတက်

နောက်တစ်ခု ဝိဟိံသဝိတက် သူတစ်ပါးတွေကို သေကျေပျက်စီးသွားအောင် သူတစ်ပါးတို့ရဲ့ စည်းစိမ်ဥစ္စာ ပျက်စီးအောင်သာ ကြံစည်စိတ်ကူးမှု မရှိဘူး။ နည်းနည်းလေးတော့ ညှဉ်းပန်းနှိပ်စက်လိုက်ချင်တယ်။ တစ်ဖက်သား ကိုယ်ဆင်းရဲ, စိတ်ဆင်းရဲ ဖြစ်အောင်လို့ ပြောထည့်လိုက်ချင်တယ်။ မျက်ရည်လေးတွေ ပေါက်ကနဲ တောက်ကနဲ ကျသွားအောင်တော့ ပြောလိုက်ရမှ ကျေနပ်တယ်နော်။ နည်းနည်းလေး သူတစ်ပါးကို နာကျင်သွားအောင် ပြောလိုက်ရမှ, ပြုမူလိုက်ရမှ ကျေနပ်တယ်။ ဒါကို ဝိဟိံသသင်္ကပ္ပလို့ ခေါ်ပါတယ်နော်။ ဒါပေမဲ့ တစ်ဖက်က သူတော်ကောင်းကျတော့ ဘယ်လိုလဲ? အဝိဟိံသသင်္ကပ္ပ သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်လိုတဲ့ စိတ်ထား မရှိဘူး။

အယံ သပ္ပုရိသော ဒုက္ခာ မုစ္စတု

အယံ သပ္ပုရိသော၊ ဤသူတော်ကောင်းသည်။ ဒုက္ခာ၊ ဆင်းရဲဒုက္ခမှ။ မုစ္စတု၊ လွတ်မြောက်ပါစေသတည်း။

ဤသူတော်ကောင်းသည် မိမိရရှိထားတဲ့ ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေဆိုတဲ့ ဒီစိတ်ထား ရှိတယ်။ တစ်ဖက်က ဆင်းရဲဒုက္ခ ရောက်စေချင်တယ်, ညှဉ်းပန်းနှိပ်စက်ချင်တယ်ဆိုတဲ့ စိတ်ထား၊ တစ်ဖက်က ဆင်းရဲဒုက္ခမှ လွတ်မြောက်စေချင်တယ်ဆိုတဲ့ စိတ်ထား အဲဒီ စိတ်ထားနှစ်ခု ဘယ်စိတ်ထားကို မြတ်စွာဘုရားက နှစ်ခြိုက်သလဲလို့မေးတော့ သတ္တဝါတစ်ယောက် ဆင်းရဲဒုက္ခမှ လွတ်မြောက်စေလိုတဲ့ ဒီစိတ်ထားမျိုးကို ဘုရားရှင်က နှစ်ခြိုက်တယ်။ သတ္တဝါတစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်နေတဲ့ ဒီစိတ်ထားမျိုးကို ဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ဘူး။ ဒါကြောင့် -

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာသင်္ကပ္ပါ၊ မှားယွင်းတဲ့ အကြံအစည် ရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ သမ္မာသင်္ကပ္ပါ၊ မှန်ကန်တဲ့ သမ္မာသင်္ကပ္ပ အယူရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေထိုက်ပေ၏။

လောလောဆယ်တော့ ဒကာကြီးတွေ နားလည်ကောင်း နားလည်ပါလိမ့်မယ်နော်။ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဒီလို စိတ်ထားမျိုးတွေ ရှိသင့်သလား, မရှိသင့်ဘူးလားဆိုတာ စဉ်းစားကြနော်။ ဒီတော့ မိစ္ဆာသင်္ကပ္ပနဲ့ သမ္မာသင်္ကပ္ပ နှစ်ခု ဘုန်းကြီး နှိုင်းယှဉ်ပြီး ပြောနေပါတယ်။ အပေါ်က ပြောသွားတဲ့အတိုင်း တော်တော် များသွားပြီ။ အဲဒီ ကြံစည်စိတ်ကူးမှုလေးတွေ ရှိနေခဲ့မယ်၊ မိစ္ဆာသင်္ကပ္ပ ရှိနေခဲ့ရင် မိမိတို့ တရားအားထုတ်တဲ့အခါမှာ တရား တိုးတက်မှု ဖြစ်နိုင်ပါ့မလား? မဖြစ်ဘူးနော်။

သမ္မာသင်္ကပ္ပသာ ထင်ရှားရှိနေပါစေ တရားတွေက တစ်နာရီ တစ်ထိုင်ပြီး တစ်ထိုင်, တစ်ရက်ပြီး တစ်ရက်, တစ်လပြီး တစ်လ တိုးတက်ပြီး မသွားနိုင်ဘူးလား? သွားနိုင်တယ်။ တရားမတက်တာ ဘာကြောင့်ဆိုတာတော့ ခုလိုဆိုရင်တော့ နည်းနည်းတော့ သဘောပေါက်ပြီ ထင်တယ်နော်။ သလ္လေခခေါ်တဲ့ ကိလေသာ ခေါင်းပါးစေတတ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေမှာ ထားရှိသင့် ထားရှိထိုက်တဲ့ စိတ်ထားကို မြတ်စွာဘုရား ပြောတာ။ အဲဒီ စိတ်ထားလေးတွေ ရှိခဲ့မယ်ဆိုရင် ကုသလေသု ဓမ္မေသု စိတ္တုပ္ပါဒ = ကုသိုလ်တရားတွေမှာ စိတ်ထဲက ဖြစ်ရုံမျှသော်လည်းပဲ များစွာ ကျေးဇူးကြီးမားလှပါတယ်လို့ ငါဘုရား ဟောပါတယ်။

အခုကြည့်ပေါ့ - စိတ်ထဲမှာဖြစ်နေတဲ့ ကုသိုလ်တွေ မမဟုတ်ဘူးလား? ဟုတ်နေတယ်။ စိတ်ထဲမှာ ဒီလို ကုသိုလ်ဓာတ်ကလေးတွေ ဝင်လာတာကိုက မိမိရဲ့တရားတွေ တရားဆိုတာကတော့ သမာဓိကျင့်စဉ်တွေ, ပညာကျင့်စဉ်တွေ ကြီးပွားတိုးတက်ဖို့ရန်အတွက် အကြောင်းတရားတွေ ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ ဒါ အခြေခံ ထားရှိသင့်တဲ့ စိတ်ထားပါ။ တရားအားထုတ်သည် ဖြစ်စေ, အားမထုတ်သည် ဖြစ်စေ ဗုဒ္ဓဘာသာမှန်ခဲ့မယ်ဆိုရင် သို့မဟုတ် သူတော်ကောင်း ဖြစ်ချင်တယ်ဆိုရင် ဒီစိတ်ထားလေးတွေကို ပြုပြင်ပြောင်းလဲ ပစ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ မိစ္ဆာသင်္ကပ္ပဆိုတဲ့ စိတ်ထားတွေကို တိုက်ဖျက်ပစ်ရမယ်။ သမ္မာသင်္ကပ္ပဆိုတဲ့ စိတ်ထားလေးတွေကို အစားထိုး ပေးနိုင်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒီသင်္ကပ္ပက အခြေခံပဲ။

မိစ္ဆာသင်္ကပ္ပသည် မိစ္ဆာဝါစာ, မိစ္ဆာကမ္မန္တ ဖြစ်ဖို့ရန် အခြေခံ အကြောင်းရင်းတစ်ခု ဖြစ်တယ်။ သမ္မာသင်္ကပ္ပသည်လည်း သမ္မာဝါစာ, သမ္မာကမ္မန္တ ဖြစ်ပေါ်လာဖို့ရန်အတွက် အခြေခံအကြောင်းရင်းတွေ ဖြစ်နေပါတယ်နော်။ ကဲ နောက်တစ်ခု -

‘ပရေ မိစ္ဆာဝါစာ ဘဝိဿန္တိ, မယမေတ္ထ သမ္မာဝါစာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာဝါစာ၊ မှားယွင်းတဲ့စကား မိစ္ဆာဝါစာတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သမ္မာဝါစာ၊ မှန်ကန်တဲ့ သမ္မာဝါစာတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိစိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက မှားယွင်းနေတဲ့ မိစ္ဆာဝါစာရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင် ဖြစ်ကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ မှန်ကန်တဲ့ သမ္မာဝါစာရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ရမယ်လို့ ဒီလို စိတ်ဓာတ်မျိုးကို မွေးမြူပါ။ ဒီတော့ သူတစ်ပါး မုသား ပြောချင်ပြောပါစေ၊ ငါ မုသား ဘယ်တော့မှ မပြောဘူး။ သူတစ်ပါး ကြမ်းတမ်းတဲ့စကား ပြောချင်ပြောပါစေ၊ ငါဘယ်တော့မှ ကြမ်းတမ်းတဲ့စကား မပြောဘူး။ သူတစ်ပါး ကုန်းတိုက်တဲ့စကားတွေ ပြောချင်ပြောပါစေ၊ ငါ ဘယ်တော့မှ ကုန်းတိုက်တဲ့စကား မပြောဘူး။ သူတစ်ပါးက ပြိန်ဖျင်းတဲ့ စကားတွေ ပြောချင်ပြောပါစေ၊ ငါ ဘယ်တော့မှ ပြိန်ဖျင်းတဲ့စကား မပြောဘူး။ သူတော်ကောင်းဆိုတာ ဒီစိတ်ဓာတ် မွေးမြူပါ။ ဘယ့်နှယ်တုံး ဘုရားရှင်ပေးတဲ့ ဒီစိတ်ဓာတ်မွေးမြူရေးစနစ်က အဆင့်အတန်း မမြင့်ဘူးလား? မြင့်နေတယ်။ သူတစ်ပါးဖြစ်တာကို လိုက်ပြီး ဂရုမပြုပါနဲ့၊ ကိုယ်ဖြစ်အောင် ကျင့်ဖို့က လိုရင်းဖြစ်တယ်နော်။ သူတစ်ပါးမုသားပြောတာနဲ့ ကိုယ်ပါရောပြီး မုသားပြောလိုက်တော့ ဘာဖြစ်သလဲ? တစ်လောတုန်းက ဘုန်းကြီး ပြောခဲ့ပြီးပြီနော်။

ပူတိမစ္ဆံ ကုသဂ္ဂေန၊ ယော နရော ဥပနယှတိ။ ကုသာပိ ပူတိ ဝါယန္တိ၊ ဧဝံ ဗာလူပသေဝနာ။

ဟော ... ကျေးသားလေးက ဟောတယ်နော်။ သမန်းမြက်က နဂိုတုန်းက ပုပ်တာ ဟုတ်သလား? မဟုတ်ဘူး။ မပုပ်ပေမယ့်လို့ ဒီသမန်းမြက်က ငါးပုပ်ကို သွားထုတ်ခဲ့မိရင် သမန်းမြက်မှာ အပုပ်နံ့တွေ ကူးမသွားဘူးလား? ကူးသွားတယ်နော်။ ဒီတော့ သူတစ်ပါးက မုသားပြောလိုက်လို့ရှိရင် အဲဒီ မုသားပြောနေတဲ့ အပုပ်နံ့တွေက တစ်ဖက်ပေါင်းသင်းနေတဲ့ ပုဂ္ဂိုလ်ကိုလည်း ကူးစက်ပြီး မလာဘူးလား? လာတယ်။

ဒါကြောင့် သူတစ်ပါးက မုသားပြောတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ၊ ငါက မုသားပြောတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ မဖြစ်စေရဘူး။ သူတော်ကောင်းဆိုတာ ဒီစိတ်ထား မွေးရတယ်။ သူတစ်ပါးက ကုန်းတိုက်နေတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ၊ ငါဘယ်တော့မှ ကုန်းစကား မပြောဘူး။ ဒီစိတ်ထား သူတော်ကောင်းဆိုတာ မွေးရတယ်။ သူတစ်ပါးက ကြမ်းတမ်းတဲ့စကား ပြောချင်ပြောပါစေ၊ ငါဘယ်တော့မှ ကြမ်းတမ်းတဲ့စကားကို ဘယ်တော့မှ မပြောဘူးလို့ ဒီစိတ်ထား မွေးရတယ်။ သူတစ်ပါးက ပြိန်ဖျင်းတဲ့စကား ပြောချင်ပြောပါစေ၊ ငါဟာ ပြိန်ဖျင်းတဲ့စကား ဘယ်တော့မှ မပြောဘူးလို့ ဒီစိတ်ထား မွေးရတယ်နော်။

ဒီတော့ သမန်းမြက်က နဂိုတုန်းက ဖြူဖြူစင်စင်လေးပါ။ ငါးပုပ်နဲ့ သွားပြီး ပေါင်းလိုက်မိတဲ့အတွက် သူပါ ပုပ်မသွားဘူးလား? ပုပ်သွားတတ်တယ်။ အဲဒါ သတိရှိကြနော်။ အခုလိုနေတဲ့ အချိန်အခါမှာ မိမိတို့က မပေါင်းသင်းသင့် မပေါင်းသင်းထိုက်တဲ့ ငါးပုပ်တွေနဲ့ သွားပြီးတော့ ပေါင်းသင်းမိခဲ့ရင် စင်ကြယ်နေတဲ့ မိမိရဲ့ သမန်းမြက်ကလေးတွေ ပျက်စီးပြီး မသွားနိုင်ဘူးလား? ပျက်စီးသွားနိုင်တယ်။ လူတွေကတော့ သမန်းမြက်ပါ ပုပ်သွားရင် အဲဒီ သမန်းမြက်ကို လူတွေက မရွံဘူးလား? ရွံကြတာပဲနော်။

ဒါကြောင့် မြတ်စွာဘုရားက ဒါ အခြေခံ ကျင့်ဝတ်ပဋိပတ်ကလေးတွေကို ပြောနေတယ်။ သူတစ်ပါးတွေက မိစ္ဆာဝါစာရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ ဒို့ကတော့ သမ္မာဝါစာရှိတဲ့ပုဂ္ဂိုလ် ဖြစ်စေရမယ်လို့ ဒီလိုစိတ်ထားလေး မွေးမြူပြီး ကျင့်စမ်းပါတဲ့နော်။ နောက်တစ်ခု -

‘ပရေ မိစ္ဆာကမ္မန္တာ ဘဝိဿန္တိ, မယမေတ္ထ သမ္မာကမ္မန္တာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာကမ္မန္တာ၊ မှားယွင်းတဲ့ မိစ္ဆာကမ္မန္တ လုပ်ငန်းရပ်ရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သမ္မာကမ္မန္တာ၊ မှန်ကန်တဲ့ သမ္မာကမ္မန္တရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက မှားယွင်းနေတဲ့ မိစ္ဆာကမ္မန္တရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ကြပါစေ၊ တို့ကတော့ မှန်ကန်တဲ့ သမ္မာကမ္မန္တရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလိုစိတ်ထားကို မွေးမြူစမ်းပါ။ သူတစ်ပါးတွေက သူ့အသက် သတ်ချင် သတ်ပါစေ, တို့ဘယ်တော့မှ မသတ်ဘူး၊ သူတစ်ပါးတွေက သူ့ပစ္စည်း မတရား ယူချင်လည်း ယူပါစေ, တို့ဘယ်တော့မှ မယူဘူး၊ သူတစ်ပါးတွေက သူ့သားမယားတွေကို ဖျက်ဆီးချင် ဖျက်ဆီးပါစေ, တို့ဘယ်တော့မှ မဖျက်ဆီးဘူးဆိုတဲ့ ဒီလို စိတ်ထားကို သူတော်ကောင်းမှန်ရင် မွေးမြူပါတဲ့နော်။ စိတ်ဓာတ်မွေးမြူရေးလေးတွေပဲ။ ကဲနောက်တစ်ခု -

‘ပရေ မိစ္ဆာအာဇီဝါ ဘဝိဿန္တိ, မယမေတ္ထ သမ္မာအာဇီဝါ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာအာဇီဝါ၊ မှားယွင်းတဲ့ မိစ္ဆာအာဇီဝ ရှိတဲ့ ပုဂ္ဂိုလ်တို့သည်၊ မှားယွင်းတဲ့ အသက်မွေးဝမ်းကျောင်း မိစ္ဆာအာဇီဝရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သမ္မာအာဇီဝါ၊ မှန်ကန်တဲ့ အသက်မွေးမှု သမ္မာအာဇီဝတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက မှားယွင်းတဲ့ အသက်မွေးမှု မိစ္ဆာအာဇီဝရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ မှန်ကန်တဲ့ အသက်မွေးမှု သမ္မာအာဇီဝရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်။ ဒီလိုစိတ်ဓာတ် မွေးမြူပါတဲ့နော်။ ရဟန်းပိုင်းမှာတော့ ရဟန်းပိုင်းနဲ့တန်တဲ့ သမ္မာအာဇီဝ, မိစ္ဆာအာဇီဝတွေလည်း ရှိပါတယ်။ လူပိုင်းလည်း လူပိုင်းနဲ့တန်တဲ့ သမ္မာအာဇီဝ, မိစ္ဆာအာဇီဝတွေလည်း ရှိပါတယ်နော်။ ဒီတော့ လူပိုင်းမှာ ဆိုလို့ရှိရင် သူ့အသက် သတ်လို့ရတဲ့ ပစ္စည်းပေါ့၊ သူတစ်ပါးပစ္စည်း မတရားခိုးယူလို့, လာဘ်ပေးလာဘ်ယူ လုပ်လို့ရရှိတဲ့ ပစ္စည်း, ကာမေသုမိစ္ဆာစာရလုပ်ငန်းရပ်တွေက ရရှိတဲ့ပစ္စည်း။ ဒါက မစင်ကြယ်တဲ့ အသက်မွေးမှု။ အဲဒီပစ္စည်းတွေသည်သာ စားသုံးခဲ့မယ်ဆိုရင် ဒါ မိစ္ဆာအာဇီဝ။

အလားတူပဲ ဒါ မုသားပြောလိုက်လို့ ရတဲ့ပစ္စည်း၊ စျေးသည်များ အထူးသဖြင့် ဖြစ်တတ်တာပေါ့။ မုသားတွေ ရေလိုသုံးပြီးတော့မှ ပစ္စည်းတွေ ရောင်းဝယ်လို့ရတဲ့ ပစ္စည်းမျိုးပဲ။ ကုန်းတိုက်ခြင်းကြောင့် ရရှိတဲ့ပစ္စည်း, ကြမ်းတမ်းတဲ့ စကားတွေပြောလို့ ရရှိတဲ့ပစ္စည်း, ပြိန်ဖျင်းတဲ့စကားတွေပြောလို့ ရရှိတဲ့ ပစ္စည်းတွေပေါ့။ ဒီတော့ အဲဒီထဲမှ ပြိန်ဖျင်းတဲ့စကားတွေကိုပြောလို့ ရရှိတဲ့ ပစ္စည်းဆိုတာ အခုခေတ်အနေနဲ့ ပြောရင်တော့ ကာလပေါ်ဝတ္ထုတွေ ရေးစားတဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။ သူတို့ရေးထားတဲ့ဝတ္ထုတွေ ကြည့်လိုက်မယ် ဆိုလို့ရှိရင် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းတွေ ပါသလား? မပါဘူး။ တကယ့်ဖြစ်ရပ်တွေကော ဟုတ်သလား? မဟုတ်ဘူး။ စိတ်ကူးပြီး ရေးချင်သလို ရေးနေတာ။ ဒါတွေက သမ္ဖပ္ပလာပတွေနော်။ အဲဒါတွေက သူတို့က အသက်မွေးဝမ်းကြောင်း လုပ်ကြတယ်။ အဲဒီကနေ နောက်ဆွယ်ကနေ ဘာတွေ ဝင်လာသလဲ? ဘာခွေတွေ, ညာခွေတွေ ရုပ်ရှင်တွေ ရိုက်ပြီးတော့ အသက်မွေးကြတယ်နော်။ အားလုံး ဒါသမ္ဖပ္ပလာပ စာရင်းထဲမှာ အကျုံးဝင်နေကြတယ်။

အဲဒီတော့ သူတစ်ပါးတွေက မှားယွင်းနေတဲ့ မိစ္ဆာအာဇီဝရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်းဖြစ်ပါစေ, မှားယွင်းတဲ့ အသက်မွေးမှုရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ သမ္မာအာဇီဝ မှန်ကန်တဲ့ အသက်မွေးမှုရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်။ ဒီလို စိတ်ကို ဖြစ်စေရမယ်။ ဒီစိတ်ဓာတ်ကို မွေးပေးရမယ်။ နောက်တစ်ခု - လူကုန်သွယ်ခြင်း, လက်နက်ကုန်သွယ်ခြင်း, အဆိပ်ကုန်သွယ်ခြင်း, မူးယစ်ဆေးဝါးတွေ ကုန်သွယ်ခြင်း, မွေးမြူရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ခြင်း ဆိုပြီးတော့ လူဒကာ, ဒကာမတွေ မလုပ်သင့်တဲ့ ကုန်သွယ်မှုငါးမျိုး မြတ်စွာဘုရား ဟောထားတယ်။ အဲဒီကုန်သွယ်မှု ငါးမျိုးကြောင့် ရရှိတဲ့ပစ္စည်းတွေကို စားသုံးခဲ့မယ် ဆိုလို့ရှိရင်လည်း ဒါလည်း မိစ္ဆာအာဇီဝပဲ ဖြစ်ပါတယ်နော်။

အေး ... ရဟန်းတော်များမှာကျတော့ သီလရှင်တို့, ရဟန်းတော်တို့အားလုံးပဲ ဘုန်းကြီးတို့နော် - ဈာန်, မဂ်, ဖိုလ်, နိဗ္ဗာန် မရဘဲ ဈာန်, မဂ်, ဖိုလ်, နိဗ္ဗာန် ရတယ်လို့ ဝါကြွားပလွှားပြောလို့ လူဒကာ, ဒကာမတွေ ကြည်ညိုလို့ လှူတဲ့ပစ္စည်း ဒါတွေလဲ မိစ္ဆာအာဇီဝပဲ။ အဲဒီပစ္စည်း သုံးစွဲခဲ့ရင် ဒါ မိစ္ဆာအာဇီဝလို့ ခေါ်တယ်။ အောင်တမန်လုပ်ငန်းတွေကြောင့်, အောင်သွယ်တဲ့ လုပ်ငန်းတွေကြောင့် ကြည်ညိုပြီး လှန်းဒါန်းနေတဲ့ ပစ္စည်း။ အဲဒီပစ္စည်းတွေကို သုံးစွဲခဲ့ရင် ဒါလည်း မိစ္ဆာအာဇီဝလို့ ခေါ်တယ်။

အလားတူပဲ ... သစ်သီးပေးခြင်း, ပန်းပေးခြင်း အစရှိသည်ဖြင့် ချဲပေးခြင်း အစရှိသည်ဖြင့်ပေါ့လေ။ ဒကာ, ဒကာမတွေက ကြည်ညိုလို့ လှူဒါန်းတဲ့ ပစ္စည်းတွေ။ အဲဒီပစ္စည်းတွေကို သုံးစွဲခဲ့ရင်လည်း ဒါဟာ မိစ္ဆာအာဇီဝ မှားယွင်းနေတဲ့ အသက်မွေးမှုပဲနော်။ အလားတူပဲ ... ပစ္စည်းလေးပါး မလျှောက်ထားတဲ့ ဆွေမတော်, မျိုးမတော်တဲ့ ပုဂ္ဂိုလ်တွေက ဆွေမတော်, မျိုးမတော်တဲ့ ပုဂ္ဂိုလ်တွေထံမှာ သွားပြီးတော့ အလှူခံလို့ ရရှိနေတဲ့ ပစ္စည်းတွေ ဒါတွေလည်း မိစ္ဆာအာဇီဝပဲ။ အလားတူပဲ မုသားအမျိုးမျိုးတွေ ပြောလို့ ရရှိတဲ့ပစ္စည်း စသည်ဖြင့် ရဟန်းတော်များမှာလည်း ရဟန်းတော်တွေနဲ့ ထိုက်တန်တဲ့, မအပ်တဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းရပ်တွေ ရှိပါတယ်။ အဲဒီလို မအပ်မစပ် ဝိနည်းတော်နဲ့ မလျော်မညီဘဲနဲ့ ရရှိနေတဲ့ ပစ္စည်းတွေကို သုံးစွဲခဲ့ရင်လည်း ရဟန်းတွေမှာ မိစ္ဆာအာဇီဝ ဖြစ်တယ်နော်။ ဒါကြောင့် ဒီနေရာမှာ -

‘ပရေ မိစ္ဆာအာဇီဝါ ဘဝိဿန္တိ, မယမေတ္ထ သမ္မာအာဇီဝါ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာအာဇီဝါ၊ မှားယွင်းတဲ့ မိစ္ဆာအာဇီဝ ရှိတဲ့ ပုဂ္ဂိုလ်တို့သည်၊ မှားယွင်းတဲ့ အသက်မွေးဝမ်းကျောင်း မိစ္ဆာအာဇီဝရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သမ္မာအာဇီဝါ၊ မှန်ကန်တဲ့ အသက်မွေးမှု သမ္မာအာဇီဝတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက (မိစ္ဆာအာဇီဝ=) မှားယွင်းတဲ့ အသက်မွေးမှုရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့တို့ကတော့ ဒီနေရာမှာ မှန်ကန်တဲ့ အသက်မွေးမှု သမ္မာအာဇီဝရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလိုစိတ်ထားကြစမ်းပါနော်။ ဘုရားရှင်ရဲ့ စိတ်ထားပုံ နည်းစနစ်ကလေးတွေပဲ။ နိဗ္ဗာန်ကို လိုချင်တဲ့ သူတော်ကောင်းတွေအတွက် ဘယ်စိတ်ထားမျိုး မွေးမြူရမယ်ဆိုတာကို ဘုရားရှင်က နည်းပေးနေတယ်။ နောက်တစ်ခု -

‘ပရေ မိစ္ဆာဝါယာမာ ဘဝိဿန္တိ, မယမေတ္ထ သမ္မာဝါယာမာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာဝါယာမာ၊ မှားယွင်းတဲ့ ကြိုးစားအားထုတ်မှု ဝီရိယရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သမ္မာဝါယာမာ၊ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု သမ္မာဝါယာမတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သမ္မာဝါယာမနှင့် မိစ္ဆာဝါယာမ

ကြိုးစားအားထုတ်တာမှာလည်း မိစ္ဆာဝါယာမ၊ သမ္မာဝါယာမဆိုပြီး နှစ်မျိုးရှိတယ်။ မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားတွေကို ဖြစ်ပေါ်အောင် ကြိုးစားအားထုတ်မှု၊ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားတွေကို တိုးပွားအောင် ကြိုးစားအားထုတ်မှု ဒါတွေကို မိစ္ဆာဝါယာမလို့ ခေါ်တယ်နော်။

သမ္မာဝါယာမကျတော့ မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားတွေကို မဖြစ်အောင်၊ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားတွေကို ပယ်နိုင်အောင်၊ မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေကို ဖြစ်ပေါ်လာအောင်၊ ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေကို တိုးပွားအောင် ကြိုးစားအားထုတ်ခြင်းကိုတော့ သမ္မာဝါယာမလို့ ခေါ်တယ်နော်။

အဲဒီတော့ သူတစ်ပါးတွေက အကုသိုလ်တရားတွေ တိုးပွားအောင် ကြိုးစားအားထုတ်နေတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ကုသိုလ်တရားတွေ တိုးပွားအောင် ကြိုးစားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ် ဒီလို စိတ်ထားကို မွေးမြူပါနော်။ ဒီတော့ ကုသိုလ်တရားတွေ တိုးပွားစေရမယ့် ကြိုးစားအားထုတ်မှုဆိုတာ ခုနက မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေကိုလည်း မဖြစ်အောင် ကြိုးစားရမယ်၊ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တွေကိုလည်း ပယ်နိုင်အောင် ကြိုးစားရမယ်၊ မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင် ကြိုးစားရမယ်၊ ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေ ဒီထက်အလွန် တိုးပွားအောင်လည်း ကြိုးစားရမယ်။ ဘယ်လို ကြိုးစားရမှာလဲ? ဘာတွေကို ကြိုးစားရမှာလဲ မေးစရာရှိတယ်နော် -

ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ အမည်ရနေတဲ့ ရုပ်တွေနာမ်တွေ သိမ်းဆည်းရမယ်။ အကြောင်းတရားနှင့်တကွ အကျိုးတရားတွေကို သိမ်းဆည်းရမယ်။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုရမယ်။ အဲဒီလို ကြိုးစားအားထုတ်ခဲ့လို့ ရှိရင်ပေါ့နော် ဒီရုပ်နာမ်တွေကို မသိမ်းဆည်းခင်မှာ ဘာလုပ်သလဲ? ကြိုတင်ပြီးတော့ သမာဓိတစ်ခုကို ထူထောင်ရပါတယ်။ အဲဒီ သမာဓိ မထူထောင်ခင်မှာ ရှေ့တစ်ဆင့် ဘာလုပ်ရသလဲ? သီလတွေ ဖြူစင်အောင် လေ့ကျင့်ရတယ်။ သီလဖြူစင်တဲ့အခါမှာ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး သမာဓိကို ဖွေးဖွေးဖြူသွားအောင် ဆက်လက်ပြီး ထူထောင်ရတယ်။ သမာဓိတရားတွေကို အစွမ်းထက်မြက်လာတဲ့ အခါမှာ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာရှုရတယ်။

အဲဒီလို ဝိပဿနာရှုလိုက်တဲ့အခါမှာ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာခဲ့မယ်ဆိုရင် ထိုဝိပဿနာဉာဏ်ရဲ့အဆုံး၌ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ပေါ်လာမယ်။ ပေါ်လာခဲ့မယ် ဆိုလို့ရှိရင် ထိုအချိန်အခါမှာ ဘာဖြစ်သလဲ? ထို အရိယမဂ်တရားတွေက ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို အကြွင်းမဲ့ ပယ်သတ်သွားလိမ့်မယ်။ အဲဒီလို ပယ်သတ်သွားလိုက်တဲ့အတွက် ခုနက ဒီယောဂီ သူတော်ကောင်းတစ်ဦးရဲ့ ယခုလို သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး သမာဓိကို ထူထောင်လျက် ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီး ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို မဂ်ဆိုက် ဖိုလ်ဆိုက်အထိ ကျင့်ကြံပွားများ အားထုတ်ခြင်းသည် ဘာလုပ်တာလဲလို့ မေးတော့ မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင်၊ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားတွေကို ပယ်နိုင်အောင်၊ မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင်၊ ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေကိုလည်း ဒီထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်နေသည် မည်တယ်နော်။

အဲဒီတော့ သူတစ်ပါးတွေက မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားတွေကို ဖြစ်ပေါ်အောင်၊ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားတွေကိုလည်း အတိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ဘာဖြစ်ရမှာလဲ? မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင် ကြိုးစားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်၊ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားတွေကိုလည်း ပယ်နိုင်အောင် ကြိုးစားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်၊ မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေကို ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်၊ ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေကိုလည်း အတိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ အဲဒီစိတ်ဓာတ် မရှိရင် ဒကာကြီးတွေ၊ ဒကာမကြီးတွေ တရားအားထုတ်လို့ ဖြစ်ပါ့မလား? မဖြစ်နိုင်ဘူးနော်။ ဒီစိတ်ထားလေးတွေရှိဖို့၊ တရားအားထုတ်တဲ့ပုဂ္ဂိုလ်မှာ ဒီစိတ်ထားလေးတွေရှိဖို့ အလွန်အရေးကြီးပါတယ်နော်။

အဲဒီလို ကြိုးစားအားထုတ်တဲ့ အပိုင်းမှာလည်း ပေါ့ပေါ့လျော့လျော့ လျော့လျော့လေးနဲ့ ကြိုးစားရမလားလို့ မေးတော့ - မဟုတ်ပါဘူးနော်။ အရိုးကြွင်းစေ၊ အရေကြွင်းစေ၊ အကြောကြွင်းစေ၊ အသားကြွင်းစေ၊ အသားအသွေးတွေ အကုန် ခန်းခြောက်ချင် ခန်းခြောက်ပါစေ ယောက်ျားတို့ရဲ့ ဇွဲလုံ့လဝီရိယ၊ အမျိုးသမီးတို့ရဲ့ ဇွဲလုံ့လဝီရိယနဲ့ ရနိုင်တဲ့ အရာမှန်ခဲ့ရင် ငါနောက်ကို ဘယ်တော့မှ မဆုတ်ဘူးလို့ ဒီလို အင်္ဂါလေးပါးရှိတဲ့ ဝီရိယ ခြံရံပြီးတော့ တရားအားထုတ်ရမှာ။ အဲဒီလို ကြိုးစားအားထုတ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေချင်လို့ ဘုရားရှင်က ဘာအမိန့်ရှိသလဲ?

'ပရေ မိစ္ဆာဝါယာမာ ဘဝိဿန္တိ, မယမေတ္ထ သမ္မာဝါယာမာ ဘဝိဿာမာ'တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာဝါယာမာ၊ မှားယွင်းတဲ့ ကြိုးစားအားထုတ်မှု ဝီရိယရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သမ္မာဝါယာမာ၊ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု သမ္မာဝါယာမတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

နောက်တစ်ခု -

'ပရေ မိစ္ဆာသတီ ဘဝိဿန္တိ, မယမေတ္ထ သမ္မာသတီ ဘဝိဿာမာ'တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာသတီ၊ မှားယွင်းတဲ့ သတိရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သမ္မာသတီ၊ မှန်ကန်တဲ့ သမ္မာသတိတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက မှားယွင်းတဲ့ မိစ္ဆာသတိ ရှိနေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင် ဖြစ်ကြပါစေ၊ ဒီနေရာမှာ တို့ကတော့ မှန်ကန်တဲ့ သမ္မာသတိရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလိုစိတ်ထားကို မွေးမြူပါတဲ့။ ဒီတော့ သတိမှန်ခဲ့ရင်တော့ ကုသိုလ်ပဲ ရှိပါတယ်။ မိစ္ဆာသတိရယ်လို့တော့ မရှိဘူး။ ဒီနေရာမှာ ဆိုလိုတာကတော့ အမှတ်မှားမှု သညာတရား မိစ္ဆာသညာကို အထူးသဖြင့် ရည်ညွှန်းထားပါတယ်နော်။ မှားယွင်းနေတဲ့ မှတ်သားမှု အမှတ်သညာလေးပဲ။ အမှတ်သညာလေး ပြဋ္ဌာန်းနေတဲ့ အကုသိုလ်တရားတွေကို ဒီနေရာမှာ မိစ္ဆာသတိလို့ ပြောတယ်။

တစ်ခါတစ်လေ အကုသိုလ်ဖြစ်ကြောင်းဖြစ်တဲ့ အာရုံတွေကို ခဏခဏ ပြန်ပြီးတော့ အမှတ်မရဘူးလား? အမှတ်ရနေတယ်။ ဒါ သညာပဲ။ တစ်ချိန်က ငါဘာလုပ်ခဲ့တာပဲ ဆိုတာကို ကိုယ့်ဟာကိုယ် ပြန်ဆန်းစစ်လိုက်ရင် ပြန်မပေါ်ဘူးလား? ပေါ်တယ်။ တချို့ယောဂီတွေက “ခက်တော့တာပဲဘုရား ... တရားအားထုတ်လို့လဲ မရဘူး” ဘာဖြစ်သလဲ? “ငယ်ငယ်တုန်းက လုပ်ထားတဲ့ မကောင်းမှုတွေ ချက်ချင်း လာလာပြီး ပေါ်နေတယ်ဘုရားတဲ့။ ဒီလိုသာ ဆိုရင်တော့ တပည့်တော် ဘယ်လိုမှ စိတ်လည်း မချမ်းသာတော့ဘူး။ တရားလည်း အားမထုတ်ချင်တော့ဘူး” ဟော ... ဖြစ်ပြီ။ ဘာဖြစ်လို့လဲ? မိစ္ဆာသညာပဲနော်။

မိမိ လွန်ကျူးခဲ့တဲ့ အကုသိုလ် ဒုစရိုက်တွေကို ပြန်ပြန်ပြီးတော့ အမှတ်ရတဲ့ သညာဦးဆောင်နေတဲ့ အကုသိုလ် စိတ်၊ စေတသိက်တွေပဲ။ အဲဒီ အကုသိုလ် စိတ်၊ စေတသိက်တွေမှာ တစ်ခါတစ်လေ လောဘနဲ့ ယှဉ်တွဲနေတဲ့ အကုသိုလ် စိတ်၊ စေတသိက်တွေလည်း ဖြစ်တတ်ပါတယ်။ အတိတ်က လွန်ကျူးခဲ့တဲ့ လောဘဖြစ်စရာ အာရုံတွေကို ပြန်ပြီး အမှတ်ရတဲ့အခါမှာ တစ်ဖန် ပြန်ပြီးတော့ ဒီအတိတ်အာရုံကို လွမ်းဆွေးပြီးတော့ တွယ်တာတပ်မက်နေတဲ့ သဘောတွေလည်း မပေါ်တတ်ဘူးလား? ပေါ်တတ်တယ်။ အတိတ်က ပြုစုခဲ့တဲ့ မကောင်းမှုတွေကို အာရုံယူပြီးတော့ စိတ်မချမ်းသာမှု ဒေါသပြဋ္ဌာန်းနေတဲ့ အကုသိုလ်တရားတွေလည်း မဖြစ်တတ်ဘူးလား? ဖြစ်တတ်ပါတယ်နော်။

ဒါကြောင့် အကုသိုလ်ကတော့ ထိုက်သလို ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အကုသလသညာလို့ခေါ်တဲ့ ဒီအမှတ်မှားမှု သညာတရားတွေ ယှဉ်တွဲနေတဲ့ အကုသိုလ် စိတ်စေတသိက်တွေကို ဒီနေရာမှာ မိစ္ဆာသတိလို့ ဘုရား ဟောထားပါတယ်။ သတိမှန်ခဲ့ရင် သမ္မာသတိ။ သတိအစစ်သာ မှန်ခဲ့ရင်တော့ မိစ္ဆာသတိ မရှိပါဘူး။ သမ္မာသတိပဲ ရှိတယ်နော်။ အဲဒီတော့ သမ္မာသတိ။ သူတစ်ပါးတွေက မိစ္ဆာသတိရှိနေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ သမ္မာသတိရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ထားကို မွေးမြူပါတဲ့။ ဘုရား တိုက်တွန်းထားတယ်။ ဒီလို ဆိုလို့ရှိရင်ပေါ့နော် -

မိမိ ပြုခဲ့တဲ့ မကောင်းမှုတွေကို ပြန်ပြန်ပြီးတော့ အမှတ်ရနေရမလား၊ မရရဘူးလားလို့မေးရင် ဘယ်လိုဖြေမလဲ? မေ့ထားတာ အကောင်းဆုံးပဲနော်။ မိမိ ပြုခဲ့ဖူးတဲ့ မကောင်းမှုတွေကို ပြန်ပြီး အမှတ်ရနေခြင်းသည် ဘာနဲ့ တူသလဲ? စာမှာ ဥပမာပေးထားတာကတော့ - ခြေဖဝါးတစ်နေရာမှာ ဆူးစူးသွားပြီ ဆိုကြစို့ ...။ စူးပြီဆိုလို့ရှိရင် ဒီအတိုင်းထားလို့ ရသေးလား? မရတော့ဘူး။ ဒီဆူးကို နောက်တော့ ဆူးတစ်ချောင်းနဲ့ ထပ်ပြီးတော့၊ ထွင်ပြီးတော့ မနှုတ်ရဘူးလား? နှုတ်ရတယ်။ ပထမ ဆူးစူးလို့လည်း နာတယ်။ နောက်ထပ်ဆူးတစ်ခုနဲ့ ထပ်ပြီး ထွင်းလိုက်ပြန်တော့လည်း မနာဘူးလား? နာတယ်။ နှစ်ထပ်ကွမ်း နာတာပဲနော်။

ဒါကြောင့် မကောင်းမှု အကုသိုလ်က လွန်ကျူးခဲ့စဉ် အချိန်အခါတုန်းကလည်း အကုသိုလ်တရားတွေက ဖြစ်ခဲ့ပြီးပြီ၊ နာတယ်။ နောက်ထပ် ဒီအကုသိုလ်ကို ပြန်ပြီး အမှတ်ရတာလဲ တစ်ခါ အကုသိုလ်ထပ် မဖြစ်ဘူးလား? ဖြစ်ပြန်တယ်၊ နာတယ်။ နှစ်ထပ်ကွမ်း နာတာပဲနော်။ ဒါကြောင့် သူတစ်ပါးတွေက မိစ္ဆာသတိရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ သမ္မာသတိရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်။ ဘယ်လို သမ္မာသတိလဲလို့ မေးတော့ သမထပိုင်းမှာ ရှိနေတဲ့ပုဂ္ဂိုလ်က မိမိရဲ့သမထအာရုံပေါ်သို့ စိတ်ကို အမြဲတမ်းသာ ရှေးရှုတင်ပေးနေရမယ်နော်။ ဒီသမထအာရုံကို မမေ့မပျောက်အောင် အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်နေရမယ်။

ဥပမာ - ဝင်လေထွက်လေရှုတဲ့ပုဂ္ဂိုလ်၊ အာနာပါနရှုတဲ့ပုဂ္ဂိုလ်။ အာနာပါနကို မမေ့မပျောက်အောင်၊ ဒီထက် အဆင့်မြင့်သွားလို့ မိမိက အာနာပါန နိမိတ်တွေ ပေါ်လာပြီ ဆိုလို့ရှိရင် နိမိတ်ကလေးတွေ မပျောက်ပျက်သွားအောင် ထပ်ခါထပ်ခါ ဘာလုပ်ရမလဲ? အမှတ်ရနေရမယ်၊ သတိရနေရမယ်။ နိမိတ်ကလေးတော့ ပေါ်ပါပြီ။ တရားလည်း အနားပေးလိုက်ကော ထိုင်ပြီးတော့ ပြောလိုက်တဲ့စကားတွေက မဆုံးနိုင်တော့ဘူးဆိုတော့ ဒီ နိမိတ်ကလေးက ပြန်ပြီးတော့ ကြည်ကြည်လင်လင် တောက်တောက်ပပ ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်တော့ဘူး။ ဝိတက်တွေက သိပ်များသွားပြီနော်။

ဒါကြောင့် သူတစ်ပါးတွေက မိစ္ဆာသတိရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ သမ္မာသတိရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်။ ဒီလို တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ စိတ်မွေးမြူရတယ်။ ဒီထက် အဆင့်မြင့်သွားလို့ မိမိက သမာဓိစခန်း အောင်မြင်သွားပြီ။ ရုပ်တွေ နာမ်တွေ သိမ်းဆည်းတတ်ပြီ၊ အကြောင်းတရား အကျိုးတရားတွေ သိမ်းဆည်းတတ်ပြီ၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို ရှုပွားသုံးသပ်တတ်ပြီဆိုရင် အဲဒီ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ၊ ဒုက္ခအခြင်းအရာ၊ အနတ္တအခြင်းအရာကို အမြဲတမ်း အမှတ်ရနေတဲ့ သတိရှိနေပါစေတဲ့နော်။

ဒီထက် တစ်ဆင့်တက်လိုက်လို့ မြင့်သွားပြီ ဆိုရင်တော့ မိမိက အသင်္ခတ အငြိမ်းဓာတ်နိဗ္ဗာန်ကြီးကို အာရုံပြုနိုင်ပြီထား၊ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာလို့ ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ပေါ်ခဲ့ရင် ထိုမဂ်ဉာဏ်, ဖိုလ်ဉာဏ်ရဲ့ အသင်္ခတ အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူနိုင်ပြီ ဆိုလို့ရှိရင်တော့ ထိုအချိန်အခါမှာ ဒီသတိက အသင်္ခတအငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီးတော့ အမှတ်ရနေမယ်။ အဲဒီလို သတိတွေနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတဲ့နော်။ ဒါကြောင့် သူတစ်ပါးတွေက မိစ္ဆာသတိရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့က သမ္မာသတ္ထိရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ နောက်တစ်ခု -

‘ပရေ မိစ္ဆာသမာဓိ ဘဝိဿန္တိ, မယမေတ္ထ သမ္မာသမာဓီ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာသမာဓိ၊ မှားယွင်းတဲ့ တည်ကြည်မှု သမာဓိရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်-လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သမ္မာသမာဓီ၊ မှန်ကန်တဲ့ သမ္မာသမာဓိရှိနေတဲ့ ပုဂ္ဂိုလ်-တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက မှားယွင်းနေတဲ့ မိစ္ဆာသမာဓိရှိနေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့က မှန်ကန်နေတဲ့ သမ္မာသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေသာ ဖြစ်စေ-ရမယ်လို့ ဒီလိုစိတ် ထားစမ်းပါတဲ့။ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေကို ထားရှိစေချင်တဲ့ စိတ်ထားပဲနော်။ သူတစ်ပါး သမာဓိ ရတာ, မရတာတွေကို မိမိက ထိုင်ပြီး ဝေဖန်နေဖို့ လိုသေးသလား? မလိုပါဘူး။ သူတစ်ပါး သမာဓိ ရချင်လည်း ရပါစေ, မရချင်လည်း ရှိပါစေ ငါတို့ကတော့ သမာဓိရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်။

ဥပစာရသမာဓိ, အပ္ပနာသမာဓိ။ ဒီထက် အဆင့်မြင့်သွားတော့ ဝိပဿနာဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ ခဏိက စိတ္တေကဂ္ဂတာ ခေါ်ဆိုအပ်တဲ့ သမာဓိ။ ဒီထက် အဆင့်မြင့်သွားတော့ အသင်္ခတ အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူနေတယ်။ အသင်္ခတ အငြိမ်းဓာတ်နိဗ္ဗာန်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေတဲ့ သမ္မာသမာဓိနော်။ အဲဒီလို အဆင့်မြင့် သမ္မာသမာဓိသည် ထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်တွေသာ ဖြစ်အောင် ကြိုးစားပါ။ သူတစ်ပါးတွေက သမာဓိမရှိတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ (သမ္မာသမာဓိ=) မှန်ကန်နေတဲ့ သမ္မာသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီစိတ်ဓာတ်မျိုးကို မွေးမြူပါတဲ့နော်။ နောက်တစ်ခု -

‘ပရေ မိစ္ဆာဉာဏီ ဘဝိဿန္တိ, မယမေတ္ထ သမ္မာဉာဏီ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာဉာဏီ၊ မှားယွင်းတဲ့ ဉာဏ်နီ-ဉာဏ်နက်များနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သမ္မာဉာဏီ၊ မှန်ကန်တဲ့ သမ္မာဉာဏ်ရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ဉာဏ်နီဉာဏ်နက် များနေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင် ဖြစ်ပါစေ၊ တို့ကတော့ ဉာဏ်နီဉာဏ်နက် မများတဲ့ပုဂ္ဂိုလ်သာ ဖြစ်စေရမယ်လို့ ဒီလိုစိတ် ထားစမ်းပါ။ ဘယ့်,နှယ်တုံး မကောင်းဘူးလား? ဒီစိတ်ထားလေး။ ကဲ ယောဂီတွေ မေးကြည့်အုံးမယ် ... ဉာဏ်နီဉာဏ်နက်ဆိုတာ နားလည်လား? ဘယ်သူမှလဲ မဖြေဘူး။ နားလည်တယ်နဲ့ တူပါတယ်။ ဟုတ်တယ်မလား? နားမလည်ဘူး ဆိုတာကတော့ အလကား ပြောတာပါနော်။ ဉာဏ်နီဉာဏ်နက်တွေ များနေတယ်။

ဘုန်းကြီးလည်း ဘုန်းကြီးနဲ့ထိုက်တန်တဲ့ ဉာဏ်နီဉာဏ်နက် ရှိပါတယ်။ သီလရှင်လည်း သီလရှင်နဲ့ထိုက်တန်တဲ့ ဉာဏ်နီဉာဏ်နက်-တွေ မရှိကြဘူးလား? ရှိမှာပါနော်။ ယောဂီလည်း ယောဂီနဲ့ထိုက်တန်တဲ့ ဉာဏ်နီဉာဏ်နက် ဆိုတာကတော့ ရှိကြမှာပဲ။ သူတစ်ပါးတွေက ဉာဏ်နီဉာဏ်နက်တွေ များ-နေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဉာဏ်နီ-ဉာဏ်နက် မများတဲ့ပုဂ္ဂိုလ်သာ ဖြစ်စေရမယ်။ ဒီလိုစိတ်ထား မွေးမြူဖို့ သိပ်အရေးကြီးပါတယ်နော်။

အခုလို တရားအားထုတ်နေတဲ့ အချိန်အခါလေးမှာ အဲဒီစိတ်ထားတွေသာ မရှိဘူး။ သူကလည်း ဉာဏ်နီဉာဏ်နက်များပြီ၊ ကိုယ်ကလည်း ဉာဏ်နီဉာဏ်နက်များပြီ။ အဲဒီ ဉာဏ်နီ-ဉာဏ်နက်ချင်းတွေသာ စုပေါင်းပြီး နေလိုက်လို့ရှိရင် မှန်ကန်တဲ့ဉာဏ်တွေ ပေါ်လာနိုင်ပါဦးမလား? မပေါ်နိုင်တော့ဘူး-တဲ့နော်။ မြတ်စွာဘုရားက အဲဒီ ဉာဏ်နီဉာဏ်နက်တွေကိုလည်း မကြိုက်ပါဘူးနော်။ မကြိုက်တဲ့အတွက်ကြောင့် သူတစ်ပါးတွေက ဉာဏ်နီဉာဏ်နက်တွေ များနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင် ဖြစ်ပါစေ၊ တို့ကတော့ ဉာဏ်နီဉာဏ်နက် မများတဲ့ မှန်ကန်တဲ့ သမ္မာဉာဏ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလိုစိတ်ဓာတ်မျိုး မွေးမြူပါတဲ့နော်။

‘ပရေ မိစ္ဆာဝိမုတ္တီ ဘဝိဿန္တိ, မယမေတ္ထ သမ္မာဝိမုတ္တီ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မိစ္ဆာဝိမုတ္တီ၊ မှားယွင်းတဲ့ ဝိမုတ္တိတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သမ္မာဝိမုတ္တီ၊ မှန်ကန်တဲ့ သမ္မာဝိမုတ္တိရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက မှားယွင်းနေတဲ့ မိစ္ဆာဝိမုတ္တိတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ သမ္မာဝိမုတ္တိတရား ထင်ရှား-ရှိတဲ့ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်။ ဒီလိုစိတ်ထားမျိုး မွေးမြူပါတဲ့နော်။ မှားယွင်းတဲ့ မိစ္ဆာဝိမုတ္တိ ဆိုတာကတော့ နမူနာဆိုလို့ရှိရင်တော့ တချို့ပေါ့လေ -

ရှေးယခင်တုန်းက နွားလိုကျင့်ခဲ့မယ်, ခွေးလိုကျင့်ခဲ့မယ်ဆိုရင် ကိလေသာတွေက လွတ်မြောက်သွားမယ်, စင်ကြယ်သွားမယ်။ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်မယ်, စင်ကြယ်မယ်ဆိုပြီး ဒီလို ယူဆကြတယ်။ အဲဒီ လွတ်မြောက်မှုသည် တကယ့်မှန်ကန်နေတဲ့ လွတ်မြောက်မှုမျိုး ဟုတ်သလား? မဟုတ်ဘူးနော်။ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွေကို ကျင့်ခဲ့လို့ရှိရင် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်မယ်လို့ ယုံကြည်တယ်။ အဲဒီ လွတ်မြောက်မှုကတော့ သမ္မာဝိမုတ္တိ ဖြစ်ပါတယ်နော်။ ဒါကြောင့် သူတစ်ပါးတွေက မှားယွင်းနေတဲ့ မိစ္ဆာဝိမုတ္တိတရား ထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ သမ္မာဝိမုတ္တိတရား ထင်ရှားရှိတဲ့ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်။ ဒီလိုစိတ်ထားမျိုး မွေးမြူပါတဲ့။ နောက်တစ်ခု -

