ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.47.0-wmf.4 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း 0 5410 22011 20088 2026-05-31T16:39:37Z ~2026-32509-47 743 22011 wikitext text/x-wiki {{header | title = ရွှေဂူရှင်ကျင့်ဝတ် (အကျယ်-ကျမ်းကြီး) | author = အသျှင်ဉာဏလင်္ကာရ | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = [[ဝိနည်းပဒေသာသင်တန်း]] | previous2 = | next = [[ဝိသုဒ္ဓါရုံရှင်ကျင့်ဝတ်]] | next2 = | year = သက္ကရာဇ် ၁၉၈၂ | notes = | edition = | categories = ရှင်ကျင့်ဝတ် | shortcut = | portal = }}
စာမျက်နှာ-[က]

ဖြစ်ပေါ်လာခြင်း နှင့် ကျမ်းပြု မဟာထေရဂုဏ်ရည်

(က) အကျယ်ကျမ်းဟု အက္ခရတံဆိပ် ခပ်နှိပ်ပုံ

အထက်ပါ ကျမ်းဂန်ကို စီရင်ရေးသားခဲ့သော ကျမ်းပြုဆရာတော် ဘုရားသည် ဗြိတိသျှခေတ် နောက်ပိုင်းနှင့် ဂျပန်ခေတ်တို့အတွင်း တောင်စွန်းမြို့ ဓမ္မိကာရာမ ရွှေဂူကျောင်းတိုက်၌ သီတင်းသုံး နေထိုင်ခဲ့ပါသည်။ ထိုစဉ်အခါ တိုက်နယ်တဝိုက် ပတ်ဝန်းကျင်ရှိ ရဟန်းများနှင့် သာမဏေတို့အား ရှင့်ကျင့်ဝတ်နှင့် ဒွေမာတိကာ (ဝိနယစာမေးပွဲ)ကို ဖြစ်နိုင်သည့်နည်းဖြင့် ကျင်းပပေးခဲ့ပါသည်။ ယင်းနှင့် မရှေးမနှောင်းပင် ပဲခူးမြို့နယ်လုံးဆိုင်ရာ ရွှေခြူးဝိနယပရိယတ္တိစာမေးပွဲကိုလည်း ကျင်းပ ခဲ့ပါသည်၊ ဆရာတော်သည် အဆိုပါ စာမေးပွဲ နှစ်ဌာနလုံးရှိ၏ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။၎င်းစာမေးပွဲတို့၌ သမဏေများ တန်းအတွက် ရှင့်ကျင့်ဝတ် ပါဠ် + အနက် စာအုပ်မျှပင် ရှားပါးခိုက်နှင့် ကြုံရသောကြောင့် ပါဌ် + အနက်မျှ စာသားဖြင့် ရွှေဂူနှင့်ကျင့်ဝတ် ကျမ်းငယ်ကို ရေးသားရိုက်နှိပ်ပြီး စာမေးပွဲဝင်တို့အား ထုတ်ဝေလှူဒါန်း ခဲ့ပါသည်။ မှတ်ချက် အဓိပ္ပာယ်စသည်တို့အတွက် ညောင်လေးပင် ရှင့်ကျင့်ဝတ်ကို ပြဋ္ဌာန်းခဲ့ပါသည်။ ထို့နောက် ကျမ်းပြု ဆရာတော်သည် ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်၌ ကျောင်းထိုင် (ပဓာန) အဖြစ် သီတင်းသုံးခဲ့စဉ် (ရွှေခြူးဝိနယပရိယတ္တိစာမေးပွဲ) ပြဋ္ဌာန်းကျမ်းစာအဖြစ် မူလရှင့်ကျင့်ဝတ်ကျမ်းငယ် စာသားကျဉ်းကို အကျယ်ဖွင့်ဆို ရေးသားပြီးနောက်

စာမျက်နှာ-[ခ]

စက်တင်နှိပ်ကာ၊ ရွှေခြူး ဝိယန စာမေးပွဲ (၁၈)ကြိမ်မှ အစပြု၍လည်းကောင်း၊ ယင်း စာမေးပွဲအဆက် ၂၇ ကြိမ်မှ စသည့် ဝိနယတံခွန် ပရိယတ္တိ စာမေးပွဲကို သာမဏေရ သီလသိက္ခာတန်း ပြဋ္ဌာန်းကျမ်းစာ သတ်မှတ်၍လည်းကောင်း ထုတ်ဝေခဲ့ပါသည်။

အထက်-ဆိုအပ်ခဲ့သောနည်းဖြင့် ရွှေဂူကျောင်းတိုက်ဟူသော ဌာနကို အစွဲပြုပြီး-ရွှေဂူဟူ၍လည်းကောင်း၊ မူလရှင်ကျင့်ဝတ်ကျမ်းကျဉ်း၏ အကျယ်အဖွင့်ဖြစ်သောကြောင့် (အကျယ်ကျမ်း) ဟူ၍လည်းကောင်း၊ နှစ်ရပ်ပေါင်း (ရွှေဂူရှင့်ကျင့်ဝတ် အကျယ်ကျမ်း)ဟု အက္ခရာ ကမ္ပည်း တံဆိပ် ခပ်နှိပ်ပင် (၇) ကြိမ်ရိုက် တိုင်အောင် ထုတ်ဝေနေဆဲဖြစ် ပါသည်၊ နောင် (ဝိနယတံခွန် ပရိယတ်ဝိစာမေးပွဲကြီး) ကျင်းပနေသလည်း (သာမဏေရသီလသိက္ခာတန်း)အတွက် ပြဋ္ဌာန်းကျမ်းစာအဖြစ် တည်နေရစ်ပါလိမ့်မည်။

(ခ) ကျင့်နည်းဖုံဖုံ ရေးစီရင်ပုံ

ဝိနယတံခွန် ပရိယတ္တိအခြေပြုစာမေးပွဲ-သာမဏေရ သီလသိက္ခာတန်းအတွက် ကြိုးပမ်းခဲ့သည့် ဤ (ရွှေဂူရှင့်ကျင့်ဝတ် အကျယ်ကျမ်း)သည် သာမဏေတန်းအဖို့ ပြဋ္ဌာန်းချက်ဖြစ်သော်လည်း ကျမ်းဂန်စာသား များမှာ သာမဏေတို့ သင်ခန်းစာတွင်မကပါပဲ ရဟန်းတော်များပင် လေ့လာကြည့်ရှု အာဂုံပြုထိုက်သော ဝိနည်းဆိုင်ရာ ဆောင်ပုဒ်လင်္ကာ အဖြာဖြာတို့ဖြင့် တန်ဆာဆင်ထားသောကြောင့်လည်း သာသနာတော် ထမ်းများ အတွက် အိတ်ဆောင်တခု လက်စွဲပြုလျက် လေးမြတ်ကြည်ဖြူ အားကိုးအားမှု ပြုထိုက်သည့် ကျမ်းမြတ်တစ်ဆူ ဖြစ်ပါပေသည်။

(ဂ) တန်ဆာဆင်ထားသည့် ကျမ်းတို့မှာ

ဝိနည်း ပိဋကတ်တော်ဆိုင်ရာ ပါဠိ၊ အဋ္ဌကထာ+ဋီကာကြီး (၄) ကျမ်း၊ ယောဇနာကျမ်းများ၊ ပစ္စဝေက္ခဏာပိုင်းမှာ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ၎င်းမဟာဋီကာ၊ လိင်ဒဏ်ပိုင်းတို့၌ ခုဒ္ဒကပါဌ အဋ္ဌကထာ သုတ္တန်ပိဋကတ်ဆိုင်ရာများ၊ ကျမ်းဂန်ပေါင်း(၁၄)ကျမ်းတို့မှ လိုအပ် ထိုက်သက်ရာ ထည့်သွင်းသည့်အပြင် (ထေရဝါဒ) သရဏဂုံခန်း

စာမျက်နှာ-[ဂ]

ဝိနိစ္ဆယတို့မှာမူ-နိုင်ငံ၌ ထိတ်ထိတ်ကြဲ ဆရာတော်ဘုရားကြီး (၅)ပါးတို့၏ အယူအဆ အဆုံးအဖြတ်များကို တိတိကျကျ ထည့်သွင်း ဖော်ပြ ထားပါသည်။ သို့ပါ၍ ကျမ်းဂန်အမည်အလိုက် မွန်မြတ်ထိုက်တန်သော ဝိနည်းအရာများကို တအုပ်တည်းဖြင့်ပင် သင့်တော်သလောက် လွယ် လင့်တကူ ကြည်ဖြူလှစွာ ရယူသုံးဆောင် နိုင်ပါပေသည်။ မှတ်ချက် ဝိနည်း ဗဟုသုတတွေ များသောကြောင့် အကျယ်ကျမ်းဟုလဲ ဆိုသင့်ထိုက်ပေသည်။

(ဃ) ကျမ်းဆရာ သာသနာပြုဂုဏ်ရည်

ကျေးဇူးရှင် ကျမ်းပြုဆရာတော်ဘုရားသည် ပင်ကိုယ်ဓာတ်ခံကပင် သီလသိက္ခာတို့ လွန်စွာမြတ်နိုး အားကိုးအားထားပြုသလောက် သိက္ခာ ပိုင်းဆိုင်ရာ လိုက်နာကျင့်သုံးမှုမှာလည်း အငြိအစွန်းမခံ-ချွတ်ယွင်းချက် ကင်းနိုင်သမျှ ကင်း၍ သန့်ရှင်းစင်ကြယ်အောင် သတိချပ်ကာ ကျင့်ဆောင်အပ်ပါပေသည်။ သီတင်းသုံးဖော် တပည့်တပန်း ရှင်, ရဟန်းတို့ သာသနာဘက် အသားတက်အောင်လည်း ဖျောင်းဖျင်းဖျဖျ လမ်း မှန်ချ ဆုံးမမှုဖြင့် သာသနာပြုခဲ့ပါသည်၊ စာမေးပွဲဆိုင်ရာ သာသနာ ပြုပုံမှာလည်း အဂတိတရား အရှင်း ပယ်ရှားပြီး အောင်စာရင်း၌ ပုဂ္ဂိုလ်မှန် နေရာမှန်ကျအောင် အထူးစိစစ်ကာ သာသနာပြုခဲ့ပါသည်။

ရွှေခြူးဝိနယစာမေးပွဲ (၂၆)ကြိမ်မှ စ၍ ဝိနယတံခွန် ပရိယတ္တိစာမေးပွဲ (၃၄)ကြိမ်ထိအောင် ဆရာတော်(ဥက္ကဋ္ဌ)တာပန်ဖြင့် သာသနာ ပြုခဲ့သော ထိုစဉ်မှ ယခု(၄၂)ကြိမ်တိုင်အောင် ဆိုင်ရာအခြေခံ ဝိနည်းတတ် ရဟန်းတော်များနှင့် သာမဏေတို့သည် အနာဂတ် သာသနာတော်ကြီးအတွက် ပခုံးပြောင်း လက်ဆင့်ကမ်း ထမ်းဆောင်မည့် ဝန်ထမ်းကောင်းတွေ စုပြီးသား ဆောင်းပြီးသားဆိုသလို ရှိနေပြီး ဖြစ်နေ ကြပေလိမ့်မည်။သို့ သာသနာအတွက် အဆက်ရှည်စွာ ရှိနေရစ်မှာဖြစ်သောကြောင့် ဆရာတော်ဘုရား၏ သက်တော်(၇၀)ခုနှစ်ဆယ်နှစ် ဘဝ တဇာတ် အဆုံးသတ်အောင်အထိ မိမိ၏ခန္ဓာ စက်ယန္တရားကြီးကို စာမေးပွဲ စာပြန်ပွဲစသော ပရိယတ္တိသာသနာပြု လုပ်ငန်းတို့၌ မနားမနေ

စာမျက်နှာ-[ဃ]

အမြဲဆိုသကဲ့သို့ လှုပ်ရှားခဲ့ခြင်းမျိုးသည် သာမန်ပုဂ္ဂိုလ်တို့၏ အရာမဟုတ် သာသနာပြုဓာတ်ခံ ရင့်သန်သည့် ပုဂ္ဂိုလ်ထူးတို့၏ အရာသာ ဖြစ်ချေသည်။ သို့ကြောင့်ပင် ဆရာတော် သာသနာပြုအမှု၌ ပါဝင်ကြကုန်သော ရဟန်း၊ သာမဏေ၊ သီလရှင်များ၊ ဆေးလိပ်ခုံ အမျိုးသမီးများ အစားစားတို့မှာ လောက သံသရာ ကောင်းကျိုးထွေထွေ သက်ရောက် စေသဖြင့် ရရှိခံစံကြရပေသည်။

ဆရာတော်ဘုရား၏ ကိုယ်စားမှုဖြင့် သာသနာပြုနေဆဲ အဆက်ကျန် သာသနာတို့မှာ_
(က) ပဲခူးတိုင်း (၈)မြို့နယ်လုံးဆိုင်ရာ ဝိနယတံခွန်ပရိယတ္တိ အခြေပြုစာမေးပွဲ။
(ခ) ၃၂ နှစ် လေးလရောက် (၃၂၄) ကြိမ်မြောက် ဝိနယသာကစ္ဆာ၊
(ဂ) သီလရှင်ဆရာလေးများ ပိဋကတ်အခြေပြု စာမေးပွဲ၊
(ဃ)တော်သလင်းလပြည့် ရောက်တိုင်း သီလရှင်များ ဝတ်စုံပိတ် လှူဒါန်းပွဲ။
(င) ရွှေဂူရှင်ကျင့်ဝတ်အကျယ်ကျမ်းက ဆရာဘုရားကိုယ်စား ပြုလျက် ပဲခူးတိုင်း (၈)မြို့နယ်လုံးနှင့် တကွ စစ်ကိုင်း၊ မြင်းခြံ၊ ဓနုဖြူ၊ ကော့ကရိတ် စသည်တို့၌ (၆) ကြိမ်ရိုက် (၁၄၁၅၀၀)ကသောင်းလေးထောင်ငါးရာ အုပ်ရေပေါင်း ပျံ့နှံ့ကာ သာသနာပြုတုန်း ပြုခိုက် ရှိနေပါသည်။

ယင်းသို့ ဆရာတော်ဘုရား၏ အဆက်ကျန်သာသနာတို့၏ တည်တံ့ ကြည်လင်ပြီး စည်ပင်ပြန့်ပွား ရှင်သန်ဆဲ ရှိနေကြသည်မှာလည်း ဆရာတော်ဘုရား၏ သိက္ခာတော်(၅၀)တို့ ကာလပတ်လုံး ကျင့်ကြံပွားများ ကြိုးစားခဲ့သော သီလ, သမာဓိ, ပညာဟူသည့် ထူးခြားစုံလင် ထိုက်တန်သော ဂုဏ်အင်တို့၏ ရောင်ပြန်ဟပ် အရှိန်အဝါတို့က ကောင်းစွာသင့်ရောက် ပင့်ထောက် နေကြသောကြောင့်ပင် ကျင်းပပူဇော်ပွဲတို့၌

စာမျက်နှာ-[င]

သာသနာပြု ဒကာ ဒကာမတို့၏ ပီတိလျှမ်း၍ ရွှင်လန်းစွာဖြင့် သဒ္ဓါ စေတနာပန်းအငုံတို့သည် ကားကားစွင့်စွင့် တိုးကာတိုးကာပွင့်လန်းလာ ကြပါပေသည်၊ ထို့ကြောင့် အားရဝမ်းသာ ကျက်သရေမင်္ဂလာ ရှိလှသည့် အခမ်းအနားကြီးကို ကျင်းပ ပူဇော်နိုင်ခဲ့ကြပါသည်။

ဆရာတော်ဘုရား ကျန်းမာရေး မကောင်းလှပါပဲ သာသနာစိတ်ထား မြင့်မားစွာဖြင့် အားထုတ်ရေးသားခဲ့သော ဤ(ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း)သည် နောင် ရောက်လတ္တံ့ သာသနာတော်ကြီးအတွက် နေတမူ လတနှုန်းဟု ပမာယူလျက် သာသနာခေတ် ကုန်ဆုံးသည့်နှစ် တိုင်အောင်ပင် သာသနာထမ်း ရဟန်း-သာမဏေတို့လက် အဆက်ဆက်ဖြင့် သွက်လက်ရောင်ဝါ ထွန်းပြောင် တည်နေရစ်ပေလိမ့်မည်ဟု ရည်မျှော်မှန်းဆ တောင့်တမိပါသည်၊ ဤမျှဆိုခဲ့သော (ဝစနက္ကမ) ရေး သားပီပြင် စကားရပ်အစဉ်ဖြင့် ကျမ်းပြု ဆရာတော်ဘုရား၏ ကျေးဇူး ဂုဏ်ရည် အလီလီကို စုံညီအောင်တင်ပြခြင်းငှာ အရာမဟုတ်သည့်အတွက် တာကြောင့် ဆိုအပ်ခဲ့သမျှဖြင့်ပင် တုံ့ပြန်ကျေးဇူးဆပ်ကာ အဆုံးသတ် လိုက်ပါသတည်း ။

ဝိနယသာကစ္ဆာ အဖွဲ့ဝင်

အရှင်တပါး

စာမျက်နှာ-[စ]

နိဒါန်း

ပဲခူးမြို့ ရွှေဂူကျောင်းတိုက်၌ သီတင်းသုံးတော်မူသော ကျေးဇူးရှင် ရွှေဂူဆရာတော်ဘုရား ရေးသားပြုစုသည့် ဤရွှေဂူရှင့်ကျင့်ဝတ် အကျယ် ကျမ်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀-ခန့်မှ ယခုအချိန် ကျ အောင် စာအုပ်ရေ ထောင်ပေါင်းများဖြင့် အထက် အောက် မြန်မာပြည် အနှံ့အပြား လှည့်လည်ကျက်စား၍ ဗုဒ္ဓရှင်တော်မြတ်ဘုရား သာသနာ၏ ယဉ်ကျေးမှု အခြေခံ အုတ်မြစ်ချပ်ကို ချမှတ် သာသနာပြုလျက်ရှိပါသည်။

ပထမဦးစွာ မူလသီတင်းသုံးခဲ့ရာ သထုံခရိုင် တောင်စွန်းမြို့ ရွှေဂူ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ရွှေဂူ စာမေးပွဲ၌လည်းကောင်း၊ ဒုတိယ ပရိယတ္တိသာသနာကို လွန်စွာ အားပေးလေ့ရှိသော ပဲခူးမြို့ ကလျာဏီ သိမ်တော်ကြီး မတည် ဒါယကာ ရွှေခြူး ဦးသူတော်+ ဒေါ်မြတင် ဟူသော သာသနာ့န်ဆောင် ဒါယကာတို့က တာဝန်ယူ ကျင်းပပြုလုပ်သော ရွှေခြူးဝိနယပရိယတ္တိ စာပေးပွဲ၌ လည်းကောင်း၊ တတိယ ပဲခူးမြို့၏ ဂုဏ်သရေရှိ လူကြီးမင်းများ ဖြစ်ကြ၍ ပရိယတ္တိ သာသနာတော်ကို အားပေး ချီးမြှောက်လိုသော ဆန္ဒမွန် အားသည်းသည့် ဥက္ကဋ္ဌကြီး ဦးဘဝင်း အမှူးပြုသော ဝိနယတံခွန် ပရိယတ္တိစာမေး ပွဲကြီး၌လည်းကောင်း ပြဋ္ဌာန်းပြီး နှစ်စဉ် သာသနာပြုလျက် ရှိပေသည်။

ဝိနယတံခွန် ပရိယတ္တိ စာမေးပွဲဆိုသည်မှာ ပဲခူးမြို့နယ်ရှိ ပဓာန နာယက ဆရာတော်ကြီး ၁၅-ပါးကို ကြီးမှူး၍ လူဒါယကာ ဝန်ဆောင် အဖွဲ့မှ နှစ်စဉ် နှစ်တိုင်း ပြာသိုလတွင် စာဖြေသံဃာ ၆၀၀ ကျော် ၇၀၀-နီးပါးတို့အား အမှတ်(၁)အ-ထ-က ပဲခူးမြို့တွင် ကျင်းပပြုလုပ်သော သာသနာ့ ရေသောက်မြစ် အသက်သွေးခဲ ဖြစ်သော ဝိနည်း စာမေးပွဲကြီး ဖြစ်ပါသည်။)

စာမျက်နှာ-[ဆ]

ဝိနည်းကို အဆင့်အတန်း အလိုက် တံခွန်စိုက် တတ်မြောက်စေ၍ သာသနာတော်ကျိုးကို သည်ပိုး ထမ်းဆောင်မည့် ရှင်, ရဟန်းများ ဆတက်ထမ်းပိုး တိုးပွားပေါ်တွန်းရေးကို ဦးတည်၍ ကျင်းပခဲ့သည်မှာ ယခု အကြိမ်အထိ ၃၇-နှစ် ၃၇-ကြိမ် ရှိခဲ့ပြီ၊ ထိုကြောင့်လည်း ပြဋ္ဌာန်းစာဖြစ်သော ဤရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်းကို ထပ်ခါ ထပ်ခါ ရိုက်နှိပ်ထုတ်ဝေ သာသနာပြုကြရပေသည်။

ထိုမျှမကသေး မြင်းခြံ, စစ်ကိုင်း စသော သာသနာ့နယ်မြေ အရပ် ရပ်သို့ ဒေသစာရီ ကြွချီကာ သာသနာပြုလျက် ရှိပါသည်။ ဤသို့ဖြင့် နှစ်ပေါင်း ၄၀-ကာလ ခရီးကို ကျော်ဖြတ်ပြီး ယခုချိန်ထိသာတည်းဟူသော ကောင်းကင်ပြင်ဝယ် တင့်တယ် ထွန်းလင်း တောက်ပခြင်းရှိ၍ ဆရာရော တပည့်ပါ လေ့လာကြည့်ရှု မှတ်သားသင်ယူနေကြသည့် ဤ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်းကို ထပ်မံပုံနှိပ်ရန် အမှန်လိုအပ်နေပြီ ဖြစ်သဖြင့် ကျေးဇူးရှင် ဒုတိယ ရွှေဂူ ဆရာတော် ဘုရား၏ တာဝန်ပေးချက်အရ ဆရာတော်၏ လောကီကို အမှုမလိုက် လောကုတ္တရာကိုသာ ဂရုစိုက်၍ သာသနာကျိုးကို ဆတက်ထမ်းပိုး သည်ပိုးတော်မူသော ဂုဏ်တော် အရပ်ရပ်နှင့် ဤကျမ်းကို ပင်ပန်းပန်း ပြုစုတော်မူသော မဟုဿာဟ ဝီရိယဓာတ် အဖုံဖုံ အလုံးစုံတို့ကို ရှိခိုးကော်ရော် ပူဇော် မြတ်နိုးသောအားဖြင့် ယခု သတ္တမအကြိမ် အုပ်ရေ (၂၀၀၀)ကို ထပ်မံပြင်ဆင်၍ ပုံနှိပ်ထုတ်ဝေအပ်ပါကြောင်း။

ကြိုင်လင်း

သာသနဓဇသိရီပဝရ ဓမ္မာစရိယ

ဘုန်းမေတ္တာ ကြိုင်လင်းစာပေဌာန၊ ပဲခူးမြို့။

စာမျက်နှာ-[ဇ]

မှီရာကျမ်းဂန်များ

၁။ ဆိုင်ရာ ပါဠိတော် အဋ္ဌကထာ ဋီကာ ယောဇနာ သဒ္ဒါ စသော ကျမ်းများ။
၂။ ရှေးဆရာတော်တို့ စီရင်ရေးသား ထုတ်ဝေထားသော ရှင့်ကျင့် ဝတ် အမျိုးမျိုး။
၃။ ဝိနည်းတော်ဆိုင်ရာ ရှေးဆရာတို့ ဆုံးဖြတ်အပ်သော ဝိနိစ္ဆယ ကျမ်း အမျိုးမျိုး။

ရေးသားစီစဉ်ပုံ

ရှင်သာမဏေကလေးများ စာမေးပွဲကို အဓိကထား၍ ရေးသားရသဖြင့် သိခဲမည်ထင်စရာ စသည်တို့၌ အမေးသွင်း၍ အဓိပ္ပာယ် ရှင်းပြ ထားပါသည်။ သီးခြားလေ့ကျင့်ခန်း များနှင့် လင်္ကာ ဆောင်ပုဒ် များပါသည်၊ ရှင့်ကျင့်ဝတ်ပါဌ်အနက်ကိုမူတည်၍ သင့်သလို အဓိပ္ပာယ် ဖော်ပြထားသည်၊ သတ်ပုံမလိုက်ပဲ ကလေးတို့ နားလည်ရန် “လဲ.ထာ” စသော မြန်မာသုံး ပေးထားသည်၊ အတော်ပင် စုံစေ့အောင် စုဆောင်း စီစဉ် ထားလေသည်။

သင်္ကေတနှင့် မှာထားချက်

ဝိနည်းမဟာဝါ ပါဠိတော်ကို (ဟာ-ပါ)၎င်းအဋ္ဌကထာကို (ဟာထာ) တေရသကဏ်ဋီကာကို (တေ-ဋီ) ဝိမတိဝိနောဒနီဋီကာကို (ဝိ-ဋီ) ဝဇီရဗုဒ္ဓိဋီကာကို (ဇီဋီ) ဆိုင်ရာ အဋ္ဌကထာကို (ထာ) ဟု ညွှန်ပြ ထားသည်။

အဓိပ္ပာယ်အောက်၌ ညွှန်ပြ ထားသော ကျမ်းတို့ကား ယုံနိုင်စရာ သာဓကရှိဟု မှတ်ပါ၊ ဤကျမ်းစာ၌ သတိပျော့၍ မေ့လျော့မှုကြောင့် ကျမ်းဂန်နှင့် မကိုက်ညီမှု တွေ့ရှိပါက စာဖြင့်သော်လည်းကောင်း၊ လူ ကိုယ်တိုင်သော်လည်းကောင်း ဖော်ပြမှုကို အထူးပင် ကျေးဇူးတင်လျက် လိုလားပါကြောင်း။

ရွှေဂူ အသျှင် ဉာဏာလင်္ကာရ

စာမျက်နှာ-[ဈ]

ကျေးဇူးတင်ခြင်း

ဤကျမ်းကြီး ပေါ်ထွက်ရန် တာဝန်ယူ၍ စက်တင် ရိုက်နှိပ် ပေးသော သာသနာ့ ဝန်ဆောင် ဒါယကာ ရွှေခြူးဦးသူတော်နှင့် ဝိုင်းဝန်း ကူညီ ရေးသား ပေးကြသော ရဟန်းတော် အရှင်မြတ်တို့အား အထူး ကျေးဇူးတင်ရှိပါကြောင်း။

ဂန္ထကာရက

စာမျက်နှာ-[၁]

ရွှေဂူ ရှင်ကျင့်ဝတ် အကျယ်ကျမ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဏာမာဒိကထာ

သိက္ခာဂုဏသမာပန္န၊ နာတွာ လိက္ခာမိ သာဓုကံ။
သာမဏေရသိက္ခာဂန္ထံ၊ သာဓိပ္ပါယံ သသိက္ခတ္တံ။

အဟံ၊ သည်။ သိက္ခာဂုဏသမာပန္န၊ သိက္ခာနှင့်ဂုဏ်ပြောမကုန်အောင် ပေစုံပြည့်ငြား ဘ, ဘုရားကိုလည်းကောင်း။ သိက္ခာဂုဏသမာပန္နံ၊ သိက္ခာ သုံးရပ် ဂုဏ်ပေါင်းထပ်မှ ပြည့်လတ်လေးငြား မဂ်, ဖိုလ်, နိဗ္ဗာန်တရားကို လည်းကောင်း။ သိက္ခာဂုဏသမာပန္နံ၊ သိက္ခာသုံးစား ဂုဏ်ကိုးပါးနှင့် ပြည့်ငြားထူးကျော် အရိယာ သံဃာတော် အပေါင်းကို လည်းကောင်း။ နတွာ-နမာမိ၊ ရှိခိုးပါ၏။ နာတွာ၊ ရှိခိုးပြီး၍။ သာဓိပ္ပါယံ၊ ပါဌ်အနက်နှင့် လိုအပ်သင့်ဖွယ် မှတ်စဖွယ်အောင် အဓိပ္ပာယ် အဆုံးအဖြတ်နှင့် တကွသော။ သာမဏေရ သိက္ခာဂန္ထံ၊ ရှင်သာမဏေတို့ စဉ်မကွာ ကျင့်အပ် သင်အပ်ကြောင်း ဖြစ်သောကြောင့် သာမဏေရ သိက္ခာခေါ် ရွှေဂူ ရှင့်ကျင့်ဝတ် အကျယ်ကျမ်း ကို။ သာဓုကံ၊ သန့်သန့်ရှင်းရှင်း ဉာဏ်မှာ လင်းအောင် ထင်လင်းစုံစွာ ကောင်းအောင်သာလျှင်။ သသိက္ခတ္ထံ၊ သူတော်စင်အများတို့ သင်အံလေ့လာကျင့်ကြံစေဖို့ အကျိုးငှါ။ လိက္ခာမိ၊ ရှာဖွေ စုဆောင်း စုကာပေါင်း၍ ငြိမ့်ညောင်းခါခါ ရေးပါပေအံ့ သတည်း။

စာမျက်နှာ-[၂]

မှတ်သားဖွယ်အခန်း

ဘာကြောင့် သာမဏေ ခေါ်ရသလဲ ?

ဥပဇ္ဈာယ်ဆရာရဟန်း၏ သားဖြစ်သောကြောင့် သာမဏေဟု ခေါ်ရသည်၊ မှန်၏။ ဥပဇ္ဈာယ်ဆရာက ဌာန် ကရိုဏ်း ကျနစွာ နှုတ်ခံတွင်းဖြင့် သရဏဂုံ ရွတ်ဆိုပေးပါမှ သာမဏေဘဝသို့ရောက်ရသဖြင့် နှုတ်ခံတွင်းမှ မွေးဖွားလိုက်သောအရာ၌တည်လေရကား ဥပဇ္ဈာယ်ဆရာရဟန်း၏ သားဟု ခေါ်ဆိုရပေသည်။

သမဏဿ ဥပဇ္ဈာယသာ ပုတ္တဋ္ဌာနိယတ္တာတိ သာမဏေရော။ (တဒ္ဓိတ်ရူပသိဒ္ဓိ)

ဥပဇ္ဈာယ်ဆရာ၊ သားပုတ္တာ၊ ခေါ်ပါသာမဏေ။

ဘာကြောင့် ရှင့်ကျင့်ဝတ်ဟု ရှေးဆရာတို့ ခေါ်ဝေါ်သလဲ ?

ရှင်သာမဏေတို့၏ ကျင့်ကြံအားထုတ်ထိုက်သော ကျင့်ဝတ်သိက္ခာတို့ကို စုဆောင်း ပြဆိုသော ကျမ်းစာဖြစ်သောကြောင့် ပါဠိလို သာမဏေရ သိက္ခာဂန္ထ၊ မြန်မာလို ရှင့်ကျင့်ဝတ်ကျမ်းဟု ခေါ်ရပါသည်။

ရှင်သာမဏေ၊ ကျင့်ဝတ်တွေ၊ ဆိုလေရှင့်ကျင့်ဝတ်။

ရှင်သာမဏေပြုလုပ်ရန် သီးခြားဘယ်အတွက် ခွင့်ပြုသလဲ ?

ဘုရားရှင်သည် ဗာရာဏသီပြည်၌ သုံးပါးသော သရဏဂုံတို့ဖြင့် သာမဏေရော ပဉ္စင်းပါတွဲဘက်၍ “အနုဇာနာမိ ဘိက္ခဝေ ဣမေဟိ တီဟိ သရဏဂမနေဟိ ပဗ္ဗဇ္ဇံ ဥပသမ္ပဒံ”ဟု ခွင့်ပြုတော်မူပြီးနောက် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးစဉ် အမွေတောင်းကာ ကျောင်းတော်သို့ လိုက်ပါလာသော သားတော်ရာဟုလာကို ရှင်ပြုပေးလိုက်ပါ သာရိပုတြာဟု မိန့်တော်မူလျှင် တပည့်တော် ဘယ်သို့ ရှင်ပြုပေးရပါမည် နည်းဟု ရှင်သာရိပုတြာ လျှောက်ထားချက်ကြောင့် သရဏဂုံသုံးပါးတို့ဖြင့် ရှင်သာမဏေအဖြစ်ကို ပြုကြလော့ဟု သီးခြားခွင့်ပြုတော်မူသည်။

အနုဇာနာမိ ဘိက္ခဝေ တီဟိ သရဏဂမနေဟိ သာမဏေရ ပဗ္ဗဇ္ဇံ။ (ဟာ-ပါ)

စာမျက်နှာ-[၃]

ထို မိန့်ခွန်းအတိုင်း သရဏဂုံနှင့် ယခုတိုင် ရှင်ပြုပေးကြရလေသည်။ ရဟန်းခံရေး အတွက်ကား ရာဓပုဏ္ဏားကို ဘယ်သို့ ပဉ္စင်းခံပေးရပါမည်နည်းဟု ရှင်သာရိပုတြာ လျှောက်ထားသောကြောင့် သရဏဂုံဖြင့် ပဉ္စင်းခံရန် ပယ်မြစ်၍ ဉတ္တိစတုတ္ထကံဖြင့် ပဉ္စင်းခံရန် ခွင့်ပြုတော်မူလေသည်။

ယာ သာ ဘိက္ခဝေ မယာ တီဟိ သရဏဂမနေဟိ ဥပသမ္ပဒါ အနုညာတာ၊ တံ အဇ္ဇတဂ္ဂေ ပဋိက္ခိပါမိ၊ အနုဇာနာမိ ဘိက္ခဝေ ဉတ္တိစတုတ္ထေန ကမ္မေန ဥပသမ္ပာဒေတုံ။ (ဟာ-ပါ)

ဘယ်အရွယ် အစားနှင့် ဘယ်လို စိတ်နေ စိတ်ထားရှိသော သူငယ်တို့ကို ရှင်ပြုပေးသင့်သလဲ?

ဘုရားလက်ထက်တော်၌ ကူးစက်တတ်သော အဟိဝါတက-ခေါ် ယင်း အနာရောဂါကြောင့် တမျိုးလုံးသေဆုံး၍ သားအဖနှစ်ဦးသာ ကျန်သဖြင့် သာသနာတော်၌ အဖက ရဟန်းပြု သားက သာမဏေပြု ကြလေလျှင် နံနက်အခါ ဆွမ်းခံသွားရာ၌ အဖအား လူတို့က ဆွမ်းလောင်းသည့်အခါ နောက်ကျန်သော သား ကိုရင်လေးက ပြေးလာ၍ "ဖခင် - ဖခင် ရတဲ့ ထမင်း ငါ့လဲ ပေးပါဦး"ဟု တောင်း၏။ သည်တော့ အတွေးချော်တဲ့ လူတို့က "ရဟန်းတွေဟာ မေထုန်ကို မရှောင်ပါဘူး၊ သည်ကိုရင်လေးဟာ ဘိက္ခုနီရဟန်းမက မွေးတဲ့သား ဖြစ်မှာပဲ"ဟု ကဲ့ရဲ့မှုကြောင့် "ဆယ့်ငါးနှစ်မပြည့်တဲ့သူငယ်ကို ရှင်သာမဏေမပြုရ"ဟု ဘုရားရှင် အာဏာထားတော်မူသည်။

န ဘိက္ခဝေ ဦနပန္နရသဝဿော ဒါရကော ပဗ္ဗာဇေတဗ္ဗော။ (ဟာ-ပါ)

နောက်အခါ အရှင်အာနန္ဒာ၏ ဒါယကာအမျိုးလည်း ထိုအဟိဝါတက ရောဂါဆိုးကြောင့်ပင် တမျိုးလုံး ပျက်စီးကြလေရာ လူမမယ် ကလေး နှစ်ယောက်သာ ကျန်၏၊ ထိုသူငယ်များသည် မိဘများ ရှိစဉ်က ရဟန်းများနှင့် အရောတဝင် နေခဲ့ဘူးသည့်အတိုင်း ရဟန်းတို့ကိုမြင်လျှင် အားကိုးရှာသဖြင့် ပြေးလာကုန်၏၊ ကရုဏာကင်းမဲ့သော ရဟန်းတို့က

စာမျက်နှာ-[၄]

ငေါက်ငမ်း၍ ငိုရိုကြသော ကလေးတွေဖြစ်ပုံကို အရှင်အာနန္ဒာ သနား လှသော်လည်း ၁၅-နှစ် မပြည့်သေး၍ ရှင်ပြု မပေးနိုင်သောကြောင့် ဘုရားရှင်အား အကြောင်းစုံ လျှောက်ထားရလေသည်၊ ထိုအခါ ဘုရားရှင်က "ကျီးချောက်နိုင်ပြီလား အာနန္ဒာ"ဟု မေးတော်မူ၍ "ချောက် နိုင်ပါပြီ"ဟု လျှောက်ထားချက်ကြောင့် ဘုရားရှင်က "၁၅-နှစ် မပြည့်သေးသော်လည်း လက်ဝဲလက်ဖြင့် ခဲကိုကိုင်၍ထိုင်လျက် လာကြကုန်သော ကျီးတို့ကို ချောက်လှန့်ကာ ရှေ့နားထားတဲ့ထမင်း စားနိုင်သည့်သူငယ်ကို ရှင်ပြုခြင်းငှာ ငါဘုရား ခွင့်ပြုတော်မူ၏"ဟု မိန့်တော်မူပြန်သည်။

အနုဇာနာမိ ဘိက္ခဝေ ဦနပန္နရသဝဿံ ဒါရကံ ကာကုဍ္ဍေပကံ ပဗ္ဗာဇေတုံ။ (ဟာ-ပါ)

ဤသို့ ခွင့်ပြုခြင်းသည် သနားစဖွယ် ကလေးငယ်ကို အားကိုးမဲ့ကို ငဲ့၍ ခွင့်ပြုတော်မူခြင်း ဖြစ်ပေသည်။ ယခုခေတ်၌ ဤခွင့်ပြုတော်မူချက် အရ အရွယ်ပမာဏ မထားတော့ပဲ အချို့ရှင်ပြုပွဲ၌ နို့ခွဲခါစ ကလေးငယ်တို့ကို တငိုငိုတရီရီနှင့် ချော့မော့ခေါင်းရိတ် ရှင်ပြုနေကြသည်ကို တွေ့ရ ဘူး၏။ သို့သော် အရှင်အာနန္ဒာမထေရ်ကဲ့သို့သော ဆရာမြတ်တို့က အမြဲ သတိ ဉာဏ်သွင်းအောင် ကြည့်ရှုစောင့်ရှောက်နိုင်ပါမှ ရှင်ပြုကျိုး နပ်ပေမည်၊ စောင့်ရှောက်နိုင်သော်လည်း သာမဏေကလေးက လိုက်နာကျင့်ကြံ နိုင်ပါမူ ရည်ရွယ်ချက် ကိုက်နိုင်ပေသဖြင့် ဆရာညွှန်ပြသော ရှင့်ကျင့်ဝတ်များကို ကျင့်ကြံလိုသော စိတ်စေတနာထားရှိသော ကလေးတို့ကိုသာလျှင် ရှင်ပြုပေးရန် သင့်လျော်ကြောင်းကို သတိပေးလိုက်ပါသတည်း။

လက်ထက်တော်က အငယ်ဆုံး ဘယ်အရွယ် ရှင်ပြုထုံး ရှိပါသလဲ ?

အသက်ပင်ငယ်သော်လည်း ရှင်ကျင့်ဝတ်များကို ကျင့်ကြံနိုင်က ရှင်ပြု ပေးထိုက်ပေသည်၊ ထို့ကြောင့် လေးနှစ်သား သာမဏေဖြစ်၍ လခွဲသို့ မရောက်မီ ရဟန္တာဖြစ်သော ဧကဒီပိယသာမဏေထူး, ငါးနှစ်သား ရဟန္တာဖြစ်သော စန္ဒန မာလိယ သာမဏေထူး, ခုနစ်နှစ်သား ရဟန္တာ

စာမျက်နှာ-[၅]

ဖြစ်သော သောပါကသာမဏေ-စသော ပုဂ္ဂိုလ်ထူးကလေးတွေ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့သော ထုံးရှိလေသည်၊ ထိုအခါမှစ၍ ယခုတိုင် အချို့အသက် ငယ်သေးသော်လည်း ပညာရေး မချို့သော သာမဏေငယ်ကလေးများလည်း တွေ့ရှိရသည်။ ဤသို့လျှင် ယခုတိုင် သာသနာတော်အဆက်မပြတ်ပဲ မိမိတို့၏ ရင်၌ဖြစ်သော သားမြေးငယ်များနှင့် သူတထူး၏ သားငယ်များကိုပင် သာသနာတော်တွင်း သွတ်သွင်း ချီးမြှောက်သည့် သာသနာနုဂ္ဂဟ ကုသိုလ်ဖြစ်ထွန်းရေး ပဗ္ဗဇ္ဇမင်္ဂလာ ရှင်ပြုပွဲသဘင်တို့ကို နွှဲဆင်ကြပေသည်။

မိဘတိုခွင့်မပြုပဲ ရှင်ပြုနိုင်သလား?

မြေးချစ် ရာဟုလာကို မပန်ကြား အသိမပေးဘဲရှင်သာမဏေပြုလိုက်မှုကြောင့် လွန်စွာစိတ်ဆင်းရဲရှာသော သုဒ္ဓေါဒနမင်းကြီးသည် ကိုယ်ချင်း စာနာပြီးလျှင် တပါးသူတို့၌လည်း ဤသို့ ဆွေမျိုး ကွေကွင်းရခြင်းကြောင့် ဖြစ်ရမည့် ဆင်းရဲမျိုး မဖြစ်ကြပါစေလင့်ဟု ကြံရွယ်၍ "သားတော် မြတ်ဘုရား... လောကတွင် သားတို့၌ မိဘတို့က ချစ်ခြင်းသည် အရေပါး အရေထူ အသား အကြော အရိုးတို့ကို ဖောက်ထွင်းပြီး ရိုးတွင်းခြင်ဆီကို ထိ၍ တည်ပါသည်၊ တပည့်တော် လျှောက်ထား တောင်းပန်လိုသည်မှာ အရှင်မြတ်ဘုရားတို့သည် မိဘ ခွင့်မလွှတ်သော သားကို ရှင်ပြုမပေးပါရန် တောင်းပန်ပါသည်"ဟု ဘုရားရှင်အား တောင်းပန်မှုကို အကြောင်းပြု၍ "ချစ်သားရဟန်းတို့ မိဘခွင့်မပြုသော သားကို ရှင်ပြုမပေးရ၊ ပြုပေးသော ရဟန်းအား ဒုက္ကဋ် အပြစ်သင့်စေ"ဟု ဘုရားရှင် အာဏာထားလေသည်။

န ဘိက္ခဝေ အနနုညာတော မာတာပိတူဟိ ပုတ္တော ပဗ္ဗာဇေတဗ္ဗော၊ ယော ပဗ္ဗာဇေယျ၊ အာပတ္တိ ဒုက္ကဋဿ။(ဟာ-ပါ)

ထိုကြောင့် မိဘနှစ်ဦးစုံရှိသော သားဖြစ်လျှင် နှစ်ဦးစလုံးပန်ကြား၍ ခွင့်ပြုမှ ရှင်ပြုပေးရသည်၊ တဦးသေခဲ့လျှင် ကျန်ရှိသော မိဘကို ပန်ကြား ရမည်၊ ရှင်ရဟန်းပြုနေသော မိဘကိုလည်း ပန်ကြားအပ်၏၊ ကိုယ်တိုင် ဖြစ်စေ, တယောက်ယောက် စေခိုင်း၍ဖြစ်စေ ပန်ကြားအပ်၏၊ စေခိုင်း အပ်သူက ခွင့်ပေးပါသည်ဟု ပြန်ပြောသော်လည်း ယုံကြည်မှ ရှင်ပြုပေး

စာမျက်နှာ-[၆]

အပ်၏၊ ရဟန်းဖြစ်နေသော ဖခင်က သားကို ရှင်ပြုလိုလျှင် အမိကို ပန်ကြားအပ်၏၊ အမိကလည်း သားကို ရှင်ပြုလိုလျှင် အဖကို ပန်ကြား အပ်၏၊ မိဘနှစ်ဦးတွင် တယောက်ယောက်သည် သားကို မစောင့်ရှောက် အကျင့်ဖောက်၍ ရောက်လိုရာရောက်ဖြစ်ခဲ့လျှင် ကျန်ရှိသူကိုသာ ပန်ကြား ခွင့်ပြုစေ၍ ရှင်ပြုစေအပ်၏၊ မိဘကားမရှိ မိကြီး, မိထွေး, ဦးရီ, ဦးလေး စသော ဆွေမျိုးဉာတိတို့ထံ၌ ကြီးပြင်းလာသောသူဖြစ်မူ ထိုစောင့်ရှောက်လာသူတို့အား ပန်ကြားအပ်၏၊ သို့သော် မပန်ကြားခဲ့လျှင် ထိုဆွေမျိုးတို့သည် ခိုက်ရန်ငြင်းခုံမှုကိုလည်းပြုတတ်ကုန်၏၊ ကဲ့ရဲ့ရှုတ်ချတတ်ကုန်၏။ ထို့ကြောင့် ငြင်းခုံခြင်း စသည်တို့မှ ကင်းပြတ်စေခြင်းငှာ ပန်ကြား၍ သာလျှင် ရှင်ပြုပေးစေအပ်၏။ မပန်ကြားပဲ ရှင်ပြုပေးသော်လည်း ဝိနည်း ပြစ်ကားမရှိ လောကပြစ်ရှိတတ်သည်။ ငယ်စဉ်ကပင်ခေါ်၍ စောင့်ရှောက် မွေးစားထားသူ မိဘတို့၌လည်း ဆွေမျိုးတို့ နည်းအတိုင်းပင် ကျင့်အပ်ပေသည်၊ သားသည် မိဘတို့ကိုမှီ၍ကား အသက်မရှင်၊ မိမိကိုယ်ကိုမှီ၍သာ အသက်ရှင်၏။ အကယ်၍ မင်းပင်ဖြစ်စေတော့ ပန်ကြားခြင်းပြု၍သာလျှင် ရှင်ပြုပေးစေအပ်၏။ ရှင်လိန်ပြန်ပြီး တဖန်ပြန်ဝတ်လိုသော ရှင်လောင်းတို့ အားလည်း လာတိုင်းလာတိုင်း မိဘတို့ကို အဖန်ဖန် ပန်ကြား၍သာလျှင် ရှင်င်ပြုပေးအပ်၏၊ မိဘတို့က ဤသူ၏ ရှင်ပြုရေးကိစ္စ၌ ပန်ကြားဖွယ်မလို ပါဟု စွန့်လွှတ်ထားသူကို မပန်ကြားတော့ပဲ ရှင်ပြုပေးအပ်၏၊ မိဘတို့က ငယ်ငယ်ကလေးကပင် အရှင်မြတ်တို့အား ပေးပါတယ်၊ ရှင်ပြုလိုသောအခါ ပြုပါဟုဆိုထားသူအား မပန်ကြားပဲ ပြုပေးအပ်၏။ မိဘတို့နှင့်ငြင်းခုံ ရန်ဖြစ်၍ တပည့်တော်ကို ရှင်ပြုပေးကြပါဟု ဆိုလာခဲ့သူအား မိဘတို့ကို ပန်ကြားချေဦးဟုစေခိုင်းသော်လည်းမသွားလို၊ အကယ်၍ ရှင်မပြုပေးက

ကျောင်းကိုလည်း မီးတိုက်အံ့၊ သင်တို့အား လက်နက်ဖြင့် သတ်ပုတ်အံ့၊ သင်တို့ဆွေမျိုး အလုပ်အကျွေးတို့၏လည်း အရံဖျက်ဆီးခြင်း စသည်တို့ဖြင့် အကျိုးမဲ့ကို ဖြစ်စေအံ့၊ သစ်ပင်ပေါ်မှ ခုန်ချသေအံ့၊ သူခိုးဒမြ အလယ်ဝင်အံ့၊ အရပ် တပါးသို့သော်လည်း သွားတော့အံ့-စသော အကျိုးမဲ့တို့ကို အကြောင်းပြု၍ ရှင်အဖြစ် တောင်းပန်အံ့၊ ထိုသူ၏အသက်ကို စောင့်ရှောက်သောအားဖြင့် ရှင်ပြုပေးအပ်၏၊ နောင်အခါ သူ့ မိဘတို့က မပန်ကြား၍ အပြစ်ဆိုလာလျှင် ထိုအကြောင်းစုံ ပြောပြ၍ ထိုသူ၏

စာမျက်နှာ-[၇]

အသက်ကို စောင့်ရှောက်သောအားဖြင့် ပြုပေးရသည်ဟု ထုချေနိုင်ပေသည်။ ခွင့်ပြုမှုရှိထားပါက ရှင်ပြုနိုင်၏။

သူ့ မိ, သူ့ ဖ၊ ခွင့်ပြုမှ၊ ပြုရ ပဗ္ဗဇ္ဇာ။
ခွင့် မပန်လျက်၊ ရှင်ပြု ချက်၊ ထည့်စွက် ဋ္ဌကထာ။

ရှင်မပြုထိုက်သော အဘဗ္ဗပုဂ္ဂိုလ် (၁၁) ယောက်ကား အဘယ်နည်း?

၁။ ပဏ္ဍက=ဘာဝရုပ်ချို့သောသူ၊ တနည်း လိင်ချို့တဲ့သည့်အဖြစ်သို့ ရောက်တတ်သောကြောင့် ပဏ္ဍုက်။
၂။ ထေယျသံဝါသက= အသွင်အပေါင်းအဖော် ခိုးသောသူ။
၃။ တိတ္ထိယပက္ကန္တက =တိတ္ထိတို့အသွင်သို့ ပြောင်းသွားသောရဟန်း၊
၄။ တိရစ္ဆာန=နဂါး ဂဠုန်, သိကြား စသော တိရစ္ဆာန်၊
၅။ မာတုဃာတက= အမိသတ်သူ။
၆။ ပိတုဃာတက =အဖသတ်သူ။
၇။ အရဟန္တဃာတက=ရဟန္တာသတ်သူ။
၈။ လောဟိတုပ္ပါဒက= ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုသူ။
၉။ သံဃဘေဒက=သံဃာအသင်းခွဲသောရဟန်း ။
၁၀။ ဘိက္ခုနီဒူသက ဘိက္ခုနီမကို ဗလက္ကာရမှုပြု၍ ဖျက်ဆီးသူ၊ ဝါ-မေထုန်ဖြင့် ဖျက်ဆီးသူ။
၁၁။ ဥဘတောဗျဉ္ဇနက=မိန်းမနိမိတ် ယောက်ျားနိမိတ်နှစ်ခုရှိသောသူ။ ပေါင်း(၁၁)။

ပဏ်, ထေ, ပက်, စ္ဆာန်၊ ပဉ္စာနန်၊ ဒူ, သံ, ဥဘောပါ။ ရှင် မပြုရ၊ ဆယ် တစ် မျှ၊ မှတ်ကြ အဘဗ္ဗာ။

ဤ ၁၁-ယောက်သည် ရှင်အဖြစ်ကိုခွင့်မပြုသောကြောင့် ရှင်မပြုထိုက်သော အဘဗ္ဗပုဂ္ဂိုလ်တို့ မည်၏။ အ သက် ၂၀-မပြည့်သူ့ ပါရာဇိကကျသူ နှစ်ယောက်ထည့်လျှင် ရဟန်းမခံအပ်သူ ၁၃-ယောက် ဖြစ်သည်။

စာမျက်နှာ-[၈]

ရှင်ပြုတယ်ဆိုတာ ဘယ်လိုလုပ်တာလဲ?

ယခုကာလ မဏ္ဍပ်ကြီးတွေထိုး မြင်းတွေ ဆင်တွေ ကားတွေနဲ့ ရှင်လောင်းလျှောက်ပြ၊ လော်စပီကာခေါ် အသံကျယ်ကြီးတွေနဲ့ အော်နေတာ ရှင်ပြုတာလား? ရှင်ပြုတယ်ဆိုတာ လိုရင်း သုံးမျိုးပဲ ရှိပါတယ်။

အောက်နားက ဖော်ပြပါလိမ့်မယ်၊ မဏ္ဍပ်ထိုး ရှင်လောင်းလှည့် စသည် တို့က ရှင်ပြုခြင်း၏ အဝန်းအရံ '''ပရိဝါရ'''တို့သာ ဖြစ်ပါတယ်။

ရှင်ပြုပုံ လိုရင်းသုံးပါး အကျယ်ပြခန်း

၁။ ကေသစ္ဆေဒန=ဆံရိတ်ပေးခြင်း။
၂။ ကာသာယစ္ဆာဒန=သင်္ကန်းဝတ်ပေးခြင်း။
၃။ သရဏဒါန=သရဏဂုံပေးခြင်း၊ ထိုသုံးပါးပြုလုပ်မှုတို့သည် ရှင်ပြုသည် မည်၏။

ကေသစ္ဆေဒန ကာသာယစ္ဆာဒနံ သရဏဒါနန္တိ ဟိ ဣမာနိ တီဏိ ကရောန္တော ပဗ္ဗာဇေတီတိ ဝုစ္စတိ။ (တေ-ဋီ)

ဆံရိတ်တခန်း၊ သင်္ကန်းပေးတုံ၊ သရဏဂုံပေးငြား၊
ဤသုံးပါး၊ ခေါ်ငြား ပဗ္ဗဇ္ဇာ၊ (လယ်တီ ဝိနယသံခိပ်)

၁-ကေသစ္ဆေဒန- ဆံရိတ်ခန်း

မိဘတို့ ခွင့်ပြု၍ နူနာစသည် အပြစ်ကင်းရှင်းသော ရှင်လောင်းအား ဆံပင်ရိတ်ပေးခြင်းသည် ပထမ ရှင်ပြုခြင်း ကေသစ္ဆေဒနပဗ္ဗဇ္ဇ မည်၏။ ထိုဆံရိတ်ပေးမှုသည် လွယ်ကူလှသည်မဟုတ်၊ ဆံမရိတ်မီ ရဟန်းတော်များ လိုက်နာရမည့် ဗုဒ္ဓအာဏာတော်တခု ရှိသေးသည်၊ ထိုအာဏာကား ကျောင်းတိုက်ရှိ သံဃာတော်များထံ ရှင်လောင်းကို ဆံရိတ်ပါမည့် အကြောင်း လျှောက်ထား ခွင့်ပန်ရခြင်းပင်တည်း။

စာမျက်နှာ-[၉]

အနုဇာနာမိ ဘိက္ခဝေ သံဃံ အပလောကတုံ ဘဏ္ဍုကမ္မာယ။ (ဟာ-ပါ)

တိုက် တွင်းဝယ်တိ၊ သံဃာရှိ၊ ပန်ဘိ ဆံရိတ်မှာ။ (လယ်တီ ဝိနယသံခိပ်)

သည်လို ဘာကြောင့် အာဏာထားသလဲ?

အခါတပါး ရွှေပန်းထိမ်သည်လင်မယားနှစ်ယောက်တို့သည် ကျောင်းတိုက်သို့ ရောက်လာ၍ မိမိတို့နှင့် ငြင်းခုံထွက်ပြေးသွားတဲ့ သားကလေးရဲ့ ပုံသဏ္ဌာန်ပြောကြပြီး ထိုကလေးကို အရှင်မြတ်တို့ မသိ မမြင်ကြဘူးလား ဘုရားဟု မေးလေလျှင် ရဟန်းတို့က အမှန်ပင် မသိ မမြင်သောကြောင့် မသိ မမြင်ပါဟု ပြောလိုက်မိကြ၏။ ထို့နောက် ရှာဖွေကြလေသော်

သာမဏေဖြစ်နေသည်ကို တွေ့၍ "သည်ရဟန်းတွေဟာ သီလမရှိတဲ့ အလဇ္ဇီ ဒုဿီလတွေပါပဲ၊ သိမြင်လျက် မသိမမြင်ဘူးဟု လိမ်ပြောကြတယ်"ဟု ကဲ့ရဲ့ မှုကြောင့် ရှင်လောင်းဆံရိတ်ခါနီး၌ ဆံရိတ်ပါမည့်အကြောင်း သို့မဟုတ် ရှင်ပြုပါမည့်အကြောင်း တတိုက်လုံးသိရန် သံဃာများထံ ပန်ကြားဖို့ အာဏာထားတော်မူခဲ့သည်။ (ဟာ-ပါ-ဝတ္ထု)

မှတ်ချက် ထို ရွှေပန်းထိမ်သည်သား ပြေးလာစဉ်က ဘယ်ရဟန်းကိုမှ မပန်ကြားပဲ ဦးစွန်းရိတ်ပြီး ရှင်ပြုပေးမှုကြောင့် မသိ မမြင်ပါဟု ရဟန်းတို့ ဖြေကြားမိ၍ အကဲ့ရဲ့ခံရလေသည်။ နောက်အခါ ဤအဖြစ်မျိုး မဖြစ်စေရန် အာဏာထား လေသည်။

တဿ သိခံ ဆိန္ဒန္တာ ကဉ္စိ ဘိက္ခုံ အဇာနာပေတွာဝ ပဗ္ဗာဇေသုံ၊ တေန ဘဏ္ဍု ကမ္မာပလောကနံ အနုညာတံ။ (ဝိ-ဋီ)

ဘယ်လို ပန်ရမလဲ ?

၁။ သံဃာများသောကျောင်းတိုက်ဖြစ်လျှင် သံဃာအားလုံးတနေရာ၌ စုဝေးစေ၍ ရဟန်းဖြစ်စေ, သာမဏေဖြစ်စေ တယောက်ယောက်က ရှင်လောင်းကို ထိုနေရာသိုခေါ်လျက် “သံသံ ဘန္တေ ဣမဿ ဒါရကဿ ဘဏ္ဍုကမ္မံ အာပုစ္ဆာမ”ဟူ၍ပါဠိလိုဖြစ်စေ "ဤကလေးကို ဆံချမလို့ပါ"ဟု

စာမျက်နှာ-[၁၀]

မြန်မာလိုဖြစ်စေ လျှောက်ထား ပန်ကြားရသည်။ ၃-ကြိမ် ၂-ကြိမ် ၁-ကြိမ် ကြိုက်သလို ပန်ကြားနိုင်သည်။

သီမာပရိယာပန္န ဘိက္ခူ သန္နိပါတေတွာ ပဗ္ဗဇ္ဇာပေက္ခံ တတ္ထ နေတွာ “သံယံ ဘန္တေ ဣမဿ ဒါရကဿ ဘဏ္ဍုကမ္မံ အာပုစ္ဆာမီ”တိ တိက္ခတ္တုံ ဝါ ဒွိက္ခတ္တုံ ဝါ သကိံ ဝါ ဝတ္တဗ္ဗံ။ (ဟာ-ထာ)

၂။ သံဃာ နည်းပါးသော ကျောင်းဖြစ်လျှင် ရဟန်းတော်များ နေရာအသီးသီးသို့ ရှေးနည်းအတိုင်း ပန်ကြားရသည်။
၃။ ရှင်လောင်းကို သံဃာ့အထံ ခေါ်မသွားပဲ ရဟန်းဖြစ်စေ ကိုရင် ဖြစ်စေ တပါးပါးကို စေလွှတ်၍ မည်သည့်ကလေးကို ဆံချမလို့ပါ၊ သို့မဟုတ် ရှင်ပြုပေးမလို့ပါ စသည်ဖြင့် ရှေးနည်းအတိုင်း ခွင့်ပန်နိုင်သည်။ (အခြား ပန်ကြားပုံတွေ ရှိသေး၏။)
၄။ သံဃာများလွန်း၍ ခွင့်ပန်ဖို့ ခဲယဉ်းလျှင် ကျောင်းတိုက်တွင်းရှိ ခဏ္ဍသိမ်အတွင်းသို့ ခေါ်၍ မည်သူ့ကိုမျှ မပန်ကြားပဲလည်း ဆံရိတ်နိုင်သည်။
၅။ ရဟန်းတွေ တောခြုံကြားစသည်တို့၌ ဝင်နေ၍ ရှာပါသော်လဲ မတွေ့ပဲ ပန်ကြားသူတို့က အားလုံးပန်ကြားပြီးပြီဟု မှတ်ထင်လျှင်လည်း ဆံရိတ်ပေး၍ အပြစ်မရှိတော့ချေ။
၆ ။ အိမ်ကပင် ဆံရိတ်ခဲ့ပြီးသူ, လက်နှစ်သစ်မျှ ဆံပင်မရှည်သေးသော သူတို့ ဆံရိတ်ဖွယ်မလို၊ ထပ်ရိတ်လျှင် ပန်ကြားဖွယ်မလို။ (ရဟန်း, သာမဏေများသည် ဆံပင်ကို လက်နှစ်သစ်ထက် ရှည်အောင် လည်းကောင်း၊ နှစ်လလွန်အောင်လည်းကောင်း မထားရ။)

သံဃာထံ ခွင့်ပန်ပြီးနောက်ဆံရိတ်ခါနီး ဆံရိတ်ပေးနေစဉ် ဆရာက ဘယ်လို ပြောဆို မိန့်ကြားသင့်သလဲ?

ဆံရိတ်ပေးတဲ့အခါ ရေချိုးပေးနေတဲ့အခါ သင်ဟာ ထင်ရှားကြွယ်ဝတဲ့ သူပဲ။ သင့်ကိုမှီပြီး ငါတို့ ပစ္စည်းလေးပါး ချမ်းသာတော့မယ်ဟု မပြော

စာမျက်နှာ-[၁၁]

ကောင်း၊ ဝဋ်မှ ထွက်မြောက်ကြောင်း မဟုတ်သည့် အမင်္ဂလာ အရွှတ် စကားမျိုး မပြောအပ်၊ ငါ့သျှင် စိတ်ကောင်းလျက် သတိ ထင်ရှာထားလော့ဟု ပြော၍ “တစပဉ္စက ကမ္မဋ္ဌာန်းကို” ဟောကြားရမည်ဟု အဋ္ဌကထာ ဆို၏။

အမှာ ခေါင်းရိတ်နေစဉ် ပြောကြား၍ သဘောကျနိုင်လောက်အောင် ရှေးအစောကပင်လျှင် ဆရာတို့က “တစပဉ္စက ကမ္မဋ္ဌာန်း”ကို သင်ပေးထားသင့်၏။

ဘာကြောင့် ဤကမ္မဋ္ဌာန်းကို တစပဉ္စက ခေါ်ရသလဲ?

ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ တစော-ဟု တစလျှင် ငါးခုမြောက် ရှိသော အစုဖြစ်သောကြောင့် ပါဠိလို တစပဉ္စက-ဟု ခေါ်ပါသည်။ မြန်မာလို ဆံပင်, မွေးညှင်း, ခြေသည်း-လက်သည်း, သွား, အရေ ဟု အရေနှင့် ငါးခုအစုရှိသော ကမ္မဋ္ဌာန်းဟု ဆိုလိုသည်။

ရှေးဦးက တစပဉ္စက ကမ္မဋ္ဌာန်းကို ဘယ်လိုသင်ပေးရမလဲ?

ဤငါ၏ကိုယ်၌ ဆံပင်, မွေးညှင်း, ခြေသည်း-လက်သည်း, သွား” အရေဤငါးတွေ ငါးစုတို့သည် မစင်ကြယ်ကာ စက်ဆုပ်စရာ ရွံစရာ ဖြစ်ကုန်၏၊ သတ္တဝါလဲ မဟုတ် အသက်လဲ မဟုတ်ကုန်ပါ တကားဟု နှုတ်တက်ရအောင် သင်ထားပါ။

ဉာဏ်သွင်းပေးရန်

"မောင်ရှင်လောင်းမင်းကိုယ်ထဲရှိတဲ့ ဆံပင်, မွေးညှင်း, ခြေသည်း လက်သည်း, သွား အရေတို့ဟာ ကတိုးရေမွှေး ကရမက်တို့လို နှစ်သက် ရတဲ့ အစုတွေ မဟုတ်ဘူး ကြားလား၊ အဆင်းအားဖြင့် ကြည့်ကြည့်၊ သဏ္ဌာန်အားဖြင့် ကြည့်ကြည့်၊ အနံ့အားဖြင့်ကြည့်ကြည့်၊ မှီရာအကြောင်းအားဖြင့် ကြည့်ကြည့်၊ တည်ရာအရပ်အားဖြင့် ကြည့်ကြည့်၊ ဘယ်လိုပဲ ကြည့်ကြည့်၊ မစင်ကြယ်ကာ စက်ဆုပ်စရာ ရွံစရာတို့သာ အစစ်အမှန် ဖြစ်တယ်၊ အသက် လိပ်ပြာ, ပုဂ္ဂိုလ် သတ္တဝါမဟုတ်ပဲ မာတင်း ကြမ်းတမ်းတဲ့ ပထဝီမြေဓာတ်သဘောသာ ဖြစ်တယ်လို့ ဉာဏ်သွင်းထားလျက် အထက်ပါ

စာမျက်နှာ-[၁၂]

ကမ္မဋ္ဌာန်းဆိုရိုးကို နှုတ်၌ရွတ်၍ သင့်ခေါင်းမှ ဆံချတဲ့အခါ နှလုံးသွင်းဖို့ သတိပြု"ဟု ဉာဏ်သွင်းပေးထားပါ။

အထခွဿ အာဝုသော သုဋ္ဌု ဥပဓာရေဟိ သတိံ ဥပဋ္ဌာပေဟီတိ ဝတွာ တစပဉ္စက ကမ္မဋ္ဌာနံ အာစိက္ခိတဗ္ဗံ၊ အာစိက္ခန္တေန စ ဝဏ္ဏ သဏ္ဌာန ဂန္ဓာသယောကာသဝသေန အသုစိ ဇေဂုစ္ဆပဋိကူလဘာဝံ နိဇ္ဇီဝ နိဿတ္တဘာဝံ ဝါ ပါကဋံ ကရောန္တေန အာစိက္ခိတဗ္ဗံ။ (ဟာ-ထာ)

အမှာ သင်ပြသောဆရာ၏ ဥပဇ္ဈာယ်ဂုဏ်အင်္ဂါနှင့် ကိုက်ညီစွာ ချဲ့ထွင်၍ ဉာဏ်သွင်းပေးရန် သင့်ပေ၏။

အဋ္ဌကထာ၌ ဘယ်လို တစပဉ္စက ကမ္မဋ္ဌာန်း၏ အကျိုးကိုပြ၍ တိုက်တွန်းထားသလဲ?

ရှေးရှေးဘဝက ကမ္မဋ္ဌာန်း အခြေခံပါလာသူ ဖြစ်လျှင် မိုးကြိုး စက်သည် ကျောက်တောင်ကို ခွဲဖျက်လိုက် သကဲ့သို့ ရှင်လောင်းမှာ ရှိသော ကိလေသာ အတုံးအခဲတွေ အမှုန့်မှုန့် ပြိုကွဲကာ ခေါင်းရိတ် အပြီးမှာပင် ရဟန္တာဖြစ်နိုင်သည်၊ ဘုရားလက်ထက်တော်က ခေါင်းရိတ် အဆုံး၌ ရဟန္တာဖြစ်သွားသော ရှင်လောင်းပုဂ္ဂိုလ်ထူးတို့သည် ကမ္မဋ္ဌာန်း ပြောကြားပေး၍ ခေါင်းရိတ်ပေးသော ဆရာကောင်းများကို အမှီရကြ သူများသာ ဖြစ်သည်၊ ထို့ကြောင့် ခေါင်းရိတ်ခါနီး ခေါင်းရိတ်ဆဲတို့၌ တစပဉ္စက ကမ္မဋ္ဌာန်းကို ပြောပြပါလေဟု အဋ္ဌကထာ တိုက်တွန်းတော် မူလေသည်။

အမှာ ယခုခေတ် ရှင်လောင်းတို့ ရဟန္တာမဖြစ်စေကာမူ ပါရမီသမ္ဘာရဖြစ်ကြ၍ ဆရာကောင်းပြီသဖို့ ထုံးတမ်း မပျက်ကွက်အောင် အားထုတ်သင့်ပေသည်။

ခေါင်းရိတ်ပြီးနောက် သင်္ကန်းမဝတ်ခင် ဘယ်သို့ပြုရသေးသလဲ?

ဦးခေါင်းရိတ်ပြီးနောက် နနွင်းမှုန့်ဖြင့် ဖြစ်စေ နံ့သာမှုန့်ဖြင့် ဖြစ်စေ ဦးခေါင်းရော ကိုယ်ပါ လူနံ့ပျောက်အောင် ပွတ်တိုက်ရေချိုးစေရသည်။

စာမျက်နှာ-[၁၃]

ကလေးငယ်လျှင် ဆရာကိုယ်တိုင် ရေထဲဆင်းပြီး ဝဲနာ, အိုင်းနာ ရှိခဲ့လျှင် မရွံမရှာ မိခင်ပမာ ပွတ်တိုက်သုတ်သင် ချိုးပေးအပ်၏။ အကျိုးကား ပျင်းရိ၍ လူထွက်လိုသော်လည်း ဤကျေးဇူးကြောင့် မဆုတ်မနစ် မထေရ် ကြီးအဖြစ်သို့ ရောက်တတ်၏။ ရှင်လောင်း အရွယ်ကြီးခဲ့လျှင် ရှက်မည်စိုး၍ သူ့ဘာသာလဲ ရေချိုးစေခိုင်းအပ်၏။ ဤအဋ္ဌကထာ စကားစုတည်း။

ခေတ်ကာလပြုလုပ်ရိုးများ ဘယ်လိုရှိသေးသလဲ?

သင်္ကန်းမဝတ်သေးမီ သံဃာတော်များက ပရိတ်ရွတ်၍ ရှင်လောင်းများကို ပရိသတ်များနှင့်တကွ ပရိတ်တရားနာကြသေး၏၊ အချို့ အပ်ချည်မျှင်ဖြင့် ရှင်လောင်းများကို ဝိုက်သိုင်းထားသည်ကို တွေ့ဘူး၏။

ဘုရားဖြူရှင်ကျင့်ဝတ်၌ ရှင်ဒါယကာတို့ ပြုစီရင်ရမည့် အမှုကိစ္စများဟု ခေါင်းတပ်၍ ပရိတ် ရွတ်ပြီးသော ချည်ကို မင်းကိုယ်ချည် ခေါ်သည်။ အောင်ချည်လည်း ဟူကြသည်၊ မှန်ကူချည်လည်း ဟူကြသည်။ ပရိတ် မရွတ်သေး ချည်သည် မင်းကိုယ်ချည်၊ အောင်ချည်၊ မှန်ကူချည် မဟုတ် ဖြစ်၍ ပရိတ်မရွတ်မီ ချည်ဝိုက်မှု ပြုသည်ကား မသင့်၊ ထိုကြောင့် သက္ကရာဇ် ၉၉၅-ခုနှစ်တွင် မင်းဖြစ်သော သာလွန်မင်းတရားလက်ထက် မင်္ဂလာပရိတ်ရွတ်ရာ ပါသော မင်းကိုယ်ချည်ကို ပရိတ် ရွတ်ပြီးလျှင် မင်းသား မင်းသမီးတို့ လည်မှာစွပ်ပါလောဟု လေးထပ်ဆရာတော် တပည့် ရဟန်းတဦးက ပရိသတ်များ မျက်မှောက်တွင် ဆိုကြောင်းကို စာတမ်းရှိသည်ဟု ဖော်ပြထားလေသည်။

ညောင်လေးပင် ရှင့်ကျင့်ဝတ်၌ ရှင်လောင်းကို နတ်စင်သို့ခေါ်သွားခြင်း, ချည်ခင်ရစ်သိုင်းခြင်း, ညာဘက်ဖဝါးဖြင့် ရှေးဦးစွာ လှမ်းစေလျက် သံဃာအလယ်ဝင်ရန် ပန်ကြားခြင်း စသည်တို့ကို အချို့ ပြုကြ၏။ ထိုထိုအကြောင်းကြောင့် ထိုထိုအခါမှစ၍ ဖြစ်ပေါ် လာဟန် ရှိသည်။ ကျမ်းဂန်လာ မဟုတ်ဟု ဖော်ပြသည်။

ကျမ်းရေးသူ ထင်မြင်ချက်

ရှင်လောင်းများပရိတ်နာစေခြင်းအမှုကား ရှင်လောင်းတို့ သာမဏေ မဖြစ်မီလည်းကောင်း၊ သာမဏေ ဖြစ်ပြီးမှလည်းကောင်း ဘေးရန်ကင်း စေရန် ပြုလုပ်သည်ဟု ယူဆသည်၊ သိဒ္ဓတ္ထမင်း တောထွက်ရာ၌ မာရ်နတ်

စာမျက်နှာ-[၁၄]

အပြစ်ရှာသလို အထွတ်ချိရောက်မည့် အလောင်းအလျာတို့အား မိစ္ဆာဝါဒီ အသင်းသားများက အပြစ်ရှာဖွယ်ရှိသည်။ ထို့ကြောင့် ရှင်လောင်းများ သစ်ပင်မတက်ရ၊ ရေတွင်း မဆင်းရဟု ဘေးရန်နီးသော အမှုတို့ကို ရှေးလူကြီးကို ပယ်ကြဟန်ရှိသည်၊ သာနုသာမဏေ လူထွက်လိုသဖြင့် ရှေးဘဝ အမိဟောင်းက လူမထွက်နိုင်အောင် နှိပ်စက်ထားကြောင်း ဓမ္မပဒ၌ ဆိုသည်များကို ထောက်၍ သိသင့်၏၊ ဤကား ကေသစ္ဆေဒန-ဆံရိတ် ရှင်ပြုခြင်းကို အကျယ်ပြခြင်းတည်း။

၂-ကာသာယစ္ဆာဒန-သင်္ကန်းဝတ်ပေးခန်း

သင်္ကန်းကို ရှင့်ကျင့်ဝတ်ကျမ်းလာ သကလ ဝဋ္ဋ ဒုက္ခ စသော သင်္ကန်းပေး သင်္ကန်းတောင်းတို့ကို ရွတ်ဆိုစေ၍ ရှေးဦးဆရာထံ သင်္ကန်းပေး နောက် ပြန်တောင်း၍ ဆရာရဟန်းက ဝတ်တော့ဟု-အမိန့်ရ၍ ဝတ်ဆင် ပေးခြင်းသည် ကာသာယစ္ဆာဒနခေါ် သင်္ကန်းဝတ်ပေးသော ရှင်ပြုခြင်း ခေါ်သည်၊ နောက်၌ ဤစကားအကျယ် ပြဆိုလတံ့ကို သတိပြုခဲ့ပါ။

၃-သရဏဒါန=သရဏဂုံပေးခန်း၊

ဥပဇ္ဈာယ်ရဟန်းက သင်္ကန်းဝတ်ပေးပြီးတဲ့ ရှင်လောင်းအား “ဗုဒ္ဓ သရဏံ ဂစ္ဆာမိ”စသောသရဏဂုံပါဠိကို အစဉ်အတိုင်း ဆရာတပည့်၂-ပါး ပြီသအောင်ရွတ်ဆိုပေးမှုသည် သရဏဒါနခေါ် သရဏဂုံပေးသော ရှင်ပြုခြင်း မည်ပေသည်။ “တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ”ဆုံးလျှင် ရှင်ပြုခြင်း ကိစ္စ ပြီးမြောက်တော့သည်။ သရဏဂုံပေးရေး၌ အလွန်အရေးကြီးပါသဖြင့် နောက်၌ အကျယ်ပြလတံ့ကို သတိပြုခဲ့ပါ။

လေ့ကျင့်ခန်းပုစ္ဆာ

၁။ ရှင့်ကျင့်ဝတ်အဓိပ္ပါယ်ကို သိသလောက် ရေးခဲ့ပါ။
၂။ ၁၅-နှစ်မပြည့်တဲ့ သူငယ်များ ရှင်ပြုခွင့် ရပါသလား။
၃။ ဘုရားလက်ထက်က အသက်ငယ်၍ ဂုဏ်ထူးကြွယ်တဲ့ သာမဏေ ၂-ပါးလောက် အမည်များ ထုတ်ပြပါ။
၄။ မိဘများထံ ခွင့်မတောင်းရပဲ ရှင်ပြုနိုင်သော အချက်ကို ၂-ခု လောက် ထုတ်ပြပါ။

စာမျက်နှာ-[၁၅]

၅။ ရှင်ပြုပုံ လိုရင်းသုံးမျိုးကို ပါဠိလိုရေးခဲ့ပါ။
၆။ ရှင်လောင်း ခေါင်းရိတ်နေတဲ့အခါ ဘယ်လိုစကားမျိုးမပြောသင့်သလဲ။
၇။ ဆံပင် စပါးလုံးတထောက်လောက်ရှိတဲ့ ရှင်လောင်း ခေါင်းထပ် မရိတ်ပဲ နေနိုင်သလား။
၈။ တစပဉ္စက-ဆိုတဲ့ ကမ္မဋ္ဌာန်း၌ ငါးပါးငါးစုဆိုတာ ရေတွက် ပြစမ်းပါ။
၉။ ရှင်လောင်း ခေါင်းရိတ်တဲ့အခါ ရွတ်ရတဲ့ ကမ္မဋ္ဌာန်းဆိုရိုးကို ရေးပြပါ။
၁၀။ ရှင်လောင်း ပုဂ္ဂိုလ်ထူးတို့ ဆံရိတ်ခိုက် တစပဉ္စက ကမ္မဋ္ဌာန်း ပွားများလိုက်ရာ သင်ဓုန်းအဆုံး ခေါင်းရိတ်ပြီး၌ ဘာများ ဖြစ်ကြပါသလဲ။

ရှင်ပြုခြင်း လိုရင်းသုံးမျိုးပြခန်း ပြီးပြီ။

ကျေးဇူးများရန် ညွှန်ပြခြင်း

ယခုခေတ် ရှင်ပြုချိန်နီးကပ်မှ ဆရာရဟန်းထံ ပိုထားခြင်းကား သားများကို ချစ်ရာမကျပဲ နှစ်ရာကျပေသည်။ ရှင်လုပ်ငန်းနားမလည်ပဲ ရှင်ပြုရရှာသော သူငယ်၌ ရည်ရွယ်ချက် မကိုက်ပဲအကျိုးစီးပွားနည်းတတ်သည်။ ဆရာရဟန်းထံ၌ ရှင်လောင်း သားကောင်းတို့ကို အစောက ပိုသင့်၏။ သာသနာ့ဘောင်မနေနိုင်သူတို့ အယုတ်ဆုံးတလထားသင့်၏။ သို့မှသာ သာသနာနှင့်စပ်သောလုပ်ငန်းများ ဗဟုသုတပွားများရာသည်၊ ဆရာတို့က သရဏဂုံပီသအောင် သင်ပေးသင့်၏၊ ပစ္စဝေက္ခဏာများ ဉာဏ်သက် ဆင်ခြင်နိုင်အောင် ဆံရိတ်သောအခါ ဆင်ခြင်ရန် တစပဉ္စကကမ္မဋ္ဌာန်း သင်ပေးသင့်၏၊ အချိန်ရသလို ဥပဇ္ဈာယ်ယူပုံ သီလခံယူပုံနှင့် ဆယ်ပါးသီလ၏ အဓိပ္ပါယ်, လိင်, ဒဏ်, သေခိယ စသည်တို့ သင်ပေးသင့်၏၊ ရှင်ပြုပြီးစ သာမဏေကို ကူဋိတက်ပုံ, ဆွမ်းစားပုံ, သင်္ကန်းဝတ်ပုံ, ရွာတွင်းသွားလာပုံ စသည်တို့ နားပါးဝအောင် သင်ပေးသင့်၏။ ရှင်သာမဏေအား လူ လောက၌နေသောအခါ သာသနာကြည်ညိုတတ်အောင် ကပ္ပိပုံ, ဆွမ်းကပ်

စာမျက်နှာ-[၁၆]

ပုံ, ဦးချပုံ, လျှောက်ပုံ ဆရာထံ ဆည်းကပ်ပုံစသော လက်တွေ့လုပ်ငန်းတို့ကို သင်ပေးသင့်၏၊ သို့မှသာ အနာဂတ်သာသနာရေး မျှော်တွေး၍ ကောင်းမွန်ဖွယ်ရှိမည်၊ ရှင်ပြုသောအခါလဲ ပရိက္ခရာရှစ်ပါး ပြည့်စုံလျှင် ပြီးရောဟု မဖြတ်မအပ်တဲ့ သင်္ကန်းတု, သံဖြူ, မီးခွက်ပုံ ရေစစ်တု, မီးစာ လုပ်ရသော သပိတ်အိတ်စုတ်ဖွား, သားရေနယ်ဟန်ဆောင်သော စက္ကူနီကြမ်းထည့်၍ ရှင်ပြုကြသည်ကား ခေတ်စားလျက်ရှိ၏။ ကလေးတွေ ရှင်ပြုပုံ ကစားသည်နှင့်တူလှ၏၊ မိမိတို့ သားရတနာကို ဘုရားရှင်အမွေတော် အတုအပ ယူစေသည်နှင့်တူမည်ကို သတိချပ်၊ ပရိက္ခရာဟူသည် သင်းပိုင်, ကိုယ်ရုံ, ဒုကုဋ်, ခါးပန်း, သပိတ်, သင်ဓုန်း, ရေစစ်, အပ်-ဟု ရှစ်ပါးရှိသည်၊ ဤ၌ ရှင်သာမဏေအတွက် သင်းပိုင်, ကိုယ်ရုံ, ခါးပန်း, သပိတ်တို့သာ လိုရင်း ဖြစ်သည်၊ လိုရင်းပရိက္ခရာကို ကောင်းမွန်အောင် စီမံသင့်၏၊ ထိုထက် စွမ်းနိုင်လျှင် အသုံးပြုသော ခေါင်းအုံး သင်ဖြူးစသည်တို့ ထည့်သင့်၏။ ပရိက္ခရာအတွက် ကုန်ကျမခံပဲ စားရေးသောက်ရေးစသော အခြား အရာတို့၌ ကုန်ကျခံသူတို့ကား ဉာဏ်သေးလှ၏၊ သာမဏေများ သိက္ခာစင်ကြယ်အောင် လူထွက်ခိုင်းခြင်းနှင့် လူထွက်ရန် ဆွဲဆောင်သော လုပ်ငန်းတို့ကား ဗုဒ္ဓဘာသာ ထုံးစံ၌ အလွန်ရှောင်ကြဉ်သင့်သော အရာတခုဟု သတိပြုသင့်လေသည်။

စာမျက်နှာ-[၁၇]

ဆရာရဟန်းလက်သို့ သင်္ကန်း ပေးအပ်ရန်

သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္မံ ဥပါဒါယ။

ဘန္တေ၊ အရှင်ဘုရား။ သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ် ထွက်မြောက်သော နိဗ္ဗာန်ကို။ သစ္ဆိကရဏတ္ထာယ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျှင်မြန်စွာ မျက်မှောက် ပြုပါရခြင်း အကျိုးငှါ။ ဣမံ ကာသာဝံ၊ ဘုရားတပည့်တော်၏ လက်၌ရှိသော ဤသင်္ကန်းကို။ ဂဟေတွာ၊ ယူတော်မူ၍။ မံ၊ ဘုရားတပည့်တော်ကို။ အနုကမ္ပံ၊ အစဉ်သနားခြင်းကို။ ဥပါဒါယ၊ အကြောင်းပြု၍။ ပဗ္ဗာဇေထ၊ ရှင်သာမဏေ ဖြစ်အောင်ပြုပေးတော် မူကြပါဘုရား။

၃-ကြိမ် ၂-ကြိမ် ၁-ကြိမ် ကြိုက်သလိုဆို၍ သင်္ကန်းကပ်။

ဆရာရဟန်းထံတော်မှ သင်္ကန်း တောင်းယူရန်

သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဧတံ ကာသာဝံ ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္ပံ ဥပါဒါယ။

ဘန္တေ၊ အရှင်မြတ်ဘုရား။ သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ၊ အလုံးစုံသော သံသရာ ဝဋ်ဆင်းရဲမှ ကင်းလွတ် ထွက်မြောက်သော နိဗ္ဗာန်ကို။ သစ္ဆိကရဏတ္ထာယ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျှင်မြန်စွာ

စာမျက်နှာ-[၁၈]

မျက်မှောက်ပြုပါရခြင်း အကျိုးငှါ။ ဧတံ ကာသာဝံ၊ အရှင်ဘုရားတို့၏ လက်တော်၌ရှိသော ထိုသင်္ကန်းကို။ ဒတွာ၊ ပေးသနားတော်မူ၍။ မံ၊ ဘုရားတပည့်တော်ကို။ အနုကမ္ပံ၊ အစဉ် သနားခြင်းကို။ ဥပါဒါယ၊ အကြောင်းပြု၍။ ပဗ္ဗာဇေထ၊ ရှင်သာမဏေ ဖြစ်အောင် ပြုပေးတော်မူကြပါဘုရား။

၃ ကြိမ် ၂-ကြိမ် ၁-ကြိမ် ကြိုက်သလိုဆို၍ တောင်းယူ။

သင်္ကန်းပေး သင်္ကန်းတောင်း၌ မှတ်သားဖွယ်

(က) ဘာကြောင့် ယခုအခါ သင်္ကန်းပေး သင်္ကန်းတောင်း ဖြစ်ပေါ်လာသလဲ?

ဆရာရဟန်းက သင်္ကန်းပေး၍ဖြစ်စေ ဆရာရဟန်းက တဆင့်အခိုင်းခံ ရသူ ပေး၍ဖြစ်စေ သင်္ကန်းဝတ်ကောင်း၏၊ (ကိုယ့်သင်္ကန်းဖြစ်စေကာမူ) ကိုယ့်ဘာသာ မဝတ်ကောင်းသောကြောင့် မိမိလက်မှာရှိသော ကိုယ့် သင်္ကန်းကို ဆရာ့လက်သို့ ပေးရခြင်း, ဆရာ့လက်မှ တောင်းယူရခြင်း ဟူသော လုပ်ငန်းနှစ်ခု ဖြစ်ပေါ်လာသည်၊ ဆိုခဲ့ပြီးသော ရှင်ပြုခြင်း သုံးမျိုးအနက် ကာသာယစ္ဆာဒန ရှင်ပြုခန်းပါပဲ၊ သကလ ဝဋ္ဋ-စသော စကားတို့ကား ဝိမတိဋီကာ ဝိနယာလင်္ကာရဋီကာတို့နှင့် အလျော် ရှေး ဆရာမြတ်တို့ စီစဉ်ထားသော စကားရပ် ဖြစ်သည်။

(ခ) သင်္ကန်းပေးနှင့် သင်္ကန်းတောင်းကိစ္စတို့တွင် ဘယ်ကိစ္စကို ရှေးဦး ပြုသင့်သလဲ?

သင်္ကန်းပေးကိစ္စကို ရှေးဦးပြုရပါမည်၊ ပြုပုံမှာ ဆံရိတ်ခြင်း, ရေချိုးခြင်းစသော ကိစ္စများပြီးတဲ့ ရှင်လောင်းသည် ဆရာရဟန်းအား (သီလ စသော ဂုဏ်အပေါင်းတို့၏ တည်ရာ ဆရာမြတ်ပါတကား ဟု) ရိုသေ လေးစား နှလုံးထားလျက် ပိတ်ပိုင်း, သဘက် စသည် တခုခုကို လက်ကန်တော့ စမ္ပယ်တင်၍ ဒူးနှစ်ဘက် လက်ဖဝါးနှစ်ဘက် နဖူးဟူသော

စာမျက်နှာ-[၁၉]

အင်္ဂါငါးပါးကို အခင်း၌တည်သော ပဉ္စပတိဋ္ဌိတဖြင့် သုံးကြိမ် ဦးချလျက် ဆောင့်ကြောင့်ထိုင်၍ ခါးပန်းကြိုးဖြင့် ရစ်ပတ်ထားသော သင်္ကန်းကို ကိုင်ကာ ၁ နံပါတ် သင်္ကန်းပေးကို ပါဠိဖြစ်စေ, အနက်ဖြစ်စေ, မြန်မာသက်သက်ဖြစ်စေ ကြိုက်သလို ၃-ကြိမ်ဆို၍ သင်္ကန်းကို ဆရာ လက်သို့ ပေးပါ၊ တကြိမ်, နှစ်ကြိမ်လဲ အပ်၏၊ ထို သင်္ကန်းပေး ကိစ္စပြီးလျှင် ပြန်ထိုင်၍ ၂-နံပါတ် သင်္ကန်းတောင်းကို ရှေးဦးနည်းမှီ၍ ရွတ်ဆိုတောင်းပါ။ ထိုအခါ ဆရာက ကိုယ်တိုင်ဝတ်ပေးပေး၊ တဦးဦးကို ခိုင်းခိုင်း၊ ရှင်လောင်းအား ရော့ဝတ် ဟု ပေးပေး အားလုံးသည် ဆရာပေးရာ ကျ၍ ရှင်လောင်း၌ သင်္ကန်း ဆင်နိုင်ပြီ၊ ဤကဲ့သို့မှ ဆရာ မပေးပဲ ဝတ်လာခဲ့လျှင် ချွတ်ပြီးမှ ဆရာက ပေးရမည်၊ ဆရာ မပေးပဲ မိမိဘာသာ ဝတ်ထားလျှင် အသွင်ခိုးလိင်္ဂထေနက ဖြစ်တတ်၏၊ ထို လိင်္ဂထေနက ကင်းရှင်းစေသောသင်္ကန်းပေး သင်္ကန်းတောင်းဟုမှတ်ပါ။ (သကလ ဝဋ္ဋ-စတဲ့ စကားစဉ်တို့ကို မဆိုစေဘဲ ဆရာက ရော့ဝတ်ဟု ဆိုလဲ ဝတ်အပ်ပါတော့သည်။)

(ဂ) ထိုစကား ၂-ရပ်တွင် သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ-ဟူသော စကားဖြင့် ပြသလဲ?

ရှင်လောင်း၏ ကောင်းမြတ်သော ရည်ရွယ်ချက်ကို ပြပါတယ်။ ရည်ရွယ်ချက်မှာ အလုံးစုံသော သံသရာ ဝဋ်ဆင်းရဲမှ ကင်းလွတ် ထွက်မြောက်သော နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုဖို့ရန်အတွက် ရည်ရွယ်သည်။

(ဃ) ရည်ရွယ်ချက်၌ ၁(သံသာရ)သံသရာ၊ ၂ (ဝဋ္ဋ)ဝဋ်၊ ၃ (ဒုက္ခ)ဆင်းရဲ ထိုသုံးပုဒ်၏ အဓိပ္ပါယ်ကား ဘယ်လိုပါလဲ?

ခန္ဓာ, အာယတန, ဓာတ်တရားတို့ဟာ ဖန်ဖန် ဖြစ်ပေါ်နေသောကြောင့် သံသရာဟု ဆိုရပါသည်။

မှတ်ချက် ခန္ဓာကိုယ်ကြီး ဖန်ဖန်ဖြစ်ပုံမှာ ဆံပင်ကို ဖန်ဖန်ရိတ်လဲ ဖန်ဖန် ပေါက်လာပုံကို ပမာပြုပါ။

ဖန်ဖန်ဖြစ် တတ်၊ ခန္ဓာဓာတ်၊ ခေါ်မှတ် သံသရာ၊ (သံ= ဖန်ဖန်မပြတ်+သာရ=ဖြစ်တတ်တဲ့တရား)

စာမျက်နှာ-[၂၀]

ထို သံသရာခေါ် ခန္ဓာ, အာယတန, ဓာတ်တရားတို့သည် ပင်လျှင် အကြောင်းကြောင့် အကျိုးဖြစ်, အကျိုးရတော့ အကြောင်းအားထုတ်၊ ဤသို့ ကြောင်းကျိုးမပြတ် တဝဲဝဲလည် လိမ့်တတ်သောကြောင့် ဝဋ် ဟုလဲ ဆိုရပြန်ပါသည်။

မှတ်ချက် ဥပမာ သရက်စေ့ကြောင့် သရက်ပင်ပေါက် သရက်ပင်မှ သရက်သီး သီး, သရက်သီးစေ့မှ သရက်ပင် ပေါက်၍ သရက်ပင်လည်သော ဝဋ်ဖြစ်ပုံကို ရှုပါ။

သံသရာနှင့်ဝဋ်တို့ကား အရမထူးပါ။ ထိုသံသရာဝဋ်ခေါ် ခန္ဓာတရားကြီးကို လက်တွေ့ဉာဏ်နှင့် ချမ်းသာသလား ဆင်းရဲသလားလို့ ဝေဖန်ခဲ့လျှင် ဆင်းရဲတာအစစ် တွေ့လာပါလိမ့်မယ်၊ ဤခန္ဓာကြီးရလို မလှုပ်ရှက်နိုင်တဲ့ အမိဝမ်းခေါင်းထဲ ပဋိသန္ဓေ နေရ ရင့်ရော် အိုမင်းရ, ၉၆-ဖြာ အနာရောဂါကို နှိပ်စက်ခံရ, စိုးရိမ်ရ, ငိုကြွေးရ, ပူဆွေးရ, နှလုံးမသာ မယာဖြစ်ရ, ပင်ပန်းခံရ, ဆာလောင်မွတ်သိပ်ရ, ကျွေးမွေးရ, ရှာမှီးရ, သူတပါးနှိပ်စက်ညှဉ်းပန်းခံရ, ပြုစုရ, သုတ်သင်ရ စသောအားဖြင့် မရေတွက်နိုင်သော ဆင်းရဲအစုကား ဤခန္ဓာပေါ်၌ ဖြစ်ပါတော့သည်၊ ဤ ခန္ဓာကြီး၌ ချမ်းသာဟူသည် ပရမာဏုမြူမျှ မရှိ၊ ဆင်းရဲအတိ ဖြစ်လေသောကြောင့် ထို သံသရာဝဋ်တရားကို ဒုက္ခဆင်းရဲဟု ဆိုရပြန်သည်။ ထို သံသာရ ဝဋ္ဋ, ဒုက္ခ သုံးပုဒ်၌ အရကောက် တူမျှလျက် သတ္တဝါတွေ ငြီးငွေ့စေရန် အမည်အမျိုးမျိုး ထားခြင်း ဖြစ်သည်။

(င) နိဿရဏ နိဗ္ဗာနဿ၏ အဓိပ္ပါယ်ကား ဘယ်လိုလဲ?

နိဿရဏ=ဒုက္ခမှ ကျွတ်လွတ်ထွက်မြောက်သော+နိဗ္ဗာနဿ= နိဗ္ဗာန် ချမ်းသာဟု မြန်မာပြန်ပါ၊ ဆိုခဲ့တဲ့ ဒုက္ခဆင်းရဲအဖုံဖုံတို့မှ ကုန်စင်လွတ်မြောက် အေးငြိမ်းသော သန္တိသုခ သဘောသို့ရောက်သည့် အချမ်းသာဆုံး လောကုတ္တရာ တရားထူးကို နိဗ္ဗာန်ဟု ဆိုသည်။ “နိဗ္ဗာနံ ပရမံ သုခံ” ဓမ္မပဒ နိဗ္ဗာန်ချမ်းသာကို အရိယာအရှင်တို့သာ ခံစားနိုင်ခွင့် ရှိသည်။ ပုထုဇဉ်တို့နှင့် မဆိုင်ပါ။

စာမျက်နှာ-[၂၁]

(စ) နိဗ္ဗာန်ဆိုတာ သတ္တဝါတို့ရဲ့ အတွင်းမှာရှိသလား ?

နိဗ္ဗာန်ဆိုတာ သတ္တဝါတို့ရဲ့ အတွင်းမှာမဟုတ် အပြင်မှာဟုမှတ်၊ (ဗာဟိရာဓမ္မာ) အရကောက်ကိုရှု။

(ဆ) သစ္ဆိကရဏတ္ထာယ-မျက်မှောက်ပြုဆိုတာ ဘယ်လိုလဲ ?

ဆိုခဲ့တဲ့ သန္တိသုခ နိဗ္ဗာန်ချမ်းသာကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် တိုက်ရိုက် အာရုံပြုသည်ကို မျက်မှောက်ပြုဟု ဆိုရပါသည်။

(ဇ) မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတာ ဘယ်လိုဟာလဲ ?

ကိလေသာတို့ကို သတ်ဖြတ်နိုင်စွမ်း ရှိ၍ နိဗ္ဗာန်ကို အာရုံပြုနိုင်တဲ့ အသိထူးကို မဂ်ဉာဏ်ဟုဆိုသည်။ ၎င်းမဂ်၏ အကျိုးဖြစ်သော အသိပညာထူးကိုပင် ဖိုလ်ဉာဏ်ဟု ဆိုရသည်၊ ၎င်းအသိဉာဏ်ထူး နှစ်ခုတို့ကား အရိယာတို့ သန္တာန်၌ ဖြစ်ကြသည်။

(ဈ) ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္မံ ဥပါဒါယဖြင့် အဘယ်ကို ပြပါသနည်း ?

“ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္ပံ ဥပါဒါယ”ဖြင့် တပည့်တော်ကို သနားသဖြင့် ရှင်သာမဏေ ပြုပေးပါဟု ရှင်လောင်း၏ ခ,ယ တောင်းပန် ခြင်းကို ပြပေသည်။

(ည) သင်္ကန်းပေး အတိုချုပ် အဓိပ္ပါယ်ကား ဘယ်လိုလဲ ?

နိဗ္ဗာန်မျက်မှောက် ပြုပါရအောင် တပည့်တော်လက်မှ သင်္ကန်း ယူတော်မူ၍ ရှင်သာမဏေပြုပေးပါဟု ဆိုလိုသည်။

အမှာ သင်္ကန်းတောင်း အတိုချုပ်လဲ သိပါစေ။

စာမျက်နှာ-[၂၂]

သင်္ကန်းဝတ်ဆင်ပြီးနောက် ရှင်အဖြစ် တောင်းပန်ပုံ

သံသာရ ဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ။
ဒုတိယမ္ပိ ဘန္တေ သံသာရ ဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ။
တတိယမ္ပိ ဘန္တေ သံသာရ ဝဋ္ဋ ဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ။

ဘန္တေ၊ အရှင်ဘုရား။ သံသာရ ဝဋ္ဋ ဒုက္ခတော၊ သံသရာ ဝဋ်ဆင်းရဲမှ။ မောစနတ္ထာယ၊ ထွက်မြောက် ကျွတ်လွတ်ရခြင်း အကျိုးငှါ။ ပဗ္ဗဇ္ဇံ၊ ရှင်သာမဏေအဖြစ်ကို။ ယာစာမိ၊ တောင်းပန်ပါ၏ဘုရား။

ဘန္တေ၊ အရှင်မြတ်ဘုရား။ ဒုတိယမ္မိ၊ နှစ်ကြိမ်မြောက်လည်း။ သံသာရ ဝဋ္ဋ ဒုက္ခတော၊ သံသရာ ဝဋ်ဆင်းရဲမှ။ မောစနတ္ထာယ၊ ထွက်မြောက် ကျွတ်လွတ်ရခြင်း အကျိုးငှါ။ ပဗ္ဗဇ္ဇံ၊ ရှင်သာမဏေအဖြစ်ကို။ ယာစာမိ၊ တောင်းပန်ပါ၏ဘုရား။

ဘန္တေ၊ အရှင်မြတ်ဘုရား။ တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ သံသာရ ဝဋ္ဋ ဒုက္ခတော၊ သံသရာ ဝဋ်ဆင်းရဲမှ။ မောစနတ္ထာယ၊ ထွက်မြောက် ကျွတ်လွတ်ရခြင်း အကျိုးငှါ။ ပဗ္ဗဇ္ဇံ၊ ရှင်သာမဏေအဖြစ်ကို။ ယာစာမိ၊ တောင်းပန် ပါ၏ဘုရား။

ရှင်အဖြစ် တောင်းပန်ပုံ မှတ်သားဖွယ်

(က) သင်္ကန်းတောင်း ဝတ်ထားပြီးလျက် ရှင်အဖြစ်ဘာကြောင့် တောင်းရသလဲ ?

တောင်းပန်မှ ပြုလုပ်ပေးမှုကိုသာ ဘုရားရှင်အလိုကျ ဖြစ်သောကြောင့် သုံးကြိမ်တောင်းပန်ရန် ရှေးဆရာတို့ စီစဉ်ထားလေသည်။

ဥပသမ္ပဒံ ယာစီတိ ပဗ္ဗဇ္ဇဉ္စ ဥပသမ္ပဒဉ္စ ယာစီတိ အတ္ထော။ (ဝိ-ဋီ)

စာမျက်နှာ-[၂၃]

(ခ) သင်္ကန်းတောင်း ဝတ်ပြီးလျှင် ရှင်သာမဏေ မဖြစ်သေးဘူးလား?

မဖြစ်သေးပါ၊ သရဏဂုံ ရွတ်ဆိုဆောက်တည်ပြီးမှ ရှင်သာမဏေ ဖြစ်ပါလိမ့်မည်။

(ဂ) သရဏဂုံ မဆောက်တည်ပဲ သင်္ကန်းတောင်း ဝတ်ထားသူဟာ လူဂဟဋ္ဌဟု ခေါ်သလား ?

လူဂဟဋ္ဌဟုလဲ မခေါ်ရပါ၊ သာမဏေလဲ မဟုတ်သေးပါ၊ လူထက် သင်္ကန်းတောင်းဝတ်ထား၍ ရှင်သာမဏေ အသွင်ထူး ဆောင်သူဟု ဆိုသင့်ပါသည်။

(ဃ) သံသာရ ဝဋ္ဋ ဒုက္ခတော မောစနတ္ထာယဖြင့် ဘာကိုပြသလဲ?

ရှင်အဖြစ် တောင်းပန်ရခြင်း၏ ကောင်းမြတ်သော ရည်ရွယ်ချက်ကို ပြပါသည်၊ (သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်အကျိုးမျှော်ကိုး ရည်ရွယ်၍ ရှင်အဖြစ် တောင်းပန်ပါသည်ဟု ဆိုလိုသည်။)၊

(င) ပဗ္ဗဇ္ဇဆိုတာ ဘာလဲ ?

ရဟန်းပဉ္စင်း မဖြစ်မီ ရှေးဦးစွာ ရောက်အပ်သောကြောင့် ပဗ္ဗဇ္ဇ-ဟု ဆိုသည်။ မြင့်မြတ်သော ပဉ္စင်းဘဝသို့ တက်မည့်ပုဂ္ဂိုလ်ထူးသည် ပဉ္စင်း ဘဝ မတက်ရသေးမီ ရှေးဦးစွာ ရောက်အပ်သော အဆင့်မြတ်ကို ပဗ္ဗဇ္ဇ ဟု ဆိုလိုသည်။

(ပ= ရှေးဦးစွာ +ဗ္ဗဇ္ဇ= ရောက်အပ်သောအဆင့်)

(စ) ကျမ်းဂန်တို့၌ ပဗ္ဗဇ္ဇ ခွဲပြသေးသလား ?

ခွဲပြကြပါသည်၊ သို့သော်လဲ မိလိန္ဒပဥှာ ပါဠိတော်၌

၁။ ရာဇာဘိနီတ ပဗ္ဗဇ္ဇ=မင်းတိုနှိပ်စက်၍ ရှင်ရဟန်းပြုခြင်း။
၂။ စောရာဘိနီတပဗ္ဗဇ္ဇ= သူခိုး, ဒမြ, သူပုန် နှိပ်စက်၍ ရှင်ရဟန်းပြုခြင်း။
၃။ ဣဏဋ္ဋပဗ္ဗဇ္ဇ-ကြွေးမြီတို့အတွက် ရှင်ရဟန်းပြုခြင်း။
၄။ အာဇီဝကတ္ထပဗ္ဗဇ္ဇ – အသက်မွေးမြူရေးအတွက် ရဟန်းပြုခြင်း။
၅။ ဧတဒတ္ထပဗ္ဗဇ္ဇ= ဒုက္ခ ခပ်သိမ်း ချုပ်ငြိမ်းရန်အတွက် ရှင်ရဟန်း ပြုခြင်း ပေါင်း ငါးပါးလာပါသည်။

စာမျက်နှာ-[၂၄]

(ဆ) သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ ဟူသော ရည်ရွယ်ချက်ဖြင့် ဘယ်ပဗ္ဗဇ္ဇမျိုးကို တောင်းပန်သလဲ ?

အမြတ်ဆုံး ဧတဒတ္ထ ပဗ္ဗဇ္ဇမျိုးကို တောင်းပန်ပါသည်။

(ဇ) ဤရှင်အဖြစ်တောင်းပန်ပုံ၌ ပါသော သံသာရ, ဝဋ္ဋ ဒုက္ခပုဒ်တို့၏ အဓိပ္ပါယ်သည် သင်္ကန်းပေး သင်္ကန်းတောင်းတို့၌ ဆိုခဲ့သည်နှင့် ထူးသေးသလား ?

မထူးပါ။

(ဈ) မောစနတ္ထာယ - လွတ်မြောက်ပါရခြင်း ဆိုသည်၌ ဝဋ်ဆင်းရဲမှ လွတ်လျှင် ဘယ်ရောက်နေမလဲ ?

ဝဋ်မှ လွတ်လျှင် ဝိဝဋ္ဋနိဗ္ဗာန်သို့ ရောက်ရပါမည်၊ ဒုက္ခဆင်းရဲမှ လွတ်လျှင် သန္တိသုခဆိုတဲ့ နိဗ္ဗာန်ချမ်းသာသို့ ရောက်ရပါမည်။

(ည) ရှင်အဖြစ် တောင်းပန်ပုံ အတိုချုပ် ဘယ်လို ဆိုသလဲ ?

သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် ရှင်သာမဏေ အဖြစ် သုံးကြိမ်တိုင် တောင်းပန်ပါသည် အရှင်ဘုရားဟု ဆိုလိုသည်။

လေ့ကျင့်ခန်း မေးခွန်း

၁။ သင်္ကန်းပေးသောအခါ ဆရာရဟန်း၏ဂုဏ်ကို ဘယ်လို နှလုံးသွင်း၍ ပဉ္စပတိဋ္ဌိတ ကျအောင် ဦးချရမည်ကို ဖော်ပြပါ
၂။ မိမိကိုယ်ပိုင် သင်္ကန်းဖြစ်လျက် ဆရာကို ဘယ်အတွက် ပေးအပ်ရကြောင်းနှင့် ကိုယ့်ဘာသာကိုယ် ဝတ်ခြင်း၏အပြစ်ကိုပြခဲ့ပါ။
၃။ သင်္ကန်းတောင်း၌ ရည်ရွယ်ချက် ပါဠိ၏ အနက်ကို ရေးသား၍ သံသရာ၏ အဓိပ္ပာယ်ကို ရေးသားခဲ့ပါ။
၄။ သစ္ဆိကရဏတ္ထ - မျက်မှောက် ပြုဆိုသော အဓိပ္ပာယ်ကို သိ သလောက်ရေး၍ သောတာပန်တည်သူတို့ဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် မပြုနိုင် ဖော်ပြပါ။
၅။ ပဗ္ဗဇ္ဇ-အဓိပ္ပာယ်ကိုရေး၍ ဆိုက်ကား နင်းစားသော်လည်း ဝမ်းစာရေး၌ ငြိုငြင် ပင်ပန်းလွန်း၍ ရှင်သာမဏေ ဝတ်သူသည် ဘယ်လို ပဗ္ဗဇ္ဇမျိုး ဖြစ်မည်ကို ဖော်ပြပါ။

စာမျက်နှာ-[၂၅]

ရှင်အဖြစ် တောင်းပန်ပြီးနောက် သရဏဂုံသီလ မတောင်းမီ ကန်တော့ရန်

ဩကာသ-ဩကာသ-ဩကာသ ကာယ, ဝစီ, မနောချီလျက် သုံးလီ စေတနာ သုံးဖြာဒွါရ ပဏာမဖြင့် ဘုရားရတနာ, တရားရတနာ, သံဃာ ရတနာ ရတနာမြတ်သုံးပါး ဆရာသမားတို့အား ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား၊ ဤသို့ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျှော့ ကန်တော့ရသော ကောင်းမှုကုသိုလ်ကံ စေတနာတို့ကြောင့် အပါယ်လေးပါး, ကပ်သုံးပါး, ရပ်ပြစ်ရှစ်ပါး, ရန်သူမျိုးငါးပါး, ဝိပတ္တိ တရားလေးပါး, ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်း သည်သာဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော် မြတ်ကို လျှင်မြန်ဆောစွာ အကျင့်သာ၍ လွယ်ကူစွာ ရပါလို၏ အရှင်ဘုရား ။

သရဏဂုံနှင့် သာမဏေ သီလတောင်းပုံ

အဟံ ဘန္တေ တိသရဏေန သဟ ဒသသာမဏေရ ပဗ္ဗဇ္ဇ သီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ဒသသာမဏေရ ပဗ္ဗဇ္ဇ သီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ဒသသာမဏေရ ပဗ္ဗဇ္ဇ သီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ ။

စာမျက်နှာ-[၂၆]

ဘန္တေ၊ အရှင်မြတ်ဘုရား။ အဟံ၊ ဘုရား တပည့်တော်သည်။ တိသရဏေန၊ သုံးပါးသော သရဏဂုံနှင့်။ သဟ၊ တကွ။ ဒသသာမဏေရ ပဗ္ဗဇ္ဇသီလံ၊ ဆယ်ပါးသော ရှင်သာမဏေသီလဖြစ်သော။ ဓမ္မံ၊ ကျင့်ဝတ်ကို။ ယာစာမိ၊ တောင်းပန်ပါ၏ဘုရား။ ဘန္တေ၊ အရှင်မြတ်ဘုရား။ အနုဂ္ဂဟံ၊ ချီးမြှောက်ခြင်းကို။ ကတွာ၊ ပြုတော်မူ၍။ မေ၊ ဘုရားတပည့်တော်အား။ သီလံ၊ ကျင့်ဝတ်သီလကို။ ဒေထ၊ ပေးသနားတော်မူကြပါ ဘုရား။ ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။ ဘန္တေ၊ အရှင်မြတ်ဘုရား။ လ။ တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ လ။ အကြွင်းအနက်တူ ဆိုတတ်

ပါစေ။

အမှာ ဤတောင်းပုံကို ပါဠိသက်သက်ဖြစ်စေ, အနက်နှင့်ဖြစ်စေ, သာမဏေလောင်းရလျှင် သူ့ဘာသာသူဆို၍ တောင်းပါ၊ မရလျှင် ဆရာက ဆိုပေးပါ၊ ဆုံးလျှင်

(က) ယမဟံ ဝဒါမိ တံ ဝဒေဟိ။ (ရှင်လောင်းတပါး)
ယမဟံ ဝဒါမိ တံ ဝဒေထ။ (ရှင်လောင်းအများ)
(ဟု-ဆရာကဆို)

(ခ) အာမ ဘန္တေ။ (ဟု-ရှင်လောင်းကဆို)

(ဂ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ဟု ဆရာက တခေါက်ဆိုပေး၊ ထိုအတိုင်း ရှင်လောင်းက ၃-ခေါက်ဆို။

အနက်နှင့် အဓိပ္ပါယ်

(က) ယမဟံ ဝဒါမိ၊ အကြင်စကားကို ဆို၏။ တံ ဝဒေဟိ၊ ထိုစကားကို လိုက်ဆိုပါ။
ငါဆိုတဲ့အတိုင်း လိုက်ဆိုဟု ဆရာက မှာထားသော စကားရပ်ဟု မှတ်။

(ခ) အာမ ဘန္တေ၊ မှန်ပါ အရှင်ဘုရား။

ရှင်လောင်းက လိုက်ဆိုပါမည်ဟု ပဋိညာဉ်ပေးသော စကား ရပ်တည်း။

စာမျက်နှာ-[၂၇]

(ဂ) အရဟတော၊ ပူဇော် အထူးကို ခံတော် မူထိုက်ထသော။ သမ္မာသမ္ဗုဒ္ဓဿ၊ အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူပြီးထသော။ တဿ ဘဂဝတော၊ ထိုမြတ်စွာဘုရားအား။ နမော၊ ရှိခိုးပါ၏။

ဆရာက ဘုရားရှိခိုးရန် မဟာနမက္ကာရကို ဆိုပေး၏၊ ရှင်လောင်းက သုံးကြိမ် ဆို၍ ရှိခိုးပေ၏။

အမှာ အဟံ ဘန္တေမှစ၍ ဤ“နမော တဿ” ဘုရားရှိခိုးတိုင်သော စကားတို့ကား ရှင်သာမဏေ ဖြစ်မှုနှင့် အရေးတကြီး မဆိုင်သေးပါ၊ ရှေး လုပ်ရိုးလုပ်စဉ်ရှိ၍ ရှေးရိုးမပျက် ထည့်စွက် ရေးလိုက်သည်၊ သို့ပါ၍ ဤစကားရပ်တို့၌ ဌာန် ကရိုဏ်းမကျနသော်လဲ ပြီးနိုင်သည်၊ နောက် ပြလတ္တံ သရဏဂုံ ပါဠိသာ အရေးအကြီးဆုံး ဖြစ်ပါသည်။

သရဏဂုံပေးပုံနှင့် ဆောက်တည်ပုံ

(က) ဗု'''ဒ္ဓံ''' သရဏံ ဂ'''စ္ဆာ'''မိ၊ '''ဓ'''မ္မံ သရဏံ ဂ'''စ္ဆာ'''မိ၊ သံ'''ဃံ''' သရဏံ ဂ'''စ္ဆာ'''မိ။
ဆရာက ဆိုပေးပါ၊ ဆရာဆိုသလို ရှင်လောင်းကလဲ လိုက်ဆိုပါ။
(ခ) ဒုတိယမ္ပိ ဗု'''ဒ္ဓံ''' သရဏံ ဂ'''စ္ဆာ'''မိ၊ ဒုတိယမ္ပိ '''ဓ'''မ္မံ သရဏံ ဂ'''စ္ဆာ'''မိ၊ ဒုတိယမ္ပိ သံ'''ဃံ''' သရဏံ ဂ'''စ္ဆာ'''မိ။

(ဂ) တတိယမ္ပိ ဗု'''ဒ္ဓံ''' သရဏံ ဂ'''စ္ဆာ'''မိ၊ တတိယမ္ပိ '''ဓ'''မ္မံ သရဏံ ဂ'''စ္ဆာ'''မိ၊ တတိယမ္ပိ သံ'''ဃံ''' သရဏံ ဂ'''စ္ဆာ'''မိ။

စာမျက်နှာ-[၂၈]

(ဃ) တိသရဏဂမနံ ပရိပုဏ္ဏံ။ (ဆရာကဆို)

(င) အာမ ဘန္တေ။

ရှင်သာမဏေသစ်ကလေး ဆိုပါ၊ ရှင်လောင်း မဟုတ်တော့ပါ။

အမှာ သရဏဂုံ ပါဠိဝယ် ဒ္ဓံ-ဓမ်-ဃံ-စ္ဆာ-တို့၌ ခပ်ပြင်းပြင်း ရွတ်ရကြောင်း သိစေရန် စာလုံးအမဲနှင့် ပြထားသည်။

သရဏဂုံပေးပုံနှင့် ဆောက်တည်ပုံအနက်

(က) ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲ ဆည်းကပ်ပါ၏ ဘုရား။ ဓမ္မံ၊ ဆယ်ပါးသော တရားတော်မြတ်ကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲ ဆည်းကပ်ပါ၏ ဘုရား။ သံဃံ၊ အရိယာသံဃာ ရှစ်ပါး အပေါင်းကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ်ပါ၏ ဘုရား။
(ခ) ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။
(ဂ) တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ (ဆက်၍ ဆိုတတ်စေ)

(ဃ) တိသရဏဂမနံ၊ ရတနာသုံးပါးကို ကိုးကွယ်ရာဟူ၍ မှီဝဲဆည်းကပ်သော သရဏဂုံသည်။ ပရိပုဏ္ဏံ၊ ပြည့်စုံပါပြီ။

(င) အာမ ဘန္တေ၊ မှန်ပါဘုရား။

အမှာ သရဏ ဖြစ်သော ဗုဒ္ဓ-ဓမ္မ-သံသံတို့၏ ဂုဏ်ပုဒ်ကို ဆရာတို့က ရှင်သာမဏေလောင်းတို့အား စွမ်းနိုင်သလောက် ပြောထားသင့်သည်။

(ကုန်ရှုံးတခေါက်၊ ဂုဏ်ရှုံးက တသံသရာလုံး မှောက်သည်ကို သတိပြု)

စာမျက်နှာ-[၂၉]

သရဏဂုံခန်း မှတ်သားဖွယ်

(က) သရဏဂုံဆိုတာ ဘာလဲ ?

ရတနာသုံးပါးသာ ကိုးကွယ်အားထားရာ အစစ်အမှန်ဟု သိမှတ် ဆည်းကပ်သောစိတ်ကို သရဏဂမန-သရဏဂုံဟုခေါ်ပါသည်၊ (သရဏ= ကိုးကွယ်အားထားရာ မှီခိုရာဟူ၍+ဂမန=ဆည်းကပ် သိမှတ်သောစိတ်)

(ခ) သရဏဂုံ ဘယ်နှစ်ပါး ရှိသလဲ ?

ဗုဒ္ဓသရဏဂုံ, ဓမ္မသရဏဂုံ, သံဃသရဏဂုံ-ဟု သုံးမျိုးခွဲပါ၊ ဆောက်တည်ပုံကိုလဲ သုံးမျိုးခွဲ၍ ဆောက်တည်တတ်ပါစေ၊ ကိုးကွယ်ရာ ဘုရား, တရား, သံဃာ-ပြား၍ ဆည်းကပ် သိမှတ်တဲ့ စိတ်လဲ သုံးမျိုးကွဲပါသည်။

(ဂ) သရဏဂုံပေးဆိုတာ ဘယ်လိုလုပ်တာလဲ ?

ဆိုခဲ့ပြီးသော သရဏဂုံစိတ်ဓာတ် တည်ကိန်းနေပါသည်ဟုဝန်ခံသော အနေဖြင့်မြွက်ကြားတဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသောစကားစဉ်ကို ဌာန် ကရိုင်း ကျ, န, ပီသစွာ ရွတ်ဆိုပေးခြင်းကို သရဏဂုံပေးဟု ဆိုရသည်။ (သာမဏေများဖြစ်ရန် ရဟန်းများသာ သရဏဂုံပေးနိုင်သည်။ လူ ဖိုးသူတော် မယ်သီလတို့၏ သရဏဂုံကို ဘယ်သူကဖြစ်ဖြစ် ပေးနိုင်ပါသည်။)

(ဃ) သရဏဂုံဆောက်တည်ဆိုတာ ဘယ်လိုလုပ်တာလဲ?

မိမိတို့သန္တာန်မှာ ဆိုခဲ့ပြီးသော သရဏဂုံစိတ်ဓာတ်တည်ကိန်းနေပါသည်ဟု ဝန်ခံသောအားဖြင့် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”စသည်ဖြင့် ပီသစွာ ရွတ်ဆိုမှုကို သရဏဂုံ ဆောက်တည်သည်ဟု ဆိုရပါသည်။

(င) သရဏဂုံပါဠိ၌ ပြင်းပြင်းရွတ်သင့်တဲ့ ဓနိတအက္ခရာ ဘယ်ဟာလဲ ?

ဒ္ဓံ, ဓမ်, ဃံ, စ္ဆာ ၎င်းလေးလုံး ဖြစ်ပါသည်။ ကျန် အက္ခရာတို့ကား လျော့ရွတ်ရမည့် သိထိလ အက္ခရာတို့ဟု မှတ်ပါ။

စာမျက်နှာ-[၃၀]

(စ) နှာခေါင်း၌ လေထွက်လာအောင် ပိတ်ရွတ်မှ ပီသတဲ့ နိဂ္ဂဟိတ အက္ခရာတို့ကား ဘယ်ဟာလဲ ?

ဒ္ဓံ, ဏံ, မ္မံ, သံဃံ-တို့ ဖြစ်ပါတယ်၊ သေးသေးတင် အက္ခရာတို့ဟု မှတ်ပါ၊ ပိတ်ရွတ်ရမည့် အက္ခရာပါပဲ။

(ဆ) နှာခေါင်းမှ လေမထွက်ရပဲ ဖွင့်၍ ရွတ်ဆိုရသော ဝိမုတ္တအက္ခရာကား ဘယ်ဟာလဲ ?

စ္ဆာ-အက္ခရာ ဖြစ်ပါသည်၊ ရေးချထားသော အက္ခရာ ဟု မှတ်ပါ။

(ဇ) သရဏဂုံ ပါဠိရွတ်ရာ၌ လိုရင်းပျက်စီးတတ်သော အချက်ကား ဘယ်ဟာလဲ ?

၁။ အလျှော့ ရွတ်ရမည့် အက္ခရာကို ပြင်းပြင်း ရွတ်လျှင် လည်းကောင်း၊
၂။ ပြင်းပြင်းရွတ်ရမည့် အက္ခရာကို လျှော့လျှော့ ရွတ်လျှင်လည်းကောင်း။
၃။ ဖွင့်ရွတ်ရမည့် အက္ခရာကို ပိတ်၍ ရွက်ခဲ့လျှင်လည်းကောင်း။
၄။ ပိတ်၍ရွတ်ရမည့် အက္ခရာကို ဖွင့်၍ရွတ်လျှင် လည်းကောင်း၊ ၎င်း ၄-ချက် သရဏဂုံပျက်ပါသည်၊ လျှော့ရမည့် သိထိလကို လျှော့ရွတ်၊ ပြင်းပြင်းရွတ်ရမည့် ဓနိတကို ပြင်းပြင်းရွတ်ပါ၊ ပိတ်ရွတ်ရမည့် နိဂ္ဂဟိတ်ကို ပိတ်ရွတ်၊ ဖွင့်ရွတ်ရမည့် ဝိမုတ္တကို ဖွင့်ရွတ်ပါလျှင် သရဏဂုံ ပြည့်စုံ နိုင်ပါသည်။

(၅) သရဏဂုံ ပါဠိရွတ်ဆိုရာ၌ တဦးတည်း ပီသရုံနှင့် ရှင်သာမဏေ ဖြစ်နိုင်သလား ?

မဖြစ်နိုင်ပါ။ ဆရာရော ရှင်လောင်းပါ နှစ်ဦးပီသမှ ရှင်သာမဏေ ဖြစ်နိုင်ပါသည်။

သစေ အာစရိယော ဝတ္ထုံ သက္ကောတိ အန္တေဝါသိကော န သက္ကောတိ။ လ။ န ဝဋ္ဋတိ၊ သစေ ဥဘောပိ သက္ကောန္တိ ဝဋ္ဋတိ။ (ဟာ-ထာ)

စာမျက်နှာ-[၃၁]

(ည) သရဏဂုံ ရွတ်ဆိုရာ၌ အဋ္ဌကထာ ဘယ်နှစ်နည်းလာသလဲ?

(၁) ဒ္ဓံ-ဟု သေးသေးတင် အဆုံးရှိသော နိဂ္ဂဟိတန္တ ရွတ်ဆိုနည်း။
(၂) ဒ္ဓမ်ဟု မ-အက္ခရာ အဆုံးရှိသော မ-ကာရန္တ ရွတ်ဆိုနည်းဟု ၂-မျိုးလာသည်၊ အကျယ်-ထေရဝါဒမှာ ပြလတံ့။

(ဋ) သရဏဂုံ ရွတ်ဆိုပုံ ဆုံးဖြတ်ကြသော ထေရဝါဒ ဘယ်လောက်များသလဲ?

