ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.3
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
မင်္ဂလသုတ်-၇၁/၉၇
0
6306
21994
2026-05-22T21:11:55Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၇၁/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၇၀..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
21994
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၇၁/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၇၀/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၇၂/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၇၂

သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေမှာ အပ္ပမာဒခေါ်တဲ့ သတိတရား အလွန်အရေးကြီးတဲ့အကြောင်း ပြောခဲ့ပါတယ်နော်။ ရက္ကန်းသည်မလေးက ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတဲ့ တရားတော်အပေါ်၌ မမေ့ပျောက်ခြင်း အမြဲတမ်း ပွားများအားထုတ်ခြင်းဆိုတဲ့ အပ္ပမာဒတရား လက်ကိုင်ထားပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တာက အကြောင်းတစ်ခုပေါ့နော်။ သာဝကပါရမီ ဉာဏ်အရာမှာ အဓိဂါရော စ ဆန္ဒတာဆိုပြီးတော့ ဟောကြားထားတဲ့အတိုင်း, ဖွင့်ဆိုထားတဲ့အတိုင်း အတိတ်သံသရာ အဆက်ဆက်က နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဆိုတဲ့ စရဏမျိုးစေ့ကောင်း, ဝိဇ္ဇာမျိုးစေ့ကောင်းတွေကို ထူထောင်ခဲ့တာလည်း အကြောင်းတစ်ခုပေါ့နော်။

ပစ္စုပ္ပန်အကြောင်း, အတိတ်အကြောင်း နှစ်ခုပေါင်းစပ်လိုက်တဲ့ အချိန်ခါမှာ ဘုရားရှင်ရဲ့ အဆုံးအမကို ရိုသေစွာ လိုက်နာခြင်း မမေ့မလျော့ခြင်းဆိုတဲ့ ဒီအပ္ပမာဒတရား လက်ကိုင်ထားပြီး ကျင့်တဲ့အတွက် သောတာပတ္တိ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ဆိုက်ခဲ့တယ်။ ဒါကြောင့် ဒီလို သူတော်ကောင်းတို့ ကျင့်သွားတဲ့ထုံးကို အာရုံယူပြီး မိမိတို့လည်း အပ္ပမာဒတရား လက်ကိုင်ထားနိုင်ကြပါစေလို့ တိုက်တွန်းပါတယ်နော်။

ကဲ အပ္ပမာဒ မင်္ဂလာ ပြီးတဲ့အခါ နောက်မင်္ဂလာ မြတ်စွာဘုရား ဆက်ဟောပြန်တယ်နော် -

ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။

ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလမုတ္တမံ။

ဘော ဒေဝပုတ္တ၊ သိလိုရေးနှင့် မေးလျှောက်လာငြား အိုဒကာတော် နတ်သား ...။ ယော ဂါရဝေါ စ၊ အကြင် ရိုသေသင့် ရိုသေထိုက်သော သူတို့ကို၊ ရိုသေသင့် ရိုသေထိုက်သော တရားတို့ကို ရိုသေလေးစားခြင်းသည်လည်းကောင်း။ ယော နိဝါတော စ၊ အကြင် စိတ်ကို နှိမ်ချခြင်းသည်လည်းကောင်း။ ယာ ကတညုတာ စ၊ သူတစ်ထူးပြုအပ်ဖူးသည့် ကျေးဇူးကို အမှတ်ရခြင်း၊ အသိမှတ် ပြုနိုင်ခြင်းသည်လည်းကောင်း။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အချိန်ခါကာလ၌။ ယံ ဓမ္မဿဝနံ စ၊ အကြင် တရားဓမ္မတော်ကို နာယူခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိပေ၏။ ဧတံ၊ ဤတရား ၅-ပါးအပေါင်းသည်။ ဥတ္တမံ၊ မြင့်မြတ်လှစွာသော။ မင်္ဂလံ၊ မင်္ဂလာ မည်ပါပေ၏၊

ဂါရဝ မင်္ဂလာ

နောက်ထပ် ဂါထာလေး ၁-ခုဖြင့် မြတ်စွာဘုရား နောက်ထပ် မင်္ဂလာ ၅-ပါး ဆက်ဟောတယ်နော်။ ဂါရဝ = ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တွေကို လေးစားတယ်။ ဒီနေရာမှာ အဋ္ဌကထာဆရာက ဘယ်လို ဖွင့်ထားလဲမေးတော့ -

ဂါရဝေါ နာမ ဂရုကာရပ္ပယောဂါရဟေသု ဗုဒ္ဓပစ္စေကဗုဒ္ဓတထာဂတသာဝကအာစရိယုပဇ္ဈာယမာတာပိတုဇေဋ္ဌကဘာတိကဘဂိနီအာဒီသု ယထာနုရူပံ ဂရုကာရော ဂရုကရဏံ သဂါရဝတာ။

ဂါရဝ၊ ဂါရဝဆိုတာက ဘာလဲ? ရိုသေလေးစားတယ် ဆိုတာက ဘာလဲလို့ မေးတော့ - ဂရုကာရပ္ပယောဂါရဟေသု၊ အရိုအသေ အလေးအမြတ် ပြုခြင်းဆိုတဲ့ ပယောဂကို ပြုလုပ်ဖို့ရန် ထိုက်တန်နေတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်, ပစ္စေကဗုဒ္ဓါ ဘုရားရှင်, တထာဂတအမည်ရတော်မူတဲ့ ဘုရားရှင်ရဲ့ သာဝကတွေ, မိမိတို့ရဲ့ ဥပဇ္ဈာယ် ဆရာသမားတွေ, အမိတို့, အဖတို့, အစ်ကိုတို့, အစ်မတို့ အစရှိတဲ့ မိကြီး, မိထွေး, ဘကြီး, ဘထွေး အစရှိတဲ့ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တွေအပေါ်၌ ယထာနုရူပံ၊ သင့်တင့်လျောက်ပတ်နေတဲ့ ဂရုကာရော ဂရုကရဏံ သဂါရဝတာ၊ ရိုသေလေးစားခြင်းဆိုတဲ့ အပြုအမူကို ပြုလုပ်ခြင်းကို ဂါရဝ မင်္ဂလာလို့ ခေါ်ပါတယ်။

ဒီဂါရဝမင်္ဂလာ တရားက လူရပ် နတ်ရွာ နိဗ္ဗာန် အစရှိတဲ့ ကောင်းရာသုဂတိဘုံတွေကို ရောက်စေတတ်တဲ့ အကြောင်းတရား ဖြစ်ခြင်းကြောင့် ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ရိုသေလေးစားခြင်းကို မင်္ဂလာလို့ မြတ်စွာဘုရား ဟောကြားထားတယ်နော်။ အဲဒီတော့ ဟောကြားထားတဲ့ သုတ္တန်လေးတွေလည်း ရှိပါတယ်နော်။ အထူးသဖြင့် ဆိုကြပါစို့။ စူဠကမ္မဝိဘင်္ဂသုတ္တန်ပဲ ဆိုကြပါစို့။ မြတ်စွာဘုရား ထိုသုတ္တန်မှာ ဘာတွေ ဟောလဲ?

ဣဓ မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ထဒ္ဓေါ ဟောတိ အတိမာနီ ---- အဘိဝါဒေတဗ္ဗံ န အဘိဝါဒေတိ၊ ပစ္စုဋ္ဌာတဗ္ဗံ န ပစ္စုဋ္ဌေတိ၊ အာသနာရဟဿ န အာသနံ ဒေတိ၊ မဂ္ဂါရဟဿ န မဂ္ဂံ ဒေတိ၊ သက္ကာတဗ္ဗံ န သက္ကရောတိ၊ ဂရုကာတဗ္ဗံ န ဂရုကရောတိ၊ မာနေတဗ္ဗံ န မာနေတိ၊ ပူဇေတဗ္ဗံ န ပူဇေတိ။

မာဏဝ၊ ဒကာတော် သုဘလုလင် ...။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော အမျိုးသမီးသည်လည်းကောင်း။ ပုရိသော ဝါ၊ အမျိုးသားသည်လည်းကောင်း။ ထဒ္ဓေါ၊ ခက်ထန်တင်းမာသော စိတ်ထားရှိသည်။ ဟောတိ၊ ဖြစ်၏။ အတိမာနီ၊ အလွန်ထောင်လွှားတက်ကြွသော မာန်မာနရှိသည်။ ဟောတိ၊ ဖြစ်၏၊

ဒကာတော် သုဘလုလင် ... ဒီလောကမှာ အချို့အချို့သော အမျိုးသမီးတွေ, အချို့အချို့သော အမျိုးသားတွေဟာ ခက်ထန်တင်းမာနေတဲ့ စိတ်ဓာတ်ရှိတယ်။ အလွန် ထောင်လွှားတက်ကြွနေတဲ့ မာန်မာနတွေလည်း ထင်ရှားရှိနေကြတယ်။ ရှိလိုက်တဲ့အတွက် ဘာဖြစ်သလဲ?

အဘိဝါဒေတဗ္ဗံ၊ ရှိခိုးသင့် ရှိခိုးထိုက်သော ပုဂ္ဂိုလ်ကို။ န အဘိဝါဒေတိ၊ ရှိမခိုးပေ။ ပစ္စုဋ္ဌာတဗ္ဗံ၊ ခရီးဦးကြိုဆိုခြင်းထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပစ္စုဋ္ဌေတိ၊ ခရီးဦး မကြိုဆိုပေ။ အာသနာရဟဿ၊ နေရာဖယ်ပေးခြင်း ထိုက်တဲ့ပုဂ္ဂိုလ်အားလည်းပဲ။ အာသနံ၊ နေရာကို။ န ဒေတိ၊ ဖယ်၍ မပေးပေ။ မဂ္ဂါရဟဿ၊ လမ်းဖယ်ပေးသင့်တဲ့ ပုဂ္ဂိုလ်အားလည်းပဲ။ မဂ္ဂံ၊ လမ်းကို။ န ဒေတိ၊ ဖယ်၍ မပေးပေ။ သက္ကာတဗ္ဗံ၊ အရိုအသေ ပေးသင့်တဲ့ ပုဂ္ဂိုလ်အားလည်းပဲ။ န သက္ကရောတိ၊ အရိုအသေ မပေးပေ။ ဂရုကာတဗ္ဗံ၊ လေးစားမှု ပြုသင့်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ဂရုကရောတိ၊ လေးစားမှု မပြုပေ။ မာနေတဗ္ဗံ၊ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န မာနေတိ၊ မမြတ်နိုးပေ။ ပူဇေတဗ္ဗံ၊ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပူဇေတိ၊ မပူဇော်ပေ။

ကိုယ်ဟာကို ရှိမခိုးတာ ဘာဖြစ်သလဲ? ဒီလိုတော့ မဟုတ်ဘူးနော်။ ဒီနေရာမှာက ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကို ရှိမခိုးဘူးဆိုတာက ဘာပြောနေတာလဲဆိုတော့ စိတ်ဓာတ်တွေက ခက်ထန်တင်းမာနေတယ်။ မိမိကိုယ် မိမိ သိပ်အထင်ကြီးနေတယ်။ ကိုယ့်ကိုယ်ကို အလွန် အဆင့်အတန်း မြင့်မားနေတဲ့ သူတော်ကောင်းတစ်ဦးလို့ ယူဆပြီးတော့ တစ်ဖက်ပုဂ္ဂိုလ်တွေကိုတော့ အလွန် အဆင့်အတန်းနိမ့်တဲ့ ယုတ်မာတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တွေလို့ ဒီလို စိတ်ထဲ ထင်နေတယ်။ အဲဒီလို ထင်နေတဲ့အတွက် ရှိခိုးသင့် ရှိခိုးထိုက်တဲ့ သူကိုလည်း ခရီးဦး မကြိုဆိုဘူး။ ဘာဖြစ်လို့ ရှိမခိုးသလဲ, ဘာဖြစ်လို့ ခရီးဦး မကြိုဆိုသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်တဲ့ အချိန်ခါမှာ သူ့ဗိုက်ထဲမှာ ပုံစံတစ်မျိုး ဖြစ်နေတယ်။ ဘယ်လိုပုံစံလဲ? ဒီပုံစံလေးကိုတော့ သားရေအိတ်နဲ့ ပုံစံတချို့ ဒီနေရာမှာ ဖော်ပြထားပါတယ်။

ခုကာလ ကားတာယာမျိုးတို့လို သားရေမျိုး ဆိုကြပါစို့။ အထဲမှာ အတွင်းမှာ ရှိနေတဲ့ ဘီးအတွင်းမှာရှိတဲ့ သားရေ ကိုင်ကြည့်လိုက်မယ် ဆိုလို့ရှိရင်တော့ နူးညံ့ပျောင်းညွတ်နေတာတော့ မှန်တယ်။ ဒါပေမဲ့ သူ့ကို လေဖြည့်ပေးလိုက်ပြီဆိုရင် ဘာဖြစ်လာလဲ? တဖြည်းဖြည်း တင်းမာသွားတယ်။ တင်းမာလာတဲ့ အချိန်ခါမှာ ပျော့ပျောင်းနူးညံ့တယ်ဆိုတဲ့ အမူအယာတွေ ရှိသေးလား? မရှိတော့ဘူး။ အဲဒီပုံစံလိုပဲ ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်, မာန်မာနကြီးနေတဲ့ ပုဂ္ဂိုလ်တွေက ပျော့ပျောင်းနူးညံ့တဲ့အသွင်ကို မဆောင်ဘူး။ လေပြည့်နေတဲ့ သားရေအိတ်ကြီးလို ခက်ထန်တင်းမာနေတဲ့အသွင်ကို ဆောင်နေတယ်။ ခက်ထန်တင်းမာနေတဲ့အတွက်ကြောင့် ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကို သူက ရှိခိုးဖို့ ဝန်လေးနေတယ်။ ခရီးဦး ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ပုဂ္ဂိုလ်တွေကိုလည်း ခရီးဦး ကြိုဆိုဖို့ရန် စိတ်ထဲမှာ မပါဘူး။ မာနက အထဲခံနေတယ်။ သူ့ဗိုက်ထဲမှာ မာနဆိုတဲ့ ထွန်တုံးကြီး မျိုထားတယ်။

အာသနာရဟဿ၊ နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်အားလည်းပဲ။ အာသနံ၊ နေရာကို။ န ဒေတိ၊ ဖယ်၍ မပေးပေ။

သာသနာတော်မှာ စည်းကမ်းလေးတစ်ခုတော့ ရှိတယ်။ ဦးပဉ္စင်းတို့ ရဟန်းတော်များမှာ ဆိုကြပါစို့။ ရွာထဲ ဆွမ်းစားဇရပ်တွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား ပညတ်ထားတာလေး ထုတ်ပြမယ်။

ရှေးခေတ် ယဉ်ကျေးမှုအရပေါ့လေ။ ရွာထဲ ဆွမ်းခံတယ်ဆိုတော့ မျှတချင်လည်း မျှတတယ်၊ မမျှတသော်လည်း ရှိချင်ရှိတတ်တယ်။ မမျှတသေးဘူး ဆိုရင်လည်း မျှတတဲ့နေရာမှာ ရလိုရငြား ဆိုပြီးတော့ ရှေးဆက်ပြီး ဆွမ်းခံရတယ်။ ဆွမ်းခံတာက တော်တော်လေး ကြာညောင်းသွားလို့ ညောင်းညာသွားပြီ ဆိုကြပါစို့နော်။ ဆွမ်းကလည်း ပြည့်စုံပြီ။ ဒီလိုဆိုရင် ကျောင်းပြန်ရမယ်ဆိုရင် တချို့ပုဂ္ဂိုလ်တွေမှာ တော်တော်လေး ဝေးတယ်။ အဲဒီအခါကျတော့ ဘာလုပ်ရသလဲ? နီးစပ်ရာ ဆွမ်းစားဇရပ်တွေမှာ ဝင်ပြီးတော့ ဆွမ်းစားရပါတယ်။ ရွာထဲမှာ အဲဒီလို ဆွမ်းစားဇရပ်ကလေးတွေ တော်တော် ခပ်များများ ရှိကြပါတယ်။ အဲဒီ ဆွမ်းစားဇရပ်ကနေ စောင့်ပြီးတော့ မိမိတို့ တတ်အားရှိသမျှ စွမ်းအားရှိသမျှ လာပြီးလှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။

အဲဒီ ဆွမ်းစားဇရပ်မှာ ထိုင်လိုက်ပြီဆိုရင် မိမိက ချိန်ပြီး ထိုင်ရတယ်။ ငါက ဘယ်နှစ်ဝါ ရှိပြီ။ ငါက အသက်ဘယ်လောက် ရှိပြီ၊ ငါ့ထက် ဝါကြီးနေတဲ့ ပုဂ္ဂိုလ်၊ ငါ့ထက် အသက်ဝါကြီးနေတဲ့ပုဂ္ဂိုလ် ဒီနေရာမှာ ဘယ်နှစ်ပါးများ လာပြီး ဆွမ်းစားတတ်တယ်ဆိုတာကို အသိအမှတ် ပြုရပါတယ်။ အဲဒီလို အသိအမှတ်ပြု နေရာလေးတွေ ချိန်ပြီးတော့ ထိုင်ရတယ်။ အဲဒီလို ထိုင်ပါသော်လည်း အကြောင်းမလှလို့ မိမိထက် ဝါကြီးနေတဲ့ ပုဂ္ဂိုလ်တစ်ဦး ကြွလာပြီဆိုရင်တော့ ဆွမ်းစားနေတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါစေ နေရာဖယ်ပေးတဲ့ အနေအားဖြင့် ထမဲ့အမူအရာ ပြရတယ်။ အဲနောက်ထပ် ကြွလာတဲ့ပုဂ္ဂိုလ်က ဝါကြီးနေလို့ ကိုယ်က ထမဲ့အမူအရာ ပြခဲ့ရင် ဝါကြီးတဲ့ပုဂ္ဂိုလ်ကလည်း ခွင့်ပေးတဲ့ အနေအားဖြင့် မထပါနဲ့ဆိုပြီးတော့ လက်တားပြီးတော့ သင့်တော်တဲ့ တစ်နေရာမှာ ထိုင်ရပါတယ်။

နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ပုဂ္ဂိုလ်ကို နေရာဖယ်ပေးရပါတယ်။ ထေရ်စဉ်ဝါအလိုက်အတိုင်း နေရာဦး, ဆွမ်းဦးဆိုတာ မြတ်စွာဘုရား ခွင့်ပြုထားပါတယ်။ အဦးအထိပ်ဖြစ်တဲ့ နေရာတွေမှာ မိမိထက် အသက် ဂုဏ်သိက္ခာအားဖြင့် ဝါစဉ်အားဖြင့် ကြီးမားတော်မူကြတဲ့ ထေရ်ကြီး ဝါကြီးတွေကို ဦးစားပေးပြီးတော့ နေရာဆိုတာ ထိုင်ရပါတယ်။ မိမိက ဒီနေ့မှာပဲ ဘုန်းကြီးဝတ်တယ်, ဒီနေ့မှာပဲ ကိုရင်ဝတ်တယ်, ဒီနေ့မှာပဲ သီလရှင်ဝတ်တယ်။ ဟိုး ခေါင်ဆုံး ဘုရားထိုင်တဲ့နေရာမှာ တက်ထိုင်ချင်တယ်။ ဖြစ်ပါ့မလား? မဖြစ်ပါဘူး။ ဒါကြောင့်

အာသနာရဟဿ၊ နေရာပေးသင့် ပေးထိုက်တဲ့ ပုဂ္ဂိုလ်။ အာသနံ၊ နေရာကို။ န ဒေတိ၊ မပေးတတ်ပေ။

နေရာ ပေးသင့် ပေးထိုက်တဲ့ ပုဂ္ဂိုလ်ကို နေရာမပေးဘူး။ ကိုယ်က ခပ်တည်တည်ပဲ နေတယ်။ သာသနာတော်မှာ ဒီလိုပုဂ္ဂိုလ်မျိုးတွေ ရှိရမလားလို့ မေးရင် မရှိရဘူး။ မြတ်စွာဘုရား မကြိုက်ဘူး။ မကြိုက်ပုံလေး နောက်ထပ် ပြီးတော့ ဟောမယ်နော်။

မဂ္ဂါရဟဿ၊ လမ်းဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်အား။ န မဂ္ဂံ၊ လမ်းခရီးကို မပေးပေ။

မိမိထက် အသက်ဂုဏ်သိက္ခာ ကြီးမားနေတဲ့ ထေရ်ကြီးဝါကြီးတွေ ကြွလာပြီဆို လမ်းဖယ်ပေးရတယ်။ လူပုဂ္ဂိုလ်ဖက်က ကြည့်ရင်လည်း ဒီအတိုင်းပေါ့။ ရဟန်းသံဃာတော်များ ကြွလာပြီဆို လမ်းဖယ်ပေးရတယ်။ အသက်ဂုဏ်သိက္ခာအားဖြင့် ကြီးမားတဲ့ အမိအရွယ်, အဖအရွယ် သို့မဟုတ် မိရင်း, ဘရင်း, မိကြီး, မိထွေး, ဘကြီး, ဘထွေး အစရှိတဲ့ ပုဂ္ဂိုလ်တွေ လာပြီဆိုရင် အရိုအသေ အလေးဂရု ပြုသောအားဖြင့် လမ်းဖယ်ပေးရပါတယ်။ လမ်းဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို လမ်းဖယ်မပေးဘူး။

သက္ကာတဗ္ဗံ၊ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တို့ကို။ န သက္ကရောတိ၊ မရိုသေပေ။ ဂရုကာတဗ္ဗံ၊ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ဂရုကရောတိ၊ လေးစားခြင်း မပြုပေ။

ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်၊ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ် လောကမှာ ရှိကြတယ်။ မိမိထက် သီလဂုဏ်အားဖြင့်သော်လည်းကောင်း၊ သမာဓိဂုဏ်အားဖြင့်သော်လည်းကောင်း၊ ပညာဂုဏ်အားဖြင့်သော်လည်းကောင်း၊ ထေရ်စဉ် ဝါစဉ်အားဖြင့်သော်လည်းကောင်း မိမိထက် ဂုဏ်သိက္ခာ ကြီးမားနေတဲ့ သူတော်ကောင်းတွေ လောကမှာ များစွာရှိပါတယ်။ လောကမှာ ငါလိုလူ ဇမ္ဗူမှာ တစ်ယောက်ထဲ ရှိတယ်လို့ မိမိကိုယ်ကို မိမိ အထင်ကြီးနေလို့ ဖြစ်ပါ့မလား? မဖြစ်ဘူး။ မိမိကိုယ်ကို တစ်ယောက်ထဲ သူတော်ကောင်းလို့ ထင်ပြီးတော့ တခြားပုဂ္ဂိုလ်တွေကို လူယုတ်မာလို့ ထင်နေတယ်ဆိုရင် ထိုကဲ့သို့ ထင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ အကုသိုလ်တွေ နေ့စဉ် တိုးပွား၍ မနေဘူးလား? နေတယ်။

ဒါကြောင့် ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တွေကို အရိုအသေ ပြုပြီးတော့ နေထိုင်ရမယ်။ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ လေးစားပြီးတော့ သာသနာတော်မှာ နေထိုင်ရတယ်။ ဒါ သာသနာတော်ရဲ့ စည်းကမ်းပဲ။ ဒါကြောင့် -

သက္ကာတဗ္ဗံ၊ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို။ န သက္ကရောတိ၊ မရိုသေပေ။ ဂရုကတဗ္ဗံ၊ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ဂရုကရောတိ၊ လေးစားခြင်း မပြုပေ။ မာနေတဗ္ဗံ၊ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န မာနေတိ၊ မြတ်နိုးခြင်း မပြုပေ။ ပူဇေတဗ္ဗံ၊ ပူဇော်သင့် ပူဇော်ထိုက်သော ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပူဇေတိ၊ မပူဇော်ပေ။

မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ပုဂ္ဂိုလ်တွေ လောကမှာ များစွာရှိကြပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေသော်လည်းပဲ သူက ဘယ်တော့မှ မမြတ်နိုးဘူး။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ လောကမှာ များစွာ ရှိကြပါတယ်။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်းပဲ ဘယ်တော့မှ မပူဇော်ဘူး။ စဉ်းစားကြည့်စမ်းနော်။ သူ့ရဲ့ စိတ်နေစိတ်ထား ဒီလို စိတ်နေစိတ်ထား ရှိပြီး, ဒီလို ကိုယ်အမူအရာ, နှုတ်အမူအရာ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘာဖြစ်မလဲ?

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။

သော၊ ထိုပုဂ္ဂိုလ်သည်။ ဧဝံ၊ ဤသို့လျှင်။ သမတ္တေန၊ ပြည့်ပြည့်စုံစုံ ကောင်းစွာ ဆောက်တည်ထားအပ်သော။ တေန ကမ္မေန၊ ထိုအကုသိုလ်ကံကြောင့်။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပျက်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ၊ ချမ်းသာဟူ၍ မြူငွေ့မျှမရှိသော။ ဒုဂ္ဂတိံ၊ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော။ ဝိနိပါတံ၊ အလိုအာသာဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော။ နိရယံ၊ ငရဲသို့။ ဥပပဇ္ဇတိ၊ ကပ်ရောက်ရပေ၏။

ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကို ရှိမခိုးဘူး၊ ခရီးဦး ကြိုဆိုခြင်းထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ခရီးဦး မကြိုဆိုဘူး။ နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို နေရာဖယ်မပေးဘူး။ လမ်းဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်ကို လမ်းဖယ်မပေးဘူး။ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို မရိုသေဘူး။ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို မလေးစားဘူး။ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း မမြတ်နိုးဘူး။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း မပူဇော်ဘူး။

အဲဒီလို ပုဂ္ဂိုလ်တစ်ယောက် ဒီလို ကောင်းကောင်းကြီး ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ထားတဲ့ အကုသိုလ်ကံ ရှိနေတဲ့ ဒီလို ပုဂ္ဂိုလ်တစ်ယောက် ဒီအကုသိုလ်ကံကြောင့် စုတိပျက်ကြွေ သေလွန်ပြီးသည်မှ နောက်ကာလ၌ ဘယ်ရောက်သလဲ? ချမ်းသာဟူ၍ မြူငွေ့မျှမရှိတဲ့ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့ရဲ့ လားရောက်ရာ နယ်ပယ်ဖြစ်နေတဲ့ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်တဲ့ ငရဲသို့ ရောက်ပြီ။

စဉ်းစားကြည့်ပါဦးနော်။ သာသနာတော်နှင့်တွေ့ပါလျက် အပါယ်သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီးမှ ထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့ စွမ်းအင်အပြည့်အဝရှိနေတဲ့ တရားကောင်းတွေ သာသနာတော်မှာ ထင်ရှား ရှိနေပါလျက် ဒီတရားတွေကို မိမိက မြတ်နိုးမှု မရှိဘူး။ သာသနာတော်နဲ့ တွေ့ပါလျက် မိမိက အပါယ်ငရဲကို ရောက်ရှိသွားရပါတယ်ဆိုရင် မိမိအတွက် မနစ်နာဘူးလား? နစ်နာပါတယ်။ ဒီနေရာမှာ နာမည်ကျော်ဖြစ်တဲ့ အရှင်ဒေဝဒတ်တို့ရဲ့ဖခင်, ယသော်ဓရာတို့ရဲ့ဖခင် သုဗ္ဗဗုဒ္ဓ ကြည့်ပေါ့နော်။ မြတ်စွာဘုရား ကြွလာတဲ့အချိန်ခါမှာ သူ လမ်းဖယ်ပေးသလား? မဖယ်ပေးဘူး။ သက်သက် ဂွတိုက်တာပဲ။ အဲဒီလို အရွဲ့တိုက်တဲ့, ဂွတိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘာဖြစ်သလဲ?

သေတဲ့အခါ ငရဲရောက်တယ်။ မြေမျိုပြီးတော့ ငရဲရောက်တယ်နော်။ အဲဒီတော့ ငရဲရောက်တဲ့အခါကျတော့ ပြန်ပြီး ဆန်းစစ်ကြည့်စမ်းပါ။ ငါလုပ်ချင်တာ ငါလုပ်တယ်။ ငါ ဂွတိုက်ချင်လို့ ဂွတိုက်တယ်။ ဘယ်သူ့ အရေးစိုက်ရမလဲ? ဒီစိတ်ထားက သတ္တဝါတစ်ဦးကို ငရဲရောက်အောင် ပို့ဆောင်နိုင်စွမ်း မရှိဘူးလား? ရှိနေတယ်။ ဒါကြောင့် သာသနာတော်မှာ ဒီလို စိတ်ထားနဲ့ နေထိုင်ရမလား, မနေထိုင်ရဘူးလား? မနေထိုင်ရဘူး။ သာသနာတော်ကို ကြည်ညိုလေးစားနေတဲ့ စိတ်ထားရှိတဲ့သူတိုင်း ဒီလို နေရမလား, မနေရဘူးလား? (မနေရပါဘူးဘုရား) မနေရဘူး။ ဒါက မြတ်စွာဘုရား အဆုံးအမပဲ။ နောက်တစ်ခု အကယ်၍များ ငရဲမရောက်ဘူးထား၊ ဘာဖြစ်မလဲ?

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ နီစကုလီနော ဟောတိ။

ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပျက်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ၊ ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ၊ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော။ ဝိနိပါတံ၊ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော။ နိရယံ၊ ငရဲသို့။ နော စေ ဥပပဇ္ဇတိ၊ အကယ်၍များ မကပ်ရောက်ခဲ့ရသည် ဖြစ်ငြားအံ့။

သေပြီး ငရဲမရောက်ဘူးဆိုရင် ဘာဖြစ်မလဲ?

မနုဿတ္တံ၊ လူအဖြစ်သို့။ သစေ အာဂစ္ဆတိ၊ အကယ်၍များ ဆိုက်ရောက်လာခဲ့သည်ဖြစ်ငြားအံ့။

သေပြီးနောက် အကြောင်းအားလျော်စွာ ဒီအကုသိုလ်ကံတွေက ငရဲ မပို့လို့ လူ့ပြည်လူ့လောက ရောက်ရှိခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ?

ယတ္ထ ယတ္ထ၊ အကြင်အကြင် အမျိုးအနွယ်၌။ ပစ္စာဇာယတိ၊ ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်တည်နေရပေ၏။ တတ္ထ တတ္ထ၊ ထိုထို အမျိုးအနွယ်၌။ နီစကုလီနော၊ ယုတ်ညံ့သော အမျိုးအနွယ်ရှိတဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ရတတ်ပေ၏။

စဉ်းစားကြည့်ပေါ့နော်။ ခုနက ရှိခိုးသင့် ရှိခိုးထိုက်တဲ့ ပုဂ္ဂိုလ်ကို မိမိက ရှိမခိုးဘူး။ ခရီးဦး ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း မကြိုဆိုဘူး။ နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း နေရာ ဖယ်မပေးဘူး။ လမ်းဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း လမ်းဖယ်မပေးဘူး။ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း အရိုအသေ မပေးဘူး။ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း မလေးစားဘူး။ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ မမြတ်နိုးဘူး။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ မပူဇော်ဘူး။

အဲဒီ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်က တစ်ဖက်သားအပေါ်ကို ဘယ်လို မြင်နေသလဲ? မိမိထက် ယုတ်ညံ့တဲ့ပုဂ္ဂိုလ်လို့ တစ်ဖက်သားကို နှိပ်ကွပ်ထားတယ်။ တစ်ဖက်ကို အထင်သေးနေတဲ့ စိတ်ထားမရှိဘူးလား? ရှိနေတယ်။ တစ်ဖက်ကို ယုတ်ညံ့တဲ့ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ချက် ထားထားတယ်။ မိမိကသာလျှင် သာလွန်မြင့်မြတ်နေတဲ့ တကယ့်သူတော်စင်ကြီး ဖြစ်တယ်လို့ ကိုယ့်ကိုကိုယ် မြှောက်ထားတယ်။ တစ်ဖက်ပုဂ္ဂိုလ်တွေကို ယုတ်ညံ့တဲ့ ပုဂ္ဂိုလ်တွေအရာမှာ ထားထားတယ်။ အဲဒီစိတ်ထားကို ကြည့်ပေါ့ -

တစ်ဖက်ပုဂ္ဂိုလ်ကို ယုတ်ညံ့တဲ့အရာမှာ ထားပြီး ဒီအကုသိုလ်တရားတွေကို မွေးမြူရေးလုပ်ခဲ့တဲ့အတွက် ဒီပုဂ္ဂိုလ်သည် လူ့ပြည်လူ့လောကမှာ အကယ်၍ လူလာဖြစ်ခဲ့ရရင် ယုတ်ညံ့တဲ့ အမျိုးအနွယ်မှာပဲ လူလာဖြစ်ရတယ်။ ဦးပဉ္စင်းတို့ သာသနာတော်က မစင်ဘင်ကျုံးသမားတစ်ဦး ဖြစ်နေတဲ့ အရှင်သုနီတတို့လို မထေရ်တစ်ဦးကိုသော်လည်းပဲ အရဟတ္တမဂ်, အရဟတ္တဖိုလ်အထိ ယဉ်ကျေးနေတဲ့ စိတ်ဓာတ်တွေ ကိန်းဝပ်လာပြီဆိုရင် ရှိခိုးပူဇော်ရတဲ့ထုံး မရှိဘူးလား? ရှိနေတယ်။ သာသနာတော်က ပုဂ္ဂိုလ် မရွေးပါဘူး။ မျက်နှာ မရွေးပါဘူးနော်။ ဒါပေမဲ့ မိမိကိုယ်ကို မိမိက ခုနက ဒီပုဂ္ဂိုလ်ကျတော့ ဘာဖြစ်လဲ? မိမိကိုယ် မိမိအပေါ်စီးက နေတယ်။ တစ်ဖက်ပုဂ္ဂိုလ်ကို နှိပ်ကွပ်ထားတယ်။ ယုတ်ညံ့တဲ့ပုဂ္ဂိုလ်တွေလို့ စိတ်ထဲ သဘောပိုက်ထားတယ်။

အဲဒီ စိတ်ထားလေးက မိမိကို ယုတ်ညံ့တဲ့အမျိုး၊ ယုတ်ညံ့တဲ့ဘဝ ရောက်အောင် ပို့ဆောင် မပေးဘူးလား? ပို့ဆောင်ပေးတယ်။ ဒီလိုဆိုရင် မိမိတို့က အင်မတန် အဆင့်အတန်း နိမ့်ပြီးတော့ အင်မတန် ယုတ်ညံ့တဲ့ လူသားတစ်ဦး ဖြစ်ချင်ပြီဆိုရင် ဘယ်လိုစိတ်ထား ထားရမလဲ? (---) အဲဒါ ကြည့်ပဲ။ တစ်ဖက်ကို ယုတ်ညံ့တဲ့ပုဂ္ဂိုလ် မိမိက စိတ်ကူးပြီးတော့သာ နေကြည့်ပါ။

အဲဒီလို နေလိုက်လို့ရှိရင် ဒီစိတ်ထားလေးက မိမိကို ဘယ်ဘဝရောက်အောင် ပို့ဆောင်ပေးမလဲ? ယုတ်ညံ့တဲ့ဘဝတစ်ခု, ယုတ်ညံ့တဲ့ အမျိုးအနွယ် ၁-ခုသို့ရောက်အောင် ပို့ဆောင်ပေးလိမ့်မယ်။ ဒါ သတိရှိကြနော်။ လောကမှာ လူအချင်းချင်း အခုလို နေထိုင်နေတဲ့ဘဝမှာ သူတော်ကောင်းအချင်းချင်း သူတော်ကောင်းရယ်လို့ အသိအမှတ် မပြုနိုင်ဘူး။ ဒီကိုယ်တော်က, ဒီသီလရှင်က ဘယ်လိုသီလရှင်, ဟိုယောဂီက ဘယ်လိုယောဂီ ဟော စိတ်က အထင်သေးနေလိုက်တာ။ ကိုယ့်ကိုယ်ကိုတော့ သူတော်ကောင်းကြီးလို့ ထင်နေတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေက တစ်ဖက်ကို ယုတ်ညံ့တဲ့ပုဂ္ဂိုလ်တွေအဖြစ် အသိအမှတ်ပြုပြီးတော့ စိတ်ထားထားတဲ့အတွက် ဒီအကုသိုလ်ကံတွေက အကျိုးပေးပြီဆိုရင် ဒီအကျိုးပေးတဲ့ဘဝမှာ ဘာဖြစ်ရသလဲ? ယုတ်ညံ့တဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ရတယ်။ ကံမကောင်း အကြောင်းမလှခဲ့ရင်တော့ ငရဲရောက်နိုင်တယ်။ ကဲနောက်တစ်ခု ဘာဖြစ်နိုင်သလဲ?

အဋ္ဌကထာမှာ ကောင်းတဲ့ဘက်က ဖော်ပြထားတယ်။ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို တစ်ဖက်က ရိုသေပြီ။ ဘာဖြစ်မလဲ?

ဣဓ ပန မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အတ္ထဒ္ဓေါ ဟောတိ အနတိမာနီ --

အကောင်းဘက်က -

မာဏဝ၊ ဒကာတော်သုဘလုလင် ...။ ဣဓ၊ ဤလောက၌။ ဣတ္ထီ ဝါ၊ အချို့သော အမျိုးသမီးသည်လည်းကောင်း။ ပုရိသော ဝါ၊ အချို့သော အမျိုးသားသည်လည်းကောင်း။ အနတ္ထဒ္ဓေါ၊ ခက်ထန်တင်းမာသော စိတ်ထား မရှိသည် (နူးညံ့ပျော့ပျောင်းသော စိတ်ထားရှိသည်)။ ဟောတိ၊ ဖြစ်၏။

ပုဂ္ဂိုလ်တစ်ဦး ကြည့်လိုက်။ အကောင်းဘက် ဝင်သွားပြီ။ ခက်ထန်တင်းမာတဲ့ စိတ်ထား ဘယ်တော့မှ မရှိဘူး။ နူးညံ့ပျော့ပျောင်းတဲ့ စိတ်ထားရှိတယ်။ ထောင်လွှားတက်ကြွနေတဲ့ အလွန်မြင့်မောက်နေတဲ့ မာန်မာနတရားတွေ မရှိပြန်ဘူး။ မိမိကိုယ်မိမိ အလွန် နှိမ်ချထားတဲ့ စိတ်ဓာတ်တွေ ရှိနေပြန်ပြီ။ အဲဒီပုဂ္ဂိုလ်တစ်ယောက်က ဘယ်လိုလုပ်သလဲ?

အဘိဝါဒေတဗ္ဗံ အဘိဝါဒေတိ၊ ပစ္စုဋ္ဌာတဗ္ဗံ ပစ္စုဋ္ဌေတိ၊ အာသနာရဟဿ အာသနံ ဒေတိ၊ မဂ္ဂါရဟဿ မဂ္ဂံ ဒေတိ၊ သက္ကာတဗ္ဗံ သက္ကရောတိ၊ ဂရုကာတဗ္ဗံ ဂရုကရောတိ၊ မာနေတဗ္ဗံ မာနေတိ၊ ပူဇေတဗ္ဗံ ပူဇေတိ၊

သော၊ ထိုပုဂ္ဂိုလ်သည်။ အဘိဝါဒေတဗ္ဗံ၊ ရှိခိုးသင့် ရှိခိုးထိုက်သော ပုဂ္ဂိုလ်ကို။ အဘိဝါဒေတိ၊ ရှိခိုး၏။ ပစ္စုဋ္ဌာတဗ္ဗံ၊ ခရီးဦး ကြိုဆိုခြင်းထိုက်သော ပုဂ္ဂိုလ်ကိုလည်းပဲ။ ပစ္စုဋ္ဌေတိ၊ ခရီးဦး ကြိုဆို၏။ အာသနာရဟဿ၊ နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်သော ပုဂ္ဂိုလ်အားလည်း။ အာသနံ၊ နေရာကို။ ဒေတိ၊ ဖယ်၍ ပေးတတ်၏။ မဂ္ဂါရဟဿ၊ လမ်းဖယ်ပေးသင့် ဖယ်ပေးထိုက်သော ပုဂ္ဂိုလ်အားလည်းပဲ။ မဂ္ဂံ၊ လမ်းကို။ ဒေတိ၊ ဖယ်ပေး၏။ သက္ကာတဗ္ဗံ၊ ရိုသေသင့် ရိုသေထိုက်သော ပုဂ္ဂိုလ်ကိုလည်းပဲ။ သက္ကရောတိ၊ ရိုသေတတ်၏။ ...ဂရုကာတဗ္ဗံ၊ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ ဂရုကရောတိ၊ လေးစားတတ်၏။ မာနေတဗ္ဗံ၊ မြတ်နိုးသင့် မြတ်နိုးထိုက်သော သူကိုလည်း။ မာနေတိ၊ မြတ်နိုးတတ်၏။ ပူဇေတဗ္ဗံ၊ ပူဇော်သင့် ပူဇော်ထိုက်သော ပုဂ္ဂိုလ်ကိုလည်းပဲ။ ပူဇေတိ၊ ပူဇော်တတ်၏၊

ပုဂ္ဂိုလ်တစ်ဦးကို ကြည့်လိုက်နော်။ အမျိုးသား ဖြစ်ချင်လည်း ဖြစ်ပါစေ, အမျိုးသမီး ဖြစ်ချင်လည်း ဖြစ်ပါစေ။ တချို့တချို့ လူသားတွေဟာ လောကမှာ ဘယ်လို နေထိုင်ကြသလဲ? ရှိခိုးသင့် ရှိခိုးထိုက်တဲ့ ပုဂ္ဂိုလ်ကို ရှိခိုးတယ်။ ခရီးဦး ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ပုဂ္ဂိုလ်ကို ခရီးဦး ကြိုဆိုတယ်။ မိမိထက် အသက်ဂုဏ်သိက္ခာအားဖြင့် ကြီးမားတော်မူတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်, ထေရ်ကြီးဝါကြီးတွေပဲဖြစ်ဖြစ် သို့မဟုတ် မိဘတွေပဲဖြစ်ဖြစ်, ဧည့်သည်တွေပဲဖြစ်ဖြစ် လာပြီဆိုရင် ခရီးဦး ကြိုဆိုတယ် ကြွပါ။ ဒီစိတ်ထားမျိုး မရှိဘူး။

တချို့ပုဂ္ဂိုလ်က အာဂန္တု ကြွလာတာ မြင်ပြီဆိုရင် ကိုယ့်ကျောင်းပေါ် တက်မှာစိုးလို့ မမြင်ချင်ယောင် ဆောင်နေတယ်။ ဧည့်သည်လာတာ မြင်ပြီဆိုရင် ကိုယ့်အိမ်ဝင်မှာစိုးလို့, တောင်းသွားမှာစိုးလို့ မမြင်ချင်ယောင် ဆောင်နေတယ်။ မလွဲမရှောင်သာလို့ စကားပြောလိုက်ရတောင်မှ သိပ်ပြီးစကား မပြောချင်ဘူး။ ခု ဒီနေရာမှာ ဒီသူတော်ကောင်းကတော့ ဒီလို မဟုတ်ဘူး။ ဧည့်သည် အာဂန္တုကိုယ်တော် ကြွရောက်လာပြီဆိုရင် လှမ်းပြီးတော့ သပိတ်သင်္ကန်းတွေကို ယူတယ်, ခြေဆေးပေးတယ် စသည်ဖြင့်နော်။ ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့သူကို ခရီးဦးကြိုဆိုပေးတယ်။ နောက်တစ်ခု -

လမ်းဖယ်ပေးသင့်တဲ့ ပုဂ္ဂိုလ်တွေကို လမ်းဖယ်ပေးတယ်။ နေရာထိုင်ခင်း ပေးထိုက်တဲ့သူကို နေရာထိုင်ခင်းပေးတယ်။ ဒါ သူတော်ကောင်းတို့ စိတ်ထားပဲ။ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို ရိုသေတယ်။ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို လေးစားတယ်။ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကို မြတ်နိုးတယ်။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ကို ပူဇော်တယ်။ ပူဇော်လိုက်တဲ့အတွက် ဘာဖြစ်လဲ?

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။

ဧဝံ၊ ဤသို့လျှင်။ သမတ္တေန၊ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်၍ထားအပ်သော။ ဧဝံ၊ ဤသို့။ သမာဒိန္နေန၊ ကောင်းစွာဆောက်တည်၍ ထားအပ်သော။ တေန ကမ္မေန၊ ထိုကုသိုလ်ကံကြောင့်။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပျက်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ သုဂတိံ သဂ္ဂံ လောကံ၊ ကောင်းမှုပြုသူ သုစရိုက်သမားတို့ လားရောက်ရာဖြစ်အပ်သော နတ်ပြည်နတ်လောကသို့။ ဥပပဇ္ဇတိ၊ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေရပေ၏၊

ကြည်စမ်း ... ဒီနေရာမှာ ရိုသေသင့် ရိုသေထိုက်တဲ့သူကို ရိုသေတယ်။ လေးစားသင့် လေးစားထိုက်တဲ့ပုဂ္ဂိုလ်ကို လေးစားတယ်။ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ပုဂ္ဂိုလ်ကို မြတ်နိုးတယ်။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်ကို ပူဇော်တယ်။ ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကို ရှိခိုးတယ်။ ခရီးဦး ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ပုဂ္ဂိုလ်ကို ခရီးဦး ကြိုဆိုတယ်။ နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ပုဂ္ဂိုလ်ကို နေရာဖယ်ပေးတယ်။ လမ်းဖယ်ပေးသင့်တဲ့ပုဂ္ဂိုလ်ကို လမ်းဖယ်ပေးတယ်။ ပိုက်ဆံဘယ်နှစ်ပြား ကုန်လဲ? တစ်ပြားမှ မကုန်ဘဲနဲ့ ကုသိုလ်တရားတွေ တိုးပွားပြီး မလာဘူးလား? လာတယ်။ ဒီကုသိုလ်တရားတွေကို ကောင်းစွာ ပြည့်ပြည့်စုံစုံ ဆောက်တည်ခဲ့မယ်ဆိုရင် ဒီကုသိုလ်တရားတွေက ဘယ်ပို့ဆောင်ပေးမလဲ? ကောင်းမှုပြုသူ သုစရိုက်သမားတို့ လားရောက်ရာဖြစ်တဲ့ နတ်ပြည်နတ်လောကသို့ရောက်အောင် ပို့ဆောင်ပေးပါတယ်။ ဘုန်းကြီး ခဏခဏတော့ ပြောဖူးတယ်။ နာဖူးထပ်မံအနေနဲ့ ထပ်ပြောမယ်။

စဏ္ဍာလီအမယ်အို ဒွန်းစဏ္ဍာမကြီးတစ်ဦး ဆိုကြပါစို့နော်။ တစ်နေ့ နံနက် မိုးသောက်ထအချိန်မှာ မြတ်စွာဘုရား မဟာကရုဏာတော် သမာပတ် ဝင်စားပြီးတော့ လောကကို ကြည့်ရှုတော်မူလိုက်တဲ့ အချိန်ခါမှာ စဏ္ဍာလီ အမယ်အိုကြီးက ဉာဏ်ကွန်ယက်ထဲမှာ ထင်လာပြီ။ ဘယ်လို အကြောင်း အခြင်းအရာလဲလို့ မြတ်စွာဘုရား ဆက်လက်ပြီး မြတ်စွာဘုရား ဆင်ခြင် ကြည့်ရှုကြည့်လိုက်တဲ့ အချိန်ခါမှာ စဏ္ဍာလီ အမယ်အိုကြီး ကွယ်လွန်တော့မယ်။ ကွယ်လွန်တော့ ဘယ်ရောက်မလဲ ကြည့်တယ်။ ငရဲရောက်တော့မယ် ဆိုတာ သိပြီ။ ငါဘုရား သွားကယ်တင်ခဲ့မယ် ဆိုလို့ရှိရင်ကော

ဘုရားရှင်ရဲ့ ဉာဏ်ကွန်ယက်ထဲမှာ ထင်တယ်ဆိုတာက ကယ်တင်လို့ ရမဲ့ပုဂ္ဂိုလ်မှ ထင်တာပါ။ ကယ်တင်လို့ မရနိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင် တင်ပါ့မလား? မထင်ဘူး။ သတိရှိပေတော့။ ငါဟာ ကယ်တင်လို့ရတဲ့ပုဂ္ဂိုလ် ဟုတ်လာလေရဲ့လားလို့ ကိုယ့်ကိုယ်ကိုတော့ နည်းနည်းလေး ပြန်ဆန်းစစ်တတ်ဖို့တော့ လိုအပ်တယ်။ (အသံပျက်နေ) အဲဒီအခါမှာ ဘုရားရှင်က ရဟန်းသံဃာအပေါင်း ခြံရံပြီးတော့ မြို့တွင်း ဆွမ်းခံကြွတော်မူပါတယ်။ စဏ္ဍာလီအမယ်အိုနှင့် တွေ့လောက်တဲ့ လမ်းလောက်ကို ဘုရားရှင်ကလည်း ရွေးပြီး ကြွတော်မူပါတယ်။ စဏ္ဍာလီအမယ်အိုကလည်း ရာဇဂြိုလ်မြို့အတွင်း ထမင်းအတောင်း အဝင်ပေါ့။ တစ်နေရာမှာ ဆုံပြီ ...

ဆုံလိုက်တဲ့အချိန်ခါမှာ ဘုရားရှင်က မတ်တပ်ရပ်နေလိုက်တယ်။ နောက်တော်မှာ ပါလာတဲ့ ရှင်မဟာမောဂ္ဂလာန်က ဘုရားရှင်ရဲ့ စိတ်ဆန္ဒတော် လှမ်းကြည့်လိုက်တဲ့ အချိန်ခါမှာ စဏ္ဍာလီအမယ်အိုကြီးက ဘုရားရှင်အား ရှိခိုးဝတ်ပြုစေလိုတဲ့ဆန္ဒတော် ဘုရားရှင်မှာ ရှိနေပြီဆိုတာ သိတဲ့အခါကျတော့ ဒီနေရာမှာ ရှင်မဟာမောဂ္ဂလာန်က အလှူပွဲစားလေး လုပ်ပေးရပါတယ်။ စဏ္ဍာလီအမယ်အိုနား သွားပြီးတော့ ဂါထာလေး ၂-ခု ရွတ်ဖတ်ပြီးတော့ “ဒကာမကြီး, ဒကာမကြီး ... သေဖို့အချိန်ကတော့ အလွန် နီးကပ်နေပြီ ဖြစ်တယ်။ ဒါကြောင့် ရသေ့ဟူသမျှတို့တွင် အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ဂေါတမရှင်တော်မြတ်ဘုရားရဲ့ ခြေတော်အစုံ ကြာပဒုံကို သွားပြီး ဦးတိုက်လိုက်ပါ” ဆိုပြီးတော့ သွားပြီးတော့ တိုက်တွန်းတယ်။

“ကိုယ်တော် ... ဘာလာပြောနေတာလဲ တပည့်တော် ဘယ်သူ့ကိုမျှ အောက်ကျို့မခံနိုင်ဘူး။ ဘယ်သူ့ကိုမှ ရှိမခိုးနိုင်ဘူး”။ ဟော အကယ်၍ ဒီစိတ်ထားများ ဟိုနေရာလေးမှာ ရှိခဲ့မယ်ဆိုရင်ပေါ့။ ဘယ့်နှယ်တုန်း ကယ်တင်လို့ ရပါ့မလား? မရဘူး။ ခက်ထန်တင်းမာတဲ့ စိတ်ထားရှိခဲ့ရင်ပေါ့။ သူတောင်းစားလည်း ခက်ထန်တင်းမာတဲ့ စိတ်ထားမရှိဘူးလို့ မထင်နဲ့နော်။ ခု တရားဟောနေတဲ့ ပုဂ္ဂိုလ်လည်း ဘာလဲ? သူတောင်းစားပါ။ ဟုတ်တယ် မဟုတ်လား?

ခက်ထန်တင်းမာတဲ့စိတ်ထားသာ ရှိခဲ့ရင် အဲဒီစိတ်ထားသာ ရှိခဲ့ရင် ဘယ်ရောက်မလဲ? ငရဲရောက်မယ်။ ခု တရားနာနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း သူတောင်းစား မပါဘူးလား? ပါပါတယ်။ ကိုယ့်ကိုယ်ကို သိပ်ပြီး အထင်ကြီးမနေနဲ့။ သူတောင်းစားမှာလည်း သူတောင်းစားနဲ့ ထိုက်တန်နေတဲ့ မာန်မာနတွေ, ခက်ထန်တင်းမာနေတဲ့ စိတ်ထားတွေ မရှိဘူးလား? ရှိနေတယ်။ ကိုယ့်ကိုကိုယ် သူတောင်းစားလို့သာ နေ့စဉ် သတိရနေပါ၊ နည်းနည်းလေးတော့ စိတ်က လျော့သွားလိမ့်မယ်လို့ ဘုန်းကြီး ထင်တယ်။ ဘယ့်နှယ်တုန်း လျော့နိုင်ပါ့မလား? ကဲနောက်က သီလရှင်တွေ ဖြေကြစမ်းပါဦး လျော့နိုင်ပါ့မလား? ဟင် (လျော့နိုင်ပါတယ်ဘုရား) အဲ ဘုန်းကြီးကလည်း လျော့စေချင်လို့ ဒီတရားဟောနေတာပါနော်။

ခက်ထန်တင်းမာနေတဲ့ စိတ်ထား မိမိကိုယ်ကို မိမိအပေါ်မှာ မြှင့်တင်နေတဲ့စိတ်ထား၊ ဒီစိတ်ထားတွေက သတ္တဝါတွေကို အင်မတန် ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ စဏ္ဍာလီအမယ်အိုကြီးကလည်း ခက်ထန်တင်းမာတဲ့ စိတ်ထားမရှိပါဘူးနော်။ ထောင်လွှားတက်ကြွနေတဲ့ မာန်မာနတရား မရှိပါဘူး။ မရှိတော့ တုန်တုန်ရီရီနဲ့ လက်က ကိုင်ထားတဲ့ တောင်ဝှေးလေး ချပြီးတော့ ဘုရားရှင်ရဲ့ ခြေတော်အစုံ ကြာပဒုံကို ဦးတိုက်လိုက်ပါတယ်။ သုံးကြိမ်တိုင်တိုင် ဦးတိုက်ပြီးတော့ မတ်တပ်ပြန်ရပ်လိုက်တယ်။ ရပ်ပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ဖူးမဝတဲ့ စိတ်ထားဖြင့် အလွန်ကြည်ညို လေးစားနေတဲ့ စိတ်ထားဖြင့် လက်အုပ်ချီနေပါတယ်။

ထိုအချိန်ခါမှာ ဘုရားရှင်ကလည်း ဤမျှသော ကုသိုလ်ကောင်းမှုသည် စဏ္ဍာလီအမယ်အိုအတွက် ထောက်ရာတည်ရာတော့ ဖြစ်လောက်ပြီလို့ ယူဆတဲ့အတွက် ဘုရားရှင်လည်း ရှေ့ဆက်လက်ပြီး ဆွမ်းခံကြွတော်မူပါတယ်။ ဒါပေမဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို ဒီနေရာမှာ ဟောသလား? မဟောဘူး။ ဘာဖြစ်လို့လဲ? သူ့မှာ မဂ်, ဖိုလ်, နိဗ္ဗာန်ရနိုင်တဲ့ ပါရမီမျိုးစေ့ကောင်းတွေက မရှိဘူး။ နတ်ရွာသုဂတိကောင်းလောက် ရောက်အောင်ပဲ ငါဘုရား ကယ်တင်လို့ ရနိုင်တယ်ဆိုတာ သိတယ်။ သိတဲ့အတွက် မြတ်စွာဘုရားက သစ္စာလေးပါးနဲ့စပ်တဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်နဲ့ ရောက်ကြောင်း တရားစကားတွေ ဟောကြားပေးသလား? မဟောပေးဘူး။

ဒီလိုဆိုရင် ဒကာကြီးတွေ, ဒကာမကြီးတွေ ဘုရားထံမှ သစ္စာလေးပါးနဲ့ စပ်တဲ့တရားစကားတွေ နာချင်တယ် ဆိုလို့ရှိရင် နာနိုင်တဲ့ မျိုးစေ့ကောင်းလေးတွေ မိမိရဲ့ရုပ်နာမ်အစဉ်မှာ တည်ရှိထားပြီး ဖြစ်ဖို့တော့ မလိုအပ်ဘူးလား? လိုအပ်ပါတယ်။ ဒီလိုဆိုလို့ရှိရင် သူများသားသမီးကို ဝအောင်ကို လုပ်ကျွေးနေတဲ့ပုဂ္ဂိုလ်တွေ အဲဒီမျိုးစေ့ ရှိနိုင်ပါ့မလား? ဟင် ဟိုးနောက်က ဘီလူးကျွန်းက ဒကာမကြီးတွေ ဖြေစမ်းပါဦး ဟင်! သူတို့က မနက်ဖြန်ဆိုလား, သဘက်ခါဆိုလား ပြန်တော့မှာတဲ့။ ဟုတ်တယ်မလား? သူများသားသမီးကို တဝကြီး လုပ်ကိုင်ကျွေးနေတယ်, ကျွန်ခံနေတယ်။ အဲဒီလို ကျွန်ခံနေတဲ့ ပုဂ္ဂိုလ်တွေမှာ မဂ်, ဖိုလ်, နိဗ္ဗာန်ရကြောင်းဆိုတဲ့ မျိုးစေ့ကောင်းတွေ ကိန်းဝပ်နိုင်ပါ့မလား? မကိန်းဝပ်နိုင်ဘူး။ ဘုရားက ကယ်တင်တယ်ဆိုတာက ကယ်တင်လို့ရတဲ့ ပုဂ္ဂိုလ်ကိုသာ ကယ်တင်တာပါ။ ကယ်တင်လို့ ရနိုင်တဲ့ မျိုးစေ့ မရှိရင်

ဘုရားရှင် အမှူးရှိနေတဲ့ သံဃာတော်များ ရှေ့ကြွသွားလို့ မကြာခင်ကာလအတွင်း စဏ္ဍာလီအမယ်အိုကြီးကို နွားက ဝှေ့သတ်လိုက်တာ သေသွားပြီ။ သေတဲ့အခါမှာ သူက နတ်ပြည်နတ်လောက ရောက်ရှိသွားတယ်။ ဘာကြောင့်လဲ? သေခါနီးကာလမှာ ဘုရားရှင်အပေါ်၌ ကြည်ညိုသော စိတ်ထားဖြင့် ရိုသေရှိခိုးခဲ့တဲ့ ကံကို ပြန်လည်ပြီးတော့ အမှတ်ရနိုင်တယ်။ ဒါကြောင့် ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကို ရှိခိုးခြင်း, ခရီးဦး ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ပုဂ္ဂိုလ်ကို ခရီးဦး ကြိုဆိုခြင်း, လမ်းဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ပုဂ္ဂိုလ်ကို လမ်းဖယ်ပေးခြင်း, နေရာပေးသင့်တဲ့ပုဂ္ဂိုလ်ကို နေရာပေးခြင်း, ရိုသေသင့် ရိုသေထိုက်တဲ့ပုဂ္ဂိုလ်ကို ရိုသေခြင်း, လေးစားသင့် လေးစားထိုက်တဲ့ပုဂ္ဂိုလ်ကို လေးစားခြင်း, မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ပုဂ္ဂိုလ်ကို မြတ်နိုးခြင်း, ပူဇော်သင့် ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်ကို ပူဇော်ခြင်းသည် အကျိုး မရှိဘူးလား? ဒါကြောင့် မင်္ဂလာလို့ ဘုရားက ဟောတာပါ။

ဒါမင်္ဂလာရှိတဲ့ လုပ်ငန်းရပ်တွေပါ။ ဗုဒ္ဓဘာသာတို့ အခြေခံယဉ်ကျေးမှုတွေပဲ။ လူကြီးမိဘရှေ့ ကော့လန် ကော့လန် သွားရမလား? မသွားရဘူး။ ဒါ အခြေခံယဉ်ကျေးမှုပဲ။ ရိုသေရမယ်၊ လေးလေးစားစားနဲ့ ခါးလေးကုန်းလို့ ရိုသေစွာဖြင့် ပြုမူရမယ်, ရိုသေစွာဖြင့် ဆက်ဆံရမယ်။ ဒီယဉ်ကျေးမှုလေးတွေက ဒီလို ရိုရိုသေသေ လေးလေးစားစားနဲ့ ဆက်ဆံနေတဲ့ သူတော်ကောင်းတစ်ဦးကို နတ်ရွာသုဂတိရောက်အောင် ပို့ဆောင်နိုင်စွမ်း မရှိဘူးလား? ရှိနေတယ်။ ဒါကြောင့် ဆရာမိဘတွေက ငယ်စဉ်ကတည်းက လက်ပူးလက်ကြပ် စနစ်တကျနဲ့ ဒီကျင့်ဝတ်ကလေးတွေကို သင်ပေးတာပဲ။ ဒါပေမဲ့ ဒီကျင့်ဝတ်တွေကို တချို့ပုဂ္ဂိုလ်တွေ နားမလည်တော့ ရိုရိုသေသေ ဖြည့်ကျင့်ချင်တဲ့ဆန္ဒ ရှိသလား? မရှိကြပြန်ဘူး။ ညကျပြီ ဆိုကြပါစို့ ...

ညရောက်လာတဲ့ အချိန်ခါကျတော့ ဒီသူတော်ကောင်းကြီး စဏ္ဍာလီအမယ်အို နတ်သမီးပေါ့နော်။ စဏ္ဍာလီအမယ်အိုကြီးက ဘုံဗိမ္မာန်နဲ့တကွ ဆင်းလာပြီးတော့ ရှင်မဟာမောဂ္ဂလာန်ကြီးကို လာပြီးတော့ ရှိခိုးဝတ်ပြုတယ်။ ဘာဖြစ်လို့လဲ? အကယ်၍သာ ထိုအချိန်ခါမှာ ရှင်မဟာမောဂ္ဂလာန်က တိုက်တွန်းမှု မရှိခဲ့ဘူးဆိုရင် သူနတ်ရွာသုဂတိ ရောက်နိုင်ပါ့မလား? ရှင်မဟာမောဂ္ဂလာန်က တိုက်တွန်းတယ်။ တိုက်တွန်းတဲ့အလျှောက်လဲ ဘုရားရှင်ကို ရိုသေစွာ ရှိခိုးပူဇော်တယ်။ ဘုရားအမှူးရှိနေတဲ့ သံဃာတော်အပေါ်၌ ကြည်ညိုတဲ့, မြတ်နိုးတဲ့ စိတ်ထားရှိတယ်။ ရိုသေလေးစားတဲ့ စိတ်ထားရှိတယ်။ အဲဒီ စိတ်ထားလေးတွေက ကုသိုလ်ကံ ဖြစ်ပါတယ်။ ဒီကံလေးက သူ့ကို နတ်ရွာသုဂတိရောက်အောင် ပို့ဆောင်ပေးလိုက်တယ်။

ပို့ဆောင်ပေးလိုက်တဲ့ အချိန်ခါမှာ ကတညုတ ကတဝေဒီဆိုတဲ့ အတိုင်းပေါ့ - သူတထူး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို သူက တုံ့လှည့်ပြီးတော့ ဆပ်ချင်တယ်။ သူက ကြည်ညိုလွန်းလို့, ကျေးဇူးတင်လွန်းလို့ ရှင်မဟာမောဂ္ဂလာန်ကြီးကို ထိုညမှာ ကန်တော့သွားပါသေးတယ်။

ဒါကြောင့် ဒီနေရာမှာ ကောင်းမှုကုသိုလ်တစ်ခုကို ပြုခဲ့ပြီဆိုရင် ဒီကုသိုလ်လေးက ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့တောင် နတ်ရွာသုဂတိရောက်အောင် ပို့ဆောင်ပေးနိုင်တယ်ဆိုရင် ပိုက်ဆံတွေများစွာ သို့မဟုတ် လှူဖွယ်ဝတ္ထုပစ္စည်းတွေများစွာ အကုန်ကျခံပြီးတော့ ပြုစုပျိုးထောင်လိုက်တဲ့ ကောင်းမှုကုသိုလ်ကံတွေက ထို့ထက် အဆင့်မြင့်တဲ့ ဘုံဘဝတွေရောက်အောင် ပို့ဆောင်ပေးနိုင်လိမ့်မယ် ဆိုတာကတော့ ယုံမှားသံသယရှိဖို့ လိုသေးလား? မလိုတော့ဘူး။ ကဲ အကယ်၍များ နတ်ပြည်နတ်လောက မရောက်ခဲ့ဘူးဆိုရင် ဘာဖြစ်မလဲ?

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ ဥစ္စာကုလီနော ဟောတိ။ ဥစ္စာကုလီနသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ အတ္ထဒ္ဓေါ ဟောတိ အနတိမာနီ ---- အဘိဝါဒေတဗ္ဗံ အဘိဝါဒေတိ၊ ပစ္စုဋ္ဌာတဗ္ဗံ ပစ္စုဋ္ဌေတိ၊ အာသနာရဟဿ အာသနံ ဒေတိ၊ မဂ္ဂါရဟဿ မဂ္ဂံ ဒေတိ၊ သက္ကာတဗ္ဗံ သက္ကရောတိ၊ ဂရုကာတဗ္ဗံ ဂရုကရောတိ၊ မာနေတဗ္ဗံ မာနေတိ၊ ပူဇေတဗ္ဗံ ပူဇေတိ။

ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပျက်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ သုဂတိံ သဂ္ဂံ လောကံ၊ ကောင်းမှုပြုသူ သုစရိုက်သမားတို့ လားရောက်ရာဖြစ်သော နတ်ပြည်နတ်လောကသို့။ နောစေ ဥပပဇ္ဇတိ၊ အကယ်၍များ မကပ်ရောက်ရသည် ဖြစ်ငြားအံ့။ မနုဿတ္တံ၊ လူပြည် လူ၏အဖြစ်သို့။ သစေ၊ အကယ်၍ ဆိုက်ရောက်လာခဲ့သည် ဖြစ်ငြားအံ့။ ယတ္ထ ယတ္ထ၊ အကြင် အကြင် အမျိုးအနွယ်၌။ ပစ္စာဇာယတိ၊ ပဋိသန္ဓေအားဖြင့် တစ်ဖန် ဖြစ်ပေါ်၍ လာရပေ၏။ တတ္ထ တတ္ထ၊ ထိုထိုအမျိုးအနွယ်၌။ ဥစ္စာကုလီနော၊ မြင့်မြတ်သော အမျိုးအနွယ်ရှိသူသည်။ ဟောတိ၊ ဖြစ်ရပေ၏။

ဘာဖြစ်လို့လဲ? ရိုသေသင့် ရိုသေထိုက်, လေးစားသင့် လေးစားထိုက်, မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်, ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို မိမိက စိတ်ဓာတ်ကလေး နှိမ်ချပြီးတော့ ရိုသေတယ်, လေးစားတယ်, မြတ်နိုးတယ်, ပူဇော်တယ်။ တစ်ဖက်သားကို မြှင့်တင်ထားတဲ့စိတ်ထား ထိုပုဂ္ဂိုလ်မှာ မရှိဘူးလား? ရှိတယ်။ မိမိကိုယ်ကို နှိမ်ချထားတဲ့စိတ်ထားလည်း ထိုပုဂ္ဂိုလ်မှာ မရှိဘူးလား? ရှိနေတယ်။ မိမိကိုယ်ကို နှိမ်ချပြီးတော့ တစ်ဖက်သား ပုဂ္ဂိုလ်တွေအပေါ်မှာ မြှင့်တင်ထားလိုက်တဲ့ ထိုစိတ်ထားက မိမိကို အမျိုးအနွယ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင် ပို့ဆောင်ပေးတဲ့ စွမ်းအားကြီး, တွန်းအားကြီးတစ်ခု ဖြစ်မသွားဘူးလား? ဖြစ်သွားပြီ။

ဒါကြောင့် ဘယ်လိုပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ် မိမိတို့က အထင်မသေးဖို့က အရေးမကြီးဘူးလား? ဒါ သိပ်အရေးကြီးတယ်။ တစ်ဖက်ပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ပါစေ ဒါ လိုရင်း မဟုတ်ဘူး။ မိမိက အပေါ်စီး မနေတတ်ဖို့ ဒါ လိုရင်းမဟုတ်ဘူးလား? လိုရင်းဖြစ်နေတယ်။ ဒါ သတိရှိကြတော့နော်။ ဒါဟာ ဂါရဝေါ စ၊ ဂါရဝတရားရှိခြင်းသည် သတ္တဝါတစ်ယောက် ကောင်းရာသုဂတိ ရောက်စေနိုင်တဲ့ စွမ်းအားရှိပုံနဲ့ ပတ်သက်ပြီး ဟောကြားချက်ပဲ။

သို့သော် ဒီနေရာမှာ မြတ်စွာဘုရား ဟောကြားထားတဲ့ ဟိရိဂါရဝသုတ္တန်ဆိုတဲ့ သုတ္တန်လေးတစ်ခု ဘုန်းကြီး ဒီညဟောဖို့တော့ ရည်ရွယ်ထားပါတယ်။ အင်္ဂုတ္တရနိကာယ်မှာ လာရှိပါတယ်။ တစ်ည ဆိုကြပါစို့ ... မြတ်စွာဘုရား ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခိုက် နတ်သားတစ်ဦးက သန်းခေါင်ယံအချိန်မှာ အလွန် ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းတောက်ပစွာဖြင့် ဇေတဝန်ကျောင်းတိုက်တော်အတွင်း ရောက်ရှိလာပြီ။ ဘုရားရှင်ထံ ချဉ်းကပ်ပြီးတော့ ဘုရားရှင်ကို ရိုသေစွာ ရှိခိုး သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ရပ်ပြီးတော့ မြတ်စွာဘုရားကို သူက လျှောက်ထားတယ်။ ဘယ်လိုလျှောက်ထားလဲ?

‘‘သတ္တိမေ, ဘန္တေ, ဓမ္မာ ဘိက္ခုနော အပရိဟာနာယ သံဝတ္တန္တိ။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သတ္တိမေ ဓမ္မာ (ဣမေ သတ္တ ဓမ္မာ) = ဤခုနစ်ပါးကုန်သော တရားတို့သည်။ ဘိက္ခုနော၊ ရဟန်းတော်အဖို့။ အပရိဟာနာယ၊ ဆုတ်ယုတ်၍ မသွားခြင်းငှာ။ သံဝတ္တန္တိ၊ ဖြစ်ကြပါကုန်၏။

မြတ်စွာဘုရား ဒီတရား ၇-ပါးက ရဟန်းတော် ၁-ပါး ဆုတ်ယုတ် မသွားဖို့ရန်အတွက် ၇-မျိုးသော တရားတွေ ဖြစ်ကြပါတယ်။ မဆုတ်ယုတ်ကြောင်းတရားပဲ။ ရဟန်းတော်တစ်ပါး သာသနာမှာနေပြီဆိုရင် ထိုရဟန်းတော် မဆုတ်ယုတ်ဖို့ရန်အတွက် တရားဘယ်နှစ်ပါးရှိလဲ? ၇-မျိုး။ အဲဒီ ၇-မျိုးက ဘာ ၇-မျိုးလဲဆိုတာ ထိုနတ်သားက လျှောက်ထားတယ်။

သတ္ထုဂါရဝတာ, ဓမ္မဂါရဝတာ, သံဃဂါရဝတာ, သိက္ခာဂါရဝတာ, သမာဓိဂါရဝတာ, ဟိရိဂါရဝတာ, ဩတ္တပ္ပဂါရဝတာ။ ဣမေ ခေါ, ဘန္တေ, သတ္တ ဓမ္မာ ဘိက္ခုနော အပရိဟာနာယ သံဝတ္တန္တိ။

သတ္ထုဂါရဝတာ၊ ဘုရားရှင်၏အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ ဓမ္မဂါရဝတာ၊ တရားတော်အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ သံဃဂါရဝတာ၊ သံဃာတော်အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ သိက္ခာဂါရဝတာ၊ သိက္ခာသုံးရပ် အကျင့်မြတ်၌ ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ သမာဓိဂါရဝတာ၊ သမာဓိကျင့်စဉ်၌ ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ ဟိရိဂါရဝတာ၊ ရှက်မှုဟိရိတရားအပေါ်၌ ရိုသေလေးစားမှုရှိသည်၏ အဖြစ်သည်လည်းကောင်း။ ဩတ္တပ္ပဂါရဝတာ၊ ကြောက်ရွံ့မှု ဩတ္တပ္ပတရားအပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဣမေ ခေါ သတ္တ ဓမ္မာ၊ ဤ ၇-ပါးကုန်သော တရားတို့သည်။ ဘိက္ခုနော၊ ယောဂါဝစရ ရဟန်းတော်အဖို့။ အပရိဟာနာယ၊ မဆုတ်ယုတ် မပျက်စီးရန် အလို့ငှာ။ သံဝတ္တန္တိ၊ ဖြစ်ကြပါပေကုန်၏။

မြတ်စွာဘုရား လောကမှာ ရဟန်းတော် ၁-ပါး မဆုတ်ယုတ် မပျက်စီးကြောင်းတရား ၇-ပါးရှိပါတယ်။

၁။ သတ္ထုဂါရဝတာ၊ ဘုရားရှင်အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိခြင်း။

၂။ ဓမ္မဂါရဝတာ၊ တရားတော်အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိခြင်း။

၃။ သံဃဂါရဝတာ၊ သံဃာတော်အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိခြင်း။

၄။ သိက္ခာဂါရဝတာ၊ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေအပေါ်၌ အထူးသဖြင့် သီလသိက္ခာတွေအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း။

၅။ သမာဓိဂါရဝတာ၊ သမာဓိကျင့်စဉ်အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း။

၆။ ဟိရိဂါရဝတာ၊ မကောင်းမှုအကုသိုလ်တရားတွေကို, မကောင်းမှု ဒုစရိုက်တရားတွေကို ရှက်တတ်တဲ့ ဟိရိတရားတွေအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း။

၇။ ဩတ္တပ္ပဂါရဝတာ၊ မကောင်းမှုအကုသိုလ်တရား, မကောင်းမှု ဒုစရိုက်တရားတို့၌ ကြောက်လန့်တတ်တဲ့ ဩတ္တပ္ပတရားအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း။

ပေါင်းလိုက်တော့ ဘယ်နှစ်ပါးလဲ? ၇-ပါး။ အဲဒီ ၇-ပါးတရားတော်တွေဟာ ရဟန်းတော်တစ်ပါး မဆုတ်ယုတ်ကြောင်းတရား ၇-ပါး ဖြစ်ပါတယ်ဆိုပြီးတော့ ဒီလို လျှောက်ထားသွားတယ်။ အဲဒီ လျှောက်ထားချက်ကို မြတ်စွာဘုရားကလည်း ရဟန်းတော်တွေကို တစ်ဖန် ပြန်၍ ဟောကြားတော်မူပါတယ်။

အဲဒီတော့ ဒီနေရာမှာ ကြည့်ပေါ့။ ဘုရားရှင်က ပြန်ပြီး အသိအမှတ်ပြုထားတော့ ဒီတရားသည် ဘုရားဟော တရားဖြစ်သွားတယ်။ အောက်အရာရှိကနေပြီးတော့ ရေးသားထားတဲ့ စာတစ်ခု ဆိုကြပါစို့။ အကြောင်းအရာတစ်ခု အထက်အရာရှိက လက်မှတ်ထိုးလိုက်ပြီဆိုရင် ဒါ အထက်အရာရှိရဲ့ လုပ်ဆောင်မှု မဖြစ်သွားဘူးလား? ဒီအတိုင်းပဲ။ ဒီနတ်သားကနေ လာပြီး လျှောက်ထားချက်ကို မြတ်စွာဘုရားကနေ ရဟန်းတော်တွေကို အသိအမှတ်ပြုပြီး တစ်ဖန် ပြန်ဟောလိုက်တော့ ဒါ ဘုရားဟော ပြန်ဖြစ်သွားတယ်နော်။

အဲဒီတော့ ဒီနေရာမှာကြည့်ပေါ့။ သာသနာတော်မှာ နေထိုင်ပြီ ဆိုလို့ရှိရင် ကြည့်ပေါ့ သို့မဟုတ် သာသနာတော်မှာ ကြည်ညိုလေးစားနေပြီဆိုရင် ဘုရားရှင်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ တရားတော်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ သံဃာတော်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့မလိုအပ်ဘူးလား? လိုအပ်တယ်။ စဉ်းစားကြည့်ပေါ့။ ဘုရားအပေါ်၌လည်း ရိုသေလေးစားမှု မရှိဘူး, တရားအပေါ်၌လည်း ရိုသေလေးစားမှု မရှိဘူး, သံဃာတော်အပေါ်၌လည်း ရိုသေလေးစားမှု မရှိတော့ဘူးဆိုရင် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အလွန် ခက်ထန်တင်းမာနေတဲ့ စိတ်ထားတွေ ကိန်းဝပ်နေပြီလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

အလွန် ထောင်လွှားတက်ကြွနေတဲ့ မိမိကို သိပ်အထင်ကြီးနေတဲ့ မာန်မာနတရားတွေလဲ ထိုပုဂ္ဂိုလ်ကို လွှမ်းခြုံထားပြီဆိုတာကတော့ ခန့်မှန်းလို့ မရနိုင်ဘူးလား? ရနေပြီ။ လောကမှာ ဘုရားရှင်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးကိုတောင်မှ မရိုသေနိုင်တော့ဘူးဆိုရင်, မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မခန်လို့ ခေါ်ဆိုအပ်တဲ့ ဘုရားရှင်ရဲ့ ဆယ်တန်သောတရားတော်အပေါ်၌ မရိုသေနိုင်တော့ဘူးဆိုရင်, ဘုရားရှင်ရဲ့ တပည့်သား သာဝကတွေလို့ ခေါ်ဆိုအပ်တဲ့ အရိယာသံဃာတော်တွေအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား မရှိနိုင်တော့ဘူးဆိုရင် ထိုပုဂ္ဂိုလ်အတွက် ဒီသာသနာတော်ဟာ တန်ဖိုးရှိနိုင်ဦးမလား? မရှိနိုင်တော့ဘူး။ သာသနာတော်နဲ့ သူနဲ့ ဆက်စပ်မှုကော ရှိနိုင်ပါ့မလား? သာသနာတော်နဲ့ ကွဲကွာသွားပြီ။ နောက်တစ်ခု -

သိက္ခာဂါရဝတာ၊ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို သိက္ခာသုံးရပ် အကျင့်မြတ်လို့ ခေါ်ပါတယ်။ အဲဒီထဲမှာ သမာဓိဂါရဝတာ၊ သမာဓိကို ရိုသေလေးစားမှုကို ဘုရားရှင်က သီးသန့်ထုတ်ပြီးတော့ ဟောတဲ့အတွက် ဒီနေရာမှာ သိက္ခာဂါရဝတာက အထူးသဖြင့် မိမိရဲ့ကိုယ်ကျင့် သီလသိက္ခာတွေအပေါ်၌ ရိုသေလေးစားမှု ရှိရမယ်။ အဲဒီလို ရိုသေလေးစားမှု မရှိခဲ့ရင် ဒီရဟန်းတော်တွေဟာ သာသနာတော်မှာ ဘယ်လိုမှ မကြီးပွားနိုင်ဘူး။ ဒီရဟန်းတော်ဟာ ဆုတ်ယုတ်ဖို့သာ ရှိလိမ့်မယ်လို့ ဒီလို နတ်သားက လျှောက်ထားပါတယ်။ ဘုရားရှင်ကလည်း ဒါကို အတည်ပြုပါတယ်။

ဒီတော့ ပုဂ္ဂိုလ်တစ်ဦးက ရဟန်းလို့ အမည်ခံတယ်၊ ရဟန်းအကျင့် မကျင့်ဘူး။ ကိုရင်လို့လည်း အမည်ခံတယ်၊ ကိုရင်ကျင့်ဝတ်ကို မကျင့်ဘူး။ သီလရှင်လို့ အမည်ခံတယ်၊ သီလရှင်ကျင့်ဝတ်ကို မကျင့်ဘူး။ သူ့မှာ သိက္ခာကို ရိုသေလေးစားတဲ့စိတ်ထား ရှိသေးလား? မရှိတော့ဘူး။ မရှိဘူး ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် မိမိရဲ့ ကိုယ်ကျင့်သီလကိုမှ ရိုသေလေးစားမှု မရှိတော့ဘူးဆိုရင် ထိုပုဂ္ဂိုလ်အဖို့ ကြီးပွားတိုးတက်မှုဆိုတာ ထိုသာသနာတော်အတွင်းမှာ ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်တော့ဘူး။ ဒါ စဉ်းစားကြ။

မိမိတို့က သာသနာတော်မှာ ကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ် ဖြစ်ချင်သလား, မဖြစ်ချင်ဘူးလား? ဒါကိုတော့ ကိုယ့်ကို ပြန်ပြီးတော့ မေးရပါတယ်။ ဘာတွေ ကြီးပွားတိုးတက်တာလဲ? သီလဂုဏ်ကျေးဇူးအားဖြင့် ကြီးပွားတိုးတက်တယ်, သမာဓိဂုဏ်ကျေးဇူးအားဖြင့် ကြီးပွားတိုးတက်တယ်, ပညာဂုဏ်ကျေးဇူးအားဖြင့် ကြီးပွားတိုးတက်တယ်။ အဲဒီလို ကြီးပွားတိုးတက်နေပြီ၊ အဆင့်အတန်း မြင့်မားနေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ချင်တယ်ဆိုရင် ဘုရားအပေါ်၌ ရိုသေလေးစားမှု ရှိရမယ်, တရားတော်အပေါ်၌ ရိုသေလေးစားမှု ရှိရမယ်, သံဃာတော်အပေါ်၌ ရိုသေလေးစားမှု ရှိရမယ်။

(အသံပျက်နေသည်)

ကိုယ့်သီလကိုမှ မမြတ်နိုးတဲ့ပုဂ္ဂိုလ်မှာ ကြီးပွားတိုးတက်မှု ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်တော့ဘူး။ မပြုသင့်တာလည်း ပြုတယ်, မပြောသင့်တာလည်း ပြောတယ်။ မကြံသင့်တာလည်း ကြံနေပြီ။ အဲဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သီလဟာ ကျင့်စဉ်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိနေပြီလို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ? မပြောနိုင်တော့ဘူး။ အခြေခံအုတ်မြစ်, သာသနာတော်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်နိုင်တဲ့စွမ်းအား မရှိရင် ထိုပုဂ္ဂိုလ် သမာဓိစခန်း တစ်ဆင့်တက် ကျင့်သော်လည်း ရနိုင်ပါဦးမလား? မရနိုင်တော့ဘူး။ ဒါကြောင့် သီလမှာတော့ ရိုသေလေးစားပြီ။ နောက်တစ်ခု -

သမာဓိဂါရဝတာ၊ သမာဓိမှာ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့ လိုအပ်ပြန်တယ်။ သမာဓိကို ရိုသေလေးစားမှု မရှိဘူး။ ခေတ်ကတော့ များသောအားဖြင့် သမထသည်သာသနာတွင်းတရား မဟုတ်ဘူး။ သာသနာပ တရားတဲ့။ ဒီလို မပြောကြဘူးလား? ပြောကြတယ် ပြောကြတယ်။ တော်တော် ခပ်များများတော့ ပြောကြတယ်။ ဘုရားရှင်က ဒီနေရာမှာ - သာသနာတော်မှာ ကြီးပွားတိုးတက်ချင်တယ် ဆိုလို့ရှိရင် သမာဓိကို အလေးဂရုပြုရမယ် မဟောဘူးလား, ဟောနေသလား? ဟောနေတယ်။ ဘုရားဟောနဲ့ နည်းနည်းလေးတော့ လွဲမနေဘူးလား? နည်းနည်းလေး လွဲနေတယ်လို့ ဘုန်းကြီးက ဟောတာပါ။ များများကြီး လွဲနေတယ်လို့ ဘုန်းကြီးက မပြောသေးပါဘူး။ သို့သော် အကယ်၍ များများကြီး လွဲနေတယ်လို့ ပြောလိုက်ရင်များ မှားများသွားမလား? မမှားပါဘူး။ သမာဓိသိက္ခာအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားမရှိဘူးတဲ့။ နောက် -

ဟိရိဂါရဝတာ၊ မကောင်းမှု အကုသိုလ်တရားတွေမှာ ရှက်တတ်တဲ့စိတ်ထား, မကောင်းမှု ဒုစရိုက်တွေမှာ ရှက်တတ်တဲ့စိတ်ထားကို ဟိရိလို့ ခေါ်ပါတယ်။ အဲဒီ ဟိရိလို့ခေါ်တဲ့ ဒီတရားအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား မရှိဘူး။ ရိုသေလေးစားတဲ့စိတ်ထား မရှိဘူးဆိုတာ ဘာပြောတာလဲ? မဟုတ်တာ, မမှန်တာတွေ ပြုရမှာ မရှက်တတ်ဘူး၊ မဟုတ်တာ, မမှန်တာ ပြောရမှာ မရှက်တတ်ဘူး၊ မဟုတ်တာ, မမှန်တာတွေ ကြံရမှာ မရှက်တတ်ဘူး၊ အဲဒီလို မရှက်တတ်တဲ့ပုဂ္ဂိုလ်သည် ဟိရိတရားတွေအပေါ်၌ ရိုသေလေးစားမှု စိတ်ထားရှိတဲ့ပုဂ္ဂိုလ် ဟုတ်သေးလား? မဟုတ်တော့ဘူး။ ဟိရိတရားအပေါ်၌ ရိုသေလေးစားမှုစိတ်ထား မရှိခဲ့ရင် ထိုပုဂ္ဂိုလ်သည် သာသနာတော်မှာ ကြီးပွားတိုးတက်မှု ဖြစ်နိုင်တော့မလား? မဖြစ်နိုင်တော့ဘူး။ ထိုပုဂ္ဂိုလ်သည် သာသနာတော်မှာ ဆုတ်ယုတ်ဖို့ရန်အတွက်သာ ဖြစ်လိမ့်မယ်။

နောက်တစ်ခု - ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရား, ဒုစရိုက်တရားတွေကို ကြောက်ရွံ့တတ်ရမယ်။ မကောင်းမှု အကုသိုလ်တရား, ဒုစရိုက်တရားတွေကို ကြောက်ရွံ့တတ်တဲ့စိတ်ထားကို ဩတ္တပ္ပလို့ ခေါ်တယ်။ ထိုဩတ္တပ္ပတရားအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိရမယ်။ အရှက်အကြောက် ပြည့်ပြည့်စုံစုံဖြင့် သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ရမယ်, သမာဓိကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ရမယ်, ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ရမယ်။ ရှက်တတ်ဖို့ လိုတယ်, ကြောက်တတ်ဖို့ လိုတယ်။

မဟာတိဿကိုယ်တော်ကြီးက သာသနာတော်ကို တကယ်ကြည်ညိုတဲ့အတွက် ကုဋေလေးဆယ်မျှ ချမ်းသာတဲ့ စည်းစိမ်ဥစ္စာကို ညီလုပ်သူအား “ကဲ ... ငါ့ညီ မင်း အကုန်ယူပေတော့ဆိုပြီး” အကုန်ပေးအပ်ပြီးတော့ သာသနာတွင်း ဝင်ရောက်လာတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါပေမဲ့ ညီရဲ့မိန်းမ ဘယ်လိုခေါ်လဲ? ခယ်မလို့ ခေါ်လား ဟုတ်လား ဟုတ်လား? ခယ်မလုပ်တဲ့ ပုဂ္ဂိုလ်က “ဒီကိုယ်တော်ကြီးတော့ ခက်တော့တာပဲ ... တစ်ချိန်များ သူ လူထွက်ခဲ့ရင်တော့ ဒီရွှေ တို့ပြန်ပေးရလိမ့်မယ်” ဒီလို ထင်နေတယ်။ အဲဒီလို ထင်နေတဲ့အခါကျတော့ ခိုးသားတွေ ငှားပြီးတော့ အသတ်ခိုင်းတော့တာပဲ။ ခိုးသားတွေကလည်း ဒီကိုယ်တော်ကြီး တောနေတော့ သတ်ဖို့ရန် တောကျောင်း ရောက်သွားပြီ။ အကျိုးအကြောင်း မေးကြည့်လိုက်တဲ့အခါ အစုံအလင် သိရှိပြီ။ သိတော့ ကဲကွာ ဒကာကို “ငါ့ကို ဒီတစ်ညလောက်တော့ အသက်ချမ်းသာခွင့်ပေးပါ” ဆိုပြီးတော့ ခွင့်တောင်းတယ်။ ဘာဖြစ်လို့လဲ? “ရာဂတန်းလန်းနဲ့, တွယ်တာတပ်မက်မှု အကုသိုလ် ရာဂတရား တန်းလမ်းကြီးနဲ့ ငါသေရမှာ ရှက်လွန်းလို့” ဒါပဲနော် ... ဘုန်းကြီး ပြောချင်တာက။ အဲဒီလို ရှက်တတ်တဲ့စိတ်ထားရှိဖို့ သာသနာတော်မှာ မလိုအပ်ဘူးလား? လိုအပ်တယ်။

ရာဂတန်းလမ်းကြီးနဲ့ သူ့ဘဝအဆုံးသတ်ရမှာ သူ့ကိုယ်ကိုလည်း သူပြန်ပြီးတော့ သိပ်ရှက်နေတယ်။ အဲဒါကြောင့် တစ်ညလောက် ခွင့်တောင်းပြီးတော့ အဲဒီညမှာ သူခိုးတွေကလည်း “အရှင်ဘုရား ဒီတစ်ည ခွင့်ပေးရင် ဘယ်သူက အရှင်ဘုရားကို အာမခံမလဲ?” “ကဲ အာမခံရအောင် ငါ ပြုလုပ်ပေးမယ်ဆိုပြီးတော့ ကျောက်တုံးကြီး ယူပြီးတော့ ပေါင် ၂-ခုကို ရိုက်ချိုးလိုက်တယ်။ ကဲ ငါ မပြေးနိုင်တော့ဘူး ဒီလောက်ဆိုတော့ မင်းတို့ အာမခံချက် ရလောက်ပြီ” အဲဒီလို ပြောပြီးတော့ အဲဒီညမှာ ဆက်ပြီး တရား အားထုတ်ပါတယ်နော်။ တရားဆက်လက် အားထုတ်တဲ့ အချိန်ခါမှာ နံနက် မိုးသောက် အာရုံတက်အချိန်လေးရောက်တော့ အရဟတ္တမဂ်, အရဟတ္တဖိုလ် ဆိုက်သွားပြီ။ အဲဒီ ဆိုက်သွားတဲ့ ဒီကိုယ်တော်ကြီး ပြန်ကြည့်လိုက်လို့ရှိရင် ရာဂတန်းလန်းနဲ့ သေရမဲ့ မိမိသန္တာန်မှာ တတည်ရှိနေတဲ့ အကုသိုလ်တရားတွေကို ရှက်တတ်တဲ့စိတ်ထား သူ့မှာ ရှိသလား, မရှိဘူးလား? ရှိနေတယ်။ အဲဒီ ရှက်တတ်တဲ့စိတ်ထားက အရဟတ္တမဂ်, အရဟတ္တဖိုလ်ရတဲ့ တိုင်တောင် အသိထူး, ဉာဏ်ထူးတို့ ရရှိဖို့ရန် တွန်းအားတစ်ခု ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။

ဒါကြောင့် သူတော်ကောင်း မှန်ခဲ့ရင် မကောင်းမှု အကုသိုလ်တရား မှန်သမျှကို ရှက်တတ်ရမယ်။ သူတော်ကောင်း မှန်ခဲ့ရင် မကောင်းမှု အကုသိုလ်တရား မှန်သမျှကို ကြောက်တတ်ရမယ်။ အဲဒီလို အရှက်အကြောက် ရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီအရှက်အကြောက် ဟိရိဩတ္တပ္ပ တရား၂-ပါးကို ရိုသေလေးစားတဲ့စိတ်ထား တစ်ဆင့်တက်ပြီးတော့ ရှိရမယ်။ ပေါင်းလိုက်တော့ ၇-မျိုးပေါ့။ အဲဒီ ၇-မျိုးနဲ့သာ ပြည့်စုံပြီဆိုရင် သာသနာတော်မှာ ဒီရဟန်းတော်သည် ဆုတ်ယုတ်မှု, ပျက်စီးမှု ဘယ်လိုမှ မဖြစ်နိုင်ဘူးတဲ့နော်။

‘‘သတ္ထုဂရု ဓမ္မဂရု, သံဃေ စ တိဗ္ဗဂါရဝေါ၊

သမာဓိဂရု အာတာပီ, သိက္ခာယ တိဗ္ဗဂါရဝေါ။

အပ္ပမာဒဂရု ဘိက္ခု, ပဋိသန္ထာရဂါရဝေါ၊

အဘဗ္ဗော ပရိဟာနာယ, နိဗ္ဗာနဿေဝ သန္တိကေ’’။

သတ္ထုဂရု၊ မြတ်စွာဘုရားအပေါ်၌ လေးစားသောစိတ်ထား ရှိသည်၏ အဖြစ်သည်လည်းကောင်း။ ဓမ္မဂရု၊ တရားတော်အပေါ်၌ လေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ သံဃေ၊ သံဃာတော်မြတ် အပေါ်၌။ တိဗ္ဗဂါရဝေါ စ၊ ထက်မြက်စူးရှသော, ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ အာတာပီ၊ ကိလေသာတို့ကို လောင်ကျွမ်းစေတတ်, ပူပန်စေတတ်သော လုံ့လဝီရိယရှိလျက်။ သိက္ခာယ၊ သိက္ခာသုံးရပ် အကျင့်မြတ်တို့အပေါ်၌။ တိဗ္ဗဂါရဝေါ စ၊ ထက်မြက်စူးရှသော, ရိုသေလေးစားသော ဂါရဝတရားရှိသည်၏ အဖြစ်သည်လည်းကောင်း။ ဟိရိဩတ္တပ္ပသမ္ပန္နော၊ ရှက်ခြင်း, ကြောက်ခြင်း ဟိရိဩတ္တပ္ပတရားနှစ်ပါး ရှိသည်၏ အဖြစ်သည်လည်းကောင်း။ သမ္မန္တေသော၊ သူတော်ကောင်းတရားအပေါ်၌ မြတ်နိုးသောစိတ်ထား ရှိသည်၏ အဖြစ်သည်လည်းကောင်း။ သဂါရဝေါ၊ ရိုသေသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ အတ္ထိ၊ ရှိပေ၏။ ဧတံ သဗ္ဗံ၊ ဤအလုံးစုံသော တရားသည်။ ပရိဟာနာယ၊ ရဟန်းတော်တစ်ပါး ဆုတ်ယုတ်ဖို့ရန်အတွက်။ အဘဗ္ဗော၊ မထိုက်တန်ပေ။ သော၊ ထိုရဟန်းတော်သည်။ နိဗ္ဗာနဿေဝ၊ နိဗ္ဗာန်တရားတော်မြတ်၏သာလျှင်။ သန္တိကေ၊ အနီးအပါး၌။ ဟောတိ၊ ဖြစ်၍ နေတတ်ပါ၏၊

ပေါင်းလိုက်တော့ တရား ၇-ပါးပါပဲ။ ဘုရားရှင်က ဂါထာလေးနဲ့ ပြန်ဟောတယ်။ ဘုရားရှင်အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း၊ တရားတော်အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း၊ သံဃာတော် အရှင်မြတ်တို့အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း၊ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း။ ဟိရိတရားနှင့် ပြည့်စုံခြင်း။ ဩတ္တပ္ပတရားနှင့် ပြည့်စုံခြင်း။ ဟိရိ ဩတ္တပ္ပတရားအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း၊ ညွှတ်ကိုင်းရှိုင်းတဲ့ မြတ်နိုးတဲ့စိတ်ထား ရှိနေရမယ်။ အဲဒီလို တရား၇-ပါးနဲ့ ပြည့်စုံနေတဲ့သူဟာ ဆုတ်ယုတ်ပျက်ပြားဖို့ရန် ဘယ်လိုမှ မထိုက်တန်ဘူး။ ထိုကဲ့သို့သောပုဂ္ဂိုလ်သည် နိဗ္ဗာန်ရဲ့ အနီးအနားမှာသာလျှင် တည်ရှိနေပါတယ်။ ဒီလိုဆိုပြီးတော့ မြတ်စွာဘုရား ဟောကြားထားတော်မူခဲ့ပါတယ်နော်။ အဲဒီနေရာမှာလည်း မြတ်စွာဘုရားက နောက်ထပ် အလားတူပဲ သုတ္တန်တစ်ခု ဟောထားတယ်။

အဲဒီ သုတ္တန်လေး ဟောရတဲ့ အကြောင်းရင်းကတော့ ကိမိလသုတ္တန် ဖြစ်ပါတယ်။ ထိုသုတ္တန်ကို အရှင်ကိမိလမထေရ်ကို အကြောင်းပြုပြီးတော့ ဟောထားတယ်။ တစ်ချိန် အရှင်ကိမိလမထေရ်က မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ သူက လျှောက်ထားတယ်။ ဘယ်လို လျှောက်ထားလဲ?

‘‘ကော နု ခေါ, ဘန္တေ, ဟေတု ကော ပစ္စယော, ယေန တထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော န စိရဋ္ဌိတိကော ဟောတိ’’

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ယေန၊ အကြင် အကြောင်းတရားကြောင့်။ တထာဂတေ၊ တထာဂတ အမည်ရတော်မူပါပေသော ဘုရားရှင်သည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန် ဝင်စံရုပ်သိမ်း ချုပ်ငြိမ်းခဲ့သည်ရှိသော်။ သဒ္ဓမ္မော၊ သဒ္ဓမ္မသုံးဖြာ သာသနာ သာသနာတော်သည်။ စိရဋ္ဌိတိကော၊ ကြာမြင့်စွာ တည်နေခြင်းရှိသည်။ န ဟောတိ၊ မဖြစ်ပါ။ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သော ဟေတု၊ ထိုကဲ့သို့သော အကြောင်းတရားသည်ကား။ ကော နု ခေါ၊ အဘယ်ပါနည်း။ သော ပစ္စယော၊ ထိုကဲ့သို့သော အားပေးထောက်ပံ့တတ်သည့် အကြောင်းတရားသည်ကား။ ကော နု ခေါ၊ အဘယ်ပါနည်း။

မြတ်စွာဘုရား ... တထာဂတ အမည်ရတော်မူတဲ့ တပည့်တော်တို့ရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူသော ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသည့်နောက် ပရိယတ္တိသဒ္ဓမ္မ, ပဋိပတ္တိသဒ္ဓမ္မ, ပဋိဝေဒသဒ္ဓမ္မခေါ်တဲ့ သဒ္ဓမ္မသုံးဖြာ သာသနာတော်ကြီး အရှည်မတည်တံ့, မခိုင်မြဲခြင်း ဖြစ်ပေါ်ဖို့ရန်အတွက် တိုက်ရိုက်အကြောင်းတရားတော်တွေက ဘာပါလဲ? အားပေး ထောက်ပံ့နေတဲ့ အကြောင်းတရားတွေက ဘာပါလဲ? ဆိုပြီးတော့ ရှင်ကိမိလ မထေရ်က မြတ်စွာဘုရားကို လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားတဲ့အခါ ဘုရားရှင်က ဒီရှင်ကိမိလမထေရ်ကို ဘာအမိန့်ရှိသလဲ?

‘‘ဣဓ, ကိမိလ, တထာဂတေ ပရိနိဗ္ဗုတေ ဘိက္ခူ ဘိက္ခုနိယော ဥပါသကာ ဥပါသိကာယော သတ္ထရိ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ, ဓမ္မေ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ, သံဃေ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ, သိက္ခာယ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ, အညမညံ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ။

ကိမိလ၊ ချစ်သား ကိမိလ ...။ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ တထာဂတေ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည်။ ပရိနိဗ္ဗူတေ၊ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ရုပ်သိမ်းခဲ့သည်ရှိသော်။ ဘိက္ခူ၊ ရဟန်းယောက်ျားတို့သည်လည်းကောင်း။ ဘိက္ခုနိယော၊ ရဟန်းမိန်းမတို့သည်လည်းကောင်း။ ဥပါသကာ၊ ရတနာသုံးပါးကို ရိုသေဆည်းကပ်၍ နေကြကုန်သော လူ ဥပါသကာအပေါင်းတို့သည်လည်းကောင်း။ ဥပါသိကာယော၊ ရတနာသုံးပါးကို ရိုသေဆည်းကပ်၍ နေကြကုန်သော လူ ဥပါသိကာ ဒါယိကာမအပေါင်းတို့သည်လည်းကောင်း။ သတ္ထရိ၊ ဘုရားရှင်အပေါ်၌။ အဂါရဝါ၊ ရိုသေလေးစားမှု မရှိကြကုန်ဘဲ။ ဝိဟရန္တိ၊ နေထိုင်ကြကုန်သည် ဖြစ်ငြားအံ့။ အဂါရဝါ၊ ရိုသေလေးစားမှု မရှိကြဘဲ။ ဝိဟရန္တိ၊ နေထိုင်ကြ၏။ အပ္ပတိဿာ၊ တုံ့ဝပ်လေးစားမှု မရှိကြဘဲ, တုံ့ဝပ်ညွှတ်ကိုင်းမှု စိတ်ထားမရှိကြဘဲ။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

ဓမ္မေ၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်အပေါ်၌။ အဂါရဝါ၊ မလေးစားကုန်မူ၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ အပ္ပတိဿာ၊ မညွှတ်ကိုင်းရှိုင်းသော စိတ်ထားရှိကြကုန်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

သံဃေ၊ အရိယာသံဃာတော်တို့အပေါ်၌။ အဂါရဝါ၊ မရိုသေကြကုန်မူ၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ အပ္ပတိဿာ၊ တုံ့ဝပ်မှု ညွှတ်ကိုင်းရှိုင်းမှု စိတ်ထားမရှိကြကုန်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

သိက္ခာယ၊ သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌။ အဂါရဝါ၊ ရိုသေလေးစားမှု မရှိကြကုန်မူ၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ အပ္ပတိဿာ၊ တုံ့ဝပ်ရိုသေမှု မရှိကြကုန်မူ၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

အညမညံ၊ အချင်းချင်း တစ်ဦးသည် တစ်ဦးအား။ အဂါရဝါ၊ မရိုသေ မလေးစားခြင်း ရှိသည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ အပ္ပတိဿာ၊ တုံ့ဝပ်ရိုသေ ညွှတ်ကိုင်းရှိုင်းမှု မရှိကြကုန်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

စဉ်းစားကြည့်နော်။ ငါ ဘယ်သူ့ကို အရေးစိုက်စရာ ရှိသလဲလို့ ဒီလို မထင်နဲ့။ သာသနာမှာ နေကြပြီဆိုရင် အဲဒီတော့ ငါဘုရား ပရိနိဗ္ဗာန် စံပြီးတဲ့ အချိန်ခါမှာ ချစ်သား ကိမိလ ... ရဟန်းယောက်ျားတွေ, ရဟန်းမိန်းမတွေ, ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ လူ ဥပါသကာ ဒါယကာတွေ, လူ ဥပါသိကာ ဒါယိကာမတွေ ရှိကြတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ဘုရားရှင်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ် ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား မရှိကြဘူး၊ တရားတော်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ် ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား မရှိကြဘူး၊ သံဃာတော်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ် ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား မရှိကြဘူး၊ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ် ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထားတွေ မရှိကြဘူး၊ အချင်းချင်း ၁-ပါးသည် ၁-ပါးကိုလည်း ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ် ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား မရှိကြဘူး။ အဲဒီလို ကိုင်းညွှတ်မှု မရှိကြရင် ဘာဖြစ်မလဲ?

အယံ ခေါ, ကိမိလ, ဟေတု အယံ ပစ္စယော, ယေန တထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော န စိရဋ္ဌိတိကော ဟောတိ

ကိမိလ၊ ချစ်သား ကိမိလ ...။ ယေန၊ အကြင် အကြောင်းတရားကြောင့်။ တထာဂတေ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန် ဝင်စံရုပ်သိမ်း ချုပ်ငြိမ်းခဲ့သည်ရှိသော်။ သဒ္ဓမ္မော၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်သည်။ စိရဋ္ဌိတိကော၊ ကြာမြင့်စွာ တည်တံ့မှုရှိသည်။ န ဟောတိ၊ မဖြစ်ပေ။ သော ဟေတု၊ ထို တိုက်ရိုက် ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားသည်ကား။ အယံ ခေါ၊ ဤသည်ပင်တည်း။ သော ပစ္စယော၊ ထို အားပေးထောက်ပံ့နေတဲ့ အကြောင်းတရားသည်ကား။ အယံ ခေါ၊ ဤသည်ပင်တည်း။

အကြောင်း ဘယ်နှစ်ခု ပြသလဲ? ၅-ခု။

၁။ မြတ်စွာဘုရားအပေါ်၌ ရိုသေလေးစားမှု မရှိဘူး, ညွှတ်ကိုင်းရှိုင်းတဲ့ စိတ်ထားမရှိဘူး။

၂။ တရားတော်အပေါ်၌ ရိုသေလေးစားမှု မရှိဘူး, ညွှတ်ကိုင်းရှိုင်းမှု မရှိဘူး။

၃။ သံဃာတော်အပေါ်၌ ရိုသေလေးစားမှု မရှိဘူး, ညွှတ်ကိုင်းရှိုင်းမှု မရှိဘူး။

၄။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တို့အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား မရှိဘူး, ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထားလည်း မရှိဘူး။

၅။ အချင်းချင်း တစ်ဦးနဲ့တစ်ဦး တစ်ပါးနဲ့တစ်ပါး ရိုသေလေးစားတဲ့ စိတ်ထားလည်း မရှိဘူး, ညွှတ်ကိုင်းရှိုင်းတဲ့ စိတ်ထားလည်း မရှိကြဘူး။

အဲဒီလို မရှိဘဲနဲ့ ဒီသာသနာတော်မှာ နေထိုင်ကြမယ် ဆိုရင်တော့ ငါဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့ နောက်ကာလ မကြာမီအချိန်အတွင်းမှာ ဒီသဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်သည် အရှည်မတည်တံ့ဘဲ ကွယ်ပျောက် သွားလိမ့်မယ်။

ဘယ်သူ့ကို ငါ အရေးစိုက်ရမှာလဲ? ဒီစိတ်ထားဖြင့် သာသနာတော်မှာ နေသင့်သလား, မနေသင့်ဘူးလား? မနေသင့်ဘူး။ အဲဒီစိတ်ထားနဲ့ နေပြီးတော့ အချင်းချင်း ၁-ပါးနဲ့ ၁-ပါး ဘယ်သူ့ကိုမှ ရိုသေလေးစားမှု မရှိဘူး။ ဘယ်သူ့ကိုမှလည်း အရေးမစိုက်ဘူး။ အဲဒီ ပုံစံနဲ့ သာသနာတော်မှာ နေရင် ဘုရားရှင်ရဲ့ သာသနာတော်ကြီး ကွယ်ပျောက်၍ မသွားနိုင်ဘူးလား? ကွယ်ပျောက်သွားနိုင်တယ်။ တစ်ခြားတစ်ခြား ပုဂ္ဂိုလ်တွေက သာသနာ ကွယ်ပအောင် လာလုပ်နိုင်သလား? မလုပ်နိုင်ပါဘူး။ သာသနာတော်အတွင်းမှာ နေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေကသာလျှင် ဒီသာသနာတော်ကြီးကို ကွယ်ပအောင် လုပ်နိုင်ကြတာ ဖြစ်တယ်။

ဒီတော့ ခုခေတ်မှာ ရဟန်းယောက်ျားတွေသာ ရှိတယ်, ရဟန်းမိန်းမ မရှိတော့ဘူး။ ရဟန်းမိန်းမက မရှိတဲ့အတွက် သီလရှင်တွေဟာ ရဟန်းမိန်းမအရာမှာ ဝင်ပြီးတော့ တည်နေပါတယ်။ ဒါကြောင့် သာသနာ့အနွယ်ဝင်အဖြစ်နဲ့ ဆရာတော်ကြီးများကလည်း အသိအမှတ် ပြုထားပါတယ်။ ဒီတော့ ရဟန်းယောက်ျားတွေလည်း အချင်းချင်း တစ်ပါးနဲ့တစ်ပါး ရိုသေမှု, လေးစားမှု, တုံ့ဝပ်မှု, ညွှတ်ကိုင်းရှိုင်းမှု မရှိကြဘူး၊ သီလရှင်တွေလည်း တစ်ပါးနဲ့တစ်ပါး ရိုသေမှု, လေးစားမှု, တုံ့ဝပ်မှု, ညွှတ်ကိုင်းရှိုင်းမှု မရှိကြတော့ဘူး။ သာသနာတော်ကြီး အရှည် တည်တံ့နိုင်ပါဦးမလား? မတည်တံ့နိုင်ပါဘူး။ ဘယ်သူ ဟောတာလဲ? မြတ်စွာဘုရား ဟောနေတယ်။

ဒါကြောင့် - ငါနေချင်သလို နေတယ်။ ဘယ်သူ့ အရေးစိုက်ရမလဲ-စိတ်ဓာတ်သည် သာသနာတော်ကြီး ကွယ်ဖို့အကြောင်း ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ သာသနာတော်ကြီး ကွယ်ချင်ကြသလားလို့ ဘုန်းကြီးက ထပ်ပြီး မေးလိုက်လို့ရှိရင် ဘယ်လိုများ ဖြေကြမလဲ?(မကွယ်စေချင်ပါဘူးဘုရား) ဒါကတော့ နားထောင်ကောင်းအောင် ပြောတာပါ။ ဟုတ်တယ်မလား? မကွယ်စေချင်လို့ရှိရင် ဘာလုပ်ရမလဲ?

ဘုရားအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိရမယ်, တုံ့ဝပ်တဲ့စိတ်ထား ရှိရမယ်, ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား ရှိရမယ်၊ တရားတော်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိရမယ်, တုံ့ဝပ်တဲ့စိတ်ထား ရှိရမယ်, ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား ရှိရမယ်၊ သံဃာတော်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိရမယ်, တုံ့ဝပ်တဲ့စိတ်ထား ရှိရမယ်, ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား ရှိရမယ်၊ သီလကျင့်စဉ်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ်ပြီး ညွှတ်ကိုင်းရှိုင်းနေတဲ့စိတ်ထား, ဒီသီလကို ငါတကယ်ရအောင်ပဲ ဖြည့်ကျင့်မယ်ဆိုပြီး ဒီလို ညွှတ်ကိုင်းရှိုင်းနေတဲ့စိတ်ထား ရှိရမလား, မရှိရဘူးလား? ရှိရမယ်။

အို ... သိပ်အရေးစိုက်မနေပါနဲ့လေ ... ထည့်တွက်မနေပါနဲ့။ ဒါ ဒေသနာကြားလိုက်ရင် ပျောက်သွားတာပဲ” ဟုတ်လား? အဲဒီစိတ်ထားမျိုး ထားရမလား? မထားရဘူး။ တလောတုန်းက ဟို ဘုန်းကြီးတစ်ပါးနဲ့ တူပါတယ်။ ဘုန်းကြီးကို လာလျှောက်သွားတယ်။ ကျောင်းတစ်ကျောင်း ဆိုကြပါစို့နော် - အဲဒီမှာ ဘုရားဝေယျာဝစ္စတွေကို, ဗုဒ္ဓဝေယျာဝစ္စတွေကို အပင်ပန်းခံပြီးတော့ အလုပ်လုပ်နေတဲ့ ဘုန်းကြီးတွေ ဒီလောက်တောင် ကြီးကျယ်တဲ့ ကောင်းမှုကုသိုလ်ကို ပြုလုပ်တဲ့ပုဂ္ဂိုလ်တွေ ညစာစားတဲ့အပြစ်က ဘာမှ မပြောပလောက်ပါဘူး။ ဒါကြောင့် ကြီးကျယ်နေတဲ့ ကောင်းမှုကုသိုလ်က ဒီအသေးအဖွဲလေးကို ဖုံးအုပ်သွားလိမ့်မယ်။ ဒါကြောင့် ညစာ စားသာစားကြဆိုပြီးတော့ စနစ်တကျ ဝိုင်းဖွဲ့စားနေကြတယ်ဘုရားဆိုပြီး လာလျှောက်တယ်။ အဲဒါက သိက္ခာသုံးရပ် အကျင့်မြတ်တွေအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ်ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ဓာတ် ရှိတာ ဟုတ်သလား? မဟုတ်တော့ဘူး။

အဲဒီလို သီလကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်မယ်, သမာဓိကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်မယ်, ပညာကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်မယ် ဆိုပြီးတော့ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ်ညွှတ်ကိုင်းရှိုင်းနေတဲ့စိတ်ထား ရှိခဲ့မယ်ဆိုရင် သာသနာတော်ဟာ အရှည်တည်တံ့ ခိုင်ခံ့နေနိုင်တဲ့သဘော ရှိပါတယ်။ အဲဒီစိတ်ထားက မရှိတော့ဘူး ... သီလကျင့်စဉ်ကို တကယ် ဖြည့်ကျင့်ဖို့, သမာဓိကျင့်စဉ်ကို တကယ် ဖြည့်ကျင့်ဖို့, ပညာကျင့်စဉ်ကို တကယ် ဖြည့်ကျင့်ဖို့ တုံ့ဝပ်ရိုသေတဲ့စိတ်ထား, လေးစားတဲ့စိတ်ထား, ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား မရှိတော့ဘူး။ ဒီသာသနာတော်ကြီး အရှည်ခိုင်ခံ့ တည်တံ့နိုင်သေးသလား? မတည်တံ့နိုင်ဘူး။

အချင်းချင်းလည်း အလားတူပဲ။ သီလရှင်အချင်းချင်း ရိုသေတုံ့ဝပ်မှု မရှိတော့ဘူး။ ဘုန်းကြီးအချင်းချင်းလည်း ရိုသေတုံ့ဝပ်မှု မရှိဘူး။ ရတနာသုံးပါးကို ရိုသေဆည်းကပ်နေတဲ့ လူဥပါသကာ ဒါယကာအချင်းချင်းလည်း တုံ့ဝပ်မှု ရိုသေမှု မရှိဘူး၊ လေးစားမှု မရှိကြဘူး။ လူဥပါသိကာမအချင်းချင်းလည်း တုံ့ဝပ်မှု ရိုသေမှု လေးစားမှုတွေက မရှိကြတော့ဘူး။ မရှိကြတော့ဘူး ဆိုလို့ရှိရင်လည်း ဒီသာသနာတော်ကြီး အရှည်တည်တံ့ ခိုင်ခံ့ဦးမလား? မတည်တံ့နိုင်တော့ဘူး။ သာသနာကွယ်ခြင်းရဲ့ အကြောင်းရင်း ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ?

သာသနာဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမကို သာသနာလို့ ခေါ်ပါတယ်။ ဘုရားရှင် အဆုံးအမကို သာသနာခေါ်တော့ ဘုရားရှင်ရဲ့ အဆုံးအမတွေကို အကျဉ်းချုပ်လိုက်တဲ့ အချိန်ခါမှာ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ဆိုပြီး ကျင့်စဉ် ၃-ခု ထွက်လာတယ်။ အဲဒီ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ် ၃-ခုကို သိက္ခာ ၃-ရပ်လို့လည်း ခေါ်ပါတယ်။ သာသနာမှာ မှီတင်းနေထိုင်တဲ့ သူတော်ကောင်းမှန်ခဲ့ရင် ကျင့်ရမဲ့ ကျင့်ဝတ် ပဋိပတ်တွေဖြစ်လို့ သိက္ခာလို့ခေါ်တယ်။ ဒီသိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌ ရိုသေမှု, တုံ့ဝပ်မှု, လေးစားမှု, ကြည်ညိုမှု, ညွှတ်ကိုင်းရှိုင်းမှု မရှိတော့ဘူး။ ဒီသာသနာတော်ကြီး ဆက်လက်ပြီး အရှည်တည်တံ့ပါဦးမလား? မတည်တံ့တော့ဘူး ဒီလိုဟောတယ်။ နောက်တစ်ခု - အရှင်ကိမိလမထေရ်ကလည်း ပြည့်စုံသည်ထက် ပြည့်စုံအောင် ဆက်လက်မေးမြန်း လျှောက်ထားပါတယ်။

‘‘ကော ပန, ဘန္တေ, ဟေတု ကော ပစ္စယော, ယေန တထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော စိရဋ္ဌိတိကော ဟောတိ’’

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ယေန၊ အကြင် အကြောင်းတရားကြောင့်။ တထာဂတေ၊ တထာဂတ အမည်ရတော်မူသော ဘုရားရှင်သည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန် ဝင်စံရုပ်သိမ်း ချုပ်ငြိမ်းတော်မူခဲ့သည်ရှိသော်။ သဒ္ဓမ္မော၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်သည်။ စိရဋ္ဌိတိကော၊ ကြာမြင့်စွာ တည်တံ့ခြင်းရှိသည်။ ဟောတိ၊ ဖြစ်နိုင်၏။ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သော ဟေတု၊ ထိုကဲ့သို့ သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့အောင် တိုက်ရိုက်ဖြစ်ပေါ်စေနိုင်သော ဟေတု အကြောင်းသည်။ ကော ပန၊ အဘယ်ပါနည်း။ သော ပစ္စယော၊ ထိုကဲ့သို့ သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့ဖို့ရန် အားပေးထောက်ပံ့နေတဲ့ ပစ္စယ အကြောင်းအထောက်အပံ့သည်။ ကော နု ကော၊ အဘယ်ပါနည်း။

0yjsbzx0yevo1jramkjd514pcufptqg
21996
21994
2026-05-22T21:13:47Z
Tejinda
173
21996
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၇၁/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၇၀/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၇၂/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၇၁

ဦးပဉ္စင်းတို့ ရဟန်းတော်များကို မူးယစ်ဆေးဝါး သောက်သုံးခဲ့ရင် ပါစိတ်အာပတ်သင့်စေဆိုပြီးတော့ မြတ်စွာဘုရား သိက္ခာပုဒ်တစ်ခု ပညတ်ထားတယ်။ သုရာပါနသိက္ခာပုဒ်လို့ ခေါ်ပါတယ်။ ဒီသိက္ခာပုဒ် ပညတ်ရတဲ့ ဝတ္ထု-ဇာတ်ကြောင်း ပြန်ပြောင်း ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ အရှင်သာဂတမထေရ်ကို အကြောင်းပြုပြီး ပညတ်ရခြင်း ဖြစ်ပါတယ်။ အရှင်သာဂတမထေရ် ဆိုတာကတော့ ဦးပဉ္စင်းတို့ ဘုရားရှင်ရဲ့ သာသနာတွင်း နောက်ပိုင်းကာလ ရောက်တဲ့အခါ ဆိုကြစို့နော် -

သာသနာတွင်းမှာ တေဇောကသိုဏ်းကို လျှင်လျှင်မြန်မြန် အစွမ်း-ထက်မြက်စွာဖြင့် ဝင်စားနိုင်တဲ့ တပည့်သာဝကတို့တွင် ဧတဒင်္ဂဘွဲ့ထူး ရရှိတော်မူတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ နောက်ပိုင်း ရဟန္တာမထေရ်လည်း ဖြစ်သွားပါတယ်။ အဲဒီလို ရဟန္တာမထေရ်ဖြစ်မည့် ပုဂ္ဂိုလ်တစ်ဦးသော်မှလည်း ပညာဉာဏ်အားနည်းအောင် ဒီမူးယစ်ဆေးဝါးတွေက ပြုလုပ်နိုင်တဲ့စွမ်းအား ရှိခဲ့ဖူးတယ်။

တစ်ကြိမ် မြတ်စွာဘုရား ခရီးဒေသစာရီ ကြွချီရင်း ဂင်္ဂါမြစ်ဆိပ်ကမ်း သရက်ပင်ဆိပ် ရောက်ပြီ ဆိုကြစို့နော်။ နွားကျောင်းသားတွေ, ဆိတ်ကျောင်းသားတွေ ဝိုင်းပြီး ဟိုဘက် သရက်ပင်ဆိပ်ကမ်း မကြွပါနဲ့၊ သရက်ပင်ဆိပ်ကမ်းမှာ အလွန်ပြင်းထန်တဲ့ အဆိပ်ရှိတဲ့ မြွေနဂါး ရှိပါတယ်။ ဒါကြောင့် မြတ်စွာဘုရား မကြွချီတော်မူပါနဲ့လို့ ဝိုင်းပြီး လျှောက်ထားကြတယ်။ လျှောက်ထားတဲ့အခါမှာ ဘုရားရှင်ကလည်း သူတို့ရဲ့ လျှောက်ထားချက်ကို ဘာမှ တုံ့ပြန်မှု မရှိပါဘူး။

မြတ်စွာဘုရား ရဟန်းသံဃာအပေါင်း ခြံရံပြီးတော့ ဟိုဘက်ကမ်း ကူးခပ်ပြီး သွားတော်မူပါတယ်။ ဟိုဘက်ကမ်း ရောက်တဲ့အချိန်မှာ သရက်ပင်ဆိပ်ကမ်းရောက်တော့ ဒီနဂါးကို ဆိုဆုံးမဖို့ရန်အတွက် အရှင်သာဝကမထေရ်က ဘုရားထံ ခွင့်တောင်းတယ် ဆိုကြစို့နော်။ မြတ်စွာဘုရားလည်း ခွင့်ပြုတော်မူလိုက်ပါတယ်။ အဲဒီအခါမှာ ရှင်သာဝက မထေရ်က ပုထုဇဉ်ပဲ ရှိပါသေးတယ်။ ပုထုဇဉ်ဘဝမှာ သူက ဈာန်သမာပတ်ရှစ်ပါးနဲ့ အဘိညာဉ်တွေကို ထိုက်သလောက် ရရှိတဲ့ သူတော်ကောင်း ဖြစ်နေပါတယ်။ ဝိပဿနာပိုင်းမှာလည်း အထိုက်အလျောက်တော့ ကျွမ်းကျင်နေပြီလို့ ယူဆရပါတယ်။

အဲဒီအချိန်မှာ အရှင်သာဂတမထေရ်ကို မြတ်စွာဘုရားကလည်း ဒီနဂါးကို ဆိုဆုံးမဖို့ရန်အတွက် ခွင့်ပြုတော်မူလိုက်ပါတယ်။ နဂါးနေတဲ့ တင်းကုတ်ကို အရှင်သာဂတမထေရ် ကြွသွားပြီ ဆိုကြစို့။ နဂါးက အခိုးလွှတ်တယ်။ မီးခိုးတွေ လွှတ်လိုက်တဲ့အခါမှာ အရှင်သာဂတမထေရ်က တေဇောကသိုဏ်းကို ဝင်စားပြီးတော့ ပြန်ပြီးတော့ မီးခိုးတွေ လွှတ်ပါတယ်။ အဲဒီလို ပြိုင်ဆိုင်ပြီး လွှတ်လိုက်တော့ နောက်ဆုံးတော့ နဂါး ရှုံးသွားတယ်။ ဒီသတင်းက တော်တော်လေး ပျံ့နှံ့သွားပြီ။ မြတ်စွာဘုရား ခရီးဒေသစာရီ ဆက်ပြီးတော့ ကြွချီတော်မူပါတယ်။

ကောသမ္ဗီပြည် ဆိုက်ရောက်တဲ့အခါ ပြည်သူပြည်သားတွေက သိပ်ပြီးတော့ ကြည်ညိုတယ်။ အရှင်သာဂတမထေရ်ကို မွန်မွန်မြတ်မြတ် လှူဒါန်းချင်တယ်။ ဒီလို သိပ်အဆိပ်ပြင်းထန်တဲ့ နဂါးတစ်ကောင်ကို ဆိုဆုံးမနိုင်တာကို သိပ်ပြီး ကြည်ညိုသွားကြတယ်။ ကြည်ညိုတော့ ရဟန်းတော်တွေကို ဘယ်လို အာဟာရ လှူဒါန်းတယ်ဆိုရင် ပိုပြီးတော့ အကျိုးကြီးမလဲ သူတို့က လေ့လာစုံစမ်းကြတယ်။ အဲဒီမှာ အလှူပွဲစားတွေ ဝင်လာတယ်။ အလှူပွဲစားကတော့ တခြားပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ ဆဗ္ဗဂ္ဂီရဟန်းတွေပဲ။ ဆဗ္ဗဂ္ဂီရဟန်းတွေက ဘာအကြောင်းပြသလဲ?

ကာပေါတိကပသန္န ဆိုတဲ့ ခိုခြေနီအဆင်းနဲ့တူတဲ့ သေရည်သေရက်သည် ရဟန်းတော်တွေအတွက် အလွန်ရခဲတဲ့ အာဟာရတစ်ခု ဖြစ်တယ်။ အဲဒီ သေရည်သေရက်တွေ လှူကြပါလို့ တိုက်တွန်းတယ်။ တိုက်တွန်းတဲ့ပုဂ္ဂိုလ်တွေ ရည်ရွယ်ချက်က သူတို့ကိုယ်တိုင်လည်း သောက်ချင်နေကြတယ်။ သောက်ချင်နေတဲ့ အချိန်အခါကျတော့ အဲဒီမှာ အိမ်တိုင်းလိုလိုပဲ အဲဒီ “ကာပေါတိကပသန္န” ခေါ်တဲ့ ခိုခြေနီအဆင်းနဲ့တူတဲ့ အရက်တွေ စီမံထားလိုက်ကြတာ။ မြတ်စွာဘုရားအမှူးရှိတဲ့ သံဃာတော်တွေ ဆိုက်ရောက်လာကြပြီ။ အရှင်သာဂတမထေရ်ကို သိပ်ပြီး ကြည်ညိုနေကြတော့ အိမ်တိုင်းလိုလိုက နေပြီးတော့ အဲဒီ ကာပေါတိကပသန္န ခေါ်တဲ့ ခိုခြေနီအဆင်းနဲ့တူတဲ့ သေရည်သေရက်တွေ လောင်းလှူကြတယ်။ အရှင်သာဂတကလည်း သောက်လိုက်တယ် -

တစ်အိမ်ပြီး တစ်အိမ် သောက်သွားလိုက်တာ တခါတည်း မူးရော။ မူးပြီး လဲတဲ့အခါကျတော့ ရဟန်းတွေက ပွေ့ချီပြီး မြို့ပြင် ထုတ်လာတယ်။ ထုတ်လာပြီး ကျောင်းတော် သယ်လာတဲ့အခါကျတော့ ကျောင်းတော်ရောက်တော့ မြတ်စွာဘုရားဘက် ခြေပေးပြီးတော့ သူက အိပ်တယ်။ ဟော ဖြစ်လာပုံက။ မြတ်စွာဘုရားဘက်ကို ခြေကန်ပေးပြီး အိပ်လိုက်တဲ့အခါမှာ မြတ်စွာဘုရားက ဒီရှင်သာဂတမထေရ်ရဲ့ထုံးကို အကြောင်းပြုပြီးတော့ ရဟန်းတော်တွေကို ဒီသိက္ခာပုဒ် ပညတ်တယ်။ မပညတ်ခင်မှာ မြတ်စွာဘုရားက ရဟန်းတော်တွေကို မေးတယ် -

ကဲ ချစ်သားရဟန်းတို့ ... ဒီရှင်သာဂတဟာ ရှေးယခင်အခါက ငါဘုရားအပေါ်မှာ ရိုသေမှု, လေးမြတ်မှု ရှိရဲ့လား၊ တုံ့ဝပ်မှု ရှိရဲ့လား” လို့ မေးတယ်။

“မြတ်စွာဘုရား ရှေးယခင်အခါက ရှင်သာဂတဟာ ဘုရားရှင်အပေါ်မှာ ရိုသေလေးစားတယ်။ ရိုသေတုံ့ဝပ်မှုရှိတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်” ။

“ခုအခါမှာ ငါဘုရားရှင်အပေါ်၌ ရိုသေမှု, လေးစားမှု, တုံ့ဝပ်မှု, ကြည်ညိုမှု ရှိသေးလား?” မရှိတော့ဘူး။ ဒီလိုဆိုရင် ဒီလို ပညာဉာဏ်ကို အားနည်းအောင် ပြုလုပ်တတ်တဲ့ မူးယစ်မေ့လျော့ခြင်းရဲ့ အကြောင်းရင်း ဖြစ်နေတဲ့ ဒီသေရည်သေရက်တွေကို သောက်သုံးဖို့ရန် သင့်တင့်ပါ့မလား? မသင့်တင့်ကြောင်း ရဟန်းတော်တွေက ပြန်ပြီး လျှောက်ထားတယ်။ နောက်တစ်ခါ -

ရှေးယခင်အခါတုန်းက ဒီသာဂတဟာ သရက်ပင်ဆိပ်မှာ မြွေနဂါးကို နိုင်အောင် တန်ခိုးပြိုင်နိုင်တဲ့ စွမ်းအင်ရှိခဲ့ဖူးတယ်။ ခုချိန်ခါမှာ ဒီသာဂတဟာ ရေမြွေနဲ့သော်လည်း တန်ခိုးပြိုင်ရင် ပြိုင်နိုင်သေးလား မေးတယ်။ ဘယ့်နှယ်တုံး ဒကာကြီးတွေ။ ပြိုင်နိုင်ပါ့မလား? ဟင် (မပြိုင်နိုင်ပါဘူးဘုရား) မပြိုင်နိုင်တော့ဘူး။ မေ့နေပြီ, မူးလဲနေပြီဆိုတော့ သူဘာလုပ်နိုင်သေးလဲ? ဘာမှ မလုပ်နိုင်တော့ဘူး။ သုံးလောကထွဋ်ထား သမ္မာသမ္ဗုဒ္ဓဘုရားရှင်ဘက်သို့ ငါသည် ခြေမဆင်းသင့်ဘူးဆိုတဲ့ အသိဉာဏ်လေးတောင် ထိုအချိန်ခါမှာ သူ့သန္တာန်မှာ ရှိသေးလား? မရှိတော့ဘူး။

ဒါကြောင့် မြတ်စွာဘုရားက အဲဒီ ရှင်သာဂတမထေရ်ရဲ့ထုံးကို ထောက်ပြီးတော့ ရဟန်းတော်တွေကို သုရာပါနခေါ်တဲ့ မူးယစ်ဆေးတွေ သောက်သုံးခြင်း မပြုရ။ ပြုခဲ့သော် ပါစိတ်အာပတ်သင့်စေ ဆိုပြီးတော့ ဒီလို သိက္ခာပုဒ် ပညတ်ရပါတယ်။ အဲဒီ သိက္ခာပုဒ် ပညတ်တဲ့အပိုင်းမှာ နောက်ထပ် နောက်ဆက်တွဲလေးတွေ ဗဟုသုတဖြစ်ဖွယ် ဘုန်းကြီး နည်းနည်းလေးတော့ ပြောမယ်။ ဘုန်းကြီး အရက်ကြိုက်လို့ ပြောနေတာ မဟုတ်ဘူးနော်။ ပြဿနာလေး ပြောတာပါ။ ဘယ်လို ပြဿနာ ပေါ်လာလဲဆိုတော့ -

ခုနက အရှင်မဟာကစ္စာယနရဲ့ ဥပဇ္ဈာယ်ဆရာလား မသိပါဘူးနော်။ ဘွဲ့တော့ မေ့တေ့တေ့ ဖြစ်နေပြီ။ စာက ဒီနေ့ ပြန်ကြည့်မလို့ဟာ စာအုပ်ကလည်း မရှိတော့ ကြည့်လို့မရ ဖြစ်သွားတယ်။ ကဲ အဲဒီမှာ ဦးရစ်နာခေါ်တဲ့ ခေါင်းပူတဲ့ ရောဂါတစ်ခု ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတဲ့ အချိန်ခါကျတော့ အော် ရှင်မဟာကစ္စာယနမှာ လေနာရောဂါ ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတဲ့ အချိန်ခါကျတော့ ဒီလေနာရောဂါက ချက်နေတဲ့ဆီထဲမှာ အရက် အနည်းငယ် ထည့်ပြီး သောက်သုံးမှ ဒီရောဂါ ပျောက်မည့်အကြောင်း မြတ်စွာဘုရားထံ တင်ပြတော့ ဘုရားရှင်က အရက်ရဲ့ အဆင်း, အနံ့, အရသာ မထင်ရှားခဲ့ရင် သောက်သုံးစေ ဆိုပြီးတော့ ခွင့်ပြုတော်မူလိုက်ပါတယ်။

အလားတူပဲ ရဟန်းတွေက အာဟာရတွေထဲမှာ သေရည်သေရက်တွေက ပါနေပြန်တယ်။ ပါနေတဲ့ အချိန်ခါကျတော့ သံသယ ရှိကြတယ်။ အဲဒီအခါမှာလည်း မြတ်စွာဘုရားကို တင်ပြလျှောက်ထားတော့ အရက်ရဲ့ အဆင်း, အနံ့, အရသာ မထင်ရှားရင် သုံးဆောင်စေ ဆိုပြီးတော့ မြတ်စွာဘုရား ထပ်ပြီး ခွင့်ပေးတော်မူပါတယ်။ ဘယ်လို အာဟာရလဲ? ခုကာလ ဒကာကြီးတွေ ကြိုက်တဲ့ ဝက်အူချောင်းပေါ့။ သူက အရက် ပါမနေဘူးလား? ပါနေပြန်တယ်။ များသောအားဖြင့် တရုတ်အမျိုးသားများပြုလုပ်တဲ့ ပဲငပိ အရက်ပါနေပြန်တယ်။ ဘာဖြစ်လို့ အရက်ထည့်လဲလို့ တချို့ ဗုဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေက မေးကြည့်လိုက်တော့ အရက်ထည့်လိုက်တဲ့ ပဲငပိမှာ ပိုးမတက်ဘူးတဲ့။ တကယ်လို့ အရက်မထည့်ခဲ့ရင် ဒီပဲငပိမှာ ပိုးလောက်တွေ စွဲတယ်။ သူက ဒီလို အဆိုရှိတယ်။ ဒါက အကြောင်းတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့သော် အရက်ထည့်လိုက်တဲ့အတွက် အရက်နဲ့ ရောယှက်နေတဲ့ အရသာကို နှစ်ခြိုက်တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ နောက်တစ်ခု -

ခုကာလ ကြံမဆိုင်ခေါ်တဲ့ မုန်ညှင်းချဉ် ထင်တယ်။ အဲဒီမှာ အရက်ပါတယ်။ ဒီတော့ အဲဒီလို အရက်တွေ ရောစပ်နေတဲ့ အာဟာရတွေဟာ အထိုက်အလျောက် လောကမှာ ရှိနေကြတယ်။ ရှိနေကြတဲ့ အချိန်ခါကျတော့ ရဟန်းတွေ သို့မဟုတ် ဥပုသ်သည်တွေ ဒီလို အာဟာရမျိုးကို မှီဝဲသင့်သလား? ဒီလို ပြဿနာတစ်ခု ပေါ်လာတယ်။ အဲဒီအခါမှာ အရက်ရဲ့ အဆင်း, အနံ့, အရသာ မထင်ရှားခဲ့ဘူးဆိုရင်တော့ အာနုဘာဝိက အာပတ်ရဲ့ အင်္ဂါအဖြစ်နဲ့ မခေါ်ဝေါ်လောက်ပါဘူး။ ဒါကြောင့် စားသုံးစေဆိုပြီးတော့ မြတ်စွာဘုရား ခွင့်ပြုထားပါတယ်။ နောက်တစ်ခု -

ပညာဉာဏ်ကို အားနည်းစေတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ ဇာတ်တော်လေးတစ်ခု ရှိတယ်။ စူဠဓမ္မပါလဇာတ်လို့ ခေါ်ပါတယ်။ ဘုန်းကြီးတို့ ငယ်စဉ် ကိုရင်ဝတ်က ဒီဇာတ်တော်လေး သင်ခဲ့ရတော့ ဒါလေး ခေါင်းထဲမှာ စွဲနေတယ်။ ကံခေချင်တော့ ဒီနေရာမှာ ငမူးသမားက အရှင်ဒေဝဒတ် အလောင်း ရှင်ဘုရင်ကြီး ဖြစ်နေတယ်။ ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်ကလည်း ရှင်ဘုရင်ရဲ့သားတော် ဖြစ်ရပြန်တယ်။ ဖြစ်တဲ့အချိန်ခါကျတော့ ရှင်ဘုရင်ကြီးက ဒီသားတော်လေး မချစ်ဘူးတော့ မဟုတ်ဘူး ချစ်ပါတယ်။ ဒါပေမဲ့ သူက ငမူးသမား ဖြစ်နေတယ်။ အမြဲတမ်း မူးတယ်။ တစ်နေ့ ပြဿနာတစ်ခု ပေါ်လာတယ်။ ပြဿနာတစ်ခုက ဘာဖြစ်လို့ ပေါ်လာရသလဲမေးတော့ -

သူ့မှာက အသားမပါရင် ပွဲတော်အုပ် ဘယ်တော့မှ မတည်နိုင်ဘူး။ အသားအပေါ်မှာ, အသားငါးအပေါ်မှာ စွဲလမ်းနေတဲ့ ရာဂစိတ်က သိပ်ပြီး ပြင်းထန်နေတယ်။ ရသတဏှာတွေထဲမှာ အသားငါးအပေါ်မှာ စွဲလမ်းတဲ့ တဏှာက ပိုပြီး ပြင်းထန်တယ်။ မူးယစ်ဆေးဝါးတွေအပေါ်မှာ စွဲလမ်းနေတဲ့ ဒီရသတဏှာတွေဟာ ပိုပြီးတော့ ပြင်းထန်တယ်။ ဒါကြောင့် -

န ကိရတ္ထိ ရသေဟိ ပါပိယော၊

ရသတဏှာထက် သာလွန်ပြီး ယုတ်မာနေတဲ့ တဏှာဆိုတာ လောကမှာ မရှိပါဘူးဆိုပြီး ဒီလောက်အထိ မြတ်စွာဘုရား တချို့ဇာတ်တော်များမှာ ဟောထားတယ်။ အဲဒီလို ရသတဏှာက ၂-မျိုးပေါ့။ မူးယစ်ဆေးဝါးအပေါ်မှာ တွယ်တာမက်မောနေတဲ့ ရသတဏှာက ၁-ခု၊ အသားအပေါ်မှာ တွယ်တာ မက်မောနေတဲ့ ရသတဏှာက ၁-ခု။ အဲဒီ ရသတဏှာ ၂-မျိုး ရောယှက်ထားတဲ့အတွက် တစ်နေ့ ဘာဖြစ်လာသလဲ? တိုင်းပြည်မှာကလည်း အမိန့်ထုတ်ထားပြီးသား ဖြစ်နေတယ်။ ဥပုသ်နေ့များမှာ သားငါး မသတ်ရ။ ရှင်ဘုရင်ကလည်း အသားမပါခဲ့ရင် ပွဲတော်အုပ် ဘယ်တော့မှမတည်ဘူး။ ဒီတော့ အဖိတ်နေ့ကတည်းက သူ့အတွက် အသားတွေ ရှာဖွေစုဆောင်းထားရတယ်။

တစ်နေ့ စားဖိုမှူးကလည်း အသားတွေ မီးဖိုထဲမှာ ကင်ထားရတယ်။ ကင်ထားတုန်း သတိက လစ်သွားတော့ ခွေးတွေ ဝင်ဆွဲပါလေရော။ ခွေးက ဝင်ဆွဲသွားတဲ့အခါကျတော့ အသားက မရှိဖြစ်နေပြီ။ နောက်တစ်နေ့အတွက် ပြဿနာက ပေါ်ပြီ။ ထိုအချိန်ခါမှာ စားဖိုမှူးကလည်း မိဖုရားထံ အသနားခံပြီးတော့ ချဉ်းကပ်လာတယ်။ ချဉ်းကပ်လာတဲ့အခါ မိဖုရားကြီးကလည်း စားဖိုသည်ကို သနားတော့ ဘာလုပ်သလဲ?

ကဲ ဒီလိုဆိုလို့ရှိရင် ရှင်ဘုရင်ကြီးက သူ့သားလေးကို သူ အင်မတန် ချစ်မြတ်နိုးပါတယ်။ ၇-လပဲ ရှိသေးတယ် ထိုအချိန်အခါမှာနော်။ သားလေးကို ရေမိုးချိုးနဲ့ နံ့သာတွေလိမ်းပြီးတော့ ငါရှင်ဘုရင်ထံ ခေါ်ဆောင်သွားတဲ့ အချိန်ခါမှာ သင်က လာပြီးတော့ ပွဲတော်အုပ် ဆက်ကပ်ပါ” ဒီလို အကြံဉာဏ်ပေးလိုက်တယ်။ အဲဒီ အကြံဉာဏ်အတိုင်း သားတော်လေး ရေမိုးချိုး နံ့သာတွေ လိမ်းပြီးတော့ ရှင်ဘုရင်ကြီးထံ ခေါ်သွားတယ်။ ရှင်ဘုရင်ကြီးကလည်း သူ့သားလေးဆိုတော့ ချစ်တာကိုး။ ပွေ့လိုက်၊ ဖက်လိုက်၊ နမ်းလိုက်၊ ရှုံ့လိုက် ပြုလုပ်နေတုန်း စားဖိုမှူးက လာပြီး ပွဲတော်အုပ်ကို ဆက်သပြီ။ ဆက်သလိုက်တဲ့ အချိန်ခါကျတော့မှ ပွဲတော်အုပ်ထဲ လှမ်းကြည့်လိုက်တဲ့အခါကျတော့ အသားမပါပြန်ဘူး။ အသားမပါတဲ့ အချိန်ခါကျတော့ စိတ်ထဲမှာ မကျေနပ်ဘူး။ အကျိုးကြောင်း မေးလိုက်တဲ့အခါ မိဖုရားကြီးက ဝင်ပြီး သံတော်ဦး တင်ပေးပါတယ်။ ဒါပေမဲ့ မကျေနပ်ဘူး။ မကျေနပ်တော့ ဘာလုပ်သလဲ? သားလေးလည်ပင်းကို ဂုတ်ချိုးပြီးတော့ စားဖိုမှူးကို ပစ်ပေးလိုက်တယ်။

“သွား ... အသားမပါရင် ငါ ပွဲတော်အုပ် မတည်ဘူးဆိုတာ နင် မသိဘူးလား။ သွားစမ်း ခပ်မြန်မြန် ချက်ပြီး ယူလာခဲ့” ဟော ခိုင်းလိုက်ပြီ။ မိဖုရားကြီးလည်း ဘာမှ မတတ်နိုင်ဘူး။ စားဖိုသည်လည်း ဘာမှ မတတ်နိုင်ဘူး။ ဘာဖြစ်လို့ ဒီလို လုပ်ရသလဲ ပြန်ဆန်းစစ်ကြည့်တဲ့အပိုင်းမှာ အကြောင်းကဏ္ဍ ၂-ခုရှိပါတယ်။ တစ်ခုကတော့ အတိတ်သံသရာ အဆက်ဆက်ကတည်းက ဒီရှင်ဒေဝဒတ်အလောင်းဟာ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ပြီးတော့ အနိုင်ယူဖို့ ဆုထူးပန်ထွာခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။ ထို အတိတ်က တောင်းခဲ့တဲ့ ဆုထူးသည် သို့မဟုတ် အတိတ်က ထားခဲ့တဲ့ ဒီရန်ငြိုး အရှိန်အဝါတွေကလည်း အလွန် ပြင်းထန်နေတာ ဒါကလည်း အကြောင်းတစ်ခုပေါ့။

နောက်အကြောင်းတစ်ခုကတော့ ခုလို ပညာဉာဏ်ကို အားနည်းအောင် ပြုလုပ်တတ်တဲ့ မူးယစ်ဆေးဝါးကို မှီဝဲနေခြင်းသည် အနီးစပ်ဆုံး အကြောင်းတစ်ခု ဖြစ်နေတယ်။ အဲဒီ အကြောင်းနှစ်ခု ပေါင်းစပ်လိုက်တဲ့ အချိန်ခါကျတော့ အနီးကပ်ဆုံးအကြောင်းက ပိုပြီးတော့ ပေါ်လွင်ထင်ရှားနေတယ်။ ကိုယ့်သားကိုယ် ဒီလို ဂုတ်ချိုးပြီး သတ်စားရတယ်ဆိုတဲ့ သို့မဟုတ် သတ်စားနိုင်တဲ့ စိတ်ထားသည် ဒါ အသိဉာဏ် အလွန်အားကောင်းလို့လား၊ အားနည်းလို့လား? အားနည်းနေတယ်။ ဒီလို သတ်မစားသင့်ပါဘူးဆိုတဲ့ စိတ်ထားလေးတောင် သူ့သန္တာန်မှာ ရှိသလား? မရှိဘူး။ အလွန်ကြောက်ဖို့ ကောင်းတယ်နော်။ အဲဒါနဲ့ပဲ ပွဲတစ်အုပ် တည်ပြီးပြီ ဆိုပါတော့။

နောက်နေ့ အမူးပြယ်တော့မှ သားတော်လေး ဘယ်မလဲဆိုပြီးတော့ မေးတယ်။ အဲဒီတော့ ကိုယ့်သားကိုမှ သားရယ်လို့ အမှတ်သညာ ရှိနိုင်သေးလား? မရှိတော့ဘူး။ အဲဒီအခါကျတော့မှ အကြီးအကျယ် သံဝေဂရပြီးတော့ အရက်ပြတ်သွားတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးတွေကို မှီဝဲခြင်းသည် ပညာဉာဏ်ကို အားနည်းအောင် ပြုလုပ်တတ်တဲ့ တရားတစ်ခု ဖြစ်တယ်။ ဒီမကောင်းမှုကြောင့် ဘယ်ရောက်နိုင်သလဲ? အပါယ်လေးဘုံ တစ်နေ့ ကျိန်းသေရောက်တော့မယ်။ ဒါကြောင့် မူးယစ်ဆေးဝါး သုံးစွဲတဲ့ ပုဂ္ဂိုလ်တစ်ဦး မပြုလုပ်ရဲတဲ့ ဒုစရိုက်ဆိုတာ ရှိသေးလား? မရှိတော့ဘူး။

သူ မလုပ်ရဲတဲ့ ကာယဒုစရိုက်ဆိုတာလဲ မရှိဘူး၊ သူ မပြောရတဲ့ ဝစီဒုစရိုက်ဆိုတာလည်း မရှိဘူး၊ သူ မကြံစည်ရဲတဲ့ မနောဒုစရိုက်ဆိုတာလည်း မရှိတော့ဘူး။ ဒါကြောင့် ဒီလို မူးယစ်ဆေးဝါးတွေကို မှီဝဲသောက်သုံးနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ဒုစရိုက်တံခါးကြီးက အမြဲတမ်း ဟင်းလင်းပွင့်နေတယ်။ ဒုစရိုက်တံခါးကြီး ဟင်းလင်း အမြဲပွင့်နေတဲ့အတွက် အဲဒီ ဒုစရိုက်တံခါးထဲကို ဝင်ပြီး လျှောက်လိုက်ပြီဆိုရင် အပါယ်လေးဘုံက ဒီပုဂ္ဂိုလ်ကို လာပါမိတ်ဆွေ ဆိုပြီးတော့ ဆီးပြီးတော့ ခေါ်လိမ့်မယ်။ ဒါကြောင့် မြတ်စွာဘုရားက မူးယစ်ဆေးဝါးသောက်သုံးခြင်းနဲ့ ပတ်သက်ပြီးတော့ အပြစ် ၆-ပါး ဟောကြားတယ်။

ဆခေါမေ ဂဟပတိပုတ္တ အာဒီနဝါ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာနုယောဂေ။

ဒကာတော် သိင်္ဂလသတိုးသား မူးယစ်ဆေးဝါးတွေကို မှီဝဲစားသောက်ဖို့ရန် ကြိုးစားအားထုတ်ခြင်း၌ အပြစ် ၆-မျိုးရှိတယ်။

၁။ ဥစ္စာ ကုန်ခန်းပျက်စီးခြင်း။

၂။ ခိုက်ရန်ပွားများခြင်း။

၃။ ရောဂါအမျိုးမျိုးကို ဖြစ်စေတတ်ခြင်း။

4။ ဂုဏ်အသရေမဲ့၊ ကျော်စောမဲ့ကို ဖြစ်စေတတ်ခြင်း။

၅။ လျှို့ဝှက်ဖုံးကွယ်ထိုက်သော ကိုယ်အင်္ဂါကြီးငယ်တို့ကို ဖွင့်လှစ်ပြီး ပြသတတ်ခြင်း။

၆။ ပညာဉာဏ်ကို အားနည်းအောင် ပြုလုပ်ခြင်း။

ဆိုပြီးတော့ ဒီလို အပြစ် ၆-ပါး ရှိတယ်ဆိုပြီးတော့ မြတ်စွာဘုရား ဟောပါတယ်။ ဒီတော့ မူးယစ်ဆေးဝါးတွေကို မှီဝဲစားသုံးခြင်းမှ ရှောင်ကြဉ်တဲ့ ဒီလို ပုဂ္ဂိုလ်အတွက် ဒီလို အပြစ် ၆-ပါး ရှိနိုင်သလား? မရှိနိုင်ဘူး။ မရှိနိုင်တဲ့အတွက် မူးယစ်ဆေးဝါးကို သောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်းကို မင်္ဂလာတစ်ခုအနေနဲ့ မြတ်စွာဘုရား ဟောတယ်။ ဘာဖြစ်လို့လဲ? မူးယစ်မေ့လျော့မှု မရှိတဲ့ပုဂ္ဂိုလ်သည် များသောအားဖြင့် ကုသိုလ်ကောင်းမှု၌ အမှတ်ရတတ်တဲ့ပုဂ္ဂိုလ် ဖြစ်လာတတ်တယ်။ ငါ ဒါနကို ပြုသင့်တယ်၊ ငါ သီလကို ဆောက်တည်သင့်တယ်၊ ငါ သမထဘာဝနာတွေ ပွားများသင့်တယ်၊ ငါ ဝိပဿနာ ဘာဝနာတွေ ပွားများသင့်တယ် ဆိုတဲ့ ဒီအသိဉာဏ်လေးတွေ ပေါ်လာနိုင်တယ်။ ဒါကြောင့် မူးယစ်ဆေးဝါးတို့ကို မှီဝဲစားသောက်ခြင်းမှ ရှောင်ကြဉ်ခြင်းကိုလည်း ပစ္စုပ္ပန်၊ သံသရာ ၂-ဖြာ ကြီးပွားကြောင်းဖြစ်တဲ့အတွက် မြတ်စွာဘုရားက မင်္ဂလာတစ်ခုအနေနဲ့ ဟောထားပါတယ်။

အပ္ပမာဒေါ စ ဓမ္မေသု

နောက်မင်္ဂလာတစ်ခုက ဘာလဲ - အပ္ပမာဒေါ စ ဓမ္မေသု တဲ့။ အပ္ပမာဒတရား လက်ကိုင်ထားရမယ်။ ဒီတော့ ကုသိုလ်တရားတို့၌ မေ့လျော့မှု မရှိရဘူးတဲ့။ သူတော်ကောင်းဆိုတာ ကုသိုလ်ကောင်းမှုမှာ မမေ့လျော့ရဘူး။ အဲဒီတော့ ဘယ်လို မမေ့မလျော့ရသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာက ဆန့်ကျင်ဖက်ကလေးနဲ့ တွဲပြီး ဖွင့်ထားတယ်နော်။

ကုသလာနံ ဝါ ဓမ္မာနံ ဘာဝနာယ အသက္ကစ္စကိရိယတာ အသာတစ္စကိရိယတာ အနဝဋ္ဌိတကိရိယတာ ဩလီနဝုတ္တိတာ နိက္ခိတ္တဆန္ဒတာ နိက္ခိတ္တဓုရတာ အနာသေဝနာ အဘာဝနာ အဗဟုလီကမ္မံ အနနုယောဂေါ ပမာဒေါ။

ဘာပြောသလဲ?

ကုသလာနံ ဓမ္မာနံ၊ ကုသိုလ်တရားတို့ကိုမူလည်း။ ဘာဝနာယ၊ ပွားများအားထုတ်ခြင်း၌။ အသက္ကစ္စကိရိယတာ၊ မရိုမသေ မလေးမစား ပြုလုပ်တတ်တဲ့ အဖြစ်သည်လည်းကောင်း။

ကုသိုလ်ရေးလုပ်ငန်းတစ်ခု လုပ်ပြီ။ ဒါနသော်လည်းကောင်း၊ သီလသော်လည်းကောင်း၊ သမထဘာဝနာသော်လည်းကောင်း၊ ဝိပဿနာ ဘာဝနာသော်လည်းကောင်း၊ မိဘဆရာသမားတို့ရဲ့ ဝေယျာဝစ္စကိုသော်လည်းကောင်း စသည်ဖြင့်ပေါ့လေ ... ကုသိုလ်ဖြစ်ကြောင်း လုပ်ငန်းတစ်ခုကို ပြုလုပ်ပြီ။ ပြုလုပ်လိုက်တဲ့ အချိန်ခါမှာ ဒီပုဂ္ဂိုလ်က အသက္ကစ္စကိရိယတာ မရိုမသေဘဲနဲ့ ပြုလုပ်တယ်။ ဒါက ကုသိုလ်ကောင်းမှု၌ ရိုရိုသေသေ ပြုလုပ်သင့်တယ်ဆိုတဲ့ နေရာမှာ မေ့လျော့သွားတာပဲ။ မရိုမသေ ပြုလုပ်တယ်။ နောက်တစ်ခု -

အသာတစ္စကိရိယတာ၊ စူးစူးစိုက်စိုက်နဲ့ ရိုသေခြင်း အပြုအမူကို ရှေးရှုထားပြီး မပြုလုပ်ဘူးတဲ့။ အနဝဋ္ဌိတကိရိယတာ၊ မတည်တံ့တဲ့ စိတ်ထားနဲ့လဲ မပြုလုပ်ဘူး။ ဒီကုသိုလ်ကောင်းမှု ပြုလုပ်တဲ့ အချိန်ခါမှာ တည်တံ့တဲ့ စိတ်ထား မရှိဘူး။ ခုလုပ်လိုက်ပြန်ပြီး တော်ကြာ မလုပ်ချင်ဘူး။ ပေကပ်နေပြီ။ ခု လုပ်လိုက်ပြန်ပြီ တော်ကြာ မလုပ်ချင်ဘူး။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ ဆန္ဒပြလိုက်ပြန်ပြီ ဟုတ်တယ်မလား? နောက်တစ်ခု -

ဩလီနဝုတ္တိတာ၊ တွန့်ဆုတ်တဲ့ စိတ်ထားရှိတယ်။ ကုသိုလ်ရေး လုပ်ငန်းတွေမှာ အမြဲတမ်း တွန့်ဆုပ်နေတဲ့ စိတ်ထားရှိနေပြန်တယ်။ ကောင်းမှု ကုသိုလ် ပြုလုပ်တဲ့အခါမှာ ဟိုတစ်လောတုန်းက ပြောခဲ့တဲ့အတိုင်းပဲ။ အနုဂါမိက သံသရာအဆက်ဆက်မှာ အစဉ်မကွာ ကပ်ပြီးပါတဲ့ ရွှေအိုးကြီး ဖြစ်ပါတယ်။ ဒီကုသိုလ်ရွှေအိုးကို မြှုပ်နှံတဲ့အပိုင်းလေးတွေမှာ စိတ်ဓာတ်လေးတွေက တွန့်ဆုပ်နေပြီ။ သီလကို ဖြူစင်အောင် ဖြည့်ကျင့်ပါဆို မဖြည့်ကျင့်ချင်ဘူး။ ဒီလို မပြောနဲ့ဆို လုပ်တယ်။ ဒီလို မလုပ်နဲ့ လုပ်တယ်။ ဒီလို မကြံစည်နဲ့ ကြံစည်တယ်။ ဘာတတ်နိုင်သေးလဲ? ဘာမှ မတတ်နိုင်တော့ဘူး။ တွန့်ဆုပ်နေတဲ့ စိတ်ဓာတ်တွေက သူ့မှာ အမြဲတမ်း ကိန်းဝပ်နေပြီ။ နောက်တစ်ခု -

နိက္ခိတ္တဆန္ဒတာ၊ ကုသိုလ်တရားတွေ ပွားများအောင် ငါ အားထုတ်မယ်ဆိုတဲ့ ဆန္ဒဓာတ်တွေကို စွန့်ပစ်ထားတယ်။ ဒီသီလကို ဖြည့်ကျင့်ချင်တဲ့ စိတ်ထား၊ လိုအင်ဆန္ဒဓာတ်တွေကို စွန့်ပစ်ထားတယ်။ ဒီသမာဓိကို ထူထောင်ဖို့ရန်အတွက် လိုလားတောင့်တတဲ့ လိုအင်ဆန္ဒဓာတ် မရှိဘူး။ ဒီပညာဘာဝနာတွေကို အားထုတ်ဖို့ရန်အတွက် လိုလားတောင့်တတဲ့ ဆန္ဒဓာတ် မရှိဘူး။ ဒီ ကုသိုလ်တရားတွေကို တိုးပွားအောင် ကြိုးစားအားထုတ်ဖို့ရန်အတွက် လိုလားတောင့်တတဲ့ ဆန္ဒဓာတ်ကို စွန့်ပစ်ထားတယ်။ နောက်တစ်ခု -

နိက္ခိတ္တဓုရတာ၊ ကုသိုလ်တရားတွေကို တိုးပွားအောင် ကြိုးစားအားထုတ်ဖို့သည် မိမိရဲ့ တာဝန်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေမှာ ဂန္ဓဓူရ၊ ဝိပဿနာဓူရလို့ ခေါ်ဆိုအပ်တဲ့ ဒီဓူရ ၂-ဖြာကို ထမ်းဆောင်ရမှာ ဖြစ်တယ်။ ဓူရဆိုတာက သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားကြီး ၂-ခုကို ဓူရလို့ ခေါ်ပါတယ်။

အဲဒီတော့ မိမိတို့ ထမ်းဆောင်ရမဲ့ တာဝန်ဝတ္တရားကြီး ၂-ခုထဲမှာ ဂန္ဓဓူရဆိုတာက စာပေပရိယတ္တိ သင်ကြားပို့ချခြင်း၊ ဝိပဿနာ ဓူရဆိုတာက ခုပြောနေတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ရိုရိုသေသေ တာဝန်သိသိနဲ့ ဖြည့်ကျင့်ခြင်းပဲ။ အဲဒီ တာဝန်တွေကို အကုန်လုံး စွန့်ပစ်ထားတယ်။ သာသနာဘောင်မှာ နေတယ်။ ဘုန်းကြီးတော့ မှန်ရဲ့၊ သီလရှင်တော့ မှန်ရဲ့၊ သာသနာတော်ကို ခိုကပ်နေတဲ့ ပုဂ္ဂိုလ်တော့ မှန်ရဲ့ သီလ ဖြည့်ကျင့်ဖို့ကျတော့ တာဝန်မယူဘူး စွန့်ပစ်ထားတယ်၊ သမာဓိ ဖြည့်ကျင့်ဖို့ကျတော့ တာဝန်မယူဘူး စွန့်ပစ်ထားတယ်၊ ဝိပဿနာ ဘာဝနာဖြည့်ကျင့်ရမယ့် အပိုင်းကျပြန်တော့ တာဝန်မယူဘူး စွန့်ပစ်ထားပြန်တယ်။ ကိုယ့်တာဝန်ကို မေ့လျော့နေတယ်။ ကဲ ဒီလိုဆိုတော့လဲ စာပေကျမ်းဂန် သင်ကြားပါတော့လားဆိုတော့ စာပေကျမ်းဂန် သင်ကြားခြင်းဆိုတဲ့ တာဝန်ဝတ္တရားကြီး ကျပြန်တော့ လေးလေးနက်နက်နဲ့ တကယ်တမ်း ထိထိမိမိ မပြုလုပ်ဘူး။ စွန့်လွှတ်ထားပြန်တယ်။

ဒီတော့ သူ စွန့်လွှတ်ထားတာတွေက သာသနာတော်မှာ နေတယ်လို့သာ အမည်ခံတယ်။ စွန့်လွှတ်ထားတာတွေက သိပ်ပြီးတော့ များမနေဘူးလား? ဝေယျာဝစ္စလုပ်ပါ မလုပ်ချင်ဘူး။ ဘာလုပ်ပါ မလုပ်ချင်ဘူး။ ဟိုဟာလုပ်ပါ မလုပ်ချင်ဘူး။ မလုပ်ချင်တာတွေက တစ်ပုံကြီး ဖြစ်ပြီးတော့ သာသနာတော်မှာတော့ ခိုကပ်ပြီးတော့ နေတယ်။ တာဝန်ဝတ္တရားတွေကို စွန့်လွှတ်ပြီးတော့ ဘေးဖယ်ထားလိုက်ပြီ။ နောက်တစ်ခု အနာသေဝနာ၊ ဒီကုသိုလ်တရားတွေ တိုးပွားလာအောင် မှီဝဲမှု ဘာမှ မရှိဘူး။ သီလကို မှီဝဲရမယ်၊ သမာဓိကို တိုးပွားလာအောင် ဒီကုသိုလ်တရားကို မှီဝဲပေးရမယ်၊ ဝိပဿနာဉာဏ် တိုးပွားလာအောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မှီဝဲပေးရမယ်၊ ကုသိုလ်တရားတွေ တိုးပွားလာအောင် ထပ်ကာထပ်ကာ မှီဝဲခြင်းဆိုတဲ့ လုပ်ငန်းရပ်ကိုလည်း သူက မပြုပြန်ဘူး။

အဘာဝနာ၊ သမထဘာဝနာ၊ ဝိပဿနာဘာဝနာဆိုတဲ့ လုပ်ငန်းရပ်တွေကို သူ ဘယ်တော့မှ မပြုဘူး။ တိုးပွားလာအောင် သူ ဘယ်တော့မှ မလုပ်ဘူး။ အဗဟုလီကမ္မံ၊ ကြိမ်ဖန်များစွာ ဒီကုသိုလ်တရားတွေကို ဘယ်တော့မှ မလေ့ကျင့်ဘူး။ သီလဆိုတာက တစ်နေ့၊ တစ်ရက်၊ တစ်နံနက်လောက် ဖြည့်ကျင့်ရုံနဲ့ လုံလောက်သလား? မလုံလောက်ပါဘူး။ မိမိက သာသနာတော်နေရင် တစ်သက်လုံး ဖြည့်ကျင့်ရမဲ့ လုပ်ငန်း။ အဲဒါတွေကို တိုးပွားအောင် မလုပ်ဘူး။ သမာဓိဆိုတာကလည်း တစ်ထိုင်လောက် ထိုင်ရုံနဲ့ လုံလောက်သလား? မလုံလောက်ပါဘူး။ သာသနာတော် နေထိုင်သမျှ ကာလပတ်လုံး ဒီလုပ်ငန်းသည် တို့တာဝန်တစ်ခု ဖြစ်တယ်ဆိုပြီး ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပြုလုပ်ရမဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်။

ဝိပဿနာ ဘာဝနာဆိုတာလဲ တစ်နေ့၊ တစ်ရက်၊ တစ်နံနက်လောက် အားထုတ်ရုံနဲ့ လုံလောက်သလား? မလုံလောက်ဘူး။ ဒီဝိပဿနာ ဘာဝနာလုပ်ငန်းရပ် တာဝန်သည် တို့သာသနာမှာ နေနေသမျှ တို့လုပ်ရမဲ့ တာဝန်ဖြစ်တယ်ဆိုပြီး တာဝန်သိသိနဲ့ ထပ်ကာထပ်ကာ ပြုလုပ်ရတယ်။ အဲဒီလို ကြိမ်ဖန်များစွာ လုပ်ရမဲ့တာဝန်ကို မလုပ်ဘူး။

အနုဓိဋ္ဌာန၊ စိတ်ကလည်း ကုသိုလ်ရေး လုပ်ငန်းတွေမှာ စွဲစွဲမြဲမြဲ ဆောက်တည်ထားမှုကလည်း မရှိပြန်ဘူး။ ဘယ်နေ့ကနေ ဘယ်နေ့အထိ၊ ဘယ်နှစ်ကနေ ဘယ်နှစ်အထိ သို့မဟုတ် ဒီနေ့ကစပြီး ငါ့အသက်ရှည်သမျှ ကာလပတ်လုံး ငါ ဒီကုသိုလ်ကို လုပ်မယ်ဆိုပြီး ခိုင်မြဲတဲ့ အဓိဋ္ဌာန်ချက် ဘာမှမရှိဘူး။ နောက်တစ်ခု -

အနနုယောဂ၊ တကယ်တမ်း လက်တွေ့ကျတော့ ဘာမှ အားမထုတ်ဘူး။ ကဲ ဘယ့်နှယ်လုပ်မတုန်း? အဲဒီလို ပုဂ္ဂိုလ်မျိုးကို ပမာဒ၊ မေ့လျော့နေတဲ့ပုဂ္ဂိုလ်လို့ ခေါ်တယ်။

ကဲ ပြောင်းပြန်လှန်လိုက်ရင် အပ္ပမာဒ၊ မမေ့မလျော့တဲ့ပုဂ္ဂိုလ်လို့ ခေါ်တယ်။ ဒီတော့ ကုသိုလ်တရားတွေ ခုနက ဒါနနဲ့ ပတ်သက်တဲ့ ကုသိုလ်တရားတွေဖြစ်စေ၊ သီလနဲ့ပတ်သက်တဲ့ ကုသိုလ်ပဲဖြစ်စေ၊ သမထနဲ့ပတ်သက်တဲ့ ကုသိုလ်ပဲဖြစ်စေ ဒီကုသိုလ်တရားတွေ ဖြစ်ပေါ်လာဖို့ရန်အတွက် ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်တယ်၊ စိတ်ဓာတ် တည်တည်တံ့တံ့ ခိုင်ခိုင်ခံ့ခံ့နဲ့ ဖြည့်ကျင့်တယ်။ တွန့်ဆုတ်တဲ့ စိတ်ဓာတ် ဘယ်တော့မှ မရှိဘူး။

မိမိအပေါ်မှာ ကျရောက်တဲ့ ဒီကုသိုလ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ လိုလားတောင့်တနေတဲ့ ဆန္ဒဓာတ်ကို ဘယ်တော့မှ စွန့်ပစ်ပြီး မထားဘူး။ တာဝန်သိသိနဲ့ မိမိအပေါ် ကျရောက်နေတဲ့ ဒီဂန္ထဓုရ၊ ဝိပဿနာဓုရလို့ ခေါ်တဲ့ တာဝန်ကြီး ၂-ခုကို ဘယ်တော့မှ စွန့်ပစ်ပြီးတော့ မထားဘူး။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မှီဝဲတယ်၊ ပွားများတယ်။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပြုလုပ်တယ်။ စွဲမြဲတဲ့ ဆောက်တည်ချက် အဓိဋ္ဌာန်ချက်တွေ၊ ခိုင်မြဲတဲ့ ဆောက်တည်ချက် အဓိဋ္ဌာန်ချက်တွေနဲ့ ပြုလုပ်တယ်။ တကယ်တမ်း လက်တွေ့အားဖြင့်လည်း ကြိုးစားအားထုတ်နေတယ်။ အဲဒီလို အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကို အပ္ပမာဒ၊ ကုသိုလ်တရားတွေ၌ မမေ့မလျော့တဲ့ပုဂ္ဂိုလ်တွေလို့ ခေါ်ပါတယ်။

ဒီတော့ ဒီကုသိုလ်တရားတွေမှာ မမေ့မလျော့ စနစ်တကျ တကယ်တမ်း ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားက ဘယ်လိုဟောသလဲ?

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။

အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

အပ္ပမာဒေါ၊ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရားသည်။ အမတံ ပဒံ၊ မသေရာ အမြိုက်နိဗ္ဗာန်၏ အကြောင်းတရားသည်။ ဟောတိ = ဖြစ်ပါပေ၏။ ပမာဒေါ၊ ကုသိုလ်တရားတို့၌ မေ့လျော့ခြင်းသည်ကား။ မစ္စုနော ပဒံ၊ ၃၁-နိုင်ငံ ပိုင်စံစိုး နေရှင်သေမင်း၏ ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရား ဖြစ်ပါပေ၏၊

ကုသိုလ်တရားတွေမှာ မမေ့မလျော့ဘူးဆိုရင်တော့ ထိုပုဂ္ဂိုလ်ဟာ မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်ဖို့ရန်အတွက် အကြောင်းတွေကို ဆည်းပူးနေသည်နှင့်တူတယ်။ ကုသိုလ်ကောင်းမှုတရားတွေ၌ မေ့လျော့နေပြီ ဆိုရင်တော့ ထိုမေ့လျော့နေတဲ့ ပုဂ္ဂိုလ်သည် ၃၁-နိုင်ငံကို စိုးမိုးအုပ်ချုပ်ဖို့ ရှင်သေမင်း ဖြစ်ပေါ်လာဖို့ရန်အတွက် အကြောင်းတရားတွေကို ဆည်းပူးနေတာနဲ့ အတူတူပဲ။ ဘာဖြစ်လို့လဲ? ဒီကုသိုလ်တရားတွေက အို၊ နာ၊ သေရေး ဒုက္ခဘေးမှ လွတ်အောင် ထုတ်ဆောင်မဲ့ တရားကောင်းတွေ ဖြစ်တယ်။ ဒီကုသိုလ်တရားတွေကို ကြိုးစားအားထုတ်ဖို့ရန်အတွက် မေ့လျော့နေပြီ ဆိုရင်တော့ မေ့လျော့နေတဲ့ပုဂ္ဂိုလ်ဟာ ၃၁-ဘုံအတွင်းမှ လွတ်မြောက်နိုင်တဲ့ စွမ်းအား ရှိသေးသလား? မရှိတော့ဘူး။ ၃၁-ဘုံအတွင်း မလွတ်နိုင်ဘူးဆိုရင် ၃၁-ဘုံအတွင်းမှာ ပဋိသန္ဓေနေလို့လည်း မဆုံးတော့ဘူး၊ အိုလို့လည်း မဆုံးတော့ဘူး၊ နာလို့လည်း မဆုံးတော့ဘူး။ သေဖို့ရန်အတွက် အကြောင်းတရားတွေကို စုဆောင်းရှာဖွေနေတာနဲ့ အတူတူပဲ။ ဒါကြောင့်

အပ္ပမတ္တာ၊ မမေ့မလျော့တဲ့ အပ္ပမာဒတရား လက်ကိုင်ထားကြတဲ့ ပုဂ္ဂိုလ်တို့သည်။ န မီယန္တိ၊ ဘယ်တော့မှ မသေကျေ မပျက်စီးနိုင်ကြလေကုန်။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား။ ပမတ္တာ၊ မေ့လျော့၍ နေကြလေကုန်၏ (ကုသိုလ်ကောင်းမှုတရားတို့၌ မေ့လျော့၍ နေကြလေကုန်၏)။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်ကား။ မတာ ယထာ၊ သေတဲ့ပုဂ္ဂိုလ်တို့နှင့် တူလှကြပါပေကုန်၏၊

ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားနေတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ မသေနိုင်ဘူး။ ဘာပြောတာလဲ? တကယ်တမ်း ရာခိုင်နှုန်းပြည့် သတိသာ အားကောင်းပါစေ၊ ကုသိုလ်တရားတို့၌ ခိုင်မြဲနေတဲ့ သတိသာ ရှိပါစေ ရာခိုင်နှုန်းပြည့် ကုသိုလ်တရားတို့၌ ခိုင်မြဲနေတဲ့ သတိရှိတဲ့ သူတော်ကောင်းတွေသည် မသေရာ အမြိုက်နိဗ္ဗာန်ကို ကျိန်းသေဧကန် ရောက်ကြတော့မယ်ဆိုရင် ထိုပုဂ္ဂိုလ်တွေအဖို့ နောက်ထပ်တစ်ဖန် သေကျေ ပျက်စီးခြင်းဆိုတာ ရှိဦးမလား? မရှိတော့ဘူး။

အဲ ဒါပေမဲ့ ကုသိုလ်တရားတွေ၌ မေ့လျော့ပြီးနေတယ်။ မပြောသင့်တာတွေ ပြောတယ်၊ လုပ်သင့်တာတွေ လုပ်တယ်၊ မကြံသင့်တာတွေ ကြံတယ်။ အဲဒီလို မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ ဒီသာသနာတော်ကို မှီတင်းပြီး နေထိုင်ခဲ့ကြမယ်ဆိုရင်တော့ ထိုပုဂ္ဂိုလ်တွေဟာ လူသေနဲ့အတူတူပဲ။ ဘာဖြစ်လို့လဲ? သေမင်းစိုးမိုး အုပ်ချုပ်ရာ ၃၁-နိုင်ငံကို ကျော်လွှားလွန်မြောက်နိုင်တဲ့စွမ်းအား သူ့မှာ မရှိတော့ဘူး။ ဘာဖြစ်လို့လဲ? ကျော်လွှား လွန်မြောက်နိုင်တဲ့ စွမ်းအားအပြည့်ရှိတဲ့ ကုသိုလ်တရားတွေမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ နေထိုင်တဲ့ပုဂ္ဂိုလ် ဖြစ်နေတယ်။ မေ့မေ့လျော့လျော့ ဒီလို ပေါ့ပေါ့ဆဆနဲ့ နေထိုင်တဲ့ပုဂ္ဂိုလ်တွေဟာ ၃၁-နိုင်ငံအတွင်းမှာ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မသေရဘူးလား? သေရတော့မယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းသည် သေနေတာနဲ့ အတူတူပဲလို့ ဘုရားက ဒီလို ဟောတယ်။

ဧဝံ ဝိသေသတော ညတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။

အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။

ဧဝံ၊ ဤသို့လျှင်။ ဝိသေသတော၊ အထူးအားဖြင့် ပညာရှိသူတော်ကောင်းတို့သည်။ အပ္ပမာဒမှိ၊ မမေ့မလျော့တဲ့ အပ္ပမာဒတရား၌။ ညတွာ၊ သိရှိကြကုန်သည်ဖြစ်၍။ အပ္ပမာဒေ၊ ကောင်းမှု ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား၌။ ပမောဒန္တိ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကြလေကုန်၏။ အရိယာနံ၊ အရိယာသူတော်ကောင်းတို့၏။ ဂေါစရေ၊ ကျက်စားရာ အာရုံဖြစ်တဲ့ သတိပဋ္ဌာန်လေးပါးတရား၌။ ရတာ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကြလေကုန်၏၊

အပ္ပမာဒတရားကြောင့် ရရှိမဲ့ အကျိုးတရား၊ ပမာဒခေါ်တဲ့ မေ့လျော့ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးဆုတ်ယုတ်မှု ဒီ ၂-ခုကို ပညာရှိသူတော်ကောင်းတွေက ထူးထူးခြားခြား မြင်ကြတဲ့အတွက် ကုသိုလ်ကောင်းမှုတွေ၌ မမေ့မလျော့ခြင်း အပ္ပမာဒတရားမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ စိတ်ထားရှိတယ်။ အဲဒီစိတ်ထားလေးက ဒကာကြီးတွေ အခြေခံ အရေးအကြီးဆုံးစိတ်ထား မဖြစ်ဘူးလား? ဖြစ်နေတယ်။ ကုသိုလ်တရားတွေ၌ မမေ့မလျော့ဘဲနဲ့ ကုသိုလ်တရားမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့စိတ်ထားဆိုတာ သတ္တဝါတိုင်းမှာ ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။

များသောအားဖြင့် သားနဲ့ ပျော်မယ်၊ သမီးနဲ့ ပျော်မယ်၊ ဇနီးနဲ့ ပျော်မယ်၊ မြေးနဲ့ ပျော်မယ်၊ ပစ္စည်းတွေနဲ့ ပျော်မယ်။ အဲဒီလို အာရုံ ၅-ပါး ကာမဂုဏ်တရားတွေနဲ့ အပျော်ကြီး ပျော်မယ်။ အဲဒီလို အာရုံငါးပါး ကာမဂုဏ်တရားတွေနဲ့ အပျော်ကြီး ပျော်မွေ့နေတဲ့ စိတ်ထားတွေက ပိုပြီးတော့ များကြတယ်။ ဒီကုသိုလ်ကောင်းမှုဆိုတဲ့ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရားမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ပုဂ္ဂိုလ်တွေဆိုတာက အနည်းငယ်ပဲ ရှိကြတယ်။ ဒါကြောင့် ကြောင်းကျိုး သိမြင်နေတဲ့ သူတော်ကောင်းတွေကတော့ ဒီကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းခေါ်တဲ့ အပ္ပမာဒတရားမှာ မွရ်လျော်ပျော်ပိုက် နှစ်ခြိုက်ပြီး နေကြတယ်။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ရဲ့ ကျက်စားရာ နယ်မြေလို့ ခေါ်တဲ့ သတိပဋ္ဌာန် ၄-ပါးမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပြီး နေကြတယ်။

တေ ဈာယိနော သတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။

ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။

တေ၊ ထိုသူတော်ကောင်းတို့သည်။ သတတိကာ၊ စွဲမြဲသော သူတော်ကောင်းတရား ထင်ရှားရှိကြသည်ဖြစ်၍။ နိစ္စံ ဒဠှပရက္ကမာ၊ အမြဲမပြတ် မြဲမြံခိုင်ခံ့သော ကြိုးစားအားထုတ်မှု ရှိကြကုန်သည်ဖြစ်၍။ ဈာယိနော၊ ဈာန်ဝင်စားလေ့ရှိကြကုန်သည်ဖြစ်၍။ ဓီရာ၊ မြဲမြံခိုင်ခံ့သော ပညာရှိသူတော်ကောင်းတို့သည်။ ယောဂက္ခေမံ၊ ယောဂလေးပါးတို့ ကုန်ရာဖြစ်သော။ အနုတ္တရံ၊ အတုမရှိ သာလွန်မြင့်မြတ်လှစွာသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်တရားတော်မြတ်ကို။ ဖုသန္တိ၊ ဉာဏ်ဖြင့် ထိတွေ့၍ နေကြရလေကုန်၏၊

စွဲမြဲတဲ့ သတိတရားရှိတယ်။ ကုသိုလ်ကောင်းမှုတို့အပေါ်မှာ စွဲမြဲနေတဲ့ သတိတရား ရှိတယ်။ အထူးသဖြင့် သီလကျင့်စဉ်၊ သီလကုသိုလ်၊ သမာဓိကျင့်စဉ်၊ သမာဓိကုသိုလ်၊ ပညာကျင့်စဉ်၊ ပညာကုသိုလ်ခေါ်တဲ့ ဒီကုသိုလ်ရေး လုပ်ငန်းတွေမှာ စွဲမြဲတဲ့ သတိရှိတယ်။ နိစ္စံ ဒဠှပရက္ကမာ၊ အမြဲမပြတ် ခိုင်မြဲတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုလည်း ရှိတယ်။ ကြိုးစားအားထုတ်ပြီးတော့ ထိုပုဂ္ဂိုလ်တွေသည် ဘာလုပ်သလဲ? ဈာယိနော၊ ဈာန်ဝင်စားနေတဲ့ပုဂ္ဂိုလ်။ ဘာဈာန်လဲ? ဒီနေရာမှာ ဈာန်က ၂-မျိုးပါ။ အာရမ္မဏူပနိဇ္ဈာနဈာန်၊ လက္ခဏူပနိဇ္ဈာနဈာန်ဆိုပြီးတော့ ဈာန် ၂-မျိုး ရှိတယ်။

အာရမ္မဏူပနိဇ္ဈာနဈာန်ဆိုတာက ခုလို အလွန်ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်၊ အလွန်ကြည်လင်တောက်ပနေတဲ့ ကသိုဏ်း ပဋိဘာဂနိမိတ် အစရှိတဲ့ ဒီပဋိဘာဂနိမိတ်တွေကို စူးစူးစိုက်စိုက် ရှုနေတဲ့ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာလို့ ခေါ်တဲ့ ဈာန်အင်္ဂါတို့ရဲ့ အပေါင်းအစုကိုတော့ အာရမ္မဏူပနိဇ္ဈာနဈာန်လို့ ခေါ်ပါတယ်။ အဲ ရုပ်နာမ်ဓမ္မ သင်္ခါရတွေကို မိမိက စနစ်တကျသိပြီ၊ အကြောင်းတရား အကျိုးတရားတွေလည်း ဟုတ်တိုင်းမှန်စွာ သိပြီ၊ အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတို့ရဲ့ အနိစ္စအခြင်းအရာ၊ ဒုက္ခအခြင်းအရာ၊ အနတ္တအခြင်းအရာတို့ရဲ့ အနိစ္စ အခြင်းအရာ၊ ဒုက္ခအခြင်းအရာတွေကို စူးစူးစိုက်စိုက်နဲ့ ရှုပွားသုံးသပ်နေပြီ။ အဲဒီလို ရှုပွားသုံးသပ်နေတဲ့ ဝိပဿနာဉာဏ်တွေကိုတော့ လက္ခဏူပနိဇ္ဈာနဈာန်လို့ ခေါ်ပါတယ်။ ထို အာရမ္မဏူပနိဇ္ဈာနဈာန်၊ လက္ခဏူပနိဇ္ဈာနဈာန်ဆိုတဲ့ ဈာန်နှစ်မျိုးကို ဒီသူတော်ကောင်းတွေဟာ ကျကျနန ဝင်စားနိုင်တဲ့ စွမ်းအားရှိတယ်။ အဲဒီလို ဈာန်ဝင်စားနိုင်တဲ့ စွမ်းအင်ရှိနေတဲ့ သူတော်ကောင်းတို့သည် ဘာဖြစ်သလဲ?

ယောဂ ၄-ပါးတို့ကုန်ရာဖြစ်တဲ့ အတုမဲ့ နိဗ္ဗာန်တရားတော်မြတ်ကို ဉာဏ်ဖြင့် ထိတွေ့ပြီး နေကြရပါတယ် ဆိုပြီးတော့ မြတ်စွာဘုရား ဒီလို ဟောတယ်။ ဒီတော့ ဒီအပ္ပမာဒတရားသည် နိဗ္ဗာန်ရရှိရေးအတွက် အလွန်အရေးမကြီးဘူးလား? ကြီးတယ်။ သို့သော် သံသရာခရီး ကျင်လည်ရေးမှာလည်း ဒီအပ္ပမာဒတရား အရေးကြီးလှပါတယ်။ သတိပျောက်ပျက်နေတဲ့ပုဂ္ဂိုလ်၊ မေ့လျော့နေတဲ့ပုဂ္ဂိုလ်။ ကောင်းမှုကုသိုလ်တွေမှာ သတိပျောက်ပျက်နေတယ် မေ့လျော့နေတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ ကုသိုလ်ရေးမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ နေထိုင်တဲ့အတွက်ကြောင့် သူတို့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ကုသိုလ်တရားတွေသည် အရှိန်အဝါ အလွန်အားကောင်းတဲ့ အဆင့်မြင့်တဲ့ပုဂ္ဂိုလ် ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။

ယေဘုယျအားဖြင့်ပေါ့လေ - ကုသိုလ်ဖြစ်ရင်ဖြစ် မဖြစ်ရင် အကုသိုလ် တရားတွေက အဖြစ်များလာပြီဆိုရင် မီးများမီးနိုင်တယ်၊ ရေများတော့ ရေနိုင်တယ်။ လှေကြီးတစ်ခုရှိတယ် ဆိုကြပါစို့။ လှေပေါ်မှာ အလွန်ဝန်လေးတဲ့ သံတုံး ကျောက်ခဲတို့လို ပစ္စည်းတွေ တအားတင်လိုက်ပြီဆိုရင် ဒီလှေ မြုပ်မသွားဘူးလား? လှေပေါ်မှာဝန်လေးနေတဲ့ ပစ္စည်းတွေက မရှိဘူး၊ ဝန်က ပေါ့နေပြီဆိုရင် ဒီလှေက ပေါ်မနေဘူးလား? ဒီကုသိုလ်တရားတွေ လှေနဲ့တူတယ်။ လှေပေါ်မှာရှိနေတဲ့ ကျောက်တုံး, သံချောင်း အစရှိသည်တို့က အကုသိုလ်တရားနဲ့တူတယ်။ လှေနဲ့တူနေတဲ့ ဒီခန္ဓာအိမ်ကြီးကို အောက်သို့ရောက်အောင် ဒီသံချောင်း, ကျောက်တုံးတွေနဲ့တူတဲ့ အကုသိုလ်တရားတွေက ဆွဲခေါ်ပြီး ချမသွားဘူးလား? ဆွဲချသွားနိုင်တယ်။

ဒါကြောင့် များသောအားဖြင့် မီးများရင် မီးနိုင်တယ်၊ ရေများရင် ရေနိုင်တဲ့ သဘောရှိခြင်းကြောင့် ကုသိုလ်များနေရင် ကုသိုလ်တရားတွေက အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာတတ်တယ်။ အကုသိုလ်တွေက များနေပြီဆိုရင်လည်း အကုသိုလ်တရားတွေက အကျိုးပေးဖို့ရန် အခါအခွင့် သင့်ပြီး မနေတတ်ဘူးလား? နေတတ်တယ်။ ဒါ သတိရှိဖို့ သိပ်လိုအပ်တယ်။

အဲဒီလို လိုအပ်တဲ့အတွက် ဦးပဉ္စင်းတို့ မြတ်စွာဘုရားက ရဟန်းတွေကို နေ့စဉ်နေ့စဉ်ပေါ့ အခါအခွင့်သင့်တိုင်း ဒုလ္လဘတရား ၅-ပါးဟောပေးတယ်။ အပ္ပမာဒတရားတွေ လက်ကိုင်ထားပြီးတော့ သာသနာတော်အတွင်း ကျင့်ကြံအားထုတ်ကြဖို့ရန်အတွက် နေ့စဉ်လိုလို သတိပေးဆုံးမပါတယ်။ ဒါ အပ္ပမာဒတရား အရေးကြီးပုံနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား ဆိုဆုံးမချက်တွေပဲ။ နောက်ဆုံး မြတ်စွာဘုရား ပရိနိဗ္ဗာန် မစံမီ ၃-လမြောက် တပို့တွဲ လပြည့်နေ့ ဆိုကြပါစို့ ...

ဝေသာလီပြည် စာပါလစေတီမှာ သတိသမ္ပဇဉ် ဉာဏ်ယှဉ်ပြီးတော့ မြတ်စွာဘုရား အာယုသင်္ခါရ လွှတ်တော်မူလိုက်ပါတယ်။ အာယုသင်္ခါရ လွှတ်တယ်ဆိုတာကတော့ ထိုနှစ်ပေါ့လေ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံမယ့်နှစ် ဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားရဲ့သန္တာန်မှာ ခါးနာတဲ့ ဝေဒနာတစ်ခု စွဲကပ်လာပါတယ်။ အတိတ်ဘဝတစ်ခုမှာ လက်ဝှေ့သည် ဖြစ်စဉ်အချိန်က လက်ဝှေ့သမား အချင်းချင်း မခံချင်လို့ ကိုင်ပေါက်ပြီးတော့ ခါးရိုက်ချိုးခဲ့ဖူးတယ်။ အဲဒီ အကုသိုလ်ကံလေးက အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာပြီ။ ပရိနိဗ္ဗာန် မစံမီ ၁၀-လအလို ဝါဆိုလပြည့်နေ့မှာ လာပြီးတော့ အကျိုးပေးပြီ။

အကျိုးပေးလိုက်တဲ့ အချိန်ခါကျတော့ ဒီဝေဒနာက (မရဏန္တိက ဝေဒနာ =) သေခြင်းလျှင် အဆုံးအပိုင်းခြားရှိတဲ့ ဝေဒနာ။ သေမှပျောက်မဲ့ ဝေဒနာဖြစ်တယ်။ ဒီဝေဒနာကလည်း အကြီးအကျယ် နှောင့်ယှက်နေပြီ။ နှောင့်ယှက်တော့ မြတ်စွာဘုရား ဘာလုပ်ရသလဲဆိုတော့ ရူပသတ္တက ဝိပဿနာရှုနည်း၊ အရူပသတ္တက ဝိပဿနာရှုနည်း။ ဒီဝိပဿနာရှုနည်းဖြင့် မိမိရဲ့ ဝိပဿနာဉာဏ်တွေကို အဆင့်အတန်း မြင့်မားလာအောင် ရှုပွားသုံးသပ်ပြီး ပေးရတယ်။

အဲဒီလို ရှုပွားသုံးသပ်ပြီးတော့ အရဟတ္တဖိုလ် သမာပတ်ကို ပြန်ပြီးတော့ ဝင်စားတယ်။ အရဟတ္တဖိုလ် သမာပတ်က ခါတိုင်း ဝင်စားနေကျ ဝေဟေသန သမာပတ်ခေါ်တဲ့ နေ့စဉ်ဝင်စားနေတဲ့ သမာပတ်နဲ့ မတူဘူး။ အလွန်အရှိန်အဝါ အားကောင်းသွားတယ်။ အဲဒီ အရှိန်အဝါ အားကောင်းနေတဲ့ အရဟတ္တဖိုလ် သမာပတ်က ထတဲ့အခါ ဒီနေ့မှ နောင် ပရိနိဗ္ဗာန်စံမဲ့ ကဆုန်လပြည့်နေ့အထိ ဒီခါးနာဝေဒနာ မပေါ်ပါစေသတည်းဆိုပြီး ဓိဋ္ဌာန်တော်မူပါတယ်။ နေ့စဉ်နေ့စဉ် ဒီလို ဓိဋ္ဌာန်ပြုတယ်။ နေ့စဉ်နေ့စဉ် ဒီဖလသမာပတ်ကို ဝင်စားတယ်။

အဲဒီလို မရဏန္တိကဝေဒနာလို့ ခေါ်ဆိုအပ်တဲ့ ဒီဝေဒနာ ကင်းပျောက်ရေးအတွက် ပရိနိဗ္ဗာန်စံတဲ့နေ့ထိ မပေါ်ပေါက်ရေးအတွက် ရည်ရွယ်ပြီးတော့ ဝင်စားနေတဲ့ ဒီဖလသမာပတ်ကိုတော့ အာယုသင်္ခါရ ဖလသမာပတ်, အာယုပါလက ဖလသမာပတ်, ဇီဝိတသင်္ခါရ ဖလသမာပတ် ဆိုပြီးတော့ နာမည် ၃-မျိုးနဲ့ ခေါ်ထားပါတယ်။ ဘုရားရှင်ရဲ့သက်တော်ကို မပျက်စီးသွားအောင် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးနေတဲ့ ဖလသမာပတ် ဖြစ်ပါတယ်။ အဲဒီ သမာပတ်ကို ဝင်စားတဲ့ လုပ်ငန်းရပ်ကို တပို့တွဲလပြည့်နေ့ ရောက်တော့ မြတ်စွာဘုရားက စာပါလစေတီမှာ သတိသမ္ပဇဉ် ဉာဏ်ယှဉ်ပြီးတော့ လွှတ်တော်မူလိုက်တယ်။ ဘယ်လို လွှတ်သလဲ?