‘ပရေ ထီနမိဒ္ဓပရိယုဋ္ဌိတာ ဘဝိဿန္တိ၊ မယမေတ္ထ ဝိဂတထီနမိဒ္ဓါ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်ကား။ ထီနမိဒ္ဓပရိယုဋ္ဌိတာ၊ ထိနမိဒ္ဓတရားက လွှမ်းမိုးဖိစီး နှိပ်စက်အပ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ ဝိဂတထီနမိဒ္ဓါ၊ ကင်းပြီးသော ထိနမိဒ္ဓတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေရဲ့စိတ်ထားတွေက ထိနမိဒ္ဓ အနှိပ်စက်ခံနေရတဲ့ စိတ်ထား ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ထိနမိဒ္ဓ ကင်းနေတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလိုစိတ်ကို မွေးမြူပါ။ တရားထိုင်တယ်၊ သူတစ်ပါးတွေက ငိုက်ပြီ။ ငိုက်တဲ့ဟာ လှမ်းကြည့်ပြီးတော့ ကိုယ်က ပြုံးနေတယ်၊ ဟုတ်ပြီလား? ဟိုကောင်မတွေ ကြည့်စမ်း! ငိုက်နေလိုက်တာ၊ ဒီကောင်မတွေ ကြည့်စမ်း! ငိုက်နေလိုက်တာ၊ ဟိုကိုယ်တော် ကြည့်စမ်း! ငိုက်နေလိုက်တာ။ သူတစ်ပါး ငိုက်ချင်လည်း ငိုက်ပါစေ၊ ကိုယ်က ဘာဖြစ်ရမလဲ? တို့က မငိုက်တဲ့ပုဂ္ဂိုလ် ဖြစ်စေရမယ်လို့ ဒီလိုစိတ်ထား မွေးမြူရမယ်။ ငိုက်တယ်ဆိုတာက ထင်ရှားအောင် ပြောတာပါ။

တကယ်တော့ အဲဒီ ငိုက်နေတဲ့ပုဂ္ဂိုလ်မှာ ကြည့်လိုက်ရင် ဒီ မိမိ ရှုပွားနေတဲ့ သမထအာရုံ, ဝိပဿနာအာရုံအပေါ်၌ စိတ်ဓာတ် လေးလံထိုင်းမှိုင်းနေတဲ့သဘော အဲဒီအခါမှာ ပေါ်လွင်မနေဘူးလား? ပေါ်လွင်နေတယ်။ အာနာပါန ရှုတယ်၊ အာနာပါနအာရုံပေါ်သို့ စိတ်က တင်းတင်းကျပ်ကျပ်နဲ့ ရှေးရှုရောက်နေတဲ့သဘော မရှိဘူး။ စိတ်-စေတသိက်တွေက ရောက်လိုက်, မရောက်လိုက်နဲ့ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်တယ်။ အဲဒီအခါမှာ ငိုက်တာပဲ။ ဒါကြောင့် ငိုက်တယ်လို့ ပြောတာ။ တကယ်တော့ ငိုက်ချင်တဲ့, အိပ်ချင်တဲ့ ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှု ပင်ပန်းနွမ်းနယ်မှုကြောင့် ငိုက်တာမျိုးကတော့ ထိနမိဒ္ဓလို့ မဆိုလိုပါဘူးနော်။ စိတ်ဓာတ်တွေရဲ့ မကြည်မလင် မရွှင်မလန်းဘဲနဲ့ ဖြစ်နေတဲ့သဘောကိုတော့ ထိနမိဒ္ဓလို့ ပြောတယ်။

ဒီတော့ မိမိ ရှုပွားသုံးသပ်နေတဲ့ သမထအာရုံ, ဝိပဿနာအာရုံတွေ အပေါ်မှာ စိတ်ဓာတ်တွေက ကြည်လင်မှု, ထက်မြက်မှု, စူးရှမှု မရှိဘူး။ စိတ်တွေက မကြည်မလင် စိတ်မပါ့တပါ ဖြစ်နေတယ်။ အချိန်ကျလို့သာ သံချောင်းခေါက်လို့ သို့မဟုတ် နာရီမောင်း တီးလိုက်လို့သာ လာပြီး တရားထိုင်ရတယ်။ စိတ်ထဲမှာက သိပ်ပြီးတော့ မထိုင်ချင်ဘူး။ မထိုင်လို့ ရှိရင်လည်း ဥပဒေက နည်းနည်းလေး ကြပ်မတ်ထားလိုက်တော့ မထိုင်ရင်လည်း မဖြစ်ပြန်ဘူး။ လာတော့ ထိုင်လိုက်ပါရဲ့ စိတ်တွေက ဘာဖြစ်သလဲ? ဟိုကြံစည်-စိတ်ကူးလိုက်, ဒီကြံစည်စိတ်ကူးလိုက် စသည်ဖြင့် အမျိုးမျိုးဖြစ်နေတဲ့ စိတ်ထားတွေ ဖြစ်နေပြီ။ သူတစ်ပါးတွေဟာ ထိနမိဒ္ဓ အနှိပ်အစက်ခံနေရတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ထိနမိဒ္ဓကင်းတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလိုစိတ်ထားမျိုးကို မွေးမြူပါတဲ့နော်။ နောက်တစ်ခု -

‘ပရေ ဥဒ္ဓတာ ဘဝိဿန္တိ၊ မယမေတ္ထ အနုဒ္ဓတာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်ကား။ ဥဒ္ဓတာ၊ တက်ကြွမြင့်မောက်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အနုဒ္ဓတာ၊ တက်ကြွမြင့်မောက်တဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက တက်ကြွမြင့်မောက်တဲ့ စိတ်ထား, ခေါင်းတထောင်-ထောင်ဖြစ်နေတဲ့စိတ်ထား ရှိချင်လည်း ရှိပါစေ၊ တို့ကတော့ ဒီနေရာမှာ တက်ကြွမြင့်မောက်တဲ့ စိတ်ထားမရှိဘဲ နှိမ်ချတဲ့စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလိုစိတ်ဓာတ်ကို မွေးမြူပါတဲ့။ ဘယ်နေရာမှာကြည့်ကြည့် ရှေ့ကပဲနော်။ ထောင်ထောင် ထောင်ထောင်, ထောင်ထောင် ထောင်ထောင်။ အဲဒီလို ထောင်ထောင် ထောင်ထောင် လုပ်ချင်တဲ့စိတ်ထားမျိုးဟာ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေမှာ ရှိရမလား, မရှိရဘူးလား? မရှိရဘူး။ ဘယ်လို စိတ်ထားသာ ရှိရမလဲ? နှိမ်ချတဲ့စိတ်ထား ဒါ အမြဲတမ်း ရှိရမယ်။

သူတော်ကောင်း ဖြစ်ချင်လို့ရှိရင် မိမိစိတ်ထားကို မိမိ မနှိပ်ချနိုင်ဘူး။ နည်းနည်းမှ မခံနိုင်ဘူး။ ဘာလဲ တချို့က ဘာပြောသလဲ? အထိမခံ ရွှေပန်းကန်ဆိုတာ ဘုန်းကြီး နားလည်တာကတော့ ရွှေပန်းကန်ကတော့ အထိခံပုံ ရပါတယ်နော်။ သူက ရွှေပန်းကန် မဟုတ်လို့နဲ့ တူတယ်။ အထိ မခံတာနော်။ ရွှေပန်းကန်ဆိုလို့ရှိရင် ကွဲတတ်သလား? မကွဲတတ်ပါဘူး။ သူက စကားကသာ သူတို့ အနိုင်ယူပြီးပြောတာနဲ့ တူပါတယ်နော်။ သူက တကယ့် ရွှေပန်းကန်ကျတော့ သူက အထိခံပါတယ်။ ရွှေပန်းကန်မဟုတ်လို့ သူက အထိမခံတာ။
4sp9aieo7vzopdyiob2ycpz0pul8uwt မင်္ဂလသုတ်-၆၈/၉၇ 0 6303 21991 2026-05-21T21:12:09Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၆၈/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၆၇..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21991 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၆၈/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၆၇/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၆၉/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ်-၆၈

ကဲ ဒီနေ့လည်း စိတ်ထားပုံ နည်းစနစ်ကိုပဲ ဆက်လက်ပြီး ဟောကြရအောင်နော် -

ပရေ ဥဒ္ဓတာ ဘဝိဿန္တိ၊ မယမေတ္ထ အနုဒ္ဓတာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်ကား။ ဥဒ္ဓတာ၊ တက်ကြွမြင့်မောက်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝิဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အနုဒ္ဓတာ၊ တက်ကြွမြင့်မောက်တဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက တက်ကြွမြင့်မောက်တဲ့ စိတ်ထားရှိတဲ့ မာနကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ တက်ကြွမြင့်မောက်တဲ့ စိတ်ထားမရှိတဲ့ မာနမကြီးတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလိုစိတ်ဓာတ်ကို မွေးမြူပါ။ သူတော်ကောင်းမှန်ရင် ဒီစိတ်ထားမျိုး ရှိရမယ်နော်။ နောက်တစ်ခု -

ပရေ ဝေစိကိစ္ဆီ ဘဝိဿန္တိ၊ မယမေတ္ထ တိဏ္ဏဝိစိကိစ္ဆာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဝေစိကိစ္ဆီ၊ ယုံမှားခြင်း ဝိစိကိစ္ဆာတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ တိဏ္ဏဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာ တရားကို ကျော်လွှားလွန်မြောက်ပြီးတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝิဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ယုံမှားသံသယရှိနေတဲ့ ဝိစိကိစ္ဆာတရားတွေ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ပြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်မျိုးကို မွေးမြူပါတဲ့။ ယုံမှားခြင်း ဝိစိကိစ္ဆာတရား ဆိုတာက ဘာလဲ? ဘုရားစစ် ဘုရားမှန် ဟုတ်မှဟုတ်ပါရဲ့လား? တရားစစ် တရားမှန် ဟုတ်ပါရဲ့လား? သံဃာစစ် သံဃာမှန် ဟုတ်မှဟုတ်ပါရဲ့လားလို့ စိတ်ထဲမှာ မဝေခွဲနိုင်ဘူး, သံသယရှိတယ်။ သဗ္ဗေညုသမ္မာသမ္ဗုဒ္ဓဘုရားရှင် ဆိုတာ တကယ်ထင်ရှား ရှိမှရှိပါ့မလားဆိုပြီး သံသယရှိတယ်။

ရှေးယခင် အင်္ဂလိပ်လက်ထက်လောက်က ဆိုကြစို့နော် ... မုံရွာက စောက်ထိုးအမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက သတင်းစာထဲမှာ ထည့်ပြီး ကြေညာခဲ့ဖူးတယ်။ သဗ္ဗေညုတဉာဏ်ဆိုတာ ရှိပါသလားတဲ့။ ဒါ ဝိစိကိစ္ဆာပဲ။ အဲဒီလို ဝိစိကိစ္ဆာတရား သူတစ်ပါးတွေမှာ ထင်ရှားရှိချင်လည်း ရှိပါစေ၊ တို့ကတော့ မရှိစေရဘူး။ ဒီလို စိတ်ထားမျိုးကို မွေးမြူပါတဲ့။ ဘာဖြစ်လို့လဲ? အကျိုးကျေးဇူး များလွန်းလို့ပါနော်။ ပြီးတော့ ဒီစိတ်ဓာတ်က အလိုလို ဖြစ်လာမလားဆိုတော့ မဟုတ်ပါဘူးနော်။ ဒီတော့ ဝိစိကိစ္ဆာအကြောင်း နည်းနည်းကုန်အောင် ဆက်ပြောလိုက်ကြရအောင် -

ဒီတော့ ရတနာသုံးပါးတွင် ယုံမှားသံသယ ရှိသလားဆိုတော့ မဟုတ်သေးဘူး။ တချို့ကျတော့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေနဲ့ ပတ်သက်လို့လည်း သံသယတွေ ရှိနေကြပြန်တယ်။ နိဗ္ဗာန်သွားတဲ့နေရာမှာ သီလဖြူစင်နေဖို့ သိပ်မလိုဘူး၊ သူတို့က ဘာလက်ညှိုး ထိုးကြသလဲ? ဟိုး ... သန္တတိအမတ်ကြီးတို့ အရက်မူးနေလျက်နဲ့ ရဟန္တာဖြစ်သွားတဲ့ ထုံးတွေ သူတို့က လက်ညှိုးထိုးကြတယ်။ ဒီတော့ လူသားတွေမှာပေါ့ - အထူးသဖြင့် ရှေးယခင်က ၅-ပါးသီလ မမြဲချင်လည်း မမြဲ ဖြစ်ပါစေ၊ ဒါပေမဲ့ မဂ္ဂင် ၈-ပါး အကျင့်မြတ်တွေကို တကယ်လက်တွေ့ ကျင့်တဲ့အချိန်အခါက စပြီး ၅-ပါးသီလမြဲရင် လုံလောက်ပါတယ်။ ဒီလို တရားနာနေတဲ့ပုဂ္ဂိုလ်, တရားဟောနေတဲ့ပုဂ္ဂိုလ် သံသရာခရီးကနေ ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်မယ် ဆိုရင်တော့ ဘဝတိုင်း ဘဝတိုင်းမှာ သီလစင်ကြယ်ခဲ့တဲ့ ပုဂ္ဂိုလ်ဆိုတာ ဖြစ်ဖို့ လွယ်ကူပါ့မလား? မလွယ်ကူပါဘူးနော်။

တစ်ချိန်က သီလ မစင်ကြယ်ခဲ့ပေမယ့်လို့ အခုလက်တွေ့ တရားတွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့အပိုင်းမှာ သီလစင်ကြယ်ပြီ ဆိုရင်တော့ လုံလောက်ပါတယ်နော်။ အလားတူပဲ ဒီသန္တတိအမတ်ကြီးတို့က သူတို့ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်ကို ဘုရားရှင်နဲ့ တွေ့တဲ့အခါမှာ ကျင့်တယ်။ ဘုရားရှင်ထံ ရောက်တဲ့အချိန်အခါမှာ မရောက်ခင်က အရက်မူးခဲ့တာ မှန်ပေမယ့် ဘုရားထံရောက်တော့ အရက်မူးက အားလုံး ပြေသွားပြီ။ ပြေသွားတဲ့ အချိန်အခါမှာ ဒီနေ့ကစပြီး ဒီလို သီလကျိုးပြတ်စေတဲ့ လုပ်ငန်းရပ်တွေကို ငါ ဘယ်တော့မှ မလုပ်တော့ဘူးဆိုပြီးတော့ စိတ်က ဆောက်တည်လိုက်တာနဲ့ သီလသည် တည်သွားပါတယ်နော်။

အဲဒါကြောင့် ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမနေတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တွေကို တကယ်လက်တွေ့ ကျင့်တဲ့အပိုင်းမှာ သူက သီလရှိတဲ့ အချိန်အပိုင်း ဖြစ်သွားပြီ။ အချိန်ပိုင်းအရ သီလရှိထားတဲ့အတွက် သူတို့က ဒီသီလတွေက ကျေးဇူးပြုပေးတဲ့အတွက် မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရရှိခြင်း ဖြစ်ပါတယ်နော်။ ဒါကြောင့် သီလကျင့်စဉ်နဲ့ ပတ်သက်ပြီးတော့ သံသယ ရှိနေဖို့ မလိုဘူး။ သို့သော် သမာဓိကျင့်စဉ်ပိုင်းကျတော့ သံသယ တချို့ ရှိကြပြန်တယ်။ သမာဓိထူထောင်ဖို့ မလိုဘူးလို့ပြောတဲ့ ပုဂ္ဂိုလ်တချို့ကလည်း ပြောကြပြန်တယ်။ တချို့ကျတော့လည်း ဒီနေ့ အချိန်အခါမှာ ဒီသမာဓိစခန်းတွေ ဈာန်တရားတွေကို ရရှိအောင် ကြိုးစားအားထုတ်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဒီလိုလည်း ပြောကြပြန်တယ်။ အဲဒါဟာ သံသယ ရှိသလား, မရှိဘူးလား? ရှိနေတယ်။ သံသယ ရှိတယ်နော်။

သူတစ်ပါးတွေက သံသယရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ သံသယ မရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူပါတဲ့။ ဘယ်လို မွေးမြူရမလဲ? သမာဓိကို တကယ်လက်တွေ့ အောင်မြင်အောင် ကျင့်ပါ။ အောင်မြင်သွားလို့ မိမိကိုယ်တိုင်က ပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိ, စတုတ္ထဈာန်သမာဓိတွေကို အောင်အောင်မြင်မြင် ထူထောင်နိုင်ခဲ့ပြီဆိုရင် ဒီနေ့ခေတ်မှာ သမာဓိထူထောင်လို့ မရနိုင်ပါဘူးဆိုတဲ့ ယုံမှားသံသယ ဝိစိကိစ္ဆာတရားကို မိမိက ကျော်လွှားလွန်မြောက်နိုင်တဲ့ စွမ်းအားတွေ ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ်သွားပြီ။ ဒါဟာ အကောင်းဆုံးသော နည်းစနစ်ပဲနော်။ ဝိစိကိစ္ဆာကို တိုက်ဖျက်တဲ့နေရာမှာ အကောင်းဆုံးသော နည်းစနစ်တစ်ခု ဖြစ်ပါတယ်။

စာမှာ ဖော်ပြထားတာလေး တစ်ခုတော့ ရှိတယ်။ ပထဝီ ပထဝီလို့ မြေကြီးကသိုဏ်းဝန်းလေး ကြည့်ပြီး ပထဝီ ပထဝီလို့ ရှုနေလို့ ဘယ်လိုလုပ် ဈာန်ရနိုင်မလဲလို့ သံသယရှိတယ်။ အလားတူပဲ ဝင်လေထွက်လေ ဝင်လေထွက်လေလို့ ဒီလို ရှုနေရုံနဲ့ ဘယ်လိုလုပ်ပြီး ဈာန်တွေ ရနိုင်မလဲလို့ သံသယရှိတယ်။ အဲဒီ သံသယကို ဝိစိကိစ္ဆာလို့ ခေါ်ပါတယ်။ သမာဓိကျင့်စဉ်, သမာဓိ သိက္ခာနဲ့ ပတ်သက်ပြီးတော့ ယုံမှားသံသယ ရှိနေခြင်းပဲ။ အဲဒီ ယုံမှားသံသယကို တိုက်ဖျက်တဲ့ နည်းစနစ် အကောင်းဆုံးကတော့ ဘယ်စည်းမျဉ်းလဲ?

မိမိကိုယ်တိုင်က ဒီသမာဓိစခန်းကို အောင်မြင်အောင် ကြိုးစားအားထုတ်ပါ။ မိမိကိုယ်တိုင်က ဒီသမာဓိစခန်းကို အောင်အောင်မြင်မြင် ထူထောင်နိုင်ခဲ့ပြီ ဆိုရင် ဒီနေ့ခေတ်မှာ သမာဓိထူထောင်လို့ မရပါဘူးဆိုတဲ့ ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို မိမိက ကျော်လွှားလွန်မြောက်နိုင်တဲ့ အဆင့်သို့ ရောက်ရှိမသွားဘူးလား? ရောက်ရှိသွားပြီ။ ဒါကြောင့် သူတစ်ပါးတွေက ယုံမှားခြင်း ဝိစိကိစ္ဆာတရား ထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါတဲ့။ အဲဒီ စိတ်ဓာတ် ရှိမှလည်း ဒီသမာဓိစခန်းက ထူထောင်လို့ရမှာ ဒကာကြီးနော် -

ရ,ရပါ့မလား၊ ဟုတ်,ဟုတ်ပါ့မလား? ငါ့ ဘယ်နှစ်လတောင် ရှိသွားပြီ၊ ဘယ်နှစ်နှစ်တောင် ရှိသွားပြီ။ အဲဒါတွေ ဝေဖန်ဆန်းစစ်ပြီး လက်တွေချိုး ရေတွက်နေမယ် ဆိုလို့ရှိရင်တော့ သံသယတွေ တစ်ပုံကြီးနဲ့ဆိုတော့ ဒီသမာဓိက တိုးတက်ပါဦးပါ့မလား? မတိုးတက်ဘူး။ သမာဓိက မတိုးတက်ရတဲ့ကြားထဲ တစ်ခါတစ်လေ ထန်းလျက်တွေက ဝယ်,ဝယ်နေသေးတယ်။ ထန်းလျက် ဝယ်တယ်ဆိုတာက မနှစ်တုန်းက ယောဂီတစ်ယောက် လာတယ်။ ဒီနှစ်လည်း လာပါတယ်။ ဒီပုဂ္ဂိုလ် “ဆရာတော်ကြီး တပည့်တော်တော့ လူထွက်မှ ဖြစ်တော့မယ်” တဲ့။ ဘာဖြစ်လို့လဲ? “တပည့်တော်က တရားသာ ထိုင်နေရာဘုရား ...။ စိတ်ထဲက ထန်းလျက်တွေ ဝယ်ဝယ်ပြီး စာရင်းကြီးပဲ တွက်နေတယ်” ဘာဖြစ်လို့လဲ သူ့မေးကြည့်တော့ -

တပည့်တော်က ထန်းလျက်ပွဲရုံ ဘုရား ... ထန်းလျက်ပွဲရုံ ရန်ကုန်မှာ တည်ထောင်ထားတာဖြစ်တော့ ဒီအချိန် ထန်းလျက်က ထွက်နေတယ်။ ထန်းလျက်က ထွက်နေတဲ့ အချိန်ဖြစ်တော့ တပည့်တော်ကလည်း ထန်းလျက်တွေ ဝယ်ဝယ်ပြီး စာရင်းကြီးပဲ တွက်နေတော့ မထူးတော့ဘူး သင်္ကန်းဝတ်နေလည်းပဲ။ ဒါကြောင့် တပည့်တော် ပြန်မှ ဖြစ်တော့မယ်တဲ့”။ အဲဒီလိုပေါ့ ဟုတ်တယ်မဟုတ်လား? ထန်းလျက်တွေ ဝယ်ဝယ်ပြီး စာရင်းတွေကလည်း တွက်နေတော့ ဝိစိကိစ္ဆာတွေကလည်း များနေတယ်ဆိုရင်တော့ ဒီသမာဓိစခန်း အောင်အောင်မြင်မြင် ထူထောင်ဖို့ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။

ဒါကြောင့် သူတစ်ပါးတွေက ဝိစိကိစ္ဆာတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်ဆိုပြီး ဒီစိတ်ဓာတ်ကို မွေးမြူပါ။ နောက်တစ်ခု ပညာကျင့်စဉ် - ဒုက္ခသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိပညာ, သမုဒယသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိပညာ, နိရောဓသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိပညာ, မဂ္ဂသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိပညာတဲ့။ ပေါင်းလိုက်တော့ သမ္မာဒိဋ္ဌိအမည်ရနေတဲ့ ပညာဘယ်နှစ်မျိုးရှိသလဲ? ၄-မျိုး။

ဘုရားဟောတဲ့ ရုပ်ကလာပ်ခေါ်တဲ့ အမှုန်လေးတွေအနေနဲ့ ဖြစ်ပါတယ်နော်။ ဒီအမှုန်လေး တစ်မှုန်တစ်မှုန်မှာ ပထဝီ, အာပေါ, တေဇော, ဝါယော စသည်ဖြင့် ခွဲခြားစိတ်ဖြာပြီး ရှုနိုင်မှ ဘုရားဟောတဲ့ ရုပ်တရား စတွေ့တယ်။ အဲဒီ ရုပ်တရားတွေကို ယနေ့ ခေတ်သာဝကတွေ ဘယ်လိုမှ မသိနိုင်ဘူးလို့ စိတ်က သံသယရှိတယ်။ အဲဒါဟာ ဘာလဲ? ဝိစိကိစ္ဆာနော်။ ဘုရားဟောတဲ့ နာမ်တရားတွေက ဝီထိစိတ်နဲ့ ဝီထိမုတ်စိတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တွေက ဝီထိမုတ်စိတ် ခေါ်တယ်။ ဝီထိစိတ်ရဲ့ အပြင်ဖက်မှာ ကျန်နေတာက ရူပါရုံ စသည်ဖြင့်နော် အာရုံအမျိုးမျိုးတွေကို ထိုးထွင်းသိနေတဲ့စိတ်တွေ ရှိတယ်။ စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိ, မနောဒွါရဝီထိ ဆိုပြီး ဝီထိအမျိုးအစား ၆-မျိုးရှိပါတယ်။

အဲဒီ ဝီထိစိတ်ကလေးတွေမှာ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းမှာ စိတ်-စေတသိက်တွေ ယှဉ်တွဲပြီး ပြိုင်တူ ဖြစ်ကြတယ်။ အဲဒီ ဘုရားဟောနေတဲ့ ဒီစိတ်-စေတသိက် နာမ်တရားတွေကို သာဝကတွေ ဘယ်လိုမှ ရှုမရဘူးဆိုပြီး သံသယရှိတယ်။ အဲဒါဘာလဲ? ဝိစိကိစ္ဆာ။ အဲဒီလို ယုံမှားသံသယရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ဒီနာမ်တွေကို သူသိအောင် ကြိုးစားအားထုတ်ခြင်းဆိုတဲ့ လုံ့လဝီရိယကော ဖြစ်စေနိုင်ပါတော့မလား? မဖြစ်စေနိုင်တော့ဘူးနော်။

ဒါကြောင့် အဲဒီ ဒုက္ခသစ္စာအမည်ရနေတဲ့ ဒီရုပ်ဒီနာမ်ကို မသိခဲ့ရင်လည်း မဂ်, ဖိုလ်, နိဗ္ဗာန် ရမလား? မရဘူး။ သစ္စာလေးပါး မသိခဲ့ရင် မဂ်, ဖိုလ်, နိဗ္ဗာန် မရဘူးလို့ ဘုရားကလား အတိအကျ ဟောထားတယ်။ သစ္စာလေးပါးထဲမှာ တစ်ခုအပါအဝင် ဖြစ်နေတဲ့ ဒီဒုက္ခသစ္စာ အမည်ရနေတဲ့ ဒီရုပ် ဒီနာမ် ဒီခန္ဓာငါးပါးကို မသိခဲ့ရင်ကော နိဗ္ဗာန် ရပါ့မလား? မရနိုင်ဘူး။ ဒါကြောင့် ဒီရုပ် ဒီနာမ်တွေကို ရှုမရပါဘူးလို့ ယုံမှားသံသယ ရှိနေခြင်းသည် ဝိစိကိစ္ဆာ။ သူတစ်ပါးတွေက ဒီလို ယုံမှားခြင်း ဝိစိကိစ္ဆာတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဒီဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ ဘယ့်နှယ်တုံး ဒကာကြီးတွေ တရားအားထုတ်တဲ့နေရာမှာ ဒီစိတ်ဓာတ် ခိုင်ခိုင်မာမာ ရှိဖို့မလိုဘူးလား? လိုအပ်နေတယ်။

နောက်တစ်ဆင့် တက်လိုက်ဦး ... သမုဒယသစ္စာ - သမုဒယသစ္စာ ထင်ရှားဖြစ်ခြင်းကြောင့် ဒုက္ခသစ္စာတရားက ထင်ရှားဖြစ်ပေါ်လာရတယ်။ အကြောင်းတရားနဲ့ အကျိုးတရား နှစ်ခုရှိတဲ့အနက်က အကြောင်းတရား ထင်ရှားရှိခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ရတယ်ဆိုရင် အကြောင်းက အရင်ဖြစ်မလား, အကျိုးက အရင်ဖြစ်မလား? အကြောင်းက အရင်ဖြစ်မယ်။ ကောင်းပြီ။ ဒုက္ခသစ္စာ အမည်ရနေတဲ့ ရုပ်တွေ, နာမ်တွေ, ခန္ဓာငါးပါးတွေ ဒီဘဝမှာ ပြန်ကြည့်လိုက်။ ဘယ်အချိန်အခါက စဖြစ်ခဲ့သလဲ?

ဟိုး... အမိဝမ်းတွင်း ပဋိသန္ဓေကလလရေကြည် တည်စအချိန်ကတည်းက ရုပ်တွေ၊ နာမ်တွေ စပြီးဖြစ်ခဲ့တယ်။ အဲဒီ ကလလရေကြည် တည်စအခိုက်မှာ ဖြစ်ပေါ်နေတဲ့ ရုပ်တွေ၊ နာမ်တွေဟာ သစ္စာဒေသနာတော် နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာတရား။ ထိုဒုက္ခသစ္စာတရားသည် ဒီဘဝမှာ ခေါင်ဆုံးစပြီး ဖြစ်တယ်။ ဒုက္ခသစ္စာက အကျိုးတရား၊ သမုဒယသစ္စာက အကြောင်းတရား။ အကြောင်းနဲ့အကျိုး နှစ်ခုရှိတဲ့အနက်က အကြောင်းတရားက အရင်ဖြစ်ရမယ်ဆိုတဲ့ မူဝါဒကို လက်ခံနိုင်ခဲ့ရင် အကြောင်းတရား ထင်ရှားရှိမှ အကျိုးတရားတွေက ထင်ရှားပေါ်လာနိုင်မယ် ဆိုတာကို လက်ခံနိုင်ခဲ့ရင် ဒီသမုဒယသစ္စာသည် ဒီဘက်ဘဝမှာ ဖြစ်မလား၊ ဟိုဘက်ဘဝမှာ ဖြစ်မလား? အတိတ်ဘဝမှာ ရှိခဲ့မယ်နော်။

အတိတ်ဘဝက ထူထောင်ခဲ့တဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ လို့ ခေါ်ဆိုအပ်တဲ့ သမုဒယသစ္စာတရားတွေကြောင့် ဒီဘဝမှာ ဝိပါက်နာမ်တရား၊ ရုပ်တရားလို့ ခေါ်ဆိုအပ်တဲ့ ဒုက္ခသစ္စာတရားတွေက ထင်ရှားလာပြီးတော့ ဖြစ်တယ်။ အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာ ဖြစ်တယ်ဆိုရင် အတိတ်ကို လှမ်းမရှုရင် အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာကို မိမိကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ဟုတ်တိုင်းမှန်စွာ သိနိုင်ပါ့မလား? မသိနိုင်ဘူး။ မသိခဲ့ရင်ကော နိဗ္ဗာန် ရနိုင်မလား? မရနိုင်ဘူးတဲ့ ဘုရားက ဟောထားတယ်နော်။

ဒီလို ဆိုလို့ရှိရင် အတိတ်ကို လှမ်းရှုရမလား၊ မရှုရဘူးလား? ရှုရတော့မယ်။ အတိတ်က သမုဒယသစ္စာကို မြင်မှ၊ အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာ သိမယ်။ အတိတ်ကို လှမ်းမရှုဘူး ဆိုလို့ရှိရင် အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနိုင်ပါ့မလား? မသိနိုင်ဘူး။ မသိခဲ့ရင် နိဗ္ဗာန် ရမလား? မရဘူး။ ဒါပေမယ့် ဒီနေ့ မျက်မှောက်ခေတ်မှာတော့ ဘာပြောနေတယ်။ ဝိပဿနာဆိုတာက ပစ္စုပ္ပန် ပေါ်ရာပေါ်ရာ ပစ္စုပ္ပန် တည့်တည့်သာ ရှုရတယ်။ အတိတ်၊ အနာဂတ် ရှုဖို့ မလိုဘူးတဲ့။ သူတို့က ဘာအကြောင်းပြသလဲ? အတိတ်က ဖြစ်ပြီးပြီ မရှိတော့ဘူး၊ မရှိတာ ဘယ်လိုလုပ် ရှုမလဲ? အနာဂတ်က ဖြစ်မှ မဖြစ်သေးတာ၊ မဖြစ်သေးတာကို ဘယ်လိုလုပ် ရှုမလဲတဲ့? ဒီလို အကြောင်းပြတယ်။

ဗြုန်းကနဲ ဆိုလို့ရှိရင်တော့ လူပြိန်းတွေက များသောအားဖြင့်တော့ ဒီအကြောင်းပြချက်ကို သဘောကျသွားတယ်။ ဟုတ်တာပေါ့ အတိတ်က ပြီးပြီပဲ၊ မရှိမှ မရှိတာ၊ မရှိတာ ဘယ်လိုလုပ် ရှုမလဲ? အနာဂတ်ကလည်း ဖြစ်မှ မဖြစ်သေးတာ၊ မဖြစ်သေးတာကို ဘယ်လိုလုပ် ရှုမလဲ ဆိုပြီး ဗြုန်းကနဲ သဘောကျသွားတယ်။ အဲဒီသဘောကျသွားတယ် ဆိုတာကို ဘုန်းကြီးက ခုနက လူပြိန်းလို့ သုံးလိုက်တဲ့အတွက် ဒကာကြီးတွေရင်ထဲတော့ နည်းနည်း နင့်ရင်လည်း နင့်သွားမယ်။ လူပြိန်းဆိုတာက ပရိယတ်တရားတော်မှာရော၊ ပဋိပတ်တရားတော်မှာရော ကျွမ်းကျင်လိမ္မာမှု မရှိသေးတဲ့ ပုဂ္ဂိုလ်တွေကို အထူးသဖြင့် ရည်ညွှန်းပြီး ပြောတာပါနော်။

ဒီတော့ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ အထူးသဖြင့် ကံပေါ့။ အတိတ်က ကံကြောင့် ဒီဘဝမှာ အကျိုး ရုပ်တွေ နာမ်တွေ ဖြစ်တယ်။ ဒီဘဝ ထူထောင်တဲ့ ကံတွေသည် နောင်အနာဂတ် အကျိုးရုပ်တရား နာမ်တရားတို့ရဲ့ အကြောင်းတရားသာ ဖြစ်တယ်။ ဒီတော့ အတိတ်က ထူထောင်ခဲ့တဲ့ကံကြောင့် ဒီဘဝမှာ ရုပ်နာမ်ဖြစ်တယ်။ ဒီဘဝ ထူထောင်တဲ့ကံတွေကြောင့် နောင်အနာဂတ်မှာ ရုပ်နာမ်တွေ ဖြစ်တယ်။ အဲဒီ ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောကို ပုံမှန်မသိခဲ့ရင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ရမလား? မရဘူး။ ဒါ ဘုရားဟောထားတယ်။

ဒီတော့ အတိတ်က ကံကြောင့် ဒီဘဝမှာ အဲဒီကံမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ခြံရံထားပါတယ်။ အဲဒီတော့ ကံလို့ ပြောလိုက်ရင် ကံရဲ့ အခြေအမြစ်ဖြစ်တဲ့ သင်္ခါရလည်း ပါနေတယ်။ ဒီတော့ အတိတ်က ထူထောင်ခဲ့တဲ့ ကုသိုလ်သင်္ခါရကံတွေကြောင့် ဒီဘဝမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားက အမိဝမ်းမှာ စပြီးတော့ ခေါင်ဆုံးဖြစ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ကံအရှိန်အဝါက မကုန်သေးတော့ ဘဝတစ်လျှောက်မှာ ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက်နဲ့ အမြဲတမ်း ရုပ်တွေ နာမ်တွေ ရှေ့နဲ့နောက် ဆက်စပ်ပြီး အထပ်ထပ် ဖြစ်နေကြတယ်။ ဖြစ်နေလိုက်တဲ့ အချိန်အခါကျတော့ အတိတ်ကို လှမ်းမရှုခဲ့ရင် အတိတ်က အကြောင်းတရားတွေ၊ အတိတ်က ထူထောင်ခဲ့တဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ခြံရံထားသည့် သင်္ခါရ၊ ကံတွေကြောင့် ဒီဘဝမှာ ရုပ်တွေ နာမ်တွေ ထင်ရှားဖြစ်တာကို ကိုယ်တိုင်မျက်မှောက် ဘယ်လိုမှ မသိနိုင်တော့ဘူး။ နောက်တစ်ခု -

အတိတ်က ကံကြောင့် မဖြစ်ပါဘူး။ ဒီဘဝထူထောင်တဲ့ ကံကြောင့်သာ ဒီဘဝ ရုပ်နာမ် ဖြစ်ပါတယ်ဆိုရင် ဘုရားအလောင်းတော်ကြီးများ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလုံး ပါရမီဖြည့်ဖို့ လိုသေးသလား? မလိုတော့ဘူး။ ဘာဖြစ်လို့လဲ? အတိတ်က ထူထောင်တဲ့ကံတွေက အကျိုးမပေးဘူးလို့ ကိုယ်က ယုံကြည်ထားတယ်။ လွယ်လွယ်လေး တချို့ကတော့ ပြောကြတယ်။ သမုဒယသစ္စာဆိုတာ တဏှာဟာ သမုဒယသစ္စာပေါ့။ ဘယ်တဏှာလဲလို့ သူတို့ကို မေးလိုက်တော့ ဒါတော့ သူတို့ ဆန်းစစ်မှု မရှိဘူး။ ပစ္စုပ္ပန်တဏှာကြောင့်သာ ပစ္စုပ္ပန်ဒုက္ခသစ္စာ ဖြစ်ရိုးမှန်ခဲ့ရင် ဒကာကြီးတွေ ၁၆ နှစ် မဖြစ်ချင်ကြဘူးလား? ဒကာကြီးတွေ ဖြစ်ချင်လား၊ မဖြစ်ချင်လားတော့ မသိဘူး။ ဘုန်းကြီးကတော့ ဖြစ်ချင်တယ်။ ဟုတ်တယ်မလား? ဖြစ်ချင်တဲ့အတိုင်းသာ ဖြစ်သလား? မဖြစ်ပါဘူး။ ဖြစ်သာဖြစ်ကြမယ် ဆိုရင်ပေါ့။ နည်းနည်းလေး စဉ်းစားကြည့်စမ်း!

ကောင်းမှုကုသိုလ်တစ်ခု ပြုတယ်၊ ဒီကောင်းမှုကုသိုလ်က ချက်ချင်း အကျိုးပေးတယ်။ ဒီအဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တွေ ခြံရံပြီးတော့ ဒီကံတစ်ခု ထူထောင်လိုက်ရင် ဒီကံက ချက်ချင်းအကျိုးပေးတယ်။ ပစ္စုပ္ပန်ကံက ပစ္စုပ္ပန်မှာပဲ ချက်ချင်းအကျိုးပေးတယ်ဆိုရင် လောကမှာ အိုတဲ့လူ၊ နာတဲ့လူ၊ သေတဲ့လူ ရှိနိုင်ပါဦးမလား? မရှိတော့ဘူး။ ဘာဖြစ်လို့လဲ? ဒီကံတွေ ပြုပြီးတော့ မအိုအောင် ဆုတောင်းကြမှာပဲ၊ မနာအောင် ဆုတောင်းကြမှာပဲ၊ မေသွအောင် ဆုတောင်းကြမှာပဲ။ ဒီလို ဆုတောင်းပွဲတွေ ကျင်းပပြီးတော့ ဒီကံတွေ ထူထောင်လို့ ဒီကံက ချက်ချင်းအကျိုးပေးမယ်ဆိုရင် လောကမှာ အိုတဲ့လူ၊ နာတဲ့လူ၊ သေတဲ့လူ ရှိဦးမလား? မရှိဘူး။

အကျည်းတန် အရုပ်ဆိုးတဲ့ ပုဂ္ဂိုလ်ကော ရှိဦးမလား? 人ချောလူလှ ဖြစ်အောင်တော့ ဆုတောင်းကြတော့မှာပေါ့။ ဟုတ်တယ်မလား? အကျည်းတန် အရုပ်ဆိုးရတဲ့အတွက် ဘယ်လောက် အောက်ကျရသလဲ? တော်ကြာ အရပ်က ပုနေပြန်ပြီ။ ကဲ အရပ်ရှည်အောင် ဆုတောင်းလိုက်မှာပေါ့။ တော်ကြာ အရပ်က ရှည်နေပြန်ပြီ။ ဘာလုပ်မလဲ? အရပ်ပုသွားအောင် ဆုတောင်းလိုက်မှာပေါ့နော်။ လောကမှာ မချောမလှတဲ့၊ မတင့်တယ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ရှိနိုင်ပါဦးပါ့မလား? မရှိတော့ဘူးနော်။

ဒါကြောင့် နည်းနည်းလေး စဉ်းစားဖို့တော့ လိုအပ်ပါတယ်။ လိုအပ်တဲ့ အခါကျတော့ ဘာလဲ? ဒီမှာ ပြောချင်တာက သူတစ်ပါးတွေက ယုံမှားခြင်း ဝိစိကိစ္ဆာတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ မဖြစ်စေရဘူး။ ဒါ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရားအပေါ်၌ သံသယရှိနေတာပဲ။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်ပုံကို သံသယရှိနေခြင်းပဲ။ ဒါ ဝိစိကိစ္ဆာလို့ ခေါ်တယ်။ သူတစ်ပါးတွေမှာ ဒီလို ဝိစိကိစ္ဆာတရား ထင်ရှားရှိချင်လည်း ရှိပါစေ၊ တို့ကတော့ ဒီ ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီစိတ်ဓာတ်ကို မွေးမြူပါ။ မမွေးမြူသင့်ဘူးလား? မွေးမြူသင့်တယ်။ အဲဒီစိတ်ဓာတ်မှ မရှိရင် ဒကာကြီးတွေ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်တာကို ကိုယ်တိုင်သိအောင် ဘယ်လိုလုပ် ရှုတော့မလဲ? ရှုလို့ မရနိုင်တော့ဘူးနော်။

ဒီတော့ ဒီလိုသံသယရှိခြင်းသည် ပညာကျင့်စဉ်မှာ သံသယရှိတာလည်း အကျုံးဝင်တယ်။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိမြင်တဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာစခန်းမှာလည်း သံသယရှိနေခြင်း ဖြစ်ပါတယ်နော်။ အဲဒါကြောင့် သူတစ်ပါးတွေက သံသယရှိနေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ယုံမှားခြင်း သံသယကင်းနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ ဒီစိတ်ဓာတ်ကို မွေးမြူပါ။ ဘယ်လိုကြိုးစားမလဲ? မိမိကိုယ်တိုင်က ဒီသမာဓိတွေ အဆင့်ဆင့် ထူထောင်ပြီးတော့ ဒီသမာဓိရဲ့ စွမ်းအင် အကူအညီဖြင့် ရုပ်တွေကို ဟုတ်တိုင်းမှန်စွာ သိအောင်၊ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိအောင်၊ အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိအောင်၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးလုံးမှာ စနစ်တကျ ကြိုးစားအားထုတ်လို့ အောင်မြင်မှု ရရှိပြီဆိုရင် ဒီဝိစိကိစ္ဆာတရားကြီးကို မိမိတို့ ကျော်လွှားလွန်မြောက်နိုင်တဲ့အဆင့် ရောက်မသွားဘူးလား? ရောက်သွားပြီ။

အဲဒီက ရှေ့တစ်ဆင့် တက်လိုက်ရင်တော့ နိဗ္ဗာန်ပေါ့နော်။ ဒီရုပ် ဒီနာမ် ဒီအကြောင်းတရား ဒီအကျိုးတရားတွေရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို မြင်အောင်ကြည့်ပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလိုက်တဲ့ အချိန်အခါ နောက်ဆုံး ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာလို့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုပြီ။ ကိုယ်ကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် နိရောဓသစ္စာ အမည်ရနေတဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့အဆင့် ရောက်ပြီဆိုရင် ဒီနိဗ္ဗာန်တရားတော်မြတ်ကြီး ထင်ရှားမရှိပါဘူးဆိုတဲ့ ယုံမှားခြင်း ဝိစိကိစ္ဆာတရားတွေကို မိမိ ကျော်လွှားလွန်မြောက်နိုင်တဲ့အဆင့် ရောက်မသွားဘူးလား? ရောက်သွားပြီ။

ထိုအချိန်အခါမှာ အရိယာသံဃာစစ် သံဃာမှန်ဆိုတာ တကယ် ထင်ရှားရှိတယ်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ဆိုတာ တကယ် ထင်ရှားရှိတယ်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို သိတော်မူ မြင်တော်မူတဲ့ ဘုရားရတနာဆိုတာ တကယ်ထင်ရှား ရှိပါတယ်ဆိုတာ ယုံမှားခြင်း ဝိစိကိစ္ဆာတရားတွေကို လုံးဝကျော်လွှားနိုင်တဲ့အဆင့် ရောက်သွားပြီနော်။ အဲဒီ အဆင့်အထိရောက်အောင် ငါ ကြိုးစားအားထုတ်မယ်ဆိုတဲ့ ဒီစိတ်ဓာတ်ကို မွေးမြူပါတဲ့ ဒီလို ဘုရားရှင်က တိုက်တွန်းထားတယ်။ ဒါကြောင့် -

ပရေ ဝေစိကိစ္ဆီ ဘဝိဿန္တိ၊ မယမေတ္ထ တိဏ္ဏဝိစိကိစ္ဆာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဝေစိကိစ္ဆီ၊ ယုံမှားခြင်း ဝိစိကိစ္ဆာတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ တိဏ္ဏဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာ တရားကို ကျော်လွှားလွန်မြောက်ပြီးတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်အောင် ကျင့်ကြပါဆိုပြီးတော့ ဘုရားရှင် တိုက်တွန်းထားတယ်နော်။ ဒါ စိတ်ဓာတ်မွေးမြူပုံ စနစ်လေးတွေကို ဘုရား တစ်ဆင့်ပြီးတစ်ဆင့် ဟောနေတာ။ သူတော်ကောင်းဆိုတာက ဘယ်လို စိတ်နေစိတ်ထားမျိုးကို ထားရှိရမယ်ဆိုတာကို ဘုရားရှင်က တန်ဖိုးရှိရှိနဲ့ အကျိုးရှိရှိ ဘဝမှာ နေထိုင်တတ်အောင် ဟောကြားပြသနေတာပါနော်။ ကဲ ရှေ့ဆက်ပြီး ဘာဟောသေးသလဲ?

ပရေ ကောဓနာ ဘဝိဿန္တိ၊ မယမေတ္ထ အက္ကောဓနာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ကောဓနာ၊ အမျက်ဒေါသထွက်တတ်တဲ့ ဒေါသကြီးတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အက္ကောဓနာ၊ ဒေါသမကြီးတဲ့၊ အမျက်မထွက်တတ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ဒေါသ အလွန်ကြီးနေတဲ့ပုဂ္ဂိုလ်၊ အမျက်ချောင်းချောင်း ထွက်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဒေါသမကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်ဆိုပြီး ဒီစိတ်ဓာတ်ကို မွေးမြူပါ။ ခေတ်ကတော့ ဘာပြောသလဲ? အိုးရွဲ့ရင် စလောင်းရွဲ့နဲ့ ဖုံးရတယ်။ ဟုတ်သလား? ခေတ်စကားကတော့ ဟုတ်ပါတယ်။ ဘုရားဟော ဒေသနာတော်ကတော့ အဲဒီလို စိတ်ထားမျိုး ထားရမယ်လို့ ပြောသလား? မပြောဘူး။ သူတစ်ပါးတွေ ဒေါသကြီးတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ၊ တို့က ဒေါသမကြီးတဲ့ပုဂ္ဂိုလ် ဖြစ်စေရမယ်လို့ ဒီစိတ်ဓာတ် မွေးမြူပါ။ ဒေါသမကြီးတဲ့ပုဂ္ဂိုလ်ဆိုတာ ဘာပြောတာလဲ? မေတ္တာကမ္မဋ္ဌာန်းရေချမ်းကို အမြဲတမ်း ပက်ဖျန်းနေတဲ့ သူတော်ကောင်းဖြစ်အောင် ကျင့်ပါလို့ ဒီလို ဆိုလိုတယ်နော်။

မေတ္တာဈာန်တွေကို ဝင်စားနိုင်အောင် ကျင့်ပါ။ မေတ္တာဈာန်တွေကို ရရှိအောင် ကျင့်ပါ။ မေတ္တာဈာန်တွေကို ကြိမ်ဖန်များစွာ ဝင်စားနေပါ၊ မှီဝဲနေပါ၊ ပွားများနေပါနော်။ အဲဒီလို လေ့ကျင့်ခဲ့မယ် ဆိုလို့ရှိရင် တစ်ဖက်သား ပုဂ္ဂိုလ်တွေက မိမိတို့ရဲ့အပေါ်မှာ စိတ်ဓာတ်တွေ ပြောင်းလဲလာတတ်ပါတယ်နော်။ မေတ္တာရဲ့ အရှိန်အဝါ စွမ်းအင်တွေဟာ ကူးစက်သွားတတ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးက ပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ တကယ်တမ်း လေးနက်တဲ့ မေတ္တာ ထားရှိပြီဆိုရင် ထိုမေတ္တာအထားရှိခံရတဲ့ ပုဂ္ဂိုလ်ကလည်း မေတ္တာထားနေတဲ့ ပုဂ္ဂိုလ်အပေါ်၌ တုံ့လှည့်တစ်ဖန် ပြန်ပြီးတော့ မေတ္တာဓာတ်တွေ ကူးစက်ပြီး ဝင်မလာတတ်ဘူးလား? ဝင်လာတတ်ပါတယ်။ ဒါ ဘုရားရှင်ရဲ့ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး နည်းစနစ်ကလေးတွေပဲနော်။ ကဲ နောက်တစ်ခု -

ပရေ ဥပနာဟီ ဘဝိဿန္တိ၊ မယမေတ္ထ အနုပနာဟီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဥပနာဟီ၊ ရန်ငြိုးဖွဲ့လေ့ရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အနုပနာဟီ၊ ရန်ငြိုးဖွဲ့ခြင်းမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ရန်ငြိုးဖွဲ့ထားတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ရန်ငြိုးဖွဲ့ခြင်းမရှိတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်ဆိုပြီးတော့ ဒီလိုစိတ်ဓာတ်ကို မွေးမြူစမ်းပါ။ ရန်ငြိုးဖွဲ့ပြီ၊ မကျေနပ်ဘူး။ စိတ်ထဲမှာလည်း “ငါ့ကို ဒီလို ကဲ့ရဲ့လေခြင်း၊ ငါ့ကို ဒီလို ပြုရက်လေခြင်း” ဆိုပြီးတော့ တနုံ့နုံ့ ဖြစ်နေတယ်။ အဲဒီလို အခဲမကျေ ဖြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အကုသိုလ်တရားတွေသည် ထပ်ခါထပ်ခါ တိုးပွားဖို့ မဖြစ်ဘူးလား? ဖြစ်နေပြီ။ အဲဒီ အကုသိုလ်တရားတွေ တိုးပွားနေတုန်း ဗြုန်းကနဲ ဘဝတစ်ခု အဆုံးသတ်ခဲ့မယ် ဆိုလို့ရှိရင်တော့ ဘာဖြစ်မလဲ?