အလွန်များပါသည်။ အချို့ ထုတ်ပြအံ့။

ကျေးဇူးရှင် လယ်တီဆရာတော် ဝါဒ

နိဂ္ဂဟိတန်၊ မ ကာရန်၊ နှစ် တန်ပေးနည်းလား၊ (ဝိနယသံခိပ်)

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အစရှိသည်ဖြင့် သရဏဂုံပေးရာ၌ နိဂ္ဂဟိတန္တ နှင့်လည်း ပေးအပ်၏၊ မ-ကာရန္တနှင့်လည်း ပေးအပ်၏။ နိဂ္ဂဟိတန္တ ဆိုသည်ကား သေးသေးတင်နှင့် ရှိနေသော အက္ခရာတို့၌ ခံတွင်းနှုတ်ခမ်းတို့ကို ပိတ်ခြင်း အဆုံးရှိသည်ကို ပြု၍ ရွတ်ဆိုခြင်းတည်း။

မ-ကာရန္တ ဆိုသည်လည်း ထို့အတူ ခံတွင်း နှုတ်ခမ်းတို့ကို ပိတ်ခြင်း အဆုံးရှိသည်ကို ပြု၍ ရွတ်ဆိုခြင်းပင် ဖြစ်သည်။

အထူးကား နိဂ္ဂဟိတ် မည်သည် ရှေ့သရကို မှီသော ဗျည်း အထူး ဖြစ်ပေ၍ ဗုဒ္ဓံ-၌ ဓ-ဗျည်းနှင့် သရကို မှီရာတူကြ၏။ ထိုကြောင့် နိဂ္ဂဟိတန္တနှင့် ရွတ်ဆိုသောအခါ၌ ဓ-ဗျည်းနှင့် နိဂ္ဂဟိတ်၏ အကြားမှာ အသံ တမျိုး အခြား မရှိစေမူ၍ တစပ်တည်းပြု၍ ရွတ်ဆို၏။ ဓ-ဗျည်း ပြီသသည်နှင့် တပြိုင်နက် ခံတွင်းပိတ်မှုကို ပြုရာ၏၊ ခံတွင်းပိတ်မှု နောက်ကျ၍ မနေစေရ ဟူလိုသည်၊ မ-အက္ခရာသည်မူကား ဤ၌ သရ မရှိသော်လည်း နောက်သရကို မှီသော ဗျည်းမျိုး ဖြစ်ပေ၍ ဗုဒ္ဓမ်-၌ ဓ-ဗျည်းနှင့် မှီရာ ကွဲပြားကြ၏။ ထိုကြောင့် မ-ကာရန္တနှင့် ရွတ်ဆိုသောအခါ၌ ဓ-ဗျည်းနှင့် မ-အက္ခရာ၏ အကြားမှာ အတန်ငယ်ခြားပြီးမှ နှုတ်ခမ်းပိတ်မှုကိုပြုရာ၏။

စာမျက်နှာ-[၃၂]

ဣမိနာစ ပန ဒဒမာနေန ဗုဒ္ဓံ သရဏံ ဂစ္ဆာမီတိ ဧဝံ-ဧကသမ္ဗန္ဓာနိ အနုနာသိကန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ၊ ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမီတိ ဧဝံ ဝိစ္ဆိန္ဒိတွာ မကာရန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ။ (အဋ္ဌကထာ)

ဌာန်, ကရဏ၊ ပယတ်ကျ၊ ပြီသလို လှစွာ။ ဆရာလည်းပြီ၊ တပည့်ပြီ၊ စုံညီ ကြရမှာ။ (ဝိနယသံခိပ်)

တလုံး တလုံးသော အက္ခရာ၌ ဌာန်, ကရိုဏ်း, ပယတ် သုံးပါးအပြီ, အသ, အကျ, အန အလွန်လိုလှ၏၊ ပေးသူ ဆရာကလည်း ကျကျနန ပြီသ ပါမှ လိုက်သူ တပည့်ကလည်း ကျကျနန ပြီသပါမှ သရဏဂုံမြောက်သည်။ တဦးဦးက ပြီရုံမျှနှင့် မမြောက်ဟုလာ၏။ သရဏံပုဒ်၌ ရ-ကြီး၊ ဏ-ကြီး နှစ်လုံးသည် မုဒ္ဓဇချည်း ဖြစ်ကြ၏။ အာခေါင်အရပ်မှ ဖြစ်ကြ၏။ လျှာဖျား အနီးဖြစ်သော လျှာအရပ်သည် ထိုနှစ်လုံးတို့၏ ကရိုဏ်း ဖြစ်၏။ လျှာကို အထက်သို့ ခေါက်လိပ်၍ ရွတ်မှ အထက်အာခေါင်ကို ထိခိုက်၏၊ သွားသံ ပါခဲ့လျှင် ဏ-ကြီးမဟုတ်ပြီ ဒန္တဇ န-ငယ် ဖြစ်လေ၏၊ ဌာန်, ကရိုဏ်း, ပယတ်နှင့် ပြည့်စုံစွာ ရွတ်ဖတ်မှုမည်သည် ဆရာနည်းကောင်းလှမှ နေရာ ကျနိုင်သည်။ သရဏဂုံ ဌာန်, ကရိုဏ်းမကျ၍ သာမဏေအစစ် မဖြစ်သော်လည်း ဖြစ်သည်မှတ်၍နေလျှင် အပြစ်မရှိ၊ မဖြစ်မှန်း သိလျက် သာမဏေ ကောင်းတို့နှင့် ပေါင်းဖော်၍ နေသော်လည်း သင်္ကန်းခံယူမှုက စောင့်ရှောက်လျက်ရှိသောကြောင့် ထေနကမဖြစ်၊ သရဏဂုံအောင် မြင်ခဲ့လျှင် “တတိယမ္ပိ သံဃ သရဏံ ဂစ္ဆာမိ”၌ မိ- အက္ခရာ အဆုံးတွင် ရှင်သာမဏေအစစ်ဖြစ်လေ၏၊ သာမဏေတိုကျင့်အပ်သော ၁၀-ပါးသီလ လိင် ၁၀-ပါး, ဒဏ် ၁၀-ပါးတို့မှစ၍ အလုံးစုံသောကျင့တ်တရားတို့ကို ဆောက်တည်မှုကိစ္စ တချက်တည်း ပြီးလေ၏။ သီလခံဖွယ် ကိစ္စမရှိ၊ ခံသော်လည်း အပြစ်မရှိ၊ သိက္ခာပုဒ်သရုပ် ကျေပြွန်ရကျိုးရှိ၏။ (ဝိနယ သံခိပ်ကျမ်းမှ ထုတ်ပြသည်။)

စာမျက်နှာ-[၃၃]

ကျေးဇူးရှင် ညောင်လေးပင်တောရ ဆရာတော်ဘုရား ဝါဒ

သရဏဂုံပေးရာ၌ အစဉ်အက္ခရာပုဒ် မချွတ်ယွင်းစေရ၊ ပီပီသသ ဌာန်, ကရိုဏ်းကျစေရသည်၊ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော နိဂ္ဂဟိတန္တ၌ ဓ-သံ, နိဂ္ဂဟိတ်သံပြိုင်တူထင်စေ၊ အ-သရကို အတူမှီသည်၊ မပြတ်သား စေရ၊ ဓယံ-ဟု မမြည်စေရ၊ “ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမိ”စသော မကာရန္တ၌ ဓ-သံ, မ-သံ ရှေ့ နောက်ထင်စေ၊ ဓ-၏မှီရာ အ-သရကို မ မမှီ ပြတ်သားစေရမည်၊ ဤ၌ ပြတ်သားဟူသည် အသံကင်းသော အပြတ် မျိုးမဟုတ်၊ သန့်ရှင်းပီသရမည်။ မော၍ အသံကုန်၍ နေရာမရွေး ပြတ်ခြင်းကား အပြစ်မရှိ ဓ-ဆ-ဃ-သုံးလုံးကို ဓနိတဖြစ်၍ ပြင်းထန်သော အသံဖြင့်ရွတ်အပ်၏၊ ပြင်းထန်ဟု ဆိုသော်လည်း သိပ်မအော်ရ၊ ပရိဝါ အဋ္ဌကထာ၌ “ဧသာ ဉတ္တိ”ဟု ရွတ်ရမည်ကို “ဧသံ ဉတ္တိ”ဟူ၍ လည်းကောင်း၊ “သံဃော” ဟု ရွတ်ရမည်ကို “သာ‌ဃောဟူ၍ လည်းကောင်း၊ ဝိမုတ္တကို နိဂ္ဂဟိတ၊ နိဂ္ဂဟိတကို ဝိမုတ္တရွတ်လျှင် ကံပျက်၏။ နိဂ္ဂဟိတန္တနှင့် မ-ကာရန္တ ရွတ်ရာ၌ကားအပ်သော ခေတ်တွင် ကျ၏ ဟု ဆိုသည်။ ထိုကြောင့် “ဗုဒ္ဓါ သရဏာ”ဟု အာကရန္တ ဝိမုတ္တဖြင့် ရွတ်ဆိုလျှင် ရှင်ပြုကံပျက်၏၊ နိဂ္ဂဟိတ်ကိုပိတ်၍ မ-ကာရန္တကိုဖွင့်၍ဆိုခြင်း၊ နိဂ္ဂဟိတ်ကိုဖွင့်၍ မ-ကာရန္တကို ပိတ်၍ဆိုခြင်း ထိုဝါဒ နှစ်ခုလုံးသည် အပ်သောခေတ်အတွင်းသို့ ကျရောက်သည်သာတည်း၊ အာကရန္တ မဖြစ်အောင်သာသတိပြုအပ်၏ဆရာတပည့်နှစ်ဦး တဦးကပိတ်လျက် တဦးက ဖွင့်လျက်ဖြစ်စေ ဆိုရာ၌လည်း အပ်သောခေတ်အတွင်းသို့ ကျ၏၊ ဤနည်းဖြင့် ဆရာတပည့်နှစ်ဦးလုံး ပီမှ၊ ဝါ၊ ဥဘတောသုဒ္ဓိဖြစ်မှ သာမဏေဖြစ်သည်။ သရဏဂုံ အနက်အဓိပ္ပါယ် နားမလည်သော်လည်း ပီလျှင်ဖြစ်သည်၊ တဦးဦး မပီလျှင် မဖြစ်၊ ရဟန်းပြုခြင်းကဲ့သို့ ဧကဟောသုဒ္ဓိဖြင့် မပြုအပ်၊ ရဟန်းပြုရာ၌ ကမ္မဝါစာဖတ်သူ တဦးပီလျှင် ရဟန်းဖြစ်သည်၊ ဆရာပေးသော သင်္ကန်းကိုဝတ်သူသည် မပီ၍ ကိုရင်မဖြစ်အံ့၊ ထေယျသံဝါသ မဖြစ်၊ ကောင်းစွာ ကျင့်လျှင် သဂ္ဂ, မဂ္ဂအန္တရာယ်မှ လွတ်၍ အကျိုးရှိ၏၊ မကောင်းသဖြင့် ကျင့်လျှင် လိင်မကျ ဒဏ်မထိ၊ ကိုရင်မဖြစ်ဟု သိလျှင်သိခြင်း သရဏဂုံထပ်ရသည်၊ မထပ်လျှင်အပြစ် မလွတ်။ (ဤကား ညောင်လေးပင် ရှင့်ကျင့်ဝတ်မှ ထုတ်ပြသည်။)

စာမျက်နှာ-[၃၄]

ကျေးဇူးရှင် ဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးဝါဒ

နိဂ္ဂဟိတန္တနှင့် မ-ကာရန္တသည် နာသိကဌာန်၌ ဖြစ်ခြင်း သဘော တူသောကြောင့် သရဏဂုံ ကမ္မဝါစာအရာ၌ အပ်သည်ချည်းတည်း၊ ဝိမုတ္တဖြစ်မှ ကံပျက်သည်၊ သရဏဂုံပေးရာ၌ “အနုနာသိကန္တံ ကတွာ ဒါနကာလေ အန္တရာဝစ္ဆေဒေါ န ကာတဗ္ဗော”စသဖြင့် ဋီကာများမိန့်ဆိုသည့်အတိုင်း “ဗုဒ္ဓံ သရဏံ”ဟု နိဂ္ဂဟိတန္တ ရွတ်ရာ၌ ဓ-ကို ရွတ်လျှင် ရွတ်ခြင်း ခံတွင်းက လေသံ မထွက်စေရ၊ နှာခေါင်းသို့ လေကိုလွှတ်၍ နာသိကဌာန်သံ ရွတ်ဆိုခြင်းသည် ဓ-၏ ဒန္တဌာန်နှင့် နိဂ္ဂဟိတ်၏ နာသိကဌာန်သံ အကြားမပြတ် တစပ်တည်းဖြစ်၍ နိဂ္ဂဟိတန္တ ရွတ်နည်းမည်၏။

ဤနိဂ္ဂတရွတ်ရာ၌ နှုတ်ခမ်းချင်းလည်း မထိစေရ၊ ဓ-ကိုရွတ်၍ ပြီးလျှင်ပြီးခြင်း ခံတွင်းကလည်း လေမထွက်စေရ၊ ဓ-သံကို အစလောက်သာ ထင်စေ၍ နှာခေါင်းသံလွှမ်းမိုးလာအောင် ရွတ်ရာကြောင့်-

ကရဏံ နိဂ္ဂဟိတွာန၊ မုခေနာ ဝိဝဋေန ယံ။

ဝုစ္စတေ နိဂ္ဂဟိတန္တိ၊ ဝုတ္တံ ဗိန္ဒုသရာနုဂံ- ဟု ဝိဂြိုဟ်ဆိုရသည်။ မကာရန္တ ရွတ်ရာ၌ကား မ-အက္ခရာသည် ဩဋ္ဌဌာန်၌ ဖြစ်သောကြောင့် ဓ-ကို ရွတ်ဆိုပြီးလျှင် နှုတ်ခမ်းမပိတ်မင် ပိတ်မည်ဟု အားထုတ်စဉ် အတော်ကြာ ကာလခြားပြတ်ပြီးမှ နှုတ်ခမ်းချင်းထိကြသော မတြာခွဲ၊ မ-သံဟူသော နှာခေါင်းသံဖြစ်လာရကား ဓ-နှင့် မ်-သံ အကြား ခြားဖြတ်ခြင်းကို အန္တရာဝစ္ဆေဒ ဆိုရသည်၊ ဗုဒ္ဓနှင့် သရဏံ၏ အကြား၌ ခြားဖြတ် သက်အောင့်၍ ယခုကာလ ရွတ်ကြသည်ကား အဓိပ္ပါယ်သာ ကင်းလွတ်သည်ဖြစ်၍ လူရွှတ်လူပျက်တို့ ရွတ်သည်နှင့် အလားတူ၏၊ ဤ မ-ကာရန္တ သည် အန္တရာဝစ္ဆေဒဖြစ်သော်လည်း နိဂ္ဂဟိတ်ဌာန် နှာခေါင်းသံမပျက် နှာခေါင်းမှ လေထွက်သောကြောင့် ဝိမုတ္တမဖြစ် နိဂ္ဂဟိတာနုမပင် ဖြစ်၍ သင်္ဂါယနာတင် အဋ္ဌကထာရှင်တို့ ခွင့်ပြုတော်မူအပ်သည်။

ဤ မ-ကာရန္တရွတ်ပုံကိုသဘောမကျလျှင် ကက်, ကင်, ကစ်, ကည်, ကတ်, ကန်, ကပ်, ကမ်, ကယ်, လဝ် ဟူသာ သင်ပုန်းကြီးအစဉ်ကို အသံထူးပြား

စာမျက်နှာ-[၃၅]

သူတပါးကြား၍ ခြားနားသိသာအောင် ရွတ်၍ စမ်းရမည်၊ သရကင်းသော တံခွန်လွှားဗျည်းများကို မတြာခွဲသံ၊ သူ့ဌာန်သူ ကျကျနန ကြားရအောင် ပါစေရမည်၊ ထိုသို့ ကွဲပြားအောင် ရွတ်ဖတ်လျှင် သရဏဂုံ ကမ္မဝါစာများ၌ မ-ကာရန္တကို နှုတ်ခမ်းပိတ်၍ ရွတ်ရသည်၊ နိဂ္ဂဟိတန္တကို နှုတ်ခမ်းဖွင့်၍ ရွတ်ရသည်ဟု သဘောကျလိမ့်မည်၊ ငါတို့ ကျေးဇူးရှင် ရွှေကျင်ဆရာတော်ဘုရားကြီး ရွတ်၍ ပြသည်ကိုလည်း ကြားနာလိုက်ရဘူးပေ၏၊ ပယတနအရာ၌ နှုတ်ခမ်း၏ပိတ်ခြင်း, ဖွင့်ခြင်း, ထိခြင်း, စဉ်းငယ်ထိခြင်းသည် သံဝုဋ္ဌ, ဝိဝဋ, ဖုဋ္ဌ, ဤသံဖုဋ္ဌ မည်၏ဟု ကျမ်းတတ်အကျော် ဆရာတော် ဦးပျော်, ဦးဗုဓ်တို့ မိန့်ဆိုရေးသား ခဲ့သောကြောင့် အများနောက်သားတို့ အမှားမှား အချွတ်ချွတ် မှတ်ယူ ကြရကုန်၏၊ နှုတ်ခမ်းကို ပိတ်လျက် အ-အက္ခရာကို ရွတ်ဆို၍ မဖြစ်နိုင်၊ ဖုဋ္ဌ, ဤသံဖုဋ္ဌလည်း ထို့အတူပင်ဖြစ်၍ ယုတ္တိမရှိလှသောကြောင့် သဘောမကျနိုင်ကြလေကုန်။

ပယတနံ သံဝုဋာဒိကရဏဝိသေသော၊ သံဝုဋတ္တ မ-ကာရဿ၊ ဝိဝဋံ သေသသနာနံ သ-ကာရ ဟ-ကာရာနဉ္စ၊ ဖုဋ္ဌံ ပဉ္စန္နံ ဝဂ္ဂါနံ၊ ဤသံဖုဋ္ဌံ ယ, ရ, လ, ဝါနံ။ (ရူပသိဒ္ဓိ)

ပယတနံ ပန ယထာရဟံ ဌာနကရဏာနံ သံဝုဋာဒိဂုဏော။ (၎င်းဋီကာ) သဒ္ဒနီတိလည်း၎င်းနည်းတူ။

ဤသို့ ကျမ်းဂန် တတ်သည်ထက်တတ် ကျော်သည်ထက်ကျော်ကုန်သော ဆရာတော်ကြီးကို မိန့်ဆိုချက် အတိုင်း ကဏ္ဍဇ အက္ခရာ ၁၀-လုံးတို့တွင် အ-အက္ခရာကို ရွတ်ရာ၌ ကဏ္ဌဌာန်ကို ပိတ်ဆို့ ချုပ်တည်း၍ ရွတ်ရသောကြောင့် ကဏ္ဌဌာန်၊ သကဋ္ဌာန, ကရိုဏ်းတို့၏ ပိတ်ဆို့ခြင်း သံဝုဋ အမူအရာဂုဏ်အထူးသည် အ-သရ၏ သံဝုဋ ပယတ်မည်၏၊ အာ, ဧ, ဩ, ဟ, လေးလုံးတို့ကို ရွတ်ဆိုရာ၌ အ-ကို ရွတ်သလို မပိတ် မချုပ်ရ။ ထိုဌာန် ကရိုဏ်းတို့ကို ဟာဟာ ဟင်းဟင်း ခွင့်လွှတ်၍ ရွတ်ဆိုရသောကြောင့် ထိုဌာန်, ကရိုဏ်းတို့၏ ပွင့်လင်းခြင်း ဝိဝဋ အမူအရာ ဂုဏ်အထူးသည် ထို ၄-လုံးတို့၏ ဝိဝဋပယတ် မည်၏၊ ကဝဂ် ၅-လုံးတို့ကို ရွတ်ဆို ရာ၌ အ-ကို ရွတ်သည်ထက်ပင် ဌာန်, ကရိုဏ်းကို ထိခိုက်စေ၍ ရွတ်ဆိုရသောကြောင့် ထိုဌာန်ကရိုဏ်းတို့၏ ထိခိုက်ခြင်း ဖုဋ္ဌ အမူအရာ ဂုဏ်

စာမျက်နှာ-[၃၆]

အထူးသည်ကို ၅-လုံး၏ ဖုဋ္ဌပယတ်မည်၏။ ဤသို့ မိမိတို့ဌာန ဇက္ခရာ အချင်းချင်းတွင်သာ ထောက်ဆ၍ ပိတ်ပုံ, ဖွင့်ပုံ, ထိပုံ စဉ်းငယ်ထိပုံကို ယူရမည်၊ နက်နဲကျနသော သဘောဉာဏ် ပဋိဘာန်ရှိသော ဝဇိရာရာမ ဆရာတော် မိန့်ဆိုသည်များကိုလည်း ကြားနာရဘူးပေ၏။ ယုတ္တိအာဂုံ နှစ်ချက်ရှိသည်ဖြစ်၍ နှစ်သက်ကြည်ဖြူ မှတ်ယူသင့်သော ဝိနိစ္ဆယပေတည်း၊ တာလုဇအက္ခရာ စသည်တို့၏ ပယတ်ကိုလည်း ဆိုခဲ့ပြီးသော ကဏ္ဌဇအက္ခရာတို့၏ နည်းကိုမှီ၍ ဆုံးဖြတ်လေ။

ဤ ပယတ်လေးပါး အဆုံးအဖြတ် မ-ကာရန္တ ရွတ်ဖတ်နည်းများသည် ရှေးခုလတ် ဆရာစဉ် အဆက်ဆက်တို့ သဘောဉာဏ် မသက်စွမ်းနိုင်၊ လမ်းရိုးကို ဖုံးလွှမ်း၍ လမ်းကောက် လမ်းမှားကို ပြထားခဲ့ကြသည်နှင့် ဉာဏ်မဲ့နည်းပါးသော နောင်လာ နောက်သား အဆက်ဆက် တပည့်များတို့ မစဉ်းစားနိုင်၊ စဉ်းစားသော်လည်း လမ်းဟောင်းကို မဖဲ့နိုင်၍ ယခုထက်တိုင် ထပ်ကာထပ်ကာ လိုက်လာခဲ့ကြသည်နှင့် လမ်းကောက် လမ်းမှားပင် သွားဖန်များ၍ ဖုံသကဲ့သို့ ရှိနေသောကြောင့် ဧရာမ ပညာရှိကြီး လုပ်တော်မူကြသော ဆရာတော် ဦးပျော်, ဦးဗုဓ်တို့ပင် လိုက်သွားတော်မူကြသည်ကို တွေ့မြင်ရသောကြောင့် အလွန်အကဲ သတိထားစေ လိုလှ၊ လမ်းကောက် လမ်းမှားကွယ်ပ လမ်းရိုးလမ်းမှန် တွင်စေချင်လှ၍ နိဂ္ဂဟိတန္တ မ-ကာရန္တ ရွတ်ပုံအထူး စပ်ပုံ ဖြတ်ပုံ အထူးအဆုံးအဖြတ် ပယတန အဆုံးအဖြတ်တို့ကို ထည့်သွင်း ရေးသားအပ်သတည်း။

ယခုကာလရွတ်ဆိုကြသည့်အတိုင်း “ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမိ”ဟု သုံးပုဒ်ကိုဖြတ်၍ အသံကို တန့်ရပ်၍ ရွတ်ရသော မ-ကာရန္တ ရွတ်နည်းသည် ဘယ်အကျိုးရှိပါသနည်းဟု ဆင်ခြင်စဉ်းစား သတိထားတတ်သော စာသင်သားတို့က ဆရာတော်ကြီးတပါးကို လျှောက်ထား မေးမြန်းကြရာ ထမင်းပွဲ ရှေ့ထားလျက် ကျီးများမဝင်မနှိုက် မထိုးရအောင် ချောက်နှင်၍ စားနိုင်လျှင် ရှင်ပြုစေ “အနုဇာနာမိ ဘိက္ခဝေ ကာကုဍ္ဍေပကံ ပဗ္ဗာဇေတုံ”ဟု ခွင့်ပြုတော်မူသောကြောင့် အလွန်ငယ် လှသော ရှင်လောင်းများ သုံးပုဒ်လုံးကို တခါတည်းလိုက်၍ မရွတ်ဆိုနိုင်ရကား တပုဒ်စီဖြတ်၍ ရပ်၍ရပ်၍ ချရသော သရဏဂုံပေးနည်းတည်းဟု မိန့်ဆိုကြောင်းကို ၎င်းဆရာတော်ကြီးထံက ပြန်လည်ခဲ့သော စာသင်သားတို့ ပြောဆိုသည်ကို ငယ်စဉ်အခါ စာချတုန်းက ကြားရဘူး၏။

စာမျက်နှာ-[၃၇]

ထိုကဲ့သို့ မ-ကာရန္တ ရွတ်နည်းကို ထို မိန့်ဆိုသည့်အတိုင်း ပြောဆိုမှသာ အကျိုးရှိ၍ ယုတ္တိရပေသည်။ ခုလတ် အာစရိယပရမ္ပရ သိဿာနုသိဿ အစဉ်အဆက်က ချွတ်ပျက်၍ လာခဲ့သော လမ်းမှားကို မှားသည့်အတိုင်းပင် ယုတ္တိရှိအောင် ကြံကြံစည်စည် နေရာတကျယူဆတွေးတောနိုင်သော သဘောဉာဏ်ပဋိဘာန် ရှိပေစွ။ (ဤကား ဝိသုဒ္ဓါရုံ သုတ်နက်မှ ထုတ်ပြသည်။ ပရသမညာပယောဂေသုတ်အဖွင့်)

ကျေးဇူးရှင် မိုးနံကုန်း ဆရာတော်ဝါဒ

ဗျဉ္ဇနဗုဒ္ဓိ ၁၀ - ပါးတို့တွင် ကရိုဏ်းကို အထူးနှိပ်၍ မဖွင့် မလွှတ် သိမ်းဆည်းအပ်သော နှုတ်ခမ်းဖြင့် ရွတ်သင့်သော ပတ္တကလ္လံ - ဟူသော ပုဒ်ကို ကရိုဏ်းကို အထူးမနှိပ်မူ မသိမ်းဆည်းပဲ ဖွင့်လွှတ်သော ခံတွင်းဖြင့် ပတ္တကလ္လာ - ဟု ရွတ်ဆိုခြင်းသည် နိဂ္ဂဟိတကို ဝိမုတ္တရွတ်ဆိုသည် မည်၏။ ထိုကြောင့် ကမ္မဝဂ် ပရိဝါအဋ္ဌကထာ၌-

ပတ္တကလ္လန္တိ အဝိဝဋေန မုခေန အနုနာသိကံ အကတွာ ဝတ္တဗ္ဗေ ပတ္တကလ္လာတိ ဝိဝဋေန မုခေန အနုနာသိကံ အကတွာ ဝစနံ နိဂ္ဂဟိတဿ ဝိမုတ္တဝစနံ နာမ။

ဟု မိန့်အပ်၏။ ဤသို့အဋ္ဌကထာ၌ ပတ္တကလ္လာ-ဟူ၍ လည်းကောင်း၊ သုဏာ-ဟူ၍ လည်းကောင်း၊ ဧသာ ဟူ၍လည်းကောင်း အာကာရန္တနှင့် ရွတ်ဆိုခြင်းသည်သာ ဝိမုတ္တမည်ကြောင်း လာသောကြောင့် မ-ကာရန္တ ရွတ်ဆိုခြင်းသည် ဗျဉ္ဇနဗုဒ္ဓိ အရာ၌လာသော ဝိမုတ္တနှင့် မဆိုင်ဟုမှတ်ရာ၏။

သမ္ဗန္ဓဝိစ္ဆေဒ ရွတ်ပုံကား

အနုနာသိကန္တံ ကတွာ ဒါနကာလေ အန္တရာပိစ္ဆေဒံ အကတွာ ဒါတဗ္ဗာနီတိ ဒဿေတုံ ဧကသမ္ဗန္ဓာနီတိ ဝုတ္တံ၊ ဝိစ္ဆိန္ဒိတွာတိ မကာ-ရန္တံ ကတွာ ဒါနသမယေ ဝိစ္ဆေဒံ ကတွာ၊ (တေရသကဏ်ဋီကာ)

၎င်းဋီကာဆရာ၏ အလိုကား အထူးကရိုဏ်းကို နှိပ်၍ မဖွင့်မလွှတ် သိမ်းဆည်းအပ်သော နှုတ်ခမ်းကို နိဂ္ဂဟိဟန္တ ရွတ်ဆိုသောအခါ နောက် အက္ခရာနှင့်စပ်၍ ဖြစ်တတ်သော အလေ့သဘောရှိသည်၊ ဤသို့ နောက် အက္ခရာနှင့်စပ်၍ ဖြစ်တတ်သော အလေ့သဘောရှိသော အထူးကရိုဏ်းကို နှိပ်ခြင်း နှုတ်ခမ်းကိုပိတ်ဆို့ သိမ်းဆည်းခြင်း မဖြစ်စေခြင်းငှါ နောက်

စာမျက်နှာ-[၃၈]

အက္ခရာနှင့် စဉ်းငယ်ဖြတ်၍ ပြကတေ့သော ဌာန်, ကရိုဏ်း နှုတ်ခမ်းဖြင့် မ-ကာရကို ရွတ်ဆိုအပ်၏ ဟူလိုသည်။

အချို့ကား သရကင်းသော မ-အက္ခရာကို နောက်အက္ခရာသို့ ဆောင်ကပ်၍ ပြုအပ်သော သန္ဓိ မရှိရကား စဉ်းငယ်ဖြတ်၍ ရွတ်အပ်၏ဟု ဆိုလိုသည်ဟူ၏၊ သန္ဓိမဟုတ်သော နိဂ္ဂဟိတန္တပုဒ်ကို နောက်အက္ခရာနှင့် စပ်၍ ရွတ်အပ်၏ ဟူသော အဋ္ဌကထာနှင့် ဆန့်ကျင်ဖွယ်ရှိရကား ထိုစကား မသင့်ဟု မှတ်ရာ၏၊ ငါတို့အလိုကား ကရိုဏ်းကို အထူးနှိပ်၍ ရွတ်လျှင် ကရိုဏ်း ဌာန်တို့သည် အထူးစပ်ခြင်း ဖြစ်လာသည်။ ထို့ကြောင့် ဧကသမ္ဗန္ဓာနိ ဟူသည်နှင့် ကရဏံ နိဂ္ဂဟိတွာ ယူခြင်းသည် အတူတူပင် ဖြစ်သည်။ ဖုဋ္ဌ, အဖုဋ္ဌဟူရာ၌ ဖုဋ္ဌ ကိုပယ်၍ အဖုဋ္ဌဟုဆိုသည်၊ ဤအတူ “ဧကမ္ဗန္ဓာနိ ဆေဒံ ကတွာ”ဟူရာ၌လည်း ဧကသမ္ဗန္ဓကိုပယ်၍ ဆေဒံ ဟု ဆိုသည်၊ ဖုဋ္ဌဖြင့် ပြင်းစွာ နှုတ်ခမ်းတို့၏ ထိခြင်းကို ပြသည်၊ အဖုဋ္ဌဖြင့် ပြင်းစွာထိခြင်းကို ပယ်၍ စဉ်းငယ်ထိခြင်းကို ပြသည်၊ ဤအတူ ဧကသမ္ဗန္ဓာနိ-ဖြင့် ကရိုဏ်းဌာန်တို့၏ အထူးစပ်ခြင်းနှိပ်ခြင်းကို ပြသည်၊ ဆေဒံ-ဖြင့် ဌာန် ကရိုဏ်း၏ စပ်ခြင်းနှိပ်ခြင်းကို ပယ်၍ ပြကတေ့ ကရိုဏ်းဌာန်တို့၏ စပ်ခြင်း နှိပ်ခြင်းပြသည်။

ထိုကြောင့် အထူးကရိုဏ်းတို့ကို စပ်နှိပ်၍ ပိတ်ဆို့ သိမ်းဆည်းအပ်သော ခံတွင်းဖြင့် နိဂ္ဂဟိတကို ရွတ်အပ်၏။ အထူးစပ်နှိပ် ပိတ်ဆို့ သိမ်းဆည်းခြင်းမရှိ၊ ပကတိသော ကရိုဏ်းဌာန် နှုတ်ခမ်းဖြင့် မ-ကာရန္တကို ရွတ်အပ်၏ဟု ပြခြင်းငှာ-

ဣမာနိ စ ပန ဒဒမနေန ဗုဒ္ဓံ သရဏံ ဂစ္ဆာမီတိ ဧဝံ ဧကသမ္ဗန္ဓာနိ အနုနာသိကန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ၊ ဗုဒ္ဓမ် သရဏမ် ဂစ္ဆမီတိ ဧဝံ ဝိစ္ဆိန္ဒိတွာ မကာရန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ။

ဟု မိန့်အပ်၏။ ထိုစကားသင့်စွ၊ ကရိုဏ်းကို နှိပ်၍ ရွတ်လျှင် ဖြတ်၍ ရွတ်သော်လည်း နိဂ္ဂဟိတန္တ ဖြစ်မည်မချွတ်၊ ကရိုဏ်းကို မနှိပ်မူ၍ ရွတ်လျှင် စပ်၍ ရွတ်သော်လည်း မ-ကာရန္တ ဖြစ်မည်မချွတ်၊ ထိုကြောင့် ဖြတ်ခြင်း မဖြစ်ခြင်းသည် ပမာဏ မဟုတ်ဟု ယူသင့်သည်၊ နိဂ္ဂဟိတန္တအရာ၌ ပြုအပ်သော အထူးနှုတ်ခမ်းကိုပိတ်ခြင်း သိမ်းဆည်းခြင်းကိုပယ်၍ ပြကတေ့သော

စာမျက်နှာ-[၃၉]

နှုတ်ခမ်းကိုဖြစ်စေလို၍ ဖွင့်၍ရွတ်ဟုဆိုလျှင် သင့်၏၊ အာကာရန္တ ဝိမုတ္တကို ရည်၍ ဖွင့်၍ ရွတ်ဟုဆိုလျှင် မကာရန္တပင် မဖြစ်သောကြောင့် မသင့်ဟု မှတ်ရာ၏၊ (ဤကားတိပိဋက ပကိဏ္ဏက ဒီပနီကျမ်းမှ ထုတ်ပြသည်။)

မန္တလေးမြို့ ဒက္ခိဏာရာမ ကျေးဇူးရှင် ဘုရားကြီး ဆရာတော်ဝါဒ

အနုနာသိကန္တ နိဂ္ဂဟိတန္တနှင့် ရွတ်ဆိုပေးသောအခါ အကြား၌ မဖြတ်ပဲ စပ်ပေးရမည် ဟူသော အဋ္ဌကထာ ပြောဆိုသော အရာ၌ အကြား၌ မဖြတ်ပဲစပ်၍ ရွတ်ပေးပုံမှာ ဗုဒ္ဓံ-တပုဒ်၊ သရဏံ-တပုဒ်၊ ဂစ္ဆာမိ တပုဒ် ပေါင်း သုံးပုဒ်တို့၏အကြား၌ ဖြတ်ခြင်းကိုမပြုပဲ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ဟု သုံးပုဒ်လုံးကို တစပ်တည်းပြု၍ ပေးရပါမည်။ အဘယ့်ကြောင့် သုံးပုဒ်တို့၏အကြား၌ မဖြတ်ပဲ စပ်၍ ပေးရပါသနည်းဟူမူ သုံးပုဒ်တို့၏အကြား၌ ခြားသော တစုံတခုသော အက္ခရာ၏ မရှိခြင်းကြောင့် ဟုမှတ်၊ မ ကာရန္တနှင့် ရွတ်ဆိုပေးသောအခါ ဖြတ်၍ပေးရမည်ဟူသော အဋ္ဌကထာ ပြောဆိုသောအရာ၌ အကြား၌ဖြတ်၍ ရွတ်ပေးပုံမှာ ဗုဒ္ဓမ်. တပုဒ်၊ သရဏမ်-တပုဒ်၊ ဂစ္ဆာမိ တပုဒ် ပေါင်း သုံးပုဒ်တို့၏ အကြား၌ တပုဒ်စီ တပုဒ်စီဖြတ်၍ “ဗုဒ္ဓမ်, သရဏမ်, ဂစ္ဆာမိ”ဟု အကြားဖြတ်၍ (ရပ်၍) ရွတ်ဆိုပေးရမည်၊ အဘယ့်ကြောင့် ဆိုသော် ထိုသုံးပုဒ်တို့၏ အကြား၌ ခြားသော သရကင်းသည့် မ်-အက္ခရာ ရှိသောကြောင့်ဟုမှတ်၊ ဤသို့ မဟာဝါ ယောဇနာ၌ အောက်ပါအတိုင်း မိန့်တော်မူ၏။

ဧကသမ္ဗန္ဓာနိတိ ဧကတော သမ္ဗန္ဓာနိ၊ အနုနာသိကန္တံ ကတွာ ဒါနကာလေ ဗုဒ္ဓံဣတိ သရဏံဣတိ ပဒါနဉ္စ သရဏံဣတိ ဂစ္ဆာမိ ဣတိ ပဒါနဉ္စ အန္တရာဝိစ္ဆေဒမကတွာ ဧကသမ္ဗန္ဓမေဝ ကတွာ ဒါတဗ္ဗာနီတိ ဝုတ္တံ ဟောတိ၊ ကသ္မာ တိဏ္ဏံ ပဒါနမန္တရာ ဗျာဝဓနဿ ကဿစိ အက္ခရဿ အဘာဝတော၊ ဝိစ္ဆိန္ဒိတွာတိ ဝိစ္ဆေဒံ ကတွာ မကာရန္တံ ကတွာ ဒါနကာလေ တိဏ္ဏံ ပဒါနမန္တရာ ဧကသမ္ဗန္ဓမကတွာ ဝိစ္ဆိန္ဒိတွာ ဧဝ ကတွာ၊ ဒါတဗ္ဗာနီတိ ဝုတ္တံ ဟောတိ ကသ္မာ တိဏ္ဏံ ပဒါနမန္တရာ ဗျာဝဓာနဿ နိဿရဿ မကာရဿ အတ္ထိဘာဝတော။ (မဟာဝါ ယောဇနာ)

စာမျက်နှာ-[၄၀]

ဤဝါဒကို ရှေးအခါက သာမဏေများအား ရွတ်ဆိုပေးသည်ကို ကြားဘူးခဲ့ပေ၏။ ဤ ဆိုခဲ့ပြီးသောနည်းဖြင့် ဆရာတပည့် ပီသစ္စာရွတ်ဆိုကြ၍ “တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ”၌ မိ-အက္ခရာ ရောက်လျှင် သာမဏေ ဘုံ၌ တည်လေ၏။ သိက္ခာပုဒ် ဖြည့်ကျင့်နိုင်အောင် သိက္ခာပုဒ် အဓိပ္ပာယ်ကို ပြောပြအပ်၏။ သိက္ခာပုဒ် နားမလည်သေး၊ သပိတ်, သင်္ကန်း, မကိုင်တတ် သေး၊ ရပ်ခြင်း ထိုင်ခြင်း စားသောက်ခြင်း စသည်တို့၌ မလိမ္မာသေးလျှင် အခြား ဝေးဝေးမလွှတ်ရ၊ အနီးအနား၌သာ နေစေ၍ သတို့သားကဲ့သို့ စောင့်ရှောက်အပ်၏၊ ဝတ်ခြင်း, ရုံခြင်း စသော အာဘိသမာစာရိက ကျင့်ဝတ်တို့၌လည်း လိမ္မာအောင် ဆုံးမအပ်၏၊ သာမဏေသစ် ကလည်း သဒ္ဓါစစ်ဖြင့် လိင်မကျ ဒဏ်မသင့်အောင် ကောင်းစွာကျင့်အပ်၏။ သို့ပါမှ သာမဏေ ပြုကျိုးနပ်ပါမည်။

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ သုံးကြိမ်မြောက် သရဏဂုံ သီလဆောက်တည်ပုံကို ပါဠိမျှ ရေး၍ “ယမဟံ ဝဒါမိ တံ ဝဒေဟိ” အနက်ကို ဖော်ပြပါ။
၂။ နမော တဿ ဘဂဝတော၏ အနက်ရေး၍ ထို နမော တဿ စသော စကားသည် သရဏဂုံ ဆောက်တည်ပုံ ဟုတ်-မဟုတ် ဖော်ပြပါ။
၃။ သရဏဂုံ၏ အဓိပ္ပာယ်ကိုဖော်ပြ၍ သံဃ သရဏဂုံဆောက်တည်ပုံ ပါဠိရေးခဲ့ပါ။
၄ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-၌ ပြင်းပြင်းရွတ်ရမည့် ဓနိတ အက္ခရာနှင့် ရွတ်ရမည့် သိထိလ အက္ခရာ ခွဲပြ၍ ဂစ္ဆာမိ-အနက်သမ္ဗန်ပါ။
၅။ လယ်တီဆရာတော် ဝါဒ၌ ရွတ်နည်းနှစ်မျိုးပြ ဝိနယသံခိပ်ကို ရေးပြ၍ ဆရာက သရဏဂုံပါဠိကို မ ကာရန္တဖြင့် ရွတ်ဆိုပေးရာ ရှင်လောင်းက နိဂ္ဂဟိတနွဲ့နှင့် လိုက်ဆိုပါက ရှင်သာမဏေ ဖြစ် မဖြစ်ဆုံးဖြတ်ပါ။

စာမျက်နှာ-[၄၁]

သီလကျင့်ဝတ် သိက္ခာပုဒ် ဆောက်တည်ပုံ

၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာ မေရယ မဇ္ဇ ပမာဒဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၆ ။ ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၈။ မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၉ ။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၁၀။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊

(တိသရဏေန သဟ ဒသ သာမဏေရ ပဗ္ဗဇ္ဇသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။)

အာမ ဘန္တေ။ (ဆိုပါ)

၁။ ပါဏာတိပါတာ၊ သူ့ အသက်ကိုသတ်ခြင်းမှ။ ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်တော်ကို။ သမာဒိယာမိ၊ ကောင်းစွာ ဆောက်တည်ပါ၏ဘုရား။
၂။ အဒိန္နာဒါနာ၊ အရှင်မပေးသော သူတပါး ဥစ္စာကို ခိုးယူခြင်းမှ။ (လ)
၃။ အဗြဟ္မစရိယာ၊ မမြတ်သော အကျင့်မှ။ (လ)

စာမျက်နှာ-[၄၂]

၄။ မုသာဝါဒါ၊ မဟုတ်မမှန်သော စကားကို ဆိုခြင်းမှ။ (လ)
၅။ သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ၊ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည် သေရက်သောက်ခြင်း။ (လ)
၆။ ဝိကာလဘောဇနာ၊ နေလွဲညစာစားခြင်း။ (လ)
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿနာ၊ ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း, သာသနာတော်၏ ငြောင့် တံကျင်သဖွယ် ကြည့်ရှု နားထောင်ခြင်းမှ။ (လ)
၈။ မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ၊ ပန်းပန်ခြင်း နံ့သာ အမွှေးအထုံတို့ဖြင့် တန်ဆာဆင်ခြင်း, နံ့သာပျောင်းတို့ဖြင့် အတင့်အတယ် အပြေအပြစ် ပြုခြင်းမှ။ (လ)
၉။ ဥစ္စာသယန မဟာသယနာ၊ မြင့်သောနေရာ မြတ်သောနေရာတို့၌ နေထိုင်ခြင်းမှ။ (လ)
၁၀။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ၊ ရွှေ ငွေ အသပြာ မာသကတို့ကို ကိုင်ခံခြင်းမှ။ ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်တော်ကို။ သမာဓိယာမိ၊ ကောင်းစွာ ဆောက်တည်ပါ၏ဘုရား။

သာမဏေ သိက္ခာပုဒ် ၁၀-ပါး မှတ်သားဖွယ်

(က) သာမဏေ သိက္ခာပုဒ် ၁၀-ပါး ဘယ်အကြောင်းကြောင့် ဖြစ်ပေါ်လာသလဲ ?

ဘုရားလက်ထက်တော်၌ သာမဏေတို့က ငါတိုကျင့်ကြံရမည့် သိက္ခာပုဒ်ဟာ ဘယ်လောက်ရှိပါလိမ့်။ ဘယ်သိက္ခာပုဒ်တို့၌ ငါတို့ကျင့်ကြံရပါ မည်လဲဟု အကြံ ဖြစ်ပေါ်ကြလျှင် ထိုသို့သော အကြောင်းကို ဘုရားရှင်အား လျှောက်ထားခြင်းကြောင့် “အနုဇာနာမိ ဘိက္ခဝေ သာမဏေရာနံ

စာမျက်နှာ-[၄၃]

ဒသ သိက္ခာပဒါနိ”စသည်ဖြင့် သိက္ခာပုဒ် ၁၀-ပါး ခွင့်ပြုတော်မူသည်။ (ဝိနည်းမဟာဝါ စကား)

(ခ) သိက္ခာပုဒ် ၁၀-ပါးကား ဘယ်ဟာလဲ ?

၁။ ပါဏာတိပါတာ ဝေရမဏိ။
၂။ အဒိန္နာဒါနာ ဝေရမဏိ(လ)
၁၀။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ-ပေါင်း ၁၀-ပါး။

အမှာ သိက္ခာပုဒ် ဆောက်တည်ပုံ ၁၀-ပါး၌ ကြည့်၍ ၁၀-ပါးရေတွက်တတ်ပါစေ၊ “သိက္ခာပဒံ သမာဒိယာမိ”ချန်ရုံသာ ထူး၏။ ထိုသိက္ခာပုဒ် သင်ပြတဲ့ အခါလဲ ဤနည်းအတိုင်း သင်ပြပါ။ ထိုသိက္ခာပုဒ်ကို အစိတ် အပ္ပာယ်ကို လိင်, ဒဏ် အဓိပ္ပာယ်ကျမှ ပြဆိုအံ့။

(ဂ) ဘာကြောင့် သိက္ခာပုဒ်ခေါ်သလဲ?

သင်အပ် ကျင့်အပ်သော အဖို့အစုတို့ဖြစ်သောကြောင့် (သိက္ခာပဒ= သိက္ခာပုဒ်) ခေါ်ပါသည်။ တနည်း-သိက္ခာသုံးပါးရခြင်း၏ အကြောင်း ဖြစ်သောကြောင့်လဲ သိက္ခာပုဒ်ဟု ခေါ်ရပါသည်။

သိက္ခိတဗ္ဗာနိ ပဒါနိ သိက္ခာပဒါနိ၊ သိက္ခာကောဋ္ဌာသာတိ အတ္ထော၊ သိက္ခာယ ဝါ ပဒါနိ၊ အဓိသီလ အဓိစိတ္တ အဓိပညာသိက္ခာယ အဓိဂမုပါယာတိ အတ္တော။ (တေ-ဋီ)

သင် ကျင့် အပ်စွာ၊ ဖို့ စု ဟာ၊ သိက္ခာပုဒ် ဟု မှတ်။ သိက္ခာသုံးဖြာ၊ ရကြောင်းမှာ၊ သိက္ခာပုဒ်ဟု မှတ်။

(ဃ) ထိုသိက္ခာပုဒ်တို့ကို လူများကဲ့သို့ သိက္ခာပဒံ သမာဒိယာမိ ထည့်၍ သာမဏေများ ဆောက်တည်ရသေး သလား?

ဆောက်တည်ဖွယ် မလိုတော့ပါ။ သရဏဂုံ ဆောက်တည်ပြီးသည်နှင့် တပြိုင်နက် ဆောက်တည်ခြင်းကိစ္စ ပြီးပါတော့သည်။

စာမျက်နှာ-[၄၄]

ပဗ္ဗဇ္ဇာ ဟိ သရဏဂမနေဟေဝ သိဒ္ဓါ၊ သိက္ခာပဒါနိ ပန ကေဝလံ သိက္ခာပရိပူရဏတ္ထံ ဇာနိတဗ္ဗာနိ။ (ဟာ-ထာ)

(င) ဤရှင့်ကျင့်ဝတ်၌ သိက္ခာပုဒ်ဆောက်တည်ပုံ ထည့်ထားသည် မဟုတ်လော?

အန္ဓကအဋ္ဌကထာ၌ ဆောက်တည်ရမည်ဆို၍လည်းကောင်း၊ သိက္ခာပုဒ် ဆောက်တည်ပုံ ရှေးရိုးအစဉ် ပြုလုပ်နေ၍လည်းကောင်း ထည့်ပြ လိုက်ပါသည်၊ သို့သော် သည်လို ဆောက်တည်ပုံ ပါဠိတော်, အဋ္ဌကထာတို့၌ မရှိ၊ ပါဠိတော်လာသည့်အတိုင်း ဝေရမဏိ တိုင်ရုံသာ ရွတ်ဆို သင်ပြရမည်ဟု အဋ္ဌကထာဆိုထားပါသည်၊ ဥပမာ-ရဟန်းတော်များ ကမ္မဝါစာ ဖတ်ရွတ်ပြီး ပြီးဆုံးသည်နှင့် တပြိုင်နက် ဆိုင်ရာ သိက္ခာပုဒ်ကို ဆောက်တည်ပြီးသားဖြစ်သကဲ့သိုတည်း။

မှတ်ချက် ရွှေဥမင် နိသျ၌ “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”အစရှိသည်ဖြင့် ပြည့်စုံစွာ ပေးအပ်ကြောင်းကို မှာတော်မူသည်။

ဧဝံ သန္တေပိ ဒဠှိကရဏတ္ထံ အာယတိံ သံဝရေ ပတိဋ္ဌာပနတ္ထံ ပုန ဒါတဗ္ဗာနိ။ (နှင့်)

ယာနိ ပနဿ ဣတရာနိ ပဉ္စသိက္ခာပဒါနိ၊ တေသု ဘိန္နေသု န နာသေတဗ္ဗော၊ ဒဏ္ဍကမ္မံ ကာတဗ္ဗံ၊ သိက္ခာပဒေ ပန ပုန ဒိန္နေပိ အဒိန္နေပိ ဝဋ္ဋတိ၊ ဒဏ္ဍကမ္မေန ပန ပီဠေတွာ အာယတိံ သံဝရေ ဌပနာတ္ထာယ ဒါတဗ္ဗမေဝ-ဟူသော အဋ္ဌကထာ စကားတို့ကို ရှုခြင်းအားဖြင့် ရှင်သာမဏေ ဝတ်ခါစ သရဏဂုံဆောက်တည်ပြီး၍ သိက္ခာပုဒ်ဆောက်တည်ဖွယ် မလို၊ ကျင့်တတ်အောင် သင်ပြရုံနှင့် ပြီးလင့်ကစား သိက္ခာပုဒ် ပျက်ကွက်၍ ပြန်ပြီး သရဏဂုံ ဆောက်တည်ရာ၌ကား နောင် စောင့်စည်းရအောင်

စာမျက်နှာ-[၄၅]

ပဋိညာဉ်သက်ဝင်ရန် သိက္ခာပုဒ် ဆောက်တည်သင့်ပေသည်ဟု စာရေးသူ ထင်မြင်ပေသည်။ (အာဒါနတော-အဖွင့် ခုဒ္ဒကပါဌ အဋ္ဌကထာကို ရှုကြ စေလိုသည်။)

(စ) သရဏဂုံဆောက်တည်ပြီး သိက္ခာပုဒ်ကို ကျင့်တတ်အောင် သင်ပြရမည်ဆိုတာ ပါဠိလို သင်ရမလား?

ပါဠိလို သင်သင် မြန်မာလို သင်သင် ရှမ်းလို သင်သင် ရှင်သာမဏေ ကျင့်တတ်အောင် သင်ပေးပါ၊ ဉာဏ်ရှိ သာမဏေများမှာ သရဏဂုံ ယူပြီးသည့်အချိန်၌ပင် သင်ပေးပါ၊ ဉာဏ်လေးလျှင် ဖြေးဖြေးလဲ သင် ပေးသင့်ပါသည်။

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ နောက်ဆုံး သိက္ခာပုဒ် ဆောက်တည်ပုံ အနက်ရေးပြပါ။
၂။ သိက္ခာပုဒ် ခေါ်ရပုံ အဓိပ္ပါယ်တခုလောက် ဖော်ပြပါ။
၃။ ယခုကာလ သိက္ခာပုဒ် ဆောက်တည်နေကြခြင်းသည် ပါဠိတော်၌ ရှိပါသလား။
၄။ သာမဏေတို့ သိက္ခာပုဒ် ဆောက်တည်ခြင်း ကိစ္စဟာ ဘယ်အချိန်က ပြီးပါသလဲ။
၅။ ပါဠိတော်နည်း သိက္ခာပုဒ်ကို ပါဠိဘာသာဖြင့် ဘယ်လို သင်ပြရမလဲ။

သာမဏေ သိက္ခာပုဒ် ၁၀-ပါး မှတ်သားဖွယ် ပြီးပြီ။

စာမျက်နှာ-[၄၆]

ဥပဇ္ဈာယ် ယူပုံ ပေးပုံ

ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ၊ ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ၊ ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ။

ဘန္တေ၊ အရှင်မြတ်ဘုရား။ အာယသ္မာ၊ သက်တော်ရှည်သော။ တွံ၊ အရှင်မြတ်ဘုရားသည်။ မေ၊ ဘုရားတပည့်တော်၏။ ဥပဇ္ဈာယော၊ အပြစ်ကြီး အပြစ်ငယ်ကို ကြည့်ရှုမပြတ် ဆုံးမတတ်သော ဥပဇ္ဈာယ် ဆရာသည်။ ဟောဟိ၊ ဖြစ်တော်မူပါဘုရား။

(ပါဠိသုံးကြိမ် အနက် ၁-ကြိမ် တပည့်ကဆိုပါ၊ ဒုတိယမ္ပိ တတိယမ္ပိ ထည့်ဖို့ မလိုပါ။)

ပါသာဒိကေန သမ္ပာဒေထ။
ပါဃာဒိကေန၊ ကြည်ညိုဖွယ်ကို ဆောင်သော ကိုယ် အမူအရာ နှုတ်အမူအရာအားဖြင့်။ တိဝိဓံ သိက္ခံ၊ သိက္ခာ သုံးရပ် သာသနာတော် မြတ်ကို။ သမ္မာဒေထ၊ ပြည့်စုံစေကြကုန်လော။ (ဆရာက ဆို)

အာမ ဘန္တေ။
ဘန္တေ၊ အရှင်မြတ်ဘုရား။ အာမ၊ ပြည့်စုံစေပါ၏ဘုရား။ (တပည့်ကဆို၊ မဆိုပဲလဲ ပြီးနိုင်သည်။)

ဥပဇ္ဈာယ် ယူပုံ ပေးပုံ မှတ်သားဖွယ်

(က) ဘာကြောင့် ဥပဇ္ဈာယ်ကို ခွင့်ပြုသလဲ?

လက်ထက်တော်၌ သွန်သင်မည့် ဥပဇ္ဈာယ်မရှိသော သူတို့၏ ဝတ်ပုံ, ရုံပုံ, ဆွမ်းခံပုံမှစ မယဉ်ကျေးတဲ့အမှုတွေ လူများက တွေ့သဖြင့် ကဲ့ရဲသောကြောင့် “အနုဇာနာမိ ဘိက္ခဝေ ဥပဇ္ဈာယံ”ဟု ဆုံးမမည့် ဥပဇ္ဈာယ်ကို ခွင့်ပြုတော်မူခဲ့သည်။

(ခ)ဘာကြောင့် ဥပဇ္ဈာယ် ခေါ်သလဲ?

အပြစ်ကြီး အပြစ်ငယ်ကို ကြည့်ရှုမပြတ် ဆုံးမတတ်သောကြောင့် ဥပဇ္ဈာယ်ဟု ခေါ်သည်။ (ဥပ=အမြဲမပြတ်ကပ်၍+ဇ္ဈာယ-ကြည့်ရှုဆုံးမတဲ့ဆရာ။)

စာမျက်နှာ-[၄၇]

(ဂ) ဥပဇ္ဈာယ်ဆိုတာ ဘာလဲ ?

“ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ” သုံးကြိမ် နှုတ်မြွက်ပြီး တောင်းပန်သောအားဖြင့် ဥပဇ္ဈာယ်ဆရာဟု စိတ်ထဲ၌ မှတ်ယူထား ခြင်းကို ဥပဇ္ဈာယ်ယူဟု ခေါ်သည်။

(ဃ) ဥပဇ္ဈာယ်ပေးဆိုတာ ဘာလဲ?

တပည့်က ဥပဇ္ဈာယ် ယူသောအခါ ဆရာက “ပါသာဒိကေန သမ္ပာဒေဟိ” ဟု ဆို၍ ဥပဇ္ဈာယ်ဖြစ်ကြောင်း အသိပေးလိုက်ခြင်းကို ဥပဇ္ဈာယ်ပေးဟု ဆိုပါသည်။

(င) ဥပဇ္ဈာယ်ပေးပုံ ဘယ်နှစ်ပုဒ်ရှိသလဲ?

တပည့်က ဥပဇ္ဈာယ်ယူသောအခါ
၁။ သာဟု = ကောင်းပြီဟုလည်းကောင်း။
၂။ လဟု= ငါ့အား သင်၏ ဥပဇ္ဈာယ်အဖြစ်၌ ဝန်မလေး ပေါ့ပါး၏။
၃။ ဩပါယိကံ= သင်၏ ဥပဇ္ဈာယ်ယူခြင်းသည် နည်းလမ်း ကျ၏။
၄။ ပဋိရူပကံ=သင်၏ ဥပဇ္ဈာယ်ယူခြင်းသည် သင့်လျော် လျောက်ပတ်၏။
၅။ ပါသာဒိကေန သမ္ပာဒေဟိ-ဟုလည်းကောင်း ၅-ပုဒ်ရှိပါသည်။ အဓိပ္ပာယ် အနက်အတိုင်း မှတ်ရာ၏။

(စ) ပါသာဒိကန သမ္ပဒေဟိ-ဟု ဆို၍ ဥပဇ္ဈာယ်ပေးလိုက်သည်ကို တပည့်က အာမ ဘန္တေ ဟုလည်းကောင်း၊ သာဓုဟုလည်းကောင်း ထို၍ ဝန်ခံရသေးသလား ?

ဝန်ခံဖို့ မလိုတော့ပါ၊ ပေးလိုက်ခါမျှဖြင့် ဥပဇ္ဈာယ်ကိစ္စ ပြီးပါပြီ။

အာယာစနဒါနမတ္တေန ဟိ ဂဟိတော ဟောတိ ဥပဇ္ဈာယော န ဧတ္ထ သမ္ပဋိစ္ဆနံ အင်္ဂံ။ (ဟာ-ထာ)

(ဆ) ဥပဇ္ဈာယ်ဆရာနှင့် အတူနေတပည့်တို့ အချင်းချင်း ပြုသင့်သော (ဝတ်ပျက်လည်း အာပတ်, ဒဏ် အပြစ်တို့ လွတ်အောင် ဘယ်သို့ လုပ်သင့်သလဲ ?

အချင်းချင်း တဦးနှင့်တဦးပြုသင့်သော ဝတ်တို့ကို မပြုပဲနေပါလော့ ဟု ခွင့်ပေးထားလျှင် အပြစ်လွတ်ပါသည်။

စာမျက်နှာ-[၄၈]

သစေ ဥပဇ္ဈာယော မယှံ ဥပဋ္ဌာကော အတ္ထိ တုမှေ အတ္တနော သဇ္ဈာယ မနသိကာရာဒီသု ယောဂံ ကရောထာကိ ဝဒတိ သဒ္ဓိဝိဟာရိကာနံ အနာပတ္တိ။ (ဟာ-ထာ) ဋီကာတို့ ဖွင့်ကြ၏၊ ကြည့်လေ။

(ဇ) ယခုအခါ ဘယ်သိုဆို၍ ခွင့်လွှတ်ကြသလဲ ?

ဥပဇ္ဈာယ် ဆရာက ခွင့်လွှတ်ပုံ ဥပဇ္ဈာယ်ဆရာ၌ ပြုသင့်ပြုထိုက်သော ဝတ်ကြီးဝတ်ငယ်တို့ကို မပြုမူ၍ ပရိယတ် ပဋိပတ်တို့ကို ကြိုးစားအားထုတ်၍ နေကြလေ။

တပည့်ကခွင့်လွှတ်ပုံ တပည့်တော်များအပေါ်၌ ပြုသင့် ပြုထိုက်သော ဝတ်စုတို့ကို မပြုမူ၍ ချမ်းသာသက်သက် ကြောင့်ကြမဲ့ နေတော်မူကြပါ ဘုရား

(ဈ) ဥပဇ္ဈာယ်မရှိတဲ့သူကို ရှင်ပြုပေးနိုင်သလား ?

ရှင်ပြုမပေးနိုင်၊ ရှင်ပြုပေးလျှင် ဒုက္ကဋ် အာပတ်သင့်ပါသည်။ ထိုကြောင့် သရဏဂုံပေးသောဆရာသည် ဥပဇ္ဈယ်ရရှိရန် ဥပဇ္ဈာယ် ယူခိုင်းရသေး၏။

(ည) ပဇ္ဈာယ်ပြုလုပ်နိုင်တဲ့ ဆရာ၏အင်္ဂါကို ဖော်ပြပါ

၁။ ဆယ်ဝါ ရပြီးဖြစ်ခြင်း။
၂။ ပါတိမောက် သိက္ခာပုဒ်များကို အကျယ်ဖွင့်ပြသော ဘိက္ခုဝိဘင်း, ဘိက္ခုနီဝိဘင်း နှစ်မျိုးကို တတ်သိနားလည်ခြင်း။
၃။ ကံကြီး ကံငယ်ပြုလုပ်နည်းကို နားလည်ခြင်း။
၄ ။ မဟာဝါ စူဠဝါ ခန္ဓက၌ လာသော အကြောင်းအရာစုကို နားလည်ခြင်း။
၅။ နာမ်တရား, ရုပ်တရားတို့ကို ဟောပြောနိုင်ခြင်း - ဤအင်္ဂါငါးပါးနှင့် ပြည့်စုံလျှင် ဥပဇ္ဈာယ်ပြုလုပ်နိုင်ပါသည်။

ဆယ်ဝါ-ပြည့်တင်း၊ ဝိဘင်း နှစ်ဖြာ၊ ကမ္မာ ကမ္မ၊ ခန္ဓက ပုဒ်၊ နာမ်ရုပ် ပိုင်ပိုင်၊ ဟော ပြနိုင်၊ ကျောင်းထိုင် ၅-အင်္ဂါ။

စာမျက်နှာ-[၄၉]

(ဋ) ဥပဇ္ဈာယ် ဘယ်အချိန် ယူသင့် ပေးသင့်သလဲ?

ယခုကာလ ဆရာတော်များ သာမဏေဖြစ်ပြီးမှ ဥပဇ္ဈာယ်ပေးယူမှုကို ပြုကြလေသည်။

ကျမ်းရေးသူ ထင်မြင်ချက် “ပဌမံ ဥပဇ္ဈံ ဂဟာပေတဗ္ဗော” ဟူ၍ လည်းကောင်း၊ “အထဿ ဥပဇ္ဈာယေန ဝါ အာစရိယေန ဝါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမီတိအာဒိနာ နယေန သရဏာနိ ဒါတဗ္ဗာနိ” ဟူသော အဋ္ဌကထာကိုထောက်၍ လည်းကောင်း သရဏဂုံ မဆောက်တည်မီ ဥပဇ္ဈာယ် ယူသင့်သည်ဟု ထင်မြင် ယူဆပေသည်။

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ ဥပဇ္ဈာယ်၏ အဓိပ္ပါယ်ရေး၍ ဥပဇ္ဈာယ်ပေး ဆရာ၏ ဆိုရပုံ သုံးပုဒ်လောက် ပါဠိထုတ်ပြပါ။
၂။ ဥပဇ္ဈာယ် ယူသူသည် ဘယ်နှစ်ခေါက် ဆိုရပါသလဲ၊ အကြိမ်မျှ ဖော်ပြ၍ ဥပဇ္ဈာယော-ဟူသော ပုဒ်၌ ဥပ-သဒ္ဒါ၏ အနက်ကို ရေးသားပါ။
၃။ ပါသာဒိကေန - ဟူသော ပုဒ်၏ အနက်ကိုရေး၍ တပည့်က ခွင့်လွှတ်ပုံ ရေးခဲ့ပါ။

ဥပဇ္ဈာယ်နှင့်စပ်သော မှတ်သားဖွယ် ပြီးပြီ။

သီလ, သုဒ္ဓိပရိဘောဂတို့မှ မှတ်သားဖွယ်

(က) သီလဆိုတာ ဘာလဲ?

ကိုယ် နှုတ် စိတ်တို့ကို အကုသိုလ်အပြစ် မဖြစ်အောင် ထိန်းသိမ်း စောင့်စည်းရကြောင်း ကောင်းမြတ်သော အကျင့်တရားကို သီလဟု ဆိုရပါသည်။

(ခ) သီလ ဘယ်နှစ်ပါး ရှိသလဲ?

သီလ အပြားတွေကား များပြားပါသည်၊ သို့သော် ဆိုလတံ့သော ပစ္စဝေက္ခဏာနှင့် သက်ဆိုင်သည့် သီလ ၄-မျိုးကို ဖော်ပြပါအံ့။

စာမျက်နှာ-[၅၀]

၁။ ပါမောက္ခ သံဝရသီလ။
၂။ ဣန္ဒြိယ သံဝရသီလ။
၃။ အာဇီဝ ပါရိသုဒ္ဓိသီလ။
၄။ ပစ္စယသန္နိဿိတ သီလဟု ၄-မျိုး ရှိပါသည်။

(ဂ) ဘာကြောင့် ပါတိမောက္ခသံဝရ ခေါ်သလဲ?

စောင့်ထိန်းသူကို အပါယ်ဆင်းရဲ စသည်တို့မှ လွတ်စေတတ်သည် ဖြစ်၍ ကိုယ်, နှုတ် နှစ်ပါး၌ဖြစ်သော လွန်ကျူးခြင်းကို စောင့်စည်း ထိန်းသိမ်းသော သီလ ဖြစ်သောကြောင့် ပါတိမောက္ခသံဝရ ခေါ်ပါသည်။

(ဃ) ဣန္ဒြိယ သံဝရသီလဆိုတာ ဘယ်ဟာလဲ?

မျက်စိ, နား, နှာ, လျှာ, ကိုယ် စိတ်အားဖြင့် ဣန္ဒြေ ၆-ပါးတို့၌ လောဘ စသော ကိလေသာ မဖြစ်ရန် စောင့်စည်းသော သီလကို ဣန္ဒြိယ သံဝရ သီလ-ဟု ဆိုပါသည်။

(င) အာဇီဝ ပါရိသုဒ္ဓိသီလကား ဘယ်ဟာလဲ?

အသက်မွေးကြောင်း ပစ္စည်းရှာမှီးသော ဝီရိယ၏ စင်ကြယ် ပြစ်ကင်းသောသီလသည် အာဇီဝပါရိသုဒ္ဓိ သီလမည်၏ မိစ္ဆာဇီဝမှ ရှောင်ကြဉ်သော သီလ-ဟု ဆိုလိုပါသည်။

(စ) ပစ္စယ သန္နိဿိတ သီလဆိုတာ ဘယ်လို သီလလဲ?

သင်္ကန်းစသော ပစ္စည်းလေးပါးတို့ကို သင့်တင့်အောင် ဉာဏ်ဖြင့် ဆင်ခြင်၍ သုံးဆောင်သဖြင့် ကောင်းစွာ မှီဝဲသော သီလမျိုးကို ပစ္စယသန္နိဿိတသီလ-ဟု ဆိုရပါသည်။

(ဆ) ဆိုခဲ့သော သီလလေးပါးကို အမည်တမျိုး ခေါ်သေးသလား?

သုဒ္ဓိလေးပါးလို့ ခေါ်ပါသေးတယ်။

စာမျက်နှာ-[၅၁]

(ဇ) သုဒ္ဓိလေးပါးခေါ်ပုံ ဘယ်လိုလဲ?

၁။ ဒေသနာသုဒ္ဓိ။
၂။ သံဝရသုဒ္ဓိ။
၃။ ပရိယေဋ္ဌိသုဒ္ဓိ။
၄။ ပစ္စဝေက္ခဏာသုဒ္ဓိ ပေါင်း လေးပါးရှိပါသည်။

၁။ ပါတိမောက္ခသံဝရသီလသည် ပြောကြားခြင်းဖြင့် စင်ကြယ်သောကြောင့် ဒေသနာသုဒ္ဓိမည်၏။ သဒ္ဓါပြဋ္ဌာန်းသည်၊ သဒ္ဓါတရား ရှိသူသာ ဤသီလလုံခြုံအောင် စောင့်ထိန်းနိုင်သည်၊ သဒ္ဓါနည်း၍ လွန်ကျူးလျှင် သီလ ပျက်၏၊ အာပတ်သင့်၏၊ လိင်ဒဏ်သင့်၏၊ သဒ္ဓါ တရားဖြင့် ဒေသနာကြားခြင်း သရဏဂုံတပ်ခြင်းပြု၍ ကုစားလျှင် စင်ကြယ်၏၊ [ဒေသနာ=ပြောကြား၍+သုဒ္ဓိ=စင်ကြယ်ခြင်း။

၂။ ဣန္ဒြိယ သံဝရသီလသည် စောင့်စည်းခြင်းဖြင့် စင်ကြယ်သောကြောင့် သံဝရသုဒ္ဓိမည်၏။ သတိပြဋ္ဌာန်း၏။ သတိနည်း၍ မျက်စိစသည်ကို မစောင့်စည်းလျှင် ပျက်၏။ ကိလေသာ နှိပ်စက်၏၊ သတိဖြင့် “န ပုနေဝံ ကရိဿာမိ”နောင် ဤသို့ ငါမပြုတော့အံ့ဟု စောင့်စည်းလျှင်စင်ကြယ်၏။ ကမ္မဋ္ဌာန်း အမြဲလုပ်သူတို့ စင်ကြယ်နိုင်၏။

၃။ အာဇီဝ ပါရိသုဒ္ဓိ သီလသည် ရှာဖွေခြင်းဖြင့် စင်ကြယ်သောကြောင့် ပရိယဋ္ဌိသုဒ္ဓိမည်၏၊ ဝီရိယပြဋ္ဌာန်း၏၊ ဝီရိယနည်း၍ မိစ္ဆာဇီဝ ပစ္စည်းသုံးဆောင်လျှင် ပျက်၏၊ အသက်မွေးမစင်ကြယ်တော့၊ ဝီရိယဖြင့် ဆွမ်းခံစားခြင်း စသောအားဖြင့် အသက်မွေးလျှင် စင်ကြယ်၏၊ ဆွမ်းခံ ပျင်း၍ လွယ်လွယ်နှင့် မတရားရှာဖွေသူတို့ စင်ကြယ်ဖို့ခဲစွ။

၄။ ပစ္စယ သန္နိဿိတ သီလသည် ဉာဏ်ဖြင့်ဆင်ခြင်ခြင်းဖြင့် စင်ကြယ်သောကြောင့် ပစ္စဝေက္ခဏာသုဒ္ဓိမည်၏၊ ပညာပြဋ္ဌာန်း၏၊ ပညာနည်း၍ မဆင်ခြင်ပဲ ပစ္စည်းလေးပါး သုံးဆောင်လျှင် ပျက်၏၊ ဣဏပရိဘောဂ ကြွေးတင်ခြင်း ပညာဖြင့် ဆင်ခြင်၍ သုံးစားလျှင် စင်ကြယ်၏။ ဤသီလသည် ပစ္စဝေက္ခဏာခန်းနှင့် သက်ဆိုင်၏။

စာမျက်နှာ-[၅၂]

သီလလေးဖြာ၊ ပါ, ဣ, အာ (၃)၊ စ္စယာ သန္နိဿိ (၁)၊
အပြစ်ကားလေး၊ ပတ်, ကိလေး (၂) သက်မွေးကြွေးတင်ဘိ (၂)။
သုဒ္ဓိလေးဝ၊ ဒေ, သံ, ပ (၃)၊ ပစ္စဝေက္ခဏာ (၁)။
ပြဋ္ဌာန်းလေးရှိ , ဒ္ဓါ, သတိ (၂)၊ ဝီရိ, ပညာ သာ(၂)

(ဈ) အဘယ်ကို ပရိဘောဂခေါ်သလဲ ?

ပစ္စည်းလေးပါး သုံးစားမှီဝဲခြင်းကို ပရိဘောဂ ခေါ်ပါသည်။

(ည) သုံးစားမှီဝဲနည်း ဘယ်နှစ်ပါးလဲ?

၁။ ထေယျပရိဘောဂ။
၂။ ဣဏပရိဘောဂ ။
၃။ ဒါယဇ္ဇပရိဘောဂ။
၄ ။ သာမိ ပရိဘောဂအားဖြင့် ၄-ပါးရှိ၏။ ထိုတွင်-

၁။ ပါရာဇိကကျသော ရဟန်း, လိင်ကျသော သာမဏေသည် ဒုဿီလ - သီလမရှိသူမည်၏၊ ဘုရားရှင်သည် ဒုဿီလတို့အား ပစ္စည်း လေးပါးသုံးစွဲခွင့်မပြု၊ အလှူရှင်တို့ကလည်း ဒုဿီလမှန်းသိလျှင် လှူမည် မဟုတ်၊ ထို့ကြောင့် သီလမရှိ ဒုဿီလတို့၏ ပစ္စည်းလေးပါး သုံးစွဲခြင်းသည် ခိုး၍သုံးစွဲရာကျသဖြင့် ထေယျပရိဘောဂ မည်၏၊ [ထေယျ= ခိုးလျက် + ပရိဘောဂ=သုံးဆောင်မှီဝဲခြင်း။ ]

၂။ သီလပင်ရှိသော်လဲ ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ခြင်းသည် ချေးငှါးလျက် မဆပ်ပဲ ကြွေးတင်သဖြင့် သုံးစားရာကျသောကြောင့် ဣဏပရိဘောဂမည်၏၊ [ဣဏ= ကြွေးယူ၍ + ပရိဘောဂ= သုံးဆောင်မှီဝဲခြင်း။]

၃။ သေက္ခပုဂ္ဂိုလ်များ၏ ပစ္စည်းလေးပါးသုံးခြင်းသည် ဒါယဇ္ဇ ပရိဘောဂမည်၏ ထိုသေက္ခတို့ကား ဘုရားစကား တသွေမတိမ်းလိုက်နာသော သားတော် သ္မီးတော်စစ်တို့ ဖြစ်သဖြင့် ဘုရားရှင်က ခွင့်ပြုသည့်အတွက် အမွေခံယူသူ အဖြစ်ဖြင့် သုံးစားသည်ဟု ဆိုလိုသည်၊ [ဒါယဇ္ဇ အမွေခံယူသူအဖြစ်ဖြင့် + ပရိဘောဂ= သုံးစွဲခြင်း] သီလရှိသော ပုထုဇဉ်တို့၏ပစ္စဝေက္ခဏာဆင်ခြင်သုံးစွဲခြင်းတို့သည်လည်း ဒါယဇ္ဇပရိဘောဂ၌

စာမျက်နှာ-[၅၃]

သက်ဝင်ပါသည်၊ ကြွေးမတင်သောကြောင့် အဏဏျပရိဘောဂဟုလည်း ခေါ်နိုင်သည်။

၄။ ရဟန္တာတို့၏ ပစ္စည်းလေးပါး သုံးစားခြင်းသည် အရှင်သခင်၏ သုံးစားခြင်းနှင့်တူသောကြောင့် သာမိပရိဘော မည်၏။ [သာမိ=အရှင်သခင်၏ အဖြစ်ဖြင့်+ပရိဘောဂ=သုံးစားခြင်း။] ရဟန္တာ အရှင်တို့သည် တဏှာ့ကျွန်အဖြစ်ကို လွန်မြောက်၍ အရှင်သခင်တို့ ဖြစ်ရကား ပစ္စည်းလေးပါး သုံးဆောင်ခြင်းသည် အစိုးတရ ကိုယ်ပိုင် သုံးဆောင်ခြင်းမျိုးကဲ့သို့ ဖြစ်သောကြောင့် သာမိပရိဘောဂမည်၏၊ ပုထုဇဉ်များလဲ ခေါင်းပါးသော အကျင့်၌တည်၍ ပစ္စည်းမက်မောသော တဏှာဂေဓကို ပယ်လျက် ပစ္စည်းလေးပါး၌ မကပ်ငြိသောစိတ်ဖြင့် သုံးစားခြင်းသည် သာမိ ပရိဘောဂကဲ့သို့ဖြစ်၏ဟု မဟာဋီကာဆိုသည် ပုထုဇဉ်တို့ ဉာဏ်သက်ဝင်၍ ဆင်ခြင်သုံးစားခြင်းမျိုးသည် ဥပစာရအားဖြင့် သာမိပရိဘောဂ, ဒါယဇ္ဇပရိဘောဂတို့ဟု ဆိုရ၏၊ မုချအားဖြင့် ပရိဘောဂမျိုးမှ လွတ်သော ကြွေးတင်ကင်းသော အဏဏျ ပရိဘောဂဟု မဟာဋီကာ ဆို၏။

ထေယျ, ဣဏ၊ ဒါယဇ္ဇ နှင့်၊ ပိုင်လှ သာမိ၊ လေးခုရှိ၊ ပရိဘောဂ တည်း။

လေ့ကျင့်ခန်း မေးခွန်း ပုစ္ဆာ

၁။ ပစ္စဝေက္ခဏာ မဆင်ခြင်ပဲ သုံးစားသဖြင့် ပျက်ပြားသော သီလသုဒ္ဓိတို့ကို ဖော်ပြ၍ ထို သုံးဆောင်ခြင်းသည် ဘယ်ပရိဘောဂ ဖြစ်နိုင်သည်ကို ညွှန်ပြပါ။
၂။ ဗေဒင်ဟော ဆေးကု၍ အသက်မွေးသူတို့ပျက်ကွက်သော သီလကို ဖော်ပြ၍ ပရိယေဋ္ဌိသုဒ္ဓိ ခေါ်ရသော သီလကို ဖော်ပြပါ။
၃။ ထေယျပရိဘောဂ၏အဓိပ္ပါယ်ကိုရေး၍ သောတာပန်တို့ ပစ္စည်းသုံးစားခြင်းသည် ဘယ်ပရိဘောဂ ခေါ်ရမည်ကို ဖော်ပြပါ။
၄ ။ ပုထုဇဉ် သီလဝန္တတို့ ပစ္စဝေက္ခဏာ ဆင်ခြင်၍သုံးစားခြင်းသည် မုချအားဖြင့် ဘယ်ပရိဘောဂဟု မှတ်ရမလဲ။
၅။ သာမဏေတို့ လိင်, ဒဏ်ထိတာ ဘယ်သီလပျက်ပါသလဲ။

သီလ စသည် မှတ်သားဖွယ် ပြီး၏။

စာမျက်နှာ-[၅၄]

စီဝရပစ္စဝေက္ခဏာ ပါဌ်အနက်

၁ ။ ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ -- ယာဝဒေဝ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ-မကသ-ဝါတာတပ-သရီသပသမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေဝ ဟိရိကောပီနပဋိစ္ဆာဒနတ္ထံ။

၁။ ယောနိသော၊ သင့်သော အကြောင်းအားဖြင့်။ ပဋိသင်္ခါ-ပဋိသင်္ခါယ၊ ပညာဖြင့် ဆင်ခြင်၍။ စီဝရံ၊ သင်္ကန်းကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။ (၁) သီတဿ၊ အအေးကို။ ယာဝ ပဋိဃာတာယဧဝ၊ ပယ်ဖျောက်ရုံငှါသာလျှင်။ (၂) ဥဏှဿ၊ မီးပူကို။ ယာဝပဋိဃာတာယဧဝ၊ ပယ်ဖျောက်ရုံငှါသာလျှင်။ (၃) ဍံသ မကသ ဝါတာတပ သရီသပ္ပသမ္ဖဿာနံ၊ မှက်, ခြင်, ယင်, လေ, နေပူ, မြွေ, ကင်း, သန်းတို့၏ အတွေတို့ကို။ ယာဝ ပဋိဃာတာယဧဝ၊ ပယ်ဖျောက်ရုံငှါသာလျှင်။ စီဝရံ၊ သင်္ကန်းကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။ (၄) ယာဝ ဟိရီ ကောပိနပ္ပဋိစ္ဆာဒနတ္ထံဧဝ၊ ဟိရီဂုဏ်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းခြင်း အကျိုးငှါသာလျှင်။ စီဝရံ၊ သင်္ကန်းကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။

ပိဏ္ဍပါတ ပစ္စဝေက္ခဏာပါဌ် အနက်

၂။ ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိ -- နေဝ ဒဝါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ဝိဘူသနာယ၊ ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ၊ ဝိဟိံသူပရတိယာ၊ ဗြဟ္မစရိယာနုဂ္ဂဟာယ၊ ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ၊ နဝဉ္စ ဝေဒနံ န ဥပ္ပါဒေဿာမိ၊ ယာတြာ စ မေ ဘဝိဿတိ အနဝဇ္ဇတာ စ ဖာသုဝိဟာရော စ။

၂။ ယောနိသော၊ သင့်သော အကြောင်းအားဖြင့်။ ပဋိသင်္ခါ-ပဋိသင်္ခါယ၊ ပညာဖြင့် ဆင်ခြင်၍။ ပိဏ္ဍပါတံ၊ ဆွမ်း အစရှိသော အာဟာရ

စာမျက်နှာ-[၅၅]

ကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။ (၁) ဒဝါယ၊ ရွာသူသားငယ်တို့ကဲ့သို့ မြူးထူးပျော်ပါးကစားခြင်းငှါ။ နေဝ ပဋိသေဝါမိ၊ မမှီဝဲပါ။ (၂) မဒါယ၊ လက်ဝှေ့ လက်ပမ်းသည် စသည်တို့ကဲ့သို့ အားဟူသော မာန်ယစ် ခြင်းငှါ။ န ပဋိသေဝါမိ၊ မမှီဝဲပါ။ (၃) မဏ္ဍနာယ၊ နန်းတွင်းသူ ပြည့်တန်ဆာမတိုကဲ့သို့ အင်္ဂါကြီးငယ် ပြည့်ဖြိုးခြင်းငှါ။ န ပဋိသေဝါမိ၊ မမှီဝဲပါ။ (၄) ဝိဘူသနာယ၊ ကျွမ်းသမား ကချေသည်တိုကဲ့သို့ အရေ အဆင်း လှပတင့်တယ်ခြင်းငှာ။ န ပဋိသေဝါမိ၊ မမှီဝဲပါ။ (၅) ဣမဿ ကာယဿ၊ ဤရူပကာယ၏။ ယာဝ ဌိတိယာဧဝ၊ တည်ရုံငှါသာလျှင်။ (၆) ယာဝ ယာပနာယ ဧဝ၊ မျှတရုံငှါသာလျှင်။ (၇) ယာဝ ဝိဟိံသူပရတိယာဝ၊ ပင်ပန်းခြင်း ငြိမ်းရုံငှါသာလျှင်။ (၈) ယာဝ ဗြဟ္မစရိယာနုဂ္ဂဟာယဧဝ၊ သာသနဗြဟ္မစရိယ, မဂ္ဂဗြဟ္မစရိယ နှစ်ပါးကို ချီးမြှောက်ရုံငှါသာလျှင်။ ပိဏ္ဍပါတံ၊ ဆွမ်းအစရှိသော အာဟာရကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။ (၉) ဣတိ ဣမိနာ ပိဏ္ဍပါတပ္ပဋိသေဝနေန၊ ဤသို့ ဆွမ်းကိုမှီဝဲသဖြင့်။ ပုရာဏံ၊ အဟောင်းဖြစ်သော။ ဝေဒနဉ္စ၊ ဆင်းရဲ ဝေဒနာကိုလည်း။ ပဋိဟင်္ခါမိ၊ ပယ်ဖျောက်အံ့။ (၁၀) နဝံ၊ အသစ် ဖြစ်သော။ ဝေဒနဉ္စ၊ ဆင်းရဲဝေဒနာကိုလည်း။ န ဥပ္ပါဒေဿာမိ၊ မဖြစ်စေအံ့။ (၁၁) မေ၊ ငါ့အား။ ယတြာ စ၊ မျှတခြင်းသည်လည်းကောင်း။ (၁၂) အနဝဇ္ဇတာ စ အပြစ်မရှိခြင်းသည်လည်းကောင်း။ (၁၃) ဖာသုဝိဟာရော စ၊ ချမ်းသာစွာ နေရခြင်းသည်လည်းကောင်း။ ဘဝိဿတိ၊ ဖြစ်လတံ့။ ဣတိ၊ ဤသို့ နှလုံးပြု၍။ ပိဏ္ဍပါတံ၊ ဆွမ်း အစရှိသော အာဟာရကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။

သေနာသန ပစ္စဝေက္ခဏာ ပါဌ်အနက်

၃။ ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေဝါမိ -- ယာဝဒေဝ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ-မကသ-ဝါတာတပ-သရီသပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေဝ ဥတုပရိဿယဝိနောဒနပဋိသလ္လာနာရာမတ္ထံ။

စာမျက်နှာ-[၅၆]

၃။ ယောနိသော၊ သင့်သောအကြောင်းအားဖြင့်။ ပဋိသင်္ခါ-ပဋိသင်္ခါယ၊ ပညာဖြင့် ဆင်ခြင်၍။ သေနာသနံ၊ အိပ်ရာနေရာ ကျောင်းကို။ ပဋိသေဝါမိ၊ မှီဝဲ၏။ (၁) သီတဿ၊ အအေးကို။ ပဋိဃာတာယ ဧဝ၊ ပယ်ဖျောက်ရုံငှါသာလျှင်။ (၂) ဥဏှဿ၊ မီးပူကို။ ယာဝ ပဋိဃာတာယဧဝ၊ ပယ်ဖျောက်ရုံငှါသာလျှင်။ (၃) ဍံသ မကသ ဝါတာတပ သရီသပ္ပ သမ္ဖဿာနံ၊ မှက်, ခြင်, ယင်, လေ, နေပူ, မြွေ, ကင်း, သန်းတို့၏ အတွေတို့ကို။ ယာဝ ပဋိဃာတာယဧဝ၊ ပယ်ဖျောက်ရုံငှါသာလျှင်။ သေနာသနံ၊ အိပ်ရာနေရာ ကျောင်းကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။ (၄) ယာဝ ဥတုပရိဿယ ဝိနောဒန ပ္ပဋိသာ နာရာမတ္ထံ ဧဝ၊ ဥတုဘေးရန်ကို ပယ်ဖျောက်ခြင်း ကိန်းအောင် မွေ့လျော်ခြင်း အကျိုးငှါသာလျှင်။ သေနာသနံ၊ အိပ်ရာနေရာကျောင်းကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။

ဘေသဇ္ဇ ပစ္စဝေက္ခဏာ ပါဌ်အနက်

၄။ ပဋိသင်္ခါ ယောနိသော ဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရံ ပဋိသေဝါမိ -- ယာဝဒေဝ ဥပ္ပန္နာနံ ဝေယျာဗာဓိကာနံ ဝေဒနာနံ ပဋိဃာတာယ၊ အဗျာပဇ္ဇပရမတာယ။ (မ၊၁၊၁၂-၁၃။ အံ၊၂၊၃၄၁။)

၄။ ယောနိသော၊ သင့်သော အကြောင်းအားဖြင့်။ ပဋိသင်္ခါ-ပဋိသင်္ခါယ၊ ပညာဖြင့် ဆင်ခြင်၍။ ဂိလာန ပစ္စယ ဘေသဇ္ဇ ပရိက္ခာရံ၊ အနာ၏ ဆန့်ကျင်ဘက် အသက်၏ အရံအကာ တန်ဆာ အဆောက် အဦဖြစ်သောဆေးကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။ (၁) ဥပ္ပန္နာနံ၊ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော။ ဝါ၊ ဖြစ်ပြီး ဝေဒနာနှင့် တူကုန်သော။ ဝေယျာဗာဓိကာနံ၊ ဓာတ်ချောက်ချားခြင်းကြောင့် ဖြစ်ကုန်သော။ ဝါ၊ ဓာတ် ချောက်ချားခြင်း ထို ဓာတ် ချောက်ချားခြင်း အကြောင်းရင်း ရှိကုန်သော နူနာ, အိုင်းနာ စသည်တို့ကြောင့် ဖြစ်ကုန်သော။ ဝေဒနာနံ၊ ဆင်းရဲ ဝေဒနာတို့ကို။ ယာဝ ပဋိဃာတာယဧဝ၊ ပယ်ဖျောက်ရုံငှါသာလျှင်။ ယာဝ အဗျာဗဇ္ဈ ပရမတာယဧဝ၊ အနာကြောင့် ဖြစ်သော ဆင်းရဲ

စာမျက်နှာ-[၅၇]

ခြင်း၏ မရှိခြင်း အကျိုးငှါသာလျှင်။ ဝါ၊ ဆင်းရဲဝေဒနာ မရှိသော ကာလတိုင်အောင် အတိုင်းအရှည် အကျိုးငှာလျှင်။ ဂိလာန ပစ္စယဘေသဇ္ဇ ပရိက္ခာရံ၊ အနာ၏ဆန့်ကျင်ဘက် အသက်၏အရံအကာ တန်ဆာ အဆောက်အဦဖြစ်သော ဆေးကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။

မှတ်ချက် ဗျာဗာဓနဋ္ဌေန ဗျာဗာဓော၊ ဗျာဗာဓောဝ ဗျာပဇ္ဈံ၊ ဒုက္ခန္တိ အတ္ထော။ နတ္ထိ ဧတ္ထ ဗျာဗဇ္ဈန္တိ အဗျာဗဇ္ဈံ၊ နိဒ္ဒုက္ခတာ၊ တေနာဟ အဗျာဗဇ္ဈ ပရမတာယာတိ နိဒ္ဒုက္ခ ပရမတာယာတိ-

ဟူသော မဟာဋီကာသို့ လိုက်၍ အဗျာပဇ္ဈ ပရမတာယ- ဟုပြင်ထားသည်။ ဝါ-၏ အနက် အောက်၌ ရှင်းပြလတံ့။

ပစ္စဝေက္ခဏာ ၄-ပါး၌ မှတ်သားဖွယ်

(က) ပစ္စဝေက္ခဏာကို ဘယ်အတွက် ဘုရားရှင်ဟောကြားသလဲ?

ပစ္စည်းလေးပါး၌ မက်မောခြင်းစသော အာသဝေါ တရားတို့ကို ပယ်မြစ်နိုင်ဖို့ ပစ္စည်း၄-ပါးမှီဝဲသောအခါ၌ ဉာဏ်သွင်းဆင်ခြင်ရန် ဘုရားရှင် ဟောကြားသည်။ (မူလပဏ္ဏာသနှင့် ဆက္ကင်္ဂုတ္တိုရ် မဟာဝဂ်ပါဠိတော်)

(ခ) ပစ္စဝေက္ခဏာဆိုတာ ဘာလဲ?

အဖန်ဖန် ဉာဏ်ဖြင့် သက်ဝင်၍ သုံးသပ်ခြင်းကို ပစ္စဝေက္ခဏာ ဟု ခေါ်သည်။ “ပဋိ ပုနပ္ပုနံ ဩဂါဟေတွာ ဣက္ခဏံ ပစ္စဝေက္ခဏာ”ပြု။

ပစ္စဝေက္ခိတွာတိ သီတပဋိဃာတာဒိကံ တံတံပယောဇနံ ပတိ ပတိ အဝေက္ခိတွာ ဉာဏေန ပဿိတွာတိ အတ္ထော။ (မဟာဋီကာ)

ဖန်ဖန်ဉာဏ်သွင်း၊ ရှူမြင်ခြင်း၊ ခေါ်ခြင်း ပစ္စဝေက္ခဏာ။

(ဂ) ဆင်ခြင်အပ်သောပစ္စည်း ဘယ်နှစ်မျိုးလဲ?

သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ၄-မျိုးရှိ၏၊၎င်း ၄-ပါးကို ပစ္စည်း ၄-ပါးဟုလည်းကောင်း၊ မှီရာနိဿယ ၄-ပါးဟုလည်းကောင်း ခေါ်

စာမျက်နှာ-[၅၈]

ဝေါ်သည်၊ ၎င်းပစ္စည်း ၄-ပါးကို စွဲ၍ စီဝရပစ္စဝေက္ခဏာ စသောအားဖြင့် ပစ္စဝေက္ခဏာလဲ ၄-ပါးရှိ၏။ ၎င်း ပစ္စဝေက္ခဏာ ၄ ပုဒ်ကို ပုတီး စိပ်ယင်း ဆင်ခြင်ကြသောကြောင့် ပုတီးစိပ် ၄-ပုဒ်ဟုလည်း ခေါ်ကြ၏။

စီဝရပစ္စဝေက္ခဏာ၌ မှတ်သားဖွယ်

(က) အင်္ဂါအစိတ်အားဖြင့် စီဝရပစ္စဝေက္ခဏာ ဘယ်နှစ်ပါးရှိသလဲ?

၁။ သီတဿ ပဋိဃာတာယ၊
၂။ ဥဏှဿ ပဋိဃာတာယ၊
၃။ ဍံသ မကသ ဝါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊
၄။ ဟိရိ ကောပိန ပ္ပဋိစ္ဆာဒနတ္ထံ၊
ဟူ၍ အင်္ဂါအစိတ်အားဖြင့် စီဝရပစ္စဝေက္ခဏာ လေးပါးရှိပါသည်။

(ခ) ထိုစီဝရပစ္စဝေက္ခဏာ လေးပါးကို ပါဠိမဖက်ပဲ မြန်မာ သက်သက်ဖြင့် ဉာဏ်ထွက်အောင် ဘယ်လိုဆင်ခြင်ရမလဲ?

မဆင်ခြင်မီ သင်္ကန်း၏ အကျိုးကို သိထားပါအုံး၊ သင်္ကန်းဆိုတာ အအေးအပူကိုလဲ ကာကွယ်နိုင်တယ်၊ မှက်, ခြင်, ယင်, လေ, နေ, မြွေ, ကင်း, သန်း၏ ကိုက်ခဲမှု တွေထိမှုတို့ကိုလဲ ကာကွယ်နိုင်တယ်၊ သင်္ကန်း ချွတ်ပြီး ဗလာကျင်းနေလျှင် ရှက်စရာဖြစ်တဲ့ မတော်မလျော် ကိုယ်အင်္ဂါ မျိုးတွေပေါ်ပေလိမ့်မယ်၊ ထိုရှက်စရာ အင်္ဂါတွေကိုလုံအောင် သင်္ကန်းက ဖုံးထားနိုင်တာကို သတိထားပါဦး။

အစဉ်အတိုင်း စီဝရပစ္စဝေက္ခဏာ လေးပါး မြန်မာဉာဏ်သွင်း ဆင်ခြင်ပုံ

၁။ ငါသည် အချမ်း အအေး ပယ်ဖျောက်၍ ပူနွေးလာ စေခြင်း အကျိုးငှါသာ သင်္ကန်းကို ဝတ်ရုံသုံးစွဲပါသတည်း။
၂။ ငါသည် အပူပယ်ဖျောက်၍ အအေးရောက်လာစေခြင်းအကျိုး ငှါသာ သင်္ကန်းကို ဝတ်ရုံသုံးစွဲပါသတည်း။
စာမျက်နှာ-[၅၉]
၃။ ငါသည်မှက်, ခြင်, ယင်, လေ, နေပူ, မြွေ, ကင်း, သန်းတို့၏ ကိုက်ခဲထိပါးမှုမျိုး အတွေဆိုးတို့ကို ပယ်ဖျောက်ရခြင်း အကျိုးငှာသာ သင်္ကန်းကို ဝတ်ရုံသုံးစွဲပါသတည်း။
၄။ ငါသည် ဖွင့်ဖော်ထားဖို့ မတော်မလျော်ပဲ ဟိရီဂုဏ်ကို ဖျက်ဆီးတတ်တဲ့အင်္ဂါကြီးငယ် ဖုံးလွှမ်းခြင်းအကျိုးငှာ သင်္ကန်းကို ဝတ်ရုံသုံးစွဲပါသတည်း။

(ဂ) ၄-နံပါတ် စီဝရပစ္စဝေက္ခဏာ၌ အင်္ဂါကြီးငယ်တို့က ဟိရီဂုဏ်ကို ဘယ်လို ဖျက်ဆီးတတ်ပါသလဲ?

ရှက်သင့်ရှက်ထိုက်တဲ့နေရာ၌ ရှက်တတ်ခြင်းကို ပါဠိလို ဟိရီ-ဟု ဆိုတယ်၊ ထိုသို့ရှက်တတ်တဲ့ ဟိရီဟာ အမျိုးကောင်းသားသမီးတို့ရဲ့ ဂုဏ်ထူးတမျိုးပဲ၊ ဥပမာ-လောက၌ သည်မိန်းကလေးဟာ အရှက်မရှိဘူးဆိုလျှင် အယုတ်ဆုံး ပြည့်တန်ဆာမစခန်းသို့ အဓိပ္ပာယ်သက်ရောက်၍ ဂုဏ် ပျက်ပါတော့သည်။ ရှက်တတ်ပေသည်၊ ဟိရီ ရှိသည်ဆိုလျှင် မိကောင်း ဖခင် သမီးဖြစ်၍ အထူးဂုဏ် ရောက်ပါသည်၊ ထို့ကြောင့် အရှက်ခေါ် ဟိရီကို ဂုဏ်ဟုဆိုသည်၊ ကိုယ်အင်္ဂါ အရပ်ရပ်တွင် မတော်မလျော်တဲ့ အင်္ဂါဇာတ် ပေါ်နေလျှင် ထိုပေါ်နေတဲ့ အင်္ဂါဇာတ်က ဟိရီ ဆိုတဲ့ အရှက်ဂုဏ်ကို ဖျက်ဆီးပစ်လိုက်ပါတယ်၊ ဒါကြောင့် ဟိရီဂုဏ်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကို သဘောကျပါ။

(ဃ) စီဝရပစ္စဝက္ခဏာ ၄-မျိုးတွင် အမြဲအကျိုးဖြစ်တဲ့ နိယတ ပယောဇန အင်္ဂါဟာ ဘယ်ဟာလဲ?

ဟိရီ ကောပိနပ္ပဋိစ္ဆာဒနတ္ထံ ဆိုတဲ့ အင်္ဂါဟာ နိယတပယောဇန အင်္ဂါ ပါပဲ၊ ဖော်ထားလို မတော်တဲ့ အင်္ဂါကြီးငယ်ကို အမြဲတမ်း ဖုံးရလို နိယတပယောဇန အင်္ဂါ ဆိုပါတယ်၊ အင်္ဂါ ၃-ပါးကတော့ အေးခိုက်, ပူခိုက်, ခြင်, မှက် ကိုက်ခိုက် စသောအားဖြင့် ရံခါရံခါမှ အကျိုးရောက်သို့ အနိယတပယောဇန အင်္ဂါတို့ဟု မှတ်ပါ။

မှတ်ချက် ပစ္စဝေက္ခဏာဉာဏ်ဟာ အကျိုး(ပယောဇန)ကို အဓိကထား၍ အာရုံပြုသဖြင့် ထို့နောက် ပစ္စဝေက္ခဏာ တို့မှာလဲ နိယတ, အနိယတ ခွဲဖို့ သတိပြုပါ။

စာမျက်နှာ-[၆၀]

(င) စီဝရပစ္စဝက္ခာ ၄-ပါး၌ သူ့ နေရာနဲ့သူ အတိုချုပ် ဘယ်လို ဆင်ခြင်သင့်ပါသလဲ?

အေးချမ်း၍သင်္ကန်းခြုံလိုခဲ့လျှင် ၁-နံပါတ်အင်္ဂါအရ အအေးပျောက်အောင် ဤသင်္ကန်းကို ဝတ်ရုံပါ၏၊ အချမ်းပျောက်အောင် ဤသင်္ကန်းကို ဝတ်ရုံပါ၏ဟု ဉာဏ်သွင်းဆင်ခြင်၍ သင်္ကန်းဝတ်ရုံပါ၊ မီးပူလှ၍ သင်္ကန်း ခြုံလိုလျှင် ၂ နံပါတ်အင်္ဂါအရ အပူပျောက်အောင် ဤသင်္ကန်းကို ဝတ်ရုံပါ၏ဟု ဆင်ခြင်၊ မှက်, ခြင်ကိုက်၍ ခြုံလိုလျှင် ၃-နံပါက်အင်္ဂါအရ မှက်, ခြင် မကိုက်အောင် ဤသင်္ကန်းကို ဝတ်ရုံပါ၏ဟု ဆင်ခြင်၊ အထက်ပါ အကျိုးများမလိုပဲ ပြင်ဝတ်လိုလျှင် ၄-နံပါတ် အင်္ဂါအရ စက်ဆုပ်စရာ ကိုယ်အင်္ဂါကို ဖုံးလွှမ်းဖို့ရာ ဤသင်္ကန်းကို ဝတ်ရုံပါ၏ဟု ဆင်ခြင်

အမှာ ဤနည်းမှီ၍ သူ့နေရာနှင့်သူ အတိုနည်း ဆင်ခြင်ပုံကို ဆရာတို့က သင်ပြတတ်ပါစေ၊ ရှေးက အင်္ဂါ ၄-ပါး အခွဲတိုင်းလဲ ဆင်ခြင် နိုင်ပါသည်၊ သို့ကလို သင်္ကန်းပြင်ဝတ် ပြင်ရုံ ပြင်ခြုံတိုင်း ဆင်ခြင် နိုင်က နောက် ပစ္စဝေက္ခဏာကိစ္စ မရှိတော့ပါ။ သို့သော် အမြဲ သတိပြုနိုင်မည်မဟုတ်၍ အရုဏ်မတက်မီ စွမ်းနိုင်သမျှ အထက်ပါ ပစ္စဝေက္ခဏာ မြန်မာပြန် ၄-ချက်ကို ရွတ်ဆိုပြပါ။

(စ) ပါဠိတော်၌ စီဝရံအရ ဘယ်သင်္ကန်းကို ယူရမလဲ ?

သင်္ကန်း ၉-ထည်စလုံး ယူသင့်သည်။

စီဝရန္တိ အန္တရဝါသကာဒီသု ယံကိဉ္စိ။ (ဝိသုဒ္ဓိမဂ်)

ယံကိဉ္စိတိ ဝါ အနဝသေသပရိယာဒါနမေတံ အနိယမဝစနံ။ (မဟာဋီကာ)

သင်္ကန်း ၉-ထည်

၁။ သင်းပိုင်။
၂။ ကိုယ်ရုံ။
၃။ ဒုကုဋ်။
၄။ အိပ်ရာခင်း။

စာမျက်နှာ-[၆၁]

၅။ မျက်နှာသုတ်ပဝါ။
၆။ ပရိက္ခာရစောဠ ပုဆိုး။
၇။ နိသီဒိုင်။
၈။ မိုးရေခံသင်္ကန်း။
၉။ အမာလွှမ်းသင်္ကန်း၊ ပေါင်း ၉-ထည်။

သင်း, ကိုယ်, ဒု, အိပ်၊ မျက်, ပရိက်၊ နိသိဒ်, မိုး, အမာ။ (ဝိနယသံခိပ်)

(ဆ) ပဋိသေဝါမိ အရ သင်္ကန်းကို မှီဝဲပါတယ်ဆိုတာ ဘယ်လိုလုပ်တာလဲ?

သင်္ကန်းကို ဝတ်ခြင်း၊ ရုံခြင်း၊ ရမ်းခြင်း၊ ခြုံခြင်း၊ ခင်းထိုင်ခြင်း၊ ခင်းအိပ်ခြင်း၊ ကျောင်းကုဋီလုပ်ခြင်း၊ လိုက်ကာလုပ်ခြင်း စသောအားဖြင့် သုံးစွဲမှု တခုခုကို မှီဝဲသည်ဟု ဆိုပါသည်။

(ဇ) ပဋိသင်္ခါ ယောနိသော-အရ သင့်အကြောင်းအားဖြင့် ပညာဖြင့် ဆင်ခြင်တယ်ဆိုတာ ဘယ်လို ဆင်ခြင်တာလဲ?

ဆိုခဲ့သော ပစ္စဝေက္ခဏာ ၄-ပါးအတိုင်း အအေးပယ်ဖျောက် ရအောင်၊ အပူပယ်ဖျောက်ရအောင်၊ မှက်, ခြင်မကိုက်ရအောင် စသည်ဖြင့် သင်္ကန်းကို မှီဝဲပါသည်ဟု ဉာဏ်သွင်းဆင်ခြင်တာကို ဆိုပါတယ်။

(ဈ) စီဝရပစ္စဝေက္ခဏာထဲ၌ ယာဝဒေဝ ဆိုတဲ့ပုဒ်ကို ဘယ်လို အနက်သမ္ဗန်မလဲ?

ယာဝဒေဝ ပုဒ်ကို မခွဲပဲ ယာဝဒေဝ၊ အကြင်မျှလောက် အခိုက် အတန့် ဖြစ်သော အကျိုးငှာသာလျှင် ဟု ဂဏ္ဍိကျမ်း၌ အနက်သမ္ဗန်ပြသည်၊ ဤကျမ်း၌ ယာဝဒေဝကို ယာဝ ဧဝ-ဟု ပုဒ်ဖြတ်ပြီး ပဋိဃာတာယပုဒ်နှင့် တွဲယှဉ်၍ ယာဝ ပဋိဃာတာယ ဧဝ၊ ပယ်ဖျောက်ရုံငှါသာလျှင်ဟု အနက်သမ္ဗန်ထားပါသည်။

စာမျက်နှာ-[၆၂]

(ည) ယာဝဒေဝ ပုဒ်၏ အဓိပ္ပါယ် ဘယ်လိုမှတ်ရမလဲ?

ယာဝဒေဝပုဒ်ကို ယာဝ, ဧဝ ၂-ပုဒ်ခွဲပြီးလျှင် ယာဝ၏ အဓိပ္ပါယ်။ ဧဝ၏ အဓိပ္ပါယ် ၂-မျိုး ခွဲရပါမည်၊ ယာဝ-ပုဒ်သည် အကျိုး အပိုင်း အခြားကို ပိုင်းခြားသတ်မှတ်ထားတဲ့ သဒ္ဒါပါဘဲ။

ပိုင်းခြားမှတ်သားပုံ ယောဂီသူမြတ်တို့၏ သင်္ကန်းမှီဝဲခြင်း အကျိုးကား စီဝရပစ္စဝေက္ခဏာ လေးပါးလာသည့်အတိုင်း အအေးပယ်ဖျောက် ရတဲ့အကျိုး၊ အပူပယ်ဖျောက်တဲ့အကျိုး၊ မှက်, ခြင် စသည်တို့ အတွေ့ကို ပယ်ဖျောက်ရတဲ့အကျိုး၊ အင်္ဂါကြီးငယ် ဖုံးလွှမ်းရတဲ့ အကျိုးပဲရှိတယ်။ ထိုမှတပါးမရှိနိုင်ဘူးဟု ယာဝ-သဒ္ဒါက ပိုင်းခြားမှတ်ပြတယ်၊ ဧဝပုဒ်က သင်္ကန်းကိုမှီဝဲတာ မြူးထူးပျော်ပါးကစားရအောင် တင့်တယ်လှပအောင် စတဲ့ မသင့်တင့်သောအားဖြင့် မှီဝဲမှုတို့ကို တားမြစ် ပိတ်ပင်တဲ့ သဒ္ဒါဖြစ်တယ်။

တတ္ထ အဝဓာရဏေန လီဠာ ဝိဘူသာ ဝိလမ္ဗဏာ နဋမ္ပရာဒိဝသေန ဝတ္ထပရိဘောဂံ နိသေဓေတိ၊ တေနာဟ န ဣတော ဘယျောတိ။ (မဟာဋီကာ)၊

(ဋ) ဝေသဒ္ဒါ၏ အကျိုးအားဖြင့် ပစ္စဝေက္ခဏာ ဆင်ခြင်နိုင်သလား?

ဆင်ခြင် နိုင်ပါတယ်။

ဆင်ခြင်ပုံ လှပတင့်တယ်အောင် သင်္ကန်းကို ဝတ်ရုံသည်မဟုတ်ပါ။ မြူးထူးပျော်ပါး တဏှာပွားအောင် သင်္ကန်းကို ဝတ်ရုံသည်မဟုတ်ပါ စသည်ဖြင့် ဆင်ခြင်နိုင်ပါသည်။

(ဌ) ယာဝ ဒေဝ သဒ္ဒါနှစ်ခု ဘယ်လိုထူးသလဲ?

ရှေ့ ယာဝဒေဝ-က မမြဲတဲ့ အနိယတအကျိုးကို ပိုင်းခြား၏။ ၁-၂-၃ နံပါတ်အင်္ဂါတို့၏ မမြဲတဲ့အကျိုးကို ပိုင်းခြားတယ်ဟု ဆိုလိုတယ်၊ နောက် ယာဝ ဒေဝ-က ဟိရီ ကောပိန ပဋိစ္ဆာဒနတ္ထံ အင်္ဂါလာ မြဲတဲ့နိယတ အကျိုးကို ပိုင်းခြား၏၊ ဤကား အထူး။

မမြဲကျိုးကို၊ ပိုင်းခြားဆို၊ မှတ်လို ရှေယာဝ။ မြဲသည့် ကျိုးကို၊ ပိုင်းခြားဆို၊ ထပ်မိုနောက် ယာဝ။

စာမျက်နှာ-[၆၃]

အမှာ ကျောင်း ပစ္စဝေက္ခဏာ၌ ပါသော ယာဝဒေဝတို့၏ အဓိပ္ပါယ်ကိုလဲ ဤနည်းမှီ၍ သိတတ်ပါစေ။

(ဍ) သီတဿ-ပုဒ်အရ အအေးဆိုတာ ဘယ်လိုအအေးမျိုးလဲ ?

ခန္ဓာကိုယ် အတွင်းသန္တာန်၌ ဓာတ်ချောက်ချား၍ ဖြစ်ပေါ်လာတဲ့ အတွင်းအအေးနှင့် ပြင်ပ၌ ဥတုဖောက်ပြန်၍ ဖြစ်ပေါ်လာတဲ့ အပ အအေးတို့ကို သီတအရ ယူပါ၊ ဝါ-သဒ္ဒါဖြင့် ဆောင်းဥတု စသည်တို့၌ နှင်းကျ၍ အေးခြင်း စသည်တို့ကိုလဲ သီတအရ ယူပါဦး။

ဝါသဒ္ဒေန ဟေမန္တာဒီသု ဟိမာဝါတာဒိဝသေန ပဝတ္တဿ သင်္ဂဟော။ (မဟာဋီကာ)

တွင်း ပြင် နှစ် ရပ်၊ ဖောက် ပြန်လတ်၊ အေးဓာတ် သီတ ယူ။ နှင်းကျ မိုးရွာ၊ အေးများစွာ၊ ထည့်ကာ သီတ ယူ။

(ဎ) ဥဏှဿ -အရ အပူဆိုတာ ဘယ်အပူ ယူရမလဲ ?

မီးပူကို ယူပါ။ ဥဏှဿာတိ အဂ္ဂိသန္တာပဿ။ (ဝိသုဒ္ဓိမဂ်)

(ဏ) ဥဏှဿ-အရ နေပူကို မယူနိုင်ဘူးလား?

တတိယအင်္ဂါ၌ပါတဲ့ အာတပသဒ္ဒါဖြင့် နေပူယူထား၍ ဥဏှဿ-အရ နေပူ မယူပဲ မီးပူကိုသာ ယူပါသည်။

အာတပေါတိ သူရိယာတပေါ။ (ဝိသုဒ္ဓိမဂ်)

အာတပမူ၊ နေ ပူယူ။ မီးပူ ဥဏှထား။ (အထူး)

(တ) ဍံသ, မကသ, ဝါတာတပ, သရီသပ္ပ သမ္ဖဿာနံ၌ အသီးသီးပုဒ်တို့၏ အနက်အား ဘယ်လိုပါလဲ ?

ဍံသ, မှက်၊ မကသ, ခြင်၊ အချို့မှက်ဟု သမ္ဗန်ကြသေးသည်၊ မကသ, ကုဋီခြင်ထောင်ဟော ပုဒ်ကိုထောက်လျှင် ခြင် ပေးသင့်၏။ မကသ ဟု ပြန်သော ပါဠိလည်း ရှိ၏၊ ဝါတ, လေ။ မြူရှိသော သရဇ-လေ, မြူမရှိတဲ့ အရဇ-လေ စသည်ကို ဝါတအရယူ၊ အာတပ, နေပူ။ သရီသပ္ပ၊ မြွေ, ကင်း

စာမျက်နှာ-[၆၄]

သန်း ဟု အနက်ပြန်ကြ၏။ မြွေ, ကင်းခြေများ, ပင့်ကူ, တက်တူ, ကင်းမြီးကောက်, ပေါက်ဖက်စသည်ကိုကို သရီသပ္ပ-အရယူ။ သမ္ဖဿာနံ၊ အတွေ့တို့၏ဟု အနက်သမ္ဗန်ကြ၏၊ ထိုအတွေ့သည် ဒဋ္ဌသမ္မဿ၊ ကိုက်ခဲ ခြင်းအတွေ့။ ဖုဋ္ဌသမ္ဖဿ၊ ထိပါးခြင်း အတွေ့ဟု ၂-မျိုးယူပါ ။ ဖုဋ္ဌသမ္မဿ၊ ထိပါးခြင်းအတွေ့ ဆိုသော်လဲ ခံသာတဲ့အတွေ့ မဟုတ်၊ ပေါက်ဖတ်ကောင်များ ထိမိသောအခါ အဆိပ်တက်သလို ဆင်းရဲတဲ့ အဆိပ်အတွေ့ကို ယူဟု မဟာဋီကာ ဆိုသည်။

(ထ) ဟိရီ-ကောပိန ပ္ပဋိစ္ဆာဒနတ္ထံ၌ အသီးသီး ခွဲခြားသော အနက်ကား ဘယ်လိုလဲ ?

ဟိရီ= အရှက်ကို+ ကောပိန=ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကို+ ပ္ပဋိစ္ဆာဒနတ္ထံ၊ ဖုံးလွှမ်းခြင်း အကျိုးငှါဟု အနက်သမ္ဗန်ပါ၊ ၎င်း အင်္ဂါ အဓိပ္ပါယ် ရှင်းခဲ့ပြီ။

သင်္ကန်းပစ္စဝေက္ခဏာ အဓိပ္ပါယ် ပြီး၏။

ပိဏ္ဍပါတပစ္စဝေက္ခဏာ၌ မှတ်သားဖွယ်

(က) ဆွမ်းပစ္စဝေက္ခဏာ၌ အင်္ဂါအစိတ်အပိုင်းတို့ကား ဘယ်လောက်ရှိသလဲ ?

ပယ်အင်္ဂါ ၄-ပါး၊ ယူရသောအင်္ဂါဂ-ပါး၊ ဘောဇနာနိသံသ ၁-ပါး၊ ပေါင်း အစိတ် ၁၃-ပါး ရှိ၏။

(ခ) ပယ်အင်္ဂါလေးပါးကား ဘယ်ဟာလဲ?

၁ ။ နေဝ ဒဝါယ။
၂။ န မဒါယ။
၃။ န မဏ္ဍနာယ။
၄။ န ဝိဘူသနာယ၊ ပေါင်း ၄-ပါး။

အမှာ ၎င်းကို ဗျတိရေကအင်္ဂါ ၄-ပါးဟုလည်းကောင်း၊ ပဋိက္ခေပ အင်္ဂါဟုလည်းကောင်း ခေါ်သေးသည်။

စာမျက်နှာ-[၆၅]

(ဂ) ပယ်အင်္ဂါလေးပါးကို ပါဠိမဘက် မြန်မာသက်သက်ဖြင့် ဉာဏ်ထွက်အောင် အစဉ်အတိုင်း ပစ္စဝေက္ခဏာ ဘယ်လို ဆင်ခြင်ရမလဲ?

မဆင်ခြင်မီ သတိပြုဖို့ လောက၌ ဉာဏ်သေးတဲ့ ကလေးသူငယ်တို့ဟာ မြူးထူးပျော်ပါး ကစားရအောင် အစားအစာတို့ကို စားလေ့ ရှိကြ၏။ လက်ဝှေ့သမားတို့ဟာ အားအင်ဗလ မာန်ယစ်ကြဖို့ အစာတို့ကို စားလေ့ရှိ၏၊ အင်္ဂါကြီးငယ် ပြည့်ဖြိုးလေအောင် မိန်းမရွှင် မတို့ဟာ အစာကို စားလေ့ရှိကြ၏။ ပွဲက, သမားတို့ဟာ ကိုယ်ရေ အဆင်း လှပအောင် အစားအစာစားကြသည်၊ ထိုသူတို့ စားသုံးပုံကား ဉာဏ်မပါပဲ တဏှာဂေဓတို့ဖြင့် စားသုံး၍ သင့်တော်သော စားသုံးခြင်းမျိုး, အပြစ် လွတ်သောစားသုံးခြင်းမျိုး မဟုတ်သည်ကို သတိပြုထားပါ။

ပိဏ္ဍပါတပစ္စဝေက္ခဏာ၌ ပယ်အင်္ဂါလေးပါးဖြင့် ဉာဏ်သွင်းဆင်ခြင်ပုံ

၁။ ငါသည် ရွာသူ သားငယ်တိုကဲ့သို့ မြူးထူးပျော်ပါး ကစားခြင်းငှါ ဆွမ်းအစရှိသော အာဟာရကို မှီဝဲသည်မဟုတ်ပါ။
၂။ ငါသည် လက်ဝှေ့ လက်ပမ်းသည် စသည်တို့ကဲ့သို့ အားဟူသော မာန်ယစ်ခြင်း ဆွမ်း အစရှိသော အာဟာရကို မှီဝဲသည် မဟုတ်ပါ။
၃။ ငါသည် နန်းတွင်းသူ ပြည့်တန်ဆာမတိုကဲ့သို့ အင်္ဂါကြီးငယ် ပြည့်ဖြိုးခြင်းငှါ ဆွမ်းအစရှိသော အာဟာရကို မှီဝဲသည် မဟုတ်ပါ
၄။ ငါသည် ကျွမ်းသမား ကချေသည်တို့ကဲ့သို့ အရေအဆင်း လှပတင့်တယ်ခြင်းငှါ ဆွမ်းအစရှိသော အာဟာရကို မှီဝဲသည် မဟုတ်ပါ။

မှတ်ချက် လက်ဝှေ့ထိုးသူကို လက်ဝှေ့သမား၊ နပန်းသတ်သူကို လက်ပမ်းသည်ဟု မှတ်၊ နန်းတော်တွင်းနေ မိဖုရား ကိုယ်လုပ် မောင်းမ အပျိုတော်တို့ကို နန်းတွင်းသူ ဟု မှတ်၊ မိန်းမရွှင် မကို ပြည့်တန်ဆာ ဆိုသည်။ ဘားကစားတဲ့သူကို ကျွမ်း သမား၊ ပွဲကသူကို ကချေသည်ဟု မှတ်။

စာမျက်နှာ-[၆၆]

(ဃ) ပိဏ္ဍပါတ ပစ္စဝေက္ခဏာ၌ ယူရတဲ့အင်္ဂါ ၈-ပါးကား ဘယ်ဟာလဲ?

၁။ ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ။
၂။ ယာပနာယ၊
၃။ ဝိဟိံ သူပရတိယာ။
၄။ ဗြဟ္မစရိယာနုဂ္ဂဟာယ။
၅။ ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ။
၆။ နဝဉ္စ ဝေဒနံ န ဥပ္ပဒေဿာမိ။
၇။ ယတြာ စ မေ ဘဝိဿတိ။
၈။ အနဝဇ္ဇတာ စ၊ ပေါင်း အင်္ဂါ ၈-ပါး။

အမှာ ၎င်းကို အနွယအင်္ဂါဟုလည်း ဆိုသေးသည်၊ ဖာသုဝိဟာရောကား ဘောဇနာနိသံသ မည်၏။

(င) ထိုယူရတဲ့ ပိဏ္ဍပါတ ပစ္စဝေက္ခဏာ အင်္ဂါ ၈-မျိုးနှင့် ဘောဇနာနိသံသ ၁-ပါးတို့ကို ပါဠိမဘက်ဘဲ မြန်မာသက်သက်ဖြင့် ဉာဏ်ထွက်အောင် ဘယ်လိုဆင်ခြင်မလဲ?

မဆင်ခြင်မီ ဆွမ်း၏အကျိုးကို လေ့လာစမ်းပါဦး၊ ဆွမ်းမစားရလျှင် ဤကိုယ်ကြီး တည်နိုင်ပါ့မလား၊ ကိုယ်ကိုစောင့်ရှောက်တဲ့ ဇီဝိတိန္ဒြေကလဲ မျှတအောင် စောင့်နိုင်တော့မှာ မဟုတ်၊ မွတ်သိပ်ဆာလောင် လွန်း၍ ပင်ပန်းကုန်တော့မယ်၊ သာသနကိုလဲ ချီးမြောက်နိုင်တော့မှာ မဟုတ်၊ ဝေဒနာဟောင်း ဝေ ဒနာသစ်တို့ကလဲ ထကြွ သောင်းကျန်းလာပါရော၊ လျောင်း ထိုင် ရပ် သွား ဣရိယာပုထ် ၄-ပါးလဲ အဆင် မပြေတော့၊ အပြစ်ကင်းတဲ့ ခံယူ စားသုံးမှုတို့လဲ မရှိ၊ ချမ်းချမ်းသာသာ နေနိုင်ဖိုဝေးစွ၊ ဆိုခဲ့တဲ့ အပြစ်တို့မှာ ဆွမ်းစားလိုက်ရလျှင် ဤကိုယ်ခန္ဓာ တည်နိုင်ခြင်းကအစ ချမ်းသာအေင် နေနိုင်ဖို့ အကျိုးများဟာ ဖြစ် ထွန်းလာပုံကို ဉာဏ်သွင်း လေ့လာပါဦး။

စာမျက်နှာ-[၆၇]

ဆွမ်းပစ္စဝေက္ခဏာ၌ ယူရတဲ့အင်္ဂါတို့ဖြင့် ဉာဏ်သွင်း ဆင်ခြင်ပုံ

အမှာ ပိဏ္ဍပါတ ပစ္စဝေက္ခဏာအင်္ဂါတို့ကို တပါး တပါးစီ အဋ္ဌကထာ သွားဖြင့် ဥပမာသွင်း၍ ရေးသားပေအံ့။

၁။ ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ မဟာဘုတ်လေးပါး မှီတဲ့ ဤရူပကာယကြီး၏ အစဉ်မပြတ် တည်ပတ်နိုင်ရုံ အကျိုးငှါသာလျှင် ဆွမ်းကို ငါ မှီဝဲပါ၏။ (ဥပမာ အိမ်အိုကြီး မပြိုကျအောင် ထောက်ဖြင့် ကျားကန် ထောက်မ ရသလို ဤ ရုပ်ကောင်ကြီး မပျက်မစီးရအောင် ကျားထောက်နဲ့ တူတဲ့ ဆွမ်းကို စား၍ ဆောက်ပေးရပုံကို ဉာဏ်သွင်း ဆင်ခြင်ပါ။)

၂။ ယာပနာယ ဤရူပကာယ၏ မပြတ်ဆက်တည် အသက်ရှည်၍ မျှတနေရုံ အကျိုးငှါသာလျှင် ဆွမ်းကို မှီဝဲပါ၏။ (ဥပမာ လှည်း မနာမကျင်ပဲ ဘီးအလိမ့်ကောင်း၍ ကြာရှည်ခံအောင် ဝင်ရိုး၌ လှည်းငါးဆီ သုတ်လိမ်း ထိုးပေးရသလို လှည်းတည်းဟူသော ရုပ်ကောင်ကြီးကို စောင့် ထိန်းနေတဲ့ ဇီဝိတိန္ဒြေ အသက်ဝင်ရိုး၏ မပြတ်အရှည်တိုးကာ မျှတနေဖို့ အကျိုးငှါ လှည်းငါးဆီ တည်းဟူသော ဆွမ်းကို စားသောအားဖြင့် ထိုးပေးပုံကို ဉာဏ်သွင်းပါ။)

အမှာ ဤ ၁-၂ အင်္ဂါတို့ တူသယောင်ယောင် ထင်တတ်သည်။

၁-အင်္ဂါကား ရူပကာယကြီး ပြိုမကျအောင် တည်တံ့ ဖို့ရန်။
၂-အင်္ဂါကား ရူပကာယကြီးအား စောင့်နေတဲ့ ဇီဝိတိန္ဒြေ အသက် အရှည်ဆက်လျက် မျှတဖို့ရန် ဆင်ခြင်၏၊ ဤကား အထူး။
၃။ ဝိဟိံ သူပရတိယာ မွတ်သိပ်ဆာလောင်ခြင်းတည်းဟူသော ပင်ပန်းခြင်း ငြိမ်းရုံငှါသာလျှင် ဆွမ်းကို ငါ မှီဝဲ၏ဟု ဆင်ခြင်။ (ဥပမာ အိုင်း အနာ၌ ကျင်နာကိုက်ခဲမှု ပျောက်အောင် လိမ်းဆေး လိမ်းရသကဲ့သို့ လည်းကောင်း၊ အပူအအေးစသည်တို့ နှိပ်စက်သောအခါ ရေချိုးခြင်း

စာမျက်နှာ-[၆၈]

မီးလှုံခြင်း စသည်တို့ဖြင့် တားဆီး ကွယ်ကာသကဲ့သို့ လည်းကောင်း ပင်ပန်းဆာလောင်မွတ်သိပ်သောရောဂါကို ငြိမ်းအေး ကာကွယ်နိုင်သည့် ဆွမ်းစားမှုကို ပြုရလေသည်။)

၄။ ဗြဟ္မစရိယာနုဂ္ဂဟာယ အလုံးစုံ သာသနာ့ ဗြဟ္မစရိယ မဂ္ဂဗြဟ္မ စရိယ ၂-ပါးကို ချီးမြှောက်နိုင်ရန် အကျိုး ဆွမ်းကို ငါ မှီဝဲ၏ဟု ဆင်ခြင် (ဥပမာ အခက်ကြုံတဲ့ခရီးခဲမှ ထွက်မြောက်လိုသော ဇနီးမောင်နှံ တို့က ချစ်လှတဲ့ မိမိတို့ရဲ့ သားကလေး၏ အသားကို စားရသကဲ့သို့ လည်းကောင်း၊ မြစ် သမုဒ္ဒရာမှ ထွက်မြောက်လိုသော သူတို့သည် ဖောင်, လှေ, သင်္ဘောကို မှီကုန်သကဲ့သို့ လည်းကောင်း သံသရာတည်းဟူသော ကန္တာရခရီးခဲတို့မှ ထွက်မြောက်လိုသောသူမြတ်သည် ဆွမ်းကို ဘုဉ်းပေး ပါမှ ကိုယ်အား ရှိလာမည်၊ ကိုယ်အား ရှိလာတော့မှ သီလ, သမာဓိ, ပညာဆိုတဲ့ ဗြဟ္မစရိယ အမြတ်တရားကို ဗုဒ္ဓအလိုတော်ကျ မိမိသန္တာန်မှာ ပြည့်စုံအောင် ကျင့်ကြံနိုင်ပေမည်။ ထိုသို့ သံသရာမှ ထွက်မြောက်ဖို့ သီလ, သမာဓိ, ပညာတို့ကို ကျင့်ကြံအားထုတ်နိုင်ရန် ဆွမ်းကို စားခြင်းသည် သာသနာချီးမြှောက်ခြင်းအကျိုးငှါ ဆွမ်းကို စားသည် မည်၏။)

အယဉှိ ပိဏ္ဍပါတ ပဋိသေဝနပစ္စယာ ကာယဗလံ နိဿာယ သိက္ခတ္တယာနုယောဂဝသေန ဘဝကန္တာရနိတ္ထရဏတ္ထံ ပဋိပဇ္ဇန္တော ဗြဟ္မစရိယာနုဂ္ဂဟာယ ပဋိသေဝတိ။ (ဝိသုဒ္ဓိမဂ်-ထာ)

ဇနီးမောင်နှံ ဝတ္ထု

သားငယ်ကိုချီလျက် ဇနီးမောင်နှံတို့ဟာ ယူဇနာ တရာရှိတဲ့ ခရီးခဲသို့ သွားကြရာ ယူဇနာငါးဆယ်ကျလျှင် အနည်းငယ်ယူခဲ့တဲ့ စရိတ်ပြတ်သဖြင့် ဆာလောင်မွတ်သိပ်ခြင်း ပြင်းပြစွာနှိပ်စက်၍ အရွက်နည်းလျက် ကျဲသော သစ်ပင်အောက်၌ ထိုင်ကြရ၏၊ ထိုအခါ လင်က ရှင်မ, နောက်ယူဇနာငါး ဆယ်အတွင်း ရွာနိဂုံးမရှိ အလုပ်အကိုင် မလုပ်နိုင်၊ ငါ့ကို သတ်၍ တဝက် စား တငက်ရိက္ခာလုပ်ပြီး သားအမိနှစ်ယောက် ခရီးခဲလွန်မြောက်ကြဟု ဆို၏၊ မယားကလည်း ထို အတူဆို၏။ ထိုအခါ လင်က သူငယ်ကားအမိရှိမှ အသက်ရှင်နိုင်သည်။ သင့်ကိုသတ်က ၂-ဦးသေလိမ့်မည်၊ ထို့ကြောင့် ငါတို့ နှစ်ယောက် အသက်ရှင်လျှင် နောင်ခါသားကို ရနိုင်ရာ၏။ သားကိုသတ်၍

စာမျက်နှာ-[၆၉]

ရိက္ခာလုပ်ပြီး ခရီးခဲလွန်အံ့ဟု တိုင်ပင်လျှင် သဘောညီလျက် မသတ်ရက်နိုင်ဖြစ်နေပုံမှာ ငါ့ သား နင့်အဖေထံ သွားဟု မယားကလွှတ်၍ ဖခင်ထံ သွားလဲ အဖကမသတ်နိုင်၊ အမိထံ လွှတ်လဲ မသတ်နိုင်၊ ဤသို့လွှတ်ခြင်းဖြင့် ကလေးသူငယ်မှာ မိဘနှစ်ဦးကြား လဲ၍ သေလေလျှင် ဇနီးမောင်နှံတို့ သည်းစွာငိုကြွေး၍ ထိုသားကလေးအသားကိုစားလျက်ယူဇနာငါးဆယ် ခရီးခဲ လွန်မြောက်ကြကုန်သတည်း။

ဥပမာ ဥပမေယျ စပ်ပြခန်း

ဤဝတ္ထုလာ ဇနီးမောင်နှံတို့သည် သား၏အသား၌ မက်မောမှု တွေဝေမှု မရှိကြကုန်ပဲ သား၏ အသားနှင့်ကင်း၍ ခရီးခဲ မလွန်မြောက် နိုင်လို့သာ အနိုင်နိုင် မတတ်သာ တတ်သာ ခရီးခဲလွန်မြောက်ခြင်းအကျိုး ပြီးခြင်းကိုသာ ဆင်ခြင်၍ သား၏ အသားကိုစားရသကဲ့သို့ သံသရာခရီးခဲ လွန်မြောက်လိုသော သူမြတ်သည် ဆွမ်းနှင့်ကင်း၍မပြီးနိုင်သောကြောင့် ဆွမ်း၌ နှစ်သက် မက်မောခြင်း တွေဝေခြင်း မရှိပါပဲ သံသရာခရီးခဲ လွန်မြောက်ခြင်း အကျိုးပြီးခြင်းကိုသာ ဆင်ခြင်၍ ဆွမ်းကို မှီဝဲရလေသည်၊ ဖောင်, လှေစီး၍ ကူးသူတိုလဲမြစ်သမုဒ္ဒရာမှ ကူးမြောက်ခြင်းကိုသာ အဓိကထား၍ စီးရသလို သံသရာမှ ကူးမြောက်ခြင်းကိုသာ အဓိကထား၍ ရဟန်း, သာမဏေတို့ ဆွမ်းစားကြလေသည်။ ဤကား ဥပမာ ဥပမေယျ စပ်ပုံ။

(က) ဘယ်တရားကို သာသနဗြဟ္မစရိယနှင့် မဂ္ဂဗြဟ္မစရိယဟု ဆိုရပါသလဲ?

သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ်ဖြင့် ရေတွက်အပ်သော ဘုရား အဆုံးအမတော်ဟူသမျှသည် သာသနဗြဟ္မစရိယ မည်၏။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဤအရိယမဂ္ဂင်တရား ၈-ပါးကို မဂ္ဂဗြဟ္မစရိယ ဟု မှတ်။

သိက္ခာသုံးရပ်၊ အကျင့်မြတ်၊ ခေါ်မှတ်သာသနာ။
မဂ္ဂင်ရှစ်ရပ်၊ တရားမြတ်၊ သိမှတ် မဂ္ဂသာ။ (ဗြဟ္မစရိယ ၂-မျိုး)

စာမျက်နှာ-[၇၀]

(ခ) ထိုဗြဟ္မစရိယနှစ်ပါးကို ချီးမြှောက်ဆိုတာ ဘယ်လိုလုပ်တာလဲ?