မာရ်နတ်ကလည်း ပရိနိဗ္ဗာန် စံဖို့ရန်အတွက် ထိုနေ့မှာ လာတောင်းပန် ပါတယ်။ အဲဒီနေ့ကနေ နောင် ၃-လမြောက်ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာတော့ ငါဘုရား ပရိနိဗ္ဗာန်စံမယ် ဘာပြောတာလဲလို့ မေးတော့ ကဆုန်လပြည့်နေ့အထိသာ ငါဘုရား ဒီအာယုသင်္ခါရ ဖလသမာပတ်ကို ဝင်စားမယ်။ ကဆုန်လပြည့်ကျော်ခဲ့ရင် ငါဘုရား ဒီအာယုသင်္ခါရ ဖလသမာပတ်ကို မဝင်စားတော့ဘူး။ ဒီလို ဆုံးဖြတ်ချက် ချခြင်းကိုပဲ အာယုသင်္ခါရ လွှတ်တော်မူတယ်လို့ ခေါ်ပါတယ်နော်။

အဲဒီ အာယုသင်္ခါရ လွှတ်တော်မူပြီးတဲ့နောက် မြတ်စွာဘုရား ပြန်ကြွလာပြီး မဟာဝုန်တောအတွင်း စုလစ်မွန်းချွန် ပြာသာဒ်ဆောင် ဆောက်လုပ်ထားတဲ့ ကျောင်းတော်မြတ်ကြီးကို မြတ်စွာဘုရား ရှင်အာနန္ဒာမထေရ်မြတ်ကြီးနှင့် ကြွလာပါတယ်။ ပြန်ကြွလာပြီးတဲ့ အချိန်အခါမှာ ဝေသာလီပြည် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရဟန်းသံဃာတော်တွေကို မြတ်စွာဘုရား အစည်းအဝေး ခေါ်စေတော်မူပါတယ်။ ရှင်အာနန္ဒာမြတ်ကလည်း အစည်းအဝေး ခေါ်တော်မူပါတယ်။ အဲဒီ အစည်းအဝေးမှာ မြတ်စွာဘုရားက ဗောဓိပက္ခိယတရား ၃၇-ပါးတွေကို မမေ့မလျော့ မပေါ့မဆ ကျင့်ကြံပွားများ အားထုတ်ဖို့ရန်အတွက် မြတ်စွာဘုရား တိုက်တွန်းပါတယ်။ အဲဒီတော့ ဒီနေရာမှာ မြတ်စွာဘုရားရှင်က အဲဒီလို တိုက်တွန်းပြီးတဲ့အခါ ဘာဆုံးမလဲ?

ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဟန္ဒ ဒါနိ၊ ယခုအခါ၌။ ဝေါ၊ သင်ချစ်သားတို့အား။ အဟံ၊ ငါဘုရားသည်။ အာမန္တယာမိ၊ မိန့်ကြားတော်မူပေအံ့။

သင်ချစ်သားတို့ကို ငါဘုရား ပြောမယ်။ ဘာလဲ? ရုပ်နာမ်ဓမ္မ သင်္ခါရ တရားမှန်သမျှတို့သည် (ဝယဓမ္မာ =) ပျက်ခြင်းသဘော ရှိကြလေကုန်၏။ တုမှေ၊ သင်ချစ်သားတို့သည်, သင်ချစ်သမီးတို့သည်။ အပ္ပမာဒေန၊ အပ္ပမာဒတရား လက်ကိုင်ထားလျက် မမေ့မလျော့သော အပ္ပမာဒတရားနှင့်။ သမ္ပာဒေထ၊ ပြီးပြည့်စုံအောင် နေထိုင်ကြကုန်လော။

ချစ်သားတို့ ရုပ်နာမ်ဓမ္မ သင်္ခါရတွေဟာ အားလုံး ပျက်ခြင်းသဘော ထင်ရှားရှိနေကြတယ်။ ဒါကြောင့် သင်ချစ်သားတို့ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ ပျက်နေတဲ့ သဘောတရားတို့အပေါ်၌ ခိုင်မြဲတဲ့ သတိတရား, မမေ့ပျောက်တဲ့ သတိတရားနဲ့ ပြည့်ပြည့်စုံစုံ နေထိုင်ကြပါ။ ဒါ အပ္ပမာဒတရား အရေးမကြီးဘူးလား? အရေးကြီးနေတယ်။ ဒါ မှာနေတယ်။

နစိရံ တထာဂတဿ ပရိနိဗ္ဗာနံ ဘဝိဿတိ၊ ဣတော တိဏ္ဏန္နံ မာသာနံ အစ္စယေန တထာဂတော ပရိနိဗ္ဗာယိဿတိ။

နစိရံ၊ မကြာမြင့်မီ အချိန်ခါကာလအတွင်း၌။ တထာဂတဿ၊ ဘုရားရှင်၏။ ပရိနိဗ္ဗာနံ၊ ပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်း ရုပ်သိမ်းရခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မယ်။ ဣတော၊ ဤနေ့မှစ၍။ တိဏ္ဏန္နံ မာသာနံ အစ္စယေန၊ သုံးလတို့၏ လွန်မြောက်ကျော်လွှားသွားသော အချိန်ခါကာလ၌။ တထာဂတော၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည်။ ပရိနိဗ္ဗာယိဿတိ၊ ပရိနိဗ္ဗာန် ဝင်စံပေလိမ့်မယ်။

ဘုရားရှင် အတိအကျ မိန့်ကြားတယ်နော်။ ချစ်သားတို့ ... သင်ချစ်သားတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော တထာဂတ အမည်ရှိတော်မူသော ငါဘုရားရှင်ရဲ့ ပရိနိဗ္ဗာန် စံတော်မူခြင်းသည် မကြာမီ အချိန်ကာလအတွင်းမှာ ဖြစ်ပေါ်လာလိမ့်မယ်။ ဒီနေ့က စပြီး ရေတွက်ခဲ့မယ် ဆိုလို့ရှိရင် နောင် ၃-လမြောက်ဖြစ်တဲ့ ကဆုန်လပြည့်နေ့၊ ၃-လလွန်မြောက်သွားတဲ့ ကဆုန်လပြည့်နေ့ကျရင်တော့ တထာဂတ အမည်ရတော်မူတဲ့ သင်တို့ဆရာ ငါဘုရားသည် ပရိနိဗ္ဗာန် စံပါလိမ့်မယ်။

ဒါကြောင့် သင်ချစ်သားတို့, သင်ချစ်သမီးတို့တတွေ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေဟာ ပျက်နေကြတယ်။ ပျက်နေတဲ့ ဒီသင်္ခါရတရားတွေကို မမေ့မလျော့ခြင်း သတိတရားနှင့် ပြည့်ပြည့်စုံစုံ နေထိုင်ကြပါဆိုပြီးတော့ ဒီလို တိုက်တွန်းထားတယ်။ ဘာဖြစ်လို့ ဒီလို တိုက်တွန်းနေရသလဲလို့ မေးရင်တော့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆဖြင့် ပမာဒတရားတွေ လက်ကိုင်ထားပြီးတော့ သာသနာတွင်းနေတဲ့ ပုဂ္ဂိုလ်သည် သံသရာခရီးမှ ကျွတ်လွတ်နိုင်တဲ့ စွမ်းအားမရှိဘဲ အိုလို့ မဆုံး, နာလို့ မဆုံး, သေလို့ မဆုံး ဖြစ်ကြလိမ့်မယ်။ ဒါကို ဘုရားရှင် မြင်တယ်။

အဲ အပ္ပမာဒတရား၊ ဒီသင်္ခါရတရားတွေရဲ့ ပျက်ပျက်နေတဲ့ သဘောအပေါ်၌ မမေ့ပျောက်ခြင်းဆိုတဲ့ အပ္ပမာဒတရား လက်ကိုင်ထားပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ပြီး စီးဖြန်းနေတဲ့ သူတော်ကောင်းတွေကျတော့ ဘာဖြစ်မလဲ? ဒီသေခြင်းတရားကို ကျော်လွှားလွန်မြောက်နိုင်တဲ့ စွမ်းအားတွေ ဖြစ်ပေါ်လာလိမ့်မယ်။ ဒါကြောင့် မြတ်စွာဘုရားက ဆက်ပြီး ဘာဆုံးမလဲ?

ပရိပက္ကော ဝယော မယှံ၊ ပရိတ္တံ မမ ဇီဝိတံ၊ ပဟာယ ဝေါ ဂမိဿာမိ၊ ကတံ မေ သရဏမတ္တနော။

မယှံ၊ ငါဘုရား၏။ ဝယော၊ အရွယ်တော်သည်ကား။ ပရိပက္ကော၊ အိုမင်းရင့်ရော်၍ လာခဲ့လေပြီ။

ငါဘုရားရဲ့ အရွယ်တော်ဟာ အိုမင်းရင့်ရော်၍ လာခဲ့ပြီ။ သက်တော် ၈၀-ရှိပါပြီနော်။ ဒါပေမဲ့ တို့က သက်တော် ၈၀-မရှိသေးပါဘူး ဆိုပြီး ကိုယ့်ကိုယ် အပျိုလေးလို့တော့ မထင်လိုက်ကြပါနဲ့။ တစ်နေ့ထက်တစ်နေ့ အိုမင်းပြီး မလာဘူးလား? လာနေတယ်။ ပြန်ပြီး ပျိုဖို့အပိုင်းကတော့ စိတ်ကသာ ဖြစ်တယ်။ တကယ်တမ်း ပျိုသေးလား? မပျိုဘူးနော်။ ဒါကြောင့် -

မယှံ၊ ငါဘုရား၏။ ဝယော၊ အရွယ်တော်သည်ကား။ ပရိပက္ကော၊ အိုမင်းရင့်ရော်၍ လာခဲ့လေပြီ။ မမ၊ ငါဘုရား၏။ ဇီဝိတံ၊ ကြွင်းကျန်နေသည့် သက်တမ်းသည်ကား။ ပရိတ္တံ၊ အလွန့်အလွန် နည်းပါးလှပါပေ၏၊

ဘယ်လောက်ပဲ ကျန်တော့လဲ? ၃-လပဲ ရှိတော့တယ်နော်။

ဝေါ၊ သင်ချစ်သားတို့အား။ ပဟာယ၊ ပယ်စွန့်၍။ အဟံ၊ ငါဘုရားသည်။ ဂမိဿာမိ၊ သွားရပေတော့အံ့။

သင်ချစ်သားတို့တတွေကို စွန့်ခွာပြီး ငါဘုရား သွားတော့မယ်။ ဝမ်းနည်းလို့ ပြောနေတာလား? မဟုတ်ပါဘူး။

ကတံ မေ သရဏမတ္တနော။ မေ၊ ငါဘုရားသည်။ အတ္တနော၊ မိမိ၏။ သရဏံ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာကို။ ကတံ၊ ပြုလုပ်၍ ပြီးခဲ့လေပြီ။

ငါဘုရား သင်ချစ်သားတို့ကို စွန့်ခွာသွားရမှာတော့ မှန်တယ်။ ဒါပေမဲ့ ငါဘုရားဟာ ငါဘုရားရှင်ရဲ့ ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာတွေကို ငါဘုရား ပြုပြီးဖြစ်တယ်။ ငါဘုရား ပြုပြီးသလို သင်ချစ်သားတို့, သင်ချစ်သမီးတို့တတွေလည်း ပြုစေချင်တယ်လို့ ဒီလို ဆန္ဒဓာတ်နဲ့ ဒီတရား ဟောတာပါ။ သွားရမှာ ဝမ်းနည်းလို့ ဟုတ်သလား? မြတ်စွာဘုရားက ဘယ်တော့မှ ဝမ်းမနည်းဘူး။ ဟုတ်တယ်မလား? ဒါပေမဲ့ သနားတဲ့ကရုဏာကတော့ မြတ်စွာဘုရားရှင်မှာ အပြည့်အဝ ရှိနေတယ်။ ဒါကြောင့် -

အပ္ပမတ္တာ သတိမန္တော၊ သုသီလာ ဟောထ ဘိက္ခဝေါ၊ သုသမာဟိတသင်္ကပ္ပါ၊ သစိတ္တမနုရက္ခထ။

ဘိက္ခဝေါ၊ ရဟန်းတော်များ အိုချစ်သားတို့ ...။ တုမှေ၊ သင်ချစ်သားတို့သည်, သင်ချစ်သမီးတို့သည်။ အပ္ပမတ္တာ၊ မမေ့မလျော့တဲ့ အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သည်။ ဟောထ၊ ဖြစ်ကြပါကုန်လော။

ကုသိုလ်ရေး လုပ်ငန်းရပ်တို့၌ ဒါနကျင့်စဉ်, သီလကျင့်စဉ်, သမထကျင့်စဉ်, ဝိပဿနာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဒီကုသိုလ်တရားတွေ၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားပြီးတော့ နေထိုင်ကြပါ။

ဘိက္ခဝေါ၊ ရဟန်းတော်များ အိုချစ်သားတို့ ...။ တုမှေ၊ သင်ချစ်သားတို့သည်, သင်ချစ်သမီးတို့သည်။ အပ္ပမတ္တာ၊ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သည်ဖြစ်၍ (ဟောထ၊ နေထိုင်ကြပါကုန်လော့)။ သတိမန္တော၊ သတိရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟောထ၊ ဖြစ်ကြပါကုန်လော။ သုသီလာ၊ ကောင်းမွန်စင်ကြယ်တဲ့ ကိုယ်ကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟောထ၊ ဖြစ်ကြပါကုန်လော။

မှာနေတဲ့ စကားလေးကြည့် ... မိဘတွေ တစ်နေရာရာ သွားခါနီးမှာ မိမိတို့ အလွန်ချစ်မြတ်နိုးနေတဲ့ သားငယ်, သမီးငယ်တို့ကို မှာနေတဲ့ ပုံစံပဲနော်။ သင်ချစ်သားတို့တတွေ ကိုယ်ကျင့်သီလ စင်ကြယ်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ, သတိရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ, ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါစေ။

သုသမာဟိတသင်္ကပ္ပါ၊ ကောင်းစွာတည်ကြည်သော သမာဓိ၊ ကောင်းစွာ ကြံစည်တတ်သော သင်္ကပ္ပတရား ထင်ရှားရှိကြသည်။ ဟောထ၊ ဖြစ်ကြပါကုန်လော။

ကောင်းစွာတည်ကြည်တဲ့ သမ္မာသမာဓိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ကြပါစေ၊ ကောင်းစွာကြံစည်တတ်တဲ့ သမ္မာသင်္ကပ္ပတရားနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ကြပါစေ။ ကောင်းစွာ တည်ကြည်နေတဲ့ သမာဓိရှိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဘာဖြစ်သလဲ?

သမာဓိံ ဘိက္ခဝေ ဘာဝေထ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ သမာဓိံ၊ သမာဓိကို။ ဘာဝေထ၊ ပွားများကြပါကုန်လော့။ သမာဟိတော၊ သမာဓိရှိတဲ့ ပုဂ္ဂိုလ်သည်။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ ကွဲကွဲပြားပြားသိ၏။

ချစ်သားရဟန်းတို့ သမာဓိကို ထူထောင်ကြ။ သမာဓိရှိတဲ့ ပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိတတ်ပါတယ်။ ဘာတွေကို သိလဲ? ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်လို့ခေါ်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ဟုတ်တိုင်းမှန်စွာ သိမယ်။ အကြောင်းတရားတွေ ထင်ရှားရှိခြင်းကြောင့် အကျိုးခန္ဓာငါးပါးဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ သိမယ်။ အကြောင်းတရားတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးခန္ဓာငါးပါး ချုပ်ငြိမ်းပုံကို ဟုတ်တိုင်းမှန်စွာ သိမယ်။ အဲဒီလို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် သင်ချစ်သားတို့ သမာဓိ ထူထောင်ပါ။ ဒီလို ဘုရား တိုက်တွန်းထားတယ်။

ဒါကြောင့် ဒီနေရာမှာလည်း (သုသမာဟိတ =) ကောင်းစွာတည်ကြည်တဲ့ သမာဓိ ရှိတဲ့ပုဂ္ဂိုလ် သင်ချစ်သားတို့ ဖြစ်ကြပါ။ ဒီလို မှာနေတယ်။ သမာဓိရှိမှ ဟုတ်တိုင်းမှန်စွာ သိနေတဲ့ ယထာဘူတဉာဏ်က ပေါ်လာမယ်။ ဒါကြောင့် သမာဓိရှိပါဆိုရင် ဉာဏ်လည်းရှိအောင် ဆက်လက်ကြိုးစားဖို့ ဘုရားက ထပ်ပြီး တိုက်တွန်းနေတယ်။ အဲဒီဉာဏ် ကြိုးစားဖို့ရန်အတွက် ဘာလိုအပ်လဲ?

သမ္မာသင်္ကပ္ပ၊ ကောင်းမွန်မှန်ကန်တဲ့ ကြံစည်စိတ်ကူးမှု သမ္မာသင်္ကပ္ပတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟောထ၊ ဖြစ်ကြပါကုန်လော့။

ကောင်းမွန်မှန်ကန်စွာ ကြံစည်စိတ်ကူးတဲ့ သမ္မာသင်္ကပ္ပတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါစေ။ သမ္မာသင်္ကပ္ပသည် မဂ္ဂင် ၈ ပါးထဲမှာ ပညာမဂ္ဂင် ဖြစ်ပါတယ်။ သမ္မာသင်္ကပ္ပကို ဟောလိုက်ရင် သမ္မာသင်္ကပ္ပနဲ့ အတူယှဉ်တွဲ ဖြစ်ပေါ်နေတဲ့ သမ္မာဒိဋ္ဌိလည်း အကျုံးဝင်သွားပါတယ်။ သုသမာဟိတ ဆိုတာက သမာဓိ။ သမာဓိမဂ္ဂင်ကို ဟောလိုက်လို့ရှိရင် သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ မဂ္ဂင် ၃ ပါး အကုန်လုံး အကျုံးဝင်သွားတယ်။

သုသီလ = ကိုယ်ကျင့်သီလ စင်ကြယ်ပါစေဆိုတော့ သီလမဂ္ဂင် ၃ ပါးလည်း အကျုံးဝင်သွားတယ်။ ဒါကြောင့် ဒီနေရာမှာ ဒီဂါထာလေးဖြင့် မြတ်စွာဘုရားက မဂ္ဂင် ၈ ပါးကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ပါလို့ ဒီလို တိုက်တွန်းနေတယ်။ ဒါကြောင့် -

ဘိက္ခဝေါ၊ ရဟန်းတော်များ အိုချစ်သားတို့...။ တုမှေ၊ သင်ချစ်သားတို့သည်၊ ချစ်သမီးတို့သည်။ သုသီလာ၊ ကိုယ်ကျင့်သီလ စင်ကြယ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဟောထ၊ ဖြစ်ကြပါကုန်လော့။ သတိမန္တော၊ သတိရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟောထ၊ ဖြစ်ကြပါကုန်လော့။ အပ္ပမတ္တာ၊ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားသော ပုဂ္ဂိုလ်တို့သည်။ ဟောထ၊ ဖြစ်ကြပါကုန်လော့။ သုသမာဟိတသင်္ကပ္ပါ၊ ကောင်းစွာတည်ကြည်သော သမာဓိ၊ ကောင်းစွာ ကြံစည်တတ်သော သမ္မာသင်္ကပ္ပတရားနှင့် ပြည့်စုံကြသည်။ ဟောထ၊ ဖြစ်ကြပါကုန်လော့။ သံ စိတ္တံ၊ မိမိတို့၏စိတ်ကို။ အနုရက္ခထ၊ အစဉ်မကွာ ကာကွယ်စောင့်ရှောက်ကြပါကုန်လော့။

မိမိတို့ရဲ့ စိတ်ဓာတ်ကလေးကို ကာကွယ်စောင့်ရှောက်နေကြပါ။ ကိုယ် ကြံချင်တာတွေကို ကြံချင်သလို ကြံရမလား? မကြံရဘူး။ ကိုယ်ပြောချင်တာကို ပြောချင်သလို ပြောရမလား? မပြောရဘူး။ ကိုယ်လုပ်ချင်တာကို လုပ်ချင်သလို လုပ်ရမလား? မလုပ်ရဘူး။ ကာယကံ စင်ကြယ်မှုရှိအောင်၊ ဝစီကံ စင်ကြယ်မှုရှိအောင်၊ မနောကံ စင်ကြယ်မှုရှိအောင် မိမိတို့ရဲ့ စိတ်ဓာတ်ကို အမြဲတမ်း ဖြူစင်အောင် စောင့်ရှောက်နေပါ။ ဘယ်လို စောင့်ရှောက်ရမလဲ? သီလနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမဲ့ နေရာမှာ သီလနဲ့ ဒီစိတ်ဓာတ်ကလေးကို ထိန်းသိမ်းစောင့်ရှောက်ပေးပါနော်။

ဥပမာ - ဒီစိတ်ဓာတ်ကလေးက သူ့အသက် သတ်ချင်တယ်၊ မသတ်ဖြစ်အောင်၊ သူ့ပစ္စည်း မတရားယူချင်တယ်၊ မယူဖြစ်အောင်၊ သူ့သားမယား ဖျက်ဆီးပစ်ချင်တယ်၊ မဖျက်ဆီးအောင်၊ မုသားပြောချင်တယ်၊ မပြောဖြစ်အောင်၊ ကုန်းစကားတွေ ပြောချင်တယ်၊ မပြောဖြစ်အောင်၊ ကြမ်းတမ်းတဲ့ စကားတွေ ပြောချင်လာရင်၊ မပြောဖြစ်အောင်၊ ပြိန်ဖျင်းတဲ့စကားတွေ ပြောချင်လာရင်၊ မပြောဖြစ်အောင် စောင့်ရှောက်ပေးရတယ်။ ဒါက သီလနဲ့ ထိန်းသိမ်းစောင့်ရှောက်နေတာ။ သမာဓိနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် နေရာမှာ သမာဓိနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးပါ။

မနောဒွါရေ အာပတ္တိနာမ နတ္ထိ။

မနောဒွါရမှာ ဖြစ်နေတာကတော့ အာပတ် မသင့်ပါဘူးဆိုတဲ့ စကားလေး ခြေကန်ပြီး ကြံချင်တာတွေ ကြံနေတယ်။ ဘာမှ မဖြစ်ဘူး ဒီလို ထင်ကြတယ်။ ဒီလို မဟုတ်ပါဘူး။ အာပတ် မသင့်ပေမဲ့လို့ အကုသိုလ်က မဖြစ်ဘူးလား? ဖြစ်သွားတယ်။ မကြံသင့်တာ ကြံစည်နေရင် အကုသိုလ် ဖြစ်တာပဲ။ မိစ္ဆာသင်္ကပ္ပ ဖြစ်နေခဲ့ရင် အကုသိုလ်ဖြစ်တာပဲ။ သမ္မာသင်္ကပ္ပ ဖြစ်မှသာလျှင် ကုသိုလ်ဖြစ်တယ်။ ဘာကို သမ္မာသင်္ကပ္ပ ခေါ်လဲမေးတော့ - အထူးသဖြင့် ဒီသမ္မာသင်္ကပ္ပမဂ္ဂင်သည် သမ္မာဒိဋ္ဌိနဲ့ ယှဉ်တွဲပြီးဖြစ်တော့ သမ္မာဒိဋ္ဌိက ဒုက္ခသစ္စာကို သိတဲ့ဉာဏ်ကို သမ္မာဒိဋ္ဌိလို့ ခေါ်တယ်။ သမုဒယသစ္စာကို သိတဲ့ဉာဏ်ကို သမ္မာဒိဋ္ဌိ၊ နိရောဓသစ္စာကို သိတဲ့ဉာဏ်ကို သမ္မာဒိဋ္ဌိ၊ မဂ္ဂသစ္စာကို သိနေတဲ့ဉာဏ်ကို သမ္မာဒိဋ္ဌိ ခေါ်တာဖြစ်တော့ -

ဒုက္ခသစ္စာ အမည်ရနေတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားဆိုတဲ့ အာရုံတွေအပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေတဲ့သဘောက သမ္မာသင်္ကပ္ပ၊ ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ပရမတ်သို့ ထိုးထွင်းစိုက်အောင် သိနေတဲ့ဉာဏ်က သမ္မာဒိဋ္ဌိ။ သမုဒယသစ္စာ အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးတဲ့သဘောက သမ္မာသင်္ကပ္ပ၊ သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိနေတဲ့သဘောက သမ္မာဒိဋ္ဌိ။ နိရောဓသစ္စာပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေတဲ့သဘောက သမ္မာသင်္ကပ္ပ၊ နိရောဓသစ္စာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်နေတဲ့သဘောက သမ္မာဒိဋ္ဌိ။ မဂ္ဂသစ္စာအမည်ရနေတဲ့ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂင် ၈ ပါး အကျင့်မြတ်တရားဆိုတဲ့ အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးတဲ့သဘောက သမ္မာသင်္ကပ္ပ၊ မဂ္ဂသစ္စာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်နေတဲ့သဘောက သမ္မာဒိဋ္ဌိ။ ဒီလို သွားပါတယ်နော်။

အဲဒါကြောင့် ကောင်းစွာ တည်ကြည်တဲ့ သမာဓိ၊ ကောင်းစွာ ကြံစည်စိတ်ကူးတတ်တဲ့ သမ္မာသင်္ကပ္ပတရားတွေနဲ့ ပြည့်စုံခဲ့မယ်ဆိုရင် သမာဓိနဲ့ ထိန်းသိမ်းကွပ်ကဲရမဲ့ နေရာမှာ မိမိစိတ်ကို သမာဓိနဲ့ ထိန်းသိမ်းကွပ်ကဲပေးပါ။ ဝိပဿနာပညာတွေနဲ့ ထိန်းသိမ်းကွပ်ကဲပေးရမဲ့ နေရာမှာ မိမိစိတ်ကို ဝိပဿနာဉာဏ်နဲ့ ထိန်းသိမ်းကွပ်ကဲပေးပါ။ အဲဒီလို သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ပြီးတော့ မိမိရဲ့စိတ်ဓာတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ခဲ့မယ်ဆိုရင် တစ်နေ့မှာ မိမိရဲ့စိတ်ဓာတ်သည် အပြီးတိုင် ဖြူစင်သန့်ရှင်းသွားတဲ့ စိတ်ဓာတ်တစ်ခု ဖြစ်လာလိမ့်မယ်။ ဘယ်အခါမှာလဲ? အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဆိုက်တဲ့အခါမှာတော့ အားလုံး ဖြူစင်သန့်ရှင်းသွားလိမ့်မယ်။

ဒါကြောင့် သင်ချစ်သားတို့တတွေ၊ သင်ချစ်သမီးတို့တတွေသည် မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး နေကြပါ။ ဒီလို တိုက်တွန်းထားတယ်။ ဘယ့်နှယ်တုန်း သာသနာတော်မှာ နေတဲ့ပုဂ္ဂိုလ်တွေဟာ မိမိစိတ်ကို မိမိတို့ ထိန်းသိမ်းစောင့်ရှောက်မှု မပြုသင့်ဘူးလား? (ပြုသင့်ပါတယ်ဘုရား) ပြုသင့်တယ်။ မစောင့်ရှောက်တဲ့စိတ်သည် ဘာဖြစ်မလဲ? ဖြစ်ချင်သလို ဖြစ်သွားမယ်။ မကြံသင့်တာလည်း ကြံမယ်၊ မပြောသင့်တာလည်း ပြောမယ်၊ မပြုသင့်တာလည်း ပြုမယ်။ ဒါကြောင့် မိမိတို့ရဲ့ စိတ်ကို မိမိတို့ ထိန်းသိမ်းစောင့်ရှောက်ပေးပါ ဆိုပြီးတော့ မြတ်စွာဘုရား တိုက်တွန်းထားတယ်။ နောက်ဆက်လက်ပြီး မြတ်စွာဘုရား ဘာတိုက်တွန်းလဲ?

ယော ဣမသ္မိံ ဓမ္မဝိနယေ အပ္ပမတ္တော ဝိဟဿတိ၊ ပဟာယ ဇာတိသံသာရံ ဒုက္ခဿန္တံ ကရိဿတိ။

ယော၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဣမသ္မိံ ဓမ္မဝိနယေ၊ ဤ ဓမ္မဝိနယ သာသနာတော်မြတ်အတွင်း၌။ အပ္ပမတ္တော၊ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားလျက်။ ဝိဟဿတိ၊ နေထိုင်ခဲ့ငြားအံ့။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဇာတိသံသာရံ၊ ပဋိသန္ဓေ အဖန်ဖန် နေရခြင်း ဇာတိဟု ခေါ်ဆိုတဲ့ သံသရာကို။ ပဟာယ၊ ပယ်စွန့်ထားနိုင်ခဲ့သည်ဖြစ်၍။ ဒုက္ခဿန္တံ၊ သံသရာ ဝဋ်ဆင်းရဲ၏ အဆုံးအပိုင်းအခြားကို။ ကရိဿတိ၊ ပြုလုပ်နိုင်ပေလိမ့်မယ်။

ငါဘုရားရှင်ရဲ့ ဒီဆိုဆုံးမထားတဲ့ ဓမ္မဝိနယ သာသနာတော်အတွင်းမှာ ရဟန်းတော်တစ်ပါးသည် ကုသိုလ်တရားတို့၌ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားပြီးတော့ နေထိုင်ခဲ့မယ်ဆိုလို့ရှိရင် ဒီလို နေနေတဲ့ပုဂ္ဂိုလ်၊ အပ္ပမာဒတရား လက်ကိုင်ထားပြီးတော့ ငါဘုရားရဲ့ သာသနာတော်အတွင်းမှာ နေထိုင်တဲ့ပုဂ္ဂိုလ်သည် ပဋိသန္ဓေ အဖန်ဖန် နေရခြင်းဆိုတဲ့ ဇာတိတည်းဟူသော သံသရာကြီးကို လွန်မြောက်ပြီးတော့ သံသရာ ဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ်နိုင်ပါပေလိမ့်မယ် ဆိုပြီးတော့ အကျိုးတရားကို မြတ်စွာဘုရား ဟောထားတယ်နော်။

ဒါကြောင့် သံသရာ ဝဋ်ဆင်းရဲ ကုန်ခန်းချင်တဲ့ သူတော်ကောင်းမှန်ခဲ့ရင် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားရမလား၊ မထားရဘူးလား? ထားရတော့မယ်။ ဒါကြောင့် မြတ်စွာဘုရားက အပ္ပမာဒတရားကို မင်္ဂလာတစ်ခုအဖြစ်နဲ့ ဟောတယ်။ ဒီတော့ သံသရာဝဋ်ဆင်းရဲမှာ ကျင်လည်နေတဲ့ သတ္တဝါတစ်ဦးက ဒီလို ပြည့်စုံနေတဲ့ အပ္ပမာဒတရားကို လက်ကိုင်ထားပြီဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခလည်း ပါရမီအားလျော်စွာ ကုန်ကောင်း ကုန်သွားနိုင်တယ်။ မကုန်သေးဘူးထား သံသရာခရီးမှာ အဆင့်မြင့်မားစွာနဲ့ ဆက်ပြီး ခရီးမသွားရဘူးလား? သွားရမယ်။ လောကီအကျိုးစီးပွား၊ လောကုတ္တရာအကျိုးစီးပွား ၂ မျိုးကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိခြင်းကြောင့် ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရားကိုလည်း မြတ်စွာဘုရားက မင်္ဂလာလို့ ဟောတယ်နော်။

အဲဒီတော့ ဒီမင်္ဂလာတရားတွေကို လက်တွေ့ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်တွေမှာ အကျိုးရှိသလား၊ မရှိဘူးလားဆိုတာနဲ့ ပတ်သက်ပြီးတော့ ဟိုး ဓမ္မပဒ အဋ္ဌကထာမှာ ရက္ကန်းသည်မလေးတစ်ဦးအကြောင်း ဖွင့်ဆိုထားပါတယ်။ အားလုံး ကြားဖူးလိမ့်မယ် ထင်တယ်။

တစ်ချိန်မှာပေါ့လေ... မြတ်စွာဘုရား အာဠဝီပြည်ကို ကြွသွားတော်မူပါတယ်။ အာဠဝီပြည် မြတ်စွာဘုရား ရောက်သွားတော်မူတဲ့အချိန်မှာ ဘုရားရှင် ဆိုက်ရောက်လာပြီဆိုတာ အာဠဝီ ပြည်သူပြည်သားတွေ ကြားတော့ ဘုရားရှင်ထံ ချဉ်းကပ်ပြီး တရားနာယူဖို့ရန် အသီးသီး နေရာယူနေကြတယ်။ ထိုအချိန်အခါမှာ ရက္ကန်းသည်မလေးတစ်ဦး ဖခင်က ရက္ကန်းရုံကို အသွားခိုင်းလိုက်တဲ့အတွက် ရက်ဖောက်တွေလွယ်ပြီး တောင်းလေးတစ်ခုထဲ ထည့်ပြီးအလာ ဘုရားရှင် တရားပွဲနဲ့တော့ ဆုံနေပြီ။ ဘုရားရှင် ကြွလာပြီး တရားဟောမယ်ဆိုတဲ့သတင်း မကြားလို့တော့ မဟုတ်ဘူး၊ ကြားတယ်။ ဒါပေမဲ့ ဖခင်ခိုင်းထားတဲ့ လုပ်ငန်းရှိခြင်းကြောင့် ဒီလုပ်ငန်းကိစ္စကို အရင် ရွက်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် သွားတယ်။ သွားလိုက်တဲ့ အချိန်ခါမှာ ပရိသတ်ကလည်း စုဝေးနေပြီ၊ ဘုရားရှင်ကလည်း တရားဟောတော့မယ်ဆိုတော့ ကဲ ရက်ဖောက်တောင်းလေး ချပြီးတော့ အဲဒီမှာ တရားဝင်ပြီးတော့ နာတယ်။ တရားဝင်နာလိုက်တဲ့အခါ ဘုရားရှင်က ဒီအမျိုးသမီးလေးကို ရှေးဦးစွာ မေးကြည့်တယ်နော် -

“မိန်းကလေး သင်ဘယ်က လာသလဲ?” လို့ မေးကြည့်တယ်။ မေးလိုက်တဲ့အခါမှာ သူက -

“မသိပါဘူး ဘုရား ...” ဆိုပြီးတော့ ပြန်လျှောက်ထားတယ်။

“ဘယ်သွားမလဲ?” မေးတော့

“အဲဒါလည်း တပည့်တော် မသိဘူး” လို့ ပြန်လျှောက်ထားပြန်တယ်။

“တကယ်မသိဘူးလား?” မေးလိုက်တဲ့ အခါကျတော့

“သိပါတယ်ဘုရား ...” ဆိုပြီးတော့ ပြန်ဖြေတယ်။

“သိပါသလား?” လို့ မြတ်စွာဘုရား စတုတ္ထမြောက်မေးခွန်း ထပ်မေးတဲ့အခါ

“တပည့်တော် မသိပါဘူး” လို့ ပြန်ဖြေတယ်။

ကဲ ... ဘယ့်နှယ်တုန်း ဘုရားကို အရွဲ့တိုက်တဲ့ ပုံစံမျိုးလို့ ဘေးက နည်းနည်းလေး ထင်လာတယ်။ ဘယ့်နှယ်တုန်း ဘုရားရှင်တစ်ဦးကို ဒီမိန်းကလေးက ဘာဖြစ်လို့ ဒီလို ပြန်ပြီး အဖြေပေးနေရသလဲဆိုတော့ ပရိသတ်က နည်းနည်းလေး ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ဖြစ်လာပြီ။ အထင်လွဲနေတယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်က ပရိသတ်တွေ အထင်လွဲနေတာ သိခြင်းကြောင့် ဒီမိန်းကလေးကို ပြန်ပြီးတော့ မေးတယ် -

“ကဲ ... ငါဘုရားရှင်က မိန်းကလေး ဘယ်ကလာသလဲလို့ မေးလိုက်တဲ့ အချိန်ခါမှာ သင်က မသိဘူးလို့ ဖြေတယ်။ ဘာကို ရည်ရွယ်ပြီးတော့ ဒီလို မသိဘူးလို့ အဖြေပေးရသလဲ?”

“မြတ်စွာဘုရား ... တပည့်တော် အိမ်ကနေ လာတယ်ဆိုတာ မြတ်စွာဘုရား သိပြီး ဖြစ်ပါတယ်။ ဒီအိမ်ကလာတာကို ရည်ရွယ်ပြီး ဘုရားရှင် မေးနေတာ မဟုတ်ဘူးဆိုတာ တပည့်တော် နားလည်တယ်။ တပည့်တော်က မြတ်စွာဘုရား မေးနေတာက ဘယ်ဘဝက လာခဲ့သလဲလို့ မေးနေတယ်ဆိုတာ တပည့်တော် သဘောပေါက်ပါတယ်။ ဒါကြောင့် တပည့်တော်က ဘယ်ဘဝက လာခဲ့တယ်ဆိုတာ တပည့်တော် မသိတဲ့အတွက် မသိပါဘူးဘုရားလို့ တပည့်တော် လျှောက်ထားပါတယ်လို့” ဖြေတယ်။

ဘုရားရှင် သာဓုခေါ်တယ်။ ဘုရားရှင်ဆိုလိုတဲ့ ဒီအဓိပ္ပါယ်ကို ဒီကလေးက ကျကျနားလည်တယ်။ ဘာဖြစ်လို့ နားလည်တယ်ဆိုတာကို ဘုန်းကြီး နောက်မှ ထပ်ပြောမယ်။ နောက်တစ်ခါ -

“ကဲ ဒီလိုဆိုလို့ရှိရင် ဘယ်သွားမလဲလို့ ငါဘုရားမေးတဲ့အခါ သင်ကလည်း မသိပါဘူးလို့ ပြန်လျှောက်ထားတယ်။ သင်လျှောက်ထားတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ပြန်ပြီးတော့ ရှင်းပြစမ်းပါဦး” ထပ်ပြီး မြတ်စွာဘုရားက အမိန့်ရှိတယ်။

“မြတ်စွာဘုရား ... တပည့်တော်ဟာ ရက္ကန်းရုံ သွားမယ်ဆိုတာ မြတ်စွာဘုရား သိပြီး ဖြစ်ပါတယ်။ ရက္ကန်းရုံ သွားတာကို ဘုရားရှင် ရည်ရွယ်ပြီး မေးနေတာ မဟုတ်ဘူးဆိုတာ တပည့်တော် နားလည်တယ်။ ဘုရားရှင် မေးနေတာက သင်ဒီဘဝကနေ သေသွားခဲ့ရင် ဘယ်ဘဝ သွားမလဲ ဒီမေးခွန်း တပည့်တော်ကို မေးနေတာ နားလည်တယ်။ တပည့်တော် ဘယ်ဘဝ ရောက်မယ်ဆိုတာ မသိဘူးဘုရား ...။ ဒါကြောင့် ဘယ်သွားမလဲလို့ မေးတဲ့အခါမှာ တပည့်တော်က မသိတဲ့အတွက်ကြောင့် မသိပါဘူးလို့ ဒီလို လျှောက်ထားတာပါ” ။ ဘုရားရှင်ကလည်း သာဓုခေါ်တယ်။

ဟော ဒုတိယအကြိမ် ဘယ့်နှယ်တုန်း ပရိသတ်တွေ မြတ်စွာဘုရားက ဒကာကြီးတွေ, ဒကာမကြီးတွေ ခုလိုပဲ မေးမယ်။ ဘယ်က လာသလဲလို့ မေးရင် ဘယ်လိုဖြေမလဲ? ဒီအတိုင်းပဲနော်။ မသိတာကို မဖြစ်စေချင်ဘူး။ သိအောင် ဘုန်းကြီးက ကြိုးစားစေချင်လို့ပါ။ ဘယ်သွားမလဲလို့ မေးရင်ကော။ ဟော အဲဒါတော့ သိအောင် ကြိုးစားရမယ်လို့ ဘုရားရှင်က ဆိုလိုတာပဲ။ ကဲ နောက်တစ်ခု ဘုရားရှင်က ဆက်ပြီး မေးတယ်။

“ကဲ ... ငါဘုရားရှင်က မသိဘူးလားလို့ မေးလိုက်တဲ့ အချိန်ခါကျတော့၊ သင်က သိပါတယ်လို့ ပြန်ဖြေတယ်။ အဲဒါ ဘယ်လို သဘောနဲ့ ပြန်ဖြေသလဲ?”

“မြတ်စွာဘုရား ... မသိဘူးလားလို့ မေးတာဟာ သင်ဟာ တစ်နေ့ သေရမယ်ဆိုတာ မသိဘူးလားလို့ ဒီလို ရည်ရွယ်ပြီး မေးတယ်လို့ တပည့်တော် နားလည်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ တပည့်တော် ကျိန်းသေဧကန် သေရမယ်ဆိုတာ တပည့်တော် နားလည်ပါတယ်။ ဒါကြောင့် တပည့်တော် သိပါတယ်လို့ ပြန်ဖြေပါတယ်” ။ ဘုရားရှင်ကလည်း သာဓု ခေါ်တယ်။

ဒီရည်ရွယ်ချက်အတိုင်း ငါလည်း မေးတာပဲနော်။ နောက်တစ်ခု သိပါသလားလို့ မြတ်စွာဘုရားက စတုတ္ထမေးခွန်း မေးတယ်။ အဲဒီအခါမှာလည်း သူက မသိပါဘူးဆိုပြီး ပြန်ဖြေပြန်တယ်။ အဲဒါ ဘယ်လို ရည်ရွယ်ချက်နဲ့ အဲဒီလို ပြန်ဖြေရသလဲလို့ မေးလိုက်တဲ့အခါမှာ သူက ဘာပြန်ပြီးတော့ လျှောက်ထားလဲ? ဘယ်နေ့, ဘယ်ရက်, ဘယ်အချိန်ခါမှာ သေကျေပျက်စီးရမယ်ဆိုတာ သင်သိသလားလို့ ဘုရားရှင် မေးနေတာတဲ့။ တပည့်တော်က ဘယ်နှစ်, ဘယ်လ, ဘယ်ရက်, ဘယ်အချိန်ခါမှာ သေရမယ်ဆိုတာ တပည့်တော် အတိအကျ မသိပါဘူး။ ဒါကြောင့် တပည့်တော် မသိပါဘူးလို့ ပြန်ပြီးတော့ လျှောက်ထားတာပါ။ ဘုရားရှင် သာဓုခေါ်တယ်။ ဘာဖြစ်လို့ ဒီအမျိုးသမီးလေးက ဒီလို ပြောနိုင်သလဲ? အကြောင်းရှိပါတယ်နော်။ အကြောင်းရှိပေမဲ့လို့ ဒီပရိသတ်ကို ဘုရားရှင်က ဂါထာလေး ၁-ခု ဆက်ပြီး ဟောတယ်။ ဘယ်လို ဟောလဲ?

အန္ဓဘူတော အယံလောကော၊ တနုကေတ္ထ ဝိပဿတိ။

သကုန္တော ဇာလမုတ္တောဝ၊ အပ္ပော သဂ္ဂါယ ဂစ္ဆတိ။

အယံလောကော၊ ဤသတ္တဝါအပေါင်းသည်။ အန္ဓဘူတော၊ မျက်စိကန်း၍နေသော သတ္တဝါအပေါင်းကြီး ဖြစ်ကြပါပေ၏၊ ပညာမျက်စိ ကန်းနေတဲ့ သတ္တဝါအပေါင်း ဖြစ်နေပြီ။ ဒီလောကဟာ ဧတ္ထ၊ ဤလောက၌။ ဝိပဿတိ၊ မှန်မှန်ကန်ကန် သိမြင်တတ်တဲ့ ဝိပဿနာဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်သည်ကား၊ သို့မဟုတ် ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဝိပဿတိ၊ မှန်မှန်ကန်ကန် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တတ်၏။ သော၊ ထိုမှန်ကန်သော ဝိပဿနာဉာဏ်ရှိနေတဲ့ ပုဂ္ဂိုလ်သည်ကား။ တနုကော၊ အလွန့်အလွန် နည်းပါးလှပါပေ၏၊

အမှန်အတိုင်း ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တတ်တဲ့ပုဂ္ဂိုလ်ဆိုတာ ဒီလောကမှာ နည်းနည်းလေးပါတဲ့။

သကုန္တော ဇာလမုတ္တောဝ၊ အပ္ပော သဂ္ဂါယ ဂစ္ဆတိ။

ဇာလမုတ္တော၊ မိနေတဲ့ ပိုက်ကွန်အတွင်းမှ လွတ်မြောက်၍ သွားသော ငှက်သည် နည်းပါးသကဲ့သို့သာလျှင်။ ဧဝံ၊ ဤအတူ။ သဂ္ဂါယ၊ နတ်ရွာ နိဗ္ဗာန်သို့။ အပ္ပော၊ အနည်းငယ်သော သတ္တဝါသည်သာလျှင်။ ဂစ္ဆတိ၊ ရောက်ရှိ၍ သွားနိုင်ပါပေ၏၊

ပိုက်ကွန်မိနေတဲ့ ငှက်တွေရှိတယ်။ အဲဒီ ငှက်တွေထဲမှာ ပိုက်ကွန်အတွင်းက လွတ်မြောက်သွားတယ်ဆိုတဲ့ ငှက်သည် နည်းနည်းလေးသာ ဖြစ်တယ်။ အဲဒီ ပုံစံအတိုင်းပဲ နတ်ရွာသုဂတိသို့ ရောက်သွားတယ်ဆိုတဲ့ သတ္တဝါသည် နည်းနည်းပါးပါးလေးသာ လောကမှာ ရှိတယ်။ နိဗ္ဗာန်သို့ ရောက်သွားတဲ့ သတ္တဝါဟာလည်း နည်းနည်းပဲ ရှိပါတယ်ဆိုပြီးတော့ မြတ်စွာဘုရား ဒီဂါထာကို ဟောတယ်။ အဲဒီ ဂါထာဟောပြီးတဲ့ အချိန်ခါမှာ မြတ်စွာဘုရားက သစ္စာလေးပါးနဲ့ စပ်တဲ့တရားစကားတွေကို ပရိသတ်အား ဆက်လက်ဟောကြား ဆိုဆုံးမတော်မူပါတယ်။ တရားဒေသနာ ပြီးဆုံးသွားတဲ့ အခါမှာ ဒီရက္ကန်းသည်မလေးဟာ သောတာပတ္တိ မဂ်ဉာဏ်, ဖိုလ်ဉာဏ် တည်သွားတယ်။ ဘာဖြစ်လို့လဲ?

ဘုရားရှင်က ဒုက္ခသစ္စာအကြောင်း ဟောပြောနေတဲ့ အချိန်မှာ ဒီအမျိုးသမီးလေးက ဒုက္ခသစ္စာတရား၊ ခန္ဓာငါးပါး ရုပ်တရား, နာမ်တရားတွေကို စနစ်တကျ လိုက်ပြီးရှုနိုင်တယ်။ ဘုရားရှင်က သမုဒယသစ္စာကို ဟောကြားပြသ ဆိုဆုံးမလိုက်တဲ့ အခါလည်း သမုဒယသစ္စာတရားတွေကို ဟုတ်တိုင်းမှန်စွာ လိုက်ပြီးရှုနိုင်တယ်။ ထိုဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရား နှစ်ပါးကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုဖို့ရန် ဘုရားရှင်က ညွှန်ကြားလိုက်တဲ့အပိုင်းမှာလည်း ဒီအမျိုးသမီးက လိုက်ပြီးတော့ ရှုနိုင်တဲ့ စွမ်းအားလေးတွေ ရှိလာတယ်။

ဘုရားရှင်က နိရောဓသစ္စာခေါ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အကြောင်းကို ဟောလိုက်တဲ့အချိန်ခါမှာ ဒီအမျိုးသမီးလေးရဲ့သန္တာန်မှာ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာတဲ့အတွက် ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ ဖြစ်ပေါ်နိုင်တဲ့စွမ်းအားရှိတဲ့ နိဗ္ဗာန်ကိုလည်း သူက လှမ်းပြီးတော့ အာရုံယူနိုင်သွားတယ်။ အဲဒီအခါမှာ သူ့သန္တာန်မှာလည်း မဂ္ဂသစ္စာတရား ထင်ရှားဖြစ်ပေါ်လာတယ်။ သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေကို ဘုရားရှင်က ဟောကြားလိုက်တဲ့အခါမှာ ဘုရားရှင်ရဲ့ ဒေသနာတော်နောက်သို့ ဉာဏ်စေလွှတ်ပြီး လိုက်၍ ရှုပွားသုံးသပ်နိုင်တဲ့အတွက် ဘုရားရှင်ရဲ့ ဒေသနာနိဂုံး ပြီးဆုံးတဲ့ အချိန်ခါမှာ ဒီအမျိုးသမီးလေးသည် သောတာပတ္တိ မဂ်ဉာဏ်, ဖိုလ်ဉာဏ် တည်သွားခြင်းဖြစ်တယ်။ ဘာဖြစ်လို့ ဒီလို သောတာပတ္တိ မဂ်ဉာဏ်, ဖိုလ်ဉာဏ် တည်ရသလဲလို့ မေးတော့ -

ဒီအမျိုးသမီးလေးဟာ အပ္ပမာဒတရား၊ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရားကို လက်ကိုင်ထားခဲ့တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်တယ်။ ဘယ်လို သူက လက်ကိုင်ထားသလဲ? ခုအကြိမ် မတိုင်မီပေါ့။ တစ်ချိန်တုန်းက မြတ်စွာဘုရား ဒီအာဠဝီပြည်ကို ကြွခဲ့ဖူးတယ်။ တစ်ချိန်ဆိုတာကတော့ လွန်ခဲ့တဲ့ ၃-နှစ်လောက်က ဆိုပါစို့။ ခု သောတာပတ္တိ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မတည်ခင် ၃-နှစ်လောက်က ဒီအာဠဝီပြည်ကို မြတ်စွာဘုရား တစ်ချိန် ကြွခဲ့တုန်းက မရဏာနုဿတိကမ္မဋ္ဌာန်း သို့မဟုတ် မရဏဿတိကမ္မဋ္ဌာန်းကို ဟောကြားပြသ ဆိုဆုံးမ ထားတော်မူခဲ့ပါတယ်။

အာဠဝီ ပြည်သူပြည်သားတွေက တရားနာပြီး မေ့မေ့ပျောက်ပျောက် နေကြတယ်။ ဒီအမျိုးသမီးလေးကတော့ ဘုရားရှင် ဟောသွားတဲ့ ဒီမရဏာနုဿတိကမ္မဋ္ဌာန်းကို စနစ်တကျ စီးဖြန်းနေပါတယ်။ စီးဖြန်းလိုက်တဲ့အတွက် သူ့သန္တာန်မှာ ကောင်းမွန်မှန်ကန်နေတဲ့ သုသမာဟိတခေါ်တဲ့ ကောင်းစွာ တည်ကြည်တဲ့ သမာဓိက ရှိနေပြီနော်။ ကောင်းစွာတည်ကြည်တဲ့ သမာဓိ ရှိနေပြီဆိုရင် ဘာဖြစ်သလဲ?

သမာဟိတော ယထာဘူတံ ပဇာနာတိ ပဿတိ။

သမာဓိရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဟုတ်တိုင်းမှန်စွာ သိမြင်နေတဲ့ ဉာဏ်ပေါ်လာမယ်။ ဒီမရဏာနုဿတိကမ္မဋ္ဌာန်းက ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်တဲ့စွမ်းအား အပြည့်အဝ ရှိနေတယ်။ ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိနေခြင်းကြောင့် ဝိပဿနာရဲ့ အခြေပါဒကဖြစ်တဲ့ ဒီဥပစာရသမာဓိကို အဆင့်အတန်းမြင့်မြင့် ထူထောင်ထားနိုင်တဲ့ ဒီအမျိုးကောင်းသမီးလေး ထိုအချိန်ခါမှာ ဘုရားရှင်က သစ္စာလေးပါးနဲ့ စပ်နေတဲ့ တရားစကားတွေကို စနစ်တကျ ဟောပေးတယ်။ သူ သမာဓိ ထူထောင်နေတာ ဘယ်နှစ်နှစ် ကြာသလဲ? ၃-နှစ်ကြာပါတယ်။

ယောဂီတွေ တရားအားထုတ်နေတာ ဘယ်နှစ်နှစ် ကြာပြီလဲ? ဟင် နည်းနည်းလေးပါ့လေ။ ၁-လလောက်, ၁၀-ရက်လောက် အားထုတ်လိုက်လို့ သမာဓိ မဖြစ်ရင် စိတ်ဓာတ်ကျဆင်းဖို့ လိုသေးလား? မလိုပါဘူး။ ရှေးရှေး သူတော်ကောင်းတွေတောင်မှ နှစ်နဲ့ချီပြီး အားထုတ်ရမယ်ဆိုရင် တို့လည်း နှစ်နဲ့ချီပြီးတော့ အားထုတ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူဖို့ မကောင်းဘူးလား? ဟင် ဟိုးနောက်က ဒကာမကြီးတွေတစ်အုပ် ပြောကြစမ်းပါဦး။ ဟင် [?] အဲ ဟုတ်ပြီ။ ဘုန်းကြီး အားရှိအောင်အတွက် နည်းနည်းတော့ ပြောပေးမှ ဖြစ်မယ်ထင်တယ်နော်။ နှစ်နဲ့ ချီပြီးတော့ ရှေးသူတော်ကောင်းတွေက အားထုတ်ကြတာပါ။ တချို့တချို့တွေ အနှစ် ၃၀-အထိ အားထုတ်တယ်။ အဲဒီတော့ ဒကာ, ဒကာမကြီးတွေသာ နှစ်ပေါင်း ၃၀-လောက် အားထုတ်မယ်ဆိုရင် ဘုန်းကြီးတော့ အင်မတန် ဝမ်းသာသွားမယ်။ ကဲ လောကမှာ ပညာမျက်စိကန်းနေတဲ့ သူတွေက သိပ်ပြီးတော့များတယ်။ ဘာကြောင့်များရသလဲ?

သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ခေါ်တဲ့ ဒီကျင့်ဝတ်ပဋိပတ်ကို မေ့လျော့နေတဲ့ပုဂ္ဂိုလ်က များလို့ ပညာမျက်စိက ကန်းနေတာ။ အကယ်၍ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ခေါ်တဲ့ ဒီကျင့်ဝတ်ပဋိပတ်တွေအပေါ်၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားနိုင်မယ်ဆိုရင် ထိုထားနိုင်ကြတဲ့ပုဂ္ဂိုလ်တွေမှာ ပညာမျက်စိဆိုတာ ပေါ်မလာဘူးလား? ပေါ်လာပြီ။ ခုအမျိုးသမီးလည်း ဒီအတိုင်းပဲနော်။ ဒါကြောင့် ဘုရားရှင်ရဲ့ တရားတွေက နာယူတယ်။ နာယူပြီးလို့ရှိရင် မေ့မေ့ပျောက်ပျောက် နေရမဲ့ တရားမျိုး ဟုတ်သလား? မဟုတ်ဘူး။ နာယူထားတဲ့အတိုင်း ဒီတရားတော်တွေကို ရိုသေစွာ စနစ်တကျ ဖြည့်ကျင့် ...

ll47zojxtmfbp20sxpsqv9hn0sigm0f
မင်္ဂလသုတ်-၇၂/၉၇
0
6307
21995
2026-05-22T21:12:49Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၇၂/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၇၁..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
21995
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၇၂/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၇၁/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၇၃/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ်-၇၃

သာသနာတော် အရှည်တည်တံ့ ခိုင်မြဲရေး အကြောင်းတရားတွေကို အရှင်ကိမိလမထေရ်က မြတ်စွာဘုရားကို ထပ်ပြီးတော့ မေးပါတယ်။ မေးလိုက်တဲ့ အချိန်ခါမှာ ဘုရားရှင်ဘက်က ဘယ်လိုများ အဖြေပေးလဲ?

‘‘ဣဓ, ကိမိလ, တထာဂတေ ပရိနိဗ္ဗုတေ ဘိက္ခူ ဘိက္ခုနိယော ဥပါသကာ ဥပါသိကာယော သတ္ထရိ သဂါရဝါ ဝိဟရန္တိ သပ္ပတိဿာ, ဓမ္မေ သဂါရဝါ ဝိဟရန္တိ သပ္ပတိဿာ, သံဃေ သဂါရဝါ ဝိဟရန္တိ သပ္ပတိဿာ, သိက္ခာယ သဂါရဝါ ဝိဟရန္တိ သပ္ပတိဿာ, အညမညံ သဂါရဝါ ဝိဟရန္တိ သပ္ပတိဿာ။ အယံ ခေါ, ကိမိလ, ဟေတု အယံ ပစ္စယော, ယေန တထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော စိရဋ္ဌိတိကော ဟောတိ’’

ကိမိလ၊ ချစ်သား ကိမိလ...။ ဣဓ၊ ဤသာသနာတော်မြတ်ကြီး၌။ တထာဂတေ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန် ဝင်စံရုပ်သိမ်း ချုပ်ငြိမ်းတော်မူခဲ့သည်ရှိသော်။ ဘိက္ခူ၊ ရဟန်းယောက်ျားတို့သည်လည်းကောင်း။ ဘိက္ခုနိယော၊ ရဟန်းမိန်းမတို့သည်လည်းကောင်း။ ဥပါသကာ၊ ရတနာသုံးပါးကို ရိုသေဆည်းကပ်နေကြကုန်သော ဥပါသကာ လူဒါယကာ အပေါင်းတို့သည်လည်းကောင်း။ ဥပါသိကာယော၊ ရတနာသုံးပါးကို ရိုသေလေးမြတ် ဆည်းကပ်၍ နေကြကုန်သော လူ ဥပါသိကာ ဒါယိကာမအပေါင်းတို့သည်လည်းကောင်း။ သတ္ထရိ၊ မြတ်စွာဘုရားရှင်မြတ်အပေါ်၌။ သဂါရဝါ၊ ရိုသေလေးစားမှု ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ သပ္ပတိဿာ၊ ရိုသေတုံ့ဝပ်မှု ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

ဓမ္မေ၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်၌။ သဂါရဝါ၊ ရိုသေလေးစားမှု ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ သပ္ပတိဿာ၊ တုံ့ဝပ်ရိုကျိုးမှု ထင်ရှား ရှိကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

သံဃေ၊ အရိယာသံဃာတော်မြတ်အပေါ်၌။ သဂါရဝါ၊ ရိုသေလေးစားခြင်း ထင်ရှား ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ သပ္ပတိဿာ၊ တုံ့ဝပ်ရိုကျိုးမှု ထင်ရှား ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

သိက္ခာယ၊ သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌။ သဂါရဝါ၊ ရိုသေလေးစားမှု ထင်ရှား ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ သပ္ပတိဿာ၊ တုံ့ဝပ်ရိုကျိုးမှု ထင်ရှား ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

အညမညံ၊ အချင်းချင်း တစ်ပါးကိုတစ်ပါး, တစ်ဦးသည် တစ်ဦးအပေါ်၌။ သဂါရဝါ၊ ရိုသေလေးစားမှု ထင်ရှား ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ သပ္ပတိဿာ၊ တုံ့ဝပ်ရိုကျိုးသော ဆန္ဒရှိသည်ဖြစ်လျက်။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

ကိမိလ၊ ချစ်သား ကိမိလ...။ ယေန၊ အကြင် အကြောင်းတရားကြောင့်။ တထာဂတေ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ရုပ်သိမ်းတော်မူခဲ့သော်။ သဒ္ဓမ္မော၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးသည်။ စိရဋ္ဌိတိကော၊ ကြာမြင့်စွာ တည်တံ့ခြင်းရှိသည်။ ဟောတိ၊ ဖြစ်လေရာ၏။ သော ဟေတု၊ ထိုကဲ့သို့ တိုက်ရိုက် ဖြစ်ပေါ်စေနိုင်သော ဟေတု အကြောင်းတရားသည်ကား။ အယံခေါ၊ ဤသည်ပင်တည်း။ သော ပစ္စယော၊ ထိုကဲ့သို့ အားပေးထောက်ပံ့နေတဲ့ ပစ္စယ အကြောင်းတရားသည်ကား။ အယံခေါ၊ ဤသည်ပင်တည်း။

သာသနာတော် အရှည်တည်တံ့ ခိုင်မြဲရေး အကြောင်းကို အရှင်ကိမိလမထေရ်မြတ်က မေးမြန်းလျှောက်ထားတဲ့အတွက် ဘုရားရှင်က အကြောင်းတရား ငါးမျိုး ပြန်ပြီးတော့ ဟောပြတယ်။ ငါဘုရားရှင်ရဲ့ သာသနာတော်ကို မှီတင်းပြီး နေထိုင်ကြတဲ့ ရဟန်းယောက်ျားတွေ, ရဟန်းမိန်းမတွေ, ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေကြတဲ့ လူဥပါသကာ ဒါယကာတွေ, လူ ဥပါသိကာ ဒါယိကာမတွေ။ အဲဒီလို ပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရားအပေါ်၌ ရိုသေလေးစားသော စိတ်ထား, တုံ့ဝပ်ရိုကျိုးသော စိတ်ထားဖြင့် သာသနာတော်ကို မှီတင်းပြီး နေထိုင်ကြမယ်ဆိုရင် - နံပါတ်တစ် အင်္ဂါရပ်။

နံပါတ်နှစ် - မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မခန်ဟု ခေါ်ဆိုအပ်တဲ့ ဆယ်တန်ထင်ပေါ် တရားတော်မြတ်အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိလျက် နေထိုင်ကြမယ်, တုံ့ဝပ်ရိုကျိုးသော စိတ်ထားရှိလျက် နေထိုင်ကြမယ်ဆိုရင် -

နံပါတ်သုံး - ရှစ်ယောက်ထင်ပေါ် အရိယာအရှင်သူမြတ်တို့အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိလျက် နေထိုင်ကြမယ်ဆိုရင်, တုံ့ဝပ်ရိုကျိုးသောစိတ်ထား ထင်ရှားရှိလျက် နေထိုင်ကြမယ်ဆိုရင် -

နံပါတ်လေး - သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေအပေါ်၌ ရိုသေလေးစားသောစိတ်ထား ရှိလျက် နေထိုင်ကြမယ်ဆိုရင်, တုံ့ဝပ်ရိုကျိုးတဲ့စိတ်ထား ထင်ရှားရှိလျက် နေထိုင်ကြမယ်ဆိုရင် -

နံပါတ်ငါး - အချင်းချင်း တစ်ပါးသည်တစ်ပါး၊ တစ်ဦးသည်တစ်ဦး အပေါ်၌ ရိုသေလေးစားသောစိတ် ထင်ရှားရှိလျက် နေထိုင်ကြမယ်ဆိုရင်, တုံ့ဝပ်ရိုကျိုးသောစိတ်ထား ထင်ရှားရှိလျက် နေထိုင်ကြမယ်ဆိုရင် - ငါဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးတဲ့ နောက်ပိုင်းကာလ၌ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးသည် အရှည်ခိုင်ခံ့ တည်တံ့၍ နေပေလိမ့်မယ်။ သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့နေတဲ့ အကြောင်းတရားသည် ဒီ ၅-မျိုးပဲ ဖြစ်တယ်။ ဒီလို မြတ်စွာဘုရားက ဟောထားတယ်။

ဒီတော့ သာသနာတော်မှာနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုရားရှင်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့မလိုအပ်ဘူးလား? လိုအပ်တယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့ အချိန်ခါမှာလည်း ဘုရားရှင်အပေါ် ရိုသေလေးစား တုံ့ဝပ်တဲ့စိတ်ထား ရှိဖို့ လိုတယ်။ ဒါ နံပါတ်တစ်။ မိမိတို့က သာသနာတော်ကြီးကို ချစ်မြတ်နိုးပါတယ်။ သာသနာတော်ကြီး အရှည်တည်တံ့ ခိုင်ခံ့ချင်ပါတယ်ဆိုရင် မိမိကိုယ်ကို မိမိ အရင်စပြီး သာသနာပြုဖို့တော့ မလိုအပ်ဘူးလား? လိုအပ်တယ်။ သူများကို သာသနာပြုချင်နေတဲ့ ပုဂ္ဂိုလ်မှန်ခဲ့ရင် မိမိကိုယ်ကို မိမိ အောင်မြင်စွာ သာသနာပြုတတ်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်နော်။ ကိုယ့်ကိုကိုယ်တော့ သာသနာမပြုဘူး၊ သူများကိုတော့ သာသနာပြုတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေ ဘယ်လို ဖြစ်မလဲ? နောက်ပြီးတော့မှ အဲဒီပုဂ္ဂိုလ်အကြောင်း ဘုန်းကြီး သီးသန့်ထပ်ပြောမယ်။

ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးတဲ့ နောက်ပိုင်းကာလမှာ ဘုရားရှင်အပေါ်၌ ရိုသေတုံ့ဝပ်တဲ့စိတ်ဓာတ် ရှိဖို့လိုတယ် - ဒါ နံပါတ်တစ်။ နံပါတ်နှစ်က မဂ်ဉာဏ် ၄-ပါး, ဖိုလ်ဉာဏ် ၄-ပါး, နိဗ္ဗာန်, ဘုရားရှင် ဟောကြားထားတဲ့ ပရိယတ်တရားတော် ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? ၁၀-ခု။ ဒီဆယ်တန်ထင်ပေါ် တရားတော်မြတ်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့လိုအပ်တယ်, တုံ့ဝပ်ရိုကျိုးနေတဲ့စိတ်ထား ရှိဖို့လိုအပ်တယ်။

နောက် နံပါတ်သုံး - မဂ်ပုဂ္ဂိုလ် ၄-ယောက်, ဖိုလ်ပုဂ္ဂိုလ် ၄-ယောက်လို့ ခေါ်ဆိုအပ်တဲ့ အရိယာသံဃာတော်မြတ်တို့အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့လိုတယ်, တုံ့ဝပ်ရိုကျိုးနေတဲ့စိတ်ထား ရှိဖို့လိုတယ်။ နောက် နံပါတ်လေး - မိမိ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့ သိက္ခာ ၃-ရပ် အကျင့်မြတ်တို့အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့လိုတယ်, တုံ့ဝပ်ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့လိုတယ်။ နားလည်တဲ့လူလည်း ရှိချင်ရှိမယ်။ ဒီအပိုဒ်ကလေးက ရိုသေတယ်, လေးစားတယ်, တုံ့ဝပ်ရိုကျိုးတယ်ဆိုတာက ဘာလဲ?

သူ့အသက်ကို မသတ်ဘူး၊ ရှောင်ကြဉ်ရမယ်။ ရှောင်ကြဉ်ရမယ်လို့ မိမိက သိက္ခာပုဒ် ဆောက်တည်ထားတယ်။ အဲဒီ သိက္ခာပုဒ်ကလေးကို ရိုရိုသေသေ လေးလေးစားစားနဲ့ တုံ့ဝပ်ရိုကျိုးတဲ့စိတ်ထားနဲ့ မကျိုးမပေါက် မပျောက်မကျားရအောင် ဖြည့်ကျင့်ရတယ်။ သူ့ပစ္စည်း မတရားမယူပါဘူးဆိုပြီး အဒိန္နဒါန သိက္ခာပုဒ်ကို ဆောက်တည်ထားတယ်။ ဆောက်တည်ထားတဲ့အတိုင်း ဒီသိက္ခာပုဒ်ကလေးကို မကျိုးမပေါက် မပျောက်မကျားရအောင် ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်ရတယ်။ အဗြဟ္မစရိယ မမြတ်တဲ့ အကျင့်တွေကို ငါ သာသနာတော်မှာ ဘယ်တော့မှ မကျင့်ဘူးဆိုပြီး ဆောက်တည်ထားတယ်။ ဆောက်တည်ထားတဲ့အတိုင်း ဒီသိက္ခာပုဒ်ကို မကျိုးမပေါက် မပျောက်မကျားရအောင် ရိုသေတုံ့ဝပ်တဲ့ စိတ်ထားဖြင့် ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်ရတယ်။ မုသား ဘယ်တော့မှ မပြောဘူးဆိုပြီးတော့ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ ဆိုပြီးတော့ ဆောက်တည်ထားတယ်။ ဆောက်တည်ထားတဲ့ ဒီကျင့်ဝတ်ပဋိပတ်ကို မကျိုးမပေါက် မပျောက်မကျားရအောင် ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ်တဲ့စိတ်ထားဖြင့် ပြည့်စုံအောင် ဖြည့်ကျင့်ရတယ်။

ဘုန်းကြီးရှေ့မှာတော့ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ ဆိုပြီးတော့ ဘုန်းကြီးက ချပေးလိုက်တယ်။ ချပေးလိုက်ရင် ဘာလုပ်ကြလဲ? ဟင်... လိုက်ဆိုတယ်။ လိုက်ဆိုတာ ဘယ်လိုသဘောနဲ့ လိုက်ဆိုတာလဲ? ချပေးလိုက်လို့ လိုက်ဆိုတာလား, တကယ်ဖြည့်ကျင့်မယ်ဆိုတဲ့ စိတ်ထားနဲ့ လိုက်ဆိုတာလားလို့ မေးရင် ဘယ်လိုဖြေမလဲ? (ချပေးလို့ပဲ လိုက်ဆိုတယ်) အဲ... ဟန်ကျတယ်နော်။ ဟုတ်တယ်မလား? အဲဒါကို ဘုန်းကြီးကတော့ အပြစ်မမြင်ပါဘူး။ သူမှန်တဲ့အတိုင်း ပြောတယ်လို့ ဘုန်းကြီး ထင်တယ်။ ချပေးလို့သာ လိုက်ဆိုတဲ့သူ မဲနှိုက်လိုက်ရင် ဘယ်လောက်များ ပေါက်မလဲ မသိဘူးနော် -

အဲဒါပဲ ဒီဥစ္စာက သာသနာတော်မှာ ဖြည့်ကျင့်ရမဲ့ စိတ်ထားကလေးကို ရိုရိုသေသေ လေးလေးစားစားဖြင့် ဖြည့်ကျင့်ရတယ်။ မုသားဆိုရင်လည်း ဘတ်ကနဲ ပြောလိုက်တာပဲ, မဟုတ်မတရားဆိုလည်း ဘတ်ကနဲ ပြောလိုက်တာပဲ, မဟုတ်မတရားဆိုလဲ ဘတ်ကနဲ စွပ်စွဲလိုက်တာပဲ။ အဲဒီစိတ်ထား ရှိနေတဲ့ပုဂ္ဂိုလ်ဟာ မိမိကျင့်ရမဲ့ သီလသိက္ခာအပေါ်၌ ရိုသေလေးစားမှု, တုံ့ဝပ်ရိုကျိုးမှု ရှိသလား, မရှိဘူးလား? မရှိဘူး။ အဲဒီလို မရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် သာသနာတော် အရှည်တည်တံ့ခိုင်ခံ့အောင် ပြုလုပ်နေတဲ့ပုဂ္ဂိုလ်မျိုး ဟုတ်သလား? မဟုတ်ဘူး။ ဘယ်လိုပုဂ္ဂိုလ်လဲ? သာသနာတော်ကို ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တွေတဲ့။ ဘယ်မှာ ဖျက်ဆီးလဲ?

မိမိတို့ရဲ့ ရုပ်နာမ်အစဉ်သန္တာန်မှာ မြတ်စွာဘုရားရဲ့ အဆုံးအမခေါ်တဲ့ ဒီသာသနာကြီး မကိန်းဝပ်အောင်, မတည်နေအောင် မိမိက ဖျက်ဆီးပစ်နေတာ။ သူတစ်ပါးက လာဖျက်ဆီးပစ်တာ ဟုတ်သလား? မဟုတ်ပါဘူး။ “ဒီကောင်မက ငါ့ကို မလိုဘူး။ ငါ့ကို မလိုမုန်းထားတဲ့စိတ်ထားဖြင့် ဒင်းက ငါ့ကို ဒီလို ပြောနေတာ” ဆိုတာ ဟုတ်ရဲ့လား? မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် ဖျက်နေတာ။ ကိုယ်က မုသားမပြောဘူး ဆိုလို့ရှိရင် မိမိသိက္ခာကို မိမိသာ ရိုသေလေးစားတဲ့ စိတ်ထားသာရှိလျှင် မိမိသီလသည် ညှိုးနွမ်းပါ့မလား? (မညှိုးနွမ်းပါဘူးဘုရား) ပေါက်မှု, ကျားမှု, ကျိုးမှု, ပျောက်မှု ရှိဦးမလား? မရှိနိုင်ဘူး။ သူတစ်ပါးနဲ့ မဆိုင်ပါဘူး။ သူတစ်ပါးတွေက ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ, တို့က ကိုယ်ကျင့်သီလ မပျက်စီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်။ ဒီလို စိတ်ထားမျိုးကို သာသနာတော်မှာ မွေးမြူရမယ်။ တစ်နည်း တလောက ပြောခဲ့ပြီးပြီနော် -

‘ပရေ မုသာဝါဒီ ဘဝိဿန္တိ၊ မယမေတ္ထ မုသာဝါဒါ ပဋိဝိရတာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မုသာဝါဒီ၊ ချို့ယွင်းဖောက်ပြန် မမှန်ကန်တဲ့စကားကို ပြောဆိုနေတဲ့ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤသာသနာတော်မြတ်ကြီး အတွင်း၌။ မုသာဝါဒါ ပဋိဝိရတာ၊ ချို့ယွင်းဖောက်ပြန် မမှန်ကန်တဲ့စကားကို ပြောကြားခြင်းမှ အထူးရှောင်ကြဉ်ကြကုန်သူတို့။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်လှပေ၏၊

ဒီလို ဘုရားဟောထားတယ်နော် - သူတစ်ပါးတွေက မုသားပြောနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ, တို့ကတော့ ဘယ်တော့မှ မပြောတတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူရမယ်။ ဒါ သာသနာမှာနေမဲ့ ပုဂ္ဂိုလ်ဆိုတာနော်။ ခုလည်း ဒီအတိုင်းပဲ။ မိမိ ဖြည့်ကျင့်နေတဲ့ သီလကျင့်ဝတ် ပဋိပတ်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ်ရိုကျိုးတဲ့စိတ်ထား ရှိဖို့ မလိုဘူးလား? လိုအပ်တယ်။ သာသနာတော်တော့ အရှည်ခိုင်ခံ့ တည်တံ့စေချင်တယ်။ သူများပြောတော့ ကိုယ်လည်း ရောပြောလိုက်တာပဲ။ တကယ် အရှည်တည်တံ့ ခိုင်ခံ့စေချင်တယ်ဆိုရင် မိမိရဲ့ ရုပ်နာမ်အစဉ်သန္တာန်မှာ ဒီသာသနာတော်ကြီး ကိန်းဝပ်တည်လာအောင် မိမိက အရင်ကြိုးစားအားထုတ်ဖို့ မလိုအပ်ဘူးလား? လိုအပ်ပါတယ်နော်။ အဲ အလားတူပဲ...

သမာဓိ သာသနာတော်ကြီး အရှည်တည်တံ့ ခိုင်ခံ့စေချင်တယ်ဆိုရင် သမာဓိကျင့်စဉ်တွေ မိမိရဲ့ ရုပ်နာမ်အစဉ်သန္တာန်မှာ ကိန်းဝပ်လာအောင် ရိုရိုသေသေ လေးလေးစားစားဖြင့် ဖြည့်ကျင့်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ ဘုရားရှင် ဆိုဆုံးမထားတဲ့ ပညာသာသနာတော်ကြီး အရှည်ခိုင်ခံ့ တည်တံ့စေချင်တယ်ဆိုရင် မိမိကိုယ်တိုင်က အဲဒီ ဘုရားရှင် ဆိုဆုံးမထားတဲ့ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ်ပဋိပတ်ကြီး မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်တည်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။

အဲဒီလို သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ဖြည့်ကျင့်တဲ့အပိုင်းမှာ ဒီကျင့်ဝတ်ပဋိပတ်တွေအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား၊ တုံ့ဝပ်ရိုကျိုးနေတဲ့စိတ်ထား ရှိရမယ်။ အဲဒီလို စိတ်ထားရှိပြီးတော့ တကယ်လက်တွေ့ ဖြည့်ကျင့်ခဲ့ရင် ဒီသာသနာတော်ကြီးသည် မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ အရှည်တည်တံ့ ခိုင်ခံ့မှု မရှိဘူးလား? ရှိသွားမယ်။ မိမိက တစ်ဆင့်နေပြီးတော့ စွမ်းအားရှိလို့ပေါ့ - တစ်ဖက်သားပုဂ္ဂိုလ်တွေအပေါ်၌ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာတွေ ရှေးရှုပြီးတော့ ဒီသီလကျင့်စဉ်တွေ တည်တံ့လာအောင်၊ သမာဓိကျင့်စဉ်တွေ တည်တံ့လာအောင်၊ ပညာကျင့်စဉ်တွေ တည်တံ့လာအောင် မိမိက နည်းလမ်းညွှန်ပေးနိုင်မယ်ဆိုရင် ညွှန်ပေးတဲ့အတိုင်းလည်း တစ်ဖက်ပုဂ္ဂိုလ်တွေ လိုက်နာပြီး ဖြည့်ကျင့်ခဲ့မယ်ဆိုရင် တစ်ဖက်ပုဂ္ဂိုလ်တွေ အပေါ်မှာလည်း ဘုရားရှင်ရဲ့ အဆုံးအမဖြစ်တဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ အဆုံးအမ သာသနာတော်ကြီး တည်တံ့မသွားနိုင်ဘူးလား? တည်တံ့သွားနိုင်တယ်။

ဒါကြောင့် မိမိတို့က အရင်ဖြည့်ကျင့်ဖို့ မလိုအပ်ဘူးလား? လိုအပ်ပါတယ်။ သာသနာတော်တော့ အရှည်တည်တံ့ ခိုင်ခံ့စေချင်တယ်။ သူများ ပြောသလို ကိုယ်လည်း ရောတော့ ပြောလိုက်တာပဲ။ တကယ် သီလကျင့်စဉ် ဖြည့်ကျင့်ဖို့၊ တကယ် သမာဓိကျင့်စဉ် ဖြည့်ကျင့်ဖို့၊ တကယ် ပညာကျင့်စဉ် ဖြည့်ကျင့်ဖို့ကျတော့ မိမိတို့ စိတ်ဓာတ်တွေက နောက်ကို တွန့်ဆုတ်ပြီး မနေဘူးလား? နေတတ်တယ်။ အဲဒီလို တွန့်ဆုတ်နေတဲ့ စိတ်ဓာတ်တွေ ရှိနေပြီဆိုရင် ဒီသာသနာတော်ကြီးသည် အရှည်တည်တံ့ ခိုင်ခံ့ပါဦးမလား? မတည်တံ့ဘူး။ ဘယ်မှာ စပြီး မတည်မလဲ? မိမိ ရုပ်နာမ်သန္တာန်အစဉ်မှာ စပြီးတော့ မတည်တော့ဘူး။

နောက်တစ်ခု နံပါတ်ငါး - အချင်းချင်း တစ်ပါးသည် တစ်ပါးအပေါ်၌၊ တစ်ဦးသည် တစ်ဦးအပေါ်၌ ရိုသေတုံ့ဝပ်တဲ့ စိတ်ထားရှိပြီးတော့ နေထိုင်ကြမယ်ဆိုရင် ဒီသာသနာတော်ကြီး အရှည်တည်တံ့ ခိုင်ခံ့မယ်။ ဘုရား ဒီလို ဟောထားတယ်။ ပေါင်းလိုက်တော့ သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့ဖို့ရန်အတွက် အကြောင်းတရား ဘယ်နှစ်ချက် ဘုရားဟောထားသလဲ? ငါးချက်။ ဒီတော့ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့ အချိန်ခါမှာ ဘုရားရှင်အပေါ်၌ ရိုသေတုံ့ဝပ်တဲ့စိတ်ထား ရှိရမယ်ဆိုတာ ဘယ်လိုဟာမျိုး ပြောသလဲ? သိဖို့ မလိုဘူးလား? လိုပါတယ်နော်။

ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူမယ့်ည - နတ်တွေကနေ၊ ဗြဟ္မာတွေကနေ ကောင်းကင်ကနေပြီးတော့ မြတ်စွာဘုရားကို နံ့သာမှုန့်တွေ ကြဲဖြန့်ပြီး ပူဇော်ကြတယ်။ ပန်းအမျိုးမျိုးတွေ ကြဲဖြန့်ပြီးတော့ ပူဇော်ကြတယ်။ အခါမဲ့ ပင်လုံးကျွတ် ပွင့်နေတဲ့ အင်ကြင်းပန်းတွေကလည်း ဘုရားရှင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ချွေချပြီးတော့ ပူဇော်ကြပါတယ်နော်။ ဘုရားရှင်ရဲ့ ဘုန်းတော်ဘွဲ့တွေကို သီဆိုပြီးတော့နော် နတ်သီချင်းတွေနဲ့ ကောင်းကင်မှာလည်း ပူဇော်နေကြတယ်။ အဲဒီ ပူဇော်ပွဲကြီးက အလွန် ကြီးကျယ်နေတယ်။ အဲဒီ ကြီးကျယ်နေတဲ့ အချိန်ခါမှာ ရှင်အာနန္ဒာကိုယ်တော်မြတ်ကို ဘုရားရှင်က ဘာအမိန့်ရှိသလဲ?

န ခေါ အာနန္ဒ ဧတ္တာဝတာ တထာဂတော သက္ကတော ဝါ ဟောတိ ဂရုကတော ဝါ မာနိတော ဝါ ပူဇိတော ဝါ အပစိတော ဝါ။

အာနန္ဒ၊ ညီဘွား အာနန္ဒာ ...။ ဧတ္တာဝတာ၊ ဤမျှလောက် ပူဇော်ခြင်းအားဖြင့်။ တထာဂတော၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားကို။ သက္ကတော ဝါ၊ ရိုသေသည်မူလည်း။ န ဟောတိ၊ မဖြစ်သေး။ ဂရုကတော ဝါ၊ လေးစားသည်မူလည်း။ န ဟောတိ၊ မဖြစ်သေး။ မာနိတော ဝါ၊ မြတ်နိုးသည်မူလည်း။ န ဟောတိ၊ မဖြစ်သေး။ ပူဇိတော ဝါ၊ ပူဇော်အပ်သည်မူလည်း။ န ဟောတိ၊ မဖြစ်သေး။ အပစိတော ဝါ၊ ပသသည်မူလည်း။ န ဟောတိ၊ မဖြစ်ပါသေး။

ဒီလောက်ကလေး ပူဇော်နေတာဟာ ငါဘုရားရှင်ကို ရိုသေနေတာလည်း မဟုတ်သေးဘူး၊ လေးစားနေတာလည်း မဟုတ်သေးဘူး၊ ပူဇော်နေတာလည်း မဟုတ်သေးဘူး၊ ပသနေတာလည်း မဟုတ်သေးပါဘူး။ တချို့တချို့ နေရာမှာပေါ့ - ပန်းလေး ၁ ပွင့် ပူဇော်မယ်ဆိုရင်ပဲ ၉၁ ကမ္ဘာ ကာလပတ်လုံး အပါယ်မရောက်ရဘူး စသည်ဖြင့် ဒါနရဲ့ အကျိုးစွမ်းအားတွေကို မြတ်စွာဘုရား ချီးမြှင့်မြှောက်စားထားပါတယ်။ ခု ဒီနေရာကျတော့ မြတ်စွာဘုရားက ခုလောက် အကြီးအကျယ် ပူဇော်နေတာကို ငါဘုရားကို တကယ်ရိုသေနေတာ မဟုတ်သေးဘူး၊ လေးစားနေတာ မဟုတ်သေးဘူး၊ မြတ်နိုးနေတာ မဟုတ်သေးဘူး၊ ပူဇော်နေတာ မဟုတ်သေးဘူး၊ ပသနေတာ မဟုတ်သေးဘူးဆိုပြီး ဒီလို ဘာဖြစ်လို့ အမိန့်ရှိရသလဲ? အကြောင်းရှိပါတယ်နော်။

နောင်အနာဂတ် အချိန်ခါကာလမှာ မြတ်စွာဘုရားက ရဟန်းတော်တွေ သို့မဟုတ် သာသနာမှာ ဖြစ်ရမယ့် ဖြစ်ရပ်တွေကို လှမ်းပြီး ကြည့်လိုက်တော့ မြင်နေတယ်နော်။ သီလကျင့်စဉ်ကို တကယ်လက်တွေ့ ကျင့်ရမယ့်နေရာမှာ မဖြည့်ကျင့်ဘဲ၊ သမာဓိကျင့်စဉ်ကို တကယ်လက်တွေ့ ကျင့်ရမယ့်နေရာမှာ မဖြည့်ကျင့်ဘဲ၊ ပညာကျင့်စဉ်ကို တကယ်လက်တွေ့ ကျင့်ရမယ့်နေရာမှာ မဖြည့်ကျင့်ဘဲ ရဟန်းတော်တွေဟာ သို့မဟုတ် သာသနာ့ဝန်ထမ်းတွေဟာ ပူဇော်ပွဲတွေနဲ့ပဲ အချိန်ကုန်နေလိမ့်မယ်ဆိုတာ မြတ်စွာဘုရား မြင်တော်မူတယ်။ အဲဒါကြောင့် အဲဒီ ပူဇော်ပွဲတွေနဲ့ အချိန်မကုန်စေလိုတဲ့အတွက် သီလကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်ပြီးတော့၊ သမာဓိကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်ပြီးတော့၊ ပညာကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်ပြီးတော့ အချိန်ကို ကုန်လွန်စေလိုတဲ့ ရည်ရွယ်ချက်ရှိလို့ မြတ်စွာဘုရားက ဒီစကား အမိန့်ရှိတယ်။

ဒီတော့ ဒီလိုဆိုလို့ရှိရင် မြတ်စွာဘုရားကို ရိုသေတယ်၊ လေးစားတယ်၊ မြတ်နိုးတယ်၊ ပူဇော်တယ်၊ ပသတယ်ဆိုတာ ဘယ်လို နေထိုင်မှလဲလို့ မေးစရာ ရှိတယ်။ ဒါကို ဘုရားရှင်ကလည်း ဆက်ပြီး အမိန့်ရှိတော်မူပါတယ်။

ယော ခေါ အာနန္ဒ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဝိဟရတိ သာမီစိပ္ပဋိပန္နော အနုဓမ္မစာရီ၊ သော တထာဂတံ သက္ကရောတိ ဂရုံ ကရောတိ မာနေတိ ပူဇေတိ အပစိယတိ ပရမာယ ပူဇာယ။

အာနန္ဒ၊ ညီဘွားအာနန္ဒာ ...။ ယော ခေါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော။ ဘိက္ခု ဝါ၊ ရဟန်းသည်လည်းကောင်း (သို့မဟုတ်) အကြင် ရဟန်းယောက်ျားသည်လည်းကောင်း။ ဘိက္ခုနီ ဝါ၊ အကြင် ရဟန်းမိန်းမသည်လည်းကောင်း။ ဥပါသကော ဝါ၊ အကြင် လူဥပါသကာ ဒါယကာသည်လည်းကောင်း။ ဥပါသိကာ ဝါ၊ အကြင် ဥပါသိကာမ ဒါယိကာမသည်လည်းကောင်း။ ဓမ္မာနုဓမ္မပ္ပဋိပန္နော၊ လောကုတ္တရာတရား ၉ ပါးအားလျော်သော (ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်)။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်အံ့။ သာမီစိပ္ပဋိပန္နော၊ လောကုတ္တရာတရား ကိုးပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို ရိုရိုသေသေ ဖြည့်ကျင့်လျက်။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်အံ့။ အနုဓမ္မစာရီ၊ လောကုတ္တရာတရား ကိုးပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို အစဉ်တစိုက် ဖြည့်ကျင့်သည်ဖြစ်လျက်။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်ငြားအံ့။ သော၊ ထိုကဲ့သို့ နေထိုင်လျက်ရှိသော ပုဂ္ဂိုလ်သည်။ တထာဂတံ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားကို။ သက္ကရောတိ၊ ရိုသေသည်မည်၏။ ဂရုံ ကရောတိ၊ လေးစားသည်မည်၏။ မာနေတိ၊ မြတ်နိုးသည်မည်၏။ ပူဇေတိ၊ ပူဇော်သည်မည်၏။ ပရမာယ ပူဇာယ၊ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့်။ အပစိယတိ၊ ပသ၍ နေသည်မည်၏။

ဒီလို ဘုရားဟောထားတယ်။ အာမိသပူဇာ ခေါ်တဲ့ ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းက သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့ဖို့ရန်အတွက် အကြောင်းမဟုတ်ဘူး။ ဓမ္မပူဇာလို့ခေါ်တဲ့ တရားဖြင့် ပူဇော်ခြင်းက သာသနာတော် အရှည်တည်တံ့ဖို့ရန်အတွက် အကြောင်းဖြစ်တယ်။ ဒီလိုဆိုရင် အာမိသပူဇာခေါ်တဲ့ ပစ္စည်း ၄ ပါးဖြင့် သာသနာတော်ကို ပူဇော်ခြင်းဟာ ဘာမှ အကျိုးမရှိဘူးလား? ဒီလိုတော့ မေးစရာရှိတယ်နော်။ အကျိုးမရှိဘူးလို့တော့ မဆိုလိုပါဘူး။ ပူဇော်ပသ လှူဒါန်းနေတဲ့ ဒါယကာတွေမှာ ဒီကောင်းမှုကုသိုလ်ရဲ့ အကျိုးတရား ရမှာတော့ ဖြစ်တယ်။ သို့သော် သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့ရေးကျတော့ အကျိုးကျေးဇူး မပြုနိုင်ဘူး။ သီလကျင့်စဉ်ကို တကယ်ဖြည့်ကျင့်နေတဲ့ သူတော်ကောင်းတွေ၊ သမာဓိကျင့်စဉ်ကို တကယ်ဖြည့်ကျင့်နေတဲ့ သူတော်ကောင်းတွေ၊ ပညာကျင့်စဉ်ကို တကယ်ဖြည့်ကျင့်နေတဲ့ သူတော်ကောင်းတွေ ရှိခဲ့မယ်ဆိုရင် ကျင့်ဝတ်ပဋိပတ်တွေသည် လောကမှာ ပျောက်ကွယ်ပြီး သွားဦးမလား? မသွားနိုင်ဘူး။

သီလကို တကယ်လက်တွေ့ ကျင့်နေတဲ့ သူတော်ကောင်းတွေထံ ချဉ်းကပ်ပြီးတော့ သီလကို ဘယ်လို ဖြည့်ကျင့်ရမလဲ? ဒါက ရဟန်းတွေနဲ့ အပ်ပါရဲ့လား? ဒါက ရဟန်းတွေနဲ့ မအပ်ဘူးလား? စသည်ဖြင့် သွားမေး။ သူက လွယ်လွယ်နဲ့ မဖြေနိုင်ဘူးလား? ဖြေနိုင်တယ်။ နည်းလမ်းကော မပေးနိုင်ဘူးလား? ပေးနိုင်တယ်။ သမာဓိကျင့်စဉ်ကို တကယ်လက်တွေ့ ကျင့်နေတဲ့ သူတော်ကောင်းထံ ချဉ်းကပ်ပြီးတော့ “အရှင်ဘုရား ... ဒီသမာဓိစခန်း တပည့်တော်မှာတော့ ဒီလို အခက်အခဲ ဖြစ်နေတယ်။ ဒီအခက်အခဲ ကျော်လွှားလွန်မြောက်နိုင်အောင် ဘယ်လို လုပ်ရမလဲ” သွားမေးကြည့်။ ဒီအခက်အခဲကို ဒီသူတော်ကောင်းက ဖြေရှင်းမပေးနိုင်ဘူးလား? ပေးနိုင်တယ်။ ပေးနိုင်လို့ တကယ်လက်တွေ့ ကျင့်လိုက်တဲ့ အချိန်ခါမှာ ဒီအခက်အခဲ ကျော်လွှားလွန်မြောက်သွားရင် ဒါ သမာဓိစခန်း အောင်သွားပြီ။ သမာဓိသာသနာ သူ့သန္တာန်မှာ တည်မသွားဘူးလား? တည်သွားပြီ။

အဲ ... တကယ် ပညာကျင့်စဉ်ကို ကျင့်နေတဲ့ သူတော်ကောင်းတစ်ဦးထံ ချဉ်းကပ်ပြီးတော့ “အရှင်ဘုရား ... တပည့်တော်မှာတော့ ဒီရုပ်တွေ သိမ်းဆည်းရတာ၊ ဒီနာမ်တွေ သိမ်းဆည်းရာမှာ တပည့်တော်တော့ ဒီလို အခက်အခဲ ရှိနေတယ်။ တပည့်တော် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ်အားထုတ်ရမလဲ” လို့ မေးမြန်း လျှောက်ထားခဲ့တယ် ဆိုကြစို့။ ထိုသူတော်ကောင်းက လာပြီးမေးနေတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တဲ့ စွမ်းအားမရှိဘူးလား? ရှိနိုင်တယ်။ ဘာဖြစ်လို့လဲ? သူကိုယ်တိုင်က တကယ်လက်တွေ့ ကျင့်ထားတယ်။ သူကိုယ်တိုင်က ဒီအခက်အခဲတွေကို ကျော်လွှားလွန်မြောက်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

အဲ ... ဒီပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘော ဘယ်လို ရှုရမလဲလို့ လျှောက်ထားကြည့်၊ မေးမြန်းကြည့်။ သူက ဖြေရှင်းပေးလိမ့်မယ်။ ဒီဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဘယ်လို ဝိပဿနာ ရှုရမလဲ မေးကြည့်။ သူက ဖြေရှင်းပေးလိမ့်မယ်။ ဖြေရှင်းပေးတဲ့အတိုင်း မိမိက ဒီရုပ်တွေ နာမ်တွေ သိအောင်၊ အကြောင်းတရား အကျိုးတရားတွေ သိအောင်၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေ သိအောင် မိမိက လက်တွေ့ ဖြည့်ကျင့်လိုက်ပြီ ဆိုကြစို့။ ဖြည့်ကျင့်လိုက်လို့ အောင်မြင်မှု ရခဲ့ရင် ထိုဖြည့်ကျင့်တဲ့ သူတော်ကောင်းရဲ့သန္တာန်မှာ ဘုရားရှင် ဆိုဆုံးမနေတဲ့ ပညာသာသနာတော်ကြီး တည်တံ့မလာဘူးလား? လာလိမ့်မယ်။

ဒါကြောင့် မဟာဝိဟာရ ကျောင်းတိုက်ကဲ့သို့သော ကျောင်းပေါင်းတစ်ထောင်၊ မဟာစေတီတော်ကဲ့သို့သော စေတီပေါင်းတစ်ထောင်က ပုဂ္ဂိုလ်တစ်ယောက်ရဲ့သန္တာန်မှာ ဒီကဲ့သို့ သီလကျင့်စဉ်တွေ တည်တံ့လာအောင်၊ သမာဓိကျင့်စဉ်တွေ တည်တံ့လာအောင်၊ ပညာကျင့်စဉ်တွေ တည်တံ့လာအောင် စွမ်းဆောင်နိုင်တဲ့စွမ်းအား ရှိသလား? မရှိဘူး။ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ခေါ်တဲ့ ဒီသိက္ခာသုံးရပ် အကျင့်မြတ်ကို တကယ်လက်တွေ့ ဖြည့်ကျင့်နေတဲ့ သူတော်ကောင်းတွေကသာလျှင် ဘုရားရှင်ရဲ့ အဆုံးအမလို့ခေါ်ဆိုအပ်တဲ့ သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာခေါ်တဲ့ ဒီသဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီး အရှည်တည်တံ့ ခိုင်ခံ့အောင် ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်။

ဒီတော့ စေတီတော်ကြီးတွေတော့ ရှိတယ်၊ ကျောင်းကြီးတွေတော့ ရှိတယ်၊ သီလကျင့်စဉ် ကျင့်နေတဲ့ပုဂ္ဂိုလ်လည်း တစ်ပါးမှ မရှိဘူး၊ သမာဓိကျင့်စဉ်ကို တကယ်ကျင့်နေတဲ့ပုဂ္ဂိုလ်လည်း တစ်ပါးမှ မရှိတော့ဘူး၊ ပညာကျင့်စဉ် ကျင့်နေတဲ့ပုဂ္ဂိုလ်လည်း တစ်ပါးမှ မရှိတော့ဘူး။ ဒီ သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာလို့ ခေါ်ဆိုအပ်တဲ့ ဒီသဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီး ကွယ်မသွားနိုင်ဘူးလား? ကွယ်သွားနိုင်တယ်။

ဒါကြောင့် ဘုရားရှင်က အာမိသပူဇာ၊ ဓမ္မပူဇာလို့ ခေါ်ဆိုအပ်တဲ့ ပူဇော်ခြင်း နှစ်မျိုးတို့တွင် တရားဖြင့် ပူဇော်ခြင်းကို ဘုရားရှင်က ပိုပြီးတော့ နှစ်ခြိုက်ပါတယ်။ ဘုရားရှင်ကိုလည်း ဒီလို တရားဖြင့် ပူဇော်နေခဲ့မယ်ဆိုရင် ဘာလုပ်နေတာလဲ? ဘုရားရှင်ကို ရိုသေသည်မည်တယ်၊ လေးစားသည်မည်တယ်၊ မြတ်နိုးသည်မည်တယ်၊ ပူဇော်သည်မည်တယ်၊ ပသသည်မည်တယ်၊ အမြတ်ဆုံးသော ပူဇော်နည်းဖြင့် ပူဇော်နေသည်မည်တယ်လို့ ဒီလို ဘုရားက ဟောထားတယ်။

ဒီတော့ ဒီနေရာမှာ လောကုတ္တရာတရား ၉-ပါးအားလျော်နေတဲ့ ကျင့်ဝတ်ပဋိပတ်ဆိုတာက ဘာလဲလို့ မေးလိုက်ရင် - အတိုချုပ်လိုက်ရင် ခုနက ပြောခဲ့တဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေပဲ ဖြစ်ပါတယ်။ အဲဒီ သီလကျင့်စဉ်ပိုင်းမှာတော့ မိဘကို ရိုသေစွာ ပြုစုလုပ်ကျွေးခြင်းစတဲ့ ကျင့်ဝတ်ပဋိပတ်တွေကအစ သောတာပတ္တိမဂ်ရဲ့ အရှေ့နားအထိ တည်ရှိနေတဲ့ ကျင့်ဝတ်ပဋိပတ်အားလုံးကို ရည်ညွှန်းထားတယ်ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားတယ်နော်။ ဒါကြောင့် ဘုရားရှင်က -

ယော ခေါ အာနန္ဒ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဝိဟရတိ သာမီစိပ္ပဋိပန္နော အနုဓမ္မစာရီ၊ သော တထာဂတံ သက္ကရောတိ ဂရုံ ကရောတိ မာနေတိ ပူဇေတိ အပစိယတိ ပရမာယ ပူဇာယ။

အာနန္ဒာ၊ ညီဘွားအာနန္ဒာ ...။ ယော ဘိက္ခု ဝါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ရဟန်းတော်သည်လည်းကောင်း။ ယော ဘိက္ခုနီ ဝါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ဘိက္ခူနီမသည်လည်းကောင်း။ ယော ဥပါသကော ဝါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော လူဥပါသကာ ဒါယကာသည်လည်းကောင်း။ ယော ဥပါသိကာ ဝါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ဥပါသိကာမ ဒါယိကာမသည်လည်းကောင်း။ ဓမ္မာနုဓမ္မပ္ပဋိပန္နော၊ လောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်အံ့။ သာမီစိပ္ပဋိပန္နော၊ လောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်ကို အရိုအသေ ဖြည့်ကျင့်လျက်။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်အံ့။ နုဓမ္မစာရီ၊ လောကုတ္တရာတရား ကိုးပါးအားလျော်တဲ့ ကျင့်ဝတ်ပဋိပတ်ကို အစဉ်တစိုက် ဖြည့်ကျင့်သည်ဖြစ်လျက်။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်ငြားအံ့။ သော၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်။ တထာဂတံ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားကို။ သက္ကရောတိ၊ ရိုသေသည်မည်၏။ ဂရုံ ကရောတိ၊ လေးစားသည်မည်၏။ မာနေတိ၊ မြတ်နိုးသည်မည်၏။ ပူဇေတိ၊ ပူဇော်သည်မည်၏။ ပရမာယ ပူဇာယ၊ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့်။ အပစိယတိ၊ ပသ၍ နေပေသည်မည်၏၊

ဒီလိုဟောတယ်။ ဒီလိုဆိုရင် သီလကျင့်စဉ်လည်း ရိုရိုသေသေ မဖြည့်ကျင့်ဘူး၊ သမာဓိကျင့်စဉ်ကိုလည်း ရိုရိုသေသေ မဖြည့်ကျင့်ဘူး၊ ပညာကျင့်စဉ်ကိုလည်း ရိုရိုသေသေ မဖြည့်ကျင့်ဘူးဆိုရင် ထိုပုဂ္ဂိုလ်သည် ဘုရားရှင်အပေါ်၌ ရိုသေလေးစားတဲ့ပုဂ္ဂိုလ် ဟုတ်သလား? မဟုတ်ဘူး။ မိမိကိုယ်ကိုမိမိ ပြန်မေးဖို့ လိုတယ်နော်။ “ငါသည် ဘုရားရှင်ကို ရိုသေလေးစားတဲ့ပုဂ္ဂိုလ် ဟုတ်သလား?” ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ ဘုရားရှင်ကို တို့က သိပ်ကြည်ညိုတာ၊ လေးစားတာ။ ဘုရားရှင်ကို တို့က သိပ်ပြီး လေးစားကြည်ညိုတယ်ဆိုရင် တစ်ဆင့်တက်ပြီး မေးကြည့်ပါ -

ငါသည် ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ သီလကျင့်စဉ်ကို ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်နေတဲ့ပုဂ္ဂိုလ် ဖြစ်ရဲ့လား? ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ သမာဓိကျင့်စဉ်ကို ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်နေတဲ့ပုဂ္ဂိုလ် ဟုတ်ရဲ့လား? ငါသည် ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ ပညာကျင့်စဉ်တွေကို စနစ်တကျ ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်နေတဲ့ပုဂ္ဂိုလ် ဟုတ်ရဲ့လား?” လို့ မိမိကိုယ်မိမိ ပြန်ပြီး မမေးသင့်ဘူးလား? မေးသင့်တယ်။ အဲဒီမေးခွန်းကို မှန်မှန်ကန်ကန် တိတိကျကျ ပြန်ပြီးဖြေတတ်ဖို့ လိုတယ်။ ကိုယ့်ကိုကိုယ် တချို့က လိမ်ပြီး ဖြေနေကြတဲ့ပုဂ္ဂိုလ်တွေ ရှိဖူးလား? ရှိကြပြန်တယ်။

တကယ် သီလကျင့်စဉ် မကျင့်ဘဲနဲ့ ငါဟာ သီလကျင့်စဉ် ကျင့်နေတဲ့ ပုဂ္ဂိုလ်ပဲလို့ ဝန်ခံတဲ့ပုဂ္ဂိုလ်တွေ လောကမှာ ရှိကြတယ်။ တကယ် သမာဓိကျင့်စဉ် မကျင့်ဘဲနဲ့ သမာဓိကျင့်စဉ်ကို ကျင့်နေပါတယ်လို့ ဝန်ခံတဲ့ပုဂ္ဂိုလ်တွေ လောကမှာ မရှိဘူးလား? ရှိကြတယ်။ တကယ် ပညာကျင့်စဉ်ကို မကျင့်ဘဲနဲ့ ပညာကျင့်စဉ်ကို တကယ်ကျင့်နေတယ်လို့ ဝန်ခံတဲ့ပုဂ္ဂိုလ်တွေ လောကမှာ မရှိဘူးလား? ရှိကြတယ်။ ဗြုန်းကနဲ အမှတ်တမဲ့ မေးလိုက်တယ် -

ဒကာကြီးတွေ သာသနာတော် ကြည်ညိုရဲ့လား? ဒကာမကြီးတွေ သာသနာတော် တကယ်ကြည်ညိုရဲ့လား? ဗြုန်းကနဲ ဘုန်းကြီး မေးလိုက်ရင်တော့ ဘယ်လို ဖြေမလဲ? ကြည်ညိုပါတယ်ဘုရားလို့ ဗြုန်းကနဲတော့ ပြောမှာပဲ။ ကဲ ကြည်ညိုလို့ရှိရင် မုသားတွေများ ပြောနေကြသေးလားလို့ ဘုန်းကြီးက ထပ်မေးရင် ဘယ်လိုဖြေကြမလဲ? ဟင် (ပြောနေတယ်) ဟာ ... ဟန်ကျတယ် ဟုတ်တယ်မလား? အဲဒီလိုဆိုရင် ဒါ တကယ်ကြည်ညိုတာ ဟုတ်သလား? မဟုတ်ဘူး။ ဒါ ကိုယ့်ကိုကိုယ် လိမ်နေတာပဲ။

ခု ဒီမှာ ဘုရားရှင်က လောကုတ္တရာတရား ၉-ပါးအားလျော်တဲ့ ကျင့်ဝတ်ပဋိပတ်ကို တကယ်လက်တွေ့ ကျင့်မှသာလျှင် ငါဘုရားရှင်ကို ရိုသေနေတဲ့ပုဂ္ဂိုလ်၊ လေးစားနေတဲ့ပုဂ္ဂိုလ်၊ မြတ်နိုးနေတဲ့ပုဂ္ဂိုလ်၊ ပူဇော်နေတဲ့ပုဂ္ဂိုလ်၊ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပသနေတဲ့ပုဂ္ဂိုလ်ပဲလို့ ဒီလို ဟောထားတယ်။ ဒီလိုဆိုလို့ရှိရင်တော့ အိမ်ရှင်ယောက်ျားကို ရိုသေစွာ ပြုစုလုပ်ကျွေးနေခြင်း၊ အိမ်ရှင်မိန်းမကို ရိုသေစွာ ပြုစုလုပ်ကျွေးနေခြင်းသည် သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့ဖို့ရန်အကြောင်း ဟုတ်သလား? (မဟုတ်ပါဘူးဘုရား) ဘယ့်နှယ်တုံး ဒကာကြီးဦးကျော်ညွန့် (ဟုတ်တယ်) ဟာ ...ဟန်ကျပြီ ဟုတ်တယ်မလား? ဒီလိုဆိုတော့ ဟန်ကျပြီ ဒကာကြီးက မဲသာသွားပြီ။ ကဲ ဘုရားရှင်က ဘာဆက်ပြီး ဟောသလဲ?

တသ္မာ တိဟာနန္ဒ ဓမ္မာနုဓမ္မပ္ပဋိပန္နာ ဝိဟရိဿာမ သာမီစိပ္ပဋိပန္နာ အနုဓမ္မစာရိနောတိ။ ဧဝဥှိ ဝေါ အာနန္ဒ သိက္ခိတဗ္ဗံ။

အာနန္ဒာ၊ ညီဘွားအာနန္ဒာ ...။ တသ္မာ၊ ထို့ကြောင့်။ တိဟ၊ ဤသာသနာတော်မြတ်အတွင်း၌။ တုမှေ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ မယံ၊ ငါတို့သည်။ ဓမ္မာနုဓမ္မပ္ပဋိပန္နာ၊ လောကုတ္တရာတရား ကိုးပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်။ ဝိဟရိဿာမ၊ နေထိုင်ကြပါကုန်အံ့။ သာမီစိပ္ပဋိပန္နာ၊ လောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်ကို အရိုအသေ ဖြည့်ကျင့်လျက်။ ဝိဟရိဿာမ၊ နေထိုင်ကြပါကုန်အံ့။ အနုဓမ္မစာရိနော၊ လောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်ကို အစဉ်တစိုက် ဖြည့်ကျင့်သည်ဖြစ်လျက်။ ဝိဟရိဿာမ၊ နေထိုင်ကြပါကုန်အံ့။ ဣတိ၊ ဤသို့ နှလုံးပိုက်လျက်။ ဧဝံ၊ ဤသို့လျှင်။ ဝေါ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထိုက်ပေ၏၊

သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့စေချင်တယ်ဆိုရင် သို့မဟုတ် ဘုရားရှင်ကို ရိုသေတယ်၊ လေးစားတယ်ဆိုရင် လောကုတ္တရာတရား ၉-ပါးအားလျော်ညီနေတဲ့ ကျင့်ဝတ်ပဋိပတ်ကို ရိုရိုသေသေ ဖြည့်ကျင့်ပြီးတော့ နေထိုင်မယ်၊ အစဉ်တစိုက် ဖြည့်ကျင့်ပြီးတော့ နေထိုင်မယ်။ လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ကောင်းကောင်းမွန်မွန်နဲ့ ဖြည့်ကျင့်ပြီးတော့ ဒီသာသနာမှာ နေထိုင်မယ်ဆိုပြီး ဒီလို စိတ်ဓာတ်မျိုးကို မွေးမြူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ ဆိုပြီးတော့ မြတ်စွာဘုရား တိုက်တွန်းထားတယ်။

ဒါကြောင့် ဦးပဉ္စင်းတို့ သာသနာတော်ကို အရှည်တည်တံ့ ခိုင်ခံ့စေချင်တယ်ဆိုရင် ဘုရားရှင်အပေါ်၌ ရိုသေလေးစားဖို့တော့ မလိုအပ်ဘူးလား? လိုအပ်တယ်။ ဘုရားရှင်အပေါ်၌ ရိုသေလေးစားတယ်ဆိုတာက ဘာလုပ်တာလဲလို့ မေးတော့ - လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို တကယ်လက်တွေ့ ကျင့်နေတယ်ဆိုရင် ဒါ ဘုရားရှင်ကို ရိုသေလေးစားနေတာပဲ။ လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို တကယ်လက်တွေ့ မကျင့်ဘူးဆိုရင် ဒါ ဘုရားရှင်ကို တကယ်လေးစားတာ ဟုတ်သလား? မဟုတ်တော့ဘူး။ ဘုရားအပေါ် မရိုမသေ မလေးစားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် တရားကိုရော ရိုသေလေးစားမှု ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ သံဃာတော်အပေါ်မှာလည်း ရိုသေလေးစားမှု ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ သိက္ခာသုံးရပ် အကျင့်မြတ်တို့ အပေါ်မှာလည်း ရိုသေလေးစားတဲ့ စိတ်ဓာတ်တွေ ရှိဦးမလား? မရှိတော့ဘူး။ အချင်းချင်း တစ်ပါးသည်တစ်ပါး အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား၊ တုံ့ဝပ်ရိုကျိုးနေတဲ့စိတ်ထား ရှိဦးမလား? မရှိတော့ဘူး။ ဘာဖြစ်လို့လဲ?

လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှု မရှိဘူး၊ ရိုရိုသေသေ ဖြည့်ကျင့်မှု မရှိဘူး။ အစဉ်တစိုက် တစ်ခါတလေတော့ ဖြည့်ကျင့်တယ်၊ တစ်ခါတလေတော့ မဖြည့်ကျင့်ဘူး ဆိုတာကိုတော့ အစဉ်တစိုက်လို့ မဆိုလိုဘူး။ ခုဒီမှာ ဘုရားရှင်က အနုဓမ္မစာရီ၊ အစဉ်တစိုက်ကို နာရီမလပ်၊ စက္ကန့်မလပ်၊ မိနစ်မလပ်၊ နေ့စဉ်ရက်ဆက်၊ အချိန်တိုင်း အချိန်တိုင်း၊ အခါတိုင်း အခါတိုင်း ဖြည့်ကျင့်နေရမယ်။ အဲဒီလို ဖြည့်ကျင့်မှသာလျှင် ငါဘုရားရှင်ကို ရိုသေသည်၊ လေးစားသည်၊ မြတ်နိုးသည် မည်ပါတယ်။ အမြတ်ဆုံးသော ပူဇော်နည်းဖြင့် ပူဇော်နေသည်မည်တယ်၊ ပသနေသည်မည်တယ်လို့ ဒီလို ဟောထားတယ်။

ဒါကြောင့် မိမိတို့က သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့စေချင်တယ်ဆိုရင် ဘာလုပ်ရမလဲ? လောကုတ္တရာတရား ၉-ပါးအားလျော်ညီနေတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ปညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ အဲဒီလို ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်ပါ။ ဒီလို ဖြည့်ကျင့်နေတဲ့ ပုဂ္ဂိုလ်သည် ဘုရားရှင်အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်၊ တုံ့ဝပ်ရိုကျိုးတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်ဆိုနိုင်တယ်။ တရားတော်အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်၊ သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်၊ တုံ့ဝပ်ရိုကျိုးတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ဆိုနိုင်တယ်။ အချင်းချင်း တစ်ပါးသည် တစ်ပါးအပေါ်၌၊ တစ်ဦးသည် တစ်ဦးအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်၊ တုံ့ဝပ်ရိုကျိုးတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်ဆိုနိုင်တယ်။ ဒါက ဂါရဝမင်္ဂလာနဲ့ ပတ်သက်ပြီးတော့ ဟောတာပဲ။ နောက်ထပ် မင်္ဂလာတစ်ခုက ဘာလဲ နိဝါတော စ ...

နိဝါတော စ

နိဝါတော စ၊ ဆိုတဲ့ နိဝါတမင်္ဂလာ။ နိဝါတမင်္ဂလာကို အဋ္ဌကထာက ဘယ်လို ဖွင့်ထားလဲ?

နိဝါတော နာမ နီစမနတာ နိဝါတဝုတ္တိတာ,

နှိမ်ချထားတဲ့ စိတ်ထားရှိရတယ်။ သာသနာတော်မှာ မှီတင်းနေထိုင်နေတဲ့ သူတော်ကောင်း မှန်ခဲ့ရင် စိတ်ဓာတ်ကို နှိမ်ချရမလား၊ အပေါ်စီးက နေရမလား? နှိမ်ချထားရတယ်။ ဘယ်လို နှိမ်ချသလဲလို့မေးတော့ ဒီနေရာမှာ အဋ္ဌကထာဆရာတော်က ဥပမာလေးတွေနဲ့ ဖွင့်ထားတယ်။

ယာယ သမန္နာဂတော ပုဂ္ဂလော နိဟတမာနော နိဟတဒပ္ပေါ ပါဒပုဉ္ဆနကစောဠသဒိသော ဆိန္နဝိသာဏဥသဘသမော ဥဒ္ဓဋဒါဌသပ္ပသမော စ ဟုတွာ သဏှော သခိလော သုခသမ္ဘဿော ဟောတိ, အယံ နိဝါတော။

နိဝါတ၊ နိဝါတ နှိမ်ချတဲ့စိတ်ထားနဲ့ ပြည့်စုံတယ်နော်။ နှိမ်ချတဲ့ စိတ်ထားနဲ့ ပြည့်စုံတယ်ဆိုတာက ထောင်လွှားတက်ကြွနေတဲ့ မာန်မာန မရှိဘူး။ အပေါ်စီးကနေချင်တဲ့ စိတ်ထားမရှိဘူး။ အဲဒီ နိဝါတမင်္ဂလာလေးနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာက ဥပမာလေးနဲ့ ဖွင့်ထားတယ် -

နိဟတမာန၊ မာနတရားကို သူက အပယ်သတ်ထားတယ်။ တက်ကြွနေတဲ့ ထောင်လွှားနေတဲ့ ဒီစိတ်ဓာတ်ကို သာသနာတော်မှာနေရင် ဘာလုပ်ရမလဲ? ပယ်သတ်ထားရမယ်။ နှိပ်ကွပ်ပြီးတော့ ထားမယ်။ ဘယ်လောက်ထိ နှိပ်ကွပ်မလဲလို့မေးတော့ ပါဒပုဉ္ဆန စောလက သမော၊ ခြေသုတ်ကြိုးဝန်းကဲ့သို့ နှိမ်ချတဲ့စိတ်ထား ရှိရမယ်။ ဟို ခြေသုတ်ဖို့တွေ ရှိပါတယ်။ အဲဒီမှာ ခြေသုတ်ကြိုးဝန်းတွေ ရှိကြတယ်။ တဘက်တွေ ရှိကြတယ်။ ဒင်းက ငါ့ကို ဒီလို လာသုတ်ရမလားဆိုတဲ့ စိတ်ထား ရှိသလား? မရှိဘူး။ ဘာပဲသုတ်သုတ် သုတ်ချင်တာသုတ်။ မစင်ကြယ်တာကိုပဲ သုတ်သုတ်၊ စင်ကြယ်တာကိုပဲ သုတ်သုတ် သုတ်ချင်တာတွေ သုတ်ပါစေ။ ဒီခြေသုတ်ပုဆိုး၌ အပေါ်စီးက နေမယ်ဆိုတဲ့ စိတ်ထားရှိသလား? မရှိဘူး။ ဘယ်ကသာ နေသလဲ? အောက်ကသာ နေတယ်။ နှိမ်ချထားတဲ့စိတ်ထား ရှိရတယ်။ သူတော်ကောင်းဆိုတာ အဲဒီ ခြေသုတ်ပုဆိုးနဲ့ တူညီတဲ့စိတ်ထား ရှိရတယ်။

“ငါက ဘာခံမှာလဲ၊ ငါ့ကို ဒီလို လာကျောလို့ ဘာရမလဲ?” ဟော ... ဒီစိတ်ထားနဲ့ သာသနာမှာ နေရမလား? မနေရဘူး။ ဒါ ဘယ်သူ ဆုံးမတာလဲ? (ဘုရားဆုံးမတာပါဘုရား) ဘုရားဆုံးမတာဆိုရင် မိမိတို့က ဘုရားသာသနာမှာနေရင် ဘုရားအဆုံးအမတွေ လိုက်နာရမလား၊ မလိုက်နာရဘူးလား? (လိုက်နာရပါမယ်ဘုရား) လိုက်ကော လိုက်နာကြရဲ့လား? ဟင်! ကဲ ဟိုးနောက်က သီလရှင်တွေ ဖြေကြစမ်းပါဦး ... လိုက်နာကြရဲ့လား? (လိုက်နာပါတယ်ဘုရား) ဟင် ... နည်းနည်းလေးပဲ ဖြေတယ်။ နည်းနည်းလေး ဖြေတယ်ဆိုကတည်းက ဘုန်းကြီးလည်း နည်းနည်းတော့ နားလည်နေပါတယ်နော်။ ကဲ နောက်တစ်ခု -

ဝိသာဏုဟတသမော၊ ဦးချိုကျိုးနေတဲ့ နွားလားဥသဘနှင့် တူညီနေတဲ့ စိတ်ထားရှိရမယ်။ ဦးချိုကျိုးသွားပြီဆိုတဲ့ နွားလားဥသဘများ တစ်ဖက်သား ပုဂ္ဂိုလ်တွေကို ရန်မူလိုတဲ့စိတ်ထား ရှိသေးလား? မရှိတော့ဘူး။ သာသနာတော်မှာနေတဲ့ ပုဂ္ဂိုလ်က တစ်ဖက်သားကို ရန်ထောင်ချင်တဲ့ စိတ်ထား—

သာသနာတော်မှာ မှီတင်းနေထိုင်ပြီဆိုရင် ရဟန်းယောက်ျားပဲ ဖြစ်စေ၊ ရဟန်းမိန်းမပဲ ဖြစ်စေ၊ ခုခေတ်တော့ သီလရှင်ပဲ ဖြစ်စေ၊ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ လူဥပါသကာ ဒါယကာတွေပဲဖြစ်စေ၊ လူဥပါသိကာမ ဒါယိကာမတွေပဲဖြစ်စေ ဘယ်ပုဂ္ဂိုလ်ပဲမဆို သာသနာတော်ကို ကြည်ညိုပါတယ်၊ လေးစားပါတယ်၊ မြတ်နိုးပါတယ်ဆိုရင် ဦးချိုကျိုးနေတဲ့ နွားလားဥသဘတို့ရဲ့ စိတ်ထားမျိုးကို ထားရမလား၊ မထားရဘူးလား? ထားရမယ်။ ဘာပြောတာလဲ? တစ်ဖက်သား ပုဂ္ဂိုလ်အပေါ်၌ ရန်ထောင်လိုတဲ့ စိတ်ထား ရှိရမလား၊ မရှိရဘူးလား? မရှိရဘူး။ တစ်ဖက်သား ပုဂ္ဂိုလ်က ဘယ်လိုပဲ လာပြီး နှောင့်ယှက်ပါစေ တုံ့လှဲ့တစ်ဖန် ပြန်ပြီးတော့ ရန်မူတဲ့ စိတ်ထားမျိုး ရှိရမလား၊ မရှိရဘူးလား? မရှိရဘူး။ နောက်တစ်ခု -

ဥဒ္ဓတဒန္တ သပ္ပသမော၊ အစွယ်ကျိုးသော မြွေလို ခပ်လွယ်လွယ်တော့ ဘာသာပြန်တယ်။ ဒီနေရာမှာတော့ အစွယ်ကျိုးရုံတွင်မကဘူး အစွယ်ပါ လုံးလုံးနှုတ်ထားတဲ့ မြွေပဲ။ အဲဒီလို အစွယ်နှုတ်ခံထားရတဲ့ မြွေမျိုး ဖြစ်ခဲ့ရင်တော့ အစွယ်လေး အကြောင်းပြုပြီးတော့ မာန်မာနတရားတွေ သိပ်အားကောင်းခဲ့တယ်။ ဒါပေမဲ့ အစွယ်ကို ကွင်းလုံးကျွတ် အနှုတ်ခံရတဲ့အခါ အဆိပ်ကလည်း မရှိတော့ဘူး။ အဲဒီ အဆိပ်ကလည်း မရှိ၊ အစွယ်ကလည်း မရှိတဲ့အတွက် ဒီမြွေသည် တစ်ဖက်ပုဂ္ဂိုလ်တွေအပေါ်၌ ရန်ထောင်လိုတဲ့ စိတ်ဓာတ်တွေ ရှိသလား? မရှိတော့ဘူး။ အန္တရာယ်ပြုမယ်ဆိုတဲ့ စိတ်ထားကော ရှိသေးသလား? မရှိတော့ဘူး။ တစ်ဖက်ပုဂ္ဂိုလ်တွေကို သေကျေပျက်စီးစေရမယ်ဆိုတဲ့ စိတ်ထားမျိုးကော ရှိသေးလား? မရှိတော့ဘူး။ သေကျေပျက်စီးစေလိုတဲ့စိတ်ထား ရှိတောင်မှ သေကျေပျက်စီးအောင် ပြုလုပ်နိုင်တဲ့စွမ်းအား ရှိသေးလား? မရှိတော့ဘူး။ သူတစ်ပါးတွေကို ညှဉ်းပန်းမယ်၊ နှိပ်စက်မယ်၊ သေကျေပျက်စီးစေရမယ်ဆိုတဲ့ ဒီစိတ်ထားမျိုး မရှိဘူး။ ရှိခဲ့ရင်လည်း သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်လို့ မရတော့ဘူး။ သေကျေပျက်စီးအောင် ပြုလုပ်လို့လည်း မရတော့ဘူး။

သာသနာတော်မှာ မှီတင်းနေထိုင်နေတဲ့ပုဂ္ဂိုလ်၊ သာသနာတော်ကို မြတ်နိုးလေးစားနေတဲ့ပုဂ္ဂိုလ် မှန်ခဲ့ရင်လည်း အဲဒီ အစွယ်နှုတ်ထားပြီးတဲ့ မြွေကဲ့သို့ အစွယ်ကျိုးနေတဲ့ မြွေကဲ့သို့ သူတစ်ပါးတွေကို အဆိပ်မတက်စေတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်။ သူတစ်ပါးတွေကို အဆိပ်မတက်စေရဘူးဆိုတာ ဘာပြောတာလဲ? ဟင် ! “ဒီကောင်မနှယ်နော် ... ငါ့ ဒီလို ပြောရက်လေခြင်း၊ ဒီကောင်မနှယ်နော် ငါ့ကို ဒီလို ပြောရက်လေခြင်း” အဲဒီလို စိတ်ထဲမှာ တနုပ်နုပ် ဖြစ်နေရင် ဒါ အဆိပ်တက်တာ မဟုတ်ဘူးလား? အဆိပ်တက်နေပြီ။ သာသနာတော်မှာနေတဲ့ ပုဂ္ဂိုလ်ဆိုတာ သူတစ်ပါးကို အဲဒီလို ဒေါသဆိုတဲ့ အဆိပ်တွေ ပြင်းထန်ပြီး တက်လာအောင် လုပ်ရမဲ့ပုဂ္ဂိုလ် ဟုတ်သလား? မဟုတ်ဘူး။ အဲ ဒေါသတွင်လားဆို မဟုတ်သေးပါဘူးနော်။

သူတစ်ပါးတွေကို မာန်မာနဆိုတဲ့ အဆိပ်တွေ တက်လာအောင်၊ ရာဂဆိုတဲ့ အဆိပ်တွေ တက်လာအောင်၊ မောဟဆိုတဲ့ အဆိပ်တွေ တက်လာအောင်၊ ဣဿာ - မစ္ဆရိယ အဆိပ်တွေ တက်လာအောင် မိမိက လှုံ့ဆော်ပေးတဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ရမလား? မဖြစ်ရဘူး။ “သွားပြောလိုက် ... ငါ ဘယ်လို ကောင်မမျိုး ဖြစ်တယ်ဆိုတာ သွားပြောလိုက်စမ်း? ပြောဖြစ်အောင် ပြောနော်” အမလေး စိတ်မချလို့နဲ့ တူပါရဲ့။ သာသနာတော်မှာနေတဲ့ပုဂ္ဂိုလ်ဆိုတာ ဒီလိုစိတ်ထားမျိုး ရှိရမလား? မရှိရဘူးတဲ့။

ဘယ်သူကမှ ရန်မူတဲ့စိတ်ထား မရှိရဘူး။ ဘယ်သူ့ကိုမှ အဆိပ်တက်စေတဲ့စိတ်ထား မရှိရဘူး။ သာသနာမှာတော့ နေတယ်၊ ဘုရားပေးတဲ့ ပစ္စည်းလေးပါးလည်း စားသုံးနေပါတယ်။ “ဟာ ... အရှင်ဘုရား ဘယ်လိုလုပ် ဘုရားပေးသလဲ?” ဒီလိုတော့ မမေးနဲ့နော်။ ခုစားနေတာက ဘုရားကျေးဇူးပဲ။ ဘုရားက ဒီလို ကျောင်းဆောက်လုပ် လှူဒါန်းခဲ့ရင် ဒီလို အကျိုးတွေ ရတယ်ဆိုလို့ ဒီကျောင်းမှာ နေရတာ။ ဘုရားက ဒီဆွမ်းလှူဒါန်းခဲ့ရင် ဒီအကျိုးတရား ရနိုင်တယ်ဟောခဲ့လို့ ဘုရား ကြည်ညိုပြီး လှူဒါန်းလို့ ဒီလို ဆွမ်းတွေ စားနေရတာ။ ဘုရားက ဒီသင်္ကန်းလှူခဲ့ရင် ဒီလို အကျိုးတရားတွေ ရတယ်လို့ ဟောခဲ့တော့ ဘုရားကြည်ညိုပြီး ဒီသင်္ကန်းတွေ လှူနေတာ။ ဘုရားက ဒီဆေးလှူလို့ရှိရင်ကွယ် ဒီအကျိုးတရားတွေ ရတယ်။ ဒီဆေးတွေ လှူကြ၊ ဒီလို ဟောထားလို့ ဒီဆေးကို လှူတာ။ ကိုယ့်အစွမ်းအစနဲ့များ လှူမဲ့ပုဂ္ဂိုလ် ဘယ်နှစ်ယောက်ရှိလဲ? တစ်ယောက်မှ မရှိပါဘူး။

ကိုယ်က ဘုရားပေးတဲ့ ကျောင်းမှာ နေနေတာ၊ ဘုရားပေးတဲ့ ဆွမ်းကို စားနေတယ်၊ ဘုရားပေးတဲ့ သင်္ကန်းကို ဝတ်နေတယ်၊ ဘုရားပေးတဲ့ ဆေးတွေကို သုံးစွဲနေတာ။ အဲဒီလို သုံးစွဲနေပါလျက်နဲ့ မိမိက သူတစ်ပါးကို အဆိပ်တွေ တက်နေအောင် သွားပြီးပြုလုပ်နေမယ်ဆိုရင် မိမိသည် ဘုရားကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်မျိုး ဟုတ်သေးလား? မဟုတ်ဘူး။ ဘုရားအဆုံးအမကို လိုက်နာပြုကျင့်နေတဲ့ ပုဂ္ဂိုလ်လည်း ဟုတ်သေးလား? မဟုတ်တော့ဘူး။ ဒါ သာသနာတော်မှာ နေတယ်ဆိုတာ သတိရှိရတယ်နော်။ အမှတ်တမဲ့ မနေရဘူး။ အမှတ်တမဲ့နေခဲ့ရင် အမှတ်တမဲ့လူတွေ သွားရာလမ်းကို မိမိတို့ မလိုက်ရဘူးလား? လိုက်ရမယ်။ ဒါ သတိရှိဖို့ လိုတယ်။

ဒါကြောင့် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့၊ ချိုကျိုးနွားလားကဲ့သို့ စိတ်ထားပြီးတော့ သာသနာတော်မှာ နေထိုင်ပါဆိုပြီး ဒီဥပမာလေးပေးပြီး ရှေးရှေး ဆရာတော်ကြီးများက ဆိုဆုံးမထားကြတယ်နော်။ အစွယ်ကျိုးနေတဲ့ မြွေ၊ ချိုကျိုးနေတဲ့ နွားလား၊ ခြေသုတ်ကြိုးဝန်းကဲ့သို့ ဒီလိုစိတ်ထားပြီးတော့ သာသနာတော်မှာ နေရတယ်။ အဲဒီလို စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ထောင်လွှားတက်ကြွတဲ့စိတ်ထား ရှိသေးလား? မရှိတော့ဘူး။ ထောင်လွှားတက်ကြွတဲ့စိတ်ထား မရှိခြင်းကြောင့် ဒီပုဂ္ဂိုလ်က ထွက်ပေါ်လာတဲ့ စကားသည် သာန၊ နူးညံ့သိမ်မွေ့တဲ့ စကားတွေသာ ထွက်တော့မယ်။ ကြမ်းတမ်း ခက်ထန်တင်းမာနေတဲ့ စိတ်ထားနဲ့ ပြောတဲ့စကားတွေ ထွက်ဦးမလား?

“ငါတယ်နော် ...” ဟင် - တစ်ဖက်သားပုဂ္ဂိုလ်တွေကို ချေမှုန်းပစ်ချင်တဲ့ စိတ်ထားလေးနဲ့ ရင်လေးကော့ပြီးတော့ လက်မလေး ထောင်ပြီးတော့ ပြောချင်တဲ့စကားမျိုး ရှိဦးမလား? အကယ်၍ ရှိနေတယ်ထား၊ ရှိခဲ့ရင် ဒီပုဂ္ဂိုလ်သည် ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာပြုကျင့်တဲ့ပုဂ္ဂိုလ်မျိုး ဟုတ်သေးလား? မဟုတ်တော့ဘူး။ ဒါ သတိရှိကြနော် -

ဘုရားသာသနာနေ ဘုရားပေးတဲ့ ပစ္စည်းလေးပါး သုံးပြီးတော့ ဘုရားကို ကန့်လန့်ဖြတ် ပြုလုပ်နေမယ်ဆိုရင် ကန့်လန့်ဖြတ် ပြုလုပ်နေတဲ့ပုဂ္ဂိုလ်တွေ သွားတဲ့လမ်း မိမိတို့ မလိုက်ရဘူးလား? ဒါ သတိရှိကြနော်။ ဒီတော့ ဘုရားအဆုံးအမအတိုင်း လိုက်နာပြုကျင့်တဲ့ပုဂ္ဂိုလ်က ထွက်ပေါ်လာတဲ့ ကိုယ်အမူအရာသည် သာန၊ သိမ်မွေ့နူးညံ့တဲ့ ကိုယ်အမူအရာတွေသာ ဖြစ်တယ်။ ထွက်ပေါ်လာတဲ့ စကားလုံးတွေသည် သာန၊ သိမ်မွေ့နူးညံ့နေတဲ့ စကားလုံးလေးတွေ ဖြစ်တယ်။ သက္ခိလ၊ ကျုပ်တို့ကတော့ မပြောတတ်လို့ပါတော်။ ဒီလိုစိတ်ထားမျိုး မရှိပါဘူး။ ဒီပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူး။ သက္ခိလ၊ ပြေပြစ်တဲ့စကားမျိုး ပြောတတ်ရမယ်။ ဒါပေမဲ့ နှုတ်ခမ်းလေး ပျားရည်ဆမ်းပြီးတော့ ပြောတဲ့ပုံစံမျိုးတော့ ဘုန်းကြီး မဆိုလိုဘူးနော်။ တကယ် ပြေပြေပြစ်ပြစ်ကလေးနှင့် သူတစ်ပါးနားဝင်အောင် ပြောတတ်ရမယ်။

သူတော်ကောင်းဆိုတာ သုခသမ္ဘာသ၊ ချမ်းသာတဲ့ နှုတ်ခွန်းဆက်သမှု တစ်ဦးနဲ့တစ်ဦး ရှိရတယ်။ သူတော်ကောင်းဆိုတာ ချမ်းသာတဲ့ စကားလေးတွေကို ပြောဆိုတတ်ရတယ်။ တစ်ဖက်သား စိတ်ဆင်းရဲစေတဲ့ စကားမျိုး မိမိတို့ ပြောရမလား? မပြောရဘူး။ ဘာဖြစ်လို့လဲ? တစ်ဖက်သား စိတ်ဆင်းရဲအောင် မိမိတို့က စကားတစ်ခွန်း ပြောလိုက်ပြီ၊ တစ်ဖက်သား ပုဂ္ဂိုလ်မှာ စိတ်ဆင်းရဲမှုလေးတွေ ဖြစ်မနေဘူးလား? ဖြစ်နေပြီ။ ကြားရတဲ့ ပုဂ္ဂိုလ်တွေမှာလည်း အကုသိုလ်တရားတွေ တိုးပွားတယ်။ ပြောနေတဲ့ မိမိမှာလည်း အကုသိုလ်တရားတွေ မတိုးပွားဘူးလား? တိုးပွားနေတယ်။

အဲဒီတော့ အကုသိုလ်တရား တိုးပွားအောင် သာသနာတော်မှာ နေတာလား၊ ကုသိုလ်တရား တိုးပွားအောင် သာသနာတော်မှာ နေတာလားလို့မေးရင် ဘယ်လိုဖြေမလဲ?(ကုသိုလ်တရား တိုးပွားအောင် နေတာပါဘုရား) ကုသိုလ်တရား တိုးပွားအောင်နေတာလို့တော့ အမည်ခံတယ်၊ အကုသိုလ်တရား တိုးပွားအောင် မိမိက ပြောနေမယ်၊ ဆိုနေမယ်၊ ပြုနေမယ်ဆိုရင် မိမိရဲ့အပြောနဲ့ မိမိရဲ့အလုပ်သည် ဟပ်မိပါသေးလား? မဟပ်မိဘူး။ ဒါ သတိရှိဖို့ လိုတယ်။

ဒီတော့ သာသနာတော်မှာနေတဲ့ပုဂ္ဂိုလ်က ခုနက အစွယ်ကျိုးတဲ့ မြွေကဲ့သို့၊ ချိုကျိုးတဲ့ နွားလားဥသဘကဲ့သို့၊ ခြေသုတ်ကြိုးဝန်းကဲ့သို့ နှိမ်ချထားတဲ့ စိတ်ထားကလေးဖြင့် နေရတယ်။ နေလိုက်တဲ့ အချိန်ခါမှာ ထိုပုဂ္ဂိုလ်သန္တာန်မှ ထွက်ပေါ်လာတဲ့ ကိုယ်အမူအရာသည် သိမ်မွေ့တဲ့ ကိုယ်အမူအရာဖြစ်တယ်။ ထိုပုဂ္ဂိုလ်သန္တာန်မှ ထွက်ပေါ်လာတဲ့ နှုတ်အမူအရာသည် သိမ်မွေ့တဲ့ နှုတ်အမူအရာဖြစ်တယ်၊ ပြေပြစ်တဲ့စကားကိုသာ ပြောတယ်၊ ချမ်းသာတဲ့ စကားကိုသာ သူက ပြောကြားတတ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို အယံ နိဝါတော၊ နှိမ်ချတဲ့စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်လို့ ခေါ်တယ်။

“ကျုပ်တို့က ဒီစိတ်ထားမျိုး မရှိပါဘူး။ ကျုပ်တို့က စကားမပြောတတ်လို့ပါ” ဒီပုံစံမျိုး ဟုတ်သလား? အဲဒါ ကိုယ့်ကို လိမ်တဲ့စကားပါနော်။ စကားမပြောတတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိပါဘူး။ ပြုပြင်ပြောင်းလဲရေးဆိုတာ မလုပ်ရဘူးလား? လုပ်ရပါတယ်။ သိမ်မွေ့နေတဲ့ စကားလေးတွေကို ပြောကြားတတ်အောင် မိမိတို့က လေ့ကျင့်မယ်ဆိုရင် လေ့ကျင့်လို့ မရဘူးလား? ရပါတယ်။ ကျေးသားလေးတွေ၊ သာလိကာလေးတွေတောင်မှ သင်လို့ ရသေးတာ၊ တိရစ္ဆာန်တွေတောင်မှ သင်လို့ ရသေးတယ်ဆိုရင် တိရစ္ဆာန်ထက် အဆင့်အတန်းမြင့်တဲ့ လူသားတစ်ဦးအဖြစ် ဝန်ခံနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ဘာဖြစ်လို့ သင်လို့ မရရမှာလဲနော်။ ပြုပြင်ပြောင်းလဲမှုဆိုတာ မလုပ်သင့်ဘူးလား? လုပ်သင့်တယ်။ မလုပ်ဘဲ နေခဲ့ရင်တော့ မလုပ်တဲ့လူတွေ သွားတဲ့လမ်း မိမိတို့က သွားတဲ့လမ်း မိမိတို့က လိုက်ရမယ်နော်။ ဒါကြောင့် ဒီလို နှိမ်ချတဲ့ စိတ်ထားရှိပြီး သိမ်မွေ့နူးညံ့တဲ့ တစ်ဖက်သားပုဂ္ဂိုလ်တို့ နားချမ်းသာစေတတ်တဲ့ ပြေပြစ်တဲ့စကားကို ပြောကြားတတ်ခြင်းသည် နိဝါတမင်္ဂလာဖြစ်တယ်။ ဒီမင်္ဂလာတရားက ဘာဖြစ်သလဲ?

သွာယံ ယသာဒိဂုဏပ္ပဋိလာဘဟေတုတော မင်္ဂလန္တိ ဝုစ္စတိ။

ဒီလို နှိမ်ချတဲ့ စိတ်ထားရှိခြင်းသည် ယသာဒိဂုဏပ္ပဋိလာဘဟေတုတော၊ အခြွေအရံ ပရိသတ်များပြားခြင်း အစရှိတဲ့ ဂုဏ်ကျေးဇူးတွေကို ရရှိဖို့ရန် အကြောင်းတရား ဖြစ်ခြင်းကြောင့် မင်္ဂလာလို့ ခေါ်တယ်နော်။ ဘုရားရှင်ကိုယ်တော်တိုင်က ဟောထားတဲ့ ဂါထာလေးကို ကိုးကားပြီးတော့ အဋ္ဌကထာက ဖွင့်ထားတယ်။

‘နိဝါတဝုတ္တိ အတ္ထဒ္ဓေါ, တာဒိသော လဘတေ ယသံ’

ဟော ဘုရား ဟောထားတယ်။ ဘာပြောတာလဲ? သီလနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းဟာတဲ့ -

ပန္န၊ သိမ်မွေ့နူးညံ့တဲ့စကား ရှိတယ်။ ပဋိပန္နဝါ = ဉာဏ်ပညာနဲ့ ဆက်စပ်နေတဲ့ စကားမျိုးကို ပြောကြားတတ်တယ်။ နိဝါတဝုတ္တိ၊ နှိမ်ချတဲ့ ကိုယ်အမူအရာ, နှိမ်ချတဲ့ နှုတ်အမူအရာ, နှိမ်ချတဲ့ စိတ်အမူအရာလည်း ရှိတယ်။ အတ္ထဒ္ဓေါ၊ ခက်ထန်တင်းမာတဲ့ စိတ်ဓာတ်လည်း မရှိဘူး။

အဲဒီလို ပုဂ္ဂိုလ်မျိုးသည် - တာဒိသော လဘတေ ယသံ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ဂုဏ်သတင်း ကျော်ကြားခြင်းဆိုတဲ့ အကျိုးကျေးဇူး, အခြွေရံ ပရိသတ် များပြားခြင်းဆိုတဲ့ အကျိုးကျေးဇူး။ ဒီနှစ်ခု ရရှိနိုင်တယ်။ ဟုတ်,မဟုတ် လောကမှာ ဆန်းစစ်ကြည့်ပါနော်။ “ဟာ ... ဒီကောင်မ သွားမစနဲ့ ဒင်းပါးစပ် ငါကြောက်လွန်းလို့” ဟော ... အဲဒီလို ဆိုလို့ရှိရင် သူ့ရဲ့ ဂုဏ်သတင်း ပျံ့နှံ့နေလား? မပျံ့နှံ့တော့ဘူး။ သူ့မှာ အဲဒီလို နှုတ်ကြမ်း, အာကြမ်းနဲ့ ဗရမ်းဗတာ ပြောတတ်တဲ့ပုဂ္ဂိုလ်မှာ ခစားနေတဲ့ ပရိသတ်ဆိုတာ ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ ဒါကတော့ သတိထားနော်။ နှုတ်သရမ်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနားမှာ ဘယ်သူကမှ အဖက်-လုပ်ပြီး စကားပြောချင်တဲ့စိတ်ထား မရှိဘူး။

အဲဒါကြောင့် ဘုရားရှင်က ဒီနေရာမှာ - သီလနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်သည် သိမ်မွေ့နူးညံ့တဲ့ စကားလည်း ရှိတယ်, ဉာဏ်ပညာကို ဖြစ်စေတတ်တဲ့ စကားတွေလည်း ရှိတယ်, ဉာဏ်ပညာကို ဖြစ်စေတတ်တဲ့ စကားတွေကို ပြောကြားတတ်တဲ့ အလေ့အထတွေလည်း သူ့မှာ ရှိတယ်, နှိမ်ချတဲ့ ကိုယ်အမူအရာ, နှိမ်ချတဲ့ နှုတ်အမူအရာ, နှိမ်ချတဲ့ စိတ်အမူအရာလည်း ရှိတယ်, ခက်ထန်တင်းမာတဲ့ စိတ်ထားလည်း မရှိဘူး။ အဲဒီလို ပုဂ္ဂိုလ်မျိုးသာလျှင် ဂုဏ်သတင်း ကျော်ကြားခြင်းဆိုတဲ့ အကျိုးတရားကို ရနိုင်တယ်, အခြွေရံ များပြားခြင်းဆိုတဲ့ အကျိုးတရားကို ရနိုင်တယ်ဆိုပြီးတော့ မြတ်စွာဘုရား ဒီလို ဟောထားတယ်။ အဲဒီတော့ အဲဒီလို ဟောကြားချက်တွေနဲ့ ပတ်သက်-ပြီးတော့ နောက်တစ်ဆင့်တက်ပြီးတော့ ပရာဘဝသုတ္တန်မှာ မြတ်စွာဘုရား ဟောထားတာလေး တစ်ခုရှိတယ်။

‘‘ဇာတိတ္ထဒ္ဓေါ ဓနတ္ထဒ္ဓေါ, ဂေါတ္တတ္ထဒ္ဓေါ စ ယော နရော၊

ပရာဘဝသုတ်မှာ ဘုရားဟောထားတယ်။ ဇာတိတ္ထဒ္ဓေါ၊ အမျိုးဇာတ်ကို အကြောင်းပြုပြီးတော့ ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတယ်။ ငါက ဘယ်လိုအမျိုး၊ ဒင်းတို့က ဘယ်လိုအမျိုး၊ တို့အမျိုးက ဘယ်လိုအမျိုးဆိုပြီးတော့ အမျိုးအနွယ် ဇာတိမာန်ကို အကြောင်းပြုပြီးတော့ မာန်မာနတွေ ခက်ထန်-တင်းမာတဲ့စိတ်ထားတွေ ရှိပြန်တယ်။

ဓနတ္ထဒ္ဓေါ၊ မိမိက စည်းစိမ်ဥစ္စာ ကြွယ်ဝနေပြီဆိုရင်လည်း ကြွယ်ဝ-ချမ်းသာနေတဲ့ ဒီစည်းစိမ်ဥစ္စာကို အခြေခံပြီး ခက်ထန်တင်းမာတဲ့စိတ်ထား ရှိပြန်တယ်။ ဂေါတ္တတ္ထဒ္ဓေါ၊ မိမိတို့ရဲ့ အိမ်သူအိမ်သား အမျိုးအနွယ် တစ်မျိုးပေါ့။ ခုနကတော့ ဇာတ်, အခုတော့ အနွယ်။ ခုနက ပုဏ္ဏား ဆိုပေမဲ့လို့ ပုဏ္ဏားဆိုတောင်မှ ယှဉ်ပြိုင်လိုက်မယ် ဆိုလို့ရှိရင် ပုဏ္ဏားတစ်မျိုးနဲ့တစ်မျိုး မတူဘူး။ အာဒိစ္စပုဏ္ဏားမျိုးဆိုရင် သူတို့ ယူဆတာက သူတို့က ဗြဟ္မာမင်းရဲ့ ဦးခေါင်းက ပေါက်ပြီး မွေးလာတာတဲ့ - သူတို့ကို သူတို့ လက်ခံတယ်။ တချို့-ပုဂ္ဂိုလ်တွေကျတော့ ဗြဟ္မာမင်းရဲ့ ခြေထောက်က မွေးတယ်လို့ ယူဆတယ်။ တချို့ကျတော့ ဗြဟ္မာမင်းရဲ့ အာခံတွင်းက မွေးတယ်လို့ ယူဆတယ်။ ဒါကြောင့် သူတို့က ပုဏ္ဏားအချင်းချင်းတောင် အနွယ်ကို အကြောင်းပြုပြီးတော့ ခက်ထန်တင်းမာတဲ့စိတ်ထားတွေ ရှိကြတယ်။ အဲဒီလို ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေဟာ ဘာလုပ်လဲ?

သညာတိံ အတိမညေတိ, တံ ပရာဘဝတော မုခံ’’။

သညာတိံ၊ မိမိတို့ ဆွေမျိုးသားချင်းအပေါ်၌သော်လည်း မထီမဲ့မြင် ပြုလုပ်တတ်၏၊ ဟော ... မိမိရဲ့ ဆွေမျိုးသားချင်းအပေါ်၌လည်း မထီမဲ့မြင် ပြုလုပ်တတ်တဲ့ စိတ်ထားရှိတယ်။ ဇာတ်ကို အကြောင်းပြုပြီးတော့, စည်းစိမ်ဥစ္စာကို အကြောင်းပြုပြီးတော့, အနွယ်ကို အကြောင်းပြုပြီးတော့ ခက်ထန်-တင်းမာတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်က မိမိကို အလွန်ရင်းနှီးနေတဲ့ ဆွေမျိုးသားချင်းတွေအပေါ်၌သော်လည်း မထီမဲ့မြင် ပြုလုပ်တတ်တဲ့ စိတ်ထားရှိတယ်။ အဲဒီ ဆွေမျိုးသားချင်းတွေအထဲမှာ အနီးကပ်ဆုံးဆွေမျိုးသည် အမိ, အဘ ဖြစ်တယ်။ နောက်တစ်ဆင့် နီးကပ်တဲ့ဆွေမျိုးက အစ်ကို, အစ်မ, ညီမ, မောင်လေး စသည်ဖြင့် ဒီလို ဆွေမျိုးတွေ ရှိကြပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေအပေါ်၌သော်လည်း မိမိတို့က ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတယ်။ မထီမဲ့မြင် ပြုလုပ်လိုတဲ့ စိတ်ထားရှိပြီ။ အဲဒီလို စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပျက်စီးဖို့ အကြောင်းတစ်ခုဖြစ်တယ်လို့ ဘုရားက ဟောတယ်။ ဘာဖြစ်လို့ ပျက်စီးရလဲ?

အမိရင်း, အဖရင်းပေါ်မှာတောင်မှ မထီမဲ့မြင် ပြုလုပ်နေတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် မိဘသော်လည်း ဒီသား, ဒီသမီးအပေါ်၌ ကူညီရိုင်းပင်းလိုတဲ့ စိတ်ထားရှိသလား? မရှိဘူး။ အစ်ကိုတွေ, အစ်မတွေအပေါ်မှာ ခက်ထန်တင်းမာနေတဲ့ စိတ်ထားရှိတဲ့ ဒီပုဂ္ဂိုလ်တစ်ယောက် ဒီအစ်ကို, အစ်မတွေကလည်း ကူညီရိုင်းပင်းချင်တဲ့စိတ်ထား ရှိဦးမလား? “ဒင်းထိုက်နဲ့ ဒင်းကံ ရှိပါစေတော့” ဆိုပြီးတော့ ပယ်လျက်ထားချင်တဲ့ စိတ်ထားသာ များလာမယ်။ ညီမတွေ, မောင်တွေအပေါ်မှာလည်း ခက်ထန်တင်းမာစွာနဲ့ ဆက်ဆံနေတဲ့ စိတ်ထားရှိ ပုဂ္ဂိုလ်တစ်ယောက် အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်ကို ဒီညီမလေးတွေ, ဒီမောင်လေးတွေကလည်း ကူညီရိုင်းပင်းချင်တဲ့ စိတ်ထား ရှိဦးမလား? မရှိတော့ဘူး။ ဒင်းနဲ့တွေ့ရမှာ, မျက်နှာချင်းဆိုင်တွေ့ရမှာ အင်မတန် ကြောက်နေတယ်။

အဲ ... တခြားပိုပြီးတော့ ဝမ်းကွဲတို့, ဘာတို့ ဖြစ်တဲ့ ဆွေမျိုးသားချင်းတွေက ပြောဖို့ရာ လိုသေးသလား? မလိုတော့ဘူး။ ဘယ်သူမှ သူ့အိမ်ကို ကပ်ချင်တဲ့စိတ်ထား မရှိဘူး။ မရှိတဲ့အတွက် ဒီလို ဆွေမျိုးသားချင်းတွေအပေါ်မှာ မထီမဲ့မြင် ပြုလုပ်တတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မိမိရဲ့ ဆွေမျိုးသားချင်းတွေက ဝိုင်းဝိုင်းလည် ကူညီချင်တဲ့စိတ်ထား ရှိဦးမလား? မရှိတော့ဘူး။ မကူညီချင်တော့ဘူး ဆိုလို့ရှိရင်တော့ အဲဒါ ပျက်စီးဖို့ အကြောင်းဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်နေပြီ။ ဒါ စဉ်းစားကြနော်။ နောက်တစ်ခု -

ဒီလို ခက်ထန်တင်းမာနေတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်အဖို့ ဘယ်ပုဂ္ဂိုလ်ကမှ သူ့ကိုလည်း ကောင်းတဲ့တရားဓမ္မတွေ ဟောကြားပြသပေးချင်တဲ့ စိတ်ထား မရှိတော့ဘူး။ “မိတ်ဆွေ ...သီလကျင့်စဉ်ဆိုတာ ဒီလို ဖြည့်ကျင့်ရတယ်, သမာဓိကျင့်စဉ်ဆိုတာ ဒီလို ဖြည့်ကျင့်ရတယ်, ပညာကျင့်စဉ်ဆိုတာ ဒီလို ဖြည့်ကျင့်ရတယ်” လို့ လာပြီး သွန်သင်ပေးချင်တဲ့ စိတ်ထားကော ရှိသေးလား? မရှိတော့ဘူး။ ဘာဖြစ်လို့လဲ? သူက အမြဲတမ်း အပေါ်စီးကနေတယ်။ ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတယ်။ အဲဒီလို ခက်ထန်တင်းမာတဲ့ စိတ်ထားရှိပြီး အပေါ်စီးကနေတဲ့ပုဂ္ဂိုလ်ကို သင်ပေးချင်တဲ့စိတ်ထား ရှိဦးမလား? မရှိတော့ဘူး။ ဆုတ်ယုတ်ပျက်စီးဖို့အကြောင်းတွေ များစွာမဖြစ်ဘူးလား? ဖြစ်နေပြီ။

နာမည်ကျော်ဖြစ်တဲ့ စူဠပန္ထကမထေရ်ကြီးပဲ ကြည့်ပေါ့ ... ကောဌိလမထေရ်ကြီးက ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခြင်းကြောင့် နောက်ဆုံး ဆိုကြပါတော့လေ - ဘုရားရှင် သွားကန်တော့တော့ ဘုရားရှင်ကနေပြီးတော့ တုစ္ဆကောဌိလ = အချည်းနှီး ဘာမှအနှစ်မရှိတဲ့ ကောဌိလကြီး ဘုရားက ဒီလိုခေါ်တော့ သူက နည်းနည်း နာသွားတယ်။ နည်းနည်း နာသွားတော့ ဘာဖြစ်လို့ ဘုရားက သူ့ကို ဒီလိုခေါ်ရလဲ? သူ့-ကိုယ်သူ ပြန်ဆန်းစစ်ကြည့်လိုက်တော့ သူက ပရိယတ္တိမာန်စွယ် ထောင်-နေတဲ့ပုဂ္ဂိုလ်ဆိုတာ သူ့ဟာသူ သဘောပေါက်တယ် -

သဘောပေါက်တဲ့ အချိန်ခါကျတော့ ဘုရားရှင် နှစ်ခြိုက်တဲ့တရားတွေ ငါရအောင် ကျင့်မယ်ဆိုပြီးတော့ တရားလျှောက်ပြီး ကမ္မဋ္ဌာန်းတောင်းလိုက်တာ။ ဘယ်မထေရ်ကမှ ကမ္မဋ္ဌာန်းပေးချင်တဲ့ဆန္ဒ မရှိဘူး။ နောက်ဆုံး ၇-နှစ်အရွယ် ကိုရင်လေးထံ လွှတ်လိုက်တယ်။ ရဟန္တာမထေရ်ပါပဲ။ အဲဒီ ကိုရင်လေးထံမှာ လက်အုပ်ချီပြီး ကမ္မဋ္ဌာန်းတောင်းလိုက်တော့မှ ကိုရင်လေးက ကမ္မဋ္ဌာန်းပေးလိုက်တယ်။ အဲဒီအခါကျမှ တရားအားထုတ်-ဖြစ်တယ်။ ဒီလို ခက်ထန်တင်းမာနေတဲ့စိတ်ထား ရှိနေခဲ့ဦးမယ်ဆိုရင် ဒီကိုရင်ကော ကမ္မဋ္ဌာန်း ပေးဦးမလား? ဒီခါကျမှ သူက မာနကျတယ်နော်။

ဒါကြောင့် အကယ်၍များ သူ့ကို ဘယ်ကိုရင်ကမှ ကမ္မဋ္ဌာန်းမပေးဘူး, ကမ္မဋ္ဌာန်းတရားတွေ သင်မပေးတော့ဘူးဆိုရင် သူ့အတွက် တိုးတက်မှု-ဆိုတာ ဖြစ်နိုင်ဦးမလား? မဖြစ်တော့ဘူး။ ပျက်စီးဖို့အကြောင်းပဲ။ နောက်တစ်ခု ပျက်စီးဖို့အကြောင်းကတော့ အဲဒီ ခက်ထန်တင်းမာနေတဲ့ ဒီစိတ်-ထားကို ပယ်နှုတ်နိုင်တဲ့စွမ်းအား မရှိတော့ ဒီစိတ်ထားကို ခက်ထန်တင်းမာနေတဲ့ မာန်မာနပြဋ္ဌာန်းနေတဲ့ ဒီစိတ်ထားတွေက ဒီသတ္တဝါကို ဘယ်ရောက်အောင် ပို့ဆောင်ပေးမလဲ? အပါယ်လေးဘုံရောက်အောင် ပို့ဆောင်ပေးမယ်။ မပျက်စီးဘူးလား? ပျက်စီးသွားတယ်။ ဒါကြောင့် -

‘‘ဇာတိတ္ထဒ္ဓေါ ဓနတ္ထဒ္ဓေါ, ဂေါတ္တတ္ထဒ္ဓေါ စ ယော နရော၊ သညာတိံ အတိမညေတိ, တံ ပရာဘဝတော မုခံ’’။

ဇာတိတ္ထဒ္ဓေါ၊ အမျိုးဇာတ်အားဖြင့် ခက်ထန်တင်းမာတဲ့ စိတ်ထား-ရှိသော ပုဂ္ဂိုလ်သည်လည်းကောင်း။ ဓနတ္ထဒ္ဓေါ၊ စည်းစိမ်ဥစ္စာ ဂုဏ်သိမ်အားဖြင့် ခက်ထန်တင်းမာတဲ့ စိတ်ထားရှိသော ပုဂ္ဂိုလ်သည်လည်းကောင်း။ ယော နရော၊ အကြင် လူသားတစ်ဦးသည်။ ဇာတိတ္ထဒ္ဓေါ စ၊ အမျိုးဇာတ်အားဖြင့် ခက်ထန်တင်းမာသော စိတ်ထားရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဓနတ္ထဒ္ဓေါ စ၊ စည်းစိမ်ဥစ္စာ ဂုဏ်သိမ်အားဖြင့် ခက်ထန်တင်းမာသော စိတ်ထားရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဂေါတ္တတ္ထဒ္ဓေါ စ၊ အနွယ်အားဖြင့် ခက်ထန်တင်းမာသော စိတ်ထား-ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ သညာတိံ၊ မိမိရဲ့ ဆွေမျိုးသားချင်းအပေါ်၌။ အတိမညေတိ၊ မထီမဲ့မြင် ပြုလုပ်တတ်ပေ၏။ သော နရော၊ ထိုကဲ့သို့သော လူသားသည်။ တဿ၊ ထိုပုဂ္ဂိုလ်၏။ တံ၊ ထိုကဲ့သို့ ပြုကျင့်ခြင်းသည်။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတရားပါပေတည်း။

ဒီလူသားတစ်ဦးက ဇာတ်ကို အကြောင်းပြုပြီးတော့ ခက်ထန်တင်း-မာသော စိတ်ထားရှိတယ်, အနွယ်ကို အကြောင်းပြုပြီးတော့ ခက်ထန်တင်းမှု ရှိတယ်, မိမိရဲ့ ဆွေမျိုးများအပေါ်၌ မထီမဲ့မြင် ပြုလုပ်တတ်တဲ့စိတ်ထား ရှိတယ်။ အဲဒီလို စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်သည် ပျက်စီးဖို့ရန်အတွက် အကြောင်းတစ်ခုဖြစ်တယ်လို့ ဒီလို ဘုရားဟောထားတယ်။ ဒါကြောင့် ဒီခက်ထန်တင်းမာနေတဲ့ စိတ်ထားက မိမိတို့ကို ဘယ်သို့ရောက်အောင် ပို့ဆောင်ပေးမလဲ ဆိုတာကို ပြန်ပြီးစဉ်းစားတတ်ဖို့တော့ လိုအပ်ပါတယ်။

ဒီနေရာမှာ အရှင်သာရိပုတ္တရာ၏ နိဝါတဂုဏ်လေး အဋ္ဌကထာဆရာ-တော်က ကြည်ညိုဖွယ် ထုတ်ဆောင်ပြထားပါတယ်နော်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဝစနက္ခမ၊ ပြောဆိုဆုံးမတာကို ခံယူတဲ့နေရာမှာ စိတ်ထားက အင်မတန် ပျော့ပျောင်းတယ်။ ဘယ်ပုဂ္ဂိုလ်ကမဆို လာပြီး ပြောမယ်ဆိုရင် ပြောဆိုတဲ့စကား တရားသောစကားသာ ဖြစ်ပါစေ ထိုစကားကို ခံယူလိုတဲ့စိတ်ထား ထိုရှင်သာရိပုတ္တရာမှာ ရှိတယ်။ ဒီတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဆိုတာက ဘယ်လိုပုဂ္ဂိုလ်လဲ ပြန်ကြည့်ပါ။

ဘုရားရှင်ကလွဲရင် သာသနာတော်မြတ်ကြီးမှာ ဉာဏ်ပညာ အကြီး-မားဆုံး သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ စကြဝဠာတစ်ခုလုံး မိုးအပြည့် ရွာသွန်းနေသည် ဖြစ်ချင်ဖြစ်ပါစေ၊ အဲဒီ မိုးရေပေါက် ဘယ်နှစ်ပေါက် ရှိတယ်ဆိုတာကို ရေတွက်နိုင်တဲ့ ဉာဏ်ပညာရှိတယ်။ ကဲ တရားနာ ပရိသတ်တွေ ဘုန်းကြီး နှိမ်ချပြောတာ မဟုတ်ပါဘူး။ ဒီကျောင်းဝင်းထဲ ရွာသွန်းလိုက်တဲ့ မိုးရေပေါက် ဘယ်နှစ်ပေါက်ရှိလဲ သိလား? ဟင်! ဘယ်သူများ ရေနိုင်သလဲ? ရှင်သာရိပုတ္တရာနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် များစွာ မကွာဘူးလား? ကွာပါတယ်။ အဲဒီလောက် ဉာဏ်ပညာကြီးမားတဲ့ သူတော်ကောင်းတစ်ဦးက ဘာဖြစ်သလဲ?

# ရှင်သာရိပုတ္တရာထေရ်မြတ်၏ ဩဝါဒခံယူပုံနှင့် တောင့်တချက်

ဧကော ဟိ ပရဿ ဩဝါဒံ ဒေတိ, သယံ ပန အညေန ဩဝဒိယမာနော ကုဇ္ဈတိ။

ဧကော၊ အချို့သော ပုဂ္ဂိုလ်သည်ကား။ ပရဿ၊ သူတစ်ပါးအား။ ဩဝါဒံ၊ အဆုံးအမကို။ ဒေတိ၊ ပေးတတ်၏။ သယံ ပန၊ မိမိကိုယ်တိုင်ကား။ အညေန၊ အခြားတစ်ပါးသော ပုဂ္ဂိုလ်သည်။ ဩဝဒိယမာနော၊ ဆိုဆုံးမခဲ့သည်ရှိသော်။ ကုဇ္ဈတိ၊ ငါ့ကို ပြောရကောင်းလားဟူ၍ အမျက်ထွက်တတ်၏၊

လောကရဲ့ သဘာဝလေးတစ်ခု - တချို့တချို့ ပုဂ္ဂိုလ်တွေက သူတစ်ပါးကို ဆိုဆုံးမမယ်ဆိုရင် ဆုံးမတတ်တယ်။ မိမိကို သူတစ်ပါးက ပြောဆိုဆုံးမပြီ ဆိုရင်တော့ ဘာဖြစ်သလဲ? “ငါ့ကို ဒီလို ပြောရမလား” ဆိုပြီးတော့ အမျက်ထွက်တတ်ပြန်တယ်။ ဟုတ်သလား, မဟုတ်ဘူးလား? “လာပြောမနေနဲ့ ... စိတ်တိုလာပြီ။ သွား ... မရှည်နဲ့” ဒီပုံစံမျိုးတွေ မရှိဘူးလား? ဟော ... သီလရှင်တွေ ပြုံးနေတယ်။ ဟုတ်တယ်နဲ့ တူတယ်။ ကဲ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကတော့ ဘယ်လိုရှိလဲ?

ထေရော ပန ပရဿပိ ဩဝါဒံ ဒေတိ, သယံ ဩဝဒိယမာနောပိ သိရသာ သမ္ပဋိစ္ဆတိ။

ထေရော ပန၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်ကား။ ပရဿပိ၊ သူတစ်ပါးတို့အားလည်း။ ဩဝါဒံ၊ ဆုံးမဩဝါဒကို။ ဒေတိ၊ ပေးသနားတော်မူတတ်၏။ သယံ၊ မိမိကို။ ဩဝဒိယမာနောပိ၊ ပြောဆို ဆုံးမခဲ့သည်ရှိသော်လည်း။ သိရသာ၊ ဦးခေါင်းဖြင့်။ သမ္ပဋိစ္ဆတိ၊ ခံယူတတ်၏၊

မိမိကလည်း သူတစ်ပါးကို ဆိုဆုံးမတယ်။ မိမိကို သူတစ်ပါးက လာပြီး ဆုံးမပြီဆိုရင် ဦးခေါင်းဖြင့် ခံယူတယ်။ ဦးထိပ်ထား ခံယူတယ်။ ဘယ်လိုလဲ? ထုံးလေးတစ်ခု ထောက်ပြထားတယ်။

ဧကဒိဝသံ ကိရ သာရိပုတ္တတ္ထေရံ သတ္တဝဿိကော သာမဏေရော – ‘‘ဘန္တေ, သာရိပုတ္တ, တုမှာကံ နိဝါသနကဏ္ဏော ဩလမ္ဗတီ’’တိ အာဟ။

ဧကဒိဝသံ၊ တစ်နေ့သ၌။ သာရိပုတ္တတ္ထေရံ၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို။ သတ္တဝဿိကော၊ ခုနှစ်နှစ်သား အရွယ်ရှိသော။ သာမဏေရော၊ သာမဏေလေးက။ ဘန္တေ သာရိပုတ္တ၊ အရှင်ဘုရား သာရိပုတ္တရာ။ တုမှာကံ၊ အရှင်ဘုရားတို့၏။ နိဝါသနကဏ္ဏော၊ သင်းပိုင်အစွန်းသည်ကား။ ဩလမ္ဗတိ၊ တွဲလဲဆွဲ၍ နေပါ၏။ ဣတိ၊ ဤသို့။ အာဟ၊ လျှောက်ထားလေ၏၊

တစ်နေ့ပေါ့ - ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို ခုနှစ်နှစ်သားအရွယ် ကိုရင်လေးတစ်ပါးကနေပြီးတော့ “အရှင်ဘုရား သာရိပုတ္တရာ ... အရှင်ဘုရား ဝတ်ထားတဲ့သင်းပိုင်က အစွန်းကြီး တွဲလဲကျနေတယ်, မညီမညာ ဖြစ်နေတယ်” ဆိုပြီးတော့ လျှောက်ထားလိုက်တယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်ခါမှာ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဘာလုပ်သလဲ?

ထေရော ကိဉ္စိ အဝတွာဝ ဧကမန္တံ ဂန္တွာ ပရိမဏ္ဍလံ နိဝါသေတွာ အာဂမ္မ ‘‘ဧတ္တကံ ဝဋ္ဋတိ အာစရိယာ’’တိ အဉ္ဇလိံ ပဂ္ဂယှ အဋ္ဌာသိ။

ထေရော၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော်မျှ။ အဝတွာဝ၊ မပြောကြားမူ၍သာ။ ဧကမန္တံ၊ အပြစ်ခြောက်ပါး ကင်း၍ သင့်တင့်လျောက်ပတ်သော တစ်နေရာသို့။ ဂန္တွာ၊ သွား၍။ ပရိမဏ္ဍလံ၊ အဝန်းညီစွာ။ နိဝါသေတွာ၊ သင်းပိုင်ကို ပြင်ဝတ်၍။ အာဂမ္မ၊ တစ်ဖန် ပြန်လာ၍။ အာစရိယ၊ ဆရာ။ ဧတ္တကံ၊ ဤမျှလောက်သည်ကား။ ဝဋ္ဋတိ၊ သင့်တင့်လျောက်ပတ်ပါ၏လော။ ဣတိ၊ ဤသို့။ အဉ္ဇလိံ၊ လက်အုပ်ကို။ ပဂ္ဂယှ၊ ချီမြှောက်၍။ အဋ္ဌာသိ၊ ရပ်တည်တော်မူလေ၏၊

ရှင်သာမဏေလေးဘက်ကို လက်အုပ်ချီပြီးတော့မှ မတ်တပ်ရပ်တယ်။ ဘာမှ သူက ပြန်မပြောဘူး။ “ငါ့ ဘာလာပြောနေတာလဲ သွား ... လျှာမရှည်နဲ့” ဟော ဒီပုံစံမျိုး ရှိသလား? မရှိဘူး။ အဲဒီလို ပုံစံမျိုး မရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လို ပုဂ္ဂိုလ်လဲ? စကြဝဠာတစ်ခုလုံးကို ရွာသွန်းနေတဲ့ မိုးရေကို ဘယ်နှစ်ပေါက်ရှိတယ်ဆိုတာ ရေတွက်နိုင်တဲ့ ဉာဏ်ပညာကြီးတဲ့ ပုဂ္ဂိုလ်ပါ။ မိမိရဲ့ ဉာဏ်ပညာကို ပြန်ကြည့်ပါ။ စကောလောက်ရှိတဲ့ နေရာလေးမှာ ရွာသွန်းနေတဲ့မိုး ဘယ်နှစ်ပေါက် ရှိလဲတောင် ရေတွက်လို့ ရသလား? မရပါဘူး။ ဒီလောက် ဉာဏ်ပညာကြီးမားတဲ့ ပုဂ္ဂိုလ်တောင်မှ တစ်ဖက်သားက လာပြီး ဆုံးမတဲ့အခါ ဘာမှမပြောတဲ့ စိတ်ထားရှိတယ်ဆိုရင် မိမိလို ဉာဏ်ပညာ ပမွှားလေးတစ်ယောက်က တစ်ဖက်သားပုဂ္ဂိုလ်က လာပြီး ဆုံးမတယ်ဆိုရင် ပြန်ပြီး ရန်ထောင်နေဖို့ လိုသေးလား? မလိုပါဘူး။ သာသနာတော်မှာနေတဲ့ပုဂ္ဂိုလ်ဆိုတာ ဒီလို နှိမ်ချတဲ့စိတ်ထား ရှိဖို့လိုတယ်။

ဒီတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာသွား သင်းပိုင်လေး အဝန်းညီအောင် ပြန်ဝတ်ပြီးတဲ့အခါ ပြန်လာပြီး “ဆရာ ဒီလောက်ဆိုလို့ရှိရင် သင့်တင့်ပြီလား” ဆိုပြီး လက်အုပ်ကလေးချီပြီးတော့ မတ်တပ်ရပ်တယ်။ မတ်တပ်ရပ်ရုံတွင်လား ဆိုရင်တော့ မကသေးဘူး။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ထိုနေရာမှာ ကြုံးဝါးပါတယ်။ အဲဒီ ကြုံးဝါးတာလေးကို သာသနာတော်က သိပ်ပြီး သဘောကျလွန်းလို့ မှတ်တမ်းတင်ထားတယ်။ ဘယ်လို ကြုံးဝါးသလဲ?

‘‘တဒဟု ပဗ္ဗဇိတော သန္တော, ဇာတိယာ သတ္တဝဿိကော၊ သောပိ မံ အနုသာသေယျ, သမ္ပဋိစ္ဆာမိ မတ္ထကေ’’။

ဇာတိယာ၊ ပဋိသန္ဓေအားဖြင့်။ သတ္တဝဿိကော၊ ခုနှစ်နှစ်သား အရွယ်ရှိသေးသော။ တဒဟုပဗ္ဗဇိတော၊ ထိုနေ့မှ ရှင်ရဟန်းပြု၍လာသော ပုဂ္ဂိုလ်သည်။ သန္တော၊ ဖြစ်ချင်လည်း ဖြစ်ပါစေ။ သောပိ၊ ထိုပုဂ္ဂိုလ်သည်လည်းပဲ။ မံ၊ ငါ့ကို။ စေ အနုသာသေယျ၊ ဆိုဆုံးမခဲ့သည်ဖြစ်ငြားအံ့။ အဟံ၊ ငါသည်။ တဿ၊ ထိုပုဂ္ဂိုလ်၏။ တံဝစနံ၊ ထိုဆိုဆုံးမနေတဲ့စကားကို။ မတ္ထကေ၊ ဦးခေါင်းထက်၌။ သမ္ပဋိစ္ဆာမိ၊ ရိုသေစွာ ခံယူပါ၏၊

ကြည့်စမ်းနော် ... ပဋိသန္ဓေကနေ စပြီးတော့ ရေတွက်ကြည့်မယ် ဆိုရင် ခုနှစ်နှစ်အရွယ်ပဲရှိတဲ့ ပုဂ္ဂိုလ်, ထိုနေ့မှ ရှင်ရဟန်းဖြစ်လာတဲ့ ပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်ပါစေ အဲဒီလို ပုဂ္ဂိုလ်မျိုးက ငါ့ကိုများ အကယ်၍ လာဆိုဆုံးမခဲ့မယ်ဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ ထိုဆိုဆုံးမမှုကို ငါ ဦးထိပ်ထက်မှာ ရိုသေစွာ ထားပြီးတော့ ခံယူပါတယ်။ သူတော်ကောင်းဆိုတာ ဒီလို နှိမ်ချတဲ့ စိတ်ထား ရှိရပါတယ်။ သို့သော် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက အမြဲတမ်း သူက ခေါင်းကို ခြုံပုတ်ထဲထိုး အောက်ချထားသလား? ဒီလိုလဲ မဟုတ်ပါဘူး။

ကြည်ညိုဖွယ်ကောင်းတဲ့ ရှင်သာရိပုတ္တရာ ဂုဏ်ရည်တစ်ခုကတော့ - ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးရဲ့ တောင့်တချက်ပဲ။ အဲဒီ တောင့်တချက်ကို ဘုန်းကြီးကတော့ သိပ်ပြီး သဘောကျတယ်။ သဘောကျတဲ့ ပရိသတ်တွေလည်း ရှိကောင်း ရှိလိမ့်မယ်။ မကျတာလည်း ရှိလိမ့်မယ်လို့ ဘုန်းကြီးက ထင်ပါတယ်နော်။ အဲဒီတော့ ရှင်သာရိပုတ္တရာရဲ့ တောင့်တချက်က ဘာလဲဆိုတော့ သူက -

ပါပဂရဟီ၊ မကောင်းတဲ့ပုဂ္ဂိုလ်, ယုတ်မာတဲ့ပုဂ္ဂိုလ်ကိုလည်း ရှင်သာရိပုတ္တရာက ကဲ့ရဲ့တယ်။ ယုတ်မာတဲ့ အကုသိုလ်တရားတွေကိုလည်း ကဲ့ရဲ့တယ်။ အဲဒီကဲ့ရဲ့တဲ့ နေရာမှာ ရှင်သာရိပုတ္တရာရဲ့ တောင့်တချက်ကလေး ဘုန်းကြီးက သဘောကျလွန်းလို့နော်။ ဘယ်လို ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက တောင့်တသလဲ?

ပါပပုဂ္ဂလေ န ပဿေ, န တေသံ ဝစနံ သုဏေ, တေဟိ သဒ္ဓိံ ဧကစက္ကဝါဠေပိ န ဝသေယျံ။

ပါပပုဂ္ဂလေ၊ ယုတ်မာတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တို့ကို။ န ပဿေ၊ မမြင်မတွေ့ရပါလို၏။ တေသံ၊ ထိုယုတ်မာတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့၏။ ဝစနံ၊ စကားကို။ န သုဏေ၊ မနာမကြားရပါလို၏၊

ဘယ်လောက်ကောင်းလိုက်လဲနော်။ ယုတ်မာနေတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ မမြင်မတွေ့ပါရစေနဲ့။ ယုတ်မာနေတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်ရဲ့ စကားကို ဘယ်တော့မှ မကြားပါရစေနဲ့။ ဘယ့်နှယ်တုံး သဘောကျကြရဲ့လား? ကိုယ်က ဘယ်ထဲ ပါနေသလဲ? အဲဒါ ပြန်ကြည့်နော်။ သူများ ကျတယ် ကျတယ် ပြောနေတယ်။ ကိုယ်ကိုယ်တိုင်က ယုတ်မာတဲ့ပုဂ္ဂိုလ် ဖြစ်နေရင် ဟန်ပါဦးမလား? မဟန်တော့ဘူး။ ဒါ သတိရှိကြ။

ပါပပုဂ္ဂလေ၊ ယုတ်မာတဲ့ပုဂ္ဂိုလ်တို့ကို။ န ပဿေ၊ ဘယ်တော့မှ မမြင်တွေ့ရပါလို၏။ တေသံ၊ ထိုယုတ်မာတဲ့ ပုဂ္ဂိုလ်တို့၏။ ဝစနံ၊ စကားကို။ န သုဏေ၊ မနာမကြားရပါလို၏။ တေဟိ၊ ထိုယုတ်မာတဲ့ ပုဂ္ဂိုလ်တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ ဧကစက္ကဝါဠေပိ၊ တစ်ခုသော စကြဝဠာတစ်ခုအတွင်း၌ သော်လည်းပဲ။ န ဝသေယျံ၊ ဘယ်တော့မှ မနေထိုင်ရပါလို၏၊

အမလေး ... ကောင်းလိုက်တာ ဟုတ်လား? ဘုန်းကြီးကတော့ အဲဒါလေး သိပ်ပြီးတော့ သဘောကျတယ်။ တစ်အိမ်တည်း, တစ်ကျောင်းထဲမှာ မနေရတာ သူက ဆုတောင်းသလား? မဟုတ်ဘူး။ သူ့ရဲ့ တောင့်တချက်က စကြဝဠာအတွင်းမှာ ဘယ်တော့မှ မနေထိုင်ရပါစေနဲ့။ ဘယ့်နှယ်တုံး ဒကာကြီးတွေ သဘောကျရဲ့လား? ဟင် ... ကျတယ်လို့တော့ ပြောတာပဲနော်။ တော်တော်ကြာ ဒကာကြီးတွေ ကျတယ် ကျတယ်ဆိုပြီး အိမ်ပြန်ပြေးကြမှာပါ။ ဟုတ်တယ်မလား? ဒီတော့ ယုတ်မာတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကြဝဠာတစ်ခုအတွင်းမှာတောင် ဘယ်တော့မှ မနေထိုင်ပါရစေနဲ့။ ဘုန်းကြီးကတော့ အဲဒီဆုတောင်း သိပ်သဘောကျတယ်နော်။ ယုတ်မာတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ စကြဝဠာတစ်ခုအတွင်းတောင် အတူ မနေထိုင်ရတော့ဘူးဆိုရင် ဒကာကြီးတွေ နိဗ္ဗာန်ရဖို့ရန် တော်တော်လေး နီးကပ်မသွားဘူးလား? နီးကပ်သွားပြီနော်။ ကဲ ... အဲဒီအခါမှာ ရှင်သာရိပုတ္တရာရဲ့ ကြုံးဝါးချက်ကလေး တောင့်တချက်ကလေးတစ်ခု -

‘‘မာ မေ ကဒါစိ ပါပိစ္ဆော, ကုသီတော ဟီနဝီရိယော၊ အပ္ပဿုတော အနာဒရော, သမေတော အဟု ကတ္ထစိ’’

ယော၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ပါပိစ္ဆော၊ ယုတ်မာတဲ့အလိုဆန္ဒရှိ၏။ ကုသီတော၊ ပျင်းရိသော စိတ်ထားလည်းရှိ၏။ ဟီနဝီရိယော၊ ယုတ်ညံ့သော လုံ့လဝီရိယလည်း ရှိ၏။ အပ္ပဿုတော၊ အကြားအမြင် ဗဟုသုတလည်း နည်းပါးလှပေ၏။ အနာဒရော၊ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထားလည်း မရှိ။ မေ၊ ငါ့အား။ ကဒါစိ၊ ဘယ်အခါမဆို။ ကတ္ထစိ၊ တစ်စုံတစ်ခုသော အရပ်၌။ သမေတော၊ ပေါင်းဆုံရခြင်းသည်။ မာ အဟု၊ မဖြစ်ပါစေသတည်း။

ဘယ်လောက် ကောင်းလိုက်သလဲနော်။ သူ့ရဲ့ တောင့်တချက် - ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်ရင် ယုတ်မာတဲ့ အလိုဆိုးရှိတယ်။ ကုသီတ = သိပ်လည်း ပျင်းတယ်တဲ့။ ဘယ့်နှယ်တုံး အဲဒီစာရင်းထဲမှာတော့ ဒကာကြီးတွေ ဝင်သလား, မဝင်ဘူးလား? ဟင် ... ဟီနဝီရိယ = ယုတ်ညံ့တဲ့ လုံ့လဝီရိယလည်း ရှိနေတယ်။ အပ္ပဿုတ = အကြားအမြင် ဗဟုသုတဆိုတာလည်း သူ့မှာ ဘာမှ မရှိဘူး။ ခုနက ပြောခဲ့တဲ့အတိုင်းပဲ အနာဒရ = ရိုသေလေးစားမှု မရှိဘူး။ ဘာတွေမှာလဲ?

ဘုရားအပေါ်၌ ရိုသေလေးစားမှု မရှိဘူး, သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြည့်ကျင့်ဖို့ရန်အတွက် သိက္ခာသုံးရပ် အကျင့်မြတ်တွေ၌ ရိုသေလေးစားတဲ့ စိတ်ထားမရှိဘူး, သီတင်းသုံးဖော်အချင်းချင်း တစ်ပါးသည်တစ်ပါးအပေါ်, တစ်ဦးသည်တစ်ဦးအပေါ်မှာလည်း ရိုသေလေးစားတဲ့ စိတ်ထားမရှိဘူး။ အဲဒီလို ရိုသေလေးစားခြင်း စိတ်ထားမရှိတဲ့ ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ ဘယ်တော့မှ ဘယ်နေရာမှာမဆို ပေါင်းဆုံခြင်း မဖြစ်ပါစေသတည်း။ ဒါ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက တောင့်တတယ်။ အဲဒီလို တောင့်တနေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ပြန်ပြီးတော့မေးကြည့်ရင် အလွန် ဉာဏ်ပညာကြီးမားတဲ့ သူတော်ကောင်းကြီးတစ်ဦး ဖြစ်ပါတယ်နော်။

အဲဒီလိုပဲ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ယုတ်မာတဲ့ပုဂ္ဂိုလ်တွေဆိုရင် ကဲ့ရဲ့တတ်တယ်။ ယုတ်မာတဲ့ပုဂ္ဂိုလ်တင် ကဲ့ရဲ့သလားမေးရင် မဟုတ်သေးဘူး။ ယုတ်မာတဲ့ အကုသိုလ်တရားတွေကိုလည်း အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ကဲ့ရဲ့တတ်တယ်။

6ej8bpu863vj8qkx0m3j70r8r6ndyy6
21997
21995
2026-05-22T21:14:36Z
Tejinda
173
21997
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၇၂/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၇၁/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၇၃/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၇၂

သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေမှာ အပ္ပမာဒခေါ်တဲ့ သတိတရား အလွန်အရေးကြီးတဲ့အကြောင်း ပြောခဲ့ပါတယ်နော်။ ရက္ကန်းသည်မလေးက ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတဲ့ တရားတော်အပေါ်၌ မမေ့ပျောက်ခြင်း အမြဲတမ်း ပွားများအားထုတ်ခြင်းဆိုတဲ့ အပ္ပမာဒတရား လက်ကိုင်ထားပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တာက အကြောင်းတစ်ခုပေါ့နော်။ သာဝကပါရမီ ဉာဏ်အရာမှာ အဓိဂါရော စ ဆန္ဒတာဆိုပြီးတော့ ဟောကြားထားတဲ့အတိုင်း, ဖွင့်ဆိုထားတဲ့အတိုင်း အတိတ်သံသရာ အဆက်ဆက်က နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဆိုတဲ့ စရဏမျိုးစေ့ကောင်း, ဝိဇ္ဇာမျိုးစေ့ကောင်းတွေကို ထူထောင်ခဲ့တာလည်း အကြောင်းတစ်ခုပေါ့နော်။

ပစ္စုပ္ပန်အကြောင်း, အတိတ်အကြောင်း နှစ်ခုပေါင်းစပ်လိုက်တဲ့ အချိန်ခါမှာ ဘုရားရှင်ရဲ့ အဆုံးအမကို ရိုသေစွာ လိုက်နာခြင်း မမေ့မလျော့ခြင်းဆိုတဲ့ ဒီအပ္ပမာဒတရား လက်ကိုင်ထားပြီး ကျင့်တဲ့အတွက် သောတာပတ္တိ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ဆိုက်ခဲ့တယ်။ ဒါကြောင့် ဒီလို သူတော်ကောင်းတို့ ကျင့်သွားတဲ့ထုံးကို အာရုံယူပြီး မိမိတို့လည်း အပ္ပမာဒတရား လက်ကိုင်ထားနိုင်ကြပါစေလို့ တိုက်တွန်းပါတယ်နော်။

ကဲ အပ္ပမာဒ မင်္ဂလာ ပြီးတဲ့အခါ နောက်မင်္ဂလာ မြတ်စွာဘုရား ဆက်ဟောပြန်တယ်နော် -

ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။

ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလမုတ္တမံ။

ဘော ဒေဝပုတ္တ၊ သိလိုရေးနှင့် မေးလျှောက်လာငြား အိုဒကာတော် နတ်သား ...။ ယော ဂါရဝေါ စ၊ အကြင် ရိုသေသင့် ရိုသေထိုက်သော သူတို့ကို၊ ရိုသေသင့် ရိုသေထိုက်သော တရားတို့ကို ရိုသေလေးစားခြင်းသည်လည်းကောင်း။ ယော နိဝါတော စ၊ အကြင် စိတ်ကို နှိမ်ချခြင်းသည်လည်းကောင်း။ ယာ ကတညုတာ စ၊ သူတစ်ထူးပြုအပ်ဖူးသည့် ကျေးဇူးကို အမှတ်ရခြင်း၊ အသိမှတ် ပြုနိုင်ခြင်းသည်လည်းကောင်း။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အချိန်ခါကာလ၌။ ယံ ဓမ္မဿဝနံ စ၊ အကြင် တရားဓမ္မတော်ကို နာယူခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိပေ၏။ ဧတံ၊ ဤတရား ၅-ပါးအပေါင်းသည်။ ဥတ္တမံ၊ မြင့်မြတ်လှစွာသော။ မင်္ဂလံ၊ မင်္ဂလာ မည်ပါပေ၏၊

ဂါရဝ မင်္ဂလာ

နောက်ထပ် ဂါထာလေး ၁-ခုဖြင့် မြတ်စွာဘုရား နောက်ထပ် မင်္ဂလာ ၅-ပါး ဆက်ဟောတယ်နော်။ ဂါရဝ = ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တွေကို လေးစားတယ်။ ဒီနေရာမှာ အဋ္ဌကထာဆရာက ဘယ်လို ဖွင့်ထားလဲမေးတော့ -

ဂါရဝေါ နာမ ဂရုကာရပ္ပယောဂါရဟေသု ဗုဒ္ဓပစ္စေကဗုဒ္ဓတထာဂတသာဝကအာစရိယုပဇ္ဈာယမာတာပိတုဇေဋ္ဌကဘာတိကဘဂိနီအာဒီသု ယထာနုရူပံ ဂရုကာရော ဂရုကရဏံ သဂါရဝတာ။

ဂါရဝ၊ ဂါရဝဆိုတာက ဘာလဲ? ရိုသေလေးစားတယ် ဆိုတာက ဘာလဲလို့ မေးတော့ - ဂရုကာရပ္ပယောဂါရဟေသု၊ အရိုအသေ အလေးအမြတ် ပြုခြင်းဆိုတဲ့ ပယောဂကို ပြုလုပ်ဖို့ရန် ထိုက်တန်နေတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်, ပစ္စေကဗုဒ္ဓါ ဘုရားရှင်, တထာဂတအမည်ရတော်မူတဲ့ ဘုရားရှင်ရဲ့ သာဝကတွေ, မိမိတို့ရဲ့ ဥပဇ္ဈာယ် ဆရာသမားတွေ, အမိတို့, အဖတို့, အစ်ကိုတို့, အစ်မတို့ အစရှိတဲ့ မိကြီး, မိထွေး, ဘကြီး, ဘထွေး အစရှိတဲ့ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တွေအပေါ်၌ ယထာနုရူပံ၊ သင့်တင့်လျောက်ပတ်နေတဲ့ ဂရုကာရော ဂရုကရဏံ သဂါရဝတာ၊ ရိုသေလေးစားခြင်းဆိုတဲ့ အပြုအမူကို ပြုလုပ်ခြင်းကို ဂါရဝ မင်္ဂလာလို့ ခေါ်ပါတယ်။

ဒီဂါရဝမင်္ဂလာ တရားက လူရပ် နတ်ရွာ နိဗ္ဗာန် အစရှိတဲ့ ကောင်းရာသုဂတိဘုံတွေကို ရောက်စေတတ်တဲ့ အကြောင်းတရား ဖြစ်ခြင်းကြောင့် ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ရိုသေလေးစားခြင်းကို မင်္ဂလာလို့ မြတ်စွာဘုရား ဟောကြားထားတယ်နော်။ အဲဒီတော့ ဟောကြားထားတဲ့ သုတ္တန်လေးတွေလည်း ရှိပါတယ်နော်။ အထူးသဖြင့် ဆိုကြပါစို့။ စူဠကမ္မဝိဘင်္ဂသုတ္တန်ပဲ ဆိုကြပါစို့။ မြတ်စွာဘုရား ထိုသုတ္တန်မှာ ဘာတွေ ဟောလဲ?

ဣဓ မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ ထဒ္ဓေါ ဟောတိ အတိမာနီ ---- အဘိဝါဒေတဗ္ဗံ န အဘိဝါဒေတိ၊ ပစ္စုဋ္ဌာတဗ္ဗံ န ပစ္စုဋ္ဌေတိ၊ အာသနာရဟဿ န အာသနံ ဒေတိ၊ မဂ္ဂါရဟဿ န မဂ္ဂံ ဒေတိ၊ သက္ကာတဗ္ဗံ န သက္ကရောတိ၊ ဂရုကာတဗ္ဗံ န ဂရုကရောတိ၊ မာနေတဗ္ဗံ န မာနေတိ၊ ပူဇေတဗ္ဗံ န ပူဇေတိ။

မာဏဝ၊ ဒကာတော် သုဘလုလင် ...။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော အမျိုးသမီးသည်လည်းကောင်း။ ပုရိသော ဝါ၊ အမျိုးသားသည်လည်းကောင်း။ ထဒ္ဓေါ၊ ခက်ထန်တင်းမာသော စိတ်ထားရှိသည်။ ဟောတိ၊ ဖြစ်၏။ အတိမာနီ၊ အလွန်ထောင်လွှားတက်ကြွသော မာန်မာနရှိသည်။ ဟောတိ၊ ဖြစ်၏၊

ဒကာတော် သုဘလုလင် ... ဒီလောကမှာ အချို့အချို့သော အမျိုးသမီးတွေ, အချို့အချို့သော အမျိုးသားတွေဟာ ခက်ထန်တင်းမာနေတဲ့ စိတ်ဓာတ်ရှိတယ်။ အလွန် ထောင်လွှားတက်ကြွနေတဲ့ မာန်မာနတွေလည်း ထင်ရှားရှိနေကြတယ်။ ရှိလိုက်တဲ့အတွက် ဘာဖြစ်သလဲ?

