ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.5
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
မင်္ဂလသုတ်-၈၁/၉၇
0
6317
22015
2026-06-04T00:09:05Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၈၁/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၈၀..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22015
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၈၁/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၈၀/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၈၂/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၈၁

ခန္တီမင်္ဂလာ၊ ခန္တီဝါဒီဇာတ် ပုဏ္ဏသုတ္တန်၊ ဝေပစိတ္တသုတ္တန်

ဘုရားအလောင်းတော် ခန္တီဝါဒီရသေ့ကြီးရဲ့ နှလုံးသားရှိရာ ရင်ဝကိုပေါ့နော် ခြေထောက်နဲ့ ကလာဗုမင်းက ကန်ကျောက်ပြီးတော့ ထွက်ခွာသွားပြီ။ ထိုအချိန်အခါမှာ စစ်သူကြီးက အင်မတန် စိတ်က မကောင်းဖြစ်သွားတယ်။ ဘုရားအလောင်းတော်ရဲ့ ခန္ဓာကိုယ်မှ ယိုစီးပြီး ထွက်ပေါ်လာတဲ့ သွေးတွေကို သုတ်တယ်။ လက်တွေ၊ ခြေတွေ၊ နားတွေ၊ နှာခေါင်းတွေရဲ့ အဖျားတွေကို ပုဆိုးကွင်းလေးနဲ့ သုတ်ပေးတယ်။ သုတ်ပြီးတော့ ဘုရားအလောင်းကို ဖေးဖေးမမ ဖြည်းဖြည်းနဲ့ ပွေ့ချီပြီးတော့နော် ထိုင်စေလိုက်ပါတယ်။ ထိုင်စေပြီးတဲ့ အချိန်အခါကျတော့မှ စစ်သူကြီးက ရိုသေစွာ ရှိခိုးတယ်။ ရိုသေစွာ ရှိခိုးပြီးတဲ့ အချိန်အခါကျတော့မှ စစ်သူကြီးက ဘုရားအလောင်းတော်ဖြစ်တဲ့ ခန္တီဝါဒီရသေ့ကြီးကို လျှောက်ထားတောင်းပန်တယ်။ ဘယ်လိုလဲ?

‘‘သစေ, ဘန္တေ, တုမှေ ကုဇ္ဈိတုကာမာ, တုမှေသု ကတာပရာဓဿ ရညောဝ ကုဇ္ဈေယျာထ, မာ အညေသံ’’

ဘန္တေ = အရှင်မြတ်ဘုရား...။ တုမှေ = အရှင်ဘုရားတို့သည်။ သစေ ကုဇ္ဈိတုကာမာ = အကယ်၍ အမျက်ထွက်လိုကုန်သည်ဖြစ်ငြားအံ့။ တုမှေသု = အရှင်ဘုရားတို့အပေါ်၌။ ကတာပရာဓဿ = ပြုအပ်ပြီးသော ပြစ်မှားမှုရှိသော။ ရညောဝ = ကလာဗုမင်းရဲ့ အထံ၌သာလျှင် (ကလာဗုမင်း၏အပေါ်၌သာလျှင်)။ ကုဇ္ဈေယျာထ = အမျက်ထွက်တော်မူကြပါကုန်ဘုရား။ မာ အညေသံ = အခြားတစ်ပါးသော သတ္တဝါတို့အပေါ်၌ အမျက်မထွက်ကြပါကုန်လင့် အရှင်ဘုရား။

သူက လျှောက်ထားတောင်းပန်ပြီနော်။ အရှင်ဘုရား အကယ်၍များ အမျက်ထွက်လိုတယ်ဆိုရင် အရှင်ဘုရားတို့အပေါ်၌ ပြစ်မှားမှုကို ပြုလုပ်လွန်ကျူးခဲ့တဲ့ ကလာဗုမင်းအပေါ်မှာသာလျှင် အမျက်ထွက်တော်မူပါ။ တခြားတခြားသော တိုင်းသူပြည်သား သတ္တဝါတို့အပေါ်၌ အမျက်ထွက်တော် မမူပါလင့် ဆိုပြီးတော့ တောင်းပန်တယ်နော်။

‘‘ယော တေ ဟတ္ထေ စ ပါဒေ စ, ကဏ္ဏနာသဉ္စ ဆေဒယိ၊ တဿ ကုဇ္ဈ မဟာဝီရ, မာ ရဋ္ဌံ ဝိနဿာ ဣဒံ’’။

ဘန္တေ၊ အရှင်ဘုရား၏။ ယော၊ အကြင် ကလာဗုမင်းသည်။ ဟတ္ထေ စ၊ လက်တို့ကိုလည်းကောင်း။ ပါဒေ စ၊ ခြေတို့ကိုလည်းကောင်း။ ကဏ္ဏနာသဉ္စ၊ နား နှာခေါင်းတို့ကိုလည်းကောင်း။ ဆေဒယိ၊ ဖြတ်တောက်ခဲ့လေပြီ။ မဟာဝီရ၊ ကြီးမြတ်သော လုံ့လဝီရိယ ရှိတော်မူပါပေသော အရှင်ဘုရား။ တဿ၊ ထိုကလာဗုမင်းအား (ထိုကလာဗုမင်းပေါ်၌)။ ကုဇ္ဈ၊ အမျက်ထွက်တော်မူပါ။ ဣဒံ ရဋ္ဌံ၊ ဤတိုင်းနိုင်ငံကို။ မာ ဝိနဿာ၊ မပျက်စီးပါစေလင့်။

ရသေ့တွေ စိတ်ဆိုးခဲ့မယ်၊ ဒေါသထွက်ခဲ့မယ်ဆိုရင် တိုင်းပြည် ပျက်စီးတယ်လို့ ရှေးယခင်အခါက အယူအဆလေးတစ်ခု ရှိခဲ့ပါတယ်။ တကယ်တော့ ရသေ့တွေက ဖျက်ဆီးတာတော့ မဟုတ်ပါဘူးနော်။ သူတော်ကောင်းတွေအပေါ်၌ ပြစ်မှားနေတဲ့အတွက် စိတ်ဆိုးနေတဲ့ နတ်တွေကနေပြီးတော့ တိုင်းပြည်ကို ဖျက်ဆီးပစ်ခြင်းသဘောသာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီနေရာမှာ စစ်သူကြီးဖြစ်တဲ့ အရှင်သာရိပုတ္တရာအလောင်းကလည်း ဘာလျှောက်ထားသလဲ?

အရှင်ဘုရားရဲ့ လက်တွေ၊ ခြေတွေ၊ နားတွေ၊ နှာခေါင်းတွေကို အကြင် ကလာဗုမင်းက ဖြတ်တောက်ပါတယ်။ ကြီးမားသော လုံ့လဝီရိယ ရှိတော်မူပါပေသော အရှင်ဘုရား... ထိုကလာဗုမင်းအပေါ်မှာသာလျှင် အရှင်ဘုရား အမျက်ထွက်တော်မူပါ။ ဤတိုင်းနိုင်ငံကို မဖျက်ဆီးပါစေနဲ့” ဆိုပြီးတော့ လျှောက်ထားတယ်။ ဒီနေရာမှာ အရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့ စစ်သူကြီးကနေပြီးတော့ ဘုရားအလောင်း ခန္တီဝါဒီရသေ့ကြီးကို မဟာဝီရ ဆိုပြီးတော့ ဒီလို သုံးထားတယ်။ ကြီးမားသော လုံ့လဝီရိယရှိတယ်။ စဉ်းစားကြည့်နော် - လက်တွေ ဖြတ်တယ်၊ ခြေတွေကို ဖြတ်ပစ်တယ်။ ကြိမ်စူးနဲ့ အကြိမ်ပေါင်း ၂-ထောင်လောက် အရိုက်ခံရတယ်။ တစ်ချက်မှ တုန်လှုပ်မှု မရှိဘူးနော်။ နားတွေ၊ နှာခေါင်းတွေ ဖြတ်တောက်တာတောင်မှ စိတ်ထဲမှာ တစ်ချက်မှ တုန်လှုပ်မှု မရှိဘူးဆိုတော့ ဒီလိုဝီရိယမျိုးဟာ သေးကွေးတဲ့ ဝီရိယလို့ ပြောနိုင်မလား? မပြောနိုင်ဘူး။ အလွန် ကြီးမားတဲ့၊ အလွန် အဆင့်အတန်းမြင့်မားနေတဲ့ လုံ့လဝီရိယ ဖြစ်ပါတယ်။

ဒီတော့ ဒီပရိသတ်တွေထဲ ဘုန်းကြီး မေးကြည့်ချင်တယ် - ဘုန်းကြီးကနေပြီးတော့ တစ်ဘက်ကနေ ကြိမ်အလုံး ၂-ထောင်လောက် အရိုက်ခံရတဲ့ ယောဂီ ဘယ်နှစ်ယောက်များ ရှိနေသလဲ? လက်တွေ၊ ခြေတွေ အဖြတ်ခံရတဲ့ ယောဂီ၊ နား၊ နှာခေါင်း အဖြတ်ခံရတဲ့ ယောဂီ ဘယ်နှစ်ယောက်လောက်များ ရှိသလဲ? မရှိပါဘူး။ နည်းနည်း စဉ်းစားကြည့်စမ်းနော် - သူတော်ကောင်းတို့ရဲ့ စိတ်ဓာတ်ကလေး။ အဲဒီ အချိန်အခါကျတော့မှ ဘုရားအလောင်း ခန္တီဝါဒီရသေ့ကြီးကနေ ဘာပြန်ပြီးတော့ အမိန့်ရှိသလဲ? ဒီစကားလေး တန်ဖိုးရှိလွန်းလို့ပါနော် -

‘‘ယော မေ ဟတ္ထေ စ ပါဒေ စ, ကဏ္ဏနာသဉ္စ ဆေဒယိ၊ စိရံ ဇီဝတု သော ရာဇာ, န ဟိ ကုဇ္ဈန္တိ မာဒိသာ။

ကောင်းလိုက်တာနော် -

ယော၊ အကြင် ကလာဗုမင်းသည်။ မေ၊ ငါ၏။ ဟတ္ထေ စ၊ လက်တို့ကိုလည်းကောင်း။ ပါဒေ စ၊ ခြေတို့ကိုလည်းကောင်း။ ကဏ္ဏနာသဉ္စ၊ နား နှာခေါင်းတို့ကိုလည်းကောင်း။ ဆေဒယိ၊ ဖြတ်တောက်ခဲ့လေပြီ။ သော ရာဇာ၊ ထိုကလာဗုမင်းသည်။ စိရံ၊ ကြာမြင့်စွာ။ ဇီဝတု၊ အသက်ရှင်ပါစေသတည်း။

ကောင်းလိုက်တာနော် - ဟင် ဘယ့်နှယ်တုန်း မကောင်းဘူးလား? ဘေးက ထင်တာနဲ့တော့ တခြားစီ ဖြစ်မသွားဘူးလား? ဖြစ်နေတယ်နော်။

မာဒိသာ၊ ငါကဲ့သို့သော သဘောရှိကြကုန်သော သူတော်ကောင်းတို့သည်။ န ဟိ ကုဇ္ဈန္တိ၊ ဘယ်တော့မှ အမျက်မထွက်ကြပါကုန်။

တို့လိုပုဂ္ဂိုလ်တွေဟာ လောကမှာ ဘယ်တော့မှ အမျက်မထွက်ပါဘူး။ “ဒီကောင်မက ဒီလို ပြောတယ်။ ငါနည်းနည်းမှ မခံဘူး။ ငါ့ကို ဘာအောင့်မေ့လို့လဲ?” အဲဒီစိတ်ထားမျိုး ရှိသလား? မရှိကြဘူး။ သူတော်ကောင်းဆိုတာ ဒီစိတ်ထား မရှိပါဘူး။ အခုကြည့်ပေါ့ - ကြိမ်ဒဏ်လည်း အထောင် ၂-ထောင် အရိုက်ခံရတယ်နော်။ လက်တွေလည်း အဖြတ်ခံရတယ်၊ ခြေတွေလည်း အဖြတ်ခံရတယ်၊ နား နှာခေါင်းတွေလည်း အဖြတ်ခံရတယ်တဲ့။ အဲဒီလို ဖြတ်တောက်နေတဲ့ ဒီကလာဗုမင်းအပေါ်မှာ ဒေါသဖြစ်မယ်ဆိုရင် ဖြစ်ဖို့ မကောင်းဘူးလား? ကောင်းပါတယ်။ ဒါပေမဲ့ သူတော်ကောင်း ဒီလို ခန္တီဝါဒီရှင်ရသေ့ကဲ့သို့သော သူတော်ကောင်းတွေကျတော့ ဒေါသ ဖြစ်သလား? မဖြစ်ဘူး။ ဘယ်လိုဖြစ်သလဲ?

စိရံ ဇီဝတု သော ရာဇာ

သော ရာဇာ၊ ထိုကလာဗုမင်းသည်။ စိရံ၊ ကြာမြင့်စွာ။ ဇီဝတု၊ အသက်ရှင်ပါစေသတည်း။

မေတ္တာဘာဝနာရေချမ်း ပက်ဖြန်းပြီးသာ ပေးနေတယ်။

န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။ အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

ဝေရာနိ၊ ရန်တို့သည်။ ဝေရေန၊ ရန်တုံ့မူခြင်းဖြင့်။ ဣဓ၊ ဤလောက၌။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ န ဟိ သမ္မန္တိ၊ မငြိမ်းအေးကြလေကုန်။ အဝေရေန စ၊ ရန်တုံ့မမူခြင်း မေတ္တာဘာဝနာကမ္မဋ္ဌာန်းဖြင့်သာလျှင်။ သမ္မန္တိ၊ ငြိမ်းအေးကြလေကုန်၏။ ဧသ ဓမ္မော၊ ဤမေတ္တာဖြင့် အောင်နိုင်ခြင်း သဘောတရားသည်။ သနန္တနော၊ ဘုရားအစရှိသော ရှေးသူတော်ကောင်းတို့ နှစ်သက်မြတ်နိုးအပ်သော ဓမ္မတာတည်း ဖြစ်ပါပေ၏။

ရန်ကို ရန်ခြင်း မတုံ့နှင်းရန် မေတ္တာဖြင့်သာ အောင်မြင်ရာ၏နော်။ အရှင်ဒေဝဒတ်အလောင်းဖြစ်တဲ့ ကလာဗုမင်းက ရန်ကို ရန်နဲ့ တုံ့ပြန်တယ်။ ဘုရားအလောင်းဖြစ်တဲ့ ခန္တီဝါဒီရသေ့ကြီးက ရန်ကို မေတ္တာဖြင့် တုံ့ပြန်တယ်။ ငြိမ်းအေးပုံခြင်း တူညီရဲ့လား? မတူညီဘူး။ မတူညီပုံလေးကို ရှေ့ဆက်ပြီးတော့ အဋ္ဌကထာက ဖွင့်ဆိုထားတယ်နော် -

မမ သဒိသာ ခန္တိဗလေန သမန္နာဂတာ ပဏ္ဍိတာ ‘‘အယံ မံ အက္ကောသိ ပရိဘာသိ ပဟရိ, ဆိန္ဒိ ဘိန္ဒီ’’တိ တံ န ကုဇ္ဈန္တိ။

မမ သဒိသာ၊ ငါနှင့်တူညီကြကုန်သော။ ခန္တိဗလေန၊ ခန္တီစွမ်းအားနှင့်။ သမန္နာဂတာ၊ ပြည့်စုံကြကုန်သော။ ပဏ္ဍိတာ၊ ပညာရှိသူတော်ကောင်းတို့သည်။ အယံ၊ ဤလူသားမှန်ကား။ မံ အက္ကောသိ၊ ငါ့ကို ဆဲရေးခဲ့လေပြီ။ ပရိဘာသိ၊ ခြိမ်းခြောက်ခဲ့လေပြီ။ တံ၊ ထိုပြုမူစော်ကားသော ပုဂ္ဂိုလ်ကို။ န ကုဇ္ဈန္တိ၊ ဘယ်တော့မှ အမျက်မထွက်ကြကုန်။

ငါကဲ့သို့ ခန္တီစွမ်းအားနဲ့ ပြည့်စုံနေတဲ့ ပညာရှိသူတော်ကောင်း မှန်ခဲ့မယ်ဆိုရင် ဤပုဂ္ဂိုလ်က ငါ့ကို ဆဲရေးတယ်၊ ဒီပုဂ္ဂိုလ်က ငါ့ကို ခြိမ်းခြောက်တယ်၊ ဒီပုဂ္ဂိုလ်က ငါ့ကို ပုတ်ခတ်စော်ကားတယ်၊ ဒီပုဂ္ဂိုလ်က ငါ့ရဲ့ ခြေတွေ လက်တွေ ဖြတ်တောက်တယ်၊ ဒီပုဂ္ဂိုလ်က ငါ့ရဲ့ ခန္ဓာကိုယ်ကြီးကို ကွဲပြဲအောင် ရိုက်ပုတ်စော်ကားတယ် ဆိုပြီးတော့ အဲဒီလို စော်ကားပြုမူနေတဲ့ ပုဂ္ဂိုလ်ကို ဘယ်တော့မှ အမျက်မထွက်ဘူး။ ပညာရှိသူတော်ကောင်းတို့ရဲ့ စိတ်ထားက ဒီလို ရှိရပါတယ်နော်။ ကဲ အဲဒီလို စိတ်ထားရှိတဲ့ အကြောင်းကို စစ်သူကြီးကို ခန္တီဝါဒီရသေ့ကြီးက အမိန့်ရှိလိုက်ပြီ။ အမိန့်ရှိပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?

ကလာဗုမင်းကလည်း ဘုရားအလောင်းတော် ရသေ့ကြီးရဲ့ ရင်ဝကို ခြေထောက်နဲ့ ကန်ကျောက်ပြီး ထွက်သွားပြီး ဖြစ်တဲ့အတွက် ဥယျာဉ်တော်ကနေ နည်းနည်းလေး လွန်သွားပြီ။ ဘုရားအလောင်း ခန္တီဝါဒီရသေ့ကြီး မျက်စိကွယ်လောက်တဲ့ နေရာသို့ ရောက်သွားပြီ။ ရောက်တဲ့ အချိန်အခါကျတော့ ယူဇနာပေါင်း ၂-သိန်း ၄-သောင်း အထုရှိနေတဲ့ ဒီမဟာပထဝီ မြေကြီးက ကစီရေတင်ထားတဲ့ ပုဆိုးကဲ့သို့ ထက်ခြမ်းကွဲသွားပြီ။ ထက်ခြမ်းကွဲပြီးတဲ့ အချိန်အခါကျတော့မှ အဝီစိငရဲကနေ အလျှံ တပြောင်ပြောင် တောက်လောင်နေတဲ့ မီးတွေက ကလာဗုမင်းကို မိမိ အမျိုးအနွယ်ကနေ ပေးအပ်တဲ့ ကမ္ဗလာထည်ဖြင့် လာပြီး ခြုံဖွဲ့ပြီး ယုယပိုက်ထွေးသလို မီးတွေက ရုံသွားပြီ။ ခြုံငုံပြီးတော့ ဆွဲခေါ်သွားတယ်နော်။

ကလာဗုမင်း သေပြီ။ သေလိုက်တာနဲ့ တစ်ပြိုင်နက်တည်းပဲ ဘယ်ရောက်လဲ? ငရဲရောက်သွားတယ်နော်။ ဥယျာဉ်တံခါးဝမှာပဲ မြေကြီးထဲ မျိုပြီးတော့ အဝီစိငရဲမှာပဲ သွားပြီးတော့ တည်နေပြီ။ ဘုရားအလောင်းတော် ရသေ့ကြီးလည်း ထိုနေ့မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်နော်။ ကွယ်လွန်သွားလိုက်တဲ့ အချိန်အခါကျတော့မှ မူးကြီးမတ်ရာတွေကော၊ မြို့သူမြို့သားတွေကော ပန်းနံ့သာတွေ လဲဆွဲပြီးတော့ ဘုရားအလောင်း ခန္တီဝါဒီရသေ့ကြီးရဲ့ ခန္ဓာကိုယ်ကို မီးသင်္ဂြိုဟ်ကြပါတယ်။ မီးသင်္ဂြိုဟ်တဲ့ ဒီအခမ်းအနားပြီးတဲ့အခါ နောက်ပိုင်း ဦးပဉ္စင်းတို့ ဘုရားအလောင်းဟာ ဒီခန္တီဝါဒီရသေ့ကြီးရဲ့ အကြောင်းကို ပြန်ပြောင်းလို့ ဟောပြီးတဲ့ အချိန်အခါမှာ ရဟန်းတော်တွေကို လိုက်နာဖွယ်ရာ ကောင်းနေတဲ့ ဒီဂါထာလေး ၂-ဂါထာဖြင့် ဆက်လက်ပြီး ဆိုဆုံးမတော်မူပါတယ်။

‘‘အဟူ အတီတမဒ္ဓါနံ, သမဏော ခန္တိဒီပနော၊ တံ ခန္တိယာယေဝ ဌိတံ, ကာသိရာဇာ အဆေဒယိ။

အတီတမဒ္ဓါနံ၊ လွန်လေပြီးတဲ့ အတိတ်အချိန်ကာလက။ ခန္တိဒီပနော၊ သည်းခံခြင်း ခန္တီတရားကို အထင်အရှား ပြတော်မူလေ့ရှိသော။ သမဏော၊ သမဏအမည်ရတဲ့ ခန္တီဝါဒီရသေ့သည်။ အဟူ၊ ဖြစ်ခဲ့ဖူးလေသည်။ ကာသိရာဇာ၊ ကာသိမင်းသည်။ ခန္တိယာယေဝ၊ သည်းခံခြင်း ခန္တီတရား၌ပင်လျှင်။ ဌိတံ၊ တည်နေသော။ တံ၊ ထိုရသေ့ကို။ အဆေဒယိ၊ (လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို) ဖြတ်တောက်ခဲ့ဖူးလေသည်။

ဘုရားအလောင်းဘက်က ခန္တီ - သည်းခံခြင်းဆိုတဲ့ ခန္တီတရားမှာ ရပ်တည်ပြီးနေတယ်။ ဒါပေမဲ့လို့ သည်းခံခြင်း ခန္တီတရားမှာ ရပ်တည်နေတဲ့ ဒီဘုရားအလောင်း ခန္တီဝါဒီရသေ့ကြီးကို ကာသိမင်းကနေပြီးတော့ လက်တွေ၊ ခြေတွေ၊ နားတွေ၊ နှာခေါင်းတွေကို ဖြတ်တောက်ခဲ့ဖူးတယ်။

‘‘တဿ ကမ္မဖရုသဿ, ဝိပါကော ကဋုကော အဟု၊ ယံ ကာသိရာဇာ ဝေဒေသိ, နိရယမှိ သမပ္ပိတော’’

တဿ ကမ္မဖရုသဿ၊ ထိုကြမ်းတမ်းရက်စက် ကြမ်းကြုတ်သော ထိုကံ၏။ ဝိပါကော၊ အကျိုးတရားသည်ကား။ ကဋုကော အဟု၊ ခါးစပ်လှသည် ဖြစ်ခဲ့လေပြီ။ ယံ၊ အကြင်ကံကို။ ကာသိရာဇာ၊ ကာသိမင်းသည်။ အခု၊ ပြုခဲ့လေပြီ (ပြုခဲ့သောကြောင့်)။ သော၊ ထိုကာသိမင်းသည်။ နိရယမှိ၊ အဝီစိငရဲ၌။ သမပ္ပိတော၊ ရပ်တည်ရသည်ဖြစ်၍ (ကျရောက်ရသည်ဖြစ်၍)။ ဝေဒေသိ၊ ဝိပါကအကျိုးတရားကို ခံစား၍ နေခဲ့ရလေပြီ။

ဘုရားဖြစ်ပြီးတဲ့ အခါကျမှ ဒီဂါထာလေး ၂-ခု ဆက်ဟောပေးပါတယ်-နော်။ ဒီတော့ မိမိက ဘာလဲ? ကိုယ့်ကိုကိုယ် ပြန်ပြီး ဆန်းစစ်တတ်ဖို့ လိုတယ်။ မိမိတို့ရဲ့ ဘဝက သည်းခံရမယ့်ဘဝဖြစ်တယ်။ ခန္တီတရားကို လက်ကိုင်ထားပြီးတော့ မိမိ လိုလားတောင့်တနေတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရအောင် ကျင့်ကြံ-ကြိုးကုတ် ပွားများအားထုတ်ရမဲ့ ဘဝဖြစ်တယ်။ ဒီအချက်ကိုတော့ ယောဂီ သူတော်ကောင်းတိုင်း သို့မဟုတ် ရဟန်းတိုင်း သို့မဟုတ် သီလရှင်တိုင်း, ယောဂီပုဂ္ဂိုလ်တိုင်း မမေ့သင့်ပါဘူး။ အကယ်၍ ဒီအချက်ကို မေ့သွားမယ် ဆိုလို့ရှိရင်တော့ မိမိရဲ့ ကာယကံတွေဟာ မပြုသင့်တဲ့ ကာယကံတွေ ဖြစ်ချင်ဖြစ်မယ်, မိမိရဲ့ ဝစီကံတွေဟာ မပြုသင့်တဲ့ ဝစီကံတွေ ဖြစ်ချင်ဖြစ်မယ်, မိမိရဲ့ မနောကံတွေဟာ မကြံစည်သင့်တဲ့ မနောကံတွေလည်း ဖြစ်ချင် ဖြစ်သွားလိမ့်မယ်။ ကိုယ့်ဘဝကို မေ့နေတယ်နော်။ မိမိတို့ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ပြုလိုက်တဲ့ အချိန်အခါတုန်းက ဘယ်လိုဦးတည်ချက်ဖြင့် သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့သလဲ? မိမိရဲ့ ဦးတည်ချက်လေးကို ပြန်ပြီး မမေ့ဖို့ လိုတယ်။ လိုအပ်ပါတယ်နော်။

ဘန္တေ သံသာရဝဋ္ဋဒုက္ခတော ပဗ္ဗဇ္ဇံ ယာစာမိ။

တပည့်တော် သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီးမှ ထွက်မြောက်ချင်တဲ့အတွက် တပည့်တော်ကို ရှင်ရဟန်း ပြုပေးတော်မူပါဆိုပြီးတော့ ဒီလို လျှောက်ထားခဲ့တယ်။ အဲဒီလို ဦးတည်ချက်နဲ့ ဝင်ရောက်ပြီး သာသနာဘောင်မှာ ရှင်ရဟန်း-ပြုမှလည်း ရှင်ရဟန်း ပြုပေးစေဆိုပြီး ဘုရားရှင်ကလည်း ခွင့်ပြု-ထားခဲ့ပါတယ်။ သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီးမှ ထွက်မြောက်ချင်တဲ့ ပုဂ္ဂိုလ်တစ်ဦးက နည်းနည်းလေးမှ သည်းခံတဲ့ စိတ်ဓာတ်မရှိဘူး။ ထိုပုဂ္ဂိုလ် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်နိုင်ပါ့မလား? သူက သည်းခံတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီနေရာမှာ အဋ္ဌကထာက ဖွင့်ထားတယ်နော်။

ခန္တိ နာမ အဓိဝါသနက္ခန္တိ, = သည်းခံခြင်းဆိုတာက အဓိဝါသန ခန္တီကို ဒီနေရာမှာ ပြောနေတယ်။

တာယ သမန္နာဂတော ဘိက္ခု ဒသဟိ အက္ကောသဝတ္ထူဟိ အက္ကောသန္တေ ဝဓဗန္ဓာဒီဟိ ဝါ ဝိဟေသန္တေ ပုဂ္ဂလေ အသုဏန္တော ဝိယ အပဿန္တော ဝိယ စ နိဗ္ဗိကာရော ဟောတိ။

တာယ၊ သည်းခံခြင်း အဓိဝါသန ခန္တီတရားနှင့်။ သမန္နာဂတော၊ ပြည့်စုံတော်မူသော။ ဘိက္ခု၊ ယောဂီရဟန်းသည်။ ဒသဟိ၊ ဆယ်မျိုးကုန်သော။ ...သဝတ္ထူဟိ၊ ဝတ္ထုတို့ဖြင့်။ အက္ကောသန္တေ၊ ဆဲရေးကြကုန်သော သူတို့ကိုလည်းကောင်း။ ဝဓဗန္ဓာဒီဟိ ဝါ၊ သတ်ဖြတ်ခြင်း နှောင်ဖွဲ့ခြင်းစသည်တို့ဖြင့်။ ဝိဟေသန္တေ၊ ညှဉ်းပန်းနှိပ်စက်၍ နေကြကုန်သော။ ပုဂ္ဂလေ၊ ပုဂ္ဂိုလ်တို့ကိုသော်လည်းကောင်း။ အသုဏန္တော ဝိယ၊ မကြားသကဲ့သို့လည်းကောင်း။ အပဿန္တော ဝိယ စ၊ မမြင်သကဲ့သို့လည်းကောင်း။ နိဗ္ဗိကာရော၊ ဖောက်ပြန်ခြင်း မရှိသည်။ ဟောတိ၊ ဖြစ်လေရာ၏၊

သည်းခံခြင်း အဓိဝါသန ခန္တီတရားနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ဆိုတာ တစ်ဖက်သား ပုဂ္ဂိုလ်တွေက ဆယ်မျိုးသော အက္ကောသဝတ္ထုတို့ဖြင့် ဆဲရေးပြီး လာချင်လည်း လာပါစေ အဲဒီလို ဆဲရေးလာတဲ့ ပုဂ္ဂိုလ်တွေ အပေါ်မှာသော်လည်းပဲ မကြားချင်ယောင် ဆောင်နေရမယ်, မမြင်ချင်ယောင် ဆောင်နေရမယ်။ စိတ်ဓာတ်ရဲ့, ကိုယ်အမူအရာရဲ့, နှုတ်အမှုအရာရဲ့, စိတ်အမူအရာရဲ့ ဖောက်ပြန်တုန်လှုပ်မှုဆိုတာ မရှိရဘူး။ တစ်ဖက်ပုဂ္ဂိုလ်တွေက ဖြတ်ခြင်း, နှောင်ဖွဲ့ခြင်း စသည်ဖြင့် မိမိအပေါ်မှာ ညှဉ်းပန်းနှိပ်စက်ရင်လည်း ညှဉ်းပန်းနှိပ်စက် လာပေလိမ့်မယ်။ အဲဒီလို ညှဉ်းပန်းနှိပ်စက်လာတဲ့ ပုဂ္ဂိုလ်တွေ အပေါ်မှာသော်လည်း မကြားချင်ယောင် ဆောင်နေရမယ်, မမြင်ချင်ယောင် ဆောင်နေရမယ်။ ဖောက်ပြန်နေတဲ့ ကိုယ်အမူအရာကို ဘယ်တော့မှ မပြရဘူး, ဖောက်ပြန်နေတဲ့ နှုတ်အမူအရာကို ဘယ်တော့မှ မပြရဘူး, ဖောက်-ပြန်နေတဲ့ စိတ်အမူအရာကို ဘယ်တော့မှ မပြရဘူး။ ဒီလို ဖွင့်ဆိုထား-တယ်နော်။ ဒါ သူတော်ကောင်း ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တိုင်း မရအရ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမဲ့ မင်္ဂလာတစ်ခု ဖြစ်ပါတယ်နော်။

အဲဒီတော့ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က နောက်ထပ် အရှင်ပုဏ္ဏမထေရ်အကြောင်းလေးကို ဖွင့်ထားတယ်။ အရှင်ပုဏ္ဏမထေရ်အကြောင်းကို ဖွင့်ဆိုတဲ့အပိုင်းလေးမှာ ဘာကို ဦးတည်ပြီး နိဒါန်းပျိုးပြီး ဖွင့်ဆိုသလဲဆိုရင်တော့ အဋ္ဌကထာဆရာတော်က ဒီနေရာမှာ တော်တော်လေးကို စေ့စေ့စပ်စပ် ဖွင့်ဆိုထားပါတယ် -

ပုဂ္ဂိုလ်ဆိုတာ လောကမှာ အကောင်းကို မြင်တတ်ရတယ်တဲ့။ အဆိုးကို မမြင်ရဘူး။ အကောင်းကို တစ်ဖက်သတ် မြင်ပြီဆိုရင် ထိုအကောင်းကို မြင်တတ်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကုသိုလ်တရားတွေ တိုးပွားလိမ့်မယ်။ အကောင်းကို မမြင်တတ်ဘဲ အဆိုး-ကိုသာ တစ်ဖက်သတ် လိုက်ပြီး ကြည့်နေမယ်ဆိုရင် ပရဝဇ္ဇဥပါသီပေါ့။ သူတစ်ပါးရဲ့ အပြစ်တွေကိုသာ တစ်ဖက်သတ် လိုက်ပြီး ကြည့်နေမယ်ဆိုရင် ကြည့်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အကုသိုလ်တရားတွေ ပိုပြီးတော့ တိုးပွားလာလိမ့်မယ်။ ဒါကြောင့် ဒီနေရာမှာ အကောင်းနဲ့အဆိုး ၂-ခုရှိတဲ့အနက်က အကောင်းကိုသာ တစ်ဖက်သတ် မြင်တတ်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်လဲလို့ မေးရင်တော့ -

အရှင်ပုဏ္ဏမထေရ်ကို စံနမူနာ ထားပြီးတော့ အဋ္ဌကထာက ဖွင့်ဆို-ထားတယ်။ အရှင်ပုဏ္ဏမထေရ်က မြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတဝန် ကျောင်းတော်မှာ သီတင်းသုံး စံတော်မူနေခိုက် ဆိုကြစို့နော် - ညနေချမ်းအခါ သမာပတ်မှ ထပြီးတော့ ဘုရားရှင်ရှိရာအရပ်သို့ ချဉ်းကပ်ပြီးတော့ ဘုရားရှင်အား ရိုသေစွာ ရှိခိုးပြီးတော့ သင့်တင့်လျောက်ပတ်သော နေရာမှာ ထိုင်ပြီး-တော့ မြတ်စွာဘုရားကို ကမ္မဋ္ဌာန်းတောင်းပါတယ်။ ဘာရည်ရွယ်ချက်လဲလို့ မေးတော့ သုနာပရန္တက တိုင်းသားဖြစ်တယ်။ သုနာပရန္တကတိုင်းက ပင်လယ်ကမ်းခြေမှာ တည်ရှိနေတယ်လို့တော့ အဆိုရှိပါတယ်။ အိန္ဒိယရဲ့ အနောက်မြောက်ဘက်လို့လည်း ဆိုတယ်။ ဒီတော့ ဒီသုနာပရန္တကတိုင်းရဲ့ ရာသီဥတုနဲ့ မဇ္ဈိမဒေသရဲ့ ရာသီဥတုတွေက မတူညီတော့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်စွမ်းအားက မရှိဘူး။ မရှိတော့ မိမိရဲ့ သုနာပရန္တကတိုင်းကို ပြန်ပြီးတော့ တရားဘာဝနာများ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရရင်တော့ သိပ်ကောင်းမယ်။ ဒီလို ဆုံးဖြတ်ချက် ချလိုက်တယ်။ ရှင်ရဟန်း ပြုတာကတော့ ကုန်သွယ်လာရင်းနဲ့ ဘုရားရှင်ရဲ့တရား နာကြားရတဲ့ အချိန်-အခါမှာ သဒ္ဓါတရားဖြစ်ပြီးတော့ မဇ္ဈိမဒေသ ဘုရားရှင်ရှိရာ အရပ်မှာပဲ ရှင်ရဟန်းပြုလိုက်တာ ဖြစ်ပါတယ်။

သို့သော်လည်း ရာသီဥတုရဲ့ ဒဏ်ချက်ကို မခံနိုင်တဲ့အတွက် မိမိရဲ့ မွေးရပ်ဌာနဖြစ်တဲ့ သုနာပရန္တကတိုင်း ပြန်ပြီးတော့ တရားအားထုတ်ရရင်တော့ သိပ်ကောင်းမှာပဲ ဒီလို နှလုံးပိုက်တယ်။ အဲဒီလို နှလုံးပိုက်ပြီးတဲ့ အခါကျမှ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ ကမ္မဋ္ဌာန်း တောင်းပါတယ်။ မြတ်စွာဘုရားကလည်း သူ့ကို ကမ္မဋ္ဌာန်း ပေးသနားတော်မူပါတယ်။ အာရုံ ၆-ပါး၊ ဒွါရ ၆-ပါး တစ်နည်းအားဖြင့် အာယတန ၁၂-ပါးနည်းဖြင့် ရုပ် နာမ်ဓမ္မ သင်္ခါရတရားတွေကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်တော်မူရန်အတွက် ကမ္မဋ္ဌာန်း ပေးတော်မူလိုက်ပါတယ်။ အဲဒီလို ကမ္မဋ္ဌာန်းတွေ ပေးပြီးတဲ့အခါကျမှ ဘုရားရှင်က ဒီပုဏ္ဏမထေရ်ကို ခြင်္သေ့မင်းကဲ့သို့ ၇-ဌာနတို့၌ ကြုံးဝါးတဲ့အသံကို ဘုရားရှင်က ကြားလိုတဲ့အတွက် မေးခွန်းလေး ဆက်မေးတယ် -

‘‘ဣမိနာ စ တွံ ပုဏ္ဏ, မယာ သံခိတ္တေန ဩဝါဒေန ဩဝဒိတော ကတရသ္မိံ ဇနပဒေ ဝိဟရိဿသီ’’

ပုဏ္ဏ၊ ချစ်သားပုဏ္ဏ ...။ မယာ၊ ငါသည်။ သံခိတ္တေန၊ အကျဉ်းချုပ်ဖြစ်သော။ ဩဝါဒေန ဣမိနာ၊ ဤအဆုံးအမ ဩဝါဒဖြင့်။ ဩဝဒိတော၊ ဆိုဆုံးမအပ်သော။ တွံ၊ သင်ချစ်သားသည်။ ကတရသ္မိံ ဇနပဒေ၊ အဘယ်မည်သော ဇနပုဒ်၌။ ဝိဟရိဿသီ၊ နေထိုင်လတ္တံ့နည်း။

ဘုရားရှင်က မေးပြီ။ ချစ်သား ... ငါဘုရားကတော့ သင့်ကို အကျဉ်းချုပ်အားဖြင့် ဒွါရ ၆-ပါး အာရုံ ၆-ပါးလို့ ခေါ်ဆိုအပ်တဲ့ အာယတန ၁၂-ပါး ဒေသနာနည်းအားဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို ၁၂-ပုံ ပုံပြီးတော့ ဝိပဿနာ ရှုဖို့ရန်အတွက် အကျဉ်းချုပ်အားဖြင့် ဆိုဆုံးမပြီးပြီ ဖြစ်တယ်။ ငါဘုရားရှင်က ဒီလို အကျဉ်းချုပ်အားဖြင့် ဆိုဆုံးမမှုကို ငါဘုရားရှင်ထံမှ ခံယူရတဲ့ သင်ချစ်သားသည် ဘယ်နေရာမှာ သွားပြီးတော့ ဒီဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းဖို့ရန်အတွက် ရည်ရွယ်ထားပါသလဲ မေးကြည့်တယ်။ အဲဒီအခါမှာ အရှင်ပုဏ္ဏမထေရ်က ဘာပြန်ပြီးတော့ လျှောက်ထားသလဲ?

‘‘ဣမိနာဟံ, ဘန္တေ, ဘဂဝတာ သံခိတ္တေန ဩဝါဒေန ဩဝဒိတော, အတ္ထိ သုနာပရန္တော နာမ ဇနပဒေါ, တတ္ထာဟံ ဝိဟရိဿာမိ’’

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဘဂဝတာ၊ ဘုန်းတော် ခြောက်ပါးသခင် ဘုရားရှင်သည်။ သံခိတ္တေန၊ အကျဉ်းချုပ်အားဖြင့်။ ဣမိနာ ဩဝါဒေန၊ ဤအဆုံးအမ ဩဝါဒဖြင့်။ ဩဝဒိတော၊ ဆိုဆုံးမအပ်သည်ဖြစ်၍။ အဟံ၊ ဘုရားတပည့်တော်သည်။ သုနာပရန္တော နာမ ဇနပဒေါ၊ သုနာပရန္တအမည်ရတဲ့ ဇနပုဒ်သည်။ အတ္ထိ၊ ရှိပါ၏။ တတ္ထ၊ သုနာပရန္တဇနပုဒ်၌။ အဟံ၊ ဘုရားတပည့်တော်သည်။ ဝိဟရိဿာမိ၊ နေထိုင်သီတင်းသုံးပါအံ့။

မြတ်စွာဘုရား ... ဘုရားရှင် အကျဉ်းချုပ်အားဖြင့် ဆိုဆုံးမလိုက်တဲ့ အဆုံးအမကို ခံယူရတဲ့ တပည့်တော်သည် သုနာပရန္တက အမည်ရှိတဲ့ ဇနပုဒ်တစ်ခု ရှိပါတယ်။ ထိုဇနပုဒ်မှာ ဘုရားတပည့်တော်သည် နေထိုင်ပြီး သီတင်းသုံးပါမယ် မြတ်စွာဘုရားဆိုပြီးတော့ ပြန်ပြီးလျှောက်ထားတယ်။ အဲဒီအခါမှာ ဘုရားရှင်က အရှင်ပုဏ္ဏမထေရ်ကို ဘာအမိန့်ရှိသလဲ?