ထိုအကျင့်မြတ် နှစ်ပါးကို မိမိသန္တာန်၌ ပြည့်စုံလာအောင် ကျင့်ကြံ အားထုတ်မှုကို ချီးမြှောက်တယ်လို့ ဆိုပါတယ်၊ သူတထူးသန္တန်၌ ထိုအကျင့်မြတ် တရားနှစ်ပါးဖြစ်အောင် လုပ်တာလဲ ချီးမြှောက်သည်၌ပင် ထည့်သွင်းသင့်ပါတယ်၊ သို့သော် မိမိသန္တာန်ပြည့်စုံမှုက ပဓာန ဖြစ်တယ်။

အနုဂ္ဂဟဏတ္ထန္တိ အနုဂဏှနတ္ထံ သမ္ပါဒနတ္ထံ။ (မဟာဋီကာ)

(ဂ) မိမိသန္တာန်ပြည့်စုံအောင် ကျင့်ကြံတာကို ချီးမြှောက်တယ် (ချီးမြှင့်တယ်) ဆိုနိုင်သလား?

ဆိုနိုင်ပါတယ်၊ ဗုဒ္ဓအလိုတော်က သံသရာခရီးခဲမှ ထွက်မြောက်လိုသော သူသည် ထိုဗြဟ္မစရိယ နှစ်ပါးပြည့်စုံအောင် ကျင့်ကြံအားထုတ်စေတယ်။ ဒါကြောင့် ဗုဒ္ဓအလိုတော်ကျ သံသရာခရီးခဲမှ ထွက်မြောက်လိုသဖြင့် ထိုဗြဟ္မစရိယနှစ်ပါးပြည့်စုံအောင်ကျင့်ကြံခြင်းသည် ဗြဟ္မစရိယနှစ်ပါးကို ချီးမြှောက်သည်၊ ချီးမြှင့်သည်ဟု ဆိုရပါသည်၊ သို့ကလို ချီးမြှင့်ချီးမြှောက် နိုင်ရအောင် ဉာဏ်သွင်း၍ ဆွမ်းစားခြင်းသည် ဗြဟ္မစရိယာနုဂ္ဂဟာယ ဟူသော ၄-နံပါတ် ပစ္စဝေက္ခဏာအင်္ဂါဖြင့် ဆင်ခြင်စားသုံးသည် မည်ပါတော့၏။

၅။ ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ ဤဆွမ်းကို စားလိုက်ခြင်းဖြင့် အဟောင်းဖြစ်သော ဆင်းရဲဝေဒနာကိုလဲ ပယ်ဖျောက်နိုင်ပေလတံ့ဟု နှလုံးပြုကာ ဆွမ်းကို ငါ မှီဝဲပါသတည်းဟု ဆင်ခြင်။

(က) ဘယ်ဝေဒနာကို အဟောင်းဖြစ်သော ဆင်းရဲဝေဒနာခေါ်သလဲ?

ဆွမ်းမစားရလို့ မွတ်သိပ်ဆာလောင်တဲ့ဝေဒနာကို အဟောင်းဝေဒနာ ခေါ်ပါတယ်၊ ရောဂါဝေဒနာထဲမှာ မွတ်သိပ်ဆာလောင်တဲ့ ဆာနာရောဂါဝေဒနာဟာ အကြီးဆုံးဟု ဘုရားက (ဇိဃစ္ဆာ ပရမာ ရောဂါ) ဟုဟောတော်မူပါတယ်၊ ဒီဆာနာရောဂါဟာ အာဟာရကို မှီဝဲစကတဲက ဖြစ်ပေါ်လာလို့ အဟောင်းဖြစ်တဲ့ ဆင်းရဲဝေဒနာလို့ ဆိုရပါတယ်။

စာမျက်နှာ-[၇၁]

(ခ) ဆွမ်းက ထိုဆာနာရောဂါ ဝေဒနာဟောင်းကို ဘယ်လို ဖျောက်နိုင်သလဲ?

ဆွမ်းစားလိုက်ရလျှင် ထိုဆာလောင်မွတ်သိပ်ခြင်း ဝေဒနာဟောင်း ပျောက်သွားပါတယ်၊ အဲဒါကို ပယ်ဖျောက်သည်ဟု ဆိုပါတယ်။

အမှာ နောက်အင်္ဂါနှင့် တွဲပြီးမှ ဥပမာပြမည်။

၆။ နဝဉ္စ ဝေဒနံ န ဥပ္ပဒေဿာမိ ဤဆွမ်းကို စားလိုက်သဖြင့် အသစ်ဖြစ်သော ဆင်းရဲဝေဒနာကိုလည်း မဖြစ်စေအံ့ဟု နှလုံးပြုကာ ဆွမ်းကို မှီဝဲပါသတည်းဟု ဆင်ခြင်။

(က) ဘယ်ဝေဒနာကို အသစ်ဖြစ်သော ဆင်းရဲဝေဒနာဟု ဆိုရပါသလဲ?

လွန်မင်းစွာ စားမှုကြောင့် ဖြစ်လာသော ဝမ်းသွားခြင်း, အော့အန်ခြင်း, မူးဝေခြင်း စသော ဝေဒနာတို့သည် အသစ်ဖြစ်သော ဆင်းရဲ ဝေဒနာဟု ခေါ်ပါသည်။

မွတ်သိပ်လွန်ဆာ၊ ဆင်းရဲဟာ၊ ဝေဒနာ အဟောင်းမှတ်။ စားကြူး၍သာ၊ အော့အန်တာ၊ ဝေဒနာ အသစ်မှတ်။

(ခ) ဇူဇကာပုဏ္ဏားတို့လို အစားကြူး၍ ဝေဒနာအသစ် ခံရသူများ ရှိသေးသလား?

(အစားလွန်၍ အသစ်ဝေဒနာ ခံစားရသော ပုဏ္ဏား ၅-ယောက်)

၁။ အလွန်စား၍ မိမိဘာသာ မထနိုင်သဖြင့် လက်ကိုဆွဲပါဦး ဆိုရလောက်အောင် စားတဲ့ အာဟာရ ဟတ္ထကပုဏ္ဏား။
၂။ ဗိုက်စူနံကား စားခြင်းကြောင့် ပုဆိုးမြဲစွာ မဝတ် နိုင်အောင် စားတဲ့ အလံသာဋက ပုဏ္ဏား။
၃။ စားရာအရပ်၌ မထနိုင်ပဲ အိပ်ခါ လူးလည်းလျက် နေရအောင် စားတဲ့ တတြဝဋ္ဋက ပုဏ္ဏား။

စာမျက်နှာ-[၇၂]

၄ ။ ခံတွင်းက စားထားတဲ့ ထမင်း ကျိုးနှိုက် မှီအောင် စားတဲ့ ကာကမာသက ပုဏ္ဏား။
၅။ စားပြီးသည်နှင့် တပြိုင်နက် နေရာမှာ အန်လောက်အောင် စားတဲ့ ဘုတ္တဝမိတက ပုဏ္ဏား။

၁။ လက်ကိုဆွဲယူ၊ ထူပါဟူ၊ ပြောသူ ဟတ္ထက။
၂။ ဗိုက်စူ လွန်ကဲ၊ ပုဆိုးဆွဲ၊ မမြဲ သာဋက။
၃။ စားရာရပ်မှာ၊ လူလည်းခါ၊ အိပ်ရှာ ဝဋ္ဋက။
၄။ ခံတွင်းဝဆီ၊ ကျီးနှိုက်မှီ၊ စားသည် မာသက။
၅။ စားပြီးခဲ့ရာ၊ နေရာမှာ၊ အန်ရှာ ဝမိတ။

ဤ “နဝဉ္စ ဝေဒနံ န ဥပ္ပဒေဿာမိ” ဟူသော ပစ္စဝေက္ခဏာ အင်္ဂါဖြင့် ဤပုဏ္ဏား ငါးဦးတို့လို အသစ်ဝေဒနာ မဖြစ်အောင် နှလုံး ပြု၍ ဆွမ်းကို မှီဝဲ၏ဟု ဆင်ခြင်ဉာဏ်သွင်းစေသည်။

(ဂ) အဟောင်းဝေဒနာကို ပယ်ဖျောက်ရေးနှင့် အသစ်ဖြစ်တဲ့ ဆင်းရဲငဝဒနာ ဖြစ်စေသောအရာ ဥပမာဘယ်လိုလဲ?

ရောဂါသည် လူမမာဟာ ရောဂါဝေဒနာ ပျောက်ကင်းရန် ဆေးကို မှီဝဲရသလို ဟောင်းသစ်ဖြစ်တဲ့ ဆင်းရဲဝေဒနာ ပျောက်ကင်းရန် ဆွမ်းကို မှီဝဲရသည်။

၇။ ယာတြာစ မေ ဘဝိဿတိ ဤဆွမ်းကို စားသဖြင့်အား ဤကိုယ်ကောင် မျှတခြင်းလဲ ဖြစ်လတံ့ဟု နှလုံးပြုကာ ဆွမ်းကို မှီဝဲပါ သတည်းဟု ဆင်ခြင်။

(က) ဤအင်္ဂါ၌ မျှတခြင်းဆိုတာ ဘယ်လိုဟာလဲ?

သင့်လျော်သောဆွမ်းကို အတိုင်းအရှည်ဖြင့် ဘုဉ်းပေးရ၍ ဇီဝိတိန္ဒြေ ခေါ် အသက်ကို ဖြတ်တဲ့ဘေးရန် လျောင်း, ထိုင်, ရပ်, သွားလေးပါး ဣရိယာပုထ်ကို ဖျက်ဆီးတတ်တဲ့ ဘေးရန် ၂ - ပါးတို့ မရှိလေသောကြောင့် ကိုယ်ကောင်၏ ရှည်မြင့်စွာ ကာလပတ်လုံး ဖြစ်ပေါ်မှုသည် (ယတြာ)မျှတခြင်းဟု ဆိုပါသည်။
စာမျက်နှာ-[၇၃]

တထာ သတိ စီရကာလပ္ပဝတ္တိသင်္ခါတာ သရီရဿ ယာတြာ ယာပနာ ဘဝိဿတိ။ (မဟာဋီကာ)

(ခ) ရှေ့က ၂-နံပါတ်အင်္ဂါ ယာပနာနှင့် ဤက ယာတြာတို့ မျှတပုံ ဘယ်လို ထူးကြပါသလဲ?

ရှေ့ ယာပနာသည် ဇီဝိတိန္ဒြေခေါ် အသက်၏ မျှတခြင်းတည်း၊ ဤက ယာတြာသည် ဣရိယာပုထ် ၄-ပါးတို့ မပြတ်တည်ခါ မျှတခြင်းတည်း၊ ဤကား အထူး။

ဇီဝိတိန္ဒြေ၊ မျှတနေ၊ မှတ်လေ ယာပနာ။
ဣရိယာပုထ်လေး၊ မပြတ်အေး၊ မျှရေး ယာတြာ။ (မဟာဋီကာ)

(ဂ) ယာတြာ စ အင်္ဂါ၌ ဥပမာ ဘယ်လိုလဲ?

ဆေးသောက်ရလျှင် ပျောက်ကင်းပါလျက် မသောက်လျှင် ပြန် ဖြစ်မြဲဖြစ်တတ်တဲ့ အရာမျိုးကို (ယာပျရောဂါ) ယပ်စောက်နာ ဟုခေါ်သည်၊ ထိုရောဂါစွဲသူသည် တုံးလုံးလဲနေသည် မဟုတ်ပဲ မတ်တတ်နာ သမားတည်း၊ ထိုယာပျရောဂါ ယပ်စောက်နာ ရှိသူသည် ရောဂါ သက်သာ ပျောက်ကင်းဖို့ရန် ဆေးကို အမြဲ မှီဝဲရသလို ဤကိုယ်ကောင် မျှတရေးအတွက် ဆွမ်းကို အမြဲမှီဝဲရလေသည်ဟု ဥပမာမှတ်။

၈။ အနဝဇ္ဇာ စ ဤဆွမ်းကိုစားသဖြင့် ငါ့အား အပြစ်မရှိခြင်းလဲ ဖြစ်လတံ့ဟု နှလုံးပြု၍ ဆွမ်းကို မှီဝဲပါသတည်းဟု ဆင်ခြင်။

(က) အပြစ်မရှိပုံကား ဘယ်လိုလဲ?

အပြစ်မရှိပုံ သိနိုင်ရန် ရှေးဦးစွာ အပြစ်ရှိပုံ ၃ မျိုး မှတ်ထားပါဦး (သာဝဇ္ဇ အပြစ်ရှိခြင်း ၃-ပါး)

၁။ အယုတ္တပရိယေသန= မသင့်တော်သည့် ဗေဒင်, ဆေးကု စသော မအပ်မရာသော အားဖြင့် ရှာမှီးခြင်း။
၂။ အယုတ္တပဋိဂ္ဂဟဏ = အတိုင်းအရှည်မသိပဲ အာပတ်သင့်မှုတို့ဖြင့် ခံယူခြင်း။
၃။ အယုတ္တပရိဘောဂ = ပစ္စဝေက္ခဏ မဆင်ခြင်ပဲ သုံးဆောင်ခြင်း။

စာမျက်နှာ-[၇၄]

အမှာ ၎င်းသုံးပါးကိုပင် အဓမ္မိက ပရိယေသန အဓမ္မိက ပဋိဂ္ဂဟဏ, အဓမ္မေန ပရိဘောဂ-ပေါင်း သာဝဇ္ဇ သုံးပါးဟု အမည်တမျိုးဖြင့် အဋ္ဌသာလိနီဆိုသည်၊ အတူတူ ဆိုခဲ့သော သာဝဇ္ဇ သုံးပါးတို့ကို ကြဉ်၍ တရားသဖြင့်ရှာမှီး တရားသဖြင့် ခံယူပြီး ပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးဆောင်ခြင်းသည် (အနဝဇ္ဇတာ) အပြစ်မရှိ ခြင်းမည်ပါသည်။ အဋ္ဌကထာ၌ အနည်းနည်းဆိုသေး၏၊ ယူအင်္ဂါ ၈-ပါး ပြီးပါပြီ။

အမှာ အနဝဇ္ဇတာကို အင်္ဂါအဖြစ်ယူခြင်းသည် မဟာသီဝမထေရ်၏ အလိုသာတည်း၊ မဟာဋီကာ၌ အနဝဇ္ဇတာနှင့် ဖာသုဝိဟာရ ၂-ပါးကို ဘောဇနာနိသံသ-ဆွမ်းစားခြင်း၌ အကျိုးအာနိသင် ဆိုသည်။

၁။ ဖာသုဝိဟာရော စ ဤဆွမ်းကိုစားသဖြင့် ငါ့အား ချမ်းသာစွာ နေရခြင်းလဲ ဖြစ်လတံ့ဟု နှလုံးပြု၍ ဆွမ်းကို မှီဝဲပါသတည်းဟု ဆင်ခြင်။

(က) ချမ်းသာ နေရခြင်းဆိုတာ ဘယ်လိုဟာလဲ?

သင့်တင့်သော အစာအာဟာရကို အတိုင်းအရှည်အားဖြင့် စားခြင်းကြောင့် (ကာယ-ဗလ) ကိုယ်အား ကောင်းစွာ ဖြစ်ပေါ်လာသဖြင့် ချမ်းသာစွာ နေရသည်ဟု ဆိုလိုသည်။

(ခ) ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိ အရ သင့်သောအကြောင်းအားဖြင့် ပညာဖြင့်ဆင်ခြင်၍ ဆွမ်းကို မှီဝဲပါ၏ ဆိုတာ ဘယ်လိုဆင်ခြင်၍ မှီဝဲတာမျိုးလဲ?

ဤ ရူပကာယ၏ တည်ရုံငှါသာလျှင် ဆွမ်းကိုမှီဝဲပါသည် စသည်ဖြင့် ပြဆိုခဲ့ပြီးသော ဆင်ခြင်ပုံများနှင့် မှီဝဲတာမျိုးကို ဆိုလိုပါတယ်။

စာမျက်နှာ-[၇၅]

အဋ္ဌင်္ဂသမ္ပန္နာဂတံ အာဟာရံ အာဟာရေန္တော ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝတိ နာမ။ (မဟာဋီကာ)

(ဂ) ပိဏ္ဍပါတံ အရ ဆွမ်းဆိုတာ ဘယ်ဝတ္ထုကို ယူရမလဲ?

ခဲဖွယ် ဘောဇဉ် စသော အလုံးစုံမျိုအပ်သော အာဟာရမျိုးကို ယူပါ။

ပိဏ္ဍပါတန္တိ ယံကိဉ္စိ အာဟာရံ။ (ဝိသုဒ္ဓိမဂ်-ထာ)

(ဃ) န မဒါယ အင်္ဂါ၌ မဒ-ဘယ်နှစ်မျိုး ရှိသလဲ?

(၁) ဗလ-မဒ၊ (၂) ပုရိသ-မ ဟူ၍ မဒ-နှစ်မျိုး ထာ-၌ ဆို၏။

အမှာ ယာဝဒေ သဒ္ဒါ၏ အဓိပ္ပါယ် သင်္ကန်းပစ္စဝေက္ခဏာ လာတိုင်း မှတ်ပါ။ ယာဝဒေဝတိ ဝုတ္တတ္ထမေဝ။ (ဝိသုဒ္ဓိမဂ်-ထာ)

(င) ဆွမ်းပစ္စဝေက္ခဏာကို အတိုနည်းနှင့် ဘယ်လို ဆင်ခြင်သင့်သလဲ?

ဆိုခဲ့သော ပစ္စဝေက္ခဏာ ဆင်ခြင်ပုံ ၁၃-မျိုးအနက် ဉာဏ်သက်ရာ စကားတို့ သုံး၍ ဆင်ခြင်သင့်သည်၊ ဥမာ ဆွမ်းအလွန်ဆာခိုက် စားရလျှင် ပင်ပန်းဆာလောင် ပျောက်အောင် ဤဆွမ်း စားပါ၏၊ ဆွမ်း မဆာဘဲ စားရလျှင် ဤရူပကာယ တည်အောင် စားပါ၏၊ မျှတအောင် စားပါ၏၊ အဆင်းလှပအောင် မစားပါဟု ဆင်ခြင်။

အမှာ ဤနည်းဖြင့် ဆရာတို့က အတိုဆင်ခြင်ပုံကို သင်ပြပါလေ၊ ဆွမ်းကို အလုတ်တိုင်း ဆင်ခြင်ရသည်။ မတတ်နိုင်လျှင် အရုဏ် မတက်မီ စွမ်းနိုင်သလောက် ဆင်ခြင်ပါ။

ဆွမ်းပစ္စဝေက္ခဏာ မှတ်သားဖွယ် ပြီး၏။

စာမျက်နှာ-[၇၆]

ကျောင်းဆင်ခြင်ရန်

သေနာသနပစ္စဝက္ခဏာ၌ မှတ်သားဖွယ်

သေနာသန ပစ္စဝေက္ခဏာ၌ အင်္ဂါအစိတ်အပိုင်းကား ဘယ်လောက်လဲ?

၁ ။ သီတဿ ပဋိဃာတာယ။
၂။ ဥဏှဿ ပဋိဃာတာယ။
၃။ ဍံသ မကသ ဝါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ။
၄။ ဥတုပရိဿယ ဝိနောဒန ပ္ပဋိသလ္လာ နာရာမတ္ထံ။
ပေါင်း လေးပါးရှိ၏။

(ခ) ၎င်း သေနာသန ပစ္စဝေက္ခဏာ လေးပါးကို အစဉ်အတိုင်း ပါဠိမဘက် မြန်မာသက်သက်ဖြင့် ဉာဏ်ထွက်အောင် ဘယ်လို ဆင်ခြင်သင့်သလဲ?

မဆင်ခြင်သေးမီ ကျောင်း၏ အကျိုးကျေးဇူး ဝေဖန်ကြည့်စမ်းပါ။ ကျောင်းထဲ ဝင်ကြည့် လိုက်လျှင် ပူချိန်ဆိုလျှင် အေးသွားလိမ့်မည်။ အေးလွန်းချိန်ဆို သက်သာခွင့် ရလာလိမ့်မည်၊ မှက်, ခြင်, မြွေ, ကင်း စတဲ့ အကောင်ဆိုးတို့ကိုက်ခဲမှု၊ လေ, နေပူတို့ကိုလဲ အထူး ကာကွယ်ပါတယ်၊ ဖျားနာအောင်လုပ်တဲ့ ပူ, အေး ဥတုကြမ်းနှင့် ဆင်, ခြင်္သေ့, သစ်, ကျားစသော သားကောင်ကြမ်းများကိုလဲ တားဆီးနိုင်တယ်၊ ဘာဝနာများ တယောက်ထီးတည်း စီးဖြန်းပွားများ အားထုတ်ဖို့ရာ လွန်စွာကောင်းပါတယ်၊ ဒါကြောင့် “သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော”ဟု ပဋ္ဌာန်းမှာ ဟောတော်မူခဲ့တယ်။

စာမျက်နှာ-[၇၇]

သေနာသနပစ္စဝေက္ခဏာ လေးပါး မြန်မာသွားဖြင့် ဉာဏ်သက်ဝင်အောင် ဆင်ခြင်ပုံ

၁။ ငါသည် အအေး ပယ်ဖျောက်ရုံသာလျှင် အိမ်ရာ နေရာ ကျောင်းကို မှီဝဲပါသတည်း။
၂။ ငါသည် မီးပူကို ပယ်ဖျောက်ရုံငှါသာလျှင် အိပ်ရာ နေရာကျောင်းကို မှီဝဲပါသတည်း။
၃။ ငါသည် မှက်, ခြင်, ယင်, လေ, နေပူ, မြွေ, ကင်း, သန်းတို့၏ ကိုက်ခဲထိပါးခြင်း အတွေ့တို့ကို ပယ်ဖျောက်ရုံငှါသာလျှင် အိပ်ရာ နေရာ ကျောင်းကို ပိုဝဲပါသတည်း။
၄။ ဥတုဘေးရန်ကို ပယ်ဖျောက်ခြင်း ကိန်းအောင်းမွေ့လျော်ခြင်း အကျိုးငှာလျှင် အိပ်ရာနေရာကျောင်းကို မှီဝဲပါသတည်း။

အမှာ ၁- ၂- ၃- အင်္ဂါတို့နှင့် ယာဝဒေဝတို့၏ အဓိပ္ပါယ် သင်္ကန်းပစ္စဝေက္ခဏာအတိုင်း မှတ်ပါ။ ၄ နံပါတ်အင်္ဂါကိုသာ ပြဆိုအံ့။

(ဂ) နိယတပယောစဉ် မြဲသောအကျိုးပြ အင်္ဂါကား ဘယ်အင်္ဂါပါလဲ?

ဥတုပရိဿယ ဝိနောဒန အင်္ဂါတစိတ်သည် နိယတပယောဇဉ် မည်၏။ ကျန်အင်္ဂါတို့ကား အနိယတပယောဇဉ်တည်း။

(ဃ) ၄-နံပါတ်အင်္ဂါ၌ ဥတုဆိုတာ ဘယ်သဘောလဲ?

ပူမှု, အေးမှု တေဇောဓာတ်သဘောကို ဥတုဟုဆိုသည်။ အေးတဲ့ဥတုကို သီတဥတု, ပူတဲ့ဥတုကို ဥဏှဥတု-ဟု နှစ်မျိုးမှတ်။

အေး, ပူနှစ် ရပ်၊ တေဓာတ် ခွဲအပ် ဥတုမှာ။

(င) ပရိဿယ-ဆိုတာ ဘာလဲ?

နှိပ်စက်တတ်သော ဘေးရန်ကို ပရိဿယဟု ပါဠိလို ဆိုပါတယ်။

(စ) အပူ-အအေး ဥတုကို ဘာကြောင့် ဘေးရန်ဟု ဆိုနိုင်သလဲ?

မလျောက်ပတ်တဲ့ဥတုဟာ ကိုယ်ကိုကျင်နာအောင် စိတ်ပျံလွင့်အောင် လုပ်တတ်သောကြောင့် ပရိဿယဘေးရန်ဟု ဆိုရပါတယ်၊ ထိုဥတုဘေး

စာမျက်နှာ-[၇၈]

ရန်ကို ကျောင်းက ပယ်ဖျောက်နိုင်သဖြင့် ဥတုဘေးရန်ကို ပယ်ဖျောက်ခြင်း အကျိုးငှါ ကျောင်းကို မှီဝဲပါ၏ဟု ၄-နံပါတ် ပစ္စဝေက္ခဏာ၌ ဆိုသည်။

(ဆ) ဥတုနှင့် အရ မတူသော ပရိဿယကို အဋ္ဌကထာ တမျိုးဖွင့်သေးသလား?

ဖွင့်ပါသေးတယ်၊ ပရိဿယ ဘေးရန်ဆိုတာ (၁) ပါကဋ ပရိဿယ၊ (၂) ပဋိစ္ဆန္ဒ ပရိဿယ-ဟု ဘေးရန်နှစ်မျိုးဖွင့်တယ်။

(၁) ခြင်္သေ့ , ကျား စသော သားကောင်ဘေးရန်ကို ထင်ရှားသောကြောင့် ပါကဋ ပရိဿယ-ဟု ဆိုတယ်။
(၂) ရာဂ, ဒေါသ, မောဟ, မာန စသော ကိလေသာ ဘေးရန်တို့ကိုတော့ ဖုံးလွှမ်းသောကြောင့် ပဋိစ္ဆန္န ပရိဿယ-ဟု ဆိုရတယ်၊ ထိုဘေးရန် နှစ်ပါးတို့ဟာ ကျောင်းမလုံလျှင် ကျင်နာခြင်းကို ပြုနိုင်ကြတယ် လုံခြုံတဲ့ကျောင်းက မလျောက်ပတ်တဲ့ ဥတုကိုရော ဤဘေးရန် ၂-ပါးကိုပါ ပယ်ဖျောက်နိုင်ပါတယ်။

(ဇ) ဥဘနှင့် ပရိဿယဟာ အရ တူသလား ထူးသလား?

ရှေ့နည်းဖြင့် ဥတုသည်ပင် ဘေးရန်ဖြစ်၍ ဥတုနှင့် ပရိဿယ အရတူပါတယ်၊ နောက်နည်းဖြင့် ဥတု အရက မလျောက်ပတ်တဲ့ အေး, ပူ ဥတုကေက်၍ ပရိဿယက ခြင်္သေ့, ကျား စသော ထင်ရှားတဲ့ ဘေးရန် နှင့် ရာဂ, ဒေါသ စသော ဖုံးလွှမ်းတဲ့ဘေးရန်တို့ကို ကောက်ယူရ၍ အရ မတူ ထူးပါသည်။

(ဈ) ဥတုအရ အအေး-အပူ သဘောကောက်ရလျှင် ၁-၂-အင်္ဂါလာ သီတဿ ဥဏှဿတို့နှင့် ဘယ်သို့ အထူးရှိသေးသလဲ?

၁- ၂-အင်္ဂါလာ သီတဿ, ဥဏှဿတို့ရဲ့ အပူ, အအေးပယ်ဖျောက်ရေးက မမြဲတဲ့အနိယတ အကျိုးကိုသာ ဆိုပါသည်၊ ဥတုပရိဿယ အပူ, အအေး ပယ်ဖျက်ရေးက မြဲတဲ့နိယတ အကျိုးကို ပြသဖြင့် ထူးပါတော့သည်။

စာမျက်နှာ-[၇၉]

(ည) ပဋိသလ္လာနာရာမတ္ထံ ကိန်းအောင်း-မွေ့လျော်ခြင်းအကျိုးဆိုတာ ဘယ်လိုဟာလဲ?

အထူးထူးအာရုံမှ စိတ်ဓာတ်ကို ရုပ်သိမ်းလာပြီး ကမ္မဋ္ဌာန်းအာရုံ တခုတည်း၌ စိတ်ထားတာကို ပါဠိလို (ပဋိသလ္လာန) မြန်မာလို ကိန်းအောင်းသည်၊ စိတ်ငြိမ်သက်စွာ နေသည်ဟု ဆိုရပါသည်၊ ထိုစိတ် ကိန်းအောင်းနေမှု၌ ပျော်မွေ့နိုင်ခြင်းအကျိုးကိုပင် (ပဋိသလ္လာ နာရာမတ္ထံ) ကိန်းအောင်း မွေ့လျော်ခြင်း အကျိုးဟု ဆိုရပါသည်၊ ပဋိသလ္လာန=ကိန်းအောင်း+ အာရာမတ္ထံ= မွေ့လျော်ခြင်း အကျိုးငှါ၊ တယောက်တည်း ကမ္မဋ္ဌာန်း ဘာဝနာပွား၍ ချမ်းသာပါရခြင်းအကျိုးငှာ ကျောင်းကို မှီဝဲပါ၏ဟု ပစ္စဝေက္ခဏာ ဆင်ခြင်ပါဟု ဆိုလိုသည်။

ဧကီဘာဝသုခတ္ထဉ္စာတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိမဂ်-ထာ)

နာနာရမ္မဏတော ပဋိသံဟရိတွာ ကမ္မဋ္ဌာနဘူတေ ဧကသ္မိံယေဝ အာရမ္မဏေ စိတ္တဿ သမ္မဒေဝ လယနံ ပဋိသလ္လာနံ၊ တတ္ထ အာရာမော အဘိရတိ ပဋိသလ္လာနာရာမော၊ တဒတ္တံ။ (မဟာဋီကာ)

(ဋ) သေနာသနံ၌ သေန-အာသန ပုဒ်ဖြတ်လိုက်လျှင် သေနနှင့် အာသန ဘယ်သို့ ထူးသလဲ?

(သေန) အိပ်စရာ ကျောင်း၊ (အာသန) နေထိုင်စရာကျောင်းဟု သဒ္ဒါနက်မျှ ထူး၍ အရမှာ မထူးပါ၊ (သေန) ကျောင်းအမျိုးမျိုး, ပြာသာဒ်, ညောင်စောင်း, အင်းပျဉ်, သစ်ရွက်အခင်း, မြက်အခင်း, ဂူ, ပြအိုး, တန်ဆောင်း, လိုဏ်, ဝါးရုံ, သစ်ပင်ရင်း, မဏ္ဍပ်၊ ထိုမှတပါးရဟန်းတို့ အိပ်စရာ နေရာအရပ်တို့ကိုယူ၊ (အာသန) နေစရာကျောင်း, ပြာသာဒ်, အင်းပျဉ် စသည်တို့ကိုယူ၊ ထိုနှစ်ပုဒ် အရတူသော်လဲ အခိုက်အတန့်ခဲ့၍ အဋ္ဌကထာ ဒွန်-ပြထားသည်။

သေနာသနန္တိ သေနဉ္စ အာသနဉ္စ ယတ္ထ ယတ္ထ ဟိ သေတိ၊ ဝိဟာရေ ဝါ အဍ္ဎယောဂါမှိ ဝါ တံ သေနံ၊ ယတ္ထ ယတ္ထ အာသတိ နိသီဒတိ၊ တံ အာသနံ တံ ဧကတော ကတွာ သေနာသနန္တိ ဝုစ္စတိ။ (ဝိသုဒ္ဓိမဂ် အဋ္ဌကထာ)

စာမျက်နှာ-[၈၀]

ယတ္ထ ယတ္ထ ဝိဟာရေ ဝါ အဍ္ဎယောဂါဒိမှိ ဝါ အာသတီတိ ဝိဟာရအဍ္ဎယောဂါဒိကေ အာနေတွာ သမ္မန္ဓိတဗ္ဗံ။ (မဟာဋီကာ)

(ဌ) ဤသို့ နှစ်ပုဒ်အရတူရာ၌ သေနာသနံကို ဘယ်သို့ သမ္ဗန်မလဲ?

သေနာသနံ၊ အိပ်ရာ နေရာ ကျောင်းကို။ ဝါ၊ အိပ်စရာ ကျောင်း, နေစရာ ကျောင်းကိုဟု သမ္ဗန်။

(ဍ) အချို့ ဆရာမြတ်တို့ သေနနှင့်အာသန ဘယ်သို့ ဆိုသေးသလဲ?

သေန အရ ကျောင်းယူ၍၊ အာသန-အရ ညောင်စောင်း, အင်းပျဉ် စသော အိပ်ရာနေရာတို့ကို ယူကြပါသေးသည်။

(ဎ) ထိုဆရာမြတ်တို့အလို သေနာသနံကို ဘယ်သို့ သမ္ဗန်မလဲ?

သေနာသနံ၊ ကျောင်း အိပ်ရာနေရာကို ဟု သမ္ဗန်သင့်ပါသည်။

(သေန=ကျောင်း+ အာသန=အိပ်ရာနေရာ)

(ဏ) သူ့နေရာနဲ့ သူ့ကျောင်းပစ္စဝေက္ခဏာကို တိုတို ဘယ်သို့ ဆင်ခြင်သင့်သလဲ?

အေးလွန်း၍ ကျောင်းထဲသို့ ဝင်ရလျှင် အအေးပျောက်အောင် ကျောင်းကို မှီဝဲပါ၏။ ပူလွန်း၍ ကျောင်းထဲဝင်ရလျှင် အပူပျောက်အောင် ကျောင်းကို မှီဝဲပါ၏၊ မှက်, ခြင်ကိုက်၍ ကျောင်းထဲဝင်ရလျှင် မှက်, ခြင်မကိုက်အောင် ကျောင်းကိုမှီဝဲ၏၊ စာအံ ဘုရားရှိခိုး ဘာဝနာ ပွားရန် ကျောင်းထဲ ဝင်ရလျှင် စာအံရအောင် ဘုရားရှိခိုးရအောင် ကမ္မဋ္ဌာန်း ဘာဝနာ ပွားရအောင် ကျောင်းကို မှီဝဲပါ၏ဟု ဆင်ခြင်။ အေးလို့ ဇရပ်ထဲ နေရလျှင် အအေးပျောက်အောင် ဇရပ်ကို မှီဝဲပါ၏။ ပူလွန်း၍ မဏ္ဍပ်မှာ နေရလျှင် အပူပျောက်အောင် မဏ္ဍပ်ကို မှီဝဲပါ၏။ အိုက်လွန်း၍ သစ်ပင်ရိပ် နေရလျှင် အအိုက် ပျောက်အောင် သစ်ပင်ရင်းကို မှီဝဲပါ၏၊ အေးတဲ့အခါ ကုဋီတက်လျှင် အအေးပျောက်အောင် ကုဋီတက်ပါ၏၊ အညစ်အကြေးစွန့်ပစ်ရန် ကုဋီတက်ပါ၏၊ ဖုံးကွယ်လို၍ ကုဋီတက်ပါ၏ စသည် ဆင်ခြင်။

စာမျက်နှာ-[၈၁]

အမှာ ဤအတိုနည်း ဆင်ခြင်ပုံကို နည်းယူ၍ တပည့်များကို သင်ပြတတ်ပါစေ၊ ဆိုခဲ့သော အင်္ဂါ ၄-ရပ်ဖြင့် ဆင်ခြင်၍ ကျောင်းကို မှီဝဲသုံးဆောင်ခြင်းသည် “ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေဝါမိ”အရ သင့်သော အကြောင်းအားဖြင့် ပညာဖြင့် ဆင်ခြင်၍ ကျောင်းကို မှီဝဲသည် မည်ပါတော့သည်။

ကျောင်းပစ္စဝေက္ခဏာမှတ်သားဖွယ် ပြီးပြီ။

ဆေးဆင်ခြင်ရန် ဘေသဇ္ဇ ပစ္စဝေက္ခဏာ၌ မှတ်သားဖွယ်

(က) ဘေသဇ္ဇ ပစ္စဝေက္ခဏာ၌ အင်္ဂါအစိတ် ဘယ်နှစ်ပါးရှိသလဲ?

၁။ ဥပ္ပန္နာနံ ဝေယျာဗာကာနံ ပဋိဃာတာယ။
၂။ အဗျာပဇ္ဈ ပရမတာယ၊ ပေါင်း အင်္ဂါ ၂-ပါးရှိသည်။

အမှာ အထူးမရှိ၍ အချို့ ဆရာတို့က အဗျာဗဇ္ဈ ပရမတာယကို အင်္ဂါအဖြစ် မယူကြချေ။ နောက်မှ ရှင်းပြပါအံ့။

(၁) ဘေသဇ္ဇပစ္စဝေက္ခဏာ ၂-ပါးကို ပါဠိမဘက် မြန်မာသက်သက်ဖြင့် ဉာဏ်ထွက်အောင် ဘယ်သို့ ဆင်ခြင်သင့်သလဲ?

မဆင်ခြင်မီ ဉာဏ်ပျိုးထားပါဦး၊ ဆေးဆိုတာ ကိုယ်တွင်း အနာ ရောဂါကို တိုက်ဖျက်ဖို့ ဆန့်ကျင်ဘက်လဲ ဟုတ်တယ်၊ အသက်ဇီဝိတိန္ဒြေကို ကာကွယ် စောင့်စည်းတဲ့ ကိုယ်ရံတော် သက်တော်စောင့် လက်နက်တန်ဆာလဲ ဟုတ်တယ်၊ ထို့ကြောင့် ဆေးဆိုတာ ကျန်းမာရေးအတွက် အရေးကြီးသော အရာတခု ဖြစ်သည်ဟု ဉာဏ်ပျိုးထားပါ။

ဆင်ခြင်ပုံ (၁) ဓာတ်ချောက်ချားခြင်းကြောင့် ဖြစ်ကုန်သော ဆင်းရဲ ဝေဒနာတို့ကို ပယ်ဖျောက်ရုံငှါလျှင် ဆေးကို မှီဝဲပါ၏။
(၂) ဆင်းရဲ ဝေဒနာမရှိသော ကာလတိုင်အောင် အတိုင်းအရှည် အကျိုးငှာလျှင် ဆေးကို မှီဝဲပါ၏ ဟူ၍ ဆင်ခြင်ပါ။

စာမျက်နှာ-[၈၂]

(က) ဥပ္ပန္နာနံကို ဘယ်သို့အနက်သမ္ဗန်၍ အဓိပ္ပာယ်ယူရသလဲ?

ဥပ္ပန္နာနံ၊ ဖြစ်ပြီးသော ဝေဒနာနှင့် တူကုန်သော အနက်သမ္ဗန် သင့်ပါသည်။

ဥပ္ပန္နာနန္တိ ဇာတာနံ ဘူတာနံ နိဗ္ဗတ္တာနံ။ (ဝိသုဒ္ဓိမဂ်-ထာ)
ဥပ္ပန္နသဒိသာ ပန ဥပ္ပန္နာတိ ဝုစ္စန္တိ။ (မဟာဋီကာ)

ဆရာတို့ကား ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သောဟု သမ္ဗန်ကြပါသည်။ ထိုဆရာတို့ သမ္ဗန်ပုံဖြင့် ဖြစ်ဆဲ ပစ္စုပ္ပန်ဝေဒနာ၊ ဖြစ်ပြီး အတိတ်ဝေဒနာတို့ကို ဥပ္ပန္န-သဒ္ဒါ ဟောသည်ဟု ယူလိုကြသည်၊ သို့သော်လဲ ဆေးဖြင့် ဖြစ်ပြီးတဲ့ ဝေဒနာကိုလဲ ချုပ်ပြီးဖြစ်၍ ပယ်စရာမရှိ၊ ဖြစ်ဆဲ ဝေဒနာလဲ ဥပါဒ်, ဌီ, ဘင်ဖြင့် ချုပ်မည်ဖြစ်၍ ပယ်စရာမလို၊ မဖြစ်သေးတဲ့ အနာဂတ် ဆင်းရဲ ဝေဒနာကိုသာ ဆေးဖြင့် ပယ်နိုင်သောကြောင့် ဖြစ်ပြီး ဖြစ်ဆဲ ဝေဒနာတို့နှင့် တူသော အနာဂတ်ဝေဒနာကို သဒိသူပစာအားဖြင့် ဥပ္ပန္နာနံ-အရ ယူရပါမည်၊ မဟာဋီကာ-သဒိသ ထည့်ဖွင့်သည်ကို ထောက်ပါ၊ အနက်၌ ဝါ-နက် ပေးထား၏။

(ခ) ဝေယျာဗာဓိကာနံကို အဋ္ဌကထာ အာဘော်ကျ ဘယ်သို့ သမ္ဗန်၍ အဓိပ္ပါယ် ယူသင့်သလဲ?

ဝေယျာဗာဓိကာနံ၊ ဓာတ်ချောက်ချားခြင်း ထိုဓာတ်ချောက်ချားခြင်း အကြောင်းရှိကုန်သော နူနာ, အိုင်းနာ စသည်တို့ကြောင့် ဖြစ်ကုန်သောဟု သမ္ဗန်သင့်ပါသည်။

ဝေယျာဗာဓိကာနန္တိ ဧတ္ထ ဗျာဗာဓောတိ ဓာတုက္ခောဘော၊ တံသမုဋ္ဌာနာစ ကုဋ္ဌဂဏ္ဍပိဠကာဒယော၊ ဗျာဗာဓတော ဥပ္ပန္နတ္တာ ဝေယျာဗာဓိကာ။ (ဝိသုဒ္ဓိမဂ်-ထာ)

အဓိပ္ပာယ်မှာ- ပထဝီ, အာပေါ, တေဇော, ဝါယော ဓာတ်လေးပါး မညီညာဘဲ ဖောက်ပြန် ပျက်ဆီးခြင်းကို (ဓာတုက္ခောဘ) ဓာတ်ချောက်ချားသည်ဟု ဆိုရသည်၊ ထိုဓာတ်လေးပါး ချောက်ချားသောကြောင့် ဖျားနာကိုက်ခဲခြင်းစသော ဆင်းရဲဝေဒနာတမျိုးနှင့် ထိုဓာတ်ချောက်

စာမျက်နှာ-[၈၃]

ချားမှု အရင်းပြုကာ နူနာ, အိုင်းနာ စသည်တို့ ပေါက်ရောက်လာပါ၍ ထိုနူနာ, အိုင်းနာ စသည်တို့ကြောင့် တဆင့် ဖြစ်ပေါ်လာရသော ဆင်းရဲ ဝေဒနာ တမျိုး ထို ၂-မျိုးကို ဝေယျာဗာဓိကာနံအရကောက်ပါသည်။ ထိုကြောင့် ပထမပစ္စဝေက္ခဏာဖြင့် ဖြစ်လတံ့သော ဆင်းရဲဝေဒနာ ၂ မျိုးကို ပယ်ဖျောက်ရန် ဆေးကို မှီဝဲပါ၏ဟု ဉာဏ်သွင်း ဆင်ခြင် ရပါမည်။

မညီညွတ်ငြား၊ ဓာတ်ပျက်ကား၊ ချောက်ချားသည်ဟု မှတ်။

(ဂ) ဝေဒနာနံ-အရ ဘယ်ဆင်းရဲ ဝေဒနာ ယူရမလဲ?

အကုသိုလ်၏ အကျိုးဖြစ်တဲ့ ကာယိက ဒုက္ခဝေဒနာ ကိုယ်ဆင်းရဲကိုသာ ယူပါ။

ဝေဒနာနန္တိ ဒုက္ခဝေဒနာ အကုသလဝိပါကဝေဒနာ။ (ဝိသုဒ္ဓိမဂ်-ထာ)

(ဃ) အဗျာပဇ္ဈပရမတာယ-ကို ဘယ်လိုအနက်သမ္ဗန်၍ ဘယ်အဓိပ္ပာယ် ယူသင့်သလဲ?

ယာဝ အဗျဗဇ္ဈပရမတာယဧဝ၊ ဆင်းရဲဝေဒနာမရှိသော ကာလ တိုင်အောင် အတိုင်းအရှည် အကျိုးငှါသာလျှင်ဟု သမ္ဗန်။

အဓိပ္ပာယ်မှာ နှိပ်စက်နေတဲ့ ဆင်းရဲဝေဒနာ ပျောက်ကင်းငြိမ်းသွားတဲ့ ကာလတိုင်ရုံ အကျိုးငှါသာလျှင် ဆေးကို မှီဝဲပါ၏ဟု ဆိုလိုတယ်။ ထိုသို့ဖြစ်က ဆင်းရဲဝေဒနာ ပယ်ဖျောက်ဖို့ အကျိုးငှါပင်ဖြစ်၍ ဆရာတို့ အင်္ဂါ မဟုတ်ဟုဆိုသည်။ ရှေးအင်္ဂါနှင့် ပြီးပါလျက် ဘယ်အတွက် အဗျာဗဇ္ဈပရမတာယကို ထပ်ဟောပြန်ပါသလဲ၊ ဆေးပစ္စည်းကို အနာရောဂါ မပျောက် မငြိမ်းတုန်း ကာလ၌သာ မှီဝဲအပ်သည်။ အနာရောဂါ ပျောက်ငြိမ်းပြီးပါက မမှီဝဲအပ်တော့ဟု ဆိုလိုသဖြင့် ထပ်ဟောရပါသည်၊ ဤကိုထောက်က ရောဂါကင်းရှင်းနေပါလျက် အသက်ရှည် ပါစေတော့ ဟု အနာဂတ်အကျိုး မျှော်ကိုး၍သောက်သော အာယု ဝဍ္ဎနဆေးကို မအပ်ဟု သိနိုင်သည်။

စာမျက်နှာ-[၈၄]

ဤအဆုံးအဖြတ်ကား “အဗျာပဇ္ဈ ပရမတာယာတိ နိဒ္ဒုက္ခပရမတာယ ယာဝ တံ ဒုက္ခံ သဗ္ဗံ ပဟီနံ ဟောတိ တာဝါတိ အတ္ထော”ဟူသော ဝိသုဒ္ဓိမဂ် ထာကို ကိုးကား ဆုံးဖြတ်သည်။

ဝါဒထူးပြဦးအံ့ လယ်တီဆရာတော် ဝိနယသံခိပ်ကျမ်း ၄၆-နံပါတ် မူအတိုင်း ထုတ်ပြသည်။

ပစ္စုပ်နာဂတ် နာနှစ်ရပ်၊ ရအပ်ပါသည်ချည်း။

ယခုကိုယ်ခန္ဓာ၌ ဖြစ်၍နေဆဲဖြစ်သော ပစ္စုပ္ပန် အနာ, ရှေ့သို့ဖြစ်လာ မည်ကို စိုးရိမ်ရသော အနာဂတ်အနာ နှစ်မျိုးပင် ရသင့်၏ဟု ပုတီးစိပ် ပါဠိ၌ “ဥပ္ပန္နာနံ ဝေယျာဗာဓိကာနံ ဝေဒနာနံ ပဋိဃာတာယ”ဟူသော ပါဌ်ဖြင့် ဥပ္ပန္နဖြစ်သော ပစ္စုပ္ပန် အနာအတွက် စားသောက်ရသော ဆေးမျိုး၌ ပစ္စဝက္ခဏာ ဆင်ခြင်ပုံကို ပြတော်မူ၏၊ အဗျာဗဇ္ဈ ပရမတာယ ပါဌ်ဖြင့် ရှေ့သို့ဖြစ်လာမည် စိုးရိမ်ရသော အနာဂတ် အနာအတွက် စားသောက်သော ပါဒရက်ဆေး အာယုဝဍ္ဎနဆေးတို့၌ ပစ္စဝေက္ခဏာ ဆင်ခြင်ပုံကို ပြတော်မူ၏။

စာရေးသူထင်မြင်ချက် ထိုဝါဒသည် ပါဠိတော် စာသွားနှင့် ကိုက်ညီ သကဲ့သို့ ဖြစ်လင့်ကစား အဋ္ဌကထာ, ဋီကာတို့၏ အာဘော်မကျဟု ထင်မြင်သည် ပညာဝန်တို့ ကြံကြလေကုန်။

(င) ဆေးပစ္စည်းတခုတည်းကို ဂိလာန ပစ္စယ ဘေသဇ္ဇ ပရိက္ခာရံ-ဟုပုဒ်ရှည်ကြီး ဘာကြောင့် ဆိုသလဲ?

ဘေသဇ္ဇပုဒ်ဖြင့် ဆေးဟောပြီးပါလျက် ထိုဆေးသည် အနာရောဂါတို့၏ ဆန့်ကျင်ဘက်ဖြစ်၍ ဂိလာန ပစ္စယဟု ခေါ်ပြန်သည်၊ ဘေးရန်တို့မှ အသက် ဇီဝိတိန္ဒြေ၏ အရံအကာ တန်ဆာဖြစ်ခြင်း တည်မြဲကြောင်း အဆောက်အဦဖြစ်ခြင်းတို့ကြောင့် ပရိက္ခရာဟု ခေါ်ပြန်သည်။

(စ) သင့်သောအကြောင်းအားဖြင့် ပညာဖြင့်ဆင်ခြင်၍ ဆေးကို မှီဝဲဆိုတာ ဘယ်လို ဆင်ခြင်တာလဲ?

ဆင်းရဲဝေဒနာတို့ကို ပယ်ဖျောက်စေခြင်းအကျိုးငှါ ဆေးကို မှီဝဲပါ၏ စသည်ဖြင့် ဆေးဆင်ခြင်ပုံ အင်္ဂါ ၂-ပါးဖြင့် ဆင်ခြင်ပုံပါဘဲ။

စာမျက်နှာ-[၈၅]

(ဆ) ဘေသဇ္ဇ ဆေးဆိုတာ ဘယ်ဟာတွေလဲ?

၁။ ဖျော်ရည် ဘိလပ်ရည် စသော ယာမကာလိက ဆေးမျိုး။
၂။ ထောပတ် ဆီဦး ဆီများ တင်လဲ ဆိုတဲ့ သတ္တာဟကာလိက ဆေးမျိုး။
၃။ ဇာတိပ္ဖိုလ်, စရို, ပဒဲကော စသည်ဖြင့် ဖော်စပ်သော လျက်ဆား, သွေးဆေး, ငန်းဆေး, ချွေးထုတ်ဆေး စတဲ့ ယာဝဇီဝကဆေးမျိုး အားလုံးကို ဘေသဇ္ဇဆေးဟု မှတ်ပါ။

ထော, ဆီ, ဆီ, ပျား၊ တင်လဲထား၊ ငါးပါးသတ္တာဟာ။
မန်ကျည်း, ရှောက် စ၊ ဖျော်ရည်က၊ ယာမကာလိကာ။
သွေး, လေ, ငန်းစ၊ ဆေးများလှ၊ ယာဝဇီဝကာ။

(စ) သူ့နေရာနှင့်သူ အတို့နည်းဖြင့် ဆေးပစ္စဝေက္ခဏာ ဘယ်သို့ ဆင်ခြင်သင့်သလဲ?

ဖျော်ရည် ဘိလပ်ရည် စသည့် ယာမကာလိက ဆေး သုံးသောအခါ မွတ်သိပ် ဆာလောင်ခြင်း ပျောက်အောင် သောက်ပါ၏၊ သာသနာ ထမ်းဆောင်နိုင်အောင် သောက်ပါ၏ဟု ဆင်ခြင်၊ ဝမ်းနာ၍ ဆေးသောက်လျှင် ဝမ်းပျောက်အောင် သောက်ပါ၏၊ ခေါင်းကိုက်၍ သောက်လျှင် ခေါင်းကိုက်ပျောက်အောင် သောက်ပါ၏ဟု ဆင်ခြင်၊ လေထိုး၍ သောက်လျှင် လေထိုးပျောက်အောင် သောက်ပါ၏ဟု ဆင်ခြင်။

အမှာ မွတ်သိပ် ဆာလောင်ရုံ သက်သက်ဖြင့် သကြား, ထန်းလျက်, ကြံသကာ, ချိုချဉ်, သကြားလုံး စသည်တို့ကို နေလွဲချိန် မစားကောင်းပါ၊ မီးနှင့်မချက်တဲ့ ဖျော်ရည်မျိုးသာ သောက်ကောင်းသည်။ ထို သကြား, ထန်းလျက် စသည်တို့ကား ရောဂါနှိပ်စက်မှ ရေမရောပဲ နေလွဲသောအခါ စားကောင်း၏၊ ဆိုခဲ့သောနည်းကို မှီး၍ ဆရာတို့က အတိုနည်း ဆင်ခြင်ပုံ သင်ပြပါလေ။

စာမျက်နှာ-[၈၆]

(ဈ) ရေကို ပစ္စဝေက္ခဏာ ဆင်ခြင်သင့်သေးသလား?

ရေကို ဆေးပစ္စည်းအနေနှင့် ဆင်ခြင်သင့်ပါတယ်။

ဆင်ခြင်ပုံ မွတ်သိပ်ဆာလောင် ပျောက်ကင်းအောင် ရေကို သောက်ပါ၏၊ ချေးညှော်တို့မှ စင်ကြယ်အောင် ရေကို ချိုးပါ၏၊ ဖွပ်လျော်ပါ၏ဟု ဆင်ခြင်။

ပိပါသာ ဂေလညဿ ဝူပသမနတော ပါနီယမ္ပိ ဂိလာနပစ္စယော။

(ည) ပစ္စဝေက္ခဏာ ဆင်ခြင်ရန် ကာလ အဋ္ဌကထာ ဘယ်နှစ်ပါးပြသလဲ?

၁။ ပဋိလာဘ ကာလ-ရတဲ့ အခါကာလ။
၂။ ပရိဘောဂကာလ-သုံးဆောင်တဲ့ အခါကာလ၊ ပေါင်း ၂-ပါး။

ရခါ, သုံးခါ၊ ပစ္စယာ၊ နှစ်ဖြာ ဆင်ခြင်ကြ။

(ဋ) ရတဲ့အခါ ဘယ်လို ဆင်ခြင်ရမလဲ?

ဓာတ်အားဖြင့် လည်းကောင်း ပဋိကူလအားဖြင့် လည်းကောင်း ဆင်ခြင်ရပါမည်။

(ဌ) ဓာတ်ကားဖြင့် ဘယ်လို ဆင်ခြင်ရမလဲ?

ပစ္စည်းလေးပါးနှင့် မှီဝဲသုံးစားသော ပုဂ္ဂိုလ်သည်ကား အကြောင်း အားလျော်စွာ ထင်ရှား ဖြစ်ပေါ်ဆဲသော ဓာတ်အစုသာ ဖြစ်ပါတကား ဟုလည်းကောင်း၊ သင်္ကန်းနှင့် ဝတ်ရုံသော ပုဂ္ဂိုလ်ကား အကြောင်းအားလျော်စွာ ဖြစ်ပေါ်ဆဲသော ဓာတ်အစုမျှသာ ဖြစ်ပါတကားဟု လည်းကောင်း တပါးပါးစီသော်လည်း ဆင်ခြင်း

ဓာတုဝသေန ဝါတိ ယထာပစ္စယံ ဝတ္တမာနံ ဓာတုမတ္တမေဝေတံ၊ ယဒိဒံ စီဝရာဒိ တဒုပဘုဉ္ဇကော စ ပုဂ္ဂလောတိ ဧဝံ ဓာတုမနသိကာရဝသေန ဝါ။ (မဟာဋီကာ)

စာမျက်နှာ-[၈၇]

(၃) ဓာတ်ဆိုတာ ဘာလဲ?

မိမိဘာသာ အကြောင်း တိုက်ဆိုင်လာလျှင် ဘယ်သူမှ တားမရပဲ ပေါ်လာတဲ့ သဘာဝမျိုးကို ဓာတ်ဟုဆိုသည်။ ဥပမာ မီးခြစ်ခွံကို မီးခြစ်ဆံနှင့် ပွတ်လိုက်လျှင် ဘယ်သူတားတား မရပဲ သူ့ဘာသာ မီးပွင့်လာပါတယ်၊ ၎င်းမီးဟာ ဓာတ်ပါပဲ၊ အကောင် ပုဂ္ဂိုလ် အသက် လိပ်ပြာ မဟုတ်ဘူးဟု သိပါ။

(ဎ) ပဋိကူလ စက်ဆုပ်ဖွယ်အားဖြင့် ဘယ်လိုဆင်ခြင်ရမလဲ?

ဆွမ်းပစ္စည်း၌ ဆင်ခြင်ပုံ စားရမည့် အာဟာရကား သလိပ်စသည် ရောတော့မည်ဖြစ်၍ စက်ဆုပ် ရွံရှာဖွယ်ပါတကားဟု အာဟာရေ ပဋိကူလသညာ နည်းဖြင့် ဆင်ခြင်။

အားလုံးရောဆင်ခြင်ပုံ ပစ္စည်းလေးပါးတို့ကား သစ်လွင်ကောင်းစွာ ရှိကြပါ၍ စက်ဆုပ်ဖွယ်ရာ မရှိကုန်သော်လည်း သိုးပုပ်ညှီလောင် ဤကိုယ်ကောင်သို့ ရောက်ပါက အလွန်စက်ဆုပ်ဖွယ်ရာ ဖြစ်ပါကုန်၏ တကားဟုဆင်ခြင်၊ သင်္ကန်းစသည် တပါးပါးလဲ ဤနည်း ဆင်ခြင်တတ်ပါစေ။

ပဋိကူလဝသေနဝါတိ ပိဏ္ဍပါတေ တာဝ အာဟာရေ ပဋိကူလသညာ ဝသေန သဗ္ဗာနိ ပန ဣမာနိ စိဝရာဒီနိ အဇိဂုစ္ဆနီယာနိ ဣမံ ပူတိကာယံ ပတွာ အတိဝိယ ဇိဂုစ္ဆနီယာနိ ဇာယန္တီတိ ဧဝံ ပဋိကူလမနသိကာရဝသေန ဝါ။ (မဟာဋီကာ)

(ဏ) ဓာတ်အားဖြင့် လည်းကောင်း၊ ပဋိကူလအားဖြင့် လည်းကောင်း ဆင်ခြင်လျှင် ဣဏ ပရိဘောဂလွတ်၍ ပစ္စယသန္နိဿိတသီလ ဖြစ်နိုင်သလား?

ဖြစ်နိုင်ပါတယ်။

ဓာတုဝသေန ပန ပဋိကူလဝသေန ဝါ ပစ္စဝေက္ခဏာယ ပစ္စယသန္နိဿိတသီလံ သုဇ္ဈတီတိ အပရေ။ (မဟာဋီကာ)

(တ) ပစ္စဝေက္ခဏာကို ဘယ်လောက် ဆင်ခြင်သင့်သလဲ?

သင်္ကန်းကိုကိုယ်မှလွတ်၍ သုံးဆောင်တိုင်း သုံးဆောင်တိုင်း ဆင်ခြင်၊ ဆွမ်းကို အလုတ်တိုင်း အလုတ်တိုင်း ဆင်ခြင်၊ ကျောင်းကို တံစက်မြိတ်

စာမျက်နှာ-[၈၈]

အခန်းတွင်း ဝင်တိုင်း၊ သစ်ပင်ရင်းသို့လဲ ဝင်တိုင်း၊ အိပ်ရာ နေရာကို သုံးဆောင်တိုင်း ဆင်ခြင်ရမည်၊ ဤမျှ မတတ်နိုင်လျှင် အရုဏ်အတွင်း ၄-ကြိမ်ဖြစ်စေ ဆင်ခြင်၊ အယုတ်ဆုံး တကြိမ် ထိရောက်အောင်ဆင်ခြင်၊ မဆင်ခြင်ပဲ အရုဏ်တက်လျှင် ဣဏပရိဘောဂ ကြွေးမြီ တင်ပြီမှတ်၊ ဆေးမှာ အကပ်ခံတုန်း, သုံးစားတုန်း ဆင်ခြင်, မဆင်ခြင်ပဲ ဆေး သုံးစားလျှင် ဒဏ်, အာပတ်သင့်မည်။

(ထ) ပစ္စဝေက္ခဏာ မဆင်ခြင်ပဲ သုံးဆောင်လျှင် ဣဏပရိဘောဂဖြစ်သည်ဟု ဆိုခဲ့၏၊ ဣဏပရိဘောဂဖြစ်ပုံ ဘယ်လိုလဲ?

ကြွေးတင်သော သုံးစားခြင်းမျိုးကို ဣဏပရိဘောဂဟု ဆို၏။ ဤ ကြွေးတင်ရာ၌-

၁။ ကြွေးရှင်ထံမှ ရရှိသော လ-ရက်အတိုင်း ပြန်ဆပ်နိုင်သူတမျိုး။
၂။ မဆပ်နိုင်ပဲ အတိုးရင်းပွား တိုးလာသူတမျိုးဟုနှစ်မျိုးရှိသကဲ့သို့ တရားသဖြင့် ရလာသော ပစ္စည်းလေးပါးကို အရုဏ်အတွင်း ပစ္စဝေက္ခဏာ ဆင်ခြင်သုံးစွဲသော ရဟန်း, သာမဏေသည်ကြွေး ဆပ်နိုင်သူနှင့် တူသည်၊ ပစ္စဝေက္ခဏာ မဆင်ခြင်ပဲ သုံးစွဲ၍ အရုဏ်တက်သွားသော ရဟန်း, သာမဏေတို့သည် ကြွေးမဆပ် နိုင်သူနှင့် တူ၏။ ထိုကြွေးမဆပ်နိုင်ပဲ သုံးစွဲမှုကို ဣဏပရိဘောဂ ဟု ဆိုရသည်။

(ဒ) ကြွေးတင်ပုံ ဘယ်နှစ်ပါးလဲ?

ပုထုဇဉ် ရဟန်း, သာမဏေတို့ ပစ္စည်းလေးပါးအလှူခံမှုသည်ကြွေးယူသူနှင့် တူ၏၊ တောင်းခံသော ပစ္စည်းလေးပါးမှဖြစ်သောကြွေးတင်မှုမှာ

၁။ လှူဒါန်းသူ ဒါယကာ၏အကျိုးယုတ်လျော့စေခြင်းတပါး။
၂။ အလှူခံ သုံးဆောင်သူ၌(၁) နှစ်သက်မက်မောခြင်း-ဂေဓ။ (၂) တွေဝေခြင်း-သမ္မောဟ။ (၃) မာန်ယစ်ခြင်း-မဒ။ (၄) မေ့လျော့ခြင်း -ပမာဒ ဟူသော ကိလေသာအညစ်တို့ တိုးပွားလာခြင်း တပါး၊ ဤသို့ ကြွေးတင်ပုံ ၂-မျိုး သိထားပါ။

စာမျက်နှာ-[၈၉]

(ဓ) ပထမ ကြွေးတင်ပုံကား ဘယ်လိုလဲ?

ပစ္စဝေက္ခဏာ မဆင်ခြင်လျှင် ပစ္စယသန္နိဿိတ သီလမရှိ၊ သီလမရှိသူ လှူသော ဒါနကား(ဒက္ခိဏဝိသုဒ္ဓိ) အလှူခံ စင်ကြယ်ရမည်ဆိုတဲ့ အင်္ဂါချို့မှုကြောင့် အကျိုးပေးနဲသွားပါရော၊ ဥပမာ အလှူခံသီလရှိလျှင် အလှူရှင် သိန်းဆုပေါက်ရမည်ကို သီလမရှိမှုကြောင့် ငါးရာဆုသာ ပေါက်တော့သဖြင့် လှူဒါန်းသူဒါယကာ၏ အကျိုးကို ယုတ်လျော့စေခြင်းသည် သုံးစားသူ ရဟန်း, သာမဏေ၏ တာဝန် အပြစ် အဖတ်တင်မှု မြီတင်မှု (ကြွေးတင်မှု) ဟု ဆိုရပေသည်။

(န) ဒုတိယ ကြွေးတင်မှုကား ဘယ်လိုလဲ?

ပစ္စည်း ၄-ပါး ရလာသောအခါ ပစ္စဝေက္ခဏာ ဉာဏ်မသွင်းတော့ ပစ္စည်း ၄-ပါး၌ အကျိုးအကြောင်းစသည်တို့ကိုမသိ၊ တွေဝေမှု သမ္မောဟ တရား ကြီးပွားလာသည်။ ထို မသိ တွေဝေမှုကြောင့် ပစ္စည်း ၄-ပါး မက်မောခင်မင်မှု ဂေဓ တဏှာ ပေါ်လာပါရော၊ ထိုတဏှာနှင့် မနေသေးဘဲ ပစ္စည်း ၄-ပါးပြည့်စုံမှုကြောင့် မာန်ယစ်ခြင်း မဒ၊ ကုသိုလ် တရားမေ့လျော့ခြင်း ပမာဒဆိုတဲ့ ကိလေသာအညစ်တွေ သုံးဆောင်သူ၌ ဖြစ်ပေါ်ခြင်းသည် ကြွေးမြီတင်သည်ဟု ဆိုရသည်။ မှန်၏-ထိုတဏှာ ဂေဓ စသော ကိလေသာ အညစ်တွေ ပယ်ဖြတ်ရေးအတွက် သာသနာ၌ ရှင်, ရဟန်း ပြုနေလျက် မပယ်ဖြတ် မစင်ကြယ်ပဲ ထပ်တိုးလာခြင်းသည် လှူဒါန်းသောအလှူဝတ္ထုမှ တင်လာသော ကိလေသာကြွေးဟု မှတ်ပါ။ ဘုရားရှင် ပစ္စဝေက္ခဏာ ဟောကြားထားခြင်းသည် ထိုကိလေသာကြွေ မတင်အောင် ဟောခဲ့ပါသည်။

(ပ) ဣဏပရိဘောဂ ကိလေသာကြွေးတင် အပြစ်တို့ကို ဘယ်လို ဆိုသလဲ?

ကြွေးတင်နေသူသည် မိမိအလိုအတိုင်း လိုအပ်သောအရပ်သို့မသွားရ သလို (ဣဏပရိဘောဂ) ကြွေးယူ သုံးစားသော သူသည် သံသရာ လောကမှ မထွက်မြောက်နိုင်ဟု မဟာဋီကာဖွင့်ပြသည်။

ဧဝံ ဣဏပရိဘောဂယုတ္တော ကတော နိဿရိတုံ န လဘတိ။ (မဟာဋီကာ)

စာမျက်နှာ-[၉၀]

အမှာ ဣဏပရိဘောဂကြောင့် သံသရာမှ မထွက်နိုင် ဆိုသည်ကို သတိပြု၊ သံကို သံချေးဖျက်သလို ပစ္စည်း၄-ပါး၌ ပစ္စဝေက္ခဏာ မဆင်ခြင်သော လူ, ရှင်, ရဟန်းသည် မိမိသန္တာန်၌ နေ့စဉ်ဖြစ်သော ဣဏပရိဘောဂ ကိလေသာ ကြွေးတို့က ဒုဂ္ဂတိဘဝသို့ ဆောင်ကြကုန်သည်ဟု ဓမ္မပဒမှာ သင်္ကန်း ပစ္စဝေက္ခဏာ မဆင် ခြင်ဘဲ တဏှာဂေဓကြောင့် သင်္ကန်းမှာ သန်းဖြစ်ရတဲ့ ဦးတိဿ အကြောင်းပြုကာ ဘုရားရှင် ဟောတော်မူသည်။

အယသာဝ မလံ သမုဋ္ဌာယ၊ တတုဋ္ဌာယ တမေဝ ခါဒတိ။ ဧဝံ အတိဓောနစာရီနံ သာနိ၊ ကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။(ဓမ္မပဒပါဠိတော်)

အမှာ ဣဏပရိဘောဂကြောင့် ဒုဂ္ဂတိ ရောက်ပုံကို သတိပြု၊ ဇေတဝန်ကျောင်းတော်၌ မိဘ စသော ဆွေမျိုးတို့ လှူဒါန်းသည့် ပစ္စည်း ၄-ပါးတို့ကို များသောအားဖြင့် မဆင်ခြင်ပဲ မှီဝဲသော ရဟန်းတို့ကို ဘုရားရှင် သိတော်မူ၍ စည်းဝေးခေါ်တော်မူပြီးလျှင် ပစ္စဝေက္ခဏာမဆင်ခြင်ပဲ သုံးစားခြင်းသည် အဆိပ်ကို သုံးစားသည်နှင့် တူ၏၊ အဆိပ်ကို ချစ်ကျွမ်းဝင်သူက ပေးလို့ စားလဲ သေမှာပဲ၊ ဘယ်သူကပေးပေး ပစ္စည်း ၄-ပါးကို ဆင်ခြင်၍ သုံးစားကြရမယ်၊ မဆင်ခြင်ပဲ သုံးစား၍ ပျံလွန်တဲ့ရဟန်းဟာ ဘီလူး, သရဲ, သဘက်, ပြိတ္တာဘဝမှ မလွတ်ဟု ဝိဿာသ ဘောဇန ဇာတ်၌ ဘုရားရှင် ဟောတော်မူသည်။

အပစ္စဝေက္ခိတွာ ပရိဘောဂံ ကတွာ ဟိ ကာလံ ကုရုမာနော ဘိက္ခု ယက္ခပေတ အတ္တဘာဝတော န မုစ္စတိ၊ အပစ္စဝေက္ခိတပရိဘောဂေါ နာမေသ ဝိသပရိဘောဂသဒိသာ။ (ဧကကနိပါတ် ဝိဿာသဘောဇနဇာတ်-ထာ)

အမှာ ဣဏပရိဘောဂသည်အဆိပ်စားသည်နှင့် တူပုံ ပြိတ္တာဘုံမှ မလွတ်ပုံကိုသတိပြု၊ ဇေတဝန်ကျောင်းတော်၌ ပစ္စည်း ၄-ပါးတို့ရလျှင် များသောအားဖြင့် ပစ္စဝေက္ခဏာ မဆင်ခြင်ပဲ သုံးစားကြတဲ့

စာမျက်နှာ-[၉၁]

ရဟန်းတွေ ပျံလွန်ကြတော့ များသောအားဖြင့် ငရဲ, တိရစ္ဆာန် ဘုံမှ မလွတ်သည်ကို ဘုရားရှင်သိ၍ ရဟန်းတို့အား ပစ္စဝေက္ခဏာ မဆင်ခြင်တဲ့ အပြစ်တွေ ဟောပြ၍ ပစ္စည်းလေးပါးတို့ကို မဆင်ခြင်ပဲ သုံးဆောင်ခြင်းငှါမအပ်၊ ယနေ့မှ စ၍ ဆင်ခြင်ကြ၊ ဆင်ခြင် သုံးဆောင်ခြင်းသည်သာလျှင် သင့်တော်၏၊ မဆင်ခြင်ပဲ သုံးဆောင်ခြင်းသည် လတ်တလော သေစေတတ်သော အဆိပ်ကို သုံးဆောင်သည်နှင့် တူသည်ဟု လိတ္တဇာတ်၌ ဘုရားရှင် ဟောတော်မူသည်။

တေ စတ္တာရော ပစ္စယေ အဝစ္စဝေက္ခိတွာ ပရိဘုဉ္ဇမာနာ ယေဘုယျေန နိရယ တိရစ္ဆနယောနိတော န မုစ္စန္တိ ။ လ။ အပစ္စဝေက္ခိတွာ ပရိဘောဂေါ နာမ ဟလာဟလဝိသပရိဘောဂသဒိသော။ (ဧကကနိပါတ် လိတ္တဇာတ်-ထာ)

အမှာ ဣဏပရိဘောဂနှင့် ငရဲတိရစ္ဆာန်ဘုံမှ မလွတ်ပုံနှင့် လတ်တလော သေစေတတ်သော အဆိပ်နှင့် တူသည်ကို သတိပြု၊ သံဝေဂယူဖွယ် ဘုရားလက်ထက်တော်၌သော်မှ ပစ္စဝေက္ခဏာ မဆင်ခြင်၍ ငရဲ, တိရစ္ဆာန်, သရဲ, သဘက်, ပြိတ္တာတို့ ဖြစ်ကြလျှင် ယခု သာသနာထက်ဝက် ကျော်လာသောခေတ်၌ ပစ္စဝေက္ခဏာ မဆင်ခြင်၍ ငရဲ, တိရစ္ဆာန်, သရဲ, သဘက်တို့ ဖြစ်သော ဇာတ်လမ်းကို ကြည့်လိုက်လျှင် လွန်စွာမှ ရင်လေးလှ ပေတော့သည်။

(ဖ) ဤပစ္စဝေက္ခဏာ ၄-ပုဒ်ကို ရဟန်း, သာမဏေတို့သာ ဆင်ခြင်သင့်သလား

ရသေ့, ဖိုးသူတော်, သီလရှင်, လူတို့လဲ ဆင်ခြင်ထိုက်ပါသည်။ ပစ္စဝေက္ခဏာသည် ဝိနည်းတော်လာမဟုတ်ပဲ မူလပဏ္ဏာသ, အင်္ဂုတ္တိုရ် စသောသုတ္တန်တို့၌ အများဆုံးလာပါသည်၊ သင်္ကန်းကျောင်းဟုဆိုခြင်းသည် ရဟန်းတော်တို့ကို ပဓာနထား၍သာ ဆိုထားသည်။ လူတို့အဖို့ ဆိုက သင်္ကန်းအစား အင်္ကျီ, ပုဆိုး, ထမီစသော မိမိတို့ ဝတ်ဆင်သော အဝတ်တန်ဆာတို့ အမည်ပြောင်း၍ ဆင်ခြင်ပါ၊ (ဥပမာ-အအေး

စာမျက်နှာ-[၉၂]

ပျောက်အောင် အင်္ကျီဝတ်၏။ အပူပျောက်အောင် ပုဆိုးဝတ်ပါ၏။ အင်္ဂါကြီးငယ် ဖုံးလွမ်းရအောင် ထမီဝတ်ပါ၏ဟု သင်္ကန်းဆင်ခြင်ပုံ နည်းယူ၍ ဆင်ခြင်ရမည်၊ ဆွမ်းဆိုသောအရာ၌ ထမင်းဟုသုံး၍ ဆင်ခြင်ပါ၊) (ဥပမာမြူးထူး ပျော်ပါးရအောင် ဤထမင်းကို ငါစားသည် မဟုတ်ပါ၊ ဤခန္ဓာကိုယ် တည်မြဲအောင် ထမင်းစားပါ၏ဟု ဆင်ခြင်၊ ကျောင်းအစား အိမ်အမည်သုံး၍ အအေးပျောက်အောင် ဤအိမ်၌ နေပါ၏၊ ဥတုဘေးရန် ကာကွယ်ရအောင် ဤအိမ်၌ နေ၏ စသည်ဖြင့် ဆင်ခြင်ပါ။)

(ဗ) ပစ္စဝေက္ခဏာမဆင်ခြင်လျှင် လူတိုကြွေးတင်ပါသေးသလား?

ကြွေးတင်ပုံနှစ်မျိုး၌ ရှေ့ကြွေးမတင်ပဲ ကိလေသာသစ် ဖြစ်ပေါ်မှု ဆိုသော နောက်ကြွေးမျိုး တင်နိုင်ပါတယ်၊ နိဗ္ဗာန်ရောက်လို၍ ကိလေသာ သတ်နေသော ယောဂီ လူသူတော်စင်တို့သည် ထိုအဝတ်, အစား, ထမင်း, အိပ်ရာ, ဆေးတို့ဖြင့် ကိလေသာ အကြွေးမတင်ရအောင် အထူး ဆင်ခြင်သင့်သည်ဟု မှတ်။

(ဘ) နှုတ်ဖြင့် ရွတ်ရုံမျှဖြင့် ပစ္စဝေက္ခဏာကိစ္စပြီးနိုင်သလား?

မပြီးနိုင်ပါ၊ ဉာဏ်ဖြင့် သက်ဝင်ဆင်ခြင်နိုင်မှ ပြီးနိုင်ပါသည်။

ဉာဏ် သိမရောက်၊ ရွတ်ရုံလောက်၊ မမြောက်ပစ္စဝေက္ခဏာ

အမှာ ပစ္စဝေက္ခဏာကိစ္စ ပြီးမြောက်ရန် လင်္ကာသွားဖြင့် ဖြစ်စေ၊ မြန်မာပြန်ဖြင့် ဖြစ်စေ၊ စကားတို့ဖြင့် ဖြစ်စေ ဉာဏ်သက်ဝင် အောင် ဆင်ခြင်နိုင်ကြပါစေ။

ဝိသုဒ္ဓါရုံ ပစ္စဝေက္ခဏာ လင်္ကာ

ချမ်းပူကိုဖျက်၊ ခြင်, မှက် လေ, နေ၊ ကင်း မြွေလွဲသုံ၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင် မယ်ဟု၊ စိတ်ဝယ်မတမ်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါ သတည်း။ (သင်္ကန်း)

ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်

စာမျက်နှာ-[၉၃]

သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်နိုင်ပါစေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။ (ဆွမ်း)

ချမ်းပူကို ဖျက်၊ ခြင်, မှက်, လေ, နေ၊ ကင်း, မြွေဝေးမှု၊ ဥတုဘေးကျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။ (ကျောင်း)

ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီး ဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွာ ပယ်လျဉ်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာ ရွှင်လန်း၊ ပြည့်နိုင်စွမ်းဖို့၊ ရည်မှန်းသုံးဆောင်ပါသတည်း။ (ဆေး)

ဖိနပ်ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကိုအေးမြချမ်းပူ၊ မြေငူသစ်ငုတ် ခလုတ်ဆူးငြောင့်၊ မနှောင့်ဘေးကျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။ (ကြွင်းပစ္စည်းများ)

အမှာ သတ်ပုံကာရန် စကားသုံး မိမိနှုတ်တက်သည်နှင့် မတူသည်ကို မပြင်မိပါစေလင့်၊ ၇၁-ခုနှစ် ဖြူးမြို့၌နေစဉ် ဆရာတော်ကြီးထံ နှုတ်တိုက်သင်ယူသူ (၎င်းကို ညောင်လေးပင် ရှင့်ကျင့်ဝတ်မှ ထုတ်ပြသည်။)

လေ့ကျင့်ခဏ်း ပုစ္ဆာ

၁။ ဥဏှဿ ပဋိဃာတာယကို အနက်သမ္ဗန်၍ ၎င်း၏ မြန်မာသွား ဉာဏ်ထွက်အောင် ဆင်ခြင်ပုံ ရေးပြပါ။
၂။ သင်္ကန်းပစ္စဝေက္ခဏာ၌ နိယတအကျိုးပြ အင်္ဂါကို ပါဠိလို ထုတ်၍ ဟိရီ-ဆိုသော စကား၏ ဂုဏ်ဖြစ်ပုံ စွမ်းနိုင်သလောက် ရေးပါ။
၃။ နဝဉ္စ ဝေဒနံ န ဥပ္ပဒေဿာမိ၏ မြန်မာသွား ဆင်ခြင်ပုံ ရေး၍ ဝမိတကပုဏ္ဏား အသစ်ဝေဒနာဖြစ်ပုံ ရေးပြပါ။
၄။ ဝေယျာဗာဓိကာနံကို အဋ္ဌကထာနှင့်အညီ အနက်ပေး၍ ဝေဒနာနံ အရ ဘယ်ဝေဒနာကို ယူရမည်ကို ဖော်ပြပါ။

စာမျက်နှာ-[၉၄]

၅။ ကြွေးတင်ပုံ ၂-မျိုးကို ဖော်ပြ၍ ပစ္စဝေက္ခဏာ မဆင်ခြင်ပဲ သုံးခြင်းသည် အဆိပ်ကို စားသည်နှင့် တူသည်ဟု ဘယ်ကျမ်းက ဆိုပါသလဲ။

ဆေးပစ္စဝေက္ခဏာနှင့် ပစ္စဝေက္ခဏာဆိုင်ရာ အဓိပ္ပာယ်ပြီးပြီ။

လိင်ဒဏ်သင့်ကြောင်း ခြောက်ပါး

အလဇ္ဇိတာ၊ အရှက်မရှိခြင်း။ အညာဏတာ၊ မသိမိုက်မဲခြင်း။ ကုက္ကုစ္စပကတတာ၊ အလို့လို နှိပ်စက်ခြင်း။ သတိသမ္မောသတာ၊ သတိ မေ့လျော့ခြင်း။ အကပ္ပိယေ ကပ္ပိယသညိတာ၊ မအပ်သည်၌ အပ်သည်ဟု ထင်ခြင်း။ ကပ္ပိယေ အကပ္ပိယသညိတာ၊ အပ်သည်၌ မအပ်ဟု ထင်ခြင်း။ ဤအကြောင်း ခြောက်ပါးတို့ကြောင့် ရှင်သာမဏေများ လိင်, ဒဏ် သင့်တတ်၏။

မရှက်, မသိ, ကုက္ကုစ္စိနှင့်၊ သတိ မမြဲ (၄)၊ ထင်လွဲနှစ်ပါး(၂)၊ ပေါင်းခြောက် ပါးသည်၊ ရှင် များလိင် ဒဏ် သင့်ကြောင်းတည်း။

လိင်ဆယ်ပါး ပါဌ်အနက်

ဒသဟင်္ဂေဟိ သမန္နာဂတော သာမဏေရော နာသေတဗ္ဗော။ ပါဏာတိပါတီ ဟောတိ၊ အဒိန္နာဒါယီ ဟောတိ၊ အဗြဟ္မစာရီ ဟောတိ၊ မုသာဝါဒီ ဟောတိ၊ သုရာမေရယ မဇ္ဇပါယီ ဟောတိ၊ ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ၊ ဓမ္မဿ အဝဏ္ဏံ ဘာသတိ၊ သံဃဿ အဝဏ္ဏံ ဘာသတိ၊ မိစ္ဆာဒိဋ္ဌိကော ဟောတိ၊ ဘိက္ခုနိဒူသကော ဟောတိ၊ ဣမေဟိ ခေါ ဒသဟင်္ဂေဟိ သမန္နာဂတော သာမဏေရောနာသေတဗ္ဗော။

ဒသဟိ၊ ဆယ်ပါးကုန်သော။ အင်္ဂေဟိ၊ အကြောင်း အင်္ဂါတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ သာမဏေရော၊ သာမဏေကို။ နာသေတဗ္ဗော၊ လိင်ပြန်စေအပ်၏။

၁။ ပါဏာတိပါတီ၊ သူ့ အသက်ကို သတ်လေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။

စာမျက်နှာ-[၉၅]

၂။ အဒိန္နာဒါယီ၊ အရှင်မပေးသော သူတပါးဥစ္စာကို ခိုးယူလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။
၃။ အဗြဟ္မစာရီ၊ မမြတ်သော မေထုန်အကျင့်ကို ကျင့်လေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။
၄။ မုသာဝါဒီ၊ မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။
၅။ သုရာ မေရယ မဇ္ဇပါယီ၊ မေ့လျော့ခြင်း၏ အကြောင်း ဖြစ်သော သေရည် သေရက်ကို သောက်လေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။
၆။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ အဝဏ္ဏံ၊ ကျေးဇူးမဲ့ ကဲ့ရဲသော စကားကို။ ဘာသတိ၊ ပြောဆို၏။
၇။ ဓမ္မဿ၊ တရားတော်မြတ်၏။ အဝဏ္ဏံ၊ ကျေးဇူးမဲ့ ကဲ့ရဲ့သော စကားကို။ ဘာသတိ၊ ပြောဆို၏။
၈။ သံဃဿ၊ သံဃာတော်မြတ်၏။ အဝဏ္ဏံ၊ ကျေးဇူးမဲ့ ကဲ့ရဲ့သော စကားကို။ ဘာသတိ၊ ပြောဆို၏။
၉။ မိစ္ဆာဒိဋ္ဌိကော၊ မှားသော အယူရှိသည်။ ဟောတိ၊ ဖြစ်၏။
၁၀။ ဘိက္ခုနိဒူသကော၊ ဘိက္ခုနီမကို ဖျက်ဆီးသည်။ ဟောတိ၊ ဖြစ်၏။
ဒသဟိ၊ ဆယ်ပါးကုန်သော။ ဣမေဟိ ခေါ အင်္ဂေဟိ၊ ဤ အကြောင်းအင်္ဂါတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ သာမဏေရော၊ သာမဏေကို။ နာသေတဗ္ဗော၊ လိင်ပြန်စေအပ်၏။

စာမျက်နှာ-[၉၆]

ဒဏ်ဆယ်ပါး ပါဌ်အနက်

ဒသဟင်္ဂေဟိ သမန္နာဂတဿ သာမဏေရဿ ဒဏ္ဍကမ္မံ ကာတဗ္ဗံ၊ ဝိကာလဘောဇနော ဟောတိ၊ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿနော ဟောတိ၊ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနော ဟောတိ၊ ဥစ္စာသယန မဟာသယနော ဟောတိ၊ ဇာတရူပ ရဇတပဋိဂ္ဂဟဏော ဟောတိ၊ ဘိက္ခူနံ အလဘာယ ပရိသက္ကတိ၊ ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ၊ ဘိက္ခူနံ အဝါသာယ ပရိသက္ကတိ၊ ဘိက္ခူ အက္ကောသတိ ပရိဘာသတိ၊ ဘိက္ခူ ဘိက္ခူဟိ ဘေဒေတိ၊ ဣမေဟိ ခေါ ဒသဟင်္ဂေဟိ သမန္နာဂတဿ သာမဏေရဿ ဒဏ္ဍကမ္မံ ကာတဗ္ဗံ။

အနတ္တာယနှင့် အဝါသာယသည် ပါဠိတော်နှင့် မညီပဲ အချို့ ရှေ့နောက် ပြန်နေတတ်သည်၊ ဘိက္ခူနံ အက္ကာသတိ ဟူ၍လည်း သီဟိုဠ်မူ ကွဲတတ်သည်။

ဒသဟိ၊ ဆယ်ပါးကုန်သော။ အင်္ဂေဟိ၊ အကြောင်းအင်္ဂါနှင့်။ သမန္နာဂတဿ၊ ပြည့်စုံသော။ သာမဏေရဿ၊ သာမဏေအား။ ဒဏ္ဍကမ္မံ၊ သဲဒဏ်, ရေဒဏ် ပေးခြင်းအမှုကို။ ကာတဗ္ဗံ၊ ပြုအပ်၏။

၁။ ဝိကာလဘောဇနော၊ နေလွဲညစာ စားလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။
၂။ နစ္စဂီတဝါတဝိသူကဒဿနော၊ ကခြင်း, သီခြင်း, တီးမှုတ်ခြင်း သာသနာတော်၏ ငြောင့် တံကျင် သဖွယ်ဖြစ်သော ကြည့်ရှု နားထောင်ခြင်း အလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။

စာမျက်နှာ-[၉၇]

၃။ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနော၊ ပန်းပန်ခြင်း, နံ့သာ အမွှေးအထုံတို့ဖြင့် တန်ဆာဆင်ခြင်း နံ့သာပျောင်းတို့ဖြင့် အတင့်အတယ် အပြေအပြစ်ပြုခြင်း အလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။
၄။ ဥစ္စာသယန မဟာသယနော၊ မြင့်သောနေရာ မြတ်သောနေရာတို့၌ နေလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။
၅။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏော၊ ရွှေ, ငွေ, ဒင်္ဂါး, ပိုက်ဆံကို ကိုင်ခံလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။
၆။ ဘိက္ခူနံ၊ ရဟန်းတို့အား။ အလာဘာယ၊ လာဘ်မရစိမ့်သောငှါ။ ပရိသက္ကတိ၊ အားထုတ်၏။
၇။ ဘိက္ခူနံ၊ ရဟန်းတို့အား။ အနတ္ထာယ၊ အကျိုးမဲ့ ဘေးရန် ဖြစ်စိမ့်သောငှါ။ ပရိသက္ကတိ၊ အားထုတ်၏။
၈။ ဘိက္ခူနံ၊ ရဟန်းတို့အား။ အဝါသာယ၊ နေရာမရစိမ့်သောငှါ။ ပရိသက္ကတိ၊ အားထုတ်၏။
၉။ ဘိက္ခူ၊ ရဟန်းတို့ကို။ အက္ကောသတိ၊ ဆဲရေး၏။ ပရိဘာသတိ၊ ခြိမ်းချောက်၏။
၁၀။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘိက္ခူဟိ၊ တပါးသော ရဟန်းတို့နှင့်။ ဘေဒေတိ၊ ကွဲပြားအောင် ဂုံးတိုက်၏။
ဒသဟိ၊ ဆယ်ပါးကုန်သော။ ဣမေဟိ ခေါ အင်္ဂေဟိ၊ ဤအကြောင်း အင်္ဂတို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံသော။ သာမဏေရဿ၊ သာမဏေအား။ ဒဏ္ဍကမ္မံ၊ သဲဒဏ်, ရေဒဏ်ပေးခြင်းအမှုကို။ ကာတဗ္ဗံ၊ ပြုအပ်၏။

စာမျက်နှာ-[၉၈]

လိင်ဆယ်ပါး မှတ်သားဘွယ်

(က) လိင်ဆယ်ပါး ဘယ်အတွက်ကြောင့် ပေါ်လာသလဲ ?

သာကီဝင်မင်းသား ရှင်ဥပနန္ဒ၏တပည့် ကိုရင် ကဏ္ဋကသည် ကဏ္ဋကီခေါ်တဲ့ ရဟန်းမကို မေထုန်မှီဝဲ၍ဖျက်ဆီးသောအခါ ရဟန်းတော်တို့က ရှင်သာမဏေဟာ မကျင့်အပ်တဲ့အမှုကို ပြုကျင့်ပေစွဟု ကဲ့ရဲ့ ရှုတ်ချကုန်လျက် ထိုအကြောင်းကို ဘုရားရှင်အား လျှောက်ထားလျှင် ဘုရားရှင်က အင်္ဂါ ၁၀-ပါးနှင့်ပြည့်စုံသော ရှင်သာမဏေကို အသွင်ဖျက်၍ လိင်ပြန်ဖို့ အာဏာထားတော်မူခဲ့သည်၊ ထိုအခါမှစ၍ သာမဏေများ အထူး ရှောင်ကြဉ်အပ်သော လိင် ၁၀-ပါး ပေါ်လာသည်။

(ခ) လိင်ဆိုတာ ဘာလဲ ?

လိင်္ဂ-ပါဠိကိုဖျက်၍ လိင်-ဟုခေါ်သုံးသောစကားဖြစ်သည်၊ လိင်္ဂ-မှာ အသွင်အပြင်ကို ဟောသည်၊ လိင်-ဟူသောစကားလဲ ထို အတူ အသွင် ဟူသော အဓိပ္ပာယ်ထွက်သည်၊ ထိုအသွင်သည် (၁) ဂဟဋ္ဌလိင်္ဂ=လူ အသွင်၊ (၂) ပဗ္ဗဇ္ဇလိင်္ဂ=ရှင်သာမဏေ အသွင်ဟု ၂-မျိုး မှတ်ထား၊ လူအသွင်မှ တဆင့် ရှင်သာမဏေ အသွင်သို့ ပြောင်းလာကြသည်။ အကယ်၍ သူ့ အသက်သတ်ခြင်းစသော ၁၀-ပါးတို့တွင် တပါးပါး ကျူးလွန်သူသာမဏေအား နောင်မစောင့်စည်းက သာမဏေအသွင်၌ မတည်နိုင်ပဲ လူအသွင်သို့ လျော့ကျသည်ကို လိင်ကျသည်ဟု ဆိုသည်။ လူထွက်တဲ့ သာမဏေများမှာ သာမဏေ အသွင်မှ မူလ လူအသွင်ကို ပြန်ယူသဖြင့် ရှင်လိင်ပြန်သည်ဟု ဆိုကြသည်။

နာသေတဗ္ဗော-အရ လိင်ပြန်စေဆိုသော စကားသည် သာမဏေ အသွင်ကို ဖျက်ဆီးစေမှုဟု မှတ်၊ မှန်၏။ နာသန=ဖျက်ဆီးခြင်းတို့ကား-

၁။ သံဝါသ နာသန။
၂။ လိင်္ဂ နာသန။
၃။ ဒဏ္ဍကမ္မ နာသန ပေါင်း ၃-ပါး။

စာမျက်နှာ-[၉၉]

၁။ အပေါင်းအဖော် ဖျက်ဆီးခြင်းသည် သံဝါသနာသနမည်၏။
၂။ အသွင်ကို ဖျက်ဆီးခြင်းသည် လိင်္ဂ နာသန မည်၏။
၃။ ဒဏ်အမှုဖြင့် ဖျက်ဆီးခြင်းသည် ဒဏ္ဍကမ္မ နာသန မည်၏။

နာသေတူတိ ဧတ္ထ တိဝိဓာ နာသနာ သံဝါသ နာသနာ, လိင်္ဂနာသနာ, ဒဏ္ဍကမ္မ နာသနာတိ။ (ပါစိတ်-ထာ-ကဏ္ဋကသိက္ခာပုဒ်)

ဒဏ္ဍ, ကမ္မ၊ သံဝါသ၊ လိင်္ဂ နာသနာ။
ဒဏ်ပေး, ပေါင်းဖက်၊ အသွင်ဖျက်၊ သုံးချက် ဝိနည်းလာ။ (လိင်ပြန်ဆိုသော စကားသည် အသွင်ဖျက်ခြင်း လိင်္ဂ နာသနကို ဆိုသည်။)

(ဂ) လိင်္ဂနာသန=လိင်ကျသာမဏေတို့ကို ဘယ်လိုလုပ်ရမလဲ?

လိင်ကျသော ခဏ၌ သရဏဂုံယူခြင်း၊ ဥပဇ္ဈာယ်ယူခြင်း၊ ဝါတွင်း နေရန် ဝါစဉ်ဖြင့် ကျောင်းနေရာယူခြင်းတို့သည် ပျက်ကုန်၏၊ သီတင်းကျွတ်သောအခါ သံဃိက ဝါဆိုသင်္ကန်း လာဘ်မရထိုက်၊ သာမဏေ အသွင် တခုသာ ကျန်၏၊ အပြစ်များ၍ မစောင့်စည်းမူ နှင်ထုတ်အပ်၏။

စောင့်စည်းမူ အဝတ်မလဲပဲ သရဏဂုံ ဥပဇ္ဈာယ်ပြန်ပေးအပ်၏၊ သိက္ခာပုဒ်တို့ကား သရဏဂုံဖြင့် ပြီးကုန်၏၊ သို့သော် မြဲမြံအောင် ထပ်ပေးအပ်၏၊ ပုရိမဝါဆိုပြီးမှ လိင်ကျလျှင် ပစ္ဆိမဝါထပ်ဆို၊ ဝါကျွတ်လျှင် ပစ္ဆိမဝါဆို လာဘ်ရနိုင်သေး၏။ ပစ္ဆိမဝါဆိုပြီး လိင်ကျလျှင် ဝါကျိုးပြီ၊ ဝါကျွတ်၍ သံဃိက သင်္ကန်းလာဘ်လား မသိ၍ ရသော်လည်း သံဃိကဖြစ်၍ သံဃာသို့ ပြန်ပေးရသည်။ ပန်ကြား၍ပေးမှ ယူအပ်သည်။ ယခုကာလ ကထိန်သင်္ကန်း ဝေဖန်ရေး၌လည်း ပန်ကြား၍ ပေးလျှင် စိတ်ချရသည်ကို သတိပြုပါ။

(ဃ) အင်္ဂေဟိ-အရ အင်္ဂါဆိုတာ ဘာလဲ ?

လိင်ပြန်စေရန် အသွင်ဖျက်ဖို့ အကြောင်းတရားတို့သည် အင်္ဂါတို့ မည်၏၊ ထိုအကြောင်း အင်္ဂါတို့မှာ ပါဏာတိပါတီ စသောအားဖြင့် ၁၀-ပါးရှိ၍ ဒသ-ဟု သင်္ချာတပ်လေသည်။

စာမျက်နှာ-[၁၀၀]

အမှာ လိင် ၁၀-ပါး ၁-ခုစီ ဖော်ပြသွားအံ့။

(က) ပါဏာတိပါတီ = အသက်သတ်ဆိုတာ ဘယ်လိုလုပ်တာလဲ?

သတ္တဝါကို သူ့သဘာဝဖြင့် ဖြေးဖြေးသေမှုကို မပေးပဲ အလျှင် အမြန် သေစေခြင်းကို သူ့အသက်သက်ဟု ဆိုရသည်။

(ခ) ထိုသူ့အသက်သတ်ခြင်း၌ အားထုတ်သော ပယောဂလုံ့လ ဘယ်လောက် ရှိသလဲ ?

၁။ သာဟတ္ထိက=ကိုယ်တိုင် သတ်ခြင်း။
၂။ အာဏတ္တိက=စေခိုင်း၍ သတ်ခြင်း၊
၃။ နိဿဂ္ဂိယ=ပစ်လွှတ်သော လက်နက်ဖြင့် သတ်ခြင်း။
၄။ ထာဝရ = တွင်းတူး ငြောင့်ထောင်စသော အမြဲအတည် ပြုလုပ်ထား၍ သတ်ခြင်း။
၅။ ဝိဇ္ဇာမယ = အတတ်ပညာ အမျိုးမျိုးဖြင့် သတ်ခြင်း။
၆။ ဣဒ္ဓိမယ=တန်ခိုးဖြင့် သတ်ခြင်းဟု ပယောဂ ၆-ပါး ရှိပါသည်။

ကိုယ်တိုင်, ခိုင်းစေ၊ ပစ်လွှတ်တွေ၊ ပုံသေ ထာဝရ။
ဝိဇ္ဇာမန္တန်၊ တန်ခိုး ဖန်၊ ခြောက်တန် ပယောဂ။

(ဂ) သူတပါးကို သတ်ခိုင်းသော အာဏတ္တိကပယောဂ၌ လိင်ကျ-မကျ ဘယ်လိုလဲ?

သတ်ခိုင်းသော အာဏတ္တိကပယောဂ၌ (၁) ဘယ်သူဘယ်ဝါ စသည် ရည်ညွှန်းပိုင်းခြား၍ သတ်ခိုင်းခြင်း ဥဒ္ဒိဿ အာဏာပက၊ (၂) မရည်ညွှန်းပဲ သတ်ခိုင်းခြင်း အနုဒ္ဒိဿ အာဏာပက ၂ မျိုးရှိ၏၊ ရည်ညွှန်း၍ သတ်ခိုင်းအပ်သူ သေမှသာ သတ်ခိုင်းသူ သာမဏေ လိင်ကျသည်၊ မရည်ညွှန်းပဲ သတ်ခိုင်းရာ၌ တဦးဦးသေလျှင်လဲ လိင်ကျသည်။

တနည်း သတ်ခိုင်းရာ၌ မှတ်ရမည့် နိယမ ၆-မျိုး အဋ္ဌကထာ ဆိုသေးသည်။

စာမျက်နှာ-[၁၀၁]

၁။ ဝတ္ထု=သတ်အပ်သော သတ္တဝါ။
၂။ ကာလ =သတ်ချိန်ကာလ။
၃။ ဩကာသ=သက်ရာ အရပ်ဌာန။
၄။ အာဝုဓ=သတ်တဲ့ လက်နက်။
၅။ ဣရိယာပထ=သတ်အပ်သူ၏ ဣရိယာပုထ်။
၆ ။ ကြိယာဝိသေသ = ထိုးခြင်း, ခုတ်ခြင်း စသော အမူ အရာကြိယာထူး။ ပေါင်း ၆-ပါး။

ဝတ္ထု, ကာလံ၊ ဩကာသံ၊ ဝုဓ, ဣရိယာပထ။
ကြိယာဝိသေ၊ ဤခြောက်ထွေ၊ မှတ်လေ အာဏတ္တိက။

၁။ ဤခြောက်မျိုး၌ တပါးပါးမှတ်၍ သတ်ခိုင်းရာ၌ မှတ်သည့်အတိုင်း သတ္တဝါ သေမှသာ သာမဏေ လိင်ကျ၏၊ ဥပမာ-မောင်မြကို သတ်ပါဟု(ဝတ္ထု)မှတ်၍ စေခိုင်းရာ မောင်မြကို မသတ်ခဲ့ပဲ မောင်လှကို သတ်ခဲ့အံ့၊ သတ်ခိုင်းသူ သာမဏေ လိင်မကျ၊ မောင်မြကို သတ်ခဲ့ပါမှ လိင်ကျ၏။ ဤကား ဝတ္ထုမှတ်ပုံတည်း။
၂။ ထို့အတူ နံနက်အချိန် သတ်ပါဟု(ကာလ)မှတ်၍ သတ်ခိုင်းရာ ညနေကျမှ သတ်ခဲ့အံ့၊ လိင်မကျ။
၃။ တောထဲမှာ သတ်ပါဟု(ဩကာသ)မှတ်၍ သတ်ခိုင်းရာ ရွာထဲ သတ်ခဲ့အံ့၊ လိင်မကျ။
၄။ ဓားနဲ့သတ်ပါဟု (အာဝုဓ)မှတ်၍ သတ်ခိုင်းရာ လှံနှင့် သတ်ခဲ့အံ့၊ လိင်မကျ။
၅။ လျောင်းနေတုန်းသတ်ပါဟု(ဣရိယာပထ)မှတ်၍ သတ်ခိုင်းရာ ထိုင်နေတုန်း သတ်ခဲ့အံ့၊ လိင်မကျ။
၆။ ထိုး၍ သတ်ပါဟု(ကြိယာဝိသေသ) မှတ်၍ သတ်ခိုင်းရာ မထိုးဘဲ ရိုက်သတ်အံ့၊ ခိုင်းသူ သာမဏေ လိင်မကျ။

စာမျက်နှာ-[၁၀၂]

အမှာ ပါဏာတိပါတနှင့် စပ်ရာ၌ သီလပျက်မှု, ကံထိုက်မှု စသည်တို့ကို ဤနည်းချည်း မှတ်ပါ။

(ဃ) လက်နက်ဖြင့် ပစ်လွှတ်၍သတ်သော နိဿဂ္ဂိယပယောဂ၌ လိင်ကျ-မကျ ဘယ်လိုလဲ?

(၁) ဥဒ္ဒိဿ-နိဿဂ္ဂိယ ရည်ညွှန်း ပိုင်းခြား၍ ပစ်လွှတ်သတ်ခြင်း၊
(၂) အနုဒ္ဒိဿ-နိဿဂ္ဂိယ ဘယ်သူသေသေ ဟု မရည်ညွှန်းပဲ ပစ်လွှတ် သတ်ခြင်း ၂-မျိုးရှိရာ ရည်ညွှန်း၍ ပစ်လွှတ်သတ်ရာ၌ ရည်ညွှန်းအပ်သူ သေပါမူ ပစ်လွှတ်သူ သာမဏေ လိင်ကျ၏၊ ဥပမာ-စစ်ပွဲဆိုပါစို့၊ တဘက် က စစ်တပ်ကို ရိုင်ဖယ်နှင့် ဗိုလ်မှူးကိုသာ အကျပစ်မည်ဟု ရည်မှန်း၍ ပစ်လိုက်ရာ ဗိုလ်မှူးမထိဘဲ နောက်ဘက်ငယ်သားထိမှန်၍ ကျဆုံးလေသော် သာမဏေအဖို့ လိင်မကျ၊ ဗိုလ်မှူးသေမူ လိင်ကျမည်၊ ဘယ်သူ ထိထိဟု မရည်မှန်း မပိုင်းခြားဘဲ ပစ်လွှတ်က တဦးဦး ထိသေက လိင် ကျပြီဟု မှတ်။

အမှာ သာဟတ္ထိက, ထာဝရ, ဝိဇ္ဇာမယ, ဣဒ္ဓိမယ ပယောဂတို့ကိုလဲဥဒ္ဒိဿ ရည်ညွှန်းမှုနှင့် အနုဒ္ဒိဿ မရည်ညွှန်းမှု ၂ မျိုးခွဲ၍ နိဿဂ္ဂိယအတိုင်း လိင်ကျ မကျ သိတတ်စေ။

(င) ထို့ပြင် လိင်ကျနိုင်သော သတ်နည်းမျိုး ရှိသေးသလား?

မသေချင်သူ မသတ်ဝံ့သူတို့ကို သေချင်လာအောင် သေဝံ့အောင် သေရေးချီးမွမ်းမှု, သေနည်းပေးမှု, ကိုယ်ဝန်ကျဆေး ပေးမှု, ကြောက်လန့်ဖွယ်, မနှစ်သက်ဖွယ် အဆင်းတို့ ပြမှု, ထို ပယောဂတို့ကြောင့် သတ္တဝါသေလျှင် လိင်ကျ၏၊ ဤသူမရှိလျှင် ချမ်းသာမှာပဲ စသည်ဖြင့် ပရိယာယ်သွယ်ဝိုက်၍ ပြောရာ၌ ကြားသူက ထိုသူကို သေစေလိုသည်ဟု ရိပ်မိ၍ သတ်လျှင် သွယ်ဝိုက်ပြောသူ သာမဏေ လိင်ကျ၏၊ သာမဏေများအဖို့ ကြမ်းပိုး, ခြင်, ယင်, ကင်း, သန်း စသော သတ္တဝါအငယ်စားတို့ သတ်ဖြတ်လဲ လိင်ကျ၏။ အကောင်ပေါက်မည့် ဘဲဥ, ကြက်ဥ စသည်တို့ ချက်ပြုတ်လျှင်လဲ လိင်ကျ၏၊ သတိပြု။

စာမျက်နှာ-[၁၀၃]

(စ) ပါဏာတိပါတီ၌ လိင်ကျနိုင်သည့် သမ္ဘာရအင်္ဂါ ဘယ်နှစ်ပါးလဲ?

၁။ ပါဏာ =သတ္တဝါဖြစ်ခြင်း၊
၂။ ပါဏသညိတာ=သတ္တဝါဟူသော အမှတ်ရှိခြင်း။
၃။ ဝဓကစိတ္တံ-သတ်လို သေစေလိုသော စိတ်ရှိခြင်း။
၄။ ဥပက္ကမော= သတ်ခြင်းငှါ လုံ့လပြုခြင်း။
၅။ တေန မရဏံ=ထိုလုံ့လဖြင့် သေခြင်း၊ ပေါင်း ငါးပါး။

သတ္တဝါရှိ၊ အမှတ်သိ၍၊ သတ်မည် စိတ်ထား၊ အားပါးစိုက်လျဉ်း၊
သေခဲ့ခြင်းဟု၊ ကြောင်းရင်းငါးလီ၊ အင်္ဂါညီ၊ ကျပြီ ပါဏာတိ။

ထိုသမ္ဘာရ အင်္ဂါငါးမျိုးစလုံး ပြည့်စုံမှ လိင်ကျသည်၊ ဥပမာ သေအောင် ရိုက်လိုက်ရာ မသေခဲ့လျှင် “တေန မရဏံ” အင်္ဂါချို၍ လိင်မကျ၊ ဤနည်း မှီ၍ သိတတ်စေ။

၂။ အဒိန္နာဒါယီအင်္ဂါ၌ (က) သူတပါးဥစ္စာကို ခိုးယူဆိုတာ ဘယ်လိုလဲ?

အရှင်က မစွန့်လွှတ်နိုင်တဲ့ ပစ္စည်းစုကို ကိုယ်ဟာဖြစ်ရအောင် တိတ်တိတ် လျှို့ဝှက်ယူခြင်းကို ခိုးယူဟု ဆိုရသည်၊ မြက်, ဝါးခြမ်း, တံပူ, ရေ စသော အဖိုးမထိုက်တန်သော ဝတ္ထုကိုသော်လဲ မခိုးယူအပ် ခိုးယူလျှင် လိင်ကျ၏။

အဒိန္နာဒါနေ တိဏ သလာက မတ္တေနာပိ ဝတ္ထုနာ။ (ဟာ-ထာ)

တိတ်တိတ်မဝှက်ပဲ အတင်းလုယူ၊ ဓားပြတိုက်ယူ လိမ်ညာယူ၊ တရားစွဲယူ၊ ကမ္ပည်းပြောင်းယူ၊ ခြံရာ မြေရာတိုးယူစသောအားဖြင့် မပေးလိုတဲ့ ပစ္စည်းယူပုံ အမျိုးမျိုးသည် ခိုးမှုထဲသို့ ဝင်၏၊ လိင်ကျ၏၊ ခိုးပုံ ၂၅-မျိုး ကျမ်းဂန် ဆို၏။ အားလုံး လိမ်ကျနိုင်၏။ သို့ပါ၍ လက်မှတ်မခံပဲ ရထား, သင်္ဘော စသည်တို့ စီနင်းမှု၊ ရုံပွဲများ အတင်းဝင်ကြည့်မှု၊ မသွားရန်ကင်းထားရာသို့ သွားမှု၊ သူခိုးနှင့်တိုင်ပင်၍ အစိုးရ မကြိုက်သော အလုပ်တို့ကို လုပ်မှု စသည်တို့လည်း သာမဏေများ လိင်ကျ၏ဟု မှတ်ပါ။ ကိုယ်တိုင် ခိုးသော သာဟတ္ထိက ပယောဂ, သူတပါးခိုင်းစေသော အာဏတ္တိကပယောဂတို့လဲ လိင်ကျနိုင်သည်။

စာမျက်နှာ-[၁၀၄]

ခိုးခိုင်းသော အာဏတ္တိကပယောဂ၌ ရည်ညွှန်း ပိုင်းခြား၍ ခိုးခြင်း ဥဒ္ဒိဿအာဏာပက, မရည်ညွှန်းပဲ ခိုးခိုင်းသော အနုဒ္ဒိဿ အာဏာပက ၂-မျိုးခွဲပါ၊ ဥဒ္ဒိဿ အာဏာပက၌ ရည်ညွှန်းပိုင်းခြားတိုင်း ခိုးယူမှ ခိုင်းသူ လိင်ကျ၏။ အနုဒ္ဒိဿ အာဏာပက၌ တခုခု ခိုးခဲ့လျှင် လိင်ကျ၏။ ဥပမာ-ရွှေခိုးပါဟု (ဝတ္ထု) ပိုင်းခြား၍ စေခိုင်းရာ ငွေခိုးလာလျှင် ခိုးခိုင်းသူ သာမဏေ လိင်မကျ၊ နံနက်ခိုးပါဟု (ကာလ) ပိုင်းခြား၍ စေခိုင်းရာ ညနေမှ ခိုးလာလျှင် လိင်မကျ၊ အိမ်တွင်းက ပစ္စည်းခိုးပါဟု(ဩကာသ) ပိုင်းခြား၍ စေခိုင်းရာ အိမ်ပြင်က ပစ္စည်း ခိုးလာလျှင် ခိုင်းသူလိင်မကျ၊ ဤသို့ ရည်ညွှန်းပိုင်းခြားသည့်အတိုင်းခိုးမှုသာလျှင် ခိုင်းစေသူလိင်ကျ၏။ မပိုင်းခြားပဲ စွမ်းနိုင်သလို ခိုးခဲ့ခိုင်းရာ၌ ဘယ်ဟာခိုးခိုး ခိုးဖြစ်က ခိုင်းသူ လိင်ကျ၏။ မခိုးဖြစ်လျှင် ခိုင်းသူ လိင်မကျဟု မှတ်။

(ခ) ပရိယာယ်နှင့် ခိုးခိုင်းလိုက်လျှင် လိင်ကျသလား?

ထိုသူ၏ ပစ္စည်းတွေ တယ်များတယ် ရများ ရလျှင် ကောင်းမှာပဲ စသည်ဖြင့် သွယ်ဝိုက်၍ တိုက်ရိုက်မပြောပဲ ပရိယာယ်သုံးသည်ကို ကြားသူက ရိပ်မိ၍ သွားခိုးယူလျှင် ပရိယာယ်သုံးသူ သာမဏေ လိင်မကျ၊ ဤ အဒိန္နာဒါန ခန်း၌ ပရိယာယ်လွတ် သည်ဟု မှတ်ပါ။

(ဂ) အဒိန္နဒါယီအတွက် လိင်ကျကြောင်း သမ္ဘာရအင်္ဂါဘယ်လောက်လဲ?

၁။ ပရပရိဂ္ဂဟိတံ=သူတပါး သိမ်းပိုက်ထားသော ပစ္စည်းဖြစ်ခြင်း။
၂။ ပရပရိဂ္ဂဟိတသညီတာ=သူတပါး သိမ်းဆည်း ထားသော ပစ္စည်းဟု မှတ်ထင်ခြင်း။
၃။ ထေယျစိတ္တံ=ခိုးလိုသော စိတ်ရှိခြင်း။
၄။ ဥပက္ကမော=လုံ လပြုခြင်း။
၅။ တေန ဟရဏံ=ထိုလုံ့လဖြင့် ခိုးယူခြင်း၊ ပေါင်း ငါးပါး။

သူပိုင် ဥစ္စာ၊ သူ့ဥစ္စာဟု၊ မှတ်ပြု သညိတ်၊ ခိုးလို စိတ်ထား၊
အားပါး စိုက်လျဉ်း၊ ခိုးယူခြင်းဟု၊ ကြောင်းရင်းငါးလီ၊ အင်္ဂါညီ၊ ကျပြီ အာဒိန္န။

စာမျက်နှာ-[၁၀၅]

ထိုအင်္ဂါငါးပါးစလုံး ပြည့်စုံမှ လိင်ကျသည်။ ဥပမာ လမ်း၌ ငွေထုပ်ကို ခိုးလိုစိတ်ဖြင့် ကောက်ယူခဲ့ရာ ငွေထုပ်ရှင် မရှိသဖြင့် ပရပရိဂ္ဂဟိတ-အင်္ဂါ ချို့၍ လိင်မကျ၊ ဤနည်းမှီ၍ သိတတ်စေ။

၃။ အဗြဟ္မစာရီအင်္ဂါ၌ (က) မမြတ်သော မေထုန်အကျင့်ဆိုတာ ဘယ်လိုအကျင့်လဲ?

ရာဂ-နှိပ်စက်ခြင်းတူသော ယောက်ျား မိန်းမနှစ်ဦးတို့၏ ပျော်မြူးမှီဝဲသော အကျင့်ယုတ်ကို မမြတ်သော မေထုန်အကျင့်ဟု ခေါ်သည်။ မေထုနသဒ္ဒမှ မေထုန်ခေါ်သည်၊ မေထုနသဒ္ဒသည် ရာဂနှိပ်စက်ခြင်း တူသူ နှစ်ဦးတို့၏ ဥစ္စာဖြစ်သော အကျင့်ယုတ်ကို ဟောသည်။ “မေထုနာနံ သဒိသာနံ အယန္တိ မေထုနာ” ပြု၊ ထိုမေထုန်အကျင့်သည် သူတော်ကောင်းကို စက်ဆုပ်အပ်၍ လျှို့ဝှက်သောအရပ်၌ သူယုတ်မာတို့ ပြုကျင့်လေ့ရှိသဖြင့် မမြတ်သောအကျင့်ဖြစ်သောကြောင့် အဗြဟ္မစရိယဟု ခေါ်သည်။ ပကတိပြင်ပလေ မထိသော, သူတပါးမဂ်၌ မိမိအင်္ဂါ ဇာတ်ကို နှမ်းစေ့မျှသွင်း၍ ထိုမမြတ်သောအကျင့် ကျင့်သောသာမဏေ လိင်ကျ၏၊ ထို ထက်သွင်းက ပြောဖွယ်မရှိ။

(ခ) သူတပါးမဂ်ဆိုတာ ဘာလဲ?

၁။ ဝစ္စမဂ်=ကျင်ကြီးလမ်းပေါက်။
၂။ ပဿာဝမဂ်=ကျင်ငယ်လမ်းပေါက်။
၃။ မုခမဂ်=ခံတွင်းပေါက်၊ ပေါင်း သုံးပါး။

ဝစ္စ, ပဿာဝံ၊ ထက် မုခံ၊ သုံးတန် မဂ်အပြား
ကျင်ကြီး, ကျင်ငယ်၊ နှုတ်ခမ်းဝယ်၊ သုံးသွယ် အပေါက်များ။

ထိုမဂ်သုံးပါးတွင် တပါးပါး၌ မှီဝဲလျှင် လိင်ကျ၏။ အဗြဟ္မစရိယေ တီသု မဂ္ဂေသု ယတ္ထ ကတ္ထစိ ဝိပ္ပဋိပတ္တိယာ။ (ဟာ-ထာ)

စာမျက်နှာ-[၁၀၆]

(ဂ) လူအမ၌ မေထုန်မှီဝဲမှ လိင်ကျသလား?

လူအမ, လူဥဘတောဗျည်း, လူအထီး, လူပဏ္ဍုက်, နတ်မ, နတ်ဥဘတောဗျည်း, နတ်ထီး, နတ်ပဏ္ဍုက်, တိရစ္ဆာန်မ, တိရစ္ဆာန် ဥဘတောဗျည်း, တိရစ္ဆာန်ထီး, တိရစ္ဆာန်ပဏ္ဍုက် မှီဝဲအပ်တဲ့ ပုဂ္ဂိုလ် ၁၂-ယောက်တို့တွင် ဘယ်သူကို မှီဝဲ မှီဝဲ လိင်ကျ၏။

ဥဘတောဗျည်းဆိုတာ မိန်းမ၏အင်္ဂါဇာတ်, ယောက်ျား၏အင်္ဂါဇာတ် ၂-မျိုးပါ၏။ ယောက်ျား, မိန်းမမဟုတ်ပဲ အင်္ဂါဇာတ်ချို့ သူကို ပဏ္ဍုက် ဟု ခေါ်သည်။ ထိုကြောင့် အမနှင့် ဥဘတောဗျည်းတို့မှာ မဂ်သုံးပါး လုံးစီ ရ၏၊ အထီးနှင့်ပဏ္ဍုက်တို့မှာ ဝစ္စမဂ် မုခမဂ် ၂-ပါးသာရ၏။ အထက်ပါ ပုဂ္ဂိုလ် ၁၂-ယောက်တွင် အမ-၃, ဥဘတောဗျည်း ၃-တို့၌ မဂ် ၁၈-ပါး ထီး-၃, ပဏ္ဍုက်-၃-တို့၌ မဂ် ၁၂-ပါး၊ ပေါင်း မဂ် ၃၀-ဖြစ်သည်။

မ-ဗျည်၊ ထီး, ပဏ်၊ လူ, နတ်, စ္ဆာန်၊ ပွားရန် ပုဂ္ဂိုလ်ထား။
မ-ဗျည်း, ၃-မဂ်၊ ထီး, ပဏ် တွက်၊ ၂-မဂ် ကိုယ်စီပွား။
ကိုးကိုးခြောက်ခြောက်၊ ပေါင်းတာလောက်၊ မဂ်ပေါက် ၃၀-ကြား။

(ထိုမဂ်ပေါက် ၃၀-တွင် တပေါက်ပေါက်၌ မေထုန်မှီဝဲလျှင် လိင်ကျ၏)

(ဃ) အဗြဟ္မစာရီအတွက် လိင်ကျနိုင်သော သမ္ဘာရအင်္ဂါဘယ်လောက်လဲ?

၁။ သေဝနစိတ္တံ=မှီဝဲလိုသောစိတ် ရှိခြင်း။
၂။ မဂ္ဂေန မဂ္ဂပဋိပါဒနံ=မိမိမဂ်ဖြင့် သူတပါးမဂ်သို့ သွင်းခြင်း၊ ပေါင်း ၂-ပါး။

မှီဝဲလို ဘိ၊ စိတ်လည်း ရှိလျက်၊ သူ ၏မဂ်တွင်း၊ ကိုယ် မဂ်သွင်းဟု၊ ကြောင်းရင်းနှစ်လီ၊ အင်္ဂါညီ၊ ကျပြီ အဗြဟ္မ။

(င) အရှင်ပုဂ္ဂိုလ်၌သာ မေထုန်မှီဝဲလျှင် လိင်ကျသလား?

သေသော ပုဂ္ဂိုလ်တို့၌လည်း မဂ်တို့ မပျက်စီးကြသေးပဲ မှီဝဲလျှင် လိင်ကျသည်ဟုမှတ်၊ အလွန်ပုပ်၍ ပျက်စီးကုန်ပါမူ ဒဏ်အပြစ်လောက်သာ သင့်ဖို့ ရှိတန်ရာသည်။

စာမျက်နှာ-[၁၀၇]

၄။ မုသာဝါဒီ အင်္ဂါ၌ (က) မဟုတ်မမှန်သော စကားဆိုတာ ဘယ်လို စကားလဲ ?

ဟုတ်တာကို မဟုတ်တာလုပ်၍ ပြောခြင်း၊ မဟုတ်တာကို အဟုတ် လုပ်၍ပြောခြင်း၊ ရှိတာကို မရှိလုပ်၊ မရှိတာကို အရှိလုပ်၊ ငယ်တာကို အကြီးလုပ်၊ အကြီးကို အငယ်လုပ်၊ ကြေးကို ရွှေလုပ်၊ ရွှေကို ကြေးလုပ် စသောအားဖြင့် မမှန်သောစကား ဟူသမျှသည် မဟုတ်မမှန်သော စကားမည်၏၊ ထိုမဟုတ်မမှန်သော စကားကို သာမဏေများ ရယ်မြူး လို၍မျှလဲ မပြောကောင်း၊ ပြောလျှင် လိင်ကျ၏၊ တကယ်ယုံစေလို၍ ပြောမှု၌ ဆိုဖွယ်မရှိ။

မုသာဝါဒေ ဟသာဓိပ္ပါယတာယပိ မုသာ ဘဏိတေ အဿမဏာ ဟောတိ၊ နာသေတဗ္ဗတံ ပဇ္ဇတိ။ (ဟာ-ထာ)

အပြစ်ကြီးပုံ

မုသာဝါဒသည် ရဟန်းတို့၌ အလွန် အပြစ်ကြီးလေးသော စတုတ္ထ ပါရာဇိကအာပတ်ကိုသော်လဲ သင့်ရောက်စေတတ်၏။ သာမဏေများ အဖို့၌ အရပ်တပါးရောက်သောအခါ ရဟန်းဟု လိမ်လည်၍ ဝါရေတွက်ခြင်း၊ ရဟန်း, သာမဏေတို့ ရှိခိုးခံခြင်းနှင့် ဥပုသ်, ပဝါရဏာများ ပြုအံ့၊ ထိုသာမဏေသည် လိမ်၍ ပေါင်းဖော်သောကြောင့် သံဝါသ ထေနက ဖြစ်၍ ဤဘဝ သာမဏေ, ရဟန်းမပြုနိုင်ပဲ ဆုံးရှုံးခြင်းသို့လည်း ရောက်နိုင်သည်ကို သတိပြု။

(ခ) မုသာဝါဒီ၌ လိင်ကျနိုင်သောသမ္ဘာရအင်္ဂါတို့ ဘယ်လောက်ရှိသလဲ?

၁။ အတထဝတ္တု=မဟုတ်မမှန်သော ဝတ္ထုလည်း ဖြစ်စေ။
၂။ ဝိသံဝါဒနစိတ္တတာ=လိမ်လည်လှည့်ဖြာ ချွတ်ယွင်းစေလိုသော စိတ်ရှိသည်လည်း ဖြစ်စေ။
၃။ တာဇ္ဇောဝါယာမော=ထိုအားလျော်သော လုံ့လရှိသည်လည်း ဖြစ်စေ။
၄။ ပရဿ တဒတ္ထဝိဇာနနံ=ထိုပြောသော စကား၏ အဓိပ္ပာယ်ကို သူတပါး သိသည်လည်းဖြစ်စေ၊ ပေါင်း လေးပါး။

မမှန်ဝတ္ထု၊ ချွတ်မှု စိတ်ထား၊ ထိုအား လုံ့လ၊ ပြောပြ သိခြင်း၊
ကြောင်းရင်းလေးလီ၊ အင်္ဂါညီ၊ ကျပြီ မုသာဝါဒ။

စာမျက်နှာ-[၁၀၈]

ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံမှသာ မုသာဝါဒအရ လိင်ကျမည်။ ဥပမာ-မမှန်သောဝတ္ထုကို မိမိစိတ်က အမှန်ထင်၍ ပြောသော်လဲ ဝိသံဝါဒနစိတ္တတာ-အင်္ဂါအတွက် လိင်မကျဟုမှတ်၊ ဤအင်္ဂါလေးပါးကား အဋ္ဌသာလိနီအလာ ဖြစ်ပေသည်။

(ဂ) ဝိနည်းကျမ်းလာ အင်္ဂါတို့ ဘယ်လို ရှိပါသလဲ?

၁။ ချွတ်ယွင်းခြင်းကို ရှေ့ရှုခြင်း၊ (အလွဲအမှားကို မှတ်မှားစေလိုခြင်းဟု ဆိုလိုသည်။)
၂။ ချွတ်ယွင်းလိုသောစိတ်ဖြင့် မိမိဆိုလိုသော အနက်ကို တဘက်သား သိစေလိုသော လုံ့လရှိခြင်း၊ ပေါင်း ၂-ပါး။ (ကင်္ခါဝိတရဏီ အဋ္ဌကထာ)

ချွတ်ယွင်းရှေ့ရှု၊ သိစေမှုတွက်၊ လုံ့လ ဘက်ခြင်း၊
ကြောင်းရင်းနှစ်လီ၊ အင်္ဂါညီ၊ ကျပြီ မုသာဝါဒ၊

ထို ၂-ပါး၌ ဝတ္ထုဝိပရိတ-ဝတ္ထုဖောက်ပြန်ခြင်း အင်္ဂါ ထည့်၍ ၃-ပါးဟု ဝိမတိဋီကာ ဆိုသည်။

ရယ်ပြုံးလို၍ လိမ်ပြောရာ၌ (၁) ရယ်မြူလိုခြင်းကို ရှေ့ရှူခြင်း၊ (၂) ရယ်မြူးလိုသောစိတ်ဖြင့် ဆိုလိုသော အနက်ကို တဘက်သား သိစေ လိုသော ပယောဂရှိခြင်းဟု အင်္ဂါ ၂-ပါးခွဲမှတ်ပါ။

(ဃ) မုသာဝါဒီဟုဆိုရာ၌ နှုတ်ဖြင့်လိမ်ပြောမှ လိင်ကျသလား ?

များသောအားဖြင့် လိမ်ရာ၌ နှုတ်ဖြင့်သာ ပြောလေ့ရှိ၍ မုသာဝါဒီ ဆိုသော်လည်း လက်, ဦးခေါင်း စသော ကိုယ်အင်္ဂါတို့ဖြင့် လည်းကောင်း၊ ကိုယ်နှင့်စပ်သော ဝတ္တုတို့ဖြင့်လည်းကောင်း သူတပါးအား လိမ်လည်မှုပြုလျှင် လိင်ကျသည်ဟုမှတ်။

၅။ သုရာမေရယ မဇ္ဇပါယီ အင်္ဂါ၌ (က) သေရည် သေရက်ဆိုတာ ဘာလဲ?

သုရာကို သေရည်၊ မေရယကို အရက်ဟုလည်းကောင်း၊ သေရက်ဟု လည်းကောင်း မြန်မာပြန်ကြသည်။

စာမျက်နှာ-[၁၀၉]

သုရာခေါ် သေရည် ငါးပါး

၁။ ပိဋ္ဌသုရာ=ဆန်မှုန့်ကို ပြုလုပ်သော (ဆန်မှုန့်ကို အိုး၌ ထည့်ပြီး သင့်တော်လောက်သော ရေဖြင့် နယ်၍ ပြုလုပ်အပ်သော) သေရည်။
၂။ ပူဝ သုရာ=ထမင်းကို ပြုလုပ်သော သေရည်။
၃။ ဩဒနသုရာ= ထမင်းကို ပြုလုပ်သော သေရည်။
၄။ ကိဏ္ဏပက္ခိတ္တသုရာ=သေမျိုးခေါ် တဆေးမှုန့်ကို စပ်၍ ပြုလုပ်သော သေရည်။
၅။ သမ္ဘာရသံယုတ္တသုရာ = ဖန်ခါးသီး မုန်ညင်းစေ့ စသော အဆောက်အဦး အမျိုးမျိုးတို့ကို ပေါင်းစု၍ ပြုအပ်သော သေရည်။

ပိဋ္ဌ, ပူဝ၊ ဩဒန၊ ကိဏ္ဏ, သမ္ဘရာ။

မေရယ အရက်ငါးပါး

၁။ ပုပ္ဖါသဝ =သစ်မည်စည်ပွင့်, ထန်းပွင့်, အုန်းပွင့် စသော ပန်းပွင့်တို့ကို ကြာမြင့်စွာ စိမ်အပ်သော အရက်။ (ပန်းပွင့်စိမ်ရည်)
၂။ ဖလာသဝ=ပိန္နဲသီး စသော သစ်သီးရေမှ ဖြစ်သော အရက်။ (အသီးစိမ်ရည်)
၃။ မဓွါသဝ =စပျစ် မုဒရက်ခေါ် သပြက်သီးရည်ကို စိမ်အပ်သောအရက် (သပြက်သီးစိမ်ရည်)၊
၄။ ဂုဠာသဝ =ကြံရည်ကို စိမ်အပ်သော အရက်။ (ကြံရည်စိမ်ရည်)
၅။ သမ္ဘာရ သံယုတ္တ= ဖန်ခါးသီး စသော အဆောက် အဦးတို့ကို စိမ်အပ်သောအရက်။ (ပေါင်းစုစိမ်ရည်)

ပုပ္ဖ, ဖလ၊ မဓွာသ၊ ဂုဠ, သမ္ဘရာ။

သုရာ-သေရည်ကို ရေဖြင့်နယ်၍ ပြုလုပ်အပ်သည်၊ မေရယ-အရက်ကို ကြာမြင့်စွာ စိမ်၍ ပြုလုပ်အပ်သည်ဟု အထူးမှတ်ပါ၊ ထိုသေရက်ကို့ကို မျိုးထည့်သည်မှစ၍ လည်းကောင်း၊ ယစ်မျိုးအလို့ငှါ စီရင်သည်မှစ၍

စာမျက်နှာ-[၁၁၀]

လည်းကောင်း၊ သမန်းမြက်ဖျားမျှပင် သိလျက် သောက်စားသော သာမဏေအား လိင်ကျ၏၊ ထိုမှတပါး မူးယစ်စေတတ်သော ဘိန်း, ဘင်း, ကဇော်, လှော်စာ, ဆေးခြောက်တို့ကို ရှူခြင်း, စားခြင်း, မာဖီးယားထိုးခြင်း စသည်များသည် မဇ္ဇ-သဒ္ဒါ၌ သက်ဝင်သဖြင့် သာမဏေများ လိင်ကျနိုင်၏ဟု မှတ်ပါ။

ယံ ပါ ပနညံပိ ကိဉ္စိ အတ္ထိ မဒနိယံ၊ ယေန ပိတေန မတ္တော ဟောတိ ပမတ္တာ ဣဒံ ဝုစ္စတိ မဇ္ဇံ။ (သုတ္တသင်္ဂဟ အဋ္ဌကထာ ခုဒ္ဒကပါဌ အဋ္ဌကထာ။)

(ခ) သုရာမေရယ မဇ္ဇပါယီ၌ လိင်ကျမည့် သမ္ဘာရအင်္ဂါ ဘယ်လောက်လဲ?