အဘိဝါဒေတဗ္ဗံ၊ ရှိခိုးသင့် ရှိခိုးထိုက်သော ပုဂ္ဂိုလ်ကို။ န အဘိဝါဒေတိ၊ ရှိမခိုးပေ။ ပစ္စုဋ္ဌာတဗ္ဗံ၊ ခရီးဦးကြိုဆိုခြင်းထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပစ္စုဋ္ဌေတိ၊ ခရီးဦး မကြိုဆိုပေ။ အာသနာရဟဿ၊ နေရာဖယ်ပေးခြင်း ထိုက်တဲ့ပုဂ္ဂိုလ်အားလည်းပဲ။ အာသနံ၊ နေရာကို။ န ဒေတိ၊ ဖယ်၍ မပေးပေ။ မဂ္ဂါရဟဿ၊ လမ်းဖယ်ပေးသင့်တဲ့ ပုဂ္ဂိုလ်အားလည်းပဲ။ မဂ္ဂံ၊ လမ်းကို။ န ဒေတိ၊ ဖယ်၍ မပေးပေ။ သက္ကာတဗ္ဗံ၊ အရိုအသေ ပေးသင့်တဲ့ ပုဂ္ဂိုလ်အားလည်းပဲ။ န သက္ကရောတိ၊ အရိုအသေ မပေးပေ။ ဂရုကာတဗ္ဗံ၊ လေးစားမှု ပြုသင့်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ဂရုကရောတိ၊ လေးစားမှု မပြုပေ။ မာနေတဗ္ဗံ၊ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န မာနေတိ၊ မမြတ်နိုးပေ။ ပူဇေတဗ္ဗံ၊ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပူဇေတိ၊ မပူဇော်ပေ။

ကိုယ်ဟာကို ရှိမခိုးတာ ဘာဖြစ်သလဲ? ဒီလိုတော့ မဟုတ်ဘူးနော်။ ဒီနေရာမှာက ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကို ရှိမခိုးဘူးဆိုတာက ဘာပြောနေတာလဲဆိုတော့ စိတ်ဓာတ်တွေက ခက်ထန်တင်းမာနေတယ်။ မိမိကိုယ် မိမိ သိပ်အထင်ကြီးနေတယ်။ ကိုယ့်ကိုယ်ကို အလွန် အဆင့်အတန်း မြင့်မားနေတဲ့ သူတော်ကောင်းတစ်ဦးလို့ ယူဆပြီးတော့ တစ်ဖက်ပုဂ္ဂိုလ်တွေကိုတော့ အလွန် အဆင့်အတန်းနိမ့်တဲ့ ယုတ်မာတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တွေလို့ ဒီလို စိတ်ထဲ ထင်နေတယ်။ အဲဒီလို ထင်နေတဲ့အတွက် ရှိခိုးသင့် ရှိခိုးထိုက်တဲ့ သူကိုလည်း ခရီးဦး မကြိုဆိုဘူး။ ဘာဖြစ်လို့ ရှိမခိုးသလဲ, ဘာဖြစ်လို့ ခရီးဦး မကြိုဆိုသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်တဲ့ အချိန်ခါမှာ သူ့ဗိုက်ထဲမှာ ပုံစံတစ်မျိုး ဖြစ်နေတယ်။ ဘယ်လိုပုံစံလဲ? ဒီပုံစံလေးကိုတော့ သားရေအိတ်နဲ့ ပုံစံတချို့ ဒီနေရာမှာ ဖော်ပြထားပါတယ်။

ခုကာလ ကားတာယာမျိုးတို့လို သားရေမျိုး ဆိုကြပါစို့။ အထဲမှာ အတွင်းမှာ ရှိနေတဲ့ ဘီးအတွင်းမှာရှိတဲ့ သားရေ ကိုင်ကြည့်လိုက်မယ် ဆိုလို့ရှိရင်တော့ နူးညံ့ပျောင်းညွတ်နေတာတော့ မှန်တယ်။ ဒါပေမဲ့ သူ့ကို လေဖြည့်ပေးလိုက်ပြီဆိုရင် ဘာဖြစ်လာလဲ? တဖြည်းဖြည်း တင်းမာသွားတယ်။ တင်းမာလာတဲ့ အချိန်ခါမှာ ပျော့ပျောင်းနူးညံ့တယ်ဆိုတဲ့ အမူအယာတွေ ရှိသေးလား? မရှိတော့ဘူး။ အဲဒီပုံစံလိုပဲ ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်, မာန်မာနကြီးနေတဲ့ ပုဂ္ဂိုလ်တွေက ပျော့ပျောင်းနူးညံ့တဲ့အသွင်ကို မဆောင်ဘူး။ လေပြည့်နေတဲ့ သားရေအိတ်ကြီးလို ခက်ထန်တင်းမာနေတဲ့အသွင်ကို ဆောင်နေတယ်။ ခက်ထန်တင်းမာနေတဲ့အတွက်ကြောင့် ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကို သူက ရှိခိုးဖို့ ဝန်လေးနေတယ်။ ခရီးဦး ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ပုဂ္ဂိုလ်တွေကိုလည်း ခရီးဦး ကြိုဆိုဖို့ရန် စိတ်ထဲမှာ မပါဘူး။ မာနက အထဲခံနေတယ်။ သူ့ဗိုက်ထဲမှာ မာနဆိုတဲ့ ထွန်တုံးကြီး မျိုထားတယ်။

အာသနာရဟဿ၊ နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်အားလည်းပဲ။ အာသနံ၊ နေရာကို။ န ဒေတိ၊ ဖယ်၍ မပေးပေ။

သာသနာတော်မှာ စည်းကမ်းလေးတစ်ခုတော့ ရှိတယ်။ ဦးပဉ္စင်းတို့ ရဟန်းတော်များမှာ ဆိုကြပါစို့။ ရွာထဲ ဆွမ်းစားဇရပ်တွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား ပညတ်ထားတာလေး ထုတ်ပြမယ်။

ရှေးခေတ် ယဉ်ကျေးမှုအရပေါ့လေ။ ရွာထဲ ဆွမ်းခံတယ်ဆိုတော့ မျှတချင်လည်း မျှတတယ်၊ မမျှတသော်လည်း ရှိချင်ရှိတတ်တယ်။ မမျှတသေးဘူး ဆိုရင်လည်း မျှတတဲ့နေရာမှာ ရလိုရငြား ဆိုပြီးတော့ ရှေးဆက်ပြီး ဆွမ်းခံရတယ်။ ဆွမ်းခံတာက တော်တော်လေး ကြာညောင်းသွားလို့ ညောင်းညာသွားပြီ ဆိုကြပါစို့နော်။ ဆွမ်းကလည်း ပြည့်စုံပြီ။ ဒီလိုဆိုရင် ကျောင်းပြန်ရမယ်ဆိုရင် တချို့ပုဂ္ဂိုလ်တွေမှာ တော်တော်လေး ဝေးတယ်။ အဲဒီအခါကျတော့ ဘာလုပ်ရသလဲ? နီးစပ်ရာ ဆွမ်းစားဇရပ်တွေမှာ ဝင်ပြီးတော့ ဆွမ်းစားရပါတယ်။ ရွာထဲမှာ အဲဒီလို ဆွမ်းစားဇရပ်ကလေးတွေ တော်တော် ခပ်များများ ရှိကြပါတယ်။ အဲဒီ ဆွမ်းစားဇရပ်ကနေ စောင့်ပြီးတော့ မိမိတို့ တတ်အားရှိသမျှ စွမ်းအားရှိသမျှ လာပြီးလှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။

အဲဒီ ဆွမ်းစားဇရပ်မှာ ထိုင်လိုက်ပြီဆိုရင် မိမိက ချိန်ပြီး ထိုင်ရတယ်။ ငါက ဘယ်နှစ်ဝါ ရှိပြီ။ ငါက အသက်ဘယ်လောက် ရှိပြီ၊ ငါ့ထက် ဝါကြီးနေတဲ့ ပုဂ္ဂိုလ်၊ ငါ့ထက် အသက်ဝါကြီးနေတဲ့ပုဂ္ဂိုလ် ဒီနေရာမှာ ဘယ်နှစ်ပါးများ လာပြီး ဆွမ်းစားတတ်တယ်ဆိုတာကို အသိအမှတ် ပြုရပါတယ်။ အဲဒီလို အသိအမှတ်ပြု နေရာလေးတွေ ချိန်ပြီးတော့ ထိုင်ရတယ်။ အဲဒီလို ထိုင်ပါသော်လည်း အကြောင်းမလှလို့ မိမိထက် ဝါကြီးနေတဲ့ ပုဂ္ဂိုလ်တစ်ဦး ကြွလာပြီဆိုရင်တော့ ဆွမ်းစားနေတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါစေ နေရာဖယ်ပေးတဲ့ အနေအားဖြင့် ထမဲ့အမူအရာ ပြရတယ်။ အဲနောက်ထပ် ကြွလာတဲ့ပုဂ္ဂိုလ်က ဝါကြီးနေလို့ ကိုယ်က ထမဲ့အမူအရာ ပြခဲ့ရင် ဝါကြီးတဲ့ပုဂ္ဂိုလ်ကလည်း ခွင့်ပေးတဲ့ အနေအားဖြင့် မထပါနဲ့ဆိုပြီးတော့ လက်တားပြီးတော့ သင့်တော်တဲ့ တစ်နေရာမှာ ထိုင်ရပါတယ်။

နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ပုဂ္ဂိုလ်ကို နေရာဖယ်ပေးရပါတယ်။ ထေရ်စဉ်ဝါအလိုက်အတိုင်း နေရာဦး, ဆွမ်းဦးဆိုတာ မြတ်စွာဘုရား ခွင့်ပြုထားပါတယ်။ အဦးအထိပ်ဖြစ်တဲ့ နေရာတွေမှာ မိမိထက် အသက် ဂုဏ်သိက္ခာအားဖြင့် ဝါစဉ်အားဖြင့် ကြီးမားတော်မူကြတဲ့ ထေရ်ကြီး ဝါကြီးတွေကို ဦးစားပေးပြီးတော့ နေရာဆိုတာ ထိုင်ရပါတယ်။ မိမိက ဒီနေ့မှာပဲ ဘုန်းကြီးဝတ်တယ်, ဒီနေ့မှာပဲ ကိုရင်ဝတ်တယ်, ဒီနေ့မှာပဲ သီလရှင်ဝတ်တယ်။ ဟိုး ခေါင်ဆုံး ဘုရားထိုင်တဲ့နေရာမှာ တက်ထိုင်ချင်တယ်။ ဖြစ်ပါ့မလား? မဖြစ်ပါဘူး။ ဒါကြောင့်

အာသနာရဟဿ၊ နေရာပေးသင့် ပေးထိုက်တဲ့ ပုဂ္ဂိုလ်။ အာသနံ၊ နေရာကို။ န ဒေတိ၊ မပေးတတ်ပေ။

နေရာ ပေးသင့် ပေးထိုက်တဲ့ ပုဂ္ဂိုလ်ကို နေရာမပေးဘူး။ ကိုယ်က ခပ်တည်တည်ပဲ နေတယ်။ သာသနာတော်မှာ ဒီလိုပုဂ္ဂိုလ်မျိုးတွေ ရှိရမလားလို့ မေးရင် မရှိရဘူး။ မြတ်စွာဘုရား မကြိုက်ဘူး။ မကြိုက်ပုံလေး နောက်ထပ် ပြီးတော့ ဟောမယ်နော်။

မဂ္ဂါရဟဿ၊ လမ်းဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်အား။ န မဂ္ဂံ၊ လမ်းခရီးကို မပေးပေ။

မိမိထက် အသက်ဂုဏ်သိက္ခာ ကြီးမားနေတဲ့ ထေရ်ကြီးဝါကြီးတွေ ကြွလာပြီဆို လမ်းဖယ်ပေးရတယ်။ လူပုဂ္ဂိုလ်ဖက်က ကြည့်ရင်လည်း ဒီအတိုင်းပေါ့။ ရဟန်းသံဃာတော်များ ကြွလာပြီဆို လမ်းဖယ်ပေးရတယ်။ အသက်ဂုဏ်သိက္ခာအားဖြင့် ကြီးမားတဲ့ အမိအရွယ်, အဖအရွယ် သို့မဟုတ် မိရင်း, ဘရင်း, မိကြီး, မိထွေး, ဘကြီး, ဘထွေး အစရှိတဲ့ ပုဂ္ဂိုလ်တွေ လာပြီဆိုရင် အရိုအသေ အလေးဂရု ပြုသောအားဖြင့် လမ်းဖယ်ပေးရပါတယ်။ လမ်းဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို လမ်းဖယ်မပေးဘူး။

သက္ကာတဗ္ဗံ၊ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တို့ကို။ န သက္ကရောတိ၊ မရိုသေပေ။ ဂရုကာတဗ္ဗံ၊ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ဂရုကရောတိ၊ လေးစားခြင်း မပြုပေ။

ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်၊ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ် လောကမှာ ရှိကြတယ်။ မိမိထက် သီလဂုဏ်အားဖြင့်သော်လည်းကောင်း၊ သမာဓိဂုဏ်အားဖြင့်သော်လည်းကောင်း၊ ပညာဂုဏ်အားဖြင့်သော်လည်းကောင်း၊ ထေရ်စဉ် ဝါစဉ်အားဖြင့်သော်လည်းကောင်း မိမိထက် ဂုဏ်သိက္ခာ ကြီးမားနေတဲ့ သူတော်ကောင်းတွေ လောကမှာ များစွာရှိပါတယ်။ လောကမှာ ငါလိုလူ ဇမ္ဗူမှာ တစ်ယောက်ထဲ ရှိတယ်လို့ မိမိကိုယ်ကို မိမိ အထင်ကြီးနေလို့ ဖြစ်ပါ့မလား? မဖြစ်ဘူး။ မိမိကိုယ်ကို တစ်ယောက်ထဲ သူတော်ကောင်းလို့ ထင်ပြီးတော့ တခြားပုဂ္ဂိုလ်တွေကို လူယုတ်မာလို့ ထင်နေတယ်ဆိုရင် ထိုကဲ့သို့ ထင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ အကုသိုလ်တွေ နေ့စဉ် တိုးပွား၍ မနေဘူးလား? နေတယ်။

ဒါကြောင့် ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်တွေကို အရိုအသေ ပြုပြီးတော့ နေထိုင်ရမယ်။ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ လေးစားပြီးတော့ သာသနာတော်မှာ နေထိုင်ရတယ်။ ဒါ သာသနာတော်ရဲ့ စည်းကမ်းပဲ။ ဒါကြောင့် -

သက္ကာတဗ္ဗံ၊ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို။ န သက္ကရောတိ၊ မရိုသေပေ။ ဂရုကတဗ္ဗံ၊ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ဂရုကရောတိ၊ လေးစားခြင်း မပြုပေ။ မာနေတဗ္ဗံ၊ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န မာနေတိ၊ မြတ်နိုးခြင်း မပြုပေ။ ပူဇေတဗ္ဗံ၊ ပူဇော်သင့် ပူဇော်ထိုက်သော ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပူဇေတိ၊ မပူဇော်ပေ။

မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ပုဂ္ဂိုလ်တွေ လောကမှာ များစွာရှိကြပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေသော်လည်းပဲ သူက ဘယ်တော့မှ မမြတ်နိုးဘူး။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ လောကမှာ များစွာ ရှိကြပါတယ်။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်းပဲ ဘယ်တော့မှ မပူဇော်ဘူး။ စဉ်းစားကြည့်စမ်းနော်။ သူ့ရဲ့ စိတ်နေစိတ်ထား ဒီလို စိတ်နေစိတ်ထား ရှိပြီး, ဒီလို ကိုယ်အမူအရာ, နှုတ်အမူအရာ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘာဖြစ်မလဲ?

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။

သော၊ ထိုပုဂ္ဂိုလ်သည်။ ဧဝံ၊ ဤသို့လျှင်။ သမတ္တေန၊ ပြည့်ပြည့်စုံစုံ ကောင်းစွာ ဆောက်တည်ထားအပ်သော။ တေန ကမ္မေန၊ ထိုအကုသိုလ်ကံကြောင့်။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပျက်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ၊ ချမ်းသာဟူ၍ မြူငွေ့မျှမရှိသော။ ဒုဂ္ဂတိံ၊ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော။ ဝိနိပါတံ၊ အလိုအာသာဆန္ဒ ကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော။ နိရယံ၊ ငရဲသို့။ ဥပပဇ္ဇတိ၊ ကပ်ရောက်ရပေ၏။

ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကို ရှိမခိုးဘူး၊ ခရီးဦး ကြိုဆိုခြင်းထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ခရီးဦး မကြိုဆိုဘူး။ နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေကို နေရာဖယ်မပေးဘူး။ လမ်းဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်ကို လမ်းဖယ်မပေးဘူး။ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို မရိုသေဘူး။ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို မလေးစားဘူး။ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း မမြတ်နိုးဘူး။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း မပူဇော်ဘူး။

အဲဒီလို ပုဂ္ဂိုလ်တစ်ယောက် ဒီလို ကောင်းကောင်းကြီး ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ထားတဲ့ အကုသိုလ်ကံ ရှိနေတဲ့ ဒီလို ပုဂ္ဂိုလ်တစ်ယောက် ဒီအကုသိုလ်ကံကြောင့် စုတိပျက်ကြွေ သေလွန်ပြီးသည်မှ နောက်ကာလ၌ ဘယ်ရောက်သလဲ? ချမ်းသာဟူ၍ မြူငွေ့မျှမရှိတဲ့ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့ရဲ့ လားရောက်ရာ နယ်ပယ်ဖြစ်နေတဲ့ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်တဲ့ ငရဲသို့ ရောက်ပြီ။

စဉ်းစားကြည့်ပါဦးနော်။ သာသနာတော်နှင့်တွေ့ပါလျက် အပါယ်သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီးမှ ထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့ စွမ်းအင်အပြည့်အဝရှိနေတဲ့ တရားကောင်းတွေ သာသနာတော်မှာ ထင်ရှား ရှိနေပါလျက် ဒီတရားတွေကို မိမိက မြတ်နိုးမှု မရှိဘူး။ သာသနာတော်နဲ့ တွေ့ပါလျက် မိမိက အပါယ်ငရဲကို ရောက်ရှိသွားရပါတယ်ဆိုရင် မိမိအတွက် မနစ်နာဘူးလား? နစ်နာပါတယ်။ ဒီနေရာမှာ နာမည်ကျော်ဖြစ်တဲ့ အရှင်ဒေဝဒတ်တို့ရဲ့ဖခင်, ယသော်ဓရာတို့ရဲ့ဖခင် သုဗ္ဗဗုဒ္ဓ ကြည့်ပေါ့နော်။ မြတ်စွာဘုရား ကြွလာတဲ့အချိန်ခါမှာ သူ လမ်းဖယ်ပေးသလား? မဖယ်ပေးဘူး။ သက်သက် ဂွတိုက်တာပဲ။ အဲဒီလို အရွဲ့တိုက်တဲ့, ဂွတိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘာဖြစ်သလဲ?

သေတဲ့အခါ ငရဲရောက်တယ်။ မြေမျိုပြီးတော့ ငရဲရောက်တယ်နော်။ အဲဒီတော့ ငရဲရောက်တဲ့အခါကျတော့ ပြန်ပြီး ဆန်းစစ်ကြည့်စမ်းပါ။ ငါလုပ်ချင်တာ ငါလုပ်တယ်။ ငါ ဂွတိုက်ချင်လို့ ဂွတိုက်တယ်။ ဘယ်သူ့ အရေးစိုက်ရမလဲ? ဒီစိတ်ထားက သတ္တဝါတစ်ဦးကို ငရဲရောက်အောင် ပို့ဆောင်နိုင်စွမ်း မရှိဘူးလား? ရှိနေတယ်။ ဒါကြောင့် သာသနာတော်မှာ ဒီလို စိတ်ထားနဲ့ နေထိုင်ရမလား, မနေထိုင်ရဘူးလား? မနေထိုင်ရဘူး။ သာသနာတော်ကို ကြည်ညိုလေးစားနေတဲ့ စိတ်ထားရှိတဲ့သူတိုင်း ဒီလို နေရမလား, မနေရဘူးလား? (မနေရပါဘူးဘုရား) မနေရဘူး။ ဒါက မြတ်စွာဘုရား အဆုံးအမပဲ။ နောက်တစ်ခု အကယ်၍များ ငရဲမရောက်ဘူးထား၊ ဘာဖြစ်မလဲ?

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ နီစကုလီနော ဟောတိ။

ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပျက်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ၊ ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ၊ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော။ ဝိနိပါတံ၊ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော။ နိရယံ၊ ငရဲသို့။ နော စေ ဥပပဇ္ဇတိ၊ အကယ်၍များ မကပ်ရောက်ခဲ့ရသည် ဖြစ်ငြားအံ့။

သေပြီး ငရဲမရောက်ဘူးဆိုရင် ဘာဖြစ်မလဲ?

မနုဿတ္တံ၊ လူအဖြစ်သို့။ သစေ အာဂစ္ဆတိ၊ အကယ်၍များ ဆိုက်ရောက်လာခဲ့သည်ဖြစ်ငြားအံ့။

သေပြီးနောက် အကြောင်းအားလျော်စွာ ဒီအကုသိုလ်ကံတွေက ငရဲ မပို့လို့ လူ့ပြည်လူ့လောက ရောက်ရှိခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ?

ယတ္ထ ယတ္ထ၊ အကြင်အကြင် အမျိုးအနွယ်၌။ ပစ္စာဇာယတိ၊ ပဋိသန္ဓေအားဖြင့် ဖြစ်ပေါ်တည်နေရပေ၏။ တတ္ထ တတ္ထ၊ ထိုထို အမျိုးအနွယ်၌။ နီစကုလီနော၊ ယုတ်ညံ့သော အမျိုးအနွယ်ရှိတဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ရတတ်ပေ၏။

စဉ်းစားကြည့်ပေါ့နော်။ ခုနက ရှိခိုးသင့် ရှိခိုးထိုက်တဲ့ ပုဂ္ဂိုလ်ကို မိမိက ရှိမခိုးဘူး။ ခရီးဦး ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း မကြိုဆိုဘူး။ နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း နေရာ ဖယ်မပေးဘူး။ လမ်းဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း လမ်းဖယ်မပေးဘူး။ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း အရိုအသေ မပေးဘူး။ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း မလေးစားဘူး။ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ မမြတ်နိုးဘူး။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ မပူဇော်ဘူး။

အဲဒီ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်က တစ်ဖက်သားအပေါ်ကို ဘယ်လို မြင်နေသလဲ? မိမိထက် ယုတ်ညံ့တဲ့ပုဂ္ဂိုလ်လို့ တစ်ဖက်သားကို နှိပ်ကွပ်ထားတယ်။ တစ်ဖက်ကို အထင်သေးနေတဲ့ စိတ်ထားမရှိဘူးလား? ရှိနေတယ်။ တစ်ဖက်ကို ယုတ်ညံ့တဲ့ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ချက် ထားထားတယ်။ မိမိကသာလျှင် သာလွန်မြင့်မြတ်နေတဲ့ တကယ့်သူတော်စင်ကြီး ဖြစ်တယ်လို့ ကိုယ့်ကိုကိုယ် မြှောက်ထားတယ်။ တစ်ဖက်ပုဂ္ဂိုလ်တွေကို ယုတ်ညံ့တဲ့ ပုဂ္ဂိုလ်တွေအရာမှာ ထားထားတယ်။ အဲဒီစိတ်ထားကို ကြည့်ပေါ့ -

တစ်ဖက်ပုဂ္ဂိုလ်ကို ယုတ်ညံ့တဲ့အရာမှာ ထားပြီး ဒီအကုသိုလ်တရားတွေကို မွေးမြူရေးလုပ်ခဲ့တဲ့အတွက် ဒီပုဂ္ဂိုလ်သည် လူ့ပြည်လူ့လောကမှာ အကယ်၍ လူလာဖြစ်ခဲ့ရရင် ယုတ်ညံ့တဲ့ အမျိုးအနွယ်မှာပဲ လူလာဖြစ်ရတယ်။ ဦးပဉ္စင်းတို့ သာသနာတော်က မစင်ဘင်ကျုံးသမားတစ်ဦး ဖြစ်နေတဲ့ အရှင်သုနီတတို့လို မထေရ်တစ်ဦးကိုသော်လည်းပဲ အရဟတ္တမဂ်, အရဟတ္တဖိုလ်အထိ ယဉ်ကျေးနေတဲ့ စိတ်ဓာတ်တွေ ကိန်းဝပ်လာပြီဆိုရင် ရှိခိုးပူဇော်ရတဲ့ထုံး မရှိဘူးလား? ရှိနေတယ်။ သာသနာတော်က ပုဂ္ဂိုလ် မရွေးပါဘူး။ မျက်နှာ မရွေးပါဘူးနော်။ ဒါပေမဲ့ မိမိကိုယ်ကို မိမိက ခုနက ဒီပုဂ္ဂိုလ်ကျတော့ ဘာဖြစ်လဲ? မိမိကိုယ် မိမိအပေါ်စီးက နေတယ်။ တစ်ဖက်ပုဂ္ဂိုလ်ကို နှိပ်ကွပ်ထားတယ်။ ယုတ်ညံ့တဲ့ပုဂ္ဂိုလ်တွေလို့ စိတ်ထဲ သဘောပိုက်ထားတယ်။

အဲဒီ စိတ်ထားလေးက မိမိကို ယုတ်ညံ့တဲ့အမျိုး၊ ယုတ်ညံ့တဲ့ဘဝ ရောက်အောင် ပို့ဆောင် မပေးဘူးလား? ပို့ဆောင်ပေးတယ်။ ဒီလိုဆိုရင် မိမိတို့က အင်မတန် အဆင့်အတန်း နိမ့်ပြီးတော့ အင်မတန် ယုတ်ညံ့တဲ့ လူသားတစ်ဦး ဖြစ်ချင်ပြီဆိုရင် ဘယ်လိုစိတ်ထား ထားရမလဲ? (---) အဲဒါ ကြည့်ပဲ။ တစ်ဖက်ကို ယုတ်ညံ့တဲ့ပုဂ္ဂိုလ် မိမိက စိတ်ကူးပြီးတော့သာ နေကြည့်ပါ။

အဲဒီလို နေလိုက်လို့ရှိရင် ဒီစိတ်ထားလေးက မိမိကို ဘယ်ဘဝရောက်အောင် ပို့ဆောင်ပေးမလဲ? ယုတ်ညံ့တဲ့ဘဝတစ်ခု, ယုတ်ညံ့တဲ့ အမျိုးအနွယ် ၁-ခုသို့ရောက်အောင် ပို့ဆောင်ပေးလိမ့်မယ်။ ဒါ သတိရှိကြနော်။ လောကမှာ လူအချင်းချင်း အခုလို နေထိုင်နေတဲ့ဘဝမှာ သူတော်ကောင်းအချင်းချင်း သူတော်ကောင်းရယ်လို့ အသိအမှတ် မပြုနိုင်ဘူး။ ဒီကိုယ်တော်က, ဒီသီလရှင်က ဘယ်လိုသီလရှင်, ဟိုယောဂီက ဘယ်လိုယောဂီ ဟော စိတ်က အထင်သေးနေလိုက်တာ။ ကိုယ့်ကိုယ်ကိုတော့ သူတော်ကောင်းကြီးလို့ ထင်နေတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေက တစ်ဖက်ကို ယုတ်ညံ့တဲ့ပုဂ္ဂိုလ်တွေအဖြစ် အသိအမှတ်ပြုပြီးတော့ စိတ်ထားထားတဲ့အတွက် ဒီအကုသိုလ်ကံတွေက အကျိုးပေးပြီဆိုရင် ဒီအကျိုးပေးတဲ့ဘဝမှာ ဘာဖြစ်ရသလဲ? ယုတ်ညံ့တဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ရတယ်။ ကံမကောင်း အကြောင်းမလှခဲ့ရင်တော့ ငရဲရောက်နိုင်တယ်။ ကဲနောက်တစ်ခု ဘာဖြစ်နိုင်သလဲ?

အဋ္ဌကထာမှာ ကောင်းတဲ့ဘက်က ဖော်ပြထားတယ်။ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို တစ်ဖက်က ရိုသေပြီ။ ဘာဖြစ်မလဲ?

ဣဓ ပန မာဏဝ ဧကစ္စော ဣတ္ထီ ဝါ ပုရိသော ဝါ အတ္ထဒ္ဓေါ ဟောတိ အနတိမာနီ --

အကောင်းဘက်က -

မာဏဝ၊ ဒကာတော်သုဘလုလင် ...။ ဣဓ၊ ဤလောက၌။ ဣတ္ထီ ဝါ၊ အချို့သော အမျိုးသမီးသည်လည်းကောင်း။ ပုရိသော ဝါ၊ အချို့သော အမျိုးသားသည်လည်းကောင်း။ အနတ္ထဒ္ဓေါ၊ ခက်ထန်တင်းမာသော စိတ်ထား မရှိသည် (နူးညံ့ပျော့ပျောင်းသော စိတ်ထားရှိသည်)။ ဟောတိ၊ ဖြစ်၏။

ပုဂ္ဂိုလ်တစ်ဦး ကြည့်လိုက်။ အကောင်းဘက် ဝင်သွားပြီ။ ခက်ထန်တင်းမာတဲ့ စိတ်ထား ဘယ်တော့မှ မရှိဘူး။ နူးညံ့ပျော့ပျောင်းတဲ့ စိတ်ထားရှိတယ်။ ထောင်လွှားတက်ကြွနေတဲ့ အလွန်မြင့်မောက်နေတဲ့ မာန်မာနတရားတွေ မရှိပြန်ဘူး။ မိမိကိုယ်မိမိ အလွန် နှိမ်ချထားတဲ့ စိတ်ဓာတ်တွေ ရှိနေပြန်ပြီ။ အဲဒီပုဂ္ဂိုလ်တစ်ယောက်က ဘယ်လိုလုပ်သလဲ?

အဘိဝါဒေတဗ္ဗံ အဘိဝါဒေတိ၊ ပစ္စုဋ္ဌာတဗ္ဗံ ပစ္စုဋ္ဌေတိ၊ အာသနာရဟဿ အာသနံ ဒေတိ၊ မဂ္ဂါရဟဿ မဂ္ဂံ ဒေတိ၊ သက္ကာတဗ္ဗံ သက္ကရောတိ၊ ဂရုကာတဗ္ဗံ ဂရုကရောတိ၊ မာနေတဗ္ဗံ မာနေတိ၊ ပူဇေတဗ္ဗံ ပူဇေတိ၊

သော၊ ထိုပုဂ္ဂိုလ်သည်။ အဘိဝါဒေတဗ္ဗံ၊ ရှိခိုးသင့် ရှိခိုးထိုက်သော ပုဂ္ဂိုလ်ကို။ အဘိဝါဒေတိ၊ ရှိခိုး၏။ ပစ္စုဋ္ဌာတဗ္ဗံ၊ ခရီးဦး ကြိုဆိုခြင်းထိုက်သော ပုဂ္ဂိုလ်ကိုလည်းပဲ။ ပစ္စုဋ္ဌေတိ၊ ခရီးဦး ကြိုဆို၏။ အာသနာရဟဿ၊ နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်သော ပုဂ္ဂိုလ်အားလည်း။ အာသနံ၊ နေရာကို။ ဒေတိ၊ ဖယ်၍ ပေးတတ်၏။ မဂ္ဂါရဟဿ၊ လမ်းဖယ်ပေးသင့် ဖယ်ပေးထိုက်သော ပုဂ္ဂိုလ်အားလည်းပဲ။ မဂ္ဂံ၊ လမ်းကို။ ဒေတိ၊ ဖယ်ပေး၏။ သက္ကာတဗ္ဗံ၊ ရိုသေသင့် ရိုသေထိုက်သော ပုဂ္ဂိုလ်ကိုလည်းပဲ။ သက္ကရောတိ၊ ရိုသေတတ်၏။ ...ဂရုကာတဗ္ဗံ၊ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ ဂရုကရောတိ၊ လေးစားတတ်၏။ မာနေတဗ္ဗံ၊ မြတ်နိုးသင့် မြတ်နိုးထိုက်သော သူကိုလည်း။ မာနေတိ၊ မြတ်နိုးတတ်၏။ ပူဇေတဗ္ဗံ၊ ပူဇော်သင့် ပူဇော်ထိုက်သော ပုဂ္ဂိုလ်ကိုလည်းပဲ။ ပူဇေတိ၊ ပူဇော်တတ်၏၊

ပုဂ္ဂိုလ်တစ်ဦးကို ကြည့်လိုက်နော်။ အမျိုးသား ဖြစ်ချင်လည်း ဖြစ်ပါစေ, အမျိုးသမီး ဖြစ်ချင်လည်း ဖြစ်ပါစေ။ တချို့တချို့ လူသားတွေဟာ လောကမှာ ဘယ်လို နေထိုင်ကြသလဲ? ရှိခိုးသင့် ရှိခိုးထိုက်တဲ့ ပုဂ္ဂိုလ်ကို ရှိခိုးတယ်။ ခရီးဦး ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ပုဂ္ဂိုလ်ကို ခရီးဦး ကြိုဆိုတယ်။ မိမိထက် အသက်ဂုဏ်သိက္ခာအားဖြင့် ကြီးမားတော်မူတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်, ထေရ်ကြီးဝါကြီးတွေပဲဖြစ်ဖြစ် သို့မဟုတ် မိဘတွေပဲဖြစ်ဖြစ်, ဧည့်သည်တွေပဲဖြစ်ဖြစ် လာပြီဆိုရင် ခရီးဦး ကြိုဆိုတယ် ကြွပါ။ ဒီစိတ်ထားမျိုး မရှိဘူး။

တချို့ပုဂ္ဂိုလ်က အာဂန္တု ကြွလာတာ မြင်ပြီဆိုရင် ကိုယ့်ကျောင်းပေါ် တက်မှာစိုးလို့ မမြင်ချင်ယောင် ဆောင်နေတယ်။ ဧည့်သည်လာတာ မြင်ပြီဆိုရင် ကိုယ့်အိမ်ဝင်မှာစိုးလို့, တောင်းသွားမှာစိုးလို့ မမြင်ချင်ယောင် ဆောင်နေတယ်။ မလွဲမရှောင်သာလို့ စကားပြောလိုက်ရတောင်မှ သိပ်ပြီးစကား မပြောချင်ဘူး။ ခု ဒီနေရာမှာ ဒီသူတော်ကောင်းကတော့ ဒီလို မဟုတ်ဘူး။ ဧည့်သည် အာဂန္တုကိုယ်တော် ကြွရောက်လာပြီဆိုရင် လှမ်းပြီးတော့ သပိတ်သင်္ကန်းတွေကို ယူတယ်, ခြေဆေးပေးတယ် စသည်ဖြင့်နော်။ ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့သူကို ခရီးဦးကြိုဆိုပေးတယ်။ နောက်တစ်ခု -

လမ်းဖယ်ပေးသင့်တဲ့ ပုဂ္ဂိုလ်တွေကို လမ်းဖယ်ပေးတယ်။ နေရာထိုင်ခင်း ပေးထိုက်တဲ့သူကို နေရာထိုင်ခင်းပေးတယ်။ ဒါ သူတော်ကောင်းတို့ စိတ်ထားပဲ။ ရိုသေသင့် ရိုသေထိုက်တဲ့ ပုဂ္ဂိုလ်ကို ရိုသေတယ်။ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို လေးစားတယ်။ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်ကို မြတ်နိုးတယ်။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ကို ပူဇော်တယ်။ ပူဇော်လိုက်တဲ့အတွက် ဘာဖြစ်လဲ?

သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။

ဧဝံ၊ ဤသို့လျှင်။ သမတ္တေန၊ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်၍ထားအပ်သော။ ဧဝံ၊ ဤသို့။ သမာဒိန္နေန၊ ကောင်းစွာဆောက်တည်၍ ထားအပ်သော။ တေန ကမ္မေန၊ ထိုကုသိုလ်ကံကြောင့်။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပျက်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ သုဂတိံ သဂ္ဂံ လောကံ၊ ကောင်းမှုပြုသူ သုစရိုက်သမားတို့ လားရောက်ရာဖြစ်အပ်သော နတ်ပြည်နတ်လောကသို့။ ဥပပဇ္ဇတိ၊ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေရပေ၏၊

ကြည်စမ်း ... ဒီနေရာမှာ ရိုသေသင့် ရိုသေထိုက်တဲ့သူကို ရိုသေတယ်။ လေးစားသင့် လေးစားထိုက်တဲ့ပုဂ္ဂိုလ်ကို လေးစားတယ်။ မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ပုဂ္ဂိုလ်ကို မြတ်နိုးတယ်။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်ကို ပူဇော်တယ်။ ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကို ရှိခိုးတယ်။ ခရီးဦး ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ပုဂ္ဂိုလ်ကို ခရီးဦး ကြိုဆိုတယ်။ နေရာဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ပုဂ္ဂိုလ်ကို နေရာဖယ်ပေးတယ်။ လမ်းဖယ်ပေးသင့်တဲ့ပုဂ္ဂိုလ်ကို လမ်းဖယ်ပေးတယ်။ ပိုက်ဆံဘယ်နှစ်ပြား ကုန်လဲ? တစ်ပြားမှ မကုန်ဘဲနဲ့ ကုသိုလ်တရားတွေ တိုးပွားပြီး မလာဘူးလား? လာတယ်။ ဒီကုသိုလ်တရားတွေကို ကောင်းစွာ ပြည့်ပြည့်စုံစုံ ဆောက်တည်ခဲ့မယ်ဆိုရင် ဒီကုသိုလ်တရားတွေက ဘယ်ပို့ဆောင်ပေးမလဲ? ကောင်းမှုပြုသူ သုစရိုက်သမားတို့ လားရောက်ရာဖြစ်တဲ့ နတ်ပြည်နတ်လောကသို့ရောက်အောင် ပို့ဆောင်ပေးပါတယ်။ ဘုန်းကြီး ခဏခဏတော့ ပြောဖူးတယ်။ နာဖူးထပ်မံအနေနဲ့ ထပ်ပြောမယ်။

စဏ္ဍာလီအမယ်အို ဒွန်းစဏ္ဍာမကြီးတစ်ဦး ဆိုကြပါစို့နော်။ တစ်နေ့ နံနက် မိုးသောက်ထအချိန်မှာ မြတ်စွာဘုရား မဟာကရုဏာတော် သမာပတ် ဝင်စားပြီးတော့ လောကကို ကြည့်ရှုတော်မူလိုက်တဲ့ အချိန်ခါမှာ စဏ္ဍာလီ အမယ်အိုကြီးက ဉာဏ်ကွန်ယက်ထဲမှာ ထင်လာပြီ။ ဘယ်လို အကြောင်း အခြင်းအရာလဲလို့ မြတ်စွာဘုရား ဆက်လက်ပြီး မြတ်စွာဘုရား ဆင်ခြင် ကြည့်ရှုကြည့်လိုက်တဲ့ အချိန်ခါမှာ စဏ္ဍာလီ အမယ်အိုကြီး ကွယ်လွန်တော့မယ်။ ကွယ်လွန်တော့ ဘယ်ရောက်မလဲ ကြည့်တယ်။ ငရဲရောက်တော့မယ် ဆိုတာ သိပြီ။ ငါဘုရား သွားကယ်တင်ခဲ့မယ် ဆိုလို့ရှိရင်ကော

ဘုရားရှင်ရဲ့ ဉာဏ်ကွန်ယက်ထဲမှာ ထင်တယ်ဆိုတာက ကယ်တင်လို့ ရမဲ့ပုဂ္ဂိုလ်မှ ထင်တာပါ။ ကယ်တင်လို့ မရနိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင် တင်ပါ့မလား? မထင်ဘူး။ သတိရှိပေတော့။ ငါဟာ ကယ်တင်လို့ရတဲ့ပုဂ္ဂိုလ် ဟုတ်လာလေရဲ့လားလို့ ကိုယ့်ကိုယ်ကိုတော့ နည်းနည်းလေး ပြန်ဆန်းစစ်တတ်ဖို့တော့ လိုအပ်တယ်။ (အသံပျက်နေ) အဲဒီအခါမှာ ဘုရားရှင်က ရဟန်းသံဃာအပေါင်း ခြံရံပြီးတော့ မြို့တွင်း ဆွမ်းခံကြွတော်မူပါတယ်။ စဏ္ဍာလီအမယ်အိုနှင့် တွေ့လောက်တဲ့ လမ်းလောက်ကို ဘုရားရှင်ကလည်း ရွေးပြီး ကြွတော်မူပါတယ်။ စဏ္ဍာလီအမယ်အိုကလည်း ရာဇဂြိုလ်မြို့အတွင်း ထမင်းအတောင်း အဝင်ပေါ့။ တစ်နေရာမှာ ဆုံပြီ ...

ဆုံလိုက်တဲ့အချိန်ခါမှာ ဘုရားရှင်က မတ်တပ်ရပ်နေလိုက်တယ်။ နောက်တော်မှာ ပါလာတဲ့ ရှင်မဟာမောဂ္ဂလာန်က ဘုရားရှင်ရဲ့ စိတ်ဆန္ဒတော် လှမ်းကြည့်လိုက်တဲ့ အချိန်ခါမှာ စဏ္ဍာလီအမယ်အိုကြီးက ဘုရားရှင်အား ရှိခိုးဝတ်ပြုစေလိုတဲ့ဆန္ဒတော် ဘုရားရှင်မှာ ရှိနေပြီဆိုတာ သိတဲ့အခါကျတော့ ဒီနေရာမှာ ရှင်မဟာမောဂ္ဂလာန်က အလှူပွဲစားလေး လုပ်ပေးရပါတယ်။ စဏ္ဍာလီအမယ်အိုနား သွားပြီးတော့ ဂါထာလေး ၂-ခု ရွတ်ဖတ်ပြီးတော့ “ဒကာမကြီး, ဒကာမကြီး ... သေဖို့အချိန်ကတော့ အလွန် နီးကပ်နေပြီ ဖြစ်တယ်။ ဒါကြောင့် ရသေ့ဟူသမျှတို့တွင် အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ဂေါတမရှင်တော်မြတ်ဘုရားရဲ့ ခြေတော်အစုံ ကြာပဒုံကို သွားပြီး ဦးတိုက်လိုက်ပါ” ဆိုပြီးတော့ သွားပြီးတော့ တိုက်တွန်းတယ်။

“ကိုယ်တော် ... ဘာလာပြောနေတာလဲ တပည့်တော် ဘယ်သူ့ကိုမျှ အောက်ကျို့မခံနိုင်ဘူး။ ဘယ်သူ့ကိုမှ ရှိမခိုးနိုင်ဘူး”။ ဟော အကယ်၍ ဒီစိတ်ထားများ ဟိုနေရာလေးမှာ ရှိခဲ့မယ်ဆိုရင်ပေါ့။ ဘယ့်နှယ်တုန်း ကယ်တင်လို့ ရပါ့မလား? မရဘူး။ ခက်ထန်တင်းမာတဲ့ စိတ်ထားရှိခဲ့ရင်ပေါ့။ သူတောင်းစားလည်း ခက်ထန်တင်းမာတဲ့ စိတ်ထားမရှိဘူးလို့ မထင်နဲ့နော်။ ခု တရားဟောနေတဲ့ ပုဂ္ဂိုလ်လည်း ဘာလဲ? သူတောင်းစားပါ။ ဟုတ်တယ် မဟုတ်လား?

ခက်ထန်တင်းမာတဲ့စိတ်ထားသာ ရှိခဲ့ရင် အဲဒီစိတ်ထားသာ ရှိခဲ့ရင် ဘယ်ရောက်မလဲ? ငရဲရောက်မယ်။ ခု တရားနာနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း သူတောင်းစား မပါဘူးလား? ပါပါတယ်။ ကိုယ့်ကိုယ်ကို သိပ်ပြီး အထင်ကြီးမနေနဲ့။ သူတောင်းစားမှာလည်း သူတောင်းစားနဲ့ ထိုက်တန်နေတဲ့ မာန်မာနတွေ, ခက်ထန်တင်းမာနေတဲ့ စိတ်ထားတွေ မရှိဘူးလား? ရှိနေတယ်။ ကိုယ့်ကိုကိုယ် သူတောင်းစားလို့သာ နေ့စဉ် သတိရနေပါ၊ နည်းနည်းလေးတော့ စိတ်က လျော့သွားလိမ့်မယ်လို့ ဘုန်းကြီး ထင်တယ်။ ဘယ့်နှယ်တုန်း လျော့နိုင်ပါ့မလား? ကဲနောက်က သီလရှင်တွေ ဖြေကြစမ်းပါဦး လျော့နိုင်ပါ့မလား? ဟင် (လျော့နိုင်ပါတယ်ဘုရား) အဲ ဘုန်းကြီးကလည်း လျော့စေချင်လို့ ဒီတရားဟောနေတာပါနော်။

ခက်ထန်တင်းမာနေတဲ့ စိတ်ထား မိမိကိုယ်ကို မိမိအပေါ်မှာ မြှင့်တင်နေတဲ့စိတ်ထား၊ ဒီစိတ်ထားတွေက သတ္တဝါတွေကို အင်မတန် ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ စဏ္ဍာလီအမယ်အိုကြီးကလည်း ခက်ထန်တင်းမာတဲ့ စိတ်ထားမရှိပါဘူးနော်။ ထောင်လွှားတက်ကြွနေတဲ့ မာန်မာနတရား မရှိပါဘူး။ မရှိတော့ တုန်တုန်ရီရီနဲ့ လက်က ကိုင်ထားတဲ့ တောင်ဝှေးလေး ချပြီးတော့ ဘုရားရှင်ရဲ့ ခြေတော်အစုံ ကြာပဒုံကို ဦးတိုက်လိုက်ပါတယ်။ သုံးကြိမ်တိုင်တိုင် ဦးတိုက်ပြီးတော့ မတ်တပ်ပြန်ရပ်လိုက်တယ်။ ရပ်ပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ဖူးမဝတဲ့ စိတ်ထားဖြင့် အလွန်ကြည်ညို လေးစားနေတဲ့ စိတ်ထားဖြင့် လက်အုပ်ချီနေပါတယ်။

ထိုအချိန်ခါမှာ ဘုရားရှင်ကလည်း ဤမျှသော ကုသိုလ်ကောင်းမှုသည် စဏ္ဍာလီအမယ်အိုအတွက် ထောက်ရာတည်ရာတော့ ဖြစ်လောက်ပြီလို့ ယူဆတဲ့အတွက် ဘုရားရှင်လည်း ရှေ့ဆက်လက်ပြီး ဆွမ်းခံကြွတော်မူပါတယ်။ ဒါပေမဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို ဒီနေရာမှာ ဟောသလား? မဟောဘူး။ ဘာဖြစ်လို့လဲ? သူ့မှာ မဂ်, ဖိုလ်, နိဗ္ဗာန်ရနိုင်တဲ့ ပါရမီမျိုးစေ့ကောင်းတွေက မရှိဘူး။ နတ်ရွာသုဂတိကောင်းလောက် ရောက်အောင်ပဲ ငါဘုရား ကယ်တင်လို့ ရနိုင်တယ်ဆိုတာ သိတယ်။ သိတဲ့အတွက် မြတ်စွာဘုရားက သစ္စာလေးပါးနဲ့စပ်တဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်နဲ့ ရောက်ကြောင်း တရားစကားတွေ ဟောကြားပေးသလား? မဟောပေးဘူး။

ဒီလိုဆိုရင် ဒကာကြီးတွေ, ဒကာမကြီးတွေ ဘုရားထံမှ သစ္စာလေးပါးနဲ့ စပ်တဲ့တရားစကားတွေ နာချင်တယ် ဆိုလို့ရှိရင် နာနိုင်တဲ့ မျိုးစေ့ကောင်းလေးတွေ မိမိရဲ့ရုပ်နာမ်အစဉ်မှာ တည်ရှိထားပြီး ဖြစ်ဖို့တော့ မလိုအပ်ဘူးလား? လိုအပ်ပါတယ်။ ဒီလိုဆိုလို့ရှိရင် သူများသားသမီးကို ဝအောင်ကို လုပ်ကျွေးနေတဲ့ပုဂ္ဂိုလ်တွေ အဲဒီမျိုးစေ့ ရှိနိုင်ပါ့မလား? ဟင် ဟိုးနောက်က ဘီလူးကျွန်းက ဒကာမကြီးတွေ ဖြေစမ်းပါဦး ဟင်! သူတို့က မနက်ဖြန်ဆိုလား, သဘက်ခါဆိုလား ပြန်တော့မှာတဲ့။ ဟုတ်တယ်မလား? သူများသားသမီးကို တဝကြီး လုပ်ကိုင်ကျွေးနေတယ်, ကျွန်ခံနေတယ်။ အဲဒီလို ကျွန်ခံနေတဲ့ ပုဂ္ဂိုလ်တွေမှာ မဂ်, ဖိုလ်, နိဗ္ဗာန်ရကြောင်းဆိုတဲ့ မျိုးစေ့ကောင်းတွေ ကိန်းဝပ်နိုင်ပါ့မလား? မကိန်းဝပ်နိုင်ဘူး။ ဘုရားက ကယ်တင်တယ်ဆိုတာက ကယ်တင်လို့ရတဲ့ ပုဂ္ဂိုလ်ကိုသာ ကယ်တင်တာပါ။ ကယ်တင်လို့ ရနိုင်တဲ့ မျိုးစေ့ မရှိရင်

ဘုရားရှင် အမှူးရှိနေတဲ့ သံဃာတော်များ ရှေ့ကြွသွားလို့ မကြာခင်ကာလအတွင်း စဏ္ဍာလီအမယ်အိုကြီးကို နွားက ဝှေ့သတ်လိုက်တာ သေသွားပြီ။ သေတဲ့အခါမှာ သူက နတ်ပြည်နတ်လောက ရောက်ရှိသွားတယ်။ ဘာကြောင့်လဲ? သေခါနီးကာလမှာ ဘုရားရှင်အပေါ်၌ ကြည်ညိုသော စိတ်ထားဖြင့် ရိုသေရှိခိုးခဲ့တဲ့ ကံကို ပြန်လည်ပြီးတော့ အမှတ်ရနိုင်တယ်။ ဒါကြောင့် ရှိခိုးသင့် ရှိခိုးထိုက်တဲ့ပုဂ္ဂိုလ်ကို ရှိခိုးခြင်း, ခရီးဦး ကြိုဆိုသင့် ကြိုဆိုထိုက်တဲ့ပုဂ္ဂိုလ်ကို ခရီးဦး ကြိုဆိုခြင်း, လမ်းဖယ်ပေးသင့် ဖယ်ပေးထိုက်တဲ့ပုဂ္ဂိုလ်ကို လမ်းဖယ်ပေးခြင်း, နေရာပေးသင့်တဲ့ပုဂ္ဂိုလ်ကို နေရာပေးခြင်း, ရိုသေသင့် ရိုသေထိုက်တဲ့ပုဂ္ဂိုလ်ကို ရိုသေခြင်း, လေးစားသင့် လေးစားထိုက်တဲ့ပုဂ္ဂိုလ်ကို လေးစားခြင်း, မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ပုဂ္ဂိုလ်ကို မြတ်နိုးခြင်း, ပူဇော်သင့် ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်ကို ပူဇော်ခြင်းသည် အကျိုး မရှိဘူးလား? ဒါကြောင့် မင်္ဂလာလို့ ဘုရားက ဟောတာပါ။

ဒါမင်္ဂလာရှိတဲ့ လုပ်ငန်းရပ်တွေပါ။ ဗုဒ္ဓဘာသာတို့ အခြေခံယဉ်ကျေးမှုတွေပဲ။ လူကြီးမိဘရှေ့ ကော့လန် ကော့လန် သွားရမလား? မသွားရဘူး။ ဒါ အခြေခံယဉ်ကျေးမှုပဲ။ ရိုသေရမယ်၊ လေးလေးစားစားနဲ့ ခါးလေးကုန်းလို့ ရိုသေစွာဖြင့် ပြုမူရမယ်, ရိုသေစွာဖြင့် ဆက်ဆံရမယ်။ ဒီယဉ်ကျေးမှုလေးတွေက ဒီလို ရိုရိုသေသေ လေးလေးစားစားနဲ့ ဆက်ဆံနေတဲ့ သူတော်ကောင်းတစ်ဦးကို နတ်ရွာသုဂတိရောက်အောင် ပို့ဆောင်နိုင်စွမ်း မရှိဘူးလား? ရှိနေတယ်။ ဒါကြောင့် ဆရာမိဘတွေက ငယ်စဉ်ကတည်းက လက်ပူးလက်ကြပ် စနစ်တကျနဲ့ ဒီကျင့်ဝတ်ကလေးတွေကို သင်ပေးတာပဲ။ ဒါပေမဲ့ ဒီကျင့်ဝတ်တွေကို တချို့ပုဂ္ဂိုလ်တွေ နားမလည်တော့ ရိုရိုသေသေ ဖြည့်ကျင့်ချင်တဲ့ဆန္ဒ ရှိသလား? မရှိကြပြန်ဘူး။ ညကျပြီ ဆိုကြပါစို့ ...

ညရောက်လာတဲ့ အချိန်ခါကျတော့ ဒီသူတော်ကောင်းကြီး စဏ္ဍာလီအမယ်အို နတ်သမီးပေါ့နော်။ စဏ္ဍာလီအမယ်အိုကြီးက ဘုံဗိမ္မာန်နဲ့တကွ ဆင်းလာပြီးတော့ ရှင်မဟာမောဂ္ဂလာန်ကြီးကို လာပြီးတော့ ရှိခိုးဝတ်ပြုတယ်။ ဘာဖြစ်လို့လဲ? အကယ်၍သာ ထိုအချိန်ခါမှာ ရှင်မဟာမောဂ္ဂလာန်က တိုက်တွန်းမှု မရှိခဲ့ဘူးဆိုရင် သူနတ်ရွာသုဂတိ ရောက်နိုင်ပါ့မလား? ရှင်မဟာမောဂ္ဂလာန်က တိုက်တွန်းတယ်။ တိုက်တွန်းတဲ့အလျှောက်လဲ ဘုရားရှင်ကို ရိုသေစွာ ရှိခိုးပူဇော်တယ်။ ဘုရားအမှူးရှိနေတဲ့ သံဃာတော်အပေါ်၌ ကြည်ညိုတဲ့, မြတ်နိုးတဲ့ စိတ်ထားရှိတယ်။ ရိုသေလေးစားတဲ့ စိတ်ထားရှိတယ်။ အဲဒီ စိတ်ထားလေးတွေက ကုသိုလ်ကံ ဖြစ်ပါတယ်။ ဒီကံလေးက သူ့ကို နတ်ရွာသုဂတိရောက်အောင် ပို့ဆောင်ပေးလိုက်တယ်။

ပို့ဆောင်ပေးလိုက်တဲ့ အချိန်ခါမှာ ကတညုတ ကတဝေဒီဆိုတဲ့ အတိုင်းပေါ့ - သူတထူး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို သူက တုံ့လှည့်ပြီးတော့ ဆပ်ချင်တယ်။ သူက ကြည်ညိုလွန်းလို့, ကျေးဇူးတင်လွန်းလို့ ရှင်မဟာမောဂ္ဂလာန်ကြီးကို ထိုညမှာ ကန်တော့သွားပါသေးတယ်။

ဒါကြောင့် ဒီနေရာမှာ ကောင်းမှုကုသိုလ်တစ်ခုကို ပြုခဲ့ပြီဆိုရင် ဒီကုသိုလ်လေးက ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့တောင် နတ်ရွာသုဂတိရောက်အောင် ပို့ဆောင်ပေးနိုင်တယ်ဆိုရင် ပိုက်ဆံတွေများစွာ သို့မဟုတ် လှူဖွယ်ဝတ္ထုပစ္စည်းတွေများစွာ အကုန်ကျခံပြီးတော့ ပြုစုပျိုးထောင်လိုက်တဲ့ ကောင်းမှုကုသိုလ်ကံတွေက ထို့ထက် အဆင့်မြင့်တဲ့ ဘုံဘဝတွေရောက်အောင် ပို့ဆောင်ပေးနိုင်လိမ့်မယ် ဆိုတာကတော့ ယုံမှားသံသယရှိဖို့ လိုသေးလား? မလိုတော့ဘူး။ ကဲ အကယ်၍များ နတ်ပြည်နတ်လောက မရောက်ခဲ့ဘူးဆိုရင် ဘာဖြစ်မလဲ?

နော စေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ၊ သစေ မနုဿတ္တံ အာဂစ္ဆတိ၊ ယတ္ထ ယတ္ထ ပစ္စာဇာယတိ၊ ဥစ္စာကုလီနော ဟောတိ။ ဥစ္စာကုလီနသံဝတ္တနိကာ ဧသာ မာဏဝ ပဋိပဒါ ယဒိဒံ အတ္ထဒ္ဓေါ ဟောတိ အနတိမာနီ ---- အဘိဝါဒေတဗ္ဗံ အဘိဝါဒေတိ၊ ပစ္စုဋ္ဌာတဗ္ဗံ ပစ္စုဋ္ဌေတိ၊ အာသနာရဟဿ အာသနံ ဒေတိ၊ မဂ္ဂါရဟဿ မဂ္ဂံ ဒေတိ၊ သက္ကာတဗ္ဗံ သက္ကရောတိ၊ ဂရုကာတဗ္ဗံ ဂရုကရောတိ၊ မာနေတဗ္ဗံ မာနေတိ၊ ပူဇေတဗ္ဗံ ပူဇေတိ။

ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပျက်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ သုဂတိံ သဂ္ဂံ လောကံ၊ ကောင်းမှုပြုသူ သုစရိုက်သမားတို့ လားရောက်ရာဖြစ်သော နတ်ပြည်နတ်လောကသို့။ နောစေ ဥပပဇ္ဇတိ၊ အကယ်၍များ မကပ်ရောက်ရသည် ဖြစ်ငြားအံ့။ မနုဿတ္တံ၊ လူပြည် လူ၏အဖြစ်သို့။ သစေ၊ အကယ်၍ ဆိုက်ရောက်လာခဲ့သည် ဖြစ်ငြားအံ့။ ယတ္ထ ယတ္ထ၊ အကြင် အကြင် အမျိုးအနွယ်၌။ ပစ္စာဇာယတိ၊ ပဋိသန္ဓေအားဖြင့် တစ်ဖန် ဖြစ်ပေါ်၍ လာရပေ၏။ တတ္ထ တတ္ထ၊ ထိုထိုအမျိုးအနွယ်၌။ ဥစ္စာကုလီနော၊ မြင့်မြတ်သော အမျိုးအနွယ်ရှိသူသည်။ ဟောတိ၊ ဖြစ်ရပေ၏။

ဘာဖြစ်လို့လဲ? ရိုသေသင့် ရိုသေထိုက်, လေးစားသင့် လေးစားထိုက်, မြတ်နိုးသင့် မြတ်နိုးထိုက်တဲ့ ပုဂ္ဂိုလ်, ပူဇော်သင့် ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို မိမိက စိတ်ဓာတ်ကလေး နှိမ်ချပြီးတော့ ရိုသေတယ်, လေးစားတယ်, မြတ်နိုးတယ်, ပူဇော်တယ်။ တစ်ဖက်သားကို မြှင့်တင်ထားတဲ့စိတ်ထား ထိုပုဂ္ဂိုလ်မှာ မရှိဘူးလား? ရှိတယ်။ မိမိကိုယ်ကို နှိမ်ချထားတဲ့စိတ်ထားလည်း ထိုပုဂ္ဂိုလ်မှာ မရှိဘူးလား? ရှိနေတယ်။ မိမိကိုယ်ကို နှိမ်ချပြီးတော့ တစ်ဖက်သား ပုဂ္ဂိုလ်တွေအပေါ်မှာ မြှင့်တင်ထားလိုက်တဲ့ ထိုစိတ်ထားက မိမိကို အမျိုးအနွယ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင် ပို့ဆောင်ပေးတဲ့ စွမ်းအားကြီး, တွန်းအားကြီးတစ်ခု ဖြစ်မသွားဘူးလား? ဖြစ်သွားပြီ။

ဒါကြောင့် ဘယ်လိုပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ် မိမိတို့က အထင်မသေးဖို့က အရေးမကြီးဘူးလား? ဒါ သိပ်အရေးကြီးတယ်။ တစ်ဖက်ပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ပါစေ ဒါ လိုရင်း မဟုတ်ဘူး။ မိမိက အပေါ်စီး မနေတတ်ဖို့ ဒါ လိုရင်းမဟုတ်ဘူးလား? လိုရင်းဖြစ်နေတယ်။ ဒါ သတိရှိကြတော့နော်။ ဒါဟာ ဂါရဝေါ စ၊ ဂါရဝတရားရှိခြင်းသည် သတ္တဝါတစ်ယောက် ကောင်းရာသုဂတိ ရောက်စေနိုင်တဲ့ စွမ်းအားရှိပုံနဲ့ ပတ်သက်ပြီး ဟောကြားချက်ပဲ။

သို့သော် ဒီနေရာမှာ မြတ်စွာဘုရား ဟောကြားထားတဲ့ ဟိရိဂါရဝသုတ္တန်ဆိုတဲ့ သုတ္တန်လေးတစ်ခု ဘုန်းကြီး ဒီညဟောဖို့တော့ ရည်ရွယ်ထားပါတယ်။ အင်္ဂုတ္တရနိကာယ်မှာ လာရှိပါတယ်။ တစ်ည ဆိုကြပါစို့ ... မြတ်စွာဘုရား ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခိုက် နတ်သားတစ်ဦးက သန်းခေါင်ယံအချိန်မှာ အလွန် ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းတောက်ပစွာဖြင့် ဇေတဝန်ကျောင်းတိုက်တော်အတွင်း ရောက်ရှိလာပြီ။ ဘုရားရှင်ထံ ချဉ်းကပ်ပြီးတော့ ဘုရားရှင်ကို ရိုသေစွာ ရှိခိုး သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ရပ်ပြီးတော့ မြတ်စွာဘုရားကို သူက လျှောက်ထားတယ်။ ဘယ်လိုလျှောက်ထားလဲ?

‘‘သတ္တိမေ, ဘန္တေ, ဓမ္မာ ဘိက္ခုနော အပရိဟာနာယ သံဝတ္တန္တိ။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သတ္တိမေ ဓမ္မာ (ဣမေ သတ္တ ဓမ္မာ) = ဤခုနစ်ပါးကုန်သော တရားတို့သည်။ ဘိက္ခုနော၊ ရဟန်းတော်အဖို့။ အပရိဟာနာယ၊ ဆုတ်ယုတ်၍ မသွားခြင်းငှာ။ သံဝတ္တန္တိ၊ ဖြစ်ကြပါကုန်၏။

မြတ်စွာဘုရား ဒီတရား ၇-ပါးက ရဟန်းတော် ၁-ပါး ဆုတ်ယုတ် မသွားဖို့ရန်အတွက် ၇-မျိုးသော တရားတွေ ဖြစ်ကြပါတယ်။ မဆုတ်ယုတ်ကြောင်းတရားပဲ။ ရဟန်းတော်တစ်ပါး သာသနာမှာနေပြီဆိုရင် ထိုရဟန်းတော် မဆုတ်ယုတ်ဖို့ရန်အတွက် တရားဘယ်နှစ်ပါးရှိလဲ? ၇-မျိုး။ အဲဒီ ၇-မျိုးက ဘာ ၇-မျိုးလဲဆိုတာ ထိုနတ်သားက လျှောက်ထားတယ်။

သတ္ထုဂါရဝတာ, ဓမ္မဂါရဝတာ, သံဃဂါရဝတာ, သိက္ခာဂါရဝတာ, သမာဓိဂါရဝတာ, ဟိရိဂါရဝတာ, ဩတ္တပ္ပဂါရဝတာ။ ဣမေ ခေါ, ဘန္တေ, သတ္တ ဓမ္မာ ဘိက္ခုနော အပရိဟာနာယ သံဝတ္တန္တိ။

သတ္ထုဂါရဝတာ၊ ဘုရားရှင်၏အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ ဓမ္မဂါရဝတာ၊ တရားတော်အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ သံဃဂါရဝတာ၊ သံဃာတော်အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ သိက္ခာဂါရဝတာ၊ သိက္ခာသုံးရပ် အကျင့်မြတ်၌ ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ သမာဓိဂါရဝတာ၊ သမာဓိကျင့်စဉ်၌ ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ ဟိရိဂါရဝတာ၊ ရှက်မှုဟိရိတရားအပေါ်၌ ရိုသေလေးစားမှုရှိသည်၏ အဖြစ်သည်လည်းကောင်း။ ဩတ္တပ္ပဂါရဝတာ၊ ကြောက်ရွံ့မှု ဩတ္တပ္ပတရားအပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဣမေ ခေါ သတ္တ ဓမ္မာ၊ ဤ ၇-ပါးကုန်သော တရားတို့သည်။ ဘိက္ခုနော၊ ယောဂါဝစရ ရဟန်းတော်အဖို့။ အပရိဟာနာယ၊ မဆုတ်ယုတ် မပျက်စီးရန် အလို့ငှာ။ သံဝတ္တန္တိ၊ ဖြစ်ကြပါပေကုန်၏။

မြတ်စွာဘုရား လောကမှာ ရဟန်းတော် ၁-ပါး မဆုတ်ယုတ် မပျက်စီးကြောင်းတရား ၇-ပါးရှိပါတယ်။

၁။ သတ္ထုဂါရဝတာ၊ ဘုရားရှင်အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိခြင်း။

၂။ ဓမ္မဂါရဝတာ၊ တရားတော်အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိခြင်း။

၃။ သံဃဂါရဝတာ၊ သံဃာတော်အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိခြင်း။

၄။ သိက္ခာဂါရဝတာ၊ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေအပေါ်၌ အထူးသဖြင့် သီလသိက္ခာတွေအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း။

၅။ သမာဓိဂါရဝတာ၊ သမာဓိကျင့်စဉ်အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း။

၆။ ဟိရိဂါရဝတာ၊ မကောင်းမှုအကုသိုလ်တရားတွေကို, မကောင်းမှု ဒုစရိုက်တရားတွေကို ရှက်တတ်တဲ့ ဟိရိတရားတွေအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း။

၇။ ဩတ္တပ္ပဂါရဝတာ၊ မကောင်းမှုအကုသိုလ်တရား, မကောင်းမှု ဒုစရိုက်တရားတို့၌ ကြောက်လန့်တတ်တဲ့ ဩတ္တပ္ပတရားအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း။

ပေါင်းလိုက်တော့ ဘယ်နှစ်ပါးလဲ? ၇-ပါး။ အဲဒီ ၇-ပါးတရားတော်တွေဟာ ရဟန်းတော်တစ်ပါး မဆုတ်ယုတ်ကြောင်းတရား ၇-ပါး ဖြစ်ပါတယ်ဆိုပြီးတော့ ဒီလို လျှောက်ထားသွားတယ်။ အဲဒီ လျှောက်ထားချက်ကို မြတ်စွာဘုရားကလည်း ရဟန်းတော်တွေကို တစ်ဖန် ပြန်၍ ဟောကြားတော်မူပါတယ်။

အဲဒီတော့ ဒီနေရာမှာ ကြည့်ပေါ့။ ဘုရားရှင်က ပြန်ပြီး အသိအမှတ်ပြုထားတော့ ဒီတရားသည် ဘုရားဟော တရားဖြစ်သွားတယ်။ အောက်အရာရှိကနေပြီးတော့ ရေးသားထားတဲ့ စာတစ်ခု ဆိုကြပါစို့။ အကြောင်းအရာတစ်ခု အထက်အရာရှိက လက်မှတ်ထိုးလိုက်ပြီဆိုရင် ဒါ အထက်အရာရှိရဲ့ လုပ်ဆောင်မှု မဖြစ်သွားဘူးလား? ဒီအတိုင်းပဲ။ ဒီနတ်သားကနေ လာပြီး လျှောက်ထားချက်ကို မြတ်စွာဘုရားကနေ ရဟန်းတော်တွေကို အသိအမှတ်ပြုပြီး တစ်ဖန် ပြန်ဟောလိုက်တော့ ဒါ ဘုရားဟော ပြန်ဖြစ်သွားတယ်နော်။

အဲဒီတော့ ဒီနေရာမှာကြည့်ပေါ့။ သာသနာတော်မှာ နေထိုင်ပြီ ဆိုလို့ရှိရင် ကြည့်ပေါ့ သို့မဟုတ် သာသနာတော်မှာ ကြည်ညိုလေးစားနေပြီဆိုရင် ဘုရားရှင်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ တရားတော်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ သံဃာတော်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့မလိုအပ်ဘူးလား? လိုအပ်တယ်။ စဉ်းစားကြည့်ပေါ့။ ဘုရားအပေါ်၌လည်း ရိုသေလေးစားမှု မရှိဘူး, တရားအပေါ်၌လည်း ရိုသေလေးစားမှု မရှိဘူး, သံဃာတော်အပေါ်၌လည်း ရိုသေလေးစားမှု မရှိတော့ဘူးဆိုရင် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အလွန် ခက်ထန်တင်းမာနေတဲ့ စိတ်ထားတွေ ကိန်းဝပ်နေပြီလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

အလွန် ထောင်လွှားတက်ကြွနေတဲ့ မိမိကို သိပ်အထင်ကြီးနေတဲ့ မာန်မာနတရားတွေလဲ ထိုပုဂ္ဂိုလ်ကို လွှမ်းခြုံထားပြီဆိုတာကတော့ ခန့်မှန်းလို့ မရနိုင်ဘူးလား? ရနေပြီ။ လောကမှာ ဘုရားရှင်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးကိုတောင်မှ မရိုသေနိုင်တော့ဘူးဆိုရင်, မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မခန်လို့ ခေါ်ဆိုအပ်တဲ့ ဘုရားရှင်ရဲ့ ဆယ်တန်သောတရားတော်အပေါ်၌ မရိုသေနိုင်တော့ဘူးဆိုရင်, ဘုရားရှင်ရဲ့ တပည့်သား သာဝကတွေလို့ ခေါ်ဆိုအပ်တဲ့ အရိယာသံဃာတော်တွေအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား မရှိနိုင်တော့ဘူးဆိုရင် ထိုပုဂ္ဂိုလ်အတွက် ဒီသာသနာတော်ဟာ တန်ဖိုးရှိနိုင်ဦးမလား? မရှိနိုင်တော့ဘူး။ သာသနာတော်နဲ့ သူနဲ့ ဆက်စပ်မှုကော ရှိနိုင်ပါ့မလား? သာသနာတော်နဲ့ ကွဲကွာသွားပြီ။ နောက်တစ်ခု -

သိက္ခာဂါရဝတာ၊ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို သိက္ခာသုံးရပ် အကျင့်မြတ်လို့ ခေါ်ပါတယ်။ အဲဒီထဲမှာ သမာဓိဂါရဝတာ၊ သမာဓိကို ရိုသေလေးစားမှုကို ဘုရားရှင်က သီးသန့်ထုတ်ပြီးတော့ ဟောတဲ့အတွက် ဒီနေရာမှာ သိက္ခာဂါရဝတာက အထူးသဖြင့် မိမိရဲ့ကိုယ်ကျင့် သီလသိက္ခာတွေအပေါ်၌ ရိုသေလေးစားမှု ရှိရမယ်။ အဲဒီလို ရိုသေလေးစားမှု မရှိခဲ့ရင် ဒီရဟန်းတော်တွေဟာ သာသနာတော်မှာ ဘယ်လိုမှ မကြီးပွားနိုင်ဘူး။ ဒီရဟန်းတော်ဟာ ဆုတ်ယုတ်ဖို့သာ ရှိလိမ့်မယ်လို့ ဒီလို နတ်သားက လျှောက်ထားပါတယ်။ ဘုရားရှင်ကလည်း ဒါကို အတည်ပြုပါတယ်။

ဒီတော့ ပုဂ္ဂိုလ်တစ်ဦးက ရဟန်းလို့ အမည်ခံတယ်၊ ရဟန်းအကျင့် မကျင့်ဘူး။ ကိုရင်လို့လည်း အမည်ခံတယ်၊ ကိုရင်ကျင့်ဝတ်ကို မကျင့်ဘူး။ သီလရှင်လို့ အမည်ခံတယ်၊ သီလရှင်ကျင့်ဝတ်ကို မကျင့်ဘူး။ သူ့မှာ သိက္ခာကို ရိုသေလေးစားတဲ့စိတ်ထား ရှိသေးလား? မရှိတော့ဘူး။ မရှိဘူး ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် မိမိရဲ့ ကိုယ်ကျင့်သီလကိုမှ ရိုသေလေးစားမှု မရှိတော့ဘူးဆိုရင် ထိုပုဂ္ဂိုလ်အဖို့ ကြီးပွားတိုးတက်မှုဆိုတာ ထိုသာသနာတော်အတွင်းမှာ ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်တော့ဘူး။ ဒါ စဉ်းစားကြ။

မိမိတို့က သာသနာတော်မှာ ကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ် ဖြစ်ချင်သလား, မဖြစ်ချင်ဘူးလား? ဒါကိုတော့ ကိုယ့်ကို ပြန်ပြီးတော့ မေးရပါတယ်။ ဘာတွေ ကြီးပွားတိုးတက်တာလဲ? သီလဂုဏ်ကျေးဇူးအားဖြင့် ကြီးပွားတိုးတက်တယ်, သမာဓိဂုဏ်ကျေးဇူးအားဖြင့် ကြီးပွားတိုးတက်တယ်, ပညာဂုဏ်ကျေးဇူးအားဖြင့် ကြီးပွားတိုးတက်တယ်။ အဲဒီလို ကြီးပွားတိုးတက်နေပြီ၊ အဆင့်အတန်း မြင့်မားနေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ချင်တယ်ဆိုရင် ဘုရားအပေါ်၌ ရိုသေလေးစားမှု ရှိရမယ်, တရားတော်အပေါ်၌ ရိုသေလေးစားမှု ရှိရမယ်, သံဃာတော်အပေါ်၌ ရိုသေလေးစားမှု ရှိရမယ်။

(အသံပျက်နေသည်)

ကိုယ့်သီလကိုမှ မမြတ်နိုးတဲ့ပုဂ္ဂိုလ်မှာ ကြီးပွားတိုးတက်မှု ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်တော့ဘူး။ မပြုသင့်တာလည်း ပြုတယ်, မပြောသင့်တာလည်း ပြောတယ်။ မကြံသင့်တာလည်း ကြံနေပြီ။ အဲဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သီလဟာ ကျင့်စဉ်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိနေပြီလို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ? မပြောနိုင်တော့ဘူး။ အခြေခံအုတ်မြစ်, သာသနာတော်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်နိုင်တဲ့စွမ်းအား မရှိရင် ထိုပုဂ္ဂိုလ် သမာဓိစခန်း တစ်ဆင့်တက် ကျင့်သော်လည်း ရနိုင်ပါဦးမလား? မရနိုင်တော့ဘူး။ ဒါကြောင့် သီလမှာတော့ ရိုသေလေးစားပြီ။ နောက်တစ်ခု -

သမာဓိဂါရဝတာ၊ သမာဓိမှာ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့ လိုအပ်ပြန်တယ်။ သမာဓိကို ရိုသေလေးစားမှု မရှိဘူး။ ခေတ်ကတော့ များသောအားဖြင့် သမထသည်သာသနာတွင်းတရား မဟုတ်ဘူး။ သာသနာပ တရားတဲ့။ ဒီလို မပြောကြဘူးလား? ပြောကြတယ် ပြောကြတယ်။ တော်တော် ခပ်များများတော့ ပြောကြတယ်။ ဘုရားရှင်က ဒီနေရာမှာ - သာသနာတော်မှာ ကြီးပွားတိုးတက်ချင်တယ် ဆိုလို့ရှိရင် သမာဓိကို အလေးဂရုပြုရမယ် မဟောဘူးလား, ဟောနေသလား? ဟောနေတယ်။ ဘုရားဟောနဲ့ နည်းနည်းလေးတော့ လွဲမနေဘူးလား? နည်းနည်းလေး လွဲနေတယ်လို့ ဘုန်းကြီးက ဟောတာပါ။ များများကြီး လွဲနေတယ်လို့ ဘုန်းကြီးက မပြောသေးပါဘူး။ သို့သော် အကယ်၍ များများကြီး လွဲနေတယ်လို့ ပြောလိုက်ရင်များ မှားများသွားမလား? မမှားပါဘူး။ သမာဓိသိက္ခာအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားမရှိဘူးတဲ့။ နောက် -

ဟိရိဂါရဝတာ၊ မကောင်းမှု အကုသိုလ်တရားတွေမှာ ရှက်တတ်တဲ့စိတ်ထား, မကောင်းမှု ဒုစရိုက်တွေမှာ ရှက်တတ်တဲ့စိတ်ထားကို ဟိရိလို့ ခေါ်ပါတယ်။ အဲဒီ ဟိရိလို့ခေါ်တဲ့ ဒီတရားအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား မရှိဘူး။ ရိုသေလေးစားတဲ့စိတ်ထား မရှိဘူးဆိုတာ ဘာပြောတာလဲ? မဟုတ်တာ, မမှန်တာတွေ ပြုရမှာ မရှက်တတ်ဘူး၊ မဟုတ်တာ, မမှန်တာ ပြောရမှာ မရှက်တတ်ဘူး၊ မဟုတ်တာ, မမှန်တာတွေ ကြံရမှာ မရှက်တတ်ဘူး၊ အဲဒီလို မရှက်တတ်တဲ့ပုဂ္ဂိုလ်သည် ဟိရိတရားတွေအပေါ်၌ ရိုသေလေးစားမှု စိတ်ထားရှိတဲ့ပုဂ္ဂိုလ် ဟုတ်သေးလား? မဟုတ်တော့ဘူး။ ဟိရိတရားအပေါ်၌ ရိုသေလေးစားမှုစိတ်ထား မရှိခဲ့ရင် ထိုပုဂ္ဂိုလ်သည် သာသနာတော်မှာ ကြီးပွားတိုးတက်မှု ဖြစ်နိုင်တော့မလား? မဖြစ်နိုင်တော့ဘူး။ ထိုပုဂ္ဂိုလ်သည် သာသနာတော်မှာ ဆုတ်ယုတ်ဖို့ရန်အတွက်သာ ဖြစ်လိမ့်မယ်။

နောက်တစ်ခု - ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရား, ဒုစရိုက်တရားတွေကို ကြောက်ရွံ့တတ်ရမယ်။ မကောင်းမှု အကုသိုလ်တရား, ဒုစရိုက်တရားတွေကို ကြောက်ရွံ့တတ်တဲ့စိတ်ထားကို ဩတ္တပ္ပလို့ ခေါ်တယ်။ ထိုဩတ္တပ္ပတရားအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိရမယ်။ အရှက်အကြောက် ပြည့်ပြည့်စုံစုံဖြင့် သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ရမယ်, သမာဓိကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ရမယ်, ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ရမယ်။ ရှက်တတ်ဖို့ လိုတယ်, ကြောက်တတ်ဖို့ လိုတယ်။

မဟာတိဿကိုယ်တော်ကြီးက သာသနာတော်ကို တကယ်ကြည်ညိုတဲ့အတွက် ကုဋေလေးဆယ်မျှ ချမ်းသာတဲ့ စည်းစိမ်ဥစ္စာကို ညီလုပ်သူအား “ကဲ ... ငါ့ညီ မင်း အကုန်ယူပေတော့ဆိုပြီး” အကုန်ပေးအပ်ပြီးတော့ သာသနာတွင်း ဝင်ရောက်လာတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါပေမဲ့ ညီရဲ့မိန်းမ ဘယ်လိုခေါ်လဲ? ခယ်မလို့ ခေါ်လား ဟုတ်လား ဟုတ်လား? ခယ်မလုပ်တဲ့ ပုဂ္ဂိုလ်က “ဒီကိုယ်တော်ကြီးတော့ ခက်တော့တာပဲ ... တစ်ချိန်များ သူ လူထွက်ခဲ့ရင်တော့ ဒီရွှေ တို့ပြန်ပေးရလိမ့်မယ်” ဒီလို ထင်နေတယ်။ အဲဒီလို ထင်နေတဲ့အခါကျတော့ ခိုးသားတွေ ငှားပြီးတော့ အသတ်ခိုင်းတော့တာပဲ။ ခိုးသားတွေကလည်း ဒီကိုယ်တော်ကြီး တောနေတော့ သတ်ဖို့ရန် တောကျောင်း ရောက်သွားပြီ။ အကျိုးအကြောင်း မေးကြည့်လိုက်တဲ့အခါ အစုံအလင် သိရှိပြီ။ သိတော့ ကဲကွာ ဒကာကို “ငါ့ကို ဒီတစ်ညလောက်တော့ အသက်ချမ်းသာခွင့်ပေးပါ” ဆိုပြီးတော့ ခွင့်တောင်းတယ်။ ဘာဖြစ်လို့လဲ? “ရာဂတန်းလန်းနဲ့, တွယ်တာတပ်မက်မှု အကုသိုလ် ရာဂတရား တန်းလမ်းကြီးနဲ့ ငါသေရမှာ ရှက်လွန်းလို့” ဒါပဲနော် ... ဘုန်းကြီး ပြောချင်တာက။ အဲဒီလို ရှက်တတ်တဲ့စိတ်ထားရှိဖို့ သာသနာတော်မှာ မလိုအပ်ဘူးလား? လိုအပ်တယ်။

ရာဂတန်းလမ်းကြီးနဲ့ သူ့ဘဝအဆုံးသတ်ရမှာ သူ့ကိုယ်ကိုလည်း သူပြန်ပြီးတော့ သိပ်ရှက်နေတယ်။ အဲဒါကြောင့် တစ်ညလောက် ခွင့်တောင်းပြီးတော့ အဲဒီညမှာ သူခိုးတွေကလည်း “အရှင်ဘုရား ဒီတစ်ည ခွင့်ပေးရင် ဘယ်သူက အရှင်ဘုရားကို အာမခံမလဲ?” “ကဲ အာမခံရအောင် ငါ ပြုလုပ်ပေးမယ်ဆိုပြီးတော့ ကျောက်တုံးကြီး ယူပြီးတော့ ပေါင် ၂-ခုကို ရိုက်ချိုးလိုက်တယ်။ ကဲ ငါ မပြေးနိုင်တော့ဘူး ဒီလောက်ဆိုတော့ မင်းတို့ အာမခံချက် ရလောက်ပြီ” အဲဒီလို ပြောပြီးတော့ အဲဒီညမှာ ဆက်ပြီး တရား အားထုတ်ပါတယ်နော်။ တရားဆက်လက် အားထုတ်တဲ့ အချိန်ခါမှာ နံနက် မိုးသောက် အာရုံတက်အချိန်လေးရောက်တော့ အရဟတ္တမဂ်, အရဟတ္တဖိုလ် ဆိုက်သွားပြီ။ အဲဒီ ဆိုက်သွားတဲ့ ဒီကိုယ်တော်ကြီး ပြန်ကြည့်လိုက်လို့ရှိရင် ရာဂတန်းလန်းနဲ့ သေရမဲ့ မိမိသန္တာန်မှာ တတည်ရှိနေတဲ့ အကုသိုလ်တရားတွေကို ရှက်တတ်တဲ့စိတ်ထား သူ့မှာ ရှိသလား, မရှိဘူးလား? ရှိနေတယ်။ အဲဒီ ရှက်တတ်တဲ့စိတ်ထားက အရဟတ္တမဂ်, အရဟတ္တဖိုလ်ရတဲ့ တိုင်တောင် အသိထူး, ဉာဏ်ထူးတို့ ရရှိဖို့ရန် တွန်းအားတစ်ခု ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။

ဒါကြောင့် သူတော်ကောင်း မှန်ခဲ့ရင် မကောင်းမှု အကုသိုလ်တရား မှန်သမျှကို ရှက်တတ်ရမယ်။ သူတော်ကောင်း မှန်ခဲ့ရင် မကောင်းမှု အကုသိုလ်တရား မှန်သမျှကို ကြောက်တတ်ရမယ်။ အဲဒီလို အရှက်အကြောက် ရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီအရှက်အကြောက် ဟိရိဩတ္တပ္ပ တရား၂-ပါးကို ရိုသေလေးစားတဲ့စိတ်ထား တစ်ဆင့်တက်ပြီးတော့ ရှိရမယ်။ ပေါင်းလိုက်တော့ ၇-မျိုးပေါ့။ အဲဒီ ၇-မျိုးနဲ့သာ ပြည့်စုံပြီဆိုရင် သာသနာတော်မှာ ဒီရဟန်းတော်သည် ဆုတ်ယုတ်မှု, ပျက်စီးမှု ဘယ်လိုမှ မဖြစ်နိုင်ဘူးတဲ့နော်။

‘‘သတ္ထုဂရု ဓမ္မဂရု, သံဃေ စ တိဗ္ဗဂါရဝေါ၊

သမာဓိဂရု အာတာပီ, သိက္ခာယ တိဗ္ဗဂါရဝေါ။

အပ္ပမာဒဂရု ဘိက္ခု, ပဋိသန္ထာရဂါရဝေါ၊

အဘဗ္ဗော ပရိဟာနာယ, နိဗ္ဗာနဿေဝ သန္တိကေ’’။

သတ္ထုဂရု၊ မြတ်စွာဘုရားအပေါ်၌ လေးစားသောစိတ်ထား ရှိသည်၏ အဖြစ်သည်လည်းကောင်း။ ဓမ္မဂရု၊ တရားတော်အပေါ်၌ လေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ သံဃေ၊ သံဃာတော်မြတ် အပေါ်၌။ တိဗ္ဗဂါရဝေါ စ၊ ထက်မြက်စူးရှသော, ရိုသေလေးစားသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ အာတာပီ၊ ကိလေသာတို့ကို လောင်ကျွမ်းစေတတ်, ပူပန်စေတတ်သော လုံ့လဝီရိယရှိလျက်။ သိက္ခာယ၊ သိက္ခာသုံးရပ် အကျင့်မြတ်တို့အပေါ်၌။ တိဗ္ဗဂါရဝေါ စ၊ ထက်မြက်စူးရှသော, ရိုသေလေးစားသော ဂါရဝတရားရှိသည်၏ အဖြစ်သည်လည်းကောင်း။ ဟိရိဩတ္တပ္ပသမ္ပန္နော၊ ရှက်ခြင်း, ကြောက်ခြင်း ဟိရိဩတ္တပ္ပတရားနှစ်ပါး ရှိသည်၏ အဖြစ်သည်လည်းကောင်း။ သမ္မန္တေသော၊ သူတော်ကောင်းတရားအပေါ်၌ မြတ်နိုးသောစိတ်ထား ရှိသည်၏ အဖြစ်သည်လည်းကောင်း။ သဂါရဝေါ၊ ရိုသေသော စိတ်ထားရှိသည်၏ အဖြစ်သည်လည်းကောင်း။ အတ္ထိ၊ ရှိပေ၏။ ဧတံ သဗ္ဗံ၊ ဤအလုံးစုံသော တရားသည်။ ပရိဟာနာယ၊ ရဟန်းတော်တစ်ပါး ဆုတ်ယုတ်ဖို့ရန်အတွက်။ အဘဗ္ဗော၊ မထိုက်တန်ပေ။ သော၊ ထိုရဟန်းတော်သည်။ နိဗ္ဗာနဿေဝ၊ နိဗ္ဗာန်တရားတော်မြတ်၏သာလျှင်။ သန္တိကေ၊ အနီးအပါး၌။ ဟောတိ၊ ဖြစ်၍ နေတတ်ပါ၏၊

ပေါင်းလိုက်တော့ တရား ၇-ပါးပါပဲ။ ဘုရားရှင်က ဂါထာလေးနဲ့ ပြန်ဟောတယ်။ ဘုရားရှင်အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း၊ တရားတော်အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း၊ သံဃာတော် အရှင်မြတ်တို့အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း၊ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း။ ဟိရိတရားနှင့် ပြည့်စုံခြင်း။ ဩတ္တပ္ပတရားနှင့် ပြည့်စုံခြင်း။ ဟိရိ ဩတ္တပ္ပတရားအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိခြင်း၊ ညွှတ်ကိုင်းရှိုင်းတဲ့ မြတ်နိုးတဲ့စိတ်ထား ရှိနေရမယ်။ အဲဒီလို တရား၇-ပါးနဲ့ ပြည့်စုံနေတဲ့သူဟာ ဆုတ်ယုတ်ပျက်ပြားဖို့ရန် ဘယ်လိုမှ မထိုက်တန်ဘူး။ ထိုကဲ့သို့သောပုဂ္ဂိုလ်သည် နိဗ္ဗာန်ရဲ့ အနီးအနားမှာသာလျှင် တည်ရှိနေပါတယ်။ ဒီလိုဆိုပြီးတော့ မြတ်စွာဘုရား ဟောကြားထားတော်မူခဲ့ပါတယ်နော်။ အဲဒီနေရာမှာလည်း မြတ်စွာဘုရားက နောက်ထပ် အလားတူပဲ သုတ္တန်တစ်ခု ဟောထားတယ်။

အဲဒီ သုတ္တန်လေး ဟောရတဲ့ အကြောင်းရင်းကတော့ ကိမိလသုတ္တန် ဖြစ်ပါတယ်။ ထိုသုတ္တန်ကို အရှင်ကိမိလမထေရ်ကို အကြောင်းပြုပြီးတော့ ဟောထားတယ်။ တစ်ချိန် အရှင်ကိမိလမထေရ်က မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ သူက လျှောက်ထားတယ်။ ဘယ်လို လျှောက်ထားလဲ?

‘‘ကော နု ခေါ, ဘန္တေ, ဟေတု ကော ပစ္စယော, ယေန တထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော န စိရဋ္ဌိတိကော ဟောတိ’’

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ယေန၊ အကြင် အကြောင်းတရားကြောင့်။ တထာဂတေ၊ တထာဂတ အမည်ရတော်မူပါပေသော ဘုရားရှင်သည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန် ဝင်စံရုပ်သိမ်း ချုပ်ငြိမ်းခဲ့သည်ရှိသော်။ သဒ္ဓမ္မော၊ သဒ္ဓမ္မသုံးဖြာ သာသနာ သာသနာတော်သည်။ စိရဋ္ဌိတိကော၊ ကြာမြင့်စွာ တည်နေခြင်းရှိသည်။ န ဟောတိ၊ မဖြစ်ပါ။ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သော ဟေတု၊ ထိုကဲ့သို့သော အကြောင်းတရားသည်ကား။ ကော နု ခေါ၊ အဘယ်ပါနည်း။ သော ပစ္စယော၊ ထိုကဲ့သို့သော အားပေးထောက်ပံ့တတ်သည့် အကြောင်းတရားသည်ကား။ ကော နု ခေါ၊ အဘယ်ပါနည်း။

မြတ်စွာဘုရား ... တထာဂတ အမည်ရတော်မူတဲ့ တပည့်တော်တို့ရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူသော ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသည့်နောက် ပရိယတ္တိသဒ္ဓမ္မ, ပဋိပတ္တိသဒ္ဓမ္မ, ပဋိဝေဒသဒ္ဓမ္မခေါ်တဲ့ သဒ္ဓမ္မသုံးဖြာ သာသနာတော်ကြီး အရှည်မတည်တံ့, မခိုင်မြဲခြင်း ဖြစ်ပေါ်ဖို့ရန်အတွက် တိုက်ရိုက်အကြောင်းတရားတော်တွေက ဘာပါလဲ? အားပေး ထောက်ပံ့နေတဲ့ အကြောင်းတရားတွေက ဘာပါလဲ? ဆိုပြီးတော့ ရှင်ကိမိလ မထေရ်က မြတ်စွာဘုရားကို လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားတဲ့အခါ ဘုရားရှင်က ဒီရှင်ကိမိလမထေရ်ကို ဘာအမိန့်ရှိသလဲ?

‘‘ဣဓ, ကိမိလ, တထာဂတေ ပရိနိဗ္ဗုတေ ဘိက္ခူ ဘိက္ခုနိယော ဥပါသကာ ဥပါသိကာယော သတ္ထရိ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ, ဓမ္မေ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ, သံဃေ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ, သိက္ခာယ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ, အညမညံ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ။

ကိမိလ၊ ချစ်သား ကိမိလ ...။ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ တထာဂတေ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည်။ ပရိနိဗ္ဗူတေ၊ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ရုပ်သိမ်းခဲ့သည်ရှိသော်။ ဘိက္ခူ၊ ရဟန်းယောက်ျားတို့သည်လည်းကောင်း။ ဘိက္ခုနိယော၊ ရဟန်းမိန်းမတို့သည်လည်းကောင်း။ ဥပါသကာ၊ ရတနာသုံးပါးကို ရိုသေဆည်းကပ်၍ နေကြကုန်သော လူ ဥပါသကာအပေါင်းတို့သည်လည်းကောင်း။ ဥပါသိကာယော၊ ရတနာသုံးပါးကို ရိုသေဆည်းကပ်၍ နေကြကုန်သော လူ ဥပါသိကာ ဒါယိကာမအပေါင်းတို့သည်လည်းကောင်း။ သတ္ထရိ၊ ဘုရားရှင်အပေါ်၌။ အဂါရဝါ၊ ရိုသေလေးစားမှု မရှိကြကုန်ဘဲ။ ဝိဟရန္တိ၊ နေထိုင်ကြကုန်သည် ဖြစ်ငြားအံ့။ အဂါရဝါ၊ ရိုသေလေးစားမှု မရှိကြဘဲ။ ဝိဟရန္တိ၊ နေထိုင်ကြ၏။ အပ္ပတိဿာ၊ တုံ့ဝပ်လေးစားမှု မရှိကြဘဲ, တုံ့ဝပ်ညွှတ်ကိုင်းမှု စိတ်ထားမရှိကြဘဲ။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

ဓမ္မေ၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်အပေါ်၌။ အဂါရဝါ၊ မလေးစားကုန်မူ၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ အပ္ပတိဿာ၊ မညွှတ်ကိုင်းရှိုင်းသော စိတ်ထားရှိကြကုန်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

သံဃေ၊ အရိယာသံဃာတော်တို့အပေါ်၌။ အဂါရဝါ၊ မရိုသေကြကုန်မူ၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ အပ္ပတိဿာ၊ တုံ့ဝပ်မှု ညွှတ်ကိုင်းရှိုင်းမှု စိတ်ထားမရှိကြကုန်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

သိက္ခာယ၊ သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌။ အဂါရဝါ၊ ရိုသေလေးစားမှု မရှိကြကုန်မူ၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ အပ္ပတိဿာ၊ တုံ့ဝပ်ရိုသေမှု မရှိကြကုန်မူ၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

အညမညံ၊ အချင်းချင်း တစ်ဦးသည် တစ်ဦးအား။ အဂါရဝါ၊ မရိုသေ မလေးစားခြင်း ရှိသည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ အပ္ပတိဿာ၊ တုံ့ဝပ်ရိုသေ ညွှတ်ကိုင်းရှိုင်းမှု မရှိကြကုန်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

စဉ်းစားကြည့်နော်။ ငါ ဘယ်သူ့ကို အရေးစိုက်စရာ ရှိသလဲလို့ ဒီလို မထင်နဲ့။ သာသနာမှာ နေကြပြီဆိုရင် အဲဒီတော့ ငါဘုရား ပရိနိဗ္ဗာန် စံပြီးတဲ့ အချိန်ခါမှာ ချစ်သား ကိမိလ ... ရဟန်းယောက်ျားတွေ, ရဟန်းမိန်းမတွေ, ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ လူ ဥပါသကာ ဒါယကာတွေ, လူ ဥပါသိကာ ဒါယိကာမတွေ ရှိကြတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ဘုရားရှင်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ် ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား မရှိကြဘူး၊ တရားတော်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ် ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား မရှိကြဘူး၊ သံဃာတော်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ် ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား မရှိကြဘူး၊ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ် ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထားတွေ မရှိကြဘူး၊ အချင်းချင်း ၁-ပါးသည် ၁-ပါးကိုလည်း ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ် ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား မရှိကြဘူး။ အဲဒီလို ကိုင်းညွှတ်မှု မရှိကြရင် ဘာဖြစ်မလဲ?

အယံ ခေါ, ကိမိလ, ဟေတု အယံ ပစ္စယော, ယေန တထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော န စိရဋ္ဌိတိကော ဟောတိ

ကိမိလ၊ ချစ်သား ကိမိလ ...။ ယေန၊ အကြင် အကြောင်းတရားကြောင့်။ တထာဂတေ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန် ဝင်စံရုပ်သိမ်း ချုပ်ငြိမ်းခဲ့သည်ရှိသော်။ သဒ္ဓမ္မော၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်သည်။ စိရဋ္ဌိတိကော၊ ကြာမြင့်စွာ တည်တံ့မှုရှိသည်။ န ဟောတိ၊ မဖြစ်ပေ။ သော ဟေတု၊ ထို တိုက်ရိုက် ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားသည်ကား။ အယံ ခေါ၊ ဤသည်ပင်တည်း။ သော ပစ္စယော၊ ထို အားပေးထောက်ပံ့နေတဲ့ အကြောင်းတရားသည်ကား။ အယံ ခေါ၊ ဤသည်ပင်တည်း။

အကြောင်း ဘယ်နှစ်ခု ပြသလဲ? ၅-ခု။

၁။ မြတ်စွာဘုရားအပေါ်၌ ရိုသေလေးစားမှု မရှိဘူး, ညွှတ်ကိုင်းရှိုင်းတဲ့ စိတ်ထားမရှိဘူး။

၂။ တရားတော်အပေါ်၌ ရိုသေလေးစားမှု မရှိဘူး, ညွှတ်ကိုင်းရှိုင်းမှု မရှိဘူး။

၃။ သံဃာတော်အပေါ်၌ ရိုသေလေးစားမှု မရှိဘူး, ညွှတ်ကိုင်းရှိုင်းမှု မရှိဘူး။

၄။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တို့အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား မရှိဘူး, ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထားလည်း မရှိဘူး။

၅။ အချင်းချင်း တစ်ဦးနဲ့တစ်ဦး တစ်ပါးနဲ့တစ်ပါး ရိုသေလေးစားတဲ့ စိတ်ထားလည်း မရှိဘူး, ညွှတ်ကိုင်းရှိုင်းတဲ့ စိတ်ထားလည်း မရှိကြဘူး။

အဲဒီလို မရှိဘဲနဲ့ ဒီသာသနာတော်မှာ နေထိုင်ကြမယ် ဆိုရင်တော့ ငါဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့ နောက်ကာလ မကြာမီအချိန်အတွင်းမှာ ဒီသဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်သည် အရှည်မတည်တံ့ဘဲ ကွယ်ပျောက် သွားလိမ့်မယ်။

ဘယ်သူ့ကို ငါ အရေးစိုက်ရမှာလဲ? ဒီစိတ်ထားဖြင့် သာသနာတော်မှာ နေသင့်သလား, မနေသင့်ဘူးလား? မနေသင့်ဘူး။ အဲဒီစိတ်ထားနဲ့ နေပြီးတော့ အချင်းချင်း ၁-ပါးနဲ့ ၁-ပါး ဘယ်သူ့ကိုမှ ရိုသေလေးစားမှု မရှိဘူး။ ဘယ်သူ့ကိုမှလည်း အရေးမစိုက်ဘူး။ အဲဒီ ပုံစံနဲ့ သာသနာတော်မှာ နေရင် ဘုရားရှင်ရဲ့ သာသနာတော်ကြီး ကွယ်ပျောက်၍ မသွားနိုင်ဘူးလား? ကွယ်ပျောက်သွားနိုင်တယ်။ တစ်ခြားတစ်ခြား ပုဂ္ဂိုလ်တွေက သာသနာ ကွယ်ပအောင် လာလုပ်နိုင်သလား? မလုပ်နိုင်ပါဘူး။ သာသနာတော်အတွင်းမှာ နေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေကသာလျှင် ဒီသာသနာတော်ကြီးကို ကွယ်ပအောင် လုပ်နိုင်ကြတာ ဖြစ်တယ်။

ဒီတော့ ခုခေတ်မှာ ရဟန်းယောက်ျားတွေသာ ရှိတယ်, ရဟန်းမိန်းမ မရှိတော့ဘူး။ ရဟန်းမိန်းမက မရှိတဲ့အတွက် သီလရှင်တွေဟာ ရဟန်းမိန်းမအရာမှာ ဝင်ပြီးတော့ တည်နေပါတယ်။ ဒါကြောင့် သာသနာ့အနွယ်ဝင်အဖြစ်နဲ့ ဆရာတော်ကြီးများကလည်း အသိအမှတ် ပြုထားပါတယ်။ ဒီတော့ ရဟန်းယောက်ျားတွေလည်း အချင်းချင်း တစ်ပါးနဲ့တစ်ပါး ရိုသေမှု, လေးစားမှု, တုံ့ဝပ်မှု, ညွှတ်ကိုင်းရှိုင်းမှု မရှိကြဘူး၊ သီလရှင်တွေလည်း တစ်ပါးနဲ့တစ်ပါး ရိုသေမှု, လေးစားမှု, တုံ့ဝပ်မှု, ညွှတ်ကိုင်းရှိုင်းမှု မရှိကြတော့ဘူး။ သာသနာတော်ကြီး အရှည် တည်တံ့နိုင်ပါဦးမလား? မတည်တံ့နိုင်ပါဘူး။ ဘယ်သူ ဟောတာလဲ? မြတ်စွာဘုရား ဟောနေတယ်။

ဒါကြောင့် - ငါနေချင်သလို နေတယ်။ ဘယ်သူ့ အရေးစိုက်ရမလဲ-စိတ်ဓာတ်သည် သာသနာတော်ကြီး ကွယ်ဖို့အကြောင်း ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ သာသနာတော်ကြီး ကွယ်ချင်ကြသလားလို့ ဘုန်းကြီးက ထပ်ပြီး မေးလိုက်လို့ရှိရင် ဘယ်လိုများ ဖြေကြမလဲ?(မကွယ်စေချင်ပါဘူးဘုရား) ဒါကတော့ နားထောင်ကောင်းအောင် ပြောတာပါ။ ဟုတ်တယ်မလား? မကွယ်စေချင်လို့ရှိရင် ဘာလုပ်ရမလဲ?

ဘုရားအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိရမယ်, တုံ့ဝပ်တဲ့စိတ်ထား ရှိရမယ်, ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား ရှိရမယ်၊ တရားတော်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိရမယ်, တုံ့ဝပ်တဲ့စိတ်ထား ရှိရမယ်, ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား ရှိရမယ်၊ သံဃာတော်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိရမယ်, တုံ့ဝပ်တဲ့စိတ်ထား ရှိရမယ်, ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား ရှိရမယ်၊ သီလကျင့်စဉ်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ်ပြီး ညွှတ်ကိုင်းရှိုင်းနေတဲ့စိတ်ထား, ဒီသီလကို ငါတကယ်ရအောင်ပဲ ဖြည့်ကျင့်မယ်ဆိုပြီး ဒီလို ညွှတ်ကိုင်းရှိုင်းနေတဲ့စိတ်ထား ရှိရမလား, မရှိရဘူးလား? ရှိရမယ်။

အို ... သိပ်အရေးစိုက်မနေပါနဲ့လေ ... ထည့်တွက်မနေပါနဲ့။ ဒါ ဒေသနာကြားလိုက်ရင် ပျောက်သွားတာပဲ” ဟုတ်လား? အဲဒီစိတ်ထားမျိုး ထားရမလား? မထားရဘူး။ တလောတုန်းက ဟို ဘုန်းကြီးတစ်ပါးနဲ့ တူပါတယ်။ ဘုန်းကြီးကို လာလျှောက်သွားတယ်။ ကျောင်းတစ်ကျောင်း ဆိုကြပါစို့နော် - အဲဒီမှာ ဘုရားဝေယျာဝစ္စတွေကို, ဗုဒ္ဓဝေယျာဝစ္စတွေကို အပင်ပန်းခံပြီးတော့ အလုပ်လုပ်နေတဲ့ ဘုန်းကြီးတွေ ဒီလောက်တောင် ကြီးကျယ်တဲ့ ကောင်းမှုကုသိုလ်ကို ပြုလုပ်တဲ့ပုဂ္ဂိုလ်တွေ ညစာစားတဲ့အပြစ်က ဘာမှ မပြောပလောက်ပါဘူး။ ဒါကြောင့် ကြီးကျယ်နေတဲ့ ကောင်းမှုကုသိုလ်က ဒီအသေးအဖွဲလေးကို ဖုံးအုပ်သွားလိမ့်မယ်။ ဒါကြောင့် ညစာ စားသာစားကြဆိုပြီးတော့ စနစ်တကျ ဝိုင်းဖွဲ့စားနေကြတယ်ဘုရားဆိုပြီး လာလျှောက်တယ်။ အဲဒါက သိက္ခာသုံးရပ် အကျင့်မြတ်တွေအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ်ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ဓာတ် ရှိတာ ဟုတ်သလား? မဟုတ်တော့ဘူး။

အဲဒီလို သီလကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်မယ်, သမာဓိကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်မယ်, ပညာကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်မယ် ဆိုပြီးတော့ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ်ညွှတ်ကိုင်းရှိုင်းနေတဲ့စိတ်ထား ရှိခဲ့မယ်ဆိုရင် သာသနာတော်ဟာ အရှည်တည်တံ့ ခိုင်ခံ့နေနိုင်တဲ့သဘော ရှိပါတယ်။ အဲဒီစိတ်ထားက မရှိတော့ဘူး ... သီလကျင့်စဉ်ကို တကယ် ဖြည့်ကျင့်ဖို့, သမာဓိကျင့်စဉ်ကို တကယ် ဖြည့်ကျင့်ဖို့, ပညာကျင့်စဉ်ကို တကယ် ဖြည့်ကျင့်ဖို့ တုံ့ဝပ်ရိုသေတဲ့စိတ်ထား, လေးစားတဲ့စိတ်ထား, ညွှတ်ကိုင်းရှိုင်းတဲ့စိတ်ထား မရှိတော့ဘူး။ ဒီသာသနာတော်ကြီး အရှည်ခိုင်ခံ့ တည်တံ့နိုင်သေးသလား? မတည်တံ့နိုင်ဘူး။

အချင်းချင်းလည်း အလားတူပဲ။ သီလရှင်အချင်းချင်း ရိုသေတုံ့ဝပ်မှု မရှိတော့ဘူး။ ဘုန်းကြီးအချင်းချင်းလည်း ရိုသေတုံ့ဝပ်မှု မရှိဘူး။ ရတနာသုံးပါးကို ရိုသေဆည်းကပ်နေတဲ့ လူဥပါသကာ ဒါယကာအချင်းချင်းလည်း တုံ့ဝပ်မှု ရိုသေမှု မရှိဘူး၊ လေးစားမှု မရှိကြဘူး။ လူဥပါသိကာမအချင်းချင်းလည်း တုံ့ဝပ်မှု ရိုသေမှု လေးစားမှုတွေက မရှိကြတော့ဘူး။ မရှိကြတော့ဘူး ဆိုလို့ရှိရင်လည်း ဒီသာသနာတော်ကြီး အရှည်တည်တံ့ ခိုင်ခံ့ဦးမလား? မတည်တံ့နိုင်တော့ဘူး။ သာသနာကွယ်ခြင်းရဲ့ အကြောင်းရင်း ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ?

သာသနာဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမကို သာသနာလို့ ခေါ်ပါတယ်။ ဘုရားရှင် အဆုံးအမကို သာသနာခေါ်တော့ ဘုရားရှင်ရဲ့ အဆုံးအမတွေကို အကျဉ်းချုပ်လိုက်တဲ့ အချိန်ခါမှာ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ဆိုပြီး ကျင့်စဉ် ၃-ခု ထွက်လာတယ်။ အဲဒီ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ် ၃-ခုကို သိက္ခာ ၃-ရပ်လို့လည်း ခေါ်ပါတယ်။ သာသနာမှာ မှီတင်းနေထိုင်တဲ့ သူတော်ကောင်းမှန်ခဲ့ရင် ကျင့်ရမဲ့ ကျင့်ဝတ် ပဋိပတ်တွေဖြစ်လို့ သိက္ခာလို့ခေါ်တယ်။ ဒီသိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌ ရိုသေမှု, တုံ့ဝပ်မှု, လေးစားမှု, ကြည်ညိုမှု, ညွှတ်ကိုင်းရှိုင်းမှု မရှိတော့ဘူး။ ဒီသာသနာတော်ကြီး ဆက်လက်ပြီး အရှည်တည်တံ့ပါဦးမလား? မတည်တံ့တော့ဘူး ဒီလိုဟောတယ်။ နောက်တစ်ခု - အရှင်ကိမိလမထေရ်ကလည်း ပြည့်စုံသည်ထက် ပြည့်စုံအောင် ဆက်လက်မေးမြန်း လျှောက်ထားပါတယ်။

‘‘ကော ပန, ဘန္တေ, ဟေတု ကော ပစ္စယော, ယေန တထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော စိရဋ္ဌိတိကော ဟောတိ’’

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ယေန၊ အကြင် အကြောင်းတရားကြောင့်။ တထာဂတေ၊ တထာဂတ အမည်ရတော်မူသော ဘုရားရှင်သည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန် ဝင်စံရုပ်သိမ်း ချုပ်ငြိမ်းတော်မူခဲ့သည်ရှိသော်။ သဒ္ဓမ္မော၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်သည်။ စိရဋ္ဌိတိကော၊ ကြာမြင့်စွာ တည်တံ့ခြင်းရှိသည်။ ဟောတိ၊ ဖြစ်နိုင်၏။ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သော ဟေတု၊ ထိုကဲ့သို့ သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့အောင် တိုက်ရိုက်ဖြစ်ပေါ်စေနိုင်သော ဟေတု အကြောင်းသည်။ ကော ပန၊ အဘယ်ပါနည်း။ သော ပစ္စယော၊ ထိုကဲ့သို့ သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့ဖို့ရန် အားပေးထောက်ပံ့နေတဲ့ ပစ္စယ အကြောင်းအထောက်အပံ့သည်။ ကော နု ကော၊ အဘယ်ပါနည်း။

6oc14qagg83qh7rfd0ogqpq2i97y00r
မင်္ဂလသုတ်-၇၃/၉၇
0
6308
21998
2026-05-22T21:15:36Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၇၃/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၇၂..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
21998
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၇၃/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၇၂/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၇၄/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ်-၇၃

သာသနာတော် အရှည်တည်တံ့ ခိုင်မြဲရေး အကြောင်းတရားတွေကို အရှင်ကိမိလမထေရ်က မြတ်စွာဘုရားကို ထပ်ပြီးတော့ မေးပါတယ်။ မေးလိုက်တဲ့ အချိန်ခါမှာ ဘုရားရှင်ဘက်က ဘယ်လိုများ အဖြေပေးလဲ?

‘‘ဣဓ, ကိမိလ, တထာဂတေ ပရိနိဗ္ဗုတေ ဘိက္ခူ ဘိက္ခုနိယော ဥပါသကာ ဥပါသိကာယော သတ္ထရိ သဂါရဝါ ဝိဟရန္တိ သပ္ပတိဿာ, ဓမ္မေ သဂါရဝါ ဝိဟရန္တိ သပ္ပတိဿာ, သံဃေ သဂါရဝါ ဝိဟရန္တိ သပ္ပတိဿာ, သိက္ခာယ သဂါရဝါ ဝိဟရန္တိ သပ္ပတိဿာ, အညမညံ သဂါရဝါ ဝိဟရန္တိ သပ္ပတိဿာ။ အယံ ခေါ, ကိမိလ, ဟေတု အယံ ပစ္စယော, ယေန တထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော စိရဋ္ဌိတိကော ဟောတိ’’

ကိမိလ၊ ချစ်သား ကိမိလ...။ ဣဓ၊ ဤသာသနာတော်မြတ်ကြီး၌။ တထာဂတေ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန် ဝင်စံရုပ်သိမ်း ချုပ်ငြိမ်းတော်မူခဲ့သည်ရှိသော်။ ဘိက္ခူ၊ ရဟန်းယောက်ျားတို့သည်လည်းကောင်း။ ဘိက္ခုနိယော၊ ရဟန်းမိန်းမတို့သည်လည်းကောင်း။ ဥပါသကာ၊ ရတနာသုံးပါးကို ရိုသေဆည်းကပ်နေကြကုန်သော ဥပါသကာ လူဒါယကာ အပေါင်းတို့သည်လည်းကောင်း။ ဥပါသိကာယော၊ ရတနာသုံးပါးကို ရိုသေလေးမြတ် ဆည်းကပ်၍ နေကြကုန်သော လူ ဥပါသိကာ ဒါယိကာမအပေါင်းတို့သည်လည်းကောင်း။ သတ္ထရိ၊ မြတ်စွာဘုရားရှင်မြတ်အပေါ်၌။ သဂါရဝါ၊ ရိုသေလေးစားမှု ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ သပ္ပတိဿာ၊ ရိုသေတုံ့ဝပ်မှု ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

ဓမ္မေ၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်၌။ သဂါရဝါ၊ ရိုသေလေးစားမှု ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ သပ္ပတိဿာ၊ တုံ့ဝပ်ရိုကျိုးမှု ထင်ရှား ရှိကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

သံဃေ၊ အရိယာသံဃာတော်မြတ်အပေါ်၌။ သဂါရဝါ၊ ရိုသေလေးစားခြင်း ထင်ရှား ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ သပ္ပတိဿာ၊ တုံ့ဝပ်ရိုကျိုးမှု ထင်ရှား ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

သိက္ခာယ၊ သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌။ သဂါရဝါ၊ ရိုသေလေးစားမှု ထင်ရှား ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ သပ္ပတိဿာ၊ တုံ့ဝပ်ရိုကျိုးမှု ထင်ရှား ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

အညမညံ၊ အချင်းချင်း တစ်ပါးကိုတစ်ပါး, တစ်ဦးသည် တစ်ဦးအပေါ်၌။ သဂါရဝါ၊ ရိုသေလေးစားမှု ထင်ရှား ရှိကြကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏။ သပ္ပတိဿာ၊ တုံ့ဝပ်ရိုကျိုးသော ဆန္ဒရှိသည်ဖြစ်လျက်။ ဝိဟရန္တိ၊ နေထိုင်ကြကုန်၏၊

ကိမိလ၊ ချစ်သား ကိမိလ...။ ယေန၊ အကြင် အကြောင်းတရားကြောင့်။ တထာဂတေ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ရုပ်သိမ်းတော်မူခဲ့သော်။ သဒ္ဓမ္မော၊ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးသည်။ စိရဋ္ဌိတိကော၊ ကြာမြင့်စွာ တည်တံ့ခြင်းရှိသည်။ ဟောတိ၊ ဖြစ်လေရာ၏။ သော ဟေတု၊ ထိုကဲ့သို့ တိုက်ရိုက် ဖြစ်ပေါ်စေနိုင်သော ဟေတု အကြောင်းတရားသည်ကား။ အယံခေါ၊ ဤသည်ပင်တည်း။ သော ပစ္စယော၊ ထိုကဲ့သို့ အားပေးထောက်ပံ့နေတဲ့ ပစ္စယ အကြောင်းတရားသည်ကား။ အယံခေါ၊ ဤသည်ပင်တည်း။

သာသနာတော် အရှည်တည်တံ့ ခိုင်မြဲရေး အကြောင်းကို အရှင်ကိမိလမထေရ်မြတ်က မေးမြန်းလျှောက်ထားတဲ့အတွက် ဘုရားရှင်က အကြောင်းတရား ငါးမျိုး ပြန်ပြီးတော့ ဟောပြတယ်။ ငါဘုရားရှင်ရဲ့ သာသနာတော်ကို မှီတင်းပြီး နေထိုင်ကြတဲ့ ရဟန်းယောက်ျားတွေ, ရဟန်းမိန်းမတွေ, ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေကြတဲ့ လူဥပါသကာ ဒါယကာတွေ, လူ ဥပါသိကာ ဒါယိကာမတွေ။ အဲဒီလို ပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရားအပေါ်၌ ရိုသေလေးစားသော စိတ်ထား, တုံ့ဝပ်ရိုကျိုးသော စိတ်ထားဖြင့် သာသနာတော်ကို မှီတင်းပြီး နေထိုင်ကြမယ်ဆိုရင် - နံပါတ်တစ် အင်္ဂါရပ်။

နံပါတ်နှစ် - မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မခန်ဟု ခေါ်ဆိုအပ်တဲ့ ဆယ်တန်ထင်ပေါ် တရားတော်မြတ်အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိလျက် နေထိုင်ကြမယ်, တုံ့ဝပ်ရိုကျိုးသော စိတ်ထားရှိလျက် နေထိုင်ကြမယ်ဆိုရင် -

နံပါတ်သုံး - ရှစ်ယောက်ထင်ပေါ် အရိယာအရှင်သူမြတ်တို့အပေါ်၌ ရိုသေလေးစားသော စိတ်ထားရှိလျက် နေထိုင်ကြမယ်ဆိုရင်, တုံ့ဝပ်ရိုကျိုးသောစိတ်ထား ထင်ရှားရှိလျက် နေထိုင်ကြမယ်ဆိုရင် -

နံပါတ်လေး - သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေအပေါ်၌ ရိုသေလေးစားသောစိတ်ထား ရှိလျက် နေထိုင်ကြမယ်ဆိုရင်, တုံ့ဝပ်ရိုကျိုးတဲ့စိတ်ထား ထင်ရှားရှိလျက် နေထိုင်ကြမယ်ဆိုရင် -

နံပါတ်ငါး - အချင်းချင်း တစ်ပါးသည်တစ်ပါး၊ တစ်ဦးသည်တစ်ဦး အပေါ်၌ ရိုသေလေးစားသောစိတ် ထင်ရှားရှိလျက် နေထိုင်ကြမယ်ဆိုရင်, တုံ့ဝပ်ရိုကျိုးသောစိတ်ထား ထင်ရှားရှိလျက် နေထိုင်ကြမယ်ဆိုရင် - ငါဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးတဲ့ နောက်ပိုင်းကာလ၌ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးသည် အရှည်ခိုင်ခံ့ တည်တံ့၍ နေပေလိမ့်မယ်။ သာသနာတော် အရှည်ခိုင်ခံ့ တည်တံ့နေတဲ့ အကြောင်းတရားသည် ဒီ ၅-မျိုးပဲ ဖြစ်တယ်။ ဒီလို မြတ်စွာဘုရားက ဟောထားတယ်။

ဒီတော့ သာသနာတော်မှာနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘုရားရှင်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့မလိုအပ်ဘူးလား? လိုအပ်တယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့ အချိန်ခါမှာလည်း ဘုရားရှင်အပေါ် ရိုသေလေးစား တုံ့ဝပ်တဲ့စိတ်ထား ရှိဖို့ လိုတယ်။ ဒါ နံပါတ်တစ်။ မိမိတို့က သာသနာတော်ကြီးကို ချစ်မြတ်နိုးပါတယ်။ သာသနာတော်ကြီး အရှည်တည်တံ့ ခိုင်ခံ့ချင်ပါတယ်ဆိုရင် မိမိကိုယ်ကို မိမိ အရင်စပြီး သာသနာပြုဖို့တော့ မလိုအပ်ဘူးလား? လိုအပ်တယ်။ သူများကို သာသနာပြုချင်နေတဲ့ ပုဂ္ဂိုလ်မှန်ခဲ့ရင် မိမိကိုယ်ကို မိမိ အောင်မြင်စွာ သာသနာပြုတတ်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်နော်။ ကိုယ့်ကိုကိုယ်တော့ သာသနာမပြုဘူး၊ သူများကိုတော့ သာသနာပြုတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေ ဘယ်လို ဖြစ်မလဲ? နောက်ပြီးတော့မှ အဲဒီပုဂ္ဂိုလ်အကြောင်း ဘုန်းကြီး သီးသန့်ထပ်ပြောမယ်။

ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးတဲ့ နောက်ပိုင်းကာလမှာ ဘုရားရှင်အပေါ်၌ ရိုသေတုံ့ဝပ်တဲ့စိတ်ဓာတ် ရှိဖို့လိုတယ် - ဒါ နံပါတ်တစ်။ နံပါတ်နှစ်က မဂ်ဉာဏ် ၄-ပါး, ဖိုလ်ဉာဏ် ၄-ပါး, နိဗ္ဗာန်, ဘုရားရှင် ဟောကြားထားတဲ့ ပရိယတ်တရားတော် ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? ၁၀-ခု။ ဒီဆယ်တန်ထင်ပေါ် တရားတော်မြတ်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့လိုအပ်တယ်, တုံ့ဝပ်ရိုကျိုးနေတဲ့စိတ်ထား ရှိဖို့လိုအပ်တယ်။

နောက် နံပါတ်သုံး - မဂ်ပုဂ္ဂိုလ် ၄-ယောက်, ဖိုလ်ပုဂ္ဂိုလ် ၄-ယောက်လို့ ခေါ်ဆိုအပ်တဲ့ အရိယာသံဃာတော်မြတ်တို့အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့လိုတယ်, တုံ့ဝပ်ရိုကျိုးနေတဲ့စိတ်ထား ရှိဖို့လိုတယ်။ နောက် နံပါတ်လေး - မိမိ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့ သိက္ခာ ၃-ရပ် အကျင့်မြတ်တို့အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့လိုတယ်, တုံ့ဝပ်ရိုသေလေးစားတဲ့စိတ်ထား ရှိဖို့လိုတယ်။ နားလည်တဲ့လူလည်း ရှိချင်ရှိမယ်။ ဒီအပိုဒ်ကလေးက ရိုသေတယ်, လေးစားတယ်, တုံ့ဝပ်ရိုကျိုးတယ်ဆိုတာက ဘာလဲ?

သူ့အသက်ကို မသတ်ဘူး၊ ရှောင်ကြဉ်ရမယ်။ ရှောင်ကြဉ်ရမယ်လို့ မိမိက သိက္ခာပုဒ် ဆောက်တည်ထားတယ်။ အဲဒီ သိက္ခာပုဒ်ကလေးကို ရိုရိုသေသေ လေးလေးစားစားနဲ့ တုံ့ဝပ်ရိုကျိုးတဲ့စိတ်ထားနဲ့ မကျိုးမပေါက် မပျောက်မကျားရအောင် ဖြည့်ကျင့်ရတယ်။ သူ့ပစ္စည်း မတရားမယူပါဘူးဆိုပြီး အဒိန္နဒါန သိက္ခာပုဒ်ကို ဆောက်တည်ထားတယ်။ ဆောက်တည်ထားတဲ့အတိုင်း ဒီသိက္ခာပုဒ်ကလေးကို မကျိုးမပေါက် မပျောက်မကျားရအောင် ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်ရတယ်။ အဗြဟ္မစရိယ မမြတ်တဲ့ အကျင့်တွေကို ငါ သာသနာတော်မှာ ဘယ်တော့မှ မကျင့်ဘူးဆိုပြီး ဆောက်တည်ထားတယ်။ ဆောက်တည်ထားတဲ့အတိုင်း ဒီသိက္ခာပုဒ်ကို မကျိုးမပေါက် မပျောက်မကျားရအောင် ရိုသေတုံ့ဝပ်တဲ့ စိတ်ထားဖြင့် ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်ရတယ်။ မုသား ဘယ်တော့မှ မပြောဘူးဆိုပြီးတော့ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ ဆိုပြီးတော့ ဆောက်တည်ထားတယ်။ ဆောက်တည်ထားတဲ့ ဒီကျင့်ဝတ်ပဋိပတ်ကို မကျိုးမပေါက် မပျောက်မကျားရအောင် ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ်တဲ့စိတ်ထားဖြင့် ပြည့်စုံအောင် ဖြည့်ကျင့်ရတယ်။

ဘုန်းကြီးရှေ့မှာတော့ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ ဆိုပြီးတော့ ဘုန်းကြီးက ချပေးလိုက်တယ်။ ချပေးလိုက်ရင် ဘာလုပ်ကြလဲ? ဟင်... လိုက်ဆိုတယ်။ လိုက်ဆိုတာ ဘယ်လိုသဘောနဲ့ လိုက်ဆိုတာလဲ? ချပေးလိုက်လို့ လိုက်ဆိုတာလား, တကယ်ဖြည့်ကျင့်မယ်ဆိုတဲ့ စိတ်ထားနဲ့ လိုက်ဆိုတာလားလို့ မေးရင် ဘယ်လိုဖြေမလဲ? (ချပေးလို့ပဲ လိုက်ဆိုတယ်) အဲ... ဟန်ကျတယ်နော်။ ဟုတ်တယ်မလား? အဲဒါကို ဘုန်းကြီးကတော့ အပြစ်မမြင်ပါဘူး။ သူမှန်တဲ့အတိုင်း ပြောတယ်လို့ ဘုန်းကြီး ထင်တယ်။ ချပေးလို့သာ လိုက်ဆိုတဲ့သူ မဲနှိုက်လိုက်ရင် ဘယ်လောက်များ ပေါက်မလဲ မသိဘူးနော် -

အဲဒါပဲ ဒီဥစ္စာက သာသနာတော်မှာ ဖြည့်ကျင့်ရမဲ့ စိတ်ထားကလေးကို ရိုရိုသေသေ လေးလေးစားစားဖြင့် ဖြည့်ကျင့်ရတယ်။ မုသားဆိုရင်လည်း ဘတ်ကနဲ ပြောလိုက်တာပဲ, မဟုတ်မတရားဆိုလည်း ဘတ်ကနဲ ပြောလိုက်တာပဲ, မဟုတ်မတရားဆိုလဲ ဘတ်ကနဲ စွပ်စွဲလိုက်တာပဲ။ အဲဒီစိတ်ထား ရှိနေတဲ့ပုဂ္ဂိုလ်ဟာ မိမိကျင့်ရမဲ့ သီလသိက္ခာအပေါ်၌ ရိုသေလေးစားမှု, တုံ့ဝပ်ရိုကျိုးမှု ရှိသလား, မရှိဘူးလား? မရှိဘူး။ အဲဒီလို မရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် သာသနာတော် အရှည်တည်တံ့ခိုင်ခံ့အောင် ပြုလုပ်နေတဲ့ပုဂ္ဂိုလ်မျိုး ဟုတ်သလား? မဟုတ်ဘူး။ ဘယ်လိုပုဂ္ဂိုလ်လဲ? သာသနာတော်ကို ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တွေတဲ့။ ဘယ်မှာ ဖျက်ဆီးလဲ?

မိမိတို့ရဲ့ ရုပ်နာမ်အစဉ်သန္တာန်မှာ မြတ်စွာဘုရားရဲ့ အဆုံးအမခေါ်တဲ့ ဒီသာသနာကြီး မကိန်းဝပ်အောင်, မတည်နေအောင် မိမိက ဖျက်ဆီးပစ်နေတာ။ သူတစ်ပါးက လာဖျက်ဆီးပစ်တာ ဟုတ်သလား? မဟုတ်ပါဘူး။ “ဒီကောင်မက ငါ့ကို မလိုဘူး။ ငါ့ကို မလိုမုန်းထားတဲ့စိတ်ထားဖြင့် ဒင်းက ငါ့ကို ဒီလို ပြောနေတာ” ဆိုတာ ဟုတ်ရဲ့လား? မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် ဖျက်နေတာ။ ကိုယ်က မုသားမပြောဘူး ဆိုလို့ရှိရင် မိမိသိက္ခာကို မိမိသာ ရိုသေလေးစားတဲ့ စိတ်ထားသာရှိလျှင် မိမိသီလသည် ညှိုးနွမ်းပါ့မလား? (မညှိုးနွမ်းပါဘူးဘုရား) ပေါက်မှု, ကျားမှု, ကျိုးမှု, ပျောက်မှု ရှိဦးမလား? မရှိနိုင်ဘူး။ သူတစ်ပါးနဲ့ မဆိုင်ပါဘူး။ သူတစ်ပါးတွေက ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ, တို့က ကိုယ်ကျင့်သီလ မပျက်စီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်။ ဒီလို စိတ်ထားမျိုးကို သာသနာတော်မှာ မွေးမြူရမယ်။ တစ်နည်း တလောက ပြောခဲ့ပြီးပြီနော် -

‘ပရေ မုသာဝါဒီ ဘဝိဿန္တိ၊ မယမေတ္ထ မုသာဝါဒါ ပဋိဝိရတာ ဘဝိဿာမာ’တိ စိတ္တံ ဥပ္ပါဒေတဗ္ဗံ။

ပရေ၊ သူတစ်ပါးတို့သည်။ မုသာဝါဒီ၊ ချို့ယွင်းဖောက်ပြန် မမှန်ကန်တဲ့စကားကို ပြောဆိုနေတဲ့ပုဂ္ဂိုလ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ချင်လည်း ဖြစ်ကြပါကုန်စေ။ မယံ၊ ငါတို့သည်ကား။ ဧတ္ထ၊ ဤသာသနာတော်မြတ်ကြီး အတွင်း၌။ မုသာဝါဒါ ပဋိဝိရတာ၊ ချို့ယွင်းဖောက်ပြန် မမှန်ကန်တဲ့စကားကို ပြောကြားခြင်းမှ အထူးရှောင်ကြဉ်ကြကုန်သူတို့။ ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ၊ ဤသို့လျှင်။ စိတ္တံ၊ မိမိတို့ရဲ့စိတ်ဓာတ်ကို။ ဥပ္ပါဒေတဗ္ဗံ၊ ဖြစ်စေသင့် ဖြစ်စေထိုက်လှပေ၏၊

ဒီလို ဘုရားဟောထားတယ်နော် - သူတစ်ပါးတွေက မုသားပြောနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ပါစေ, တို့ကတော့ ဘယ်တော့မှ မပြောတတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူရမယ်။ ဒါ သာသနာမှာနေမဲ့ ပုဂ္ဂိုလ်ဆိုတာနော်။ ခုလည်း ဒီအတိုင်းပဲ။ မိမိ ဖြည့်ကျင့်နေတဲ့ သီလကျင့်ဝတ် ပဋိပတ်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား, တုံ့ဝပ်ရိုကျိုးတဲ့စိတ်ထား ရှိဖို့ မလိုဘူးလား? လိုအပ်တယ်။ သာသနာတော်တော့ အရှည်ခိုင်ခံ့ တည်တံ့စေချင်တယ်။ သူများပြောတော့ ကိုယ်လည်း ရောပြောလိုက်တာပဲ။ တကယ် အရှည်တည်တံ့ ခိုင်ခံ့စေချင်တယ်ဆိုရင် မိမိရဲ့ ရုပ်နာမ်အစဉ်သန္တာန်မှာ ဒီသာသနာတော်ကြီး ကိန်းဝပ်တည်လာအောင် မိမိက အရင်ကြိုးစားအားထုတ်ဖို့ မလိုအပ်ဘူးလား? လိုအပ်ပါတယ်နော်။ အဲ အလားတူပဲ...

သမာဓိ သာသနာတော်ကြီး အရှည်တည်တံ့ ခိုင်ခံ့စေချင်တယ်ဆိုရင် သမာဓိကျင့်စဉ်တွေ မိမိရဲ့ ရုပ်နာမ်အစဉ်သန္တာန်မှာ ကိန်းဝပ်လာအောင် ရိုရိုသေသေ လေးလေးစားစားဖြင့် ဖြည့်ကျင့်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ ဘုရားရှင် ဆိုဆုံးမထားတဲ့ ပညာသာသနာတော်ကြီး အရှည်ခိုင်ခံ့ တည်တံ့စေချင်တယ်ဆိုရင် မိမိကိုယ်တိုင်က အဲဒီ ဘုရားရှင် ဆိုဆုံးမထားတဲ့ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ်ပဋိပတ်ကြီး မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်တည်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။

အဲဒီလို သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ဖြည့်ကျင့်တဲ့အပိုင်းမှာ ဒီကျင့်ဝတ်ပဋိပတ်တွေအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား၊ တုံ့ဝပ်ရိုကျိုးနေတဲ့စိတ်ထား ရှိရမယ်။ အဲဒီလို စိတ်ထားရှိပြီးတော့ တကယ်လက်တွေ့ ဖြည့်ကျင့်ခဲ့ရင် ဒီသာသနာတော်ကြီးသည် မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ အရှည်တည်တံ့ ခိုင်ခံ့မှု မရှိဘူးလား? ရှိသွားမယ်။ မိမိက တစ်ဆင့်နေပြီးတော့ စွမ်းအားရှိလို့ပေါ့ - တစ်ဖက်သားပုဂ္ဂိုလ်တွေအပေါ်၌ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာတွေ ရှေးရှုပြီးတော့ ဒီသီလကျင့်စဉ်တွေ တည်တံ့လာအောင်၊ သမာဓိကျင့်စဉ်တွေ တည်တံ့လာအောင်၊ ပညာကျင့်စဉ်တွေ တည်တံ့လာအောင် မိမိက နည်းလမ်းညွှန်ပေးနိုင်မယ်ဆိုရင် ညွှန်ပေးတဲ့အတိုင်းလည်း တစ်ဖက်ပုဂ္ဂိုလ်တွေ လိုက်နာပြီး ဖြည့်ကျင့်ခဲ့မယ်ဆိုရင် တစ်ဖက်ပုဂ္ဂိုလ်တွေ အပေါ်မှာလည်း ဘုရားရှင်ရဲ့ အဆုံးအမဖြစ်တဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ အဆုံးအမ သာသနာတော်ကြီး တည်တံ့မသွားနိုင်ဘူးလား? တည်တံ့သွားနိုင်တယ်။

ဒါကြောင့် မိမိတို့က အရင်ဖြည့်ကျင့်ဖို့ မလိုအပ်ဘူးလား? လိုအပ်ပါတယ်။ သာသနာတော်တော့ အရှည်တည်တံ့ ခိုင်ခံ့စေချင်တယ်။ သူများ ပြောသလို ကိုယ်လည်း ရောတော့ ပြောလိုက်တာပဲ။ တကယ် သီလကျင့်စဉ် ဖြည့်ကျင့်ဖို့၊ တကယ် သမာဓိကျင့်စဉ် ဖြည့်ကျင့်ဖို့၊ တကယ် ပညာကျင့်စဉ် ဖြည့်ကျင့်ဖို့ကျတော့ မိမိတို့ စိတ်ဓာတ်တွေက နောက်ကို တွန့်ဆုတ်ပြီး မနေဘူးလား? နေတတ်တယ်။ အဲဒီလို တွန့်ဆုတ်နေတဲ့ စိတ်ဓာတ်တွေ ရှိနေပြီဆိုရင် ဒီသာသနာတော်ကြီးသည် အရှည်တည်တံ့ ခိုင်ခံ့ပါဦးမလား? မတည်တံ့ဘူး။ ဘယ်မှာ စပြီး မတည်မလဲ? မိမိ ရုပ်နာမ်သန္တာန်အစဉ်မှာ စပြီးတော့ မတည်တော့ဘူး။

နောက်တစ်ခု နံပါတ်ငါး - အချင်းချင်း တစ်ပါးသည် တစ်ပါးအပေါ်၌၊ တစ်ဦးသည် တစ်ဦးအပေါ်၌ ရိုသေတုံ့ဝပ်တဲ့ စိတ်ထားရှိပြီးတော့ နေထိုင်ကြမယ်ဆိုရင် ဒီသာသနာတော်ကြီး အရှည်တည်တံ့ ခိုင်ခံ့မယ်။ ဘုရား ဒီလို ဟောထားတယ်။ ပေါင်းလိုက်တော့ သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့ဖို့ရန်အတွက် အကြောင်းတရား ဘယ်နှစ်ချက် ဘုရားဟောထားသလဲ? ငါးချက်။ ဒီတော့ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့ အချိန်ခါမှာ ဘုရားရှင်အပေါ်၌ ရိုသေတုံ့ဝပ်တဲ့စိတ်ထား ရှိရမယ်ဆိုတာ ဘယ်လိုဟာမျိုး ပြောသလဲ? သိဖို့ မလိုဘူးလား? လိုပါတယ်နော်။

ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူမယ့်ည - နတ်တွေကနေ၊ ဗြဟ္မာတွေကနေ ကောင်းကင်ကနေပြီးတော့ မြတ်စွာဘုရားကို နံ့သာမှုန့်တွေ ကြဲဖြန့်ပြီး ပူဇော်ကြတယ်။ ပန်းအမျိုးမျိုးတွေ ကြဲဖြန့်ပြီးတော့ ပူဇော်ကြတယ်။ အခါမဲ့ ပင်လုံးကျွတ် ပွင့်နေတဲ့ အင်ကြင်းပန်းတွေကလည်း ဘုရားရှင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ချွေချပြီးတော့ ပူဇော်ကြပါတယ်နော်။ ဘုရားရှင်ရဲ့ ဘုန်းတော်ဘွဲ့တွေကို သီဆိုပြီးတော့နော် နတ်သီချင်းတွေနဲ့ ကောင်းကင်မှာလည်း ပူဇော်နေကြတယ်။ အဲဒီ ပူဇော်ပွဲကြီးက အလွန် ကြီးကျယ်နေတယ်။ အဲဒီ ကြီးကျယ်နေတဲ့ အချိန်ခါမှာ ရှင်အာနန္ဒာကိုယ်တော်မြတ်ကို ဘုရားရှင်က ဘာအမိန့်ရှိသလဲ?

န ခေါ အာနန္ဒ ဧတ္တာဝတာ တထာဂတော သက္ကတော ဝါ ဟောတိ ဂရုကတော ဝါ မာနိတော ဝါ ပူဇိတော ဝါ အပစိတော ဝါ။

အာနန္ဒ၊ ညီဘွား အာနန္ဒာ ...။ ဧတ္တာဝတာ၊ ဤမျှလောက် ပူဇော်ခြင်းအားဖြင့်။ တထာဂတော၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားကို။ သက္ကတော ဝါ၊ ရိုသေသည်မူလည်း။ န ဟောတိ၊ မဖြစ်သေး။ ဂရုကတော ဝါ၊ လေးစားသည်မူလည်း။ န ဟောတိ၊ မဖြစ်သေး။ မာနိတော ဝါ၊ မြတ်နိုးသည်မူလည်း။ န ဟောတိ၊ မဖြစ်သေး။ ပူဇိတော ဝါ၊ ပူဇော်အပ်သည်မူလည်း။ န ဟောတိ၊ မဖြစ်သေး။ အပစိတော ဝါ၊ ပသသည်မူလည်း။ န ဟောတိ၊ မဖြစ်ပါသေး။

ဒီလောက်ကလေး ပူဇော်နေတာဟာ ငါဘုရားရှင်ကို ရိုသေနေတာလည်း မဟုတ်သေးဘူး၊ လေးစားနေတာလည်း မဟုတ်သေးဘူး၊ ပူဇော်နေတာလည်း မဟုတ်သေးဘူး၊ ပသနေတာလည်း မဟုတ်သေးပါဘူး။ တချို့တချို့ နေရာမှာပေါ့ - ပန်းလေး ၁ ပွင့် ပူဇော်မယ်ဆိုရင်ပဲ ၉၁ ကမ္ဘာ ကာလပတ်လုံး အပါယ်မရောက်ရဘူး စသည်ဖြင့် ဒါနရဲ့ အကျိုးစွမ်းအားတွေကို မြတ်စွာဘုရား ချီးမြှင့်မြှောက်စားထားပါတယ်။ ခု ဒီနေရာကျတော့ မြတ်စွာဘုရားက ခုလောက် အကြီးအကျယ် ပူဇော်နေတာကို ငါဘုရားကို တကယ်ရိုသေနေတာ မဟုတ်သေးဘူး၊ လေးစားနေတာ မဟုတ်သေးဘူး၊ မြတ်နိုးနေတာ မဟုတ်သေးဘူး၊ ပူဇော်နေတာ မဟုတ်သေးဘူး၊ ပသနေတာ မဟုတ်သေးဘူးဆိုပြီး ဒီလို ဘာဖြစ်လို့ အမိန့်ရှိရသလဲ? အကြောင်းရှိပါတယ်နော်။

နောင်အနာဂတ် အချိန်ခါကာလမှာ မြတ်စွာဘုရားက ရဟန်းတော်တွေ သို့မဟုတ် သာသနာမှာ ဖြစ်ရမယ့် ဖြစ်ရပ်တွေကို လှမ်းပြီး ကြည့်လိုက်တော့ မြင်နေတယ်နော်။ သီလကျင့်စဉ်ကို တကယ်လက်တွေ့ ကျင့်ရမယ့်နေရာမှာ မဖြည့်ကျင့်ဘဲ၊ သမာဓိကျင့်စဉ်ကို တကယ်လက်တွေ့ ကျင့်ရမယ့်နေရာမှာ မဖြည့်ကျင့်ဘဲ၊ ပညာကျင့်စဉ်ကို တကယ်လက်တွေ့ ကျင့်ရမယ့်နေရာမှာ မဖြည့်ကျင့်ဘဲ ရဟန်းတော်တွေဟာ သို့မဟုတ် သာသနာ့ဝန်ထမ်းတွေဟာ ပူဇော်ပွဲတွေနဲ့ပဲ အချိန်ကုန်နေလိမ့်မယ်ဆိုတာ မြတ်စွာဘုရား မြင်တော်မူတယ်။ အဲဒါကြောင့် အဲဒီ ပူဇော်ပွဲတွေနဲ့ အချိန်မကုန်စေလိုတဲ့အတွက် သီလကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်ပြီးတော့၊ သမာဓိကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်ပြီးတော့၊ ပညာကျင့်စဉ်တွေကို တကယ်ဖြည့်ကျင့်ပြီးတော့ အချိန်ကို ကုန်လွန်စေလိုတဲ့ ရည်ရွယ်ချက်ရှိလို့ မြတ်စွာဘုရားက ဒီစကား အမိန့်ရှိတယ်။

ဒီတော့ ဒီလိုဆိုလို့ရှိရင် မြတ်စွာဘုရားကို ရိုသေတယ်၊ လေးစားတယ်၊ မြတ်နိုးတယ်၊ ပူဇော်တယ်၊ ပသတယ်ဆိုတာ ဘယ်လို နေထိုင်မှလဲလို့ မေးစရာ ရှိတယ်။ ဒါကို ဘုရားရှင်ကလည်း ဆက်ပြီး အမိန့်ရှိတော်မူပါတယ်။

ယော ခေါ အာနန္ဒ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဝိဟရတိ သာမီစိပ္ပဋိပန္နော အနုဓမ္မစာရီ၊ သော တထာဂတံ သက္ကရောတိ ဂရုံ ကရောတိ မာနေတိ ပူဇေတိ အပစိယတိ ပရမာယ ပူဇာယ။

အာနန္ဒ၊ ညီဘွားအာနန္ဒာ ...။ ယော ခေါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော။ ဘိက္ခု ဝါ၊ ရဟန်းသည်လည်းကောင်း (သို့မဟုတ်) အကြင် ရဟန်းယောက်ျားသည်လည်းကောင်း။ ဘိက္ခုနီ ဝါ၊ အကြင် ရဟန်းမိန်းမသည်လည်းကောင်း။ ဥပါသကော ဝါ၊ အကြင် လူဥပါသကာ ဒါယကာသည်လည်းကောင်း။ ဥပါသိကာ ဝါ၊ အကြင် ဥပါသိကာမ ဒါယိကာမသည်လည်းကောင်း။ ဓမ္မာနုဓမ္မပ္ပဋိပန္နော၊ လောကုတ္တရာတရား ၉ ပါးအားလျော်သော (ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်)။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်အံ့။ သာမီစိပ္ပဋိပန္နော၊ လောကုတ္တရာတရား ကိုးပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို ရိုရိုသေသေ ဖြည့်ကျင့်လျက်။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်အံ့။ အနုဓမ္မစာရီ၊ လောကုတ္တရာတရား ကိုးပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို အစဉ်တစိုက် ဖြည့်ကျင့်သည်ဖြစ်လျက်။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်ငြားအံ့။ သော၊ ထိုကဲ့သို့ နေထိုင်လျက်ရှိသော ပုဂ္ဂိုလ်သည်။ တထာဂတံ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားကို။ သက္ကရောတိ၊ ရိုသေသည်မည်၏။ ဂရုံ ကရောတိ၊ လေးစားသည်မည်၏။ မာနေတိ၊ မြတ်နိုးသည်မည်၏။ ပူဇေတိ၊ ပူဇော်သည်မည်၏။ ပရမာယ ပူဇာယ၊ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့်။ အပစိယတိ၊ ပသ၍ နေသည်မည်၏။

ဒီလို ဘုရားဟောထားတယ်။ အာမိသပူဇာ ခေါ်တဲ့ ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းက သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့ဖို့ရန်အတွက် အကြောင်းမဟုတ်ဘူး။ ဓမ္မပူဇာလို့ခေါ်တဲ့ တရားဖြင့် ပူဇော်ခြင်းက သာသနာတော် အရှည်တည်တံ့ဖို့ရန်အတွက် အကြောင်းဖြစ်တယ်။ ဒီလိုဆိုရင် အာမိသပူဇာခေါ်တဲ့ ပစ္စည်း ၄ ပါးဖြင့် သာသနာတော်ကို ပူဇော်ခြင်းဟာ ဘာမှ အကျိုးမရှိဘူးလား? ဒီလိုတော့ မေးစရာရှိတယ်နော်။ အကျိုးမရှိဘူးလို့တော့ မဆိုလိုပါဘူး။ ပူဇော်ပသ လှူဒါန်းနေတဲ့ ဒါယကာတွေမှာ ဒီကောင်းမှုကုသိုလ်ရဲ့ အကျိုးတရား ရမှာတော့ ဖြစ်တယ်။ သို့သော် သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့ရေးကျတော့ အကျိုးကျေးဇူး မပြုနိုင်ဘူး။ သီလကျင့်စဉ်ကို တကယ်ဖြည့်ကျင့်နေတဲ့ သူတော်ကောင်းတွေ၊ သမာဓိကျင့်စဉ်ကို တကယ်ဖြည့်ကျင့်နေတဲ့ သူတော်ကောင်းတွေ၊ ပညာကျင့်စဉ်ကို တကယ်ဖြည့်ကျင့်နေတဲ့ သူတော်ကောင်းတွေ ရှိခဲ့မယ်ဆိုရင် ကျင့်ဝတ်ပဋိပတ်တွေသည် လောကမှာ ပျောက်ကွယ်ပြီး သွားဦးမလား? မသွားနိုင်ဘူး။

သီလကို တကယ်လက်တွေ့ ကျင့်နေတဲ့ သူတော်ကောင်းတွေထံ ချဉ်းကပ်ပြီးတော့ သီလကို ဘယ်လို ဖြည့်ကျင့်ရမလဲ? ဒါက ရဟန်းတွေနဲ့ အပ်ပါရဲ့လား? ဒါက ရဟန်းတွေနဲ့ မအပ်ဘူးလား? စသည်ဖြင့် သွားမေး။ သူက လွယ်လွယ်နဲ့ မဖြေနိုင်ဘူးလား? ဖြေနိုင်တယ်။ နည်းလမ်းကော မပေးနိုင်ဘူးလား? ပေးနိုင်တယ်။ သမာဓိကျင့်စဉ်ကို တကယ်လက်တွေ့ ကျင့်နေတဲ့ သူတော်ကောင်းထံ ချဉ်းကပ်ပြီးတော့ “အရှင်ဘုရား ... ဒီသမာဓိစခန်း တပည့်တော်မှာတော့ ဒီလို အခက်အခဲ ဖြစ်နေတယ်။ ဒီအခက်အခဲ ကျော်လွှားလွန်မြောက်နိုင်အောင် ဘယ်လို လုပ်ရမလဲ” သွားမေးကြည့်။ ဒီအခက်အခဲကို ဒီသူတော်ကောင်းက ဖြေရှင်းမပေးနိုင်ဘူးလား? ပေးနိုင်တယ်။ ပေးနိုင်လို့ တကယ်လက်တွေ့ ကျင့်လိုက်တဲ့ အချိန်ခါမှာ ဒီအခက်အခဲ ကျော်လွှားလွန်မြောက်သွားရင် ဒါ သမာဓိစခန်း အောင်သွားပြီ။ သမာဓိသာသနာ သူ့သန္တာန်မှာ တည်မသွားဘူးလား? တည်သွားပြီ။

အဲ ... တကယ် ပညာကျင့်စဉ်ကို ကျင့်နေတဲ့ သူတော်ကောင်းတစ်ဦးထံ ချဉ်းကပ်ပြီးတော့ “အရှင်ဘုရား ... တပည့်တော်မှာတော့ ဒီရုပ်တွေ သိမ်းဆည်းရတာ၊ ဒီနာမ်တွေ သိမ်းဆည်းရာမှာ တပည့်တော်တော့ ဒီလို အခက်အခဲ ရှိနေတယ်။ တပည့်တော် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ်အားထုတ်ရမလဲ” လို့ မေးမြန်း လျှောက်ထားခဲ့တယ် ဆိုကြစို့။ ထိုသူတော်ကောင်းက လာပြီးမေးနေတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တဲ့ စွမ်းအားမရှိဘူးလား? ရှိနိုင်တယ်။ ဘာဖြစ်လို့လဲ? သူကိုယ်တိုင်က တကယ်လက်တွေ့ ကျင့်ထားတယ်။ သူကိုယ်တိုင်က ဒီအခက်အခဲတွေကို ကျော်လွှားလွန်မြောက်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

အဲ ... ဒီပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘော ဘယ်လို ရှုရမလဲလို့ လျှောက်ထားကြည့်၊ မေးမြန်းကြည့်။ သူက ဖြေရှင်းပေးလိမ့်မယ်။ ဒီဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဘယ်လို ဝိပဿနာ ရှုရမလဲ မေးကြည့်။ သူက ဖြေရှင်းပေးလိမ့်မယ်။ ဖြေရှင်းပေးတဲ့အတိုင်း မိမိက ဒီရုပ်တွေ နာမ်တွေ သိအောင်၊ အကြောင်းတရား အကျိုးတရားတွေ သိအောင်၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေ သိအောင် မိမိက လက်တွေ့ ဖြည့်ကျင့်လိုက်ပြီ ဆိုကြစို့။ ဖြည့်ကျင့်လိုက်လို့ အောင်မြင်မှု ရခဲ့ရင် ထိုဖြည့်ကျင့်တဲ့ သူတော်ကောင်းရဲ့သန္တာန်မှာ ဘုရားရှင် ဆိုဆုံးမနေတဲ့ ပညာသာသနာတော်ကြီး တည်တံ့မလာဘူးလား? လာလိမ့်မယ်။

ဒါကြောင့် မဟာဝိဟာရ ကျောင်းတိုက်ကဲ့သို့သော ကျောင်းပေါင်းတစ်ထောင်၊ မဟာစေတီတော်ကဲ့သို့သော စေတီပေါင်းတစ်ထောင်က ပုဂ္ဂိုလ်တစ်ယောက်ရဲ့သန္တာန်မှာ ဒီကဲ့သို့ သီလကျင့်စဉ်တွေ တည်တံ့လာအောင်၊ သမာဓိကျင့်စဉ်တွေ တည်တံ့လာအောင်၊ ပညာကျင့်စဉ်တွေ တည်တံ့လာအောင် စွမ်းဆောင်နိုင်တဲ့စွမ်းအား ရှိသလား? မရှိဘူး။ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ခေါ်တဲ့ ဒီသိက္ခာသုံးရပ် အကျင့်မြတ်ကို တကယ်လက်တွေ့ ဖြည့်ကျင့်နေတဲ့ သူတော်ကောင်းတွေကသာလျှင် ဘုရားရှင်ရဲ့ အဆုံးအမလို့ခေါ်ဆိုအပ်တဲ့ သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာခေါ်တဲ့ ဒီသဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီး အရှည်တည်တံ့ ခိုင်ခံ့အောင် ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်။

ဒီတော့ စေတီတော်ကြီးတွေတော့ ရှိတယ်၊ ကျောင်းကြီးတွေတော့ ရှိတယ်၊ သီလကျင့်စဉ် ကျင့်နေတဲ့ပုဂ္ဂိုလ်လည်း တစ်ပါးမှ မရှိဘူး၊ သမာဓိကျင့်စဉ်ကို တကယ်ကျင့်နေတဲ့ပုဂ္ဂိုလ်လည်း တစ်ပါးမှ မရှိတော့ဘူး၊ ပညာကျင့်စဉ် ကျင့်နေတဲ့ပုဂ္ဂိုလ်လည်း တစ်ပါးမှ မရှိတော့ဘူး။ ဒီ သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာလို့ ခေါ်ဆိုအပ်တဲ့ ဒီသဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီး ကွယ်မသွားနိုင်ဘူးလား? ကွယ်သွားနိုင်တယ်။

ဒါကြောင့် ဘုရားရှင်က အာမိသပူဇာ၊ ဓမ္မပူဇာလို့ ခေါ်ဆိုအပ်တဲ့ ပူဇော်ခြင်း နှစ်မျိုးတို့တွင် တရားဖြင့် ပူဇော်ခြင်းကို ဘုရားရှင်က ပိုပြီးတော့ နှစ်ခြိုက်ပါတယ်။ ဘုရားရှင်ကိုလည်း ဒီလို တရားဖြင့် ပူဇော်နေခဲ့မယ်ဆိုရင် ဘာလုပ်နေတာလဲ? ဘုရားရှင်ကို ရိုသေသည်မည်တယ်၊ လေးစားသည်မည်တယ်၊ မြတ်နိုးသည်မည်တယ်၊ ပူဇော်သည်မည်တယ်၊ ပသသည်မည်တယ်၊ အမြတ်ဆုံးသော ပူဇော်နည်းဖြင့် ပူဇော်နေသည်မည်တယ်လို့ ဒီလို ဘုရားက ဟောထားတယ်။

ဒီတော့ ဒီနေရာမှာ လောကုတ္တရာတရား ၉-ပါးအားလျော်နေတဲ့ ကျင့်ဝတ်ပဋိပတ်ဆိုတာက ဘာလဲလို့ မေးလိုက်ရင် - အတိုချုပ်လိုက်ရင် ခုနက ပြောခဲ့တဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေပဲ ဖြစ်ပါတယ်။ အဲဒီ သီလကျင့်စဉ်ပိုင်းမှာတော့ မိဘကို ရိုသေစွာ ပြုစုလုပ်ကျွေးခြင်းစတဲ့ ကျင့်ဝတ်ပဋိပတ်တွေကအစ သောတာပတ္တိမဂ်ရဲ့ အရှေ့နားအထိ တည်ရှိနေတဲ့ ကျင့်ဝတ်ပဋိပတ်အားလုံးကို ရည်ညွှန်းထားတယ်ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားတယ်နော်။ ဒါကြောင့် ဘုရားရှင်က -

ယော ခေါ အာနန္ဒ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဝိဟရတိ သာမီစိပ္ပဋိပန္နော အနုဓမ္မစာရီ၊ သော တထာဂတံ သက္ကရောတိ ဂရုံ ကရောတိ မာနေတိ ပူဇေတိ အပစိယတိ ပရမာယ ပူဇာယ။

အာနန္ဒာ၊ ညီဘွားအာနန္ဒာ ...။ ယော ဘိက္ခု ဝါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ရဟန်းတော်သည်လည်းကောင်း။ ယော ဘိက္ခုနီ ဝါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ဘိက္ခူနီမသည်လည်းကောင်း။ ယော ဥပါသကော ဝါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော လူဥပါသကာ ဒါယကာသည်လည်းကောင်း။ ယော ဥပါသိကာ ဝါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ဥပါသိကာမ ဒါယိကာမသည်လည်းကောင်း။ ဓမ္မာနုဓမ္မပ္ပဋိပန္နော၊ လောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်အံ့။ သာမီစိပ္ပဋိပန္နော၊ လောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်ကို အရိုအသေ ဖြည့်ကျင့်လျက်။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်အံ့။ နုဓမ္မစာရီ၊ လောကုတ္တရာတရား ကိုးပါးအားလျော်တဲ့ ကျင့်ဝတ်ပဋိပတ်ကို အစဉ်တစိုက် ဖြည့်ကျင့်သည်ဖြစ်လျက်။ ဝိဟရတိ၊ နေထိုင်ခဲ့သည်ဖြစ်ငြားအံ့။ သော၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်။ တထာဂတံ၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားကို။ သက္ကရောတိ၊ ရိုသေသည်မည်၏။ ဂရုံ ကရောတိ၊ လေးစားသည်မည်၏။ မာနေတိ၊ မြတ်နိုးသည်မည်၏။ ပူဇေတိ၊ ပူဇော်သည်မည်၏။ ပရမာယ ပူဇာယ၊ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့်။ အပစိယတိ၊ ပသ၍ နေပေသည်မည်၏၊

ဒီလိုဟောတယ်။ ဒီလိုဆိုရင် သီလကျင့်စဉ်လည်း ရိုရိုသေသေ မဖြည့်ကျင့်ဘူး၊ သမာဓိကျင့်စဉ်ကိုလည်း ရိုရိုသေသေ မဖြည့်ကျင့်ဘူး၊ ပညာကျင့်စဉ်ကိုလည်း ရိုရိုသေသေ မဖြည့်ကျင့်ဘူးဆိုရင် ထိုပုဂ္ဂိုလ်သည် ဘုရားရှင်အပေါ်၌ ရိုသေလေးစားတဲ့ပုဂ္ဂိုလ် ဟုတ်သလား? မဟုတ်ဘူး။ မိမိကိုယ်ကိုမိမိ ပြန်မေးဖို့ လိုတယ်နော်။ “ငါသည် ဘုရားရှင်ကို ရိုသေလေးစားတဲ့ပုဂ္ဂိုလ် ဟုတ်သလား?” ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ ဘုရားရှင်ကို တို့က သိပ်ကြည်ညိုတာ၊ လေးစားတာ။ ဘုရားရှင်ကို တို့က သိပ်ပြီး လေးစားကြည်ညိုတယ်ဆိုရင် တစ်ဆင့်တက်ပြီး မေးကြည့်ပါ -

ငါသည် ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ သီလကျင့်စဉ်ကို ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်နေတဲ့ပုဂ္ဂိုလ် ဖြစ်ရဲ့လား? ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ သမာဓိကျင့်စဉ်ကို ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်နေတဲ့ပုဂ္ဂိုလ် ဟုတ်ရဲ့လား? ငါသည် ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ ပညာကျင့်စဉ်တွေကို စနစ်တကျ ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်နေတဲ့ပုဂ္ဂိုလ် ဟုတ်ရဲ့လား?” လို့ မိမိကိုယ်မိမိ ပြန်ပြီး မမေးသင့်ဘူးလား? မေးသင့်တယ်။ အဲဒီမေးခွန်းကို မှန်မှန်ကန်ကန် တိတိကျကျ ပြန်ပြီးဖြေတတ်ဖို့ လိုတယ်။ ကိုယ့်ကိုကိုယ် တချို့က လိမ်ပြီး ဖြေနေကြတဲ့ပုဂ္ဂိုလ်တွေ ရှိဖူးလား? ရှိကြပြန်တယ်။

တကယ် သီလကျင့်စဉ် မကျင့်ဘဲနဲ့ ငါဟာ သီလကျင့်စဉ် ကျင့်နေတဲ့ ပုဂ္ဂိုလ်ပဲလို့ ဝန်ခံတဲ့ပုဂ္ဂိုလ်တွေ လောကမှာ ရှိကြတယ်။ တကယ် သမာဓိကျင့်စဉ် မကျင့်ဘဲနဲ့ သမာဓိကျင့်စဉ်ကို ကျင့်နေပါတယ်လို့ ဝန်ခံတဲ့ပုဂ္ဂိုလ်တွေ လောကမှာ မရှိဘူးလား? ရှိကြတယ်။ တကယ် ပညာကျင့်စဉ်ကို မကျင့်ဘဲနဲ့ ပညာကျင့်စဉ်ကို တကယ်ကျင့်နေတယ်လို့ ဝန်ခံတဲ့ပုဂ္ဂိုလ်တွေ လောကမှာ မရှိဘူးလား? ရှိကြတယ်။ ဗြုန်းကနဲ အမှတ်တမဲ့ မေးလိုက်တယ် -

ဒကာကြီးတွေ သာသနာတော် ကြည်ညိုရဲ့လား? ဒကာမကြီးတွေ သာသနာတော် တကယ်ကြည်ညိုရဲ့လား? ဗြုန်းကနဲ ဘုန်းကြီး မေးလိုက်ရင်တော့ ဘယ်လို ဖြေမလဲ? ကြည်ညိုပါတယ်ဘုရားလို့ ဗြုန်းကနဲတော့ ပြောမှာပဲ။ ကဲ ကြည်ညိုလို့ရှိရင် မုသားတွေများ ပြောနေကြသေးလားလို့ ဘုန်းကြီးက ထပ်မေးရင် ဘယ်လိုဖြေကြမလဲ? ဟင် (ပြောနေတယ်) ဟာ ... ဟန်ကျတယ် ဟုတ်တယ်မလား? အဲဒီလိုဆိုရင် ဒါ တကယ်ကြည်ညိုတာ ဟုတ်သလား? မဟုတ်ဘူး။ ဒါ ကိုယ့်ကိုကိုယ် လိမ်နေတာပဲ။

ခု ဒီမှာ ဘုရားရှင်က လောကုတ္တရာတရား ၉-ပါးအားလျော်တဲ့ ကျင့်ဝတ်ပဋိပတ်ကို တကယ်လက်တွေ့ ကျင့်မှသာလျှင် ငါဘုရားရှင်ကို ရိုသေနေတဲ့ပုဂ္ဂိုလ်၊ လေးစားနေတဲ့ပုဂ္ဂိုလ်၊ မြတ်နိုးနေတဲ့ပုဂ္ဂိုလ်၊ ပူဇော်နေတဲ့ပုဂ္ဂိုလ်၊ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပသနေတဲ့ပုဂ္ဂိုလ်ပဲလို့ ဒီလို ဟောထားတယ်။ ဒီလိုဆိုလို့ရှိရင်တော့ အိမ်ရှင်ယောက်ျားကို ရိုသေစွာ ပြုစုလုပ်ကျွေးနေခြင်း၊ အိမ်ရှင်မိန်းမကို ရိုသေစွာ ပြုစုလုပ်ကျွေးနေခြင်းသည် သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့ဖို့ရန်အကြောင်း ဟုတ်သလား? (မဟုတ်ပါဘူးဘုရား) ဘယ့်နှယ်တုံး ဒကာကြီးဦးကျော်ညွန့် (ဟုတ်တယ်) ဟာ ...ဟန်ကျပြီ ဟုတ်တယ်မလား? ဒီလိုဆိုတော့ ဟန်ကျပြီ ဒကာကြီးက မဲသာသွားပြီ။ ကဲ ဘုရားရှင်က ဘာဆက်ပြီး ဟောသလဲ?

တသ္မာ တိဟာနန္ဒ ဓမ္မာနုဓမ္မပ္ပဋိပန္နာ ဝိဟရိဿာမ သာမီစိပ္ပဋိပန္နာ အနုဓမ္မစာရိနောတိ။ ဧဝဥှိ ဝေါ အာနန္ဒ သိက္ခိတဗ္ဗံ။

အာနန္ဒာ၊ ညီဘွားအာနန္ဒာ ...။ တသ္မာ၊ ထို့ကြောင့်။ တိဟ၊ ဤသာသနာတော်မြတ်အတွင်း၌။ တုမှေ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ မယံ၊ ငါတို့သည်။ ဓမ္မာနုဓမ္မပ္ပဋိပန္နာ၊ လောကုတ္တရာတရား ကိုးပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်။ ဝိဟရိဿာမ၊ နေထိုင်ကြပါကုန်အံ့။ သာမီစိပ္ပဋိပန္နာ၊ လောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်ကို အရိုအသေ ဖြည့်ကျင့်လျက်။ ဝိဟရိဿာမ၊ နေထိုင်ကြပါကုန်အံ့။ အနုဓမ္မစာရိနော၊ လောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်ကို အစဉ်တစိုက် ဖြည့်ကျင့်သည်ဖြစ်လျက်။ ဝိဟရိဿာမ၊ နေထိုင်ကြပါကုန်အံ့။ ဣတိ၊ ဤသို့ နှလုံးပိုက်လျက်။ ဧဝံ၊ ဤသို့လျှင်။ ဝေါ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထိုက်ပေ၏၊

သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့စေချင်တယ်ဆိုရင် သို့မဟုတ် ဘုရားရှင်ကို ရိုသေတယ်၊ လေးစားတယ်ဆိုရင် လောကုတ္တရာတရား ၉-ပါးအားလျော်ညီနေတဲ့ ကျင့်ဝတ်ပဋိပတ်ကို ရိုရိုသေသေ ဖြည့်ကျင့်ပြီးတော့ နေထိုင်မယ်၊ အစဉ်တစိုက် ဖြည့်ကျင့်ပြီးတော့ နေထိုင်မယ်။ လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ကောင်းကောင်းမွန်မွန်နဲ့ ဖြည့်ကျင့်ပြီးတော့ ဒီသာသနာမှာ နေထိုင်မယ်ဆိုပြီး ဒီလို စိတ်ဓာတ်မျိုးကို မွေးမြူပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ ဆိုပြီးတော့ မြတ်စွာဘုရား တိုက်တွန်းထားတယ်။

ဒါကြောင့် ဦးပဉ္စင်းတို့ သာသနာတော်ကို အရှည်တည်တံ့ ခိုင်ခံ့စေချင်တယ်ဆိုရင် ဘုရားရှင်အပေါ်၌ ရိုသေလေးစားဖို့တော့ မလိုအပ်ဘူးလား? လိုအပ်တယ်။ ဘုရားရှင်အပေါ်၌ ရိုသေလေးစားတယ်ဆိုတာက ဘာလုပ်တာလဲလို့ မေးတော့ - လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို တကယ်လက်တွေ့ ကျင့်နေတယ်ဆိုရင် ဒါ ဘုရားရှင်ကို ရိုသေလေးစားနေတာပဲ။ လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို တကယ်လက်တွေ့ မကျင့်ဘူးဆိုရင် ဒါ ဘုရားရှင်ကို တကယ်လေးစားတာ ဟုတ်သလား? မဟုတ်တော့ဘူး။ ဘုရားအပေါ် မရိုမသေ မလေးစားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် တရားကိုရော ရိုသေလေးစားမှု ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ သံဃာတော်အပေါ်မှာလည်း ရိုသေလေးစားမှု ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ သိက္ခာသုံးရပ် အကျင့်မြတ်တို့ အပေါ်မှာလည်း ရိုသေလေးစားတဲ့ စိတ်ဓာတ်တွေ ရှိဦးမလား? မရှိတော့ဘူး။ အချင်းချင်း တစ်ပါးသည်တစ်ပါး အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား၊ တုံ့ဝပ်ရိုကျိုးနေတဲ့စိတ်ထား ရှိဦးမလား? မရှိတော့ဘူး။ ဘာဖြစ်လို့လဲ?

လောကုတ္တရာတရား ၉-ပါးအားလျော်ညီတဲ့ ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှု မရှိဘူး၊ ရိုရိုသေသေ ဖြည့်ကျင့်မှု မရှိဘူး။ အစဉ်တစိုက် တစ်ခါတလေတော့ ဖြည့်ကျင့်တယ်၊ တစ်ခါတလေတော့ မဖြည့်ကျင့်ဘူး ဆိုတာကိုတော့ အစဉ်တစိုက်လို့ မဆိုလိုဘူး။ ခုဒီမှာ ဘုရားရှင်က အနုဓမ္မစာရီ၊ အစဉ်တစိုက်ကို နာရီမလပ်၊ စက္ကန့်မလပ်၊ မိနစ်မလပ်၊ နေ့စဉ်ရက်ဆက်၊ အချိန်တိုင်း အချိန်တိုင်း၊ အခါတိုင်း အခါတိုင်း ဖြည့်ကျင့်နေရမယ်။ အဲဒီလို ဖြည့်ကျင့်မှသာလျှင် ငါဘုရားရှင်ကို ရိုသေသည်၊ လေးစားသည်၊ မြတ်နိုးသည် မည်ပါတယ်။ အမြတ်ဆုံးသော ပူဇော်နည်းဖြင့် ပူဇော်နေသည်မည်တယ်၊ ပသနေသည်မည်တယ်လို့ ဒီလို ဟောထားတယ်။

ဒါကြောင့် မိမိတို့က သာသနာတော် အရှည်တည်တံ့ ခိုင်ခံ့စေချင်တယ်ဆိုရင် ဘာလုပ်ရမလဲ? လောကုတ္တရာတရား ၉-ပါးအားလျော်ညီနေတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ปညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ အဲဒီလို ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်ပါ။ ဒီလို ဖြည့်ကျင့်နေတဲ့ ပုဂ္ဂိုလ်သည် ဘုရားရှင်အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်၊ တုံ့ဝပ်ရိုကျိုးတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်ဆိုနိုင်တယ်။ တရားတော်အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်၊ သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်၊ တုံ့ဝပ်ရိုကျိုးတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ဆိုနိုင်တယ်။ အချင်းချင်း တစ်ပါးသည် တစ်ပါးအပေါ်၌၊ တစ်ဦးသည် တစ်ဦးအပေါ်၌ ရိုသေလေးစားတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်၊ တုံ့ဝပ်ရိုကျိုးတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်ဆိုနိုင်တယ်။ ဒါက ဂါရဝမင်္ဂလာနဲ့ ပတ်သက်ပြီးတော့ ဟောတာပဲ။ နောက်ထပ် မင်္ဂလာတစ်ခုက ဘာလဲ နိဝါတော စ ...

နိဝါတော စ

နိဝါတော စ၊ ဆိုတဲ့ နိဝါတမင်္ဂလာ။ နိဝါတမင်္ဂလာကို အဋ္ဌကထာက ဘယ်လို ဖွင့်ထားလဲ?

နိဝါတော နာမ နီစမနတာ နိဝါတဝုတ္တိတာ,

နှိမ်ချထားတဲ့ စိတ်ထားရှိရတယ်။ သာသနာတော်မှာ မှီတင်းနေထိုင်နေတဲ့ သူတော်ကောင်း မှန်ခဲ့ရင် စိတ်ဓာတ်ကို နှိမ်ချရမလား၊ အပေါ်စီးက နေရမလား? နှိမ်ချထားရတယ်။ ဘယ်လို နှိမ်ချသလဲလို့မေးတော့ ဒီနေရာမှာ အဋ္ဌကထာဆရာတော်က ဥပမာလေးတွေနဲ့ ဖွင့်ထားတယ်။

ယာယ သမန္နာဂတော ပုဂ္ဂလော နိဟတမာနော နိဟတဒပ္ပေါ ပါဒပုဉ္ဆနကစောဠသဒိသော ဆိန္နဝိသာဏဥသဘသမော ဥဒ္ဓဋဒါဌသပ္ပသမော စ ဟုတွာ သဏှော သခိလော သုခသမ္ဘဿော ဟောတိ, အယံ နိဝါတော။

နိဝါတ၊ နိဝါတ နှိမ်ချတဲ့စိတ်ထားနဲ့ ပြည့်စုံတယ်နော်။ နှိမ်ချတဲ့ စိတ်ထားနဲ့ ပြည့်စုံတယ်ဆိုတာက ထောင်လွှားတက်ကြွနေတဲ့ မာန်မာန မရှိဘူး။ အပေါ်စီးကနေချင်တဲ့ စိတ်ထားမရှိဘူး။ အဲဒီ နိဝါတမင်္ဂလာလေးနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာက ဥပမာလေးနဲ့ ဖွင့်ထားတယ် -

နိဟတမာန၊ မာနတရားကို သူက အပယ်သတ်ထားတယ်။ တက်ကြွနေတဲ့ ထောင်လွှားနေတဲ့ ဒီစိတ်ဓာတ်ကို သာသနာတော်မှာနေရင် ဘာလုပ်ရမလဲ? ပယ်သတ်ထားရမယ်။ နှိပ်ကွပ်ပြီးတော့ ထားမယ်။ ဘယ်လောက်ထိ နှိပ်ကွပ်မလဲလို့မေးတော့ ပါဒပုဉ္ဆန စောလက သမော၊ ခြေသုတ်ကြိုးဝန်းကဲ့သို့ နှိမ်ချတဲ့စိတ်ထား ရှိရမယ်။ ဟို ခြေသုတ်ဖို့တွေ ရှိပါတယ်။ အဲဒီမှာ ခြေသုတ်ကြိုးဝန်းတွေ ရှိကြတယ်။ တဘက်တွေ ရှိကြတယ်။ ဒင်းက ငါ့ကို ဒီလို လာသုတ်ရမလားဆိုတဲ့ စိတ်ထား ရှိသလား? မရှိဘူး။ ဘာပဲသုတ်သုတ် သုတ်ချင်တာသုတ်။ မစင်ကြယ်တာကိုပဲ သုတ်သုတ်၊ စင်ကြယ်တာကိုပဲ သုတ်သုတ် သုတ်ချင်တာတွေ သုတ်ပါစေ။ ဒီခြေသုတ်ပုဆိုး၌ အပေါ်စီးက နေမယ်ဆိုတဲ့ စိတ်ထားရှိသလား? မရှိဘူး။ ဘယ်ကသာ နေသလဲ? အောက်ကသာ နေတယ်။ နှိမ်ချထားတဲ့စိတ်ထား ရှိရတယ်။ သူတော်ကောင်းဆိုတာ အဲဒီ ခြေသုတ်ပုဆိုးနဲ့ တူညီတဲ့စိတ်ထား ရှိရတယ်။

“ငါက ဘာခံမှာလဲ၊ ငါ့ကို ဒီလို လာကျောလို့ ဘာရမလဲ?” ဟော ... ဒီစိတ်ထားနဲ့ သာသနာမှာ နေရမလား? မနေရဘူး။ ဒါ ဘယ်သူ ဆုံးမတာလဲ? (ဘုရားဆုံးမတာပါဘုရား) ဘုရားဆုံးမတာဆိုရင် မိမိတို့က ဘုရားသာသနာမှာနေရင် ဘုရားအဆုံးအမတွေ လိုက်နာရမလား၊ မလိုက်နာရဘူးလား? (လိုက်နာရပါမယ်ဘုရား) လိုက်ကော လိုက်နာကြရဲ့လား? ဟင်! ကဲ ဟိုးနောက်က သီလရှင်တွေ ဖြေကြစမ်းပါဦး ... လိုက်နာကြရဲ့လား? (လိုက်နာပါတယ်ဘုရား) ဟင် ... နည်းနည်းလေးပဲ ဖြေတယ်။ နည်းနည်းလေး ဖြေတယ်ဆိုကတည်းက ဘုန်းကြီးလည်း နည်းနည်းတော့ နားလည်နေပါတယ်နော်။ ကဲ နောက်တစ်ခု -

ဝိသာဏုဟတသမော၊ ဦးချိုကျိုးနေတဲ့ နွားလားဥသဘနှင့် တူညီနေတဲ့ စိတ်ထားရှိရမယ်။ ဦးချိုကျိုးသွားပြီဆိုတဲ့ နွားလားဥသဘများ တစ်ဖက်သား ပုဂ္ဂိုလ်တွေကို ရန်မူလိုတဲ့စိတ်ထား ရှိသေးလား? မရှိတော့ဘူး။ သာသနာတော်မှာနေတဲ့ ပုဂ္ဂိုလ်က တစ်ဖက်သားကို ရန်ထောင်ချင်တဲ့ စိတ်ထား—

သာသနာတော်မှာ မှီတင်းနေထိုင်ပြီဆိုရင် ရဟန်းယောက်ျားပဲ ဖြစ်စေ၊ ရဟန်းမိန်းမပဲ ဖြစ်စေ၊ ခုခေတ်တော့ သီလရှင်ပဲ ဖြစ်စေ၊ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ လူဥပါသကာ ဒါယကာတွေပဲဖြစ်စေ၊ လူဥပါသိကာမ ဒါယိကာမတွေပဲဖြစ်စေ ဘယ်ပုဂ္ဂိုလ်ပဲမဆို သာသနာတော်ကို ကြည်ညိုပါတယ်၊ လေးစားပါတယ်၊ မြတ်နိုးပါတယ်ဆိုရင် ဦးချိုကျိုးနေတဲ့ နွားလားဥသဘတို့ရဲ့ စိတ်ထားမျိုးကို ထားရမလား၊ မထားရဘူးလား? ထားရမယ်။ ဘာပြောတာလဲ? တစ်ဖက်သား ပုဂ္ဂိုလ်အပေါ်၌ ရန်ထောင်လိုတဲ့ စိတ်ထား ရှိရမလား၊ မရှိရဘူးလား? မရှိရဘူး။ တစ်ဖက်သား ပုဂ္ဂိုလ်က ဘယ်လိုပဲ လာပြီး နှောင့်ယှက်ပါစေ တုံ့လှဲ့တစ်ဖန် ပြန်ပြီးတော့ ရန်မူတဲ့ စိတ်ထားမျိုး ရှိရမလား၊ မရှိရဘူးလား? မရှိရဘူး။ နောက်တစ်ခု -

ဥဒ္ဓတဒန္တ သပ္ပသမော၊ အစွယ်ကျိုးသော မြွေလို ခပ်လွယ်လွယ်တော့ ဘာသာပြန်တယ်။ ဒီနေရာမှာတော့ အစွယ်ကျိုးရုံတွင်မကဘူး အစွယ်ပါ လုံးလုံးနှုတ်ထားတဲ့ မြွေပဲ။ အဲဒီလို အစွယ်နှုတ်ခံထားရတဲ့ မြွေမျိုး ဖြစ်ခဲ့ရင်တော့ အစွယ်လေး အကြောင်းပြုပြီးတော့ မာန်မာနတရားတွေ သိပ်အားကောင်းခဲ့တယ်။ ဒါပေမဲ့ အစွယ်ကို ကွင်းလုံးကျွတ် အနှုတ်ခံရတဲ့အခါ အဆိပ်ကလည်း မရှိတော့ဘူး။ အဲဒီ အဆိပ်ကလည်း မရှိ၊ အစွယ်ကလည်း မရှိတဲ့အတွက် ဒီမြွေသည် တစ်ဖက်ပုဂ္ဂိုလ်တွေအပေါ်၌ ရန်ထောင်လိုတဲ့ စိတ်ဓာတ်တွေ ရှိသလား? မရှိတော့ဘူး။ အန္တရာယ်ပြုမယ်ဆိုတဲ့ စိတ်ထားကော ရှိသေးသလား? မရှိတော့ဘူး။ တစ်ဖက်ပုဂ္ဂိုလ်တွေကို သေကျေပျက်စီးစေရမယ်ဆိုတဲ့ စိတ်ထားမျိုးကော ရှိသေးလား? မရှိတော့ဘူး။ သေကျေပျက်စီးစေလိုတဲ့စိတ်ထား ရှိတောင်မှ သေကျေပျက်စီးအောင် ပြုလုပ်နိုင်တဲ့စွမ်းအား ရှိသေးလား? မရှိတော့ဘူး။ သူတစ်ပါးတွေကို ညှဉ်းပန်းမယ်၊ နှိပ်စက်မယ်၊ သေကျေပျက်စီးစေရမယ်ဆိုတဲ့ ဒီစိတ်ထားမျိုး မရှိဘူး။ ရှိခဲ့ရင်လည်း သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်လို့ မရတော့ဘူး။ သေကျေပျက်စီးအောင် ပြုလုပ်လို့လည်း မရတော့ဘူး။

သာသနာတော်မှာ မှီတင်းနေထိုင်နေတဲ့ပုဂ္ဂိုလ်၊ သာသနာတော်ကို မြတ်နိုးလေးစားနေတဲ့ပုဂ္ဂိုလ် မှန်ခဲ့ရင်လည်း အဲဒီ အစွယ်နှုတ်ထားပြီးတဲ့ မြွေကဲ့သို့ အစွယ်ကျိုးနေတဲ့ မြွေကဲ့သို့ သူတစ်ပါးတွေကို အဆိပ်မတက်စေတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်။ သူတစ်ပါးတွေကို အဆိပ်မတက်စေရဘူးဆိုတာ ဘာပြောတာလဲ? ဟင် ! “ဒီကောင်မနှယ်နော် ... ငါ့ ဒီလို ပြောရက်လေခြင်း၊ ဒီကောင်မနှယ်နော် ငါ့ကို ဒီလို ပြောရက်လေခြင်း” အဲဒီလို စိတ်ထဲမှာ တနုပ်နုပ် ဖြစ်နေရင် ဒါ အဆိပ်တက်တာ မဟုတ်ဘူးလား? အဆိပ်တက်နေပြီ။ သာသနာတော်မှာနေတဲ့ ပုဂ္ဂိုလ်ဆိုတာ သူတစ်ပါးကို အဲဒီလို ဒေါသဆိုတဲ့ အဆိပ်တွေ ပြင်းထန်ပြီး တက်လာအောင် လုပ်ရမဲ့ပုဂ္ဂိုလ် ဟုတ်သလား? မဟုတ်ဘူး။ အဲ ဒေါသတွင်လားဆို မဟုတ်သေးပါဘူးနော်။

သူတစ်ပါးတွေကို မာန်မာနဆိုတဲ့ အဆိပ်တွေ တက်လာအောင်၊ ရာဂဆိုတဲ့ အဆိပ်တွေ တက်လာအောင်၊ မောဟဆိုတဲ့ အဆိပ်တွေ တက်လာအောင်၊ ဣဿာ - မစ္ဆရိယ အဆိပ်တွေ တက်လာအောင် မိမိက လှုံ့ဆော်ပေးတဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ရမလား? မဖြစ်ရဘူး။ “သွားပြောလိုက် ... ငါ ဘယ်လို ကောင်မမျိုး ဖြစ်တယ်ဆိုတာ သွားပြောလိုက်စမ်း? ပြောဖြစ်အောင် ပြောနော်” အမလေး စိတ်မချလို့နဲ့ တူပါရဲ့။ သာသနာတော်မှာနေတဲ့ပုဂ္ဂိုလ်ဆိုတာ ဒီလိုစိတ်ထားမျိုး ရှိရမလား? မရှိရဘူးတဲ့။

ဘယ်သူကမှ ရန်မူတဲ့စိတ်ထား မရှိရဘူး။ ဘယ်သူ့ကိုမှ အဆိပ်တက်စေတဲ့စိတ်ထား မရှိရဘူး။ သာသနာမှာတော့ နေတယ်၊ ဘုရားပေးတဲ့ ပစ္စည်းလေးပါးလည်း စားသုံးနေပါတယ်။ “ဟာ ... အရှင်ဘုရား ဘယ်လိုလုပ် ဘုရားပေးသလဲ?” ဒီလိုတော့ မမေးနဲ့နော်။ ခုစားနေတာက ဘုရားကျေးဇူးပဲ။ ဘုရားက ဒီလို ကျောင်းဆောက်လုပ် လှူဒါန်းခဲ့ရင် ဒီလို အကျိုးတွေ ရတယ်ဆိုလို့ ဒီကျောင်းမှာ နေရတာ။ ဘုရားက ဒီဆွမ်းလှူဒါန်းခဲ့ရင် ဒီအကျိုးတရား ရနိုင်တယ်ဟောခဲ့လို့ ဘုရား ကြည်ညိုပြီး လှူဒါန်းလို့ ဒီလို ဆွမ်းတွေ စားနေရတာ။ ဘုရားက ဒီသင်္ကန်းလှူခဲ့ရင် ဒီလို အကျိုးတရားတွေ ရတယ်လို့ ဟောခဲ့တော့ ဘုရားကြည်ညိုပြီး ဒီသင်္ကန်းတွေ လှူနေတာ။ ဘုရားက ဒီဆေးလှူလို့ရှိရင်ကွယ် ဒီအကျိုးတရားတွေ ရတယ်။ ဒီဆေးတွေ လှူကြ၊ ဒီလို ဟောထားလို့ ဒီဆေးကို လှူတာ။ ကိုယ့်အစွမ်းအစနဲ့များ လှူမဲ့ပုဂ္ဂိုလ် ဘယ်နှစ်ယောက်ရှိလဲ? တစ်ယောက်မှ မရှိပါဘူး။

ကိုယ်က ဘုရားပေးတဲ့ ကျောင်းမှာ နေနေတာ၊ ဘုရားပေးတဲ့ ဆွမ်းကို စားနေတယ်၊ ဘုရားပေးတဲ့ သင်္ကန်းကို ဝတ်နေတယ်၊ ဘုရားပေးတဲ့ ဆေးတွေကို သုံးစွဲနေတာ။ အဲဒီလို သုံးစွဲနေပါလျက်နဲ့ မိမိက သူတစ်ပါးကို အဆိပ်တွေ တက်နေအောင် သွားပြီးပြုလုပ်နေမယ်ဆိုရင် မိမိသည် ဘုရားကို ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်မျိုး ဟုတ်သေးလား? မဟုတ်ဘူး။ ဘုရားအဆုံးအမကို လိုက်နာပြုကျင့်နေတဲ့ ပုဂ္ဂိုလ်လည်း ဟုတ်သေးလား? မဟုတ်တော့ဘူး။ ဒါ သာသနာတော်မှာ နေတယ်ဆိုတာ သတိရှိရတယ်နော်။ အမှတ်တမဲ့ မနေရဘူး။ အမှတ်တမဲ့နေခဲ့ရင် အမှတ်တမဲ့လူတွေ သွားရာလမ်းကို မိမိတို့ မလိုက်ရဘူးလား? လိုက်ရမယ်။ ဒါ သတိရှိဖို့ လိုတယ်။

ဒါကြောင့် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့၊ ချိုကျိုးနွားလားကဲ့သို့ စိတ်ထားပြီးတော့ သာသနာတော်မှာ နေထိုင်ပါဆိုပြီး ဒီဥပမာလေးပေးပြီး ရှေးရှေး ဆရာတော်ကြီးများက ဆိုဆုံးမထားကြတယ်နော်။ အစွယ်ကျိုးနေတဲ့ မြွေ၊ ချိုကျိုးနေတဲ့ နွားလား၊ ခြေသုတ်ကြိုးဝန်းကဲ့သို့ ဒီလိုစိတ်ထားပြီးတော့ သာသနာတော်မှာ နေရတယ်။ အဲဒီလို စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ထောင်လွှားတက်ကြွတဲ့စိတ်ထား ရှိသေးလား? မရှိတော့ဘူး။ ထောင်လွှားတက်ကြွတဲ့စိတ်ထား မရှိခြင်းကြောင့် ဒီပုဂ္ဂိုလ်က ထွက်ပေါ်လာတဲ့ စကားသည် သာန၊ နူးညံ့သိမ်မွေ့တဲ့ စကားတွေသာ ထွက်တော့မယ်။ ကြမ်းတမ်း ခက်ထန်တင်းမာနေတဲ့ စိတ်ထားနဲ့ ပြောတဲ့စကားတွေ ထွက်ဦးမလား?

“ငါတယ်နော် ...” ဟင် - တစ်ဖက်သားပုဂ္ဂိုလ်တွေကို ချေမှုန်းပစ်ချင်တဲ့ စိတ်ထားလေးနဲ့ ရင်လေးကော့ပြီးတော့ လက်မလေး ထောင်ပြီးတော့ ပြောချင်တဲ့စကားမျိုး ရှိဦးမလား? အကယ်၍ ရှိနေတယ်ထား၊ ရှိခဲ့ရင် ဒီပုဂ္ဂိုလ်သည် ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာပြုကျင့်တဲ့ပုဂ္ဂိုလ်မျိုး ဟုတ်သေးလား? မဟုတ်တော့ဘူး။ ဒါ သတိရှိကြနော် -

ဘုရားသာသနာနေ ဘုရားပေးတဲ့ ပစ္စည်းလေးပါး သုံးပြီးတော့ ဘုရားကို ကန့်လန့်ဖြတ် ပြုလုပ်နေမယ်ဆိုရင် ကန့်လန့်ဖြတ် ပြုလုပ်နေတဲ့ပုဂ္ဂိုလ်တွေ သွားတဲ့လမ်း မိမိတို့ မလိုက်ရဘူးလား? ဒါ သတိရှိကြနော်။ ဒီတော့ ဘုရားအဆုံးအမအတိုင်း လိုက်နာပြုကျင့်တဲ့ပုဂ္ဂိုလ်က ထွက်ပေါ်လာတဲ့ ကိုယ်အမူအရာသည် သာန၊ သိမ်မွေ့နူးညံ့တဲ့ ကိုယ်အမူအရာတွေသာ ဖြစ်တယ်။ ထွက်ပေါ်လာတဲ့ စကားလုံးတွေသည် သာန၊ သိမ်မွေ့နူးညံ့နေတဲ့ စကားလုံးလေးတွေ ဖြစ်တယ်။ သက္ခိလ၊ ကျုပ်တို့ကတော့ မပြောတတ်လို့ပါတော်။ ဒီလိုစိတ်ထားမျိုး မရှိပါဘူး။ ဒီပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူး။ သက္ခိလ၊ ပြေပြစ်တဲ့စကားမျိုး ပြောတတ်ရမယ်။ ဒါပေမဲ့ နှုတ်ခမ်းလေး ပျားရည်ဆမ်းပြီးတော့ ပြောတဲ့ပုံစံမျိုးတော့ ဘုန်းကြီး မဆိုလိုဘူးနော်။ တကယ် ပြေပြေပြစ်ပြစ်ကလေးနှင့် သူတစ်ပါးနားဝင်အောင် ပြောတတ်ရမယ်။

သူတော်ကောင်းဆိုတာ သုခသမ္ဘာသ၊ ချမ်းသာတဲ့ နှုတ်ခွန်းဆက်သမှု တစ်ဦးနဲ့တစ်ဦး ရှိရတယ်။ သူတော်ကောင်းဆိုတာ ချမ်းသာတဲ့ စကားလေးတွေကို ပြောဆိုတတ်ရတယ်။ တစ်ဖက်သား စိတ်ဆင်းရဲစေတဲ့ စကားမျိုး မိမိတို့ ပြောရမလား? မပြောရဘူး။ ဘာဖြစ်လို့လဲ? တစ်ဖက်သား စိတ်ဆင်းရဲအောင် မိမိတို့က စကားတစ်ခွန်း ပြောလိုက်ပြီ၊ တစ်ဖက်သား ပုဂ္ဂိုလ်မှာ စိတ်ဆင်းရဲမှုလေးတွေ ဖြစ်မနေဘူးလား? ဖြစ်နေပြီ။ ကြားရတဲ့ ပုဂ္ဂိုလ်တွေမှာလည်း အကုသိုလ်တရားတွေ တိုးပွားတယ်။ ပြောနေတဲ့ မိမိမှာလည်း အကုသိုလ်တရားတွေ မတိုးပွားဘူးလား? တိုးပွားနေတယ်။

အဲဒီတော့ အကုသိုလ်တရား တိုးပွားအောင် သာသနာတော်မှာ နေတာလား၊ ကုသိုလ်တရား တိုးပွားအောင် သာသနာတော်မှာ နေတာလားလို့မေးရင် ဘယ်လိုဖြေမလဲ?(ကုသိုလ်တရား တိုးပွားအောင် နေတာပါဘုရား) ကုသိုလ်တရား တိုးပွားအောင်နေတာလို့တော့ အမည်ခံတယ်၊ အကုသိုလ်တရား တိုးပွားအောင် မိမိက ပြောနေမယ်၊ ဆိုနေမယ်၊ ပြုနေမယ်ဆိုရင် မိမိရဲ့အပြောနဲ့ မိမိရဲ့အလုပ်သည် ဟပ်မိပါသေးလား? မဟပ်မိဘူး။ ဒါ သတိရှိဖို့ လိုတယ်။

ဒီတော့ သာသနာတော်မှာနေတဲ့ပုဂ္ဂိုလ်က ခုနက အစွယ်ကျိုးတဲ့ မြွေကဲ့သို့၊ ချိုကျိုးတဲ့ နွားလားဥသဘကဲ့သို့၊ ခြေသုတ်ကြိုးဝန်းကဲ့သို့ နှိမ်ချထားတဲ့ စိတ်ထားကလေးဖြင့် နေရတယ်။ နေလိုက်တဲ့ အချိန်ခါမှာ ထိုပုဂ္ဂိုလ်သန္တာန်မှ ထွက်ပေါ်လာတဲ့ ကိုယ်အမူအရာသည် သိမ်မွေ့တဲ့ ကိုယ်အမူအရာဖြစ်တယ်။ ထိုပုဂ္ဂိုလ်သန္တာန်မှ ထွက်ပေါ်လာတဲ့ နှုတ်အမူအရာသည် သိမ်မွေ့တဲ့ နှုတ်အမူအရာဖြစ်တယ်၊ ပြေပြစ်တဲ့စကားကိုသာ ပြောတယ်၊ ချမ်းသာတဲ့ စကားကိုသာ သူက ပြောကြားတတ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို အယံ နိဝါတော၊ နှိမ်ချတဲ့စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်လို့ ခေါ်တယ်။

“ကျုပ်တို့က ဒီစိတ်ထားမျိုး မရှိပါဘူး။ ကျုပ်တို့က စကားမပြောတတ်လို့ပါ” ဒီပုံစံမျိုး ဟုတ်သလား? အဲဒါ ကိုယ့်ကို လိမ်တဲ့စကားပါနော်။ စကားမပြောတတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိပါဘူး။ ပြုပြင်ပြောင်းလဲရေးဆိုတာ မလုပ်ရဘူးလား? လုပ်ရပါတယ်။ သိမ်မွေ့နေတဲ့ စကားလေးတွေကို ပြောကြားတတ်အောင် မိမိတို့က လေ့ကျင့်မယ်ဆိုရင် လေ့ကျင့်လို့ မရဘူးလား? ရပါတယ်။ ကျေးသားလေးတွေ၊ သာလိကာလေးတွေတောင်မှ သင်လို့ ရသေးတာ၊ တိရစ္ဆာန်တွေတောင်မှ သင်လို့ ရသေးတယ်ဆိုရင် တိရစ္ဆာန်ထက် အဆင့်အတန်းမြင့်တဲ့ လူသားတစ်ဦးအဖြစ် ဝန်ခံနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ဘာဖြစ်လို့ သင်လို့ မရရမှာလဲနော်။ ပြုပြင်ပြောင်းလဲမှုဆိုတာ မလုပ်သင့်ဘူးလား? လုပ်သင့်တယ်။ မလုပ်ဘဲ နေခဲ့ရင်တော့ မလုပ်တဲ့လူတွေ သွားတဲ့လမ်း မိမိတို့က သွားတဲ့လမ်း မိမိတို့က လိုက်ရမယ်နော်။ ဒါကြောင့် ဒီလို နှိမ်ချတဲ့ စိတ်ထားရှိပြီး သိမ်မွေ့နူးညံ့တဲ့ တစ်ဖက်သားပုဂ္ဂိုလ်တို့ နားချမ်းသာစေတတ်တဲ့ ပြေပြစ်တဲ့စကားကို ပြောကြားတတ်ခြင်းသည် နိဝါတမင်္ဂလာဖြစ်တယ်။ ဒီမင်္ဂလာတရားက ဘာဖြစ်သလဲ?