စဏ္ဍာ ခေါ ပုဏ္ဏ သုနာပရန္တကာ မနုဿာ၊ ဖရုသာ ခေါ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ။

ပုဏ္ဏ၊ ချစ်သားပုဏ္ဏ ...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တတိုင်းက လူသားတို့သည်။ စဏ္ဍာ၊ ကြမ်းတမ်းကြကုန်၏။ ပုဏ္ဏ၊ ချစ်သားပုဏ္ဏ ...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တတိုင်းက လူသားတို့သည်။ ဖရုသာ၊ ရက်စက်ကြမ်းကြုတ်ကြကုန်၏၊

သစေ တံ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ အက္ကောသိဿန္တိ ပရိဘာသိဿန္တိ, တတ္ထ တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတိ’’

ပုဏ္ဏ၊ ချစ်သားပုဏ္ဏ ...။ သစေ၊ အကယ်၍။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တတိုင်းက လူသားတို့သည်။ တံ၊ သင်ချစ်သားကို။ အက္ကောသိဿန္တိ၊ ဆဲရေးကြကုန်လတ္တံ့။ ပရိဘာသိဿန္တိ၊ ခြိမ်းခြောက်ကြကုန်လတ္တံ့။ တတ္ထ၊ ထိုကဲ့သို့ ဆဲရေးခြိမ်းခြောက်ကြကုန်ရာ၌။ တေ၊ သင်ချစ်သားသည်။ ကိန္တိ၊ အဘယ်သို့။ ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။

ချစ်သားပုဏ္ဏ ... သုနာပရန္တကတိုင်းက လူသားတွေက ရက်စက်-ကြမ်းကြုတ်ကြတယ်ကွယ်။ ဒါကြောင့် သင်ချစ်သားကို သုနာပရန္တကတိုင်းက လူသားတွေကနေပြီး ဆဲရေးကြမယ်, ခြိမ်းခြောက်ကြမယ်ဆိုရင် ထိုကဲ့သို့ ဆဲရေးလာတဲ့, ခြိမ်းခြောက်လာတဲ့ အချိန်အခါမှာ သင်ချစ်သားရဲ့သန္တာန်၌ ဘယ်လိုများ ဖြစ်သွားမလဲ? ဒီမေးခွန်း မေးကြည့်တယ်။ ဘယ့်,နှယ်တုန်း ဒကာကြီးတွေ, ဒကာမကြီးတွေ ခုနေများ ပုဂ္ဂိုလ်တစ်ဦးက လာပြီးတော့ ဒကာကြီးတွေ ဒီနေရာမှာ ကလော်ပြီး ဆဲလိုက်ပြီ ဆိုကြစို့နော် - ဘာများ ဖြစ်ကြမလဲ? ဟင် ထရိုက်မယ် ... ဟုတ်တယ်လေ။ ဒါ မှန်တယ်လေ။ မှန်တဲ့အတိုင်း ပြောတာ။ စိတ်ဆိုးတော့ ဟုတ်တယ်မဟုတ်လား? ဘယ့်,နှယ်တုန်း သီလရှင်တွေကော ဘယ်လိုများ ဖြစ်ကြမလဲဟင်။ ပါးချနားချတော့ ဖြစ်ကုန်လိမ့်မယ်ထင်တယ်နော်။ ကဲ ဒီနေရာမှာ အရှင်ပုဏ္ဏမထေရ်က ဘာပြန်ပြောလဲ? ဘာပြန်ပြီး လျှောက်ထားသလဲ?

‘‘သစေ မံ, ဘန္တေ, သုနာပရန္တကာ မနုဿာ အက္ကောသိဿန္တိ ပရိဘာသိဿန္တိ, တတ္ထ မေ ဧဝံ ဘဝိဿတိ – ‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မေ နယိမေ ပါဏိနာ ပဟာရံ ဒေန္တိ’

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တတိုင်းက လူသားတို့သည်။ မံ၊ ဘုရားတပည့်တော်ကို။ သစေ အက္ကောသိဿန္တိ၊ အကယ်၍ ဆဲရေးကြကုန်လတ္တံ့။ ပရိဘာသိဿန္တိ၊ အကယ်၍ ခြိမ်းခြောက်ကြကုန်လတ္တံ့။ တတ္ထ၊ ထိုကဲ့သို့ ဆဲရေးခြိမ်းခြောက်ရာ၌။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ၊ ဤသို့လျှင်။ ဘဝိဿတိ၊ ဖြစ်၍ နေပါလိမ့်မယ် မြတ်စွာဘုရား။

အကယ်၍ သုနာပရန္တကတိုင်းက လူသားတွေဟာ တပည့်တော်ကို ဆဲရေးကြမယ်, တပည့်တော်ကို ခြိမ်းခြောက်ကြမယ်ဆိုရင် တပည့်တော်ရဲ့သန္တာန်မှာ ဒီလို ဆဲရေးလာတဲ့အခါ, ခြိမ်းခြောက်လာတဲ့အခါ ဒီစိတ်ထားပဲ ရှိနေလိမ့်မယ်။ ဒီစိတ်ထားလေးကို ပြောချင်လို့ပါနော်။ သူက အကောင်းကို တစ်ဖက်သတ် မြင်တတ်တဲ့ စိတ်ထားပဲနော်။ ဘယ်လိုစိတ်ထားလဲ?

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား...။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တတိုင်းက လူသားတို့သည်။ ဘဒ္ဒကာ ဝတ၊ အလွန်ကောင်းစွတကား။ သုဘဒ္ဒကာ ဝတ၊ အလွန့်အလွန် ကောင်းကြလေကုန်စွတကား။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တတိုင်းက လူသားတို့သည်။ ယံ၊ အကြင် အကြောင်းတရားကြောင့်။ မေ၊ ငါ့အား။ ပါဏိနာ၊ လက်ဖြင့်။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ န ဒေန္တိ၊ မပေးကြလေကုန်။ တသ္မာ၊ [ထို့ကြောင့်]။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တတိုင်းက လူသားတို့သည်။ ဧကန္တေန၊ [စင်စစ်ဧကန် အမှန်အားဖြင့်]။ ဘဒ္ဒကာ၊ ကောင်းကြလေကုန်စွတကား။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တတိုင်းက လူသားတို့သည်။ ဧကန္တေန၊ [စင်စစ်ဧကန် အမှန်အားဖြင့်]။ သုဘဒ္ဒကာ၊ အလွန့်အလွန် ကောင်းကြလေစွတကား။

ဒီသုနာပရန္တကတိုင်းက လူသားတွေဟာ တပည့်တော်ကို ဆဲရေးလာတဲ့အခါ, ခြိမ်းခြောက်လာတဲ့အခါမှာ တပည့်တော်ရဲ့စိတ်ထဲ ဒီလို ဖြစ်နေပါလိမ့်မယ်။ ဘယ်လိုလဲ? ဩော်... ဒီသုနာပရန္တကတိုင်းက လူသားတွေဟာ ငါ့ကို လက်ဖြင့် မပုတ်ခတ် မစော်ကားသေးဘူး။ ဒါကြောင့် ဒီသုနာပရန္တကတိုင်းက လူသားတွေဟာ ကောင်းတဲ့ လူသားတွေသာ ဖြစ်ကြတယ်။ အလွန့်အလွန် ကောင်းတဲ့ လူသားတွေသာ ဖြစ်ကြပါတယ်လို့ ဒီလို တပည့်တော်ရဲ့ စိတ်ထဲမှာ ဖြစ်နေပါလိမ့်မယ်တဲ့။ ဘယ့်နှယ်တုန်း အဲဒီလို စိတ်ထားမျိုးလေးတွေ သဘောမကျကြဘူးလား? ဟင်... သီလရှင်တွေ သဘောကျကြရဲ့လား? ဟုတ်ကဲ့လား...

“ပြန်မယ် တပည့်တော်မ... တပည့်တော်မကို ဒီလိုပြောတာ နည်းနည်းမှ မခံနိုင်ဘူး” ဟော မဟုတ်ဘူးလား... ဟင် ဒါလည်းဟုတ်တယ်။ ဟိုဟာလည်း ဟုတ်တယ်။ ဒီလိုပဲ နှစ်ခုလုံး ဖြစ်နေပြီ ထင်တယ်။ ဟင် ကဲ သူက စိတ်ထားဆိုတာက သူတော်ကောင်းက အမြဲတမ်း အောက်ဆုံးထစ်မှာ ထားရတယ်။ အပေါ်ထစ်ကို မထားရဘူး။ အပေါ်ဆင့် နည်းနည်းလေးရှိရင် အကြောင်းတစ်ခုခုကြောင့် လိမ့်ကျသွားခဲ့ရင် မနာဘူးလား? နာတယ်။ အောက်ဆုံးအဆင့်မှာ နေနေလို့ရှိရင် လိမ့်ကျဖို့ ရှိသေးလား? မရှိတော့ဘူး။ သူက လူဆိုတာက စိတ်ထားလေးကို အောက်ဆုံးအဆင့်မှာ ထားရတယ်။ အပေါ်ဆင့်မှာ မထားနဲ့။ ဟုတ်တယ် မဟုတ်လား?

အခု ဒီမှာကြည့် အရှင်ပုဏ္ဏမထေရ်က ရဟန္တာဖြစ်မယ့် မထေရ်ပါ။ တကယ့်ပါရမီ ရင့်ညောင်းနေတဲ့ သူတော်ကောင်း တကယ့် သူတော်ကောင်းစိတ်ဓာတ် အပြည့်အဝနဲ့ သူက ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ချင်တယ်။ ပွားလည်း ပွားများအားထုတ်မဲ့ သူတော်ကောင်းလည်း ဖြစ်တယ်။ နောက်တစ်ခု ပြောရရင်တော့ အသီတိမဟာသာဝကလို့ ခေါ်ဆိုအပ်တဲ့ မြတ်စွာဘုရားရှင် လက်ရွေးစင် တပည့်ကြီး ၈၀ ရှိပါတယ်။ အဲဒီ အသီတိမဟာသာဝကကြီး ၈၀ ထဲမှာ ဒီအရှင်ပုဏ္ဏမထေရ်ကလည်း တစ်ပါး အပါအဝင် ဖြစ်မယ့် သူတော်ကောင်း ဖြစ်ပါတယ်။

ဒါကြောင့် သူတော်ကောင်း ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ သူတော်ကောင်း စိတ်နေစိတ်ထားလေးတွေ မွေးမြူတတ်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ ဒီမှာ တော်တော် အကောင်းမြင်ပဲ။ သူတို့က လာပြီး ကိုယ့်ကို ဆဲရေးနေမယ်, သူတို့က လာပြီး ကိုယ့်ကို ခြိမ်းခြောက်နေမယ်ဆိုလို့ရှိရင် ဘယ်လို စိတ်ထားရမလဲ? “ဩော်... ငါ့ကို လက်နဲ့ မရိုက်သေးတဲ့အတွက် ဒီပုဂ္ဂိုလ်တွေဟာ အလွန်ကောင်းတဲ့ ပုဂ္ဂိုလ်တွေပဲ” ဒီစိတ်ထားမျိုး ထားရမယ်။ အဲဒီစိတ်ထားမျိုးကို ဘုရားရှင်က ထားစေချင်တဲ့အတွက် သို့မဟုတ် တစ်နည်းအားဖြင့်တော့ အရှင်ပုဏ္ဏမထေရ်ရဲ့သန္တာန်မှာ ဒီစိတ်ထားတွေ ရှိနေတယ်။ ဒီစိတ်ထားရှိကြောင်းကိုလည်း တခြားတခြား ပုဂ္ဂိုလ်တွေ အတုယူကာ လိုက်နာပြီး ပြုပြင်စေလိုတဲ့အတွက် ဒီကြုံးဝါးချက်ကို ဘုရားရှင်က ကြားချင်လို့ ဒီမေးခွန်းမေးနေတာနော်။ ကဲ - နောက်တစ်ခု မြတ်စွာဘုရား အဲဒီအခါမှာ ဘာလဲ?

ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတိ

ဘဂဝါ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား...။ ဧတ္ထ၊ ဤကဲ့သို့ ဆဲရေးခြိမ်းခြောက်၍ လာရာ၌။ မေ၊ ဘုရားတပည့်တော်၏သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မယ်။ သုဂတ၊ ကောင်းသော စကားကို ဆိုတော်မူတတ်ပါပေသော မြတ်စွာဘုရား။ ဧတ္ထ၊ ဤကဲ့သို့ ဆဲရေးခြိမ်းခြောက်၍ လာရာ၌။ မေ၊ ဘုရားတပည့်တော်၏သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ လာနေပါလိမ့်မယ် မြတ်စွာဘုရား...။

ဘယ်လောက်ကောင်းသလဲနော် - အဲဒါက သူက ဘုရားရှေ့မှာ နှုတ်ခမ်းလေး ပျားရည်ဆမ်းပြီးတော့ ချိုချိုလေး ပြောသွားတဲ့စကားမျိုး ဟုတ်သလား? မဟုတ်ပါဘူး။ တကယ့် စိတ်ပါလက်ပါနဲ့ ဒီစိတ်ထားမျိုး တကယ်ရှိတယ်ဆိုတဲ့အကြောင်းကို ဖော်ပြနေတာ။ ဘုရားရှင်ကလည်း ယုံကြည်ပါတယ်။ ဒီစိတ်ထားရှိတယ်ဆိုတာနော်။ နောက်တစ်ချီ ဆက်ပြီး ဘုရားရှင်က မေးပြန်တယ် -

သစေ ပန တေ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ ပါဏိနာ ပဟာရံ ဒဿန္တိ, တတ္ထ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတိ?

ပုဏ္ဏ၊ ချစ်သားပုဏ္ဏ...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တတိုင်းက လူသားတို့သည်။ တေ၊ သင်ချစ်သားအား။ ပါဏိနာ၊ လက်ဖြင့်။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ သစေ ပန ဒဿန္တိ၊ အကယ်၍ ပေးကြကုန်လတ္တံ့။ တတ္ထ ပန၊ ထိုကဲ့သို့ လက်ဖြင့် ပုတ်ခတ်စော်ကား၍ လာရာ၌။ တေ၊ သင်ချစ်သားရဲ့သန္တာန်၌။ ကိန္တိ၊ အဘယ်သို့လျှင်။ ဘဝိဿတိ၊ ဖြစ်၍ နေပေလိမ့်မလဲ။

အကယ်၍ သုနာပရန္တကတိုင်းက လူသားတွေက သင်ချစ်သားကို လက်နဲ့ လာပြီး ပုတ်ခတ်ကြမယ်, စော်ကားကြမယ်။ အဲဒီလို လက်ဖြင့် ပုတ်ခတ်စော်ကားတဲ့ အချိန်အခါမှာ ဘယ်လိုများ ဖြစ်နေမလဲ? ဒီမေးခွန်းတစ်ခု မေးကြည့်တယ်။ ဘယ့်နှယ်တုန်း သီလရှင်တွေ သူများ ပါးလာရိုက်မယ်ဆိုရင် ဘယ့်နှယ်နေကြမလဲ? ဟင် ပြန်ချမလား, မချဘူးလား? အာ.. မချဘူးလဲပြောတယ်, ချမယ်လည်း ပြောတယ်။ ဟုတ်လား ဘယ်လို ဟန်ကျမလဲတော့ မသိဘူးနော်။ အဲဒီအခါမှ အရှင်ပုဏ္ဏမထေရ်က ဘာပြန်လျှောက်ထားသလဲ?

သစေ မေ, ဘန္တေ, သုနာပရန္တကာ မနုဿာ ပါဏိနာ ပဟာရံ ဒဿန္တိ, တတ္ထ မေ ဧဝံ ဘဝိဿတိ –

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တတိုင်းက လူသားတို့သည်။ မံ၊ ဘုရားတပည့်တော်ကို။ ပါဏိနာ၊ လက်ဖြင့်။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ သစေ ဒဿန္တိ၊ အကယ်၍ ပေးကြကုန်လတ္တံ့။ တတ္ထ၊ ထိုကဲ့သို့ လက်ဖြင့် ပုတ်ခတ်စော်ကားခြင်းကို ပေးရာ၌။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မယ် မြတ်စွာဘုရား။

မြတ်စွာဘုရား... အကယ်၍ သုနာပရန္တကတိုင်းက လူသားတွေဟာ ဘုရားတပည့်တော်ကို လက်ဖြင့် ပုတ်ခတ်စော်ကားခြင်းကို လာပြီး ပေးခဲ့မယ်ဆိုရင် ထိုကဲ့သို့ လက်ဖြင့် ပုတ်ခတ်စော်ကားခြင်းကို လာပြီး ပေးတဲ့အခါမှာ ဘုရားတပည့်တော်ရဲ့သန္တာန်မှာ ဒီလို စိတ်ထားတွေ ဖြစ်နေလိမ့်မယ်။ ဘယ်လိုလဲ?

ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မေ နယိမေ လေဍ္ဍုနာ ပဟာရံ ဒေန္တီတိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတိ။

ယံ၊ အကြင် အကြောင်းတရားကြောင့်။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တကတိုင်းက လူသားတို့သည်။ မေ၊ ငါ့အား။ လေဍ္ဍုနာ၊ ခဲဖြင့်။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ န ဒေန္တိ၊ မပေးကြလေကုန်။ တသ္မာ၊ ထို့ကြောင့်။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တကတိုင်းက လူသားတို့သည်။ ဘဒ္ဒကာ ဝတ၊ အလွန် ကောင်းကြလေကုန်စွတကား။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တတိုင်းက လူသားတို့သည်။ သုဘဒ္ဒကာ ဝတ၊ အလွန့်အလွန် ကောင်းကြလေကုန်စွတကား။ ဣတိ၊ ဤသို့လျှင်။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ စိတ္တံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မယ် မြတ်စွာဘုရား။

ဘယ်လောက်ကောင်းသလဲဟင်... အကယ်၍ သူတို့ကနေပြီးတော့ လက်နဲ့ လာပြီး ပုတ်ခတ်စော်ကားကြမယ်ဆိုရင် ဩော် သုနာပရန္တကတိုင်းက လူသားတွေဟာ ငါ့ကို ခဲဖြင့် လာပြီး ပုတ်ခတ်စော်ကားမှုကို မပေးကြသေးဘူး ဆိုပြီးတော့ မပေးကြသေးဘူး။ ဒါကြောင့် ဒီသုနာပရန္တကတိုင်းက လူသားတွေဟာ ကောင်းတဲ့ လူသားတွေသာ ဖြစ်ကြပါတယ်။ အလွန့်အလွန် ကောင်းတဲ့ လူသားတွေသာ ဖြစ်ကြပါတယ်လို့ ဒီလို စိတ်ထားမျိုး တပည့်တော်ရဲ့သန္တာန်မှာ ဖြစ်ပေါ်နေပါလိမ့်မယ် မြတ်စွာဘုရား...။

ဘဂဝါ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား...။ ဧတ္ထ၊ ဤကဲ့သို့ ခဲဖြင့် ပုတ်ခတ်စော်ကား၍ လာရာ၌။ မေ၊ ဘုရားတပည့်တော်၏သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မယ် မြတ်စွာဘုရား။ သုဂတ၊ ကောင်းသော နိဗ္ဗာန်သို့ ကြွသွားတော်မူတတ်ပါပေသော မြတ်စွာဘုရား။ ဧတ္ထ၊ ဤကဲ့သို့ ခဲဖြင့် ပုတ်ခတ်စော်ကား၍ လာရာ၌။ မေ၊ ဘုရားတပည့်တော်၏သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ လာနေပါလိမ့်မယ် မြတ်စွာဘုရား...။

သူတို့က ခဲဖြင့် လာပြီး ပုတ်ခတ်စော်ကားတဲ့ အချိန်အခါမှာ တပည့်တော်ရဲ့ သန္တာန်မှာ ဒီလိုစိတ်ထားတွေသာ ဖြစ်ပေါ်နေပါလိမ့်မယ် မြတ်စွာဘုရား...။ လျှောက်ထားတယ်။ ဘယ်နှစ်ချက် ရှိပြီလဲ?

၂ ချက် ရှိသွားပြီနော်။ နောက် တတိယအကြိမ် မြတ်စွာဘုရားက ထပ်ပြီးတော့ မေးတော်မူပြန်တယ်။

သစေ ပန တေ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ လေဍ္ဍုနာ ပဟာရံ ဒဿန္တိ, တတ္ထ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတိ?

ပုဏ္ဏ၊ ချစ်သားပုဏ္ဏ...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တကတိုင်းက လူသားတို့သည်။ တေ၊ သင်ချစ်သားအား။ လေဍ္ဍုနာ၊ ခဲဖြင့်။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ သစေ ဒဿန္တိ၊ အကယ်၍ ပေးကြကုန်လတ္တံ့။ ပုဏ္ဏ၊ ချစ်သားပုဏ္ဏ...။ တတ္ထ၊ ထိုကဲ့သို့ ခဲဖြင့် ပုတ်ခတ်စော်ကားခြင်းကို ပေး၍ နေရာ၌။ တေ၊ သင်ချစ်သားရဲ့သန္တာန်၌။ ကိံ၊ အဘယ်သို့လျှင်။ ဘဝိဿတိ၊ ဖြစ်၍ နေပေလိမ့်မည်နည်း။

ချစ်သားပုဏ္ဏ... အကယ်၍ သုနာပရန္တကတိုင်းက လူသားတွေက သင်ချစ်သားကို အကယ်၍ ခဲနဲ့ ပုတ်ခတ်စော်ကားကြမယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာ ဘယ်လိုများ ဖြစ်နေမလဲ? ဒီမေးခွန်း မေးကြည့်တယ်နော်။ အဲဒီအခါမှာ အရှင်ပုဏ္ဏမထေရ်က ဘာပြန်ပြီး လျှောက်ထားလဲ?

သစေ မေ, ဘန္တေ, သုနာပရန္တကာ မနုဿာ လေဍ္ဍုနာ ပဟာရံ ဒဿန္တိ, တတ္ထ မေ ဧဝံ ဘဝိဿတိ –

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တကတိုင်းက လူသားတို့သည်။ မေ၊ ဘုရားတပည့်တော်အား။ လေဍ္ဍုနာ၊ ခဲဖြင့်။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ သစေ ဒဿန္တိ၊ အကယ်၍ ပေးကြကုန်ငြားအံ့။ တတ္ထ၊ ထိုကဲ့သို့ ခဲဖြင့် ပုတ်ခတ်စော်ကားမှုကို ပေးရာ၌။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မယ် မြတ်စွာဘုရား။

မြတ်စွာဘုရား... သုနာပရန္တကတိုင်းက လူသားတွေဟာ ဘုရားတပည့်တော်ကို ခဲဖြင့် ပုတ်ခတ်စော်ကားမှုကို ပေးခဲ့မယ်ဆိုရင် ဘုရားတပည့်တော်ရဲ့သန္တာန်မှာ ထိုကဲ့သို့ ခဲဖြင့် ပုတ်ခတ်စော်ကားလာရာမှာ ဒီစိတ်ထားဘဲ ရှိနေလိမ့်မယ်။ ဘယ်လိုလဲ?

‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မေ နယိမေ ဒဏ္ဍေန ပဟာရံ ဒေန္တီ’တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။

ယံ ယေန ကာရဏေန၊ ဤအကြောင်းတရားကြောင့်။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တကတိုင်းက လူသားတို့သည်။ မေ၊ ငါ့အား။ ဒဏ္ဍေန၊ တုတ်ဖြင့်။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ န ဒေန္တိ၊ မပေးကြလေကုန်။ တေန ကာရဏေန၊ ထိုအကြောင်းတရားကြောင့်။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တကတိုင်းက လူသားတို့သည်။ ဘဒ္ဒကာ ဝတ၊ အလွန် ကောင်းကြလေစွတကား။ ဣတိ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မည် မြတ်စွာဘုရား။ ဘဂဝါ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဧတ္ထ၊ ဤကဲ့သို့ ခဲဖြင့် ပုတ်ခတ်စော်ကား၍ လာရာ၌။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မည် မြတ်စွာဘုရား။ သုဂတ၊ ကောင်းသော နိဗ္ဗာန်သို့ ကြွသွားတော်မူတတ်ပါပေသော မြတ်စွာဘုရား။ ဧတ္ထ၊ ဤကဲ့သို့ ခဲဖြင့် ပုတ်ခတ်စော်ကား၍ လာရာ၌။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ လာနေပါလိမ့်မည် မြတ်စွာဘုရား ...။

မြတ်စွာဘုရား ... သုနာပရန္တကတိုင်းက လူသားတွေက တပည့်တော်ကို ခဲနဲ့ လာပြီး ပုတ်ခတ်စော်ကားကြမယ်ဆိုရင် “ဩော် သုနာပရန္တကတိုင်းက လူသားတွေဟာ ငါ့ကို တုတ်ဖြင့် လာပြီး ပုတ်ခတ်စော်ကားမှုကို မပေးကြသေးဘူး။ ဒါကြောင့် ဒီသုနာပရန္တကတိုင်းက လူသားတွေဟာ ကောင်းတဲ့ လူသားတွေသာ ဖြစ်ကြပါတယ်။ အလွန့်အလွန် ကောင်းတဲ့ လူသားတွေသာ ဖြစ်ကြပါတယ်လို့ ဒီလို စိတ်ထားမျိုး တပည့်တော်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေပါလိမ့်မယ် မြတ်စွာဘုရား ...” ဆိုပြီးတော့ လျှောက်ထားတယ်နော်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ ဘယ်နှစ်ချက် ရှိသွားပြီလဲ? ၃-ချက်ရှိသွားပြီ။ နောက် စတုတ္ထအကြိမ်အနေနဲ့ ဘုရားရှင်က ထပ်ပြီး မေးပြန်တယ် -

သစေ ပန တေ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ ဒဏ္ဍေန ပဟာရံ ဒဿန္တိ, တတ္ထ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတိ?

ပုဏ္ဏ၊ ချစ်သားပုဏ္ဏ ...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တကတိုင်းက လူသားတို့သည်။ တေ၊ သင်ချစ်သားအား။ ဒဏ္ဍေန၊ တုတ်ဖြင့်။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ သစေ ဒဿန္တိ၊ အကယ်၍ ပေးကြကုန်ငြားအံ့။ တတ္ထ၊ ထိုကဲ့သို့ တုတ်ဖြင့် ပုတ်ခတ်စော်ကားခြင်းကို ပေးရာ၌။ တေ၊ သင်ချစ်သားရဲ့ သန္တာန်၌။ ကိံ၊ အဘယ်သို့လျှင်။ ဘဝိဿတိ၊ ဖြစ်၍ နေပါလိမ့်မည်နည်း။

ချစ်သားပုဏ္ဏ ... သုနာပရန္တကတိုင်းက လူသားတွေက အသင်ချစ်သားကို အကယ်၍ တုတ်နဲ့ ပုတ်ခတ်စော်ကားခြင်းကို ပေးခဲ့မယ်ဆိုရင် ထိုကဲ့သို့ တုတ်ဖြင့် ပုတ်ခတ်စော်ကားမှုကို ပေးတဲ့ အချိန်အခါမှာ သင်ချစ်သားရဲ့ သန္တာန်မှာ ဘယ်လို စိတ်ထားမျိုးတွေ ဖြစ်နေမလဲ? မေးကြည့်တယ်နော်။ အဲဒီအခါကျမှ အရှင်ပုဏ္ဏမထေရ်က ဘာပြန်ပြီး လျှောက်ထားလဲ?

‘‘သစေ မေ, ဘန္တေ, သုနာပရန္တကာ မနုဿာ ဒဏ္ဍေန ပဟာရံ ဒဿန္တိ, တတ္ထ မေ ဧဝံ ဘဝိဿတိ –

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တကတိုင်းက လူသားတို့သည်။ မေ၊ ဘုရားတပည့်တော်အား။ ဒဏ္ဍေန၊ တုတ်ဖြင့်။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ သစေ ဒဿန္တိ၊ အကယ်၍ ပေးကြကုန်ငြားအံ့။ တတ္ထ၊ ထိုကဲ့သို့ တုတ်ဖြင့် ပုတ်ခတ်စော်ကားခြင်းကို ပေးရာ၌။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မည် မြတ်စွာဘုရား ...။

ဘယ်လိုဖြစ်မလဲ?

‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မေ နယိမေ သတ္ထေန ပဟာရံ ဒေန္တီ’တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။

ယံ ယေန ကာရဏေန၊ အကြင် အကြောင်းတရားကြောင့်။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တကတိုင်းက လူသားတို့သည်။ မေ၊ ငါ့အား။ သတ္ထေန၊ ဓားဖြင့်။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ န ဒေန္တိ၊ မပေးကြလေကုန်။ တေန ကာရဏေန၊ ထိုအကြောင်းတရားကြောင့်။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တကတိုင်းက လူသားတို့သည်။ ဘဒ္ဒကာ ဝတ၊ ကောင်းကြလေကုန်စွတကား။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တကတိုင်းက လူသားတို့သည်။ သုဘဒ္ဒကာ ဝတ၊ အလွန့်အလွန် ကောင်းကြလေကုန်စွတကား။ ဣတိ ဧဝံ၊ ဤသို့လျှင်။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မည် မြတ်စွာဘုရား ...၊

ဘန္တေ ဘဂဝါ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဧတ္ထ၊ ဤကဲ့သို့ တုတ်ဖြင့် ပုတ်ခတ်စော်ကား၍ လာရာ၌။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မည် မြတ်စွာဘုရား။ သုဂတ၊ ကောင်းသော နိဗ္ဗာန်သို့ ကြွသွားတော်မူတတ်ပါပေသော မြတ်စွာဘုရား။ ဧတ္ထ၊ ဤကဲ့သို့ တုတ်ဖြင့် ပုတ်ခတ်စော်ကား၍ လာရာ၌။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ လာနေပါလိမ့်မည် မြတ်စွာဘုရား ...။

မြတ်စွာဘုရား ... သုနာပရန္တကတိုင်းက လူသားတွေက အကယ်၍ တပည့်တော်ကို တုတ်နဲ့ ပုတ်ခတ်စော်ကားမှုကို ပေးခဲ့မယ်ဆိုရင် “ဒီသုနာပရန္တကတိုင်းက လူသားတွေဟာ ငါ့ကို ဓားလက်နက်ဖြင့် ပုတ်ခတ်စော်ကားမှုကို မပေးကြသေးဘူး။ ဒါကြောင့် ဒီသုနာပရန္တကတိုင်းက လူသားတွေဟာ ကောင်းတဲ့ လူသားတွေသာ ဖြစ်ကြပါပေတယ်။ သုနာပရန္တကတိုင်းက လူသားတွေဟာ အလွန့်အလွန် ကောင်းတဲ့ လူသားတွေသာ ဖြစ်ကြပါပေတယ်။ ဒီလို စိတ်ထားမျိုး ဘုရားတပည့်တော်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေပါလိမ့်မယ် မြတ်စွာဘုရား ...” ဆိုပြီးတော့ ပြန်ပြီး လျှောက်ထားတယ်။ ဘယ့်နှယ်တုန်း အဲဒီစိတ်ထားမျိုးကော ထားနိုင်ကြပါ့မလား? ဟင် ငြိမ်သွားပြီ ဟုတ်လား။ ဟန်ကျတယ် ... သူတော်ကောင်းဖြစ်ချင်ရင် ဒီစိတ်ထားမျိုး ထားရမလား, မထားရဘူးလား? ထားရမယ်။ ငုံ့ခံနေရမယ် ဒီလို မဆိုလိုပါဘူးနော်။ သူများက လုပ်ချင်ရာလုပ် ငုံ့ခံနေရမယ် ဒီလို မဟုတ်ဘူး။ မိမိရဲ့ သန္တာန်မှာ ကုသိုလ်တရား တိုးပွားအောင်သာ နှလုံးသွင်းတတ်ရမယ် ဒီလို ဆိုချင်တာပါနော်။ ကဲ ... နောက်တစ်ကြိမ် ဘုရားရှင်က ထပ်ပြီး မေးပြန်တယ် -

‘‘သစေ ပန တေ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ သတ္ထေန ပဟာရံ ဒဿန္တိ, တတ္ထ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတိ’’?

ပုဏ္ဏ၊ ချားသားပုဏ္ဏ ...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တကတိုင်းက လူသားတို့သည်။ သတ္ထေန၊ ဓားလက်နက်ဖြင့်။ တေ၊ သင်ချစ်သားအား။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ သစေ ဒဿန္တိ၊ အကယ်၍သာ ပေးကြကုန်ငြားအံ့။ တတ္ထ၊ ထိုကဲ့သို့ ဓားလက်နက်ဖြင့် ပုတ်ခတ်စော်ကားမှုကို ပေးရာ၌။ တေ၊ သင်ချစ်သားရဲ့ သန္တာန်၌။ ကိံ၊ အဘယ်သို့လျှင်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မည်နည်း။

ချစ်သားပုဏ္ဏ ... သုနာပရန္တကတိုင်းက လူသားတွေက ချစ်သားကို အကယ်၍ ဓားလက်နက်ဖြင့် ပုတ်ခတ်စော်ကားမှုကို ပေးကြမယ်ဆိုရင် ထိုဓားလက်နက်ဖြင့် ပုတ်ခတ်စော်ကားလာတဲ့အခါမှာ သင်ချစ်သားရဲ့ သန္တာန်မှာ ဘယ်လို စိတ်ထားမျိုး ဖြစ်ပေါ်နေလိမ့်မလဲ? မေးကြည့်တာနော်။ ဓားနှင့်လာခုတ်ပြီ။ ဘယ့်နှယ်လဲ? အဲဒီအခါကျတော့မှ အရှင်ပုဏ္ဏမထေရ်က သူ့ရဲ့ စိတ်နေစိတ်ထားလေးကို ပြန်ပြီး လျှောက်ထားတယ်နော် -

‘‘သစေ မေ, ဘန္တေ, သုနာပရန္တကာ မနုဿာ သတ္ထေန ပဟာရံ ဒဿန္တိ, တတ္ထ မေ ဧဝံ ဘဝိဿတိ –

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တကတိုင်းက လူသားတို့သည်။ သတ္ထေန၊ ဓားလက်နက်ဖြင့်။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ မေ၊ ဘုရားတပည့်တော်အား။ သစေ ဒဿန္တိ၊ အကယ်၍ကား ပေးလာကြကုန်ငြားအံ့။ တတ္ထ၊ ထိုကဲ့သို့ ဓားလက်နက်ဖြင့် ပုတ်ခတ်စော်ကားမှုကို ပေးရာ၌။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မည် မြတ်စွာဘုရား ...။

ဘယ်လိုဖြစ်မလဲ?

‘ဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, သုဘဒ္ဒကာ ဝတိမေ သုနာပရန္တကာ မနုဿာ, ယံ မံ နယိမေ တိဏှေန သတ္ထေန ဇီဝိတာ ဝေါရောပေန္တီ’တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတိ’’

ယံ ယေန ကာရဏေန၊ အကြင် အကြောင်းတရားကြောင့်။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တကတိုင်းက လူသားတို့သည်။ တိဏှေန သတ္ထေန၊ ထက်မြက်လှစွာသော ဓားလက်နက်ဖြင့်။ ဇီဝိတာ၊ အသက်မှ။ န ဝေါရောပေန္တိ၊ မချကြလေကုန်။ မံ၊ ငါ့ကို။ တိဏှေန သတ္ထေန၊ ထက်မြက်လှစွာသော ဓားလက်နက်ဖြင့်။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ န ဝေါရောပေန္တီတိ၊ မချကြလေကုန် (ဝါ) အသေမသတ်ကြလေကုန်။ တံ၊ ထိုအကြောင်းတရားကြောင့်။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တကတိုင်းက လူသားတို့သည်။ ဘဒ္ဒကာ ဝတ၊ ကောင်းကြလေကုန်စွတကား။ ဣမေ သုနာပရန္တကာ မနုဿာ၊ ဤသုနာပရန္တကတိုင်းက လူသားတို့သည်။ သုဘဒ္ဒကာ ဝတ၊ အလွန့်အလွန် ကောင်းကြလေကုန်စွတကား။ ဣတိ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးနှင့်။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မည် မြတ်စွာဘုရား။

ဘန္တေ ဘဂဝါ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဧတ္ထ၊ ဤကဲ့သို့ ဓားလက်နက်ဖြင့် ပုတ်ခတ်စော်ကား၍ လာရာ၌။ မေ၊ ဘုရားတပည့်တော်ရဲ့ သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မည် မြတ်စွာဘုရား ...။ သုဂတ၊ ကောင်းသော နိဗ္ဗာန်သို့ ကြွသွားတော်မူတတ်ပါပေသော မြတ်စွာဘုရား။ ဧတ္ထ၊ ဤကဲ့သို့ ဓားလက်နက်ဖြင့် ပုတ်ခတ်စော်ကား၍ လာရာ၌။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ လာနေပါလိမ့်မည် မြတ်စွာဘုရား ...။

ဘယ်လောက်ကောင်းလဲ? ဘယ်လောက် အဆင့်အတန်းမြင့်တဲ့ စိတ်ထားလဲ ကြည့်ပေါ့။ “ဒင်းတို့က ငါ့ကို ဒီလို လုပ်ရက်လေခြင်း” ဆိုတဲ့ စိတ်ထားမျိုး ရှိလား? မရှိဘူး။ သူတော်ကောင်းဆိုတာ ဒီစိတ်ထားမျိုး ထားရတာ။ မိမိရဲ့ တရားကိုသာ မိမိ တွင်တွင်ကြီး နှလုံးသွင်းနေရပါတယ်နော်။ တစ်ဖက်သားအပေါ်၌ အဆိုးမမြင်ဘဲ အကောင်းကိုသာ မြင်တတ်ဖို့ လိုတယ်။ အကောင်းကို မမြင်ဘဲ အဆိုးကိုသာ တစ်ဖက်သတ် မြင်ရင် ထိုမြင်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အကုသိုလ်တရားတွေ မတိုးပွားဘူးလား? တိုးပွားတယ်။ ထို အကောင်း မမြင်တတ်တဲ့ အဆိုးကိုသာ တစ်ဖက်သတ် မြင်နေတဲ့ ပုဂ္ဂိုလ်နဲ့ ပေါင်းဖော်နေတဲ့ ပုဂ္ဂိုလ်, ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်, မြင်ရ ကြားရ တွေ့ရတဲ့ ပုဂ္ဂိုလ် အားလုံးရဲ့ သန္တာန်မှာလည်း အကုသိုလ်တရားတွေ မတိုးပွားဘူးလား? တိုးပွားနေလိမ့်မယ်။

အခု ဒီမှာ ကြည့်ပါလား ... သူက အကောင်း မြင်တယ်။ မိမိကို ဓားလက်နက်နဲ့ လာပြီးတော့ အသေတော့ မသတ်သေးဘူး။ လာပြီး ပုတ်ခတ်စော်ကားပြီ။ ဓားလက်နက်နဲ့ အခုလိုပေါ့ - နှာခေါင်း ဖြတ်တယ်, လက်တွေ ခြေတွေ ဖြတ်တယ်, နားရွက်တွေ ဖြတ်တယ် စသည်ဖြင့် ဒီလို ဓားလက်နက်နဲ့ လာပြီးတော့ ပုတ်ခတ်စော်ကားပြီဆိုရင် ဘယ်လို စိတ်ထားမလဲ?

“ဩော် ... ငါ့ကို ထက်မြက်လှစွာသော ဓားလက်နက်ဖြင့် အသေ မသတ်ကြသေးပါလား” လို့ ဒီလို စိတ်ထားရတယ်။ အဲဒီလို စိတ်ထားပါမယ်ဆိုတဲ့အကြောင်းကို သူက မြတ်စွာဘုရားကို တင်ပြလျှောက်ထားတယ်။ အဲဒီလို ဓားလက်နက်နဲ့ လာပြီး ပုတ်ခတ်စော်ကားနေတဲ့ သုနာပရန္တက တိုင်းသားတွေအပေါ်မှာလည်း သူက ဘယ်လို ဖြစ်နေလဲ?