၁။ မဇ္ဇဘာဝေါ-ယစ်မျိုးဖြစ်ခြင်း။
၂။ ပိတစိတ္တော= သောက်လိုသော စိတ်ရှိခြင်း။
၃။ တဇ္ဇဝါယာမော=ထိုအားလျော်သော လုံ့လရှိခြင်း။
၄။ တဿ ပိတံ = ထိုယစ်မျိုးကို လည်ချောင်း ပေါက်အောက်ရောက်အောင် သောက်ခြင်း၊ ပေါင်း လေးပါး။

ယစ်မျိုးဖြစ်ငြား၊ သောက်စိတ်ပွား၍ ထိုအားလုံ့လ၊ သောက်မျိုချခြင်း၊ ကြောင်းရင်းလေးလီ၊ အင်္ဂါညီ၊ ကျပြီ သုရာမေရယ။

မဇ္ဇဘာဝေါ ပိတစိတ္တော၊ တဇ္ဇော စ ဝါယမော တထာ။ အဇ္ဈောဟရဏပါနဿ၊ တမ္ဘာရာ စ စတုရော မတာ။ (သုတ္တသင်္ဂဟ)

ဝိနည်းကျမ်းတို့နှင့် လျော်သောအင်္ဂါ

၁။ မဇ္ဇဘာဝေါ=ယစ်မျိုးဖြစ်ခြင်း။
၂။ မဇ္ဇဇာနနံ = ယစ်မျိုးဟု သိခြင်း။
၃။ တဿ ပိတံ=ထိုယစ်မျိုးကို သောက်ခြင်း၊ ပေါင်း သုံးပါး။

ယစ်မျိုးဖြစ်လာ၊ စိတ်သိပါ၍၊ သောက်မျိုကာသွင်း၊ ကြောင်းရင်း သုံးလီ၊ အင်္ဂါညီ၊ ကျပြီ သုရာမေရယ။

စာမျက်နှာ-[၁၁၁]

သုရာမှန်း မသိပဲ သောက်မိလျှင် သရဏဂုံပျက်ခြင်း, လိင်ကျခြင်း မရှိသော်လဲ ပန်းပန်ခြင်းတို့၌ကဲ့သို့ အကုသိုလ်ဖြစ်၍ သုရာပါန ဝေရမဏိ သိက္ခာပုဒ်ကား ပျက်၏ဟု ဝိမတိ, ဝိနယာလင်္ကာရဋီကာတို့ ဆို၏။

၆။ ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ အင်္ဂါ၌ (က) မြတ်စွာဘုရား၏ကျေးဇူးမဲ့ ကဲ့ရဲသော စကားဆိုတာ ဘယ်လို စကားလဲ ?

ဘုရားရှင်၏အရဟံ-စသောဂုဏ်တော်များနှင့် ဆန့်ကျင်ဘက်အားဖြင့် ပြန်လှန်ပြောဆိုသော စကားမျိုးကို ကျေးဇူးမဲ့ ကဲ့ရဲတဲ့ စကားဟု ဆိုရပါသည်။

အရဟံ သမ္မာသမ္ဗုဒ္ဓေါတိအာဒီနံ ပဋိပက္ခဝသေန ဗုဒ္ဓဿ ဝါ။ လ။ အဝဏ္ဏံ ဘာသန္တော ရတနတ္တယံ နိန္ဒန္တော ဂရဟန္တော။ (ဟာ-ထာ)

ကဲ့ရဲ့ပြောဆိုပုံ ဘုရားရှင်ဟာ (၁) ပူဇော်အထူး မခံထိုက်ပါဘူး၊ (၂) တရား အလုံးစုံကို ကိုယ်တိုင် မသိပါဘူး၊ (၃) စကားကောင်းကို မပြောဆိုတတ်ပါဘူး၊ (၄) ဝိဇ္ဇာစရဏ တရားမြတ်တို့နှင့် မပြည့်စုံပါဘူး၊ (၅) လောကသုံးပါးကို မသိနိုင်ပါဘူး၊ (၆) အတုမရှိ မမြတ်ပါပဲ ယဉ်ကျေးအောင် မဆုံးမတတ်ပါဘူး၊ (၇) နတ်လူတို့ရဲ့ ဆရာ မဟုတ်ပါဘူး၊ (၈) သစ္စာလေးပါး မသိနိုင်ပါဘူး၊ (၉) ဘုန်းသမ္ဘာ မကြီးပါဘူး၊ ဤစကားတို့ကား ဂုဏ်တော် ကိုးပါးကို အစဉ်အတိုင်းပြန်၍ ကဲ့ရဲ့သော စကားတို့တည်း၊ ထို စကားမျိုးကို သာမဏေများမပြောရ မပြောကောင်း၊ ဤတွင်မဟုတ် ဘုရားရှင်၌ မရေတွက်နိုင်သော ဂုဏ်တို့ ရှိပါသဖြင့် ထိုဂုဏ်တို့နှင့် ထိပါးဆန့်ကျင်သော စကားမျိုး မပြောရ။

(ခ) ဗုဒ္ဓဿ အရ ဘယ်ဘုရား ယူရမလဲ ?

အလုံးစုံကိုသိမြင်တတ်သော သက်တော်ထင်ရှား သဗ္ဗညုမြတ်ဘုရားကို ယူပါ၊ ဘုရားရှင်၏ ဓာတုစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂစေတီတို့ကိုလည်း ထည့်ယူပါ၊ ထိုစေတီများကို ကျောက်တုံးပဲ, အုတ်ပုံပဲ စသည်ဖြင့် ကဲ့ရဲ့ ပြစ်တင် စကားမျိုးကို သာမဏေများ မပြောကောင်းဟု မှတ်။

စာမျက်နှာ-[၁၁၂]

၇။ ဓမ္မဿ အဝဏ္ဏံ ဘာသတိ အင်္ဂါ၌လည်း ရှေးနည်းအတူ သွာက္ခာတတာ- စသော ဂုဏ်ယေဟိုနှင့် ဆန့်ကျင်ဘက်အားဖြင့် ပြန်လှန် ပြောဆိုသော စကားတို့ကို ကျေးဇူးမဲ့ ကဲ့ရဲ့သော စကားဟု မှတ်ပါ။

ကဲ့ရဲ့ပြောဆိုပုံ မဂ်, ဖိုလ်, နိဗ္ဗာန် ပရိယတ်တရားတို့ဟာ (၁) ဘုရားရှင် ကောင်းစွာ ဟောကြားအပ်တဲ့ တရားမဟုတ်ပါဘူး၊ (၂) အရိဟာအရှင်တို့ ကိုယ်တိုင် သိမြင်တဲ့ တရား မဟုတ်၊ (၃) အခါမလင့် အကျိုးပေးမဲ့ တရားမဟုတ်၊ (၄) လာလှည့် ရှုလှည့်ဟု တိုက်တွန်းအပ်သော အစီရင်ကို ခံထိုက်တဲ့ တရားမဟုတ်၊ (၅) ကပ်၍ ဆောင်ယူထိုက်တဲ့ တရားမဟုတ်။ (၆) အရိယာတို့ ကိုယ်စီ ကိုယ်ငှ သိအပ် ခံစားအပ်တဲ့ တရား မဟုတ်ဟု ပြောဆိုခြင်းသည် ကဲ့ရဲသောစကားတို့တည်း၊ ဤတရားဂုဏ် ခြောက်ပါး အပြန်မျှ ကဲ့ရဲ့ပုံ စကားတို့ကို သာမဏေတို့ မပြောကောင်း၊ ထိုမှတပါး ကဲ့ရဲ့ပုံမျိုးလဲ မပြောအပ်ဟု မှုတ်။

ဓမ္မဿအရ ဘယ်တရား ယူရမလဲ?

ဓမ္မဿ-အရ မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်, ပရိယတ္တိ ဓမ္မပေါင်း ဆယ်ပါးယူပါ။

၈။ သံဃဿ အဝဏ္ဏံ ဘာသတိ အင်္ဂါ၌လည်း အထက်နည်းတူ သုပ္ပဋိန္ဒာ စသော ဂုဏ်တော်တို့နှင့် ဆန့်ကျင်ဘက် အပြန်အားဖြင့် ပြောသော စကားမျိုးကို ကျေးဇူးမဲ့ ကဲ့ရဲသော စကားဟု မှတ်။

ကဲ့ရဲ့ပြောဆိုပုံ သံဃာတော် အပေါင်းဟာ (၁) ကောင်းသော အကျင့် မကျင့်ကြပါဘူး၊ (၂) ဖြောင့်မတ်တဲ့ အကျင့် မကျင့်ပါဘူး၊ (၃) နိဗ္ဗာန်အကျိုးငှာ ကျင့်တာမဟုတ်၊ (၄) ရိုသေထိုက်အောင် ကျင့်တာမဟုတ်၊ (၅) အဝေးမှဆောင်၍ လှူအပ်တဲ့ပစ္စည်းများ မခံထိုက်ပါဘူး၊ (၆) ဧည့်သည်တို့ အလို့ငှါ စီရင်ထားတဲ့ အာဂန္တုကဒါနကို မခံထိုက်ပါဘူး၊ (၇) မြတ်သော အလှူအား မလျော်ပါဘူး၊ (၈) လက်အုပ်ချီခြင်းကို မခံထိုက်ပါဘူး၊ (၉) လူအပေါင်းတို့ ကုသိုလ်မျိုးစေ့ စိုက်ပျိုး ရာ လယ်မြေကောင်း မဟုတ်ကြပါဘူးဟု ပြောဆိုခြင်းသည် ကျေးဇူးမဲ့ ကဲ့ရဲတဲ့ စကားတို့တည်း။

စာမျက်နှာ-[၁၁၃]

ဤသံဃာ့ဂုဏ်ကိုးပါးနှင့် ပြန်လှန်ကဲ့ရဲ့သောစကားတို့ကိုသာမဏေတို့ မပြောအပ်၊ ထိုမှတပါး သံဃာတော်တို့၏ ဂုဏ်တို့ကို ထိပါးပြန်လှန်သာ စကားတို့ကိုလဲ မပြောအပ်။

(က) သံဃဿ အရ ဘယ်သံဃာ ယူရမလဲ ?

အရိယာ သံဃာ ရှစ်ပါးကို မုချယူ၊ ပုထုဇဉ် သံဃာတော်များကိုလဲ ဥပစာအားဖြင့် ထည့်သွင်းယူပါ။

(၉) မိစ္ဆာဒိဋ္ဌိကော ဟောတိ အင်္ဂါ၌ (က) မှားသော အယူဆိုတာ ဘယ်လိုအယူလဲ ?

၁။ သဿတဒိဋ္ဌိ-အမြဲ ဆက်လက် မပြတ်ပဲ နေသည်ဟု ထင်မှတ်စွဲယူခြင်း (သဿတ=အမြဲ ဆက်လက် မပြတ်ပဲ နေသည်ဟု+ဒိဋ္ဌိ=ထင်မှတ် စွဲယူခြင်း။)
၂။ ဥစ္ဆေဒဒိဋ္ဌိ-ပြတ်စဲသည်ဟု ထင်မှတ် စွဲယူခြင်း (ဥစ္ဆေဒ = ပြတ်စဲသည်ဟု + ဒိဋ္ဌိ-ထင်မှတ် စွဲယူခြင်း။) ဤ ၂-ပါးကို မှားအယူဟု ဆိုရပါသည်။

ဥပမာ-ပုဂ္ဂိုလ် သတ္တဝါ အသက် လိပ်ပြာဟာ ဤဘဝ ဤခန္ဓာ သေလျှင် ထိုထို ဘဝသို့ ကူးပြောင်းရွှေ့သွားကြသည်၊ ပြတ်စဲမှု မရှိ အမြဲထာဝရ တည်ရှိနေကြသည်ဟု ထင်မြင်ယူဆခြင်းသည် သဿတဒိဋ္ဌိ စွဲသည်ဟုမှတ်၊ ဤပုဂ္ဂိုလ် သတ္တဝါ လူ, နတ်တို့သည် ဘဝတပါးပြောင်းရွှေ့ရိုးမရှိ၊ ဤဘဝ ဤခန္ဓာချုပ်လျှင် ပြတ်စဲသွားတော့သည်၊ ဤဘဝ ကောင်းမှု, မကောင်းမှုပြုလုပ်လျှင်လဲ တမလွန်ဘဝကောင်းကျိုး, ဆိုးကျိုး ပေးရိုး မရှိဟု ပြတ်စဲမှုကို စွဲယူသူသည် ဥစ္ဆေဒဒိဋ္ဌိ စွဲယူသူဟု မှတ်ပါ။ ထိုနှစ်ပါးစလုံး သာမဏေများ မစွဲယူအပ်။

(ခ) အစွဲပြုတ်အောင် ဘယ်သို့ ဉာဏ်သွင်းရမလဲ ?

ပုဂ္ဂိုလ် သတ္တဝါ အသက် လိပ်ပြာဆိုတာ အဟုတ် တကယ် မရှိ၊ ဒိဋ္ဌိ သမားတို့ ထင်မြင်ကြံဆမှုဖြစ်ခဲ့ပေသည်၊ တကယ်အဟုတ်ရှိသည်ကား

စာမျက်နှာ-[၁၁၄]

အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသော အာရုံ ကိုင်းညွှတ်မှု နာမ် သဘောတရားနှင့် ဖောက်ပြန်တတ်သော ရုပ်သဘောတရား၎င်း နာမ် ရုပ်နှစ်ပါး သာ ဧကန်စင်စစ်ရှိပါသည်တကားဟု ဉာဏ်မြင်လျှင်အကောင် သတ္တဝါရှာမရသဖြင့် အကောင် သတ္တဝါ အမြဲဆက်သည်ဟု ယူဆသော သဿတဒိဋ္ဌိ မစွဲနိုင်၊ အကောင် သတ္တဝါ ပြတ်သည်ဟု ယူဆသော ဥစ္ဆေဒ ဒိဋ္ဌိလဲ မစွဲနိုင်ပါ။ ဥပမာ-ထန်းဖိုပင်၌ အသီးမသီးဟု ဉာဏ်မြင်နေသူသည် ထန်းဖိုသီး ရှေးနှစ် သီးလိမ့်မည်ဟုလည်းကောင်း၊ ယခုနှစ်မသီးဟု လည်းကောင်း အမျိုးမျိုးကြံဆဖွယ်မရှိသကဲ့သို့ ပုဂ္ဂိုလ် အကောင်မရှိလျှင် ပုဂ္ဂိုလ် အကောင် မြဲသည်ဟူ၍ လည်းကောင်း၊ ပြတ်သည်ဟူ၍ လည်းကောင်း စွဲလမ်းဖွယ် မရှိသည်ကို သဘောကျနိုင်ပါစေ၊ ဆိုခဲ့သော ရတနာသုံးပါး၌ ကျေးဇူးမဲ့ ကဲ့ရဲသော သာမဏေ, ဒိဋ္ဌိအယူ ယူသော သာမဏေတို့ကို ဆရာဥပဇ္ဈာယ်တို့က သုံးကြိမ်တိုင် တားမြစ် ပိတ်ပင် ရမည်၊ ထိုသို့ တားမြစ်ပိတ်ပင်၍ မိမိတို့ ကဲ့ရဲစွဲယူမှုကို စွန့်လွှတ်ပါက ဒဏ်ထမ်းစေ၍ သံဃာ့အလယ်၌ “အစ္စယော မံ ဘန္တေ အစ္စာဂမာ” စသော ပါဠိဘာသာဖြင့်ဖြစ်စေ၊ သို့မဟုတ် “အရှင်မြတ်တို့ ဘုရား တပည့်တော် မိုက်မဲတွေဝေ မလိမ်မာသည့်အလျောက် ကဲ့ရဲ့ခြင်း၊ အမှား ယူခြင်း အပြစ်သို့ ရောက်ခဲ့ပါပြီ၊ သံဃာတော်သည် ထိုတပည့်တော်၏ အပြစ်ကို အပြစ်အားလျော်စွာ နောင်အခါ စောင့်ရှောက် ပါရခြင်း အကျိုးငှါ အနာမယူ သည်းခံတော်မူကြပါဘုရာ”ဟု မြန်မာဘာသာဖြင့် ဖြစ်စေ၊ ကြိုက်ရာဘာသာဖြင့် အပြစ်ရောက်ခဲ့မိကြောင်း ပြောကြားစေ အပ်၏၊ ဆရာဥပဇ္ဈာယ်တို့ သုံးကြိမ်တိုင် တားမြစ်ပိတ်ပင်သော်လဲ မရပဲ ရှေးနည်းအတိုင်း စွဲယူနေသော သာမဏေကို လိင်္ဂနာသနအရာ အသွင် ဖျက်၍ လူထွက်စေအပ်၏ဟု အဋ္ဌကထာ အထူး မိန့်ဆိုတော်မူပါသည်။ ဝိမတိဋီကာ၌ကား အယူစွန့်၍ သံဃာ့အလယ် ပြောကြားပြီးသော သာမဏေအား သရဏဂုံသီလ ပေးအပ်၏ဟု ဆိုပေသည်။

(ဂ) ပုထုဇဉ် သာမဏေတို့မှာ မှားသော အယူကို မပယ်နိုင်သေးသည် မဟုတ်လော ?

မပယ်နိုင်ကြသေးပါ။ သို့သော် ဆရာများ ရုပ်, နာမ်ခွဲခြား၍ဟောပြခဲ့လျှင် အသိဉာဏ်အထိုက်အလျောက်ပေါ် ပေါက်က မိစ္ဆာဒိဋ္ဌိလူမျိုးများ

စာမျက်နှာ-[၁၁၅]

ကဲ့သို့ အလွန်စွဲလမ်း၍ပြုသော ဒိဋ္ဌိရှိမည် မဟုတ်ပါ၊ အလွန်စွဲယူသော ဒိဋ္ဌိသာ ပါရာဇိကဌာန ဖြစ်ခြင်း၊ လိင်္ဂနာသန အသွင်ပျက်ခြင်းကို ပြုရမည်ဟု-

“သဿတုစ္ဆေဒဒိဋ္ဌိံ ဒဠှံ ဂဟေတွာ ဝေါဟရတိ၊ တဿသာ ပါရာဇိကာဋ္ဌာနံ ဟောတိ၊ သော စ လိင်္ဂနာသနာယ နာသေတဗ္ဗော”ဟု ဝိ-ဋီဆိုသည်။ သဿတဒိဋ္ဌိ-ဥစ္ဆေဒဒိဋ္ဌိအယူကို ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း လွန်ကျူးမှ ဝိနည်းပြစ် ဖြစ်သည်။ စိတ်ဖြင့် လွန်ကျူးလျှင် ဝိနည်းပြစ် မရှိဟု အုဌ်တွင်းဆရာတော်ဘုရား မိန့်သည်ဟု ညောင်လေးပင် ရှင့်ကျင့်ဝတ်၌ ပါရှိသည်။

အမှာ နာမ် ရုပ်ပိုင်ပိုင် ဟောပြနိုင်ခြင်းသည် ဥပဇ္ဈာယ် ဆရာတို့၏ အင်္ဂါ ဖြစ်သည့်အလျောက် သဿတ-ဥစ္ဆေဒဒိဋ္ဌိတို့ ကင်းပြတ်အောင် ဟောကြားသင့်ကြပေသည်။

၁၀။ ဘိက္ခုနိဒူသကော ဟောတိ အင်္ဂါ၌ (က) ဘိက္ခုနီမဆိုတာ ဘယ်လိုလဲ ?

ဘုရားလက်ထက်တော်က အမျိုးသမီးများ သာသနာတွင်း ဝင်၍ (ယခုကာလ ရဟန်းယောက်ျားများလို) သိမ်ဝင်ပြီး ကမ္မဝါ ဖတ်ကြားမှုဖြင့် ရဟန်းအဖြစ် ရောက်သော ရဟန်းမတို့ကို ဘိက္ခုနီမဟု ခေါ်ဆိုရပါသည်။

(ခ) ဖျက်ဆီးဆိုတာ ဘယ်လိုလုပ်တာလဲ?

ပင်ကိုယ်သီလရှိတဲ့ ဘိက္ခုနီမ၏ မဂ်သုံးပါးတွင် တပါးပါး၌ မေထုန် မှီဝဲ၍ သီလပျက်ပြားအောင် လုပ်ခြင်းသည် ဖျက်ဆီးသည်ဟု ဆိုပါသည်။ ထိုသို့ ဖျက်ဆီးသူကို ဘိက္ခုနီဒူသကဟု ခေါ်ပါသည်။ ကိုယ်ကိုကိုင်တွယ် သုံးသပ်၍ ဘိက္ခုနီမ သီလပျက်အောင် လုပ်သူသည် ဘိက္ခုနိဒူသက မဟုတ်ပါ၊ အနိုင်ကျင့်၍ ဘိက္ခုနီမကို အဝတ်ဖြူဝတ်ခိုင်းပြီး အလိုမတူပဲ မေထုန်ဖြင့် ဖျက်ဆီးသူသည် ဘိက္ခုနိဒူသက ဖြစ်ပါတော့သည်။ အနိုင်ကျင့်၍ အဝတ်ဖြူဝတ်ခိုင်းလျက် အလိုတူသော ဘိက္ခုနီမကို ဖျက်ဆီး သူသည် ဘိက္ခုနိဒူသက မဖြစ်ဟု မှတ်ပါ။

စာမျက်နှာ-[၁၁၆]

(ဂ) ဘိက္ခုနိဒူသကသည် အဗြဟ္မစာရီနှင့် တူသည် မဟုတ်လော ?

ဘိက္ခုနီမ၌ မေထုန်ကျင်၍ ဖျက်ဆီးမှုသည် အဗြဟ္မစာရီအင်္ဂါနှင့် ထပ်တူနေသော်လည်း ဘိက္ခုနီမ၌ မေထုန်ကျင့်၍ ဖျက်ဆီးမှု၏ သာ၍ အပြစ် ကြီးကြောင်း ပြလိုသောကြောင့် ထပ်မံ၍ ဘိက္ခုနိဒူသကကို သီခြား ပညတ်တော်မူခဲ့ပေသည်။ ရိုးရိုးအဗြဟ္မစာရီအင်္ဂါ ကျူးလွန် သူသည် နောင်အခါ စောင့်စည်းလိုသောစိတ်ရှိလျှင် ရှင်သာမဏေထပ်၍ ဖြစ်နိုင်ခွင့်ရ၏၊ အသက်စေ့လျှင် ရဟန်းပြုခွင့်လည်းရသေး၏၊ ဘိက္ခုနီမ၌ ကျင့်မိသူ ဘိက္ခုနိဒူသကသည် ရဟန်းပြုဖို့ မဆိုထားနှင့် ရှင်သာမဏေ ထပ်၍ ပြုခွင့်မရသဖြင့် ထူးထွေကြောင်း သဘောကျပါစေ။

(ဃ) လိင် ၁၀-ပါးကို မြန်မာလို တိုတို ဘယ်လိုရေတွက်မလဲ?

၁။ သူ့ အသက် သတ်ခြင်း။
၂။ သူ့ဥစ္စာ ခိုးခြင်း။
၃။ မေထုန်မှီဝဲခြင်း။
၄။ မုသားပြောဆိုခြင်း။
၅။ သေရည် သေရက် သောက်ခြင်း။
၆။ ဘုရား၏ ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို ဆိုခြင်း။
၇။ တရား၏ ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို ဆိုခြင်း။
၈။ သံဃာ၏ ကျေးဇူးမဲ့ ကဲ့ရဲစကားကို ဆိုခြင်း။
၉ ။ မှားသော အယူရှိခြင်း။
၁၀။ ဘိက္ခုနီမကို ဖျက်ဆီးခြင်း၊ ပေါင်း ၁၀-ပါး။

လိင် ၁၀-ပါး လေ့ကျင့်ခန်း

၁။ ဘိက္ခုနိ ဒူသကောကို အနက်သမ္ဗန်၍ ဘိက္ခုနီမ၌ ဖျက်ဆီးပုံ ဖော်ပြပါ။
၂။ ပါဏာတိပါတ၌ သမ္ဘာရအင်္ဂါကို ထုတ်ပြ၍ ပယောဂသုံးပါးလောက် ထုတ်ပြပါ။

စာမျက်နှာ-[၁၁၇]

၃။ သင်္ကန်း သွားခိုးပါဟု ရှင်တိဿက ရှင်ဓမ္မအား စေခိုင်းလိုက်ရာ စောင်ကိုခိုးယူခဲ့လျှင် ဘယ်သာမဏေလိင်ကျသည်ကို ဖော်ပြပါ။
၄။ တရားတော်အား ကျေးဇူးမဲ့ ကဲ့ရဲ့ပုံ သုံးမျိုးလောက် ထုတ်ပြ၍ ဓမ္မအရ ဖော်ပြပါ။
၅။ ဥစ္ဆေဒဒိဋ္ဌိ အယူမှားပုံကို ဖော်ပြ၍ ဥစ္ဆေဒပုဒ်၏ အနက်ကို ထုတ်ပြစမ်းပါ။

လိင် ၁၀-ပါးမှတ်ဖွယ် ပြီး၏။

ဒဏ်ဆယ်ပါး မှတ်သားဖွယ်ရာ အခန်း

(က) ဒဏ် ဘာကြောင့် ဖြစ်ပေါ်လာသလဲ?

ဘုရားလက်ထက်၌ သာမဏေတို့သည် ရဟန်းတို့အပေါ် ရိုသေခြင်း မပြု၊ အကြီး အကဲအချုပ် အုပ်စိုးရာမထား၊ အသက်မွေး တူမျှအောင် မနေကြသဖြင့် ရဟန်းကောင်းတို့ ကဲ့ရဲ့ပြစ်တင်၍ ဘုရားရှင်အား လျှောက်ထားမှုကြောင့်ဘုရားရှင်က “အနုဇာနာမိ ဘိက္ခဝေ ပဉ္စဟင်္ဂေဟိ သမ္မန္နာဂတဿ သာမဏေရဿ ဒဏ္ဍကမ္မံ ကာတုံ”စသည်ဖြင့် အင်္ဂါငါးပါးနှင့် ပြည့်စုံသော သာမဏေအား ဒဏ်အမှု ပြုစိမ့်သောငှ (ဒဏ်ပေးရန်)ခွင့်ပြုတော်မူခဲ့သည်။ ထိုအချိန်ကစ၍ ဒဏ်အမှုဖြစ်ပေါ်လာသည်၊၎င်းပါဠိတော်၌ “ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ”စသော နောက်အင်္ဂါ ငါးပါးသာ လာခဲ့သည်၊ သာမဏေ သိက္ခာပုဒ်ဆယ်ပါးတွင် ရှေ့သိက္ခာပုဒ်ငါးပါး လွန်ကျူးလျှင် လိင်ကျ၍ နောက်ငါးငါး လွန်ကျူးလျှင် ဒဏ်သင့်သောကြောင့် နောက်သိက္ခာပုဒ် ငါးပါး လွန်ကျူးမှု ထည့်သွင်းလျက် “ဒသဟင်္ဂေဟိ သမန္နာဂတဿ သာမဏေရဿ ဒဏ္ဍကမ္မံ ကာတဗ္ဗံ” စသည်ဖြင့် ဒဏ်ပေးရခြင်းအကြောင်း ဆယ်ပါးပြု၍ ရှေး ဆရာတို့ စီစဉ်တော်မူထားခဲ့သည်။

ဒသသု သိက္ခာပဒေသု ပုရိမာနံ ပဉ္စန္နံ အတိက္ကမော နာသနဝတ္ထု၊ ပစ္ဆိမာနံ အတိက္ကမော ဒဏ္ဍကမ္မဝတ္ထု။ (ဟာ-ထာ)

စာမျက်နှာ-[၁၁၈]

(၁) ဒဏ်ဆိုတာ ဘာလဲ?

သာမဏေအား ဆုံးမကြောင်းဖြစ်သော အမှုတို့ကို(ဒဏ္ဍ) ဒဏ်ဟု ဆိုသည်၊ ထိုအမှုမျိုးသည်ပင် ပြုလုပ်အပ်သောကြောင့် (ကမ္မ)ဟုလည်း ဆိုပြန်သည်၊ တနည်းအားဖြင့် နှိပ်ကွပ်မှုမျိုးက ဒဏ်ဟု ဆိုရသည်၊ ထိုအမှုသည်ပင် ပြုလုပ်အပ်သောကြောင့်(ကမ္မ)ဟုလည်း ဆိုပြန်သည်။

ဒရဏ္ဍန္တိ ဝိနေန္တိ ဧတေနာတိ ဒဏ္ဍော၊ သောဧဝ ကတ္တဗ္ဗတ္တာ ကမ္မန္တိ ဒဏ္ဍကမ္မံ၊ အာဝရဏာဒိ။ (တေ ဋီ, ဝိဋီ)

ဒဏ္ဍကမ္မန္တိ ဝါ နိဂ္ဂဟကမ္မံ။ (တေဋီ) အပြစ်ရောက်သော သာမဏေအား မည်သည့်ကျောင်း မဝင်ရစသည် တားမြစ်ခြင်း၊ ရေခပ်စေခြင်း၊ ထင်း, သဲတို့ကို သယ်ယူဆောင်စေခြင်း စသောကိစ္စမျိုးသည်နှိပ်ကွပ်ဆုံးမကြောင်းဖြစ်၍ (ဒဏ္ဍ ကမ္မ)ဒဏ်အမှုဟု မှတ်ပါ။

(ဂ) ပါဠိတော်၌ ဘုရားရှင် ဒဏ်ပေးပုံ ဘယ်သို့မိန့်ထားသလဲ?

သူနေမြဲကျောင်း၌ မနေရန်၊ ထွက်ဝင်နေကျကျောင်းသို့ မဝင်ထွက်ရန် တားမြစ်သော ဒဏ်ပေးပုံကို မိန့်တော်မူသည်။

အဇာနာမိ ဘိက္ခဝေ ယတ္ထ ဝါ ဝသတိ၊ ယတ္တ ဝါ ပဋိက္ကမတိ၊ တတ္ထ အာဝရဏံ ကာတုံ။ (ဟာ-ပါ)

(ဃ) အဋ္ဌကထာ ဆရာတို့က ဒဏ်ပေးပုံ ဘယ်လို ဆိုလိုသလဲ?

အပြစ်အားလျော်စွာ ရေထမ်းစေခြင်း၊ ထင်းသဲစသည်တို့ကို ဆောင်ယူသယ်ပို့ခြင်း ဒဏ်အမှုကိုလည်း ပြုထိုက်၏ဟု ဆိုသည်။

အပရာဓာနုရူပံ ဥဒကဒါရု ဝလိကာဒီနံ အာဟရာပနမ္ပိ ကာတဗ္ဗံ။ (ဟာ-ထာ)

စာမျက်နှာ-[၁၁၉]

(င) သာမဏေအား ဘယ်သူက ဒဏ်ပေးနိုင်သလဲ ?

ဥပဇ္ဈာယ်ဆရာကဒဏ်ပေးနိုင်ပါသည်။ ဥပဇ္ဈာယ်ဆရာကို မပန်ကြားပဲ ဒဏ်ပေးသော ရဟန်း ဒုက္ကဋ် အာပတ်သင့်သည်။ ဥပဇ္ဈာယ်ဆရာက ရှေးကတည်းက သာမဏေများအပြစ်တွေ့လျှင် ဒဏ်ပေးကြပါဟုပြောဆို ထားလျှင် မပန်ကြားပဲ ဒဏ်ပေးနိုင်သည်၊ သာမဏေတွေ ဒဏ်အပြစ် လွန်ကျူးမှုတွေ့ပါက ဥပဇ္ဈာယ်အား အပြစ်ပြ၍ ဒဏ်ပေးပါဟု ပြောဆို အပ်၏။ သုံးကြိမ်တိုင် ပြောကြားလျက် ဒဏ်မပေးလျှင် မိမိကိုယ်တိုင်လဲ ဒဏ်ပေးအပ်၏ဟု (အဋ္ဌကထာ) ဆိုသည်။

(စ) ဘယ်လို နှလုံးသွင်း၍ ဒဏ်ပေးသင့်သလဲ ?

နောင် ရှောင်ကြဉ်လိမ့်မည် ဟူသော နှလုံးထားဖြင့် သာမဏေအား သနားညှာတာ၍ ဒဏ်ပေးအပ်၏၊ သာမဏေ လူထွက်အောင်, ပျက်စီးအောင် စသော ယုတ်မာသော နှလုံးထားဖြင့် ဒဏ်မပေးအပ်ပါ။

(ဆ) ဘုရားရှင်က ဒဏ်ပေးသင့်ပုံကို ဘယ်သို့ မိန့်သလဲ?

သံဃာ့အာရာမ်အားလုံး မဝင်, မထွက်ရဟု တားမြစ်သော ဒဏ်မျိုး၊ မစားရ, မသောက်ရအောင် ခံတွင်းပိတ်သော ဒဏ်မျိုးကို မပေးရ၊ ပေးလျှင် ဒုက္ကဋ် အာပတ်သင့်စေဟု မိန့်သည်။ ငါ ဒဏ်ပေးတယ် အနေမျိုးဖြင့် ကျောက်ဖျာ အပူပေါ် အိပ်ခိုင်းခြင်း၊ ကျောက်, အုတ်ခဲ စသည်တို့ကို ဦးခေါင်းပေါ်ချ၍ ရွက်ထားစေခြင်း၊ ရေထဲနှစ်ခြင်း အမှုမျိုးကို မပြုအပ်ဟု (အဋ္ဌကထာ) ဆိုသည်။

(ဇ) သာမဏေတို့ကဲ့သို့ ရဟန်းတို့အား ဒဏ်မပေးသင့်ဘူးလား?

တပည့်ဖြစ်သော ရဟန်းတို့အား ဒဏ်ပေးခြင်း အပ်သည်ဟု (အဋ္ဌကထာ) ဆိုသည်။

အမှာ ဒဏ်ပေးသင့်သော အကြောင်းအင်္ဂါ ၁၀-ပါးကို ၁-ပါး ဖော်ပြသွားအံ့။

စာမျက်နှာ-[၁၂၀]

၁။ (က) ဝိကာလ ဘောဇနာ ဒဏ်အင်္ဂါ၌ ဝိကာလ နေလွဲဆိုတာ ဘယ်အချိန်လဲ ?

တနေ့အဖို့ အရုဏ် တက်သည်မှစ၍ နေမွန်းတည့်သည်တိုင်အောင် ကာလသည် ဘုရား အစရှိသော အရိယာတို့၏ အလေ့အကျက်အား လျော်စွာ စားသုံးသည် ဖြစ်၍ (ဘောဇနကာလ) စားသုံးနိုင်သော ကာလမည်၏။ ထိုမွန်းတည့်မှ နောက် မွန်းတိမ်းကစ၍ အရုဏ်တက်အတွင်း အချိန်သည် (ဝိကာလ) နေလွဲသော ကာလ မည်၏၊ ထိုအချိန် စားသုံးခြင်းသည် နေလွဲညစာ စားသည်မည်၏၊ ထိုနေလွဲချိန်၌ ရှင်သာမဏေတို့ ခဲဖွယ်, ဘောဇဉ် မစားရ၊ စားလျှင် ဒဏ်သင့်၏၊ ဒဏ်ပေးထိုက်၏။ ဝိကာလ ဘောဇနာ ဝေရမဏိသိက္ခာပုဒ် သီလပျက်၏ဟု ဆိုလိုသည်။

(ခ) နေလွဲချိန်၌ ဘယ်အစာမျိုး မစားအပ်သလဲ?

ဘေသဇ္ဇ ပစ္စဝေက္ခဏာဖြင့် ဆင်ခြင်စားသုံးသော ဆေးမှ တပါး မွန်းမတည့်ခင် စားအပ်သည့် (ယာဝကာလိက) ခဲဖွယ် ဘောဇဉ်မျိုးကို နေလွဲချိန်၌ မစားအပ်။

(ဂ) ဝိကာလဘောဇန ဒဏ်ပြစ်ရောက်ကြောင်း သမ္ဘာရအင်္ဂါ ဘယ်လောက်လဲ?

၁။ ဝိကာလော=နေလွဲချိန် ကျရောက်ခြင်း၊
၂။ ယာဝကာလိကော= ယာဝကာလိကခဲဖွယ် ဘောဇဉ်ဖြစ်ခြင်း။
၃။ အဇ္ဈောဟရဏံ=လည်ချောင်းပေါက် ရောက်အောင်မျိုချခြင်း၊ ပေါင်း သုံးပါး။

နေလွဲ အခါ၊ ယာဝကာလိ၊ မျိုစားဘိလျဉ်း၊ ကြောင်းရင်း သုံးလီ၊ အင်္ဂါညီ၊ သင့်ပြီ ဝိကာလ။

အမှာ ဤအင်္ဂါသုံးပါးတို့ကား ဝိနည်းကျမ်းတို့နှင့် အလျော်ထုတ်ထားသည်၊ ခုဒ္ဒကပါဌ အဋ္ဌကထာ သိက္ခာပဒ အဖွင့်၌ ဆိုခဲ့သော သုံးပါးတို့တွင် အနုမ္မတ္တကတာ = မရူးသွပ်ခြင်း အင်္ဂါ ထည့်၍ လေးပါးလာသည်။

စာမျက်နှာ-[၁၂၁]

၂။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿနော ဒဏ်အင်္ဂါ၌ (က) နစ္စဖြင့် ဘာကိုပြသလဲ ?

သာမဏေသည် မိမိကိုယ်တိုင်လဲ မကအပ်၊ သူတပါးကိုလည်း မကခိုင်း စေအပ်၊ မိမိကိုယ်တိုင် ကခြင်း၊ သူတပါးကို ကစေခြင်း တခုခုပြုလျှင် ဒဏ် အပြစ် သင့်ရောက်၏ဟု နစ္စ-ဖြင့် ပြသည်၊ ထိုကြောင့် သာမဏေတို့သည် ကလေးများကိုလည်း မကခိုင်းအပ်၊ အယုတ်ဆုံး မျောက်, မြင်း, ဥဒေါင်း, ကြောင်, ခွေး စသော တိရစ္ဆာန်များကိုလဲ ကစေခြင်း၊ ကျွမ်းထိုးစေခြင်း စသည် မပြုအပ်။ သို့ပါ၍ မိမိ ကခြင်း၊ သူတပါးကို ကစေခြင်း ၂-မျိုး စလုံးကို နစ္စ - အရယူ။

(ခ) ဂီတဖြင့် ဘာကို ပြသလဲ?

ရှေ့နည်းအတူ သာမဏေသည် မိမိလဲ သီချင်းမဆိုအပ်၊ သူတပါးကိုလည်းမဆိုစေအပ်သည်ကို ဂီတဖြင့်ပြပါသည်။ အယုတ်အားဖြင့်လေချွန်ခြင်းမျှသည်လည်း ဂီတပင်ဖြစ်၏။ မစောင့်စည်းသော ရဟန်းတို့ တရားဟော တေးသံသည်လည်း ဂီတပင်မည်၏။ ထိုတရားမျိုး သာမဏေ သွားနာလျှင် ဒဏ်သင့်၏၊ ဥပုသ်သည်တို့ နာလျှင် သိက္ခာပုဒ် ပျက်၏။ တရားနှင့်စပ်၍ ဖြစ်သော သံဝေဂကမ္မဋ္ဌာန်းတေးများ မအပ်၊ တေးနှင့် စပ်၍ ဖြစ်လာသောတရားကား အပ်၏၊ စည်းမျဉ်းလွန်၍ အသံရှည်သော ဩဘာစာဖတ်မှု ရှစ်လုံးဖွဲ့ကဗျာ, လင်္ကာ စသော ရွတ်ဆိုမှုတို့ကို မိမိ ကိုယ်တိုင်လဲ မဖတ်မရွတ်ဆိုအပ်၊ သူတပါးကိုလဲ မခိုင်းအပ်၊ သို့ပါ၍ မိမိ သီဆိုခြင်း၊ သူတပါးကို သီဆိုစေခြင်း နှစ်မျိုးစလုံးပင် ဂီတ-အရဟု မှတ်ပါ။

(ဂ) ဝါဒိတဖြင့် ဘာကို ပြသလဲ ?

ကိုယ်တိုင် တီးမှုတ်ခြင်း၊ သူတပါးကို တီးမှုတ်စေခြင်းမပြုအပ်ဟု ဝါဒိတ ဖြင့်ပြ၏၊ ဆိုင်းတီးခြင်း၊ ဓာတ်ပြားဖွင့်ခြင်း၊ ပြွေမှုတ်ခြင်း၊ စောင်း, မယ်ဒလင်, ဘာဂျာ, ပတ္တလားတီးခြင်း စသည်တို့သည် ဝါဒိတမည်၏။ အယုတ်ဆုံး ရေပေါ် အိုးမှောက် တီးခြင်းလည်း ဝါဒိတပင်၊ သို့ပါ၍ ကိုယ်တိုင်တီးမှုတ်ခြင်း သူတပါးကို တီးမှုတ်စေခြင်း နှစ်မျိုးစလုံးပင် ဝါဒိတ၏အရဟု မှတ်။

စာမျက်နှာ-[၁၂၂]

(ဃ) ဝိသူက ဒဿနောကို အနက် ဘယ်လို သမ္ဗန်မလဲ?

ဝိသူက ဒဿနော၊ ငြောင့်တံကျင်သဖွယ်တို့ကို ကြည့်ရှု နားထောင်ခြင်း အလေ့ရှိသည်။ ဝါ-ငြောင့်တံကျင်သဖွယ် ဖြစ်သော ကြည့်ရှု နားထောင်ခြင်း အလေ့ရှိသည်ဟု အနက်သမ္ဗန်ပါ။ (ဝိသူက=ငြောင့်တံကျင်သဖွယ်တို့ကို။ ဝါ-ငြောင့်တံကျင်သဖွယ် ဖြစ်သော + ဒဿနံ = ကြည့်ရှုနားထောင်ခြင်း။) ဝိသူကာနံ ဒဿနံ၊ ဝိသူကဘူတံ ဝါ ဒဿနံ ဝိသူကဒဿနံ။ (ခုဒ္ဒကပါဌ အဋ္ဌကထာ)

(င) ဝိသူကခေါ် ငြောင်တံကျင် သဖွယ်တို့ကား ဘယ်ဟာတွေလဲ ?

ဗြဟ္မဇာလသုတ်၌လာသော ကခြင်းအမျိုးမျိုး၊ ပွဲသဘင်အမျိုးမျိုး၊ သီချင်းအမျိုးမျိုး၊ တီးမှုတ်ခြင်း ကစားခြင်းအမျိုးမျိုး၊ တိုက်ပွဲအမျိုးမျိုး၊ ပြိုင်ပွဲ အမျိုးမျိုး၊ စစ်ဆင်ပွဲ အမျိုးမျိုးတို့သည် ဝိသူက ငြောင့်တံကျင် သဖွယ်တို့ဖြစ်သည် ယခုကာလ ချောတိုင်တက်ခြင်း၊ အားထွက်အောင် ကစားခြင်း အမျိုးမျိုး၊ ဘောလုံးကန်ခြင်း၊ ဘတ်ရိုက်ခြင်း၊ မြင်းပြိုင်၊ ရုပ်ရှင်စသည်တို့သည် ဝိသူကဟူ၍ မှတ်၊ များလှ၍ စုံအောင်မပြနိုင်။

(စ) ထိုကခြင်းစသော အမျိုးမျိုးကို ဘာကြောင့် ငြောင့်တံကျင်သဖွယ်ဟု ဆိုရသလဲ?

ထိုကခြင်း စသည်တို့ကို ကြည့်ရှု နားထောင်ခဲ့လျှင် အကုသိုလ်ဟူသမျှ မပြုရဟူသော ဘုရားအဆုံးအမတော်နှင့် မလျော်သည့်အတွက် ဖီလာ ကန့်လန့်ဖြစ်သောကြောင့် ငြောင့်တံကျင်သဖွယ်ဟု ဆိုရသည်ဟု တေရသကဏ်ဋီကာ ဆိုသည်။

(ဆ) ဒဿန သဒ္ဒါဖြင့် နားထောင်ခြင်းကို ယူနိုင်ပါသလား?

ယူနိုင်ပါတယ်၊ ဒဿန သဝနော-ဟု ဆိုလိုလျက် ဝိရူပေကသေသနည်းဖြင့် သဝနချေ၍ ဒဿနော-ဟုဆိုထားသောကြောင့်တည်း၊ တနည်းအားဖြင့် ပဉ္စဝိညာဏ်တို့သည် မိမိ, မိမိဥစ္စာဖြစ်သော အာရုံတရား၌ ကြည့် ရှုခြင်းသဘောရှိ၍ ဒဿနသဒ္ဒါဖြင့် ရေတွက်အပ်သည်၏ အဖြစ်ကြောင့်

စာမျက်နှာ-[၁၂၃]

နားထောင်ခြင်းကိုလည်း ဒဿန၌ ရေတွက်အပ်၏၊ ထိုကြောင့် နားထောင်ခြင်းကိုလည်း ဤဒဿန၌ ရေတွက်ထည့်ယူရပါသည်၊ သို့ပါ၍ ဂီတ-ဝါဒိတ ဝိသူကတို့ကို နားထောင်လျှင်လည်း ဒဏ်သင့်သည်ဟု မှတ်ပါ၊ ထို နစ္စ-ဂီတ-ဝါဒိတတို့ဖြင့် အရှင်ဘုရားတို့ စေတီတော်အား ပူဇော်ပါရစေဟု လူတို့ လျှောက်ထားလျှင် ကောင်းပြီ ပူဇော်ကြဟု လက်မခံအပ်၊ ပူဇော်ခြင်းမည်သည်ကား ကောင်းသော သဘောတရားတည်းဟု ဆိုခြင်းငှာ အပ်၏။

(ဇ) ကြည့်ရှုနားထောင်တိုင်း ထို ဝိသူက ဒဿနကို လွန်ကျူးရာ ကျသလား?

ကြည့်ရှုနာထောင်လိုသဖြင့် တနေရာမှ တနေရာသို့ သွား၍ ကြည့်ရှုပါမှ လွန်ကျူးသည်မည်၏။ ဒဏ်ထိုက်၏၊ မိမိနေရာ၌ ထိုင်နေစဉ် ခရီးသွားစဉ် ရင်ဆိုင်တွေ့၍ ကြည့်ရှူငြားအံ့၊ လွန်ကျူးသည် မမည်၊ ဝိနည်းပြစ် မရှိ၊ သီလ ညှိုးနွမ်းခြင်းကားဖြစ်၏ဟု ခုဒ္ဒကပါဌ အဋ္ဌကထာ၌ ဆိုသည်။

(ဈ) နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿနော၌ သမ္ဘာရအင်္ဂါ ဘယ်လောက်လဲ?

၁။ နစ္စာဒီနံ အညတရတာ= ကခြင်းစသည်တို့တွင် တပါးပါးဖြစ်ခြင်း။
၂။ အညတြ အနုညာတ ကာရဏာဂမနံ = ခွင့်ပြုတော်မူအပ်သော အကြောင်းကို ကြဉ်၍ ‌ရွေ့ရှား သွားလာ လှည့်လည်သည်လည်းဖြစ်စေ။
၃။ ဒဿနံ ဝါ သဝနံ =ကြည့်ရှု နားထောင်ခြင်းတွင် တပါးပါး ဖြစ်စေ။ (ကင်္ခါ-လာ)၊

ကခြင်းစသည်၊ ဖြစ်ပြီ တရပ်၊ ဒဏ်ပြစ် ကင်းဘိ၊ ကြောင်းမရှိဘဲ၊ နားထောင်ကြည့်ရှု၊ ဤသုံးခု ညီ၊ အင်္ဂါတည်၊ သင့်ပြီ နစ္စ-ဂီတတည်း။

စာမျက်နှာ-[၁၂၄]

အမှာ ဤကား ဝိနည်းကျမ်းလာ အင်္ဂါသုံးပါးတည်း၊ အနုမ္မတ္တကတာ၊ မရူးသွပ်ခြင်း အင်္ဂါထည့်၍ ခုဒ္ဒက အလို လေးပါးကို မှတ်။ ဒုတိယအင်္ဂါ၌ ခွင့်ပြုသော အကြောင်းဆိုတာ မိမိရပ်ရာ ထိုင်ရာ အိပ်ရာအရပ်သို့ လာရောက်သော ကခြင်း စသည်တို့ကို ဖြစ်စေ၊ ခရီးသွားစဉ် ရင်ဆိုင်ရှေးရှု တိုးမိသော ကခြင်းစသည်ကို ဖြစ်စေ ကြည့်ရှုမိက ဤသိက္ခာပုဒ် လွန်ကျူးရာမကျ၊ ဒဏ်သင့်သည် မဆိုရ၊ ညစ်နွမ်းကာမျှ ရှိသည်ဟု ဆိုခြင်းသည် ခွင့်ပြုသော အကြောင်းဟု မှတ်၊ ကြည့်ရှု နားထောင်သူတို့၏ အင်္ဂါသာဟု မှတ်။

၃။ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနော ဒဏ်အင်္ဂါ၌ (က) ပုဒ်ချင်း ဘယ်လို တွဲသင့်သလဲ?

၁။ မာလာနှင့် ဓာရဏတွဲ၍ မာလာ-ဓာရဏ တတွဲ။
၂။ ဂန္ဓနှင့် မဏ္ဍနတွဲ၍ ဂန္ဓ-မဏ္ဍန တတွဲ။
၃။ ဝိလေပနနှင့် ဝိဘူသန တွဲ၍ ဝိလေပန-ဝိဘူသန တတွဲဟု သုံးတွဲ ဖြစ်ပါသည်၊ ထို သုံးတွဲကို တခုစီ ရှင်းပြပါအံ့။

(ခ) မာလာ ဓာရဏ ပန်းပန်ဆိုတာ ဘယ်ပန်းမျိုး ဘယ်လိုပန်တာလဲ ?

(စပယ်, ခေါင်ရန်းစသော အပင်ပွင့် ပန်းမျိုးတွင် မဟုတ်ပဲ ပြုလုပ်ထားတဲ့ ဖော့ပန်း, စက္ကူပန်း, အဝတ်ပန်း စသည်ကို (မာလာ) ပန်းအရ ယူရပါမည်၊ (ဓာရဏ) ပန်ဆိုသည်မှာ သီကုံး မသီကုံး ပန်းအားလုံးကို ဦးခေါင်း၌ ပန်ပန်၊ နား၌ ပန်ပန်၊ လည်ပင်း၌ ပန်ပန်၊ ခါး၌ ပန်ပန်၊ နှာခေါင်း၌ ပန်ပန်၊ ခန္ဓာကိုယ် တခုခုဖြင့် ပန်းကို သည်ပိုးရွက်ဆောင် ထားမှုကို (မာလာ-ဓာရဏ) ပန်းပန်သည်ဟု ဆိုပါသည်။ ပန်းဟူသမျှကို ခန္ဓာကိုယ် အင်္ဂါတခုခုဖြင့် သာမဏေများ မဆောင်အပ်၊ မပန်အပ်ဟု မာလာ-ဓာရဏဖြင့် ပြလေသည်။

စာမျက်နှာ-[၁၂၅]

(ဂ) ဂန္ဓအရ နံ့သာ အမွှေးအထုံဆိုတာ ဘာလဲ?

နိမ့်ရာအရပ်ကို ပြည့်လာအောင် ဖိုသိပ်ကောင်းသော သနပ်ခါး၊ နံ့သာမှုန့် နံ့သာ အခိုးအထုံမျိုးနှင့် ရေမွှေး နံ့သာဆီ စသည် ဆိုလတ္တံ့။ ဝိလေပနတွင် မပါဝင်သော အမွှေးအကြိုင်သည် ဂန္ဓ-အရ နံ့သာ အမွှေး အထုံ မည်၏။

ဂန္ဓန္တိ ဝါသစုဏ္ဏ ဓူမာဒိကံ ဝိလေပနတော အညံ ယံကိဉ္စိ ဂန္ဓဇာတံ။ (တေ-ဋီ)

(ဃ) မဏ္ဍန-တန်ဆာဆင်ဆိုတာ ဘယ်လိုလုပ်တာလဲ?

သနပ်ခါး, နံ့သာမြစ် စသည်တို့ဖြင့် ကျောက်ပေါက်မှန်စသောနိမ့်တဲ့ အရပ်တွေကို ပြည့်အောင် ဖိုသိပ်ခါ ဆင်မြန်းခြင်းသည် မဏ္ဍန-တန်ဆာ ဆင်သည် မည်၏

ဦးနဌာနပူရဏ မဏ္ဍနံ။ (တေ-ဋီ)

ဆိုခဲ့သော ဂန္ဓ အမွှေးနံ့သာတို့ဖြင့် နိမ့်ရာအရပ်ကို ပြည့်စေလျက် တန်ဆာဆင်လျှင် ဒဏ်အပြစ် သင့်ရောက်သည်ဟု ဂန္ဓမဏ္ဍနဖြင့် ပြသည်။

(င) ဝိလေပန-နံ့သာပျောင်းဆိုတာ ဘာလဲ?

လိမ်းဖို့ရာ ကြိတ်ချေစီမံအပ်သည်ဖြစ်၍ လိမ်းလိုက်လျှင် အရေအဆင်း ကြည်လင် လှပမွှေးကြိုင် စွဲကပ်သော မျက်နှာချေ, နံ့သာရည် စသည်တို့ကို ဝိလေပန-နံ့သာပျောင်းဟု ဆိုရသည်၊ နံ့သာပျောင်းပင် ဆိုသော်လဲ အသားမှာ နူးညံ့မွှေးကြိုင် စွဲကပ်စေတတ်သော ပေါင်ဒါ, နံ့သာဆီ, ရေမွှေး အမျိုးမျိုးလဲ ဝိလေပနထဲ ထည့်ယူပါ။

ဝိလေပနန္တိ ဆဝိရာဂကရဏံ။ (သီလက္ခန် အဋ္ဌကထာစသည်)
ဝိလေပနန္တိ ဝိလေပနတ္ထံ ပိသိတွာ ပဋိယတ္တံ ယံကိဉ္စိ ဆဝိရာဂကရဏံ။ (တေ-ဋီ)

စာမျက်နှာ-[၁၂၆]

(စ) ဝိဘူသန အတင့်အတယ် အပြေ အပြစ်ပြုဆိုတာ ဘယ်လိုလုပ်တာလဲ

ဆိုခဲ့သော နံ့သာပျောင်း စသည် ဝိလေပနတို့ဖြင့် အသား, အရေ လှပတင့်တယ်ရှုစဖွယ်နှင့် အနံ့ကောင်းအောင် ဆွတ်ဖျန်း လိမ်းကျံ ထုံမွှမ်းခြင်းကို ဝိဘူသန-အတင့်အတယ် အပြေအပြစ်ပြုသည်ဟု ဆိုပါသည်။

ဂန္ဓဝသေန ဆဝိရာဂဝသေန စ သာဒိယန္တော ဝိဘူသေတိ နာမ။ (သီလက္ခန်-ထာ စသည်)

နံ့သာ, အပျော့ အပျောင်းစသည်ဖြင့် ကိုယ်ရေအဆင်း လှပတင့်တယ်အောင် လိမ်းကျံဆွတ်ဖျန်းလျှင် ဒဏ်သင့်သည်ဟု ဝိလေပန ဝိဘူသနဖြင့် ပြပေသည်။

မှတ်ချက် ယခု တွဲပြခြင်းသည် “မာလာဒီနိ ဓာရဏာဒီဟိ ယထာသင်္ချံ ယောဇေတဗ္ဗာနိ”ဟူသောခုဒ္ဒကပါဌအဋ္ဌကထာနှင့် “မာလာဒီသု ဝါ ဓာရဏာဒီနိ ယထာက္ကမံ ယောဇေတဗ္ဗာနိ” ဟူသော ဝိနာလင်္ကာရ, ဝိမတိဋီကာတို့ကို ထောက်၍ ရှေးဆရာတို့ အစဉ်အတိုင်းဟပ်ပြီး တွဲပြသောနည်း ဖြစ်ပေသည်။ ဤ အစဉ်အတိုင်း တွဲစပ်ပြခဲ့သော ယထာသင်္ချာနည်း, ယထာက္ကမနည်း ယူရသည်ထက် ရသင့်သလို တွဲစပ်ယူရသော ယထာလာဘ ယောဇနာ နည်းယူပါက ပို၍ သင့်မည်ထင်သည်။

ဥပမာ-ဂန္ဓနှင့် မဏ္ဍန တွဲပြရာ၌ “ဂန္ဓန္တိ ဝါသစုဏ္ဏဓူမာဒိကံ ဦနဋ္ဌာနံ ပူရေန္တော မဏ္ဍေတိ နာမ”ဟု ဖွင့်ဆိုပုံရှုလျှင် ဂန္ဓအရက နံ့သာမှုန့် အခိုး အထုံနှင့် မဏ္ဍန- အရ နိမ့်ရာအရပ် ပြည့်အောင် တန်ဆာဆင်ဖို့ မလွယ်ကူပေ၊ ဝိလေပန-အရ နံ့သာပျော့တို့ဖြင့်သာ ပြည့်အောင် တန်ဆာဆင် နိုင်ဖို့ ရှိပါသည်၊ ထို့ပြင် “ဂန္ဓဝသေန ဆဝိရာဂဝသေန စ သာဒိယန္တော ဝိဘူသေတိ နာမ”ဟုဖွင့်ဆိုရာ၌ ဂန္ဓဝသေနပုဒ်ကို ထောက်ခြင်းဖြင့် ဂန္ဓနှင့် ဝိဘူသန တွဲစပ်ရမည်ကို ထင်ရှားစေသည်၊ ထို့ကြောင့် ထင်ရှားသည့် မာလာဓာရဏ တွဲစပ်ပုံမှတပါး ကျန်သော ဂန္ဓ-ဝိလေပန-မဏ္ဍန-ဝိဘူသန

စာမျက်နှာ-[၁၂၇]

လေးပုဒ်ကို(၁)ဂန္ဓမဏ္ဍန၊ (၂)ဂန္ဓ-ဝိဘူသန၊ (၃)ဝိလေပန-မဏ္ဍန၊ (၄) ဝိလေပန-ဝိဘူသနဟု တွဲစပ်ပါ။ ဤ၌ “ဝိလေပနန္တိ ယံ ကိဉ္စိ ဝိလေပနတ္ထံ ပိသိတွာ ပဋိဃတ္တံ၊ အဝသေသံ သဗ္ဗေပိ ဝါသစုဏ္ဏ ဓူပနာဒိကံ ဂန္ဓဇာတံ ဂန္ဓော”ဟူသော ခုဒ္ဒကပါဌ အဋ္ဌကထာစကားဖြင့် လိမ်းကျံဖို့ ကြိတ်၍ စီရင်ထားသော နံ့သာပျော့ပျောင်း စသည်ကို ဝိလေပန ၎င်းဝိလေပနမှ ကြွင်းသော နံ့သာအမှုန့် အခိုး အထုံ စသည်တို့ကို ဂန္ဓ-ဟု ခွဲပြထားမှုကို အရယူ၍ ဝိလေပနဖြစ်သော နံ့သာပျောင်းဖြင့် ကျောက်ပေါက် ခွက်ကို ပြည့်အောင် ဖိုသိပ်လျက် ဆင်မြန်းလျှင် “ဦနဋ္ဌာနံ ပူရေန္တော မဏ္ဍေတိ နာမ” ဟူသည်နှင့်အညီ ဝိလေပန-မဏ္ဍနဖြင့် ဒဏ်သင့်ပေမည်။ မကြိတ်ပဲ ပေါင်းတင်အခိုးဖြင့် ယူထားသော ဂန္ဓ-အမွှေးအကြိုင် ရေဖြင့် ကိုယ်ကို တင့်တယ်အောင် သုတ်လိမ်းလျှင်“ဂန္ဓဝသေန ဆဝိရာဂသေန စ သာဒိယန္တော ဝိဘူသေတိ နာမ”နှင့်အညီ ဂန္ထ-ဝိဘူသနဖြင့် ဒဏ်သင့် ပေရာသည်၊ ကျန်နှစ်ချက် ဒဏ်သင့်ပုံ ယထာက္ကမနည်းကိုမှီ၍ သိလောက် ပေပြီ၊ ဤစကားစုကား ကျမ်းရေးသူ၏ ဉာဏ်သက်မှုကို ဖော်ပြ ချက်တည်း။

(ဆ) ဆေးအကျိုးငှာ နံ့သာရည်စသည်ကို မလိမ်းကျံကောင်းဘူးလား?

ဂန္ဓ-ဝိလေပန အားလုံးကိုပင် ဆေးအကျိုးငှာ လိမ်းကျံဆွတ်ဖျန်းခြင်းငှါ အပ်ပါသည်၊ စေတီပူဇော်ရန် ယူဆောင်လာသည်ကို ခံယူအပ်ပါသည်။

ဘေသဇ္ဇတ္ထန္တု ဝဋ္ဋတိ၊ ပူဇိနတ္ထဉ္စ အဘိဟဋံ။ သာဒိယတော န ကေနစိ၊ ပရိယာယေန န ဝဋ္ဋတိ။ (ခုဒ္ဒကပါဌ အဋ္ဌကထာ)

(ဇ) မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနော၌ သမ္ဘာနအင်္ဂါ၊ ဘယ်လောက်လဲ?

၁။ မာလာဒီနံ အညတရတာ=ပန်း, နံ့သာစသည်တို့တွင် တပါးပါးဖြစ်ခြင်း။
၂။ အနုညာတကာရဏဘာဝေါ=ခွင့်ပြုတော်မူအပ်သော အကြောင်း မရှိခြင်း။

စာမျက်နှာ-[၁၂၈]

၃။ ဝိလေပနာဒီသု အညတရတာ= အတင့်တယ်ပြုခြင်း စသည်တို့တွင် တပါးပါးဖြစ်ခြင်း၊ ပေါင်း သုံးပါး။

ပန်းနံ့သာခင်း၊ ဒဏ် ပြစ်ကင်းဖို့၊ ကြောင်းခြင်းမပါ။
ဆင်တန်ဆာခြယ်၊ သုံးသွယ် အညီ၊ အင်္ဂါတည်၊ သင့်ပြီ မာလာဂန္ဓတည်း။

ခုဒ္ဒကနှင့် အလျော် (အနုမ္မတ္တကာ) မရူးသွပ်ခြင်း အင်္ဂါထည့်၍ လေးပါးဟုမှတ်၊ ၂-နံပါတ် အင်္ဂါ၌ ခွင့်ပြုတော်မူအပ်သော အကြောင်း ဆိုသည်မှာ အနာပေါက်ခြင်းစသည်တို့ကြောင့် ဆေးအကျိုးငှာလိမ်းကျံ အပ်သည်တို့ကား ခွင့်ပြုအပ်သော အကြောင်းဟု မှတ်။

၄။ ဥစ္စာသယန မဟာသယနာ ဒဏ်အင်္ဂါ၌ (က) ဥစ္စာ မြင့်သော+ သယန= နေရာ) ဥစ္စာသယန၊ မြင့်သောနေရာဆိုတာ ဘယ်လိုနေရာလဲ?

တတောင့်ထွာထက် မြင့်သောခြေရှိသော ညောင်စောင်း အင်းပျဉ်, ထိုင်ခုံ ခုတင်စသော နေရာများသည် ဥစ္စာသယန မည်၏။ “အာသန္ဒီ ပလ္လင်္ကော ဥစ္စာသယနံ၊ သေသာ မဟာသယနံ"ဟူသော ခုဒ္ဒသိက္ခာဋီကာသစ်၌ အ‌ခြေ၌ ခြင်္သေ့ရုပ်, ကျားရုပ်စသော သားရဲရုပ် ပါသော ပလ္လင်လည်း ဥစ္စာသယနဟု ဆို၏၊၎င်းပလ္လင်ကို မဟာသယန၌ ဆရာတို့ သွင်းကြ၏၊ ထိုမြင့်သော နေရာတို့၌ နေထိုင်လျှင် ဒဏ်သင့်၏ဟု ဥစ္စာသယနဖြင့် ပြသည်၊ တတောင့်ထွာထက် ပိုနေသောအခြေကို ဖြတ်ပြီးမှ ထိုင်ကောင်း အိပ်ကောင်းသည်၊ မြေထဲသို့ တူးသွင်း၍လည်း အခြေ တတောင့်ထွာထက် မပိုလျှင် နေထိုင်အပ်ပါသည်။

(ခ) မဟာ=မြတ်သော=သယန+ နေရာ) မဟာသယန မြတ်သောနေရာဆိုတာ ဘယ်နေရာလဲ?

ရဟန်း, သာမဏေတို့ မထိုင်ကောင်း, မအိပ်ကောင်းဟု ပညတ်ထားသော ခမ်းနားကောင်းမွန်ဆန်းကြယ်သည့် ဂေါနက-စသောအခင်းများကို မဟာသယနဟု ဆိုသည်၊ များပြားလွန်း၍ အနည်းငယ် ထုတ်ပြအံ့။

စာမျက်နှာ-[၁၂၉]

၁။ ဂေါနက= လက်လေးသစ်ထက် လွန်အောင် အမွေးရှည်သော ကော်ဇောကြီး။
၂။ စိတ္တက= အကွက် အပြောက်တို့ဖြင့် ဆန်းကြယ်စွာ ချုပ်အပ်ရက်အပ်သော သားမွေးအခင်း။
၃။ ပဋိက = ဆေးမဆိုးပဲ အဖြူထည်သက်သက် သားမွေးဖြင့် ရက်အပ်သော အခင်း။
၄။ ပဋလိက=ပန်းပြောက် ခြယ်လျက် သားမွေးဖြင့် ရက်အပ်သော အခင်း။
၅။ တူလိက=လဲ, ဝါဂွမ်း အဆာသွတ်ထားသော အခင်း စသောအားဖြင့် မဟာသယန အများရှိ၏။

သိုးမွေး, ကော်ဇော အခင်းများသည် မဟာသယန၌ ပါဝင်သောကြောင့် ညောင်စောင်း, အင်းပျဉ်, ခုတင်, ကုလားထိုင်, ခုံ၌ခင်း၍ ရဟန်း, သာမဏေ ဥပုသ်သည်တို့ မထိုင် မအိပ်အပ်၊ ကြမ်းပြင်ပေါ်၌ကား ခင်း၍ ထိုင်ကောင်းအိပ်ကောင်း၏၊ ချည်ကော်ဇော၌ကား ဘယ်နေရာ မဆို အပ်၏၊ လဲသွတ်ထားသော မွေ့ရာဖုံ ထိုင်စရာရှိကိုမူ ဘယ်နေရာမှာမှ မအိပ် မထိုင်အပ်၊ ဆွမ်းကျွေးတရားနာ စသည်၌ လူတို့က ခုတင် ကုလားထိုင်ပေါ်၌ ခင်းပေးသော်လည်း လဲ, ဝါဂွမ်း အဆာသွတ်သော အခင်း၌ မထိုင်အပ်၊ ဆိုခဲ့သော ဂေါနက-စသော အခင်း ကော်ဇောများ၌ကား ထိုင်ရုံသာ အပ်၏၊ လျောင်း၍ မအိပ်အပ်။

အနုဇာနာမိ ဘိက္ခဝေ ဌပေတွာ တီဏိ အာသန္ဒိံ ပလ္လင်္ကံ တူလိကံ ဂိဟိဝိကတံ အဘိနိသီဒိတုံ၊ န တွေဝ နိပဇ္ဇိတုန္တိ။ (စူဠဝါပါဠိ)(ဝိ၊၄၊၃၁၃။)

ရွာတွင်း၌ လဲဖြင့်မှေးယှက်ချုပ်ထားသော ညောင်စောင်း, အင်းပျဉ်, ကုလားထိုင် ထိုင်ခုံရှည်ကြီးတို့ကို လူတို့က ထိုင်စေလျှင် ထိုင်ရုံသာ အပ်၏။ လျောင်းအိပ်ခြင်း မအပ်ဟုမှတ်။

အနုဇာနာမိ ဘိက္ခဝေ ဂိဟိဝိကတံ အဘိနိသီဒိတုံ၊ န တွေဝ အဘိနိပဇ္ဇိတုန္တိ။ (စူဠဝါ ပါဠိ)(ဝိ၊၄၊၃၁၃။)

စာမျက်နှာ-[၁၃၀]

ဆိုခဲ့သော မဟာသယနတို့၌ ထိုင်ခြင်းအိပ်ခြင်းတို့ကိုပြုခဲ့လျှင် ဒဏ်သင့်ရာ၏ဟု မဟာသယနဖြင့် ပြပေ၏။

(ဂ) ဥစ္စာသယန မဟာသယနော၌ ဒဏ်သင့် သမ္ဘာရအင်္ဂါ ဘယ်လောက်လဲ?

၁။ ဥစ္စာသယန မဟာသယနတာ-မြင့်မြတ်သော အိပ်ရာ နေရာလည်းဖြစ်စေ။
၂။ နိသီဒနံ ဝါ နိပဇ္ဇံနံဝါ= နေ, ထိုင်, လျောင်း, အိပ်သည်တွင် တပါးပါး ဖြစ်စေ။
၃။ အနုမ္မတ္တက =များသည်လည်း ဖြစ်စေ၊ ပေါင်းသုံးပါး။

မြင့်မြတ်နေရာ၊ ထိုင်အိပ်ပါလျဉ်း၊ မရူးခြင်းဟု၊ ကြောင်းရင်းသုံးလီ၊ အင်္ဂါညီ၊ သင့်ပြီ ဥစ္စာသယန။

၅။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏော ဒဏ်အင်္ဂါ၌ (က) ဇာတရူပ ရဇတတို့ဖြင့် ဘာကို ယူမလဲ?

ဇာတရူပဖြင့် ရွှေကိုယူပါ၊ ရဇတဖြင့် ငွေနှင့်တကွ ကဟာပဏ-ကျပ်ပြားဒင်္ဂါး အရောင်းအဝယ် လုပ်နိုင်သော ကြေးပိုက်ဆံ, ချိပ်ပိုက်ဆံ, ဒန်သွပ်စသော ပိုက်ဆံ, ငွေစက္ကူစသော သုံးစွဲရသမျှ အားလုံးကို ရဇတဖြင့် ယူနိုင်ပါသည်၊ ထိုငွေဒင်္ဂါးပိုက်ဆံတို့ကို သာမဏေများနှင့်ဆယ်ပါးသီလ ဥပုသ်သည်တို့သည် ခံယူလျှင် လည်းကောင်း၊ ခံယူရန် စေခိုင်းခဲ့လျှင် လည်းကောင်း၊ စိတ်၌ သာယာခဲ့လျှင်လည်းကောင်း ဤ သိက္ခာပုဒ် ပျက်၏၊ သာမဏေ ဒဏ်ထိုက်၏ဟု ပဋိဂ္ဂဟဏောဖြင့် ပြ၏၊ အနီး၌ ပေးလှူမည့် ရွှေဒင်္ဂါးကိုသော်လဲ စိတ်၌ မသာယာအပ်၊ ကိုင်တွယ်မသုံး သပ်အပ်။

(ခ) ဇာတရူပ ရဇတ ပဋိဂ္ဂဟဏော၌ ဒဏ်သင့်ဖို့ သမ္ဘာရအင်္ဂါ ဘယ်လောက်လဲ?

၁။ ဇာတရူပ ရဇတဘာဝေါ= ရွှေငွေအသပြာ မာသကာတပါးပါး ဖြစ်ခြင်း။

စာမျက်နှာ-[၁၃၁]

၂။ အတ္တု ဒ္ဒေသိကတာ=မိမိကိုယ်ကို ရည်ညွှန်း ပေးစွန့်သည်လည်းဖြစ်စေ။
၃။ ဂဟဏာဒီသု အညတြဘာဝေါ-ယူခြင်းစသည်တို့တွင် တပါးပါး ဖြစ်စေ၊ ပေါင်း သုံးပါး၊ ထိုသုံးပါး၌ အနုမ္မတ္တကတာမရူးသွပ်ခြင်း အင်္ဂါထည့်လျှင် လေးပါးဖြစ်၏။

ရွှေ, ငွေ, အသပြာ၊ ကိုယ်တွက် တာဟူ၊ ခံကာ ယူခြင်း၊ ရူးသွပ် ကင်းဟု၊ ကြောင်းရင်း လေးလီ၊ အင်္ဂါညီ၊ သင့်ပြီ ဇာတရူပ။

အမှာ ဝိကာလဘောဇနမှစ၍ ဒဏ်သင့်ကြောင်း သမ္ဘာရ အင်္ဂါတို့နှင့် ညီလျှင် ဆိုင်ရာ သီလ သိက္ခာပုဒ်လည်းပျက် ဒဏ်လည်း သင့်သည်ဟု မှတ်ပါ။

၆။ ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ-ဒဏ်အင်္ဂါ၌ ရဟန်းအား လာဘ်မရအောင် အားထုတ်ဆိုတာ ဘယ်လိုလုပ်တာလဲ?

သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်းလေးပါးတို့ကို ရအပ်တဲ့ သဘောရှိသောကြောင့်(လာဘ)လာဘ်ဟုခေါ်ပါသည်၊ ထိုလာဘ်ရဖို့ ရဟန်းတို့အား ပစ္စည်းလေးပါး လာဘ်များမရအောင် ဒကာတို့ မလှူ ဖြစ်အောင် မလှူချင်အောင် စေတနာပျက်အောင် မဟုတ်မမှန်သော အပြစ်တို့ကို လုပ်ကြံ ပြောဆိုခြင်းမျိုးသည် လာဘ်မရအောင် အားထုတ်သည် မည်၏၊ ထိုသို့ အားထုတ်ပြောလျှင် သာမဏေ ဒဏ်သင့်၏ဟု ဤ အင်္ဂါဖြင့်ပြသည်။

၇။ ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ-ဒဏ်အင်္ဂါ၌ အားထုတ်ပုံကား ဘယ်လိုလဲ?

ရဟန်းတို့ အကျိုးမဲ့ဖြစ်အောင် ဘေးအန္တရာယ်ဥပဒ္ဒဝေါ ဖြစ်အောင် ကြံဖန် အားထုတ်ခြင်း အမျိုးမျိုးသည် ရဟန်းတို့ အကျိုးမဲ့ ဘေးရန် ဖြစ်အောင် အားထုတ်သည် မည်၏။

စာမျက်နှာ-[၁၃၂]

အနတ္ထာယာတိ ဥပဒ္ဒဝါယ။ (ဟာ-ထာ)

၈။ ဘိက္ခူနံ အဝါသာယ ပရိသက္ကတိ-ဒဏ်အင်္ဂါ၌ အားထုတ်ပုံကား ဘယ်လိုလဲ?

ရဟန်းများ နေမြဲကျောင်း၌ မနေနိုင်အောင် တစုံတခုအပြစ်ကြောင့် ကျောင်းမှ ထွက်သွားရအောင် ရာဇဝတ်မှုမျိုး စွပ်စွဲမှုမျိုးစသည်ဖြစ်ပေါ်ရန် အားထုတ်ခြင်းသည် ရဟန်းတို့ နေရာမရအောင် အားထုတ်သည် မည်၏၊ ကောင်းမွန်စွာ မနေသူတို့ကို ထွက်သွားအောင်အားထုတ်သော်လဲ ဒဏ်ပြစ် မရှိ။

၉။ ဘိက္ခု အက္ကောသတိ ပရိဘာသတိ-အင်္ဂါ၌ (က) အက္ကောသတိ-အရ ဘယ်လိုဆဲခြင်းမျိုးလဲ?

ဆဲရေးကြောင်း အ‌က္ကောသ ဝတ္ထု ၁၀-ပါးရှိသည်။
၁။ ဇာတိ= အမျိုးဇာတ်ကို ထိခြင်း။
၂။ နာမ=နာမည်။
၃။ ဂေါတ္တ=အနွယ်။
၄။ ကမ္မ=သူ၏အလုပ်အကိုင်။
၅။ သိပ္ပ=အတတ်ပညာ။
၆။ အာဗာဓ= အနာရောဂါ။
၇။ လိင်္ဂ= အချို့ကျ-မကျ ပုံသဏ္ဌာန်။
၈။ ကိလေသာ=လောဘ, ဒေါသ စသော ကိလေသာ။
၉။ အာပတ္တိ=သင့်သောအပြစ်အာပတ်ထိခြင်း။
၁၀။ အက္ကောသ= မေထုန်နှင့် စပ်၍လည်းကောင်း၊ အင်္ဂါဇာတ်နှင့်စပ်၍လည်းကောင်း၊ ဟဲ့ခွေး, ဟဲ့နွား စသည်ဖြင့် ဆဲခြင်း၊ ပေါင်း ၁၀ မျိုး။

စာမျက်နှာ-[၁၃၃]

ထိုဝတ္ထု ၁၀-ပါးရှိသဖြင့် ထိခိုက်ပုံလည်း ၁၀-ပါး ရှိပေသည်၊ ဟဲ့ သူတောင်းစားဟု စိတ်ဆိုး၍ ဆိုလျှင် ဇာတ်ဖြင့်ဆဲ၏။ ဟေ့ ဒူလာသယ်ဟုဆိုလျှင် အာဗာဓဖြင့် ဆဲ၏၊ ဤနည်းမှီ၍ ဆဲပုံသိပါ။

မျိုး, မည်, နွယ်, ကမ်၊ တတ်, နာ, သဏ်၊ ကိလံ, အာ, အက်ထိ။
ဆဲခြင်း ဆယ်ပါး၊ ရဟန်းအား၊ ဆဲငြား ပြစ်ဒဏ်သိ

(ခ) ပရိဘာသတိ-အရ ခြိမ်းခြောက်ဆိုတာ ဘယ်လိုလဲ ?

ရဟန်းတို့အား ခေါင်းပြတ်သွားမည်၊ ရိုက်မည်၊ နှက်မည်၊ သတ်မည် စသည်ဖြင့် ကြိမ်းမောင်းခြင်းကို ခြိမ်းခြောက်သည်ဟု ဆိုရသည်။

အက္ကောသတိ ပရိဘာသတီတိ အက္ကောသတိ စေဝ ဘယ ဒဿနေန စ တဇ္ဇေတိ။ (ဟာ-ထာ)

၁၀။ ဘိက္ခူ ဘိက္ခူဟိ ဘေဒေတိ အင်္ဂါ၌ (က) ကွဲပြားအောင် ကုန်းတိုက်ဆိုတာ ဘယ်လိုလဲ?

ရဟန်းတော်ချင်း ကွဲပြားအောင် (မတဲ့အောင် အချစ်ပျက်အောင်) ကုန်းတိုက်ခြင်း, ရန်တိုက်ခြင်းတို့သည် ကွဲပြားအောင် ကုန်းတိုက်သည်မည်၏။

(ခ) ဒဏ်သင့်သောအပြစ်ဟာ ဤ ၁၀-ပါးသာ ရှိသလား?

မကပါ၊ သာမဏေတို့ သေခိယ သိက္ခာပုဒ်လွန်ကျူးမှု၊ ခန္ဓကဝတ် ၁၄-ပါးလွန်ကျူးမှု၊ ထို့ပြင် သုက္ကဝိဿဋ္ဌိစသော လောကပြစ်ရောက်သည့် ဝိနည်းတော်လာ လောကဝဇ္ဇ သိက္ခာပုဒ်တို့ လွန်ကျူးမှုများလဲ ဒဏ်ထိုက်ပါသည်။

အာဘိသမာစာရိကေသု ဝိနေတဗ္ဗောတိ ဣမိနာ သေခိယဝတ္တခန္ဓကဝတ္တေသု အညေသု စ သုက္ကဝိဿဋ္ဌိအာဒိ လောကဝဇ္ဇသိက္ခာပဒေသု သာမဏေရေဟိ ဝတ္တိတဗ္ဗံ၊ တတ္ထ အဝတ္တမာနော အလဇ္ဇီဒဏ္ဍကမ္မာရဟော စ ဟောတီတိ ဒဿတိ။ (ဝိဋီ)

စာမျက်နှာ-[၁၃၄]

လေ့ကျင့်ခန်း မေးခွန်း

၁။ ဒဏ်၏ အဓိပ္ပါယ်နှင့် အရကောက်ကို ဖော်ပြပါ။
၂။ ဒဏ်မပေးသင့်ပုံနှင့် ဒဏ်ပေးနိုင်သူတို့ကို ဖော်ပြစမ်းပါ။
၃။ နေလွဲ၍ မုန့်စားတဲ့ သာမဏေ၏ ဒဏ်အပြစ်ကို အင်္ဂါနှင့်တကွ ဖော်ပြပါ။
၄။ အောက်ပါ သာမဏေကို အပြစ်ရောက်-မရောက် ပါဠိ အစိတ်ကိုး၍ ဖြေပါ။
(က) ရှေ့က ခေါင်းဆောင်၍ လိုက်ပြီး က, အောင် လက်မြှောက်တဲ့ ရှင်ဓမ္မ။
(ခ) ဝိနည်းလင်္ကာကို သံရှည်မဆွဲပဲ ရွတ်ဆိုတဲ့ ရှင်ဝရ။
(ဂ) ဝတ္တံ အပရိပူရေန္တော ပါဠိဂါထာကို ခြေထောက်က စည်းလိုက်၍ သာယာဖွယ်ရွတ်တဲ့ ရှင်ထုတိ။
(ဃ) ဆွမ်းခံသွားခါနီး မသိမသာ အလှဆီလိမ်းတဲ့ရှင်သုတိ။
၅။ အက္ကောသတိ-အရ ဆဲပုံသုံးမျိုးလောက် ထုတ်၍ အနတ္ထာယပုဒ်ကို အနက်သမ္ဗန်ပါ။

ဒဏ် ၁၀-ပါး မှတ်သားဖွယ် ပြီး၏။

စာမျက်နှာ-[၁၃၅]

၁-ပရိမဏ္ဍလ ဝဂ္ဂ

ဣမေ ခေါ ပနာယသ္မန္တော သေခိယာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။
၁။ ပရိမဏ္ဍလံ နိဝါသေဿာမီတိ သိက္ခာ ကရဏီယာ။
၂။ ပရိမဏ္ဍလံ ပါရုပိဿာမီတိ သိက္ခာ ကရဏီယာ။
၃။ သုပ္ပဋိစ္ဆန္နော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
၄။ သုပ္ပဋိစ္ဆန္နော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
၅။ သုသံဝုတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
၆။ သုသံဝုတော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
၇။ ဩက္ခိတ္တစက္ခု အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
၈။ ဩက္ခိတ္တစက္ခု အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
၉။ န ဥက္ခိတ္တကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
၁၀။ န ဥက္ခိတ္တကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီ။

ပရိမဏ္ဍလဝဂ္ဂေါ ပထမော။

၂-ဥဇ္ဇဂ္ဃိကဝဂ္ဂ

၁၁။ န ဥဇ္ဇဂ္ဃိကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

စာမျက်နှာ-[၁၃၆]

၁၂။ န ဥဇ္ဇဂ္ဃိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
၁၃။ အပ္ပသဒ္ဒေါ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
၁၄။ အပ္ပသဒ္ဒေါ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
၁၅။ န ကာယပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
၁၆။ န ကာယပ္ပစာလကံ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာကရဏီယာ။
၁၇။ န ဗာဟုပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
၁၈။ န ဗာဟုပ္ပစာလကံ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
၁၉။ န သီသပ္ပစာလကံ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
၂၀။ န သီသပ္ပစာလကံ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။

ဥဇ္ဇဂ္ဃိကဝဂ္ဂေါ ဒုတိယော။

၃-ခမ္ဘကတဝဂ္ဂ

၂၁။ န ခမ္ဘကတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
၂၂။ န ခမ္ဘကတော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
စာမျက်နှာ-[၁၃၇]
၂၃။ န ဩဂုဏ္ဌိတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
၂၄။ န ဩဂုဏ္ဌိတော အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
၂၅။ န ဥက္ကုဋိကာယ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
၂၆။ န ပလ္လတ္ထိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ။
၂၇။ သက္ကစ္စံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။
၂၈။ ပတ္တသညီ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။
၂၉။ သမသူပကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။
၃၀။ သမတိတ္တိကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာကရဏီယာ။

ခမ္ဘကတဝဂ္ဂေါ တတိယော။

၄-သက္ကစ္စဝဂ္ဂ

၃၁။ သက္ကစ္စံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၃၂။ ပတ္တသညီ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၃၃။ သပဒါနံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၃၄။ သမသူပကံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၃၅။ န ထူပကတောဩမဒ္ဒိတွာ ပိဏ္ဍပါတံဘုဉ္ဇိဿာမီတိ သိက္ခာကရဏီယာ။
၃၆။ န သူပံ ဝါ ဗျဉ္ဇနံ ဝါ ဩဒနေန ပဋိစ္ဆာဒေဿာမိ ဘိယျောကမျတံ ဥပါဒါယာတိ သိက္ခာ ကရဏီယာ။
၃၇။ န သူပံ ဝါ ဩဒနံ ဝါ အဂိလာနော အတ္တနော အတ္ထာယ ဝိညာပေတွာ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

စာမျက်နှာ-[၁၃၈]

၃၈။ န ဥဇ္ဈာနသညီပရေသံပတ္တံ ဩလောကေဿာမီတိသိက္ခာကရဏီယာ။
၃၉။ နာတိမဟန္တံ ကဗဠံ ကရိဿာမီတိ သိက္ခာ ကရဏီယာ။
၄၀။ ပရိမဏ္ဍလံ အာလောပံ ကရိဿာမီတိ သိက္ခာကရဏီယာ။

သက္ကစ္စဝဂ္ဂေါ စတုတ္ထော။

၅-ကဗဠဝဂ္ဂ

၄၁။ န အနာဟဋေ ကဗဠေ မုခဒွါရံ ဝိဝရိဿာမီတိ သိက္ခာ ကရဏီယာ။
၄၂။ န ဘုဉ္ဇမာနော သဗ္ဗံဟတ္ထံ မုခေ ပက္ခိပိဿာမီတိ သိက္ခာ ကရဏီယာ။
၄၃။ န သကဗဠေန မုခေန ဗျာဟရိဿာမီတိ သိက္ခာ ကရဏီယာ။
၄၄။ န ပိဏ္ဍုက္ခေပကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၄၅။ န ကဗဠာဝစ္ဆေဒကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၄၆။ န အဝဂဏ္ဍကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၄၇။ န ဟတ္ထနိဒ္ဓုနကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၄၈။ န သိတ္ထာဝကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၄၉။ န ဇိဝှါနိစ္ဆာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၅၀။ န စပုစပုကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

ကဗဠဝဂ္ဂေါ ပဉ္စမော။

၆-သုရုသုရုဝဂ္ဂ

၅၁။ န သုရုသုရုကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၅၂။ န ဟတ္ထနိလ္လေဟကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။

စာမျက်နှာ-[၁၃၉]

၅၃။ န ပတ္တနိလ္လေဟကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၅၄။ န ဩဋ္ဌ နိလ္လေဟကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ။
၅၅။ န သာမိသေန ဟတ္ထေန ပါနီယထာလကံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ။
၅၆။ န သသိတ္ထကံ ပတ္တဓောဝနံ အန္တရဃရေ ဆဍ္ဍေဿာမီတိ သိက္ခာ ကရဏီယာ။
၅၇။ နဆတ္တပါဏိဿအဂိလာနဿဓမ္မံ ဒေသေဿာမီတိသိက္ခာကရဏီယာ။
၅၈။ န ဒဏ္ဍပါဏိဿ အဂိလာနဿဓမ္မံဒေသေဿာမီတိသိက္ခာကရဏီယာ။
၅၉။ န သတ္ထပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။
၆၀။ န အာဝုဓပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

သုရုသုရုဝဂ္ဂေါ ဆဋ္ဌော။

၇-ပါဒုကဝဂ္ဂ

၆၁။ န ပါဒုကာရုဠှဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။
၆၂။ န ဥပါဟနာရုဠှဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။
၆၃။ န ယာနဂတဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။

စာမျက်နှာ-[၁၄၀]

၆၄။ န သယနဂတဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။
၆၅။ န ပလ္လတ္ထိကာယ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။
၆၆။ န ဝေဌိတသီသဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။
၆၇။ န ဩဂုဏ္ဌိတသီသဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။
၆၈။ န ဆမာယံ နိသီဒိတွာ အာသနေ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။
၆၉။ န နီစေ အာသနေ နိသီဒိတွာ ဥစ္စေ အာသနေ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။
၇၀။ န ဌိတော နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။
၇၁။ န ပစ္ဆတော ဂစ္ဆန္တော ပုရတော ဂစ္ဆ န္တဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။
၇၂။ န ဥပ္ပထေန ဂစ္ဆန္တော ပထေန ဂစ္ဆ န္တဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ။
၇၃။ န ဌိတော အဂိလာနော ဥစ္စာရံ ဝါ ပဿာဝံ ဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ။
၇၄။ န ဟရိတေ အဂိလာနော ဥစ္စာရံ ဝါ ပဿာဝံ ဝါ ခေဠံ ဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ။
၇၅။ န ဥဒကေ အဂိလာနော ဥစ္စာရံ ဝါ ပဿာဝံ ဝါ ခေဠံ ဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ။

ပါဒုကဝဂ္ဂေါ သတ္တမော။

စာမျက်နှာ-[၁၄၁]

သေခိယအနက်

၁-ပရိုမဏ္ဍလဝဂ်

အာယသ္မန္တော၊ အရှင်တို့။ သေခိယာ၊ သေခိယအမည်ရှိကုန်သော။ ဣမေ ခေါ ပန ဓမ္မာ၊ ဤသိက္ခာပုဒ်တို့သည်။ ဥဒ္ဒေသံ၊ အကျဉ်းရွတ် ဆိုခြင်းသို့။ အာဂစ္ဆ န္တိ၊ ရောက်ကုန်၏။
(၁-၂) ပရိမဏ္ဍလံ၊ အဝန်းညီစွာ။ နိဝါသေဿာမိ၊ သင်းပိုင်ကိုဝတ်အံ့။ ပါရု ပိဿာမိ၊ ကိုယ်ဝတ်သင်္ကန်းကို ရုံအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း, ကျင့်ခြင်း, အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုအပ်၏။
(၃-၄) သုပ္ပဋိစ္ဆန္နော၊ လည်, လက်ကောက်ဝတ်တို့ကို ကောင်းစွာဖုံးလွှမ်းလျက်။ အန္တရဃရေ၊ ရွာတွင်း၌။ ဂမိဿာမိ၊ သွားအံ့။ နိသီဒိဿာမိ၊ နေထိုင်အံ့။
(၅-၆) သုသံဝုတော၊ လက်, ခြေတို့ကို မကစားဘဲ ကောင်းစွာ ဣန္ဒြေကို စောင့်စည်းလျက်။ အန္တရဃရေ၊ ရွာတွင်း၌။ ဂမိဿာမိ၊ သွားအံ့။ နိသီဒိဿာမိ၊ နေထိုင်အံ့။
(၇-၈) ဩက္ခိတ္တစက္ခု၊ လေးတောင်ခန့်မျှကြည့်သဖြင့် ချအပ်သော မျက်လွှာရှိသည်ဖြစ်၍။ အန္တရဃရေ၊ ရွာတွင်း၌။ ဂမိဿာမိ၊ သွားအံ့။ နိသီဒိဿာမိ၊ နေထိုင်အံ့။
(၉-၁၀) ဥက္ခိတ္တကာယ၊ သင်္ကန်းကိုပင့်လျက်။ အန္တရဃရေ၊ ရွာတွင်း၌။ န ဂမိဿာမိ၊ မသွားအံ့။ န နိသီဒိဿာမိ၊ မနေထိုင်အံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း, ကျင့်ခြင်း, အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုအပ်၏။
ပထမော၊ ရှေးဦးစွာသော။ ပရိမဏ္ဍလဝဂ္ဂေါ၊ ပရိမဏ္ဍလဝဂ်သည်။ နိဋ္ဌိတော၊ ပြီးပြီ။
စာမျက်နှာ-[၁၄၂]

၂-ဥဇ္ဇဂ္ဃိကဝဂ်

(၁-၂) ဥဇ္ဇဂ္ဃိကာယ၊ ပြင်းစွာရယ်လျက်။ အန္တရဃရေ၊ ရွာတွင်း၌။ န ဂမိဿာမိ၊ မသွားအံ့။ န နိသီဒိဿာမိ၊ မနေထိုင်အံ့။
(၃-၄) အပ္ပသဒ္ဒေါ၊ ငယ်သော အသံရှိသည်ဖြစ်၍။ အန္တရဃရေ၊ ရွာတွင်း၌။ ဂမိဿာမိ၊ သွားအံ့။ နိသီဒိဿာမိ၊ နေထိုင်အံ့။
(၅-၆) ကာယပ္ပစာလကံ၊ ကိုယ်ကို လှုပ်၍လှုပ်၍။ အန္တရဃရေ၊ ရွာတွင်း၌။ နဂမိဿာမိ၊ မသွားအံ။ နနိသီဒိဿာမိ၊ မနေထိုင်အံ့။
(၇-၈) ဗာဟုပ္ပစာလကံ၊ လက်ရုံးကို လှုပ်၍လှုပ်၍။ အန္တရဃရေ၊ ရွာတွင်း ၌။ န ဂမိဿာမိ၊ မသွားအံ့။ န နိသီဒိဿာမိ၊ မနေထိုင်အံ့။
(၉-၁၀) သီသပ္ပစာလကံ၊ ဦးခေါင်းကိုလှုပ်၍လှုပ်၍။ အန္တရဃရေ၊ ရွာတွင်း ၌။ န ဂမိဿာမိ၊ မသွားအံ့။ နနိသီဒိဿာမိ၊ မနေထိုင်အံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း, ကျင့်ခြင်း, အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုအပ်၏။
ဒုတိယော၊ နှစ်ခုမြောက်သော။ ဥဇ္ဇဂ္ဃိကဝဂ္ဂေါ၊ ဥဇ္ဇဂ္ဃိကဝဂ်သည်။ နိဋ္ဌိတော၊ ပြီးပြီ။

၃-ခမ္ဘကတဝဂ်

(၁-၂) ခမ္ဘကတော၊ ခါးကို ထောက်လျက်။ အန္တရဃရေ၊ ရွာတွင်း၌။ န ဂမိဿာမိ၊ မသွားအံ့။ န နိသီဒိဿာမိ၊ မနေထိုင်အံ့။
(၃-၄) ဩဂုဏ္ဌိတော၊ ဥုးခေါင်းကို ခြုံလျက်။ အန္တရဃရေ၊ ရွာတွင်း၌။ န ဂမိဿာမိ၊ မသွားအံ့။ န နိသီဒိဿာမိ၊ မနေထိုင်အံ့။

စာမျက်နှာ-[၁၄၃]

(၅) ဥက္ကုဋိကာယ၊ ဘဝါးဆွံ့နင်းလျက်။ အန္တရဃရေ၊ ရွာတွင်း၌။ န ဂမိဿာမိ၊ မသွားအံ့။
(၆) ပလ္လတ္ထိကာယ၊ လက်အာယောဂပတ်, ပုဆိုးအာယောဂပတ်ဘွဲ့လျက်။ အန္တရဃရေ၊ ရွာတွင်း၌။ န နိသီဒိဿာမိ၊ မနေထိုင်အံ့။
(၇) သက္ကစ္စံ၊ ရိုသေစွာ။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ပဋိဂ္ဂဟေဿာမိ၊ ခံအံ့။
(၈) ပတ္တသညီ၊ သပိတ်၌ အမှတ်ရှိသည်ဖြစ်၍။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ပဋိဂ္ဂဟေဿာမိ၊ ခံအံ့။
(၉) သမသူပကံ၊ ဆွမ်း၏ လေးဖို့တဖို့ ပဲနောက်ဟင်း စသည်နှင့် အမျှ။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ပဋိဂ္ဂဟေဿာမိ၊ ခံအံ့။
(၁၀) သမတိတ္တိကံ၊ သပိတ်အတွင်း အနားရေးနှင့်အမျှ။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ပဋိဂ္ဂဟေဿာမိ၊ ခံအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း, ကျင့်ခြင်း, အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုအပ်၏။
တတိယော၊ သုံးခုမြောက်သော။ ခမ္ဘကတဝဂ္ဂေါ၊ ခမ္ဘကတ ဝဂ်သည်။ နိဋ္ဌိတော၊ ပြီးပြီ။

၄-သက္ကစ္စဝဂ်

(၁) သက္ကစ္စံ၊ ရိုသေစွာ။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ဘုဉ္ဇိဿာမိ၊ စားအံ့။
(၂) ပတ္တသညီ၊ သပိတ်၌ အမှတ်ရှိသည်ဖြစ်၍။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ဘုဉ္ဇိဿာမိ၊ စားအံ့။

စာမျက်နှာ-[၁၄၄]

(၃) သပဒါနံ၊ အစဉ်အတိုင်း။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ဘုဉ္ဇိဿာမိ၊ စားအံ့။
(၄) သမသူပကံ၊ ဆွမ်း၏ လေးဘို့တဘို့ ပဲနောက်ဟင်းစသည်နှင့်အမျှ။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ဘုဉ္ဇိဿာမိ၊ စားအံ့။
(၅) ထူပကတော၊ ဆွမ်းဦးမှ။ ဩမဒ္ဒိတွာ၊ နှိပ်၍။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။
(၆) သူပံ ဝါ၊ ဟင်းကို၄င်း။ ဗျဉ္ဇနံ ဝါ၊ စားမဲ့ဟင်းလျာကို၄င်း။ ဘိယျောကမျတံ၊ များသည်ကို အလိုရှိသည်၏ အဖြစ်ကို။ ဥပဒါယ၊ စွဲ၍။ ဩဒနေန၊ ဆွမ်းဖြင့်။ န ပဋိစ္ဆာဒေဿာမိ၊ မဖုံးလွှမ်းအံ့။
(၇) သူပံ ဝါ၊ ဟင်းကို၄င်း။ ဩဒနံ ဝါ၊ ဆွမ်းကို၄င်း။ အဂိလာနော၊ မနာ မဖျားဘဲ။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှါ။ ဝိညာပေတွာ၊ တောင်း၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။
(၈) ဥဇ္ဈာနသညီ၊ ကဲ့ရဲ့လိုသော အမှတ်ရှိသည်ဖြစ်၍။ ပရေသံ၊ သူတစ်ပါး တို့၏။ ပတ္တံ၊ သပိတ်ကို။ န ဩလောကေဿာမိ၊ မကြည့်အံ့။
(၉) အတိမဟန္တံ၊ အလွန်ကြီးသော။ ကဗဠံ၊ ဆွမ်းလုပ်ကို။ န ကရိဿာမိ၊ မပြုအံ့။
(၁၀) ပရိမဏ္ဍလံ၊ အဝန်းညီစွာ။ အာလောပံ၊ ဆွမ်းလုပ်ကို။ ကရိဿာမိ၊ ပြုအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း, ကျင့်ခြင်း, အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုအပ်၏။
စတုတ္ထော၊ လေးခုမြောက်သော။ သက္ကစ္စဝဂ္ဂေါ၊ သက္ကစ္စဝဂ်သည်။ နိဋ္ဌိတော၊ ပြီးပြီ။

စာမျက်နှာ-[၁၄၅]

၅-ကဗဠဝဂ်

(၁) ကဗဠေ၊ ဆွမ်းလုပ်သည်။ အနာဟဋေ၊ ခံတွင်းဝသို့ မရောက်မီ။ မုခ ဒွါရံ၊ ခံတွင်းဝကို။ န ဝိဝရိဿာမိ၊ မဖွင့်အံ့။
(၂) ဘုဉ္ဇမာနော၊ ဆွမ်းစားသောငါသည်။ သဗ္ဗံ ဟတ္ထံ၊ အလုံးစုံသော လက်ကို။ မုခေ၊ ခံတွင်း၌။ န ပက္ခိပိဿာမိ၊ မထည့်အံ့။
(၃) သ ကဗဠေန၊ ဆွမ်းလုပ်နှင့်တကွသော။ မုခေန၊ ခံတွင်းဖြင့်။ န ဗျာဟရိဿာမိ၊ စကားမဆိုအံ့။
(၄) ပိဏ္ဍုက္ခေပကံ၊ ဆွမ်းလုပ်ကို မြှောက်၍ မြှောက်၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။
(၅) ကဗဠာဝစ္ဆေဒကံ၊ ဆွမ်းလုပ်ကို ကိုက်ဖြတ်၍ ကိုက်ဖြတ်၍။ နဘုဉ္ဇိဿာမိ၊ မစားအံ့။
(၆) အဝဂဏ္ဍကာရကံ၊ မျောက်ကဲ့သို့ ပါးစောင်၌ ထား၍။ နဘုဉ္ဇိဿာမိ၊ မစားအံ့။
(၇) ဟတ္ထနိဒ္ဓုနကံ၊ လက်ကိုခါ၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။
(၈) သိတ္ထာဝကာရကံ၊ ဆွမ်းလုံးကို ကြဲ၍ ကြဲ၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။
(၉) ဇိဝှါနိစ္ဆာရကံ၊ လျာကို ထုတ်၍ ထုတ်၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။
(၁၀) စပုစပုကာရကံ၊ စပ်စပ်အသံကို ပြု၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း, ကျင့်ခြင်း, အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုအပ်၏။
ပဉ္စမော၊ ငါးခုမြောက်သော။ ကဗဠဝဂ္ဂေါ၊ ကဗဠဝဂ်သည်။ နိဋ္ဌိတော၊ ပြီးပြီ။

စာမျက်နှာ-[၁၄၆]

၆-သုရုသုရုဝဂ်

(၁) သုရုသုရုကာရကံ၊ ရှုပ် ရှုပ်အသံကို ပြု၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။
(၂) ဟတ္ထနိလ္လေဟကံ၊ လက်ကို လျက်၍ လျက်၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။
(၃) ပတ္တနိလ္လေဟကံ၊ သပိတ်ကို ခြစ်၍ ခြစ်၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။
(၄) ဩဋ္ဌနိလ္လေဟကံ၊ နှုတ်ခမ်းကို လျက်၍ လျက်၍။ န ဘုဉ္ဇိဿာမိ၊ မစားအံ့။
(၅) သာမိသေန၊ ဆွမ်းစသော အာမိသနှင့်တကွသော။ ဟတ္ထေန၊ လက်ဖြင့်။ ပါနီယထာလကံ၊ သောက်ရေခွက်ကို။ န ပဋိဂ္ဂဟေဿာမိ၊ မကိုင်အံ့။
(၆) သ သိတ္ထကံ၊ ဆွမ်းလုံးနှင့်တကွသော။ ပတ္တဓောဝနံ၊ သပိတ်ဆေးရေကို။ အန္တရဃရေ၊ ရွာတွင်း၌။ န ဆဍ္ဍေဿာမိ၊ မစွန့်အံ့။
(၇) ဆတ္တပါဏိဿ၊ ထီးလက်၌ရှိသော။ အဂိလာနဿ၊ အနာ မဖျားသော သူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၈) ဒဏ္ဍပါဏိဿ၊ တုတ်, တောင်ဝှေးလက်၌ ရှိသော။ အဂိလာနဿ၊ မနာ မဖျားသော သူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၉) သတ္ထပါဏိဿ၊ ဓား, လက်နက် လက်၌ ရှိသော။ အဂိလာနဿ၊ မနာ မဖျားသောသူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။

စာမျက်နှာ-[၁၄၇]

(၁၀) အာဝုဓပါဏိဿ၊ လေး, လက်နက် လက်၌ ရှိသော။ အဂိလာနဿ၊ မနာ မဖျားသောသူအား။ ဓမ္မံ၊ တရားကို။ နဒေသေဿာမိ၊ မဟောအံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း, ကျင့်ခြင်း, အားထုတ်ခြင်းကို။ ကရဏီ ယာ၊ ပြုအပ်၏။
ဆဋ္ဌော၊ ခြောက်ခုမြောက်သော။ သုရုသုရုဝဂ္ဂေါ၊ သုရုသုရုဝဂ်သည်။ နိဋ္ဌိတော၊ ပြီးပြီ။

၇-ပါဒုကဝဂ်

(၁) ပါဒုကာရုဠှဿ၊ ခြေနင်းစီးသော။ အဂိလာနဿ၊ မနာမဖျားသော သူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၂) ဥပါဟနာရုဠှဿ၊ ဘိနပ်စီးသော။ အဂိလာနဿ၊ မနာမဖျားသော သူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၃) ယာနဂတဿ၊ ယာဉ်စီးသော။ အဂိလာနဿ၊ မနာမဖျားသော သူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၄) သယနဂတဿ၊ အိပ်ရာ၌ နေသော။ အဂိလာနဿ၊ မနာမဖျားသော သူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၅) ပလ္လတ္ထိကာယ၊ လက်အာယောဂပတ် , ပုဆိုးအာယောဂပတ်ဖွဲ့လျက်။ နိသိန္နဿ၊ ထိုင်သော။ အဂိလာနဿ၊ မနာမဖျားသော သူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၆) ဝေဌိတသီသဿ၊ ဦးရစ်ပေါင်းသော ဦးခေါင်းရှိသော။ အဂိလာနဿ၊ မနာမဖျားသောသူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၇) ဩဂုဏ္ဌိတသီသဿ၊ ခြုံသော ဦးခေါင်းရှိသော။ အဂိလာနဿ၊ မနာမဖျားသောသူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၈) ဆမာယံ၊ မြေ၌။ နိသီဒိတွာ၊ နေ၍။ အာသနေ၊ နေရာ၌။ နိသိန္နဿ၊ နေသော။ အဂိလာနဿ၊ မနာမဖျားသော သူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။

စာမျက်နှာ-[၁၄၈]

(၉) နီစေ၊ နိမ့်သော။ အာသနေ၊ နေရာ၌။ နိသီဒိတွာ၊ နေ၍။ ဥစ္စေ၊ မြင့်သော။ အာသနေ၊ နေရာ၌။ နိသိန္နဿ၊ နေသော။ အဂိလာနဿ၊ မနာမဖျားသော သူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၁၀) ဌိတော၊ ရပ်သော ငါသည်။ နိသိန္နဿ၊ ထိုင်သော။ အဂိလာနဿ၊ မနာ မဖျားသောသူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၁၁) ပစ္ဆတော၊ နောက်မှ။ ဂစ္ဆန္တော၊ သွားသော ငါသည်။ ပုရတော၊ ရှေ့မှ။ ဂစ္ဆ န္တဿ၊ သွားသော။ အဂိလာနဿ၊ မနာမဖျားသောသူအား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၁၂) ဥပ္ပထေန၊ ခရီးမဟုတ်သဖြင့်။ ဂစ္ဆန္တော၊ သွားသော ငါသည်။ ပထေန၊ ခရီးဖြင့်။ ဂစ္ဆ န္တဿ၊ သွားသော။ အဂိလာနဿ၊ မနာ မဖျားသောသူ အား။ ဓမ္မံ၊ တရားကို။ န ဒေသေဿာမိ၊ မဟောအံ့။
(၁၃) အဂိလာနော၊ မနာမဖျားသော ငါသည်။ ဌိတော၊ ရပ်လျက်။ ဥစ္စာရံ ဝါ၊ ကျင်ကြီးကိုလည်းကောင်း။ ပဿာဝံ ဝါ၊ ကျင်ငယ်ကိုလည်းကောင်း။ န ကရိဿာမိ၊ မစွန့်အံ့။
(၁၄) အဂိလာနော၊ မနာမဖျားသော ငါသည်။ ဟရိတေ၊ စိမ်းသော မြက် သစ်ပင်ရှိရာ အရပ်၌။ ဥစ္စာရံ ဝါ၊ ကျင်ကြီးကိုလည်းကောင်း။ ပဿာဝံ ဝါ၊ ကျင်ငယ်ကိုလည်းကောင်း။ ခေဠံ ဝါ၊ တံတွေးကိုလည်းကောင်း။ န ကရိဿာမိ၊ မစွန့်အံ့။
(၁၅) အဂိလာနော၊ မနာ မဖျားသော ငါသည်။ ဥဒကေ၊ သုံးဆောင် ကောင်းသော ရေ၌။ ဥစ္စာရံ ဝါ၊ ကျင်ကြီးကိုလည်းကောင်း။ ပဿာဝံ ဝါ၊ ကျင် ငယ်ကိုလည်းကောင်း။ ခေဠံ ဝါ၊ တံတွေးကိုလည်းကောင်း။ န ကရိဿာမိ၊ မစွန့်အံ့။ ဣတိ၊ ဤသို့။ သိက္ခာ၊ သင်ခြင်း, ကျင့်ခြင်း, အားထုတ်ခြင်းကို။ ကရဏီယာ၊ ပြုအပ်၏။
သတ္တမော၊ ခုနှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော။ ပါဒုကဝဂ္ဂေါ၊ ပါဒုကဝဂ်သည်။ နိဋ္ဌိတော၊ ပြီးပြီ။

သေခိယ အနက်ပြီး၏။

စာမျက်နှာ-[၁၄၉]

သေခိယ မှတ်သားဖွယ်

(က) ဘာကြောင့် သေခိယ ခေါ်သလဲ?

“သိက္ခိတဗ္ဗာတိ သေခိယာ”သိ-ဓာတ် ဏျ-ပစ္စည်း၊ က္ခ-၌ က-ချေ၊ ဣ-ကို ဧ-ပြု၊ ဣ-လာ၊ ကမ္မသာဓနနှင့်အညီ သင်ထိုက် ကျင့်ထိုက် သင်အပ် ကျင့်အပ်သောကြောင့် သေခိယဟု ခေါ်ရပါသည်။

အဓိပ္ပာယ်မှာ - ပြလတ္တံ့ ကျင့်ဝတ်များကို ရဟန်း, သာမဏေတို့ နားလည်အောင် သင်ယူရမည်၊ နားလည်သည့်အခါ သိက္ခာပုဒ်လာတိုင်း ကျင့်ရမည်ဟု ဆိုလိုသည်။ သို့ပါ၍ လွန်စွာ ကြည်ညိုဖွယ် ဆောင်သော သေခိယသိက္ခာပုဒ်များကို နှုတ်ငုံဆောင်ရွက် ကျက်မှတ်ရုံနှင့် မပြီးသေးပဲ ဆရာထံ ကျနအောင် သင်လဲ သင်ယူပါ၊ ကျင့်လဲ ကျင့်ကြံပါဟု အထူး တိုက်တွန်းရပေမည်။

သင်အပ်, ကျင့်အပ်၊ အကျင့်မြတ်၊ ခေါ်မှတ် သေခိယာ။

(ခ) ဣမေ ခေါ ပန-မှစ၍ ဂစ္ဆန္တိ တိုင်အောင် စကားက ဘာလဲ?

သေခိယ သိက္ခာပုဒ်များ၏ အချီးစကားပျိုး အနှိုးနိဒါန်း စကားတည်း။

(ဂ) ဘယ်လိုပျိုး၍ နှိုးသလဲ?

ဝိနည်းလောက၌ ရဟန်းတော်များ သိမ်တွင်း ဥပုသ်ပြုရာ ရွတ်ဆို ပြခန်းတွင် ဤသေခိယ သိက္ခာပုဒ်များလဲ ပါဝင်၍ ရွတ်ပြသည့်ရဟန်းက သေခိယ သိက္ခာပုဒ်တို့ ရွတ်ပြခါနီး၍ ရဟန်းတော်များအား “အို-အရှင်မြတ်တို့ ဤမည်သော သေခိယ သိက္ခာပုဒ်တို့ကို သရုပ်ထုတ်၍ ပြဖို့ ရောက်လာပါပြီ ဘုရား”ဟု သတိနှိုး၍ စကားပျိုးလိုက်တဲ့ နိဒါန်းစကား ဖြစ်ပါသည်။

(ဃ) ၇၅-ပါးရှိလျက် ပဉ္စသတ္တတိ-ဟု သင်္ချာဘာကြောင့် မတပ်တာလဲ?

ဝတ္တခန္ဓက၌ အာဂန္တုကဝတ် အာဝါသိကဝတ်စသည်ဖြင့် ကျင့်ဝတ်များစွာ ရှိသေး၏။ ထိုကျင့်ဝတ်များကိုလဲ သေခိယပင် ဖြစ်သောကြောင့်

စာမျက်နှာ-[၁၅၀]

ဒွေမာတိကာ၌ ပြထားသော ၇၅-ပါးသော သေခိယဖြင့် မကုန်သေးသောကြောင့် ပဉ္စသတ္တတိ-ဟု သင်္ချာတပ်၍ မဟောပါ။

(င) ဘာကြောင့် ပရိမဏ္ဍလဝဂ်ဟု ခေါ်သလဲ?

သိက္ခာပုဒ်အပေါင်းအစုကို ပါဠိလိုဝဂ္ဂ-ဆို၍ မြန်မာလို(ဝဂ်) အပေါင်း အစုဟု ခေါ်ပါသည်။ ပရိမဏ္ဍလ-သိက္ခာပုဒ် အစထားသော သိက္ခာပုဒ် အစုကို ပရိမဏ္ဍလဝဂ်ဟု ခေါ်ရပါသည်၊ ကျန်သောဝဂ်များ၏ အဓိပ္ပါယ်ကို ဤနည်းမှီ၍ သိပါလေ၊ ဝဂ်တိုင်း သိက္ခာပုဒ် ဂဏန်းပြ၍ ရေးပေလတ္တံ့။

၁။ ပရိမဏ္ဍလ ပထမသိက္ခာပုဒ်၌(က) အဝန်းညီစွာ သင်းပိုင်ကို ဝတ်ဆိုတာ ဘယ်လိုဝတ်တာလဲ?

အတွင်းခါး၌ ဝတ်ဆင်သော အဝတ်ကို သင်းပိုင်ဟု ခေါ်သည်။ ထိုသင်းပိုင်ကို ဝတ်သောအခါ အထက်ပိုင်း၌ ချက်ကို ဖုံးမိစေလျက် အောက်ပိုင်းမှာ ဒူးဆစ် မြင်းခေါင်းရိုးအောက် လက်ရှစ်သစ်လောက် ဝန်းဝိုင်းအောင် (အဝန်းညီအောင်) ဝတ်ထားခြင်းသည် (ပရိမဏ္ဍလ နိဝါသန)အဝန်းညီ သင်းပိုင်ကိုဝတ်သည်မည်ပါသည်။ (ပရိ=အထက်အောက် ပတ်ဝန်းကျင် + မဏ္ဍလ = ဝန်းဝိုင်းနေအောင် + နိဝါသန= သင်းပိုင်ကို ဝတ်ခြင်း။)

(ခ) ဖုံးလွှမ်းရမည့်အဝန်း ဘယ်နှစ်ပါးရှိသလဲ?

၁ ။ နာတိမဏ္ဍလ-ချက်အဝန်းတပါးနှင့် ဇာဏုမဏ္ဍလ-ပုဆစ်ဒူးဝန်း ၂-ခု၊ ပေါင်း ၃-ပါး ရှိပါသည်။

(ဂ) သင်းပိုင်ကို ပုဆစ်ဒူးဝန်းအောက် လက်ရှစ်သစ် ချဆိုတာ ဝတ်တိုင်း ရှစ်သစ် အတိအကျ ဖြစ်နိုင်မလား?

အတိအကျဖြစ်ဖို့ ခဲယဉ်းပါသည်၊ ထို့ကြောင့် အနည်းငယ် အတို အရှည်ရှိသော်လဲ အပြစ်မရှိ၊ ဒါကြောင့် အဋ္ဌကထာ၌ လက်ရှစ်သစ်ဟု အတိအကျမဆိုပဲ အဋ္ဌင်္ဂုလိမတ္တံ လက်ရှစ်သစ်လောက်ဟု မတ္တ-သဒ္ဒါဖြင့်

စာမျက်နှာ-[၁၅၁]

မသေမချာ ပြသည်၊ ဆိုလိုရင်းမှာ လက်ရှစ်သစ်လောက်ကျအောင် မှန်း၍ မတိုလွန်း မရှည်လွန်းပဲ သာရုပ္ပဖြစ်အောင် ဝတ်မှုကို လိုအပ်၏ဟု ဝိမတိ ဋီကာ ဆိုသည်။

(ဃ) လက်ရှစ်သစ်ဆိုတာ လက်ချောင်းငယ်တို့ဖြင့် တိုင်းရမလား?

(ယခု လက်ချောင်း ရှစ်ချောင်းဖြင့် မတိုင်းရ၊ ပိုက်ဆံတပြားစာလျှင် တလက်သစ် တိုင်းရမည်ဟု ပါတိမောက် ဘာသာဋီကာ၌ ဆိုသည်။ တမိုက်၏ ရှစ်ပုံတပုံကို တလက်သစ်ပြု၍ တိုင်းပါ။

(င) ပရိမဏ္ဍလ ပထမ သိက္ခာပုဒ်ဖြင့် ဘယ်လိုဝတ်မိလျှင် အပြစ်ရောက်မလဲ?

ဆိုခဲ့သလို မဝတ်မူ၍ မရိုမသေ မလေးမစားပဲ သင်းပိုင်ကို ရှေ့မှ လည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲဆွဲ၍ ဝတ်သောသာမဏေ ဒဏ်သင့်၏၊ ရဟန်း ဒုက္ကဋ်သင့်ပါသည်။

(စ) မဝတ်ကောင်းသော ဝတ်ပုံမျိုး ရှိသေးသလား? ရှိသေးတယ်။

(၁) ဟတ္ထိသောဏ္ဍက။ (၂) မစ္ဆဝါလက။ (၃) စတုက္ကဏ္ဏက။ (၄) တာဠဝဏ္ဋက။ (၅) သတဝလိက။ (၆) သံဝလ္လိယပေါင်း နိဝါသနဒေါသ ခြောက်ပါး ခန္ဓက၌ လာသည်။

၁။ ချက်ရင်းမှ ဆင်နှာမောင်းနှင့် တူသော တွဲရရွဲချ၍ ဝတ်ခြင်းသည် ဟတ္ထိသောဏ္ဍက ဝတ်ပုံမည်၏၊ ကြည်းကုလားမတို့ ဝတ်ပုံနှင့်တူ၏။
၂။ တဘက်မှ အမြတ်စွန်းကို တဘက်မှကွင်းစွန်းကို။ ဝါ-အိတ်ထောင်စွန်းကို တွဲလျားချ၍ ဝတ်ဆင်ခြင်းသည် ငါးကြင်းမြီးကဲ့သို့ ဝတ်သော မစ္ဆဝါလက ဝတ်ပုံမည်၏။
၃။ အထက်နှစ်စွန်း အောက် နှစ်စွန်းတို့ကို ပြ၍ ဝတ်ခြင်းသည် လေးစွန်းထွက်ဝတ်သော စတုက္ကဏ္ဏက ဝတ်ပုံမည်၏။
၄။ ယပ်ဝန်းကဲ့သို့ တွဲရ၍ဆွဲ၍ဝတ်ခြင်းသည် တာတဝဏ္ဋက ဝတ်ပုံ မည်၏။

စာမျက်နှာ-[၁၅၂]

၅။ ပုဆိုးရှည်ကြီးကို အကြိမ်များစွာ ခွေ၍ အတွန့်ကို ပြုလုပ်ဝတ်ခြင်းသည်လည်းကောင်း၊ လက်ဝဲလက်ျာနံပါးတို့၌ အခြား မရှိအတွန့်တိုပြ၍ ဝတ်ခြင်းမျိုးသည်လည်းကောင်း သတဝလိက ဝတ်ပုံမည်၏။
၆။ ခါးတောင်းကျိုက်၍ ဝတ်ခြင်းသည် သံဝလ္လိယ ဝတ်ပုံ မည်၏။ ထိုခြောက်မျိုး ဝတ်ပုံများကို ဝတ်လျှင် ဒဏ်သင့်၏ဟု မှတ်ပါ။ ရှင်သာမဏေတို့ ခါးတောင်းကျိုက်မိပါစေလင့်။

(ဆ) ချွတ်ချော်လျှင် ဒဏ်အပြစ် ရောက်သေးသလား?

ညီညွတ်အောင် ဝတ်အံ့ဟု နှလုံးပြုဝတ်ရာ၌ ချွတ်ချော် ဝတ်မိလျှင် အပြစ်မရှိ၊ အလုပ်အကိုင် လုပ်နေခြင်းစသည်ဖြင့် အာရုံတပါးပြုနေစဉ် ချွတ်ချော်ဝတ်မိလျှင် အပြစ်မရှိ၊ မဝတ်တတ်သေးလျှင် အပြစ်မရှိ၊ ဝတ်တတ်အောင် သင်အပ်၏၊ သလုံးမြင်းခေါင်း, ခြေသားလုံး စသည်၌ အနာအဖု စသည်ရှိမူ မတင့်တယ်မူ နှိမ့်ချ၍ လည်းကောင်း၊ မြှင့်တင်၍ လည်းကောင်း ဝတ်အပ်၏။

အမှာ အခြားသိက္ခာပုဒ်တို့နှင့် ဆိုင်သောအရာကို အဆုံး၌ ပြဆိုအံ့။

(ဇ) ပထမ ပရိမဏ္ဍလ သိက္ခာပုဒ်၌ အင်္ဂါ ဘယ်နှစ်ပါးလဲ?

၁။ အနာဒရိယံ-သိက္ခာပုဒ်ကို မကျင့်လိုသော အနာဒရိယ စိတ်ထားရှိခြင်း။
၂။ အနာပတ္တိကာရာဘာဝေါ-အာပတ်, ဒဏ် ကင်းဖို့ အကြောင်း မရှိခြင်း။ (ဘေးရန်စသော အကြောင်းမရှိခြင်း ဟူလို)
၃။ အပရိမဏ္ဍလနိဝါသန - ထက်ဝန်းကျင် ဝန်းဝိုင်းအောင် မဝတ်ခြင်း။ (မညီမညွတ် တွဲရရွဲဝတ်ခြင်း ဟူလို) ပေါင်း ၃-ပါး ရှိသည်။

ဤအင်္ဂါသုံးပါးနှင့်ညီလျှင် အာပတ်, ဒဏ်သင့်ရောက်ပါ၏၊၎င်းအင်္ဂါ ၃-ပါးတွင် ရှေးအင်္ဂါ ၂-ပါးသည် သေခိယသိက္ခာပုဒ်အားလုံးနှင့်ဆိုင်၏။ နောက်ဆုံး ၁-ပါးမှာ သိက္ခာပုဒ်၌ ပြသော ကျင့်ဖွယ်ကို ပြောင်းပြန် ပြန်ထားသော အင်္ဂါဖြစ်သည်။ ဥပမာ-သုပ္ပဋိစ္ဆန္ဒသိက္ခာပုဒ်၌ ကောင်းစွာ

စာမျက်နှာ-[၁၅၃]

မဖုံးလွှမ်းပဲရုံခြင်းဟု တတိယအင်္ဂါဖြစ်ပါလိမ့်မည်၊ ဤသို့လျှင် ရှေးအင်္ဂါ နှစ်ပါးနှင့်ပေါင်းသော် အင်္ဂါသုံးပါး ဖြစ်ပုံထောက်၍ နောက်ဆုံး အင်္ဂါကို ကျင့်ဖွယ်မှ ပြန်လျက် အင်္ဂါသုံးပါးဖြစ်ပုံ သိနိုင်ကြပါစေ၊ နောက် သိက္ခာပုဒ်များ အင်္ဂါ မရေးတော့ပါ။

မရိုသေခြင်း၊ ဒဏ်သင့် ကင်းဘိ၊ ကြောင်းမရှိပဲ၊ တွဲရရွဲမညီ၊ ဝတ်ဆင်ဘိသော်၊ ပရိမဏ္ဍလာ၊ သုံးအင်္ဂါပြု၊ နောက်နောက်စုလည်း။ ယခုရှေ့ဖျား၊ အင်နှစ်ပါးနှင့် နောက်သွားတမျိုး၊ ကျန်ပြန်တိုးသည်၊ မှတ်ရိုးသုံးပါးစီသားတည်း။

၂။ ဒုတိယပရိမဏ္ဍလသိက္ခာပုဒ်၌ (က) အဝန်းညီစွာ ကိုယ်ဝတ်သင်္ကန်းကို ရုံဆိုတာ ဘယ်လိုရုံတာလဲ?