သွာယံ ယသာဒိဂုဏပ္ပဋိလာဘဟေတုတော မင်္ဂလန္တိ ဝုစ္စတိ။

ဒီလို နှိမ်ချတဲ့ စိတ်ထားရှိခြင်းသည် ယသာဒိဂုဏပ္ပဋိလာဘဟေတုတော၊ အခြွေအရံ ပရိသတ်များပြားခြင်း အစရှိတဲ့ ဂုဏ်ကျေးဇူးတွေကို ရရှိဖို့ရန် အကြောင်းတရား ဖြစ်ခြင်းကြောင့် မင်္ဂလာလို့ ခေါ်တယ်နော်။ ဘုရားရှင်ကိုယ်တော်တိုင်က ဟောထားတဲ့ ဂါထာလေးကို ကိုးကားပြီးတော့ အဋ္ဌကထာက ဖွင့်ထားတယ်။

‘နိဝါတဝုတ္တိ အတ္ထဒ္ဓေါ, တာဒိသော လဘတေ ယသံ’

ဟော ဘုရား ဟောထားတယ်။ ဘာပြောတာလဲ? သီလနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းဟာတဲ့ -

ပန္န၊ သိမ်မွေ့နူးညံ့တဲ့စကား ရှိတယ်။ ပဋိပန္နဝါ = ဉာဏ်ပညာနဲ့ ဆက်စပ်နေတဲ့ စကားမျိုးကို ပြောကြားတတ်တယ်။ နိဝါတဝုတ္တိ၊ နှိမ်ချတဲ့ ကိုယ်အမူအရာ, နှိမ်ချတဲ့ နှုတ်အမူအရာ, နှိမ်ချတဲ့ စိတ်အမူအရာလည်း ရှိတယ်။ အတ္ထဒ္ဓေါ၊ ခက်ထန်တင်းမာတဲ့ စိတ်ဓာတ်လည်း မရှိဘူး။

အဲဒီလို ပုဂ္ဂိုလ်မျိုးသည် - တာဒိသော လဘတေ ယသံ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ဂုဏ်သတင်း ကျော်ကြားခြင်းဆိုတဲ့ အကျိုးကျေးဇူး, အခြွေရံ ပရိသတ် များပြားခြင်းဆိုတဲ့ အကျိုးကျေးဇူး။ ဒီနှစ်ခု ရရှိနိုင်တယ်။ ဟုတ်,မဟုတ် လောကမှာ ဆန်းစစ်ကြည့်ပါနော်။ “ဟာ ... ဒီကောင်မ သွားမစနဲ့ ဒင်းပါးစပ် ငါကြောက်လွန်းလို့” ဟော ... အဲဒီလို ဆိုလို့ရှိရင် သူ့ရဲ့ ဂုဏ်သတင်း ပျံ့နှံ့နေလား? မပျံ့နှံ့တော့ဘူး။ သူ့မှာ အဲဒီလို နှုတ်ကြမ်း, အာကြမ်းနဲ့ ဗရမ်းဗတာ ပြောတတ်တဲ့ပုဂ္ဂိုလ်မှာ ခစားနေတဲ့ ပရိသတ်ဆိုတာ ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ ဒါကတော့ သတိထားနော်။ နှုတ်သရမ်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနားမှာ ဘယ်သူကမှ အဖက်-လုပ်ပြီး စကားပြောချင်တဲ့စိတ်ထား မရှိဘူး။

အဲဒါကြောင့် ဘုရားရှင်က ဒီနေရာမှာ - သီလနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်သည် သိမ်မွေ့နူးညံ့တဲ့ စကားလည်း ရှိတယ်, ဉာဏ်ပညာကို ဖြစ်စေတတ်တဲ့ စကားတွေလည်း ရှိတယ်, ဉာဏ်ပညာကို ဖြစ်စေတတ်တဲ့ စကားတွေကို ပြောကြားတတ်တဲ့ အလေ့အထတွေလည်း သူ့မှာ ရှိတယ်, နှိမ်ချတဲ့ ကိုယ်အမူအရာ, နှိမ်ချတဲ့ နှုတ်အမူအရာ, နှိမ်ချတဲ့ စိတ်အမူအရာလည်း ရှိတယ်, ခက်ထန်တင်းမာတဲ့ စိတ်ထားလည်း မရှိဘူး။ အဲဒီလို ပုဂ္ဂိုလ်မျိုးသာလျှင် ဂုဏ်သတင်း ကျော်ကြားခြင်းဆိုတဲ့ အကျိုးတရားကို ရနိုင်တယ်, အခြွေရံ များပြားခြင်းဆိုတဲ့ အကျိုးတရားကို ရနိုင်တယ်ဆိုပြီးတော့ မြတ်စွာဘုရား ဒီလို ဟောထားတယ်။ အဲဒီတော့ အဲဒီလို ဟောကြားချက်တွေနဲ့ ပတ်သက်-ပြီးတော့ နောက်တစ်ဆင့်တက်ပြီးတော့ ပရာဘဝသုတ္တန်မှာ မြတ်စွာဘုရား ဟောထားတာလေး တစ်ခုရှိတယ်။

‘‘ဇာတိတ္ထဒ္ဓေါ ဓနတ္ထဒ္ဓေါ, ဂေါတ္တတ္ထဒ္ဓေါ စ ယော နရော၊

ပရာဘဝသုတ်မှာ ဘုရားဟောထားတယ်။ ဇာတိတ္ထဒ္ဓေါ၊ အမျိုးဇာတ်ကို အကြောင်းပြုပြီးတော့ ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတယ်။ ငါက ဘယ်လိုအမျိုး၊ ဒင်းတို့က ဘယ်လိုအမျိုး၊ တို့အမျိုးက ဘယ်လိုအမျိုးဆိုပြီးတော့ အမျိုးအနွယ် ဇာတိမာန်ကို အကြောင်းပြုပြီးတော့ မာန်မာနတွေ ခက်ထန်-တင်းမာတဲ့စိတ်ထားတွေ ရှိပြန်တယ်။

ဓနတ္ထဒ္ဓေါ၊ မိမိက စည်းစိမ်ဥစ္စာ ကြွယ်ဝနေပြီဆိုရင်လည်း ကြွယ်ဝ-ချမ်းသာနေတဲ့ ဒီစည်းစိမ်ဥစ္စာကို အခြေခံပြီး ခက်ထန်တင်းမာတဲ့စိတ်ထား ရှိပြန်တယ်။ ဂေါတ္တတ္ထဒ္ဓေါ၊ မိမိတို့ရဲ့ အိမ်သူအိမ်သား အမျိုးအနွယ် တစ်မျိုးပေါ့။ ခုနကတော့ ဇာတ်, အခုတော့ အနွယ်။ ခုနက ပုဏ္ဏား ဆိုပေမဲ့လို့ ပုဏ္ဏားဆိုတောင်မှ ယှဉ်ပြိုင်လိုက်မယ် ဆိုလို့ရှိရင် ပုဏ္ဏားတစ်မျိုးနဲ့တစ်မျိုး မတူဘူး။ အာဒိစ္စပုဏ္ဏားမျိုးဆိုရင် သူတို့ ယူဆတာက သူတို့က ဗြဟ္မာမင်းရဲ့ ဦးခေါင်းက ပေါက်ပြီး မွေးလာတာတဲ့ - သူတို့ကို သူတို့ လက်ခံတယ်။ တချို့-ပုဂ္ဂိုလ်တွေကျတော့ ဗြဟ္မာမင်းရဲ့ ခြေထောက်က မွေးတယ်လို့ ယူဆတယ်။ တချို့ကျတော့ ဗြဟ္မာမင်းရဲ့ အာခံတွင်းက မွေးတယ်လို့ ယူဆတယ်။ ဒါကြောင့် သူတို့က ပုဏ္ဏားအချင်းချင်းတောင် အနွယ်ကို အကြောင်းပြုပြီးတော့ ခက်ထန်တင်းမာတဲ့စိတ်ထားတွေ ရှိကြတယ်။ အဲဒီလို ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေဟာ ဘာလုပ်လဲ?

သညာတိံ အတိမညေတိ, တံ ပရာဘဝတော မုခံ’’။

သညာတိံ၊ မိမိတို့ ဆွေမျိုးသားချင်းအပေါ်၌သော်လည်း မထီမဲ့မြင် ပြုလုပ်တတ်၏၊ ဟော ... မိမိရဲ့ ဆွေမျိုးသားချင်းအပေါ်၌လည်း မထီမဲ့မြင် ပြုလုပ်တတ်တဲ့ စိတ်ထားရှိတယ်။ ဇာတ်ကို အကြောင်းပြုပြီးတော့, စည်းစိမ်ဥစ္စာကို အကြောင်းပြုပြီးတော့, အနွယ်ကို အကြောင်းပြုပြီးတော့ ခက်ထန်-တင်းမာတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်က မိမိကို အလွန်ရင်းနှီးနေတဲ့ ဆွေမျိုးသားချင်းတွေအပေါ်၌သော်လည်း မထီမဲ့မြင် ပြုလုပ်တတ်တဲ့ စိတ်ထားရှိတယ်။ အဲဒီ ဆွေမျိုးသားချင်းတွေအထဲမှာ အနီးကပ်ဆုံးဆွေမျိုးသည် အမိ, အဘ ဖြစ်တယ်။ နောက်တစ်ဆင့် နီးကပ်တဲ့ဆွေမျိုးက အစ်ကို, အစ်မ, ညီမ, မောင်လေး စသည်ဖြင့် ဒီလို ဆွေမျိုးတွေ ရှိကြပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေအပေါ်၌သော်လည်း မိမိတို့က ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတယ်။ မထီမဲ့မြင် ပြုလုပ်လိုတဲ့ စိတ်ထားရှိပြီ။ အဲဒီလို စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပျက်စီးဖို့ အကြောင်းတစ်ခုဖြစ်တယ်လို့ ဘုရားက ဟောတယ်။ ဘာဖြစ်လို့ ပျက်စီးရလဲ?

အမိရင်း, အဖရင်းပေါ်မှာတောင်မှ မထီမဲ့မြင် ပြုလုပ်နေတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် မိဘသော်လည်း ဒီသား, ဒီသမီးအပေါ်၌ ကူညီရိုင်းပင်းလိုတဲ့ စိတ်ထားရှိသလား? မရှိဘူး။ အစ်ကိုတွေ, အစ်မတွေအပေါ်မှာ ခက်ထန်တင်းမာနေတဲ့ စိတ်ထားရှိတဲ့ ဒီပုဂ္ဂိုလ်တစ်ယောက် ဒီအစ်ကို, အစ်မတွေကလည်း ကူညီရိုင်းပင်းချင်တဲ့စိတ်ထား ရှိဦးမလား? “ဒင်းထိုက်နဲ့ ဒင်းကံ ရှိပါစေတော့” ဆိုပြီးတော့ ပယ်လျက်ထားချင်တဲ့ စိတ်ထားသာ များလာမယ်။ ညီမတွေ, မောင်တွေအပေါ်မှာလည်း ခက်ထန်တင်းမာစွာနဲ့ ဆက်ဆံနေတဲ့ စိတ်ထားရှိ ပုဂ္ဂိုလ်တစ်ယောက် အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်ကို ဒီညီမလေးတွေ, ဒီမောင်လေးတွေကလည်း ကူညီရိုင်းပင်းချင်တဲ့ စိတ်ထား ရှိဦးမလား? မရှိတော့ဘူး။ ဒင်းနဲ့တွေ့ရမှာ, မျက်နှာချင်းဆိုင်တွေ့ရမှာ အင်မတန် ကြောက်နေတယ်။

အဲ ... တခြားပိုပြီးတော့ ဝမ်းကွဲတို့, ဘာတို့ ဖြစ်တဲ့ ဆွေမျိုးသားချင်းတွေက ပြောဖို့ရာ လိုသေးသလား? မလိုတော့ဘူး။ ဘယ်သူမှ သူ့အိမ်ကို ကပ်ချင်တဲ့စိတ်ထား မရှိဘူး။ မရှိတဲ့အတွက် ဒီလို ဆွေမျိုးသားချင်းတွေအပေါ်မှာ မထီမဲ့မြင် ပြုလုပ်တတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မိမိရဲ့ ဆွေမျိုးသားချင်းတွေက ဝိုင်းဝိုင်းလည် ကူညီချင်တဲ့စိတ်ထား ရှိဦးမလား? မရှိတော့ဘူး။ မကူညီချင်တော့ဘူး ဆိုလို့ရှိရင်တော့ အဲဒါ ပျက်စီးဖို့ အကြောင်းဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်နေပြီ။ ဒါ စဉ်းစားကြနော်။ နောက်တစ်ခု -

ဒီလို ခက်ထန်တင်းမာနေတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်အဖို့ ဘယ်ပုဂ္ဂိုလ်ကမှ သူ့ကိုလည်း ကောင်းတဲ့တရားဓမ္မတွေ ဟောကြားပြသပေးချင်တဲ့ စိတ်ထား မရှိတော့ဘူး။ “မိတ်ဆွေ ...သီလကျင့်စဉ်ဆိုတာ ဒီလို ဖြည့်ကျင့်ရတယ်, သမာဓိကျင့်စဉ်ဆိုတာ ဒီလို ဖြည့်ကျင့်ရတယ်, ပညာကျင့်စဉ်ဆိုတာ ဒီလို ဖြည့်ကျင့်ရတယ်” လို့ လာပြီး သွန်သင်ပေးချင်တဲ့ စိတ်ထားကော ရှိသေးလား? မရှိတော့ဘူး။ ဘာဖြစ်လို့လဲ? သူက အမြဲတမ်း အပေါ်စီးကနေတယ်။ ခက်ထန်တင်းမာတဲ့ စိတ်ထားရှိတယ်။ အဲဒီလို ခက်ထန်တင်းမာတဲ့ စိတ်ထားရှိပြီး အပေါ်စီးကနေတဲ့ပုဂ္ဂိုလ်ကို သင်ပေးချင်တဲ့စိတ်ထား ရှိဦးမလား? မရှိတော့ဘူး။ ဆုတ်ယုတ်ပျက်စီးဖို့အကြောင်းတွေ များစွာမဖြစ်ဘူးလား? ဖြစ်နေပြီ။

နာမည်ကျော်ဖြစ်တဲ့ စူဠပန္ထကမထေရ်ကြီးပဲ ကြည့်ပေါ့ ... ကောဌိလမထေရ်ကြီးက ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခြင်းကြောင့် နောက်ဆုံး ဆိုကြပါတော့လေ - ဘုရားရှင် သွားကန်တော့တော့ ဘုရားရှင်ကနေပြီးတော့ တုစ္ဆကောဌိလ = အချည်းနှီး ဘာမှအနှစ်မရှိတဲ့ ကောဌိလကြီး ဘုရားက ဒီလိုခေါ်တော့ သူက နည်းနည်း နာသွားတယ်။ နည်းနည်း နာသွားတော့ ဘာဖြစ်လို့ ဘုရားက သူ့ကို ဒီလိုခေါ်ရလဲ? သူ့-ကိုယ်သူ ပြန်ဆန်းစစ်ကြည့်လိုက်တော့ သူက ပရိယတ္တိမာန်စွယ် ထောင်-နေတဲ့ပုဂ္ဂိုလ်ဆိုတာ သူ့ဟာသူ သဘောပေါက်တယ် -

သဘောပေါက်တဲ့ အချိန်ခါကျတော့ ဘုရားရှင် နှစ်ခြိုက်တဲ့တရားတွေ ငါရအောင် ကျင့်မယ်ဆိုပြီးတော့ တရားလျှောက်ပြီး ကမ္မဋ္ဌာန်းတောင်းလိုက်တာ။ ဘယ်မထေရ်ကမှ ကမ္မဋ္ဌာန်းပေးချင်တဲ့ဆန္ဒ မရှိဘူး။ နောက်ဆုံး ၇-နှစ်အရွယ် ကိုရင်လေးထံ လွှတ်လိုက်တယ်။ ရဟန္တာမထေရ်ပါပဲ။ အဲဒီ ကိုရင်လေးထံမှာ လက်အုပ်ချီပြီး ကမ္မဋ္ဌာန်းတောင်းလိုက်တော့မှ ကိုရင်လေးက ကမ္မဋ္ဌာန်းပေးလိုက်တယ်။ အဲဒီအခါကျမှ တရားအားထုတ်-ဖြစ်တယ်။ ဒီလို ခက်ထန်တင်းမာနေတဲ့စိတ်ထား ရှိနေခဲ့ဦးမယ်ဆိုရင် ဒီကိုရင်ကော ကမ္မဋ္ဌာန်း ပေးဦးမလား? ဒီခါကျမှ သူက မာနကျတယ်နော်။

ဒါကြောင့် အကယ်၍များ သူ့ကို ဘယ်ကိုရင်ကမှ ကမ္မဋ္ဌာန်းမပေးဘူး, ကမ္မဋ္ဌာန်းတရားတွေ သင်မပေးတော့ဘူးဆိုရင် သူ့အတွက် တိုးတက်မှု-ဆိုတာ ဖြစ်နိုင်ဦးမလား? မဖြစ်တော့ဘူး။ ပျက်စီးဖို့အကြောင်းပဲ။ နောက်တစ်ခု ပျက်စီးဖို့အကြောင်းကတော့ အဲဒီ ခက်ထန်တင်းမာနေတဲ့ ဒီစိတ်-ထားကို ပယ်နှုတ်နိုင်တဲ့စွမ်းအား မရှိတော့ ဒီစိတ်ထားကို ခက်ထန်တင်းမာနေတဲ့ မာန်မာနပြဋ္ဌာန်းနေတဲ့ ဒီစိတ်ထားတွေက ဒီသတ္တဝါကို ဘယ်ရောက်အောင် ပို့ဆောင်ပေးမလဲ? အပါယ်လေးဘုံရောက်အောင် ပို့ဆောင်ပေးမယ်။ မပျက်စီးဘူးလား? ပျက်စီးသွားတယ်။ ဒါကြောင့် -

‘‘ဇာတိတ္ထဒ္ဓေါ ဓနတ္ထဒ္ဓေါ, ဂေါတ္တတ္ထဒ္ဓေါ စ ယော နရော၊ သညာတိံ အတိမညေတိ, တံ ပရာဘဝတော မုခံ’’။

ဇာတိတ္ထဒ္ဓေါ၊ အမျိုးဇာတ်အားဖြင့် ခက်ထန်တင်းမာတဲ့ စိတ်ထား-ရှိသော ပုဂ္ဂိုလ်သည်လည်းကောင်း။ ဓနတ္ထဒ္ဓေါ၊ စည်းစိမ်ဥစ္စာ ဂုဏ်သိမ်အားဖြင့် ခက်ထန်တင်းမာတဲ့ စိတ်ထားရှိသော ပုဂ္ဂိုလ်သည်လည်းကောင်း။ ယော နရော၊ အကြင် လူသားတစ်ဦးသည်။ ဇာတိတ္ထဒ္ဓေါ စ၊ အမျိုးဇာတ်အားဖြင့် ခက်ထန်တင်းမာသော စိတ်ထားရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဓနတ္ထဒ္ဓေါ စ၊ စည်းစိမ်ဥစ္စာ ဂုဏ်သိမ်အားဖြင့် ခက်ထန်တင်းမာသော စိတ်ထားရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဂေါတ္တတ္ထဒ္ဓေါ စ၊ အနွယ်အားဖြင့် ခက်ထန်တင်းမာသော စိတ်ထား-ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ သညာတိံ၊ မိမိရဲ့ ဆွေမျိုးသားချင်းအပေါ်၌။ အတိမညေတိ၊ မထီမဲ့မြင် ပြုလုပ်တတ်ပေ၏။ သော နရော၊ ထိုကဲ့သို့သော လူသားသည်။ တဿ၊ ထိုပုဂ္ဂိုလ်၏။ တံ၊ ထိုကဲ့သို့ ပြုကျင့်ခြင်းသည်။ ပရာဘဝတော၊ ပျက်စီးခြင်း၏။ မုခံ၊ အကြောင်းတရားပါပေတည်း။

ဒီလူသားတစ်ဦးက ဇာတ်ကို အကြောင်းပြုပြီးတော့ ခက်ထန်တင်း-မာသော စိတ်ထားရှိတယ်, အနွယ်ကို အကြောင်းပြုပြီးတော့ ခက်ထန်တင်းမှု ရှိတယ်, မိမိရဲ့ ဆွေမျိုးများအပေါ်၌ မထီမဲ့မြင် ပြုလုပ်တတ်တဲ့စိတ်ထား ရှိတယ်။ အဲဒီလို စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်သည် ပျက်စီးဖို့ရန်အတွက် အကြောင်းတစ်ခုဖြစ်တယ်လို့ ဒီလို ဘုရားဟောထားတယ်။ ဒါကြောင့် ဒီခက်ထန်တင်းမာနေတဲ့ စိတ်ထားက မိမိတို့ကို ဘယ်သို့ရောက်အောင် ပို့ဆောင်ပေးမလဲ ဆိုတာကို ပြန်ပြီးစဉ်းစားတတ်ဖို့တော့ လိုအပ်ပါတယ်။

ဒီနေရာမှာ အရှင်သာရိပုတ္တရာ၏ နိဝါတဂုဏ်လေး အဋ္ဌကထာဆရာ-တော်က ကြည်ညိုဖွယ် ထုတ်ဆောင်ပြထားပါတယ်နော်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဝစနက္ခမ၊ ပြောဆိုဆုံးမတာကို ခံယူတဲ့နေရာမှာ စိတ်ထားက အင်မတန် ပျော့ပျောင်းတယ်။ ဘယ်ပုဂ္ဂိုလ်ကမဆို လာပြီး ပြောမယ်ဆိုရင် ပြောဆိုတဲ့စကား တရားသောစကားသာ ဖြစ်ပါစေ ထိုစကားကို ခံယူလိုတဲ့စိတ်ထား ထိုရှင်သာရိပုတ္တရာမှာ ရှိတယ်။ ဒီတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဆိုတာက ဘယ်လိုပုဂ္ဂိုလ်လဲ ပြန်ကြည့်ပါ။

ဘုရားရှင်ကလွဲရင် သာသနာတော်မြတ်ကြီးမှာ ဉာဏ်ပညာ အကြီး-မားဆုံး သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ စကြဝဠာတစ်ခုလုံး မိုးအပြည့် ရွာသွန်းနေသည် ဖြစ်ချင်ဖြစ်ပါစေ၊ အဲဒီ မိုးရေပေါက် ဘယ်နှစ်ပေါက် ရှိတယ်ဆိုတာကို ရေတွက်နိုင်တဲ့ ဉာဏ်ပညာရှိတယ်။ ကဲ တရားနာ ပရိသတ်တွေ ဘုန်းကြီး နှိမ်ချပြောတာ မဟုတ်ပါဘူး။ ဒီကျောင်းဝင်းထဲ ရွာသွန်းလိုက်တဲ့ မိုးရေပေါက် ဘယ်နှစ်ပေါက်ရှိလဲ သိလား? ဟင်! ဘယ်သူများ ရေနိုင်သလဲ? ရှင်သာရိပုတ္တရာနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် များစွာ မကွာဘူးလား? ကွာပါတယ်။ အဲဒီလောက် ဉာဏ်ပညာကြီးမားတဲ့ သူတော်ကောင်းတစ်ဦးက ဘာဖြစ်သလဲ?

# ရှင်သာရိပုတ္တရာထေရ်မြတ်၏ ဩဝါဒခံယူပုံနှင့် တောင့်တချက်

ဧကော ဟိ ပရဿ ဩဝါဒံ ဒေတိ, သယံ ပန အညေန ဩဝဒိယမာနော ကုဇ္ဈတိ။

ဧကော၊ အချို့သော ပုဂ္ဂိုလ်သည်ကား။ ပရဿ၊ သူတစ်ပါးအား။ ဩဝါဒံ၊ အဆုံးအမကို။ ဒေတိ၊ ပေးတတ်၏။ သယံ ပန၊ မိမိကိုယ်တိုင်ကား။ အညေန၊ အခြားတစ်ပါးသော ပုဂ္ဂိုလ်သည်။ ဩဝဒိယမာနော၊ ဆိုဆုံးမခဲ့သည်ရှိသော်။ ကုဇ္ဈတိ၊ ငါ့ကို ပြောရကောင်းလားဟူ၍ အမျက်ထွက်တတ်၏၊

လောကရဲ့ သဘာဝလေးတစ်ခု - တချို့တချို့ ပုဂ္ဂိုလ်တွေက သူတစ်ပါးကို ဆိုဆုံးမမယ်ဆိုရင် ဆုံးမတတ်တယ်။ မိမိကို သူတစ်ပါးက ပြောဆိုဆုံးမပြီ ဆိုရင်တော့ ဘာဖြစ်သလဲ? “ငါ့ကို ဒီလို ပြောရမလား” ဆိုပြီးတော့ အမျက်ထွက်တတ်ပြန်တယ်။ ဟုတ်သလား, မဟုတ်ဘူးလား? “လာပြောမနေနဲ့ ... စိတ်တိုလာပြီ။ သွား ... မရှည်နဲ့” ဒီပုံစံမျိုးတွေ မရှိဘူးလား? ဟော ... သီလရှင်တွေ ပြုံးနေတယ်။ ဟုတ်တယ်နဲ့ တူတယ်။ ကဲ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကတော့ ဘယ်လိုရှိလဲ?

ထေရော ပန ပရဿပိ ဩဝါဒံ ဒေတိ, သယံ ဩဝဒိယမာနောပိ သိရသာ သမ္ပဋိစ္ဆတိ။

ထေရော ပန၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်ကား။ ပရဿပိ၊ သူတစ်ပါးတို့အားလည်း။ ဩဝါဒံ၊ ဆုံးမဩဝါဒကို။ ဒေတိ၊ ပေးသနားတော်မူတတ်၏။ သယံ၊ မိမိကို။ ဩဝဒိယမာနောပိ၊ ပြောဆို ဆုံးမခဲ့သည်ရှိသော်လည်း။ သိရသာ၊ ဦးခေါင်းဖြင့်။ သမ္ပဋိစ္ဆတိ၊ ခံယူတတ်၏၊

မိမိကလည်း သူတစ်ပါးကို ဆိုဆုံးမတယ်။ မိမိကို သူတစ်ပါးက လာပြီး ဆုံးမပြီဆိုရင် ဦးခေါင်းဖြင့် ခံယူတယ်။ ဦးထိပ်ထား ခံယူတယ်။ ဘယ်လိုလဲ? ထုံးလေးတစ်ခု ထောက်ပြထားတယ်။

ဧကဒိဝသံ ကိရ သာရိပုတ္တတ္ထေရံ သတ္တဝဿိကော သာမဏေရော – ‘‘ဘန္တေ, သာရိပုတ္တ, တုမှာကံ နိဝါသနကဏ္ဏော ဩလမ္ဗတီ’’တိ အာဟ။

ဧကဒိဝသံ၊ တစ်နေ့သ၌။ သာရိပုတ္တတ္ထေရံ၊ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို။ သတ္တဝဿိကော၊ ခုနှစ်နှစ်သား အရွယ်ရှိသော။ သာမဏေရော၊ သာမဏေလေးက။ ဘန္တေ သာရိပုတ္တ၊ အရှင်ဘုရား သာရိပုတ္တရာ။ တုမှာကံ၊ အရှင်ဘုရားတို့၏။ နိဝါသနကဏ္ဏော၊ သင်းပိုင်အစွန်းသည်ကား။ ဩလမ္ဗတိ၊ တွဲလဲဆွဲ၍ နေပါ၏။ ဣတိ၊ ဤသို့။ အာဟ၊ လျှောက်ထားလေ၏၊

တစ်နေ့ပေါ့ - ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို ခုနှစ်နှစ်သားအရွယ် ကိုရင်လေးတစ်ပါးကနေပြီးတော့ “အရှင်ဘုရား သာရိပုတ္တရာ ... အရှင်ဘုရား ဝတ်ထားတဲ့သင်းပိုင်က အစွန်းကြီး တွဲလဲကျနေတယ်, မညီမညာ ဖြစ်နေတယ်” ဆိုပြီးတော့ လျှောက်ထားလိုက်တယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်ခါမှာ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဘာလုပ်သလဲ?

ထေရော ကိဉ္စိ အဝတွာဝ ဧကမန္တံ ဂန္တွာ ပရိမဏ္ဍလံ နိဝါသေတွာ အာဂမ္မ ‘‘ဧတ္တကံ ဝဋ္ဋတိ အာစရိယာ’’တိ အဉ္ဇလိံ ပဂ္ဂယှ အဋ္ဌာသိ။

ထေရော၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော်မျှ။ အဝတွာဝ၊ မပြောကြားမူ၍သာ။ ဧကမန္တံ၊ အပြစ်ခြောက်ပါး ကင်း၍ သင့်တင့်လျောက်ပတ်သော တစ်နေရာသို့။ ဂန္တွာ၊ သွား၍။ ပရိမဏ္ဍလံ၊ အဝန်းညီစွာ။ နိဝါသေတွာ၊ သင်းပိုင်ကို ပြင်ဝတ်၍။ အာဂမ္မ၊ တစ်ဖန် ပြန်လာ၍။ အာစရိယ၊ ဆရာ။ ဧတ္တကံ၊ ဤမျှလောက်သည်ကား။ ဝဋ္ဋတိ၊ သင့်တင့်လျောက်ပတ်ပါ၏လော။ ဣတိ၊ ဤသို့။ အဉ္ဇလိံ၊ လက်အုပ်ကို။ ပဂ္ဂယှ၊ ချီမြှောက်၍။ အဋ္ဌာသိ၊ ရပ်တည်တော်မူလေ၏၊

ရှင်သာမဏေလေးဘက်ကို လက်အုပ်ချီပြီးတော့မှ မတ်တပ်ရပ်တယ်။ ဘာမှ သူက ပြန်မပြောဘူး။ “ငါ့ ဘာလာပြောနေတာလဲ သွား ... လျှာမရှည်နဲ့” ဟော ဒီပုံစံမျိုး ရှိသလား? မရှိဘူး။ အဲဒီလို ပုံစံမျိုး မရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လို ပုဂ္ဂိုလ်လဲ? စကြဝဠာတစ်ခုလုံးကို ရွာသွန်းနေတဲ့ မိုးရေကို ဘယ်နှစ်ပေါက်ရှိတယ်ဆိုတာ ရေတွက်နိုင်တဲ့ ဉာဏ်ပညာကြီးတဲ့ ပုဂ္ဂိုလ်ပါ။ မိမိရဲ့ ဉာဏ်ပညာကို ပြန်ကြည့်ပါ။ စကောလောက်ရှိတဲ့ နေရာလေးမှာ ရွာသွန်းနေတဲ့မိုး ဘယ်နှစ်ပေါက် ရှိလဲတောင် ရေတွက်လို့ ရသလား? မရပါဘူး။ ဒီလောက် ဉာဏ်ပညာကြီးမားတဲ့ ပုဂ္ဂိုလ်တောင်မှ တစ်ဖက်သားက လာပြီး ဆုံးမတဲ့အခါ ဘာမှမပြောတဲ့ စိတ်ထားရှိတယ်ဆိုရင် မိမိလို ဉာဏ်ပညာ ပမွှားလေးတစ်ယောက်က တစ်ဖက်သားပုဂ္ဂိုလ်က လာပြီး ဆုံးမတယ်ဆိုရင် ပြန်ပြီး ရန်ထောင်နေဖို့ လိုသေးလား? မလိုပါဘူး။ သာသနာတော်မှာနေတဲ့ပုဂ္ဂိုလ်ဆိုတာ ဒီလို နှိမ်ချတဲ့စိတ်ထား ရှိဖို့လိုတယ်။

ဒီတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာသွား သင်းပိုင်လေး အဝန်းညီအောင် ပြန်ဝတ်ပြီးတဲ့အခါ ပြန်လာပြီး “ဆရာ ဒီလောက်ဆိုလို့ရှိရင် သင့်တင့်ပြီလား” ဆိုပြီး လက်အုပ်ကလေးချီပြီးတော့ မတ်တပ်ရပ်တယ်။ မတ်တပ်ရပ်ရုံတွင်လား ဆိုရင်တော့ မကသေးဘူး။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ထိုနေရာမှာ ကြုံးဝါးပါတယ်။ အဲဒီ ကြုံးဝါးတာလေးကို သာသနာတော်က သိပ်ပြီး သဘောကျလွန်းလို့ မှတ်တမ်းတင်ထားတယ်။ ဘယ်လို ကြုံးဝါးသလဲ?

‘‘တဒဟု ပဗ္ဗဇိတော သန္တော, ဇာတိယာ သတ္တဝဿိကော၊ သောပိ မံ အနုသာသေယျ, သမ္ပဋိစ္ဆာမိ မတ္ထကေ’’။

ဇာတိယာ၊ ပဋိသန္ဓေအားဖြင့်။ သတ္တဝဿိကော၊ ခုနှစ်နှစ်သား အရွယ်ရှိသေးသော။ တဒဟုပဗ္ဗဇိတော၊ ထိုနေ့မှ ရှင်ရဟန်းပြု၍လာသော ပုဂ္ဂိုလ်သည်။ သန္တော၊ ဖြစ်ချင်လည်း ဖြစ်ပါစေ။ သောပိ၊ ထိုပုဂ္ဂိုလ်သည်လည်းပဲ။ မံ၊ ငါ့ကို။ စေ အနုသာသေယျ၊ ဆိုဆုံးမခဲ့သည်ဖြစ်ငြားအံ့။ အဟံ၊ ငါသည်။ တဿ၊ ထိုပုဂ္ဂိုလ်၏။ တံဝစနံ၊ ထိုဆိုဆုံးမနေတဲ့စကားကို။ မတ္ထကေ၊ ဦးခေါင်းထက်၌။ သမ္ပဋိစ္ဆာမိ၊ ရိုသေစွာ ခံယူပါ၏၊

ကြည့်စမ်းနော် ... ပဋိသန္ဓေကနေ စပြီးတော့ ရေတွက်ကြည့်မယ် ဆိုရင် ခုနှစ်နှစ်အရွယ်ပဲရှိတဲ့ ပုဂ္ဂိုလ်, ထိုနေ့မှ ရှင်ရဟန်းဖြစ်လာတဲ့ ပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်ပါစေ အဲဒီလို ပုဂ္ဂိုလ်မျိုးက ငါ့ကိုများ အကယ်၍ လာဆိုဆုံးမခဲ့မယ်ဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ ထိုဆိုဆုံးမမှုကို ငါ ဦးထိပ်ထက်မှာ ရိုသေစွာ ထားပြီးတော့ ခံယူပါတယ်။ သူတော်ကောင်းဆိုတာ ဒီလို နှိမ်ချတဲ့ စိတ်ထား ရှိရပါတယ်။ သို့သော် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက အမြဲတမ်း သူက ခေါင်းကို ခြုံပုတ်ထဲထိုး အောက်ချထားသလား? ဒီလိုလဲ မဟုတ်ပါဘူး။

ကြည်ညိုဖွယ်ကောင်းတဲ့ ရှင်သာရိပုတ္တရာ ဂုဏ်ရည်တစ်ခုကတော့ - ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးရဲ့ တောင့်တချက်ပဲ။ အဲဒီ တောင့်တချက်ကို ဘုန်းကြီးကတော့ သိပ်ပြီး သဘောကျတယ်။ သဘောကျတဲ့ ပရိသတ်တွေလည်း ရှိကောင်း ရှိလိမ့်မယ်။ မကျတာလည်း ရှိလိမ့်မယ်လို့ ဘုန်းကြီးက ထင်ပါတယ်နော်။ အဲဒီတော့ ရှင်သာရိပုတ္တရာရဲ့ တောင့်တချက်က ဘာလဲဆိုတော့ သူက -

ပါပဂရဟီ၊ မကောင်းတဲ့ပုဂ္ဂိုလ်, ယုတ်မာတဲ့ပုဂ္ဂိုလ်ကိုလည်း ရှင်သာရိပုတ္တရာက ကဲ့ရဲ့တယ်။ ယုတ်မာတဲ့ အကုသိုလ်တရားတွေကိုလည်း ကဲ့ရဲ့တယ်။ အဲဒီကဲ့ရဲ့တဲ့ နေရာမှာ ရှင်သာရိပုတ္တရာရဲ့ တောင့်တချက်ကလေး ဘုန်းကြီးက သဘောကျလွန်းလို့နော်။ ဘယ်လို ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက တောင့်တသလဲ?

ပါပပုဂ္ဂလေ န ပဿေ, န တေသံ ဝစနံ သုဏေ, တေဟိ သဒ္ဓိံ ဧကစက္ကဝါဠေပိ န ဝသေယျံ။

ပါပပုဂ္ဂလေ၊ ယုတ်မာတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တို့ကို။ န ပဿေ၊ မမြင်မတွေ့ရပါလို၏။ တေသံ၊ ထိုယုတ်မာတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တို့၏။ ဝစနံ၊ စကားကို။ န သုဏေ၊ မနာမကြားရပါလို၏၊

ဘယ်လောက်ကောင်းလိုက်လဲနော်။ ယုတ်မာနေတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ မမြင်မတွေ့ပါရစေနဲ့။ ယုတ်မာနေတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်ရဲ့ စကားကို ဘယ်တော့မှ မကြားပါရစေနဲ့။ ဘယ့်နှယ်တုံး သဘောကျကြရဲ့လား? ကိုယ်က ဘယ်ထဲ ပါနေသလဲ? အဲဒါ ပြန်ကြည့်နော်။ သူများ ကျတယ် ကျတယ် ပြောနေတယ်။ ကိုယ်ကိုယ်တိုင်က ယုတ်မာတဲ့ပုဂ္ဂိုလ် ဖြစ်နေရင် ဟန်ပါဦးမလား? မဟန်တော့ဘူး။ ဒါ သတိရှိကြ။

ပါပပုဂ္ဂလေ၊ ယုတ်မာတဲ့ပုဂ္ဂိုလ်တို့ကို။ န ပဿေ၊ ဘယ်တော့မှ မမြင်တွေ့ရပါလို၏။ တေသံ၊ ထိုယုတ်မာတဲ့ ပုဂ္ဂိုလ်တို့၏။ ဝစနံ၊ စကားကို။ န သုဏေ၊ မနာမကြားရပါလို၏။ တေဟိ၊ ထိုယုတ်မာတဲ့ ပုဂ္ဂိုလ်တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ ဧကစက္ကဝါဠေပိ၊ တစ်ခုသော စကြဝဠာတစ်ခုအတွင်း၌ သော်လည်းပဲ။ န ဝသေယျံ၊ ဘယ်တော့မှ မနေထိုင်ရပါလို၏၊

အမလေး ... ကောင်းလိုက်တာ ဟုတ်လား? ဘုန်းကြီးကတော့ အဲဒါလေး သိပ်ပြီးတော့ သဘောကျတယ်။ တစ်အိမ်တည်း, တစ်ကျောင်းထဲမှာ မနေရတာ သူက ဆုတောင်းသလား? မဟုတ်ဘူး။ သူ့ရဲ့ တောင့်တချက်က စကြဝဠာအတွင်းမှာ ဘယ်တော့မှ မနေထိုင်ရပါစေနဲ့။ ဘယ့်နှယ်တုံး ဒကာကြီးတွေ သဘောကျရဲ့လား? ဟင် ... ကျတယ်လို့တော့ ပြောတာပဲနော်။ တော်တော်ကြာ ဒကာကြီးတွေ ကျတယ် ကျတယ်ဆိုပြီး အိမ်ပြန်ပြေးကြမှာပါ။ ဟုတ်တယ်မလား? ဒီတော့ ယုတ်မာတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကြဝဠာတစ်ခုအတွင်းမှာတောင် ဘယ်တော့မှ မနေထိုင်ပါရစေနဲ့။ ဘုန်းကြီးကတော့ အဲဒီဆုတောင်း သိပ်သဘောကျတယ်နော်။ ယုတ်မာတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ စကြဝဠာတစ်ခုအတွင်းတောင် အတူ မနေထိုင်ရတော့ဘူးဆိုရင် ဒကာကြီးတွေ နိဗ္ဗာန်ရဖို့ရန် တော်တော်လေး နီးကပ်မသွားဘူးလား? နီးကပ်သွားပြီနော်။ ကဲ ... အဲဒီအခါမှာ ရှင်သာရိပုတ္တရာရဲ့ ကြုံးဝါးချက်ကလေး တောင့်တချက်ကလေးတစ်ခု -

‘‘မာ မေ ကဒါစိ ပါပိစ္ဆော, ကုသီတော ဟီနဝီရိယော၊ အပ္ပဿုတော အနာဒရော, သမေတော အဟု ကတ္ထစိ’’

ယော၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ပါပိစ္ဆော၊ ယုတ်မာတဲ့အလိုဆန္ဒရှိ၏။ ကုသီတော၊ ပျင်းရိသော စိတ်ထားလည်းရှိ၏။ ဟီနဝီရိယော၊ ယုတ်ညံ့သော လုံ့လဝီရိယလည်း ရှိ၏။ အပ္ပဿုတော၊ အကြားအမြင် ဗဟုသုတလည်း နည်းပါးလှပေ၏။ အနာဒရော၊ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌ ရိုသေလေးစားတဲ့စိတ်ထားလည်း မရှိ။ မေ၊ ငါ့အား။ ကဒါစိ၊ ဘယ်အခါမဆို။ ကတ္ထစိ၊ တစ်စုံတစ်ခုသော အရပ်၌။ သမေတော၊ ပေါင်းဆုံရခြင်းသည်။ မာ အဟု၊ မဖြစ်ပါစေသတည်း။

ဘယ်လောက် ကောင်းလိုက်သလဲနော်။ သူ့ရဲ့ တောင့်တချက် - ပုဂ္ဂိုလ်တစ်ယောက် ကြည့်လိုက်ရင် ယုတ်မာတဲ့ အလိုဆိုးရှိတယ်။ ကုသီတ = သိပ်လည်း ပျင်းတယ်တဲ့။ ဘယ့်နှယ်တုံး အဲဒီစာရင်းထဲမှာတော့ ဒကာကြီးတွေ ဝင်သလား, မဝင်ဘူးလား? ဟင် ... ဟီနဝီရိယ = ယုတ်ညံ့တဲ့ လုံ့လဝီရိယလည်း ရှိနေတယ်။ အပ္ပဿုတ = အကြားအမြင် ဗဟုသုတဆိုတာလည်း သူ့မှာ ဘာမှ မရှိဘူး။ ခုနက ပြောခဲ့တဲ့အတိုင်းပဲ အနာဒရ = ရိုသေလေးစားမှု မရှိဘူး။ ဘာတွေမှာလဲ?

ဘုရားအပေါ်၌ ရိုသေလေးစားမှု မရှိဘူး, သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြည့်ကျင့်ဖို့ရန်အတွက် သိက္ခာသုံးရပ် အကျင့်မြတ်တွေ၌ ရိုသေလေးစားတဲ့ စိတ်ထားမရှိဘူး, သီတင်းသုံးဖော်အချင်းချင်း တစ်ပါးသည်တစ်ပါးအပေါ်, တစ်ဦးသည်တစ်ဦးအပေါ်မှာလည်း ရိုသေလေးစားတဲ့ စိတ်ထားမရှိဘူး။ အဲဒီလို ရိုသေလေးစားခြင်း စိတ်ထားမရှိတဲ့ ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ ဘယ်တော့မှ ဘယ်နေရာမှာမဆို ပေါင်းဆုံခြင်း မဖြစ်ပါစေသတည်း။ ဒါ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက တောင့်တတယ်။ အဲဒီလို တောင့်တနေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ပြန်ပြီးတော့မေးကြည့်ရင် အလွန် ဉာဏ်ပညာကြီးမားတဲ့ သူတော်ကောင်းကြီးတစ်ဦး ဖြစ်ပါတယ်နော်။

အဲဒီလိုပဲ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ယုတ်မာတဲ့ပုဂ္ဂိုလ်တွေဆိုရင် ကဲ့ရဲ့တတ်တယ်။ ယုတ်မာတဲ့ပုဂ္ဂိုလ်တင် ကဲ့ရဲ့သလားမေးရင် မဟုတ်သေးဘူး။ ယုတ်မာတဲ့ အကုသိုလ်တရားတွေကိုလည်း အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ကဲ့ရဲ့တတ်တယ်။

8g3aj8ws7nnu4dtgudz10xaj0gt7fxg
မင်္ဂလသုတ်-၇၄/၉၇
0
6309
21999
2026-05-22T21:19:25Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၇၄/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၇၃..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
21999
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၇၄/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၇၃/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၇၅/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် ၇၄

‘‘သမဏေန နာမ ရာဂဝသိကေန ဒေါသမောဟဝသိကေန န ဟောတဗ္ဗံ, ဥပ္ပန္နော ရာဂေါ ဒေါသော မောဟော ပဟာတဗ္ဗော’’တိ ဧဝံ ပါပဓမ္မေပိ ဂရဟတိ

သမဏေန နာမ၊ ရဟန်းမည်သည်ကား။ ရာဂဝသိကေန၊ ရာဂအလိုသို့ လိုက်ပါ၍ နေတတ်တဲ့ ပုဂ္ဂိုလ်မျိုးသည်။ န ဟောတဗ္ဗံ၊ မဖြစ်သင့် မဖြစ်ထိုက်ပေ။ ဒေါသဝသိကေန၊ ဒေါသအလို အကြိုက်သို့ လိုက်ပါ၍ နေတတ်တဲ့ ပုဂ္ဂိုလ်မျိုးသည်။ န ဟောတဗ္ဗံ၊ မဖြစ်သင့် မဖြစ်ထိုက်ပေ။ မောဟဝသိကေန၊ မောဟရဲ့အလို အကြိုက်သို့ လိုက်ပါ၍ နေတတ်တဲ့ ပုဂ္ဂိုလ်မျိုးသည်။ န ဟောတဗ္ဗံ၊ မဖြစ်သင့် မဖြစ်ထိုက်ပေ။ ဥပ္ပန္နော ရာဂေါ၊ ဖြစ်ပေါ်လာသော ရာဂတရားတို့ကို။ ပဟာတဗ္ဗော၊ ဖယ်ရှားထိုက် ဖယ်ရှားသင့်ပေ၏။ ဥပ္ပန္နော ဒေါသော၊ ဖြစ်ပေါ်လာသော ဒေါသတရားတို့ကို။ ဥပ္ပန္နော မောဟော၊ ဖြစ်ပေါ်လာသော မောဟတရားတို့ကို။ ပဟာတဗ္ဗော၊ ပယ်ရှားသင့် ပယ်ရှားထိုက်လှပေ၏။ ဧဝံ၊ ဤသို့လျှင်။ ပါပဓမ္မေပိ၊ ယုတ်မာတဲ့ တရားတို့ကို။ ဂရဟတိ၊ ကဲ့ရဲ့တော်မူတတ်ပေ၏၊

အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ယုတ်မာတဲ့ ပုဂ္ဂိုလ်ကိုသာ ကဲ့ရဲ့ရှုတ်ချသည်မဟုတ်ဘူး၊ ယုတ်မာတဲ့ အကုသိုလ်တရားတွေကိုပါ ကဲ့ရဲ့ရှုတ်ချတော်မူတတ်ပါတယ်။ ဘယ်လို ရှုတ်ချသလဲ? ရဟန်းဆိုတာ ရာဂရဲ့ အလိုအကြိုက်သို့ လိုက်ပါပြီးနေတဲ့ ပုဂ္ဂိုလ်မျိုး မဖြစ်သင့်ဘူး, ဒေါသရဲ့ အလိုအကြိုက်သို့ လိုက်ပါတတ်တဲ့ ပုဂ္ဂိုလ်မျိုး မဖြစ်သင့်ဘူး, မောဟရဲ့ အလိုအကြိုက်သို့ လိုက်ပါတတ်တဲ့ ပုဂ္ဂိုလ်မျိုး မဖြစ်သင့်ဘူး။ ဖြစ်ပေါ်လာတဲ့ ရာဂတရားကို ပယ်ရှားသင့်တယ်, ဖြစ်ပေါ်လာတဲ့ ဒေါသတရားကို ပယ်ရှားသင့်တယ်, ဖြစ်ပေါ်လာတဲ့ မောဟတရားကို ပယ်ရှားသင့်တယ်လို့ ဒီလို ယုတ်မာတဲ့ တရားတွေကိုလည်း အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ကဲ့ရဲ့တော်မူတတ်ပါတယ်။

ဒီတော့ သာသနာဘောင်မှာ နေနေတဲ့ပုဂ္ဂိုလ် မှန်ခဲ့ရင်ပေါ့ - ရှင်ပဲ ဖြစ်ဖြစ်, ရဟန်းပဲဖြစ်ဖြစ် သို့မဟုတ် သာသနာတော်ကို မှီတင်းနေထိုင်နေတဲ့ လူဥပါသကာ ဒါယကာပဲဖြစ်ဖြစ်, လူဥပါသိကာမ ဒါယိကာမပဲဖြစ်ဖြစ် ရာဂရဲ့ အလိုအကြိုက်အတိုင်း လိုက်ပါပြုကျင့်ပြီး သာသနာတော်မှာ နေထိုင်ရမလား, မနေထိုင်ရဘူးလား? မနေထိုင်ရဘူးတဲ့။ ဟုတ်ကဲ့လား? ဒကာကြီးတွေ, ဒကာမကြီးတွေ ဟင် ... မှန်ရင် အိမ်ပြန်ဦးမလား? ရာဂရဲ့ အလိုအကြိုက်အတိုင်း လိုက်ပါပြီး နေထိုင်တဲ့ပုဂ္ဂိုလ်မျိုး မဖြစ်ရဘူးဆိုရင် အိမ်ပြန်တတ်တဲ့ပုဂ္ဂိုလ်မျိုးရော ဖြစ်ရမလား?(မဖြစ်ရပါဘူးဘုရား) ဟုတ်ပြီ။ သိပ်ဟန်ကျသွားပြီ။

ဒေါသရဲ့ အလိုအကြိုက် လိုက်ပါပြီးနေတတ်တဲ့ ပုဂ္ဂိုလ်မျိုး မဖြစ်ရဘူးတဲ့။ ဒီလိုဆိုရင် စိတ်တိုရမလား? မတိုရဘူး။ သာသနာတော်မှာ နေတယ်ဆိုတာ မောဟရဲ့ အလိုအကြိုက် လိုက်ပါပြီးနေထိုင်တတ်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမလား? မဖြစ်ရဘူး။ ဖြစ်ပေါ်လာတဲ့ ရာဂတရားကို ပယ်ရှားပစ်ရမယ်, ဖြစ်ပေါ်လာတဲ့ ဒေါသတရားကို ပယ်ရှားပစ်ရမယ်, ဖြစ်ပေါ်လာတဲ့ မောဟတရားကို ပယ်ရှားပစ်ရမယ်။ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပယ်ရှားရမလဲ?

သီလနဲ့ ပယ်ရှားပေးရမဲ့ ရာဂ, ဒေါသ, မောဟကို သီလနဲ့ ပယ်ရှားပစ်ရမယ်။ သမာဓိနဲ့ ပယ်ရှားပေးရမဲ့ ရာဂ, ဒေါသ, မောဟကို သမာဓိနဲ့ ပယ်ရှားပေးရမယ်။ ဝိပဿနာဘာဝနာကျင့်စဉ်ဖြင့် ပယ်ရှားပေးရမဲ့ ရာဂ, ဒေါသ, မောဟကို ဝိပဿနာဘာဝနာကျင့်စဉ်ဖြင့် ပယ်ရှားပေးရတယ်။ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ပယ်ရှားပေးရမဲ့ ကိလေသာတွေကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့် ပယ်ရှားပစ်ရမယ်။ သူ့အဆင့်နဲ့ သူပဲ။

ဒီတော့ သီလက ဘယ်ကိလေသာကို ပယ်ရှားသလဲလို့ မေးတော့ - ကာယကံမြောက် လွန်ကျူးမဲ့ ကိလေသာ, ကာယကံမြောက် လွန်ကျူးဖြစ်တဲ့ ရာဂ, ဒေါသ, မောဟဆိုတဲ့ ကိလေသာကို သီလက ပယ်ရှားပေးတယ်။ ဝစီကံမြောက် လွန်ကျူးတတ်တဲ့ ရာဂ, ဒေါသ, မောဟဆိုတဲ့ အကြမ်းစား ကိလေသာကို သီလက ပယ်ရှားပေးတယ်နော်။ ရာဂရဲ့ အလိုအကြိုက်လိုက်ပြီး, ဒေါသရဲ့ အလိုအကြိုက်လိုက်ပြီး, မောဟရဲ့ အလိုအကြိုက်လိုက်ပြီး စိတ်လိုက်မာန်ပါ မပြုသင့်တာကို ဘယ်တော့မှ မပြုဘူးလို့ ခိုင်မြဲတဲ့ ဆုံးဖြတ်ချက်ဖြင့် ဒီသီလကို စောင့်ထိန်းပေးရတယ်။ မပြောသင့်တာကို ငါ ဘယ်တော့မှ မပြောဘူးဆိုပြီး ခိုင်မြဲတဲ့ ဆုံးဖြတ်ချက်ဖြင့် ဒီသီလကို စောင့်ထိန်းပေးရတယ်။ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ကိလေသာ - ဒါက ဝီတိက္ကမကိလေသာလို့ ခေါ်ပါတယ်။ ကာယဒုစရိုက်တွေ လွန်ကျူးဖြစ်အောင်, ဝစီဒုစရိုက်တွေ လွန်ကျူးဖြစ်အောင် မြှောက်ပင့်ပေးနေတဲ့ မြှောက်ထိုးပင့်ကော် ပြုလုပ်တတ်တဲ့ ရာဂ, ဒေါသ, မောဟတွေကို သီလတည်းဟူသော ရေစင်ဖြင့် စင်ကြယ်အောင် ဆေးကြောသုတ်သင်ပေးရတယ်။

နောက်တစ်ခု - စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ကာယကံမြောက် လွန်ကျူးမှုတော့ မရှိဘူး, ဝစီကံမြောက် လွန်ကျူးမှုတော့ မရှိဘူး။ စိတ်ထဲမှာတော့ ရာဂ, ဒေါသ, မောဟ ဖြစ်နေပြီ။ ဒီစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒီရာဂ, ဒေါသ, မောဟကိုတော့ ဘာနဲ့ပယ်ရမလဲ? သမာဓိဘာဝနာလို့ ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ်ပဋိပတ်ဖြင့် ပယ်ရှားပေးရတယ်။

ဥပမာ ဆိုကြပါစို့ ... အာနာပါန ရှုနေတဲ့ သူတော်ကောင်းတစ်ဦး ဆိုကြပါစို့နော်။ တစ်နာရီလောက် အာနာပါနအာရုံမှာ စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေပြီဆိုရင် ထိုတစ်နာရီလောက်အတွင်းမှာ ဒီရာဂ, ဒေါသ, မောဟ တရားတွေက ဝင်ရောက်နှောင့်ယှက်နိုင်တဲ့ စွမ်းအား ရှိသေးသလား? မရှိတော့ဘူး။ အကယ်၍များပေါ့လေ ... ပါရမီအားလျော်စွာ မိမိတို့က အလွန်ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ပထမဈာန်သမာဓိတွေကို ဝင်စားနိုင်မယ်, ဒုတိယဈာန်သမာဓိတွေကို ဝင်စားနိုင်မယ်, တတိယဈာန်သမာဓိတွေကို ဝင်စားနိုင်မယ်, စတုတ္ထဈာန်သမာဓိတွေကို ဝင်စားနိုင်မယ်ဆိုရင် ထိုအချိန်အခါမှာ ဈာန်ဝင်စားနေတဲ့ အချိန်ခါမှာ မိမိရဲ့စိတ်အစဉ်မှာ ရာဂ, ဒေါသ, မောဟတွေက တစ်နာရီခန့်လောက် ထကြွသောင်းကျန်းမှု ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်ဘူး။ ဒါက ဝီတိက္ကမအားဖြင့် ရာဂ, ဒေါသ, မောဟတွေကို တစ်နာရီလောက် ခပ်ကြာကြာ ခွာထားတာပဲ။

အကယ်၍များ ဒီထက် အဆင့်မြင့်လို့ ၂-နာရီလောက် ခွာထားနိုင်မယ်ဆိုရင် ၂-နာရီလောက် ဒီကိလေသာတွေ ငြိမ်းနေမယ်။ ၃-နာရီလောက် ခွာထားနိုင်ရင် ၃-နာရီလောက် ငြိမ်းနေတယ်နော်။ အဲ ၁-နေ့, ၁-ရက်, ၁-နံနက်လောက် ခွာထားနိုင်ရင်လည်း ၁-နေ့, ၁-ရက်, ၁-နံနက်လောက်တော့ ငြိမ်းသွားမယ်။ အဲ ရှေ့တစ်ဆင့်တက်လိုက်တဲ့ အချိန်ခါကျတော့ ဝိပဿနာဉာဏ်တွေပွားပြီး ရုပ်တွေ နာမ်တွေ သိမ်းဆည်းတယ်။ အကြောင်းတရား အကျိုးတရားတွေ သိမ်းဆည်းတယ်။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို တွင်တွင်ကြီး ဝိပဿနာရှုနေတယ်။ အဲဒီလို ဝိပဿနာဉာဏ်တွေ ဖြစ်ပေါ်နေတဲ့ အချိန်ခါမှာလည်း ရာဂ, ဒေါသ, မောဟတွေ တဒင်္ဂအားဖြင့်တော့ ငြိမ်ဝပ်ပြီး သွားကြပါတယ်။ တဒင်္ဂအားဖြင့် ပယ်သတ်မှုပဲ။ အဲဒီလို တဒင်္ဂအားဖြင့် ပယ်သတ်နေတဲ့ ဒီဝိပဿနာဉာဏ်တွေ ရင့်ကျက်လာတဲ့ အချိန်ခါမှာ ဝိပဿနာဉာဏ်တို့ရဲ့အဆုံး၌ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ် ပေါ်လာမယ်။ ထို အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေက ဒီ ရာဂ, ဒေါသ, မောဟတွေကို သူ့အဆင့်နဲ့သူပေါ့ နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားအောင် သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်သွားလိမ့်မယ်။

ဒီတော့ အရိယမဂ်တရားက ပယ်ရှားသွားတဲ့ ကိလေသာက ဘယ်ကိလေသာလဲလို့ မေးတော့ ထိုအချိန်ခါမှာ အရိယမဂ်ဉာဏ်ကို ဆိုက်နေတဲ့ သူတော်ကောင်းရဲ့သန္တာန်မှာ အရိယမဂ်တစ်ကြိမ်ပဲ ဖြစ်တော့ တစ်ကြိမ်ဖြစ်နေတဲ့ အချိန်ခါမှာ ဒီကိလေသာတွေက ဥပါဒ် ဌီ ဘင်အားဖြင့် ထင်ရှားဖြစ်ခွင့် မရပါဘူးနော်။ ဘယ်ကိလေသာကို ပယ်သလဲလို့ မေးတော့ အနုသယဓာတ်အနေနဲ့ ငုတ်နေ ကိန်းဝပ်နေတဲ့ ကိလေသာတွေကို ပယ်သွားတယ်။ အနုသယဓာတ်အနေနဲ့ ငုတ်နေတဲ့ ဒီကိလေသာဆိုတာက ပြောရင်တော့ နားလည်ဖို့ရန် နည်းနည်းတော့ ခက်ခဲပါတယ်။ သို့သော် အနုမာနအားဖြင့် မှန်းဆပြီး ယူမယ်ဆိုရင်တော့ သဘောကျပြီး လက်ခံနိုင်စရာ ရှိတယ်။

သရက်ပင်တစ်ပင် အသီးသီးတတ်တဲ့ သရက်ပင်တစ်ပင် ဆိုကြပါစို့။ ခုအချိန်ခါမှာ သရက်သီးတွေက မရှိကြတော့ဘူး။ မရှိပေမဲ့လို့ ဒီသရက်ပင်ကို ခုချိန်ခါမှာ လှဲလိုက်ပြီ ဆိုလို့ရှိရင် အဲဒီ သရက်ပင်ဟာ နောင်နှစ်ကျတော့ အချိန်ကျရင် နောင်တစ်ဖန် သရက်သီးဆိုတဲ့ အကျိုးတရားကို ဖြစ်စေနိုင်ပါဦးမလား? မဖြစ်စေနိုင်ဘူး။ သရက်သီးကို ပယ်သတ်လိုက်တာတော့ မဟုတ်ဘူး။ သတ်တာက ဘာကို ပယ်သတ်လိုက်တာလဲ? သရက်ပင်ကို ပယ်သတ်လိုက်တာပဲ။ သို့သော် ဒီသရက်ပင်က အကယ်၍များ မသေကျေ မပျက်စီးခဲ့ဘူး, အသတ်မခံရဘူးဆိုရင်ပေါ့ - နောင်တစ်ချိန် အချိန်ကျရင် အသီးဆိုတဲ့ အကျိုးတရားဟာ ပေါ်မလာနိုင်ဘူးလား? ပေါ်လာနိုင်တယ်။

ဒီလိုဆိုရင် ခုလို အချိန်ခါမှာ သရက်သီး မရှိပေမဲ့လို့ သရက်သီးကို ဖြစ်စေနိုင်တဲ့စွမ်းအင်တွေ ဒီသရက်ပင်ထဲမှာ တည်ရှိနေတယ် ဆိုတာကတော့ ခန့်မှန်းကြည့်လို့ မရနိုင်ဘူးလား? ရနိုင်တယ်။ အဲဒီပုံစံအတိုင်းပဲ ... ခုလို တရားနာနေတဲ့ အချိန်ခါမှာ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ရဲ့သန္တာန်၌ ရာဂတွေ ထင်ရှားဖြစ်တာ ရှိချင်မှ ရှိမယ်, ဒေါသတွေလည်း ထင်ရှား ဖြစ်ချင်မှဖြစ်မယ်, မောဟတွေလည်း ထင်ရှား ဖြစ်ချင်မှဖြစ်မယ် ဆိုကြပါစို့။ တရားကို အာရုံစိုက်နေတဲ့အတွက် တရားအာရုံအပေါ်၌ စိတ်ကျရောက်နေခိုက် ရာဂ, ဒေါသ, မောဟတွေက တဒင်္ဂအားဖြင့်တော့ ကွာရှင်းချင် ကွာရှင်းနေမယ်။

သို့သော် တရားနာပြီးပြီ ဆိုကြပါစို့။ သို့မဟုတ် တရားနာစိတ်တွေ ပျောက်ပြီ၊ ဟိုအကြောင်း ဒီအကြောင်း စဉ်းစားတယ် ဆိုကြပါစို့နော် ...။ ထိုအချိန်ခါမှာ ဒီရာဂ, ဒေါသ, မောဟတွေက ရာဂဖြစ်လောက်တဲ့အာရုံ စဉ်းစားမိရင် ရာဂတွေ ဖြစ်ချင်ဖြစ်လာလိမ့်မယ်, ဒေါသဖြစ်လောက်တဲ့အာရုံတွေ စဉ်းစားမိရင် ဒေါသတွေ ဖြစ်ချင်ဖြစ်လာလိမ့်မယ်, မောဟဖြစ်လောက်တဲ့ အာရုံတွေ စဉ်းစားမိရင် မောဟတွေ ဖြစ်ချင်ဖြစ်လာလိမ့်မယ်။ တရားနာနေတဲ့ အချိန်ခါမှာ ရာဂ, ဒေါသ, မောဟတွေက ဥပါဒ် ဌီ ဘင် အားဖြင့် ထင်ရှား မဖြစ်ပေမဲ့လို့ နောင်တစ်ချိန် အကြောင်းတိုက်ဆိုင်ခဲ့ရင် ရာဂ, ဒေါသ, မောဟတွေက ထင်ရှားဖြစ်နိုင်တယ်ဆိုရင် အခုလို တရားနာနေတဲ့ အချိန်ခါမှာလည်း ရာဂ, ဒေါသ, မောဟကို ဖြစ်စေနိုင်တဲ့ စွမ်းအင်လေးတွေ ကိန်းဝပ်နေတယ်လို့ ပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီ သဘောပေါ့။ အဲဒီ အနုသယဓာတ်ငွေ့ကို အရိယမဂ်တရားက ပယ်ရှားပေးတယ်။

ဒါကြောင့် ရဟန်းဆိုတာ ဒီရာဂ, ဒေါသ, မောဟ တရားတွေ ပယ်ရှားနိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုပြီးတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဆိုဆုံးမနေတယ်။ ယုတ်မာတဲ့ အကုသိုလ်တရားတွေကိုလည်း ကဲ့ရဲ့တော်မူတယ်။ ယုတ်မာတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကဲ့ရဲ့တော်မူတယ်။ အဲဒီတော့ ယုတ်မာတဲ့ပုဂ္ဂိုလ်တွေကို ဘာကြောင့် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ကဲ့ရဲ့ရသလဲ? ယုတ်မာတဲ့ အကုသိုလ်တရားတွေကိုရော ဘာကြောင့် ကဲ့ရဲ့ရသလဲ? နားလည်လိမ့်မယ်နော်။ ယုတ်မာတဲ့ပုဂ္ဂိုလ်နဲ့ ပေါင်းဖော်ဆည်းကပ် မှီဝဲခဲ့ရင် မိမိလည်း ယုတ်မာတဲ့ပုဂ္ဂိုလ် ဖြစ်မသွားတတ်ဘူးလား? ဖြစ်သွားတတ်တယ်။ အဇာတသတ်ကြည့်ပေါ့ - အရှင်ဒေဝဒတ်နဲ့ လူပေါင်းမှားမိတဲ့အတွက် ပြဿနာတွေ ပေါ်မသွားဘူးလား? ဗိမ္မိသာရမင်းကြီး ကြည့်ပေါ့ - ဘုရားရှင်တည်းဟူသော သူတော်ကောင်းကြီးနဲ့ ပေါင်းဖော်မိခဲ့တဲ့အတွက် အဆင့်အတန်း မြင့်မားနေတဲ့ သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် စတဲ့ တရားထူး တရားမြတ်ကြီးကို ရရှိမသွားဘူးလား? ရရှိသွားတယ်။

ယုတ်မာတဲ့ပုဂ္ဂိုလ်နဲ့ သွားပြီးပေါင်းဖော်မိခဲ့ရင် မိမိလည်း ယုတ်မာတဲ့ပုဂ္ဂိုလ် ဖြစ်တတ်တယ်။ သူတော်ကောင်းနဲ့ သွားပြီး ပေါင်းဖော်မှီဝဲ ဆည်းကပ်ခဲ့ရင် မိမိလည်း သူတော်ကောင်း ဖြစ်တတ်တယ်။ အလားတူပဲ ... ယုတ်မာနေတဲ့ ရာဂ, ဒေါသ, မောဟခေါ်တဲ့ အကုသိုလ်တရားတွေနဲ့ မိမိက သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခဲ့ရင် ဒီရာဂ, ဒေါသ, မောဟတွေက မိမိကို အပါယ်လေးပါး ရောက်သည့်တိုင်အောင် ဆွဲခေါ်ပြီး သွားမှာဖြစ်တယ်။

အဲ ... အလောဘ, အဒေါသ, အမောဟခေါ်တဲ့ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ ကုသိုလ်တရား, မွန်မြတ်တဲ့တရားတွေနဲ့ မိမိက သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခဲ့မယ်ဆိုရင်လည်း အလွန် အဆင့်အတန်း မြင့်မားနေတဲ့ အလောဘ, အဒေါသ, အမောဟဆိုတဲ့ ဒီကုသိုလ်တရားတွေက မိမိကို နိဗ္ဗာန်ရတဲ့ဘဝတိုင်အောင် ဆွဲခေါ်သွားလိမ့်မယ်။ ဒါကြောင့် ယုတ်မာတဲ့ပုဂ္ဂိုလ်ကိုလည်း အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ရှုတ်ချ-ကဲ့ရဲ့တော်မူပါတယ်။ ယုတ်မာတဲ့ အကုသိုလ်တရားတွေကိုလည်း ရှုတ်ချကဲ့ရဲ့တော်မူပါတယ်။ ဘာဖြစ်လို့လဲလို့ မေးရင်တော့ -

ခုနက ပြောခဲ့တဲ့အတိုင်းပဲ။ ဒီ ကောင်းမှုကုသိုလ်အကျိုးတရားလည်း သိမြင်တော်မူတယ်။ မကောင်းမှုအကုသိုလ်တရားကိုလည်း သိတော်မူတယ်, မြင်တော်မူတယ်။ ဒါကြောင့် တရားသိတဲ့ပုဂ္ဂိုလ်ဟာ ဘုရားရှင်အပေါ်၌ကော, တရားတော်အပေါ်၌ကော, သံဃာတော်အပေါ်၌ကော, သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌ကော, မိမိရဲ့ သီတင်းသုံးဖော် အပေါ်၌ကော ပိုပြီးတော့ ရိုသေလာတယ်, ပိုပြီးတော့ လေးစားလာတယ်, ပိုပြီးတော့ နှိမ်ချတဲ့ စိတ်ထားရှိတယ်။ အဲဒါကြောင့် တရားသိလေ ရိုသေလေ, တရားသိလေ နှိမ်ချတဲ့ စိတ်ထားရှိလေ ဖြစ်ပါတယ်။ ပုံစံလေးတစ်ခု ကြည့်ပေါ့ -

ဦးပဉ္စင်းတို့ သာသနာတော်မှာ ဝါအကြီးဆုံးပုဂ္ဂိုလ်က အရှင်ကောဏ္ဍည ဖြစ်ပါတယ်။ အညာသိ ကောဏ္ဍညလို့ ခေါ်ပါတယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဘုရားရှင်ရဲ့ လက်ယာရံ, အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက ဘုရားရှင်ရဲ့ လက်ဝဲရံ အဂ္ဂသာဝကကြီးများ ဖြစ်ကြပါတယ်။ သို့သော်လည်း တို့ဟာ အဂ္ဂသာဝကကြီး ဖြစ်တယ်ဆိုပြီးတော့ အရှင်ကောဏ္ဍညအပေါ်၌ မရိုမသေ မလေးမစား အဲဒီလို စိတ်ထား မရှိဘူး။ အရှင်ကောဏ္ဍညအပေါ်၌ သိပ်ပြီးတော့ ရိုသေတယ်, သိပ်ပြီးတော့ လေးစားတယ်။ သိပ်ပြီးတော့ လေးစားတဲ့အတွက် ဘုရားရှင်ရဲ့ လက်ဝဲရံ, လက်ယာရံမှာ ထိုင်နေသော်လည်း ဘုရားရှင်ရဲ့ နောက်တော်ပါးမှာ သီတင်းသုံးနေတဲ့ အရှင်ကောဏ္ဍညကြီးကိုလည်း အင်မတန် ရိုသေလေးစားတယ်။ ဒါကြောင့် အရှင်ကောဏ္ဍည မထေရ်မြတ်ကြီးက စဉ်းစားတယ် -

ဩော် ... သာသနာတော်မှာ ဘုရားရှင်ကလွဲရင် နေလို လလို ထင်ရှားတော်မူတဲ့ ဘုရားရှင်ရဲ့ အဂ္ဂသာဝကကြီးတွေက ငါ့ကို သိပ်ပြီး ရိုသေနေရတယ်ဆိုရင် သူတို့လည်း သိပ်ပြီး အနေခက်တယ်။ ဒီတော့ ငါ တောသွားနေမှ တော်တော့မယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချပြီးတော့ တောမှာပဲ သွားပြီး သီတင်းသုံးတော်မူတယ်။ အဲ အလားတူပဲ ... အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဟာ အရှင်အဿဇိမထေရ်ထံမှ ယေ ဓမ္မာ ဟေတု ပဘဝါ အစရှိတဲ့ တရားဒေသနာတော်ကို နာကြားခွင့် ရရှိတဲ့အတွက် သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်ခဲ့တယ်။ ကျေးဇူးကြီးလိုက်တာ ... မသေရာ အမြိုက်နိဗ္ဗာန်ကြီးကို ခေါင်ဆုံးစပြီးသိအောင် သွန်သင်ပြသ ဆိုဆုံးမပေးတော်မူတဲ့ ဒီဆရာတော်ရဲ့ ဂုဏ်ကျေးဇူး ဘယ်လိုမှ မေ့လို့မရဘူး။ မေ့မရတဲ့အတွက် ဘာလုပ်သလဲ?

အရှင်အဿဇိမထေရ် ဘယ်နေရာမှာ ရှိသလဲ? ရှိတဲ့ဘက်ကို ညစဉ် အိပ်တိုင်း အိပ်တိုင်း အရှင်အဿဇိမထေရ် ရှိရာအရပ်ကို မှန်းမျှော်ပြီးတော့ ဦးသုံးကြိမ် သေသေချာချာ ချတယ်။ အကယ်၍များ အရှင်အဿဇိမထေရ်က အရှေ့အရပ်မှာ တည်ရှိခဲ့ရင် အရှေ့အရပ်ကို ဦးချပြီးတော့မှ အိပ်တယ်။ မိမိကိုယ်ကို ဒါ မိမိ နှိမ်ချတဲ့စိတ်ထား ရှိခြင်းပဲ။ တရားသိလေ နှိမ်ချတဲ့စိတ်-ထားရှိလေ။ အကယ်၍များ အရှင်အဿဇိမထေရ်က အနောက်အရပ်မှာ သီတင်းသုံးနေခဲ့မယ်။ မိမိနေတဲ့ အရပ်ကနေ လှမ်းကြည့်လိုက်ရင် အနောက်အရပ် ဖြစ်နေပြီဆိုရင် အနောက်အရပ်ဘက်ကို ရှိခိုးပြီးမှ အရှင်အဿဇိမထေရ် ရှိရာဘက်ကို ခေါင်းဆိုက်ပြီးတော့ အိပ်တယ်။ အကယ်၍ တောင်အရပ်မှာ ရှိခဲ့ရင် တောင်အရပ်ကို အရှင်အဿဇိမထေရ်ရှိရာ အရပ်ဘက်ကို အာရုံယူပြီး ရှိခိုးပြီး တောင်အရပ်ကို ခေါင်းဆိုက်ပြီး အိပ်တယ်။ မြောက်အရပ်မှာ ရှိခဲ့ရင် မြောက်အရပ်ကို ရှိခိုးပြီးတော့ အရှင်အဿဇိမထေရ် ရှိရာအရပ်ကို ဦးဆိုက်ပြီးတော့ ကျိန်းစက်တော်မူတယ်။

နားမလည်တဲ့ သူတွေကတော့ “ဩော် ... အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဟာ ခုထက်ထိ ဗြဟ္မဏအယူဝါဒကို မစွန့်လွှတ်သေးဘူး။ အခုထိ အရပ်မျက်နှာတွေကို ရှိခိုးနေတုန်းပဲ ရှိသေးတယ်” လို့ ဒီလို တချို့က ကဲ့ရဲ့ကြတယ်။ သို့သော်လည်း ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက အရပ်မျက်နှာတွေကို ရှိခိုးပြီးအိပ်တာ ဟုတ်သလား? မဟုတ်ဘူး။ အရှင်အဿဇိမထေရ်မြတ်ကြီး ရှိရာကိုသာ လှမ်းပြီး အရိုအသေပြု ရှိခိုးပြီး ကျိန်းစက်တော်မူခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ နိဝါတ မင်္ဂလာတရားပဲ။

ဒါကြောင့် တရားသိလေ ဘုရားရှင်အပေါ်၌ ရိုသေလေ, တရားသိလေ တရားတော်အပေါ်၌ ရိုသေလေ, တရားသိလေ သံဃာတော်အပေါ်၌ ရိုသေလေ, တရားသိလေ မိမိရဲ့ သိက္ခာသုံးရပ်ခေါ်ဆိုအပ်တဲ့ အကျင့်မြတ်တွေအပေါ်၌ ရိုသေလေ, တရားသိလေ မိမိတို့ရဲ့ သီတင်းသုံးဖော်တွေအပေါ်၌ ရိုသေလေ, တရားသိလေ နှိမ်ချတဲ့စိတ်ထားလည်း ရှိလေဖြစ်ပါတယ်။ တရားသိတယ်လို့တော့ အမည်ခံတယ် - ဘုရားအပေါ်၌ ရိုသေမှု လေးစားမှု မရှိဘူး, နှိမ်ချတဲ့စိတ်ထား မရှိဘူး။ တရားတော်အပေါ်၌ ရိုသေမှု လေးစားမှု မရှိဘူး, နှိမ်ချတဲ့စိတ်ထား မရှိဘူး။ သံဃာတော်အပေါ်၌လည်း ရိုသေမှု လေးစားမှု မရှိဘူး, နှိမ်ချတဲ့စိတ်ထား မရှိဘူး။ သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌လည်း ရိုသေလေးစားတဲ့စိတ်ထား, နှိမ်ချတဲ့စိတ်ထား မရှိဘူး။

ဒီလိုဆိုရင် ဒီပုဂ္ဂိုလ်သည် တကယ်စင်စစ် တရားစစ် တရားမှန်ကို သိတဲ့ပုဂ္ဂိုလ် ဖြစ်ပါ့မလား? ဒါကတော့ မှတ်ကျောက်ကလေးတွေပဲနော်။ သာသနာတော်မှာ နေပြီဆိုရင် ဘယ်လိုပုဂ္ဂိုလ်တွေက ဘယ်လို နေထိုင်ကြတယ်ဆိုတာ ကိုယ့်အချင်းချင်းတော့ အကဲခပ်လို့ မရဘူးလား? ရကြပါတယ်။ တရားသိတဲ့ ပုဂ္ဂိုလ်တွေရဲ့ နေပုံထိုင်ပုံ စိတ်နေသဘောထားကို ဘေးကနေ အကဲခပ်ကြည့်ရင် အကဲခပ်လို့ ရနိုင်ပါတယ်။ ဒီတော့ ဒီနေရာမှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသာ ဂါရဝတရား နိဝါတတရားဆိုတဲ့ မင်္ဂလာတရားတွေနဲ့ ပြည့်စုံသလားဆိုတော့ မဟုတ်ပါဘူး။

ဂါရဝတရား, နိဝါတတရား ပြည့်စုံပြီးတော့ ရိုသေလေးစားဖွယ်ကောင်းတဲ့ မထေရ်တစ်ပါးက အရှင်ရာဟုလာမထေရ် ဖြစ်ပါတယ်။ အရှင်ရာဟုလာမထေရ်ဟာ အကယ်၍များ မာနကြီးမယ်ဆိုရင်တော့ တော်တော်လေး မာနကြီးနိုင်တဲ့ ပုဂ္ဂိုလ်ပါ။ ၃၂-ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်နဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်တယ်။ စကြဝတေးမင်း ဖြစ်ထိုက်တဲ့ ဘုန်းကံပါရမီ အပြည့်အစုံပါဝင်နေတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

ဘုန်းကြီး နှိမ်ချလို့ ပြောတာတော့ မဟုတ်ပါဘူး။ ခု တရားဟောပုဂ္ဂိုလ် အပါအဝင်ပေါ့ ... တရားနာပရိသတ်တွေထဲမှာ ၃၂-ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာ ဘယ်နှစ်ခုများ ပါကြသလဲ? ဟင်! စဉ်းစားကြည့်ပါ။ ကိုယ့်ကိုကိုယ် သိပ်ပြီး အထင်ကြီးဖို့ မလိုတဲ့အကြောင်း ဘုန်းကြီးက ပြောချင်တာပါနော်။ ဘာလက္ခဏာမှ မရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင်ပေါ့။ ဟုတ်တယ်မလား? (မှန်ပါ့ဘုရား) သိပ်ပြီး ဘဝင်မြင့်ဖို့ရန်အကြောင်း မရှိပါဘူး။ ဟိုမှာ ရှင်ရာဟုလာဆိုရင် ဘဝင်မြင့်မယ်ဆို မြင့်စရာတွေ အများကြီးပါနော်။ အမျိုးအနွယ် ကြည့်လိုက်လို့ရှိရင်လည်း မင်းမျိုးမင်းနွယ်, ဘယ်သူ့ရဲ့သားလဲ မေးလိုက်လို့ရှိရင်လည်း ဘုရားရှင်ရဲ့ သားဖြစ်နေတယ်။ ဘုရားရှင် ကြည့်လိုက်ရင်လည်း တောမထွက်ခင် သိဒ္ဓတ္ထမင်းသားဘဝက ရွှေအိုးကြီး ၄-လုံး ရှိပါတယ်။ အဲဒီ ရွှေအိုးကြီး ၄-လုံးက သွားပြီး နှိုက်လိုက်ရင် ချက်ချင်း ပြန်ပြည့်ပြီးတက်လာတယ်။ အိမ်က ဟို ဆန်အိုးလေး သွားပြီး နှိုက်ကြည့်ပါလား ... ပြန်များ ပြည့်တက်လာသလား? မလာပါဘူး။ မကုန်အောင်ဘဲ မနည်း ခြစ်ချုပ်ပြီး စားနေရတဲ့ ခေတ် -

ဒါကြောင့် ဟိုမှာ မာနကြီးစရာတွေ ကြီးမယ်ဆိုရင် တစ်ပုံကြီး မရှိဘူးလား? ရှိပါတယ်။ ရုပ်အဆင်း ကြည့်လိုက်လို့ ရှိရင်လည်း ၃၂-ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ဖြင့် တန်ဆာဆင်ထားတဲ့အတွက် အလွန် တင့်တယ်နေတယ်။ ဘုန်းကံပါရမီ ကြည့်လိုက်လို့ရှိရင်လည်း စကြဝတေးမင်း ဖြစ်ထိုက်တဲ့ ဘုန်းကံက ထင်ရှားရှိနေတယ်။ အကယ်၍ အိမ်ရာတည်ထောင် လူ့ဘောင်မှာသာ နေထိုင်ခဲ့မယ်ဆိုရင် ကျိန်းသေ စကြဝတေးမင်း ဖြစ်မယ်။

ဦးပဉ္စင်းတို့ ဘုရားရှင်, ဘုရားအလောင်းတော်ကို ကြည့်ပါ ... အကယ်၍သာ ၂၉-နှစ်အရွယ်မှာ တောမထွက်ခဲ့ဘူး ဆိုလို့ရှိရင် နောင် ခုနှစ်ရက်ကြာရင် စကြာရတနာကြီး ကျိန်းသေဆိုက်ရောက်တော့မယ်။ အဲဒီ စကြာရတနာကြီးအပေါ်၌ မက်မောတဲ့စိတ်ထား မရှိပါဘူး။ ဒီတော့ ရှင်ရာဟုလာဟာ ဒီလောက် မာနကြီးမယ်ဆိုရင် မာနကြီးစရာတွေ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့လို့ မာနမကြီးဘူး။ နှိမ်ချတဲ့စိတ်ထား အမြဲတမ်း ရှိတယ်။ နှိမ်ချတဲ့စိတ်ထား ရှိရုံတွင် မကသေးဘူး သူ့ရဲ့စိတ်ထားတွေက ဘယ်လိုရှိလဲ?

ရာဟုလောပိ ပါတောဝ ဝုဋ္ဌာယ ဟတ္ထေန ဝါလုကံ ဥက္ခိပိတွာ ‘‘ဒသဗလဿ စေဝ အာစရိယုပဇ္ဈာယာနဉ္စ သန္တိကာ အဇ္ဇ ဧတ္တကံ ဩဝါဒံ လဘေယျ’’န္တိ ဝဒတိ။

ရာဟုလောပိ၊ ရှင်ရာဟုလာ မထေရ်မြတ်သည်လည်းပဲ။ ပါတောဝ၊ နံနက်စောစောကပင်။ ဝုဋ္ဌာယ၊ ထတော်မူ၍။ ဟတ္ထေန၊ လက်ဖြင့်။ ဝါလုကာ၊ သဲကို။ ဥက္ခိပိတွာ၊ ချီမြှောက်၍။ ဒသဗလဿ စေဝ၊ ကိုယ်တော်အား ၁၀-ပါး၊ ဉာဏ်တော်အား ၁၀-ပါးနှင့်ပြည့်စုံသော မြတ်စွာဘုရား၏လည်းကောင်း။ အာစရိယုပဇ္ဈာယာနဉ္စ၊ ဆရာ ဥပဇ္ဈာယ် ဖြစ်တော်မူသော မထေရ်မြတ်တို့၏လည်းကောင်း။ သန္တိကာ၊ ထံတော်မှ။ အဇ္ဇ၊ ယနေ့၌။ ဧတ္တကံ၊ ဤသဲထုနှင့် ပမာဏမျှ ညီမျှသော။ ဩဝါဒံ၊ အဆုံးအမကို။ လဘေယျံ၊ ရလိုပါ၏။ ဣတိ၊ ဤသို့။ ဝဒတိ၊ ပြောဆိုတတ်၏၊

မနက်စောစော အိပ်ရာက ထတယ်။ တုံးခေါက်တာတောင် မနိုးတဲ့ ပုံစံမျိုး ဟုတ်သလား? ဟင်! အမလေး ... ဆင်ခြေကလေးများ “တပည့်တော်ကဘုရား ... ညက အိပ်မပျော်လို့” ဟုတ်တယ်မလား? ၁၂-နာရီထိ အိပ်လို့ မရလို့, ဘာဖြစ်လို့, ညာဖြစ်လို့ အကြောင်းပြတယ်။ အဲဒီပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူး။ မနက်စောစောလေးကို ထတယ်။ ထပြီးတဲ့ အချိန်ခါကျတော့ သူ့ရဲ့ သင်္ကန်းအစွန်းလေးတွေဖြင့် သဲတွေကို ကျုံးတယ်။ ကျုံးပြီးတဲ့ အချိန်ခါ မြတ်စွာဘုရားရှင်ရဲ့ ဂန္ဓကုဋီကျောင်းတော်ရဲ့ ရှေ့မှာ ဒီသဲလေးတွေ လာခင်းတယ်။ ဖြန့်ခင်းတဲ့ အချိန်ခါမှာ သူက ဘာပြောတတ်သလဲ?

ဘုရားရှင်ရဲ့ ထံတော်မှသော်လည်းကောင်း, ဆရာသမားတွေရဲ့ ထံတော်မှသော်လည်းကောင်း, ဥပဇ္ဈာယ်ဆရာဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာ ထံတော်မှသော်လည်းကောင်း ဒီနေ့ သဲထုနဲ့အမျှ အဆုံးအမ ဩဝါဒကို ရရပါစေ” လို့ ဒီလို အမြဲတမ်းပြောတယ်။ သူက ဘုရားရှင်ထံမှ ဆိုဆုံးမမှုကို အင်မတန် လိုလားတောင့်တမှု ရှိတယ်။ မိမိရဲ့ ဆရာသမားတွေထံမှ ဆိုဆုံးမမှုကိုလည်း အမြဲတမ်း လိုလားတောင့်တနေတဲ့စိတ်ထား ရှိတယ်။ အဲဒီ လိုလားတောင့်တတာက ဘယ်လောက် ဆုံးမရမလဲလို့မေးရင် ဒီသဲပမာဏနဲ့ ညီမျှနေတဲ့ ဆိုဆုံးမချက်များကို ရချင်ပါတယ်လို့ ဒီလို အမြဲတမ်း တောင့်တတယ်နော်။ ဒါက နှိမ်ချတဲ့စိတ်ထား မရှိဘူးလား? ရှိနေတယ်။ ရိုသေလေးစားတဲ့ စိတ်ထားကော မရှိဘူးလား? ရှိနေတယ်။

ဒါကြောင့် ဂါရဝနဲ့ နိဝါတ ဒီတရား ၂-ခုကို ဘုရားရှင်က တွဲပြီးဟောနေတယ်။ ဒီတော့ အရှင်ရာဟုလာမထေရ်မြတ်က ဘယ်လောက် ရိုသေလေးစားလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ - တစ်နေ့ ... ရဟန်းတွေက သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌ ဘယ်လောက် လေးစားသလဲ၊ ဘယ်လောက် လိုလားတောင့်တတဲ့စိတ်ထား ရှိသလဲ၊ ဆိုဆုံးမလို့ ဘယ်လောက်များ လွယ်ကူသလဲလို့ သိချင်တာနဲ့၊ တစ်နေ့ ... တစ်ခါတစ်ရံ ရဟန်းတော်တွေက စမ်းသပ်ကြည့်တယ်။ စမ်းသပ်တဲ့ အချိန်ခါမှာ ရှင်ရာဟုလာဟာ ခပ်ငယ်ငယ်ပဲ ရှိသေးပုံ ရပါတယ်။ အင်မတန် ချစ်မြတ်နိုးဖွယ်ကောင်းတဲ့ အရွယ်ပဲ ရှိလိမ့်မယ်နော်။ ဘာလုပ်သလဲ?

အရှင်ရာဟုလာ ကိုရင်လေး ကြွလာတာ မြင်ပြီ ဆိုလို့ရှိရင် ရဟန်းတွေက အမှိုက်သရိုက်တွေကို တစ်နေရာမှာ အသာလေး ကြဲဖြန့်ပြီးတော့ ထားလိုက်တယ်။ တံမြက်စည်းတွေ ချထားလိုက်တယ်။ ချထားပြီးတဲ့အခါ ရာဟုလာ အနားရောက်လာပြီဆိုတာနဲ့ “ကြည့်စမ်း ... ဒီနေရာမှာ အမှိုက်တွေ ပြည့်နေတာပဲ။ ရာဟုလာများ ဒီနေရာမှာ အမှိုက်တွေ လာပြီး ပစ်ထားသလား မပြောတတ်ဘူး” စသည်ဖြင့် ဒီလို ပြောကြည့်တယ်။ စိတ်စမ်းတာပါ။ အဲဒီအခါမှာ ရာဟုလာက နှုတ်သီးကောင်းတဲ့ပုဂ္ဂိုလ် ဟုတ်သလား? မဟုတ်ပါဘူး။ “အရှင်ဘုရား ဒါ တပည့်တော် လုပ်နေတာ မဟုတ်ဘူးနော်။ တပည့်တော်ကို လာပြီး မဟုတ်မတရား မစွပ်စွဲနဲ့” ဟော ... ဒီလိုပုံစံမျိုး ရှိသလား? မရှိဘူး။ ဘာမှ တစ်ခွန်းမှ ပြန်မပြောဘူး။ ပြန်မပြောဘဲနဲ့ ဘာလုပ်သလဲ? အဲဒီ တံမြက်စည်း ယူပြီးတော့ အဲဒီအမှိုက်တွေ အကုန်လုံး ကျုံးပြီးတော့ သင့်တင့်တဲ့ တစ်နေရာမှာ သွားပြီးတော့ စွန့်ပစ်တယ်။

ဘယ့်နှယ်တုံး သီလရှင်တွေ။ ခုနေများ သီလရှင်တစ်ပါးက ခုလိုများ ပြောခဲ့ရင် ဘယ့်နှယ်နေမလဲ? ဟင် ... ဘယ်လိုများ နေကြမလဲ? တစ်ကျောင်းလုံး မီးများ လောင်သွားမလား မသိဘူး။ ဟုတ်တယ်မလား? ဒါကြောင့် ဒီနေရာမှာ အရှင်ရာဟုလာမထေရ်က -

‘‘ဩဝါဒက္ခမော ဝတ ရာဟုလသာမဏေရော ပိတု အနုစ္ဆဝိကော ပုတ္တော’’

ရဟန်းတွေက ချီးမွမ်းကြတယ်။

ရာဟုလာ သာမဏေရော၊ ရှင်ရာဟုလာ သာမဏေသည်ကား။ ဩဝါဒက္ခမော ဝတ၊ ဩဝါဒ ဆိုဆုံးမမှုကို ခံယူတဲ့စိတ်ထား ရှိလေစွာတကား။ ပိတု အနုစ္ဆဝိကော၊ ဖခမည်းတော်နှင့်လျော်ညီသော။ ပုတ္တော ဝတ၊ သားဖြစ်လေစွတကား။

ဩော် ... ရာဟုလာဟာ ဩဝါဒအဆုံးအမကို ခံယူတတ်တဲ့ စိတ်ထားရှိတဲ့ သူတော်ကောင်းပါလား? ဘုရားရှင်၊ ဖခမည်းတော်ဖြစ်တဲ့ ဘုရားရှင်နဲ့ လျော်ကန်နေတဲ့ သားရတနာတစ်ဦး ဖြစ်ပါပေစွဆိုပြီး ရဟန်းတော်တွေက ဒီလို ခဏခဏ ချီးမွမ်းရတယ်။ သိက္ခာသုံးရပ် အကျင့်မြတ်ကို တောင့်တနေတဲ့ သူတော်ကောင်း မှန်ခဲ့ရင် ဒီလို ရိုသေလေးစားတဲ့စိတ်ထား၊ နှိမ်ချတဲ့စိတ်ထား မရှိရဘူးလား? ရှိရတယ်။ ပုဂ္ဂိုလ်တစ်ယောက်မှာ ရိုသေမှု မရှိဘူး။ ဘာတွေအပေါ်မှာလဲ? ဘုရား၊ တရား၊ သံဃာခေါ်ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား မရှိဘူး၊ သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌ ရိုသေတဲ့စိတ်ထား မရှိဘူး၊ သီတင်းသုံးဖော် အချင်းချင်းအပေါ်၌ ရိုသေလေးစားတဲ့စိတ်ထား မရှိဘူး။ ထိုပုဂ္ဂိုလ်သန္တာန်မှာ နှိမ်ချတဲ့ စိတ်ထားကော ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။

ဒါကြောင့် ဒီဂါရဝနဲ့ နိဝါတ တရားကို မင်္ဂလာအဖြစ်နဲ့ မြတ်စွာဘုရား တွဲပြီးတော့ ဟောနေတယ်။ ပုဂ္ဂိုလ်တစ်ယောက်မှာ ရိုသေလေးစားတဲ့ စိတ်ထားရှိပြီ။ ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ မိမိစိတ်ကို မိမိ ဟိုအောက်ဆုံးထစ်မှာ ချထားတယ်။ အဲဒီလို နှိမ်ချတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖို့ ရိုသေလေးစားခြင်းဆိုတဲ့ ဂါရဝတရား သူ့သန္တာန်မှာ ဖြစ်ပေါ်ပြီး မလာနိုင်ဘူးလား? ပေါ်လာနိုင်တယ်။ ဒီနေရာမှာ အတုယူဖွယ်ကောင်းတဲ့ နောက်ထပ် ထုံးလေး တစ်ခုကတော့ -

သာကီဝင်မင်းသား ၆-ဦးပါတဲ့။ မြတ်စွာဘုရား တစ်ဝါရပြီးတဲ့ အချိန်ခါနောက် ဆိုကြပါစို့ ... ရာဇဂြိုဟ်ပြည် ရောက်ရှိလာတော်မူပါတယ်။ ဖခမည်းတော်ဖြစ်တဲ့ သုဒ္ဓေါဓနမင်းကြီးရဲ့ လျှောက်ထားတောင်းပန်ချက်အရ မြတ်စွာဘုရား တပေါင်းလပြည့်နေ့မှာ ကပိလဝတ်ပြည်ကို ကြွချီတော်မူခဲ့ပါတယ်။ ရဟန်းနှစ်သောင်း ခြံရံပြီးတော့နော်။ ကပိလဝတ်ပြည်တော်မှာ ၇-ရက်လောက် သီတင်းသုံးပြီးတဲ့နောက် မြတ်စွာဘုရား ကပိလဝတ်နေပြည်တော်မှ ရာဇဂြိုဟ်သို့ ဝါဆိုဝါကပ်ဖို့ရန်အတွက် ခရီးဒေသစာရီ ပြန်လည် ကြွချီတော်မူလာခဲ့ပါတယ်။

ထိုအချိန်အခါမှာ အနုဘိယနိဂုံး အနုဘိယ သရက်ပင်ရင်းသို့ မြတ်စွာဘုရား ဆိုက်ရောက်တော်မူလာပါတယ်။ ဆိုက်ရောက်တော်မူလာတဲ့ အချိန်အခါမှာ သာကီဝင်မင်းသား ၆-ဦးတို့က ထိုအချိန်အခါမှာ ဘုရားရှင်ထံကို ရှင်ရဟန်းပြုဖို့ရန်အတွက် လျှောက်ထားတောင်းပန်ကြတယ်။ လျှောက်ထားတောင်းပန်တဲ့ မထေရ်ကတော့ အရှင်ဘဒ္ဒိယရယ်၊ အရှင်အနုရုဒ္ဓါ၊ အရှင်အာနန္ဒာ၊ အရှင်ဘဂု၊ အရှင်ကိမိလ၊ အရှင်ဒေဝဒတ်အလောင်းတို့ ဖြစ်ကြပါတယ်နော်။ အဲဒီ သာကီဝင်မင်းသား ၆-ဦးက ရှင်ရဟန်းပြုဖို့ရန် လာပြီး လျှောက်ထားတောင်းပန်တဲ့ အချိန်ခါမှာ သူတို့ကို ဘယ်သူက လိုက်ပို့သလဲလို့ မေးတော့ သူတို့ရဲ့ ငယ်ကျွန်တော်ဖြစ်တဲ့ ဆတ္တာသည် အရှင်ဥပါလိအလောင်း ဥပါလိက လိုက်ပို့တယ်။

ပို့လိုက်တဲ့အချိန်ခါကျတော့ - သာကီဝင်မင်းသား ၆-ဦးက ဥပါလိကို သူတို့ရဲ့ လက်ဝတ်တန်ဆာတွေ အကုန်လုံး၊ ဆင်မြန်းထားတဲ့ လက်ဝတ်ရတနာတွေအားလုံး အပ်နှင်းပြီးတော့ ကပိလဝတ်နေပြည်တော် ပြန်ဖို့ရန်အတွက် အမိန့်ပေးလိုက်တယ်။ ဥပါလိကလည်း စဉ်းစားတယ်။ “သာကီဝင်မင်းသားတွေက အလွန်မာနကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အမျိုးဇာတ်မာန် ပြင်းထန်တဲ့စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ငါ ခုနေ ပြန်သွားလို့ရှိရင် ဒီလက်ဝတ်တန်ဆာတွေအားလုံး အပ်နှင်းပေမဲ့လို့ ငါ့အပေါ်မှာ အထင်တော့ လွဲလိမ့်မယ်။ ဒီဥပါလိဟာ တို့သာကီဝင်မင်းသားတွေကို သတ်ဖြတ်ပြီးတော့ လက်ဝတ်တန်ဆာတွေ ယူပြီး ပြန်လာတယ်။ ဒီလို အထင်လွဲခဲ့ရင်တော့ ငါ့အတွက် ပြဿနာပေါ်လိမ့်မယ်။ ဒါကြောင့် ငါလည်း မပြန်တော့ဘူး။ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုတော့မယ်”။ သူကလည်း ဆုံးဖြတ်ချက် ချလိုက်တယ်။ ဆုံးဖြတ်ချက် ချလိုက်တော့ ဒီသာကီဝင်မင်းသား ၆-ယောက်က မြတ်စွာဘုရားကို ဘာပြန်လျှောက်ထားလဲ?

မြတ်စွာဘုရား ... တပည့်တော်တို့ သာကီဝင်မင်းသားတွေဟာ အလွန်မာနကြီးတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ကြပါတယ်။ အမျိုးဇာတ်ကို အကြောင်းပြုပြီးတော့ အထူးသဖြင့် မာနကြီးနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ အကယ်၍ တပည့်တော်တို့ကို ဘုရားရှင်က ရှေးဦးစွာ ရှင်ရဟန်း ပြုပေးခဲ့မယ်ဆိုရင် ဥပါလိဆတ္တာသည်ကို နောက်ကျမှ ရှင်ရဟန်းပြုပေးခဲ့မယ်ဆိုရင် တပည့်တော်တို့ရဲ့ငယ်နိုင် ငယ်ကျွန်ဖြစ်နေတဲ့ ဒီဥပါလိအပေါ်၌ တပည့်တော်တို့ဟာ မရိုမသေ မလေးမစား ဆက်ဆံကြမှာ ဖြစ်တယ်။

ဒါကြောင့် တပည့်တော်တို့ရဲ့ မာန်မာနတွေ ကျဆင်းသွားစေခြင်း အကျိုးငှာ ဘုရားရှင်သည် ဥပါလိကို ရှေးဦးစွာ ရှင်ရဟန်း ပြုပေးတော်မူပါ။ တပည့်တော်တို့ သာကီဝင်မင်းသား ၆-ယောက်ကို နောက်ကျမှ ရှင်ရဟန်း ပြုပေးတော်မူပါ။ အဲဒီလို ရှင်ရဟန်းပြုလိုက်ရင် တပည့်တော်တို့ဟာ ဥပါလိဆတ္တာသည်အပေါ်၌ ရိုေသလေးစားတဲ့စိတ်ထား၊ နှိမ်ချတဲ့စိတ်ထားဖြင့် ဆက်ဆံခဲ့ရင် တပည့်တော်တို့ရဲ့သန္တာန်မှာလည်း ကုသိုလ်တရားတွေ တိုးပွားနိုင်ပါတယ်။ ဥပါလိသန္တာန်မှာလည်း ကုသိုလ်တရားတွေ တိုးပွားနိုင်ပါတယ် မြတ်စွာဘုရား ... ” ဆိုပြီးတော့ ရိုသေစွာ လျှောက်ထားကြတယ်။

အဲဒီ လျှောက်ထားချက်ကို အခြေတည်ပြီးတော့ ဘုရားရှင်ကလည်း သူတို့ လျှောက်ထားသည့်အတိုင်း ဥပါလိကို ရှေးဦးစွာ ရှင်ရဟန်း ပြုပေးတယ်။ နောက်မှ သာကီဝင်မင်းသား ၆-ဦးကို ရှင်ရဟန်း ပြုပေးတယ်နော်။ နှိမ်ချတဲ့စိတ်ထား ရှိတယ်။ ဒီလို နှိမ်ချတဲ့စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကုသိုလ်တရားတွေ တိုးပွားပြီး မလာနိုင်ဘူးလား? လာနိုင်တယ်။ သာသနာကို မှီတင်း နေထိုင်နေတဲ့၊ သာသနာတော်မှာ ဘုရားရှင်ရဲ့ တပည့်သာဝကအဖြစ်နဲ့ ခံယူချင်တဲ့ ပုဂ္ဂိုလ်မှန်ခဲ့ရင် ဒီလို နှိမ်ချတဲ့စိတ်ထား ရှိရမလား၊ မရှိရဘူးလား? ရှိရမယ်။ တစ်ဦးအပေါ်တစ်ဦး ရိုသေလေးစားတဲ့ ဂါရဝတရား၊ ဂါရဝမင်္ဂလာကော ရှိရမလား၊ မရှိရဘူးလား? ရှိရမယ်။

ဒါက သာသနာတော်မှာ နေချင်တယ်၊ သာသနာတော်ကို ကြည်ညိုတယ်ဆိုရင် ဘုရားရှင်ရဲ့ အဆုံးအမတွေကို သာသနာမှာ ရိုရိုသေသေ လိုက်နာပြုကျင့်ဖို့ လိုအပ်ပါတယ်နော်။ ဒီလို ပြုကျင့်ခဲ့မယ်ဆိုရင် ဒီဂါရဝတရား၊ နိဝါတတရားဆိုတဲ့ မင်္ဂလာ ၂-ပါးကို ဖြည့်ကျင့်ခဲ့ရင် အနီးကပ်ဆုံး အကြောင်းတစ်ခုကတော့ ဗြဟ္မစိုရ်တရား ၄-ပါး တိုးပွားလာလိမ့်မယ်။ ဗြဟ္မစိုရ်တရားတွေ ဘယ်လို တိုးပွားနိုင်သလဲလို့မေးတော့ သီတင်းသုံးဖော် အချင်းချင်း တစ်ဦးအပေါ်တစ်ဦး ရိုသေလေးစားတဲ့ စိတ်ထားရှိပြီ၊ တစ်ဦးအပေါ်မှာတစ်ဦး နှိမ်ချတဲ့ စိတ်ထားရှိပြီ။ အဲဒီလို ဆိုလို့ရှိရင် တစ်ဦးနဲ့တစ်ဦး မေတ္တာတွေ ကူးလူးဆက်ဆံမှု အားကောင်း မလာနိုင်ဘူးလား? အားကောင်း လာနိုင်ပါတယ်။ သီတင်းသုံးဖော် တစ်ဦးနှင့်တစ်ဦး ကျေနပ်မှု မရှိဘူး၊ 一ဦးအပေါ်တစ်ဦး ရိုသေလေးစားမှု မရှိဘူး။ မေတ္တာတရားတွေ တိုးပွားမှု ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဒါ သတိရှိကြ။

မေတ္တာဘာဝနာတွေသာ အကယ်၍ ပွားများခဲ့မယ် ဆိုလို့ရှိရင် ထိုအချိန်ခါမှာ မိမိကလည်း စွမ်းအားရှိခဲ့မယ်ဆိုရင် မေတ္တာဈာန်ကို ဝင်စားနိုင်တဲ့ အဆင့်အထိ ကူးမသွားနိုင်ဘူးလား? ကူးသွားနိုင်တယ်။ ဤသူတော်ကောင်းသည် ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။ တစ်ဦးကိုတစ်ဦး ဒီလို မေတ္တာရေချမ်းတွေ ပက်ဖျန်းပေးမယ်ဆိုရင် ၂-ဦးသား အပေါ်၌ ကုသိုလ်တရားတွေ တိုးပွားမှု မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။

“ဒင်း သေပါစေ” ဒီစိတ်ထားက အကုသိုလ်တရား တိုးပွားဖို့ အကြောင်းတစ်ခု မဟုတ်ဘူးလား? ဖြစ်တယ်။ “သွားစမ်း ဒီကောင်မ ... ငါနည်းနည်းမှ ကြည့်လို့ မရဘူး” ဟော ... ကျောခိုင်းပစ်လိုက်တယ်။ အဲဒီစိတ်ထားက အကုသိုလ်တရား တိုးပွားဖို့ရန် အခြေခံအကြောင်းရင်း မဖြစ်ဘူးလား? ဖြစ်ပြီ။ တစ်ဦးနဲ့တစ်ဦး မတည့်ကြဘူး။ တစ်ဦးနဲ့တစ်ဦး ကတောက်ကဆတွေ ပြောကြတယ်၊ ဆိုကြတယ်။ ဒါက ဂါရဝတရား၊ နိဝါတတရားခေါ်တဲ့ မင်္ဂလာတရား ၂-ပါး ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရတယ်။ အကယ်၍သာ ဒီမင်္ဂလာတရားတွေကို လိုက်နာမယ်ဆိုရင်၊ မေတ္တာဘာဝနာကမ္မဋ္ဌာန်း ရေချမ်းတွေကို ပက်ဖျန်းပေးနေကြမယ်ဆိုရင်၊ မေတ္တာဈာန်တွေကို ဝင်စားနိုင်ကြမယ်ဆိုရင် အလွန် အဆင့်အတန်း မြင့်မားနေတဲ့ ကုသိုလ်တရားတွေ ဗြုန်းကနဲ တိုးပွားမလာနိုင်ဘူးလား? တိုးပွားလာနိုင်တယ်။

မေတ္တာတရားတွေက တိုးပွားလာပြီဆိုရင် ထိုပုဂ္ဂိုလ်တွေ တစ်ဦးပေါ်တစ်ဦး သနားစောင့်ရှောက်လိုတဲ့၊ ဆင်းရဲဒုက္ခမှ ကယ်တင်လိုတဲ့ ကရုဏာတရားတွေ တိုးပွားလာနိုင်တယ်။ ဘယ်လို ဆင်းရဲဒုက္ခမှ ကယ်တင်ချင်သလဲ? တစ်ဦး နေမကောင်းဘူး၊ မကျန်းမာဘူးဆိုရင် တစ်ဦးက ကျန်းမာလာအောင် ပြုစုပေးချင်တဲ့ စိတ်ထား ပေါ်မလာနိုင်ဘူးလား? ပေါ်လာနိုင်တယ်။ ဒါ မေတ္တာ ရှိလာပြီဆိုရင် ကရုဏာတရား ဖြစ်ဖို့ရန်အတွက် လွယ်ကူသွားပြီ။ အဲဒီ ကရုဏာတရား ဖြစ်ပေါ်ဖို့ လွယ်ကူတဲ့ ပုဂ္ဂိုလ်တစ်ဦးက အကယ်၍များ စွမ်းအားရှိခဲ့လို့ ကရုဏာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့မယ်ဆိုရင် ထိုအချိန်ခါမှာ ကရုဏာဈာန်ကို ဝင်စားလို့ ရနိုင်တဲ့ အဆင့်အထိ ကူးမသွားဘူးလား? ကူးသွားနိုင်တယ်။ ဂါရဝ၊ နိဝါတတရားကို အခြေခံပြီးတော့ အဆင့်အတန်း မြင့်မားနေတဲ့ ကရုဏာဈာန်တွေ ဖြစ်ပေါ်လာတာပဲ။ အဲဒီကနေ ရှေ့တစ်ဆင့် တက်လိုက်ဦး ...

တစ်ဦးနဲ့တစ်ဦး မေတ္တာဓာတ်တွေက ကူးလူးဆက်ဆံမှု ရှိနေပြီ၊ တစ်ဦးနဲ့တစ်ဦး ကရုဏာတရားတွေ၊ ဆင်းရဲဒုက္ခမှ ထုတ်ဆောင်ကယ်တင်လိုတဲ့ စိတ်ထားတွေကလည်း အပြည့်အဝ ရှိနေပြီဆိုရင် ထိုသူတော်ကောင်းတွေ တစ်ဦးက ချမ်းသာကြီးပွားလာရင် တစ်ဦးက ဝမ်းသာတဲ့စိတ်ထား လွယ်လွယ်လေးနဲ့ ဖြစ်ပေါ်မလာနိုင်ဘူးလား? ဖြစ်ပေါ်လာပြီ။ တစ်ဦး ချမ်းသာတာကို တစ်ဦးက ဝမ်းသာတတ်ပြီဆိုရင်လည်း မုဒိတာဘာဝနာကမ္မဋ္ဌာန်းကို ဆက်ပြီး ပွားများခဲ့မယ်ဆိုရင် ဒီမုဒိတာ ဗြဟ္မစိုရ်တရားသည် ကိန်းဝပ်ပြီး မလာနိုင်ဘူးလား? ကိန်းဝပ်လာနိုင်တယ်။ မုဒိတာဈာန်တွေကို ဝင်စားနိုင်ပြီ ဆိုလို့ရှိရင်လည်း အဆင့်အတန်း မြင့်မားနေတဲ့ ကုသိုလ်တရားတွေ ထပ်ဆင့်ပြီး တိုးပွားမလာနိုင်ဘူးလား? တိုးပွားလာပြီ။

မေတ္တာဈာန်တွေလည်း ဝင်စားလို့ရပြီ၊ ကရုဏာဈာန်တွေလည်း ဝင်စားလို့ရပြီ၊ မုဒိတာဈာန်တွေလည်း ဝင်စားလို့ရပြီဆိုရင် တစ်ဦးက အကြောင်းမလှလို့ တစ်ဦး ဆင်းရဲဒုက္ခရောက်ပြီ ဆိုကြပါစို့။ သို့မဟုတ် တစ်ဦးကလည်း အကြောင်းလှလို့ ချမ်းသာကြီးပွားပြီ ဆိုကြပါစို့။ ဒီလိုဆိုရင် ကံ၊ ကံ၏အကျိုးကို လက်ခံနိုင်တဲ့ စိတ်ထားတွေ ထိုအချိန်ခါမှာ ကိန်းဝပ်ပြီး မလာနိုင်ဘူးလား? လာနိုင်တယ်။ ဥပေက္ခာဘာဝနာကို ဆက်လက်ပြီး ပွားများမယ်ဆိုရင် မေတ္တာဈာန် ရပြီးတဲ့ပုဂ္ဂိုလ်၊ ကရုဏာဈာန် ရပြီးတဲ့ပုဂ္ဂိုလ်၊ မုဒိတာဈာန် ရပြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဥပေက္ခာဘာဝနာ၊ ဥပေက္ခာဈာန်တွေကို ရရှိအောင် ဆက်လက်ပြီး ကြိုးပမ်းမယ်ဆိုရင် ပိုပြီးတော့ လွယ်ကူသွားပြီ။ တစ်ဦးအပေါ်တစ်ဦး ဥပေက္ခာဘာဝနာရေချမ်း ပက်ဖျန်းပေးနိုင်တဲ့ အဆင့်အထိ ရောက်သွားတယ်။ ဂါရဝတရား၊ နိဝါတတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ မေတ္တာဗြဟ္မစိုရ်တရား၊ ကရုဏာဗြဟ္မစိုရ်တရား၊ မုဒိတာဗြဟ္မစိုရ်တရား၊ ဥပေက္ခာဗြဟ္မစိုရ်တရားခေါ်တဲ့ ဒီဗြဟ္မစိုရ်တရား ၄ ပါး ထင်ရှားစွာ ဖြစ်ပေါ်ပြီး မလာနိုင်ဘူးလား? ဖြစ်ပေါ်လာနိုင်တယ်။

အကယ်၍ မိမိတို့က ဒီဗြဟ္မစိုရ်တရားတွေ အခြေခံပြီးတော့ မိမိတို့က ဝိပဿနာဘာဝနာတရားတွေကို ဆက်လက်ပြီး စီးဖြန်းမယ်ဆိုရင် မေတ္တာဈာန်တွေ ဝင်စားပြီး မေတ္တာဈာန်မှ ထတဲ့အခါ ရုပ်တွေ နာမ်တွေ သိမ်းဆည်း၊ အကြောင်းတရားတွေ ရှာဖွေ၊ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုနိုင်ခဲ့မယ်ဆိုရင်၊ ကရုဏာဈာန်တွေ ဝင်စားပြီးတော့ ဒီကရုဏာဈာန်မှ ထတဲ့အခါ ကရုဏာဈာန် နာမ်တရားအပါအဝင်ဖြစ်တဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုနိုင်ခဲ့မယ်ဆိုရင်၊ မုဒိတာဈာန်တွေ ဝင်စားပြီးတော့ ဒီမုဒိတာဈာန်မှ ထတဲ့အခါ မုဒိတာဈာန် နာမ်တရားတွေ အပါအဝင်ဖြစ်တဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုနိုင်ခဲ့မယ်ဆိုရင်၊ ဥပေက္ခာဈာန်တွေ ဝင်စားပြီးတော့ ဒီဥပေက္ခာဈာန်မှ ထတဲ့အခါ ဥပေက္ခာဈာန် နာမ်တရား အပါအဝင်ဖြစ်တဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုနိုင်ခဲ့မယ်ဆိုရင် မိမိတို့ရဲ့ ဝိပဿနာဉာဏ်တွေကလည်း ရင့်ကျက်ခဲ့မယ်ဆိုရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်တဲ့အထိ ဒီတရားတွေက ကျေးဇူးပြုပေးနိုင်ပါတယ်။

အကယ်၍များ မဂ်ဉာဏ်ဆိုက်ခဲ့မယ် ဆိုလို့ရှိရင်တော့ သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်ခဲ့မယ်ဆိုရင် အပါယ်ဝဋ်ဆင်းရဲကြီးမှ လွတ်သွားမယ်။ သကဒါဂါမ်မိ မဂ်ဉာဏ်ဖိုလ်ဉာဏ်၊ အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ဆိုက်ခဲ့မယ်ဆိုရင် ကာမ ၁၁ ဘုံမှ ကွင်းလုံးကျွတ် လွတ်သွားမယ်။ အရဟတ္တ မဂ်ဉာဏ်ဖိုလ်ဉာဏ်သာ ဆိုက်ခဲ့မယ် ဆိုလို့ရှိရင်တော့ ၃၁ ဘုံမှ ကွင်းလုံးကျွတ် မလွတ်နိုင်ဘူးလား? ဒီလောက် အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတရားတွေက ဘာကိုအခြေခံပြီး ရရှိခဲ့ပါသလဲလို့ ပြန်ပြောင်းပြီး ဆန်းစစ်ခဲ့တဲ့ အချိန်ခါမှာ ဂါရဝမင်္ဂလာ၊ နိဝါတမင်္ဂလာရှိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ထင်ရှားဖြစ်ပေါ်လာနိုင်တဲ့ အကျိုးတရားတွေပဲ။

ဒါကြောင့် ဒီဂါရဝဆိုတဲ့ မင်္ဂလာတရားတွေ၊ နိဝါတဆိုတဲ့ မင်္ဂလာတရားတွေ မိမိတို့ရဲ့သန္တာန်မှာ ကိန်းဝပ်လာအောင် သူတော်ကောင်းမှန်ရင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မကောင်းဘူးလား? အားထုတ်ဖို့ သိပ်ကောင်းတယ်။ ဒါကြောင့် ဂါရဝတရား၊ နိဝါတတရားတွေကိုလည်း မကောင်းတဲ့ အကုသိုလ်တရားတွေကို ပယ်သတ်တတ်တဲ့ မင်္ဂလာတရားအဖြစ်နဲ့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

သန္တုဋ္ဌိ စ

နောက်တစ်ခု - မင်္ဂလာတစ်ခုကတော့ ဘာလဲ? ဂါရဝေါ စ နိဝါတော စ သန္တုဋ္ဌိ စ၊ ရောင့်ရဲလွယ်ခြင်း။ ရောင့်ရဲလွယ်တယ်ဆိုတာ ဘာပြောတာလဲ?

ဣတရီတရပစ္စယသန္တောသော၊ ရရသမျှသော ပစ္စည်းလေးပါးဖြင့် မျှတနေထိုင်နိုင်ခြင်း။ ဒီလို နေထိုင်နိုင်ခြင်းကို သန္တုဋ္ဌိလို့ ဒီလို ခေါ်ထားတယ်။ အဲဒီတော့ ဒီသန္တုဋ္ဌိတရားနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က သန္တုဋ္ဌိ ၁၂ မျိုး ဖွင့်ဆိုထားပါတယ်။ အထူးသဖြင့် ရဟန်းတော်များကို ဦးတည်ပြီး ဟောထားခြင်း ဖြစ်ပါတယ်။ အဲဒီတော့ သန္တုဋ္ဌိတရား ၁၂ ပါး ဆိုတာက ဘာတွေလဲလို့ မေးတော့ သင်္ကန်း၊ ဆွမ်း၊ ဆေး၊ ကျောင်း ဆိုပြီးတော့ ပစ္စည်း ဘယ်နှစ်ပါးရှိလဲ? ပစ္စည်းလေးပါး။ သင်္ကန်းဆိုတဲ့ ပစ္စည်းလေးပါးမှာ သန္တုဋ္ဌိတရား ၃ ပါး၊ ဆွမ်းမှာ ၃ ပါး၊ ကျောင်းမှာ ၃ ပါး၊ ဆေးမှာလည်း ၃ ပါး။ သုံးလေးလီ ၁၂ ပါးပဲ။ ဒီတော့ သင်္ကန်းမှာ ၃ ပါးဆိုတာက ဘာလဲ?

ယထာလာဘသန္တောသ ယထာဗလသန္တောသ ယထာသာရုပ္ပသန္တောသ ဆိုပြီးတော့ ၃ မျိုးရှိတယ်။

ယထာလာဘသန္တောသ ဆိုတာက ရရသမျှ သင်္ကန်းဖြင့် ကျေနပ်ခြင်း။ ရရသမျှ သင်္ကန်းနဲ့ ကျေနပ်တယ်ဆိုတာက ဘယ်လိုဟာလဲ?

ဣဓ ဘိက္ခု စီဝရံ လဘတိ သုန္ဒရံ ဝါ အသုန္ဒရံ ဝါ။ သော တေနေဝ ယာပေတိ၊ အညံ န ပတ္ထေတိ၊ လဘန္တောပိ န ဂဏှာတိ၊ အယမဿ စီဝရေ ယထာလာဘသန္တောသော။

ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ ယောဂါဝစရ ရဟန်းတော်သည်။ သုန္ဒရံ ဝါ၊ ကောင်းသည်မူလည်းဖြစ်သော။ အသုန္ဒရံ ဝါ၊ မကောင်းသည်မူလည်းဖြစ်သော။ စီဝရံ၊ သင်္ကန်းကို။ လဘတိ၊ ရရှိ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ တေနေဝ၊ ထိုရရသမျှသော သင်္ကန်းဖြင့်ပင်လျှင်။ ယာပေတိ၊ မျှတ၍ နေ၏။ အညံ၊ အခြားတစ်ပါးသော သင်္ကန်းကို။ န ပတ္ထေတိ၊ တောင့်တမှု မရှိ။ လဘန္တောပိ၊ ရရှိပါသော်လည်းပဲ။ န ဂဏှာတိ၊ မခံယူ။ အယံ၊ ဤသည်ကား။ အဿ၊ ထိုပုဂ္ဂိုလ်၏။ စီဝရေ၊ သင်္ကန်း၌။ ယထာလာဘသန္တောသော၊ ယထာလာဘသန္တောသ မည်၏၊

ရတဲ့သင်္ကန်းလေးနဲ့ ကျေနပ်ပြီး နေလိုက်တယ်။ နောက်ထပ် သင်္ကန်းတစ်မျိုးကို လိုလားတောင့်တတဲ့ စိတ်ထားမရှိဘူး။ အကယ်၍ နောက်ထပ် သင်္ကန်းတစ်ခု ရခဲ့ရင်လည်း အဲဒီသင်္ကန်းကို ဘယ်တော့မှ မယူဘူးတဲ့။ ဒါဟာ သင်္ကန်းနဲ့ ပတ်သက်ပြီးတော့ ရတဲ့သင်္ကန်းနဲ့ ကျေနပ်ခြင်းဆိုတဲ့ ယထာလာဘသန္တောသ ဖြစ်တယ်။

ဘုန်းကြီး ငယ်စဉ် ကိုရင်ဘဝတုန်းကပေါ့နော်... ထိန်တော မိုးညိုမှာ မပုတ်မသိုးတဲ့ ဆရာတော်ကြီး ၁ ပါး အလောင်းရှိတယ်။ တတိယဒွါရ သာသနာတော်ပိုင် ဖြစ်ပါတယ်။ ဒီဆရာတော်ကြီးအလောင်းကို ဘုန်းကြီး ကိုရင်ဝတ်က ဖူးခဲ့ဖူးပါတယ်။ ဖူးခဲ့ဖူးတဲ့အခါကျတော့ ဒကာတွေက လျှောက်ထားကြတယ်။ ဆရာတော်ကြီးကို ၁ နှစ် ၁ ခါ ရေချိုးပေးတယ်၊ ၁ နှစ် ၁ ခါ သင်္ကန်းလဲပေးတယ်။ ဘုန်းကြီး ဒီလောက်ပဲ သိခဲ့ပါတယ်။ ဘာဖြစ်လို့ ၁ နှစ် ၁ ခါ ရေချိုးပေးရသလဲ၊ ၁ နှစ် ၁ ခါ သင်္ကန်းလဲပေးရသလဲဆိုတာ ဘုန်းကြီး မသိခဲ့ဘူး။

တလောတုန်းက ဘုန်းကြီးတို့ သီတင်းသုံးဖော်ဖြစ်တဲ့ နိုင်ငံကျော် ဓမ္မကထိကဖြစ်တဲ့ အရှင်ပညာဇောတ ကြွလာတယ်။ ကြွလာတော့မှ ဒီဆရာတော်ကြီးရဲ့အကြောင်းကို အမိန့်ရှိသွားတာ။ ဘုန်းကြီး ကြည်ညိုလိုက်တာနော်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတော်ကြီးက ၁ နှစ် ၁ ခါပဲ ရေချိုးတယ်၊ ၁ နှစ်မှ ၁ ခါပဲ သင်္ကန်းလဲတယ်။ အဲဒီ အထိမ်းအမှတ်ကို အခြေတည်ပြီးတော့ ဆရာတော်ကြီးရဲ့ အလောင်းကို ၁ နှစ် ၁ ခါ ရေချိုးပေးတယ်၊ ၁ နှစ် ၁ ခါ သင်္ကန်းလဲပေးတယ်။ စဉ်းစားကြည့်စမ်းနော် -

သင်္ကန်းကို ၁ ထည်ပဲ ၁ နှစ်ပတ်လုံး ဝတ်တယ်။ ဝတ်ပြီဆိုလို့ရှိရင် ၁ နှစ်ပြည့်တဲ့အခါမှ ရေချိုးတယ်၊ ဒီသင်္ကန်းလဲတယ်။ နောက်သင်္ကန်း ၁ ထည်လဲ ၁ နှစ်ဝတ်တယ်။ ၁ နှစ်အတွင်းမှာ ဘယ်သင်္ကန်းပဲလာလာ ဘယ်တော့မှ လက်မခံဘူး၊ ဝတ်လည်း မဝတ်ဘူး။ မကောင်းဘူးလား? ဟင်... ဘာမကောင်းတာလဲ? တကယ်ကောင်းတာ ဟုတ်ရဲ့လား? စဉ်းစားနော်။ ဦးပဉ္စင်းက အင်မတန် ကြည်ညိုသွားတယ်။ ဆရာတော်ကြီးက အဲဒီတော့ ၁ နှစ် ၁ ခါဆိုတော့ ပြန်စဉ်းစားကြည့်တယ်။ ဦးပညာဇောတကလည်း ပြောတယ် -

အရှင်ဘုရား... သင်္ကန်း ၁ ထည် ဝတ်တယ်၊ ၁ နှစ်မှ ၁ ထည်ဝတ်တယ်ဆိုတော့ ဆရာတော်ကြီး ချွေးထွက်ပုံတော့ မရဘူးတဲ့။ သူ့အနား သွားရင်လည်း နံပုံမရဘူး။ သူ့သင်္ကန်းတွေလည်း နံပုံမရဘူးတဲ့။ ဒါကြောင့် သူ ၁ နှစ်ပတ်လုံး နေထိုင်နိုင်တာတဲ့။ ပြောလိုရင်းက ဆရာတော်ကြီးရဲ့ သီလဂုဏ်ကျေးဇူးဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ သီလဂုဏ်ကျေးဇူးသည် သာမန် သီလဂုဏ်ကျေးဇူးတော့ ဟုတ်ပုံမရဘူးလို့ ဒီလိုဆိုလိုတယ်။ အရိယမဂ်နဲ့ ယှဉ်တွဲနေတဲ့ သီလဂုဏ်ကျေးဇူး ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ဒီလို ခန့်မှန်းရတာပါ။ အဲဒီ အရိယမဂ်မှာလည်း အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဆိုတဲ့ ဂုဏ်ကျေးဇူး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို ပြောချင်တဲ့အဓိပ္ပါယ်မှာ ဟုတ်သည် မဟုတ်သည် အတိအကျ မသိနိုင်သော်လည်းဘဲ ဆရာတော်ကြီးရဲ့ ယထာလာဘသန္တောသ = ရရသမျှ သင်္ကန်းနှင့် ကျေနပ်ရောင့်ရဲမှု ရှိခြင်းကတော့ အလွန် ကြည်ညိုဖို့ ကောင်းတယ်။

ရဟန်းဆိုတာ အဲဒီစိတ်ထားမျိုး ရှိရမယ်။ သန္တုဋ္ဌိမင်္ဂလာ ၁ မျိုးပဲ။ ရဟန်းသာ ဒီလိုစိတ်ထား ရှိရတာပါ၊ တို့သီလရှင်တွေ ဒီလိုစိတ်ထား ရှိဖို့ မလိုဘူး ဟုတ်သလား? ဟင်... ပြောကြစမ်းပါဦး။ ကျော့နေအောင် ၁ ထည်ပြီး ၁ ထည် ဝတ်တဲ့ပုံစံမျိုးတော့ ဘုရားရှင် နှစ်ခြိုက်သလားတဲ့? မနှစ်ခြိုက်ဘူးတဲ့။ ရရသမျှ သင်္ကန်းလေးနဲ့ ကျေနပ်တာကို ဘုရားရှင် အင်မတန် နှစ်ခြိုက်တယ်။

နောက်တစ်ခု - ယထာဗလသန္တောသ၊ မိမိရဲ့ ကိုယ်ခံအားနဲ့ ညီမျှတဲ့ ကျေနပ်မှု ရှိတယ်။ မိမိရဲ့ ကိုယ်ခံအား ညီမျှနေမယ်ဆိုရင် ညီမျှတာနဲ့ ကျေနပ်သွားတယ်။ ကိုယ်ခံအားနဲ့ ညီမျှတယ်ဆိုတာက ဘယ်လိုလဲ မေးတော့ -

အထ ပန ဘိက္ခု အာဗာဓိကော ဟောတိ၊ ဂရုံ စီဝရံ ပါရုပန္တော ဩဏမတိ ဝါ ကိလမတိ ဝါ၊ သော သဘာဂေန ဘိက္ခုနာ သဒ္ဓိံ တံ ပရိဝတ္တေတွာ လဟုကေန ယာပေန္တောပိ သန္တုဋ္ဌောဝ ဟောတိ၊ အယမဿ စီဝရေ ယထာဗလသန္တောသော။

မိမိကိုယ်ခံအားနဲ့ မျှတရုံသင်္ကန်းကိုသာ ကျေနပ်တယ်။ ဘယ်လိုလဲဆိုတော့ မိမိက မကျန်းမာတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီ။ မကျန်းမာတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် -

ဂရုံ စီဝရံ၊ လေးလံတဲ့ သင်္ကန်းကို။ ပါရုပန္တော၊ ရုံခဲ့သည်ရှိသော်။ ဩဏမတိ ဝါ၊ ကိုယ်မူလည်း ညွှတ်ကိုင်းရှိုင်း၍ နေတတ်ပေ၏။ ကိလမတိ ဝါ၊ ပင်ပန်းဆင်းရဲမှုသော်လည်း ဖြစ်၍ နေတတ်ပေ၏၊

အင်မတန်လေးတဲ့ သင်္ကန်းကြီး ၁ ထည် သွားပြီး ဝတ်လိုက်မယ်ဆိုရင် ကိုယ်က မကျန်းမာတဲ့ပုဂ္ဂိုလ် ဖြစ်ခြင်းကြောင့် ကိုယ်ကလည်း လေးတွဲပြီး နေချင်နေတတ်တယ်။ သို့မဟုတ် ပင်ပန်းမှုသော်လည်း ဖြစ်ချင်လည်း ဖြစ်နေတတ်တယ်။ အဲဒီအခါကျတော့ ဘာလုပ်ရမလဲ?

သော၊ ထိုရဟန်းတော်သည်။ သဘာဂေန၊ မိမိနှင့် သပ္ပါယဖြစ်သော။ ဘိက္ခုနာ၊ ရဟန်းတော်နှင့်။ သဒ္ဓိံ၊ အတူတကွ။ တံ၊ ထိုသင်္ကန်းကို။ ပရိဝတ္တေတွာ၊ လဲလှယ်၍။ လဟုကေန၊ ပေါ့ပါးသော သင်္ကန်းဖြင့်။ ယာပေန္တောပိ၊ မျှတ၍နေတဲ့ ရဟန်းသည်သော်လည်းပဲ။ သန္တုဋ္ဌောဝ၊ သန္တုဋ္ဌိမင်္ဂလာနှင့် ပြည့်စုံသည်သာလျှင်။ ဟောတိ၊ ဖြစ်ပေ၏။

ဒါလည်း သန္တုဋ္ဌိမင်္ဂလာနှင့် ပြည့်စုံသည် မည်ပါပေတယ်။ မိမိနဲ့ မမျှတတဲ့သင်္ကန်းကို မိမိက မဝတ်ရုံဘဲ၊ မိမိရဲ့ စိတ်တူသဘောတူဖြစ်တဲ့ တခြား သီတင်းသုံးဖော် ရဟန်းတော် တစ်ဦးနှင့် ဒီသင်္ကန်းကို လဲလှယ်ပြီးတော့ မိမိနှင့် မျှတနေတဲ့ ပေါ့ပါးတဲ့ သင်္ကန်းလေးနှင့် မျှတပြီး နေထိုင်လိုက်တယ်။ အဲဒီလို နေထိုင်ရင်လည်း ဒါ သန္တုဋ္ဌိမင်္ဂလာနှင့် ပြည့်စုံတယ် ခေါ်နိုင်ပါတယ်။ ဒါက သင်္ကန်းနဲ့ ပတ်သက်ပြီးတော့ ယထာဗလသန္တောသ။ မိမိကိုယ်ခံအားနဲ့ စွမ်းအားရှိသလောက် မျှတပြီး နေထိုင်ခြင်းလို့ ခေါ်တယ်။ ဒီလို လဲလှယ်ပြီး သုံးတာကိုတော့ ရတာနဲ့ မျှတရမယ်ဆိုသော်လည်း ရတဲ့သင်္ကန်းက မိမိရဲ့ ကိုယ်ခံအားနဲ့ မညီမျှခဲ့ရင်တော့ လဲလှယ်ခွင့် ပေးထားပါတယ်။ ဒါ သန္တုဋ္ဌိ မရှိလို့တော့ မဆိုလိုပါဘူး။

ဒါပေမဲ့ လဲတဲ့နေရာမှာ ဟိုဟာလေးက ပိုကောင်းတော့ ဟိုဘက်ကို လိုချင်ပြန်တယ်။ ဟိုဟာလေးက ပိုကောင်းတော့ ဟိုဘက်ကို လိုချင်ပြန်တယ်။ ဒီစိတ်ထားမျိုး ရှိရမလား? မရှိရဘူးနော်။ မိမိကိုယ်ခံအားနှင့် မျှတပြီဆိုရင် မျှတတဲ့သင်္ကန်းကို မိမိက ကျေနပ်သွားတယ်။ နောက်ထပ် အသစ် တောင့်တမှု မရှိဘူး။ သိပ်ကောင်းတယ် သိပ်ကောင်းတယ်။ ဘာဖြစ်လို့ကောင်းလဲ နောက်တော့မှ ဘုန်းကြီး ပြောမယ်နော်။

နောက် ယထာသာရုပ္ပသန္တောသ၊ မိမိနဲ့ သပ္ပါယ ဖြစ်နေသလောက် ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်တဲ့ အဆင့်ရှိနေတဲ့သင်္ကန်းနဲ့ ကိုယ်က ကျေနပ်တယ်။ ဘယ်လိုလဲ?

အပရော ဘိက္ခု ပဏီတပစ္စယလာဘီ ဟောတိ, သော ပဋ္ဋစီဝရာဒီနံ အညတရံ မဟဂ္ဃံ စီဝရံ လဘိတွာ ‘‘ဣဒံ ထေရာနံ စိရပဗ္ဗဇိတာနံ ဗဟုဿုတာနဉ္စ အနုရူပ’’န္တိ တေသံ ဒတွာ အတ္တနာ သင်္ကာရကူဋာ ဝါ အညတော ဝါ ကုတောစိ နန္တကာနိ ဥစ္စိနိတွာ သံဃာဋိံ ကရိတွာ ဓာရေန္တောပိ သန္တုဋ္ဌောဝ ဟောတိ, အယမဿ စီဝရေ ယထာသာရုပ္ပသန္တောသော။

အပရော ဘိက္ခု၊ အခြားတစ်ပါးသော ရဟန်းတော်သည်ကား။ ပဏီတပစ္စယလာဘီ၊ မွန်မြတ်သော သင်္ကန်းကို ရလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။

ခုခေတ်ဆိုရင်တော့ တက်ထရွန်တို့၊ စီဝိုင်စီတို့ပေါ့နော်။ မွန်မွန်မြတ်မြတ် ဖြစ်တဲ့ သင်္ကန်းတွေကို ဘုန်းကံအားလျော်စွာ ရလေ့ရှိတယ်။ ဒါပေမဲ့လို့—

သော၊ ထိုရဟန်းတော်သည်။ ပဋ္ဋစီဝရာဒီနံ၊ ပတ္တစီဝရ အစရှိသော။ အညတရံ၊ အခြားတစ်ပါးသော။ မဟဂ္ဃံ၊ အဖိုးတန်သော။ စီဝရံ၊ သင်္ကန်းကို။ လဘိတွာ၊ ရရှိပါသော်လည်းပဲ။ ဣဒံ၊ ဤသင်္ကန်းသည်ကား။ စိရပဗ္ဗဇိတာနံ၊ ကြာမြင့်စွာက ရှင်ရဟန်းပြုလာကြသော။ ထေရာနဉ္စ၊ မထေရ်ကြီးတို့အားလည်းကောင်း။ ဗဟုဿုတာနဉ္စ၊ အကြားအမြင် ဗဟုဿုတ များပြားတဲ့။ ထေရာနဉ္စ၊ မထေရ်ကြီးတို့အားလည်းကောင်း။ အနုရူပံ၊ လျှောက်ပတ်ပေ၏။ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ တေသံ၊ ထိုမထေရ်မြတ်ကြီးတို့အား။ ဒတွာ၊ ပေးလှူပြီး၍။ အတ္တနာ၊ မိမိကိုယ်တိုင်ကား။ သင်္ကာရကူဋာဝါ၊ အမှိုက်ပုံသော်လည်းကောင်း။ အညတောဝါ၊ အခြားတစ်ပါးသော အရပ်သော်မှလည်းကောင်း။ ကုတောစိ၊ တစ်စုံတစ်ခုသော အရပ်မှ။ နန္တကာနိ၊ အစုပ်အပြတ်ဖြစ်ကုန်သော ပိတ်စတို့ကို။ ဥစ္စိနိတွာ၊ ရွေးချယ်၍။ သံဃာဋိံ၊ ဒုကုဋ်သင်္ကန်းကို။ ကရိတွာ၊ ပြု၍။ ဓာရေန္တောပိ၊ ဆောင်၍နေသော ရဟန်းသည်လည်း။ သန္တုဋ္ဌောဝ၊ သန္တုဋ္ဌိမင်္ဂလာနှင့် ပြည့်စုံသည်သာလျှင်။ ဟောတိ၊ ဖြစ်ပါပေ၏။ အယံ၊ ဤသည်ကား။ အဿ၊ ထိုရဟန်းတော်အဖို့။ စီဝရေ၊ သင်္ကန်းတော်အပေါ်၌။ ယထာသာရုပ္ပသန္တောသော၊ ယထာသာရုပ္ပသန္တောသ မည်ပါပေ၏။

မိမိနဲ့ သပ္ပါယဖြစ်တဲ့ သင်္ကန်းလောက်ကိုသာ ဆောင်ပြီးတော့ သာသနာမှာ နေတယ်။ ဘယ်လိုလဲဆိုတော့ မွန်မြတ်တဲ့ သင်္ကန်းတော်တွေကို မိမိရဲ့ ဘုန်းကံအားလျော်စွာ ရရှိတဲ့ သူတော်ကောင်း ဖြစ်ပါတယ်။ ဖြစ်ချင်လည်း ဖြစ်ပါစေ အဲဒီ မိမိ ရရှိတဲ့ သင်္ကန်းက ပတ္တစီဝရတဲ့။ ပတ္တစီဝရစတဲ့ အလွန် တန်ဖိုးကြီးမားနေတဲ့ သင်္ကန်းတစ်ခု ဖြစ်ချင်ဖြစ်မယ်။ အဲဒီ သင်္ကန်းတွေကို တခြားတခြား ရဟန်းတွေကို လှူလိုက်တယ်။

ပတ္တစီဝရ ယခုခေတ်မှာတော့ အသုံးနှုန်း နည်းနေတယ်။ ရှေးယခင်တုန်းကတော့လေ ပုဂ္ဂိုလ်တွေကလေ၊ ဒေသခံတွေက အမျိုးမျိုး ရှိလေတော့ ပုဂ္ဂိုလ်တွေကလည်း အမျိုးမျိုး ရှိတယ်။ တချို့က ထူထူထဲထဲသင်္ကန်းကို ဝတ်ရမှ မျှတတယ်။ တချို့က ပါးပါးကို ဝတ်ရမှ မျှတတယ်။ တချို့က ၁-ထပ်လောက် ဝတ်ရုံနဲ့ မျှတတယ်။ တချို့က ၂-ထပ်လောက် ထပ်ပြီးဝတ်မှ မျှတတယ်။

ခု ဘုန်းကြီးတို့ တောကျောင်းမှာ နေတယ်။ စစ်ကိုင်းဆရာတော် ဆိုပါတော့ ... ဘုန်းကြီးဆီ လာလို့ရှိရင် အတွင်းက သင်္ကန်းလေး ၁-ထည် ပတ်ထားရတယ်။ ဘာဖြစ်လို့လဲ မေးကြည့်လိုက်တော့ အဆုတ်အအေးပတ်လို့ မရဘူး။ အဆုတ်အအေးပတ်တာနဲ့ ချက်ချင်းဖျားတယ်။ သူ့ကျတော့ ထူထဲတဲ့သင်္ကန်းကို ဝတ်ရုံမှ မျှတတဲ့သဘော ရှိနေတယ်။ ဒါ သူ့ရဲ့ ကိုယ်ခံအားနဲ့ လျော်ညီနေတယ်။ တချို့ကျတော့ ဒီလို ပတ်ထားလို့ မရဘူး။ ချွေးတွေ ထွက်လာပြီဆိုရင် ခေါင်းတွေ ခဲလာတယ်။ ဒါကြောင့် ကျောကို လှပ်ထားရပြန်တယ်။ ဟော ... ပုဂ္ဂိုလ်ချင်း မတူဘူး။

အဲဒါကြောင့် ပုဂ္ဂိုလ်တွေက တစ်ဦးနဲ့တစ်ဦး မတူညီတော့ ရှေးခေတ်တုန်းက သင်္ကန်းက အများ ခုခေတ် နားလည်နေတာကတော့ ဒုကုဋ်ကိုသာ ၂-ထပ်သင်္ကန်းအဖြစ် နားလည်တယ်။ ရှေးခေတ်တုန်းကတော့ ဒီလိုပုံစံ မဟုတ်ဘူး။ သင်္ကန်းမှာလည်း ၂-ထပ်၊ သင်းပိုင်မှာလည်း ၂-ထပ်။ မြတ်စွာဘုရား ခွင့်ပြုထားတယ်။ ထပ်ချုပ်ပါ။ ဒါက မိမိကိုယ်ခံအားနဲ့ လျော်ညီစွာ ဒါ ခွင့်ပြုထားတာ။ ၂-ထပ်တွင်မကလို့ ၃-ထပ် ပြန်ပြီး ချုပ်ချင်လည်း မိမိ ကိုယ်ခံအားက ၃-ထပ်ဆောင်မှ ဖြစ်မယ်ဆိုရင်တော့ ၃-ထပ်ချုပ်ပါ။ ဒါ ခွင့်ပြုထားတယ်။ ဘာဖြစ်လို့လဲ? အလွန်အေးတဲ့ နိုင်ငံတွေကျလို့ရှိရင် ဒီလို ခွင့်မပြုခဲ့ရင် ပြဿနာ ရှုပ်ထွေးသွားမယ်။ တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် အခက်အခဲတွေ များစွာ ရှိလာနိုင်တယ်။ သင်းပိုင်တွင်လားဆို မကသေးဘူး။ ဧကသီကိုလည်း ၂-ထပ်၊ ၃-ထပ် ချုပ်ဖို့ မြတ်စွာဘုရား ခွင့်ပြုထားပါတယ်။ ဒုကုဋ်သင်္ကန်းမှာလည်း ဒီအတိုင်းပါပဲ။ ၂-ထပ်၊ ၃-ထပ် စသည်ဖြင့် ထပ်ချုပ်ဖို့ရန်အတွက် မြတ်စွာဘုရား ခွင့်ပြုထားပါတယ်။

အဲဒီလို အထပ်အလွှာများတဲ့ သင်္ကန်းတွေကတော့ တန်ဖိုးရှိတဲ့ သင်္ကန်းတွေ ဖြစ်နေပြန်တယ်။ အဲဒီ တန်ဖိုးရှိတဲ့ သင်္ကန်းတွေကို မိမိက ပါရမီဘုန်းကံ အားလျော်စွာ ရရှိခဲ့မယ်ဆိုရင် ဩော် ... ဒီသင်္ကန်းတွေက အလွန် မွန်မြတ်တဲ့၊ တန်ဖိုးကြီးတဲ့ သင်္ကန်းတွေဖြစ်တယ်။ ဒီမွန်မြတ်တဲ့ သင်္ကန်းတွေ ဆိုတာကတော့ ကြာမြင့်စွာ အချိန်ကာလတည်းက သာသနာတော် ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ထေရ်ကြီး ဝါကြီးတွေနဲ့ ထိုက်တန်တယ်ဆိုပြီး ထေရ်ကြီး ဝါကြီးတွေကို လှူလိုက်တယ်။ ဟာ ... ဒီသင်္ကန်းတွေက သာသနာတော်မှာ အကြားအမြင် ဗဟုဿုတများပြားနေတဲ့ မထေရ်မြတ်တွေနဲ့သာ ထိုက်တန်ပါတယ်ဆိုပြီးတော့ အကြားအမြင် ဗဟုဿုတ များပြားနေတဲ့ သူတော်ကောင်းကိုသော်လည်း လှူလိုက်တယ်။ လှူလိုက်ပြီးတော့ မိမိကိုယ်တိုင်ကတော့ ဘာလုပ်သလဲ?

အမှိုက်ပုံမှာပဲ ဖြစ်စေ၊ သုဿာန်သချုႋင်းမှာပဲ ဖြစ်စေ။ ဘယ်နေရာကမဆိုပေါ့လေ - သူတစ်ပါးတို့က မသုံးလို့ စွန့်ပစ်ထားတဲ့ ပိတ်စကလေးတွေကို ပံ့သကူကောက်ပြီးတော့ ချုပ်ဆိုးပြီးတဲ့ အခါကျတော့မှ မိမိက ဝတ်ရုံတယ်။ အဲဒီလို ဝတ်ရုံတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ ယထာသာရုပ္ပသန္တောသ၊ မိမိနဲ့ သင့်တော်တဲ့သင်္ကန်းနဲ့ ရောင့်ရဲတင်းတိမ်မှုရှိနေတဲ့ ပုဂ္ဂိုလ်လို့ ခေါ်နိုင်တယ်။ ဒါက သင်္ကန်းနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာရဲ့ ဖွင့်ဆိုချက်ပဲ။ ဘုရားရှင်ရဲ့ ဆိုဆုံးမချက်ကို အခြေတည်ပြီး ဖွင့်ဆိုထားတာပါ။

နောက်တစ်ခု ဆွမ်းနှင့် ပတ်သက်ပြီးတော့ သန္တောသတရား ၃-ခုပါ ဖွင့်ဆိုထားပါတယ်။

ဣဓ ပန ဘိက္ခု ပိဏ္ဍပါတံ လဘတိ လူခံ ဝါ ပဏီတံ ဝါ, သော တေနေဝ ယာပေတိ, အညံ န ပတ္ထေတိ, လဘန္တောပိ န ဂဏှာတိ, အယမဿ ပိဏ္ဍပါတေ ယထာလာဘသန္တောသော။

ဣဓ ပန၊ ဤသာသနာတော်၌။ ဘိက္ခု၊ ယောဂါဝစရ ရဟန်းတော်သည်။ လူခံဝါ၊ ကြမ်းတမ်းသည်မူလည်းဖြစ်သော။ ပဏီတံဝါ၊ မွန်မြတ်သည်မူလည်းဖြစ်သော။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ လဘတိ၊ ရရှိပေ၏။ သော၊ ထိုရဟန်းတော်သည်။ တေနေဝ၊ ထိုရရသမျှသော ဆွမ်းဖြင့်ပင်လျှင်။ ယာပေတိ၊ မျှတ၍နေ၏။ အညံ၊ အခြားတစ်ပါးကို။ န ပတ္ထေတိ၊ တောင့်တမှု မရှိ။ လဘန္တောပိ၊ ရရှိပါသော်လည်းပဲ (အခြားမှ ပိုမို၍ ရသော်လည်း)။ န ဂဏှာတိ၊ မခံယူ။ အယံ၊ ဤသည်ကား။ အဿ၊ ထိုရဟန်းတော်အဖို့။ ပိဏ္ဍပါတေ၊ ဆွမ်း၌။ ယထာလာဘသန္တောသော၊ ယထာလာဘသန္တောသ မည်ပါပေ၏။

ရရသမျှလေးနဲ့ ကျေနပ်ရောင့်ရဲတဲ့ စိတ်ထားရှိတဲ့ မင်္ဂလာတဲ့။ ဘာဖြစ်လို့ မင်္ဂလာ ခေါ်ရသလဲ? စဉ်းစားကြည့်စမ်း။ ရတာလေးနဲ့ ကျေနပ်တယ်ဆိုရင် နောက်ထပ် မျှော်လင့်တောင့်တတဲ့ တဏှာ ရှိသေးလား? မရှိတော့ဘူး။ မရှိတာက အညံ န ပတ္ထေတိ၊ တခြားဟာကို တောင့်တတဲ့စိတ်ထား မရှိဘူး။ မိမိရထားတာထက် ပိုလွန်ပြီး တခြားဟာတွေကို လှမ်းပြီး တောင့်တနေတဲ့စိတ်ထား မရှိဘူး။ ဒီလိုဆိုရင် တခြားပစ္စည်းတွေအပေါ်၌၊ တခြား အစာအာဟာရအပေါ်၌ တွယ်တာနေတဲ့ တဏှာ ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အမြစ်ပြတ်ပြီး မသွားဘူးလား? ပြတ်သွားတယ်။ ပယ်ရှားပြီး မဖြစ်ဘူးလား? ဖြစ်နေတယ်။

ရဟန်းဆိုတာ အဲဒီစိတ်ထား ရှိရတယ်။ ဘယ့်နှယ်တုံး လက်ခံနိုင်ကြရဲ့လား? (လက်ခံနိုင်ပါတယ်ဘုရား) ဟင် ... နောက်က သီလရှင်တွေရော လက်ခံနိုင်ကြရဲ့လား? ဟင် ... ဟင် ... လက်ခံနိုင်တယ် ဆိုလို့ရှိရင်တော့ အဲဒီပုလင်းလေးတွေ ဖွင့်ကြည့်ချင်တယ်။ ဟုတ်တယ်မဟုတ်လား? ငါးပိပဲ တွေ့မလား၊ ငါးခြောက်ပဲ တွေ့မလား? ဘာပဲ တွေ့မလဲ မပြောတော့ မပြောတတ်ဘူး။ သာသနာတော်မှာ နေပြီဆိုရင် ဒီစိတ်ထားလေးတွေက ရှိဖို့ လိုအပ်ပါတယ်။ အဲဒီစိတ်ထား မရှိရင်တော့ ရှာရမယ်၊ ဖွေရမယ်၊ မျှော်ရမယ်။ ရရင်လည်း ကောင်းရဲ့၊ မရရင်လည်း စိတ်အနှောင့်အယှက် မဖြစ်ဘူးလား? ဖြစ်တတ်ပြန်တယ်။ ကြော်ရမယ်၊ လှော်ရမယ်၊ ချက်ရမယ်၊ ပြုတ်ရမယ်။ တရားထိုင်ဖို့အချိန်တွေ များစွာ လျော့မသွားနိုင်ဘူးလား? လျော့သွားနိုင်တယ်။ ဒါကြောင့် —

ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ ယောဂါဝစရ ရဟန်းတော်သည်။ လူခံဝါ၊ ကြမ်းတမ်းသည်မူလည်းဖြစ်သော။ ပဏီတံဝါ၊ မွန်မြတ်သည်မူလည်းဖြစ်သော။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ လဘတိ၊ ရရှိပေ၏။ သော၊ ထိုရဟန်းတော်သည်။ တေနေဝ၊ ထိုရရသမျှသော ဆွမ်းဖြင့်ပင်လျှင်။ ယာပေတိ၊ မျှတ၍နေ၏။

ဘုန်းကြီးတို့က သိပ်ကြည်ညိုတယ် ဒါမျိုးကိုနော် ... ဘယ့်နှယ်တုံး သီလရှင်တွေ မကြည်ညိုကြဘူးလား? (ကြည်ညိုပါတယ်ဘုရား) ကြည်ညိုတယ်ဆိုတာ ဘာပြောတာလဲ? အဲဒါပဲ သတိထားကြ သတိထားကြနော်။ ဘုန်းကြီးကတော့ ကြည်ညိုလွန်းလို့ ဒီသန္တောသတရားကိုပဲ ခဏခဏ နှလုံးသွင်းပါတယ်။

ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ ယောဂါဝစရ ရဟန်းတော်သည်။ လူခံဝါ၊ ကြမ်းတမ်းသည်မူလည်းဖြစ်သော။ ပဏီတံဝါ၊ မွန်မြတ်သည်မူလည်းဖြစ်သော။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ လဘတိ၊ ရရှိပေ၏။ သော၊ ထိုရဟန်းတော်သည်။ တေနေဝ၊ ထိုရရသမျှသော ဆွမ်းဖြင့်ပင်လျှင်။ ယာပေတိ၊ မျှတ၍နေ၏။

ရတာလေးနဲ့ပဲ ကျေနပ်လိုက်တယ်။

အညံ၊ အခြားတစ်ပါးကို။ န ပတ္ထေတိ၊ မတောင့်တပါ။

တခြားဟာတွေကို မတောင့်တဘူး။ ဘယ့်နှယ်လဲ ကြည်ညိုဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။

လဘံတောတိ၊ ရပါသော်လည်းပဲ။ နဂဏှာတိ၊ မခံယူ။

ရရင်လည်း ဘယ်တော့မှ မခံယူဘူး။ ရတာလေးနဲ့ ကျေနပ်သွားတယ်။

အယံ၊ ဤသည်ကား။ အဿ၊ ထိုရဟန်းတော်အဖို့။ ပိဏ္ဍပါတေ၊ ဆွမ်း၌။ ယထာလာဘသန္တောသော၊ ရရသမျှသော ကျေနပ်နေသော ယထာလာဘသန္တောသ မင်္ဂလာတရား မည်ပါပေ၏၊

ဒါ မင်္ဂလာရှိတယ်လို့ ဘုရားက ဟောတယ်။ ရတာလေးနဲ့ ကျေနပ်နေတယ်။ ဆွမ်းကိစ္စမှာ ဒါကို မင်္ဂလာ။ ဘာဖြစ်လို့လဲ? အကုသိုလ်တရားတွေကို ဖျက်ဆီးနိုင်တဲ့စွမ်းအား ရှိနေလို့။ ဘယ်အကုသိုလ်လဲ? တခြား အာဟာရအပေါ်၌ ရတာထက် ပိုလွန်ပြီး တခြားအာဟာရအပေါ်၌ တွယ်တာမက်မောနေတဲ့ အကုသိုလ်တရားကို ပယ်ရှားနိုင်တဲ့ စွမ်းအားရှိလို့ ဒီသန္တုဋ္ဌိတရားကို မင်္ဂလာဆိုပြီးတော့ ဘုရားက ဟောတယ်။ ယထာလာဘသန္တောသ မင်္ဂလာ။ နောက်တစ်ခု -

အထ ပန ဘိက္ခု အာဗာဓိကော ဟောတိ, လူခံ ပိဏ္ဍပါတံ ဘုဉ္ဇိတွာ ဂါဠှံ ရောဂါတင်္ကံ ပါပုဏာတိ, သော တံ သဘာဂဿ ဘိက္ခုနော ဒတွာ တဿ ဟတ္ထတော သပ္ပိမဓုခီရာဒီနိ ဘုဉ္ဇိတွာ သမဏဓမ္မံ ကရောန္တောပိ သန္တုဋ္ဌောဝ ဟောတိ, အယမဿ ပိဏ္ဍပါတေ ယထာဗလသန္တောသော။

ဒီသန္တောသ တရားကတော့ သီလရှင်တွေ ပိုကြိုက်လိမ့်မယ် ထင်တယ်နော်။ ဘာပြောသလဲ?

အထ ပန၊ တစ်မျိုးသော်ကား (သို့မဟုတ်) ထိုသို့မဟုတ်ဘဲလျက်။ သော ဘိက္ခု၊ ထိုရဟန်းတော်သည်ကား။ အာဗာဓိကော၊ မကျန်းမာတဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်၍ နေပြန်၏၊

သူက မကျန်းမာတဲ့ပုဂ္ဂိုလ် ဖြစ်နေပြီ။

လူခံ ပိဏ္ဍပါတံ၊ ကြမ်းတမ်းတဲ့ ဆွမ်းကို။ ဘုဉ္ဇိတွာ၊ စားခဲ့သည်ရှိသော်။ ဂါဠှံ ရောဂါတင်္ကံ၊ ပြင်းထန်တဲ့ နာကျင်ကိုက်ခဲနေတဲ့ အနာရောဂါမျိုးသည်။ ပါပုဏာတိ၊ ဆိုက်ရောက်၍ လာတတ်ပေ၏၊

ကြမ်းတမ်းတဲ့ ဆွမ်းအာဟာရကို စားလိုက်ပြီဆိုရင် အင်မတန် ပြင်းထန်တဲ့ အနာရောဂါမျိုးက ဆိုက်ရောက်လာပြန်တယ်။ တကယ်မလာဘဲနဲ့ လာတယ်လို့ ပြောတာ မဟုတ်ဘူးနော်။ တကယ်လာတာကို ပြောနေတာ။ နောက်တစ်ခု -

သော၊ ထိုပုဂ္ဂိုလ်သည်။ သဘာဂဿ၊ သဘောတူဖြစ်တဲ့။ ဘိက္ခုနော၊ ရဟန်းတော်အား။ တံ၊ ကြမ်းတမ်းတဲ့ဆွမ်းကို။ ဒတွာ၊ ပေးလှူပြီး၍။ တဿ၊ ထိုသပ္ပါယဖြစ်နေတဲ့ ရဟန်းတော်၏။ ဟတ္ထတော၊ လက်မှ။ သပ္ပိမဓုခီရာဒီနိ၊ ဆီဦးထောပတ်, ပျားတင်လဲ အစရှိသည်တို့ကို။ ဘုဉ္ဇိတွာ၊ စားသုံး၍။

ဟော ... လဲလိုက်တယ် လဲလိုက်တယ်။ ကိုယ့်ဟာက ကြမ်းကြမ်း သိပ်မကောင်းဘူး။ သူ့ဆီက အကောင်းတွေနဲ့ သွားပြီးတော့ လဲလိုက်တယ်။ ဘယ့်နှယ်တုံး ဟန်ကျသွားပြီထင်တယ်။ အဲဒီလို လဲလိုက်ပြီးတဲ့အခါ ဘာဖြစ်လဲ?

သပ္ပိမဓုခီရာဒီနိ၊ ဆီဦးထောပတ်, ပျားတင်လဲ အစရှိသည်တို့ကို။ ဘုဉ္ဇိတွာ၊ စားသုံး၍။ သမဏဓမ္မံ၊ ရဟန်းတရားကို။ ကရောန္တောပိ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သော ပုဂ္ဂိုလ်သည်လည်းပဲ။ သန္တုဋ္ဌောဝ၊ သန္တုဋ္ဌိ မင်္ဂလာတရားနှင့် ပြည့်စုံသည်သာလျှင်။ ဟောတိ၊ ဖြစ်ပါပေ၏။ အယံ၊ ဤသည်ကား။ အဿ၊ ထိုယောဂါဝစရ ရဟန်းတော်၏။ ပိဏ္ဍပါတေ၊ ဆွမ်း၌။ ယထာဗလသန္တောသော၊ ယထာဗလသန္တောသ မည်ပါပေ၏၊

မိမိရဲ့ ကိုယ်ခံအားနဲ့ လျော်ညီနေတဲ့ အာဟာရနဲ့ ညီမျှပြီး နေထိုင်တယ်တဲ့။ ဒီတော့ ဒီနေရာမှာတော့ တကယ်မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေအတွက် ပြောတာပါနော်။ တကယ်မကျန်းမာတော့ အာဟာရ ပြင်းပြင်းထန်ထန်တွေကို စားသုံးလိုက်ရင် မိမိမှာ ရောဂါတစ်ခုခု ဖြစ်ပေါ်လာတတ်တယ်။ ဘုန်းကြီး ဆိုရင်တော့ အများဆုံး ဝမ်းလျောတတ်တာပေါ့။ ဝမ်းလျောတဲ့ ရောဂါတစ်ခု ဖြစ်ပေါ်လာရင် ဒီအာဟာရက ကိုယ်စားလို့ မဖြစ်ဘူး။ ဒီတော့ စားလို့ ဖြစ်နိုင်တဲ့ အာဟာရတစ်ခုဖြင့် သီတင်းသုံးဖော် တစ်ဦးဦးထံမှ လဲလှယ်ပြီးတော့ စားလိုက်တယ်။ လဲလှယ်ပြီး စားတဲ့အခါမှာတော့ စာက ဖော်ပြထားတာကတော့ သပ္ပိမဓုခီရာဒီနိ၊ ထောပတ်, ပျား, တင်လဲ အစရှိတဲ့ အစာအာဟာရတွေကို ယူပြီးစားတယ်တဲ့။ ဆိုလိုတာလေးကတော့ -

အဲဒီမှာ ရှေးခေတ်တုန်းကပေါ့ ... ဆွမ်းကလေးရပြီဆိုရင် ဒီဆွမ်းလေးကို ထောပတ်ကလေး ဆမ်းပြီးတော့ ဆားလေးဖြူးပြီးတော့ ဒီလို စားကြပါတယ်။ ဒါ အလေ့အထပဲနော်။ သို့မဟုတ် ပျားရည်လေး ရခဲ့ရင် ဒီပျားရည်လေးနဲ့ ဆွမ်းလေးနဲ့ရောပြီး စားလိုက်ကြတယ်။ ဒီလောက်နဲ့ ကျေနပ်ကြတယ်။ အဲဒီလောက်နဲ့ ကျေနပ်တာမျိုးကို ဘုရားရှင်က သိပ်ပြီးတော့ နှစ်ခြိုက်ပါတယ်။ ဒါက ရတာလေးနဲ့ မိမိကိုယ်ခံအားလေးနဲ့ ချိန်ပြီး စားတာနော်။ သိပ်ပြီးတော့ ဖွယ်ဖွယ်ရာရာကြီးတွေ ချက်လိုက်, ပြုတ်လိုက် စားသုံးနေတဲ့ ပုံစံမျိုးကို ဘုရားရှင်က သိပ်ပြီး မနှစ်ခြိုက်ပါဘူး။ နောက်တစ်ခု -

အပရော ဘိက္ခု ပဏီတံ ပိဏ္ဍပါတံ လဘတိ, သော ‘‘အယံ ပိဏ္ဍပါတော ထေရာနံ စိရပဗ္ဗဇိတာနံ အညေသဉ္စ ပဏီတပိဏ္ဍပါတံ ဝိနာ အယာပေန္တာနံ သဗြဟ္မစာရီနံ အနုရူပေါ’’တိ တေသံ ဒတွာ အတ္တနာ ပိဏ္ဍာယ စရိတွာ မိဿကာဟာရံ ဘုဉ္ဇန္တောပိ သန္တုဋ္ဌောဝ ဟောတိ, အယမဿ ပိဏ္ဍပါတေ ယထာသာရုပ္ပသန္တောသော။

အပရော ဘိက္ခု၊ အခြားတစ်ပါးသော ရဟန်းတော်သည်ကား။ ပဏီတံ ပိဏ္ဍပါတံ၊ မွန်မြတ်တဲ့ ဆွမ်းခဲဖွယ် ဘောဇဉ်ကို။ လဘတိ၊ ရရှိလေ့ရှိ၏၊

တခြားတစ်ပါးသော ရဟန်းတော်က မွန်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ်တွေကို ရတယ်, ရတတ်တယ်။ ဘာဖြစ်လို့လဲ? အတိတ်က မွန်မြတ်တဲ့ ဆွမ်းခဲဖွယ် ဘောဇဉ်တွေကို လှူခဲ့ဖူးတော့ ဒီကံက အကျိုးပေးတဲ့ အချိန်ခါမှာ မွန်မွန်မြတ်မြတ်တွေ သူက ရတတ်တယ်။ ရတတ်လိုက်တဲ့ အချိန်ခါကျတော့ သူက ဘာလုပ်သလဲ?

သော၊ ထိုရဟန်းတော်သည်။ ဧဝံ၊ ဤကဲ့သို့။ စိန္တေတိ၊ စဉ်းစားကြံစည်၏၊

သူက စဉ်းစားတယ်။ ဘယ်လိုလဲ?

အယံ ပိဏ္ဍပါတော၊ ဤဆွမ်းသည်ကား။ စိရပဗ္ဗဇိတာနံ၊ ကြာမြင့်စွာသော အချိန်ကာလက ရှင်ရဟန်းပြုလာကြကုန်သော။ ထေရာနဉ္စ၊ မထေရ်ကြီးတို့အားလည်းကောင်း။ ပဏီတပိဏ္ဍပါတံ၊ မွန်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ်ကို။ ဝိနာ၊ ကင်း၍။ ယပန္တာနံ၊ မမျှတကြကုန်သော။ အညေသံ၊ အခြားတစ်ပါးသော။ သဗြဟ္မစာရီနဉ္စ၊ သီတင်းသုံးဖော်တို့အားလည်းကောင်း။ အနုရူပေါ၊ လျောက်ပတ်ပါပေ၏။ ဣတိ၊ ဤသို့။ စိန္တေတွာ၊ ကြံစည်စိတ်ကူး၍။ တေသံ၊ ထိုမထေရ်မြတ်ကြီးတို့အား။ တံ၊ ထိုဆွမ်းကို။ ဒတွာ၊ ပေးလှူပြီး၍။ အတ္တနာ၊ မိမိကိုယ်တိုင်ကား။ ပိဏ္ဍာယ စရိတွာ၊ ဆွမ်းခံလှည့်လည်၍။ မိဿကာဟာရံ၊ အရောရော အနှောနှော ဖြစ်နေတဲ့ အာဟာရကို။ ဘုဉ္ဇန္တောပိ၊ စားသုံးပါသော်လည်းပဲ။ သန္တုဋ္ဌောဝ၊ သန္တုဋ္ဌိမင်္ဂလာနှင့် ပြည့်စုံသည်သာလျှင်။ ဟောတိ၊ ဖြစ်ပါပေ၏။ အယံ၊ ဤသည်ကား။ အဿ၊ ထိုရဟန်းတော်၏။ ပိဏ္ဍပါတေ၊ ဆွမ်း၌။ ယထာသာရုပ္ပသန္တောသော၊ ယထာသာရုပ္ပသန္တောသ မည်ပါပေ၏၊

ရဟန်းတော်တစ်ပါးက သူ့ရဲ့ ဘုန်းကံအားလျော်စွာ မွန်မြတ်တဲ့ ဆွမ်းကို ရလေ့ရှိတယ်။ ရှိလိုက်တဲ့အခါ သူက စဉ်းစားပြီ။ ဩော် ... ဒီမွန်မြတ်တဲ့ အာဟာရတွေကတော့ သာသနာတော်မှာ မထေရ်ကြီးဝါကြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ သင့်တင့်လျောက်ပတ်ပါပေတယ်။ နောက်တစ်ခု - သာသနာတော်မှာ မွန်မြတ်တဲ့ ဆွမ်းခဲဖွယ် ဘောဇဉ်တွေနဲ့ ကင်းပြီးတော့ မျှတမှု မရှိတဲ့ ရဟန်းတော်တွေ သီတင်းသုံးဖော်တွေနှင့်လည်း မျှတပါပေတယ်လို့ သူက ဒီလို စဉ်းစားတယ်။ မွန်မြတ်တာတွေကို သူက ရရှိတဲ့အပိုင်းမှာ မွန်မြတ်တာတွေကို “ငါတစ်ယောက်ထဲ စားမယ်” ဒီလိုစိတ်ထား မရှိဘူး။ မရှိတဲ့အတွက် ထေရ်ကြီးဝါကြီးတွေကို လှူမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် ချလိုက်တယ်။ သို့မဟုတ် ဒီလို အစာအာဟာရတွေနဲ့ ကင်းပြီးတော့ သာသနာတော်မှာ မျှမျှတတ မနေနိုင်တဲ့ တခြားသီတင်းသုံးဖော်တွေ ရှိကြတယ်။ ဒီပုဂ္ဂိုလ်တွေကို ငါလှူမယ်။ ဒီပုဂ္ဂိုလ်တွေနဲ့ ဒီဆွမ်းက တန်တယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် ချတယ်။ အဲဒီလို ဆုံးဖြတ်ချက် ချပြီးတော့ ထိုပုဂ္ဂိုလ်တွေကို သူက သွားပြီးတော့ လှူလိုက်တယ်။ လှူပြီးတော့ မိမိက ဘာလုပ်သလဲ? ဆွမ်းခံ သွားလိုက်တယ်။ မိဿကာဟာရလို့ ခေါ်ဆိုအပ်တဲ့ ရောရောနှောနှောတွေကို သုံးဆောင်တယ်။

မိဿကာဟာရံ ဘုဉ္ဇန္တောပိ သန္တုဋ္ဌောဝ ဟောတိ, အယမဿ ပိဏ္ဍပါတေ ယထာသာရုပ္ပသန္တောသော။

အရောရော အနှောနှောဖြစ်နေတဲ့ ဒီဆွမ်းတွေကို ဘုန်းပေးသုံးဆောင်ရင်လည်း ဒီပုဂ္ဂိုလ်သန္တာန်မှာ သန္တုဋ္ဌိမင်္ဂလာ ဖြစ်ပါတယ်တဲ့။ မိဿကာဟာရ = အရောရော အနှောနှောဖြစ်တဲ့ ဆွမ်းကို ရှေးမထေရ်ကြီးတွေက သိပ်ပြီး အလေးဂရုပြုတယ်။ ရိုသေလေးစားတဲ့ စိတ်ထားရှိတယ်။ ဘာဖြစ်လို့လဲ? ရသတဏှာကို တိုက်ဖျက်တာတဲ့။ ဘာလေးကတော့ စားလို့ကောင်းတယ်။ ဘာကတော့ စားလို့ မကောင်းဘူး။ ဒီစိတ်ထားမျိုးလေးတွေကို ပယ်ဖျောက်ပေးနေတာပါနော်။ ဒီတော့ ဆွမ်းတွေကို လောင်းလိုက်တယ်။ ဟိုဘက်က လောင်း, ဒီဘက်ကလောင်း အားလုံး သပိတ်ထဲမှာ ရောသွားပြီ။ ရောသွားလိုက်တဲ့ အချိန်ခါမှာ ရှေးရှေးမထေရ်ကြီးတွေ တချို့ ဘာလုပ်သလဲ?

ကျောင်းရောက်လာပြီဆိုရင် ရသတဏှာအပေါ်၌ တွယ်တာတပ်မက်မောနေတဲ့ တဏှာကို ပယ်ဖျောက်ချင်တဲ့အတွက် ဘာလုပ်လိုက်သလဲ? အပေါ်ကနေပြီးတော့ ရေနွေးလေး ထပ်လောင်းလိုက်တယ်။ လောင်းပြီးတော့ အကုန်လုံး မွှေပစ်လိုက်တယ်။ မွှေပစ်လိုက်တာ ဘာလုပ်တာလဲ? အရသာကို ဖျက်ဆီးပစ်တာ။ အဲဒီလို အရသာလေးတွေ ဖျက်ဆီးပြီးတော့မှ မိမိဘက်ကနေ စပြီး ဆွမ်းကို အစဉ်အတိုင်း ဘုန်းပေးတော်မူကြတယ်။ ဘာဖြစ်လို့လဲ? ဟိုဟာလေး စားချင်တဲ့စိတ်ထား၊ ဒီဟာလေး စားချင်တဲ့စိတ်ထား။ အဲဒီ စိတ်ထားလေးတွေကို တိုက်ဖျက်ပေးနေတာပါနော်။

ဘုန်းကြီး ဒီရောက်မှ ဓနုဖြူဘက်က ထင်တယ်။ ဆရာတော် ၁-ပါး ကြွလာဖူးပါတယ်။ သူက အဲဒီပုံစံပဲ။ သပိတ်ထဲကို ရှိသမျှတွေ အကုန်လုံး ထည့်လိုက်တယ်။ ဘုန်းကြီးက ဘေးကနေ ထိုင်ကြည့်တယ်။ ငရုတ်သီးမှုန့် ဆိုရင်လည်း သူ နှစ်ဇွန်းလောက် ခပ်ထည့်လိုက်တယ်, သကြားတွေလည်း အကုန်လုံး ထည့်လိုက်တယ်, ငှက်ပျောသီးတွေလည်း အကုန်လုံး လောင်းထည့်လိုက်တယ်, ဟင်းတွေလည်း အကုန်လုံး လောင်းထည့်လိုက်တယ်။ ပြီးတဲ့အခါ အကုန်လုံး မွှေ။ မွှေပြီးတဲ့အခါ ထိုင်ပြီး ဘုန်းပေးတယ်။ ဘုန်းကြီးက အဲဒီလို မရလို့ပါ။ သူ့ကို ကြည်ညိုလို့ ဘုန်းကြီးက ထိုင်ကြည့်နေတယ်။ သူ ဘာမှ မဖြစ်ဘူး။ ဘာဖြစ်လို့ ဘာမှ မဖြစ်တာလဲ?

ဘုန်းကြီး ပြန်ပြီးတော့ ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်ခါမှာ ဘာမှ မဖြစ်လောက်တဲ့ ကံတွေကို သူက စနစ်တကျ ထူထောင်ခဲ့တယ်။ ဒီလို စားသုံးချင်တဲ့ စိတ်ဓာတ်တွေကို သံသရာ အဆက်ဆက်က မွေးမြူခဲ့တယ်။ ဒီလို စားသုံးဖို့ရန် ကျင့်ဝတ်ပဋိပတ်ကိုလည်း သူက ရိုရိုသေသေ ဖြည့်ကျင့်ခဲ့တယ်။ ဒီပါရမီကံတွေက သူ့ကို အကျိုးပေးနေတဲ့အတွက် အခုလို အရောရော အနှောနှောဖြစ်တဲ့ မိဿကပတ်တွေကို သူ သုံးစွဲနေရပေမဲ့လို့ သူ့မှာ ဘာမှမဖြစ်ဘူး။ သူ့ဘုန်းကံကလည်း ကြီးမားပါတယ်။ ဘုန်းကြီးလည်း အင်မတန် ကြည်ညိုပါတယ်။

အိပ်ရာ ဆိုလို့ရှိရင်လည်း သူ့ကို ပေးတယ်။ မယူဘူး။ သားရေနွယ် ၁-ချပ် သူ့မှာ ပါလာတယ်။ ခု အဲဒါလေး ၁-ခုနဲ့ ၁-ညလုံး နေတယ်။ အခြားအခြား သင်္ကန်းတွေ သူ့ကို ပေးကြည့်တယ်။ သူ မယူဘူး။ ဘာကိုမှလည်း သူ အလှူမခံဘူး။ လိုချင်တဲ့စိတ်ထားလည်း မရှိဘူး။ မရှိတော့ ဒီလိုပုဂ္ဂိုလ်မျိုးကို ဘယ်လိုပုဂ္ဂိုလ်လဲလို့မေးတော့ အတောင်သာလျှင် ရှိသော သဂုဏဝုတ္တိ၊ ဂုဏ်နှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းလို့ ခေါ်ပါတယ်။ ပေါ့ပါးသော အသက်မွေးမှုရှိတယ်။ ပေါ့ပါးသော အသက်မွေးမှုဆိုတာက ဘာလဲဆိုတော့ ပရိက္ခရာ ၈-ပါးဆိုတဲ့ အတောင် ဝန်ထုပ်ဝန်ပိုးလေးပဲ သူ့မှာ ရှိတယ်။ တခြား ဝန်ထုပ်ဝန်ပိုးဆိုလို့ သူ့မှာ ဘာမှမရှိဘူး။ ဘယ်ကိုသွားမလဲ သွားချင်တဲ့နေရာ သူ သွားလို့ရတယ်။ သွားချင်တဲ့အချိန် သူ သွားလို့ရတယ်။ သွားချင်တဲ့ နေရာကိုလည်း သူ သွားတယ်။ မကောင်းဘူးလား? သိပ်ကောင်းတယ် သိပ်ကောင်းတယ်နော် ဒါ -

4xsmela6ek0yjffa3pv1ecrtapktlcm
မင်္ဂလသုတ်-၇၅/၉၇
0
6310
22000
2026-05-22T21:22:37Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၇၅/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၇၄..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22000
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၇၅/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၇၄/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၇၆/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၇၅

ဆွမ်းပစ္စည်းနှင့်ပတ်သက်ပြီးတော့ ယထာလဘသန္တောသ၊ ရရသမျှသော ဆွမ်းဖြင့် ရောင့်ရဲပုံ။ ယထာဗလသန္တောသ၊ မိမိရဲ့ ကိုယ်ခံအားနဲ့ညီမျှတဲ့ ဆွမ်းဖြင့် ရောင့်ရဲပုံ။ ယထာသာရုပ္ပသန္တောသ၊ မိမိနှင့် ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်တဲ့ သာရုပ္ပဖြစ်တဲ့ ဆွမ်းဖြင့် ရောင့်ရဲပုံကို မနေ့ညက ပြောခဲ့ပါတယ်။ ဒီတော့ ရှေးရှေးသူတော်ကောင်းတွေက မွန်မြတ်တဲ့ ဆွမ်းခဲဖွယ်ဘောဇဉ်တွေ မိမိတို့ ရရှိတယ်ဆိုရင် -

အော် ... ဒီဆွမ်းခဲဖွယ်ဘောဇဉ်တွေက သာသနာတော်မှာ ကြာမြင့်စွာ အချိန်ခါကာလကတည်းက ရှင်ရဟန်းပြုတော်မူခဲ့ကြတဲ့ ထေရ်ကြီးဝါကြီးတွေနဲ့သာ ထိုက်တန်တယ်။ အခြားအခြား မွန်မြတ်တဲ့ ဆွမ်းခဲဖွယ်ဘောဇဉ်ကို မသုံးစွဲရလို့ မမျှတနိုင်တဲ့ အခြားအခြား သီတင်းသုံးဖော်တွေနဲ့သာ သင့်တင့်လျောက်ပတ်တယ်လို့ ဒီလို နှလုံးသွင်းပြီးတော့ မိမိရရှိလာတဲ့ မွန်မြတ်တဲ့ ဆွမ်းတွေကို ထိုပုဂ္ဂိုလ်တွေ လှူပြီးတော့ မိမိကတော့ ဆွမ်းခံလှည့်လည်ပြီး မိဿကပတ်လို့ ခေါ်ဆိုအပ်တဲ့ အရောရော အနှောနှော ဖြစ်နေတဲ့ ဆွမ်းတွေနဲ့ မျှတပြီးတော့ နေထိုင်တယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကိုတော့ ဆွမ်းမှာ ယထာသာရုပ္ပသန္တောသ၊ မိမိနှင့် သာရုပ္ပဖြစ်တဲ့ ဆွမ်းဖြင့် ကျေနပ်ရောင့်ရဲနေတဲ့ သူတော်ကောင်းလို့ ခေါ်ပါတယ်။ ကဲ ဆွမ်းမှာ ၃-မျိုးပြီးပြီ။

နောက်တစ်ခု - သေနာသန၊ ကျောင်းနှင့်ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က ဆက်ပြီး ဖွင့်ထားတယ်။

ဣဓ ပန ဘိက္ခုနော သေနာသနံ ပါပုဏာတိ။ သော တေနေဝ သန္တုဿတိ, ပုန အညံ သုန္ဒရတရမ္ပိ ပါပုဏန္တံ န ဂဏှာတိ,

ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ ဘိက္ခုနော၊ ရဟန်းအား။ သေနာသနံ၊ ကျောင်းအိပ်ရာနေရာသည်။ ပါပုဏာတိ၊ ရောက်ရှိ၍ လာပေ၏၊

ရဟန်းတော် ၁-ပါးထံသို့ ကျောင်းအိပ်ရာနေရာတွေ ရောက်ရှိလာတယ်။ ရှေးယခင်ကပေါ့ - ကျောင်းနေထိုင်ပုံ စနစ်တွေက သံဃိကကျောင်းတွေ များကြပါတယ်။ များလိုက်တဲ့ အချိန်ခါကျတော့ ဝါကြီးတဲ့ပုဂ္ဂိုလ်တွေက အကောင်းဆုံးနေရာ နေရတယ်။ ဒုတိယဝါကြီးတဲ့ပုဂ္ဂိုလ်က ဒုတိယ အကောင်းဆုံးနေရာ နေရတယ်။ နေရာချထားပြီးပြီ။ နောက်တစ်နေ့ ဝါကြီးတဲ့ မထေရ်တစ်ပါး ကြွလာပြန်တယ်။ ထိုမထေရ်ကြီးက ဝါအကြီးဆုံး ဖြစ်ခဲ့ရင် အကောင်းဆုံးနေရာကို တစ်ဖန် ပြန်ပြီး သူ့ကို ပေးရတယ်။ ဒုတိယ အကောင်းဆုံးနေရာကို ဒုတိယမထေရ်ကြီးက နေရပြန်တယ်။ နေ့စဉ် ဝါကြီးတွေ ရောက်လာခဲ့ရင် နေ့စဉ် နေရာပြောင်းလဲမှုဆိုတာ ရှိပါတယ်။ သံဃိကကျောင်းကို ငါ့ကျောင်းလို့ လုပ်ပြီးတော့ မနေကောင်းပါဘူး။

ဒီတော့ ဒီသံဃိကကျောင်း နေထိုင်ပုံ နည်းစနစ်ကို အခြေတည်ပြီးတော့ ရှေးရှေး အိန္ဒိယမှာရှိတဲ့ မထေရ်ကြီးတွေကတော့ အာဂန္တုရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ နေ့စဉ် နေရာ အပြောင်းအလဲ လုပ်ကြတယ်။ ဘာဖြစ်လို့လဲ? ဒီနေရာလေးက ငါ့နေရာဆိုပြီး စွဲလမ်းတဲ့စိတ်ထား ဖြစ်နေမှာစိုးလို့နော်။ အဲဒီစိတ်ထားလေးတွေ မဖြစ်အောင် ခု ဘုန်းကြီးတို့ စိတ္တလတောင်ကျောင်းလို့ ခေါ်ဆိုအပ်တဲ့ တောကျောင်းမှာတော့ ကျောင်းလေးတွေ ပုံစံတူပဲ ဆောက်ထားတယ်။ ပြဿနာတော့ သိပ်ပြီးတော့ မပေါ်ဘူးပေါ့။ ဒီတော့ ကျောင်းအိပ်ရာနေရာ မိမိထံ ရောက်လာပြီ။ ရောက်လာပြီ။ မိမိနဲ့ ထေရ်စဉ်ဝါလိုက်အတိုင်း ချပေးလိုက်လို့ ဒီနေရာမှာ နေရမယ်ဆိုပြီးတော့ ကျောင်းအိပ်ရာနေရာ ချထားတဲ့ ပုဂ္ဂိုလ်ကပေးလို့ နေရာ ၁-ခု ရရှိပြီ။ ရရှိလို့ရှိရင် ဘာဖြစ်လဲ?

သော၊ ထိုရဟန်းတော်သည်။ တေနေဝ၊ ထိုရောက်ရှိလာသော ကျောင်းအိပ်ရာနေရာဖြင့်ပင်လျှင်။ သန္တုဿတိ၊ ကျေနပ်ရောင့်ရဲ၍ နေတတ်၏၊

ရောက်ရှိလာတဲ့ နေရာနဲ့ ကျေနပ်သွားတယ်။

ပုန၊ နောက်ထပ်တစ်ဖန်။ အညံ၊ အခြားတစ်ပါးသော။ သုန္ဒရတရမ္ပိ၊ သာလွန်၍ ကောင်းတဲ့ ကျောင်းအိပ်ရာ နေရာကိုလည်းပဲ။ ပါပုဏန္တံ၊ ဆိုက်ရောက်လာပါသော်လည်းပဲ။ န ဂဏှာတိ၊ မယူပေ။

မိမိအတွက် ဆိုက်ရောက်လာတဲ့ ကျောင်းလေးနဲ့ပဲ ကျေနပ်သွားတယ်။ နောက်ထပ် ခုနက အကယ်၍များ နေရာလဲလိုက်လို့ မိမိက ကောင်းတဲ့နေရာ ၁-ခု ထပ်ပြီးတော့ ရရှိဦးမယ်ဆိုတောင် မိမိရဲ့ ထေရ်စဉ် ဝါလိုက်အတိုင်း နောက်ထပ် ပိုပြီးတော့ ကျောင်းတစ်ခုရဖို့ အခွင့်အလမ်း ရလာတာတောင်မှ ဒီကျောင်းကို မယူတော့ဘူး။

အယမဿ သေနာသနေ ယထာလာဘသန္တောသော။

အယံ၊ ဤသည်ကား။ အဿ၊ ထိုယောဂါဝစရရဟန်းတော်အဖို့။ သေနာသနေ၊ ကျောင်းအိပ်ရာနေရာ၌။ ယထာလာဘသန္တောသော၊ ရရသမျှသောကျောင်းဖြင့် ကျေနပ်ရောင့်ရဲခြင်း သန္တုဋ္ဌိတရား ဖြစ်ပါပေ၏၊

ရရသမျှသော ကျောင်းဖြင့် ကျေနပ်နေတယ်။ နောက်တစ်ခုကတော့ -

အထ ပန ဘိက္ခု အာဗာဓိကော ဟောတိ, နိဝါတသေနာသနေ ဝသန္တော အတိဝိယ ပိတ္တရောဂါဒီဟိ အာတုရီယတိ။ သော တံ သဘာဂဿ ဘိက္ခုနော ဒတွာ တဿ ပါပုဏန္တေ သဝါတေ သီတလသေနာသနေ ဝသိတွာ သမဏဓမ္မံ ကရောန္တောပိ သန္တုဋ္ဌောဝ ဟောတိ, အယမဿ သေနာသနေ ယထာဗလသန္တောသော။

ပန၊ နောက်တစ်မျိုးသော်ကား။ အထ၊ ထိုသို့မဟုတ်ပါဘဲ။ သော၊ ထိုယောဂါဝစရရဟန်းတော်သည်ကား။ အာဗာဓိကော၊ အနာရောဂါ ထူပြောတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ၊ ထူပြော၍ နေပေ၏၊

ပုဂ္ဂိုလ်တစ်ယောက် - သူက ကြည့်လိုက်တဲ့အချိန်ခါမှာ ရောဂါထူပြောနေပြီ။ ရောဂါထူပြောတော့ ဘာဖြစ်သလဲ?

နိဝါတသေနာသနေ၊ လေမတိုက်တဲ့ ကျောင်းအိပ်ရာနေရာ၌။ ဝသန္တော၊ နေထိုင်ခဲ့ရသည်ရှိသော်။ အတိဝိယ၊ အလွန်လျှင်။ ပိတ္တရောဂါဒီဟိ၊ သည်းခြေရောဂါ စသည်တို့ဖြင့်။ အာတုရီယတိ၊ ထိုးကြိတ်ကိုက်ခဲဒဏ်ကို ခံ၍ နေရတတ်ပေ၏၊

လေမရတဲ့ ကျောင်း ၁-ခု သွားပြီး နေလိုက်မယ်ဆိုရင် သူ့သန္တာန်မှာ သည်းခြေရောဂါ အစရှိတဲ့ သည်းခြေပျက်စီးလို့ ဖြစ်ပေါ်လာတဲ့ ရောဂါအမျိုးမျိုးတွေဖြင့် ဖြစ်ပေါ်လာတတ်တယ်။ ဒီရောဂါတွေ ညှဉ်းပန်းနှိပ်စက်တဲ့ ဒဏ်ကို သူက ခံနေရတတ်တယ်။ ခံနေရတော့ ဘာလုပ်သလဲ?

သော၊ ထိုရဟန်းတော်သည်။ သဘာဂဿ၊ မိမိနှင့် သဘာဂဖြစ်သော။ ဘိက္ခုနော၊ ရဟန်းတော်အား။ တံ၊ ထိုမိမိရရှိတဲ့ ကျောင်းကို။ ဒတွာ၊ ပေး၍။ တဿ၊ ထိုမိမိနှင့် သဘောတူ သဘာဂဖြစ်နေတဲ့ ရဟန်းတော်၏။ ပါပုဏန္တေ၊ ရောက်ရှိနေတဲ့ ကျောင်း၌။ သဝါတေ သီတလသေနာသနေ၊ လေပြေလေညှင်း ရရှိတဲ့ အေးမြသော ကျောင်းအိပ်ရာနေရာ၌။ ဝသိတွာ၊ နေ၍။ သမဏဓမ္မံ၊ ရဟန်းတရားကို။ ကရောန္တောပိ၊ ကျင့်ကြံကြိုးကုတ် ပွားများ၍နေသော ရဟန်းသည်လည်းပဲ။ သန္တုဋ္ဌောဝ၊ သန္တုဋ္ဌိမင်္ဂလာနှင့် ပြည့်စုံသည်သာလျှင်။ ဟောတိ၊ ဖြစ်ပါပေ၏။ အယံ၊ ဤသည်ကား။ အဿ၊ ထိုရဟန်းတော်အဖို့။ သေနာသနေ၊ ကျောင်းအိပ်ရာနေရာ၌။ ယထာဗလသန္တောသော၊ မိမိရဲ့ ကိုယ်ခံစွမ်းအားနှင့်ညီသော ယထာဗလ သန္တောသ မည်ပါပေ၏၊

ပုဂ္ဂိုလ်တစ်ယောက်က ကိုယ်ခံအားတွေက ညံ့ဖျင်းနေတယ်။ ကျန်းမာရေးတွေက မကောင်းဘူး။ မကောင်းတော့ မိမိနှင့် သဘာဂဖြစ်တဲ့ သဘောတူတဲ့ ရင်းနှီးတဲ့ မိတ်ဆွေရဟန်း ၁-ပါးထံ ချဉ်းကပ်ပြီးတော့ ထိုရဟန်းရဲ့ ကျောင်းနှင့် မိမိက လဲလှယ်လိုက်တယ်။ လဲလှယ်လိုက်တော့ ထိုရဟန်းမှာ ရောက်ရှိနေတဲ့ကျောင်းက လေတိုက်တဲ့, လေပြေလေညှင်း တိုက်ပြီးတော့ အေးမြတဲ့ ကျောင်း ၁-ခု ဖြစ်နေတယ်။ အဲဒီ အေးမြတဲ့ကျောင်းမှာ နေပြီးတော့ ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့မယ် ဆိုလို့ရှိရင် ထိုရဟန်းတော်အဖို့ သန္တုဋ္ဌိမင်္ဂလာနှင့် ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်။ ဘာသန္တုဋ္ဌိလဲလို့ မေးတော့ ယထာဗလသန္တောသ၊ မိမိရဲ့ ကိုယ်ခံစွမ်းအားနဲ့ ညီမျှသောကျောင်းမှာ နေထိုင်ပြီးတော့ ရဟန်းတရား ပွားများအားထုတ်ခြင်းပဲနော်။ နောက် ၁-မျိုးက ယထာသာရုပ္ပ သန္တောသ -

အပရော ဘိက္ခု သုန္ဒရံ သေနာသနံ ပတ္တမ္ပိ န သမ္ပဋိစ္ဆတိ ‘‘သုန္ဒရသေနာသနံ ပမာဒဋ္ဌာနံ, တတြ နိသိန္နဿ ထိနမိဒ္ဓံ ဩက္ကမတိ, နိဒ္ဒါဘ比ဘူတဿ စ ပုန ပဋိဗုဇ္ဈတော ကာမဝိတက္ကော သမုဒါစရတီ’’တိ။ သော တံ ပဋိက္ခိပိတွာ အဇ္ဈောကာသရုက္ခမူလပဏ္ဏကုဋီသု ယတ္ထ ကတ္ထစိ နိဝသန္တောပိ သန္တုဋ္ဌောဝ ဟောတိ, အယမဿ သေနာသနေ ယထာသာရုပ္ပသန္တောသော။

အပရော ဘိက္ခု၊ အခြားတစ်ပါးသော ရဟန်းတော်သည်ကား။ သုန္ဒရံ သေနာသနံ၊ ကောင်းမွန်တဲ့ ကျောင်းအိပ်ရာနေရာကို။ ပတ္တမ္ပိ၊ မိမိထံသို့ ဆိုက်ရောက်လာပေသည် ဖြစ်ပါသော်လည်း။ န သမ္ပဋိစ္ဆတိ၊ မခံယူပေ။

ကျောင်းက နေ့စဉ်ပေါ့လေ များသောအားဖြင့် အပြောင်းအလဲလေးတွေ ရှိနေတယ်။ အဲဒီလို ပြောင်းပါများလာတဲ့ အချိန်ခါကျတော့ အခါအခွင့် အားလျော်စွာ မိမိထံသို့ အလွန် အဆင့်အတန်းမြင့်မားနေတဲ့ ကောင်းတဲ့ ကျောင်းတစ်ကျောင်းက ဆိုက်ရောက်လာပြီ ဆိုကြစို့။ ဆိုက်ရောက်လာပေမဲ့လို့ ဒီကျောင်းကို သူက လက်မခံဘူး။ ဘာဖြစ်လို့လဲ? သူ့ရဲ့ နှလုံးသွင်းလေးပဲ။ သာသနာတော်မှာ နေထိုင်တဲ့ပုဂ္ဂိုလ်တွေ အတုယူသင့်တဲ့ နှလုံးသွင်းလေးတွေပါနော်။

သုန္ဒရံ သေနာသနံ၊ ကောင်းမွန်တဲ့ ကျောင်းအိပ်ရာနေရာဟူသည်ကား။ ပမာဒဋ္ဌာနံ၊ မေ့လျော့ခြင်း ပမာဒတရားရဲ့ အကြောင်းအရင်းဖြစ်ပေ၏၊

ကောင်းမွန်တဲ့ ကျောင်းအိပ်ရာနေရာဆိုတာက ရဟန်းတရားတွေ ပွားများအားထုတ်ဖို့ရန်အတွက် မေ့လျော့ဖို့ရန် အကြောင်း ၁-ခု ဖြစ်နေတယ်။

တတြ၊ ထိုကျောင်းတော်၌။ နိသိန္နဿ၊ နေထိုင်သော ပုဂ္ဂိုလ်အဖို့။ ထိနမိဒ္ဓံ၊ စိတ်စေတသိက်တို့ရဲ့ လေးလံထိုင်းမှိုင်းခြင်း ထိနမိဒ္ဓတရားသည်။ ဩက္ကမတိ၊ သက်ဝင်၍ လာတတ်ပေ၏၊

ကောင်းတဲ့ကျောင်း။ ကျောင်းက တော်တော်လေး အဆင့်မြင့်နေပြီ။ ခုခေတ်အပြောနဲ့ဆိုရင် ဘာလဲ Air Conditioner တို့ အသေအချာ တပ်ထားတယ်။ အချိုးက တော်တော် ကျနေပြီ။ အချိုးက တော်တော်ကျနေတော့ သဘောကလည်း တော်တော်လေးကျနေတော့ ပီတိကလည်း တော်တော်လေး ဖြစ်နေတယ်။ ရဟန်းတရားအားထုတ်ဖို့ နည်းနည်းလေး ခပ်မေ့မေ့ ဖြစ်သွားပြီ။ ခပ်မေ့မေ့ ဖြစ်သွားတဲ့ အချိန်ခါကျတော့ အဲဒီမှာ ထိုင်လိုက်တော့ ကျောင်းကလည်းကောင်းတော့ ငိုက်လာပြီ။ စိတ်, စေတသိက်တွေက ဘာဝနာအာရုံအပေါ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့စိတ်ထားတွေက နည်းနည်းလေး အားလျော့သွားတယ်။ ထိနမိဒ္ဓတွေက ဝင်လာပြီ။ ဝင်လာလိုက်တော့ ဘာဖြစ်လဲ?