ထက်မြက်လှစွာသော ဓားလက်နက်ဖြင့် ငါ့ကို အသေ မသတ်ကြသေးဘူး။ ဒါကြောင့် ဒီသုနာပရန္တကတိုင်းက လူသားတွေဟာ ကောင်းတဲ့ လူသားတွေသာ ဖြစ်ကြပါပေတယ်။ အလွန့်အလွန် ကောင်းတဲ့ လူသားတွေသာ ဖြစ်ကြပါပေတယ် ဆိုပြီးတော့ ဒီလို သူက အကောင်းမြင်ခဲ့တဲ့ စိတ်ထားရှိနေလိမ့်မယ်။ ဒါက ဘုရားရှင်ကို သူက တင်ပြလျှောက်ထားနေတာနော်။ အဲဒီအခါကျတော့မှ ဘုရားရှင်က နောက်ထပ် ထပ်ပြီးတော့ မေးပြန်တယ်နော်။ ၇-ကြိမ်မြောက်နော် -

‘‘သစေ ပန တံ, ပုဏ္ဏ, သုနာပရန္တကာ မနုဿာ တိဏှေန သတ္ထေန ဇီဝိတာ ဝေါရောပေဿန္တိ, တတ္ထ ပန တေ, ပုဏ္ဏ, ကိန္တိ ဘဝိဿတိ’’?

ပုဏ္ဏ၊ ချစ်သားပုဏ္ဏ...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တကတိုင်းက လူသားတို့သည်။ တံ၊ သင်ချစ်သားကို။ တိဏှေန သတ္ထေန၊ ထက်မြက်လှစွာသော ဓားလက်နက်ဖြင့်။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ ဝေါရောပေဿန္တိ၊ အကယ်၍ ချကြကုန်ငြားအံ့။ တတ္ထ၊ ထိုကဲ့သို့ ထက်မြက်လှစွာသော ဓားလက်နက်ဖြင့် သင်ချစ်သား၏ ဇီဝိတိန္ဒြေကို ချရာ၌။ တေ၊ သင်ချစ်သား၏သန္တာန်၌။ ကိန္တိ၊ အဘယ်သို့လျှင်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပေလိမ့်မည်နည်း။

အကယ်၍ သုနာပရန္တကတိုင်းက လူသားတွေက သင်ချစ်သားကို ထက်မြက်လှစွာသော ဓားလက်နက်ဖြင့် ဇီဝိတိန္ဒြေမှ အကယ်၍ ချခဲ့မယ်ဆိုရင်, အသေသတ်ခဲ့မယ်ဆိုရင် ထိုကဲ့သို့ အသေသတ်ရာ၌ သင်ချစ်သား၏စိတ်ထဲမှာ ဘယ်လိုများ ဖြစ်နေလိမ့်မလဲ, ဘယ်လို ဖြစ်ကြမလဲ? သတ်တော့မယ်နော်။ လက်ပြန်ကြိုးကြီး တုတ်ပြီ။ ကျင်းထဲချလိုက်ပြီ။ အပေါ်ကလည်း ခုတ်တော့မယ်။ ဘယ့်နှယ့်နေမလဲ ဟင် ... ကြောက်နေမှာပဲ။ ဟုတ်တယ်မဟုတ်လား? ဟိုတစ်နေ့က ဘုန်းကြီး ပြောသလိုပဲနော်။ ကြောက်တော့ ကြောက်မှာပဲ။ အဲဒီအချိန်အခါမှာ အရှင်ပုဏ္ဏမထေရ်က သူ့ရဲ့စိတ်ထားလေးကို တင်ပြလျှောက်ထားတယ် -

‘‘သစေ မံ, ဘန္တေ, သုနာပရန္တကာ မနုဿာ တိဏှေန သတ္ထေန ဇီဝိတာ ဝေါရောပေဿန္တိ, တတ္ထ မေ ဧဝံ ဘဝိဿတိ –

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား...။ သုနာပရန္တကာ မနုဿာ၊ သုနာပရန္တကတိုင်းက လူသားတို့သည်။ တိဏှေန သတ္ထေန၊ ထက်မြက်လှစွာသော ဓားလက်နက်ဖြင့်။ မံ၊ ဘုရားတပည့်တော်အား။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ ဝေါရောပေဿန္တိ၊ အကယ်၍ ချကြကုန်ငြားအံ့။ တတ္ထ၊ ထိုကဲ့သို့ ဘုရားတပည့်တော်၏ ဇီဝိတိန္ဒြေကို ချ၍လာရာ၌။ မေ၊ ဘုရားတပည့်တော်၏ သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မယ် မြတ်စွာဘုရား...။

သုနာပရန္တကတိုင်းက လူသားတွေက ဘုရားတပည့်တော်၏ အသက်ကို အသေသတ်ကြမယ်ဆိုရင်, ထက်မြက်လှစွာသော လက်နက်ဖြင့် အသေသတ်ကြမယ်ဆိုရင် ထိုကဲ့သို့ အသေသတ်လာတဲ့ အခါမှာ တပည့်တော်၏ စိတ်ထားက ဒီလို ဖြစ်နေလိမ့်မယ်။ ဘယ်လိုလဲ?

‘သန္တိ ခေါ ဘဂဝတော သာဝကာ ကာယေ စ ဇီဝိတေ စ အဋ္ဋီယမာနာ ဟရာယမာနာ ဇိဂုစ္ဆမာနာ သတ္ထဟာရကံ ပရိယေသန္တိ။ တံ မေ ဣဒံ အပရိယိဋ္ဌံယေဝ သတ္ထဟာရကံ Laddhha’nti။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။

ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်၏။ သာဝကာ၊ တပည့်သာဝကတို့သည်။ ကာယေ စ၊ ကိုယ်၌လည်းကောင်း။ ဇီဝိတေ စ၊ အသက်၌လည်းကောင်း။ အဋ္ဋီယမာနာ၊ နာကျင်ကြကုန်သည်ဖြစ်၍ (ဝါ) ငြီးငွေ့ကြကုန်သည်ဖြစ်၍။ ဟရာယမာနာ၊ ရှက်ကြကုန်သည်ဖြစ်၍။ ဇိဂုစ္ဆမာနာ၊ ရွံ့ရှာကြတယ်၊ ရှက်နိုးကြကုန်သည်ဖြစ်၍၊ စက်ဆုပ်ကြကုန်သည်ဖြစ်၍။ သတ္ထဟာရကံ၊ ဓားလက်နက်ကို ဆောင်ခြင်းကို (ဝါ) အသက်သတ်သမားကို။ ပရိယေသန္တိ၊ ရှာမှီးကြကုန်၏။ တေ သန္တိ ခေါ၊ ထိုကဲ့သို့သော ဘုရားရှင်၏ တပည့်သာဝကတို့သည် ရှိကြကုန်သည်သာလျှင်တည်း။ မေ၊ ငါ၏သန္တာန်၌။ ဣဒံ သတ္ထဟာရကံ၊ ဤဓားလက်နက်ကို ဆောင်ခြင်းဆိုတဲ့ အမှုကို။ အပရိယိဋ္ဌံယေဝ၊ မရှာဖွေရဘဲသာလျှင်။ လဒ္ဓံ၊ ရရှိအပ်ပါပေပြီ။ ဣတိ၊ ဤသို့လျှင်။ မေ၊ ဘုရားတပည့်တော်၏သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မယ် မြတ်စွာဘုရား...။ ဘဂဝါ၊ မြတ်စွာဘုရား... ဧတ္ထ၊ ဤကဲ့သို့ အသက်ကို ချ၍လာရာ၌။ မေ ဧဝံ ဘဝိဿတိ၊ ဘုရားတပည့်တော်၏ သန္တာန်၌ ဤကဲ့သို့သော စိတ်ထားမျိုးသည် ဖြစ်ပေါ်၍ နေပါလိမ့်မည်။ သုဂတ၊ ကောင်းသော နိဗ္ဗာန်သို့ ကြွသွားတော်မူတတ်ပါပေသော မြတ်စွာဘုရား... ဧတ္ထ၊ ဤကဲ့သို့ အသက်ကို ချ၍လာရာ၌။ မေ ဧဝံ ဘဝိဿတိ၊ ဘုရားတပည့်တော်၏ သန္တာန်၌ ဤကဲ့သို့သော စိတ်ထားမျိုးသည် ဖြစ်ပေါ်၍ နေပါလိမ့်မယ် မြတ်စွာဘုရား။

မြတ်စွာဘုရား ... ဘုရားရှင်၏ တပည့်သာဝကတွေ ရှိကြပါတယ်။ ထိုတပည့်သာဝကတွေဟာ မိမိ၏ခန္ဓာကိုယ်အပေါ်မှာ, မိမိ၏အသက်အပေါ်မှာ နာကျင်နေကြတယ်၊ ရွံရှာကြတယ်၊ စက်ဆုပ်ကြတယ်။ ဓားလက်နက်ကို လိုက်ပြီးတော့ အသေသတ်မယ့် ဓားလက်နက်ကို လိုက်ပြီးတော့ ရှာဖွေနေကြတယ်။ ထိုကဲ့သို့သော ရှာဖွေမှုကို တပည့်တော်က မပြုလုပ်ရဘဲ ဓားလက်နက်ဆောင်ခြင်းဆိုတဲ့ အမှုကို ငါသည် လွယ်လွယ်ကူကူနှင့် ရပါပေတယ်လို့ ဒီလိုပဲ တပည့်တော်၏ စိတ်ထဲမှာ ဖြစ်ပေါ်နေပါလိမ့်မယ် ဆိုပြီး ပြန်ပြီး လျှောက်ထားတယ်။ သူ့၏ လျှောက်ထားချက်ကလေးက အတ္ထုပ္ပတ္တိလေးတစ်ခု ရှိတယ်နော်။ တတိယ ပါရာဇိကကို ဘုရားရှင် ပညတ်တော်မူတဲ့အပိုင်းမှာ ဒီအကြောင်းအရာလေး ပါပါတယ်။

တစ်ချိန်မှာ ... ဝဂ္ဂုမုဒါမြစ်ကမ်းမှာ ကျောင်းတိုက်တစ်ခုမှာ ဘုရားရှင် သီတင်းသုံးတယ် ဆိုကြစို့နော်။ ဝါတွင်း ဝါဆိုဝါကပ်တယ်။ ထိုဝါတွင်း ဘုရားရှင် လောကကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီဝါတွင်းမှာ ဘုရားရှင် ချေချွတ်လို့ ကျွတ်တမ်းဝင်မယ့်ပုဂ္ဂိုလ် သူတော်ကောင်း တစ်ဦးမှ ရှာလို့ မတွေ့ဘူး။ ရှာလို့မတွေ့တဲ့ အချိန်အခါကျတော့ ဘုရားရှင် ထိုဝါတွင်းမှာ တစ်ပါးတည်းပဲ သမာပတ်များ ဝင်စားပြီး ကိန်းအောင်းတော်မူလိုတဲ့ ဆန္ဒဓာတ်ရှိတယ်။ ဒါပေမဲ့ ပြဿနာလေးတစ်ခု ရှိနေတယ်။ ထိုမြစ်ကမ်းပါးမှာ တည်ရှိနေတဲ့ ဒီကျောင်းတိုက်အတွင်းမှာ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတွေ ရှိကြတယ်။ အဲဒီ ရဟန်းတွေထဲက ရဟန်း ၅-ရာခန့်လောက် အတိတ်ဘဝတစ်ခုမှာ သူတို့က သူတစ်ပါးတွေကို သတ်ဖြတ် ဖျက်ဆီးခဲ့ခြင်းဆိုတဲ့ ဥပစ္ဆေဒကကံတွေကို လွန်ကျူးခဲ့ကြတယ်။ ထိုဥပစ္ဆေဒကကံတွေက ဒီဝါတွင်းမှာ အကျိုးပေးဖို့ရန် အခါအခွင့် သင့်နေပြီ။ ဒီဝါတွင်းမှာ သူတို့ သေကျေပျက်စီးကြတော့မယ်။ သေကျေပျက်စီးလိုက်တဲ့ အချိန်အခါမှာ ဒီရဟန်း ၅-ရာတို့ ဘယ်ရောက်မလဲလို့ ဘုရားရှင် လှမ်းမျှော်ကြည့်လိုက်တဲ့ အချိန်အခါမှာ -

ဤရဟန်း ၅-ရာတို့ ငရဲရောက်တော့မယ်ဆိုတာ ဘုရားရှင် မြင်တော်မူတယ်။ ငရဲမရောက်အောင် ငါဘုရားရှင် ကယ်တင်နိုင်ပါသလားလို့ ပြန်ပြီး ကြည့်လိုက်တဲ့ အချိန်အခါကျတော့ ကယ်တင်ရင်တော့ ရနိုင်သေးတယ်ဆိုတာ ဘုရားရှင်တွေ့တယ်။ သို့သော် သူတို့မှာ မဂ်ဖိုလ်နိဗ္ဗာန် ရောက်လောက်တဲ့ ဥပနိဿယ - အားကြီးသောမှီရာ အကြောင်းတရားတွေက မရှိကြဘူး။ မရှိတဲ့အတွက် ဘုရားရှင်က သူတို့ကို အသုဘကမ္မဋ္ဌာန်း သင်ပေးတော်မူပါတယ်နော်။ အသုဘကမ္မဋ္ဌာန်းဆိုတာက ငရဲကို သူတို့ ရောက်ရမယ့်အကြောင်း ကြည့်လိုက်မယ်ဆိုရင် သူတို့၏ ခန္ဓာအိမ်အပေါ်မှာ တွယ်တာမက်မောနေတဲ့အတွက် သေရမှာ အလွန် ကြောက်ရွံ့နေတယ်။ ကြောက်ရွံ့နေတဲ့ ဒီစိတ်ထား, တွယ်တာမက်မောနေတဲ့ ဒီစိတ်ထားတွေက သူတို့ကို ငရဲရောက်အောင် ပစ်ချတော့မယ်ဆိုတာ ဘုရားရှင်က မြင်တော့ ခန္ဓာကိုယ်အပေါ်မှာ တွယ်တာမက်မောနေတဲ့ ရာဂကို ကင်းပြတ်နိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ ဘုရားရှင်က ဟောပေးတယ်။ ဘုရားရှင်က အသုဘဘာဝနာကမ္မဋ္ဌာန်းကို ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် စီးဖြန်းရမယ် ဆိုတာတွေကို ဟောပေးကြတယ်။ ဟောပေးတော်မူပါတယ်။

အဲဒီလို ဟောပေးလိုက်တဲ့ အချိန်အခါမှာ ဒီရဟန်းတော်တွေက အသုဘဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကြပါတယ်။ ဒီအသုဘကတော့ ၂-မျိုး ရှိပါတယ်။ သဝိညာဏကအသုဘ, အဝိညာဏကအသုဘဆိုပြီး ၂-မျိုးရှိပါတယ်။ အဝိညာဏကအသုဘ ဆိုတာက သေနေတဲ့ အလောင်းကောင်တွေကို အာရုံယူပြီးတော့ အသုဘဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းမှုပဲ။ အဲဒါဟာ ဗဟိဒ္ဓ သေနေတဲ့ အလောင်းကောင်ကို အာရုံယူပြီးတော့ ပွားရပါတယ်။ ဒီလို ပွားတဲ့အပိုင်းလေးမှာ ယောကျ်ားယောဂီက ယောကျ်ားအလောင်း၊ အမျိုးသမီးယောဂီက အမျိုးသမီးအလောင်းကို အာရုံယူပြီးတော့ ပထမဈာန်သမာဓိ ဆိုက်သည့်တိုင်အောင် အသုဘဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရတယ်။

သဝိညာဏက အသုဘကျတော့ ၂-စားရှိတယ်။ တစ်စားကတော့ ဝိပဿနာပိုင်းမှာ ပွားများအားထုတ်တဲ့ အပိုင်းဖြစ်တယ်။ တစ်စားကတော့ သမထပိုင်းမှာ ပွားများအားထုတ်တဲ့ အပိုင်းဖြစ်တယ်။ မိမိတို့ ခန္ဓာအိမ်မှာ တည်ရှိနေတဲ့ ၃၂-ကောဋ္ဌာသတွေကို အာရုံယူပြီးတော့ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို အာရုံယူပြီးတော့ ပွားများကြမယ်ဆိုရင်တော့ အဇ္ဈတ္တမှာ ပထမဈာန်သမာဓိ ဆိုက်နိုင်တယ်။ ဗဟိဒ္ဓမှာတော့ ဥပစာရသမာဓိ ဆိုက်နိုင်တယ်လို့ အဆိုရှိတယ်။ ဒါက သမထပိုင်း။

ဝိပဿနာပိုင်းမှာကျတော့ ဒီ ၃၂-ကောဋ္ဌာသတွေကို ဓာတ်ကြီးလေးပါးနဲ့ စိုက်ပြီး ကြည့်လျှင် ကလာပ်အမှုန်လေးတွေ ဖြစ်တယ်။ ဒီအမှုန်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး ရှုရမယ်။ ဒါက တစ်ကဏ္ဍ။ နောက် တစ်ကဏ္ဍကတော့ ဒီ ၃၂-ကောဋ္ဌာသတို့နဲ့ ပြည့်နှက်နေတဲ့ ခန္ဓာအိမ်ကြီးကို ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူပြီးတော့ အဇ္ဈတ္တ, ဗဟိဒ္ဓ တစ်လှည့်စီ လှည့်ပြီးတော့ အသုဘဘာဝနာ ရှုလို့လည်း ရတယ်။ အဲဒီလို ရှုလိုက်တဲ့ အချိန်အခါ ရွံရှာစက်ဆုပ်ဖွယ် သဘောအရာတွေက ဉာဏ်ထဲမှာ ထင်လာလို့ မိမိလည်း ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ လေ့လာထားပြီးတဲ့အတွက် ကလာပ်အမှုန်ကလေးတွေ ဖြစ်သွားပြီဆိုရင်တော့ ဒီကလာပ်အမှုန်လေးတွေ ဓာတ်ခွဲပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး ပြန်ပြီးတော့ ရှုရတယ်။ ဒါက ကဏ္ဍတစ်ခု။

အဲဒီ ကလာပ်အမှုန်ကို စနစ်တကျ မြင်နေတဲ့ သူတော်ကောင်းကလည်း ဒီကလာပ်အမှုန်လေးတွေမှာ ဓာတ်ခွဲကြည့်လိုက်ရင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အဆင်း၊ အနံ့၊ အရသာ၊ ဩဇာဆိုပြီး သဘောတရား အနည်းဆုံး ၈-ခုရှိတယ်။ အဲဒီ ၈-မျိုးသော ရုပ်တရားတွေဟာ မကောင်းသောအဆင်း၊ မကောင်းသော အနံ့ စသည်တို့ဖြင့် ရောထွေးပြီးတော့ ခန္ဓာအိမ်မှာ ဖြစ်နေတယ်။ ဖြစ်နေတဲ့အတွက်ကြောင့် ဒီခန္ဓာအိမ်ရဲ့ တည်ရှိနေတဲ့ ရုပ်တရားတို့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူပြီးတော့လည်း အသုဘရှုနိုင်တယ်။ ဒါကလည်း ကဏ္ဍတစ်ခု။

နောက်ကဏ္ဍတစ်ခုကတော့ - မိမိခန္ဓာအိမ်, သူတစ်ပါး ခန္ဓာအိမ်မှာ ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ ပိုးလောက်တွေနဲ့ ပြည့်နေတယ်တဲ့။ မိမိခန္ဓာအိမ် ကြည့်လိုက်တော့လည်း ပိုးအမျိုးမျိုးတွေနဲ့ ပြည့်နှက်နေတယ်။ သူတစ်ပါး ခန္ဓာအိမ် ကြည့်လိုက်ရင်လည်း ပိုးလောက်အမျိုးမျိုးတွေနဲ့ ပြည့်နှက်နေတယ်။ အဲဒီလို ပိုးလောက်တွေက ဒီခန္ဓာအိမ်အတွင်းမှာ ဘာလုပ်နေကြသလဲ? ဒီခန္ဓာအိမ်အတွင်းမှာပဲ ကျင်ကြီးစွန့်ကြတယ်, ဒီခန္ဓာအိမ်အတွင်းမှာပဲ ကျင်ငယ်စွန့်ကြတယ်, ဒီခန္ဓာအိမ်အတွင်းမှာပဲ အိမ်ထောင်ပြုကြတယ်, ဒီခန္ဓာအိမ်အတွင်းမှာပဲ သားမွေးကြတယ်, ဒီခန္ဓာအိမ်အတွင်းမှာပဲ သေလျှင် အသုဘချကြတယ်။

ဒါကြောင့် ဒီခန္ဓာအိမ်ကြီးဟာ ပိုးလောက်တို့ရဲ့ ကျင်ကြီးစွန့်ရာ အိမ်လည်း ဟုတ်တယ်, ကျင်ငယ်စွန့်ရာ အိမ်လည်း ဟုတ်တယ်, အိမ်ထောင်ပြုရာ အိမ်လည်းဖြစ်တယ်, သားမွေးရာ အိမ်လည်းဟုတ်တယ်, သေလို့ရှိရင် အသုဘချစရာ သုဿန်သချုႋင်းကြီးလည်း ဟုတ်တယ်။ အဲဒီလို ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ အသုဘသဘောကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အသုဘဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပေးရပါတယ်။ ဒါကတော့ ဝိပဿနာ အပိုင်းပဲနော်။ အဲဒီ အသုဘဘာဝနာကမ္မဋ္ဌာန်းအကြောင်းကို ဘုရားရှင်က ဒီရဟန်းတော်တွေကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ် -

ဆိုဆုံးမသည့်အတိုင်း ဒီရဟန်းတော်တွေက အသုဘဘာဝနာကမ္မဋ္ဌာန်းများကို စီးဖြန်းလိုက်တာ မိမိခန္ဓာကိုယ်ကြီး ဒီလောက်တောင် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ ခန္ဓာကိုယ်ကြီး ရရှိထားတဲ့အတွက် သိပ်ရှက်ကြတယ်, သိပ်လည်း နာကျည်းကြတယ်။ တို့ ဒီခန္ဓာကိုယ်ကြီးကို ရရက်လေခြင်းလို့ စိတ်ထဲမှာ အင်မတန် နာကျည်းတယ်။ ဘယ့်နှယ့်တုန်း ယောဂီတွေ နာတတ်ရဲ့လား? တသသနဲ့ ဟုတ်တယ်မဟုတ်လား? ဟန်ကျနေတာ။ ဘုန်းကြီးကလည်း ဘုန်းကြီးလို သတာပေါ့, သီလရှင်ကလည်း သီလရှင်လို သတာပဲ။ ဟုတ်တယ်မဟုတ်လား? ယောဂီလည်း ယောဂီလို သတာပဲ။ အဲဒီ တသသ ဖြစ်နေတယ်နော်။ ဒီသူတော်ကောင်းတွေကျတော့ နာကျည်းလိုက်တာ - ဒီလို ခန္ဓာကိုယ်ကြီး တို့ ရရက်လေခြင်း။ စိတ်ထဲမှာ အင်မတန် နာနေတယ်။ ဒီခန္ဓာကိုယ်ကြီး ရတဲ့အတွက် စိတ်ထဲမှာ သိပ်ပြီး ရှက်နေတယ်တဲ့။ ကြည့်စမ်းပါ။ ဘယ်လောက် ရွံရှာစက်ဆုပ်ဖွယ် ကောင်းသလဲလို့နော်။

အန္နံ ပါနံ ခါဒနီယံ၊ ဘောဇနဉ္စ မဟာရဟံ။ ဘုဉ္ဇတိ သပရိဝါရော၊ နိက္ခမန္တော နိလီယတိ။

စားတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ဝိုင်းဖွဲ့ပြီး စားကြတယ်။ ထွက်တဲ့အခါကျတော့ ပုန်းပြီးတော့ မထွက်ရဘူးလား? အောင်မလေး အဲဒါ ရွံရှာစက်ဆုပ်ဖွယ် ကောင်းလို့လား, မကောင်းလို့လား? အဲဒါကြည့်ပေါ့ - အဲဒါတွေ ရွံရှာ-စက်ဆုပ်ဖွယ်ကောင်းတဲ့ ဒီအရာဝတ္ထုတွေ ဘယ်က ထွက်သွားသလဲ? ဟင် ... ဒီခန္ဓာအိမ်ကြီးထဲက ထွက်လာတာ မဟုတ်ဘူးလား? သူတစ်ပါးတွေက လာပြီး လောင်းထည့်လိုက်တာ ဟုတ်သလား? မဟုတ်ပါဘူး။ ခန္ဓာအိမ်ထဲက မွေးထုတ်လိုက်တာနော်။ ဘယ်လောက် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသလဲ? ဒီလောက်တောင် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ ခန္ဓာအိမ်ကြီး ရထားတဲ့အတွက် သူတော်ကောင်း မျက်လုံးဘက်က လှမ်းကြည့်လိုက်လို့ရှိရင် ဒီလို ခန္ဓာအိမ်ကြီး ပိုင်ဆိုင်ရတာကိုက ရှက်ဖို့ မကောင်းဘူးလား? သိပ်ရှက်ဖို့ ကောင်းနေတယ်။ နောက်တစ်ခု - ရွံရှာစက်ဆုပ်ဖွယ်ကော မကောင်းဘူးလား? သိပ်ကောင်းတယ်။

ဒါကြောင့် အဲဒီလို ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ စိတ်ထား, ခန္ဓာကိုယ် အပေါ်မှာ နာကျည်းနေတဲ့ စိတ်ထား, ခန္ဓာကိုယ် အပေါ်မှာ ရှက်နိုးနေတဲ့ စိတ်ထား, ခန္ဓာကိုယ် အပေါ်မှာ ရွံရှာစက်ဆုပ်နေတဲ့ စိတ်ထား။ အဲဒီလို စိတ်ထားတွေက တင်းပြည့်ကျပ်ပြည့် ဒီသူတော်ကောင်း ရဟန်း ၅-ရာတို့သန္တာန်မှာ ဖြစ်ပေါ်လာပြီ။ ဖြစ်ပေါ်လာတဲ့ အချိန်အခါကျတော့ ဒီခန္ဓာကိုယ်ကြီးကို မလိုချင်တော့ဘူး။ ဘယ်သူများ တို့ ခန္ဓာအိမ်ကြီးကို သတ်ပေးပါ့မလဲ, ဘယ်သူက တို့ကို သတ်ပေးပါ့မလဲ ဆိုပြီးတော့ သတ်မဲ့ပုဂ္ဂိုလ်ကို လိုက်ပြီးတော့ ရှာဖွေကြတယ်တဲ့။ ရှာဖွေတော့ အဲဒီမှာ သမဏကုတ္တက ခေါ်တဲ့ ရဟန်းယောင်ကြီးတစ်ပါးလည်း ပါပါတယ်။ “ကဲ ... ဘယ်သူ သေချင်လဲ သေချင်တဲ့သူ သူ့ကို ပရိက္ခရာတွေ အကုန်လုံးပေး။ ပရိက္ခရာပေးရင် သူ သတ်ပေးမယ်” ဆိုပြီး သတ်လိုက်တာ ရဟန်း ၅-ရာ အဲဒီမှာတွင် တော်တော်များများ ကုန်သွားကြတယ်။ အဲဒီထုံးလေးကို ဒီအခု အရှင်ပုဏ္ဏမထေရ်က ထောက်ပြီးတော့ ပြန်ပြီးတော့ မြတ်စွာဘုရားကို လျှောက်ထားနေတယ်နော်။

‘သန္တိ ခေါ ဘဂဝတော သာဝကာ ကာယေ စ ဇီဝိတေ စ အဋ္ဋီယမာနာ ဟရာယမာနာ ဇိဂုစ္ဆမာနာ သတ္ထဟာရကံ ပရိယေသန္တိ။ တံ မေ ဣဒံ အပရိယိဋ္ဌံယေဝ သတ္ထဟာရကံ လဒ္ဓ’န္တိ။ ဧဝမေတ္ထ, ဘဂဝါ, ဘဝိဿတိ၊ ဧဝမေတ္ထ, သုဂတ, ဘဝိဿတီ’’တိ။

ဘဂဝါ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်၏။ သာဝကာ၊ တပည့်သာဝကတို့သည်။ ကာယေ စ၊ ကိုယ်၌လည်းကောင်း။ ဇီဝိတေ စ၊ အသက်၌လည်းကောင်း။ အဋ္ဋီယမာနာ၊ နာကျင်ကြ နာကျည်းကြကုန်သည်ဖြစ်၍။ ဟရာယမာနာ၊ ရှက်နိုးကြကုန်သည်ဖြစ်၍။ ဇိဂုစ္ဆမာနာ၊ ရွံရှာစက်ဆုပ်ကြကုန်သည်ဖြစ်၍။ သတ္ထဟာရကံ၊ ဓားလက်နက်ကို။ ပရိယေသန္တိ၊ ရှာဖွေ၍ နေကြလေကုန်၏။ တေ၊ ထိုကဲ့သို့သော တပည့်သာဝကတို့သည်။ သန္တိ ခေါ၊ ရှိကြကုန်သည်သာလျှင်တည်း။ တံ၊ ထိုကဲ့သို့သော။ ဣဒံ သတ္ထဟာရကံ ပရိယေသနံ၊ ထိုဓားလက်နက်ကို ရှာဖွေခြင်းကို။ မေ၊ ငါ၏သန္တာန်၌။ ဣဒံ သတ္ထဟာရကံ၊ ဤဓားလက်နက်ကို ရှာဖွေခြင်းကို။ မေ၊ ငါ၏သန္တာန်၌။ အပရိယိဋ္ဌံယေဝ၊ မရှာဖွေရဘဲသာလျှင်။ သတ္ထဟာရကံ၊ ထိုဓားလက်နက်ကို ဆောင်ခြင်းကို။ လဒ္ဓံ၊ ရရှိခဲ့လေပြီ။ ဣတိ၊ ဤသို့လျှင်။ မေ၊ ဘုရားတပည့်တော်ရဲ့သန္တာန်၌။ ဧဝံ၊ ဤကဲ့သို့သော စိတ်ထားမျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ နေပါလိမ့်မယ် မြတ်စွာဘုရား။

သင့်ကို သင်ချစ်သားကို ဒီသုနာပရန္တတိုင်းက လူသားတွေက ထက်လှစွာသော ဓားလက်နက်ဖြင့် အသေသတ်ခဲ့မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာ ဘယ်လို စိတ်ထားတွေ ဖြစ်နေမလဲ? ဒီမေးခွန်း ဘုရားရှင်က မေးတဲ့အခါ သူက ပြန်ဖြေနေတယ်နော်။

မြတ်စွာဘုရား ...မြတ်စွာဘုရားရဲ့ တပည့်သား သာဝကတွေဟာ ခန္ဓာကိုယ်အပေါ်၌သော်လည်းကောင်း, အသက်အပေါ်၌သော်လည်းကောင်း နာကျည်းတဲ့စိတ်ထား ရှိကြကုန်လျက်၊ ရွံရှာစက်ဆုပ်တဲ့ စိတ်ထားရှိကြကုန်လျက် ဘယ်သူကများ တို့ကို သတ်ပေးပါ့မလဲ ဆိုပြီးတော့ ဓားလက်နက်ကို လိုက်ပြီး ရှာဖွေနေကြရပါတယ်။ ထိုကဲ့သို့ ဓားလက်နက်ကို ရှာဖွေနေတဲ့ ဘုရားရှင်ရဲ့ တပည့်သားသာဝက သူတော်ကောင်းတွေ ရှိကြပါတယ်။ တပည့်တော်ဟာ အဲဒီလို ဓားလက်နက် ရှာဖွေခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို မရှာဖွေရဘဲနဲ့ အလိုလို ရရှိပါတယ်လို့ ဒီလိုစိတ်ဓာတ်ကို မွေးမြူပါမယ် မြတ်စွာဘုရား ... လျှောက်ထားလိုက်တယ်နော်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က ဘာအမိန့်ရှိသလဲ?

‘‘သာဓု, သာဓု, ပုဏ္ဏ!

ပုဏ္ဏ၊ ချစ်သားပုဏ္ဏ။ သာဓု သာဓု၊ ကောင်းလေစွ ကောင်းလေစွ။

ဘုရားရှင် သာဓုခေါ်တယ်။ ဘုရားရှင် သာဓုခေါ်တဲ့ စိတ်နေစိတ်ထားလေး ဖြစ်ပါတယ်နော်။ သက္ခိဿသိ ခေါ တွံ, ပုဏ္ဏ, ဣမိနာ ဒမူပသမေန သမန္နာဂတော သုနာပရန္တသ္မိံ ဇနပဒေ ဝိဟရိတုံ။ ယဿဒါနိ တွံ, ပုဏ္ဏ, ကာလံ မညသီ’’တိ။

ပုဏ္ဏ၊ ချစ်သားပုဏ္ဏ။ တွံ၊ သင်သည် ချစ်သားပုဏ္ဏသည်။ ဣမိနာ ဒမူပသမေန၊ ဤသည်းခံခြင်း ခန္တီတရားတည်းဟူသော ယဉ်ကျေးသိမ်မွေ့သော စိတ်နေစိတ်ထားဖြင့်။ သမန္နာဂတော၊ ပြည့်စုံသည်ဖြစ်၍။ သုနာပရန္တသ္မိံ ဇနပဒေ၊ သုနာပရန္တက ဇနပုဒ်၌။ ဝိဟရိတုံ၊ နေထိုင်ခြင်းငှာ။ သက္ခိဿသိ ခေါ၊ စွမ်းနိုင်ပါပေလိမ့်မယ်။ ပုဏ္ဏ၊ ချစ်သားပုဏ္ဏ။ ယဿ၊ အကြင်သွားခြင်း၏။ ကာလံ၊ အချိန်အခါကို။ တွံ၊ သင်ချစ်သားပုဏ္ဏသည်။ မညသိ၊ သိရှိပေ၏။ ဣဒါနိ၊ ယခုအခါ၌။ တွံ၊ သင်ချစ်သားသည်။ တတ္ထ၊ ထိုကဲ့သို့သော အခြင်းအရာအားဖြင့်။ ကရောဟိ၊ ပြုလုပ်ပေတော့။

ချစ်သားပုဏ္ဏ ...သာဓု သာဓု။ သင်သည် ချစ်သားပုဏ္ဏသည် ဤကဲ့သို့သော သည်းခံခြင်းဆိုတဲ့ ယဉ်ကျေးသိမ်မွေ့နေတဲ့ စိတ်နေစိတ်ထားဖြင့် ပြည့်ပြည့်စုံစုံ ရှိခဲ့မယ်ဆိုရင်တော့ သုနာပရန္တက ဇနပုဒ်မှာ သင်ချစ်သား နေထိုင်ဖို့ရာအတွက် စွမ်းနိုင်ပေလိမ့်မယ်။ ဒါကြောင့် သုနာပရန္တက ဇနပုဒ်သို့ သွားဖို့ရန်အတွက် အချိန်အခါကာလကို သင်ချစ်သား သိရှိပါပေတယ်။ သင်ချစ်သားရဲ့ အလိုဆန္ဒအတိုင်း သွားပေတော့ ... ဘုရားရှင်လည်း ခွင့်ပြုလိုက်ပါတယ်နော်။

အဲဒီတော့ ဒီနေရာမှာ ပြောချင်တာကတော့ အဓိဝါသနခန္တီ = သည်းခံခြင်းဆိုတဲ့ ခန္တီတရားကို ဘုရားရှင်က ယဉ်ကျေးသိမ်မွေ့တဲ့ သည်းခံမှု, ယဉ်ကျေးသိမ်မွေ့နေတဲ့ စိတ်နေစိတ်ထား ဆိုပြီးတော့ ဒီလို ဖော်ပြတယ်။ “သင့်ဓား တိုနေခဲ့ရင် ရှေ့ကို တစ်လှမ်းတိုးပြီး ခုတ်လိုက်ပါ” ဒီစိတ်ထားက ယဉ်ကျေးသိမ်မွေ့နေတဲ့ စိတ်ထားမျိုး ဟုတ်သလား? မဟုတ်ဘူးနော်။ တစ်ဖက်သားက ဓားနဲ့ လာခုတ်ပြီ ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? “ဩော် ... ဘုရားရှင်ရဲ့ တပည့်သာဝကတွေဟာ မိမိ ရရှိထားတဲ့ ဒီခန္ဓာကိုယ်ကြီး ရရှိထားတဲ့ အသက်တွေနဲ့ ပတ်သက်ပြီးတော့ နာကျည်းတဲ့ စိတ်ထားတွေ ရှိတော်မူကြတယ်, ရှက်နိုးတဲ့ စိတ်ထားတွေ ရှိတော်မူကြတယ်, ရွံရှာစက်ဆုပ်တဲ့ စိတ်ထားတွေ ရှိတော်မူကြတယ်။ ဒါကြောင့် ဒီခန္ဓာကိုယ်ကြီးကို အသက်သတ်ပေးမဲ့ ပုဂ္ဂိုလ်တွေကို တမင်သက်သက် လိုက်ပြီးတော့ ရှာဖွေနေကြရတယ်။ ငါ့မှာ မရှာဖွေရဘဲနဲ့ ဒီအခွင့်အရေးကြီး ရရှိလေပေါ့” ဆိုပြီး ဒီစိတ်ထားမျိုးကို မွေးမြူရမယ်။ အဲဒါ ဘာလဲ?