ပါရုပိဿာမိ-ရုံအံ့ဟု ဆိုသော်လဲ ဆွမ်းခံသွားတဲ့အခါ လည်ပင်း, လက်ကောက်ဝတ်တို့ ဖုံးလွှမ်း၍ ရုံတာမျိုး မဟုတ်ပါ၊ ယခု အခေါ်မျိုးဖြင့် ရမ်းခြင်းကိုသာ ရုံအံ့ဟုဆိုလိုသည်၊ အဋ္ဌကထာ၌ လူတို့ရုံခြင်းကဲ့သို့ မရုံပဲ အနားစွန်းနှစ်ခုတို့ကို ညီစွာပြု၍ ရုံခြင်းကို အဝန်းညီစွာ ဝတ်ရုံခြင်း (ပရိမဏ္ဍလပါရုပန)ခေါ်သည်ဟု ဆိုသည်။

ဂိဟိပါရုတံ အပါရုပိတွာ ဥဘော ကဏ္ဏေ သမံ ကတွာ ပါရုပနံ ပရိမဏ္ဍလပါရုပနံ နာမ။ (အဋ္ဌကထာ)

ထိုအဋ္ဌကထာလာ သင်္ကန်းအနားစွန်းနှစ်ခုကို ညီစွာထား ဆိုသော စကား၌ အယူအဆမတူကြပဲ ယခုကာလ သင်္ကန်းရမ်းနည်း၌ ရှေ့ရင်ပတ် ဘက်ကျသော သင်္ကန်းအနားစွန်းနှင့် ကျောဘက်ကျသော သင်္ကန်း အနားစွန်းနှစ်ခုကို အကျညီခြင်းကို အဋ္ဌကထာလာ အနားစွန်းနှစ်ခု ညီထားသည်ဟု (ဝိနိစ္ဆယ ဋီကာ) ဆရာ ဆိုသည်။ ထိုဝါဒုကို မြန်မာနိုင်ငံရှိ ဆရာတော်အများအပြား ကြိုက်နှစ်သက်ကြ၏၊ ခင်မွန် ဆရာတော် ဘုရားလည်း ဤနည်းအတိုင်း မိန့်ဘူးသည်ဟု ဝိနယတ္ထဂုဠှတ္ထဒီပနီ ကျမ်း၌ ဆို၏၊ သီဟိုဠ်ဆရာ့တော်များကား “ဥဘော ကဏ္ဏေ သမံ ကတွာ” အဋ္ဌကထာ အရ သင်္ကန်းရုံသကဲ့သို့ နှစ်ဘက်အစွန်း ညီညွတ်စွာ ပြု၍ ရုံကုန်၏။ သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်ကဲ့သို့ မလိပ်ပဲ လက်ဝဲပခုံးစွန်းကို တင်ကုန်၏။

စာမျက်နှာ-[၁၅၄]

အကြောင်းပြကား သုပ္ပဋိစ္ဆန္နအရာ၌လည်း ဥဘော ကဏ္ဏေ-ဟုပင် လာရှိသောကြောင့်တည်းဟု ဆိုကြ၏၊ ထိုဝါဒ ကြိုက်နှစ်သက်ကြသော မြန်မာနိုင်ငံဆရာတော်များ, ယိုးဒယားဆရာတော်များလဲ ရှိကြပေ၏၊ ထိုသီဟိုဠ် ဆရာတော်များ “ဥဘော ကဏ္ဏေ သမံ ကတွာ”ယူဆပုံ ထင်ရှားစေသော ဝိသုဒ္ဓါရုံ ပရိမဏ္ဍလ ပါရုပန ဝိနိစ္ဆယ ထုတ်ပြအံ့။

တပည့်များ ငယ်စဉ်အခါက သီဟိုဠ်လက်ကတော့ စမ္ပယ်တင်ရုံနည်း သင့်လျော်ကြောင်းကို မိန့်ဆိုတော်မူသော ကျေးဇူးရှင်ရွှေကျင်ဆရာတော်ဘုရားကြီး စကားကို ကောင်းစွာ နားမလည်လိုက်ပါ။ ၎င်းရုံနည်းကို အသေအချာ သိလိုပါကြောင်းနှင့် ကျိုက္ကစံဆရာတော် လျှောက်သည်ကို ဖြေဆိုချက်” ပရိမဏ္ဍလံ ပါရုပိတဗ္ဗံ ဥဘော ကဏ္ဏေ သမံ ကတွာ။ (ပါရုပန သိက္ခာပုဒ် ပါဠိတော်)

အနေကပ္ပကာရံ ဂိဟိ ပါရုပနံ အပါရုပိတွာ ဣဓ ဝုတ္တနယေနေဝ ဥဘော ကဏ္ဏေ သမံ ကတွာ ပါရုပနံ ဝတ္တံ ပူရေန္တေန ပရိမဏ္ဍလံ ပါရုပိတဗ္ဗံ။ (၎င်း အဋ္ဌကထာ)

သုပ္ပဋိစ္ဆန္နေနာတိ န သသီသံ ပါရုတေန၊ အထ ခေါ ဂဏ္ဌိကံ ပဋိမုဉ္စိတွာ အနိဝါတန္တေန ဂီဝံ ပဋိစ္ဆာဒေတွာ။ လ။ အန္တရဃရေ ဂန္တဗ္ဗံ။ လ။ နိသီဒိတဗ္ဗံ။ (သုပ္ပဋိစ္ဆန္နသိက္ခာပုဒ် အဋ္ဌကထာ) ဤ ပရိမဏ္ဍလပါရုပန သုပ္ပဋိစ္ဆန္န သိက္ခာပုဒ် ၂-ပါးလုံး၌ပင် “ဥဘော ကဏ္ဏေ သမံ ကတွာ” ပါကြသည်ကို စပ်၍ ဆင်ခြင်လျှင် သုပ္ပဋိစ္ဆန္န၌ “သမံ ကတွာ ပဋိသံဟရိတွာ”ဆိုသောကြောင့် ရွာဝင်မည့် ရုံသည့်အခါ လက်ဝဲလက်ျာအစွန်းနှစ်ခုကို အညီပြုပြီး၍ လိပ်ရသည်၊ ပရိမဏ္ဍလ၌ကား ပဋိသံဟရိတွာ မဟာ “ဥဘော ကဏ္ဏေ သမံ ကတွာ”၌ကား အတူတူပင် လာသောကြောင့် ရွာဝင်မည့် ရုံသည့်အတူ အစွန်းနှစ်ခုကို အညီပြုပြီးလျှင် မလိပ်ပဲ ရုံးစုလျက် လက်ဝဲပခုံးထက်သို့ တင်ရသည်၊ သီဟိုဠ်များ နေ့ကိုင် ဧကသီ သင်္ကန်းရမ်းနည်းကြ၏၊ လက်ကောက်ဝတ်တိုင် လက်ရုံးကိုဖုံးမိ၏။

စာမျက်နှာ-[၁၅၅]

ရုပ်ပွားဆင်းတုတော်များ သင်္ကန်းရမ်းပုံကို ရှုရမည်၊ ဤနည်းပင် ပခုံးတော် ရှေ့နောက်ကျသော သင်္ကန်းတွန့်ကား ဒုကုဋ်တော်ကို ခေါက်၍ တင်ဟန် ထုသည်၊ တင်ပါးတော်အောက်ဝင်၍ တင်ပလ္လင်ခွေရှေ့သို့ထွက်လာသော သင်္ကန်းတွန့်ကား နေရာမကျ အလှ ထုလုပ်ကြသည်။ ရွာတွင်းမှာဖြစ်မူ ဧကသီ သင်္ကန်းကြီးများကို ဖိ၍မထိုင်အပ်၊ ဤပရိမဏ္ဍလအရာ၌ ဝိနယဝိနိစ္ဆယဋီကာ ဆရာကား ယခုလ ရဟန်းများ နေ့ကိုင်ရမ်းကြသော နည်းအတိုင်း “ပိဋ္ဌိပဿေ စ ဥဒရပဿေ စ” စသည်ဖြင့် ကျောဘက် ဝမ်းဘက်ကျသော သင်္ကန်းထောင့်စ နှစ်ခုကို ဥဘောကဏ္ဏေယူ၍ ဆုံးဖြတ် ရေးသားလေသည်။ မြန်မာဖြစ် ဋီကာဖြစ်၍ မိမိမြင်ရာကို ကြည့်ရှု၍ ရေးသားသည်သာ။

“ဥဘောကဏ္ဏေ သမံ ကတွာ ပဋိသံဟရိတွာ”ဟု ရှေ့နောက် ဝိသေသန ဝိသေသယ လာသော သုပ္ပဋိစ္ဆန္ဒ အဋ္ဌကထာ စကားနှင့်အညီ “စီဝရဝံသေ ဝါ စီဝရရဇ္ဇုယာ ဝါ စီဝရံ နိက္ခိပိတွာ ဝစ္စကုဋီ ပဝိသိတဗ္ဗာ” ဟူသော ပါဠိတော်၌ကဲ့သို့ ရှေ့နောက်ကို နေရာကျအောင် ယူရသည်။ ဝိနိစ္ဆယဋီကာ ဆိုသောနည်းကား “ဝါမဗာဟံ ဝိဝရိတွာ”စသည်ဖြင့် ခန္ဓက၌ အဋ္ဌကထာဖွင့်ဆိုသော ပါဠိကာရက ရဟန်း၏ ရမ်းနည်းနှင့် အလားတူ၏၊ ဤသိက္ခာပုဒ်၌ လက်မောင်းကိုဖော်၍ ရမ်းလျှင် အာပတ်သင့်သည် မသင့်သည်ကို ဆုံးဖြတ်ရန်မှာ_

ယော အနာဒရိယံ ပဋိစ္စ ပုရတော ဝါ ပစ္ဆတော ဝါ ဩလမ္ဗန္တော ပါရုပတိ၊ အာပတ္တိ ဒုက္ကဋဿ။

ဟု ပါဠိတော်လာတိုင်း ရှေ့တွဲလွဲ နောက်တွဲလဲကျ၍ မညီမညွတ် ရမ်းမှ ခန္ဓက၌ လာသော ဂိဟိပါရုတ-လူတို့ ရုံနည်းကို ရုံမှ ယခုကာလ အာပတ်သင့်သည်၊ ကျေးဇူးရှင် ဆရာတော်ဘုရားကြီးလည်း မြန်မာ ရဟန်းများနည်း ရမ်းလည်း တတောင်ဆစ်ကို ဖုံးမိလျှင်တော်သင့် လျောက်ပတ်အပ်၏ဟု မိန့်ဆို၏၊ ဂိဟိပရုတ၌ ပါဝင်သော ပါဠိ ကာရက ရဟန်းရုံနည်းမှာ ပခုံးထိတင်၍ လက်ဝဲမောင်းရင်းထိ လုံးလုံး ပေါ်သောကြောင့် ဗုဒ္ဓုပဋ္ဌာန သံဃသန္နိပါတ စသည်၌ အာပတ်

စာမျက်နှာ-[၁၅၆]

သင့်သည်၊ တတောင်ဆစ် ဖုံးမိမူကား ပါဠိကာရက ရုံနည်း မကျသောကြောင့် သင့်လျော်လျောက်ပတ်အပ်သင့်ပေ၏။ သုပ္ပဋိစ္ဆန္န သိက္ခာပုဒ် အာပတ်သင့်ပုံ အဆုံးအဖြတ်ကား-

ယော အနာဒရိယံ ပဋိစ္စ ကာယံ ဝိဝရိတွာ ဂစ္ဆတိ၊ အာပတ္တိ ဒုက္ကဋဿ။
ကာယံ ဝိဝရိတွာတိ ဇာဏုမ္ပိ ဥရမ္ပိ ဝိဝရိတွာ။ (၎င်းအဋ္ဌကထာ)

ဤသို့လာသောကြောင့် ဒူးဆစ် ရင်ပတ်တို့ကို ဖော်မှအာပတ်သင့်သည်။ “ယာဝ မဏိဗန္ဓံ ပဋိစ္ဆာဒေတွာ” စသော အဋ္ဌကထာ ဝိဓာန စကားသည် လိုရင်းမဟုတ်၊ “နော အာပတ္တိဝါရ”စကားသာ လိုရင်း၊ ထိုကြောင့် ရွာတွင်း ဆွမ်းစားရာ၌ လက်ကောက်ဝတ်ပေါ်သော်လည်း အာပတ် မသင့်ဟု ဆိုသင့်၏၊ ဒူးဆစ်ကို ဖုံးရမည်ဆိုသော်လည်း သင်းပိုင်ဖုံးသည်ကို ဆိုသည်၊ ဥက္ခိတ္တကာယ၌ သင်္ကန်းကို ခါးပေါ်အောင်ပင့်မှ အာပတ်သင့် သည်ဟု ဆိုသည်ကိုလည်းကောင်း၊ သံဃာဋိဥတ္တရာသင်္ဂတို့၏ အနံပမာဏ မုတ္တိဋ္ဌိက-ဟု လာသည်ကိုလည်းကောင်း ထောက်၍ သိလေ၊ ၁၂၇၀-ပြည့်နှစ်(ပရိမဏ္ဍလ ပါရုပန ဝိနိစ္ဆယပြီးပြီ။ ဝိသုဒ္ဓါရုံ အဆုံးအဖြတ် ကျမ်းမှ ထုတ်ပြသည်) ဆိုခဲ့သော နှစ်ဝါဒလုံးမှာပင် ဧကသီကို ဒူးဆစ်အောက် လက်လေးသစ်လောက်ချ၍ တွဲရရွဲမဆွဲစေပဲ အဝန်းညီစွာ ရမ်းရမည်ဟူသော ဝိမတိဋီကာ ဝါဒကို နှစ်သက်ကြပေသည်။

(ခ) ဤသိက္ခာပုဒ်နှင့် ဆန့်ကျင်သော (ဂိဟိပါရုတ) လူတိုရုံပုံ ဘယ်နှစ်ပါး ရှိသလဲ?

၁။ အဝတ်ဖြူဝတ်သော တက္ကတွန်းတို့ကဲ့သို့ အထက်ပိုင်း ကိုယ်မျှကိုသာ ဝတ်ခြင်းဟူသော သေတပါရုတ တမျိုး။
၂။ ပရိဗိုဇ်တိုကဲ့သို့ ပခုံးစွန်းနှစ်ဘက်ကို တင်၍ ရင်ဘတ်ကို ဖော်ပြီး ဝတ်ရုံခြင်း ပရိဗ္ဗာဇကပါရုတ။
၃။ ပုဆိုးတထည်သာရှိသူတို့သည် ဝတ်ပုဆိုး၏ အစွန်းတခုဖြင့် ကျောက်ကုန်းကိုခြုံ၍ အစွန်းနှစ်ဘက်ကို ပခုံးစွန်းနှစ်ဘက်သို့ တင်၍ ဝတ်ရုံသကဲ့သို့ ဝတ်ရုံသော ဧကသာဋကပါရုတ။

စာမျက်နှာ-[၁၅၇]

၄။ သေသောက်ကြူး စသည်တို့ကဲ့သို့ ပုဆိုးဖြင့် လည်ပင်းကို ရစ်ပတ်၍ အစွန်းနှစ်ဘက် ရင်၌ လည်းကောင်း၊ ကျောက်ကုန်း၌ လည်းကောင်း ချ၍ဝတ်သော သုရာသောဏ္ဍကပါရုတ။
၅။ နန်းတွင်းသူတို့ကဲ့သို့ မျက်စိမျှကို ပြ၍ ဦးခေါင်းခြုံ ဝတ်ရုံ အန္တေပုရိကပါရုတ။
၆။ လက်သ္မာကြီးတို့ကဲ့သို့ ပုဆိုးရှည်ကိုဝတ်၍ ထိုပုဆိုးရှည်၏အစွန်းတခုဖြင့် တကိုယ်လုံးရစ်ပတ်၍ ရုံသော မဟာဇေဋ္ဌကပါရုတ။
၇။ လယ်သ္မားတို့သည် လယ်တဲသို့ဝင်သည်ရှိသော် ပုဆိုးကိုရစ်ပတ်၍ လက်ကတီးကြား၌ ထားပြီး တခုသော အစွန်းဖြင့် ကိုယ်ကို ခြုံသကဲ့သို့ ဝတ်ရုံသော ကုဋိပဝေသနပါရုတ။
၈။ ပုဏ္ဏားတို့သည် လက်ကတီးကြား နှစ်ဘက်သို့ သွင်း၍ ပခုံးစွန်းနှစ်ဘက်သို့ တင်ထားသကဲ့သို့ ဝတ်ရုံသော ဗြာဟ္မဏပါရုတ။
၉။ စီတန်းခြင်းပြုသော ရဟန်းသည် ပခုံးစွန်းတဘက်သို့ လုံးတင်လျက် လက်မောင်းကို ဖော်၍ ရုံသကဲ့သို့ ရုံသော ပါဠိကာရက ပါရုတတမျိုး။ ဤသို့ စသည်ဖြင့် (ဂိဟိပါရုတ) လူတို့ ဝတ်ရုံပုံတွေ များပြား၏။ ထိုဂိဟိပါရုတမျိုးဝတ်ရုံလျှင် ရဟန်း, သာမဏေတို့ အာပတ်, ဒဏ်သင့်၍ ဖော်ပြလိုက်သည်။

(ဂ) ဤပရိမဏ္ဍလ သိက္ခာပုဒ် ၂-ခုကို ဘယ်အရပ်၌ ကျင့်ရမလဲ?

ကျောင်းတိုက်တွင်းရော ရွာတွင်းရော ကျင့်ရမည်ဟု အဋ္ဌကထာဆို၏။ ကျောင်းတိုက်တွင်းဆိုရာ၌ ဘုရားရှေ့ သံဃာရှေ့၌ အစည်းအဝေး သံဃာများနှင့် ဆက်ဆံရာ ဆွမ်းစားကျောင်း၊ ဒကာ-ဒကာမတို့ရှေ့ စသည်နှင့် ဆရာသ္မား မထေရ်ကြီးများရှေ့ စသည်တို့၌ ကျင့်ရမည်၊ (ဝါသူပဂတ) နေထိုင်ရန် ကပ်ရောက်သော ( တည်းခိုရာ) ရွာတွင်း၌လည်း ပရိမဏ္ဍလ သိက္ခာပုဒ် နှစ်ပါးစလုံး ကျင့်ရမည်၊ အိပ်ပျော်နေခိုက် သူတထူးတို့နှင့် လွတ်လပ် နေခိုက်တို့၌ ဤပရိမဏ္ဍလသိက္ခာပုဒ်တို့ ညီညွတ်ရန် ခဲယဉ်း၍

စာမျက်နှာ-[၁၅၈]

အပြစ်ရောက်သည်ဟု အဆိုမရှိ၊ သို့သော် အနာဒရိယစိတ် မပေါ်ဖို့ အရေးကြီးသည်။

ဝိဟာရေပီတိ သံဃသန္နိပါတ ဗုဒ္ဓုပဋ္ဌာနာဒိကာလံ သန္ဓာယ ဝုတ္တံ။ (ဝိ-ဋီ)

ပရိမဏ္ဍလ သိက္ခာပုဒ် ၂-ခုတို့သည် အပြစ် လွတ်လပ်ခွင့်တူ၏။ အင်္ဂါ ခန်း၌ နောက်သုံးအင်္ဂါမှာ(အပရိမဏ္ဍလ ပါရုပန)မညီမညွတ် ရမ်းခြင်း ထည့်၍ ပြောင်းယူရန်ခဲ့ပြီ၊ နောက်သိက္ခာပုဒ်တို့၌ ဂမိဿာမိ-သဒ္ဒါဖြင့် သွားစဉ်ကျင့်ခန်းနှင့် နိသီဒိဿာမိ နေထိုင်စဉ်ကျင့်ခန်း ၂-မျိုးရှိ သိက္ခာပုဒ်တို့ကို ၂-ပါး ၂ ပါးတွဲ၍ အဓိပ္ပာယ်ရှင်းပြပါအံ့၊ စပ်၍ရှုပါ။

၃-၄ (က) သုပ္ပဋိစ္ဆန္န သိက္ခာပုဒ် နှစ်ပါး၌ အဓိပ္ပာယ် ဘယ်လိုလဲ?

မြို့တွင်း, ရွာတွင်းသို့ သွားလိုသောအခါ အနားပတ်သီး တပ်ပြီးလျှင်လည်း လည်ပင်း, လက်ကောက်ဝတ်များကို ဖုံးမိလောက်အောင်သင်္ကန်းရုံလျက် သွားခြင်းကို(သုပ္ပဋိစ္ဆန္နဂမန) လည်, လက်ကောက်ဝတ်တို့ကို ကောင်းစွာ ဖုံးလွှမ်းသွားသည်ဟု ခေါ်သည်၊ (၁) လည်မျိုမှအထက် ဦးခေါင်းကိုလည်းကောင်း၊ (၂) လက်ကောက်ဝတ်မှ အဖျား ပြင်ဘက် လက်ကို လည်းကောင်း၊ (၃) သလုံးသားမှ အောက်ခြေကို လည်းကောင်း၊ ထိုသုံးမျိုးဖော်ပြီးလျှင် အခြားကိုယ်အင်္ဂါများကို ဖုံး၍ နေထိုင်ခြင်းကို (သုပ္ပဋိစ္ဆန္န နိသီဒန) လည်, လက်ကောက်ဝတ်တို့ကို ကောင်းစွာ ဖုံးလွှမ်းလျက်နေသည်ဟု ခေါ်သည်၊ (သု= ကောင်းစွာ + ပဋိစ္ဆန္န= ဖုံးလွှမ်းလျက်) ဤ သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်တို့ကား ရွာတွင်း, မြို့တွင်း၌ ဧကသီ ရုံပုံပြသော သိက္ခာပုဒ်တို့တည်း၊ သင်းပိုင်မှာ ပရိမဏ္ဍလ သိက္ခာပုဒ်ကဆိုသည့်အတိုင်းပင်၊ ဤသုပ္ပဋိစ္ဆန္နရုံပုံမှာ အစွန်း ၂-ခု ပူး၍ လိပ်ပြီး ဘယ်ဘက်ပခုံသို့ တင်ရသည်၊ ဒူးဆစ်အောက် ၄-သစ်လောက် ချ၍ မပွလွန်း မကြပ်လွန်းအောင် ရုံရသည်၊ (မလွယ်ကူလှ လက်ထပ် သင်မှ တတ်မည်။)

(ခ) ဖုံးရမည်ဆို၍ ဘယ်ဝတ္ထု ဖတ်ပြီး သွားလာနေထိုင်လျှင် အာပတ်, ဒဏ် သင့်မလဲ?

ပါဠိတော်က “ကာယံဝိဝရိတွာ”ဆိုသည်ကို အဋ္ဌကထာက “ဇာဏုမ္ပိ ဥရမ္ပိ ဝိဝရိတွာ”ဖွင့်ဆိုသောကြောင့် ပုဆစ်ဒူးဝန်းကိုဖြစ်စေ၊ ရင်ဘတ်ကို

စာမျက်နှာ-[၁၅၉]

ဖြစ်စေ ဖော်ဖွင့်ထား၍ ရွာထဲ သွားလာနေထိုင်လျှင် သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်ကို ပျက်၍ အာပတ်, ဒဏ်သင့်မည်ဟု မှတ်ပါ။

(ဂ) အန္တရဃရေ ရွာတွင်းဆိုရာ အိမ်ဘယ်လောက်ရှိတဲ့ရွာ ယူရမလဲ?

လယ်လုပ်ကြသည့် တဲပင်ဖြစ်စေကာမူ အိမ်သားတို့(တဥတု) လေးလ ကျော်ကျော် နေခဲ့ဘူးလျှင် တအိမ်ထဲရှိရှိ ရွာဟု ခေါ်ရသည်။ ၂-အိမ် ၃ - အိမ်ရှိမူကား ဆိုဖွယ်မရှိ၊ ထိုရွာတွင်း၌ ဆိုင်ရာ သိက္ခာပုဒ် ကျင့်သုံးရမည်ဟု မှတ်။

(ဃ) အန္တရဃရေ ရွာထဲ၌ ဆိုရာတွင် ဘယ်လောက်ကစ၍ သတ်မှတ်ရမလဲ?

အရံရှိသောရွာ၌ အတွင်းတံခါးတိုင် (တံခါးခုံ)မှစ၍ ကျင့်ကြံသင့်သည်၊ အရံမရှိသောရွာ၌ ဒုတိယခဲတပစ်မှစ၍ ရွာတွင်းယူ၍ ကျင့်ကြံသင့်ပါသည်။

အန္တော ဣန္ဒီလတော ပဋ္ဌာယ န ဧဝံ ဂန္တံ။ (အဋ္ဌကထာ)

အန္တော ဣန္ဒခီလတော ပဋ္ဌာယာတိ ပရိက္ခိတ္တဿ ဂါမဿ အန္တော ဥမ္မာရတော ပဋ္ဌာယ အပရိက္ခိတ္တဿ ပန ဒုတိယလေဍ္ဍုပါတတော ပဋ္ဌာယ န ဧဝံ ဂန္တဗ္ဗံ။ (ကင်္ခါဋီကာသစ် ဥက္ခိတ္တက သိက္ခာပုဒ် အဖွင့်)

(င) အန္တရဃရေရွတွင်း၌ဟုဆိုသောကြောင့် ဤသုပ္ပဋိစ္ဆန္နသိက္ခာပုဒ်ကို ရွာတွင်း၌သာ ကျင့်ရမလား?

ကျောင်းတွင်း၌လည်း လူတို့ ချက်ပြုတ် စားသောက်သော အရပ်သို့ သွားလျှင် သုပ္ပဋိစ္ဆန္ဒ သိက္ခာပုဒ် ကျင့်သုံးရမည်၊ မကျင့်လျှင် အာပတ် သင့်ကြောင်းကို ဝိနိစ္ဆယဋီကာ ဆိုသည်။

(စ) ရွာထဲ၌ သင်္ကန်းမရုံပဲ နေနိုင်ခွင့် မရဘူးလား?

မြို့ရွာထဲ၌ တည်းခိုနေထိုင်သော(ဝါသူပဂတ) ရဟန်း, သာမဏေတို့မှာ သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်အရ သင်္ကန်း မရုံပဲ နေသော်လည်း အာပတ်

စာမျက်နှာ-[၁၆၀]

ဒဏ်ပြစ်မရှိ၊ သို့သော် တည်းခိုနေထိုင်ရန် သွားသည့်အခါ၌ သင်္ကန်းရုံ၍သာ သွားရမည်ဟု မှတ်။

(ဆ) ဝါသူပဂတ- တည်းခိုနေထိုင်ဆိုတာ ဘယ်လို တည်းခိုသလဲ?

ဝိနယ ဝိနိစ္ဆယဋီကာ၌ “ဝါသူပဂမော နာမ ရတ္တိံ ဝါသတ္ထာယ ဥပဂတော”ဟု ဖွင့်၏၊ ကင်္ခါဋီကာသစ်၌ “ဝါသူပဂတဿာတိ ရတ္တိံ ဝါသတ္ထာယ ဥပဂတဿ”ဟု ဖွင့်၏၊ ထိုဋီကာနှစ်စောင်တို့ အလိုဖြင့် ညဉ့် အိပ်နေခြင်းအကျိုးငှါ ကပ်ရောက်နေထိုင်သူကို (ဝါသူပဂတ) တည်းခို နေထိုင်သည်ဟု ဆိုလိုသည်။ ထိုဝါဒသည် ဘိက္ခုနီ တညဉ့်မျှနေလျှင် ဘိက္ခုနုပဿယ မည်၏ဟု ဆိုသောစကားနှင့် ညီ၏။

ဘိက္ခုနုပဿယော နာမ ယတ္ထ ဘိက္ခုနိယော ဧကရတ္တံပိ ဝသန္တိ။ (ပါစိတ် ဝိဘင်းပါဠိတော်)

အဋ္ဌကထာကြီး၌ကား-

ဝါသူပဂတဿာတိ ဝါသတ္ထာယ ဥပဂတဿ ရတ္တိဘာဂေ ဝါ ဒိဝသဘာဂေ ဝါ ကာယံ ဝိဝရိတွာ နိသီဒတော အနာပတ္တိဟု ရတ္တိံ သဒ္ဒါ မပါပဲ သာမညအားဖြင့် ပြ၏၊ အဓိပ္ပာယ်မှာ နေဖို့ အကျိုးငှါ ကပ်ရောက်သော ရဟန်းအား ညဉ့်အဖို့ ဖြစ်စေ၊ နေ့အဖို့ ဖြစ်စေ ကိုယ်ကို ဖွင့်၍ နေသော်လည်း အာပတ် မသင့်ဟု ဆိုလိုသည်။ ဝိနည်းဋီကာကြီး သုံးစောင်၌လည်း ရတ္တိံ- ဟု အထူး ဖွင့်ပြခြင်းမရှိ၊ သို့ပါ၍ အဋ္ဌကထာလာ ဒိဝသဘာဂေ ဝါ- ဟူသော စကားအမြွက်ကို ထောက်၍ နေ့အဖို့ တည်းခိုရန် ကပ်ရောက်ခြင်းလည်း (ဝါသူပဂတ) အရ တည်းခို နေထိုင်သည်ဟုပင် ယူသင့်သည်ဟု ဆုံးဖြတ်ကြ၏။ သို့သော် ညဉ့်အိပ် တည်းခိုမှ ဝါသူပဂတ ယူခြင်းသည် ကောင်းမြတ်၏၊ နောက် သိက္ခာပုဒ်တို့၌ ဝါသူပဂတဆိုလျှင် နားလည်ကြစေ၊ ထိုဆိုခဲ့သော တည်းခိုနေထိုင်ခြင်း ဝါသူပဂတ မဟုတ်ပဲ ရွာတွင်း၌ ပရိတ်ရွတ်, တရားဟော စသော ကိစ္စတို့အတွက် အချိန်ကြာမြင့်စွာ နေရသော်လဲ သင်္ကန်းရုံခြင်း စသော ဆိုင်ရာသိက္ခာပုဒ်တို့ကို ဖြည့်ကျင့်ရမည် မှတ်လေ။

စာမျက်နှာ-[၁၆၁]

ရွာတွင်း လွတ်လပ်ခွင့် ယခုကာလ အချိုဒကာ - ဒကာမတို့သည် မိမိတို့ အိမ်, တိုက်, မဏ္ဍပ်စသော ပိုင်ဆိုင်ရာသို့ ရောက်လာသော ရဟန်း, သာမဏေတို့ကို ချမ်းသာစွာ နေထိုင်ခွင့် ရစေလိုသော သဘောဖြင့် “ကျောင်းအမှတ်ဖြင့် သီတင်းသုံးတော်မူကြပါဘုရားဟူ၍လည်းကောင်း အရှင်တို့နေသရွေ့ ကျောင်းအဖြစ် လှူပါ၏ ဟူ၍ လည်းကောင်း” လျှောက်ထားလေ့ရှိကြ၏၊ သို့သော် ထိုသို့ လျှောက်ရုံမျှဖြင့် ကျောင်း လည်းမဖြစ်၊ အလှူလည်းမမြောက်ရကား ရဟန်း, သာမဏေများ ထူး၍ လွတ်လပ်စွာ နေထိုင်ခွင့်မရနိုင်ဟု ဝိမတိဋီကာ ဆိုသည်။

ကျမ်းရေးသူ ယူဆချက် ရွာတွင်း၌ ရဟန်း, သာမဏေတို့ ချမ်းသာစွာ နေထိုင်ခွင့် ရစေလိုလျှင် (ဝါသူပဂတ) တည်းခိုနေထိုင်မှု သဘော သက်ရောက်အောင် လျှောက်သူ ဒကာ-ဒကာမတို့ကလဲ လျှောက်ရမည်။ ရဟန်း, သာမဏေတို့ကလဲ တည်းခိုနေထိုင်မှု သဘောဖြင့် နေထိုင်လျှင် ချမ်းသာစွာ လွတ်လပ်ခွင့်ရဖို့ ရှိရာသည်၊ ဥပမာ - အလှူအတန်းကိစ္စ စသည်ကို ပြီးဆုံးသောအခါ ဒကာ - ဒကာမတို့က ဖြေးဖြေးမှ ကြွကြ တာပေါ့၊ ဤအိမ်၌ ချမ်းသာသလို တည်းခို နေထိုင်တော်မူကြပါဟု လျှောက်ရမည်၊ ရဟန်း, သာမဏေတို့ကလည်း ငါတို့ ဤအိမ်၌ တည်းခို နေထိုင်ဦးမည်၊ နေပူသေးသည်။ ညဉ့်နက်လွန်းသည် စသည်တို့ အကြောင်းကြောင့် မသွားသေးဟု သူပဂတ သဘောပေါက်အောင် နေထိုင် ခဲ့လျှင် “ဝါသူပတဿာတိ ဝါသတ္ထာယ ဥပဂတဿ” ဟူသော အဋ္ဌကထာနှင့်ညီစွာ နေထိုင်ခွင့်ရမည်ဟု ယူဆသည်။

မှတ်ချက် ညဉ့်အိပ် တည်းခိုမှ “ဝါသူပဂတ” မြောက်သည်ဟု ဆရာတို့ ယူဆကြသည်။

၅-၆။ သုသံဝုတသိက္ခာပုဒ် ၂-ပါး အဓိပ္ပာယ်ကား ဘယ်လိုလဲ?

မြို့ထဲ, ရွာထဲ၌ သွားသောအခါ နေထိုင်သောအခါတို့၌ လက်, ခြေတို့ကို ဟိုရမ်း သည်ရမ်း ဟိုဆွဲ သည်ဆွဲ ဟိုဆိတ် သည်ဆိတ် စသည်ဖြင့် ဆော့ကစားခြင်းကို မပြုလုပ်ပဲ လက်ခြေတို့ကို ငြိမ်သက်စွာထား၍ ဣန္ဒြေစောင့်စည်းလျက် သွားလာနေထိုင်ရမည်ဟု ဆိုလိုသည်။ “ဟတ္ထံ ဝါ ပါဒံ ဝါ ကီဠာပေန္တော။ လ။ အာပတ္တိ ဒုက္ကဋဿ”ဟု ပါဠိတော်ဆိုသဖြင့်

စာမျက်နှာ-[၁၆၂]

မရိုသေမှုစွဲ၍ လက်, ခြေတို့ကို ဆော့မော့ကစားလျက် ရွာတွင်း သွားလာ နေထိုင်လျှင် ဒဏ်, အာပတ် သင့်၏ဟုမှတ်၊ (သု=ကောင်းစွာ + သံဝုက= လက်, ခြေတို့ကို စောင့်စည်း) ဤသုသံဝုတ သိက္ခာပုဒ်တို့သည် ဘေးရန်တို့ကြောင့် လွတ်လပ်ခွင့်မရှိသည်ကား အခြားသိက္ခာပုဒ်တို့ထက် ထူးသည်ကို သတိပြုခဲ့ပါ။

၇-၈ ။ (က) ဩက္ခိတ္တစက္ခု သိက္ခာပုဒ် ၂-ပါး အဓိပ္ပာယ် ဘယ်လိုလဲ?

မြို့တွင်း, ရွာတွင်း၌ သွားလာနေထိုင်သောအခါ ဟိုကြည့်သည်ကြည့် မကြည့်ရ၊ ရထားထမ်းပိုး၏ တပြန်(လေးတောင်ခန့်လောက်သာ) ကြည့်၍ သွားခြင်း နေထိုင်ခြင်းကို စက္ခုန္ဒြေချပြီး သွားလာ နေထိုင်သည်ဟုလဲ ဆိုရသည်၊ ဤသိက္ခာပုဒ်တို့ ပြည့်စုံအောင် ကျင့်သည်ဟုလည်းဆိုရပါသည်။ (ဩက္ခိတ္တ=အောက်၌ ချအပ်သော+ စက္ခု=မျက်စိရှိသူ) ဝါသူပဂတ ပုဂ္ဂိုလ်တို့ ဤသိက္ခာပုဒ်တို့အတွက် လွတ်လပ်ခွင့်မရ၊ ဘေးရန် ရှိ-မရှိ သိဖို့ရန် ရွာထဲ၌ ရပ်၍ အဝေးသို့ လှမ်းကြည့်သော်လည်း မပြစ်မရှိ၊

(ခ) လေးတောင်ခန့်ကြည့်ဆိုတာ ဘယ်သူ့ လေးတောင်လဲ?

(ဝဍ္ဎကီဟတ္ထ) လက်သ္မားတို့ လေးတောင်ကို ရည်၍ ဆိုကြကုန်၏ဟု ဝိမတိ ဆိုသည်။

(ဂ) ဘယ်လို သွားလာနေထိုင်လျှင် ဩက္ခိတ္တစက္ခု သိက္ခာပုဒ်ပျက်၍ အာပတ်, ဒဏ် သင့်သလဲ?

“တဟံ တဟံ ဩလောကေန္တော” ဟု ပါဠိတော် လာသောကြောင့် ရွာတွင်း၌ မရိုသေခြင်းကိုစွဲ၍ လေးတောင်မက ထိုထိုအရပ်ကို ကြည့်ရှု သွားလာနေထိုင်လျှင် သိက္ခာပုဒ်ပျက်၍ အာပတ်, ဒဏ်သင့်၏။

၉-၁၀ ။ ဥက္ခိတ္တက သိက္ခာပုဒ် ၂-ပါး အဓိပ္ပာယ် ဘယ်လိုမှတ်ရမလဲ?

မြို့ထဲ, ရွာထဲ သွားလာ နေထိုင်တဲ့အခါ သင်္ကန်းကို တဘက်မှ ဖြစ်စေ၊ နှစ်ဘက်မှ ဖြစ်စေ အထက်သို့ မြှောက်ပင့် ချီမ, လျက် (စွန်တောင်စွဲပြီး) မသွား မလာ မနေထိုင်ရ၊ မရိုသေမှုကို စွဲ၍ သွားလာ နေထိုင်လျှင် အာပတ်, ဒဏ်တို့သင့်၏ဟု မှတ်၊ ရွာထဲ၌ ဓမ္မကရိုဏ်(ရေစစ်)ထုတ်သူသည် သင်္ကန်းကို မပင့်မြှောက်ပဲ ထုတ်ယူအပ်၏ဟု အဋ္ဌကထာ ဆိုသည်၊ ဝါသူပဂတပုဂ္ဂိုလ်တို့အား ဥက္ခိတ္တကနိသီဒန-သိက္ခာပုဒ်လွတ်လပ်ခွင့်ရပေသည်။

စာမျက်နှာ-[၁၆၃]

ကျမ်းရေးသူ ယူဆချက် ဥက္ခိတ္တက သိက္ခာပုဒ်၌ “ဥက္ခိတ္တကစီဝရော ဟုတွာ”ဟု အဋ္ဌကထာ ဖွင့်သည်ကို “ကဋိတော ဥဒ္ဓံ ကာယဗန္ဓနာဒိ - ဒဿနဝသေနဝုက္ခိပနံ သန္ဓာယ ဝုတ္တံ” စသည်ဖြင့် ဝိမတိ ဋီကာဖွင့် သည်ကိုထောက်ဆ၍ (ပင့်မြှောက်သောသင်္ကန်း)ဟူသည် ဧကသီသင်္ကန်း၏ ပင့်မြှောက်ခြင်းကိုသာ ယူရမည်ဟု ယူဆသည်၊ ဧကသီမြှောက်ပင့်မှ ခါးပန်းကြိုး တွေ့မြင်ဖွယ် ရှိသည်၊ သင်းပိုင်သင်္ကန်း ပင့်၍ ပုဆစ်ဒူးဝန်း ပေါ်လျှင် သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်တို့က ကန့်ကွက်လျက် ထားသည်ကို ထောက်ကြစေလိုသည်၊ ဤသိက္ခာပုဒ်တို့ အာပတ်, ဒဏ် သင့်ဖို့ရန်မှာ “ကဋိတော ဥဒ္ဓံ ကာယဗန္ဓနာဒိ ဒဿန ဝသေန” ဟူသော ဝိမတိကို ထောက်၍ ခါးအထက် ခါးပန်းကြိုး ပေါ်အောင် ပင့်မြှောက်ပါမှ အာပတ်, ဒဏ် သင့်ဖွယ်ရှိသည်ဟု ယူဆသည်၊ သို့သော် အချိုဆရာတော်တို့က သင်းပိုင်, ဧကသီ ၂ မျိုးစလုံး မပင့်ရဟု ယူကြသည်။

လေ့ကျင့်ခန်း မေးခွန်း

၁။ သေခိယအဓိပ္ပာယ်ကိုရေး၍ “ဣမေခေါ် ပန”မှစ၍အာဂစ္ဆန္တိ တိုင်ရုံ အနက်သမ္ဗန်ပါ။
၂။ သင်းပိုင်ကို ဒူးဆစ်အောက် ဘယ်လောက်ချ၍ ဝတ်သင့်သလဲ။
၃။ သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်နှင့် ညီညွတ်အောင် ရွာထဲမှာ ဘယ်လို နေရမလဲ။
၄။ ဒုတိယ ဩက္ခိတ္တသိက္ခာပုဒ်ကို အနက်ယောဇနာ၍ လေးတောင်ခန့် ကြည့်ရမည်ဆိုတာ ဘယ်သူ လေးတောင် ယူရမလဲ။
၅။ ရွာထဲမှာ သင်္ကန်းပင့်မနေရန် ဘယ်သိက္ခာပုဒ်က တားမြစ်သလဲ။

အမှာ အနက်သမ္ဗန် အနက်ယောဇနာ ဆိုသော စကားသည် ပါဠိနှင့် အနက်စပ်ယှဉ်ပြပါဟု ဆိုလိုသည်၊ ဥပမာ(ဘန္တေ)ဆိုတဲ့ပါဠိနှင့် (အရှင်ဘုရား) ဆိုသော အနက်ကို တွဲစပ်၍ “ဘန္တေ အရှင်ဘုရား”ဟု ဆိုခြင်းသည် အနက်သမ္ဗန်ဟုလည်းကောင်း၊ အနက် ယောဇနာဟုလည်းကောင်း ဆိုသည်မှတ်။

ပရိမဏ္ဍလဝဂ် မှတ်သားဖွယ် ပြီးပြီ။

စာမျက်နှာ-[၁၆၄]

၂-ဥစ္စုဒ္ဓိကဝဂ် မှတ်သားဖွယ်

၁- ၂။ (က) ဥဇ္ဇဂ္ဃိက သိက္ခာပုဒ် ၂-ပါးတို့ အဓိပ္ပာယ်ကား ဘယ်လိုလဲ?

မြို့တွင်း, ရွာတွင်း သွားလာနေထိုင်သောအခါ ကျယ်လောင် ပြင်းပြစွာရယ်လျက် မသွားမလာ မနေထိုင်ရ၊ ရယ်စရာ တွေကြုံလျှင် ပြုံးရုံသာ ပြုံးရသည်၊ ရွာတွင်း ပြင်းပြကျယ်လောင်စွာရယ်လျက် သွားလာ နေထိုင်လျှင် ဒုက္ကဋ်, ဒဏ်သင့်၏။ (ဥ-ကျယ်လောင် ပြင်းပြစွာ+ဇဂ္ဃိက=ရယ် လျက်)

(ခ) ဘယ်လောက် ရယ်သည်လို ကျယ်လောင် ပြင်းပြသည်ဟု ကန့်သတ်နိုင်သလဲ ?

အလင်္ကာကျမ်း၌ ရယ်ခြင်း ခြောက်မျိုး လာသည်။
၁ ။ ပြုံးခြင်းသည် သိတ မည်၏။
၂။ စဉ်းငယ် သွားပေါ်အောင် ရယ်ခြင်းသည် ဟသိတ။
၃။ ညှင်းညှင်း အသံထွက်အောင် ရယ်ခြင်းသည် ဝိဟသိတ။
၄။ ပခုံး ဦးခေါင်းလှုပ်အောင် ရယ်ခြင်းသည် ဥပဟသိတ။
၅။ မျက်ရည်ထွက်အောင် ရယ်ခြင်းသည် အပဟသိတ။
၆။ လက်ခြေတို့ကို ထိုမှဤမှ ပစ်၍ ရယ်ခြင်းသည် အတိဟသိတမည်၏။

သူမြတ်-ပြုံးရုံနှင့် စဉ်းငယ်သွားပေါ်ရှိ ၂-မျိုး ရယ်၏၊ သူလတ်-အသံ ညှင်းရုံနှင့် ဦးခေါင်းလှုပ်ရုံ နယ်သည်၊ သူယုတ် မျက်ရည်ထွက်အောင်နှင့် လက်ခြေကိုပစ်၍ ရယ်သည်၊ အစဉ်အတိုင်း အစ- ၂ သူမြတ်၊ အလယ်- ၂ သူလတ်၊ အဆုံး- ၂ သူယုတ်ဟု ဝေဖန်သည်။ ထိုခြောက်မျိုးတွင် နောက် သုံးပါးရယ်ပုံကို(ဥဇ္ဇဂ္ဃိက) အရ ပြင်းစွာရယ်ဟုယူလျှင် သင့်အံ့ထင်သည် ဟု ပါတိမောက္ခ ဝိနိစ္ဆယကျမ်း၌ ဆိုသည်။

ကျမ်းရေးသူ ယူဆချက် ထိုသိက္ခာပုဒ် အပြစ် အာပတ်, ဒဏ်မသင့်ရောက်သော အနာပတ္တိဝါရ၌ “ဟသနိယသ္မိံ ဝတ္ထုသ္မိံ မိဟိတမတ္တံ ကရောတိ”အဆိုဖြင့် ရယ်ခြင်းခြောက်မျိုးတွင် အလင်္ကာအဆိုသူမြတ်တို့ ရယ်သည့် သိတ, ဟသိတ နှစ်ပါးတို့ဖြင့်ရယ်လျှင် အပြစ်မရှိ၍ ကျန်လေး ပါးတို့နှင့် ရယ်လျှင် (ဥဇ္ဇဂ္ဃိက) ပြင်းစွာ ရယ်သည်ဟု ယူဆရန်ရှိပေသည်။ ရဟန်း, သာမဏေတို့ကား သူမြတ်၌ ထည့်သွင်းသင့်သောကြောင့် နောက်လေးပါး ဥဇ္ဇဂ္ဃိက၌ သင်္ဂြိုဟ် သင့်သည်ဟု ထင်ပေသည်။

စာမျက်နှာ-[၁၆၅]

၃-၄။ (က) အပ္ပသဒ္ဒ သိက္ခာပုဒ်တို့၏ အဓိပ္ပါယ်ကား ဘယ်လိုလဲ ?

မြို့တွင်း, ရွာတွင်း၌ သွားလာနေထိုင်သောအခါ အသံကျယ် မပြော မဆိုရ၊ ကိစ္စရှိလျှင် အနီးအပါးကြားလောက်ရုံ တိုးတိုးသာသာ အသံငယ်ဖြင့် ပြောဆို သွားလာ နေထိုင်ရမည်ဟု ဆိုလိုသည်၊ တရားဟော ပရိတ်ရွတ် ပါတိမောက်ပြရာတို့၌ကား ကျယ်လောင်စွာ ရွတ်ဆို နိုင်သည်။ (အပ္ပ=ငယ်တိုးသော+သဒ္ဒ=အသံ)

(ခ) (အပ္ပသဒ္ဒ) ငယ်သောအသံနှင့် (မဟာသဒ္ဒ) ကြီးသောအသံ ဘယ်လို ခွဲမလဲ ?

ဆယ့်နှစ်တောင်လောက်က နားလည်သောအသံသည် (အပ္ပသဒ္ဒါ-ငယ်သောအသံ မဟုတ်၊ မဟာသဒ္ဒ-ကြီးသော အသံ မည်၏။) ၎င်း မဟာသဒ္ဒဖြင့်စကားပြောလျှင် အပြစ်မလွတ်၊ ဆယ့်နှစ်တောင်လောက်က သဲသဲကွဲကွဲ နားမလည်သော အသံသည် အပ္ပသဒ္ဒ မည်၏၊ မဟာသဒ္ဒ မဟုတ်၊ ထိုအပ္ပသဒ္ဒဖြင့် ပြောကောင်းသည်။ ဥပမာ- ဆယ့်နှစ်တောင် ကျယ်သော အိမ်၌ လက်ဝဲဘက်အစွန်းမှတပါး, အလယ်၌တပါး, လက်ျာဘက်အစွန်းမှတပါး ထိုင်နေကြရာ လက်ဝဲဘက်အစွန်းပုဂ္ဂိုလ်က ခြောက်တောင်ကွာနေသော အလယ်ပုဂ္ဂိုလ်ကို လှမ်း၍ စကားပြောရာ အလယ် ပုဂ္ဂိုလ်သာ အသံလည်းကြား စကားအဓိပ္ပာယ်ကိုလည်း နားလည်၍ လက်ျာဘက်အစွန်းပုဂ္ဂိုလ်မှာ အသံသာ ကြား၍ အဓိပ္ပာယ် သဲသဲကွဲကွဲ နားမလည်လျှင် (အပ္ပသဒ္ဒ-ငယ်တိုးသောအသံ မည်၏။) လက်ျာဘက် အစွန်းပုဂ္ဂိုလ် သဲသဲကွဲကွဲနားလည်လျှင် (မဟာသဒ္ဒ-ကြီးသော အသံ မည်၏။) ထိုကြီးသောမဟာသဒ္ဒဖြင့်လျှင် အာပတ်, ဒဏ် သင့်၏ဟု မှတ်၊ ဝါသူပဂတပုဂ္ဂိုလ်တို့ ဥဇ္ဇဂ္ဃိက အပ္ပသဒ္ဒ သိက္ခာပုဒ်တို့ လွတ်လပ် ခွင့် မရှိ။

၅-၆။ ကာယပ္ပစာလက သိက္ခာပုဒ် ၂-ပါးကို အဓိပ္ပါယ် ဘယ်လိုလဲ ?

မြို့တွင်း, ရွာတွင်းသွားလာနေထိုင်သောအခါ ကိုယ်ကို လှုပ်၍လှုပ်၍ မသွားလာ မနေထိုင်ရ၊ မတုန်မလှုပ် ဖြောင့်မတ်ကိုယ် ငြိမ်သက်သော ဣရိယာပုထ်ဖြင့် သွားလာ နေထိုင်အပ်၏။ ကိုယ်ဆိုသော်လဲ သွားတဲ့အခါ အထက်ပိုင်းကိုသာ ဆိုလိုသည်၊ အောက်ပိုင်းကား မလှုပ်လို့ မဖြစ်။ (ကာယ=ကိုယ်၊ ပစာလက= အမျိုးမျိုး လှုပ်စေ၍)

စာမျက်နှာ-[၁၆၆]

၇-၈။ (က) ဗာဟုပ္ပစာလက သိက္ခာပုဒ် ၂-ပါးကို ဘယ်လို ကျင့်ရမလဲ ?

မြို့ရွာတွင်း၌ သွားလာ နေထိုင်သောအခါ လက်ရုံး လက်မောင်းတို့ မလှုပ်မရှား ငြိမ်သက်စွာထား၍ သွားလာ နေထိုင်ရမည်ဟု ဆိုလိုသည်။ (ဗာဟု=လက်ရုံး လက်မောင်း)

(ခ) ဗာဟု-အရ လက်ရုံးဆိုတာ ဘယ်အပိုင်းကို ဆိုသလဲ ?

လက်ကောက်ဝတ်မှစ၍ ပခုံးစွန်းတိုင်အောင် (ဗာဟု) အရကောက် ယူပါ။

၉-၁၀ ။ သီသပ္ပာလက သိက္ခာပုဒ် ၂-ပါး အဓိပ္ပာယ် ဘယ်လိုလဲ ?

မြို့ရွာတွင်း သွားလာနေထိုင်ရာ ဦးခေါင်းကို ခါ၍ ညိတ်၍ ရမ်း၍ လှုပ်၍ မသွားလာ နေထိုင်အပ်၊ ဦးခေါင်းကို ငြိမ်ငြိမ်သက်သက်ထား၍ သွားလာ နေထိုင်ရပါမည်။ (သီသ=ဦးခေါင်း)

ဥဇ္ဇဂ္ဃိကဝဂ်၌ ပစာလက သိက္ခာပုဒ် ဘယ်လောက် ရှိသလဲ ?

ကာယပ္ပစာလကမှ စ၍ ပစာလကသိက္ခာပုဒ် ခြောက်ပါး ရှိပါသည်။ ပစာလက ဂမန သိက္ခာပုဒ် သုံးပါး၊ ပစာလက နိသီဒန သိက္ခာပုဒ် သုံးပါး ပေါင်း ခြောက်ပါး၊ ပစာလက နိသီဒန သိက္ခာပုဒ် သုံးပါးတို့မှာ ဝါသူပဂတပုဂ္ဂိုလ်တို့ လွတ်လပ်ခွင့် ရပါသည်။

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ ဥဇ္ဇဂ္ဃိကာယကို အနက်သမ္ဗန်၍ အလင်္ကာကျမ်းလာ ရယ်ခြင်း ခြောက်မျိုး ထုတ်ပြပါ။
၂။ အတိဟသိတ ရယ်ပုံကို ရေး၍ ဝါသူပဂတပုဂ္ဂိုလ်တို့ ရွာထဲမှာ ကျယ်လောင်စွာ ရယ်နေနိုင်သလား။
၃။ ၁၅-တောင်လောက်က သဲကွဲစွာ ကြားရအောင် ပြောတဲ့စကားသည် အပ္ပသဒ္ဒ ဖြစ်နိုင် မဖြစ်နိုင် ဖော်ပြပါ။
၄။ ပစာလက သိက္ခာပုဒ်တခု ကြိုက်ရာ အနက်ပေး၍ အဓိပ္ပါယ် ရေးခဲ့ပါ။
၅။ ဗာဟုပ္ပစာလကံ-ဟူသော ပုဒ်၌ ဗာဟု၏ အရကောက်၍ပြပါ။

ဥဇ္ဇဂ္ဂိကဝဂ် မှတ်သားဖွယ် ပြီး၏။

စာမျက်နှာ-[၁၆၇]

ခမ္ဘကတဝဂ် မှတ်သားဖွယ်

(က) ခမ္ဘကတဝဂ်လာ သိက္ခာပုဒ် ၁၀-ပါးတို့၏ အဓိပ္ပာယ်ဘယ်လိုလဲ ?

သိက္ခာပုဒ် အစဉ်အတိုင်းနံပါတ်တပ်၍ ရေးသားပါမည်။ နိသျနံပါတ်နှင့် ကိုက်၍ ရှုပါ။

၁-၂။ ခမ္ဘကတ ရွာတွင်း, မြို့တွင်း၌ ခါးကို လက်ဖြင့်ထောက်၍ မသွားရ၊ မနေထိုင်ရပါ၊ မရိုသေမှုစွဲ၍ ခါးကို တဘက်၌ဖြစ်စေ၊ နှစ်ဘက်၌ ဖြစ်စေ ထောက်လျက် သွားလာ နေထိုင်လျှင် အာပတ်, ဒဏ် သင့်၏ဟု ခမ္ဘကတ သိက္ခာပုဒ် ၂-ပါးက ပြပါသည်၊ (ခမ္ဘကတ=ခါးထောက်) ဝါသူပဂတတို့ ခါးထောက်နေနိုင်သည်။ သွားတော့ မသွားကောင်း။

၃-၄ ။ ဩဂုဏ္ဌိတ မြို့ရွာတွင်း၌ ဦးခေါင်းကိုခြုံလျက် (ခေါင်းမြီး ခြုံပြီး မသွားလာ နေထိုင်အပ်၊ မရိုသေမှုစွဲ၍ ဦးခေါင်းနှင့်တကွ ခြုံရုံ၍ ရွာထဲသွားလာ နေထိုင်လျှင် အာပတ်, ဒဏ်သင့်သည်ဟု ဩဂုဏ္ဌိတ သိက္ခာပုဒ် ၂-ခုက ပြပါသည်၊ (ဩဂုဏ္ဌိတ=ခြုံရုံသော ဦးခေါင်းရှိသူ) ဝါသူပဂတကို ဦးခေါင်းခြုံ၍ ရွာထဲနေနိုင်သည်။ သွားလိုတော့မအပ်ပါ။

၅။ ဥက္ကုဋိက၌ ခြေဖျားဖြင့်သာ မြေ၌ နင်း၍ ခြေဖနောင့်က မြေမထိပဲ ခြေဖျားထောက် သွားခြင်း တမျိုး၊ ခြေဖနောင့်ဖြင့်သာ မြေ၌နင်း၍ ခြေဖျားက မြေ၌မထိပဲ ခြေဖနောင့်ထောက်၍ သွားခြင်း တမျိုး၊ ၎င်းနှစ်မျိုးဖြင့် နင်းသွားခြင်းသည် ဖဝါးဆွံ့နင်းသည်ဟု ဆိုကြသည်။ ဖြောင့်မတ်အောင် မသွားနိုင်ပဲ ဆွံ့တွန့်သွားရသဖြင့် ဖဝါးဆွံ့ နင်းသည်ဟု ဆိုသည်။ အချို့ ဥက္ကဋိကကို ဖဆွံ့နည်းဟုလဲ သမ္ဗန်ကြသည်။ အချို့ဖဝါးစွန်းနင်းသည်ဟု ဆိုကြသေး၏၊ (ဥ= အထက်၌ +ကုဋိက= အစွန်းရှိလျက်) နင်းရိုး နင်းစဉ်အတိုင်း ဖနောင့်ခြေဖျား ၂-ခုစလုံး ချမနင်းပဲ အထက်၌ အစွန်းတခုပြု၍ အောက်အစွန်း တခုဖြင့်သာ နင်းသွားသောကြောင့် ဖဝါးစွန်းနင်းသည်ဟုဆိုကြလေသည်၊ ဆိုခဲ့သော ဖဝါးဆွံ့နင်းမျိုး တခုခုဖြင့် မရိုမသေမှုစွဲ၍ ရွာထဲသွားခဲ့လျှင် အာပတ်, ဒဏ်သင့်၏ဟု ဥက္ကုဋိက သိက္ခာပုဒ်က ပြပေသည်။

၆။ ပလ္လတ္ထိက၌ ထိုင်သည့်အခါ ဒူး ၂-ဘက်ထောင်၍ လက်ဖြင့် ပတ်ဖွဲ့လျက် ထိုင်ခြင်းကို(ဟတ္ထပလ္လတ္ထိက) လက်အာယောဂပတ်ဖွဲ့သည်ဟု

စာမျက်နှာ-[၁၆၈]

ဆိုရသည်၊ ဒူးခေါင်းနှင့် ကျောက်ဆစ်ကို အဝတ်သင်္ကန်းဖြင့် ပတ်ဖွဲ့ ထိုင်ခြင်းကို(ဒုဿပလ္လတ္ထိက) ပုဆိုးအာယောဂပတ်ဖွဲ့သည်ဟု ဆိုရသည်။ ထိုဖွဲ့ခြင်း ၂-မျိုးဖြင့် မြို့ရွာတွင်း မနေထိုင်အပ်၊ မရိုသေမှုစွဲ၍ ထိုဖွဲ့ခြင်း ၂-မျိုးတို့တွင် တမျိုးမျိုးဖြင့် နေထိုင်လျှင် အာပတ်, ဒဏ် သင့်၏ဟု ပလ္လတ္ထိက သိက္ခာပုဒ်ကပြသည်၊ ထိုပလ္လတ္ထိကသိက္ခာပုဒ်၌ ဝါသူပဂတတို့ လွတ်လပ်ခွင့် ရရှိသည်။

ပလ္လတ္တိက, ပလ္လတ္ထိက ဘယ်ပါဌ်သင့်သလဲ?

သမန္တတော = ထက်ဝန်းကျင်မှ + အသနံ (ခိပနံ) - ပစ်ချ ရစ်ပတ်ခြင်းသည် ပလ္လတ္တိမည်၏။ အသ-ဓာတ် တိ-ပစ္စည်းဖြင့် အတ္တိပြီးစေ၍ ရှေ့ ရိ-၌ ဣ-ကို ယ-ပြု၊ ရ-ကို လ-ပြု၊ လျ-ကို လ္လ-ပြု၍ ပလ္လတ္တိ ပြီးပုံမျိုးဖြင့် ပလ္လတ္တိကသင့်ပါသည်၊ ပလ္လတ္ထ-သဒ္ဒါသည် အာယောဂကရဏ အာယောဂပတ် ပြုခြင်း၌ ဖြစ်၏၊ က-ပစ္စည်း သောတ္ထ အ-ကို ဣ-ပြု၍ ပလ္လတ္ထိက ပြီးပုံမျိုးဖြင့် ပလ္လတ္ထိကသင့်ပါသည်။ ကြိုက်သလို ၂-ထွေရှိသင့်ပါ၏၊ နောက်နည်း ကြိုက်သူများ၏။

အမှာ အစမှစ၍ ဤပလ္လတ္ထိကသိက္ခာပုဒ်တိုင်း ၂၆-ပါးသော သိက္ခာပုဒ်တို့သည် လျောက်ပတ်သပ္ပာယ်စွာ နေထိုင်ကြဖို့ရန် ပညတ်တော် မူအပ်ကြောင့် သာရုပ္ပသိက္ခာပုဒ် ၂၆-ပါးဟု အမည်တော်ရသည်။

၇။ သက္ကစ္စ ပဋိဂ္ဂဟဏ ဆွမ်းခံသောအခါ ဆွမ်းတို့ ဟင်းတို့ကို မလိုချင်သလို သွန်ပစ်ချင်သလို အရေးမထားသလို အနေဖြင့် မခံယူပဲ ဆွမ်းတို့ ဟင်းတို့ကို လေးလေးစားစား သတိထားခံယူခြင်းကို (သက္ကစ္စ) ရိုသေသည်ဟုခေါ်သည်၊ အနာဒရိယ-မရိုသေမှုစွဲ၍ စွန့်ပစ်လိုက်သကဲ့သို့ မလေးမစား ဆွမ်းတို့၌ သတိမထား ခံယူလျှင် အာပတ်, ဒဏ် သင့်၏ဟု သက္ကစ္စ ပဋိဂ္ဂဟဏ သိက္ခာပုဒ်ကပြသည်၊ ပါဠိတော်၌ “ဆဍ္ဍေတုကာမော ဝိယ”ဟု လိုရင်း ပြဆိုသည်။ (သက္ကစ္စ=ကောင်းစွာပြု၍။ ဝါ-ရိုသေစွာ+ ပဋိဂ္ဂဟဏ=ခံယူခြင်း)

၈။ ပတ္တသညီ ပဋိဂ္ဂဟဏ ဆွမ်းခံသောအခါ ဟိုကြည့် သည်ကြည့် မကြည့်ရ၊ ငေး၍မနေရ၊ ဟိုကြည့် သည်ကြည့်ငိုင်နေလျှင်ဆွမ်းလောင်း

စာမျက်နှာ-[၁၆၉]

နေမှန်းလဲမသိ၊ ဆွမ်းလောင်းပြီးမှန်းလဲ မသိပဲ ဖြစ်နေလိမ့်မည်။ သို့ပါ၍ သပိတ်၌ အမှတ်သညာထား၍ ဆွမ်းခံရမည်ဟု ပတ္တသညီ ပဋိဂ္ဂဟဏသိက္ခာပုဒ်ကပြသည်၊ (ပတ္ထသညီ=သပိတ်၌ အမှတ်ရှိသည် ဖြစ်၍ + ပဋိဂ္ဂဟဏ = ခံယူခြင်း) “တဟံ တဟံ ဩလောကန္တော”ဟု ပါဠိတော်၌ မိန့်ဆိုသဖြင့် မရိုသေခြင်းကို စွဲ၍ သပိတ်၌ အမှတ်မထားပဲ ဟိုကြည့် သည်ကြည့် ကြည့်လျှင် ဤသိက္ခာပုဒ်ဖြင့် အာပတ်, ဒဏ်သင့်၏ဟု မှတ်။

၉။ သမသူပက ပဋိဂ္ဂဟဏ ဆွမ်း၏ လေးပုံ တပုံမျှ ပဲဟင်းကို အလှူ ခံရမည်၊ ပို၍ ပဲဟင်း အလှူခံလျှင် အာပတ်, ဒဏ်သင့်၏ လျော့ခံလျှင် အပြစ်မရှိ၊ ဤသိက္ခာပုဒ်၌ သူပ-ဟင်းဆိုတာ (၁) မဂ္ဂသူပ-ပဲနောက်ဟင်း၊ (၂) မာသသူပ-ပဲကြီးဟင်း၊ ထိုဟင်း ၂-မျိုးလက်ကော်ရချက်ထားသည်ကို သူပ-အရ ယူရမည်ဟု ပါဠိတော်၌ ဖွင့်သည်၊ မဟာပစ္စရိက်အဋ္ဌကထာ၌ ကုလားပဲဟင်း စသည်တို့လည်း သူပ၌ ထည့်သွင်းရမည်ဟု ဖွင့်၏။ ကြွင်းသောဟင်းစုကို ဆွမ်း၏ လေးပုံ တပုံထက် ခံယူလဲ အပြစ်မရှိ၊ ဆွေမျိုးနှင့် ဖိတ်ကြားသူတို့ထံကား ပိုခံကောင်း၏၊ (သမ= ဆွမ်းနှင့် မျှသော+သူပက=ပဲဟင်းရှိအောင်)

၁၀။ သမတိတ္တိကပဋိဂ္ဂဟဏ သပိတ်မှာ အတွင်းနခမ်း, အပြင်နခမ်း ၂-မျိုးရှိ၏။ အတွင်းနခမ်းထက် အပြင်နခမ်းက မြင့်သည်၊ ဆွမ်းခံသောအခါ အတွင်းနခမ်းနှင့် ညီမျှရုံ ပြည့်အောင် ဆွမ်းခံရသည်။ အတွင်း နခမ်းကပို၍ မောက်လျှံ တက်နေအောင် မခံရ၊ ဤသိက္ခာပုဒ်၌ ပိဏ္ဍပါတ ဆွမ်းဆိုတာလည်း မွန်းမလွဲမီသာ စားအပ်သော ယာဂုဆွမ်း သစ်သီး ကြီးငယ်စသော ယာဝကာလိက ဘောဇဉ်ကိုသာ ပိဏ္ဍပါတအရ ယူရသဖြင့် အခြား ယာမကာလိကစသော ဆေးဝတ္ထုတို့ကို ပိုခံသော်လည်း အပြစ်မရှိ၊ ဤသိက္ခာပုဒ်၌ သပိတ်ဆိုရာမှာ အဓိဋ္ဌာန်လောက်သော သပိတ်၏ အတွင်းအနားရေးကိုသာ ဆိုလိုသည်၊ အဓိဋ္ဌာန်လောက်တဲ့သပိတ်မှာ အငယ်ဆုံး သုံးစလယ်ဝင်, အကြီးဆုံးသုံးပြည်ဝင်လျက် မည်းနက်အောင် ဖုတ်၍ ကွဲပေါက်မထင်သော သပိတ်သာ အဓိဋ္ဌာန်လောက်၏၊ ထိုထက် ကြီးလွန်း ငယ်လွန်းသော သပိတ်ဖြင့် ပိုခံသော်လည်း အပြစ်မရှိ၊ ဆွမ်းပေါ်၌ တင်ထားသော သပိတ်ခွက်, ပန်းကန်စသည်ဖြင့် ခံယူလျှင်

စာမျက်နှာ-[၁၇၀]

လည်း အပြစ်မရှိ၊ သပိတ်တလုံး ပြည့်၍ တလုံး လဲခံလျှင်လည်း အပ်ပါ၏။ ဤ သမတိတ္တိကပဋိဂ္ဂဟဏ သိက္ခာပုဒ် ဂိလာနတို့ လွတ်လပ်ခွင့်မရ။ ဤခမ္ဘကတဝဂ်၌ ပဋိဂ္ဂဟဏ သိက္ခာပုဒ် လေးပါးရှိသည်၊ ထို ပဋိဂ္ဂဟဏသိက္ခာပုဒ်တို့နှင့် မညီပဲ ဆွမ်းခံယူ၍ ရလာသော ဆွမ်းတို့ကား(သုပ္ပဋိဂ္ဂဟိတ) ကောင်းသော ခံယူခြင်းဟုပင် ဆိုရ၍ စားသုံးခြင်းငှါ အပ်ပါ၏။

သဗ္ဗတ္ထ ပန ပဋိဂ္ဂဟေတုမေ န ဝဋ္ဋတိ၊ ပဋိဂ္ဂဟိတံ ပန သုပ္ပဋိဂ္ဂဟိတမေဝ ဟောတိ ပရိဘုဉ္ဇိတုံ ဝဋ္ဋတီတိ။ (ပါစိတ်-ထာ)

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ ရွာထဲ ခေါင်းမြီးခြုံမသွားရဘူးဟု ဘယ်သိက္ခာပုဒ်က ကန့်ကွက်သလဲ။
၂။ ဘယ်လို နင်းသွားတာကို ဖဝါးဆွံ့နင်းသည်ဟု မှတ်ရမလဲ။ ဆရာတို့ဆိုပုံ အထူးကို ဖော်ပြပါ။
၃။ ပုဆိုးအာယောဂပတ်ဖွဲ့၍ နေပုံရေး၍ ရွာထဲ၌ ဝါသူပဂတပုဂ္ဂိုလ်တို့ အာယောဂပတ် ဖွဲ့နေနိုင်ပါသလားဖော်ပြပါ။
၄။ ခမ္ဘကတဝဂ် နောက်ဆုံး သိက္ခာပုဒ်ကို အနက်ယောဇနာ၍ သစ်သီးများကို ပြည့်မြောက်အောင်ခံလျှင် အပြစ်လွတ် မလွတ် ဆုံးဖြတ်ပါ။
၅။ သမတိတ္တိက သိက္ခာပုဒ်၌ ဘယ်သပိတ်၏ အတွင်းအနားရေးကို ယူရမည်ကို သပိတ် ပမာဏနှင့်တကွ ဖော်ပြပါ။

ခမ္ဘကတဝဂ် မှတ်သားဖွယ် ပြီးပြီ။

သက္ကစ္စဂ် မှတ်သားဖွယ်

သက္ကစ္စဝဂ်လာ သိက္ခာပုဒ် ၁၀-ပါးတို့၏ အဓိပ္ပာယ်ကဘယ်လိုလဲ?

နိသျ ဂဏန်းစဉ်အတိုင်း ရှုပါ။

၁။ သက္ကစ္စဘုဉ္ဇန မစားချင်သလို မစားချင် စားချင်နှင့် စားသကဲ့သို့ မပြုပဲ ကောင်းမွန်စွာ စိတ်ပါလက်ပါ လေးလေးစားစား သတိထား၍

စာမျက်နှာ-[၁၇၁]

ဆွမ်းစားခြင်းသည် (သက္ကစ္စ= ရိုသေသည် မည်၏။ “အဘုဉ္ဇိတုကာမာဝိယ”ဟု ပါဠိတော်ရှိသဖြင့် မရိုသေမှုစွဲ၍ မစားချင်သလို မလေးမစား သတိမထားပဲ စားလျှင် ဒုက္ကဋ်, ဒဏ်သင့်၏ဟု မှတ်။ (သက္ကစ္စ=ရိုသေလေးစား သတိထား၍ + ဘုဉ္ဇန= စား)

၂။ ပတ္တသညီဘုဉ္ဇန ဆွမ်းစားတဲ့အခါ ဟိုကြည့်သည်ကြည့် ကြည့်၍ မစားရ၊ ဟိုကြည့် သည်ကြည့်လုပ်နေလျှင် သပိတ်ထဲသို့ ဆွမ်းတို့ ဟင်းတို့ ထည့်ပေးဆဲ ထည့်ပေးပြီးလဲ မသိ ဖြစ်နေလိမ့်မည်၊ သပိတ်၌ အမှတ် သညာထား (သပိတ်၌ စိတ်ထား၍) စားရမည်ဟု ဆိုလိုသည်။ “တဟံ တဟံ ဩလောကန္တော”ဟု ပါဠိတော်လာ၍ မရိုသေမှု စွဲလျက် ထိုထို အရပ်ကိုကြည့်ရှုပြီး သပိတ်၌ အမှတ်မပြုပဲ ဆွမ်းစားလျှင် အာပတ်, ဒဏ်သင့်၏ဟု မှတ်။ (ပတ္တ-သပိတ်၌+သညီ=အမှတ် ရှိသည်ဖြစ်၍ + ဘုဉ္ဇန= ဆွမ်းစား)

၃။ သပဒါန ဆွမ်းစားသောအခါ သပိတ်ထဲ (ပန်းကန်ပြားထဲ, ဇလုံထဲ)မှာရှိသော ဆွမ်းကို ဟိုနားက နှိုက်ယူလိုက် သည်နားက နှိုက်ယူလိုက် မစားရ၊ တသမက်ထဲ မခုန်ကျော်ပဲ စားခြင်းကို(သပဒါန) အစဉ်အတိုင်း စားသည်ဟု ဆိုရသည်၊ ဤသို့ အစဉ်အတိုင်း ဆွမ်းစားရမည်ဟု သပဒါန သိက္ခာပုဒ်က ပြသည်၊ ပေးလို ကောင်းလိုလျှင် ယူချင်တဲ့ အပိုင်းက ယူနှိုက်ပေးနိုင်သည် (သပဒါန= အစဉ်အတိုင်း)

၄။ သမသူပကဘုဉ္ဇန ဆွေမျိုးတော်သူ, ဖိတ်ကြားသူ မဟုတ်တဲ့ သူများက လှူသောဆွမ်းကို စားသောအခါ လက်ကော်ရသော ပဲဟင်းကို ဆွမ်း၏ လေးပုံ တပုံလောက်သာ စားရသည်၊ မရိုသေပဲ ပိုလွန် စားလျှင် အာပတ်, ဒဏ် သင့်မည်၊ ဆွေမျိုးတော်သူ ဖိတ်ကြားသူတို့က ပေးလှူလျှင် ကြိုက်သလိုစားနိုင်ပါသည်။ (သမ=ဆွမ်းနှင့်တော်လောက်ရုံမျှသာ + သူပက=ပဲဟင်းရှိသည်) သူပ-အရကို သမသူပက ပဋိဂ္ဂဟဏ သိက္ခာပုဒ်အတိုင်း မှတ်၊

၅။ ထူပက ဆွမ်းခွက်အလယ်ဗဟိုက မို့မောက်နေသော နေရာကို ဆွမ်းဦးဆွမ်းထိပ်ဟု ခေါ်သည်။ ဆွမ်းစားသောအခါ ထို ဆွမ်းဦး

စာမျက်နှာ-[၁၇၂]

ဆွမ်းထိပ်ကို နှိပ်၍ (နှိုက်၍) မစားရ၊ နခမ်းအစမှ စ၍ အစဉ်အတိုင်း ယူပြီး စားရမည်ဟု ထူပကသိက္ခာပုဒ်က ပြ၏။ (ထူပက-မို့မောက်သော ဆွမ်းဦးဆွမ်းလယ်) အကြွင်းအကျန်ကို ရုံးစုပြီး အလယ်မြင့်မောက်ရာ၌ နှိပ်၍ စားလျှင် အပြစ် မရှိ။

၆။ သူပဗျဉ္ဇန ပဋိစ္ဆာဒန ပဲဟင်း, ငါးသားဟင်းတို့ကို များများ လိုချင်သောအားဖြင့် ရပြီးဟင်းတို့ကို ဆွမ်းဖြင့် ဖုံးမထားရ၊ ဖုံးလျှင် အာပတ်, ဒဏ် သင့်၏၊ ဉပမာ-အချို့ ဟင်းလောင်း ဟင်းလိုက်သူတို့က ဟင်းမရသေးသော ကိုယ်တော်တို့ကိုသာ လောင်းချင် လိုက်ချင်၏။ သိုပါ၍ ရပြီးတဲ့ဟင်းတို့ကို လောင်းသူ လိုက်သူတို့မမြင်ရအောင် နောက်ထပ် အလိုရှိ၍ ဆွမ်းဖြင့်မဖုံးရဟု ဤသိက္ခာပုဒ်တော်က တားမြစ်သည်။ ငါး, သားမပေါ်ရဟု အစိုးရတိုကမောင်းစည်လှည့်၍ ပိတ်ပင်ထားသော မာဃာတ, သမယစသောအခါ၌ သူတို့ဘာသာ ဆွမ်းဖြင့် ဖုံးလွှမ်း၍ လောင်းလိုက်သည်ကို ခံယူလျှင် အပ်၏၊ များသည်ကို မလိုပဲ ဖုံးလျှင် အပြစ်မရှိ၊ ကျေးဇူးရှင်ဘုရားကြီးဆရာတော် ပါစိတ်ပါဠိတော် နိသျ၌ “သူပံပိ၊ ပဲနောက် ပဲကြီးဟင်းကိုလည်းကောင်း။ ဗျဉ္ဇနံပိ၊ ငါး အမဲဟင်းကိုလည်းကောင်း”ဟု ယောဇနာသဖြင့် ထိုဆရာတော်၏အလို သူပ-ပဲဟင်း, ဗျဉ္ဇန-ငါး, အမဲဟင်းဟု ယူလိုသည်၊ အဘိဓာန်၌ သူပနှင့် ဗျဉ္ဇန ပရိယာယ်ဆိုသည်၊ “သုခေန ပါတဗ္ဗန္တိ သူပံ”ဟူသော ဝစနတ္ထစကားကို ကိုးကား၍ သောက်၍ စားကောင်းသော ဟင်းရည်မျိုးကို သူပ-အရ ယူ၍ ဗျဉ္ဇန-အရ ငါးသားစသော ဟင်းလျာ လက်သုပ်များကို ယူ ဟုလည်း ဆရာတို့ ဆိုကြ၏၊ ဤသိက္ခာပုဒ် ဂိလာနတို့ လွတ်လပ်ခွင့်မရ။

၇။ သူပေါဒန ဝိညတ္တိ အမျိုးမတော်သူ, တောင်းပါဟု ဖိတ်ကြား မထားသူတို့အား ဆွမ်းကို ဖြစ်စေ၊ ဟင်းကိုဖြစ်စေ မိမိ အကျိုးငှာ ကျန်းမာလျက် နှုတ်မြွက်၍ တောင်းမစားရဟု အဓိပ္ပါယ် ဆိုလိုသည်။ ကျန်းမာလျက် မရိုသေမှုစွဲ၍ မိမိအတွက် ဆွမ်းတို့ ဟင်းတို့ကို တောင်း စားလျှင် အာပတ်, ဒဏ်သင့်၏၊ ဆွမ်းတွင် ဟင်းတွင် မဟုတ် အမျိုး မတော်သူ, မဖိတ်ကြားသူထံ ဘယ်ပစ္စည်းမျှ မတောင်းအပ်၊ အယုတ်ဆုံး ရေသော်မှ မတောင်းအပ်။

စာမျက်နှာ-[၁၇၃]

အပ်စပ်သော တောင်းနည်း ပိုင်ရှင်တို့ထံ သွား၍ နှုတ်မြွက် မဆိုပဲ ကိုယ်ဖြင့် ရပ်ရသည်၊ ထိုအခါ ပိုင်ရှင်တို့က (ဘာ အလိုရှိပါသလဲ) ဘာ ကိစ္စလို့ မေးသောအခါမှ အပ်သောဆွမ်းဟင်း, ဆေးစသည်တို့ကိုပြောပြ ရသည်၊ ထိုသို့ပြော၍ သူ့ဘာသာလှူလျှင် ခံယူအပ်၏၊ မလှူချင်သည်ကို လှူချင်အောင် သွယ်ဝိုက်၍ မပြောအပ်၊ ပြော၍ရလာလျှင် တသာသနာ လုံး မအပ်။

သူတပါးအတွက် တောင်းရေး မိမိဆွေမျိုး, မိမိ ဖိတ်ကြားသူတို့အားလည်းကောင်း၊ သူတပါး ဆွေမျိုး, သူတပါး ဖိတ်ကြားသူတို့အားလည်းကောင်း သူတပါးအတွက် တောင်းအပ်၏။ ဥပမာ-ဦးတိဿသည် မိမိ ဆွေမျိုး, မိမိဖိတ်ကြားသူ ဒါယကာတိုထံ၌လည်းကောင်း၊ ဦးလာဘဆွေမျိုး, ဦးလာဘအား ဖိတ်ကြားသူတို့ထံ၌လည်းကောင်း ဦးလာဘအတွက် ပစ္စည်းလေးပါး တောင်းအပ်၏၊ ထိုမှတပါး ဦးတိဿသည် ဦးလာဘ အကျိုးငှာ တောင်းလျှင် မအပ်ဟု စင်စစ်မှတ်ရာ၏၊ သို့ပါ၍ ဘာမျှမတော်စပ်သူတို့ထံ၌ ဆွမ်းဖိတ်ပေးခြင်း ပစ္စည်းလေးပါး ဖိတ်ခိုင်း စေခြင်း ရဟန်းဒါယကာ, ရှင်ဒကာ ရှာပေးခြင်းတို့ကား အထူး ရှောင်ကြဉ်သင့်သော အချက်ကြီးတခု ဖြစ်သည်ဟု သတိချပ်စေလိုပေသည်။

၈။ ဥဇ္ဈာနသညီ တချို့သူတို့သည် ကဲ့ရဲ့လို၍ သူတပါး သပိတ်ကို ကြည့်တတ်ကြ၏၊ ဆွမ်းများများတွေ့လျှင်လဲ သဌေးတွေအိမ်က လောင်းလိုက်ဟန်ရှိသည်၊ တယ်...အလှော်ကောင်းတဲ့လူပဲ စသည်ဖြင့် ကဲ့ရဲ့လိုခြင်းတည်းဟူသော ယုတ်မာသောစိတ်ဖြင့် ကြည့်ခြင်းကို ကဲ့ရဲ့လို၍ ကြည့်ခြင်း ဟု ဆိုသည်။ ထိုကဲ့ရဲ့လိုစိတ်ဖြင့် သူတပါးသပိတ်ကို မကြည့်ကောင်း၊ နဲလျှင် ပေးမည်- များလျှင် တောင်းမည် စသော ကောင်းသော စိတ်ဓာတ်ဖြင့် ကြည့်လျှင် အပြစ်မရှိ၊ (ဥဇ္ဈာန= ကဲ့ရဲ့ခြင်း၌+ သညီ= အမှတ်ရှိသည်) ဤသိက္ခာပုဒ် ဂိလာနတို့ လွတ်လပ်ခွင့်မရ။

၉။ အတိမဟန္တ ကဗဠ ဒေါင်းဥသည် အလွန်ကြီး၍ အတိမဟန္တ ခေါ် ရသည်၊ ကြက်ဥသည် အလွန်သေး၍ အတိခုဒ္ဒကဟု ဆိုသည်၊ ဆွမ်း စားသောရဟန်း, သာမဏေတို့သည် ထိုဥဒေါင်းဥ, ကြက်ဥတို့၏ အကြား လောက်ရှိ ဆွမ်းလုတ်ပြုလုပ်၍ စားရမည်၊ ဒေါင်းဥလောက်မကြီးစေရဟု

စာမျက်နှာ-[၁၇၄]

သတ်မှတ်သည်၊ ငယ်၍ ဝိနည်းပြစ်မရှိ၊ ခဲဖွယ် သစ်သီးကြီးငယ် လက်သုပ်တို့ ဒေါင်းဥလောက် ကြီးအောင်လုပ်၍ စားသော်လည်း အပြစ်မရှိ။ (အတိမဟန္တ= အလွန်ကြီးသော+ ကဗဠ=ဆွမ်းလုတ်)

၁၀။ ပရိမဏ္ဍလ အာလောပသိက္ခာပုဒ်၌ (ပရိမဏ္ဍလ) အဝန်းညီ ဆိုတာ ဆွမ်းစားသောအခါ ဆွမ်းလုတ်ရှည်ရှည်လျားလျား မဖြစ်စေပဲ ခပ်ဝိုင်းဝိုင်းနေအောင် ပြုပြင်လုပ်ခြင်းကို အဝန်းညီလုပ်သည်ဟုဆိုရသည်။ အလွန်ဝိုင်းစက်နေအောင် လုပ်ဖို့ မဟုတ်ပါ၊ လုပ်ရန်လည်း ခဲယဉ်းပါ၏။ သို့ပါ၍ ပါဠိတော်၌ “ဒီဃံ အာလောပံ ကရောတိ၊ အာပတ္တိ ဒုက္ကဋဿ” ဆိုသည်ကို ထောက်ထားလျက် မရိုသေမှုကိုစွဲ၍ ဆွမ်းလုတ်ရှည်ရှည်လျားလျား ပြုလုပ်ပါမှ အပြစ်သို့ ရောက်သည်ဟုမှတ် (ပရိမဏ္ဍလ=ထက်ဝန်းကျင် ဝိုင်းသော+အာလောပ=ဆွမ်းလုတ်)

ဆွမ်းလုတ်ဝိုင်းအောင် လုပ်နည်း ဆွမ်းစားသောအခါ ဆွမ်းလုတ်ကို လက်ထဲထည့်ပြီး လက်မဖြင့်လှည့်ပတ်၍ ခံတွင်းနှင့်တော်ရုံ ဝိုင်းဝန်းအောင် ပြင်ပါ၊ ဆွမ်းလုတ်ပြင်ယင်း ပစ္စဝေက္ခဏာဆင်ခြင်နိုင်ပါသေးသည်၊ ဆွမ်းလုတ်ကလဲ ဝိုင်းဝန်း ပစ္စဝေက္ခဏာကလဲ ဆင်ခြင်၍ စားသော ဆွမ်းတလုတ် အချိန်အဖို့ ပြည့်စုံသော သီလတော်မြတ်၏ အကျိုး အပိုင်းအခြားကို ဘယ်သူ ဟောပြနိုင်ပါအံ့နည်း၊ “အာနိသံသပရိစ္ဆေဒံ တဿ သီလဿ ကော ဝဒေ” ခဲဖွယ် သစ်သီးကြီးငယ် လက်သုပ်တို့၌ မဝန်းဝိုင်းလဲအပ်၏။

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ သက္ကစ္စ-အရ ရိုသေပုံနှင့် အသက္ကစ္စ-မရိုမသေလုပ်ပုံ ဖော်ပြပါ။
၂။ ဆွမ်း၏ထက်ဝက်မျှ ပဲနောက်ဟင်းစားတဲ့သာမဏေ ဘယ်သိက္ခာပုဒ်နှင့် ထိခိုက်သည်ဟု ဖော်ပြပါ။
၃။ သူတပါးကို ဆွမ်းပေးချင်ဒါနဲ့ သူတပါး သပိတ် ကြည့်တဲ့ သာမဏေ အပြစ်ရောက်သေးသလား၊ ဘယ် သိက္ခာပုဒ်နှင့် လွတ်လပ်ခွင့်ရပါသလဲ ဖော်ပြပါ။

စာမျက်နှာ-[၁၇၅]

၄။ အမျိုးမတော်သူထံ ဆွမ်းတောင်းနိုင်သော အချက်များကို သူပေါဒန သိက္ခာပုဒ်၏ လွတ်လပ်ခွင့်ရှိမှ ဖော်ပြစမ်းပါ။
၅။ အတိမဟန္တ ဆွမ်းလုတ် ပုံသဏ္ဌာန်နှင့် အတိခုဒ္ဒက ဆွမ်းလုတ် ပုံသဏ္ဌာန်တို့ကို ဖော်ပြပါ။

သက္ကစ္စဝဂ် မှတ်သားဖွယ် ပြီးပြီ။

ကဗဠဝဂ် မှတ်သားဖွယ်

ကဗဠဝဂ်လာ သိက္ခာပုဒ် ၁၀-ပါး၏ အဓိပ္ပာယ် ဘယ်လိုလဲ?

နိသျနှင့် တွဲရှုပါ။

၁။ ကဗဠ ဆွမ်းစားသောအခါ ပါးစပ်ပေါက်နားသို့ ဆွမ်းလုတ် မရောက်ခင် ပါးစပ်ကို အစောက ဖွင့်ဟထားခြင်းသည် မယဉ်ကျေးသော အမူအရာဖြစ်၏။ သို့ပါ၍ ပါးစပ်ပေါက်သို့ ဆွမ်းလုတ်မရောက်မီ ခံတွင်း ပါးစပ်ကို ဖွင့်မထားရဟု ဤ ကဗဠသိက္ခာပုဒ်က ပြသည်။ (ကဗဠ= ဆွမ်းလုတ်)

၂။ ဘုဉ္ဇမာန ဆွမ်းစားသောအခါ လက်ချောင်းများကို ခံတွင်းသို့ မသွင်းမိစေရ၊ ဟတ္ထ-သဒ္ဒါသည် လက်ကောက်ဝတ်မှစ၍ လက်ချောင်း အဖျားတိုင်အောင် ယူသော်လည်း ဤ၌ လက်ချောင်း သက်သက်ကိုသာ ယူရမည်။ သဗ္ဗံ-ဟု ဟောကြောင့် လက်ချောင်း အားလုံးကို (တချောင်းတလေမျှ) ခံတွင်း၌ မသွင်းရဟု ဋီကာကို ဖွင့်၏။

သဗ္ဗံ ဟတ္ထန္တိ ဟတ္ထေကဒေသာ အင်္ဂုလိယော ဝုတ္တာ ဟတ္ထမုဒ္ဒါတိအာဒီသု ဝိယ၊ တသ္မာ ဧကင်္ဂုလိမ္ပိ မုခေ ပက္ခိပိတုံ န ဝဋ္ဋတိ။ (ဝိ-ဋီ)

မရိုသေမှုစွဲ၍ လက်တချောင်းတလေ ခံတွင်းသို့ သွင်း၍ စားမိလျှင် အာပတ်, ဒဏ်သင့်၏၊ ခံတွင်းဆိုသည်မှာ နှုတ်ခမ်းသွားတို့၏ အတွင်းဘက်ကို ဆိုသည်။

၃။ သကဗဠ စကားလုံး မပြီသလောက်အောင် ဆွမ်းပြည့်နေတဲ့ ခံတွင်းဖြင့် စကားမဆိုရဟု တားမြစ်သည်၊ စကားလုံးပြီသသော ဆွမ်းနှင့်ကား စကားပြောကောင်းပါသည်။ သို့သော် မပြောပဲ နေတာက ပိုကောင်းသည်။

စာမျက်နှာ-[၁၇၆]

၄။ ပိဏ္ဍုက္ခေပက ဆွမ်းစားသောအခါ ဆွမ်းအခဲကိုဖြစ်စေ၊ ဆွမ်းလုတ်ကို ဖြစ်စေ ပါးစပ်တွင်းသို့ မြှောက်၍(ပစ်လွှတ်၍) မသွင်းရ၊ ပါးစပ်နားမှာ တေ့မိမှသာ ဆွမ်းလုတ်ကို သွင်းရသည်၊ မုန့်ခဲဖွယ်များနှင့် သစ်သီးများကိုကား မြှောက်ပစ်လွှတ်၍ သွင်းသော်လည်း အပြစ်မရှိ၊ သို့သော် ပါးစပ်နားကပ်၍ သွင်းခြင်းသာ ယဉ်ကျေးသည်။

၅။ ကဗဠာဝစ္ဆေဒက ဆွမ်းစားသောအခါ ဆွမ်းလုတ်(ဆွမ်းဆုပ်)ကို ကိုက်ဖြတ်၍ မစားကောင်း၊ ခဲဖွယ် သစ်သီး ကြီးငယ် လက်သုပ်ဟင်းလျာတို့ကို ကိုက်ဖြတ် စားနိုင်သည်၊ (ကဗလ=ဆွမ်းလုတ်, ဆွမ်းဆုပ်ကို+ အာဝစ္ဆေဒက ကိုက်ဖြတ်၍)

၆။ အဝ ဂဏ္ဍကာရက မျောက်သတ္တဝါသည် အစာ စားသောအခါ ပါးစောင်တဖက် ဖောင်းနေအောင်ထား၍ စားလေ့ရှိကြ၏၊ ရဟန်း သာမဏေများသည် ထို မျောက်တို့ကဲ့သို့ ပါးစောင်တဖက်၌ ထား၍ မစားကောင်း၊ ခံတွင်းအလယ်မှာထား၍ စားရသည်၊ မရိုသေမှုစွဲ၍ ပါစောင်တဖက်မှဖြစ်စေ၊ နှစ်ဖက်မှဖြစ်စေ ပါးစောင်၌ထား၍စားလျှင် အာပတ်, ဒဏ်သင့်သည်၊ သစ်သီး ကြီးငယ်တို့ကိုကား ပါးစောင်၌ထား စားကောင်းပါသည်၊ “ခဇ္ဇကေ ဥတ္တရိဘင်္ဂေ”တို့ ပါဠိတော်၌ မပါ၍ မုန့်ခဲဖွယ်, လက်သုပ်, ဟင်းလျာတို့ကိုလည်း ပါးစောင်၌လား၍ မစားကောင်းဟု မှတ်ပါ။ (အာ=ယုတ်ညံ့+ဂဏ္ဍကာရက=ပါးစောင်ကို ပြု၍)

၇။ ဟတ္ထနိဒ္ဓုနက ဆွမ်းစားသောအခါ လက်ကို ခါ၍ ခါ၍ မစားရ။ လက်မှာပေနေလျှင် မခါပဲ လက်မဖြင့် အသာပယ်ချရသည်၊ အမှိုက်စွန့်လိုခြင်းဖြင့် လက်ကို ခါလျှင် အပြစ်မရှိ။ (ဟတ္ထ- လက်ကို+နိဒ္ဓုနက ခါ၍ ခါ၍)

၈။ သိတ္ထာဝကာရက ဆွမ်းစားသောအခါ ဆွမ်းလုံးများကို ဟိုကြဲ သည်ကြဲနှင့် ကြဲဖြန့်၍ မစားရ၊ အမှိုက်စွန့်လိုက်တာနှင့် ဆွမ်းလုံးကျ သွားလျှင် အပြစ်မရှိ။ (သိဒ္ဓ=ဆွမ်းလုံးကို+ အဝကာရက =ကြဲဖြန့်၍)

၉။ ဇိဝှါနိစ္ဆာရက အချို့ကလေးများသည် ပါးစပ်နားရောက်လာသော ထမင်းလုတ်ကို လျှာထုတ်၍ လှမ်းကော်ယူလျက် စားတတ်ကြသလို

စာမျက်နှာ-[၁၇၇]

ရဟန်း, သာမဏေတို့ကား ဆွမ်းကိုလည်းကောင်း၊ ဟင်းကိုလည်းကောင်း လျှာထုတ်၍ ကော်ယူမစားရဟု ဇိဝှါနိစ္ဆာရက သိက္ခာပုဒ်က တားမြစ်၏။ ဇိဝှါ=လျာကို+နိစ္ဆာရက=ထုတ်၍၊ ဝါ-လှမ်းကော်ယူ၍)

၁၀။ စပု စပု ကာရက ဆွမ်းစားသောအခါ စပ်စပ် ပြတ်ပြတ်အသံ မြည်အောင်မစားရ၊ စပ်စပ်ပြတ်ပြတ် မြည်အောင်စားခြင်းသည် ယဉ်ကျေးသော စားသောက်ခြင်းမျိုး မဟုတ်၊ ဤသိက္ခာပုဒ်၌ စပုစပု-သဒ္ဒါကား ဆွမ်းစားတဲ့အခါ ပါးစပ်မှမြည်သံကို အတုလိုက်၍ ပြုလုပ်ထားသည့် အနုကရဏ သဒ္ဒါမျိုး ဖြစ်သည်။ စားသောနေရာမှာ လူတမျိုးနှင့် လူတမျိုး မြည်ပုံ မတူကြ၊ ပါဠိအနေအားဖြင့် စားတဲ့အခါ စပု စပုဟု မြည်ပုံရပေသည်။ အချို့ မြန်မာတို့က ပြတ်ပြတ်ဟု မြည်တတ်၏။ အချိုစပ်စပ်ဟု မြည်တတ်၏၊ ထိုသို့ ဆွမ်းနှင့်နှုတ်ခမ်း ခံတွင်းရှိမှ ပေါ်လာသော အသံတို့ကား ရိုင်းပြသော အသံချည့်ပဲဖြစ်၍ ဤသိက္ခာပုဒ်ဖြင့် အသံ မထွက်အောင် ယဉ်ကျေးအောင် စားရေးကို ညွှန်ပြတော်မူသည်၊ အနု ကရဏသဒ္ဒါနှင့် ပညတ်ထားသော သိက္ခာပုဒ်ဟု မှတ်ခဲ့ပါ။ (စပုစပု= စပ်စပ် ပြတ်ပြတ် + ကာရကပြု၍)

လေ့ကျင့်ခန်း

၁။ ကဗဠ သိက္ခာပုဒ် ပါဠိမဖက် မြန်မာပြန်သက်သက် ရေး၍ ဘုဉ္ဇမာန သိက္ခာပုဒ်ကို ပါဠိသက်သက် ရေးပြပါ။
၂။ သဗ္ဗံ ဟတ္ထံဟုဆို၍ အလုံးစုံ လက်ကို ခံတွင်းထဲထည့်မှ အပြစ်ရောက်သလား၊ တချောင်းတလေထည့်လျှင် အပြစ်မရောက်ဘူးလား။
၃။ ဆွမ်းလုတ်ကြီးနှင့်စကားမပြောရဟု ဘယ်သိက္ခာပုဒ်က တားမြစ်သလဲ။
၄။ ဆွမ်းစားသောအခါ မျောက်ကဲ့သို့ ပါးစောင်၌ မစားရဘူးဆိုလျှင် ဘယ်မှာ စားရမလဲ။
၅။ အောက်ပါ ပါဠိတို့၏အနက်မျှ ဖော်ပြ၍ ဆိုင်ရာ သိက္ခာပုဒ်ပါဠိ ထုတ်ပြပါ။ (က) ဟတ္ထ (ခ) သိတ္ထ (၈) ဇိဝှါ။

ကဗဠဝဂ် မှတ်သားဖွယ် ပြီးပြီ။

စာမျက်နှာ-[၁၇၈]

သုရုသုရုဝဂ် မှတ်သားဖွယ်

၁၀-ပါးရှိသော သရုသုရုဝင်္ဂလာ သိက္ခာပုဒ်တို့ကို ဘယ်လို မှတ်သင့်သလဲ ?

သိက္ခာပုဒ် အစဉ်အတိုင်း ပြပါမည်။

၁။ သုရုသုရုကာရက သိက္ခာပုဒ်၌ သုရုသုရုသဒ္ဒါသည် ဆိုခဲ့သောစပု စပုသဒ္ဒါကဲ့သို့ လဘက်ရေ ဟင်းချို သောက်စားခြင်းစသည်တို့၌ ပေါ်ထွက် မြည်လာတဲ့ အသံရင်းကို အတုလိုက်၍ ပြုလုပ်ထားသော အနုကရဏ သဒ္ဒါပင်မှတ်၊ သုရုသုရုပါဠိကို မြန်မာက ယှရုယှရု၊ တနည်း ရှုပ်ရှုပ်အသံ မြည်တတ်သည်၊ ဤ၌လည်း မြည်ပုံကို လူတမျိုးနှင့် လူတမျိုး တူကြမည် မဟုတ်ချေ၊ ထိုသို့ ဆွမ်းဟင်းရေ, နွားနို့, လဘက်ရေ စသည်တို့ သုံးစားသောအခါ အလျော် ခံတွင်းထဲမသွင်းပဲလေနှင့်စုတ်သူတို့ အထူးမြည်သံ ပေါ်ထွက်တတ်ပေသည်၊ ထို့ကြောင့် ရဟန်း, သာမဏေတို့သည် ဆွမ်း ဘုဉ်းပေးသောအခါ ရှုပ်ရှုပ်မြည်အောင်မစားရဟု ဤသိက္ခာပုဒ်တော်က တားမြစ်လေသည်။ (သုရုသုရု= ရှုပ်ရှုပ်ဟု+ ကာရက = အသံပြု၍)

၂။ ဟတ္ထနိလ္လဟက ဆွမ်းစားသော ရဟန်း, သာမဏေတို့သည် လက်ကို လျက်၍ မရ၊ အယုတ်ဆုံး လက်ချောင်းကလေး တခုကိုသော်မှ လျက်၍မစားရ၊ လက်ဝါးပြင်တို့ကို လျက်စားလျှင် ဆိုဖွယ်မရှိ၊ သို့သော် ပြစ်ခဲသော ယာဂု, ပျားရည်, တင်လဲ, နို့ဃနာ စသည်တို့ကို လက်ချောင်းဖြင့် ကော်၍ ခံတွင်းသို့ သွင်းပြီး စားကောင်းသည်ဟု အဋ္ဌကထာတို့ ဆို၏၊ ထိုသို့ ဆိုခြင်းဖြင့် လက်ချောင်း ခံတွင်းထဲ သွင်းသော်လဲ ဂ ဗဠဝဂ်လာဘုဉ္ဇမာနသိက္ခာပုဒ်နှင့်ဤသိက္ခာပုဒ်ဘိုမှာ အပြစ်မရောက်ဟု ညွှန်ပြပေသည်ဟုဝိမတိဆိုသည်၊ (ပတ္ထ-လက်ကို+ နိဏ္ဏဟက = လျက်၍)

၃။ ပတ္တနိလ္လဟက ဆွမ်းစားသော ရဟန်း, သမဏေတို့သည် ဆွမ်းစားသောအခါ လက်တချောင်းဖြင့်သော်လည်း သပိတ်ကို မခြစ်ကောင်း၊ သို့သော်လဲ ပြစ်ခဲသော ယာဂု စသည်တို့ကိုကား ဖြစ်ကောင်း သည်ဟု မှတ်၊ ကုန်ခါနီး အနည်းငယ်မျှ ကြွင်းကုန်သော ဆွမ်းတို့ကို တပေါင်းတည်း စုပေါင်းကာ ခြစ်စားနိုင်၏။ (ပတ္တ=သပိတ်ကို+နိလ္လဟက= ခြစ်၍)

စာမျက်နှာ-[၁၇၉]

၄။ ဩနိလ္လဟက ဆွမ်းစားသောအခါ နှုတ်ခမ်း၌ ကပ်နေသော (အကပ်အသတ်ကလေးများ ကုန်အောင်) လျှာဖြင့် မလျက်ရ၊ အကပ် အသတ်များကို နှုတ်ခမ်းချင်းဖြင့်သာ သိမ်းယူ၍ ခံတွင်းထဲရောက်အောင် သွင်းယူနိုင်သည်၊ တခဲနက်ဖြစ်သော ယာဂု စသည်ကိုကား လျှာဖြင့် နှုတ်ခမ်းမှ လျက်ယူနိုင်ပါသည်။ (ဩဋ္ဌ=နှုတ်ခမ်းကို+ နိလ္လေဟက= လျက်၍)

ဧသေဝ နယောတိ ဃနယာဂုအာဒီသု ပတ္တံ ဟတ္တေန ဩဋ္ဌဉ္စ ဇိဝှါယ နိလ္လေဟိတုံ ဝဋ္ဋတီတိ အတိဒိသတိ (ဝိ-ဋီ) နိလ္လေဟက သိက္ခာပုဒ် ၃-ပါး မှတ်ခဲ့ပါ။

၅။ ပါနီယတ္ထာလက ရဟန်း, သာမဏေတို့သည် ဆွမ်းဟင်း သားရေစာ စသည်တို့ ပေနေသောလက်ဖြင့် သောက်ရေခွက်ကို မကိုင်ရပါ၊ ရွံရှာဖွယ် ကောင်းသဖြင့် တားမြစ်သောကြောင့် သံဃာ့ခွက် ဖြစ်စေ၊ မိမိခွက်ဖြစ်စေ၊ ဘယ်သူ့ ခွက်ကိုမျှ မကိုင်ကောင်းဟု မှတ်၊ သောက်ရေ ခရုသင်းစသည်တို့ကိုလည်း မကိုင်အပ်၊ အာမိသ မပေသောလက်ဖြင့် ကိုင်ကောင်း၏၊ ခွက်ကိုဆေးအံ့၊ ဆေးခိုင်းအံ့ဟု နှလုံးပြု၍ကား ကိုင်ကောင်းပါ၏၊ (ပါနီယ= သောက်ရေ + ထာလက=ခွက်)

၆။ သသိတ္တက ရဟန်း, သာမဏေတို့သည် ဆွမ်းလုံးတွေနှင့် တကွ သပိတ်ဆေးရေကို ရွာထဲမြို့ထဲ မသွန်လောင်းရ၊ ရှေးအခါ ဆွမ်းခံ သွားယင်း မြို့တွင်း, ရွာတွင်းမှာပင် ဆွမ်းစားကြပြီး ဆွမ်းလုံးတွေနှင့် သပိတ်ဆေးရေတွေ သွန်ထားတာကို ကဲ့ရဲ့မှုကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူသည်၊ ဆွမ်းလုံးပါတဲ့ ဆေးရေတို့ သွန်ထားလျှင် ရွံရှာဖွယ်ရှိသဖြင့် ရွာတွင်းတွင် မဟုတ်ပဲ ကျောင်းတွင်း စသည်တို့၌လည်း အမှတ်မဲ့ မသွန်မိအောင် သတိဆောင်သင့်၏၊ သွန်ဆိုတာ မြေပေါ်သွန်၍သာ အပြစ်ရောက်သည်၊ ထွေးခံ လက်ဆေးခံထဲ သွန်ကောင်းပါသည်။ ဆွမ်းလုံးတွေ စုရုံးဆယ်ယူပြီး ရေချည်းသက်သက် သွန်လျှင် လည်းကောင်း၊ ဆွမ်းလုံးတွေ ခွဲချေ၍ ရေအလားဟူပြု၍ စွန့်လျှင် လည်းကောင်း အပြစ်မရှိပါ။ (သ=တကွ + သိတ္ထက=ဆွမ်းလုံး)

စာမျက်နှာ-[၁၈၀]

အမှာ ခမ္ဘကတဝဂ် သက္ကစ္စ ပဋိဂ္ဂဟဏ သိက္ခာပုဒ်မှစ၍ ဤသသိတ္ထက သိက္ခာပုဒ်တိုင် ၃၀-တို့ကား ဆွမ်းဘောဇဉ်နှင့်စပ်သောကြောင့် ဘောဇနပ္ပဋိသံယုတ္တ သိက္ခာပုဒ်၃၀-တို့ဟူ၍ မှတ်ခဲ့ပါ၊ ဤမှနောက်၌ တရားဟောမှုနှင့် စပ်ဆိုင်သော သိက္ခာပုဒ်များ လာလိမ့်မည်။

၇။ ဆတ္တပါဏိ ဂိလာနမဟုတ် ကျန်းမာလျက် လက်၌ ထီးကိုင်ထားသူအား တရားမဟောကောင်း၊ တရားဟောလိုလျှင် ထီးကို လက်မှ လွှတ်စေပြီးမှသာ ဟောရမည်၊ ထီးဆောင်းထားထား, ပေါင်ပေါ်တင် ထားထား လက်မှမလွတ်လျှင် မဟောအပ်၊ ကိုယ်အင်္ဂါတစုံတခုနှင့်ထိနေသော်လည်း မကိုင်ထားလျှင်လည်းကောင်း၊ သူတပါး ဆောင်းပေးထားလျှင် လည်းကောင်း၊ အနား ထီးချထားလျှင် လည်းကောင်း တရား ဟောကောင်းပါ၏။ ဒဏ္ဍပါဏိ သိက္ခာပုဒ်၌လည်း ဤနည်း မှတ်ပါ။ ဤသိက္ခာပုဒ်၌ ဆတ္တ-အရ ထီးတို့မှာ-

၁။ သေတစ္ဆတ္တ–အဝတ်ပုဆိုးတို့ဖြင့် ပြုလုပ်သော ထီးဖြူ။
၂။ ကိဠဉ္ဇစ္ဆတ္တ–ဖျာဖြင့် ပြုလုပ်သော ဖျာထီး။
၃။ ပဏ္ဏစ္ဆတ္တ – သစ်ရွက်ဖြင့် ပြုလုပ်သော သစ်ရွက်ထီး–ပေါင်း သုံးပါးယူပါ။

အယုတ်ဆုံး အပင်က ပါသောအရိုးဖြင့် ထန်းရွက် စသည်တို့ကို ထီး အလို့ငှါ ဆောင်လျှင် ဤသိက္ခာပုဒ်အရ ဆတ္တပါဏိထဲပါ၍ တရားမဟောအပ်၊ ဤသိက္ခာပုဒ်၌ ဟောသော ဓမ္မတရားအရကား ပါစိတ်ပါဠိတော် ပဒသောဓမ္မ သိက္ခာပုဒ်က ဓမ္မအရနှင့် တူသည်ဟု အဋ္ဌကထာ ဆိုသည်။ သို့ပါ၍ ဓမ္မအရ သင်္ဂါယနာ သုံးတန်တင်သော ပါဠိတော်အဋ္ဌကထာ ဓမ္မ၊ သင်္ဂါယနာ သုံးတန်မတင်သော ရာဇောဝါဒ စသော ဓမ္မမျိုးကို ယူပါ၊ ဟောရာ၌ မာဂဓ ပါဠိဘာသာဖြင့် ဟောမှ အပြစ်ရောက်သည်၊ မြန်မာဘာသာစသည်တို့ဖြင့် ဟောသော တရားမျိုးကို ဟော၍ အပြစ် မရောက်ပါ၊ နောက်တရားနှင့်စပ်သော သိက္ခာပုဒ်တို့၏ ဓမ္မ-အရ ဟောပြပုံကိုကား အတူတူဟုမှတ်ပါ။ (ဆတ္တ=ထီး + ပါဏိ=လက်၌ရှိသူ)

၈။ ဒဏ္ဍပါဏိ ဒဏ္ဍ- အရ မဇ္ဈိမပုရိသ လေးတောင်ရှိသော တုတ် တောင်ဝှေးကို ယူ၊ ကျန်းမာလျက် ထို လေးတောင်ရှိ တောင်ဝှေးကိုင် ထားသူကို တရား မဟောကောင်း၊ မဇ္ဈိမပုရိသ၏ လေးတောင်ဟု အဋ္ဌကထာ ဆိုသည်။

စာမျက်နှာ-[၁၈၁]

ဘုရား တတောင်၊ မ သုံးတောင်၊ တို့မှာ လေးတောင့်ထွာ။

ဆိုသော ရှေးဆရာတို့ တိုင်းထွာပုံနှင့်ဆိုလျှင် ယခုလူတို့ အတောင်အားဖြင့် ခြောက်တောင်ရှိ တောင်ဝှေးဟု ယူရပါလိမ့်မည်၊ ထိုမဇ္ဈိမပုရိသ လေးတောင်ထက် ရှည်, တိုသော တောင်ဝှေးတို့ကို ကိုင်ထားသော်လည်း တရားဟောနိုင်ပါသည်။ (ဒဏ္ဍ=တုတ်, တောင်ဝှေး+ပါဏိ=လက်၌ရှိသူ)

၉။ သတ္ထပါဏိ၌ ဓား, သန်လျက်, လှံ, တင်းပုတ်, သေနတ် စသော လက်နက်တွင် ပါဝင်သမျှ အားလုံး သတ္ထ-အရ ယူ၊ ကျန်းမာပါလျက် လက်နက်ကိုင်ဆောင်ထားသူ တရားမဟောကောင်း၊ ဓား စသည်တို့ကို အအိမ်ထဲသွင်း၍ မကိုင်ပဲ လွယ်ထားသူတို့အား သတ္ထပါဏိ မဟုတ်သဖြင့် တရားဟောင်း၏။ (သတ္ထ=ဓားလက်နက် + ပါဏိ=လက်၌ရှိသူ)

၁၀။ အာဝုဓပါဏိ အာဝုဓ-လေးသည် စာပ-လင်းလေး, ကောဒဏ္ဍ-တူးလေးဟု ၂-မျိုးလာ၏၊ ဤ၌ လေးသက်သက်ဖြစ်စေ၊ မြားနှင့်တကွ လေး ဖြစ်စေ၊ ညှို့တင်သည် ဖြစ်စေ၊ မတင်သည် ဖြစ်စေ၊ လေးဆိုင်ရာ အားလုံး လေးကိုင်း လေးကြိုးများကိုပါ အာဝုဓ-အရ ယူရပါမည်။ ကျန်းမာလျက် လေးကိုင်ထားသူ တရားမဟောကောင်းပါ၊ လွယ်ထားလျှင် ဟောကောင်း၏။ (အာဝုဓ=လေး+ပါဏိ= လက်၌ရှိသူ)

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ သုရုသုရုဝဂ်၌ အနုကရဏ သဒ္ဒါပါသော သိက္ခာပုဒ်ကို အနက်ပေး၍ လဘက်ရည် သောက်ရာ၌ အပြစ်လွတ်အောင် သောက်ပုံ ဖော်ပြပါ။
၂။ နှုတ်ခမ်း၌ ကပ်တဲ့ ဆွမ်းကို ခံတွင်းထဲ ဘယ်လို အပ်အောင် သွင်းရမလဲ။
၃။ မြို့လယ်၌ သပိတ်ဆေးရေ သွန်ကောင်းအောင် ဘယ်လိုလုပ် သွန်ရမလဲ။
၄။ ဒဏ္ဍ သိက္ခာပုဒ်၌ တောင်ဝှေးဆိုတာ ဘယ်လောက် ရှည်တဲ့ တောင်ဝှေး ယူရမလဲ။
၅။ သုရုသုရုဝဂ်၌ အဂိလာနဿပါသော သိက္ခာပုဒ်တခု အနက် ပေး၍ တခုလောက် အဓိပ္ပါယ် ရေးပြပါ။

သုရုသုရုဝဂ် မှတ်သားဖွယ် ပြီးပြီ။

စာမျက်နှာ-[၁၈၂]

ပါဒုကဝဂ် မှတ်သားဖွယ်

ပါဒုကဝဂ်လာ သိက္ခာပုဒ် ၁၅-ပါးတို့၏ အဓိပ္ပါယ်ကား ဘယ်လိုလဲ ?

သိက္ခာပုဒ် အစဉ်အတိုင်း ရှင်းပြအံ့။

၁-၂။ ပါဒုကာရုဠှနှင့် ဥပါဟနာရုဠှတရားဟောမှုသည် တရားနာသူတို့ကို တတ်သိနားလည်အောင် ပြောပြရသော အလုပ်ဖြစ်၍ အလွန်မြင့်မြတ်သော အလုပ်တခု ဖြစ်သည်။ မြင့်မြတ်သောအလုပ်ကို လုပ်သူသည် မြင့်မြတ်သော အနေမျိုးဖြင့်သာ ပြုလုပ်ရေးကို ဘ, ဘုရား အလိုကျဖြစ်သည်၊ တရားနာသူတို့၏ အောက်ကျ နောက်ကျခံသော အနေမျိုးဖြင့် တရားဟောခြင်းကို ဘ, ဘုရား သဘောကျတော် မမူသောကြောင့် အထက်တန်းကျစေတတ်တဲ့ ပါဒုကာရုဠှ စသော သိက္ခာပုဒ်တော်တို့ကို ပညတ်ထားလေသည်၊ သို့ပါ၍ ကျန်းမာလျက်(ပါဒုကာရုဠှ) ခြေနင်းစီးထားသူ၊ ကျန်းမာလျက် (ဥပါဟနာရုဠှ) ဖိနပ်စီးထားသူတို့ကို တရား မဟာရဟု ပညတ်တော်မူသည်၊ ပါဒုက-ခြေနင်းနှင့် ဥပါဟန-ဖိနပ်တို့ ကားတူသယောင်ယောင်ဖြစ်နေသည်၊ အဘိဓာန်၌ မင်းမြှောက်တန်ဆာ ငါးပါးကိုပြရာ၌ ပါဒုကနှင့်သုံးစွဲ၍ သံကိစ္စဇာတ်၌ ဥပါဟနဟု သုံးပြန်သောကြောင့် ပါဒုကနှင့် ဥပါဟနတို့ အနက်တူဟု ထိုထိုအရာ၌ မှတ်သင့်၏။

ဤ သေခိယ၌ကား သိက္ခာပုဒ်တော် ခွဲထား၍ မတူနိုင်ဟု မှတ်ပါ။

အထူးကား ပါဒုက-ခြေနင်းကို သစ်သား, ထန်းလက်, ဝါး, မြက်, သစ်ရွက်တို့ဖြင့်ပြု၏၊ (ဥပါဟန) ဖိနပ်ကို သားရေဖြင့်ပြု၏ဟု ညောင်လေးပင် ရှင့်ကျင့်ဝတ်၌ဆို၏၊ ဝိနည်းပါဠိတော်နှင့်လျော်လှ၏၊ ဟိန္ဒူများ စီးလေ့ရှိသော သဲကြိုးမပါ အဖျား၌ ကြေးဗုတပ်၍ ထိုကြေးဗူးကို ခြေမခြေညှိုးဖြင့်ညှပ်လျက်စီးရာဖိနပ်ကို ပါဒုကခေါ်၍ အခြားသဲကြိုးတပ် အမျိုးမျိုးနှင့် ယခုခေတ် ရှူးဖိနပ် ခြေနင်းများကို ဥပါဟန ခေါ်သင့် သည်ဟု ပါတိမောက် ဘာသာဋီကာ၌ ဆိုသည်၊ ဤကား အထူးတည်း။

စီးနင်းသူ သုံးမျိုး

၁။ ခြေချောင်းမသွင်း နင်းထားသူ အက္ကန္တ ။
၂။ ခြေဖျားစွပ်သွင်း စီးနင်းထားသူ ပဋိမုက္က။

စာမျက်နှာ-[၁၈၃]

၃။ ဖနောင့်ပိတ်သွင်း စီးနင်းထားသူ ဩမုက္က၊ ကျန်းမာကြလျှင် ဤသုံးယောက်စလုံး တရားမဟောကောင်း၊ မကျန်းမာလျှင် တရားနှင့် စပ်သော သိက္ခာပုဒ်အားလုံးတို့၌ ဘယ်လို နေနေ ဟောကောင်း၏ဟု မှတ်ပါလေ။

၃။ ယာနဂတ ကျန်းမာလျက် ယာဉ်စီးထားသူ တရား မဟောကောင်း၊ ဖျက်သောလှည်းဘီးထက်၌ နေသူအားလည်း တရား မဟောအပ်၊ ယာဉ်တခုတည်း၌ နှစ်ယောက်အတူနေလျက် ဟောလျှင် အပ်၏။

ဤသိက္ခာပုဒ်လာ ယာဉ် ၆-မျိုး
၁။ ဝယှ=ယာဉ်ပေါင်းချုပ်။
၂။ ရထ=ရထား။
၃။ သကဋ=လှည်း။
၄။ သန္ဒမာနိကာ=ဂဠုန်တောင်ကဲ့သိုတပ်သော လှည်း။
၅။ သိဝိကာ= ထမ်းစဉ်။
၆။ ပါဋင်္ကီ=သံလျှင်း၊ ပေါင်း ယာဉ် ၆-မျိုး ရှိ၏။

အခြင်, ရွှေရိုး, ရွှေတံ, ပွတ်လုံး လက်တင်တို့ဖြင့် စီရင်၍ ဂဠုန်တောင် ကဲ့သို့ပြုသော လှည်းသည် သန္ဒမာနိက မည်၏။ ထိုယာဉ် အားလုံး၌ ကျန်းမာလျက် နေသူအား တရား မဟောအပ်၊ လူတို့သည် လက်ကို ယှက်၍ ယူသူအားလည်းကောင်း၊ ပုဆိုး၌ထား၍ ပါးဖြင့် ဆောင်ယူသူ အားလည်းကောင်း မဟောအပ်ဟု မှတ်၊ ယာဉ်ချင်းတူသော်လည်း နောက်ကလည်း မဟောရ၊ နိမ့်ရာကလည်း မဟောရ၊ ညံ့ရာက မဟာရ ဆိုလိုသည်။ (ယာန=ယာဉ်ပေါ်၌+ ဂတ= ရောက်နေ စီးနေသူ)

၄။ သယနဂတသိက္ခာပုဒ်၌ သယန-အိပ်ရာဆိုသည်မှာ အိပ်ဖို့ပြင် ထားသောနေရာကိုသာ ယူရမည် မဟုတ်၊ မြေကြီးပေါ်၌ လျောင်းနေလျှင် ထိုမြေကြီးသည် အိပ်ရာပင်တည်း၊ ဖျာပေါ်လျောင်းလျှင် ဖျာသည် အိပ်ရာတည်း၊ ဆိုလိုရင်းမှာ ကျန်းမာလျက် လျောင်းအိပ်နေသူကို တရား

စာမျက်နှာ-[၁၈၄]

ဟောသူက ပလ္လင်-အင်းပျဉ် ညောင်စောင်းမှာ နေလျက်ပင် ဖြစ်စေ၊ ရပ်လျက် ထိုင်လျက်ဖြစ်စေ မဟောရ ဟူလို၊ (လျောင်းတာချင်း တူလျှင် ဟောသူနေရာက မနိမ့်မူ ဟောကောင်း၏၊ လျောင်းသူက ထိုင်သူ, ရပ်သူ ၂ မျိုးလုံး ဟောကောင်း၏၊ ထိုင်သူက ထိုင်သူ, ရပ်သူ ၂-မျိုးလုံး ဟောကောင်း၏။ ရပ်သူကား ရပ်သူချင်းတူနေသူကိုသာ ဟောကောင်း၏၊) (သယန= အိပ်ရာ၌+ ဂတ=ရောက်နေသူ)

၅။ ပလ္လတ္တိကနိသိန္နသိက္ခာပုဒ်၌ အဓိပ္ပါယ်မှာ ခမ္ဘကတဝဂ်ပလ္လတ္ထိကသိက္ခာပုဒ်၌ ဆိုခဲ့သည့်အတိုင်း ကျန်းမာလျက် လက်အာယောဂပတ်, ပုဆိုးအာယောဂပတ်ဖွဲ့၍ နေသူကို တရားမဟောရဟု မှတ်။

၆။ ဝေဌိတသီသ ဝေဌိတ-အရ ခေါင်းပေါင်းသော ရစ်ပတ်ခြင်း၊ ဦးထုပ် မကိုဋ်ဆောင်းသော ရစ်ပတ်ခြင်းစသည်ဖြင့် ဆံပင်မပေါ်အောင် ရစ်ပေါင်းအုပ်ထားမှုကို ရစ်ပေါင်းဟု ဆိုသည်။ ထိုသို့ ဆံပင်မပေါ်အောင် ရစ်ပေါင်းထားသူအား တရား မဟောအပ်၊ ဟောလိုလျှင် ဆံစပေါ်အောင်ပြုလုပ်၍ ဟောကောင်း၏။ မြန်မာတို့ ခေါင်းပေါင်း ပေါင်းပုံကား ဆံစပေါ်၍ လွတ်လပ်ခွင့် ရ၏။

၇။ ဩဂုဏ္ဌိတသီသ ခေါင်းမြီးခြုံထားသူအား တရား မဟောကောင်း၊ ဟောလိုလျှင် ခေါင်းမြီးခြုံဖွင့်စေပြီးမှ ဟောရမည်။

၈။ ဆမာ မြေပေါ်၌ ထိုင်နေသောသူသည် မြက်အခင်း ဖြစ်စေ၊ အဝတ်ဖြစ်စေ ခင်းထိုင်နေသူအား တရားမကောင်း၊

၉။ နီစ နိမ့်သောနေရာ၌ နေ၍ မြင့်သောနေရာ၌နေသူအား တရား မဟောကောင်း၊ အယုတ်ဆုံး မြေပြင်ချင်းတူသော်လည်း နိမ့်သောမြေ၌ ထိုင်လျက် မြင့်သောမြေ၌ ထိုင်နေသူအား တရားမဟောကောင်း။

၁၀။ ဌိတ မတ်တတ်ရပ်သူက ထိုင်သူအား တရားမဟောကောင်း၊ ဆရာထေရ်ကြီးသည် ထိုင်လျက် မိမိအနီးအပါး၌ ရပ်နေသူ ရဟန်း, သာမဏေအား ပါဠိအဋ္ဌကထာဆိုင်ရာ ပြဿနာကိုမသိ၍ မေးလျှင် ရဟန်း, သာမဏေက မဖြေကောင်း၊ ဆရာကိုရပ်၍ မေးပါဟု လျှောက်ရန်လည်း မသင့်၊ ထိုအခါ မိမိနား ရပ်နေသူကို ဖြေဆိုမည်ဟု နှလုံးသွင်း၍ ဖြေဆို

စာမျက်နှာ-[၁၈၅]

ရမည်ဟု အဋ္ဌကထာ ဆိုသည်။ ၎င်း အဋ္ဌကထာ၌ မထေရ်ကြီးသည် မိမိ၏ ယုံမှားသင်္ကာကို မေးလိုသောကြောင့်သာ မဖြေဆိုကောင်းဟု ဆိုသည်။ သီတင်းငယ်၏ ဉာဏ်စွမ်းသိလို၍ မေးသောမထေရ်ကြီးအား လက်အုပ်ချီ လျက်ပင် ဖြေဆိုနိုင်ပါသေးသည်ဟု မှတ်၊ မတ်တတ်ရပ်ဟောသော ဓမ္မ ကထိကကို ဤနည်းယူ၍ ဟောသင့်ပေသည်။

၁၁။ ပစ္ဆာ ဂစ္ဆန္တ နောက်မှလိုက်၍ရှေ့က သွားနေသူအား တရားမဟောကောင်း၊ ပုစ္ဆာမေးသော်လည်း မဖြေဆိုအပ်၊ မိမိနောက်က လိုက်လာသူရှိလျှင် နောက်လိုက်သူအား ပြောမည်ဟု ဖြေဆိုလျှင် အပ်၏။ အတူသင်ယူအပ်သော ပါဠိဓမ္မကို သရဇ္ဈာယ်ခြင်းငှါလည်း အပ်၏၊ ညီတူ သွားသူအား တရားဟောခြင်းငှါ အပ်၏။ (ပစ္ဆတော= နောက်မှ)

၁၂။ ဥပ္ပထေန ဂစ္ဆန္တ လမ်းဘေး (လမ်း မဟုတ်သည်မှ)လိုက်၍ ကျန်းမာလျက် လမ်းပေါ်သွားသူအား တရားမဟောကောင်း၊ လှည်း လမ်း၌ တလမ်းစီဖြင့်လည်းကောင်း၊ လမ်းမဟုတ်ချင်း တူသဖြင့်လည်းကောင်း ညီတူ သွားရာ၌ ဟောနိုင်၏။ (ဥပ္ပထေန-ခရီးမဟုတ်သဖြင့်)

အမှာ သုရုသုရုဝဂ် ဆတ္တပါဏိ သိက္ခာပုဒ်မှစ၍ ဤ ဥပ္ပထေန ဂစ္ဆန္တသိက္ခာပုဒ်တိုင်အောင်ကား တရားဟောခြင်းနှင့် စပ်သောကြောင့် ဓမ္မဒေသနာ ပဋိသံယုတ္တ သိက္ခာပုဒ် ၁၆-ပါးဟု မှတ်ခဲ့ပါ။

၁၃။ ဌိတော ဥစ္စာရ ရဟန်း, သာမဏေတို့သည် ကျန်းမာလျက် မတ်မတ်ရပ်ပြီး ကျင်ကြီး ကျင်ငယ် မစွန့်ရ၊ စွန့်ရာအရပ်သို့ သွားနေစဉ် မချုပ်တီးနိုင်၍ ထွက်သွားလျှင်အပြစ်မရှိ၊ (ဥစ္စာရ= ကျင်ကြီး+ ပဿာဝ= ကျင်ငယ်)

၁၄။ ဟရိတေ ဥစ္စာရ မနားဖျားသော သာမဏေတို့သည် မသေသေးသော မြက်ပေါ်၌လည်းကောင်း၊ မြေကြီးပေါ်ဝယ် ပေါ်ထွက်နေသော သစ်မြစ်နှင့်ပင်စည် အကိုင်းအခက် အရွက်တို့ အပေါ်၌ လည်းကောင်း ကျင်ကြီးကျင်ငယ် တံတွေး နှပ်တို့ကို မစွန့်ရဟု ဤသိက္ခာပုဒ်က တားမြစ်သည်၊ သစ်ကိုင်း၌ ထိုင်၍ စိမ်းသော မြက်သစ်ပင်မရှိရာ အရပ်၌

စာမျက်နှာ-[၁၈၆]

စွန့်ခြင်းငှါ အပ်၏၊ နေရာရှာနေစဉ် အဆောတလျှင် ထွက်သွားလျှင် လူနာအရာ၌ တည်သောကြောင့် အပြစ်မရှိ၊ မြက်ခင်းပေါ်၌ စွန့်စရာ မြေကွက်ရှာမရမူ မြက်ကရွတ်ခွေ သစ်ရွက်ခြောက် စက္ကူ စသည်တို့ အပေါ်၌ စွန့်အပ်၏၊ တံတွေးကို ရေနှင့်ရောထွေးလျှင် အပ်၏၊ ဝါ-ပါးစပ်ဖြင့် ငုံထားသောရေ ထွေးသွန်ကောင်း၏၊ တံတွေးဖြင့် နှပ်ကိုလည်း ရေတွက်အပ်၍ မြက် သစ်ပင်တို့၌ နှပ်မညှစ်ရ၊ မစွန့်ရဟု မှတ်။

၁၅။ ဥဒက ဥစ္စာရ သိက္ခာပုဒ်၌ သုံးစွဲ သောက်ချိုးကောင်းသော ရေကို ဥဒက-အရ ယူပါ၊ ထိုသုံးစွဲ သောက်ချိုးကောင်းသော ရေ၌ ကျန်းမာလျက် ကျင်ကြီးကျင်ငယ် တံတွေးနှင့် နှပ်တို့ မစွန့်ရဟုဆိုလိုသည်။ ကုဋီတွင်းဝင်သောရေစသော မကောင်းသောရေ သမုဒ္ဒရာရေတို့၌ စွန့်သော်လည်း အပြစ်မရှိ၊ မြစ်ထဲ လှေသင်္ဘောစီးစဉ်လည်းကောင်း၊ ရေပြင်ကြီး ဖြစ်နေခဲ့လျှင်လည်းကောင်း၊ ရေလွတ်ရာ ရှာမရခဲ့လျှင်လည်းကောင်း ရေထဲ၌ စွန့်ခြင်းငှါ အပ်၏၊ ကုန်း၌စွန့်လျက် ရေထဲသို့ စီးဆင်းလျှင် အပြစ်မရှိ။

ပါဒုကဝဂ် မှတ်သားဖွယ် ပြီးပြီ။

သေခိယဖြိုးပြွမ်း မှတ်သားဖွယ်

(က) သေခိယသိက္ခာပုဒ်တို့ကို ဘယ်မြို့၌ ဘယ်သူ့ အကြောင်းပြု၍ ဘုရားရှင် ပညတ်ပါသလဲ?