အပါယ် ၄-ဘုံ ၁-ဘုံဘုံ ကျိန်းသေဧကန် ရောက်တော့မယ်။ ဒါကြောင့် ဒီရန်ငြိုးဖွဲ့ခြင်းဆိုတဲ့ စိတ်ထားသည် သတ္တဝါတစ်ဦးကို အင်မတန် အဆင့်အတန်း နိမ့်နေတဲ့ အကျိုးတရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိနေတယ်။ မိမိသည် အဲဒီလို အင်မတန် ပြင်းထန်တဲ့ ဆင်းရဲဒုက္ခအတိဖြစ်နေတဲ့ ယုတ်ညံ့တဲ့အကျိုးတရားတွေကို မိမိဟာ လိုလားတောင့်တတဲ့စိတ်ထား မိမိမှာ ရှိသလား၊ မရှိဘူးလားလို့ ပြန်ဆန်းစစ်ကြည့်ပါ။ ငရဲရောက်ရမယ်။ အဲဒီ ငရဲဒုက္ခတွေ ငါ ခံနိုင်ရဲ့လား? တိရစ္ဆာန်ဘဝ ရောက်ရမယ်၊ တိရစ္ဆာန်ဒုက္ခ ခံနိုင်ရဲ့လား? ပြိတ္တာဘဝ ရောက်ရမယ်။ ပြိတ္တာဒုက္ခတွေ ငါ ခံနိုင်ရဲ့လား? ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့ မလိုဘူးလား? လိုအပ်တယ်။

တချို့ကတော့ ဘာပြောသလဲ? ရင်စည်းပြီးတော့ ခံမယ်တဲ့။ ပါးစပ်ကသာ ပြောတာပါ။ တကယ်တမ်းကျတော့ ခံနိုင်တဲ့စွမ်းအား ရှိသလား? မရှိပါဘူး။ အလွန်သတ္တိကောင်းတယ်ဆိုတဲ့ ဒု-သ-န-သော အမည်ရတဲ့ သူဌေးသားလေးယောက် ရှိပါတယ်။ ဒီနေ့အထိ ခံနေရတုန်းပဲ။ ရင်စည်းဖို့ကော ရသေးလား? မရပါဘူး။ ရင်စည်းဖို့အချိန်ကော ရှိသလား? မရှိပါဘူး။ သူတို့ကို ဘယ်သူမှလည်း လာစည်းမပေးဘူး။ သူတို့ဟာ သူတို့ စည်းလို့လည်း မရဘူး။ စည်းစရာ ကြိုးလည်း မရှိပါဘူးနော်။ ပါးစပ်ကသာ ပြောနေကြတာ။ တကယ်တမ်း ဒုက္ခခံရပြီဆိုတဲ့ အချိန်အခါကျတော့မှ “ဒု” ဆိုတဲ့ စကားလေး ၁-လုံးလောက်ပြောပြီး ပြန်စုပ်ကနဲဆို မြုပ်သွားရတာ။ ရင်စည်းဖို့ အချိန်တောင် မရှိဘူး။ ဒု-သ-န-သော တစ်ယောက် ၁-ယောက်မှာ စကားလေး ၁-လုံးပဲ ပြောလို့ရတယ်။ ပြောချင်တဲ့ ရည်ရွယ်ချက်တွေကတော့ အများကြီးပဲ။ ကုန်အောင် မပြောနိုင်ဘူး။ ပြန်မြုပ်သွားရတာနော်။ ဘာဖြစ်လို့လဲလို့မေးတော့ သူတို့ရဲ့ အကုသိုလ်ကံက ဒီလို အကျိုးပေးဖို့ရန် ဖန်တီးထားတယ်နော်။

ဒါကြောင့် ဒီနေရာမှာ မြတ်စွာဘုရားက ဒီသတ္တဝါတစ်ဦးကို အကျိုးတရားတွေ ဆုတ်ယုတ်ပျက်စီးနေစေတတ်တဲ့၊ ဆုတ်ယုတ်ပျက်စီးစေတတ်တဲ့ စိတ်ထားမျိုးလေးတွေကို မထားရှိစေချင်တဲ့အတွက် ဘုရားက အခု နည်းပေးနေတယ်နော်။ ဒါကြောင့် -

ပရေ ဥပနာဟီ บဝိဿန္တိ၊ မယမေတ္ထ အနုပနာဟီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဥပနာဟီ၊ ရန်ငြိုးဖွဲ့လေ့ရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အနုပနာဟီ၊ ရန်ငြိုးဖွဲ့ခြင်းမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ရန်ငြိုးဖွဲ့တတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ရန်ငြိုးမဖွဲ့တတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလိုစိတ်ဓာတ်ကို မွေးမြူစမ်းပါတဲ့နော်။ နောက်တစ်ခု ဘာလဲ?

ပရေ မက္ခီ ဘဝိဿန္တိ၊ မယမေတ္ထ အမက္ခီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မက္ခီ၊ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အမက္ခီ၊ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

တခြားတခြား ပုဂ္ဂိုလ်တွေက သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်တဲ့ပုဂ္ဂိုလ်တွေ မဖြစ်စေရဘူးလို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ မကောင်းဘူးလား? ဒကာကြီးတွေ၊ ဒကာမကြီးတွေ။ သိပ်ကောင်းတယ်။ အင်မတန် အဆင့်အတန်းမြင့်မားတဲ့ စိတ်ဓာတ်မွေးမြူရေးတွေပဲ။ လောကမှာ တော်တော်ခက်တယ် ... သတ္တဝါတွေဟာ ခေတ်စကားလေးနဲ့ ပြောရင်တော့ “သားရေပေါ်အိပ်ပြီးတော့ သားရေသားစားတယ်” ဆိုတဲ့ ဒီစိတ်ဓာတ်က များသောအားဖြင့်တော့ မရှိတတ်ကြဘူးလား? ရှိတတ်တယ်။ သူတစ်ပါးကျေးဇူးကို အင်မတန် သိနိုင်ခဲတယ်။ မိဘရဲ့ဂုဏ်ကျေးဇူး အကြီးဆုံးပဲ။ အကြီးမားဆုံးဖြစ်တဲ့ မိဘရဲ့ဂုဏ်ကျေးဇူးကိုတောင် သိတတ်တဲ့ပုဂ္ဂိုလ်ဆိုတာ လောကမှာ တော်တော်လေး နည်းပါတယ်နော်။

မိဘကိုပင်၊ ဥစ္စာမြင်မှ

ခင်မင်မြတ်လေး၊ သားတို့မွေး၏၊

ရွှေငွေမရှိ၊ ဖမိတို့အား

သမီးသားလျှင်၊ ထံပါးနီးရပ်

မကပ်တုံလျဉ်း၊ ရှောင်ကြကွင်း၏၊

ဘယ့်နှယ်တုန်း မမှန်ဘူးလား? သိပ်မှန်တယ်။ သားသမီးအပေါ်မှာ ထားရှိတဲ့ မိဘရဲ့ မေတ္တာမျိုး၊ သားသမီးတွေက မိဘအပေါ်မှာသာ ပြန်လည်ပြီး ထားရှိကြမယ်ဆိုရင် မိဘတွေက ရွှေထီးရွှေနန်းနဲ့တောင် နေလို့ရနိုင်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ကျေးဇူးဆိုတာ အင်မတန် သိတတ်ခဲတယ်။ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်ပစ်ချင်တဲ့ စိတ်ဓာတ်တွေက သိပ်များကြတယ်။ သူတော်ကောင်းမှန်ခဲ့ရင် သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်ပစ်ချင်တဲ့ စိတ်ထားမျိုး ရှိရမလား၊ မရှိရဘူးလား? မရှိရဘူး။ “တစ်လုပ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့အတိုင်း သူ့ကျေးဇူးကို သိတတ်ရမယ်။ ဒီ “တစ်လုပ်စားဖူး သူ့ကျေးဇူး” ဆိုတာက အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ စကားလေးတစ်ခွန်းပါနော်။

တစ်ချိန်မှာ ရာဓာပုဏ္ဏားကြီး ဆိုကြပါစို့ ... ဦးပဉ္စင်းတို့ရဲ့ ကျေးဇူးရှင်လို့ ပြောနိုင်ပါတယ်။ သိမ်ထဲမှာ ရဟန်းတွေ စတုတ္ထကမ္မဝါစာဆိုပြီး ဒီနေ့ခေတ်ပေါ့။ ရဟန်းဝတ်တဲ့ အချိန်အခါမှာ ရွတ်ဖတ်ပေးနေတဲ့ ကမ္မဝါစာတစ်ခုက ဒီရာဓာပုဏ္ဏားကြီးကို အကြောင်းပြုပြီးတော့ ပညတ်တော်မူရတာ ဖြစ်ပါတယ်။ ကာလအချိန် ကြည့်မယ်ဆိုရင်တော့ တပို့တွဲလပြည့်နေ့ မြတ်စွာဘုရား ရဟန်းတော် ၁-ဝါရပြီးတဲ့နောက် ပြာသိုလပြည့်နေ့မှာ ရာဇဂြိုဟ် ဆိုက်တယ် ဆိုကြပါစို့နော် -

ဒီဝတ္ထုက တပို့တွဲလပြည့်နေ့မှာ ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်တို့က သာသနာဘောင်ကိုရောက်ပြီး ရှင်ရဟန်းပြုကြတယ်။ ပြာသိုလပြည့်ကျော် ၁-ရက်မှာနော်။ ပြာသိုလပြည့်ကျော် ၁-ရက်နေ့မှာ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန်တို့က သာသနာဘောင်ကို ရောက်ပြီး တပို့တွဲလဆန်း ၁-ရက်နေ့နော်။ တပို့တွဲလဆန်း ၁-ရက်နေ့မှာ ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်တို့က သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်း ပြုကြတယ်။

တပို့တွဲလဆန်း ၁-ရက်နေ့ကနေပြီးတော့ တပို့တွဲလပြည့်နေ့အထိ ၁၅-ရက်တိုင်တိုင် ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက အရဟတ္တဖိုလ်ဆိုက်အောင် တရားတွေ ဆက်လက်ပြီး ကြိုးစားအားထုတ်ရပါတယ်။ တပို့တွဲလဆန်း ၁-ရက်နေ့မှာ ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်တို့က သောတာပတ္တိ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုက်ခဲ့တဲ့ သူတော်ကောင်းတွေ ဖြစ်တယ်နော်။ အဲဒီ တပို့တွဲလပြည့်ကနေပြီးတော့ နောက်ထပ် မြတ်စွာဘုရား တပေါင်းလပြည့်အထိ ရာဇဂြိုဟ်မှာ သီတင်းသုံးတော်မူတယ်။ တပေါင်းလပြည့်နေ့ကျတော့ မြတ်စွာဘုရား ကပိလဝတ်နေပြည်တော်ကို ကြွချီတော်မူပါတယ်။

ဒီတော့ တပို့တွဲလပြည့်နေ့မှာ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ရဟန္တာဖြစ်တော့ တပို့တွဲလပြည့်နေ့နဲ့ တပေါင်းလပြည့်အကြား တစ်ရက်ရက်လို့ ယူဆရပါတယ်နော်။ အဲဒီရက်ပိုင်း ကာလအတွင်း ကပိလဝတ်နေပြည်တော်ကို မကြွမီ အချိန်ကာလအတွင်းလေးမှာ မြတ်စွာဘုရားက ဒီဉတ္တိစတုတ္ထ ကမ္မဝါစာကို ခွင့်ပြုတော်မူခြင်း ဖြစ်တယ်။ ရာဓာပုဏ္ဏားကြီးကို အကြောင်းပြုပြီးတော့ ခွင့်ပြုတော်မူတာပါ။ ရာဓာပုဏ္ဏားကြီးက တစ်နေ့ မြတ်စွာဘုရားထံ လာပြီးတော့ တရားနာတယ်။ တရားနာလိုက်တဲ့ အခါကျတော့ နေ့စဉ်လိုလို လာပြီး တရားနာနေတော့ ဘုရားရှင်က ဒီပုဏ္ဏားကြီးရဲ့ အတွင်းအဇ္ဈာသယဓာတ်ခံကို လှမ်းပြီးတော့ ကြည့်လိုက်တယ်။ ကြည့်လိုက်တဲ့ အချိန်အခါကျတော့ ပုဏ္ဏားကြီးမှာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ရနိုင်တဲ့ ပါရမီ မျိုးစေ့ကောင်းတွေ ရဲရဲတောက် ထင်ရှားရှိနေတာကို ဘုရားရှင် မြင်တော်မူတယ်။ မြင်တော်မူတဲ့အတွက်ကြောင့် ပုဏ္ဏားကြီးကို ဘုရားရှင်က စကား စကြည့်တယ်။

“ဘယ့်နှယ်တုန်း ဒကာတော်ပုဏ္ဏား ... သင့်ကို သားမယားတွေက ရိုသေစွာများ ပြုစုလုပ်ကျွေးရဲ့လားလို့” မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့ ပုဏ္ဏားကြီးကလည်း တော်တော်လေး စိတ်တွေညစ်နေတယ်။ “ဘယ်လာပြီးတော့ဘုရား ... တပည့်တော်ကို ရိုသေစွာ ပြုစုလုပ်ကျွေးပါ့မလဲ?” ဘာဖြစ်လို့လဲ? အသက်ကလည်း ကြီးပြီ။ အလုပ်ကလည်း မလုပ်နိုင်တော့ ဆန်ကုန်မြေလေးလို့ သဘောထားပြီးတော့ သူ့ကို ရိုရိုသေသေနဲ့ သားသမီးတွေက မပြုစု၊ မလုပ်ကျွေးဘူး။ အိမ်ရှင်မကလည်း ရိုရိုသေသေနဲ့ သားသမီးတွေက မပြုစု၊ မလုပ်ကျွေးဘူး။ မပြုစု၊ မလုပ်ကျွေးတော့ စိတ်ဓာတ်တွေက တော်တော်လေး ကျဆင်းနေတဲ့ အချိန်အခါမှာ ဘုရားရှင်က ဒီစကားမေးတယ်။ မေးလိုက်တဲ့ အချိန်အခါကျတော့ -

“ကဲ ... သားမယားတွေက သင့်ကို ရိုရိုသေသေနဲ့ သားသမီးတွေက မပြုစု၊ မလုပ်ကျွေးဘူးဆိုရင် သင် သာသနာဘောင်ကို ဝင်ရောက်ပြီး ရှင်ရဟန်း မပြုနိုင်ဘူးလား၊ ရှင်ရဟန်း မပြုချင်ဘူးလား?” မေးကြည့်တယ်။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ ဘုန်းကြီးက အခုလိုများ အဲဒီလို မေးလိုက်ရင် ဘယ်လို ဖြေကြမလဲ? မပြုချင်ဘူးလားလို့ မေးကြည့်လိုက်တော့ “ပြုချင်တာပေါ့ဘုရား ...” တဲ့။ “ဒါပေမဲ့လို့ ရဟန်းတွေနား ချဉ်းကပ်ပြီးတော့ တပည့်တော်က ရှင်ရဟန်း ပြုပေးဖို့ရန် ခွင့်တောင်းလိုက်တဲ့အခါ တပည့်တော်က အသက်ကြီးတော့ ဘယ်သူမှ တပည့်တော်ကိုလည်း ရှင်ရဟန်း မပြုပေးချင်ကြဘူး” တဲ့။ အဲဒါကတော့ ပြဿနာရှိတယ်နော်။ အိမ်က လက်မခံတဲ့အခါကျမှ ကျောင်းပြေးလာရင်တော့ အဲဒီပြဿနာကတော့ ရင်ဆိုင်ကြရမှာပဲ။

အဲဒီအခါကျတော့မှ ဘုရားရှင်က သံဃာ့အစည်းအဝေးတစ်ခု ခေါ်လိုက်ပါတယ်။ ကဲ သံဃာ့အစည်းအဝေး ခေါ်ပြီးတဲ့ အချိန်အခါကျတော့ ဒီ ရာဓာပုဏ္ဏားကြီးရဲ့ ဂုဏ်ကျေးဇူးကို ဘယ်သူများ အမှတ်ရကြသလဲ? မေးကြည့်လိုက်တယ်။ အဲဒီအခါမှာ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဘုရားရှင်ရှိရာဘက်ကို လက်အုပ်ကလေးချီပြီးတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက မတ်တပ်ရပ်ပြီး လျှောက်ထားတယ်။ “တပည့်တော် သိပါတယ်ဘုရား ...” ပုဏ္ဏားကြီးရဲ့ ဂုဏ်ကျေးဇူး။ “ဘာဂုဏ်ကျေးဇူးတွေကို သင်သိရှိသလဲ?”

တပည့်တော် ဒီရာဇဂြိုဟ်မြို့ကို ဆွမ်းခံတဲ့ အချိန်အခါမှာ ရာဓပုဏ္ဏားကြီးက တပည့်တော်ကို ဆွမ်းလေး ၁-ဇွန်း လောင်းလှူဖူးပါတယ် မြတ်စွာဘုရား ... အဲဒီ ဂုဏ်ကျေးဇူးကို တပည့်တော် အမှတ်ရနေပါတယ်” ဘုရားရှင်က သာဓု ခေါ်တယ်။ တစ်လုပ်စားဖူးရင် သူ့ကျေးဇူးဆိုတာ သိရမယ်။ သားရေပေါ်အိပ်ပြီးတော့ သားရေနားစားတဲ့ ခွေးအမျိုးအစားမျိုး ဖြစ်ရမလား? မဖြစ်ရဘူး။ သူတော်ကောင်းဆိုတာက အဲဒီ သားရေပေါ်အိပ် သားရေနားစားတဲ့ စိတ်ဓာတ်မျိုး ရှိရမလား? မရှိရဘူး။

အခု ဒီမှာ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ကြည့်စမ်း! ၁-လုပ်စားဖူးတဲ့ ဆွမ်းကလေး ၁-ဇွန်းဆိုတာ ၁-လုပ်စာပေါ့။ ဒီ ၁-လုပ်စားဖူးတဲ့ သူ့ကျေးဇူးကို သူအမှတ် မရဘူးလား? အမှတ်ရနေတယ်။ ကဲ ၁-လုပ် မကဘူး, ၁-ထပ်လည်း မကဘူး, ၂-ထပ်လည်း မကဘူး, ၁-လလည်း မကဘူး, ၂-လလည်း မကဘူး စားဖူးတယ် ဆိုလို့ရှိရင်တော့ ပိုပြီးတော့ ဂုဏ်ကျေးဇူးတွေ အမှတ်ရဖို့ မကောင်းကြဘူးလား? ကောင်းပါတယ်။ ဒါပေမဲ့ လောကကြီးကတော့ ဘာဖြစ်သလဲ?

သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်ပစ်ရမယ်ဆိုရင် သူတို့ပါးစပ်ထဲ အင်ဂျင်ဝိုင်တွေများ ထည့်ထားသလားမသိဘူး တော်တော်လေးသွက်တယ်။ သွက်သွက်လက်လက်နဲ့ ပြောလိုက်ကြတာ။ ဟုတ်တယ်မလား? သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချီးမွမ်းရမယ် ဆိုလို့ရှိရင်တော့ ဘာဖြစ်သလဲ? ပိဿာလေး ပါးစပ်ကြီး ဆွဲထားသလိုပဲ လေးနေတယ်။ အပေါ်မေးနဲ့ အောက်မေး ရိုက်လို့ကို မရနိုင်ဘူးတဲ့ ဖြစ်နေတာ။ ဒါကြောင့် တော်တော်လေး ခက်တယ်။ အဲဒီမှာ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ထပြီး လျှောက်ထားတော့ ဘုရားရှင်ကလည်း ဘာပြောသလဲ?

ကဲ သာရိပုတ္တရာ ... ဒီလိုဆိုရင်တော့ ရာဓပုဏ္ဏားကြီးကို သင် ရှင်ရဟန်း ပြုပေးပေတော့”။ “ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တပည့်တော် ရှင်ရဟန်း ပြုပေးရမလဲ” ထပ်ပြီး လျှောက်ထားတယ်။

ရှေးယခင်တုန်းကပေါ့ အဲဒီ ရာဓပုဏ္ဏားကြီးရဲ့ဝတ္ထု မဖြစ်ခင်ကတော့ သရဏဂုံသုံးပါးဖြင့် ရှင်ရဟန်းပြုဖို့ရန် မြတ်စွာဘုရား ခွင့်ပြုထားပါတယ်။ ရာဓပုဏ္ဏားကြီးအကြောင်း ပေါ်လာတဲ့အချိန်အခါမှာ ဘုရားရှင်၌ ပြုပြင်ပြောင်းလဲရေးလုပ်လိုတဲ့ အာသာဆန္ဒဓာတ်တော့ ရှိနေပြီဆိုတာ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကလည်း သိတယ်။ သိတဲ့အတွက် ဆက်ပြီး လျှောက်ထားတယ်။ “တပည့်တော် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှင်ရဟန်း ပြုပေးပါ့မလဲ” မေးလိုက်တဲ့ အခါကျတော့မှ အဲဒီမှာ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုဖို့ရန်အတွက် မြတ်စွာဘုရား ခွင့်ပြုတော်မူလိုက်ပါတယ်နော်။

အဲဒီအခါကျတော့မှ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ကဲ ဒီရာဓရဟန်းကြီးကတော့ အသက်လည်း ကြီးနေပြီ။ သံဃာငယ်တွေ ကြားထဲမှာ ထားနေခဲ့ရင် သံဃာငယ်တွေလည်း အနှောင့်အယှက်ဖြစ်မယ်။ အကုသိုလ်တရားတွေလည်း တိုးပွားမယ်။ ဒီရာဓရဟန်းကြီးအတွက်လည်း အနှောင့်အယှက် ဖြစ်နိုင်တယ်။ ဒီတော့ ငါ သင့်တော်တဲ့ တစ်နေရာကို ခေါ်သွားမှတော်မယ်။ ဘုရားရှင် ကိုယ်တော်တိုင်က တာဝန်ပေးထားတာ ဖြစ်တော့ ငါ မရိုမသေ မလေးမစား ပေါ့ပေါ့ဆဆ ဒီရာဓရဟန်းကြီးအပေါ်မှာ ဆက်ဆံလို့တော့ မတော်ဘူးဆိုပြီးတော့ တောကျောင်းလေး တစ်ကျောင်း ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ကမ္မဋ္ဌာန်းတွေ စနစ်တကျ သင်ပေးလိုက်တာ ရာဓရဟန်းကြီးကလည်း တကယ်ကြိုးစားအားထုတ်တဲ့ ရဟန်းတော်ဖြစ်ခြင်းကြောင့် မကြာမီ အချိန်ကာလအတွင်းမှာ အရဟတ္တဖိုလ် တည်သွားပါတယ်။

ဒါကြောင့် ၁-လုပ်စားဖူး သူ့ကျေးဇူးကို သိခြင်းသည် သတ္တဝါတစ်ဦး တစ်ယောက် အို, နာ, သေရေး ဒုက္ခကြီးမှတောင် လွတ်စေနိုင်တဲ့ စွမ်းအား မရှိဘူးလား? ရှိနေတယ်။ ဒါ သူ့ကျေးဇူးဆိုတာ သိတတ်ရပါတယ်။ ဒီတော့ သူတစ်ပါးတွေက သူတစ်ပါးတွေရဲ့ ကျေးဇူးကို ချေဖျက်နေတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ, သူတော်ကောင်းဖြစ်ချင်တဲ့ပုဂ္ဂိုလ် မှန်ခဲ့ရင် ဘယ်လိုစိတ်ထား ရှိရမလဲ?

ပရေ မက္ခီ ဘဝိဿန္တိ၊ မယမေတ္ထ အမက္ခီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မက္ခီ၊ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အမက္ခီ၊ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သိပ်ကောင်းတယ် သိပ်ကောင်းတယ်နော်။ နောက်စိတ်ထားပုံလေးတစ်ခု ဘုရား ဆက်ဟောတယ် -

ပရေ ပဠာသီ ဘဝိဿန္တိ၊ မယမေတ္ထ အပဠာသီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ပဠာသီ၊ ဂုဏ်တု ဂုဏ်ပြိုင် ပြုလုပ်တတ်သည့် စိတ်ထားရှိသည့် ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အပဠာသီ၊ ဂုဏ်ချင်း ပြိုင်ဆိုင်လိုတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

ဘယ့်နှယ်တုံး အဆင့်မြင့်မသွားဘူးလား? မြင့်သွားတယ်။ သိပ်ကောင်းတဲ့ စိတ်ထားနော်။ သူတစ်ပါးတွေက ဂုဏ်ချင်းပြိုင်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဂုဏ်တုဂုဏ်ပြိုင်နေတဲ့ ပုဂ္ဂိုလ်တွေ မဖြစ်စေရဘူးလို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ သာသနာတော်မှာနေရင် ဒီစိတ်ထား ရှိရပါတယ်နော်။ သာသနာတော်ကို မှီတင်းနေထိုင်ရင်, သူတော်ကောင်း မှန်ခဲ့ရင် ဒီစိတ်ထား ရှိရပါတယ်နော်။ ခေတ်ကတော့ များသောအားဖြင့်တော့ နည်းနည်းတော့ ပြိုင်ချင်ကြတယ်။ သူတစ်ပါး စိန်နားကပ် ဝတ်တာမြင်ရင် ကိုယ်လည်း စိန်နားကပ် ဝတ်ချင်တယ်။ ဂုဏ်ချင်းက နည်းနည်းလေး ပြိုင်ချင်တယ်။

သူတစ်ပါးက လှလှပပ တန်ဆာဆင်ထားရင် ကိုယ်လည်း လှလှပပ တန်ဆာဆင်ပြီးတော့ ပြလိုက်ချင်တယ်။ ဂုဏ်ချင်းလေးက နည်းနည်းလေးတော့ ပြိုင်ချင်ကြတယ်။ သူတစ်ပါး ဆံပင်ကောက်တော့ ကိုယ်လည်း ဆံပင်ကောက်, သူတစ်ပါး ဆံပင်ဖြတ်တော့ ကိုယ်လည်း ဆံပင်တွေ ဖြတ်ပစ်ရော။ ဟောပြီးရော ... ဖြတ်မယ့်ဖြတ်လည်း လုံးလုံး ဖြတ်လိုက်တာ မကောင်းဘူးလား? ဒကာကြီးတွေ နည်းနည်းလေး နည်းနည်းလေး ဖြတ်တယ်ဆိုတာတော့ သိပ်တော့ မကောင်းလှပါဘူး ထင်ပါတယ်။ ဖြတ်မယ့် ဖြတ်လည်း အကုန်လုံး ဖြတ်လိုက်လို့ရှိရင် ပိုကောင်းတာပေါ့။ ဟုတ်တယ်မလား? ကုသိုလ်တောင် ပိုရသွားသေးတယ်။ သူတစ်ပါးနဲ့က နည်းနည်းလေးကို လိုက်ပြီးပြိုင်လိုက်ရမှ စိတ်ထဲမှာ ကျေနပ်တယ်။ မယားချင်း ပြိုင်ရမှ, လင်ချင်း ပြိုင်ရမှ, သားချင်း ပြိုင်ရမှ, သမီးချင်း ပြိုင်ရမှ။

ဘုန်းကြီးတစ်ပါး သူ့ရဲ့ချွေးမအကြောင်း သူကပြောတယ်။ သူ့မှာ သားရှိတာကိုး။ သားရှိတော့ ချွေးမရှိနေတယ်။ ဒီချွေးမက ဘယ်လောက် ပြိုင်တတ်သလဲ? သူတစ်ပါးအိမ်ကို အလည်အပတ်သွားပြီး ဆိုလို့ရှိရင် ပစ္စည်းလေးတစ်ခုတွေ့ရင် ကောက်ကိုင်ပြီးတော့ ကြည့်လိုက်တယ်။ ကြည့်ပြီးတဲ့အခါ သူက ဘာပြောသလဲ? ဒီပစ္စည်းမျိုး ကျွန်မတို့အိမ်မှာလည်း ရှိတယ်။ ဒါ ရှိတာ, မရှိတာထား၊ ရှိတယ်လို့ပဲ သူက ပြောလိုက်တယ်။ ပြောပြီးတော့ သူက ထပ်ဆင့် ဘာကွန့်လိုက်သေးလဲ? ဒါပေမဲ့ ဒီပစ္စည်းက အဆင့်နိမ့်တယ်တဲ့။ အိမ်မှာရှိတဲ့ ပစ္စည်းက ဒီထက်ပိုပြီးတော့ အဆင့်မြင့်တယ်တဲ့။ ဂုဏ်ပြိုင်တာ ဂုဏ်ပြိုင်တာ ဟုတ်တယ်မလား?

တချို့က အဲဒီလို ပြိုင်ရုံတင် မဟုတ်ဘူး။ ကိုယ့်မှာ မရှိတော့ ဘာလုပ်သလဲ? သူတစ်ပါးဆီက ငှားပြီးတော့ ဝတ်ကြပြန်တယ်။ ဟုတ်တယ်မလား? သူတစ်ပါးတွေက ဒီလို ဂုဏ်တုဂုဏ်ပြိုင် စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဂုဏ်တုဂုဏ်ပြိုင်ချင်တဲ့စိတ်ထား မရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်။ ဒါက လူလောကမှာ သူတော်ကောင်းနယ်ပယ်ကျပြန်တော့ကော ဘာဖြစ်သလဲ? သူက ဘာအောင်တယ် ပထမငယ် အောင်တယ်။ ငါလည်း အောင်တယ်ပေါ့။ သူလည်း ပထမလတ်အောင်တယ်။ ငါလည်း အောင်တယ်ပေါ့။ ဂုဏ်တုဂုဏ်ပြိုင် ဟုတ်လား? သူက စာချတန်း အောင်ပြီဆိုရင် ငါလည်း အောင်စေရမယ်ပေါ့။ သူက ဘီအေအောင်ရင် ငါလည်း ဘီအေအောင်စေရမယ်ပေါ့။ လိုက်ပြိုင်တယ်။ ဒါတင်လားဆိုတော့ မကသေးဘူး။ ဟိုကောင်မ ဘာရှုပ်နေသလဲ မသိဘူး။ ဟုတ်တယ်မလား? ကိုယ်က ရှုပ်လို့ ရတာ, မရတာထား၊ ကိုယ်လည်း သူ့လိုပဲ ရတယ်ဆို လှမ်းပြီးတော့ ကြွားလိုက်သေးတယ်။ လိုက်ပြီးတော့ တရားချင်းတောင်မှ လိုက်ပြီးတော့ မပြိုင်ကြဘူးလား? ပြိုင်နေကြတယ်။

သူတော်ကောင်းမှန်ခဲ့ရင် အဲဒီလို ပြိုင်ဆိုင်ချင်တဲ့ စိတ်ဓာတ် ရှိရမလဲ, မရှိရဘူးလား? မရှိရဘူး။ ရိုးသားဖြောင့်မတ်တဲ့စိတ်ထားသာ ရှိရပါတယ်နော်။ ဒါကြောင့် -

ပရေ ပဠာသီ ဘဝိဿန္တိ၊ မယမေတ္ထ အပဠာသီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ပဠာသီ၊ ဂုဏ်တု ဂုဏ်ပြိုင် ပြုလုပ်တတ်သည့် စိတ်ထားရှိသည့် ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အပဠာသီ၊ ဂုဏ်ချင်း ပြိုင်ဆိုင်လိုတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

ဘုန်းကြီးတို့ကတော့ မြတ်စွာဘုရားကို ကြည်ညိုတာက ဒီလို နည်းပေး ညွှန်ကြားချက်ကလေးတွေ ကြည့်ပြီးတော့ သိပ်ပြီးတော့ ကြည်ညိုပါတယ်။ အလွန် အဆင့်အတန်းမြင့်တဲ့ စိတ်နေစိတ်ထားလေးတွေပဲ။ နောက်တစ်ခု -

ပရေ ဣဿုကီ ဘဝိဿန္တိ၊ မယမေတ္ထ အနိဿုကီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဣဿုကီ၊ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားရှိသည့် ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အနိဿုကီ၊ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

အခုလို မ-တစ်ထောင်သားတွေ စုပေါင်းပြီး နေထိုင်တဲ့ ဒေသတစ်ခုမှာ ဒီစိတ်ထားက အလွန်အရေးကြီးပါတယ်နော်။ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားရှိနေပြီ ဆိုလို့ရှိရင်တော့ အဲဒီစိတ်ထားရှိတဲ့ပုဂ္ဂိုလ်မှာ ထိုအချိန်အခါ စိတ်ဆင်းရဲမလား, စိတ်ချမ်းသာမလား? စိတ်ဆင်းရဲနေပါတယ်။ သူ့ဟာသူတော့ သူက ချမ်းသာတယ်, ဆင်းရဲတယ် သူက မဆန်းစစ်ဘူး။ သူ့ဟာသူတော့ ကောင်းတယ်လို့တော့ သူက ထင်နေတယ်။ ဒါပေမဲ့ အဲဒီအချိန်အခါမှာ သူတစ်ပါးကို ကြည့်နေရတဲ့စိတ်ထားက သူ့မှာ ဝင်ပြီးတော့ နှောင့်ယှက်နေတယ်။ ကိုယ့်ထက်သာသွားရင် နည်းနည်းလေးမှ ကြည့်လို့မရဘူး, သူ့မှာ ကြည်ညိုတဲ့ ဒကာ, ဒကာမပေါရင် ကိုယ်က ကြည့်လို့မရဘူး, သူ့မှာ ပစ္စည်းလာဘ်လာဘတွေပေါများနေရင် ကိုယ်က ကြည့်လို့မရဘူး။ ဒါက သာသနာတွင်းပေါ့။

လူလောကကျတော့လည်း သူက စီးပွားရေးမှာ ကိုယ့်ထက် သာသွားပြီဆိုရင်, ရာထူးဂုဏ်သိန်မှာ ကိုယ့်ထက် သာသွားပြီဆိုရင် ကိုယ်က ကြည့်လို့ မရဘူး။ ကြည့်လို့မရတဲ့ အချိန်အခါကျတော့ တစ်ခါတစ်လေ ဘာလုပ်သလဲ? မမြင်ချင်ယောင် အသာလေး ဆောင်နေတယ်။ ဟိုဘက်က လှမ်းပြီး ခေါ်လိုက်တော့မှ မကြားချင်ယောင် ဆောင်နေလိုက်တယ်။ ဒါ ဘာဖြစ်လို့လဲ? ကိုယ့်ထက်သာ မနာလိုတဲ့စိတ်ထား ရှိတာ။ အဲဒီလို ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တွေ စုပေါင်းပြီး နေထိုင်ကြမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေမှာ စိတ်ချမ်းသာမှု ဖြစ်ပါ့မလား? မဖြစ်ဘူး။ စိတ်ချမ်းသာမှု မဖြစ်ရင် သူတို့မှာ သီလဂုဏ်ကျေးဇူးတွေ, သမာဓိဂုဏ်ကျေးဇူးတွေ, ပညာဂုဏ်ကျေးဇူးတွေ ကြီးပွားတိုးတက်မှုဆိုတာကော ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်တော့ဘူး။ ဒီစိတ်ထားလေးတွေက အခြေခံပဲနော်။

မိမိက အဆင့်အတန်း မြင့်မားနေတဲ့ သီလဂုဏ်ကျေးဇူးတွေကို လိုလား တောင့်တခဲ့မယ်ဆိုရင်, အဆင့်အတန်း မြင့်မားနေတဲ့ သမာဓိဂုဏ်ကျေးဇူးတွေကို လိုလား တောင့်တခဲ့မယ်ဆိုရင်, အဆင့်အတန်း မြင့်မားနေတဲ့ ပညာဂုဏ်ကျေးဇူးတွေကို လိုလားတောင့်တခဲ့မယ်ဆိုရင် ဒီလို အခြေခံယုတ်ညံ့နေတဲ့ စိတ်ထားလေးတွေကို မိမိတို့က ပြုပြင်ပြောင်းလဲပေးတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါကြောင့် -

ပရေ ဣဿုကီ ဘဝိဿန္တိ၊ မယမေတ္ထ အနိဿုကီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဣဿုကီ၊ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားရှိသည့် ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အနိဿုကီ၊ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

နောက်တစ်ခု မြတ်စွာဘုရား ဆက်ဟောပြီ။

ပရေ မစ္ဆရီ ဘဝိဿန္တိ၊ မယမေတ္ထ အမစ္ဆရီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မစ္ဆရီ၊ ဝန်တိုခြင်း မစ္ဆရိယ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အမစ္ဆရီ၊ ဝန်တိုခြင်း မစ္ဆရိယတရား ထင်ရှားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ဝန်တိုခြင်း မစ္ဆရိယတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင် ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ဝန်တိုခြင်း မစ္ဆရိယ အညစ်အကြေး ကင်းနေတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါတဲ့နော်။ မစ္ဆရိယက တချို့က များသောအားဖြင့်တော့ နှမြောတယ်လို့ ပြောချင် ပြောတတ်ပါတယ်နော်။ အနည်းအကျဉ်းတော့ မှန်သင့်သလောက် မှန်ပါတယ်။ ဒီနေရာမှာ အဓိက မစ္ဆရိယက ဒေါသနဲ့ ယှဉ်တွဲနေတယ်။ လောဘကတော့ ရှေ့တန်းက ပြေးချင်ပြေးမယ်။ မစ္ဆရိယ တကယ်ထင်ရှား ဖြစ်နေတဲ့ အချိန်အခါမှာ သူက ဒေါသနဲ့တွဲတယ်။

မိမိပစ္စည်း တစ်ခုခုကို လာထိရင် အထိမခံနိုင်ဘူး၊ သားထိလည်း အထိမခံနိုင်ဘူး၊ သမီးထိလည်း အထိမခံနိုင်ဘူး၊ မြေးထိလည်း အထိမခံနိုင်ဘူး၊ အဖွားကြီးထိလည်း အထိမခံနိုင်ဘူး၊ အဖိုးကြီးထိလည်း အထိမခံနိုင်ဘူး။ အဲဒီလို အထိမခံနိုင်တဲ့စိတ်ထား။ အခုလို သီတင်းသုံးဖော်ချင်းကျတော့ ဘာဖြစ်သလဲ? ကိုယ့်လူ၊ သူ့လူ ဆိုတာလေးက နည်းနည်း ရှိတတ်ပါတယ်။ ကိုယ့်လူထိရင် အထိမခံနိုင်ဘူး၊ သူ့လူထိလည်း အထိမခံနိုင်ဘူး စသည်ဖြင့် အဲဒီလို အထိမခံနိုင်တဲ့ စိတ်ထားလေးတွေပဲ။ အဲဒီလို အထိမခံနိုင်တဲ့စိတ်ထား ရှိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်သည် ဖြူစင်နေမလား၊ ညစ်နွမ်းနေမလား? ညစ်နွမ်းနေပြီ။ ထိုအချိန်အခါမှာ ထိုပုဂ္ဂိုလ် စိတ်ချမ်းသာမှု သူ့မှာ မရှိဘူး။ စိတ်ချမ်းသာမှုမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာ အလွန်အဆင့်အတန်း မြင့်မားနေတဲ့ သမာဓိဆိုတဲ့ စိတ်တည်ကြည်မှုတွေ ဖြစ်ပေါ်နိုင်ပါတော့မလား? မဖြစ်နိုင်တော့ဘူး။ သမာဓိမရှိရင် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိနေတဲ့ ဝိပဿနာပညာ၊ မဂ်ပညာဆိုတဲ့ အဆင့်အတန်း မြင့်နေတဲ့ ပညာတွေကော ဖြစ်ဦးမလား? မဖြစ်တော့ဘူး။

ဒါကြောင့် အလွန်အဆင့်အတန်း မြင့်မားနေတဲ့ သီလ၊ သမာဓိ၊ ပညာ-ခေါ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ချိုးဖဲ့ဖျက်ဆီးနေတဲ့ အဲဒီ စိတ်ထားဖြစ်ခြင်းကြောင့် ဘုရားရှင်က ဒီနေရာမှာ ဆိုဆုံးမနေတယ်။

ပရေ မစ္ဆရီ ဘဝိဿန္တိ၊ မယမေတ္ထ အမစ္ဆရီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မစ္ဆရီ၊ ဝန်တိုခြင်း မစ္ဆရိယ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အမစ္ဆရီ၊ ဝန်တိုခြင်း မစ္ဆရိယတရား ထင်ရှားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

စိတ်ဓာတ် မွေးမြူပုံလေးနော်။ နောက်တစ်ခု -

ပရေ သဌာ ဘဝိဿန္တိ၊ မယမေတ္ထ အသဌာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ သဌာ၊ ကောက်ကျစ်စဉ်းလဲတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အသဌာ၊ ကောက်ကျစ်စဉ်းလဲတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ကောက်ကျစ်စဉ်းလဲနေတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည် ဖြစ်ချင် ဖြစ်ပါစေ၊ တို့ကတော့ ကောက်ကျစ်စဉ်းလဲတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ ဘယ့်နှယ်တုံး ဒကာကြီးတွေ ကြည်ညိုဖွယ် မကောင်းဘူးလား? သိပ်ကောင်းတယ်။ စိတ်ဓာတ်မွေးမြူပုံ စနစ်ကလေးတွေပဲ။ ဒီတော့ ဒီနေရာမှာ ကောက်ကျစ်စဉ်းလဲတယ်ဆိုတာက ဘာပြောတာလဲ?

သဌာတိ အသန္တဂုဏဝိဘာဝနလက္ခဏေန သာဌေယျေန သမန္နာဂတာ။

ဆိုပြီးတော့ ဒီလို ဖွင့်ထားတယ်။

အသန္တဂုဏ၊ မိမိမှာ ထင်ရှားမရှိတဲ့ ဂုဏ်ကျေးဇူးတွေကို။ ဝိဘာဝန၊ ချီးမွမ်းတယ်။ မိမိက ဘီအေ မအောင်ဘဲနဲ့ ဘီအေ အောင်တယ်ပေါ့။ ဆယ်တန်း မအောင်ဘဲနဲ့ ဆယ်တန်းအောင်တယ်ဆိုပြီး ကိုယ့်ဂုဏ်ကိုကိုယ် ချီးမွမ်းတယ်။ ဘွဲ့မရဘဲနဲ့ ဘွဲ့ရတယ်ပေါ့။ ဒါက လောကလိုင်း။ ဒီဘက်က ဘုန်းကြီးလိုင်း ကျတော့လည်း စာမေးပွဲ ဘာမှ မအောင်ဘဲနဲ့ အောင်တယ်လို့ ကိုယ့်ကိုယ်ကို ဂုဏ်တင် ချီးမွမ်းတယ်။ တစ်ဖက်က ပစ္စည်းဘက်က ပြောရင်လည်း ခုနလိုပေါ့ ကိုယ့်မှာ ရွှေတွေ၊ ငွေတွေ တကယ်မရှိဘဲနဲ့ သူများစီက ငှားပြီးတော့ ဝတ်လိုက်တယ်။ အဲဒါ ဘာလုပ်တာလည်း ထင်ရှားမရှိတဲ့ ဂုဏ်ကို ချီးမွမ်းပြခြင်းပဲ။ အဲဒါဟာ ကောက်ကျစ်စဉ်းလဲတဲ့သဘော။

ဒီတော့ မိမိမှာ သမာဓိမရှိဘဲနဲ့ သမာဓိရှိဟန်ဆောင်တယ်၊ ပညာ မရှိဘဲနဲ့ သမာဓိရှိဟန်ဆောင်တယ်၊ ပထမဈာန်မရဘဲနဲ့ ပထမဈာန်ရဟန်ဆောင်တယ်။ ဆရာသမားဆီမှာ သွားပြီး တရားစစ်လိုက်တယ်။ တပည့်တော် ဘယ်လို ရှုတယ်ဘုရား။ တပည့်တော်က ပထမဈာန် ရပြီဘုရား။ တပည့်တော် ဒုတိယဈာန် ကူးလို့ရသွားပြီ။ တပည့်တော်က တတိယဈာန် ကူးလို့ရပြီ။ ဟော သမာဓိ မရှိဘဲနဲ့ သမာဓိရှိဟန် ဆောင်တယ်။ တကယ်ရှိလို့ ပြောတာက ဒါ အကြောင်းမဟုတ်ပါဘူးနော်။ မရှိဘဲနဲ့ မိမိမှာ ထင်ရှားမရှိတဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြီးတော့ ထင်ရှားရှိလေဟန်ဆောင်တာကို ဘာပြောသလဲ? ကောက်ကျစ်စဉ်းလဲတယ်။

ရုပ်တွေ နာမ်တွေကို တကယ်မသိဘဲနဲ့ သိတယ်။ အကြောင်းတရား အကျိုးတရားတွေကို တကယ်မသိဘဲနဲ့ သိတယ်။ အဲဒီလို ဟန်ဆောင်တာပဲ။ ဒါ ကောက်ကျစ်စဉ်းလဲတယ်လို့ ခေါ်ပါတယ်။ ဒါကြောင့် သူတစ်ပါးတွေက ကောက်ကျစ်စဉ်းလဲနေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ကောက်ကျစ်စဉ်းလဲတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဒီစိတ်ဓာတ်ကို မွေးမြူပါ။ အဲဒီစိတ်ဓာတ်က နိဗ္ဗာန်ရရေးအတွက် ဒကာကြီးတွေ အလွန်အရေးမကြီးဘူးလား? သိပ်ကြီးနေတယ်။

မှန်မှန်ကန်ကန် မပြောဘဲနဲ့ တရားလာလျှောက်ရင် ဆရာသမားဘက်ကလည်း ပြင်ပေးရမှာ မခက်ဘူးလား? ခက်သွားပြီ။ လမ်းမှန်ကိုရောက်အောင် တွန်းပို့ဖို့ဆိုတာ အခက်အခဲတွေ များစွာ ရှိမသွားဘူးလား? ရှိသွားပြီနော်။ ကဲ နောက်တစ်ခု -

ပရေ မာယာဝီ ဘဝိဿန္တိ၊ မယမေတ္ထ အမာယာဝီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မာယာဝီ၊ မာယာများတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အမာယာဝီ၊ မာယာမများတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက မူယာမာယာများနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ မာယာမများတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါတဲ့။ ဘာပြောတာလဲ? မာယာ -

မာယာတိ ဣဓေကစ္စော ကာယေန ဒုစ္စရိတံ စရိတွာတိအာဒိနာ နယေန ဝိဘင်္ဂေ ဝိဘတ္တာ ကတပါပပဋိစ္ဆာဒနတာ။ (ဋ္ဌ၊၁၊၃၀၄။)

ဝိဘတ္တာ ကတပါပပဋိစ္ဆာဒနတာ၊ ထင်ရှားရှိနေတဲ့ အပြစ်တွေကို ဖုံးလွှမ်းတတ်တဲ့ သဘောလေးကို မာယာလို့ ခေါ်တယ်။ ဒီတော့ မိမိမှာ အပြစ်တွေ ရှိပါတယ်။ အပြစ်ရှိပါလျက်နဲ့ အပြစ်မရှိဟန်ဆောင်တယ်။ ဘယ်လို ဆောင်သလဲ? “အမလေး... ကျုပ်တို့က ဒီလိုအစားမျိုး မဟုတ်ပါဘူးတော်” တဲ့။ အမှန်ကတော့ ဒီလို အစားပါ။ အဲ ဘယ်တော့မှ ဝန်မချနိုင်ဘူး။ အချိန်မရွေး ရင်ဆိုင်ရဲတယ်။ သူက စိတ်ထားက မာယာများနေတဲ့ ကိုယ့်ရဲ့စိတ်ထား၊ မာယာမရှိတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ထား တူညီသလား? မတူညီဘူး။ အဲဒီလို မာယာတွေ၊ ပရိယာယ်တွေ များနေပြီ ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်သည် ချမ်းသာမှု ရှိပါ့မလား? မရှိဘူး။ ချမ်းသာမှုမရှိရင် ထိုပုဂ္ဂိုလ်မှာ အဆင့်အတန်း မြင့်မားနေတဲ့ သီလဂုဏ်ကျေးဇူးတွေ၊ အဆင့်အတန်း မြင့်မားနေတဲ့ သမာဓိဂုဏ်ကျေးဇူးတွေ၊ အဆင့်အတန်း မြင့်မားနေတဲ့ ပညာဂုဏ်ကျေးဇူးတွေ တိုးတက်ပြီး လာနိုင်ပါဦးပါ့မလား? မလာနိုင်တော့ဘူး။ ဒီလို မာယာများတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဆရာကောင်းသမားကောင်းတွေက ကြည့်ရှုစောင့်ရှောက်လိုတဲ့စိတ်ထား ရှိဦးမလား? မရှိတော့ဘူး။ ဝေးသွားပြီ။ ဘာဖြစ်လို့လဲ?

သူက မိမိရဲ့ ကိုယ်ကျင့်သီလ ပျက်စီးနေတာကို ကိုယ်ကျင့်သီလ ပျက်စီးတယ်လို့ မိမိကိုယ်ကိုမိမိ မယုံကြည်ဘူး၊ လက်မခံဘူး။ ငါဟာ သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်ပဲလို့ မိမိကိုယ်ကိုမိမိ ပြန်ပြီးတော့ လှည့်ပတ်နေတယ်၊ လိမ်ညာနေတယ်။ ကိုယ့်ကိုယ်ကို လိမ်ညာနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် သူတစ်ပါးကို လိမ်ဖို့ရန်အတွက် အင်မတန် လွယ်ကူမသွားဘူးလား? လွယ်ကူသွားပြီ။ လောကမှာ ကိုယ့်ကိုယ်ကို လိမ်ညာနေပြီ ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်အတွက် ကြီးပွားတိုးတက်မှု လမ်းကြီးသည် ရှေ့ကနေ တံတိုင်းကြီး ကာထားသလို ဆို့ပိတ်ပြီး မသွားဘူးလား? သွားပြီ။ ဘယ်လိုမှ ရှေ့တက်လို့ မလွယ်တော့ဘူးနော်။ ဒါကြောင့် -

ပရေ မာယာဝီ ဘဝိဿန္တိ၊ မယမေတ္ထ အမာယာဝီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မာယာဝီ၊ မာယာများတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အမာယာဝီ၊ မာယာမများတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက မာယာများတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ဘယ်တော့မှ မာယာမများတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်မျိုးကို သူတော်ကောင်းဆိုရင် မွေးမြူပါတဲ့ - ဘုရားက တိုက်တွန်းထားတယ်နော်။ နောက်တစ်ခု -

ပရေ ထဒ္ဓါ ဘဝိဿန္တိ၊ မယမေတ္ထ အတ္ထဒ္ဓါ ဘဝိဿာမာ'တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ထဒ္ဓါ၊ ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အတ္ထဒ္ဓါ၊ ခက်ထန်တင်းမာတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ခက်ထန်တင်းမာနေတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ခက်ထန်တင်းမာတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ မကောင်းဘူးလား ဒကာကြီးတွေ။ သိပ်ကောင်းတယ်။ အဆင့်မြင့်တယ်နော်။ သူ့ဘာသူ စိတ်ဓာတ်တွေ တင်းမာချင်လည်း တင်းမာပါစေ၊ ကိုယ့်ဘက်က နှလုံးပျော့ပျောင်းနေမယ် ဆိုလို့ရှိရင် မိမိအတွက် ကုသိုလ်တရားတွေ တိုးပွားမသွားဘူးလား? တိုးပွားသွားမယ်။ သူက တင်းမာတဲ့အတွက် ဘာတဲ့လဲ? သူများ ခေတ်က ပြောတာဘာလဲ?

သူခဲမှ ကိုယ်ခဲမယ် ဆိုတာလား၊ ဘာဆိုလား မသိပါဘူး။ ဘုန်းကြီးက တစ်ခါတုန်းက တပည့်ယောဂီလေး တစ်ယောက်က ပြောသွားတာ။ ဒီစကား ကြားလိုက်ဖူးတယ်။ သူတော့ အမေရိကားမှာ၊ အမေရိကားက ပြန်လာတော့ အမေရိကမှာ သုံးတဲ့စကားတစ်ခု ရှိတယ်တဲ့၊ သူခဲမှ ကိုယ်ခဲမယ် ဆိုပြီး အချင်းချင်း၊ မြန်မာအချင်းချင်းတွေ ပြောကြတယ်တဲ့ ဟုတ်တယ်မလား? အဲဒီတော့ ဘုရားရှင်ရဲ့ စိတ်ထားက အဲဒီစိတ်ထားမျိုး ဟုတ်သလား? မဟုတ်ဘူး။ သူ့ဟာသူ ခဲချင်လည်းခဲ၊ မခဲချင်လည်းနေ။ ကိုယ်ခဲဖို့တော့ မလိုဘူးလား? လိုအပ်တယ်နော်။

အဲဒါကြောင့် သူတစ်ပါးတွေက ခက်ထန်တင်းမာနေတဲ့ စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ခက်ထန်တင်းမာတဲ့ စိတ်ဓာတ်မရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ထားကို မွေးမြူပါတဲ့နော်။ ခက်ထန် တင်းမာနေတဲ့ပုဂ္ဂိုလ်ကို စာကတော့ ဥပမာပေးထားတာက - မြွေ ၁-ကောင်က ထွန်တုံးကြီး ၁-ခုကို မျိုထားတယ်။ အဲဒီထွန်တုံးကြီး ၁-ခုကို မျိုထားတဲ့ ဒီမြွေသည် ကွေးလို့ ဆန့်လို့ ရပါဦးမလား? မရတော့။

အဲဒီအတိုင်းပဲ ခက်ထန်တင်းမာနေတဲ့ စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ဟာ ဒီလို မပြောနဲ့၊ ပြောတယ် ဘာဖြစ်သလဲ? ဒီလို မနေနဲ့၊ နေတယ် ဘာဖြစ်သလဲ? ဒီလို မလုပ်နဲ့၊ လုပ်တယ် ဘာဖြစ်သလဲ? အဲဒီလိုပုဂ္ဂိုလ်မှာ သီလစင်ကြယ်ဖို့ ဆိုတာတောင် ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်တော့ဘူး။ ဘယ်သူ ဆုံးမတာကိုမှ သူက လက်မခံဘူး။ ဘယ်သူ့ကိုမှလည်း အရေးမစိုက်ဘူး။ ခပ်တင်းတင်းပဲ။ မျက်နှာထားကလည်း ခပ်တင်းတင်းပဲ, နေတာလည်း ခပ်တင်းတင်းပဲ။ အဲဒီလို တင်းမာနေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ စိတ်ထားသည် အကုသိုလ်စိတ်ထားလား, ကုသိုလ်စိတ်ထားလားလို့ မေးရင် ဘယ်လို ဖြေမလဲ? အကုသိုလ်စိတ်ထား။ အကုသိုလ်တရားတွေ မွေးမြူနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အကုသိုလ်တရား တိုးပွားမလား, ကုသိုလ်တရား တိုးပွားမလားလို့ မေးရင် ဘယ်လို ဖြေမလဲ?