အကောင်းကို တစ်ဖက်သတ် မြင်တဲ့ စိတ်ထား။ အကောင်းကို မြင်တဲ့စိတ်ထားနဲ့ မကောင်းကို တစ်ဖက်သတ် မြင်တဲ့ စိတ်ထား ဒီ၂-ခု တိုင်းတာ နှိုင်းစာကြည့်လိုက်တဲ့ အချိန်အခါမှာ အကောင်းကို မြင်တဲ့ စိတ်ထားသည် အဆင့်အတန်း အလွန် မြင့်မားနေတာ မတွေ့ဘူးလား? တွေ့ရတယ်။ အကောင်းကို တစ်ဖက်သတ် မြင်လိုက်တဲ့အတွက် မြင်နေတဲ့ ထိုသူတော်ကောင်းရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေ တိုးပွားပြီး မလာဘူးလား? တိုးပွားလာတယ်။ မကောင်းကို တစ်ဖက်သတ် မြင်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အကုသိုလ်တရားတွေ မတိုးပွားဘူးလား? တိုးပွားလာတယ်။

ဒါကြောင့် သည်းခံခြင်း ခန္တီတရားသည် ကုသိုလ်မင်္ဂလာတရား တိုးပွားခြင်းရဲ့ အကြောင်းဖြစ်လို့ ဘုရားရှင်က မင်္ဂလာဆိုပြီးတော့ ဟောထားတယ်နော်။ အဲဒီလောက် ဟောပြီးရုံနဲ့ မပြီးသေးဘူးနော်။ နောက်ထပ် ၁-ခု ရှိသေးတယ်။ ဒီလို သည်းခံခြင်း အချိန်အခါကျတော့ တချို့က ဘာပြောလဲ? ခန္တီစ = မနိုင်လို့ သည်းခံရခြင်းသည်လည်းကောင်း ဟုတ်သလား ... ဟုတ်တယ်။ ဟာ ... ဟန်ကျပြီ။ ဟုတ်တယ်မဟုတ်လား? မနိုင်လို့ သည်းခံရတဲ့ သည်းခံခြင်းမျိုးကို ဘုရားရှင်က ချီးမွမ်းပါသလား? ဟင် ... အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ သုတ္တန်လေး ၁-ခု ရှိပါတယ်။ ဝေပစိတ္တိ သုတ္တန်တဲ့။ သံယုတ္တနိကာယ် သက္ကသံယုတ် ပါဠိတော်မှာ လာရှိပါတယ်နော်။

ဘုရားရှင်က ဒီတရားဒေသနာလေးကို ဟောခဲ့တဲ့ ဘုရားရှင်မှာလည်း ရည်ရွယ်ချက်ကလေးတွေ ရှိနေပါတယ်နော်။ ချစ်သားရဟန်းတို့ ... ရှေးတုန်းက တစ်ချိန်တုန်းက ဖြစ်ခဲ့ဖူးတယ် ဆိုပြီးတော့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းလေး ၁-ခုပါ။

တစ်ချိန်မှာ တာဝတိံသာနတ်တွေနဲ့ အသူရာ စစ်ပွဲဖြစ်ကြတယ်။ ထိုစစ်ပွဲမှာ တာဝတိံသာနတ်တွေက အနိုင်ရသွားတယ်။ အသူရာတွေက စစ်ရှုံးကြတယ်။ ရှုံးလိုက်တဲ့ အချိန်အခါကျတော့ ဒီအသူရိန်ကြီးကို ဝေပစိတ္တိ = အသူရိန်မင်းကြီးကို နတ်တွေက ဖမ်းချုပ်တယ်။ ဖမ်းချုပ်ပြီးတော့ ခေါ်လာ။ သုဓမ္မာသဘင် အဝင်ဝ တံခါးမှာ သူတို့ကို တုပ်နှောင်ပြီးတော့ သူတို့ကို အကျဉ်းချထားလိုက်တယ်။ အကျဉ်းချထားလိုက်တဲ့ အချိန်အခါကျတော့ သိကြားမင်းကြီးကလည်း သုဓမ္မာသဘင်ကို သွားနေကြအတိုင်း သွားတယ်။ သိကြားမင်း ဝင်လာတာ မြင်တာနဲ့ တစ်ပြိုင်နက်တည်း ဝေပစိတ္တိ အသူရိန်ကြီးက ဘာလုပ်သလဲ? သိကြားမင်းကြီး သုဓမ္မာသဘင် ဝင်လာတဲ့ အခါမှာပဲဖြစ်ဖြစ်, ထွက်သွားတဲ့ အချိန်အခါမှာပဲဖြစ်ဖြစ်တဲ့ -

ဝေပစိတ္တိ အသုရိန္ဒော ကဏ္ဌပဉ္စမေဟိ ဗန္ဓနေဟိ ဗဒ္ဓေါ သက္ကံ ဒေဝါနမိန္ဒံ သုဓမ္မသဘံ ပဝိသန္တဉ္စ နိက္ခမန္တဉ္စ အသဗ္ဘာဟိ ဖရုသာဟိ ဝါစာဟိ အက္ကောသတိ ပရိဘာသတိ။

မသူတော်တို့ သုံးနှုန်းနေတဲ့ အလွန် ကြမ်းတမ်းရက်စက်နေတဲ့ စကားတို့ဖြင့် အမြဲတမ်း ဆဲရေးတယ်။ အမြဲတမ်း ခြိမ်းခြောက်တယ်။ အဲဒီလို အမြဲတမ်း ဆဲရေးနေတဲ့ပုဂ္ဂိုလ်, အမြဲတမ်း ခြိမ်းခြောက်နေတဲ့ပုဂ္ဂိုလ်ကို လှမ်းပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ သူက ဘယ်လိုပုဂ္ဂိုလ်လဲ? စစ်ရှုံးပြီးတော့ အချုပ်အနှောင် ခံနေရတဲ့ပုဂ္ဂိုလ်ပါ။ အဲဒီလို စစ်ကလည်း ရှုံးသေးတယ်, အချုပ်အနှောင်လည်း ခံရသေးတယ်ဆိုရင်တော့ နည်းနည်း စိတ်ဓာတ်ကလေး လျော့ထားဖို့ မကောင်းဘူးလား? ဘယ့်နှယ်တုန်း သီလရှင်တွေ လျော့ထားဖို့ မကောင်းဘူးလား? မလျော့ဘူးဘုရား။ ကဲ ... ခက်ပုံက ခက်ပုံကနော်။ သူ့ကြည့်လိုက်တဲ့အခါ မလျော့ဘူးတဲ့။ အခု ကြည့်ပေါ့ - တရားနာနေတဲ့ ပုဂ္ဂိုလ်တွေ, တရားဟောနေတဲ့ ပုဂ္ဂိုလ်။ တစ်နည်းတစ်ဖုံအားဖြင့် ပြန်ကြည့်လိုက်လို့ရှိရင် ထောင်အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေပါ။ ဘာလဲ?

၃၁-ဘုံဆိုတဲ့ ထောင်ထဲမှာ ကျပြီးတော့ အိုဘေးဆိုးကြီးဖြင့် အနှိပ်စက်ခံနေရတယ်, နာဘေးဆိုးကြီးဖြင့် အနှိပ်စက်ခံနေရတယ်, သေဘေးဆိုးကြီးဖြင့် အနှိပ်စက်ခံနေရတယ်။ အညှဉ်းပန်း မခံရဘူးလား? ခံရတယ်။ ဒီကြားထဲ မိမိတို့က ရာဂမကင်းသေးဘူးဆိုရင် စိုးရိမ်ခြင်းဆိုတဲ့ ဒုက္ခ, ပူဆွေးခြင်းဆိုတဲ့ ဒုက္ခ, ငိုကြွေးခြင်းဆိုတဲ့ ဒုက္ခ, ကိုယ်ဆင်းရဲဆိုတဲ့ ဒုက္ခ, စိတ်ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခ, ပြင်းစွာ ပူပန်ခြင်းဆိုတဲ့ ဒုက္ခ။ ဒီဒုက္ခတွေကလည်း ဝိုင်းဝိုင်းလည်နေပြီး လာပြီး မနှိပ်စက်ဘူးလား? နှိပ်စက်နေ -

odyc99q7plif4o811bqn5eaos8ph286
မင်္ဂလသုတ်-၈၂/၉၇
0
6318
22016
2026-06-04T00:11:00Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၈၂/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၈၁..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22016
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၈၂/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၈၁/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၈၃/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ်-၈၂

၃၁-ဘုံဆိုတဲ့ ထောင်အတွင်းမှာ ကျနေတဲ့ သတ္တဝါကြီး ဖြစ်ကြပါတယ်နော်။ အချုပ်အနှောင်ခံရတယ်။ အဲဒီလို အချုပ်အနှောင် ခံနေရသလိုပဲ အချုပ်အနှောင် ခံနေရတဲ့ သတ္တဝါတွေမှာ တစ်ဖက်သားအပေါ်၌ ခန္တီဆိုတဲ့ သည်းခံခြင်းတရား ထင်ရှားမရှိခဲ့ဘူးဆိုရင် ကုသိုလ်တရား တိုးပွားမှုတွေက ဆုတ်ယုတ်ပျက်စီးပြီး အကုသိုလ်တရား တိုးပွားမှုတွေက များပြားလာနိုင်တယ်။ ခုလည်း ဝေပစိတ္တိ အသူရာကြီး ဆိုကြပါစို့...။ ဒီအသူရာကြီးက စစ်ပွဲမှာ အရှုံးရခဲ့တဲ့အတွက် သူက အချုပ်အနှောင် ခံရတယ်။ အချုပ်အနှောင် ခံရတယ်ဆိုသော်လည်း သူက လူ့ပြည် လူ့လောကမှာလို ကြိုးတွေနဲ့ တုပ်နှောင်ပြီး ချုပ်နှောင်ထားတဲ့ ပုံစံတော့ မဟုတ်ပါဘူးနော်။ နတ်တွေရဲ့ ကာမစိတ်တွေ တန်ခိုးဖြင့် စိတ်နဲ့ ချုပ်နှောင်ထားလိုက်တော့ သူပြေးလို့ မရဘူး။ အဲဒီလို ပြေးမရတဲ့ ဒီဝေပစိတ္တိ အသူရာကြီး သိကြားမင်းကြီး သူတို့ မဏ္ဍပ်သဘင်လာတဲ့ အချိန်အခါမှာ သူက ဘာလုပ်သလဲ? ကြမ်းတမ်းယုတ်မာနေတဲ့ စကားတွေဖြင့် ဆဲရေးတယ်, ခြိမ်းခြောက်တယ်။ ဘယ်လို ဆဲရေးခြိမ်းခြောက်တယ် ဆိုတာနဲ့ပတ်သက်ပြီး အဋ္ဌကထာကတော့ သူက နည်းနည်းလေး ဖွင့်ပြထားတယ်နော်။

“သင်ဟာ လူမိုက်ပဲ, သင်ဟာ သူခိုးပဲ, သင်ဟာ မိုက်မဲနေတဲ့ တွေဝေနေတဲ့ ပုဂ္ဂိုလ်ပဲ” စသည်ဖြင့် သူက ခြိမ်းခြောက်တယ်, ဆဲရေးတယ်။ “သင်က နွားပဲ, သင်က ခွေးပဲ, သင်က ဝက်ပဲ” စသည်ဖြင့်လည်း သူက ဆဲရေးခြိမ်းခြောက်တယ်။ “သင်က ဒီတစ်ခါ နိုင်ပေမဲ့ နောင်တစ်ချိန် စစ်ပွဲမှာ ငါသာ နိုင်ခဲ့မယ်ဆိုရင် နင့်ကိုလည်း ငါဒီလိုပဲ အသူရာနတ်ပြည်မှာ ချုပ်နှောင်ထားမယ်” စသည်ဖြင့် ဒီလိုလည်း သူက ခြိမ်းခြောက်တယ်။ လူတွေဟာ တော်တော်ခက်တယ်နော်။ သတ္တဝါများက ကိုယ်က ရှုံးနေပြီဆိုရင်လည်း အရှုံးပေးဖို့တော့ မကောင်းဘူးလား? မပေးဘူး။ မာနနော်။ “နင်လို ကောင်မျိုး သိရမယ် တစ်ချိန်တော့ နင်သိမယ်” စသည်ဖြင့် ခြိမ်းခြောက်တယ်။ အဲဒီလို ခြိမ်းခြောက်ပြီးတော့ ဆဲရေးနေတဲ့ အချိန်အခါမှာ သိကြားမင်းရဲ့ အကျိုးကို လိုလားတောင့်တနေတဲ့ မာတလိက သိကြားမင်းရဲ့ အလိုဆန္ဒကို သူက စူးစမ်းချင်တဲ့ စိတ်ထားလေးတွေ ပေါ်လာတဲ့အတွက် သိကြားမင်းကြီးကို သူက ဘာလျှောက်ထားလဲ?

‘‘ဘယာ နု မဃဝါ သက္က, ဒုဗ္ဗလျာ နော တိတိက္ခသိ၊ သုဏန္တော ဖရုသံ ဝါစံ, သမ္မုခါ ဝေပစိတ္တိနော’’။

မဃဝါ၊ သဒ္ဓါတရားတည်းဟူသော ဥစ္စာနှင့် ရှိပါပေသော။ သက္က၊ အို သိကြားမင်း။ ဝေပစိတ္တိနော၊ အသူရာ၏။ ဖရုသံ ဝါစံ၊ ရက်စက်ကြမ်းကြုတ် ဆဲရေး ရိုင်းပြလှတဲ့စကားကို။ သမ္မုခါ၊ အရှင်သိကြားမင်းရဲ့ မျက်မှောက်၌။ သုဏန္တော၊ ပြောဆိုနေတဲ့ စကားကို ကြားနာရသည်ဖြစ်ပါလျက်။ ဝေပစိတ္တိနော၊ အသူရာ၏။ သမ္မုခါ၊ အရှင်သိကြားမင်း၏ မျက်မှောက်၌။ ဖရုသံ ဝါစံ၊ ဆဲရေးတိုင်းထွာနေတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့စကားကို။ သုဏန္တော၊ ကြားနာနေရသည်ဖြစ်ပါလျက်။ တွံ၊ အရှင်သိကြားမင်းကြီးသည်။ တိတိက္ခသိ၊ သည်းခံ၍ နေပြီး၏။ မဃဝါ သက္က၊ အိုသိကြားမင်း။ ဘယာ နု၊ ကြောက်၍ပါလော။ ดုဗ္ဗလျာ နု၊ အားနည်း၍ပါလော။ တံ၊ ထိုကဲ့သို့ သည်းခံခြင်းသည်။ ဘယာ နု၊ ကြောက်လန့်၍ပါလော။ ဒုဗ္ဗလျာ နု၊ အားနွဲ့၍နေခြင်းကြောင့်ပါလော။

အရှင်သိကြားမင်း ... ဝေပစိတ္တိ အသူရာကြီးက သိကြားမင်းရဲ့ မျက်မှောက်မှာပဲ ကြမ်းတမ်းရိုင်းပျနေတဲ့ ဆဲရေးခြင်း, ခြိမ်းခြောက်ခြင်းဆိုတဲ့ စကားတွေဖြင့် ပြောကြားနေတာကို အရှင်သိကြားမင်းကြီး ကြားနေပါတယ်။ ဒီလို ကြားနာရသည်ဖြစ်ပါလျက် အရှင်သိကြားမင်းကြီးက တုံ့ပြန်မှု မရှိဘဲ သည်းခံနေတယ်။ ဒီလိုသည်းခံခြင်းသည် ဝေပစိတ္တိ အသူရာကြီးကို ကြောက်ရွံ့နေလို့လား သို့မဟုတ် အရှင်သိကြားမင်းက အားနွဲ့နေလို့လားလို့ ဆိုပြီးတော့ ဒီမေးခွန်း မေးကြည့်တယ်။ အဲဒီအချိန်အခါမှာ သိကြားမင်းကြီးကနေပြီးတော့ ဘာပြန်ပြီး အမိန့်ရှိလဲ?

‘‘နာဟံ ဘယာ န ဒုဗ္ဗလျာ, ခမာမိ ဝေပစိတ္တိနော၊ ကထဉှိ မာဒိသော ဝိညူ, ဗာလေန ပဋိသံယုဇေ’’။

အဟံ၊ ငါသည်။ ဝေပစိတ္တိနော၊ အသူရာအား။ ဘယာ၊ ကြောက်ရွံ့ခြင်းကြောင့်။ န ခမာမိ၊ သည်းခံ၍ နေသည်မဟုတ်။ ဒုဗ္ဗလျာ၊ အားနွဲ့၍ နေခြင်းကြောင့်။ န ခမာမိ၊ သည်းခံနေသည် မဟုတ်ပါ။ မာဒိသော၊ ငါကဲ့သို့ ရှုအပ်သော သဘောရှိသော။ ဝိညူ၊ ပညာရှိတဲ့ ပုဂ္ဂိုလ်သည်။ ကထဉှိ၊ အဘယ်အကြောင်းကြောင့်ပင်လျှင်။ ဗာလေန၊ လူမိုက်နှင့်။ ပဋိသံယုဇေ၊ ဖက်ပြိုင်ယှဉ်ပြိုင် သင့်ပါအံ့နည်း။

ဘယ့်နှယ်တုန်း ပုဂ္ဂိုလ်တစ်ဦးက ပုဂ္ဂိုလ်တစ်ဦးကို ဘာမှ ပြန်မပြောဘူးဆိုရင် ဘယ်လို သဘောထားရှိတယ်ဆိုတာ မနားလည်သင့်ဘူးလား? နားလည်သင့်တယ်။ ဒီနေရာမှာ ကြည့်နော် -

“မာတလိ ... ငါဟာ ဝေပစိတ္တိအသူရာကြီးကို ကြောက်လို့လည်း မဟုတ်ပါဘူး။ ငါက အားနွဲ့လို့ သည်းခံနေတာလည်း မဟုတ်ပါဘူး။ ပညာရှိနေတဲ့ ငါကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်က ဒီလို လူမိုက်နဲ့ ဘာကြောင့် ယှဉ်ပြိုင်ပြီးတော့ စကားပြောသင့်မလဲ?” ဘယ့်နှယ်တုန်း မှားလား, မှန်လား? မှန်နေတယ်။ တစ်ခါတစ်လေ ဆရာသမားတွေက သို့မဟုတ် တစ်ခါတစ်လေ တပည့် သည်းခံတတ်တဲ့ သူတော်ကောင်းတွေက မိမိကို ဘာမှ မပြောဘူးဆိုရင် ဘယ်လိုအကြောင်းကြောင့် မပြောဘူးဆိုတာ သဘောပေါက်တတ်ရဲ့လား? ပေါက်တတ်ဖို့ လိုတယ်နော်။

လူမိုက်နဲ့ ဖက်ပြိုင်ပြီး, ယှဉ်ပြိုင်ပြီး စကားပြောနေတယ်ဆိုတာ ပညာရှိ သူတော်ကောင်းတို့ရဲ့ အလေ့အထမျိုး ဟုတ်သလား? မဟုတ်ဘူး။ ပညာရှိ သူတော်ကောင်း ငါကဲ့သို့သော ပညာရှိ သူတော်ကောင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးသည် ဘယ်လို အကြောင်းကြောင့် ဒီလူမိုက်နဲ့ ယှဉ်ပြိုင်သင့်ရမှာလဲ? ယှဉ်ပြိုင်ပြီးတော့ စကား စစ်ထိုးသင့်မလဲ? ဒီလို စိတ်ထားရှိတဲ့အကြောင်းကို ပြန်ပြောတယ်။ အဲဒီ အခါကျတော့ မာတလိနတ်သားကနေပြီးတော့ ဘာပြန်ပြီး သံတော်ဦး တင်ပြန်သလဲ?

‘‘ဘိယျော ဗာလာ ပဘိဇ္ဇေယျုံ, နော စဿ ပဋိသေဓကော၊ တသ္မာ ဘုသေန ဒဏ္ဍေန, ဓီရော ဗာလံ နိသေဓယေ’’။

သက္က၊ အိုသိကြားမင်း ...။ ဗာလာ၊ လူမိုက်တို့သည်။ ဗာလဿ၊ လူမိုက်အား။ ပဋိသေဓကော၊ တားမြစ်ပိတ်ပင်တတ်တဲ့ ပုဂ္ဂိုလ်သည်။ နော စ အဿ၊ အကယ်၍ မရှိငြားအံ့။ တသ္မာ ဘိယျော၊ ထို့ထက်အလွန့် လွန်စွာသာလျှင်။ ပဘိဇ္ဇေယျုံ၊ စိတ်ဓာတ်ကွယ်ပျောက်အောင် ပြုလုပ်လေကုန်ရာ၏၊

လူမိုက်ဆိုတာ သူတို့ကို - သူတို့ မိုက်နေတာကို တားမြစ်တတ်တဲ့ပုဂ္ဂိုလ် မရှိဘူး ဆိုလို့ရှိရင် ပိုပိုပြီးတော့ ကဲလာတတ်တယ်နော်။ ဒေါသဖြင့် ပေါက်ကွဲမှုတွေ ပိုပြီးတော့ များပြားလာတတ်တယ်တဲ့နော်။

ဗာလာ၊ လူမိုက်တို့သည်။ ပဋိသေဓကော၊ တားမြစ်ပိတ်ပင်တတ်တဲ့ ပုဂ္ဂိုလ်သည်။ နော စ အဿ၊ အကယ်၍ မရှိငြားအံ့။ ပဘိဇ္ဇေယျုံ၊ ဒေါသဖြင့် ပေါက်ကွဲ၍ လာကြပေကုန်ရာ၏။ ဘုသေန ဒဏ္ဍေန၊ ပြင်းစွာဒဏ်ထားခြင်းဖြင့်။ ဓီရော၊ ပညာရှိသည်။ ဗာလံ၊ လူမိုက်ကို။ နိသေဓယေ၊ တားမြစ်လေရာ၏၊

လူမိုက်တွေဟာ သူတို့ကို တားမြစ်ပိတ်ပင်တတ်တဲ့ပုဂ္ဂိုလ် မရှိရင် ပိုပိုပြီးတော့ ဒေါသဖြင့် ပေါက်ကွဲလာတတ်တယ်, ပိုပိုပြီးတော့ ကဲလာတတ်တယ်, ပိုပိုပြီးတော့ ဆိုးဆိုးလာတတ်တယ်။ ဟုတ်သလား, မဟုတ်ဘူးလား? အေး ... ဟုတ်ပြီ။ ဒါလည်း ဟုတ်တဲ့ အပိုင်းရှိတယ်နော်။ ဒါကြောင့် ပြင်းထန်တဲ့ ဒဏ်ထားခြင်းဖြင့် ပညာရှိတဲ့ပုဂ္ဂိုလ်ဟာ ဒီလူမိုက်ကို တားမြစ်ပေးသင့်ပါတယ် ဆိုပြီးတော့ မာတလိက ပြန်ပြီးတော့ လျှောက်ထားတယ်နော်။ သူလည်း သိပ်လူညံ့ကြီးတော့ မဟုတ်လှပါဘူးနော်။ အဲဒီအခါကျတော့မှ သိကြားမင်းက ဘာပြန်ပြောလဲ?

‘‘ဧတဒေဝ အဟံ မညေ, ဗာလဿ ပဋိသေဓနံ၊ ပရံ သင်္ကုပိတံ ဉတွာ, ယော သတော ဥပသမ္မတိ’’။

ကောင်းလိုက်တာလေး ... ဘုန်းကြီးတို့က ဒါ သိပ်ကြည်ညိုသွားတယ်။ ဒီတစ်ခုတည်းနဲ့ပဲ သိကြားမင်းကြီးကို ဘုန်းကြီးက သိပ်ကြည်ညိုသွားတယ်။ သူ့မှာ ၂-ကုဋေခွဲ ရှိချင်လည်း ရှိပါစေ ဟုတ်တယ်မဟုတ်လား? ဒီတစ်ခုတည်းနဲ့ကို ကြည်ညိုနေတယ်။ ဘာပြောလဲ?

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ သတော၊ သတိရှိသည်ဖြစ်၍။ ပရံ၊ သူတစ်ပါးကို။ သင်္ကုပိတံ၊ ဒေါသအမျက်ချောင်းချောင်းထွက်လျက်ရှိသည်ကို။ ဉတွာ၊ သိရှိ၍။ သတော၊ သတိနှင့် ပြည်စုံသည်ဖြစ်၍။ ဥပသမ္မတိ၊ ထိုဒေါသကို ငြိမ်းအောင် ပြုလုပ်လေ၏။ ဧတဒေဝ၊ ဤကဲ့သို့ ဒေါသအမျက်ကို သတိနှင့်ယှဉ်လျက် ငြိမ်းအောင် ပြုလုပ်ခြင်းသည်ပင်လျှင်။ အဟံ၊ ငါသည်။ ဗာလဿ၊ လူမိုက်အား။ ပဋိသေဓနံ၊ တားမြစ်ခြင်းဟူ၍။ မညေ၊ အောက်မေ့မှတ်ထင်ပါ၏၊

တစ်ဖက်သားပုဂ္ဂိုလ်က ဒေါသတွေ သိပ်ကြီးပြီ။ ဒေါသတွေ ကြီးလာပြီ ဆိုလို့ရှိရင်တော့ ဒီပုဂ္ဂိုလ်က မဟုတ်တာလည်း လုပ်မယ်, မဟုတ်တာလည်း ပြောမယ်, မဟုတ်တာလည်း ကြံတော့မယ်။ ဒေါသတွေက သူက သိပ်အားကောင်းနေတယ်။ အဲဒီလို ဒေါသအားကောင်းနေတာကို သိရင် သူတော်ကောင်းအမည်ခံနေတဲ့ ပုဂ္ဂိုလ်တစ်ဦးက သတိသမ္ပဇဉ်ဉာဏ်နဲ့ ယှဉ်ပြီးတော့ မိမိသန္တာန်မှာ ဖြစ်ပေါ်လာမယ့် ဒေါသတရားကို ငြိမ်းအေးအောင် ပြုလုပ်ရတယ်တဲ့။ အဲဒီလို မိမိသန္တာန်မှာ ဖြစ်ပေါ်လာမယ့် ဒေါသတရားကို သတိသမ္ပဇဉ် ဉာဏ်ယှဉ်ပြီးတော့ ငြိမ်းအေးအောင် ပြုလုပ်ခြင်းကိုပဲ ငါကတော့ လူမိုက်ကို တားမြစ်ခြင်းလို့ အောက်မေ့မှတ်ထင်ပါတယ်တဲ့။ ဘယ့်နှယ်တုန်း မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒီကောင်က ငါ့ကို ဒီလို ပြောတယ်။ “ဒီကောင်မက ငါ့ကို ဒီလို ပြောတယ်” ဆိုပြီးတော့ ပြန်ဒေါသဖြစ်လိုက်ရင် နှစ်ဦးလုံး မခွပ်ကြဘူးလား? ခွပ်လိုက်ရင်တော့ အတက်တွေ မဆူးတော့ဘူးလား? ဆူးသွားလိမ့်မယ်။ ခုဒီမှာကြည့်နော် -

တစ်ဖက်ပုဂ္ဂိုလ်က ဒေါသဖြစ်နေပြီ, ပျက်စီးနေပြီ, စိတ်ဓာတ်တွေ ပျက်စီးနေပြီ။ သိပြီ - သိလိုက်တဲ့ အချိန်အခါမှာ သူတော်ကောင်းအမည်ခံချင်တဲ့ သို့မဟုတ် သူတော်ကောင်းဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တစ်ဦးက ဘာလုပ်ရမလဲ? သတိသမ္ပဇဉ် ဉာဏ်ယှဉ်ပြီးတော့ ဒီ ဖြစ်ပေါ်လာမဲ့ ဒေါသတရား ငြိမ်းအေးအောင် မိမိက ကြိုတင်ပြီး ပြုလုပ်ရတယ်။ ဒေါသငြိမ်းကြောင်း ကျင့်စဉ်တွေက ဘာတွေလဲလို့ မေးရင် ဘယ်လိုဖြေမလဲ?

သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေ ရှိပါတယ်။ ဒီကျင့်ဝတ်ပဋိပတ်တွေကို မိမိက ရိုရိုသေသေ ဖြည့်ကျင့်ပြီး မိမိ ပြုလုပ်ရမဲ့ ကုသိုလ်ကောင်းမှု လုပ်ငန်းရပ်ကိုသာ ဆက်တိုက် ပြုလုပ်လျက် မိမိသန္တာန်မှာ ဖြစ်ပေါ်လာမဲ့ ဒီဒေါသအပူမီးကို ငြိမ်းအေးအောင် ကြိုတင်ပြီးတော့ ငြှိမ်းထားပါနော်။ အဲဒီလို ငြိမ်းအေးအောင် ငြှိမ်းတဲ့ လုပ်ငန်းရပ်သည်ပင်လျှင် လူမိုက်ကို တားမြစ်ကြောင်း လုပ်ငန်းရပ်တစ်ခု ဖြစ်တယ်လို့ ငါကတော့ သဘောပေါက်တယ်လို့ မာတလိနတ်သားကို ပြန်ပြီးတော့ ဖြေတယ်။ အဲဒီအခါကျတော့မှ မာတလိနတ်သားကလည်း သူကလည်း အလျော့မပေးပြန်ဘူး။ ဆက်ပြီး ပြောပြန်တယ်နော် -

‘‘ဧတဒေဝ တိတိက္ခာယ, ဝဇ္ဇံ ပဿာမိ ဝါသဝ၊ ယဒါ နံ မညတိ ဗာလော, ဘယာ မျာယံ တိတိက္ခတိ၊ အဇ္ဈာရုဟတိ ဒုမ္မေဓော, ဂေါဝ ဘိယျော ပလာယိနံ’’။

ဝါသဝ၊ နတ်တို့သခင်သိကြားမင်း။ ဧတဒေဝ၊ အကြင်အကြောင်းကြောင့်။ ဗာလော၊ လူမိုက်သည်။ နံ၊ ထိုသည်းခံတတ်သောသူကို။ မညတိ၊ အောက်မေ့မှတ်ထင်တတ်၏။ အယံ၊ ဤသူသည်။ မေ၊ ငါ့အား။ ဘယာ၊ ကြောက်ခြင်းကြောင့်။ တိတိက္ခတိ၊ သည်းခံ၍ နေ၏ဟူ၍။

ဘယ့်နှယ်တုန်း ဒါလည်း မဟုတ်ဘူးလား? ဟုတ်တယ်။ လူမိုက်ဆိုတာက သူက လူမိုက်အမြင်နဲ့ပဲ မြင်တယ်နော်။ အဲဒီတော့ ဒီနေရာမှာ သည်းခံပြီ။ ပုဂ္ဂိုလ်တစ်ယောက်က သည်းခံပြီ ဆိုလို့ရှိရင် လူမိုက်က ဒီသည်းခံနေတဲ့ပုဂ္ဂိုလ်အား “ဒီပုဂ္ဂိုလ် ငါ့ကို ကြောက်လို့ပါ” လို့ သူက ဒီလို ထင်တတ်တယ်တဲ့။ ဘယ့်နှယ်တုန်း ပရိသတ်တွေ မှားလား, မှန်လား? မှန်သင့်သလောက်လည်း မှန်လိမ့်မယ် ထင်တယ်နော်။

ဝါသဝ = နတ်တို့သခင် သိကြားမင်း။ ဧတဒေဝ = အကြင် အကြောင်းကြောင့်။ ဗာလော = လူမိုက်သည်။ နံ = ထို-သည်းခံတတ်သောသူကို။ မညတိ = အောက်မေ့မှတ်ထင်တတ်၏။ အယံ = ဤသူသည်။ မေ = ငါ့အား။ ဘယာ = ကြောက်ခြင်းကြောင့်။ တိတိက္ခတိ = သည်းခံ၍ နေ၏ဟူ၍။

သူဘက်ကလည်း ပြန်ပြီးတော့ ချေပတယ်နော်။ သည်းခံခြင်းကြောင့် ရရှိတဲ့ အပြစ်ကို သူက တင်ပြတယ်။ လောကမှာ လူတွေက သည်းခံပြီဆိုရင် သည်းခံတတ်တဲ့ ပုဂ္ဂိုလ်ကို ငါ့ကို ကြောက်လို့ ဒီပုဂ္ဂိုလ်ဟာ သည်းခံတာပဲလို့ ဒီလို သဘောမပေါက်ဘူး။ ဒီပုဂ္ဂိုလ်ဟာ ငါ့ကို ကြောက်ရွံ့နေတယ်လို့ ငါ့ကို ကြောက်ခြင်းကြောင့် ဒီလို ဆိတ်ဆိတ်နေတာပဲလို့ စိတ်ထဲမှာ ဒီလို ထင်လာတတ်တယ်နော်။ ဘာနဲ့ တူသလဲလို့မေးရင် -

နွားကို သူက ပုံစံထုတ်ပြတယ်။ နွားတွေရဲ့ သဘောတရားက ဘယ်လို ရှိသလဲ? ကြောက်လို့ ထွက်ပြေးပြီဆိုရင် ထွက်ပြေးတဲ့ နွားကို ဖိပြီးတော့ ဝိုင်းပြီးတော့ လိုက်ကြတယ်။ နွားတွင်လား မဟုတ်ပါဘူး။ ခွေးတွေ ကြည့်လိုက်ပါလား ဒီစိတ်ထား မရှိဘူးလား? ရှိတယ်။ ကြောက်လို့ ပြေးပြီဆိုရင် ဝိုင်းပြီးတော့ မလိုက်ကြဘူးလား? လိုက်ကြတယ်။ ဖိပြီးတော့ လွှမ်းမိုးဖိစီး နှိပ်စက်တတ်တဲ့ သဘာဝရှိတယ်။ အဲဒီအတိုင်းပဲ ပညာမရှိတဲ့, ပညာဉာဏ် နည်းပါးတဲ့ ပုဂ္ဂိုလ်တွေဟာ သည်းခံနေတဲ့ ပုဂ္ဂိုလ်ကို လွှမ်းမိုးဖိစီးပြီးတော့ နှိပ်စက်တတ်ပါတယ်။ ဒီလို လွှမ်းမိုးဖိစီး နှိပ်စက်ခြင်းဟာ သည်းခံခြင်းဟူသော အကြောင်းတရားကြောင့် ရရှိတဲ့ အပြစ်လို့ ကျွန်တော် တွေ့မြင်နေပါတယ်လို့ ဆိုပြီးတော့ သူက ပြန်ပြီးတော့ တင်ပြလျှောက်ထားပြန်တယ်။ သူ့ရဲ့ တင်ပြလျှောက်ထားချက်ကလည်း မှန်သင့်သလောက် မမှန်ဘူးလား? မှန်ပါတယ်။

ဒါပေမဲ့ သိကြားမင်းကြီးဘက်ကတော့ ဘယ်လို စိတ်ထားရှိသလဲ? သူ့ရဲ့စိတ်ထားလေးက မွန်မြတ်တယ်။ ဘာဖြစ်လို့ မွန်မြတ်တယ် ပြောရသလဲ? ဘုရားရှင်ရဲ့ အဆုံးအမကို သူက ရိုေသစွာ ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ ပညာရှိသူတော်ကောင်းဖြစ်အောင် သူက ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်နော်။ အဲဒီလို ကြိုးစားခြင်းကြောင့် သူ့ရဲ့ လုံ့လဝီရိယနဲ့ ကြိုးစားပုံလေးကို သူက ဆက်လက်ပြီး တင်ပြတယ်။

‘‘ကာမံ မညတု ဝါ မာ ဝါ, ဘယာ မျာယံ တိတိက္ခတိ၊ သဒတ္ထပရမာ အတ္ထာ, ခန္တျာ ဘိယျော န ဝိဇ္ဇတိ။’’

အယံ = ဤသူသည်။ ဘယာ = ကြောက်သောကြောင့်။ မမ = ငါ့အား။ တိတိက္ခတိ = သည်းခံ၏ဟူ၍။ ဗာလော = လူမိုက်သည်။ မညတု ဝါ = အကယ်၍ အောက်မေ့မှတ်ထင်သည်မူလည်း ဖြစ်ချင်ဖြစ်ပါစေ။ မာ ဝါ မညတု = အကယ်၍ အောက်မေ့ မမှတ်ထင်သည်မူလည်း ဖြစ်ချင်ဖြစ်ပါစေ။ အတ္ထာ = အကျိုးတရား ဟူသမျှတို့သည်။ သဒတ္ထပရမာ = မိမိ၏ အကျိုးတရားသာလျှင် လွန်မြတ်သော အတိုင်းထိ။ ဝိဇ္ဇန္တိ = ရှိကြကုန်၏။ ခန္တျာ = သည်းခံခြင်းထက်။ ဘိယျော = သာလွန်သောတရားသည်။ န ဝိဇ္ဇတိ = မရှိသည်သာလျှင်တည်း။

သူ့ဘက်က ဒီလို ပြန်ဖြေတယ်နော်။ “အေး ငါ့ကို ကြောက်လို့ ဒီပုဂ္ဂိုလ် သည်းခံနေတာပဲ။ မနိုင်လို့ -------------- မနိုင်လို့ သည်းခံနေရခြင်းသည်လည်းကောင်းဆိုတဲ့ အတိုင်းပေါ့လေနော်။ ငါ့ကို ကြောက်လို့, ငါ့ကို မနိုင်လို့ ဒီပုဂ္ဂိုလ်က သည်းခံနေတာပဲလို့ ဒီလူမိုက်ဖြစ်နေတဲ့ ပုဂ္ဂိုလ်က အောက်မေ့မှတ်ထင်ချင်လည်း အောက်မေ့ မှတ်ထင်ပါစေ, မအောက်မေ့ မမှတ်ထင်ဘူး မအောက်မေ့ မမှတ်ထင်ဘဲ ရှိချင်လည်း ရှိပါစေ။ ဒါပေမဲ့လို့ အကျိုးတရား ဟူသမျှတို့သည် မိမိရဲ့ အကျိုးတရားသာလျှင် ပမာဏဖြစ်တယ်။ မိမိ၏ အကျိုးရှိဖို့ကသာ လိုရင်းဖြစ်တယ်။ သူတစ်ပါးအကျိုး ရှိဖို့, မရှိဖို့ ဆိုတာကတော့ သိပ်ပြီးတော့ လိုရင်း မဟုတ်ဘူး။ ဆိုလိုတာက သူတစ်ပါး တစ်ဖက်သားက ဘယ်လိုပဲ ထင်ထင်ပေါ့ မိမိမှာ အကျိုးရှိမယ့်လုပ်ငန်းရပ် ဖြစ်နေခဲ့မယ်ဆိုရင် မိမိက ရဲရဲဝံ့ဝံ့ ပြုလုပ်နိုင်ဖို့ လိုအပ်တယ်လို့ - ဒါ သိကြားမင်းက တင်ပြတယ်။ ဘာဖြစ်လို့လဲ?

မိမိ အကျိုးစီးပွားဟူသမျှတို့ဟာ မိမိရဲ့ အကျိုးစီးပွား ရှိဖို့က လိုရင်း ဖြစ်နေတယ်။ သူတစ်ပါး အကျိုးစီးပွားရှိအောင်တော့ မလုပ်ကောင်းဘူး - ဒီလို မပြောလိုဘူးနော်။ ခုက လူမိုက်နဲ့ ပညာရှိ ၂-ခုတည်းအတွက် ကွက်ပြီး ပြောနေတဲ့စကားပဲ။ လူမိုက်က သူကနေပြီးတော့ သူ့ကို သည်းခံနေတာကို သူက ငါ့ကိုကြောက်လို့လို့ သူက ဒီလိုထင်တာ။ ထင်ချင်လည်း ထင်ပါစေ မထင်ချင်သော်လည်း ရှိချင်ရှိပါစေ။ ဒါပေမဲ့ အကျိုးစီးပွားရှိမယ့် လုပ်ငန်းရပ်တွေ ဟူသမျှမှာ မိမိရဲ့ အကျိုးစီးပွားရှိတဲ့ လုပ်ငန်းရပ်သာလျှင် လိုရင်း အပိုင်းအခြားဖြစ်တယ်, အသာဆုံး အမြတ်ဆုံး ဖြစ်တယ်။

ဒါကြောင့် သည်းခံခြင်းထက် သာလွန်နေတဲ့ အဆင့်အတန်း မြင့်မားနေတဲ့ တရားတစ်ခုကို ငါမတွေ့မမြင်ပါဘူး - ဆိုပြီး သူက ဒီလို ပြောတယ်။ ဘာဖြစ်လို့လဲ? အကယ်၍ သည်းမခံနိုင်ဘူးပေါ့နော်။ သူ့ကို ပြန်လည်ပြီးတော့ ခုခံမယ်, တုံ့ပြန်မယ် ဆိုလို့ရှိရင် တစ်ဦးနဲ့တစ်ဦး ဒေါသတရားတွေက ပိုပြီး ကြီးထွားမလာနိုင်ဘူးလား? ကြီးထွားလာမယ်။ ကြီးထွားလာလို့ သူ့မှာလည်း ဒေါသဖြစ်မယ်။ မိမိမှာလည်း ဒေါသဖြစ်မယ် ဆိုလို့ရှိရင် ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာသည် မည်သလားလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့ လိုက်နာသည် မမည်ဘူး။ မမည်ပုံလေးကို သူက ဘုရားဟော ဒေသနာတော်ကို ကိုးကားပြီးတော့ သူက ဆက်ပြီးတော့ ပြောမှာ ဖြစ်တယ်နော်။

‘‘ယော ဟဝေ ဗလဝါ သန္တော, ဒုဗ္ဗလဿ တိတိက္ခတိ၊ တမာဟု ပရမံ ခန္တိံ, နိစ္စံ ခမတိ ဒုဗ္ဗလော။’’

ယော = အကြင်ပုဂ္ဂိုလ်သည်ကား။ ဗလဝါ = အားရှိသူသည်။ သန္တော = ဖြစ်ပါလျက်။ ดုဗ္ဗလဿ = အားနွဲ့နေတဲ့ ပုဂ္ဂိုလ်အား။ ဟဝေ = စင်စစ်ဧကန် အမှန်အားဖြင့်။ တိတိက္ခတိ = သည်းခံတတ်၏။

ပုဂ္ဂိုလ်တစ်ယောက်က တကယ်တမ်း အားရှိနေတယ်။ ဖိနှိပ်နိုင်တဲ့ စွမ်းအား, နှိပ်ကွပ်နိုင်တဲ့ စွမ်းအား, ချေမှုန်းနိုင်တဲ့ စွမ်းအား, ပြန်လည် ချေပနိုင်တဲ့ စွမ်းအားတွေ အပြည့်အဝ ရှိနေတယ်။ ဒါပေမဲ့လို့ ဘာဖြစ်လဲ?

ယော = အကြင်ပုဂ္ဂိုလ်သည်ကား။ ဗလဝါ = အားရှိသူသည်။ သန္တော = ဖြစ်ပါလျက်။ ဒုဗ္ဗလဿ = အားနွဲ့နေတဲ့ ပုဂ္ဂိုလ်အား။ ဟဝေ = စင်စစ်ဧကန် အမှန်အားဖြင့်။ တိတိက္ခတိ = သည်းခံတတ်၏။

မိမိက အင်အားကြီးမားနေတာ မှန်ပေမဲ့လို့ တကယ်စင်စစ်အားဖြင့် ဒီသူတော်ကောင်းက ဘုရားရှင်ရဲ့ တရားတော်တွေကို နှလုံးသွင်းပြီးတော့ သူက သည်းခံနေတယ်။ အဲဒီလို သည်းခံရင် ဘာဖြစ်သလဲ?