နိဒ္ဒါဘိဘူတဿ စ ပုန ပဋိဗုဇ္ဈတော ကာမဝိတက္ကော သမုဒါစရတိ။

နိဒ္ဒါဘိဘူတဿ၊ အိပ်ချင်ငိုက်မြည်းခြင်းတရားက နှိပ်စက်၍နေသော။ ပုန၊ တစ်ဖန်။ ပဋိဗုဇ္ဈတော၊ နိုး၍လာသော ထိုရဟန်း၏သန္တာန်၌။ ကာမဝိတက္ကာ၊ ကာမဝိတက်တို့သည်။ သမုဒါစရန္တိ၊ ကျက်စားကျင်လည်၍ လာတတ်ကြကုန်ပေ၏၊

ထိနမိဒ္ဓလေးက နှိပ်စက်လာပြီ။ ကျောင်းကလည်း ကောင်းပြီ။ အိပ်ဖို့ကလည်း နေရာလေး အသင့်ဖြစ်နေတာကိုနော် ... အသင့်ဖြစ်နေတဲ့ အချိန်ခါကျတော့ နည်းနည်းလေး ငိုက်လာတာနဲ့ “အဲလေ ... ပြီးတော့မှပဲ ငါရဟန်းတရား အားထုတ်တော့မယ်။ ခဏအိပ်လိုက်ဦးမယ်” ဆိုပြီးတော့ ကျောလေးဆန့်ပြီး အိပ်ချလိုက်တော့ အဲဒီလို အိပ်ချင်ငိုက်မြည်းမှုတရားက နှိပ်စက်ညှဉ်းပန်းတဲ့အတွက် အိပ်လိုက်လို့ နိုးလာပြီ။ နိုးလာတဲ့ အချိန်ခါကျတော့ ဘာဖြစ်လဲ?

ကာမဝိတက္ကာ၊ ကာမဝိတက်တို့သည်။ သမုဒါစရန္တိ၊ ထိုရဟန်းရဲ့အာရုံ၌ ကျက်စားကျင်လည်၍ လာတတ်ကြကုန်ပေ၏၊

ကာမဝိတက်တရားတွေက ထိုရဟန်းကို ဆီးကြိုနေပြီ။ နိုးလာတာနဲ့ တစ်ပြိုင်နက်တည်း ကာမဝတ္ထု ဆိုတာကတော့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေနှင့် ပတ်သက်ပြီးတော့ တွယ်တာမက်မောမှု တဏှာတရားနှင့် ယှဉ်တွဲနေတဲ့ ကြံစည်စိတ်ကူးမှုကလေးတွေပဲ။ ဒီ Air Condition က သိပ်ပြီး အချိုးမကျဘူးနဲ့ တူတယ်။ နောက် ၁-လုံး ရရင်တော့ သိပ်ကောင်းမယ်။ ဟုတ်တယ်မလား? စသည်ဖြင့်ပေါ့။ အဲ ဟိုဟိုဒီဒီ ကာမဝိတက် အမျိုးမျိုးတွေပေါ့ ... ဝင်လာပြီ။ စိတ်ထဲမှာ ကျင်လည်ကျက်စားနေပြီ။ ဒါကြောင့် -

ဣတိ၊ ဤသို့။ စိန္တေတွာ၊ ကြံစည်စိတ်ကူး၍။ သော၊ ထိုရဟန်းတော်သည်။ တံ၊ ထိုမိမိထံသို့ ဆိုက်ရောက်လာတဲ့ ကောင်းမွန်တဲ့ ကျောင်းကို။ ပဋိက္ခိပိတွာ၊ ပယ်ရှားလိုက်၍။

အဲဒီလို သူက စဉ်းစားတယ်။ ဒါ သူ့ရဲ့ အတွေးအခေါ်ပဲနော်။ ဒီတော့ ဒီကောင်းမွန်တဲ့ ကျောင်းဆိုတာက ရဟန်းတရားတွေ ပွားများအားထုတ်ဖို့ရန်အတွက် မေ့လျော့ခြင်း ပမာဒတရား ဖြစ်ဖို့ရန်လည်း နီးကပ်တဲ့ ကျောင်းတစ်ခုဖြစ်တယ်။ ဒီကျောင်းမှာ နေခဲ့ရင်လည်း ထိနမိဒ္ဓတရားတွေက ဝင်ရောက်ပြီး လာတတ်တယ်။ ထိနမိဒ္ဓ အနှိပ်စက်ခံရလို့ အိပ်ချင်ငိုက်မြည်းမှု ရှိနေမယ်ဆိုလို့ရှိရင်လည်း အိပ်လိုက်ပြီ။ အိပ်လိုက်တဲ့ အချိန်ခါမှာ နိုးလာပြီဆိုရင်လည်း ကာမဝိတက်တွေက ဆီးပြီး ကြိုနေလိမ့်မယ်လို့ သူက ဒီလို စဉ်းစားတယ်။ အဲဒီလို စဉ်းစားပြီးတော့ သူက မိမိထံ ဆိုက်ရောက်လာတဲ့ ကောင်းမွန်တဲ့ကျောင်းကို လက်မခံဘဲ ပယ်ရှားလိုက်တယ်။ ပယ်ရှားပြီးတော့ ဘာလုပ်သလဲ?

အဗ္ဘောကာသိကရုက္ခမူလပဏ္ဏကုဋီသု၊ လွင်တီးခေါင်တည်းဟူသော ကျောင်း, သစ်ပင်ရင်းတည်းဟူသောကျောင်း, သစ်ရွက်မိုးကျောင်း စသည်တို့၌။ ယထာကတဉ္စိ၊ အမှတ်မထင် တစ်ခုခုသော ကျောင်း၌။ နိဝသန္တောပိ၊ နေထိုင်လျက်လည်း။ သမဏဓမ္မံ၊ ရဟန်းတရားကို။ ကရောန္တော၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်နေသော ပုဂ္ဂိုလ်သည်။ သန္တုဋ္ဌောဝ၊ သန္တုဋ္ဌိမင်္ဂလာနှင့် ပြည့်စုံသည်သာလျှင်။ ဟောတိ၊ ဖြစ်ပါပေကုန်၏။

အဲဒီကောင်းမွန်နေတဲ့ အဆင့်အတန်းမြင့်နေတဲ့ ကျောင်းတွေကို မိမိက ပယ်ရှားလိုက်တယ်။ လွင်တီးခေါင် အဗ္ဘောကာသိကဓူတင်ဆောက်တည်ပြီး လွင်တီးခေါင်မှာ သွားပြီး နေချင်လည်းနေတယ်။ သို့မဟုတ် သစ်ပင်တည်းဟူသောကျောင်းမှာ သွားပြီး နေချင်လည်းနေတယ်။ အဗ္ဘောကာသိကဓူတင်နဲ့ ရုက္ခမူလဓူတင်လို့ ခေါ်ပါတယ်။ ဒီဓူတင် ၂ ပါးကိုတော့ မြတ်စွာဘုရားက ဆောင်း ၄ လ, နွေ ၄ လ = ၈ လ ဆောက်တည်ကျင့်သုံးပြီး နေထိုင်ဖို့ရန်အတွက် မြတ်စွာဘုရားလည်း ခွင့်ပြုထားပါတယ်။ မိုး ၄ လမှာတော့ ဝါဆိုကျောင်းမှာပဲ နေရမယ်ဆိုပြီးတော့ ဒီလို မြတ်စွာဘုရား ပညတ်ထားတယ်။ ဒီတော့ ဆောင်း ၄ လ, နွေ ၄ လ ကျလာပြီဆိုရင် ဒီကိုယ်တော်က ဘာလုပ်သလဲ?

လွင်တီးခေါင်မှာ သွားပြီးတော့ နေတယ်။ သစ်ပင်ရင်းတည်းဟူသောကျောင်းမှာ သွားပြီးတော့ နေတယ်။ ဒါတင်လားဆိုတော့ မကသေးဘူး။ ပဏ္ဏကုဋီလို့ခေါ်တဲ့ သစ်ရွက်မိုးကျောင်းလေးမှာပဲ သူက သွားပြီးတော့ နေတယ်။ ဒါလေးနဲ့ သူက ကျေနပ်ပြီးနေတယ်။ ဘာဖြစ်လို့လဲ? ကျောင်းနဲ့ ပတ်သက်ပြီး တွယ်တာမက်မောနေတဲ့ တဏှာတရားတွေဖြစ်တာကို သူက မလိုလားဘူး။ ရဟန်းဆိုတာ ဒီလို စိတ်ထားရှိရတယ်။ ကျောင်းကောင်းကောင်းလေး ပေးရင်တော့ ပြုံးပြုံး ပြုံးပြုံး ဖြစ်တတ်တာပေါ့။ အဲဒီ ပြုံးပြုံး ပြုံးပြုံးက ကောင်းသလား? ဒါကို သဘောပေါက်နေတယ်နော်။

ဒီကာမဝိတက်ကို အခြေခံပြီး နောက်ထပ် ကာမဝိတက်တွေက တိုးပွားပြီး လာလိမ့်မယ်နော်။ Air Conditioner လေးရတော့ အဲ ကျောင်းကလည်း ကောင်းလာပြီ, Air Conditioner ကလည်း ကောင်းလာပြီဆိုတော့ ဘာလိုချင်လဲဟင်? ကားလေးရရင်တော့ ကောင်းမှာပဲ။ ဟုတ်တယ်မလား? ကားလေး ရပြန်တော့ Driver က သိပ်အချိုးမကျဘူး။ ဘာလေးဆိုရင်တော့ ကောင်းမှာပဲ, ဟိုဟာလေးဆိုရင်တော့ ကောင်းမှာပဲ စသည်ဖြင့် ဝိတက်တွေက သိပ်ပြီးတော့ များလာပြီ။ ဒါကြောင့် သူက သစ်ရွက်မိုးကျောင်းလေးမှာ သူက သွားပြီး ကျေနပ်နေတယ်။

ဒီတော့ ဖိနပ်စီးထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် သူ့ရဲ့ ခြေဖဝါးလေး သေးသေးလေးပါပဲ။ ခြေဖဝါး သေးသေးလေးကို သားရေဖြင့် ဖုံးအုပ်လိုက်တဲ့အခါ ဘယ်နေရာပဲ သွားသွား မြေပြင် ၁ ခုလုံးဟာ သားရေနှင့် ဖုံးအုပ်ထားတာ ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ ဒီအတိုင်းပဲ ကျေနပ်ရောင့်ရဲမှု သန္တုဋ္ဌိတရား ထင်ရှားရှိနေတဲ့ သူတော်ကောင်းအဖို့ ဘယ်နေရာပဲသွားသွား သူ့မှာ ကျေနပ်မှု ရှိနေတယ်။ သစ်ပင်ရင်းတည်းဟူသော ကျောင်းလေးမှာ နေရလည်း သူက သိပ်ကျေနပ်နေတယ်။ လွင်တီးခေါင်မှာ နေရလည်း သိပ်ကျေနပ်နေတယ်။ သစ်ရွက်မိုးကျောင်းမှာ နေရလည်း သိပ်ကျေနပ်နေတယ်။ ကျေနပ်မှုရှိဖို့ သိပ်အရေးကြီးပါတယ်။ သာသနာတော်မှာ ကျေနပ်မှု မရှိဘဲနဲ့ ဟိုဟာ လိုချင်, ဒီဟာ လိုချင်တယ်ဆိုတဲ့ ကာမဝိတက်တွေကို လက်ခံထားခဲ့မယ် ဆိုလို့ရှိရင်တော့ ရဟန်းတရားတွေက နောက်ဆုတ် မသွားဘူးလား? နောက်ဆုတ်သွားပြီ။ ဒါကြောင့် မိမိက အဲဒီ -

အဗ္ဘောကာသိကရုက္ခမူလပဏ္ဏကုဋီသု၊ လွင်တီးခေါင်တည်းဟူသော အဗ္ဘောကာသိကကျောင်း, သစ်ပင်ရင်းတည်းဟူသော ရုက္ခမူလကျောင်း, သစ်ရွက်မိုးကျောင်းတို့၌။ ယထာကတဉ္စိ၊ အမှတ်မထင် တစ်စုံတစ်ခုသော ကျောင်း၌။ နိဝသန္တောပိ၊ နေထိုင်လျက်လည်း။ သမဏဓမ္မံ၊ ရဟန်းတရားကို။ ကရောန္တော၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသော ရဟန်းတော်သည်။ သန္တုဋ္ဌောဝ၊ သန္တုဋ္ဌိမင်္ဂလာနှင့် ပြည့်စုံသည်သာလျှင်။ ဟောတိ၊ ဖြစ်ပါပေကုန်၏။

ဒီလို ကိုယ်တော်မျိုးကို သန္တုဋ္ဌိမင်္ဂလာနှင့် ပြည့်စုံနေတဲ့ ကိုယ်တော်လို့ ပြောနိုင်တယ်။

အယမဿ သေနာသနေ ယထာသာရုပ္ပသန္တောသော။

အယံ၊ ဤသည်ကား။ အဿ၊ ထိုရဟန်းတော်အဖို့။ သေနာသနေ၊ ကျောင်းအိပ်ရာနေရာ၌။ ယထာသာရုပ္ပသန္တောသော၊ ယထာသာရုပ္ပသန္တောသ မင်္ဂလာ မည်ပါပေ၏။

မိမိနှင့် သပ္ပါယဖြစ်တဲ့ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်တဲ့ ကျောင်းအိပ်ရာနေရာဖြင့် ကျေနပ်တယ်နော်။ အဲဒီ ကျေနပ်မှုက သာသနာတော်မှာ သိပ်ပြီးတော့ အရေးကြီးပါတယ်နော်။ ခု သင်္ကန်းနဲ့ ပတ်သက်ပြီးတော့ ကျေနပ်မှု ၃ မျိုး, ဆွမ်းနဲ့ ပတ်သက်လို့ ကျေနပ်မှု ၃ မျိုး, ကျောင်းနဲ့ ပတ်သက်လို့ ကျေနပ်မှု ၃ မျိုး ပြောပြီးပြီ။ ကဲ ... နောက် ဘာကျန်သေးလဲ? ဆေးပစ္စည်းနော် -

ဣဓ ပန ဘိက္ခု ဘေသဇ္ဇံ လဘတိ ဟရီတကံ ဝါ အာမလကံ ဝါ။

ဣဓ ပန၊ ဤသာသနာတော်မြတ်အတွင်း၌။ ဘိက္ခု၊ ယောဂါဝစရ ရဟန်းတော်သည်။ ဟရီတကံ ဝါ အာမလကံ ဝါ၊ ဖန်ခါးသီး မူလည်းဖြစ်သော ဇီးဖြူသီး မူလည်းဖြစ်သော။ ဘေသဇ္ဇံ၊ ဆေးကို။ လဘတိ၊ ရရှိပေ၏။

ဇီးဖြူ, ဖန်ခါး အစရှိတဲ့ ဆေး ၁ မျိုးမျိုးတော့ ရပြီ။

သော တေနေဝ ယာပေတိ၊

သော၊ ထိုရဟန်းတော်သည်။ တေနေဝ၊ ထိုရရသမျှသော ဆေးပစ္စည်းဖြင့်ပင်လျှင်။ ယာပေတိ၊ မျှတ၍ နေ၏။

မိမိရရှိတဲ့ ဒီဆေးပစ္စည်းလေးဖြင့် မျှတပြီး နေတယ်။

အညေဟိ လဒ္ဓသပ္ပိမဓုဖာဏိတာဒိမ္ပိ န ပတ္ထေတိ၊

အညေဟိ၊ အခြားတစ်ပါးသော ရဟန်းသီတင်းသုံးဖော်တို့သည်။ လဒ္ဓံ၊ ရရှိအပ်သော။ သပ္ပိမဓုဖာဏိတာဒိမ္ပိ၊ ထောပတ်, ပျားရည်, တင်လဲ အစရှိသော ဆေးပစ္စည်းကိုလည်းပဲ။ န ပတ္ထေတိ၊ မတောင့်တပေ။

မိမိက ဇီးဖြူသီး, ဖန်ခါးသီး အစရှိတဲ့ ဆေးလေးရပြီ။ ရတာလေးနဲ့ ကျေနပ်လိုက်တယ်။ တခြားတခြား ပုဂ္ဂိုလ်တွေက ဆီဦးထောပတ် ပျားတင်လဲ အစရှိတဲ့ ဆေးပစ္စည်းတွေ ရခဲ့ရင် အဲဒီရတဲ့ ဆေးပစ္စည်းတွေကို မိမိက လှမ်းပြီး မျှော်လင့်တောင့်တတဲ့ စိတ်ထားမရှိဘူး။ ဒါ မိမိရဲ့ ကာမတဏှာကို မိမိ နိုင်အောင် ဆိုဆုံးမနေတယ်။ တိုက်ဖျက်နေတာပဲနော်။ မတောင့်တဘဲနဲ့ ဘာဖြစ်လဲ?

လဘန္တောပိ န ဂဏှာတိ၊

လဘန္တောပိ၊ ရရှိပါသော်လည်းပဲ။ န ဂဏှာတိ၊ မခံယူပေ။

အဲဒီ ကိုယ်တော်တွေကလည်း သူတို့ရတော့ သူတို့ကလည်း သဒ္ဓါတရား ရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ခြင်းကြောင့် လာပြီး လှူဒါန်းတယ်။ လှူဒါန်းရင်လည်း မိမိက မခံယူတော့ဘူး။ ရတာလေးနဲ့ ကျေနပ်တယ်။

အယမဿ ဂိလာနပစ္စယေ ယထာလာဘသန္တောသော။

အယံ၊ ဤသည်ကား။ အဿ၊ ထိုရဟန်းတော်အဖို့။ ဂိလာနပစ္စယေ၊ ဂိလာနပစ္စည်းဟု ခေါ်ဆိုအပ်သော ဆေးပစ္စည်း၌။ ယထာလာဘသန္တောသော၊ ယထာလာဘသန္တောသ မည်ပါပေ၏။

ရရသမျှသော ဆေးပစ္စည်းဖြင့် ကျေနပ်နေတဲ့ ယထာလာဘသန္တောသ မင်္ဂလာမည်တယ်။ သာသနာဘောင် ဝင်ရောက်လာပြီ ဆိုလို့ရှိရင်တော့ ဒီ သန္တောသတရားတွေနှင့် ပြည့်စုံဖို့ အလွန်လိုအပ်ပါတယ်နော်။ နောက်တစ်ခု -

အထ ပန ဘိက္ခု အာဗာဓိကော ဟောတိ၊ တေလေနတ္ထိကော ဖာဏိတံ လဘတိ၊

အထ ပန၊ နောက်တစ်မျိုးသော်ကား။ ဘိက္ခု၊ အနာရောဂါကျင်နာ စွဲကပ်၍နေသော ရဟန်းတော်သည်။ တေလေန၊ ဆီဖြင့်။ အတ္ထိကော၊ အလိုရှိသည်။ ဟောတိ၊ ဖြစ်၏။ ဖာဏိတံ၊ တင်လဲကို။ လဘတိ၊ ရရှိတတ်ပေ၏။

နောက်တစ်ခု - မိမိက အနာရောဂါ စွဲကပ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီ။ အနာရောဂါ စွဲကပ်နေတော့ မိမိလိုနေတဲ့ ဆေးက ဆီဖြစ်နေတယ်။ ဒါပေမဲ့ မိမိ ရရှိတာက တင်လဲ ရရှိတယ်။ ရရှိတော့ ဘာလုပ်မလဲ?

သော တံ သဘာဂဿ ဘိက္ခုနော ဒတွာ တဿ ဟတ္ထတော တေလေန ဘေသဇ္ဇံ ကတွာ သမဏဓမ္မံ ကရောန္တောပိ သန္တုဋ္ဌောဝ ဟောတိ၊

သော၊ ထိုရဟန်းတော်သည်။ တံ၊ ထိုတင်လဲကို။ သဘာဂဿ ဘိက္ခုနော၊ မိမိနှင့် သဘောတူ သဘာဂဖြစ်နေတဲ့ ရဟန်းတော်အား။ ဒတွာ၊ ပေးလှူပြီး၍။ တဿ၊ ထိုရဟန်းတော်၏။ ဟတ္ထတော၊ လက်မှ။ တေလေန၊ ဆီဖြင့်။ ဘေသဇ္ဇံ၊ ဆေးကို ဖော်စပ်၍။ သမဏဓမ္မံ၊ ရဟန်းတရားကို။ ကရောန္တောပိ၊ ကျင့်ကြံကြိုးကုတ် အားထုတ်သော ရဟန်းတော်သည်လည်းပဲ။ သန္တုဋ္ဌောဝ၊ သန္တုဋ္ဌိမင်္ဂလာနှင့် ပြည့်စုံသည်သာလျှင်။ ဟောတိ၊ ဖြစ်ပါပေ၏။

ထိုရဟန်းတော်က မိမိရရှိထားတဲ့ တင်လဲကို မိမိနဲ့ သဘာဂဖြစ်နေတဲ့ သဘောတူ ရဟန်းတော်တစ်ပါးကို လှူလိုက်တယ်။ လှူပြီးတော့ ထိုရဟန်းတော်၏လက်မှ ဆီကို ယူပြီးတော့ ဆေးကို ဖော်စပ်ပြီးတော့ မိမိက မှီဝဲသုံးစွဲတယ်။ အဲဒီလို မှီဝဲသုံးစွဲပြီးတဲ့ အခါကျတော့ ရဟန်းတရားတွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ အဲဒီလို ပွားများအားထုတ်တဲ့ သူတော်ကောင်းဟာလည်း သန္တုဋ္ဌိမင်္ဂလာတရားနှင့် ပြည့်စုံတဲ့ သူတော်ကောင်းပဲ ဖြစ်ပါတယ်။ ဘာသန္တုဋ္ဌိလဲလို့ မေးတော့ -

အယမဿ ဂိလာနပစ္စယေ ယထာဗလသန္တောသော။

အယံ၊ ဤသည်ကား။ အဿ၊ ထိုယောဂါဝစရ ရဟန်းတော်အဖို့။ ဂိလာနပစ္စယေ၊ ဂိလာနပစ္စည်း ဆေးပစ္စည်း၌။ ယထာဗလသန္တောသော၊ မိမိရဲ့ ကိုယ်ခံစွမ်းအားနှင့် လျော်ညီသော ယထာဗလသန္တောသ မင်္ဂလာ မည်ပါပေ၏။

မိမိရဲ့ ကိုယ်ခံစွမ်းအားနှင့် ညီမျှတဲ့ ယထာဗလသန္တောသ မင်္ဂလာပဲ။ ဒါကတော့ အကောင်းကြိုက်လို့တော့ မဟုတ်ဘူးနော်။ မိမိမှာ တကယ်ရှိနေတဲ့ ရောဂါက ဆီနဲ့ ပျောက်မှာဖြစ်တော့ ဆီကို လဲလှယ်ပြီးတော့ ယူခြင်းပဲ။ ကဲ နောက်တစ်ခု -

မဟာမင်္ဂလသုတ္တန် နိဿယ

အပရော ဘိက္ခု ဧကသ္မိံ ဘာဇနေ ပူတိမုတ္တဟရီတကံ ဌပေတွာ ဧကသ္မိံ စတုမဓုရံ ‘‘ဂဏှထ, ဘန္တေ, ယဒိစ္ဆသီ’’တိ ဝုစ္စမာနော သစဿ တေသံ ဒွိန္နမညတရေနပိ ဗျာဓိ ဝူပသမ္မတိ, အထ ‘‘ပူတိမုတ္တဟရီတကံ နာမ ဗုဒ္ဓါဒီဟိ ဝဏ္ဏိတ’’န္တိ စ ‘‘ပူတိမုတ္တဘေသဇ္ဇံ နိဿာယ ပဗ္ဗဇ္ဇာ, တတ္ထ တေ ယာဝဇီဝံ ဥဿာဟော ကရဏီယောတိ ဝုတ္တ’’န္တိ စ စိန္တေန္တော စတုမဓုရဘေသဇ္ဇံ ပဋိက္ခိပိတွာ ပူတိမုတ္တဟရီတကေန ဘေသဇ္ဇံ ကရောန္တောပိ ပရမသန္တုဋ္ဌောဝ ဟောတိ။ အယမဿ ဂိလာနပစ္စယေ ယထာသာရုပ္ပသန္တောသော။

ပုဂ္ဂိုလ်တစ်ယောက် လာပြီ။ အင်မတန် ကြည်ညိုဖွယ်ကောင်းတဲ့ သူတော်ကောင်းပါ။

အပရော ဘိက္ခု၊ အခြားတစ်ပါးသော ရဟန်းတော်သည်ကား။ ဧကသ္မိံ ဘာဇနေ၊ ခွက်တစ်ခုအတွင်း၌။ ပူတိမုတ္တဟရီတကံ၊ နွားကျင်ငယ်နှင့် စိမ်ထုံ၍ ထားအပ်သော ဇီးဖြူသီး, ဖန်ခါးသီးဆိုတဲ့ ဆေးကို။ ဌပေတွာ၊ ထည့်ထား၍။ ဧကသ္မိံ (ဘာဇနေ) = တစ်ခုသော ခွက်၌။ စတုမဓုရံ၊ စတုမဓူကို၊ (ဌပေတွာ၊ ထည့်ထား၍)။

ခွက် ၁ လုံးထဲမှာ နွားကျင်ငယ်နဲ့ စိမ်ထားတဲ့ ဖန်ခါးသီးတွေကိုထည့်၊ ခွက် ၁ လုံးထဲကျတော့ စတုမဓူဆေးတွေကို ထည့်။ ထည့်ပြီးတော့ ယူလာပြီ။ ယူလာပြီးတဲ့အခါ ဘာလုပ်လဲ?

ဘန္တေ၊ အရှင်ဘုရား...။ ယံ၊ အကြင်ဆေးပစ္စည်းကို။ အိစ္ဆသိ၊ အလိုရှိပါပေ၏။ တံ၊ ထိုဆေးပစ္စည်းကို။ ဂဏှထ၊ ယူတော်မူပါ။

ဒီဆေးနှစ်မျိုးထဲက အရှင်ဘုရား အလိုရှိတဲ့ ဆေးပစ္စည်းကို ယူတော်မူပါ ဆိုပြီးတော့ လျှောက်ပြီ။ ကဲ ဘယ်ဆေးယူကြမလဲဟင်? ဘယ်ဆေး ယူကြမလဲ? အဲဒါ ကိုယ့်ကို ခဏခဏ မေးကြည့်ပေတော့နော်။ အဲဒီလို လာပြီး လျှောက်တဲ့အခါ ဘာဖြစ်လဲ?

ဣတိ၊ ဤသို့။ ဝုစ္စမာနော၊ လျှောက်ထားခဲ့သည်ရှိသော်။ အဿ၊ ထိုရဟန်းတော်အဖို့။ တေသံ ဒွိန္နံ၊ ထိုနှစ်မျိုးသော ဆေးတို့တွင်။ အညတရေနပိ၊ တစ်မျိုးမျိုးသော ဆေးဖြင့်လည်း။ ဗျာဓိ၊ အနာရောဂါသည်။ သစေ (ဝူပသမ္မတိ) = အကယ်၍ ငြိမ်းအေးခဲ့သည်ဖြစ်ငြားအံ့။

အဲဒီ ဆေး ၂ မျိုးမှာ ဘယ်ဆေးစားစား မိမိမှာ ထင်ရှားရှိနေတဲ့ ရောဂါက ပျောက်မှာ သေချာတယ်။ သေချာပြီ ဆိုလို့ရှိရင် ဒီရဟန်းတော်က ဘာစဉ်းစားလဲ?

အထ၊ ထိုအခါ၌။ သော၊ ထိုရဟန်းတော်သည်။ ဧဝံ၊ ဤသို့။ စိန္တေတိ၊ ကြံစည်စိတ်ကူးလေ၏။

သူက စဉ်းစားပြီ။ ရဟန်းဆိုတာက အမှတ်တမဲ့ ကျီးကဲ့သို့ စိတ်ထားဖြင့် ဗြုန်းကနဲ ကောက်ပြီး မယူရဘူး။ စဉ်းစဉ်းစားစား ပြုလုပ်ရပါတယ်။ ဘယ်လို စဉ်းစားလဲ?

ပူတိမုတ္တဟရီတကံ နာမ၊ နွားကျင်ငယ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဖန်ခါးသီး, ဇီးဖြူသီး ဆိုတဲ့ ဆေးသည်ကား၊ (ဗုဒ္ဓါဒီဟိ၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည်။) ဝဏ္ဏိတံ၊ ချီးမွမ်းတော်မူတတ်ပါပေ၏။

နွားကျင်ငယ်ဖြင့် စိမ်ထားတဲ့ ဒီဇီးဖြူသီး, ဖန်ခါးသီးဆိုတဲ့ ဒီဆေးတွေဟာ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ချီးမွမ်းမြှောက်စားတော်မူအပ်တဲ့ ဆေးဖြစ်တယ်။

(အယံ စ) ပူတိမုတ္တဘေသဇ္ဇံ၊ ဤနွားကျင်ငယ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဇီးဖြူသီး, ဖန်ခါးသီးတည်းဟူသော ဆေးကို။ နိဿာယ၊ အမှီပြု၍။ ပဗ္ဗဇ္ဇာ၊ ရှင်ရဟန်းအဖြစ်သည်။ (ဥပ္ပန္နာ၊ ဖြစ်ပေါ်ခဲ့လေပြီ။)

မိမိရဲ့ ရဟန်းဘဝကို ပြန်ကြည့်လိုက်... ဘာကို အမှီပြုပြီးတော့ ရဟန်းဖြစ်လာရသလဲလို့ မေးရင်တော့ နွားကျင်ငယ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဇီးဖြူသီး, ဖန်ခါးသီးဆိုတဲ့ ဆေးကို အမှီပြုပြီးတော့ ရှင်ရဟန်းဖြစ်လာတယ်။ ဘာကြောင့်လဲ? ဟိုး... သိမ်ထဲမှာ ဆရာသမားတွေက ဆိုဆုံးမတဲ့ အပိုင်းလေးမှာနော် -

တတ္ထ တေ ယာဝဇီဝံ ဥဿာဟော ကရဏီယောတိ ဝုတ္တ’’န္တိ စ စိန္တေန္တော စတုမဓုရဘေသဇ္ဇံ ပဋိက္ခိပိတွာ ပူတိမုတ္တဟရီတကေန ဘေသဇ္ဇံ ကရောန္တောပိ ပရမသန္တုဋ္ဌောဝ ဟောတိ။

တတ္ထ၊ ထိုဆေးပစ္စည်း၌။ တေ၊ သင်သည်။ ယာဝဇီဝံ၊ အသက်ထက်ဆုံး။ ဥဿာဟော၊ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်ပေ၏။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ မိန့်ဆိုခဲ့လေပြီ။

သိမ်ထဲမှာ ရဟန်းခံစဉ် အချိန်ခါက မြတ်စွာဘုရားက ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်း ၄ ပါးဆိုတဲ့ မှီရာ ၄ ပါး ပြောကြမယ်လို့ ဆိုဆုံးမတဲ့အတိုင်း တာဝန်ရှိနေတဲ့ ရဟန်းခံပေးတဲ့ ရဟန်းတော် ဥပဇ္ဈာယ်ဆရာ အမှူးရှိတဲ့ ရဟန်းတော်တွေက ဘာပြောလဲ? ဒီဆေးပစ္စည်းပိုင်း ရောက်လာတော့ နွားကျင်ငယ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဇီးဖြူသီး, ဖန်ခါးသီး အစရှိတဲ့ ဆေးတို့ကို အမှီပြုပြီးတော့ သင်သည် ရဟန်းတရားကို ကြိုးစားအားထုတ်ရမယ်လို့ ဒီလို ဆိုဆုံးမလိုက်တယ်။ ဆုံးမလိုက်တော့ ဘာပြန်ပြောလဲ? “မှန်ပါ့ဘုရားတဲ့” ဟုတ်လား? ဟင်... မှန်ပါ့ဘုရား ဆိုတာက “တပည့်တော်... နွားကျင်ငယ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဇီးဖြူသီး, ဖန်ခါးသီး အစရှိတဲ့ ဆေးကို အမှီပြုပြီးတော့ အသက်ထက်ဆုံး ရဟန်းတရား ပွားများအားထုတ်ပါ့မယ်လို့” ဒီလို ပဋိညာဉ် ဝန်ခံချက် ပေးခဲ့တယ်။

အဲဒီ ပဋိညာဉ် ဝန်ခံချက်ကို အမှီပြုပြီးတော့ မိမိကလည်း ရှင်ရဟန်း ဖြစ်ခဲ့တယ်။ ရှင်ရဟန်း ဖြစ်ခဲ့တဲ့အချိန်ခါကျတော့ အဲဒီ ပဋိညာဉ် ဝန်ခံချက်နှင့်လျော်ညီစွာ သင်သည် နွားကျင်ငယ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဇီးဖြူသီး, ဖန်ခါးသီး အစရှိသော ဆေးကို သိက္ခာပုဒ်တော် ကိုယ်၌ တည်သမျှ ကာလပတ်လုံး အသက်ထက်ဆုံး မှီဝဲသုံးစွဲဖို့ရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်လို့ ဆရာဥပဇ္ဈာယ်အမှူးရှိနေတဲ့ ရဟန်းတွေကလည်း သိမ်ထဲမှာ ဆိုဆုံးမလိုက်တယ်။ အဲဒီလို ဆုံးမလိုက်တဲ့ အချိန်ခါကျတော့လဲ ဘာပြောလဲ? “မှန်ပါ့ဘုရား... တပည့်တော် ကြိုးစားအားထုတ်ပါ့မယ်” ဆိုပြီး ဒီလို ပြန်ပြီးတော့ ပဋိညာဉ် ဝန်ခံချက် ပေးထားတယ်။ အဲဒီ ပဋိညာဉ် ဝန်ခံချက်နှင့် လျော်ညီစွာ မိမိက ရှင်ရဟန်းဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ သူက ဒီလို စဉ်းစားတယ်။ အဲဒီလို စဉ်းစားပြီးတော့ သူက ဘာလုပ်သလဲ?

ဣတိ၊ ဤသို့။ စိန္တေန္တော၊ ကြံစည်စိတ်ကူးလျက်။ စတုမဓုရဘေသဇ္ဇံ၊ စတုမဓူဆေးကို။ ပဋိက္ခိပိတွာ၊ ပယ်ရှား၍။ ပူတိမုတ္တဟရီတကေန၊ နွားကျင်ငယ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဇီးဖြူသီး, ဖန်ခါးသီးတည်းဟူသော ဆေးဖြင့်။ ဘေသဇ္ဇံ၊ ဆေးကို။ ကရောန္တောပိ၊ ဖော်စပ်လျက်လည်း၊ (သမဏဓမ္မံ၊ ရဟန်းတရားကို။ ကရောန္တော၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့သည်ရှိသော်)။ ပရမသန္တုဋ္ဌောဝ၊ အလွန်ရောင့်ရဲသော ပရမသန္တုတိ ဂုဏ်နှင့် ပြည့်စုံသည်သာလျှင်။ ဟောတိ၊ ဖြစ်ပါပေ၏။

အမြတ်ဆုံးသော ပရမ သန္တုဋ္ဌိတရားနှင့် ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ ခေါ်နိုင်တယ်။ ဒီတော့ စတုမဓူစားလည်း ရောဂါက ပျောက်မယ်၊ နွားကျင်ငယ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဖန်ခါးသီး ဆေးစားလည်း ရောဂါက ပျောက်မယ်။ အဲဒီလို နှစ်ခု ရှိခဲ့မယ်ဆိုရင် ဒီသူတော်ကောင်းက ဘာကို ရွေးချယ်လဲ? နွားကျင်ငယ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဇီးဖြူသီး, ဖန်ခါးသီး ဆေးကိုပဲ ရွေးချယ်လိုက်တယ်။ စတုမဓူကို သူက အလှူမခံတော့ဘူး။ ရောဂါပျောက်ကင်းမှုက အဓိကဖြစ်တယ်။ ရောဂါပျောက်ငြိမ်းတာ မှန်ရင်တော့ ညံ့တာကိုပဲ သုံးစွဲတယ်။ ဘာဖြစ်လို့လဲ?

ဘုရားအစရှိသော အရိယာသူတော်ကောင်းတွေက ဒီလို ပစ္စည်း ၄ ပါးနှင့် ပတ်သက်လာပြီ ဆိုလို့ရှိရင် မိမိရဲ့စိတ်ဓာတ်ကို အနိမ့်ဆုံးအဆင့်မှာ နှိမ်ချပြီးတော့ အနိမ့်ဆုံးသောပစ္စည်းတွေကို မှီဝဲသုံးစွဲတာကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က နှစ်ခြိုက်တော်မူကြတယ်။ အဲဒီ နှစ်ခြိုက်တော်မူတဲ့ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ချီးမွမ်းမြှောက်စားတော်မူတဲ့ လုပ်ငန်းရပ်မျိုးကို ဒီသူတော်ကောင်းက ပြုလုပ်ချင်တယ်။ ပဗ္ဗဇ္ဇဆိုတာက ကိလေသာတွေကို ခါထုတ်နေတဲ့လုပ်ငန်းရပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကို ပဗ္ဗဇ္ဇလို့ ခေါ်ပါတယ်။

မိမိက ကိလေသာကို ခါထွက်တဲ့ လုပ်ငန်းခွင် သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ လုပ်ငန်းခွင်ကို တကယ်ကျင့်မယ်လို့ ဝန်ခံပြီးတော့ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်း ပြုလာတာ ဖြစ်တယ်။ ကိလေသာ တိုးပွားကြောင်း, တဏှာရာဂ တိုးပွားကြောင်း လုပ်ငန်းရပ်တွေကို ပြုလုပ်မယ်ဆိုတဲ့ ဝန်ခံချက်ဖြင့် သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့တဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ ဒါကြောင့် မိမိသန္တာန်မှာ ဒီ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ စတုမဓူကဲ့သို့သော ဆေးပစ္စည်းအပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာတရားကို မိမိက ခါထွက်မယ်ဆိုတဲ့စိတ်ဓာတ် မွေးမြူထားတယ်။ နွားကျင်ငယ်တို့ဖြင့် စိမ်ထုံထားအပ်တဲ့ ဖန်ခါးသီး ဆေး, တွယ်တာမှု တဏှာဖြစ်ဖို့ မနည်းဘူးလား? နည်းပါတယ်။ စတုမဓူဆေး တွယ်တာမှု တဏှာဖြစ်ဖို့ရန် အားမကောင်းဘူးလား? အားကောင်းနေတယ်။ နွားကျင်ငယ်တို့ဖြင့် စိမ်ထုံထားအပ်တဲ့ဆေး မစားဘူးတဲ့ပုဂ္ဂိုလ် အနားသွားချကြည့်ပါလား? စားချင်တဲ့စိတ်လည်း မရှိဘူး။ အနံ့ခံချင်တဲ့စိတ်လည်း မရှိဘူး။ တွယ်တာမှုတဏှာ သိပ်အားနည်းတယ်။ ဒါပေမဲ့ ရောဂါသာ ပျောက်မယ်ဆိုရင် အဲဒီဆေးမျိုးကို သူတော်ကောင်းဆိုတာက ရွေးချယ်ပြီးတော့ သုံးစွဲတယ်။

အယမဿ ဂိလာနပစ္စယေ ယထာသာရုပ္ပသန္တောသော။

အယံ၊ ဤသည်ကား။ အဿ၊ ထိုရဟန်းတော်အဖို့။ ဂိလာနပစ္စယေ၊ ဆေးပစ္စည်း၌။ ယထာသာရုပ္ပသန္တောသော၊ ယထာသာရုပ္ပသန္တောသ မည်ပါပေ၏။

မိမိနဲ့ သာရုပ္ပဖြစ်တဲ့ ဆေးပစ္စည်းဖြင့် ကျေနပ်ခြင်း မင်္ဂလာတရားနှင့် ပြည့်စုံတယ်။ ဒီတော့ ဒီမှာပေါင်းလိုက်မယ်ဆိုရင် သန္တောသတရား ဘယ်နှစ်ပါး ရှိသွားလဲ? ၁၂ ပါး။ အဲဒီ သန္တောသတရား ၁၂ ပါးကို ဘာဖြစ်လဲ? သန္တုဋ္ဌိတရားလို့ မြတ်စွာဘုရား ဟောထားတယ်။ သန္တုဋ္ဌိမင်္ဂလာလို့ ဟောတယ်။ အဲဒီ သန္တုဋ္ဌိမင်္ဂလာသည် ဘာဖြစ်လဲ?

သာ အတြိစ္ဆတာမဟိစ္ဆတာပါပိစ္ဆတာဒီနံ ပါပဓမ္မာနံ ပဟာနာဓိဂမေဟေတုတော, သုဂတိဟေတုတော, အရိယမဂ္ဂသမ္ဘာရဘာဝတော, စာတုဒ္ဒိသာဒိဘာဝဟေတုတော စ မင်္ဂလန္တိ ဝေဒိတဗ္ဗာ။

သာ၊ ထိုသန္တုဋ္ဌိ မင်္ဂလာတရားတော်မြတ်ကို။ အတြိစ္ဆတာ မဟိစ္ဆတာ ပါပိစ္ဆတာဒီနံ၊ အလွန် အလိုရမ္မက်ကြီးခြင်း, များပြားသော အလိုရမ္မက်ရှိခြင်း, ယုတ်မာသော အလိုရမ္မက်ရှိခြင်း အစရှိကုန်သော။ ပါပဓမ္မာနံ၊ ယုတ်မာသော အကုသိုလ်တရားတို့၏။ ပဟာနာဓိဂမေဟေတုတော၊ ပယ်ရှားခြင်းကို ရရှိဖို့ရန် အကြောင်းတရားဖြစ်ခြင်းကြောင့်လည်းကောင်း။ သုဂတိဟေတုတော၊ သုဂတိဘုံဘဝသို့ ရောက်ရှိဖို့ရန် အကြောင်းတရားဖြစ်ခြင်းကြောင့်လည်းကောင်း။ အရိယမဂ္ဂသမ္ဘာရဘာဝတော၊ အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန် အဆောက်အဦ အကြောင်းတရား ဖြစ်ခြင်းကြောင့်လည်းကောင်း။ စာတုဒ္ဒိသာဒိဘာဝဟေတုတော စ၊ အရပ်လေးမျက်နှာတို့၌ ငြိကပ်တွယ်တာမှု မရှိဘဲ သွားလာနိုင်ခြင်း အစရှိသော ဂုဏ်ကို ရရှိဖို့ရန် အကြောင်းတရားဖြစ်ခြင်းကြောင့်လည်းကောင်း။ မင်္ဂလန္တိ၊ မင်္ဂလာဟူ၍။ ဝေဒိတဗ္ဗာ၊ သိရှိအပ်ပေ၏။

ဒီသန္တုဋ္ဌိမင်္ဂလာတရားက အတြိစ္ဆာ = တချို့ လွန်လွန်ကဲကဲ အလိုရှိတယ်။ မိမိနှင့် မထိုက်တန်တဲ့ ပစ္စည်းလေးပါးကို လှမ်းပြီးတော့ မျှော်လင့်နေတယ်။ ဒါက အလွန် အလိုကြီးတာပဲ။ ပါပိစ္ဆာ = တချို့က ယုတ်မာတဲ့အလိုဆိုး ရှိတယ်။ မဟိစ္ဆာ = တချို့က အလွန် အလိုရမ္မက်ကြီးတယ်။ အဲဒီလို အတြိစ္ဆ, ပါပိစ္ဆ အစရှိတဲ့ ဒီလို ယုတ်မာတဲ့အလိုဆိုး အကုသိုလ်တရားတွေကို ပယ်ရှားဖို့ရန်အတွက် အကြောင်းရင်းတစ်ခု ဖြစ်တယ်တဲ့။ ပယ်ရှားနိုင်ဖို့ရန်အတွက် အကြောင်းတစ်ခုဖြစ်တယ်။ ဒီသန္တုဋ္ဌိမင်္ဂလာက ဟုတ်,မဟုတ်တော့ စဉ်းစားပါ။ ရတာလေးနဲ့ ကျေနပ်နေပြီ။ မိမိနဲ့ မျှတရုံလေးနဲ့ ကျေနပ်နေပြီ။ မိမိရဲ့ ကိုယ်ခံအားလေးနဲ့ ညီမျှရုံလောက်နဲ့ ကျေနပ်နေပြီ ဆိုလို့ရှိရင် နောက်ထပ် အသစ်အဆန်းတွေ ရှာဖွေလိုတဲ့စိတ်ထား ရှိဦးမလား? မရှိတော့ဘူး။ မရှိတဲ့အတွက် အလိုရမ္မက် ကြီးမားခြင်းအစရှိတဲ့ ယုတ်မာတဲ့ အကုသိုလ်တရားတွေကို ပယ်ရှားဖို့ရန်အတွက် ဒီသန္တုဋ္ဌိမင်္ဂလာက အကြောင်း ၁ ခု ဖြစ်မနေဘူးလား? ဖြစ်နေတယ်။

နောက်တစ်ခု - ဒီသန္တုဋ္ဌိမင်္ဂလာ ရှိနေတဲ့ သူတော်ကောင်းသည် ရရသမျှနဲ့ ကျေနပ်ပြီးတော့ သူက သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းတရားတွေကို လက်တွေ့ကျင့်တယ်။ ကျင့်လိုက်ခြင်းတည်းဟူသော အကြောင်းတရားကြောင့် ထိုသူတော်ကောင်းသည် နိဗ္ဗာန်ကို မရသေးဘူးထား? သုဂတိဘုံဘဝတော့ ကျိန်းသေဧကန် ရောက်နိုင်သည်မဟုတ်လား? ရောက်နိုင်တယ်။ သုဂတိ ဘုံဘဝတွေကို ရောက်ရှိဖို့ရန်အတွက် အကြောင်းတရားလည်း ဖြစ်တယ်။

နောက် ၁ ခု - ဒီသန္တုဋ္ဌိမင်္ဂလာ ထင်ရှားရှိနေတဲ့ သူတော်ကောင်းသည် သန္တုဋ္ဌိမင်္ဂလာကို အခြေတည်ပြီးတော့ ရရသမျှနှင့် ကျေနပ်ပြီး မိမိရဲ့ ရဟန်းတရားကိုသာ အားသွန်ခွန်စိုက် ပွားများအားထုတ်တယ်။ ဒီလို အားသွန်ခွန်စိုက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့အတွက် ဒီသန္တုဋ္ဌိ မင်္ဂလာတရားသည် အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန်အတွက် အဆောက်အဦကောင်း တစ်ခုလည်း ဖြစ်မနေဘူးလား? ဖြစ်နေတယ်။

နောက်တစ်ခု - ဒီသန္တုဋ္ဌိတရား ထင်ရှားရှိနေတဲ့...

ဒီသန္တုဋ္ဌိမင်္ဂလာနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းသည် အရပ်လေးမျက်နှာတို့အပေါ်၌ ငြိကပ်တွယ်တာမှုမရှိဘဲ ဘယ်နေရာကိုမဆို, ဘယ်အရပ်ကိုမဆို သွားပြီးတော့ ချမ်းချမ်းသာသာ နေထိုင်နိုင်တဲ့ ဂုဏ်နှင့်လည်း ပြည့်စုံတယ်။ အဲဒီဂုဏ်နှင့် ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က ခဂ္ဂဝိသာဏသုတ္တန်လေး ၁ ခုကို ကိုးကားပါတယ်။ ဒီသုတ္တန်မှာ ပစ္စေကဗုဒ္ဓါ ဘုရားရှင် ၁ ဆူကနေ ဥဒါန်းကျူးရင့်တော်မူတဲ့ ဂါထာ ၁ ခု ရှိပါတယ်။ အဲဒီ ဂါထာလေးကို ဒီည နည်းနည်း နာကြည့်ရအောင်နော် -

‘‘စာတုဒ္ဒိသော အပ္ပဋိဃော စ ဟောတိ, သန္တုဿမာနော ဣတရီတရေနာ’’တိ။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ စာတုဒ္ဒိသော၊ အရပ် ၄ မျက်နှာတို့၌ ချမ်းသာစွာ နေထိုင်လေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ အပ္ပဋိဃော စ၊ သတ္တဝါ သင်္ခါရတို့ကို ညှဉ်းပန်းနှိပ်စက်လိုသော, ထိပါးပုတ်ခတ်လိုသော စိတ်ထားမရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။

သူတော်ကောင်းတို့ရဲ့စိတ်ထား အရပ် ၄-မျက်နှာမှာ တွယ်တာငြိကပ်နေတဲ့ စိတ်ထားမရှိဘဲနဲ့ နေတတ်ရမယ်။ သူတစ်ပါးတွေကို သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက်လိုတဲ့ စိတ်ထား, ထိပါးပုတ်ခတ် စော်ကားလိုတဲ့စိတ်ထား မရှိဘဲနဲ့ နေရမယ်။ ဘယ့်,နှယ်တုံး တရားနာပရိသတ်တွေ အဲဒီ စိတ်ထား-မျိုးနဲ့ နေရမယ်ဆိုရင် အဲဒီ သူတော်ကောင်းဟာ ကြည်ညိုဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။

မိမိကို အကြောင်းပြုပြီးတော့ မိမိတို့ ကာယကံကို အကြောင်းပြုပြီး သူတစ်ပါးတွေမှာ ထိခိုက်နစ်နာသွားမယ်, မိမိရဲ့ ဝစီကံကို အကြောင်းပြုပြီး သူတစ်ပါးတွေမှာ ထိခိုက်နစ်နာသွားမယ်, မိမိရဲ့ မနောကံကို အကြောင်းပြုပြီး သူတစ်ပါးတွေမှာ ထိခိုက်နစ်နာသွားမယ်ဆိုရင် ဒီလို ထိခိုက်နစ်နာစေတတ်တဲ့ လုပ်ငန်းမျိုး, အပြောအဆိုမျိုး, စိတ်နေစိတ်ထားမျိုးကို သူတော်ကောင်းမှန်ခဲ့ရင် ပြုလုပ်ရမလား, မပြုလုပ်ရဘူးလား? မပြုလုပ်ရဘူး။ ဒါဖြင့် ပြုလုပ်နေပြီ ဆိုရင်ကော သူတော်ကောင်း ဟုတ်သေးလား? မဟုတ်တော့ဘူး။ ဒါ သတိထားကြနော် -

စတုဒ္ဒိသော၊ အရပ် ၄-မျက်နှာတို့၌ ချမ်းသာစွာ နေထိုင်လေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ အပ္ပဋိဃော စ၊ သတ္တဝါ သင်္ခါရတို့အပေါ်၌ မထိခိုက်, မစော်ကား, မပုတ်ခတ်, မညှဉ်းဆဲဘဲ နေထိုင်လေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဣတရိတရေန၊ ရရသမျှသော ပစ္စည်း ၄-ပါးဖြင့်။ သန္တုဿမာနော၊ ရောင့်ရဲလွယ်သော စိတ်ထားရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ၊ နေထိုင်၏။ ပရိဿယာနံ၊ ဘေးရန်ခပ်သိမ်းတို့ကို။ သဟိတာ၊ သည်းခံနိုင်သော စိတ်-ထားရှိသည်ဖြစ်၍။ အသန္တသီ၊ ကြောက်ရွံ့တုန်လှုပ်ခြင်း ထင်ရှားမရှိဘဲ။ ခဂ္ဂဝိသာဏကပ္ပော၊ ကြံချိုနှင့် ပမာတူစွာ။ ဧကော၊ အဖော်မမှီး တစ်ယောက်တည်းထီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေလေရာ၏၊

ဒီဂါထာလေးကတော့ ပစ္စေကဗုဒ္ဓါ ဘုရား ၁-ဆူကနေပြီးတော့ ပစ္စေကဗုဒ္ဓါ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဥဒါန်းကျူးရင့်တဲ့ ဂါထာလေး၁-ပုဒ် ဖြစ်ပါတယ်။ ဒီပစ္စေကဗုဒ္ဓါနဲ့ ပတ်သက်ပြီး အနီးကပ်ဆုံး အကြောင်းလေးတစ်ခုကို အဋ္ဌကထာက ဖွင့်ဆိုထားတယ်။ ရှေးကဿပမြတ်စွာဘုရားရှင် သာသနာတော်တွင်းကတည်းက ပစ္စေကဗောဓိသတ်လို့ခေါ်တဲ့ ပစ္စေကဗုဒ္ဓါ အလောင်းတော် ၅-ဦး မိတ်ဆွေတွေ တိုင်ပင်ညီညွတ်ပြီးတော့ သာသနာတော် ဝင်-ရောက်ပြီး ရှင်ရဟန်းပြုကြတယ်။ ရှင်ရဟန်းပြုလိုက်တဲ့ အချိန်-ခါကျတော့ သူတို့ ဘာလုပ်သလဲ?

ဝီသတိဝဿသဟဿာနိ၊ အနှစ် ၂-သောင်းတို့ ကာလပတ်လုံး-တဲ့နော် ဂတပစ္ဆာဂတဝတ်တွေကို ဖြည့်ကျင့်တော်မူကြပါတယ်။ ဂတပစ္ဆာဂတဝတ်ဆိုတာက ဆွမ်းခံသွားတဲ့ အချိန်ခါမှာလည်း ကမ္မဋ္ဌာန်း နှလုံးသွင်းပြီးတော့ သွားတယ်။ ဆွမ်းခံရွာက ပြန်လာတဲ့ အချိန်ခါမှာလည်း ကမ္မဋ္ဌာန်း နှလုံးသွင်းပြီးတော့ အမြဲတမ်း ပြန်လာတယ်။ ဒီတော့ ဒီကမ္မဋ္ဌာန်းနှလုံးသွင်းတဲ့ အပိုင်း-မှာ မိမိတို့ရဲ့အဆင့်နဲ့ လျော်ညီစွာပေါ့ ...

သမထပိုင်းမှာသာ မိမိက ရှိနေသေးရင်တော့ သမထကမ္မဋ္ဌာန်းကို ဆွမ်းခံသွားတဲ့ အချိန်ခါမှာလဲ နှလုံးသွင်းတယ်, ဆွမ်းခံရွာကနေ ကျောင်းကို ပြန်လာတဲ့အခါမှာလည်း နှလုံး-သွင်းတယ်။ မိမိတို့က ဝိပဿနာပိုင်း ရောက်နေပြီ ဆိုလို့ရှိရင်လည်း ဆွမ်းခံသွားတဲ့အချိန်ခါမှာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပြီး သွားတယ်။ ဆွမ်းခံရွာက ကျောင်းကို ပြန်ရောက်လာတဲ့ အခါမှာလည်း ဝိပဿနာဘာဝနာ-ကမ္မဋ္ဌာန်းတွေကို အမြဲတမ်း စီးဖြန်းပြီးတော့ သွားတယ်။ ကမ္မဋ္ဌာန်း လက်လွတ်ပြီးတော့ ဘယ်တော့မှ မသွားဘူး။ ဒီလိုဆိုရင် ဆွမ်းခံသွားတဲ့ အချိန်ခါမှာသာ ကမ္မဋ္ဌာန်းနှလုံးသွင်းပြီး ကျောင်းမှာနေတဲ့ အချိန်ကျတော့ ဘာမှ မလုပ်တော့ဘူးလား? ဒီလိုဆိုတော့ ဒီလိုလဲ မဟုတ်ပါဘူး။ ဒါက ဥပလက္ခဏာနည်း နိဒဿနနည်းလို့ ခေါ်ပါတယ်။

ဆွမ်းခံသွားတဲ့အချိန် ဆွမ်းခံရွာမှ ပြန်လာတဲ့အချိန်တောင်မှ မိမိတို့ရဲ့ စိတ်ကို လွတ်လွတ်လပ်လပ် မထားဘဲ ကမ္မဋ္ဌာန်းကို အမြဲတမ်း နှလုံးသွင်းနေတယ်။ ဒီလို သိစေလိုလို့ ပြောတဲ့စကား။ အဲဒီလို ကမ္မဋ္ဌာန်းတရားတွေ-ကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တော့ ဒီသူတော်ကောင်းတွေ ဘာဖြစ်သွားလဲ? နှစ်ပေါင်း ၂-သောင်းတိုင်တိုင် အား-ထုတ်ပြီးတဲ့အခါ, ကွယ်လွန်တဲ့အခါ နတ်ပြည်နတ်လောက ရောက်ရှိ-သွားကြတယ်။ နတ်ပြည်နတ်လောကကနေ စုတေပြီးတော့ တစ်ဖန် လူ့-လောကကို ရောက်ရှိလာကြပြန်တယ်။

ရောက်ရှိလာတဲ့ အချိန်ခါကျတော့ ... အကြီးဆုံးဖြစ်တဲ့ပုဂ္ဂိုလ်က ဗာရာဏသီပြည်မှာ တိုင်းပြည်ကို ထီးဖြူအုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင် လာဖြစ်တယ်။ ကျန်နေတဲ့ မိတ်ဆွေ ၄-ယောက်ကတော့ တခြားတခြား ကြွင်းကျန်တဲ့ နိုင်ငံငယ်အသီးသီးမှာ သူတို့လည်း ရှင်ဘုရင်ပဲ ဖြစ်ကြပါတယ်။ ရှင်ဘုရင် ဖြစ်လိုက်တဲ့ အချိန်ခါကျတော့ တိုင်းနိုင်ငံ အငယ်လေးတွေမှာ ရှင်ဘုရင် ဖြစ်လိုက်တဲ့ မိတ်ဆွေ ၄-ဦးက ဆုံဆည်းမိကြတယ်။ ဆုံဆည်းမိတဲ့ အချိန်ခါကျတော့ သူတို့ တိုင်ပင်ပြီးတော့ ကမ္မဋ္ဌာန်းတွေ သင်ယူကြတယ်။ သင်ယူပြီးတဲ့ အချိန်ခါကျတော့ တိုင်းနိုင်ငံကို စွန့်လွှတ်ပြီးတော့ ရှင်ရဟန်း, ရသေ့ရဟန်း ပြုကြတယ်။ ရသေ့ရဟန်း ပြုပြီးတဲ့ အချိန်ခါကျတော့ ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်ကြတာ ဘာဖြစ်လဲ? ပစ္စေကဗုဒ္ဓါ ဘုရားရှင်တွေ ဖြစ်သွားကြတယ်။ မိတ်ဆွေ ၄-ဦး ဟိမဝန္တာမှာ တည်ရှိတဲ့ နန္ဒမူလိုဏ်ဂူမှာပဲ သီတင်းသုံးကြပါတယ်။ တစ်နေ့ သမာပတ်မှ ထလိုက်တဲ့ အချိန်ခါကျတော့ သူတို့က စဉ်းစားတယ်။ ဘယ်လို စဉ်းစားလဲ? သူတို့ရဲ့ စဉ်းစားခန်းလေးက -

‘‘မယံ ကိံ ကမ္မံ ကတွာ ဣမံ လောကုတ္တရသုခံ အနုပ္ပတ္တာ’’

မယံ၊ ငါတို့သည်။ ကိံ ကမ္မံ၊ အဘယ်ကဲ့သို့သော ကုသိုလ်ကောင်းမှုမျိုးကို။ ကတွာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ခြင်းကြောင့်။ ဣမံ လောကုတ္တရသုခံ၊ ဤလောကုတ္တရာ ချမ်းသာထူးကြီးကို။ အနုပ္ပတ္တာ၊ အစဉ်တစိုက် ဆိုက်ရောက်၍ လာကြပါကုန်သနည်း။

ဘယ်လို ကောင်းမှုကုသိုလ်ကံတွေကို တို့,ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့လို့ ဒီလောကုတ္တရာ ချမ်းသာထူးကြီးသို့ တို့,အစဉ်တစိုက် ဆိုက်ရောက်ခဲ့ကြသလဲ? သူတို့က ပြန်ပြီးတော့ ဆင်ခြင်တယ်။ အဲဒီလို ဆင်ခြင်စဉ်းစားလိုက်တဲ့ အချိန်ခါမှာ ကဿပဘုရားရှင် လက်ထက်တော် အချိန်အခါက မိမိတို့ ဖြည့်ကျင့်ခဲ့တဲ့ သီလဂုဏ်ကျေးဇူးတွေ, သမာဓိဂုဏ်ကျေးဇူးတွေ, ပညာဂုဏ်ကျေးဇူးတွေကို ပြန်ပြီးတော့ မြင်ပြီ။ သီလ, သမာဓိ, ပညာ သိက္ခာ ၃-ရပ် အကျင့်မြတ်တွေကို အစဉ်တစိုက် လက်တွေ့ ကျင့်ခဲ့တာ သွားတွေ့ပြီ။ တွေ့လိုက်တဲ့ အခါကျတော့ ဘာဖြစ်လဲ? ကဲ တို့တွေတော့ အစဉ်တစိုက် တွေ့ပြီ။ တို့ ၅-ယောက် သာသနာဘောင် ဝင်ရောက်ပြီ။ တိုင်ပင်ပြီး ရှင်ရဟန်း ပြုခဲ့ကြတာပဲ။ တို့ ၄-ဦးပဲ ပစ္စေကဗုဒ္ဓါ ဖြစ်သေးတယ်။ တစ်ဦးက ဘယ်မလဲဆိုပြီးတော့ လှမ်းပြီးတော့ ကြည့်လိုက်ကြတယ်။ လှမ်းကြည့်လိုက်တဲ့ အချိန်ခါကျတော့ ဗာရာဏသီပြည်မှာ ထီးဖြူအုပ်ချုပ် မင်းလုပ်နေတာ သွားတွေ့ပြီ။ တွေ့လိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်လဲ?

‘သော ပကတိယာဝ အပ္ပိစ္ဆတာဒိဂုဏသမန္နာဂတော အဟောသိ, အမှာကညေဝ ဩဝါဒကော ဝတ္တာ ဝစနက္ခမော ပါပဂရဟီ, ဟန္ဒ, နံ အာရမ္မဏံ ဒဿေတွာ မောစေဿာမ’

ပစ္စေကဗုဒ္ဓါတွေ စဉ်းစားတယ် ...

သော၊ ထိုဗာရာဏသီမင်းမြတ်ကြီးသည်ကား။ ပကတိယာ ဝ၊ ပင်ကိုယ် ပကတိအားဖြင့်သာလျှင်။ အပ္ပိစ္ဆတာဒိဂုဏသမန္နာဂတော၊ အလို-နည်းခြင်း အပ္ပိစ္ဆ အစရှိသော ဂုဏ်တို့နှင့် ပြည့်စုံသည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

ဩော် ... ဗာရာဏသီမင်းကြီး ကြည့်လိုက်လို့ရှိရင် သူ့ပင်ကိုယ် ပကတိဓာတ်ငွေ့ကိုက အလိုနည်းခြင်း အပ္ပိစ္ဆဆိုတဲ့ ဂုဏ်တွေနဲ့ ပြည့်နေတဲ့ သူတော်ကောင်းပါလား ...။ နောက်တစ်ခု -

အမှာကညေဝ ဩဝါဒကော ဝတ္တာ ဝစနက္ခမော ပါပဂရဟီ

အမှာကညေဝ၊ ငါတို့ကိုပင်လျှင်။ ဩဝါဒကော၊ ဆိုဆုံးမတတ်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါပေ၏၊

ဩော် ... တစ်ချိန်တုန်းက ကဿပဘုရားရှင် သာသနာတုန်းက တို့ကို ဆိုဆုံးမတတ်တဲ့ ပုဂ္ဂိုလ်ပါလား ...

ဝတ္တာ၊ ပြောကြားတတ်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါပေ၏။ ဝစနက္ခမော၊ ပြောဆိုဆုံးမမှုကို ခံယူတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါပေ၏၊

တို့ကိုသာ ဆုံးမပြီး သူက ပြန်ပြောလို့ရှိရင် လက်မခံတဲ့ပုဂ္ဂိုလ်လား ဆိုလို့ရှိရင် - မဟုတ်ဘူး။ တို့ပြောတာကိုလည်း သူက ဝစနက္ခမ = တို့ပြောတဲ့ စကားတွေကိုလည်း လက်ခံခဲ့တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်တယ်။ နောက်တစ်ခု -

ပါပဂရဟီ၊ မကောင်းမှုကို ယုတ်မာတဲ့ပုဂ္ဂိုလ်တို့ကို, ယုတ်မာတဲ့ အကုသိုလ်တရားတို့ကို ကဲ့ရဲ့လေ့ရှိတဲ့ ပုဂ္ဂိုလ်သည်လည်း။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

ဒီပုဂ္ဂိုလ် ကြည့်လိုက်လို့ရှိရင် ယုတ်မာတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကဲ့ရဲ့တတ်တယ်။ ယုတ်မာတဲ့ အကုသိုလ်တရားတွေကိုလည်း ကဲ့ရဲ့တတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။

ဟန္ဒ, နံ အာရမ္မဏံ ဒဿေတွာ မောစေဿာမ’

ဟန္ဒ၊ ယခုအခါ၌။ နံ၊ ထိုဗာရာဏသီမင်းမြတ်ကို။ အာရမ္မဏံ၊ သင့်တင့်လျောက်ပတ်တဲ့ အာရုံကို။ ဒဿေတွာ၊ ဖော်ပြ၍။ မောစေဿာမ၊ ကိလေသာ အနှောင်အဖွဲ့က လွတ်မြောက်ကြစေကုန်အံ့။

ဒီခုခါမှာ ဗာရာဏသီမင်းမြတ်ကို ထိုက်တန်တဲ့ အာရုံတစ်ခုကို တို့,ထင်ရှား သွားပြီးတော့ ပြမယ်။ ပြပြီးတဲ့ အချိန်ခါကျတော့မှ ဒီဗာရာဏသီမင်းမြတ်ကို ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်စေမယ်။ ဒီလို ဆုံးဖြတ်ချက် ချလိုက်တယ်နော်။ ဆုံးဖြတ်ချက် ချလိုက်တဲ့ အချိန်ခါကျတော့ ဘာလုပ်ကြသလဲနော်။ အဲဒီအချိန်အခါမှာ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်း-အားဖြင့် တို့ ဗာရာဏသီမင်းမြတ်ကို မင်းစည်းစိမ် စွန့်လွှတ်အောင် ဆိုဆုံးမရပါ့မလဲ ဆိုတဲ့အကြောင်း ဥပါယ်အာရုံကို သူတို့က ရှာဖွေနေတယ်။ ဘယ်လိုပြလို့ရှိရင် ကောင်းမလဲလို့ တိုင်ပင်နေကြတယ်။ တိုင်ပင်နေလိုက်တဲ့ အချိန်ခါကျတော့ ရှင်ဘုရင်က ဘယ်လို ဖြစ်နေလဲ?

သော စ ရာဇာ တိက္ခတ္တုံ ရတ္တိယာ ဥဗ္ဗိဇ္ဇတိ

သော စ ရာဇာ၊ ထိုဗာရာဏသီမင်းမြတ်သည်လည်းပဲ။ တိက္ခတ္တုံ၊ သုံးကြိမ်တိုင်တိုင်။ ရတ္တိယာ၊ ညဉ့်အခါ၌။ ဥဗ္ဗိဇ္ဇတိ၊ လန့်၍ နိုးတတ်တယ်။

ညအခါမှာ သူက အမြဲတမ်း ၃-ကြိမ် ၃-ကြိမ် လန့်လန့်ပြီးတော့ နိုးတယ်။ နိုးပြီးတော့ ဘာဖြစ်လဲ?

ဘီတော ဝိဿရံ ကရောတိ

ဘီတော၊ ကြောက်လန့်သည်ဖြစ်၍။ ဝိဿရံ၊ ဖောက်ပြန်တဲ့အသံကို။ ကရောတိ၊ ပြုလုပ်တတ်၏၊

ညအခါမှာ လန့် လန့် နိုးလာပြီ ဆိုလို့ရှိရင် သူက ကြောက်ရွံ့တယ်။ ကြောက်ရွံ့တဲ့အတွက် ကြောက်ရွံ့တဲ့အသံတွေကို မြည်အော်တတ်တယ်။

မဟာတလေ ဓာဝတိ။

မဟာတလေ၊ မင်းရင်ပြင်၌။ ဓာဝတိ၊ ပြေး၍ နေတတ်၏၊

ကြောက်လန့်ပြီး မင်းရင်ပြင် နန်းတော်ထဲမှာ ထထပြီး ပြေးနေတယ်။ အဲဒီလို ပြေးနေလိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်လဲ? ပုရောဟိတ် ပုဏ္ဏားကြီးကလည်း နံနက်စောစောဆို လာလာပြီး ဆည်းကပ်ခစားပါတယ်။ ဆည်းကပ်ခစားလိုက်တဲ့ အချိန်ခါမှာ ဆည်းကပ်ခစားရင်းနဲ့ ဘာမေးသလဲ?

“အရှင်မင်းမြတ် ... ချမ်းချမ်းသာသာဖြင့် အိပ်စက်ရပါရဲ့လား?” အဲဒီလို မေးတယ်။ ဒီလို မေးလိုက်တဲ့အခါကျတော့ “ဩော် ... ဆရာ ငါ့မှာ ဘယ်လိုလုပ် ချမ်းချမ်းသာသာ အိပ်စက်နိုင်ပါ့မလဲ” ဆိုပြီးတော့ သူ့ရဲ့ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာ အကုန်လုံး ပြန်ပြောပြတဲ့ အချိန်ခါကျတော့ ပုရောဟိတ် ပုဏ္ဏားကြီးက စဉ်းစားတယ်။ ဘယ်လို စဉ်းစားလဲ?

‘‘အယံ ရောဂေါ န သက္ကာ ယေန ကေနစိ ဥဒ္ဓံဝိရေစနာဒိနာ ဘေသဇ္ဇကမ္မေန ဝိနေတုံ, မယှံ ပန ခါဒနူပါယော ဥပ္ပန္နော’’

အယံ ရောဂေါ၊ ဤရောဂါသည်ကား။ ယေန ကေနစိ ဥဒ္ဓံဝိရေစနာဒိနာ၊ အထက်သို့ အန်စေခြင်း၊ အောက်သို့ ဝမ်းချခြင်း အစရှိသော တစ်စုံတစ်ခုသော ဆေးဖြင့်။ ဘေသဇ္ဇကမ္မေန၊ ဆေးကုခြင်းအမှုဖြင့်။ ဝိနေတုံ၊ ဖျောက်ဖျက်အံ့သောငှာ။ န သက္ကာ၊ မတတ်ကောင်းပေ။ မယှံ ပန၊ ငါ့အားမူကား။ ခါဒနူပါယော၊ (ညှဉ်းဆဲ) ခဲစားအပ်သော အကြောင်းဥပါယ်တမည်ကား။ ဥပ္ပန္နော၊ ထင်ရှားဖြစ်ပေါ်၍ လာခဲ့လေပြီ။

# မင်္ဂလာတရားတော်နှင့် ဘဝအနှစ်သာရ

ဒီရောဂါကတော့ ဝမ်းကျောဆေး အစရှိတဲ့ ဆေးတစ်ခုခုနှင့် ကုလို့တော့ ပျောက်မဲ့ရောဂါမျိုး မဟုတ်ဘူး။ ကဲ ဒီနေရာမှာတော့ တို့ စားဖို့အကြောင်းတစ်ခု ပေါ်လာပြီ။ သူက ဒီလို စဉ်းစားတယ်။ စဉ်းစားပြီးတော့ ဘာဖြစ်လဲ?

ရဇ္ဇဟာနိဇီဝိတန္တရာယာဒီနံ ပုဗ္ဗနိမိတ္တံ ဧတံ မဟာရာဇ

မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧတံ၊ ဤအိပ်မက်သည်။ ဧတံ၊ ဤအဖြစ်အပျက်သည်ကား။ ရဇ္ဇဟာနိ ဇီဝိတန္တရာယာဒီနံ၊ တိုင်းပြည်ရဲ့ ဆုတ်ယုတ်ပျက်စီးခြင်း မင်းစည်းစိမ်ရဲ့ အသက်အန္တရာယ်စသည်တို့၏။ ပုဗ္ဗနိမိတ္တံ၊ ပုဗ္ဗနိမိတ်ပါတည်း။

ခြောက်ပြီ ခြောက်ပြီ ... တကယ်ဟုတ်သလား? မဟုတ်ပါဘူး။ ခြောက်-တာပဲ။ လောကမှာ လူတွေက အဲဒီလို ခြောက်ပြီဆို မယုံကြဘူးလား? ဟင် ယုံကြတယ်။ အင် ... နိမိတ်တွေကတော့ မကောင်းဘူးကွယ်။ ဘာပဲ, ညာပဲပြောရင် သဘောကျတယ်။ ဘာမှ မဖြစ်ဘူးပြောရင် သိပ်ပြီး မကျေနပ်ချင်ဘူး။ ခက်ပုံက လူ့လောကက ဘာမှ မဖြစ်ပါဘူး၊ အိပ်မက်ဆိုတာ ဒီလိုပဲ မက်တတ်ပါတယ်လို့ပြောရင် အာ ... ဒီဘုန်းကြီး စာမတတ်ဘူးလို့ ဖြစ်သွားတာ ဟုတ်တယ်မလား? အာ ... ဘာဖြစ်လိမ့်မယ်, ညာဖြစ်လိမ့်မယ် နည်းနည်းလေး ခြောက်ပေးလိုက်။ အဲ ခြောက်ပေးပြီးတော့ ဘာလေး ဘယ်မှာသွားပြီးတော့, အဲ ... ရှားမီးလေး သက်စေ့ ပူဇော်လိုက်, ရေလေးသွားပြီးတော့ သက်စေ့ပူဇော်လိုက် စသည်ဖြင့် ပြောလိုက်ပြီဆိုရင် ဟာ ... ဒီဘုန်းကြီး သိပ်စာတတ်တယ်။ သူက ဒီလို ဖြစ်သွားတယ်။

အဲဒီ ပုဗ္ဗနိမိတ်တော့ ဖြစ်နေပြီ ဆိုပြီးတော့ ပုဏ္ဏားကြီးက ပြောတယ်။ ပြောလိုက်တဲ့ သူ့ရည်ရွယ်ချက်က ဘာလဲ? သူစားဖို့ရန်အတွက် အကြောင်း ၁-ခုတော့ ပေါ်လာပြီ, စားကွက် ၁-ခုတော့ ပေါ်လာပြီဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ပြောတာ။ ပြောလိုက်တဲ့ အချိန်ခါမှာ ဘာဖြစ်လဲ? သူက ရှင်ဘုရင်ကြီးကို ပိုပြီးတော့ ကြောက်သထက် ကြောက်အောင် ခြောက်ပေးလိုက်တယ်။ ခြောက်ပြီးတော့ ဒီရောဂါတွေ ပျောက်ကင်းဖို့ရန်အတွက် ဘာလုပ်သလဲ?

‘‘ဧတ္တကေ စ ဧတ္တကေ စ ဟတ္ထိအဿရထာဒယော ဟိရညသုဝဏ္ဏဉ္စ ဒက္ခိဏံ ဒတွာ ယညော ယဇိတဗ္ဗော’’

နွားက ဘယ်နှစ်ကောင်, ဆိတ်က ဘယ်နှစ်ကောင်, သိုးက ဘယ်နှစ်ကောင် စသည်ဖြင့် သတ္တဝါတွေ ယစ်ပူဇော်ဖို့ရန် သူက ခြောက်လိုက်တယ်။ နောက်တစ်ခု - ရွှေက ဘယ်လောက်, ငွေက ဘယ်လောက် ဒါတွေကို လှူဒါန်းရမယ် စသည်ဖြင့် ယစ်ပူဇော်ဖို့ရန်အတွက် ခြိမ်းခြောက်လိုက်တယ်။ ခြိမ်းခြောက်လိုက်တဲ့ အချိန်ခါကျတော့ ရှင်ဘုရင်ကြီးကလည်း ယစ်ပူဇော်ဖို့ရန်အတွက် ပထမတော့ နည်းနည်းလေး ခွင့်ပြုလိုက်ပါတယ်။ ခွင့်ပြုလိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်လဲ? ပစ္စေကဗုဒ္ဓါတွေက အကြောင်းမြင်ပြီနော်။ ထောင်ပေါင်းများစွာသော သတ္တဝါတွေက သေကျေပျက်စီးတော့မယ်။ အကယ်၍ ဒီထောင်ပေါင်းများစွာသော သတ္တဝါတွေ စုပြုံပြီးတော့ ယစ်ပူဇော်နေတဲ့ အချိန်ခါ သို့မဟုတ် ယစ်ပူဇော်နေတဲ့ လုပ်ငန်းရပ်ပြီးပြီ ဆိုလို့ရှိရင်တော့ ဘာဖြစ်မလဲ?

‘‘ဧတသ္မိံ ကမ္မေ ကတေ ဒုဗ္ဗောဓနေယျော ဘဝိဿတိ’’

ဧတသ္မိံ ကမ္မေ၊ ထိုယစ်ပူဇော်ခြင်းဆိုတဲ့ လုပ်ငန်းရပ်သည်။ ကတေ၊ ပြုလုပ်ပြီးခဲ့သည်ရှိသော်ကား။ ဒုဗ္ဗောဓနေယျော၊ သစ္စာ ၄-ပါးကို ထိုးထွင်းသိမြင်အောင် ဟောကြားပြသ ဆိုဆုံးမဖို့ရန်အတွက် ခက်ခဲတဲ့ လုပ်ငန်းရပ်သည်။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မယ်။

ဒီလုပ်ငန်းရပ်ကြီး ပြုလုပ်ပြီးတဲ့ အချိန်ခါမှာ သူ့ကို ပစ္စေကဗောဓိဉာဏ် ရရှိဖို့ရန်အတွက် တို့သွားပြီး တရားဟောဖို့ရန်အတွက် သိပ်ပြီးတော့ ခက်ခဲသွားလိမ့်မယ်။

‘‘ဟန္ဒ နံ ပဋိကစ္စေဝ ဂန္တွာ ပေက္ခာမ’’

ဟန္ဒ၊ ယခုအခါ၌။ နံ၊ ထိုဗာရာဏသီမင်းမြတ်ကို။ ပဋိကစ္စေဝ၊ ရှေးမဆွကပင်လျှင်။ ဂန္တွာ၊ သွား၍။ ပေက္ခာမ၊ ကြည့်ရှုဆောင်မကြပါကုန်စို့။

ကဲ ... တို့သွားပြီး ကြည့်ရှုစောင့်ရှောက်ကြရအောင် ဆိုပြီးတော့ ပစ္စေကဗုဒ္ဓါတွေ တိုင်ပင်ပြီးတော့ ကောင်းကင်ခရီးဖြင့် ကြွလာတယ်။ ကောင်းကင်ခရီးဖြင့် ကြွလာပြီးတော့ မင်းရင်ပြင်မှာ ဆင်းသက်ပြီးတော့ ဆွမ်းခံ ကြွကြပါတယ်။ ဆွမ်းခံ ကြွလာတာကို ရှင်ဘုရင်ကြီးကလည်း မြင်ပြီ။ မြင်လိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်သလဲ?

ရာဇာ သီဟပဉ္ဇရေ ဌိတော ရာဇင်္ဂဏံ ဩလောကယမာနော တေ အဒ္ဒက္ခိ။

ရာဇာ၊ ဗာရာဏသီမင်းမြတ်သည်။ သီဟပဉ္ဇရေ၊ ခြင်္သေ့ခန္ဓာ လေသာပြူတင်းပေါက်၌။ ဌိတော၊ ရပ်တည်လျက်။ ရာဇင်္ဂဏံ၊ မင်းရင်ပြင်ကို။ ဩလောကယမာနော၊ ကြည့်ရှုလျက် (သို့မဟုတ်) ကြည့်ရှုခဲ့သည်ရှိသော်။ တေ၊ ထိုပစ္စေကဗုဒ္ဓါ ဘုရားရှင်တို့ကို။ အဒ္ဒက္ခိ၊ ဖူးမြင်ခဲ့ရလေပြီ။

ခြင်္သေ့ခန္ဓာ လေသာပြူတင်းလေး ဖွင့်ပြီးတော့ အဲဒီက မတ်တပ်ရပ်ပြီး မင်းရင်ပြင် လှမ်းမျှော်ကြည့်လိုက်တဲ့ အချိန်ခါမှာ ဒီမင်းရင်ပြင် လှမ်းကြည့်လိုက်တဲ့ အချိန်ခါမှာ ဒီပစ္စေကဗုဒ္ဓါ ဘုရားရှင်တွေ ကောင်းကင်က ဆင်းသက်ပြီး ကြွလာတာ မြင်လိုက်ပြီ, ဖူးတွေ့ရပြီ။ ဖူးတွေ့ရတော့ ဘာဖြစ်သလဲ?

သဟ ဒဿနေနေဝ စဿ သိနေဟော ဥပ္ပဇ္ဇိ။

သဟ ဒဿနေနေဝ၊ ဖူးမျှော်လျှင် ဖူးမျှော်ရခြင်းပင်လျှင်။ အဿ၊ ထိုဗာရာဏသီ မင်းမြတ်ရဲ့သန္တာန်၌။ သိနေဟော၊ ချစ်မြတ်နိုးခြင်း သိနေဟတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့လေပြီ။

အတိတ်က ချစ်မြတ်နိုးခဲ့တဲ့, တစ်ဦးအပေါ်တစ်ဦး မြတ်နိုးခဲ့တဲ့ ဓာတ်ငွေ့က ချက်ချင်း ပေါ်မလာဘူးလား? ပေါ်လာတယ်။ “ဒီကောင်မ ငါ နည်းနည်းမှ ကြည့်လို့ မရဘူး” အဲဒီ ဓာတ်ငွေ့က နောက်တစ်ဖန် ပြန်ပြီးတော့ မဖြစ်ပေါ်လာဘူးလား? (ပေါ်ပါတယ်ဘုရား) ပေါ်လိမ့်မယ်။ ဘယ်ဒင်းက ကောင်းလဲ? ဟင် ... တစ်ဦးနဲ့တစ်ဦး တွေ့လိုက်ရလို့ ချစ်မြတ်နိုးခြင်း ဖြစ်ပြီဆိုရင် ကုသိုလ်တရားတွေ တိုးပွားမှု မဖြစ်နိုင်ဘူးလား? ရာဂဖြင့် ချစ်မြတ်နိုးတာ ဘုန်းကြီး မဆိုလိုဘူးနော်။ တစ်ဦးရဲ့ကောင်းကျိုး တစ်ဦး လိုလားတောင့်တနေတဲ့ မေတ္တာဓာတ်နှင့် ယှဉ်တွဲနေတဲ့ ချစ်မြတ်နိုးခြင်းကို ပြောနေတာပါနော်။ ဖူးမျှော်လိုက်ရရင် ဖူးမျှော်ရခြင်းပဲ စိတ်ထဲမှာ ကြည်ညိုလေးစားနေတဲ့, မြတ်နိုးနေတဲ့ စိတ်ထားတွေ ပေါ်လာပြီ။ ကုသိုလ်တရားတွေ ချက်ချင်း တိုးပွားပြီး မသွားဘူးလား?

နောက်ဟောမဲ့ သမဏနဉ္စ ဒဿနံ-ဆိုတဲ့ ရဟန်းတော်တို့အား ဖူးမျှော်ရခြင်းသည် မင်္ဂလာဆိုတဲ့အတွက် ဒီနေရာမှာ ဖူးမျှော်ရခြင်းဟူသမျှတို့တွင် သို့မဟုတ် အာရုံကို မြင်ရခြင်းဟူသမျှတို့တွင် ပစ္စေကဗုဒ္ဓါဘုရားရှင်တွေကို ခုလို သာသနာပ အချိန်ခါမှာ ဖူးမြင်ရခြင်းသည် အကောင်းဆုံးသော ဖူးမြင်ရခြင်း တစ်ခုလည်း ဖြစ်မနေဘူးလား? ဖြစ်နေပြီ။ ကုသိုလ်တရားတွေ တိုးပွားသွားတာ ဖူးမြင်လိုက်တဲ့ အချိန်ခါမှာလည်း အတိတ်က ဓာတ်ငွေ့က မြတ်နိုးခဲ့ကြတဲ့ ဓာတ်ငွေ့ဖြစ်ခြင်းကြောင့် မြင်လျှင်မြင်ချင်းပဲ အင်မတန် မြတ်နိုးတယ်, ကြည်ညိုတယ်, လေးစားတဲ့စိတ်ထားတွေလည်း ပေါ်မလာဘူးလား? ပေါ်လာပြီနော်။ ဘာလုပ်သလဲ?

တတော တေ ပက္ကောသာပေတွာ အာကာသတလေ ပညတ္တာသနေ နိသီဒါပေတွာ သက္ကစ္စံ ဘောဇေတွာ ကတဘတ္တကိစ္စေ ‘‘ကေ တုမှေ’’တိ ပုစ္ဆိ။

တတော၊ ထိုနောက်မှ။ တေ၊ ထိုပစ္စေကဗုဒ္ဓါ ဘုရားရှင်တို့ကို။ ပက္ကောသာပေတွာ၊ ပင့်ဖိတ်တော်မူ၍။ အာကာသတလေ၊ ဟင်းလင်းပြင်အရပ်၌ (နန်းရင်ပြင်၌)။ ပညတ္တာသနေ၊ ခင်းကျင်းထားအပ်သော နေရာထက်၌။ နိသီဒါပေတွာ၊ ထိုင်၍ သီတင်းသုံးတော်မူကြကုန်သော။ သက္ကစ္စံ၊ ရိုရိုသေသေ လေးလေးစားစား။ ဘောဇေတွာ၊ ဆွမ်းဖြင့် ပြုစုလုပ်ကျွေး၍။ ကတဘတ္တကိစ္စေ၊ ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးလတ်သော်။ တုမှေ၊ အရှင်ဘုရားတို့သည်။ ကေ၊ အဘယ်ပုဂ္ဂိုလ်တို့ပါနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေးမြန်းလျှောက်ထားခဲ့လေပြီ။

အရှင်ပစ္စေကဗုဒ္ဓါတွေကို သွားပြီးတော့ ပင့်တယ်။ ပင့်ပြီးတဲ့အခါ မင်းရင်ပြင်ပေါ့လေ ... နန်းတွင်းမှာ ကျယ်ပြန့်နေတဲ့ အခန်းကြီး ရှိပါတယ်။ အဲဒီ အခန်းကြီးထဲမှာခင်းထားတဲ့နေရာမှာ သီတင်းသုံးစေပြီးတော့ ရိုရိုသေသေ ဆွမ်းဖြင့် ပြုစုလုပ်ကျွေးကြတယ်။ ပြုစုလုပ်ကျွေးပြီးတဲ့အခါ ဆွမ်းစားခြင်း ကိစ္စပြီးတဲ့ အချိန်ခါကျတော့မှ အရှင်ဘုရားတို့ဟာ ဘယ်လို ပုဂ္ဂိုလ်တွေလဲ ဆိုပြီးတော့ မေးကြည့်တယ်။ ဘာဖြစ်လို့လဲ? သာသနာပ အချိန်ခါကာလမှာ ဒီလို ပုဂ္ဂိုလ်မျိုးဆိုတာက အလွန် မြင်ရခဲတော့ ဘာမှန်းမသိ ဖြစ်နေတယ်။ အဲဒီ အခါကျတော့မှ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်တွေက ဘာအမိန့်ရှိသလဲ?

‘‘မယံ, မဟာရာဇ, စာတုဒ္ဒိသာ နာမ’’

မဟာရာဇ၊ ဒကာတော် မင်းမြတ်။ မယံ၊ ငါတို့သည်ကား။ စာတုဒ္ဒိသာ နာမ၊ စာတုဒ္ဒိသ အမည်ရှိတဲ့ ရဟန်းတော်တို့ပါပေတည်း။

စာတုဒ္ဒိသ အမည်ရှိနေတဲ့ ရဟန်းတွေဆိုပြီးတော့ ဒီလို ပြန်ပြီးတော့ အဖြေပေးတယ်။

‘‘ဘန္တေ, စာတုဒ္ဒိသာတိ ဣမဿ ကော အတ္ထော’’

ဘန္တေ၊ အရှင်မြတ်ဘုရားတို့။ စာတုဒ္ဒိသာတိ ဣမဿ၊ စာတုဒ္ဒိသာဟူသော စကားရပ်၏။ အတ္ထော၊ အနက်အဓိပ္ပါယ် (သို့မဟုတ်) အကျိုးစီးပွားသည်ကား။ ကော၊ အဘယ်ပါနည်း။

စာတုဒ္ဒိသာခေါ်တဲ့ ဒီစကားလုံးရဲ့ အနက်အဓိပ္ပါယ်က ဘယ်လိုဟာလဲ? အကျိုးစီးပွားက ဘယ်လိုရှိပါသလဲ? မေးကြည့်တယ်။

‘‘စာတူသု ဒိသာသု ကတ္ထစိ ကုတောစိ ဘယံ ဝါ စိတ္တုတြာသော ဝါ အမှာကံ နတ္ထိ, မဟာရာဇ’’

မဟာရာဇ၊ ဒကာတော်မင်းမြတ် ...။ စာတူသု ဒိသာသု၊ အရပ် ၄-မျက်နှာတို့၌။ ကတ္ထစိ၊ တစ်စုံတစ်ခုသော အရပ်၌။ ကုတောစိ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်။ ဘယံ ဝါ၊ ဘေးသည်လည်းကောင်း။ စိတ္တုတြာသော ဝါ၊ စိတ်၏ထိတ်လန့်ခြင်းသည်လည်းကောင်း။ အမှာကံ၊ ငါတို့၏သန္တာန်၌။ နတ္ထိ၊ မရှိပါ။

စာတုဒ္ဒိသာ စာတုဒ္ဒိသာ ဆိုတာက အရပ် ၄-မျက်နှာတို့မှာ ဘယ်နေရာမှာမဆို ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် တို့ရဲ့သန္တာန်မှာ ကြောက်ရွံ့ထိတ်လန့် တုန်လှုပ်မှုဆိုတာ တို့မှာ မရှိဘူး။ ဒါကို စာတုဒိသာလို့ ခေါ်တယ်ဆိုပြီး ပြန်ရှင်းပြတယ်။

‘‘ဘန္တေ, တုမှာကံ တံ ဘယံ ကိံ ကာရဏာ န ဟောတိ’’

သူ့ရဲ့မေးခွန်း ... သူလိုချင်နေတာ ဒါပဲ။

ဘန္တေ၊ အရှင်မြတ်တို့ဘုရား ...။ တုမှာကံ၊ အရှင်ဘုရားတို့၏ သန္တာန်၌။ တံ ဘယံ၊ ထိုကဲ့သို့သော ဘေးဒုက္ခသည်။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ န ဟောတိ၊ မဖြစ်ပါသနည်း။

မသိသင့်ဘူးလား? သိသင့်နေပြီ။

အရှင်မြတ်တို့ဘုရား ... အရှင်မြတ်တို့ရဲ့သန္တာန်မှာ ဒီလို ကြောက်ရွံ့တုန်လှုပ်မှုဆိုတဲ့ ဘေးဒုက္ခတွေ ဘယ်လို အကြောင်းကြောင့်များ မဖြစ်သလဲ? မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်ခါမှာ ကဲ ... ဒကာကြီးတွေကိုလည်း ဘုန်းကြီးက မေးကြည့်ဦးမယ်။ ဘယ်လိုများ ဖြေကြမလဲ? ကြောက်ရွံ့တုန်လှုပ်မှုဟာ အရှင်ဘုရားတို့သန္တာန်မှာ ဘယ်လိုကြောင့် မဖြစ်ပါသလဲလို့ မေးလိုက်တဲ့အခါ ဟိုက ပြန်ပြီးတော့ အဖြေပေးလိမ့်မယ်။ အဖြေပေးလို့ရှိရင် အဲဒီအဖြေကို ဒကာကြီးတွေ ကျင့်မလား, မကျင့်ဘူးလား? ဟင် ... ဘယ်သူမှ မဖြေဘူး။ ဟန်ကျပြီ။ ဒီပွဲမှာ ဆရာ, ဒကာတွေတော့ ဟန်ကျပြီနော်။ ကဲ ... ပစ္စေကဗုဒ္ဓါ ဘုရားရှင်တွေက ပြန်ပြီးတော့ ဖြေတယ်နော် -

‘‘မယဉှိ, မဟာရာဇ, မေတ္တံ ဘာဝေမ, ကရုဏံ ဘာဝေမ, မုဒိတံ ဘာဝေမ, ဥပေက္ခံ ဘာဝေမ, တေန နော တံ ဘယံ န ဟောတိ’’

မဟာရာဇ၊ ဒကာတော် ဗာရာဏသီမင်းမြတ် ...။ မယဉှိ၊ ငါတို့သည်ကား။ မေတ္တံ၊ မေတ္တာဘာဝနာကို။ ဘာဝေမ၊ ပွားများအားထုတ်၍ နေကြပါကုန်၏။ ကရုဏံ၊ ကရုဏာဘာဝနာကို။ ဘာဝေမ၊ ပွားများအားထုတ်၍ နေကြပါကုန်၏။ မုဒိတံ၊ မုဒိတာဘာဝနာကို။ ဘာဝေမ၊ ပွားများအားထုတ်၍ နေကြပါကုန်၏။ ဥပေက္ခံ၊ ဥပေက္ခာဘာဝနာကို။ ဘာဝေမ၊ ပွားများအားထုတ်၍ နေကြပါကုန်၏။ တေန၊ ထိုအကြောင်းတရားကြောင့် ငါတို့ရဲ့သန္တာန်၌။ တံ ဘယံ၊ ထိုကဲ့သို့သော ကြောက်ရွံ့ထိတ်လန့်ခြင်းဆိုတဲ့ ဘေးဒုက္ခသည်။ နော၊ ငါတို့အား။ န ဟောတိ၊ မဖြစ်ပါ။

ဘယ်လောက်ကောင်းသလဲ? သိပ်များ ပင်ပန်းသွားမလား ဒကာကြီးတွေ, ဒကာမကြီးတွေ မပင်ပန်းပါဘူးနော်။ ဒကာတော်မင်းမြတ် ... တို့ဟာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေကြတယ်, ကရုဏာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေကြတယ်

မုဒိတာဘာဝနာ-ကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေကြတယ်, ဥပေက္ခာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေကြတယ်။ ဒီလို ဗြဟ္မစိုရ်တရား ၄-ပါးကို ပွားများအားထုတ်၍ နေထိုင်ခြင်းတည်းဟူသော အကြောင်းကြောင့် တို့ရဲ့သန္တာန်မှာ ဒီလို ကြောက်ရွံ့ထိပ်လန့် တုန်လှုပ်ခြင်းတည်းဟူသော ဘေးဆိုးကြီးသည် ဘယ်တော့မှ ဖြစ်ပေါ်မလာပါဘူး။ ဒီလိုဆိုလို့ရှိရင်ပေါ့လေ ဒီမေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာလို့ ခေါ်ဆိုအပ်တဲ့ ဗြဟ္မစိုရ်တရား ၄-ပါးကို အစဉ်-ပွားများအားထုတ်ဖို့ရန် မထိုက်တန်ဘူးလား? ထိုက်တန်တယ်။ ပွားများအားထုတ်ဖို့ သိပ်ကောင်းပါတယ်။ အထင်သေးဖို့ လိုသေးလား? မလိုပါဘူး။ အလွန် အဆင့်အတန်းမြင့်မားနေတဲ့ ဘာဝနာတွေပါ။

သတ္တဝါအချင်းချင်း ခုလို တစ်ဦးနှင့်တစ်ဦး ခဏခေတ္တ ကြုံကြ, တွေ့ကြ, ဆုံကြတယ်။ တစ်ဦးအပေါ်မှာတစ်ဦး မေတ္တာဘာဝနာရေချမ်း ပက်ဖျန်းပေးနိုင်မယ်, တစ်ဦးအပေါ်မှာတစ်ဦး ကရုဏာဘာဝနာရေချမ်း ပက်ဖျန်းပေးနိုင်မယ်, တစ်ဦးအပေါ်မှာတစ်ဦး မုဒိတာဘာဝနာရေချမ်း ပက်ဖျန်းပေးနိုင်မယ်, တစ်ဦးအပေါ်မှာတစ်ဦး ဥပေက္ခာဘာဝနာရေချမ်း ပက်ဖျန်းပေးနိုင်မယ်ဆိုရင် ကုသိုလ်တရားတွေ အတိုင်းထက်အလွန် တိုးပွား၍ မလာနိုင်ဘူးလား? လာနိုင်တယ်။ တစ်ဦးအပေါ်တစ်ဦး မကျေနပ်ချက်တွေ မွေးမြူနေတာနဲ့ ခုလို ဗြဟ္မစိုရ်တရားတွေ မွေးမြူနေတာ ဘယ်ဒင်းက အဆင့်အတန်း မြင့်မားမလဲ? ဗြဟ္မစိုရ်တရားတွေကို မွေးမြူရေး ပြုလုပ်နေတာက ပိုပြီးတော့ အဆင့်အတန်းမြင့်တယ်။ ဘာဖြစ်လို့လဲ?

ဗြဟ္မစိုရ်တရားတွေကို ပွားများအားထုတ်ခြင်းတည်းဟူသော အကြောင်းကြောင့် မိမိတို့က မဂ်ဉာဏ်ဖိုလ်ဉာဏ် မရဘူးထား၊ အောက်ထစ်ဆုံးအားဖြင့် ဗြဟ္မာ့ပြည်တော့ မရောက်နိုင်ဘူးလား? ရောက်နိုင်တယ်။ အကယ်၍များ မိမိတို့က စွမ်းအားရှိခဲ့လို့ ဒီဗြဟ္မစိုရ်တရားတွေ ပွားများပြီးတဲ့ အချိန်ခါ ဒီမေတ္တာဈာန်တွေ, ဒီကရုဏာဈာန်တွေ, ဒီမုဒိတာဈာန်တွေ, ဒီဥပေက္ခာဈာန်တွေကို ဝိပဿနာရဲ့ အခြေပါဒက ပြုပြီးတော့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို သိမ်းဆည်းပြီး အကြောင်းတရား ရှာဖွေပြီးတော့ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုမယ်ဆိုရင် မိမိတို့ ပါရမီအားလျော်စွာ မဂ်ဉာဏ်ဖိုလ်ဉာဏ်လည်း မဆိုက်နိုင်ဘူးလား? ဆိုက်နိုင်တယ်။

ဒါကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုတဲ့ အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးထူး တရားကြီးတွေအထိ ရောက်စေနိုင်တဲ့စွမ်းအား ဒီဗြဟ္မစိုရ်တရားတွေမှာ ထင်ရှားရှိနေတယ်။ ဒါကြောင့် ဒီဗြဟ္မစိုရ်တရားတွေကို အစဉ်တစိုက် ပွားများအားထုတ်နေခြင်းသည် မိမိရဲ့ ကောင်းကျိုးချမ်းသာအတွက် အလွန် အဆင့်အတန်းမြင့်မားနေတဲ့ လုပ်ငန်းရပ်တစ်ခု ဖြစ်ပါတယ်။ အဲ မကျေနပ်ချက်တွေကို မွေးမြူနေခြင်းကတော့ မိမိတို့ ဘယ်ရောက်မလဲ? အဲဒီ မကျေနပ်တဲ့ စိတ်ထားတစ်ခုကို ရင်ဝယ်ပိုက်ပြီးတော့ ဘဝတစ်ခု အဆုံးသတ်သွားခဲ့ရင် ဘယ်ရောက်မလဲ? အပါယ်လေးဘုံ ၁-ဘုံဘုံကိုတော့ ကျိန်းသေ-ရောက်တော့မယ်။ ဘာဖြစ်လို့လဲ?

သတ္တဝါတစ်ဦး သေကျေပျက်စီးတဲ့ အချိန်ခါမှာ မရဏာသန္နဇောဆိုတာ ရှိပါတယ်။ နောက်ဆုံး ဖြစ်ပေါ်သွားခဲ့တဲ့ ဝီထိစိတ်အစဉ်လေး တစ်ခုပဲ။ အဲဒီ မရဏာသန္နဇောသည် လောဘဇော သို့မဟုတ် ဒေါသဇော သို့မဟုတ် မောဟဇောဆိုတဲ့ အကုသိုလ်ဇောတစ်ခုခုသာ ဖြစ်ပါစေ, ဒီသတ္တဝါသည် ကျိန်းသေဧကန် အပါယ်လေးဘုံ တစ်ဘုံဘုံ ရောက်မယ်။ ကောင်းရာသုဂတိ ဘယ်လိုမှ မရောက်နိုင်ဘူး။ အခုလို မရဏာသန္နဇောက မေတ္တာဈာန်ဇောတွေ ဖြစ်နေမယ်, ကရုဏာဈာန်ဇောတွေ ဖြစ်နေမယ်, မုဒိတာဈာန်ဇောတွေ ဖြစ်နေမယ်, ဥပေက္ခာဈာန်ဇောတွေ ဖြစ်နေမယ်ဆိုရင် ဘယ်ရောက်မလဲ? ဗြဟ္မပြည် ကျိန်းသေဧကန် ရောက်မယ်။ ဒါကြောင့် -

န ဟိ ဓမ္မော အဓမ္မော စ, ဥဘော သမဝိပါကိနော၊

အဓမ္မော နိရယံ နေတိ, ဓမ္မော ပါပေတိ သုဂ္ဂတိံ။

ဓမ္မနဲ့ အဓမ္မ ၂-ခုရှိတဲ့အထဲက ဓမ္မနဲ့ အဓမ္မတရားသည် တူညီတဲ့ အကျိုးကို ပေးနိုင်သလား? မပေးနိုင်ဘူး။ အဓမ္မက ငရဲကိုရောက်အောင် ပို့ဆောင်ပေးမယ်။ ဓမ္မက လူနတ်နိဗ္ဗာန် ၃-တန်သော အကောင်းဆုံးဘူမိ သုဂတိကိုရောက်အောင် ပို့ဆောင်ပေးမယ်။ မိမိတို့က ဘယ်ဒင်းကို နှစ်ခြိုက်သလဲ? ဟင် ... ဒီချိန်ခါမှာ ရွေးချယ်ခွင့် ရှိတယ်နော်။ ရွေးချယ်ခွင့်ရှိနေတဲ့ ဘဝတစ်ခု, အသိဉာဏ်ရှိနေတဲ့ ဘဝတစ်ခု မိမိ ရထားပါတယ်။ မိမိရဲ့ ဘဝကို တန်ဖိုးရှိတဲ့ ဘဝတစ်ခုဖြစ်အောင် မြှင့်တင်ပေးဖို့ လိုတယ်။ ယုတ်ညံ့တဲ့ ဘဝတစ်ခုဖြစ်အောင် နှိမ်ချပေးဖို့ လိုသလား? မလိုဘူး။ ယုတ်ညံ့တဲ့ဘဝ ဖြစ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ လာပြီးတော့ တရားထိုင်နေဖို့တောင် လိုသေးလား? မလိုဘူး။ ဖိနပ်ချွတ်မှာ သွားပြီးတော့ ခွေအိပ်နေလိုက်ရင် လွယ်လွယ်လေးနဲ့ မဖြစ်ဘူးလား? ဖြစ်ပါတယ်။ သိပ်မခက်ခဲပါဘူး။ ဟို ဖိနပ်ချွတ်မှာ ခွေအိပ်နေတာတွေ မတွေ့ဘူးလား? အဲဒီ ဘဝမျိုးဆိုတာ လွယ်လွယ်လေးနဲ့ ရတယ်။ လျောချလိုက်ရင် ချက်ချင်း ရောက်သွားတယ်။ ဟုတ်တယ်မလား?

အဆင့်အတန်းမြင့်မားနေတဲ့ ဘဝဆိုတာက အဆင့်အတန်း မြင့်မားနေတဲ့ စိတ်ဓာတ်တွေ မွေးမြူပေးမှသာလျှင် ရရှိနိုင်တယ်။ ဒါ သတိရှိဖို့ လိုတယ်။ ခုကြည့်စမ်း ... သာသနာပ အချိန်ခါကာလမှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ဗာရာဏသီမင်းမြတ်ကြီး ပြန်ကြည့်လိုက်ပါ။ မိမိ ကြောက်ရွံ့တုန်လှုပ်နေတာကို ဘယ်လို ကျော်လွှားလွန်မြောက်ရမယ်ဆိုတဲ့ နည်းလမ်းကောင်းလေးတောင် သူသိသလား? မသိဘူး။ ခုဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေ ဒီထက် အဆင့်အတန်း မြင့်မားနေတဲ့ နည်းကောင်း, စနစ်ကောင်းတွေ ရရှိခွင့် မရကြဘူးလား? ရရှိနေတယ်။ မိမိတို့ ရထားတဲ့ ဘဝလေးကို တန်ဖိုးရှိရှိ အချိန်တွေမှာ အသုံးချတတ်ဖို့ မလိုဘူးလား? လိုအပ်နေတယ်။ ဒါကြောင့် ဒီလို ရှင်ပစ္စေကဗုဒ္ဓါတွေက ဆိုဆုံးမလိုက်တော့ ဘာဖြစ်မလဲ? အဲဒီလို ဆုံးမပြီးတဲ့ အချိန်ခါမှာ ဘုန်းကြီးက တော်တော်လေးတော့ သံဝေဂရသွားတယ်။ သံဝေဂရသွားတယ်ဆိုတာက ဘုန်းကြီးကိုယ်ကို ဘုန်းကြီးရတာကို ပြောတာပါ။ ကဲ ...ပစ္စေကဗုဒ္ဓါတွေ ဒီမှာ အမိန့်ရှိတဲ့စကားလေး ကြည့်နော် ...

‘‘မယဉှိ, မဟာရာဇ, မေတ္တံ ဘာဝေမ, ကရုဏံ ဘာဝေမ, မုဒိတံ ဘာဝေမ, ဥပေက္ခံ ဘာဝေမ, တေန နော တံ ဘယံ န ဟောတီ’’တိ ဝတွာ ဥဋ္ဌာယာသနာ အတ္တနော ဝသတိံ အဂမံသု။

မဟာရာဇာ၊ ဒကာတော် ဗာရာဏသီမင်းမြတ် ...။ မယဉှိ၊ ငါတို့သည်ကား။ မေတ္တံ၊ မေတ္တာဘာဝနာကို။ ဘာဝေမ၊ ပွားများအားထုတ်၍ နေကြပါကုန်၏။ ကရုဏံ၊ ကရုဏာဘာဝနာကို။ ဘာဝေမ၊ ပွားများအားထုတ်၍ နေကြပါကုန်၏။ မုဒိတံ၊ မုဒိတာဘာဝနာကို။ ဘာဝေမ၊ ပွားများအားထုတ်၍ နေကြပါကုန်၏။ ဥပေက္ခံ၊ ဥပေက္ခာဘာဝနာကို။ ဘာဝေမ၊ ပွားများအားထုတ်၍ နေကြပါကုန်၏။ တေန၊ ထိုဗြဟ္မစိုရ်တရားတွေကို ပွားများအားထုတ်၍နေခြင်းတည်းဟူသော အကြောင်းကြောင့်။ နော၊ ငါတို့ရဲ့သန္တာန်၌။ တံ ဘယံ၊ ထို ကြောက်ရွံ့တုန်လှုပ်ခြင်းတည်းဟူသော ဘေးဒုက္ခသည်။ န ဟောတိ၊ မဖြစ်ပါ။ ဣတိ၊ ဤသို့။ ဝတွာ၊ ဟောကြားပြီးနောက်။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထ၍။ အတ္တနော၊ မိမိရဲ့။ ဝသနဋ္ဌာနေ၊ နေရာအရပ်သို့။ အဂမံသု၊ ကြွတော်မူကြလေပြီ။

တရားဟောပြီးတာနဲ့ နေရာကထပြီး ချက်ချင်း ပြန်ကြွသွားတယ်နော်။ ကဲ ဘာပြောချင်တာလဲ? ဟင် ... ယောဂီ ၁-ယောက်က လာလျှောက်ပြီ။ ဩော် ...မပြန်ပါနဲ့ဦးလေ။ ဘုန်းကြီးဘက်က တားရတာ ဘုန်းကြီး ရှက်တောင်သွားတယ်နော်။ ခု ဒီစကားလေးကြည့်ပြီး ရှက်တက်တက်တောင် ဖြစ်နေသေးတယ်။ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်တွေကျတော့ တစ်ခါတည်း အဲဒီစကားလေး ၄-လုံးလောက်ပြောပြီး ချက်ချင်းထသွားတယ်။ ဒင်းထိုက်နဲ့ ဒင်းကံ ရှိပစေဆိုတဲ့ စိတ်ထားကို မွေးမြူနေတဲ့စွမ်းအား ရှိကြတယ်နော်။ အဲဒီခါကျတော့မှ ရှင်ဘုရင်ကြီးကလည်း စဉ်းစားပြီ။ ရှင်ဘုရင်ဆိုတာက ဒီနေရာမှာ ပါရမီ သိပ်စကားပြောပါတယ်။ ပါရမီရှိလို့သာ သူက ဒီလို ကြံစည်စိတ်ကူးမှု ပေါ်လာတာ ပါရမီသာ မရှိရင် ဒီနေရာမှာ ဗြောင်းဆန်သွားဖို့ အချက်တွေတော့ အများကြီးပဲ။ ကဲ ... သူက ဘယ်လို စဉ်းစားလဲ?

‘‘ဣမေ သမဏာ မေတ္တာဒိဘာဝနာယ ဘယံ န ဟောတီတိ ဘဏန္တိ, ဗြာဟ္မဏာ ပန အနေကသဟဿပါဏဝဓံ ဝဏ္ဏေန္တိ, ကေသံ နု ခေါ ဝစနံ သစ္စံ’’

ဣမေ သမဏာ၊ ဤသမဏ ရဟန်းတော်တို့သည်ကား။ မေတ္တာဒိဘာဝနာယ၊ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဟု ခေါ်ဆိုအပ်သော ဘာဝနာကြောင့်။ ဘယံ၊ ကြောက်ရွံ့တုန်လှုပ်ခြင်း ဘေးဒုက္ခသည်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ ဤသို့။ ဘဏန္တိ၊ ချီးမွမ်းစကား ပြောကြားတော်မူကြလေကုန်၏။ ဗြာဟ္မဏာ ပန၊ ပုဏ္ဏားတို့သည်ကား။ အနေကသဟဿပါဏဝဓံ၊ ထောင်ပေါင်းများစွာသော သတ္တဝါတို့ကို သတ်ဖြတ်ခြင်းကို။ ဝဏ္ဏေန္တိ၊ ချီးမွမ်းကြလေကုန်၏။ ကေသံ၊ အဘယ်ပုဂ္ဂိုလ်တို့၏။ ဝစနံ၊ စကားသည်။ သစ္စံ နု ခေါ၊ မှန်လေသနည်း။ ဣတိ၊ ဤသို့။ စိန္တေတိ၊ ကြံစည်စိတ်ကူးလေ၏၊

ဩော် ... ဒီသမဏအမည်ရနေတဲ့ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်တွေကတော့ မေတ္တာဘာဝနာ, ကရုဏာဘာဝနာ, မုဒိတာဘာဝနာ, ဥပေက္ခာဘာဝနာဆိုတဲ့ ဒီဘာဝနာတွေရဲ့ စွမ်းအားကြောင့် ကြောက်ရွံ့တုန်လှုပ်ခြင်းဆိုတဲ့ ဒီဘေးဒုက္ခကြီး ဖြစ်ပေါ်မလာပါဘူးဆိုပြီးတော့ ချီးမွမ်းသွားတော်မူကြတယ်။ ပုဏ္ဏားတွေကျတော့ ထောင်ပေါင်းများစွာသော သတ္တဝါတွေကို သတ်ဖြတ်ဖို့ရန်အတွက် ချီးမွမ်းကြတယ်။ ဒီပုဂ္ဂိုလ် ၂-ဦးရဲ့စကား ဘယ်စကားက မှန်လေသလဲ? သူက ပြန်ပြီးတော့ စဉ်းစားတယ်။ မစဉ်းစားသင့်ဘူးလား? စဉ်းစားသင့်ပါတယ်။ စဉ်းစားလိုက်တဲ့ အချိန်ခါကျတော့ သူစိတ်ထဲမှာ ဘယ်လို အကြံရလဲ?

‘‘သမဏာ သုဒ္ဓေန အသုဒ္ဓံ ဓောဝန္တိ, ဗြာဟ္မဏာ ပန အသုဒ္ဓေန အသုဒ္ဓံ။ န စ သက္ကာ အသုဒ္ဓေန အသုဒ္ဓံ ဓောဝိတုံ, ပဗ္ဗဇိတာနံ ဧဝ ဝစနံ သစ္စံ’’

အထ၊ ထိုအခါ၌။ တဿ၊ ထိုဗာရာဏသီမင်းမြတ်၏သန္တာန်၌။ ဧသ ပရိဝိတက္ကော၊ ဤကဲ့သို့သော စိတ်အကြံအစည်သည်။ ဟောတိ၊ ဖြစ်ခဲ့လေပြီ။

ဗာရာဏသီမင်းမြတ် စဉ်းစားလိုက်တဲ့အခါ အကြံတစ်ခု ပေါ်လာတယ်။ ဘယ်လိုလဲ?

သမဏာ၊ ရဟန်းတို့သည်။ သုဒ္ဓေန၊ စင်ကြယ်ခြင်းဖြင့် စင်ကြယ်သောတရားဖြင့်။ အသုဒ္ဓံ၊ မစင်ကြယ်သောတရားကို။ ဓောဝန္တိ၊ ဆေးကြောတော်မူကြလေကုန်၏။

သမဏ ရဟန်းတော်တွေကတော့ စင်ကြယ်တဲ့တရားနဲ့ မစင်ကြယ်တဲ့တရားကို ဆေးကြောကြတယ်။

ဗြာဟ္မဏာ ပန၊ ပုဏ္ဏားတို့သည်ကား။ အသုဒ္ဓေန၊ မစင်ကြယ်သောတရားဖြင့်။ အသုဒ္ဓံ၊ မစင်ကြယ်သော တရားကို။ ဓောဝန္တိ၊ ဆေးကြောတော်မူကြလေကုန်၏။

နမူနာလေးတစ်ခုပေါ့ ... နည်းနည်းလေး ပေါ်လွင်အောင် ထပ်ပြီး အနက်ပေးမယ်။

သုဒ္ဓေန၊ စင်ကြယ်သောရေဖြင့်။ အသုဒ္ဓံ၊ မစင်ကြယ်သော အရာဝတ္ထုကို။ ဓောဝန္တိ၊ ဆေးကြောတော်မူကြလေကုန်၏၊

ရဟန်းတွေက သူက ခေါ်နေတယ်နော်။ သမဏလို့ခေါ်တဲ့ ပစ္စေကဗုဒ္ဓါ ဘုရားရှင်တွေကတော့ စင်ကြယ်တဲ့ရေဖြင့် မစင်ကြယ်တဲ့ အရာဝတ္ထုကို ဆေးကြောကြတယ်။

ဗြာဟ္မဏာ ပန၊ ပုဏ္ဏားတို့သည်ကား။ အသုဒ္ဓေန၊ မစင်ကြယ်သောရေဖြင့်။ အသုဒ္ဓံ၊ မစင်ကြယ်သော အရာဝတ္ထုကို။ ဓောဝန္တိ၊ ဆေးကြော၍နေကြလေကုန်၏၊

ပုဏ္ဏားတွေကတော့ မစင်ကြယ်တဲ့ရေဖြင့် မစင်ကြယ်တဲ့ အရာဝတ္ထုကို ဆေးကြောကြတယ်။

အသုဒ္ဓေန၊ မစင်ကြယ်သောရေဖြင့်။ အသုဒ္ဓံ၊ မစင်ကြယ်သော အရာဝတ္ထုကို။ ဓောဝိတုံ၊ စင်ကြယ်အောင် ဆေးကြောအံ့သောငှာ။ န စ သက္ကာ၊ မတတ်ကောင်းသည်သာတည်း။

ဟော ... မစင်ကြယ်တဲ့ရေနဲ့ မစင်ကြယ်တဲ့ အရာဝတ္ထုကို စင်ကြယ်အောင် ဆေးကြောနေမယ်။

3iu91uawxscjo3awr5s91flvpml9anf
မင်္ဂလသုတ်-၇၆/၉၇
0
6311
22001
2026-05-22T21:23:48Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၇၆/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၇၅..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22001
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၇၆/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၇၅/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၇၇/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ်-၇၆

န စ သက္ကာ အသုဒ္ဓေန အသုဒ္ဓံ ဓောဝိတုံ,

အသုဒ္ဓေန၊ မစင်ကြယ်သောရေဖြင့်။ အသုဒ္ဓံ၊ မစင်ကြယ်တဲ့ အရာဝတ္ထုကို။ ဓောဝိတုံ၊ စင်ကြယ်အောင် ဆေးကြော သုတ်သင်အပ်-သောငှာ။ န စ သက္ကာ၊ မတတ်ကောင်းသည်သာလျှင်တည်း။

မစင်ကြယ်တဲ့ ရေဖြင့် မစင်ကြယ်တဲ့ အရာဝတ္ထုကို သွားပြီးတော့ စင်ကြယ်အောင် ဆေးကြောနေမယ်ဆိုရင် ဆေးကြောလို့ ရပါ့မလား? ဘယ့်နှယ်တုံး ဒကာကြီးတွေ လက်ခံနိုင်လား? ကဲ ... အိမ်ပြန်ရင် စင်ကြယ်မလား, မစင်ကြယ်ဘူးလား? မစင်ကြယ်တဲ့ ရေနဲ့ မစင်ကြယ်တဲ့ အရာဝတ္ထုကို သွားပြီး စင်ကြယ်အောင် ဆေးကြောနေမယ် ဆိုလို့ရှိရင် စင်နိုင်ပါ့မလား? မစင်နိုင်ဘူးတဲ့။ ဒီလို စဉ်းစားတွေးခေါ်တတ်တယ်ဆိုတာဟာ ပါရမီ-တော်တော်လေး ရင့်ညောင်းခဲ့လို့ပါနော်။

ဒီနေရာမှာ ရှင်ပစ္စေကဗုဒ္ဓါတွေက ကဿပဘုရားရှင် လက်ထက်က အနီးကပ်ဆုံးအကြောင်း ပြောတာပါ။ သူတို့ဟာ နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ပစ္စေကဗောဓိဉာဏ် ရရှိရေးအတွက် ပါရမီတို့ကို ဖြည့်ကျင့်ဆည်းပူးကြတဲ့ သူတော်ကောင်းများ ဖြစ်ကြပါတယ်။ ပါရမီတွေက ရင့်ကျက်စုံညီလာပြီ။ အကျိုးပေးဖို့ရာ အခါအခွင့်သင့်တဲ့ နောက်ဆုံးဘဝလည်း ဆိုက်ရောက်လာပြီဖြစ်တယ်။

ဒီလို နောက်ဆုံးဘဝ ရောက်လာတဲ့ အချိန်ကျတော့ သူတို့ရဲ့ အတွေးအခေါ်တွေဟာ မှန်ကန်တဲ့ အတွေးအခေါ်တွေ ဖြစ်တယ်။ ကြံစည်-စိတ်ကူးမှုတွေဟာ မှန်ကန်တဲ့ ကြံစည်စိတ်ကူးမှုတွေ ဖြစ်နေတယ်။ ဘာဖြစ်လို့ ဒီလို မှန်မှန်ကန်ကန် တိတိကျကျ ကြံစည်စိတ်ကူးတတ်ရလဲဆိုတော့ ဘဝများစွာ သံသရာတည်းက မှန်ကန်တိကျနေတဲ့ ပါရမီမျိုးစေ့တွေကို ကြဲချ-စိုက်ပျိုးခဲ့လို့ ဒီလို မှန်ကန်တဲ့ အသိဉာဏ်တွေ, မှန်ကန်တဲ့ အတွေးအခေါ်တွေ, မှန်ကန်တဲ့ ကြံစည်စိတ်ကူးမှုတွေ ဖြစ်ပေါ်လာခြင်း ဖြစ်တယ်။ ဒါကြောင့် ဒီလို အသိဉာဏ်ရှိတဲ့ ဘဝတစ်ခုရရှိခိုက် မိမိတို့ဟာလဲ မှန်ကန်တဲ့ အသိထူးဉာဏ်ထူးလေးတွေ ရရှိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါ ဘုရားရှင်ရဲ့ သာသနာတော်နှင့် တွေ့တုန်းသာ ရနိုင်တဲ့ အခွင့်အလမ်း ဖြစ်ပါတယ်။ ဒါကြောင့် ဗာရာဏသီ မင်းကြီးက စဉ်းစားနေပြီ -

န စ သက္ကာ အသုဒ္ဓေန အသုဒ္ဓံ ဓောဝိတုံ,

အသုဒ္ဓေန၊ မစင်ကြယ်သောရေဖြင့်။ အသုဒ္ဓံ၊ မစင်ကြယ်တဲ့ အရာဝတ္ထုကို။ ဓောဝိတုံ၊ စင်ကြယ်အောင် ဆေးကြော သုတ်သင်အပ်-သောငှာ။ န စ သက္ကာ၊ မတတ်ကောင်းသည်သာလျှင်တည်း။

မစင်ကြယ်တဲ့ ရေဖြင့် မစင်ကြယ်တဲ့ အရာဝတ္ထုကို ဆေးကြောဖို့ရန် ဘယ်လိုမှ မဖြစ်နိုင်ဘူး။

‘‘ပဗ္ဗဇိတာနံ ဧဝ ဝစနံ သစ္စံ’’

ပဗ္ဗဇိတာနံ ဧဝ၊ ရသေ့ရဟန်းတို့၏သာလျှင်။ ဝစနံ၊ စကားသည်။ (ပဗ္ဗဇိတာနံ ဧဝ ဝစနံ၊ ရသေ့ရဟန်းတို့၏ စကားသည်သာလျှင်။) သစ္စံ၊ မှန်ကန်လှပေ၏၊

ရသေ့ရဟန်းတို့ရဲ့ စကားသာလျှင် မှန်ကန်တိကျတဲ့စကား ဖြစ်လိမ့်မယ်။ သူက ဒီလို စဉ်းစားတယ်။ အဲဒီလို စဉ်းစားပြီးတဲ့ အချိန်ခါကျတော့ ဘာလုပ်သလဲ?

‘‘သဗ္ဗေ သတ္တာ သုခိတာ ဟောန္တူ’’တိအာဒိနာ နယေန မေတ္တာဒယော စတ္တာရောပိ ဗြဟ္မဝိဟာရေ ဘာဝေတွာ ဟိတဖရဏစိတ္တေန အမစ္စေ အာဏာပေသိ ‘‘သဗ္ဗေ ပါဏေ မုဉ္စထ, သီတာနိ ပါနီယာနိ ပိဝန္တု, ဟရိတာနိ တိဏာနိ ခါဒန္တု, သီတော စ နေသံ ဝါတော ဥပဝါယတု’’

သော၊ ထိုဗာရာဏသီ မင်းမြတ်သည်။ သဗ္ဗေသတ္တာ၊ ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါအပေါင်းတို့သည်။ သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးချမ်းသာခြင်း ရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြစေကုန်သတည်း။ ဣတိ အာဒိနာ နယေန၊ ဤသို့စသော နည်းဖြင့်။ မေတ္တာဒယော၊ မေတ္တာ, ကရုဏာ, မုဒိတာဟု ခေါ်ဆိုအပ်တဲ့။ စတ္တာရောပိ ဗြဟ္မဝိဟာရေ၊ ဗြဟ္မစိုရ်တရား ၄-ပါးတို့ကိုလည်းပဲ။ ဘာဝေတွာ၊ ပွားများအားထုတ်၍။

ဒီနေရာမှာ သူက ကြံစည်စဉ်းစားမိတဲ့ အချိန်အခါ မှန်ကန်တဲ့ အတွေးအခေါ် အကြံအစည်တွေ ရလာပြီ။ ရလာတဲ့အချိန်ခါ သူက ဘာလုပ်လဲ? မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတယ်, ကရုဏာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းတယ်, မုဒိတာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းနေတယ်။ အဲဒီလို ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်လဲလို့ ပြန်ကြည့်လိုက်တဲ့အခါ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ပုဂ္ဂိုလ်လည်း ဖြစ်နေတယ်။ မင်းစည်းစိမ်တွေနှင့် အထက်တန်းကျကျ ခံစားနေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ဒီနေ့ တရားဟောနေတဲ့ပုဂ္ဂိုလ်, တရားနာနေတဲ့ပုဂ္ဂိုလ်တွေထဲ ရှင်ဘုရင် ဘယ်နှစ်ယောက်များပါလဲ? ဟင် ... ရွှေရော ဘယ်နှစ်ပိဿာလောက်များ ရှိကြလဲ? ဟင် စဉ်းစားကြည့်ပါ။ သဘော ပြောတာပါတယ်။ မပြောပလောက်တဲ့ ကိုယ့်စည်းစိမ်လေးတွေကို တဘိန်ဘိန်နဲ့ တွယ်တာမက်မောနေမယ်ဆိုရင် မိမိအတွက် ရသင့်ရထိုက်တဲ့ အကျိုး-ထူးကြီးတွေ ဆုတ်ယုတ်ပျက်စီးပြီး မသွားနိုင်ဘူးလား? သွားနိုင်တယ်။ သတိရှိပေတော့။ ဟုတ်တယ်မဟုတ်လား?

ခိုင်းစားမဲ့ပုဂ္ဂိုလ် ဆိုတာကတော့ ခိုင်းလို့သာ ရပါစေ သေသည်အထိ မခိုင်းဘူးလား? ဟင် ... ဟိုမှာတစ်ယောက်က မဖြေဘူး။ ဘုန်းကြီးကို မျက်လုံးကြီး ပြူးပြီးတော့ ကြည့်နေတယ်နော်။ သူက လုပ်မကျွေးနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ တူပါတယ်။ ကဲ ... ဒီမှာကြည့် - ဗာရာဏသီ ဘုရင်မင်းမြတ်က မေတ္တာဈာန်တွေ ဝင်စားပြီး မေတ္တာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းပြီး ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါအပေါင်းတို့သည် ... ဘေးရန်ကင်းကြပါစေ, စိတ်ဆင်းရဲကင်းကြပါစေ, ကိုယ်ဆင်းရဲကင်းကြပါစေ, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်-နိုင်ကြပါစေ စသည်ဖြင့် မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပြီ။ ဘာဖြစ်လို့ သူတို့က ဒီလို ကမ္မဋ္ဌာန်း စီးဖြန်းတတ်ရသလဲဟင်?

အတိတ်က ဒီလို ဗြဟ္မစိုရ်တရားတွေကို ပွားများအားထုတ်ခဲ့တဲ့ ပါရမီမျိုးစေ့တွေက အရှိန်အဝါ သိပ်အားကောင်းခဲ့တယ်။ ဒီပါရမီတွေက ရင့်ကျက်လာပြီဖြစ်တော့ လှုံ့ဆော်ပေးနေပြီ။ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ဒီလို စီးဖြန်းရတယ်ဆိုပြီး ပစ္စေကဗုဒ္ဓါ ဘုရားရှင်တွေကလည်း နည်းပေး-သွားတယ်။ ဒီလောက်ကလေး ပြောလိုက်တာနဲ့ သူတို့က နားလည်သွားတယ်။ ဘာဖြစ်လို့လဲ? အတိတ်က နားလည်နိုင်လောက်အောင် ပါရမီမျိုးစေ့တွေကို ကြဲချစိုက်ပျိုးခဲ့ကြတယ်။ ဒါကြောင့် ဒီနေရာမှာ -

သဗ္ဗေသတ္တာ သုခိတာ ဟောန္တု ဆိုတာက - မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းဖူးတဲ့ ပုဂ္ဂိုလ်တွေ နားလည်ပါတယ်နော်။ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီလို့ ခေါ်ဆိုအပ်တဲ့ ပုဂ္ဂိုလ် ၄-ဦးအပေါ် မေတ္တာဈာန်တွေကို ညီမျှအောင် ဝင်-စားနိုင်တဲ့ သူတော်ကောင်းတွေအတွက် မေတ္တာဘာဝနာကမ္မဋ္ဌာန်း ပွားများအားထုတ်နည်း ဖြစ်တယ်ဆိုတာကတော့ နားလည်တယ်။ ဒါကြောင့် ဒါက သီမာသမ္ဘေဒခေါ်တဲ့ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီခေါ်တဲ့ မိမိရယ်, ချစ်တဲ့ပုဂ္ဂိုလ်, အလယ်အလတ်ပုဂ္ဂိုလ်, မုန်းတဲ့ပုဂ္ဂိုလ် - ဒီ ပုဂ္ဂိုလ် ၄-ဦးအပေါ်၌ အပိုင်းအခြား ကင်းအောင် မေတ္တာဈာန်ကို ဝင်စားနိုင်တဲ့ သူတော်ကောင်းတွေ သီမာသမ္ဘေဒ ပြိုပြီးတဲ့ အချိန်အခါမှာ

သဗ္ဗေသတ္တာ၊ အဝေရာ ဟောန္တု

အဗျာပဇ္ဈာ ဟောန္တု

အနီဃာ ဟောန္တု သုခီ အတ္တာနံ ပရိဟရန္တု - ဆိုပြီး ဒီအဆင့်ကို ကူးရတယ်။ အဲဒီအဆင့်ကို ဒီလိုကူးရတယ်ဆိုတာကိုလဲ အားလုံး နားလည်-နေတယ်။ ဘာဖြစ်လို့လဲ? နားလည်နိုင်တဲ့ ပါရမီမျိုးစေ့တွေကို နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်တိုင် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ပြီးပြီ။ ဒီပါရမီတွေက အကျိုးပေးဖို့ရန် အခါအခွင့်သင့်လို့ စောင့်ဆိုင်းနေပြီ။ ဒါကြောင့် အဲဒီ မေတ္တာဘာဝနာကမ္မဋ္ဌာန်းတွေ ဝင်စားတယ်, ပွားများအားထုတ်တယ်။ ကရုဏာဘာဝနာကမ္မဋ္ဌာန်းတွေ ပွားများအားထုတ်တယ်။ မုဒိတာဘာဝနာကမ္မဋ္ဌာန်းတွေ ပွားများအားထုတ်တယ်။ ဥပေက္ခာဘာဝနာကမ္မဋ္ဌာန်းတွေ ပွားများအားထုတ်တယ်။

စဉ်းစားကြည့်စမ်း ... ခုလို တောထဲတောင်ထဲမှာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းလေးတွေ စိတ်အေးအေးချမ်းချမ်းဖြင့် ဈာန်တွေဝင်စားပြီး ပွားများအားထုတ်နေရရင် ဘယ်လောက် ချမ်းသာသလဲ? ကရုဏာဘာဝနာကမ္မဋ္ဌာန်းလေးတွေ စိတ်အေးချမ်းသာစွာနဲ့ ပွားများအားထုတ်ပြီးတော့ ကရုဏာ-ဈာန်တွေ ဝင်စားနေရရင် ဘယ်လောက် ချမ်းသာမလဲ? မုဒိတာဘာဝနာ-ကမ္မဋ္ဌာန်းလေးတွေ စိတ်အေးချမ်းသာစွာဖြင့် ပွားများအားထုတ်ပြီးတော့ မုဒိတာဈာန်တွေ ဝင်စားနေရရင် ဘယ်လောက် ချမ်းသာမလဲ? ဥပေက္ခာဘာဝနာကမ္မဋ္ဌာန်းလေးတွေ စိတ်အေးချမ်းသာစွာနဲ့ ပွားများအားထုတ်ပြီးတော့ ဥပေက္ခာဈာန်တွေ ဝင်စားနေရရင် ဘယ်လောက် ချမ်းသာမလဲ? စဉ်းစားကြည့်ပါနော်။ အိမ်ပြန်သွားမယ် ဆိုရင်တော့ ပူလိုက်, ဆူလိုက်တဲ့ အသံတွေက ညံမနေဘူးလား? ညံနေလိမ့်မယ်နော်။

ရာဂမီးတွေ တောက်လောင်လာမယ်, ดေါသမီးတွေ တောက်လောင်-လာမယ်, မောဟမီးတွေ တောက်လောင်လာမယ်, မာန်မာန, ဣဿာ-မစ္ဆရိယ အစရှိတဲ့မီးတွေ တဟုန်းဟုန်း တောက်လောင်လို့ လာလိမ့်မယ်။ အဲဒီ မီးတောက်မီးပုံကြီးထဲကို မိမိက ပြေးမဝင်ဘဲ ခုလိုပေါ့ တောထဲတောင်ထဲ မီးတောက်တွေ ငြိမ်းတဲ့နေရာလေးမှာ ခုလို မေတ္တာဈာန်တွေ, ကရုဏာဈာန်တွေ, မုဒိတာဈာန်တွေ, ဥပေက္ခာဈာန်တွေကို ဝင်စားနေပြီဆိုရင် ဘယ်လောက် ချမ်းသာမလဲ? စဉ်းစားကြည့်ပေါ့။

သို့သော် ဒီနေရာမှာ ဒီပါရမီရှင် ဘုရင်မင်းမြတ်က ဒီတစ်ထိုင်-အတွင်းမှာပဲ သူက ပစ္စေကဗောဓိဉာဏ်ရမဲ့ သူတော်ကောင်းဖြစ်နေတယ်နော်။ ဒီမေတ္တာဈာန်တွေ, ကရုဏာဈာန်တွေ, မုဒိတာဈာန်တွေ, ဥပေက္ခာဈာန်လို့ ခေါ်ဆိုအပ်တဲ့ ဗြဟ္မစိုရ်ဈာန်တွေကို ဗြဟ္မဝိဟာရတရားတွေကို ပွားများပြီးတဲ့ အချိန်အခါမှာ သူ ဘာလုပ်သလဲ?

သဗ္ဗေသတ္တာ၊ ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါအပေါင်း-တို့သည်။ သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးချမ်းသာခြင်း ရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ ဣတိ အာဒိနာ နယေန၊ ဤသို့စသော နည်းဖြင့် မေတ္တာဈာန်, ကရုဏာဈာန်, မုဒိတာဈာန်, ဥပေက္ခာဈာန်တို့ကို။ ဘာဝေတွာ၊ ပွားများအားထုတ်ပြီး၍။ စတ္တာရောပိ ဗြဟ္မဝိဟာရေ၊ မေတ္တာ-ဈာန်, ကရုဏာဈာန်, မုဒိတာဈာန်, ဥပေက္ခာဈာန်ဟု ခေါ်ဆိုအပ်သော ဗြဟ္မဝိဟာရ တရား ၄-ပါးတို့ကိုလည်းပဲ။ ဘာဝေတွာ၊ ပွားများအားထုတ်၍။ ဟိတဖရဏစိတ္တေန၊ သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားတောင့်တလျက် သတ္တဝါအားလုံးတို့၏ အကျိုးစီးပွားအပေါ်၌ ဖြန့်ကျက်ထားအပ်သော စိတ်ထားရှိလျက်။ အမစ္စေ၊ အမတ်တို့ကို။ အာဏာပေသိ၊ စေခိုင်းတော်မူလေပြီ။

ဟိတဖရဏ သဗ္ဗေသတ္တာ စသည်ဖြင့်, သဗ္ဗေသတ္တာ သဗ္ဗေပါဏာ စသည်-ဖြင့် ဩဓိသောဖရဏာ မေတ္တာ, အနောဓိသောဖရဏာ မေတ္တာ ဘာဝနာ-ကမ္မဋ္ဌာန်းတွေ စီးဖြန်းနိုင်တဲ့ သူတော်ကောင်းတွေအဖို့တော့ သတ္တဝါအားလုံးရဲ့ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့ စိတ်ဓာတ်တွေ ဝင်လာပြီ။ သတ္တဝါတွေရဲ့ အကျိုးစီးပွားအပေါ်၌ လိုလားတောင့်တနေတဲ့ ဒီစိတ်ဓာတ်တွေက သတ္တဝါအားလုံးအပေါ်၌ ဖြန့်ကျက်ထားပြီး ဖြစ်ပြီ။ အဲဒီလို ဖြန့်-ကျက်ထားပြီးဖြစ်တဲ့အတွက် အမတ်တွေကို စေခိုင်းပြီ။ ဘယ်လိုစေခိုင်းလဲ?

‘‘သဗ္ဗေ ပါဏေ မုဉ္စထ, သီတာနိ ပါနီယာနိ ပိဝန္တု, ဟရိတာနိ တိဏာနိ ခါဒန္တု, သီတော စ နေသံ ဝါတော ဥပဝါယတု’’

သဗ္ဗေ ပါဏေ၊ ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါတို့ကို။ မုဉ္စထ၊ လွှတ်ကြပါကုန်လော့ ...။

ခုနက ယစ်ပူဇော်ဖို့ရန်အတွက် သတ္တဝါတွေ အသင့်ရှိနေပြီ။ နွားတွေ, ဝက်တွေ, ဆိတ်တွေ စသည်ဖြင့် သတ္တဝါတွေ သတ်ဖို့ရန်အတွက် မင်းရင်ပြင်မှာ အသင့်ပြင်ထားပြီ, အသင့်ပြင်ထားတဲ့ ဒီသတ္တဝါတွေကို ဘာလုပ်သလဲ?

သဗ္ဗေ ပါဏေ၊ ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါတို့ကို။ မုဉ္စထ၊ လွှတ်ကြပါကုန်လော့ ...။

စဉ်းစားကြည့်စမ်း ... သတ္တဝါတွေဟာ သူတို့ အသတ်ခံရတော့မယ် ဆိုရင်တော့ များသောအားဖြင့် သိတတ်ကြပါတယ်။ တို့တော့ အသတ်ခံရတော့မယ်ဆိုတာ သိပြီဆိုရင် ဘာလုပ်သလဲ? ဘယ်လောက်များ စိတ်ဆင်းရဲမလဲ စဉ်းစားကြည့်စမ်း။ တစ်ချိန်က ဘုန်းကြီး တောထဲနေတယ်။ ညဘက် ဆရာတော်တစ်ပါးနဲ့တစ်ပါး တောထဲရောက်နေတုန်း စပ်မိရင်းနဲ့ သေခြင်းတရားအကြောင်း ရောက်သွားတယ်။ ရောက်သွားတဲ့ အချိန်ခါကျတော့ သူက ဘာပြောလဲ?

“တပည့်တော် သေရမှာ ဘယ်တော့မှ မကြောက်ဘူးတဲ့” ဟန်ကျပြီ။ ကဲ ... တစ်ပါးနဲ့တစ်ပါး လမ်းခွဲလိုက်ပြီ။ သူ့ကျောင်း သူပြန်, ကိုယ့်ကျောင်း ကိုယ်ပြန်, ကိုယ့်အလုပ် ကိုယ်လုပ်, သူ့အလုပ် သူလုပ်။ လုပ်ရင်းနဲ့ အိပ်ကြရော။ မနက်မိုးလင်းတော့ အစောကြီး အာရုဏ်မတက်သေးဘူး။ သူက ထပြီး ဘုန်းကြီးကျောင်း ရောက်လာတယ်။

“ကိုယ်တော် ... ကိုယ်တော် ...” တဲ့

“ဘာဖြစ်သလဲ? ဆရာတော် ...”

“ကြောက်လိုက်တာ ကိုယ်တော်ရယ် ...” တဲ့

“ဘာဖြစ်သလဲ? ဆရာတော် ...”

“ဟာ ... ညက အရှင်ဘုရားနဲ့ တပည့်တော်က သေရမှာ ဘယ်တော့မှ မကြောက်ဘူးလို့ ပြောသွားတာတဲ့။ ညကျတော့ ကိုယ်တော်ရေ ... တပည့်တော်ကို သတ်မယ်ဆိုပြီး လက်ပြန်ကြိုးတုပ်ပြီး ကျင်းကြီးထဲချ အပေါ်က ဝါးနဲ့ ခုတ်သတ်မယ်လုပ်တော့ ကြောက်လိုက်တာ ကိုယ်တော် တစ်ခါတည်း လန့်နိုးတာ နိုးလာတဲ့အထိ ကြောက်နေတုန်းပဲ ရှိသေးတယ်” တဲ့ ဟုတ်တယ်မလား? တကယ်တမ်း သေခြင်းနဲ့ ရင်ဆိုင်လာရပြီ ဆိုလို့ရှိရင် မကြောက်တတ်တဲ့ သတ္တဝါဆိုတာက ရာဂ, ဒေါသ, မောဟ မကင်းသေးတဲ့ သတ္တဝါဆိုတာက အင်မတန် နည်းပါတယ်။

ဒါကြောင့် အဲဒီလို ကြောက်ရွံ့တုန်လှုပ်နေတဲ့ သတ္တဝါတွေကို မြင်ရတွေ့ရနေတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်တွေ ချမ်းသာမှု ရှိနိုင်မလား? ပြန်စဉ်းစားကြည့်ပါနော်။ သတ္တဝါအားလုံးကို သေကျေပျက်စီးအောင်, ဆင်းရဲဒုက္ခရောက်အောင် ညှဉ်းပန်းနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ စိတ်ချမ်းသာမှုဆိုတာ ရှိနိုင်ပါ့မလား? ပြန်စဉ်းစားဖို့ လိုတယ်နော်။ ဘယ်ဒင်းက စိတ်အေးချမ်းသာမှု ရှိမလဲ? မစင်ကြယ်တဲ့ ရေဖြင့် မစင်ကြယ်တဲ့ မိမိရဲ့စိတ်ဓာတ်ကို စင်ကြယ်အောင် ဆေးကြောသုတ်သင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ အဲဒါ နည်းနည်း စဉ်းစားကြနော်။

လောကမှာ လူတွေ ခုလိုနေတယ်။ တစ်ယောက်ရဲ့ မကောင်းကြောင်းတွေကို တစ်ယောက်က ပြောနေတယ်။ တစ်ယောက်ကို တစ်ယောက် အကျိုးမလိုလားတဲ့စိတ်ထားဖြင့် ပြောတယ်။ ပြောနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ပြောနေတဲ့ အချိန်အခါမှာ စိတ်ဓာတ်တွေ ညစ်နွမ်းမနေဘူးလား? အဲဒီလို ညစ်နွမ်းနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က မစင်ကြယ်တဲ့ရေဖြင့် မိမိရဲ့ မစင်ကြယ်တဲ့ စိတ်ဓာတ်ကို ဆေးကြောနေတာ စင်ပါ့မလား? မစင်နိုင်ဘူး။ ဒါ သတိရှိပေတော့နော်။ ဒါကြောင့် -

သဗ္ဗေ ပါဏာ၊ ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါတို့ကို။ မုဉ္စထ၊ လွှတ်ကြပါကုန်လော့။ သီတာနိ ပါနီယာနိ၊ အေးမြတဲ့ ရေကြည်ရေအေးတို့ကို။ ပိဝန္တု၊ သောက်သုံးစေကြပါကုန်လော့။ ဟရိတာနိ တိဏာနိ၊ စိမ်းလန်းစိုပြည်တဲ့ မြက်သစ်ရွက်တို့ကို။ ခါဒန္တု၊ ခဲစားစေကြပါကုန်လော့။ သီတော စ ဝါတော၊ အေးမြတဲ့ လေသည်လည်းပဲ။ နေသံ၊ ထိုသတ္တဝါတို့အပေါ်၌။ ဥပဝါယတု၊ တိုက်ခတ်၍ လာပါစေသတည်း။

ဘယ်လောက်ကောင်းတဲ့ စိတ်ထားလဲ ကြည့်စမ်း ... သတ္တဝါအားလုံးကို လွှတ်ကြပါ။ အေးမြတဲ့ ရေတွေ သောက်သုံးကြပါစေ။ ဘာဖြစ်လို့လဲ? ယစ်တိုင်တွေမှာ သတ်ဖို့ရန်အတွက် အသင့်ပြင်ဆင်ခံနေရတဲ့ ဒီသတ္တဝါတွေရဲ့ ဝမ်းတွင်းမှာ ပူလောင်မှုတွေဟာ ကိန်းဝပ်မနေဘူးလား? ကိန်းဝပ်နေပြီ။ ဒါကြောင့် အေးမြတဲ့ ရေကြည်ရေအေး ဒီအချိန်မှာ အလွန် လိုအပ်နေပြီ။ ဒါကြောင့် ရေကြည်ရေအေးတွေ သောက်သုံးကြပါစေ, စိမ်းလန်းစိုပြည်တဲ့ မြက်သစ်ရွက်တွေကို စားသုံးကြပါစေ, အေးမြတဲ့ လေပြည်လေညှင်းလေးဟာလဲ ထိုသတ္တဝါတွေအပေါ် တိုက်ခတ်နေပါစေ ဆိုပြီးတော့ ဒီစိတ်ထားတွေ ပြောင်းသွားတယ်။ ပြောင်းသွားလိုက်တဲ့ အခါကျတော့ အဲဒီအတိုင်း အမိန့်ပေးလိုက်တဲ့ အချိန်အခါမှာ မူးကြီးမတ်ရာတွေကလည်း ရှင်ဘုရင် အမိန့်ပေးတဲ့အတိုင်းပဲ ပြုလုပ်ပေးကြပါတယ်။ အဲဒီ အချိန်ခါကျတော့ ဗာရာဏသီဘုရင်မင်းမြတ်က စဉ်းစားပြီ -

တတော ရာဇာ ‘‘ကလျာဏမိတ္တာနံ ဝစနေနေဝ ပါပကမ္မတော မုတ္တောမှီ’’တိ တတ္ထေဝ နိသိန္နော ဝိပဿိတွာ ပစ္စေကသမ္ဗောဓိံ သစ္ဆာကာသိ။

တတော ရာဇာ၊ ထိုဗာရာဏသီမင်းမြတ်သည်။ ကလျာဏမိတ္တာနံ၊ မိတ်ကောင်းဆွေကောင်း ဆရာကောင်းသမားကောင်းတို့၏။ ဝစနေနေဝ၊ စကားတို့ကို နာယူခြင်းဖြင့်သာလျှင်။ ပါပကမ္မတော၊ မကောင်းမှု အကုသိုလ်ကံမှ။ မုတ္တော၊ လွတ်မြောက်ခဲ့ရသည်။ အမှိ၊ ဖြစ်ရလေပြီ။

မိတ်ကောင်းဆွေကောင်း, ဆရာကောင်းသမားကောင်းဟု ခေါ်ဆိုအပ်တဲ့ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်တို့၏ စကားတော်ကို လိုက်နာပြုကျင့်ခြင်းတည်းဟူသော အကြောင်းကြောင့် ငါသည် မကောင်းမှု အကုသိုလ်မှ လွတ်မြောက်ခဲ့ရပြီဆိုပြီးတော့ ဝမ်းသာသွားတယ်။ အဲဒီ ဝမ်းသာတဲ့ စိတ်ထားတွေက ဘာတွေကို အခြေခံပြီး ဖြစ်ပေါ်လာလဲ ပြန်ပြီး ဆန်းစစ်လိုက်တဲ့ အချိန်ခါမှာ မေတ္တာဈာန်ကိုလည်း အခြေခံထားတယ်, ကရုဏာဈာန်တွေကိုလည်း အခြေခံထားတယ်, မုဒိတာဈာန်တွေကိုလည်း အခြေခံထားတယ်, ဥပက္ခာဈာန်တွေကိုလည်း အခြေခံထားတယ်။ အခြေခံပြီးတော့ ဒီဈာန်တွေကို ဝိပဿနာရဲ့ အခြေပါဒကအဖြစ်နဲ့ ထူထောင်ပြီးတဲ့ အချိန်အခါမှာ ဘာလုပ်လဲ?

တတ္ထေဝ၊ ထိုနေရာ၌ပင်လျှင်။ နိသိန္နော၊ ထိုင်လျက်။ ဝိပဿိတွာ၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူခဲ့သည်ရှိသော်။ ပစ္စေကသမ္ဗောဓိံ၊ ပစ္စေကဗောဓိဉာဏ်တော်မြတ်ကို။ သစ္ဆာကာသိ၊ မျက်မှောက်ပြုတော်မူခဲ့လေပြီ။

ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတယ်။ ဘယ်လိုလုပ် စီးဖြန်းသလဲ? အဲဒီ သမာဓိမှ ထ, သမာဓိထူထောင်ပြီးတဲ့ အချိန်အခါမှာ သမာဓိမှထပြီး ရုပ်တွေ နာမ်တွေ သိမ်းဆည်းတယ်, အကြောင်းတရား အကျိုးတရားတွေ ရှာဖွေတယ်, အကြောင်းတရားတွေနဲ့တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုတယ်။ ရှုလိုက်တဲ့ အချိန်ခါမှာ ဘယ်လောက်ထိ ရှုရသလဲမေးရင်တော့ ပစ္စေကဗုဒ္ဓါ ဘုရားရှင်တို့ကတော့ မိမိသန္တာန်မှာရှိတဲ့ ရုပ်နာမ် ပရမတ္ထဓာတ်သား မှန်ရင် အားလုံး အကြွင်းအကျန်မရှိ ကုန်စင်အောင် ရှုရတယ်။ နားလည်တဲ့ ပုဂ္ဂိုလ်လည်း ရှိချင်ရှိမယ်၊ နားမလည်တဲ့ ပုဂ္ဂိုလ်လည်း ရှိချင်ရှိမယ်။ နည်းနည်း ထပ်ပြောမယ်။ အခု ယောဂီတွေ တကယ်လက်တွေ့ မိမိကိုယ်မှာ ဝိပဿနာပိုင်းရောက်တဲ့ ယောဂီတွေ ဆိုကြပါစို့ ...

မိမိကိုယ်ကို ဓာတ်ကြီး ၄ ပါး စိုက်ပြီး ရှုလိုက်တယ်။ ရှုလိုက်တဲ့ အချိန်ခါမှာ မိမိခန္ဓာအိမ်မှာ ရုပ်ကလာပ်လို့ ခေါ်ဆိုအပ်တဲ့ အမှုန်လေးတွေ ဘယ်လောက် ရှိမလဲ? တစ်ချိန်မှာ ပြိုင်တူဖြစ်နေတဲ့ ရုပ်ကလာပ်အမှုန်လေးတွေကို ဉာဏ်နဲ့ ခြင်တွယ်လို့ ရစကောင်းလို့သာ အကယ်၍ ခြင်တွယ်ကြည့်မယ်ဆိုရင် ၁ စိတ်သားခန့်လောက် ရှိမယ်လို့ ဒီလို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာမှာ ဖွင့်ဆိုထားပါတယ်။ အဲဒီ ကလာပ်မှုန်တိုင်း အမှုန်တိုင်းမှာ ပထဝီ အာပေါ တေဇော ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါး မပါဘူးလား? ပါတယ်။ အဆင်း အနံ့ အရသာ ဩဇာဆိုတဲ့ ဥပါဒါန်ရုပ် ၄ မျိုးလည်း ပါတယ်။ တချို့ကျတော့ ဇီဝိတပါမယ် ကိုးခုရှိမယ်။ တချို့က စက္ခုအကြည်ဓာတ်ကဲ့သို့ အကြည်ရုပ်တွေ ပါမယ်, ဘာဝရုပ်ကဲ့သို့ ရုပ်တွေလည်း ပါချင်ပါမယ်။ စက္ခုအကြည်ရှိမယ်။ အဲဒီလို ၈ မျိုး, ၉ မျိုး, ၁၀ မျိုး အစရှိတဲ့ ရုပ်တရားတွေ စုပုံနေကြတဲ့ အပေါင်းအစုကို ကလာပ်လို့ ခေါ်တယ်။ အဲဒီ ကလာပ်အမှုန်တိုင်း အမှုန်တိုင်းမှာရှိတဲ့ ဓာတ်ကြီး ၄ ပါးတွေကို ဒီနေ့ ယောဂီတွေ ကုန်စင်အောင် ရှုနိုင်သလား? မရှုနိုင်ဘူး။ ရှုလိုက်နိုင်တာက နည်းနည်းရယ်, မရှုလိုက်နိုင်တာက တော်တော် ခပ်များများ ဖြစ်တယ်။

သို့သော် ပစ္စေကဗုဒ္ဓါ ဘုရားရှင်တို့ကတော့ အဲဒီ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းမှာ တည်ရှိနေတဲ့ ရုပ်တရားအားလုံးကို ကုန်စင်အောင် ရှုတော်မူတယ်။ အဲဒီ အဇ္ဈတ္တ, ဗဟိဒ္ဓ ကျပြန်တော့လည်း ဇမ္ဗူဒီပါ လကျ်ာတောင်ကျွန်းအတွင်းမှာ တည်ရှိနေတဲ့ သတ္တဝါသင်္ခါရ။ သင်္ခါရဆိုတာကတော့ သက်မဲ့လောကကို ပြောတယ်။ သတ္တဝါဆိုတာက သက်ရှိသတ္တဝါ အားလုံးပဲ။ အဲဒီ သတ္တဝါသင်္ခါရလို့ ခေါ်ဆိုအပ်တဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားအားလုံးကို တစ်ခုမကျန် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရှုပွားသုံးသပ်တော်မူတယ်တဲ့။ နောက်တစ်နည်းကတော့ -

ဇမ္ဗူဒိပ်ကျွန်းလို့ မပြောဘဲနဲ့ တချို့ကျတော့လည်း မဇ္ဈိမဒေသ, မဇ္ဈိမတိုက်နယ်အတွင်းမှာ တည်ရှိတဲ့ သင်္ခါရတရား, သက်မဲ့ရုပ်တရားမှန်သမျှ အားလုံး ရှုတယ်။ မဇ္ဈိမဒေသ, မဇ္ဈိမတိုက်နယ်အတွင်းမှာ တည်ရှိနေတဲ့ သက်ရှိသင်္ခါရတရားအားလုံးကိုလည်း အကြွင်းအကျန်မရှိ ကုန်စင်အောင် ရှုပွားသုံးသပ်တော်မူတယ်တဲ့နော်။ ဒါက ပစ္စေကဗုဒ္ဓါ ဘုရားရှင်တို့ရဲ့ ဝိပဿနာ အရှုခံအာရုံဖြစ်တယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ကျတော့ မိမိ အဇ္ဈတ္တသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်တရား နာမ်တရားတွေကိုလည်း ကုန်စင်အောင် ရှုတယ်, စကြဝဠာ ကုဋေ ၁ သိန်းအတွင်းမှာ တည်ရှိနေတဲ့ ရုပ်နာမ် ပရမတ္ထဓာတ်သားမှန်ရင် ပရမာအနုမြူခန့် အမှုန်လေးကိုသော်လည်း မချန်ဘဲနဲ့ ဉာဏ်တော်မြတ်ဖြင့် အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး မရှုပွား မသုံးသပ်လိုက်မိတဲ့ ဉာဏ်တော်မြတ်ဖြင့် အနိစ္စ, ဒုက္ခ, အနတ္တဟု မျက်မှောက် မပြုလိုက်မိတဲ့ ပရမတ္ထဓာတ်သားရယ်လို့ တစ်ခုမှ မရှိဘူးတဲ့။ စကြဝဠာ ကုဋေ ၁ သိန်းအတွင်းမှာ တည်ရှိနေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားမှန်သမျှ အားလုံးကို ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူတယ်။ သာဝကတွေကျတော့ -

ပစ္စေကဗုဒ္ဓါနံ သသန္တာနဂတေဟိ သဒ္ဓိံ မဇ္ဈိမဒေသဝါသိ သတ္တသန္တာနဂတာ အနိန္ဒြိယဗဒ္ဓါ စ သမ္မသနစာရာတိ ဝဒန္တိ၊ ဇမ္ဗုဒီပဝါသိ သတ္တသန္တာနဂတာတိ ကေစိ။ ဓမ္မသေနာပတိနောပိ ယထာဝုတ္တသာဝကာနံ ဝိပဿနာဘူမိယေဝ သမ္မသနစာရော။

သသန္တာနာဂတေ သဗ္ဗဓမ္မေ၊ မိမိသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်ပရမတ္ထ ဓာတ်သား အမျိုးအစားအားလုံး ရှုတယ်။ အရေအတွက် မဟုတ်ဘူးနော်။ အမျိုးအစား။ သူတစ်ပါးသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်နာမ်ပရမတ္ထ ဓာတ်သားကျတော့ ဗဟိဒ္ဓချင်းတူညီလို့ သာမန်ပေါင်းစု ခြုံငုံပြီးတော့ ရှုတယ်။ တစ်ယောက်စီ တစ်ယောက်စီ လိုက်ပြီး ဘယ်တော့မှ မရှုနိုင်ဘူး။ အဲဒီလို ဝိပဿနာ သမ္မသနစာရခေတ်လို့ ခေါ်ဆိုအပ်တဲ့ ခေတ်က ၃ မျိုးပဲ ရှိပါတယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားအလောင်းတော်များ ရှုပွားသုံးသပ်ရတဲ့ ဝိပဿနာစာရခေတ်က ၁ ခု၊ ဗောဓိသတ္တအမည်ရတဲ့ ပစ္စေကဗုဒ္ဓါ ဘုရားအလောင်းတော်များ ဝိပဿနာ ရှုပွားသုံးသပ်ရတဲ့ ဝိပဿနာ သမ္မသနစာရခေတ်က ၁ ခု၊ သာဝကအားလုံးတို့ ဝိပဿနာ ရှုပွားသုံးသပ်ရမည့် သမ္မသနစာရခေတ်က ၁ ခု ဆိုပြီးတော့ သမ္မသနစာရခေတ် ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံနယ်မြေ ဘယ်နှစ်မျိုး ရှိသလဲ? ၃ မျိုးရှိတယ်။ ခု ဒီနေရာမှာ -

###ပစ္စေကဗုဒ္ဓါအလောင်းတော် ဗာရာဏသီမင်းကြီး ဝိပဿနာရှုခြင်း

ပစ္စေကဗုဒ္ဓါ အလောင်းတော်ဖြစ်တဲ့ ဗာရာဏသီ ဘုရင်မင်းမြတ်ကလည်း ဘာလုပ်လဲ? အဲဒီမှာ ထိုင်ပြီးတော့ တစ်ထိုင်အတွင်းမှာပဲ မိမိသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်နာမ်ပရမတ္ထ ဓာတ်သားအားလုံးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်တော်မူတယ်။ ဇမ္ဗူဒီပါ လကျ်ာတောင်ကျွန်း သို့မဟုတ် မဇ္ဈိမ တိုက်နယ်အတွင်းမှာ တည်ရှိနေတဲ့ သက်ရှိသက်မဲ့ သတ္တဝါသင်္ခါရမှန်သမျှ အားလုံးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူတယ်။

စီးဖြန်းတော်မူလိုက်တဲ့အတွက် ဘာဖြစ်လဲ? ထိုဝိပဿနာဉာဏ်တို့၏ အဆုံး၌ ပစ္စေကသမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်ကြီး ထင်ရှားပေါ်လာတယ်။ ထို ပစ္စေကသမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်ကို မျက်မှောက်ပြုနိုင်တဲ့အဆင့် ရောက်ရှိသွားတယ်။ မဂ်လေးဆင့် ဖိုလ်လေးဆင့် အစဉ်အတိုင်း ကူးသွားတယ် ဆိုကြပါစို့။

အဲဒီအချိန်ခါကျတော့မှ ဗာရာဏသီ ဘုရင်မင်းမြတ်အဖြစ်ကနေ ပြောင်းလဲသွားတဲ့ ပစ္စေကဗုဒ္ဓါ ဘုရားရှင်ကလည်း ထိုနေရာမှာ ထိုင်လျက်ပင် ဆက်လက်ပြီးတော့ ဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းပြီး ဆက်လက် ကြိုးစားအားထုတ်နေပါတယ်။ ကြိုးစားအားထုတ်နေလိုက်တဲ့ အချိန်ခါကျတော့ အမတ်တွေက ဘာလျှောက်ထားသလဲ?

အမစ္စေဟိ စ ဘောဇနဝေလာယံ ‘‘ဘုဉ္ဇ, မဟာရာဇ, ကာလော’’တိ ဝုတ္တေ

အမတ်တွေက လျှောက်ထားပြီ။ ပွဲတော်တည်ဖို့ရန် အချိန်ခါကျတော့

မဟာရာဇာ၊ မြတ်သောမင်းကြီး။ ဘုံဇာ၊ သုံးဆောင်တော်မူပါ။ ကာလော၊ ဘုဉ်းပေးသုံးဆောင်ရန် အချိန်ကာလ တန်ပါပြီ။

အရှင်မင်းမြတ် ... ပွဲတော်အုပ်တည်တော်မူပါ။ ပွဲတော်အုပ် စားသုံးဖို့ရန်အတွက် အချိန်တန်ပါပြီ။ အဲဒီလို လျှောက်ထားကြတယ်။ အဲဒီလို လျှောက်ထားတဲ့ အချိန်ခါကျတော့ -

နောင် "ငါဟာ ရှင်ဘုရင် မဟုတ်တော့ဘူး" ဆိုပြီးတော့ ပြန်ပြောတယ်။ "ရှင်ဘုရင် မဟုတ်ဘူးဆိုရင် ဘာလဲ" လို့ မေးလိုက်တဲ့ အချိန်ခါမှာ "ငါဟာ ပစ္စေကဗုဒ္ဓါ ဘုရားရှင် ဖြစ်သွားပြီ။ ပစ္စေကဗုဒ္ဓါ ဘုရားရှင်ဆိုတာ အရှင်မင်းမြတ်တို့ကဲ့သို့ ပုဂ္ဂိုလ်မျိုး မဟုတ်ပါဘူး။ ပစ္စေကဗုဒ္ဓါ ဘုရားရှင်ဆိုတာ သပိတ်, ပရိက္ခရာ ဆင်မြန်းပြီးတဲ့ ဆံ, မုတ်ဆိတ်တို့ကို ပယ်ထားပြီးတဲ့ သူတော်ကောင်းတွေသာ ဖြစ်ကြပါတယ်" စသည်ဖြင့် လျှောက်ထားလိုက်တဲ့ အခါကျတော့မှ အဲဒီမှာ လကျ်ာလက်ကို ဆန့်တန်းပြီး မိမိရဲ့ဆံပင်ကို သုံးသပ်လိုက်တဲ့ အချိန်ခါမှာ ဆံပင်ဟာ လက် ၂-သစ် အတိုင်းအရှည်သာ ရှိပြီးတော့ အားလုံး ပရိက္ခရာရှစ်ပါး ဆင်မြန်းပြီးတဲ့ ဝါ ၆၀ ရပြီး မထေရ်ကြီးကဲ့သို့ ပရိက္ခရာတွေအားလုံး ဆင်မြန်းပြီးအသင့် ဖြစ်သွားတယ်နော်။

အဲဒီလို အသင့်ဖြစ်သွားပြီးတဲ့ အချိန်ခါကျတော့ မိမိရရှိတဲ့ ဘဝကို နှစ်သက်မြတ်နိုးလွန်းလို့ ဒီဂါထာလေး ၁-ခု ဟောတယ်။ ဥဒါန်းကျူးပေးတယ်။

###ပစ္စေကဗုဒ္ဓါအလောင်းတော် ကျူးရင့်သောဂါထာ

‘‘စာတုဒ္ဒိသော အပ္ပဋိဃော စ ဟောတိ, သန္တုဿမာနော ဣတရီတရေန၊ ပရိဿယာနံ သဟိတာ အဆမ္ဘီ, ဧကော စရေ ခဂ္ဂဝိသာဏကပ္ပေါ’’။

စာတုဒ္ဒိသော၊ အရပ်လေးမျက်နှာ၌ ချမ်းသာစွာ နေထိုင်ခြင်း ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏၊ (တစ်နည်း)

စာတုဒ္ဒိသော၊ အရပ်လေးမျက်နှာ၌ တည်ရှိသော သတ္တဝါအားလုံးတို့အပေါ်၌ ဖြန့်ကျက်၍ ထားအပ်သော။ ဗြဟ္မစိုရ် = ဗြဟ္မဝိဟာရတရား ဘာဝနာလေးပါး ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ အပ္ပဋိဃော စ၊ သတ္တဝါအားလုံးတို့အပေါ်၌ ထိပါးပုတ်ခတ် စော်ကားလိုသော စိတ်ထားမရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဣတရီတရေန၊ ရရသမျှသော ပစ္စည်းလေးပါးဖြင့်။ သန္တုဿမာနော၊ ရောင့်ရဲလွယ်သော စိတ်ထားရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ပရိဿယာနံ၊ ဘေးရန်ခပ်သိမ်းတို့ကို။ သဟိတာ၊ သည်းခံနိုင်သော စိတ်ထားရှိသည်။ အဆမ္ဘီ၊ ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်သည်။ ခဂ္ဂဝိသာဏကပ္ပေါ၊ ကြံ့ချိုနှင့် ပမာတူစွာ။ ဧကော၊ အဖော်မမှီး တစ်ယောက်တည်းတည်း။ စရေ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေရာသာတည်း။

###သန္တုဋ္ဌိမင်္ဂလာ တရားတော်

ဆိုပြီး ဒီဂါထာလေး ကျူးရင့်တယ်။ အဲဒီနေရာမှာ ပြောချင်တာက သန္တုဋ္ဌိမင်္ဂလာအကြောင်း ဖြစ်ပါတယ်။ သန္တုဋ္ဌိမင်္ဂလာ ဆိုတာက ဘုရားအစရှိသော အရိယာသူတော်ကောင်း ပစ္စေကဗုဒ္ဓါ ဘုရားအလောင်း သူတော်ကောင်းတို့ အားလုံး လိုက်နာပြုကျင့်တဲ့ တရား ၁-ခု ဖြစ်တယ်။ ရရသမျှနှင့် ကျေနပ်တဲ့ စိတ်ထားရှိရတယ်။ ရတဲ့ပစ္စည်း ၄-ပါးနဲ့ ကျေနပ်ရတယ်။ ရတာထက် ပိုပြီးတော့ တောင့်တနေခဲ့ရင် တောင့်တတဲ့အတွက်ကြောင့် ရှာမှု, ဖွေမှု, ပြုစုပျိုးထောင်မှု, ပြုပြင်မှု, ဖန်တီးမှု စသည်ဖြင့် ဒုက္ခတွေ မများဘူးလား? များနေတယ်။ မနေ့ညက ပြောခဲ့သလိုပဲ? ခြေဖဝါး ၁-ခုကို လုံအောင် သားရေလေးနဲ့ ဖုံးအုပ်ထားရင် မြေပြင် ၁-ခုလုံး သားရေနဲ့ ဖုံးအုပ်ထားပြီး ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ ဒါကြောင့် -

အရောဂျပရမာ လာဘာ၊ သန္တုဋ္ဌိပရမံ ဓနံ။

ဝိဿာသပရမာ ဉာတိ၊ နိဗ္ဗာနပရမံ သုခံ။

ဘုရားဟောထားတယ် ... လာဘ်ဟူသမျှတို့တွင် အာရောဂျ၊ အနာရောဂါ ကင်းခြင်းသည် အသာဆုံး အမြတ်ဆုံးသော လာဘံ၊ လာဘ်ကြီး ၁-ခုပဲ။ ဟုတ်သလား, မဟုတ်ဘူးလား? မကျန်းမာတဲ့ ပုဂ္ဂိုလ်တစ်ယောက်နော်။ မကျန်းမာတဲ့ ပုဂ္ဂိုလ်တစ်ယောက် သူ့မှာ ချမ်းသာသုခ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။

ဘာတွေ မကျန်းမာတာလဲ? ကိုယ် မကျန်းမာမှု ဆိုတာကတော့ နားလည်ကြပါတယ်။ စိတ် မကျန်းမာမှု ဆိုတာက ဘာပြောတာလဲ? ဟင် ... ဟိုနောက်က သီလရှင်တွေက ပိုနားလည်ကြမယ် ထင်တယ်။ ဘယ့်နှယ်လဲ နားလည်ကြလား? တစ်ယောက်မှလည်း မဖြေဘူး။ ဘုန်းကြီးကတော့ နားလည်တယ်လို့ပဲ မှတ်ချက်ချလိုက်ပါတယ်။ ဘာဖြစ်လို့လဲ? စိတ်မကျန်းမာလို့ ကိုယ်လည်း မကျန်းမာဘူး။ ချမ်းသာသုခ ရနိုင်ပါ့မလား? မရနိုင်ဘူး။

နောက်တစ်ခု - သန္တုဋ္ဌိ ပရမံ ဓနံ

သန္တုဋ္ဌိ၊ ကျေနပ်ရောင့်ရဲခြင်း သန္တုဋ္ဌိတရားသည်။ ပရမံ ဓနံ၊ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ စည်းစိမ်ဥစ္စာပါပေတည်း။

ကျေနပ်ရောင့်ရဲခြင်းဆိုတဲ့ ဒီစိတ်ထားသည် အသာဆုံး အမြတ်ဆုံး စည်းစိမ်ဥစ္စာပဲ။ ဘာနဲ့ပဲ ဖြစ်ဖြစ် ကျေနပ်နေပြီ ဆိုလို့ရှိရင် မိမိက ချမ်းသာမနေဘူးလား? ချမ်းသာနေပြီ။ ရရသမျှဖြင့် ကျေနပ်နိုင်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်ဟာ အားလုံး ချမ်းသာနေတာပဲ။ ရရသမျှနဲ့ မကျေနပ်နိုင်ဘူးဆိုရင် ဘာဖြစ်သလဲ?

ဦနော လောကော အတိတ္တောယေဝ၊ လောကကြီးဟာ အမြဲတမ်း လိုနေတယ်။ ရောင့်ရဲတယ်လို့ မရှိဘူး။

###အကိတ္တိရှင်ရသေ့၏ ဆုတောင်းဂါထာ

‘‘ဝရဉ္စေ မေ အဒါ သက္က၊ သဗ္ဗဘူတာနမိဿရ။

ယေန ပုတ္တေ စ ဒါရေ စ၊ ဓနဓညံ ပိယာနိ စ။

လဒ္ဓါ နရာ န တပ္ပန္တိ၊ သော လောဘော န မယီ ဝသေ’’။

ဘာပြောတာလဲ? အကိတ္တိရှင်ရသေ့က သိကြားမင်းကြီးကို တရားဟောတဲ့အနေနဲ့ တောင်းတဲ့ဆုကလေးပါ။

သက္က၊ စတုမဟာရာဇ် တာဝတိံသာဟု ခေါ်ဆိုအပ်သော နတ်ရွာနှစ်ရွာကို အစိုးရပေသော အို ... ဒကာတော်သိကြား။ မေ၊ အကျွန်ုပ် အကိတ္တိရှင်ရသေ့အား။ ဝရံ၊ ဆုထူးဆုမြတ်ကို။ စေ အဒါ၊ အကယ်၍ ပေးသနားလိုခဲ့သည်ဖြစ်အံ့။ ယေန၊ အကြင်လောဘတရားကြောင့်။ ပုတ္တေ စ၊ သားသမီးတို့ကိုလည်းကောင်း။ ဒါရေ စ၊ သားမယားတို့ကိုလည်းကောင်း။ ဓနဓညံ စ၊ စည်းစိမ်ဥစ္စာ စပါး, ဆန်, ရေကိုလည်းကောင်း။ ပိယာနိ စ၊ ချစ်မြတ်နိုးအပ်တဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကိုလည်းကောင်း။ လဒ္ဓါ၊ ရှာဖွေသဖြင့် ရရှိခဲ့သည်ရှိသော်။ နရာ၊ လူသားတို့သည်။ န တပ္ပန္တိ၊ ဘယ်တော့မှ မရောင့်ရဲနိုင်ကြလေကုန်။ ယော လောဘော၊ ထိုကဲ့သို့ မရောင့်ရဲနိုင်တဲ့ လောဘတရားမျိုးသည်။ မယီ၊ အကျွန်ုပ် အကိတ္တိရှင်ရသေ့၏ သန္တာန်၌။ န ဝသေ၊ မဖြစ်ရပါလို၏၊

ဒီဆုကို တောင်းတယ်နော်။ လိုလားတောင့်တတဲ့ လောဘတစ်ခုကို အခြေခံပြီးတော့ သားတွေကို ရှာဖွေတယ်, မယားတွေကို ရှာဖွေတယ်, စပါး ဆန် ရေတွေကို ရှာဖွေတယ်, ချစ်ခင်မြတ်နိုးဖွယ်ရာဖြစ်တဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေကို ရှာဖွေတယ်။ အဲဒီလို ရှာဖွေသဖြင့် ဒီ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေ ရရှိတဲ့အချိန်အခါမှာ လူသားတွေဟာ ဘယ်တော့မှ နှစ်သက်ကျေနပ်ရောင့်ရဲမှု မဖြစ်ကြပါဘူး။

ဒါကြောင့် "ဒီကဲ့သို့ မကျေနပ်နိုင်တဲ့ လောဘတရားမျိုးတွေ အကျွန်ုပ် အကိတ္တိရှင်ရသေ့၏သန္တာန်၌ မဖြစ်ရပါလို၏" ဆိုပြီးတော့ သိကြားမင်းထံမှာ လိုတဲ့ဆု တောင်းပါဆိုတဲ့အခါ အကိတ္တိရှင်ရသေ့က ဒီဆုတောင်းလိုက်တယ်။ ဘယ့်နှယ်တုံး အဲဒီဆုတောင်းဟာ မှန်သလား, မှားသလား? မှန်နေတယ်။

"ရလေ လိုလေ အိုတစ္ဆေ" ဆိုတဲ့အတိုင်းပဲ။ ကျေနပ်ရောင့်ရဲမှုဆိုတာ ရှိနိုင်သလား? မရှိနိုင်ဘူး။ လက်တွေ့ရှာဖွေနေတဲ့ ပုဂ္ဂိုလ်တွေ သဘောပေါက်တယ်။ ဒါကြောင့် သန္တုဋ္ဌိတရား ထင်ရှားရှိခြင်း, ကျေနပ်မှု ရှိခြင်းကိုပဲ အမြတ်ဆုံး စည်းစိမ်ဥစ္စာအဖြစ်နဲ့ မြတ်စွာဘုရား ဟောတယ်။

အလားတူပဲ ... ဝိဿာသပရမာ ညာတိ၊ ခင်ရာ ဆွေမျိုးပဲ။ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မိမိတို့ ချစ်ခင်မြတ်နိုးလာပြီဆိုရင် ဒီပုဂ္ဂိုလ်သည် မိမိအတွက် ဆွေမျိုးပဲ။ နိဗ္ဗာနပရမံ သုခံ၊ ချမ်းသာဟူသမျှတို့တွင် နိဗ္ဗာန်ချမ်းသာသည် အသာဆုံး အမြတ်ဆုံး ချမ်းသာသုခကြီးဖြစ်တယ်ဆိုပြီး မြတ်စွာဘုရား ဒီလို ဟောထားတယ်။

ထုလ္လနန္ဒာဘိက္ခူနီမနှင့် ကြက်သွန်ဖြူဝတ္ထု

ဒီတော့ မိမိတို့က ကျေနပ်မှု မရှိဘူး, ရောင့်ရဲနိုင်တဲ့ စိတ်ဓာတ်မရှိဘူး, ရရသမျှနဲ့ မကျေနပ်ဘူး ဆိုလို့ရှိရင် ဘာဖြစ်တတ်သလဲ? ဇာတ်တော်လေးတစ်ခု ရှိပါတယ်။ နာမည်ကျော်ဖြစ်တဲ့ မယ်မင်းကြီးမကို အကြောင်းပြုပြီး ဟောထားတဲ့ ဇာတ်တော်လေးပါပဲ။ ဘယ်သူလဲ မယ်မင်းကြီးမက ဟင် ... ထုလ္လနန္ဒာ ဘိက္ခူနီမတဲ့။

သာသနာတော်မှာ သူက တော်တော်လေးကို ပစ္စည်း ၄-ပါးနဲ့ ပတ်သက်လာရင် လျှပ်ပေါ်လောလီတဲ့ အမျိုးသမီးတစ်ဦးအဖြစ် မှတ်ချက်အချ ခံထားရပါတယ်။ အဲဒီ ပစ္စည်း ၄-ပါးနဲ့ လျှပ်ပေါ်လော်လီနေတဲ့ ဒီစိတ်ထားက ဘယ်တုန်းက ပေါ်ခဲ့သလဲ? သံသရာအဆက်ဆက်မှာ သူက တော်တော်ခပ်များများလေး ကပ်ပြီး ပါလာခဲ့တယ်။ ပါလာခဲ့တဲ့ အခါကျတော့ သာသနာဘောင်ရောက်ပြီး ရှင်ရဟန်းပြုတာ မှန်တယ်။ ရှင်ရဟန်းလည်း ဖြစ်တယ်။ ဘိက္ခူနီမလည်း ဖြစ်တယ်။

ဒါပေမဲ့ အတိတ် သံသရာအဆက်ဆက်မှာ ပစ္စည်း ၄-ပါးနဲ့ ပတ်သက်ပြီး လျှပ်ပေါ်လော်လီတဲ့စိတ်ဓာတ်ကို မွေးမြူခဲ့တဲ့အတွက် အဲဒီ စိတ်ဓာတ်တွေက အလွန်အားကောင်းနေတယ်။ ဒီစိတ်ဓာတ်တွေ ခြံရံပြီး ကံတွေကို ထူထောင်ခဲ့တဲ့အတွက် ဒီကံတွေက အကျိုးပေးလာတဲ့ အခုလို ဘဝရောက်တဲ့အခါမှာ ကျေနပ်မှုဆိုတာ သူ မဖြစ်ဘူး။

ကျေနပ်မှု မဖြစ်ဘူး ဆိုတာတော့ ဒီသာသနာတော်တွင်း သူ့ကို အကြောင်းပြုပြီး ပညတ်ထားတဲ့ သိက္ခာပုဒ်လေး ၁-ခု နမူနာ ထောက်ပြတယ်။ ကြက်သွန်ဖြူကိစ္စပေါ့နော်။

ဥပါသကာ ဒါယကာတစ်ဦးကလည်း သဒ္ဓါတရား ဖြစ်လွန်းတော့ "ကြက်သွန်ဖြူ အလိုရှိခဲ့ရင် သူ့ရဲ့ ကြက်သွန်ဖြူအခင်း စိုက်ခင်းထဲလာပြီး အလှူခံပါ" ဆိုပြီးတော့ ပြောထားတယ်။ အိမ်မှာလည်း အလှူခံ ဖိတ်ကြားထားတယ်။ အိမ်သွား အလှူခံတဲ့အခါကျတော့ အဲဒီနေ့ ပွဲလမ်းသဘင်နဲ့ ဆုံရော။ အရောင်းအဝယ်ကလည်း လက်သွက်တဲ့အချိန် ဖြစ်နေတော့ အိမ်မှာမရှိတော့ ကဲ ... ကြက်သွန်စိုက်ခင်းထဲမှာ သွားပြီး အလှူခံဖို့အတွက် လျှောက်ထားလိုက်တယ်။

လျှောက်ထားတဲ့ အချိန်ကျတော့ ကြက်သွန်စိုက်ခင်းထဲ သွားပြီး အလှူခံလိုက်တော့ ဘယ်လောက် အလှူခံလိုက်သလဲ? နားလည်ကြတယ် ထင်ပါတယ်။ အကြီးအကျယ် အလှူခံလာလိုက်တော့ တစ်ပွေ့တစ်ပိုက်ကြီးပဲ။ တစ်ပွေ့တစ်ပိုက်ကြီး အလှူခံလာတဲ့အခါ ဒကာကြီးက သဒ္ဓါတရားပျက်ပြီး ပြဿနာတွေဖြစ်ရော။

ဖြစ်လိုက်တဲ့ အချိန်ကျတော့ ဒီပြဿနာက ဘုရားရှင်ထံ ရောက်တဲ့အခါကျတော့မှ အဲဒီမှာ မြတ်စွာဘုရားရှင်က ဒီကြက်သွန်ဖြူ အလှူခံမှုနဲ့ ပတ်သက်ပြီးတော့ ရဟန်းတော်များကို လသုနသိက္ခာပုဒ်ဆိုပြီး သိက္ခာပုဒ် ၁-ခု ပညတ်တော်မူရပါတယ်။

အဲဒီ ပညတ်တော်မူတဲ့ နောက်ဆက်တွဲအနေနဲ့ မြတ်စွာဘုရားက ဒီထုလ္လနန္ဒာဟာ ခုဘဝမှာတင် ဒီလို လောဘကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တာ မဟုတ်သေးဘူး။ အတိတ်ဘဝကလည်း အတိတ်သံသရာ အဆက်ဆက်ကလည်း ဒီလိုပဲ လောဘဓာတ်တွေကို မွေးမြူခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်ဆိုပြီး အဲဒီ သုဝဏ္ဏဟံသဇာတ်ဆိုတဲ့ ဇာတ်တော်လေး ၁-ခု ဟောပေးပါတယ်။ အဲဒီ ဇာတ်တော်လေးက အားလုံး ကြားဖူးလိမ့်မယ်။

ဘသားချောကြီး ပုဏ္ဏားကြီးရဲ့ ဇနီးမောင်နှံတွေပေါ့နော်။ သမီး ၃-ယောက် ကျန်ခဲ့တယ်။ ပုဏ္ဏားကြီး ကွယ်လွန်သွားတယ်။ ကွယ်လွန်သွားတဲ့ အချိန်ခါမှာလည်း ဘသားချောကြီးက ရွှေဟင်္သာ ဖြစ်သွားတဲ့ အချိန်ခါကျတော့ လူ့ဘဝက ထားရှိခဲ့တဲ့ ဒီအိမ်ရှင်မနဲ့ သားသမီးတွေအပေါ်၌ သံယောဇဉ် မပြတ်နိုင်ဘူး။ မပြတ်နိုင်တဲ့အခါကျတော့ တစ်နေ့ကို ရွှေအတောင်လေးတစ်ခု လာလာပေးတယ်။ အဲဒီ ရွှေအတောင် ၁-ခုစီ တစ်နေ့တစ်နေ့ ရလိုက်တဲ့ အချိန်ခါကျတော့ ဒီသားအမိတွေလည်း စားဝတ်နေရေး တော်တော်လေး ချောင်လည်လာတယ်။ ချောင်လည်လာပြီ ဆိုလို့ရှိရင်တော့ ကျေနပ်ဖို့ မကောင်းဘူးလား? ဘယ့်နှယ်တုံး ဒကာမကြီးတွေကော ပြောကြစမ်းပါဦး? ချောင်လည်လာပြီဆိုရင် နည်းနည်းလေးတော့ ကျေနပ်ဖို့ မကောင်းဘူးလား? ကောင်းပါတယ်။ ဒါပေမဲ့ ဒီမယ်မင်းကြီးမက မကျေနပ်နိုင်ဘူးတဲ့။

ကဲ ... မယ်မင်းကြီးမတွင် မကျေနပ်သလား ဆိုတော့ မဟုတ်သေးဘူး။ သားသမီးတွေလည်း မကျေနပ်ဘူး။ ခက်ပုံကနော် - ဓာတ်တူချင်းမှ ပေါင်းသင်းလို့ ရတယ်။ ဓာတ်တူမှလည်း အသွင်တူမှသာ အိမ်သူဖြစ်တယ်-ဆိုတဲ့အတိုင်းပဲ။ သူက ဓာတ်တူချင်း ပေါင်းသင်းနေထိုင်ကြတာ။ အဲဒါ သားအမိတွေ ကြိတ်ဝိုင်းထိုင်ပြီးတဲ့အခါကျတော့ ရွှေဟင်္သာ လာတဲ့အခါကျ ဆီးဖမ်းလိုက်တယ်။ ဖမ်းပြီးတော့ ရှိနေတဲ့ ရွှေအတောင်တွေ အကုန်လုံး နှုတ်၊ နှုတ်ပြီးတဲ့ အခါကျတော့ ရွှေဟင်္သာကြီး အိုးထဲထည့်၊ အသာအပေါ်ကနေ အဖုံး ဖိထားလိုက်တယ်။ ဖိထားလိုက်တဲ့ အချိန်ခါကျတော့ နောက်ထပ် ဒီရွှေဟင်္သာကနေ ပေါက်လာတဲ့ အမွှေးအတောင်တွေက ရွှေအတောင် မဟုတ်တော့ဘဲနဲ့ အကုန်လုံး ဖြူနေရောတဲ့။ ဒါကြောင့် ဒီဇာတ်တော်လေး အကြောင်းပြုပြီးတော့ ဘုရားရှင်က ဘာပြောသလဲ?

‘‘ယံ လဒ္ဓံ တေန တုဋ္ဌဗ္ဗံ, အတိလောဘော ဟိ ပါပကော၊

ဟံသရာဇံ ဂဟေတွာန, သုဝဏ္ဏာ ပရိဟာယထ’’

ယံ၊ အကြင်ဝတ္ထုကို။ လဒ္ဓံ၊ ရှာဖွေသဖြင့် ရရှိအပ်၏။ တေန၊ ထိုရရှိတဲ့ အရာဝတ္ထုဖြင့်။ တုဋ္ဌဗ္ဗံ၊ နှစ်သက်ကျေနပ်ထိုက်ပေ၏၊

မိမိ ရှာဖွေလို့ ရရှိတာဖြင့် ကျေနပ်သင့်ပါတယ်။ ဘယ့်နှယ်တုံး သီလရှင်တွေ မကျေနပ်သင့်ဘူးလား? ဟင် ... ရှာဖွေလို့ ရရှိတာလေးနဲ့ ကျေနပ်ဖို့ မကောင်းဘူးလား? ဟင် ... နောက်တစ်ခွန်း ထပ်မေးလိုက်တော့ နည်းနည်းလေး တိတ်သွားပြီ။ ဟုတ်တယ်မဟုတ်လား? ဘုန်းကြီး ဘာဖြစ်လို့ မေးနေတယ်ဆိုတာတော့ သိလိမ့်မယ်ထင်တယ်နော်။ မသိကြဘူးလား? သိပါတယ်နော်။

ယံ၊ အကြင်ဝတ္ထုကို။ လဒ္ဓံ၊ ရှာဖွေသဖြင့် ရရှိအပ်၏။ တေန၊ ထိုရှာဖွေသဖြင့် ရရှိအပ်တဲ့ ပစ္စည်းဝတ္ထုဖြင့်။ တုဋ္ဌဗ္ဗံ၊ ကျေနပ်သင့် ကျေနပ်ထိုက်လှပေ၏၊

ရတာလေးနဲ့ ကျေနပ်နေဖို့ သိပ်ကောင်းတယ်တဲ့။ သာသနာတော်မှာ နေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ထားကို ပြောနေတာနော်။

အတိလောဘော ဟိ ပါပကော။ ဟိ၊ အကြောင်းကို ဆိုရသော် ...