အကုသိုလ်တရား တိုးပွားမယ်။ အကုသိုလ်တရားတွေ တိုးပွားနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကုသိုလ်တရားတွေသည် ဆုတ်ယုတ်ပြီး မသွားဘူးလား? ဆုတ်ယုတ်သွားပြီ။ ဒီတော့ အကုသိုလ် မွေးမြူရေး လုပ်နေမယ်ဆိုလို့ရှိရင် မိမိအတွက် ကြီးပွားတိုးတက်မှုဆိုတာ ဖြစ်နိုင်ပါ့ဦးမလား? မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် -

ပရေ ထဒ္ဓါ ဘဝိဿန္တိ၊ မယမေတ္ထ အတ္ထဒ္ဓါ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ထဒ္ဓါ၊ ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အတ္ထဒ္ဓါ၊ ခက်ထန်တင်းမာတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ, သူတော်ကောင်းတွေက ဒီစိတ်ထားမျိုးကလေးတွေရှိဖို့ မလိုဘူးလား? သိပ်လိုတယ်။ ဒါကြောင့် ဘုရားဟောနေတယ်နော်။ နောက်တစ်ခု -

ပရေ အတိမာနီ ဘဝိဿန္တိ၊ မယမေတ္ထ အနတိမာနီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ အတိမာနီ၊ အလွန်မြင့်မောက်တဲ့ မာန်မာနတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ နနတိမာနီ၊ အလွန်မြင့်မောက်တဲ့ မာန်မာနတရား ထင်ရှားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

တချို့ကတော့ မာနသိပ်ကြီးတယ်။ သူတစ်ပါးတွေက မာနသိပ်ကြီးနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ အလွန် မာနမကြီးတဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ မိမိတို့ရဲ့ စိတ်ဓာတ်ကို မွေးမြူပေးပါတဲ့။ ကိုယ့်ရှိမှ ကိုယ်စားရတာပါ၊ ဘယ်သူ့ကို အရေးစိုက်စရာ ရှိသလဲ-တဲ့နော်။ တချို့က ဒီစိတ်ထား မရှိဘူးလား? ရှိတယ်။ တချို့ကျတော့ နည်းနည်းလေး ယှဉ်ကြည့်လိုက်တယ်။ ပခုံးလေး နည်းနည်းလေး ယှဉ်ကြည့်လို့ ကိုယ်က သာနေပြီ ဆိုလို့ရှိရင် ဒင်းနဲ့ငါနဲ့ တန်လို့လားတဲ့။ ဒင်းနဲ့ ငါနဲ့ အဖက်လုပ်ပြီး စကားပြောသင့်လို့လားတဲ့။ ဒါက အလွန် ကိုယ့်ကိုယ်ကို မြှင့်တင်လိုက်တာ။ သူနဲ့ကိုယ်နဲ့ တန်းတူနေပြီ ဆိုလို့ရှိရင်တော့ သူလည်း ဒါမျိုး ရှိတာပဲ၊ ငါလည်း ဒါမျိုး ရှိတာပဲ။ ဘာအရေးစိုက်စရာ ရှိတယ်။ ဖြစ်ပြီ။ ကိုယ်နဲ့သူနဲ့ ယှဉ်လိုက်လို့ သူက နည်းနည်းလေး အဆင့်မြင့်နေပြီ၊ ကိုယ်က အဆင့်နိမ့်သွားပြီဆိုရင် ဘာဖြစ်လဲ? အို ... ကိုယ်ရှိမှ ကိုယ်စားရတာ၊ ဘယ်သူ့ အရေးစိုက်စရာ လိုသလဲတဲ့။ ဟီနမာန်၊ မဇ္ဈိမမာန်၊ ပဏီတမာန် ဆိုပြီးတော့ ဒီလို မာန်မာန ထောင်လွှားမှု မရှိကြဘူးလား? ရှိကြတယ်။

လောကက တော်တော်ခက်တယ်နော်။ ဒါကြောင့် သူတစ်ပါးတွေက အဲဒီလို အလွန်မာနသိပ်ကြီးတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ အလွန်မာနကြီးတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီစိတ်ဓာတ်ကို မွေးမြူပါတဲ့။ ဘုရားရှင်ရဲ့ မဟာကရုဏာတော်ကို အလွန်ကြည်ညိုဖို့ မကောင်းဘူးလား? ကြည်ညိုဖို့ ကောင်းပါတယ်။ ဒါယကာကြီးတွေနော်။ ကဲနောက်တစ်ခု -

ပရေ ဒုဗ္ဗစာ ဘဝိဿန္တိ၊ မယမေတ္ထ သုဗ္ဗစာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဒုဗ္ဗစာ၊ ဆိုဆုံးမ ခက်ခဲတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သုဗ္ဗစာ၊ ဆိုဆုံးမ လွယ်ကူတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ဆိုဆုံးမ ခက်ခဲတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဆိုဆုံးမ လွယ်ကူတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ ဆိုဆုံးမ ခက်တဲ့ပုဂ္ဂိုလ်နဲ့ ဆိုဆုံးမ လွယ်ကူတဲ့ပုဂ္ဂိုလ် ဒီနှစ်ဦး ဘယ်ပုဂ္ဂိုလ်က နိဗ္ဗာန်ရဖို့ ပိုနီးစပ်သလဲ? ဆိုဆုံးမ လွယ်ကူတဲ့ပုဂ္ဂိုလ်ကတော့ နိဗ္ဗာန်ရဖို့ ပိုပြီးတော့ မနီးစပ်ဘူးလား? နီးစပ်နေတယ်။ ဘာဖြစ်လို့လဲ? စိတ်ဓာတ်ပျော့ပျောင်း နူးညံ့ပုံချင်း တူသလား? မတူဘူး။ ပြောဆိုဆုံးမလို့ လွယ်ကူတဲ့ပုဂ္ဂိုလ်ကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတွေ၊ ဆရာကောင်းသမားကောင်းတွေ၊ မိတ်ကောင်းဆွေကောင်းတွေက စောင့်ရှောက်ချင်တဲ့စိတ်ထား ရှိတယ်။

ဆရာကောင်းသမားကောင်းတွေ, မိတ်ကောင်းဆွေကောင်းတွေက စောင့်ရှောက်လိုက်မယ် ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်မှာ ရုပ်တွေကို ဘယ်လို ရှုရမလဲ၊ နာမ်တွေကို ဘယ်လို ရှုရမလဲ၊ အကြောင်းတရား အကျိုးတရားတွေ ဘယ်လို ရှုရမလဲ၊ အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဘယ်လို ရှုရမလဲဆိုတဲ့ နည်းစနစ်ကောင်းတွေကို ထိုဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့ထံမှာ မရနိုင်ဘူးလား? ရနိုင်တယ်။ ရလို့ မိမိကလည်း ကျင့်လိုက်လို့ ပါရမီအားလျော်စွာ ရုပ်တွေ, နာမ်တွေ ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမယ်၊ အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမယ်၊ အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမယ်ဆိုရင် မိမိအတွက် အလွန် အဆင့်အတန်း မြင့်မားနေတဲ့ ဝိပဿနာဉာဏ်ပညာတွေ မရရှိနိုင်ဘူးလား? ရရှိနိုင်တယ်။

ဒီထက် တစ်ဆင့်တက်လို့ မိမိက အကယ်၍များ မဂ်ဉာဏ်, ဖိုလ်ဉာဏ်အထိ ဆိုက်ခဲ့မယ် ဆိုလို့ရှိရင်တော့ ဒီမဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေကလည်း အဆင့်ဆင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်သွားအောင် ထုတ်ဆောင်ကယ်တင်သွားမှာ ဖြစ်ပါတယ်နော်။ နောက်ဆုံး အရဟတ္တမဂ်၊ အရဟတ္တဖိုလ်အထိများ ရခဲ့မယ်ဆိုရင် အို, နာ, သေရေး ဒုက္ခဘေးကြီးမှ ကွင်းလုံးကျွတ် လွတ်မသွားနိုင်ဘူးလား? လွတ်သွားနိုင်တယ်။

အဲဒီလောက်အထိ အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတရားတွေကို ဘယ်လို ပုဂ္ဂိုလ်တွေက ဆိုဆုံးမပေးသလဲ? ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့က ဆိုဆုံးမပေးကြတယ်။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ဆိုဆုံးမပေးတာ ဘယ်လိုပုဂ္ဂိုလ်ကို ဆိုဆုံးမပေးသလဲ? ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်ကိုသာလျှင် ဆိုဆုံးမပေးတယ်။ ဆိုဆုံးမရ ခက်ခဲနေတဲ့ပုဂ္ဂိုလ် အရှင်ဒေဝဒတ်တို့လိုပေါ့နော်။ ဆိုဆုံးမရ ခက်ခဲနေတဲ့ ပုဂ္ဂိုလ်တွေကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတွေက ဆုံးမဦးမလား? မဆုံးမတော့ဘူး။

အော် ... ဒီလောက်တောင် အပြောရခက်ခဲတဲ့ပုဂ္ဂိုလ် ကဲ ... ဒင်းထိုက်နဲ့ ဒင်းကံ ရှိစေတော့” ဆိုပြီးတော့ ဥပေက္ခာအရာ ထားလိုက်တယ်နော်။ အဲဒီ အချိန်အခါမှာ အကျိုးတရားတွေ ရသင့်ရထိုက်တဲ့ အကျိုးတရားတွေ ဆုတ်ယုတ် ပျက်စီးမသွားနိုင်ဘူးလား? ဆုတ်ယုတ် ပျက်စီးသွားနိုင်တယ်။ ဒါပေမဲ့ ဗီဇဓာတ်ခံဆိုတာ တော်တော်ခက်တယ်နော်။

သာသနာတော်မှာ ဒုဗ္ဗစ ရဟန်းတွေ တော်တော်များများ ရှိခဲ့ဖူးပါတယ်။ အဲဒီ ဒုဗ္ဗစ ရဟန်းတွေက ဘဝတစ်ခုမှာ ဆိုဆုံးမ ခက်ခဲပြီ ဆိုလို့ရှိရင် နောက်ဘဝတစ်ခုကျတော့လည်း ဆိုဆုံးမခက်ခဲပြန်တယ်။ အဲဒီ ခက်ခဲနေတဲ့ ဗီဇဓာတ်ခံကို ဒုဗ္ဗစ- ဆိုဆုံးမခက်ခဲတဲ့ဓာတ်ခံကို သူတို့က ဘဝတစ်ခုမှာ မွေးမြူခဲ့ရင် နောက်ဘဝတစ်ခုမှာကျတော့ ဒီဗီဇဓာတ်ခံက ပိုပြီးတော့ ရင့်ကျက်လာတယ်။ အချိန်မီ သူက တိုက်ဖျက်မှု မရှိဘူး။ အဲဒီလို တစ်ဆင့်ထက် တစ်ဆင့် ရင့်ကျက်သထက် ရင့်ကျက်လာတဲ့ အချိန်အခါမှာ နောက်ဆုံး ဘာဖြစ်သွားသလဲ? ဒီဆိုဆုံးမခက်ခဲတဲ့အရာမှာ တည်သွားပြီ ဆိုလို့ရှိရင်တော့ ခုနက ပြောသလိုပေါ့ အရိယာသူတော်ကောင်းတွေက ဝေးဝေးက ရှောင်တော့တယ်။

နာမည်ကျော်ဖြစ်တဲ့ အရှင်ဆန္ဒမထေရ် မြင်းမြီးဆွဲ မောင်ဆန်းပဲ ကြည့်ပါတော့နော်။ ဆိုဆုံးမဖို့ရန် အင်မတန် ခက်တယ်။ မာနကလည်း အင်မတန် ကြီးတယ်။ ဘုရားရှင်နဲ့ ဖွားဖက်တော် ဖြစ်ရတာကို ဂုဏ်ယူတယ်။ ဘုရားရှင်နဲ့ နန်းတော်အတွင်းမှာ အတူကစားဖက် ဖြစ်ခဲ့ရတာကို ဂုဏ်ယူတယ်။ ဘုရားရှင်ဟာ တို့ရဲ့ အရှင်သခင်ရဲ့သားပဲ ဆိုပြီးတော့ ဂုဏ်ယူတယ်။ အရှင်သာရိပုတ္တရာတို့၊ အရှင်မဟာမောဂ္ဂလာန်တို့ အစရှိတဲ့ မထေရ်ကြီး, မထေရ်ကျော်၊ ပုဂ္ဂိုလ်ထူး, ပုဂ္ဂိုလ်မော်တွေကို နောက်ပေါက်တဲ့ ရွှေကြာပင်တွေလို့ သူက ယူဆတယ်။ နှုတ်ကလည်း ကြမ်းတယ်။

ဒါကြောင့် သူ့ကို သံဃာအများက ဝေးဝေးက ရှောင်ပြီးနေကြတယ်။ နှုတ်ကြမ်းလွန်းလို့ သူ့ကို ဘယ်သူမှ မဆုံးမဘူး။ ဘုရားရှင်နဲ့ လက်ပွန်းတတီး နေထိုင်ခဲ့ရပေမယ့်လို့ ဒီလို နှုတ်တွေက ကြမ်းပြီးတော့, စိတ်ဓာတ်တွေကလည်း ခက်ထန်တင်းမာ, မာန်မာနတွေကလည်း အလွန်ကြီး, ဆိုဆုံးမရတာလည်း အင်မတန် ခက်ခဲတဲ့အတွက် ၄၅-ဝါ ကာလပတ်လုံး ဘုရားရှင်နဲ့ ဆုံဆည်းရပေမယ့်လို့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို ရရှိသလား? မရရှိပါဘူး။ နောက်ဆုံး ဘုရားရှင်က ပရိနိဗ္ဗာန်စံမယ့်ညကျမှ ဗြဟ္မဒဏ်ပေးဖို့ရန်အတွက် အမိန့်ချမှတ်ခဲ့ပါတယ်။ ဗြဟ္မဒဏ်ပေးလိုက်တော့မှ ဒီမာနလေးတွေ လျောကျပြီး ဆိုဆုံးမလွယ်ကူတဲ့အဆင့်ကို ပြောင်းသွားတယ် -

ဆိုဆုံးမ လွယ်ကူတဲ့အဆင့် ပြောင်းသွားမှ နောက်ဆုံး ရှင်အာနန္ဒာ ကိုယ်တော်မြတ်က တရားဟောပေးလိုက်တဲ့ အချိန်အခါမှာ သောတာပတ္တိ မဂ်ဉာဏ်, ဖိုလ်ဉာဏ် တည်သွားပါတယ်။ ဆက်လက်ပြီး ကြိုးစားအားထုတ်လိုက်တဲ့အခါကျမှ အရဟတ္တမဂ်, အရဟတ္တဖိုလ် ရရှိသွားတယ်။ ဒါကြောင့် ဆိုဆုံးမ ခက်ခဲနေတဲ့အဆင့်မှာ တည်ရှိနေတဲ့ ပုဂ္ဂိုလ် ၁-ဦးသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို ရနိုင်တဲ့ စွမ်းအင်တွေ ရှိပါသေးသလား? မရှိတော့ဘူး။ ဒါကြောင့် -

ပရေ ဒုဗ္ဗစာ ဘဝိဿန္တိ၊ မယမေတ္ထ သုဗ္ဗစာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဒုဗ္ဗစာ၊ ဆိုဆုံးမ ခက်ခဲတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သုဗ္ဗစာ၊ ဆိုဆုံးမ လွယ်ကူတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ဆိုဆုံးမ ခက်ခဲတဲ့ပုဂ္ဂိုလ် ဖြစ်ချင် ဖြစ်ပါစေ၊ တို့ကတော့ ဆိုဆုံးမ လွယ်ကူတဲ့ပုဂ္ဂိုလ် ဖြစ်စေရမယ်လို့ ဒီစိတ်ဓာတ်ကို မွေးမြူပါတဲ့နော်။ ကဲ နောက်တစ်ခု -
27kw32tw43a4tkvg6ih4rdekwc6zvjo မင်္ဂလသုတ်-၆၉/၉၇ 0 6304 21992 2026-05-21T21:12:57Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၆၉/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၆၈..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21992 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၆၉/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၆၈/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၇၀/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ်-၆၉

ပရေ ပါပမိတ္တာ ဘဝိဿန္တိ၊ မယမေတ္ထ ကလျာဏမိတ္တာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ပါပမိတ္တာ၊ ယုတ်မာတဲ့ မိတ်ဆွေရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ ကလျာဏမိတ္တာ၊ မိတ်ကောင်းဆွေကောင်း၊ ဆရာကောင်းသမားကောင်းရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

ညက ဒီအပိုင်း ဟောခဲ့တယ်နော်။

သူတစ်ပါးတွေက ယုတ်မာတဲ့ မိတ်ဆွေရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ကြပါစေ၊ တို့ကတော့ ကောင်းမွန်တဲ့ မိတ်ကောင်းဆွေကောင်း, ဆရာကောင်းသမားကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါတဲ့။ ဒီလိုဆိုရင် ယုတ်မာတဲ့ မိတ်ဆွေနဲ့ ပေါင်းရမလား, မပေါင်းရဘူးလား? မပေါင်းနဲ့။ ဘာဖြစ်လို့လဲ? ခဏခဏ ဘုန်းကြီး ဟောခဲ့ဖူးတယ်နော်။

ပူတိမစ္ဆံ ကုသဂ္ဂေန၊ ယော နရော ဥပနယှတိ။ ကုသာပိ ပူတိ ဝါယန္တိ၊ ဧဝံ ဗာလူပသေဝနာ။

ကောင်းလိုက်တဲ့ ဂါထာလေး။ ဘုန်းကြီးတို့ကတော့ သဘောကျလွန်းလို့ ခဏခဏ ရွတ်တယ်နော်။ ဘာပြောတာလဲ?

ယော နရော၊ အကြင်လူသားသည်။ ပူတိမစ္ဆံ၊ ငါးပုပ်ကို။ ကုသဂ္ဂေန၊ သမန်းမြက်ဖျားဖြင့် (သမန်းမြက်ဖြင့်)။ ဥပနယှတိ၊ အကယ်၍ ဖွဲ့ချည်ထုတ်ထားသည်ဖြစ်ငြားအံ့။ ကုသာပိ၊ သမန်းမြက်တို့သည်လည်းပဲ။ ပူတိ၊ အပုပ်နံ့တို့ကို။ ဝါယန္တိ၊ လှိုင်ထစေကြကုန်၏။ ဧဝံ၊ ဤအတူသာလျှင်။ ဗာလူပသေဝနာ၊ ယုတ်မာတဲ့ မိတ်ဆွေ (လူမိုက်) ကို မှီဝဲဆည်းကပ်ရခြင်းသည် (နံစော်ခြင်းကို ဖြစ်စေတတ်၏)။

သမန်းမြက်ကလေးနဲ့ ငါးပုပ်ကို သွားပြီး ထုတ်ထားခဲ့မိမယ်ဆိုရင် အဲဒီ သမန်းမြက်တွေကလည်း အပုပ်နံ့တွေ လှိုင်ပြီးတော့ ထွက်လာတတ်တယ်။ အလားတူပဲ ယုတ်မာတဲ့ လူမိုက်တွေကို, ယုတ်မာတဲ့ မိတ်ဆွေတွေကို ပေါင်းခဲ့မိမယ်ဆိုရင် ပေါင်းနေတဲ့ ပုဂ္ဂိုလ်ဟာလည်း အပုပ်နံ့ ထွက်လာတတ်တယ်။ မဟုတ်ဘူးလား? မပေါင်းသင့်တဲ့ပုဂ္ဂိုလ်နဲ့ သွားပေါင်းမိတဲ့အတွက် မိမိမှာ အထင်အမြင် လွဲခံရတယ်။ မပေါင်းသင့်တဲ့ ယုတ်မာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ သွားပေါင်းမိတဲ့အတွက် ပေါင်းတဲ့ပုဂ္ဂိုလ်လည်း ယုတ်မာတဲ့ မိတ်ဆွေလို့ ဘေးက သတ်မှတ်ချက် မခံရဘူးလား? ခံရတယ်။

ယုတ်မာနေတဲ့ လူမိုက်တစ်ဦးမှာ မကောင်းတဲ့အပုပ်နံ့တွေ လှိုင်ပြီး ထွက်နေသလို၊ လူမိုက်နဲ့ သွားပြီးတော့, ယုတ်မာတဲ့မိတ်ဆွေနဲ့ သွားပြီးတော့ ပေါင်းနေတဲ့ ပုဂ္ဂိုလ်ဟာလည်း ဒင်းလည်း ဒီပုတ်ထဲက ဒီပဲပဲ ဆိုပြီးတော့ ဘေးက မပြောကြဘူးလား? ပြောတယ်။ အပုပ်နံ့တွေ ကူးမသွားဘူးလား? ကူးသွားတယ်။ အပုပ်နံ့က ဒီလောက်ပဲ၊ ကိုယ်ကတော့ ပေါင်းရုံ ပေါင်းတာပါ။ တို့ကတော့ ဘာမှ မဟုတ်ပါဘူး။ ဒီလို ဆင်ခြင်မပေးနဲ့နော်။ အကယ်၍ ဘာမှ မဟုတ်ရင် ဒီလို ယုတ်မာတဲ့မိတ်ဆွေကို ဘုရားရှင်က ပေါင်းရမယ်လို့ ပြောသလား, မပေါင်းရဘူး ပြောသလား? မပေါင်းနဲ့တဲ့။ ဘာဖြစ်လို့လဲ?

အပုပ်နံ့တွေက ကူးစက်လာတတ်တယ်။ သူက မဟုတ်မတရားတွေ ပြောရင် ကိုယ်လည်း မဟုတ်မတရား ရောပြီးတော့ ပြောတတ်တယ်။ သူက မဟုတ်မတရားတွေ ပြုလုပ်နေရင် ကိုယ်လည်း မဟုတ်မတရား ရောပြီး ပြုလုပ်မိတတ်တယ်။ သူက မဟုတ်မတရားတွေ ကြံစည်စိတ်ကူးနေရင် ကိုယ်လည်း မဟုတ်မတရား ကြံစည်စိတ်ကူးတဲ့ပုဂ္ဂိုလ်မျိုး ဖြစ်သွားတတ်တယ်။

ဒါကြောင့် သူတစ်ပါးတို့က ယုတ်မာတဲ့ မိတ်ဆွေရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ကောင်းမွန်တဲ့ မိတ်ကောင်းဆွေကောင်း, ဆရာကောင်းသမားကောင်းရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်ဆိုပြီး ဒီစိတ်ဓာတ်ကို သင်ချစ်သားတို့, သင်ချစ်သမီးတို့ မွေးမြူကြစမ်းပါ။ ဘုရားရှင်ရဲ့ ဆိုဆုံးမချက်ပဲနော်။ ကဲ နောက်တစ်ခု ဘုရား ဘာဆက်ဆုံးမသလဲနော် -

ပရေ ပမတ္တာ ဘဝိဿန္တိ၊ မယမေတ္ထ အပ္ပမတ္တာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ပမတ္တာ၊ ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့နေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧต္ထ၊ ဤနေရာ၌။ အပ္ပမတ္တာ၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထား၍နေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ကုသိုလ်ကောင်းမှုတွေမှာ မေ့လျော့နေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ကြပါစေ၊ တို့ကတော့ ကုသိုလ်ကောင်းမှုတွေနဲ့ မေ့လျော့ခြင်းမရှိတဲ့ အပ္ပမာဒတရား လက်ကိုင်ထားနေတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ မိမိကတော့ သီလရှိတယ်လို့တော့ အမည်ခံတယ်။ ဒါပေမဲ့လို့ သီလ ဖြည့်ကျင့်ဖို့ တစ်ခါတစ်ရံ မေ့မနေတတ်ဘူးလား? မေ့နေတယ်။ အခုလို ပြောရင်တော့ ဗြုန်းကနဲ နားလည်ချင်မှ နားလည်မယ်။ နားမလည်သော်လည်း ရှိရင်ရှိမယ်။

သူ့အသက် မသတ်ပါဘူးဆိုပြီး ကိုယ်က သိက္ခာပုဒ် ဆောက်တည်ထားတယ်။ တစ်ခါတစ်လေ ပိုး, ရွ, ခြပိုးကလေးလေးတွေ သတ်ချင်လည်း သတ်မိမယ်။ ဒါ ကုသိုလ်ကောင်းမှုမှာ မေ့လျော့သွားတာနော်။ သီလကုသိုလ်၌ ဖြည့်ကျင့်ဖို့ရန်အတွက် မေ့လျော့သွားတယ်။ သူ့ပစ္စည်း မတရား မယူပါဘူးဆိုတဲ့ စိတ်ထဲမှာ ဆောက်တည်ထားတယ်။ မတရား မယူဘူးဆိုတဲ့ အဒိန္နာဒါနာသိက္ခာပုဒ်ကို ဆောက်တည်ထားပေမယ်လို့ တစ်ခါတစ်ရံ ယူချင်တဲ့စိတ်ထား သို့မဟုတ် ယူမိချင်လည်း ယူမိတတ်တယ်နော်။ တစ်ခါတလေကျတော့ ဘာဖြစ်သလဲ? မုသား မပြောပါဘူးဆိုပြီးတော့ -

“မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ” သူများတွေကလည်း လိုက်ဆိုတော့ ကိုယ်လည်း ခပ်တည်တည်ပဲ လိုက်ဆိုလိုက်တယ်။ ဒါ သီလကုသိုလ် ဆောက်တည်တဲ့ကုသိုလ် မဖြစ်ဘူး မဟုတ်ဘူး။ ဖြစ်တန်သလောက် ဖြစ်ပါတယ်။ ဒါပေမဲ့ မုသားတွေ ရေလိုသုံးနေပြန်တယ်။ သူတစ်ပါးတွေကို မဟုတ်မတရား စွပ်စွဲတယ်။ ကြမ်းတမ်းတဲ့စကားတွေ ပြောတယ်။ ပြိန်ဖျင်းတဲ့ စကားတွေ ပြောတယ်။ အဲဒီလိုဆိုတဲ့အခါကျတော့ ကုသိုလ်ကောင်းမှု, သီလတည်းဟူသော ကုသိုလ်ကောင်းမှုမှာ ဖြည့်ကျင့်ဖို့ရန်အတွက် မေ့လျော့နေတဲ့ ပုဂ္ဂိုလ်တွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီတော့ သူတစ်ပါးတို့က ဒီသီလကုသိုလ် လုပ်ငန်းရပ်မှာ ဖြည့်ကျင့်ဖို့ရန်အတွက် မေ့လျော့နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဒီသီလကုသိုလ်ကို ဖြည့်ကျင့်တဲ့ အပိုင်းမှာ မမေ့မလျော့တဲ့ အပ္ပမာဒတရား လက်ကိုင်ထားနေတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကိုသာ မွေးမြူပါတဲ့။

အလားတူပဲ သမထဘာဝနာတွေ မိမိတို့က ပွားများနေတယ်။ သမထဘာဝနာတွေ ပွားများတယ်ဆိုတာ တရားထိုင်လိုက်ပြီ, ရှုပြီ။ တရားတွေ သမာဓိစခန်းတွေ အောင်မြင်အောင် ထူထောင်နေတယ်။ ဒါပေမဲ့ စိတ်ကတော့ ဘာလုပ်သလဲ? ဟိုနေ့ညက ပြောသလိုပဲ ထန်းလျက်တွေ ဝယ်, ဝယ်ပြီးတော့ စာရင်းပဲ တွက်နေတယ်။ ဟုတ်တယ်မလား? ဒါ သမာဓိဘာဝနာ ကုသိုလ်လုပ်ငန်းရပ်တွေမှာ မေ့လျော့နေတာ။ သူတစ်ပါးတွေက ဒီသမာဓိ ကုသိုလ်လုပ်ငန်းရပ်တွေမှာ မေ့လျော့တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ မမေ့လျော့တဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ နောက်တစ်ခု -

ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာသိအောင် ကြိုးစားအားထုတ်တယ်, သိလည်း သိတယ်။ အကြောင်းတရား၊ အကျိုးတရားတွေ ဟုတ်တိုင်းမှန်စွာသိအောင် ကြိုးစားအားထုတ်တယ်, သိလည်း သိတယ် ဆိုကြပါစို့နော်။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး ၃-တန်တင်ပြီးတော့ ဝိပဿနာ ရှုတယ်။ ဒါပေမဲ့လို့ တစ်ခါတလေ ဝိပဿနာက ရှုမကောင်းဘူးတဲ့။ ဘာဖြစ်လို့လဲ? ကိုယ့်အကြောင်းပြချက်ကလေးတွေနဲ့ကိုယ် ရှိကြပါလိမ့်မယ်။ အဲဒီလို ရှုမကောင်းတဲ့ အခါကျတော့ စိတ်က ဟိုစဉ်းစား, ဒီစဉ်းစား၊ ဟိုကြံစည်, ဒီကြံစည်၊ ဟိုစိတ်ကူး, ဒီစိတ်ကူး။ အဲဒီလို ကုသိုလ် တကယ်တမ်းဖြည့်ကျင့်နေတဲ့ ဝိပဿနာဘာဝနာလုပ်ငန်းရပ်တွေမှာ ဒီလို ကြံစည်စိတ်ကူးမှုတွေဟာ မေ့လျော့နေခြင်းလို့ ခေါ်ပါတယ်နော်။ သူတစ်ပါးတွေက ဒီလို မေ့လျော့နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ။ ဝိပဿနာဘာဝနာလုပ်ငန်းရပ်တွေမှာ သူတစ်ပါးတွေက မေ့လျော့တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဘယ်တော့မှ မမေ့လျော့တဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ ဒါ ကိုယ့်အဆင့်နဲ့ ကိုယ်ပဲနော်။

အဲဒီ စိတ်ဓာတ်ကို မမွေးမြူဘူးဆိုရင်တော့ ရရှိထားပြီးနေတဲ့ သီလ ရရှိထားပြီးတဲ့ သမာဓိ, ရရှိထားပြီးတဲ့ ပညာတွေ လျောကျ မသွားနိုင်ဘူးလား? လျောကျသွားနိုင်တယ်။ နောက်ဆုတ်သွားမယ်။ ရှေ့ကို တိုးတက်ပြီးတော့ မလာနိုင်ဘူး။ ဒါကြောင့် မြတ်စွာဘုရားက ဆိုဆုံးမနေတယ်နော်။ နောက်တစ်ခု -

ပရေ အဿဒ္ဓါ ဘဝိဿန္တိ၊ မယမေတ္ထ သဒ္ဓါ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ အဿဒ္ဓါ၊ ယုံကြည်ခြင်း သဒ္ဓါတရား ထင်ရှားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သဒ္ဓါ၊ ယုံကြည်ချက် သဒ္ဓါတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမာ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက သဒ္ဓါတရား မရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ သဒ္ဓါတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါတဲ့။ ရတနာသုံးပါးကို ယုံကြည်ချက် သဒ္ဓါတရား တချို့က မရှိဘူး။ သဗ္ဗညုတဉာဏ်ဆိုတာ ရှိချင်မှရှိမယ် စသည်ဖြင့် သံသယရှိကြတယ်။ သူတစ်ပါးတွေက ယုံကြည်ချက် သဒ္ဓါတရား မရှိချင်နေပါစေ၊ တို့ကတော့ ရှိစေရမယ်။ တချို့က ကံ-ကံရဲ့အကျိုးကို လက်မခံချင်ကြဘူး။ သူတစ်ပါးတွေက ကံ-ကံရဲ့အကျိုးကို မယုံကြည်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင် ဖြစ်ပါစေ၊ တို့ကတော့ ယုံကြည်တဲ့ပုဂ္ဂိုလ်သာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။

တချို့က သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေအပေါ်မှာ သံသယရှိကြတယ်။ ဟိုတစ်နေ့ညက ပြောခဲ့တဲ့အတိုင်းပဲနော်။ သူတစ်ပါးတွေက သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေအပေါ်၌ ယုံမှားသံသယတွေ များပြားပြီးတော့ ယုံကြည်ချက်သဒ္ဓါတရား အားနည်းနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ကြပါစေ၊ တို့ကတော့ ယုံကြည်ချက် သဒ္ဓါတရား အားကောင်းနေတဲ့ သူတော်ကောင်းတွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။

ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် မွေးမြူရမလဲ? သီလကို တကယ်ဖြည့်ကျင့်ပါ။ သမာဓိကို စနစ်တကျ ထူထောင်ပါ။ ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာသိအောင် ကြိုးစားအားထုတ်ပါ။ အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာသိအောင် ကြိုးစားအားထုတ်ပါ။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေ ဟုတ်တိုင်းမှန်စွာသိအောင် ကြိုးစားအားထုတ်ပါ။ ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ချုပ်ဆုံးရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကြီးကို ကိုယ်တိုင်မျက်မှောက်ပြုနိုင်အောင် ကြိုးစားအားထုတ်ပါ။ အဲဒီလို အဆင့်ဆင့် ကြိုးစားအားထုတ်သွားလို့ အောင်မြင်မှု ရခဲ့ရင် ဒီမယုံကြည်ခြင်း အသဒ္ဓိယခေါ်တဲ့ တရားဆိုးတွေ ကွယ်ပျောက်ပြီးတော့ ယုံကြည်ချက် သဒ္ဓါတရားတွေသည် ခိုင်မြဲစွာ ထွက်ပေါ်ပြီးတော့ လာလိမ့်မယ်။ အဲဒီအဆင့်သို့ ရောက်သည့်တိုင်အောင် ကြိုးစားဖို့ရန် ရည်ရွယ်ပြီးတော့ ဘုရားရှင်က ဘာတိုက်တွန်းသလဲ?

ပရေ အဿဒ္ဓါ ဘဝိဿန္တိ၊ မယမေတ္ထ သဒ္ဓါ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ အဿဒ္ဓါ၊ ယုံကြည်ခြင်း သဒ္ဓါတရား ထင်ရှားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ သဒ္ဓါ၊ ယုံကြည်ချက် သဒ္ဓါတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမာ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

နောက်တစ်ခု မြတ်စွာဘုရား ဆက်ပြီး ဆုံးမပြန်တယ်နော် -

ပရေ အဟိရိကာ ဘဝိဿန္တိ၊ မယမေတ္ထ ဟိရိမနာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ အဟိရိကာ၊ အရှက်မရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ ဟိရိမနာ၊ ရှက်တတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက အရှက်မရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေနော်၊ တို့ကတော့ ရှက်တတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါတဲ့နော်။ ဘယ့်နှယ်တုံး ပရိသတ်တွေ အဲဒီလို ဆိုဆုံးမချက်ကလေးက တန်ဖိုးမရှိဘူးလား? ရှိနေတယ်။ အခြေခံပဲ။ လူ့လောကမှာ အရှက်အကြောက်ဆိုတာ ရှိရပါတယ်။ ဒါပေမဲ့ ဘာတွေ ရှက်တာလဲ? မကောင်းမှု အကုသိုလ်တွေ ဖြစ်ရမှာကို ရှက်ရမယ်၊ လောဘ ဖြစ်ရမှာကို ရှက်ရမယ်၊ ဒေါသ ဖြစ်ရမှာကို ရှက်ရမယ်၊ မောဟ ဖြစ်ရမှာကို ရှက်ရမယ်၊ မာန်မာနတွေ ဖြစ်ရမှာ၊ ဣဿာ - မစ္ဆရိယတွေ ဖြစ်ရမှာ ဒီတရားဆိုးတွေ ဖြစ်မှာကို ရှက်ရမယ်။ နောက်တစ်ခု -

ဒီထက် တစ်ဆင့်တက်လိုက်တော့ သူ့အသက် သတ်ရမှာ ရှက်ရမယ်၊ သူ့ပစ္စည်း မတရားယူရမှာ ရှက်ရမယ်၊ ကာမေသုမိစ္ဆာစာရလုပ်ငန်းရပ်တွေ ပြုကျင့်ရမှာကို ရှက်တတ်ရမယ်၊ မုသားပြောရမှာ ရှက်တတ်ရမယ်။ ဘယ့်နှယ်တုံး ရှက်ကော ရှက်ကြရဲ့လား? ကျယ်ကျယ်လေး ပြောစမ်းပါဦး ရှက်တတ်ကြရဲ့လား? ရှက်တတ်တယ်လို့ ပြောတဲ့ပုဂ္ဂိုလ်က အရေအတွက် သိပ်နည်းနေတယ်နော်။ အဲဒီတော့ မုသားပြောရမှာ ရှက်တတ်ရမယ်၊ ကြမ်းတမ်းတဲ့စကားတွေ ပြောရမှာ ရှက်တတ်ရမယ်၊ ပြိန်ဖျင်းတဲ့စကားတွေ ပြောရမှာ ရှက်တတ်ရမယ်၊ ကုန်းစကား ပြောရမှာ ရှက်တတ်ရမယ်။ သီလရှိတဲ့ သူတော်ကောင်းဆိုတာ ဒီလို အရှက်ရှိရပါတယ်။ ရှက်တဲ့စိတ်ထား မရှိဘူး ဆိုလို့ရှိရင် ဘာဖြစ်သလဲ? ဘုန်းကြီး ငယ်စဉ်အခါတုန်းကပေါ့လေ -

အင်မတန် မိဘလို ရင်းနှီးတဲ့ ဒကာကြီးတစ်ယောက်က သူ့ချွေးမအကြောင်း သူက ပြောဖူးတယ်။ သူ့ချွေးမ ဘာနဲ့တူသလဲတဲ့။ “အရှင်ဘုရား ... ငါးရံ့ကို ဆီလူးထားတာနဲ့ သိပ်တူတာပဲ” တဲ့။ အဲဒါ ဒကာကြီး ငါးရံ့ဆီလူးထားတာ မြင်ဖူးလား၊ မမြင်ဖူးဘူးလားတော့ မပြောတတ်ဘူး။ ဘုန်းကြီးတော့ မမြင်ဖူးဘူးနော်။ သူဘာပြောတာလဲလို့ မေးရင်တော့ မျက်နှာက ပြောင်ချော်ချော်နိုင်လွန်းလို့ သူက ပြောပုံရတယ်။ အရှက်မရှိဘဲနဲ့ သူက မပြုသင့်တာတွေကို ပြုတယ်၊ မပြောသင့်တာတွေကို ပြောတယ်၊ မကြံသင့်တာတွေကို ကြံနေပုံရတယ်။ အဲဒါကြောင့် ငါးရံ့ဆီလူးထားတဲ့ မျက်နှာမျိုးတွေကို သူတော်ကောင်းမှန်ရင် ရှိရမလား၊ မရှိရဘူးလား? မရှိရဘူးတဲ့။ ကဲ နောက်တစ်ခု -

ပရေ အနောတ္တာပီ ဘဝိဿန္တိ၊ မယမေတ္ထ ဩတ္တာပီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။ (အံ၊၃၊၇၁။ ဒါနူပပတ္တိသုတ်။)

ပရေ၊ သူတစ်ပါးတို့သည်။ အနောတ္တာပီ၊ ကြောက်ရွံ့တဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ ဩတ္တာပီ၊ ကြောက်ရွံ့တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက အကုသိုလ်တရားတွေဖြစ်မှာ မကြောက်တတ်တဲ့ပုဂ္ဂိုလ်။ လောဘဖြစ်ရမှာ မကြောက်ဘူး၊ ဒေါသဖြစ်ရမှာ မကြောက်ဘူး၊ မာန်မာနတွေဖြစ်ရမှာ မကြောက်ဘူး၊ ဣဿာ-မစ္ဆရိယတရားဆိုးတွေ ဖြစ်ရမှာ မကြောက်ကြဘူး။ “ငါ့လာမပြောနဲ့ ... ငါ့ဒေါသက သူများဒေါသနဲ့ တူတာမဟုတ်ဘူး၊ ငါ့မာနက သူများမာနနဲ့ တူတာမဟုတ်ဘူး၊ တို့က ဘယ်တော့မှ အောက်မကြို့ဘူး”။ အဲဒီလို စိတ်ထားမျိုးဖြစ်ရမှာ သူတော်ကောင်းမှန်ရင် ရှက်ရမှာလား၊ ကြောက်ရမှာလားမေးရင် ဘယ်လိုဖြေမလဲ? ရှက်ရမယ်၊ ကြောက်ရမယ်။ သူတစ်ပါးတွေက မရှက်မကြောက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ရှက်တတ်တဲ့ပုဂ္ဂိုလ်၊ ကြောက်တတ်တဲ့ပုဂ္ဂိုလ် ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါတဲ့နော်။

အကုသိုလ်တရားဆိုးတွေ ဖြစ်ရမှာကို ရှက်ရမယ်၊ ကြောက်ရမယ်။ ကာယဒုစရိုက်တွေ၊ ဝစီဒုစရိုက်တွေ၊ မနောဒုစရိုက်တွေ လွန်ကျူးရမှာကို ရှက်တတ်ရမယ်၊ ကြောက်တတ်ရမယ်နော်။ အဲဒီလို အရှက်အကြောက် ရှိဖို့ရန်အတွက် မြတ်စွာဘုရားက ဆိုဆုံးမနေတယ်။ လောကမှာပေါ့ - ဒီလို လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ဣဿာ - မစ္ဆရိယအစရှိတဲ့ အကုသိုလ်တရားဆိုးတွေ ဖြစ်ရမှာလည်း မရှက်တတ်ဘူး၊ မကြောက်တတ်ဘူး။ အဲဒီ အကုသိုလ်တရားဆိုးတွေကို အခြေခံပြီး ဖြစ်ပေါ်လာမယ့် ကာယဒုစရိုက်တွေ လွန်ကျူးရမှာလည်း မရှက်တတ်ဘူး၊ မကြောက်တတ်ဘူး၊ ဝစီဒုစရိုက်တွေ လွန်ကျူးရမှာလည်း မရှက်တတ်ဘူး၊ မကြောက်တတ်ဘူး၊ မနောဒုစရိုက်တွေ လွန်ကျူးရမှာလည်း မရှက်တတ်ဘူး၊ မကြောက်တတ်ဘူးဆိုရင် ထိုပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ အဆင့်အတန်း မြင့်မားနေတဲ့ သီလဂုဏ်ကျေးဇူးတွေ၊ အဆင့်အတန်း မြင့်မားနေတဲ့ သမာဓိဂုဏ်ကျေးဇူးတွေ၊ အဆင့်အတန်း မြင့်မားနေတဲ့ ပညာဂုဏ်ကျေးဇူးတွေ ကြီးပွားတိုးတက်မှုဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဒီတရား ၂-ပါးကို ဘုရားရှင်က လောကပါလတရား = သတ္တဝါတွေကို အကုသိုလ်မှ ကွယ်ကာ စောင့်ရှောက်ပေးတတ်တဲ့ တရားဆိုပြီး ဒီလိုလည်း ဟောထားပါတယ်။

ဒီအရှက်အကြောက် အကုသိုလ်တရားတွေကို ရှက်တတ်မယ်ဆိုရင် ဒီအကုသိုလ်တွေကို မဖြစ်အောင် ထိန်းသိမ်းတော့မယ်။ အကုသိုလ်တရားတွေကြောင့် ရရှိမယ့် မကောင်းကျိုးတွေကို ကြောက်တတ်မယ်ဆိုရင် ဒီအကုသိုလ်တရားတွေကို မဖြစ်အောင် ထိန်းသိမ်းတော့မယ်။ ဒီအကုသိုလ်တရားတွေကို အခြေခံပြီး ကာယဒုစရိုက်တွေကို လွန်ကျူးရမှာ ရှက်တတ်တယ်၊ ကြောက်တတ်တယ်ဆိုရင် ဒီကာယဒုစရိုက်တွေ မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်မယ်။ ဒီအကုသိုလ်တွေကို အခြေခံပြီးတော့ ဖြစ်ပေါ်လာမယ့် ဝစီဒုစရိုက်တွေ၊ မနောဒုစရိုက်တွေကို ရှက်တတ်တယ်၊ ကြောက်တတ်မယ်ဆိုရင် ဒီဝစီဒုစရိုက်၊ မနောဒုစရိုက်တွေကို မဖြစ်အောင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်တဲ့ စိတ်ထားတွေ ပေါ်လာလိမ့်မယ်။

ဒါပေမဲ့ လောကမှာ မရှက်တတ်ဘူး၊ မကြောက်တတ်ဘူး။ ကိုယ် မုသားတွေ တွင်တွင်ကြီး ပြောနေပါလျက်နဲ့ တို့က ဒီလို မုသားပြောတတ်တဲ့ပုဂ္ဂိုလ် မမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ လိမ်တယ်။ ကိုယ်က ကုန်းစကားတွေကို တွင်တွင်ကြီး ပြောနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါလျက် ကိုယ့်လူမို့လို့ ကိုယ်ပြောတာနော်၊ ကိုယ်က သူများအတင်းတော့ မပြောတတ်ပါဘူး ဆိုပြီးတော့ ကိုယ့်ဟာကိုယ် ပြန်ပြီးတော့ တစ်ပတ်လှည့်မသွားဘူးလား? လှည့်သွားတယ်။ အဲဒါ ရှက်တတ်သလား၊ မရှက်တတ်ဘူးလား? မရှက်တတ်တဲ့ပုဂ္ဂိုလ်တွေ။ ကြောက်တတ်တဲ့ ပုဂ္ဂိုလ်တွေလား၊ မကြောက်တတ်တဲ့ ပုဂ္ဂိုလ်တွေလား? မကြောက်တတ်တဲ့ ပုဂ္ဂိုလ်တွေ။

သူတော်ကောင်းမှန်ရင် အဲဒီလို အရှက်အကြောက် ရှိရမလား၊ မရှိရဘူးလားမေးရင် အရှက်အကြောက် ရှိရမယ်။ မရှက်တတ်ဘူး၊ မကြောက်တတ်ဘူးဆိုရင် သူတော်ကောင်း ဟုတ်သေးသလား? မမဟုတ်တော့ဘူး။ မဟုတ်ဘူး ဆိုလို့ရှိရင် မသူတော်ဖြစ်သွားပြီ။ မသူတော်ဖြစ်ခဲ့ရင် မသူတော်တို့ သွားတဲ့လမ်းကို မိမိက လျှောက်ရမယ်။ သူတော်ကောင်းဖြစ်ခဲ့ရင် သူတော်ကောင်းတို့ သွားတဲ့လမ်းကို မိမိက လျှောက်ရမယ်။ ဓမ္မနဲ့ အဓမ္မ ၂-ခု တူညီသော အကျိုးတရားကို ပေးနိုင်တဲ့စွမ်းအား ရှိပါ့မလား? မရှိဘူး။ ဒါ အခြေခံ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးလေးပဲနော်။ ဒါကြောင့် ဒီတရား ၂-ပါးကို မြတ်စွာဘုရားက တချို့တချို့ သုတ္တန်များမှာ ဒေဝဓမ္မဆိုပြီး ဟောထားတယ်။

ဒေဝဓမ္မဆိုတာက ဘာဖြစ်လို့ ဒေဝဓမ္မ ဟောသလဲလို့ မေးရင် - ကုသိုလ်တရားတွေကို လိုလားတောင့်တခဲ့ရင်လည်း ဒီတရား 2-ပါး ထင်ရှားရှိရမယ်။ သမုတိနတ်လို့ ခေါ်ဆိုအပ်တဲ့ လောကမှာ၊ လူလောကမှာ အသာဆုံး အမြတ်ဆုံး ဧကရာဇ် ဘုရင်မင်းမြတ်၊ စကြဝတေးမင်း မန္ဓတ် အစရှိတဲ့ ဘုရင်မင်းမြတ်တွေ သမုတိနတ်တွေ ဖြစ်ချင်တယ် ဆိုလို့ရှိရင် ဒီတရား ၂-ပါးရှိမှ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲ? မကောင်းမှုအကုသိုလ်ကို ရှက်တတ်၊ ကြောက်တတ်တဲ့ပုဂ္ဂိုလ်၊ ဒုစရိုက်တွေကို ရှက်တတ်၊ ကြောက်တတ်တဲ့ပုဂ္ဂိုလ်၊ သီလ ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ ပုဂ္ဂိုလ်တွေသည်သာလျှင် လူ့ပြည်၊ နတ်ပြည်မှာ အထက်တန်းကျကျ ဖြစ်နိုင်တဲ့သဘော ရှိတယ်။

တဉ္စ ခေါ သီလဝတော ဝဒါမိ၊ နော ဒုဿီလဿ။

တဉ္စ ခေါ၊ ထိုကဲ့သို့ လူချမ်းသာ၊ နတ်ချမ်းသာဆိုတဲ့ အကျိုးတရားကို ရရှိနိုင်ခြင်းကိုလည်းပဲ။ သီလဝတော၊ သီလရှိတဲ့ ပုဂ္ဂိုလ်အား။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။ ဒုဿီလဿ၊ သီလမရှိတဲ့ပုဂ္ဂိုလ်အား။ နော ဝဒါမိ၊ ဟောတော်မမူ။

လူချမ်းသာ၊ နတ်ချမ်းသာ မိမိ လိုလားတောင့်တနေတဲ့ လူချမ်းသာတွေကို ရရှိနိုင်တယ်ဆိုတာက ငါဘုရားက သီလရှိတဲ့ ပုဂ္ဂိုလ်အတွက်သာ ဟောတာပါ။ သီလမရှိတဲ့ ဒုဿီလပုဂ္ဂိုလ်အတွက် အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတရားတွေကို ရနိုင်တယ်လို့ ငါဘုရား မဟောပါဘူး။ ဘာဖြစ်လို့လဲ?

ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဝိသုဒ္ဓတ္တာ၊ သီလစင်ကြယ်နေသည့်အတွက်ကြောင့်။ သီလဝတော၊ သီလရှိတဲ့ပုဂ္ဂိုလ်၏။ စေတောပဏိဓိ၊ စိတ်၏တောင့်တချက်ဟူသမျှသည်။ ဣဇ္ဈတိ၊ မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်ပေ၏။

သီလရှိတဲ့ပုဂ္ဂိုလ်က သီလစင်ကြယ်နေတဲ့အတွက်ကြောင့် သီလရှိတဲ့ပုဂ္ဂိုလ်၏ စိတ်ရဲ့တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်ပါတယ်။ ဒါကြောင့် ဒီလို လူချမ်းသာ၊ နတ်ချမ်းသာဆိုတဲ့ အကျိုးတရားတွေကို ရရှိနိုင်တယ်ဆိုတာလည်း ငါဘုရားက သီလရှိတဲ့ပုဂ္ဂိုလ်အတွက်သာ ဟောတာပါ။ သီလမရှိတဲ့ပုဂ္ဂိုလ်ကို ငါဘုရား ဘယ်တော့မှ မဟောဘူး။ ဒီလိုဆိုရင်တော့ ကိုယ်ကျင့်သီလတွေ ပျက်စီးနေပြီ။ ကာယဒုစရိုက်တွေလည်း လက်သွက်သွက်နဲ့ လွန်ကျူးနေတယ်၊ ဝစီဒုစရိုက်တွေလည်း နှုတ်သွက်သွက်နဲ့ လွန်ကျူးနေတယ်၊ မနောဒုစရိုက်တွေလည်း စိတ်ထဲကနေ ခပ်သွက်သွက်ကလေးနဲ့ လွန်ကျူးနေပြီ ဆိုကြပါစို့။ ကိုယ်ကျင့်သီလ ဒီပုဂ္ဂိုလ်သည် ရှိသလား၊ မရှိဘူးလား? မရှိတော့ဘူး။ ဒီလို ကိုယ်ကျင့်သီလမရှိတဲ့ ပုဂ္ဂိုလ်ကို ငါဘုရားက လူဖြစ်နိုင်တယ်၊ လူချမ်းသာ ရနိုင်တယ်၊ နတ်ဖြစ်နိုင်တယ်၊ နတ်ချမ်းသာ ရနိုင်တယ်လို့ မဟောဘူးဆိုတော့ ဒီပုဂ္ဂိုလ် ဘယ်ရောက်မလဲ? လူတောင်မှ ပြန်မဖြစ်ဘူးဆိုရင်တော့ အရင်းလေးတောင် ပြန်ပြီးတော့ ရပါသေးလား? မရတော့ဘူး။

ရောင် ၁-လုံးလည်း အဆုံးခံရသေးတယ်၊ ညစာလည်း မစားရဘူး၊ ကာမဂုဏ်တွေလည်း စွန့်လွှတ်လိုက်ရသေးတယ် လူ့ဘဝဆိုတဲ့ အရင်းလေးတောင်မှ ပြန်မရဘူးဆိုလို့ရှိရင် ဘယ့်နှယ်တုံး အရှုံးကြီး မရှုံးဘူးလား? ရှုံးသွားပြီ။ ကဲ အရှုံးကြီး မရှုံးချင်ရင် ဘာလုပ်ရမလဲ? အကုသိုလ်တရားတွေ ဖြစ်ရမှာကို ရှက်တတ်တဲ့တရား ရှိရမယ်။ ဒုစရိုက်တွေကို လွန်ကျူးရမှာ၊ လွန်ကျူးမိတာကို ရှက်တတ်တဲ့စိတ်ထား ရှိရမယ်နော်။ ဒါကြောင့် ဒီတရား ၂-ပါးကို ဒေဝဓမ္မ သမုတိနတ်ခေါ်တဲ့ အဆင့်အတန်း မြင့်မားနေတဲ့ လူသားတစ်ဦး ဖြစ်ဖို့ရန်အတွက်လည်း အကြောင်းတရား တရားဓမ္မတစ်ခု ဖြစ်တယ်။ ဥပ္ပတ္တိနတ်ခေါ်တဲ့ နတ်ပြည် ၆-ထပ် ဘယ်ဘုံကြိုက်သလဲ? ကြိုက်တဲ့ဘုံမှာ ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ တရားဖြစ်ခြင်းကြောင့် ဒေဝဓမ္မလို့လည်း ခေါ်တယ်။ နောက်တစ်ခု -

ဝိသုဒ္ဓိနတ် = ကိလေသာအားလုံးမှ စင်ကြယ်နေတဲ့ ရဟန္တာအရှင်မြတ်ဖြစ်ဖို့ အဲဒီ ရဟန္တာအရှင်မြတ်တွေက ဒီမကောင်းမှု အကုသိုလ်မှ ရှက်တတ်တဲ့ စိတ်ထားလည်း မရှိဘူး၊ ကြောက်တတ်တဲ့ စိတ်ထားလည်း မရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်တွေ ရဟန္တာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ မကောင်းမှု အကုသိုလ်တွေ၊ မကောင်းတဲ့ ဒုစရိုက်တရားတွေကို ရှက်တတ်တဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်၊ ကြောက်တတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေသည်သာလျှင် ရဟန္တာအဆင့်အထိ အလွန် အဆင့်အတန်းမြင့်မားနေတဲ့ ဘဝတစ်ခုကို ရရှိနိုင်ပါတယ်။ အရှက်အကြောက်မရှိတဲ့ ပုဂ္ဂိုလ်တွေ ရနိုင်သလား? မရနိုင်ဘူး။ ဒါကြောင့် ဒီတရား ၂-ပါးကို ဒေဝဓမ္မလို့ဆိုပြီး ဒီလိုလည်း ခေါ်ဝေါ်သုံးစွဲပါတယ်နော်။ ဒါကြောင့် သူတစ်ပါးတွေက အရှက်အကြောက်မရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ အရှက်အကြောက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါတဲ့။ နောက်တစ်ခု -

ပရေ အပ္ပဿုတာ ဘဝိဿန္တိ၊ မယမေတ္ထ ဗဟုဿုတာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ အပ္ပဿုတာ၊ အကြားအမြင် ဗဟုဿုတ နည်းပါးတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ ဗဟုဿုတာ၊ အကြားအမြင် ဗဟုဿုတ များပြားတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေ အကြားအမြင် ဗဟုဿုတ နည်းပါးတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ အကြားအမြင် ဗဟုဿုတ များပြားတဲ့ ပုဂ္ဂိုလ်တွေသာလျှင် ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။

အဲဒီတော့ ဒီနေရာမှာ ဗဟုဿုတ ဆိုတာကတော့နော် အထူးသဖြင့် ရည်ညွှန်းထားတာကတော့ အာဂမသုတ၊ အဓိဂမသုတခေါ်တဲ့ သုတ ၂-မျိုးကို မြတ်စွာဘုရား ရည်ညွှန်းထားပါတယ်။ အာဂမသုတဆိုတာက ဘုရားရှင် ဟောထားတဲ့ ပိဋကတ်သုံးပုံမှာ လာရှိတဲ့တရားတွေကို သင်သိအနေနဲ့ သိတယ်။ ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်ပြီးတော့ စနစ်တကျ အဋ္ဌကထာနဲ့တကွ သိမယ်ဆိုရင်တော့ အကောင်းဆုံး အာဂမသုတပဲနော်။ ဒါ သင်သိအနေနဲ့ သိတာ။

အဲဒီ သင်သိအနေနဲ့ သိထားတဲ့ ပိဋကတ် ၃-ပုံမှာ ဘုရားဟောထားတဲ့ တရားတွေက ဘာတွေလဲလို့ မေးရင်တော့ ဗောဓိပက္ခယတရား ၃၇-ပါးမှာ လာပြီး အကုန်လုံး ဦးတိုက်ပါတယ်။ ဗောဓိပက္ခယတရား ၃၇-ပါး ဆိုတာက များနေပါသေးတယ်။ ထပ်ပြီး အကျဉ်းချုပ်လို့ မရတော့ဘူးလားဆိုတော့ ရပါတယ်။ ဘာလဲ? မဂ္ဂင် ၈-ပါးနော်။ မဂ္ဂင် ၈-ပါးလည်း ထပ်ပြီး အကျဉ်းချုပ်လိုက်တော့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်ဆိုပြီး ကျင့်စဉ် ၃-ခု ထွက်လာတယ်။

ဘုရားရှင် ပိဋကတ် ၃-ပုံမှာ ဟောနေတဲ့တရားတွေကို သီလအကျင့်တွေကို ပြည့်ပြည့်စုံစုံ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြည့်ကျင့်ရမလဲဆိုတာကို စနစ်တကျ ညွှန်ကြားပေးတဲ့ တရားတွေသာ ဖြစ်တယ်။ သမာဓိကျင့်စဉ်ကိုလည်း ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြည့်ကျင့်ရမယ်ဆိုပြီးတော့ ကျင့်စဉ်ပိုင်းကို စနစ်တကျ ညွှန်ကြားနေတဲ့ ဒေသနာတွေသာ ဖြစ်တယ်။ ပညာကျင့်စဉ်ကိုလည်း ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတာကို ကျင့်စဉ်တွေကို စနစ်တကျ ညွှန်ကြားပေးနေတဲ့ ဒေသနာတွေသာ ဖြစ်ပါတယ်နော်။

ဒါကြောင့် ဘုရားရှင် ပိဋကတ် ၃-ပုံမှာ ဟောထားတဲ့ တရားတွေသည် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာ ၃-ပါးမှာ လာပြီးတော့ အားလုံး ဦးတိုက်ကြတယ်။ အကျုံးဝင်သွားတယ်။ အဲဒီ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးဖြင့် သိမ်းကျုံးပြီး ရေတွက်အပ်တဲ့ ဒီဘုရားရှင်ရဲ့ တရားတော်တွေကို အာဂမသုတခေါ်တဲ့ သင်သိအနေနဲ့လည်း သိတယ်။ အဓိဂမသုတခေါ်တဲ့ ကျင့်စဉ်အနေနဲ့လည်း စနစ်တကျ သိတယ်။

သီလတွေကို ဘယ်လို ပြုကျင့်ရမယ်ဆိုတာကို ပထမ သင်ယူတယ်။ သင်ယူပြီးတဲ့အခါမှာ လက်တွေ့ကျင့်တယ်။ သမာဓိကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ထူထောင်ရမယ် ဆိုတာကို ပထမသင်ယူတယ်။ သင်ယူပြီးတဲ့ အချိန်အခါမှာ သမာဓိစခန်းတွေကို အောင်မြင်မှု ရရှိသည့်တိုင်အောင် တကယ်လက်တွေ့ ကျင့်တယ်။ သင်လို့သိတာက အာဂမသုတ၊ ကျင့်လို့သိတာက အဓိဂမသုတလို့ ခေါ်တယ်။ ရှေ့တစ်ဆင့် တက်လိုက်တော့ ပညာစခန်းရောက်ပြီ။

ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိအောင်၊ ရုပ်ဆိုတာကဘာ၊ နာမ်ဆိုတာကဘာ သိအောင် ပထမ လေ့ကျင့်တယ်။ သိနေတဲ့အခါ ဒီရုပ်တွေ နာမ်တွေ သိအောင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတာကို တစ်ဆင့်တက်ပြီး သင်သိအနေနဲ့ သိအောင် ကြိုးစားတယ်။ အဲဒီလို ကြိုးစားပြီးတဲ့ အချိန်အခါကျတော့မှ ဒီရုပ်တွေ၊ ဒီနာမ်တွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် မိမိက စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။

ပွားများအားထုတ်တဲ့ အချိန်အခါမှာ သိပြီ။ ရုပ်တွေ၊ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိပြီ။ အကြောင်းတရား အကျိုးတရားတွေလည်း ဟုတ်တိုင်းမှန်စွာ သိပြီ။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေလည်း ဟုတ်တိုင်းမှန်စွာ သိပြီ။ အဲဒီလို ဟုတ်တိုင်းမှန်စွာ သိနေတဲ့ အသိဉာဏ်ကျတော့ အဓိဂမသုတ။ ရုပ် ၂၈-ပါးကို သရုပ်ရေတွက်သလို သိနေတဲ့ သင်သိအနေနဲ့ သိတာကတော့ အာဂမသုတလို့ ခေါ်ပါတယ်နော်။ အဲဒီတော့ ရုပ်တွေ နာမ်တွေကို သင်သိအနေနဲ့ သိတယ်။ အကြောင်းတရား အကျိုးတရားတွေ သင်သိအနေနဲ့ သိတယ်။ အဲဒီ အသိဉာဏ်က ဘာအသိဉာဏ်လဲ? အာဂမသုတ။

တကယ်လက်တွေ့ကျင့်လိုက်လို့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိပြီ။ အဲဒီလို အသိကိုတော့ ဘာခေါ်သလဲ? အဓိဂမသုတ။ အဲဒီတော့ အာဂမသုတက ရှေးယခင်တုန်းက သင်ရတယ် ဆိုတာကတော့ အခုလို စစာပေတွေ၊ စာအုပ်တွေ သိပ်ပြီးတော့ မထွန်းကားသေးဘူး။ မထွန်းကားသေးတဲ့ အချိန်အခါကျတော့ ဒီတရားတွေကို သင်ယူချင်ရင် ဆရာသမားထံမှာ သွားပြီးတော့ အလွတ်သင်ရတယ်။ ဆရာသမားက အလွတ်ချပေးရတယ်။ ဆရာသမား အလွတ်ချပေးတဲ့အတိုင်း တပည့်ကလည်း အလွတ်လိုက်ပြီးတော့ ဆိုရတယ်။ အဲဒီလို ဆိုလိုက်တဲ့ အချိန်အခါကျတော့မှ မိမိက ဒီတရားတွေကို သူက သင်သိအနေနဲ့ သိတာ။ အဲဒီလို သိတဲ့အသိသည် နားထောင်တဲ့နားနဲ့ ကြားပြီးမှ သင်လို့ရရှိတဲ့ အသိဖြစ်ခြင်းကြောင့် သူ့ကိုတော့ အကြားဆိုပြီးတော့ ဘာသာပြန်တယ်။ အကြားသုတနော်။

အဲဒီ အကြားသုတကနေ ရှေ့တစ်ဆင့် တက်ပြီးတော့ မိမိက အမြင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဒီရုပ်၊ ဒီနာမ်၊ ဒီအကြောင်း၊ ဒီအကျိုးတွေကို ဟုတ်တိုင်းမှန်စွာ သိအောင်၊ မြင်အောင် လက်တွေ့ကျင့်တယ်။ အဲဒီလို လက်တွေ့ကျင့်လိုက်လို့ သိပြီ၊ မြင်ပြီ။ ဒီရုပ်နာမ်တွေ၊ ဒီအကြောင်းတရား၊ ဒီအကျိုးတွေ၊ ဒီအကြောင်းနဲ့တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် မြင်နေတဲ့အတွက်ကြောင့် သူ့ကိုတော့ အမြင်။ အဲဒီ အကြားနဲ့အမြင် နှစ်ခုပေါင်းပြီးတော့ ဒီဗဟုဿုတဆိုတဲ့ စကားလုံးကို အကြားအမြင် ဗဟုဿုတ ရှိတယ်ဆိုပြီးတော့ ဒီလို ဘာသာပြန်ကြတယ်နော်။ ကဲ ဒီနေရာမှာ ဘုရားရှင်က ဘာဆုံးမနေသလဲ?

ပရေ အပ္ပဿုတာ ဘဝိဿန္တိ၊ မယမေတ္ထ ဗဟုဿုတာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ အပ္ပဿုတာ၊ အကြားအမြင် ဗဟုဿုတ နည်းပါးတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ ဗဟုဿုတာ၊ အကြားအမြင် ဗဟုဿုတ များပြားတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေ အကြားအမြင် ဗဟုဿုတ နည်းပါးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ ကိုယ်ကတော့ အကြားအမြင် ဗဟုဿုတ များပြားတဲ့ ပုဂ္ဂိုလ်တွေသာလျှင် ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူစမ်းပါ။ ဒီတော့ သူတစ်ပါးကနေ ဒီရုပ် ဒီနာမ်တွေ ရှုလို့ မရပါဘူး၊ ဒါက သာဝကတွေနဲ့ ဘာမှမဆိုင်ပါဘူးလို့ ဘယ်လိုပဲ ပြောချင်ပြောပါစေ၊ ကိုယ်က ရှုလို့ရအောင်သာ လေ့ကျင့်ရမလား၊ မလေ့ကျင့်ရဘူးလား? လေ့ကျင့်ရမယ်။

သူတစ်ပါးက ဒီအတိတ်၊ အနာဂတ် ရှုဖို့မလိုဘူး၊ ဒီအကြောင်းတရား၊ ဒီအကျိုးတရားတွေ ရှုဖို့မလိုဘူး၊ ဘာမှမဆိုင်ဘူး ပြောချင်လည်း ပြောပါစေ၊ ကိုယ်ကတော့ ဒီအကြောင်းတရား၊ ဒီအကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားရမလား၊ မကြိုးစားရဘူးလား? ကြိုးစားရမယ်။ ဒါမှ ဗဟုဿုတ အင်္ဂါရပ်နဲ့ စုံမယ်။

သူတစ်ပါးတွေက ဒီအနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုနေစရာ မလိုပါဘူးလို့ ပြောချင်လည်း ပြောပါစေ၊ ကိုယ်ကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုတယ်။ ရှုလိုက်တဲ့ အချိန်အခါမှာ ဒီရုပ်၊ ဒီနာမ်၊ ဒီအကြောင်းတရား၊ ဒီအကျိုးတရားတွေဟာ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ ဉာဏ်ပညာတွေ ရရှိတယ်။ အမြင်ဗဟုဿုတတွေ ရရှိသွားတယ်။

ဒါကြောင့် သူတစ်ပါးတွေက အမြင်ဗဟုဿုတမရှိတဲ့ပုဂ္ဂိုလ် သို့မဟုတ် အကြားဗဟုဿုတ၊ အမြင်ဗဟုဿုတ မရှိတဲ့ပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ အကြားအမြင် ဗဟုဿုတနှစ်ခုလုံးနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းတွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ အဲဒါမှလည်း ဒကာကြီးတွေ ကြိုးစားမှာ။

တရားထိုင်တယ် ရှုပြီ။ အို ... သာဝကတွေ ဒီရုပ် ဒီနာမ် ဘယ်လိုမှ မသိနိုင်ဘူး။ အလကားပဲ။ မင်းတို့ ဒါ ဆန်ကုန် မြေလေးပဲ။ ကြိုးစားမနေနဲ့လို့ ပြောတယ်။ ဟုတ်ချင်လည်း ဟုတ်မှာပဲလို့ ကိုယ်က မကြိုးစားတော့ဘူး။ မကြိုးစားရင် ဒီရုပ် ဒီနာမ် သိပါဦးမလား? မသိနိုင်ဘူး။ ကြိုးစားတာတောင်မှ သိဖို့ လွယ်ကူသလား? မလွယ်ကူဘူး။

အတိတ်၊ အနာဂတ် မရှုကောင်းပါဘူးလို့ သူများပြောတယ်။ အေး ဟုတ်တာပဲဆိုပြီး ကိုယ်က အသာလေး ငြိမ်နေလိုက်တယ်။ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန် အကျိုးတရား ဖြစ်ပုံ၊ ပစ္စုပ္ပန် အကြောင်းတရားကြောင့် အနာဂတ် အကျိုးတရား ဖြစ်ပုံ သိအောင် ကိုယ်က သိအောင် မကြိုးစားတော့ဘူး။ မကြိုးစားရင် သိပါဦးမလား? မသိတော့ဘူး။ အခြေခံ ဒီစိတ်ဓာတ် မွေးမြူရေးလေးကိုက ဒီရုပ်၊ ဒီနာမ်၊ ဒီအကြောင်း၊ ဒီအကျိုးကို သိဖို့အတွက် စိတ်ဓာတ်မွေးမြူပေးဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်။ ဒါကြောင့် ဘုရားရှင်က ဘယ်လို စိတ်ထားရမယ်၊ သာသနာမှာနေရင် ဘယ်လို စိတ်ဓာတ်တွေ မွေးမြူပေးရမယ် ဆိုတာကို နည်းပေးနေတယ်နော်။ ဒါကြောင့် -

ပရေ၊ သူတစ်ပါးတို့သည်။ အပ္ပဿုတာ၊ အကြားအမြင် ဗဟုဿုတ နည်းပါးတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ ဗဟုဿုတာ၊ အကြားအမြင် ဗဟုဿုတ များပြားတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

ပရေ ကုသီတာ ဘဝိဿန္တိ၊ မယမေတ္ထ အာရဒ္ဓဝိရိယာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ကုသီတာ၊ ပျင်းရိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အာရဒ္ဓဝိရိယာ၊ အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

ဘယ့်နှယ်တုံး ယောဂီတွေ ဘယ်လိုသဘောပေါက်သလဲ? သူတစ်ပါးတွေက ပျင်းရိတဲ့ပုဂ္ဂိုလ်တွေ၊ ငပျင်းတွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။

မနက်ကျ ဒီက အုန်းမောင်းတီးလိုက်ပြီ၊ တုံးခေါက်လိုက်ပြီ။ ဟိုဖက်တစ်ချက်လောက် ခဏလှည့်လိုက်၊ ဒီဖက်တစ်ချက်လောက် ခဏလှည့်လိုက်။ နောက်တစ်ခါ ဟိုဖက်တစ်ချက်လောက် ခဏလှည့်လိုက်၊ ဒီဖက်တစ်ချက်လောက် ခဏလှည့်လိုက် အဲဒီလိုနဲ့ လှည့်နေရင်းမတ်တပ်ကနေ နောက်ဆုံးတော့ ငါးနာရီလောက်ကျမှ ဒီကို ရောက်လာတယ်။ ဘာဖြစ်လို့လဲလို့ မေးကြည့်လိုက်တော့ အိပ်ယာ စောစောထရင် နည်းနည်းမူးတတ်လို့ပါ။ အဲဒါ ပျင်းကြောထူတာလား၊ မပျင်းကြောထူတာလားလို့ မေးရင် ဘယ်လိုဖြေမလဲ? ပျင်းကြောတွေ ထူနေတယ်နော်။

သုခ = မှိန်းနေတဲ့သုခ၊ သုခ = စောင်းအိပ်တဲ့သုခ၊ သုခ = ပက်လက်အိပ်တဲ့ ချမ်းသာသုခ အဲဒီသုခလေးတွေကို အသာလေး ဇိမ်ခံနေတာပဲနော်။ ပျင်းရိနေတဲ့ပုဂ္ဂိုလ်၊ သူတစ်ပါးတွေက ငပျင်းတွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ပျင်းရိတဲ့ပုဂ္ဂိုလ် မဖြစ်စေရဘူး။ အပြင်းအထန်...

တစ်ချိန်တုန်းကပေါ့လေ - ဘုန်းကြီးတစ်ပါး ဝတ်လာဆောက်တယ်။ သူက ဝတ်ဆောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ မနက်တုံးခေါက်လည်း မလာဘူး။ မလာတော့ သူ့သွားနှိုးရတယ်။ နှိုးလိုက်တဲ့ အချိန်အခါကျတော့ သူက ဘာပြောသလဲ? ညက တစ်ညလုံး အိပ်မပျော်လို့ဘုရားတဲ့။ အခု မိုးလင်းခါနီးကျမှ ဗြုန်းကနဲ အိပ်ပျော်သွားတာတဲ့။ ဘယ့်နှယ်တုံး ယောဂီတွေ ဟုတ်များ ဟုတ်နေသလား? တစ်ညလုံး အိပ်မပျော်ဘူးတဲ့၊ မိုးလင်းခါနီးမှ အိပ်ပျော်သွားတယ်။ ခက်ပုံက အဲဒါပဲ။ ကိုယ့်ကိုယ်ကို လိမ်နေတဲ့၊ ညာနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလား? ကိုယ့်ကိုယ်ကိုတောင် လိမ်တတ်၊ ညာတတ်တယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်က သူတစ်ပါးကို လိမ်ဖို့၊ ညာဖို့ တာဝန်ကြီးပါဦးပါ့မလား? မကြီးတော့ဘူး။

ဒါကြောင့် သူတစ်ပါးတွေက ငပျင်းတွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ပျင်းရိတဲ့ပုဂ္ဂိုလ် မဖြစ်စေရဘူး၊ အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်။ ဘာတွေကို အပြင်းအထန် ကြိုးစားအားထုတ်ရမလဲ? မိမိက သီလကျင့်စဉ်ကို ဖြည့်ကျင့်နေတဲ့ သူတော်ကောင်း ဖြစ်ခဲ့ရင် သီလကိုတော့ မကျိုးမပေါက်အောင် အပြင်းအထန်တော့ ကြိုးစားအားထုတ်ရမယ်။ အသက်ကို စွန့်ရမယ်။ သီလကို စွန့်ရမလား? မစွန့်ရဘူးနော်။ အသက်ကိုသာ စွန့်ရမယ်၊ သီလကို ဘယ်တော့မှ သူတော်ကောင်းဆိုတာ မစွန့်ရဘူး။ သမာဓိစခန်းကို မိမိက ဖြည့်ကျင့်နေပြီ ဆိုလို့ရှိရင် အသက်ကိုသာ စွန့်ရမယ်၊ သမာဓိကို ဘယ်တော့မှ မစွန့်ရဘူး။ ရအောင်ကို ချမယ်ဆိုပြီးတော့ အပြင်းအထန် ကြိုးစားအားထုတ်ရမယ်။

အရိုးကြွင်းစေ၊ အရေကြွင်းစေ၊ အကြောကြွင်းစေ၊ အသားအသွေးတွေ အကုန်ခန်းခြောက်သွားချင်လည်း သွားပါစေ၊ ယောက်ျားတွေရဲ့ ဇွဲလုံ့လ ဝီရိယနဲ့ ရနိုင်တဲ့အရာမှန်ခဲ့ရင် ငါနောက်ကို ဘယ်တော့မှ မဆုတ်ဘူးလို့ ဒီလို အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယ ရှိရမယ်။ တပည့်တော် ကြိုးလည်း ကြိုးစားပါတယ်ဘုရား။ ဒါပေမဲ့ သူက ဒါပေမဲ့လေးနဲ့ပဲ လာလာပြီး ကိုင်ပေါက်ပြီးတော့ ပြန်သွားကြတာပဲ။ ဟုတ်တယ်မလား? အဲဒီတော့ ဒါပေမဲ့ဆိုပြီး သုံးနေတဲ့ပုဂ္ဂိုလ်တွေဟာ ငပျင်းတွေလား၊ မပျင်းတွေလားလို့မေးရင် ဘယ်လိုဖြေမလဲ?

ကိုင်း ... သီလရှင်တွေ ဘာအထဲမှာ ပါများနေသလဲ? မနက်ကျလို့ရှိရင် တုံးခေါက်ရင် ဒီမှာ လာလာထိုင်တာ ၁၄-ပါးလောက်ပဲ ရှိတယ်တဲ့။ ကဲ ဘယ်လိုတုန်း ဟုတ်လား? အဲဒါပဲ။ သူက သာသနာမှာနေပြီ ဆိုလို့ရှိရင်တော့ အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ရမယ်နော်။ ဒါကြောင့် -

ပရေ ကုသီတာ ဘဝိဿန္တိ၊ မယမေတ္ထ အာရဒ္ဓဝိရိယာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ကုသီတာ၊ ပျင်းရိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အာရဒ္ဓဝိရိယာ၊ အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

အဲဒီစိတ်ထား မရှိဘူး။ ကြိုးစားမှုဆိုတာ ဖြစ်ပေါ်ပါ့မလား? မဖြစ်နိုင်ဘူး။ ဒါကြောင့် နည်းနည်း သတိထားကြနော်။ သာသနာမှာ နေတယ်ဆိုတာ တန်ဖိုးရှိရှိ နေတတ်ဖို့လိုတယ်။ ဒီလို တန်ဖိုးရှိရှိ နေတတ်ဖို့အတွက် ဘာလိုသလဲ? တန်ဖိုးရှိနေတဲ့ စိတ်ဓာတ်တွေကို မွေးမြူပေးဖို့ မလိုဘူးလား? လိုနေတယ်။ နောက်တစ်ခု -

ပရေ မုဋ္ဌဿတီ ဘဝိဿန္တိ၊ မယမေတ္ထ ဥပဋ္ဌိတဿတီ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မုဋ္ဌဿတီ၊ သတိလက်လွတ်နေတဲ့ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ ဥပဋ္ဌိတဿတီ၊ ရှေးရှုတည်နေတဲ့ သတိရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမာ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက သတိလက်လွတ်နေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ ဒို့ကတော့ သတိ ရှေးရှုကပ်ပြီးတည်နေတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်ရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ တရားတော့ ထိုင်နေတယ်။ ထိုင်နေရင်း မတ်တပ်က တချို့ ဘာပြောသလဲ? ကိုယ်ဘာလုပ်နေမှန်းကို မသိလိုက်ဘူးတဲ့။ တချို့ ပြောတယ်။ ဒါ ဘာဖြစ်တာလဲ? သတိလက်လွတ်သွားတယ်နော်။ ဘာဖြစ်လို့ ဒီလို သတိလက်လွတ်တာကို စာက ဥပမာ ဘယ်လို ပေးသလဲဆိုတော့ -

ထမင်းခဲမှာ ချထားတဲ့ မျက်စိရှိတဲ့ ကျီးနဲ့တူတယ်ဆိုပြီး ဒီလိုလည်း ဥပမာ ပေးတယ်။ ကျီးများက ထမင်းခဲပေါ်မှာ မျက်စိက ချထားပြီ။ ချထားလိုက်ပေမယ့်လို့ အဲဒီကျီးဟာ ထမင်းခဲပေါ်မှာ စိတ်က မျက်စိချထားလိုက်ရင် သူက စိတ်က တည်ငြိမ်တဲ့သဘောရှိသလား? ရန်သူကိုလည်း တစ်ဖက်က ပြန်ကြည့်ရတယ်။ တစ်ဖက်ကလည်း ထမင်းခဲကို ပြန်ကြည့်ရတယ်။ ဟိုဘက်ကြည့်လိုက်၊ ဒီဘက်ကြည့်လိုက်နဲ့ ဗျာများမနေဘူးလား? ဗျာများနေတယ်။ အဲဒီလိုပဲ သတိလက်လွတ်နေတဲ့ ပုဂ္ဂိုလ်ကလည်း အင်မတန် ဗျာများနေတတ်တယ်နော်။

ဒီတော့ ဒီနေရာမှာ သတိဆိုတာ ဘာလဲလို့မေးတော့ သတိက အကောင်းစေတသိက် သက်သက်သာ ဖြစ်ပါတယ်နော်။ မကောင်းစေတသိက် မဟုတ်ပါဘူး။ မကောင်းတဲ့ အာရုံတွေ၊ မကောင်းတဲ့ အကြောင်းအရာတွေကို အမှတ်ရနေတာကိုတော့ သတိလို့ မခေါ်ဘူး။ ကုသိုလ်ရေး လုပ်ငန်းရပ်တွေ အဆင့်အတန်း မြင့်မားနေတဲ့ ဘာဝနာ လုပ်ငန်းရပ်တွေကို အမှတ်ရနေတဲ့ သဘောပဲ။ အဲဒီတော့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်၊ ဝိပဿနာကုသိုလ်ဆိုပြီး မိမိတို့နဲ့ ထိုက်တန်တဲ့ ကုသိုလ်တွေရှိတယ်။

ဒါနပြုဖို့ရန်အတွက် ဘယ်တော့မှ မလျော့ဘူး။ သီလဘယ်တော့မှ မမေ့လျော့ဘူး။ “တပည့်တော် သတိလက်လွတ် ဒါလေး လွန်ကျူးမိတယ် ဘုရား ...” ဆိုတာ မရှိစေရဘူးနော်။ သမာဓိ - မိမိက အာနာပါနရှုရင် ဒီအာနာပါနလေး မပျောက်ပျက်သွားအောင် အာနာပါနအာရုံ၌ စိတ်ဓာတ်ကလေး ခိုင်မြဲအောင် အမြဲတမ်း ကြိုးစားပေးရတယ်။ မိမိက ဝိပဿနာနယ်ထဲ ရောက်ပြီဆိုရင်တော့ ဒီရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်နေရတယ်။ မမေ့ပျောက်စေရဘူး။

ရှုလို့ တစ်ခါတစ်လေတော့ ရတယ်။ တစ်ခါတစ်လေတော့ မရဘူးဆိုရင် အားကိုးထိုက်တဲ့ ကုသိုလ်ဖြစ်ပါ့မလား? မဖြစ်နိုင်ဘူး။ ဒါ သူ့အဆင့်နဲ့သူပဲ။ အဲဒါကြောင့် ဒီသတိက [?] ဆိုပြီးတော့ အခါခပ်သိမ်းပေါ့လေ - သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာခေါ်တဲ့အနက်၊ ဣန္ဒြေ ၅-ပါးရှိတဲ့အနက်က သဒ္ဓါနဲ့ ဝီရိယက တစ်ဖက်၊ သမာဓိနဲ့ ပညာက တစ်ဖက်။ အဲဒီလို ရှိတဲ့အနက် သဒ္ဓါနဲ့ပညာကို ညီမျှသွားအောင်လည်း ဒီသတိက အလယ်ခေါင်က ထိန်းပေးရတယ်။ ဝီရိယနဲ့ သမာဓိ ညီမျှသွားအောင်လည်း ဒီသတိက အလယ်ခေါင်က ထိန်းပေးရတယ်။ သဒ္ဓါတရား အားကောင်းလာရေးလည်း သတိလိုအပ်တယ်။ ဝီရိယတရား အားကောင်းလာရေးအတွက်လည်း သတိက လိုအပ်တယ်။ သမာဓိ အားကောင်းရေးအတွက်လည်း သတိလိုအပ်တယ်။ ပညာ အားကောင်းရေးအတွက်လည်း သတိက လိုအပ်တယ်။ ဒါကြောင့် သတိက -

သတိဉ္စ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ-

သတိဉ္စ ခွါဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ၊ သတိကို အခါခပ်သိမ်း လိုအပ်တဲ့တရားလို့ ဘုရားက ဟောထားတာ။ နှစ်ဖက်လုံးမှာ အလိုရှိအပ်တဲ့ တရားတစ်ခု ဖြစ်ပါတယ်နော်။ ဒါကြောင့် ဒီသဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာခေါ်တဲ့ ဣန္ဒြေ ၅-ပါးတို့ ပြည့်စုံအောင်၊ သူတော်ကောင်းတရားတွေနဲ့ ပြည့်စုံအောင် မိမိတို့က တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့အပိုင်းမှာ ဒီသတိသည် ယောဂါဝစရပုဂ္ဂိုလ်လို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းတို့ရဲ့ ခိုကိုးရာ၊ အားထားရာ၊ မှီခိုရာ တရားကြီးတစ်ခု ဖြစ်တယ်။

ဒီသတိက မရှိဘူး။ တရားတော့ ထိုင်နေပါရဲ့ ဘာရှုမှန်းလည်း အမှတ် မရဘူး၊ ဘာရှုနေမှန်းလဲ မသိလိုက်ဘူး၊ မေ့နေတာ မေ့နေတာနော်။ အဲဒီ ပုံစံစနစ်အားဖြင့် တရားထိုင်နေမယ် ဆိုလို့ရှိရင် ဒီတရားရဲ့ ကြီးပွားမှု၊ တိုးတက်မှုဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူးတဲ့။ ဒါကြောင့် သူတစ်ပါးတွေက သတိလက်လွတ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ သတိတရား ရှေးရှုထင်နေတဲ့၊ ရှေးရှုကပ်ပြီး တည်နေတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလိုစိတ်ဓာတ်ကို မွေးမြူပါတဲ့နော်။ နောက်တစ်ခု -

ပရေ ဒုပ္ပညာ ဘဝိဿန္တိ၊ မယမေတ္ထ ပညာသမ္ပန္နာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဒုပ္ပညာ၊ ပညာမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ ပညာသမ္ပန္နာ၊ ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ပညာမဲ့တဲ့ ပုဂ္ဂိုလ်၊ ပညာမရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ပညာရှိတဲ့ပုဂ္ဂိုလ်၊ ပညာနှင့်ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ ဒါက အဆင့်သိပ်မြင့်သွားပြီနော်။ ဒီတော့ ပညာဆိုတာက ခဏခဏ ပြောနေပြီ။ ပညာ၊ သမ္မာဒိဋ္ဌိ အတူတူပဲနော်။ အမောဟ အတူတူပဲ။ ဒီတော့ ဒီနေရာမှာ ပညာက -

ဒုက္ခေ ဉာဏံ = ဒုက္ခသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်သည် ပညာပဲ။ သမုဒယသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်သည် ပညာ၊ နိရောဓသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်သည် ပညာ၊ နိရောဓလို့ ခေါ်ဆိုအပ်တဲ့ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်လို့ သတ်မှတ်ထားတဲ့ မဂ္ဂအရိယာသစ္စာတရားကို ထိုးထွင်းသိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိပညာပဲနော်။ အဲဒီတော့ ပညာအဆင့်အတန်းက ဘယ်နှစ်မျိုး ရှိသွားသလဲ? ၄-မျိုး။ စတုသစ္စသမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ သမ္မာဒိဋ္ဌိခေါ်တဲ့ ပညာမှန်သမျှ ဒီစတုသစ္စသမ္မာဒိဋ္ဌိမှာ အကုန်လုံး လာပြီးတော့ ဦးတိုက်ကြပါတယ်နော်။

ဒီတော့ ဈာနသမ္မာဒိဋ္ဌိက ဘယ်ထဲ အကျုံးဝင်သလဲလို့ မေးရင်တော့ ဈာန်တရားတွေလည်း ဒုက္ခသစ္စာတရား ဖြစ်ခြင်းကြောင့် ဒုက္ခသစ္စာတရားထဲမှာ သူတို့အားလုံး အကျုံးဝင်သွားကြပါတယ်နော်။ အဲဒီတော့ ဒုက္ခသစ္စာတရားတွေကိုသာ ကုန်စင်အောင် ထိုးထွင်းသိပါစေ၊ ဈာနသမ္မာဒိဋ္ဌိဉာဏ်တွေလည်း မပြည့်စုံဘူးလား? ပြည့်စုံသွားပြီနော်။ ဒီတော့ သူတစ်ပါးတွေက ပညာမရှိတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ပညာရှိတဲ့ပုဂ္ဂိုလ် ဖြစ်အောင် ကြိုးစားအားထုတ်ရမယ်ဆိုပြီး ဒီစိတ်ဓာတ်ကို မွေးမြူပါတဲ့။ ဒါလေးကို နည်းနည်း နားလည်အောင် ထပ်ပြောမယ်နော်။

ဒီရုပ် ဒီနာမ် ရှုမရဘူးလို့ သူများက ပြောချင်လည်း ပြောပါစေ၊ တို့ကတော့ ဒီရုပ် ဒီနာမ်ကို ရှုတတ်တဲ့ ပညာရှိအောင် ကြိုးစားမယ်လို့ ဒီလို စိတ်ဓာတ် မွေးမြူပေးရတယ်။ သူတစ်ပါးကနေပြီးတော့ ဒီရုပ် ဒီနာမ် ရှုမရဘူးပြောတဲ့အတိုင်း မကြိုးစားတော့ဘူး၊ ရှုဖို့ရန်လည်း မကြိုးစားတော့ဘူးဆိုရင် ဒီရုပ် ဒီနာမ်ကိုသိတဲ့ သမ္မာဒိဋ္ဌိဉာဏ် မိမိသန္တာန်မှာ ပေါ်နိုင်ပါဦးမလား? မပေါ်နိုင်တော့ဘူးနော်။ ဒီအကြောင်းတရား၊ ဒီအကျိုးတရားတွေကို ရှုလို့မရဘူးလို့ လက်ခံထားတယ်။ ဒီလိုဆိုရင် မိမိကလည်း မကြိုးစားဘူး၊ မကြိုးစားခဲ့ရင် ဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သမုဒယသစ္စာခေါ်တဲ့ အကြောင်းတရားနဲ့ အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေ ပေါ်နိုင်ပါ့မလား? မပေါ်နိုင်ဘူး။ ဒီ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို သာဝကတွေ မသိနိုင်ပါဘူးလို့ တစ်ဖက်က လက်ခံထားလိုက်တယ်။ အဲဒီလိုဆိုရင်ကော အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတရားတွေကို သိအောင် ကြိုးစားအားထုတ်မှုဆိုတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေ ရရှိအောင် ကြိုးစားအားထုတ်မှုဆိုတဲ့ သဘောတရားတွေ ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်ဘူး။

ဒါကြောင့် သူတစ်ပါးတွေက ပညာမရှိတဲ့ ပုဂ္ဂိုလ်၊ ဒီရုပ် ဒီနာမ် မသိတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ၊ တို့ကတော့ ဒီရုပ် ဒီနာမ်ကို သိတတ်တဲ့ပုဂ္ဂိုလ်၊ သိတဲ့ ဉာဏ်ပညာနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါတဲ့။ သူတစ်ပါးတွေက အကြောင်းတရား၊ အကျိုးတရားကို သိတတ်တဲ့ ဉာဏ်ပညာမရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ အကြောင်းတရား၊ အကျိုးတရားတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။

သူတစ်ပါးတွေက ဒီရုပ်၊ ဒီနာမ်၊ ဒီအကြောင်းတရား၊ ဒီအကျိုးတရားတွေရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်ပညာမရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီရုပ်၊ ဒီနာမ်၊ ဒီအကြောင်းတရား၊ ဒီအကျိုးတရားတွေရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို ထိုးထွင်းသိမြင်တတ်တဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ သူတစ်ပါးတွေကတော့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကြီးကို ထိုးထွင်းသိတတ်တဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာ မရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီအသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်လို့ ခေါ်ဆိုအပ်တဲ့ နိရောဓသစ္စာ တရားတော်မြတ်ကြီးကို ထိုးထွင်းသိမြင်တတ်တဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပေးပါ။

အဲဒီစိတ်ဓာတ် မွေးမြူရေးလုပ်ငန်းက ဒကာကြီးတွေ အခြေခံ အရေးအကြီးဆုံးလုပ်ငန်း မဖြစ်ဘူးလား? ဖြစ်တယ်။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှား လွန်မြောက်ချင်တဲ့ပုဂ္ဂိုလ်က ဒီလို ဒုက္ခသစ္စာလည်း မသိဘူး၊ သမုဒယသစ္စာလည်း မသိဘူး၊ နိရောဓသစ္စာလည်း မသိဘူး၊ မဂ္ဂသစ္စာလည်း မသိဘူး ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်ဖို့ဆိုတာ ဖြစ်နိုင်ပါဦးပါ့မလား? မဖြစ်နိုင်ဘူး။

ဒီတော့ ဒီဒုက္ခသစ္စာသိအောင် ဘာလုပ်ရမလဲ? ဒုက္ခသစ္စာကိုသိအောင် ငါ ကြိုးစားအားထုတ်မယ်။ ဒီ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ပထမ မွေးမြူပေးဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ပြည့်စုံစေရမယ်ဆိုပြီး ဒီလိုစိတ်ဓာတ်ကို မွေးမြူပေးဖို့ မလိုဘူးလား? လိုအပ်တယ်။ နိရောဓသစ္စာ၊ မဂ္ဂသစ္စာတွေကို ထိုးထွင်းသိမြင်တတ်တဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ပြည့်စုံစေရမယ် ဆိုပြီးတော့ ဒီလိုစိတ်ဓာတ်ကို မွေးမြူပေးဖို့ မလိုဘူးလား? လိုအပ်နေတယ်။ ဒါကြောင့် ဘုရားရှင်က -

ပရေ ဒုပ္ပညာ ဘဝိဿန္တိ၊ မယမေတ္ထ ပညာသမ္ပန္နာ ဘဝိဿာမာတိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ ဒုပ္ပညာ၊ ပညာမဲ့တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ ပညာသမ္ပန္နာ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏၊ နောက်တစ်ခု ဘုရား ဆက်ဆုံးမပြန်ပြီ။

ပရေ သန္ဒိဋ္ဌိပရာမာသီ အာဓာနဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ ဘဝိဿန္တိ၊ မယမေတ္ထ အသန္ဒိဋ္ဌိပရာမာသီ အနာဓာနဂါဟီ သုပ္ပဋိနိဿဂ္ဂီ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ သန္ဒိဋ္ဌိပရာမာသီ အာဓာနဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ၊ မိမိအယူကို စွဲမြဲစွာ ကိုင်စွဲတတ်သူ၊ ပြင်းစွာယူတတ်သူ၊ စွန့်လွှတ်နိုင်ခဲသူတို့။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အသန္ဒိဋ္ဌိပရာမာသီ အနာဓာနဂါဟီ သုပ္ပဋိနိဿဂ္ဂီ၊ မိမိအယူကို စွဲမြဲစွာ မကိုင်စွဲတတ်သူ၊ ပြင်းစွာမယူတတ်သူ၊ လွယ်ကူစွာ စွန့်လွှတ်နိုင်သူတို့။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက အယူဝါဒတစ်ခု၊ အထူးသဖြင့်ပေါ့လေ ဥစ္ဆေဒဒိဋ္ဌိ၊ သဿတဒိဋ္ဌိ အစရှိတဲ့ ဒိဋ္ဌိအယူဝါဒ ချောက်ကမ်းပါးကြီးထဲကို ကျနေပြီ။ ဒီတော့ သေရင် ပြတ်သွားတယ်။ ခေါင်း ဟိုဘက် ဘာမှမရှိဘူးဆိုတဲ့ ဝါဒကို လက်ခံထားတယ်။ ဥစ္ဆေဒဒိဋ္ဌိသမား။ သဿတဒိဋ္ဌိသမားကလည်း သေရင် ဘုရားရင်ခွင်တော်မှာ တို့ အိပ်ပျော်ရမယ် ဆိုပြီးတော့ ဒီလို လက်ခံထားတယ်နော်။ အဲဒီတော့ အဲဒီလို ပုဂ္ဂိုလ်တွေကို ပြန်ကြည့်လိုက်ပါ။ အဲဒီ အယူဝါဒကို မင်းတို့ မဟုတ်ဘူးကွယ် စွန့်လွှတ်ကြပါဆိုရင် ဗြုန်းကနဲ စွန့်လွှတ်ဖို့ လွယ်ပါ့မလား? မလွယ်ဘူး။

ဒီတော့ ဒီလို မှားယွင်းနေတဲ့၊ ဖောက်ပြန်ပျက်စီးနေတဲ့ ဒီလို မှားယွင်းနေတဲ့ အယူဝါဒတစ်ခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ပုဂ္ဂိုလ်တွေ သူတစ်ပါးတွေက ဖြစ်ချင်ဖြစ်ပါစေ၊ မစွန့်လွှတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်းဖြစ်ပါစေ၊ မှားမှားယွင်းယွင်း သုံးသပ်တတ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ မှားမှားယွင်းယွင်း ခံယူချက်တွေနဲ့ သုံးသပ်တတ်တဲ့ ပုဂ္ဂိုလ်တွေ မဖြစ်စေရဘူး။ မှားယွင်းနေတဲ့ ဒီအယူဝါဒကြီးကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ပုဂ္ဂိုလ်တွေ မဖြစ်စေရဘူး။ မှားယွင်းနေတဲ့ ဒီအယူဝါဒကြီးကို မစွန့်လွှတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ မဖြစ်စေရဘူး။ မှန်ကန်တဲ့ သမ္မာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်။ မှန်ကန်တဲ့ သမ္မာဒိဋ္ဌိ အယူဝါဒကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ပုဂ္ဂိုလ်တွေသာ ဖြစ်စေရမယ်။ မှန်ကန်တဲ့ သမ္မာဒိဋ္ဌိ အယူဝါဒကိုသာလျှင် မစွန့်လွှတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပေးပါ။

အဲဒီစိတ်ဓာတ်တွေ မွေးမြူမှလည်း ရုပ်တွေနာမ်တွေ ဟုတ်တိုင်းမှန်စွာသိတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေ ရအောင်၊ အကြောင်းတရား၊ အကျိုးတရားတွေ ဟုတ်တိုင်းမှန်စွာသိတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေ ရအောင်၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေကို ဟုတ်တိုင်းမှန်စွာသိတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေ ရရှိအောင်၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ ချုပ်ဆုံးရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကြီးကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေ ရရှိအောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံ ဒီစိတ်ဓာတ်ကလေးတွေ မွေးမြူပေးဖို့ မလိုဘူးလား? လိုအပ်နေတယ်။ လိုအပ်တဲ့အတွက်ကြောင့် ဘုရားရှင်က ဘာဆက်ပြီးတော့ ဆိုဆုံးမသလဲ?

ယံ ခေါ၊ စုန္ဒ၊ သတ္ထာရာ ကရဏီယံ သာဝကာနံ ဟိတေသိနာ အနုကမ္ပကေန အနုကမ္ပံ ဥပါဒါယ၊ ကတံ ဝေါ တံ မယာ။

စုန္ဒ၊ ချစ်သားစုန္ဒ။ ယံ၊ အကြင်လုပ်ငန်းရပ်ကို။ သတ္ထာရာ၊ သင်တို့ရဲ့ဆရာတစ်ဆူ ဖြစ်တော်မူသော (ငါဘုရားရှင်)သည်။ ဟိတေသိနာ၊ သာဝကတို့၏ အကျိုးစီးပွားကို လိုလားတောင့်တလျက်ရှိသော။ နုကမ္ပကေန၊ အစဉ်သနားစောင့်ရှောက်တတ်သော။ သတ္ထာရာ၊ ဆရာတစ်ဆူဖြစ်သော သင်တို့ဆရာ ငါဘုရားသည်။ သာဝကာနံ၊ သာဝကာတို့အား။ အနုကမ္ပံ၊ ချစ်သားတို့အပေါ်၌ အစဉ်သနားစောင့်ရှောက်ခြင်းကို။ ဥပါဒါယ၊ အကြောင်းပြု၍။ ယံ ခေါ ကရဏီယံ၊ အကြင်ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို။ ကတံ၊ ပြုလုပ်အပ်၏။ မယာ၊ ငါဘုရားသည်။ တံ ကရဏီယံ၊ ထို ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို။ မယာ၊ ငါဘုရားသည်။ ဝေါ၊ သင်ချစ်သားတို့အပေါ်၌။ ကတံ၊ ပြုကျင့်၍ ပြီးခဲ့လေပြီ။

ချစ်သား စုန္ဒ ... ငါဘုရားရှင်ဟာ သင်ချစ်သားတို့ရဲ့ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့စိတ်ထား ငါဘုရားရှင်မှာ အမြဲတမ်း ရှိပါတယ်။ သင်ချစ်သားတို့အပေါ်၌ အစဉ်မကွာ ကွယ်ကာစောင့်ရှောက်လိုတဲ့၊ သနားတဲ့ စိတ်ဓာတ်လည်း အမြဲတမ်းရှိတယ်။ အဲဒီ အစဉ်သနားမှုကို အကြောင်းပြုပြီးတော့ ငါဘုရားရှင်ဟာ သင်ချစ်သားတို့အတွက် ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို ပြုပြီးပြီနော်။ သာသနာတော်မှာနေရင် ခေါင်းခေါင်းပါးပါး ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမယ်၊ ဘယ်လို စိတ်ဓာတ်တွေ မွေးမြူရမယ် စသည်ဖြင့် နည်းလမ်းတွေကို ဘုရားရှင်က ညွှန်ကြားပေးတယ်။ အဲဒီလို ညွှန်ကြားပေးခြင်းသည် ဘုရားရှင်တို့ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို ဘုရားရှင်က ပြုသွားခြင်း ဖြစ်ပါတယ်နော်။ ဒါကြောင့် -

စုန္ဒ၊ ချစ်သားစုန္ဒ ...။ သာဝကာနံ၊ သာဝကာတို့အား။ အနုကမ္ပံ၊ ချစ်သားတို့အပေါ်၌ အစဉ်သနားစောင့်ရှောက်ခြင်းကို။ ဥပါဒါယ၊ အကြောင်းပြု၍။ ယံ ခေါ ကရဏီယံ၊ အကြင်ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို။ ကတံ၊ ပြုလုပ်အပ်၏။ မယာ၊ ငါဘုရားသည်။ တံ ကရဏီယံ၊ ထို ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်ကို။ မယာ၊ ငါဘုရားသည်။ ဝေါ၊ သင်ချစ်သားတို့အပေါ်၌။ ကတံ၊ ပြုကျင့်၍ ပြီးခဲ့လေပြီ။

တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။ ပဋိပန္နာ ပမောက္ခန္တိ၊ ဈာယိနော မာရဗန္ဓနာ။

တချို့နေရာ ဟောထားတယ်နော်။ သင်ချစ်သားတို့ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းရပ်ကို သင်ချစ်သားတို့သာ ပြုလုပ်ပါ။ ဘုရားရှင်တို့ကတော့ [?] ဟောကြားပြသတတ်တဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်တယ်။ နည်းလမ်းကို ညွှန်ကြားပြသပေးဖို့ရန် တို့ဘုရားရှင်တို့ရဲ့ တာဝန်၊ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်တွေကို ပြုကျင့်ဖို့ရန်အတွက်ကတော့ သင်ချစ်သားတို့ရဲ့ တာဝန်ဖြစ်တယ်။ အခုလည်း ဒီအတိုင်းပဲနော် -

‘ဧတာနိ၊ စုန္ဒ၊ ရုက္ခမူလာနိ၊ ဧတာနိ သုညာဂါရာနိ၊ ဈာယထ၊ စုန္ဒ၊ မာ ပမာဒတ္ထ၊ မာ ပစ္ဆာဝိပ္ပဋိသာရိနော အဟုဝတ္ထ’ – အယံ ခေါ အမှာကံ အနုသာသနီ’

စုန္ဒ၊ ချစ်သားစုန္ဒ ...။ ဧတာနိ၊ ဤသည်တို့ကား။ ရုက္ခမူလာနိ၊ သစ်ပင်ရင်းတည်းဟူသော ကျောင်းတို့ပါပေတည်း။ ဧတာနိ၊ ဤသည်တို့ကား။ သုညာဂါရာနိ၊ ဆိတ်ငြိမ်ရာတောကျောင်း၊ တောင်ကျောင်းတို့ ပါပေတည်း။ စုန္ဒ၊ ချစ်သားစုန္ဒ ...။ ဈာယထ၊ သင် ချစ်သားတို့သန္တာန်၌ တည်ရှိနေတဲ့ ကိလေသာတရားတို့ကို လောင်ကျွမ်းအောင် ရှို့မြိုက်ကြပါကုန်လော့။ မာ ပမာဒတ္ထ၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေထိုင်ကြပါကုန်လင့်။ မာ ပစ္ဆာဝိပ္ပဋိသာရိနော အဟုဝတ္ထ၊ နောင်သောအခါ သေခါနီးကာလကျမှ နှလုံးမသာမယာ မဖြစ်ကြပါကုန်နှင့်။ ဣတိ၊ ဤသို့လျှင်။ အယံ ခေါ၊ ဤသည်ကား။ အမှာကံ၊ ငါဘုရားရှင်တို့၏။ တုမှာကံ၊ သင်ချစ်သားတို့အတွက်။ အနုသာသနီ၊ အဆုံးအမ ဩဝါဒ အနုသာသနိ တရားစကားပါပေတည်း။

ချစ်သားတို့ ... ချစ်သားစုန္ဒ ဟောဒါတွေက သစ်ပင်ရင်းတည်းဟူသော ကျောင်းတွေဖြစ်တယ်။ ဒါတွေကတော့ ဆိတ်ငြိမ်နေတဲ့ တောကျောင်း၊ တောင်ကျောင်းတွေ ဖြစ်ပါတယ်။ အဲဒီ ဆိတ်ငြိမ်တဲ့ သစ်ပင်ရင်းတည်းဟူသောကျောင်း၊ တောကျောင်း၊ တောင်ကျောင်းတွေကို သွားပြီးတော့ သင်ချစ်သားတို့ သန္တာန်မှာ တည်ရှိနေတဲ့ ရာဂ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ဣဿာ၊ မစ္ဆရိယ အစရှိတဲ့ တရားဆိုးတွေကို လောင်ကျွမ်းသွားအောင် မီးရှို့မြိုက်ကြပါ။ ဘယ်လို ရှို့မြိုက်မလဲ?

သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ပြီးတော့၊ သမာဓိကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ပြီးတော့၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ကျင့်ပြီးတော့ ဒီသီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် ရာဂ၊ ဒေါသ၊ မောဟ၊ မာန်မာန အစရှိတဲ့ ဒီကိလေသာတရားတွေကို လောင်ကျွမ်းသွားအောင် မီးရှို့ပစ်ကြပါနော်။ မာ ပမာဒတ္ထ၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ ငါဘုရားရှင်ရဲ့ သာသနာတော်မှာ သင်ချစ်သားတို့၊ သင်ချစ်သမီးတို့ မနေထိုင်ကြပါနဲ့။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေတယ်ဆိုတာ ဘာလဲ?

သီလကျင့်စဉ်တွေကို ဖြည့်ကျင့်ဖို့ရန်အတွက် မေ့နေတယ်၊ သမာဓိကျင့်စဉ်တွေကို ဖြည့်ကျင့်ဖို့ရန်အတွက် မေ့နေတယ်၊ ပညာကျင့်စဉ်တွေကို ဖြည့်ကျင့်ဖို့ရန်အတွက် မေ့နေတယ်။ ဘာလို့ မေ့တာလဲ? စပါးလုံး ရွေးလိုက်တယ်ပေါ့။ ပြောလိုက်ရဦးမယ် ဟုတ်ပြီးလား? တွတ်တွတ် တွတ်တွတ်၊ တွတ်တွတ် တွတ်တွတ် ပြောပြီ။ ဘာတွေ ပြောသလဲ? အဲဒါဟာ အဲဒီ အချိန်အခါမှာ မေ့နေတဲ့ အချိန်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ဖို့ရန်အတွက် မေ့နေတဲ့ အချိန်လေးပဲ။

အိပ်ယာထဲ ပက်လက်ကလေး အသာလေးလှန်လိုက်၊ ဆေးလိပ်လေး ရှုလိုက်၊ မီးခိုးလေး အသာလေး ပါးစပ်ကလေးက အသာလေး မှုတ်ပြီးတော့ အသာလေး ထုတ်လိုက် ဟုတ်တယ်မလား? စကားလေး ဟိုဘက် လှည့်ပြောလိုက်၊ ဒီဘက် လှည့်ပြောလိုက်။ အဲဒီအချိန်အခါမှာ ဘာလုပ်နေတာလဲ? မေ့နေတဲ့ အချိန်တွေပဲ။ သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ဖို့ရန်အတွက် မေ့နေတယ်၊ သမာဓိကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ဖို့ရန်အတွက် မေ့နေတယ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ဖို့ရန်အတွက် မေ့နေတဲ့ အချိန်တွေပဲ။ သာသနာတော်မှာနေရင် အဲဒီလို မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ နေထိုင်ရမလား? မနေထိုင်ပါနဲ့တဲ့နော်။

မာ ပစ္ဆာဝိပ္ပဋိသာရိနော အဟုဝတ္ထ၊ နောင်သောအခါ သေခါနီးကာလကျမှ နှလုံးမသာမယာ မဖြစ်ကြပါကုန်လင့်။ ဟော ... ငါတော့ သီလကျင့်စဉ်တွေ တကယ်လက်တွေ့ ဖြူဖြူစင်စင်နဲ့ မဖြည့်ကျင့်ခဲ့မိတာတော့ မှားပြီ။ ဒီသမာဓိကျင့်စဉ်တွေကို တကယ်လက်တွေ့ အောင်အောင်မြင်မြင် ငါ မကြိုးစားခဲ့တာတော့ မှားပြီ။ ဒီပညာကျင့်စ[?]

မိမိက ဘဝတစ်လျှောက်မှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ နေထိုင်ခဲ့တယ်။ သေခါနီးကာလကျတော့ မိမိနေခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံ၊ မိမိ ပြုကျင့်ခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံတွေက အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာပြီ။ သင့်လာတဲ့အခါ မကောင်းတဲ့ အာရုံနိမိတ်တွေက ထင်လာပြီ။ မကောင်းတဲ့ဘုံဘဝမှာ သွားရမယ့် အမှတ်အသားတွေက ပေါ်လာပြီ။ ထိုအခါကျတော့မှ အားကိုးထိုက်တဲ့ ကောင်းမှုကုသိုလ်တွေ မပြုခဲ့မိတာတော့ မှားနေပြီ ဆိုပြီးတော့ မျက်ရည်စက်လက် ကျပြီးတော့ ဝမ်းနည်းကြေကွဲနေတယ်။ အချိန်လွန်မသွားဘူးလား? လွန်သွားပြီ။ ဒီအချိန်ကို ဘုရားရှင်က ရည်ညွှန်းပြီးတော့ ပြောနေတာနော် -

မာ ပစ္ဆာဝိပ္ပဋိသာရိနော အဟုဝတ္ထ၊ နောင်သောအခါ သေခါနီးကာလကျမှ နှလုံးမသာမယာ မဖြစ်ကြပါကုန်လင့်။ နောင်တစ်ချိန်ကျမှ စိတ်မချမ်းမသာ နှလုံးမသာမယာ မဖြစ်ကြပါနဲ့။ အခုအချိန်က သင်ချစ်သားတို့ ကြိုးစားရမယ့် အချိန်ဖြစ်တယ်။ ဟောဒီမှာ သစ်ပင်တည်းဟူသော ကျောင်းတွေ, ဒီမှာ ဆိတ်ငြိမ်တဲ့ တောကျောင်း, တောင်ကျောင်းတွေ ရှိတယ်။ အဲဒီကျောင်းတွေကို သွားပြီးတော့ သင်ချစ်သားတို့သန္တာန်မှာ တည်ရှိတဲ့ ရာဂမီး, ဒေါသမီး, မောဟမီးတွေကို ငြိမ်းသွားအောင် ရာဂ, ဒေါသ, မောဟဆိုတဲ့ တရားဆိုးတွေကို မီးရှို့ပစ်ကြပါ။

မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ သီလကျင့်စဉ်တွေကို ဖြည့်ကျင့်ဖို့ရန်အတွက်, မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ သမာဓိကျင့်စဉ်တွေကို ဖြည့်ကျင့်ဖို့ရန်အတွက်, မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ ပညာကျင့်စဉ်တွေကို ဖြည့်ကျင့်ဖို့ရန်အတွက် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ ငါဘုရားရှင်ရဲ့ သာသနာတော်မှာ မနေကြပါနဲ့။ အဲဒီလို နေခဲ့မယ် ဆိုလို့ရှိရင် သင်ချစ်သားတို့, သင်ချစ်သမီးတို့တတွေ နောင်သောအခါ တစ်ချိန် သေခါနီး ကာလကျရင်တော့ စိတ်နှလုံး မသာမယာတွေ ဖြစ်ကြလိမ့်မယ်။ ဒါကြောင့် နောင်သောအခါ သေခါနီးကာလကျမှ စိတ်နှလုံး မသာမယာ မဖြစ်ကြပါနဲ့။

အယံ ခေါ အမှာကံ အနုသာသနီ၊ ဒီလို ဆိုဆုံးမနေခြင်းသည် သင်ချစ်သားတို့အပေါ်၌ ကြီးမားသော မဟာကရုဏာတော်ဖြင့် ငါဘုရားရှင်ရဲ့ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆိုဆုံးမနေတဲ့ အဆုံးအမပေးနေတဲ့ အဆုံးအမကြီးပဲ ဖြစ်ပါတယ်ဆိုပြီးတော့ ရှင်စုန္ဒကို မြတ်စွာဘုရားက အမိန့်ရှိတယ်နော်။ ဒါက ဘယ်ကနေ လာခဲ့တာလဲ? လာခဲ့တဲ့ စကားလေးက သူက အာရတီ ဝိရတီဆိုတဲ့ မင်္ဂလာကနေ လာတာပါနော်။ အာရတီ ဝိရတီ ပါပါ = မကောင်းမှုမှ ဝေးဝေးရှောင်ပေးပါတဲ့။ မကောင်းမှုတွေ ကိုယ်နဲ့ ဝေးဝေးရှောင်ပါ၊ စိတ်နဲ့လည်း ဝေးဝေးရှောင်ပါ။ ကာယကံ၊ ဝစီကံနဲ့လည်း ဝေးဝေးရှောင်ပါ။ အဲဒီမှာ စိတ်ဓာတ်က မကောင်းမှုတွေမှ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှောင်ကြဉ်ရမယ် ဆိုတာနဲ့ ပတ်သက်လို့ မြတ်စွာဘုရား အဆင့်မြင့်မြင့် ဟောထားတဲ့ ဒေသနာတော် ဖြစ်ပါတယ်။ သလ္လေခ သုတ္တန်လို့ ခေါ်ပါတယ်နော်။

အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက ခုနက ဘယ်လို စိတ်ဓာတ်တွေကို သာသနာတော်မှာ နေသင့်တယ်။ မွေးမြူပေးရမယ်ဆိုပြီးတော့ မကောင်းမှု အကုသိုလ်မှ မိမိရဲ့ စိတ်ဓာတ်ကလေးတွေ ဖြူစင်သန့်ရှင်းသွားအောင် စိတ်ဓာတ်မွေးမြူရေးစနစ်ကို မြတ်စွာဘုရားက ဟောထားတယ်။ အဲဒီ စနစ်တွေနဲ့ ကျင့်လိုက်လို့ရှိရင် ဘာဖြစ်မလဲ? မကောင်းမှု အကုသိုလ်တွေကို မိမိက စိတ်နဲ့လည်း ဝေးဝေးရှောင်တယ်။ ကာယကံနဲ့လည်း ဝေးဝေးရှောင်တယ်, ဝစီကံနဲ့လည်း ဝေးဝေးရှောင်ခဲ့တယ် ဆိုလို့ရှိရင်တော့ အဲဒီလို ရှောင်ကြဉ်ခြင်းသည် ကောင်းမှုကုသိုလ်တစ်ခု၊ ကောင်းမှုမင်္ဂလာ မိမိသန္တာန်မှာ ဖြစ်တယ်။

ဒီမင်္ဂလာတရားတွေက လောကီကြီးပွားချမ်းသာရေး, လောကုတ္တရာ ကြီးပွားချမ်းသာရေးဆိုတဲ့ လောကီ, လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိခြင်းကြောင့် ဒီတရားနှစ်ပါးကို အာရတီ ဝိရတီဆိုတဲ့ မင်္ဂလာတရားနှစ်ပါးကို မင်္ဂလာဆိုပြီးတော့ မြတ်စွာဘုရား ဒီလို ဟောထားပါတယ်နော်။ ကဲ အာရတီ ဝိရတီ မင်္ဂလာတရားတော့ ပြီးစေတော့။ နောက်တစ်ခု - မင်္ဂလာတရားက ဘာတဲ့လဲ?

မဇ္ဇပါနာ စ သံယမော

မဇ္ဇပါနာ သံယမော နာမ ပုဗ္ဗေ ဝုတ္တသုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိယာ ဧဝေတံ အဓိဝစနံ။
သေရည်သေရက် မူးယစ်ဆေးဝါး သောက်စားခြင်းမှ ရှောင်ကြဉ်ရမယ် ဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတယ်နော်။ အဲဒီတော့ ဒီနေရာမှာ အဋ္ဌကထာကနေပြီးတော့ ဖွင့်ဆိုထားတယ်။ ဘာဖြစ်လို့ ဒီသေရည်သေရက် မူးယစ်ဆေးဝါးတွေကို ရှောင်ကြဉ်ရတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုထားတယ်နော်။

ယသ္မာ ပန မဇ္ဇပါယီ အတ္ထံ န ဇာနာတိ, ဓမ္မံ န ဇာနာတိ, မာတု အန္တရာယံ ကရောတိ,
ယသ္မာ၊ အကြင်အကြောင်းကြောင့်။ ပန၊ အမှန်မူကား။ မဇ္ဇပါယီ၊ မူးယစ်ဆေးဝါးကို မှီဝဲ သောက်သုံးလေ့ရှိသော ပုဂ္ဂိုလ်သည်။ အတ္ထံ၊ အကျိုးစီးပွားကို။ န ဇာနာတိ၊ မသိ။ ဓမ္မံ၊ အကျိုးတရားကို (ဝါ) အကြောင်းတရားကို။ န ဇာနာတိ၊ မသိ။ မာတု၊ အမိအပေါ်၌သော်လည်းပဲ။ အန္တရာယံ၊ အန္တရာယ်ကို။ ကရောတိ၊ ပြုလုပ်တတ်လေ၏၊

အင်မတန် ကျေးဇူးကြီးလှတဲ့ မိမိကို မွေးထုတ်ပေးလိုက်တဲ့ မိခင်၊ အဲဒီ မိခင်ကိုသော်လည်းပဲ တစ်ခါတစ်ရံ ဒီငမူးက ဘာလုပ်တတ်သလဲ? အန္တရာယ် ပြုတတ်တယ်။

ပိတု ဗုဒ္ဓပစ္စေကဗုဒ္ဓတထာဂတသာဝကာနမ္ပိ အန္တရာယံ ကရောတိ, ဒိဋ္ဌေဝ ဓမ္မေ ဂရဟံ သမ္ပရာယေ ဒုဂ္ဂတိံ အပရာပရိယေ ဥမ္မာဒဉ္စ ပါပုဏာတိ။ မဇ္ဇပါနာ ပန သံယမော တေသံ ဒေါသာနံ ဝူပသမံ တဗ္ဗိပရီတဂုဏသမ္ပဒဉ္စ ပါပုဏာတိ။ တသ္မာ အယံ မဇ္ဇပါနာ သံယမော မင်္ဂလန္တိ ဝေဒိတဗ္ဗော။

ပိတု ဗုဒ္ဓပစ္စေကဗုဒ္ဓတထာဂတသာဝကာနမ္ပိ၊ ဖခင်အပေါ်, ဘုရားရှင်အပေါ်, ပစ္စေကဗုဒ္ဓ ဘုရားရှင်အပေါ်, တထာဂတ ဘုရားရှင်တို့၏ တပည့်သား သာဝကတို့အပေါ်၌လည်းပဲ။ အန္တရာယံ၊ အန္တရာယ်ကို။ ကရောတိ၊ ပြုလုပ်တတ်လေ၏၊

ဖခင်ရင်းအပေါ်မှာလည်း အန္တရာယ်ပြုတတ်တယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်အပေါ်မှာလည်း အန္တရာယ်ပြုတတ်တယ်။ ပစ္စေကဗုဒ္ဓဘုရားရှင်တွေ အပေါ်မှာလည်း အန္တရာယ်ပြုတတ်တယ်။ ဘုရားရှင်ရဲ့ တပည့်သား သာဝကတွေ အပေါ်မှာလည်း ဒီငမူးက အန္တရာယ်ပြုတတ်တယ်။ နောက်တစ်ခု -

ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်။ ဂရဟံ၊ ကဲ့ရဲ့ထိုက်သည်အဖြစ်သို့။ ပါပုဏာတိ၊ ရောက်ရှိတတ်ပေ၏၊

ဒီပုဂ္ဂိုလ်က သီလမရှိတဲ့ ဒုဿီလပုဂ္ဂိုလ်ပဲ, ငမူးသမားပဲ စသည်ဖြင့် မျက်မှောက်ဘဝမှာလည်း ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို မခံရဘူးလား? ခံရတယ်။

သမ္ပရာယေ၊ တမလွန်လောက၌။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိ ဘုံဘဝသို့။ ပါပုဏာတိ၊ ရောက်ရှိသွားပေ၏၊ တမလွန်လောကမှာလည်း သေပြီးဆိုလို့ရှိရင် ဒီငမူးသမားက ဘယ်ရောက်မလဲ? မကောင်းတဲ့ အပါယ်လေးဘုံဆိုတဲ့ ဒုဂ္ဂတိဘဝကို ရောက်မယ်။ နောက် အပရာပရိယေ ဥမ္မာဒဉ္စ ပါပုဏာတိ။

အပရာပရိယာယေ[?] - အဆင့်ဆင့်သော ဘဝ၌လည်းပဲ။ ဥမ္မာဒဉ္စ၊ ရူးသွပ်ခြင်းသို့လည်းပဲ။ ပါပုဏာတိ၊ ရောက်ရှိနိုင်ပေ၏၊

သေပြီးတဲ့နောက် အပါယ်လေးဘုံ ရောက်မယ်၊ ငရဲရောက်မယ် ဆိုကြပါစို့။ အပါယ်လေးဘုံက ကျွတ်လာလွတ်လာလို့ လူ့ပြည်, လူ့လောက၊ နတ်ပြည်, နတ်လောက ပြန်လာပြီ ဆိုလို့ရှိရင်လည်း အဲဒီ လူ့ပြည်, လူ့လောက၊ နတ်ပြည်, နတ်လောကမှာ ဘဝအဆက်ဆက်မှာ ဘာဖြစ်မလဲ? [?] = အကျိုးပဲ ဖြစ်မယ်။ အကောင်း မဖြစ်ဘူးတဲ့။ နည်းနည်းလေး စဉ်းစားကြည့်စမ်းပါဦးနော်။ ဒီအရက်သောက်တဲ့ ပုဂ္ဂိုလ်ဟာ အရက်သောက်ခြင်းကြောင့် ရရှိမယ့် အကျိုးတရား သူမသိဘူး။ အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားလည်း သူမသိဘူး။

ဆိုလိုတာကတော့ ဒီနေရာမှာ အကြောင်းအကျိုး အကောင်းအဆိုးကို သူ ဘာမှ နားလည်မှု မရှိဘူး။ အကြောင်းအကျိုး အကောင်းအဆိုးဆိုတာက ဒီလို အရက်သေစာ အပေါ်၌ တွယ်တာတပ်မက်မောနေတဲ့ တဏှာရာဂ ပြဋ္ဌာန်းနေတဲ့ ဒီအကုသိုလ်တရားတွေက အကြောင်းတရားပဲ။ အဲဒီ အကြောင်းတရားတွေသည် အပါယ်လေးဘုံ၌ ပဋိသန္ဓေတည်နေရခြင်းဆိုတဲ့ အလွန်ဆိုးဝါးနေတဲ့ ရုပ်နာမ်နဲ့ အကျိုးတရားကို ဖြစ်စေနိုင်တယ်ဆိုတာ သူ,မသိဘူး။ သိသော်လည်း မရှောင်ဘူးတဲ့။ မရှောင်တဲ့ပုဂ္ဂိုလ်လည်း ဒါ မသိတဲ့စာရင်းထဲမှာ ပါ,ပါတယ်။

နောက်တစ်ခု - မိခင်အပေါ်ကိုသော်လည်း သူက အန္တရာယ်ပြုတတ်တယ်။ ဖခင်အပေါ်ကိုသော်လည်း အန္တရာယ်ပြုတတ်တယ်။ ဘုရား, ပစ္စေကဗုဒ္ဓါ, တပည့်သာဝကတွေ အပေါ်မှာလည်း အန္တရာယ်ပြုတတ်တယ်။ ဒီလိုဆိုတော့ ဒီပုဂ္ဂိုလ်ဟာ မပြစ်မှားသင့်တဲ့, မပြစ်မှားထိုက်တဲ့ သူတော်ကောင်းတွေကို အကြီးအကျယ် ပြစ်မှားတတ်တဲ့ပုဂ္ဂိုလ် မဖြစ်ဘူးလား? ဖြစ်နေပြီ။ သူ့သန္တာန်မှာ ဒီလောက်တောင် များပြားနေတဲ့ အကုသိုလ်တရားတွေက သူ့ကို သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ ထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့ စွမ်းအားကော ရှိပါဦးမလား? မရှိတော့ဘူး။

မျက်မှောက်ဘဝမှာလည်း ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့က သူ့ကို ကဲ့ရဲ့မယ်။ တမလွန်ကျပြန်တော့လည်း မကောင်းတဲ့ဘုံဘဝ ရောက်မယ်။ မကောင်းတဲ့ဘုံဘဝက ကျွတ်လာလို့ သံသရာအဆင့်ဆင့် ဘဝဆိုတာ ရှိနေခဲ့ရင်လည်း အဲဒီဘဝတွေမှာ သူက အရူးပဲ ဖြစ်မယ်။ ဒီလိုဆိုတော့ ဒကာကြီးတွေ နည်းနည်းလေး စဉ်းစားကြည့်စမ်းပါ။ ဘယ်ဘက်မှာများ သူ့အတွက် အကောင်းရှိသလဲ? မရှိပါဘူး။ သံသရာအဆက်ဆက်ကို လှမ်းပြီး ကြည့်လိုက်မယ် ဆိုလို့ရှိရင် အလွန်ကြေကွဲဖို့ သူ့အတွက် မကောင်းဘူးလား? သိပ်ကောင်းနေတယ်နော်။ ဒါကြောင့် -

အခါမလပ် [?]

မြတ်စွာဘုရား ဟိုး ... သိင်္ဂါလောဝါဒသုတ်မှာ ဟောထားတယ်နော်။ ဥစ္စာစီးပွားတွေ ပစ္စုပ္ပန်အကျိုးစီးပွားတွေ, တမလွန် အကျိုးစီးပွားတွေအတွက် အကြောင်း ၆- ခုထဲမှာ ဒီအရက်သေစာ သောက်စားခြင်းကိုလည်း တစ်ခုထည့်ပြီးတော့ မြတ်စွာဘုရား ဟောထားပါတယ်။ နောက်တစ်ခု အဲဒီ သိင်္ဂါလောဝါဒသုတ္တန်မှာပဲ မြတ်စွာဘုရားက အရက်သေစာ သောက်စားခြင်းရဲ့ အပြစ် ၆-ပါးကိုလည်း ထပ်ပြီး ဟောထားတယ်နော်။

‘‘ဆ ခေါမေ, ဂဟပတိပုတ္တ, အာဒီနဝါ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာနုယောဂေ။

ဂဟပတိပုတ္တ၊ သူကြွယ်သား။ ဆ၊ ခြောက်ပါးကုန်သော။ အာဒီနဝါ၊ ဤအပြစ်တို့သည်။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာနုယောဂေ၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းရင်းမြစ်ဖြစ်သော သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို မှီဝဲစားသောက်ခြင်း၌ ကြိုးစားအားထုတ်ခြင်း၌။ ဣမေ အာဒီနဝါ၊ ဤအပြစ်တို့သည်ကား။ မေ၊ ငါဘုရား (ပြသအပ်ကုန်သော)။ ဣမေ ဆ ခေါ၊ ဤခြောက်ပါးတို့ပင်တည်း။

မူးယစ်ဆေးဝါးတို့ကို မှီဝဲစားသောက်ခြင်း၌ ဖြစ်ပေါ်လာမယ့်, ကြိုးစားအားထုတ်ခြင်း၌ ဖြစ်ပေါ်လာတဲ့ အကျိုးတရား အပြစ် ၆-ပါး ရှိတယ်တဲ့နော်။

သန္ဒိဋ္ဌိကာ ဓနဇာနိ, ကလဟပ္ပဝဍ္ဎနီ, ရောဂါနံ အာယတနံ, အကိတ္တိသဉ္ဇနနီ, ကောပီနနိဒံသနီ, ပညာယ ဒုဗ္ဗလိကရဏီတွေဝ ဆဋ္ဌံ ပဒံ ဘဝတိ။ ဣမေ ခေါ, ဂဟပတိပုတ္တ, ဆ အာဒီနဝါ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာနုယောဂေ။

၁။ သန္ဒိဋ္ဌိကာ ဓနဇာနိ၊ ဥစ္စာကုန်ခန်းပျက်စီးခြင်းဆိုတဲ့ မျက်မှောက်သောဘဝမှာ ဥစ္စာကုန်ခန်းခြင်းဆိုတဲ့ အကျိုးတရားလည်း ရနိုင်တယ်။ (နံပါတ်တစ်နော် - ဥစ္စာကုန်ခန်းပျက်စီးခြင်း။)

၂။ ကလဟပ္ပဝဍ္ဎနီ၊ ခိုက်ရန်ပွားများခြင်းဆိုတဲ့ အကျိုးတရားတစ်ခုကိုလည်း ရနိုင်တယ်။ (ခိုက်ရန်ပွားများခြင်း။)

၃။ ရောဂါနံ အာယတနံ၊ ရောဂါအမျိုးမျိုးကိုလည်း ရနိုင်တယ်။ (ရောဂါအမျိုးမျိုးကို ဖြစ်စေတတ်ခြင်း။)
3wv7knp8szs8le84ca7kxx5vizpz505 မင်္ဂလသုတ်-၇၀/၉၇ 0 6305 21993 2026-05-21T21:13:39Z Tejinda 173 "{{header | title = မင်္ဂလသုတ်-၇၀/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၆၉..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 21993 wikitext text/x-wiki {{header | title = မင်္ဂလသုတ်-၇၀/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၆၉/၉၇]] | previous2 = | next = [[မင်္ဂလသုတ်-၇၁/၉၇]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
မင်္ဂလသုတ်-၇၀

မူးယစ်ဆေးဝါး မှီဝဲစားသောက်ခြင်းကြောင့် ရရှိမယ့် အပြစ် ၆-ပါး ဘုရား ဟောထားတယ်နော် -
၄။ အကိတ္တိသဉ္ဇနနီ၊ ဂုဏ်သရေမဲ့ ကျော်ဇောမှုကို ဖြစ်စေတတ်ခြင်း။

၅။ ကောပီနနိဒံသနီ၊ လျှို့ဝှက်ဖုံးကွယ်ထိုက်တဲ့ ကိုယ်အင်္ဂါရပ်တွေကို ဖွင့်လှစ်ပြီးတော့ ပြတတ်ခြင်း။

၆။ ပညာယ ဒုဗ္ဗလိကရဏီ၊ ပညာကို အားနည်းအောင် ပြုတတ်ခြင်း။ ဆိုပြီးတော့ သေရည်သေရက် သောက်စားခြင်းကြောင့် အပြစ် ၆-မျိုးရှိကြောင်း မြတ်စွာဘုရား သိင်္ဂါလောဝါဒသုတ္တန်မှာ ဟောထားပါတယ်နော်။

အဲဒီတော့ ဒီနေရာမှာ -
၁။ ဥစ္စာကုန်ခန်းပျက်စီးခြင်း

ဒီအပိုင်းနဲ့ ပတ်သက်ပြီး ဒီညပြောဖို့ ရည်ရွယ်ထားပါတယ်။ မူးယစ်ဆေးဝါးတွေ သောက်စားပြီးတော့ မူးယစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး မိမိစီးပွားဥစ္စာကို ပြန်လည်ပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အခြေအနေ ထိုအချိန်အခါမှာ ရှိသလား? မရှိဘူး။ ဥပမာ ဆိုကြပါစို့ - မိမိမှာ ရွှေထုတ်ကြီး၊ ငွေထုတ်ကြီး ပိုက်ပြီးတော့ သွားတယ်။ ဒီအချိန်မှာ အရက်သောက်လိုက်လို့ မူးလဲနေပြီ။ အဲဒီအချိန်အခါမှာ ဒီရွှေထုတ်၊ ငွေထုတ်ကို သူတစ်ပါးက လာယူသွားသော်လည်း မိမိမှာ ကာကွယ်စောင့်ရှောက်နိုင်တဲ့ စွမ်းအားရှိပါ့မလား? မရှိနိုင်ဘူး။ ဒါ ဥစ္စာကုန်ခန်းဖို့ရန်အတွက် အနီးကပ်ဆုံးအကြောင်းပဲနော်။

သို့သော် မူးယစ်ဆေးဝါး သောက်စားခဲ့မယ်ဆိုရင် အနည်းဆုံးတော့ အရက်ဖိုးတော့ မကုန်ဘူးလား? ကုန်တယ်။ ဒါလည်း ဥစ္စာကုန်ခန်းပျက်စီးဖို့ရန် အကြောင်းတွေပဲ။ ဒီထက် ပိုလွန်နေတဲ့ အကြောင်းတွေကော မရှိဘူးလား? ရှိပါတယ်နော်။

အဲဒီတော့ ဒီနေရာမှာ သုရာဃဋဇာတ်တော်ဆိုတဲ့ ဇာတ်တော်လေးတစ်ခု ဒီည ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားပါတယ်။ ဒီဇာတ်တော်လေးကတော့ အနာထပိဏ်ကျောင်းဒါယကာကြီးရဲ့ တူတော်မောင်တစ်ယောက်ကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာရတဲ့ ဇာတ်တော်ဖြစ်ပါတယ်။ အနာထပိဏ်ကျောင်းဒကာကြီးမှာ တူတော်တစ်ယောက်ရှိတယ်။ ဒီတူတော်မောင်မှာ မိဘတို့ရဲ့ စည်းစိမ်ဥစ္စာ ကုဋေလေးဆယ်ခန့် ကြွယ်ဝတဲ့ စည်းစိမ်ဥစ္စာတွေကို အမွေရတယ်။ တစ်ဦးတည်းသော သားလည်း ဖြစ်ပါတယ်နော်။

အဲဒီ အမွေရရှိတဲ့ ဒီစည်းစိမ်ဥစ္စာတွေကို အကုန်လုံး ဖျက်ဆီးပစ်တယ်။ မူးယစ်ဆေးဝါးတွေ မှီဝဲစားသောက်ခြင်းဖြင့် အကုန်လုံး ဖျက်ဆီးပစ်လိုက်တယ်။ ဖျက်ဆီးပစ်လိုက်တဲ့ အချိန်အခါ စီးပွားဥစ္စာတစ်ပြားမှ မရှိတော့ အနာထပိဏ်သူဌေးကြီးထံ ရောက်လာတယ်။ ရောက်လာတဲ့ အချိန်အခါကျတော့ အနာထပိဏ် သူဌေးကြီးကနေပြီးတော့ သူ့ကို ကုန်သွယ်ပြီး စားပေတော့ဆိုပြီး အသပြာ ၁-ထောင် ချီးမြှင့်လိုက်ပါတယ်။

ရှေးခေတ်က အသပြာ ၁-ထောင်သည် တော်တော်လေး တန်ဖိုးရှိတဲ့ အသပြာတစ်ထောင် ဖြစ်ပါတယ်။ အဲဒီ အသပြာ ၁-ထောင်ကိုလည်း သူက သေရည်သေရက်တွေ၊ မူးယစ်ဆေးဝါးတွေ သောက်သုံးစားသောက်ပြီးတော့ အကုန်လုံး ဖြုန်းတီးပစ်လိုက်ပြန်တယ်။ နောက်ထပ်တစ်ခါ လာပြန်တယ်။ အသပြာ ၅-ရာ ပေးလိုက်တယ်။ အသပြာ ၅-ရာကိုလည်း အလားတူပဲ - ဖျက်ဆီးပစ်လိုက်ပြန်တယ်။

ဖျက်ဆီးပစ်လိုက်ပြန်တော့ တတိယအကြိမ် လာပြန်တယ်။ လာတဲ့ အချိန်အခါကျတော့ အင်မတန် ထူထည်းတဲ့ ပုဆိုး ၂-ထည်လောက်ပဲ ပေးလိုက်တယ်။ အဲဒီပုဆိုး ၂-ထည်လည်း အကုန်လုံး သူက ပေါင်နှံရောင်းချပြီးတော့ အရက်သေစာ သောက်စားပြီးတော့ ဖျက်ဆီးပစ်လိုက်ပြန်တယ်။ ဖျက်ဆီးပြီးတော့ စတုတ္ထအကြိမ် လာပြန်တယ် -

လာတဲ့ အချိန်ခါကျတော့ အနာထပိဏ်ကျောင်းဒကာကြီးက “ဒီကောင်ကို ဒီခြံထဲကနေပြီးတော့ အပြင်ဆွဲပြီး ထုတ်ကာပစ်လိုက်တော့” ဆိုပြီး သူ့အခိုင်းအစေတွေကို အကုန်လုံး ခိုင်းလိုက်တယ်။ အဲဒါနဲ့ နောက်ထပ်လည်း အိမ်ဝင်ခွင့် မပေးတော့ဘူး။ မပေးလိုက်တဲ့အခါကျတော့ ခိုကိုးရာမဲ့ပြီးတော့ ဘာလုပ်သလဲ? သူတို့ တောင်းစားရတယ်။ တောင်းစားနေရာက နောက်ဆုံးတော့ အခြေမလှတော့ သူတစ်ပါး အိမ်နံရံတစ်ခုမှာ မှီပြီးတော့ သူ သေကျေပျက်စီးသွားတယ်။

အဲဒီအကြောင်းကို အနာထပိဏ်ကျောင်းဒါယကာကြီးက သူ့ရဲ့တူတော်မောင်အကြောင်းကို တစ်နေ့ မြတ်စွာဘုရားအား တင်ပြလျှောက်ထားတယ်။ တင်ပြလျှောက်ထားလိုက်တဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားက ဘာအမိန့်ရှိသလဲ?

‘တွံ ဧတံ ကထံ သန္တပ္ပေဿသိ, ယမဟံ ပုဗ္ဗေ သဗ္ဗကာမဒဒံ ကုမ္ဘံ ဒတွာပိ သန္တပ္ပေတုံ နာသက္ခိ’

တွံ၊ သင်သည်။ ဧတံ၊ ထိုယောက်ျားကို။ ကထံ၊ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့်။ သန္တပ္ပေဿသိ၊ နှစ်သက်ကျေနပ်အောင် ပြုလုပ်နိုင်ပါအံ့နည်း။ ယံ၊ အကြင်ယောက်ျားကို။ အဟံ၊ ငါသည်။ ပုဗ္ဗေ၊ ရှေးယခင်ဘဝ၌။ သဗ္ဗကာမဒဒံ၊ အလုံးစုံသော အလိုရှိသမျှ စည်းစိမ်ဥစ္စာကို ပေးခြင်းငှာ စွမ်းနိုင်သော။ ကုမ္ဘံ၊ အိုးတစ်ခုကို။ ဒတွာပိ၊ ပေး၍သော်လည်းပဲ။ သန္တပ္ပေတုံ၊ ကျေနပ်ရောင့်ရဲစေအံ့သောငှာ။ နာသက္ခိံ၊ မစွမ်းနိုင်ခဲ့လေပြီ။

သင်ဟာ အခုဘဝမှာ ဒီပုဂ္ဂိုလ်ကို ကျေနပ်အောင်၊ သူကျေနပ်အောင် သင် ဘယ်လိုလုပ်နိုင်မလဲ? ရှေးယခင်ဘဝတစ်ခုမှာ ငါဟာ ဒီပုဂ္ဂိုလ်ကို အလိုခပ်သိမ်းကို ပေးစေနိုင်တဲ့ စွမ်းအားရှိနေတဲ့ အိုးတစ်လုံး ပေးခဲ့ဖူးတယ်။ အဲဒါတောင်မှ ဒီပုဂ္ဂိုလ်ဟာ ကျေနပ်အောင် သူ့ကို ငါမလုပ်နိုင်ခဲ့ဘူး။ အဲဒီလို ဖြေလိုက်တဲ့ အချိန်အခါကျတော့မှ အနာထပိဏ်ကျောင်းဒါယကာကြီးက တောင်းပန်တဲ့အတွက် မြတ်စွာဘုရားက ဒီသုရာဃဋဇာတ်တော်လေး ဟောပေးပါတယ်နော်။

သုရာဃဋဇာတ်တော်

အတိတ်ဘဝတစ်ခုမှာ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း ထီးဖြူအုပ်ချုပ် မင်းလုပ်တဲ့အချိန် ဆိုကြပါစို့။ ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်က သူဌေးမျိုးမှာ သွားပြီးတော့ ဖြစ်ပါတယ်။ ဖခင်ကွယ်လွန်လိုက်တဲ့ အချိန်အခါကျတော့ သူဌေးရာထူး ရရှိတယ်။ ရလိုက်တဲ့ အချိန်အခါမှာ ဒီသူဌေးအိမ်မှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် မြေထဲမှာ မြုပ်နှံထားတဲ့ စည်းစိမ်ဥစ္စာကိုက ကုဋေ ၄၀-ခန့် ကြွယ်ဝတယ်၊ ချမ်းသာတယ်။ မြေပေါ်ရှိတဲ့ စည်းစိမ်ဥစ္စာကို အသာထားလိုက်ဦး။ ဒါပေမဲ့ အဲဒီ သူဌေးကြီးမှာ အကြောင်းမလှချင်တော့ သားလေးတစ်ယောက်ပဲ ရှိတယ်။ သားလေးတစ်ယောက်ရှိတော့ ဒီဘုရားအလောင်း သူဌေးကြီးကနေပြီးတော့ ဘာလုပ်သလဲ?

ကောင်းမှုကုသိုလ်တွေကို ပြုတယ်။ ကုသိုလ်တည်းဟူသော ရွှေအိုးတွေကို သူကတော့ မြုပ်နှံတယ်။ မြုပ်နှံပြီးတဲ့ အချိန်အခါမှာ သူက ဘဝတစ်ပါး ပြောင်းသွားပြီ။ ပြောင်းသွားလိုက်တော့ သူ့ရဲ့ ကောင်းမှုကုသိုလ်ကံလေးက ပြုပြင်လိုက်တဲ့အတွက် သိကြားမင်းကြီး ဖြစ်သွားပြီ။

သိကြားမင်း ဖြစ်လိုက်တဲ့ အချိန်အခါကျတော့ အိမ်မှာ သားတစ်ယောက်ကျန်ခဲ့တယ်။ ဒီသားတစ်ယောက်က အမွေတွေ အကုန်လုံး ရလိုက်တယ်။ ရလိုက်တဲ့ အချိန်အခါကျတော့ ဒီသားက ဘာလုပ်သလဲ? လမ်းမကို အကုန်လုံး ပိတ်ဆို့ပြီးတော့ တစ်ခါတည်း အကြီးအကျယ် မဏ္ဍပ်ကြီးတွေ ဆောက်လိုက်တယ်။ ဆောက်ပြီးတဲ့ အချိန်အခါကျတော့မှ လူအများအပေါင်း ခြံရံပြီးတော့ အဲဒီမဏ္ဍပ်အတွင်းမှာ သူက ထိုင်၊ ထိုင်ပြီးတဲ့ အခါကျတော့မှ အဲဒီမဏ္ဍပ်ထဲမှာ သေရည်သေရက်တွေကို သောက်သုံးဖို့ရန်အတွက် ကြိုးစားအားထုတ်တယ်။ သူလုပ်တဲ့ လုပ်ငန်းရပ်ပဲနော်။

အဲဒီလို ကြိုးစားအားထုတ်လိုက်တဲ့ အချိန်အခါကျတော့ ငမူးသမား ဘေးမှာ ဝိုင်းဝိုင်းလည်ပြီးတော့ သောက်မယ့်ပုဂ္ဂိုလ်တွေကလည်း အများကြီး ဖြစ်လာတယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ ဂျွမ်းဘားကစားတဲ့ပုဂ္ဂိုလ်တွေ၊ အပြေးပြိုင်ပွဲဝင်နေတဲ့ ပုဂ္ဂိုလ်တွေ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ပြီ ဆိုလို့ရှိရင် ဆုငွေ ၁-ထောင် ၁-ထောင် သူက အကုန်လုံးလိုက်ပြီး ချီးမြှင့်တယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ သူက အမျိုးသမီးလည်း သိပ်ပြီးတော့ လိုက်စားတယ်၊ သေသောက်ကြူးလည်း ဖြစ်တယ်၊ [?] အသားစားကြူးတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပြန်တယ်နော်။

အမျိုးသမီးကြူးတဲ့ပုဂ္ဂိုလ်၊ သေသောက်ကြူးတဲ့ပုဂ္ဂိုလ်၊ အသားစားကြူးတဲ့ပုဂ္ဂိုလ်ဖြစ်တော့ ဘာလုပ်သလဲ? ဘယ်နေရာမှာ တီးမှုတ်တာ ရှိသလဲ၊ ဘယ်နေရာမှာ ကတာရှိသလဲ၊ ခုန်တာရှိသလဲ၊ ဘယ်နေရာမှာ သီချင်းဆိုတာ ရှိသလဲ? စသည်ဖြင့် ပွဲလမ်းသဘင်တွေကိုသာ မေးပြီးတော့ သူက လိုက်ပြီး လှည့်လည်ကျက်စားတယ်။ လှည့်လည်ကျက်စားပြီးတော့ ကောင်းမှုကုသိုလ်တွေမှာ မေးမေးလျော့လျော့နဲ့ ဒီလိုပဲ ကျက်စားနေလိုက်တော့ ဘာဖြစ်လာသလဲ?

မကြာမီ အချိန်ကာလအတွင်းမှာ စည်းစိမ်ဥစ္စာတွေအားလုံး ကုန်ဆုံးသွားတယ်။ ကုဋေ ၄၀-သော မြေကြီးထဲ မြုပ်နှံထားတဲ့ ပစ္စည်းတွေကော၊ ကုဋေလေးဆယ်ခန့် ရှိနေတဲ့ တန်ဖိုးရှိတဲ့ အိမ်မှာရှိတဲ့ စည်းစိမ်ဥစ္စာအားလုံး အကုန်လုံး ဖျက်ဆီးပစ်လိုက်တယ်။ ဖျက်ဆီးပစ်လိုက်ပြီးတော့ နောက်ဆုံးမှာ ဘာဖြစ်သွားသလဲ? [?] အထီးကျန် သူဆင်းရဲတစ်ဦး ဖြစ်သွားတယ်။ ပုဆိုးပိုင်းလေးတစ်ခုကို ဝတ်ပြီးတော့ လှည့်လည်ပြီး တောင်းစားရတဲ့ ဘဝအထိ ရောက်သွားတယ်။

ရောက်သွားလိုက်တဲ့ အချိန်အခါကျတော့ သိကြားမင်းကြီးက ဆင်ခြင်တယ်။ လှမ်းပြီး ဆင်ခြင်ကြည့်လိုက်တော့ ချစ်သားလေး သူဆင်းရဲဘဝကို ရောက်ရှိနေတာ လှမ်းပြီးမြင်တော့ ဘာလုပ်သလဲ? သားဟူသော ချစ်ခြင်းဖြင့် သိကြားမင်းကြီးက လူ့ပြည်ကို ဆင်းလာခဲ့တယ်။ ဆင်းလာပြီးတော့ ဘာလုပ်သလဲ? အလိုခပ်သိမ်းကို ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ အိုးတစ်လုံး သူ့ကို ပေးသွားတယ်။ ပေးပြီးတော့ ဘာပြောသေးသလဲ?

‘‘တာတ, ယထာ အယံ ကုမ္ဘော န ဘိဇ္ဇတိ, တထာ နံ ရက္ခ, ဣမသ္မိံ တေ သတိ ဓနဿ ပရိစ္ဆေဒေါ နာမ န ဘဝိဿတိ, အပ္ပမတ္တော ဟောဟိ’’

တာတ၊ ချစ်သား။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ အယံ ကုမ္ဘော၊ ဤအိုးသည်။ န ဘိဇ္ဇတိ၊ မကွဲနိုင်။ တထာ၊ ထိုမကွဲနိုင်လောက်သော အခြင်းအရာအားဖြင့်။ နံ၊ ထိုအိုးကို။ ရက္ခ၊ ထိန်းသိမ်းစောင့်ရှောက်၍နေပါ။

ချစ်သား ... ဒီအိုးလေးတစ်လုံးကိုတော့ ချစ်သား မကွဲအောင် ထိန်းသိမ်းစောင့်ရှောက်ပေတော့ -

ဣမသ္မိံ၊ ဤအိုးသည်။ တေ၊ သင်၏လက်ထဲ၌။ သတိ၊ ထင်ရှားရှိခဲ့ပါမူ။ ဓနဿ၊ စည်းစိမ်ဥစ္စာမှ။ ပရိစ္ဆေဒေါ နာမ၊ အပိုင်းအခြားမည်သည်။ န ဘဝိဿတိ၊ ဘယ်တော့မှ မဖြစ်လေလတ္တံ့။ အပ္ပမတ္တော၊ မမမေ့မလျော့တဲ့ သတိတရား ထင်ရှားရှိသည်။ ဟောဟိ၊ ဖြစ်ပါစေ။

ဒီအိုးလေး သင်ချစ်သားလက်ထဲ ရှိနေသမျှကာလပတ်လုံး စည်းစိမ်ဥစ္စာ ဆိုတာက အပိုင်းအခြား မရှိဘူး။ သင်ချစ်သား လိုတာအကုန်လုံး ရနိုင်တယ်။ ဒါကြောင့် သင်ချစ်သား မမေ့မလျော့ဘဲနဲ့ ဒီအိုးလေးကို မကွဲမပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ နေပါဆိုပြီး မှာသွားတယ်။

ဘယ့်နှယ်တုံး ဒကာကြီးတွေ အဲဒီလို အိုးလေး ၁-လုံးလောက်ရရင် မလိုချင်ကြဘူးလား? ရရင် ဘာလုပ်ကြမလဲ? အိမ်ပြန်ပြေးမယ်နဲ့ တူတယ်နော်။ ဟုတ်တယ်မလား? ခေါင်ဆုံးအိမ်ကိုတော့ အရင်ပြေးမှာပဲထင်တယ်။ အဲဒီလို ဆုံးမပြီးတော့ နတ်ပြည်၊ နတ်လောကကို သိကြားမင်းကြီးက ပြန်သွားပြီ။ အဲဒီ အချိန်အခါက စပြီးတော့ ဒီပုဂ္ဂိုလ်က ဘာလုပ်ပြန်သလဲ? အဲဒီအချိန်က စပြီးတော့ အရက်တွေ တစ်ခါ ပြန်ပြီးတော့ သောက်ပြန်တယ်။ အရက်သောက်လာပြီ ဆိုလို့ရှိရင်လည်း ပြဿနာက ပေါ်တော့မယ်နော်။ ဒီတော့ သူဘာလုပ်သလဲ?

အထေကဒိဝသံ မတ္တော တံ ကုမ္ဘံ အာကာသေ ခိပိတွာ သမ္ပဋိစ္ဆန္တော ဧကဝါရံ ဝိရဇ္ဈိ,

အထ၊ ထိုအခါ၌။ ဧကဒိဝသံ၊ တစ်နေ့သ၌။ မတ္တော၊ မူးယစ်မေ့လျော့သည်ဖြစ်၍။ တံ ကုမ္ဘံ၊ ထိုအိုးကို။ အာကာသေ၊ ကောင်းကင်၌။ ခိပိတွာ၊ မြှောက်ပစ်လိုက်၍။ သမ္ပဋိစ္ဆန္တော၊ အောက်က ခံယူလိုက်သည်ရှိသော်။ ဧကဝါရံ၊ တစ်ကြိမ်တစ်ခါ၌။ ဝိရဇ္ဈိ၊ လက်ချော်၍ သွားခဲ့လေပြီ။

မူးလာပြီကိုး။ ဟုတ်တယ်မလား? မူးလာတဲ့ အခါကျတော့ အိုးကလေးကို ကောင်းကင်ပေါ် အသာလေး ပစ်ပြီး မြှောက်လိုက်တယ်။ အောက်ကနေ စီးပြီးတော့ ဖမ်းတယ်။ မူးနေတဲ့အခါကျတော့ ဖမ်းတာကလည်း ပုံမကျတော့ အိုးက ချော်ထွက်သွားတယ်။ ချော်ထွက်သွားတဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

ကုမ္ဘော ဘူမိယံ ပတိတွာ ဘိဇ္ဇိ။
ကုမ္ဘော၊ အိုးသည်။ ဘူမိယံ၊ မြေပေါ်သို့။ ပတိတွာ၊ ကျ၍။ ဘိဇ္ဇိ၊ ကွဲ၍ သွားခဲ့လေပြီ။

အိုးကလည်း မြေကြီးပေါ် ကျပြီး ကွဲပါလေရော။

တတော ပဋ္ဌာယ ပုန ဒလိဒ္ဒေါ ဟုတွာ ပိလောတိကံ นိဝါသေတွာ ကပါလဟတ္ထော ဘိက္ခံ စရန္တော ပရကုဋ္ဋံ နိဿာယ ကာလမကာသိ။
တတော ပဋ္ဌာယ၊ ထိုအချိန်အခါမှစ၍။ ပုန၊ တစ်ဖန်။ ဒလိဒ္ဒေါ၊ ဆင်းရဲသော ပုဂ္ဂိုလ်သည်။ ဟုတွာ၊ ဖြစ်၍။ ပိလောတိကံ၊ ပုဆိုးပိုင်းတစ်ခုကို။ နိဝါသေတွာ၊ ဝတ်၍။ ကပါလဟတ္ထော၊ အိုးခြမ်းကွဲခွက်ကို လက်၌ ကိုင်ဆောင်လျက် (ထိုခွက်လက်ဆွဲလျက်)။ ဘိက္ခံ စရန္တော၊ အစာကို လှည့်လည်တောင်းလျက်။ ပရကုဋ္ဋံ၊ သူတစ်ပါးတို့၏ အိမ်နံရံကို။ နိဿာယ၊ အမှီပြု၍။ ကာလမကာသိ၊ ခန္ဓာပျက်ကြွေ သေလွန်ခဲ့လေပြီ။

အဲဒီအချိန်အခါကစပြီးတော့ သူဆင်းရဲပဲ ပြန်ဖြစ်ရပြန်တယ်။ ပုဆိုးပိုင်းလေးတစ်ခု ဝတ်ပြီးတော့ ခွက်လက်ဆွဲပြီးတော့ ထမင်းတောင်းစားရတဲ့ဘဝ ရောက်တယ်။ တစ်နေ့မှာတော့ သူတစ်ပါး နံရံမှီပြီးတော့ပဲ သေသွားရတယ်။ အဲဒီအခါမှာ ဒီအကြောင်းအရာကလေးကို ကြည့်ပြီးတော့ မြတ်စွာဘုရားက ဂါထာလေးတွေ ဟောတယ်နော်။

‘‘သဗ္ဗကာမဒဒံ ကုမ္ဘံ, ကုဋံ လဒ္ဓါန ဓုတ္တကော၊ ယာဝ နံ အနုပါလေတိ, တာဝ သော သုခမေဓတိ။

ဓုတ္တကော၊ သေသောက်ကြူးသည်။ သဗ္ဗကာမဒဒံ၊ အလိုခပ်သိမ်းကိုပေးနိုင်တဲ့ စွမ်းအားရှိသော။ ကုမ္ဘံ၊ အိုးကို။ ကုဋံ၊ (အိုးစည်)။ လဒ္ဓါန၊ ရရှိသည်ဖြစ်၍။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ နံ၊ ထိုအိုးကို။ အနုပါလေတိ၊ အစဉ်မကွာ ကွယ်ကာစောင့်ရှောက်နိုင်ခဲ့လေ၏။ တာဝ၊ ထိုစောင့်ရှောက်နိုင်သမျှ ကာလပတ်လုံး။ သော၊ ထိုသေသောက်ကြူးသည်။ သုခမေဓတိ၊ ချမ်းသာခြင်းသို့ ရောက်ရလေ၏။

အလိုခပ်သိမ်းကို ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ အိုး ၁ လုံး၊ သေသောက်ကြူး ငမူးသမားရပြီ။ ဒါပေမဲ့ ဒီအိုးကလေးကို ထိန်းသိမ်းစောင့်ရှောက် နိုင်သမျှ ကာလပတ်လုံး ဒီငမူးက ချမ်းသာသုခကို ရှာဖွေလို့တော့ ရနိုင်သေးတယ်။ ဒါပေမဲ့ ဘာဖြစ်တာလဲ?