ကောသမ္ဘီပြည် သောသိတာရုံကျောင်း၌ ဗုဒ္ဓ သီတင်းသုံးစဉ် ပုဏ္ဏား တယောက် လှူဒါန်းသော နို့ရည်အဖျော်ကို ရှုပ်ရှုပ်မြည်အောင် သောက်သော ရဟန်းတို့အား ကချေသည်ဖြစ်ဘူးတဲ့ ရဟန်းတပါးက အချမ်း နှိပ်စက်နေသလား၊ မြွေအပေါင်းလားဟု ပြက်ရယ်ပြုခြင်းကြောင့် သုရု သုရုကာရကသိက္ခာပုဒ် ပညတ်တော်မူသည်၊ သုရုသုရုဝဂ်၌ ပါနီယတ္ထာလကသိက္ခာပုဒ်နှင့် သသိတ္တကသိက္ခာပုဒ် ၂-ပါးကို ဘဂ္ဂတိုင်း ကောကနုဒ မည်သော ဗောဓိမင်းသားပြာသာဒ်၌ အာမိသရှိသောလက်ဖြင့် သောက် ရေခွက် ကိုင်ကုန်သော ရဟန်းများနှင့် ဆွမ်းလုံးနှင့်တကွ သပိတ်ဆေးရေ

စာမျက်နှာ-[၁၈၇]

စွန့်သော ရဟန်းများကို အကြောင်းပြု၍ ပညတ်တော်မူသည်၊ ကြွင်း ကျန်သော ၇၂-ပါးသော သိက္ခာပုဒ်တို့ကို သာဝတ္ထိပြည်၌ အကြင်အကြင် ချွတ်ယွင်းချက်ကြောင့် ကဲ့ရဲခံရသော (ဆဗ္ဗဂ္ဂီ) ခြောက်ယောက် အစုရှိ ရဟန်းတို့ကို အကြောင်းပြု၍ ပညတ်တော်မူခဲ့ပေသည်။

(ခ) သိက္ခာပုဒ် ရိုသေလျက် မတော်တဆ ချွတ်ယွင်းလျှင် သေခိယ သိက္ခာပုဒ်တို့အတွက် အပြစ်ရောက်နိုင်သေးသလား ?

သေခိယ ၇၅-ပါးလုံးပါဠိတော်၌ “အနာဒရိယံ ပဋိစ္စ”ဟုဟော်တော်မူသောကြောင့် မရိုမသေ မလေးမစားသော အနာဒရိယ စိတ်နှင့်တကွ လွန်ကျူးမှ အပြစ်ရောက်သည်ဟု မှတ်၊ သို့သော် မရိုမသေ စိတ်ကား လွန်စွာ သိမ်မွေ့သည်။ ထို့ပြင် ပါဠိတော် အပြစ်ရောက်သော အခန်း၌ သေခိယသိက္ခာပုဒ်တိုင်း (၁) အသဉ္စိစ္စ-ပညတ်တော် လွန်ကျူးအံ့ဟူသော စိတ်စေတနာမရှိပဲ ချွတ်ယွင်းခဲ့လျှင် လည်းကောင်း၊ (၂) အသတိယာ-သတိမထား တခြားနှလုံးသွင်းလျက် ချွတ်ယွင်းခဲ့လျှင် လည်းကောင်း၊ (၃)အဇာနန္တဿ-မသိခိုက်ဖြစ်၍ ချွတ်ယွင်းခဲ့လျှင်လည်းကောင်းသုံးပါး စလုံး အပြစ်မရှိဟု မှတ်ပါ။

(ဂ) သားရဲ ခိုးသူ စသော ဘေးရန်တို့ကြောင့်သော်မှ အပြစ်မလွတ် နိုင်တဲ့ သိက္ခာပုဒ် ရှိသေးသလား ?

သုသံဝုတ သိက္ခာပုဒ် နှစ်ခုဟာ ဘေးရန်တို့ကြောင့် မလွတ်ပါ၊ ကြွင်း ၇၃-ပါး သိက္ခာပုဒ်တို့ကား “အနာပတ္တိ အာပဒါသု”ဟု ဟောသောကြောင့် ဘေးရန်တို့အတွက် လွတ်ပါသည်။

(ဃ) ပါစိတျာဒိ အဋ္ဌကထာကြီးမှာ ဘယ်လိုဆိုသေးသလဲ ?

သေခိယ ၇၅-ပါးစလုံး၌ အာဗာဓ-အနာ ဟူသော အကြောင်းကြောင့် အပြစ်မရှိ လွတ်လပ်ခွင့်ရှိသည်ဟု ဆိုပါသည်။

သဗ္ဗသေခိယေသု အာဗာဓပစ္စယာ အနာပတ္တိ။ (ထာ)

စာမျက်နှာ-[၁၈၈]

(င) ဂိလာန-မကျန်းမာသူတို့သော်မှ မလွတ်နိုင်တဲ့ သေခိယ သိက္ခာပုဒ် ဘယ်လောက်လဲ ?

(၁) သမတိတ္တိက၊ (၂) သူပဗျဉ္ဇနပဋိစ္ဆာဒန၊ (၃) ဥဇ္ဈာနသညီ ၎င်း သုံးပါးတို့သည် ဂိလာနသော်မှ မလွတ်၊ ကြွင်း ၇၂-ပါးသော သေခိယတို့မှာ “အနာပတ္တိ ဂိလာနဿ”ဟု ဟောသောကြောင့် ဂိလာနတို့ လွတ်လပ်ခွင့် ရသည်။

(စ) ရွာတွင်း တည်းခိုသောအားဖြင့် နေထိုင်သော ဝါသူပဂတ ပုဂ္ဂိုလ်တို့ လွတ်လပ်ခွင့်ရသာ သေခိယ သိက္ခာပုဒ်တို့ကား ဘယ်လောက်လဲ ?

နိသီဒန ဖြစ်ကုန်သော (၁) သုပ္ပဋိစ္ဆန္န၊ (၂) ဥက္ခိတ္တကာယ၊ (၃) ကာယပ္ပစာလက၊ (၄) ဗာဟုပ္ပစာလက၊ (၅) သီသပ္ပစာလက၊ (၆) ခမ္ဘကတ၊ (၇) ဩဂုဏ္ဌိတ၊ (၈) ပလ္လတ္ထိကာယ-အားဖြင့် နိသီဒန သိက္ခာပုဒ် ၈-ပါးတို့၌ အနာပတ္တိ ဝါသူပဂတဿ ဟု ဟောသောကြောင့် ဝါသူပဂတို့ လွတ်လပ်ခွင့် ရပါသည်။

(ဆ) ကိုယ်, နှုတ်, စိတ် သုံးပါးကြောင့်ဖြစ်သော သေခိယသိက္ခာပုဒ်တို့ကား ဘယ်လောက်လဲ ?

ဥဇ္ဇဂ္ဃိက ၂-ခု, အပ္ပသဒ္ဒ ၂-ခု, သကဗဠဗျာဟရဏ, ဆမာ, နီစ, န ဌိတော, နိသိန္န, ပစ္စတောဂမန, ဥပ္ပထဂမနအားဖြင့် သိက္ခာပုဒ် ၁၀-ခုတို့သည် သမာနုဘာသနသမုဋ္ဌာန်) ကိုယ်, နှုတ်, စိတ်သုံးပါးကြောင့်ဖြစ်၏။ ထို့ပြင်, ကြိယ, သညာဝိမောက္ခ, သစိတ္တက, လောကဝဇ္ဇ, ကာယကမ္မ, ဝစီကမ္မ, အကုသလစိတ္တ, ဒုက္ခဝေဒနာတို့ ဖြစ်ကုန်၏။

(ဇ) ကိုယ်, စိတ်ကြောင့်လည်းကောင်း၊ ကိုယ်, နှုတ်, စိတ်ကြောင့် လည်းကောင်း ဖြစ်တဲ့ သေခိယ သိက္ခာပုဒ် ဘယ်ဟာလဲ?

သူပေါဒန ဝိညတ္တိ သိက္ခာပုဒ် ဖြစ်ပေသည်။၎င်းသည် ထေယျ သမုဋ္ဌာန်ဖြစ်၍ ကြိယာ စသည်တို့ အထက်အတိုင်း တူ၏။

စာမျက်နှာ-[၁၈၉]

(ဈ) နှုတ်, စိတ်ကြောင့်ဖြစ်သော သေခိယ သိက္ခာပုဒ်ကား ဘယ်မျှရှိသလဲ ?

(၁) ဆတ္တပါဏိ၊ (၂) ဒဏ္ဍပါဏိ၊ (၃) သတ္ထပါဏိ၊ (၄) အာဝုဓ ပါဏိ၊ (၅) ပါဒုကာရုဠှ၊ (၆) ဥပါဟနာရုဠှ၊ (၇) ယာနဂတ၊ (ဂ) သယနဂတ၊ (၉) ပလ္လတ္ထိက၊ (၁၀) ဝေဌိတသီသ၊ (၁၁) ဩဂုဏ္ဌိတသီသအားဖြင့် သိက္ခာပုဒ် ၁၁-ပါးတို့သည် (ဓမ္မဒေသနာ သမုဋ္ဌာန်) နှုတ်, စိတ်ကြောင့် ဖြစ်ကုန်၏၊ ကြိယာကြိယ, ဝစီကမ္မ ဖြစ်၏။ အကြွင်း အထက်နှင့် တူပြီ။

(ည) ကိုယ်, စိတ်ကြောင့်ဖြစ်သော သေခိယ သိက္ခာပုဒ်ကား ဘယ်လောက် ရှိသလဲ ?

ဆ-ဇ-ဈ၊ နံပါတ်လာ သုံးရပ်မှကြွင်းသော ၅၃-ခုသော သိက္ခာပုဒ်တို့သည် (မေထုနသမုဋ္ဌာန်) ကိုယ်, စိတ်ကြောင့် ဖြစ်ကုန်၏၊ ကြိယာ, ကာယကမ္မတို့တည်း၊ အကြွင်း အထက်အတိုင်း တူ၏။

(ဋ) အထက်က ပြခဲ့သော ကြိယ ကြိယာကြိယ စသည်တို့၏ အဓိပ္ပာယ်ကား ဘယ်လိုလဲ ?

၁။ မပြုသင့်သည်ကို ပြုခြင်းကြောင့်ဖြစ်သော အပြစ်သည် ကြိယာမည်၏။
၂။ မပြုသင့်သည်ကိုပြု၊ ပြုသင့်သည်ကို မပြုခြင်းသည် ကြိယာကြိယမည်၏။
၃။ လွန်ကျူးလိုသော သညာမရှိသဖြင့် လွတ်နိုင်သောအပြစ်သည် သညာဝိမောက္ခ မည်၏။
၄။ အကုသိုလ်စိတ် အင်္ဂါနှင့်တကွဖြစ်သော အပြစ်သည် သစိတ္တက မည်၏။

စာမျက်နှာ-[၁၉၀]

၅။ ပကတိအားဖြင့် လောကပြစ် အကုသိုလ် မလွတ်သော အပြစ်သည် လောကဝဇ္ဇ မည်၏။
၆။ ကိုယ်ဖြင့်ပြုသော အမှုရှိသော အပြစ်သည် ကာယကမ္မ မည်၏။
၇။ နှုတ်ဖြင့်ပြောသော အမှုရှိသော အပြစ်သည် ဝစီကမ္မ မည်၏။
၈။ အကုသိုလ်စိတ်ရှိသော အပြစ်သည် အကုသလစိတ္တ မည်၏။
၉။ ဒေါမနဿ ဝေဒနာရှိသော အပြစ်သည် ဒုက္ခဝေဒနာ မည်၏။ ၃၅-ပါးလုံး သညာဝိမောက္ခ, သစိတ္တက, လောကဝဇ္ဇ, အကုသလစိတ္တဒုက္ခဝေဒနာ-ဤ ငါးချက် တူ၏၊ သမုဋ္ဌာန်, ကြိယာ, ကာယ, ဝစီတို့သာ ထူးထွေကြသည်။

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ ခြေနင်းစီးထားသူ ဖျားနာနေလျှင် တရားဟောကောင်းသည် ဟု ဘယ်ပါဠိက ပြသလဲ အစိတ်ထုတ်ပြ။
၂။ ခြေနင်းနှင့် ဖိနပ်တို့၏ အထူးကို ဖော်ပြ၍ ထီးဆောင်း ဖိနပ်စီး၍ မတ်တတ်ရပ်သူအား ထိုင်တရားဟောတဲ့ သာမဏေ ဘယ် သိက္ခာပုဒ်နှင့် ထိခိုက်သည် ဟု သိက္ခာပုဒ်အမည်မျှ ဖော်ပြပါ။
၃။ အိပ်ရာထဲကျန်းမာလျက်လျောင်းနေသူအား တရားဟောသော သာမဏေ အပြစ်မရောက်အောင် ဘယ်သို့ ဟောသင့်ပါသလဲ။
၄။ ဂိလာနတို့ မလွတ်နိုင်သည့် သိက္ခာပုဒ်တို့ကို ပါဠိမှ ထုတ်ပြပါ။
၅။ ဝါသူပဂတ-ပုဂ္ဂိုလ်ကို လွတ်လပ်ခွင့်ရနိုင်တဲ့ သိက္ခာပုဒ် သုံးခုလောက် အနက်ယောဇနာပါ။

သေခိယ ပြိုးပြွမ်း မှတ်သားဖွယ် ပြီးပြီ။

စာမျက်နှာ-[၁၉၁]

ခန္ဓကဝတ် ပါဌ် အနက်

စုဒ္ဒသခန္ဓက ဝတ္တာနိနာမ ခန္ဓကေဝုတ္တာနိ ကထံ။ အာဂန္တုကဝတ္တံ, အာဝါသိကဝတ္တံ, ဂမိကဝတ္တံ, အနုမောဒနဝတ္တံ, ဘတ္တဂ္ဂဝတ္တံ, ပိဏ္ဍစာရိကဝတ္တံ, အာရညကဝတ္တံ, သေနာသနဝတ္တံ, ဇန္တာဃရဝတ္တံ, ဝစ္စကုဋိဝတ္တံ, ဥပဇ္ဈာယဝတ္တံ, သဒ္ဓိဝိဟာရိကဝတ္တံ, အာစရိယဝတ္တံ, အန္တေဝါသိကဝတ္တဉ္စာတိ ဣမာနိ စုဒ္ဒသ ခန္ဓက ဝတ္တာနိ၊ ဧတာနိစ သဗ္ဗေသံ သဗ္ဗဒါစ ယထာရဟံ စရိတဗ္ဗာနိ။

၁။ ဝတ္တံ အပရိပူရေန္တော၊ သီလံ န ပရိပူရတိ၊
အသုဒ္ဓသီလော ဒုပ္ပညော၊ စိတ္တေကဂ္ဂံ န ဝိန္ဒတိ။

၂။ ဝိက္ခိတ္တစိတ္တော နေကဂ္ဂေါ၊ သမ္မာ ဓမ္မံ န ပဿတိ၊
အပဿမာနော သဒ္ဓမ္မံ၊ ဒုက္ခာ န ပရိမုစ္စတိ။

၃။ ယံ ဝတ္တံ ပရိပူရေန္တော၊ သီလံပိ ပရိပူရတိ။
ဝိသုဒ္ဓသီလော သပညော၊ စိတ္တေကဂ္ဂံပိ ဝိန္ဒတိ။

၄။ အဝိက္ခတ္တစိတ္တော ဧကဂ္ဂေါ၊ သမ္မာ ဓမ္မံ ဝိပဿတိ။
သမ္ပဿမာနော သဒ္ဓမ္မံ၊ ဒုက္ခာ သော ပရိမုစ္စတိ။

၅။ တသ္မာ ဟိ ဝတ္တံ ပူရေယျ၊ ဇိနပုတ္တော ဝိစက္ခဏော၊
ဩဝါဒံ ဗုဒ္ဓ သေဋ္ဌဿ၊ ကတွာ နိဗ္ဗာန မေဟိတိ။(စူဠဝါပါဠိတော်)

စုဒ္ဒသ၊ တစ်ဆယ့်လေးပါးကုန်သော။ ခန္ဓက ဝတ္တာနိ နာမ၊ ခန္ဓကဝတ် မည်သည်တို့ကို။ ခန္ဓကေ၊ မဟာဝါ, စူဠဝါခန္ဓက၌။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်၏။ ကထံ ဝုတ္တာနိ၊ အဘယ်သို့ဟောတော် မူအပ်ကုန်သနည်း ဟူမူကား၊

စာမျက်နှာ-[၁၉၂]

၁။ အာဂန္တုကဝတ္တဉ္စ၊ အရံတွင်းသို့ မဝင်မီ ဘိနပ်ချွတ်ခြင်း, ထီးရုပ်ခြင်း, ဦးခေါင်းခြုံကို ဖွင့်ခြင်း, ဦးခေါင်း၌ တင်သော သင်္ကန်းကို ပခုံးသို့ချခြင်း အာဝါသိက ရဟန်းကြီးကို ရှိခိုးခြင်းစသော အာဂန္တုက ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်းကောင်း။

၂။ အာဝါသိကဝတ္တဉ္စ၊ အာဂန္တုကရဟန်းကြီးကို မြင်လျှင် ခရီးဦးကြိုဆိုခြင်း, သပိတ်သင်္ကန်းကို လှမ်းယူခြင်း, အာဂန္တုကရဟန်းကြီးကို ရှိခိုးခြင်း, ခြေဆေးရေ ခြေဆေးအင်းပျဉ် စသည်ကို အနီး၌ ထားခြင်းစသော အာဝါသိက ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်းကောင်း။

၃။ ဂမိကဝတ္တဉ္စ၊ သစ်ဘဏ္ဍာ, မြေဘဏ္ဍာ စသည်တို့ကို သိုမှိးခြင်း, တံခါးမ, လေသာတံခါးတို့ကို ပိတ်ခြင်း, ပန်ပြော၍ သွားခြင်းစသော ခရီးသွားအံ့သော ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်းကောင်း။

၄။ အနုမောဒနဝတ္တဉ္စ၊ မထေရ်ကြီး တရားဟောခြင်း, မထေရ်ကြီးက တိုက်တွန်းမှ ဟောခြင်း, ပန်လျှောက်၍ ဟောခြင်းစသော တရားဟောရာ၌ ပြုရာသော ဝတ်လည်းကောင်း။

၅။ ဘတ္တဂ္ဂဝတ္တဉ္စ၊ တရားဟောခြင်း, ရဟန်းကြီးကို တိုးဝှေ့၍ မနေမထိုင်ခြင်း, ရဟန်းငယ်တို့အား နေရာဖြင့် မမြစ်ခြင်းစသော ဆွမ်း စားဇရပ်၌ ပြုရာသော ဝတ်လည်းကောင်း။

၆။ ပိဏ္ဍစာရိကဝတ္တဉ္စ၊ သစ်ဘဏ္ဍာ, မြေဘဏ္ဍာ စသည်တို့ကို သိုမှီးခြင်း, သပိတ်ကို ရေကျင်းခြင်း, ခါးပန်းကို ဖွဲ့ခြင်း, သင်းပိုင် သင်္ကန်းတို့ကို အဝန်းညီစွာ ဝတ်ရုံခြင်း, သေခိယနှင့်အညီ သွားခြင်း, မနှေးမလျင် ရွာတွင်းသို့ ဝင်ခြင်း, မရှည်မကြာ ရပ်ခြင်း စသော ဆွမ်းခံ ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်ကောင်း။

၇။ အာရညကဝတ္တဉ္စ၊ သောက်ရေ, သုံးဆောင်ရေ တည်ထားခြင်း, မီးပွတ်ခုံ ပွတ်ကျည် တောင်ဝှေးထားခြင်း, အရပ်လေးမျက်နှာ တာရာ

စာမျက်နှာ-[၁၉၃]

နက္ခတ်တို့ကို မှတ်သားခြင်း စသော တောနေ ရဟန်း, သာမဏေတို့ ပြုရာသော ဝတ်လည်ကောင်း။

၈။ သေနာသနဝတ္တဉ္စ၊ ညောင်စောင်း, အင်းပျဉ်, အိပ်ရာ နေရာ တို့ကို သုတ်သင်ခြင်း, နေလှန်းခြင်း, ပရိဝုဏ်, ရေချိုးအိမ်, ဝစ္စကုဋိ စသည်တို့ကို တံမြက်လှည်းခြင်းစသော ကျောင်း၌ ပြုရာသောဝတ်လည်ကောင်း။

၉။ ဇန္တာဃရဝတ္တဉ္စ၊ ပြာကိုစွန့်ခြင်း, တံမြက်လှည်းခြင်း စသော ချွေးဇရုံးအိမ်၌ ပြုရာသော ဝတ်လည်‌ကောင်း။

၁၀။ ဝစ္စကုဋိဝတ္တဉ္စ၊ ချောင်းဟန့်ခြင်း, သင်္ကန်းတန်း၌ သင်္ကန်းကို တင်၍ မနှေးမလျင်ဝင်ခြင်း, သင်းပိုင်ကို ပင့်၍ မဝင်ခြင်း, နင်းခုံ၌ နင်းမိမှ သင်းပိုင်ကို ပင့်ခြင်း, ကြမ်းသော ကနုတံစသည်ဖြင့် မသုတ်ခြင်း, သန့်သက်ရေဆေးခြင်း, နင်းခုံ၌ နင်းလျက် သင်းပိုင်ကို ဖုံးလွှမ်းခြင်း စသော ကျင်ကြီးအိမ်၌ ပြုရာသော ဝတ်၄င်း။

၁၁။ ဥပဇ္ဈာယဝတ္တဉ္စ၊ နံနက်စောစောထ၍ ကိုယ်ဝတ်ကို လက်ကတော့တင်၍ မျက်သစ်ရေ တံပူကပ်ခြင်း, ယာဂုဆွမ်းကပ်ခြင်း, သပိတ်ခွက်ဆေးခြင်း, ကျောင်းအိပ်ရာ, နေရာတို့ကို သုတ်သင်ခြင်း, နေလှန်းခြင်း, တံမြက်လှည်းခြင်း, နေရာခင်းခြင်း စသည်ဖြင့် ဥပဇ္ဈာယ် ဆရာ၌ သဒ္ဓိဝိဟာရိက တပည့်တို့က ပြုရာသော ဝတ်လည်းကောင်း။

၁၂။ သဒ္ဓိဝိဟာရိကဝတ္တဉ္စ၊ သင်္ဂြိုဟ်ထောက်ပင့် ချီးမြှင့်ခြင်းစသည်တို့ဖြင့် သဒ္ဓိဝိဟာရိကတပည့်တို့၌ ဥပဇ္ဈာယ်ဆရာက ပြုရာသော ဝတ်လည်းကောင်း။

၁၃။ အာစရိယဝတ္တဉ္စ၊ နံနက်စောစောထ၍ ကိုယ်ဝတ်ကို လက်ကတော့တင်၍ မျက်သစ်ရေ တံပူကပ်ခြင်း, ယာဂုဆွမ်းကပ်ခြင်း, သပိတ်ခွက်ဆေးခြင်း, ကျောင်းအိပ်ရာ, နေရာတို့ကို သုတ်သင်ခြင်း, နေလှန်းခြင်း, တံမြက်လှည်းခြင်း, နေရာခင်းခြင်း စသည်ဖြင့် ဆရာလေးပါးတို့၌ တပည့်လေးပါးတို့က ပြုရာသော ဝတ်လည်းကောင်း။

စာမျက်နှာ-[၁၉၄]

၁၄။ အန္တေဝါသိကဝတ္တဉ္စ၊ သင်္ဂြိုဟ်ထောက်ပင့် ချီးမြှင့်ခြင်း စသည်ဖြင့် တပည့်လေးပါးတို့၌ ဆရာလေးပါးတို့က ပြုရာသော ဝတ်လည်းကောင်း။

ဣတိ၊ ဤသို့။ ဣမာနိ စုဒ္ဒသခန္ဓကဝတ္တာနိ၊ ဤတစ်ဆယ့် လေးပါးကုန်သော ခန္ဓကဝတ်တို့ကို။ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်၏။ ဧတာနိစ၊ ထိုဝတ်တို့ကိုလည်း။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော ရဟန်း, သာမဏေတို့သည်။ သဗ္ဗဒါစ၊ အခါခပ်သိမ်းလျှင်။ ယထာရဟံ၊ ကျင့်ထိုက်သည်အားလျော်စွာ။ စရိတဗ္ဗာနိ၊ ကျင့်အပ်ကုန်၏။

၁။ ဝတ္တံ၊ ဝတ်ကြီးဝတ်ငယ်ကို။ အပရိပူရေန္တော၊ မဖြည့်ကျင့်သော ရဟန်း, သာမဏေသည်။ သီလံ၊ သီလကို။ န ပရိပူရတိ၊ ဖြည့်ကျင့်သည် မမည်။ အသုဒ္ဓသီလော၊ မစင်ကြယ်သော သီလရှိသော။ ဒုပ္ပညော၊ ပညာနည်းသော ရဟန်း, သာမဏေသည်။ စိတ္တေကဂ္ဂံ၊ စိတ်၏ငြိမ်သက်တည်ကြည်ခြင်းကို။ န ဝိန္ဒတိ၊ မရနိုင်။

၂။ ဝိက္ခိတ္တစိတ္တော၊ လေခပ်သောတံခွန်ကဲ့သို့ ပျံ့လွင့်သောစိတ် ရှိသည်ဖြစ်၍။ နေကဂ္ဂေါ၊ မတည်ကြည်သော ရဟန်း, သာမဏေသည်။ သမ္မာ၊ ကောင်းစွာ။ ဓမ္မံ၊ မဂ်, ဖိုလ်, နိဗ္ဗာန်တရားကို။ န ပဿတိ၊ မမြင်ရနိုင်။ သဒ္ဓမ္မံ၊ မဂ်, ဖိုလ်, နိဗ္ဗာန်တရားကို။ အပဿမာနော၊ မမြင်ရသော ရဟန်း, သာမဏေသည်။ ဒုက္ခာ၊ ဝဋ်ဆင်းရဲမှ။ န ပရိမုစ္စတိ၊ မလွတ်ရနိုင်။

၃။ ယံ-ယသ္မာ၊ အကြင့်ကြောင့်။ ဝတ္တံ၊ ဝတ်ကြီး ဝတ်ငယ်ကို။ ပရိပူရေန္တော၊ ဖြည့်ကျင့်သော။ ယော၊ အကြင် ရဟန်းသာမဏေသည်။ သီလမ္ပိ၊ သီလကိုလည်း။ ပရိပူရတိ၊ ဖြည့်ကျင့်သည် မည်၏။ ဝိသုဒ္ဓသီလော၊ စင်ကြယ်သော သီလရှိသော ရဟန်း, သာမဏေသည်။ သပ္ပညော၊ ပညာရှိသည် ဖြစ်၍။ စိတ္တေကဂ္ဂမ္ပိ၊ စိတ်၏ တည်ကြည်ခြင်းကိုလည်း။ ဝိန္ဒတိ၊ ရနိုင်၏။

၄။ အဝိက္ခိတ္တစိတ္တော၊ မပျံ့လွင့်သောစိတ် ရှိသော ရဟန်း, သာမဏေသည်။ ဧကဂ္ဂေါ၊ တခုတည်းသော အာရုံရှိသည် ဖြစ်၍။

စာမျက်နှာ-[၁၉၅]

သမ္မာ၊ ကောင်းစွာ။ ဓမ္မံ၊ မဂ်, ဖိုလ်, နိဗ္ဗာန်တရားကို။ ဝိပဿတိ၊ အထူးသဖြင့် မြင်နိုင်၏။ သဒ္ဓမ္မံ၊ မဂ်, ဖိုလ်, နိဗ္ဗာန်တရားကို။ သမ္ပဿမာနော၊ ကောင်းစွာမြင်ရသော ရဟန်း, သာမဏေသည်။ ဒုက္ခာ၊ ဝဋ်ဆင်းရဲမှ။ ပရိမုစ္စတိ၊ လွတ်နိုင်၏။

၅။ တသ္မာ ဟိ-တသ္မာဧဝ၊ ထို့ကြောင့်သာလျှင်။ ဝတ္တံ၊ ဝတ်ကြီး ဝတ်ငယ်ကို။ ပူရေယျ၊ ဖြည့်ကျင့်ရာ၏။ ဗုဒ္ဓသေဋ္ဌဿ၊ ချီးမွမ်းအပ်သော သူတို့ထက် အထူးသဖြင့် ချီးမွမ်းအပ်သော မြတ်စွာဘုရား၏။ ဩဝါဒံ၊ အဆုံးအမတော်ကို။ ကတွာ၊ အရိုအသေပြုရသောကြောင့်။ (ဝါ) ပြုသည်ရှိသော်။ ဝိစက္ခဏော၊ အမြှော်အမြင် ပညာမျက်စိရှိသော။ ဇိနပုတ္တော၊ ဘုရားသားတော်သည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဧဟိတိ၊ ရောက်ရလိမ့်သတည်း။

ဝတ်ပိုင်း မှတ်သားဖွယ်

(က) ဘာကြောင့် ဝတ်ဟု ခေါ်သလဲ?

သဒ္ဓိဝိဟာရိက စသော ရဟန်း, သာမဏေတို့သည် ဥပဇ္ဈာယ်ဆရာ စသည်တို့၌ ဖြစ်စေအပ်သောကြောင့် (ဝတ္တ) ဝတ်ဟု ခေါ်ပါသည်။

ဝတ္တေတဗ္ဗံ ပဝတ္တေတဗ္ဗန္တိ ဝတ္တံ၊ သဒ္ဓိဝိဟာရိကာဒီဟိ ဥပဇ္ဈာယာဒီသု ပဝတ္တေတဗ္ဗံ အာဘိသမာစာရိကသီလံ။ (ဝိနယာလင်္ကာရ ဋီကာ)

(ခ) ဝတ်ဆိုတာဘာလဲ-ဘာကို ဝတ်ဟု ယူရမလဲ ?

သဒ္ဓိဝိဟာရိကစသည်တို့က ဥပဇ္ဈာယ်ဆရာစသည်တို့၌ ပြုစုခြင်းစသော အာဘိသမာစာရိက သီလ ကျင့်ဝတ်မျိုးကို ဝတ်ဟု ယူပါ။

ခန္ဓကဝတ္တပရိယာပန္နံ အာဘိသမာစာရိကံ။ (ဝိသုဒ္ဓိမဂ်)

စာမျက်နှာ-[၁၉၆]

(ဂ) သင်္ကန်းပေး စသည်၌ လာသော ဝဋ်နှင့် ဤ ဝတ်ပိုင်းလာ ဝတ်တို့ ဘယ်လို ထူးသလဲ ?

အဖန်ဖန်လည်လိမ့်နေတဲ့ ဘုံသုံးပါး ရုပ်နာမ်တရားကို ဝဋ်ဟုဆိုသည်။ ထူးမြတ်ကောင်းမွန်သော အာဘိသမာစာရိကသီလကို ဝတ်ဟုအထူးမှတ်။

(ဃ) ဝတ် ဘယ်လောက် ရှိသလဲ ?

စူဠဝါပါဠိတော် ဝတ္တက္ခန္ဓကလာ ဤ၌ပြဆိုသည့်ဝတ်တို့ကား ၁၄-ပါး ရှိပါသည်၊ ပြဆိုခဲ့ပြီးသော သေခိယ ၇၅-ပါးတို့သည်လည်း ဝတ်ပင် မည်၏၊ ပရိဝါ၌ ၈၂-ပါးသော မဟာဝတ်ကိုလည်း ရှိပါသေးသည်။

(င) ရှင့်ကျင့်ဝတ်၌ စုဒ္ဒသ ခန္ဓကဝတ္တာနိ နာမ-ကစ စရိတဗ္ဗာနိတိုင်အောင် စကားစဉ်ကား ဘယ်က ထုတ်ထားတာလဲ?

ဝိမတိဋီကာ ပထမပါရာဇိကအဖွင့်၌ဆိုသော စကားကိုမှီ၍ ရှေးဆရာတို့ ထည့်ထားဟန်တူသည်၊ ဝိမတိ၌ “ဝတ္တက္ခန္ဓကေ ဝုတ္တနိ”ဟု လာ၏၊ ပါဠိတော်၌ကား ဝတ်တပါး တပါးစီ ဟောကြားတော်မူပါသည်။

(စ) ဝတ္တံ အပရိပူရေန္တော စသော ဂါထာတို့ကား ဘယ်က ယူထားပါသလဲ ?

စူဠဝါ ဝတ္တက္ခန္ဓက ပါဠိတော်မှ ထုတ်ထားပါသည်။

(ဆ) ခန္ဓကဝတ္တာနိ ဆိုတဲ့ အဓိပ္ပာယ် ဘယ်လိုလဲ ?

စူဠဝါ ခန္ဓက, မဟာဝါ ခန္ဓက ပါဠိတော်တို့၌ ဟောကြားအပ်သော ဝတ်တို့ဖြစ်၍ ခန္ဓကဝတ်တို့ဟု ဆိုရပါသည်၊ မဟာဝါ၌ ၄-ပါးမျှ ဟောပါသည်၊ စူဠဝါ၌ ၁၄-ပါးစလုံးသည်၊ ထို့ကြောင့် “ခန္ဓကေ ဝုတ္တာနိ” ဟု ဆိုပါသည်။

(ဇ) ထို ခန္ဓကဝတ် ၁၄-ပါးတို့၏ အဓိပ္ပာယ်ကား ဘယ်လိုလဲ ?

ဝတ်အမည်နှင့်အသီးသီးကျင့်အပ်သော ဝတ်တို့ကိုတခုစီ ဖော်ပြပါအံ့။

၁-အာဂန္တုကဝတ်

သူတပါး ကျောင်းတိုက်သို့ ခေတ္တခဏ သွားရောက်သော ရဟန်း, သာမဏေတို့ကို အာဂန္တုကဧည့်သည်ဟုခေါ်သည်၊ ဧည့်သည် အာဂန္တုကတို့ ပြုကျင့်ရမည့်ဝတ် ဖြစ်သောကြောင့် အာဂန္တုကဝတ်ဟု ဆိုရသည်။

စာမျက်နှာ-[၁၉၇]

ထိုဝတ်တို့ကို မပြုခဲ့လျှင် ရဟန်း ဒုက္ကဋ်, သာမဏေ ဒဏ်သင့်ပါသည်။ ဝတ်အားလုံး ဤနည်းမှတ်ပါ။

အာဂန္တုကတိပြုရမည့်ဝတ်များ

အာဂန္တုက ပုဂ္ဂိုလ်သည် သူတပါး ဥပစာ အရံအတွင်းသို့ မဝင်မီ ဖိနပ် ချွတ်ရခြင်း၊ ထီးရုပ်ရခြင်း၊ ဦးခေါင်းခြုံ ဖွင့်ရခြင်း၊ ဦးခေါင်း၌ တင်သောသင်္ကန်းကို ပခုံးသိုချရခြင်း၊ မနှေးမလျှင် အရံတွင်းသို့ဝင်ရခြင်း၊ ဘယ်နေရာ၌ အာဝါသိက ကျောင်းနေ ရဟန်းတို့ နေထိုင် စည်းဝေးကုန်သနည်းဟု အမှတ်ပြုခြင်း၊ ထို အာဝါသိကတို့ထံ သွား၍ သင့်လျော်ရာ၌ ပါလာသော သပိတ် သင်္ကန်းတို့ကိုထားခြင်း၊ လျောက်ပတ်သောနေရာ၌ နေထိုင်ခြင်း၊ ဘယ်ဟာသောက်ရေပါနည်းဟု မေးမြန်းရခြင်း၊ ရေဆာလျှင် သောက်ရေကို ယူသောက်ခြင်း၊ ခြေဆေးလိုလျှင် သုံးရေကိုယူ၍ ဆေးရခြင်း၊ ခြေဆေးသောအခါ၌ လက်တဖက်ဖြင့် ရေသွန်းလောင်း၍ လက်တဖက်ဖြင့် ခြေကို ပွတ်တိုက် ဆေးကြောရခြင်း၊ ဆေးကြောသည့် လက်ဖြင့် ရေမသွန်ရ၊ သွန်လောင်းသည့်လက်ဖြင့် ခြေမဆေးရ၊ ဖိနပ်သုတ် ပုဆိုးကြမ်းကိုမေး၍ ဖိနပ်သုတ်ရခြင်း၊ ရှေ့ဦးစွာ ခြောက်သော ပုဆိုးကြမ်းဖြင့် သုတ်၍ နောက်မှ စိုသောပုဆိုးကြမ်းဖြင့် သုတ်ရခြင်း၊ ဖိနပ်သုတ်ပြီးသော ပုဆိုးကြမ်းကို ဖွပ်လျှော်၍ သင့်တော်ရာ၌ ဖြန့်လှန်းထားရခြင်း၊ အာဝါသိကထေရ်ကြီးကို ရှိခိုးရခြင်း၊ အာဝါသိက သီတင်းငယ်ကို ရှိခိုးစေခြင်း။

အမှာ သီတင်းငယ်ကို သင်, ဘယ်လောက် ရှိပြီလဲဟု မေးလိုက်လျှင် သူ့ဘာသာ ရှိခိုးလတ္တံ့၊ ဤသို့ မေးခြင်းကို ရှိခိုးစေခြင်းဟု ဆိုလိုသည်၊ ဘယ်ကျောင်းနေရမည်နည်းဟု ကျောင်းကို မေးမြန်း ရခြင်း၊ ထိုကျောင်း၌ ရှေးက လူနေဘူး မနေဘူးကို သိအောင် မေးမြန်းရခြင်း၊ ဆွမ်းခံရွာနီးသော, ဝေးသလော စောစော ဆွမ်းခံရသော နေမြင့်မှ ဆွမ်းခံ ထွက်ရသလောဟု ဆွမ်းခံ ချိန်ကို မေးမြန်းရခြင်းနှင့် ဆွမ်းမခံသင့်သောရပ်ရွာကို မေးမြန်း ရခြင်း၊ (ဤ၌ မိစ္ဆာဒိဋ္ဌိတို့၏ ရွာ, ပိုင်းခြားသော ဆွမ်းရှိသောရွာ, တပါးနှစ်ပါးသော သံဃာအား ဆွမ်းလှူသော ရွာတို့သည် ဆွမ်းမခံသင့်သော အဂေါစရရွာတို့ မည်ကုန်၏။)

စာမျက်နှာ-[၁၉၈]

မြို့ရွာထဲ၌သဒ္ဓါပွား၍ ပစ္စည်းရှားသော ဒါယကာ, ဒါယိကာမများကို (ဆွမ်းမခံမိစေရန်) သေက္ခဟု သံဃာတော်များက သမုတ်ထားကုန်၏။ ထိုသေက္ခဟု သမုတ်ထားသော ဒါယကာတို့ကို မေးမြန်းရခြင်း၊ ကျင်ကြီး ကျင်ငယ်အိမ်တို့ကို မေးမြန်းရခြင်း၊ ဤရေတွင်းရေကန် ဤမြစ်ချောင်း၌ သောက်ရေကိုသာ အသုံးပြုသလော၊ သုံးရေကိုသာ အသုံးပြုသော၊ သောက်ရေ, သုံးရေ နှစ်မျိုးစလုံးပင် အသုံးပြုသလောဟု သောက်ရေ, သုံးရေတို့ကို မေးမြန်းရခြင်း၊ လက်ကသုံး တောင်ဝှေးကို မေးမြန်းရခြင်း၊ သံဃာများ ကတိကဝတ်တည်ထားသည်ကို မေးမြန်းရခြင်း၊ (ဤ၌ အချို့ကျောင်းတိုက်၌ သံဃာများက ဤအမှုကို တရားအားလျော်စွာ ပြုကြစတမ်း၊ ဤအမှုတို့ကို မပြုကြစတမ်းဟူ၍ အညီအညွှတ် ပြုလုပ်ထားသော ဥပဒေမျိုးကို ကတိကဝတ် တည်ထားသည်ဟု ဆိုလိုသည်။) အချို့သော အရပ်တို့၌ သားရဲ ဘီလူးတို့ ရှိကုန်သောကြောင့် ဘယ်အချိန်အခါ၌ ဝင်အပ်သနည်း၊ ဘယ်အချိန် ထွက်အပ်သနည်းဟု ဝင်ရာ ထွက်ရာအချိန် အခါကိုမေးမြန်းရခြင်း၊ အာဂန္တုကဖြစ်သော မိမိအား အာဝါသိကတို့က နေထိုင်ရန်ချထားသော ကျောင်းသည် လူမနေမထိုင်ပဲ အလွတ်ထားသော ကျောင်းဖြစ်အံ့၊ တံခါးရွက်ကို ခေါက်၍ တခဏမျှ ငံ့ဆိုင်းလျက် တံခါးကျည် မင်းတုံးကိုဖွင့်ပြီး တံခါးကို တွန်းလိုက်၍ အတွင်း၌ မြွေ, ဘီလူး အကယ်၍ ရှိလင့်က အပသို့ ထွက်ရန် လမ်းပေး၍ အပြင်၌ ရပ်လျက် ကြည့်ရှုခြင်း၊ ထိုကျောင်း၌ အမှိုက်သရိုက်ထူ၍ ညောင်စောင်းချင်းထပ် အင်းပျဉ်ချင်း ထပ်ထားလျက် အထက်၌ အစုစုပြွမ်း၍ ရှုပ်ထွေးနေအံ့၊ စွမ်းနိုင်လျှင် တကျောင်းပြင်လုံး သုတ်သင်ရခြင်း၊ မစွမ်းနိုင် မတတ်နိုင်သေးလျှင် မိမိနေရာ၌သုတ်သင်ရခြင်း၊ (တကျောင်းလုံးသုတ်သင်ပုံဝတ်ကို သေနာသနဝတ်၌ ပြဆိုပါအံ့။)

ဤဆိုခဲ့သော ဝတ်တို့၌ မသိသော အရာတို့ကို အာဝါသိကတို့အား အာဂန္တုက-က မေးမြန်းရသော ဝတ်တို့သည် ရှေးအခါ ရောက်ဘူးပြီး ဖြစ်၍ လည်းကောင်း၊ အာဝါသိက ရဟန်းက ပြောကြားပြီး ဖြစ်၍ လည်းကောင်း သိပြီးဖြစ်က မေးမြန်းဖွယ် လိုတော့ပြီ၊ တရွာတည်း၌ တပါးသောကျောင်းမှ လာသောသူသည်လည်း အာဂန္တုပင် မည်၏။ ရောက်လာစ အာဂန္တုကသည် အာဝါသိကတို့က နေရာချထား၍ နေရာ

စာမျက်နှာ-[၁၉၉]

ရပြီးသောအခါ ကျောင်းနေ အာဝါသိကတို့ကဲ့သို့ ဖိနပ်စီးခြင်း စသည် ပြုအပ်၏၊ သူတပါးကျောင်းသို့ သွားသူသည် သွားစဉ်က ဤကျောင်း၌ ငါပြန်နေဦးမည် ဟူသော (အာဝါသ - ပလိဗောဓ) မပြတ်သေးပဲ လပေါင်းများစွာ နေခဲ့၍ ပြန်လာသော်လည်းမိမိနေရင်း ကျောင်းအတွက် အာဂန္တုကဝတ်ပြုဖွယ်မရှိ။ (အာဝါသ-ပလိဗောဓ)ပြတ်၍ အာလာယ ပြတ်သွားသောသူသည်သာ တဖန် ပြန်လာသောအခါ အာဂန္တုက ဝတ်ကို မချွတ် ကျင့်သင့်ပေသည်။

(က) တပါးသော ကျောင်းတိုက်သို့ လမ်းဖြတ်သွားသော ရဟန်းတို့သည် အာဂန္တုကဝတ်ကို ပြုသင့်သလား?

တိပိဋကဝိနိစ္ဆယကျမ်း၌ ကျောင်းတိုက်ရဟန်းတို့ထံ မဝင်ပဲ လမ်းဖြတ် သွားသူသည် အာဂန္တုကဝတ် ပြုဖွယ်မလိုဟု ဆို၏။

ယာ ပန ဘိက္ခုနီ ဇာနံ သဘိက္ခုကံ ရာမံ အနာပုစ္ဆာ ပဝိသေယျ ပါစိတ္တိယံ-

ဟူသော ပါစိတ်ပါဠိတော် အနာပတ္တိဝါရ၌ “အာရာမေန မဂ္ဂေါ ဟောတိ”ဟု ဟောသောကြောင့် ဤ၌ အလားတူ မှတ်ရမည်၊ အနာပတ္တိဝါရ၌ ဂိလာနာယ လာသောကြောင့် ဂိလာန အာဂန္တုက ရဟန်း, သာမဏေတို့သည် သူတပါးတိုက်တာ ရဟန်းတိုထံ ထီး, ဖိနပ်, လှည်း, ယာဉ် ထမ်းစင်တို့ ဆောင်း, စီး, ဦးခေါင်းခြုံလျက် ဝင်သော်လည်း အပြစ်မရှိသည်ကို ကြံစည် ယုံကြည်ရ၏ဟု ၁၃၁-နံပါတ်၌ ပါရှိ၏။

(ခ) အာဝါသိကပုဂ္ဂိုလ်တို့က ဖိနပ်စီး ထီးဆောင်းပါဟု ခွင့်ပေး၍လည်းကောင်း၊ ခွင့်တောင်း၍လည်းကောင်း အာဂန္တုကတို့က သူတပါးကျောင်း၌ ဖိနပ်စီး ထီးဆောင်းကောင်းသလား ?

ညောင်လေးပင် ရှင့်ကျင့်ဝတ်၌ ကျောင်းရှင် ခွင့်ပေးသော်လည်းကောင်း၊ မဂ္ဂသညာဖြင့် သော်လည်းကောင်း အပ်သည်ဟု အချို့ဆိုကြ၏။ စာ၌ မတွေ့ဟု ပါရှိသည်။

ကျမ်းရေးသူ ယူဆချက် “အညဿ ပုဂ္ဂလိကေတိ ဣဓာပိ ဝိဿာသိကပုဂ္ဂလိကံ အတ္တနော ပုဂ္ဂလိကသဒိသမေဝ၊ ယထာ စ ဣဓ ဧဝံ သဗ္ဗတ္ထ” ဟူသော နိကဍ္ဎနသိက္ခာပုဒ် အဋ္ဌကထာ၌ အကျွမ်းဝင်သော ရဟန်း၏ ပုဂ္ဂလိကဥစ္စာသည် မိမိ၏ ပုဂ္ဂလိကဥစ္စာနှင့် တူသည်ဟု ဆိုသောကြောင့်

စာမျက်နှာ-[၂၀၀]

အာဝါသိက ကျောင်းရှင်က သူပိုင်ပုဂ္ဂလိက ကျောင်းအရံကို ဖိနပ်စီးပါ။ ထီးဆောင်းပါဟုဆိုလျှင် ထိုကျောင်းတိုက်သည် မိမိကျောင်းအရာ၌ တည်သောကြောင့် ထီးဆောင်း, ဖိနပ်စီးခဲ့လျှင် ဥပဇ္ဈာယဝတ်များ သဘောကဲ့သို့ အပ်နိုင်စရာရှိ၏ဟု ယူဆသည်၊ သံဃိကကျောင်းတိုက်၌ ခွင့်ပေး၍ ဖြစ်စေ၊ ခွင့်တောင်း၍ ဖြစ်စေ၊ အပ်နိုင်ဖို့ မမြင်။

အာဂန္တုကဝတ် မှတ်သားဖွယ် ပြီးပြီ။

၂-အာဝါသိကဝတ်

မိမိတိုနေမြဲကျောင်း၌ အတော်ကြာကြာနေသော ရဟန်း, သာမဏေကို အာဝါသိက ကျောင်းနေပုဂ္ဂိုလ်ဟု ခေါ်သည်။ ထို အာဝါသိကတို့ ပြုကျင့်အပ်သောဝတ်ကို အာဝါသိကဝတ်ဟု ဆိုသည်။

အာဝါသိကတို့ ပြုကျင့်ရမည့်ဝတ်များ

ကျောင်းနေ အာဝါသိကတို့သည် မိမိထက်ကြီးသော အာဂန္တုက ပုဂ္ဂိုလ်ကြွလာသည်ကို မြင်လျှင်မြင်ခြင်း၊ နေရာခင်းရခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ်, ခြေပွတ်အိုးခြမ်းတို့ကို အနီးအနား ထားခြင်း၊ ကြွလာသော အာဂန္တမထေရ်ကြီးထံသို့ အထူးလေးစား ရိုသေသောအားဖြင့် မရောက်မီ သွားကြိုဆို၍ ပါလာသော သပိတ် သင်္ကန်းစသော ပစ္စည်းတို့ကို လှမ်းယူရခြင်း၊ ဤ၌ မထေရ်ကြီး မအားလပ်စဉ် ရောက်လာခဲ့အံ့၊ သင်္ကန်းအမှု, နဝကမ္မအမှုတို့ကို ချထားလိုက်ရမည်၊ စေတီယင်ပြင် တံမြက်စည်း လှည်းနေခဲ့လျှင် တံမြက်စည်းချထား၍ ဝတ်ပြု ရမည်၊ ပညာရှိတဲ့ အာဂန္တဖြစ်လျှင် စေတီယင်ပြင် တံမြက်စည်း ပြီးအောင် လှည်းပါဦးဟု ဆိုလတ္တံ့၊ ဂိလာနဆေးကို စီစဉ်နေစဉ် ရောက်လာပါက ရောဂါ ပြင်းထန်သော ဂိလာနမဟုတ်မူ ဆေးချထား၍ ဝတ်ကို ဦးပြုလိုက်ရမည်၊ ရောဂါ ပြင်းထန်သော မဟာဂိလာန ဖြစ်ခဲ့လျှင် ဝတ်-ထမပြုနိုင်သေးပဲ ဆေးတိုက်ခြင်း စသည် ပြုပြီးမှ ဝတ်ပြုရမည်။ ပညာရှိတဲ့အာဂန္တုကဖြစ်ခဲ့လျှင် ဆေးသာပြီးအောင် တိုက်ပါဟုဆိုလတ္တံ့၊ သောက်ရေ အလိုရှိပါသလားဟု မေးမြန်းရခြင်း၊ (ရေဆာနိုင်သော ပင်ပန်းလာမှုစာ အခါကို ကြည့်၍ သောက်ရေများ ဆက်ကပ်လျှင် မေးမြန်းဖွယ်မလို) သောက်ရေ အလိုရှိလျှင် ကိုယ်တိုင်သော်လည်း

စာမျက်နှာ-[၂၀၁]

သောက်ရေကပ်ရသည်၊ သို့မဟုတ် တယောက် ယောက်ကိုသော်လည်း အကပ်ခိုင်းရသည်၊ တကြိမ်ကပ်သောရေကို အကုန် သောက်လိုက်လျှင် ထပ်၍ အလိုရှိပါသေးသလားဟု မေးလျှောက်ရမည်၊ ယပ်လေခပ်ပေးရခြင်း၊ (ယပ်ခပ်ပုံကား ခြေဖမိုး တကြိမ် အလယ်ကိုယ်ပိုင်း တကြိမ် ဦးခေါင်းတကြိမ်ရွေ့၍ ရွေ့၍ ခပ်ရသည်၊ တော်ပါပြီဟု ဆိုခဲ့လျှင် ထိုထက် ဖြည်းဖြည်းသာသာ ခပ်ပေးရသည်။ ဤနည်းဖြင့် သုံးကြိမ်တိုင် တားမြစ်မှ ယပ်ချထားလိုက်ရမည်။)

အာဂန္တုက မထေရ်ကြီး၏ ခြေတို့ကို ဆေးပေးရခြင်း၊ ဆေးပြီးလျှင် သုတ်ပေးရခြင်း၊ သုတ်ပြီးသောအခါ မိမိဆီရှိက မိမိဆီဖြင့် သုက်လိမ်း ပေးရခြင်း၊ မိမိထံ ဆီမရှိက အာဂန္တုက၏ ဆီဖြင့် သုတ်လိမ်းပေးရခြင်း၊ မိမိ၏ အလိုအစွမ်းဖြင့် ဖိနပ်ကို ဖုံပြောင်အောင် သုတ်လိုက သုတ်ရခြင်း၊ (သုတ်မပေး၍ အပြစ်မရှိ) သုတ်လျှင် ပုဆိုးကြမ်းဖြင့် သုတ်ရခြင်း၊ရှေ့ဦး အခြောက်နှင့်သုတ်၍ နောက်အစိုနှင့် သုတ်ရသည် သုတ်ပြီး ပုဆိုးကြမ်းကို ဖွပ်၍ သင့်တော်ရာ၌ ဖြန့်လှန်းထားရခြင်း၊ အာဂန္ထကမထေရ်ကြီးကို ရှိခိုးရခြင်း၊ ထို ကျောင်းအိပ်ရာ နေရာ၌ သီတင်းသုံးတော်မူပါဟု လျှောက်ထား ညွှန်ပြ ခင်းပေးရခြင်း၊ ထိုကျောင်း ရှေး၌ လူနေဘူး မနေဘူးကိုလည်းကောင်း၊ ဆွမ်းခံထွက်ချိန်ကိုလည်းကေင်း၊ ဆွမ်းမခံ သင့်သော ရပ်ရွာကိုလည်းကောင်း၊ သေက္ခဟုသမုတ်ထားသော အမျိုးတို့ကိုလည်းကောင်း၊ ကျင်ကြီးအိမ် ကျင်ငယ်အိမ် တို့ကိုလည်းကောင်း၊ သောက်သုံးရေကိုလည်းကောင်း၊ လက်ကသုံး တောင်ဝှေးကိုလည်း ကောင်း၊ သံဃာတို့ ကတိကဝတ်ကိုလည်းကောင်း၊ ထွက်ရာကာလများကိုလည်းကောင်း လျှောက်ကြား ပြောကြားရခြင်း၊ အာဂန္တုကသည် သီတင်းငယ်ဖြစ်အံ့၊ ထိုင်လျက်သာ ဤနေရာ၌ သပိတ်ထား, ဤနေရာထိုင်စသည်ဖြင့် မထေရ်ကြီးအား ပြောသည့်အတိုင်း ပြောကြားရမည်၊ သီတင်းငယ်၍ ရှိမခိုးပဲ ငါ့သျှင် ဝါ-ဘယ်မျှရှိပြီနည်းဟု မေးလျှင် သူ့ဘာသာ ရှိခိုးလတံ့ဖြစ်သောအားဖြင့် ရှိခိုးစေခြင်း ဤမျှထူး၏၊ ဤ ပြောကြားရေး၌ မရောက်ပေါက်ဘူး၍ မသိသူတို့ကိုသာ ပြောကြားရေး ကိစ္စ လို၏။ သိပြီးက ပြုဖွယ် မလို၊ ကျောင်းပေါင်း များစွာ ရှိသော တိုက်ကြီး၌ မိမိတို့ထံသို့ တိုက်ရိုက်မရောက်လာသော အာဂန္တုကို

စာမျက်နှာ-[၂၀၂]

ကား ဝတ်မပြုပဲ နေခွင့်မရှိ၊ အခြားကျောင်းရောက်လျှင်ကား မပြုပဲ နေလိုက နေနိုင်ဖွယ်ရာရှိသည်။

(က) ကျောင်းဝိုင်းလမ်းကျ၍ ဖြတ်သွားသော တပါးကျောင်းပုဂ္ဂိုလ်အား ခရီးဦး ကြိုဆိုခြင်းစသော အာဝါသိကဝတ် ပြုသင့်သေးသလား?

ပြုဖွယ်မလိုပါ၊ အာဂန္တုကဝတ်ခန်း၌ တိပိဋက ဝိနိစ္ဆယ ကျမ်းမှ ထုတ်ပြသော စကားဖြင့် ထင်ရှားလှပါပြီ။

(ခ) အာဝါသိက-က အာဂန္တုကအား ဖိနပ်စီးပါ ထီးဆောင်းပါဟု ပြောရသောဝတ်များ ပါဠိတော် အဋ္ဌကထာ၌ တွေမိပါသလား?

မတွေ့ရပါ။

(ဂ) အာဝါသိက အာဂန္တုကအား ဆွမ်းကျွေးရမည်ဟု ကျမ်းဂန် ရှိပါသလား?

ဝိနည်းတော် ဝတ်အနေဖြင့် မတွေ့ရ၊ မရှိလို့ မကျွေးနိုင်လျှင် အပြစ် မရှိပါ၊ လောက၌ တခြားတရပ်မှ လာသော ဉာတိမိတ္တ ဧည့်သည်တို့ အကျိုးငှါ အထူးအစီစဉ်၍ ထားသော အာဟုနခေါ် အာဂန္တုကဒါနရှိပါသဖြင့် အာဝါသိကများက အာဂန္တုကတို့အား ကျွေးမွေးရေးသည် လောကဝတ် ဖြစ်သည်ဟု ယူဆရပါသည်။

ပါဟုနံ ဝုစ္စတိ ဒိသာ ဝိဒိသတော အာဂတာနံ ပိယမနာပါနံ ဉာတိမိတ္တာနမတ္ထာယ သက္ကာရေန ပဋိယတ္တံ အာဂန္တုကဒါနံ။ (ဝိသုဒ္ဓိမဂ်-ထာ)

ရေနှင့်ဆီသာ ပေးရေးတွေ့ပါသည်။

(ဃ) ဂိလာန အာဝါသိကပုဂ္ဂိုလ်က ဝတ်မပြုနိုင်၍ မပြုခဲ့လျှင် အပြစ်ရောက်နိုင်သေးသလား?

န-အက္ခရာနှင့် မမြစ်သောဝတ် ၄-ပါးစလုံး၌ ဂိလာနပုဂ္ဂိုလ်အပြစ် မရောက်သည်ကို အောက်ပါ အဋ္ဌကထာထောက်၍ သိရပါသည်။

အဂိလာနေနဟိ သဒ္ဓိဝိဟာရိကေန သဋ္ဌိဝဿေနာပိ သဗ္ဗံ ဥပဇ္ဈာယဝတ္တံ ကာတဗ္ဗံ၊ အနာဒရေန အကရောန္တဿ ဝတ္တဘေဒေ ဒုက္ကဋံ၊ န-ကာရပဋိသံယုတ္တေသု ပန ပဒေသု ဂိလာနဿာပိ ပဋိက္ခိတ္တကိရိယံ ကရောန္တဿ ဒုက္ကဋမေဝ။ (ဟာ-ထာ)

စာမျက်နှာ-[၂၀၃]

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ ဝတ်၏အရကောက်ပြ၍ အစဆုံး အာဂန္တုကဝတ္တံ ဟူသောပုဒ်ကို စာကိုယ်အတိုင်း အနက်သမ္ဗန်ပါ။
၂။ အာဂန္တုက၏ အဓိပ္ပာယ်ကိုရေးသား၍ အာဂန္ထကမထေရ်ကြီး က ပြုလုပ်သင့်သောဝတ် ၅-မျိုးလောက် ထုတ်ပြပါ။
၃။ သူတပါးကျောင်း ဖြတ်သွားလျှင် ဖိနပ် ချွတ်သင့် မချွတ်သင့် ဝိနိစ္ဆယကြည့်၍ ရှင်းပြပါ။
၄။ အာဝါသိက သီတင်းငယ်ပြုသင့်သောဝတ် ၅-မျိုးမျှထုတ်ပြ၍ အာဝါသိက-က အာဂန္တုကအား ဆွမ်းကျွေးရမည့် ဝတ်များ ပါဠိတော် အဋ္ဌကထာ၌ ရှိပါသလား။
၅။ ဂိလာနပြုစုနေသော အာဝါသိကသည် ဝတ်မပြုပဲနေ၍ အပြစ် ရောက်-မရောက် ဖော်ပြပါ။

အာဝါသိကဝတ် မှတ်သားဖွယ် ပြီးပြီ။

၃-ဂမိကဝတ်

ခရီးသွားမည့် ရဟန်း, သာမဏေတို့ကို ဂမိက-ပုဂ္ဂိုလ်တို့ဟုခေါ်သည်။ ထိုဂမိက-ပုဂ္ဂိုလ်တို့ ပြုရာသောဝတ်ကို ဂမိက-ဝတ်ဟု ဆိုရသည်။

ဂမိကပုဂ္ဂိုလ်တို့ ပြုရမည့် ဝတ်များ

ခရီးသွားမည့်ပုဂ္ဂိုလ်တို့သည် သစ်ဘဏ္ဍာ, မြေဘဏ္ဍာတို့ကို မီးတင်းကုပ်၌ဖြစ်စေ၊ လုံခြုံရာတခုခု၌ဖြစ်စေ၊ သိုမှီးထားခဲ့ရခြင်း၊ တံခါးမ, လေသာ တံခါးတို့ကိုပိတ်ရခြင်း၊ ကျောင်းကိုကြည့်ရှုလိုက်ပါ၊ တပည့်တော်ဘယ်ကို သွားဦးမည်ဟု ပန်ကြား၍ ဖဲသွားရခြင်း၊ ပန်ကြားရာ၌ ရဟန်းမရှိလျှင် သာမဏေ၊ သာမဏေ မရှိလျှင် အာရာမ်စောင့်တို့ကို ပန်ကြားရမည်၊ ပန်ကြားစရာ မရှိခဲ့လျှင် ကျောင်းတိုက် လေးခု၌ ညောင်စောင်းထား၍ အပေါ်၌ထပ်ပြီးညောင်စောင်းအင်းပျဉ် အဆင့်ဆင့်တင်၍ ကျောင်းအိပ်ရာများ စုပုံထားလျက် သစ်ဘဏ္ဍာ, မြေဘဏ္ဍာတို့ကို သိမ်းဆည်းခြင်းကို ပြု၍ တံခါးမလေသာတံခါးတို့ကို ပိတ်ပြီး ဖဲသွားခြင်း၊ ကျောင်း မိုး

စာမျက်နှာ-[၂၀၄]

မလုံခဲ့သော် စွမ်းနိုင်လျှင် မိုးရခြင်း၊ မိုးစရာ သက်ကယ် စသည်ရှိခဲ့လျှင် ဝိနည်းနှင့် လျော်အောင် ကြောင့်ကြပြုရခြင်း၊ မိမိ ကြောင့်ကြကြောင့် မိုးလုံလျှင် ကောင်း၏၊ မလုံလျှင် ကျောက်ဂူလိုဏ်စသည်တို့၌ ကျောက် တုံးခံပြီး ရှေးနည်းအတူ သိုမှီး၍ တံခါးများပိတ်၍ ဖဲသွားရခြင်း၊ ကျောင်း၌ ဘယ်နည်းနှင့်မျှ မိုးမစိုအောင် မထားနိုင်လျှင် ရွာသို့ ဆောင်နိုင်ပါက ဆောင်ထားရခြင်း၊ မဆောင်နိုင်လျှင် ဆောင်ထားဖို့ ကြောင့်ကြပြု, ကြောင့်ကြပြုသော်လည်း မစွမ်းနိုင်ခဲ့အံ့၊ မိုးမလုံသော ကျောင်း၌ထားခဲ့လျှင် အပေါ်မှဆွေး၍ကျသော ပစ္စည်းတို့ကြောင့်အင်္ဂါတို့ ပျက်စီးမည်ဖြစ်၍ လွင်တီးခေါင်၌ ကျောက်တုံးလေးခုခံ၍ ရှေးနည်း အတိုင်း သိုမှီးသိမ်းဆည်း၍ မြက်သစ်ပင်တို့ဖြင့် ဖုံးလွှမ်းပြီး ဖဲသွား ရာသည်။

မှတ်ချက် သစ်သားဖြင့်ပြုလုပ်သော ခုတင်, ကုလားထိုင်, စားပွဲ, ဘီဒိုစသည် ဝတ္ထုများကို သစ်ဘဏ္ဍာခေါ်သည်၊ မြေဖြင့် ပြုလုပ် ရသော ချိုးရေအိုး, သောက်ရေအိုး, ကရား, ထွေးခံ, အင်တုံ စသည်တို့ကို မြေဘဏ္ဍာဟု ခေါ်သည်။

ဂမိကဝတ် မှတ်သားဖွယ် ပြီးပြီ။

၄-အနုမောဒနာဝတ်

ကျောင်းတိုက်တွင်းမှာဖြစ်စေ၊ မြို့ရွာတွင်းမှာဖြစ်စေ၊ ဆွမ်းကျွေးပြီးသောအခါ စသည်တို့၌ ဒကာ, ဒကာမတို့အား ဝမ်းမြောက် ဝမ်းသာ ရှိအောင် တရားဟောခြင်းကို အနုမောဒနာပြုသည်ဟု ခေါ်ဆိုသည်။ (အနု= အဖန်ဖန်+မောဒနာ= ဝမ်းမြောက်စေခြင်း) ထို အနုမောဒနာ တရား ဟောမှုနှင့် စပ်၍ ပြုကျင့်အပ်သောကြောင့် အနုမောဒနာဝတ် ဆိုရသည်။

အနု ပုနပ္ပုနံ မေ ဒိယတေ ပမောဒိယတေတိ အနုမောဒနာ၊ ကာ, သာ ဓမ္မကထာ အနုမောဒနာယ ကတ္တဗ္ဗံ ဝတ္တံ အနုမောဒနဝတ္တံ။ (ဝိနယာလင်္ကာရ ဋီကာ)

စာမျက်နှာ-[၂၀၅]

အနုမောဒနာ ဝတ်အကျင့်များ

တရားဟောခြင်း အနုမောဒနာပြုမှုသည် အကြီးဆုံးပုဂ္ဂိုလ်၏ တာဝန် ဖြစ်၏။ ထိုကြောင့် အကြီးဆုံးပုဂ္ဂိုလ်သည် စွမ်းနိုင်လျှင် ကိုယ်တိုင် အနုမောဒနပြုရခြင်း၊ မစွမ်းနိုင်လျှင် စွမ်းနိုင်သူ တပါးပါးကို (သာမဏေလေး ဖြစ်စေ) အနုမောဒနာပြုပါဟု တိုက်တွန်းရခြင်း၊ အကြီးဆုံးပုဂ္ဂိုလ်က မတိုက်တွန်းပဲ မည်သူမျှ အနုမောဒနာ မပြုရ၊ အကြီးဆုံး ပုဂ္ဂိုလ် တိုက်တွန်းလျှင် မငြင်းဆန်ပဲ စွမ်းနိုင်သမျှ ဟောရခြင်း၊ အကြီးဆုံးပုဂ္ဂိုလ်သည် ဝတ္တရားနားမလည်၍ မိမိလဲမဟော သူတပါးလဲ မတိုက်တွန်းလျှင် စွမ်းနိုင်သောပုဂ္ဂိုလ်က အကြီးဆုံးထံ ခွင့်ပန်၍ တရားဟောရခြင်း။

စောင့်ဆိုင်းရခြင်း အကြီးဆုံးမထေရ်တရားဟောနေလျှင် ထိုမထေရ် ကြီးအောက် ဝါစဉ်အတိုင်းလေးပါး, ငါးပါးစောင့်ဆိုင်းထိုင်နေရမည်။ (စတူဟိ-ပဉ္စဟိ-ဟု ပါဠိတော် လာ၍ လေးပါး စောင့်စောင့်, ငါးပါး စောင့်စောင့် ဖြစ်နိုင်သည်။ ငါးပါးထက် အလွန်လဲ စောင့်နိုင်ပါသည်။) အကြီးဆုံး မထေရ်ကြီးအောက် ငယ်သော အနုထေရ်တရားဟောနေလျှင် အကြီးဆုံး မထေရ်ကြီးနှင့် တရားဟော အနုထေရ်အောက် သုံးပါးတို့ စောင့်ဆိုင်းရမည်၊ ငါးပါးမြောက် ရဟန်းက တရားဟောနေလျှင် အကြီးဆုံး မထေရ်မှစ၍ အထက်လေးပါးတို့က စောင့်ဆိုင်းရမည်။ ပဉ္စင်း ငယ်တပါးအား တိုက်တွန်း၍ တရားဟောနေလျှင် အကြီးဆုံးမထေရ် အစဉ်အတိုင်း မထေရ်လေးပါးတို့ စောင့်ဆိုင်းရမည်၊ (အချုပ်မှာ-တရားဟောပုဂ္ဂိုလ်မှတပါး ကျန်ရစ်သောပုဂ္ဂိုလ်ထဲတွင် အကြီးဆုံးမှစ၍ လေးပါး စောင့်ဆိုင်းရမည်ဟု ဆိုလိုသည်။) တရားဟော ရဟန်းက အရှင်ဘုရားတို့ ကြွတော်မူကြပါ၊ ငံ့လင့်ဖို့ကိစ္စ မရှိပါဟုဆိုလျှင် မငံ့ဆိုင်းပဲ ကြွသွားနိုင်ပါသည်၊ မဟာထေရ်က တရားဟောရဟန်း ငါ့သျှင် ငါတို့သွားကုန်တော့အံ့ဟုဆို၍ တရားဟောရဟန်းက ကြွကြပါဘုရားဟု ခွင့်လွှတ်လျှင် ကြွသွားနိုင်၏၊ (အဋ္ဌကထာ၌ မဟာထေရေန-သာ လာပါသော်လည်း တပါးပုဂ္ဂိုလ်များလည်း ထို့အတူ ခွင့်တောင်း၍ ခွင့်ပေးသဖြင့် သွားလျှင် အပ်ဖို့ရှိပါသည်) ရွာပမှုဖြစ်စေ၊ တကျောင်းကျောင်း မှဖြစ်စေ ငံ့လင့်စောင့်ဆိုင်းနေအံ့ဟု နှလုံးသွင်းလျက် ကြွသွားပြီးလျှင်

စာမျက်နှာ-[၂၀၆]

နှလုံးသွင်းရာဌာန ရောက်သောအခါ မိမိ တပည့်များအား ဓမ္မကထိက ပုဂ္ဂိုလ်ကို သင်တို့ ငံ့လင့်နေကြဟု မှာကြား၍ လိုရာ သွားနိုင်သည်ဟု အဋ္ဌကထာဆိုသည်၊ စောင့်ဆိုင်းသောသူသည် ထသွားရန် ကိစ္စတစုံတခု ရှိက အနီးနေပုဂ္ဂိုလ်အား ပန်ကြား၍ ထသွားနိုင်လေသည်၊ လူဒါယကာတို့သည် မိမိတို့၏ အလိုအားဖြင့် နှစ်သက်ရာတပါးပါးကို တရားဟောရန် အစောက တောင်းဆိုခဲ့ငြားအံ့၊ ထို ပုဂ္ဂိုလ်သည် မပန်ကြားပဲ တရားဟောခြင်းကြောင့် အပြစ်မရောက်နိုင်၊ တရားဟောနေသူအား စောင့်ဆိုင်းရန်လဲ မထေရ်ကြီး၌ ဝန်မရှိ၊ အများစည်းဝေးကုန်စဉ် အနီးနေသူတို့အား ဟောကြားမည့် တရား၌ လူတို့က တရားဟောရန် တောင်းပန်လျှောက်ထားငြားအံ့၊ ထိုဓမ္မကထိက ပုဂ္ဂိုလ်သည် မထေရ်ကြီးကို ပန်ကြားအပ်သေး၏၊ မဟာထေရ်သည်လည်း အနုမောဒနာပြုရန် တိုက်တွန်းအပ်သော ရဟန်းကိုသာလျှင် စောင့်ဆိုင်းအပ်ပေသည်။

အနုမောဒနာဝတ် မှတ်သားဖွယ် ပြီးပြီ။

၅-ဘဂ္ဂဝတ်

ဆွမ်းစားရာ (ဆွမ်းလုပ်ကျွေးရာဌာနဖြစ်သော ကျောင်းကိုဖြစ်စေ၊ ဇရပ်ကိုဖြစ်စေ၊ အိမ်ကိုဖြစ်စေ ဘတ္တဂ္ဂ-ဟု ခေါ်၏။ (ဘတ္တ=ဆွမ်း+ ဂ္ဂ= ယူရာဌာန) ထိုဆွမ်းစားရာ ဆွမ်းလုပ်ကျွေးရာဌာန၌ ပြုကျင့်အပ်သောကြောင့် ဘဂ္ဂဝတ်-ဟု ဆိုရသည်။

ဘတ္တဂ္ဂဝတ္တေတိ ဘတ္တံ ဂဏှန္တိ ဧတ္ထာတိ ဘတ္တံ၊ ပရိဝိသနဌာနံ၊ တသ္မိံ ကတ္တဗ္ဗံ ဝတ္တံ ဘတ္တဂ္ဂတ္တံ။ (စူဠဝါ ယောဇနာ)

ဘဂ္ဂဝတ် ပြုကျင့်ရပုံများ

ရွာတွင်းဖြစ်စေ၊ ကျောင်းဥပစာအတွင်းဖြစ်စေ သားမယားနှင့်တကွ လူဒါယကာများ ဆွမ်းလုပ်ကျွေးရာဌာန (ဘတ္တဂ္ဂ) သို့ အချက်ပေးပင့်လျောက်၍ ကြွသွားခဲ့သော် သင်းပိုင်ကို အဝန်းညီစွာ ဝတ်ရုံခြင်း၊ ခါးပန်းကို ဖွဲ့ခြင်း၊ သင်္ကန်းရုံခြင်း၊ အနားပတ်သီးတပ်ခြင်း၊ သပိတ်ဆေး၍ ယူလာရခြင်း၊ မနှေးမလျင် ဘတ္တဂ္ဂသို့ဝင်ရခြင်း၊ မထေရ်ကြီးကို ရှောင်၍ ရှေ့သို့မသွားပဲ မထေရ်ကြီးတို့ နောက်မှ လိုက်ရခြင်း၊ ရွာတွင်း ဘတ္တဂ္ဂသို့

စာမျက်နှာ-[၂၀၇]

သွားခြင်း၊ နေခြင်း၊ ပြန်ခြင်းတို့၌ ရွာတွင်းကျင့်ကြံရသော သေခိယသိက္ခာပုဒ်တို့ကို လိုက်နာကျင့်ကြံရခြင်း၊ မထေရ်ကြီးတို့ကို တိုးဝှေ့၍ မနေထိုင်ရခြင်း၊ သီတင်းငယ်တို့အားလည်း ရှိနေသော နေရာကို မထိုင်နှင့်ဟု မတားမြစ်ရခြင်း၊ မဟာထေရ်ကြီးနေသော နေရာနှင့် အမြင့်အမြတ် တူမျှသော နေရာအများရှိခဲ့အံ့၊ သီတင်းငယ်သည် တနေရာနှစ်နေရာတို့ကို အကြားထား၍ ထိုင်နေရခြင်း၊ ရဟန်းတို့ ရေတွက်၍ ခင်းထားသောနေရာမျိုး၌ မထိုင်ပဲ ရပ်နေရမည်။ မထေရ်ကြီးက ထိုင်လော့ဟုဆိုမှ ထိုင်ရခြင်း၊ မထိုင်ပဲနေလျက် မထေရ်ကြီးက ဘာမှ မပြောပဲနေလျှင် သီတင်းငယ်က “အရှင်ဘုရား ဤနေရာကား မြင့်မြတ်ပါ၏ဘုရား”ဟု လျှောက်ရမည်၊ ထိုသို့ လျှောက်၍ မထေရ်ကြီးက ထိုင်ပါဟု ဆိုခဲ့လျှင် ထိုင်ရခြင်း၊ လျှောက်ကြားလျက် မထေရ်ကြီးက ဘာမျှမဆိုချေသော် ထိုင်သော သီတင်းငယ် အပြစ်မရှိ၊ မထေရ်ကြီး အာပတ်သင့်၏၊ မထေရ်ကြီးက ထိုင်လော့ဟုလည်း မပြောပဲ မိမိကလည်း ဤနေရာ မြင့်မြတ်ပါ၏ဟု ပန်ကြား မလျှောက်ထားပဲ ထိုင်လျှင် သီတင်းငယ် အပြစ်ရောက်၏။ ရွာတွင်း၌ ရုံထားသော သံဃာဋိ နှစ်ထပ်သင်္ကန်း ကိုယ်ရုံသင်္ကန်းတို့ကို မပင့်မြှောက်ပဲ ဖိ၍ မထိုင်ရခြင်း၊

ဤ၌ “န သံဃာဋိံ ဩတ္တရိတွာ အန္တရဃရေ နိသီဒိတဗ္ဗံ” ဟူသော ပါဠိတော်ကို “ပါရုတသံဃာဋိ အဝတ္ထရိတွာ အနုက္ခိပိတွာတိအတ္ထော” ဟု ဝိမတိ၌ ပါရုတ-သဒ္ဒါနှင့် ဖွင့်သည်ကို ထောက်၍ သံဃာဋိ-သဒ္ဒါသည် တထပ်ရှိ ကိုယ်ရုံနှင့် နှစ်ထပ် ဒုကုဋ်ကို ဟောသည်ဟု ညောင်လေးပင် ရှင်ကျင့်ဝတ်၌ ပါရှိ၏၊ အချို့နှစ်ထပ် ဒုကုဋ်ကိုသာ ယူကြသည် ထိုဆရာတို့ အလိုဖြင့် ဝိမတိ၌ ပါရုတသည် ရုံထားတဲ့ ဒုကုဋ်သာ ဖိမထိုင်ရ၊ မရုံတဲ့ ဒုကုဋ်ကိုကား ဖိ၍ ထိုင်နိုင်သည် ဟူသော အဓိပ္ပါယ် ယူကြဟန် ရှိသည်၊ သင့်လျော်လှပေ၏၊ အကပ်ခံရာတို့၌ လက်နှစ်ဘက်ဖြင့် ခံယူရခြင်း၊ ဒကာတို့ ရေစက်သွန်းချလိုသည်ရှိသော် ရှေ့၌ သပိတ်ထားလျက် ခံယူရခြင်း ဆွမ်းစားသောအခါ သေခိယနှင့်ညီစွာ စားသောက်ရခြင်း၊ ဆွမ်းစားခါနီးဖြစ်စေ၊ ဆွမ်းစားပြီးနောက် ဖြစ်စေ လက်စသည်ဆေးသောအခါ ရေသံ, ပလုပ်ကျင်းသံ စသည် မကြားရအောင် ငြိမ်သက်စွာ ဆေးရခြင်း၊ အနီးအပါး ပုဂ္ဂိုလ်များကို ရေမစင်အောင် သတိထား၍

စာမျက်နှာ-[၂၀၈]

လက်ဆေးခံ, ထွေးခံတို့၌သာ ဆေးရ, ထွေးရသည်၊ ဆွမ်းစားပြီး ဆွမ်းစားရာ ဘတ္တဂ္ဂ ကျဉ်းမြောင်း၍ ပြန်ကြွရာ၌ သီတင်းငယ်တို့က ထွက်ရာ တံခါးဝ စသည်နှင့် နီးအံ့၊ မထေရ်ကြီး ထွက်စရာမရှိ၍ သီတင်းငယ်တို့ အရင်ထွက်ပြီး တံခါးဝ၌ ရပ်နေရသည်၊ မထေရ်ကြီးများ ထွက်လာပြီးမှ အစဉ်အတိုင်း ကြွရသည်၊ ထွက်ရန် မထေရ်များ နေရာထွက်ပေါက်ဦး၌ နေသည်ရှိသော် မထေရ်ကြီးများ ရှေ့ဦးကြွ၍ ထွက်ပြန်ရခြင်း၊ ကိုယ်ချင်းချင်း မထိခိုက်စေပဲ အကြားအကြား၌ လူများ သွားနိုင်အောင် ကွာကျဲသော အစဉ်ဖြင့် ပြန်ကြွရခြင်း။

(က) န တာဝ ထေရေန ဘုဉ္ဇိတဗ္ဗံ ယာဝ န သဗ္ဗေသံ ဩဒနော သမ္ပတ္တော ဟောတိ-ဟူသော ဘတ္တဝတ်လာ ပါဠိတော်၏ အဓိပ္ပါယ်ကား ဘယ်လိုလဲ?

လူဒါယကာတို့က အားလုံးရောက်၍ စုံစေ့သောအခါ ရှိခိုးလိုသော ရဟန်းအပိုင်းအခြားရှိ၍ ဘတ္တဂ္ဂ၌ အားလုံးသော ရဟန်းတို့ ဆွမ်းမရောက် သေးသမျှ မထေရ်ကြီးမှာ ဆွမ်းမစားရသေး၊ ငံ့လင့်နေရမည်၊ အချို့ နေရာ ဆွမ်းစားကုန်လျက် အချို့နေရာ ရေသုံးနေ၍ ကျယ်ဝန်းသော ဘတ္တဂ္ဂ၌ကား မထေရ်ကြီး လင့်ဖွယ်မလို၊ အလိုရှိတိုင်း စားနိုင်၏ဟု အဋ္ဌကထာ ဆိုသည်။

(ခ) န တာဝ ထေရေန ဥဒကံ ပဋိဂ္ဂဟေတဗ္ဗံ ယာဝနသဗ္ဗေဝ ဘုတ္တာဝိနော ဟောန္တိ-ဟူသော ဘတ္တဂ္ဂဝတ်လာ ပါဠိတော် အဓိပ္ပါယ်ကား ဘယ်လိုလဲ?

အားလုံး ဆွမ်းစားမပြီးသေးမီ မထေရ်ကြီးသည် အပြီးသတ် လက်ဆေးရေ ယူအပ်ဟု ဆိုလိုသည်။ အဋ္ဌကထာ၌ ရေဟူသည် လက်ဆေးရေကို ဆိုလိုသည်၊ လူတို့ကလည်းကောင်း၊ ရဟန်းတို့က လည်းကောင်း ဆေးပါ ယူပါဟုဆိုလျှင် ယူအပ်သည်ဟု ဖွင့်၏၊ ဆွမ်းမဝသေးမီ အကြား၌ကား ရေငတ်၍လည်းကောင်း၊ ဆွမ်းနင်၍လည်းကောင်း ရေသောက်ပြီးလျှင် လက်မဆေးအပ်ဟု အဋ္ဌကထာ ဖွင့်သည်၊ ဋီကာတို့ မနှစ်သက်ကြ၊ လက်ဆေးအပ်၏ ဟူ၍သာ ဖြစ်သင့်သည်ဟု ဆိုကြကုန်၏။

စာမျက်နှာ-[၂၀၉]

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ ဂမိကဝတ္တံ ဟူသောပုဒ်ကို အနက်ယောဇနာ၍ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဂမိက ခေါ်ရသည်ဟု ဖော်ပြပါ။
၂။ အနုမောဒနာ၌ အနု-သဒ္ဒါ၏ အနက်ကို ထုတ်ပြ၍ သီတင်းငယ်များ တရားဟောနိုင်သော အချက်ကို ဖော်ပြပါ။
၃။ ဘတ္တဂ္ဂဝတ်၌ ဘတ္တဂ္ဂ - သဒ္ဒါ၏ အနက်နှင့်၎င်းဝတ် ၃-မျိုးလောက် ထုတ်ပြပါ။
၄။ ခရီးသွားလိုသော ရဟန်းသည် ဘယ်ဝတ်ကို ပြုကျင့်ရပါသလဲ။
၅။ ဘယ်လိုဌာနကို ဘတ္တဂ္ဂဟု ခေါ်ရသလဲ။
၆။ မြို့ထဲဆွမ်းစားပင့်၍သွားစားတဲ့ရဟန်း, သာမဏေဟာ ဘယ်လိုလုပ်ပြီး သွားသင့်, စားသင့်, နေသင့်, ပြန်သင့်ပုံကို ဉာဏ်စွမ်းရှိ သလောက် ထုတ်ပြပါ။

ဘတ္တဂ္ဂဝတ် မှတ်သားဖွယ် ပြီးပြီ။

၆-ပိဏ္ဍစာရိကဝတ်

ဆွမ်းခံကြွသွားလေ့ရှိသော ရဟန်း, သာမဏေတို့ကို ပိဏ္ဍစာရိက-ဟု ခေါ်သည်၊ (ပိဏ္ဍ=ဆွမ်းအလို့ငှာ+စာရိက=လှည့်လည်လေ့ရှိသူ) ထိုဆွမ်း အလို့ငှာ လှည့်လည်သော ပိဏ္ဍစာရိကပုဂ္ဂိုလ်သည် ကျင့်အပ်သောကြောင့် ပိဏ္ဍစာရိကဝတ်ဟု ခေါ်သည်။

ပိဏ္ဍစာရိကဝတ်များ

ရွာသို့ဝင်အံ့ဟု နှလုံးပြု၍ သင်းပိုင်ကိုအဝန်းညီစ္စာဝတ်ခြင်း၊ ခါးပန်းကို ဖွဲ့ခြင်း၊ အထပ်နှင့်တကွပြု၍ ကိုယ်ဝတ် ဒုကုဋ်တို့ကို သုပ္ပဋိစ္ဆန္န- အရ ရုံခြင်း၊ အနားပတ်သီးတပ်ခြင်း၊ သပိတ်ကို ရေဆေးခြင်း၊ ရေကျင်းခြင်းကို ပြုလျက် သပိတ်ယူ၍ ကောင်းမွန်စွာ မနှေးမလျှင် ရွာတွင်းသို့ ဝင်ရခြင်း၊ ဘတ္တဂ္ဂဝတ်၌ကဲ့သို့ ကောင်းစွာ ဖုံးလွှမ်းလျက် ရွာထဲသွားရခြင်း စသော သေခိယနှင့်အညီ ဝတ်တို့ကိုလည်း ပြုရခြင်း၊ အိမ်သို့ဝင်သည်ရှိသော်အဝင် အထွက် တံခါးကို အမှတ်ပြုရခြင်း၊ အဆောတလျင် မဝင်မထွက်ရခြင်း၊ အလွန်ဝေးသောအရပ်၌ မရပ်ရခြင်း၊ မရှည်မကြာရပ်ခြင်း၊ လျှင်မြန်စွာ မထွက်သွားရခြင်း၊ ဆွမ်းလှူလိုသလော, မလှူလိုသလောဟု ရပ်လျက်

စာမျက်နှာ-[၂၁၀]

မှတ်သားရခြင်း၊ ပြုလုပ်မြဲအမှုကို ချခဲ့သော်လည်းကောင်း ယောက်ချို့, ယောက်မ, ဇွန်းကိုဖြစ်စေ၊ အိုးခွက်, ပန်းကန်ကိုဖြစ်စေ သုံးသပ်ခဲ့သော်လည်းကောင်း၊ ရပ်တော်မူပါဦးဟု လျှောက်ခဲ့သော်လည်းကောင်း၊ ဆွမ်းလှူလိုပေသည်ဟု နှလုံးပြု၍ ရပ်နေရခြင်း၊ ဆွမ်းလောင်းသည်ရှိသော် လက်ဝဲလက်ဖြင့် ရုံထားသော သံဃာဋိသင်္ကန်းကို ဖယ်ရှား၍ လ လက်ဖြင့်သပိတ်ကိုညွတ်၍ လက်နှစ်ဖက်တို့ဖြင့် သပိတ်ကိုမစသိမ်းဆည်း၍ ဆွမ်းကိုခံရခြင်း၊ သေခိယ သိက္ခာပုဒ်တော်နှင့်အညီ ခံယူရခြင်း၊ ဆွမ်းကို

လောင်းလှူသော ဒါယကာ ဒါယိကာမတို့၏ မျက်နှာကို မကြည့်ရခြင်း၊ ဟင်းကိုလည်း လှူလိုသည် မလှူလိုသည်ကို ရှေ့က ဆွမ်း၌ ဆိုခဲ့ပြီးအတူ အမူအရာကိုကြည့်ရှုခြင်း လျှောက်ထားခြင်းတို့ဖြင့် ဟင်းကို လှူလိုသေး သည်ဖြစ်ခဲ့မူ ရပ်နေရခြင်း၊ ဆွမ်းဟင်းစသည်ကို လောင်းလှူခဲ့ပြီးသော် သံဃာဋိသင်္ကန်းဖြင့် သပိတ်ကို ဖုံးလွှမ်း၍ ရိုသေကောင်းမွန်စွာ ကိုယ်အမူအရာဖြင့် မနှေးမလျင် ပြန်နစ်ထွက်လာခဲ့ရခြင်း၊

မှတ်ချက် ရှေးအခါ ဆွမ်းခံရာတို့၌ သပိတ်ဖုံးမပါသဖြင့် ရုံထားသော သံဃာဋိဖြင့် သပိတ်ကို ဖုံးလျက် ဆွမ်းခံထွက်သောကြောင့် ထိုသံဃာကို ဖယ်၍ ဆွမ်းခံခြင်း၊ သပိတ်ကို ဖုံးရခြင်းဆိုသည်။ ယခုကာလ သပိတ်ဖုံး ပါပြီးဖြစ်၍ ဖယ်ခြင်း, ဖုံးခြင်းကိစ္စတို့ ပြုဖွယ်မရှိပြီ။

ရှေးဦးစွာ ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်ရောက်သော ရဟန်းသည် ကျောင်း၌ နေရာခင်းရခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ်, ခြေပွတ် အိုးခြမ်းတို့ကို အနီး၌ထားရခြင်း၊ (အဝက္ကာရပါတိ)ခေါ် ဆွမ်းဦးထည့်သောခွက်ကို ဆေး၍ ထားရခြင်း၊ (အဝက္ကာရဝါတိ) ခေါ် ဆွမ်းထည့်သော ခွက်ကား, ဆွမ်းကိုခံယူပြီးသော ပိဏ္ဍစာရိကရဟန်းသည် မိမိမျှတ သုံးဆောင်လောက်ရုံသော ဆွမ်းထက် ပိုလျှံသော ဆွမ်းကို ရည်မှတ် တိုင်းထွာလျက် ရှေးဦးစွာ ပယ်ရှားဆောင်ယူ၍ ထားရာ ဖြစ်ခွက်ဟု ကျမ်းဂန်တို့၌ ဆို၏။

ရှေးအခါ ဆွမ်းခံအတူကြွရိုး, အတူစားရိုး မရှိပဲ ထိုဆွမ်းလောင်း ခွက်ကို ပထမပုဂ္ဂိုလ်က ဆွမ်းပိုများကို နောက်ကြွကိုယ်တော်တို့ဘုဉ်းပေး

စာမျက်နှာ-[၂၁၁]

လိုက ဘုဉ်းပေးနိုင်ကြရန်ဟု ထားကြလေသည်။ ထို့ကြောင့် ထိုခွက်ကို ရှေးဦးရောက်နှင့်သော ပုဂ္ဂိုလ်က ဆေးထားခြင်း၊ ပိုလွန်သော ဆွမ်းများ မစားသေးမီ သွန်ထည့်ခြင်းတို့ ပြုရလေသည်၊ ထို့ပြင် သောက်ရေ, သုံးရေများ တည်ထားရခြင်း၊ ဆွမ်းခံရွာမှ နောက်ရောက်သော ရဟန်းသည် ရှေးပုဂ္ဂိုလ်များမှ ကျန်ခဲ့သော ဆွမ်းကို အလိုရှိခဲ့လျှင် ယူ၍ဘုဉ်းပေးရခြင်း၊ အလိုမရှိခဲ့လျှင် စိမ်းသော မြက်သစ်ပင် မရှိသော ပိုးမရှိသော ရေတို့၌ သွန်ပစ်, မျှောပစ်ရခြင်း၊ ရှေ့ရဟန်းခင်းထားသောနေရာတို့ကို ခေါက်သိမ်း ရခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ်, ခြေပွတ် အိုးချမ်းတို့ကို သိုမှီး သိမ်းဆည်းရခြင်း၊ ဆွမ်းဦးလောင်းခွက်ကို ဆေး၍ သိမ်းဆည်းရခြင်း၊ ဆွမ်းစားရာ အရပ်ကို တံမြက်စည်းလှည်းရခြင်း၊ ရေမရှိသော သောက်ရေအိုး, သုံးရေအိုး, သန့်သက်ရေအိုးတို့ တွေ့ခဲ့လျှင် ရေထည့်ရခြင်း၊ ထိုအိုးကို မချီ မ-မနိုင်လျှင် အဖော်ပုဂ္ဂိုလ်တို့ကို လက်ယပ်ခေါ်၍ နှစ်ယောက် လက်တွဲ၍ ရေတည်ရခြင်း၊ ဤရေအိုး မချီ မသယ်နိုင်မှုအတွက် နှုတ်မြွက်၍ မခေါ်ငင်ရခြင်း၊ စကားပြောလျှင် မိမိနှင့်တကွ စကားသံကြားသူတို့အတွက် သမာဓိပျက်ဖွယ်ရှိ၍သာ ပိတ်ပင်လေသည်၊ ကျောင်း၌ လူစောင့် မကျန်ခဲ့ပဲ ဆွမ်းခံရွာသို့ ထွက်ရမည့်ကျောင်း၌ သစ်ဘဏ္ဍာ, မြေဘဏ္ဍာ စသည်တို့ကို သိုမှီခြင်း၊ တံခါးပိတ်ခြင်း၊ သော့ခတ်ရခြင်း စသော ဘေးရန် တားမြစ်ရေးတို့ကိုလည်း ပြုသင့်လေသည်၊ ထိုကြောင့် ပိဏ္ဍစာရိကဝတ် အနက်၌ သစ်ဘဏ္ဍာ, မြေဘဏ္ဍာ စသည်တို့ကို သိုမှီးခြင်းဟု ထည့်၍ သမ္ဗန်တော်မူကြပါသည်။ ပါဠိတော်၌ကား မတွေ့။

ပိဏ္ဍစာရိကဝတ် မှတ်သားဖွယ် ပြီးပြီ။

၇-အာရညကဝတ်

တောကျောင်း၌ နေတတ်သော ပုဂ္ဂိုလ်ကို အာရညက ပုဂ္ဂိုလ်ဟု ခေါ်ရသည်၊ (အာရည=တော၌+ က=နေတတ်သူ) ထိုတောကျောင်းနေ အာရညက ပုဂ္ဂိုလ်သည် ကျင့်ကြံအပ်သော ဝတ်ဖြစ်သောကြောင့် အာရညကဝတ်ဟု ဆိုသည်။

အရညေ ဝသတီတိ အာရညိကော၊ တေန ဝတ္တိတဗ္ဗံ ဝတ္တံ အာရညိကဝတ္တံ။ (ဝိနယာလင်္ကာရ ဋီကာ)

စာမျက်နှာ-[၂၁၂]

ထိုဋီကာအရ အာရညကင်ဓုတင် မဆောက်တည်သော်လည်း အာရညကဝတ်ကိုကား ပြုရမည်ဟု မှတ်ပါလေ။

အာရညကဝတ်များ

တောနေပုဂ္ဂိုလ်သည် စောစောထ၍ သပိတ်ကို အိတ်၌ထည့်၍ ပခုံး၌ ချိတ်ပြီး သင်္ကန်းကို ပခုံး၌ တင်ခြင်း၊ သစ်ဘဏ္ဍာ, မြေဘဏ္ဍာတို့ကို သိုမှီးခြင်း၊ တံခါးမ, လေသာတံခါးတို့ကို ပိတ်ခြင်းတို့ကိုပြု၍ ဖိနပ်စီးလျက် မိမိ နေရာ အရပ်မှ ထွက်ရခြင်း၊ ရွာဝင်တော့မည် ပြုသောအခါ ဖိနပ်ချွတ်၍ ကောင်းမွန်စွာ ခါရမ်းလျက် သင်းပိုင်ကိုအဝန်းညီစွာ ဝတ်ခြင်း၊ ခါးပန်းကို ဖွဲ့ခြင်း အထပ်ရှိသည်ကို ပြု၍ သံဃာဋိ သင်္ကန်းတို့ကိုရုံခြင်း၊ (ဤ၌ ဒုကုဋ်နှင့်ကိုယ်ရုံ ထပ်ရုံရမည်၊ သံဃာဋိ-ဒုကုဋ်မရှိသောသူမှကား ကိုယ်ရုံ တထည်ဖြစ်စေ၊ နှစ်ထည်ဖြစ်စေ ရုံနိုင်သည်။ ထိုကြောင့် အထပ်ရှိသည်ကို ပြု၍ဟု ဆိုခဲ့သည်၊ အနားပတ်သီးတပ်ရခြင်း၊ ဆေးပြီး သပိတ်ယူ၍ ကောင်းမွန်စွာ မနှေးမလျင် ရွာထဲသို့ ဝင်ရခြင်း၊ ဘတ္တဂ္ဂဝတ်၌ ဆိုခဲ့ပြီးသောနည်းတူ ကောင်းစွာ ဖုံးလွှမ်း၍ သွားရခြင်း စသော သေခိယလာ သွားသော အစီအရင်တို့ဖြင့် သွားရခြင်း၊ အိမ်ဝင်သောအခါ အဝင် အထွက်, တံခါးမှတ်ခြင်း စသော ဆွမ်းခံ လှည့်လည်သော အစီအရင်ကို ပိဏ္ဍစာရိကဝတ်၌ ဆိုခဲ့ပြီးသောနည်းအတိုင်း ကျင့်ကြံရခြင်း၊ တောနေ ပုဂ္ဂိုလ်သည် သောက်ရေသုံးရေ တည်ထားရခြင်း၊ ရေအိုး, ရေခွက် မပြည့်စုံပါက သောက်ရေကိုပင် သုံးရေပြု၍ တအိုးတည်းပင် တည်ထားရခြင်း၊ အိုးခွက် ရှာမရခဲ့သော် ဝါးကျည်တောက်ကိုပင် အိုးပြု၍ တည်ထားရခြင်း၊ ဝါးကျည်တောက်ကိုပင် ရှာမရခဲ့သော် မိမိ ကျောင်းအနီး၌ ရေတွင်းနီးအောင်ပြုလုပ်ထားရခြင်း၊ မီးကို အမြဲမပြတ် တည်ထား မွှေးထားရခြင်း၊ မီးပွတ်ခုံနှင့် ပွတ်ကျည်ထားရခြင်း၊ (မီး လိုသောအခါ ရရှိရန် သစ်သားလေးဖက်ဖြစ်စေ၊ နှစ်ဖက်ဖြစ်စေ၊ တဖက်ဖြစ်စေ ညီညွတ်အောင်ရွေ၍ ပွတ်ရန် အရာများပြ၍ထားသော သစ်သားဝတ္ထုကို မီးပွတ်ခုံခေါ်သည်၊ ထိုမီးပွတ်ခုံအရာပြရာ၌ ပွတ်ရန်ပြုစားသော သစ်သားချောင်းကို ပွတ်ကျည်ဟု ခေါ်သည်၊ မီးလိုလျှင် ပွတ်ကျည် သစ်သား ချောင်းဖြင့် ပွတ်ခုံကို ပွတ်လှည့်လျှင် မီးထွက်နိုင်၏၊) မီးပွတ်ခုံ, ပွတ်ကျည် တို့အစား ယခုကာလ ဓာတ်မီးချစ်, သစ်သားမီးချစ်, မီးခတ်ကျောက်တို့

စာမျက်နှာ-[၂၁၃]

ထားလျှင်လည်း အတူတူပင်ဟု မှတ်၊ ထိုသို့ မီးဖြစ်နိုင်သော မီးပွတ်ခုံ, ပွတ်ကျည်တို့ရှိခဲ့လျှင် မီးမွှေးမထားပဲလည်း နေနိုင်၏။

တောနေ ရဟန်းများအတူ ကန္တာရ ခရီးသွားသော သူများလည်း မီးပွတ်ခုံ ပွတ်ကျည်ကို ဆောင်သွားရမည်ဟု ဆို၏၊ အများစု၍ ဂိုဏ်း အပေါင်း၌နေသူအား ထိုမီးပွတ်ခုံ ပွတ်ကျည်တို့ မရှိပဲလည်း နေနိုင်၏။ တောင်ဝှေးထားရခြင်း အလုံးစုံဖြစ်စေ၊ အချို့ဖြစ်စေ၊ နက္ခတ်တို့ကို သင်ထားရခြင်း၊ ဤပါဠိတော်တွင် တောနေရဟန်းများအား ခိုးသူတို့က အရှင်ဘုရားတို့ ယနေ့သည် ဘယ်နက္ခတ်နှင့် ယှဉ်ပါသလဲဟု မေးမြန်း၍ မရသဖြင့် ဤသူတွေဟာ သူခိုးတွေပဲ ရဟန်းမဟုတ်ဟု ပြောဆိုရိုက်နှက် ကုန်လျက် သွားကြကုန်သောကြောင့် နက္ခတ်တို့ကို အလုံးစုံဖြစ်စေ၊ အချို့ဖြစ်စေ သင်ရမည့် ဝတ်အကျင့်တို့ကို ပညတ်တော်မူ၏။ နက္ခတ်ဟူသည် ကောင်းကင်၌ မြင်းမိုရ်တောင်ကို လှည့်ပတ်၍ သွားလာနေကြသော ခြောက်လုံး, သုံးလုံးစသော ကြယ်အပေါင်းကိုပင် အဿဝနီနက္ခတ်, ဘရဏီ နက္ခတ် စသည် ခေါ်ဝေါ်ပညတ်ကြ၏။ အဘိဓာန် သဂ္ဂကဏ္ဍမှ နက္ခတ် ၂၇-လုံး ထုတ်ပြပါအံ့။

၁။ အဿဝနီနက္ခတ်။
၂။ ဘရဏီ။
၃။ ကြတ္တိကာ။
၄။ ရောဟဏီ။
၅။ အနုရာဓ။
၅။ မိဂသီ။
၆။ အဒြ။
၇။ ပုန္နဖုသျှ။
၈။ ဖုသျှ။
၉။ အသလိဿ။
၁၀။ မာဃ။
၁၁။ ပြုဗ္ဗဖလဂုနီ။
၁၂။ ဥတ္တရဖလဂုနီ။
၁၃။ ဟသတ။
၁၄။ စိတြ
၁၅။ သွာတိ။
၁၆။ ဝိသာခါ။
၁၇။ အနုရာဓ။
၁၈။ ဇေဋ္ဌ။
၁၉။ မူလ။
၂၀။ ပြုဗ္ဗာ။
၂၁။ ဥတ္တရာသာဠ်။
၂၂။ သရဝဏ်။
၂၃။ ဓနသိဋ္ဌ။
၂၄။ သတဘိသျှ။
၂၅။ ပြုဗ္ဗဘဒြပိုဒ်။
၂၆။ ဥတ္တရဘဒြပိုဒ်။
၂၇။ ရေဝတီ နက္ခတ်၊ ပေါင်း ၂၇-လုံးရှိသည်။

စာမျက်နှာ-[၂၁၄]

မဟာနိဒ္ဒေသ ပါဠိတော် အဋ္ဌကဝဂ် တုဝဋ္ဋက သုတ္တနိဒ္ဒေသ၌ “နက္ခတ္တပါဌကာ နက္ခတ္တံ အာဒိသန္တိ အဋ္ဌဝီသတိ နက္ခတ္တာနိ ဣမိနာ နက္ခတ္တေန ဃရပ‌ဝေသော ကာတဗ္ဗော” စသည်ဖြင့် နက္ခတ် ၂၈-လုံး လာသည်။

အာရညကဝတ် အနက်၌ နက္ခတ် တာရာတို့ကို မှတ်သားခြင်းဟု သမ္ဗန်ရာဝယ် နက္ခတ်နှင့်တာရာ တူသလော ထူးသလာ?

တာရာတို့ကို ဝိနည်းတို့၌ မတွေ့ရ၊ ထိုအာရညကဝတ်၌ “နက္ခတ္တ ပဒါနိ”ဟုသာ လာခဲ့သည်၊ မာဂဓ အဘိဓာန်၌ “နက္ခတ္တံ ဇောတိ တံ တာရာ၊ အပုမေ တာရကောဠူ စ”ဟု နက္ခတ်ပရိယာယ် ခြောက်ပုဒ် အတွင်း၌ တာရာ-ပါနေသဖြင့် နက္ခတ်, တာရာ အတူတူပါဟု ဆိုဖွယ်ရှိ၏။ သို့သော် လောကီကျမ်း၌ နက္ခတ်ကြီး ၂၇-လုံးအပြင် တာရာကြီး ၉-လုံးကို ပြကြသေး၏။ ထိုတာရာကြီး ၉-လုံးမှာ နက္ခတ်တို့ကဲ့သို့ ကြယ် ၁၀-လုံး အပေါင်းစသည်ကို ကျီးတာရာ စသည် ခေါ်ကြသဖြင့် ၎င်းလောကီတို့အလို နက္ခတ်နှင့် တာရာ မတူ ထူးခြားသည်ဟု ယူဆဖွယ် ရှိသည်၊ တာရာကြီး ၉-လုံးကား-

၁။ ကျီးတာရာ။
၂။ ဟင်္သာတာရာ။
၃။ ပုဇွန်တာရာ။
၄။ ချိန်တာရာ။
၅။ ဆန်ကျင်တာရာ။
၆။ တံငါတာရာ။
၇။ ဆင်တာရာ။
၈။ မြင်းတာရာ။
၉။ ဗျိုင်းတရား

ပုဇွန်, ဟင်္သာ၊ ချိန်, တံငါ, ဆင်၊ ဆန်ကျင်, ကျီး, မြင်း၊ ဗျိုင်းကိုသွင်း, ကိုးသင်း တာရာကြီး။

ဆိုခဲ့သော နက္ခတ်, တာရာတို့ကို အမည်နှင့်တကွ လနှင့်ယှဉ်ပုံ စသည်တို့ကို သိအောင် စွမ်းနိုင်သမျှ သင်ကြားထားရမည့်ပြင် အရပ်မျက်နှာကို မှတ်သားထားခြင်း၊ (ဤအရာနှင့်စပ်၍ တနင်္ဂနွေစသောနေ့များ ဝါရ မိတ္တု, နဂါးလှည့်, ရက်ရာဇာ, ပြဿဒါးစသော သူခိုးဒမြတို့ မေးတတ်သော အချက်တို့ကို သိထားနိုင်က ဘုရားအလိုတော်နှင့်တကွ ဘေးရန် အပြစ်များ လွတ်လပ်ခြင်းအကျိုး တိုးပွားနိုင်ဖွယ်ရာ ရှိလေသည်။)

အာရညကဝတ် မှတ်သားဖွယ် ပြီးပြီ။

စာမျက်နှာ-[၂၁၅]

၈-သေနာသနဝတ်

ကျောင်းကို လည်းကောင်း၊ အိပ်ရာ နေရာကို လည်းကောင်း၊ သေနာသနဟု ခေါ်သည်၊ (သေန=အိပ်ရာ + အာသန= နေရာ) ထိုကျောင်းအိပ်ရာ နေရာတို့၌ ပြုကျင့်အပ်သော ဝတ်ဖြစ်သောကြောင့် သေနာသနဝတ်ဟု ဆိုရသည်။

သေနာသနဝတ်များ

ရဟန်း, သာမဏေတို့သည် မိမိတို့နေရာ ကျောင်း အိပ်ရာ နေရာကို သန့်ရှင်းအောင် သုတ်သင် ရှင်းလင်းကြရသည်။ ထိုကြောင့် နေသောကျောင်း၌ သုတ်သင်ရှင်းလင်းခြင်းငှာ စွမ်းနိုင်ခဲအံ့၊ ရှေ့ဦး သပိတ်, သင်္ကန်း, နိသီဒိုင်, ဘုံလျှို, ခေါင်းအုံးများကို လည်းကောင်း၊ ညောင်စောင်း, အင်းပျဉ်, ညောင်စောင်းခြေ, ကုလားထိုင်, ဗီရို, ထွေးခံ, တကဲပြင်, စားပွဲ စသည်တို့ကိုလည်းကောင်း မထိခိုက်အောင် ထုတ်၍ သင့်တော်ရာ၌ ထားရခြင်း၊ မြေအခင်း သင်ဖြူစသော အခင်းမျိုးတို့ကို ခင်းထားပုံ အခြင်းအရာ မှတ်သားလျက် ခေါက်လိပ် ထုတ်ဆောင်၍ သင့်လျော်ရာ၌ ထားရခြင်း၊ ကျောင်း၌ ပင့်ကူအိမ် ပိုးအိမ် စသော အမှိုက်သရိုက်ရှိခဲ့သော် အထက် မျက်နှာကြက် ဗိတာန်မှစ၍ လှည်းပယ် ပွတ်ခတ်ချရခြင်း၊ လေသာပြတင်း တိုက်ခန်းထောင့်အဖိုတို့ကို ပွတ်တိုက် ရခြင်း၊ ဂွေ့သင်္ဘော (သင်္ဘောဆေး) စသည်ဖြင့် အပြေအပြစ်ပြုထားသော နံရံတို့ မှိုတက်ခဲ့အံ့၊ ပုဆိုးကြမ်း ရေဆွတ်ညှစ်ပြီး ပွတ်တိုက်ရခြင်း၊ မည်းနက်သော အရောင်အဆင်းဖြင့် အပြေအပြစ်ပြုထားသော မြေသည် မှိုတက်ခဲ့အံ့၊ ထိုအတူ ပွတ်တိုက်ရခြင်း၊ အပြေအပြစ် မပြုသော မြေအဖို့၌ကား ကျောင်းကို မြူသည် မနှိပ်စက် မဖျက်ဆီးပါစေလင့်ဟု နှလုံးပြု၍ ရေဖြင့်ဖြန်းလျက် မြေအဖိုကို တံမြက်ခတ်ရခြင်း၊ အမှိုက်တို့ကို စုရုံး၍ သင့်တော်သောဒေသ၌ သွားစွန့်ပစ်ရခြင်း၊ ရဟန်း, သာမဏေတို့ အနီးအပါး ကျောင်းအနီးအပါး သောက်ရေအိုး, သုံးရေအိုး အနီး အပါး လေညာ, လေထက်အရပ်တို့၌ ကျောင်းအိပ်ရာ နေရာစသည်တို့ကို အမှိုက်အမှုန် ထုတ်ခြင်းဖြင့် မခါမပုတ်ရခြင်း၊ လေအောက်၌ ပုတ်ခါရခြင်း၊ အခင်းအမျိုးတို့ကို သင့်တော်ရာ၌ နေလှန်းခြင်း၊ သုတ်သင်

စာမျက်နှာ-[၂၁၆]

ခြင်း၊ ခါပုတ်ခြင်းတို့ကို ပြု၍ ထားမြဲနေရာ၌ ပြန်ခင်းထားရခြင်း၊ ဤ၌ ပထမယူစဉ် ခင်းထားသူက နားလည်မှုမရှိ၍ ခင်းပုံ နေရာမကျ ရှိခဲ့သော်ရှေ့ခင်းထားအတိုင်း မခင်းမူ၍ ထက်ဝန်းကျင်မှု နံရံကို လက်နှစ်သစ် သုံးသစ်မျှ လွတ်စေ၍ ခင်းထားခြင်းကား ခင်းထားရာ ဝတ္တရားတည်း ဟု အဋ္ဌကထာ ဆိုသည်။

ညောင်စောင်းစသည်တို့ကို သင့်လျော်ရာ၌ နေလှမ်းသုတ်သင် ခါလှန်းပြီးလျှင် ရိုသေကောင်းမွန်စွာ တံခါးရွက်, တံခါးပေါင်, မြေစသည်တို့ မထိခိုက် မပွတ်ခတ်စေပဲ ရှေ့ခင်းထားမြဲ အစဉ်အတိုင်း ပြန်ခင်းထားရခြင်း၊ သပိတ်ထားသူသည် လက်တဖက်ဖြင့် သပိတ်ကို ကိုင်၍ လက်တဖက်ဖြင့် ညောင်စောင်း အင်းပျဉ်အောက်တို့ကို သုတ်သင်ပြီးမှ သပိတ်ထားရခြင်း၊ (အကြားမရှိ) အခင်းမရှိသော မြေ၌ သပိတ်မထားရခြင်း၊ အခင်းမရှိသော ဖုန်ကျောက်စရစ်ရှိသောမြေပေါ်၌ သပိတ်မထားအပ်၊ မည်းသော အဆင်းဖြင့် အပြေအပြစ်ပြုသော မြေပေါ်၌ ဖြစ်စေ၊ အင်္ဂတေကျံထားသော မြေပေါ်၌ ဖြစ်စေ၊ မြူမှုန်ကင်းခဲ့သည်ဖြစ်အံ့၊ သပိတ်ထားခြင်းငှာ အပ်၏၊ သန့်ရှင်းပြောင်စင်သော သဲပေါ်၌ သပိတ်ထားအပ်၏။ မြေမှုန့် မြူကျောက်စရစ် စသည်တို့ အပေါ်၌ သပိတ်မထားအပ်၊ ၎င်းတို့အပေါ် သစ်ရွက်ဖြစ်စေ၊ သပိတ်ခြေဖြစ်စေ ခံ၍ သပိတ်ထားအပ်၏။ သင်္ကန်းထား သူသည် လက်တဖက်ဖြင့် သင်္ကန်းကိုင်၍ လက်တဖက်ဖြင့် သင်္ကန်းတန်းကို ပွတ်တိုက်ပြီး၍ ထိုမှာဘက်က အစွန်းကို ထားလျက် ဤမှာဘက်မှ အခွေပြု၍(အခေါက်ပြု၍)တင်ထားရခြင်း (ဤ၌ သင်္ကန်းတန်းစသည်တို့၏ အောက်၌ လက်ကိုသွင်း၍ ရှေ့ရှုသောလက်ဖြင့် ဖြည်းဖြည်းသာသာ ချဖို့ရန်အတွက် ဟိုဘက်ကို အစွန်းပြု၍ မိမိဘက် အခွေအခေါက်) ပြထားဟု ဆိုလိုသည်၊ အစွန်းတို့ကို ကိုင်၍ အခွေလိုက် အခေါက်လိုက် သင်္ကန်းတန်း အပေါ်ပစ်တင်ခဲ့အံ့၊ အခေါက်ကို နံရံ၌ ထိပါးရာ၏၊ ထို့ကြောင့် ထိုထိပါးသော အခြင်းအရာအားဖြင့် မပြုအပ်ဟု အဋ္ဌကထာဆိုသည်။ မြူနှင့်တကွ လေလာသည်ရှိသော် လေသာပြတင်းကို ပိတ်ရခြင်း၊ ချမ်းအေးသောအခါ နေ့အချိန်တွင် လေသာပြတင်းဖွင့်၍ ညအချိန် ပိတ်ရခြင်း၊ ပူသောအခါ နေ့အချိန် လေသာပြတင်း ပိတ်၍ ညအချိန် ဖွင့်ရခြင်း ပရိဝုဏ်, ရေချိုးအိမ်, တံခါးမုခ်, ညီမူရာဇရပ်, မီးတင်းကုပ်တို့၌ အမှိုက်ရှိခဲ့အံ့၊

စာမျက်နှာ-[၂၁၇]

အမှိုက်များ လှည်းရခြင်း၊ (ဤ၌ ပရိဝုဏ်ဟူသည် ပတ်ဝန်းကျင် အတွင်း အရပ်ကို) ဆိုသည်။ ထိုပရိဝုဏ်သည် ကျောင်းပတ်ဝန်းကျင် အတွင်းကို ကျောင်းပရိဝုဏ်၊ ကုဋိပတ်ဝန်းကျင် အတွင်းကို ကုဋိပရိဝုဏ်၊ ဘုရားစေတီ ပတ်ဝန်းကျင် အတွင်းကို စေတီပရိဝုဏ်ဟု အမျိုးမျိုးရှိသည်ဟု မှတ်။

ပရိဝေဏန္တိ ဝစ္စကုဋိ ပရိက္ခေပဗ္ဘန္တရံ။ (စူဠဝါ အဋ္ဌကထာ ခုဒ္ဒကဝတ္ထု)

သောက်ရေ, သုံးရေမရှိက တည်ထားရခြင်း၊ သန့်သက်ရေအိုး၌ ရေ မရှိခဲ့အံ့၊ ရေခပ်သွန်းလောင်းရခြင်း၊ (ဤဝတ်တိုင်အောင် ကျောင်း သုတ်သင်ရှင်းလင်းသော ဝိဟာရ သောဓန ဝတ်ဟု ခေါ်သည်၊ တပါးသော ဝတ်ပြုခြင်းတို့၌ ကျောင်းသုတ်သင်ရခြင်း၊ ဝိဟာရ သောဓနဝတ် ဆိုပါက ဤ တိုင်အောင် ဝတ်စုဟု မှတ်ပါ။) မထေရ်ကြီးနှင့် တကျောင်းတည်း နေခဲ့အံ့၊ မထေရ်ကြီးကို မပန်ကြားပဲ ပါဠိ အဋ္ဌကထာ မချပို့ မသင်ပေးရခြင်း၊ ရွတ်အံသရဇ္ဈာယ်ခြင်းကို မပြုရခြင်း၊ တရားမဟောရခြင်း၊ (ဆီမီး ဓာတ်မီး) မထွန်းရ, မငြိမ်းသတ်ရခြင်း၊ လေသာပြတင်းကို မဖွင့် မပိတ်ရ၊ ဤတကျောင်းတည်းနေ မထေရ်ကြီးကို ပန်ကြားရာ၌ အများသုံးဆောင်သော တံခါးမ၌ ပန်ကြားဖွယ် မလို၊ ပါဠိတော် သင်ပေးခြင်း စသည်တို့ကိုကား ပန်ကြားရမည်သာ၊ နေ့တိုင်းသော်လည်း ပန်ကြားရ၏၊ သို့မဟုတ် ပါဠိ သင်ခြင်းစသည်တို့ကို အလိုရှိတိုင်း ပြုလုပ် နိုင်ရန် ခွင့်ပြုတော်မူပါသည် စသည်ဖြင့် အပြီးပန်ကြားထားသည်ရှိသော် မထေရ်ကြီးက ကောင်းပြီဟု ခွင့်ပြုခဲ့အံ့၊ ပန်ကြားဖွယ်မရှိ၊ မပန်ကြားသေးမီ မထေရ်ကြီး ကိုယ်တိုင်က ချမ်းသာအောင်နေဟု အစောက ခွင့် ပေးထားအံ့၊ ပန်ကြားဖွယ်မရှိပြီ။ တနည်းအားဖြင့် အကျွမ်းဝင် ချစ်ခင်သော မထေရ်ကြီးအား အကျွမ်းဝင်သောအားဖြင့် ငါပြုသည်ကိုသဘော တူလတ္တံ့ဟု နှလုံးပြု၍ မပန်ကြားပဲ ပါဠိသင်ခြင်းစသည်ပြုနိုင်၏ဟု အဋ္ဌကထာ ဆိုသည်၊ မထေရ်ကြီးနှင့် စင်္ကြံသွားခဲ့အံ့၊ ထေရ်ကြီးဘက်သို့ မျက်နှာမူလှည့်၍ သွားရခြင်း၊ (ကျောပေး၍ မလှည့်ရဟု ဆိုလိုသည်။) မထေရ်ကြီးကို သင်္ကန်းဝန်းဖြင့် ထိပါးတိုက်ခိုက်ခြင်းအမှုများ မပြုရခြင်း၊ ဆွမ်းစားကျောင်းစသည်တို့၌ နေထိုင်သွားသောအခါတို့၌ ထို့အတူ မထေရ်ကြီးကို မျက်နှာမူ၍ နေထိုင်သွားလာ လှည့်ပတ်ရခြင်း၊ ဤကား

စာမျက်နှာ-[၂၁၈]

ပါဠိတော်အဋ္ဌကထာတို့၌ လာသော သေနာသန ဝတ်ပြုပုံတည်း၊ ဤမှ တပါး ယခုခေတ်နှင့်လျော်သော သေနာသနဝတ်များလည်း ရှိတန်ရာ၏။ ကျန်းဂန်ထဲ မပါသော်လည်း ပြုသင့်သည်ဟု မှတ်၊ ဥပမာ-စက်ရှိသော ကျောင်း၌ မီးစက်မောင်းခြင်း၊ မီတာဖွင့်ခြင်း၊ မီးဖွင့်ခြင်း၊ ထင်းလှောင် ထားသော ကျောင်းမျိုး၌ ထင်းပေါက် ထင်းခွဲ ထင်းဖြတ်ခြင်း စသည်တို့သည် သေနာသနဝတ်အတွင်းသို့ သက်ဝင်သည်ဟု မှတ်။

သေနာသနဝတ် မှတ်သားဖွယ် ပြီးပြီ။

၉-ဇန္တာဃရဝတ်

ဆီးနှင်းအားကြီး၍ အအေးများသော အရပ်ဒေသတို့၌ ငှက်ဖျား စသော အအေးမိသောရောဂါများ ဖြစ်တတ်၏။ ထိုရောဂါများ မဖြစ်ရအောင် ကိုယ်ခန္ဓ၁၌ ချွေးထွက်၍ အဖွင့်ဓာတ်ရစေခြင်းငှာ မီးဖိုပါသော ရေချိုးအိမ်များကို ဆောက်လုပ်ကြရ၏၊ ထို ရေချိုးအိမ် ကျောင်းငယ်ကို ဇန္တာဃရ ဇရုံးအိမ်ဟု ခေါ်သည်၊ (ဇံ=ကိုယ်ကို+တာ=စောင့်ရှောက်သော ဆေးအကျိုးငှါ+ ဃရ=ပြုအိမ်)ထို ဇရုံးအိမ်ကို ချွေးအောင်းရာ အရပ်ဟုလည်း ဆိုနိုင်သည်။

ဇန္တာဃရဉှိ နာမ ဟိမပါတဗဟုလေသု ဒေသေသု တပ္ပစ္စယရောဂပီဠာဒိနိဝါရဏတ္ထံ သရီရသေဒါပနဋ္ဌာနံ။ (ဝိ-ဋီ)

ထိုဇရုံးအိမ်၌ ပြုကျင့်သော ဝတ်ဖြစ်သောကြောင့် ဇန္တာဃရဝတ်ဟု ခေါ်သည်။

ဇန္တာဃရဝတ်များ

ချွေးဇရုံးအိမ်သို့ ရှေးဦးစွာသွားသူသည် ပြာများနေအံ့၊ ပြာကိုစွန့်ပစ်ရခြင်း၊ ချွေးဇရုံးအိမ် အကျည်, ပရိဝုဏ်, တံခါးမုခ်, ချွေးဇရုံးဇရပ်တို့၌ အမှိုက်ရှိအံ့၊ တံမြက်လှည်းရခြင်း၊ ရေချိုးကသယ်မှုန့်ကို စုရုံးလုံးထွေး ရခြင်း၊ မြေညက်ကို ရေဆွတ်ရခြင်း၊ (ချွေးဇရုံးအိမ်ထဲ ဝင်သောအခါ မီးပူခံနိုင်ရန် မျက်နှာကို သုတ်လိမ်းရန်အတွက် မြေညက် ရေဆွတ်၍ ထားရလေသည်။) ရေထည့်သော စကျဉ်း, စည်ပိုင်းစသည်၌ ရေသွန်းလောင်း ရခြင်း၊ မြေညက်ဖြင့် မျက်နှာလိမ်းကျံ၍ ရှေ့ဘက် နောက်ဘက်မှ ဖုံးလွှမ်း

စာမျက်နှာ-[၂၁၉]

လျက် ဇရုံးအိမ်ထဲသို့ ဝင်ရခြင်း၊ မထေရ်ကြီးကို တိုးဝှေ့၍ မနေရခြင်း၊ သီတင်းငယ်ကို နေရာဖြင့် မတားမြစ်ရခြင်း၊ စွမ်းနိုင်အံ့ မထေရ်ကြီးအား ချေးတွန်းပေးရခြင်း၊ (ဤ၌ ချွေးဇရုံးအိမ်ကား မှောင်မိုက်နေသဖြင့် အများအပြား တပြိုင်တည်းဝင်၍ သင်္ကန်းများ ချထား၍ မီးမပူအောင် မျက်နှာ မြေညက်လိမ်းကျံခါ ခန္ဓာကိုယ်၌ အလိုရှိသလောက် ချွေးထွက် စေပြီးလျှင် ဆပ်ပြာ ကသယ်မှုန့် စသည်တို့ဖြင့် ပွတ်တိုက်ကြ၍ နောင်ခါ ရေချိုးကြမည်ဖြစ်သောကြောင့် မထေရ်ကြီးများအားစွမ်းနိုင်က ဤ၌ပင် ချေးတွန်းပေးရခြင်း ဝတ်ကိုဆိုလေသည်။) ဇရုံးအိမ်မှ ထွက်သောအခါ ဇရုံးအိမ်ခင်း အင်းပျဉ်ကိုယူ၍ရှေ့အတူဖုံးလွှမ်းလျက် ထွက်ရခြင်း၊ အပြင်ရေချိုးရာ၌လည်းစွမ်းနိုင်လျှင် မထေရ်ကြီးတို့အား ချေးတွန်းပေးရခြင်း၊ မထေရ်ကြီးတို့၏ ရှေ့ဘက် အထက်ဘက်က ရေမချိုးရခြင်း၊ ရေချိုးရာမှ တက်သူသည် ရေချိုးဆင်းသူအား ရှောင်၍ လမ်းပေးရခြင်း၊ နောက်ဆုံး ဇရုံးအိမ်မှ ထွက်သူသည် ဇရုံးအိမ်၌ ညွှန်ဗွက် ထနေအံ့၊ ဆေးကြော သုတ်သင်ရခြင်း၊ မြေညက်ထည့်သော ခွက်စကျင်းတို့ကို ရေဆေးရခြင်း၊ ဇရုံးအင်းပျဉ်ကို သိမ်းဆည်းရခြင်း၊ မီးငြိမ်းသတ်ခြင်း၊ တံခါးပိတ်ခြင်း အမှုတို့ကိုပြု၍ ဖဲသွားရခြင်း။”

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ ဆွမ်းခံကြွသူတို့ ပြုစုရသော ဝတ်ငါးခုလောက်ထုတ်၍ ဆွမ်းခံ ပြန်လာသော ရဟန်းများ ရှေးအခါဘယ်သို့ ပြုကြသည်ကို စွမ်းနိုင်သလောက် ဖော်ပြပါ။
၂။ ယခုကာလ ဆွမ်းခံသွားခါနီး သော့ခတ်ရခြင်းများကို ပါဠိတော် အဋ္ဌကထာတို့၌ ဝတ်ဟု ဆိုထားပါသလား။
၃။ အာရညကဝတ္တံကို စာကိုယ်အတိုင်း အနက်ပေး၍ နက္ခတ်နှင့် တာရာတို့ ထူး-မထူး ဖော်ပြပါ။
မထေရ်ကြီးနှင့် အတူနေသူ မီးထွန်း မီးငြိမ်းလိုက ပန်ကြားရခြင်းသည် ဘယ်ဝတ်ဖြစ်သည်ဟု ဖော်ပြပါ။
၅။ ဇန္တာဃရ၌ ဇံ-၏ အနက် တာ-၏ အနက်ကို ခွဲခြားပြ၍ ဇရုံး အိမ်၏ အဓိပ္ပာယ်ကို ဖော်ပြပါ။

ဇန္တာဃရဝတ် မှတ်သားဖွယ် ပြီး၏။

စာမျက်နှာ-[၂၂၀]

၁၀ - ဝစ္စကုဋိဝတ်

ကျင်ကြီးစွန့်သော ကျောင်းငယ်ကို ဝစ္စကုဋိဟုလည်းကောင်း၊ ကုဋိအိမ်ဟုလည်းကောင်း ခေါ်သည်၊ ထိုကုဋိအိမ်၌ ပြုသင့်သော ဝတ် ဖြစ်သောကြောင့် ဝစ္စကုဋိဝတ်ဟု ခေါ်သည်။

ဝစ္စကုဋိဝတ်များ

ကုဋိအိမ်သို့ဝင်မည်ကြံလျှင် အတွင်း၌ လူရှိ မရှိ သိရအောင်(အဟမ်း) ဟုချောင်းဟန့်ရခြင်း၊ အတွင်းမှာ လူရှိလျှင် ထိုသူက ပြန်၍ ချောင်းဟန့်လိမ့်မည်။ လူမရှိလျှင် အပေါ်ဧကသီကို အပြင်သင်္ကန်းတန်း၌ တင်ထားပြီးမှ တံခါးကို ဖွင့်၍ မနှေးမလျှင် အတွင်းသို့ ဝင်ရခြင်း၊ ကုဋိပြင်ဘက်၌ သင်္ကန်းထားဖို့ တန်းရှိစေရမည်၊ ယခုကာလ အတွင်း၌ တန်းထားသည်ကို တွေ့ရသည်၊ အတွင်းသို့ ရောက်လျှင် ခြေနင်းခုံပေါ်၌ ခြေစုံ ရပ်ပြီးမှ သင်းပိုင်ကို ပင့်(မ)ရခြင်း၊ ကုဋိတွင်းသို့ သင်းပိုင်ကို ပင့်(မ)၍ မဝင်ရခြင်း၊ ကျင်ကြီးစွန့်နေစဉ် (အင်း, အင်း) ဟု ညည်းသံ ညှစ်သံ မမြည်စေရခြင်း၊ ကျင်ကြီးစွန့်နေတုန်းမှာ တံပူကို ပါးစပ်ဖြင့် ကိုက် မထားရခြင်း၊ ကျင်ကြီးခွက်, ကျင်ငယ်ခွက် (ကျင်ကြီးသရောက်, ကျင်ငယ် သရောက်)တို့၏ ဘေးမရောက်စေပဲ ခွက် သရောက်ထဲ တဲ့တဲ့ကျအောင် စွန့်ရခြင်း၊ ကျင်ငယ်ခွက်သရောက်ထဲ၌ နှပ်, တံတွေးတို့ကို မညှစ်ထွေး ရခြင်း၊ (ကုဋိတွင်း ထွေးခံရှိစေသင့်သည်) ကြမ်းသော ကနုတံစသည်တို့ဖြင့် မသုတ်အပ်။

မအပ်သော ကနုတံ ခြောက်မျိုး

၁။ ဖောလိတ=ကွဲတဲ့ ကနုတံ။
၂။ ခရ =ကြမ်းတမ်းတဲ့ ကနုတံ။
၃။ ဂဏ္ဌိက = အဆစ်ရှိတဲ့ ကနုတံ။
၄။ ကဏ္ဋက =ဆူးရှိတဲ့ ကနုတံ။
၅။ သုသိရ =အခေါင်းရှိတဲ့ ကနုတံ။
၆။ ပုတိ =ပုပ်ဆွေးတဲ့ ကနုတံ ပေါင်း ခြောက်မျိုး။

ကွဲ, ကြမ်း, ဆစ်, ဖု၊ ဆူး, ခေါင်း, ပု၊ ကနု မအပ်ခြောက်။

စာမျက်နှာ-[၂၂၁]

ကနုတံ မယူပဲ ဝင်သွားသော ရဟန်းအား ကနုတံ မသုတ်သင်၍ အာပတ် မသင့်ဟု အဋ္ဌကထာဆိုသည်၊ ကနုတံကို ကျင်ကြီးတွင်း သရောက်တို့၌ မချရခြင်း၊ ဝစ္စကုဋီအတွင်း နင်းခုံပေါ်ရပ်လျက် သင်းပိုင်ကို ဖုံးလွှမ်း ရခြင်း၊ မနှေးမလျှင် ထွက်ခြင်း၊ သန့်သက်ရေဆေးတဲ့ နင်းခုံပေါ်တက်၍ သင်းပိုင်ကို ပင့်ပြီး သန့်သက်ရေဆေးရခြင်း၊ (ဖင်ဆေးရေကို သန့်သက် ရေဟု ခေါ်သည်။) ထိုသန့်သက်ရေကို ရှေးတုန်းက ကုဋီထဲ မထားပဲ သီးသန့်ထားလေ့ရှိ၏၊ ယခုအခါ ကုဋီထဲမှာပင် ထားကြ၏၊ ထိုထားသည့် နေရာ၌ပင် သန့်သက်ရေဖြင့် ကျင်ကြီး ပြောင်စင်အောင် ဆေးရခြင်း၊ သန့်သက်ရေဆေးသောအခါ အသံမမြည်အောင်ဆေးရခြင်း၊ သန့်သက် ရေခွက်ထဲ၌ ရေကျန် မထားရခြင်း၊ (ခွက်မှောက်ထားပါဟုဆိုလိုသည်။) သန့်သက်ရေခွက်ထဲ၌ ရေကြွင်း မထားရဟု ဆိုသောစကားကို ခပ်သိမ်းသော ရဟန်းတို့နှင့် ဆက်ဆံသော အရပ်ကို ရည်၍သာဆိုသည်၊ သံဃိကကျောင်းတနေရာရာ၌ မိမိမပြတ်သွားဖို့ လုပ်ထားသောဌာနနှင့် ပုဂ္ဂလိက ကုဋီတို့၌ ရေကြွင်းကျန်သော်လည်း အပြစ်မရှိ၊ ဝမ်းနုတ်ဆေး စား၍ မကြာခဏ ကုဋီတက်နေသူလည်း ရေကြွင်းရှိ၍ အပြစ်မရောက်ဟု အဋ္ဌကထာဆိုသည်၊ ဝစ္စကုဋီကျင်ကြီးများ လိမ်းကျံမှုတွေက ဆေးကြော သုတ်သင်ရခြင်း၊ အကယ်၍ ကနုတံပုံး ပြည့်နေက ယူသွန်ရခြင်း၊ ရေမရှိ ခွက်မရှိက တခုခုဖြင့် သုတ်ပြီး သွားနိုင်၏၊ ဝစ္စကုဋီ အကျည် ပရိဝုဏ် တံခါးမုခ်တို့၌ အမှိုက်ရှိက အမှိုက်လှဲရခြင်း၊ သန့်သက်ရေအိုး၌ ရေမရှိအံ့၊ ပုဂ္ဂိုလ်မရွေး ရေခပ်ထည့်ရခြင်း၊ တာဝန်ယူထားသူ ရှိပါက အကြောင်းကြား ခပ်စေသဖြင့် အပြစ်လွတ်ဖွယ်ရှိ၏၊ ကျင်ကြီး စွန့်ပြီး သူသည် ရေရှိလျက် သန့်သက်ရေ မဆေးပဲ မနေရခြင်း၊ ရေရှိသော နေရာကာ ဖုံးကွယ်ရာမရှိပါက ရေယူ၍ ဖုံးကွယ်ရာ၌ ဆေးရခြင်း၊ အိုးခွက်မရှိက သပိတ်ဖြင့်ဆောင်၍ ဆေးကြောအပ်၏၊ သပိတ် မရှိက မဆေးကြောပဲ နေနိုင်၏။ ဤနေရာ၌ ဟင်းလင်း ပွင့်နေ၍ ရှေ့မှာ ရေရလတ္တံ့ဟု သွားသူအား ရေမရပဲ ဆွမ်းခံဖို့ စသော ကိစ္စကြုံလာက ရေမဆေးတော့ပဲ တုတ်စသည်ဖြင့် သုတ်၍ ဆိုင်ရာအလုပ် လုပ်နိုင်တော့သည်၊ ကျင်ကြီးအိမ်, ကျင်ငယ်စွန့်ရာဌာန, ရေချိုးဆိပ် ဤသုံးပါးတို့၌

စာမျက်နှာ-[၂၂၂]

ဝါစဉ်မလို၊ ရောက်လာသော အစဉ်အားဖြင့် တက်ကြ ချိုးကြရမည်။ ရောက်စဉ်သာ ပမာဏဟု အဋ္ဌကထာ ဆိုသည်။

(က) ကနုတံဖြင့်သုတ်ရမည်ကို ဝတ္တရားအနေဖြင့် ပါဠိတော် အဋ္ဌကထာ ရှိပါသလား ?