တံ = ထိုသူ၏ သည်းခံခြင်းကို။ ပရမံ = အမြတ်ဆုံးသော။ ခန္တိံ = သည်းခံခြင်းဟူ၍။ အာဟု = အဆူဆူသော ဘုရားရှင်တို့သည် ဟောကြား ပြသဆိုဆုံးမတော်မူအပ်ကုန်ပြီ။ ဒုဗ္ဗလော = သူသည်ကား။ နိစ္စံ = အမြဲတမ်း။ ခမတိ = သည်းခံ၍ နေရတတ်ပေ၏။

အဲဒီလို အားနွဲ့တဲ့ပုဂ္ဂိုလ်ရဲ့ သည်းခံခြင်းဆိုတာကတော့ အမြဲတမ်း ရှိတယ်။ ဘာဖြစ်လို့လဲ? သူ့ခန္တီက မနိုင်လို့ သည်းခံရတဲ့ သည်းခံခြင်းမျိုး ဟုတ်တယ်မဟုတ်လား? နိုင်တာ နိုင်မယ် ဆိုလို့ရှိရင် သူ သည်းခံပါ့မလား? မသည်းခံဘူး။ ဒါကြောင့် ရှုံးနေတဲ့, အားနည်းတဲ့ ပုဂ္ဂိုလ်ဆိုတာက အမြဲတမ်း သည်းခံတဲ့ဘက်မှာ ရှိနေရတယ်တဲ့။ သူက အမြဲတမ်း အောက်ကျနေရတယ်နော်။ နိုင်နေတဲ့ပုဂ္ဂိုလ်, ခွန်အားကြီးမားနေတဲ့ပုဂ္ဂိုလ်, စွမ်းအင်ရှိနေတဲ့ပုဂ္ဂိုလ်။ အဲဒီ ပုဂ္ဂိုလ်တစ်ဦးက စွမ်းအင်တွေ ရှိတယ်။ တစ်ဖက်ကို နှိပ်ကွပ်နိုင်တဲ့ စွမ်းအား, ချေမှုန်းနိုင်တဲ့စွမ်းအား, ချေပနိုင်တဲ့စွမ်းအား, တိုက်ဖျက်နိုင်တဲ့စွမ်းအား ရှိတယ်။ ရှိပေမဲ့လို့ အားနွဲ့နေတဲ့ ပုဂ္ဂိုလ်အပေါ်မှာ သည်းခံတယ်။ အဲဒီလို သည်းခံမှုမျိုးကိုသာလျှင် အသာဆုံး အမြတ်ဆုံး သည်းခံမှုလို့ ဘုရားအဆူဆူသော ဂင်္ဂါဝါဠု သဲစုမက ပွင့်ပေါ်တော်မူကြတဲ့ အဆူဆူသော ဘုရားရှင်တို့က ဟောကြားပြသ ဆိုဆုံးမထားတော်မူပါတယ်နော်။

ဒါကြောင့် - အားနွဲ့တဲ့ ပုဂ္ဂိုလ်ဆိုတာကတော့ အမြဲတမ်း သူက သည်းခံတဲ့ဘက်မှာ နေရပါတယ်။ အားကြီးတဲ့ ပုဂ္ဂိုလ်ရဲ့ သည်းခံမှုဆိုတာက သူတော်ကောင်းစိတ်ဓာတ် ရှိမှသာလျှင် ဖြစ်နိုင်ပါတယ်။ ဂင်္ဂါဝါဠု သဲစုမက ပွင့်ပေါ်တော်မူကြတဲ့ ဘုရားရှင်တို့ရဲ့ အဆုံးအမကို ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ ရိုသေစွာ ပြုကျင့် လိုက်နာနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာသာလျှင် ဖြစ်နိုင်တယ်။ အဲဒါ ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်နေတယ်။ မနိုင်လို့ သည်းခံတာကတော့ ဒါကတော့ မနိုင်တဲ့ ပုဂ္ဂိုလ်တိုင်းမှာ ရှိတဲ့ သဘာဝပဲ မဟုတ်ဘူးလား? ဟုတ်နေတယ်။ နိုင်ပါနေလျက်နဲ့ သည်းခံခြင်းကတော့ ဒီသည်းခံနည်းမျိုးကတော့ ဘုရားရှင်က အသာဆုံး အမြတ်ဆုံး သည်းခံနည်းလို့ ဒီလို ဟောထားတယ်နော်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်၍ ဒကာတော်သိကြားက တရားဆက်ဟောတယ်နော်။

‘‘အဗလံ တံ ဗလံ အာဟု, ယဿ ဗာလဗလံ ဗလံ၊ ဗလဿ ဓမ္မဂုတ္တဿ, ပဋိဝတ္တာ န ဝိဇ္ဇတိ။’’

ဗာလဗလံ = လူမိုက်တို့၏ ခွန်အားသည်။ ယဿ = အကြင်သူ၏။ ဗလံ = အားတည်း။ တံ ဗလံ = ထိုသူ၏အားကို။ အဗလံ = အားမဟုတ်ပါဘဲလျက်။ ဗလံ = အားဟူ၍။ အာဟု = ပြောဆို၍ နေကြလေကုန်၏။

လူမိုက်တို့ရဲ့ အားဆိုတာ ရှိတယ်နော်။ အဲဒီ လူမိုက်တွေရဲ့ အားကို တကယ့်ခွန်အားလို့ ပြောသလား? မပြောဘူးနော်။

ဗာလဗလံ = လူမိုက်တို့၏ ခွန်အားသည်။ ယဿ = အကြင်သူ၏။ ဗလံ = အားတည်း။

ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ခွန်အားကို ကြည့်လိုက်ရင် သူက လူမိုက်ရဲ့အား ဖြစ်တယ်နော်။ လူမိုက်အားကိုး ဖြစ်နေတယ်။ လူမိုက်အားကိုး ဖြစ်တဲ့ ခွန်အားတစ်ခုကို ပညာရှိ သူတော်ကောင်းတို့ဘက်ကတော့ ဘယ်လို ပြောသလဲ?

ဗာလဗလံ = လူမိုက်တို့၏ ခွန်အားသည်။ ယဿ = အကြင်သူ၏။ ဗလံ = အားတည်း။ တံ ဗလံ = ထိုသူ၏အားကို။ အဗလံ = အားမဟုတ်ပါဘဲလျက်။ ဗလံ = အားဟူ၍။ အာဟု = ပြောဆို၍ နေကြလေကုန်၏။

ပညာရှိသူတော်ကောင်းတွေကတော့ လူမိုက်ရဲ့ခွန်အားကို အားလို့ မပြောဘူး။ အားမဟုတ်ဘဲနဲ့ သူတို့က အားလို့ ပြောနေတာတဲ့နော်။

ဓမ္မဂုတ္တဿ = သစ္စာလေးရပ် တရားမြတ်တည်းဟူသော တရားကို စောင့်ရှောက်သောသူ၏။ ဗလဿ = အားကို။ ပဋိဝတ္တာ = တုံ့ပြန်ပြောဆိုနိုင်သူသည်။ န ဝိဇ္ဇတိ = မရှိသည်သာလျှင်တည်း။

ပုဂ္ဂိုလ်တစ်ယောက်က သစ္စာလေးပါးဆိုတဲ့ တရားကို ထိန်းသိမ်းစောင့်ရှောက်နေတယ်။ သစ္စာတရားကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ထိုသူတော်ကောင်းရဲ့ခွန်အားကို တုံ့ပြန်နိုင်တဲ့ ခွန်အားဆိုတာ လောကမှာ မရှိပါဘူး။ ဆိုကြပါစို့ ... ပုဂ္ဂိုလ်တစ်ယောက်က သစ္စာလေးပါး သိသွားပြီ။ ဥပမာ ဆိုကြပါစို့။ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးနော် - အရဟတ္တမဂ်, အရဟတ္တဖိုလ် တိုင်အောင်သော ဉာဏ်တော်မြတ်တို့ဖြင့် သစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်သွားပြီ။ ထိုသစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်နေတဲ့ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးကို ခိုးသား ၅-ရာတို့က လာပြီးတော့ ရိုက်သတ်ကြတယ်နော်။ ခိုးသား ၅-ရာတို့ရဲ့ ခွန်အားကို တကယ့်ခွန်အားလို့ ပြောမလား? မပြောဘူး။ ဘာဖြစ်လို့လဲ?

အရှင်မဟာမောဂ္ဂလာန်ရဲ့သန္တာန်မှာ တည်ရှိနေတဲ့ သစ္စာတရားတည်းဟူသော ခွန်အားကြီးကို ဖျက်ဆီးနိုင်တဲ့စွမ်းအား, တုံ့ပြန်နိုင်တဲ့စွမ်းအား ရှိသလား? မရှိဘူး။ သူတို့ ဘယ်လိုပင် ရိုက်သတ်ပေမဲ့လို့ အရှင်မဟာမောဂ္ဂလာန် သစ္စာလေးပါး သိတဲ့ ဉာဏ်တော်မြတ်တွေ ပျက်စီးသွားသလား? မပျက်စီးပါဘူးနော်။ ဒါကြောင့် သူတော်ကောင်းဆိုတာ တရားသာ စောင့်နေပါစေ, ဒီတရားကို တုံ့လှည့်တစ်ဖန် ချေဖျက်နိုင်တဲ့ စွမ်းအင်တွေ လူမိုက်ထံမှာ ရှိသလား? မရှိဘူး။

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ - ဆိုတဲ့အတိုင်း တရားကို ကျင့်နေတဲ့ ပုဂ္ဂိုလ်ကို တရားက အမြဲတမ်း အစောင့်အရှောက် အကာအကွယ်ပေးနေတယ်။ လူမိုက်တွေက လူမိုက်အားကို အသုံးပြုပြီးတော့ ဘယ်လိုပင် လာပြီး ချေမှုန်းပေမဲ့လို့ တရားရှိနေတဲ့ သူတော်ကောင်းရဲ့ သန္တာန်မှာ ထင်ရှားရှိနေတဲ့ တရားတည်းဟူသော စွမ်းအားခွန်အားကြီးတွေ ပျက်စီးသွားနိုင်တဲ့သဘော အထင်အရှား ရှိသလား? မရှိပါဘူး။ မကောင်းဘူးလား? သိပ်ကောင်းတဲ့ စကားတွေနော်။ ဒါကြောင့် -

‘‘အဗလံ တံ ဗလံ အာဟု, ယဿ ဗာလဗလံ ဗလံ၊ ဗလဿ ဓမ္မဂုတ္တဿ, ပဋိဝတ္တာ န ဝိဇ္ဇတိ။

ဗာလဗလံ၊ လူမိုက်တို့ရဲ့ ခွန်အားသည်။ ယဿ၊ အကြင်သူတို့၏။ ဗလံ၊ ခွန်အားသည်။ ဟောတိ - ဖြစ်၍နေပေ၏။

ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ခွန်အား ကြည့်လိုက်တော့ လူမိုက်ရဲ့ ခွန်အားပဲ။ လူမိုက်ရဲ့ ခွန်အားဆိုတာက ဘာပြောတာလဲ? လူမိုက်ရဲ့ ခွန်အားဆိုတာက သူက မဟုတ်တာကို လုပ်မယ်, မဟုတ်တာကို ပြောမယ်, မဟုတ်တာကို ကြံမယ်။ ဒါက လူမိုက်ရဲ့စွမ်းအားပဲ။ အဲဒီ လူမိုက်ရဲ့ စွမ်းအားက တကယ့်စွမ်းအား ဟုတ်သလား? မဟုတ်ဘူး။ ဘာဖြစ်လို့ တကယ့်စွမ်းအား မဟုတ်သလဲ? ပညာရှိ သူတော်ကောင်းမှာ တည်ရှိနေတဲ့ သစ္စာတရားကို ထိုးထွင်းသိနေတဲ့ ဒီဉာဏ်တော်မြတ်ကို ချေမှုန်းနိုင်တဲ့စွမ်းအား သူ့မှာ ရှိသလား? မရှိဘူး။

ပညာရှိ သူတော်ကောင်းရဲ့အသက်ကို သတ်ချင်လည်း သတ်နိုင်တယ်။ ပညာရှိ သူတော်ကောင်းသန္တာန်မှာ တည်ရှိနေတဲ့ သစ္စာကို ထိုးထွင်းသိနေတဲ့ ဒီဉာဏ်တော်မြတ်ကြီးကို သူ ချေမှုန်းပစ်နိုင်တဲ့စွမ်းအား ရှိလား? မရှိဘူး။ ဒီလိုဆို သူ့ရဲ့ စွမ်းအင်ခွန်အားတွေ လူမိုက်ရဲ့ စွမ်းအားသည် တကယ့်ခွန်အား ဟုတ်သလား? မဟုတ်ဘူး။ ဘယ့်နှယ်တုန်း မှားလား, မှန်လား? မှန်နေတယ်နော်။ လောကမှာ ဒီအသိဉာဏ်လေးတွေ ရှိဖို့ သိပ်အရေးကြီးပါတယ်နော်။ ဒါကြောင့် -

ဗာလဗလံ၊ လူမိုက်တို့ရဲ့ ခွန်အားသည်။ ယဿ၊ အကြင်သူတို့၏။ ဗလံ၊ ခွန်အားသည်။ ဟောတိ - ဖြစ်၍နေပေ၏။ တံ၊ ထိုလူမိုက်အားကိုးနေတဲ့ သူကို။ အဗလံ၊ လူမိုက်ရဲ့ အားကိုးအား မဟုတ်ပါဘဲလျက်။ ဗလံ၊ အားဟူ၍။ အာဟု၊ လူမိုက်တို့က ပြောကုန်၏။

လောကမှာ တရားကို စောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ရဲ့ခွန်အားကို ပျက်စီးသွားအောင် တုံ့လှည့်တစ်ဖန် ပြန်ပြီးပြောဆိုနိုင်တဲ့ စွမ်းအားတွေ ရှိသလား? မရှိဘူးတဲ့နော်။ မရှိပုံလေးနဲ့ ပတ်သက်ပြီး သူက မြတ်စွာဘုရား ဟောထားတဲ့ တရားတော်လေးကို ဆက်လက်ပြီးတော့ မာတလိကို သူက တစ်ဆင့် ဟောပြတယ်။ ဘာဖြစ်လို့ သူက မာတလိကို တစ်ဆင့်ထပ်ပြီး ဟောပြနေရလဲလို့ မေးရင် ဘုရားရှင် ဆိုဆုံးမထားတဲ့ အဆုံးအမကို သူက ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ လိုက်နာပြုကျင့်နေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ ဒီလို ပြောချင်လို့ပါနော်။

ဘုရားရှင်ရဲ့ တရားတော်တွေကို နာတယ်, ဘုရားရှင်ရဲ့ တပည့်သာဝကအဖြစ် အမည်ခံတယ် - ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတဲ့ တရားကိုတော့ မနာယူဘူးဆိုလို့ရှိရင် ဘုရားရှင်ကို ဒီပုဂ္ဂိုလ်သည် ညှဉ်းပန်းနှိပ်စက်နေတဲ့ပုဂ္ဂိုလ်ပဲဆိုပြီး ညက ဟောခဲ့တဲ့ ပုဏ္ဏသုတ္တန်မှာ ဘုရားရှင်ကိုယ်တိုင်က ဟောထားတယ်နော်။ ငါဘုရား ဟောထားတဲ့တရားကို ငါဘုရားကို တရားဟောပါ ဆိုပြီးတော့ လလာတော့ တိုက်တွန်းတယ်။ ဒါပေမဲ့ ငါဘုရားဟောတဲ့အတိုင်း မကျင့်ဘူး။ အဲဒီ မကျင့်တဲ့ပုဂ္ဂိုလ်တွေက ငါဘုရားကို ညှဉ်းပန်းနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်တွေလို့ ဒီလို ဘုရားဟောထားတယ်နော်။ ကဲ ... ဒီနေရာမှာ ဘုရားရှင်ရဲ့ ဆိုဆုံးမချက်ကလေး ဂါထာလေး ၃-ဂါထာကို သိကြားမင်းကြီးကနေပြီးတော့ မာတလိနတ်သားကို ပြန်ပြီးတော့ ပြောတယ်။

‘‘တဿေဝ တေန ပါပိယော, ယော ကုဒ္ဓံ ပဋိကုဇ္ဈတိ၊ ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော, သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ။

ယော၊ အကြင်သူသည်။ ကုဒ္ဓံ၊ အမျက်ထွက်တတ်တဲ့ ပုဂ္ဂိုလ်ကို။ ပဋိကုဇ္ဈတိ၊ တစ်ဖန်ပြန်၍ အမျက်ထွက်တတ်၏။ တေန၊ ထိုတစ်ဖန်ပြန်၍ အမျက်ထွက်ခြင်းကြောင့်။ တဿေဝ၊ ထိုတစ်ဖန်ပြန်၍ အမျက်ထွက်တတ်သော ပုဂ္ဂိုလ်သည်သာလျှင်။ ပါပိယော၊ ယုတ်မာမှုသည်။ ဟောတိ၊ ဖြစ်ပေါ်၍ လာပေ၏။

ပုဂ္ဂိုလ်တစ်ယောက်က ပုဂ္ဂိုလ်တစ်ယောက်ကိုနော် အမျက်ထွက်ပြီ, ဒေါသထွက်ပြီနော်။ ဒေါသထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒီဒေါသထွက် ခံနေရတဲ့ ပုဂ္ဂိုလ်က တစ်ဖန်ပြန်ပြီးတော့ ဒေါသထွက်ပြီ။ အဲဒီလို ထွက်ပြီ ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ကနေ တစ်ဖန်ပြန်ပြီး ထိုပုဂ္ဂိုလ်ရဲ့ တစ်ဖန်ပြန်ပြီး ဒေါသထွက်ခြင်းသည် ဒီဒေါသထွက်ခြင်းတည်းဟူသော အကြောင်းကြောင့် ဒီပုဂ္ဂိုလ်ဟာ ယုတ်မာတဲ့ ပုဂ္ဂိုလ်ဖြစ်သွားတယ်။ ဒါကတော့ အနက် ၁-မျိုးနော်။ ဒီအနက်ကတော့ သမဏဝါဒ လို့ ခေါ်တာပေါ့လေ။ ရှေးရှေး အဋ္ဌကထာဆရာတော်များက နှစ်ခြိုက်တဲ့ ဝါဒပါ။ နောက်ထပ် ကေစိဝါဒ ဆိုတာလေး ၁-မျိုး တင်ပြထားတယ်။ ဒီဝါဒကိုတော့ အများအားဖြင့် မနှစ်ခြိုက်ဘူး။ မနှစ်ခြိုက်ပေမဲ့လည်း သူ့ဝါဒက အဓိပ္ပါယ်လေး နည်းနည်းရှိနေတယ်။ ဘယ်လိုလဲ?

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ကုဒ္ဓံ၊ အမျက်ဒေါသ ချောင်းချောင်းထလျက်ရှိသော သူကို။ ပဋိကုဇ္ဈတိ၊ တစ်ဖန် ပြန်၍ အမျက်ထွက်တတ်၏။ တဿေဝ၊ ထို တစ်ဖန်ပြန်၍ အမျက်ထွက်တတ်သောပုဂ္ဂိုလ်၏ အမျက်ဒေါသကသာလျှင်။ တေန၊ ထိုရှေးဦးစွာ အမျက်ထွက်သော ပုဂ္ဂိုလ်၏ ဒေါသထက်။ ပါပိယော၊ သာလွန်၍ ယုတ်မာလှပေ၏။

နောက်တစ်နည်း -

ယော၊ အကြင်ပုဂ္ဂိုလ်သူသည်။ ကုဒ္ဓံ၊ အမျက်ဒေါသ ချောင်းချောင်းထလျက်ရှိသော သူကို။ ပဋိကုဇ္ဈတိ၊ တစ်ဖန် ပြန်၍ အမျက်ထွက်တတ်၏။ တဿေဝ၊ တစ်ဖန်ပြန်၍ အမျက်ထွက်တတ်သော ထိုပုဂ္ဂိုလ်သည်သာလျှင်။ တေန၊ ထိုရှေးဦးစွာ အမျက်ထွက်သော ပုဂ္ဂိုလ်ထက်။ ပါပိယော၊ သာလွန်၍ ယုတ်မာလှပေ၏။

ပုဂ္ဂိုလ်တစ်ယောက်က ပုဂ္ဂိုလ်တစ်ယောက်ကို သွားပြီး အမျက်ထွက်ပြီ။ အဲဒီလို အမျက်ထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အမျက်အထွက်ခံရတဲ့ ပုဂ္ဂိုလ်က တစ်ဖန် ပြန်ပြီးတော့လည်း အမျက်ထွက်ဦးမယ်။ အဲဒီလို ဆိုလို့ရှိရင် နောက်ထပ်တစ်ဖန် ပြန်ပြီး အမျက်ထွက်တဲ့ပုဂ္ဂိုလ်က ပထမ အမျက်ထွက်တဲ့ ပုဂ္ဂိုလ်ထက်, ဒေါသထွက်တဲ့ ပုဂ္ဂိုလ်ထက် ပိုပြီးတော့ ယုတ်မာတယ်။ ဒီလိုလည်း အနက်တစ်မျိုး ဖွင့်တယ်။ အဓိပ္ပါယ်တော့ ရှိတန်သလောက် ရှိပါတယ်။ ဒီအဓိပ္ပါယ်ကို ရှေးရှေးအဋ္ဌကထာ ဆရာတော်များကတော့ မနှစ်ခြိုက်ကြဘူး။ မနှစ်ခြိုက်တဲ့အတွက် ဘယ်လို အနက်ပေးလဲ?

ယော၊ အကြင်သူသည်။ ကုဒ္ဓံ၊ အမျက်ဒေါသ ချောင်းချောင်းထွက်လျက်ရှိသော သူကို။ ပဋိကုဇ္ဈတိ၊ တစ်ဖန် ပြန်၍ အမျက်ထွက်တတ်၏။ တေန၊ ထိုသို့ ထွက်ပေါ်၍လာသော အမျက်ဒေါသကြောင့်။ တဿေဝ၊ ထို တစ်ဖန်ပြန်၍ အမျက်ထွက်တတ်သော ထိုပုဂ္ဂိုလ်သည်သာလျှင်။ ပါပိယော၊ ယုတ်မာအပ်တဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ရပေ၏။

ပထမပုဂ္ဂိုလ်က ဒေါသထွက်လို့ ယုတ်မာသွားပြီ။ လူယုတ်မာ ဖြစ်သွားပြီ။ ဒါကတော့ မဆန်းတော့ဘူး။ အဲဒီ လူယုတ်မာက ဒေါသထွက်တာကို မိမိက တစ်ဖန်ပြန်ပြီးတော့ ငါ့ကို ဒီလို ပြောရကောင်းလား, ငါ့ကို ဒီလို လုပ်ရကောင်းလား ဆိုပြီးတော့ ပုဂ္ဂိုလ်တစ်ယောက်က တစ်ဖန်ပြန်ပြီး ဒေါသထွက်ပြန်ပြီ။ အဲဒီလို ဒေါသထွက်ပြီ ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့ ဒေါသကြောင့် ထိုပုဂ္ဂိုလ်သည် ယုတ်မာတဲ့ ပုဂ္ဂိုလ် ဖြစ်သွားပြန်တယ်။ မဟုတ်ဘူးလား? ဟုတ်တယ်။ ပထမပုဂ္ဂိုလ်ကတော့ သူက ဒေါသထွက်လို့ လူယုတ်မာ ဖြစ်သွားပြီ။ ဒါက ပြီးပြီ။ အဲဒီ လူယုတ်မာကို တစ်ဖန်ပြန်ပြီး ဒေါသထွက်တော့ ဒေါသထွက်တဲ့ ပုဂ္ဂိုလ်တွေက လူယုတ်မာ ထပ်မဖြစ်ဘူးလား? ဖြစ်တယ်။ ဘာဖြစ်လို့ ဖြစ်လဲ? ထိုဒေါသကြောင့် လူယုတ်မာ ဖြစ်ရတယ်။ ဒီလိုဆိုလို့ရှိရင် လူယုတ်မာ မဖြစ်ချင်ဘူး ဆိုလို့ရှိရင် မိမိတို့က တစ်ဖန်ပြန်ပြီးတော့ ဒေါသထွက်သင့်လား? မထွက်သင့်ဘူး။ အဲဒီလို ဒေါသမထွက်ဘဲနဲ့ သည်းခံနေတာကို “ငါ့ကြောက်လို့တဲ့” ဘယ့်နှယ်တုန်း ဟုတ်သေးလား? မဟုတ်ဘူးနော်။ စဉ်းစားကြ စဉ်းစားကြ။ အဲဒီမှာ ဒေါသပြန်ပြီး မထွက်တဲ့ပုဂ္ဂိုလ်ကို ဘယ်လိုပြောလဲ?

‘‘တဿေဝ တေန ပါပိယော, ယော ကုဒ္ဓံ ပဋိကုဇ္ဈတိ၊ ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော, သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ။

ကုဒ္ဓံ၊ အမျက်ဒေါသချောင်းချောင်းထလျက်ရှိသော သူကို။ အပ္ပဋိကုဇ္ဈန္တော၊ တစ်ဖန်ပြန်၍ အမျက်မထွက်သောသူသည်။ ဒုဇ္ဇယံ၊ အောင်နိုင်ခဲလှသော။ သင်္ဂါမံ၊ စစ်ပွဲကို။ ဇေတိ၊ အောင်သည် မည်ပါပေသည်။

ဒေါသထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို တစ်ဖန်ပြန်ပြီး ဒေါသမထွက် ဘူးဆိုလို့ရှိရင် အဲဒီ ဒေါသမထွက်တဲ့ပုဂ္ဂိုလ်သည် အလွန် အောင်နိုင်ခဲတဲ့ စစ်ပွဲကို အောင်သည်မည်တယ်။ ဘယ့်နှယ်တုန်း သဘောကျကြလား? ငါကတော့ ဒေါသတော့ မထွက်တော့ပါဘူး။ ဒင်းက ငါ့ကို ဒီလို ပြောရက်လေခြင်းလို့ မျက်ရည်လေး တောက်ခနဲ တောက်ခနဲ ကျတယ်။ အဲဒါကော ဘာလဲ? အဲဒါက ဆုတ်နစ်တဲ့ဒေါသ ခုနက ပြန်ပြီးတော့ ခွပ်လိုက်တဲ့ဟာက ထက်ကြွတဲ့ဒေါသ ၂-ခုလုံး ကောင်းလား? ၁-ခုမှ မကောင်းဘူး။ ဒေါသချည်းပဲ။ ကဲ - နောက်ထပ် ဘာဟောလဲ?

‘‘ဥဘိန္နမတ္ထံ စရတိ, အတ္တနော စ ပရဿ စ၊ ပရံ သင်္ကုပိတံ ဉတွာ, ယော သတော ဥပသမ္မတိ။

ယော၊ အကြင် ပညာရှိတဲ့ ပုဂ္ဂိုလ်သည်။ သတော၊ သမ္ပဇဉ် သန္တေတသတိနှင့် ပြည့်စုံသည်ဖြစ်၍ ဉာဏ်ယှဉ်လျက်။ ပရံ၊ သူတစ်ပါးက။ သင်္ကုပိတံ၊ ဒေါသ အမျက်ချောင်းချောင်း ထွက်လျက်လာသည်ကို။ ဉတွာ၊ သိရှိ၍။ သတော၊ သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက်။ ဥပသမ္မတိ၊ ဖြစ်ပေါ်လာမယ့် ဒေါသတရားကို ငြိမ်းအေးအောင် ပြုကျင့်လိုက်နာ၍ နေပေ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ အတ္တနော စ၊ မိမိ၏လည်းကောင်း။ ပရဿ စ၊ သူတစ်ပါး၏လည်းကောင်း။ ဥဘိန္နံ၊ နှစ်ဦးသားတို့၏။ အတ္ထံ၊ အကျိုးစီးပွားကို။ စရတိ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေတဲ့ပုဂ္ဂိုလ် မည်ပါပေ၏၊

ပုဂ္ဂိုလ်တစ်ယောက် အမျက်ဒေါသတွေ ချောင်းချောင်းထွက်နေတာကို သူတော်ကောင်း ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တစ်ဦးက သိပြီ။ သိလိုက်တဲ့ အချိန်အခါမှာ ဘာလုပ်လဲ? သတိသမ္ပဇဉ် ဉာဏ်ယှဉ်ပြီးတော့ ဒီဖြစ်ပေါ်လာမယ့် ဒေါသတရားကို Ngreimအေးအောင် မိမိက ပြုကျင့်တယ်။ ဘယ်လို ပြုကျင့်လဲ? သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို ရိုရိုသေသေ လိုက်နာခြင်းဖြင့် မိမိရဲ့သန္တာန်မှာ ဖြစ်ပေါ်လာမယ်။ ဒီဒေါသအပူမီးကို ငြိမ်းအောင် ငြှိမ်းထားတယ်တဲ့နော်။ အဲဒီလို ငြိမ်းအောင် ငြှိမ်းလိုက်တဲ့ ပုဂ္ဂိုလ်သည် ဘာဖြစ်လဲ? မိမိ သူတစ်ပါး နှစ်ဦးသားတို့ရဲ့ အကျိုးစီးပွားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်ပဲ။ ဟုတ်မဟုတ် စဉ်းစားကြည့်စမ်းနော် -

တစ်ဖက်ပုဂ္ဂိုလ်က ဒေါသထွက်နေပြီ။ ဒေါသထွက်နေတဲ့ အချိန်အခါမှာ မိမိကလည်း တစ်ဖန်ပြန်ပြီး ငါ့ကို ဒီလို ပြောရကောင်းလား, ငါ့ကို ဒီလို ပြောရကောင်းလား ဆိုပြီးတော့ ပြန်ပြီး ဒေါသထွက်မယ်ဆိုကြစို့ ... နှစ်ဦးလုံးမှာ ဒေါသတရားတွေက တိုးပွားပြီး မလာဘူးလား? တိုးပွားလာလိမ့်မယ်။ တစ်ဖက်ပုဂ္ဂိုလ် ဒေါသထွက်နေပြီဆိုတာ သိပြီ၊ သိလိုက်တဲ့ အချိန်အခါမှာ မိမိက သတိသမ္ပဇဉ် ဉာဏ်ယှဉ်ပြီးတော့ ဒီဒေါသတရားတွေ ပျောက်ပျက်သွားအောင်, ငြိမ်းအေးအောင် ကျင့်တယ်။

ကာယကံ သီလဖြင့် ငြိမ်းအေးအောင် ကျင့်ရမယ့်နေရာမှာ ကာယကံ သီလတွေကို လုံခြုံအောင် စောင့်ထိန်းပြီးတော့ ကျင့်တယ်။ ဝစီကံဖြင့် ငြိမ်းအေးအောင် ကျင့်ရမယ့်နေရာမှာ ဝစီကံတွေကို လုံခြုံအောင် စောင့်ထိန်းပြီးတော့ မိမိက ကျင့်တယ်။ အဲဒီ အချိန်အခါမှာ သမာဓိတစ်ခုခု ထူထောင်မယ်။ မိမိက စွမ်းအားရှိလို့ အာနာပါနဈာန်တွေ သို့မဟုတ် ကသိုဏ်းဈာန်တွေ သို့မဟုတ် မေတ္တာဈာန်တွေ ဝင်စားပြီးတော့ နေမယ်။ အဲဒီလို ဈာန်သမာပတ် တစ်ခုခု ဝင်စားနေရင်လည်း ဒီအချိန်အခါမှာ ဒီဒေါသမီး ငြိမ်းမသွားဘူးလား? ငြိမ်းသွားတယ်။ ဒီထက် အဆင့်မြင့်တဲ့ မိမိက ရုပ်တွေ, နာမ်တွေ, အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းတတ်တဲ့ ဉာဏ်တွေ ရှိလို့ရှိရင်လည်း အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာရှုမယ် ဆိုလို့ရှိရင် ထိုဝိပဿနာဉာဏ်တွေ ဆက်တိုက်ဖြစ်နေတဲ့ အချိန်အခါမှာလည်း ဒီဒေါသအပူမီးတွေ ငြိမ်းမနေဘူးလား? ငြိမ်းသွားမယ်။

ဒီထက် စွမ်းအားရှိလို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် အဆင့်ဆင့်ထိ ဆိုက်ခဲ့မယ် ဆိုလို့ရှိရင်လည်း နောက်ဆုံး အနာဂါမ်မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်ပြီး ဆိုလို့ရှိရင်တော့ ဒီဒေါသအပူမီးသည် အမြစ်ပြတ် ငြိမ်းအေးသွားလိမ့်မယ်နော်။ အဲဒီလို ဒေါသအပူမီး ငြိမ်းအောင် သတိသမ္ပဇဉ် ဉာဏ်ယှဉ်ပြီးတော့ မိမိက ပြုကျင့်တယ်။ ငြိမ်းအောင် ငြှိမ်းနေတယ်။ အဲဒီလို ငြိမ်းအောင် ဒေါသအပူမီးကို ငြိမ်းအောင် ငြှိမ်းနေတဲ့ပုဂ္ဂိုလ်သည် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ? မိမိက ပြန်ပြီး ဒေါသမဖြစ်တဲ့အတွက် သို့မဟုတ် မေတ္တာဘာဝနာကမ္မဋ္ဌာန်းရေချမ်း ပက်ဖြန်းပေးတဲ့အတွက် မိမိ သူတစ်ပါး နှစ်ဦးသားလုံးမှာ အကျိုးမရှိဘူးလား? အကျိုးရှိသွားတယ်။ အကျိုးရှိပုံလေးကို ပြီးတော့ ဘုန်းကြီး သုတ္တန်တစ်ခု ထပ်ဟောပေးပါ့မယ်နော်။

‘‘ဥဘိန္နံ တိကိစ္ဆန္တာနံ, အတ္တနော စ ပရဿ စ၊ ဇနာ မညန္တိ ဗာလောတိ, ယေ ဓမ္မဿ အကောဝိဒါ’’။

ယေ = အကြင်ပုဂ္ဂိုလ်တို့သည်ကား ...။ ဗာလောတိ = လူမိုက်ဟူ၍ (အောက်မေ့မှတ်ထင်ကြကုန်၏)။ [?] ဓမ္မဿ = သစ္စာတရားကို (သို့မဟုတ်) သစ္စာတရား၌။ အကောဝိဒါ = မလိမ္မာကြကုန်။ ဇနာ = ထိုသူတို့သည်။ အတ္တနော စ = မိမိ၏လည်းကောင်း။ ပရဿ စ = သူတစ်ပါး၏လည်းကောင်း။ ဥဘိန္နံ = နှစ်ဦးသားတို့၏ (အကျိုးငှာ)။ တိကိစ္ဆန္တာနံ = ဒေါသအမျက်တည်းဟူသော မီးကို ငြိမ်းအေးအောင် ဆေးကု၍ နေကြကုန်သောသူကို။ ဗာလောတိ = လူမိုက်ဟူ၍။ မညန္တိ = အောက်မေ့မှတ်ထင်ကြလေကုန်၏။

သစ္စာလေးပါးတရားကို သစ္စာတရား၌ ကျွမ်းကျင်လိမ္မာမှု မရှိတဲ့ လူသားတွေ လောကမှာ ရှိကြတယ်။ အဲဒီ လူသားတွေက ဘယ်လို ထင်ကြသလဲလို့ မေးရင် မိမိရဲ့ အကျိုးစီးပွား, သူတစ်ပါးရဲ့ အကျိုးစီးပွားဆိုတဲ့ မိမိ သူတစ်ပါး နှစ်ဦးသားတို့ရဲ့ အကျိုးစီးပွား ရှိဖို့ရန်အလို့ငှာ ရည်ရွယ်တောင့်တပြီးတော့ ဒီဒေါသတည်းဟူသော အပူမီးကြီးကို ငြိမ်းအေးအောင် ဆေးကုကြတယ်။ အဲဒီလို ဆေးကုနေတဲ့ပုဂ္ဂိုလ်ကို လူမိုက်လို့ အောက်မေ့မှတ်ထင်ကြတယ်။ ဘယ့်နှယ်တုန်း ဟုတ်သလား, မဟုတ်ဘူးလား? သီလရှင်တွေ ဟင် မဖြေကြဘူး။ ဟုတ်တယ်နဲ့ တူတယ်နော်။ လောကက ဒီလိုပဲ ထင်ကြတယ် ဆိုပြီးတော့ ဟောတယ်။ အဲဒီတော့ အဲဒီဂါထာလေးတွေက သိကြားမင်းကြီးက ဘာကို အကြောင်းပြုပြီး ဟောရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ မြတ်စွာဘုရား ဟောထားတဲ့ သုတ္တန်တစ်ခုကို အခြေခံပါတယ်။ ဘုရားဟော ဒေသနာတော်ကို သူက ကိုးကားပြီးတော့မှ ဒီတရားကို ဟောနေတာပါနော်။ အက္ကောသသုတ္တန်ဆိုတဲ့ သုတ္တန်လေးတစ်ခု ရှိပါတယ်။

သံယုတ္တနိကာယ် သံယုတ် ပါဠိတော်မှာပဲ ပါရှိပါတယ်နော်။ တစ်ချိန် မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခိုက် ဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာ ဘာရဒွါဇ အနွယ်မှာဖြစ်တဲ့ ပုဏ္ဏားကြီးတစ်ဦးပေါ့လေ - သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုတယ်။ အဲဒီလို ဘာရဒွါဇပုဏ္ဏားတွေက သူတို့က အမျိုးအနွယ် မြင့်မြတ်တဲ့ ပုဏ္ဏားလို့ သူတို့က သူတို့ကိုယ် သူတို့ ယူဆကြတယ်။ ယူဆပြီးတော့ သူတို့ အမျိုးအနွယ်ထဲကနေပြီးတော့ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုတာကို အက္ကောသဘာရဒွါဇ အမည်ရနေတဲ့ ဆဲရေးတိုင်းထွာတတ်တဲ့ ဝါသနာရှိတဲ့ ပုဏ္ဏားကြီးတစ်ဦးက မကျေနပ်ဘူး။ မကျေနပ်တဲ့ အချိန်အခါကျတော့ သူက စိတ်မချမ်းမသာနဲ့ မြတ်စွာဘုရားထံ ရောက်လာတယ်။ ရောက်လာပြီးတဲ့ အချိန်အခါမှာ ဘာလုပ်သလဲ?