‘‘ယဒါ မတ္တော စ ဒိတ္တော စ, ပမာဒါ ကုမ္ဘမဗ္ဘိဒါ၊ တဒါ နဂ္ဂေါ စ ပေါတ္ထော စ, ပစ္ဆာ ဗာလော ဝိဟညတိ။

ယဒါ၊ အကြင်အခါ၌။ မတ္တော စ၊ မူးယစ်မေ့လျော့သည်လည်းကောင်း။ ဒိတ္တော စ၊ ကောင်းကင်သို့ ပစ်လွှတ်လိုက်မိသည်လည်းကောင်း။ ဟုတွာ၊ ဖြစ်၍။ ပမာဒါ၊ မေ့လျော့ခြင်းကြောင့်။ ကုမ္ဘံ၊ အိုးသည်။ အဗ္ဘိဒါ၊ ကွဲပျက်ခဲ့လေပြီ။ တဒါ၊ ထိုကဲ့သို့ အိုးပျက်စီး၍ သွားသောအချိန်ကာလ၌။ နဂ္ဂေါ စ၊ ရံခါ အဝတ်မပါ အချည်းနှီးဖြစ်၍လည်းကောင်း။ ပေါတ္ထော စ၊ ရံခါ ပုဆိုးပိုင်းကို ဝတ်၍လည်းကောင်း။ ပစ္ဆာ ဗာလော ဝိဟညတိ၊ လူမိုက်တစ်ဦးကဲ့သို့ ပင်ပန်းဆင်းရဲ၍ နေရပေ၏။

ဒီအိုးကလေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အချိန်အခါတုန်းကတော့ ချမ်းသာသုခကို ရှာဖွေလို့ ရသေးတယ်။ ဒါပေမဲ့ တစ်ချိန်ကျတော့ မူးယစ်မေ့လျော့ပြီးတော့ အိုးကို ကောင်းကင်ကို မြှောက်ပြီးတော့ ကစားမိတယ်။ ဒီအချိန်အခါက စပြီးတော့ မူးယစ်မေ့လျော့မှုကို အခြေခံပြီးတော့ အိုးလည်း ကွဲပြီး ပျက်စီးသွားခဲ့တယ်။ အဲဒီလို အိုးကွဲပျက်စီးပြီးသွားတဲ့ အချိန်အခါက စပြီးတော့ တစ်ခါတစ်လေ အဝတ်မရှိဘဲနဲ့ လှည့်လည်ကျက်စားပြီး နေခဲ့ရတယ်။ တစ်ခါတစ်လေလည်း နံငယ်ပိုင်းကလေးတစ်ခု ဝတ်ပြီးတော့မှ လှည့်လည်ကျက်စားပြီး နေခဲ့ရတယ်။ ဒါကြောင့် နောက်ပိုင်းကာလ ရောက်တဲ့အချိန်အခါမှာ လူမိုက်လို ပင်ပန်းဆင်းရဲသွားတယ်။ အရက်သောက်ခြင်းကြောင့် စည်းစိမ်ဥစ္စာတွေ ပျက်စီးသွားရတဲ့ ထုံးတစ်ခုပဲနော် -

‘‘ဧဝမေဝ ယော ဓနံ လဒ္ဓါ, ပမတ္တော ပရိဘုဉ္ဇတိ၊ ပစ္ဆာ တပ္ပတိ ဒုမ္မေဓော, ကုဋံ ဘိတွာဝ ဓုတ္တကော’’

ဧဝမေဝ၊ ဤဥပမာ အတူသာလျှင်။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဓနံ လဒ္ဓါ၊ စည်းစိမ်ဥစ္စာကို လက်ခံရရှိသည်ဖြစ်၍။ ပမတ္တော၊ မေ့လျော့သည်ဖြစ်၍။ ပရိဘုဉ္ဇတိ၊ သုံးဆောင်၍ နေပေ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ပစ္ဆာ၊ တစ်ချိန်သောကာလ၌။ ဒုမ္မေဓော၊ ထိုပညာမဲ့သောပုဂ္ဂိုလ်သည်။ ဓုတ္တကော၊ ထိုသေသောက်ကြူးသည်။ ကုဋံ၊ အိုးကို။ ဘိတွာဝ၊ ခွဲ၍သာလျှင်။ ပစ္ဆာ၊ နောက်ကာလ၌။ တပ္ပတိ၊ ပူပန်သောက ရောက်ရသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဒုမ္မေဓော၊ ပညာမဲ့သောပုဂ္ဂိုလ်သည်။ ပစ္ဆာ တပ္ပတိ၊ နောက်ပိုင်းကာလ၌ ပူပန်သောက ရောက်ရတတ်ပေ၏။

အလိုခပ်သိမ်းကို ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ အိုးကလေး ၁ လုံး ရတယ်။ ဒါပေမဲ့ မူးယစ်မေ့လျော့ ပေါ့ပေါ့ဆဆနဲ့ ဒီအိုးကို သုံးစွဲခဲ့မိတယ်။ သုံးစွဲခဲ့မိတဲ့အတွက် ဒီသေသောက်ကြူးဟာ အိုးကို ကွဲရတဲ့အတွက် နောက်ပိုင်းကာလရောက်တဲ့ အချိန်အခါမှာ ဘာဖြစ်သလဲ? ပူပန်သောက ရောက်ရတတ်တယ်။

အဲဒီပုံစံအတိုင်းပဲ လောကမှာ မေ့မေ့လျော့လျော့နဲ့ မူးယစ်ဆေးဝါးတွေကို မှီဝဲစားသုံးပြီးတော့ နေထိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာလည်း ဒီသေသောက်ကြူးပြီး အိုးကွဲခြင်းကြောင့် ပူပန်သောက ရောက်ရသလို လောကမှာ ပူပန်သောကရောက်ရတတ်ပါတယ်။ ပညာမဲ့တဲ့ ပုဂ္ဂိုလ်မှန်ရင် ဒီလိုပဲ သောကရောက်တတ်တယ် ဆိုပြီးတော့ ဘုရားက ဒီဂါထာလေး ဟောတယ်။ ဒီတော့ ဒီဇာတ်တော်လေး ဘုန်းကြီးဟောတာ ရည်ရွယ်ချက်လေး တစ်ခုတော့ ရှိပါတယ်နော်။ အဲဒီ ဇာတ်တော်မှာ သိကြားမင်းကြီးက အလိုခပ်သိမ်း ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ အိုးလေးကို လာပြီးတော့ ချီးမြှင့်ပေးလိုက်တယ်။ သားဟူသော ချစ်ခြင်းဖြင့် လာပြီးတော့ ချီးမြှင့်ပေးရတာပါ။ အဲဒီ သေသောက်ကြူးဟာ ဘယ်သူလဲလို့ မေးလိုက်တော့ အနာထပိဏ် ကျောင်းဒါယကာကြီးရဲ့ တူတော်မောင်ဖြစ်တဲ့ သေသောက်ကြူးပဲ လာဖြစ်တယ်။ ဘဝတစ်ခုမှာ ငမူးဓာတ်ခံကို လက်ခံခဲ့တဲ့အတွက် နောက်ဘဝတွေမှာလည်း ဒီငမူးဓာတ်က ထပ်ချပ်မကွာ ကပ်ပြီးတော့ ပါမလာဘူးလား? ပါလာတယ်။ တော်တော်ခက်တယ်။

ဘဝတစ်ခုမှာ ခုနက မုသားပြောတတ်တဲ့ အလေ့အထကို လက်ခံခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဒီဘဝရောက်လာလျှင် မုသားပြောတတ်တဲ့အလေ့ ဝါသနာဓာတ်ငွေ့လေးက ကပ်ပြီးတော့ ပါမနေတတ်ဘူးလား? ပါတတ်တယ်။ အလားတူပဲ ဒီဘဝမှာ မုသားပြောတတ်တဲ့ ဓာတ်ငွေ့လေးတစ်ခုကို ကိုယ်က တွင်တွင်ကြီး အသုံးချလိုက်တယ်။ အဲဒီ ပုဂ္ဂိုလ်အတွက် ဒီဓာတ်ငွေ့က နောင်သံသရာ အဆက်အထိ ကပ်ပြီးတော့ ပါမသွားတတ်ဘူးလား? ပါသွားတတ်တယ်။ သတိရှိတော့နော်။ ထိုငမူးသမားသည် အတိတ်ကလည်း သူ ငမူးသမားဖြစ်ခဲ့တယ်။ ဒီဘဝ ရောက်တော့လည်း ဒီလောက် ကြီးကျယ်မြင့်မြတ်နေတဲ့ သူဌေးသား ဖြစ်ပေမယ့်လို့ ငမူးသမားပဲ ပြန်ပြီး မဖြစ်ရဘူးလား? အလိုခပ်သိမ်းကို ပေးနိုင်တဲ့ စွမ်းအားရှိနေတဲ့ အလွန်တန်ဖိုးရှိတဲ့ အိုးတစ်လုံးကိုသော်လည်းပဲ ကွဲသွားအောင် သူ မပြုလုပ်လိုက်ဘူးလား? ပြုလုပ်လိုက်တယ်။

ဒါကြောင့် သေသောက်ကြူးခြင်းသည် စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၏ အကြောင်းတစ်ခု ဖြစ်တယ်လို့ ဒီလို မြတ်စွာဘုရား ဟောထားတယ်နော်။ နောက်တစ်ခု ဇာတ်တော်လေးတစ်ခု ရှိပါတယ်။ မဟာ[?]ဇာတ်မှာ လာရှိပါတယ်နော်။ သောတ္ထိယအမျိုးအနွယ် ဆိုပြီးတော့ အမျိုးအနွယ်တစ်ခု ရှိပါတယ်။ အဲဒီ သောတ္ထိယအမျိုးအနွယ် [?] လွန်လေပြီးသော ဘဝတစ်ခုမှာ ဆိုကြပါစို့ ...

ဒီဗာရာဏသီမှာပဲ သောတ္ထိယဆိုတဲ့ အမျိုးအနွယ်တစ်ခု ရှိခဲ့တယ်။ ငါးပါးသီလကို ထိန်းသိမ်းပြီးတော့ စောင့်ရှောက်ခဲ့တယ်။ ဒါပေမဲ့ ဒီသောတ္ထိယအမျိုးအနွယ်မှာ သားလေးတစ်ယောက် ထွန်းကားခဲ့တယ်။ တစ်ဦးတည်းသောသား ဖြစ်ပါတယ်။ မိဘတွေကလည်း ဒီသားကို အလွန်ချတ်မြတ်နိုး ကြတယ်နော်။ အလွန်ချစ်မြတ်နိုးတဲ့အပြင် ဒီသားလေးကလည်း ဘယ်လို သားလဲလို့ မေးတော့ -

မာတာပိတူနံ ပိယော မနာပေါ အဟောသိ ပဏ္ဍိတော ဗျတ္တော တိဏ္ဏံ ဝေဒါနံ ပါရဂူ။
မာတာပိတူနံ၊ မိဘနှစ်ပါးတို့၏။ ပိယော၊ ချစ်မြတ်နိုးအပ်သော။ မနာပေါ၊ စိတ်နှလုံးကို တိုးပွားစေတတ်သော။ ပဏ္ဍိတော၊ ပညာရှေ့သွားဖြစ်သော ကျွမ်းကျင်လိမ္မာသော။ ဗျတ္တော၊ စွမ်းအင်သတ္တိ ဗျတ္တိနှင့်လည်း ပြည့်စုံသော။ တိဏ္ဏံ ဝေဒါနံ၊ ဗေဒင်သုံးပုံတို့၏။ ပါရဂူ၊ တစ်ဖက်ကမ်းသို့ ရောက်ရှိ၍ နေသောသူသည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

သားလေးကလည်း သားလိမ္မာဖြစ်တယ်။ မိဘနှစ်ပါးတို့ကလည်း [?] ချစ်တာက တစ်ကြောင်း, လိမ္မာတာက အကြောင်းတစ်ခုပေါ့။ ဒီအကြောင်းနှစ်ခုကြောင့် မိဘတွေက အလွန် ချစ်ကြတယ်, မြတ်နိုးကြတယ်။ သားလေးကလည်း ပညာရှိတယ်။ စွမ်းအင်သတ္တိ ဗျတ္တိလည်း ရှိတယ်။ ဗေဒင်သုံးပုံမှာလည်း တစ်ဖက်ကမ်းခတ် တတ်မြောက်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ ဘာဖြစ်သလဲ?

သော သမဝယေဟိ တရုဏေဟိ သဒ္ဓိံ ဂဏဗန္ဓနေန ဝိစရိ။
သော၊ ထိုသားငယ်သည်။ သမဝယေဟိ၊ အရွယ်တူဖြစ်ကြကုန်သော။ တရုဏေဟိ သဒ္ဓိံ၊ ငယ်ရွယ်နုနယ်တဲ့ပုဂ္ဂိုလ်တို့နှင့်အတူ။ ဂဏဗန္ဓနေန၊ အပေါင်းအသင်းအုပ်စုဖွဲ့ခြင်းဖြင့်။ ဝိစရိ၊ လှည့်လည်ကျက်စားလျက် ရှိချေ၏။

ပြဿနာ ဖြစ်ချင်လာပြီနော်။ တစ်ယောက်တည်း ကောင်းကောင်း မနေဘူး။ အဖော်လေးနဲ့ နေတတ်တယ်။ အဲဒီအဖော်တွေနဲ့ အရွယ်တူနေတဲ့ အဖော်ခပ်များများနဲ့ သွားပြီးတော့ ဂိုဏ်းဖွဲ့ပြီးတော့, အုပ်စုဖွဲ့ပြီးတော့ နေတတ်တယ်။ နေတတ်တော့ ဘာဖြစ်သလဲ?

သေသာ ဂဏဗန္ဓာ မစ္ဆမံသာဒီနိ ခါဒန္တာ သုရံ ပိဝန္တိ။
သေသာ ဂဏဗန္ဓာ၊ မိမိပေါင်းဖော်အပ်သော ကြွင်းကျန်ကုန်သော အပေါင်းအသင်းမိတ်ဆွေရင်းတို့သည်ကား။ မစ္ဆမံသာဒီနိ၊ ငါးအမဲ စသည်တို့ကို။ ခါဒန္တာ၊ ချက်စားကြကုန်၍။ သုရံ၊ သေရည်သေရက်ကို။ ပိဝန္တိ၊ သောက်သုံး၍ နေကြလေကုန်၏။

မိမိပေါင်းဖော်လိုက်တဲ့ ပုဂ္ဂိုလ်တွေ ကြည့်လိုက်တော့ ဘယ်လို ပုဂ္ဂိုလ်တွေလဲ? အဲဒီ အပေါင်းအသင်းအားလုံးက အသားငါးတွေကို စားပြီးတော့ သေရည်သေရက် သောက်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်နော်။

မာဏဝေါ မံသာဒီနိ န ခါဒတိ
မာဏဝေါ၊ အကြင်လူငယ် သည်ကား။ မံသာဒီနိ၊ အသားစသည်တို့ကို။ န ခါဒတိ၊ မစား။

လုလင်လေး ကြည့်လိုက်တော့ အသားငါးတွေလည်း သူက မစားဘူး။

သုရံ န ပိဝတိ။
သုရံ၊ သေရည်သေရက်ကို။ န ပိဝတိ၊ မသောက်သုံးပေ။

သေရည်သေရက်လည်း သူက မသောက်သုံးဘူး။ မသောက်သုံးလိုက်တဲ့ အချိန်အခါကျတော့ သူ့ရဲ့ မိတ်ဆွေတွေက တိုင်ပင်ကြတယ်။ ဘယ်လို တိုင်ပင်ကြသလဲ?

‘‘အယံ သုရာယ အပိဝနတော အမှာကံ မူလံ န ดေတိ, ဥပါယေန နံ သုရံ ပါယေဿာမ’’
အယံ၊ ဤပုဂ္ဂိုလ်သည်ကား။ သုရာယ၊ သေရည်သေရက်ကို။ အပိဝနတော၊ မသောက်သုံးခြင်းကြောင့်။ အမှာကံ၊ ငါတို့အားမူလည်း။ မူလံ၊ သေရည်သေရက်ဖိုးကို။ န ဒေတိ၊ မပေးချေ။ ဥပါယေန၊ အကြောင်းဥပါယ်တံမျဉ်အားဖြင့်။ နံ၊ ထိုပုဂ္ဂိုလ်ကို။ သုရံ၊ သေရည်ကို။ ပါယေဿာမ၊ သောက်စေကြပါကုန်စို့။

ဒီကောင် အရက်သောက်အောင် တို့လုပ်ကြမယ်။ ဒီကောင် အရက်မသောက်တဲ့အတွက်ကြောင့် တို့မှာ အရက်ဖိုးမရဘူး။ ဒီကောင်က တို့လည်း အရက်ဖိုး မပေးဘူးဆိုပြီးတော့ ဒီလိုတိုင်ပင်ကြတယ်။ စဉ်းစားကြည့်ပေါ့နော်။ ပေါင်းသင်းဆက်ဆံတယ် ဆိုတာက ပေါင်းသင်းထိုက်တဲ့ ပုဂ္ဂိုလ်နဲ့ ပေါင်းသင်းမှ မိမိမှာ ကုသိုလ်တရား တိုးပွားမယ်။ မပေါင်းသင်းထိုက်တဲ့ ပုဂ္ဂိုလ်နဲ့ သွားပြီး ပေါင်းဖော်မိခဲ့မယ်ဆိုရင် အခုလို ပြဿနာတွေ ပေါ်မလာနိုင်ဘူးလား? ပေါ်လာမယ်။ ပေါ်ခဲ့ရင် အကုသိုလ်တရားတွေ မတိုးပွားဘူးလား? တိုးပွားတယ်။

ဒါကြောင့် လူမိုက်ကို မပေါင်းဖော်, မယှဉ်တွဲ, မမှီဝဲ, မဆည်းကပ်ခြင်းသည် မင်္ဂလာတစ်ခုဖြစ်တယ်လို့ ဒီလို ဘုရားက ဟောထားတယ်နော်။ အခု ဒီနေရာမှာလည်း ဒီအတိုင်းပဲ အပေါင်းအဖော်တွေက ဝိုင်းပြီး တိုင်ပင်ကြပြီ။ တိုင်ပင်လိုက်တဲ့ အချိန်ကျတော့ ဘာလုပ်မလဲ?

‘‘သမ္မ, ဆဏကီဠံ ကီဠိဿာမ’’

သမ္မ၊ အဆွေတော်။ ဆဏကီဠံ၊ ပျော်ပွဲလမ်းသဘင် ကစားခြင်းကို။ ကီဠိဿာမ၊ ဒို့ ကစားကြပါကုန်စို့။

တို့ ပွဲလမ်းသဘင် သွားပြီး ကြည့်ကြရအောင်ကွယ်။ ပျော်ကြရအောင်။ တိုင်ပင်ကြပြီ။ အဲဒီ အခါကျတော့ ဒီပုဂ္ဂိုလ်က ဘာပြန်ပြောသလဲ?

‘‘သမ္မ, တုမှေ သုရံ ပိဝထ, အဟံ သုရံ န ပိဝါမိ, တုမှေဝ ဂစ္ဆထ’’

သမ္မ၊ အဆွေတို့။ တုမှေ၊ သင်တို့သည်ကား။ သုရံ၊ သေရည်သေရက်ကို။ ပိဝထ၊ သောက်သုံး၍နေတဲ့ ပုဂ္ဂိုလ်တို့သည် ဖြစ်ကြပါကုန်၏။ အဟံ၊ ငါသည်ကား။ သုရံ၊ သေရည်သေရက်ကို။ န ပိဝါမိ၊ မသောက်ပါ။ တုမှေဝ၊ သင်တို့သာလျှင်။ ဂစ္ဆထ၊ သွားကြပါကုန်။

ငါက သေရည်သေရက် မသောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ သင်တို့က သေရည်သေရက် သောက်သုံးနေတဲ့ပုဂ္ဂိုလ် ဖြစ်ကြတယ်။ ဒါကြောင့် မင်းတို့ပဲ သွားကြပါ ဆိုပြီးတော့ တိုက်တွန်းလိုက်တယ်။ အဲဒီအခါကျတော့ -

‘‘သမ္မ, တဝ ပိဝနတ္ထာယ ခီရံ ဂဏှာပေဿာမ’’

သမ္မ၊ အဆွေတော်။ တဝ ပိဝနတ္ထာယ၊ သင်သောက်သုံးဖို့ရန်အတွက်။ ခီရံ၊ နို့ရည်ကို။ ဂဏှာပေဿာမ၊ ယူ၍ သွားကြပါကုန်စို့။

ဒို့က သေရည်သေရက်သောက်တာ မှန်တယ်လေ။ ဒါပေမဲ့လို့ သင် သောက်ဖို့အတွက် တို့ နို့ရည်တွေ, နွားနို့တွေ ယူသွားမယ်ဆိုပြီးတော့ ဒီလို ပြောကြတယ်။ ပြောလိုက်တဲ့ အချိန်အခါကျတော့ ဒီတစ်ခါကျတော့ မိတ်ဆွေ အပေါင်းအသင်းတွေက ခေါ်တာဖြစ်လို့ လူငယ်တို့ရဲ့ သဘာဝအလျောက် အပေါင်းအသင်းကို ခင်မင်တတ်တဲ့ ဓမ္မတာအတိုင်းပဲ ကဲဒီလိုဆိုရင်တော့ ငါလည်း လိုက်မယ်ဆိုပြီးတော့ ဝန်ခံလိုက်ပြီ။ ဝန်ခံလိုက်တဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?

ဓုတ္တာ ဥယျာနံ ဂန္တွာ ပဒုမိနိပတ္တေသု တိခိဏသုရံ သော ဗန္ဓာပေတွာ ဌပယိံသု။

ဓုတ္တာ၊ သေသောက်ကြူးတို့သည်။ သော သမဝယေဟိ သဒ္ဓိံ၊ ထိုသူငယ်နှင့်အတူ။ ဥယျာနံ၊ ဥယျာဉ်တော်သို့။ ဂန္တွာ၊ သွားကြကုန်၍။ ပဒုမိနိပတ္တေသု၊ ပဒုမ္မာ ကြာရွက်တို့၌။ တိခိဏသုရံ၊ ထက်မြက်တဲ့ သေရည်ကို။ ဗန္ဓာပေတွာ၊ ထုတ်ချည်ထားကြကုန်၍။ ဌပယိံသု၊ ထားကြလေကုန်၏။

သေသောက်ကြူးတွေက ဥယျာဉ်ကို သွား၊ သွားပြီးတဲ့ အချိန်အခါကျတော့ ပဒုမ္မာကြာရွက်တွေနဲ့ သေသေချာချာ သေရည်တွေကို ထုတ်ထားတယ်။ ထုတ်ထားပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?

အထ နေသံ ပါနကာလေ မာဏဝဿ ခီရံ ဥပနယိံသု။

အထ၊ ထိုအခါ၌။ နေသံ၊ ထိုပုဂ္ဂိုလ်တို့၏။ ပါနကာလေ၊ သေရည်သေရက်ကို သောက်သုံးသော အချိန်ကာလ၌။ မာဏဝဿ၊ လုလင်အတွက်။ ခီရံ၊ နွားနို့ကို။ ဥပနယိံသု၊ ဆောင်ယူပေးကြလေကုန်၏။

သူတို့ သေရည်သေရက်ကို သောက်စားတဲ့ အချိန်အခါကျတော့ ခုနက ပုဏ္ဏားလုလင်လေးအတွက် သူတို့က နွားနို့တွေကို ယူပြီးတော့ ပေးကြတယ်။ ပေးလိုက်တဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?

အထ ဧကော ဓုတ္တော ‘‘ပေါက္ခရမဓုံ, ဘော, အာဟရ’’

အထ၊ ထိုအခါ၌။ ဧကော ဓုတ္တော၊ သေသောက်ကြူးတစ်ယောက်က။ ဘော၊ အိုအမောင်တို့။ ပေါက္ခရမဓုံ၊ ကြာရွက်၌ စွဲလျက်ရှိသော ပျားရည်ကို။ အာဟရ၊ ဆောင်ယူခဲ့ကြပါ။

အဆွေတို့ ... ကြာဖက်မှာ စွဲယူနေတဲ့ ပျားအုံကို ယူလာခဲ့ကြပါ ဆိုပြီးတော့ ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့ အချိန်အခါကျတော့

အာဟရာပေတွာ ပဒုမိနိပတ္တပုဋံ ဟေဋ္ဌာ ဆိဒ္ဒံ ကတွာ အင်္ဂုလီဟိ မုခေ ဌပေတွာ အာကဍ္ဎိ။

အာဟရာပေတွာ၊ ပဒုမ္မာကြာရွက်ဖြင့် ထုတ်ထားအပ်တဲ့ အထုတ်ကို ဆောင်ယူစေ၍။ ပဒုမိနိပတ္တပုဋံ၊ ကြာရွက်အထုတ်ကို။ ဟေဋ္ဌာ၊ အောက်၌။ ဆိဒ္ဒံ၊ အပေါက်ကို။ ကတွာ၊ ပြု၍။ အင်္ဂုလီဟိ၊ လက်ညှိုးတို့ဖြင့် ခြစ်လျက်။ မုခေ၊ ပါးစပ်သို့။ ဌပေတွာ၊ အပေါ်သို့ပြု၍ တည်စေပြီးလျှင်။ အာကဍ္ဎိ၊ စုပ်ယူလေ၏။

ပရိယာယ် မာယာစဉ်ပုံလေးတွေပဲနော်။ ဒီတော့ အဲဒီ ကြာဖက်နဲ့ ထုတ်ထားတဲ့ သေရည်တွေကို ယူလာပြီးတဲ့ အချိန်အခါကျတော့ ဒီကြာဖက်ကနေ အပေါက်ကလေး ဖောက်ပြီးတော့ လက်ညှိုးလေးနဲ့ အသာကလေး ခြစ်ပြီးတော့ လျက်ကြတယ်။ စုပ်ယူကြတယ်နော်။ လက်ညှိုးလေးနဲ့ အသာဖောက်ပြီးတော့ အရည်ကို စုပ်ယူကြတယ်။ စုပ်ယူလိုက်တဲ့ အခါကျတော့ [?] မှာလာပြီး စုပ်ယူတာ မြင်ရပြီ။ မြင်ရတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?

ဧဝံ ဣတရေပိ အာဟရာပေတွာ ပိဝိံသု။

တခြားတခြား ပုဂ္ဂိုလ်တွေလည်း ဒီအတိုင်းပဲ သူတို့ ကြာဖက်ထဲကနေပြီးတော့ အပေါက်ကလေး လက်ညှိုးလေးနဲ့ ထိုးဖောက်ပြီးတော့ အောက်က ပါးစပ်ကလေးနဲ့ စုပ်စုပ်ပြီးတော့ ယူကြတယ်။ ယူလိုက်တဲ့ အခါကျတော့ ဒီလုလင်လေးက အဲဒါဘာလဲ ဆိုပြီးတော့ မေးကြည့်တဲ့ အချိန်အခါကျတော့ ပေါက္ခရမဓုံ = ကြာဖက်မှာ စွဲနေတဲ့ ပျားရည်ဖြစ်တယ်လို့ သူတို့က လိမ်ကြတယ်။ လိမ်လိုက်တဲ့ အချိန်အခါကျတော့

‘‘အဟမ္ပိ ထောကံ လဘိဿာမိ

အဟမ္ပိ၊ ငါသည်လည်း။ ထောကံ၊ ဤအရာကို အနည်းငယ်။ လဘိဿာမိ၊ ရလိုပါ၏။

ဒေထ ဘောန္တော’’

ဘောန္တော၊ အိုအမောင်တို့။ မေ၊ ငါ့အား။ ဒေထ၊ အနည်းငယ် ပေးကြပါကုန်။

ငါလည်း နည်းနည်းလောက် လိုချင်တယ်ကွယ်။ ဒီတော့ မင်းတို့ငါ့ကို နည်းနည်းပေးကြပါ ဆိုပြီးတော့ သူက တောင်းတယ်။ တောင်းလိုက်တဲ့ အချိန်အခါကျတော့

တဿပိ ဒါပယိံသု။

တဿပိ၊ ထိုပုဏ္ဏားလုလင်အားလည်းပဲ။ ဒါပယိံသု၊ အနည်းငယ် ပေးကြလေကုန်၏။

နည်းနည်းလေး သူ့ကို အသာလေးစမ်းပြီးတော့ ပေးလိုက်တယ်။

သော ပေါက္ခရမဓုသညာယ သုရံ ပိဝိ။

သော၊ ထိုပုဏ္ဏားလုလင်သည်။ ပေါက္ခရမဓုသညာယ၊ ကြာရွက်၌ စွဲနေသော ပျားရည်ဟု အမှတ်သညာဖြင့်။ သုရံ၊ သေရည်ကို။ ပိဝိ၊ သောက်သုံးမိလေ၏။

ကြာရွက်ပေါ်မှာ စွဲနေတဲ့ ပျားရည်ဆိုတဲ့ အမှတ်သညာဖြင့် သေရည်ကို သူက သောက်လိုက်မိပြီ။ သောက်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ? မူးသွားပြီ မူးသွားပြီ။ မူးသွားတော့ ဘာလုပ်သလဲ?

အထဿ အင်္ဂါရပक္ကမံသံ အဒံသု, တမ္ပိ ခါဒိ။

အထ၊ ထိုအခါ၌။ တဿ၊ ထိုပုဏ္ဏားလုလင်အား။ အင်္ဂါရပက္ကမံသံ၊ မီးကျီး၌ ကင်ထားအပ်တဲ့ အသားကို။ အဒံသု၊ ပေးကြလေကုန်၏။ တမ္ပိ၊ ထိုအသားကိုလည်းပဲ။ ခါဒိ၊ စားလေ၏။

မီးကျီးမီးခဲထဲမှာ ကင်ထားတဲ့ အသားတွေ ထပ်ပြီးတော့ ကျွေးလိုက်တယ်။ အဲဒါတွေလည်း ယူပြီး စားလိုက်ပြန်တယ်တဲ့။ ဒီတော့ သေရည်လည်း သောက်ပြီ။ အရက်သောက်ပြီ။ အသားလည်း စားတတ်သွားပြီနော်။ သူက ဒီနေရာလေးမှာတော့ ရသတဏှာဆိုတာက တော်တော်လေး စွဲသွားတယ်နော်။ စွဲသွားလိုက်တဲ့အတွက်ကြောင့် ဘာဖြစ်သလဲ?

ဧဝမဿ၊ ထိုပုဂ္ဂိုလ်အား။ ပုနပ္ပုနံ၊ အဖန်ဖန် အထပ်ထပ်။ ပိဝန္တဿ၊ သေရည်သေရက်ကို သောက်သုံးလျက်ရှိသော။ အဿ၊ ထိုပုဂ္ဂိုလ်အား။ မတ္တကာလေ၊ မူးယစ်မေ့လျော့၍နေတဲ့ အချိန်အခါကာလ၌။ ဧတံ၊ ဤသည်ကား။ န ပေါက္ခရမဓု၊ ကြာဖက်၌စွဲနေတဲ့ ပျားရည်မဟုတ်ပါ။ ဧသာ၊ ဤသည်ကား။ သုရာ၊ အရက်ပါပေတည်း။ ဣတိ၊ ဤသို့။ ဝဒိံသု၊ ပြောကြားကြလေကုန်၏။

မူးသွားပြီ။ တော်တော်လေးလည်း သောက်ပြီ။ ထပ်ခါထပ်ခါလည်း သောက်ပြီ။ အဲဒီအခါကျတော့မှ အခု သင်သောက်နေတဲ့ဟာက ပျားရည် မဟုတ်ပါဘူး။ ကြာဖက်မှာ စွဲနေတဲ့ ပျားရည်မဟုတ်ဘူး။ အဲဒါဟာ သေရည်သေရက်ပဲ ဆိုပြီးတော့ ပြောကြတယ်။ ဒီပုံစံလေးကို ကြည့်လိုက်ရင်တော့ ရှေးတုန်းက သောက်တဲ့အရက်က တော်တော်လေး ချိုတယ်နဲ့ တူပါတယ်နော်။ အဆင့်မြင့်တယ်နဲ့ တူတယ်။

တံ၊ ထိုပုဏ္ဏားလုလင်က။ ဣတိ၊ ဤသို့လျှင်။ [?] = ပြောဆိုပြန်၏၊ ပြောပြီ။ ဘယ်လို ပြောသလဲ?

‘‘ဧတ္တကံ ကာလံ ဧဝံ မဓုရရသံ န ဇာနိံ, အာဟရထ, ဘော, သုရံ’’

ဧတ္တကံ ကာလံ၊ ဤမျှလောက်သော အချိန်အခါကာလပတ်လုံး။ ဧဝံ၊ ဤသို့။ မဓုရရသံ၊ ချိုမြိန်ကောင်းမြတ်တဲ့ အရသာကို။ န ဇာနိံ၊ မသိခဲ့လေပြီ။ ဘော၊ အိုအဆွေတို့။ သုရံ၊ သေရည်ကို။ အာဟရထ၊ ဆောင်ယူခဲ့ကြပါကုန်။

အော် ဒီလောက်တောင် ဒီလောက် အချိန်အခါကာလပတ်လုံး ငါဟာ ဒီလောက်ကောင်းတဲ့ အရသာကို မသိခဲ့ရဘူးတဲ့။ ဒီသေရည်သေရက်ကို ဆောင်ယူခဲ့ဆိုပြီးတော့ ပြောတယ်။ ပြောလိုက်တော့ ထိုပုဂ္ဂိုလ်တွေကလည်း အရက်တွေ ယူပြီးတော့ တစ်ခါတည်း ထပ်ပြီးတော့ ပေးကြပြန်တယ်။

ပိပါသာ မဟတီ အဟောသိ။

လက်တည့်စမ်းသပ်ရင်းက အလွန်ဖြစ်သွားပြီ။ ရသတဏှာ ပေါ်လာပြီနော်။

အထဿ ပုနပိ ယာစန္တဿ ‘‘ခီဏာ’’တိ ဝဒိံသု။

နောက်ထပ်တစ်ခါ ထပ်ပြီးတောင်းလိုက်ပြန်တယ်။ တောင်းလိုက်တဲ့ အချိန်အခါကျတော့ သူက အရက်ကုန်သွားပြီ ဆိုပြီးတော့ ပြောကြတယ်။ အဲဒီလို ပြောပြလိုက်တဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?

သော ‘‘ဟန္ဒ တံ, ဘော, အာဟရာပေထာ’’တိ အင်္ဂုလိမုဒ္ဒိကံ အဒါသိ

သော၊ ထိုပုဏ္ဏားလုလင်က။ ဘော၊ အိုအမောင်တို့။ တံ၊ အရက်ကို။ ဟန္ဒ၊ အလျင်အမြန်။ အာဟရာပေထာ တိ၊ ဆောင်ယူစေ၍ ကြပါကုန်၊ ဆောင်နှင်းကြပါကုန် ဟူ၍။ ဝတွာ၊ ပြောဆို၍။ အင်္ဂုလိမုဒ္ဒိကံ၊ လက်စွပ်ကို။ အဒါသိ၊ ပေးခဲ့လေပြီ။

လက်စွပ်ကလေး ချွတ်ပြီး ပေးလိုက်တယ်။ ကဲသွား မင်းတို့မှာ အရက်မရှိတော့ဘူးဆိုရင် ဒီလက်စွပ်ရောင်းပြီးတော့ ဒီအရက်ကို ဝယ်ခဲ့ပေတော့ကွယ်။ တစ်ဆင့်တက်မသွားဘူးလား။ သွားပြီနော်။ သေရည်သေရက်မှာ သူက ရှေ့တက်သွားပြီ။ အဲဒါနဲ့ ဘာဖြစ်သလဲ?

သော သကလဒိဝသံ တေဟိ သဒ္ဓိံ ပိဝိတွာ မတ္တော ရတ္တက္ခော ကမ္ပန္တော ဝိလပန္တော ဂေဟံ ဂန္တွာ နိပဇ္ဇိ။

သော၊ ထိုပုဏ္ဏားလုလင်သည်။ သကလဒိဝသံ၊ တစ်နေ့ကာလပတ်လုံး။ တေဟိ သဒ္ဓိံ၊ မိတ်ဆွေအပေါင်းအသင်းတို့နှင့် အတူတကွ။ ပိဝိတွာ၊ အရက်သောက်၍။ မတ္တော၊ မူးယစ်သည်ဖြစ်၍။ ရတ္တက္ခော၊ နီမြန်းသော မျက်လုံးရှိသည်ဖြစ်၍။ ကမ္ပန္တော၊ တုန်လှုပ်လျက်။ ဝိလပန္တော၊ ယောင်ယမ်းမြည်တမ်းလျက်။ ဂေဟံ၊ အိမ်သို့။ ဂန္တွာ၊ သွား၍။ နိပဇ္ဇိ၊ အိပ်စက်လဲလျောင်းနေလေပြီ။

ဒါကတော့ အရက်သမားတို့ရဲ့ ထုံးစံပဲ ထင်တယ်နော်။ အရက်တွေ နင်းကန်သောက်လိုက်ပြီ ဆိုတော့ မူးပြီ။ မူးလိုက်တဲ့ အချိန်အခါမှာ မျက်လုံးတွေက ဘာဖြစ်လာသလဲ? နီလာပြီတဲ့။ မျက်လုံးက နီလာပြီ ဆိုလို့ရှိရင် ကိုယ်တွေကလည်း ဒယိမ်းဒယိုင် ဖြစ်ပြီ။ ကိုယ်က ဒယိမ်းဒယိုင် ဖြစ်တဲ့အခါမှာ ဒီလောက်နဲ့ ရပ်သလား? မရပ်ဘူး။ အရက်သမားဆိုတာ စကားအင်မတန် များတယ်။ ကယောင်ကတမ်းတွေ ပြောနေတာတွေလည်း လျှောက်ပြောတယ်နော်။

တစ်လောတုန်းက တစ်ခါ တွေ့လိုက်ပါတယ်။ ဘုန်းကြီးတို့ ယောဂီဟောင်းတစ်ဦးပဲ။ သူ့အိမ်ရှင်ယောက်ျားက ငမူးဆိုတာ။ ဒီငမူးက ညနေကျ မူးလာပြီ ဆိုလို့ရှိရင် ဘာလုပ်သလဲ? သူ့အိမ်ရှင်မကို အနားခေါ်၊ သေချာ မျက်နှာကြည့်ပြီး တအားပြောတော့တာပဲတဲ့။ ဟုတ်တယ်မလား? သူက ကယောင်ကတမ်း ယောင်ယမ်းမြည်တမ်းပြီး ပြောချင်တာ ပြောတော့တာပဲ။ သို့သော်လည်း ခက်တော့ခက်တယ်။ ခက်တယ်ဆိုတာက ဘာပြောတာလဲ? ဒကာမကြီးတွေကလည်း အဲဒီလို ငမူးမှ သဘောကျတာ။ ဟုတ်တယ်မလား? ဘယ်လောက်ပဲ ဒီငမူး ဆိုးနေပေမယ့်လို့ အဲဒီငမူးနဲ့က ခွဲနိုင်မလား? မခွဲနိုင်ဘူး။ ဘာဖြစ်လို့လဲ? တစ်ချိန်တုန်းကပေါ့လေနော် -

ဘဝတစ်ခုမှာ ကောင်းမှုကုသိုလ် အတူပြုပြီးတော့နော် မခွဲနိုင်ဖို့ရန်အတွက် ဆုထူးပန်ထွာခဲ့ပုံရတယ်။ အဲဒီဆုက ပေးလိုက်တဲ့ ဘဝရောက်လာတော့ ဒီငမူးအနားကပဲ မခွဲနိုင် ဖြစ်နေပြန်တယ်နော်။ ကဲအခု ဒီမှာလည်း

အထဿ ပိတာ သုရာယ ပိဝိတဘာဝံ ဉတွာ ဝိဂတေ မတ္တေ

အထ၊ ထိုအခါ၌။ ပိတာ၊ ဖခင်ဖြစ်သော ပုဏ္ဏားကြီးက။ အဿ၊ ထိုပုဏ္ဏားလုလင်၏။ သုရာယ ပိဝိတဘာဝံ၊ သေရည်သေရက်ကို သောက်သုံးခဲ့သည် အဖြစ်ကို။ ဉတွာ၊ သိ၍။ မတ္တေ ဝိဂတေ၊ အမူးပြေလျက်ရှိသော အချိန်အခါ၌။

‘‘တာတ, ကော မယှံ ဒေါသော’’

သူ့မှာ ဘာအပြစ်ရှိလို့လဲတဲ့။ အောင်မလေး မရှက်ဘူးလား။ ညက ပြောခဲ့တဲ့ ငါးရံ့ဆီလူးထားတဲ့ မျက်နှာနဲ့ လာပြီးတော့ မေးနေပြီ။ ဟုတ်တယ်မလား? ကဲ သူက သူတို့ရဲ့အပြစ်က ဘာရှိလို့လဲဆိုပြီးတော့ မေးပြန်တယ်။ သေရည်သေရက် သောက်သုံးတာဟာ သူ့ရဲ့အပြစ်ပေါ့ဆိုပြီးတော့ ပြန်ပြီး ပြောတယ်။ အဲဒီအခါကျတော့ -

‘‘တာတ, ကိံ ကထေသိ, မယာ ဧဝရူပံ မဓုရရသံ ဧတ္တကံ ကာလံ အလဒ္ဓပုဗ္ဗံ’’

တာတ၊ ဖခင်ကြီး။ ကိံ ကထေသိ၊ သင်ဘာတွေ ပြောဆို၍ နေလေဘိသနည်း။ မယာ၊ ငါသည်။ ဧဝရူပံ မဓုရရသံ၊ ဤကဲ့သို့ ချိုမြိန်ကောင်းမြတ်တဲ့အရသာကို။ ဧတ္တကံ ကာလံ၊ ဤမျှလောက်သော အချိန်အခါကာလပတ်လုံး။ အလဒ္ဓပုဗ္ဗံ၊ ရှေးတုန်းက မရခဲ့စဖူးပါပေ။

ဖခင် သင်ဘာတွေနဲ့ ပြောနေတာလဲ။ ကျွန်တော်ဟာ ဒီလောက် အချိန်ကြာ ကာလပတ်လုံး ဒီလောက်ကောင်းမွန်တဲ့ ချိုမြိန်ကောင်းမြတ်တဲ့ အရသာကို ရှေးယခင်က တစ်ခါမှ မရခဲ့ဖူးဘူး။ တစ်ခါမှ မသောက်သုံးခဲ့ဖူးဘူး။ အင်မတန် ချိုမြိန်ကောင်းမြတ်တဲ့ အရသာရှိတဲ့ အာဟာရဓာတ်ဖြင့် ဖြစ်ပါတယ် ဆိုပြီးတော့ ဖခင်ကို သူက ပြန်ပြီးတော့ ဆင်ခြေပေးနေတယ်နော်။ ဆင်ခြင်ပေးလိုက်တဲ့ အချိန်အခါမှာ ဖခင်ကြီးကလည်းပဲ မသောက်သုံးဖို့ရန်အတွက် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆိုဆုံးမပါတယ်။ ဆိုဆုံးမတဲ့ အချိန်အခါကျတော့ ဒီသားလုပ်တဲ့ ပုဂ္ဂိုလ်က ဘာပြန်ပြောသလဲ?

‘‘န သက္ကောမိ ဝိရမိတုံ’’

ဝိရမိတုံ၊ ရှောင်ကြဉ်ခြင်းငှာ။ အဟံ၊ ကျွန်တော်မျိုးသည်။ န သက္ကောမိ၊ မစွမ်းနိုင်ပါ။

ဖြစ်ပြီ။ ကျွန်တော် ဒီသေရည်သေရက် သောက်သုံးခြင်းမှ ရှောင်ကြဉ်ပေးရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ဘူးဆိုပြီး ပြန်ပြောပြီ။ အဲဒီအခါကျတော့မှ ပုဏ္ဏားကြီးက ဘာပြန်ပြောသလဲ?

‘‘ဧဝံ သန္တေ အမှာကံ ကုလဝံသော စ ဥစ္ဆိဇ္ဇိဿတိ, ဓနဉ္စ ဝိနဿိဿတိ’’

ဧဝံ သန္တေ၊ ဤကဲ့သို့ ဖြစ်ခဲ့သည်ရှိသော်။ အမှာကံ၊ ငါတို့ရဲ့။ ကုလဝံသော စ၊ အမျိုးအနွယ်အဆက်သည်လည်း။ ဥစ္ဆိဇ္ဇိဿတိ၊ ပြတ်တောက်၍ သွားပေလိမ့်မယ်။ ဓနဉ္စ၊ စည်းစိမ်ဥစ္စာတို့သည်လည်းပဲ။ ဝိနဿိဿတိ၊ ပျောက်ပျက်၍ သွားကုန်လိမ့်မယ်။

ဒီလိုသာ မင်းပြုကျင့်နေမယ် ဆိုလို့ရှိရင် ဒို့ရဲ့ အမျိုးအနွယ်ဟာလည်း ပြတ်တောက်ပြီး သွားလိမ့်မယ်, စည်းစိမ်ဥစ္စာတွေလည်း ပျက်စီးပြီး သွားလိမ့်မယ် ဆိုပြီးတော့ အဲဒီလို ပြောပြီးတော့ သူ့ကို ဂါထာလေးတွေနဲ့ ဆိုဆုံးမတယ်နော်။

‘‘မာဏဝ အဘိရူပေါသိ, ကုလေ ဇာတောသိ သောတ္ထိယေ၊

မာဏဝ၊ အမောင်လုလင်။ အဘိရူပေါသိ၊ အလွန်ကို အဆင်းလှပတင့်တယ်တဲ့ ပုဂ္ဂိုလ်သည်လည်းပဲ ဖြစ်ပါပေ၏။ သောတ္ထိယေ ကုလေ၊ စင်ကြယ်သန့်ရှင်းနေတဲ့ သောတ္ထိယအမျိုးအနွယ်၌။ ဇာတောသိ၊ မွေးဖွား၍လာသည် ဖြစ်ပါပေ၏။

သင်ဟာ ဒို့ရဲ့ စင်ကြယ်သန့်ရှင်းနေတဲ့ သောတ္ထိယအမျိုးအနွယ်မှာ မွေးဖွားလာရတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ မွေးဖွားလာတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တဲ့အပြင် အလွန် အဆင်းလှပတင့်တယ်တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်။

န တွံ အရဟသိ တာတ, အဘက္ခံ ဘက္ခယေတဝေ’’

တာတ၊ ချစ်သား။ တွံ၊ သင်သည်။ တဝေ၊ သင့်အား။ အဘက္ခံ၊ မစားသင့် မသောက်သုံးသင့်တဲ့ အရာဝတ္ထုကို။ ဘက္ခယေ၊ စားခြင်းသောက်သုံးခြင်းငှာ။ န အရဟသိ၊ မထိုက်တန်လှပါပေ။

ကိုယ့်ရဲ့ အမျိုးအနွယ်, ကိုယ့်ရဲ့ဘဝနဲ့ မထိုက်တန်တဲ့ လုပ်ငန်းတစ်ခု ပြုလုပ်ပြီ။ ဒီအသားတွေ စားဖို့ရန်အတွက် သူနဲ့ မထိုက်တန်ပါဘူး။ ဒီသေရည်သေရက်တွေ သောက်သုံးဖို့ရန်အတွက်လည်း သူနဲ့ မထိုက်တန်ပါဘူး။ အမျိုးအနွယ်မှာ ဒီလိုပုံစံ မရှိဘူး။ ငါတို့ စင်ကြယ်သန့်ရှင်းနေတဲ့ သောတ္ထိယ အမျိုးအနွယ်မှာ လူလာဖြစ်ရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ရုပ်အဆင်းကလည်း အလွန် လှပတင့်တယ်တဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ ဒီလောက်တောင် ရုပ်အဆင်း လှပတင့်တယ်ပြီးတော့ ဒီလို စင်ကြယ်နေတဲ့ အမျိုးအနွယ်မှာ လူလာဖြစ်ရတဲ့ သင်လို ပုဂ္ဂိုလ်တစ်ယောက်က မစားသင့်တဲ့ အသားငါးတွေကို စားဖို့ မတော်ဘူး, မသောက်သင့်တဲ့ အရက်တွေကိုလည်း သောက်ဖို့ရန်အတွက် မထိုက်တန်ပါဘူး ဆိုပြီးတော့ ဖခင်က ဆိုဆုံးမတယ်နော်။

သို့သော် ရသတဏှာဆိုတာက တော်တော်လေးတော့ ခက်ပြီ။ အဲဒီအခါကျတော့မှ

‘တာတ, ဝိရမ, သစေ န ဝိရမသိ, အဟံ တံ ဣတော ဂေဟာ နိက္ခာမေဿာမိ, တဝ ရဋ္ဌာ ပဗ္ဗာဇနီယကမ္မံ ကရိဿာမီ’’

တာတ၊ ချစ်သား။ ဝိရမ၊ သားငါးစားခြင်းဖြင့် သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ပါ။ သစေ၊ အကယ်၍။ န ဝိရမသိ၊ သင်သည် အကယ်၍ မရှောင်ကြဉ်ခဲ့သည်ဖြစ်အံ့။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ဣတော ဂေဟာ၊ ဤအိမ်မှ။ နိက္ခာမေဿာမိ၊ နှင်ထုတ်ပေအံ့။ တဝ ရဋ္ဌာ၊ ဤတိုင်းနိုင်ငံမှလည်း။ ပဗ္ဗာဇနီယကမ္မံ၊ နှင်ထုတ်ခြင်းအမှုကို။ ကရိဿာမီ၊ ငါပြုလုပ်အံ့။

ဖခင် ပုဏ္ဏားကြီးက ပြောပြီ။ ချစ်သား ... သင်ဟာ ဒီအသားငါး စားခြင်းဆိုတဲ့ လုပ်ငန်းရပ်မှ ရှောင်ကြဉ်ပါ။ သေရည်သေရက် စားသုံးခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်ကလည်း ရှောင်ကြဉ်ပါ။ အကယ်၍ သင်က မရှောင်ကြဉ်နိုင်ခဲ့ဘူး ဆိုလို့ရှိရင် ငါဟာ သင့်ကို ဒီအိမ်ကနေပြီးတော့ နှင်ထုတ်မယ်။ ဒီတိုင်းနိုင်ငံကလည်း နှင်ထုတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ငါ ပြုလုပ်ရမယ်။ ဒီလို အမိန့်ပေးလိုက်တယ်။ အဲဒီအခါကျတော့ ဘာပြောသလဲ? ဒီပုဏ္ဏားလုလင်လေးက ဘာပြန်ပြောသလဲ? သူ့ဖခင်ကို

‘‘ဧဝံ သန္တေပိ အဟံ သုရံ ဇဟိတုံ န သက္ကောမိ’’

ဧဝံ သန္တေပိ၊ ဤသို့ ဖြစ်ပါသော်လည်းပဲ။ အဟံ၊ ငါသည်။ သုရံ၊ သေရည်သေရက်ကို။ ဇဟိတုံ၊ စွန့်လွှတ်အံ့သောငှာ။ န သက္ကောမိ၊ မစွမ်းနိုင်ပါ။

အိမ်က ဘယ်လိုပဲ နှင်ထုတ်ချင် နှင်ထုတ်၊ တိုင်းပြည်က ဘယ်လိုပဲ နှင်ထုတ်ချင် နှင်ထုတ်ပါ။ ကျွန်တော်မျိုးကတော့ ဒီသေရည်သေရက်ကို ဘယ်လိုမှ မစွန့်လွှတ်နိုင်ပါဘူး ဆိုပြီးတော့ ပြန်ပြောတယ်နော်။

သားက ပြန်ပြောပြီ။ ဖအေကို အားကျမခံဘဲနော်။

ဧတံ၊ ဤသားငါးများနှင့် သေရည်သေရက်တွေက။ ရသာနံ၊ အရသာအမျိုးအစားတို့တွင်၊ အရသာဟူသမျှတို့တွင်။ အညတရံ၊ သာလွန်မြင့်မြတ်တဲ့ အဆင့်အတန်း မြင့်နေတဲ့ အရသာတစ်မျိုးပါပေတည်း။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။ မံ၊ ကျွန်တော်မျိုးကို။ ကသ္မာ နိဝါရယေ၊ ဘာကြောင့် တားမြစ်၍ နေရပါသနည်း။

အရသာထဲမှာ ဒီသားငါးရဲ့ အရသာဟာ အလွန်ထင်ရှားတဲ့ အရသာတစ်ခု ဖြစ်တယ်။ ဒီသေရည်သေရက်ရဲ့ အရသာဟာလည်း အလွန်ချိုမြိန်ကောင်းမြတ်တဲ့ ထင်ရှားတဲ့ အရသာတစ်ခု ဖြစ်နေတယ်။ ဒါကြောင့် သင်ဟာ ကျွန်တော်တို့ကို ဘာကြောင့် ဒီသားငါးစားခြင်းကို, သေရည်သေရက် သောက်သုံးခြင်းကို တားမြစ်နေရပါသလဲ ဆိုပြီးတော့ ပြောတယ်။ ပြောပြီးတော့ ဘာလုပ်သလဲ?