“န ဖရုသေန ကဋ္ဌေန အဝလေခိတဗ္ဗံ”၌ ကြမ်းသော ကနုတံဖြင့် မသုတ်ရဟုသာ ပါဠိတော် လာပါသည်၊ ကနုတံချောချောနှင့် သုတ်ဟု တိုက်ရိုက်မလာ၊ ကနုတံမသုတ်ခြင်းကြောင့် အပြစ်ပြမှု မတွေ့ပါ၊ တုတ်, စက္ကူ တို့ဖြင့်သုတ်၍ အပြစ်တွေ့ပါသည်၊ “အဝလေခနကဋ္ဌံပန အဂ္ဂဟေတွာ ပဝိဋ္ဌဿ အာပတ္တိနတ္ထိဟူသော အဋ္ဌကထာ၌ ကနုတံမယူပဲ ဝင်သွားတဲ့ ပုဂ္ဂိုလ် အာပတ်မရှိဟုဆိုသော စကား၌ ကနုတံ ယူသွားခဲ့လျှင် လည်းကောင်း၊ ကုဋီထဲ၌ ကနုတံရှိခဲ့လျှင် လည်းကောင်း၊ ကနုတံဖြင့် သုံးရမည်ဟူသော အဓိပ္ပာယ် ထွက်နေပါသေးသည်။ ထို့ပြင် “သစေ အဝလိခန ပိဓရော ပူရာဟောတိ အဝလိခနကဋ္ဌံ ဆဍ္ဍေတဗ္ဗံ" ဟူသော ပါဠိတော်၌ ကနုတံပုံပြည့်နေလျှင် ကနုတံကို စွန့်ရမည့်ဝတ် တွေ့နေပါသောကြောင့် ကနုတံဖြင့် သုတ်လိုက သုတ်သင့်သည်ဟု ယူဆသည်၊ သို့သော် မသုတ်ခြင်းကြောင့် အပြစ်တပ်နိုင်မည်ဟု ဉာဏ်မရောက်ပါ၊ ထိုသို့ ကနုတံဖြင့် မသုတ်ပဲ ကိစ္စပြီးနိုင်လျှင် ရေများများထား၍ ကနုတံတို့ မထားပဲ ရေများ ဆပ်ပြာများ လက်သုတ်ပုဝါများ ထားခဲ့လျှင် ကိစ္စနည်း၍ ဗုဒ္ဓအလိုကျမည်ဟု ယူဆရလေသည်။

ဝစ္စကုဋိဝတ် မှတ်သားဖွယ်ပြီးပြီ။

၁၁-ဥပဇ္ဈာယဝတ်

မိဘတို့သည် သားသမီးတို့အပေါ် အမြဲကြည့်ရှု၍ သွန်သင်ဆုံးမ သကဲ့သို့ တပည့်အပေါ်၌ အမြဲ ကြည့်ရှု၍ သွန်သင်ဆုံးမသော ဆရာကို ဥပဇ္ဈာယ်ဆရာဟု ခေါ်သည်၊ ထိုဥပဇ္ဈာယ်ဆရာသည် သာသနာတော်၌ အရင်းနှီးဆုံး ဆရာဖြစ်သည်။ ထို ဥပဇ္ဈာယ်၌ အတူနေတပည့်တို့က ပြုရသောဝတ် ဖြစ်သောကြောင့် ဥပဇ္ဈာယဝတ်ဟု ဆိုသည်။

စာမျက်နှာ-[၂၂၃]

ဥပဇ္ဈာယ ဝတ်များ

ဥပဇ္ဈာယ်နှင့် အတူနေတပည့်သည် မိမိကိုယ်တိုင် နေထိုင်ကောင်းလျှင် နံနက်စောစောထ၍ ဖိနပ်ချွတ်ခြင်း၊ ကိုယ်ဝတ်သင်္ကန်း လက်ကန်တော့ တင်ခြင်းပြု၍ ဥပဇ္ဈာယ်အား တံပူကပ်ရခြင်း၊ (ဤ၌ အကြီး, အလတ်, အငယ် တံပူသုံးမျိုးထားလျက် ကပ်ရမည်၊ နှစ်သက်သော တံပူတမျိုးမျိုးကိုသာ ကပ်ရ၏၊ အမှတ်မထား သုံးဆောင်ငြားအံ့၊ အမှတ်မရှိ ရသော တံပူကို ကပ်ရ၏။) မျက်နှာသစ်ရေ ကပ်ခြင်း၊ ဤ၌ ရေနွေး, ရေအေး နှစ်မျိုးပြုလုပ်၍ကပ်ရမည်၊ သုံးရက်တိုင်တိုင် ယူသုံးသောရေကို လေးရက်မြောက်နေ့ကစ၍ ကပ်ရ၏၊ အမှတ်မရှိ သုံးအံ့၊ ရသည့်အားလျော်စွာ ကပ်သင့်၏၊ (နှစ်မျိုးစလုံး သုံးအံ့၊ နှစ်မျိုးစလုံးပင် ကပ်သင့်၏) မျက်နှာသစ်ရေ မျက်နှာသစ်သောနေရာ၌ ထား၍ ဝစ္စကုဋီမှစ၍ တံမြက်လှည်း ရခြင်း၊ ဥပဇ္ဈာယ် ကုဋီတက်သည်ရှိသော် ပရိဝုဏ်ကို တံမြက်လှည်းရခြင်း၊ (ဤသို့ လှည်းသည်ရှိသော် ပရိဝုဏ် မဆိတ်သည်ဖြစ်၏။) ဥပဇ္ဈာယ်ကုဋီမှ မထွက်မီ နေရာထိုင်ရာများကို ခင်းထားရခြင်း၊ ကိုယ်လက်သုတ်သင်ခြင်း ကိစ္စပြီး၍ ခင်းထားသောနေရာ၌နေသော ဥပဇ္ဈာယ်အား ယာဂု ရှိအံ့၊ ခွက်ကို စင်ကြယ်အောင်ဆေး၍ ယာဂုကပ်ရခြင်း၊ ယာဂုဘုဉ်းပေးပြီး ဉပဇ္ဈာယ်အား ရေပေးရခြင်း၊ ယာဂုခွက်ကို ကောင်းမွန် ရိုသေစွာ မထိခိုက်စေပဲ ဆေးကြေ သိမ်းထားရခြင်း၊ ဥပဇ္ဈာယ် နေရာမှ ထသည် ရှိသော် နေရာကို ခေါက်သိမ်းရခြင်း၊ ထိုအရပ်၌ အမှိုက်သရိုက်တို့ ရှိအံ့၊ တံမြက်လှည်းရခြင်း၊ (အမှိုက်မရှိ ရေပေါက်, ရေစက်တို့သာရှိအံ့၊ လက်ဖြင့် ပွတ်တိုက်ရခြင်း) ဥပဇ္ဈာယ်ဆရာ ရွာသို့ ကြွလိုသည်ဖြစ်အံ့ ရွာဝတ်သင်းပိုင် ပေးရခြင်း၊ ကျောင်းဝတ်သင်းပိုင်ကို ယူရခြင်း၊ ခါးပန်း ပေးရခြင်း၊ အထပ်ပြု၍ ကိုယ်ရုံ ဒုကုဋ်တို့ကို ပေးရခြင်း၊ ဆေးကြော၍ ရေနှင့်တကွ သပိတ်ကို ပေးရခြင်း၊ (ဤ၌ သပိတ်တွင် ဆွမ်းမကပ်စေခြင်းငှာလည်းကောင်း၊ ရွာတွင်း၌ ရေငုံလိုက ငုံစေခြင်းငှာလည်းကောင်း ရေထည့်၍ ပေးရမည်။) ဥပဇ္ဈာယ်ဆရာသည် နောက်ပါ အလိုရှိခဲ့အံ့၊ ဥပဇ္ဈာယ်နည်း အတိုင်း ပြုလုပ်၍ နောက်လိုက်ပြုရခြင်း၊ မဝေးလွန်း မနီးလွန်း လိုက်ရခြင်း၊ (နောက်ပြန်ကြည့်သော ဥပဇ္ဈာယ်ကို ခြေတလှမ်း နှစ်လှမ်းဖြင့်

စာမျက်နှာ-[၂၂၄]

မှီနိုင်သော လိုက်ပါ သွားလာခြင်းသည် မဝေးလွန်း မနီးလွန်း လိုက်သည်ဟု မှတ်။

ဥပဇ္ဈာယ်ဆရာ ယာဂုဆွမ်းတို့ကိုရ၍ သပိတ်ပူခြင်း၊ လေးခြင်းရှိခဲ့သော် မိမိသပိတ်ပေး၍ လဲယူရခြင်း ဥပဇ္ဈာယ်စကားပြောစဉ် ဝင်၍မပြောရခြင်း၊ အာပတ် နီးကပ်လာသော ဥပဇ္ဈာယ်စကားကို တားမြစ် ပိတ်ပင် ရခြင်း၊ (တားမြစ်ဆိုသော်လဲ ဤစကား ဆိုသင့်သလော, အာပတ် မသင့်သလောစသည်ဖြင့် မေးသည့်အနေဖြင့် မြစ်အပ်၏။ အဖိုးအို... သည်စကားမပြောနှင့် စသည် ရိုင်းပြသောစကားမျိုးဖြင့် မတားမြစ် အပ်၊) နီးခဲ့သော်လည်းကောင်း၊ ကျောင်း၌ ဂိလာနရှိခဲ့သော်လည်းကောင်း ရှေးဦးစွာ ပြန်လာရခြင်း၊ ရွာဝေးခဲ့အံ့၊ ဥပဇ္ဈာယ်နှင့်အတူ ပြန်သူမရှိခဲ့သော် ဥပဇ္ဈာယ်နှင့်အတူ ရွာမှ ထွက်ရခြင်း၊ ကျောင်းနီးသောအခါ ရှေးဦးရောက်အောင်ပြန်လာ၍ နေရာခင်းခြင်း၊ ခြေဆေးရေ, ခြေဆေးအင်းပျဉ်, ခြေပွတ်အိုးခြမ်းတို့ကိုထားခြင်း၊ ခရီးဦးကြိုဆို၍ သပိတ် သင်္ကန်းလှမ်းယူခြင်း၊ ကျောင်းဝတ်သင်းပိုင်ကိုပေးခြင်း၊ ရွာဝတ်သင်းပိုင် ယူသိမ်းခြင်း၊ သင်္ကန်းချွေးစိုအံ့၊ ခေတ္တနေလှန်းရခြင်း၊ (ကြာကြာသင်္ကန်း နေမလှန်းအပ်၊) သင်္ကန်းများကို ခေါက်ရခြင်း၊ အလယ်ကျိုးမဖြစ်ရန် နှလုံးပြု၍ လက်လေးသစ်မျှသော အနားကိုချန်၍ သင်္ကန်းခေါက်သင့်၏။ အညီပြု၍ ခေါက်ခဲ့အံ့၊ အလယ်၌ (ကျီး)ချိုးသည်ဖြစ်၍ နေ့စဉ် အမြဲ ချိုးခဲ့သောချိုးရာ၌ အားနည်း၍ ဆွေးမြေ့ခဲ့ရာ၏၊ ထိုအပြစ်ကို တားမြစ်ခြင်းငှာ လက်လေးသစ် ရှား၍ခေါက် ဟူသော စကားကို မိန့်သည်။ ထို့ကြောင့် ယနေ့ ခေါက်ချိုးသောနေရာ၌ နက်ဖန်ခေါက်လျှင် မကျိုးစိမ့်သောငှာ မကျိုးရအောင် နေ့တိုင်း နေ့တိုင်း လက်လေးသစ် ရှား၍ ရွေ့၍ ခေါက်သင့်၏၊ သင်္ကန်းခွေထဲ၌ ခါးပန်းကြိုးထည့်ရခြင်း၊ ဆွမ်း ရှိ၍ ဥပဇ္ဈာယ်ဆရာ ဘုဉ်းပေးလိုသည်ဖြစ်အံ့၊ ရေနှင့် ဆွမ်းကပ်ခြင်းကို ပြုရခြင်း၊ ရေဘုဉ်းပေးလိုသလားဟု သုံးကြိမ်တိုင် မေးမြန်းရခြင်း၊ နေမလွဲသေးပဲ အချိန်ရပါသေးလျှင် ဥပဇ္ဈာယ် ဆွမ်းဘုဉ်းပေးပြီးမှ မိမိဆွမ်းစားရခြင်း၊ အချိန်နီးကပ်နေအံ့၊ သောက်ရေကို ဥပဇ္ဈာယ်၏ အနီး၌ထား၍ ဆွမ်းစားရခြင်း၊ ဆွမ်းစားပြီးသော ဥပဇ္ဈာယ်အား

စာမျက်နှာ-[၂၂၅]

ရေကိုပေးရခြင်း၊ သပိတ်ယူ၍ ရိုသေကောင်းမွန်စွာ မထိခိုက်ရအောင် ဆေးကြောပြီး ရေမရှိအောင်ပြု၍ တခဏမျှ နေပူလှန်းရခြင်း၊ (နေပူ၌ သပိတ် ကြာရှည်မလှန်းရခြင်း၊) သပိတ် သင်္ကန်းကို နေရာချထားရခြင်း၊ (သပိတ်, သင်္ကန်းထားသင့် မသင့် အစီအရင်ကို သေနာသနဝတ်၌ ဆိုခဲ့ပြီ၊) ဥပဇ္ဈာယ် ထခဲ့သည်ရှိသော် နေရာစသည် သိမ်းရခြင်း၊ ဥပဇ္ဈာယ် ရေချိုးလိုအံ့၊ ရေနွေး, ရေအေး လိုလိုရာရာ စီရင်ရခြင်း၊ ဥပဇ္ဈာယ် ချွေးဇရုံးအိမ်သို့ ဝင်လိုအံ့၊ ရေချိုးကသယ်မှုန့်ကို လုံးရခြင်း၊ မြေညက်ကို ရေဆွတ်ရခြင်း၊ ဇရုံးအိမ် အင်းပျဉ်ကို ယူ၍ ဥပဇ္ဈာယ်နောက်မှ လိုက်ပါ။ သွား၍ ဇရုံးအိမ် အင်းပျဉ်ကို ပေးရခြင်း၊ သင်္ကန်းကို ယူ၍ သင့်တော်ရာ မီးခိုးပြာ မရှိသောနေရာ၌ ထားရခြင်း၊ ရေချိုးကသယ်မှုန့် မြေညက်တို့ကို ပေးရခြင်း၊ စွမ်းနိုင်အံ့ ဇရုံးအိမ်သို့ ဝင်ရခြင်း၊ (ဇရုံးအိမ် ဝင်ပုံ ပြုကျင့်ပုံ ဝတ်တို့ကို ဇန္တာဃရဝတ်၌ ဆိုခဲ့ပြီ။)

ဥပဇ္ဈာယ်အား ရုံးအိမ်အတွင်း၌ ချေးတွန်းခြင်း စသောအမှု၊ နောင် ရေချိုးသောအခါ၌ ချေးတွန်းခြင်းစသော အမှုများပြုရခြင်း၊ မိမိကိုယ်ပါ ရေချိုးအံ့၊ ရှေးဦးစွာ တက်၍ မိမိကိုယ်ကို ရေမရှိအောင်ပြုခြင်း၊ သင်းပိုင်ဝတ်၍ ဥပဇ္ဈာယ်၏ ကိုယ်မှ ရေကို သုတ်ခြင်း သင်းပိုင်, ကိုယ်ရုံ, ဒုကုဋ် ပေးခြင်း၊ ဇရုံးအင်းပျဉ် ယူ၍ ဥပဇ္ဈာယ်ဆရာ၏ ရှေးဦးပြန်လာလျက် နေရာခင်းခြင်း စသည်ပြုပြင်ခြင်း၊ ဇရုံးအိမ်၌ မီးပူသောကြောင့် ရေတ်သိပ်ခြင်းဖြစ်တတ်ရကား ဥပဇ္ဈာယ်အား သောက်ရေဖြင့်မေးမြန်း ရခြင်း၊ ဆက်ကပ်ရခြင်း၊ ဥပဇ္ဈာယ်ဆရာနေသော ကျောင်း၌ အမှိုက်ရှိအံ့၊ တံမြက်လှည်းရခြင်း၊ အနာရောဂါ မနှိပ်စက်သဖြင့် စွမ်းနိုင်ခဲ့အံ့၊ ဥပဇ္ဈာယ် နေသောကျောင်းကို သုတ်သင်အပ်၏၊ (ကျောင်းသုတ်သင်ပုံ စုံစုံစေ့စေ့ သေနာသနဝတ်၌ရေးခဲ့ပြီ၊ သန့်သက်ရေအိုး၌ ရေထည့်ရခြင်းတိုင် သိလေ) ဥပဇ္ဈာယ်သာသနာ၌ မမွေ့မပျော်သည် ဖြစ်အံ့၊ ကလျာဏမိတ္တ စသည် ပြည့်စုံသော သင့်ရာအခြားအရပ်သို့ခေါ်ဆောင်သွားရခြင်း၊ သူတပါးကိုမူလည်း ခိုင်းရခြင်း၊ တရားစကားကိုမူလည်း ဟောရခြင်း၊ ဥပဇ္ဈာယ် ကုက္က္ကုစ္စ အလို့လို့ ဖြစ်အံ့၊ မိမိကိုယ်တိုင်ပင် ပယ်ဖျောက်ခြင်း၊ သူတပါးကိုမူလည်း ပယ်ဖျောက်စေရခြင်း၊ ဥပဇ္ဈာယ်ဒိဋ္ဌိအယူဖြစ်နေအံ့၊ မိမိကိုယ်တိုင်

စာမျက်နှာ-[၂၂၆]

စွန့်လွှတ်အောင်ပြုရခြင်း၊ သူတပါးကိုလည်း ခိုင်းရခြင်း၊ ဥပဇ္ဈာယ်သော သံဃာဒိသိသ်သို့ရောက်ခဲ့သော် သံဃာဒိသိသ်လွတ်ငြိမ်းရေး အားထုတ်ရခြင်း၊ တဇ္ဇနီယကံစသည် အပြုခံရရေးနှင့် စပ်၍ ပေါ့လျော့လွတ်ငြိမ်းခွင့်ရအောင် အားထုတ်ရခြင်း၊ ဥပဇ္ဈာယ်သင်္ကန်းဖွပ်လို, ချုပ်လို, ဆိုးရေချက်လို, ဆိုးရေ ဆိုးလိုအံ့ မိမိက အားလုံးပြုလုပ်ပေးခြင်း၊ အလိုပြည့်အောင်လည်း လုံ့လ ပြုခြင်း၊ သင်္ကန်းဆိုးသူသည် ကောင်းစွာ သင်္ကန်းကို ပြန်လှန် ပြန်လှန်၍ ဆိုးရခြင်း၊ လှန်းသောသင်္ကန်းဆိုးရည်ကျ မပြတ်သေးမီ ဖဲမသွားရခြင်း၊ (ဤဝတ်တိုင် မှတ်ခဲ့ပါ။ ဥပဇ္ဈာယ်ဆရာ၏ မကြီးပွား မထွန်းကားခြင်းကို အလိုရှိသော ဥပဇ္ဈာယ်၏ ဝိသဘာဂပုဂ္ဂိုလ်အား ဥပဇ္ဈာယ် မပန်ကြားပဲ သပိတ်စသော ပရိက္ခရာ မပေးရခြင်း၊ မိမိကလဲ မယူရခြင်း၊ ဆံရိတ်ချေးတွန်းခြင်းစသော ဝေယျာဝစ္စတို့ကို ဥပဇ္ဈာယ် မပန်ကြားပဲ ပြုမပေးရခြင်း၊ မိမိအားလည်း မပြုလုပ်စေရခြင်း၊ နောက်လိုက်ရဟန်းမလုပ်ရခြင်း၊ ဆွမ်းဆောင် မပေးရခြင်း၊ မိမိအတွက်လည်း မလုပ်စေရ၊ ဥပဇ္ဈာယ် အလဇ္ဇီ ဖြစ်လျှင် သဒ္ဓိဝိဟာရိက တပည့်က ဆုံးမဟောပြောရမည်၊ မရလျှင် ဥပဇ္ဈာယ်၏ ဝိသဘာဂပုဂ္ဂိုလ် လဇ္ဇီနှင့် သမ္ဘောဂဆက်ဆံနိုင်၏၊ ဥပဇ္ဈာယ် အဖြစ် ပမာဏမဟုတ်ဟု ဝိမတိဆိုသည်၊ ဥပဇ္ဈာယ်မပန်ကြားပဲ ရွာမဝင်ရ။ သုသာန် မသွားရ၊ အရပ်တပါး မဖဲရ၊ ဖဲလိုလျှင် ဥပဇ္ဈာယ်အား သုံးကြိမ်တိုင် လျှောက်ကြားရမည်၊ ရလျှင် သွားကောင်း၏။ ခွင့်မရပဲ ဥပဇ္ဈာယ်နှင့် နေသော်လဲ စာသင်မှု ကမ္မဋ္ဌာန်းစီးဖြန်းမှုကို မပြည့်စုံပဲ ဥပဇ္ဈာယ်ကလည်း ဗာလဖြစ်လျှင် ခွင့်မရသော်လဲ သွားကောင်း၏၊ ဥပဇ္ဈာယ် မကျန်းမာလျှင် အသက်ထက်ဆုံး ဥပဇ္ဈာယ် ကျန်းမာအောင် လုပ်ကျွေး ငံ့လင့် စောင့်ဆိုင်းရ၏၊ လုပ်ကျွေးမည့်သူရှိအံ့ ဆေးများရှာပေး၍ ဤသူသည် အရှင်မြတ်အား လုပ်ကျွေးလတ္တံ့ ဟုဆို၍ ဖဲသွားနိုင်၏။ သဒ္ဓိဝိဟာရိက တပည့် မကျန်းမာခဲ့သော် ဝါ-၆၀ ရှိသော်လည်း ဥပဇ္ဈာယ ဝတ်ကို ပြုထိုက်၏၊ မရိုသေ၍မပြုခဲ့လျှင် အပြစ်မလွတ်ဟု အဋ္ဌကထာဆိုသည်။

ဥပဇ္ဈာယဝတ် မှတ်သားဖွယ် ပြီးပြီ။

စာမျက်နှာ-[၂၂၇]

၁၂-သဒ္ဓိဝိဟာရိက

ဥပဇ္ဈာယ်ယူထားသော တပည့်ကို သဒ္ဓိဝိဟာရိက အတူနေ တပည့်ဟု ခေါ်သည်။ (သဒ္ဓိ=အတူ+ဝိဟာရိက=နေလေ့ရှိသူ) ဥပဇ္ဈာယ်ဆရာ အပေါ်၌ တပည့်ကသာ ဝတ်ပြုရသည် မဟုတ်သေး၊ ဥပဇ္ဈာယ်ဆရာ ကလည်း သဒ္ဓိဝိဟာရိက တပည့်များ အပေါ်၌ ပြုရသေးသည်။ ထိုသို့ သဒ္ဓိဝိဟာရိက တပည့်၌ ဥပဇ္ဈာယ်ဆရာသည် ပြုအပ်သော ဝတ်ဖြစ်သောကြောင့် သဒ္ဓိဝိဟာရိကဝတ်ဟု ဆိုရသည်။

သဒ္ဓိဝိဟာရိက ဝတ်များ

ဥပဇ္ဈာယ်ဆရာသည် သဒ္ဓိဝိဟာရိက တပည့်အား စာချပေးရခြင်း၊ ဆုံးမဩဝါဒ ပေးရခြင်း၊ မသင့်တော်ရာ၌ ကံမြစ်ခြင်းတို့ဖြင့် ချီးမြှောက် ထောက်ပံ့ရခြင်း၊ သပိတ်, သင်္ကန်းစသော ပရိက္ခရာမရှိခဲ့လျှင် ဥပဇ္ဈာယ်က ပေးသောအားဖြင့် ချီးမြှောက်ရခြင်း၊ ပေးစရာ အပိုမရှိလျှင် ဘယ်လို နည်းဖြင့် ငါ့တပည့် သပိတ်, သင်္ကန်း စသည် ရှိပါအံ့နည်းဟု ကြောင့်ကြ အားထုတ်ရခြင်း၊ တပည့် မကျန်းမာ ဖျားနာသောအခါ၌ တံပူပေး ရခြင်း၊ မျက်နှာသစ်ရေ ပေးရခြင်း၊ ယာဂုပေးရခြင်း၊ တပည့်နေရာ အမှိုက်ရှုပ်လျှင် လှည်းရခြင်းစသောဝတ်များကို တပည့်က ဆရာအပေါ်၌ အမြဲပြုရသကဲ့သို့ ဆရာကလည်း တပည့်အပေါ်မှာ ပြုရပေသည်။

အမှာ ဥပဇ္ဈာယဝတ်၌ တံပူပေးရခြင်းမှစ ရေမရှိလျှင် သန့်သက်ရေအိုး၌ ထည့်ရခြင်းတိုင်အောင် ဥပဇ္ဈာယ်က ပြန်ပြုရမည်ဟု ဆိုလိုသည်။ သဒ္ဓိဝိဟာရိက တပည့် သာသနာတော်၌ မမွေ့လျော်ခ် လည်းကောင်း၊ ကုက္ကုစ္စဖြစ်ခဲ့သော်လည်းကောင်း၊ ဒိဋ္ဌိအယူ ယူသော်လည်းကောင်း (တပည့်က ပယ်ဖျောက်ပုံ နည်းအတိုင်း) ဥပဇ္ဈာယ်က အခါမရွေး ပယ်ဖျောက်ရခြင်း၊ သံဃာဒိသိသ်သို့ ရောက်ခြင်းနှင့် စပ်သော ကိစ္စ, တဇ္ဇနီယ စသော ကံပြုရေးနှင့် စပ်သောကိစ္စ အဝဝတို့၌ လွတ်ငြိမ်း ပေါ့လျော့ ချမ်းသာမှု ရအောင် အားထုတ်ပြုလုပ်ရခြင်း၊ သင်္ကန်းဖွပ်ပုံ, ချုပ်ပုံ, ဆိုးပုံတို့ကို ညွှန်ပြသင်ပေးရခြင်း သူတပါးအား ညွှန်ပြစေရခြင်း၊ သဒ္ဓိဝိဟာရိက တပည့် မကျန်းမာခဲ့သော် အသက်ထက်ဆုံး

စာမျက်နှာ-[၂၂၈]

ဥပဇ္ဈာယ်က လုပ်ကျွေးပြုစုရခြင်း၊ ငံ့လင့်၍ အခြားမသွားရခြင်း၊ ပြုစုသူရှိအံ့၊ ဆေးရှာပေး၍ သင့်အား ထိုသူပြုလတ္တံ့ဟု ဆို၍ ဖဲသွားနိုင်၏။

သဒ္ဓိဝိဟာရိကဝတ် မှတ်သားဖွယ် ပြီးပြီ။

၁၃-အာစရိယဝတ်

အနီးနေ အန္တေဝါသိက တပည့်တို့သည် လွန်စွာ လုပ်ကျွေးအပ်သောကြောင့် ဆရာလေးပါးကို အာစရိယဟုခေါ်သည် (အာ= အလွန်+ စရိယ = လုပ်ကျွေးအပ် - လုပ်ကျွေးထိုက်သူ) ထို ဆရာလေးပါးတို့၌ တပည့် လေးပါးတို့က ပြုကျင့်အပ်သောဝတ် ဖြစ်လေသောကြောင့် အာစရိယဝတ်ဟုဆိုသည်။ ထိုအာစရိယဝတ် ပြုကျင့်ပုံ အမျိုးမျိုးသည် ဥပဇ္ဈာယ်ဆရာတို့၌ သဒ္ဓိဝိဟာရိက တပည့်တို့က ပြုကျင့်ပုံ အမျိုးမျိုးနှင့် ထပ်တူ ဘုရားရှင် ဟောကြားတော်မူခဲ့ပေသည်။ အမည်မျှ ထူးသည်။ “နာမမတ္တမေဝ ဟေတ္ထ နာနံ”(ဝိနယသင်္ဂဟ-ထာ) သို့သော် အဋ္ဌကထာ၌ နိဿယည်းလွတ်သော တပည့်, မလွတ်သော တပည့်ဟု နှစ်မျိုးခွဲခြား၍ မလွတ်သော တပည့်တို့သာ ဆရာတို့နှင့် ဝိသဘာဂ သဘောမတူဘဲ သူအား ဆရာမပန်ကြားပဲ သပိတ်ပေးခြင်း စသည်ကိုပြုလျှင် အာပတ် သင့်၍ နိဿယည်းလွတ်သူတို့ အာပတ်မသင့်ဟု ဆို၏။

ဧကစ္စဿ ပတ္တဒါနတော ပဋ္ဌာယ အမုတ္တနိဿယဿေဝ အာပတ္တိ။ (ဝိနယသင်္ဂဟ-ထာ)

အစမှစ၍ သင်္ကန်းဆိုးခန်း တိုင်အောင် ဝတ်ကို နိဿယည်း လွတ်မလွတ် အားလုံး တပည့်လေးပါး မပြုကျင့်လျှင် အာပတ်, ဒဏ်သင့် သည်ဟု အဋ္ဌကထာဆိုသည်၊ ဆရာလေးပါးနှင့် တပည့်လေးပါးနောက်၌ တွဲ၍ ပြအံ့။

အာစရိယဝတ် မှတ်သားဖွယ် ပြီး၏။

စာမျက်နှာ-[၂၂၉]

၁၄.အန္တေဝါသိကဝတ်

ဆရာတို့၏ အနီးနေ တပည့်များကို အန္တေဝါသိကဟု ခေါ်သည်။ (အန္တေ=အနီး၌+ဝါသိက =နေသူ) ဆရာ၌သာ တပည့်တို့က ပြုစုရသော ဝတ်ရှိသည် မဟုတ်သေး၊ တပည့်တို့၌လည်း ဆရာတို့က ပြုစုရသောဝတ် ရှိသည်သာ၊ ထိုသို့အန္တေဝါသိက တပည့်လေးပါးတို့၌ ဆရာလေးပါးတို့က ပြုရသော ဝတ်ဖြစ်သောကြောင့် အန္တေဝါသိကဝတ်ဟု ဆိုသည်။ ထို အန္တေဝါသိက ဝတ်ပြုပုံတို့မှာ သဒ္ဓိဝိဟာရိက တပည့်၌ ဥပဇ္ဈာယ်က ပြုရသော သဒ္ဓိဝိဟာရိက ဝတ်ပြုပုံအတိုင်း ဘုရားရှင် ဟောထားလေသည်။

ဆရာလေးပါးအစဉ်

၁။ နိဿယာစရိယ=နိဿယည်းပေးဆရာ။
၂။ ပဗ္ဗဇ္ဇာစရိယ=သရဏဂုံပေး၍ ရှင်ပြုပေးဆရာ။
၃။ ဥပသမ္ပဒါစရိယ=ကမ္မဝါစာဖတ်၍ ပဉ္စင်းပြုပေးတဲ့ဆရာ။
၄။ ဓမ္မာစရိယ=စာချပေးဆရာ။

တပည့်လေးပါးအစဉ်

၁။ နိဿယန္တေဝါသိက=နိဿယည်းယူတပည့်။
၂။ ပဗ္ဗဇ္ဇန္တေဝါသိက=ရှင်ပြုပေးအပ်တဲ့တပည့်။
၃။ ဥပသမ္ပဒန္တေဝါသိက=ပဉ္စင်းပြုပေးအပ်တဲ့တပည့်။
၄။ ဓမ္မန္တေဝါသိက=စာသင်ယူတပည့် ။ (ဆရာတပည့်အစဉ်ဟပ်ယူ)

၁။ နိဿယာစရိယ-နိဿယည်းဆရာနှင့် နိဿယန္တေဝါသိကတပည့်တို့သည်လည်းကောင်း။
၂။ ဓမ္မာစရိယ=စာချဆရာနှင့် ဓမ္မန္တေဝါသိက စာသင် တပည့်တို့သည်လည်းကောင်း၊ (အနီးနေသောအခါ၌သာလျှင် အချင်းချင်း ဝတ်ပြုကြရမည်၊ မနေလျှင် မပြု၍ အပြစ်မရှိ။)
၃။ ပဗ္ဗဇ္ဇာစရိယ= ရှင်ပြုဆရာနှင့် ပဗ္ဗဇ္ဇန္တေဝါသိက တပည့်တို့သည်လည်းကောင်း။
၄။ ဥပသမ္ပဒါစရိယ=ပဉ္စင်းပြုပေးဆရာနှင့် ဥပသမ္ပဒန္တေဝါသိကတပည့်တို့သည်လည်းကောင်း တသက်ပတ်လုံး ဝတ်ပြုတာဝန် ရှိကြသည်ဟု မှတ်။

စာမျက်နှာ-[၂၃၀]

(က) ဆရာလေးပါးနှင့် တပည့်လေးပါးတို့၌ တဦးနှင့်တဦး ဝတ်မပြုပဲနေမိက အပြစ်လွတ်အောင် ဘယ်သို့ပြုသင့်သလဲ?

ဥပဇ္ဈာယ်ဆရာနှင့် သဒ္ဓိဝိဟာရိက တပည့်တို့နည်းတူ အချင်းချင်း ခွင့်လွှတ်ထားပါက ဝတ်မပြုမိ၍ အပြစ်မရောက်နိုင်ပါ၊ (ဥပဇ္ဈာယ်ယူခန်းကို ပြန်ရှု။)

(ခ) ဧတာနိ စ သဗ္ဗေသံ သဗ္ဗဒါ စ ယထာရဟံ စရိတဗ္ဗာနိ-ဟူသော ဝတ်ပိုင်းစကား၏ အဓိပ္ပာယ် ဘယ်လိုလဲ?

ဆိုခဲ့သော ဝတ်တဆယ့်လေးပါးတို့ကို ရဟန်း, သာမဏေ အားလုံးတို့သည် အခါခပ်သိမ်း အချိန်မရွေး ထိုက်သင့်လျော်သလို ကျင့်ထိုက်သည်။ ကျင့်ရမည်၊ ကျင့်ပါလေဟု ဆိုလိုသည်၊ ဤ၌ သဗ္ဗဒါ ပုဒ်ဖြင့် ထိုဝတ်တို့ကို အချိန်ကာလရွေးမနေရဟု ပြသည်။ ၈၂-ပါးသော မဟာဝတ်တို့ကား တဇ္ဇနီယကံပြုသောအခါ စသည်မျိုး၌သာ ပြုရသည်၊ အခါရွေးရ သေးသည်။

ဒွေ အသီတိ မဟာဝတ္တာနိ ပန တဇ္ဇနီယကမ္မကတာဒိကာလေယေဝ စရိတဗ္ဗာနိ၊ န သဗ္ဗဒါ။ (ဝိ-ဋီ)

(ဂ) ဝတ္တံ အပရိပူရေန္တော-စသော ၁-၂ ဂါထာတို့ အဓိပ္ပါယ်က ဘယ်လိုလဲ?

ဝတ်မဖြည့်ကျင့်ခြင်းကြောင့် အပြစ်အဆက်ဆက်ဖြစ်ပုံ ပြပါသည်။ ပြပုံမှာ ဝတ်မဖြည့်ကျင့်လျှင် သီလမပြည့်စုံပါ၊ သီလမပြည့်စုံလျှင် ပညာ ကင်း၍ သမာဓိတည်ကြည်မှု မရနိုင်၊ တည်ကြည်မှုမရပဲ ပျံလွင့်သူသည် တရားအားထုတ်သော်လည်း မဂ်, ဖိုလ်, နိဗ္ဗာန် တရားကို မြင်တော့မည် မဟုတ်၊ မဂ်, ဖိုလ်, နိဗ္ဗာန်မမြင်လျှင် ဝဋ်ဆင်းရဲဒုက္ခ ညွှတ်ကွင်းမှ မလွတ်ပဲ ဖြစ်တော့၏။ ရှင်သာမဏေပြုစက “သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ”ဆိုတဲ့ ရည်ရွယ်ချက်နှင့် မကိုက်ပါဟု ဆိုလိုသည်။

စာမျက်နှာ-[၂၃၁]

(ဃ) ၃-၄ နံပါတ် ဂါထာတို့၏ အဓိပ္ပါယ်က ဘယ်လိုလဲ?

ထိုဝတ်အကျင့်ကို ကျင့်ရခြင်း အကျိုးကျေးဇူးကို ဖော်ပြတဲ့ဂါထာကို ဖြစ်ပါသည်။ ပြပုံ ဝတ်ဖြည့်လျှင် သီလပြည့်၏၊ သီလပြည့်လျှင် ပညာ ရှိ၍ သမာဓိတည်၏။ သမာဓိရ၍ စိတ်ငြိမ်သက်လျှင် တရားနှလုံးသွင်း လိုက်က မဂ်, ဖိုလ်, နိဗ္ဗာန်တရား မြင်ပါရော။ မဂ်, ဖိုလ်, နိဗ္ဗာန် မြင်လျှင် ဆင်းရဲဒုက္ခ ညွှတ်ကွင်းမှ လွတ်ရှင်း ထွက်မြောက်ပါတော့၏။ အစရည်ရွယ်ချက်နှင့် ကိုက်ညီပါတော့သည်ဟု ဆိုလိုသည်။

(င) တသ္မာ ဟိ ဝတ္တံ ပူရေယျ-အစဖြာသော ဂါထာ၏ အဓိပ္ပါယ် ဘယ်လိုလဲ?

ဆိုခဲ့သော ဝတ်အကျင့်ကိုကို မဖြည့်ကျင့်ခြင်း၏ အပြစ်နှင့် ဖြည့်ကျင့်ရသော အကျိုးထူးရှိပါသောကြောင့် ဝတ်အကျင့် တဆယ့်လေးပါးကို ကြိုးစား ဖြည့်ကျင့်ထိုက်လှပေသည်၊ ဘုရားမြတ်၏ ဆုံးမဩဝါဒကို ရိုသေ လေးစားစွာ ပြုလုပ်ပါသော ပညာရှင် ဘုရားသားတော်သည် နိဗ္ဗာန်ကို ဧကန် ရပါလိမ့်မည်ဟု ဆိုလိုသည်။

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ ဝစ္စကုဋိအိမ်အတွင်း၌ ကနုတံမရှိ၍ မသုတ်ခဲ့လျှင် ဒဏ်အပြစ်သင့်နိုင်သလား။
၂။ ဧကသီရုံရမ်း၍ ကုဋိတက်သာမဏေဘယ်အပြစ်ရောက်ပါသည်။
၃။ စာချပေးဆရာကို ဘယ်ဆရာခေါ်သည်ဟု အမည်မျှ ဖော်ပြ၍ ထိုစာချဆရာကို နှစ် ဘယ်လောက်ကြာအောင် ဝတ်ပြုသင့်ပါသလဲ ပိုင်းခြားပြပါ။
၄။ တပည့်ဖျားနေသောအခါ ဥပဇ္ဈာယ်က ပြုရသော ဝတ်ငါးခုလောက် ထုတ်ပြပါ။
၅။ ဝတ်ပြုလျှင် အကျိုးထူးရသည်ဟု ပြသော ဂါကို ပါဠိမျှရေး၍ စိတ်ငြိမ်သက်မှုမရလျှင် ဘယ်တရား ပျက်ကွက်သည်ဟု ဖော်ပြပါ။

ဝတ်ပိုင်း မှတ်သားဖွယ် ပြီးပြီ။

စာမျက်နှာ-[၂၃၂]

ကျမ်းရေးသူ သတိပေးချက်

ပဗ္ဗဇ္ဇာ ဟိ နာမေသာ ပဋိသန္ဓီဂဟဏသဒိသာ၊ ယထာ မနုဿာ ယတ္ထ ပဋိသန္ဓိံ ဂဏှန္တိ၊ တေသံယေဝ ကုလာနံ အာစာရံ သိက္ခန္တိ၊ ဧဝံ ဘိက္ခူပိ(သာမဏေရာပိ) ယေသံ သန္တိကေ ပဗ္ဗဇန္တိ၊ တေသံယေဝ အာစာရံ ဂဏှန္တိ-

ဟူသော သဠာယတနသံယုတ် အာသီဝိသဝဂ္ဂစတုတ္ထသုတ် အဋ္ဌကထာ နှင့် အညီ ယခုအခါ သာသနာလောက၌ ဆရာရဟန်းထံ သားငယ် တပည့်ငယ်များကို ရှင်ရဟန်းအဖြစ် အပ်နှံ ထားကြခြင်းသည် ဘဝအသစ်၌ ပဋိသန္ဓေအသစ် ယူစေခြင်းနှင့်တူ၏၊ လူ့ဘဝ၌ ပဋိသန္ဓေ နေသူသည် မိမ်ဖြစ်ရာ မိဘမျိုးနွယ်၏ ရိုးရာလိုက်၍ စားသောက်နေထိုင် ကျင့်ကြလေ့ ရှိသကဲ့သို့ ဆရာကောင်းထံ အပ်နှံမိလျှင် ဆရာကောင်း၏ အတုလိုက်၍ ဆရာမကောင်းထံ အပ်နှံမိလျှင်လည်း ဆရာမကောင်း၏ အကျင့်ဓလေ့ကိုသာ လိုက်မိတော့သည်။ ထိုကြောင့် ကျနစွာ သင်ပြမပေးတတ်သော ဆရာထံ၌ ရှင်ရဟန်းပြု၍နေမိခြင်းသည် အမျိုးညံ့၌ပဋိသန္ဓေယူမိသည်နှင့် တူ၏၊ ကျနစွာ သင်ပြပေးတတ်သော ဆရာထံ နေမိခြင်းသည် အမျိုးကောင်း မိဘကောင်းထံ၌ ပဋိသန္ဓေ နေမိသူနှင့် တူ၏၊ ဤကို ရည်၍ နွားချစ်လျှင် မောင်း၍ ခြံသွင်း၊ တပည့်သားချစ်လျှင် ဆရာကောင်းထံ အပ်နှင်း ဟူသော ဆုံးမစာကို ဆိုရိုးပြုလေသည်။ ထိုကြောင့် မိဘ ဆရာသမားတို့သည် သားငယ် တပည့်ငယ်များကို အထူးစီစဉ်၍ ဆရာကောင်း ဆရာမြတ်ထံ၌ ရှင်ပြု ရဟန်းပြုရန် အပ်နှံမိဖို့ အထူးအရေးကြီးကြင်းကို သတိ ပေးလိုက်ရပါသတည်း။

၁၃၁၂-ခုနှစ်က ရေးသားပြီးခဲ့ရာ လွန်စွာ ကျယ်လွန်း၍ စက်တင်မှု မပြုပဲ မြင့်ခဲ့သဖြင့် ယခုအခါ မူဟောင်းမှ စာသွားများ ပြင်ဆင်၍ တဖန်ရေးသားရာ ၁၃၁၈-ခု ဝါခေါင်လပြည့်ကျော် ၇-ရက် အင်္ဂါနေ့ ပြီးဆုံးခြင်းသို့ ရောက်လေသည်။

စာမျက်နှာ-[၂၃၃]

ဆုတောင်း

ဣမိနာ စ ဘဝေ မမှီ၊ သစ္ဆိကရေ အနာသဝံ။
နော စေ ဧတ္ထေဝ နော စေ စ၊ မေတ္တေယျ ဗုဒ္ဓသာသနေ။
ရွှေဂူစရိယထေရေန၊ ပဲခူးနဂရဝါသိနာ။
သုဇနာနံ သုသိက္ခာယ၊ မုဒ္ဒိတာယံ ဝိသောဓိတာ။

ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း ပြီး၏။

စာမျက်နှာ-[၂၃၄]

ရှင်ပြုလိုသူတို့ သိမှတ်ဖွယ်

ယခုခေတ် ရှင်ပြုချိန်နီးကပ်မှ ဆရာရဟန်းထံ ပို့ထားခြင်းကား သားများကို ချစ်ရာမကျပဲ နှစ်ရာကျပေသည်။
ရှင်လုပ်ငန်းနားမလည်ပဲ ရှင်ပြရရှာသော သူငယ်၌ ရည်ရွယ် ချက်မကိုက်ပဲ အကျိုးစီးပွား နည်းတတ်သည်။
ဆရာရဟန်းထံ၌ ရှင်လောင်းသားကောင်းတို့ကို အစောက ပိုသင့်၏၊ သာသနာ့ဘောင် မနေနိုင်သူတို့ အယုတ်ဆုံး တလကို ထားသင့်၏။
သို့ပါမှသာ သာသနာနှင့်စပ်သော လုပ်ငန်းများ ဗဟုသုတ ပွားများရာသည်။
ဆရာတို့က သရဏဂုံ ပီသအောင် သင်ပေးသင့်၏။ ပစ္စဝေက္ခဏာများ ဉာဏ်သက် ဆင်ခြင်နိုင်အောင် ဆံရိတ်သောအခါ ဆင်ခြင်ရန် တစပဉ္စက ကမ္မဋ္ဌာန်း သင်ပေးသင့်၏။
အချိန်ရသလို ဥပဇ္ဈာယ်ယူပုံ သီလခံယူပုံနှင့် ဆယ်ပါးသီလ၏ အဓိပ္ပာယ်, လိင်, ဒဏ်, သေခိယ စသည်တို့ သင်ပေးသင့်၏။
ရှင်ပြုပြီးစ သာမဏေကို ကုဋိတက်ပုံ, ဆွမ်းစားပုံ, သင်္ကန်း ဝတ်ပုံ, ရွာတွင်းသွားလာပုံ စသည်ကို နားပါးဝအောင် သင်ပေးသင့်၏။
ရှင်သာမဏေအား လူလောက၌ နေသောအခါ သာသနာကြည်ညိုတတ်အောင် ကပ္ပိပုံ, ဆွမ်းကပ်ပုံ, ဦးချပုံ, လျှောက်ပုံ, ဆရာထံ ဆည်းကပ်ပုံ စသော လက်တွေ့လုပ်ငန်းတို့ကို သင်ပေး သင့်၏။
သို့မှသာ အနာဂတ်သာသနာရေး မျှော်တွေး၍ ကောင်းမွန်ဖွယ်ရှိမည်။

s2k094omdfn48cyy18yqoab9uge654t 22012 22011 2026-05-31T17:00:33Z ~2026-32509-47 743 /* */ 22012 wikitext text/x-wiki {{header | title = ရွှေဂူရှင်ကျင့်ဝတ် (အကျယ်-ကျမ်းကြီး) | author = အသျှင်ဉာဏလင်္ကာရ | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = [[ဝိနည်းပဒေသာသင်တန်း]] | previous2 = | next = [[ဝိသုဒ္ဓါရုံရှင်ကျင့်ဝတ်]] | next2 = | year = သက္ကရာဇ် ၁၉၈၂ | notes = | edition = | categories = ရှင်ကျင့်ဝတ် | shortcut = | portal = }}

ဤ မ-ကာရန္တရွတ်ပုံကိုသဘောမကျလျှင် ကက်, ကင်, ကစ်, ကည်, ကတ်, ကန်, ကပ်, ကမ်, ကယ်, ကဝ် ဟူသာ သင်ပုန်းကြီးအစဉ်ကို အသံထူးပြား

စာမျက်နှာ-[၃၅]

သူတပါးကြား၍ ခြားနားသိသာအောင် ရွတ်၍ စမ်းရမည်၊ သရကင်းသော တံခွန်လွှားဗျည်းများကို မတြာခွဲသံ၊ သူ့ဌာန်သူ ကျကျနန ကြားရအောင် ပါစေရမည်၊ ထိုသို့ ကွဲပြားအောင် ရွတ်ဖတ်လျှင် သရဏဂုံ ကမ္မဝါစာများ၌ မ-ကာရန္တကို နှုတ်ခမ်းပိတ်၍ ရွတ်ရသည်၊ နိဂ္ဂဟိတန္တကို နှုတ်ခမ်းဖွင့်၍ ရွတ်ရသည်ဟု သဘောကျလိမ့်မည်၊ ငါတို့ ကျေးဇူးရှင် ရွှေကျင်ဆရာတော်ဘုရားကြီး ရွတ်၍ ပြသည်ကိုလည်း ကြားနာလိုက်ရဘူးပေ၏၊ ပယတနအရာ၌ နှုတ်ခမ်း၏ပိတ်ခြင်း, ဖွင့်ခြင်း, ထိခြင်း, စဉ်းငယ်ထိခြင်းသည် သံဝုဋ္ဌ, ဝိဝဋ, ဖုဋ္ဌ, ဤသံဖုဋ္ဌ မည်၏ဟု ကျမ်းတတ်အကျော် ဆရာတော် ဦးပျော်, ဦးဗုဓ်တို့ မိန့်ဆိုရေးသား ခဲ့သောကြောင့် အများနောက်သားတို့ အမှားမှား အချွတ်ချွတ် မှတ်ယူ ကြရကုန်၏၊ နှုတ်ခမ်းကို ပိတ်လျက် အ-အက္ခရာကို ရွတ်ဆို၍ မဖြစ်နိုင်၊ ဖုဋ္ဌ, ဤသံဖုဋ္ဌလည်း ထို့အတူပင်ဖြစ်၍ ယုတ္တိမရှိလှသောကြောင့် သဘောမကျနိုင်ကြလေကုန်။

ပယတနံ သံဝုဋာဒိကရဏဝိသေသော၊ သံဝုဋတ္တ မ-ကာရဿ၊ ဝိဝဋံ သေသသနာနံ သ-ကာရ ဟ-ကာရာနဉ္စ၊ ဖုဋ္ဌံ ပဉ္စန္နံ ဝဂ္ဂါနံ၊ ဤသံဖုဋ္ဌံ ယ, ရ, လ, ဝါနံ။ (ရူပသိဒ္ဓိ)

ပယတနံ ပန ယထာရဟံ ဌာနကရဏာနံ သံဝုဋာဒိဂုဏော။ (၎င်းဋီကာ) သဒ္ဒနီတိလည်း၎င်းနည်းတူ။

ဤသို့ ကျမ်းဂန် တတ်သည်ထက်တတ် ကျော်သည်ထက်ကျော်ကုန်သော ဆရာတော်ကြီးကို မိန့်ဆိုချက် အတိုင်း ကဏ္ဍဇ အက္ခရာ ၁၀-လုံးတို့တွင် အ-အက္ခရာကို ရွတ်ရာ၌ ကဏ္ဌဌာန်ကို ပိတ်ဆို့ ချုပ်တည်း၍ ရွတ်ရသောကြောင့် ကဏ္ဌဌာန်၊ သကဋ္ဌာန, ကရိုဏ်းတို့၏ ပိတ်ဆို့ခြင်း သံဝုဋ အမူအရာဂုဏ်အထူးသည် အ-သရ၏ သံဝုဋ ပယတ်မည်၏၊ အာ, ဧ, ဩ, ဟ, လေးလုံးတို့ကို ရွတ်ဆိုရာ၌ အ-ကို ရွတ်သလို မပိတ် မချုပ်ရ။ ထိုဌာန် ကရိုဏ်းတို့ကို ဟာဟာ ဟင်းဟင်း ခွင့်လွှတ်၍ ရွတ်ဆိုရသောကြောင့် ထိုဌာန်, ကရိုဏ်းတို့၏ ပွင့်လင်းခြင်း ဝိဝဋ အမူအရာ ဂုဏ်အထူးသည် ထို ၄-လုံးတို့၏ ဝိဝဋပယတ် မည်၏၊ ကဝဂ် ၅-လုံးတို့ကို ရွတ်ဆို ရာ၌ အ-ကို ရွတ်သည်ထက်ပင် ဌာန်, ကရိုဏ်းကို ထိခိုက်စေ၍ ရွတ်ဆိုရသောကြောင့် ထိုဌာန်ကရိုဏ်းတို့၏ ထိခိုက်ခြင်း ဖုဋ္ဌ အမူအရာ ဂုဏ်

စာမျက်နှာ-[၃၆]

အထူးသည်ကို ၅-လုံး၏ ဖုဋ္ဌပယတ်မည်၏။ ဤသို့ မိမိတို့ဌာန ဇက္ခရာ အချင်းချင်းတွင်သာ ထောက်ဆ၍ ပိတ်ပုံ, ဖွင့်ပုံ, ထိပုံ စဉ်းငယ်ထိပုံကို ယူရမည်၊ နက်နဲကျနသော သဘောဉာဏ် ပဋိဘာန်ရှိသော ဝဇိရာရာမ ဆရာတော် မိန့်ဆိုသည်များကိုလည်း ကြားနာရဘူးပေ၏။ ယုတ္တိအာဂုံ နှစ်ချက်ရှိသည်ဖြစ်၍ နှစ်သက်ကြည်ဖြူ မှတ်ယူသင့်သော ဝိနိစ္ဆယပေတည်း၊ တာလုဇအက္ခရာ စသည်တို့၏ ပယတ်ကိုလည်း ဆိုခဲ့ပြီးသော ကဏ္ဌဇအက္ခရာတို့၏ နည်းကိုမှီ၍ ဆုံးဖြတ်လေ။

ဤ ပယတ်လေးပါး အဆုံးအဖြတ် မ-ကာရန္တ ရွတ်ဖတ်နည်းများသည် ရှေးခုလတ် ဆရာစဉ် အဆက်ဆက်တို့ သဘောဉာဏ် မသက်စွမ်းနိုင်၊ လမ်းရိုးကို ဖုံးလွှမ်း၍ လမ်းကောက် လမ်းမှားကို ပြထားခဲ့ကြသည်နှင့် ဉာဏ်မဲ့နည်းပါးသော နောင်လာ နောက်သား အဆက်ဆက် တပည့်များတို့ မစဉ်းစားနိုင်၊ စဉ်းစားသော်လည်း လမ်းဟောင်းကို မဖဲ့နိုင်၍ ယခုထက်တိုင် ထပ်ကာထပ်ကာ လိုက်လာခဲ့ကြသည်နှင့် လမ်းကောက် လမ်းမှားပင် သွားဖန်များ၍ ဖုံသကဲ့သို့ ရှိနေသောကြောင့် ဧရာမ ပညာရှိကြီး လုပ်တော်မူကြသော ဆရာတော် ဦးပျော်, ဦးဗုဓ်တို့ပင် လိုက်သွားတော်မူကြသည်ကို တွေ့မြင်ရသောကြောင့် အလွန်အကဲ သတိထားစေ လိုလှ၊ လမ်းကောက် လမ်းမှားကွယ်ပ လမ်းရိုးလမ်းမှန် တွင်စေချင်လှ၍ နိဂ္ဂဟိတန္တ မ-ကာရန္တ ရွတ်ပုံအထူး စပ်ပုံ ဖြတ်ပုံ အထူးအဆုံးအဖြတ် ပယတန အဆုံးအဖြတ်တို့ကို ထည့်သွင်း ရေးသားအပ်သတည်း။

ယခုကာလရွတ်ဆိုကြသည့်အတိုင်း “ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမိ”ဟု သုံးပုဒ်ကိုဖြတ်၍ အသံကို တန့်ရပ်၍ ရွတ်ရသော မ-ကာရန္တ ရွတ်နည်းသည် ဘယ်အကျိုးရှိပါသနည်းဟု ဆင်ခြင်စဉ်းစား သတိထားတတ်သော စာသင်သားတို့က ဆရာတော်ကြီးတပါးကို လျှောက်ထား မေးမြန်းကြရာ "ထမင်းပွဲ ရှေ့ထားလျက် ကျီးများမဝင်မနှိုက် မထိုးရအောင် ချောက်နှင်၍ စားနိုင်လျှင် ရှင်ပြုစေ “အနုဇာနာမိ ဘိက္ခဝေ ကာကုဍ္ဍေပကံ ပဗ္ဗာဇေတုံ”ဟု ခွင့်ပြုတော်မူသောကြောင့် အလွန်ငယ် လှသော ရှင်လောင်းများ သုံးပုဒ်လုံးကို တခါတည်းလိုက်၍ မရွတ်ဆိုနိုင်ရကား တပုဒ်စီဖြတ်၍ ရပ်၍ရပ်၍ ချရသော သရဏဂုံပေးနည်းတည်း"ဟု မိန့်ဆိုကြောင်းကို ၎င်းဆရာတော်ကြီးထံက ပြန်လည်ခဲ့သော စာသင်သားတို့ ပြောဆိုသည်ကို ငယ်စဉ်အခါ စာချတုန်းက ကြားရဘူး၏။

စာမျက်နှာ-[၃၇]

ထိုကဲ့သို့ မ-ကာရန္တ ရွတ်နည်းကို ထို မိန့်ဆိုသည့်အတိုင်း ပြောဆိုမှသာ အကျိုးရှိ၍ ယုတ္တိရပေသည်။ ခုလတ် အာစရိယပရမ္ပရ သိဿာနုသိဿ အစဉ်အဆက်က ချွတ်ပျက်၍ လာခဲ့သော လမ်းမှားကို မှားသည့်အတိုင်းပင် ယုတ္တိရှိအောင် ကြံကြံစည်စည် နေရာတကျယူဆတွေးတောနိုင်သော သဘောဉာဏ်ပဋိဘာန် ရှိပေစွ။ (ဤကား ဝိသုဒ္ဓါရုံ သုတ်နက်မှ ထုတ်ပြသည်။ ပရသမညာပယောဂေသုတ်အဖွင့်)

ကျေးဇူးရှင် မိုးနံကုန်း ဆရာတော်ဝါဒ

ဗျဉ္ဇနဗုဒ္ဓိ ၁၀ - ပါးတို့တွင် ကရိုဏ်းကို အထူးနှိပ်၍ မဖွင့် မလွှတ် သိမ်းဆည်းအပ်သော နှုတ်ခမ်းဖြင့် ရွတ်သင့်သော ပတ္တကလ္လံ - ဟူသော ပုဒ်ကို ကရိုဏ်းကို အထူးမနှိပ်မူ မသိမ်းဆည်းပဲ ဖွင့်လွှတ်သော ခံတွင်းဖြင့် ပတ္တကလ္လာ - ဟု ရွတ်ဆိုခြင်းသည် နိဂ္ဂဟိတကို ဝိမုတ္တရွတ်ဆိုသည် မည်၏။ ထိုကြောင့် ကမ္မဝဂ် ပရိဝါအဋ္ဌကထာ၌-

ပတ္တကလ္လန္တိ အဝိဝဋေန မုခေန အနုနာသိကံ ကတွာ ဝတ္တဗ္ဗေ ပတ္တကလ္လာတိ ဝိဝဋေန မုခေန အနုနာသိကံ အကတွာ ဝစနံ နိဂ္ဂဟိတဿ ဝိမုတ္တဝစနံ နာမ။

ဟု မိန့်အပ်၏။ ဤသို့အဋ္ဌကထာ၌ ပတ္တကလ္လာ-ဟူ၍ လည်းကောင်း၊ သုဏာ-ဟူ၍ လည်းကောင်း၊ ဧသာ ဟူ၍လည်းကောင်း အာကာရန္တနှင့် ရွတ်ဆိုခြင်းသည်သာ ဝိမုတ္တမည်ကြောင်း လာသောကြောင့် မ-ကာရန္တ ရွတ်ဆိုခြင်းသည် ဗျဉ္ဇနဗုဒ္ဓိ အရာ၌လာသော ဝိမုတ္တနှင့် မဆိုင်ဟုမှတ်ရာ၏။

သမ္ဗန္ဓဝိစ္ဆေဒ ရွတ်ပုံကား

အနုနာသိကန္တံ ကတွာ ဒါနကာလေ အန္တရာပိစ္ဆေဒံ အကတွာ ဒါတဗ္ဗာနီတိ ဒဿေတုံ ဧကသမ္ဗန္ဓာနီတိ ဝုတ္တံ၊ ဝိစ္ဆိန္ဒိတွာတိ မ-ကာရန္တံ ကတွာ ဒါနသမယေ ဝိစ္ဆေဒံ ကတွာ၊ (တေရသကဏ်ဋီကာ)

၎င်းဋီကာဆရာ၏ အလိုကား အထူးကရိုဏ်းကို နှိပ်၍ မဖွင့်မလွှတ် သိမ်းဆည်းအပ်သော နှုတ်ခမ်းကို နိဂ္ဂဟိဟန္တ ရွတ်ဆိုသောအခါ နောက် အက္ခရာနှင့်စပ်၍ ဖြစ်တတ်သော အလေ့သဘောရှိသည်၊ ဤသို့ နောက် အက္ခရာနှင့်စပ်၍ ဖြစ်တတ်သော အလေ့သဘောရှိသော အထူးကရိုဏ်းကို နှိပ်ခြင်း နှုတ်ခမ်းကိုပိတ်ဆို့ သိမ်းဆည်းခြင်း မဖြစ်စေခြင်းငှါ နောက်

စာမျက်နှာ-[၃၈]

အက္ခရာနှင့် စဉ်းငယ်ဖြတ်၍ ပြကတေ့သော ဌာန်, ကရိုဏ်း နှုတ်ခမ်းဖြင့် မ-ကာရကို ရွတ်ဆိုအပ်၏ ဟူလိုသည်။

အချို့ကား သရကင်းသော မ-အက္ခရာကို နောက်အက္ခရာသို့ ဆောင်ကပ်၍ ပြုအပ်သော သန္ဓိ မရှိရကား စဉ်းငယ်ဖြတ်၍ ရွတ်အပ်၏ဟု ဆိုလိုသည်ဟူ၏၊ သန္ဓိမဟုတ်သော နိဂ္ဂဟိတန္တပုဒ်ကို နောက်အက္ခရာနှင့် စပ်၍ ရွတ်အပ်၏ ဟူသော အဋ္ဌကထာနှင့် ဆန့်ကျင်ဖွယ်ရှိရကား ထိုစကား မသင့်ဟု မှတ်ရာ၏၊ ငါတို့အလိုကား ကရိုဏ်းကို အထူးနှိပ်၍ ရွတ်လျှင် ကရိုဏ်း ဌာန်တို့သည် အထူးစပ်ခြင်း ဖြစ်လာသည်။ ထို့ကြောင့် ဧကသမ္ဗန္ဓာနိ ဟူသည်နှင့် ကရဏံ နိဂ္ဂဟိတွာ ယူခြင်းသည် အတူတူပင် ဖြစ်သည်။ ဖုဋ္ဌ, အဖုဋ္ဌဟူရာ၌ ဖုဋ္ဌ ကိုပယ်၍ အဖုဋ္ဌဟုဆိုသည်၊ ဤအတူ “ဧကသမ္ဗန္ဓာနိ ဆေဒံ ကတွာ”ဟူရာ၌လည်း ဧကသမ္ဗန္ဓကိုပယ်၍ ဆေဒံ ဟု ဆိုသည်၊ ဖုဋ္ဌဖြင့် ပြင်းစွာ နှုတ်ခမ်းတို့၏ ထိခြင်းကို ပြသည်၊ အဖုဋ္ဌဖြင့် ပြင်းစွာထိခြင်းကို ပယ်၍ စဉ်းငယ်ထိခြင်းကို ပြသည်၊ ဤအတူ ဧကသမ္ဗန္ဓာနိ-ဖြင့် ကရိုဏ်းဌာန်တို့၏ အထူးစပ်ခြင်းနှိပ်ခြင်းကို ပြသည်၊ ဆေဒံ-ဖြင့် ဌာန် ကရိုဏ်း၏ စပ်ခြင်းနှိပ်ခြင်းကို ပယ်၍ ပြကတေ့ ကရိုဏ်းဌာန်တို့၏ စပ်ခြင်း နှိပ်ခြင်းပြသည်။

ထိုကြောင့် အထူးကရိုဏ်းတို့ကို စပ်နှိပ်၍ ပိတ်ဆို့ သိမ်းဆည်းအပ်သော ခံတွင်းဖြင့် နိဂ္ဂဟိတကို ရွတ်အပ်၏။ အထူးစပ်နှိပ် ပိတ်ဆို့ သိမ်းဆည်းခြင်းမရှိ၊ ပကတိသော ကရိုဏ်းဌာန် နှုတ်ခမ်းဖြင့် မ-ကာရန္တကို ရွတ်အပ်၏ဟု ပြခြင်းငှာ-

ဣမာနိ စ ပန ဒဒမနေန ဗုဒ္ဓံ သရဏံ ဂစ္ဆာမီတိ ဧဝံ ဧကသမ္ဗန္ဓာနိ အနုနာသိကန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ၊ ဗုဒ္ဓမ် သရဏမ် ဂစ္ဆမီတိ ဧဝံ ဝိစ္ဆိန္ဒိတွာ မကာရန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ။

ဟု မိန့်အပ်၏။ ထိုစကားသင့်စွ၊ ကရိုဏ်းကို နှိပ်၍ ရွတ်လျှင် ဖြတ်၍ ရွတ်သော်လည်း နိဂ္ဂဟိတန္တ ဖြစ်မည်မချွတ်၊ ကရိုဏ်းကို မနှိပ်မူ၍ ရွတ်လျှင် စပ်၍ ရွတ်သော်လည်း မ-ကာရန္တ ဖြစ်မည်မချွတ်၊ ထိုကြောင့် ဖြတ်ခြင်း မဖြစ်ခြင်းသည် ပမာဏ မဟုတ်ဟု ယူသင့်သည်၊ နိဂ္ဂဟိတန္တအရာ၌ ပြုအပ်သော အထူးနှုတ်ခမ်းကိုပိတ်ခြင်း သိမ်းဆည်းခြင်းကိုပယ်၍ ပြကတေ့သော

စာမျက်နှာ-[၃၉]

နှုတ်ခမ်းကိုဖြစ်စေလို၍ ဖွင့်၍ရွတ်ဟုဆိုလျှင် သင့်၏၊ အာကာရန္တ ဝိမုတ္တကို ရည်၍ ဖွင့်၍ ရွတ်ဟုဆိုလျှင် မကာရန္တပင် မဖြစ်သောကြောင့် မသင့်ဟု မှတ်ရာ၏၊ (ဤကားတိပိဋက ပကိဏ္ဏက ဒီပနီကျမ်းမှ ထုတ်ပြသည်။)

မန္တလေးမြို့ ဒက္ခိဏာရာမ ကျေးဇူးရှင် ဘုရားကြီး ဆရာတော်ဝါဒ

အနုနာသိကန္တ နိဂ္ဂဟိတန္တနှင့် ရွတ်ဆိုပေးသောအခါ အကြား၌ မဖြတ်ပဲ စပ်ပေးရမည် ဟူသော အဋ္ဌကထာ ပြောဆိုသော အရာ၌ အကြား၌ မဖြတ်ပဲစပ်၍ ရွတ်ပေးပုံမှာ ဗုဒ္ဓံ-တပုဒ်၊ သရဏံ-တပုဒ်၊ ဂစ္ဆာမိ တပုဒ် ပေါင်း သုံးပုဒ်တို့၏အကြား၌ ဖြတ်ခြင်းကိုမပြုပဲ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ဟု သုံးပုဒ်လုံးကို တစပ်တည်းပြု၍ ပေးရပါမည်။ အဘယ့်ကြောင့် သုံးပုဒ်တို့၏အကြား၌ မဖြတ်ပဲ စပ်၍ ပေးရပါသနည်းဟူမူ သုံးပုဒ်တို့၏အကြား၌ ခြားသော တစုံတခုသော အက္ခရာ၏ မရှိခြင်းကြောင့် ဟုမှတ်၊ မ ကာရန္တနှင့် ရွတ်ဆိုပေးသောအခါ ဖြတ်၍ပေးရမည်ဟူသော အဋ္ဌကထာ ပြောဆိုသောအရာ၌ အကြား၌ဖြတ်၍ ရွတ်ပေးပုံမှာ ဗုဒ္ဓမ်. တပုဒ်၊ သရဏမ်-တပုဒ်၊ ဂစ္ဆာမိ တပုဒ် ပေါင်း သုံးပုဒ်တို့၏ အကြား၌ တပုဒ်စီ တပုဒ်စီဖြတ်၍ “ဗုဒ္ဓမ်, သရဏမ်, ဂစ္ဆာမိ”ဟု အကြားဖြတ်၍ (ရပ်၍) ရွတ်ဆိုပေးရမည်၊ အဘယ့်ကြောင့် ဆိုသော် ထိုသုံးပုဒ်တို့၏ အကြား၌ ခြားသော သရကင်းသည့် မ်-အက္ခရာ ရှိသောကြောင့်ဟုမှတ်၊ ဤသို့ မဟာဝါ ယောဇနာ၌ အောက်ပါအတိုင်း မိန့်တော်မူ၏။

ဧကသမ္ဗန္ဓာနိတိ ဧကတော သမ္ဗန္ဓာနိ၊ အနုနာသိကန္တံ ကတွာ ဒါနကာလေ ဗုဒ္ဓံဣတိ သရဏံဣတိ ပဒါနဉ္စ သရဏံဣတိ ဂစ္ဆာမိ ဣတိ ပဒါနဉ္စ အန္တရာဝိစ္ဆေဒမကတွာ ဧကသမ္ဗန္ဓမေဝ ကတွာ ဒါတဗ္ဗာနီတိ ဝုတ္တံ ဟောတိ၊ ကသ္မာ တိဏ္ဏံ ပဒါနမန္တရာ ဗျာဝဓနဿ ကဿစိ အက္ခရဿ အဘာဝတော၊ ဝိစ္ဆိန္ဒိတွာတိ ဝိစ္ဆေဒံ ကတွာ မကာရန္တံ ကတွာ ဒါနကာလေ တိဏ္ဏံ ပဒါနမန္တရာ ဧကသမ္ဗန္ဓမကတွာ ဝိစ္ဆိန္ဒိတွာ ဧဝ ကတွာ၊ ဒါတဗ္ဗာနီတိ ဝုတ္တံ ဟောတိ ကသ္မာ တိဏ္ဏံ ပဒါနမန္တရာ ဗျာဝဓာနဿ နိဿရဿ မကာရဿ အတ္ထိဘာဝတော။ (မဟာဝါ ယောဇနာ)

စာမျက်နှာ-[၄၀]

ဤဝါဒကို ရှေးအခါက သာမဏေများအား ရွတ်ဆိုပေးသည်ကို ကြားဘူးခဲ့ပေ၏။ ဤ ဆိုခဲ့ပြီးသောနည်းဖြင့် ဆရာတပည့် ပီသစွာရွတ်ဆိုကြ၍ “တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ”၌ မိ-အက္ခရာ ရောက်လျှင် သာမဏေ ဘုံ၌ တည်လေ၏။ သိက္ခာပုဒ် ဖြည့်ကျင့်နိုင်အောင် သိက္ခာပုဒ် အဓိပ္ပာယ်ကို ပြောပြအပ်၏။ သိက္ခာပုဒ် နားမလည်သေး၊ သပိတ်, သင်္ကန်း, မကိုင်တတ် သေး၊ ရပ်ခြင်း ထိုင်ခြင်း စားသောက်ခြင်း စသည်တို့၌ မလိမ္မာသေးလျှင် အခြား ဝေးဝေးမလွှတ်ရ၊ အနီးအနား၌သာ နေစေ၍ သတို့သားကဲ့သို့ စောင့်ရှောက်အပ်၏၊ ဝတ်ခြင်း, ရုံခြင်း စသော အာဘိသမာစာရိက ကျင့်ဝတ်တို့၌လည်း လိမ္မာအောင် ဆုံးမအပ်၏၊ သာမဏေသစ် ကလည်း သဒ္ဓါစစ်ဖြင့် လိင်မကျ ဒဏ်မသင့်အောင် ကောင်းစွာကျင့်အပ်၏။ သို့ပါမှ သာမဏေ ပြုကျိုးနပ်ပါမည်။

လေ့ကျင့်ခန်း ပုစ္ဆာ

၁။ သုံးကြိမ်မြောက် သရဏဂုံ သီလဆောက်တည်ပုံကို ပါဠိမျှ ရေး၍ “ယမဟံ ဝဒါမိ တံ ဝဒေဟိ” အနက်ကို ဖော်ပြပါ။
၂။ နမော တဿ ဘဂဝတော၏ အနက်ရေး၍ ထို နမော တဿ စသော စကားသည် သရဏဂုံ ဆောက်တည်ပုံ ဟုတ်-မဟုတ် ဖော်ပြပါ။
၃။ သရဏဂုံ၏ အဓိပ္ပာယ်ကိုဖော်ပြ၍ သံဃ သရဏဂုံဆောက်တည်ပုံ ပါဠိရေးခဲ့ပါ။
၄ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-၌ ပြင်းပြင်းရွတ်ရမည့် ဓနိတ အက္ခရာနှင့် ရွတ်ရမည့် သိထိလ အက္ခရာ ခွဲပြ၍ ဂစ္ဆာမိ-အနက်သမ္ဗန်ပါ။
၅။ လယ်တီဆရာတော် ဝါဒ၌ ရွတ်နည်းနှစ်မျိုးပြ ဝိနယသံခိပ်ကို ရေးပြ၍ ဆရာက သရဏဂုံပါဠိကို မ ကာရန္တဖြင့် ရွတ်ဆိုပေးရာ ရှင်လောင်းက နိဂ္ဂဟိတနွဲ့နှင့် လိုက်ဆိုပါက ရှင်သာမဏေ ဖြစ် မဖြစ်ဆုံးဖြတ်ပါ။

စာမျက်နှာ-[၄၁]

သီလကျင့်ဝတ် သိက္ခာပုဒ် ဆောက်တည်ပုံ

၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၅။ သုရာ မေရယ မဇ္ဇ ပမာဒဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၆ ။ ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၈။ မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၉ ။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
၁၀။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊

(တိသရဏေန သဟ ဒသ သာမဏေရ ပဗ္ဗဇ္ဇသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။)

အာမ ဘန္တေ။ (ဆိုပါ)

၁။ ပါဏာတိပါတာ၊ သူ့ အသက်ကိုသတ်ခြင်းမှ။ ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်တော်ကို။ သမာဒိယာမိ၊ ကောင်းစွာ ဆောက်တည်ပါ၏ဘုရား။
၂။ အဒိန္နာဒါနာ၊ အရှင်မပေးသော သူတပါး ဥစ္စာကို ခိုးယူခြင်းမှ။ (လ)
၃။ အဗြဟ္မစရိယာ၊ မမြတ်သော အကျင့်မှ။ (လ)

စာမျက်နှာ-[၄၂]

၄။ မုသာဝါဒါ၊ မဟုတ်မမှန်သော စကားကို ဆိုခြင်းမှ။ (လ)
၅။ သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ၊ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည် သေရက်သောက်ခြင်း။ (လ)
၆။ ဝိကာလဘောဇနာ၊ နေလွဲညစာစားခြင်း။ (လ)
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿနာ၊ ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း, သာသနာတော်၏ ငြောင့် တံကျင်သဖွယ် ကြည့်ရှု နားထောင်ခြင်းမှ။ (လ)
၈။ မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ၊ ပန်းပန်ခြင်း နံ့သာ အမွှေးအထုံတို့ဖြင့် တန်ဆာဆင်ခြင်း, နံ့သာပျောင်းတို့ဖြင့် အတင့်အတယ် အပြေအပြစ် ပြုခြင်းမှ။ (လ)
၉။ ဥစ္စာသယန မဟာသယနာ၊ မြင့်သောနေရာ မြတ်သောနေရာတို့၌ နေထိုင်ခြင်းမှ။ (လ)
၁၀။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ၊ ရွှေ ငွေ အသပြာ မာသကတို့ကို ကိုင်ခံခြင်းမှ။ ဝေရမဏိ သိက္ခာပဒံ၊ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်တော်ကို။ သမာဓိယာမိ၊ ကောင်းစွာ ဆောက်တည်ပါ၏ဘုရား။

သာမဏေ သိက္ခာပုဒ် ၁၀-ပါး မှတ်သားဖွယ်

(က) သာမဏေ သိက္ခာပုဒ် ၁၀-ပါး ဘယ်အကြောင်းကြောင့် ဖြစ်ပေါ်လာသလဲ ?

ဘုရားလက်ထက်တော်၌ သာမဏေတို့က ငါတိုကျင့်ကြံရမည့် သိက္ခာပုဒ်ဟာ ဘယ်လောက်ရှိပါလိမ့်။ ဘယ်သိက္ခာပုဒ်တို့၌ ငါတို့ကျင့်ကြံရပါ မည်လဲဟု အကြံ ဖြစ်ပေါ်ကြလျှင် ထိုသို့သော အကြောင်းကို ဘုရားရှင်အား လျှောက်ထားခြင်းကြောင့် “အနုဇာနာမိ ဘိက္ခဝေ သာမဏေရာနံ

စာမျက်နှာ-[၄၃]

ဒသ သိက္ခာပဒါနိ”စသည်ဖြင့် သိက္ခာပုဒ် ၁၀-ပါး ခွင့်ပြုတော်မူသည်။ (ဝိနည်းမဟာဝါ စကား)

(ခ) သိက္ခာပုဒ် ၁၀-ပါးကား ဘယ်ဟာလဲ ?

၁။ ပါဏာတိပါတာ ဝေရမဏိ။
၂။ အဒိန္နာဒါနာ ဝေရမဏိ(လ)
၁၀။ ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ-ပေါင်း ၁၀-ပါး။

အမှာ သိက္ခာပုဒ် ဆောက်တည်ပုံ ၁၀-ပါး၌ ကြည့်၍ ၁၀-ပါးရေတွက်တတ်ပါစေ၊ “သိက္ခာပဒံ သမာဒိယာမိ”ချန်ရုံသာ ထူး၏။ ထိုသိက္ခာပုဒ် သင်ပြတဲ့ အခါလဲ ဤနည်းအတိုင်း သင်ပြပါ။ ထိုသိက္ခာပုဒ်ကို အစိတ် အပ္ပာယ်ကို လိင်, ဒဏ် အဓိပ္ပာယ်ကျမှ ပြဆိုအံ့။

(ဂ) ဘာကြောင့် သိက္ခာပုဒ်ခေါ်သလဲ?

သင်အပ် ကျင့်အပ်သော အဖို့အစုတို့ဖြစ်သောကြောင့် (သိက္ခာပဒ= သိက္ခာပုဒ်) ခေါ်ပါသည်။ တနည်း-သိက္ခာသုံးပါးရခြင်း၏ အကြောင်း ဖြစ်သောကြောင့်လဲ သိက္ခာပုဒ်ဟု ခေါ်ရပါသည်။

သိက္ခိတဗ္ဗာနိ ပဒါနိ သိက္ခာပဒါနိ၊ သိက္ခာကောဋ္ဌာသာတိ အတ္ထော၊ သိက္ခာယ ဝါ ပဒါနိ၊ အဓိသီလ အဓိစိတ္တ အဓိပညာသိက္ခာယ အဓိဂမုပါယာတိ အ‌တ္ထော။ (တေ-ဋီ)

e3iyi0awkphszyk008htnl7fx9n0a08 မင်္ဂလသုတ် အနှစ်ချုပ် 0 5880 22013 21663 2026-06-01T00:11:37Z Tejinda 173 22013 wikitext text/x-wiki {{header | title = | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = မင်္ဂလသုတ် အနှစ်ချုပ် | previous = [[မဟာသမယသုတ်တော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း]] | previous2 = | next = [[လွတ်မြောက်တဲ့စိတ်]] | next2 = | year = | notes = | edition = | categories = မြန်မာ တရားတော်များ | shortcut = | portal = }}
မင်္ဂလသုတ် အနှစ်ချုပ်

မှတ်တမ်း

၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဓမ္မဝိဇ္ဇာလယ သုဗောဓာရုံကျောင်း ဘုရားဆောင် ဂန္ဓကုဋီကျောင်း ရေစက်ချပွဲ၌ ဟောကြားအပ်သော 'မင်္ဂလသုတ် အနှစ်ချုပ်' တရားဒေသနာတော်။

ငယ်စဉ်တောင်ကြေး ကလေးအရွယ်မှာ ဗုဒ္ဓ ဘာသာဝင် သူတော်စင်တွေဟာ မင်္ဂလသုတ်က စပြီး ကျက်မှတ်ကြတယ်။ ဘုန်းကြီးတို့လည်း ဘုန်းကြီး ကျောင်းရောက်တဲ့ အချိန်ကနေစပြီး “ယံမင်္ဂလံ” ဆိုတာက စပြီး မင်္ဂလသုတ်ကို ကျက်မှတ်ခဲ့တယ်။ သို့သော် ဒီ မင်္ဂလသုတ်ဟာ စာပေအရ လေ့လာထား ကြသော်လည်း မိမိတို့ရဲ့ လက်တွေ့ဘဝနဲ့ အလှမ်း ကွာနေသလို ဖြစ်တယ်။

ဒါကြောင့်မို့ ဒီကနေ့ မိမိတို့ လက်တွေ့ဘဝမှာ မင်္ဂလသုတ်အတိုင်း မည်သို့မည်ပုံ ကျင့်ကြံနေထိုင် ကြမယ်ဆိုတာ သိရအောင် 'မင်္ဂလသုတ်' ကို လွယ်ကူ ရှင်းလင်းစွာ အားလုံး လက်တွေ့ အသုံးချနိုင်အောင်၊ မင်္ဂလာလမ်းမပေါ်မှာ လူတိုင်း လျှောက်လှမ်းနိုင်အောင် လက်တွေ့ဘဝနဲ့စပ်ဟပ်ပြီး 'မင်္ဂလသုတ် အနှစ်ချုပ်' ကို ဟောကြားမှာ ဖြစ်ပါတယ်။

ဘုန်းကြီးတို့တစ်တွေ ကုသိုလ်ကံရဲ့ ထောက်ပံ့မှု ကြောင့် လူ့ဘဝကို ရောက်ရှိလာကြပြီ။ မြတ်စွာဘုရား က လူ့ဘဝရရှိလာလို့ရှိရင် အရေးကြီးဆုံးက ဘာလဲ ဆိုတာ မင်္ဂလသုတ်မှာ အစဉ်တိုင်း ဟောထားတယ်။ တစ်ခုနဲ့တစ်ခု ဆက်စပ်ယူလို့ရပါတယ်။

အပေါင်းအသင်း

လူ့ဘဝ ရောက်လာတဲ့အခါမှာ အရေးကြီးဆုံး ကတော့ အပေါင်းအသင်းပဲ။ လူဆိုတာ ဘဝခရီး လျှောက်လှမ်းတဲ့အခါမှာ တစ်ယောက်တည်း လျှောက် လှမ်းတာ မဟုတ်ဘူး။ လူ့ဘဝရောက်လာကတည်းက မိသားစုဆိုတဲ့ အသိုင်းအဝိုင်းထဲ ရောက်လာတာ ဖြစ်တယ်။ မိသားစု အသိုင်းအဝိုင်းဆိုတာ လူတွေရဲ့ Society မှာ အသေးဆုံးပေါ့။ Family Society အသေးဆုံး အသိုင်းအဝိုင်းလေး တစ်ခုပဲ။ လူဟာ အပေါင်းအသင်းနဲ့နေတတ်တဲ့ သတ္တဝါလို့ ဆိုကြတယ်။ လူတင်မကပါဘူး၊ တခြား သတ္တဝါတွေဟာလည်းပဲ အပေါင်းအသင်းနဲ့ နေကြတာချည်းပါပဲ။

အဲဒီတော့ လူတွေရဲ့ထူးခြားမှုဟာ ဘာတုန်းဆိုရင် လူဟာ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ လူ့ဘဝမှာ အရေးကြီးဆုံးက ဘာတုန်းဆို အပေါင်းအသင်းပဲ ဖြစ်တယ်တဲ့။

အပေါင်းအသင်းဆိုတဲ့နေရာမှာ ကံက ပေးလိုက် လို့ ပေါင်းသင်းနေရတဲ့ အပေါင်းအသင်းက တစ်မျိုး ပေါ့။ ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ပေါင်းသင်းတာက တစ်မျိုးပေါ့။ တချို့ကျတော့ ကံက ပေးလိုက်သည့် အပေါင်းအသင်း၊ အသိုင်းအဝိုင်းကြားထဲမှာ ရောက် သွားတယ်။ ဆိုပါစို့၊ အယူဝါဒမတူ ကွဲပြားတဲ့ အုပ်စု တစ်ခုထဲမှာ ရောက်သွားပြီဆိုလို့ရှိရင် ထိုအယူဝါဒရှိတဲ့ အသိုင်းအဝိုင်းတွေရဲ့ ယုံကြည်ချက်အတိုင်း ဘဝခရီးမှာ လျှောက်နေကြရတယ်။ ဒီကနေ့ ကမ္ဘာမှာရှိကြတဲ့ လူတွေကိုကြည့်ပေါ့။ လူမျိုးအသီးသီးမှာ အယူအဆ အမျိုးမျိုး၊ ပေါင်းသင်းဆက်ဆံမှုတွေ အမျိုးမျိုး ရှိကြတယ်။ အဲဒီကြားထဲသွားပြီး လူဖြစ်လို့ရှိရင် ဆိုင်ရာ အသိုင်းအဝိုင်းအလိုက် အတွေးအခေါ်တွေ အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ နေကြရတယ်။ ကိုယ့်ရဲ့လုပ်ဆောင်ချက် တွေကြောင့်မို့ ကောင်းကျိုး ချမ်းသာတွေ ရကြတာ ရှိသလို မကောင်းတဲ့အကျိုးတွေ ခံစားကြရတာလည်း ရှိတာပေါ့။

ဘုန်းကြီးတို့ သီရိလင်္ကာမှာ နေခဲ့ဖူးတယ်။ သီဟိုဠ် နိုင်ငံဆိုတာ ဒီကနေ့ လူဦးရေသန်း(၂၀)ခန့်ရှိတယ်။ ဗုဒ္ဓဘာသာ နိုင်ငံလေးတစ်ခုပဲ။ အဲဒီ ဗုဒ္ဓဘာသာနိုင်ငံ လေးမှာ လူမျိုး(၄)မျိုး ခွဲခြား သတ်မှတ်ထားတယ်။ အများဆုံးကတော့ ဆင်ဟာလီလူမျိုး ဖြစ်တယ်။ ဆင်ဟာလီလူမျိုးကို ဗမာတွေကတော့ သီဟိုဠ်လူမျိုး လို့ ခေါ်တာပေါ့။ အသံထွက်လေးပဲ ကွာတာ။ ဆင်ဟာလီလူမျိုး ရှိတယ်၊ မွတ်ဆလင် ရှိတယ်၊ ဘာဂါ ဆိုတာ ရှိတယ်၊ တမီ ရှိတယ်။ လူမျိုး(၄)မျိုး ရှိတယ်။ Officially အသိအမှတ်ပြုထားတာ (၄)မျိုး ရှိတယ်။ အဲဒီမှာ ဒီစာရင်းထဲမှာမဝင်တဲ့ လူမျိုး(၁)မျိုး ရှိသေး တယ်။ ဝဲဒ လို့ခေါ်တဲ့ aborigine မူလကျွန်းနေ လူမျိုးလည်း ရှိသေးတယ်။ လူဦးရေ အင်မတန်နည်းတယ်။ တောတွေ တောင်တွေထဲမှာပဲ နေတယ်။ အဝတ် မဝတ်ဖူး။ တောထဲမှာပဲ ငယ်စဉ်တောင်ကြေး ကလေး ဘဝကတည်းက ဘာသင်တုန်းဆိုရင် မြားပစ်တာ သင်တယ်။ လှံထိုးတာသင်တယ်။ အကောင်တွေဖမ်းပြီး တော့ သတ်ဖြတ်နည်းတွေသင်တယ်။

လူ့ဘဝရောက်လာပြီ ဆိုလို့ရှိရင် လူဟာ မွေးလာ ကတည်းက Society တစ်ခုမှာ မွေးလာတဲ့အတွက် ကြောင့် အဲဒီ Society တစ်ခုက မကောင်းဘူး ဆိုလို့ ရှိရင် တစ်ဘဝလုံး ကောင်းနိုင်စရာအကြောင်း မရှိတော့ ဘူးလေ။ ဝဲဒ ဆိုတဲ့လူမျိုးကြားထဲမှာ သွားဖြစ်မယ် ဆိုလို့ရှိရင် ဘုန်းကြီးတို့တစ်တွေဟာ တစ်သက်လုံး တောထဲမှာ နေပြီးတော့ သတ္တဝါတွေရဲ့အသက် သတ်ဖြတ်စားသောက်လို့ မိမိဘဝ ရပ်တည်အောင် ကြိုးစားပြီး နောက်ဆုံးမှာ ဘဝတစ်ခု ပြီးဆုံးသွားကြ မှာပဲ။ ဒါက ကံကြမ္မာက ပေးလိုက်တဲ့ အသိုင်းအဝိုင်း တစ်ခုပေါ့။

ကံကြမ္မာကပေးတာ မဟုတ်ဘဲ မိမိဘာသာ ရွေးချယ် ပေါင်းသင်းဆက်ဆံတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျင့် စာရိတ္တကြောင့် မကောင်းတဲ့လူနဲ့ ပေါင်းမိတဲ့အတွက် ဒုက္ခရောက်ကြတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီကနေ့ခေတ် နေရာတိုင်းမှာ ရှိတာပဲပေါ့။

ဒါကြောင့်မို့ မင်္ဂလသုတ်မှာ 'အသေဝနာစ ဗာလာနံ ပဏ္ဍိတာနဉ္စသေဝနာ' တဲ့။ လူ့လောက ရောက် လာပြီဆိုလို့ရှိရင် အပေါင်းအသင်းဟာ အင်မတန်မှ အရေးကြီးတယ်။ အသိုင်းအဝိုင်းဟာ အင်မတန်မှ အရေးကြီးတယ်။ ကံက ပေးလိုက်တဲ့ အသိုင်းအဝိုင်းက ရုန်းထွက်ဖို့ဆိုတာ အင်မတန်မှခဲယဉ်းပါတယ်။ သာမန် စိတ်နေစိတ်ထားနဲ့၊ သာမန်အသိဉာဏ်မျိုးနဲ့ ရုန်းထွက် နိုင်ဖို့ဆိုတာ မလွယ်ဘူး၊ တော်တော်ခဲယဉ်းပါတယ်။

အဲဒါကြောင့်မို့ မွေးကတည်းက ကောင်းတဲ့ အသိုင်းအဝိုင်းထဲရောက်ဖို့ ဘုန်းကြီးတို့တစ်တွေ ဆုတောင်းကြရမှာပဲနော်။ စိတ်နေစိတ်ထားနဲ့ ဦးတည် ချက် ထားကြရမှာပဲ။ အပေါင်းအသင်းဟာ လူ့ဘဝမှာ သိပ်အရေးကြီးတယ်တဲ့။ အရေးကြီးဆုံးက 'ဗာလ' လို့ဆိုတဲ့ အသိဉာဏ်ကင်းမဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ မပေါင်း သင်းမိဖို့၊ အတူမနေမိဖို့၊ မဆက်ဆံမိဖို့၊ 'ပဏ္ဍိတ' ဆိုတဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံဖို့။

'ဗာလ' နဲ့ ဆက်ဆံမိတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီဘဝ ခရီးမှာလည်း ဒုက္ခအမျိုးစုံ ကြုံတွေ့ကြရတယ်။ ပညာရှိ သူတော်ကောင်းတွေနဲ့ ဆက်ဆံမိတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဒီဘဝမှာလည်း အေးချမ်းတယ်၊ နောင်ဘဝ မှာလည်း ချမ်းသာသုခရတယ်။ အကျိုးတွေဟာ အင်မတန်မှ ထင်ရှားတယ်။

'ဗာလ ပဏ္ဍိတ' ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ခေါ်တာလဲဆိုတော့ မြတ်စွာဘုရားက မကောင်းတာ တွေး၊ မကောင်းတာပြော၊ မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ် တွေကို 'ဗာလ' လို့ သတ်မှတ်တယ်။ ကောင်းတာတွေး၊ ကောင်းတာပြော၊ ကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်ကို 'ပဏ္ဍိတ' လို့ သတ်မှတ်တယ်။

ကောင်းမကောင်းဆိုတာကျတော့ ဘာနဲ့ဆုံးဖြတ် သလဲ။ ကိုယ်ကြိုက်ရင် ကောင်းတဲ့အကောင်းဟာ အကောင်းလားဆိုတော့ အဲဒီလို မဟုတ်ဘူး၊ ကိုယ် ကြိုက်တာ မကြိုက်တာနဲ့ မဆုံးဖြတ်ရဘူး။ အဲဒီတော့ တစ်ဖက်သားကို ညှဉ်းပမ်းနှိပ်စက်လိုတဲ့ အတွေးမျိုး၊ ကိုယ့်ကိုကိုယ် ထိခိုက်နစ်နာစေလိုတဲ့ အတွေးမျိုး၊ လောကကြီးကို အကျိုးမပြုတဲ့ အတွေးမျိုး၊ လောကကြီး ပျက်စီးစေလိုတဲ့ အတွေးမျိုး၊ အပြောမျိုး၊ အလုပ် အကိုင်မျိုးတွေဟာ မကောင်းဘူးလို့ သတ်မှတ်ရမယ်။

အများအတွက် အကျိုးဖြစ်တဲ့အတွေး၊ အများ အတွက် အကျိုးဖြစ်တဲ့ အပြော၊ အများအတွက် အကျိုး ဖြစ်တဲ့အလုပ် ဒါတွေဟာ ကောင်းတယ်လို့ သတ်မှတ် ရမယ်။ အဲဒီလို လူ့လောက ရောက်လာပြီ ဆိုလို့ရှိရင် နံပါတ်(၁) ပေါင်းသင်းဆက်ဆံရမယ့်သူကို ရွေးချယ် ရတယ်။ ဘဝမှာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက် ပြီးတော့ ရွေးချယ်ဖို့ လိုအပ်တယ်လို့ မြတ်စွာဘုရားက ပထမဆုံး မင်္ဂလာခရီးကို စတင်လျှောက်လှမ်းဖို့ရာ အတွက် ဒါကို ဦးစွာဟောတာ။

အဲဒီတော့ ပေါင်းသင်းဆက်ဆံဖို့ရာ အရေးကြီး တယ်။ ပေါင်းသင်းဆက်ဆံပြီးတဲ့အခါမှာ လူတွေရဲ့ Society မှာ နေတဲ့အခါမှာ ဘာလုပ်ဖို့ လိုအပ်သလဲဆိုရင် 'ပူဇာ စ ပူဇနေယျာနံ' အလေးပေး ရိုသေ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ရိုသေလေးစားရမယ် လို့ ဆိုလိုတယ်။

ပူဇော်တယ်ဆိုတဲ့ စကားလုံးဟာ ပါဠိကလာတယ် ဆိုတော့ လူတွေကနားလည်ကြတာ ပန်းနဲ့ပူဇော်တယ် တို့ ဘာတို့ ဒါတွေမျိုး အလှူဝတ္ထုနဲ့ ပူဇော်တယ်လို့ ဒါကို ပူဇော်တယ်လို့ နားလည်ကြတာ။ ပူဇော်တယ်ဆိုတာ မြတ်နိုးတယ်၊ အရိုအသေပေးတယ်၊ လေးစားတယ်၊ ဒါမျိုးတွေဟာလည်း ပူဇော်တယ်လို့ ခေါ်တာပဲ။ စိတ် ထဲက အလေးအမြတ်ထားတယ်။ အဲဒီလို လောကမှာ ပူဇော်ထိုက်သူကို ပူဇော်ခြင်းဖြင့် ကိုယ့်မှာ အသိဉာဏ် တွေ တိုးပွားစေတယ်။

ဒါကြောင့်မို့ ဘဝမှာ နံပါတ်(၁) ရွေးချယ်ရမှာက အပေါင်းအသင်း။ အပေါင်းအသင်း ရွေးချယ်ပြီးတဲ့အခါ မှာ ကိုယ့်အသိုင်းအဝိုင်းထဲမှာ ပူဇော်ထိုက်တဲ့၊ လေးစား ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို လေးစားပေးဖို့ဆိုတာဟာ နံပါတ်(၂)ဖြစ်တယ်။

ဒါဖြင့် လူ့လောကမှာရောက်ပြီး ကြီးပွားတိုးတက် အောင်လုပ်ဖို့၊ မကောင်းတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်၊ ကောင်းတဲ့ ပုဂ္ဂိုလ်တွေကို ပေါင်းသင်းပြီး ပူဇော်ထိုက် တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ရုံ ဒီလိုအလုပ်တွေ လုပ်ဖို့ ဆိုတာ ဘယ်နေရာ လိုအပ်သလဲ? မြတ်စွာဘုရားက ဒီလိုအလုပ်တွေလုပ်ဖို့၊ အကောင်းအဆိုး ရွေးချယ် တတ်ဖို့အတွက် ဘာက အရေးကြီးလာပြန်တုန်း ဆိုတော့ 'ပတိရူပဒေသဝါသ' တဲ့။ သင့်တင့်လျောက် ပတ်တဲ့ အရပ်မှာနေဖို့၊ ဗမာစကားမှာလည်း ရှိတယ် နော်။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကား ရှိတယ်။ သူက အတွေ့အကြုံ၊ အမြင်အယူအဆ၊ ပညာ ဗဟုသုတဆိုတာ တစ်နေရာနဲ့တစ်နေရာ မတူတတ် ဘူး။ တစ်နေရာနဲ့ တစ်နေရာ ပြောင်းလိုက်တဲ့အခါ ကိုယ့်မှာ အတွေ့အကြုံအသစ်တွေရတယ်။ အသိဉာဏ် ဗဟုသုတတွေ အသစ်ရလာတယ်။ တစ်ခုနဲ့တစ်ခု ယှဉ်စရာတွေ ရလာတဲ့အတွက်ကြောင့် ဘယ်ဟာက ပိုကောင်းတယ်၊ ဘယ်ဟာက ညံ့တယ်ဆိုတာကို နှိုင်းယှဉ်တတ်လာတယ်ပေါ့။ တစ်နေရာတည်းမှာဆို နှိုင်းယှဉ်မှု မရှိဘူးပေါ့။ ဒါကြောင့်မို့ အကြောင်းအကျိုး အဆိုးအကောင်းကို သိဖို့ရာအတွက် 'ပတိရူပဒေသဝါသ' နေရာရွေးချယ်ပြီးနေဖို့ လိုအပ်တယ်။

နေရာရွေးချယ်ရမယ်ဆိုတာ ဘယ်လိုမျိုးရွေးချယ် ရတယ်လို့ဆိုရင် ကိုယ့်ရဲ့ ရည်ရွယ်ချက်အတိုင်းပဲ။ ပညာရေး တိုးတက်ဖို့အတွက် ရွေးချယ်မှာလား၊ စီးပွားရေးအတွက် ရွေးချယ်မှာလား၊ ကျန်းမာရေး အတွက် ရွေးချယ်မှာလား။ ဆိုင်ရာဆိုင်ရာ သူတော် ကောင်း တရားတွေကို ကျင့်ကြံကြိုးကုတ် အားထုတ် ပြီးတော့ နိဗ္ဗာန်ချမ်းသာရဖို့ရန်နေရာအတွက် ရွေးချယ် မှာလားလို့ဆိုတာ သူ့နေရာနဲ့သူ ရွေးချယ်ဖို့ လိုအပ် တယ်။

ကျန်းမာရေးအတွက် ဆိုလို့ရှိရင် ဆေးရုံတို့၊ ဆေး ကုမယ့်ဆရာတို့၊ ရာသီဥတုကောင်းတဲ့ နေရာတို့ ဒါမျိုး ရွေးချယ်ပြီးတော့ နေကြရမှာ။ ကြီးပွားတိုးတက်လိုတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရေးအတွက် ဆိုလို့ရှိရင် ဆရာ ကောင်း၊ သမားကောင်း ပုဂ္ဂိုလ်ရှိတဲ့ နေရာဌာနတို့၊ ကျောင်းရှိတဲ့ နေရာဌာနတို့၊ ပညာသင်လို့ရတဲ့နေရာမျိုးတို့ ရွေးချယ်ပြီးတော့နေကြရတယ်။ အဲဒီလို ရွေးချယ် ပြီးတော့ နေနိုင်တဲ့ပုဂ္ဂိုလ်တွေဟာ လောကမှာ ကြီးပွား တိုးတက်သွားတာတွေ အများကြီးပဲရှိတယ်။ မရွေးချယ် ဘဲနဲ့ ကျရာအတိုင်းပဲနေကြတဲ့ ပုဂ္ဂိုလ်တွေက ကြီးပွား တိုးတက်မှု အားနည်းသွားတယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက နေရာဒေသကို ရွေးချယ်ရမယ်တဲ့။ ကိုယ်နဲ့ သင့်တင့်လျောက်ပတ်တဲ့ နေရာကို ရွေးချယ်ရမယ်။ အဲဒီတော့ ပညာရေးအတွက် ရွေးချယ်တယ်၊ စီးပွားရေးအတွက် ရွေးချယ်တယ် ဆိုလို့ ရှိရင်လည်း စီးပွားရေးလုပ်လို့ကောင်းမယ့် နေရာမျိုး ရွေးချယ်ပြီး ရွှေ့ပြောင်းပြီးတော့ နေထိုင်ကြရမယ်။

သူတော်ကောင်းတရား ကျင့်ကြံကြိုးကုတ် အား ထုတ်ဖို့ ဆိုလို့ရှိရင် တရားဓမ္မဟောပြောနိုင်တဲ့ပုဂ္ဂိုလ် တို့၊ တရားအားထုတ်ခွင့်ရတဲ့ နေရာမျိုးတို့၊ တရား လိုက်စားလို့ရမယ့် နေရာမျိုးတို့၊ ဒီလိုဟာမျိုး ရွေးချယ် နေရမယ်။ အဲဒါကို ဆိုလိုတယ်။ မြတ်စွာဘုရားက 'ပတိရူပဒေသဝါသ' အဲဒီလို ရွေးချယ်ပေမယ့်လို့ လောကမှာ လူတွေဟာ အရေးကြီးဆုံးက ဘာလဲဆိုရင်ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်ဖို့က အင်မတန် မှ အရေးကြီးတယ်။ ဒီလို ရွေးချယ်ဖို့ဆိုတာ ကုသိုလ် ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ် မဟုတ်ဘူးဆိုရင်လည်း အခွင့် မသာပြန်ဘူး။ ဒါကြောင့်မို့ 'ပုဗ္ဗေစ ကတပုညတာ' လို့ မြတ်စွာဘုရားက ဆက်ဟောတာ။

ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကျတော့ သူများ ထက်လည်း အသိဉာဏ်ရှိတယ်ပေါ့။ အခြေအနေ ကောင်းတွေနဲ့လည်း ကြုံရတတ်တယ်ပေါ့။ ဒါကြောင့် မို့လို့ 'ပုဗ္ဗေစ ကတပုညတာ' ကုသိုလ်ကောင်းမှု ရှိခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့ လိုအပ်တယ်။ အဲဒီလိုရှိခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်မှ လည်းပဲ လောကကြီးမှာ ကြီးပွားတိုးတက်မှုဟာ အပြည့် အဝ ရနိုင်မယ်ပေါ့။

'ပုဗ္ဗေစ ကတပုညတာ' ရှိလာပြီးတဲ့နောက်မှာ အရေးကြီးဆုံး နောက်ထပ်ရှိရမယ့် မင်္ဂလာတစ်ခုက ဘာလဲဆိုရင် 'အတ္တသမ္မာပဏိဓိ' တဲ့။ ကိုယ့်ကိုယ်ကို ကောင်းအောင်ထားနိုင်ဖို့၊ ကိုယ့်စိတ်လေးကို ပြုပြင် ပေးမှု၊ ဒါက အင်မတန်မှ အရေးကြီးတယ်။

မြတ်စွာဘုရားက စက်(၄)ပါးဆိုပြီး ဟောတာ ရှိတယ်။ လောကမှာ ကြီးပွားတိုးတက်ဖို့အတွက် စက် (၄)မျိုး ရှိတယ်တဲ့။ စက်(၄)မျိုးဆိုတာ ဘာလဲဆိုရင် စက်ဆိုတာ ဒီနေရာမှာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး တော့ လည်ပတ်သွားတာ စက်လို့ခေါ်တာပါ။ နံပါတ် (၁)က 'ပတိရူပ ဒေသဝါသ' သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့ အရပ်မှာနေခြင်း။ နံပါတ်(၂) က 'သပ္ပုရိသူပနိဿယ' လူတော်လူကောင်းနှင့် ပေါင်းမိ ခြင်း။ နံပါတ်(၃)က 'အတ္တသမ္မာပဏိဓိ' ကိုယ့်ကိုယ်ကို ပြုပြင်ပြီးတော့ ကြိုးစားအားထုတ်ခြင်း။ နံပါတ်(၄)က 'ပုဗ္ဗေစ ကတပုညတာ' ရှေးက ကောင်းမှုရှိသူဖြစ်ခြင်း၊

ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ကုသိုလ် ကောင်းမှုရှိပြီ ဆိုလို့ရှိရင် သင့်တင့်လျောက်ပတ်တဲ့ နေရာကိုရောက်တယ်။ သင့်တင့်လျောက်ပတ်တဲ့ နေရာ ကို ရောက်တဲ့ ပုဂ္ဂိုလ်ဟာ သူတော်ကောင်းနဲ့တွေ့တယ်။ သူတော်ကောင်းနဲ့တွေ့တဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲပြီးတော့ နေတတ် ထိုင်တတ်လာ တယ်။ အဲဒီလို ပြပြင်ထိန်းသိမ်းပြီးတော့ နေတတ် လာတယ်ဆိုရင် ကုသိုလ်ကောင်းမှုကို တစ်ခါဆက်လုပ် ပြန်တယ်။ လုပ်တဲ့အတွက်ကြောင့် 'ပတိရူပဒေသ' ကို ရောက်ပြန် တယ်။ 'ပတိရူပဒေသ' ရောက်ရင် သူတော် ကောင်းနဲ့ တွေ့ပြန်တယ်။ 'အတ္တသမ္မာပဏိဓိ' ဆိုတဲ့ ကိုယ့်ကိုယ်ကို ကောင်းအောင် ထားတတ်သွားတယ်။ မင်္ဂလာ တရားတော်ကို တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး မြတ်စွာဘုရားက ဟောသွားတာပါ။

ဘဝခရီးလျှောက်ပြီ ဆိုကတည်းက တို့တစ်တွေ နေတဲ့ထိုင်တဲ့နေရာဟာ တို့နဲ့ ပတိရူပ ဖြစ်ရဲ့လား ဆင်ခြင်စဉ်းစားရမယ်နော်။ ပတိရူပ ဖြစ်ပြီဆိုရင် ပတိရူပ ဖြစ်ရုံနဲ့ လုံလောက်ပြီလားဆိုရင် မလုံလောက် ဘူး။ ဘာလုပ်ဖို့လိုလဲဆိုရင် ကိုယ့်အပေါ်မှာ မူတည် တာက 'အတ္တသမ္မာပဏိဓိ' တဲ့။ ကိုယ့်ကိုယ်ကို ကောင်း အောင်ထား။

ကိုယ့်ကိုယ်ကို ကောင်းအောင်ထားတယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ ဘာလဲဆိုရင် ကိုယ့်မှာ ငါးပါးသီလ မပြည့်စုံသေးဘူးဆိုရင် ပြည့်စုံအောင် လေ့ကျင့်ပါ။ သဒ္ဓါစွမ်းအားတွေ နည်းနေသေးတယ်ဆိုရင် သဒ္ဓါစွမ်းအားတွေ ပြည့်အောင်လုပ်မယ်။ ကိုယ်ကျင့်တရား တွေ အားလျော့နေရင် အားကောင်းလာအောင် လုပ် မယ်။ ဘာသာတရားနဲ့ပတ်သက်ပြီး ဗဟုသုတ နည်းနေ မယ် ဆိုလို့ရှိရင် ဗဟုသုတ ဆည်းပူးရမယ်။ ကိုယ့်ရဲ့ အမျိုးအကျိုး ဆောင်ရွက်မှုတွေ အားပျော့နေသေး တယ် ဆိုလို့ရှိရင်လည်း ကြိုးစားအားထုတ်ကြရမယ်။ မကောင်းတဲ့ စိတ်ထားတွေ တွန်းလှန်ဖယ်ရှားဖို့၊ ကောင်းတဲ့တရားတွေကို ကြိုးစားအားထုတ်ဖို့ဆိုတဲ့ ဝီရိယတရားတွေ လျော့ပါးနေသေးတယ်ဆိုရင် တိုး အောင်လုပ်တယ်။ အသိပညာတွေ နည်းပါးနေသေး တယ်ဆို ရအောင်လုပ်တယ်။ အဲဒါက 'အတ္တသမ္မာ ပဏိဓိ' ကိုယ့်ကိုယ်ကို ကောင်းအောင်ထားတယ်ဆိုတာ ကိုယ့်ကိုယ်ကို အဆင့်မြင့်လာအောင် ကြိုးစား အားထုတ်တာပါ။

အဲဒီလို မင်္ဂလာလမ်းမမှာ လျှောက်လှမ်းလို့ ကိုယ့်ကိုယ်ကို ကောင်းအောင်ထားတတ်ရန် ဘာတွေ လုပ်ဖို့လိုသလဲ။ ဒီအတိုင်း သူ့ဟာသူ ထားတတ်လာမှာ မဟုတ်ဘူး။ ဒါ့ကြောင့် မြတ်စွာဘုရားက နောက်ဆက်ပြီးဟောတာက ဗာဟုဿသစ္စဉ္စ တဲ့။ ဗဟုသုတ ဆည်းပူးပါတဲ့။ ဗဟုသုတဆိုတာ အခုလို တရားတွေ များများနာတယ်၊ တရားစာအုပ်တွေ ဖတ်တယ်၊ တရား တွေ ဆွေးနွေးတယ်။ မိတ်ဆွေသင်္ဂဟတွေနဲ့ ကောင်းနိုး ရာရာ တရားစကား ပြောကြားတယ်။ ဒါတွေဟာ ဗဟုသုတဆည်းပူးတယ်ခေါ်တယ်။ ဆိုင်ရာ ဆိုင်ရာ ဗဟုသုတပဲ။ ဗဟုသုတမျိုးစုံ ဆည်းပူးအားထုတ်ကြရ တယ်။

လောကမှာ ဗဟုသုတတွေ ရှိပြီးရင် စားဝတ် နေရေး ပြည့်စုံဖို့အတွက် မြတ်စွာဘုရားက 'သိပ္ပ' တဲ့။ လက်မှုပညာတို့၊ နှုတ်မှုပညာတို့၊ ဘဝရပ်တည်ရေး အတွက် ဒါတွေလည်း သင်ကြားရမယ်တဲ့။

လူ့လောက လူရယ်လို့ ဖြစ်လာရင် 'ဝိနယော စ သုသိက္ခိတော' လူတွေရဲ့ စည်းကမ်းဝိနည်းကိုလည်း လိုက်နာတတ်ရမယ်။ ဆိုပါစို့၊ နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေတွေရှိတယ်။ လောက လူ့ ကျင့်ဝတ်တွေရှိတယ်၊ အဲဒါတွေကိုလည်း သင်ကြား ထားရမယ်။ ဥပဒေတွေကို နားလည်ရမယ်၊ လေးစား ရမယ်၊ လိုက်စားရမယ်၊ လူ့ကျင့်ဝတ်တွေကို လေးစား ရမယ်။ ဥပဒေဆိုတာက မသိလို့ ကျူးလွန်မိတာလို့ ပြောလို့မရဘူး၊ သိအောင်လုပ်ရမယ်။ အဲဒါကို 'ဝိနယော စ သုသိက္ခိတော' လို့ ပြောတာ။ လောကမှာ ကြီးပွားတိုးတက်ဖို့အတွက် ဒီ မင်္ဂလသုတ်ကို အခြေခံ အားဖြင့် ပြောထားတာ။ အဲဒီလို အချက်အလက်တွေ ပြည့်စုံမှသာ 'အတ္တသမ္မာပဏိဓိ' ကိုယ့်ကိုယ်ကို ကောင်း အောင် ထားနိုင်မှာဖြစ်ပါတယ်။

'သုဘာသိတာ စ ယာ ဝါစာ' လောကမှာ လူ တွေ ဆက်ဆံရေးဟာ အရေးအကြီးဆုံးက အပြော အဆို။ လူတွေ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ် ခင်ခင် စည်းရုံးမှုရှိတာလည်း ပြောဆိုတတ်လို့ပဲ။ ကွဲပြား သွားကြတာလည်းပဲ အပြောအဆိုမတတ်လို့ပဲ။ ဒီ ပြောဆိုခြင်းတစ်ခုဟာ အင်မတန်မှ ထိရောက်တယ်။ ဒါကြောင့် 'သုဘာသိတာ စ ယာ ဝါစာ' စကား ကောင်းကောင်း ပြောတတ်ရမယ်။

ဒါဖြင့် စကားကောင်းပြောတာ ဘယ်လိုဟာမျိုး ပြောတာလဲဆိုရင် မြတ်စွာဘုရား ဟောထားတာ ရှိတယ်။ စကားပြောတော့မယ်ဆိုရင် အရင်ဆင်ခြင် စဉ်းစားရမယ်။ ပါးစပ်ဆိုတာ စကားပြောဖို့နဲ့ စားဖို့ ထားတယ်ဆိုတာ ဟုတ်တယ်။ ပါးစပ်ကို အသုံးချပြီး ပြောစရာဆိုစရာတွေ စည်းကမ်းမရှိ လျှောက်ပြောလို့ ရလားဆိုရင် မရဘူးတဲ့။ 'သုဘာသိတ' ကောင်းတဲ့ စကားဖြစ်အောင် ဘာလုပ်ရမလဲဆိုရင် စည်းကမ်းချက် ထားတာက ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ထား။

'ကာလေန ဝက္ခာမိ နော အကာလေန' ငါ စကားပြောသင့်တဲ့အချိန် ပြောမယ်၊ မပြောသင့်တဲ့ အချိန် မပြောဘူး။ ဘာလို့လဲဆိုရင် စကားကောင်းပဲ ဖြစ်စေ မပြောသင့်တဲ့အချိန် သွားပြောရင် စကား ကောင်း မဖြစ်တတ်ဘူး။ ဒါကြောင့် စကားပြောရင် ပြောသင့်တဲ့အချိန်ပြောမယ်၊ မပြောသင့်တဲ့အချိန် မပြောဘူး။ ပြောသင့်တဲ့အချိန်၊ မပြောသင့်တဲ့အချိန် ကို အသိဉာဏ်နဲ့ ရွေးချယ်ရမယ်။

ပြောသင့်တဲ့အချိန်ရောက်လို့ ပြောပြီဆို ဘယ်လို ပြောမလဲဆိုတော့ 'သဏှေန ဝက္ခာမိ နော ဖရုသေန' တဲ့။ ယဉ်ယဉ်ကျေးကျေး ပြောမယ်၊ ရိုင်းရိုင်းစိုင်းစိုင်း မပြောဘူး။ စကားဟာ ပြောသင့်တဲ့စကားပေမယ့် ယဉ်ယဉ်ကျေးကျေးမပြောဘဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိ ရင် ထိုစကားဟာ စကားကောင်း မဖြစ်ပြန်ဘူး။

ယဉ်ကျေးတဲ့စကားတိုင်း မှားမှားယွင်းယွင်းတွေနဲ့ ဆိုရင်လည်း အသုံးမဝင်ပြန်ဘူး။ ဒါကြောင့် မြတ်စွာ ဘုရားက 'ဘူတေန ဝက္ခာမိ နော အအဘူတေန' မှန်တာပဲပြောမယ်၊ မမှန်တာမပြောဘူး။

မှန်တိုင်း ကောင်းလားဆိုတော့ မှန်တိုင်းမကောင်း ဘူး။ အကျိုးရှိမှ ကောင်းတယ်။ ဒါကြောင့်မို့ 'အတ္ထသံဟိတေန ဝက္ခာမိ နော အနတ္ထသံဟိတေန' ကိုယ်ပြောတဲ့စကားဟာ အဓိပ္ပာယ်ရှိရှိနဲ့ အကျိုးစီးပွား ကို ဖြစ်ပေါ်စေမယ့်စကားမျိုး ပြောရမယ်တဲ့။ ကောင်း ကျိုး ချမ်းသာကို ရစေမယ့် စကားမျိုးဖြစ်ရမယ်။

အဲဒီစကားမျိုး ပြောပြီဆိုတဲ့အခါ စိတ်ထဲက ဘယ်လို နှလုံးထားရမယ်ဆိုရင် 'မေတ္တာစိတ္တေန ဝက္ခာမိ နော ဒေါသန္တရော' မေတ္တာစိတ်နဲ့ ပြောမယ်တဲ့။ ဒေါသ စိတ်နဲ့ မပြောဘူး။ စိတ်ဆိုးမှ ဒေါသထွက်တာ မဟုတ် ဘူး။ တချို့က အမုန်းတရားကြောင့် ချောက်တွန်းတာ ရှိသေးတယ်။ ခုခေတ်ပြောကြတာ 'အချွန်နဲ့မ' တယ် ဆိုတာပေါ့။ ချိုချိုသာသာလေးပြောတိုင်း စကား ကောင်း မဟုတ်ဘူး။ အတွင်းစိတ်ဓာတ်က အင်မတန် အရေးကြီးတယ်။ မေတ္တာစိတ်နဲ့ပြောမယ်၊ အမုန်းစိတ်နဲ့ မပြောဘူး။ ဒီစကားနဲ့ပတ်သက်တဲ့အင်္ဂါ(၄)ချက်အတိုင်း ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ထားရင် 'သုဘာသိတာ' ဖြစ်တယ်။ ဒီအတိုင်း လိုက်နာမယ်ဆိုရင် လူတိုင်း တကယ်မင်္ဂလာရှိနေမှာပါ။ ဒီစကားပြောနေတာနဲ့ပင် မင်္ဂလာရှိသွားပြီ။ မင်္ဂလာရှိတယ်ဆိုတာ ကိုယ်လုပ်တဲ့ ကိစ္စတစ်ခု အောင်မြင်ကြီးပွားသွားတာလို့ မြတ်စွာ ဘုရားက ဟောတယ်။

လူ့ဘဝမှာ ကိုယ်တစ်ဦးတစ်ယောက်တည်း နေတာမဟုတ်ဘူး။ အသိုင်းအဝိုင်းမှာ ဒီလိုနေတော့ လူတွေမှာ အသီးသီး တာဝန်ဝတ္တရားတွေကို မဆောင် ရွက်ရင် မရပြန်ဘူး။ ဒါကြောင့် မြတ်စွာဘုရားက 'မာတာပိတုဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော' လူတိုင်း လူတိုင်းဟာ အဖေအမေမရှိဘဲ လောကကြီးကို ရောက် မလာဘူး။ အဖေအမေအပေါ်မှာ ပြုစုရမယ့် တာဝန် ဝတ္တရားတွေ ရှိတယ်ပေါ့။ တာဝန်ဝတ္တရားတွေဟာ အခု ကမ္ဘာကြီးမှာကြည့်မယ်ဆိုရင် ကမ္ဘာရှိ လူတိုင်းလူတိုင်း လေးလေးစားစား လိုက်နာကြလားဆိုရင် မလိုက်နာ ကြတော့ဘူး။ အနောက်တိုင်းကလူဆိုရင် သားသမီး တွေက (၁၈)နှစ်ဆိုရင် မိဘရင်က ခွာသွားကြပြီ။ မိဘနဲ့ ပြန်တွေ့ဖို့ဆို သူတို့ဟာ New Year နဲ့ Christmas တို့မှာ ကဒ်ကလေးပဲ ပို့တဲ့အဆင့် ရောက်လာပြီ။ ကိုယ့်ဟာကိုယ် ရပ်တည်နေကြတာ ကောင်းသလိုလိုနဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်လာကြတာပေါ့။ အဲလို ဖြစ်လာကြပြီ။ မြန်မာပြည်မှာလို တာဝန်ယူတာမျိုး မရှိ တော့ဘူး။ မြတ်စွာဘုရားက ဒါကို အလေးအနက် Society တစ်ခုမှာ 'မာတာပိတုဥပဋ္ဌာနံ' အဖေအမေ ကို ပြုစုလုပ်ကျွေးရမယ်ဆိုတာ လူတွေရဲ့ တာဝန် ဝတ္တရားတစ်ခုပဲ။

ဘုန်းကြီးတို့ဆီ နှစ်စဉ် ဂျာမဏီကနေ သင်တန်း လာတက်တဲ့ ဒကာမကြီးတစ်ယောက်ရှိတယ်။ ဒီနှစ် သူ့မိခင်ဖခင် အသက်(၈၀)ကျော်တော့ သူမလာနိုင် ဘူး။ တခြားညီအစ်မတွေတော့ရှိတယ်၊ သူတို့အလုပ်နဲ့ သူတို့ မလုပ်နိုင်ဘူး။ သူက သာသနာ့ဘောင်ဝင်ပြီး သီလရှင် ဝတ်ထားတယ်။ ဝတ်ထားတဲ့အတွက်ကြောင့် သူက ငြင်းတယ်။ မိဘတာဝန် မယူနိုင်ဘူးပေါ့။ သူ့ တရားပဲ သူလုပ်ချင်တယ်။ ဒီနှစ် စာလာမသင်နိုင်ဘူး ဆိုပြီး တယ်လီဖုန်းဆက်တော့ ဘုန်းကြီးက အားပေး စကားပြောတယ်။

မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးတယ်ဆိုတာ အလွန် မွန်မြတ်တဲ့ မင်္ဂလာတစ်ပါးပါ။ ဘုရားအလောင်းတွေ ဟာ ကိုယ်ကျိုးကိုစွန့်ပြီးတော့ မိဘကို လုပ်ကျွေးတယ် ဆိုတာ (၅၅၀) ဇာတ်ထဲမှာရှိတယ်။ အင်မတန် မွန်မြတ် တဲ့ ကုသိုလ်ကောင်းမှုတစ်ခု၊ ကိုယ်ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတစ်ခုကို လုပ်နေတာပါလို့၊ ဒါကြောင့် စာလာ မသင်ရပေမယ့် ဝမ်းနည်းစရာမလိုဘူး၊ ကိုယ် လုပ်နေ တဲ့အလုပ်ဟာ အလွန်မွန်မြတ်တဲ့အလုပ်၊ ဘုရားစကား နားထောင်တဲ့အလုပ်ပဲလို့ ပြောပြလိုက်တယ်။ ဒီလို သိရလို့ သူစိတ်ချမ်းသာတဲ့အကြောင်း ပြန်ပြောပါတယ်။

လောကမှာ မိဘကို ပြုစုလုပ်ကျွေးမှု လစ်ဟင်း လာတယ်။ လူတွေဟာ တာဝန်မဲ့လာတယ်ဆိုရင် ကြီးပွားတိုးတက်မှုလမ်းကြောင်းက ဘေးချော်လာတာ ပဲ။ မင်္ဂလာလမ်းကို မလျှောက်လှမ်းဘဲ လမ်းဆိုးတွေကို လျှောက်လာကြတော့ ဒုက္ခရောက်မှာပေါ့။ ဒါကြောင့် မြတ်စွာဘုရားက လိုက်နာရမယ့် Duty ကိုဟောတာ။ 'မိဘရှိတဲ့လူက မိဘကို ပြုစုလုပ်ကျွေးဖို့ ဒါ အင်မတန် အရေးကြီးတယ်'။