‘‘ဥပသင်္ကမိတွာ ဘဂဝန္တံ အသဗ္ဘာဟိ ဖရုသာဟိ ဝါစာဟိ အက္ကောသတိ ပရိဘာသတိ’’။

ဥပသင်္ကမိတွာ = ချဉ်းကပ်ပြီး၍။ ဘဂဝန္တံ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်ကို။ အသဗ္ဘာဟိ = သူတော်သူမြတ်တို့ရှိရာ ပရိသတ်အလယ်၌ မပြောကြားသင့် မပြောကြားထိုက်သော။ ဖရုသာဟိ ဝါစာဟိ = ရုန့်ရင်းကြမ်းတမ်းကုန်သော စကားတို့ဖြင့်။ အက္ကောသတိ = ဆဲရေး၍။ ပရိဘာသတိ = ခြိမ်းခြောက်၏။

မြတ်စွာဘုရားသည် လောကမှာ ဦးပဉ္စင်းတို့ သာသနာတော်ဘက်ကနေ ကြည့်ရင်တော့ အလွန် အပြစ်ကင်းစင်နေတဲ့ သူတော်ကောင်းလို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်ကိုသော်လည်း ပရိသတ်အလယ်, လူပုံအလယ်မှာ မပြောသင့် မပြောထိုက်တဲ့ စကားတွေဖြင့် လာပြီး ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာပြီးတော့ ပြောနေတယ်။ အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ထားလေးကို ပြန်ကြည့်ပါနော်။ သူတို့ရဲ့ အဆင့်အတန်းတွေ ဘယ်လောက် နိမ့်ကျနေတယ်ဆိုတာ မပေါ်လွင်ဘူးလား? ပေါ်လွင်နေပြီ။ သို့သော် ဒီနေရာမှာ ဘုရားရှင်ဘက်က မိမိ သူတစ်ပါး နှစ်ဦးသားတို့ အကျိုးရှိအောင် ကျင့်လိုက်တဲ့အတွက် ဘယ်လို အကျိုးတရားတွေ ရတယ်ဆိုတာ ဘုန်းကြီး ဟောချင်လို့ပါနော်။ အဲဒီ အချိန်အခါကျတော့ ဘုရားရှင်က ဘာလုပ်သလဲ? အက္ကောသဘာရဒွါဇ အမည်ရတဲ့ ဤဆဲရေး တိုင်းထွာတတ်တဲ့ ပုဏ္ဏားကြီးကို မြတ်စွာဘုရားရှင်က စကားလေးတစ်ခွန်း မေးကြည့်တယ်။

‘‘တံ ကိံ မညသိ, ဗြာဟ္မဏ’’၊

ဗြာဟ္မဏ = ဒကာတော်ပုဏ္ဏား။ တံ = ထိုငါဘုရားမေးမည့် မေးခွန်းကို။ တေ = သင်ပုဏ္ဏားသည်။ ကိံ မညသိ = အသို့ အောက်မေ့မှတ်ထင် ယူဆလေသနည်း။

ဒကာတော်ပုဏ္ဏား ... သင် ပုဏ္ဏားကြီးကို ငါဘုရား မေးခွန်းတစ်ခု မေးမယ်။ ငါဘုရားမေးမည့် မေးခွန်းကို သင်ပုဏ္ဏား ဘယ်လိုများ ထင်မြင်ယူဆသလဲနော် -

‘‘အပိ နု ခေါ တေ အာဂစ္ဆန္တိ မိတ္တာမစ္စာ ဉာတိသာလောဟိတာ အတိထိယော’’။

တေ = အသင် ပုဏ္ဏားကြီး၏။ မိတ္တာမစ္စာ = မိတ်ဆွေအပေါင်းအသင်းတို့သည်လည်းကောင်း။ ဉာတိသာလောဟိတာ = ဆွေမျိုးသားချင်းတို့သည်လည်းကောင်း။ အတိထိယော = ဧည့်သည်တို့သည် လည်းကောင်း။ အပိ နု ခေါ အာဂစ္ဆန္တိ = လာကြပါကုန်သလား။

ဒီမေးခွန်းလေးတစ်ခု မေးကြည့်တယ်။ အသင် ဒကာတော်ပုဏ္ဏားရဲ့ အိမ်ကို အသင် ဒကာတော်ပုဏ္ဏားရဲ့ မိတ်ဆွေတွေ, ဆွေမျိုးသားချင်းတွေ, ဧည့်သည်တွေ လာများ လာတတ်ကြသလား? ဒီမေးခွန်းလေး မေးကြည့်တယ်။ မေးလိုက်တဲ့ အချိန်အခါကျတော့ -

‘‘အပ္ပေကဒါ မေ, ဘော ဂေါတမ, အာဂစ္ဆန္တိ မိတ္တာမစ္စာ ဉာတိသာလောဟိတာ အတိထိယော’’။

အရှင်ဂေါတမ ... တစ်ခါတရံတော့ တပည့်တော်ရဲ့အိမ်ကို တပည့်တော်ရဲ့ မိတ်ဆွေတွေ, တပည့်တော်ရဲ့ ဆွေမျိုးသားချင်းတွေ, တပည့်တော်ရဲ့ ဧည့်သည်တွေ တစ်ခါတလေတော့လည်း လာကြပါတယ်။ သူက ပြန်ပြီး လျှောက်ထားတယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်က သူ့ကို မေးခွန်းတစ်ခု ထပ်မေးတယ်။

‘‘တံ ကိံ မညသိ, ဗြာဟ္မဏ, အပိ နု တေသံ အနုပ္ပဒေသိ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သာယနီယံ ဝါ’’။

ဗြာဟ္မဏ = ဒကာတော်ပုဏ္ဏား ...။ တံ = ထိုငါဘုရားမေးမည့် မေးခွန်းကို။ တွံ = သင်ပုဏ္ဏားသည်။ ကိံ မညသိ = အသို့ အောက်မေ့မှတ်ထင် ယူဆလေသနည်း။ အပိ နု = အကယ်၍ (လှူဒါန်းပေးကမ်းပါသလား)။ တေသံ = ထိုမိတ်ဆွေခင်ပွန်း, ဆွေမျိုးသားချင်း ဧည့်သည်တို့အား။ တေ = သင်ဒကာတော်ပုဏ္ဏားသည်။ ခါဒနီယံ ဝါ = ခဲဖွယ်ကိုလည်းကောင်း။ ဘောဇနီယံ ဝါ = ဘောဇဉ်ကိုလည်းကောင်း။ သာယနီယံ ဝါ = လျှက်ဖွယ်ကိုလည်းကောင်း။ အနုပ္ပဒေသိ = လှူဒါန်းပေးကမ်း ပူဇော်ပါသလား။

မိတ်ဆွေတွေ ရောက်လာပြီဆိုရင်, ဆွေမျိုးသားချင်းတွေ အိမ်ကို ရောက်လာပြီဆိုရင်, ဧည့်သည်တွေ အိမ်ရောက်လာပြီဆိုရင် အဲဒီ မိတ်ဆွေတွေ, ဆွေမျိုးသားချင်းတွေ, ဧည့်သည်တွေကို အသင် ဒကာတော်ပုဏ္ဏားက ခဲဖွယ်တွေ, ဘောဇဉ်တွေ, လျှက်ဖွယ်တွေကို ပေးကမ်းလှူဒါန်းပါသလား? ဒီမေးခွန်း မေးကြည့်လိုက်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါမှာ ပုဏ္ဏားကြီးဘက်က ဘာပြန်လျှောက်ထားသလဲ?

‘‘အပ္ပေကဒါ နေသာဟံ, ဘော ဂေါတမ, အနုပ္ပဒေမိ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ သာယနီယံ ဝါ’’။

အရှင်ဂေါတမ တပည့်တော်ဟာ တစ်ခါတစ်ရံတော့ ဒီရောက်ရှိလာတဲ့ မိတ်ဆွေတွေ, ဆွေမျိုးသားချင်းတွေ, ဧည့်သည်တွေကို ခဲဖွယ်တွေ၊ ဘောဇဉ်တွေ၊ လျှက်ဖွယ်တွေကို တစ်ခါတစ်ရံတော့ ပေးကမ်းလှူဒါန်းပါတယ်။ ဒီလို လျှောက်ထားတယ်။ ပုဏ္ဏားကြီးဘက်ကလည်း မုသားမပါအောင် လျှောက်ထားနေတာနော်။ စကားပြောတဲ့အခါမှာ တစ်ခါတစ်ရံလို့ သူပြောပါတယ်။ အို လှူတာပေါ့ လာတဲ့အခါ အမြဲတမ်း လှူနေတာပဲ ဒီပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူး။ သူတို့က ပညာရှိသူတော်ကောင်းတွေဆိုတာ စကားပြောတဲ့အခါမှာ တစ်လုံးကအစ အင်မတန် သတိထားကြတယ်နော်။ တစ်ခါတစ်ရံတော့ လှူပါတယ်ဆိုတော့ မလှူတာကော မရှိဘူးလား? ရှိနိုင်တာပေါ့နော်။ အဲဒီအခါကျတော့မှ -

‘‘သစေ ခေါ ပန တေ, ဗြာဟ္မဏ, နပ္ပဋိဂ္ဂဏှန္တိ, ကဿ တံ ဟောတိ’’။

ဗြာဟ္မဏ = ဒကာတော်ပုဏ္ဏား ...။ သစေ ခေါ ပန = အကယ်၍။ တေ = ထိုပုဂ္ဂိုလ်တို့က။ နပ္ပဋိဂ္ဂဏှန္တိ = လက်မခံငှားကုန်ကြအံ့။ တံ = ထိုခဲဖွယ်ဘောဇဉ်သည်။ ကဿ = အဘယ်ပုဂ္ဂိုလ်အား။ ဟောတိ = ဖြစ်ပါသနည်း။

အဲဒီ သင်က လာပြီး ပေးလိုက်ကမ်းလိုက်တဲ့ ဒီခဲဖွယ်ဘောဇဉ်တွေကို, လျှက်ဖွယ်တွေကို ဒီဧည့်သည်တွေကနေပြီးတော့ လက်မခံကြဘူးဆိုရင် အဲဒီ ပစ္စည်းက ဘယ်သူ့ပစ္စည်း ဖြစ်မလဲ? မေးကြည့်တယ်နော် -

‘‘သစေ တေ, ဘော ဂေါတမ, နပ္ပဋိဂ္ဂဏှန္တိ, အမှာကမေဝ တံ ဟောတိ’’။

ဘော ဂေါတမ = အိုအရှင်ဂေါတမ ...။ တေ = ထိုပုဂ္ဂိုလ်တို့က။ သစေ နပ္ပဋိဂ္ဂဏှန္တိ = အကယ်၍ လက်မခံကြကုန်သည် ဖြစ်ငြားအံ့။ တံ = ထိုခဲဖွယ်ဘောဇဉ်စသည်သည်။ အမှာကမေဝ = တပည့်တော်တို့၏သာလျှင်။ ဟောတိ = ဖြစ်ပါပေ၏။

အကယ်၍ ဒီပုဂ္ဂိုလ်တွေကနေ တပည့်တော် ကျွေးမွေးလိုက်တဲ့ ခဲဖွယ်ဘောဇဉ်တွေ, လျှက်ဖွယ်တွေကို လက်မခံကြဘူးဆိုရင် ဒီခဲဖွယ်ဘောဇဉ် လျှက်ဖွယ်တွေဟာ တပည့်တော်ရဲ့ ပစ္စည်းဥစ္စာပဲ ဖြစ်တော်မူပါတယ် မြတ်စွာဘုရားဆိုပြီးတော့ သူက ပြန်လည် လျှောက်ထားတယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်က ဘာအမိန့်ရှိလဲ?

‘‘ဧဝမေဝ ခေါ, ဗြာဟ္မဏ, ယံ တွံ အမှေ အနက္ကောသန္တေ အက္ကောသသိ, အရောသေန္တေ ရောသေသိ, အဘဏ္ဍန္တေ ဘဏ္ဍသိ, တံ တေ မယံ နပ္ပဋိဂ္ဂဏှာမ။ တဝေဝေတံ, ဗြာဟ္မဏ, ဟောတိ၊ တဝေဝေတံ, ဗြာဟ္မဏ, ဟောတိ’’။

ဗြာဟ္မဏ = ဒကာတော်ပုဏ္ဏား ...။ ဧဝမေဝ ခေါ = ဤဥပမာ အတူသာလျှင်။ ယံ = ထိုအကြင် (အမှုကြောင့်)။ တွံ = သင်သည်။ အနက္ကောသန္တေ = မဆဲရေးတတ်ကြကုန်သော။ အမှေ = ငါတို့ကို။ အက္ကောသသိ = ဆဲရေး၍ နေပေ၏။ အရောသေန္တေ = မချုပ်ချယ်တတ်ကုန်သော။ အမှေ = ငါတို့ကို။ ရောသေသိ = ချုပ်ချယ်၍ နေပေ၏။ အဘဏ္ဍန္တေ = ခိုက်ရန် မပြုတတ်ကုန်သော။ အမှေ = ငါတို့ကို။ ဘဏ္ဍသိ = ခိုက်ရန်ပြုပေ၏။ တံ = ထိုသင်ပြုနေတဲ့အမှုကို။ မယံ = ငါတို့သည်။ နပ္ပဋိဂ္ဂဏှာမ = မခံယူကြပါကုန်။ တဝေဝေတံ = ဤ သင်ပြုတဲ့အမှုသည်။ ဗြာဟ္မဏ = ဒကာတော်ပုဏ္ဏား ... သင်၏ဥစ္စာသာလျှင်။ ဟောတိ = ဖြစ်ပါပေ၏။

ဒီဥပမာအတိုင်းပဲ သင်ဒကာတော်ပုဏ္ဏားက မဆဲရေးတတ်တဲ့ တို့ကို ဆဲရေးနေတယ်, မခြိမ်းခြောက်တတ်တဲ့ တို့ကို လာပြီး ခြိမ်းခြောက်နေတယ်, ရန်မဖြစ်တတ်တဲ့ တို့ကို လာပြီးတော့ သင်ဒကာတော်ပုဏ္ဏားက ရန်ဖြစ်နေတယ်။ ဒါကြောင့် သင့်ရဲ့ ဒီလို ဆဲရေးမှု, ခြိမ်းခြောက်မှု, ရန်ဖြစ်မှုတို့ကို တို့က မခံယူပါဘူး။ မခံယူတဲ့အတွက်ကြောင့် သင်ဒကာတော်ပုဏ္ဏားရဲ့ ဥစ္စာသာ ဖြစ်တယ်။ တို့ရဲ့ဥစ္စာ မဟုတ်ဘူး။ ဘယ့်,နှယ်တုန်း ဟုတ်သလား, မဟုတ်-ဘူးလား? မှန်နေတယ်။ ကိုယ်က သွားပြီး လက်မခံရင် ပြီးတာပဲ။ ကိုယ်က သွားပြီး လက်ခံလိုက်မယ် ဆိုလို့ရှိရင် ကိုယ်လည်း ကိုယ့်ဥစ္စာ ဖြစ်မသွားဘူးလား? ဖြစ်သွားလိမ့်မယ်။ ကိုယ်က လက်မခံဘူး ဆိုလို့ရှိရင် သူ့ဟာသူ လုပ်တာပဲ သူ့အပြစ်ပေါ့။ ကိုယ့်အပြစ် ဟုတ်သလား? မဟုတ်တော့ဘူး။ အဲဒီအခါကျတော့မှ ဘုရားရှင်က ဘာဆက်ပြီး ဟောလဲ?

‘‘ယော ခေါ, ဗြာဟ္မဏ, အက္ကောသန္တံ ပစ္စက္ကောသတိ, ရောသေန္တံ ပဋိရောသေတိ, ဘဏ္ဍန္တံ ပဋိဘဏ္ဍတိ,

ဗြာဟ္မဏ၊ ဒကာတော်ပုဏ္ဏား ...။ ယော ခေါ၊ အကြင်သူသည်ကား။ အက္ကောသန္တံ၊ ဆဲရေးတတ်တဲ့ ပုဂ္ဂိုလ်။ အက္ကောသန္တံ၊ ဆဲရေးတတ်တဲ့ပုဂ္ဂိုလ်ကို။ ပစ္စက္ကောသတိ၊ တစ်ဖန်ပြန်၍ ဆဲရေး၏။ ရောသေန္တံ၊ ချုပ်ချယ် စောင်းမြောင်းတတ်တဲ့ပုဂ္ဂိုလ်ကို။ ပဋိရောသေတိ၊ တစ်ဖန်ပြန်၍ ချုပ်ချယ် စောင်းမြောင်း၏။ ဘဏ္ဍန္တံ၊ ခိုက်ရန်ဖြစ်တတ်တဲ့ပုဂ္ဂိုလ်ကို။ ပဋိဘဏ္ဍတိ၊ တစ်ဖန်ပြန်၍ ရန်ဖြစ်တတ်၏၊

ဘယ့်,နှယ်တုန်း ဒီလို ပုဂ္ဂိုလ်တွေ လောကမှာ မရှိဘူးလား? ရှိတယ်။ တစ်ဖက်ကနေ ဆဲရေးလာလို့ရှိရင် မိမိကလည်း တစ်ဖန်ပြန်ပြီးတော့ ဆဲရေးတယ်။ တစ်ဖက်က ချုပ်ချယ်စောင်းမြောင်း လာပြီ ဆိုလို့ရှိရင် မိမိကလည်း ချုပ်ချယ်စောင်းမြောင်းတယ်။ တစ်ဖက်က ခိုက်ရန်ဖြစ်လာပြီဆိုရင် မိမိကလည်း ရန်တုန့်မူပြီးတော့ ဖက်ရန်ပစ်လိုက်တာပဲ။ နှုတ်သီးက သိပ်ကောင်းတယ်လေ။ စွာတာကိုး ဟုတ်တယ် မဟုတ်လား?

အယံ ဝုစ္စတိ, ဗြာဟ္မဏ, သမ္ဘုဉ္ဇတိ ဝီတိဟရတိ

ဗြာဟ္မဏ၊ ဒကာတော်ပုဏ္ဏား ...။ အယံ၊ ဤကဲ့သို့ ပြုမူခြင်းကို။ အယံ၊ ဤပုဂ္ဂိုလ်သည်သာ။ သမ္ဘုဉ္ဇတိ၊ အတူတကွ မကောင်းတဲ့ အကျိုးကို သုံးဆောင်တတ်တဲ့ ပုဂ္ဂိုလ်။ အယံ၊ ဤပုဂ္ဂိုလ်ကို။ ဗြာဟ္မဏ၊ ဒကာတော်ပုဏ္ဏား။ အယံ၊ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ သမ္ဘုဉ္ဇတိ၊ မကောင်းတဲ့အကျိုးကို အတူတကွ သုံးဆောင်နေတဲ့ ပုဂ္ဂိုလ်ဟူ၍။ ဝီတိဟရတိ၊ ကောင်းတဲ့အကျိုးတရားကို ကျော်လွှားလွန်မြောက်သွားတဲ့ ပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပါပေ၏၊

တစ်ဖက်ပုဂ္ဂိုလ်က ဆဲရေးလာပြီဆိုရင် မိမိက ပြန်ပြီး ဆဲရေးတယ်။ တစ်ဖက်ပုဂ္ဂိုလ်က ချုပ်ချယ်စောင်းမြောင်းလာပြီဆိုရင် မိမိကလည်း တစ်ဖန် ပြန်ပြီး ချုပ်ချယ်စောင်းမြောင်းတယ်။ တစ်ဖက်ပုဂ္ဂိုလ်က ရန်ဖြစ်လာပြီ ဆိုလို့ရှိရင် မိမိကလည်း တုန့်လှည့်တစ်ဖန် ပြန်ပြီးတော့ ရန်ဖြစ်တယ်။ အဲဒီလို တစ်ဖန် ပြန်ပြီးတော့ ဆဲရေးနေတဲ့ပုဂ္ဂိုလ်, ချုပ်ချယ်စောင်းမြောင်းနေတဲ့ပုဂ္ဂိုလ်, ရန်ဖြစ်နေတဲ့ပုဂ္ဂိုလ်သည် ပထမ ဆဲရေးတဲ့ပုဂ္ဂိုလ်, ချုပ်ချယ်စောင်းမြောင်းတဲ့ပုဂ္ဂိုလ်, ရန်ဖြစ်နေတဲ့ပုဂ္ဂိုလ်နဲ့ မကောင်းတဲ့ အကျိုးတရားတွေကို အတူတကွ သုံးဆောင်ခံစားနေတဲ့ ပုဂ္ဂိုလ်ပဲ။ ဘယ့်,နှယ်တုန်း ဟုတ်လား, မဟုတ်ဘူးလား? မှန်နေပြီ။

သူက ဒေါသဖြစ်တော့ သူ့ဒေါသက သူ့ကို မကောင်းတဲ့အကျိုး ပေးမယ်။ ကိုယ်ကလည်း တစ်ဖန်ပြန်ပြီးတော့ ဒေါသဖြစ်တော့ ကိုယ့်ဒေါသကလည်း ကိုယ့်ကို တစ်ဖန်ပြန်ပြီး မကောင်းတဲ့အကျိုး မပေးဘူးလား? ပေးတယ်။ သူလည်း မကောင်းတဲ့အကျိုးကို သုံးဆောင်တယ်။ ကိုယ်လည်း မကောင်းတဲ့ အကျိုးကို သုံးဆောင်တယ်။ နှစ်ဦးသားတို့ မကောင်းတဲ့အကျိုးကို အတူတကွ သုံးဆောင်ခြင်းကို ဒီလိုလုပ်ငန်းရပ်မျိုးကို ခေါ်တယ်။ “ဝီတိဟရတိ” ကောင်းတဲ့ အကျိုးတရားတွေကို နှစ်ဦးသားလုံး ကျော်လွှားလွန်မြောက်သွားတဲ့ ပုဂ္ဂိုလ်တွေလို့လည်း ခေါ်ပါတယ်တဲ့။ အင်မတန် သတိရှိဖို့ မကောင်းဘူးလား? ကောင်းတယ်နော်။

တေ မယံ တယာ နေဝ သမ္ဘုဉ္ဇာမ န ဝီတိဟရာမ။

တေ မယံ၊ ထိုငါဘုရားရှင်တို့သည်ကား။ တယာ၊ သင်ဒကာတော်ပုဏ္ဏားနှင့်။ နေဝ သမ္ဘုဉ္ဇာမ၊ မကောင်းတဲ့ အကျိုးတရားတို့ကို အတူတကွ မသုံးဆောင်ကြပါကုန်။ န ဝီတိဟရာမ၊ ကောင်းမွန်တဲ့ အကျိုးတရားတွေကိုလည်း ကျော်လွှားလွန်မြောက်၍ မသွားကြပါကုန်။

တို့ဘုရားရှင်ကတော့ သင်ဒကာတော်ပုဏ္ဏားနဲ့ မကောင်းတဲ့ အကျိုးတရားတွေကို ဘယ်တော့မှ အတူတကွ သုံးဆောင်ခံစားမှု မပြုကြပါဘူး။ ကောင်းတဲ့ အကျိုးတရားတွေကိုလည်း ကျော်လွှားလွန်မြောက်ပြီးတော့ မသွားကြပါဘူး။ ကဲ ... မကောင်းတဲ့ အကျိုးတရားတွေကို အတူတကွ မသုံးဆောင် မခံစားချင်ဘူး ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? ဒေါသ ပြန်-မထွက်နဲ့ပေါ့။ ဟုတ်တယ် မဟုတ်လား?

ကောင်းတဲ့အကျိုးတရားတွေကို မကျော်လွှား မလွန်မြောက်ချင်ဘူး ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? မိမိဘက်က သီလ သမာဓိ ပညာဆိုတဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြူစင်ဖြောင့်စင်းစွာဖြင့် ဆက်လက်ကျင့်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ အထူးသဖြင့်တော့ ဒီနေရာမှာ ဒီလို အမှုကိစ္စမျိုး ဖြစ်လာပြီ ဆိုရင်တော့ မေတ္တာဘာဝနာရေချမ်းတွေ ပက်ဖြန်းပေးတတ်ဖို့ လိုတယ်။ မေတ္တာဈာန်တွေ ဝင်စားတတ်ဖို့ လိုတယ်။ ဒါဟာ လက်နက်ကောင်းပဲနော်။

မေတ္တာ ဘာဝေတဗ္ဗာ ဗျာပါဒဿ ပဟာနာယ

ဒေါသတရားကို တိုက်ဖျက်ရန်အတွက် မေတ္တာကမ္မဋ္ဌာန်းကို သင်-ချစ်သားတို့ ပွားများအားထုတ်ကြပါ ဆိုပြီးတော့ ဘုရားရှင် တိုက်တွန်းထားတယ်။ ဒါဟာ အကောင်းဆုံးသော လက်နက်, ရန်အကင်းဆုံးသော လက်နက်။ သူတစ်ပါးက ဆဲရေးလို့ မိမိက ပြန်ဆဲရေးတယ်။ သူတစ်ပါးက ချုပ်ချယ်စောင်းမြောင်းလို့ မိမိကလည်း ပြန်ပြီးတော့ ချုပ်ချယ်စောင်းမြောင်းတယ်။ ဘယ်လို ချုပ်ချယ်စောင်းမြောင်းလဲ? “ထွီ ...” ဟဲဟဲ ဟုတ်တယ်မဟုတ်လား? သူတို့ လုပ်တတ်တယ် သူတို့ သူတို့နော်။ တစ်ယောက်နဲ့ တစ်ယောက် ထိသလိုလို ဘာလိုလိုပေါ့လေနော်။ “ထွီ ...” အမယ်နော် တော်တော်ဟန်ကျတယ်။

သူတစ်ပါးက ချုပ်ချယ်စောင်းမြောင်းပြီဆိုရင် မိမိကလည်း ချုပ်ချယ်စောင်းမြောင်းတယ်, သူတစ်ပါးက ခိုက်ရန်ဖြစ်လာပြီဆိုရင် မိမိကလည်း ခိုက်ရန်ဖြစ်လိုက်တယ်။ အဲဒီလို ဖြစ်နေတာကတော့ မကောင်းတဲ့ အကျိုးတရားတွေကို အတူတူ ထိုင်ပြီး သုံးဆောင်ခံစားဖို့ရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတာ။ အထူးသဖြင့် ဒီနေရာမှာ မေတ္တာဈာန်တွေ ဝင်စားပြီးတော့ မေတ္တာဘာဝနာကမ္မဋ္ဌာန်းရေချမ်း ပက်ဖြန်းပေးမယ် ဆိုလို့ရှိရင်တော့ မကောင်းတဲ့ အကျိုးတရားတွေကို အတူတူ သုံးဆောင်ခံစားမှု မဖြစ်ဖို့ရန်အတွက် မိမိက ကျော်လွှားလွန်မြောက်အောင် ကောင်းတဲ့ အကျိုးတရားတွေကို ခံစားဖို့ရန်အတွက် ကောင်းတဲ့ အကျိုးတရားတွေကို မကျော်-လွှား မလွန်မြောက်အောင် မိမိက ကျင့်နေတာတဲ့နော်။ အဲဒီတော့ သင်ဒကာတော်ပုဏ္ဏား ... သင်ဒကာတော်ပုဏ္ဏားနဲ့ တို့ကတော့ အတူတကွ ဘယ်တော့မှ မကောင်းတဲ့အကျိုးကို သုံးဆောင်ခံစားမှုလည်း မပြုဘူး။ ကောင်းတဲ့ အကျိုးတရားတွေကို ကျော်လွှားလွန်မြောက်သွားအောင်လည်း တို့ဘယ်တော့မှ မလုပ်ပါဘူး ဆိုပြီး ဘုရားရှင်က အမိန့်ရှိတယ်။ နောက်တစ်ခု -

တဝေဝေတံ, ဗြာဟ္မဏ, ဟောတိ၊ တဝေဝေတံ, ဗြာဟ္မဏ, ဟောတိ’’

ဧတံ၊ ဤမကောင်းမှုသည်။ ဗြာဟ္မဏ၊ ဒကာတော်ပုဏ္ဏား။ ဧတံ၊ ဤမကောင်းမှုသည် အတူတကွ သင်ဒကာတော်ပုဏ္ဏား၏သာလျှင်၊ ဒကာတော်ပုဏ္ဏား၏ မကောင်းမှုသည်သာလျှင်။ ဟောတိ၊ ဖြစ်ပါပေ၏။ ဗြာဟ္မဏ၊ ဒကာတော်ပုဏ္ဏား။ ဧတံ၊ ဤမကောင်းမှုသည်။ တဝေဝ၊ သင်ဒကာတော်ပုဏ္ဏားရဲ့ မကောင်းမှုသည်သာလျှင်။ ဟောတိ၊ ဖြစ်ပါပေ၏၊

တို့ဘက်က လက်မခံဘူး။ ဒီမကောင်းမှုဟာ သင်ဒကာတော်ပုဏ္ဏားရဲ့ မကောင်းမှုသာလျှင် ဖြစ်တယ်ဆိုပြီးတော့ ဒီလို အမိန့်ရှိလိုက်တယ်။ အဲဒီလို အမိန့်ရှိလိုက်တဲ့ အချိန်အခါကျတော့ အကယ်၍များပေါ့လေနော်။ ဒါကတော့ မဖြစ်ပါဘူး။ အကယ်၍များလို့သာ ပြောတာပါနော် - ဘုရားရှင်ကသာ ပြန်ပြီး ဒေါသဖြစ်လိုက်မယ် ဆိုလို့ရှိရင် ဒီနေရာမှာ ရန်ပွဲကြီး အကြီးအကျယ် ဖြစ်မသွားဘူးလား? ဖြစ်သွားလိမ့်မယ်။ ခုဘုရားရှင်ဘက်က အမျက်ထွက်မှု လုံးလုံးမရှိဘူး။ သင်ပြောတာ တို့လက်မခံဘူး။ သင်ပေးတဲ့ လက်ဆောင်ကို တို့မယူဘူးတဲ့။ ပြန်ပြောလိုက်တယ်နော်။ ပြန်ပြောလိုက်တဲ့ အချိန်အခါကျတော့ ပုဏ္ဏားကြီးလည်း သူလည်း ပညာရှိ သူတော်ကောင်းပါ။ ပညာရှိ သူတော်ကောင်းဖြစ်ခြင်းကြောင့် သူဘာဖြစ်လဲ?

‘‘ဘဝန္တံ ခေါ ဂေါတမံ သရာဇိကာ ပရိသာ ဧဝံ ဇာနာတိ – ‘အရဟံ သမဏော ဂေါတမော’

ပုဏ္ဏားကြီးက သူပြန်ပြီး ထင်ကြေးပေးတယ်။

သရာဇိကာ ပရိသာ၊ မင်းနှင့် ရှင်ဘုရင်နှင့်တကွ ဖြစ်ကြကုန်သော ပရိသတ် တိုင်းသူပြည်သား လူအများတို့သည်။ ဘဝန္တံ ခေါ ဂေါတမံ၊ ရှင်ဂေါတမကို။ သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။ အရဟံ၊ အရဟံဂုဏ်ရှင် ဖြစ်ပါပေသည်။ ဣတိ ဧဝံ၊ ဤသို့လျှင်။ ဇာနာတိ၊ သိရှိပါ၏၊

အရှင်ဂေါတမ ... အရှင်ဂေါတမကို ရှင်ဘုရင်နှင့်တကွ တိုင်းသူပြည်-သား လူအများတွေက အရဟံ ဂုဏ်နှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်အဖြစ်နဲ့ အသိအမှတ် ပြုထားပါတယ်။ အဲဒီလို အသိအမှတ် ပြုထားပါလျက်နဲ့ အရှင်ဂေါတမဟာ အမျက်ထွက်နေတယ် ဆိုပြီးတော့ ပုဏ္ဏားကြီးက ပြန်ပြောတယ်။ ပုဏ္ဏားကြီးက ဒီလို ပြန်ပြောတာကလည်း သူက ဘုရားရှင်ထံမှ တရားစကားလေး ကြားနာချင်တဲ့ ရည်ရွယ်ချက်ကလေး ပါနေပါတယ်နော်။ အဲဒီလို ပြန်ပြောတာက ဘုရားရှင် ခုနကလို အမိန့်ရှိတာကို သူ့ကို ဒေါသဖြစ်လို့လို့ ဒီလို ထင်ပြန်တယ်။ ခက်ပုံက လောကက မခက်ဘူးလား? ခက်နေတယ်နော်။ အဲဒီတော့ အဲဒီလို ခက်တဲ့ အချိန်ခါကျတော့ ဘုရားရှင်က ခုနက ဂါထာလေး ဟောတာပါနော်။

‘‘အက္ကောဓဿ ကုတော ကောဓော, ဒန္တဿ သမဇီဝိနော၊ သမ္မဒညာ ဝိမုတ္တဿ, ဥပသန္တဿ တာဒိနော။

ဒန္တဿ၊ ယဉ်ကျေးသိမ်မွေ့သော စိတ်ထားရှိသော။ သမဇီဝိနော၊ မှန်မှန်ကန်ကန် တိတိကျကျ ညီညီမျှမျှ အသက်-မွေးလေ့ရှိသော။ သမ္မဒညာ ဝိမုတ္တဿ၊ ကောင်းမွန်မှန်ကန်သော ဝိပဿနာ မဂ်ဉာဏ်ဖြင့် ကိလေသာတို့မှ လွတ်မြောက်၍ သွားသော။ ဥပသန္တဿ တာဒိနော၊ ကိလေသာအပူခပ်သိမ်းမှ အငြိမ်းကြီးငြိမ်းပြီး၍ လောကဓံတရားတို့ဖြင့် မတုန်မလှုပ် တည်တံ့တော်မူသော (ငါကဲ့သို့သော) ဘုရားရှင်၏ သန္တာန်၌။ အက္ကောဓဿ၊ အမျက်ဒေါသ မရှိတတ်သော သူအား။ ကောဓော၊ အမျက်ဒေါသသည်။ ကုတော၊ ဘယ်မှာ ရှိနိုင်ပါ့မလဲ။

ဘုရားရှင်က မိမိမှာ ဒေါသ မရှိပုံလေးကို ပြန်ပြောတယ်နော်။ ဒါက မိမိစိတ်ကို မိမိ ယဉ်ကျေးအောင် ဆိုဆုံးမထားပြီးတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ သမဇီဝိနော = မှန်မှန်ကန်ကန် စင်စင်ကြယ်ကြယ် တိတိကျကျ မျှမျှတတဖြင့် အသက်မွေးတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ မမျှမတ အသက်မွေးတယ်ဆိုတာက ဘာပြောတာလဲ? ကာယဒုစရိုက်တွေ လွန်ကျူးပြီးတော့ အသက်မွေးတယ်, ဝစီဒုစရိုက်တွေ လွန်ကျူးပြီးတော့ အသက်မွေးတယ်, မနောဒုစရိုက်တွေ လွန်ကျူးပြီးတော့ အသက်မွေးတယ်။ အဲဒီလို အသက်မွေးတဲ့ ပုဂ္ဂိုလ်တွေဟာ သမ္မာဇီဝိတ မျှမျှတတ ညီညီမျှမျှနဲ့ အသက်မွေးတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ဘုရားရှင်ကတော့ အဲဒီ ဒုစရိုက်တွေ, ဒုဇီဝတွေဆိုတဲ့ မကောင်းသဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်မှန်သမျှကို အားလုံး ရှောင်ကြဉ်ထားတော်မူတယ်။

ဒါကြောင့် ယဉ်ကျေးသိမ်မွေ့တဲ့ စိတ်နေစိတ်ထားလည်း ရှိတယ်၊ ယဉ်ကျေးသိမ်မွေ့တဲ့ ကာယကံမှုလည်း ရှိတယ်၊ ယဉ်ကျေးသိမ်မွေ့တဲ့ ဝစီကံမှုလည်း ရှိတယ်။ ညီညီမျှမျှ မျှမျှတတဖြင့် မှန်မှန်ကန်ကန် တိတိကျကျ အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်တွေလည်း ရှိနေတယ်။ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတဲ့ ဝိပဿနာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ရဲ့ စွမ်းအင်ကြောင့် ကိလေသာတို့မှ လွတ်မြောက်ပြီးလည်း ဖြစ်တယ်။ ကိလေသာ အပူခပ်သိမ်းမှ အငြိမ်းကြီး ငြှိမ်းပြီးတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ လောကဓံ လေပြင်းမုန်တိုင်းတို့ ဘယ်လိုပင် တိုက်ခတ်လာပေမဲ့လို့ ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းအင်ရှိတဲ့ တာဒိဂုဏ်နဲ့ ပြည့်စုံတော်မူတဲ့ သူတော်ကောင်းလည်း ဖြစ်တယ်။ ဒီလို အမျက်ဒေါသ မထွက်တတ်တဲ့ ငါကဲ့သို့သော ဘုရားရှင်ရဲ့ သန္တာန်မှာ အမျက်ဒေါသ ဘယ်ရှိနိုင်ပါ့မလဲ ဆိုပြီးတော့ ပြန်ဖြေတယ်နော်။ နောက်တစ်ခု ဘုရား ခုနက ဟောပြီးတဲ့ ဂါထာလေး။

‘တဿေဝ တေန ပါပိယော၊ ယော ကုဒ္ဓံ ပဋိကုဇ္ဈတိ၊ ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော၊ သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ကုဒ္ဓံ၊ အမျက်ဒေါသ ချောင်းချောင်းထလျက်ရှိသော သူကို။ ပဋိကုဇ္ဈတိ၊ တစ်ဖန်ပြန်၍ အမျက်ထွက်တတ်၏။ တဿ၊ ထိုပုဂ္ဂိုလ်၏။ ဧဝ၊ သာလျှင်။ တေန၊ အမျက်ဒေါသကြောင့်။ ပါပိယော၊ ယုတ်မာသည့် ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ပေ၏။ ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော၊ အမျက်ဒေါသ ချောင်းချောင်းထလျက်ရှိသော သူကို တစ်ဖန်ပြန်၍ အမျက်မထွက်သော ပုဂ္ဂိုလ်သည်။ ဒုဇ္ဇယံ၊ အောင်နိုင်ခဲလှသော။ သင်္ဂါမံ၊ စစ်ပွဲကို။ ဇေတိ၊ အောင်သည် မည်ပါပေသည်။

ဒီဂါထာလေး ဘုရားဟောခဲ့တယ်။ အဲဒီဂါထာကို ခုနက ဒကာတော် သိကြားကလည်း အလွတ်ရထားတယ်။ လက်တွေ့လည်း လိုက်နာပြုကျင့်နေတာပါ။ ကြောက်လို့ အရှုံးပေးနေတာ ဟုတ်လား? မဟုတ်ဘူးနော်။ ဒါ သတိရှိဖို့ လိုတယ်။ သူတော်ကောင်းတွေကို မပြစ်မှားသင့်ဘဲနဲ့ ပြစ်မှားခဲ့ရင် ဘယ်လောက်ကြီးလေးတဲ့ အပြစ်ရှိမယ်ဆိုတာ သဘောပေါက်ဖို့ လိုတယ်နော်။

‘‘ဥဘိန္နမတ္ထံ စရတိ၊ အတ္တနော စ ပရဿ စ၊ ပရံ သင်္ကုပိတံ ဉတွာ၊ ယော သတော ဥပသမ္မတိ။

ယော၊ အကြင် ပုဂ္ဂိုလ်သည်။ ပရံ၊ သူတစ်ပါးကို။ သင်္ကုပိတံ၊ အမျက်ဒေါသ ချောင်းချောင်းထလျက်ရှိသည်ကို။ ဉတွာ၊ သိရှိ၍။ သတော၊ သမ္ပဇဉ်ဉာဏ်ယှဉ်လျက်။ ဥပသမ္မတိ၊ ဒေါသဆိုတဲ့ အပူမီးကို ငြိမ်းအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေပေ၏။ သော၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်။ အတ္တနော စ၊ မိမိ၏လည်းကောင်း။ ပရဿ စ၊ သူတစ်ပါး၏လည်းကောင်း။ ဥဘိန္နံ၊ နှစ်ဦးသားတို့၏။ အတ္ထံ၊ အကျိုးစီးပွားကို။ စရတိ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေတဲ့ပုဂ္ဂိုလ် မည်ပါပေ၏၊

ပုဂ္ဂိုလ်တစ်ယောက် တစ်ဖက်ပုဂ္ဂိုလ်တွေက ဒေါသ အမျက်ချောင်းချောင်း ထွက်ပြီးတော့ ဒေါသဖြင့် အဖျက်ဆီးခံနေရတဲ့ စိတ်ထားရှိနေတာကို သိပြီ။ အဲဒီလို သိလိုက်တဲ့ အချိန်အခါမှာ ဒီသူတော်ကောင်းက သတိသမ္ပဇဉ် ဉာဏ်ယှဉ်ပြီးတော့ မိမိသန္တာန်မှာ ဖြစ်ပေါ်လာမယ့် ဒီဒေါသ အပူမီးတွေကို ငြိမ်းအေးအောင် သမထ ဝိပဿနာဆိုတဲ့ လက်နက်ကောင်းတွေနဲ့ ကြိုတင်ပြီးတော့ ငြိမ်းအောင် ငြှိမ်းထားတယ်။ အဲဒီလို ကိလေသာ အပူမီး ငြိမ်းအောင် ငြှိမ်းနေတဲ့ ဤကဲ့သို့သော သူတော်ကောင်းကို မိမိ၏လည်းကောင်း၊ သူတစ်ပါး၏လည်းကောင်း၊ နှစ်ဦးသားတို့ရဲ့ အကျိုးစီးပွားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သူတော်ကောင်းလို့ ခေါ်ပါတယ်။ ဒီလို ဘုရားက ဟောပေးလိုက်တယ်နော်။

‘‘ဥဘိန္နံ တိကိစ္ဆန္တာနံ၊ အတ္တနော စ ပရဿ စ၊ ဇနာ မညန္တိ ဗာလောတိ၊ ယေ ဓမ္မဿ အကောဝိဒ’’။

ယေ၊ အကြင် ပုဂ္ဂိုလ်တို့သည်ကား။ ဓမ္မဿ၊ သစ္စာလေးပါးတရား၌။ အကောဝိဒ၊ မလိမ္မာကြလေကုန်။ ဇနာ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်တို့သည်။ အတ္တနော စ၊ မိမိ၏လည်းကောင်း။ ပရဿ စ၊ သူတစ်ပါး၏လည်းကောင်း။ ဥဘိန္နံ၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးငှာ။ တိကိစ္ဆန္တာနံ၊ ဒေါသတည်းဟူသော မီးကို ပယ်ဖျောက်ကြောင်း ပယ်ဖျောက်နိုင်ရန် ဆေးကု၍ နေသောသူကို။ ဗာလောတိ၊ လူမိုက်ဟူ၍။ မညန္တိ၊ အောက်မေ့မှတ်ထင်ကြလေကုန်၏၊

သစ္စာလေးပါး တရား၌ လိမ္မာကျွမ်းကျင်မှု မရှိတဲ့ ပုဂ္ဂိုလ်တချို့ကတော့ မိမိ၏လည်းကောင်း၊ သူတစ်ပါး၏လည်းကောင်း နှစ်ဦးသားတို့၏ သန္တာန်၌ ဖြစ်ပေါ်လာမယ့် အကျိုးမဲ့တွေကို ဖျက်ဆီးပြီးတော့ အကျိုးစီးပွား ရှိဖို့ရန်အတွက် တာစူလျက် ဒေါသတည်းဟူသော ရောဂါဆိုးကြီးကို ဆေးကုနေကြတယ်။ အဲဒီလို ဆေးကုနေတဲ့ပုဂ္ဂိုလ်ကို လူမိုက်လို့ အောက်မေ့မှတ်ထင်ကြတယ်။ ဒေါသပြေအောင် ဆေးကုနေတဲ့ပုဂ္ဂိုလ်ကျတော့ လောကမှာ လူမိုက်လို့ ထင်ကြတယ်။ ဘယ်လိုလူတွေက ထင်သလဲလို့ မေးတော့ -

သစ္စာလေးပါးတရား၌ လိမ္မာကျွမ်းကျင်မှု မရှိတဲ့ ပုဂ္ဂိုလ်တွေက ထင်တာ။ လူမိုက်တွေ ထင်တာက လိုရင်းလား? လူမိုက်တွေ ထင်တာက လိုရင်း မဟုတ်ဘူးလားလို့ ဆန်းစစ်ကြည့်ဖို့ လိုတယ်နော်။ ပညာရှိ သူတော်ကောင်းတို့က ကဲ့ရဲ့ရှုတ်ချမှုကသာ လိုရင်းဖြစ်တယ်။ လူမိုက်ဆိုတာကတော့ သူထင်ရာ ပြောမယ်၊ ထင်ရာလုပ်မယ်၊ ထင်ရာကြံမယ်။ သူ့ကို အလေးဂရုပြုနေမယ် ဆိုလို့ရှိရင် အမှန်တရား ရောက်နိုင်ပါ့မလား? မရောက်နိုင်ဘူး။ အဲဒီတော့ ဒီနေရာမှာ ဘုန်းကြီးပြောချင်တာက ဘာလဲ?