သောဟံ တတ္ထ ဂမိဿာမိ, ယတ္ထ လစ္ဆာမိ ဧဒိသံ။

ယတ္ထ၊ အကြင်အရပ်၌။ ဧဒိသံ၊ ဤကဲ့သို့သော အစာအာဟာရ၊ ဤကဲ့သို့သော သေရည်သေရက်တို့ကို။ လစ္ဆာမိ၊ ရရှိနိုင်ပေ၏။ သောဟံ၊ ထိုငါသည်။ တတ္ထ၊ ထိုရရှိနိုင်တဲ့အရပ်သို့။ ဂမိဿာမိ၊ သွားပေအံ့။

ဘယ်နေရာမှာ ဒီသေရည်သေရက် ရနိုင်သလဲ? ဘယ်နေရာမှာ ဒီသားငါးတွေကို ရနိုင်သလဲ? ရနိုင်တဲ့နေရာကို ကျွန်တော်သွားမယ်။ သိပ်တင်းလွန်းတယ် သူကနော်။ လျော့စျေးလေး နည်းနည်းပါးပါး ပေးသလား? မပေးဘူးနော်။ ဒါပေမဲ့ ဘုရားရှင်ရဲ့ အလိုတော်အရတော့ ဒီနေရာမှာ ဘယ်လိုရှိသလဲ?

ပရေ၊ သူတစ်ပါးတို့သည်။ ထဒ္ဓါ၊ ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤနေရာ၌။ အတ္ထဒ္ဓါ၊ ခက်ထန်တင်းမာတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်ပေ၏။

သူတစ်ပါးတွေက ခက်ထန်တင်းမာနေတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်လည်း ဖြစ်ပါစေ၊ တို့ကတော့ ဒီနေရာမှာ ခက်ထန်တင်းမာတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ မကောင်းဘူးလား ဒကာကြီးတွေ။ သိပ်ကောင်းတယ်။ အဆင့်မြင့်တယ်နော်။ သူ့ဘာသူ စိတ်ဓာတ်တွေ တင်းမာချင်လည်း တင်းမာပါစေ, ကိုယ့်ဘက်က နှလုံးပျော့ပျောင်းနေမယ် ဆိုလို့ရှိရင် မိမိအတွက် ကုသိုလ်တရားတွေ တိုးပွားမသွားဘူးလား? တိုးပွားသွားမယ်။ သူက တင်းမာတဲ့အတွက် ဘာတဲ့လဲ? သူများ ခေတ်က ပြောတာဘာလဲ?

ဟိုတစ်ညက ဟောခဲ့ပြီးပြီနော်။ သူတစ်ပါးတွေက ခက်ထန်တင်းမာနေတဲ့ စိတ်ထား ရှိချင်လည်း ရှိပါစေ၊ ဒို့ကတော့ ဒီနေရာမှာ ခက်ထန် တင်းမာနေတဲ့ စိတ်ဓာတ်မရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။ ဒါ ဘုရားရှင် နှစ်ခြိုက်တဲ့ စိတ်ထားပဲ။ ခု ဒီဒကာလေး ကြည့်လိုက်တော့၊ ဒီပုဏ္ဏားလုလင်လေး ကြည့်လိုက်တော့ ဖခင်နဲ့ ယှဉ်ပြိုင်ပြီး စကားပြောတဲ့နေရာမှာ အင်မတန် ခက်ထန်တင်းမာနေတဲ့စိတ်ထား မရှိဘူးလား? ရှိနေပြီနော်။

‘သောဝါဟံ နိပ္ပတိဿာမိ, နတေ ဝစ္ဆာမိ သန္တိကေ၊ ယဿ မေ ဒဿနေန တွံ, နာဘ比နန္ဒသိ ဗြာဟ္မဏ’

ဗြာဟ္မဏ၊ အိုး ပုဏ္ဏားကြီး။ ယဿ မေ၊ အကြင် ငါအား။ ဒဿနေန၊ မြင်တွေ့ရခြင်းနှင့်၊ မြင်တွေ့ရခြင်းဖြင့်။ တွံ၊ သင်သည်။ နာဘိနန္ဒသိ၊ နှစ်ခြိုက်မှု မရှိပေ။ သောဝါဟံ၊ ထိုငါသည်။ ဂေဟာ၊ သင်၏အိမ်မှ။ နိပ္ပတိဿာမိ၊ ထွက်ခွာ၍ သွားပေအံ့။ တေ သန္တိကေ၊ သင်ပုဏ္ဏားကြီး၏ အထံ၌။ အဟံ၊ ငါသည်။ န ဝစ္ဆာမိ၊ ဘယ်တော့မှ နေမည်မဟုတ်ပါ။

ကြည့်စမ်းပါဦး။ သူ့ရဲ့ စိတ်ထားနော်။ ဒီလောက်တောင် ကျေးဇူးကြီးမားတဲ့ ဖခင်အပေါ် ဘယ်လို ပြန်ပြောနေသလဲ? သူ့စိတ်ထား ကြည့်ပေါ့နော်။ သင်ပုဏ္ဏားကြီးက ကျွန်တော့ကို မြင်ဖို့ရန်အတွက် အလိုမရှိဘူးဆိုရင် ဒီအိမ်ကနေ ကျွန်တော် ထွက်ခွာသွားမယ်။ သင် မမြင်ရတဲ့နေရာမှာ သွားပြီးတော့ နေမယ်တဲ့။ မတင်းမာဘူးလား? တင်းမာနေတယ်။ အဲဒီတော့ အဲဒီလို တင်းမာနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘာဖြစ်သလဲ?

‘‘နာဟံ သုရာပါနာ ဝိရမိဿာမိ, ယံ တေ ရုစ္စတိ, တံ ကရောဟိ’’

အဟံ၊ ငါသည်။ သုရာပါနာ၊ သေရည်သေရက်သောက်သုံးခြင်းမှ။ န ဝိရမိဿာမိ၊ ရှောင်ကြဉ်မည်မဟုတ်ပါ။ ယံ၊ အကြင်အမှုကို။ တေ၊ သင်သည်။ ရုစ္စတိ၊ နှစ်သက်၏။ တံ၊ ထိုသင်နှစ်သက်တဲ့အမှုကို။ ကရောဟိ၊ ပြုပါ။

ငါသည် သေရည်သေရက် သောက်သုံးခြင်းမှ ဘယ်တော့မှ ရှောင်ကြဉ်မှာ မဟုတ်ဘူး။ သင်နှစ်ခြိုက်တဲ့ လုပ်ငန်းရပ်ကို သင်ပြုနိုင်တယ်။ ခပ်တင်းတင်းပဲ ပြန်ပြောလိုက်တယ်။ အဲဒီအခါကျတော့မှ -

‘တယိ အမှေ ပရိစ္စဇန္တေ မယမ္ပိ တံ ပရိစ္စဇိဿာမ’

တယိ၊ သင်သည်။ အမှေ၊ ငါတို့ကို။ ပရိစ္စဇန္တေ၊ စွန့်လွှတ်နိုင်ခဲ့သည်ရှိသော်။ မယမ္ပိ၊ ငါတို့ကလည်းပဲ။ တံ၊ သင့်ကို။ ပရိစ္စဇိဿာမ၊ စွန့်လွှတ်ကြပါကုန်အံ့။

ပုဏ္ဏားကြီးကလည်း တင်းမာပါတယ်။ သူလည်း သိပ်ပြီးတော့ မညံ့ဘူးနော်။ သင်က ဒို့ကို စွန့်လွှတ်နိုင်ခဲ့တယ်ဆိုရင် ဒို့ကလည်း သင့်ကို စွန့်လွှတ်နိုင်ပါတယ်။ ဘယ့်နှယ်လည်း ဒကာကြီးတွေ၊ ဒကာမကြီးတွေ။ သားသမီးရှိတဲ့ ဒကာကြီးတွေ, ဒကာမကြီးတွေ အဲဒီစိတ်ထား ရှိကြသလား? ခပ်ပျော့ပျော့ပဲ။ အဲဒီ ခပ်ပျော့ပျော့သမားတွေမို့လို ဒီလောက် ကြာနေတာပဲ။ ခပ်တင်းတင်းသမားတွေကတော့ ကျွတ်သွားပြီ။ ဒီနေရာမှာ စိတ်ဓာတ်က တင်းမာဖို့လိုတယ်နော်။

ဒီနေရာမှာ တင်းမာပြီ ဆိုတာကတော့ နှစ်မျိုးရှိပါတယ်။ မတင်းမာသင့်တဲ့နေရာမှာ သွားတင်းမာတာကိုတော့ ဒါ ဘုရားရှင် မကြိုက်ပါဘူး။ တင်းမာသင့်တဲ့နေရာမှာတော့ စိတ်ဓာတ်က တင်းမာနေရမယ်။ ဘယ်လိုလဲ? ကုသိုလ်ရေးလုပ်ငန်းတွေမှာ တင်းမာဖို့လိုတယ်။ အကုသိုလ်လုပ်ငန်းတွေမှာ မတင်းမာဖို့ လိုအပ်ပါတယ်။ အခု ဒီနေရာမှာ သားနဲ့ဖခင် စကားအချီအချ ပြောနေတဲ့အခါ ဖခင်ဘက်ကလည်း ဘယ်လိုစိတ်ထားရှိသလဲ? “အေး မင်းက ဒို့ကို စွန့်လွှတ်နိုင်ခဲ့တယ်ဆိုရင် တို့ကလည်း မင်းကို စွန့်လွှတ်နိုင်ပါတယ်၊ စွန့်လွှတ်ရမှာပေါ့” ဆိုပြီး ဒီလို ပြန်ပြောတယ်။

‘အဒ္ဓါ အညေပိ ဒါယာဒေ, ပုတ္တေ လစ္ဆာမ မာဏဝ၊

မာဏဝ၊ အမောင်လုလင်။ အဒ္ဓါ၊ ဧကန်အမှန်အားဖြင့်။ အညေပိ၊ အခြားတစ်ပါးသော။ ဒါယာဒေ ပုတ္တေ၊ အခြားတစ်ပါးသော အမွေခံပုဂ္ဂိုလ်ဖြစ်သော သားတို့ကို။ လစ္ဆာမ၊ ငါတို့ ရနိုင်ကြပါကုန်၏။

အမောင်လုလင်တို့ရဲ့ အမျိုးအနွယ်ကို ဆက်ခံနိုင်တဲ့ စည်းစိမ်ဥစ္စာကို အမွေခံယူနိုင်တဲ့ သင်မှတစ်ပါး အခြားအခြားသော သားတွေကို တို့ ရနိုင်ပါသေးတယ်။

တွဉ္စ ဇမ္မ ဝိနဿသု, ယတ္ထ ပတ္တံ န တံ သုဏေ

ဇမ္မ၊ ယုတ်မာတဲ့။ တွဉ္စ၊ သင်လည်းပဲ။ ဝိနဿသု၊ ပျောက်ပျက်ချင် ပျောက်ပျက်ပါစေ။ ယတ္ထ၊ အကြင်အရပ်သို့။ တွံ၊ သင်သည်။ ပတ္တံ၊ ဆိုက်ရောက်ခဲ့လေ၏။ တံ၊ သင့်အကြောင်းကို။ မယံ၊ ငါတို့သည်။ န သုဏေ၊ မကြားလိုကြပါကုန်။

ယုတ်မာနေတဲ့ သင် ပျောက်ပျက်ချင်လည်း ပျောက်ပျက်သွားပါစေ။ သင် ဘယ်နေရာပဲ ရောက်ရောက်၊ ဘယ်နေရာမှာ သင် ရှိတယ်ဆိုတဲ့ အကြောင်း တို့ ဘယ်တော့မှ မကြားပါရစေနဲ့။ ဘုန်းကြီးတို့ကတော့ အဲဒီစိတ်ထား သိပ်ကြိုက်တယ်။ ဘာဖြစ်လို့လဲ? ပျော့ညံ့ပျော့ညံ့လုပ်နေတဲ့ မိဘတွေ ဒီသားသမီး ဆိုဆုံးမလို့ ရပါဦးမလား? မရနိုင်ဘူး။ စိတ်ဓာတ်က ဒီနေရာမျိုးကျတော့ တင်းမာဖို့ လိုအပ်ပါတယ်နော်။ အဲဒီအခါကျတော့ ပုဏ္ဏားကြီးက ဘာလုပ်သလဲ?

ပုဏ္ဏားကြီးကနေပြီးတော့ တရားစီရင် ဆုံးဖြတ်တဲ့နေရာကို သူ့ ခေါ်သွားလိုက်တယ်။ ခေါ်သွားပြီးတဲ့ အချိန်အခါကျတော့ သားအဖြစ်မှ ပလပ်ပစ်လိုက်တယ်နော်။ သားအဖြစ်မှ ဖျက်သိမ်းပစ်လိုက်တယ်။ ဖျက်သိမ်းပြီးတဲ့ အခါကျတော့ အိမ်ကနေ နှင်ထုတ်လိုက်တယ်။ နှင်ထုတ်လိုက်တဲ့ အချိန်အခါကျတော့ သူက ဘာဖြစ်သလဲ? သူ့ကိုယ်သူ သူက ယုံကြည်တာနော်။ နောက်ပိုင်းကျတဲ့ အခါကျတော့ သူ့မှာ သောက်စရာ စည်းစိမ်ဥစ္စာဆိုတာ ဘယ်ကရမလဲ? ဘာမှ မရှိဘူး။ ပစ္စည်းကလည်း ဘာမှမရှိ။ အနားမှာ ဝိုင်းဝိုင်းလည်ပြီးတော့ သောက်မဲ့ပုဂ္ဂိုလ်တွေလည်း ဘာမှ သောက်စရာမရှိတော့ ဝိုင်းဝိုင်းလည်ဦးမလား? မလည်တော့ဘူး။ သွားပြီ။ အထီးကျန်ဘဝ [?] ဘဝရောက်ပြီ။ ရောက်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

သော အပရဘာဂေ နိပ္ပစ္စယော ကပဏော ဇိဏ္ဏပိလောတိကံ နိဝါသေတွာ ကပါလဟတ္ထော ပိဏ္ဍာယ စရန္တော အညတရံ ကုဋ္ဋံ နိဿာယ ကာလမကာသိ။

သော၊ ထိုပုဏ္ဏားလုလင်သည်။ အပရဘာဂေ၊ နောက်ပိုင်းကာလ၌။ နိပ္ပစ္စယော၊ စည်းစိမ်ဥစ္စာမရှိသည် ဖြစ်၍။ ကပဏော၊ အထီးကျန်တဲ့ ပုဂ္ဂိုလ်သည်။ ကတွာ၊ ဖြစ်၍။ ဇိဏ္ဏပိလောတိကံ၊ ပုဆိုးဟောင်းပိုင်းတစ်ခုကို။ နိဝါသေတွာ၊ ဝတ်၍။ ကပါလဟတ္ထော၊ ခွက်လက်ဆွဲလျက်။ ပိဏ္ဍာယ စရန္တော၊ လှည့်လည်တောင်းခဲ့သည် ရှိသော်။ အညတရံ ကုဋ္ဋံ၊ တစ်ပါးပါးသော နံရံကို။ နိဿာယ၊ အမှီပြု၍။ ကာလမကာသိ၊ သေလွန်၍ သွားခဲ့လေပြီ။

မိဘတွေက စွန့်ပစ်လိုက်တော့ သောက်စရာ, စားစရာ စည်းစိမ်ဥစ္စာ ဆိုတာလည်း ဘာမှ မရှိတော့ဘူးနော်။ မရှိတဲ့နောက်ပိုင်းရောက်လာတော့ ပစ္စည်းလည်း ဘာမှမရှိတော့ အနားမှာ ဝိုင်းဝိုင်းလည်မယ့် ပုဂ္ဂိုလ်ကလည်း တစ်ယောက်မှ မရှိတော့ အထီးကျန်ဘဝ ရောက်သွားပြီ။ အင်မတန် ဟောင်းနွမ်းနေတဲ့ ပုဆိုးစုတ်ကလေးတစ်ခုကို ဝတ်ဆင်ပြီးတော့မှ ခွက်လက်ဆွဲပြီးတော့ တောင်းစားရတဲ့ဘဝ ရောက်ပြီ။ တောင်းစားရတဲ့ဘဝ ဆိုတာက ပြေလည်တဲ့အခါလည်း ရှိကောင်းရှိမယ်, မပြေလည်တဲ့အခါလည်း မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ တဖြည်းဖြည်းနဲ့ နောက်ပိုင်းကျတော့ နေစရာကလည်း မရှိတော့ သူတစ်ပါးအိမ်နံရံလေးမှီပြီးတော့ သေသွားရတယ်နော်။ ဒါကြောင့် ဒီမူးယစ်ဆေးဝါးသောက်စားခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်သည် စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်းရဲ့ အကြောင်းရင်းတစ်ခုတော့ ဖြစ်မနေဘူးလား? ဖြစ်နေပြီ။

နောက်တစ်ခု စည်းစိမ်ဥစ္စာ ပျက်စီးရုံတွင်လားဆိုတော့ မကသေးဘူး။ မူးယစ်ဆေးဝါး သောက်စားနေပြီ ဆိုလို့ရှိရင် ခုနက လက်ကလည်း အငြိမ်နေချင်မှ ငြိမ်တယ်။ ပါးစပ်ကလည်း အငြိမ်နေချင်မှ ငြိမ်တယ်။ အဲဒီလို အငြိမ်မနေတဲ့အတွက် ခိုက်ရန်ဖြစ်ပွားမှုဆိုတဲ့ အန္တရာယ်တွေလည်း ကြီးမားပြီးတော့ မလာနိုင်ဘူးလား? ကြီးမားလာနိုင်တယ်။

ရန်သူက ရလာပြီ ဆိုလို့ရှိရင်တော့ မပြုသင့်တဲ့ ကာယကံမှုတွေလည်း ပြုမယ်။ မပြောသင့်တဲ့ ဝစီကံမှုတွေလည်း ပြောမယ်။ မပြုသင့်တဲ့ ကာယကံမှုတွေက အကယ်၍ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ကြတဲ့ ပုဂ္ဂိုလ်တွေက ဥပဒေနဲ့ တားမြစ်ထားတဲ့ လုပ်ငန်းရပ်တွေ ဖြစ်ခဲ့ရင် မိမိအတွက် ထောင်ဒဏ် အကျခံရခြင်း, သေဒဏ်အမိန့် ပေးခံရခြင်း အစရှိတဲ့ ဒီလို ပစ္စုပ္ပန်မှာ မကောင်းတဲ့အကျိုးတွေလည်း မရနိုင်ဘူးလား? တမလွန်ကျတော့လည်း မိမိမှာ အပါယ်လေးဘုံက မိမိကို ဆီးကြိုနေမှာ ဖြစ်တယ်။

အဲဒီလို ပုဂ္ဂိုလ်တစ်ယောက် သေပြီဆိုလို့ရှိရင် ကောင်းရာသုဂတိကို ရောက်ပါဦးမလား? မရောက်တော့ဘူး။ သေခြင်းဆိုးနဲ့ သူက သေရတော့မယ်။ သေခြင်းဆိုးနဲ့ သေရပြီ ဆိုလို့ရှိရင်တော့ အခုလို ထောင်ထဲမှာပေါ့လေ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းလုပ်တဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ သေဒဏ်အမိန့် ပေးခံရလို့ သေပြီ။ အဲဒီပုဂ္ဂိုလ် သေခြင်းဆိုးနဲ့ သေပြီ။ အဲဒီ သေခြင်းဆိုးနဲ့ သေတဲ့ပုဂ္ဂိုလ်တစ်ယောက် ကောင်းရာသုဂတိ ရောက်ဖို့ဆိုတာကော ရှိဦးမလား? မရှိတော့ဘူး။ အပါယ်လေးဘုံက သူ့ကို လာပါ လာပါ ဆိုပြီးတော့ ဆီးကြိုနေမှာ ဖြစ်ပါတယ်နော်။

အပါယ်လေးဘုံ သတ္တဝါတစ်ဦးတစ်ယောက် တစ်ခေါက်လောက် တစ်ခေါက်လောက် ရောက်သွားပြီ ဆိုလို့ရှိရင် လူပြန်ဖြစ်ဖို့ဆိုတဲ့ အပိုင်းကျတော့လည်း ခက်ခဲမှု မရှိဘူးလား? ရှိနေပြီ။ ဘာဖြစ်လို့လဲ? ဒီဘဝမှာ မိမိပျိုးထောင်ထားတဲ့ မကောင်းမှု အကုသိုလ်ကံတွေကလည်း တစ်ပုံကြီး ဖြစ်နေပြီ။ အတိတ်သံသရာ အဆက်ဆက်က မသိလို့ မိုက်မှားလို့ ပြုခဲ့မိတဲ့ အကုသိုလ်ကံတွေကလည်း တစ်ပုံကြီး ရှိကောင်းရှိနိုင်တယ်နော်။ အဲဒီကံတွေက အလှည့်ကျနဲ့ ဝင်ပြီးတော့ အကျိုးပေးနေပြီ။ ကံတစ်ခုပြီး နောက်ကံတစ်ခု၊ ကံတစ်ခုပြီး နောက်ကံတစ်ခု အလှည့်ကျနဲ့ အကျိုးပေးနေတယ်။ ဒီအပါယ်သံသရာကြီးမှ ခေါင်းထောင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်တော့ဘူးနော်။ တော်တော်လေး ခက်ခဲသွားပြီ။ အဲဒီ ခက်ခဲတဲ့အတွက် နောက်တစ်ခု ဒီအရက်သေစာ သောက်စားနေတဲ့ပုဂ္ဂိုလ်မှာ အနာရောဂါ အမျိုးမျိုးတွေ ဖြစ်ပွားမှုဆိုတာလည်း မဖြစ်ဘူးလား? ဖြစ်လာပြီ။

တစ်ချိန်တုန်းက ဘုန်းကြီး ဒကာကြီးတစ်ဦးကို ရန်ကုန်မှာ တွေ့ခဲ့ဖူးတယ်။ အသည်းတွေ ဇကာဖြစ်နေပြီ။ ဒါကြောင့် သေရည်သေရက် မသောက်ပါနဲ့ ဆိုပြီးတော့ ဆရာဝန်က တားမြစ်တယ်။ သူ မသောက်ဘဲ ဘယ်လိုမှ မနေနိုင်ဘူးဆိုပြီးတော့ အရက်ပုလင်း အနားချပြီးတော့ကို သောက်နေတယ်။ မကြာခင်အတွင်းမှာပဲ ကွယ်လွန်သွားတယ်။ ကွယ်လွန်ခါနီး တစ်လလောက်, နှစ်လလောက် အနီးမှာတော့ ထမင်းလုံးလုံး မစားတော့ဘဲနဲ့ အရက်ပဲ သောက်ပြီးတော့ ဘဝကို အဆုံးသတ်သွားတယ်။

ဒါကြောင့် အနာရောဂါ ထူပြောဖို့ရန်အတွက်လည်း အခြေခံ အကြောင်းရင်းတစ်ခု မဖြစ်ဘူးလား? ဖြစ်နေပြီ။ တချို့ကတော့ ပြောတယ်။ ဆေးဖြစ်ဝါးဖြစ် နည်းနည်းပါးပါးသောက်တာ ကိစ္စမရှိပါဘူး။ သို့သော် ရသတဏှာဆိုတာ မခက်ဘူးလား? ခက်လာတယ်။ စွဲလာပြီ ဆိုလို့ရှိရင်တော့ နည်းနည်းပါးပါးမှ ရပ်တန့်ပြီး နေနိုင်တဲ့စွမ်းအား ရှိသလား? မရှိဘူး။ တစ်လောက ဟောခဲ့တယ်။ [?] ဇာတ် မြတ်စွာဘုရား ဟောထားတာလေး ရှိတယ်။

န ကိရတ္ထိ ရသေဟိ ပါပိယော၊ အာဝါသေဟိ ဝ သန္ထဝေဟိ ဝါ။

ရသေဟိ၊ အရသာတို့ဖြင့်လည်းကောင်း။ အာဝါသေဟိ ဝ၊ အိမ်ရာကျောင်းသင်္ကန်း [မှီဝဲနေထိုင်ခြင်း] တို့ဖြင့်လည်းကောင်း။ သန္ထဝေဟိ ဝါ၊ ပေါင်းဖော်ယှဉ်တွဲ မှီဝဲခြင်းတို့ဖြင့်လည်းကောင်း။ ပါပိယော၊ သာလွန်၍ ယုတ်မာနေတဲ့ သဘောတရားသည်။ လောကေ၊ လောက၌။ ကိရ၊ သာလျှင်။ န အတ္ထိ၊ မရှိပေ။

လောကမှာ ယုတ်မာနေတဲ့ အရာဝတ္ထုတွေရှိတယ်။ ရသတဏှာထက် ယုတ်မာတဲ့ အရာဝတ္ထုဆိုတာ မရှိဘူးတဲ့နော်။

န ကိရတ္ထိ ရသေဟိ ပါပိယော၊ အာဝါသေဟိ ဝ သန္ထဝေဟိ ဝါ။

ပေါင်းဖော်ယှဉ်တွဲ မှီဝဲပြီးတော့ နေထိုင်ခြင်းဆိုတဲ့ ရသဖြင့် သာလွန် ယုတ်မာနေတဲ့ သဘောတရားဆိုတာလည်း လောကမှာ မရှိဘူးတဲ့နော်။ ဘာပြောတာလဲမေးတော့ ဝါတမိဂ သမင်လေးပေါ့။ သမင်လေးက လူသမင် ဖြစ်ပါတယ်။ လူသမင်ဆိုတာက တစ်လောကလည်း ဟောခဲ့ဖူးပြီ။ တောထဲမှာ မှီပြီးတော့နေတဲ့ လူသမင်ပဲ။ လူကို တစ်ခါမြင်ဖူးရင် ဒီနေရာကို ခုနှစ်ရက် ဘယ်တော့မှ မလာဘူး။ ကြောက်လို့များ တစ်ခါလောက် လန့်ပြီး ပြေးခဲ့ဖူးရင် အဲဒီတစ်နေရာကို တစ်သက်လုံး ဘယ်တော့မှ မလာဘူး။

အဲဒီ လူသမင်လေးကို သဉ္ဇယ အမည်ရှိနေတဲ့ ဥယျာဉ်မှူးက ပျားလူးမြက်နဲ့ လှမ်းပြီး ဆီးကြိုလိုက်တဲ့ အချိန်အခါမှာ နောက်ဆုံး ဒီသမင်ဟာ ထောင်ချောက်ထဲမှာ မိမသွားဘူးလား? မိသွားတယ်နော်။ ဒါကြောင့် ဒီရသတဏှာဟာ တော်တော်လေး ဆိုးတယ်။ ရသတဏှာတင် ဆိုးသလားဆိုတော့ မဟုတ်သေးဘူးနော်။

‘‘တိဏ္ဏံ, ဘိက္ခဝေ, ပဋိသေဝနာယ နတ္ထိ တိတ္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တိဏ္ဏံ၊ သုံးမျိုးသုံးစားသော တရားတို့ကို။ ပဋိသေဝနာယ၊ မှီဝဲခြင်း၌။ တိတ္တိ၊ နှစ်သက်ရောင့်ရဲခြင်းသည်။ နတ္ထိ၊ မရှိပေ။

လောကမှာ သုံးမျိုးသော တရားတွေမှာ မှီဝဲရလို့ တင်းတိမ်မှု ရောင့်ရဲမှုဆိုတာ မရှိဘူးတဲ့။ ဘာတွေလဲဆိုတော့ -

သောပ္ပဿ, ဘိက္ခဝေ, ပဋိသေဝနာယ နတ္ထိ တိတ္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ သောပ္ပဿ၊ အိပ်စက်ခြင်းကို။ ပဋိသေဝနာယ၊ မှီဝဲခြင်း၌။ တိတ္တိ၊ နှစ်သိမ့်ရောင့်ရဲခြင်းသည်။ နတ္ထိ၊ မရှိပေ။

အိပ်တဲ့လုပ်ငန်းရပ်ကို မှီဝဲတဲ့ပုဂ္ဂိုလ်မှာ တင်းတိမ်မှု, ရောင့်ရဲမှုဆိုတာ မရှိဘူး။ တုံးခေါက်လို့သာ ထလိုက်ရတယ်၊ ဆက်ပြီးတော့ကော မအိပ်ချင်ဘူးလား? ကျေနပ်လို့, ရောင့်ရဲလို့, အိပ်ရေးဝလို့ ဆိုပြီးတော့ ကျေကျေနပ်နပ် ထတယ်ဆိုတာ ရှိသလား? မရှိဘူးတဲ့နော်။

သုရာမေရယပါနဿ, ဘိက္ခဝေ, နတ္ထိ တိတ္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ သုရာမေရယပါနဿ၊ မူးယစ်ဆေးဝါးတို့ကို သောက်သုံးခြင်းကို။ ပဋိသေဝနာယ၊ မှီဝဲခြင်း၌။ တိတ္တိ၊ နှစ်သိမ့်ရောင့်ရဲခြင်းမည်သည်။ နတ္ထိ၊ မရှိပေ။

မူးယစ်ဆေးဝါးတို့ကို မှီဝဲသောက်သုံးတဲ့နေရာမှာလည်း နှစ်သိမ့်တင်းတိမ် ရောင့်ရဲမှုဆိုတာ မရှိဘူးတဲ့နော်။

မေထုနဓမ္မသမာပတ္တိယာ, ဘိက္ခဝေ, ပဋိသေဝနာယ နတ္ထိ တိတ္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ မေထုနဓမ္မသမာပတ္တိယာ၊ မေထုနဓမ္မ အကျင့်၌။ ပဋိသေဝနာယ၊ မှီဝဲခြင်း၌။ တိတ္တိ၊ နှစ်သိမ့်ရောင့်ရဲခြင်းသည်။ နတ္ထိ၊ မရှိပေ။

[?] လုပ်ငန်းရပ်မှာလည်း မှီဝဲခဲ့မယ်ဆိုလို့ရှိရင်လည်း တင်းတိမ်မှု, ရောင့်ရဲမှုဆိုတာ မရှိဘူး။ လောကမှာ တင်းတိမ်ရောင့်ရဲမှု မရှိတဲ့တရား ဒီ ၃-မျိုး ရှိတယ်ဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတယ်နော်။ ဒါကြောင့် ဆေးဖြစ်ဝါးဖြစ်လေး သောက်တာပါဆိုပြီးတော့ အကြောင်းပြနေခဲ့မယ် ဆိုရင် [?]

အကိတ္တိသဉ္ဇနနီ၊ သေရည်သေရက်ကို သောက်ပြီ ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်ရဲ့ ဂုဏ်သရေမဲ့နေတဲ့ သတင်းတွေက ပျံ့နှံ့ထွက်သွားတယ်။ ကောင်းမွန်နေတဲ့ ဂုဏ်သတင်းတွေသည် ပျံ့နှံ့ထွက်နိုင်တဲ့သဘော ရှိသလား? မရှိဘူး။ မကောင်းတဲ့ သတင်းတွေက ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ပျံ့နှံ့ပြီး ထွက်လာပြီ။

အဲဒီလို ကာယကံ စင်ကြယ်မှု, ဝစီကံ စင်ကြယ်မှု, မနောကံ စင်ကြယ်မှု မရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ သွားပြီး ပေါင်းသင်းဆက်ဆံနေတဲ့အတွက်ကြောင့် သီလမရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ သွားပြီးတော့ ပေါင်းသင်းနေတဲ့အတွက် မိမိဟာလည်း သီလမရှိတဲ့ပုဂ္ဂိုလ် ဖြစ်သွားနိုင်တယ်။ အဲဒီတော့ သီလမရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ သွားပြီးတော့ ပေါင်းသင်းတယ်။ မိမိကလည်း သီလ မရှိဘူး။ အဲဒီလို ဆိုလို့ရှိရင် မိမိတို့ရဲ့ ဂုဏ်သတင်းကောင်းတွေဟာ ပျံ့နှံ့ထွက်နိုင်တဲ့ သဘောရှိသေးသလား? မရှိတော့ဘူးနော်။ နောက်တစ်ခု နံပါတ်(၅) အကျိုးကတော့

ကောပီနနိဒံသနီ၊ လျှို့ဝှက်ဖုံးကွယ်ထိုက်တဲ့ အင်္ဂါရပ်တွေကို ဖွင့်လှစ်ပြီးတော့ ပြတတ်တယ်။ မူးလာပြီ ဆိုလို့ရှိရင် တချို့ပေါ့လေ လုံချည်လှန်ပြ ဘာလှန်ပြ စသည်ဖြင့် မဖြစ်ဘူးလား? ဖြစ်လာပြီ။ ဘာဖြစ်လို့လဲ? ဒီမူးယစ်ဆေးဝါးက လူကို အရှက်အကြောက်ကို ကာကွယ်ရမယ့် စိတ်ဓာတ်တွေ သူ့မှာ မရှိဘူး။ အရှက်အကြောက် ဖုံးလွှမ်းရမယ့်နေရာမှာ မဖုံးကွယ်ဘဲနဲ့ ပုဆိုးမနိုင် ဘာမနိုင်နဲ့ တစ်ခါတည်း ဟိုသွား, ဒီသွား, ဟိုယမ်း, ဒီယမ်း ဖြစ်လာပြီနော်။ ဒီကြားထဲ ခုနက ရန်ဖြစ်ပြီ, ဒေါသဖြစ်ပြီ ဆိုလို့ရှိရင်လည်း ပုဆိုးမနိုင် ဘာမနိုင်တွေ ဖြစ်မကုန်ဘူးလား? ဖြစ်ကုန်ပြီ။

ဒါကြောင့် လျှို့ဝှက်ဖုံးကွယ်နေတဲ့ အရာဝတ္ထုတွေကိုလည်း သူက ဖွင့်လှစ်ပြီးတော့ ပြတတ်တယ်။ နောက်အကျိုးတရားတစ်ခုက ဘာလဲဆိုတော့ ပိုပြီးဆိုးတယ်။

ပညာယ ဒုဗ္ဗလိကရဏီ၊ ဉာဏ်ပညာကို အားနည်းအောင် ဒီမူးယစ်ဆေးဝါး သောက်သုံးခြင်းဆိုတဲ့ လုပ်ငန်းရပ်က ပြုလုပ်ပေးနိုင်တယ်။ ဟုတ်,မဟုတ် စဉ်းစားကြည့်ကြနော်။ မူးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို သွားပြီးတော့ “ဟေ့ကောင် မင်းက တရား ဒီလို ထိုင်ရတယ်ကွ၊ အာနာပါနကို ဒီလို ရှုရတယ်” သွားပြောကြည့်ပါလား၊ ရပါ့မလား? သိပ်မလွယ်ဘူး။ ရုပ်တရားကို ဒီလို ရှုရတယ်။ နာမ်တရားတွေကို ဒီလို ရှုရတယ်။ အကြောင်းတရား၊ အကျိုးတရားတွေကို ဒီလို သိမ်းဆည်းရတယ်။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဒီလို ဝိပဿနာ ရှုရတာလို့ သူ့ သွားပြောကြည့်ပါလား။ ရပါ့မလား? ဒီကိုယ်တော် ဘာတွေ လာပြောနေပါလိမ့် ဆိုပြီးတော့ ပြဿနာတောင် ပေါ်ချင်ပေါ်သွားဦးမယ်။ ဟုတ်တယ်မလား?

ဒါကြောင့် သူက မူးယစ်ဆေးဝါးကို မှီဝဲစားသုံးပြီးတော့ မူးယစ်-မေ့လျော့နေတဲ့ အချိန်အခါမှာ ပညာဉာဏ်တွေက အားမနည်းဘူးလား? အားနည်းတယ်။ ဒီလိုတော့ တချို့က ပြောနေပြန်တယ်။ ဘာလဲ ဒီလိုဆို သန္တတိအမတ်ကြီးတို့ ဘယ့်နှယ်လုပ်မလဲတဲ့။ သန္တတိအမတ်ကြီးတို့ အရက်သောက်ပြီးတော့ ဘုရားရှင်ဆီ သွားတာပဲ။ ရဟန္တာ ဖြစ်သွားတာပဲ ပြောတယ်။ ဒါပေမဲ့ သူတို့ တရားဟောလိုက်တဲ့ အချိန်အခါမှာ ဟိုတစ်နေ့က ပြောခဲ့သလိုပေါ့နော်။ တရားနာယူနေတဲ့ အချိန်အခါမှာ သူတို့က ကျင့်ရမယ့် ပုဂ္ဂိုလ်ဖြစ်တယ်။ ဥဂ္ဃါဋိတညူ အမျိုးအစားထဲမှာ ပါနေတယ်နော်။ တရားဒေသနာတော်ကို ခပ်ကျဉ်းကျဉ်း နာကြားရုံနဲ့ သူတို့က ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်ထဲမှာ သူတို့က ပါကြတယ်။ ဒီလို ပုဂ္ဂိုလ်တွေက ဘယ်လို ပုဂ္ဂိုလ်တွေလဲလို့ မေးလိုက်တော့ -

ဟိုး ... အတိတ်သံသရာ အဆက်ဆက်က ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ သင်္ခါရုပေက္ခာဉာဏ်တိုင်အောင်သော ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းတွေကို စီးဖြန်းခဲ့ဖူးခြင်းဆိုတဲ့ ပုဗ္ဗယောဂကျင့်စဉ်တွေနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းတွေဖြစ်တယ်။ ရှေးယခင်ကတည်းက ဒီပါရမီ မျိုးစေ့တွေကို လုံလုံလောက်လောက် ဖြည့်ကျင့်ထားခဲ့မိတဲ့အတွက် ဘုရားရှင်နဲ့ တွေ့တဲ့အပိုင်းမှာ ဒီပါရမီတွေက အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာပြီ။ အခါအခွင့် သင့်လာတဲ့ အချိန်အခါမှာ ဘုရားရှင်က သူတို့ကို သစ္စာလေးပါး-နဲ့စပ်တဲ့ တရားစကားလေးကို ဟောကြားပေးလိုက်တယ်။ အနည်းငယ်ပဲ ဖြစ်ချင်ဖြစ်ပါစေ နေရောင်ခြည်ကို မျှော်နေတဲ့ ပဒုမ္မာကြာပန်းတွေဟာ နေထွက်လာသည်နှင့် နေရောင်ခြည် ပက်ဖျန်းပေးလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပွင့်လန်းလာဖို့ရန် အခန့်သင့် ရှိနေသလို သစ္စာလေးပါးနဲ့စပ်တဲ့ တရားဒေသနာတော် ရောင်ခြည်လေး ပက်ဖျန်းပေးလိုက်တာနဲ့ တစ်ပြိုင်နက်တည်း ပွင့်လန်းသွားတဲ့ ပဒုမ္မာကြာပန်းကြီးလို ဖြစ်ကြပါတယ်။

ကဲ မိမိလည်း အဲဒီလိုပုဂ္ဂိုလ် ဟုတ်,မဟုတ် နည်းနည်းလေး စမ်း-ကြည့်ပါလား? အရက်ကလေးသောက်ပြီး ဘုန်းကြီးတရား နာကြည့်ပါလား? သူ့လို ရဟန္တာ ဖြစ်မလား? မဖြစ်ပါဘူး။ မဖြစ်ဘူး ဆိုလို့ရှိရင် သူနဲ့သွား ပခုံးခြင်းယှဉ်လို့ ဖြစ်ပါ့မလား? မဖြစ်နိုင်ဘူးနော်။ ဒါကြောင့် သူက ပညာဉာဏ်ကို အားနည်းအောင် ပြုလုပ်တာနဲ့ပတ်သက်လို့ ဘုန်းကြီး နည်းနည်းလေး ထပ်တော့ ပြောပါမယ်။

ဒီသေရည်သေရက် မူးယစ်ဆေးဝါးတို့ကို သောက်သုံးနေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဒီကံက အကျိုးပေးခဲ့မယ် ဆိုလို့ရှိရင် ဘယ်ရောက်မလဲ? ငရဲရောက်မယ်။ တိရစ္ဆာန် ဘုံဘဝရောက်မယ်။ ပြိတ္တာဘုံဘဝ ရောက်မယ်။ ငရဲပြည်မှာ ဒုက္ခခံလာရတဲ့ ပုဂ္ဂိုလ်တစ်ယောက်, တိရစ္ဆာန်ဘဝမှာ ဒုက္ခတွေ အကြီးအကျယ် ခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်, ပြိတ္တာဘဝမှာ ဒုက္ခတွေ အကြီး-အကျယ် နှစ်ပေါင်းသိန်းနဲ့ချီ, သန်းနဲ့ချီပြီး ခံနေရတဲ့ ပုဂ္ဂိုလ်တစ်ယောက် အဲဒီဘဝက ကျွတ်လာတဲ့, လွတ်လာတဲ့အခါမှာ ဒီဆင်းရဲဒုက္ခတွေက ဝိုင်းပြီး နှိပ်စက်ထားတဲ့အတွက် သူ့သန္တာန်မှာ အလွန်သေးငယ်နေတဲ့ ဉာဏ်ပညာတွေ ဗြုန်းကနဲ ဖြစ်နိုင်ဖို့ဆိုတာက လွယ်ပါ့မလား? မလွယ်ဘူး။ သိပ်မလွယ်ဘူးနော်။ ဘာဖြစ်လို့လဲ?

နှစ်ပေါင်းများစွာ, သန်းပေါင်းများစွာ သို့မဟုတ် ကမ္ဘာနဲ့ ချီပြီးတော့ သူက ဆင်းရဲဒုက္ခတွေ ခံခဲ့ရတယ်။ ဒီဆင်းရဲဒုက္ခတွေ ခံနေတဲ့ အချိန်အခါမှာလည်း ပညာဉာဏ် ထက်မြက်ကြောင်းဆိုတဲ့ လုပ်ငန်းရပ်တွေ သူဘာများ ပြုစုပျိုးထောင်နိုင်သလဲ? ဘာမှ ပြုစုပျိုးထောင်နိုင်တဲ့ စွမ်းအား မရှိဘူး။ နောက်တစ်ခုက ဒီသေရည်သေရက် သောက်သုံးနေတဲ့ နေရာလေးတွေမှာ မူးယစ်ဆေးဝါးကို သောက်သုံးခြင်းတည်းဟူသော အကြောင်းကြောင့်နော် ဥပပဇ္ဇဝေဒနီယကံလို့ ခေါ်ဆိုအပ်တဲ့ ဒုတိယဘဝမှာ အကျိုးပေးမယ့် ကံတွေက အဲဒီ အပါယ်လေးဘုံမှာ အကျိုးပေးပြီးပြီ။ အပါယ်က လွတ်လာတဲ့ အခါကျတော့ တတိယဘဝရောက်ပြီ ဆိုကြစို့နော်။ အဲဒီ တတိယဘဝတွေကြတော့ အပရာပရိယကံတွေက ဆက်လက်ပြီး အကျိုးပေးဖို့ရန်လည်း အခါအခွင့် သင့်လာပြန်တယ်။ အဲဒီ အပရာပရိယကံတွေက အကျိုးပေးပြီ ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်သည် ဘာဖြစ်သလဲ ဥမ္မာဒန္တီတို့လို ရူးသွပ်တဲ့ဘဝအဆင့်ကို ရရှိသွားတယ်။ လူရူးတစ်ယောက်ကို နည်းနည်း အကဲခတ်ကြည့်ပါနော်။

တစ်လောက်တုန်းက ဘုန်းကြီးတို့ကျောင်းမှာ ဆိုကြပါစို့ ... စိတ်နောက်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး သူ့အရူးလို့ ပြောချင်လည်း ပြောနိုင်ပါတယ်နော်။ နှစ်ပေါင်းများစွာ ဒီမှာ လာပြီး ခိုကပ်နေတာပဲ။ ပိုတာလေး စားတာဖြစ်တော့ ကျွေးပါလို့ ဘုန်းကြီးကလည်း မေတ္တာရှေ့ထားပြီး ပြောထားပါတယ်။ ကျွေးလည်း ကျွေးကြပါတယ်။ မသဒ္ဓါလို့တော့ မဟုတ်ဘူး။ သူ့ရဲ့ နေပုံထိုင်ပုံတွေက ပုံစံမကျတဲ့ အခါကျတော့ ဟိုး သုဿာန်ဇရပ်ကလေးမှာ သွားပြီးနေပါဆိုပြီး သူ့ တိုက်တွန်းထားရတယ်။

ရှေးယခင်တုန်းကတော့ ဟိုဘက်မှာ ဇရပ်အိုကြီးတစ်ခု ရှိတယ်။ ဇရပ်အိုကြီးက သူ့ရဲ့ တဲအိမ်လေး ဖြစ်နေတယ်။ ဇရပ်အိုကြီး ဖျက်ပြီးတော့ ရိပ်သာလေး ဆောက်လိုက်တဲ့ အခါကျတော့ သူ့မှာလည်း နေစရာက အခက်အခဲ ဖြစ်နေတယ်။ ဖြစ်နေတဲ့ အချိန်အခါကျတော့ ဆွမ်းစားဇရပ်ပေါ် ဆွမ်းစားကျောင်းပေါ် တက်အိပ်တော့လည်း ပုံကမကျတော့ သုဿာန်ဇရပ် ရွှေ့ခိုင်းလိုက်တယ်။ သုဿာန်ဇရပ်မှာလည်း သူက ကြာကြာမနေနိုင်။ မနေနိုင်တဲ့ အခါကျတော့ [?] ထဲမှာ သွားနေပြန်တယ်။ [?] ထဲ နေတော့ သူ ဘာတွေလုပ်သလဲ? ကျင်ကြီး မစွန့်သင့်တဲ့နေရာ ကျင်ကြီးတွေ စွန့်တယ်။ ကျင်ငယ် မစွန့်သင့်တဲ့နေရာမှာ ကျင်ငယ်တွေ စွန့်ပြန်တယ်။ အရူးတစ်ယောက် လုပ်နေတဲ့လုပ်ငန်း။ အဲဒီ အရူးတစ်ယောက်ကို သူ့နားလည်အောင် သွားပြီးပြောလိုက်လို့ရှိရင် သူနားလည်နိုင်တဲ့ စွမ်းအားရှိသလား? မရှိဘူး။ သူ့လည်း အပြစ်ယူလို့က မရဘူး။

သူ့ကို ရုပ်အကြောင်း၊ နာမ်အကြောင်းတွေ ပြောပြလို့ သူ နားလည်ပါ့မလား? နားမလည်ဘူး။ သူ့ကံကနေပြီးတော့ အကျိုးပေးမယ့် အခါအခွင့်သင့်လေတော့ ဘယ်လောက် ဆန်းကြယ်သလဲကြည့်စမ်း သူဟာ ခြင်ထောင်မရှိဘဲနဲ့, စောင်မရှိဘဲနဲ့ နှစ်ပေါင်းများစွာ နေနိုင်တယ်။ သူ့မှာ ငှက်ဖျားရောဂါ မရှိဘူး။ ဒီမှာ ခြင်ဇကာတွေ အတွင်းမှာထိုင်ပြီး ကျကျနန တရားထိုင်နေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ငှက်ဖျားက ခဏခဏ ဖြစ်နေပြန်တယ်။ သူ့မှာ ငှက်ဖျား မရှိလို့လား မေးစရာရှိတယ်။ မရှိလို့တော့ ဟုတ်ပုံမရဘူး။ ရှိတော့ရှိတယ်။ ဒါပေမဲ့ သူ့အကုသိုလ်ကံက ဒီလို ဆင်းရဲဒုက္ခတွေကို ခံနိုင်ရည်ရှိအောင် ဆောင်ရွက်ပေးထားတယ်။

အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်မှာ သမာဓိ ထူထောင်နိုင်တဲ့ သမာဓိကျစဉ်နဲ့ ပတ်သက်လို့ သူ့ကို သွားပြောကြည့် သူနားလည်ပါ့မလား? အရူးနဲ့ဆို မလွယ်ဘူး။ ဒီရုပ်တွေဆိုတာ ဘယ်လိုသိအောင် ရှုရမလဲ အမောင်, အမောင် ဒီဘဝမှာ ဆင်းရဲနေတယ်။ နောက်ထပ် ချမ်းသာသွားအောင် ရုပ်တရားတွေကို ဒီလို ရှုစမ်းပါလို့ သွားပြောကြည့် သူ နားလည်ပါ့မလား? နားမလည်ဘူး။ နာမ်တရားတွေကို ဒီလို ရှုရမယ်လို့ သွားပြီး သူ့ကို သင်ပေးကြည့် သူ နားလည်ဖို့ ဖြစ်ပါ့မလား? မဖြစ်နိုင်ဘူး။ အကြောင်းတရား၊ အကျိုးတရားတွေကို ဒီလို ရှုရတယ်လို့ သူ့ သင်ပေးကြည့်၊ သူ ခံနိုင်တဲ့ စွမ်းအားရှိသလား? မရှိဘူး။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဒီလို ဝိပဿနာ ရှုပါလို့ သူ့ သင်ပေးကြည့်၊ ဘယ့်နှယ့်လည်း သင်လို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။

ပညာယ ဒုဗ္ဗလိကရဏီ၊ ဉာဏ်ပညာတွေကို အားနည်းအောင် ပြုလုပ်စေနိုင်-တယ်နော်။ ဒါကြောင့် တစ်ခါတစ်လေ ဘုန်းကြီးက တချို့ ဒကာကြီးတွေကို ပြောလို့မရရင်တော့ နည်းနည်း ခပ်ကြမ်းကြမ်းလေး တစ်ခါတစ်ရံတော့ ပြောမိပါတယ်။ ဘယ်လိုလဲ? ဒကာကြီးတွေ ခွေးနဲ့ ရန်မဖြစ်အောင်တော့ ကြိုးစားကြပါလို့ ဘုန်းကြီးက တိုက်တွန်းကြည့်တယ်။ အဲဒါ ဒကာကြီးတွေ နားလည်သလား? ခွေးနဲ့ ရန်မဖြစ်ရအောင် ကြိုးစားပါဆိုတာ နားလည်ကြသလား?

ဒီလိုပါ ကလေးတွေ တောသွားပြီဆိုတော့ ကလေးဆိုတာက ခက်-သားပဲ။ ဟိုနေရာ သွားထိုင်၊ ဒီနေရာ သွားထိုင်။ ထိုင်ချင်လည်း ထိုင်လိုက်တာပဲ။ ကလေးတွေက တောသွားပြီ ဆိုလို့ရှိရင် နောက်ကနေ လေးဖက်ထောက်ပြီး ကြည့်နေတယ်။ သူက မအောင့်နိုင်တဲ့အခါကျတော့ ကလေးထံ ဝင်ပြီးတော့ လျက်ပြန်ရော။ လျက်တော့ ကလေးနဲ့ ရန်မဖြစ်ရဘူးလား? ရန်ဖြစ်ရတယ်။ ဟုတ်တယ်မလား? အဲဒီလို ကလေးနဲ့ ရန်ဖြစ်ရတဲ့ဘဝကို ရောက်စေတတ်တဲ့ စွမ်းအားရှိတဲ့ တရားဟာ ဘာလဲ? ဒီမူးယစ်ဆေးဝါး သောက်သုံးခြင်းပဲနော်။ ငရဲရောက်နိုင်တယ်၊ တိရစ္ဆာန်ဘဝ ရောက်နိုင်တယ်၊ ပြိတ္တာဘဝ ရောက်နိုင်တယ်ဆိုပြီးတော့ ဒီလို ဘုရားဟောထားတယ်။ အပေါ့ဆုံး အပြစ်ကို ပြောပါဆိုရင် အပရာပရိယကံတွေက အခုလို ဘဝတစ်ခုမှာ ရူးသွပ်စေတဲ့ စွမ်းအားရှိတယ်။

လူဖြစ်ရင်လည်း လူရူးပဲ, နွားဖြစ်ရင်လည်း နွားရူး, ခွေးဖြစ်ရင်လည်း ခွေးရူးပဲ, နတ်ဖြစ်လည်း နတ်ရူးပဲ ဖြစ်တယ်, အကောင်း မဖြစ်နိုင်ဘူး။ အဲဒီလို အရူးတစ်ယောက် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာ နောက်ထပ် သံသရာခရီးမှာ အဆင့်အတန်း မြင့်မားစေတဲ့ ဘဝတစ်ခု ရရှိဖို့ဆိုတာဟာ မျှော်လင့်လို့ ရပါ့မလား? မရနိုင်ဘူး။ ဒါကြောင့် ပညာဉာဏ်ကို အားနည်းအောင် ပြုလုပ်တတ်တဲ့ စွမ်းအားဟာ ဒီမူးယစ်ဆေးဝါးတွေမှာ အများဆုံး မရှိဘူးလား? ရှိနေတယ်။
h1fb7l01qongag93ai6isqjg1mr4q46