အတိလောဘော၊ အလွန် လောဘကြီးတဲ့ ပုဂ္ဂိုလ်သည်ကား။ ပါပကော၊ ယုတ်မာလှပေ၏၊

အလွန် လောဘကြီးတဲ့ပုဂ္ဂိုလ်ဆိုတာ ယုတ်မာတဲ့ပုဂ္ဂိုလ်ပါတဲ့နော်။ “တပည့်တော်တို့ လောဘကြီးတာ မဟုတ်ပါဘူးဘုရား ...” တဲ့။ ဘာတဲ့လဲ? အကြောင်းပြချက်တွေကတော့ ဝေဝေဆာနေတာပဲ။ ဘုန်းကြီးလည်း မပြောတတ်တော့ဘူးနော်။

ဟံသရာဇံ၊ ဟင်္သာမင်းကို။ ဂဟေတွာန၊ ဖမ်းယူ၍။ သုဝဏ္ဏာ၊ ရွှေမှ။ ပရိဟာယထ၊ ဆုတ်ယုတ်ပျက်စီးခဲ့ရလေ၏၊

ရွှေဟင်္သာကို ဖမ်းပြီးတော့ အတောင်တွေ နှုတ်လိုက်တဲ့အတွက် ရွှေမှ ပျက်စီးဆုတ်ယုတ်ပြီး မသွားဘူးလား? သွားပြီ။ ဒါကြောင့် ဘုရားရှင်က ရတာနဲ့ ကျေနပ်ခြင်းကို သန္တုဋ္ဌိမင်္ဂလာဆိုပြီး ဟောထားပါတယ်နော်။ ဒီသန္တုဋ္ဌိမင်္ဂလာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေအဖို့ လူချမ်းသာ, နတ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာဆိုတဲ့ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကြီးကို မရနိုင်ဘူးလား? ရနိုင်တယ်။ သန္တုဋ္ဌိရှိမှ = ကျေနပ်မှုရှိမှ စိတ်အေးချမ်းသာမှု ရှိပါတယ်။ စိတ်အေးချမ်းသာမှုရှိမှ ဒီသီလကျင့်စဉ်တွေကို ဖြူစင်အောင် ကျင့်လို့ရတယ်, ဒီသမာဓိကျင့်စဉ်တွေကို ဖြူဖြူစင်စင် ဖြည့်ကျင့်လို့ရတယ်, ဒီပညာကျင့်စဉ်တွေကို ဖြူဖြူစင်စင် ဖြည့်ကျင့်လို့ရပါတယ်။

အဲဒီလို သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဆိုတဲ့ ဖြူစင်မြင့်မြတ်နေတဲ့ ရေစင်တွေဖြင့် ဆေးကြောမှ မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်နေတဲ့ မစင်မကြယ်တဲ့ ကိလေသာ အညစ်အကြေးတွေကို စင်ကြယ်အောင် ဆေးကြောလို့ ရနိုင်တယ်။ ဆေးကြောမဲ့ရေစင်က မစင်ကြယ်ဘူးဆိုရင် မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်နေတဲ့ ရာဂ, ဒေါသ, မောဟ အစရှိတဲ့ မစင်ကြယ်တဲ့ အညစ်အကြေးတွေကို စင်ကြယ်အောင် ဆေးကြောသုတ်သင်ဖို့ရန် ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဒါကြောင့် ခုနက ဗာရာဏသီ ဘုရင်မင်းမြတ်ကြီး ပြောနေတဲ့ ကြံစည်စိတ်ကူးနေတဲ့ စကားလေး ပြန်နားထောင်ကြည့်စမ်းနော် -

သမဏာ သုဒ္ဓေန အသုဒ္ဓံ ဓောဝန္တိ,

သမဏာ၊ ရဟန်းတို့သည်ကား။ သုဒ္ဓေန၊ စင်ကြယ်တဲ့ရေဖြင့်။ အသုဒ္ဓံ၊ မစင်ကြယ်တဲ့ ကိလေသာအညစ်အကြေးကို။ ဓောဝန္တိ၊ စင်ကြယ်အောင် ဆေးကြောသုတ်သင်ကြလေကုန်၏၊

ဟော ... ဘယ်လောက်ကောင်းလဲ ကြည့်စမ်း? ရဟန်းဆိုတာ, သီလရှင်ဆိုတာ, ယောဂီဆိုတာ ဘာဖြစ်သလဲ? စင်ကြယ်နေတဲ့ ရေဖြင့် မစင်ကြယ်တဲ့ အညစ်အကြေးတွေကို စင်ကြယ်အောင် ဆေးကြောသုတ်သင်ကြတယ်။ မကောင်းဘူးလား ဒီစကားလေး။ သိပ်ကောင်းတယ်။ ဒါ မိမိတို့ လိုက်နာဖို့ သိပ်ကောင်းတဲ့ စကားလေးပါ။

သမဏာ၊ ရဟန်းတို့သည်ကား။ သုဒ္ဓေန၊ စင်ကြယ်သော သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ဟု ခေါ်ဆိုအပ်တဲ့ ရေစင်ရေမြတ်ဖြင့်။ အသုဒ္ဓံ၊ မစင်ကြယ်တဲ့ ကိလေသာအညစ်အကြေးကို။ ဓောဝန္တိ၊ စင်ကြယ်အောင် ဆေးကြောသုတ်သင်ကြလေကုန်၏၊

ဗြာဟ္မဏာ ပန အသုဒ္ဓေန အသုဒ္ဓံ။

ဗြာဟ္မဏာ ပန၊ ပုဏ္ဏားတို့သည်ကား။ အသုဒ္ဓေန၊ မစင်ကြယ်တဲ့ ရေစင်ဖြင့်။ အသုဒ္ဓံ၊ မစင်ကြယ်တဲ့ အရာဝတ္ထုကို။ ဓောဝန္တိ၊ စင်ကြယ်အောင် ဆေးကြောသုတ်သင်၍ နေကြလေကုန်၏၊

ပုဏ္ဏားတွေကျတော့ မစင်ကြယ်တဲ့ရေတွေနဲ့ မစင်ကြယ်တဲ့ အရာဝတ္ထုတွေကို စင်ကြယ်အောင် ဆေးကြောနေကြတယ်။

န စ သက္ကာ အသုဒ္ဓေန အသုဒ္ဓံ ဓောဝိတုံ,

အသုဒ္ဓေန၊ မစင်ကြယ်တဲ့ရေဖြင့်။ အသုဒ္ဓံ၊ မစင်ကြယ်တဲ့ အရာဝတ္ထုကို။ ဓောဝိတုံ၊ စင်ကြယ်အောင် ဆေးကြောသုတ်သင်အပ်သောငှာ။ န စ သက္ကာ၊ မတတ်ကောင်းသည်သာလျှင်တည်း။

မစင်ကြယ်တဲ့ ရေဖြင့် မစင်ကြယ်တဲ့ အရာဝတ္ထုကို စင်ကြယ်အောင် ဆေးကြောသုတ်သင်ဖို့ရန်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးတဲ့။

ပဗ္ဗဇိတာနံ ဧဝ ဝစနံ သစ္စံ’’

ဧဝ၊ စင်စစ်။ ပဗ္ဗဇိတာနံ၊ ရသေ့ရဟန်းတို့၏။ ဝစနံ၊ စကားတော်သည်သာလျှင်။ သစ္စံ၊ မှန်ကန်လှပေ၏၊

ရသေ့ရဟန်း၏ စကားသာ မှန်ပေတယ်လို့ သူက ဒီလို ကြံစည်စိတ်ကူးမိတယ်နော်။ ဒါကြောင့် ဒီညတရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီစကားလေး တစ်ခွန်းလောက်တော့ စွဲစွဲမြဲမြဲလေး မှတ်သားကြပါနော်။ ရဟန်းဆိုတာက ဘာလဲ? စင်ကြယ်နေတဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ရေစင်ရေမြတ်ဖြင့် မစင်ကြယ်တဲ့ မိမိရဲ့သန္တာန်မှာ တည်ရှိနေတဲ့ ရာဂ, ဒေါသ, မောဟ အစရှိတဲ့ အညစ်အကြေးတွေကို စင်ကြယ်အောင် သုတ်သင်ရတယ်။ ဒါက ရဟန်းတော်ရဲ့ လုပ်ငန်းဖြစ်တယ်, သီလရှင်တို့ရဲ့ လုပ်ငန်းဖြစ်တယ်။

မစင်ကြယ်တဲ့ရေဖြင့် မစင်ကြယ်တဲ့ အရာဝတ္ထုကို ဆေးကြောသုတ်သင်မယ်ဆိုရင် စင်ကြယ်ဖို့ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ ဒါလေးကိုတော့ မှတ်ထားပါနော်။ ဒါကြောင့် ငါသည် စင်ကြယ်တဲ့ ရေစင်ရေမြတ်တွေဖြင့် မစင်ကြယ်တဲ့ ငါ့ရဲ့စိတ်ဓာတ်ကို ဖြူစင်အောင် ဆေးကြောနေတဲ့ ပုဂ္ဂိုလ်ဖြစ်ရဲ့လားလို့ ကိုယ့်ကို နေ့စဉ် တစ်နေ့သုံးကြိမ်လောက် မေးကြည့်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ တရားနာတယ်ဆိုတာက ဒီလို အနှစ်သာရလေးတွေ မိမိတို့ရဲ့သန္တာန်မှာ ကျန်ရစ်အောင် နာတတ်ဖို့တော့ လိုအပ်ပါတယ်။ ကဲ ... သန္တုဋ္ဌိမင်္ဂလာ ပြီးတဲ့အခါကျတော့ နောက်ထပ် မင်္ဂလာတစ်ခု လာပြန်တယ်။ ဘာမင်္ဂလာလဲ?

ကတညုတာ

ကတညုတာ၊ သူတစ်ပါး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို အမှတ်ရခြင်းဆိုတဲ့ မင်္ဂလာတစ်ခုပဲ။ အဲဒီ ကတညုတာမင်္ဂလာနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က ဘယ်လိုဖွင့်ထားလဲ?

ကတညုတာ နာမ အပ္ပဿ ဝါ ဗဟုဿ ဝါ ယေန ကေနစိ ကတဿ ဥပကာရဿ ပုနပ္ပုနံ အနုဿရဏဘာဝေန ဇာနနတာ။

ကတညုတာဆိုတာ ဘာလဲ?

ကတညုတာ နာမ၊ ကတညုတာ မည်သည်ကား။ အပ္ပဿ ဝါ၊ နည်းသည်မူလည်း ဖြစ်သော။ ဗဟုဿ ဝါ၊ များသည်မူလည်းဖြစ်သော။ ယေန ကေနစိ၊ အမှတ်မထား တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်က။ ကတဿ၊ ပြုအပ်သော။ ဥပကာရဿ၊ ကျေးဇူးကို။ ပုနပ္ပုနံ၊ အဖန်ဖန် အထပ်ထပ်။ အနုဿရဏဘာဝေန၊ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အောက်မေ့ခြင်းဖြင့်။ ဇာနနတာ၊ သိရှိတတ်တဲ့ သဘောတရားတည်း။

သူတစ်ပါး ပြုဖူးတဲ့ကျေးဇူးက နည်းချင်လည်း နည်းပါစေ, များချင်လည်း များပါစေ ဘယ်လို ကျေးဇူးကိုပဲဖြစ်ဖြစ် ပြန်လည်ပြီးတော့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အမှတ်ရခြင်း, သိနေခြင်း, သိရှိခြင်း ဒီသဘောကိုပဲ ကတညုတာခေါ်တယ်။ သူတစ်ထူး ပြုဖူးတဲ့ကျေးဇူးကို သိတတ်ရမယ်။ ကျေးဇူးဆပ်တတ်ရမယ်လို့ ဒီလို ဆိုလိုတယ်။ နောက်တစ်ခု -

အပိစ နေရယိကာဒိဒုက္ခပရိတ္တာဏတော ပုညာနိ ဧဝ ပါဏီနံ ဗဟူပကာရာနိ,

အပိစ၊ နောက်တစ်နည်းသော်ကား။ နေရယိကာဒိဒုက္ခပရိတ္တာဏတော၊ ငရဲဆင်းရဲအစရှိသော ဆင်းရဲဒုက္ခအဝဝမှ တားမြစ်စောင့်ရှောက်တတ်သည်၏ အဖြစ်ကြောင့်။ ပုညာနိ ဧဝ၊ ကောင်းမှုကုသိုလ်တို့သည်သာလျှင်။ ပါဏီနံ၊ သတ္တဝါတို့အား။ ဗဟူပကာရာနိ၊ များစွာကျေးဇူးရှိကြကုန်၏၊

နောက်တစ်နည်းပြောမယ် ဆိုလို့ရှိရင်တော့ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်ခေါ်တဲ့ အပါယ် ၄-ဘုံ အစရှိတဲ့ ဒီလို ဆင်းရဲဒုက္ခအဝဝမှ တားမြစ် စောင့်ရှောက်တတ်တဲ့အတွက်ကြောင့် ကောင်းမှု ကုသိုလ်တရားတွေဟာ သတ္တဝါတို့ကို ကျေးဇူးပြုပေးနေတဲ့ တရားတွေဖြစ်တယ်။ သတ္တဝါတွေအတွက် အလွန် ကျေးဇူးများနေတဲ့တရား။ ဘာတရားတွေလဲ ကုသိုလ်တရားတွေနော်။ အဲဒီ ကုသိုလ်တရားတွေဟာ သတ္တဝါတွေအတွက် အလွန် ကျေးဇူးများတဲ့အတွက် ဘာဖြစ်လဲ?

တတော တေသမ္ပိ ဥပကာရာနုဿရဏတာ ကတညုတာတိ ဝေဒိတဗ္ဗာ။

တတော၊ ထို့ကြောင့်။ တေသမ္ပိ၊ ထိုကောင်းမှု ကုသိုလ်တို့၏လည်းပဲ။ ဥပကာရာနုဿရဏတာ၊ ကျေးဇူးများသည်၏အဖြစ်ကို အဖန်ဖန်အထပ်ထပ် အောက်မေ့တတ်သည်၏ အဖြစ်သည်လည်းကောင်း။ ကတညုတာတိ၊ ကတညုတာဟူ၍။ ဝေဒိတဗ္ဗာ၊ သိသင့်သိထိုက်လှပေ၏၊

ဒီကောင်းမှုကုသိုလ်ကို ထပ်ကာထပ်ကာ အမှတ်ရခြင်းကိုလည်း ကတညုတာလို့ ခေါ်တယ်။ အဲဒီကောင်းမှုကုသိုလ်က မိမိပြုထားတဲ့ ကောင်းမှုကုသိုလ်လည်းပါတယ်, သူတစ်ပါးတို့ ပြုထားတဲ့ ကောင်းမှုကုသိုလ်တွေလည်း ပါကြပါတယ်။ နေ့စဉ်နေ့စဉ် ခု ဒီမှာကြည့်ပေါ့ ... ဆွမ်းတွေ လာပြီး နေ့စဉ်လိုလို လာပြီး လှူဒါန်းကြတယ်။ အဲဒီ လှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကောင်းမှုကုသိုလ်ကို မိမိက အမှတ်ရတတ်မယ်ဆိုရင် မိမိမှာလည်း ကုသိုလ်တရား မတိုးပွားဘူးလား? (တိုးပွားပါတယ်ဘုရား) တိုးပွားတယ်။

အလကား ... ဟင်းတွေကလည်း ချက်ထားလိုက်တာ ဘယ်လိုမှန်းလဲ မသိပါဘူး ... ဒီနေ့က “ဟော ... ဖြစ်ပြီ။ ရယ်ကုန်ပြီ၊ ဟုတ်တယ်နဲ့ တူတယ်။ ဘာကလဲ ချက်ထားလိုက်တာ ဘယ်လိုမှန်းလဲ မသိပါဘူး ဆိုတော့ ဒါ ကတညုတာ သဘောရှိသေးလား? မရှိဘူး။ သူတစ်ပါး ပြုနေတဲ့ ကောင်းမှုကုသိုလ်ကို အမှတ်ရတဲ့သဘောလည်း မရှိဘူး, မိမိပြုတဲ့ ကောင်းမှုကုသိုလ်ကို အမှတ်ရတဲ့သဘောကော ရှိလား? မရှိဘူး။ သူတော်ကောင်းဆိုတာ အဲဒီစိတ်ထား ထားရမလား? မထားရပါဘူး။ ဟုတ်တယ်မလား? ဆားပါသည်ဖြစ်စေ, မပါသည်ဖြစ်စေ၊ ဆီပါသည်ဖြစ်စေ, မပါသည်ဖြစ်စေ ရရသမျှနှင့် ကျေနပ်တဲ့စိတ်ထား ရှိရမယ်။ သူတစ်ပါး ပြုနေတဲ့ ကောင်းမှုကုသိုလ်ကို အမှတ်ရတဲ့စိတ်ထား ရှိရမယ်။ မိမိပြုထားတဲ့ ကောင်းမှုကုသိုလ်ကိုလည်း တစ်ဖန်ပြန်ပြီး အမှတ်ရနေတဲ့စိတ်ထား ရှိရမယ်။

ကုသလော ဓမ္မော ကုသလာသာ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော

* စသည်ဖြင့် ဟိုး ... ပဋ္ဌာန်းဒေသနာတော်မှာ ဘုရားဟောထားတယ်။ ကုသိုလ်တရားတွေက ကုသိုလ်တရားတွေကို အားကြီးသော မှီရာ ဥပနိဿယပစ္စည်းသတ္တိနဲ့ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတတ်ပါတယ်။ ဘယ်လိုလဲဆိုတော့ ဒါနံဒတွာ - စသည်ဖြင့် မြတ်စွာဘုရား ဒီဥပနိဿယပစ္စည်းကို ဟောထားတယ်။ အင်မတန် ကြည်နူးစရာကောင်းတယ်။

မိမိက သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ အဆင့်အတန်း မြင့်မားနေတဲ့ ကုသိုလ်တရားတွေကို မိမိက ခုလို နေ့စဉ် ပြုစုပျိုးထောင်နေတယ်။ ရတနာသုံးတန် ကံ, ကံ၏အကျိုးကို သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရားတွေ အားကောင်းလာအောင် မိမိက ပြုစုပျိုးထောင်တယ်။ ကိုယ်ကျင့်သီလတွေ ခိုင်မြဲလာအောင်, စင်ကြယ်လာအောင်, ဖြူစင်လာအောင် မိမိက နေ့စဉ် ကြိုးစားအားထုတ်နေတယ်။ သုတ = ခုလိုပေါ့ ... တရားနာခြင်း, လက်တွေ့ တရားအားထုတ်ခြင်းဖြင့် အာဂမသုတ, အဓိဂမသုတခေါ်တဲ့ သင်သိ, ကျင့်သိအနေနဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကို ကြိုးစားအားထုတ်တယ်။ သိလည်း သိတန်သလောက် သိတယ်။ စာဂ = မိမိရဲ့ စွမ်းအားရှိသလောက် မိမိရဲ့ သီတင်းသုံးဖော် အချင်းချင်းကို ပေးကမ်းလှူဒါန်း စွန့်ကြဲနေတယ်။ ပညာ = ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိတယ်။ အကြောင်းတရား အကျိုးတရားတွေ ဟုတ်တိုင်းမှန်စွာ သိတယ်။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို ဉာဏ်နဲ့ ဟုတ်တိုင်းမှန်စွာ သိတယ်။ ဒါ မိမိပြုစုပျိုးထောင်လိုက်တဲ့ အဆင့်အတန်း မြင့်မားနေတဲ့ ကုသိုလ်ကောင်းမှုတွေပဲ။

အဲဒီ ကုသိုလ်တရားတွေကို တစ်ဖန် ပြန်ပြီးတော့ အမှတ်ရတယ်, ပြန်ပြီးတော့ ဆင်ခြင်တယ်။ နောက်ထပ် ကုသိုလ်တရားတွေ ထပ်ပြီး တိုးပွားပြီးတော့ မလာဘူးလား? တိုးပွားလာတယ်။ မိမိက သမထနယ်ထဲ ရှိနေခဲ့ရင်လည်း သမထဘာဝနာကမ္မဋ္ဌာန်းတွေကို ပွားများအားထုတ်ပြီးတဲ့အခါ မိမိ ပွားများထားတဲ့ ဒီသမထဘာဝနာကုသိုလ်တွေကို တစ်ဖန်ပြန်ပြီးတော့ ဆင်ခြင်တယ်။ ဆင်ခြင်တဲ့ ကုသိုလ်တွေ ထပ်ပြီးတော့ မတိုးပွားဘူးလား? တိုးပွားနေတယ်။ ဒီတော့ ကုသိုလ်ဟာ ယူတတ်မယ်ဆိုရင် မရဘူးလား? ရပါတယ်။

သူတစ်ပါးရဲ့ ကုသိုလ်တွေကိုလည်း မိမိက ပြန်ပြီး ဆင်ခြင်လိုက်ရင် မိမိမှာ ကုသိုလ်တရား တိုးပွားတယ်။ မိမိ ပြုစုပျိုးထောင်ထားတဲ့ ကုသိုလ်တရားတွေကို ပြန်လည်ပြီး ဆင်ခြင်နေတတ်မယ်ဆိုရင်လည်း မိမိမှာ ကုသိုလ်တရားတွေ ထပ်ပြီးတော့ တိုးပွားတယ်။ အဲဒီလို ကုသိုလ်တရားတွေ တိုးပွားစေတတ်တဲ့ နည်းကောင်းလမ်းကောင်းတွေ ထင်ရှားရှိပါလျက် ဘာဖြစ်လို့ မိမိက သူတစ်ပါးအကြောင်း, သူတစ်ပါး မကောင်းကြောင်းတွေကို ထိုင်ပြီး စဉ်းစားနေရတာလဲ? သူတစ်ပါး မကောင်းကြောင်းတွေကို ထိုင်ပြီး ပြောနေရတာလဲ? ပြန်စဉ်းစားကြည့်စမ်းနော်။ အကုသိုလ်တရားတွေ ထပ်ပြီး မတိုးပွားဘူးလား? တိုးပွားနေတယ်။ သူတစ်ပါးတွေ ကုသိုလ်ရအောင် ယူနေတဲ့နေရာမှာ မိမိက လာပြီးတော့ အကုသိုလ် မွေးမြူရေးတွေ လာပြီး လုပ်နေတာနဲ့ မတူဘူးလား? တူနေပြီ။ ဒါကြောင့် စိတ်ထားတတ်ဖို့ လိုပါတယ်။

ကတညုတာ = သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို သိတတ်ထားဖို့ လိုအပ်တယ်။ မိမိပြုထားတဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း တစ်ဖန် ပြန်ပြီးတော့ အသိအမှတ်ပြုတတ်ဖို့ လိုအပ်တယ်။ သူတစ်ပါးပြုထားတဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း တစ်ဖန် ပြန်ပြီးတော့ အသိအမှတ် ပြုတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ သိပ်ဝမ်းသာဖို့ ကောင်းတယ်နော်။ ဦးပဉ္စင်းတို့ ဘုရားသာသနာနဲ့ တွေ့ဆုံရခြင်း, ဘုရားရှင်ထံမှ အခုလို အသိထူး, ဉာဏ်ထူးတွေ ရရှိရခြင်းသည် မိမိတို့အတွက် အင်မတန် အဆင့်အတန်း မြင့်မားနေတဲ့ မင်္ဂလာတရားတွေ တိုးပွားပြီး မလာဘူးလား? တိုးပွားလာတယ်။

ဒါကြောင့် -

သာ သပ္ပုရိသေဟိ ပသံသနီယာဒိနာနပ္ပကာရဝိသေသာဓိဂမဟေတုတော မင်္ဂလန္တိ ဝုစ္စတိ။

ဒီလိုကောင်းမှုကုသိုလ်တွေကို ပြန်ပြီး အမှတ်ရခြင်း, သူတစ်ပါး ပြုဖူးတဲ့ ကျေးဇူးကို အမှတ်ရခြင်းကိုလည်းပဲ သူတော်ကောင်းတို့က အင်မတန် ချီးမွမ်းကြတယ်။ ဘုရားရှင်လည်း ချီးမွမ်းတယ်။ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့ကလည်း ချီးမွမ်းတယ်။ လူယုတ်မာတွေကတော့ မချီးမွမ်း ဖြစ်ချင်ဖြစ်မယ်။ သူတော်ကောင်းတွေ ချီးမွမ်းတာက မိမိအတွက် အကျိုးရှိပါတယ်။ မသူတော်တွေ မချီးမွမ်းတာက မိမိအတွက် လိုရင်းမဟုတ်ဘူး။ အလားတူပဲ သူတော်ကောင်းတို့ရဲ့ ကဲ့ရဲ့မှုက မိမိတို့အတွက် အရေးကြီးတယ်။ မသူတော်တွေ ကဲ့ရဲ့တာက မိမိအတွက် အရေးမကြီးပါဘူး။ ခု ဒီနေရာမှာ -

သပ္ပုရိသေဟိ၊ သူတော်ကောင်းတို့က။ ပသံသနီယတာ၊ ချီးမွမ်းထိုက်တယ်။ ချီးမွမ်းမြှောက်စားတယ်။

ဒီလို သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးကို အမှတ်ရခြင်း, သူတစ်ပါးပြုဖူးတဲ့ ကောင်းမှုကုသိုလ်တွေကို အမှတ်ရခြင်း။ သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးဆိုတာကို တစ်ဖက်လှန်ပြီး ပြောလိုက်လို့ရှိရင် သူတစ်ပါးက မိမိအပေါ်၌ ကောင်းမှုကုသိုလ်တွေ ပြုလိုက်တာပဲ။ အဲဒီ ကောင်းမှုကုသိုလ်တွေမှာ သူတစ်ပါးက ဒါနအနေနဲ့ ပြုတဲ့ ကောင်းမှုကုသိုလ်လည်း ရှိမယ်, မိမိကို သီလစင်ကြယ်အောင် ဆိုဆုံးမတဲ့အနေနဲ့, မိမိကို ဗဟုဿုတဖြစ်အောင် ဆိုဆုံးမတဲ့အနေနဲ့ သို့မဟုတ် တရား သွန်သင်ဆုံးမ ပြသတဲ့အနေနဲ့, စာပေကျမ်းဂန် သင်ကြားပေးတဲ့အနေနဲ့, တရားဘာဝနာတွေကို အားထုတ်ပုံနည်းလမ်းကို ညွှန်ကြားတဲ့အနေနဲ့ ပြုလာတဲ့ ကောင်းမှုကုသိုလ်တွေလည်း ရှိချင်ရှိမယ်။ ဘာကုသိုလ်ပဲဖြစ်ဖြစ် သူတစ်ပါးရဲ့ ကောင်းမှုကုသိုလ်ကိုပဲ မိမိက အမှတ်ရတယ်, မိမိပြုထားတဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း ပြန်ပြီးတော့ အမှတ်ရတယ်။ အဲဒီလို အမှတ်ရတာကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ချီးမွမ်းမြှောက်စားတော်မူတယ်။ ချီးမွမ်းမြှောက်စားတာ ဘာဖြစ်လို့လဲလို့ မေးတော့ -

နာနပ္ပကာရဝိသေသာဓိဂမဟေတုတော

အထူးထူး အပြားပြား များပြားလှစွာသော တရားထူး, တရားမြတ်တွေကို ရရှိဖို့ရန်အတွက် အကြောင်းထူးဖြစ်တယ်။ စဉ်းစားကြည့်စမ်း။ မိမိပြုထားတဲ့ ကောင်းမှုကုသိုလ်ကို မိမိ ဘာမှ တစ်ခုမှ မမှတ်မိတော့ဘူး။ အဲဒီလိုပုဂ္ဂိုလ် တရား ဆက်အားထုတ်လို့ ရပါ့မလား? မရနိုင်ဘူး။ သူတစ်ပါး ပြုထားတဲ့ ကောင်းမှုကုသိုလ်ကိုလည်း တစ်ချက်မှ အသိအမှတ် မပြုဘူး။ မကောင်းတာဘဲ ထိုင်ပြီးတော့ ပြောနေတယ်။ အဲဒီလို ပုဂ္ဂိုလ်သန္တာန်မှာ တိုးတက်မှု, ကြီးပွားမှု ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ “တစ်လုပ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့အတိုင်း သူတစ်ပါးရဲ့ပြုထားတဲ့ ကျေးဇူးလေးတော့ အမှတ်ရနိုင်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ မိမိပြုထားတဲ့ ကောင်းမှုကုသိုလ်လေးကိုတော့ ပြန်ပြီးတော့ အမှတ်ရနိုင်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ သူတစ်ပါးပြုထားတဲ့ ကျေးဇူးကို အမှတ်ရနိုင်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဘာဖြစ်လို့ အချိန်တွေ ဖြုန်းနေမလဲ?

မိမိသန္တာန်မှာ ကုသိုလ်တရားတွေက စက္ကန့်မလပ်, မိနစ်မလပ်, နာရီမလပ်, နေ့မလပ်, ညဉ့်မလပ် တိုးပွားနေမယ်ဆိုရင် မိမိအတွက် အကျိုးထူး, အကျိုးမြတ်တွေ တစ်ဆင့်ထက်တစ်ဆင့် မြင့်မားပြီးတော့ မလာနိုင်ဘူးလား? လာနိုင်တယ်။ အချိန်တွေ ဘာလို့ ဖြုန်းမလဲနော်။ တန်ဖိုးရှိရှိဖြင့် မိမိရဲ့အချိန်ကို အသုံးချတတ်ဖို့ မလိုဘူးလား? လိုတယ်။ ဘယ်လို အသုံးချမလဲ? သူတစ်ပါးပြုဖူးတဲ့ ကောင်းမှုကုသိုလ်ကို အမှတ်ရနေပါ, မိမိပြုထားတဲ့ ကောင်းမှုကုသိုလ်ကို ထပ်ကာထပ်ကာ အမှတ်ရနေပါ။ တစ်နည်း -

မိမိက အာနာပါန ရှုနေရင် ဒီအာနာပါနကိုပဲ စွဲစွဲမြဲမြဲ ရှုနေပါ။ ဒါ မိမိပြုနေတဲ့ ကောင်းမှုကုသိုလ်ကို ထပ်ကာထပ်ကာ မှီဝဲနေခြင်းပဲ။ အာနာပါန ဈာန်တွေကို ဝင်စားနိုင်တဲ့အဆင့် ရောက်ပြီ။ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်တွေကို ဝင်စားနိုင်ပြီဆိုရင် အဲဒီဈာန်တွေကို ခိုင်မြဲအောင် ထပ်ကာထပ်ကာ အမှတ်ရနေပါ။ ထပ်ကာထပ်ကာ ဝင်စားနေပါ။ ဒါဟာလည်း အမှတ်ရနေတာပဲ။ အဲဒီကနေ ရှေ့တစ်ဆင့် တက်လိုက်လို့ မိမိက ရုပ်တွေနာမ်တွေ သိမ်းဆည်းတတ်ပြီ, အကြောင်းတရား အကျိုးတရားတွေ သိမ်းဆည်းတတ်ပြီ, အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် ဝိပဿနာ ရှုတတ်ပြီ။ အဲဒီလို ဆိုလို့ရှိရင်လည်း ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ထပ်ကာထပ်ကာ သုံးသပ်ပြီးတော့ အမှတ်ရနေပါ။ အဲဒီလို အမှတ်ရနေခဲ့မယ်ဆိုရင် ဘာဖြစ်လဲ? ဒီလို အမှတ်ရခြင်းသည် ကတညုတ မင်္ဂလာဖြစ်တယ်။

အဲဒီ ကတညုတ မင်္ဂလာသည် -

နာနပ္ပကာရဝိသေသာဓိဂမဟေတုတော၊ အထူးထူး အပြားပြား များပြားလှစွာသော တရားထူး, တရားမြတ်ကို ရခြင်း၏ အကြောင်းဖြစ်သောကြောင့်။ မင်္ဂလန္တိ၊ မင်္ဂလာဟူ၍။ ဝုစ္စတိ၊ ဟောကြားတော်မူအပ်ပါပေ၏။

အထူးထူး အပြားပြား များလှစွာသော တရားထူး, တရားမြတ်ကို ရရှိဖို့ရန်အတွက် အကြောင်းတရားဖြစ်ခြင်းကြောင့် ဒီကတညုတတရားကို မင်္ဂလာလို့ မြတ်စွာဘုရား ဟောပါတယ်။ မှန်လား, မမှန်ဘူးလား? စဉ်းစားကြနော်။ မိမိ ရရှိထားတဲ့ဘဝကို အဆင့်အတန်း မြင့်မားစွာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ လောကမှာ ဘာဖြစ်သလဲ?

‘‘ဒွေမေ, ဘိက္ခဝေ, ပုဂ္ဂလာ ဒုလ္လဘာ လောကသ္မိံ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ လောကသ္မိံ၊ လောက၌။ ဒွေမေ ပုဂ္ဂလာ၊ ဤပုဂ္ဂိုလ်နှစ်မျိုးတို့ကို။ ဒုလ္လဘာ၊ ရခဲလှပေကုန်၏။

ချစ်သားရဟန်းတို့ ... လောကမှာ ပုဂ္ဂိုလ်နှစ်မျိုး အင်မတန် ရခဲတယ်။ ဘယ်လိုပုဂ္ဂိုလ်လဲ?

ယော စ ပုဗ္ဗကာရီ ယော စ ကတညူ ကတဝေဒီ’’

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်လည်းပဲ။ ပုဗ္ဗကာရီ၊ ရှေးဦးစွာ ကျေးဇူးတရားကို ပြုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ ယော စ၊ အကြင်ပုဂ္ဂိုလ်သည်လည်းပဲ။ ကတညူ ကတဝေဒီ၊ ပြုအပ်ခဲ့ဖူးတဲ့ သူတစ်ပါးရဲ့ ကျေးဇူးကို အသိအမှတ် ပြုလေ့ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။

‘‘ဣမေ ခေါ, ဘိက္ခဝေ, ဒွေ ပုဂ္ဂလာ ဒုလ္လဘာ လောကသ္မိံ’’။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ လောကသ္မိံ၊ လောက၌။ ဣမေ ခေါ ဒွေ ပုဂ္ဂလာ၊ ဤနှစ်ယောက်သော ပုဂ္ဂိုလ်တို့ကို။ ဒုလ္လဘာ၊ ရခဲလှကုန်၏။

လောကမှာ ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာ အလွန် ရခဲပါတယ်တဲ့။ ဘာဖြစ်လဲ? လောကမှာ များသောအားဖြင့် သတ္တဝါတွေရဲ့အလေ့အထက သူက ကျေးဇူးပြုမှ ကိုယ်က တုံ့လှည့်တစ်ဖန် ကျေးဇူးပြုချင်တဲ့ စိတ်ထားရှိတယ်။ သူကသာ ကိုယ့်ကို မကူညီရင် ကိုယ်က သူ့ကို ရှေးဦးစွာ ကူညီလိုတဲ့စိတ်ထား မရှိကြဘူး။ များသောအားဖြင့် ပြောတာ။ ဒါကြောင့် ပုဗ္ဗကာရီ၊ သူတစ်ပါးက ကိုယ့်ကို ကျေးဇူးပြုသည်ဖြစ်စေ, ကူညီသည်ဖြစ်စေ, မကူညီသည်ဖြစ်စေ ရှေးဦးစွာ မိမိက အရင်သွားပြီးတော့ သူ့အတွက် အကျိုးရှိအောင် ဆောင်ရွက်ပေးလိုက်တယ်။ ရှေးဦးစွာ ဒီလို ကုသိုလ်တရားတွေ တိုးပွားလာအောင် ပြုလုပ်ပေးတဲ့ပုဂ္ဂိုလ်ဆိုတာ လောကမှာ အင်မတန် ရခဲတယ်။ ဒါက တစ်ခု။ နောက်တစ်ခုကတော့ -

ကတညူ ကတဝေဒီ၊ သူတစ်ပါးပြုခဲ့ဖူးတဲ့ ကျေးဇူးတရားတွေကို ပြန်ပြီး အသိအမှတ်ပြုတတ်တဲ့ ကျေးဇူးဆပ်တတ်တဲ့ပုဂ္ဂိုလ် အင်မတန် ရခဲတယ်။ အဲဒါ မှန်, မမှန်တော့ စဉ်းစားကြနော်။ တစ်လောတုန်းက ဘုန်းကြီး ပြောခဲ့ပြီးပြီ။ များသောအားဖြင့် ဓမ္မတာက သားရေပေါ်အိပ်ပြီးတော့ သားရေနား စားတတ်တဲ့ပုဂ္ဂိုလ်က သိပ်များတယ်။ သားရေပေါ် အိပ်ပြီးတော့ သားရေနားစားတယ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲ? ဟင် ... ဘယ်လိုပုဂ္ဂိုလ်တွေလဲ? နားလည်ကြတယ်နဲ့ တူပါတယ်။ ပြုံးနေတယ် ... နားလည်ရင်လည်း ဘုန်းကြီး မပြောတော့ပါဘူး။ ဒီတော့ လောကကြီးက တော်တော်ကြီး ခက်တယ်။

ဒီတော့ ဒီနေရာမှာ ဒီပုဂ္ဂိုလ် ၂-ဦးနဲ့ ပတ်သက်ပြီးတော့ -

ပုဗ္ဗကာရီ ‘‘ဣဏံ ဒေမီ’’တိ သညံ ကရောတိ, ပစ္ဆာ ကာရကော ‘‘ဣဏံ ဇီရာပေမီ’’တိ သညံ ကရောတိ။

* ဆိုပြီးတော့ ဒီလို အဋ္ဌကထာက ဖွင့်ထားတယ်။ ရှေးဦးစွာ သူတစ်ပါးအပေါ် မိမိက ကျေးဇူးပြုလိုက်တယ်။ ကျေးဇူးပြုလိုက်တယ်ဆိုတာက သူ့ရဲ့ အကျိုး မိမိက ခေါင်ဆုံး သွားပြီးတော့ မိမိက ရွက်ဆောင်ပေးလိုက်တယ်။ အဲဒီလို ရွက်ဆောင်ပေးခြင်းသည် ကြွေးပေးတာနဲ့ တူတယ်။ သူတစ်ပါးရဲ့ အကျိုးက

နောက်တစ်ခုကတော့ - သူတစ်ပါး ပြုဖူးတဲ့ကျေးဇူးကို ပြန်ပြီးတော့ အသိအမှတ်ပြုခြင်းဟာ ကြွေးဆပ်တာနဲ့ တူတယ်။ အဲဒီတော့ ကြွေးပေးတာနဲ့လည်း တူတယ်, ကြွေးဆပ်တာနဲ့လည်း တူတယ်။ အဲဒီလို ကြွေးပေးတတ်တဲ့ပုဂ္ဂိုလ်, ကြွေးဆပ်တတ်တဲ့ပုဂ္ဂိုလ် ဒီပုဂ္ဂိုလ်နှစ်ယောက်သည် လောကမှာ အလွန် ရခဲတယ်ဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး အင်္ကုရပေတဝတ္ထုလေးကို နည်းနည်းဟောဖို့ ရည်ရွယ်ထားပါတယ်။

အင်္ကုရနဲ့ ပုဏ္ဏားကြီးတစ်ဦး ဆိုကြပါစို့ ... အင်္ကုရကလည်း လှည်း ငါးရာနဲ့ ကုန်သွယ်နေတဲ့ သူတော်ကောင်းတစ်ဦးပါပဲ။ ပုဏ္ဏားကြီးကလည်း လှည်းငါးရာနဲ့ ကုန်သွယ်နေတဲ့ သူဌေးတစ်ဦးပဲ။ သူတို့နှစ်ဦး လမ်းခရီးတစ်ခု အတူသွားရင်းမတ်တပ်က သဲကန္တာရကို လမ်းမှားပြီးတော့ ရောက်သွားကြတယ်။ အစာပြတ် ရေစာပြတ် ဖြစ်နေပြီ။ အဲဒီလို အစာပြတ် ရေပြတ် ဖြစ်လိုက်တဲ့ အချိန်ခါကျတော့ သူတို့ ပညောင်ပင်ကြီးတစ်ပင် ဆိုက်သွားတယ် ဆိုကြပါစို့။ အကြောင်းအားလျော်စွာ အဲဒီပညောင်ပင်ကြီး ရောက်တဲ့အခါကျတော့ ပညောင်ပင်စောင့် နတ်ကနေပြီးတော့ သူတို့ကို ကူညီလိုက်တယ်။ အလိုခပ်သိမ်း အကုန်လုံး ပေးတယ်။ ပြတ်နေတဲ့ ရေတွေလည်း ရအောင် ရှာဖွေပေးလိုက်တယ်။ သူ့တန်ခိုးနဲ့ လိုလားတောင့်တနေတဲ့ ဝတ္ထုပစ္စည်းဟူသမျှ အရာခပ်သိမ်းကို အကုန်လုံး ပြည့်စုံအောင် ဖြည့်ပေးလိုက်တယ်။ ဖြည့်ပေးလိုက်တဲ့ အချိန်ခါကျတော့ ပုဏ္ဏားကြီးက အင်္ကုရကို ဘာပြောလဲ?

‘‘ယဿ အတ္ထာယ ဂစ္ဆာမ, ကမ္ဗောဇံ ဓနဟာရကာ၊ အယံ ကာမဒဒေါ ယက္ခော, ဣမံ ယက္ခံ နယာမသေ’’။

ယဿ အတ္ထာယ၊ အကြင်စီးပွားဥစ္စာတည်းဟူသော အကျိုးတရား အလို့ငှာ။ မယံ၊ ငါတို့သည်။ ဓနဟာရကာ၊ ဥစ္စာကို ဆောင်ယူလိုကြကုန်သည်ဖြစ်၍။ ကမ္ဗောဇံ၊ ကမ္ဗောဇတိုင်းသို့။ ဂစ္ဆာမ၊ သွားကြပါကုန်အံ့။ အယံ ယက္ခော၊ ဤနတ်သည်ကား။ ကာမဒဒေါ၊ အလိုခပ်သိမ်းကို ပေးနိုင်တဲ့ နတ်ပါပေတည်း။ ဣမံ ယက္ခံ၊ ဤနတ်ကို။ မယံ၊ ငါတို့သည်။ နယာမသေ၊ ဆောင်ယူ၍ သွားကြပါကုန်စို့။

သူက ဖြစ်ပြီ ... ဖြစ်ပြီ ... လောကကြီးကနော် တို့လိုတာက စီးပွားဥစ္စာ လိုချင်တယ်။ စည်းစိမ်ဥစ္စာကို ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် တို့ကလည်း ကမ္ဗောဇတိုင်းကို သွားကြမှာ ဖြစ်တယ်။ ခု ဒီနတ်ကြီးက တို့အလို ခပ်သိမ်းကို အားလုံးပေးနေပြီ။ ဒါကြောင့် ဒီနတ်ကြီးကို တို့ အတင်းအကျပ် ခေါ်ပြီးတော့ သွားကြမယ်။ ဘယ့်,နှယ်တုံး ဟင်? တော်တော်တော့ ဟန်ကျပြီ ထင်တယ်နော်။

‘‘ဣမံ ယက္ခံ ဂဟေတွာန, သာဓုကေန ပသယှ ဝါ၊ ယာနံ အာရောပယိတွာန, ခိပ္ပံ ဂစ္ဆာမ ဒွါရကံ’’။

ဣမံ ယက္ခံ၊ ဤနတ်ကို။ ဂဟေတွာန၊ ဖမ်းယူ၍။ သာဓုကေန ဝါ၊ ကောင်းသော နည်းလမ်းဖြင့်သော်လည်းကောင်း။ ပသယှ ဝါ၊ အနိုင်အထက် အားဖြင့်သော်လည်းကောင်း။ ယာနံ၊ လှည်းပေါ်သို့။ အာရောပယိတွာန၊ တင်ကြကုန်၍။ ခိပ္ပံ၊ လျင်မြန်စွာ။ ဒွါရကံ၊ ဒွါရဝတီမြို့ကြီးသို့ သွားကြပါကုန်စို့။

ဟော ... သူက တိုင်ပင်လိုက်ပြီ။ ဒီနတ်ကြီးကို တို့ အတင်းအကျပ် ဖမ်းမယ်။ ကောင်းကောင်းမွန်မွန်ပဲဖြစ်ဖြစ်, အနိုင်အထက်ပဲဖြစ်ဖြစ် အတင်း-အကျပ်ဖမ်းပြီး ယာဉ်ပေါ်တင်မယ်။ တင်ပြီးတဲ့ အချိန်ခါကျမှ တို့ ဒွါရဝတီမြို့သို့ ခပ်မြန်မြန် သွားကြစို့ဆိုပြီး တိုင်ပင်တယ်။ တိုင်ပင်လိုက်တဲ့အခါကျမှ အင်္ဂုရက ဘာပြန်ပြောလဲ?

‘‘ယဿ ရုက္ခဿ ဆာယာယ, နိသီဒေယျ သယေယျ ဝါ၊ န တဿ သာခံ ဘဉ္ဇေယျ, မိတ္တဒုဗ္ဘော ဟိ ပါပကော’’။

ယဿ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒေယျ ဝါ၊ ထိုင်မူလည်း ထိုင်လေရာ၏။ သယေယျ ဝါ၊ အိပ်မူလည်း အိပ်လေရာ၏။ တဿ၊ ထိုသစ်ပင်၏။ သာခံ၊ အခက်ကို။ န ဘဉ္ဇေယျ၊ မချိုးဖြတ်လေရာ။ မိတ္တဒုဗ္ဘော၊ မိတ်ဆွေကို ပြစ်မှားတဲ့ ပုဂ္ဂိုလ်သည်ကား။ ပါပကော၊ ယုတ်မာလှပါပေ၏။

သစ်ပင်တစ်ပင်ရဲ့ အရိပ်မှာပေါ့ .. ထိုင်မိမယ်ဆိုရင်, အိပ်မိမယ်ဆိုရင် အဲဒီ သစ်ပင်ရဲ့အခက်ကို ဘယ်တော့မှ မချိုးသင့်ပါဘူး။ မိတ်ဆွေကို ပြစ်မှားနေတဲ့ ပုဂ္ဂိုလ်ဆိုတာ ယုတ်မာတဲ့ပုဂ္ဂိုလ်သာ ဖြစ်တယ်။ ဘယ့်,နှယ်တုံး တရားနာပရိသတ်တွေ ဒီစကား လက်ခံနိုင်ရဲ့လား?(လက်ခံနိုင်ပါတယ်ဘုရား) ကဲ ... လက်ခံနိုင်တယ်ဆိုလို့ရှိရင် သူတစ်ပါးရဲ့ အရိပ်မှာနေပြီးတော့, သူတစ်ပါးရဲ့ အရိပ်မှာ အိပ်ပြီးတော့ အဲဒီပုဂ္ဂိုလ်တွေကို ပြစ်မှားရမလား, မပြစ်မှားရဘူးလား? (မပြစ်မှားရပါဘူးဘုရား)

“အာ ... အလကား ဒီဖားအောက်ကလူတွေ တစ်ယောက်မှ မကောင်းဘူး။ ဒင်းတို့ အပုတ်နံ့တွေက ထွက်နေတယ်။ ဘာဖြစ်တယ်, ညာဖြစ်တယ်ပေါ့” ဘယ့်,နှယ်တုံး ပြောသင့်လား?(မပြောသင့်ပါဘူးဘုရား) သူတစ်ပါးရဲ့အရိပ်မှာ နေတယ်, သူတစ်ပါးရဲ့အရိပ်မှာ လာပြီးတော့ အိပ်နေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကိုယ်က ဘာပါလာလို့လဲ? သဘောပြောပါတယ်။ ဘုန်းကြီးက ဒါ လှူရမယ်လို့ ပြောနေတာ မဟုတ်ဘူး။

ဒီမှာလာ ကိုယ့်တရား ကိုယ်အားထုတ်တယ်၊ တရားလည်း ပေးတယ်။ ကိုယ့်တရား ကိုယ်အားထုတ်တဲ့အချိန်ခါမှာ အစားလည်း တတ်နိုင်တာတော့ ကျွေးတယ်ပေါ့။ မတတ်နိုင်တာတော့ ဘယ်ကျွေးမလဲ? ပုဇွန် ၁-ပိဿာကို ၁-ထောင်စျေးလောက်ဖြစ်နေတဲ့ အခါကျတော့လည်း ဘယ်လိုလုပ် ကျွေးနိုင်မလဲ? ဒါကတော့ နိုင်သလောက်တော့ ကျွေးမှာပေါ့။ အဲဒါလေးကို ကိုယ်က ကျေးဇူးမတင်တတ်ဘူး။ သူ့အရိပ်မှာလည်း ခိုသေးတယ်, သူ့အရိပ်မှာလည်း အိပ်သေးတယ်။ ဒါပေမဲ့ အဲဒီသစ်ခက်ကို ချိုးပြန်တယ်။ အဲဒီလို အရိပ်မှာနေပြီး, အရိပ်မှာအိပ်တဲ့ ပုဂ္ဂိုလ်တွေက ဒီသစ်ခက်ကို ချိုးလို့ရှိရင် အဲဒီ သစ်ခက်ချိုးတဲ့ ပုဂ္ဂိုလ်တွေက ဘာလဲ?

မိတ္တဒုဗ္ဘော ဟိ ပါပကော၊ မိတ်ဆွေကို ပြစ်မှားနေတဲ့ ယုတ်မာတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်တယ်။ အဲဒါ ဘုန်းကြီးဟောတာလား? ဘုန်းကြီးက တို့ကို စောင်းစောင်းဟောနေတယ် ဒီလို မထင်နဲ့နော်။ ဘုန်းကြီးဟောတာ ဟုတ်သလား? မဟုတ်ပါဘူး။ မြတ်စွာဘုရားဟောတဲ့ တရားပါနော်။ ဒါကြောင့်-

‘‘ယဿ ရုက္ခဿ ဆာယာယ, နိသီဒေယျ သယေယျ ဝါ၊ န တဿ သာခံ ဘဉ္ဇေယျ, မိတ္တဒုဗ္ဘော ဟိ ပါပကော’’။

ကောင်းလိုက်တဲ့ ဂါထာလေး ... ဘုန်းကြီးတို့က သဘောကျလွန်းလို့ ခဏခဏ ရွတ်ချင်တယ်။ ဘာဖြစ်လို့လဲ? ဒီဂါထာလေးတွေ, ဒီတရားလေးတွေက မိမိတို့ရဲ့စိတ်ထားကို ပြုပြင်ပြောင်းလဲပေးနေတဲ့ ဂါထာလေးတွေ, တရားလေးတွေ ဖြစ်နေတယ်။ ဒါကြောင့် -

ယဿ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒေယျ ဝါ၊ ထိုင်မူလည်း ထိုင်လေရာ၏။ သယေယျ ဝါ၊ အိပ်မူလည်း အိပ်လေရာ၏။ တဿ၊ ထိုသစ်ပင်၏။ သာခံ၊ အခက်ကို။ န ဘဉ္ဇေယျ၊ မချိုးဖြတ်လေရာ။ ဟိ၊ အကြောင်းကို ဆိုရသော်။ မိတ္တဒုဗ္ဘော၊ မိတ်ဆွေကို ပြစ်မှားတဲ့ ပုဂ္ဂိုလ်သည်ကား။ ပါပကော၊ ယုတ်မာတဲ့ ပုဂ္ဂိုလ်ပါပေတည်း။

သစ်ပင်တစ်ပင်ရဲ့အရိပ်မှာ ထိုင်မိမယ် သို့မဟုတ် အိပ်မိမယ်ဆိုရင် ထိုသစ်ပင်ရဲ့ အခက်ကို ဘယ်တော့မှ မချိုးသင့်ဘူး။ ဒီသစ်ခက်ကို ချိုးနေတဲ့ ပုဂ္ဂိုလ်ဟာ မိတ်ဆွေကို ပြစ်မှားတဲ့ ပုဂ္ဂိုလ်ပဲ။ မိတ်ဆွေကို ပြစ်မှားတဲ့ ပုဂ္ဂိုလ်မှန်ရင် သူတော်ကောင်းလား, သူယုတ်မာလား? ဘယ်သူပြောတာလဲ? ဘုန်းကြီးပြောတာ မဟုတ်ဘူးနော်။ လူယုတ်မာလို့ ဘုရားက ဒီလို ဟောထားတယ်။

‘‘ယဿ ရုက္ခဿ ဆာယာယ, နိသီဒေယျ သယေယျ ဝါ၊ ခန္ဓမ္ပိ တဿ ဆိန္ဒေယျ, အတ္ထော စေ တာဒိသော သိယာ’’။

ဟော ... ပုဏ္ဏားကြီးက အားကျမခံ ပြန်ပြောပြီ။ ဘယ်လိုပြောလဲ? အားကျမခံဆိုတာ ဘာပြောတာလဲ? ခေတ်စကားလုံးနဲ့ ပြောရင်တော့ ဘာလဲ? “နှုတ်သီးကောင်း လျှာပါးလေးနဲ့ တူပါတယ်” သူက ပြန်ပြောပြီ -

ယဿ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒေယျ ဝါ၊ ထိုင်မူလည်း ထိုင်လေရာ၏။ သယေယျ ဝါ၊ အိပ်မူလည်း အိပ်လေရာ၏။ တဿ၊ ထိုသစ်ပင်၏။ ခန္ဓမ္ပိ၊ ပင်စည်ကိုသော်လည်းပဲ။ ဆိန္ဒေယျ၊ ဖြတ်သင့်လေရာ၏။

ဟော ... သူက ဘာဖြစ်လဲ?

တာဒိသော အတ္ထော၊ ထိုကဲ့သို့သော အကျိုးတရားသည်။ စေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့, အကယ်၍ ရှိငြားအံ့။ တဿ၊ ထိုသစ်ပင်၏။ ခန္ဓမ္ပိ၊ ပင်စည်ကိုသော်လည်းပဲ။ ဆိန္ဒေယျ၊ ဖြတ်သင့်လေရာ၏။

ဒီသစ်ပင်ရဲ့အရိပ်မှာ ထိုင်တယ် သို့မဟုတ် အိပ်တယ်ပဲထားတော့။ ဒါပေမဲ့ အကျိုးသာရှိမယ်ဆိုရင် အဲဒီသစ်ပင်ရဲ့ ပင်စည်ကိုတောင်မှ လှဲသင့်တယ်။ ဘယ့်,နှယ်တုံး ပုဏ္ဏားကြီးပြောတဲ့စကား သဘာဝကျသ-လား? ဒါက ကျတယ်လို့ပြောရင် ဘုန်းကြီးက မကြိုက်မှာကိုး ... ဟုတ်တယ်မလား? ဒါပေမဲ့ သဘာဝ မကျပေမဲ့လို့ အဲဒီလို သဘာဝမကျတဲ့အလုပ်ကို လုပ်နေတဲ့လူတွေ လောကမှာ မရှိဘူးလား? ရှိကြတယ်။ ဒါ သိပ်ဝမ်းနည်းဖို့ ကောင်းတယ်။ ကဲ ... ဒီသစ်ပင်ရဲ့ အရိပ်မှာ ထိုင်သော်လည်းကောင်း, အိပ်သော်လည်းကောင်း ရှိချင်လည်း ရှိပါစေ အကယ်၍ အကျိုးသာရှိမယ် ဆိုရင်တော့ ဒီသစ်ပင်ရဲ့ ပင်စည်ကိုတောင် ဖြတ်ရဲတယ်။ အကိုင်းကို ထားလိုက်တော့ ပင်စည်တောင်မှ လှဲပစ်သင့်တယ်ဆိုပြီး ပုဏ္ဏားကြီးက ပြောပြန်တယ်။ ပြောလိုက်တဲ့ အချိန်ခါမှာ အင်္ဂုရက ဘာပြန်ပြောလဲ?

‘‘ယဿ ရုက္ခဿ ဆာယာယ, နိသီဒေယျ သယေယျ ဝါ၊ န တဿ ပတ္တံ ဘိန္ဒေယျ, မိတ္တဒုဗ္ဘော ဟိ ပါပကော’’။

ယဿ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒေယျ ဝါ၊ ထိုင်မူလည်း ထိုင်လေရာ၏။ သယေယျ ဝါ၊ အိပ်မူလည်း အိပ်လေရာ၏။ တဿ၊ ထိုသစ်ပင်၏။ ပတ္တံ၊ အရွက်ကိုလည်းပဲ။ န ဘိန္ဒေယျ၊ မဖျက်ဆီးသင့်လေရာ။ ဟိ၊ အကြောင်းကို ဆိုရသော်။ မိတ္တဒုဗ္ဘော၊ မိတ်ဆွေကို ပြစ်မှားတဲ့ ပုဂ္ဂိုလ်သည်။ ပါပကော၊ ယုတ်မာလှပါပေ၏။

အကြင်သစ်ပင်ရဲ့အရိပ်မှာ ထိုင်တယ် သို့မဟုတ် အိပ်တယ်။ အဲဒီ သစ်ပင်ရဲ့ အရွက်ကိုသော်လည်းပဲ ဘယ်တော့မှ မဖျက်ဆီးသင့်ပါဘူးတဲ့နော်။ မိတ်ဆွေကို ပြစ်မှားတဲ့ ပုဂ္ဂိုလ်သည် လူယုတ်မာပဲ ဖြစ်ပါတယ်ဆိုပြီးတော့ ပြန်ပြောတယ်။ ပြောလိုက်တဲ့ အချိန်ခါကျတော့ ပုဏ္ဏားကြီးကလည်း သူကလည်း တော်တော် နှုတ်သီးကောင်းပုံရတယ်။ လျှာကလည်း တော်တော် ပါးသလား မသိပါဘူး။ အဲဒီတော့ ဘာပြန်ပြောသလဲ?

‘‘ယဿ ရုက္ခဿ ဆာယာယ, နိသီဒေယျ သယေယျ ဝါ၊ သမူလမ္ပိ တံ ဥပ္ပာတေယျ, အတ္ထော စေ တာဒိသော သိယာ’’။

ယဿ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒေယျ ဝါ၊ ထိုင်မူလည်း ထိုင်လေရာ၏။ သယေယျ ဝါ၊ အိပ်မူလည်း အိပ်လေရာ၏။ တဿ၊ ထိုသစ်ပင်၏။ တာဒိသော အတ္ထော၊ ထိုကဲ့သို့သော အကျိုးတရားသည်။ စေ သိယာ၊ အကယ်၍ ရှိငြားအံ့။ တံ၊ ထိုသစ်ပင်ကို။ သမူလမ္ပိ၊ အမြစ်နှင့်တကွလည်းပဲ။ ဥပ္ပာတေယျ၊ နှုတ်ပစ်သင့်လေရာ၏ (လှဲသင့်လေရာ၏)။

ဟော ... သူ့ဘက်ကလည်း ပြန်ပြောပြန်တယ်နော်။ ဒီသစ်ပင်ရဲ့ အရိပ်မှာ ထိုင်ချင်လည်း ထိုင်, အိပ်ချင်လည်း အိပ်ပါစေ အကျိုးသာရှိမယ် မှန်ရင် ဒီသစ်ပင်ကို အမြစ်နှင့်တကွ အကုန်လုံး လှဲပစ်သင့်တယ်။ ဘယ့်,နှယ်တုံး ပုဏ္ဏားကြီးရဲ့စကားက ဟန်မကျဘူးလား? လှုပ်လှုပ် လှုပ်လှုပ်တော့ ဖြစ်လာပြီ ထင်တယ်နော်။ ပုဏ္ဏားကြီးရဲ့စကားက အမြစ်တောင်မှ ကော်လှဲ ပစ်ရမယ်တဲ့, အကျိုးသာ ရှိမယ်ဆိုရင်တဲ့။ သူပြောတဲ့အကျိုးက ဘာအကျိုးတော့ မပြောတတ်ဘူး။ အဲဒီအခါကျတော့မှ ဒီလောက်တောင်

k0i5gz1jbko7e2hb2tjte9bbpsa9zgy
မင်္ဂလသုတ်-၇၇/၉၇
0
6312
22002
2026-05-22T21:24:49Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၇၇/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၇၆..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22002
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၇၇/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၇၆/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၇၈/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ်-၇၇

အင်္ကုရနတ်သားအလောင်း, အင်္ဂုရအမျိုးသားကောင်းနဲ့ ပုဏ္ဏားတို့ရဲ့ ဆွေးနွေးခန်းပဲ။ ပုဏ္ဏားကြီးဖက်က အကျိုးသာရှိမယ်ဆိုရင် ဒီသစ်ပင်ကို အမြစ်နှင့်တကွ လှဲကော်ပြီး ပစ်သင့်တယ်, ဖျက်ဆီးသင့်တယ်။ ခေတ်စကားလုံးနဲ့ပြောရင် ဘာလဲ? အကျိုးသာရှိမယ်ဆိုရင်တော့ ဘနဖူးပဲဖြစ်ဖြစ် သိုက်တူးသင့်တယ်ဆိုရင် သိုက်တူးရမယ်လို့ သူက ဒီလို ပြောနေတယ်နော်။ အဲဒီအခါ သူက နီတိစကားလေးကို ကိုးကားပြီး ပြောနေတာပါ။ နီတိစကားကို ကိုးကားပြောနေတော့ အင်္ဂုရအမျိုးသားကောင်းက ဘာပြန်ပြောလဲ? ဓမ္မရေးရာဖက်က သူက လှည့်ပြောတယ်။

ယဿေကရတ္တိမ္ပိ ဃရေ ဝသေယျ, ယတ္ထန္နပါနံ ပုရိသော လဘေထ၊ န တဿ ပါပံ မနသာပိ စိန္တယေ, ကတညုတာ သပ္ပုရိသေဟိ ဝဏ္ဏိတာ။

ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဃရေ၊ အိမ်၌။ ဧကရတ္တမ္ပိ၊ တစ်ညဉ့်မျှသော်လည်းပဲ။ ဝသေယျ၊ တည်းခိုနေထိုင်ဖူးသည်ဖြစ်ငြားအံ့။ ယတ္ထ၊ အကြင်အိမ်၌။ အန္နပါနံ၊ အစားအဖျော်ကို, ထမင်းအဖျော်ကို။ ပုရိသော၊ ယောက်ျားသည်။ စေ၊ အကယ်၍။ လဘေထ၊ ရခဲ့ဖူးသည်ဖြစ်ငြားအံ့။ တဿ၊ ထိုအိမ်ရှင်အပေါ်၌။ ပါပံ၊ မကောင်းမှုကို။ မနသာပိ၊ စိတ်ဖြင့်သော်လည်းပဲ။ န စိန္တေယျ၊ မကြံစည်သင့်, မကြံစည်ထိုက်လေရာ။ သပ္ပုရိသေဟိ၊ သူတော်ကောင်းတို့သည်။ ကတညုတာ၊ သူတစ်ပါးပြုခဲ့ဖူးတဲ့ ကျေးဇူးကို အသိအမှတ်ပြုတတ်သည်၏အဖြစ်ကို။ ဝဏ္ဏိတာ၊ ချီးမွမ်းမြှောက်စားအပ်ပါပေကုန်၏။

ဓမ္မလမ်းကြောင်းဖက်က ပြန်ပြောနေတယ်နော်။ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အိမ်မှာ တစ်ညဉ့်သော်လည်း တည်းခိုခဲ့ဖူးမယ်, နေထိုင်ခဲ့ဖူးမယ်ဆိုရင် ယင်းသို့ တည်းခိုနေထိုင်တဲ့ ထိုအိမ်မှာ တည်းခိုနေတဲ့ ထိုယောက်ျားက ထမင်း, အဖျော် အစရှိတဲ့ စားဖွယ်သောက်ဖွယ်တွေကိုများ အကယ်၍ ရခဲ့ဖူးမယ်ဆိုရင် ထိုအိမ်ရှင်ယောက်ျားအပေါ်၌ တည်းခိုနေတဲ့ပုဂ္ဂိုလ်က စိတ်ဖြင့်သော်လည်း မကောင်းမှုကို မကြံစည်သင့်, မကြံစည်ထိုက်ပါဘူး။ နှုတ်ဖြင့် လွန်ကျူးဖို့ ထားလိုက်ဦး, ကိုယ်ဖြင့် လွန်ကျူးဖို့ဆိုတာ ထားလိုက်ဦး။

ဒီလို တစ်လုပ်စားဖူး သူ့ကျေးဇူးခေါ်တဲ့ တစ်ကြိမ်တစ်ခါ သူ့အိမ်မှာ တည်းခိုခဲ့ဖူးမယ်, တစ်ကြိမ်တစ်ခါ သူ့အိမ်မှာ ထမင်းစားခဲ့ဖူးမယ်, အဖျော်သောက်ခဲ့ဖူးမယ်ဆိုရင် ဒီပုဂ္ဂိုလ်ရဲ့အပေါ်၌ စိတ်ဖြင့်သော်လည်း မပြစ်မှားသင့်, မပြစ်မှားထိုက်ပါဘူး။ မကောင်းမှုကို စိတ်ဖြင့်သော်လည်း မကြံစည်သင့်, မကြံစည်ထိုက်ပါဘူးလို့ ဒီလို ပြောတယ်။ ဘယ့်နှယ်တုံး တရားနာပရိသတ်တွေ ဒီစကား လက်ခံနိုင်ရဲ့လား? (လက်ခံနိုင်ပါတယ်ဘုရား) တကယ်ဟုတ်ရဲ့လား? (ဟုတ်ပါတယ်ဘုရား) အေး ... ကောင်းတယ် ကောင်းတယ်။ ဒီလိုဆိုရင်တော့ သာဓုခေါ်ပါတယ်။ မပြောတဲ့ပုဂ္ဂိုလ် အများကြီးရှိတယ်။ အင်း ဘာဖြစ်လို့လဲ?

ဘုရားအစရှိတဲ့ သူတော်ကောင်းတို့က သူတစ်ပါးတို့ရဲ့ ဂုဏ်ကျေးဇူး, ပြုခဲ့ဖူးတဲ့ ကျေးဇူးကို အသိအမှတ်ပြုခြင်း, ကျေးဇူးတုန့်ပြန်ခြင်းကို ချီးမွမ်းမြှောက်စားတော်မူကြတယ် ဆိုပြီးတော့ သူက ရှင်းပြတယ်။ အကယ်၍သာ ပါဠိစာပေ နားမလည်လို့ပါ ပါဠိစာပေသာ နားလည်မယ်ဆိုရင် အလင်္ကာဂုဏ်မြောက်နဲ့ လင်္ကာလေးတွေ သီကုံးပြီး တစ်နည်း ဂါထာလေးတွေ သီကုံးပြီး ပြောနေကြတာ။ နောက်ဆက်ပြီး ဘာပြောလဲ?

ယဿေကရတ္တိမ္ပိ ဃရေ ဝသေယျ, အန္နေန ပါနေန ဥပဋ္ဌိတော သိယာ၊ န တဿ ပါပံ မနသာပိ စိန္တယေ, အဒုဗ္ဘပါဏိ ဒဟတေ မိတ္တဒုဗ္ဘိံ။

ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဃရေ၊ အိမ်၌။ ဧကရတ္တမ္ပိ၊ တစ်ညဉ့်မျှသော်လည်း။ ဝသေယျ၊ နေထိုင်ခဲ့ဖူးငြားအံ့။ အန္နေန၊ ထမင်းဖြင့်လည်းကောင်း။ ပါနေန၊ အဖျော်ယမကာဖြင့်လည်းကောင်း။ ဥပဋ္ဌိတော၊ ရှေးရှုတည်ထား ကျွေးမွေးခဲ့ဖူးသည်။ သိယာ၊ ဖြစ်ငြားအံ့။ တဿ၊ ထိုအိမ်ရှင်ယောက်ျားအပေါ်၌။ ပါပံ၊ မကောင်းမှုကို။ မနသာပိ၊ စိတ်ဖြင့်သော်လည်းပဲ။ န စိန္တေယျ၊ မကြံစည်သင့်လေရာ။ အဒုဗ္ဘပါဏိ၊ စောင့်စည်းတတ်သော (မပြစ်မှားတတ်သော) လက်ရှိသော မိတ်ဆွေသည်။ မိတ္တဒုဗ္ဘိံ၊ မိတ်ဆွေကို ပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်ကို။ ဒဟတေ၊ လောင်ကျွမ်းစေတတ်ပါပေ၏။

ပုဂ္ဂိုလ်တစ်ယောက်ရဲ့အိမ်မှာ ၁-ညဉ့်မျှ တည်းခိုခဲ့ဖူးတယ်။ သူ့ထံမှ ထမင်းအဖျော်ဖြင့် ရှေးရှုတည်လာပြီး ကျွေးမွေးတာကို ရခဲ့ဖူးတယ်ဆိုရင် ထိုအိမ်ရှင်ယောက်ျားအပေါ်၌ စိတ်ဖြင့်သော်လည်းပဲ မကောင်းမှုကို ဘယ်တော့မှ မကြံစည်သင့်ပါဘူး။ အဒုဗ္ဘပါဏိ၊ စောင့်စည်းတတ်တဲ့ စိတ်ထားရှိတဲ့ သူတော်ကောင်း ဒီအိမ်ရှင်ယောက်ျားသည် ဧည့်သည်တို့အပေါ်၌ စောင့်စည်းအပ်တဲ့ စိတ်ထားရှိတဲ့ သူတော်ကောင်းဖြစ်တယ်။ အဲဒီလို စောင့်စည်းတတ်တဲ့ စိတ်ထားရှိနေတဲ့, စောင့်စည်းတတ်သော လက်ရှိနေတဲ့ -

အဒုဗ္ဘပါဏိ၊ စောင့်စည်းတတ်သော လက်ရှိသော မိတ်ဆွေသည်။ မိတ္တဒုဗ္ဘိံ၊ မိတ်ဆွေကို ပြစ်မှားလေ့ရှိတဲ့ ပုဂ္ဂိုလ်ကို။ ဒဟတေ၊ လောင်ကျွမ်းစေတတ်ပါပေ၏။

စောင့်စည်းတတ်တဲ့ မိတ်ဆွေကို မပြစ်မှားဘဲ မိတ်ဆွေကို စောင့်ရှောက်တတ်တဲ့ လက်ရှိနေတဲ့ ထိုအိမ်ရှင်မိတ်ဆွေသည် မိတ်ဆွေကို ပြစ်မှားတတ်တဲ့ ပုဂ္ဂိုလ်ကို လောင်ကျွမ်းစေတတ်တယ်။ ဒါကတော့ တင်စားပြောတဲ့စကားပါ။ သူတော်ကောင်းဖက်ကတော့, အိမ်ရှင်ယောက်ျား သူတော်ကောင်းဖက်ကတော့ ဧည့်ဝတ်တရား ကျေပြွန်စွာဖြင့် ထမင်းဖြင့် ကျွေးမွေးတယ်, အဖျော်ယမကာဖြင့် ကျွေးမွေးတယ်။ ပြုစုစောင့်ရှောက်ပေးပါတယ်။ အဲဒီလို ပြုစုစောင့်ရှောက်ပေးလိုက်တဲ့ အချိန်အခါမှာ ဒီပုဂ္ဂိုလ်က စောင့်ရှောက်တတ်တဲ့ လက်ရှိတဲ့ သူတော်ကောင်းဖြစ်တယ်။ အဲဒီ စောင့်ရှောက်တတ်တဲ့ လက်ရှိတဲ့ သူတော်ကောင်းရဲ့ ဒီလက်သည် မိမိကို လာပြီး ပြစ်မှားနေတဲ့ ပုဂ္ဂိုလ်ကို လောင်ကျွမ်းစေတတ်တယ်။ တကယ်လောင်ကျွမ်းစေတာတော့ မဟုတ်ဘူးနော်။

တစ်ဖက်ပုဂ္ဂိုလ်က မိမိရဲ့ ကျေးဇူးရှင်အရာ တည်သွားပြီ။ သူတစ်ပါး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို အသိအမှတ် မပြုနိုင်ဘဲ ထိုပုဂ္ဂိုလ်ကို မိမိက ပြန်ပြီးတော့ ဖျက်ဆီးတယ်။ အဲဒီလို ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်ကို ဘာလို့ခေါ်လဲ? မိတ္တဒုဗ္ဘိ၊ မိတ်ဆွေကို ပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်, မိတ်ဆွေကို ဖျက်ဆီးနေတဲ့ပုဂ္ဂိုလ်။ အဲဒီလို မိတ်ဆွေကို ဖျက်ဆီးနေပြီဆိုရင်, မိတ်ဆွေကို ဖျက်ဆီးနေတဲ့ ဒီစိတ်ထားက ကုသိုလ်လား, အကုသိုလ်လား? အကုသိုလ်ဖြစ်ပြီ။ အဲဒီ အကုသိုလ်တရားတွေက ဖျက်ဆီးနေတဲ့ ဒီသတ္တဝါကို လောင်ကျွမ်းစေလိမ့်မယ်လို့ ဒီလို ပြောတယ်။ ဘယ့်နှယ်တုံး ပရိသတ်တွေ လက်ခံနိုင်သလား?(လက်ခံနိုင်ပါတယ်ဘုရား) ကဲ ... ကောင်းပြီ။ လက်ခံနိုင်ရင် နောက်ထပ် ဘာဆက်ပြောလဲ?

‘‘ယော ပုဗ္ဗေ ကတကလျာဏော, ပစ္ဆာ ပါပေန ဟိံသတိ၊ အလ္လပါဏိဟတော ပေါသော, န သော ဘဒြာနိ ပဿတိ’’

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ ပြုအပ်ဖူးသော ကောင်းမှုကျေးဇူး ရှိသည်ဖြစ်ပါလျက်။ ပစ္ဆာ၊ နောက်ကာလ၌။ ပါပေန၊ မကောင်းမှုဖြင့်။ ဟိံသတိ၊ ညှဉ်းပန်းနှိပ်စက်တတ်၏။ အလ္လပါဏိဟတော၊ စိုသောလက်ရှိသော ပုဂ္ဂိုလ်ကို ဖျက်ဆီးတတ်သော (သို့မဟုတ်) စိုသောလက်ရှိသော သူတော်ကောင်း၏ အမျက်ဒေါသဖြင့် ဖျက်ဆီးအပ်သော။ သော ပေါသော၊ ထိုသူသည်။ ဘဒြာနိ၊ ကောင်းမြတ်သော အကျိုးစီးပွား (အာရုံ) တို့ကို။ န ပဿတိ၊ ဘယ်တော့မှ မမြင်မတွေ့ရတတ်ပေ။

စကားလေးက တော်တော်လေး လေးနက်တဲ့ စကားတစ်ခု ဖြစ်လာတယ်။ ပုဂ္ဂိုလ်တစ်ယောက်ကို ပုဂ္ဂိုလ်တစ်ယောက်က ကောင်းမှုပြုခဲ့ဖူးပြီ။ အဲဒီ ကောင်းမှုအပြုခံရတဲ့ ပုဂ္ဂိုလ်က, ပြုလိုက်တဲ့ ပုဂ္ဂိုလ်က ကျေးဇူးရှင်၊ အပြုခံရတဲ့ ပုဂ္ဂိုလ်က ကျေးဇူးပြန်ပြီး သိတတ်ရမဲ့ ပုဂ္ဂိုလ်ပဲ။ အဲဒီကျေးဇူး သိတတ်ရမဲ့ ပုဂ္ဂိုလ်က ကျေးဇူးမသိဘူး။ နောက်ကာလမှာ မကောင်းမှုဖြင့် ဒီကျေးဇူးရှင်ကို ပြန်ပြီးတော့ ညှဉ်းပန်းနှိပ်စက်တယ်။ ကာယကံဖြင့် ညှဉ်းပန်းနှိပ်စက်တယ်, ဒီကျေးဇူးရှင်ကို ဝစီကံဖြင့် ညှဉ်းပန်းနှိပ်စက်တယ်, မနောကံဖြင့် ပြန်ပြီးတော့ နှိပ်စက်နေတယ်။ မကောင်းမှု အကုသိုလ်ကံတွေဖြင့် ဒီကျေးဇူးရှင်ကို ပြန်ပြီးတော့ ညှဉ်းပန်းနှိပ်စက်နေတယ်။ အဲဒီလို ညှဉ်းပန်းနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်သည် ဘာလုပ်နေသလဲလို့မေးတော့ -

အလ္လပါဏိဟတော၊ စိုသောလက်ရှိသော သူတော်ကောင်း၏ အဖျက်ဆီးခံရသော။ သော ပေါသော၊ ထိုသတ္တဝါသည်။ ဘဒြာနိ၊ ကောင်းမြတ်သော အာရုံတို့ကို။ န ပဿတိ၊ ဘယ်တော့မှ မတွေ့မြင်ရတတ်ပေ။

စိုသောလက်ရှိသော ဒီပုဂ္ဂိုလ်၏ ဖျက်ဆီးခြင်းကို တစ်ဖန်ပြန်ပြီးတော့ ခံရမယ်။ ခုနက ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်, ကျေးဇူးသိတတ်တဲ့ ပုဂ္ဂိုလ်က စိုသောလက် ရှိနေတယ်။ စိုသောလက်ဆိုတာ ဘယ်လို သဘောပေါက်သလဲ? ကောင်းမှုကုသိုလ်တစ်ခု ပြုတော့မယ်ဆိုရင် ရှေးရှေးသူတော်ကောင်းတွေက မိမိရဲ့ လှူဖွယ်ဝတ္ထုကို မကိုင်တွယ်မီမှာ မိမိရဲ့လက်ကို စင်ကြယ်အောင် ဆေးကြောသုတ်သင်တယ်။ ဒီတော့ အမြဲတမ်းလှူနေတဲ့ ပုဂ္ဂိုလ်က အမြဲတမ်း လက်ကို စင်ကြယ်အောင် ဆေးကြောသုတ်သင်နေရတဲ့အတွက် သူ့လက်သည် အမြဲတမ်း စိုမနေဘူးလား? အဲဒီ စိုနေတဲ့လက် သူက အခြောက်မခံဘူး။ ကောင်းမှုကုသိုလ်ပြုမှုမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတယ်။

အဲဒီလို စိုသောလက် အခြောက်မခံဘဲ ကောင်းမှုကုသိုလ်ကို တယ်တမ်း လက်တွေ့ ပွားများအားထုတ်နေတဲ့ သူတော်ကောင်းက မိမိကို လာပြီး ပြစ်မှားနေတဲ့ ကျေးဇူးမသိတတ်တဲ့ ပုဂ္ဂိုလ်ကို တကယ်ဖျက်ဆီးမလားမေးတော့ သူက တကယ် မဖျက်ဆီးပါဘူး။ တင်စားပြီး ပြောနေတာ။ ဘယ်တရားက ဒီပုဂ္ဂိုလ်ကို ဖျက်ဆီးသလဲလို့မေးတော့ ဒီလို ကျေးဇူးမသိတတ်တဲ့ ပုဂ္ဂိုလ်, ဘနဖူး သိုက်တူးတတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ အဲဒီလို ကျေးဇူးမသိတတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီလို ပြန်ပြီး ဖျက်ဆီးပြီး သူတစ်ပါးကို ကျေးဇူးကန်းပြီး မကောင်းမှုဖြင့် ညှဉ်းပန်းနှိပ်စက်နေပြီ။

ဒီလို မကောင်းမှုဖြင့် ညှဉ်းပန်းနှိပ်စက်နေပြီဆိုရင် ဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အကုသိုလ်တရားတွေ တိုးပွားမနေဘူးလား? တိုးပွားနေပြီ။ အကုသိုလ်တရားတွေ တိုးပွားနေတဲ့ ဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီအကုသိုလ်တရားတွေက သူ့ကို ဖျက်ဆီးနေပြီ။ ဖျက်ဆီးလိုက်တဲ့အတွက် ဒီအကုသိုလ်တရားရဲ့ အဖျက်အဆီးခံနေရတဲ့ ပုဂ္ဂိုလ်သည် ကောင်းတဲ့ အာရုံတွေကို တွေ့မြင်နိုင်ပါဦးမလား? မတွေ့မြင်နိုင်ဘူး။

ဒါကြောင့် ရှေးသူတော်ကောင်းတွေက စိုသောလက်ကို မခြောက်ပါစေနဲ့ဆိုပြီး ဒီဝတ္ထုလေးကို ထောက်ပြီးတော့ ပြောကြတယ်။ စိုသောလက်ကို ခြောက်စေတယ်ဆိုတာက ခုနက တစ်ဖက်ပုဂ္ဂိုလ်က သူတော်ကောင်းဖြစ်တယ်။ အမြဲတမ်း ပေးကမ်းနေတဲ့ သူတော်ကောင်းဖြစ်တယ်။ ဒီလို အမြဲတမ်း ပေးကမ်းလှူဒါန်းနေတဲ့ စိုသောလက်ရှိတဲ့ ပုဂ္ဂိုလ်ကို မိမိက တစ်ဖန် ပြန်ပြီး မကောင်းမှုဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့ရင် စိုနေတဲ့လက်ကို မိမိက ခြောက်အောင် ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်ပဲ။ ဘယ့်နှယ်တုံး ပရိသတ်တွေ စိုတဲ့လက်ကို ခြောက်အောင် ပြုလုပ်ချင်ကြသလားလို့ ဘုန်းကြီးကမေးရင် ဘယ်လို ဖြေမလဲ? ဟင် ... မပြုချင်ကြဘူးလို့ ပါးစပ်ကပြောတာပဲ။ အဲဒီလက်နှစ်လုံးလောက်ရှိတဲ့ ဒီပါးစပ်ကလေးကို စောင့်ထိန်းနိုင်ကြသလား? ဟင် ... များသောအားဖြင့် မစောင့်ထိန်းနိုင်ဘူး။ မစောင့်ထိန်းနိုင်ရင် ဘာဖြစ်မလဲ?

‘‘ယော ပုဗ္ဗေ ကတကလျာဏော, ပစ္ဆာ ပါပေန ဟိံသတိ၊ အလ္လပါဏိဟတော ပေါသော, န သော ဘဒြာနိ ပဿတိ’’

ယော၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ပုဗ္ဗေ၊ ရှေး၌။ ကတကလျာဏော၊ ပြုအပ်ခဲ့ဖူးသော ကောင်းမှုတည်းဟူသော ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပေ၏။ ကတကလျာဏော၊ ပြုအပ်ခဲ့ဖူးသော ကောင်းမှုတည်းဟူသော ကျေးဇူးကို အပြုခံရတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ပေ၏။ ပစ္ဆာ၊ နောက်ကာလ၌။ ပါပေန၊ မကောင်းမှုဖြင့်။ ဟိံသတိ၊ ကျေးဇူးရှင်အပေါ်၌ ညှဉ်းပန်းနှိပ်စက်တတ်ပေ၏။ အလ္လပါဏိဟတော၊ စိုသောလက်ရှိသော သူတော်ကောင်း၏ အဖျက်အဆီးကို ခံရသော။ သော ပေါသော၊ ထိုသတ္တဝါသည်။ ဘဒြာနိ၊ ကောင်းမြတ်သော အာရုံတို့ကို။ န ပဿတိ၊ ဘယ်တော့မှ မတွေ့မြင်ရတတ်ပေ။

မိတ္တံဒုဗ္ဘိ = စိုသောလက်ရှိနေတဲ့ သူတော်ကောင်းတစ်ဦးကို, မိတ်ဆွေတစ်ဦးကို ပြစ်မှားနေတဲ့ပုဂ္ဂိုလ်သည် နောင်သောအချိန်ခါကာလမှာ ကောင်းတဲ့အာရုံတွေကို တွေ့ရဦးမလား? မတွေ့ရတော့ဘူး။ အကုသိုလ်ကံက ဆက်တိုက် အကျိုးပေးဖို့ မကောင်းတဲ့အာရုံတွေ တွေ့ကြုံရတဲ့ အချိန်ခါကျတော့မှ “ငါတော့ မှားလေပြီ” ဆိုပြီး နောင်တရပြီဆိုရင် အချိန်လွန်မသွားဘူးလား? လွန်သွားပြီ။ ဒါသတိရှိဖို့ လိုတယ်။

ကဲ ... အဲဒီလို ဓမ္မလမ်းကြောင်းဖြင့် အင်္ဂုရအမျိုးကောင်းသားကနေပြီးတော့ ပုဏ္ဏားကြီးကို ပြောလိုက်တဲ့ အချိန်ခါကျတော့မှ ပုဏ္ဏားကြီးက နည်းနည်းလေး တိတ်သွားတယ်။ သူက နီတိကို ကိုးကားပြီးတော့ ပြောနေတာပါ။ နီတိဆိုတာက ခေတ်စကားပါ။ ဓမ္မလမ်းကြောင်းကသာလျှင် သာသနာတော်မှာ အလေးဂရုပြုထိုက်တဲ့ စကားတစ်ခု ဖြစ်တယ်။ သူက အကျိုးရှိမယ်ဆိုရင် “ဘနဖူးကိုလည်း သိုက်တူးရမယ်” ပြောနေတယ်။ ဓမ္မလမ်းကြောင်းကတော့ ကျေးဇူးရှင်ကို ပြစ်မှားရမယ်လို့ ပြောသလား? မပြောဘူး။

ကျေးဇူးရှင်မှန်ရင် ၁-ကြိမ် ၁-ခါ သူ့အိမ်မှာ နေခဲ့ဖူးတဲ့ ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ချင်ဖြစ်ပါစေ, တစ်ကြိမ်တစ်ခါ သူ့ထံမှာ ထမင်းစားဖူးတဲ့ ပုဂ္ဂိုလ်, အဖျော်ယမကာ သောက်ဖူးတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ ထိုကဲ့သို့သော ကျေးဇူးရှင်မျိုးကို ပြစ်မှားရမလား, မပြစ်မှားရဘူးလားလို့မေးရင် ဘယ်လို ဖြေမလဲ? မပြစ်မှားရဘူး။ ညှဉ်းဆဲရမလား, မညှဉ်းဆဲရဘူးလားမေးရင်ကော? မညှဉ်းဆဲရဘူး။ သူတော်ကောင်းဆိုတာ ဒီလို စိတ်ထားရှိရမယ်။ အဲဒီစိတ်ထား မရှိတဲ့ပုဂ္ဂိုလ်တွေသည် သူတော်ကောင်းကျင့်ဝတ်ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေ ဟုတ်သလား? မဟုတ်ဘူး။ တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုတာက သိတတ်ရပါတယ်နော်။

ကဲ ဒီနေရာမှာ အင်္ဂုရနတ်သားနဲ့ ပုဏ္ဏားကြီးတို့ရဲ့ ဆွေးနွေးပွဲပြီးသွားတဲ့ အချိန်အခါကျတော့ ခုနက နတ်ကြီးအကြောင်း နည်းနည်းလေး ဆက်ပြောချင်တယ်။ ဒီနတ်ကြီးက အလိုဆန္ဒအားလုံးကို ပေးနိုင်တဲ့ စွမ်းအားရှိနေတယ်။ သူ့လက်က အကုန်လုံး ပေးနိုင်တဲ့ စွမ်းအားရှိတယ်။ စွမ်းအားရှိတဲ့ အခါကျတော့ သူတို့က မေးကြည့်ကြတယ်။ ဘယ်လို ကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်ခဲ့လို့ အလိုခပ်သိမ်းကို ပြီးစေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ဒီလက်ကြီးကို ရရှိနေပါသလဲ စသည်ဖြင့် မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်ခါကျတော့မှ ဒီနတ်ကြီးက သူ့ရဲ့ကောင်းမှုကုသိုလ်ကို ပြန်ပြောပြတယ်။ ပိုက်ဆံတစ်ပြားမှ မကုန်တဲ့ ကောင်းမှုပါ။ ဘုန်းကြီးတို့က သာသနာတော်အတွင်းမှာ ဒီစိတ်ထားလေးကို တစ်ဦးနဲ့တစ်ဦး ထားစေချင်လို့ ဒီတရား ဟောနေတာပါ။ သူက ဘာပြောလဲ?

‘‘တုန္နဝါယော ပုရေ အာသိံ, ရောရုဝသ္မိံ တဒါ အဟံ၊ သုကိစ္ဆဝုတ္တိ ကပဏော, န မေ ဝိဇ္ဇတိ ဒါတဝေ။

အဟံ၊ ငါသည်။ ပုရေ၊ ရှေးယခင် လူဖြစ်စဉ် အချိန်ခါတုန်းက။ တဒါ၊ ထိုအခါ၌။ ရောရုဝသ္မိံ၊ ရောရုဝမြို့၌။ တုန္နဝါယော၊ အပ်ချုပ်သမားသည်။ အာသိံ၊ ဖြစ်ခဲ့ဖူးလေပြီ။

အဝတ်ကလေး အပ်ချုပ်ပြီးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦး သူက တစ်ချိန်က ဖြစ်ခဲ့ဖူးပါတယ်။

သုကိစ္ဆဝုတ္တိ၊ အလွန် ငြိုငြင်သော အသက်မွေးဝမ်းကျောင်းရှိသော။ ကပဏော၊ အထီးကျန်တဲ့ပုဂ္ဂိုလ်သည်။ အာသိံ၊ ဖြစ်ခဲ့ဖူးလေပြီ။ ဒါတဝေ၊ ပေးလှူအပ်သောငှာ။ မေ၊ ငါ၏သန္တာန်၌။ ဒါတဗ္ဗဝတ္ထု၊ လူဖွယ်ဝတ္ထုအစုစုသည်လည်းပဲ။ န ဝိဇ္ဇတိ၊ ထင်ရှားမရှိခဲ့ပါပေ။

အပ်ချုပ်သမား ဖြစ်စဉ်အခါတုန်းက ရောရုဝမြို့ဝမှာ သူနေထိုင်ခဲ့စဉ် အချိန်အခါက အလွန် ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲဖြင့် အသက်မွေးခဲ့ရတယ်။ အထီးကျန်သမားတစ်ဦး ဖြစ်ပါတယ်။ အထီးကျန်ဆိုတာ ဘာပြောတာလဲ? ဟင် ! တစ်ယောက်ထဲနေတာ ပြောတာနော်။ ဟုတ်ပြီ။ သူက လူပျိုကြီး ဖြစ်ခဲ့တယ်ပေါ့။ အပျိုကြီးတို့, လူပျိုကြီးတို့ ပုံစံပဲ။ အထီးကျန်ဘဝပဲ အဲဒီမှာ သူက လှူဖွယ်ဝတ္ထုဆိုလို့ ဘာမှ မရှိခဲ့ဘူး။

‘‘နိဝေသနဉ္စ မေ အာသိ, အသယှဿ ဥပန္တိကေ၊ သဒ္ဓဿ ဒါနပတိနော, ကတပုညဿ လဇ္ဇိနော။

မေ၊ ငါ၏။ နိဝေသနဉ္စ၊ နေထိုင်စရာ အိမ်သည်လည်းပဲ။ အသယှဿ၊ အသယှသူဌေး၏။ ဥပန္တိကေ၊ အိမ်၏အနီး၌။ အာသိ၊ ဖြစ်ခဲ့လေပြီ။ ကတပုညဿ၊ ပြုအပ်ခဲ့ဖူးသော ရှေးယခင်ဘဝတုန်းက ပြုအပ်ခဲ့ဖူးသော ကောင်းမှုကုသိုလ်ရှိသော။ လဇ္ဇိနော၊ မကောင်းမှု အကုသိုလ်ဟူသမျှကို ရှက်ကြောက်တတ်သော။ သဒ္ဓဿ၊ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝရှိသော။ ဒါနပတိနော၊ ဒါန၏အရှင်သခင်ဖြစ်သော။ အသယှဿ၊ အသယှသူဌေးကြီး၏။ ဥပန္တိကေ၊ အိမ်နီးချင်း၌။ အာသိ၊ ဖြစ်ခဲ့လေပြီ။

အသယှသူဌေးကြီးရဲ့ ဂုဏ်ရည်တွေကို သူက ချီးမွမ်းပြတယ်။ အသယှသူဌေးက ဘယ်လိုပုဂ္ဂိုလ်လဲလို့ မေးတော့ သဒ္ဓါတရား, ရတနာသုံးတန် ကံ, ကံ၏အကျိုးတရားစတဲ့ ယုံကြည်သင့် ယုံကြည်ထိုက်တဲ့ သာဌေယျဝတ္ထုတွေအပေါ်၌ ယုံကြည်နေတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်တယ်။ ဒါနပတိ = ဒါနရဲ့ အရှင်သခင်လည်း ဖြစ်တယ်။ ဒါနရဲ့ကျေးကျွန်ကော ဟုတ်သလား? မဟုတ်ဘူး။ ဒါနရဲ့မိတ်ဆွေလည်း ဟုတ်သလား? မဟုတ်ဘူး။ ဒါနရဲ့ အရှင်သခင်။ နောက်တစ်ခု -

ရှေးရှေးသံသရာ အဆက်ဆက်ကတည်းက ပြုစုပျိုးထောင်ခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်ရှိတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ မကောင်းမှုအကုသိုလ်တရားတွေ, မကောင်းမှုဒုစရိုက်တရားတွေကို ရှက်ကြောက်တတ်တဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်တယ်။ မကောင်းမှုအကုသိုလ်ပြုရမှာ သိပ်ရှက်တယ်။ မကောင်းမှုအကုသိုလ် ဒုစရိုက်တွေကို လွန်ကျူးရမှာ သိပ်ရှက်တယ်။ ဘယ့်နှယ်တုံး တရားနာ ပရိသတ်တွေကော ရှက်တတ်ရဲ့လား? ဟင်! (ရှက်တတ်ပါတယ်ဘုရား) ဘုန်းကြီးကို မုသား မပြောနဲ့နော်။ တစ်ချီထပ်ပြီးတော့ ဒုစရိုက် လွန်ကျူးမိရက်သား ဖြစ်နေမယ်။ ရှက်တတ်တယ်ဆိုတာ ဘာပြောတာလဲ? ဒီသူဌေးကြီးက ကိုယ်ကျင့်သီလ ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦးဖြစ်တယ်လို့ ပြောလိုတာပါ။

မကောင်းမှုအကုသိုလ်တွေကို ရှက်တတ်ပြီ, မကောင်းမှုဒုစရိုက်တရားတွေကို ရှက်တတ်ပြီဆိုရင် ဒီသူတော်ကောင်းသည် မကောင်းမှုအကုသိုလ်တွေကို မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်တော့မယ်, မကောင်းမှုဒုစရိုက်တရားတွေကို မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်တော့မယ်။ ကိုယ်ကျင့်သီလ ခိုင်မသွားဘူးလား? ခိုင်သွားတယ်။ ဘာဖြစ်လို့လဲ ခိုင်သွားလဲ? ရှက်တတ်လို့ ရှက်တတ်လို့။ အဲဒါကြောင့် တရားနာပရိသတ်တွေကိုလည်း ဘုန်းကြီးက ရှက်တတ်တဲ့ပုဂ္ဂိုလ် ဖြစ်စေချင်တယ်။

ဘုန်းကြီးရှေ့မှာတော့ ရှက်တတ်ပါတယ်လို့ ဝန်ခံတယ်နော်။ ကွယ်ရာရောက်ပြီဆိုရင်တော့ လက်နှစ်လုံးလောက်ရှိတဲ့ ပါးစပ်ကလေး လုံအောင် ပိတ်တတ်ကြရဲ့လား? မပိတ်တတ်ကြဘူး။ ဒါ သတိရှိကြနော်။ ဒီလက်နှစ်လုံးလောက်ရှိတဲ့ ပါးစပ်ပေါက်ကလေးက အင်မတန် ဒုက္ခပေးတတ်တယ်။ ဒါကြောင့် အဲဒီ သူဌေးကြီးရဲ့ အိမ်နားမှာ ရှိနေတော့ ဒီသူဌေးကြီးက ဘယ်လိုလဲ?

‘‘တတ္ထ ယာစနကာ ယန္တိ, နာနာဂေါတ္တာ ဝနိဗ္ဗကာ၊ တေ စ မံ တတ္ထ ပုစ္ဆန္တိ, အသယှဿ နိဝေသနံ။

တတ္ထ၊ ထိုအသယှသူဌေးရဲ့အိမ်သို့။ ယာစနကာ၊ တောင်းစားတတ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ယန္တိ၊ ဆိုက်ရောက်၍ လာကြလေကုန်၏၊

အလှူခံပုဂ္ဂိုလ်တွေ တစ်နည်းတော့နော် -

တတ္ထ၊ ထိုအသယှသူဌေး ရှိရာအရပ်သို့။ ယာစနကာ၊ အလှူခံပုဂ္ဂိုလ်တို့သည်။ ယန္တိ၊ ဆိုက်ရောက်၍ လာတတ်ကြပေကုန်၏၊

အလှူခံပုဂ္ဂိုလ်တွေက ဒီအသယှသူဌေးရှိတဲ့ နေရာကို ရောက်ရောက်ပြီးတော့ လာကြတယ်။ အဲဒီ အလှူခံပုဂ္ဂိုလ်တွေက ဘယ်လို ပုဂ္ဂိုလ်တွေလဲလို့ မေးတော့ -

နာနာဂေါတ္တာ၊ အမျိုးမျိုးသော အနွယ်ရှိတဲ့ ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ဝနိဗ္ဗကာ၊ ဖုန်းတောင်းယာစကာတို့သည်လည်းကောင်း။ ယန္တိ၊ ဆိုက်ရောက်၍ လာတတ်ကြပေကုန်၏၊

အမျိုးအနွယ်အားလုံးပဲ မင်းမျိုး, သူဌေးမျိုး, ပုဏ္ဏားမျိုး, သူဆင်းရဲမျိုး ဆိုတဲ့ အမျိုးအနွယ် အသီးသီး, အဆင့်အတန်း အသီးသီး, အလွှာအသီးသီးက အမျိုးမျိုး လာကြတယ်။ ဘာဖြစ်လို့လဲ? လာချင်လောက်တဲ့ သဒ္ဓါတရားတွေနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်း, ဒါနရဲ့ အရှင်သခင် ဖြစ်နေတယ်။ ဝနိဗ္ဗကာ = ဖုန်းတောင်းယာစကာတွေကလည်း လာကြတယ်။ ဖုန်းတောင်းတယ် ဆိုတာကတော့ ခုကာလ ဥပါသကာတွေလိုပေါ့လေ။

နောက်တစ်နည်း ပြောရင်တော့ - သီလရှင်တွေလိုပေါ့နော်။ အလှူရှင်တွေကို ကြီးပွားတိုးတက်မှုရှိအောင် ဆုထူးပန်ထွာပေးတဲ့ သူတော်ကောင်းတွေပဲ။ အဲဒီပုဂ္ဂိုလ်တွေလည်း ရောက်ရှိလာကြတယ်။ ဘာဖြစ်လို့လဲ? အသယှသူဌေးကြီးရဲ့ကောင်းကျိုးကို လိုလားတောင့်တနေတဲ့စိတ်ထား အပြည့်အဝ ရှိနေကြလို့ပါ။ တို့ကို အကြောင်းပြုပြီးတော့ အသယှသူဌေးကြီးမှာ ကောင်းမှုကုသိုလ်တွေ တိုးပွားကြပါစေဆိုပြီး ဒီစိတ်ထား အမြဲရှိတယ်။ ဒါကြောင့် အလွှာအသီးသီးက ပုဂ္ဂိုလ်အားလုံးက ဒီအသယှသူဌေးကြီးထံ ရောက်ရှိလာကြတယ်။ ဘာဖြစ်လို့လဲ?

ဒီသူတော်ကောင်းကြီးက သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ် ဖြစ်တယ်, ဒါနရဲ့အရှင်သခင်လည်း ဖြစ်တယ်။ ဘာပြောတာလဲ? ဒါနရဲ့ အရှင်သခင်။ အဲ ကိုယ်က အညံ့ကို စားတယ်၊ အကောင်းကို သူများ လှူနေတယ်ဆိုတော့ အလှူခံပုဂ္ဂိုလ်က သဘောမကျဘဲ နေပါ့မလား? သဘောကျတာပေါ့။ သူက အညံ့စားပြီးတော့ သူများ ကောင်းကောင်း လှူတာပဲနော်။ ဒီတော့ အလှူခံပုဂ္ဂိုလ်တွေက သူ့ဆီချဉ်းကပ်တော့တာပေါ့။ ကိုယ်က အကောင်းစားပြီးတော့ သူများကို မကောင်းတကောင်း အညံ့လေး လှူခဲ့မယ် ဆိုလို့ရှိရင်တော့ သူ့ဆီ ဘယ်သူ လာဦးမလဲ? အဲ ... လာချင်လည်း လာမယ်။ ငတ်တဲ့, ပြတ်တဲ့ ပုဂ္ဂိုလ်လောက်ပဲ လာမယ်။ ကျကျနန အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ်တွေက လာပါ့မလား? မလာတော့ဘူး။ ဒါကြောင့် ဒီနေရာမှာ သူက လာပြီ -

တတ္ထ၊ ထိုအသယှသူဌေးရှိရာအရပ်သို့။ နာနာဂေါတ္တာ၊ အလွှာအသီးသီး ရှိကြကုန်သော။ ဝနိဗ္ဗကာ၊ ဖုန်းတောင်းယာစကာ ဖြစ်ကြကုန်သော။ ယာစနကာ၊ အလှူခံပုဂ္ဂိုလ်တို့သည်။ ယန္တိ၊ ဆိုက်ရောက်၍ လာကြလေကုန်၏။ တေ စ၊ ထိုအလှူခံပုဂ္ဂိုလ်တို့သည်လည်းပဲ။ တတ္ထ၊ ထိုအသယှသူဌေးရှိရာအရပ်သို့။ မံ၊ ငါ့ကို။ ပုစ္ဆန္တိ၊ မေးမြန်းကြကုန်၏၊

အဲဒီ အလှူခံပုဂ္ဂိုလ်တွေက အသယှသူဌေးကြီး ဘယ်မှာ ရှိတယ်ဆိုတာ ကောင်းကောင်း မသိကြဘူး။ မသိတဲ့အတွက် ဘာဖြစ်လဲ?

တေ စ၊ ထိုအလှူခံပုဂ္ဂိုလ်တို့သည်လည်းပဲ။ အသယှဿ၊ အသယှသူဌေး၏။ နိဝေသနံ၊ နေအိမ်ကို။ တတ္ထ၊ ထိုနေရာ၌။ မံ၊ ငါ့ကို။ ပုစ္ဆန္တိ၊ မေးမြန်းကြကုန်၏၊

အိမ်နီးချင်းလည်း ဖြစ်နေပြီ။ စိတ်မထားတတ်ဘူးဆိုရင်တော့ ဒီနေရာမှာ အကုသိုလ်တရားတွေ တော်တော်များများ ရနိုင်တဲ့ပွဲပါ။ ဒီတော့ ခု နတ်သားကြီးရဲ့အလောင်းပေါ့။ သူက စိတ်ထားတတ်တဲ့ သူတော်ကောင်း ဖြစ်နေတယ်။ အသယှသူဌေးအိမ် ဘယ်မှာလဲဆိုပြီးတော့ သူ့ကို မေးကြတယ်။ မသိတဲ့ ပုဂ္ဂိုလ်တွေက လာလာပြီးတော့ မေးကြတယ်။ “အမလေး ... ကျုပ်တို့က မသိပါဘူးတော်” ဆိုပြီးတော့ မျက်နှာလွှဲနေလိုက်ရင်တော့ ဘယ့်နှယ်တုံး ကုသိုလ်ရပါဦးမလား? မရတော့ဘူး။

‘‘ကတ္ထ ဂစ္ဆာမ ဘဒ္ဒံ ဝေါ, ကတ္ထ ဒါနံ ပဒီယတိ၊ တေသာဟံ ပုဋ္ဌော အက္ခာမိ, အသယှဿ နိဝေသနံ။

ဝေါ၊ အရှင်တို့။ ဘဒ္ဒံ၊ ကောင်းသောမျက်နှာ ရှိကြကုန်သော။ ဝေါ၊ အရှင်တို့။ ကတ္ထ၊ အဘယ်အရပ်သို့။ ငါတို့သည်၊ ဂစ္ဆာမ = သွားကြရပါကုန်အံ့နည်း။ ကတ္ထ၊ အဘယ်အရပ်၌။ ဒါနံ၊ အလှူဒါနကို။ ပဒီယတိ၊ ပေးလှူအပ်ပါသနည်း။ အဟံ၊ ငါသည်။ တေသံ၊ ထိုပုဂ္ဂိုလ်တို့အား။ ပုဋ္ဌော၊ မေးမြန်းအပ်သည်ဖြစ်၍။ အသယှဿ၊ အသယှသူဌေး၏။ နိဝေသနံ၊ နေရာအိမ်ကို။ အက္ခာမိ၊ ပြောကြားခဲ့ဖူးလေပြီ။

အသယှသူဌေးကြီးရဲ့အိမ် ဘယ်မှာလဲပေါ့, ဘယ်နေရာမှာ အလှူဒါနပွဲကြီး ကျင်းပနေပါသလဲ စသည်ဖြင့် ငါ့ကို လာလာပြီးတော့ မေးကြတယ်။ မေးလိုက်တဲ့ အချိန်အခါမှာ လာပြီးမေးမြန်းနေတဲ့ ထိုပုဂ္ဂိုလ်တွေကို အသယှသူဌေးရဲ့ နေအိမ်ကို ငါက ပြောပြခဲ့ဖူးတယ်။ ပြောပြတော့ ဘယ်လိုပြောလဲ?

‘‘ပဂ္ဂယှ ဒက္ခိဏံ ဗာဟုံ, ဧတ္ထ ဂစ္ဆထ ဘဒ္ဒံ ဝေါ၊ ဧတ္ထ ဒါနံ ပဒီယတိ, အသယှဿ နိဝေသနေ။

ဒက္ခိဏံ ဗာဟုံ၊ လက်ယာလက်ကို။ ပဂ္ဂယှ၊ မြှောက်၍။ ဧတ္ထ၊ ဤအရပ်သို့။ ဘဒ္ဒံ ဝေါ၊ ကောင်းသောမျက်နှာ ရှိကြကုန်သော အရှင်တို့။ ဧတ္ထ၊ ဤအရပ်သို့။ ဂစ္ဆထ၊ လာတော်မူကြပါကုန်။ ဧတ္ထ၊ ဤနေရာ၌။ ဒါနံ၊ အလှူဒါနကို။ ပဒီယတိ၊ ပေးလှူပါ၏။ ဧတ္ထ၊ ဤနေရာ၌။ အသယှဿ၊ အသယှသူဌေး၏။ နိဝေသနေ၊ နေအိမ်၌။ ဒါနံ၊ အလှူဒါနကို။ ပဒီယတိ၊ ပေးလှူအပ်ပါ၏။

လက်ယာလက်ကလေး မြှောက်မြှောက်ပြီးတော့ - “မိတ်ဆွေတို့ ဒီကို လာကြ။ ဟောဒီမှာ အသယှသူဌေးကြီးရဲ့ နေအိမ်ဖြစ်တယ်။ အဲဒီ အသယှသူဌေးကြီးရဲ့အိမ်မှာ အလှူဒါနပွဲကြီးတွေ ကျင်းပနေပါတယ်” ဆိုပြီးတော့ လက်ယာလက် မြှောက်မြှောက်ပြီးတော့ သူက ခရီးညွှန်ပြတယ်။ ပြလိုက်တဲ့အတွက် ဘာဖြစ်သလဲ?

‘‘တေန ပါဏိ ကာမဒဒေါ, တေန ပါဏိ မဓုဿဝေါ၊ တေန မေ ဗြဟ္မစရိယေန, ပုညံ ပါဏိမှိ ဣဇ္ဈတိ။

တေန၊ ထိုကောင်းမှုကြောင့်။ ပါဏိ၊ ကျွန်တော်၏လက်သည်။ ကာမဒဒေါ၊ အလိုခပ်သိမ်းကို ပေးစွမ်းနိုင်ပါပေ၏။ တေန၊ ထိုကောင်းမှု ကုသိုလ်ကြောင့်။ ပါဏိ၊ ကျွန်တော်၏အသံသည်။ မဓုဿဝေါ၊ ချိုမြိန်ကောင်းမြတ်သော အသံရှိပါပေ၏။ တေန၊ ထိုကောင်းမှု ကုသိုလ်ကြောင့်။ မေ၊ ငါ၏။ တေန ဗြဟ္မစရိယေန၊ ထိုကဲ့သို့ မွန်မွန်မြတ်မြတ် ဖြည့်ကျင့်ခဲ့ရသော ဗြဟ္မစရိယကောင်းမှု ကုသိုလ်ကြောင့်။ ပုညံ၊ ကောင်းမှု ကုသိုလ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားသည်။ မေ၊ ငါ၏။ ပါဏိမှိ၊ လက်၌။ ဣဇ္ဈတိ၊ ပြီးစီးပြည့်စုံ၍ နေပါပေ၏။

အသယှသူဌေးကြီးရဲ့အိမ်ကို လက်ညွှန်ပြီး လက်ယာလက် ဆန့်တန်းပြီးတော့နော် “ဒီနေရာမှာ အလှူပွဲကြီး ကျင်းပနေပါတယ်လို့” စိတ်ပါလက်ပါ စေတနာ ထက်သန်စွာဖြင့် လိုက်လိုက်ပြီးတော့ ခရီးညွှန်ပေးတယ်။ ခရီးညွှန်ပေးတော့ ဒီကောင်းမှုကံကြောင့် ကျွန်တော်ရဲ့လက်က အလိုခပ်သိမ်းကို ပြီးစီး ပြည့်စုံစေနိုင်တယ်။ လက်ကလေး ဆန့်လိုက်တယ်။ ဘာလိုချင်သလဲ? လက် ဆန့်လိုက်တာနဲ့ လိုချင်တာ အကုန်လုံးဖြစ်တယ်တဲ့။ ဘယ့်နှယ်တုံး အဲဒီလက်မျိုး မလိုချင်ဘူးလား? ဟင် ... ရမယ်ဆိုလို့ရှိရင်တော့ ပိုကောင်းတာပေါ့။ မကောင်းဘူးလား? အဲဒီ ကောင်းမှုကုသိုလ်ကံကြောင့် ရရှိတဲ့ ဒီလက်မျိုး ပိုက်ဆံဘယ်နှစ်ပြားများ ကုန်ပါသလဲ? မကုန်ပါဘူး။ သူတော်ကောင်းတွေက စိတ်ထားတတ်မယ်ဆိုရင် ဒီလို အကျိုးတရားမျိုးတွေကို ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ လွယ်လွယ်ကလေးနဲ့ မရနိုင်ဘူးလား? ရနိုင်တယ်။

ဒီလိုဆိုရင်ပေါ့လေ ... ဒီနေရာမျိုးတွေမှာ ဒီလို ကောင်းမှုကုသိုလ်တွေ ယူမယ်ဆိုလို့ရှိရင် အများကြီး ယူလို့မရဘူးလား? ရပါတယ်။ ဒီထက် အဆင့်မြင့်နေတဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း ယူလို့ မရနိုင်ဘူးလား? ရနိုင်တယ်။ မိမိတို့ ရရှိထားတဲ့ ဘဝ, ရရှိထားတဲ့ အခြေအနေ, မိမိတို့ရဲ့ တန်ဖိုးကို သုံးတတ်ဖို့ လိုပါတယ်။ မိမိတို့ ကိုယ်ကို မိမိတို့က ဖျက်ဆီးပစ်နေတဲ့ ပုဂ္ဂိုလ်မျိုး မဖြစ်အောင် ကြိုးစားတတ်ဖို့ လိုအပ်တယ်။ အလိုခပ်သိမ်းကို ပေးတတ်တဲ့လက် - ဘာလိုချင်သလဲ? မနက်ဖြန် ဆိုလို့ရှိရင် ဘာစားရ ကောင်းမလဲ? ဟင် မနက်ဖြန်ကျရင် ဘာစားရကောင်းမလဲ? ဟာ ... ဘာစားချင်တယ် စိတ်ကလေး ဖြစ်လိုက်တာနဲ့ လက်ကလေး အသာလေး ဆန့်လိုက်တာနဲ့ ဒီဥစ္စာ အကုန်လုံးပေါ်လာမယ်ဆိုရင် မကောင်းဘူးလား? ကောင်းပါတယ်။ ကောင်းတာကို ဘုန်းကြီး နောက်တော့မှ ထပ်ပြောဦးမယ်။ ဒါနဲ့ မကျေနပ်သေးဘူး။ နောက်တစ်ခု -

သူ့လက်က ချိုမြိန်တဲ့အသံတွေ ထွက်ပေါ်နေတယ်။ နားဝင် ချိုအေးတဲ့ အသံတွေ ဖြစ်ပေါ်နေတယ်။ ဘာဖြစ်လို့လဲ? တချို့က သူက ကောင်းမှုကုသိုလ် ထူထောင်ခဲ့စဉ်အချိန်ခါက ချိုမြိန်ကောင်းမြတ်တဲ့ အသံလေးနဲ့ သူများကို ဝိုင်းဝန်းပြီး အကူအညီပေးခဲ့တယ်။ “တော်စမ်းပါ ... ဒီကောင်မ ငါကြောက်လွန်းလို့။ ဒင်းအသံကို ငါ နည်းနည်းမှ ကြားလို့မရဘူး” ဒီပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူး။ ဘာဖြစ်လို့လဲ? တစ်ဖက်သားတွေရဲ့ အကျိုးကို လိုလားတောင့်တတဲ့ စိတ်ဖြင့် အော် အလှူခံပုဂ္ဂိုလ်တွေ ကြွလာပြီ။ သူတို့ဟာ တကယ်မသိလို့ ငါ့ကို လာမေးနေတာ။ ငါက ဒီလို ညွှန်ပြခဲ့ရင် ငါ့မှာ ကောင်းမှုကုသိုလ် ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ဖြင့် မိမိရနိုင်တဲ့ အခွင့်အလမ်း, ရနိုင်တဲ့ အခွင့်အရေးလေးတွေကို ယူပြီးတော့ ကောင်းမှုကုသိုလ်ဖြစ်အောင် သူက ကြိုးပမ်းခဲ့တယ်။

သူက လှူနိုင်တဲ့ ပုဂ္ဂိုလ်အစားမျိုး ဟုတ်သလား? မဟုတ်ပါဘူး။ သူ့မှာ လှူဖွယ်ဝတ္ထုလည်း မရှိပါဘူး။ သူတစ်ပါးလှူနေတာကိုလည်း ဝမ်းသာတယ်, သူတစ်ပါးအလှူကို သွားမဲ့ အလှူခံပုဂ္ဂိုလ်တွေကိုလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ခရီးလမ်း ညွှန်ကြားပေးလိုက်တယ်။ ညွှန်ကြားပေးလိုက်တဲ့အတွက် လက်ယာလက်ကလေး ဆန့်တန်းပေးလိုက်တာနဲ့ လိုချင်တာတွေ အကုန်လုံး ပေါ်လာတယ်။ ဘယ်လောက်ကောင်းလဲ? ဒီထက်ကောင်းတဲ့အကျိုး ဘာရှိဦးမလဲ? ရှိနိုင်ပါတယ်။ ဒီထက်ကောင်းတဲ့ အကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီအကျိုးတရား အခြေခံပြီးတော့ မိမိတို့ ရှေ့ကို တစ်ဆင့်တက်မယ် ဆိုလို့ရှိရင် တက်လို့မရဘူးလား? ရနိုင်တယ်။ ဒီကောင်းမှုကြောင့် သူ့ရဲ့လက်မှာ အလိုခပ်သိမ်း ပြည့်စုံနေတယ်ဆိုပြီးတော့ သူက ပြောပြတယ်။ ကဲ စကားကတော့ ဒီလောက်နဲ့ မဆုံးဘူး။ နောက်ထပ် ဘုန်းကြီးပြောချင်တာက ရှိနေသေးတယ်နော်။ အဲဒီလို ပြောပြလိုက်တဲ့ အချိန်ခါကျတော့ အင်္ကုရနတ်သားက -

ဩော် ... သင်ကိုယ်တိုင် ကောင်းမှုကုသိုလ် ပြုခဲ့တာမဟုတ်ဘဲ၊ သူတစ်ပါးရဲ့ ကောင်းမှုကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ခရီးညွှန်ကြားပေးတာသည်ပင် ဒီလောက် အကျိုးရှိတယ်ဆိုရင် တို့မှာ သိပ်ပြီး ကောင်းမှုကုသိုလ် ပြုသင့်တာပဲလို့ ဒီလို ဆုံးဖြတ်ချက် ချပြီးတော့ အင်္ကုရနတ်သားအလောင်းဖြစ်တဲ့ ဒီအမျိုးသားကောင်းက သူ့ရဲ့ ဒွါရဝတီမြို့ကို ပြန်ရောက်တဲ့ အချိန်ခါမှာ အကြီးအကျယ် ကောင်းမှုကုသိုလ်တွေ ပြုတော့တာပဲ။ မလှူတာဆို ဘာမှမရှိလောက်အောင် ရေတွင်း, ရေကန်ကအစ အကုန်လုံး တူးဖော်ပြီး လှူတယ်။ ကောင်းမှုကုသိုလ်တွေ အကြီးအကျယ် ပြုလိုက်တဲ့ အချိန်ခါကျတော့ သူ့ရဲ့ကောင်းမှု ကုသိုလ်ပွဲမှာပေါ့လေ - သူနဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တစ်ဦးက လာပြီးမေးတယ်။

ကဲ ... သင်က ဒီလောက်တောင် ကောင်းမှုကုသိုလ်တွေ ပြုနေပြီ ဆိုလို့ရှိရင် သင်လို ပုဂ္ဂိုလ်တစ်ယောက်ကို သိကြားမင်းကြီးက လာပြီးတော့ ကဲ လိုတဲ့ဆု တောင်းပါဆိုပြီးတော့ လာပြီးတော့ မေးမယ်။ အဲဒီလို မေးတဲ့ အချိန်ခါမှာ သင်က ဘာဆုများ ယူမလဲ” တဲ့ သူက မေးတယ်။ ကဲ တရားနာ ပရိသတ်တွေ သိကြားမင်းက လိုတဲ့ဆု ပြောပါလို့မေးရင် ဘာဆုများ ယူကြမလဲ? ဟင် ... နိဗ္ဗာန်ယူမယ်? သိကြားမင်းက နိဗ္ဗာန် ပေးနိုင်လို့လား? ကဲ ပြောပါဦး။ ကဲ ... အဲဒီအခါမှာ အင်္ကုရနတ်သားအလောင်းဖြစ်တဲ့ အမျိုးကောင်းသားက သူက ဘာဆုတောင်းသလဲ?

‘‘ဝရဉ္စေ မေ အဒါ သက္က, သဗ္ဗဘူတာနမိဿရ၊ တတော ရတျာ ဝိဝသာနေ, သူရိယုဂ္ဂမနံ ပတိ၊

ဒိဗ္ဗာ ဘက္ခာ ပါတုဘဝေယျုံ, သီလဝန္တော စ ယာစကာ။ ဒဒတော မေ န ခီယေထ, ဒတွာ နာနုတပေယျဟံ၊ ဒဒံ စိတ္တံ ပသာဒေယျံ, ဧတံ သက္က ဝရံ ဝရေ။

သူတောင်းတဲ့ ဆုလေးကို သူက ဖော်ပြတယ်။

သဗ္ဗဘူတာနမိဿရ၊ ခပ်သိမ်းသော နတ်ဗြဟ္မာသတ္တဝါတို့ကို အစိုးရပေသော။ သက္က၊ ဒကာတော် သိကြားမင်း။ မေ၊ ငါ့အား။ ဝရံ၊ ဆုထူးဆုမြတ်ကို။ စေ အဒါ၊ အကယ်၍ ပေးသနားခဲ့သည် ဖြစ်အံ့။ တတော ရတျာ ဝိဝသာနေ၊ ထိုညဉ့်၏ ကုန်ဆုံး၍ အရုဏ်တက်သော အချိန်အခါကာလ၌။ မေ၊ ငါ့အား။ သူရိယုဂ္ဂမနံ ပတိ၊ နေအရုဏ်တက်သော အချိန်အခါကာလသို့ ရောက်သောအခါ။ ဒိဗ္ဗာ ဘက္ခာ၊ နတ်၌ဖြစ်သော နတ်ဩဇာအာဟာရတို့သည်။ ပါတုဘဝေယျုံ၊ ထင်ရှား ဖြစ်ပေါ်လာကြပါစေကုန်သတည်း။ သီလဝန္တော စ ယာစကာ၊ သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်တို့သည်လည်း။ ပါတုဘဝေယျုံ၊ ထင်ရှားဖြစ်ပေါ်လာကြပါစေကုန်သတည်း။ ဒဒတော၊ ပေးလှူ၍နေသော။ မေ၊ ငါ့အား။ န ခီယေထ၊ လှူဖွယ်ဝတ္ထုပစ္စည်းတို့ ဘယ်တော့မှ မကုန်ခန်းပါစေသတည်း။ ဒတွာ၊ ပေးလှူပြီးတဲ့ အချိန်ခါကာလ၌။ အဟံ၊ ငါသည်။ နာနုတပေယျံ၊ နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်ရပါလို၏။ ဒဒံ စိတ္တံ၊ ပေးလှူနေတဲ့ ငါ့ရဲ့စိတ်ဓာတ်သည်။ ပသာဒေယံ၊ ကြည်လင်ရပါလို၏။ သက္က၊ ဒကာတော်သိကြား။ ဧတံ ဝရံ၊ ဤဆုထူးဆုမြတ်ကို။ ဝရေ၊ အလိုရှိပါ၏။

သူတောင်းမဲ့ ဆုလေးကို သူက ဖော်ပြတယ်နော်။ သူက နံနက်စောစော အိပ်ရာထတဲ့ အလေ့အထရှိတဲ့အခါ ရှေးဦးစွာ သူ ဘာလုပ်ချင်သလဲ? နေအရုဏ်တက်တဲ့အခါမှာ နတ်၌ဖြစ်သော နတ်ဩဇာတို့သည် ထင်ရှား ဖြစ်ပေါ်လာကြပါစေကုန်သတည်း။ ဒီဆုတစ်ခု သူက တောင်းတယ်။ အဲဒီ နတ်ဩဇာတွေကို သူစားဖို့လားဆိုတော့ မဟုတ်ပါဘူး။

သီလဝန္တော စ ယာစကာ၊ သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်တို့သည်လည်းပဲ။ ပါတုဘဝေယျုံ၊ ထင်ရှားဖြစ်ပေါ်၍ လာကြပါစေကုန်သတည်း။

နံနက်စောစော နေအရုဏ်တက်တဲ့ အချိန်ကလေး မှန်းကြည့်စမ်း ... ဘုရားအမှူးရှိတဲ့ သံဃာတွေ ဆိုကြပါစို့။ ရဟန္တာအရှင်မြတ်တွေ သန်းနဲ့, သိန်းနဲ့ ချီနေတဲ့ ရဟန္တာတွေ ကြွလာတော်မူကြပြီ။ မှန်းကြည့်လိုက်စမ်း ... ဘယ်လောက် ဝမ်းသာစရာကောင်းလဲ? အဲဒီလို သီလရှိတဲ့ သူတော်ကောင်းတွေကို မိမိက အလွန် အဆင့်အတန်းမြင့်မားနေတဲ့ နတ်ဩဇာတမျှ အဆင့်အတန်း မြင့်မားနေတဲ့ အာဟာရတွေကို ပေးလှူရပြီ။ ဘယ်လောက် ဝမ်းသာစရာကောင်းလဲ? အဲဒီလို ပေးလှူချင်တဲ့စိတ်ထား ဒီအင်္ကုရနတ်သားရဲ့ အလောင်းဖြစ်နေတဲ့ အင်္ဂုရအမျိုးကောင်းသားရဲ့သန္တာန်မှာ ရှိနေတယ်။ ဒါကို ပြန်ကြည့်လိုက်ပေါ့နော်။

ခုနကနတ်ကြီး သူတို့အလိုရှိတဲ့ ပစ္စည်းအားလုံးကို ပေးလိုက်တဲ့ နတ်ကြီး ပြန်ကြည့်လိုက်လို့ရှိရင် သူကိုယ်တိုင် လှူနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ရဲ့လား? မဟုတ်ဘူး။ သူတစ်ပါးရဲ့အလှူကို ဝမ်းမြောက်ဝမ်းသာဖြင့် သူက ခရီးလမ်း ညွှန်ပေးရုံသာ ပေးနိုင်တဲ့ ပုဂ္ဂိုလ်အဆင့်ပါ။ အဲဒီအဆင့်မှာရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လက်တောင်မှ အလိုခပ်သိမ်း ပြီးစေနိုင်တယ်ဆိုရင် ခုလို သီလရှိနေတဲ့ ဘုရားအမှူးရှိတဲ့ ရဟန္တာအရှင်မြတ်လို့ ခေါ်ဆိုအပ်တဲ့ သံဃာတော်တွေကို အဆင့်အတန်း အလွန်မြင့်မားနေတဲ့ နတ်ဩဇာတွေကို မိမိကိုယ်တိုင် လှူဒါန်းပူဇော်ပြီး နေရမယ်ဆိုရင် ဒီကောင်းမှုကုသိုလ်သည် ခုနက ခရီးလမ်းညွှန်ပေးတဲ့ လက်ယာလက်ထက် ပိုပြီးတော့ အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတရားတွေကို ရရှိနိုင်တဲ့ ကောင်းမှုကုသိုလ်မျိုး မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ ဒီအကျိုးတရားတွေကို သူက မျှော်လင့်နေတယ်။ ဒါပေမဲ့လို့ သူ့စိတ်ထားလေးက အကိတ္တိရှင်ရသေ့ရဲ့ ဆုတောင်းလေးနဲ့ ဒီအပိုင်းမှာ နည်းနည်းဆင်နေတယ်။

သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်တွေ ဆိုက်ရောက်လာပြီ။ ဒါပေမဲ့ သီလမရှိတဲ့ ပုဂ္ဂိုလ်တွေကိုရော သူ လှူချင်တန်းချင်တဲ့စိတ်ထား ရှိသလား? မရှိဘူး။ ဘာဖြစ်လို့လဲ? သီလမရှိတဲ့ လှူတဲ့အလှူရှင်မှာလည်း ဒီပုဂ္ဂိုလ်က သီလမရှိဘူးလို့ သိရပြီဆိုရင်, ဒီဘုန်းကြီးက သီလမရှိဘူး, ဒီသီလရှင်က သီလမရှိဘူး, ဒီယောဂီက သီလမရှိပါဘူး, ကိုယ်ကျင့်သီလ ပျက်စီးနေပြီလို့ သိရပြီဆိုရင် လှူနေတဲ့ ပုဂ္ဂိုလ်က မလွဲမရှောင်သာလို့သာ လှူဒါန်းလိုက်ရမယ် စိတ်ကြည်လင်မှုဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ အဲဒါ သိပ်အရေးကြီးပါတယ်။

မိမိက မိမိတရားကို မိမိ ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ မိမိ တရားအားထုတ်နေတဲ့ အချိန်အခါမှာ ခုလို လာပြီးတော့ လှူဒါန်းနေတဲ့ အလှူရှင်တွေ ရှိတယ်။ ဒီဒါနရှင်တွေက မိမိကို အကြောင်းပြုပြီးတော့ စိတ်ဓာတ်တွေ ကြည်လင်လာအောင် မိမိဖက်က ရွက်ဆောင်ပေးတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ မိမိကို အကြောင်းပြုပြီး အလှူရှင်တွေက စိတ်ဓာတ်တွေ မကြည်မလင် ဖြစ်သွားပြီဆိုရင် ဒီအလှူရှင်ရဲ့သန္တာန်မှာ တစ်နည်းအားဖြင့် အလှူရှင်ရဲ့ကုသိုလ်မှာ အကုသိုလ်တရားတွေက ခြံရံပြီး မသွားဘူးလား? သွားပြီ။ အကုသိုလ် ခြံရံထားတဲ့ ဒီအလှူရှင်ရဲ့ ကောင်းမှုကုသိုလ်ကံသည် အကျိုးပေးတဲ့အခါ အဆင့် အလွန်နိမ့်သွားပြီ။

ဒါကြောင့် မိမိကို အကြောင်းပြုပြီးတော့ အလှူရှင်ရဲ့သန္တာန်မှာ ကုသိုလ်တရား တိုးပွားသွားအောင် အလှူခံပုဂ္ဂိုလ်ဆိုတာ ကြိုးစားပေးတတ်တဲ့ စိတ်ထားရှိဖို့ မလိုအပ်ဘူးလား? လိုအပ်ပါတယ်။ ကြိုးလည်း ကြိုးစားရပါတယ်။

ဒါကြောင့် ဒီနေရာမှာ အင်္ဂုရအမျိုးကောင်းသားက အဆင့်အတန်း မြင့်မားနေတဲ့ နတ်ဩဇာတွေကိုလည်း လှူချင်တယ် သို့မဟုတ် နတ်ဩဇာတမျှ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ မွန်မြတ်တဲ့ အာဟာရတွေကိုလည်း လှူချင်တယ်။ အလှူခံပုဂ္ဂိုလ်တွေကို သူရွေးချယ်လိုက်တဲ့ အခါကျတော့ သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်တွေကိုသာ သူက လှူချင်တယ်။ ဒီအလှူခံပုဂ္ဂိုလ်တွေ နံနက်စောစော နေအရုဏ်တက်တဲ့ အချိန်ခါမှာ ကြွလာတော်မူပါစေသတည်းဆိုတဲ့ ဆုကို တောင်းတယ်။ တောင်းပြီးတဲ့ အချိန်ခါကျတော့ တစ်ခါတစ်ရံ အခက်အခဲဆိုတာက ရှိတတ်ပါတယ်။ အခက်အခဲ ရှိတတ်တဲ့အတွက် သူက နောက်ထပ်ဆုတစ်ခု ထပ်တောင်းတယ်။ ဘာထပ်တောင်းသလဲ?

ဒဒတော၊ ပေးလှူ၍နေသော။ မေ၊ ငါ့အား။ န ခီယေထ၊ လှူဖွယ်ဝတ္ထုပစ္စည်းစုတို့ မကုန်ခန်းနိုင်ပါစေကုန်သတည်း။

ပေးလှူတဲ့ အချိန်အခါမှာလည်း တစ်ခါတစ်ရံ အကြောင်းမလှရင် လှူဖွယ်ဝတ္ထုက ကုန်ကုန်ပြီးတော့ သွားတတ်တယ်။ ဒါကြောင့် လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေလည်း ပေးလှူနေတဲ့ အချိန်ခါမှာ ဘယ်တော့မှ မကုန်ခန်းပါစေသတည်း ဆိုပြီးတော့ ဒီဆုတောင်းတယ်။ အခက်အခဲ ဆိုတာကတော့ ဘယ်နေရာမှာမဆို တစ်ခါတစ်ရံတော့ မရှိတတ်ဘူးလား? ရှိတတ်ပါတယ်။ ဒါက ရှိတတ်လို့လည်း သူတော်ကောင်းတွေက ဒီဆုတွေကို ထပ်တောင်းတာပါ။ မရှိဘူးသာ ဆိုလို့ရှိရင် ဒီဆုတောင်းဖို့ လိုသေးလား? မလိုပါဘူး။ အဲဒီလို တစ်ခါတစ်ရံ ရှိတတ်တဲ့ အခက်အခဲလေးကို ဘာတဲ့လဲ? ဗာရာဏသီချဲ့တယ်ဆိုလား ဘာဆိုလား? အကြီးအကျယ် ပုံကြီးချဲ့ပြီးတော့ ပြောသင့်ကြသလား? မပြောသင့်ကြဘူး။ ဒါကတော့ တစ်ခါတစ်ရံ ဖြစ်တတ်တဲ့ အခက်အခဲပါနော်။ နောက်တစ်ခု -

အဟံ၊ ငါသည်။ ဒတွာ၊ ပေးလှူပြီးတဲ့ နောက်ပိုင်း အချိန်ခါကာလ၌။ နာနုတပ္ပေယျံ၊ နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်ရပါလို၏။

ပေးလှူပြီးတဲ့ အချိန်ခါမှာ တစ်ခါတစ်ရံ အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ - စိတ်မကြည်လင်မှု ဆိုတာက ဖြစ်တတ်ပြန်တယ်။ အဲဒီလို စိတ်မကြည်လင်မှု ဖြစ်ခဲ့မယ်ဆိုရင် အပရစေတနာ ပျက်ကွက်သွားရင် အကျိုးပေးတဲ့ အချိန်အခါမှာ ဆက်တိုက်အကျိုးပေးတတ်တဲ့သဘော မရှိဘူး။ ပေးပြန်ရင်လည်း တစ်သမတ်တည်း အဆင့်အတန်းမြင့်မြင့် မပေးတတ်ဘူး။ နိမ့်ချည် မြင့်ချည် အကျိုးပေးတတ်တယ်။

ဒါကြောင့် ပုဂ္ဂိုလ်တွေကြည့်ပေါ့ ... ပုဗ္ဗစေတနာ ကောင်းတယ်ဆိုရင် အရွယ်အနေနဲ့ ပြောမယ်ဆိုရင်ပေါ့ - ငယ်ရွယ်စဉ်အပိုင်းမှာ အကျိုးပေးတတ်ပါတယ်။ အလယ်ပိုင်း စေတနာ ပျက်ခဲ့မယ်ဆိုရင် အလယ်ပိုင်း အရွယ်ရောက်လာလို့ရှိရင် ကံက နိမ့်သွားပြီ။ အပရ စေတနာ ပျက်ကွက်မယ်ဆိုရင် နောက်ပိုင်း အသက်ကြီးတဲ့ အချိန်ခါမှာ ဆင်းဆင်းရဲရဲဖြင့် အသက်ရှင်ရတယ်။ အဲဒီပုံစံလေးတွေ ဖြစ်တတ်တယ်။

ဒါကြောင့် စေတနာသုံးတန် = ရှေ့ပိုင်း, အလယ်ပိုင်း လှူနေတဲ့အပိုင်းရယ်, နောက်ပိုင်း လှူပြီးတဲ့နောက်ပိုင်း စေတနာသုံးတန် ညီမျှနေမယ်ဆိုရင် တစ်သမတ်တည်း သွားမယ်ဆိုလို့ရှိရင် အကျိုးပေးက တစ်ဘဝလုံး တောက်လျှောက် ကောင်းသွားတတ်တဲ့သဘော ရှိတယ်။ အဲဒီသဘောကို ဒီအင်္ဂုရအမျိုးကောင်းသားက နားလည်နေတယ်။ နားလည်နေတဲ့အတွက်ကြောင့် ပေးလှူပြီးတဲ့ နောက်ပိုင်းကာလမှာလည်း နောင်တတစ်ဖန် ပူပန်မှု ဘယ်တော့မှ မဖြစ်ရပါလို၏၊ “ငါ လှူမိတာတော့ မှားပြီ” ဆိုတဲ့ ဒီစိတ်ထား ဘယ်တော့မှ မဖြစ်ရပါလို၏ - ဆိုပြီးတော့ ဒီဆုတောင်းတယ်။ နောက်တစ်ခု -

ဒဒံ စိတ္တံ၊ ပေးလှူနေတဲ့ ငါ့ရဲ့စိတ်ထားသည်လည်းပဲ။ ပသာဒေယျံ၊ ကြည်လင်ရပါလို၏။

ပေးလှူတဲ့ အချိန်ခါလည်း စိတ်ဓာတ်တွေ ကြည်လင်မှ ဘာဖြစ်လို့လဲ? ကြည်လင်မှ အကျိုးပေး ထက်သန်တယ်။ မကြည်မလင်ဘဲနဲ့ မလှူချင်လှူချင် လှူလိုက်ရတဲ့ အလှူဒါနက အကျိုးပေး ထက်သန်ပါ့မလား? မထက်သန်ဘူး။ ဒါကြောင့် စိတ်ဓာတ်တွေ ကြည်လင်ရပါလို၏ ဆိုပြီးတော့ ဒီဆုတစ်ခုကို ထပ်ပြီးတော့ တောင်းတယ်။ အဲဒီဆုတောင်းပါတယ်။ တောင်းလိုက်ပြီးတော့ အင်္ဂုရအမျိုးကောင်းသားလည်း နောက်ပိုင်း ကွယ်လွန်သွားပြီးတဲ့ အချိန်အခါမှာ အင်္ဂုရနတ်သား သွားဖြစ်ပါတယ်။ သူနဲ့ ထိုက်တန်တဲ့ အကျိုးတရားတွေကိုတော့ ရရှိပါတယ်။

ဒီနေရာမှာ ပြောချင်တဲ့အကြောင်းကတော့ ကတညုတပဲ။ သူတစ်ပါး ပြုခဲ့ဖူးတဲ့ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြုတတ်ဖို့တော့ မလိုဘူးလား? လိုတယ်။ ဒီလို သူတစ်ပါးပြုခဲ့ဖူးတဲ့ ဂုဏ်ကျေးဇူးတွေကို အသိအမှတ်ပြုခြင်းသည် ဘာဖြစ်လဲ? ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကလည်း ချီးမွမ်းတယ်။ ပစ္စုပ္ပန်, သံသရာ နှစ်ဖြာသောဘဝတို့၌ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်တိုင်အောင် အလွန် အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးထူးတရားတွေကို ရရှိဖို့ရန်အတွက် အကြောင်းတရားလည်း ဖြစ်တယ်။ ဒီလို အကြောင်းတရားဖြစ်ခြင်းကြောင့် သူတစ်ပါး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို အသိအမှတ် ပြုတတ်ခြင်းကို မင်္ဂလာလို့ မြတ်စွာဘုရားက ဟောတယ်။

ကာလေန ဓမ္မသာဝနံ

နောက် မင်္ဂလာတစ်ခုက ဘာလဲ? ကာလေန ဓမ္မသာဝနံတဲ့။ သင့်တင့်လျောက်ပတ်တဲ့ အချိန်ခါ ကာလတွေမှာ တရားတော်ကို နာယူခြင်းပဲ။ အဲဒီတော့ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါ ကာလမှာ တရားတော်ကို နာယူတယ်ဆိုတာက ဘယ်လိုဟာလဲ?

ကာလေန ဓမ္မဿဝနံ နာမ ယသ္မိံ ကာလေ ဥဒ္ဓစ္စသဟဂတံ စိတ္တံ ဟောတိ, ကာမဝိတက္ကာဒီနံ ဝါ အညတရေန အဘိဘူတံ, တသ္မိံ ကာလေ တေသံ ဝိနောဒနတ္ထံ ဓမ္မဿဝနံ။

ကာလေန ဓမ္မဿဝနံ နာမ၊ သင့်တင့်လျောက်ပတ်သော အချိန်ခါကာလ၌ တရားတော်ကို နာကြားခြင်းမည်သည်ကာ။ ယသ္မိံ ကာလေ၊ အကြင်ကာလ၌။ ဥဒ္ဓစ္စသဟဂတံ၊ စိတ်ပျံ့လွင့်မှုနှင့်အတူတကွ ဖြစ်သော။ စိတ္တံ၊ စိတ်ဓာတ်သည်။ ဟောတိ၊ ဖြစ်ပေါ်၍ နေပေ၏။ ကာမဝိတက္ကာဒီနံ ဝါ၊ ကာမဝိတက် စသည်တို့တွင်မူလည်း။ အညတရေန၊ တစ်မျိုးမျိုးသော ဝိတက်သည်။ အဘိဘူတံ၊ လွှမ်းမိုးဖိစီး နှိပ်စက်၍ ထားတတ်ပေ၏။ တသ္မိံ ကာလေ၊ ထိုကဲ့သို့သော အချိန်ကာလမျိုး၌။ တေသံ၊ ထိုဥဒ္ဓစ္စနှင့်တကွဖြစ်သော ကာမဝိတက်အစရှိသော အကုသလဝိတက်တရားတို့ကို။ ဝိနောဒနတ္ထာ၊ ပယ်ဖျောက်ခြင်းအကျိုးငှာ။ ဓမ္မဿဝနံ၊ တရားတော်ကို နာကြားခြင်းဆိုတဲ့ မင်္ဂလာတရားကို။ ကာတုံ၊ ပြုခြင်းငှာ။ အရဟတိ၊ ထိုက်တန်ပါပေ၏။

တရားနာသင့်တဲ့ အချိန်လေးပဲ။ တစ်ခါတစ်ရံ စိတ်ဓာတ်တွေက သိပ်ပြီး ပျံ့လွင့်နေတယ်။ အဲဒီလို ပျံ့လွင့်နေပြီဆိုရင်လည်း တရားနာ သင့်ပါတယ်၊ ထိုအချိန်ခါမှာနော်။ နောက်တစ်ခု - သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေနဲ့ ပတ်သက်ပြီး တွယ်တာမက်မောမှု ရာဂနှင့် ယှဉ်တွဲနေတဲ့ ကာမဝိတက်တရားတွေ လွှမ်းမိုးလာပြီဆိုရင် သူတစ်ပါးတွေအပေါ်၌ မကျေနပ်ချက်လို့ ခေါ်ဆိုအပ်တဲ့ ဖျက်ဆီးပစ်ချင်တဲ့ ဗျာပါဒဝိတက်တရားတွေက ညှဉ်းပန်းနှိပ်စက်လာပြီဆိုရင် သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်လိုတဲ့ ကာယကံဖြင့် ညှဉ်းပန်းနှိပ်စက်လိုမှု, ဝစီကံဖြင့် ညှဉ်းပန်းနှိပ်စက်လိုမှု, မနောကံဖြင့် ညှဉ်းပန်းနှိပ်စက်လိုမှုခေါ်တဲ့ ဒီဝိဟိံသတရားတွေက လွှမ်းမိုးနှိပ်စက်ဖိစီးလာပြီဆိုရင် အဲဒီလို အကုသလဝိတက် တစ်မျိုးမျိုးဖြင့် လွှမ်းမိုးဖိစီးခံနေရတဲ့ အချိန်အခါမှာလည်း စိတ်ဓာတ်တွေက ကြည်လင်သေးလား? မကြည်လင်တော့ဘူး။ အဲဒီလို အခါမျိုးမှာ ဒီမကောင်းတဲ့ အကုသလဝိတက်တွေနှင့် ဒီစိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စအကုသိုလ်တရားတွေကို ပယ်ဖျောက်နိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ တရားနာသင့်ပါတယ်ဆိုပြီးတော့ ဒီလို ဖော်ပြထားပါတယ်။ နောက်တစ်မျိုး ဖော်ပြထားတာကတော့ -

အပရေ အာဟု ‘‘ပဉ္စမေ ပဉ္စမေ ဒိဝသေ ဓမ္မဿဝနံ ကာလေန ဓမ္မဿဝနံ နာမ’’။

တခြားတခြားသော ဆရာတော်တွေက ပြောကြတယ်။ ၅ ရက် ၁ ကြိမ်, ၅ ရက် ၁ ကြိမ် တရားနာခြင်းဟာ ဒါ သင့်တင့်လျောက်ပတ်တဲ့အခါမှာ တရားနာယူခြင်းပဲလို့ ဒီလိုပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ -

‘‘ပဉ္စာဟိကံ ခေါ ပန မယံ, ဘန္တေ, သဗ္ဗရတ္တိံ ဓမ္မိယာ ကထာယ သန္နိသီဒါမ’’

အရှင်အနုရုဒ္ဓါတို့, အရှင်ဘဒ္ဒိယ, အရှင်ကိမိလတို့နော် - အရှေ့ဝါးတောအရပ်မှာ သီတင်းသုံးနေတော်မူကြပါတယ်။ ထိုသူတော်ကောင်းတွေထံ မြတ်စွာဘုရား ကြွလာတဲ့ အချိန်အခါမှာ ဘုရားရှင်ကို သူတို့က လျှောက်ထားကြတယ်။ “တပည့်တော်တို့ဟာ ... ၅ ရက် ၁ ကြိမ်, ၅ ရက် ၁ ကြိမ် ညလုံးပေါက် တရားဆွေးနွေးကြပါတယ်” ဆိုပြီးတော့ လျှောက်ထားတယ်။ အဲဒီ တရားဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေဟာ ထိုအချိန်ခါမှာ ဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ ပြန်ကြည့်လိုက်တဲ့ အချိန်ခါကျတော့ ရဟန္တာအရှင်မြတ်တွေ ဖြစ်ကြပါတယ်။ ၅ ရက်မှာ ၁ ခါတွေ့ဆုံပြီးတော့ သူတို့က တရားဆွေးနွေးတော်မူကြတယ်။ ကျန်တဲ့နေ့တွေမှာတော့ သူတို့က တရားဘာဝနာတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေကြပါတယ်။

အထူးသဖြင့်တော့ သူတို့ စွမ်းအားရှိနေတဲ့ သမာပတ်တွေကို ဝင်စားတော်မူကြတယ်။ အဲဒီ အရှင်အနုရုဒ္ဓါတို့ ပြုလုပ်သွားတဲ့ ထုံးလေးကို ထောက်ပြီးတော့လည်း ၅ ရက် ၁ ကြိမ်, ၅ ရက် ၁ ကြိမ်လောက်တော့ တရားနာယူသင့်တယ်။ အဲဒီလို တရားနာယူခဲ့ရင်လည်း ဒါ သင့်တင့်လျောက်ပတ်တဲ့ အချိန်ခါမှာ တရားနာယူခြင်း မည်ပါတယ်။ ကာလေန ဓမ္မဿဝနမင်္ဂလာ ဖြစ်ပါတယ်ဆိုပြီး ဒီလို ဖွင့်ထားတယ်။ နောက်တစ်ခုကတော့ -

အပိစ ယသ္မိံ ကာလေ ကလျာဏမိတ္တေ ဥပသင်္ကမိတွာ သက္ကာ ဟောတိ အတ္တနော ကင်္ခါဝိနောဒနံ ဓမ္မံ သောတုံ, တသ္မိံ ကာလေပိ ဓမ္မဿဝနံ ကာလေန ဓမ္မဿဝနန္တိ ဝေဒိတဗ္ဗံ။

အပိစ၊ နောက်တစ်မျိုးသော်ကား။ ယသ္မိံ ကာလေ၊ အကြင်ခါကာလ၌။ ကလျာဏမိတ္တေ၊ မိတ်ကောင်းဆွေကောင်း, ဆရာကောင်းသမားကောင်းတို့ကို။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ အတ္တနော၊ မိမိ၏။ ကင်္ခါဝိနောဒနံ၊ ယုံမှားသံသယကို ပယ်ဖျောက်တတ်သော။ ဓမ္မံ၊ တရားကို။ သောတုံ၊ နာယူခြင်းငှာ။ သက္ကာ၊ တတ်ကောင်းပေ၏။ တသ္မိံ ပိ ကာလေ၊ ထိုကဲ့သို့သော အချိန်အခါမျိုး၌လည်းပဲ။ ဓမ္မဿဝနံ၊ တရားတော်ကို နာယူခြင်းကို။ ကာလေန ဓမ္မဿဝနန္တိ၊ သင့်တင့်လျောက်ပတ်သော အချိန်အခါ၌ တရားတော်ကို နာယူခြင်း ကာလေန ဓမ္မဿဝနမင်္ဂလာဟူ၍။ ဝေဒိတဗ္ဗံ၊ သိသင့်သိထိုက်ပေ၏။

နောက်တစ်နည်း ဖွင့်ထားတယ်။ ဆရာကောင်းသမားကောင်း, မိတ်ကောင်းဆွေကောင်းတွေထံ ချဉ်းကပ်ပြီးတော့ မိမိသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ယုံမှားသံသယတွေ ရှိတယ်။ တရားနဲ့ပတ်သက်တဲ့ ယုံမှားသံသယတွေပေါ့နော်။ အာနာပါန ဘယ်လိုရှုရမလဲ? ဒီနေရာမှာတော့ ဘယ်လို အခက်အခဲဖြစ်နေပြီ စသည်ဖြင့်ပေါ့။ ရုပ်တွေကို ဘယ်လိုသိမ်းဆည်းရမလဲ? ဒီရုပ်ကို သိမ်းဆည်းပုံမှာ အခက်အခဲက ဖြစ်နေပြီ, သံသယတွေက ဖြစ်နေတယ်။ အဲဒီအချိန်အခါမှာ ဆရာသမားတွေထံ ချဉ်းကပ်ပြီးတော့ မိမိမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားလွန်မြောက်ဖို့ရန်အတွက် တရားသွားနာယူသင့်တယ်။

နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာလည်း ဒီအတိုင်းပဲပေါ့။ မိမိမှာ အခက်အခဲက ကြုံလာပြီ, ပဋိစ္စသမုပ္ပါဒ်တွေ ရှုတဲ့အပိုင်း, ဝိပဿနာ ရှုတဲ့အပိုင်းတွေမှာလည်း အခက်အခဲက ကြုံလာပြီဆိုရင် ထိုအချိန်အခါမှာလည်း မိမိမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲ ယုံမှားသံသယတွေကို ပယ်ဖျောက်နိုင်တဲ့ စွမ်းအားရှိတဲ့ တရားတော်တွေကို ဆရာကောင်း, သမားကောင်း, မိတ်ကောင်း, ဆွေကောင်းတွေထံ ချဉ်းကပ်ပြီးတော့ နာယူသင့်တယ်။ အဲဒီလို နာယူခဲ့မယ်ဆိုရင်လည်း ဒါဟာ ကာလေန ဓမ္မသာဝနမင်္ဂလာ ဖြစ်ပါတယ်လို့ ဒီလို ဖွင့်ထားတယ်။ ဘာကို သူက ကိုးကားပြီးတော့ အဋ္ဌကထာ-ဆရာတွေက ဖွင့်ထားသလဲမေးတော့ -

‘‘တေ ကာလေန ကာလံ ဥပသင်္ကမိတွာ ပရိပုစ္ဆတိ ပရိပဉှတိ’’

ဘုရားရှင်က ဒီတရားလေးကိုတော့ ခဏခဏ ဟောပါတယ်။ သင့်တင့်-လျောက်ပတ်တဲ့ အချိန်အခါကာလတွေမှာ ဆရာကောင်း, သမားကောင်းတွေထံ ချဉ်းကပ်ပြီးတော့ ပရိပုစ္ဆာတိ, ပရိပညေတိ အဖန်ဖန် အထပ်ထပ် ဆွေးနွေးပြီးတော့ မေးမြန်းရမယ်ဆိုပြီးတော့ ဟောထားတယ်။ ပါဠိတော်ရဲ့ အနက်အဓိပ္ပါယ်တွေကို မေးမြန်းရမယ်, ဆွေးနွေးရမယ်။ ပါဠိတော်ကို ဖွင့်ဆိုထားတဲ့ အဋ္ဌကထာရဲ့ အနက်အဓိပ္ပါယ်တွေကို ဆွေးနွေးရမယ်, မေးမြန်းရမယ်။ ဒါမှ မိမိက ကျင့်စဉ်တွေကို စနစ်တကျ ကျင့်တတ်မယ်။ စနစ်တကျ ကျင့်တတ်ရေးအတွက် မိမိမှာ အခက်အခဲဖြစ်နေတဲ့ အချိန်အခါတွေမှာ ဆရာသမားတွေထံ ချဉ်းကပ်ပြီးတော့ တရားနာယူပေးရတယ်။ အဲဒီလို တရားနာယူနိုင်မှလည်း မိမိရဲ့ အခက်အခဲကို မိမိက ကျော်လွှားလွန်-မြောက်ပြီးတော့ စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်မယ်။ ဒီလို တရားနာယူခြင်းက ဘာဖြစ်သလဲ?

တဒေတံ ကာလေန ဓမ္မဿဝနံ နီဝရဏပ္ပဟာနစတုရာနိသံသအာသဝက္ခယာဒိနာနပ္ပကာရဝိသေသာဓိဂမဟေတုတော မင်္ဂလန္တိ ဝေဒိတဗ္ဗံ။

ဒီလို သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားနာယူခြင်းသည် နီဝရဏတရား ၅-ပါးကို ပယ်ရှားနိုင်ဖို့ရန်အတွက် အကြောင်းတစ်ခု ဖြစ်တယ်။ စတုရာနိသံသ = အကျိုးတရား ၄-ခုကိုလည်း ရရှိနိုင်တယ်။ အာသဝက္ခယ = အာသဝေါတရားတွေလည်း ကုန်ခန်းစေနိုင်တဲ့ စွမ်းအားရှိပါတယ်တဲ့နော်။ ဒါကြောင့် သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါတွေမှာ တရားနာယူခြင်းသည် အမျိုးမျိုးသော အကျိုးထူးတရားတွေကို ရရှိစေနိုင်တဲ့ အတွက်ကြောင့် မင်္ဂလာလို့ ခေါ်ဆိုတယ်ဆိုပြီး ဖွင့်ထားတယ်။ ကဲ ဒီနေရာမှာ နီဝရဏတရား ၅-ပါး ပယ်ရှားပုံနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ဘယ်လို ဟောထားလဲ?

ဝုတ္တဉှေတံ –, ဘိက္ခဝေ, သမယေ အရိယသာဝကော အဋ္ဌိံ ကတွာ မနသိ ကတွာ သဗ္ဗံ စေတသာ သမန္နာဟရိတွာ ဩဟိတသောတော ဓမ္မံ သုဏာတိ, ပဉ္စဿ နီဝရဏာ တသ္မိံ သမယေ န ဟောန္တိ’။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ယသ္မိံ သမယေ၊ အကြင်အခါကာလ၌။ အရိယသာဝကော၊ အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ အဋ္ဌိံကတွာ၊ အရိုအသေပြု၍။ မနသိ ကတွာ၊ နှလုံးသွင်း၍။ သဗ္ဗံ စေတသာ သမန္နာဟရိတွာ၊ စိတ်အားလုံးကို ရှေးရှုဆောင်၍။ ဩဟိတသောတော၊ စိုက်ထားတတ်သော နားရှိလျက်။ ဓမ္မံ၊ တရားတော်မြတ်ကို။ သုဏာတိ၊ နာယူ၏။

အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကတစ်ဦးက ရိုရိုသေသေ လေးလေးစားစား နှလုံးသွင်းပြီးတော့ စိတ်အားလုံးကို တရားတော်အပေါ်၌ ရှေးရှုဆောင်ယူပြီးတော့ တရားတော်အပေါ်၌ စိုက်ထားတဲ့ နားဖြင့် ရိုရိုသေသေနှင့် တရားကို နာယူတယ်။ အဲဒီအခါမှာ ဘာဖြစ်သလဲ?

ပဉ္စဿ နီဝရဏာ တသ္မိံ သမယေ န ဟောန္တိ’။

အဿ၊ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်၌။ တသ္မိံ သမယေ၊ ထိုကဲ့သို့ အရိုအသေ အလေးအမြတ် ပြု၍ တရားနာယူနေတဲ့ အချိန်အခါမျိုး၌။ ပဉ္စဿ နီဝရဏာနိ၊ နီဝရဏတရား ၅-ပါးတို့သည်။ န ဟောန္တိ၊ ဖြစ်ပေါ်၍ မလာကြလေကုန်။

ဘယ့်နှယ်တုံး ဟုတ်လား, မဟုတ်ဘူးလား? ဟုတ်ပါတယ်နော်။ ခုလိုအခါမှာ ရာဂတွေ, ဒေါသတွေ, မောဟတွေ ရိုရိုသေသေနဲ့ တရားကို လှမ်းပြီး အာရုံစိုက်ပြီး နာယူနေတဲ့အခါမှာ ဖြစ်သေးလား? မဖြစ်တော့ဘူး။ နီဝရဏတွေ ကွာကျသွားတယ်။ သို့သော် ဒီနေရာမှာတော့ သာမန် ကွာရုံလေး ပြောလိုတာတော့ မဟုတ်ဘူးနော်။ တရားတော်ကို သေသေချာချာ စနစ်တကျ နာယူလိုက်တဲ့အခါမှာ ဒီတရားတော်က ကျင့်စဉ်တွေကို စနစ်တကျ ဟောနေတဲ့တရားဖြစ်တယ်။ ကျင့်စဉ်တွေကို စနစ်တကျ ဟောနေတဲ့အချိန်အခါမှာ တရားနာယူရင်းဖြင့် မိမိကလည်း လိုက်ပြီး ကျင့်တယ်။ အာနာပါန ဘယ်လို ရှုရမယ် ဟောရင် ဟောနေတဲ့တရားနောက်ကို မိမိက လိုက်ပြီး ရှုနိုင်တယ်။ နိမိတ်တွေ ဘယ်လိုပေါ်အောင် ရှုရမယ် ဆိုလို့ရှိရင် ပေါ်အောင် ရှုနိုင်တယ်။ ပထမဈာန်သမာဓိ, ဒုတိယဈာန်သမာဓိ, တတိယဈာန်သမာဓိတွေကို ဘယ်လိုထူထောင်ရမယ်ဆိုတာကို ဟောရင် လိုက်ပြီး ရှုနိုင်တယ်။ အဲဒီအချိန်ခါမှာ နီဝရဏတွေ ကွာကျမသွားဘူးလား? ကွာကျသွားတယ်။

အဲဒီကနေ တစ်ဆင့်တက်ပြီးတော့ ရုပ်တွေ နာမ်တွေ သိမ်းဆည်းပုံ, အကြောင်းတရား အကျိုးတရားတွေ သိမ်းဆည်းပုံ, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာရှုပုံတွေကို ဆက်ဟောသွားရင်လည်း မိမိက လိုက်ပြီးတော့ ရှုနိုင်တဲ့ စွမ်းအားရှိတယ်။ အဲဒီလို ဝိပဿနာဉာဏ်တွေ ဖြစ်နေတဲ့ အချိန်ခါမှာလည်း ဒီနီဝရဏတရားတွေ ပေါ်လာနိုင်သေးလား? မပေါ်ဘူး။ ဒါကြောင့် ဈာန်တွေကို ဝင်စားနိုင်တဲ့ အဆင့်မှာလည်း နီဝရဏတရားတွေ ကွာကျတယ်။ ဝိပဿနာဉာဏ်တွေ ဖြစ်နေတဲ့ အချိန်ခါမှာလည်း နီဝရဏတရားတွေ ကွာကျနေတယ်။ ဒါကြောင့် တရားနာယူရင်းဖြင့် တရားအားထုတ်မယ်ဆိုရင် အကျိုးမရှိဘူးလား? ရှိပါတယ်။ အကျိုးရှိပုံနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား ဟောထားတဲ့ သုတ္တန်လေးတစ်ခု ပြန်ကိုးထားပြန်တယ်။

သောတနုဂတာနံ ဘိက္ခဝေ ဓမ္မာနံ ဝစသာ ပရိစိတာနံ မနသာနုပေက္ခိတာနံ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါနံ စတ္တာရော အာနိသံသာ ပါဋိကင်္ခါ။

တစ်လောက ဟောခဲ့ဖူးပါတယ်။ ဒီမင်္ဂလသုတ်မှာပဲနော်။ သောတာနုဂတသုတ္တန်လေးကို ဟောခဲ့တယ်။ ဒီသုတ္တန်ကို ပြန်ကိုးကားထားတယ်။ မြတ်စွာဘုရားရဲ့ အင်္ဂါ ၉-တန်နဲ့ ပြည့်စုံနေတဲ့ ပိဋကတ် ၃-ပုံမှာ လာရှိတဲ့ တရားတွေကို အဆီညှစ်ပြီး ထုတ်လိုက်တော့ ဗောဓိပက္ခယတရား ၃၇-ပါး ရတယ်။ ဗောဓိပက္ခယတရား ၃၇-ပါးကို အဆီညှစ်ပြီး ထုတ်လိုက်တဲ့အခါ မဂ္ဂင် ၈-ပါး။ မဂ္ဂင် ၈-ပါးကို ထပ်ပြီး အဆီညှစ်ပြီး ထုတ်ယူလိုက်တဲ့အခါမှာ သီလမဂ္ဂင်, သမာဓိမဂ္ဂင်, ပညာမဂ္ဂင်၊ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ဆိုပြီးတော့ သိက္ခာ ၃-ရပ်အကျင့်မြတ် ပေါ်လာတယ်နော်။

အဲဒီ ဘုရားရှင်ရဲ့ အင်္ဂါ ၉-တန်နဲ့ ပြည့်စုံနေတဲ့ ဒီသီလကျင့်ဝတ်ပဋိပတ်, သမာဓိကျင့်ဝတ်ပဋိပတ်, ပညာကျင့်ဝတ်ပဋိပတ်တွေနဲ့ ဆက်စပ်နေတဲ့ တရားတော်တွေကို မိမိက စနစ်တကျ ဆရာသမားထံမှာ သွားပြီးတော့ သင်ယူတယ်။ ပသာဒသောတကနေ ဉာတသောတရောက်အောင် ရှေးရှုဆောင်ယူပြီးတော့ သေသေချာချာ စနစ်တကျ နာယူတယ်။ လက်တွေ့ ကျင့်တယ်။ ပသာဒသောတဆိုတာက ဘုန်းကြီးဟောနေတာ တရားနာနေတဲ့ ဒကာ, ဒကာမတွေ ကြားကြတယ်နော်။ တရားနာပရိသတ်တွေ ကြားကြတယ်။ အဲဒီ ကြားလာတဲ့ ဒီတရားတွေကို မိမိရဲ့ဉာဏ်ထဲမှာ မြင်လာအောင် အာရုံစူးစိုက်ပြီးတော့ ကျင့်တယ်။ ပသာဒသောတကနေပြီးတော့ ဉာတသောတအထိ ကူးသွားတယ်။ အဲဒီ ပသာဒသောတကနေ ဉာတသောတအဆင့်ထိ ကူးအောင် ဘာလုပ်ရမလဲ?

ပထမ ဝစသာပရိစိတာ၊ နှုတ်ဖြင့် လေ့ကျင့်ရတယ်။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်။ ပထဝီဓာတ်က ဘာလဲ? မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော, ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘော။ အာပေါဓာတ်က ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘော။ တေဇောဓာတ်က ပူတဲ့သဘော, အေးတဲ့သဘော။ ဝါယောဓာတ်က ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘော။ ဒါလေးတွေရအောင် ပထမ လေ့ကျင့်ရတယ်။ လေ့ကျင့်ပြီးတဲ့ အချိန်ခါမှာ မာတဲ့သဘော သိအောင်, ကြမ်းတဲ့သဘော သိအောင်, လေးတဲ့သဘော သိအောင်, ပျော့တဲ့, ချောတဲ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်း။ ဒီသဘောတရားတွေ သိအောင် မိမိရဲ့ခန္ဓာကိုယ်ထဲမှာ တစ်ဆင့်တက်ပြီး ရှုရတယ်။

ရှုလိုက်တဲ့ အခါမှာကျတော့ မူလ ပသာဒသောတနဲ့ ရှေးဦးစွာ နားထောင်တယ်။ နားထောင်ပြီးတော့မှ (ဉာဏသောတ၊ ) ဉာဏ်နဲ့သိအောင် ခန္ဓာကိုယ်ထဲမှာ ပြန်ပြီးတော့ လေ့ကျင့်တယ်။ အဲဒီလို လေ့ကျင့်ထားတဲ့ ပုဂ္ဂိုလ်တွေက ရှေးဦးစွာ နှုတ်နဲ့ လေ့ကျင့်ရတယ်။ နှုတ်နဲ့ လေ့ကျင့်ပြီးတော့ နောက်တစ်ဆင့် တက်ပြီးတော့ ရပြီဆိုလို့ရှိရင် မနသာနုပက္ခိတာ၊ ဒီဓာတ်-သဘောတရားတွေ ခန္ဓာကိုယ်ထဲမှာ ပေါ်လာအောင် စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင်ရတယ်။ ဒါက ဓာတ်လမ်းက ပြောတာပါနော်။ အာနာပါနဆိုလည်း ပုံစံတူပဲပေါ့။ အဲဒီလို စိတ်နဲ့ အဖန်ဖန် အထပ်ထပ် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင်ပြီးတဲ့ အချိန်ခါ နောက်တစ်ဆင့် တက်ပြီးတော့ ဘာလုပ်ရလဲ? ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ၊ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် လေ့ကျင့်ရတယ်။ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် လေ့ကျင့်တဲ့အပိုင်းမှာ ဘယ်လို လေ့ကျင့်ရမလဲလို့ မေးတော့ -

ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ။

အဋ္ဌကထာက ဒီလို ဖွင့်ထားတယ်။ အတ္ထခေါ်တဲ့ တရားကို အနက်သဘော-အားဖြင့်လည်းကောင်း, ကာရဏခေါ်တဲ့ အကြောင်းတရားအားဖြင့်-သော်လည်းကောင်း ဒီ ၂-မျိုးသော အခြင်းအရာအားဖြင့် သမ္မာဒိဋ္ဌိ ဉာဏ်-ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် လေ့ကျင့်ပါ။ အဲဒီလို လေ့ကျင့်တယ်ဆိုတော့ အတ္ထတရားကိုယ် ဆိုတာက ဒီဝိပဿနာ-ဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ တရားတွေကို အတ္ထလို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ပရမတ္ထတရားတွေလို့ ခေါ်ပါတယ်။ အဲဒီ ပရမတ္ထတရားတွေမှာ လောကုတ္တရာတရားတွေက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ မဟုတ်လို့ ဖယ်လိုက်ပါတယ်။ လောကီတရားတွေ, လောကီ စိတ်စေတသိက်တရားနဲ့ ရုပ်တရားတွေကို ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်တဲ့အတွက် ဒီနေရာမှာ အတ္ထလို့ ခေါ်ပါတယ်။

အဲဒီ အတ္ထလို့ခေါ်တဲ့ ရုပ်တွေ နာမ်တွေကိုလည်း စနစ်တကျသိအောင် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် လေ့ကျင့်ရတယ်။ အဲဒီ ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာသိခဲ့ရင် နာမရူပပရိစ္ဆေဒဉာဏ် ရပြီ။ ထို နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိနေတဲ့ သူတော်ကောင်းတစ်ဦးက နောက်တစ်ဆင့်တက်ပြီးတော့ ဘာလုပ်ရလဲ? ကာရဏတော၊ အကြောင်းတရားအားဖြင့်လည်း ဒီရုပ် ဒီနာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိအောင် လေ့ကျင့်ပါ။ ဒီရုပ် ဒီနာမ်တွေ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းတရားတွေကို စနစ်တကျ သိမ်းဆည်းရတယ်။ ပဋိစ္စသမုပ္ပါဒ်အပိုင်း ရောက်သွားပြီ။ နာမရူပ-ပရိစ္ဆေဒဉာဏ်နဲ့ ဒီပဋိစ္စသမုပ္ပါဒ်ပိုင်းကို ထိုးထွင်းသိနေတဲ့ဉာဏ် - အဲဒီ ဉာဏ်ကတော့ ပစ္စယပရိဂ္ဂဟဉာဏ်နဲ့ ဆိုင်ပါတယ်။ ထို နာမရူပ-ပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ၂-ပါးကို ရရှိပြီးတဲ့ အချိန်အခါမှာ ထိုသူတော်ကောင်းက တစ်ဆင့်တက်ပြီး ဘာလုပ်ရလဲ?

အကြောင်းတရားနှင့် ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုရတယ်။ အဲဒီလို ဝိပဿနာရှုလိုက်တဲ့အပိုင်းမှာ ဒီသူတော်ကောင်းက အကြောင်းမလှလို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်မဆိုက်ဘဲ ဘဝတစ်ခု အဆုံးသတ်ခဲ့ရင် အကျိုးအာနိသင် ၄-ခု ရနိုင်တယ်ဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတယ်။ บာဖြစ်လို့ ဒီသုတ္တန်လေး ဟောရလဲ? ဟောရတဲ့ ဇာတ်ကြောင်း ပြန်ကြည့်လိုက်တဲ့ အချိန်ခါမှာ ရဟန်း ၅-ရာပေါ့။ အဲဒီ ရဟန်း ၅-ရာက ပရိယတ္တိမာန်စွယ်လေး နည်းနည်း-ထောင်နေတယ်။ မာန်မာနတွေ နည်းနည်းကြီးနေတယ်။ မာန်ခံနေတယ်။ မာန်ခံနေလိုက်တဲ့ အချိန်ခါကျတော့ ဘုရားတရားကို ရိုသေစွာ နာယူချင်တဲ့ စိတ်ထားလည်း မရှိဘူး။ နာလည်း ကောင်းကောင်း မနာဘူး။ ဥကာစေ တချို့တချို့ သီလရှင်တွေနဲ့ တော်တော်လေး တူလိမ့်မယ်လို့ ထင်တယ်။ ဘယ့်,နှယ်တုံး ဟုတ်လား? ဘုန်းကြီး တရားဟောလို့ရှိရင် လာနာချင်လည်း နာတယ်, မနာချင်လည်း မနာဘူး။ နာပြန်လည်း ရိုရိုသေသေ လေးလေးစားစား နာချင်လည်း နာတယ်, မနာချင်လည်း မနာဘူး။ ဘယ့်,နှယ်တုံး ဟုတ်သလား? ဟင် ... တိတ်နေတယ် တိတ်နေတယ်။ ဟန်ကျတယ် ဟန်ကျတယ်။

အဲဒီလိုပဲ ရဟန်း ၅-ရာကလည်း မာနတွေ ရှိနေတယ်။ ခုခေတ်မှာသာ ခုလို ရဟန်းတွေ, ယောဂီတွေ, သီလရှင်တွေ မာနရှိသလို ရှေးခေတ်ကလည်း ရှိခဲ့ဖူးတယ်။ ဒီ ရဟန်း ၅-ရာရဲ့ မာနတွေက သိပ်ပြီး အားကောင်းနေတော့ ဒီမာနကို နှိမ်ချိုးဖို့ရန်အတွက် မြတ်စွာဘုရားက ငါဘုရားရှင် ဟောထားတဲ့ တရားတော်တွေကို သင်သိကျင့်သိအနေဖြင့် အာဂမသုတ, အဓိဂမသုတ အကြားအမြင် ဗဟုဿုတ ၂-ပါးနှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများ-အားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဘယ်လောက်အထိ အကျိုးတရား ကြီး-တယ်ဆိုတာကို မြတ်စွာဘုရားက အကျိုးသိအောင် ဟောပေးတာနော်။ ဟောပေးလိုက်တဲ့ အချိန်ခါမှာ -

နံပါတ်တစ် အကျိုး၊ ပုထုဇန်ဘဝနဲ့ ကွယ်လွန်သွားရင် နတ်ပြည်နတ်လောကရောက်ရင် ရောက်တာနဲ့ မိမိ လူ့ပြည်လူ့လောက ရဟန်းဘဝက အားထုတ်ခဲ့တဲ့ တရားတွေကို ပြန်လည် ရှုပွားသုံးသပ်လိုက်တဲ့အခါ ပြန်လည် ရှုပွားအမှတ်ရနေတဲ့သတိ ဖြစ်တာက နှေးသေးတယ်, မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျှင်လျှင်မြန်မြန်ကြီး ရနိုင်တယ်။ ဒါက အကျိုးတစ်ခု။

တရားတွေက အလိုလို ပေါ်မလာဘူးထား နတ်ပြည်နတ်လောကမှာ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံနေတဲ့ ရဟန်းတော်တစ်ပါးက တက်ပြီးတော့ တရားဟောခဲ့လို့ရှိရင် ထိုရဟန်းတော် ဟောခဲ့တဲ့တရား နာယူလိုက်တဲ့ အချိန်ခါမှာ လူ့ပြည်လူ့လောက မိမိ ရဟန်းဘဝနဲ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့တဲ့ တရားတွေကို ပြန်ပြီးတော့ ဆင်ခြင်တယ်, အမှတ်ရတယ်။ ဒီဓမ္မကထိက ဟောနေတဲ့ တရားတော်တွေဟာ ငါရှေးယခင် လူဖြစ်စဉ်အခါက ရဟန်းဘဝနှင့် ငါ ပွားများအားထုတ်ခဲ့တဲ့ တရားတွေပါလား ဆို-ပြီးတော့ ချက်ချင်း အမှတ်ရသွားတယ်။ အဲဒီ အချိန်အခါမှာ ဒီတရားတွေကို ပြန်လည် ရှုပွားသုံးသပ်လိုက်တဲ့အခါ သုံးသပ်တတ်တဲ့သတိ ဖြစ်တာက နှေးသေးတယ်, မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျှင်လျှင်မြန်မြန်ကြီး ရနိုင်တယ်။ ဒီလိုတစ်ချက် ဘုရား ဟောထားတယ်။ နောက်တစ်ချက် ဘာဟောလဲ?

မိမိရဲ့သန္တာန်မှာ တရားပုဒ်အစုတွေက ပေါ်လွင်မလာဘူးဘဲထား။ နတ်ပြည်နတ်လောကသို့ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံနေတဲ့ ရဟန်းတော် တစ်ပါးကလည်း တက်ပြီး တရားမဟောဘူးဘဲထားတော့။ နတ်ပြည်နတ်လောကမှာ အကျော်အမောဖြစ်တဲ့ ဓမ္မကထိက နတ်သားတွေ ရှိကြပါတယ်။ ထိုဓမ္မကထိက နတ်သားတွေက တရားဟောလိုက်တဲ့ အချိန်ခါမှာ ဒီနတ်သားကလည်း သွားပြီးတော့ တရားနာယူပြီ။ တရားနာယူလိုက်တဲ့အခါမှာ ဘယ်လို ဖြစ်လာသလဲ?

ဩော် ... ဒီဓမ္မကထိကနတ်သား ဟောနေတဲ့ တရားတွေဟာ ရှေးယခင် ငါလူဖြစ်စဉ် အချိန်အခါက ရဟန်းဘဝနှင့် ငါ ကြိုးစားအားထုတ်ခဲ့တဲ့ တရားတွေပါလား” ဆိုပြီးတော့ ပြန်ပြီးတော့ အမှတ်ရလိမ့်မယ်။ အဲဒီလို အမှတ်ရတဲ့ အချိန်အခါမှာ ဒီတရားတော်တွေကို ပြန်လည်ပြီး ရှုပွားသုံးသပ်လိုက်တဲ့အခါ ရှုပွားသုံးသပ်လိုက်တဲ့ သတိတရား ဖြစ်တာက နှေးသေးတယ်, မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျှင်လျှင်မြန်မြန်ကြီး ရနိုင်တယ်။ ဒီလို ဟောထားတယ်။ ဒါက အကျိုးတစ်ခု။ နောက်အကျိုးတစ်ခုက ဘာလဲ?

ခုလိုပေါ့ ... တရားကျင့်ဖော် ပုဂ္ဂိုလ်တွေအထဲက မိမိထက်စောပြီး ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ထိုပုဂ္ဂိုလ်တွေကလည်း နတ်ပြည်နတ်လောက ရောက်ရှိသွားပြီ။ မိမိက နောက်မှကွယ်လွန်တယ်။ ကွယ်လွန်ပြီးတဲ့အခါ နတ်ပြည်ရောက်သွားပြီ။ နတ်ပြည်ရောက်သွားတဲ့ အချိန်ခါ ဘာ-ဖြစ်သလဲ? နတ်ပြည်မှာလည်း တရားပုဒ်အစုတွေက မိမိရဲ့ဉာဏ်ထဲမှာ ဗြုန်းကနဲ ပေါ်မလာဘူး။ တန်ခိုးဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတဲ့ ဓမ္မကထိက ရဟန်းတော်တစ်ပါးကလည်း နတ်ပြည်မှာ တရားဟောတာနဲ့ မကြုံကြိုက်ဘူးထား။ မိမိထက်အရင် နတ်ပြည်နတ်လောက ရောက်ရှိသွားတဲ့ မိမိရဲ့ သီတင်းသုံးဖော်ဟောင်း ပုဂ္ဂိုလ်ဖြစ်တဲ့ နတ်သားကနေပြီးတော့ အသစ်ရောက်လာတဲ့ မိမိကို “မိတ်ဆွေ ...အမှတ်ရစမ်းပါ။ ရှေးယခင် တို့ လူဖြစ်စဉ် အချိန်အခါတုန်းက တို့မိတ်ဆွေ ၂-ဦး ဤမည် ဤမည်သော တရားတွေကို ကျင့်ကြံပွားများ ခဲ့ကြတယ် မဟုတ်ဘူးလား? မိတ်ဆွေ ပြန်ပြီးတော့ အမှတ်ရစမ်းပါ” လို့ သတိပေးလိုက်ရင် မိမိ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့တဲ့ တရားတွေကို ပြန်ပြီး ရှုပွားသုံးသပ်တတ်တဲ့သတိ ဖြစ်တာက နှေးသေးတယ်, မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျှင်လျှင်မြန်မြန်ကြီး ရနိုင်ပါတယ်လို့ ဒီလို ဘုရားဟောထားတယ်။ ပေါင်းလိုက်တော့ အကျိုးဘယ်နှစ်ခုလဲ? ၄-ခု။

အဲဒီ အကျိုး ၄-ခုဟာ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားတော်ကို နာယူခြင်းကြောင့် ရရှိပါတယ်ဆိုပြီး ဘုရားက ဒီလို ဟောထားတယ်။ ဒီလိုဆိုရင် သင့်တင့်လျောက်ပတ်တဲ့ အချိန်ခါကာလမှာ မိမိတို့ တရားတော်ကို မနာယူသင့်ဘူးလား? နာယူသင့်တယ်။ နောက်တစ်ခု မြတ်စွာဘုရား ဆက်ဟောထားတာ ရှိသေးတယ်။

‘‘စတ္တာရောမေ, ဘိက္ခဝေ, ဓမ္မာ ကာလေန ကာလံ သမ္မာ ဘာဝိယမာနာ သမ္မာ အနုပရိဝတ္တိယမာနာ အနုပုဗ္ဗေန အာသဝါနံ ခယံ ပါပေန္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ကာလေန ကာလံ၊ သင့်တင့်-လျောက်ပတ်သော အချိန်ခါကာလ၌။ သမ္မာ ဘာဝိယမာနာ၊ ကောင်းစွာ ပွားများအပ်ကုန်သည်ရှိသော။ သမ္မာ အနုပရိဝတ္တိယမာနာ၊ တပြောင်းပြန်ပြန် ထပ်ကာထပ်ကာ ဆည်းပူးအပ်ကုန်သည်ရှိသော။ ဣမေ စတ္တာရော ဓမ္မာ၊ ဤ ၄-မျိုးကုန်သော တရားတို့သည်။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်အားဖြင့်။ အာသဝါနံ ခယံ၊ အာသဝေါတရား၏ ကုန်ခြင်းသို့။ ပါပေန္တိ၊ ရောက်စေတတ်ကုန်၏။

ချစ်သားရဟန်းတို့ ... ၄-မျိုးသော တရားတွေ ရှိတယ်။ အဲဒီ ၄-မျိုးသော တရားတွေကို ကောင်းစွာ ပွားများခဲ့ကြမယ်ဆိုရင် တပြောင်းပြန်ပြန် ထပ်ကာထပ်ကာ မှီဝဲခဲ့ကြမယ်ဆိုရင် အစဉ်အတိုင်း အရဟတ္တမဂ် အရဟတ္တဖိုလ်အထိ ဆိုက်ရောက်နိုင်ပါတယ်။ ဒီလို ဟောထားတယ်။ အဲဒီ ၄-မျိုးက ဘာတွေလဲ မေးလို့ရှိရင်တော့ ကာလေနဓမ္မသာဝနံ စသည်ဖြင့် မြတ်စွာဘုရား ဟောထားပါတယ်။ အဲဒီတော့ ဒီကာလေန ဓမ္မသာဝနံ မင်္ဂလာနှင့် ပတ်သက်ပြီးတော့ ဘာတွေလဲလို့ မေးတော့ -

ကာလေန ဓမ္မဿဝနံ, ကာလေန ဓမ္မသာကစ္ဆာ, ကာလေန သမ္မသနာ, ကာလေန ဝိပဿနာ

ကာလေန၊ သင့်တင့်လျောက်ပတ်သော အချိန်အခါကာလ၌။ ဓမ္မသာဝနံ (ဓမ္မဿဝနံ) = တရားတော်ကို နာယူခြင်းလည်းကောင်း။ ကာလေန၊ သင့်တင့်-လျောက်ပတ်သော အချိန်အခါကာလ၌။ ဓမ္မသာဂစ္ဆာ၊ တရားတော်ကို ဆွေးနွေးခြင်းလည်းကောင်း။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အချိန်အခါကာလ၌။ သမ္မဿနာ (သမ္မသနာ) = ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်ခြင်းလည်းကောင်း။ ကာလေန၊ ရံခါ။ ဝိပဿနာ၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းလည်းကောင်း။ ဣမေ စတ္တာရော၊ ဤ ၄-မျိုးတို့ပါပေတည်း။

၄-မျိုး။ သင့်တင့်လျောက်ပတ်သော အချိန်အခါမှာ တရားတော်ကို နာယူခြင်း, သင့်တင့်လျောက်ပတ်သော အချိန်အခါမှာ တရားတော်ကို ဆွေးနွေးခြင်း, သင့်တင့်လျောက်ပတ်သော အချိန်အခါမှာ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို သုံးသပ်ခြင်း။ ဒါလည်း ဝိပဿနာ တစ်မျိုးပါပဲ။ ဒါပေမဲ့ နောက်ထပ် ကာလေန ဝိပဿနာဆိုပြီးတော့ မြတ်စွာဘုရား ဆက်ဟောထားတယ်။

ဒီတော့ သမ္မဿနနဲ့ ဝိပဿနာ ဘာကွာသလဲလို့ မေးတော့ သမ္မသနဉာဏ်နဲ့ အထက်ပိုင်း ဝိပဿနာဉာဏ်တွေကို ၂-မျိုး ချဲ့ဟောထားတာပါ။ ဝိပဿနာကို စအားသစ်စ ပုဂ္ဂိုလ်တွေကတော့ ရုပ်တွေ နာမ်တွေ သိမ်းဆည်းပြီးပြီ။ အကြောင်းတရား အကျိုးတရားတွေလည်း သိမ်းဆည်းပြီးပြီ။ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခမ, ဟီန, ပဏီတ, ဒူရ, သန္တိက ခေါ်တဲ့ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရား, ဒီဝေဒနာတရား, ဒီ-သညာတရား, ဒီသင်္ခါရတရား, ဒီဝိညာဏ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး ၃-တန်တင်ပြီးတော့ ကျိတ်ချေပေးရတယ်။

အဲဒီလို အားထုတ်စ ခေါင်ဆုံးစပြီး ကျိတ်ချေနေတဲ့ အပိုင်းမှာတော့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ ဖြစ်မှုပျက်မှုကို ခဏပစ္စုပ္ပန်ဆိုက်အောင် မိမိက ကွဲကွဲပြားပြား မသိနိုင်သေးဘူး။ အနည်းအကျဉ်းလောက်တော့ သိကောင်း သိတယ်။ မသိတာက များတယ်, သိတာက နည်းနည်းပါးပါးပဲ ရှိသေးတယ်။ ဉာဏ်တွေက သိပ်ပြီး အလွန်ကြီး မထက်မြက်သေးဘူး။ အဲဒီလို မထက်မြက်သေးတဲ့ အချိန်အခါကာလမှာ ဟိုအတိတ်ကနေဖြိုပြီး အနာဂတ် မိမိဘဝ ဆုံးမဲ့အထိပေါ့ ဒီဘဝဆုံးရင်လည်း ဒီဘဝအဆုံးပေါ့, နောက်ဘဝဆုံးရင်လည်း နောက်ဘဝအဆုံးပေါ့။ ဆုံးတဲ့အထိ ဒီရုပ်တွေ နာမ်တွေကို ခြုံငုံ သိမ်းဆည်းပြီးတော့ ထိုရုပ်တွေ နာမ်တွေကို ကလာပသမ္မသနလို့ ခေါ်ဆိုအပ်တဲ့ အုပ်စုအလိုက် ပေါင်းစုခြုံငုံပြီးတော့ ရုပ်တစ်စု နာမ်တစ်စုဖြစ်စေ, ရုပ် ဝေဒနာ သညာ ခေါ်ပြီး ၅-ပုံပုံ၍ပဲဖြစ်စေ, အာယတန ၁၂-ပါးနည်းနှင့် ၁၂-ပုံပုံ၍ဖြစ်စေ, ဓာတ် ၁၈-ပါးနည်းဖြင့် ၁၈-ပုံ ပုံ၍ဖြစ်စေပေါ့။ မိမိ နှစ်ခြိုက်သလို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး ၃-တန်တင်ပြီးတော့ ရှုပွားသုံးသပ်ထားပုံ။ ကလာပသမ္မသနလို့ ခေါ်ပါတယ်။ အဲဒီ ကလာပသမ္မသနနည်းအားဖြင့် ဝိပဿနာ ရှုချင်လည်း ရှုပါ။ ဒါလည်း ကာလေန သမ္မသနာလို့ ခေါ်တယ်။

အဲဒီကနေ ဉာဏ်တွေက ရင့်ကျက်လာလို့ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားရဲ့ ဖြစ်မှုပျက်မှုကို မိမိက ခဏပစ္စုပ္ပန်ဆိုက်အောင် မြင်ပြီဆိုလို့ရှိရင်တော့ ဒါ ဥဒယဘယဉာဏ်ဖက် ကူးသွားပြီ။ အဲဒီ ဥဒယဘယဉာဏ်ကနေစပြီးတော့ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံးကိုတော့ ဝိပဿနာဆိုပြီးတော့ ဒီလို သုံးထားတယ်။ ဒီတော့ နံပါတ်တစ် သင့်တင့်လျောက်ပတ်တဲ့ အချိန်ခါကာလမှာ တရားနာယူခြင်း, နံပါတ်နှစ် သင့်တင့်လျောက်ပတ်တဲ့ အချိန်ခါကာလမှာ တရားတော်ကို ဆွေးနွေးခြင်း, နံပါတ်သုံး သင့်တင့်လျောက်ပတ်တဲ့ အချိန်ခါကာလမှာ ကလာပသမ္မသနလို့ ခေါ်ဆိုအပ်တဲ့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခမ, ဟီန, ပဏီတ, ဒူရ, သန္တိက ခေါ်တဲ့ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်နာမ်ဓမ္မ ခန္ဓာငါးပါး သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်-တင်ကာ ရှုပွားသုံးသပ်ခြင်း, နောက်နံပါတ်လေး ကာလေန ဝိပဿနာခေါ်တဲ့ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကိုပဲ ခဏပစ္စုပ္ပန် ဆိုက်သည့်တိုင်အောင် ခဏပစ္စုပ္ပန်ကနေပြီးတော့ အဖြစ်ကို လွှတ်ပြီးတော့ အပျက်သက်သက်ကို မြင်သည့်တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းဆိုပြီးတော့ ဘယ်နှစ်ခုလဲ? ၄-ခု။ အဲဒီ ၄-ခုကို စနစ်တကျ ပြုခဲ့မယ် ဆိုရင်တော့ ဘာဖြစ်မလဲ?

‘‘စတ္တာရောမေ, ဘိက္ခဝေ, ကာလာ သမ္မာ ဘာဝိယမာနာ သမ္မာ အနုပရိဝတ္တိယမာနာ အနုပုဗ္ဗေန အာသဝါနံ ခယံ ပါပေန္တိ။’’

owjflytt3bdh0bm7n6uh3f6rghb6dyw
မင်္ဂလသုတ်-၇၈/၉၇
0
6313
22003
2026-05-22T21:25:26Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၇၈/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၇၇..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22003
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၇၈/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၇၇/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၇၉/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ်-၇၈

‘‘စတ္တာရောမေ, ဘိက္ခဝေ, ကာလာ သမ္မာ ဘာဝိယမာနာ သမ္မာ အနုပရိဝတ္တိယမာနာ အနုပုဗ္ဗေန အာသဝါနံ ခယံ ပါပေန္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣမေ စတ္တာရော ကာလာ၊ ဤ ၄-မျိုးကုန်သော အချိန်ခါကာလတို့ကို။ သမ္မာ၊ ကောင်းမွန်မှန်ကန်စွာ။ ဘာဝိယမာနာ၊ ပွားများအားထုတ်အပ်ကုန်သော။ သမ္မာ အနုပရိဝတ္တိယမာနာ၊ ကောင်းမွန်မှန်ကန်စွာ တပြောင်းပြန်ပြန် ထပ်ကာထပ်ကာ လှည့်ပတ်-ဆင်ခြင်သုံးသပ် ရှုပွားအပ်ကုန်သည်ရှိသော်။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ အာသဝါနံ ခယံ၊ အာသဝေါတရားလေးပါးတို့၏ ကုန်ရာဖြစ်သော အရဟတ္တမဂ်, အရဟတ္တဖိုလ်သို့။ ပါပေန္တိ၊ ရောက်စေတတ်ကြပါပေကုန်၏။

သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားတော်ကို နာယူခြင်း, သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားတော်ကို ဆွေးနွေးခြင်း, သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခမ, ဟီန, ပဏီတ, ဒူရ, သန္တိက ခေါ်ဆိုအပ်တဲ့ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာငါးပါး ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သမ္မဿနဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဉာဏ်ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ခြင်း, သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ ဥဒယဘယဉာဏ်အစရှိတဲ့ အထက်ပိုင်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်း ပွားများအားထုတ်ခြင်း။ ဒီ ၄-မျိုးသော အချိန်အခါ ကာလတွေကို ကောင်းမွန်မှန်ကန်စွာ ပွားများအားထုတ်ခဲ့မယ်ဆိုရင်, တပြောင်းပြန်ပြန် ထပ်ကာထပ်ကာ ကောင်းမွန်မှန်ကန်စွာ မှီဝဲဆည်းကပ် ကျက်စားခဲ့မယ်ဆိုရင် အစဉ်အတိုင်း အာသဝေါတရား ၄-ပါးတို့ရဲ့ ကုန်ရာဖြစ်တဲ့ အရဟတ္တမဂ်, အရဟတ္တဖိုလ်ကို ရောက်ရှိစေနိုင်ပါတယ် ဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတယ်နော်။ အလားတူပဲ နောက်ထပ် ဓမ္မဿဝနသုတ္တန်ဆိုပြီးတော့ သုတ္တန်လေးတစ်ခု ပဉ္စကင်္ဂုတ္တရပါဠိတော်မှာ မြတ်စွာဘုရား ဟောကြားထားတော်မူပါတယ်။

‘‘ပဉ္စိမေ, ဘိက္ခဝေ, အာနိသံသာ ဓမ္မဿဝနေ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဓမ္မဿဝနေ၊ တရားတော်ကို နာယူခြင်း၌။ အာနိသံသာ၊ အကျိုးအာနိသင်တို့သည်ကား။ ဣမေ ပဉ္စ၊ ဤ ၅-မျိုးတို့ပါတည်း။

တရားတော်ကို နာကြားခြင်း၌ အကျိုး ၅-မျိုး ရှိပါတယ်။ ဘာအကျိုးတရားတွေလဲ?

အဿုတံ သုဏာတိ, သုတံ ပရိယောဒါပေတိ, ကင်္ခံ ဝိတရတိ, ဒိဋ္ဌိံ ဥဇုံ ကရောတိ, စိတ္တမဿ ပသီဒတိ။

အဿုတံ၊ မကြားနာဘူးတဲ့ တရားထူးတရားမြတ်ကို။ သုဏာတိ၊ ကြားနာရ၏။ သုတံ၊ ကြားနာပြီးတဲ့ တရားကိုလည်းပဲ။ ပရိယောဒါပေတိ၊ အသိဉာဏ်သန့်ရှင်းစေ၏။ ကင်္ခံ၊ ယုံမှားခြင်း ဝိစိကိစ္ဆာတရားကိုလည်း။ ဝိတရတိ၊ ကျော်လွှားလွန်မြောက်၍ သွားနိုင်၏။ ဒိဋ္ဌိံ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာကို။ ဥဇုံ၊ ဖြောင့်မတ်စွာ။ ကရောတိ၊ ပြုလုပ်နိုင်၏။ အဿ၊ ထိုတရားနာနေတဲ့ ပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်သည်။ ပသီဒတိ၊ ကြည်လင်၍ လာတတ်ပေ၏။

တရားနာခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရား ၅-ပါး မြတ်စွာဘုရား ဟောထားတယ်။ นံပါတ်တစ် = မကြားဘူးတဲ့ တရားတွေကို ကြားနာရတယ်။ နံပါတ်နှစ် = ကြားနာပြီးတဲ့ တရားတွေကိုလည်း အသိဉာဏ် သန့်ရှင်း စင်ကြယ်စေတတ်တယ်။ နံပါတ်သုံး = မိမိသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ယုံမှားခြင်း ဝိစိကိစ္ဆာတရားတွေကို ကျော်လွှားလွန်မြောက်ပြီးတော့ သွားနိုင်တယ်။ နံပါတ်လေး = သမ္မာဒိဋ္ဌိဉာဏ်ပညာကို ဖြောင့်မှန်သွားအောင် ပြုလုပ်နိုင်တယ်။ နံပါတ်ငါး = တရားနာနေတဲ့ ထိုပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်သည် ကြည်လင်လာတတ်တယ်။ ပေါင်းလိုက်တော့ အကျိုး ဘယ်နှစ်ပါးလဲ? ၅-ပါး။

ဒီအကျိုးလေးတွေက တရားနာလို့ ရရှိတယ်ဆိုရင် တစ်ခါတစ်ရံပေါ့လေ ... သင့်တင့်လျောက်ပတ်တဲ့အခါမှာပေါ့ တရားနာတာကောင်းတယ် ဆိုပြီးတော့ ၂၄-နာရီ ကာလပတ်လုံး အမြဲနာနေရမယ်လို့တော့ ပြောတာမဟုတ်ဘူး။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားတော်ကို နာယူခြင်းသည် အကျိုးရှိတယ်။ မင်္ဂလာတစ်ခု ဖြစ်တယ်လို့ ဘုရား ဒီလို ဟောထားတယ်။ အဲဒီအထဲမှာ ဒိဋ္ဌိံဥဇုကရောတိ သမ္မာဒိဋ္ဌိ ဉာဏ်ပညာတွေကို ဖြောင့်မှန်သွားအောင် ပြုလုပ်ပေးနိုင်တဲ့ စွမ်းအား ဒီတရားတော်မှာ ရှိတယ်။ ဘယ်တရားလဲလို့မေးတော့ ဘုရားရှင်ရဲ့ တရားတော်ကို ပြောတာပါနော်။ စိတ္တမဿ ပသီဒတိ = တရားနာနေတဲ့ ထိုပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်တွေမှာ တရားနာလိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် ကြည်လင်သွားတတ်တယ်။ ဒါတွေဟာ အလွန် တန်ဖိုးရှိတဲ့ အကျိုးတရားတွေပါ။

အဲဒီတော့ ဒီအကျိုးတရားလေးတွေနဲ့ ပတ်သက်ပြီးတော့ ဒီည စိတ်ဓာတ်ကလေး ကြည်လင်သွားပုံအပိုင်းနဲ့ ပတ်သက်ပြီး မုဏ္ဍမင်းရဲ့အကြောင်းလေးကို ဘုန်းကြီး ဒီညဟောဖို့ ရွေးချယ်ထားတယ်။ တစ်ချိန်မှာ ဦးပဉ္စင်းတို့ သာသနာတော်မှာ ရဟန္တာအရှင်မြတ်တစ်ပါးလို့ အသိအမှတ် အပြုခံတော်မူရတဲ့ အရှင်နာရဒမထေရ်က ပါဋလိပုတ္တပြည် ကုက္ကုတာရာမခေါ်တဲ့ ကျောင်းတိုက်မှာ သီတင်းသုံး စံနေတော်မူခိုက်ဖြစ်ပါတယ်။ ထိုအချိန်အခါမှာ မုဏ္ဍမင်းကလည်း သူက အလွန် ချစ်မြတ်နိုးနေတဲ့ ဘဒ္ဒါဆိုတဲ့ မိဖုရားတစ်ဦး သူ့မှာ ရှိနေတယ်။ ရှိနေတော့ ဒီဘဒ္ဒါဆိုတဲ့ မိဖုရားတစ်ဦးက တစ်နေ့ ကွယ်လွန်သွားတယ်။ သူ အလွန် ချစ်မြတ်နိုးနေတဲ့ မိဖုရားတစ်ဦး ကွယ်လွန်သွားပြီ။ ကွယ်လွန်သွားတဲ့ အခါကျတော့ ဘာဖြစ်လဲ?