ဧဝံ ဝုတ္တေ၊ အက္ကောသကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ –

ဧဝံ ဝုတ္တေ၊ ဤကဲ့သို့ ဘုရားရှင်က မိန့်ကြားတော်မူလိုက်ပြီ ရှိသော်။ အက္ကောသကဘာရဒွါဇော ဗြာဟ္မဏော၊ အက္ကောသကဘာရဒွါဇ ပုဏ္ဏားကြီးသည်။ ဘဂဝန္တံ၊ ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နဲ့ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်ထားခဲ့လေပြီ။

ဘုရားရှင်က ဒီတရားလေး ဟောလိုက်တဲ့ အချိန်အခါမှာ ဒီ [?] အမည်ရတဲ့ ပုဏ္ဏားကြီးက မြတ်စွာဘုရားကို လျှောက်ထားပြီ။ ဘယ်လို လျှောက်ထားလဲ?

ဘော ဂေါတမ၊ အို အရှင်ဂေါတမ။ အဘိက္ကန္တံ၊ တရားတော်သည်။ အလွန်နှစ်လိုဖွယ် ရှိပါပေစွ။ ဘော ဂေါတမ၊ အို အရှင်ဂေါတမ။ အဘိက္ကန္တံ၊ တရားတော်သည်။ အလွန်နှစ်သက်ဖွယ် ရှိပါပေစွတကား။

အရှင်ဂေါတမ ဟောလိုက်တဲ့ တရားက အလွန် နှစ်သက်မြတ်နိုးဖွယ် ရှိပါပေတယ်။ ကျေနပ်မသွားဘူးလား? ကျေနပ်သွားတယ်။ “ဟေ့ကောင် မင်း ငါ့ကို ဘာပြောတာလဲ။ ဟင် မင်းဘာမှတ်သလဲ” ဟော ဒီလိုသာ မြတ်စွာဘုရား ဘက်က ပြန်ပြီး ပြောမယ်ဆိုလို့ရှိရင်တော့ ဒီဒေါသမီးကြီး ငြိမ်းပါ့မလား? မငြိမ်းဘူး။ မိမိ သူတစ်ပါးတို့ရဲ့ နှစ်ဦးသားတို့ရဲ့ အကျိုးစီးပွားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတာကော ဟုတ်ပါဦးမလား? မဟုတ်ဘူး။

ခု ဘုရားရှင်ဘက်က တရားသောနည်းလမ်းဖြင့် သူလာပို့တဲ့ ဆွမ်းကို ဘုရားရှင်က လက်ခံသလား? လက်မခံဘူး။ ဘုဉ်းပေး သုံးဆောင်မှုရော ပြုလုပ်သလား? မပြုလုပ်ဘူး။ တရားသောနည်းလမ်းဖြင့် ပယ်ရှားပစ်လိုက်တယ်။ ပယ်ရှားလိုက်တာကို ပုဏ္ဏားကြီးကလည်း ပညာရှိဖြစ်တော့ သူကလည်း သဘောပေါက်သွားတယ်နော်။ သဘောပေါက်လိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်ရဲ့ တရားတော်ကို နာယူရတဲ့အတွက် သူက အလွန် အားရကျေနပ်သွားတယ်။ သူတော်ကောင်းဆိုတာက ဒီစိတ်ထားရှိဖို့ လိုအပ်ပါတယ်နော်။ ကိုယ် မတော်တဆ အကြောင်းမလွတ်လို့ မိမိက အမှားဘက်မှာ ရှိနေတယ်။ အမှန်တရားကို တွေ့တဲ့ အချိန်အခါမှာ ဒီအမှားကို ချက်ချင်း စွန့်လွှတ်နိုင်တဲ့ စွမ်းအင်သတ္တိ ရှိဖို့မလိုဘူးလား? လိုအပ်တယ်နော်။ အဲဒီအခါကျမှ ပုဏ္ဏားကြီးက ဒီလို လျှောက်ပြီးတော့ ဘာဆက်လျှောက်လဲ?

သေယျထာပိ၊ ဖြစ်သင့်ဖြစ်ရာ ခိုင်းနှိုင်းဖွယ်ရာ လောက ဥပမာ မည်သည်ကား။

နိက္ကုဇ္ဇိတံ ဝါ၊ မှောက်၍ ထားတတ်သော အရာဝတ္ထုကို မူလျှင်။ ဥက္ကုဇ္ဇေယျ၊ အထက်လှန်ပြီး ပြလိုက်ဘိသကဲ့သို့လည်းကောင်း။ ပဋိစ္ဆန္နံ ဝါ၊ ဖုံးနှောင်၍ ထားအပ်တဲ့ အရာဝတ္ထုကိုမူလည်း။ ဝိဝရေယျ၊ ဖွင့်လှစ်ပြီး ပြလိုက်သကဲ့သို့လည်းကောင်း။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ အဟံ၊ ဘုရားတပည့်တော်သည်။ ဘောတော ဂေါတမဿ၊ ရှင်ဂေါတမ၏။ သန္တိကေ၊ ထံတော်မှောက်၌။ ပဗ္ဗဇ္ဇံ၊ ရှင်အဖြစ်ကို။ လဘေယျံ၊ ရလိုပါ၏။ ဥပသမ္ပဒံ၊ ရဟန်းပဉ္စင်း အဖြစ်ကိုလည်းပဲ။ လဘေယျံ၊ ရလိုပါ၏။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်ထားလိုက်လေပြီ။

စိတ်ဓာတ်တွေ ပြောင်းမသွားဘူးလား? ပြောင်းသွားတယ်။ ဘုရားရှင်ဘက်က တရားသောနည်းလမ်းဖြင့် တရားဓမ္မတွေကို ဟောကြားပြသ ဆိုဆုံးမလိုက်တဲ့ အချိန်အခါမှာ ပုဏ္ဏားကြီး စိတ်ဓာတ်တွေ ပြောင်းသွားပြီ။ သရဏဂုံလည်း ဆောက်တည်တယ်။ ရှင်အဖြစ်၊ ရဟန်းအဖြစ်ကိုလည်း မြတ်စွာဘုရားထံမှာ တောင်းတယ်။ တောင်းလိုက်တဲ့ အချိန်အခါကျတော့ မိမိ သူတစ်ပါး နှစ်ဦးသားလုံးအတွက် အကျိုးစီးပွားရှိတဲ့ လုပ်ငန်းရပ်ကြီးတစ်ခု ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ ဒေါသထွက်နေတဲ့ ပုဂ္ဂိုလ်ကို တုံ့လှည့်တစ်ဖန် ပြန်၍ အမျက်ဒေါသ မထွက်ခြင်းသည် မိမိ သူတစ်ပါး နှစ်ဦးသားလုံးအတွက် အကျိုးစီးပွား ရှိဖို့ရန်အတွက် လုပ်ငန်းရပ်ကြီးတစ်ခု မဖြစ်ဘူးလား? ဖြစ်ပါတယ်။ ဖြစ်ပုံနဲ့ ပတ်သက်ပြီးတော့ ဘာလုပ်သလဲ?

အလတ္ထ ခေါ အက္ကောသကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ အလတ္ထ ဥပသမ္ပဒံ။

အက္ကောသကဘာရဒွါဇော ဗြာဟ္မဏော၊ အက္ကောသကဘာရဒွါဇ ပုဏ္ဏားကြီးသည်။ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်၏။ သန္တိကေ၊ ထံတော်မှောက်၌။ ပဗ္ဗဇ္ဇံ၊ ရှင်အဖြစ်ကို။ အလတ္ထ၊ ရသည်သာလျှင်တည်း။ ဥပသမ္ပဒံ၊ ရဟန်းပဉ္စင်းအဖြစ်ကို။ အလတ္ထ၊ ခေါ်ရသည်သာလျှင်တည်း။

ရှင်အဖြစ်၊ ရဟန်းအဖြစ် ဘုရားရှင်ထံမှ ရရှိသွားပြီ။ ရရှိတဲ့ အချိန်အခါ ဘာလုပ်သလဲ?

အစိရူပသမ္ပန္နော ခေါ ပနာယသ္မာ အက္ကောသကဘာရဒွါဇော ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော နစိရဿေဝ –

အစိရူပသမ္ပန္နော ခေါ ပန၊ ရဟန်းပဉ္စင်းဖြစ်၍ မကြာမီသေးသော။ အာယသ္မာ အက္ကောသကဘာရဒွါဇော၊ အရှင် အက္ကောသကဘာရဒွါဇ မထေရ်သည်။

တကယ်တမ်း သူတော်ကောင်းတို့ရဲ့ စိတ်ထားက ဘယ်လိုရှိတယ်ဆိုတာ ကြည့်နော် -

ဧကော၊ အဖော်မမှီ တစ်ယောက်တည်းတည်း။ ဝူပကဋ္ဌော၊ ဆိတ်ငြိမ်ရာ အရပ်သို့ ချဉ်းကပ်တော်မူလျက်။ အပ္ပမတ္တော၊ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားသည်ဖြစ်၍။

ဘာကို မမေ့လျော့သလဲ? ကုသိုလ်တရား။ ဘာကုသိုလ်တရားတွေလဲ? သီလကုသိုလ်၊ သမာဓိကုသိုလ်၊ ပညာကုသိုလ်နော်။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်တဲ့ ဒီကုသိုလ်တရားတွေနဲ့ မေ့လျော့မှု မရှိဘူး။ မိမိသီလ “ငါသည် သီလ ဖြည့်ကျင့်ရမယ်” ဘယ်တော့မှ မမေ့ဘူး။ “ငါသည် သမာဓိ ထူထောင်ရမယ်” ဘယ်တော့မှ မမေ့ပျောက်ဘူး။ “ငါသည် ပညာကျင့်စဉ်တွေကို ပွားများအားထုတ်ရမယ်” ဘယ်တော့မှ မေ့လျော့မှု မရှိဘူး။ သီလလည်း မကျင့်ဘူး၊ သမာဓိလည်း စနစ်တကျ မထူထောင်ဘူး၊ ပညာလည်း ပွားများအားထုတ်မှု မရှိဘူး ဆိုလို့ရှိရင်တော့ ဒီပုဂ္ဂိုလ်သည် ဘာလုပ်နေတာလဲ? မေ့လျော့

ila78uqzwmeylbyrcpxzginp8pkjcul
မင်္ဂလသုတ်-၈၃/၉၇
0
6319
22017
2026-06-04T00:12:01Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၈၃/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၈၂..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22017
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၈၃/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၈၂/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၈၄/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ်-၈၃

ဧကော ဝူပကဋ္ဌော အပ္ပမတ္တော အာတာပီ ပဟိတတ္တော ဝိဟရန္တော နစိရဿေဝ – ယဿတ္ထာယ ကုလပုတ္တာ သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ တဒနုတ္တရံ – ဗြဟ္မစရိယပရိယောသာနံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိ။ ‘‘ခီဏာ ဇာတိ, ဝုသိတံ ဗြဟ္မစရိယံ, ကတံ ကရဏီယံ နာပရံ ဣတ္ထတ္တာယာ’’တိ အဗ္ဘညာသိ။

ဒီနေ့လည်း ခန္တီမင်္ဂလာအကြောင်း ဆက်ပြီး ဟောကြစို့နော် - ညက အက္ကောသကဘာရဒွါဇ မထေရ်ကြီး သာသနာဘောင်ကို ရောက်ပြီး ရှင်ရဟန်း ပြုပြီး ရဟန်းတရားတွေ ပွားများအားထုတ်တဲ့အပိုင်း ပြောခဲ့တယ်နော်။ ပြောနေဆဲပေါ့။ ထို အက္ကောသကဘာရဒွါဇ ရဟန်းမြတ်က ဘာလုပ်သလဲ?

ဧကော = အဖော်မမှီ တစ်ယောက်တည်း။ ဝူပကဋ္ဌော = ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်လျက်။ အပ္ပမတ္တော = မိမိဖြည့်ကျင့်ရမဲ့ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သည့် ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း ပမာဒတရား ထင်ရှားမရှိသည်ဖြစ်၍ (ဝါ) မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားသည်ဖြစ်၍။ အာတာပီ = ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော လုံ့လ သမ္ပတ္တိ ရှိသည်ဖြစ်၍ ရာဂမီးတွေ လောင်မြိုက်သွားအောင်, ဒေါသမီးတွေကို လောင်မြိုက်သွားအောင်, မောဟမီးတွေကို လောင်မြိုက်သွားအောင်, မာန်မာန - ဣဿာ မစ္ဆရိယ အစရှိတဲ့ ဒီကိလေသာ တရားဆိုး အပူမီးတွေကို လောင်မြိုက်သွားအောင် ငါရှို့မြိုက်ပစ်မယ်ဆိုတဲ့ ဒီလို အပြင်းအထန် ကြိုးစားအားထုတ်တဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယရှိတယ်။

ဘာတွေကို ကြိုးစားနေလဲလို့ မေးတော့ - သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဒီကျင့်ဝတ်ပဋိပတ်တွေကို အပြင်းအထန် ကြိုးစားအားထုတ်တယ်။ “အရိုးကြွင်းစေ, အရေကြွင်းစေ, အကြောကြွင်းစေ အသားအသွေးတွေ အကုန် ခမ်းခြောက်ချင် ခမ်းခြောက်ပါစေ ယောကျ်ားတို့၏ ဇွဲ လုံ့လ ဝီရိယနှင့် ရနိုင်တဲ့ အရာမှန်ခဲ့ရင် ဝီရိယ၏ ရပ်တန့်ခြင်းမည်သည် ဘယ်တော့မှ မဖြစ်စေရဘူး” ဒီလို သန္နိဋ္ဌာန် ချပြီးတော့နော် - မိမိသန္တာန်မှာ တည်ရှိနေတဲ့ ဒီကိလေသာ အပူမီးတွေကို ငြိမ်းအေးအောင် အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ လုံ့လဝီရိယလည်း ရှိတယ်။ သာသနာဘောင် ရောက်လာပြီ ဆိုရင်တော့ ဒီစိတ်ထားရှိဖို့ မလိုဘူးလား? လိုအပ်ပါတယ်။

တရားလိုချင်လို့ တရားအားထုတ်ပြီ ဆိုလို့ရှိရင်တော့ ဒီစိတ်ထားလေးတွေ ရှိဖို့ မလိုဘူးလား? လိုအပ်တယ်။ တောင်တောင်အီအီ ဟိုဟိုဒီဒီတွေ လိုက်ပြီး ကြံစည်စိတ်ကူး ပြောဆိုနေတာဟာ မိမိအလုပ် ဟုတ်သလား? မဟုတ်ပါဘူးနော်။ နောက်တစ်ခု - ဒီလို အပြင်းအထန် ကြိုးစားအားထုတ်တဲ့ အချိန်အခါမှာ မိမိတို့က စိတ်ဘယ်လို ထားရမလဲ?

ပဟိတတ္တော = နိဗ္ဗာန်သို့ စေလွှတ်ထားအပ်သော စိတ်ထားရှိသည်ဖြစ်၍။ ရန်ကုန်သွားတော့မဲ့ ပုဂ္ဂိုလ်က မိမိစိတ်ကလေးကို ရန်ကုန်ဘက်သို့ စေလွှတ်ထားတယ်။ မန္တလေးသွားမဲ့ပုဂ္ဂိုလ်က မိမိရဲ့စိတ်ကို မန္တလေးဆိုတဲ့ အာရုံဘက်သို့ စေလွှတ်ထားတယ်။ အေး ... အဲဒီပုံစံအတိုင်းပဲ။ အပြင်းအထန် ကြိုးစားအားထုတ်သော စိတ်ထားရှိသည်ဖြစ်၍။

နောက်တစ်နည်း ဖွင့်ထားတာကတော့ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်သို့ စိတ်ကို အမြဲတမ်း စေလွှတ်ထားရမယ်တဲ့။ တရားအားထုတ်ပြီရင် မိမိတို့ ဦးတည်ချက်က ဘာကို ဦးတည်ထားရမလဲ? နိဗ္ဗာန် သို့မဟုတ် နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်၌ အမြဲတမ်း စိတ်ကို စေလွှတ်ထားရမယ်။ အဲဒီလို စေလွှတ်ပြီး နေလိုက်တဲ့ ဒီအချိန်အခါမှာ ဒီ [?] အမည်ရှိတဲ့ ရဟန်းတော်သည် ဘာဖြစ်လဲ?

"ပဟိတတ္တော = နိဗ္ဗာန်သို့ စေလွှတ်ထားအပ်သော စိတ်ထားရှိသည်ဖြစ်၍ (ဝါ) နိဗ္ဗာန်ရောက်ကြောင်း ကမ္မဋ္ဌာန်းအာရုံပေါ်သို့ စေလွှတ်ထားအပ်သော စိတ်ထားရှိသည်ဖြစ်၍။ ဝိဟရန္တော = သီတင်းသုံး နေထိုင်တော်မူခဲ့သည်ရှိသော။ နစိရဿေဝ = မကြာမီ အချိန်ကာလအတွင်းမှာပင်လျှင်။ ယဿတ္ထာယ = အကြင် အရဟတ္တဖိုလ် အလို့ငှာ။ ကုလပုတ္တာ = အမျိုးကောင်းသား, အမျိုးကောင်းသမီးတို့သည်။ သမ္မဒေဝ = ကောင်းမွန်စွာသာလျှင်။ အဂါရသ္မာ = အိမ်ရာတည်ထောင် လူ့ဘောင်မှ။ အနဂါရိယံ = အိမ်ရာမထောင်သည့် ရဟန်းဘောင်သို့။ ပဗ္ဗဇန္တိ = ဝင်ရောက်၍ ရှင်ရဟန်း ပြုလာကြကုန်၏။ တဒနုတ္တရံ၊ အတုမရှိသော။ ဗြဟ္မစရိယပရိယောသာနံ = မဂ္ဂဗြဟ္မစရိယနှင့် အဆုံးအပိုင်းခြားရှိသော တံ ထိုအရဟတ္တဖိုလ်ကို။ ดိဋ္ဌေဝ ဓမ္မေ = မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင်။ သယံ = ကိုယ်တိုင်။ အဘိညာ = ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိမြင်သည်ဖြစ်၍။ သစ္ဆိကတွာ = မျက်မှောက်ပြု၍။ ဥပသမ္ပဇ္ဇ = ပြည့်စုံစေ၍။ ဝိဟာသိ = နေထိုင်နိုင်ခဲ့လေသည်။

ခီဏာ ဇာတိ = ပဋိသန္ဓေ တည်နေရခြင်း သဘောတရားတွေ ကုန်ဆုံးပျက်ပြုန်းခဲ့လေပြီ။ ဝုသိတံ ဗြဟ္မစရိယံ = သာသနာတော်၌ ကျင့်သင့် ကျင့်ထိုက်တဲ့ မဂ်တည်းဟူသော မြတ်သောအကျင့်ကို ငါကျင့်သုံး၍ ပြီးခဲ့လေပြီ။ ကတံ ကရဏီယံ = သာသနာတော်၌ ပြုသင့်ပြုထိုက်သော မဂ်ကိစ္စကို ငါ ပြုလုပ်ခဲ့၍ ပြီးလေပြီ။ နာပရံ ဣတ္ထတ္တာယာတိ = ဤမဂ်ဉာဏ်ကို ရရှိဖို့ရန် အလို့ငှာ တစ်ပါးသော ပြုအပ်သည့် ကိစ္စသည်။ နတ္ထိ = မရှိတော့ပြီ ဤသို့လျှင်။ အဗ္ဘညာသိ = ထိုးထွင်းသိမြင်တော်မူခဲ့လေပြီ။"

တကယ် အပြင်းအထန် ကြိုးစားအားထုတ်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ? အိမ်ရာတည်ထောင် လူ့ဘောင်မှ ရှောင်ခွာပြီးတော့ အိမ်ရာမထောင်တဲ့ ရဟန်းဘောင်သို့ ဝင်ရောက်လာတဲ့ အမျိုးကောင်းသား, အမျိုးကောင်းသမီးတွေ ဘယ်လို ဦးတည်ချက်ရှိသလဲလို့ မေးတော့ - အရဟတ္တဖိုလ် ရစေရမယ်ဆိုတဲ့ ဦးတည်ချက်ရှိတယ်။ ထိုအရဟတ္တဖိုလ် ရစေရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုလာတော်မူကြတဲ့ ထိုအမျိုးကောင်းသား, အမျိုးကောင်းသမီးတွေ ရသင့်ရထိုက်တဲ့ အရဟတ္တဖိုလ်ဆိုတဲ့ အတုမရှိတဲ့ အကျိုးတရား၊ အရဟတ္တမဂ်တည်းဟူသော မဂ္ဂဗြဟ္မစရိယ အဆုံးအပိုင်းအခြားရှိနေတဲ့ အရဟတ္တဖိုလ်ဆိုတဲ့ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ဒီတရားကြီးကို မျက်မှောက်သော ကိုယ်၏အဖြစ်မှာပင်လျှင် မိမိကိုယ်တိုင် ဉာဏ်ဖြင့် ထိုးထွင်းပြီးတော့ မျက်မှောက်ပြုပြီး ပြည့်ပြည့်စုံစုံ နေထိုင်နိုင်ခဲ့တယ်။ အရဟတ္တဖိုလ်ဆိုက်ခဲ့တဲ့ ငါ့ရဲ့သန္တာန်မှာ ပဋိသန္ဓေ တည်နေရာနှင့် ဇာတိတည်နေရာ ကုန်ဆုံးခဲ့လေပြီ။ ငါသည် မဂ်တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံး၍ ပြီးခဲ့လေပြီ။ သာသနာတော်မှာ သိသင့် သိထိုက်တဲ့ မဂ်ကိစ္စကို ငါပြုခဲ့ပြီးလေပြီ။ ဤမဂ်ဉာဏ် ရရှိရေးအတွက် နောက်ထပ်တစ်ဖန် အသစ်ပြုဖွယ်ကိစ္စ ငါ့မှာ မရှိတော့ပြီ ဆိုပြီးတော့ ဒီလို ထိုးထွင်းသိသွားတယ်။

အညတရော စ ပနာယသ္မာ ဘာရဒွါဇော အရဟတံ အဟောသီတိ။

အရဟတံ = ရဟန္တာအရှင်မြတ်တို့တွင်။ ဘာရဒွါဇော = အရှင် ဘာရဒွါဇမထေရ်သည်။ အညတရော စ ပန = တစ်ပါးအပါအဝင်သည်။ အဟောသီတိ = ဖြစ်တော်မူခဲ့လေသတည်း။

အရှင် အက္ကောသကဘာရဒွါဇ မထေရ်မြတ်ကြီးဟာ ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါး အပါအဝင် ဖြစ်သွားတော်မူတယ်တဲ့နော်။ ဒီအချက်ကို ပြန်စဉ်းစားကြည့်ပါနော် - ပြောခဲ့တာက ဘာလဲ? ခန္တီမင်္ဂလာနဲ့ ဆက်စပ်ပြီး ပြောနေတဲ့စကားဖြစ်တယ်။ တရားဂါထာလေးက ဘာလဲ?

ဥဘိန္နမတ္ထံ စရတိ, အတ္တနော စ ပရဿ စ၊ ပရံ သင်္ကုပိတံ ဉတွာ, ယော သတော ဥပသမ္မတိ။

ယော = အကြင် ပုဂ္ဂိုလ်သည်။ သတော = ဉာဏ်ယှဉ်လျက်။ ပရံ = သူတစ်ပါးကို။ သင်္ကုပိတံ = အမျက်ဒေါသ ချောင်းချောင်းထလျက်ရှိသော။ ဉတွာ = သိရှိသည်ဖြစ်၍။ ဥပသမ္မတိ = မိမိသန္တာန်၌ ဖြစ်ပေါ်လာမည့် ဒေါသ ဆိုတဲ့ အပူမီးကို ငြိမ်းအေးအောင် ငြိမ်းအေး၍ နေပေ၏။ သော = ထိုကဲ့သို့သော သူတော်ကောင်းသည်။ အတ္တနော စ = မိမိ၏လည်းကောင်း။ ပရဿ စ = သူတစ်ပါး၏လည်းကောင်း။ ဥဘိန္နံ = နှစ်ဦးသားတို့၏။ အတ္ထံ = အကျိုးစီးပွားကို။ စရတိ = ကျင့်ကြံရွယ်ကိုး ပွားများအားထုတ်၍နေတဲ့ပုဂ္ဂိုလ် ဖြစ်ပါပေ၏၊

ဘယ့်နှယ်တုန်း မှားလား, မှန်လား? မှန်နေတယ်နော်။ အကယ်၍သာ ဒီ [?] ပုဏ္ဏားကြီးက လာ၍ ဆဲရေးနေတဲ့ အချိန်အခါမှာ ဘုရားရှင်မှာ ဒေါသရှိတယ်လို့ ဘုန်းကြီး မဆိုလိုပါဘူးနော် - အကယ်၍များ ဘုရားရှင်ဘက်ကလည်း ပြန်ပြီးတော့ ဒေါသထွက်ခဲ့မယ် ဆိုရင် မိမိ သူတစ်ပါး နှစ်ဦးသားလုံး အကျိုးရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ ဘုရားရှင်ဘက်က ဘယ်တော့မှ ဒေါသမထွက်ဘူး။ ဘာကြောင့်လဲ?

ဘုရားရှင်က ရာဂကို ပယ်ထားပြီးဖြစ်တယ်, ဒေါသကို ပယ်ထားပြီးဖြစ်တယ်, မောဟကို ပယ်ထားပြီးဖြစ်တယ်။ ရာဂ, ဒေါသ, မောဟတွေ ပယ်ထားပြီး ဖြစ်တဲ့အတွက် တပည့်ပုဂ္ဂိုလ်က ဒေါသ အမျက်ချောင်းချောင်း ထွက်လာတာကို သိမြင်တဲ့ အချိန်အခါမှာ မိမိရဲ့သန္တာန်မှာ သတိသမ္ပဇဉ် ဉာဏ်ယှဉ်ပြီးတော့ ဒီဒေါသအပူမီးတွေကို ငြိမ်းအောင် ကြိုတင်ပြီး ငြှိမ်းထားတယ်။ ဘုရားရှင်ကတော့ ခုမှ ငြှိမ်းတာ မဟုတ်ပါဘူးနော်။ ဒီပုဏ္ဏားကြီးနဲ့ မတွေ့ခင် ဗောဓိမဏ္ဍိုင်မှာတည်းက ကိလေသာအပူမီးတွေကို ငြိမ်းအောင် ငြှိမ်းထားပြီး ဖြစ်ပါတယ်။ ဒီလို ငြိမ်းအေးအောင် ပြုလုပ်တဲ့ပုဂ္ဂိုလ်သည် မိမိ သူတစ်ပါး နှစ်ဦးသားတို့ရဲ့ အကျိုးစီးပွားကို ပြုကျင့်နေတဲ့ပုဂ္ဂိုလ်လို့ မခေါ်နိုင်ဘူးလား? ခေါ်နိုင်တယ်။ ခုကြည့်ပေါ့ -

[?] ပုဏ္ဏားကြီးက ဘုရားရှင်ဘက်က ဒေါသထွက်တာ နည်းနည်းလေးမှ မရှိဘူး။ ဒေါသ အပူမီးတွေ ငြိမ်းနေတာ တွေ့လိုက်တဲ့ အချိန်အခါမှာ ဒီဒေါသ အပူမီးကြီး ငြိမ်းအေးစေတဲ့ သဘောတရားကို ထင်ရှား မြင်တွေ့ရတဲ့အတွက် [?] အမည်ရတဲ့ ပုဏ္ဏားကြီးရဲ့ သန္တာန်မှာလည်း...

အဲဒီလို သားတော်အစစ်အဖြစ် ရောက်ရှိနေတဲ့ ဒီဒကာတော် သိကြားကလည်း ဒီဘုရားရှင်ရဲ့ အဆုံးအမကို ဦးထိပ်ရွက်ပန်ဆင်ပြီးတော့ သူက ရိုသေစွာ လိုက်နာပြုကျင့်နေတဲ့ သူတော်ကောင်းဖြစ်တယ်။ အဲဒီလို သူတော်ကောင်း ဖြစ်ခြင်းကြောင့် ဒီဘုရားရှင် ဆိုဆုံးမထားတဲ့ ဒီတရားဒေသနာတော်တွေကို ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း သူက လိုက်နာပြုကျင့်တယ်။ ဒီလိုဆိုရင် ဘုရားရှင်ရဲ့ တပည့်သာဝကမှန်ရင် ဘုရားရှင် ဆိုဆုံးမတဲ့အတိုင်း လိုက်နာပြုကျင့်ရမလား, မပြုကျင့်ရဘူးလား? ပြုကျင့်ရမယ်။ ပြုကျင့်စေချင်တဲ့အတွက်ကြောင့် မာတလိနတ်သားကို ဒကာတော်သိကြားကလည်း ပြန်ပြီးတော့ ဒီဂါထာလေးတွေကို ပြန်ဟောပေးနေပါတယ်နော်။

တဿေဝ တေန ပါပိယော, ယော ကုဒ္ဓံ ပဋိကုဇ္ဈတိ၊ ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော, သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ။

ယော = အကြင်သူသည်။ ကုဒ္ဓံ = အမျက်ဒေါသ ချောင်းချောင်းထွက်လျက်ရှိသော သူကို။ ပဋိကုဇ္ဈတိ = တစ်ဖန် ပြန်၍ အမျက်ထွက်တတ်၏။ တဿေဝ တေန = ထို တစ်ဖန်ပြန်၍ အမျက်ထွက်တတ်သော ထိုပုဂ္ဂိုလ်သည်ပင်လျှင်။ တေန = ထို ထွက်ပေါ်လာသော အမျက်ဒေါသကြောင့်။ ပါပိယော = ယုတ်မာသည့် ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါပေ၏၊

ဘယ့်နှယ်တုန်း မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။

ကုဒ္ဓံ၊ အမျက်ဒေါသချောင်းချောင်းထလျက်ရှိသော သူကို။ အပ္ပဋိကုဇ္ဈန္တော၊ တစ်ဖန်ပြန်၍ အမျက်မထွက်သောသူသည်။ ดုဇ္ဇယံ၊ လူသာမန်တို့ အောင်နိုင်ခဲလှစွာသော။ သင်္ဂါမံ၊ စစ်ပွဲကို။ ဇေတိ၊ အောင်သည် မည်ပါပေသည်။

ဘုရားဟောတဲ့ ဒီဂါထာလေးကို တစ်ဖန် ပြန်ပြီးတော့ မာတလိ-နတ်သားကို သိကြားမင်းကြီးက ဟောတယ်နော်။

‘‘ဥဘိန္နမတ္ထံ စရတိ, အต္တနော စ ပရဿ စ၊

ပရံ သင်္ကုပိတံ ဉတွာ, ယော သတော ဥပသမ္မတိ။’’

ယော၊ အကြင် သူတော်ကောင်းသည်။ သတော၊ သမ္ပဇဉ် ဉာဏ်ယှဉ်သည်ဖြစ်၍။ ပရံ၊ အမျက်ဒေါသ ချောင်းချောင်း ထွက်လျက်ရှိသော။ သင်္ကုပိတံ၊ သူတစ်ပါးကို။ ဉတွာ၊ သိရှိရသည်ဖြစ်၍။ ဥပသမ္မတိ၊ မိမိသန္တာန် ဖြစ်ပေါ်လာမည့် ဒေါသ အပူမီးကို ငြိမ်းအေးအောင် ငြှိမ်း၍ နေပေ၏။ သော၊ ထိုသူတော်ကောင်းသည်။ အတ္တနော စ၊ မိမိ၏လည်းကောင်း။ ပရဿ စ၊ သူတစ်ပါး၏လည်းကောင်း။ ဥဘိန္နံ၊ နှစ်ဦးသားတို့၏။ အတ္ထံ၊ အကျိုးစီးပွားကို။ စရတိ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေတဲ့ပုဂ္ဂိုလ် ဖြစ်ပါပေ၏၊

မိမိ သူတစ်ပါး နှစ်ဦးသားလုံးကို အကျိုးရှိတဲ့အကျင့်ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်တဲ့နော် -

‘‘ဥဘိန္နံ တိကိစ္ဆန္တာနံ, အတ္တနော စ ပရဿ စ၊

ဇနာ မညန္တိ ဗာလောတိ, ယေ ဓမ္မဿ အကောဝိဒါ’’

ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား ...။ ဓမ္မဿ၊ သစ္စာ-လေးပါးတရား၌။ အကောဝိဒါ၊ လိမ္မာကျွမ်းကျင်မှု မရှိကြကုန်။ ဇနာ၊ ထိုသူတို့သည်။ အတ္တနော စ၊ မိမိ၏လည်းကောင်း။ ပရဿ စ၊ သူတစ်ပါး၏လည်းကောင်း။ ဥဘိန္နံ၊ နှစ်ဦးသားတို့၏ အကျိုးငှာ။ တိကိစ္ဆန္တာနံ၊ ဒေါသအမျက်တည်းဟူသော မီးကို ငြိမ်းအေးအောင် ဆေးကု၍ နေကြကုန်သောသူကို။ ဗာလောတိ၊ လူမိုက်ဟူ၍ မညန္တိ၊ အောက်မေ့မှတ်ထင်ကြလေကုန်၏၊

ဒီဂါထာလေးက ဘုရားဟောတဲ့ ဂါထာပဲ။ ဒီဂါထာကို ပြန်ပြီးတော့ မာတလိနတ်သားကို သိကြားမင်းကြီးက ပြန်ပြီးတော့ ဟောနေပါတယ်နော်။ ဟောနေလိုက်တာ သိကြားမင်းကြီး ဟောတဲ့အကြောင်းကိုလည်း ဘုရားရှင်က ရဟန်းတော်တွေကို တစ်ဖန် ပြန်ပြီးတော့ ဟောတယ်။ ဟောပေးတဲ့အခါ နိဂုံးချုပ်အနေနဲ့ ဘုရားရှင်က ရဟန်းတော်တွေကို ဘာဆုံးမလဲ?