တစ်ဖက်ကလည်း 'ပုတ္တဒါရဿ သင်္ဂဟော' အိမ်ထောင်ရက်သားကျလို့ သားနဲ့မယားနဲ့ နေသူတွေ ဟာ ကိုယ့်တာဝန်ဝတ္တရားကို ဆောင်ရွက်ကြဖို့ အရေး ကြီးတယ်။ ဒါ Family Society ညီညွတ်မှုအတွက် မြတ်စွာဘုရားက ဟောထားတာ။ ဥမကွဲ သိုက်မပျက် မိသားစုဟာ ဘဝတစ်ခုကို လက်တွဲပြီးတော့ လျှောက် ကြတယ်။

နိုင်ငံခြားမှာတော့ 'ပုတ္တဒါရဿ သင်္ဂဟော' အလွန်အားနည်းသွားပြီ။ divorce မကြာမကြာ လုပ်ကြတယ်။ အခု သဘောကျရင် တွဲနေတယ်၊ သဘောမကျရင် ခွဲလိုက်ကြတယ်။ ဒီလူနဲ့ သဘော ကျရင် တွဲလိုက်တယ်၊ ဟိုလူနဲ့ သဘောကျရင် ထပ်တွဲလိုက်တယ်။ ဘယ်သူ့ဘယ်သူမှ ဂရုမစိုက်ကြတော့ ဘူး။ ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့ ပုံစံမျိုးတွေ အများကြီး ပေါ်လာတယ်။ ဒါက မင်္ဂလာတရားကို မျက်ကွယ်ပြုလာတဲ့အတွေးတွေ လောကမှာ အများကြီး ပေါ်လာတာကို ပြောပြတာ။ ဒါကြောင့် မြတ်စွာဘုရား က မှန်ကန်တဲ့လမ်းကြောင်းက 'ပုတ္တဒါရဿ သင်္ဂဟော' ဘဝခရီးမှာ လက်တွဲလာပြီဆိုရင် အပြန်အလှန် အထောက်အကူပြုရမယ်။

သင်္ဂဟ ချီးမြှောက်တယ်ဆိုတာ ဘာပြောတာလဲ။ ချီးမြှောက်တယ်ဆိုတာ နည်းလမ်း(၄)သွယ် ရှိတယ်။ (၁) ဒါန ပေးကမ်းတာ၊ (၂) ပေယျဝဇ္ဇ - ကြင်နာတဲ့ စကားပြောတာ၊ (၃) အတ္ထစရိယာ ကိစ္စဝိစ္စ ကူညီ ဆောင်ရွက်ပေးတာ၊ (၄) သမာနတ္တတာ - ကိုယ်နဲ့ တန်းတူထားပြီး ဆက်ဆံတာ၊ အဲဒါ သင်္ဂဟ လို့ ခေါ်တယ်။ စုစည်းထားခြင်းဖြစ်တယ်။

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မေတ္တာ နှောင်ကြိုးဖြင့် စုစည်းဖို့လိုတယ်။ တစ်ဦးနဲ့တစ်ဦး ပေးသင့် ကမ်းသင့်တာ ပေးရကမ်းရတယ်။ ပေးရုံ ကမ်းရုံနဲ့ မလုံလောက်ဘူး။ ကြင်နာတဲ့စကား ပြောရ မယ်။ ရိုင်းစိုင်းတဲ့စကားပြောရင် စိတ်ထိခိုက်တတ် တယ်။ သူ့အလုပ် ကိုယ့်အလုပ် ခွဲခြားပြီး ဝိုင်းမလုပ် ဘူးဆိုရင် စိတ်ဓာတ်ကျတတ်တယ်။ ဒါကြောင့် သူ့ အလုပ် ကိုယ့်အလုပ် မရွေးဘဲ သူ့အလုပ်ရှိရင်လည်း ဝိုင်းလုပ်ရတယ်။ ကိုယ့်ကိစ္စရှိရင်လည်း ဝိုင်းလုပ်ရတယ်။ နောက်ပြီး ကိုယ်နဲ့တန်းတူထားရမယ်။ အထင်သေးပြီး ဆက်ဆံရင် တစ်ဦးနဲ့တစ်ဦး မေတ္တာပျက်တတ်တယ်။ ဒါကြောင့် 'ပုတ္တဒါရဿ သင်္ဂဟော' ဆိုတာ ဒါတွေကို ပြောတာ။ ငွေကြေးထောက်ပံ့ရုံတင် မဟုတ်ဘူး၊ ကြင်နာတဲ့စကားပြောရမယ်။ ကိစ္စဝိစ္စရှိရင် ဆောင်ရွက် ရမယ်။ ကိုယ်နဲ့တန်းတူထား ဆက်ဆံရမယ်။

အဲလို ပေါင်းသင်းဆက်ဆံခြင်းဖြင့် Family Society လူ့အဖွဲ့အစည်းကြီး တစ်ခုဟာ ခိုင်ခိုင် မာမာကြီး ဖြစ်သွားနိုင်တယ်။ ခိုင်မာနေသည့်အတွက် အန္တရာယ်ကျရောက်လာတဲ့အခါ စုပြီးတွန်းလှန်နိုင်တာ ပေါ့၊ ကြံ့ကြံ့ခံနိုင်တာပေါ့။ သောကဖြစ်စရာတွေလည်း ဝိုင်းပြီးဖြေရှင်းပေးတယ်။ လူဟာ တစ်ယောက်တည်း ဆို အားငယ်တယ်။ အသိုင်းအဝိုင်းနဲ့ဆို အင်အားတွေ ပြည့်လာပြီး အခက်အခဲတွေ ကျော်လွှားနိုင်တယ်။ ဒါတွေကိုရည်စူးပြီး မြတ်စွာဘုရားက ဟောထားတာ။

'အနာကုလာ စ ကမ္မန္တာ' တဲ့။ အလုပ်လုပ်တဲ့ အခါ သေသေသပ်သပ်လုပ်ဖို့လိုတယ်။ ကိုယ်လုပ်တဲ့ အလုပ်ဟာ ပြဿနာတွေ ခဏခဏမဖြစ်စေရဘူးလို့ ဆိုလိုတယ်။ တချို့က အလုပ်ကို မသေမသပ် လုပ်တဲ့ အတွက် ပြဿနာတက်လာတာမျိုးဖြစ်တယ်။ ကြိုးစား အားထုတ်မှု လျော့နည်းတဲ့အတွက် ပြဿနာတက်လာ တာမျိုးဖြစ်တယ်။ တစ်ခုခုလုပ်တယ်ဆို စေ့စေ့စပ်စပ် လုပ်ဖို့ လိုအပ်တယ်။ ဘာပဲလုပ်လုပ်၊ ဥပမာ-မီးပိတ် တာ၊ တံခါးပိတ်တာကအစ စေ့စေ့စပ်စပ်လုပ်ရင် ဘာမှ ပြဿနာမဖြစ်ဘူး။ တချို့ အမှတ်တမဲ့လုပ်လိုက်ရင်း အဲဒီကနေ ပြဿနာ တက်တက်လာတတ်တယ်။ ဒါကြောင့် မြတ်စွာဘုရားက 'အနာကုလာ စ ကမ္မန္တာ' ကိုယ်လုပ်တဲ့အလုပ်ဟာ စေ့စပ်သေချာစွာလုပ်ပါ။ ဒါက မြတ်စွာဘုရားက အခြေခံကစပြီး မင်္ဂလာတရားတွေ ဟောနေတာ။

အဲလိုလုပ်တဲ့အခါ လူ့လောကမှာ ဘာတွေလိုအပ် သေးလဲဆိုရင် 'ဒါနဉ္စ ဓမ္မစရိယာ စ ဉာတကာနဉ္စ သင်္ဂဟော' လုပ်သင့်လုပ်ထိုက်တာက ဒါနဆိုတာ ပေးတာကမ်းတာ စွန့်ကြဲတာ။ ဒါနဆိုရင် အလှူကြီး၊ အတန်းကြီးလှူမှ၊ ဘုန်းကြီးကျောင်းလှူမှ ဒါနမဟုတ် ဘူး။ အိမ်နီးနားခြင်း စားစရာပို့တာ၊ လက်ဆောင် ပေးတာကအစ အကုန်လုံး ဒါနပါပဲ။ တရားစာအုပ် တွေဝေမယ်၊ တစ်ခုခု လုပ်ပေးမယ် ဒါန။

ဓမ္မစရိယာဆိုတာ ကိုယ်ကျင့်တရားနဲ့ ပတ်သက် လာရင် ကုသိုလ်ကမ္မပထတရား (၁၀)ပါးကို ကျင့်သုံး ရမယ်။ ကုသလ ကမ္မပထ တရား (၁၀)ပါးဆိုတာ သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ရမယ်။ သူ့ဥစ္စာ ခိုးခြင်းမှ ရှောင်ကြဉ်တယ်။ သူတစ်ပါး သားမယား စော်ကားခြင်းမှ ရှောင်ကြဉ်တယ်။ အင်မတန် ရိုးနေ ပေမယ့် သိပ်အဓိကကျတဲ့ တရားတွေပဲ။

လူ့လောကမှာ ဒုစရိုက်(၁၀)ပါး ရှောင်ကြဉ်ပြီး သုစရိုက်တရားတွေ ကျင့်သုံးတာကို ဓမ္မစရိယာတရား ကို ကျင့်သုံးတာဖြစ်တယ်။ တရားကို ကျင့်သုံးနေတဲ့ သူဟာ ဘဝခရီးကို လျှောက်လှမ်းရာမှာ အောက်တန်း နောက်တန်းကျသွားမှာ မဟုတ်ဘူး။

'ဉာတကာနဉ္စ သင်္ဂဟော' ဆွေမျိုးဆိုတာ ကိုယ်နဲ့ အမျိုးတော်တာကို အနီးဆုံးဆွေမျိုးလို့ ပြောရမှာပေါ့။ ချဲ့ကြည့်မယ်ဆို တိုင်းပြည်တစ်ပြည်လုံး ကိုယ့်ဆွေမျိုးပဲ။ မြန်မာဆိုရင် မြန်မာလူမျိုးအကုန်လုံးဟာ ကိုယ့်ဆွေမျိုး ဖြစ်သွားပြီ။ တချို့က အမျိုးချစ်တယ်ဆိုတာ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်တူတို့ကိုချစ်တာ။ ဒီလိုချည်း မဟုတ် ဘူး။ အမျိုးဆိုတဲ့နေရာ ကိုယ့်လူမျိုး ဆိုတာ ပါပါတယ်။ မိမိရရှိလာတဲ့ ငွေကြေးနဲ့ ဆွေတွေမျိုးတွေကို ထောက်ပံ့ တယ်။ ထောက်ပံ့တယ် ဆိုတဲ့နေရာမှာ ပေးတာ ကမ်းတာ တစ်ခုတည်းမဟုတ်ဘူး။ သင်္ဂဟ (၄)ပါးပဲ။ လုပ်စရာရှိတာ သွားလုပ်ပေးတယ်။ ကူညီစရာရှိ ကူညီ တယ်။ တန်းတူထား ဆက်ဆံတယ်။ 'ဉာတကာနဉ္စ သင်္ဂဟော' ပဲ။ အိမ်နီးနားချင်းဖြစ်စေ၊ ဆိုင်နီးနားချင်း ဖြစ်စေ၊ အလုပ်တူလုပ်တဲ့ ပုဂ္ဂိုလ်ဖြစ်စေ ထောက်ပံ့ ပေးရမယ်တဲ့။ ဒါ မင်္ဂလာရှိတဲ့ လုပ်ရပ်တွေပဲ။

မြတ်စွာဘုရားက လုပ်သင့် လုပ်ထိုက်တာတွေ ပြောပြီး မလုပ်သင့်တာတွေပြောတယ်။ 'အာရတီ ဝိရတီပါပါ' တဲ့။ ကိုယ့်ကိုယ်ကို နိမ့်ကျသွားစေတဲ့အရာ ကို ပါပ လို့ခေါ်တယ်။ ဥပမာ လူတစ်ယောက်ဟာ သူများပစ္စည်း ယူလိုက်တယ်ဆို ဒီလူရဲ့ ဂုဏ်သိက္ခာ နိမ့်ကျမသွားဘူးလား။ လိမ်ပြောလိုက်ပြီဆိုလည်း ဒီလူ ရဲ့ ဂုဏ်သိက္ခာ နိမ့်ကျသွားမယ်။ အဲလို ဒီဘဝမှာ နိမ့်ကျ သွားစေတာ။ အပါယ်ကျတာက နောင်မှ။ ဒီဘဝတင် တစ်ခုခုလုပ်လိုက်ရင် ဒီလူရဲ့သိက္ခာကျသွားပြီ။ အဲဒီလို နိမ့်ကျသွားစေတဲ့ အလုပ်တွေကို ရှောင်ပါ။ ဒါတွေက ဒုစရိုက်တွေကိုပြောတာပါ။

မဇ္ဇပါနာစ သံယမော တဲ့။ မူးယစ်ဆေးဝါး သေရည်သေရက် သောက်စားခြင်းမှ ရှောင်ရမယ်။ ဒါက ဘာလို့လဲဆို လောကမှာ မူးယစ်ဆေးဝါး သေရည် သောက်စားပြီဆိုရင် မူးယစ်စေတဲ့အရာ အသုံးပြုတဲ့ အတွက် အဲဒီလူရဲ့ဦးနှောက်ဟာ ပုံမှန်မဖြစ်တော့ဘူး။ သူတွေးတဲ့ အတွေးအခေါ်တွေဟာ မှားယွင်းလာမယ်။ မှားယွင်းလာတဲ့ အတွေးအခေါ်ဟာ လောကကြီးကို ဘယ်လိုမှအကျိုးမပြုနိုင်ဘူး။ သူ့ရဲ့ကောင်းကျိုးချမ်းသာ ကိုလည်း မဆောင်ရွက်နိုင်ဘူး။ သူများရဲ့ ကောင်းကျိုး ချမ်းသာကိုလည်း မဆောင်ရွက်နိုင်ဘူး။ ဒါကြောင့် ဒီကနေ့ခေတ် မူးယစ်ဆေးဝါးဆိုတာ ဘယ်နိုင်ငံကမှ လက်မခံဘူး။ ဘာလို့လဲဆို လူ့အသိုင်းအဝိုင်းကို ဖျက်ဆီးတာ ဖြစ်လို့ပဲ။ ဒါကြောင့် မူးယစ်ဆေးဝါး ကိုလည်း ရှောင်သင့်တယ်လို့ ဘုရားကဟောထား တယ်။ အဲလိုရှောင်လိုက်မှ ကိုယ့်ဘဝလမ်းခရီးကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်မှာဖြစ်တယ်။ အခြေခံပိုင်းကို မြတ်စွာဘုရားက ဟောထားတာ။

လူ့လောကမှာ ဒီအဆင့်လောက် ရောက်သွား ရင်ကို လူတော်လူကောင်းလို့ သတ်မှတ်လို့ရပြီ။ မင်္ဂလာ တရားနဲ့ ပြည့်စုံသွားပြီဆို သာမန်ပုဂ္ဂိုလ်တွေဟာ လူတော်လူကောင်းတွေ ဖြစ်သွားကြပြီ။ လူတော် လူကောင်းတွေ ဖြစ်သွားပြီး ရှေ့တစ်ဆင့်တက်ပြီး လူကြီးလူကောင်းအဖြစ် ရောက်ဖို့ဆိုရင် 'ဂါရဝေါစ နိဝါတောစ၊ သန္တုဋ္ဌိ စ ကတညုတာ' တဲ့။ လူကြီး လူကောင်းတွေရဲ့ အရည်အသွေးတွေပဲ။ ဂါရဝ အပြန်အလှန် လေးစားတတ်တယ်။ နိဝါတ မာန်မာန မထား ဘူး။ ကိုယ်က ရာထူးဘယ်လောက်မြင့်မြင့်၊ ပစ္စည်းဥစ္စာ ဘယ်လောက်ချမ်းသာချမ်းသာ အများနဲ့ ဆက်ဆံတဲ့ အခါ မာန်မာနဆိုတာ မရှိဘူး။ လေးစားရမယ့်ပုဂ္ဂိုလ် လေးစားတယ်၊ ရိုရိုသေသေ ဆက်ဆံတယ်။ အဲဒီတရား ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ မင်္ဂလာလမ်းမပေါ် လျှောက်လှမ်း နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ အများရဲ့ချစ်ခင် လေးစားမှုကို ဒီဘဝတင် ရကြတယ်။

'သန္တုဋ္ဌိ' ဆိုတာ လူ့လောကမှာလူတွေဟာ ရောင့်ရဲ တင်းတိမ်မှု အားနည်းကြတယ်။ ရောင့်ရဲမှုဆိုတာ အဓိပ္ပါယ်ကောက်ယူမှု မမှားစေနဲ့။ ရောင့်ရဲမှုဆိုတာ စီးပွားရေး မတိုးချဲ့ရဘူး၊ ပညာရေး မတိုးချဲ့ရဘူး၊ ကိုယ် ရတာလေးနဲ့ ကျေနပ်ရမယ်၊ ဒီလိုဆိုလိုတာမဟုတ်ဘူး။ မရောင့်ရဲဘူးဆိုတာ အိမ်မှာဆိုပါစို့။ အချဉ်ချက်ထားလို့ ရှိရင် အဲဒီနေ့ အချိုစားချင်တယ်။ အချိုချက်ထားလို့ ရှိရင် အဲဒီနေ့ အချဉ်စားချင်တယ်။ မရောင့်ရဲတဲ့ပုဂ္ဂိုလ် ဟာ မီးဖိုချောင်ထဲမှာတင်ပဲ ဒုက္ခရောက်တယ်။

တစ်ခါက အညာမှာ ထမင်းပွဲထိုင်ရင်းက ငရုတ်သီးမပါလို့ ငရုတ်သီး သွားရှာဦးမယ်ဆိုပြီး ထွက်သွားတာ အောက်ပြည် အောက်ရွာရောက်ပြီး အိမ်ထောင်ကျသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ရှိတယ်။ အဲဒါ မရောင့်ရဲနိုင်တဲ့ပုဂ္ဂိုလ်ပဲ။ မရောင့်ရဲရင် ဒုက္ခရောက် တယ်။ ကိုယ်ရောက်တဲ့ ပတ်ဝန်းကျင်ရော ဒုက္ခရောက် တယ်။ မြတ်စွာဘုရားက ဘာနဲ့ဖြစ်ဖြစ် ရောင့်ရဲရမယ်။

မတ္တရာဆရာတော် ရောင့်ရဲတယ်ဆိုတာ ကြားဖူး ကြလိမ့်မယ်။ မတ္တရာဆရာတော်က ခပ်ငံငံလေး ကပ် လိုက်လည်း အစာကျေတာပေါ့ကွာ။ ခပ်ပေါ့ပေါ့လေး ကပ်လိုက်လည်း ရေငတ်ပြေတာပေါ့။ ဆွမ်း ပျော့ပျော့ လေး ချက်ပေးရင်လည်း ဒီနေ့ မြန်မြန်အစာ ကျေတာ ပေါ့။ မာမာလေး ချက်ပေးရင်လည်း တောင့်တောင့် လေး စားရတာပေါ့လို့ ကောင်းတဲ့ဘက်ကချည်း တွေး တယ်။ အဲဒီ ကောင်းတဲ့ဘက်က တွေးတာက ရှိတာနဲ့ ကျေနပ်တဲ့သဘောပဲ။

အင်္ဂလိပ်ဖတ်စာ ပုံပြင်လေးထဲမှာပါတဲ့ မီးရထား မောင်းသမား တစ်ယောက်ရဲ့ ရောင့်ရဲတင်းတိမ်မှု၊ အကောင်းမြင်တတ်မှုဟာ အတော်အတုခိုးစရာ ကောင်းတယ်။ ရထားမှာ accident ဖြစ်လို့ ခြေထောက် တစ်ဖက် ဆေးရုံတက်ပြီး ဖြတ်လိုက်ရတယ်။ ဘယ်ကိစ္စ ဖြစ်ဖြစ် သူက အဆိုးဘယ်တော့မှ မပြောဘူးတဲ့။ အကောင်းချည်းပဲ ပြောလေ့ရှိတယ်။ သူငယ်ချင်း တွေက သူဒီတစ်ခါ ခြေထောက်ဖြတ်လိုက်ရပြီ။ ဘယ် လိုများ အကောင်းပြောမလဲ သွားပြီးစုံစမ်းကြတယ်။ ကဲ၊ မင်းဒီတစ်ခါ ခြေထောက်ဖြတ်လိုက်ရပြီ၊ မင်း ဒုက္ခ ရောက်နေပြီ၊ ဘယ်လိုများ အကောင်းပြောဦးမလဲ ဆိုတော့ ဟိုလူကပြုံးပြီး သူငယ်ချင်းတို့ရေ တဲ့၊ ငါတော့ ဖိနပ်တစ်ဖက်ဖိုး သက်သာသွားပြီတဲ့။ အကောင်းဘက် ကပဲ တွေးတောပြောတာ။ 'သန္တုဋ္ဌီ' ရဲ့ သဘောတွေပဲ ရှိတာနဲ့ ကျေနပ်နိုင်တာ။ အဲလိုလေး ကျေနပ်နိုင်တော့ စိတ်ချမ်းသာတာပေါ့။ ရှိတာနဲ့ မကျေနပ်နိုင်တဲ့ ပုဂ္ဂိုလ် မှာ စိတ်မချမ်းသာဘူး။ ရှိတာနဲ့ မကျေနပ်တဲ့အတွက် ဘယ်တော့မှ သူ့မှာ လိုဘပြည့်တယ်မရှိဘူး။ သူများ ကို ဒုက္ခမပေးချင်နေ၊ ကိုယ့်ဟာကိုယ် ဒုက္ခဖြစ်နေ တယ်။

မယ်ဆို ဘုရင်က ငါ့ကိုသတ်ချင်သတ်ပါစေ၊ ထမင်းရှင် ကို မပြစ်မှားဘူးဆိုပြီး ပြန်သွားတယ်။ အသင်္ခယာ စောယွန်းမင်းကိုင်တဲ့ သံလျက်ဓားကို သက်သေအဖြစ် ယူသွားတယ်။ ဟိုရောက်တဲ့အခါ ငါးစီးရှင်ကျော်စွာက ငါခိုင်းတာ ပြီးပြီလားဆိုတော့ အကျိုးအကြောင်းပြော တယ်။ ဘုရင်က စိတ်ထားကောင်းတယ်၊ သိပ် ကျေးဇူး သိတတ်တဲ့လူပဲဆိုပြီး အပြစ်ဒဏ်မပေးဘူး။ လောကမှာ ကျေးဇူးသိတတ်တဲ့ပုဂ္ဂိုလ်ဟာ အင်မတန်မှ တန်ဖိုးရှိ တယ်။ ဒါကြောင့် 'ကတညုတာ' ဟာ မင်္ဂလာတစ်ခုပဲ။

လူကြီးလူကောင်းဘဝ ရောက်သွားပြီဆိုရင် ဒီ့ထက်အဆင့်မြင့်ပြီး သံသရာဝဋ်ကလွတ်ဖို့ ကြိုးစား ကြမယ်ဆိုရင် လိုအပ်ချက်တွေကို မြတ်စွာဘုရားက ဆက်ပြီးဟောထားတာ 'ခန္တီ စ သောဝစဿတာ သမဏာနဉ္စ ဒဿနံ' တဲ့။ အဲဒီလောကလူတွေဟာ ဘာ လုပ်လုပ် သည်းခံဖို့လိုအပ်တယ်။ တစ်ဦးတစ်ယောက် လာစော်ကားလို့ သည်းခံတာရှိသလို အလုပ်တစ်ခု မအောင်မချင်း ကြိုးစားတာ ဒါလည်း သည်းခံတာ ခေါ်တယ်။ အအေးဒဏ်၊ အပူဒဏ်၊ ရာသီဥတုဒဏ်

'ကတညုတာ' ဆိုတာ သူတော်ကောင်းတွေရဲ့ အထိမ်းအမှတ်တစ်ခုပဲ။ လူတွေဟာ လွယ်လွယ်နဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောလေ့ရှိကြတယ်။ သို့သော် တကယ် ကျေးဇူးတင်တတ်တာက တကယ့် သူတော် ကောင်းမှ ကျေးဇူးတင်တတ်တယ်။ တကယ် ကျေးဇူး သိတတ်တဲ့ပုဂ္ဂိုလ်က အင်မတန်ရှားပါတယ်။ မင်္ဂလာ ရှိအောင် ကျေးဇူးသိတတ်ရမယ်။

မြန်မာရာဇဝင်ထဲမှာ ကျော်စွာမင်းရဲ့ လူယုံတော် ငခင်ညိုဆိုတာ ရှိတယ်။ ကျေးဇူးသိတတ်တဲ့နေရာမှာ စံပြထားရမယ့် ပုဂ္ဂိုလ်တစ်ယောက်ပဲ။ စစ်ကိုင်းဘက်က အသင်္ခယာစောယွန်းမင်းကို လုပ်ကြံခိုင်းလိုက်တာ (၃)ရက်တိတိ တောထဲမှာပုန်းပြီး အစာမစားရဘူး။ တစ်နေ့တော့ အသင်္ခယာစောယွန်းမင်း နတ်တင်ထား တဲ့ ထမင်းပွဲလေးတွေ့တော့ အဲဒီထမင်းကိုစား၊ အဲဒီနေ့ ညပဲ အသင်္ခယာစောယွန်းမင်းကို လုပ်ကြံမယ်လို့ သံလျက်ဓားကို ဆွဲထုတ်ရင်း ဘာစဉ်းစားလဲဆိုတော့ သူ့ထမင်း ငါစားထားတာ၊ ငါ့ရဲ့ ထမင်းရှင်ဖြစ်နေပြီ၊ သတ်လိုက်ရင် ငါ့ထမင်းရှင်ကို ပြစ်မှားရာရောက်တော့ စသည်ကို သည်းခံတာတွေပါတယ်။ အဲဒီ သည်းခံတာ မျိုးရှိရမယ်။

ပြောလို့ဆိုလို့ အကြံပေးတဲ့အခါမှာ လွယ်ကူစွာ နာခံတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ လိုတယ်။ မလွယ်ကူတဲ့လူကို ဘယ်သူကမှ မပြောတော့ဘူး။ အကြံပေးမခံရတဲ့အခါ ဒီပုဂ္ဂိုလ်ဟာ လမ်းကြောင်းလွဲနိုင်တယ်။

သမဏာနဉ္စ ဒဿနံ သူတော်စင် သူတော်မြတ် တွေကို မကြာခဏ တွေ့ဆုံခြင်းဖြင့် အမှန်တရားတွေ သိရှိနားလည်နိုင်တယ်။ ဒါ့ကြောင့် မင်္ဂလာလို့ ဆိုလို တာ။

ကိုယ်ကိုယ်တိုင်ကျင့်ပြီး တရားထူး၊ တရားမြတ် ရဖို့ကျတော့ 'တပေါစ ဗြဟ္မစရိယဉ္စ အရိယသစ္စာန ဒဿနံ' တဲ့။ တပ ဆိုတာ လူ့ဘဝက ခွာရှောင်ပြီး သာသနာဝင်တဲ့ အကျင့်မျိုး။ ကိုယ်ကျင့်သီလတွေနဲ့ ပြည့်စုံအောင်လုပ်မယ်။ ဗြဟ္မစရိယ မြတ်သောအကျင့် ကို ကျင့်တယ်ဆိုတာ မဂ္ဂင်(၈)ပါး အကျင့်ကိုကျင့်တယ်။

အဲလိုကျင့်တယ်ဆိုရင် ဘာရမလဲဆိုရင် 'အရိယ သစ္စာနဒဿန' သစ္စာ(၄)ပါးကို သိမြင်နိုင်တယ်။ အထက်မှာ အမျိုးစုံဖွင့်ထားပေမယ့် 'အရိယသစ္စာန ဒဿနံ' သစ္စာ(၄)ပါး သိတယ်ဆိုတာ သောတာပန် ဖြစ်သွားပြီလို့ ဆိုလို့ရတယ်။ သောတာပန် ဖြစ်ပြီဆိုရင် အပါယ်တံခါးပိတ်သွားတော့ မင်္ဂလာတရားဟာ ဒီအထိ ရောက်လာရင် နောင်ဘဝဟာ အင်မတန်မှ စိတ်အေး သွားရတဲ့နေရာမျိုး ရောက်သွားပြီ။

နောက်တစ်ခါ ဒီထက်အဆင့်မြင့်သွားပြီဆိုရင် 'နိဗ္ဗာန သစ္ဆိကိရိယာ စ' သောတာပန် အဆင့်မှ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်သွားပြီဆိုရင် နိဗ္ဗာန် ကို မျက်မှောက်ပြုပြီးသား ဖြစ်သွားပြီ။ ဘဝမှာ သောက တွေ့စရာအကြောင်း မရှိတော့ဘူးလို့ ဟောခြင်း ဖြစ်တယ်။ ဒီထဲမှာ နိဗ္ဗာန်ရပြီးတဲ့နောက် ဘာလိုသေး လဲဆိုရင် ဘာမှမလိုတော့ဘူး။ နိဗ္ဗာန်ရောက်လို့ ရဟန္တာ ဖြစ်သွားပြီဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အခြေအနေကို မြတ်စွာဘုရားက နိဂုံးချုပ်မှာ ဆက်ပြီးဟောထား တာက ...

'ဖုဋ္ဌဿလောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ၊ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ'

နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသွားတဲ့ အရိယာ သူတော်စင် ရဟန္တာအဖြစ် ရောက်သွားပြီဆိုရင် ဘယ်လို လောကဓံတွေနဲ့တွေ့တွေ့ သူ့ရဲ့စိတ်ဟာ တုန်လှုပ်မှုမရှိတော့ဘူး။ အသောက ဘယ်ကိစ္စနဲ့ ပတ်သတ်ပြီးမှ စိုးရိမ်စိတ်ဆိုတာ မလာတော့ဘူး။ 'ဝိရဇံ' သူ့စိတ်ထဲ လောဘ၊ ဒေါသ၊ မောဟ အညစ်အကြေး ဘယ်တော့မှ မလာတော့ဘူး။ 'ခေမံ' အန္တရာယ် ခပ်သိမ်း ကင်းငြိမ်းသွားပြီ။ အဲဒီကျရင် အမြတ်ဆုံး မင်္ဂလာဟာ လမ်းဆုံးသွားတာ ဖြစ်ပါတယ်။

မင်္ဂလသုတ်မှာ ဘဝခရီးကို လျှောက်လှမ်းသွား တဲ့ ပုဂ္ဂိုလ်တိုင်း တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ဆင့်ပြီး တစ်ဆင့်တက်ပြီး ကျင့်သွားပုံကို မြတ်စွာဘုရားက ဟောတယ်။ အခြေခံအားဖြင့် အပေါင်းအသင်း ဆက်ဆံမှုကစတဲ့ မင်္ဂလာတရားတော်ဟာ ဘယ်မှာ အဆုံးသတ်တုန်းဆိုရင် 'နိဗ္ဗာနသစ္ဆိကိရိယာ' မှာ အဆုံး သတ်သွားတယ်။

အဲဒီ နိဗ္ဗာန်ကို မျက်မှောက်ပြုတာနဲ့ တစ်ပြိုင် တည်း ရဟန္တာဖြစ်သွားလို့ ကြံ့ခိုင်တဲ့စိတ်ကိုရတယ်။ စိုးရိမ်သောက ကင်းသွားတယ်။ အန္တရာယ် ကင်းသွား တယ်။ ဘေးခပ်သိမ်း အကုန်ကင်းသွားတယ်ဆိုတဲ့ အကျိုးတရားတွေ ရပါတယ်။

အဲဒီ အကျိုးတရားတွေရပြီဆိုရင် ...

'ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ၊ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆ န္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ'

လို့ မြတ်စွာဘုရားက နိဂုံးချုပ်တာ။ မင်္ဂလာလမ်းမ လျှောက်လှမ်းသွားတဲ့ပုဂ္ဂိုလ်ဟာ လမ်းဆုံးရောက်တာနဲ့ ဒီမှတ်တိုင် ရောက်ရှိမှာဖြစ်ပါတယ်။ ရောက်သွားလို့ ရှိရင် သဗ္ဗတ္ထ မပရာဇိတာ - ဘယ်တော့မှ ကိုယ်က ရှုံးတယ်ဆိုတာ မရှိဘူး။ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆ န္တိအရာရာခပ်သိမ်း ပြီးပြည့်စုံအောင်နိုင်ခြင်း ရရှိနိုင်တယ် လို့ မြတ်စွာဘုရားက မင်္ဂလသုတ်မှာ ဒီလိုဟောထား တာ ဖြစ်တယ်။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ် အပေါင်း မိမိတို့ဘဝခရီးကို မင်္ဂလာ လမ်းမပေါ်မှ လျှောက်လှမ်းနိုင်အောင် ကြိုးစားအားထုတ်ကြမယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး မင်္ဂလာလမ်းမအတိုင်း လျှောက်လှမ်းနိုင်ကြကုန်သတည်း။
p7rt6qzjs9l6avl0z8i59h6lcjo6h41 မဟာသမယသုတ်တော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း 0 6316 22014 2026-06-01T00:12:43Z Tejinda 173 "{{header | title = | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = မဟာသမယသုတ်တော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း | previous = [[]] |..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22014 wikitext text/x-wiki {{header | title = | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = မဟာသမယသုတ်တော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း | previous = [[]] | previous2 = | next = [[မင်္ဂလသုတ် အနှစ်ချုပ်]] | next2 = | year = | notes = | edition = | categories = မြန်မာ တရားတော်များ | shortcut = | portal = }}
မဟာသမယသုတ်တော် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း

များသောအားဖြင့် မဟာသမယသုတ်ဆိုတာ နတ်တွေရဲ့ အမည်ကို ဖော်ထုတ်ပြီးတော့ ဟောတဲ့သုတ်လို့ပဲ အသိများကြတယ်။ အဲဒီမဟာသမယသုတ်၊ မဟာသမယနေ့မှာ လေးနက်တဲ့ မြတ်စွာဘုရားရဲ့ တရားဓမ္မတွေ အကြောင်းကျတော့ သိတဲ့ပုဂ္ဂိုလ် နည်းတယ်ပေါ့နော်။ ရွတ်ကြတယ်၊ ဖတ်ကြတယ် ဆိုရင်လည်းပဲ “သိလောကမနုကဿာမိ, ယတ္ထ ဘုမ္မာ တဒဿိတာ၊” ဆိုတဲ့ အဲဒီမဟာသမယသုတ်ပဲ ရွတ်ကြတာ။ သို့သော် အဲဒီမဟာသမယမှာ မြတ်စွာဘုရားဟောတဲ့ တရား၊ အလေးအနက်တရား ခြောက်သုတ် ရှိတယ်။ အဲဒီတရားတွေက အဓိက နတ်တွေကို ဟောတာပဲ ဖြစ်တယ်နော်။

မဟာသမယသုတ်မှာ ရောက်လာကြတဲ့ ပရိသတ်ထဲမှာ လူ့ပရိသတ်ကတော့ သာကီဝင်မင်းသားနဲ့ ကောလိယမင်းသား၊ ရဟန္တာ ၅၀၀ မဟာဝနလို့ ခေါ်တဲ့ တောအုပ်ကြီးထဲမှာ ရောက်ရှိနေကြတယ်။ ရဟန္တာ ၅၀၀ ရှေ့မှာ မြတ်စွာဘုရားက လာရောက်ပြီးတော့ ဖူးမြင်ကြတဲ့ စကြာဝဠာ တိုက်တစ်သောင်းက လာကြတဲ့ နတ်တွေ၊ ဗြဟ္မာတွေက အပြည့်ဖြစ်တယ်ပေါ့။ အဲဒီနတ်ဗြဟ္မာတွေရဲ့ စရိုက်ကို ကြည့်ပြီးတော့ မဟာသမယသုတ် ခြောက်သုတ်ကို ဟောကြားခဲ့တာ ဖြစ်တယ်ပေါ့နော်။

သာကီဝင်နှင့် ကောလိယတို့၏ ရောဟိနီမြစ်ရေ လုပွဲ

အဲတော့ အစကနေ စာပြောမယ်ဆိုလို့ရှိရင် မြတ်စွာဘုရား သက္ကတိုင်းမှာ ခရီးဒေသစာရီ ကြွချီရင်း ကပ္ပိလဝတ်မြို့၊ နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးခိုက် ဖြစ်တယ်။ တချို့ကလည်း သာဝတ္ထိပြည်မှာလို့လည်း မှတ်တမ်းရှိတယ်ပေါ့နော်။ ဒါ မှတ်သားထားမှု နှစ်မျိုးရှိတယ်။ ဒီမှာတော့ သုတ္တနိပါတ် အဋ္ဌကထာမှာ လာတဲ့အတိုင်းပဲ ကပ္ပိလဝတ်မြို့၊ နိဂြောဓာရုံကျောင်းမှာ နေတဲ့အချိန်လေးမှာ သာကီဝင်မင်းတွေနဲ့ ကောလိယမင်းတွေရဲ့ ကြားမှာ ရေကို အကြောင်းပြုပြီးတော့ စစ်ဖြစ်ကြတယ်၊ ခိုက်ရန်ဒေါသ ဖြစ်ပွားလာကြတယ်။

အဲဒီအချိန် ဘာနဲ့ပတ်သက်တုန်းဆိုတော့ ကပ္ပိလဝတ်မြို့နဲ့၊ ဒီကောလိယမြို့တို့ရဲ့ နှစ်မြို့အကြားမှာ ဖြတ်ပြီးတော့ စီးဆင်းသွားတဲ့ ရောဟိနီမြစ်ဆိုတာ ရှိတယ်။ အဲဒီရောဟိနီမြစ်က မြစ်အသေးလေးဆိုတော့၊ အငယ်လေးဆိုတော့ တစ်ခါတစ်ခါ ရေနည်းတယ်၊ တစ်ခါတစ်ခါ ရေများတယ်။ မူးမြစ်လို မြစ်ကလေး၊ မြို့နှစ်မြို့ကနေ ဖြတ်သွားတဲ့ မြစ်ကလေး။ အဲဒီမှာ သာကီဝင်မင်းတွေနဲ့ ကောလိယမင်းတွေရဲ့ အလုပ်သမားတွေက အဲဒီမြစ်ရေတွေကို အသုံးချပြီးတော့ စပါးစိုက်ကြတာ၊ စပါးစိုက်ကြတယ်။ ရေနည်းပြီဆိုတဲ့ အခါကျတော့ တမံတွေတုပ်ပြီးတော့ ကိုယ့်ဘက်ကိုကိုယ် ရေသွင်းကြတယ်၊ စပါးရေ ရအောင်ဆိုပြီးတော့ ရေမြောင်းတွေတူးပြီး ကိုယ့်ဘက်ကို ရေသွင်းကြတယ်။ အဲဒီနှစ်မှာတော့ ရေကအတော် နည်းတယ်။ အဲတော့ ကိုယ့်ဘက်ကို ရေယူဖို့ မြောင်းတူးကြတဲ့ အခါမှာ အလုပ်သမားတွေ အချင်းချင်း ခိုက်ရန်ဖြစ်ကြတယ်ပေါ့။ ရေရလိုမှုနဲ့ ပတ်သက်ပြီး ခိုက်ရန်ဖြစ်ကြတယ်။ ခိုက်ရန်ဖြစ်တဲ့ အခါမှာ ရိုးရိုးပြောတာနဲ့ မဟုတ်ဘဲနဲ့ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေရဲ့ မျိုးရိုးကို ထိခိုက်ပြီးတော့ ဆဲကြဆိုကြတဲ့ အဆင့်ထိ ရောက်သွားကြတယ်။ ရေရလိုလို့။

အဲတော့ ရေပြဿနာ၊ ရေရချင်တော့ အဲတော့ သာကီဝင်မင်းရဲ့ အပြစ်နာဆာကို ထုတ်ဖော်ပြီး ဆဲကြတယ် ကောလိယတွေက။ ကောလိယမင်းရဲ့ အပြစ်နာဆာကို ထုတ်ပြီးတော့ သာကီဝင်တွေက ဆဲကြတယ်။ အဲလို အပြန်အလှန် ငယ်ကျိုးငယ်နာတွေ ဖော်ပြပြီးတော့ ဆဲကြတဲ့အခါ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေထိအောင် သတင်းက ရောက်သွားတော့ မခံချင်စိတ်တွေ ဖြစ်ပြီးတော့ စစ်ပြင်ပြီးတော့ ရောဟိနီမြစ်ကမ်းကြီးမှာ၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း စစ်ပြင်ပြီးတော့ ရောဟိနီမြစ်ဘက်ကို စစ်တပ်တွေ ချီတက်လာကြတယ်။ ဟိုဘက်ကမ်းက သာကီဝင်စစ်တပ်က၊ ကောလိယစစ်တပ်က ဒီဘက်ကမ်းကနေပြီးတော့ မြစ်ရေ ရလိုမှုနဲ့ ပတ်သက်ပြီးတော့ သာမန်ရန်ဖြစ်တာတင် မဟုတ်ဘူး၊ နှစ်နိုင်ငံ စစ်ဖြစ်တဲ့ အနေအထား ရောက်ရှိပြီးတော့ လာကြတယ်။

မြတ်စွာဘုရား ကြွရောက် စစ်ပြေငြိမ်းစေခြင်း

အဲဒီအချိန်လေးမှာ မြတ်စွာဘုရား ကြွရောက်လာတယ်။ ကြွရောက်လာပြီးတော့ မြတ်စွာဘုရားရဲ့ တရားပြ နားချမှုကြောင့် ဘုရားပေါ်မှာလည်း ကြည်ညိုစိတ်ကလည်း နဂိုရှိကြတာ။ နှစ်ဦးစလုံးက ဆွေတွေမျိုးတွေချည်းပဲလေ။ သာကီဝင်တွေက အဖေဘက်က၊ ကောလိယတွေက အမေဘက်က။ သုဒ္ဓေါဒနမင်းကြီးက သာကိယ၊ မယ်တော်မာယာက ကောလိယ။ အဲတော့ အမေဘက် အဖေဘက် အမျိုးတွေချည်းပဲ။ အဲဒီအကြောင်းကို သမိုင်းအထောက်အထားနဲ့ မြတ်စွာဘုရားက သာကီဝင် မင်းမျိုးတွေ ကောလိယမင်းတွေ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကနေ စပြီးတော့၊ ဆွေတွေမျိုးတွေ ဖြစ်လို့ တစ်ဦးနဲ့တစ်ဦး ခိုက်ရန်ဒေါသဖြစ်ပြီးတော့ စစ်ဖြစ်သည့်အထိ အငြင်းပွားတာ မကောင်းတဲ့အကြောင်း မြတ်စွာဘုရားက တရားဟောတယ်။

ဟောလိုက်တဲ့အခါမှာ အားလုံးက တို့ဟာ ဆွေမျိုးသားချင်းပဲ၊ နှစ်ဦးလုံးက ဆွေတွေမျိုးတွေပဲဆိုပြီး သူတို့ရဲ့ ခိုက်ရန်ဖြစ်တဲ့ ဒေါသတွေကို လျှော့ချပြီးတော့ လက်နက်တွေစွန့်ပြီး မြတ်စွာဘုရား ဟောတာကိုပဲ အာရုံစိုက်ပြီး နားထောင်ကြတယ်။ စစ်ပြေငြိမ်းသွားတယ်ပေါ့၊ စစ်တိုက်မှ မတိုက်ကြတော့ဘူး။ အဲလို မြတ်စွာဘုရားရဲ့ တရားပြ နားချမှုကြောင့် စစ်ပွဲဟာ ရပ်စဲသွားတယ်။ ရပ်စဲသွားတော့ မြတ်စွာဘုရားကို ကျေးဇူးတင်ကြတယ်။ နှစ်ဖက်က ကျေးဇူးတင်တယ်။ အကယ်၍သာ ဘုရားသာ ကြွမလာဘူး၊ တရားပြ နားမချဘူး ဆိုလို့ရှိရင် နှစ်ဖက်စလုံးဟာ ထိခိုက်ဒဏ်ရာတွေ ရကြမှာပဲ။ စစ်ဖြစ်တယ်ဆိုတာ ကိုယ်ကြီးပဲနိုင်မှာ မဟုတ်ဘူးလေ။ နှစ်ဦးနှစ်ဝ ထိခိုက်ဒဏ်ရာမျိုးတွေ ဖြစ်ကြမှာ။

မင်းသား ၅၀၀ သာသနာဘောင်သို့ ဝင်ရောက်ခြင်း

အဲတော့ ကျေးဇူးတင်တဲ့အနေနဲ့ သာကီဝင်မင်းမျိုးတွေထဲက မင်းသား ၂၅၀၊ ကောလိယမင်းမျိုးတွေထဲက မင်းသား ၂၅၀၊ စုစုပေါင်း မင်းသား ၂၅၀ သာကီဝင်က၊ ၂၅၀ ကောလိယက၊ အားလုံး နှစ်ရက်ပေါင်းလိုက်တဲ့ အခါ မင်းသားပေါင်း ၅၀၀။ အစီအစဉ်လုပ်ပြီးတော့ မြတ်စွာဘုရားတွေကို ဝန်းရံကြဖို့ ခေါင်းဆောင်တွေက တိုက်တွန်းတဲ့ အခါကျတော့ အဲတော့ အဲဒီမင်းသားတွေဟာ သာကီဝင်မင်းသား ၂၅၀၊ ကောလိယမင်းသား ၂၅၀၊ စုစုပေါင်း ၅၀၀ ဟာ အိမ်ထောင်ရှိတဲ့ မင်းသားတွေ ဖြစ်တယ်။ လူလွတ်တွေတော့ မဟုတ်ဘူး။

အဲတော့ အများက တောင်းဆိုမှုကြောင့် သူတို့ဟာ လူဘောင်ခွာပြီးတော့ သင်္ကန်းဝတ်ကြတယ်။ အဲတော့ သင်္ကန်းဝတ်တယ်ဆိုတော့၊ အိမ်ထောင်ရှိနေတာဆိုတော့ ဘယ်ပျော်မလဲ။ ရှေ့ခေတ်ကတော့ များသောအားဖြင့် အိမ်ထောင်ရှိတဲ့ လူတွေပဲ သာသနာတော် ဝင်ကြတာ များတယ်လေ။ ကနေ့ခေတ်ကတော့ ငယ်ဖြူဆိုတာ အိမ်ထောင်မရှိတဲ့ လူတွေ ဝင်ကြတာ။ ကနေ့ခေတ်က အိမ်ထောင်ရှိမှဝင်ရင် တောထွက်လို့ ခေါ်ခံရသေးတာကိုး။ သက်ကြီးမှ ဝင်ရင် တောထွက် ဖြစ်တယ်။ အဲတော့ အိမ်ထောင်မရှိတဲ့ ငယ်ငယ်ထဲက သင်္ကန်းဝတ်တဲ့ ပုဂ္ဂိုလ်တွေသာ ကနေ့ခေတ်မှာ များတာ။ ဘုရားလက်ထက်ကတော့ မဟုတ်ဘူး၊ အိမ်ထောင်ရှိပြီးသား ပုဂ္ဂိုလ်တွေက သူတို့ဆန္ဒအလျောက် သာသနာဘောင် ဝင်ကြတာ ဖြစ်တယ်။

ကုဏာလဇာတ်တော်ဟော၍ ရဟန်းတရား ပွားများခြင်း

အဲတော့ ဝင်လာတဲ့ သာသနာဘောင် ရောက်ပြီးတော့ မြတ်စွာဘုရားနောက် တရားဓမ္မကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြတဲ့ အခါမှာ တရားမသိသေးတဲ့အချိန်၊ အိမ်မှာ ကျန်ရစ်တဲ့ ဇနီးသည်ဖြစ်တဲ့ မင်းသမီးတွေက စာပေးကြတာပေါ့။ တိတ်တိတ်ပုန်း စာပေးကြတဲ့အခါ သူတို့ သာသနာဘောင်မှာ မပျော်ကြတော့ဘူး။ အဲဒီကိုယ်တော်တွေ လူထွက်ချင်လာကြတယ်၊ သံယောဇဉ်က မပြတ်တော့ မပျော်တော့ဘူး။ အဲဒီအချိန်မှာ မြတ်စွာဘုရား သိတယ်။ သိတော့ မြတ်စွာဘုရားက ဟိုဒေါသဖြစ်တုန်းကလည်း ဘုရားက တရားပြ နားချတာကို၊ အခုလည်းပဲ အိမ်ပြန်ချင်တဲ့ ကိုယ်တော်တွေကို မြတ်စွာဘုရားက ခရီးဒေသစာရီ လှည့်လည်ဖို့ဆိုရင် ကောင်းကင်ခရီးနဲ့ ခေါ်သွားတယ်။ ဘယ်သွားတုန်းဆို ကုဏာလအိုင်၊ ဟိမဝန္တာ တောင်ခြေမှာ၊ ဟိမဝန္တာတောင်မှာ ရှိတဲ့ ကုဏာလအိုင်ဆိုတာ ငှက်အုပ်တွေ ကျက်စားတဲ့၊ အခုခေတ်လူတွေက ငှက်ကြည့်ပေါ့နော်။ မြတ်စွာဘုရားကလည်း သူတို့ကို ငှက်တွေကို ပြတာ၊ သွားပြီးတော့ ငှက်ကြည့်ဖို့ ခေါ်သွားတယ်။ လူဆိုတာ စိတ်က တစ်ခုခု ပြောလိုက်ရင် ပြောင်းသွားတတ်တာကိုး။

အဲတော့ လူထွက်ချင်နေကြတဲ့ ရဟန်း ၅၀၀ ကို ကုဏာလအိုင်ကြီးကို ခေါ်သွားပြီးတော့ အဲဒီမှာ ငှက်အုပ်၊ ကောင်းကင်က ပျံသန်းလာတဲ့ ငှက်အုပ်ရဲ့ အကြောင်း ဟောတယ်။ ကုဏာလဇာတ်ဆိုတာ ရှိတယ်။ ငှက်တွေအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဟောတာ။ အဲဒီကုဏာလဇာတ်ကို ဟောလိုက်တဲ့ အခါကျတော့ အတော်သင့် သူတို့ဟာ အလွမ်းပြေသွားကြပြီးတော့ အိမ်ကိုလွမ်းတဲ့ စိတ်တွေ ဖျောက်သွားနိုင်ကြတယ်။ မြတ်စွာဘုရားဟောတော့ နောက်ဆုံးမှာ သစ္စာတရားပြ ဟောလိုက်တဲ့ အခါမှာ တချို့က သောတာပန် ဖြစ်သွားတယ်၊ တချို့က သကဒါဂါမ်၊ တချို့က အနာဂါမ်။ ရဟန္တာတော့ တစ်ပါးမှ မဖြစ်သေးဘူး။ အဲဒီအခြေအနေ ထိအောင် ရောက်သွားတယ်။ သောတာပန် ဖြစ်ရင်ပဲ ခိုင်မြဲသွားပြီ၊ လူမထွက်တော့ဘူး။ တရားဓမ္မအပေါ်မှာ ခိုင်မြဲသွားပြီ၊ ဘယ်လိုလူ လာလှည့်လှည့် မပြန်တော့ဘူး။

အဲလိုတွေ မိသားစုဘဝတွေ၊ အိမ်ထောင်ရက်သားကျတဲ့ မိသားစုဘဝတွေ ပျက်စီးလို့ မြတ်စွာဘုရားကို အပြစ်တင်ကြတယ်၊ မကြိုက်တဲ့ လူတွေက။ ရဟန်းဂေါတမဟာ ဒီမိသားစုတွေ ပျက်စီးအောင် လုပ်နေတယ်ဆိုပြီးတော့ စွဲချက်တွေ တင်ကြတယ်။ မြတ်စွာဘုရားက ပျက်စီးလိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူး၊ သံသရာဆင်းရဲကနေ ကယ်တင်တဲ့ အနေနဲ့ပဲ ဟောတာ။ သူတို့မိသားစု ကွဲစေ ပြဲစေ ဒီလိုမပါဘူးနော်။ သံသရာဝဋ်က လွတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ သံသရာဝဋ်က လွတ်ဖို့ နည်းလမ်းပြတာ ဖြစ်တယ်။ သို့သော် ပုထုဇဉ်တွေရဲ့ အတွေးတိမ်မှုကြောင့် မြတ်စွာဘုရား ဒီလိုလုပ်တာကိုပဲ မကျေနပ်နိုင်ကြဘူး၊ အပြစ်တင်ကြတယ်။ နောက်ဆုံးမှာ မြတ်စွာဘုရား တရားပြတဲ့အခါမှာ သောတာပန်၊ အနာဂါမ်အထိ ဖြစ်ကြတယ်။

မဟာဝနတော၌ ရဟန္တာအဖြစ်သို့ ရောက်ရှိခြင်း

ကုဏာလဆိုတဲ့ အိုင်၊ ရေအိုင်ကြီးကို သွားတုန်းကတော့ မြတ်စွာဘုရား တန်ခိုးနဲ့ သူတို့ ကောင်းကင်က လိုက်ပါကြရတာ ဖြစ်တယ်၊ ဘုရားရဲ့ အစွမ်းနဲ့ လိုက်ပါကြတယ်။ သူတို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်ပြီးတော့ အဲဒီအိုင်ကနေအပြန် မဟာဝနတောအုပ်ကြီး၊ ကပ္ပိလဝတ်မြို့နားမှာ ရှိတဲ့ တောအုပ်ကြီးကို လာတဲ့ အခါကျတော့ သူတို့ကိုယ်တိုင် ရတဲ့ အစွမ်းတန်ခိုးတွေနဲ့ ဘုရားနောက်က လိုက်ပါလာကြတာ။ သူတို့ကိုယ်တိုင်ကိုယ်က ကောင်းကင်ပျံနိုင်တဲ့ ဈာန်ရသွားကြတယ် ပေါ့နော်။ သောတာပန်ဖြစ်ပြီး သောတာပန်ဆိုတာ ဈာန်ရပြီးတော့ သောတာပန် ဖြစ်တယ်၊ သကဒါဂါမ်၊ အနာဂါမ်လည်း ဈာန်ရပြီးတော့ ဖြစ်ကြတယ်။ အဲတော့ သူတို့ဟာ သူတို့အစွမ်းတန်ခိုးနဲ့ ကောင်းကင်ခရီးကနေ ပြီးတော့ ကပ္ပိလဝတ်မြို့နားက မဟာဝနဆိုတဲ့ တောကို သက်ဆင်းကြတယ်။

အင်မတန်မှ အေးချမ်းသာယာပြီး လူသူကင်းဆိတ်ငြိမ်တဲ့ မဟာဝနဆိုတဲ့ တောအုပ်ကြီးထဲ ရောက်လာကြတယ်။ အဲဒီတောအုပ်ထဲ ရောက်လာတဲ့ အခါကျတော့ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းပေးပြီးတော့ တရားထပ်ဟောတယ်၊ တရားရှုမှတ်ခိုင်းတယ်။ အဲဒီဟောတဲ့ အခါကျတော့ ကိုယ်တော်တွေဟာ ဘာဖြစ်သွားတုန်းဆိုတော့ မြတ်စွာဘုရား ရှင်းလင်းဟောကြားတဲ့ တရား၊ ဝိပဿနာတရား အားထုတ်ပြီး အားလုံးဟာ ရဟန္တာ ဖြစ်သွားကြတယ်နော်။ ရဟန္တာဖြစ်သွားတယ်။ ဒီမဟာသမယနေ့လို့ ခေါ်တဲ့ နယုန်လပြည့် မတိုင်ခင် ရဟန္တာ ဖြစ်သွားကြတော့ နယုန်လပြည့်နေ့မှာ သူတို့ ရဟန္တာဖြစ်ကြောင်း မြတ်စွာဘုရားကို လျှောက်ချင်တာ၊ သူတို့ အိမ်ကို မလွမ်းတော့ပါဘူးဆိုတာ လျှောက်ချင်တာပေါ့နော်။ အရင်တုန်းက အိမ်လွမ်းလို့ ပြန်ချင်တဲ့ ကိုယ်တော်တွေက သူတို့ အိမ်မပြန်တော့ပါဘူး ဆိုတာကို ဘုရားကို လာလျှောက်ချင်တာ။ ပထမဆုံး ရဟန္တာဖြစ်တဲ့ ကိုယ်တော်က သူတစ်ပါးတည်း ထင်ပြီးတော့ မြတ်စွာဘုရား ရှိတဲ့ဆီကို ရောက်လာတယ်။

ရဟန္တာ (၅၀၀) စုဝေးရောက်ရှိလာခြင်းနှင့် နတ်ဗြဟ္မာများ စည်းဝေးခြင်း

နောက်ကြည့်တော့ ဒုတိယကိုယ်တော်ကလည်း သူ့နောက်က ပါလာတယ်။ အဲ့ဒီကနေ တတိယကိုယ်တော်ကလည်း ပါလာတယ်။ တစ်ဦးနဲ့ တစ်ဦး တိုင်ပင်ထားတာ မဟုတ်ဘူး။ တိုင်ပင်ထားတာမဟုတ်ဘဲနဲ့ မြတ်စွာဘုရားဆီ ရှေ့နောက် တစ်ပါးပြီ တစ်ပါး ရောက်လာကြတယ်။ တစ်ပါးနဲ့ တစ်ပါး သိပ်ပြီ အသိမပေးချင်ဘူး။ အရိယာပုဂ္ဂိုလ်တွေက ကိုယ်တရားထူးရတာကို သူများသိပ်မသိစေချင်ဘူး လျှို့ဝှက်တဲ့ သဘောရှိတယ်။

အဲ့ဒါ ဥပမာပေးထားတာ ဘာနဲ့ဥပမာပေးတုန်းဆို ရွှေအိုးပိုင်တဲ့ လူတစ်ယောက်ဟာ အဲ့ဒီရွှေအိုးကို "ငါ့ရွှေအိုး ဘယ်နားရှိတယ်" ဆိုတာ မပြောဘူးလေ၊ လူသိမှာစိုးလို့။ အဲ့ဒါပဲ သောတာပန်ပုဂ္ဂိုလ်ကလည်း သူသောတာပန်ဖြစ်တယ်ဆိုတာ လူသိမှာစိုးတယ်။ လျှောက်ကြော်ငြာနေရင်တော့ သောတာပန်မဟုတ်လို့ပဲ။ အဲ့ဒါ သောတာပန်ဖြစ်ကြောင်း ကြော်ငြာမောင်းခတ်နေရင်တော့ ဒါ သောတာပန်မဟုတ်သေးလို့။ သောတာပန်ဖြစ်လို့ရှိရင် ရွှေအိုးကို လူသိမှာစိုးသလို ကိုယ်တရားထူးတရားမြတ်ရတာတောင် သူများကိုပြောဖို့ ဝန်လေးကြတယ်တဲ့။ သို့သော် လူတိုင်းကိုတော့ တရားထူးရစေချင်တဲ့ ဆန္ဒရှိတယ်။ ကိုယ်ရဖို့ ကိုယ်ရတာကိုတော့ သူများထုတ်ဖို့ ပြောဖို့ ဝန်လေးကြတယ်။ ဒါ သောတာပန်ရဲ့ စိတ်နေသဘောထားပဲနော်။ သောတာပန်အစစ်ရဲ့ စိတ်နေသဘောထားပေါ့နော်။

သောတာပန်အတုကတော့ "သူခိုးရွှေရ တပြပြ" နေသူ၊ သူခိုးရွှေရ တပြပြတဲ့သူ ရထားတဲ့ ရွှေလေးကို ထုတ်ထုတ်ကြွားတတ်တယ်ပေါ့။ အဲ့ဒါပြောတာ "သူခိုးရွှေရ တပြပြ"၊ မစစ်မှန်တဲ့ ပုဂ္ဂိုလ်က တပြပြပြလုပ်တတ်တယ်။ တကယ်စစ်မှန်တဲ့ ပုဂ္ဂိုလ်က မပြဘူး၊ လျှို့ဝှက်ထားတယ်။

အဲ့တော့ ဒီကိုယ်တော်တွေက မြတ်စွာဘုရားဆီ ဒီနယုန်လပြည့်နေ့ ညနေချမ်းလေး ရောက်လာတဲ့အခါ "ဘုရားဆီ သွားဦးမယ်၊ အိမ်မပြန်ချင်တော့ပါဘူး၊ သာသနာမှာ သူတို့ ပျော်သွားပါပြီ" ဆိုတာလေးကို လျှောက်ချင်ကြတယ်။ ပထမဆုံး ကိုယ်တော်ရောက်လာပြီးတော့ သူလျှောက်ဖို့ ကြည့်လိုက်တဲ့အခါ နောက်က ကိုယ်တော်တစ်ပါးက တစ်ခါ ရောက်လာတယ်။ အဲ့လိုနဲ့ တစ်ပါးတစ်ပါး ရောက်လာတာ (၅၀၀) လုံးက ဘုရားနား ရောက်လာတယ်။ အဲ့တော့ သူတို့ တရားထူးရတယ်လို့ မလျှောက်တော့ဘူး။ ဘာလျှောက်တုန်းဆို "တပည့်တော် ပျော်ပါပြီ၊ လူမထွက်တော့ပါဘူး၊ ဒါ သာသနာ့ဘောင်မှာ ပျော်ပါပြီ" ဆိုတဲ့အကြောင်းလောက်ပဲ လျှောက်တယ်။

နော် အဲ့ဒီ ရဟန္တာ (၅၀၀) မြတ်စွာဘုရားရှေ့မှာ ညနေချမ်းလေးမှာ ထိုင်ပြီးတဲ့အချိန်မှာပဲ၊ ဒီရဟန္တာ (၅၀၀) နဲ့ ဘုရားကို ဖူးဖို့ဆိုပြီးတော့ တိုင်ပင်ညှိနှိုင်းထားတာမဟုတ်ဘဲနဲ့ စကြဝဠာတိုက်တစ်သောင်းက နတ်တွေ ဗြဟ္မာတွေဟာ ရောက်ရှိလာကြတယ်။

စကြဝဠာတစ်သောင်းမှ နတ်ဗြဟ္မာများ ကိုယ်ယောင်ဖန်ဆင်းခြင်း

ရောက်ရှိလာတော့ သူတို့ရဲ့ ကိုယ်ကာယကြီးတွေဟာ လူ့ကိုယ်ကာယနဲ့မတူဘူး၊ ကြီးတယ်။ လာတဲ့ ပရိသတ်က အလွန်များတယ်။ စကြဝဠာတစ်သောင်းက လာတယ်ဆိုတော့ ဒီစကြဝဠာလေး တစ်ခုထဲမှာ အားလုံး စုပြုံနေဖို့ရာ သူတို့ရဲ့ ယူဇနာချီတဲ့ ကိုယ်ကာယကြီးတွေက မဖြစ်နိုင်ဘူး။

အဲ့တော့ ဘာလုပ်ကြတုန်းဆိုတော့ သေးသေးမွှားမွှားလေးတွေ ဖန်ဆင်းကြတယ်၊ ရုပ်ပြောင်းလိုက်ကြတယ်။ သူတို့ ခန္ဓာကိုယ် သေးသေးလေးတွေ ဖန်ဆင်းပြီးတော့ စကြဝဠာတိုက်တစ်သောင်းက လာလှတဲ့ နတ်တွေ ဗြဟ္မာတွေဟာ ခန္ဓာကိုယ်တွေကို ကြုံ့လိုက်ကြတယ်ပေါ့နော်။ ဆတ်ခနဲ ခန္ဓာကိုယ်ကြုံ့လိုက်တာ သေးသေးလေးတွေ ဖြစ်သွားတယ်။ အဲ့တော့ ပြည့်သွားတယ်၊ စကြဝဠာတစ်ခုလုံးလောက် ပြည့်သွားတယ်။

အဲ့ဒီလောက် ကြီးကျယ်တဲ့ ပရိသတ်ကြီးဟာ အဲ့ဒီမှာ စုဝေးမိတာ အလွန်ကြီးကျယ်တယ်၊ အလွန်များတယ်။ အရေအတွက်ကို မရေတွက်နိုင်လောက်အောင် စကြဝဠာတစ်သောင်းက ရောက်လာတဲ့ နတ်တွေ၊ လူကတော့ အဲဒီ ရဟန္တာ (၅၀၀) ပဲ။ အဲ့ဒီ ရဟန္တာ (၅၀၀) နဲ့ ဘုရားကို ဖူးဖို့ဆိုပြီးတော့ ဘယ်သူကမှ မနှိုးဆော်ဘဲနဲ့ ရောက်လာတဲ့ နတ်တွေကတော့ ပြည့်သွားတာပဲ။

သုဒ္ဓါဝါသဗြဟ္မာကြီးများ ရောက်ရှိလာခြင်းနှင့် ဂါထာဖြင့် လျှောက်ထားခြင်း

အဲ့ဒီအချိန်မှာ သမာပတ်ဝင်စားနေတဲ့ သုဒ္ဓါဝါသဘုံက ရဟန္တာဗြဟ္မာကြီးတွေ သမာပတ်က ထလိုက်တဲ့အခါ သူတို့ ခေါင်းထဲမှာ ပေါ်လာတဲ့ နတ်တွေ ဗြဟ္မာတွေ ဘယ်သွားကြသလဲလို့ ကြည့်လိုက်တဲ့အခါ မဟာဝုန်တောမှာ ရောက်ရှိနေကြတယ်။ ဘုရားနဲ့ ရဟန္တာတွေလည်း ရောက်ရှိနေတယ်။

အဲ့တော့ သူတို့လာဖို့ဆိုတာ နေရာမရှိဘူး။ မရှိတော့ နတ်ဗြဟ္မာကြီး လေးယောက်က တစ်ယောက်က အရှေ့လောကဓာတ်က လာတယ်၊ တစ်ယောက်က တောင်က၊ တစ်ယောက်က အနောက်က၊ တစ်ယောက်က မြောက်ကဆိုပြီးတော့ အရပ်မျက်နှာလေးခု ခွဲပြီးတော့ စကြဝဠာတံတိုင်းမှာ ရပ်ပြီးတော့ သူတို့လာကြောင်းကို ဘုရားလည်း သိစေချင်တယ်။ ဘုရားနားလည်း လာလို့မရဘူး၊ များပြားတဲ့ ပရိသတ်က ဒါက ပြည့်နေတယ်။

အဲ့တော့ သူတို့ လာတယ်ဆိုတာကို သိအောင်လို့ သူတို့က အစွမ်းတန်ခိုးရှိတဲ့ ဗြဟ္မာကြီးတွေ၊ အဲ့တော့ ဂါထာတစ်ပုဒ်စီနဲ့၊ တရားသဘောပါတဲ့ ဂါထာတစ်ပုဒ်စီနဲ့ သူတို့လာကြောင်း၊ သံဃာတွေကို ဖူးမြော်ဖို့ သူတို့ ရောက်လာကြောင်းကို အဲ့ဒီ စကြဝဠာတံတိုင်းပေါ်ကနေပြီးတော့ လှမ်းပြီး လျှောက်ကြတယ်။

နတ်ဗြဟ္မာတို့၏ စရိုက် (၆) ပါးကို ဗုဒ္ဓဉာဏ်တော်ဖြင့် ကြည့်ရှုခြင်း

အဲ့တော့ ပရိသတ်က အလွန်များနေတယ်။ အဲ့အချိန်မှာ မြတ်စွာဘုရားက လူတွေက ရဟန္တာတွေကြီးပဲ၊ ရဟန်းတွေက ရဟန္တာတွေကြီးပဲ ဖြစ်တယ်။ ရောက်လာတဲ့ နတ်တွေကျတော့ ပုထုဇဉ်တွေလည်း ပါတယ်၊ အရိယာတွေလည်း ပါတယ်။ အဲ့တော့ နတ်တွေကို တရားဟောဖို့ အခွင့်ဖြစ်လာတယ်။

အဲ့လို တရားဟောဖို့ဆိုတဲ့ အခါ နတ်တွေကို ကြည့်လိုက်တယ်။ အင်မတန်များလှတဲ့ နတ်ပရိသတ်ထဲမှာ "ကျွတ်ထိုက်တဲ့နတ် ရှိသလား၊ မကျွတ်ထိုက်တဲ့နတ် ရှိသလား"။ ကျွတ်ထိုက်တယ်ဆိုတာ ဘယ်ကရတုန်းဆိုတော့ သူတို့ရဲ့ ဥပနိဿယ၊ ပါရမီသမ္ဘာရ၊ ပါရမီ ပြည့်စုံလို့ ဒီဘဝမှာ ကျွတ်ထိုက်တဲ့ အသိဉာဏ်ရှိတဲ့ နတ်တွေ ရှိတယ်၊ ဒီဘဝမှာ မကျွတ်ထိုက်သေးတဲ့ နတ်တွေ ရှိတယ်။ အဲ့ဒါကို ခွဲထုတ်လိုက်ပြီးတော့ ကျွတ်ထိုက်တဲ့ နတ်တွေရှိတယ်ဆိုတာ၊ တစ်ခါ ကျွတ်ထိုက်တဲ့ နတ်တွေကို သူတို့ စရိုက်အားလျော်စွာ တရားဟောမှ ပိုပြီးတော့ ထိရောက်တယ်။

စရိုက်ဆိုတာ လူတွေမှာ စရိုက်နဲ့ ဝါသနာရှိတယ်။ အဲ့ဒီ စရိုက်ဝါသနာအလိုက် တရားဟောရတယ်။ အဲ့ဒီအသိဉာဏ်ကို ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊ အာသယာနုသယဉာဏ်လို့ ခေါ်တယ်။ ဗုဒ္ဓဉာဏ်နဲ့ ကြည့်လိုက်ပြီးတော့ နတ်တွေကို စရိုက်အလိုက် တရားဟောဖို့ ကြည့်လိုက်တဲ့အခါ—

တချို့နတ်တွေက အပျော်အပါးအတွက်သာ ကြီးမားပြီး ရာဂစရိုက် ရှိတယ်။ ရာဂစရိုက် ရှိတယ်ဆိုတာ အလှအပ ကြိုက်တယ်နော်၊ အပျော်အပါး ကြိုက်တယ်၊ လှပတာ ကြိုက်တယ်၊ စကားနုတာ ကြိုက်တယ်နော်။ လူလည်း တူတူပဲလေ၊ အနုအရွ အလှအပ ကြိုက်တဲ့လူတို့လည်း ရှိသလို အနုအရွ အလှအပ ကြိုက်တဲ့ နတ်တွေက ရာဂစရိုက်ရှိတဲ့ နတ်တွေက တစ်ပုံ။

အဲ့တော့ ခပ်ကြမ်းကြမ်းပဲ ဒေါသစရိုက်ရှိတဲ့ နတ်တွေက တစ်ပုံ။ ဘာရယ်လို့ သိပ်မစဉ်းစားဘူး၊ ဟို ခုဏလို ကြိုက်တာလည်း မဟုတ်၊ မကြိုက်တာလည်း မဟုတ်၊ မောဟစရိုက် ရှိတဲ့ နတ်တွေလည်း တစ်ပုံ ရှိတယ်။

နောက်တစ်ခါ သဒ္ဓါစရိုက် ရှိတဲ့ နတ်တွေလည်း ရှိတယ်၊ သဒ္ဓါအားကောင်းတယ်။ နတ်တွေဟာ သဒ္ဓါတရား အားကောင်းတယ်၊ အဲ့ဒီနတ်တွေက တစ်ပုံ ရှိတယ်။ ဗုဒ္ဓိစရိုက်လို အသိဉာဏ် အားကောင်းတဲ့ နတ်တွေကလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် မယုံဘူး၊ စဉ်းစားဉာဏ်နဲ့ နေတာ။ တချို့ကျတော့ ယုံလွယ်တယ်၊ ဘာပြောပြော ချက်ချင်းလက်ခံ၊ အဲ့ဒါ သဒ္ဓါစရိုက်။ မယုံဘူး၊ စဉ်းစားတယ်ဆိုတာက ဗုဒ္ဓိစရိုက်။ အတွေးနယ်ချဲ့တဲ့ စရိုက်ကျတော့ ဝိတက်စရိုက်လို့ ခေါ်တယ်။

အဲ့တော့ စရိုက် (၆) ပါး— ရာဂစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ ကိလေသာတွေနဲ့ ပတ်သက်ပြီး ဒါ မကောင်းတဲ့စရိုက်။ အဲ့တော့ နောက် သဒ္ဓါစရိုက်၊ ဗုဒ္ဓိစရိုက်၊ ဝိတက်စရိုက် (အတွေးများတဲ့ စရိုက်)။

မဟာသမယနှင့် စရိုက်အလိုက် ဟောကြားအပ်သော သုတ် (၆) သုတ်

အဲ့ဒီ သူ့စရိုက်အလိုက် မြတ်စွာဘုရားက မဟာသမယသုတ် ခြောက်သုတ် အဲ့မှာ ဟောတာ။ အဲ့တော့ အများသိနေတာက မဟာသမယသုတ်ကြီးပဲ၊ ဟို နတ်တွေ စာရင်းထုတ်တဲ့ မဟာသမယသုတ်ကြီးပဲ သိကြတာများတယ်။ ဒီသုတ်တွေက၊ ဒီခြောက်သုတ်က ဘယ်မှာပါတာတုန်းဆိုတော့ သုတ္တနိပါတ် ပါဠိတော်မှာ ဂါထာတွေနဲ့ ရေးထားတယ်။

အဲ့တော့ မြတ်စွာဘုရားက ဟောတာ လူတွေကို ဟောတာတော့ မဟုတ်ဘူး။ စရိုက်အလိုက် ဒီနတ်တွေကို ဟောတာနော်။ အဲ့ဒါကြောင့် ဒီရာဂစရိုက်ဆိုတဲ့ အနုအရွ အလှအပ ကြိုက်တဲ့ နတ်တွေအတွက်က ဘာဟောတုန်း— သမ္မာပရိဗ္ဗာဇနိယသုတ်ကို ဟောတယ်။ အဲ့ဒါ မဟာသမယသုတ်ထဲမှာ တစ်ခု၊ သမ္မာပရိဗ္ဗာဇနိယသုတ်လို့လည်း ခေါ်တယ်။ သမ္မာပရိဗ္ဗာဇနိယဆိုတာ မှန်ကန်တဲ့ နည်းလမ်းနဲ့ လောကကြီးက ထွက်ခွာတာ။ လောကကြီးနဲ့ ပတ်သက်ပြီးတော့ မနေဘဲနဲ့ လောကကြီးက ထွက်ခွာတယ်။ လောကကြီးက ထွက်ခွာတယ်ဆိုတာ ကိုယ်ပေါင်းစိတ်ခွာပေါ့၊ လောကကြီးထဲမှာ တွယ်တာမှုမရှိဘူး၊ အဲ့ဒါလည်း ထွက်ခွာတာပဲလေ။ လောကကြီးထဲမှာ နေပေမယ့်လို့ လောကကြီးနဲ့ ပတ်သက်မှုမရှိဘူး။ ကြာဖက်ဟာ ရေထဲမှာနေပေမယ့်လို့ ကြာဖက်၌ ရေမတင်ဘူး မဟုတ်လားနော်။ ရေထဲမှာ ပွင့်နေတဲ့ ကြာဟာ ဘယ်လိုရေတွေနဲ့ ဖြန်းဖြန်း ရေမစိုဘူးလေ။ အဲ့လိုပဲ လောကကြီးက ထွက်ခွာတဲ့ ပုဂ္ဂိုလ်တွေဟာ လောကကြီးမှာ နေပေမယ့်လို့ လောကကြီးပေါ်မှာ တွယ်တာမှုတွေ၊ မုန်းတီးမှုတွေ မရှိဘူး၊ အဲ့ဒီနည်းနဲ့ ထွက်ခွာတယ်လို့ ခေါ်တယ်။ အဲ့ဒါ သမ္မာပရိဗ္ဗာဇနိယသုတ်။

နောက်ထပ် ဒေါသစရိုက်ရှိတဲ့ နတ်တွေအတွက်ကျတော့ ပုရာဘေဒသုတ်ဆိုတာ ဟောတယ်။ နောက်တစ်ခါ မောဟစရိုက်ရှိတဲ့ နတ်တွေအတွက်က ကဠဟဝိဝါဒသုတ်ဆိုတာ ဟောတယ်။ သဒ္ဓါစရိုက်ရှိတဲ့ နတ်တွေအတွက် စူဠဗျူဟသုတ်ကို ဟောတယ်။ ဗုဒ္ဓိစရိုက်ရှိတဲ့ နတ်တွေအတွက် မဟာဗျူဟသုတ်ကို ဟောတယ်။ ဝိတက်စရိုက်ရှိတဲ့ နတ်ဗြဟ္မာတွေအတွက်ကတော့ တုဝဋ္ဌကသုတ်ဆိုပြီးတော့ ဟောတယ်။ သုတ် ခြောက်သုတ်။

ဒီကနေ့ စတင်ပြီးတော့ နာရမှာက သမ္မာပရိဗ္ဗာဇနိယသုတ်။ ဒါ မဟာသမယသုတ်တွေက၊ ဒီသမ္မာပရိဗ္ဗာဇနိယသုတ်ဆိုတာ နတ်တွေကို ဟောတာ။ ဒါ အလေးအနက် ဟောတဲ့ တရားတွေနော်။ ဒါတွေက မဟာသမယသုတ်ကြီးပဲ၊ နတ်တွေ စာရင်းထုတ်တဲ့ သုတ်ကြီးပဲ အသိများနေပြီးတော့ ဒီသုတ်တွေက အသိနည်းနေတယ်၊ ရွတ်ဖတ်မှုလည်း အားနည်းကြတယ်ပေါ့နော်။ အဲ့တော့ သမ္မာပရိဗ္ဗာဇနိယဆိုတာ လောကက ထွက်ခွာတဲ့နည်း၊ အဲ့ဒါကို ဟောမယ်။

နိမ္မိတရုပ်ပွားတော် ဖန်ဆင်း၍ အမေးအဖြေပြုလုပ်ခြင်း

အဲ့ဒါကို ဟောတဲ့အခါကျတော့ မြတ်စွာဘုရားက ပိုပြီးတော့ ရှင်းလင်းလွယ်ကူအောင် မေးခွန်းထုတ်ပြီး အဖြေပေးတဲ့ တရားမျိုးကို ဟောဖို့ စဉ်းစားတယ်။ အဲ့တော့ ဘယ်သူ့ မေးခွန်းထုတ်ခိုင်းမလဲဆိုတော့ ဘုရားကို မေးနိုင်တဲ့ ပုဂ္ဂိုလ်က တစ်ယောက်မှ မရှိလေ။ အင်း... အဲ့တော့ မြတ်စွာဘုရားက ဘာလုပ်တုန်းဆိုတော့ အမေးနဲ့အဖြေ လုပ်ဖို့အတွက် နိမ္မိတရုပ်ပွားတော်တစ်ဆူ ဖန်ဆင်းလိုက်ရတယ်။ တရားဟောဖို့အတွက် နိမ္မိတရုပ်ပွားတော်တစ်ဆူ ဖန်ဆင်းထားတယ်။

ဘုရားနှစ်ဆူ ဖြစ်သွားတယ်။ ပုံတူ နိမ္မိတရုပ်ပွားတော် ဖန်ဆင်းပြီးတော့ တစ်ပါးက မေးမယ်။ နိမ္မိတဘုရားက မေးတာကို၊ ကိုယ်ပွားဘုရားက မေးတာကို ဘုရားစစ်က ဖြေတယ်။ အဲ့တော့ အဲ့ဒီ အမေးအဖြေအနေနဲ့ မြတ်စွာဘုရားက ဒီသုတ္တန်ကို စာဟောတာနော်။ ထူးထူးခြားခြား၊ ခါတိုင်းဆိုလို့ရှိရင် မြတ်စွာဘုရားက သုတ္တန်တစ်ခု ဟောတယ်ဆိုတာ ဘာနဲ့ ဟောတာတုန်းဆို—
၁။ အတ္တုဇ္ဈာသယ (မိမိဆန္ဒအရ ဟောတာရှိတယ်)။
၂။ ပရဇ္ဈာသယ (တရားနာပုဂ္ဂိုလ်တွေရဲ့ စိတ်ဆန္ဒအရ ဟောတာရှိတယ်)။
၃။ ပုစ္ဆာဝသိက (မေးခွန်းမေးလို့ ဖြေပြီးတော့ ဟောတာရှိတယ်)။
၄။ အတ္ထုပ္ပတ္တိက (အကြောင်းအရာတစ်ခု ပေါ်လာလို့ ဟောတာရှိတယ်)။

အကြောင်းလေးမျိုးရှိတဲ့ တရားဟောတာ။ အဲ့တော့ ဒီအခါမှာတော့ ဒီပုစ္ဆာဝသိကလို့ခေါ်တဲ့ မေးခွန်းကိုဖြေတဲ့ နည်းလမ်းကို အသုံးချပြီးတော့ မြတ်စွာဘုရား ဟောမယ်။ သို့သော် မြတ်စွာဘုရား ကြိုက်တဲ့အဖြေ ဖြေဖို့ရာအတွက် မေးခွန်းထုတ်မယ့် ပုဂ္ဂိုလ်က လိုတယ်။ သူ ဟောချင်တဲ့ အကြောင်းအရာကို မေးမယ့် ပုဂ္ဂိုလ်လိုတာ။ လိုတဲ့အတွက်ကြောင့် တခြားပုဂ္ဂိုလ်တွေ မေးတာမဟုတ်ဘဲနဲ့ နိမ္မိတဘုရား ဖန်ဆင်းပြီး နိမ္မိတဘုရားကနေပြီးတော့ မေးတယ်။ အဲ့လိုနော်၊ ဒါ ထူးခြားတဲ့ တရားတစ်ပုဒ်လို့ ဒီလိုပြောရမှာပေါ့။ အဲ့ဒါလေးကို ဒီကနေ့ ပြီးသလောက် ဒီသုတ္တန်ကို ဆက်ပြီးတော့ ဟောကြရအောင်။

အဲ့တော့ ဒီသုတ္တန်တွေဟာ တကယ်ကို နတ်တွေက သဘောကျတယ်။ သူတို့ စရိုက်နဲ့ ကိုက်တာကြောင့်မို့။ ဘုရားဟောတုန်းက ပါဠိလေးအတိုင်းပဲ နည်းနည်း နာယူမှတ်သားကြည့်ရအောင်နော်၊ ပြီးတော့မှ အဓိပ္ပာယ်ရှင်းပြမယ်။

သမ္မာပရိဗ္ဗာဇနိယသုတ် နိဒါန်းပါဠိနှင့် နိဿယအဖွင့်

‘‘ပုစ္ဆာမိ မုနိံ ပဟူတပညံ, တိဏ္ဏံ ပါရင်္ဂတံ ပရိနိဗ္ဗုတံ ဌိတတ္တံ၊ နိက္ခမ္မ ဃရာ ပနုဇ္ဇ ကာမေ, ကထံ ဘိက္ခုသမ္မာ သော လောကေ ပရိဗ္ဗဇေယျ’’။

ဘုရားက မေးခွန်းထုတ်လိုက်တဲ့ဟာ၊ နောက် မြတ်စွာဘုရားကို မေးခွန်းထုတ်တာ—

ပုစ္ဆာမိ— မေးမြန်းပါ၏၊ မုနိံ— ရဟန်းမြတ် ဖြစ်တော်မူသော၊ ပဟူတပညံ— ကြီးမြတ်သော ပညာရှိတော်မူသော၊ တိဏ္ဏံ— ဩဃလေးဖြာကို ကျော်ဖြတ်ပြီး၍၊ ပါရင်္ဂတံ— နိဗ္ဗာန်သောင်ကမ်းသို့ တက်လှမ်းပြီးတော်မူသော၊ ပရိနိဗ္ဗုတံ— ကိလေသာ ငြိမ်းပြီး၍၊ ဌိတတ္တံ— ကြံ့ခိုင်သည့် စိတ်ဓာတ်ရှိသော ဂေါတမမုနိအရှင်မြတ်ကြီးကို။ နိက္ခမ္မ ဃရာ— လူ့ဘောင်အိမ်ရာမှ ထွက်ခွာ၍၊ ပနုဇ္ဇ ကာမေ— ကာမဂုဏ်တို့ကို ပယ်ဖျောက်၍၊ ကထံ— ဘယ်ကဲ့သို့သော အခြင်းအရာအားဖြင့်၊ ဘိက္ခု— ရဟန်းသည်၊ သမ္မာ— မှန်ကန်စွာ၊ လောကေ— လောက၌၊ ပရိဗ္ဗဇေယျ— ကျင့်သုံးလျက် ထွက်ခွာရာပါသနည်း။

ဆိုလိုတဲ့ အဓိပ္ပာယ်က ဩဃလေးဖြာကို ကျော်ဖြတ်ပြီး နိဗ္ဗာန်သောင်ကမ်း တလှမ်းပြီးတော်မူသော၊ ကိလေသာငြိမ်းပြီး၍ ကြံ့ခိုင်သည့် စိတ်ဓာတ်ရှိသော၊ ကြီးမားတဲ့ ပညာရှိတဲ့ ဂေါတမမုနိအရှင်ကို မေးပါမယ်။ ဂုဏ်ထူးဝိသေသတွေနဲ့ ထုတ်ပြောတာ၊ မုနိဆိုတာ ရဟန်းလို့လည်း ဘာသာပြန်လို့ရတယ်။

မြတ်စွာဘုရား၏ ဂုဏ်ထူးဝိသေသများအား ချီးမွမ်းခြင်းနှင့် နေမိနတ်သား၏ အမေး

တစ်နည်းအားဖြင့် ပညာရှိမုနိ၊ ပဟူတပညာ—ပညာကြီးမားတဲ့ ပညာရှိတဲ့ တကယ့်ပညာရှိပုဂ္ဂိုလ်မြတ်စွာဘုရားကို ဂုဏ်ထူးဝိသေသတွေနဲ့ နေမိတရားက ချီးမွမ်းတယ်။ "တိဏ္ဏံ" ဆိုတာ ဩဃ ကိလေသာ သံသရာကို ဖြတ်ကူးပြီးသား။ သာမာန် ပုဂ္ဂိုလ်တွေက ဒီအခက်အခဲတွေကို မကျော်နိုင်ဘူး၊ ဖြတ်ကူးတယ်ဆိုတာ ဒီအခက်အခဲကို ကျော်တာကို ပြောတာ။

ဘာတွေကို မကျော်နိုင်တာတုန်းဆိုတော့ ကာမောဃ—ကာမဂုဏ်တွေကို မစွန့်လွှတ်နိုင်ဘူး။ ကာမဂုဏ်တွေဟာ တကယ့်ရေစီးသန်တဲ့ ဩဃကြီး၊ မဖြတ်ကျော်နိုင်ဘူး။ "ဖြတ်ကျော်လိုက်မယ်" ကြိုးစားလိုက်တာနဲ့ မျောပါသွားမှာ၊ မကျော်နိုင်ဘူး။ အဲ့ဒါကြောင့်မို့ မြတ်စွာဘုရားက အဲ့ဒါကို လွတ်မြောက်အောင် ကျော်ဖြတ်ပြီးပြီ။ ကျော်ဖြတ်ပြီးရုံတင်မကဘူး၊ ပါရင်္ဂတံ—ဟိုဘက်ကမ်း ရောက်သွားပြီ။ အင်မတန် ရေစီးသန်တဲ့ ရေဝဲဩဃကြီးကို ဖြတ်ကျော်ပြီးတော့ ဟိုဘက်ကို ရောက်သွားတယ်။ နိဗ္ဗာန် ရောက်သွားပြီလို့ ဆိုတညွ္။

နိဗ္ဗာန် ရောက်သွားလို့ ပရိနိဗ္ဗုတံ—ထဲက အပူအပန်ကင်းပြီးတော့ ကိလေသာတွေ ငြိမ်းနေတယ်။ ကိလေသာတွေ ငြိမ်းလို့ ဌိတတ္တံ— စိတ်ဓာတ်က ကြံ့ခိုင်တယ်။ တည့်မတ်တဲ့ စိတ်ဓာတ် ရှိတယ်။ အဲ့တော့ ကိလေသာ မငြိမ်းသေးရင် လူဆိုတာက စိတ်ဓာတ်က ကြံ့ခိုင်မှု မရှိဘူးလေ။ လူကြည့်ပါလား လောဘဖြစ်လာရင် စိတ်က တစ်မျိုး၊ ဒေါသဖြစ်လာရင် စိတ်က တစ်မျိုး၊ အဲ့ဒါ ကြံ့ခိုင်မှု မရှိလို့ပဲ။ တည်ငြိမ်မှု မရှိဘူး၊ မကြံ့ခိုင်ဘူး၊ စိတ်ဓာတ်က ပျော့ညံ့နေတယ်။

ဪ... အခု မြတ်စွာဘုရားကျတော့ ပညာလည်း ကြီးမားတယ်၊ ဒီသံသရာ ဝဲဩဃကြီးလည်း ဖြတ်ကျော်ပြီးတော့ နိဗ္ဗာန်တည်းဟူသော သောင်းကမ်းကို ရောက်သွားပြီ။ ရင်ထဲက ကိလေသာတွေ၊ အပူအပန်တွေ အားလုံးလည်း ငြိမ်းသွားပြီ၊ တကယ့်ကို တည်တံ့ခိုင်ခံ့တဲ့ စိတ်ဓာတ်၊ ကြံ့ခိုင်တဲ့ စိတ်ဓာတ်လည်း ရှိတယ်။

ကာမဂုဏ်တရား ငါးပါးနှင့် လူတို့၏ ခံစားမှုအာရုံများ

အဲ့ဒီလို ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံတဲ့ အရှင်ဘုရားကို နိမ္မိတဘုရားက နိက္ခမ္မ ဃရာ ပနုဇ္ဇ ကာမေဆိုတာ ဝတ္ထုကာမ။ ဝတ္ထုကာမဆိုတာ ဘာတွေ ပြောတာတုန်းဆိုတော့ စာရင်းထုတ်မယ်ဆို အများကြီး၊ စာရင်းနဲ့ ထုတ်မပြောတော့ဘူး။ မျက်စိက မြင်ပြီးတော့ လိုချင်စရာ၊ နားနှင့် ကြားပြီးတော့ လိုချင်စရာ၊ နှာခေါင်းနဲ့ နမ်းရှုပြီး လိုချင်စရာ၊ နော်... လျှာနဲ့ လျှက်ပြီးတော့ လိုချင်စရာ၊ ခန္ဓာကိုယ်ထဲ ထိတွေ့ပြီး လိုချင်စရာ အာရုံတွေ၊ အဲ့ဒီ ငါးမျိုးကို "ကာမ" လို့ ခေါ်တယ်။

လိုချင်စရာ အာရုံတွေ၊ လူတွေဟာ ရှာတာ အဲ့ဒါပဲ ရှာတာလေ။ ဘာရှာတာတုန်း—မျက်စိက လှတာပတာ ကြည့်ဖို့၊ နားက သာယာတဲ့ အသံ နားထောင်ဖို့။ ရှာနေတဲ့ သဘောကို ကြည့်၊ စာရင်းထုတ်မယ်ဆို နည်းတာကြီးလား။ အဲ့ဒါ ကြိုက်လား မကြိုက်လား စဉ်းစားကြည့်ပေါ့။ Audio system နဲ့ ဒီသီချင်းတွေ ဖွင့်တဲ့ player တို့ကတော့ ရောင်းလို့မှ မလောက်ဘူး။ Memory ကဒ်ကလေးထဲ သွင်းပြီးတော့ နားကြပ်ကလေး တပ်ပြီးတော့ ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ နားထောင်နေတဲ့ လူတွေက သန်းချီရှိတယ်လေ။ အဲ့ဒါ ကာမဂုဏ်ပဲ။

မျက်စိကလည်း လှတာပတာ ကြည့်ဖို့ ကြိုးစားကြတယ်။ ကိုယ့်အိမ်မှာ ရိုးပြီးဆိုရင် အပြင်ထွက်ကြည့်တယ်၊ ကမ္ဘာလှည့်ကြည့်တယ် ပျော်ဖို့။ အဲ့တော့ အပျော်ရှာတာတွေက အများကြီးပဲလေ။ နှာခေါင်းတို့၊ လျှာတို့၊ ကိုယ်ကာယတို့နဲ့ အပျော်ရှာတာကျတော့ အစားအသောက်ပဲလေ။ အစားအသောက် စားလို့ရှိရင် သုံးမျိုးလုံး တစ်ခါတည်း ရတယ်။

ကော်ဖီ သောက်မယ်ဆိုလို့ရှိရင် သုံးမျိုးလုံး တစ်ခါတည်း ဖြစ်တာကို ပြောပြမယ်။ ကော်ဖီ ဖျော်ပြီးတော့ သောက်တော့မယ်လို့ ဆိုလိုက်တဲ့ အချိန်မှာ အနံ့လေး မွှေးတာက ဒါအနံ့က ဂန္ဓာရုံ ကာမဂုဏ်တစ်ခု။ သောက်လိုက်လို့ ပူတာ၊ အေးတာ၊ နွေးတာ၊ အဲ့ဒါက အဲ့ဒါလည်းပဲ ဖောဋ္ဌဗ္ဗာရုံဆိုတဲ့ ကာမဂုဏ်တစ်ခု။ လျှာပေါ်ရောက်တော့ ခါးသက်သက်ကလေးဆိုတာ ဒါလည်း ရသာရုံ ကာမဂုဏ်တစ်ခုပဲ။ လျှာက သိတာ တစ်ခုနော်၊ နှာခေါင်းက သိတာ တစ်ခု၊ ဒီကိုယ်ကာယက သိတာ တစ်ခုနော်။ အဲ့ဒါ ခံစားတာပဲလေ။ လူတွေက ခံစားတာမှ... ။

ကော်ဖီလေး သောက်ပြီး "ကော်ဖီလေးက မွှေးလိုက်တာ ဘယ်က ရတာတုန်း" တံဆိပ်လေးမှတ်၊ နောက်သောက်ဖို့ရာ ရှာဝယ်သွားမယ်ဆို ဝယ်၊ အိမ်ကျ ဖျော်သောက်။ ပူပူလေး သောက်ရတာ ပျင်းလာတဲ့ အခါကျတော့ ice ကော်ဖီဆို လုပ်ပြန်ရော၊ အအေး သောက်ချင်တာ။ ရေခဲစိမ်ပြီး သောက်ပြန်တယ်။ အဲ့ဒါ ဘာတုန်းဆိုရင် ကာယဖြစ်တဲ့ ဖောဋ္ဌဗ္ဗာရုံကို ရှာတာပဲလေ။ အေးတာလေး ကြိုက်တဲ့အခါ အေးတဲ့ ဖောဋ္ဌဗ္ဗာရုံ ရှာတယ်။ အနံ့မွှေးတာကျတော့ ဂန္ဓာရုံကို ရှာတယ်။ အရသာ ကော်ဖီ ခါးခါးလေးဆိုရင်... ကော်ဖီက ရိုးနေတယ်။ Espresso တို့ cappuccino တို့၊ မျိုးစုံပေါ့လေ။ ရှိသမျှ ကမ္ဘာမှာ ထွက်သမျှ ကော်ဖီတွေကို အရသာခံပြီး သောက်ကြတယ်။ ဒါ ကော်ဖီတင် ပြောတာပါ။ ကျန်တာတွေလည်း ဒီအတိုင်းပါနော်။

ထမင်းဆိုလည်း မျိုးစုံ၊ အိမ်ထမင်း အိမ်ဟင်း မစားချင်တော့ ဆိုင်သွားစား၊ ဆိုင်တောင်မှ ဗမာထမင်းဟင်း မစားချင်တော့ တရုတ်ထမင်းဟင်း၊ အခုခေတ် ပိုများလာပြီး။ ဗီယက်နမ် ထမင်းဟင်းကို ကိုရီးယားချက်တို့ အကုန်ပါပဲ။ အဲ့ဒါတွေက ဘာရှာတာတုန်းလို့ မေးလို့ရှိရင် ခုနကပြောတဲ့ ဂန္ဓာရုံတို့၊ ရသာရုံတို့၊ ဖောဋ္ဌဗ္ဗာရုံတို့ ရှိတယ်။ အဲ့ဒါကို ကာမလို့ ပြောတာ၊ တခြားက မဟုတ်ဘူး။ မျက်စိက ကြည့်တာ ရူပါရုံက ကာမ၊ နားက နားထောင်ပြီး ကြည့်တာ အသံ သဒ္ဒါရုံက ကာမ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံက ကာမ။

လောကမှ ထွက်ခွာခြင်းနှင့် ကြာပမာ ဥပမာတရား

အဲ့ဒီ ကာမတွေကို စွန့်ပစ်ပြီးတော့ အိမ်ရာတည်ထောင် လူ့ဘောင်ကနေ စွန့်ခွာပြီး၊ စွန့်ခွာလာတဲ့ ရဟန်းဟာတဲ့၊ လောကကြီးကနေ ဘယ်လိုလုပ် ထွက်ခွာမလဲ။ လူဆိုတာ ဒီကာမဂုဏ် အာရုံတွေနဲ့ နေရင် လောကကြီးမှာ နေတာပဲလေ။ လောကကြီးမှာ နေတာ၊ အဲ့လောကကြီးပေါ်မှာ မကြိုက်တော့ဘူး၊ မမုန်းတော့ဘူး၊ လောကကြီးနဲ့ မထိတွေ့တော့ဘူး၊ သံယောဇဉ် မဖြစ်တော့ဘူးဆိုမှ လောကကြီးက ထွက်တယ် ခေါ်တယ်။ လောကထွက်တာဆိုတော့ သေသွားတာ ပြောတာ မဟုတ်ဘူးနော်။ စိတ်ဓာတ်အနေနဲ့ လောကကြီးက ထွက်၊ ဘယ်လိုလုပ် ထွက်ရမလဲ။

မြတ်စွာဘုရားက တစ်ခါတစ်ခါ ဥပမာပေးပြီးတော့ ဟောတယ်။ "ငါဟာ လောကကြီးမှာ မွေးတာတဲ့၊ လောကကြီးမှာ မွေးပြီးတော့ ငါက လောကကြီးထဲမှာ ကြီးလာတယ်၊ လောကထဲမှာ ငါနေတယ်၊ ဒါပေမဲ့ လောကနဲ့ ငါမပတ်သက်ဘူး။" မပတ်သက်ဘူးဆိုတာ သံယောဇဉ် မရှိတာ ပြောတာနော်။ သံယောဇဉ်ဆိုတာ နှစ်ခုရှိတယ်—အချစ်သံယောဇဉ်နဲ့ အမုန်းသံယောဇဉ်။ လူတွေဟာ အချစ်တာပဲ သံယောဇဉ် ထင်နေတာ၊ မုန်းတာလည်း သံယောဇဉ်။ ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်၊ မုန်းတဲ့လူ ခဏခဏ သတိမရဘူးလား၊ ရတယ်။ မုန်းစိတ်နဲ့ သတိရတာလေ၊ အဲ့ဒါ အမုန်းသံယောဇဉ် ခေါ်တယ်။ မနာလိုတာလည်း သံယောဇဉ်ပဲလေ၊ မနာလိုတဲ့လူ ခဏခဏ သတိရတယ်။ အဲ့တော့ သံယောဇဉ် ရှိလို့ သတိရတာပေါ့။ အဲ့တော့ သံယောဇဉ်ဆိုတာ အမျိုးမျိုး ရှိတယ်—ချစ်လို့လည်း သံယောဇဉ် ဖြစ်တယ်၊ မုန်းလို့လည်း သံယောဇဉ် ဖြစ်တယ်။ မနာလိုရင်လည်း သံယောဇဉ် ဖြစ်တယ်။ အာရုံထဲမှာ စွဲလမ်းနေတာ မှန်သမျှ သံယောဇဉ်လို့ ခေါ်တာ။

အဲဒီတော့ မြတ်စွာဘုရားက သူ့ကိုသူ ပြောတာ၊ "ငါ လောကထဲမှာ မွေးတာတဲ့၊ လောကထဲမှာလည်း ကြီးတယ်။ ပြီးတော့ လောကထဲမှာ နေပေမယ့်လို့တဲ့၊ လောကကြီးနဲ့ ငါမပတ်သက်ဘူး" တဲ့။ ဘာနဲ့ ဥပမာတူတုန်းဆိုရင် "ငါ ကြာနဲ့ တူတယ်"။ ကြာဟာ ရေထဲမှာ ပေါက်တယ်၊ ရေထဲမှာ ပေါက်တယ်၊ ရေထဲမှာ ကြီးတယ်၊ ရေပြင်ပေါ် တက်ပြီးတော့ ပွင့်တယ်၊ ရေမျက်နှာပြင်ပေါ် တက်ပွင့်တယ်။ ဒါပေမယ့် ကြာရွက်ဖြစ်စေ၊ ကြာပတ်ဖြစ်စေ၊ ကြာပွင့်ဖြစ်စေ ရေမပေဘူး၊ ရေမပေဘူး။ ရေပေါက်ချလည်း လိမ့်ဆင်းသွားတာပဲ၊ ကြာဖက်ပေါ်မှာ ရေတင်နေတယ်လို့ မရှိဘူးနော်။ အဲ့ဒါလိုပဲ... လောကကြီးထဲမှာ နေပေမယ့်လို့ လောကကြီးနဲ့ မပတ်သက်ဘူး၊ သံယောဇဉ် မဖြစ်ဘူး။ ပတ်သက်တယ်ဆိုတာ ဘာတုန်း—ချစ်တာလည်း ပတ်သက်တာပဲ၊ မုန်းတာလည်း ပတ်သက်တာပဲ၊ မနာလိုတာလည်း ပတ်သက်တာပဲ၊ လောကကြီးနဲ့ ပတ်သက်။ ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်၊ ငါက ပတ်သက်သလား၊ လောကကြီးနဲ့ ပတ်သက်သလား၊ ပတ်သက်တာပေါ့နော်။ လောကကြီးနဲ့ ပတ်သက်ပြီးတော့ နေတယ်။ မြတ်စွာဘုရားက "ငါ လောကကြီးနဲ့ မပတ်သက်ဘူး" တဲ့။

အဲ့တော့ အခု နိမ္မိတဘုရားက မေးလိုက်တာ၊ ပညာရှိတဲ့ အရှင်ဘုရားကို မေးပါရစေ။ ကာမဂုဏ် အာရုံတွေကို ပယ်ရှားပြီးတော့ လူ့ဘောင်မှ ခွာရှောင်ကာ ရဟန်းဘောင် ရောက်လာတဲ့ ပုဂ္ဂိုလ်ဟာ လောကကြီးက ဘယ်ပုံ ထွက်ခွာရမလဲ။ လောကကြီးနဲ့ မပတ်သက်အောင် ဘယ်လိုလုပ်ရမလဲ။ နော်... အားလုံးက ပတ်သက်နေ၊ ဘုန်းကြီးဝတ်တာနဲ့ လောကနဲ့ မပတ်သက်ဘူး ပြောတာ မဟုတ်ဘူး။ ပတ်သက်နေ၊ မပတ်သက်အောင် လုပ်ဖို့လိုသေးတယ်။ အဲ့တော့ ဘုန်းကြီးတို့ တတွေ ခုချိန်ထိ ပတ်သက်နေတုန်း၊ ရုန်းထွက်လို့မရဘူးလေ။ လောကကြီးနဲ့ ပတ်သက်မှု ရှိနေတယ်၊ လောကရဲ့ ဟိုဘက်ကို မရောက်ဘူး၊ လောကထဲမှာပဲ နောက်ဆုံးမှာ ကျရှုံးသွားကြရတာ။ လောကထဲက မထွက်နိုင်ရင် လောကထဲမှာပဲ ကျရှုံးသွားမှာ။ အဲ့တော့ လောကက ထွက်တဲ့ နည်းလမ်းကို မေးတာပဲ ဖြစ်တယ်။

သမ္မာပရိဗ္ဗာဇနိယသုတ် ဂါထာတော်များနှင့် ပထမဆုံးအဖြေ

အဲ့ဒီ သမ္မာပရိဗ္ဗာဇနိယသုတ်မှာ နိမ္မိတဘုရားက မေးတာ၊ အမေးဂါထာ တစ်ပုဒ်။ ဂါထာတစ်ပုဒ်ကို မေးလိုက်တာ၊ ဒီမေးခွန်းကတော့ "လောကကြီးက ဘယ်လိုထွက်မလဲ" ဆိုတဲ့ မေးခွန်းပဲ။ မြတ်စွာဘုရား အစစ်က ဖြေလိုက်တာ ၁၅ ဂါထာနဲ့ ဖြေတယ်။ မေးတာက ဂါထာတစ်ပုဒ်ပဲ၊ ဖြေတာက ၁၅ ပုဒ်။ ဖြေလို့ ပြီးသွားတဲ့ အခါမှာ တရားဟောပြီးလို့ရှိရင် ကောင်းတယ် မကောင်းဘူး ဝေဖန်ကြရတာလေ။ လူတွေကျတော့ လက်ခုပ်တီးကြတာပေါ့၊ သီချင်းဆိုပြီးရင်လည်း လက်ခုပ်တီးကြတာ မလား။ လက်ခုပ်တီးသလိုပဲ နိမ္မိတဘုရားကနေ ချီးမွမ်းစကား ပြောတာ တစ်ဂါထာ။ မေးခွန်းထုတ်တာက တစ်ဂါထာ၊ နောက်ဆုံးမှာ ချီးမွမ်းစကား ပြောတာ တစ်ဂါထာ၊ ဂေါတမ မြတ်စွာဘုရား—ဘုရားစစ်က ဖြေတာ ၁၅ ဂါထာ။ အားလုံး ပေါင်းလိုက်တဲ့ အခါ သမ္မာပရိဗ္ဗာဇနိယသုတ်ဟာ ၁၇ ဂါထာ ရှိတယ်လို့ ဒီလိုမှတ်ထား။

အခု ၁၇ ဂါထာထဲက ပထမဆုံး ဂါထာကို ရှင်းပြမယ်—

‘‘ပုစ္ဆာမိ မုနိံ ပဟူတပညံ, တိဏ္ဏံ ပါရင်္ဂတံ ပရိနိဗ္ဗုတံ ဌိတတ္တံ၊ နိက္ခမ္မ ဃရာ ပနုဇ္ဇ ကာမေ, ကထံ ဘိက္ခုသမ္မာ သော လောကေ ပရိဗ္ဗဇေယျ’’။

ကြီးကျယ်တဲ့ ကြီးမားတဲ့ ပညာရှင်ဖြစ်တဲ့၊ သံသရာ ဝဲဩဃကို ဖြတ်ကျော်ပြီးတော့ တစ်ဖက်ကမ်းကို—နိဗ္ဗာန်ဆိုတဲ့ တစ်ဖက်ကမ်းကို ရောက်ပြီးဖြစ်တဲ့၊ ကိလေသာ အပူတွေ ငြိမ်းသွားတဲ့၊ စိတ်ဓာတ် ကြံ့ခိုင်မှု ရှိတဲ့ အရှင်ဘုရားတဲ့။ ကာမဂုဏ် အာရုံတွေကို စွန့်ခွာပြီးတော့ အိမ်ရာတည်ထောင် လူ့ဘောင်က ထွက်လာပြီး ရဟန်းဖြစ်လာတဲ့ ပုဂ္ဂိုလ်ဟာ လောကကြီးနဲ့ မပတ်သက်အောင် ဘယ်လိုကျင့်ရမလဲ၊ လောကကြီးက ထွက်သွားဖို့၊ ထွက်ဖို့ ဘယ်လိုကျင့်ရမလဲ။ ဒီမေးခွန်း မေးတာပဲ၊ မေးခွန်း မေးလိုက်တယ်။

အဲ့ဒီ မေးခွန်းရဲ့ အဖြေကို မြတ်စွာဘုရား ဖြေတာ—

‘‘ယဿ မင်္ဂလာ သမူဟတာ, (ဣတိ ဘဂဝါ) ဥပ္ပါတာ သုပိနာ စ လက္ခဏာ စ၊ သော မင်္ဂလဒေါသဝိပ္ပဟီနော, သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

ဒါ ပထမဆုံး ဖြေလိုက်တဲ့ အဖြေလေးတစ်ခုနော်။ အဖြေပေါင်း ၁၅ ပုဒ် ထိအောင် ဖြေမှာ၊ ဒါတစ်ခုပဲ ရှိသေးတယ်။ အဲ့တော့ အရေးကြီးဆုံးတစ်ခု ဖြေတယ်လို့ ကြည့်ရ အောင်။ ဘာကို ဖြေလိုက်တာတုန်းဆိုတော့ "ယဿ မင်္ကုလာ သမုဟတာ"—လောကလူတွေက မင်္ဂလာအတိတ် ရှိတယ်၊ ဒါကတော့ မင်္ဂလသုတ်က မင်္ဂလာ မဟုတ်ဘူးနော်၊ လူတွေပြောတဲ့ မင်္ဂလာ ပြောတာ။ မင်္ဂလာ သိပ်ရှိချင်ကြတယ်၊ မင်္ဂလာ မရှိတာဆိုရင် မကြားချင်ဘူးလေ၊ မင်္ဂလာ ရှိချင်တယ်။ သူတို့ နှစ်သက်တာလေး မြင်ရရင် "မင်္ဂလာရှိလိုက်တာ"၊ ထီပေါက်တယ်လို့ ကြားလိုက်ရင်လည်း "အမလေး... မင်္ဂလာရှိလိုက်တာ"၊ လူသေတယ်ကြားရင် "အမလေး... အမင်္ဂလာ"၊ နော်... ပျက်စီးတယ်ကြားရင် "အမင်္ဂလာ"၊ ကောင်းတယ် ကြားတာမှန်သမျှ မင်္ဂလာပဲ။

လောကီမင်္ဂလာ အစွဲအလမ်းများကို ဖယ်ရှားခြင်း

သူက ဒါ လူတွေရဲ့ သဘာဝ ပြောတာနော်။ ကောင်းတဲ့ သတင်းလေး ကြားရင် "မင်္ဂလာ ရှိလိုက်တာ" ဆိုတဲ့ အဲဒီ မင်္ဂလာဟာ ဟို မင်္ဂလာသုတ်ထဲက မင်္ဂလာ မဟုတ်ဘူး၊ လောကီမင်္ဂလာလို့ ခေါ်တယ်။ ဒိဋ္ဌမင်္ဂလာ၊ သုတမင်္ဂလာ၊ မုတမင်္ဂလာ။ "မင်္ဂလာ ရှိလိုက်တာ" ဆိုပြီးတော့ လူတွေ ကြိုက်တဲ့ မင်္ဂလာတွေကို သမူဟတာ—လုံးဝ ဂရုမစိုက်တော့ဘူး။ အဲဒါတွေ ခေါင်းထဲမှာ မရှိဘူး၊ ဖယ်ထုတ်လိုက်ပြီ။ အဲဒီ လူပြောသူပြော မင်္ဂလာကို ဖယ်ထုတ်ပစ်လိုက်တယ်။

တချို့ဆို မင်္ဂလာက ဘယ်လောက်ထိအောင် ဆွဲတုန်းဆိုလို့ရှိရင်၊ မတတ်သာလို့ အသုဘ ပို့ပြီးရင် အိမ်ပြန်လို့ရှိရင် တရော်ကမွန်းနဲ့ ရေချိုးဖြစ်သေးသတဲ့။ ကိုယ်ကတော့ မသေမှာကျနေတာပဲ။ "မင်္ဂလာ မရှိလို့" တဲ့နော်။ မပို့ဘဲ နေရင်လည်း မျက်နှာပူတယ်ပေါ့။ လူ့ဝတ္တရား မကျေဘူးဆိုရင် သုဿာန် ရောက်တယ်ဆိုတာ အမလေး မင်္ဂလာမရှိတာဆိုပြီး၊ အိမ်ပြန်တဲ့ အခါကျတော့ တ‌ရော်တို့၊ ကမွန်းတို့နဲ့ ပွတ်တိုက်ပြီး မင်္ဂလာပြန်ရအောင် ရေချိုးသတဲ့။ ရမယ် မရဘူး။ မကောင်းတဲ့ သတင်းကြားရင် "အမင်္ဂလာ.. မင်္ဂလာမရှိဘူး"၊ ကောင်းတဲ့ သတင်းကြားရင် "မင်္ဂလာရှိတယ်"။ အဲဒီ မင်္ဂလာမျိုး အစွဲအလမ်းတွေကို ဖယ်ရှားပစ်ရမယ်။ နံပါတ်တစ်နော်၊ မင်္ဂလာ သမူဟတာ- ဒါတွေပေါ်မှာ ယုံကြည်မှု မရှိဘူး၊ လုံးဝ ဖယ်လိုက်။

အတိတ်နိမိတ်၊ အိပ်မက်နှင့် လက္ခဏာဗေဒင်များကို စွန့်လွှတ်ခြင်း

ဥပ္ပါတသန္တိ ဆိုပြီးတော့ ဘုရားတောင် ဘွဲ့ပေးထားတာ ရှိတယ်လေ။ ဥပ္ပါတာဆိုတာ ကိုယ်မဖြစ်ချင်တာတွေ၊ ကောင်းကင်ပေါ်က ကြယ်ကြွေတာတို့ ဘာတို့၊ နောက် ဥပါဒ်ပြန်တာတို့၊ အတိတ်နိမိတ်တွေပေါ့နော်။ အတိတ်နိမိတ်တွေနဲ့ ပတ်သက်ပြီး ဥပ္ပါတာ ဘာဖြစ်မယ်၊ ညာဖြစ်မယ်၊ ဗေဒင်ဆရာတွေ ဟောတယ်။ ဘယ်နှခုနှစ်မှာ ဘာဖြစ်လဲ၊ ကမ္ဘာကြီး ဘယ်တော့ ပျက်မလဲ၊ အဲတော့ အဲဒီလို ဥပ္ပါတာ လို့ဆိုတဲ့ ဒီ ဖြစ်ပေါ်လာမယ့် ဟာတွေကို ဟောတာ။ အဲဒါတွေလည်း မယုံနဲ့တဲ့။ လောကကြီးက ထွက်ခွာချင်ရင် အဲဒါတွေလည်း စွန့်လိုက်တယ်။ "ဗေဒင်မမေးနဲ့" လို့ ပြောတယ်။ ဗုဒ္ဓဘာသာတွေ ဗေဒင်မေးတဲ့လူ အများကြီးပဲ။ မမေးတဲ့လို့ ပြောပါ၊ ဗေဒင်ဆရာတွေက တော်ကြာ ရန်ဖြစ်၊ ထမင်းငတ်နေဦးမယ်။ အဲတော့ တကယ် အဆင့်တန်း ရောက်သွားတဲ့ ပုဂ္ဂိုလ်က ဗေဒင်ကို မမေးတော့ဘူး၊ ဗေဒင်မမေးဘူး။ ဘာဖြစ်မလဲ၊ ညာဖြစ်မလဲ မမေးတော့ဘူး။ ဥပ္ပါတာ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ယုံကြည်မှုမရှိဘူး။

နောက်တစ်ခါ သုပိန—အိပ်မက်။ အိပ်မက် မက်တယ်ဆိုလို့ရှိရင် "အမလေး... ဒီအိပ်မက်က ကောင်းလား၊ ဒီအိပ်မက်က မကောင်းဘူးလား၊ ဒီအိပ်မက် မက်ရင် ဘာဖြစ်တုန်း" ဆိုပြီးတော့ အိပ်မက်ရဲ့ အကျိုးအပြစ်။ နှာခေါင်း အနေအထား ဘယ်လို၊ မျက်စိ အနေအထား ဘယ်လို၊ နား အနေအထား ဘယ်လို၊ ပါးစပ် အနေအထား ဘယ်လို၊ လက်ရှိ အင်္ဂါ အနေအထား ဘယ်လိုဆိုပြီးတော့။ အဲတော့ အမှတ်လက္ခဏာတွေ ပြတာရှိတယ်။ အဲဒီ လက္ခဏာတွေ ကြည့်ပြီးတော့ လောကီကျမ်းမှာ ဟောစာတမ်းထုတ်တယ်ပေါ့နော်၊ ဟောစာတမ်းထုတ်တယ်။ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ကြည့်၊ နှာခေါင်းက ပွနေတဲ့သူဆိုရင် "နှာပွ ကြမ်းကြုတ်" တဲ့၊ အဲလို ပြောတာ။ နှာပွတဲ့သူက ကြမ်းကြုတ်တယ်၊ အဲလိုဆိုတာလည်း ရှိတယ်နော်။

နားရွက်ကားတဲ့လူကကျတော့ ပညာကြီးတယ်လို့ ပြောတာ။ အဲဒါကို နားရွက်ကားလို့ ပညာရှိတယ်ဆိုရင်၊ အဲဒါ ဆင်ကြီးက ပညာအရှိဆုံး ဖြစ်မှာပေါ့တဲ့၊ နားရွက်ကားကြီးနဲ့။ နားရွက်ကားတိုင်းတော့ ပညာမရှိဘူးပေါ့၊ ဆိုလိုတာနော်။ ဗေဒင်ကိန်းခန်းတွေနဲ့ ပတ်သက်ပြီး ယုံသူလည်း ရှိတယ်၊ မယုံသူလည်း ရှိတယ်။ အဲဒီတော့ လူ့ရဲ့ အမှတ်လက္ခဏာတွေ လုံးဝ ကြီး ငြင်းပယ်တာတော့ မဟုတ်ဘူး၊ ဒါတွေကို စွဲလမ်းမထားတာကို ပြောတာ။ ဘုရားဖြစ်မယ့် ပုဂ္ဂိုလ်တို့ စကြာဝတေးမင်း ဖြစ်မယ့် ပုဂ္ဂိုလ်တွေကျတော့ မဟာပုရိသလက္ခဏာ ၃၂ ပါး၊ အဲဒါကို ကြည့်ပြီးတော့ "ဒီပုဂ္ဂိုလ်က ဘုရားဖြစ်မယ်၊ ဒီပုဂ္ဂိုလ်က ဘာဖြစ်မယ်" လူတွေတင် မပြောဘူး၊ နွားတောင်မှပဲ ဘယ်မှာ ကြာပါတဲ့ နွားက ဘာဖြစ်တယ်၊ ခိုက်တယ်၊ ကောင်းတယ်၊ ဘယ်နွားက ကောင်းတယ်၊ ဘယ်နွားက... နွားတောင်မှပဲ အဲဒီ ဒီအစွဲအလမ်း ရှိတယ်လေ။ လက္ခဏာကြည့်ပြီးတော့ နွားတောင်မှပဲ ရှောင်ကြတယ်။ တချို့က နွားဝယ်ရင်တောင်မှပဲ ကြာ ဘယ်မှာ ပါတယ်၊ ဗွေ ဘယ်မှာ ပါတယ်ဆိုပြီးတော့ "ဗွေဆိုးပါတဲ့နွား" ဆိုတာ ရှိသေးတယ်။

လူမှာလည်း ငယ်ငယ်တုန်းက ကြားဖူးတာ၊ ခေါင်းပေါ်မှာ ကြည့်လိုက်လို့ ဗွေနှစ်ခု ပါနေလို့ရှိရင် "အဲဒါ ဗွေနှစ်လုံး ဆုံးမလျှင်" ဆိုပြီးတော့ ပြောကြတယ်။ အဲဒါ လက္ခဏာကျမ်းတွေပဲနော်။ တချို့ကျတော့ အဲဒါ ဗွေချိန်ခွင်နဲ့ အရောင်းအဝယ် လုပ်ရင် ကြီးပွားတယ်လို့ ပြောတဲ့လူက ရှိတယ်။ အမျိုးစုံပါပဲနော်။ နော် ဗွေနှလုံး ဆုံးမလျှင် ပြောတဲ့လူက ပြော၊ အဲဒါတွေက လက္ခဏာလို့ ခေါ်တယ်။ လက်ဝါး ကြည့်ပြီးတော့ ဘာဖြစ်မလဲ၊ ညာဖြစ်မယ်။ အောင်မလေး... ဒီ ပညာလမ်းကြောင်းနဲ့ အာယုလမ်းကြောင်း ကြားထဲမှာ ကြက်ခြေခတ်ပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ခဏခဏ တွေ့တယ်။ ဘာမှ မဖြစ်ဘူး၊ လက်ထဲမှာ ရှိတဲ့ ကံရှိမှ ဖြစ်မှာ။ အဲတော့ ဒါတွေလည်းပဲ ယုံကြည်တာတွေကို မြတ်စွာဘုရားက ဒီမှာ အဲဒါတွေကို ထည့်ဖြေထားတာနော်။ အဲဒီခေတ်ကလည်း ယုံတဲ့လူ များလွန်းလို့ နေမှာနော်။

အဲဒီ လက္ခဏာအဟောတွေလည်း ဖယ်ရှားရမယ်တဲ့။ သော မင်္ဂလဒေါသဝိပ္ပဟီနော—လူတွေ ယုံကြည်တဲ့ မင်္ဂလာကိုလည်း ဖယ်ပါတဲ့၊ အပြစ်အနာဆာတွေ အားလုံးကိုလည်း ဖယ်လိုက်ပါ၊ ကျန်တာတွေလည်း မယုံပါနဲ့လို့ ပြောတယ်နော်။ မင်္ဂလာကိုလည်း မယုံနဲ့၊ ဥပ္ပါတာ ဖြစ်ပွား ရောက်ရှိ ဖြစ်ပေါ်လာတာ ဥပမာ ကြယ်ကြွေတယ်လို့၊ ဥပါဒ်ပြန်တယ်တို့ ဘာတို့ ဒါတွေ မယုံနဲ့။ အဲဒါတွေက ဖြစ်လာ... အိပ်မက်၊ အိပ်မက်မက်ပြီးတော့ ဟောတာတွေ ဒါတွေလည်း မယုံနဲ့။ လက္ခဏာဖတ်ပြီး ဟောတာတွေ ဒါတွေလည်း မယုံနဲ့။ အဲဒီ မင်္ဂလာနဲ့ အပြစ်အနာအဆာတွေ အားလုံးကို ဖယ်ထားလိုက်၊ ယုံကြည်မှုတွေ မရှိနဲ့၊ မထားနဲ့တဲ့။ အဲဒါတွေကို ဖယ်ရှားနိုင်ပြီ ဆိုရင်တဲ့ သမ္မာ သော လောကေ ပရိဗ္ဗဇေယျ—အဲဒီ ရဟန်းဟာ လောကနေ ထွက်ခွာနိုင်ပါတယ်။ နို့မို့ဆို ဒီလောကထဲမှာပဲ လည်နေမယ်။ လောကကြီးနဲ့ ကင်းပျက်နိုင်တယ်ပေါ့၊ လောကနေ ထွက်သွားနိုင်တယ်။ အဲလိုဆိုရင် ဒီလောကထဲမှာပဲ ရောက်မယ်၊ အဲဒါတွေကို ဖယ်ရှားနိုင်ရမယ်လို့ ဒါ အမေးခွန်းရဲ့ ပထမဆုံး ဖြေတဲ့ အဖြေလေးတစ်ခုနော်။ ဆိုလိုတာက ခြုံပြောလိုက်မယ်ဆိုရင် လူတွေရဲ့ ယုံကြည်မှု အစွဲအလမ်းတွေ မှန်သမျှ ဖယ်နိုင်ရမယ်၊ မဖယ်နိုင်ရင် လောကကြီးက မထွက်နိုင်ဘူးလို့ ဆိုလိုတယ်။ ဒါ မြတ်စွာဘုရား ဟောတဲ့ သမ္မာပရိဗ္ဗာဇနိယသုတ်မှာ ပထမဂါထာရဲ့ အဖြေပဲ။ အဲတော့ အဖြေပေါင်းက ၁၅ ခု လာမှာဆိုတော့ ဒီနေ့တော့ ဒီအဖြေတစ်ခုနဲ့ပဲ ရပ်ကြရမယ်။

သမ္မာပရိဗ္ဗာဇနိယသုတ် ဒေသနာတော်ရုပ်သိမ်းနှင့် မေတ္တာပို့

တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့၊ နတ်တွေရဲ့ စရိုက်အားလျော်စွာ ဟောကြားတော်မူခဲ့တဲ့ သမ္မာပရိဗ္ဗာဇနိယသုတ်ဆိုတဲ့ ဒီ မဟာသမယသုတ်ဟာ လေးနက်တဲ့ သုတ္တန်တစ်ခု ဖြစ်လို့၊ အာရုံစူးစိုက်ပြီးတော့ ကြားနာပြီး တကယ် တရားအစစ်အမှန်တွေကို မှတ်သားနာယူကြတယ်၊ တရားအစစ်အမှန်တွေကို လိုက်နာကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်တော်မူနိုင်ကြပါစေ ကုန်သတည်း။

(သာဓု... သာဓု... သာဓု)

မေတ္တာပို့ရအောင်။
သတ္တဝါများစွာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။

မေတ္တာရေ၊ သွန်းကာဖြန်း၊ ငြိမ်းချမ်းကြပါစေ။

သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒ ပြည့်ပါစေ။

ဖုလ္လန္တာ သုခပင်္ကဇာ၊ မေတ္တာပုဏ္ဏိန္ဒု သင်္ဂမာ။ မနောသရသိ သဗ္ဗေသံ၊ ပဝါယန္တု သုဂန္ဓကာ။
မေတ္တာပုဏ္ဏိန္ဒုသင်္ဂမာ - စုပေါင်းပို့အပ်၊ မေတ္တာဓာတ်ဟူ၊ ရောင်ဖြူ ပဝင်း ၊ ငွေလမင်းနှင့် ၊ ရောင်ချင်းယှက်ရုံ၊ ပေါင်းစုံရခြင်းကြောင့်၊ သဗ္ဗေသံ - ကြွင်းမဲ့ဥဿုံ၊ လုံးစုံများစွာ၊ သတ္တဝါတို့၏၊ မနောသရသိ -မြင့်မြတ်ဖြူစင်၊ အေးကြည်လင်သည့်၊ ရေစင်ပြည့်တင်း၊ စိတ်နှလုံး တည်းဟူသော ရေအိုင်ကြီးအတွင်း၌၊ သုခပင်္ကဇာ - အစဉ်ထာဝရ၊ အေးမြကြည်သာ ၊ သာယာပွင့်လန်း၊ ချမ်းသာသုခ တည်းဟူသော ကုမုဒြာကြာပန်းတို့သည်၊ ဖုလ္လန္တာ - ဝမ်းသာရွှင်မြူး ၊ ဝတ်မှုန်လူးလျက် ကြည်နူးဖွယ်ကြုံ၊ ဖူးပွင့်ကြကုန်သည်ဖြစ်၍၊ သုဂန္ဓကာ - လေအောက် လေထက်၊ ရောယှက်သင်းပျံ့၊ ပီတိတည်းဟူသော ရနံ့တို့သည်၊ ပဝါယန္တု - ကောင်းစွာမသွေ ကြိုင်လှိုင်၍နေကြပါစေကုန်သတည်း။

(သာဓု... သာဓု... သာဓု)

ဓမ္မောသဓံ ပိဝိတွာန၊
ဝိဿ သဗ္ဗေ သမူဟတာ။
အဇရာမရံ သီတိဘာဝံ၊
နိဗ္ဗာနံ ယန္တု သာဓဝေါ။
ဓမ္မောသဓ  – လောဘ,ဒေါသ,မောဟဆိပ်တောက်၊ ကင်းပျောက်ကြည်အေး၊ တရားဆေးကို၊  ပိဝိတွာန  –
ဝမ်းသာရွှင်ပျ၊ သောက်ကြရ, နာကြရ ကုန်သောကြောင့်၊  ဝိဿ သဗ္ဗေ  – ပူဆာညစ်နောက် ကိလေသာ အဆိပ် အတောက် ဟူသမျှတို့သည်၊  သမူဟတာ  – ပိန်းကြာဖက်တွင် ရေမတင်ကဲ့သို့၊ ကင်းစင် လွင့်ပျောက်၊ ဘေးမရောက်အောင်ပယ်ဖျောက် အပ်ကုန်သည်၊  ဟောန္တု  – စင်စစ်အသွေ ဖြစ်ကြပါစေကုန်သတည်း၊  အဇရာမရ  – အိုခြင်းလည်းကွာ၊ နာခြင်းလည်းကင်း၊ သေခြင်းလည်း ရှင်းထသော၊  သီတိဘာ၀  – ကိလေသာ ဟူ အပူခပ်သိမ်း၊ ကင်းငြိမ်းရာ အစစ်ဖြစ် ပေထသော၊  နိဗ္ဗာနံ  – နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့၊  သာဓဝေါ  – တရားချစ်ခင် စိတ်ကောင်းဝင်ငြား၊ သူတော်စင် အများတို့သည်၊  ယန္တု  – ပါရမီအဆင့်ဆင့် မြင့်တက်မြင့်၍၊ မလင့်ပုံသေ ဆိုက်ရောက် တော်မူကြပါစေကုန်သတည်း။

(သာဓု... သာဓု... သာဓု)
qshoizas97wyzhhrrf0mp1zc6vpkm1o