သော ဘဒ္ဒါယ ဒေဝိယာ ကာလင်္ကတာယ ပိယာယ မနာပါယ နေဝ နှာယတိ န ဝိလိမ္ပတိ န ဘတ္တံ ဘုဉ္ဇတိ န ကမ္မန္တံ ပယောဇေတိ ရတ္တိန္ဒိဝံ ဘဒ္ဒါယ ဒေဝိယာ သရီရေ အဇ္ဈောမုစ္ဆိတော။

သော၊ ထိုမုဏ္ဍမင်းသည်။ ပိယာယ၊ ချစ်မြတ်နိုးအပ်သော။ မနာပါယ၊ စိတ်နှလုံးကို တိုးပွားစေတတ်သော။ ဘဒ္ဒါယ ဒေဝိယာ၊ ဘဒ္ဒါမိဖုရားကြီးသည်။ ကာလင်္ကတာယ၊ ကွယ်လွန်သွားခဲ့သည်ရှိသော်။ နေဝ နှာယတိ၊ ရေလည်း မချိုးပေ။ န ဝိလိမ္ပတိ၊ ဖြီးလိမ်းပြင်ဆင်မှုလည်း မရှိပေ။ န ဘတ္တံ ဘုဉ္ဇတိ၊ ထမင်းလည်း မစားပေ။ န ကမ္မန္တံ ပယောဇေတိ၊ လုပ်ငန်းကိစ္စရပ်တို့ကိုလည်း ကြိုးစားအားထုတ်မှု မရှိပေ။ ရတ္တိန္ဒိဝံ၊ နေ့ညဉ့်တို့ ကာလပတ်လုံး။ ဘဒ္ဒါယ ဒေဝိယာ၊ ဘဒ္ဒါမိဖုရားကြီး၏။ သရီရေ၊ အလောင်းကောင် အာရုံ၌။ အဇ္ဈောမုစ္ဆိတော၊ တွေဝေမိန်းမော နစ်မျော၍ နေပေ၏။

ဘဒ္ဒါမိဖုရားကြီးကို သူ အလွန် ချစ်မြတ်နိုးတော့ အလွန် ချစ်မြတ်နိုးနေတဲ့ ဒီဘဒ္ဒါမိဖုရား ကွယ်လွန်သွားတဲ့ အချိန်အခါမှာ ရေလည်း မချိုးတော့ဘူး။ ဖြီးလိမ်းပြင်ဆင်မှုတွေလည်း ဘာမှ မလုပ်တော့ဘူး။ ထမင်းလည်း မစားတော့ဘူး။ မင်းမှုကိစ္စ အဝဝကိုလည်း ဘာမှ မဆောင်ရွက်တော့ဘူး။ နေ့ရော ညဉ့်ရော အချိန်ရှိသမျှ ကာလပတ်လုံး ဘဒ္ဒါမိဖုရားရဲ့ အလောင်းကောင်ဆိုတဲ့ အာရုံအပေါ်၌ မေ့မျောနစ်မြုတ်ပြီးတော့ မျိုမတတ် စွဲလမ်းနေတဲ့ စိတ်ဓာတ်ဖြင့် နေထိုင်နေတယ်နော်။

အဲဒီအခါကျတော့ မုဏ္ဍမင်းကြီးက ဘာလုပ်သလဲ? ပိယကလို့ ခေါ်တဲ့ ရွှေတိုက်စိုးကို သူက ပြောတယ်။ “အချင်း ပိယက ... ဘဒ္ဒါမိဖုရားရဲ့ အလောင်းကောင်ကို သံဖြင့် ပြုလုပ်ထားတဲ့ ခေါင်းစကျင်းထဲမှာ ထည့်ပါ။ ထည့်ပြီးတဲ့ အချိန်ခါမှာ သံဖြင့်ပြုလုပ်ထားတဲ့ တခြားအဖုံးတစ်ခုဖြင့် ဒီခေါင်းကို ပိတ်ထားပါ။ ပိတ်ထားပြီးတဲ့ အချိန်ခါကျတော့ အဲဒီအထဲကို ဆီတွေ စကျင်တစ်ခုအပြည့် လောင်းထည့်ထားပါ။ လောင်းထည့်ထားလိုက်တဲ့အတွက် ဘာလုပ်မလဲ? ဒီဘဒ္ဒါရဲ့ အလောင်းကောင်ဆိုတဲ့ အာရုံကို တို့ ကြာရှည်စွာ မြင်နိုင်အောင် ပြုလုပ်ပေးပါ” ဆိုပြီးတော့ သူက တောင်းဆိုတယ်။ တောင်းဆိုလိုက်တဲ့ အချိန်ခါမှာ ရွှေတိုက်စိုးဖြစ်တဲ့ ပိယကကလည်း အားလုံး သူ့ရဲ့ တောင်းဆိုချက်အတိုင်း စီမံပေးပါတယ်။ စီမံပေးလိုက်တဲ့အတွက် သူအလိုရှိတဲ့ အချိန်ခါမှာ ဒီခေါင်းကြီးကို ဖွင့်ပြီးတော့ အမြဲတမ်း ကြည့်တယ်။ ဘဒ္ဒါရဲ့ အလောင်းကောင်က ဆီစိမ်ထားတယ်။

အဲဒီလိုပဲ မဖြီးမလိမ်း, မစားမသောက်, မပြင်မဆင်ဘဲ နေ့ညဉ့်တို့ ကာလပတ်လုံး ဒီအလောင်းကောင်ဆိုတဲ့ အာရုံမှာ နစ်မြုတ်ပြီးတော့ မျိုမတတ် စွဲလမ်းနေတဲ့အချိန် ရွှေတိုက်စိုးဖြစ်တဲ့ ပိယက စဉ်းစားပြီ။ ဒီမုဏ္ဍမင်းရဲ့ အလွန် ချစ်မြတ်နိုးတဲ့ မိဖုရားကတော့ ကွယ်လွန်သွားပြီ။ ဒါပေမဲ့ ဒီဘဒ္ဒါမိဖုရား ကွယ်လွန်သွားတဲ့အတွက်ကြောင့် ဒီမုဏ္ဍမင်းက ရေလည်းမချိုး, ဖြီးလိမ်း ပြင်ဆင်မှုလည်း မရှိ, ထမင်းလည်း မစား, ဘာအလုပ်မှလည်း မလုပ်ဘဲနဲ့ နေ့ညဉ့်တို့ ကာလပတ်လုံး ဘဒ္ဒါမိဖုရားရဲ့ အလောင်းဆိုတဲ့အာရုံမှာ မျိုမတတ် စွဲလန်းပြီးတော့ မေ့မျောပြီး နစ်မြုပ်နေတယ်။

ကဲ ဒီလို ဖြစ်နေခဲ့လို့ရှိရင် အဘယ်မည်သော ထိုသမဏကိုလည်းကောင်း, ဗြဟ္မဏကိုလည်းကောင်း ချဉ်းကပ်ခဲ့ရင် ထိုသမဏ, ဗြဟ္မဏကလည်း မုဏ္ဍမင်းရဲ့သန္တာန်မှာဖြစ်နေတဲ့ သောကတည်းဟူသော မြားငြောင့်ကို နှုတ်ပယ်နိုင်တဲ့ စွမ်းအားရှိနေတဲ့ တရားတော်ကို ဟောကြားမယ်ဆိုရင် ကောင်းနိုင်ပါ့မလဲ? ဘယ်ပုဂ္ဂိုလ်ကို တို့ ချဉ်းကပ်ရမလဲ? ဒီလို သူက စဉ်းစားတယ်။ စဉ်းစားလိုက်တဲ့ အချိန်ခါကျတော့ သူက ဘယ်ပုဂ္ဂိုလ်ကို သွားတွေ့လဲလို့မေးတော့ အရှင်နာရဒမထေရ်ကို သွားတွေ့တယ်။ အရှင်နာရဒမထေရ်က ထိုအချိန်အခါမှာ ပါတလိပုဒ်မြို့တော်မှာ တည်ရှိနေတဲ့ ကုက္ကုတာရာမကျောင်းတိုက်မှာ သီတင်းသုံးနေတော်မူပါတယ်။ ထိုအချိန်အခါမှာ ပိယကက ဒီ... အရှင်နာရဒမထေရ်ရဲ့ ဂုဏ်သီတင်းတွေက ပျံ့နှံ့နေတယ်။ ကျော်စောသတင်းတွေက မဆံ့ဘဝဂ် ပျံ့နှံ့ပြီး တက်နေတယ်။ ဘယ်လို ကျော်စောသတင်းလဲ?

အရှင်နာရဒမထေရ်သည် ပညာရှိသူတော်ကောင်းတစ်ဦး ဖြစ်တယ်။ စွမ်းအင်နဲ့ ပြည့်ဝနေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်တယ်။ ပညာရှိတယ်, အကြားအမြင် ဗုဒ္ဓုဿုတတွေ များတယ်, ဆန်းကြယ်တဲ့ တရားစကားတွေကိုလည်း ဆိုဆုံးမတတ်တယ်, ကောင်းမွန်မှန်ကန်တဲ့ ဉာဏ်ပဋိဘာန်နှင့်လည်း ပြည့်စုံတယ်, အသက်အရွယ်အားဖြင့်လည်း ကြီးရင့်တဲ့ သူတော်ကောင်းလည်း ဖြစ်တယ်, ရဟန္တာအရှင်မြတ်ကြီးလည်း ဖြစ်တယ် စသည်ဖြင့် ဒီလို ဂုဏ်သတင်းတွေက မဆန့်ဘဝဂ် ပျံ့နှံ့တက်အောင် သူက ကြားနေရတယ်။ ကြားနေရတဲ့ အချိန်အခါကျတော့ အကယ်၍များ ဒီမုဏ္ဍမင်းဟာ အရှင်နာရဒမထေရ်ကို သွားပြီး ချဉ်းကပ်ခဲ့မယ်, ဆည်းကပ်ခဲ့မယ်ဆိုရင် အရှင်နာရဒမထေရ် ဟောကြားပြသ ဆိုဆုံးမတဲ့ သောကပယ်စွန့်နိုင်ကြောင်းဖြစ်တဲ့ တရားကောင်းကိုလည်း ကြားနာခဲ့မယ် ဆိုလို့ရှိရင်တော့ ကောင်းလေစွ။ သူက ဒီလို စဉ်းစားပြီ။ အဲဒီလို စဉ်းစားလိုက်တဲ့ အချိန်ခါကျတော့ သူက ဘာလုပ်သလဲ?

မုဏ္ဍမင်းထံ သူက ချဉ်းကပ်တယ်။ ချဉ်းကပ်ပြီးတော့ အရှင်နာရဒမထေရ်ရဲ့ ဂုဏ်ကျေးဇူးတွေကို သူက ချီးမွမ်းစကား ပြောကြားပါတယ်။ ဒါကြောင့် အရှင်နာရဒမထေရ်ထံသို့ ချဉ်းကပ်ပြီးတော့ တရားနာယူခဲ့မယ် ဆိုလို့ရှိရင်တော့ အရှင်မင်းမြတ်ထံမှာ ဖြစ်ပေါ်နေတဲ့ သောကတည်းဟူသော မြားငြောင့်, စူးဝင်နေတဲ့ ငြောင့်ကြီးကို နှုတ်ပယ်ကောင်း နှုတ်ပယ်နိုင်ပါလိမ့်မယ် ဆိုပြီးတော့ တင်ပြလျှောက်ထားတယ်။ အဲဒီအချိန်အခါမှာ မုဏ္ဍမင်းကြီးကလည်း သဘောတူညီ လိုက်ပါတယ်။ သဘောတူညီလိုက်တဲ့ အချိန်အခါကျတော့ ပိယကရွှေတိုက်စိုးက ဘာလုပ်သလဲ?

အရှင်နာရဒမထေရ်ထံ ချဉ်းကပ်ပြီးတော့ အကျိုးအကြောင်း တင်ပြ လျှောက်ထားတယ်။ ဘာဖြစ်လို့ တင်ပြလျှောက်ထားရလဲ မေးတော့ မုဏ္ဍမင်းက သူ့ကို ပြောတယ်။ “ကဲ ... တို့ တိုင်းနိုင်ငံမှာ ဒီလို ဂုဏ်သတင်း ကျော်ကြားနေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ကြိုတင် အသိမပေးဘဲ သွားပြီး ဆည်းကပ် ခစားမယ်ဆိုရင်တော့ မတော်ဘူး။ ငါ ဆည်းကပ်ခစားလိုတဲ့ အကြောင်းကို မင်းက ရှေးဦးစွာ သွားပြီးတော့ အရှင်နာရဒမထေရ်ထံမှာ ခွင့်တောင်းပါ။ သူ့ရဲ့ ခွင့်ပြုချက် ရတဲ့အချိန်ခါမှာ တို့ ဆည်းကပ်ခစားကြစို့” ။

အဲဒီလို အမိန့်ရှိလိုက်တဲ့အတွက် ပိယက ရွှေတိုက်စိုးကလည်း ရှေးဦးစွာ အရှင်နာရဒမထေရ်ထံမှာ သွားပြီးတော့ ခွင့်တောင်းပါတယ်။ ခွင့်တောင်းရင်းနဲ့ပေါ့လေ မုဏ္ဍမင်းမှာ ဖြစ်ပေါ်နေတဲ့ သောကအကြောင်းတွေကိုလည်း ပြည့်ပြည့်စုံစုံလေး တင်ပြလျှောက်ထားခဲ့ပါတယ်။ သောက ပယ်နှုတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကိုလည်း ဟောကြားပြသ ဆိုဆုံးမဖို့ရန်အတွက် ကြိုတင်ပြီးတော့ လျှောက်ထားခဲ့တယ်။ အရှင်နာရဒမထေရ်ကလည်း ခွင့်ပြုလိုက်ပါတယ်။

ခွင့်ပြုလိုက်တဲ့ အချိန်အခါကျတော့ ခွင့်ပြုချက် ရပြီဖြစ်တဲ့အကြောင်း မုဏ္ဍမင်းထံ တင်ပြလျှောက်ထားတော့ မုဏ္ဍမင်းကလည်း ကြီးစွာသော မင်းအဆောင်အယောင်ဖြင့် တရားနာယူဖို့ရန်အတွက် အရှင်နာရဒမထေရ်ထံ ချဉ်းကပ်ပါတယ်။ မုဏ္ဍမင်းကလည်း ယာဉ်တွေနဲ့ သွားတာဖြစ်တဲ့အတွက် ယာဉ်နဲ့ သွားသင့်တဲ့နေရာသို့တိုင်အောင် ယာဉ်နဲ့ သွားပြီးတဲ့အခါ ယာဉ်မှဆင်း, ဆင်းပြီးတဲ့ အချိန်ခါမှာ အရှင်နာရဒမထေရ်ထံ ချဉ်းကပ်ပြီးတော့ ရိုသေစွာ ရှိခိုး၊ သင့်တင့်လျောက်ပတ်တဲ့ နေရာမှာ သွားထိုင်ပါတယ်။ ထိုင်ပြီးတဲ့အခါမှ အရှင်နာရဒမထေရ်က ထိုမုဏ္ဍမင်းကို တရားစဟောပြီ။ ဘယ်လိုဟောလဲ?

‘‘ပဉ္စိမာနိ, မဟာရာဇ, အလဗ္ဘနီယာနိ ဌာနာနိ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ။

မဟာရာဇာ၊ ဒကာတော်မင်းမြတ် ...။ သမဏေနဝါ၊ ရဟန်းသည်သော်လည်းကောင်း။ ဗြာဟ္မဏေနဝါ၊ ဗြာဟ္မဏသည်သော်လည်းကောင်း။ ဒေဝေနဝါ၊ နတ်သည်သော်လည်းကောင်း။ မာရေနဝါ၊ မာရ်နတ်သည်သော်လည်းကောင်း။ ဗြဟ္မုနာဝါ၊ ဗြာဟ္မာသည်သော်လည်းကောင်း။ ကေနစိဝါ၊ မည်သူမဆို တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည်မျှ။ လောကသ္မိံ၊ လောက၌။ အလဗ္ဘနီယာနိ၊ မရသင့် မရထိုက်ကြကုန်သော။ ဌာနာနိ၊ အရာဌာနတို့သည်။ ဣမာနိ ပဉ္စ၊ ဤ ၅-မျိုးတို့ပါပေတည်း။

ဒကာတော်မင်းမြတ် ... လောကမှာ သမဏဖြစ်စေ, ဗြဟ္မဏဖြစ်စေ, နတ်ပဲဖြစ်စေ, မာရ်နတ်ပဲဖြစ်စေ, ဗြဟ္မာပဲဖြစ်စေ မည်သူ တစ်စုံတစ်ဦးမျှ မရနိုင်တဲ့ အရာဌာန ၅-မျိုး ရှိတယ်ကွယ်။ အဲဒီ ၅-မျိုးက ဘာလဲဆိုတော့ -

‘ဇရာဓမ္မံ မာ ဇီရီ’တိ အလဗ္ဘနီယံ ဌာနံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ။

မဟာရာဇာ၊ ဒကာတော်မင်းမြတ် ...။ ဇရာဓမ္မံ၊ အိုတတ်သော သဘောတရားသည်။ မာ ဇီရီ၊ မအိုပါစေသတည်း။ ဣတိ၊ ဤသို့။ ဧတံ ဌာနံ၊ ဤအရာကို။ သမဏေနဝါ၊ သမဏအမည်ရှိသော ပုဂ္ဂိုလ်သည်လည်းကောင်း။ ဗြာဟ္မဏေနဝါ၊ ဗြာဟ္မဏအမည်ရှိသော ပုဂ္ဂိုလ်သည်လည်းကောင်း။ ဒေဝေနဝါ၊ နတ်သည်လည်းကောင်း။ မာရေနဝါ၊ မာရ်နတ်သည်လည်းကောင်း။ ဗြဟ္မုနာဝါ၊ ဗြာဟ္မာသည်လည်းကောင်း။ ကေနစိဝါ၊ မည်သူတစ်စုံတစ်ယောက်မျှ။ လောကသ္မိံ၊ လောက၌။ အလဗ္ဘနီယံ၊ မရသင့် မရထိုက်တဲ့ အရာဌာနပါပေတည်း။

အိုတတ်တဲ့ သဘောတရား သတ္တဝါတိုင်းမှာ ရှိတယ်။ အဲဒီ အိုတတ်တဲ့ တရားကို မအိုပါစေနဲ့လို့ တောင့်တခဲ့ရင် ဒီတောင့်တတဲ့ အရာဌာနဟာ လောကမှာ သမဏ, ဗြဟ္မဏ အမည်ရှိနေတဲ့ ပုဂ္ဂိုလ်အားလုံး၊ ဘယ် သမဏပဲဖြစ်စေ, ဘယ်ဗြဟ္မဏပဲဖြစ်စေ, ဘယ်နတ်ပဲဖြစ်စေ, ဘယ်မာရ်နတ်ပဲဖြစ်စေ, ဘယ်ဗြဟ္မာပဲဖြစ်စေ မည်သူတစ်စုံတစ်ယောက်မျှ ရနိုင်တဲ့သဘော မရှိပါဘူးတဲ့နော်။

‘ဗျာဓိဓမ္မံ မာ ဗျာဓီယီ’တိ…ပေ… ‘မရဏဓမ္မံ မာ မီယီ’တိ… ‘ခယဓမ္မံ မာ ခီယီ’တိ… ‘နဿနဓမ္မံ မာ နဿီ’တိ အလဗ္ဘနီယံ ဌာနံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ။

ဗျာဓိဓမ္မံ၊ နာတတ်သော သဘောတရားသည်။ မာ ဗျာဓီယိ၊ မနာပါစေလင့်။ မရဏဓမ္မံ၊ သေတတ်သော သဘောတရားသည်။ မာ မီယိ၊ မသေပါစေလင့်။ ခယဓမ္မံ၊ ကုန်တတ်သော သဘောတရားသည်။ မာ ခီယိ၊ မကုန်ပါစေလင့်။ နဿနဓမ္မံ၊ ပျောက်ပျက်တတ်သော သဘောတရားသည်။ မာ နဿိ၊ မပျောက်ပျက်ပါစေလင့်။ ဣတိ ဧတံ ဌာနံ၊ ဤကဲ့သို့သော အရာဌာနမျိုးသည်။ လောကသ္မိံ၊ လောက၌။ သမဏေနဝါ၊ သမဏသည်လည်းကောင်း။ ဗြာဟ္မဏေနဝါ၊ ဗြာဟ္မဏသည်လည်းကောင်း။ ဒေဝေနဝါ၊ နတ်သည်လည်းကောင်း။ မာရေနဝါ၊ မာရ်နတ်သည်လည်းကောင်း။ ဗြဟ္မုနာဝါ၊ ဗြာဟ္မာသည်လည်းကောင်း။ ကေနစိဝါ၊ မည်သူတစ်စုံတစ်ယောက်မျှ။ လောကသ္မိံ၊ လောက၌။ အလဗ္ဘနီယံ ဌာနံ၊ မရသင့် မရနိုင်တဲ့ အရာဌာနပါပေတည်း။

ပေါင်းလိုက်တော့ ဘယ်နှစ်ခု ဖြစ်သွားလဲ? ၅-ခုပဲ။

နံပါတ်(၁) = အိုတတ်တဲ့ သဘောတရား။

နံပါတ်(၂) = နာတတ်တဲ့သဘောတရား။

နံပါတ်(၃) = သေတတ်တဲ့သဘောတရား။

နံပါတ်(၄) = ကုန်တတ်တဲ့သဘောတရား။

နံပါတ်(၅) = ပျောက်ပျက်ပျက်စီးတတ်တဲ့သဘောတရား။

ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? ၅-ခု။

အိုတတ်တဲ့တရားကို မအိုပါစေလင့်, နာတတ်တဲ့တရားကို မနာပါစေလင့်, သေတတ်တဲ့တရားကို မသေပါစေလင့်, ကုန်တတ်တဲ့တရားကို မကုန်ပါစေလင့်, ပျောက်ပျက် ပျက်စီးတတ်တဲ့တရားကို မပျောက်ပျက်ပါစေနှင့်, မပျက်စီးပါစေလင့်ဆိုပြီး ဒီလို တောင့်တခဲ့ရင် သမဏအမည်ရှိတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ချင်ဖြစ်ပါစေ, ဗြဟ္မဏအမည်ရှိတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ချင်ဖြစ်ပါစေ, နတ်ဖြစ်ချင်လည်းဖြစ်ပါစေ, မာရ်နတ် ဖြစ်ချင်လည်းဖြစ်ပါစေ, ဗြဟ္မာ ဖြစ်ချင်လည်းဖြစ်ပါစေ လောကမှာ မည်သည့်ပုဂ္ဂိုလ် တစ်စုံတစ်ယောက်မျှ ဒီတောင့်တတဲ့ အရာဌာနကို မရနိုင်ပါဘူး။ ဘယ့်နှယ်တုန်း မှားလား, မှန်လား? မှန်နေတယ်။

” နောက်ဆုတ်လို့ ပြန်မပျိုသည် ရှေ့ကိုသာ အိုမြဲ” ” ဆိုတဲ့အတိုင်းပေါ့။ နောက်ကို ပြန်ပြီး ဆုတ်သွားလို့ ရသလား? မသွားဘူး။ ရှေ့သာ တိုးတိုးသွားတယ်။ အဲဒီ အချိန်ခါကျတော့မှ ရှင်နာရဒမထေရ်က ဘာတရား ဆက်ဟောလဲ?

အသုတဝတော, မဟာရာဇ, ပုထုဇ္ဇနဿ ဇရာဓမ္မံ ဇီရတိ။ သော ဇရာဓမ္မေ ဇိဏ္ဏေ န ဣတိ ပဋိသဉ္စိက္ခတိ –

မဟာရာဇာ၊ ဒကာတော်မင်းမြတ် ...။ အသုတဝတော၊ အကြားအမြင် ဗဟုသုတ မရှိသော။ ပုထုဇ္ဇနဿ၊ ပုထုဇန် ပုဂ္ဂိုလ်တို့ရဲ့ သန္တာန်၌။ ဇရာဓမ္မံ၊ အိုတတ်တဲ့ သဘောတရားသည်။ ဇီရတိ၊ အိုမင်းရင့်ရော်၍ လာပေ၏။ သော၊ ထိုအကြားအမြင် ဗဟုသုတမရှိတဲ့ ပုထုဇန်ငမိုက်သားသည်။ ဇရာဓမ္မေ၊ အိုတတ်တဲ့သဘောတရားသည်။ ဇိဏ္ဏေ၊ အိုမင်းရင့်ရော်၍ လာခဲ့သည်ရှိသော်။ ဣတိ၊ ဤသို့။ န ပဋိသဉ္စိက္ခတိ၊ စူးစမ်းဆင်ခြင်မှု မရှိပေ။

ဒကာတော်မင်းမြတ် ... ဘုရားရှင်ရဲ့ တရားတော်တွေကို သင်သိ, ကျင့်သိခေါ်တဲ့ ဒီ အကြားအမြင် ဗဟုသုတ ၂-မျိုး မရှိတဲ့ ပုထုဇန် ငမိုက်သားရဲ့သန္တာန်မှာ အိုခြင်းဆိုတဲ့ ဇရာတရား ထင်ရှားဖြစ်ပေါ်လာပြီ။ အဲဒီ အိုခြင်းဆိုတဲ့ ဇရာတရား ထင်ရှား ဖြစ်ပေါ်လာတဲ့ အချိန်ခါမှာ, အိုခြင်း ဇရာတရားရဲ့ အိုမင်း ရင့်ရော်လာတဲ့ အချိန်ခါမှာ ဒီပုထုဇန် ငမိုက်သားက မဆင်ခြင်ဘူး။ ဒီလို မဆင်ခြင်တတ်ဘူး။ ဘယ်လိုလဲ?

‘န ခေါ မယှေဝေကဿ ဇရာဓမ္မံ ဇီရတိ, အထ ခေါ ယာဝတာ သတ္တာနံ အာဂတိ ဂတိ စုတိ ဥပပတ္တိ သဗ္ဗေသံ သတ္တာနံ ဇရာဓမ္မံ ဇီရတိ။

ဆင်ခြင်ပုံလေးပဲနော် ... ဘယ်လိုလဲ?

မယှေဝ ဧကဿ၊ ငါတစ်ဦးတည်း၏ သန္တာန်၌သာလျှင်။ ဇရာဓမ္မံ၊ အိုတတ်တဲ့သဘောတရားသည်။ န ခေါ ဇီရတိ၊ အို၍လာသည်ကား မဟုတ်ပါပေ။ အထ ခေါ၊ တကယ်စင်စစ်အားဖြင့်သော်ကား။ ယာဝတာ၊ အကြင်မျှလောက်ကုန်သော။ သတ္တာနံ၊ သတ္တဝါတို့၏။ အာဂတိ၊ ထိုဘဝမှ ဤဘဝသို့ လာရောက်ခြင်းသည်။ ဂတိ၊ ဤဘဝမှ ထိုဘဝသို့ သွားရောက်ခြင်းသည်။ စုတိ၊ ဤဘဝမှ ရွှေ့လျော၍ သွားခြင်းသည်။ ဥပပတ္တိ၊ နောက်ထပ်တစ်ဖန် ပဋိသန္ဓေ တည်နေရခြင်းသည်။ အတ္ထိ၊ ရှိ၏။ သဗ္ဗေသံ သတ္တာနံ၊ ထိုကဲ့သို့ လာခြင်း, သွားခြင်း, စုတေခြင်း, ပဋိသန္ဓေတည်နေခြင်း ရှိကြကုန်သော ခပ်သိမ်းကုန်သော သတ္တဝါတို့၏သန္တာန်၌။ ဇရာဓမ္မံ၊ အိုတတ်တဲ့ တရားသည်ကား။ ဇီရတိ၊ အိုမင်းရင့်ရော်၍ နေပေ၏၊

ဒီ အိုခြင်းတရားဟာ ငါတစ်ယောက်ထဲ သန္တာန်မှာ ဖြစ်ပေါ်နေတာ မဟုတ်ဘူး။ ထိုထိုဘဝမှ ဒီဘဝသို့ ရောက်လာတဲ့, ဒီဘဝမှ ထိုဘဝသို့ သွားနေတဲ့ စုတေခြင်းသဘောရှိတဲ့, ပဋိသန္ဓေတည်နေခြင်း သဘောရှိတဲ့ ခပ်သိမ်းကုန်သော သတ္တဝါတို့၏သန္တာန်မှာ ဒီအိုခြင်းဆိုတဲ့ သဘောတရားသည် ထင်ရှားရှိနေတယ်။ အိုခြင်းဆိုတဲ့ တရားက အိုနေတယ်။

အဟံစေဝ ခေါ ပန ဇရာဓမ္မေ ဇိဏ္ဏေ သောစေယျံ ကိလမေယျံ ပရိဒေဝေယျံ, ဥရတ္တာဠိံ ကန္ဒေယျံ, သမ္မောဟံ အာပဇ္ဇေယျံ,

အဟံ စေဝ ခေါ ပန၊ ငါသည်ပင်လျှင်။ ဇရာဓမ္မေ၊ အိုတတ်တဲ့ တရားသည်။ ဇိဏ္ဏေ၊ အိုမင်းရင့်ရော်၍ လာခဲ့သည်ရှိသော်။ သောစေယျံ၊ စိုးရိမ်နေခဲ့သည်ဖြစ်ငြားအံ့။ ကိလမေယျံ၊ ပင်ပန်း၍ နေခဲ့သည်ဖြစ်ငြားအံ့။ ပရိဒေဝေယျံ၊ ငိုကြွေးမြည်တမ်း၍ နေခဲ့သည်ဖြစ်ငြားအံ့။ ဥရတ္တာဠိံ၊ ရင်ပတ်စည်တီး၍။ ကန္ဒေယျံ၊ ငိုကြွေးနေသည်ဖြစ်ငြားအံ့။ သမ္မောဟံ စေ အာပဇ္ဇေယျံ၊ တွေဝေမိန်းမောခြင်းသို့ ရောက်ရှိသည် ဖြစ်ငြားအံ့။

ဘတ္တမ္ပိ မေ နစ္ဆာဒေယျ, ကာယေပိ ဒုဗ္ဗဏ္ဏိယံ ဩက္ကမေယျ, ကမ္မန္တာပိ နပ္ပဝတ္တေယျုံ, အမိတ္တာပိ အတ္တမနာ အဿု, မိတ္တာပိ ဒုမ္မနာ အဿူ’တိ။

မေ၊ ငါသည်။ ဘတ္တမ္ပိ၊ ထမင်းကိုသော်လည်းပဲ နစ္ဆာဒေယျ၊ မစားလိုသည် ဖြစ်ငြားအံ့။ မေ၊ ငါ၏။ ကာယေပိ၊ ကိုယ်၌လည်းပဲ။ ဒုဗ္ဗဏ္ဏိယံ၊ အဆင်းမလှခြင်းသည်။ ဩက္ကမေယျ၊ သက်ရောက်လာသည်ဖြစ်ငြားအံ့။ ကမ္မန္တာပိ၊ လုပ်ငန်းကိစ္စတို့သည်လည်းပဲ။ နပ္ပဝတ္တေယျုံ၊ မဖြစ်ပေါ်လာကြကုန်သည်ဖြစ်ငားအံ့။ အမိတ္တာပိ၊ ရန်သူတို့သည်လည်း။ အတ္တမနာ၊ နှစ်လိုဝမ်းမြောက်သော စိတ်ထားရှိကြကုန်သည်။ အဿု၊ ဖြစ်ကြလေကုန်ရာ၏။ မိတ္တာပိ၊ ဆွေမျိုးမိတ်ဆွေတို့သည်လည်းပဲ။ ဒုမ္မနာ၊ စိတ်မကြည်မလင် စိတ်မချမ်းမသာ ဖြစ်ကြကုန်သည်။ အဿု၊ ဖြစ်ကြလေကုန်ရာ၏။ ဣတိ၊ ဤသို့လျှင်။ န ပဋိသံစိက္ခတိ၊ မစူးစမ်း မဆင်ခြင်ပေ။

ပုဂ္ဂိုလ်တစ်ယောက် အိုလာတဲ့အချိန်အခါမှာ ဒီအိုခြင်းတရားသည် ငါ့တစ်ယောက်တည်းရဲ့သန္တာန်မှာသာ ဖြစ်ပေါ်နေတဲ့တရား မဟုတ်ဘူး။ တကယ်စင်စစ်အားဖြင့်တော့ သတ္တဝါအားလုံးရဲ့သန္တာန်မှာ ထိုဘဝမှ ဤဘဝသို့ လားရောက်တဲ့, ဤဘဝမှ ထိုဘဝသို့ သွားရမဲ့ စုတေခြင်းသဘောရှိတဲ့, ပဋိသန္ဓေတည်နေခြင်း သဘောရှိတဲ့ သတ္တဝါအားလုံးတို့ရဲ့သန္တာန်မှာ ဒီ အိုတတ်တဲ့တရားသည် အိုနေတယ်။

အကယ်၍ ငါသည် အိုခြင်း ဇရာတရား ထင်ရှားဖြစ်ပေါ်လာတဲ့ အချိန်အခါမှာ စိုးရိမ်နေမယ်, ပင်ပန်းနေမယ်, ငိုကြွေးနေမယ်, ရင်ပတ်စည်တီး မြည်တမ်းနေမယ်, ပြင်းစွာ တွေဝေခြင်းသို့ ရောက်နေမယ်, ထမင်းမစားဘဲ နေမယ်။ အဲဒီလို ပြုလုပ်ခဲ့မယ်ဆိုရင် ငါ့ရဲ့ကိုယ်မှာ ရုပ်အဆင်း မလှခြင်းဆိုတဲ့ ဒီသဘောတရားတွေလည်း ထင်ရှားဖြစ်ပေါ်လာမယ်။ အမှုလုပ်ငန်းရပ်တွေကိုလည်း မလုပ်နိုင် ဖြစ်နေလိမ့်မယ်။ ငါ့ရဲ့ ရန်သူတွေဟာလည်း နှစ်သက်ဝမ်းမြောက် သွားကြပေလိမ့်မယ်။ ငါ့ရဲ့ မိတ်ဆွေတွေဟာလည်း ငါ့ကို အကြောင်းပြုပြီးတော့ စိတ်မချမ်းသာမှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ဒီလို စူးစမ်းဆင်ခြင်မှု မရှိဘူး။ မရှိတဲ့အတွက် ဒီပုဂ္ဂိုလ်က ဘာလုပ်လဲ?

သော ဇရာဓမ္မေ ဇိဏ္ဏေ သောစတိ ကိလမတိ ပရိဒေဝတိ, ဥရတ္တာဠိံ ကန္ဒတိ, သမ္မောဟံ အာပဇ္ဇတိ။

သော၊ ထိုပုဂ္ဂိုလ်သည်။ သော၊ အကြားအမြင် မရှိတဲ့ ပုထုဇန် ငမိုက်သားသည်။ ဇရာဓမ္မေ၊ အိုခြင်းဇရာတရားသည်။ ဇိဏ္ဏေ၊ အိုမင်းရင့်ရော်၍ လာခဲ့သည်ရှိသော်။ သောစတိ၊ စိုးရိမ်၏။ ကိလမတိ၊ ပင်ပန်း၏။ ပရိဒေဝတိ၊ ငိုကြွေး၏။ ဥရတ္တာဠိံ ကန္ဒတိ၊ ရင်ပတ်စည်တီး မြည်တမ်း၏။ သမ္မောဟံ အာပဇ္ဇတိ၊ ပြင်းစွာ တွေဝေခြင်းသို့ ရောက်ရှိ၍ နေပေ၏၊

အိုတတ်တဲ့ ဇရာတရား ထင်ရှားဖြစ်ပေါ်လာတဲ့ အချိန်ခါမှာ ဒီပုထုဇန် ငမိုက်သားက ဘာလုပ်သလဲ? စိုးရိမ်တယ်, ပူဆွေးတယ်, ငိုကြွေးတယ်, ရင်ပတ်စည်တီး မြည်တမ်းတယ်, ပြင်းစွာတွေဝေခြင်းသို့ ရောက်တယ်။ ပြင်းစွာတွေဝေတယ်ဆိုတာ ဘာပြောတာလဲ? ဒီနေရာမှာပေါ့လေ ... အထူးသဖြင့် ရုပ်တွေ နာမ်တွေကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည့်တိုင်အောင် ဟုတ်တိုင်းမှန်စွာ မသိဘူး, အကြောင်းတရား အကျိုးတရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ မသိဘူး, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်, အသုဘအချက်တွေကိုလည်း ဟုတ်တိုင်းမှန်စွာ မသိဘူး။ အဲဒီလို မသိမှုကြီး တစ်ပုံကြီး ထမ်းပြီးတော့ ငိုကြွေးမြည်တမ်းနေတာဟာ သမ္မောဟံ အာပဇ္ဇတိ = ပြင်းစွာတွေဝေခြင်းသို့ ရောက်ရှိနေတာ။

ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာပေါ့လေ ... တချို့တချို့ သူတော်ကောင်းများ ဒီရုပ် ဒီနာမ်တွေကို သိနိုင်တဲ့ အခွင့်အရေးတွေ ရှိနေကြတယ်, ဒီအကြောင်းတရား ဒီအကျိုးတရားကို သိနိုင်တဲ့ အခွင့်အရေးတွေ ရှိနေကြတယ်, ဒီအကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်, အသုဘအချက်တွေကို ကွက်ကွက်ကွင်းကွင်း ဝိပဿနာ ဉာဏ်ပညာဖြင့် ထင်ထင်လင်းလင်း မြင်သိနိုင်တဲ့ အချက်တွေ ရှိနေကြတယ်။ မိမိတို့ ရရှိထားတဲ့ အခွင့်အရေးကြီးတွေ အားရဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ သာသနာတော်နဲ့ တွေ့တုန်းမှာ ရနိုင်တဲ့ အခွင့်အရေးပဲ။ အဲဒီ အခွင့်အရေးတွေ မရဘဲနဲ့ ပူဆွေးငိုကြွေးနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာဖြစ်နေတာလဲ?

သမ္မောဟံ အာပဇ္ဇတိ။

သမ္မောဟံ၊ ပြင်းစွာ တွေဝေခြင်းသို့။ အာပဇ္ဇတိ၊ ရောက်ရှိ၍ နေပေ၏၊

တွေတွေဝေဝေနဲ့ ဘဝကို အဆုံးသတ်ရတော့မယ်။ သူ့အဖို့က -

အယံ ဝုစ္စတိ, မဟာရာဇ – ‘အဿုတဝါ ပုထုဇ္ဇနော ဝိဒ္ဓေါ သဝိသေန သောကသလ္လေန အတ္တာနံယေဝ ပရိတာပေတိ’’’။

မဟာရာဇ၊ ဒကာတော်မင်းမြတ် ...။ အယံ၊ ဤသဘောတရားကို။ အဿုတဝါ၊ အကြားအမြင် မရှိသော။ အယံ အဿုတဝါ ပုထုဇ္ဇနော၊ ဤအကြားအမြင် ဗဟုသုတ မရှိသော ပုထုဇန် ငမိုက်သားသည်။ သဝိသေန၊ အဆိပ်နှင့်တကွသော။ သောကသလ္လေန၊ သောကတည်းဟူသော မြားငြောင့်ဖြင့်။ ဝိဒ္ဓေါ၊ အစူးခံရသည်ဖြစ်၍။ အတ္တာနံယေဝ၊ မိမိကိုယ်ကိုပင်လျှင်။ ပရိတာပေတိ၊ ထက်ဝန်းကျင် ပူလောင်စေတတ်သည်ဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုတတ်ပါပေ၏၊

ဤကဲ့သို့ အကြားအမြင် ဗဟုသုတ မရှိသော ပုထုဇန် ငမိုက်သားကို ဘယ်လို ခေါ်မလဲလို့မေးရင် အဆိပ်နှင့်တကွသော သောကတည်းဟူသော မြားငြောင့်ဖြင့် စူးဝင်နေပြီး မိမိကိုယ်ကို မိမိ ပူပန်စေတတ်တဲ့ ပုဂ္ဂိုလ်လို့ ခေါ်တယ်။ ဘယ့်နှယ်တုန်း ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်ပါတယ်နော်။ မိမိကိုယ်ကို မိမိက ပူပန်စေတတ်တဲ့ပုဂ္ဂိုလ်ပဲ။ ဒီထဲမှာ သောကတည်းဟူသော မြားငြောင့်ကြီးက ဝင်ပြီးတော့ စူးနေသေးတယ်။ အဲဒီ သောကတည်းဟူသော မြားငြောင့်က စူးနေတဲ့အခါလည်း နာတယ်, စူးနေတဲ့ ဆူးကို ပြန်နှုတ်တဲ့ အခါမှာလည်း မနာဘူးလား? နာပြန်တယ်။ ၂-ချက် နာပြန်တယ်။ အဲဒီ နာရုံတွင် မကသေးဘူး။ ဒီဆူးက ဒီသောကတည်းဟူသော ဒီမြားငြောင့်က အဆိပ်ကလည်း လူးထားပြန်တယ်။ အဲဒီ အဆိပ်က လူးထားတော့ အဲဒီအဆိပ်တွေက တက်နေပြီဆိုလို့ရှိရင် ဘုန်းကြီးက သွား တရားဟောရင်တောင် ဒီပုဂ္ဂိုလ် နာယူပါဦးမလား? ဟင် ... မနာတော့ဘူး။ ဟန်ကျတယ် ဟုတ်တယ်မလား? မနာဘူးဆိုတာက ဘာပြောတာလဲဆိုရင် -

ဒကာကြီးတွေ ... ဘုန်းကြီးကပြောမယ် အိမ်မပြန်ပါနဲ့ ပြောရင် ဘယ့်နှယ်တုန်း နေပါ့မလား? မနေဘူး။ သောကတည်းဟူသော မြားငြောင့်ကြီးက စူးနေတယ်, အဆိပ်တွေကလည်း တက်နေတယ်။ ဟုတ်တယ်-မဟုတ်လား? အဆိပ်တွေက တက်နေတော့ ဘုန်းကြီးရှေ့မှာ လာပြီးတော့ အမလေး ... ပြုံးပြုံး ပြုံးပြုံးနဲ့ ဘာပြောတာလဲ? “တပည့်တော် ကိစ္စလေးရှိလို့ ခဏပြန်လိုက်ဦးမယ်၊ တပည့်တော် ချက်ချင်းပြန်လာမယ်၊ သပ်ိမကြာဘူး” ဟုတ်တယ်မလား? ဒါဘာပြောတာလဲ? သောကတည်းဟူသော မြားငြောင့်, အဆိပ်လူးထားတဲ့ သောကတည်းဟူသော မြားငြောင့် အစူးခံနေရတဲ့အတွက် မိမိကိုယ်ကိုမိမိ ပူပန်အောင် ကြိုးစားအားထုတ်နေခြင်း ဖြစ်တယ်။ ကဲ နောက်တစ်ခု -

‘‘ပုန စပရံ, မဟာရာဇ, အဿုတဝတော ပုထုဇ္ဇနဿ ဗျာဓိဓမ္မံ ဗျာဓီယတိ…ပေ… မရဏဓမ္မံ မီယတိ… ခယဓမ္မံ ခီယတိ… နဿနဓမ္မံ နဿတိ။ သော နဿနဓမ္မေ နဋ္ဌေ န ဣတိ ပဋိသဉ္စိက္ခတိ –

မဟာရာဇ၊ ဒကာတော်မင်းမြတ် ...။ ပုန စပရံ၊ နောက်တစ်မျိုးသော်ကား။ အဿုတဝတော ပုထုဇ္ဇနဿ၊ အကြားအမြင် ဗဟုသုတမရှိသော ပုထုဇန် ငမိုက်သား၏သန္တာန်၌။ ဗျာဓိဓမ္မံ၊ နာတတ်တဲ့သဘောတရားသည်။ ဗျာဓီယတိ၊ နာ၍ နေပေ၏။ မရဏဓမ္မံ၊ သေတတ်တဲ့ သဘောတရားသည်။ မီယတိ၊ သေကျေ၍ နေပေ၏။ ခယဓမ္မံ၊ ကုန်တတ်တဲ့သဘောတရားသည်။ ခီယတိ၊ ကုန်ခန်း၍ နေပေ၏။ နဿနဓမ္မံ၊ ပျက်စီးတတ်တဲ့ သဘောတရားသည်။ နဿတိ၊ ပျက်စီး၍ နေပေ၏၊

အိုတတ်တဲ့တရား, နာတတ်တဲ့တရား, သေတတ်တဲ့တရား, ကုန်တတ်တဲ့တရား, ပျောက်ပျက်တတ်တဲ့တရား။ ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? ၅-ခု။ အဲဒီတော့ နာတတ်တဲ့တရားက နာနေတယ်, သေတတ်တဲ့တရားက သေနေတယ်, ကုန်တတ်တဲ့တရားကလည်း ကုန်နေတယ်, ပျက်တတ်တဲ့တရားကလည်း ပျက်နေပြီ။ ပျက်နေတဲ့ အချိန်ခါမှာ ဘာဖြစ်လဲ?

သော၊ ထိုပုထုဇန် ငမိုက်သားသည်။ နဿနဓမ္မေ၊ ပျောက်ပျက်တတ်တဲ့ တရားသည်။ နဋ္ဌေ၊ ပျောက်ပျက်သွားခဲ့သည်ရှိသော်။ န ဣတိ ပဋိသဉ္စိက္ခတိ၊ ဤသို့ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်မှု မရှိပေ။

ပုထုဇန် ငမိုက်သားကတော့ နာတတ်တဲ့တရား နာပြီဆိုရင်, သေတတ်တဲ့တရား သေပြီဆိုရင်, ကုန်တတ်တဲ့တရား ကုန်ပြီဆိုရင်, ပျောက်ပျက်တတ်တဲ့တရား ပျောက်ပျက်သွားပြီဆိုရင် သူက ဉာဏ်ဖြင့် ဒီလို စူးစမ်းဆင်ခြင်မှု မရှိဘူး။ ဘယ်လိုလဲ?

‘န ခေါ မယှေဝေကဿ နဿနဓမ္မံ နဿတိ, အထ ခေါ ယာဝတာ သတ္တာနံ အာဂတိ ဂတိ စုတိ ဥပပတ္တိ သဗ္ဗေသံ သတ္တာနံ နဿနဓမ္မံ နဿတိ။ အဟဉ္စေဝ ခေါ ပန နဿနဓမ္မေ နဋ္ဌေ သောစေယျံ ကိလမေယျံ ပရိဒေဝေယျံ, ဥရတ္တာဠိံ ကန္ဒေယျံ, သမ္မောဟံ အာပဇ္ဇေယျံ, ဘတ္တမ္ပိ မေ နစ္ဆာဒေယျ, ကာယေပိ ဒုဗ္ဗဏ္ဏိယံ ဩက္ကမေယျ, ကမ္မန္တာပိ နပ္ပဝတ္တေယျုံ, အမိတ္တာပိ အတ္တမနာ အဿု, မိတ္တာပိ ဒုမ္မနာ အဿူ’တိ။

နဿနဓမ္မံ၊ ပျက်စီးတတ်တဲ့ တရားသည်။ မယှေဝေကဿ၊ ငါတစ်ဦးတည်း၏ သန္တာန်၌သာလျှင်။ န ခေါ နဿတိ၊ ပျောက်ပျက်၍နေသည်ကား မဟုတ်။ ထ ခေါ၊ စင်စစ်အားဖြင့်သော်ကား။ ယာဝတာ၊ အကြင်မျှလောက်သော။ သတ္တာနံ၊ သတ္တဝါတို့၏။ အာဂတိ၊ ထိုဘဝမှ ဤဘဝသို့ လာခြင်း။ ဂတိ၊ ဤဘဝမှ ထိုဘဝသို့ သွားခြင်းသည်။ စုတိ၊ စုတေခြင်းသည်။ ဥပပတ္တိ၊ ပဋိသန္ဓေ တည်နေရခြင်းသည်။ အတ္ထိ၊ ရှိ၏။ သဗ္ဗေသံ သတ္တာနံ၊ ထိုကဲ့သို့ သဘောရှိကြကုန်သော ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါတို့၏သန္တာန်၌။ ဗျာဓိဓမ္မံ၊ နာတတ်တဲ့တရားသည်။ ဗျာဓီယတိ၊ နာ၍ နေ၏။ မရဏဓမ္မံ၊ သေတတ်တဲ့ တရားသည်။ မီယတိ၊ သေ၍ နေ၏။ ခယဓမ္မံ၊ ကုန်တတ်တဲ့တရားသည်။ ခီယတိ၊ ကုန်၍ နေ၏။ နဿနဓမ္မံ၊ ပျောက်ပျက်တတ်တဲ့တရားသည်။ နဿတိ၊ ပျောက်၍, ပျက်၍နေပေ၏၊

ငါတစ်ယောက်တည်းရဲ့ သန္တာန်မှာသာလျှင် နာတတ်တဲ့တရားက နာနေတာ မဟုတ်ဘူး, သေတတ်တဲ့တရားက သေနေတာ မဟုတ်ဘူး, ကုန်တတ်တဲ့တရားက ကုန်နေတာ မဟုတ်ဘူး, ပျောက်ပျက်တတ်တဲ့ သဘောတရားက ပျောက်ပျက်နေတာ မဟုတ်ဘူး။ တကယ်စင်စစ်အားဖြင့်တော့ ဘာဖြစ်လဲ? ထိုဘဝမှ ဤဘဝသို့၊ ဤဘဝမှ ထိုဘဝသို့။ ထိုဘဝမှ ဤဘဝသို့ လာရောက်နေတဲ့, ဤဘဝမှ ထိုဘဝသို့ သွားရမဲ့ စုတေခြင်းသဘောရှိတဲ့, ပဋိသန္ဓေတည်နေခြင်း သဘောရှိတဲ့ သတ္တဝါအားလုံးတို့၏သန္တာန်မှာ နာတတ်တဲ့တရားက နာနေတယ်, သေတတ်တဲ့တရားက သေနေတယ်, ကုန်တတ်တဲ့တရားက ကုန်နေတယ်, ပျောက်ပျက်တတ်တဲ့တရားတွေက ပျောက်ပျက်နေတယ်။

အဟဉ္စေဝ ခေါ ပန၊ ငါသည်ပင်လျှင်။ နဿနဓမ္မေ၊ ပျောက်ပျက်တတ်တဲ့တရားသည်။ နဋ္ဌေ၊ ပျောက်ပျက်ခဲ့သည်ရှိသော်။ သောစေယျံ၊ စိုးရိမ်၍နေငြားအံ့။ ကိလမေယျံ၊ ပင်ပန်း၍ နေငြားအံ့။ ပရိဒေဝေယျံ၊ ငိုကြွေး၍ နေငြားအံ့။ ဥရတ္တာဠိံ ကန္ဒေယျံ၊ ရင်ပတ်စည်တီး မြည်တမ်း၍ နေငြားအံ့။ သမ္မောဟံ အာပဇ္ဇေယျံ၊ ပြင်းစွာတွေဝေခြင်းသို့ ရောက်ရှိ၍နေငြားအံ့။ ဘတ္တမ္ပိ မေ နစ္ဆာဒေယျ၊ ထမင်းကိုသော်လည်းပဲ ငါ့အား မစားချင်ဘဲ နေငြားအံ့ (မစားလိုငြားအံ့)။ ကာယေပိ၊ ကိုယ်၌လည်းပဲ။ ဒုဗ္ဗဏ္ဏိယံ၊ အဆင်းမလှခြင်းသည်။ ဩက္ကမေယျ၊ သက်ရောက်၍လာငြားအံ့။ ကမ္မန္တာပိ၊ လုပ်ငန်းရပ်တို့ကိုလည်း။ နပ္ပဝတ္တေယျုံ၊ မဖြစ်စေကုန်ငြားအံ့ (မလုပ်နိုင်ကုန်ငြားအံ့)။ အမိတ္တာပိ၊ ရန်သူတို့သည်လည်း။ အတ္တမနာ၊ နှစ်လိုဝမ်းမြောက်ကြကုန်သည်။ အဿု၊ ဖြစ်ကြကုန်ရာ၏။ မိတ္တာပိ၊ ဆွေမျိုးမိတ်ဆွေတို့သည်လည်းပဲ။ ဒုမ္မနာ၊ စိတ်မချမ်းမသာ ကြကုန်သည်။ အဿု၊ ဖြစ်ကြလေကုန်ရာ၏။ ဣတိ၊ ဤသို့လျှင်။ န ပဋိသဉ္စိက္ခတိ၊ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်မှု မရှိပေ။

နာတတ်တဲ့တရား နာပြီ, သေတတ်တဲ့တရား သေပြီ, ကုန်တတ်တဲ့တရား ကုန်ပြီ, ပျောက်ပျက်တတ်တဲ့တရား ပျောက်ပျက်ပြီ။ ပျောက်ပျက်လိုက်တဲ့ အချိန်ခါမှာ ဒီအိုခြင်းတရား, ဒီနာခြင်းတရား, ဒီသေခြင်းတရား, ဒီကုန်တတ်တဲ့တရား, ဒီပျောက်ပျက်တတ်တဲ့တရားဟာ ငါတစ်ယောက်ထဲရဲ့ သန္တာန်မှာသာ ဖြစ်ပေါ်တာတော့ မဟုတ်ဘူး - ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝ ကျင်လည်ကျက်စားနေကြရတဲ့ စုတေခြင်းသဘောရှိတဲ့, ပဋိသန္ဓေတည်နေခြင်းသဘောရှိတဲ့ သတ္တဝါအားလုံးတို့၏သန္တာန်မှာ အိုတတ်တဲ့တရားက အိုနေတယ်, နာတတ်တဲ့တရားက နာနေတယ်, သေတတ်တဲ့တရားက သေနေတယ်, ကုန်တတ်တဲ့တရားက ကုန်နေတယ်, ပျက်တတ်တဲ့တရားတွေက ပျက်နေတယ်။

အကယ်၍ ငါက အိုတတ်တဲ့တရား အိုတဲ့အချိန်အခါမှာ, နာတတ်တဲ့တရား နာတဲ့အချိန်အခါမှာ, သေတတ်တဲ့တရား သေတဲ့အချိန်အခါမှာ, ကုန်တတ်တဲ့တရား ကုန်တဲ့အချိန်အခါမှာ, ပျောက်ပျက်တတ်တဲ့ သဘောတရား ပျောက်ပျက်သွားတဲ့အချိန်အခါမှာ စိုးရိမ်နေမယ်, ပင်ပန်းနေမယ်, ငိုကြွေးနေမယ်, ရင်ပတ်စည်တီး မြည်တမ်းနေမယ်, ပြင်းစွာတွေဝေခြင်းသို့ ရောက်နေမယ်, အစာအာဟာရ မစားဘဲ နေထိုင်ခဲ့မယ်ဆိုရင် ငါ့ရဲ့ခန္ဓာကိုယ်မှာ ရုပ်အဆင်း မလှခြင်းဆိုတဲ့ ဒီသဘောတရားတွေလည်း ကပ်ရောက်လာလိမ့်မယ်, လုပ်ငန်းရပ်တွေကိုလည်း ငါမလုပ်နိုင် ဖြစ်လိမ့်မယ်, ရန်သူတွေကလည်း ငါ့အပေါ် နှစ်သက်လိမ့်မယ်, မိတ်ဆွေတွေကလည်း ငါ့ကို အကြောင်းပြုပြီးတော့ စိတ်ဆင်းရဲမှုတွေ ဖြစ်လိမ့်မယ်လို့ ဒီလို စူးစမ်းဆင်ခြင်မှု မရှိဘူး။ မရှိတဲ့အတွက် သူ ဘာဖြစ်လဲ?

သော နဿနဓမ္မေ နဋ္ဌေ သောစတိ ကိလမတိ ပရိဒေဝတိ, ဥရတ္တာဠိံ ကန္ဒတိ, သမ္မောဟံ အာပဇ္ဇတိ။

သော၊ ထိုအကြားအမြင် ဗဟုသုတ မရှိတဲ့ ပုထုဇန် ငမိုက်သားသည်။ နဿနဓမ္မေ၊ ပျောက်ပျက်တတ်တဲ့တရားသည်။ နဋ္ဌေ၊ ပျောက်ပျက်၍ သွားခဲ့သည်ရှိသော်။ သောစတိ၊ စိုးရိမ်၏။ ကိလမတိ၊ ပင်ပန်း၏။ ပရိဒေဝတိ၊ ငိုကြွေး၏။ ဥရတ္တာဠိံ ကန္ဒတိ၊ ရင်ပတ်စည်တီး မြည်တမ်း၏။ သမ္မောဟံ အာပဇ္ဇတိ၊ ပြင်းစွာတွေဝေခြင်းသို့ ရောက်၏၊

ထိုအကြားအမြင် ဗဟုသုတ မရှိသော ပုထုဇန် ငမိုက်သားက ဘာလုပ်သလဲ? အိုတတ်တဲ့တရားက အိုလာပြီ, နာတတ်တဲ့တရားက နာပြီ, သေတတ်တဲ့တရားက သေပြီ, ကုန်တတ်တဲ့တရားက ကုန်ပြီ, ပျောက်ပျက်တဲ့ တရားက ပျောက်ပျက်သွားပြီ ဆိုလို့ရှိရင် စိုးရိမ်တတ်တယ်, ပင်ပန်းတတ်တယ်, ငိုကြွေးတတ်တယ်, ရင်ပတ်စည်တီး မြည်တမ်းတတ်တယ်, ပြင်းစွာတွေဝေခြင်းသို့ ရောက်ရှိပြီး သွားတတ်တယ်။

အယံ ဝုစ္စတိ, မဟာရာဇ – ‘အဿုတဝါ ပုထုဇ္ဇနော ဝိဒ္ဓေါ သဝိသေန သောကသလ္လေန အတ္တာနံယေဝ ပရိတာပေတိ’’’။

မဟာရာဇာ၊ ဒကာတော်မင်းမြတ်...။ အယံ အဿုတဝါ ပုထုဇ္ဇနော၊ ဤကဲ့သို့ အကြားအမြင် ဗဟုသုတ မရှိသော ပုထုဇန် ငမိုက်သားကို။ သဝိသေန၊ အဆိပ်နှင့်တကွသော။ သောကသလ္လေန၊ သောကတည်းဟူသော မြားငြောင့်ဖြင့်။ ဝိဒ္ဓေါ၊ အစူးခံရသည်ဖြစ်၍။ အတ္တာနံ ယေဝ၊ မိမိကိုယ်ကိုပင်လျှင်။ ပရိတာပေတိ၊ ထက်ဝန်းကျင် ပူပန်တတ်သူဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပါပေ၏၊

ဒကာတော်မင်းမြတ်... ဒီလို အကြားအမြင် ဗဟုသုတမရှိတဲ့ ပုထုဇန် ငမိုက်သားကို အဆိပ်လူးထားတဲ့ မြားငြောင့်ဖြင့် အစူးခံနေရတဲ့အတွက် မိမိကိုယ်ကိုမိမိ ပူပင်စေတတ်တဲ့ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်ဆိုပြီး ဒီလို ဟောလိုက်တယ်။ ဟောပြီးတဲ့ အချိန်ခါကျတော့မှ အရှင်နာရဒမထေရ်က ဆန့်ကျင်ဘက်လေး ပြန်ပြီးတော့ ဟောတယ်။

သုတဝတော စ ခေါ, မဟာရာဇ, အရိယသာဝကဿ ဇရာဓမ္မံ ဇီရတိ။ သော ဇရာဓမ္မေ ဇိဏ္ဏေ ဣတိ ပဋိသဉ္စိက္ခတိ –

မဟာရာဇာ၊ ဒကာတော်မင်းမြတ်...။ သုတဝတော စ၊ အာဂါမသုတ, အဓိဂမသုတဟု ခေါ်ဆိုအပ်သော အကြားအမြင် ဗဟုသုတရှိသော။ အရိယသာဝကော၊ အရိယာဖြစ်တော်မူသော ဘုရားရှင်၏ တပည့်သား-သာဝက၏သန္တာန်၌။ ဇရာဓမ္မံ၊ အိုခြင်းသဘောတရားသည်။ ဇီရတိ၊ အို၍ နေတတ်ပေ၏။ ဇရာဓမ္မေ၊ အိုတတ်တဲ့ သဘောတရားသည်။ ဇိဏ္ဏေ၊ အိုမင်းရင့်ရော်၍ လာခဲ့သော်။ ဣတိ၊ ဤသို့။ ပဋိသဉ္စိက္ခတိ၊ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်တတ်ပေ၏၊

ဘုရားရှင်၏ တရားတော်တွေကို သင်သိအနေနဲ့ သိတာကိုတော့ အာဂါမသုတလို့ခေါ်တယ်။ ကျင့်သိအနေနဲ့ သိတာကိုတော့ အဓိဂမသုတလို့ ခေါ်ပါတယ်။ ထို အာဂါမသုတ, အဓိဂမသုတခေါ်တဲ့ အကြားအမြင် ဗဟုသုတ ၂-မျိုးနဲ့ ပြည့်စုံနေတဲ့ ဘုရားရှင်ရဲ့ အရိယာသာဝကတစ်ဦး, အရိယာဖြစ်တော်မူတဲ့ ပုဂ္ဂိုလ် သို့မဟုတ် အရိယာဖြစ်တော်မူတဲ့ ဘုရားရှင်ရဲ့ တပည့်သာဝက ပုထုဇန်တွေပေါ့။ အဲဒီ အရိယာသာဝကတွေဟာ ဘယ်လို ဆင်ခြင်သလဲ? အိုတတ်တဲ့တရားတွေသည် အိုတယ်။ အိုတတ်တဲ့တရား အိုလာတဲ့အချိန်ခါမှာ သူတို့က ဒီလိုဆင်ခြင်တယ်။ ဘယ်လိုဆင်ခြင်လဲ?

‘န ခေါ မယှေဝေကဿ ဇရာဓမ္မံ ဇီရတိ, အထ ခေါ ယာဝတာ သတ္တာနံ အာဂတိ ဂတိ စုတိ ဥပပတ္တိ သဗ္ဗေသံ သတ္တာနံ ဇရာဓမ္မံ ဇီရတိ။

န ခေါ မယှေဝေကဿ၊ ငါတစ်ယောက်တည်းရဲ့သန္တာန်၌သာလျှင်။ ဇရာဓမ္မံ၊ အိုတတ်တဲ့တရားသည်။ န ခေါ ဇီရတိ၊ အို၍နေသည်ကား မဟုတ်ပေ။ အထ ခေါ၊ တကယ်စင်စစ်အားဖြင့်သော်ကား။ ယာဝတာ၊ အကြင်မျှ-လောက်ကုန်သော။ သတ္တာနံ၊ သတ္တဝါတို့၏။ အာဂတိ၊ ထိုဘဝမှ ဤဘဝသို့ လာရောက်ခြင်းသည်။ ဂတိ၊ ဤဘဝမှ ထိုဘဝသို့ သွားခြင်းသည်။ စုတိ၊ စုတေခြင်းသည်။ ဥပပတ္တိ၊ ပဋိသန္ဓေတည်နေခြင်းသည်။ အတ္ထိ၊ ရှိ၏။ သဗ္ဗေသံ သတ္တာနံ၊ ထိုကဲ့သို့ သဘောထင်ရှား ရှိကြကုန်သော ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါတို့၏သန္တာန်၌။ ဇရာဓမ္မံ၊ အိုတတ်တဲ့တရားသည်။ ဇီရတိ၊ အို၍ နေပေ၏၊

ဪ... ဒီအိုတတ်တဲ့ အိုခြင်းတရားဆိုတာ ငါတစ်ယောက်တည်းရဲ့ သန္တာန်မှာသာလျှင် အိုနေတာ မဟုတ်ဘူး။ တကယ်စင်စစ်အားဖြင့် ပြောကြစို့ဆိုရင် ထိုဘဝမှ ဤဘဝသို့ လာရောက်တတ်တဲ့သတ္တဝါ, ဒီဘဝမှ ထိုဘဝသို့ သွားရမဲ့သတ္တဝါ, စုတေတတ်တဲ့သတ္တဝါ, ပဋိသန္ဓေ တည်နေတတ်တဲ့ သတ္တဝါအားလုံးတို့ရဲ့ သန္တာန်မှာ ဒီအိုတတ်တဲ့တရားသည် အို-နေတယ်။

အဟဉ္စေဝ ခေါ ပန ဇရာဓမ္မေ ဇိဏ္ဏေ သောစေယျံ ကိလမေယျံ ပရိဒေဝေယျံ, ဥရတ္တာဠိံ ကန္ဒေယျံ, သမ္မောဟံ အာပဇ္ဇေယျံ, ဘတ္တမ္ပိ မေ နစ္ဆာဒေယျ, ကာယေပိ ဒုဗ္ဗဏ္ဏိယံ ဩက္ကမေယျ, ကမ္မန္တာပိ နပ္ပဝတ္တေယျုံ, အမိတ္တာပိ အต္တမနာ အဿု, မိတ္တာပိ ဒုမ္မနာ အဿူ’တိ။

အဟံ စေဝ ခေါ ပန၊ ငါသည်ပင်လျှင်။ ဇရာဓမ္မေ၊ အိုတတ်တဲ့ တရားသည်။ ဇိဏ္ဏေ၊ အိုမင်းရင့်ရော်၍ လာခဲ့သည်ရှိသော်။ သောစေယျံ၊ စိုးရိမ်နေခဲ့သည်ဖြစ်ငြားအံ့။ ကိလမေယျံ၊ ပင်ပန်း၍နေသည်ဖြစ်ငြားအံ့။ ပရိဒေဝေယျံ၊ ငိုကြွေးမြည်တမ်း၍ နေသည်ဖြစ်ငြားအံ့။ ဥရတ္တာဠိံ ကန္ဒေယျံ၊ ရင်ပတ်စည်တီး မြည်တမ်း၍ နေသည်ဖြစ်ငြားအံ့။ သမ္မောဟံ စေ အာပဇ္ဇေယျံ၊ ပြင်းစွာတွေဝေခြင်းသို့ ရောက်ရှိ၍နေသည် ဖြစ်ငြားအံ့။ ဘတ္တမ္ပိ၊ ထမင်းကိုသော်လည်းပဲ။ မေ၊ ငါသည်။ နစ္ဆာဒေယျ၊ အလိုမရှိသည် ဖြစ်လေရာ၏။ ကာယေပိ၊ ငါ၏ ခန္ဓာကိုယ်၌လည်းပဲ။ ဒုဗ္ဗဏ္ဏိယံ၊ ရုပ်အဆင်း-မလှခြင်းသည်။ ဩက္ကမေယျ၊ သက်ဝင်၍ လာလေရာ၏။ ကမ္မန္တာပိ၊ လုပ်ငန်းရပ်တို့သည်လည်း။ နပ္ပဝတ္တေယျုံ၊ မဖြစ်ပေါ်ကြလေကုန်ရာ၏။ အမိတ္တာပိ၊ ရန်သူတို့သည်လည်း။ အတ္တမနာ၊ နှစ်လိုဝမ်းမြောက်သော စိတ်ထားရှိကြကုန်သည်။ အဿု၊ ဖြစ်ကြလေကုန်ရာ၏။ မိတ္တာပိ၊ မိတ်ဆွေခင်ပွန်းတို့သည်လည်းပဲ။ ဒုမ္မနာ၊ စိတ်မချမ်းမသာကြကုန်သည်။ အဿု၊ ဖြစ်ကြလေကုန်ရာ၏။ ဣတိ၊ ဤသို့လျှင်။ ပဋိသဉ္စိက္ခတိ၊ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍ နေပေ၏၊

ဘုရားရှင်ရဲ့ တရားတော်တွေကို သင်သိ,ကျင့်သိခေါ်တဲ့ ဒီအသိ အကြားအမြင် ဗဟုသုတရှိနေတဲ့ အရိယာသူတော်ကောင်း သို့မဟုတ် အရိယာဖြစ်တော်မူသော ဘုရားရှင်ရဲ့ တပည့်သာဝကတစ်ဦးက အိုတတ်တဲ့တရား အိုလာပြီဆိုရင် ဘာလုပ်သလဲ?

ဪ... ဒီအိုခြင်းတရားသည် ငါတစ်ယောက်တည်းရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အိုတတ်တဲ့တရားမဟုတ်ဘူး။ တကယ်စင်စစ်အားဖြင့် ပြောကြစို့ ဆိုလို့ရှိရင် ထိုဘဝမှ ဤဘဝ လားရောက်တဲ့သတ္တဝါ, ဤဘဝမှ ထိုဘဝသို့ သွားရတဲ့သတ္တဝါ, စုတေခြင်းသဘော-ရှိတဲ့သတ္တဝါ, ပဋိသန္ဓေတည်နေခြင်းသဘောရှိတဲ့သတ္တဝါ။ ဒီသတ္တဝါအားလုံးတို့ရဲ့သန္တာန်မှာ အိုတတ်တဲ့တရားသည် အိုနေတယ်။ အကယ်၍ အိုတတ်တဲ့တရား အိုလာတဲ့ အချိန်အခါမှာ ငါက စိုးရိမ်နေခဲ့မယ်, ပင်ပန်းနေခဲ့မယ်, ငိုကြွေးမြည်တမ်းနေခဲ့မယ်, ရင်ပတ်စည်တီး မြည်တမ်းနေခဲ့မယ်, ပြင်းစွာတွေဝေခြင်းသို့ ရောက်-ရှိနေခဲ့မယ်ဆိုရင် ငါဟာ ထမင်းစားလိုတဲ့ စိတ်အလိုဆန္ဒတွေ ငါ့သန္တာန်မှာ မဖြစ်သော်လည်း ရှိရာတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ဟာလည်း ရုပ်အဆင်း မလှခြင်းသို့ သက်ရောက်သွားလေရာတယ်။ လုပ်ငန်းရပ်တွေ-ဟာလည်း ငါ့သန္တာန်မှာ မဖြစ်ပေါ်ဘဲ ရှိကြလေကုန်ရာတယ်။ ငါ့ရဲ့ ရန်သူတွေဟာလည်း နှစ်လို ဝမ်းမြောက်ကြလိမ့်မယ်။ ငါ့ရဲ့ မိတ်ဆွေ-တွေလည်း ငါ့ကို အကြောင်းပြုပြီးတော့ စိတ်မချမ်းမသာမှုတွေ ဖြစ်-ကြလိမ့်မယ်လို့ ဒီလို စူးစမ်းဆင်ခြင်တယ်။ ပညာရှိသူတော်ကောင်းက အဲဒီလို စူးစမ်းဆင်ခြင်တယ်။ စူးစမ်းဆင်ခြင်ပြီးတော့ ဘာလုပ်သလဲ?

သော ဇရာဓမ္မေ ဇိဏ္ဏေ န သောစတိ န ကိလမတိ န ပရိဒေဝတိ, န ဥရတ္တာဠိံ ကန္ဒတိ, န သမ္မောဟံ အာပဇ္ဇတိ။

သော၊ ထိုသူတော်ကောင်းသည်။ ဇရာဓမ္မေ၊ အိုတတ်တဲ့ တရား-သည်။ ဇိဏ္ဏေ၊ အိုမင်းရင့်ရော်၍ လာခဲ့သည်ရှိသော်။ န သောစတိ၊ မစိုးရိမ်။ န ကိလမတိ၊ မပင်ပန်း။ န ပရိဒေဝတိ၊ မငိုကြွေး။ န ဥရတ္တာဠိံ ကန္ဒတိ၊ ရင်ပတ်စည်တီး မမြည်တမ်း။ န သမ္မောဟံ အာပဇ္ဇတိ၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်ပေ။

အဲဒီသူတော်ကောင်းက ဒီလို စူးစမ်းဆင်ခြင်ပြီးတဲ့အခါ ဘာလုပ်သလဲ? သူက စိုးရိမ်မှုလည်း မဖြစ်ဘူး။ အိုတတ်တဲ့တရားက အိုလာပြီဆိုရင် သူက မစိုးရိမ်ဘူး, မပင်ပန်းဘူး, ငိုကြွေးမှုလည်း မပြုဘူး, ရင်ပတ်စည်တီးမှုလည်း မပြုဘူး, ပြင်းစွာတွေဝေခြင်းသို့လည်း မရောက်ဘူး။ ပြင်းစွာတွေဝေခြင်းသို့ မရောက်ဘူးဆိုတာက ဘာလဲ? သမ္မောဟတရားသို့ မရောက်ရှိဘူးဆိုရင် ဒီနေရာမှာ အသမ္မောဟတရား ဖြစ်ပေါ်နေတယ်။ ဘယ်လို အသမ္မောဟတရားလဲ?

ရုပ်တွေ နာမ်တွေကို ပရမတ်ဉာဏ်အမြင်သို့ဆိုက်အောင် သိမ်း-ဆည်းတယ်, အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းတယ်, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုတယ်။ အဲဒီလို ဝိပဿနာရှုနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အသမ္မောဟတရားတွေ ဝင်လာပြီ။ သမ္မောဟတရားတွေ ပျောက်ပျက်နေတယ်လို့ ခေါ်ရတယ်။ အဲဒီလို အသမ္မောဟတရားတွေကို မိမိရဲ့ရုပ်နာမ် သန္တာန်အစဉ်မှာ ကိန်းဝပ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ဒီကဲ့သို့သော သူတော်ကောင်းမျိုးကို ဘာခေါ်လဲ?

အယံ ဝုစ္စတိ, မဟာရာဇ – ‘သုတဝါ အရိယသာဝကော အဗ္ဗုဟိ သဝိသံ သောကသလ္လံ, ယေန ဝိဒ္ဓေါ အဿုတဝါ ပုထုဇ္ဇနော အတ္တာနံယေဝ ပရိတာပေတိ။

ထူးခြားချက်ကလေးနော်...

မဟာရာဇာ၊ ဒကာတော်မင်းမြတ်...။ ယေန၊ အကြင် သောကတည်းဟူသော မြားငြောင့်ဖြင့်။ ဝိဒ္ဓေါ၊ အစူးခံရသော။ အဿုတဝါ ပုထုဇ္ဇနော၊ အကြားအမြင် ဗဟုသုတ မရှိသော ပုထုဇန် ငမိုက်သားသည်။ အတ္တာနံ ယေဝ၊ မိမိကိုယ်ကိုပင်လျှင်။ ပရိတာပေတိ၊ ထက်ဝန်းကျင် ပူလောင်စေ၏။ တာဒိသံ၊ ထိုကဲ့သို့သဘောရှိသော။ သဝိသံ၊ အဆိပ်နှင့်တကွသော။ သောကသလ္လံ၊ သောကတည်းဟူသော မြားငြောင့်-ကို။ အယံ သုတဝါ အရိယသာဝကော၊ ဤအကြားအမြင် ဗဟုသုတရှိသော အရိယာသာဝကသည်။ အဗ္ဗုဟိ၊ နှုတ်ပယ်၍ သွားခဲ့လေပြီ။

နှုတ်ပစ်လိုက်တယ်။ သူက ဒီသောကတည်းဟူသော အဆိပ်လူး မြားငြောင့်ကြီးကို နှုတ်ပစ်လိုက်တယ်။ အဲဒီ အဆိပ်လူးမြားက အကြားအမြင် ဗဟုသုတ မရှိတဲ့ ပုထုဇန်ငမိုက်သားရဲ့သန္တာန်မှာသာ ကျရောက်လာပြီဆိုရင် ဘာဖြစ်မလဲ? ဒီပုထုဇန်ငမိုက်သားက ဒီအဆိပ်လူးမြားဖြင့် အပစ်ခံရတဲ့အတွက် အထိုးအဆွ ခံရတဲ့အတွက် မိမိကိုယ်ကိုမိမိ ပူလောင်စေတယ်။ မိမိကိုယ်ကိုမိမိ ပူလောင်စေတတ်တဲ့ အဆိပ်လူးမြားငြောင့်ကို အရိယာ-သူတော်ကောင်းကတော့ နှုတ်ပယ်ပစ်တယ်။ ဘယ်လို နှုတ်လဲ?

ရုပ်နာမ်ဓမ္မသင်္ခါရတရား, အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုတယ်။ ဒီ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘောတွေကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီး အနိစ္စလို့ ရှုတယ်။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့သဘောတွေကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် မရှိတဲ့ အတ္တမဟုတ်တဲ့တရားတွေကို ဉာဏ်နဲ့မြင်အောင်ကြည့်ပြီးတော့ အနတ္တလို့ ရှုတယ်။ အဲဒီလို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုနေတဲ့ အချိန်အခါမှာ ထိုသူတော်ကောင်းသည် ဘာတွေ လုပ်နေတာလဲလို့မေးရင် အဆိပ်နှင့်-တကွသော သောကတည်းဟူသော မြားငြောင့်ကို နှုတ်ပယ်နေတာ။ အရိယာ-သူတော်ကောင်းက ဒီသောကတည်းဟူသော အဆိပ်လူးမြားငြောင့်ကို ဒီပုံစံ-အတိုင်း နှုတ်ပယ်နေတယ်။ အဲဒီလို နှုတ်ပယ်လိုက်တဲ့အတွက် ဘာဖြစ်လဲ?

အသောကော ဝိသလ္လော အရိယသာဝကော အတ္တာနံယေဝ ပရိနိဗ္ဗာပေတိ’’’။

အသောကော၊ စိုးရိမ်ပူဆွေးခြင်းမရှိသော။ ဝိသလ္လော၊ မြားငြောင့် အစူးမခံရသော။ အရိယသာဝကော၊ အရိယာသာဝကသည်။ အတ္တာနံ ယေဝ၊ မိမိကိုယ်ကိုပင်လျှင်။ ပရိနိဗ္ဗာပေတိ၊ ကိလေသာအပူမီးတို့မှ ငြိမ်းအေးစေတတ်ပေ၏၊

ဒီလို စိုးရိမ်မှုလည်း မရှိဘူး။ သောကတည်းဟူသော မြားငြောင့်ကိုလည်း နှုတ်ပယ်နိုင်တဲ့ စွမ်းအားလည်းရှိတဲ့ ဒီအရိယာသာဝကသည် ဘာဖြစ်သလဲ? မိမိကိုယ်ကို ကိလေသာအပူမီးတွေမှ ငြိမ်းအေးစေတတ်တဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုပဲနော် -

အယံ မဟာရာဇာ၊ ဒကာတော်မင်းမြတ်...။ အယံ၊ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ အသောကော၊ စိုးရိမ်မှုမရှိသော။ ဝိသလ္လော၊ သောကတည်း-ဟူသော မြားငြောင့်ကို နှုတ်ပယ်တတ်သော။ အတ္တာနံ ယေဝ၊ မိမိ-ကိုယ်ကိုပင်လျှင်။ ပရိနိဗ္ဗာပေတိ၊ ကိလေသာအပူမီးတို့မှ ငြိမ်း-အေးစေတတ်သော။ အရိယသာဝကော၊ အရိယာသာဝကဟူ၍။ ဝုစ္စတိ၊ ခေါ်-ဆိုအပ်ပါပေ၏၊

ဒီလိုပုဂ္ဂိုလ်မျိုးကိုပဲ စိုးရိမ်မှုမရှိတဲ့ အဆိပ်လူးထားတဲ့ သောကတည်းဟူသော မြားငြောင့်ကို နှုတ်ပယ်နိုင်တဲ့ စွမ်းအားရှိတဲ့ မိမိကိုယ်ကို ပူပန်စေတတ်တဲ့ အပူမီးတွေကို ငြိမ်းအေးစေတတ်တဲ့ သူတော်ကောင်းလို့ ခေါ်ပါတယ်ဆိုပြီးတော့ ရှင်းပြတယ်။ နောက်တစ်ခု -

‘‘ပုန စပရံ, မဟာရာဇ, သုတဝတော အရိယသာဝကဿ ဗျာဓိဓမ္မံ ဗျာဓီယတိ…ပေ… မရဏဓမ္မံ မီယတိ… ခယဓမ္မံ ခီယတိ… နဿနဓမ္မံ နဿတိ။

မဟာရာဇာ၊ ဒကာတော်မင်းမြတ် ...။ ပုန စပရံ၊ နောက်တစ်မျိုးသော်ကား။ သုတဝတော၊ အာဂါမသုတ၊ အဓိဂမသုတဟု ခေါ်ဆိုအပ်သော အကြားအမြင် ဗဟုသုတရှိသော။ အရိယသာဝကဿ၊ အရိယာသာဝက၏သန္တာန်၌။ ဗျာဓိဓမ္မံ၊ နာတတ်တဲ့တရားသည်။ ဗျာဓီယတိ၊ နာ၍ လာပေ၏။ မရဏဓမ္မံ၊ သေတတ်တဲ့ မရဏတရားသည်။ မီယတိ၊ သေ၍ လာပေ၏။ ခယဓမ္မံ၊ ကုန်တတ်တဲ့တရားသည်။ ခီယတိ၊ ကုန်၍လာပေ၏။ နဿနဓမ္မံ၊ ပျောက်ပျက်တတ်တဲ့တရားသည်။ နဿတိ၊ ပျောက်ပျက်၍ လာပေ၏၊

နောက်တစ်မျိုးပြောမယ်ဆိုရင် ဘုရားရှင်ရဲ့ တရားတော်တွေကို သင်သိ၊ ကျင့်သိခေါ်တဲ့ အကြားအမြင် ဗဟုသုတရှိနေတဲ့ ဒီအရိယာသူတော်ကောင်းရဲ့ သန္တာန်မှာ အိုတတ်တဲ့တရားသည် အိုလာတယ်၊ နာတတ်တဲ့တရားသည် နာလာတယ်၊ ကုန်တတ်တဲ့တရားသည် ကုန်လာတယ်၊ ပျောက်ပျက်တတ်တဲ့ တရားတွေက ပျောက်ပျက်လာပြီ။ အဲဒီလို ဖြစ်လာတဲ့အခါ ဘာဖြစ်မလဲ?

သော နဿနဓမ္မေ နဋ္ဌေ ဣတိ ပဋိသဉ္စိက္ခတိ –

သော၊ ထိုသူတော်ကောင်းသည်။ နဿနဓမ္မေ၊ ပျောက်ပျက်တတ်တဲ့ တရားသည်။ နဋ္ဌေ၊ ပျောက်ပျက်၍သွားခဲ့သည်ရှိသော်။ ဣတိ၊ ဤသို့။ ပဋိသဉ္စိက္ခတိ၊ စူးစမ်းဆင်ခြင်၏၊

ဒီသူတော်ကောင်းကတော့ စဉ်းစားပြီ။ ဘယ်လိုလဲ? အိုတတ်တဲ့တရား အိုလာပြီ၊ သေတတ်တဲ့တရားက သေလာပြီ၊ ကုန်တတ်တဲ့တရားက ကုန်ပြီ၊ ပျောက်ပျက်တတ်တဲ့တရားတွေက ပျောက်ပျက်လာပြီဆိုရင် ဒီလို စူးစမ်းဆင်ခြင်ပြီ။ ဘယ်လိုလဲ?

‘န ခေါ မယှေဝေကဿ နဿနဓမ္မံ နဿတိ, အထ ခေါ ယာဝတာ သတ္တာနံ အာဂတိ ဂတိ စုတိ ဥပပတ္တိ သဗ္ဗေသံ သတ္တာနံ နဿနဓမ္မံ နဿတိ။

မယှေဝ ေကဿ၊ ငါတစ်ယောက်တည်း၏ သန္တာန်၌သာလျှင်။ နဿနဓမ္မံ၊ ပျောက်ပျက်တတ်တဲ့တရားသည်။ နဿတိ၊ ပျောက်ပျက်၍နေသည်ကား မဟုတ်။ (ငါတစ်ယောက်တည်း၏ သန္တာန်၌သာလျှင် ဗျာဓိဓမ္မံ = ဖျားနာတတ်တဲ့တရားသည်၊ ဗျာဓီယတိ = ဖျားနာ၍ နေသည်ကားမဟုတ်။ ငါတစ်ယောက်တည်း၏ သန္တာန်၌သာလျှင် မရဏဓမ္မံ = သေခြင်းတရားသည်၊ မီယတိ = သေကျေ၍ နေသည်ကားမဟုတ်။ ငါတစ်ယောက်တည်း၏ သန္တာန်၌သာလျှင် ခယဓမ္မံ = ကုန်တတ်တဲ့တရားသည်၊ ခီယတိ = ကုန်ခန်း၍ နေသည်ကားမဟုတ်။) အထ ခေါ၊ တကယ်စင်စစ်အားဖြင့်သော်ကား။ ယာဝတာ၊ အကြင်မျှလောက်သော။ သတ္တာနံ၊ သတ္တဝါတို့သည်။ (အတ္ထိ = ရှိကြလေကုန်၏၊) အာဂတိ၊ ထိုဘဝမှ ဤဘဝသို့ လာရောက်ကြရကုန်သော။ ဂတိ၊ ဤဘဝမှ ထိုဘဝသို့ သွားရောက်ရခြင်း သဘောရှိကြကုန်သော။ စုတိ၊ စုတေခြင်းသဘောရှိကြကုန်သော။ ဥပပတ္တိ၊ ပဋိသန္တေ တည်နေခြင်းသဘောရှိကြကုန်သော။ သဗ္ဗေသံ သတ္တာနံ၊ ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါတို့၏သန္တာန်၌။ (ဗျာဓိဓမ္မံ = ဖျားနာတတ်တဲ့ ဗျာဓိတရားသည်၊ ဗျာဓီယတိ = ဖျားနာ၍ နေပေ၏၊ မရဏဓမ္မံ = သေတတ်တဲ့တရားသည်၊ မီယတိ = သေကျေပျက်စီး၍ နေပေ၏၊ ခယဓမ္မံ = ကုန်တတ်တဲ့တရားသည်၊ ခီယတိ = ကုန်ခန်း၍နေပေ၏၊) နဿနဓမ္မံ၊ ပျောက်ပျက်တတ်တဲ့သဘောတရားသည်။ နဿတိ၊ ပျောက်ပျက်၍ နေပေ၏၊

သူက စဉ်းစားတယ်နော် ... ပညာရှိတဲ့ပုဂ္ဂိုလ်က ဒီလို စဉ်းစားတယ်။ ဘယ်လိုလဲ? ဒီနာခြင်းဆိုတဲ့ သဘောတရားဟာ ငါတစ်ယောက်တည်းရဲ့ သန္တာန်မှာသာ ဖြစ်ပေါ်နေတာ မဟုတ်ဘူး၊ သေခြင်းဆိုတဲ့ သဘောတရားဟာ ငါတစ်ယောက်တည်းရဲ့ သန္တာန်မှာသာ ဖြစ်ပေါ်နေတာ မဟုတ်ဘူး၊ ကုန်တတ်တဲ့ သဘောတရားဟာ ငါတစ်ယောက်တည်းရဲ့ သန္တာန်မှာသာလျှင် ကုန်ခန်းနေတာ မဟုတ်ဘူး၊ ပျောက်ပျက်တတ်တဲ့တရားဟာလည်း ငါတစ်ယောက်တည်းရဲ့ သန္တာန်မှာသာလျှင် ပျောက်ပျက်နေတာတော့ မဟုတ်ဘူး။ တကယ်စင်စစ်အားဖြင့် ပြောကြစို့ဆိုရင် ထိုဘဝမှ ဤဘဝ လာရောက်ခြင်းသဘောရှိကြတဲ့၊ ဤဘဝမှ ထိုဘဝသို့ သွားခြင်းသဘောရှိကြတဲ့၊ စုတေခြင်းသဘောရှိကြတဲ့၊ ပဋိသန္ဓေ တည်နေခြင်းသဘောရှိကြတဲ့ သတ္တဝါအားလုံးတို့၏သန္တာန်မှာ ဖျားနာတတ်တဲ့တရားက ဖျားနာနေတယ်၊ သေတတ်တဲ့တရားက သေနေတယ်၊ ကုန်တတ်တဲ့တရားက ကုန်နေတယ်၊ ပျောက်ပျက်တတ်တဲ့ တရားတွေက ပျောက်ပျက်နေတယ်လို့ သူက ဒီလို စူးစမ်းဆင်ခြင်နေတယ်။

နည်းနည်းလေး ရပ်တန့်ပြီး စဉ်းစားကြည့်ပါ။ အရိယာသူတော်ကောင်းတွေက ရုပ်တွေ နာမ်တွေကို သိမ်းဆည်းတတ်တယ်၊ အကြောင်းတရား အကျိုးတရားတွေလည်း သိမ်းဆည်းတတ်တယ်။ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ၂-ပါး ရရှိပြီ။ အဲဒီလို ရရှိနေတဲ့ သူတော်ကောင်းသည် အတိတ်အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် ပစ္စုပ္ပန်အကျိုးတရား ဖြစ်ပုံလည်း မသိဘူးလား? သိတယ်။ ပစ္စုပ္ပန်အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အနာဂတ်မှာ အကျိုးတရားတွေ ဖြစ်ပုံလည်း မသိဘူးလား? သိတယ်။ အကြောင်းတရား အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အကြောင်းတရား၊ ပစ္စုပ္ပန် ပြုစုပျိုးထောင်နေတဲ့ အကြောင်းတရား၊ နောင်အနာဂတ် ရှိခဲ့ရင်ပေါ့ ပြုစုပျိုးထောင်လတ္တံ့ အကြောင်းတရား ရှိခဲ့ရင်ပေါ့နော်။ အဲဒီ အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ရုပ်တွေနာမ်တွေ ချုပ်ငြိမ်းတာလည်း သူ မသိဘူးလား? သိနေပြီ။

အဲဒီလို အသိဉာဏ်ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က အတိတ်ဘဝမှာလည်း သမုတိသစ္စာနယ်က ထည့်ပြီး ပြောမယ်ဆိုရင် အတိတ်ဘဝမှာလည်း မိမိ သေကျေပျက်စီးရမဲ့သဘော မသိဘူးလား? သိနေတယ်။ ပစ္စုပ္ပန်မှာလည်း သေကျေပျက်စီးရမယ်ဆိုတာ မသိဘူးလား? သိနေတယ်။ နောင်အနာဂတ်မှာလည်း သေကျေပျက်စီးရမဲ့သဘော မရှိဘူးလား? ရှိနေတယ်။ သိနေတဲ့အတွက် ဒီဘဝမှာ ဒီတစ်ခါသာ သေတာလည်း မဟုတ်ဘူး။ အတိတ်သံသရာ အဆက်ဆက်က သေခဲ့တာ။ ခုပစ္စုပ္ပန်မှာလဲ သေ၊ နောင်လည်း ဘဝဆိုတာရှိရင် သေရဦးမယ်ဆိုတာကို သူက အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးလုံးမှာ သိတယ်။ ကာလသုံးပါးလုံးမှာ သိတဲ့ အချိန်အခါ မိမိသန္တာန်မှာ တစ်ဦးထဲသန္တာန်မှာသာ ဒီအို၊ နာ၊ သေရေး ဒုက္ခဘေးဆိုတဲ့ သဘောတရား ထင်ရှားရှိသလား ဆိုတော့ မဟုတ်ဘူး။ ပဋိသန္ဓေ တည်နေခြင်းသဘောရှိတဲ့ သတ္တဝါအားလုံးရဲ့သန္တာန်မှာ၊ စုတေခြင်းသဘောရှိတဲ့ သတ္တဝါအားလုံးရဲ့သန္တာန်မှာ ထိုဘဝမှ ဤဘဝ၊ ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးလွှား၍ နေကြရတဲ့ သတ္တဝါအားလုံးရဲ့သန္တာန်မှာ ဒီသဘောတရားတွေ ထင်ရှားရှိနေတယ်ဆိုတာ သူက ကောင်းကောင်း သဘောပေါက်တယ်။ ဘာဖြစ်လို့လဲ?

အဇ္ဈတ္တမှာလည်း အကြောင်းတရားနှင့်တကွ ရုပ်တွေ နာမ်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုနိုင်တယ်။ ဗဟိဒ္ဓမှာလည်း အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုနိုင်တယ်။ အတိတ်မှာလည်း အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုနိုင်တယ်။ နောင်အနာဂတ်မှာလည်း အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တွင်တွင်ကြီး သူက ဝိပဿနာ ရှုနိုင်တယ်။ ရှုနိုင်တဲ့အတွက် အတိတ်ရယ်၊ ပစ္စုပ္ပန်၊ အနာဂတ်ရယ် မျဉ်းတစ်ပြေးတည်း ထားပြီးတော့ လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဘယ်လို သူက သွားပြီးတွေ့လဲ?

အိုတတ်တဲ့တရားတွေက အိုနေတယ်၊ နာတတ်တဲ့တရားတွေက နာနေတယ်၊ သေတတ်တဲ့တရားတွေက သေနေတယ်၊ ကုန်တတ်တဲ့တရားတွေက ကုန်နေတယ်၊ ပျောက်ပျက်တတ်တဲ့တရားတွေက ပျောက်ပျက်နေတယ် ဆိုတာကို သူက သွားတွေ့တယ်။ အဲဒီလို တွေ့လိုက်တဲ့ အချိန်ခါမှာ ငါသေတယ်၊ ငါနာတယ်၊ ငါအိုတယ်။ ဒီသဘောတရားတွေ သူတွေ့သေးသလား? မတွေ့ဘူး။ ပရမတ္ထကို ဉာဏ်အမြင်ဆိုက်ပြီးတော့ သူက သိနေတယ်။ အိုတတ်တဲ့တရားတွေကသာ အိုနေတာ၊ နာတတ်တဲ့တရားတွေကသာ နာနေတာ၊ သေတတ်တဲ့တရားတွေကသာ သေနေတာ၊ ကုန်တတ်တဲ့တရားတွေကသာ ကုန်နေတာ၊ ပျက်တတ်တဲ့တရားတွေကသာ ပျောက်ပျက်နေတာ ဒီလို သူက ပုံစံမှန် သိနေတယ်။ ဘယ်လိုပုံစံမှန်လဲ? နောက်တစ်နည်း ထပ်ပြောရင်တော့ -

အိုတတ်တဲ့တရားဆိုတာ ဘာလဲ? အကြောင်းတရားနှင့်တကွသော ရုပ်တရား နာမ်တရားတွေပဲ။ နာတတ်တဲ့တရားဆိုတာ ဘာလဲ? အကြောင်းတရားနှင့်တကွသော ရုပ်တရား နာမ်တရား သင်္ခါရတရားတွေပဲနော်။ တစ်နည်းပြောရရင်တော့ - သမုဒယသစ္စာတရားနဲ့ ဒုက္ခသစ္စာတရားတွေပဲ။ အဲဒီ သမုဒယသစ္စာတရားနဲ့ ဒုက္ခသစ္စာတရားတွေကို သင်္ခါရတရားလို့ ခေါ်ပါတယ်။ အိုတတ်တဲ့တရားဆိုတာလဲ ဒီသင်္ခါရတရားတွေပဲ၊ နာတတ်တဲ့တရားဆိုတာလဲ ဒီသင်္ခါရတရားတွေပဲ၊ သေတတ်တဲ့တရားဆိုတာလဲ ဒီသင်္ခါရတရားတွေပဲ၊ ကုန်တတ်တဲ့တရားဆိုတာလဲ ဒီသင်္ခါရတရားတွေပဲ၊ ပျောက်ပျက်တတ်တဲ့တရားဆိုတာလဲ ဒီသင်္ခါရတရားတွေပဲ ဆိုပြီးတော့ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလ ၃-ပါး အဇ္ဈတ္တ၊ ဗဟိဒ္ဓ သန္တာန် ၂-ပါးလုံး၌ သူက ပုံစံမှန် ဝိပဿနာဉာဏ်ဖြင့် ရှုလို့ ရနေပြီ။ အဲဒီလို ဝိပဿနာ ဉာဏ်ထူးဉာဏ်မြတ် ရှိနေတဲ့ သူတော်ကောင်းရဲ့သန္တာန်မှာပေါ့ ဘယ်လိုဖြစ်မလဲ?

အဟဉ္စေဝ ခေါ ပန နဿနဓမ္မေ နဋ္ဌေ သောစေယျံ ကိလမေယျံ ပရိဒေဝေယျံ, ဥရတ္တာဠိံ ကန္ဒေယျံ, သမ္မောဟံ အာပဇ္ဇေယျံ, ဘတ္တမ္ပိ မေ နစ္ဆာဒေယျ, ကာယေပိ ဒုဗ္ဗဏ္ဏိယံ ဩက္ကမေယျ, ကမ္မန္တာပိ နပ္ပဝတ္တေယျုံ, အမိတ္တာပိ အတ္တမနာ အဿု, မိတ္တာပိ ဒုမ္မနာ အဿူ’တိ။

အဟဉ္စေဝ ခေါ ပန၊ ငါသည်ပင်လျှင်။ နဿနဓမ္မေ၊ ပျောက်ပျက်တတ်တဲ့တရားသည်။ နဋ္ဌေ၊ ပျောက်ပျက်၍ သွားခဲ့သော်။ သောစေယျံ၊ စိုးရိမ်နေခဲ့သည်ဖြစ်ငြားအံ့။ ကိလမေယျံ၊ ပင်ပန်း၍နေသည်ဖြစ်ငြားအံ့။ ပရိဒေဝေယျံ၊ ငိုကြွေးမြည်တမ်း၍ နေသည်ဖြစ်ငြားအံ့။ ဥရတ္တာဠိံ ကန္ဒေယျံ၊ ရင်ပတ်စည်တီး မြည်တမ်း၍နေသည်ဖြစ်ငြားအံ့။ သမ္မောဟံ အာပဇ္ဇေယျံ၊ ပြင်းစွာတွေဝေခြင်းသို့ ရောက်ရှိနေသည်ဖြစ်ငြားအံ့။ ဘတ္တမ္ပိ၊ ထမင်းကိုသော်လည်းပဲ။ မေ၊ ငါသည်။ နစ္ဆာဒေယျ၊ စားခြင်းကို အလိုမရှိလေရာ။ ကာယေပိ၊ ငါ၏ ကိုယ်၌လည်းပဲ။ ဒုဗ္ဗဏ္ဏိယံ၊ ရုပ်အဆင်း ဖောက်ပြန်ပျက်စီးခြင်းသည်။ ဩက္ကမေယျ၊ သက်ရောက်၍လာလေရာ၏။ ကမ္မန္တာပိ၊ လုပ်ငန်းရပ်တို့သည်လည်းပဲ။ နပ္ပဝတ္တေယျုံ၊ မဖြစ်ပေါ်လေရာ (မလည်ပတ်နိုင်လေရာ)။ အမိတ္တာပိ၊ ရန်သူတို့သည်လည်း။ အတ္တမနာ၊ နှစ်လိုဝမ်းမြောက်သော စိတ်ထားရှိကြကုန်သည်။ အဿု၊ ဖြစ်ကြကုန်ရာ၏။ မိတ္တာပိ၊ မိတ်ဆွေခင်ပွန်းတို့သည်လည်းပဲ။ ဒုမ္မနာ၊ စိတ်မချမ်းမသာကြသည်။ အဿု၊ ဖြစ်ကြလေကုန်ရာ၏။ ဣတိ၊ ဤသို့လျှင်။ ပဋိသဉ္စိက္ခတိ၊ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ပေ၏၊

ခုနက ပြောသလိုပေါ့ ... အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလ ၃-ပါး အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန် ၂-ပါး တည်ရှိနေတဲ့ ဒီသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်တဲ့ ဒီသူတော်ကောင်းရဲ့သန္တာန်မှာ ဒီလို ဆင်ခြင်တတ်တဲ့ဉာဏ်တွေ ပေါ်လာပြီ။ ဘယ်လိုလဲ? အိုတတ်တဲ့တရားက အိုနေတဲ့အခါ, နာတတ်တဲ့တရားက နာနေတဲ့အခါ, သေတတ်တဲ့တရားက သေနေတဲ့အခါ, ကုန်တတ်တဲ့တရားက ကုန်နေတဲ့အခါ, ပျောက်ပျက်တတ်တဲ့တရားက ပျောက်ပျက်နေတဲ့အချိန်ခါမှာ ငါက စိုးရိမ်နေမယ်, ပင်ပန်းနေမယ်, ငိုကြွေးမြည်တမ်းနေမယ်, ရင်ပတ်စည်တီး မြည်တမ်းနေမယ်, ပြင်းစွာတွေဝေခြင်းသို့ ရောက်ရှိနေခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ?

ငါဟာ ထိုအချိန်အခါမှာ ထမင်းစားချင်တဲ့ စိတ်ထားတွေ မရှိသော်လည်း ဖြစ်ချင်ဖြစ်မယ်, ငါရဲ့ခန္ဓာကိုယ်မှာ ရုပ်အဆင်းတွေ ဖောက်ပြန် ပျက်စီးခြင်း သဘောတရားတွေဟာလည်း သက်ရောက်လာလိမ့်မယ်, လုပ်ငန်းရပ်တွေဟာလည်း ငါ့အကြောင်းပြုပြီးတော့ ဖြစ်ကြမှာ မဟုတ်တော့ဘူး, ဘာအလုပ်မှ ငါလုပ်နိုင်မှာ မဟုတ်ဘူး, ငါ့ရဲ့ရန်သူတွေကလည်း အလွန် ကျေနပ်ပြီးတော့ နှစ်သက်သွားကြလိမ့်မယ်, ငါ့ရဲ့မိတ်ဆွေတွေလည်း ငါ့ကို အကြောင်းပြုပြီးတော့ စိတ်ဆင်းရဲမှု ဖြစ်ကြလိမ့်မယ်လို့ သူက ဒီလို ဆင်ခြင်တယ်။ အဲဒီလို ဆင်ခြင်ပြီးတဲ့အချိန်ခါ ဘာလုပ်သလဲ?

သော နဿနဓမ္မေ နဋ္ဌေ န သောစတိ န ကိလမတိ န ပရိဒေဝတိ, န ဥရတ္တာဠိံ ကန္ဒတိ, န သမ္မောဟံ အာပဇ္ဇတိ။

သော၊ ထိုသူတော်ကောင်းသည်။ နဿနဓမ္မေ၊ ပျောက်ပျက်တတ်တဲ့ တရားသည်။ နဋ္ဌေ၊ ပျောက်ပျက်၍ သွားခဲ့သည်ရှိသော်။ န သောစတိ၊ စိုးရိမ်မှုမရှိ။ န ကိလမတိ၊ ပင်ပန်းမှုမရှိ။ န ပရိဒေဝတိ၊ ငိုကြွေးမြည်တမ်းမှုမရှိ။ န ဥရတ္တာဠိံ ကန္ဒတိ၊ ရင်ပတ်စည်တီး မြည်တမ်းမှုမရှိ။ န သမ္မောဟံ အာပဇ္ဇတိ၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်ပေ။

အဲဒီလို စူးစမ်းဆင်ခြင်တတ်တဲ့ ဉာဏ်အမြင်တွေ ရှိနေတဲ့အတွက် ဒီသူတော်ကောင်းက အိုတတ်တဲ့တရားက အိုလာတဲ့အခါ, နာတတ်တဲ့တရားက နာလာတဲ့အခါ, သေတတ်တဲ့တရားက သေလာတဲ့အခါ, ကုန်တတ်တဲ့တရားက ကုန်သွားတဲ့အခါ, ပျောက်ပျက်တတ်တဲ့တရားက ပျောက်ပျက်လာတဲ့အချိန်ခါမှာ စိုးရိမ်မှုလည်း မရှိဘူး, ပင်ပန်းမှုလည်း မရှိဘူး, စိတ်ပင်ပန်းမှုလည်း မရှိဘူး, ငိုကြွေးမြည်တမ်းမှုလည်း မရှိဘူး။ မရှိတဲ့အတွက် ပြင်းစွာတွေဝေခြင်းသို့လည်း မရောက်တော့ဘူး။ ပြင်းစွာတွေဝေခြင်းဆိုတာ ခုနက ပြောတာပေါ့ ... ထိုအချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ ရုပ်တွေ နာမ်တွေလည်း မသိဘူး, အကြောင်းတရား အကျိုးတရားလည်း မသိဘူး, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်-ဓမ္မသင်္ခါရတရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေလည်း မသိဘူး ဆိုလို့ရှိရင်တော့ ဒါ တွေဝေနေတယ်လို့ ခေါ်ပါတယ်။

ခု ဒီသူတော်ကောင်းကတော့ တွေဝေမှု မရှိတော့ဘူးဆိုတော့ သူက ဘာဖြစ်သလဲ? ရုပ်တွေ နာမ်တွေလည်း ဟုတ်တိုင်းမှန်စွာ သိတယ်, အကြောင်းတရား အကျိုးတရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိတယ်, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်-ဓမ္မသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေလည်း ဟုတ်တိုင်းမှန်စွာ သိနေတယ်။ အဲဒီလို သိနေတဲ့အတွက် ထိုသူတော်ကောင်းရဲ့သန္တာန်မှာ သင်္ခါရတရားတို့အပေါ်၌ ပြင်းစွာတွေဝေခြင်း, အမှန်အတိုင်း ဟုတ်တိုင်းမှန်စွာ မသိခြင်းဆိုတဲ့ ဒီသမ္မောဟတရား လွှမ်းမိုးမှု ခံရသေးလား? မခံရတော့ဘူး။ အသမ္မောဟတရားက နေရာယူနေပြီ။ အဲဒီလို နေရာယူနေတဲ့အတွက် ဘာဖြစ်သလဲ?

အယံ ဝုစ္စတိ, မဟာရာဇ – ‘သုတဝါ အရိယသာဝကော အဗ္ဗုဟိ သဝိသံ သောကသလ္လံ, ယေန ဝိဒ္ဓေါ အဿုတဝါ ပုထုဇ္ဇနော အတ္တာနံယေဝ ပရိတာပေတိ။

မဟာရာဇ၊ ဒကာတော်မင်းမြတ် ...။ အယံ သုတဝါ အရိယသာဝကော၊ ဤကဲ့သို့ အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံနေသော အရိယာသူတော်ကောင်းကို။ သဝိသံ၊ အဆိပ်နှင့်တကွသော။ သောကသလ္လံ၊ သောကတည်းဟူသော မြားငြောင့်ကို။ အဗ္ဗုဟိ၊ နှုတ်ပယ်သူဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပါပေ၏။

ဒီလို အရိယာသူတော်ကောင်းမျိုး, အကြားအမြင် ဗဟုသုတ ရှိနေတဲ့ ဒီလို အရိယာသူတော်ကောင်းမျိုးကို အဆိပ်နှင့်တကွသော မြားငြောင့်ကို နှုတ်ပယ်နေတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲ?

ယေန၊ အကြင်အဆိပ်လူးထားသော မြားဖြင့်။ ဝိဒ္ဓေါ၊ အစူးခံရသော။ အဿုတဝါ ပုထုဇ္ဇနော၊ အကြားအမြင် ဗဟုသုတ မရှိတဲ့ ပုထုဇန်ငမိုက်သားသည်။ အတ္တာနံယေဝ၊ မိမိကိုယ်ကိုပင်လျှင်။ ပရိတာပေတိ၊ ထက်ဝန်းကျင် ပူလောင်စေ၏။

အဲဒီလို သောကတည်းဟူသော မြားငြောင့်ဖြင့် အစူးခံနေရတဲ့ အကြားအမြင် ဗဟုသုတ မရှိတဲ့ ပုထုဇန်ငမိုက်သားကျတော့ ဘာဖြစ်လဲ? ဒီ သောကတည်းဟူသော မြားငြောင့်ကြီး ဝင်စူးလိုက်တဲ့ အချိန်အခါမှာ မိမိကိုယ်ကိုမိမိ ထက်ဝန်းကျင် ပူလောင်စေတတ်တယ်။ ငိုလိုက်တာ အကြီးအကျယ်ပဲနော် ...

အသောကော ဝိသလ္လော အရိယသာဝကော အတ္တာနံယေဝ ပရိနိဗ္ဗာပေတိ ’’’။

အသောကော၊ စိုးရိမ်မှု မရှိသော။ ဝိသလ္လော၊ အဆိပ်လူးထားသော မြားငြောင့်ကို ပယ်နှုတ်နိုင်တဲ့ စွမ်းအားရှိသော။ အရိယသာဝကော၊ အရိယာသာဝကသည်။ အတ္တာနံယေဝ၊ မိမိကိုယ်ကိုပင်လျှင်။ ပရိနိဗ္ဗာပေတိ၊ ကိလေသာအပူမီးတို့မှ ငြိမ်းအေးစေတတ်ပါပေ၏။

ဒီလို စိုးရိမ်မှုလည်း မရှိဘူး။ အဆိပ်လူးထားတဲ့ သောကတည်းဟူသော မြားငြောင့်ကြီးကိုလည်း နှုတ်ပယ်နိုင်တဲ့ စွမ်းအားရှိနေတဲ့ အရိယာသူတော်ကောင်းသည် မိမိကိုယ်ကိုပင်လျှင် ကိလေသာအပူမီးတွေမှ ငြိမ်းအေးစေတတ်တဲ့ သူတော်ကောင်း ဖြစ်ပါတယ်ဆိုပြီး ဒီလို ဟောတယ်။ ဒီအဆိပ်လူးထားတဲ့ မြားကြီးကို ဘယ်လို နှုတ်ရမလဲ?

ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိအောင်, အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ သိအောင်, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေလည်း ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားရတယ်။ ဘယ်မှာ ကြိုးစားရမလဲ? အဇ္ဈတ္တမှာလည်း ကြိုးစားရတယ်, ဗဟိဒ္ဓမှာလည်း ကြိုးစားရမယ်, အတိတ်မှာလည်း ကြိုးစားရမယ်, ပစ္စုပ္ပန်မှာလည်း ကြိုးစားရမယ်, အနာဂတ်မှာလည်း ကြိုးစားရမယ်။ အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလ ၃-ပါး၊ အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန် ၂-ပါးအတွင်းမှာ တည်ရှိနေတဲ့ အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်-ဓမ္မသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် အချက်ကျကျ လင်းလင်းထင်ထင် သိမြင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။

ထိုကဲ့သို့ ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်သည် သောကတည်းဟူသော မြားငြောင့်ကို နှုတ်ပယ်နေတဲ့ပုဂ္ဂိုလ်သာ ဖြစ်တယ်။ အဲဒီလိုပုဂ္ဂိုလ်သည် မိမိကိုယ်ကို ထက်ဝန်းကျင်မှ မပူပန်ရအောင် ကိလေသာအပူမီးတွေကို ငြိမ်းနေတဲ့ သူတော်ကောင်းတွေသာ ဖြစ်ပါတယ် ဆိုပြီးတော့ ဒီလို ဟောတယ်။ တရားကတော့ မဆုံးသေးဘူး။ တရားကလည်း အဟောကောင်းပုံ ရပါတယ်။ အဲဒီလို ဟောပြီးတဲ့ အချိန်ခါမှာ ရှေ့ကို သူက ဘာဆက်သလဲ?

‘‘ဣမာနိ ခေါ, မဟာရာဇ, ပဉ္စ အလဗ္ဘနီယာနိ ဌာနာနိ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ’’န္တိ။

မဟာရာဇ၊ ဒကာတော်မင်းမြတ် ...။ ဣမာနိ ခေါ ပဉ္စ ဌာနာနိ၊ ဤ ၅-မျိုးသော အရာဌာနတို့ကို။

အိုတတ်တဲ့တရား, နာတတ်တဲ့တရား, သေတတ်တဲ့တရား, ကုန်တတ်တဲ့တရား, ပျောက်ပျက်တတ်တဲ့တရား။ ပေါင်းလိုက်တော့ ဘယ်နှစ်ဌာနလဲ? ၅-ဌာန။

မဟာရာဇ၊ ဒကာတော်မင်းမြတ် ...။ ဣမာနိ ခေါ ပဉ္စ ဌာနာနိ၊ ဤ ၅-မျိုးသော အရာဌာနတို့ကို။ သမဏေန ဝါ၊ သမဏသည်သော်လည်းကောင်း။ ဗြာဟ္မဏေန ဝါ၊ ဗြာဟ္မဏသည်သော်လည်းကောင်း။ ဒေဝေန ဝါ၊ နတ်သည်လည်းကောင်း။ မာရေန ဝါ၊ မာရ်နတ်သည်လည်းကောင်း။ ဗြဟ္မုနာ ဝါ၊ ဗြဟ္မာသည်လည်းကောင်း။ ကေနစိ ဝါ၊ မည်သူတစ်စုံတစ်ဦးမျှသော်လည်းကောင်း။ လောကသ္မိံ၊ လောက၌။ အလဗ္ဘနီယာနိ၊ မရအပ် မရနိုင်ပါကုန်။

လောကမှာ ဘယ်လိုမှ မရနိုင်တဲ့တရား ဘယ်နှစ်မျိုး ရှိလဲ? ၅-မျိုး။ ဘာတွေလဲ?

အိုတတ်တဲ့တရားကို မအိုပါစေနဲ့လို့ မရနိုင်ဘူး, နာတတ်တဲ့တရားကို မနာပါစေနဲ့လို့ တောင့်တရင် တောင့်တတဲ့အတိုင်း မရနိုင်ဘူး, သေတတ်တဲ့တရားကို မသေပါစေနဲ့လို့ တောင့်တရင် တောင့်တတဲ့အတိုင်း မရနိုင်ဘူး, ကုန်တတ်တဲ့တရားကို မကုန်ပါစေနဲ့လို့ တောင့်တရင် တောင့်တတဲ့အတိုင်း မရနိုင်ဘူး, ပျောက်ပျက်တတ်တဲ့တရားကိုလည်း မပျောက်ပျက်ပါစေနဲ့လို့ တောင့်တခဲ့ရင် တောင့်တလို့ ရမလား? မရနိုင်ဘူး ဆိုပြီးတော့ ဟောတယ်။ ဟောပြီးတဲ့ အခါကျမှ ဂါထာလေးတွေနဲ့ ဆက်ပြီးတော့ တရားဟောပါတယ်။

‘‘န သောစနာယ ပရိဒေဝနာယ, အတ္ထောဓ လဗ္ဘာ အပိ အပ္ပကောပိ၊

သောစနာယ၊ စိုးရိမ်ပူဆွေးခြင်းဖြင့်လည်းကောင်း။ ပရိဒေဝနာယ၊ ငိုကြွေးမြည်တမ်းခြင်းဖြင့်သော်လည်းကောင်း။ ဣဓ၊ ဤ လောက၌။ အပ္ပကောပိ၊ အနည်းငယ်မျှသည်ဖြစ်သော။ အတ္ထော၊ အကျိုးစီးပွားကို။ အပိ၊ တကယ်စင်စစ်အားဖြင့်။ န လဗ္ဘာ၊ မရအပ် မရနိုင်ပေ။

စဉ်းစားကြည့်စမ်းနော် ... စိုးရိမ်နေခြင်းတည်းဟူသော အကြောင်းကြောင့်, ငိုကြွေးမြည်တမ်းခြင်းတည်းဟူသော အကြောင်းကြောင့် ဒီလောကမှာ အကျိုးစီးပွားတစ်ခု ရရှိတယ်ဆိုတာ တစ်စုံတစ်ခုသော အကျိုးစီးပွားဆိုတာ နည်းနည်းလေးမှ မရှိပါဘူး။ မှားလား, မှန်လား? မှန်နေတယ်နော်။

သောစန္တမေနံ ဒုက္ခိတံ ဝိဒိတွာ, ပစ္စတ္ထိကာ အတ္တမနာ ဘဝန္တိ။

သောစန္တံ၊ စိုးရိမ်ပူဆွေး ငိုကြွေးလျက်ရှိသော။ ဒုက္ခိတံ၊ ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်းသို့ ရောက်ရှိ၍နေသော။ ဧနံ၊ ထိုသတ္တဝါကို။ ဝိဒိတွာ၊ သိရှိကြရကုန်သည်ဖြစ်၍။ ပစ္စတ္ထိကာ၊ ရန်သူတို့သည်။ အတ္တမနာ၊ နှစ်လိုဝမ်းမြောက်သော စိတ်ထားရှိကြကုန်သည်။ ဘဝန္တိ၊ ဖြစ်ကြလေကုန်၏။

စိုးရိမ်ခြင်းဖြင့်သော်လည်းကောင်း, ငိုကြွေးခြင်းဖြင့်သော်လည်းကောင်း ဒီလောကမှာ အကျိုးစီးပွားတစ်စုံတစ်ရာကို နည်းနည်းလေးမျှသော်လည်းပဲ ရတယ်ဆိုတာ တကယ်စင်စစ်အားဖြင့် မရှိပါဘူးတဲ့။ ဒီလို စိုးရိမ်နေတဲ့ပုဂ္ဂိုလ်, ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်းသို့ ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်အကြောင်းကို ရန်သူတွေက သိကြပြီဆိုရင် အဲဒီ ရန်သူတွေက အလွန် နှစ်လိုဝမ်းမြောက်ကြတယ်။ “ကောင်းတယ် ... ဒီကောင်မ သေပလေ့စေ” မဖြစ်ဘူးလား? ဟုတ်လား သီလရှင်တွေ ... ဟင်။ “အင်း ... ဒီကောင်မ ခံပလေ့စေ ဒင်းထိုက်နဲ့ ဒင်းကံပဲ” ဝမ်းသာကြတယ်။ ဘယ့်နှယ်တုန်း သီလရှင်တွေ ဝမ်းသာတတ်ကြလား? ဒကာကြီးတွေရော? မကင်းသေးဘူး။

ရာဂ မကင်းသေးဘူးဆိုရင်, ဒေါသ မကင်းသေးဘူးဆိုရင်, မောဟ မကင်းသေးဘူးဆိုရင်, မာန်မာနတွေ မကင်းသေးဘူးဆိုရင် ဒီစိတ်ထားတွေ ရှိတတ်ပါတယ်။ အားလုံး ဒီစိတ်ထား ကင်းနေတယ်လို့ ဘုန်းကြီး မဆိုလိုပါဘူး။ သို့သော် သူတော်ကောင်းတို့ ထားရှိရမဲ့စိတ်ထားကို ဟောနေတာ။ ဒါကြောင့် ရန်သူတွေ ဝမ်းမြောက်တဲ့ လုပ်ငန်းရပ်ကို မပြုလုပ်သင့်ပါဘူးလို့ ဒီလို ပြောချင်တဲ့စကားပါ။ ဘာဖြစ်လို့လဲ? ရှင်ဘုရင်ဆိုတာ ရန်သူတွေ ဝိုင်းဝိုင်းလည်မနေဘူးလား? ဝိုင်းဝိုင်းလည်နေတယ်။

5zw7utd6tec78iurhiasvmgtmne38x1
မင်္ဂလသုတ်-၇၉/၉၇
0
6314
22004
2026-05-22T21:26:24Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၇၉/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၇၈..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22004
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၇၉/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၇၈/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၈၀/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ်-၇၉

နာရဒသုတ္တန်ကိုပဲဆက်ပြီး နာကြရအောင်နော်။

‘‘န သောစနာယ ပရိဒေဝနာယ, အတ္ထောဓ လဗ္ဘာ အပိ အပ္ပကောပိ၊ သောစန္တမေနံ ဒုခိတံ ဝိဒိတွာ, ပစ္စတ္ထိကာ အတ္တမနာ ဘဝန္တိ။

သောစန္တော၊ စိုးရိမ်ပူဆွေးခြင်းဖြင့်လည်းကောင်း။ ပရိဒေဝန္တော၊ ငိုကြွေးမြည်တန်းခြင်းဖြင့်လည်းကောင်း။ အတ္ထော၊ ဤလောက၌။ အပ္ပကောပိ၊ အနည်းငယ်မျှသာလျှင်ဖြစ်သော အကျိုးစီးပွားကို။ နေဝ လဗ္ဘေထ၊ အဘယ်စင်စစ်အားဖြင့်မှ မရသင့်မရနိုင်ပေ။ သောစန္တံ၊ စိုးရိမ်ပူဆွေး ငိုကြွေးလျက်ရှိသော။ ဒုက္ခိတံ၊ ကိုယ်စိတ်ဆင်းရဲခြင်းသို့ ရောက်ရှိ၍နေသော။ ဧတံ၊ ထိုပုဂ္ဂိုလ်ကို။ ဝိဒိတွာ၊ သိရှိကြရကုန်၍ သို့မဟုတ် မြင်သိကြရကုန်၍။ ပစ္စတ္ထိကာ၊ ထိုပုဂ္ဂိုလ်၏ ရန်သူတို့သည်။ အတ္တမနာ၊ နှစ်လိုသော စိတ်နှလုံး ရှိကြကုန်သည်။ ဘဝန္တိ၊ ဖြစ်ကြလေကုန်၏။

စိုးရိမ်ခြင်း၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်းဖြင့် ဒီလောကမှာ အနည်းငယ်မျှသော်လည်း အကျိုးစီးပွားတစ်စုံတစ်ရာကို ရရှိတယ်လို့ မရှိပါဘူး။ တကယ်စင်စစ် ဘယ်လိုမှ အနည်းငယ်မျှသော အကျိုးကိုမျှလည်း မရနိုင်ဘူး။ ဒါကြောင့် စိုးရိမ်ပူဆွေး ငိုကြွေးလျက်ရှိတဲ့ ကိုယ်စိတ်ဆင်းရဲခြင်းသို့ ရောက်ရှိ၍နေတဲ့ ထိုပုဂ္ဂိုလ်ကို ရန်သူတွေက မြင်သိတဲ့ အချိန်အခါမှာ အလွန်နှလုံးဝမ်းမြောက်တဲ့ စိတ်ထားရှိကြတယ်။ ရန်သူတို့ ဝမ်းမြောက်ကြောင်း တရားဖြစ်တယ်။ စိုးရိမ်ခြင်း၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်းသည် ရန်သူဝမ်းမြောက်ကြောင်း တရားဖြစ်တယ်။ ဒါကြောင့် သူတော်ကောင်းဆိုလို့ရှိရင် စိုးရိမ်ပူဆွေး ငိုကြွေးတတ်တဲ့ စိတ်ထားတွေကို ဘာလုပ်ရမလဲ၊ ပယ်ဖျောက်ပေးရမယ်နော်။

‘‘ယတော စ ခေါ ပဏ္ဍိတော အာပဒါသု, န ဝေဓတီ အတ္ထဝိနိစ္ဆယညူ၊ ပစ္စတ္ထိကာဿ ဒုခိတာ ဘဝန္တိ, ဒိသွာ မုခံ အဝိကာရံ ပုရာဏံ။

ယတော စ ခေါ၊ အကြင်အခါ၌။ အတ္ထဝိနိစ္ဆယညူ၊ အကြောင်းအကျိုး၌ ဆုံးဖြတ်ချက်ချခြင်းငှာ တတ်သိနားလည်သော။ ပဏ္ဍိတော၊ ပညာရှိသူတော်ကောင်းသည်။ အာပဒါသု၊ ဘေးရန်အမျိုးမျိုးတို့သည် ဖြစ်ပေါ်လာကုန်သည်ရှိသော်။ န ဝေဓတိ၊ တုန်လှုပ်ခြောက်ခြားမှု မရှိပေ။ တဒါ၊ ထိုအခါ၌။ အဿ၊ ထိုပညာရှိသူတော်ကောင်း၏။ ပစ္စတ္ထိကာ၊ ရန်သူတို့သည်။ အဝိကာရံ ပုရာဏံ မုခံ၊ ဖောက်ပြန်ပျက်စီးမှုမရှိသော ရှေးဦးမူလအတိုင်း မူမပျက် ထင်ရှားရှိ၍နေသော မျက်နှာကို။ ဒိသွာ၊ မြင်တွေ့ကြရကုန်သည်ဖြစ်၍။ ဒုက္ခိတာ၊ ကိုယ်စိတ်မချမ်းသာခြင်း ရှိကြကုန်သည်။ ဘဝန္တိ၊ ဖြစ်ကြလေကုန်၏။

အကြောင်းအကျိုးကို ဆုံးဖြတ်ချက်ချနိုင်တဲ့၊ အတတ်သိနားလည်တဲ့ ပညာရှိသူတော်ကောင်းတို့အပြင်မှာ ဘေးရန်အမျိုးမျိုးတစ်ခုခု၊ ဘေးရန်ဖြစ်ပေါ်လာတယ်၊ ဘေးအမျိုးမျိုးတွေထဲက ဘေးရန်တစ်ခုခု ဖြစ်ပေါ်လာပြီဆိုရင် ထိုအချိန်အခါမှာ ပညာရှိသူတော်ကောင်းသည် တုန်လှုပ်ခြောက်ခြားမှု ဘာမှမရှိဘူး။ ဘာဖြစ်လို့လဲ၊ ညကဟောခဲ့တဲ့အတိုင်း ဒီပညာရှိသူတော်ကောင်းက စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချနိုင်တဲ့ စိတ်ထားတွေ ရှိနေတယ်နော်။

အဲဒီလို တုန်လှုပ်ခြောက်ခြားမှုမရှိတဲ့အတွက်ကြောင့် ဘာဖြစ်သလဲ။ ထိုပညာရှိသူတော်ကောင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်နေကြတဲ့ ရန်သူတွေရှိကြတယ်၊ ဒီရန်သူတွေက ဒီပညာရှိသူတော်ကောင်းရဲ့ မျက်နှာကို ကြည့်လိုက်တဲ့ အချိန်အခါမှာ ဖောက်ပြန်မှုရှိတာကိုလည်း မတွေ့ရဘူး၊ ရှေးယခင်ကအတိုင်း မူမပျက် ပုံစံမှန်တည်ရှိနေတာကို မြင်တွေ့ရတယ်။ အဲဒီလို မြင်တွေ့လိုက်တဲ့ အချိန်အခါမှာ ရန်သူတွေဟာ ဝမ်းမသာဘဲနဲ့ စိတ်ဆင်းရဲပြီးတော့ သွားကြတယ်။

‘‘ဇပ္ပေန မန္တေန သုဘာသိတေန, အနုပ္ပဒါနေန ပဝေဏိယာ ဝါ၊ ယထာ ယထာ ယတ္ထ လဘေထ အတ္ထံ, တထာ တထာ တတ္ထ ပရက္ကမေယျ။

ဇပ္ပေန၊ သူတို့ကို စည်းရုံးချီးမွမ်းစကား ပြောကြား၍နေခြင်းဖြင့်လည်းကောင်း။ မန္တေန၊ မန္တာန်တရားကို ရွတ်ဖတ်၍နေခြင်းဖြင့်လည်းကောင်း။ သုဘာသိတေန၊ ကောင်းစွာပြောဆိုအပ်သော စကားဖြင့်လည်းကောင်း။ အနုပ္ပဒါနေန၊ တံစိုးလက်ဆောင်ကို ပေးခြင်းဖြင့်လည်းကောင်း။ ပဝေဏိယာ ဝါ၊ မိမိ၏မျိုးရိုးစဉ်ဆက်ကို ပြောပြခြင်းဖြင့်လည်းကောင်း။ ယထာ ယထာ၊ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့်။ ယတ္ထ၊ အကြင်အကြင်အရပ်၌။ အတ္ထံ၊ အကျိုးစီးပွားကို။ လဘေထ၊ ရရှိလေရာ၏။ တထာ တထာ၊ ထိုထိုသော အခြင်းအရာအားဖြင့်။ တတ္ထ၊ ထိုထိုအရာ၌။ ပရက္ကမေယျ၊ ကြိုးစားအားထုတ်ရာ၏။

ဇပန္တ သုဘိတ အနုပ္ပဒါန ဝေဏိယာ ဆိုပြီးတော့ ဒီလိုဖော်ပြတယ်။ ရပါတယ်နော်။ ဒီတော့ ကောင်းကျိုးချမ်းသာ မင်္ဂလာတွေ ပြောကြားပေးခြင်းဖြင့်လည်းကောင်း၊ မာန်တာမာန်ခြင်းဖြင့်လည်းကောင်း၊ ကောင်းသော ကောင်းသောစကားကို ပြောဆိုခြင်းဖြင့်လည်းကောင်း၊ တစ်စွပ်လက်ဆောင်ထိုးခြင်းဖြင့်လည်းကောင်း၊ မိမိရဲ့ မျိုးရိုးစဉ်ဆက်အနွယ်ကို ပြောပြခြင်းဖြင့်လည်းကောင်းတဲ့၊ ဘာဖြစ်လဲ၊ ဒီစိုးရိမ်ပူဆွေး ငိုကြွေးခြင်းဆိုတဲ့ ဒီတရားတွေကို ပယ်ဖျောက်လို့ မရနိုင်ဘူး။ ဒါကြောင့် ပညာရှိသူတော်ကောင်းသည် အကြင်အခြင်းအရာအားဖြင့်၊ အကြင်နေရာမှာ အကျိုးစီးပွားကို ရနိုင်တယ်၊ ထိုအခြင်းအရာအားဖြင့် ထိုနေရာမှာ ကြိုးစားအားထုတ်သင့်ပါတယ်၊ ဒီလိုပြန်ပြီး ပြောတယ်။

‘‘သစေ ပဇာနေယျ အလဗ္ဘနေယျော, မယာဝ အညေန ဝါ ဧသ အတ္ထော၊ အသောစမာနော အဓိဝါသယေယျ, ကမ္မံ ဒဠှံ ကိန္တိ ကရောမိ ဒါနိ’’

မယာ ဝါ၊ ငါသည်လည်းကောင်း။ အညေန ဝါ၊ အခြားတစ်ယောက်သော ပုဂ္ဂိုလ်သည်လည်းကောင်း။ ဧသ အတ္ထော၊ ဤကဲ့သို့သောအကျိုးစီးပွားကို။ အလဗ္ဘနေယျော၊ မရနိုင်ဟူ၍။ သစေ ဇာနေယျ၊ အကယ်၍ သိရှိခဲ့ကြအံ့။ အသောစမာနော၊ စိုးရိမ်ပူဆွေးခြင်းမရှိဘဲ။ အဓိဝါသယေယျ၊ သည်းခံလေရာ၏။ ဒါနိ၊ ယခုအခါ၌။ ကိန္တိ၊ အဘယ်သို့လျှင်။ ကရောမိ၊ ပြုလုပ်နိုင်ပါအံ့နည်း။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ဒဠှံ ကမ္မံ၊ မြဲမြံလှစွာသော ကောင်းမှုကုသိုလ်ကံကို။ ကရောမိ၊ ပြုလုပ်လေရာ၏။

ငါသည်သော်လည်းကောင်း၊ အခြားပုဂ္ဂိုလ်တစ်စုံတစ်ယောက်သည်သော်လည်းကောင်း ငါတောင်းတနေတဲ့ ဒီအကျိုးတရားကို မရနိုင်ဘူးလို့ အကယ်၍များ သိခဲ့မယ်ဆိုရင်၊ လွတ်လပ်တောင်းတနေတဲ့ အကျိုးတွေက ဘာလို့လဲ၊ "မအိုပါစေနဲ့" လို့ တောင်းတတဲ့အကျိုး၊ "မနာပါစေနဲ့၊ မသေပါစေနဲ့၊ မကုန်ခမ်းပါစေနဲ့၊ မပျက်စီးပါစေနဲ့" လို့ ဒီလိုတောင်းတတယ်။ အဲဒီတောင်းတတာ မရနိုင်ဘူးလို့ ငါသည်သော်လည်းကောင်း၊ တခြားပုဂ္ဂိုလ်တစ်စုံတစ်ယောက်သည်လည်းကောင်း ဒီလိုတောင်းတနေတဲ့ အကျိုးတရားတွေကို ဘယ်လိုမှ မရနိုင်ဘူးလို့ အကယ်၍ သိခဲ့မယ်ဆိုရင် ဘာလုပ်ရမလဲ။ စိုးရိမ်ပူဆွေး ငိုကြွေးမှုမရှိဘဲ တရားသည်းခံ၍ နေလေရာ၏။

စိုးရိမ်မှု၊ ပူဆွေးမှု ဘာမှမလုပ်ပါနဲ့၊ စိတ်ထဲက ကြံ့ကြံ့ခိုင်ခိုင်ဖြစ်အောင် သည်းခံနေပါ။ သည်းခံနေတဲ့အခါ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် သည်းခံရမလဲလို့ မေးတော့၊ "ဒါနိ ယခုအခါ၌ ကိန္တိ အဘယ်သို့လျှင် ငါပြုလုပ်၍ ရနိုင်ပါအံ့နည်း" ဣတိ - ဤသို့ နှလုံးသွင်းလျက်၊ တံ ဓံ ကမ္မံ - မြဲမြံစွာသော ကောင်းမှုကုသိုလ်ကံကို ပြုလုပ်၍ နေလေရာ၏။

ဘယ်လိုသည်းခံရမလဲလို့ မေးတော့၊ ဒီငါတောင်းတနေတဲ့ အကျိုးတရားဟာ ယခုအခါမှာ ငါဘယ်နှလုံး ရနိုင်တော့မလဲလို့ ဒီလိုနှလုံးသွင်းပြီးတော့၊ မိမိပြုသင့်ပြုထိုက်တဲ့ ကောင်းမှုကုသိုလ်တွေကို မြန်မြန်ဆန်ဆန်နှင့် ခိုင်ခိုင်ခံ့ခံ့ဖြင့် ဆက်လက်ပြီး ကြိုးပမ်းအားထုတ်ပါ။ မိမိပြုပြင်ပေးထိုက်တဲ့ ကောင်းမှုကုသိုလ်တွေက ဘာတွေလဲ။ သီလကျစဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ အထက်တန်းကျနေတဲ့ ကုသိုလ်ကံတွေ၊ ကောင်းမှုကုသိုလ်တွေ ဖြစ်ပါတယ်။ မိမိပြုလုပ် ပြုလုပ်ထိုက်တဲ့ သီလကျင့်စဉ်တွေကို ဖြူစင်အောင်ဖြစ်ခြင်းမှာ မိမိပြုသင့်ပြုထိုက်နေတဲ့ ဒီသမာဓိကျင့်စဉ်တွေကို ခိုင်ခဲအောင် လေ့ကျင့်ပါ။ မိမိပြုသင့်ပြုထိုက်တဲ့ ဝိပဿနာကျင့်စဉ်တွေကို အထက်တန်းကျ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်သိတတ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ ဒီလိုပြုလုပ်ခြင်းသည် မိမိဟာ စိုးရိမ်ပူဆွေး ငိုကြွေးမှုမရှိဘဲနဲ့ ဒီလောကဓံကို သည်းခံနိုင်အောင် လေ့ကျင့်နေခြင်းမည်ပါပေတယ်လို့ ဒီလို အရှင်နာရဒမထေရ်က ဟောလိုက်တယ်နော်။

ဟောလိုက်တဲ့ အချိန်အခါကျတော့ မုဏ္ဍမင်းကြီး ဘာဖြစ်သွားလဲ။

ဧဝံ ဝုတ္တေ မုဏ္ဍော ရာဇာ အာယသ္မန္တံ နာရဒံ ဧတဒဝေါစ

ဧဝံ၊ ဤသို့လျှင် ဟုတ်တိုင်း ဟောကြားပြသ ဆုံးမခဲ့သည်ရှိသော်။ မုဏ္ဍော ရာဇာ၊ မုဏ္ဍမင်းသည်။ အာယသ္မန္တံ နာရဒံ၊ အရှင်နာရဒမထေရ်အား။ ဧတတံ အဝေါစ၊ ဤစကားကို လျှောက်ထားခဲ့လေပြီ။

မုဏ္ဍမင်းကြီးက အရှင်နာရဒမထေရ်ကို တရားနာပြီးတဲ့ အချိန်ကမှ လျှောက်ထားကြည့်တယ်။ ဘယ်လိုလဲ။

‘‘ကော နာမော အယံ, ဘန္တေ, ဓမ္မပရိယာယော’’

ဘန္တေ၊ အရှင်ဘုရား။ အယံ ဓမ္မပရိယာယော၊ ဤတရားဒေသနာတော်သည်။ ကော နာမော၊ အဘယ်အမည် ရှိပါသနည်း။

အရှင်ဘုရား၊ အရှင်ဘုရားဟောလိုက်တဲ့ ဒီတရားတော်ဟာ ဘာအမည်ရှိတဲ့ တရားပါလဲလို့ မေးကြည့်တယ်။ အဲဒီအခါကျတော့မှ အရှင်နာရဒမထေရ်မြတ်က ဘာပြန်ပြီး အမိန့်ရှိလဲ။

‘‘သောကသလ္လဟရဏော နာမ အယံ, မဟာရာဇ, ဓမ္မပရိယာယော’’။

မဟာရာဇ၊ မင်းမြတ်။ အယံ ဓမ္မပရိယာယော၊ ဤဓမ္မပရိယာယ တရားဒေသနာတော်သည်ကား။ သောကသလ္လဟရဏော နာမ၊ စိုးရိမ်ပူဆွေးခြင်း သောကတည်းဟူသော မြားငြောင့်ကို ပယ်နုတ်တတ်တဲ့ တရားမည်ပါပေ၏။

စိုးရိမ်ပူဆွေးခြင်းဆိုတဲ့ သောကတည်းဟူသော မြားကို နှုတ်ပယ်တတ်တဲ့ တရားမည်တယ်လို့ ဒီလိုပြန်ပြီး အမိန့်ရှိတယ်။ အဲဒီအခါကျတော့မှ မုဏ္ဍမင်းကြီးက ဘာလျှောက်လဲ။

‘‘တဂ္ဃ, ဘန္တေ, သောကသလ္လဟရဏော ဣမဉှိ မေ, ဘန္တေ, ဓမ္မပရိယာယံ သုတွာ သောကသလ္လံ ပဟီနံ’’။

ဘန္တေ၊ အရှင်ဘုရား။ တဂ္ဃ၊ တကယ့်တကယ် စင်စစ်အားဖြင့်။ အယံ ဓမ္မပရိယာယော၊ ဤတရားဒေသနာတော်သည်။ သောကသလ္လဟရဏော၊ သောကတည်းဟူသော မြားတို့ကို ပယ်နုတ်တတ်တဲ့ တရားဖြစ်ပါပေ၏။ ဘန္တေ၊ အရှင်ဘုရား။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ သောကသလ္လံ၊ သောကတည်းဟူသော မြားမြှောင့်ကို။ ဣမံ ဓမ္မပရိယာယံ၊ ဤတရားဒေသနာတော်ကို။ သုတွာ၊ ကြားနာရသည်ရှိသော်။ ပဟီနံ၊ ပယ်ရှားအပ်ခဲ့ပြီးပါပြီ။

"တပည့်တော်ထံမှာ ဖြစ်ပေါ်နေတဲ့ သောကတည်းဟူသော မြားကို ဒီတရားနာရတဲ့အတွက်ကြောင့် တပည့်တော် ပယ်နုတ်နိုင်ပါပြီ အရှင်ဘုရား။ တကယ့်စင်စစ်အားဖြင့် အရှင်ဘုရား ဟောလိုက်တဲ့တရားသည် သောကတည်းဟူသော မြားကြောင့်ကို ပယ်နုတ်ကြောင်းဖြစ်တဲ့ တရားစင်စစ် မှန်ပါပေတယ်" ဆိုပြီးတော့ လျှောက်ထားတယ်နော်။

အဲဒီလို လျှောက်ထားပြီးတဲ့ အချိန်အခါကျတော့မှ မုဏ္ဍမင်းကြီးက ဘာလုပ်လဲ၊ ပိယကလို့ခေါ်ဆိုတဲ့ အမတ်ကြီးကို ပြောတယ်။

‘‘တေန ဟိ, သမ္မ ပိယက, ဘဒ္ဒါယ ဒေဝိယာ သရီရံ ဈာပေထ၊ ထူပဉ္စဿာ ကရောထ။ အဇ္ဇတဂ္ဂေ ဒါနိ မယံ နှာယိဿာမ စေဝ ဝိလိမ္ပိဿာမ ဘတ္တဉ္စ ဘုဉ္ဇိဿာမ ကမ္မန္တေ စ ပယောဇေဿာမာ’’။

သမ္မ ပိယက၊ အမတ်ကြီး ပိယက။ တေန ဟိ၊ ထိုသို့ဖြစ်ခဲ့ပါမူကား။ ဘဒ္ဒါယ ဒေဝိယာ၊ ဘဒ္ဒါဒေဝီမိဖုရား၏။ သရီရံ၊ ရုပ်ကလာပ်ကို။ ဈာပေထ၊ မီးသင်္ဂြိုဟ်ကြပေတော့။ (ခွင့်ပြုလိုက်ပြီ၊ မိဖုရား သင်္ဂြိုဟ်ဖို့ရန်အတွက် ခွင့်ပြုလိုက်ပြီ။) အဿာ၊ ထိုဘဒ္ဒါမိဖုရား၏ အတွက်။ ထူပဉ္စ၊ ထူပခေါ် အရိုးအိုးစေတီကိုလည်း။ ကရောထ၊ ပြုကြကုန်လော။

ရှေးတုန်းကတော့ အရိုးအိုးလေးပေါ့နော်၊ ထူပအရိုးအိုးကိုလည်းပဲ တည်ဆောက်ထားခဲ့ကြကုန်လော။

အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။ ဒါနိ၊ ယခုအခါ၌။ မယံ၊ ငါသည်။ နှာယိဿာမ စေဝ၊ ရေလည်း ချိုးပေအံ့။ ဝိလိမ္ပိဿာမ၊ နံ့သာမျိုးလည်း လိမ်းကျံပေအံ့။ ဘတ္တဉ္စ၊ ခဲဖွယ်ဘောဇဉ် ထမင်းကိုလည်း။ ဘုဉ္ဇိဿာမ၊ စားပေအံ့။ ကမ္မန္တေ စ၊ လုပ်ငန်းရပ်တို့ကိုလည်း။ ပယောဇေဿာမ၊ ငါပြုလုပ်တော့ပေအံ့။ (ဤသို့ မိန့်ကြားတော်မူလေသည်။)

"ကဲ... ပြီးသွားရင်တော့ မိဖုရားရဲ့ အလောင်းကို မီးရှို့ပါ၊ အရိုးအိုး တည်ထားပြီးတော့၊ ယနေ့ကိုအစပြု၍ ငါသည် ခုအချိန်အခါမှစပြီး ယခုအခါ၌ ရေလည်းချိုးတော့မယ်၊ ဘီးလိမ်းပြင်ဆင်မှုတွေလည်း ပြုလုပ်တော့မယ်၊ ထမင်းလည်း စားတော့မယ်၊ လုပ်ငန်းရပ်တွေလည်း ငါကြိုးစားအားထုတ်တော့မယ်" ဆိုပြီးတော့ ဒီလိုအမိန့်ရှိလိုက်တယ်နော်။

ဒါကြောင့် တစ်ခါတစ်ရံ တရားတော်ကို နာကြားရခြင်းသည် စိတ်ဓာတ်တွေ ပြေလည်မှုမဖြစ်စေဘူးလား၊ ဖြစ်စေပါတယ်နော်။ နောက်ကျနေတဲ့အချိန်လေးမှာ၊ စိတ်ဓာတ်တွေ မကြည်မသာဖြစ်တဲ့ အချိန်အခါမှာ တရားဆိုတာ နာကြားပေးရတယ်၊ နာကြားချင်တဲ့ စိတ်ဓာတ်လည်း မွေးမြူပေးရပါတယ်။ "သွားစမ်း၊ ငါ့လာမပြောနဲ့၊ ငါစိတ်တိုနေတယ်" ဟောဒီပုံစံမျိုး ရှိရမလား။ ရှိရမလား၊ ရှိကြလား။ ဟင်... ဘုန်းကြီးတို့ ဉာဏ်ပူပြီထင်တယ်၊ ဟမ်... ဘုန်းကြီးကတော့ နံရံက ကြားနေပါတယ်။ ဟိုကကြားလိုက်၊ ဒီကကြားလိုက်နဲ့ ကြားကြားနေတယ်။ ဟုတ်တယ်မဟုတ်လား။ "သွား၊ ငါ့လာမပြောနဲ့" ဒီပုံစံလေးတွေ သူတော်ကောင်းဆိုတာ စိတ်ထားရမလား၊ မထားရဘူးတဲ့။ စိတ်ဓာတ်ဆိုတာ ပြုပြင်ပြောင်းလဲပေးရတယ်နော်။

မိဂါရမာတာ ဝိသာခါကျောင်းအမကြီးဝတ္ထု

နောက်ထပ် ပုံစံလေးတစ်ခု ဘုန်းကြီးထပ်ဟောဦးမယ်နော်။ နာမည်ကျော်ဖြစ်တဲ့ ဝိသာခါကျောင်းအမကြီး ပေါ့နော်။ မြတ်စွာဘုရား သာဝတ္ထိပြည် စေတဝန်ကျောင်းတိုက် ပုဗ္ဗာရုံခေါ်တဲ့နော်၊ ဝိသာခါကျောင်းအမကြီး ကိုယ်တိုင် ဆောက်လုပ်လှူဒါန်းတဲ့ ကျောင်းတိုက်မှာ ဘုရားရှင် သီတင်းသုံးတော်မူခိုက် ဖြစ်ပါတယ်နော်။ ထိုအချိန်အခါမှာ ဘာဖြစ်လာသလဲ။

တေန ခေါ ပန ဝိသာခါယ မိဂါရမာတုယာ နတ္တာ ကာလင်္ကတာ ဟောတိ ပိယာ မနာပါ။

တေန ခေါ ပန သမယေန - ထိုအချိန်အခါ၌။ မိဂါရမာတုယာ၊ မိဂါရသူဌေး၏ မိခင်သဖွယ်ဖြစ်သော။ ဝိသာခါယ၊ ဝိသာခါကျောင်းအမ၏။ နတ္တာ၊ ချစ်မြတ်နိုးအပ်သော နှလုံးကိုတိုးပွားစေတတ်သော မြေးလေးသည်။ ကာလင်္ကတာ၊ ကွယ်လွန်၍။ ဟောတိ၊ သွားခဲ့လေ၏။

တစ်နေ့ပေါ့နော်၊ မိဂါရသူဌေးရဲ့ မိခင်သဖွယ် ဖြစ်နေတဲ့ ဝိသာခါကျောင်းအမကြီးရဲ့ မြေးလေးတစ်ဦး ကွယ်လွန်သွားတယ်။ ဒီမြေးလေးကို ဝိသာခါကျောင်းအမကြီးကလည်း သိပ်ချစ်တယ်၊ သိပ်မြတ်နိုးတယ်။ ဒီမြေးက ဘယ်ပုဂ္ဂိုလ်ရဲ့ မြေးလဲ၊ ဘယ်သားလဲလို့ မေးတော့၊ သူ့ရဲ့ သားတစ်ဦးရဲ့ သမီးလေး ဖြစ်ပါတယ်...

ဒီသားတစ်ဦးရဲ့ သမီးလေးက အပျိုအရွယ်လေးလည်း ဖြစ်တယ်။ အပျိုအရွယ်မှာ ကွယ်လွန်သွားလေတော့ သူက သိပ်စိတ်ဆင်းရဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမျိုးသမီးလေးက—

သာ ကိရ ဝတ္တသမ္ပန္နာ သာသနေ အဘိပ္ပသန္နာ မဟာဥပါသိကာယ ဂေဟံ ပဝိဋ္ဌာနံ ဘိက္ခူနံ ဘိက္ခုနီနဉ္စ အတ္တနာ ကာတဗ္ဗဝေယျာဝစ္စံ ပုရေဘတ္တံ ပစ္ဆာဘတ္တဉ္စ အပ္ပမတ္တာ အကာသိ,

သာ၊ ထိုအမျိုးသမီးလေးသည်။ ဝတ္တသမ္ပန္နာ — ဝတ်နှင့် ပြည့်စုံ၏။ “ကောင်းတာ၊ ကောင်းလိုက်တာနော်” သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်၊ ကျင့်ပဋိပဒ်နဲ့ ပြည့်စုံတယ်။ မိဘအပေါ်မှာ ပြုကျင့်ရမယ့် ဝတ္တရား၊ အဘိုးအဘွားတွေအပေါ်မှာ ပြုကျင့်ရမယ့် ဝတ္တရား၊ ဆွေမျိုးသားချင်းတွေအပေါ်မှာ ပြုကျင့်ရမယ့် ဝတ္တရား၊ အဲဒီဝတ္တရားအားလုံးနဲ့ ပြည့်စုံနေတယ်။ ဒါတင်ဆိုတော့ မကသေးဘူးနော်။ သူပြုကျင့်တဲ့ ဝတ်ကလေးတွေနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲ ထပ်ပြီးတော့ အဋ္ဌကထာထဲကတည်းက ဖော်ပြထားတယ်နော်။

သာ၊ ထိုအမျိုးသမီးသည်။ ဝတ္တသမ္ပန္နာ — ပဋိပတ်နှင့် ပြည့်စုံ၏။ သာသနေ၊ သာသနာတော်မြတ်အတွင်း၌။ အဘိပ္ပသန္နာ — အလွန် ကြည်ညိုလှပေ၏။ သာသနာတော်ကိုလည်း အလွန်ကြည်ညိုတဲ့ စိတ်ထားရှိတယ်နော်။ မဟာဥပါသိကာယ၊ ဝိသာခါကျောင်းအမကြီး၏။ ဂေဟံ — အိမ်အတွင်းသို့။ ပဝိဋ္ဌာနံ — ဖိတ်မန်ဝင်ရောက်၍ ဖိတ်မန်ကြွမြန်း၍ လာတော်မူကြကုန်သော။ ဘိက္ခူနံ စ — ရဟန်းတော်တို့အားလည်းကောင်း။ ဘိက္ခုနီနဉ္စ — ရဟန်းမိန်းမတို့အားလည်းကောင်း။ အတ္တနာ ဝ — မိမိကိုယ်တိုင်သာလျှင်။ ဝေယျာဝစ္စံ — ပြုသင့်ပြုထိုက်တဲ့ ဝေယျာဝစ္စအမှုကြီးငယ်ကို။ ပုရေဘတ္တံ — ဆွမ်းမစားမီ နံနက်ပိုင်း၌လည်းကောင်း။ ပစ္ဆာဘတ္တဉ္စ — ဆွမ်းစားပြီးရာ နောက်ကာလ၌လည်းကောင်း။ ပုရေဘတ္တံ ပစ္ဆာဘတ္တဉ္စ၊ ဆွမ်းမစားမီနှင့် ဆွမ်းစားပြီးနောက် ကာလ၌လည်းကောင်း။ အပ္ပမတ္တာ — မေ့လျော့ခြင်းမရှိဘဲ။ အကာသိ — ပြုကျင့်ခဲ့လေပြီ။ (အာစရတိ — ပြုကျင့်လေ့ရှိပေ၏။)

မိဘတွေ၊ အဘိုးအဘွားတွေ၊ အစ်ကိုအစ်မတွေ အစရှိတဲ့ ဒီလိုပုဂ္ဂိုလ်တွေအပေါ်မှာသာလျှင် ကျင့်တဲ့ ပဋိပတ်နှင့် ပြည့်စုံသည်မဟုတ်ဘူးတဲ့။ သာသနာတော်ကိုလည်း အလွန်ကြည်ညိုတဲ့ စိတ်ထားရှိတယ်။ ဝိသာခါကျောင်းအမကြီးရဲ့ အိမ်အတွင်းသို့ ကြွမြန်းလာတော်မူကြတဲ့ ရဟန်းတွေ၊ ဘိက္ခုနီမတွေ ရှိကြတယ်။ အဲဒီရဟန်းတော်တွေ၊ ဘိက္ခုနီမတွေကိုလည်း မိမိကိုယ်တိုင်ပဲ ပြုသင့်ပြုထိုက်တဲ့ ဝေယျာဝစ္စတွေကို ရွက်ဆောင်ပေးတယ်။ နံနက်ခင်းအခါမှာလည်း ရွက်ဆောင်ပေးတယ်။ ဆွမ်းစားပြီးတဲ့ နောက်ပိုင်းကာလမှာလည်း ရွက်ဆောင်ပေးတယ်။ မေ့လျော့မှု လုံးလုံးမရှိဘူး။ ဝတ်ကြီးကို အင်မတန် ပြည့်ပြည့်စုံစုံနဲ့ ပြုကျင့်ပေးတယ်။

ကြွလာတဲ့ ရဟန်းတော်က ဘယ်လောက်ရှိလဲ။ ရဟန်းတော် ၅၀၀ နှစ်စဉ် ကြွပါတယ်။ ဒါက သံဃိကဘတ်အနေနဲ့ ကြွတာ။ တစ်ခါတစ်ရံ အာဂန္တုကဘတ်ဆိုတာ အာဂန္တုအနေနဲ့ ကျွေးမွေးနေတဲ့ ရဟန်းတော်ပေါင်းလည်း ငါးရာလောက်ရှိတယ်။ ခရီးသွားတဲ့ ရဟန်းတော်တွေကို ကျွေးနေတာလည်း ရှိတယ်။ ပံသုကူ... မကျန်းမာတဲ့ ကိုယ်တော်တွေကို ပြုစုနေတဲ့ ရဟန်းတော်တွေကို ကျွေးနေတာလည်း ငါးရာခန့်လောက် ရှိပါတယ်။ အားလုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင် နေ့စဉ်နေ့စဉ်... သူက ဂေဟံကျတာလည်း ၅၀၀ လောက်ရှိတော့ နေ့စဉ်နေ့စဉ် သူကျွေးမွေးနေတာက သံဃာ ၂၅၀၀ ကျော်လောက် ရှိတယ်။

သံဃာတွေ ၂၅၀၀ ကျော် သာသလားဆိုတော့ မဟုတ်သေးဘူး။ အဲဒီမှာ အထိုက်အလျောက် ဘိက္ခုနီမတွေလည်း ပါကြပါတယ်နော်။ အဲဒီလို ကြွလာတဲ့ ပုဂ္ဂိုလ်အားလုံးအတွက် ပြုသင့်ပြုထိုက်တဲ့ ဝတ်ကြီးဝတ်ငယ်၊ ဝေယျာဝစ္စတွေကို ဒီအမျိုးသမီးလေးတွေက ဦးဆောင်ပြီးတော့ စနစ်တကျ မမေ့မလျော်ဘဲနဲ့ ပြုကျင့်လေ့ရှိတယ်နော်။

ပြုကျင့်လေ့ရှိလိုက်တဲ့ အခါကျတော့ ဒီပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်လဲဆိုတာကို ထပ်ပြီးတော့ ဖွင့်ပြထားတယ်။

အတ္တနော ပိတာမဟိယာ စိတ္တာနုကူလံ ပဋိပဇ္ဇိ။

အတ္တနော — မိမိ၏။ ပိတာမဟိယာ — အဖွားဖြစ်တဲ့ ဝိသာခါကျောင်းအမကြီး၏။ စိတ္တာနုကူလံ — စိတ်အလို၊ အလွန်အကြိုက်၊ လျော်ညီစွာ။ ပဋိပဇ္ဇိ — ကျင့်၍ နေတတ်ပေ၏၊ ပြုကျင့်တတ်ပေ၏။ ဒီလို ဝေယျာဝစ္စ အသွယ်သွယ်တွေကို သူပြုလုပ်တဲ့ အချိန်အခါမှာ သူ့ထင်ရာသူလုပ်တဲ့ ပုံစံလည်း မဟုတ်ဘူး။ သူ့စိတ်ကျရာသူ လုပ်နေတဲ့ ပုံစံလည်း မဟုတ်ဘူး။ အဖွားဖြစ်တဲ့ ဝိသာခါ... မိမိရဲ့ အဖွားဖြစ်နေတဲ့ ဝိသာခါကျောင်းအမကြီးရဲ့ စိတ်အလိုအကျအတိုင်း ရိုရိုသေသေနဲ့ လိုက်ပြီးတော့ ပြုကျင့်တယ်နော်။

တေန ဝိသာခါ ဂေဟတော ဗဟိ ဂစ္ဆန္တီ သဗ္ဗံ တဿာယေဝ ဘာရံ ကတွာ ဂစ္ဆတိ,

တေန၊ ထိုအကြောင်းကြောင့်။ ဝိသာခါ — ဝိသာခါကျောင်းအမကြီးသည်။ ဂေဟတော — အိမ်မှ။ ဗဟိ — ပြင်ပသို့။ ဂစ္ဆန္တီ — ကိစ္စသွားခဲ့သည်ရှိသော်။ သဗ္ဗံ — အလုံးစုံသော။ တဿာယေဝ၊ ထိုမြေးဖြစ်သူအားသာလျှင်။ ဘာရံ — တာဝန်တရားကို။ ကတွာ — ပေးအပ်၍။ ဂစ္ဆတိ — သွားတတ်ပေ၏။ ကျောင်းမှာ အကြောင်းကိစ္စတစ်ခုခုကြောင့် အိမ်အပြင်ထွက်ဖို့ရန် ရှိခဲ့ရင် အိမ်မှာ ပြုလုပ်ရမယ့် ရတနာသုံးပါးနဲ့ ဆက်စပ်နေတဲ့ ဝတ်ကြီးဝတ်ငယ် တာဝန်တရားမှန်သမျှကို ဒီမြေးဖြစ်သူအား တာဝန်ပေးပြီးတော့မှ သွားတယ်။ စိတ်ချရအလွန်းလို့နော်။

ပြီးတော့ ဒီမြေးက အကျည်းတန် အရုပ်ဆိုးလို့ ဒီလောက်တုန်း သူက ပုံစံကျနေရသလားဆိုတော့ မဟုတ်ပါဘူးနော်။

ရူပေန စ ဒဿနီယာ ပါသာဒိကာ,

ရူပေန စ — ရုပ်အဆင်းအားဖြင့်လည်းပဲ၊ အဓိက — လွန်ကဲ၏။ ဒဿနီယာ — ရှုချင်စဖွယ် ရှိ၏။ ပါသာဒိကာ — ကြည်ညိုကောင်းမှုကို ဆောင်ထား၏။ ဥပဓိရုပ်ကို ကြည့်လိုက်မယ်ဆိုရင်လည်း အင်မတန် ကြည့်လို့ကောင်းတဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ ကြည်ညိုဖွယ်ကို ဆောင်နိုင်တဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

အကျည်းတန် အရုပ်ဆိုးလို့၊ ပုံမကျလို့ သုံးမရလို့ အဲဒီနည်း ကျောင်းမှာဝင်ပြီး အလုပ်များနေတာ ဟုတ်သလား။ မဟုတ်ဘူး။ ဘုန်းကြီး စောင်းပြောတာ မဟုတ်ဘူးနော်။ သဘောကို ပြောနေတာ။ သူတို့က အလွန် ကြည်ညိုကောင်းတဲ့ ဘာသာန္တရိက ဂုဏ်တွေ ပြည့်စုံတဲ့ သူတော်ကောင်းလည်း ဖြစ်တယ်။ တစ်ဖက်သား ပုဂ္ဂိုလ်တွေ ကြည့်ရှုမယ်ဆိုရင် အင်မတန် ကြည့်လို့ကောင်းတဲ့ အမျိုးကောင်းသမီးတစ်ဦးလည်း ဖြစ်တယ်။ “မကွ... ဒီကောင်မ ငါနည်းနည်းမှ ကြည့်လို့မရဘူး” အဲဒီပုံစံမျိုး ဟုတ်သလား။ မဟုတ်ဘူး။

သူတော်ကောင်းဆိုတာ ကြည့်... ဘဝများစွာ သံသရာက ဓာတ်ငွေ့ကောင်းကောင်းလေးတွေ မွေးလာတဲ့အတွက် ဘဝတိုင်း ဘဝတိုင်းမှာ အကြောင်းကို အခုလို ပေါင်းစည်းမိတဲ့ အချိန်အခါမှာ အလွန် အထက်တန်းကျတဲ့ ဘဝတွေကို မရရှိဘူးလား။ ရရှိနေတယ်။

ဒါကြောင့် ဘာဖြစ်လို့ သူတို့ဒီလို အထက်တန်းကျတဲ့ ဘဝတွေ ရရှိရသလဲ ပြန်ဆက်စပ် စဉ်းစားကြည့်လိုက်တဲ့ အချိန်မှာ အထက်တန်းကျတဲ့ စိတ်တွေ, စိတ်ထားတွေကို ထားခဲ့တဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်နော်။ အထက်တန်းကျတဲ့ စိတ်တွေ၊ စိတ်ထားတွေ၊ အထက်တန်းကျတဲ့ ကံတွေကို ထူထောင်ခဲ့တဲ့အတွက် နောက်ထပ်တစ်ဖန် ဒီကံတွေက အကျိုးပေးတဲ့ အခုလိုဘဝမျိုးမှာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်သထက် မြင့်စေနိုင်တဲ့ စွမ်းအင်အပြည့်အဝ ရှိနေတဲ့ အထက်တန်းကျတဲ့ ကံတွေကို စိတ်ကြီး ကြည်လင်းလင်းလေးနဲ့ ပြန်ပြီးတော့ တစ်ဖန် ထူထောင်ကြပြန်တယ်။

သံဃာပေါင်း ၂၀၀၀ ကျော်လောက်နော်၊ ဘိက္ခုနီမတွေလည်း ပါသေးတယ်။ အာဂန္တု ဧည့်သည်တော်တွေ၊ မိဘကိုးကွယ်ရာ ဝတ်ကြီးဝတ်ငယ်တွေလည်း ပါပါသေးတယ်။ အဲဒါတွေကို မညိုမညင်ဘဲနဲ့ ကြီးကြီးလင်းလင်းနဲ့ အဖွားရဲ့ အလိုဆန္ဒအတိုင်း ပြုကျင့်နိုင်တဲ့ စိတ်ထားရှိတယ်တဲ့။ တောရုံဇွဲနဲ့ ဖြစ်ပါ့မလား။ မဖြစ်ဘူးနော်။ အခု ဒီကျောင်းမှာ သံဃာဘယ်လောက်ရှိလဲဟင်။ နည်းနည်းလေးပါ၊ မပြောပလောက်ပေါ့နော်။ သံဃာ တစ်ရာကျော်အတွက် သိပ်ပင်ပန်းဖွယ် ရှိသေးလား။ မရှိပါဘူး။ သူတို့ သံဃာ ၂၀၀၀ ကျော်ကို နေ့စဉ် ပြုစုနေတာ။ နံနက်ပိုင်းမှာရော၊ ဆွမ်းစားပြီးတဲ့ နောက်ပိုင်းကာလမှာရော၊ နေ့စဉ်နေ့စဉ် မမေ့မလျော့ဘဲနဲ့ ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တွေကို ပြုကျင့်နေတဲ့ သူတော်ကောင်းတို့ပဲ။

အဲဒီလို သူတော်ကောင်း ဖြစ်ခြင်းကြောင့်—

ဣတိ သာ တဿာ ဝိသေသတော ပိယာ မနာပါ အဟောသိ။

ဣတိ — ဤသို့၊ ထိုကဲ့သို့သော အကြောင်းကြောင့်။ သာ — ထိုဝိသာခါ ကျောင်းအမကြီးသည်။ တဿာ — ထိုမြေးမလေးအား။ ဝိသေသတော — အထူးသဖြင့်။ ပိယာ၊ ချစ်မြတ်နိုးအပ်သည်။ မနာပါ၊ စိတ်နှလုံးကို တိုးပွားစေတတ်သည်။ အဟောသိ — ဖြစ်ခဲ့လေပြီ။ ဒီလိုကောင်းတဲ့ ဂုဏ်တွေက သိသိသာသာ ပြည့်စုံနေတဲ့အတွက် ဒီမြေးမလေးကို ဝိသာခါကျောင်းအမကြီးကလည်း သိပ်ပြီးတော့ ချစ်မြတ်နိုးတယ်နော်။

အဲဒီ ချစ်မြတ်နိုးတဲ့ ဒီမြေးလေးက တစ်နေ့ကျတော့ ရောဂါနှိပ်စက်တဲ့အတွက် ကွယ်လွန်သွားပြန်ပြီ။ ကွယ်လွန်သွားတဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ။

အထ ခေါ ဝိသာခါ မိဂါရမာတာ အလ္လဝတ္ထာ အလ္လကေသာ ဒိဝါ ဒိဝဿ ယေန ဘဂဝါ တေနုပသင်္ကမိ

အထ ခေါ — ထိုအခါ၌။ ဝိသာခါ မိဂါရမာတာ — မိဂါရသူဌေးရဲ့ မိခင်သဖွယ်ဖြစ်သော ဝိသာခါ ကျောင်းအမကြီးသည်။ အလ္လဝတ္ထာ — စိုစွတ်သောအဝတ် ရှိသည်ဖြစ်၍။ အလ္လကေသာ — စိုစွတ်သော ဆံပင်ရှိသည်ဖြစ်၍၊ သာဝတ္ထိယာ နိက္ခမိတွာ — သာဝတ္ထိမြို့မှ ထွက်ခဲ့၍။ ဒိဝါ ဒိဝဿ — နေ့လယ်ကြောင်တောင်၌။ ယေန ဘဂဝါ — အကြင် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် ရှိတော်မူရာ။ တေန — ထိုဘုရားရှင် ရှိတော်မူရာ အရပ်သို့။ ဥပသင်္ကမိ — ချဉ်းကပ်ခဲ့လေ၏။

သူတို့ရဲ့ ဇာတိဝါဒပေါ့နော်။ ဇာတိဝါဒ... အမျိုးဇာတ်က လေ့ကျင့်ခဲ့တဲ့ ဝါဒအရ သူတို့က အခုလို အသုဘလိုက်ပို့ပြီဆိုလို့ရှိရင် မိမိတို့ရဲ့ ခန္ဓာကိုယ်သည် မစင်ကြယ်ဘူးလို့ ဒီလိုယူဆတယ်။ အဲဒီလို မစင်ကြယ်တဲ့အတွက် စင်ကြယ်သွားအောင်ဆိုပြီးတော့ မြစ်ထဲမှာ ဆင်းပြီးတော့ ရေချိုးရတယ်။ ရေချိုးတဲ့ အချိန်အခါမှာတော့ ဒီလို အထက်တန်းကျနေတဲ့ အမျိုးကောင်းသမီးတွေက တစ်ကိုယ်လုံး ဆံပင်တွေကို၊ အဝတ်အစားတွေကို အကုန်လုံး အစိုခံပြီးတော့ ရေချိုးရတယ်နော်။

အဲဒီလို ရေချိုးပြီးတဲ့ အချိန်အခါကျတော့မှ ဆံပင်တွေကလည်း စိုနေပြီ၊ အဝတ်ကြီးတွေကလည်း အားလုံး စိုနေပြီ။ နေ့လယ် ကျောင်းတော်ကြီးလည်း ဖြစ်နေတော့ စိတ်ဓာတ်တွေကလည်း အင်မတန် မကြည်မလင် ဖြစ်နေတယ်။ မကြည်မလင် ဖြစ်နေတဲ့ အချိန်အခါကျတော့ “ဪ... ငါ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ဒီသောကတည်းဟူသော မြှားကြောင့် ဘုရားရှင်ထံ သွားခဲ့ရင်တော့ နှုတ်ပယ်ကောင်း ပေးနိုင်လိမ့်မယ်။ သောကတည်းဟူသော မြှားငြှောင့်ခြင်း ပယ်ပြီး ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ စိတ်တွေလည်း ကြည်လင်ကောင်း ကြည်လင်လိမ့်မယ်” လို့ ဒီလို နှလုံးသွင်းပြီးတော့ သူက မြတ်စွာဘုရားရှင်ထံ ချဉ်းကပ်ခဲ့တယ်နော်။ ပုဗ္ဗာရုံကျောင်း... ပုဗ္ဗာရုံကျောင်းကို ရောက်ရှိလာပြီ။

ရောက်ရှိလာတဲ့ အချိန်အခါကျတော့ မြတ်စွာဘုရားကို ရှိခိုးပြီးတော့ လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်... ထိုင်လိုက်တဲ့ အချိန်အခါကျတော့မှ သင့်တင့်လျောက်ပတ်တဲ့ နေရာမှာ ထိုင်နေတဲ့ ဒီမိဂါရသူဌေးရဲ့ မိခင်သဖွယ်ဖြစ်တဲ့ ဝိသာခါကျောင်းအမကြီးကို ဘုရားရှင်က အမိန့်ရှိပြီ။ ဘယ်လိုလဲ။

‘ဟန္ဒ ကုတော နု တွံ, ဝိသာခေ, အာဂစ္ဆသိ အလ္လဝတ္ထာ အလ္လကေသာ ဣဓူပသင်္ကန္တာ ဒိဝါ ဒိဝဿ’’

ဝိသာခေ၊ ချစ်သမီး ဝိသာခါ။ တွံ၊ သင်သည်၊ ယခုအခါ၌။ ကုတော နု၊ အဘယ်အရပ်မှ။ အလ္လဝတ္ထာ၊ စိုစွတ်သောအဝတ် ရှိသည်ဖြစ်၍လည်းကောင်း။ အလ္လကေသာ၊ စိုစွတ်သော ဆံပင်ရှိသည်ဖြစ်၍လည်းကောင်း။ ဣဓ၊ ဤအရပ်သို့။ ဒိဝါဒိဝဿ၊ နေ့လယ်ကြောင်တောင်။ ဥပသင်္ကန္တာ၊ ချဉ်းကပ်သောအားဖြင့်။ အာဂစ္ဆသိ၊ လာခဲ့ပါသနည်း။ “ချစ်သမီး ဝိသာခါ... သင့်ကြည့်လိုက်တော့ အဝတ်တွေကလည်း စိုနေပြီ၊ ဆံပင်တွေကလည်း စိုနေပြီ။ နေ့လယ်ကြောင်တောင်ကြီး ငါဘုရားရှိတဲ့ ဒီနေရာကို ချဉ်းကပ်ပြီးတော့ ဘယ်ကနေ လာခဲ့သလဲ” မေးကြည့်တယ်နော်။

‘‘နတ္တာ မေ, ဘန္တေ, ပိယာ မနာပါ ကာလင်္ကတာ။ တေနာဟံ အလ္လဝတ္ထာ အလ္လကေသာ ဣဓူပသင်္ကန္တာ ဒိဝါ ဒိဝဿ’’

ဘန္တေ၊ မြတ်စွာဘုရား။ မေ၊ တပည့်တော်၏။ ပိယာ၊ ချစ်မြတ်နိုးအပ်သော။ မနာပါ၊ နှလုံးပွားစေတတ်သော။ နတ္တာ၊ မြေးမလေးတစ်ဦးသည်။ ကာလင်္ကတာ၊ ကွယ်လွန်သွားပါတယ် မြတ်စွာဘုရား။ တေန၊ ထိုအကြောင်းကြောင့်။ အဟံ၊ တပည့်တော်သည်။ အလ္လဝတ္ထာ၊ စိုစွတ်သောအဝတ်။ အလ္လကေသာ၊ စိုစွတ်သော ဆံပင်ရှိလျက်။ ဣဓ၊ ဒီနေရာကို။ ဒိဝါဒိဝဿ၊ နေ့လယ်ကြောင်တောင်။ ဥပသင်္ကန္တာ၊ ချဉ်းကပ်ပြီး လာခဲ့ပါတယ်၊ ပြန်ပြီး လျှောက်ထားတယ်။

ဒီလောက် လျှောက်ထားလိုက်ရင် မြတ်စွာဘုရားကတော့ အားလုံး သိပြီးသားနော်။ သိပြီးသား ဖြစ်လို့ တိုတိုပဲ အကျဉ်းချုပ်ပြီးတော့ လျှောက်ထားခြင်း ဖြစ်တယ်။ သူတို့ရဲ့ ဇာတိဝါဒအရ အသုဘပို့ပြီးတဲ့ အချိန်အခါမှာ မိမိကိုယ် စင်ကြယ်အောင်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ရေထဲဆင်းပြီးတော့ ချိုးခဲ့ရတဲ့အတွက် ဒီဆံပင်တွေ၊ ဒီအဝတ်တွေက စိုနေတာ ဖြစ်တယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်က သူ့ကို မေးခွန်းလေးတစ်ခု မေးတယ်နော်။ ဒီဘုရားရှင်မေးတဲ့ မေးခွန်းလေးတွေက အင်မတန် ကောင်းလို့ပါနော်။

‘‘ဣစ္ဆေယျာသိ တွံ, ဝိသာခေ, ယာဝတိကာ သာဝတ္ထိယာ မနုဿာ တာဝတိကေ ပုတ္တေ စ နတ္တာရော စ’’

ဝိသာခေ၊ ချစ်သမီး ဝိသာခါ။ တွံ၊ သင်သည်။ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။ မနုဿပမာဏေ၊ လူသားတို့၏ ပမာဏအတိုင်း။ ပုတ္တေ စ၊ သားတို့ကိုလည်းကောင်း။ နတ္တာရော စ၊ မြေးတို့ကိုလည်းကောင်း။ ဣစ္ဆေယျာသိ၊ အလိုရှိပါသလား၊ မေးကြည့်တယ်နော်။

ထိုအချိန်အခါက သာဝတ္ထိနယ်ပယ်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူဦးရေက ၇ ကုဋေလောက် ရှိတယ်။ သန်းပေါင်း ၇၀ လောက် ရှိတယ်လို့ အဆိုရှိပါတယ်နော်။ အဲဒီသန်းပေါင်း ၇၀ လောက် ရှိနေတဲ့ အချိန်အခါကျတော့ အဲဒီသာဝတ္ထိမှာ ရှိနေတဲ့ လူသားတွေ ပမာဏလောက်ရှိတဲ့ သားတွေ၊ မြေးတွေကို သင်အလိုရှိသလားဆိုပြီးတော့ မေးကြည့်တာ။ မြေးမလေးတစ်ယောက် ဆုံးသွားတော့နော်... နောက်ထပ် အဲဒီလောက် များပြားနေတဲ့ မြေးတွေ၊ သားတွေ ရခဲ့ရင် လိုချင်ပါသလားလို့ မေးကြည့်တယ်။ ဘယ့်နှယ့်တုန်း ဒကာကြီးတွေ၊ ဒကာမကြီးတွေက လိုချင်ကြလားနော်။ ကဲ... လိုချင်တယ်ဆိုလို့ရှိရင်တော့ နည်းနည်း ထောက်ပြကြည့်ရအောင်နော်။

သူက ဝိသာခါကျောင်းအမကြီးပေါ့နော်။ ‘‘ဣစ္ဆေယျာဟံ, ဘဂဝါ ယာဝတိကာ သာဝတ္ထိယာ မနုဿာ တာဝတိကေ ပုတ္တေ စ နတ္တာရော စာ’’။ “ဘန္တေ” ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ ဘဂဝါ၊ ဘုန်းတော်ကြီးမြတ်တော်မူပါပေသော မြတ်စွာဘုရား။ အဟံ၊ ဘုရားတပည့်တော်မသည်။ ယာဝတိကာ၊ အကြင်မျှလောက်ကုန်သော။ သာဝတ္ထိယံ၊ သာဝတ္ထိမြို့၌။ မနုဿာ၊ လူသားတို့သည် သတ္တိရှိကြလေကုန်၏။ တာဝတိကေ၊ ထိုမျှလောက်ကုန်သော။ ပုတ္တေ စ၊ သားတို့ကိုလည်းကောင်း၊ သားသမီးတို့ကိုလည်းကောင်း။ နတ္တာရော စ၊ မြေးမြစ်တို့ကိုလည်းကောင်း။ ဣစ္ဆေယျ၊ အလိုရှိပါ၏။

သူ့ရဲ့ ဌာနပဲနော်။ မြတ်စွာဘုရား၊ သာဝတ္ထိမှာရှိတဲ့ လူဦးရေနှင့် ညီမျှနေတဲ့ သားတွေ၊ မြေးတွေ၊ မြစ်တွေကို တပည့်တော်မ အလိုရှိပါတယ်ဘုရားဆိုပြီးတော့ လျှောက်ထားတယ်။ ဒကာကြီးတွေ၊ ဒကာမကြီးတွေ မလိုချင်ဘူးလားဟင်။ ရမယ်ဆိုရင်ပေါ့လေနော်၊ ရနိုင်မယ်ဆိုလို့ရှိရင်တော့ လိုချင်တယ်ဆိုပြီးတော့ သူက လျှောက်ထားတယ်။

အဲ့ဒီအခါကျတော့မှ ဘုရားရှင်က သူ့ကို ပြန်ပြီးတော့ မေးတယ်နော်။ ဒီမေးခွန်းလေးက လူသားတွေ မေ့နေတာကို ပြန်ပြီးတော့ မြတ်စွာဘုရားက တို့ပြလိုက်တယ်နော်။ ‘‘ကီဝဗဟုကာ ပန, ဝိသာခေ, သာဝတ္ထိယာ မနုဿာ ဒေဝသိကံ ကာလံ ကရောန္တိ’’။ ဝိသာခေ၊ ချစ်သမီး ဝိသာခါ။ သာဝတ္ထိယံ၊ သာဝတ္ထိ၌။ ကတိ ပန မနုဿာ၊ အဘယ်မျှလောက်ကုန်သော လူသားတို့သည်။ ဒေဝသိကံ၊ နေ့စဉ် နေ့တိုင်း။ ကာလံ ကရောန္တိ၊ သေဆုံးနေကြပါကုန်သနည်း။ ဟော မေးပြီ။ “ချစ်သမီး ဝိသာခါ၊ သာဝတ္ထိမြို့သူမြို့သားတွေနဲ့ ညီမျှနေတဲ့ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေကို လိုချင်တယ်ဆိုလို့ရှိရင် ကဲ၊ သမီးကို ငါဘုရား မေးခွန်းတစ်ခု မေးမယ်။ ဒီသာဝတ္ထိမှာ လူတွေဟာ နေ့စဉ် နေ့စဉ် ဘယ်နှယောက်လောက်များ သေနေကြသလဲ” မေးကြည့်တယ်နော်။

အဲ့ဒီအခါကျတော့မှ ဝိသာခါကျောင်းအမကြီးက ဘာပြန်လျှောက်ထားလဲ။ “ဒသပိ, ဘန္တေ, သာဝတ္ထိယာ မနုဿာ ဒေဝသိကံ ကာလံ ကရောန္တိ၊ နဝပိ, ဘန္တေ… အဋ္ဌပိ, ဘန္တေ… သတ္တပိ, ဘန္တေ… ဆပိ, ဘန္တေ… ပဉ္စပိ, ဘန္တေ… စတ္တာရောပိ, ဘန္တေ… တီဏိပိ, ဘန္တေ… ဒွေပိ, ဘန္တေ, သာဝတ္ထိယာ မနုဿာ ဒေဝသိကံ ကာလံ ကရောန္တိ”။

သူက လျှောက်ထားပြီ။ မြတ်စွာဘုရား၊ သာဝတ္ထိမြို့မှာ နေ့စဉ် နေ့စဉ် သေနေတဲ့ လူသားတွေဟာ ဆယ်ယောက်လည်း ရှိတတ်ပါတယ်၊ ကိုးယောက်လည်း ရှိတတ်ပါတယ်၊ ရှစ်ယောက်လည်း ရှိတတ်ပါတယ်၊ ခုနစ်ယောက်လည်း ရှိတတ်ပါတယ်၊ ခြောက်ယောက်လည်း ရှိတတ်ပါတယ်၊ ငါးယောက်လည်း ရှိတတ်ပါတယ်၊ လေးယောက်လည်း ရှိတတ်ပါတယ်၊ သုံးယောက်လည်း ရှိတတ်ပါတယ်၊ နှစ်ယောက်လည်း ရှိတတ်ပါတယ်၊ တစ်ယောက်လည်း ရှိတတ်ပါတယ်နော်။ နေ့စဉ် နေ့စဉ်။ “အဝိဝိတ္တာ, ဘန္တေ, သာဝတ္ထိ မနုဿေဟိ ကာလံ ကရောန္တေဟိ”။ ဘန္တေ၊ ဘုန်းတော်အနန္တ ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ သာဝတ္ထိ၊ သာဝတ္ထိမြို့သည်။ ကာလံ ကရောန္တေဟိ၊ ကွယ်လွန်၍ သွားကြကုန်သော။ မနုဿေဟိ၊ လူသားတို့ဖြင့်။ အဝိဝိတ္တာ၊ ကင်းဆိတ်၍ မနေပါ။ မြတ်စွာဘုရား၊ ဒီသာဝတ္ထိမြို့ဟာ သေနေတဲ့ လူတို့ဖြင့် ကင်းဆိတ်တဲ့ နေ့ရယ်လို့ မရှိပါဘူးဘုရားဆိုပြီးတော့ လျှောက်ထားတယ်။

ဒီတော့ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေ၊ လင်တွေ၊ ဇနီးတွေပေါ့လေ၊ ဒါတွေတော့ လိုချင်ကြတယ်နော်။ မသာပို့ဖို့ကျတော့ လူတွေက မေ့မနေတတ်ဘူးလား။ မေ့နေတယ်။ ဒီအချက်လေးကို မြတ်စွာဘုရားက ဟောနေတယ်နော်။

အဲ့ဒီအခါကျတော့မှ “တံ ကိံ မညသိ, ဝိသာခေ, အပိ နု တွံ ကဒါစိ ကရဟစိ အနလ္လဝထ္ထာ ဝါ ဘဝေယျာသိ အနလ္လကေသာ ဝါ”။ ဝိသာခေ၊ ချစ်သမီး ဝိသာခါ။ တံ တွံ၊ ထိုငါဘုရား မေးမယ့်မေးခွန်းကို ချစ်သမီးသည်။ ကိံ မညသိ၊ အဘယ်သို့ အောက်မေ့မှတ်ထင် ယူဆသနည်း။ တွံ၊ ချစ်သမီးသည်။ ကဒါစိဟေတု၊ တစ်ရံတစ်ဆဆီမျှသော်လည်းပဲ။ အနလ္လဝတ္ထာ ဝါ၊ မစိုစွတ်သော အဝတ်ရှိသည်လည်းကောင်း။ အနလ္လကေသာ ဝါ၊ မစိုစွတ်သော ဆံပင်ရှိသည်လည်းကောင်း ဘဝတွေ ဖြစ်နိုင်ရပါသလား။

“အာ၊ ဒီလိုဆိုရင် တစ်နေ့ ဆယ်ယောက်လောက် သေမယ်ဆိုရင် မသာပို့ ဘယ်နှခေါက် လိုက်ရမလဲ။ ဆယ်ခေါက် လိုက်ရမယ်။ မသာပို့ ဆယ်ခေါက် လိုက်လို့ရှိရင် ရေထဲမှာဆင်းပြီး ဆယ်ကြိမ်လောက် ရေချိုးရမယ်ဆိုရင် သင်ချစ်သမီးရဲ့ အဝတ်တွေဟာ ခြောက်ပါဦးမလား။ သင်ချစ်သမီးရဲ့ ဆံပင်တွေဟာကော ခြောက်ပါဦးမလား။ သင်ချစ်သမီးရဲ့ အဝတ်တွေဟာ မစိုတဲ့အဝတ်လို့ ရှိနိုင်ပါဦးမလား။ ချစ်သမီးရဲ့ ဆံပင်တွေဟာလည်း မစိုတဲ့ဆံပင်တွေ ဖြစ်နိုင်ပါဦးမလား” ဆိုပြီးတော့ ဒီလိုမေးကြည့်တာ။ ဒကာကြီးတွေ၊ ဒီမေးခွန်းလေးက ပုံမှန် မဟုတ်ဘူးလား။ ပုံမှန်နေတယ်၊ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေတော့ ရတာကို လိုချင်ကြတယ်၊ မသာပို့လိုက်ဖို့ကျတော့ မေ့မနေတတ်ဘူးလား။ မေ့နေတယ်။

ဒါကြောင့် ဘုရားရှင်က ဘာဆက်ပြီး ဟောလဲ။ “နော ဟေတံ, ဘန္တေ။ အလံ မေ, ဘန္တေ, တာဝ ဗခုကေဟိ ပုတ္တေဟိ စ နတ္တာရေဟိ စာ”။ ဘန္တေ၊ ဘုန်းတော်ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ ဧတံ၊ ဤသို့ဖြစ်ရတာမျိုးကတော့ မဖြစ်သင့်တော့ပါဘူး (ဆံပင်တွေ မစိုဘူးဆိုတဲ့ ဒီသဘောတရားဟာလည်း မဖြစ်နိုင်တော့ပါဘူး ဘုရား)။ တပည့်တော်မသည် ဧတေဟိ၊ ထိုမျှလောက် များပြားကုန်သော။ ပုတ္တေဟိ စ၊ သားတို့ဖြင့်လည်းကောင်း။ နတ္တာရေဟိ စ၊ မြေးမြစ်တို့ဖြင့်လည်းကောင်း။ အလံ၊ အလိုမရှိတော့ပါဘုရား။

“ဒီလိုဆိုရင် တပည့်တော်မ မလိုချင်တော့ဘူးဘုရား” တဲ့ နော်။ ဒီလောက်များပြားနေတဲ့ သားတွေ၊ ဒီလောက်များပြားနေတဲ့ သမီးတွေ၊ ဒီလောက်များပြားနေတဲ့ မြေးတွေ၊ မြစ်တွေကို တပည့်တော်မ မလိုချင်တော့ဘူးဆိုပြီးတော့ ဖြစ်သွားတယ်နော်။

အဲ့ဒီအခါကျတော့မှ ဘုရားရှင်က ဆက်ပြီးတော့ တရားဟောတယ်။ ဘယ်လိုဟောလဲ။ “ယေသံ ခေါ, ဝိသာခေ, သတံ ပိယာနိ, သတံ တေသံ ဒုက္ခာနိ၊”။ ဝိသာခေ၊ ချစ်သမီး ဝိသာခါ။ ယေသံ ခေါ၊ အကြင်သတ္တဝါတို့အား။ သတံ ပိယာနိ၊ ချစ်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရတို့သည် အရာတစ်ရာ (၁၀၀) အကယ်၍ ရှိကြကုန်အံ့။ တေသံ၊ ထိုသတ္တဝါတို့အဖို့။ သတံ ဒုက္ခာနိ၊ အရာတစ်ရာသော ဆင်းရဲဒုက္ခတို့သည်။ ဘဝန္တိ၊ ဖြစ်ပေါ်၍ လာကြကုန်လတ္တံ့။ တို့ရဲ့သန္တာန်၌ ချစ်မြတ်နိုးကုန်သော သတ္တဝါ သင်္ခါရတို့သည် အရာတစ်ရာ အကယ်၍ ဖြစ်ကြအံ့၊ ထိုသူတို့ရဲ့သန္တာန်၌ ရာဂဏန်းကုန်သော ဆင်းရဲဒုက္ခတို့သည် ဖြစ်ပေါ်၍လာကြပေကုန်လတ္တံ့။ ဘယ်လောက်မှန်လဲ၊ မမှန်ဘူးလား။ မှန်နေတယ်နော်။

သတ္တဝါ သင်္ခါရတရားရှိတဲ့အခါ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါတရား ရှိခဲ့ရင်၊ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါတရားနဲ့ ပတ်သက်နေတဲ့ ဆင်းရဲဒုက္ခတွေ မတွေ့ရဘူးလား။ တွေ့ရလိမ့်မယ်။ သားတရားရှိရင် သားတရားနဲ့ ပတ်သက်တဲ့ ဆင်းရဲဒုက္ခ၊ သမီးတရားရှိရင် သမီးတရားနဲ့ ပတ်သက်တဲ့ ဆင်းရဲဒုက္ခ၊ မယားတရားရှိရင်လည်း မယားတရားနဲ့ ပတ်သက်တဲ့ ဆင်းရဲဒုက္ခ၊ လင်တရားရှိခဲ့ရင်လည်း လင်တရားနဲ့ ပတ်သက်တဲ့ ဆင်းရဲဒုက္ခ မတွေ့ရဘူးလား။ တွေ့ရမယ်နော်။ အဲ ရွှေတရားရှိလို့ရှိရင် ရွှေတရားနဲ့ ပတ်သက်တဲ့ ဆင်းရဲဒုက္ခ၊ ငွေတရားရှိရင်လည်း ငွေတရားနဲ့ ပတ်သက်တဲ့ ဆင်းရဲဒုက္ခ မတွေ့ရဘူးလား။ တွေ့ရမှာပဲနော်။

“ယေသံ နဝုတိ ပိယာနိ, နဝုတိ တေသံ ဒုက္ခာနိ”။ ယေသံ၊ အကြင်သတ္တဝါတို့ရဲ့ သန္တာန်၌။ နဝုတိ ပိယာနိ၊ ချစ်ခင်မြတ်နိုးအပ်သော သတ္တဝါ သင်္ခါရတို့သည် ကိုးဆယ် ရှိကြကုန်အံ့။ တေသံ၊ ထိုသတ္တဝါတို့ရဲ့ သန္တာန်၌။ နဝုတိ ဒုက္ခာနိ၊ ကိုးဆယ်ကုန်သော ဆင်းရဲဒုက္ခတို့သည်။ ဘဝန္တိ၊ ဖြစ်ပေါ်၍ လာကြပေကုန်လတ္တံ့။ အကြင်ပုဂ္ဂိုလ်တို့ရဲ့ သန္တာန်မှာ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရတွေ ကိုးဆယ် ရှိတယ်ဆိုရင် ထိုပုဂ္ဂိုလ်တို့ရဲ့ သန္တာန်၌ ဆင်းရဲဒုက္ခ ကိုးဆယ်လောက် ဖြစ်ပေါ်လာကြလိမ့်မယ်။

အလားတူပဲ ရှစ်ဆယ်ရှိခဲ့ရင်၊ ခုနစ်ဆယ်ရှိခဲ့ရင်၊ ခြောက်ဆယ်ရှိခဲ့ရင်၊ ငါးဆယ်ရှိခဲ့ရင်၊ လေးဆယ်ရှိခဲ့ရင်၊ သုံးဆယ်ရှိခဲ့ရင်၊ အစိတ်ရှိခဲ့ရင်၊ နှစ်ဆယ်ရှိခဲ့ရင်၊ တစ်ဆယ်ရှိခဲ့ရင်၊ ကိုးယောက်ရှိခဲ့ရင်၊ ရှစ်ယောက်ရှိခဲ့ရင်၊ ခုနစ်ယောက်ရှိခဲ့ရင်၊ ခြောက်ယောက်ရှိခဲ့ရင်၊ ငါးယောက်ရှိခဲ့ရင်၊ လေးယောက်ရှိခဲ့ရင်၊ သုံးယောက်ရှိခဲ့ရင်၊ နှစ်ယောက်ရှိခဲ့ရင်၊ တစ်ယောက်ရှိခဲ့မယ်ဆိုရင် တစ်ယောက်နဲ့ ထိုက်တန်တဲ့စာရင်း။

“ယေသံ ဧကံ ပိယံ၊ ဧကံ တေသံ ဒုက္ခံ၊ ”။

ယေသံ၊ အကြင်သတ္တဝါတို့ရဲ့ သန္တာန်၌။ ဧကံ ပိယံ၊ တစ်ဦးသောဝါ တစ်ခုသော ချစ်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရသည်။ အတ္ထိ၊ ရှိပေ၏။ တေသံ၊ ထိုသတ္တဝါတို့ရဲ့ သန္တာန်၌။ ဧကံ ဒုက္ခံ၊ တစ်ခုသော ဆင်းရဲသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ လာပေလိမ့်မယ်။

ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါ တစ်ယောက်ရှိရင် ထိုတစ်ယောက်နဲ့ ပတ်သက်တဲ့ ဆင်းရဲဒုက္ခ ဖြစ်ပေါ်လာမယ်။ မြတ်နိုးအပ်တဲ့ သင်္ခါရတရား တစ်ခုရှိခဲ့ရင် ထိုသင်္ခါရတရား တစ်ခုနဲ့ ပတ်သက်ပြီးတော့ ဆင်းရဲဒုက္ခ ဖြစ်ပေါ်လာမယ်နော်။

“ယေသံ နတ္ထိ ပိယံ၊ နတ္ထိ တေသံ ဒုက္ခံ”။

ယေသံ၊ အကြင်သတ္တဝါတို့ရဲ့ သန္တာန်၌။ ပိယံ၊ ချစ်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရသည်။ နတ္ထိ၊ မရှိပေ။ တေသံ၊ ထိုချစ်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရမရှိတဲ့ သတ္တဝါတို့ရဲ့ သန္တာန်၌။ ဒုက္ခံ၊ ဆင်းရဲဒုက္ခသည်။ နတ္ထိ၊ မရှိပေ။

အကြင်သတ္တဝါတို့ရဲ့ သန္တာန်မှာ ချစ်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရမရှိဘူး၊ ထိုသတ္တဝါတို့ရဲ့ သန္တာန်၌ ဆင်းရဲဒုက္ခဆိုတာလည်း မရှိနိုင်ဘူး။

“အသောကာ တေ ဝိရဇာ အနုပါယာသာတိ ဝဒါမီ”။

တေ၊ ထိုကဲ့သို့သော သတ္တဝါတို့ကို။ တေ၊ ထိုချစ်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရမရှိတဲ့ သတ္တဝါတို့ကို။ အသောကာ၊ စိုးရိမ်ပူဆွေးခြင်း မရှိကြတဲ့ သတ္တဝါတို့ဟူ၍လည်းကောင်း။ ဝိရဇာ၊ ကိလေသာအညစ်အကြေး ကင်းစင်၍ နေကြတဲ့ ပုဂ္ဂိုလ်တို့ဟူ၍လည်းကောင်း။ အနုပါယာသာ၊ ပြင်းစွာပူပန်ရခြင်း ဥပါယာသတရား ထင်ရှားမရှိတဲ့ ပုဂ္ဂိုလ်တို့ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူပါပေ၏။

အကြင်သတ္တဝါတို့ရဲ့ သန္တာန်မှာ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရ လုံးလုံးမရှိဘူး၊ ထိုကဲ့သို့ ချစ်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရမရှိတဲ့ သတ္တဝါတွေကို ငါဘုရားက စိုးရိမ်ပူဆွေးမှုမရှိတဲ့ သတ္တဝါလို့လည်း ဟောတယ်။ ကိလေသာအညစ်အကြေးတွေ ကင်းစင်နေတဲ့ သတ္တဝါတွေလို့လည်း ဟောပါတယ်။ ပူပန်မှု ဥပါယာသတရားတွေ ထင်ရှားမရှိတဲ့သူတွေလို့လည်း ငါဘုရားဟောတယ်နော်။

အဲ့ဒီအချိန်လေးမှာ ဘုရားရှင်က မိမိရဲ့ သန္တာန်ကို ပြန်ပြီး ဉာဏ်တော်မြတ်ဖြင့် ဆင်ခြင်ကြည့်တော်မူပါတယ်။ အဲ့ဒီလို ဆင်ခြင်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က သိပြီ။

“ယေ ကေစိ သောကာ ပရိဒေဝိတာ ဝါ၊ ဒုက္ခာ စ လောကသ္မိံ အနေကရူပါ၊ ပိယံ ပဋိစ္စ ပဘဝန္တိ ဧတေ၊ ပိယေ အသန္တေ န ဘဝန္တိ ဧတေ”။

ဘုရားရှင် ဥဒါန်းကျူးတယ်နော်။ မိမိသန္တာန်မှာ ပြန်ပြီး ဆင်ခြင်ကြည့်လိုက်တဲ့အချိန်မှာ ဒီလိုချစ်မြတ်နိုးတဲ့ စိတ်ဓာတ်တွေ၊ ချစ်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရတွေ မရှိတာကို လှမ်းပြီးကြည့်လိုက်တော့ ဝမ်းသာလွန်းလို့ ဘုရားရှင်က ဒီဂါထာလေးနှစ်ခု ဥဒါန်းကျူးတယ်နော်။

“ယေ ကေစိ သောကာ ပရိဒေဝိတာ ဝါ၊ ဒုက္ခာ စ လောကသ္မိမနေကရူပါ၊ ပိယံ ပဋိစ္စပ္ပဘဝန္တိ ဧတေ၊ ပိယေ အသန္တေ န ဘဝန္တိ ဧတေ။ တသ္မာ ဟိ တေ သုခိနော ဝီတသောကာ၊ ယေသံ ပိယံ နတ္ထိ ကုဟိဉ္စိ လောကေ၊ တသ္မာ အသောကံ ဝိရဇံ ပတ္ထယာနော၊ ပိယံ န ကယိရာထ ကုဟိဉ္စိ လောကေ”။

ဒီဂါထာလေး ဘုရားဟောတယ်နော်။ “ယေ ကေစိ သောကာ ပရိဒေဝိတာ ဝါ၊ ဒုက္ခာ စ ဧတေ၊ ပိယေ အသန္တေ န ဘဝန္တိ တေ”။

ယေ ကေစိ၊ အလုံးစုံကုန်သော။ သောကာ၊ စိုးရိမ်ပူဆွေးခြင်းတို့သည်လည်းကောင်း။ ပရိဒေဝိတာ၊ ငိုကြွေးမြည်တမ်းခြင်းတို့သည်လည်းကောင်း။ ဒုက္ခာ စ၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့သည်လည်းကောင်း။ လောကသ္မိံ၊ လောက၌။ အနေကရူပါ၊ အထွေထွေအပြားပြား များပြားလှစွာကုန်သော။ ယေ ကေစိ၊ ခပ်သိမ်းကုန်သော ဆင်းရဲဒုက္ခတို့သည် ရှိကြလေကုန်၏။

ဧတေ၊ ဤဆင်းရဲဒုက္ခအဝဝတို့သည်။ ပိယံ၊ ချစ်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရကို။ ပဋိစ္စ၊ အစွဲပြု၍။ ပဘဝန္တိ၊ ထင်ရှားဖြစ်ပွား၍ လာကြရလေကုန်၏။ ပိယေ၊ ချစ်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရသည်။ အသန္တေ၊ ထင်ရှားမရှိခဲ့ပါမူကား။ ဧတေ၊ ထိုဆင်းရဲဒုက္ခအဝဝတို့သည်။ န ဘဝန္တိ၊ ဘယ်တော့မှ မဖြစ်နိုင်ကြလေကုန်။

စဉ်းစားကြည့်စမ်း ဒကာကြီးတွေ၊ ဒကာမကြီးတွေ ဟုတ်သလား မဟုတ်ဘူးလား။ ဟုတ်နေတယ်နော်။ လောကမှာ ဖြစ်ပေါ်လာတဲ့ စိုးရိမ်မှုမှန်သမျှ၊ ငိုကြွေးမြည်တမ်းမှုမှန်သမျှ၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုမှန်သမျှ၊ တစ်ပါးမက များပြားလှတဲ့ ဒီဆင်းရဲမှုမှန်သမျှတွေဟာ ဘာကိုအခြေခံပြီး ဖြစ်ပေါ်လာရသလဲလို့ ပြန်ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရတွေကို အစွဲပြုပြီးတော့သာ ဖြစ်ပေါ်လာရတယ်။ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရတွေ ထင်ရှားမရှိတော့ဘူးဆိုရင် ထိုဆင်းရဲဒုက္ခတွေလည်း ဘယ်တော့မှ ထင်ရှားဖြစ်ပေါ်ပြီးတော့ မလာနိုင်ဘူးဆိုပြီးတော့ ဒီလိုဘုရားက ဥဒါန်းပြုတယ်နော်။

ဘာဖြစ်လို့လဲ။ “ဒုက္ခံ နာမေတံ ပိယဝတ္ထုနိမိတ္တံ၊ ယတ္တကာနိ ပိယဝတ္ထူနိ၊ တတ္တကာနိ ဒုက္ခာနိ။ တသ္မာ သုခကာမေန ဒုက္ခပ္ပဋိကူလေန သဗ္ဗသော ပိယဝတ္ထုတော စိတ္တံ ဝိဝေစေတဗ္ဗံ”။

ဧတံ ဒုက္ခံ နာမ၊ ဤဆင်းရဲဒုက္ခမည်သည်ကား။ ပိယဝတ္ထုနိမိတ္တံ၊ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရတည်းဟူသော ဝတ္ထုလျှင် အကြောင်းအရင်းခံ ရှိပေ၏။ ယတ္တကာနိ၊ အကြင်မျှလောက်ကုန်သော။ ပိယဝတ္ထူနိ၊ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရဝတ္ထုတို့သည် ရှိကြလေကုန်၏။ တတ္တကာနိ၊ ထိုမျှလောက်ကုန်သော။ ဒုက္ခာနိ၊ ဆင်းရဲဒုက္ခတို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ်၍ လာကြပေကုန်လတ္တံ့။

ဆင်းရဲဒုက္ခဆိုတာက ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရတည်ရာ ဝတ္ထုလျှင် အကြောင်းရင်းရှိနေတယ်။ အကြင်မျှလောက်သော ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါတွေ၊ ချစ်ခင်မြတ်နိုးအပ်တဲ့ သင်္ခါရတရားတွေ ထင်ရှားရှိလိမ့်မယ်ဆိုရင် ထိုသင်္ခါရတရား၊ ထိုသတ္တဝါတို့နှင့် ညီမျှနေတဲ့ ဆင်းရဲဒုက္ခတွေဟာ မချွတ်ဧကန် ဖြစ်ပေါ်လာကြလိမ့်မယ်။

တသ္မာ၊ ထိုကြောင့်။ သုခကာမေန၊ ချမ်းသာကို အလိုရှိသော။ ဒုက္ခပဋိကူလေန၊ ဆင်းရဲဒုက္ခကို စက်ဆုပ်ရွံရှာလျက်ရှိသော (ချမ်းသာကို အလိုရှိသော၊ ဆင်းရဲဒုက္ခကို ရွံရှာစက်ဆုပ်သော စိတ်ထားရှိသော) သူတော်ကောင်းသည်။ သဗ္ဗသော၊ အချိန်ခပ်သိမ်းအားဖြင့်။ ပိယဝတ္ထုတော၊ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရအာရုံမှ။ စိတ္တံ၊ စိတ်ကို။ ဝိဝေစေတဗ္ဗံ၊ လွတ်မြောက်စေထိုက်ပေ၏။

ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါ သင်္ခါရတွေကို အကြောင်းပြုပြီး ဆင်းရဲဒုက္ခဆိုတာ ဖြစ်ပေါ်လာတယ်။ ဒါကြောင့် ချမ်းသာကို အလိုရှိနေတဲ့၊ ဆင်းရဲကို ရွံရှာစက်ဆုပ်နေတဲ့ သူတော်ကောင်းမှန်ခဲ့မယ်ဆိုရင် ဘာဖြစ်လဲ။

အချင်းခပ်သိမ်းအားဖြင့် လုံးလုံးပေါ့၊ ချစ်ခင်မြတ်နိုးအပ်တဲ့ သူတစ်ပါးသင်္ခါရတွေမှ မိမိတို့ရဲ့ စိတ်ကို လွတ်မြောက်အောင် ကြိုးစားအားထုတ်သင့်တယ်။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ၊ ကြိုးစားကြမလား။ ဟင်၊ ဒါဖြင့် အိမ်ပြန်ဦးမလား။ ဟမ်၊ ပြန်—

မပြန်တော့ဘူး၊ အမ်၊ ရပြီ။ ကဲ၊ နောက်က ဒကာမကြီးတွေကို ဘယ်လိုလုပ်၊ ဟမ်၊ ကြိုးစားကြမလား။ အိမ်ပြန်ဦးမယ်၊ အဲ့ဒါပဲ။ မိမိတို့ရဲ့ စိတ်ကို ချစ်ခင်မြတ်နိုးနေတဲ့ သတ္တဝါသင်္ခါရဆိုတဲ့ ဒီအာရုံတွေမှ လွတ်မြောက်အောင် ကြိုးစားရမယ်။ ဘယ်လိုပုဂ္ဂိုလ်တွေ ကြိုးစားရမှာလဲ။

* သုခကာမေန၊ ချမ်းသာကို အလိုရှိသော၊

* ดုက္ခပဋိကူလေန၊ ဆင်းရဲဒုက္ခကို ရွံရှာစက်ဆုပ်လျက်ရှိသော သူတော်ကောင်းသည်။

ချမ်းသာကို လွတ်လွတ်တောင်းတနေတဲ့ သူတော်ကောင်း၊ ဆင်းရဲဒုက္ခကို ရွံရှာစက်ဆုပ်နေတဲ့ သူတော်ကောင်း မှန်ခဲ့ရင်တော့ ကြိုးစားအားထုတ်ပါ။ ပြောင်းပြန်လှန်လိုက်ပေါ့။ ဆင်းရဲကို အလိုရှိနေတဲ့ သူတော်ကောင်း၊ ဒုက္ခကို ရွံရှာစက်ဆုပ်မှုမရှိတဲ့ သူတော်ကောင်းတော့ ဘာလုပ်ရမလဲ။ မကြိုးစားနဲ့လို့ ပြောနေတယ်။

ကဲ၊ ဒကာကြီးတွေ ချမ်းသာကို အလိုရှိသလား မရှိဘူးလား မေးရင် ဘယ်လိုဖြစ်မလဲ။ အလိုရှိတယ်လို့ ဖြေမယ်။ ဆင်းရဲဒုက္ခကို ရွံရှာစက်ဆုပ်သလား မစက်ဆုပ်ဘူးလားလို့ မေးရင်ရော။ စက်ဆုပ်တယ်၊ ဟန်ကျပြီ။

ကဲ၊ ချမ်းသာကို အလိုရှိလို့ ဆင်းရဲဒုက္ခကို ရွံရှာစက်ဆုပ်တာ မှန်ခဲ့ရင်တော့ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါသင်္ခါရ၊ ဒီမှ မိမိတို့ရဲ့ စိတ်ဓာတ်ကို လွတ်မြောက်အောင် ကြိုးစားပါ။ ဘယ်လိုကြိုးစားရမလဲ။ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ဖြိုးဖြိုးစင်စင် တကယ်ဖြစ်ပြီးတော့ မိမိတို့ရဲ့ စိတ်ဓာတ်ကို အရဟတ္တဖိုလ်ရေစင်ဖြင့် စင်ကြယ်အောင် ဆေးကြောသုတ်သင်နိုင်တဲ့ အဆင့်အထိ ကြိုးစားပါ။

အဲ့ဒီအချိန်မှာ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါသင်္ခါရ၊ ဝတ္ထုအမျိုးမျိုးအပေါ်၌ နှစ်သက်မြတ်နိုးနေတဲ့ ဒီစိတ်ဓာတ်တွေ အပြီးတိုင် ဖြူစင်သွားလိမ့်မယ်။ အပြီးတိုင် ထိုသတ္တဝါသင်္ခါရဆိုတဲ့ အာရုံတွေမှလည်း လွတ်မြောက်ပြီးတော့ သွားပေလိမ့်မယ်။ အဲ့ဒီအဆင့်အထိ ကြိုးစားပါလို့ တိုက်တွန်းလို။ မြတ်စွာဘုရားက ဒီဂါထာလေးတွေ ဟောနေတယ်နော်။

“ယေ ကေစိ သောကာ ပရိဒေဝိတာ ဝါ၊ ဒုက္ခာ စ လောကသ္မိမနေကရူပါ၊ ပိယံ ပဋိစ္စပ္ပဘဝန္တိ ဧတေ၊ ပိယေ အသန္တေ น ဘဝန္တိ ဧတေ”။

ဧတေ၊ ဤခပ်သိမ်း အလုံးစုံကုန်သော။ သောကာ စ၊ စိုးရိမ်ပူဆွေးခြင်း သောကတရားတို့သည်လည်းကောင်း။ ပရိဒေဝိတာ ဝါ၊ Ngိုကြွေးမြည်တမ်းခြင်း ပရိဒေဝတရားတို့သည်လည်းကောင်း။ လောကသ္မိံ၊ လောက၌။ အနေကရူပါ၊ တစ်ပါးမက များပြားလှကုန်သော။ ဒုက္ခာ စ၊ ကိုယ်ဆင်းရဲခြင်း ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဒေါမနဿတရားတို့သည်လည်းကောင်း။ ပိယံ၊ ချစ်မြတ်နိုးအပ်တဲ့ သတ္တဝါသင်္ခါရကို။ ပဋိစ္စ၊ အစွဲပြု၍။ ပဘဝန္တိ၊ ဖြစ်ပေါ်၍ လာကြလေကုန်၏။

သားလေး ဘာဖြစ်နေပြီ၊ ဆေးရုံတက်နေရတယ်လေ။ သမီးလေး ဘာဖြစ်နေပြီ၊ ဆေးရုံတက်နေရတယ်။ ဟော၊ စိုးရိမ်မှုတွေ၊ ပူဆွေးမှုတွေ ဖြစ်ပေါ်မလာဘူးလား။ ဖြစ်ပေါ်လာပြီ။ ဘာကို အခြေခံလဲ။ သားအပေါ် ချစ်မြတ်နိုးမှု၊ သမီးအပေါ် ချစ်မြတ်နိုးမှု အခြေခံနေတယ်။

အယ်၊ တပည့်တော်တို့ ပြန်မှဖြစ်မယ်ထင်တယ်။ အိမ်မှာ အဖွားကြီး တစ်ယောက်တည်း၊ ပြုစုမယ့် ပုဂ္ဂိုလ်က မရှိဘူးတဲ့၊ ဟုတ်တယ်မလား။ ဘာကို အခြေခံလဲ။ ချစ်ခင်မြတ်နိုးမှုဆိုတဲ့ သတ္တဝါသင်္ခါရအပေါ်၌ ချစ်ခင်မြတ်နိုးမှုဆိုတဲ့ သဘောတရားကို အခြေခံနေတယ်။

ဒါကြောင့် ပိယံ၊ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါသင်္ခါရကို။ ပဋိစ္စ၊ အစွဲပြု၍။ ပဘဝန္တိ၊ ဖြစ်ပေါ်၍ လာကြလေကုန်၏။ ပိယေ၊ ချစ်မြတ်နိုးအပ်တဲ့ သတ္တဝါသင်္ခါရသည်။ အသန္တေ၊ ထင်ရှားမရှိခဲ့သော်။ ဧတေ၊ ထိုဆင်းရဲဒုက္ခတို့သည်။ န ဘဝန္တိ၊ ဖြစ်ပေါ်၍ လာမလာကြလေကုန်။

“တသ္မာ ဟိ တေ သုခိနော ဝီတသောကာ၊ ယေသံ ပိယံ နတ္ထိ ကုဟိဉ္စိ လောကေ၊ တသ္မာ အသောကံ ဝိရဇံ ပတ္ထယာနော၊ ပိယံ န ကယိရာထ ကုဟိဉ္စိ လောကေ”

လောကေ၊ လောက၌။ ယေသံ၊ အကြင်သတ္တဝါတို့အား။ ကုဟိဉ္စိ၊ တစ်စုံတစ်ခုသော တရားအပေါ်၌။ ပိယံ၊ ချစ်မြတ်နိုးခြင်းသည်။ နတ္ထိ၊ မရှိပေ။ တေ၊ ထိုသူတော်ကောင်းတို့သည်။ သုခိနော၊ ချမ်းသာခြင်း ရှိကြကုန်သည်။ ဝီတသောကာ၊ စိုးရိမ်ခြင်းကင်းကုန်သည်။ ဘဝန္တိ၊ ဖြစ်ကြပေကုန်လတ္တံ့။

ယေသံ၊ အကြင်သတ္တဝါတို့ရဲ့ သန္တာန်၌။ ပိယံ၊ ချစ်မြတ်နိုးခြင်းသည်။ နတ္ထိ၊ မရှိပေ။ တေ၊ ထိုသတ္တဝါတို့သည်။ သုခိနော၊ ချမ်းသာခြင်းရှိသည်ဖြစ်၍။ ဝီတသောကာ၊ စိုးရိမ်ခြင်းတည်းဟူသော ငြောင့်ကို နှုတ်ပယ်အပ်ပြီးကုန်သည်။ ဘဝန္တိ၊ ဖြစ်ကြပေကုန်လတ္တံ့။

တသ္မာ၊ ထိုကြောင့်။ အသောကံ၊ စိုးရိမ်ခြင်းမရှိသော။ ဝိရဇံ၊ ကိလေသာအမြှေးအညစ်အကြေးကင်းသော နိဗ္ဗာန်ချမ်းသာမြတ်ကြီးကို။ ပတ္ထယာနော၊ လိုလားတောင်းတလျက်ရှိသော အမျိုးကောင်းသား အမျိုးကောင်းသမီးသည်။ လောကေ၊ လောက၌။ ကုဟိဉ္စိ၊ တစ်စုံတစ်ခုသော သတ္တဝါသင်္ခါရအာရုံပေါ်၌သော်လည်းပဲ။ ပိယံ၊ ချစ်မြတ်နိုးခြင်းကို။ န ကယိရာထ၊ မပြုလုပ်ရာသတည်း။

လောကမှာ ချစ်မြတ်နိုးတဲ့ သတ္တဝါသင်္ခါရအာရုံ မရှိဘူး၊ ထိုချစ်မြတ်နိုးအပ်တဲ့ သတ္တဝါသင်္ခါရအာရုံ မရှိတဲ့ သတ္တဝါတွေရဲ့ သန္တာန်မှာ ချမ်းသာခြင်းရှိတယ်၊ သောကတည်းဟူသော ငြောင့်များကိုလည်း နှုတ်ပယ်ပြီး ဖြစ်နေတယ်။ ဒါကြောင့် စိုးရိမ်ခြင်းသောကတရားမရှိတဲ့၊ ချစ်မြတ်နိုးခြင်း ရာဂအစရှိတဲ့ ကိလေသာအညစ်အကြေးတွေ ကင်းစင်နေတဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီးကို လိုလားတောင်းတတဲ့ ပုဂ္ဂိုလ်သာ မှန်ခဲ့မယ်ဆိုရင် လောကမှာ မည်သည့်သတ္တဝါသင်္ခါရအာရုံအပေါ်၌သော်လည်းပဲ ချစ်မြတ်နိုးခြင်းဆိုတဲ့ သဘောတရားကို မပြုသင့် မပြုထိုက်ပါဘူးဆိုပြီးတော့ ဒီလို မြတ်စွာဘုရားက ဥဒါန်းကျူးရင့်တယ်နော်။

အဲ့ဒီဥဒါန်းကျူးရင့်ရင်းနဲ့ ဒီတရားဂါထာဒေသနာတော်နှင့်တကွ ဒီသုတ္တန်ဒေသနာတော်ကို ကြားလိုက်ရတဲ့ အချိန်အခါမှာ ဒီဝိသာခါကျောင်းအမကြီးရဲ့ စိတ်ဓာတ်တွေက အနည်းငယ်တော့ ကြည်လင်မသွားဘူးလား။ ကြည်လင်သွားတယ်။ ဒါကြောင့် သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားတော်ကို နာရခြင်းသည် မင်္ဂလာရှိတယ်၊ မင်္ဂလာရှိတယ်ဆိုတာက ဘာပြောတာလဲ။

ဒီလို စိုးရိမ်မှု၊ ပူဆွေးမှုတွေ၊ ငိုကြွေးမှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်အခါမှာ ဒီလိုတရားတွေကို နာလိုက်ရတဲ့အတွက် စိတ်ဓာတ်တွေ ကြည်လင်သွားပြီး ဆွေးမြေ့၊ စိုးရိမ်၊ ပူဆွေး၊ ငိုကြွေးနေတဲ့ ဒေါသပြဋ္ဌာန်းနေတဲ့ အကုသိုလ်တရားတွေကို ပယ်ရှားပြီး ဖြစ်မသွားဘူးလား။ ဖြစ်သွားတယ်။ အကုသိုလ်တရားတွေကို ပယ်ရှားနိုင်တဲ့ စွမ်းအင်လေးတွေ ထိုတရားနာခြင်းကြောင့် ဖြစ်ပေါ်လာရတယ်။ ဖြစ်ပေါ်လာရတဲ့အတွက် မင်္ဂလာ၊ ဒီတရားနာခြင်းကို မင်္ဂလာလို့ ခေါ်တယ်။

ဘာဖြစ်လို့လဲ။ "မင်္ဂံ ပါပံ လုနာတိ ဆိန္ဒတိ" ဆိုတဲ့ အတိုင်းပေါ့နော်။ မကောင်းမှု အကုသိုလ်တွေကို ဖြတ်တောက်တတ်တဲ့ စွမ်းအင် ထိုတရားနာကြားမှုဆိုတဲ့ ကုသိုလ်စေတနာမှာ မရှိဘူးလား၊ ရှိနေတယ်။ ဒါကြောင့် တစ်ခါတရံ တရားတော်ကို နာယူခြင်းသည် မင်္ဂလာဖြစ်တယ်လို့ ဟောတယ်။ နောက်တစ်ခု၊ ဒိဋ္ဌိဇုကမ္မ — သမ္မာဒိဋ္ဌိဉာဏ်ကိုလည်း ဖြောင့်မတ်အောင် ပြုလုပ်ပေးတတ်တယ်။ ကင်္ခါဝိတရဏ — သံသယဖြစ်ခြင်း ဝိစိကိစ္ဆာတရားတွေကိုလည်း ကျော်လွှာလွန်မြောက်အောင် ပြုလုပ်ပေးနိုင်တဲ့ စွမ်းအား ဒီတရားတော်မှာ ရှိပါတယ်။ ဒါကြောင့် တစ်ခါတည်း တရားတော်ကို နာယူသင့်တယ်။

အထင်အရှားဆုံး ပုံစံလေးကတော့နော်၊ ဒီနေရာလေးမှာ ခုနကသုတ္တန်ရဲ့ အဋ္ဌကထာမှာ မှာထားတယ်။ မှာထားတာက ဘယ်လိုလဲလို့ မေးရင်တော့ —

အန္တမသော သမထဝိပဿနာဓမ္မေပိ ပိယံ ပိယဘာဝံ ဝိယာယနံ န ကယိရာထ န ဥပ္ပါဒေယျ။

တစ်စုံတစ်ခုသော တရား၊ မှတ်ခုနက ဂါထာလေးမှာ နည်းနည်း ပြောစရာလေး ကျန်သွားလို့နော်။ "ပိယံ န ကယိရာထ ကုဟိဉ္စိ လောကေ" ဆိုပြီး ဘုရားက ဟောထားတယ်။ လောကမှာပဲ မည်သည့်တရားအပေါ်၌သော်လည်း ချစ်မြတ်နိုးခြင်းကို မပြုသင့်ပါဘူး၊ မည်သည့်တရား၊ မည်သည့်သတ္တသင်္ခါရအာရုံအပေါ်၌သော်လည်း ချစ်မြတ်နိုးခြင်းကို မပြုသင့်ဘူးဆိုတော့ ဘယ်တရားကိုမှ၊ ဘယ်သတ္တသင်္ခါရအာရုံကိုမှ ချစ်မြတ်နိုးခြင်း မပြုသင့်ဘူးဆိုတော့ အဲ့ဒီတရားတွေထဲမှာ ဘယ်တရားအထိ ပါသလဲလို့ မေးတော့မှ —

အန္တမသော သမထဝိပဿနာဓမ္မေပိ ပိယံ ပိယဘာဝံ ဝိယာယနံ န ကယိရာထ န ဥပ္ပါဒေယျ။ — အနိမ့်ဆုံးအပိုင်း အယုတ်ဆုံးအားဖြင့် သမထတရား၊ ဝိပဿနာတရားတို့အပေါ်၌သော်လည်းပဲ ပတ်သက်ပြီးတော့ ပိယံ — ချစ်မြတ်နိုးခြင်းကို၊ န ကယိရာထ — မပြုလုပ်သင့် မပြုလုပ်ထိုက်ပါ၊ မဖြစ်ပေါ်စေရ။

အောက်ထစ်အားဖြင့် သတ္တဝါတွေအပေါ် မဆိုထားနဲ့၊ မိမိပိုင်နေတဲ့ သက်မဲ့သင်္ခါရခေါ်တဲ့ ပစ္စည်းဝတ္ထုအစုစုကို မဆိုထားနဲ့၊ မိမိပွားများအားထုတ်နေတဲ့ သမထ၊ ဝိပဿနာတရားတွေအပေါ်၌လည်း ချစ်မြတ်နိုးခြင်းကို မဖြစ်ပါစေနဲ့။ ဒါ ဘယ်တရားကိုမှ မဖြစ်နဲ့၊ ဘယ်တရားကိုမှ မမြတ်နိုးနဲ့၊ ဒါ ပြောနေတာ။ ဘာဖြစ်လို့လဲ။

ငါက သမထတရားတွေ၊ ဆိုကြပါစို့ ဈာန်တရားတွေကို ချစ်မြတ်နိုးနေခဲ့မယ်ဆိုလို့ရှိရင် အဲ့ဒီဈာန်တရားတွေက ဗြဟ္မာပြည်ကို ရောက်စေနိုင်တဲ့ စွမ်းအားရှိတယ်၊ မလျှောကျခဲ့ရင်နော်။ ဝိပဿနာတရားတွေကို ချစ်မြတ်နိုးနေမယ်ဆိုလို့ရှိရင် အဲ့ဒီဝိပဿနာတရားတွေက တဏှာခြံရံထားတယ်၊ တဏှာခြံရံနေတဲ့ ဒီဝိပဿနာဉာဏ်တွေကလည်း တခြားတခြားကံတွေက အကျိုးပေးဖို့ရန် ခွင့်မသင့်ရင် ဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိနေတယ်နော်။

နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ၊

စေတနာသုတ္တန်မှာ ဘုရားဟောထားတယ်၊ မိမိက ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အချိန်အခါမှာ ဘဝတစ်ခုကို ဖြစ်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်မရှိဘူး၊ ကြံစည်စိတ်ကူးမှုလည်း မရှိဘူး၊ ထားနော်။ ဒါပေမဲ့လို့ အထ စေ အနုသေတိ — အနုသယဓာတ်တွေက မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်လျက် ရှိနေသေးရင်လည်း အာရမ္မဏမေတံ ဟောတိ ဝိညာဏ်သန္တာန်တည်ဖို့ရန်၊ ဒီလို အနုသယကိန်းဝပ်သည်ပင်လျှင် နောင်တဖန် ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအင်အပြည့်အဝရှိနေတဲ့ ကမ္မဝိညာဏ်တည်ဖို့ရန် အကြောင်းတစ်ခု ဖြစ်တယ်လို့ ဒီလို ဘုရားဟောထားတယ်။

အဲ့ဒီစေတနာသုတ္တန် အဋ္ဌကထာကလည်း ဒီနေရာမှာ ဝိပဿနာဉာဏ်ကို ရည်ရွယ်ပြီးတော့ ဘုရားရှင်ဟောနေတဲ့အကြောင်း ဖွင့်ဆိုထားပါတယ်နော်။ ဒီတော့ မိမိက ဒီဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အချိန်အခါမှာ ဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိစေရမယ်ဆိုတဲ့ ဒီလိုရည်ရွယ်ချက်၊ ဦးတည်ချက်မရှိပေမယ့်လို့ မိမိက အနုသယဓာတ်တွေကို ပယ်နိုင်တဲ့ စွမ်းအင်မရှိသေးဘူးဆိုလို့ရှိရင် အနုသယဓာတ် ထင်ရှားရှိနေခြင်းသည်ပင်လျှင် ဘဝတစ်ခုကို ဖြစ်စေနိုင်တဲ့၊ ရောက်စေနိုင်တဲ့ စွမ်းအင်လေးတွေ အသင့်ရှိနေခြင်းနဲ့ အတူတူပဲ။ ဒါကြောင့် ဒီဝိပဿနာကံတွေကလည်း တခြားတစ်ခြားကံတွေက အကျိုးပေးဖို့ရန် အခွင့်မသင့်ဘူးဆိုလို့ရှိရင် ဘဝတစ်ခုကို ဖြစ်စေနိုင်တဲ့ စွမ်းအား ဒီဝိပဿနာဉာဏ်တွေမှာလည်း၊ ဝိပဿနာကံတွေမှာလည်း ထင်ရှားရှိနေတယ်လို့ ဒီလိုဖွင့်ထားတယ်။

အဲ့ဒါကြောင့် မိမိပွားများအားထုတ်နေတဲ့ သမထဘာဝနာ၊ မိမိပွားများအားထုတ်နေတဲ့ ဝိပဿနာဘာဝနာဆိုတဲ့ ဒီဘာဝနာတရားတွေအပေါ်၌သော်လည်းပဲ ချစ်မြတ်နိုးခြင်းကို မဖြစ်ပါစေနဲ့။ ဘာဖြစ်လို့လဲ။ အဲ့ဒီချစ်မြတ်နိုးမှုဆိုတဲ့ သဘောတရားဟာ ဝိပဿနာဘာဝနာ၊ သမထဘာဝနာ ပွားနေတဲ့အခါမှာ မရှိပေမယ့်လို့၊ ပွားပြီးတဲ့အခါကျတော့ မိမိရဲ့ သမထဘာဝနာ၊ ဝိပဿနာဘာဝနာလေးကို ပြန်အာရုံယူပြီးတော့ ချစ်မြတ်နိုးမှုဆိုတာ ဖြစ်ပေါ်မလာဘူးလား၊ ဖြစ်ပေါ်လာတယ်။

အဲဒီချစ်မြတ်နိုးမှုသည် သမထကို ဈာန်ဝင်စားနေတဲ့ အချိန်အခါ ဆိုကြပါစို့နော်၊ ဝိပဿနာတွေကို နှလုံးသွင်းနေတဲ့ အချိန်အခါမှာ ထင်ရှားမဖြစ်ပေမယ့်လို့ ဖြစ်နိုင်တဲ့ စွမ်းအင်သည် ထိုသမထကို ဝင်စားနေတဲ့ အချိန်အခါ၊ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အချိန်အခါမှာ ဒီစွမ်းအင်လေး ရှိနေတယ်ဆိုတာ lock မချရဘူးလား၊ လက်ခံရတယ်။

ဘာဖြစ်လို့လဲ။ ခုဏအချိန်အခါမှာ သရက်ပင်တွေ ကြည့်လိုက်၊ သရက်သီး မရှိဘူး။ မရှိပေမယ့်လို့ နောက်တစ်ချိန် ရေ၊ မြေ၊ ဥတု အစရှိတဲ့ အကြောင်းတရားတွေ ညီညွတ်ခဲ့ရင် ဒီတရားမှာ အသီးဆိုတဲ့ ဟောတရားတစ်ခု ပေါ်လာတာ မတွေ့နိုင်ဘူးလား၊ တွေ့နိုင်တယ်။ တွေ့နိုင်တယ်ဆိုလို့ရှိရင် ဒီအချိန်ခါမှာ သရက်ပင်မှာ သရက်သီး မရှိပေမယ့်လို့ သရက်သီးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်သည် ဒီသရက်ပင်အတွင်းမှာ တည်ရှိနေတယ်ဆိုတာတော့ လက်မခံနိုင်ဘူးလား၊ လက်ခံရတယ်။

အဲ့ဒီပုံစံအတိုင်းပဲ သမထဘာဝနာ၊ ဝိပဿနာဘာဝနာတွေကို ပွားများနေတဲ့ အချိန်အခါလေးမှာ ဒီသမထဘာဝနာ၊ ဝိပဿနာဘာဝနာတွေအပေါ်၌ ချစ်မြတ်နိုးမှုတွေ မရှိပေမယ့်လို့ ချစ်မြတ်နိုးမှုကို ဖြစ်စေနိုင်တဲ့ စွမ်းအင်လေးတွေက သမထဘာဝနာ၊ ဝိပဿနာဘာဝနာ ပွားများတဲ့ အချိန်အခါမှာလည်း ထင်ရှား အနုသယဓာတ်အနေနဲ့ ထင်ရှားရှိနေတယ်။ အငုတ်ဓာတ်အနေနဲ့ ရှိနေတဲ့အတွက်ကြောင့် သမထဘာဝနာ၊ ဝိပဿနာဘာဝနာတွေ ပွားများပြီးပြီ၊ ထိုပုဂ္ဂိုလ်က နောက်တစ်ချိန် မိမိရဲ့ သမထဘာဝနာ၊ ဝိပဿနာဘာဝနာကို ပြန်အာရုံယူပြီးတော့ —

"ဪ၊ ငါ ဒီနေ့ ထိုင်လို့ သိပ်ကောင်းတာပဲနော်၊ ငါ့သမာဓိ ဒီနေ့ တော်တော်လေး ဟန်ကျသွားပြီ၊ ငါ ဒီနေ့ တစ်နာရီခွဲလောက်အထိ စတုတ္ထဈာန်ကို ဝင်စားလို့ရတယ်၊ ငါ ဒီနေ့ ဝိပဿနာဘာဝနာရှုလို့ သိပ်ကောင်းတယ်" ဆိုပြီးတော့ မိမိရဲ့ သမထဘာဝနာ၊ ဝိပဿနာဘာဝနာတွေကို ပြန်ပြီး ချစ်မြတ်နိုးမှု ဖြစ်ပေါ်မလာတတ်ဘူးလား၊ ဖြစ်ပေါ်လာတတ်တယ်။ အဲ့ဒီအနုသယဓာတ်က ဘဝတစ်ခုကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိနေတယ်။

ဒါကြောင့် ဘုရားရှင်က အန္တမသော သမထဝိပဿနာဓမ္မေပိ ပိယံ ပိယဘာဝံ ဝိယာယနံ န ကယိရာထ န ဥပ္ပါဒေယျ။ အန္တမသော အယုတ်ဆုံးအားဖြင့် သမထဝိပဿနာဓမ္မေသုပိ သမထဘာဝနာတရား၊ ဝိပဿနာဘာဝနာတရားတို့အပေါ်၌သော်လည်းပဲ ပိရိယာဘာဝိယနာ ချစ်မြတ်နိုးခြင်းကို နိဒါနံ မပြုလုပ်လေလင့်၊ ဂဟိတံ မပြုလုပ်ကြကုန်ရာ၊ ဥပ္ပါဒေ မဖြစ်ပေါ်စေနှင့်။

ဘာဖြစ်လို့လဲ။ "ကုလ္လူပမံ ဝေါ, ဘိက္ခဝေ, ဓမ္မံ ဒေသိတံ, အာဇာနန္တေဟိ ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ ပဂေဝ အဓမ္မာ။" ဘုရားဟောထားတာနော်။ မဇ္ဈိမနိကာယ် စာမျက်နှာ ၁၈ ဆိုကြပါစို့၊ မူလပဏ္ဏာသပါဠိတော်မှာ ဘုရားဟောထားတယ်။ ဘယ်လိုလဲ။ "ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ ပဂေဝ အဓမ္မာ"။ ბိက္ခဝေ — ချစ်သားရဟန်းတို့၊ ဓမ္မာပိ — ဓမ္မသဘောတရားတို့ကိုလည်းပဲ၊ ပဟာတဗ္ဗာ — ပယ်အပ်ကုန်၏။ အဓမ္မာ — အဓမ္မတရားတို့ကိုကား၊ ပဂေဝ — အပါယ်မှာလျှင် ဆိုးဖွယ်ရှိနိုင်ကြပါကုန်အံ့နည်း။ နည်းနည်း ချစ်သားရဟန်းတို့၊ ဓမ္မကိုတော့ ချစ်သားတို့ ပယ်နိုင်အောင် ကြိုးစားပါ၊ အဓမ္မဆိုတာကတော့ ပြောမလိုတော့ဘူးလို့ ဒီလို ဘုရားဟောထားတယ်။

ဒါကြောင့် ဘုရားရှင်အနေနဲ့ကတော့ မည်သည့်တစ်စုံတစ်ခုသော တရားအပေါ်၌မျှ ချစ်ခင်မြတ်နိုးမှုဖြစ်တာကို မနှစ်ခြိုက်ဘူး။ ဘာဖြစ်လို့လဲ။ "ပိယတော ဇာယတီ သောကော, ပိယတော ဇာယတီ ဘယံ၊ ပိယတော ဝိပ္ပမုတ္တဿ, နတ္Filling သောကော ကုတော ဘယံ။"။ ချစ်ခင်မြတ်နိုးမှု ရှိခဲ့မယ်ဆိုရင် ဘေးဒုက္ခမျိုး ပေါ်လာတတ်တယ်။

ဘာဘေးဒုက္ခတွေ ပေါ်မလဲ။ ပိယတော ဘယံ — မြတ်နိုးမှုကြောင့် ဘေးဒုက္ခတွေ ပေါ်မယ်ဆိုတာက အနည်းဆုံးအားဖြင့် ဒီလို ချစ်ခင်မြတ်နိုးမှု ရှိနေတဲ့ သတ္တဝါရဲ့ သန္တာန်မှာ ဘဝတစ်ခုဆိုတာကတော့ နောက်ထပ် ပေါ်မလာဘူးလား။ ပေါ်လာမယ်။ ဘဝတစ်ခုဆိုတာ ပေါ်လာပြီဆိုလို့ရှိရင် ပဋိသန္ဓေနေရတဲ့ ဘေးဆိုးကြီးနဲ့ မတွေ့ရဘူးလား။ တွေ့ရမယ်။ အိုဘေးဆိုးကြီးနဲ့ တွေ့ရမယ်။ နာဘေးဆိုးကြီးနဲ့ တွေ့ရမယ်။ သေဘေးဆိုးကြီးနဲ့ တွေ့ရမယ်။ မိမိက ရာဂမကင်းသေးဘူးဆိုရင် စိုးရိမ်ရတဲ့ဒုက္ခ၊ ပူဆွေးရတဲ့ဒုက္ခ၊ ငိုကြွေးရတဲ့ဒုက္ခ၊ ကိုယ်ဆင်းရဲရတဲ့ဒုက္ခ၊ စိတ်ဆင်းရဲရတဲ့ဒုက္ခ၊ ပြင်းစွာပူပန်ရတဲ့ဒုက္ခဆိုတဲ့ ဘေးဆိုးကြီးတွေလည်း မတွေ့ရဘူးလား။ တွေ့ရလိမ့်မယ်။

ဒီထဲမှာ မိမိက ရာဂ ဒေါသ မောဟ မကင်းသေးရင် ရာဂမီး အလောင်မြိုက် ခံရမယ်၊ ဒေါသမီးတွေ အလောင်မြိုက် ခံရမယ်၊ မောဟမီးတွေ အလောင်မြိုက် ခံရမယ်။ မာန်မာန၊ ဣဿာ၊ မစ္ဆရိယဆိုတဲ့ ဒီမီးတွေ တောက်လောင်နေတဲ့ ဒဏ်ချက်ကို မိမိမခံရဘူးလား။ ခံရမယ်။ အဲ့ဒီမီးတွေ တစ်ဟုန်တောက်လောင်ပြီးတော့ ဘဝတစ်ခု အဆုံးသတ်သွားခဲ့ရရင် နောက်ထပ် အပါယ်သံသရာဝဋ်ဆင်းရဲ ဒုက္ခဘေးဆိုးကြီးကလည်း မိမိကိုကြည့်ပြီး ကြိုမနေဘူးလား။ ကြိုနေလိမ့်မယ်။

ဒါကြောင့် "ပိယတော ဇာယတီ သောကော, ပိယတော ဇာယတီ ဘယံ၊" ချစ်ခင်မြတ်နိုးမှုကို အကြောင်းခံပြီး စိုးရိမ်ပူဆွေးမှု သောကတရား ဖြစ်ရတယ်၊ မြတ်နိုးမှုကို အကြောင်းခံပြီးတော့ ဘေးဒုက္ခမျိုးတွေ ဖြစ်ရတတ်ပါတယ်။ "ပိယတော ဝိပ္ပမုတ္တဿ, နတ္ထိ သောကော ကုတော ဘယံ။" ချစ်ခင်မြတ်နိုးမှု ပိယတရားမှ လွတ်မြောက်သွားတဲ့ ပုဂ္ဂိုလ်အဖို့ ဘယ်မှာ ဘေးဒုက္ခဆိုတာ ရှိတော့မလဲ။ ဘေးဒုက္ခ၊ စိုးရိမ်မှု၊ ပူဆွေးမှု သောကတရားလည်း မရှိဘူး။ စိုးရိမ်မှု၊ ပူဆွေးမှု သောကတရား မရှိခဲ့ဘူးဆိုလို့ရှိရင် သံသရာဝဋ်ဆင်းရဲဒုက္ခ ဘေးဒုက္ခကြီးကို ထိုပုဂ္ဂိုလ် သန္တာန်မှာ ရှိမလား။ မရှိတော့ဘူး။

ဒါကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြောင်းဖြစ်တယ်။ လွတ်မြောက်ကြောင်းဖြစ်ခြင်းကြောင့် ဘုရားရှင်က မည်သည့်သတ္တဝါ သင်္ခါရအာရုံအပေါ်၌သော်လည်း ချစ်မြတ်နိုးမှုကို မဖြစ်စေချင်ဘူး။ သတ္တဝါသင်္ခါရအာရုံတင်မကဘူး၊ တရားဓမ္မအပေါ်၌သော်လည်းပဲ ချစ်မြတ်နိုးမှုကို မဖြစ်စေချင်ဘူး။ အဆုံးအားဖြင့် သမထဘာဝနာတရား၊ ဝိပဿနာဘာဝနာတရားတွေအပေါ်၌သော်လည်း ချစ်မြတ်နိုးမှု မဖြစ်ပါစေနဲ့။

"ကဲ… အရှင်ဘုရားက သမထဘာဝနာ၊ ဝိပဿနာဘာဝနာတွေ မချစ်ရဘူးဆိုရင် တပည့်တော်တို့ ကဲ… အားမထုတ်တော့ဘူးဘုရား" ဒီလိုမဟုတ်ဘူးနော်။ အကြိုက်ကတော့ "ကဲ… မချစ်ရဘူးဆိုလို့ရှိရင်တော့ တို့ အားထုတ်မနေနဲ့တော့" ဆိုရင် ပျင်းမယ့်ပုံစံ၊ ဟုတ်တယ်မလား။ ဒါကြောင့် ပြောလိုက်တာ။

ကဲ… အဲ့ဒီလိုဟောပြီးတဲ့ အချိန်အခါကျတော့မှနော်၊ ဒီနေရာလေးမှာ ခုနက ဒိဋ္ဌိဥဇုကမ္မတောတိ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေကို ဖြောင့်မတ်သွားအောင် ဒီတရားဒေသနာတော်တွေက ပြုလုပ်ပေးနိုင်တယ်။ ဝိတရတိ— ယုံမှားခြင်းသံသယတွေကိုလည်း ကူးခတ်လွန်မြောက်အောင် ဒီတရားလေးက ပြုလုပ်ပေးနိုင်တယ်။

နာမည်ကျော်ဖြစ်တဲ့ ပဉ္စဝဂ္ဂီငါးဦးသို့ ကြည့်ပါနော်။ ဘုရားရှင်က တရားလက်ဦးအဖြစ်နဲ့ ဓမ္မစကြာတရားဒေသနာတော်ကို ဟောကြားပေးလိုက်တယ်။ ဓမ္မစကြာတရားဒေသနာတော်ကို ရိုသေစွာ ဦးထိပ်၌ ပန်ဆင်နိုင်တဲ့ စွမ်းအင်ရှိခြင်းကြောင့် ထိုသူတော်ကောင်းတို့သည် သစ္စာလေးပါးကို ထိုးထွင်းသိမြင်အောင် ကြိုးစားအားထုတ်ကြတယ်။

နော်… ကြိုးစားအားထုတ်လိုက်တဲ့အပိုင်းမှာ တရားနာရင်းဖြင့် ကြိုးစားလိုက်တော့ အရှင်ကောဏ္ဍိည တစ်ပါး အောင်မြင်သွားတယ်။ အရှင်ကောဏ္ဍိညသည် ဒုက္ခသစ္စာကို ထိုးထွင်းသိသွားတယ်။ ဘာလဲ ဒုက္ခသစ္စာ။ ရုပ်တရား နာမ်တရား၊ တစ်နည်း ဥပါဒါနက္ခန္ဓာငါးပါး။ ဥပါဒါနက္ခန္ဓာငါးပါးလို့ ခေါ်ဆိုအပ်တဲ့ ဒုက္ခသစ္စာတရားတွေကို အကြင် အရှင်ကောဏ္ဍိည မထေရ်မြတ်က တရားဆုံးတဲ့အခါမှာ အားလုံး ထိုးထွင်းသိပါတယ်နော်။

တရားနာရင်းနဲ့ လိုက်ရှုနေတာ။ သမုဒယသစ္စာတရားလို့ခေါ်တဲ့ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကိုလည်း ထိုးထွင်းသိသွားတယ်။ နိရောဓသစ္စာခေါ်တဲ့ အသင်္ခတ အနုတ္တရနိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုသွားတယ်၊ ထိုးထွင်းသိသွားတယ်။ မဂ္ဂသစ္စာခေါ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ပဋိပဒါ အရိယာမဂ္ဂသစ္စာတရားတွေကိုလည်း ထိုးထွင်းသိသွားတယ်၊ မျက်မှောက်ပြုသွားတယ်နော်။ သစ္စာလေးပါးကို အရှင်ကောဏ္ဍိည ထိုးထွင်းသိသွားတယ်။ အကယ်၍သာ ဒီဓမ္မစကြာတရားဒေသနာတော်ကို နာကြားခွင့်မရရှိဘူးဆိုရင် အရှင်ကောဏ္ဍိညသည် ဒီသစ္စာလေးပါးကို ထိုးထွင်းသိပါ့မလား။ မသိနိုင်ဘူး။

နောက်တစ်ဆင့် ပဉ္စဝဂ္ဂီငါးဦးတို့ကို ဘုရားရှင်က ဒီဓမ္မစကြာတရားဒေသနာတော်ကိုပဲ ထပ်ခါထပ်ခါ ဟောပေးပါတယ်။ နောက်ထပ် ကျန်နေတဲ့ လေးဦးကိုနော်၊ ဓမ္မစကြာတရားကို ထပ်ခါထပ်ခါဟောပြီး ဓမ္မစကြာဒေသနာတော်မှာ လာရှိနေတဲ့ ဒုက္ခသစ္စာအမည်ရတဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ထိုးထွင်းသိအောင် ဘယ်ပုံပဲ၊ ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမယ်၊ သမုဒယသစ္စာတရားတွေကို ထိုးထွင်းသိမြင်အောင် ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမယ်၊ ထိုဒုက္ခသစ္စာ သမုဒယသစ္စာတရားနှစ်ပါးတို့ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို ထိုးထွင်းသိအောင် ဘယ်ပုံပဲ၊ ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမယ်၊ နိရောဓသစ္စာ စိုက်သည့်တိုင်အောင် ဘယ်ပုံဘယ်ပန်း၊ ဘယ်နည်းလမ်းအားဖြင့် ဒီမဂ္ဂသစ္စာအမည်ရတဲ့ မဂ္ဂင်ရှစ်ပါးကို ကျင့်ရမယ်ဆိုတာတွေကို လက်ဦးလက်ငြား စနစ်တကျ ဘုရားရှင်လည်း ဆွမ်းခံမကြွဘဲနဲ့ လေးရက်တိုင် ဆက်တိုက် သင်ပေးနေပါတယ်နော်။

အဲ့ဒီလို သင်ပေးလိုက်တဲ့အတွက် ဒီဘုရားရှင်ရဲ့ထံမှ တရားတော်ကို လာယူရတဲ့အချိန်အခါ ဝါဆိုလပြည့်ကျော် ၅ ရက် ရောက်တော့ အားလုံး သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆို မသွားဘူးလား။ စိုက်သွားတယ်။ အဲ့ဒီ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ငါးပါးလုံး စိုက်သွားတဲ့အချိန်အခါမှာ သူတို့ရဲ့ သန္တာန်မှာ ကင်္ခါဝိတရဏီ သို့တွေ့တော့ ယုံမှားနေတဲ့ ဝိစိကိစ္ဆာတရားကြီးကို သူတို့အားလုံး ကျော်လွန်လွန်မြောက်ပြီး မသွားနိုင်ဘူးလား။ သွားနိုင်တယ်။ ဘာဖြစ်လို့လဲ။ သောတာပတ္တိမဂ်ဉာဏ်က ဝိစိကိစ္ဆာတရားတွေကို အကြွင်းမဲ့ ပယ်ရှားနိုင်တဲ့ စွမ်းအားရှိတယ်။

ဘာဖြစ်လို့ ပယ်ရှားလဲ။ ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိပြီ။ "ဪ… ဒီရုပ်တွေ နာမ်ဆိုတာ တို့ သာဝကတွေ ဘယ်လိုမှ ရှုလို့မရပါဘူး" ဆိုတဲ့ ယုံမှားသံသယတွေကို မိမိကိုယ်တိုင် ရှုရပြီးတဲ့ ပုဂ္ဂိုလ်က ကျော်လွန်လွန်မြောက်ပြီး မသွားနိုင်ဘူးလား။ သွားနိုင်တယ်။

နောက်တစ်ခု အတိတ်က ပြည့်စုံပြုထားခဲ့တဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ ဆိုတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်တယ်။ ဒီဘဝမှာ ပြုစုပျိုးထောင်နေတဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံကြောင့် နောင်အနာဂတ်၌ ရုပ်တရား နာမ်တရား ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်ပေါ်လာမယ်။ မိမိကိုယ်တိုင်က ရှုလို့ရပြီ။

ရှုလို့ရနေတဲ့ ထိုသူတော်ကောင်း၊ "အဓိက အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်တယ်၊ ပစ္စုပ္ပန်အကြောင်းတွေကြောင့် အနာဂတ်အကျိုးဖြစ်တာ မဟုတ်ပါဘူး" လို့ လာပြောခဲ့ရင် သူလက်ခံပါ့မလား။ ဘာဖြစ်လို့လဲ။ သူကိုယ်တိုင် ထိုးထွင်းသိနေတယ်။ ထိုးထွင်းသိနေလို့ရှိရင် "အတိတ်က အကြောင်းတရားတွေကြောင့် ပစ္စုပ္ပန်မှာ အကျိုးတရားဖြစ်တယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား" ဆိုတဲ့ ဒီသံသယတွေ သူ့သန္တာန်မှာ ကင်းမသွားဘူးလား။ ကင်းသွားပြီ။ "ပစ္စုပ္ပန်အကြောင်းတရားကြောင့် နောက်အနာဂတ်မှာ အကျိုးတရားဖြစ်ပါ၊ ဖြစ်ပါ့မလား" ဆိုတဲ့ သံသယတွေလည်း ကင်းမသွားဘူးလား။ "ဘဝဆိုတာ သေခြင်းနဲ့ ခေါင်းကျမ်းမှာပဲ ရှိတယ်၊ ခေါင်းဘက်ဘာမှ မရှိပါဘူး" ဆိုတဲ့ ဒီမှားယွင်းနေတဲ့ မိစ္ဆာဒိဋ္ဌိအယူဝါဒကြီးတွေလည်း ပျောက်ပျက်မသွားဘူးလား။ ပျောက်ပျက်သွားပြီ။

နော်… ဒီရုပ်တွေ နာမ်ကို မိမိကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏ် ထိုးထွင်းသိတယ်။ အတိတ်အကြောင်းတရားတွေကြောင့် ပစ္စုပ္ပန်အကျိုးတရား ဖြစ်ပေါ်ပြီး၊ ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရား ဖြစ်ပေါ်ကုန်၊ မိမိဖြစ်ပုံတွေကို မိမိကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏပညာဖြင့် ထိုးထွင်းသိလို့ အသိထူးဉာဏ်တို့ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မိမိရဲ့ သမ္မာဒိဋ္ဌိဉာဏ်ကို ဖြောင့်မတ်သွားအောင် ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူးလား။ ပြောနိုင်ပြီ။ ဒိဋ္ဌိဥဇုကမ္မတောတိ— ဉာဏပညာကို ဖြောင့်အောင် ပြုသွားတယ်။

ဘာကြောင့် ဒီလို ဖြောင့်မတ်အောင် ပြုလုပ်နိုင်သလဲလို့ ပြန်ပြီး ဆက်စစ်ကြည့်လိုက်တဲ့အချိန်အခါမှာ ဘုရားရှင်ထံမှ ဒီဓမ္မစကြာတရားဒေသနာတော်ကို နာကြားခွင့်ရရှိခြင်းဆိုတဲ့ အကြောင်းအပေါ် မူတည်မနေဘူးလား။ မူတည်နေတယ်။ အကယ်၍သာ ဘုရားက ဒီဓမ္မစကြာတရားဒေသနာတော်ကို ဟောကြားပြသ ဆုံးမခြင်းမရှိရင် ထိုသူတော်ကောင်းတွေရဲ့ သန္တာန်မှာ ဝိစိကိစ္ဆာတရားကိုလည်း ပယ်ရှားနိုင်တဲ့ စွမ်းအားတွေ ပေါ်လာပါ့မလား။ မပေါ်လာဘူး။ သူတို့ရဲ့ သမ္မာဒိဋ္ဌိဉာဏ်ကိုလည်း ဖြောင့်မတ်သွားအောင် ပြုလုပ်နိုင်တဲ့ စွမ်းအားတွေ ပေါ်ပါ့မလား။ မပေါ်နိုင်ဘူး။

အဿုတံ သုဏာတိ, သုတံ ပရိယောဒါပေတိ, ကင်္ခံ ဝိတရတိ, ဒိဋ္ဌိံ ဥဇုံ ကရောတိ, စိတ္တမဿ ပသီဒတိ။

ဒါကြောင့် တရားကို သင့်တင့်လျှောက်ပတ်တဲ့အချိန်အခါမှာ နာကြားခြင်းသည် "အဿုတံ သုဏာတိ"။ အဿုတံ၊ မကြားနာရသည်ကို။ သုဏာတိ၊ ကြားနာရ၏။ "သုတံ ပရိယောဒါပေတိ"။ သုတံ၊ ကြားနာပြီးတဲ့ တရားကိုလည်းပဲ။ ပရိယောဒါပေတိ၊ စင်ကြယ်သန့်ရှင်းစေ၏။ ကင်္ခါ၊ ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို။ ဝိတရတိ၊ တွန်းလှန်မြှောက်ပယ်သွားနိုင်၏။ ဒိဋ္ဌိဉ္စ ဥဇုံ ကရောတိ၊ သမ္မာဒိဋ္ဌိဉာဏပညာကို ဖြောင့်မတ်အောင် ပြုလုပ်၍ ပေးတတ်၏။ ထိုတရားနာနေတဲ့ ပုဂ္ဂိုလ်၏ စိတ်ဓာတ်၊ စိတ်ဓာတ်သည်လည်းပဲ ပသီဒတိ၊ ကြည်လင်၍ လာတတ်ပေ၏။ ဒီလို ဘုရားက တရားနာခြင်းကြောင့် ရရှိမယ့် အကျိုးတရားငါးပါးကို ဟောတယ်။

သို့သော် သောတာပတ္တိသမ္မာဒိဋ္ဌိဉာဏ်၊ သောတာပတ္တိမဂ်ဉာဏ် ယှဉ်တွဲနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်လေးကို ရရှိရုံနဲ့ ဒိဋ္ဌိဥဇုကမ္မတောတိ သမ္မာဒိဋ္ဌိဉာဏပညာတွေကို အပြီးတိုင် ဖြောင့်မတ်အောင် ပြုလုပ်ပြီးပြီ… ဒီလိုတော့ မဆိုလိုသေးဘူးနော်။ ရှေ့ဆက်ပြီး ကြိုးစားအားထုတ်သင့် အားထုတ်ထိုက်တဲ့ သမ္မာဒိဋ္ဌိဉာဏပညာလည်း ရှိနေသေးတယ်။ သကဒါဂါမိမဂ်ဉာဏ်၊ သကဒါဂါမိမဂ်ဉာဏ်နှင့် ယှဉ်တွဲနေတဲ့ သမ္မာဒိဋ္ဌိ၊ အနာဂါမိမဂ်ဉာဏ်နှင့် ယှဉ်တွဲနေတဲ့ သမ္မာဒိဋ္ဌိ၊ အရဟတ္တမဂ်ဉာဏ်နှင့် ယှဉ်တွဲနေတဲ့ သမ္မာဒိဋ္ဌိ။ အဲ့ဒီ သမ္မာ အရဟတ္တမဂ်ဉာဏ် ယှဉ်တွဲနေတဲ့ သမ္မာဒိဋ္ဌိအဆင့်သို့ ရောက်ရှိမှ အပြည့်အစုံ ဒိဋ္ဌိဥဇုကမ္မတောတိ သမ္မာဒိဋ္ဌိကို ဖြောင့်မတ်အောင် ပြုလုပ်နိုင်တဲ့ အဆင့် ရောက်ရှိသွားတယ်။

အဲ့ဒီလို ရောက်ရှိရေးအတွက် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့ ကျတော့ ဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦး အမှူးရှိနေတဲ့ နတ်ဗြဟ္မာအပေါင်းတို့အား အနတ္တလက္ခဏသုတ္တံ ဒေသနာတော်ကို တစ်ဖန်ထပ်ပြီးတော့ ဟောပေးတော်မူပါတယ်နော်။ ဟောပေးလိုက်တဲ့ အချိန်အခါကျတော့ ဒီအနတ္တလက္ခဏသုတ္တံရဲ့ လိုရင်းအချက်ကလေးကို နည်းနည်း ခေါင်းထုတ်ပြီး ပြောမယ်နော်။

ဘုရားရှင်က ပထမတဒါ တဒါတွေကို စိတ်၊ စေတသိက်၊ ရုပ်၊ တစ်နည်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကို ငါးပုံပုံပြီးတော့ ဝိပဿနာရှုပုံစနစ်ကို ဒီအနတ္တလက္ခဏသုတ္တံမှာ ဟောပေးထားပါတယ်။ ငါးပုံပုံပြီးတော့ ဝိပဿနာရှုပုံစနစ်ကို ဘယ်လိုပုဂ္ဂိုလ်တွေကို ဘုရားရှင် ဟောသလဲဆိုတာနဲ့ ပတ်သက်လို့ အဋ္ဌကထာ ဋီကာများက ဖွင့်ထားတယ်။

နံပါတ်တစ်၊ တိက္ခပညာဝါ— ဉာဏ်ပညာ ထက်မြက်နေတဲ့ သူတော်ကောင်းတွေကိုလည်း မြတ်စွာဘုရား ခန္ဓာငါးပါးတွေနဲ့ ဝိပဿနာရှုကွက်ကို ဟောပေးတယ်။ ဒါက အကြောင်းပြချက်တစ်ခု။

နောက် နံပါတ်နှစ် အကြောင်းကတော့ တချို့တချို့ ပုဂ္ဂိုလ်တွေက ရုပ်တရားနဲ့ ပတ်သက်လို့ အသိဉာဏ် သန့်ရှင်းတယ်၊ နာမ်တရားနဲ့ ပတ်သက်လို့ အသိဉာဏ် သန့်ရှင်းမှု မရှိဘူး။ ထိုပုဂ္ဂိုလ်မျိုး ဖြစ်ခဲ့ရင်လည်း ဘုရားရှင်က ရုပ်တရားနဲ့ ပတ်သက်လို့ အသိဉာဏ် သန့်ရှင်းနေတဲ့အတွက် ရုပ်တရားတွေကို တစ်ပုံ၊ နာမ်တရားနဲ့ ပတ်သက်လို့ အသိဉာဏ်မသန့်ရှင်းတဲ့အတွက် နာမ်တရားတွေကို ဝေဒနာတစ်ပုံ၊ သညာတစ်ပုံ၊ သင်္ခါရတစ်ပုံ၊ အသိစိတ် ဝိညာဏ်တစ်ပုံ လေးပုံပုံပြီးတော့ ဝိပဿနာရှုဖို့ရာ ညွှန်ကြားပေးတယ်နော်။

တစ်နည်းဖွင့်တယ်။ အဲ့ဒါကတော့ ဉာဏ်ပညာအလိုက် တချို့ပုဂ္ဂိုလ်က အကျဉ်းကြိုက်တယ်၊ တချို့က ဝိတ္ထာရ— အကျယ်ကို ကြိုက်တယ်၊ တချို့က မကျဉ်းမကျယ် ကြိုက်ကြတယ်။

dn8mx30zzo21cph45zdqr7o336t2kpy
မင်္ဂလသုတ်-၈၀/၉၇
0
6315
22005
2026-05-22T21:27:27Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၈၀/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၇၉..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22005
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၈၀/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၇၉/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၈၁/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၈၀

ညက အနတ္တလက္ခဏသုတ္တန်အကြောင်း ဟောနေပါတယ်နော်။ ဒီညလည်း အနတ္တလက္ခဏသုတ္တန်က စပြီးတော့ နာကြားကြည့်ရအောင် -

မြတ်စွာဘုရားက စိတ်၊ စေတသိက်၊ ရုပ်လို့ခေါ်ဆိုအပ်တဲ့ ပရမတ္ထဓာတ်သားတွေကို ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန် ဟောကြားပြသ ဆိုဆုံးမတဲ့အပိုင်းမှာ အကျဉ်းကြိုက်တဲ့ပုဂ္ဂိုလ်၊ အကျယ်ကြိုက်တဲ့ပုဂ္ဂိုလ်၊ မကျဉ်း-မကျယ် အလယ်အလတ်ကြိုက်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ ပုဂ္ဂိုလ် ၃-စားရှိတဲ့အနက်က အကျဉ်းနည်းကို နှစ်ခြိုက်တဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ် ဆိုလို့ရှိရင်လည်း ခန္ဓာ ၅-ပါးနည်းနဲ့ ဝိပဿနာ ရှုကွက်ကို မြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ်။ ခု ပဉ္စဝဂ္ဂီ ၅-ဦးတို့က ဉာဏ်ပညာ ထက်မြက်တဲ့ သူတော်ကောင်းတွေ တိက္ခပညဝါ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်။ အကျဉ်းနည်းဖြင့် ဝိပဿနာရှုကွက်ကို နှစ်ခြိုက်တော်မူတဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြပါတယ်။ ဒီလို နှစ်သက်တဲ့အတွက် ထိုသူတော်ကောင်းတွေကို မြတ်စွာဘုရားရှင်က ဝိပဿနာရှုကွက် သင်ကြားပေးတဲ့အပိုင်းမှာ ခန္ဓာငါးပါးနည်း ရှုကွက်ကို သင်ကြားပေးတော်မူပါတယ်။ သင်ကြားပေးတဲ့ အပိုင်းလေးကို ပြန်ပြီးတော့ နာကြည့်လိုက်မယ်ဆိုရင်နော် ...

တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တံ၊ ထိုငါဘုရား မေးမဲ့-မေးခွန်းကို။ တွံ၊ သင်ချစ်သားတို့သည်။ ကိံ မညထ = အသို့ အောက်မေ့မှတ်ထင်ယူဆ ကြပါသနည်း။

ချစ်သားတို့ ... သင်ချစ်သားတို့ကို ငါဘုရား မေးခွန်းတစ်ခု မေးမယ်။ ငါဘုရားမေးမဲ့ ထိုမေးခွန်းကို သင်ချစ်သားတို့ ဘယ်လို ထင်မြင်ယူဆကြသလဲ? ဒီလို နိဒါန်းချီထားတယ်နော် -

တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။

ရူပံ၊ ရုပ်တရားသည်။ နိစ္စံဝါ၊ နိစ္စလေလော။ အနိစ္စံဝါ၊ အနိစ္စလေလော။ ဣတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။

ဘန္တေ၊ ဘုန်းတော်နေဝန်းထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ အနိစ္စံ၊ အနိစ္စ ဖြစ်ရိုးအမှန်ပါဘုရား။ ဣတိ၊ ဤသို့ ပြောဆိုလျှောက်ကြလေကုန်၏။

မြတ်စွာဘုရား ... ရုပ်တရားသည် အနိစ္စ ဖြစ်တော်မူပါပေသည်။ ဘာလဲ အနိစ္စ - ဖြစ်ပြီးပျက်နေတဲ့ သဘောသဘာဝရှိခြင်းကြောင့် ရုပ်တရားသည် အနိစ္စ ဖြစ်ပါတယ်လို့ ဒီလို လျှောက်ထားကြတယ်။ အဲဒီ မေးခွန်းနဲ့ ဒီလျှောက်ထားချက်ကို ပြန်ပြီး နည်းနည်းလောက် စစ်ဆေးကြည့်ပါနော်။ မေးတော်မူတဲ့ မြတ်စွာဘုရားကလည်း သုံးလောကထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ကိုယ်တော်မြတ်ဖြစ်တယ်။ ဖြေဆိုတော်မူနေကြတဲ့ သူတော်ကောင်းတွေကလည်း သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ဆိုက်ထားပြီးတဲ့ အရိယာသူတော်ကောင်းတွေ ဖြစ်ကြတယ်။

နောက်ထပ်တစ်ဖန် ပြန်ကြည့်မယ်ဆိုရင် ဒီအနတ္တလက္ခဏသုတ္တန် ဒေသနာတော်မြတ် ပြီးဆုံးသည့်အချိန်အခါ၌ ဤ ၅-ပါးလုံး အရဟတ္တဖိုလ် တည်တော်မူကြမဲ့ သူတော်ကောင်းကြီးတွေလည်း ဖြစ်တော်မူကြတယ်။ အဲဒီ သူတော်ကောင်းကြီးတွေက တောအုပ်တစ်ခုအတွင်း ဗာရာဏသီပြည်၊ ဣသိပတနအမည်ရတဲ့ မိဂဒါဝုန်တောအတွင်းမှာ အရဟတ္တဖိုလ်ပေါက်ဖြစ်တဲ့ တရားဒေသနာတော်တွေကို ဆရာနဲ့တပည့်တို့ အချီအချ ဆွေးနွေးနေတဲ့ ဆွေးနွေးပွဲကြီး ဖြစ်ပါတယ်နော်။ အဲဒီ ဆွေးနွေးပွဲမှာ ဘုရားရှင်ဘက်က -

ချစ်သားရဟန်းတို့ ... ဤရုပ်တရားသည် နိစ္စလား၊ အနိစ္စလားလို့ မေးတယ်။ တရားနာပရိသတ် ဖြစ်တော်မူကြတဲ့ ပဉ္စဝဂ္ဂီမထေရ်မြတ်တို့ကလည်း အနိစ္စ ဖြစ်ရိုးအမှန်ပါဘုရားလို့ ဆိုပြီးတော့ ပြန်ပြီး လျှောက်ထားကြတယ်။ အဲဒီ မေးခွန်းနဲ့ အဲဒီ လျှောက်ထားချက်ကို ပြန်ပြီးတော့ ဆန်းစစ်ကြည့်ပါ။ ထိုပဉ္စဝဂ္ဂီ ၅-ဦးတို့သည် ထိုရုပ်တရားကို သိသလား၊ မသိဘူးလားလို့မေးရင် ဘယ်လိုဖြေကြမလဲ? သိတယ်။ ဒီရုပ်တရားသည် ဖြစ်ပြီးတော့ ပျက်နေတဲ့ အနိစ္စတရားပဲလို့ကော သိလား၊ မသိကြဘူးလားလို့ မေးရင် ဘယ်လိုဖြေမလဲ? သိနေကြတယ်။ မသိဘဲနဲ့ ကြိတ်ဝိုင်းထိုင်နေတဲ့ ပွဲကြီးတစ်ခု ဟုတ်သလား? မဟုတ်ပါဘူးနော်။ ဒါလေးတွေကို မျက်စိမှောက်နေကြလို့ ဘုန်းကြီး ပြောနေတာပါနော်။

ဒီအနတ္တလက္ခဏသုတ္တန်ကို ရွတ်ဖတ်နေတဲ့ သူတော်ကောင်းတွေလည်း များစွာ ရှိကြတယ်။ ထိုအနတ္တလက္ခဏသုတ္တန်ရဲ့ အနက်အဓိပ္ပါယ်ကို ရှေးရှေး ဆရာတော်ဘုရားကြီးများ ရေးသားတော်မူကြတဲ့အတိုင်း အလွတ်ရနေတဲ့ သူတော်ကောင်းတွေလည်း ရှိကြပါတယ်။ အဲဒီလို ထင်ရှားရှိငြား ရှိနေကြပါလျက်၊ နားလည်နေကြပါလျက် ဒီတရားကို သာဝကများ ဘယ်လိုမှ ရှုမရနိုင်ကြပါဘူးလို့ ဒီခေတ်က အပြစ်ပြောနေကြတယ်။ အဲဒီလို ပြောကြားချက်တွေ ဒေသနာတော်နဲ့ ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ ဘုရားရှင်က မေးလိုက်တဲ့အခါမှာ ပဉ္စဝဂ္ဂီ ၅-ဦးကလည်း ရုပ်တရားသည် အနိစ္စဖြစ်တယ်လို့ ပြန်ပြီးလျှောက်ထားတယ်။ ပြီးတော့ -

ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။

ယံ၊ အကြင် ရုပ်တရားသည်။ အနိစ္စံ၊ အနိစ္စတရားတည်း။ တံ၊ အနိစ္စဖြစ်တဲ့ ထိုရုပ်တရားသည်။ ဒုက္ခံဝါ၊ ဒုက္ခလေလော။ သုခံဝါ၊ သုခလေလော။ ဣတိ၊ ဤသို့ မေးလာသည်ရှိသော်။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ တံ၊ အနိစ္စဖြစ်တဲ့ ထိုရုပ်တရားသည်။ ဒုက္ခံ၊ ဒုက္ခပါတည်း။ ဣတိ၊ ဤသို့ ဟောဆိုလျှောက်ထားကြလေကုန်ပြီ။

မြတ်စွာဘုရားက အနိစ္စဖြစ်နေတဲ့ ဤရုပ်တရားသည် ဒုက္ခလား၊ သုခလားလို့ ဒီလို မေးမြန်းတော်မူပါတယ်။ အဲဒီ အချိန်အခါ ပဉ္စဝဂ္ဂီ ၅-ဦးတို့ကလည်း အနိစ္စဖြစ်နေတဲ့ ဤရုပ်တရားသည် ဒုက္ခစင်စစ် ဧကန်မှန်ပါတယ် ဘုရားလို့ မြတ်စွာဘုရားကို ဒီလို လျှောက်ထားကြတယ်။ ဘာလဲဒုက္ခ -

ပီဠနဋ္ဌော တံသမင်္ဂိနော သတ္တဿ ဟိံသနံ အဝိပ္ဖါရိကတာကရဏံ။

ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက် ခံနေရတဲ့အတွက်ကြောင့် ဒီရုပ်တရားသည် ဒုက္ခပဲ။ ဒါ ဒုက္ခရဲ့ ဒီနေရာမှာ ဆိုလိုရင်း အနက်သဘောပဲ။ နာကျင်ကိုက်ခဲနေတဲ့အတွက် ဒုက္ခလို့ ပြောလိုရင်း ဟုတ်သလား? မဟုတ်ဘူး။ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ကြသည့်အတွက်ကြောင့် ဒီရုပ်တရားကြီးကို ဒုက္ခလို့ မြတ်စွာဘုရားက ဟောနေတယ်နော်။

“ဖြစ်ပျက်နှစ်တန် နှိပ်စက်ဒဏ်ကြောင့် တရံမစဲ လွန်ဆင်းရဲ၏”

တိပိဋကဆရာတော်ကြီးက ဆိုဆုံးမထားတဲ့ လင်္ကာလေး။ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ဒီသဘာဝကို ပဉ္စဝဂ္ဂီ ၅-ဦးတို့ မြင်သလား၊ မမြင်ဘူးလားလို့မေးရင် ဘယ်လို ဖြေကြမလဲ? မြင်တယ်နော်။

ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ယံ၊ အကြင် ရုပ်တရားသည်။ အနိစ္စံ၊ အနိစ္စသာတည်း။ ဒုက္ခံ၊ ဒုက္ခသာတည်း။ ဝိပရိဏာမဓမ္မံ၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမသဘောသာတည်း။ တံ၊ ထိုအနိစ္စ၊ ဒုက္ခ၊ ဝိပရိဏာမဓမ္မဖြစ်သော ဤရုပ်တရားကို။ ဧတံ၊ ရုပ်တရားသည်။ မမ၊ ငါ၏ဥစ္စာတည်း။ ဧသောဟမသ္မိ၊ ဤရုပ်တရားသည် ငါဖြစ်၏။ ဧသော မေ အတ္တာ၊ ဤရုပ်တရားသည် ငါ၏ အတ္တတည်းဟူ၍။ ဣတိ၊ ဤသို့။ [?] = စွဲလန်း၍ ထင်မြင်ယူဆခြင်းငှာ။ [?] = သင့်တော်လျောက်ပတ်တော်မူပါမည်လား။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ နော ဟေတံ၊ ဤသို့လျှင် စွဲလန်းထင်မြင် ရှုဆင်ခြင်ဖို့ မသင့်ပါ မြတ်စွာဘုရား။

ပြန်ပြီးတော့ လျှောက်ထားတယ်။

[?] = ရှုဆင်ခြင်ဖို့ရာ။ [?] = မသင့်ကုန်။

ဤရုပ်တရားက ငါပဲ၊ ငါ့ရဲ့ ရုပ်တရားပဲ ဒီလို စွဲလန်းထင်မြင် ရှုဆင်ခြင်ဖို့ မသင့်ပါဘူး။ ဤရုပ်တရားသည် ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရားလည်း မှန်တယ်၊ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် နှိပ်စက်ခံနေရတဲ့ ဒုက္ခတရားလည်း မှန်တယ်၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မလည်း မှန်တယ်။ ဖြစ်ပြီးတဲ့နောက် ဌီကာလမှာ ကြာရှည် မတည်ဘဲ ဘင်ကာလဘက်သို့ ရောက်နေတဲ့ သဘာဝ စွမ်းအင်ကို ဝိပရိဏာမဓမ္မလို့ ဒီလို ခေါ်ပါတယ်။ ပရမတ္ထသစ္စာနယ်ဘက်က တိတိကျကျ ပြောကြစို့ ဆိုလို့ရှိရင်တော့ ဌီကာလ၊ ဘင်ကာလကို ဝိပရိဏာမဒုက္ခလို့ ခေါ်ပါတယ်။

ပရမတ္ထ တရားတိုင်း တရားတိုင်း၌ ဥပါဒ်၊ ဌီ၊ ဘင် ဆိုပြီးတော့ ၃-မျိုးရှိတယ်။ ဥပါဒ်ကာလ ရောက်ပြီးတာမှန်ရင် ဌီကာလရောက်၊ ဌီကာလရောက်ပြီးတာမှန်ရင် ဘင်ကာလဘက်ကို ကူးသွားတယ်။ တစ်စက္ကန့်မျှသော်လည်းကောင်း၊ တစ်မိနစ်မျှသော်လည်းကောင်း တည်တံ့တဲ့ သဘာဝရယ်လို့ မရှိဘူး။ အဲဒီလို သဘာဝမရှိမှုကို ဒီပဉ္စဝဂ္ဂီ ၅-ဦးက မြင်နေတယ်။ ပြီးတော့ ရုပ်တရားတို့မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်ကလေးတွေ ဖြစ်တယ်။ ဒီအမှုန်တွေသည် ဒီနေ့ ပရမာဏုမြူခေါ်တဲ့ အက်တမ်ထက် အဆပေါင်းများစွာ သေးငယ်လိမ့်မယ် ယူဆရတဲ့ အမှုန်လေးတွေပဲ။ ဒီအမှုန်တစ်ခုမှာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ အဆင်း၊ အနံ့၊ အရသာ၊ ဩဇာ စသည်ဖြင့် သဘောတရားလေးတွေ ၈-ခု၊ ၉-ခု စသည်ဖြင့် ရှိကြတယ်။

အဲဒီ သဘောတရားလေးတွေသည် ဖြစ်ပြီးတာနဲ့ ချက်ခြင်း ပျက်နေတယ်။ ကြာရှည် မတည်တံ့ကြဘူး။ ကြာရှည် မတည်တံ့တဲ့ ဒီသဘာဝလေးတွေကို ဒီပဉ္စဝဂ္ဂီမထေရ်မြတ် ၅-ဦးတို့က ဝိပဿနာ ဉာဏ်ပညာမျက်စိဖြင့် ကွက်ကွက်ကွင်းကွင်း လင်းလင်းထင်ထင် ရှင်းရှင်းကြီး သိမြင်တော်မူကြပါတယ်။ သိမြင်တော်မူကြတဲ့ ဒီရုပ်တရားတွေထဲမှာ ဖြစ်ပြီးတော့ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တကို လိုက်ပြီး ရှာဖွေကြည့်လိုက်တဲ့ အချိန်အခါမှာ အတ္တမရှိဘူးဆိုတာ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်ပြီး မြင်တော်မူကြတယ်။ ဒါကြောင့် -

နော ဟေတံ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသောမြတ်စွာဘုရား။ ဧတံ၊ ထိုရုပ်တရားကို။ ဧဝံ = ဤသို့လျှင်။ [?] = စွဲလန်းထင်မြင် ရှုဆင်ခြင်ဖို့ရာ မသင့်ပါ မြတ်စွာဘုရား။

ဒီရုပ်တရားက ငါပဲ၊ ဒီရုပ်တရားက ငါ့ရဲ့ ရုပ်တရား၊ ဒီရုပ်တရားက ငါ့ရဲ့အတ္တပဲလို့ ဒီလို စွဲလန်းထင်မြင် ရှုဆင်ခြင်ဖို့ရန် မသင့်ပါဘူး မြတ်စွာဘုရားဆိုပြီးတော့ ဒီလို လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားပြီးတဲ့ အချိန်အခါကျတော့ မြတ်စွာဘုရားက ရုပ်တရားကို မေးပြီးတဲ့အခါ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ခေါ်တဲ့ နာမ်တွေကို ပုံစံတူပဲ ဆက်လက်ပြီးတော့ မေးမြန်းတော်မူပါတယ်။ ပုံစံတူပဲ ဖြေပေးတော်မူကြပါတယ်။ အဲဒီလို အဖြေပေးတော်မူပြီးတဲ့ အခါကျတော့ ဒီဒေသနာတော်မျိုးကို ဘာလို့ခေါ်လဲ?

ဒီလို အနိစ္စတစ်ကျော့၊ ဒုက္ခတစ်ကျော့၊ အနတ္တတစ်ကျော့။ ဒီလို ၃-ကျော့ ၃-ပြန် အမေးအဖြေ ပြုလုပ်ပြီးမှ တရားဒေသနာတော်တွေကို ဝိပဿနာရှုကွက်ကို ဆက်လက်ပြီး ညွှန်ကြားပြသဆိုဆုံးမမှာ ဖြစ်တဲ့အတွက် ဒီလို ดေသနာတော်မျိုးကို တေပရိဝဋ္ဋဓမ္မဒေသနာလို့ ခေါ်ပါတယ်။ တေဆိုတာက ၃၊ ပရိဝဋ္ဋ = အပြန်အလှန် အလှည့်/အကြော့။ ဒီလို တေပရိဝဋ္ဋဓမ္မဒေသနာတော်တွေဟာ အထူးသဖြင့် ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်မှာ ရာနဲ့ချီပြီးတော့ လာရှိပါတယ်နော်။

အဲဒီ ပဉ္စဝဂ္ဂီ ၅-ဦးကို ဘုရားရှင်က ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ခေါ်တဲ့ နာမ်တရားတွေကို နိစ္စလား၊ အနိစ္စလား၊ ဒုက္ခလား၊ သုခလား၊ အတ္တလား၊ အနတ္တလား မေးလိုက်တဲ့အခါမှာ ပဉ္စဝဂ္ဂီမထေရ်မြတ် ၅-ဦးတို့ကလည်း အနိစ္စဖြစ်ကြောင်း၊ ဒုက္ခဖြစ်ကြောင်း၊ အနတ္တဖြစ်ကြောင်းတွေကို စနစ်တကျ ပြန်လည်ပြီး ဖြေကြားတော်မူကြပါတယ်။

အဲဒီလို ဖြေကြားလိုက်တဲ့အတွက် ဒီပဉ္စဝဂ္ဂီ ၅-ဦးတို့သည် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ခေါ်တဲ့ ဒီနာမ်တရားတွေကို စနစ်တကျ မသိတော်မူကြလား၊ သိတော်မူကြလားမေးရင် ဘယ်လိုဖြေမလဲ? သိကြပါတယ်နော်။ အဲဒီ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ခေါ်တဲ့ နာမ်ခန္ဓာ နာမ်တရားတွေရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကိုလည်း သိတော်မူကြသလား၊ မသိကြဘူးလားမေးရင်လည်း ဘယ်လိုဖြေမလဲ? သိကြတယ်နော်။

အဲဒီလို သိပြီးတဲ့ သူတော်ကောင်းတွေကို ဘုရားရှင်က ဝိပဿနာရှုကွက်ကို ဆက်လက်ပြီး သင်ကြားပေးတော်မူပါတယ်။ ဒီဝိပဿနာရှုကွက်က ထိုအချိန်အခါမှာ သူတို့တွေ ရှုဖူးတဲ့ရှုကွက်တော့ မဟုတ်ဘူး။ ၅-ရက်တိုင်တိုင် ဓမ္မစကြာဒေသနာတော်နည်းဖြင့် ဝိပဿနာကို ရှုခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ဓမ္မစကြာဒေသနာတော်နဲ့ အနတ္တလက္ခဏသုတ္တန်တရားတော်မှာ ဓမ္မစကြာဒေသနာတော်က သစ္စာဒေသနာတော်နည်း၊ အနတ္တလက္ခဏသုတ္တန်က ခန္ဓဒေသနာတော်နည်း ဖြစ်နေတဲ့အတွက် ရှုကွက်ချင်း မတူဘူးလားလို့ ဒီလို မေးစရာ ရှိတယ်နော်။ အဓိပ္ပါယ်ဆိုတာက ယူဆတတ်မယ်ဆိုလို့ရှိရင်တော့ အားလုံး တူညီတယ်လို့ အဖြေထွက်နိုင်ပါတယ်။

ဓမ္မစကြာဒေသနာတော်မှာ သစ္စာဒေသနာတော်နည်းအားဖြင့် မြတ်စွာဘုရားက သစ္စာ ၄-ပါးကို ဟောလိုက်တယ်။ အဲဒီတော့ ဒုက္ခသစ္စာဆိုတာက ဘာလဲ? သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ၊ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာ ၅-ပါးသည် ဘာလဲ? ဒုက္ခသစ္စာလို့ ဒီလို ဘုရားဟောထားတယ်။ ဘာတွေလဲ? ဥပါဒါနက္ခန္ဓာ ၅-ပါး - ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာဆိုပြီး ဥပါဒါနက္ခန္ဓာ ဘယ်နှစ်ပါး ရှိသလဲ? ၅-ပါး။ ဘာကို ရူပုပါဒါနက္ခန္ဓာ ခေါ်သလဲ? ထပ်ပြီးတော့ မေးကြည့်ဖို့ မလိုဘူးလား? အဲဒီမေးခွန်းကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မေးပြီး ပြန်ဖြေထားတယ်။ ခန္ဓဝဂ္ဂ ခန္ဓသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု ရှိပါတယ်။

ယံ ကိဉ္စိ, ဘိက္ခဝေ, ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ, အယံ ဝုစ္စတိ ရူပက္ခန္ဓော။

အတိတ် ရုပ်တရား၊ အနာဂတ် ရုပ်တရား၊ ပစ္စုပ္ပန် ရုပ်တရား၊ အဇ္ဈတ္တ ရုပ်တရား၊ ဗဟိဒ္ဓ ရုပ်တရား၊ ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား၊ သုခုမခေါ်တဲ့ သိမ်မွေ့တဲ့ ရုပ်တရား၊ ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား၊ ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား၊ ဒူရခေါ်တဲ့ အသိဉာဏ်နဲ့ဝေးတဲ့ ရုပ်တရား၊ သန္တိကခေါ်တဲ့ ရှုနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်နဲ့ နီးကပ်တဲ့ ရှုလို့ လွယ်ကူတဲ့ ရုပ်တရား။ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ? ၁၁-မျိုး။ အဲဒီ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရားတွေသည် အာသဝေါတရားတို့ရဲ့ အာရုံယူရာ ၃၁-ဘုံအတွင်းမှာ တည်ရှိခဲ့တဲ့ တရားဖြစ်ခဲ့မယ်ဆိုရင် ဥပါဒါနိယ တဏှာဒိဋ္ဌိတို့ဖြင့် ငါ ငါ့ဟာလို့ စွဲယူစရာ အာရုံအဖြစ်နဲ့ ရပ်တည်နေမဲ့ တရားဖြစ်ခဲ့မယ်ဆိုရင် ဒီ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရားအစုံအပုံကို ရူပုပါဒါနက္ခန္ဓာ ခေါ်ပါတယ်လို့ ဘုရားရှင်ကိုယ်တော်တိုင်က အတိအကျ ရှင်းတမ်းကြီး ထုတ်ထားပါတယ်နော်။

အလားတူပဲ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဝေဒနာအစုအပုံကို ဝေဒနုပါဒါနက္ခန္ဓာ၊ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ သညာအစုအပုံကို သညုပါဒါနက္ခန္ဓာ၊ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ စေတသိက် သင်္ခါရတရား အစုအပုံကို သင်္ခါရုပါဒါနက္ခန္ဓာ၊ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အသိစိတ် ဝိညာဏ်တရားကို ဝိညာဏုပါဒါနက္ခန္ဓာလို့ အသီးသီး ခေါ်ဆိုတယ်နော်။ ဒီတော့ ဒုက္ခသစ္စာလို့ ပြောလိုက်ရင် ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာ ၅-ပါးဆိုတာ ဒီပဉ္စဝဂ္ဂီ ၅-ပါးက နားမလည်နေဘူးလား? နားလည်နေပါတယ်။ ဒီ ၁၁-မျိုးဖြင့် တည်နေတဲ့ ခန္ဓာငါးပါးတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဓမ္မစကြာဒေသနာတော်နည်းဖြင့် စနစ်တကျ ဝိပဿနာရှုထားပြီးတဲ့ သူတော်ကောင်းတွေလည်း ဖြစ်တယ်။

တစ်ဖန် သမုဒယသစ္စာ အမည်ရသေးတဲ့ ကျန်သေးတဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တွေကိုလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုလိုက်တာ သူတော်ကောင်းကြီးတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ ထိုသူတော်ကောင်းကြီးတွေ ဝိပဿနာဉာဏ်တွေသည် အရဟတ္တဖိုလ် ရနိုင်လောက်အောင် ဝိပဿနာဉာဏ်က သူတို့ မရင့်ကျက်သေးဘူး၊ အားမကောင်းသေးဘူး။ မရင့်ကျက်သေးတဲ့အတွက် ဘုရားရှင်က ရင့်ကျက်သည့်တိုင်အောင် ဝါဆိုလပြည့်ကျော် ၅-ရက်နေ့အထိ ဆိုင်းငံ့ပြီး နေတော်မူပါတယ်။ ဆိုင်းငံ့ပြီးတဲ့ အချိန်အခါကျတော့ ဒီသူတော်ကောင်း ၅-ဦးတို့ရဲ့သန္တာန်၌ အရဟတ္တဖိုလ် ရလောက်တဲ့ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာပြီဆိုတာ သိတယ်။ သိတဲ့အချိန်အခါကျမှ ထိုနေ့ မြတ်စွာဘုရားက အနတ္တလက္ခဏသုတ် ဒေသနာတော်ကို စပြီး ဟောပေးတယ်။

ဟောပေးလိုက်တဲ့အခါမှာ - ဒီခန္ဓာ ၅-ပါးတို့ရဲ့ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်တွေကို စနစ်တကျ အမေးအဖြေ ပြုလုပ်ပါတယ်။ အမေးအဖြေ ပြုလုပ်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီအနတ္တလက္ခဏသုတ္တန်မှာ လာရှိတဲ့ ဝိပဿနာရှုကွက်နဲ့ မြတ်စွာဘုရား ဆက်ပြီး သင်ပေးပါတယ်။ ဘုရားရှင်က ခု သင်ပေးမဲ့ အနတ္တလက္ခဏသုတ္တန်မှာ လာရှိတဲ့ ရှုကွက်နှင့် ခုနက သစ္စာဒေသနာတော်မှာ လာရှိတဲ့ ဒုက္ခသစ္စာရှုကွက် တစ်ထပ်တည်း တူညီနေပါတယ် ဆိုတာကိုတော့ စာပေကျမ်းဂန်ကို ကျွမ်းကျင်တဲ့ သူတော်ကောင်းမှန်ခဲ့ရင်တော့ နားလည်ပါတယ်နော်။ ဒီတော့ ခန္ဓာ ၅-ပါးကို အနိစ္စလား၊ ဒုက္ခလား၊ အနတ္တလားမေးရင် ပဉ္စဝဂ္ဂီ ၅-ဦးတို့က အနိစ္စဖြစ်ကြောင်း၊ ဒုက္ခဖြစ်ကြောင်း၊ အနတ္တဖြစ်ကြောင်း အတိအကျ ဝန်ခံပြီး ဖြေကြားတော်မူပါတယ်။ ဘာဖြစ်လို့လဲ?

ဓမ္မစကြာဒေသနာတော်နည်းအားဖြင့် ဒီဥပါဒါနက္ခန္ဓာ ၅-ပါးတို့သည် အနိစ္စတရား စင်စစ်ဧကန်မှန်တယ်၊ ဒုက္ခတရား စင်စစ်ဧကန်မှန်တယ်၊ အနတ္တတရား စင်စစ်ဧကန်မှန်တယ်လို့ ထိုသူတော်ကောင်းတွေ ထိုးထွင်းသိထားပြီး ဖြစ်တယ်။ ဒါပေမဲ့ ထိုအသိဉာဏ်သည် ထိုဝိပဿနာဉာဏ်သည် အရဟတ္တဖိုလ်ရလောက်သည့်တိုင်အောင် ရင့်ကျက်နေတဲ့ ဝိပဿနာဉာဏ်ကတော့ မဟုတ်သေးဘူး။ ဒီအနတ္တလက္ခဏသုတ္တန်ကို ဟောကြားတော်မူခဲ့တဲ့ အချိန်အခါကျတော့ ဒေသနာတော်နိဂုံး ပြီးဆုံးတဲ့ အချိန်လောက်မှာ ထိုသူတော်ကောင်းတို့ရဲ့ ဝိပဿနာဉာဏ်သည် အရဟတ္တဖိုလ် ရနိုင်လောက်အောင် ရင့်ကျက်နေတဲ့ ဝိပဿနာဉာဏ်ဖြစ်လိမ့်မယ်ဆိုတာ ဘုန်းကြီးတို့ မြတ်စွာဘုရားရှင် မြင်တော်မူတယ်။ မြင်တော်မူတဲ့အတွက်ကြောင့် ဘုရားရှင်က ဘယ်လို ဝိပဿနာရှုကွက် သင်ပေးလဲ?

တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ - ‘နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ’တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...ထိုကဲ့သို့သော ခန္ဓာငါးပါးတို့၏ စင်စစ်ဧကန် ဖြစ်နေခြင်းကြောင့်။ တုမှေ၊ သင်ချစ်သားတို့သည်။ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ အတီတာနာဂတပစ္စုပ္ပန္နံ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ရုပ်တရားသည်လည်းကောင်း။ အဇ္ဈတ္တံ ဝါ၊ အဇ္ဈတ္တပုဒ်လည်းဖြစ်သော။ ဗဟိဒ္ဓါ ဝါ၊ ဗဟိဒ္ဓမူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ၊ အလုံးစုံသော ရုပ်တရားသည်။ ဩဠာရိကံ ဝါ၊ ရုန့်ရင်းကြမ်းတမ်းသည်မူလည်းဖြစ်သော။ သုခုမံ ဝါ၊ သိမ်မွေ့နူးညံ့သည်မူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ၊ အလုံးစုံသော ရုပ်တရားသည်လည်းကောင်း။ ဟီနံ ဝါ၊ ယုတ်ညံ့သည်မူလည်းဖြစ်သော။ ပဏီတံ ဝါ၊ မွန်မြတ်သည်မူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ၊ အလုံးစုံသော ရုပ်တရားသည်လည်းကောင်း။ ဒူရေ ဝါ၊ ဝေးသည်မူလည်းဖြစ်သော။ သန္တိကေ ဝါ၊ နီးသည်မူလည်းဖြစ်သော။ ယံ ကိဉ္စိ ရူပံ၊ အလုံးစုံသော ရုပ်တရားသည်လည်းကောင်း။ အတ္ထိ၊ ရှိချေ၏။ နေတံ သဗ္ဗံ၊ ဤအလုံးစုံကုန်သော ရုပ်တရားကို။ န ဧတံ၊ ဤရုပ်တရားသည်ကား။ န မမ၊ ငါ့ဟာမဟုတ်၊ ငါ့ရဲ့ရုပ်တရားမဟုတ်။ န ဧသော အဟမသ္မိ၊ ဤရုပ်တရားသည် ငါမဟုတ်။ န မေသော အတ္တာ၊ ဤရုပ်တရားသည် ငါ၏အတ္တမဟုတ်။ ဣတိ၊ ဤသို့လျှင်။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ သမ္မပ္ပညာယ၊ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ခွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့်။ ဒဋ္ဌဗ္ဗံ၊ ရှုပွားသုံးသပ်အပ်ပေ၏၊

ဒီလို မြတ်စွာဘုရားက ဝိပဿနာရှုကွက် စပြီးတော့ သင်ပေးတယ်။ အတိတ် ရုပ်တရား၊ အနာဂတ် ရုပ်တရား၊ ပစ္စုပ္ပန် ရုပ်တရား၊ အဇ္ဈတ္တ ရုပ်တရား၊ ဗဟိဒ္ဓ ရုပ်တရား၊ ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား၊ သုခုမခေါ်တဲ့ သိမ်မွေ့တဲ့ ရုပ်တရား၊ ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား၊ ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား၊ ဒူရခေါ်တဲ့ ဝေးတဲ့ ရုပ်တရား၊ သန္တိကခေါ်တဲ့ နီးတဲ့ ရုပ်တရား ပေါင်း ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရားကို ဝိပဿနာရှုဖို့ရန် ဘုရားရှင်က သင်ပေးတယ်။ သင်ပေးတဲ့အခါ ဒီရုပ်တရားတွေ ဘယ်လောက် ရှုရမယ် ပြောသလဲ? သဗ္ဗံ ရူပံ၊ ရုပ်အားလုံးကို ရှုပါ။ တစ်လုံးလောက်ကို ရှုရမယ်လို့ ပြောလား?

ဒီလိုဆိုရင် ရုပ်တစ်လုံးလောက် ရှုရုံနဲ့ နိဗ္ဗာန်ရတယ်ဆိုတဲ့ စကားတွေက ဒီလို ဒေသနာမျိုးတွေနဲ့ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား? ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေမယ်ဆိုရင် ဒကာကြီးတွေ၊ ဒကာမကြီးတွေ ဘယ်တရားကို လက်ခံမလဲ? တစ်လုံးရှုရမယ်ဆိုတဲ့ ဝါဒကို လက်ခံမလား၊ အကုန်လုံး ရှုရမယ်ဆိုတဲ့ ဝါဒကို လက်ခံမလား? (အကုန်လုံး ရှုရပါမယ်ဘုရား) အကုန်လုံးဆိုတာနဲ့ ပတ်သက်လို့ အယူအဆတော့ လွဲတတ်ပါတယ်နော်။ အမျိုးအစားတွေက အကုန်လုံး ရှုမယ်လို့ ဆိုလိုတယ်။ တစ်မျိုးတစ်မျိုးမှာ အရေအတွက်တွေက များစွာရှိတယ်။ အဲဒီ အရေအတွက်ကိုတော့ သာဝကများ ကုန်စင်အောင် မရှုနိုင်ဘူး။ စကြဝဠာကုဋေ ၁-သိန်းအားဖြင့် ပိုင်းခြားအပ်တဲ့ နယ်မြေအတွင်းမှာ တည်ရှိနေတဲ့ ရုပ်တရား အစုအပုံတွေကို ပရမာဏုမြူခန့်တောင် မကျန်ဘဲနဲ့ ဘုရားရှင်ကတော့ ကုန်စင်အောင် ရှုပွားသုံးသပ်တော်မူပါတယ်။ သာဝကများကတော့ တစ်ချို့တစ်ဝက်တော့ ရှုနိုင်တယ်နော်။ မရှုလိုက်နိုင်တာလည်း များစွာ ရှိမယ်။

ဥပမာဆို - မိမိခန္ဓာအိမ်မှာ ဓာတ်ကြီး ၄-ပါးကို မှီတည်ပြီးတော့ သမာဓိထူထောင်ပြီး ရှုပွားသုံးသပ်လိုက်တဲ့အခါမှာ အဖြူကနေ အကြည်၊ အကြည်ကနေ အဆင့်ဆင့်ပေါ့လေ မြင်အောင် ရှုနိုင်မယ်ဆိုရင် ကလာပ်အမှုန်လေးတွေ တွေ့မယ်။ ဒီအမှုန်လေးတွေက ဖြစ်လိုက်ပျက်လိုက် လျင်လျင်မြန်မြန်ကြီး ဖြစ်ပျက်နေတာမှန်တယ်။ ပရမတ္ထသစ္စာနယ်ထဲက ပြောမယ်ဆိုရင်တော့ ချင်တွယ်ကြည့်ရင် ဘယ်လိုမှ ချင်တွယ်လို့ မရကောင်းဘူး။ သို့သော် ဉာဏ်မျက်စိနဲ့ ချင်တွယ်ရကောင်းလို့ ချင်တွယ်ကြည့်မယ်ဆိုရင် တစ်ကြိမ်အတွင်းမှာ ပြိုင်တူ ဖြစ်ပြီးပျက်နေတဲ့ ရုပ်ကလာပ်အမှုန်ပေါင်းသည် တစ်စိတ်သားလောက်တောင် ရှိမယ်လို့ ဆိုလိုပါတယ်နော်။

အဲဒီ ကလာပ်အမှုန်တိုင်း အမှုန်တိုင်းမှာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဓာတ်ကြီး ၄-ပါးပါတယ်။ အဲဒီ အမှုန်တိုင်း အမှုန်တိုင်း ဓာတ်ကြီး ၄-ပါးတွေကို ကုန်စင်အောင် သာဝကတွေ ရှုနိုင်သလားဆိုတော့ မရှုနိုင်ဘူး။ ရှုလိုက်နိုင်တဲ့ ဓာတ်ကြီး ၄-ပါးလည်းရှိတယ်၊ မရှုလိုက်နိုင်တဲ့ ဓာတ်ကြီး ၄-ပါး တစ်ချို့တစ်ဝက်လည်း ရှိတယ်။ ဗဟိဒ္ဓမှာလည်း ထိုနည်းလည်းကောင်းပဲ။

အရှင်မဟာမောဂ္ဂလာန်ကြီး ဝိပဿနာရှုကွက်နဲ့ ပတ်သက်ပြီးတော့ ပေါ်လွင်တဲ့ ဥပမာလေးတစ်ခု အဋ္ဌကထာဋီကာက ဖွင့်ဆိုထားပါတယ်။ တောင်ဝှေးကို ထောက်ပြီးတော့ လမ်းလျှောက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် - တောင်ဝှေးထိပ်စွန်းနဲ့ မြေကြီး ထိလိုက်တယ်။ ထိလိုက်တဲ့ အခါမှာ တောင်ဝှေးစွန်းထိပ်ဖျားနဲ့ ထိတဲ့မြေကြီး, မထိတဲ့မြေကြီး ဘယ်ဒင်းက များသလဲ? ထိလိုက်တဲ့မြေကြီးက နည်းနည်းလေးရယ်, မထိလိုက်တဲ့မြေကြီးက ပိုပြီးများတယ်။

အဲဒီအတိုင်းပဲ သာဝကများရဲ့ ဝိပဿနာရှုကွက်မှာ ရှုလိုက်နိုင်တဲ့ ရုပ်တရားတွေထက် မရှုလိုက်နိုင်တဲ့ ရုပ်တရားက ပိုပြီးတော့ များတယ်။ ရှုနိုင်တာက နည်းနည်းလေး။ သို့သော် အကုန်လုံး ရှုရမယ်ဆိုတာက ဘာလဲမေးတော့? ဒီနေရာမှာ အမျိုးအစားကို ကုန်စင်အောင်တော့ ရှုရမယ်။ ဓာတ်ကြီး ၄-ပါးတော့ ရှုရမယ်။ ရုပ် ၂၈-မျိုးရှိတော့ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းမှာ ရုပ် ၂၈-မျိုး ကုန်အောင် ရှုရမယ်။

ဝိပဿနာပိုင်းရောက်လာပြီ ဆိုလို့ရှိရင်တော့ ရုပ်တုခေါ်တဲ့ ၁၀-မျိုးကို လွှတ်လိုက်။ ရုပ်အစစ်ခေါ်တဲ့ ၁၈-မျိုး ကုန်စင်အောင် ရှုတယ်။ တစ်မျိုးတစ်မျိုးမှာရှိတဲ့ အရေအတွက်ကိုတော့ သာဝကတွေ ကုန်စင်အောင်, အမျိုးအစားကိုတော့ ကုန်စင်အောင် ရှုရမယ်။ တစ်မျိုးတစ်မျိုးမှာရှိတဲ့ အရေအတွက်ကိုတော့ သာဝကတွေ ကုန်စင်အောင် ရှုနိုင်မလား? မရှုနိုင်ဘူးနော်။ နာမ်တရားတွေမှာလည်း ထိုနည်းလည်းကောင်းပဲနော်။

ဒီမှာ ဘုရားရှင်က သဗ္ဗရူပံ၊ ရုပ်တရား အကုန်လုံး ရှုရမယ်ဆိုတာက ဘာကို ပြောတာလဲ? အမျိုးအစားကို ပြောတာနော်။ တစ်မျိုးမှာရှိတဲ့ အရေအတွက်ကို ကုန်စင်အောင် ရှုရမယ်လို့ ပြောတာလား? မဟုတ်ဘူးနော်။ အဲဒီတော့ ဒီရုပ်တရားတွေကို ရှုတဲ့အပိုင်းလေးမှာ -

နေတံမမ၊ ငါ့ဟာမဟုတ်ဘူးလို့ ရှုပါ။ နေသောဟမသ္မိ၊ ငါမဟုတ်ဘူးလို့ ရှုပါ။ နမေသောအတ္တံ၊ ငါ၏အတ္တမဟုတ်ဘူးလို့ ရှုပါ။

ဒီလို ညွှန်ကြားထားတယ်။ အဲဒီ ညွှန်ကြားချက်နှင့် ပတ်သက်ပြီးတော့ ဟိုဆန္ဒောဝါဒသုတ္တန် အဋ္ဌကထာဆရာတွေကတော့ အနိစ္စ, ဒုက္ခ, အနတ္တလို့ ရှုပါ။ အနိစ္စဝတောလို့ ရှုပါ။ ငါဟာမဟုတ်, ငါမဟုတ်, ငါရဲ့အတ္တ မဟုတ်လို့ ရှုပါဆိုတာနဲ့ အတူတူပဲဖြစ်ကြောင်း ရှင်းလင်းထားပါတယ်နော်။ ဘာဖြစ်လို့လဲ? ဒီရုပ်တရားတွေကို ငါ့ဟာ မဟုတ်ဘူးဆိုတာက ငါ့ဟာလို့ စွဲနေတဲ့ အစွဲက တဏှာစွဲ။ အဲဒီတဏှာစွဲတွေ ဘယ်အခါမှာ ပြိုမလဲလို့မေးတော့ ရုပ်တရားတွေ, နာမ်တရားတွေ ဖြစ်ပျက်နေပုံ အားလုံး အတူတူပါပဲ။

ဖြစ်ခြင်းပျက်ခြင်းတို့ အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ သဘာဝကို ဝိပဿနာဉာဏ်မျက်စိဖြင့် ဂဃနဏ တိတိကျကျ စနစ်တကျသိတဲ့ သူတော်ကောင်းဟာ ဒီရုပ်တရားတွေအပေါ် ငါ့ဟာပဲ ငါ့ဟာပဲ ဆိုပြီးတော့ အစွဲကြီး စွဲပြီးတော့ ဖက်ထားဦးမလား? ဟင် ... မဖက်ထားဘူး။ ကဲ မဖက်ထားရင် ဘာလုပ်မလဲ? ဒကာကြီးတွေ ဒီလိုမေးလိုက်တော့ ပြုံးလာတယ်နော်။ ပြုံးလာတာ ဘာလို့ ပြုံးတာလဲ? ကိုယ့်ဟာကိုယ် နားလည်ပါတယ်။ မဖက်ထားဘူးလို့သာ ပြောတာ ဖက်ထားနေလို့ ဘုန်းကြီးက မေးနေတာပါ။

ဒီတော့ အဲဒီမှာ တဏှာစွဲပြိုတယ်။ ဖြစ်ပြီးရင် ချက်ချင်း ပျက်တယ်။ ဖြစ်ပြီးရင် ချက်ချင်းပျက်တော့ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် ဒီရုပ်တွေ နာမ်တွေက အနှိပ်စက်ခံနေရတဲ့ သဘာဝရှိတယ်။ ငါ့ဟာလို့ စွဲယူလောက်တဲ့ အချိန်တောင် ရှိသေးလား? မရှိဘူး။ ၁-စက္ကန့်လို့ခေါ်တဲ့ အချိန်ကာလလေးကို ကုဋေ ၅-ထောင်ကျော်ခန့် ပုံမယ်ဆိုရင် ၁-ပုံခန့်လောက်သာ သက်တမ်းရှိတယ်။ ဒီလောက်ထိ လျင်လျင်မြန်မြန်ကြီး ဖြစ်ပျက်နေတဲ့ တရားတွေကို ငါ့ဟာလို့စွဲဖို့ အချိန်တောင် မရှိဘူး။

ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ သဘာဝတွေကို မိမိက ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိတယ်။ အဲဒီအခါမှာ ဒုက္ခလက္ခဏာတင်ပြီးတော့ ရှုရတယ်။ အဲဒီလို ဒုက္ခလက္ခဏာတင်ပြီးတော့ ရှုလိုက်တဲ့ အချိန်မှာ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် နှိပ်စက်ခံနေရတဲ့ သဘာဝကို ဉာဏ်ထဲမြင်အောင် ကြည့်ပြီး ဒုက္ခ, ဒုက္ခလို့ ဒီလို ရှုလိုက်တဲ့အချိန်အခါမှာ ထိုသူတော်ကောင်းရဲ့သန္တာန်၌ ရုပ်တွေ နာမ်တွေအပေါ်၌ ငါ့ဟာ ငါ့ဟာလို့ စွဲနေတဲ့ ဒီတဏှာစွဲသည် ပြိုကျသွားတယ်။

အလားတူပဲ ... ငါငါလို့ ထောင်လွှားတက်ကြွနေတာက ဒီရုပ်တရား နာမ်တရားတွေရဲ့ အနိစ္စအချက်ကို ကွက်ကွက်ကွင်းကွင်း မမြင်လို့သာ ထောင်လွှားတက်ကြွတတ်ကြတာ။ ဒီရုပ်တရား ဒီနာမ်တရားတွေရဲ့ အနိစ္စအချက်ဖြစ်တဲ့ ဖြစ်ပြီးတာနဲ့ ချက်ခြင်းပျက်နေတဲ့ ဓမ္မသဘာဝကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဂဃနဏ ထိုးထွင်းသိနေခဲ့မယ်ဆိုရင် ဒီလို အသိဉာဏ်ရှိတဲ့ သူတော်ကောင်းမှာ ဒီရုပ်တွေ နာမ်တွေနဲ့ ပတ်သက်ပြီးတော့ ငါငါလို့ ထောင်လွှားတက်ကြွနေတဲ့ မာန်မာနတွေ ထိုထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဖြစ်နိုင်ဦးမလား? မဖြစ်နိုင်ဘူးနော်။ အနိစ္စလက္ခဏကို မြင်ခဲ့မယ် ဆိုလို့ရှိရင် မာနစွဲပြိုတယ်။

အဲဒီ ရုပ်တွေ နာမ်တွေထဲမှာ လှမ်းပြီးကြည့်တယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တကို လှမ်းကြည့်သော်လည်း, ရှာဖွေသော်လည်း ရှာလို့ မတွေ့ဘူး။ အနတ္တစစ်စစ် ဖြစ်တယ်နော်။ အဲဒီ အနတ္တဖြစ်နေတဲ့ ဒီရုပ်တွေ နာမ်တွေကို အနတ္တလို့ လက္ခဏာတင်ပြီးတော့ ဝိပဿနာ ရှုလိုက်လို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ငါ့ရဲ့အတ္တပဲလို့ စွဲနေတဲ့ အတ္တစွဲသည် ပြိုသွားတယ်။

ဒါကြောင့် ဒီအနိစ္စ, ဒုက္ခ, အနတ္တလို့ ရှုပါဆိုတာနဲ့ ငါ့ဟာမဟုတ်, ငါမဟုတ်, ငါရဲ့အတ္တမဟုတ်လို့ ရှုပါဆိုတာနဲ့ အတူတူပဲ ဖြစ်တယ်ဆိုတာ ရှင်းထားတယ်။ ရုပ်တရားမှာ အဲဒီ ၁၁-မျိုးသောအချက်တွေသည် ရုပ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး ၃-ပါးတင်ပြီးတော့ ဝိပဿနာရှုရန် တင်ပြပေးသလို ဘုရားရှင်က ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ နာမ်ခန္ဓာတွေမှာလည်း ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး ၃-ပါးတင်ပြီးတော့ ရှုပွားဖို့ရန်အတွက် ဆက်လက်ပြီးတော့ သင်ကြားပေးတော်မူပါတယ်။ သင်ကြားပေးလိုက်တဲ့အတွက် ထိုအနတ္တလက္ခဏသုတ္တန် ဒေသနာတော် နိဂုံးပြီးဆုံးတဲ့အခါမှာ ပဉ္စဝဂ္ဂီ ၅-ဦးတို့သည် အရဟတ္တဖိုလ် တည်သွားတော်မူကြပါတယ်။

ဒီလို အရဟတ္တဖိုလ် တည်သွားရခြင်းသည် ဘာကို အခြေခံပြီးတော့ တည်သွားရပါသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါ ကာလေန ဓမ္မဿဝနံခေါ်တဲ့ အရဟတ္တဖိုလ် ရနိုင်လောက်တဲ့ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါကာလမှာ အနတ္တလက္ခဏသုတ္တန်ကဲ့သို့သော တရားဒေသနာကို နာကြားခြင်းဆိုတဲ့ ဓမ္မဿဝနမင်္ဂလာကို အခြေခံပြီးတော့ အရဟတ္တဖိုလ် တည်မသွားကြဘူးလား? တည်သွားကြတယ်။

ဒါကြောင့် သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားဒေသနာတော်ကို နာကြားခြင်းသည် အကျိုးမရှိဘူးလား? ရှိတယ်။ မင်္ဂလာ မဖြစ်ဘူးလား? ဖြစ်တယ်။ မင်္ဂလာဖြစ်သွားတဲ့အတွက် ဒီအရဟတ္တဖိုလ် တည်သွားကြတဲ့ ပဉ္စဝဂ္ဂီ ၅-ဦးတို့သည် -

ဒိဋ္ဌိံ ဥဇုံ ကရောတိ၊ မိမိတို့၏ သမ္မာဒိဋ္ဌိဉာဏ်သည် အရဟတ္တဖိုလ်ပေါက်အထိ ဖြောင့်ဖြောင့်မတ်မတ် တည်ရှိအောင် ပြုလုပ်နိုင်တဲ့ စွမ်းအင်တွေ ပေါ်မလာဘူးလား? ပေါ်လာတယ်။ ဒါကြောင့် ဘုရားရှင်က သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားတော် နာကြားခြင်းနဲ့ ပတ်သက်ပြီးတော့ -

အဿုတံ သုဏာတိ, သုတံ ပရိယောဒါပေတိ, ကင်္ခံ ဝိတရတိ, ဒိဋ္ဌိံ ဥဇုံ ကရောတိ, စိတ္တမဿ ပသီဒတိ။

အသုတံ၊ မကြားနာဖူးသေးတဲ့ တရားထူးတရားမြတ်တွေကို။ သုဏာတိ၊ ကြားနာရ၏။ သုတံ၊ ကြားနာပြီးတဲ့ တရားထူး တရားမြတ်ကိုလည်း။ ပရိယောဒါပေတိ၊ အသိဉာဏ် စင်ကြယ်သန့်ရှင်းစေ၏၊

ပဉ္စဝဂ္ဂီ ၅-ဦးက ဓမ္မစကြာဒေသနာတော်စပြီး နာရတယ်။ သူတို့ ကြားဖူးသေးလား? မကြားသေးဘူး။ ဓမ္မစကြာတရား နာစဉ်အချိန်အခါမှာ တရားတော်ကို နာကြားဖူးတဲ့ အဆင့်မရှိသေးဘူး။ ဘုရားရှင်ထံမှ ဒီဓမ္မစကြာဒေသနာတော်ကို နာကြားရတဲ့ အချိန်အခါမှာ သူတို့ မကြားဖူးတာကို မကြားရဘူးလား? ကြားရတယ်။ မကြားနာရဖူးသေးတဲ့ တရားထူး တရားမြတ်တွေကို ကြားနာခွင့် ရရှိကြတယ်။

ကြားနာလိုက်တဲ့ အချိန်အခါမှာလည်း နောက်တစ်ခု အနတ္တလက္ခဏသုတ္တန်ကို ဆက်လက်ပြီးတော့ နာကြားကြတယ်။ ဓမ္မစကြာဒေသနာမှာ နာကြားပြီးတဲ့ ဒီအတိတ်, အနာဂတ်, ပစ္စုပ္ပန် စသည်ဖြင့် ၁၁-မျိုးသော အခြင်းအရာအားဖြင့် ဥပါဒါနက္ခန္ဓာ ၅-ပါးတို့အပေါ်၌ အသိဉာဏ်တွေက ပိုပြီးတော့ သန့်ရှင်း မသွားဘူးလား? သန့်ရှင်းသွားတယ်။ ဘယ်လောက်ထိ သန့်ရှင်းသွားလဲ? အရဟတ္တဖိုလ်ဆိုက်တဲ့အထိ သန့်ရှင်းသွားတယ်ဆိုတော့ မိမိတို့ရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်နေတဲ့ ကိလေသာ အညစ်အကြေးတွေကို အရဟတ္တမဂ်, အရဟတ္တဖိုလ်ဆိုတဲ့ ရေစင်ကောင်းနဲ့ ဆေးကြောသုတ်သင်လိုက်တဲ့ အချိန်အခါမှာ အပြီးတိုင် စင်ကြယ်မသွားဘူးလား? စင်ကြယ်သွားတယ်။

ဒါကြောင့် -

အသုတံ၊ မကြားနာဖူးတဲ့ တရားထူးတရားမြတ်တွေကို။ သုဏာတိ၊ ကြားနာရ၏။ သုတံ၊ ကြားနာပြီးတဲ့ တရားကိုလည်း။ ပရိယောဒါပေတိ၊ အသိဉာဏ် သန့်ရှင်းစင်ကြယ်စေ၏၊ မဟုတ်ဘူးလား? ဟုတ်တယ်နော်။

ကင်္ခံ၊ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာတရားကို။ ဝိတရတိ၊ ကျော်လွှားလွန်မြောက်၍ သွားနိုင်၏၊

သောတာပတ္တိမဂ်ဉာဏ် ရပြီဆိုလို့ရှိရင် ဒီဝိစိကိစ္ဆာတရားကို ကျော်မသွားနိုင်ဘူးလား? ကျော်သွားနိုင်တယ်။ ဒါတရားနာခြင်းကြောင့် ရရှိတဲ့ အကျိုးတွေပဲ။

ဒိဋ္ဌိံ၊ သမ္မာဒိဋ္ဌိပညာကို။ ဥဇုံ ကရောတိ၊ ဖြောင့်မတ်စွာ ပြုလုပ်နိုင်၏၊

သမ္မာဒိဋ္ဌိဉာဏ်ပညာတွေကိုလည်း ဖြောင့်မတ်အောင် လုပ်လို့ရတယ်။

စိတ္တံ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာတွေကို။ အဿ၊ ထိုတရားနာယူနေတဲ့ ပုဂ္ဂိုလ်၏စိတ်ဓာတ်သည် ကြည်လင်၍ လာတတ်၏၊

တရားနာနေတဲ့ ထိုပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာလည်း ကြည်လင်သွားတယ်။ ပဉ္စဝဂ္ဂီတို့ရဲ့ စိတ်ဓာတ်တွေ ပြန်ပြီးတော့ ဆန်းစစ်တဲ့အချိန်မှာ အရဟတ္တမဂ်, အရဟတ္တဖိုလ်ဖြင့် ဆေးကြော သုတ်သင်လိုက်တဲ့အတွက် အလွန် စင်ကြယ်သန့်ရှင်းနေတဲ့ ရေစင်ကောင်းဖြင့် ဆေးကြော သုတ်သင်လိုက်တဲ့အတွက် မစင်မကြယ် မသန့်မရှင်းဖြစ်တဲ့ ကိလေသာ အညစ်အကြေး မှန်သမျှတို့သည် အပြီးတိုင် စင်ကြယ်ပြီး မသွားဘူးလား? စင်ကြယ်သွားတယ်။ ကိလေသာ အညစ်အကြေးတွေ အပြီးတိုင် စင်ကြယ်သွားတဲ့အတွက် ပဉ္စဝဂ္ဂီ ၅-ဦးရဲ့ စိတ်ဓာတ်တွေသည် ကြည်လင်သန့်ရှင်းပြီး မလာဘူးလား? လာပါတယ်။ ကြည်လင်သန့်ရှင်းပြီး လာတယ်။ တရားနာယူခြင်းကြောင့် ရတဲ့ အကျိုးပဲနော်။

ဒါကြောင့် သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါ တရားနာကြားခြင်းကို မြတ်စွာဘုရားက မင်္ဂလာလို့ဆိုပြီး ဒီလို ဟောပါတယ်နော်။ ကဲ ဓမ္မဿဝန မင်္ဂလာအကြောင်းတော့ ဟောပြီးပြီ။ ဒီနေ့ညနောက်ထပ် မင်္ဂလာတွေကို ဆက်ဟောရမယ်နော်။ နောက်ထပ်မင်္ဂလာက ဘာလဲ?

ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။

ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလမုတ္တမံ။

ဘောဒေဝပုတ္တ၊ သိလိုရေးနဲ့ မေးလျှောက်လာငြား အိုဒကာတော်နတ်သား ...။ ခန္တီစ၊ သည်းခံခြင်း အဓိဝါသန ခန္တီတရားသည်လည်းကောင်း။ ယာခန္တီစ၊ အကြင် သည်းခံခြင်း အဘိဝါဒန ခန္တီတရားသည်လည်းကောင်း။ ယသောဝစဿတာစ၊ အကြင် ဆိုဆုံးမလွယ်ကူသည်၏ အဖြစ်သည်လည်းကောင်း။ သမဏာနံ၊ ရဟန်းတို့အား။ ယဒဿနံ၊ အကြင် ဖူးမြင်ရခြင်းသည်လည်းကောင်း။ ကာလေန၊ သင့်တင့်လျောက်ပတ်သော အချိန်ကာလ၌။ ယာဓမ္မသာကစ္ဆာစ၊ အကြင် တရားဆွေးနွေးခြင်းသည်။ အတ္ထိ၊ ရှိပေ၏။ ဧတံ၊ ဤတရား ၄-ပါးအပေါင်းသည်။ ဥတ္တမံ၊ မြင့်မြတ်လှစွာသော။ မင်္ဂလံ၊ မင်္ဂလာပါပေတည်း။

မင်္ဂလာတရား ၄-ပါး ဆက်ပြီးတော့ မြတ်စွာဘုရား ဟောတယ်နော်။ အဲဒီတော့ ဒီနေရာမှာ အဓိဝါသနခန္တီအရကတော့ အဓိဝါသနခန္တီဆိုပြီးတော့ ဒီလိုလာရှိပါတယ်။ သည်းခံရတယ်။ ဘာတွေကို သည်းခံရမလဲလို့ မေးရင်တော့ သတ္တဝါတွေ များသောအားဖြင့် သံသရာခရီး ကျင်လည်ပြီ ဆိုလို့ရှိရင် လောကဓံ လေပြင်းမုန်တိုင်းရဲ့ တိုက်ခိုက်မှုဒဏ်ချက်ကိုတော့ မခံရဘူးလား? အဲဒီလို လောကဓံ လေပြင်းမုန်တိုင်းတို့ရဲ့ တိုက်ခိုက်နေတဲ့ ဒဏ်ချက်ကို ခံနေရတဲ့ အပိုင်းလေးမှာ မိမိတို့ဘက်က ခံနိုင်ရည်စွမ်းရည်ရှိဖို့ လိုတယ်နော်။ ခံနိုင်ရည် စွမ်းရည်မရှိဘဲနဲ့ ချုံးပွဲချပြီးတော့သာ ငိုနေကြမယ်ဆိုရင်တော့ သံသရာ ဝဋ်ဆင်းရဲမှ ကျော်လွှားနိုင်တဲ့ စွမ်းအင်တွေ ပေါ်လာပါ့မလား? မပေါ်လာနိုင်ဘူးနော်။

လာဘော၊ အလာဘော၊ ယသော၊ အယသော၊ နိန္ဒာ၊ ပသံသာ၊ သုခံ၊ ဒုက္ခံအားဖြင့် ဟောထားတဲ့ လောကဓံတရား ၈-ပါး။ လာဘ်ရတဲ့အချိန်မှာ သူတော်ကောင်းတွေရဲ့စိတ်ဓာတ် တုန်လှုပ်မှု မရှိဘူး။ လာဘ်မရတဲ့ အချိန်အခါမှာလည်း စိတ်ဓာတ်တွေ တုန်လှုပ်မှု မရှိဘူး။ အခြံအရံ၊ အခြွေအရံ ပရိသတ်တွေ များတဲ့ အချိန်အခါမှာလည်း စိတ်ဓာတ်တွေ မတုန်လှုပ်ရဘူး။ အခြံအရံ ပရိသတ် မရှိတဲ့ အချိန်အခါမှာလည်း စိတ်ဓာတ်က တုန်လှုပ်ချောက်ချားမှု မရှိရဘူး။ နောက်တစ်နည်းပြောရင်တော့ ဂုဏ်သတင်းတွေက သိပ်ပြီးတော့ ကျော်ကြားလာတဲ့ အခါမှာ မာနမကြီးရဘူး။ စိတ်ဓာတ် မြင့်မောက်-တက်ကြွမှု မရှိရဘူး။ ဂုဏ်သတင်းတွေ မှေးမှိန်ပြီး ကျဆင်းလာတဲ့ အခါမှာလည်း စိတ်ဓာတ်တွေက ဆုတ်ယုတ်ပြီး မသွားရဘူးနော်။ အညီအမျှ ရှိနေရမယ်။ ခံနိုင်ရည်စွမ်းအင် ရှိနေရမယ်။ အဓိဝါသနခန္တီ ခေါ်ပါတယ်နော်။

နိန္ဒာ၊ သူတစ်ပါးတို့ ကဲ့ရဲ့လာပြီ။ အဲဒီမှာလည်း မိမိက ခံနိုင်ရည်ရှိဖို့ လိုတယ်။ တုန်လှုပ်ချောက်ချားမှု မရှိစေရဘူး။ ပသံသာ၊ သူတစ်ပါးတွေက သိပ်ပြီး ချီးမွမ်းလာပြီ။ အဲဒီအခါမှာလည်း မြောက်ကြွ မြောက်ကြွ မဖြစ်ရဘူး။ ဘာလဲ မြောက်ကြွ မြောက်ကြွဆိုတာ? ဟင် ... ယောဂီတွေ နားလည်ကြလား? မြောက်ကြွ မြောက်ကြွတဲ့ ဟုတ်လား? ဟင် အေး ... အဲဒါ ကိုယ့်ဟာကိုယ် နားလည်ရင်လည်း ပြီးတာပါပဲနော်။ ဒီတော့ သူတစ်ပါးတွေက ချီးမွမ်းပြီ ဆိုလို့ရှိရင်တော့ လူတွေဟာ မြောက်တတ်တယ်နော်။

ဝိုင်းမြောက်ပြီ ဆိုလို့ရှိရင်လည်း လူတွေဟာ နည်းနည်း မြောက်တတ်တဲ့သဘောရှိတယ်။ များသောအားဖြင့် အနိဋ္ဌလောကဓံမှာ ခံနိုင်ရည်ရှိပေမဲ့လို့ ဣဋ္ဌလောကဓံ ကျရင်တော့ ခံနိုင်ရည် သိပ်မရှိဘူး။ ဒီသဘောရှိတယ်နော်။ ချမ်းသာတဲ့ ဒဏ်ချက်ကို မခံနိုင်ကြဘူး။ လာဘ်ရတဲ့ ဒဏ်ချက်ကို မခံနိုင်ကြဘူး။ နာမည်ဂုဏ်သတင်းတွေက သိပ်ကြီးပြီဆိုရင် အဲဒီဒဏ်ကို မခံနိုင်ကြဘူး။ သူတစ်ပါးတွေက သိပ်ပြီးတော့ မြောက်လာပြီဆိုလို့ရှိရင် မြောက်ကြွ မြောက်ကြွ ပြုံးပြုံး ပြုံးပြုံး ဖြစ်နေပြီ။ အဲဒီ ဒဏ်ချက်ကိုတော့ များသောအားဖြင့် မခံနိုင်တဲ့သဘော ရှိတယ်နော်။

သုခံ၊ ချမ်းသာသုခ အဝဝတွေနဲ့ တွေ့တဲ့အချိန်မှာလည်း စိတ်ဓာတ်တွေဟာ ချောက်ချားမှု၊ တုန်လှုပ်မှု၊ ပြောင်းလဲမှု မရှိရဘူး။ သည်းခံနိုင်တဲ့ စွမ်းအားရှိရတယ်။ ဒုက္ခံ၊ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းဆိုတဲ့ လောကဓံနဲ့ တွေ့ကြုံလာတဲ့အခါမှာ စိတ်ဓာတ်က ပြောင်းလဲမှု မရှိရဘူး။ ခံနိုင်ရည် စွမ်းအင်တွေ ရှိနေရမယ်လို့ ဒီလို ဆိုလိုတယ်နော်။

အဲဒီ ခံနိုင်ရည်စွမ်းအင်ရှိမှုနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာက ရှေးဦးစွာ ခန္တီဝါဒီရသေ့ကြီးရဲ့ထုံးကို ထောက်ပြထားပါတယ်။ ဒီခန္တီဝါဒီရသေ့ကြီးရဲ့ ခန္တီဇာတ်ကလေးကို မြတ်စွာဘုရား ဟောကြားရတဲ့ အကြောင်းရင်း ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ မြတ်စွာဘုရားသခင် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌ သီတင်းသုံး ကိန်းအောင်းနေတော်မူတဲ့ အချိန်မှာ ကုဏ္ဍဓာနဘိက္ခုလို့ ခေါ်ဆိုအပ်တဲ့ ဒေါသသိပ်ကြီးတဲ့ ရဟန်းတော်တစ်ပါးကို အကြောင်းပြုပြီးတော့ ဟောရတယ်။ သာသနာတော်မှာ နေထိုင်ပြီးတော့ ဒေါသတွေက သိပ်ကြီးတယ်။ အမျက်ဒေါသက သိပ်အားကောင်းတယ်။ ရန်ညှိုးဖွဲ့မှုက သိပ်အားကောင်းနေတယ်။ ကဲ ... အဲဒီလို ကိုယ်တော်တစ်ပါးကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရားက ဒီခန္တီဝါဒီဇာတ်ကလေးကို ဟောပေးတယ်နော်။

ဟောလိုက်တဲ့ အချိန်ပိုင်းလေးမှာ မြတ်စွာဘုရား မဟောခင် သူ့ကို ဆိုဆုံးမတယ်။

ကသ္မာ တွံ ဘိက္ခု အက္ကောဓနဿ ဗုဒ္ဓဿ သာသနေ ပဗ္ဗဇိတွာ ကောဓံ ကရောသိ၊

ဘိက္ခု၊ ရဟန်း။ ကသ္မာ၊ အဘယ်အကြောင်းကြောင့်။ တွံ၊ သင်သည်။ အက္ကောဓနဿ၊ ဒေါသအမျက်ချောင်းချောင်း ထွက်မှုမရှိသော။ ဗုဒ္ဓဿ၊ ဘုရားရှင်၏။ သာသနေ၊ သာသနာတော်မြတ်အတွင်း၌။ ပဗ္ဗဇိတွာ၊ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုနေပါလျက်။ ကောဓံ၊ အမျက်ဒေါသကို။ ကရောသိ၊ ပြုလုပ်၍နေဘိသနည်း။

ပေါရာဏကပဏ္ဍိတာ သရီရေ ပဟာရသဟဿေ ပတန္တေ ဟတ္ထပါဒကဏ္ဏနာသာသု ဆိဇ္ဇမာနာသု ပရဿ ကောဓံ န ကရိံသု။

ပေါရာဏကပဏ္ဍိတာ၊ ရှေးပညာရှိ သူတော်ကောင်းတို့သည်ကား။ သရီရေ၊ မိမိ၏ ခန္ဓာကိုယ်အပေါ်၌။ ပဟာရသဟဿေ၊ ပုတ်ခတ်ခြင်း ကြိမ်ဒဏ်အထောင်တို့သည်။ ပတန္တေ၊ ကျရောက်လာကုန်သော်လည်းကောင်း။ ဟတ္ထပါဒကဏ္ဏနာသာသု၊ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို။ ဆိဇ္ဇမာနာသု၊ ဖြတ်ကုန်သော်လည်းကောင်း။ ပရဿ၊ သူတစ်ပါးတို့အပေါ်၌။ ကောဓံ၊ အမျက်ဒေါသကို။ န ကရိံသု၊ မပြုလုပ်ခဲ့ဖူးကုန်။

ရှေးရှေး ပညာရှိသူတော်ကောင်းတွေဟာ မိမိ၏ခန္ဓာကိုယ်အပေါ်၌ ပုတ်ခတ်စော်ကားခြင်း သို့မဟုတ် ကြိမ်ဒဏ်အထောင်နှင့် ချီပြီးတော့ ရိုက်တဲ့ အခါမှာသော်လည်းကောင်း၊ လက်တွေ၊ ခြေတွေ၊ နားတွေ၊ နှာခေါင်းတွေ ဖြတ်လိုက်တဲ့ အချိန်အခါမှာသော်လည်းကောင်း သူတစ်ပါးတို့အပေါ်၌ အမျက်ဒေါသကို မပြုလုပ်ခဲ့ဘူးပါဘူး။ သင်ချစ်သား ... ပြန်ကြည့်လိုက်မယ်ဆိုရင် ဒေါသအမျက်တွေကို ပယ်ထားပြီးဖြစ်တဲ့ ဘုရားရှင် သာသနာတွင်းမှာ ဝင်ရောက်ပြီး ရဟန်းပြုတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်၊ ဒီလို ဒေါသအမျက်မရှိတဲ့ ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ဝင်ရောက်ပြီး ရှင်ရဟန်းပြုတဲ့ ရဟန်းတစ်ပါး ဖြစ်ပါလျက် သင်ချစ်သားသည် ဘယ်လို အကြောင်းကြောင့် အမျက်ဒေါသ ထွက်နေရတာလဲ? ဒီလို မြတ်စွာဘုရားက ဆိုဆုံးမချင်တဲ့အတွက် ထိုဇာတ်ကြောင်း ဟောပေးတယ်နော်။

အတိတ်ဘဝတစ်ခုမှာ ဗာရာဏသီပြည်မှာ ကလာဗုအမည်ရှိတဲ့ မင်းက မင်းပြုပါတယ်။ အဲဒီ ကလာဗုဆိုတာက တစ်ခြားပုဂ္ဂိုလ် မဟုတ်ပါဘူးနော် နာမည်ကျော်ဖြစ်တဲ့ အရှင်ဒေဝဒတ်ရဲ့ အလောင်းအလျာ ဖြစ်ပါတယ်နော်။ အဲဒီအချိန်အခါမှာ ဦးပဉ္စင်းတို့ ဘုရားလောင်းတော်က ကုဋေ-၈၀ ကြွယ်ဝချမ်းသာနေတဲ့ ပုဏ္ဏားမျိုးမှာ လာပြီးတော့ လူဖြစ်ရပါတယ်။ ကုဏ္ဍလကုမာရဆိုပြီးတော့ သူ့ကို နာမည်ပေးထားပါတယ်။ လုလင်ပျို အရွယ်ရောက်တဲ့ အခါကျတော့ တက္ကသိုလ်သွား ပညာတွေ သင်၊ အတတ်အားလုံး စုံတဲ့အခါ ပြန်လာပြီ။ မိမိ မိဘတွေက အပ်နှင်းထားတဲ့ စည်းစိမ်ဥစ္စာတွေကို တည်တံ့အောင် ကြိုးစားပါတယ်။ ကြိုးစားပြီးတဲ့ အချိန်အခါကျတော့ မိဘတွေက ကွယ်လွန်သွားပြီ။ ကွယ်လွန်သွားပြီးတဲ့အချိန်မှာ စည်းစိမ်ဥစ္စာ အစုအပုံကြီးကို ကြည့်တယ်နော်။ ကုဋေပေါင်း-၈၀ ရှိပါတယ်။ ဒီစည်းစိမ်ဥစ္စာတွေ ကြည့်ပြီးတော့ သူက စဉ်းစားခန်း ထုတ်တယ်နော်။

ဣမံ ဓနံ ဥပ္ပါဒေတွာ မမ ဉာတကာ အဂ္ဂဟေတွာဝ ဂတာ၊

ဣမံ ဓနံ၊ ဤစည်းစိမ်ဥစ္စာကို။ ဥပ္ပါဒေတွာ၊ ဖြစ်စေပြီး၍။ မမ၊ ငါ၏။ ဉာတကာ၊ ဆွေမျိုးသားချင်းတို့သည်။ အဂ္ဂဟေတွာဝ၊ မယူဆောင်နိုင်ကြဘဲ ကုန်သာလျှင်။ ဂတာ၊ ဘဝတစ်ပါးသို့ ပြောင်းသွားကြလေကုန်ပြီ။

ငါကတော့ ဤဥစ္စာပစ္စည်းတွေကို ယူဆောင်ပြီးမှ ဘဝတစ်ပါး ယူသွားခြင်းငှာ သင့်တယ်လှပေ၏၊ သူရဲ့ စဉ်းစားခန်းလေးပဲနော်။ ဒီစည်းစိမ်ဥစ္စာတွေကို ဖြစ်ပေါ်စေခဲ့တယ်။ စုဆောင်း ရှာဖွေစေခဲ့တယ်။ မိဘတွေ၊ ဆွေမျိုးသားချင်း အားလုံးဟာ ဒီစည်းစိမ်ဥစ္စာကို မယူနိုင်ဘဲ ဘဝတစ်ပါးကို ပြောင်းသွားကြရတယ်။ ငါကတော့ စည်းစိမ်ဥစ္စာတွေကို ယူဆောင်ပြီးတော့ ဘဝတစ်ပါးသို့ ပြောင်းသွားသင့်တယ်လို့ သူက စဉ်းစားတယ်။ စဉ်းစားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ? ဒီစည်းစိမ်ဥစ္စာအားလုံးကို သူက ဝိဇေယျဒါနအားဖြင့် လှူဒါန်းတယ်။ ဝိဇေယျဒါနဆိုတာက အလှူခံပုဂ္ဂိုလ်တွေကို ရွေးချယ်ပါတယ်။ သီလရှိတဲ့ အလှူခံသူတော်ကောင်းတွေကို ဦးစားပေးပြီးတော့ လှူဒါန်းပူဇော်တယ်။ အကြင်ပစ္စည်းဝတ္ထုတွေကို အကြင် အလှူခံပုဂ္ဂိုလ်က ရသင့်တယ် ရထိုက်တယ်၊ ရသင့်ရထိုက်တဲ့ ပုဂ္ဂိုလ်ကို ရသင့်ရထိုက်တဲ့ ဝတ္ထုတွေကို လှူဒါန်းပူဇော်ပေးတယ်။

အဲဒီလို လှူဒါန်းပူဇော်လို့ ပစ္စည်းဥစ္စာတွေအားလုံး ကုန်ပြီးတဲ့အခါကျတော့ ဒါ ဘဝတစ်ပါး ရောက်အောင် ယူသွားတယ်လို့ သူက ခေါ်တယ်။ ဘာဖြစ်လို့ ယူသွားတယ် ပြောရလဲ? ကုသိုလ်တည်းဟူသော ရွှေအိုးကို သူက မြုပ်နှံသွားတယ်။ အနုဂါမိကရွှေအိုး။ သံသရာအဆက်ဆက်မှာ ဒီကုသိုလ်တည်းဟူသော အနုဂါမိကရွှေအိုးကြီးက အစဉ်မကွာ အစဉ်တစိုက် လိုက်ပါပြီးနေမယ်။ အရိပ်ပမာ ထိုက်သင့်တဲ့ ဘုံဘဝမှာ မိမိလှူဒါန်းလိုက်တဲ့ မြုပ်နှံလိုက်တဲ့ ရွှေအိုးတွေထက် အဆပေါင်း ရာထောင်မက အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတရားတွေကို ဖြစ်ပေါ်စေလိမ့်မယ်။

သို့သော် ဘုရားအလောင်းတော်ဘက်ကတော့ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ဦးတည်ထားပါတယ်နော်။ အဲဒီလို စည်းစိမ်ဥစ္စာတွေကို နောင်တစ်ဖန် ပြန်ပြီး ရလိမ့်မယ်ဆိုတဲ့ ဦးတည်ချက် မရှိပါဘူးနော်။ ဒီလို စွန့်လွှတ်လှူဒါန်းပြီးလို့ အနုဂါမိကရွှေအိုးကြီး မြုပ်နှံပြီးတဲ့ အချိန်အခါကျတော့မှ ဟိမဝန္တာတောဝင်၊ ရသေ့ရဟန်းပြုပြီးတော့ ဘာလုပ်သလဲ?

ဖလာဖလေန ယာပေန္တော စိရံ ဝသိတွာ လောဏမ္ဗိလသေဝနတ္ထာယ မနုဿပထံ အာဂန္တွာ အနုပုဗ္ဗေန ဗာရာဏသိံ ပတွာ ရာဇုယျာနေ ဝသိတွာ ပုနဒိဝသေ နဂရေ ဘိက္ခာယ စရန္တော သေနာပတိဿ နိဝါသနဒွါရံ သမ္ပာပုဏိ။

သစ်သီးကြီးငယ် အသွယ်သွယ်ဖြင့် ဟိမဝန္တာတောကြီးထဲမှာ မျှတပြီးတော့ သီတင်းသုံးတော်မူတယ်။ ဒါပေမဲ့ အလွန်ကြာမြင့်စွာ သီတင်းသုံးပြီးတဲ့ အချိန်အခါမှာ ခန္ဓာကိုယ်မှာ ယားယံတဲ့ ဝေဒနာတွေ ပေါ်လာတယ်၊ အဆစ်အမြစ်တွေ နာတယ်။ အဲဒီ အချိန်အခါမှာ ဒီယားယံတဲ့ ဝေဒနာ၊ အရိုးအဆစ်တွေ ကိုက်ခဲတယ်။ နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေ ပျောက်ဖို့ရန်အတွက် ချဉ်၊ ဆားလေး မှီဝဲရင်တော့ ပျောက်လိမ့်မယ်လို့ ဒီလို နှလုံးပိုက်ပြီးတော့ လူ့ပြည်လူလောကဘက်ကို တစ်ဖန် ခရီးပြန်လာခဲ့ပြန်တယ်နော်။ ပြန်လာပြီးတဲ့အခါမှာ ဗာရာဏသီမြို့တွင်းကို ဆွမ်းခံလှည့်လည်ပြီးတော့ ဆွမ်းခံကြွတော်မူပါတယ်။ ဆွမ်းခံလှည့်လည်တဲ့အခါမှာ အကြောင်းလှချင်တဲ့ အခါကျတော့ စစ်သူကြီးရဲ့ အိမ်တံခါးဝမှာ သွားပြီးတော့ ဆွမ်းခံ ရပ်မိလျက်သား ဖြစ်နေပါတယ်။ ဆွမ်းရပ်မိတဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

သေနာပတိ တဿ ဣရိယာပထေသု ပသီဒိတွာ ဃရံ ပဝေသေတွာ အတ္တနော ပဋိယာဒိတဘောဇနံ ဘောဇေတွာ ပဋိညံ ဂဟေတွာ တတ္ထေဝ ရာဇုယျာနေ ဝသာပေသိ။

သေနာပတိ၊ သေနာပတိစစ်သူကြီးသည်။ တဿ၊ ထိုခန္တီဝါဒီရသေ့ကြီး၏။ ဣရိယာပထေသု၊ ဣရိယာပုတ်၌။ ပသီဒိတွာ၊ ကြည်ညိုလှ၍။ ဃရံ၊ မိမိရဲ့ အိမ်အတွင်းသို့။ ပဝေသေတွာ၊ ကြွစေ၍။ အတ္တနော၊ မိမိအတွက်။ ပဋိယာဒိတဘောဇနံ၊ စီရင်ထားတဲ့ ခဲဖွယ်ဘောဇဉ်ကို။ ဘောဇေတွာ၊ ပြုစုလုပ်ကျွေး၍။ ပဋိညံ၊ ပဋိညာဉ် ခန္တီဝါဒီရသေ့ထံမှ ဝန်ခံပဋိညာဉ်စကားကို။ ဂဟေတွာ၊ အရယူ၍။ တတ္ထေဝ၊ ထိုဗာရာဏသီမင်း၏ ဥယျာဉ်၌ပင်လျှင်။ ဝသာပေသိ၊ သီတင်းသုံးနေတော်မူခဲ့စေပြီ။

စစ်သူကြီးကလည်း ခန္တီဝါဒီရသေ့ကြီးရဲ့ ဣရိယာပုတ်တွေကို ကြည့်ပြီးတော့ သိပ်ပြီးတော့ ကြည်ညိုသွားတယ်။ ဒါကြောင့် ဦးပဉ္စင်းတို့ ယောဂီသူတော်ကောင်း မှန်ခဲ့ရင်၊ ရဟန်းမှန်ခဲ့ရင်၊ သီလရှင်မှန်ခဲ့ရင်၊ ရသေ့ရဟန်းမှန်ခဲ့မယ် ဆိုရင်တော့ ဣရိယာပုတ်တွေက ကြည်ညိုဖွယ် ဂုဏ်ပုဒ်ကိုဆောင်တဲ့ ဣရိယာပုတ်တွေ ရှိဖို့မလိုဘူးလား? လိုအပ်တယ်။

“စပ်စပ် စပ်စပ် ဟင်... ဟိုလဲ မော့တော့ မော့တော့၊ ဒီလဲ မော့တော့ မော့တော့” ဒီလို လုပ်ရမလား? ဟင်... “ပြေးလိုက်၊ လွှားလိုက် ဒီလိုကော လုပ်ရမလား?” မလုပ်ရဘူး။ ကြည်ညိုဖွယ် ဣရိယာပုတ်ကလေးတွေနဲ့ ရိုရိုသေသေ သွားတတ်ဖို့၊ လာတတ်ဖို့၊ နေတတ်ဖို့၊ ထိုင်တတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဘာဖြစ်လို့လဲ? သိပ်မာနမကြီးပါနဲ့။ သူတစ်ပါးတွေက မလှူဘူး၊ မကြည်ညိုဘူး ကိုယ်ဘာနဲ့ သွားစားမလဲ? စဉ်းစားပါ... စဉ်းစားပါ။ ဟုတ်တယ်၊ မဟုတ်လား? မာနတွေကြီးလို့ ဘယ်သူ့မှ အရေးမစိုက်ဘူးဆိုတဲ့ပုံစံနဲ့ နေထိုင်ခဲ့လို့ ဘယ်သူမှ မကြည်ညိုလို့ ဘာမှ မလှူတော့ဘူးဆိုရင် မိမိတို့ ဘာသွားစားမလဲ? ဟင်... မေးကြည့်စမ်းပါ။ ဘာစားမလဲ? မသိဘူး။

ဘယ်လူလဲ တလောကလား ဘုန်းကြီးကို ပြောတယ်။ ပီတိစားတယ်။ စားနိုင်မှာလား? ပီတိကို။ ဟင်... သီလရှင်တွေ ပီတိစားပြီး နေနိုင်မလား? အေး... မနေနိုင်လို့ ရှိရင်တော့ မာနသိပ်မကြီးနဲ့။ ကိုယ့်ကိုယ်ကို အထင်လည်း သိပ်မကြီးနဲ့။ သူတစ်ပါးတို့ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်တဲ့ စိတ်ဓာတ်ဖြင့်သာလျှင် သာသနာတော်မှာ နေထိုင်တတ်ဖို့တော့ သိပ်လိုတယ်။ ဒါရှေးရှေး သူတော်ကောင်းတို့ရဲ့ ထုံးဟောင်း။ ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ ထုံးဟောင်းဖြစ်ပါတယ်နော်။

အဲဒီတော့ ဒီစစ်သူကြီးကလည်း ဒီရသေ့ကို ဘာဖြစ်လို့ ဒီလောက်တောင် ကြည်ညိုရသလဲဆိုတာ အကြောင်းရှိပါတယ်။ ဒီစစ်သူကြီးက ရှင်သာရိပုတ္တရာရဲ့ မထေရ်မြတ်အလောင်းအလျာ ဖြစ်တယ်နော်။ အရှင်သာရိပုတ္တရာမထေရ်မြတ်တို့က ၁-သင်္ချေနဲ့ ကမ္ဘာ ၁-သိန်းတိုင်တိုင် အဂ္ဂသာဝကရာထူးကို မြှော်မှန်းပြီးတော့ ပါရမီဖြည့်ကျင့်ခဲ့တဲ့ သူတော်ကောင်းတွေ ဖြစ်တယ်။ အနောမဒဿီဘုရားရှင် သာသနာတော်တွင်းထဲက စပြီးတော့ ပါရမီမျိုးစေ့တွေ ကြဲချစိုက်ပျိုးခဲ့တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ သူတော်ကောင်းတွေကိုလည်း အနောမဒဿီဘုရားရှင်က “နောင် ၁-သင်္ချေနဲ့ ကမ္ဘာ ၁-သိန်းကြာရင် ဂေါတမဘုရားရှင် အမည်ရှိတဲ့ဘုရား ပွင့်တော်မူလိမ့်မယ်။ ထိုဘုရားရှင်ရဲ့ အဲဒီအချိန်အခါကာလမှာ သင်တို့ အဂ္ဂသာဝကတွေ ဖြစ်လိမ့်မယ်” ဆိုပြီး ဗျာဒိတ်ပေးထားပါတယ်နော်။

ဒီတော့ ပါရမီဖြည့်ဖက် သူတော်ကောင်းတွေက တစ်ဦးနဲ့တစ်ဦး တွေ့ကြတဲ့အချိန်အခါမှာ အလွန် ကြည်ညိုကြတယ်။ တစ်ဦးကိုတစ်ဦး မြင်တာနဲ့ ကျေနပ်ကြတယ်။ တစ်ဦးနဲ့တစ်ဦး မြင်တာနဲ့ ကျေနပ်ချက်ရှိတာ ကောင်းသလား၊ မကောင်းဘူးလား? တစ်ဦးကိုတစ်ဦး မြင်တာနဲ့ မကျေနပ်ဘူး ကောင်းလား၊ မကောင်းဘူးလား? ဟောဒီ ဇာတ်ကြောင်းမှာ ကြည့်... လာမယ်။

ကလာဗုမင်းက ခန္တီဝါဒီရသေ့ကို မြင်တာနဲ့ သူက မကျေနပ်ဘူး။ ဘာဖြစ်လို့လဲ? မကျေနပ်တဲ့ ဓာတ်တွေကို ဟိုရွှေကုန်သည်ဘဝ လွန်ခဲ့တဲ့ ၅-ကမ္ဘာထဲက သူက မွေးခဲ့တယ်။ ရှင်သာရိပုတ္တရာအလောင်း စစ်သူကြီးကျတော့ ခန္တီဝါဒီရသေ့ကြီး မြင်တာနဲ့ ကျေနပ်တယ်။ ဘာဖြစ်လို့လဲ? ကျေနပ်တဲ့ ဓာတ်ငွေ့က ၁-သင်္ချေနဲ့ ကမ္ဘာ ၁-သိန်းတိုင်တိုင် ဖြည့်ကျင့်ဆည်းပူးတော် မူခဲ့တယ်။ ကျေနပ်တဲ့ ဓာတ်ငွေ့တွေ မွေးမြူတဲ့ သူတော်ကောင်းတွေရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေက မတိုးပွားဘူးလား? တိုးပွားတယ်။ မကျေနပ်တဲ့ ဓာတ်ငွေ့တွေကို မွေးမြူနေတဲ့ ကလာဗုမင်းဖြစ်တဲ့ အရှင်ဒေဝဒတ် အလောင်းအလျာရဲ့သန္တာန်မှာ အကုသိုလ်တရားတွေက မတိုးပွားဘူးလား? တိုးပွားတယ်။

ကုသိုလ်တရား တိုးပွားတာကို မိမိတို့က အလိုရှိသလား၊ အကုသိုလ်တရား တိုးပွားတာကို မိမိတို့က အလိုရှိသလားလို့ ကိုယ့်ကိုယ်ကို ပြန်ပြီး မမေးသင့်ဘူးလား? မေးသင့်ပါတယ်။ ကိုယ့်ကိုယ်ကို မလိမ်တတ်တဲ့ပုဂ္ဂိုလ်၊ မညာတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ငါသည် အကုသိုလ်တရားကို အလိုမရှိပါဘူးလို့ အဖြေထွက်ခဲ့မယ်ဆိုရင် လိမ်ပြီးဖြေတာတွေ ရှိတယ်။ ညာပြီးဖြေတာတွေ ရှိနေလို့ ဘုန်းကြီးက မလိမ်တတ်ဘူး၊ မညာတတ်ဘူးလို့ ပြောတာ။ ကိုယ့်ကိုယ်ကို လိမ်ညာပြီး မဖြေတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ငါသည် အကုသိုလ်တရားကို အလိုမရှိပါဘူးဆိုရင် တစ်ဦးနဲ့တစ်ဦး ကျေနပ်တဲ့ စိတ်ထား မွေးမြူပေးပါ။ မကောင်းဘူးလား? ဒီကျေနပ်တဲ့စိတ်ဓာတ်တွေက မွေးမြူဖို့ မကောင်းဘူးလား? ကောင်းတယ်နော်။ အရှင်ရသေ့ကလည်း ဝန်ခံချက် ပေးပါတယ်။ ပေးပြီးတော့ ပြဿနာက ပေါ်တော့မယ်နော်။

ဒီတော့ တစ်နေ့မှာ ကလာဗုမင်းက ဘာဖြစ်သလဲဆိုတော့ သူက ငမူးသမားလည်း ဖြစ်နေပြန်တယ်နော်။ ငမူးသမားဖြစ်နေတဲ့ အချိန်အခါကျတော့ အရက်တွေ သောက်ပြီး မူးယစ်ပြီးတော့ ဥယျာဉ်တော် သွားပြီ။ သွားလိုက်တဲ့ အချိန်အခါမှာ ဘသားချောက တစ်ယောက်တည်း မသွားဘူး။ သူ့ရဲ့ မောင်းမမိဿံတွေ ခြံရံပြီးတော့ သွားလိုက်တဲ့အခါမှာ အဲဒီအထဲ ဘာပါနေသလဲဆိုတော့ မရွှေချောတို့လည်း ပါနေတယ်။ မရွှေချောဆိုတာက ဘာပြောတာလဲ? ကတဲ့၊ ခုန်တဲ့၊ တီးတဲ့၊ ဆိုတဲ့၊ မှုတ်တဲ့ နေရာတွေမှာ ကျွမ်းကျင်လိမ္မာတဲ့ အမျိုးသမီးကောင်းတွေ ပါနေတယ်။ အဲဒီ အမျိုးကောင်းသမီးတွေ ခြံရံပြီးတော့ သူက ကြီးစွာသော အဆောင်အယောင်များနဲ့ ဥယျာဉ်တော်ကို သွားပြီး မင်္ဂလာကျောက်ဖျာထက်မှာ အိပ်ပြီ။ မင်္ဂလာကျောက်ဖျာထက်မှာ အိပ်လိုက်တဲ့အချိန်ကျတော့ ဘာဖြစ်လဲ? ရိုးရိုး မအိပ်ဘူး။ သူ အလွန် ချစ်ခင်မြတ်နိုးနေတဲ့ အမျိုးသမီးရဲ့ ရင်ခွင်မှာ ဘသားချောက အိပ်ပြန်တယ်။ အိပ်လိုက်တဲ့ အချိန်မှာကျတော့ တီးလိုက်၊ မှုတ်လိုက်၊ ကလိုက် ပြုလုပ်နေတဲ့ ကျွမ်းကျင်နေတဲ့ ကချေသည် အမျိုးသမီးတွေက ဘာလုပ်ကြသလဲ?

စဉ်းစားစမ်းပါ... တို့ဟာ ဒီရှင်ဘုရင်အတွက် ကနေတာ၊ သီနေတာ၊ ဆိုနေတာ၊ တီးမှုတ်နေတာ ဖြစ်တယ်။ ဒင်း အိပ်ပြီ ဆိုလို့ရှိရင်တော့ တို့အတွက် ကလို့၊ ခုန်လို့၊ သီဆို တီးမှုတ်နေလို့ ဘာထူးတော့မှာလဲ ဆိုပြီးတော့ သူတို့က စဉ်းစားကြတယ်နော်။ စဉ်းစားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ? စဉ်းစားရုံတင်မကဘူး သူတို့ကလည်း ဥယျာဉ်တော်ကို လျှောက်ပြီးတော့ လှည့်လိုက်တယ်။ ကြည့်လိုက်တဲ့ အခါကျတော့ ပင်လုံးကျွတ် ပွင့်နေတဲ့ အင်ကြင်းပင်ကြီး ၁-ပင်ရှိတယ်။ အဲဒီ အင်ကြင်းပင်ကြီးရဲ့ အောက်မှာ ခုနက ခန္တီဝါဒီရသေ့ တရားဘာဝနာများ စီးဖြန်းပွားများပြီးတော့ ထိုင်ပြီး သီတင်းသုံးနေတော်မူပါတယ်။ သီတင်းသုံးနေလိုက်တဲ့ အခါကျတော့ ရဟန်းချမ်းသာဖြင့် မိမိရရှိထားတဲ့ သမာပတ်တွေ ဝင်စားပြီးတော့ ချမ်းချမ်းသာသာနဲ့ သီတင်းသုံးတော်မူပြီးနေတဲ့ အခါမှာ ဒီအမျိုးသမီးတွေက ခန္တီဝါဒီရသေ့ကြီးကို သွားပြီးတော့ မြင်တယ်။ မြင်လိုက်တဲ့ အခါကျတော့ ဘာဖြစ်လဲ?

“ဧထ, အယျာယော, ဧတသ္မိံ ရုက္ခမူလေ ပဗ္ဗဇိတော နိသိန္နော, ယာဝ ရာဇာ န ပဗုဇ္ဈတိ, တာဝဿ သန္တိကေ ကိဉ္စိ သုဏမာနာ နိသီဒိဿာမ”

ဧထ၊ အရှင်မတို့ လာကြကုန်လော့။ ဧတသ္မိံ ရုက္ခမူလေ၊ ထိုသစ်ပင်ရင်း၌။ ပဗ္ဗဇ္ဇိတော၊ ရသေ့ရဟန်းတစ်ပါးသည်။ နိသိန္နော၊ ထိုင်ပြီးတော့ သီတင်းသုံးတော်မူ၏။ ယာဝ ရာဇာ န ပဗုဇ္ဈတိ၊ ထိုရသေ့ထံသို့ အရှင်ကလာဗုမင်းသည် အိပ်ရာက မနိုးသေး။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ အဿ သန္တိကေ၊ ထိုရသေ့ထံ၌။ ကိဉ္စိ၊ တစ်စုံတစ်ရာသော တရားကို။ သုဏမာနာ၊ နာကြားကြကုန်လျက်။ နိသီဒိဿာမ၊ ထိုင်နေကြကုန်အံ့။

သူတို့က တိုင်ပင်ကြတယ်နော်။ အဲဒီ တိုင်ပင်တဲ့ အချက်ကလေးကိုက ပြဿနာတက်ဖို့ ဖြစ်သွားတယ်နော်။ “အရှင်မတို့... လာကြ။ ထိုသစ်ပင်ရင်းမှာတော့ ရသေ့တစ်ပါး ထိုင်ပြီးတော့ သီတင်းသုံးတော်မူတယ်။ ရှင်ဘုရင်ကြီး မနိုးတဲ့ အချိန်ကာလပတ်လုံး တို့ ဒီရသေ့ထံမှာ တစ်စုံတစ်ရာ တရားဓမ္မ နာကြားပြီးတော့ ထိုင်နေကြရအောင်” ဆိုပြီးတော့ တိုင်ပင်ကြတယ်။ တိုင်ပင်လိုက်တဲ့ အခါကျတော့ အားလုံး သဘောတူပြီးတော့ သွားကြတယ်။ ရသေ့ကြီးကို ရှိခိုး၊ ရှိခိုးပြီးတော့ ရသေ့ကြီးကို ခြံရံပြီးတော့ နေကြတယ်နော်။ အဲဒီအခါကျတော့ အမျိုးသမီးတွေကလည်း သူတို့ရဲ့ပါးစပ်က ငြိမ်ငြိမ် မနေကြဘူး။ ငြိမ်ငြိမ် မနေတော့ သူတို့က ဘာလုပ်သလဲ?

“အမှာကံ ကထေတဗ္ဗယုတ္တကံ ကိဉ္စိ ကထေထ”

တပည့်တော်တို့အပေါ်မှာ ဟောကြားပြသ ဆိုဆုံးမသင့်တဲ့စကား တရားတစ်ခုကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါ တောင်းပန်ကြတယ်။ ဒီအထိပြောမယ် ဆိုလို့ရှိရင်လည်း ကောင်းတယ်လို့ မပြောနိုင်ဘူးလား? ကောင်းပါတယ်နော်။ ဒါပေမဲ့ အကောင်းမြင်ဘက်က ကြည့်ရင် အကောင်း ဖြစ်ပေမဲ့၊ မကောင်းဘက်ကကြည့်ရင် လုပ်သမျှတွေအကုန်လုံး မကောင်း ဖြစ်နေတတ်ပြန်တယ်နော်။ ဒီတော့ ဦးပဉ္စင်းတို့က ဘယ်သတ္တဝါကိုပဲ ကြည့်ကြည့် ကောင်းတဲ့ဘက်ကနေကြည့်ရင် ကုသိုလ် မရနိုင်ဘူးလား? ရနိုင်တယ်။ ဘယ်သတ္တဝါကိုပဲ ကြည့်ကြည့် ဘယ်လောက်ပဲကောင်းကောင်း မကောင်းတဲ့အမြင်နဲ့ လှမ်းပြီးကြည့်မယ် ဆိုလို့ရှိရင်လည်း အကုသိုလ်စိတ်တွေ မတိုးပွားဘူးလား? တိုးပွားနိုင်တယ်။ ဒါ သတိရှိဖို့ လိုတယ်။

အဲဒီအခါကျတော့မှ ဘုရားအလောင်းတော် ရသေ့ကြီးကလည်း ထိုအမျိုးသမီးတွေကို သင့်တင့်လျောက်ပတ်တဲ့ တရားစကား ဟောကြားပြသ ဆိုဆုံးမပြီး နေတော်မူပါတယ်။ ဆိုဆုံးမပေးလိုက်တဲ့ အခါကျတော့ ပြဿနာတစ်ခု ပေါ်လာပြီ။ ရှင်ဘုရင်က သူချစ်ခင်မြတ်နိုးရတဲ့ အမျိုးသမီးရဲ့ ရင်ခွင်မှာ အိပ်နေတော့ ပွေ့ပိုက်ထားရတဲ့ မရွှေချောကလည်း မကြည်ဖြူတဲ့စိတ်ထား ဖြစ်လာပြီနော်။ “ဒင်းတို့တော့ ဟိုမှာသွားပြီး လျှောက်လှည့်တယ်၊ သွားပြီးတော့ ဟိုမှာထိုင်ပြီး စကားပြောတယ်။ ငါကတော့ ပွေ့ထားရတယ်။ ဟုတ်တယ်၊ မဟုတ်လား?” ဖြစ်လာပြီ ဖြစ်လာပြီ။ ပြဿနာက ပြဿနာကနော်။ အဲဒီ ပြဿနာပေါ်လာတော့ မနာလိုမုန်းတီးတဲ့စိတ်ထားဖြင့် ရှင်ဘုရင်ကို သူက လှုပ်ပြီးတော့ နှိုးလိုက်တယ်။ ဩော် ခက်ပုံကနော် -

လှုပ်ပြီးနှိုးလိုက်တဲ့ အခါကျတော့ ဘသားချောကလည်း နိုးပြီ။ နိုးလိုက်တဲ့ အချိန်အခါကျတော့ လှမ်းပြီးကြည့်လိုက်တဲ့ အချိန်မှာ မယ်မင်းကြီးမတွေကို မတွေ့ပြန်ဘူး။ မတွေ့ဘူးဆိုတဲ့အချိန်မှာ “ဒီသူယုတ်မတွေ ဘယ်သွားကြသလဲ?” ဖြစ်ပြီ ဖြစ်ပြီ။ ဖြစ်တဲ့အခါ ဟိုကလည်း ပြောချင်တာ နှုတ်ခမ်းကလည်း နဂိုထဲက ပြင်ထားတာကို။ နှုတ်ခမ်းက နဂိုတည်းက ပြင်ထားတဲ့ အခါကျတော့ ဘာပြောလဲ?

“အရှင်မင်းမြတ်... ဒင်းကောင်မတွေက ဟိုမှာလေ... ရသေ့ကြီးတစ်ပါး ရှိတယ်။ ဒီရသေ့ကြီးကို ဝိုင်းဖွဲ့ပြီး နေကြတယ်။ အဲဒီ ရသေ့ကြီးဆီ သွားနေတယ်” ဟော... ဖြစ်ပြီ ပြဿနာက။ ဒီတော့ ရှင်ဘုရင်ကလည်း သူက ဘာမှ မစဉ်းစားဘူး။ မစဉ်းစားလိုက်တဲ့ အခါကျတော့ ဒီတော့ ထောင်းကနဲ အမျက်က ထွက်လာပြီ။ ထွက်လာတဲ့ အချိန်အခါကျတော့ သူက ဘာဖြစ်လဲ?

“ဒီကောက်ကျစ်တဲ့ ရသေ့ကို ငါ နည်းနည်းလေး ဆုံးမလိုက်မယ်” ဟော လုပ်ပြီ။ ခက်ပုံက ခက်ပုံက။ ဘာဖြစ်လို့လဲ? အတိတ်ဓာတ်ငွေ့က ဒီမှာ သိပ်စကားပြောပါတယ်။ အတိတ်ဓာတ်ငွေ့က ခန္တီဝါဒီဖြစ်တဲ့ ဦးပဉ္စင်းတို့ ဘုရားအလောင်းပေါ်မှာ မကျေနပ်ချက်တွေ တစ်ပုံကြီး မွေးမြူထားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ခန္တီဝါဒီရသေ့အကြောင်း ကြားလိုက်တာနဲ့၊ ခန္တီဝါဒီရသေ့ကို မြင်လိုက်တာနဲ့ ဒီမကျေနပ်ချက်တွေက တဖွားဖွား ပြန်ပြီးတော့ ပေါ်လာတယ်။ ကြောက်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။

တစ်ဦးနဲ့တစ်ဦး တွေ့တဲ့အချိန်အခါမှာ၊ အခု အသိဉာဏ်ရှိတဲ့ ဘဝတစ်ခု ရထားတဲ့ အချိန်အခါမှာ မိမိတို့ စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲ ပေးတတ်ဖို့ လိုပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေ မရှိဘဲ တစ်ဦးကိုတစ်ဦး မကျေနပ်ချက်တွေသာ မွေးမြူနေမယ်ဆိုရင် နောက်ထပ် သံသရာခရီး ဆိုတာကလည်း မဆုံးလို့ရှိရင် ပြန်ပြီးတော့ ဆုံရဦးမှာပဲ။ ဘာဖြစ်လို့ ဆုံရဦးမလဲ? ဟင် သံသရာခရီး မဆုံးသေးရင် ပြန်ဆုံတယ်ဆိုတာက ကောင်းမှုကုသိုလ်တွေက အတူတူ ပြုနေကြတယ်။ အခုကြည့်ပါ - တရားရှုပွားနေကြတယ်။ ဒါ ကောင်းမှုကုသိုလ် အတူတူ ပြုတယ်လို့ မခေါ်နိုင်ဘူးလား? ခေါ်နိုင်တယ်။

အဲ ... ဝေယျာဝစ္စတွေ လုပ်ကြတယ်။ ဒါ ကောင်းမှုကုသိုလ် အတူတူ ပြုနေကြတာပဲ။ တတ်အားသမျှ လှူကြတယ်၊ ဒါန်းကြတယ်၊ ဆီမီးလှူကြတယ်၊ ပန်းလှူကြတယ်၊ ရေချမ်းလှူကြတယ်။ ဒါ ကောင်းမှုကုသိုလ်တွေ အတူတူ ပြုနေကြတာ။ အတူတူ ပြုနေကြသူတွေ များသောအားဖြင့် ဆုံဆည်းတတ်တဲ့သဘော ရှိပါတယ်။ ဆုံမိကြတဲ့အခါ တစ်ဦးအပေါ်တစ်ဦး မကျေနပ်ချက်တွေ မွေးမြူထားရင် ပြန်ပြီး ဆုံကြရင် ဒီမကျေနပ်ချက်တွေက တဖွားဖွားနဲ့ ပြန်ပြီးတော့ ပေါ်လာတတ်တယ်။

နောက်ဘဝကို ခဏထားလိုက်ဦး။ ယခုဘဝကိုပဲ ခဏကြည့်လိုက်ဦး - အခုဘဝမှာ မိမိတို့ တစ်ဦးနဲ့တစ်ဦး မကျေနပ်ဘူး။ အဲဒီပုဂ္ဂိုလ်နဲ့ ပြန်ပြီး တစ်နေရာမှာ မတော်တဆ ဆုံကြရင် မကျေနပ်ချက်က ချက်ချင်း ပြန်ပြီး ပေါ်မလာဘူးလား? ပေါ်လာတော့ ဘာလုပ်လိုက်လဲ? ဟိုဘက်လှည့်ပြီး မမြင်ယောင် ဆောင်လိုက်တယ်။ မလုပ်ဘူးလား? လုပ်ကြတယ်။ ဒါက ကျေနပ်လို့လား၊ မကျေနပ်လို့လား? မကျေနပ်လို့ဘဲ။ မလွဲမရှောင်သာလို့ စကားပြောရရင်တောင်မှ မပြောချင်ပြောချင်နဲ့ ၁-ခွန်းစ ၂-ခွန်းစတော့ ပြောလိုက်တယ်။ မညိတ်ချင် ညိတ်ချင်နဲ့ ခေါင်းလေးတော့ ညိတ်လိုက်တယ်။ ဟုတ်တယ်မဟုတ်လား? ဘာဖြစ်လို့ ဒီလို ဖြစ်ရသလဲမေးလိုက်တော့ မကျေနပ်ချက်ကို မိမိက မွေးမြူထားတယ်။ အဲဒီ မကျေနပ်ချက်က ဒီဘဝမှာတင် ဒီလောက်ဖြစ်ခဲ့ရင် နောက်ဘဝကျတော့ အဲဒီပုံစံအတိုင်း ပြန်ပြီးတော့ လာတတ်ပါတယ်။ ဒီမကျေနပ်ချက်ကို ပြန်ပြီးတော့ ဖျက်သိမ်းနိုင်တဲ့ ပုဂ္ဂိုလ်မှသာလျှင် အဆင့်အတန်းတွေ မြင့်မားတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်နော်။

အဲဒီအခါ ရှင်ဘုရင်ကြီးက အလွန် ဒေါသဖြစ်လာပြီဆိုတာ သိတယ်။ သိတဲ့အခါကျတော့ ရှင်ဘုရင်နဲ့ အလွန် အကျွမ်းဝင်တဲ့ အမျိုးသမီးက ဘာလုပ်သလဲ? ရှင်ဘုရင်လက်ထဲက ရှိနေတဲ့ သန်လျက်ကို ကဗျာကယာ အတင်းဖက်ပြီးတော့ လုယူလိုက်တယ်နော်။ လုယူပြီးတဲ့ အခါကျတော့မှ ရှင်ဘုရင်ကြီး ဒေါသကို ပြေငြိမ်းအောင် သံတော်ဦး တင်ပါတယ်နော်။ ဒါပေမဲ့ သံတော်ဦးတင်လို့ မရဘူး။ မရတဲ့ အချိန်အခါကျတော့ ရှင်ဘုရင်က ဘုရားလောင်းထံ လာ၊ ရသေ့ကြီးထံ လာပြီးတော့ ဘာမေးသလဲဆိုတော့ -

‘‘ကိံဝါဒီ တွံ, သမဏ’’

ရဟန်း သင်ဘာဝါဒ ရှိသလဲ? သူက ခပ်တည်တည်ပဲ။ ဒေါသက သိပ်ဖြစ်နေတော့ စကားက ခပ်မာမာပဲ။ ဒီလို မေးလိုက်တဲ့ အခါကျတော့မှ ခန္တီဝါဒီရသေ့ကြီးက ဘာပြန်ဖြေသလဲ?

‘‘ခန္တိဝါဒီ, မဟာရာဇ’’

မဟာရာဇာ = ဒကာတော်မင်းမြတ် ...။ ခန္တိ = ငါသည်ကား သည်းခံခြင်း ခန္တီတရား ထင်ရှားရှိပါ၏၊

ငါက သည်းခံခြင်း ခန္တိဝါဒရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်ကွယ်။ ပြန်ပြီးတော့ ခပ်အေးအေး ပြန်ဖြေတယ်။ ဖြေပေမဲ့လည်း သူက မကျေနပ်ဘူးလေ။

‘‘ကာ ဧသာ ခန္တိ နာမ’’

အဲဒီ ခန္တီဆိုတာ ဘာလဲ? ဟော ... သူက ခပ်ဆတ်ဆတ်။ ခန္တီဆိုတာဘာလဲတဲ့? (ဒေါ်ခန္တီကို ပြောနေတာ မဟုတ်ဘူးနော်) အဲဒီတော့ ခန္တီဆိုတာ ဘာလဲဆိုပြီးတော့ မေးမြန်းတယ်။ မေးလိုက်တဲ့ အခါကျတော့ ဘာဖြစ်လဲ?

‘‘အက္ကောသန္တေသု ပရိဘာသန္တေသု ပဟရန္တေသု အကုဇ္ဈနဘာဝေါ’’

ဆဲရေးတဲ့အခါမှာလည်း အမျက်မထွက်တဲ့ သဘောတရားကို ခန္တီလို့ ခေါ်တယ်၊ ခြိမ်းခြောက်တဲ့အခါမှာလည်း အမျက်မထွက်တဲ့ သဘောတရားကို ခန္တီလို့ ခေါ်တယ်၊ ပုတ်ခတ်တဲ့ အခါမှာလည်း အမျက်မထွက်တဲ့ သဘောတရားကို ခန္တီလို့ ခေါ်တယ် ဆိုပြီးတော့ ဒီလို ရသေ့ကြီးက ပြန်ပြီးတော့ ဖြေတယ်။

‘‘ပဿိဿာမိ ဒါနိ တေ ခန္တိယာ အတ္ทธิဘာဝံ’’ သင့်သန္တာန်မှာ ဒီလို ခန္တီတရား ထင်ရှားရှိတာကို ထင်ရှားရှိသည်၏ အဖြစ်ကို အခု ငါတွေ့မြင်လိုတယ်။ သင့်သန္တာန်၌ ခန္တီတရား ရှိတယ်ဆိုတာ အခု ငါတွေ့မြင်လိုတယ်။ ငါ ကြည့်ချင်တယ်။ ကြည့်ချင်တယ် ဆိုတာက ဘာလဲ? ခိုးသားတွေ သတ်နေတဲ့ လူသတ်သမားကို အမိန့်နဲ့ ဆင့်ခေါ်လိုက်ပြီ။

အရှင်မင်းမြတ် ... ကျနော်မျိုး ဘာလုပ်ရမလဲလို့” သံတော်ဦး တင်တော်မူတယ်။ အဲဒီအခါကျမှ -

ဒီသူခိုးဖြစ်တဲ့ ရသေ့ပျက်ကြီးကို ဆွဲပြီးတော့ မြေကြီးမှာ လှဲကြစမ်း။ ဆူးတပ်ထားတဲ့ ကြိမ်လုံးဖြင့် နံပါး ၂-ဖက်တို့၌ ကြိမ်ဒဏ် ၁-ထောင်စီ ၁-ထောင်စီ ၂-ရပ်ပေါင်းလိုက်ရင် ကြိမ်ဒဏ် ၂-ထောင်ပေးစေ ဆိုပြီးတော့ အမိန့်ချလိုက်တယ်။ အမိန့်ချလိုက်တဲ့အခါမှာ အာဏာသားကလည်း အမိန့်တော်အတိုင်းပဲ ရိုသေစွာ ထမ်းရွက်ပါတယ်။ ကြိမ်ဒဏ် ၂-ထောင် ပူဇော်လိုက်တယ်။ ပူဇော်ပြီးတဲ့အခါမှာ ဘာဖြစ်လဲ?

ဗောဓိသတ္တဿ ဆဝိ ဘိဇ္ဇိ။ စမ္မံ ဘိဇ္ဇိ, မံသံ ဆိဇ္ဇိ, လောဟိတံ ပဂ္ဃရတိ။

ဘုရားအလောင်းရသေ့ရဲ့ အရေပါးသည် ကွဲပြဲ၍ သွားခဲ့ပေပြီ၊ အရေထူသည် ကွဲပြဲ၍ သွားခဲ့လေပြီ၊ အသားတွေ ပြတ်တောက်၍ သွားခဲ့ပေပြီ၊ သွေးတို့သည် ယိုစီး၍ ကျခဲ့လေပြီ။ အဲဒီအခါကျတော့ ဒီခန္တီဝါဒီရသေ့ကြီးကို ကလာဗုမင်းက ဘာမေးလဲ?

‘‘ကိံဝါဒီ တွံ ဘိက္ခု’’

ရှင်ရသေ့ သင် ဘာဝါဒ ရှိသလဲဆိုပြီး အဲဒီအခါကျတော့ ထပ်ပြီးတော့ မေးတယ်နော်။ အဲဒီအခါကျတော့လည်း ခန္တီဝါဒီရသေ့ကြီးက ဘာပြန်ပြီးတော့ ဖြေသလဲ?

‘ခန္တိဝါဒီ, မဟာရာဇ’’။ ‘‘တွံ ပန မယှံ စမ္မန္တရေ ခန္တီ’’တိ မညသိ, နတ္ထိ မယှံ စမ္မန္တရေ ခန္တိ, တယာ ပန ဒဋ္ဌုံ အသက္ကုဏေယျေ ဟဒယဗ္ဘန္တရေ မမ ခန္တိ ပတိဋ္ဌိတာ။

မဟာရာဇာ = ဒကာတော်မင်းမြတ် ...။ ငါသည် သည်းခံခြင်း ခန္တီဝါဒ ရှိပါပေ၏၊ မဟာရာဇာ = ဒကာတော်မင်းမြတ် ... သင်သည် ငါ၏ အရေထူ, အရေပါးအတွင်း၌ သည်းခံခြင်း ခန္တီတရား ထင်ရှားရှိ၏ဟူ၍ မှတ်ထင်၍ နေပေ၏၊ ငါ၏ အရေထူ, အရေပါးအတွင်း၌ သည်းခံခြင်း ခန္တီတရားသည် နတ္ထိ = မရှိပါ။ နှလုံးအိမ်အတွင်း၌ ငါ၏ ခန္တီ = သည်းခံခြင်းခန္တီတရားသည် တည်တံ့၍ နေပါပေ၏၊

ဒကာတော်မင်းမြတ် ... ငါသည် သည်းခံခြင်း ခန္တီတရား ထင်ရှားရှိတဲ့ ရသေ့ဖြစ်တယ်။ သည်းခံခြင်း ခန္တီဝါဒရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သင်ကတော့ ငါ့ရဲ့ အရေထူ, အရေပါးအတွင်းမှာ သည်းခံခြင်း ခန္တီတရား ထင်ရှားရှိတယ်လို့ သင်က အောက်မေ့မှတ်ထင်နေတယ်။ တကယ်စင်စစ် ပြောကြဆိုလို့ရှိရင် ငါ့ရဲ့ အရေထူ, အရေပါးအတွင်း၌ သည်းခံခြင်း ခန္တီတရား ထင်ရှား ရှိမနေပါ။ သင်မြင်ဖို့ရန်အတွက် မစွမ်းနိုင်တဲ့ ငါ့ရဲ့ နှလုံးအိမ်အတွင်းမှာ ငါ့ရဲ့ သည်းခံခြင်း ခန္တီတရား တည်တံ့၍ နေပါတယ်။ ဒီလို ပြန်ပြောတယ်။ ပြောလိုက်တဲ့ အခါကျတော့မှ အာဏာသားက သူက ရှေ့ဆက်ချင်နေတယ်နဲ့တူတယ်။

ကျနော်မျိုး နောက်ထပ် ဘာလုပ်ရဦးမလဲ?” နောက်ထပ်မေးတယ်။ ဒီလောက်ဆိုလည်း ကျေနပ်ဖို့ မကောင်းဘူးလား? ကျေနပ်ဖို့တော့ ကောင်းပါတယ်။ အာဏာသားကို ပြောနေတာပါ။ တစ်ဖက်က ကလာဗုမင်းကတော့ ဒေါသတွေ သိပ်ကြီးနေတော့ ထားပါတော့။ အာဏာသားတွေက ဒီလောက် ကြိမ်ဒဏ် ၂-ထောင် ရိုက်ပြီးပြီ။ မောဖို့ မကောင်းဘူးလား? မမောဘူး။ ကဲ ... ဘာလုပ်မလဲ ထပ်ပြီးတော့ မေးပြန်တယ်နော်။

‘ဣမဿ ကူဋဇဋိလဿ ဥဘော ဟတ္ထေ ဆိန္ဒ’’

ဤကောက်ကျစ်စဉ်းလဲတဲ့ ရသေ့၏ လက် ၂-ဖက်ကို ဖြတ်စမ်း။ အမိန့်ချလိုက်ပြီ။

သော ဖရသုံ ဂဟေတွာ ဂဏ္ဍိယံ ဌပေတွာ ဟတ္ထေ ဆိန္ဒိ။

ပေါက်ဆိန်ကို လက်ဆွဲပြီးတော့ စဉ်းတီတုံးပေါ် လက်တွေတင်ပြီး ဖြတ်ချလိုက်တယ်။ ကြည့်စမ်း! နောက်တစ်ခု သူက ဆက်ပြီး မေးပြန်တယ်။

‘‘ပါဒေ ဆိန္ဒ’’

ခြေထောက်တွေ ဖြတ်ပစ်လိုက်စမ်း ဆိုပြီးတော့ အမိန့်ချတယ်။ အမိန့်ချလိုက်တဲ့ အတိုင်းပဲ ခြေထောက်တွေလည်း ဖြတ်ပစ်လိုက်ပြီ။

ဟတ္ထပါဒကောဋီဟိ ဃဋဆိဒ္ဒေဟိ လာခါရသော ဝိယ လောဟိတံ ပဂ္ဃရတိ။

ဖြတ်ထားတဲ့ လက်ခြေအပြတ်တို့မှ။ ဃဋဆိဒ္ဒေဟိ = အိုးကဲ့သို့ ပေါက်၍ နေကုန်သော။ ဟတ္ထပါဒကောဋီဟိ = ခြေဖျားလက်ဖျားတို့မှ ချိပ်ရည်ကဲ့သို့ သွေးတို့သည် ယိုစီး၍ ကျလာကုန်၏၊

ဖြတ်လိုက်တဲ့ အချိန်အခါကျတော့နော် - အဖြတ်ခံရတဲ့ လက်ထိပ်တွေ၊ ခြေထိပ်တွေကနေပြီးတော့ နီမြန်းတဲ့ သွေးတွေက ယိုစီးပြီးတော့ ကျလာပြီ။ ကျလာတဲ့ အချိန်အခါကျတော့မှ ကလာဗုမင်းကြီးက ထပ်ပြီး မေးပြန်တယ်။

‘‘ကိံဝါဒီသိ’’

သင်ရသေ့ ဘာဝါဒရှိသလဲ? ထပ်ပြီးတော့ မေးပြန်တယ်နော်။ အဲဒီ အခါကျတော့လည်း ခန္တီဝါဒီရသေ့ကြီး ဘာပြန်ဖြေလဲ?

‘‘တွံ ပန မယှံ ဟတ္ထပါဒကောဋီသု ‘ခန္တိ အတ္ထီ’တိ မညသိ, နတ္ထေသာ ဧတ္ထ, မယှံ ခန္တိ ဂမ္ဘီရဋ္ဌာနေ ပတိဋ္ဌိတ’’

မဟာရာဇာ = ဒကာတော်မင်းမြတ် ...။ ငါသည်ကား ခန္တီဝါဒ သည်းခံခြင်း ရှိပါ၏၊ တွံပန = သင်သည်ကား။ ဟတ္ထပါဒကောဋီသု = လက်ဖျား ခြေဖျားတို့၌။ ခန္တီ = သည်းခံခြင်း။ အတ္ထိ = တည်ရှိ၏ဟူ၍။ မညတိ = အောက်မေ့၏၊ မှတ်ထင်မိ၏၊ သည်းခံခြင်း ခန္တီတရားသည်ကား။ ဧတ္ထ = သင်ထင်မြင် ယူဆနေသော လက်ဖျားခြေဖျားအရပ်၌ မရှိပါ။ နက်နဲလှစွာသော တည်ရာ၌ ရှိပါပေ၏၊

ဒကာတော်မင်းမြတ် ... ငါသည် သည်းခံခြင်း ခန္တီဝါဒတရားရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သင်က လက်တွေ၊ ခြေတွေအဖျားမှာ သည်းခံခြင်း ခန္တီတရား ရှိတယ်လို့ ယူဆနေတယ်။ တကယ်စင်စစ် ပြောကြစို့ ဆိုလို့ရှိရင်တော့ ငါ့ရဲ့ သည်းခံခြင်း ခန္တီတရားဟာ သင်ထင်မြင်ယူဆနေတဲ့ ဒီလက်ဖျား ခြေဖျားတွေမှာ ထင်ရှား မရှိပါဘူး။ ငါ့ရဲ့ သည်းခံခြင်း ခန္တီတရားသည် ငါ့ရဲ့ နှလုံးအိမ်လို့ ခေါ်ဆိုအပ်တဲ့ အလွန်နက်ရှိုင်းတဲ့ အရာဌာနမှာ တည်နေပါတယ်လို့ ဖြေတယ်နော်။

အဲဒီလို အဖြေရလိုက်တဲ့ အခါကျတော့ မကျေနပ်တဲ့ ကလာဗုမင်းက မကျေနပ်တော့ ဘာလုပ်သလဲ? နားတွေ၊ နှာခေါင်းတွေ ဖြတ်စမ်းဆိုပြီးတော့ အမိန့် ချမှတ်လိုက်ပြန်တယ်။ အေး ... လူသတ်သမားကလည်း နားတွေ၊ နှာခေါင်းတွေ ဖြတ်လိုက်ပြန်ပြီ။ ပြီးတဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

သကလသရီရေ လောဟိတံ အဟောသိ။ တစ်ကိုယ်လုံး သွေးတွေ ယိုစီးနေပြီ။

လက်တွေလည်း ဖြတ်လိုက်ပြီ။ နားတွေလည်း ဖြတ်လိုက်ပြီ။ နှာခေါင်းတွေလည်း ဖြတ်လိုက်ပြီ။ လက်တွေ ခြေတွေလည်း ဖြတ်လိုက်ပြန်တယ်။ တစ်ကိုယ်လုံးလည်း ကြိမ်ရိုက်ထားတဲ့အတွက် တစ်ကိုယ်လုံး သွေးချင်းချင်း နီနေပြီ။ အဲဒီအခါကျတော့မှ ဘာလုပ်သလဲ? “သင် ဘာဝါဒ ရှိသလဲ?” ဒီတော့ ကလာဗုမင်းကလည်း မေးပြန်တယ်။

‘‘ကိံဝါဒီ နာမ တွံ’’

ခန္တီဝါဒရသေ့ကလည်း ‘‘မဟာရာဇ, ခန္တိဝါဒီ နာမ’’။ ‘‘မာ ခေါ ပန တွံ ‘ကဏ္ဏနာသိကကောဋီသု ပတိဋ္ဌိတာ ခန္တီ’တိ မညသိ, မမ ခန္တိ ဂမ္ဘီရေ ဟဒယဗ္ဘန္တရေ ပတိဋ္ဌိတ’

မဟာရာဇာ = ဒကာတော်မင်းမြတ် ...။ အဟံ = ငါသည်ကား သည်းခံခြင်း ခန္တီဝါဒရှိသည် မည်ပါပေ၏၊ တွံ = သင်သည်ကား။ ခေါ = စင်စစ်အားဖြင့်။ ‘ကဏ္ဏနာသိကကောဋီသု ပတိဋ္ဌိတာ ခန္တီ’ = ငါ၏ နားရွက်ဖျား, နှာခေါင်းဖျားတို့၌ ငါ၏ခန္တီ သည်းခံခြင်း တည်ရှိနေ၏ဟု မအောက်မေ့ မထင်မှတ်ပါနှင့်။ မမ ခန္တိ ဂမ္ဘီရေ ဟဒယဗ္ဘန္တရေ ပတိဋ္ဌိတ’ = နက်နဲလှစွာသော နှလုံးအိမ်အတွင်း၌ ငါ၏ သည်းခံခြင်း ခန္တီတရားသည် တည်ရှိနေပါပေ၏၊

ဒကာတော်မင်းမြတ် ... ငါသည် သည်းခံခြင်း ခန္တီဝါဒရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သင်ဟာ ငါ့ရဲ့ နားရွက်ဖျား, နှာခေါင်းဖျားတို့၌ သည်းခံခြင်း ခန္တီတရား ထင်ရှားရှိတယ်လို့ သင် ဒီလို မထင်ပါနဲ့။ သည်းခံခြင်း ခန္တီတရားသည် နက်နဲလှစွာသော ငါ့ရဲ့ နှလုံးအိမ်အတွင်းမှာသာ တည်ရှိနေပါတယ်။ ဒီလို ပြန်ပြီးတော့ ဖြေတယ်။

အဲဒီအခါကျတော့မှ ကလာဗုမင်းက ဘာပြောသလဲ?

‘‘ကူဋဇဋိလ တဝ ခန္တိံ တွမေဝ ဥက္ခိပိတွာ နိသီဒ’’

ကူဋဇဋိလ- ကောက်ကျစ်စဉ်းလဲနေတဲ့ ရသေ့ယုတ်။ တဝ- သင်၏။ ခန္တိံ- သည်းခံခြင်း ခန္တီတရားကို။ တွမေဝ- သင်သည်သာလျှင်။ဥက္ခိပိတွာ- ချီမြှောက်၍။ နိသီဒ = နေလော့။

ရသေ့ယုတ် သင်ရဲ့ သည်းခံခြင်း ခန္တီတရားကို သင်ချီမြှောက်ပြီးတော့ နေထိုင်ပေတော့။ ဘုရားလောင်းကို ပြောတယ်။ ပြောပြီးတော့ -

ဗောဓိသတ္တဿ ဟဒယံ ပါဒေန ပဟရိတွာ ပက္ကာမိ။

ဗောဓိသတ္တဿ-ဘုရားလောင်း၏။ ဟဒယ နှလုံးအိမ်ကို။ ပါဒေန = ခြေထောက်ဖြင့်။ ပဟရိတွာ = ကန်ကျောက်၍။ ပက္ကာမိ = ထွက်ခွာသွားလေ၏၊

ရသေ့ယုတ် သင့်ရဲ့ခန္တီတရားကို သင်ပဲ ချီပိုးပြီး နေထိုင်ပေတော့လို့ ဘုရားလောင်းရဲ့ နှလုံးအိမ်ကို ခြေထောက်နှင့် ကန်ပြီးတော့ ထွက်သွားတယ်။

250cbl4ev2ifzarfh3fiutzzl9vtpjw