‘‘သော ဟိ နာမ, ဘိက္ခဝေ, သက္ကော ဒေဝါနမိန္ဒော သကံ ပုညဖလံ ဥပဇီဝမာနော ဒေဝါနံ တာဝတိံသာနံ ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေန္တော ခန္တိသောရစ္စဿ ဝဏ္ဏဝါဒီ ဘဝိဿတိ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဒေဝါနံ၊ နတ်တို့ကို အစိုးရပေသော။ သကံ၊ မိမိ၏။ ပုညဖလံ၊ ကောင်းမှုကုသိုလ်ရဲ့ အကျိုးတရားကို။ ဥပဇီဝမာနော၊ မှီကပ်၍ အသက်မွေးလျက်ရှိသော။ ဒေဝါနံ တာဝတိံသာနံ၊ တာဝတိံသာ နတ်တို့ကို။ ဣဿရိယာဓိပစ္စံ၊ အစိုးရခြင်း အကြီးအကဲရဲ့ အဖြစ်ဟူသော။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကာရေန္တော၊ ပြုစေသော။ သော ဟိ နာမ သက္ကော ဒေဝါနမိန္ဒော၊ ထိုသိကြားမင်းသော်မှလည်းပဲ။ ခန္တိသောရစ္စဿ၊ သည်းခံခြင်း ကောင်းသောတရား၌ မွေ့လျော်ခြင်း၏။ ဝဏ္ဏဝါဒီ၊ ဂုဏ်ကျေးဇူးကို ပြောဆိုလျက် ရှိသည်ကို။ ဘဝိဿတိ၊ ဖြစ်တော်ဘိသေး၏၊

ချစ်သားရဟန်းတို့ ... ကြည့်စမ်း။ နတ်တို့ကို အစိုးရနေတဲ့ မိမိရဲ့ ကောင်းမှုကုသိုလ်တွေရဲ့ အကျိုးတရားကို မှီခိုကပ်ရပ်ပြီးတော့ အသက်ရှင်နေရတဲ့ တာဝတိံသာ နတ်တို့ကို အစိုးရတဲ့ တာဝတိံသာနတ်တို့ရဲ့ အကြီးအကဲဖြစ်တဲ့ မင်းအဖြစ်ကို ပြုလုပ်စေကြတဲ့ သိကြားမင်းကြီးသော်မှလည်းပဲ ဒီသည်းခံခြင်း ခန္တီတရား, သူတော်ကောင်းတရား၌ မွေ့လျော်ပျော်ပိုက်ခြင်းဆိုတဲ့ ဒီ [သောရစ္စ] ตရားတွေရဲ့ ဂုဏ်ကျေးဇူးကို ပြောဆိုဘိသေးတယ်။ ပြောဆိုမိသေးတယ်။

‘‘ဣဓ ခေါ တံ, ဘိက္ခဝေ, သောဘေထ ယံ တုမှေ ဧဝံ သွာက္ခာတေ ဓမ္မဝိနယေ ပဗ္ဗဇိတာ သမာနာ ခမာ စ ဘဝေယျာထ သောရတာ စ’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တုမှေ၊ သင်ချစ်သားတို့၏။ ဧဝံ၊ ဤသို့။ သွာက္ခာတေ၊ ကောင်းစွာပြသ ဆိုဆုံးမ၍ နေထားအပ်သော။ ဓမ္မဝိနယေ၊ သာသနာတော်မြတ်အတွင်း၌။ ပဗ္ဗဇိတာ၊ ဝင်ရောက်လာ၍ ရှင်ရဟန်းပြုလာကြတဲ့ ပုဂ္ဂိုလ်တို့သည်။ သမာနာ၊ ဖြစ်ကြပါကုန်လျက်။ ခမာ စ၊ သည်းခံတတ်တဲ့ ပုဂ္ဂိုလ်တို့သည်ပင်။ ဘဝေယျာထ၊ အကြင် ဖြစ်သင့်စေရာ၏။ ဘဝေယျာထ၊ အကြင် ဖြစ်သင့်ကြကုန်ရာ၏။ သောရတာ စ၊ သူတော်ကောင်းတရားနှင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝေယျာထ၊ အကြင်ဖြစ်သင့်ကြလေကုန်ရာ၏။ တံ၊ ထိုကဲ့သို့ ဖြစ်သင့်ခြင်းသည်။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တံ၊ ထိုကဲ့သို့ ဖြစ်တည်ခြင်း ဖြစ်ခြင်းသည်။ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ ခေါ၊ ချစ်သားရဟန်းတို့အဖို့။ သောဘေထ၊ တင့်တယ်ကြလေကုန်ရာ၏၊

ချစ်သားရဟန်းတို့ ... သိကြားမင်းကြီးသော်မှလည်းပဲ သည်းခံခြင်းဆိုတဲ့ ခန္တီတရား သူတော်ကောင်းတရားနဲ့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်းဆိုတဲ့ သောရစ္စတရား [နှလုံးအေးချမ်းခြင်း] တရားတို့ရဲ့ ဂုဏ်ကျေးဇူးတွေကို ချီးမွမ်းစကား ပြောကြားလေ့ရှိသေးတယ်။ ဒီလို ကောင်းစွာ ဟောကြားပြသ ဆိုဆုံးမထားတဲ့ ငါဘုရားရဲ့ ဓမ္မ ဝိနယ သာသနာတော်အတွင်းမှာ ဝင်ရောက်နေခြင်း ပြုလာကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါလျက် သင်ချစ်သားတို့တတွေဟာ သိကြားမင်းကြီးထက် ပိုလွန်ပြီးတော့ သည်းခံခြင်းဆိုတဲ့ ခန္တီမင်္ဂလာတရားတွေနဲ့လည်း ပြည့်စုံသင့်တယ်, ဖြည့်ကျင့်သင့်တယ်။ သူတော်ကောင်းတရားနဲ့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်သင့်ကြပါတယ်။ ဒီလို ခန္တီတရားနဲ့ ပြည့်စုံခြင်း, သူတော်ကောင်းတရားနဲ့ မွေ့လျော်ပျော်ပိုက်ခြင်းသည် ဤသာသနာမြတ်ကြီးအတွင်းမှာ သင်ချစ်သားတို့အဖို့ တင့်တယ်နေတဲ့ ကောင်းမှု ကုသိုလ်လုပ်ငန်းရပ်ကြီးတစ်ခု ဖြစ်ပါတယ် ဆိုပြီးတော့ ဘုရားရှင် တိုက်တွန်းတယ်။

အဲဒီတော့ ဒီတိုက်တွန်းချက်လေးကို အဋ္ဌကထာဆရာတော်က ဘာပြောချင်လဲလို့ မေးတော့ ဒီသည်းခံခြင်းဆိုတဲ့ တရားသည် နတ်တွေသော်မှလည်း အလွန် ချစ်မြတ်နိုးတဲ့, အလွန် ချီးမွမ်းတဲ့ တရားတစ်ခု ဖြစ်တယ် ဆိုပြီးတော့ အဋ္ဌကထာဆရာတော်က မှတ်ချက်ချပြထားပါတယ်နော်။ နတ်တွေသည်သာ ချီးမွမ်းတဲ့ တရားတစ်ခု ဖြစ်သလားဆိုတော့ မဟုတ်သေးပါဘူးတဲ့နော်။

‘‘ယာယ စ သမန္နာဂတော ဣသီနမ္ပိ ပသံသနီယော ဟောတိ’’

ယာယ စ သမန္နာဂတော၊ ယင်း သည်းခံခြင်း ခန္တီတရားနှင့်သာ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို။ ဣသီနမ္ပိ၊ ရသေ့သူတော်ကောင်းတို့သည်လည်းပဲ။ ပသံသနီယော၊ ချီးမွမ်းအပ်ကုန်သည်။ ဟောတိ၊ ဖြစ်၏၊

နတ်တွေကသာ ဒီသည်းခံခြင်း ခန္တီတရားတွေနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းကို ချီးမွမ်းတာ မဟုတ်သေးဘူး။ ရသေ့သူတော်ကောင်းတို့ ကိုယ်တိုင်ကလည်းပဲ သည်းခံခြင်း ခန္တီတရားနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းကို ချီးမွမ်း မြှောက်စားတော်မူကြပါတယ်။

‘‘ကောဓံ ဝဓိတွာ န ကဒါစိ သောစတိ, မက္ခပ္ပဟာနံ ဣသယော ဝဏ္ဏယန္တိ၊

သဗ္ဗေသံ ဝုတ္တံ ဖရုသံ ခမေထ, ဧတံ ခန္တိံ ဥတ္တမမာဟု သန္တော’’။

ဒါက နာမည်ကျော်ဖြစ်တဲ့ တရဝင်္ကရှင်ရသေ့ရဲ့ ဆိုဆုံးမချက်ကလေးကို ကောက်နှုတ်ပြထားတာနော်။

ကောဓံ၊ အမျက်ဒေါသကို။ ဝဓိတွာ၊ သတ်ဖြတ်၍။ ကဒါစိ၊ တရံတစိမျှ။ န သောစတိ၊ စိုးရိမ်ပူဆွေးမှု မရှိလေရာ။ (တစ်နည်း) ကောဓံ၊ အမျက်ဒေါသကို။ ဝဓိတွာ၊ သတ်ဖြတ်နိုင်ခြင်းတည်းဟူသော အကြောင်းကြောင့်။ ကဒါစိ၊ တရံတစိမျှသော။ န သောစတိ၊ စိုးရိမ်ပူဆွေးမှု မဖြစ်လေရာ။

ဒေါသအမျက်ကို နိုင်အောင် သတ်ဖြတ်နိုင်ခြင်းတည်းဟူသော အကြောင်းကြောင့် စိုးရိမ်ပူဆွေးမှုဆိုတာ တစ်ရံတစ်ဆစ်မျှသော်လည်း မရှိခဲ့ဖူးပါဘူး။ ဒေါသအမျက်ကို ပယ်သတ်လိုက်ခြင်းကြောင့် စိုးရိမ်ပူဆွေးရတာရယ်လို့ ရှိသလား? မရှိဘူးတဲ့နော်။

မက္ခပ္ပဟာနံ၊ သူ့ဂုဏ်ကျေးဇူးကို ပယ်သတ်ခြင်းကို, သူ့ဂုဏ်ကျေးဇူးကို ချေဖျက်တတ်တဲ့ မက္ခတရားကို ပယ်သတ်ခြင်းကို။ ဣသယော၊ ရသေ့သူတော်ကောင်းတို့သည်။ ဝဏ္ဏယန္တိ၊ ချီးမွမ်းမြှောက်စားတော် မူကြလေကုန်၏၊

မက္ခဆိုတာက သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်တဲ့သဘောကို မက္ခလို့ ခေါ်ပါတယ်။ သတ္တဝါတွေက အများအားဖြင့် တော်တော်လေး ခက်တယ်နော်။ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်ဖို့ရန် ဆိုလို့ရှိရင်တော့ အင်မတန် လက်လွယ်ကြတယ်။ အင်မတန် အာသွက်ကြတယ်။ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ပြောကြားဖို့ ဆိုလို့ရှိရင်တော့ အင်မတန် နှုတ်က လေးနေတယ်။

တစ်ချိန်တုန်းက ဒကာကြီး ကျောင်းဆရာကြီးတစ်ယောက်က ဘုန်းကြီးကို ပြောဖူးတယ်။ ကိုယ်တော်တစ်ပါးက သူက ဘာစာမေးပွဲ, ညာစာမေးပွဲ စသည်ဖြင့်ပေါ့လေ - စာမေးပွဲ အကျော်အမော်တွေ တော်တော်များများ အောင်လာတယ်။ ကဲ ခုတော့ သူကလည်း သူ့ဆီမှာလာပြီး အင်္ဂလိပ်စာ သင်ပေးဖို့ လာပြောတော့ - “ကဲ အရှင်ဘုရား ... တပည့်တော်နဲ့ အရှင်ဘုရားနဲ့ ပြိုင်မယ်။ အရှင်ဘုရားက ဒီလောက်တောင် စာမေးပွဲ အကျော်အမော်တွေကို အမျိုးမျိုး အောင်လာတယ်ဆိုလို့ရှိရင် အရှင်ဘုရား ပါဠိလို အက်ဆေးတစ်ပုဒ် ရေးပေး။ ဟိုဘက်ဘုတ်မှာ အရှင်ဘုရားရေး။ တပည့်တော်က ဒီဘက်ဘုတ်မှာ အင်္ဂလိပ်လို အက်ဆေးတစ်ပုဒ် ရေးမယ်။ အဲဒါ ဘယ်သူနိုင်မလဲ? နိုင်လို့ရှိရင် တပည့်တော် အရှင်ဘုရားကို အလကား သင်ပေးမယ်။” အဲဒါ တပည့်တော် ထပြီးတော့ အက်ဆေးတစ်ပုဒ် ရေးလိုက်တယ်။ သူကလည်း ဟိုဘက်ကနေ ပါဠိလို အက်ဆေးတစ်ပုဒ် ရေးတယ်။ သူရေးနေတဲ့ ကလောင်ဟာ ဘယ်လို ဖြစ်နေသလဲလို့မေးရင် ဆန်အိတ်ထက်တောင် လေးနေသေးတယ်တဲ့။ သူပြောတဲ့စကားကလေး ဘုန်းကြီးက ဒါမှတ်ထားတာပါ။ ခုလည်း ဒီအတိုင်းပဲ - လောကမှာ ပုဂ္ဂိုလ်တွေက သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးတွေကို ပြောကြားကြဖို့ ဆိုရင် သူတို့ရဲ့ ပါးစပ်က ဘာဖြစ်နေလဲ? ဆန်အိတ်ထက် လေးတယ်။ ဟုတ်လား ဟင်? ထောက်ခံမဲ့လူ တစ်ယောက်မှ မရှိဘူး။ ဆန်အိတ်ထက် လေးတယ်။ ဒါပေမဲ့ ရသေ့သူတော်ကောင်းတွေက ဘယ်လိုသဘောရှိလဲ?

ဣသယော၊ ရသေ့သူတော်ကောင်းတို့သည်။ မက္ခပ္ပဟာနံ၊ သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း မက္ခတရားကို၊ ပယ်ရှားခြင်းကို။ ဝဏ္ဏယန္တိ၊ ချီးမွမ်းမြှောက်စားတော်မူကြလေကုန်၏၊

သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်တဲ့ ဒီစိတ်ထားကို ပယ်ရှားခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ရသေ့သူတော်ကောင်းတွေက ချီးမွမ်းမြှောက်စားတော်မူတယ်။ သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်တယ် ဆိုတာက ဘာလဲ? သည်းမခံနိုင်တဲ့ ဒီသည်းခံခြင်းဆိုတဲ့ ခန္တီတရား ထင်ရှားမရှိလို့ ဖြစ်ပေါ်လာတာနော်။ ဒါကြောင့် -

‘‘သဗ္ဗေသံ ဝုတ္တံ ဖရုသံ ခမေထ, ဧတံ ခန္တိံ ဥတ္တမမာဟု သန္တော’’။

သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့အပေါ်၌။ ဝုတ္တံ၊ ပြောဆိုလာတဲ့။ ဖရုသံ၊ ကြမ်းတမ်းတဲ့စကားကို။ ခမေထ၊ သည်းခံကြလေကုန်ရာ၏။ ဧတံ ခန္တိံ၊ ဤသည်းခံခြင်း ခန္တီတရားကို။ ဥတ္တမံ၊ မြင့်မြတ်သော တရားဟူ၍။

သတ္တဝါအားလုံးတို့အပေါ်မှာ ကြမ်းတမ်းနေတဲ့ ဖြစ်ပေါ်လာတဲ့ စကားတွေကို သည်းခံကြပါတဲ့နော်။ ဒီသည်းခံခြင်းဆိုတဲ့ ခန္တီတရားကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က မြင့်မြတ်တဲ့ တရားတစ်ခုအဖြစ်နဲ့ ဟောကြားပြသ ဆိုဆုံးမထားကြပါတယ် ဆိုပြီးတော့ သရဝင်္ကရသေ့က မိမိရဲ့ တပည့်သာဝကတွေကို ဆိုဆုံးမတဲ့ ထုံးရှိပါတယ်နော်။ ဒီထုံးကို ထောက်ရှုခြင်းအားဖြင့် ရသေ့သူတော်ကောင်းတွေကလည်း ဒီသည်းခံခြင်းဆိုတဲ့ ခန္တီမင်္ဂလာတရားကို နှစ်ခြိုက်မြတ်နိုးကြပါတယ်။ ရသေ့တွေသည်သာ မြတ်နိုးသလားဆိုတော့ မဟုတ်သေးဘူး။

ဗုဒ္ဓါနမ္ပိ ပသံသနီယော ဟောတိ။

ဗုဒ္ဓါနမ္ပိ၊ ဂင်္ဂါဝါလု သဲစုမက ပွင့်ပေါ်တော်မူကြပြီးကုန်သော ဘုရားရှင်တို့သည်လည်းပဲ။ ပသံသနီယော၊ ချီးမွမ်းမြှောက်စားအပ်သည်။ ဟောတိ၊ ဖြစ်ပါပေ၏။

ဒီခန္တီတရားနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦးကို ဒီဂင်္ဂါဝါလု သဲစုမက ပွင့်ပေါ်တော်မူကြတဲ့ အဆူဆူသော ဘုရားရှင်တို့ကလည်း ချီးမွမ်း မြှောက်စားတော်မူပါတယ်နော်။ ဘယ်လို ဘုရားရှင် ဟောထားလဲ?

‘‘အက္ကောသံ ဝဓဗန္ဓဉ္စ, အဒုဋ္ဌော ယော တိတိက္ခတိ၊ ခန္တီဗလံ ဗလာဏီကံ, တမဟံ ဗြူမိ ဗြာဟ္မဏံ’’။

အက္ကောသံ၊ ဆဲရေးချုပ်ချယ်ခြင်းကိုလည်းကောင်း။ ဝဓဗန္ဓဉ္စ၊ သတ်ဖြတ်ခြင်း၊ နှောင်ဖွဲ့ခြင်းကိုလည်းကောင်း။ ယော၊ အကြင် သူတော်ကောင်းသည်။ အဒုဋ္ဌော၊ ပြစ်မှားသော စိတ်ထားမရှိသည် ဖြစ်၍။ တိတိက္ခတိ၊ သည်းခံ၍ နေတတ်ပေသည်။

ဘုရားရှင် နှစ်ခြိုက်တဲ့ တရားလေးပဲ။ ကျင့်ဝတ်ကလေးပဲနော်။ သူတစ်ပါးတွေက ဆဲရေးလာပြီဆိုရင် အဲဒီ ဆဲရေးမှုကို တုန့်လှည့်တစ်ဖန် ပြန်ပြီးတော့ မပြစ်မှားရဘူး။ သူတစ်ပါးတွေက သတ်ဖြတ်လာမယ်, နှောင်ဖွဲ့လာမယ်။ အဲဒီ သူတစ်ပါးတွေ သတ်ဖြတ်မှု, နှောင်ဖွဲ့မှုကိုလည်း တုန့်လှည့်တစ်ဖန် ပြန်ပြီးတော့ အမျက်ဒေါသ မထွက်ရဘူး။ ဒီလို အမျက်ဒေါသ မထွက်ဘဲနဲ့ ပြစ်မှားတဲ့စိတ်ဓာတ် မရှိဘဲနဲ့ ဒီဆဲရေးခြင်း, သတ်ဖြတ်ခြင်း, နှောင်ဖွဲ့ခြင်းဆိုတဲ့ ဒီသဘောတရားတွေကို သူတော်ကောင်းတစ်ဦးသည် သည်းခံနေတယ်။ ဒီလို သည်းခံတတ်တဲ့ သူတော်ကောင်းကို ခန္တီဗလ = သည်းခံခြင်းဆိုတဲ့ ခန္တီစွမ်းအားကို ရွက်ဆောင်ထားတဲ့ပုဂ္ဂိုလ်, ဗလာနီက = သည်းခံခြင်းဆိုတဲ့ ခန္တီတရားကို အားကိုးသမှု ပြုပြီးတော့ အမြဲတမ်း ဆောင်ထားတဲ့ ပုဂ္ဂိုလ်ကို ငါဘုရား ဟောတယ်။ အဲဒီလို သည်းခံခြင်းဆိုတဲ့ ခန္တီတရား စွမ်းအားနဲ့ ပြည့်စုံနေတဲ့ သည်းခံခြင်းဆိုတဲ့ ခန္တီစွမ်းအားကို အမြဲတမ်း ရွက်ဆောင်ထားတဲ့ သူတော်ကောင်းတစ်ဦးကို ငါဘုရားကတော့ မကောင်းမှုအပ ပြုရပြီးတဲ့ ဗြဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်လို့ ငါဘုရား ဟောတော်မူပါတယ်ဆိုပြီး ဘုရားရှင် ဒီလို ချီးမွမ်းထားတယ်။ အဲဒီ ချီးမွမ်းတဲ့ ဂါထာလေးကို အဋ္ဌကထာက ကူးပြီးတော့ ဆိုဆုံးမထားပါတယ်နော်။

သို့သော် ဘုရားရှင် ချီးမွမ်းထားတာနဲ့ ပတ်သက်ပြီးတော့ တစ်ခါတလေ ဘုရားရှင်က ရဟန်းတော်တွေကို အားရကျေနပ်မှု မဖြစ်တဲ့ ထုံးလေးလည်း ရှိတယ်နော်။ သို့သော် ဘုရားရှင်ကတော့ ဒီသည်းခံခြင်းဆိုတဲ့ တရားကို အမြဲတမ်း လက်ကိုင်ထားစေချင်တဲ့ ဆန္ဒဓာတ်တော့ ဘုရားရှင်မှာတော့ ကိန်းဝပ် ပြည့်ဝနေပါတယ်။ အဲဒီ သုတ္တန်ကတော့ ကကစူပမသုတ္တန် ဖြစ်ပါတယ်။ လွှသွားကို ဥပမာထားပြီးတော့ မြတ်စွာဘုရား ရဟန်းတော်တွေကို ဆိုဆုံးမထားတဲ့ သုတ္တန်ပဲ။ မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်မှာ ပါရှိပါတယ်။

တစ်ချိန်မှာ - ဦးပဉ္စင်းတို့ မြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခိုက် ဖြစ်တယ်။ အနာထပိဏ် ကျောင်းဒကာကြီးရဲ့ ကျောင်းပဲ။ အဲဒီ အချိန်အခါမှာ ဘာဖြစ်လာသလဲ?

တေန ခေါ ပန သမယေန အာယသ္မာ မောဠိယဖဂ္ဂုနော ဘိက္ခုနီဟိ သဒ္ဓိံ အတိဝေလံ သံသဋ္ဌော ဝိဟရတိ။

တေန ခေါ ပန သမယေန၊ ထိုအခါ၌ကား။ အာယသ္မာ မောဠိယဖဂ္ဂုနော၊ အရှင်မောဠိယဖဂ္ဂုနမထေရ်သည်။ ဘိက္ခုနီဟိ သဒ္ဓိံ၊ ရဟန်းမိန်းမတို့နှင့် အတူတကွ။ အတိဝေလံ၊ အပိုင်းအခြားတို့ ကျော်လွန်လျက်။ သံသဋ္ဌော၊ ရောရောနှောနှော။ ဝိဟရတိ၊ နေထိုင်လေ့ရှိသည်။

ထိုအချိန်အခါမှာ အရှင်မောဠိယဖဂ္ဂုနမထေရ်က ရဟန်းမိန်းမတွေနဲ့ အတူ ဝေလခေါ်တဲ့ အပိုင်းအခြားကို ကျော်လွန်ပြီးတော့ ရောရောနှောနှော နေထိုင်နေတယ်နော်။ ဒီလို နေထိုင်မှုမျိုးက သာသနာတော်မှာ တော်တော်လေးတော့ အလိုမရှိအပ်တဲ့ နေထိုင်နည်းစနစ် တစ်ခုဖြစ်နေပါတယ်နော်။ ဒီတော့ အဲဒီနေရာမှာ ဝေလ အပိုင်းအခြားဆိုတာနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က သုံးမျိုး ဖွဲ့ထားပါတယ်။ ကာလဝေလ, သီမဝေလ, သီလဝေလ ဆိုပြီးတော့ အပိုင်းအခြားသုံးမျိုး ဖွင့်ဆိုထားတယ်။

အရှင်မောဠိယဖဂ္ဂုနမထေရ်ဆိုတာကတော့ သူ့မောဠိယ ဆိုတာကတော့ လူ့ဘဝတုန်းက သူက ဆံပင်သိပ်ကောင်းတယ်။ သျှောင်ထုံးနဲ့။ ဒါကြောင့် သူ့ကို မောဠိယ။ သူ့နာမည်ရင်းကတော့ ဖဂ္ဂုနဖြစ်တယ်။ ဒါကြောင့် သူ့ကို နှစ်ခုပေါင်းပြီးတော့ မောဠိယဖဂ္ဂုနလို့ ဒီလို ခေါ်ပါတယ်။ သူက အဲဒီ အပိုင်းအခြားသုံးခုကို ကျော်လွန်နေတယ်။ ဘယ်လို ကျော်လွန်နေသလဲလို့ မေးတော့ ဦးပဉ္စင်းတို့ ဒီသမုဒ္ဒရာရဲ့ ကမ်းကို များသောအားဖြင့် ဝေလလို့ ခေါ်ပါတယ်။ ခုလည်း ဒီတိုင်းပဲ။ သာသနာတော်မှာ ဘုရားရှင် သတ်မှတ်ပေးထားတဲ့ ကမ်းတွေ ရှိတယ်နော်။ အဲဒီကမ်းခြေကို သူက ကျော်လွန်နေတယ်။ သုံးမျိုးသော အခြင်းအရာအားဖြင့် ကျော်လွန်တယ်။

နံပါတ်တစ် အတိဝေလံ = အချိန်ကို သူက ကျော်လွန်ပြီးတော့ ဆက်ဆံတယ်။ ဘုရားရှင်က နေဝင်တဲ့ အချိန်အခါမှာဆိုရင် ဘိက္ခူနီမတွေကို ဘယ်တော့မှ ဆိုဆုံးမမှု မပြုရ, ဩဝါဒ မပေးရဆိုပြီး သိက္ခာပုဒ် ပညတ်ထားတယ်။ နေဝင်တဲ့ အချိန်အခါ ကာလကိုလည်း ကျော်လွန်ပြီးတော့ သူက နေဝင်ပြီးနောက်ပိုင်း မိုးချုပ်တဲ့အထိ ဒီဘိက္ခူနီမတွေနဲ့ သွားပြီးတော့ သူက စကားပြောနေတယ်။ ရောရောနှောနှော နေထိုင်ပြန်တယ်။ ဒါက ကာလကို ကျော်လွှားသွားတာ။

နောက်တစ်ခုက သီမ = မြတ်စွာဘုရားက ဒီယောကျ်ား တတ်သိနားလည်တဲ့ ယောကျ်ားမရှိခဲ့ရင် အမျိုးသမီးတွေနဲ့, ဘိက္ခူနီမတွေနဲ့ တရားနဲ့ ပတ်သက်တဲ့စကား ငါးခွန်း, ခြောက်ခွန်းထက်, ငါးလုံး - ခြောက်လုံးထက် ပိုပြီးတော့ မပြောရဘူး။ ဒီလို သိက္ခာပုဒ် ပညတ်ထားတယ်။ အဲဒီ ပညတ်ထားတဲ့ သိက္ခာပုဒ်ကို သီမ = အပိုင်းအခြားလို့ ခေါ်ပါတယ်။ ဒါကိုက သီမဝေလပဲ။ ဘယ်လောက်သာ စကားပြောရမယ် ဆိုပြီးတော့ ပိုင်းခြားကန့်သတ်ပြီး ပေးထားတယ်။ အဲဒီ အကန့်အသတ်ကိုလည်း သူက ကျော်လွှားလွန်မြောက်သွားတယ်။ ဒါ အတိဝေလံ။

နောက်တစ်ခု သီလဝေလတဲ့။ သီလတည်းဟူသော အပိုင်းအခြားကိုလည်း သူက ကျော်လွှားလွန်မြောက်သွားတယ်တဲ့။ ဘယ်လို ကျော်လွှားလွန်မြောက်သွားလဲ? စာထဲမှာ ဖော်ပြထားတာနော်။ ဘုန်းကြီး ကွန့်ပြီးပြောတာ မဟုတ်ဘူး။ အဲဒီ ဘိက္ခူနီမတွေနဲ့ သူက အာပတ်နဲ့ အလွန် နီးကပ်နေတဲ့ စကားတွေကို သူက ပြောတယ်တဲ့။ ရယ်လိုက်, မောလိုက်, မြူးတူးလိုက်, ပျော်ပါးလိုက်။ အဲဒီလို စကားတွေလည်း သူက ပြောတတ်တယ်။ ယောကျ်ားနဲ့ မိန်းမတို့ နားဖြင့် မကြားသင့်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ ဒီဘိက္ခူနီမတွေကို သူက သွားပြီးတော့ ပြောနေတယ်တဲ့။ ဒါက သီလတည်းဟူသော အပိုင်းအခြားကို သူက လွန်သွားတာနော်။ အဲဒီ အပိုင်းအခြား သုံးခုကို လွန်ပြီးတော့မှ ဒီဘိက္ခူနီမတွေနဲ့ ရောရောနှောနှော သူက ဆက်ဆံနေတယ်။ အဲဒီ ဆက်ဆံပုံနဲ့ ပတ်သက်ပြီးတော့လည်း နောက်ထပ် ပြဿနာလေးတွေ တစ်ခုကို ပါဠိတော်မှာ မှတ်တမ်းတင်ထားတယ်။

ဧဝံ သံသဋ္ဌော အာယသ္မာ မောဠိယဖဂ္ဂုနော ဘိက္ခုနီဟိ သဒ္ဓိံ ဝိဟရတိ

သူ့ရဲ့ ရောနှော နေထိုင်ပုံနော်။

အာယသ္မာ မောဠိယဖဂ္ဂုနော၊ အရှင်မောဠိယဖဂ္ဂုနမထေရ်သည်။ ဘိက္ခုနီဟိ သဒ္ဓိံ၊ ရဟန်းမိန်းမတို့နှင့်။ ဧဝံ၊ ဤသို့လျှင်။ သဒ္ဓိံ၊ အတူတကွ။ သံသဋ္ဌော၊ ရောရောနှောနှော။ ဝိဟရတိ၊ နေထိုင်လေ့ရှိပေ၏။

ဒီလို ရောရောနှောနှော နေတယ်။ ဘယ်လောက်ရောသလဲ?

သစေ၊ အကယ်၍။ ကောစိ ဘိက္ခု၊ တစ်စုံတစ်ယောက်သော ရဟန်းတော်က။ အာယသ္မတော မောဠိယဖဂ္ဂုနဿ၊ အရှင်မောဠိယဖဂ္ဂုနမထေရ်၏။ သမ္မုခါ၊ မျက်မှောက်၌။ တာသံ ဘိက္ခုနီနံ၊ ဘိက္ခူနီမတို့၏။ အဝဏ္ဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို။ ဘာသတိ၊ ပြောဆိုမိခဲ့သည်ဖြစ်အံ့။

အကယ်၍များပေါ့လေ - သူ့ရှေ့မှာ သူ့ဘိက္ခူနီမအကြောင်းတွေ သွားများ ပြောခဲ့မယ်။ ဂုဏ်ကျေးဇူးမဲ့တွေပေါ့။ ဒီဘိက္ခူနီမတွေက ဘယ်လို နေကြတယ်, ထိုင်ကြတယ်ဆိုပြီး အပြစ်များ သွားပြောမိခဲ့မယ်ဆိုရင် အရှင်မောဠိယဖဂ္ဂုနမထေရ်က ဒေါသထွက်တယ်, စိတ်မချမ်းမသာ ဖြစ်တယ်။ စိတ်မချမ်းမသာ ဖြစ်ပြီးတော့ သူက ဒီဘိက္ခူနီမတွေရဲ့ အရှင်ဘုရားတွေက ဘာအပြစ်ရှိလို့ ဒီလို လာပြောနေရတာလဲ။ ဒီလောက် သီလ စင်စင်ကြယ်ကြယ်နဲ့ သာသနာတော်မှာ နေထိုင်နေတဲ့ ဘိက္ခူနီမကို အရှင်ဘုရားတို့က ဒီလို စွပ်စွဲရလား။ လာ အရှင်ဘုရားတို့ ဝိနည်းထိုရ်ထံ လာခဲ့, လိုက်ခဲ့။ ဒီဘိက္ခူနီမတွေကို မဟုတ်မမှန် စွပ်စွဲနေတာ အရှင်ဘုရားတို့ကို ဝိနည်းထိုရ်စီ ခေါ်သွားရမယ်။ အဲဒီပုံစံ သူက နေတယ်တဲ့။ နည်းနည်းလေးမှ သူက အထိမခံဘူး။ သူ့ ဘိက္ခူနီမတွေ ဟွန် ဟန်ကျလိုက်တာ။ မဟန်ကျဘူးလား? ဟင် ကဲ နောက်တစ်ခု - လာခဲ့ဦး မရွှေချောတို့ဘက်ကလည်းနော်။

သစေ ပန ကောစိ ဘိက္ခု တာသံ ဘိက္ခုနီနံ သမ္မုခါ အာယသ္မတော မောဠိယဖဂ္ဂုနဿ အဝဏ္ဏံ ဘာသတိ, တေန တာ ဘိက္ခုနိယော ကုပိတာ အနတ္တမနာ အဓိကရဏမ္ပိ ကရောန္တိ။

သစေ ပန၊ အကယ်၍။ ကောစိ ဘိက္ခု၊ တစ်စုံတစ်ယောက်သော ရဟန်းတစ်ပါးက။ တာသံ ဘိက္ခုနီနံ၊ ထိုရဟန်းမိန်းမတို့၏။ သမ္မုခါ၊ မျက်မှောက်၌။ အာယသ္မတော မောဠိယဖဂ္ဂုနဿ၊ အရှင်မောဠိယဖဂ္ဂုနမထေရ်၏။ အဝဏ္ဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို။ ဘာသတိ၊ ပြောဆိုခဲ့မိသည်ဖြစ်ငြားအံ့။ တေန၊ ထိုပြောဆိုခြင်းတည်းဟူသော အကြောင်းကြောင့်။ တာ ဘိက္ခုနိယော၊ ထိုဘိက္ခူနီမတို့သည်။ ကုပိတာ၊ အမျက်ထွက်ကြကုန်သည်ဖြစ်၍။ နတ္တမနာ၊ စိတ်မချမ်းသာကြကုန်သည်ဖြစ်၍။ အဓိကရဏမ္ပိ၊ အဓိကရုဏ်းကိုလည်း။ ကရောန္တိ၊ ပြုတတ်ကြလေကုန်၏။

အကယ်၍များ ရဟန်းတော်တစ်ပါးကနေပြီးတော့ ဒီဘိက္ခူနီမတွေရဲ့ ရှေ့မှာ အရှင်မောလိယဖဂ္ဂုနမထေရ်ရဲ့ ဂုဏ်ကျေးဇူးမဲ့တစ်ခုကို သွားပြီး ပြောခဲ့မယ်ဆိုရင် အဲဒီ ဘိက္ခူနီမတွေက တစ်ခါထဲ ဒေါသ ချက်ချင်းထွက်တယ်။ စိတ်မချမ်းမသာ ဖြစ်ပြီးတော့ အဓိကရုဏ်းကိုတောင် ပြုလုပ်တတ်တယ်။ ဘယ်လိုလုပ်သလဲ? အရှင်ဘုရားတို့ ဒီကိုယ်တော်ဟာ အင်မတန် သီလရှိတဲ့ ကိုယ်တော်။ အရှင်ဘုရားတို့ ဒီလို မစွပ်စွဲသင့်ဘူး။ ဘာကြောင့် အရှင်ဘုရားတို့ ဒီလို စွပ်စွဲနေရလဲ? လာ အရှင်ဘုရားတို့ လာ ဝိနည်းဓိုရ်စီ ခေါ်သွားမယ်။ ဪ ... သူတို့က ဒီပုံစံ ဖြစ်လာတယ်နော်။ နည်းနည်းမှ သူ့ကိုယ်တော်ကို အထိမခံနိုင်ဘူး။ ဟုတ်တယ်မဟုတ်လား? အဲဒီလောက်အထိ သူတို့က ရောရောနှောနှော ဖြစ်နေတာက ဘာဖြစ်လို့လဲမေးတော့။ ခုနက ကြည့်ပေါ့ -

အချိန်တွေ လွန်ပြီး ညဘက်အထိ ရောရောနှောနှောနဲ့ စကားတွေ ပြောကြ။ ပြောတဲ့ စကားတွေ ကြည့်လိုက်တော့လည်း ရယ်ရွှင်ဖွယ် ပက်ရွှန်း ရယ်ရွှန်းဆိုတဲ့ စကားတွေလည်း ပါနေတယ်။ ကြမ်းတမ်းယုတ်မာတဲ့ မပြောသင့်တဲ့ စကားတွေလဲ ပါနေကြတယ်။ အဲဒီလောက်အထိ ရင်းရင်းနှီးနှီး နေနေကြတယ်နော်။ ဒီလို နေနေတဲ့ အခါကျတော့ အကျိုးကို လိုလားတောင့်တတဲ့ ရဟန်းတော်တစ်ပါး ပေါ်လာပါတယ်။ အကျိုးကို လိုလားတောင့်တနေတဲ့ ရဟန်းတော်ဆိုတာက ဘုရားရှင်တို့ သက်သက် ကုန်းချောချင်တဲ့ စိတ်ထား သူ့မှာတော့ မရှိပါဘူး။ ဒီပုံစံစနစ်အားဖြင့် နေ့တိုင်း နေခဲ့မယ် ဆိုလို့ရှိရင်လည်း အရှင်မောလိယဖဂ္ဂုနမထေရ်လည်း အကျိုး ဆုတ်ယုတ်-ပျက်စီးလိမ့်မယ်။ ဘိက္ခူနီမတွေလည်း ကြာရင်တော့ အကျိုးဆုတ်ယုတ် ပျက်စီးကြလိမ့်မယ်။ သူက မြင်တယ်။

ဒီလို နေထိုင်ခြင်း စနစ်သည် သာသနာတော်မှာ မသင့်မတင့် မလျော်မလျောက်ပတ်တဲ့ နေထိုင်နည်းစနစ်တစ်ခု ဖြစ်တယ်။ ဒါကို ဘုရားရှင်အနေနဲ့ တားမြစ်သင့်ပြီလို့ ဒီလိုလည်း သဘောပေါက်တယ်။ အဲဒီလို သဘောပေါက်တဲ့အတွက် မြတ်စွာဘုရားထံ အကျိုးအကြောင်း အစုံအလင် တင်ပြပြီးတော့ လျှောက်ထားပါတယ်။ လျှောက်ထားတော့ ဒီလျှောက်ထားတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထား အတွင်း-သဘောထားကို ဘုရားရှင်ကလည်း သဗ္ဗညုတ ရွှေဉာဏ်တော်ဆိုတဲ့ ပေတံကြီးဖြင့် တိုင်းကြည့်လိုက်တဲ့အခါ အကုန်အစင် သိနေပါတယ်နော်။ မလိုမုန်းထားတဲ့ စိတ်ထားဖြင့် လာပြီး လျှောက်ထားနေတာ မဟုတ်ဘူး။ အကျိုးကို လိုလားတောင့်တလို့ လာပြီး လျှောက်ထားနေတယ်။ သာသနာတော်မှာ ပြုသင့်ပြုထိုက်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ ပြုသင့်နေပြီဆိုတာ သိလို့ လာပြီးတော့ လျှောက်ထားနေတယ်ဆိုတာ သူက သိပြီ။ ဘုရားရှင်က သိတယ်။

အဲဒီလို သိလိုက်တဲ့အတွက် ဒီကိုယ်တော်ကိုတော့ အခေါ်မခိုင်းဘူး။ ဒီကိုယ်တော်က ဘုရား သွားလျှောက်တယ်။ ဒီကိုယ်တော်ကို အကယ်၍ “မင်းသွား ဒီမောလိယဖဂ္ဂုန ခေါ်ချေ” ဆိုရင်တော့ ပြဿနာ အကြီးအကျယ် မရှုပ်ထွေးဘူးလား? ဘာဖြစ်လို့လဲ? ဟင်း ...သိကြပါတယ်။ ဘာဖြစ်လို့ဆိုတာ အားလုံးသိတယ်။ သီလရှင်တွေရော မသိဘူးလားဟင်? သိကြမှာပါ။ ပြဿနာ ရှုပ်ထွေးမယ်ဆိုတော့ ဘုရားရှင်က တခြားရဟန်းတစ်ပါး ခိုင်း-လိုက်ရတယ်။

ကဲ သွားစမ်း ... ငါဘုရားရှင်ကနေပြီးတော့ ဒီမောလိယဖဂ္ဂုန ရဟန်းကို ခေါ်တော်မူတယ်လို့ သင်သွားခေါ်ချေ ဆိုပြီးတော့ ဘုရားက ခိုင်းလိုက်ရတယ်။ ဘုရားရှင် အမိန့်ဆိုတော့ မနေရဲဘူး။ ရောက်လာပြီ။ ဘုရားရှင် ရှေ့တော်မှောက် ရောက်လာတဲ့ အခါကျတော့ ဘုရားရှင်ကနေ အကျိုးအကြောင်း အစုံအလင်တွေကို အကုန်လုံး စစ်ဆေးမေးမြန်းတော် မူပါတယ်။ မူလိုက်တဲ့ အချိန်အခါကျတော့ သူကနေပြီးတော့ ဘယ်လို သဘောထားရှိသလဲ? သဗ္ဗညုတဉာဏ်ဆိုတဲ့ ပေတံကြီးက ရှိနေတော့ မလိမ်ရဲဘူး။ မလိမ်ရဲတော့ အဟုတ်အတိုင်း, အမှန်အတိုင်း သူက ဝန်ခံရတယ်။ အဲဒီလို ဝန်ခံလိုက်တဲ့ အချိန်အခါကျတော့မှ ဘုရားရှင်က သူ့ကို မေးခွန်းတစ်ခု ထပ်ပြီး မေးတယ်။

နနု တွံ, ဖဂ္ဂုန, ကုလပုတ္တော သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော

ဖဂ္ဂုန၊ ချစ်သား ဖဂ္ဂုန။ တွံ၊ သင်ချစ်သားသည်။ သဒ္ဓါ၊ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ထင်ရှားရှိသည်ဖြစ်၍။ အဂါရသ္မာ၊ အိမ်ရာတည်ထောင် လူ့ဘောင်မှ။ အနဂါရိယံ၊ အိမ်ရာ မတည်ထောင် လူ့ဘောင်သို့, အိမ်ရာမထောင် တရားဘောင်သို့။ ပဗ္ဗဇိတော၊ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော။ ကုလပုတ္တော၊ အမျိုးကောင်းသားသည်။ နနု၊ ဖြစ်သည် မဟုတ်ပါလော။

ချစ်သား ဖဂ္ဂုန ... သင်ဟာ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် သဒ္ဓါတရား အထင်အရှားရှိလို့ အိမ်ရာတည်ထောင် လူ့ဘောင်မှ အိမ်ရာမထောင်တဲ့ ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ အမျိုးကောင်းသားတစ်ဦး ဖြစ်တယ် မဟုတ်ဘူးလား မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့ -

ဧဝံ ဘန္တေ = မှန်ပါတယ် မြတ်စွာဘုရား။ တပည့်တော်ဟာ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီး အိမ်ရာမထောင်တဲ့ ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ အမျိုးကောင်းသားတစ်ဦး ဖြစ်ပါတယ် ဆိုပြီးတော့ ပြန်လည် တင်ပြလျှောက်ထားတယ်။ အဲဒီ အချိန်အခါကျမှ ဘုရားရှင်က သူ့ကို တရားဟောတယ်နော်။

န ခေါ တေ ဧတံ, ဖဂ္ဂုန, ပတိရူပံ ကုလပုတ္တဿ သဒ္ဓါ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတဿ, ယံ တွံ ဘိက္ခုနီဟိ သဒ္ဓိံ အတိဝေလံ သံသဋ္ဌော ဝိဟရေယျာသိ။

ဖဂ္ဂုန၊ ချစ်သား ဖဂ္ဂုန။ ယံ၊ အကြင် အကြောင်းတရားကြောင့်။ တွံ၊ သင်သည်၊ သင်ချစ်သားသည်။ ဘိက္ခုနီဟိ၊ ရဟန်းမိန်းမတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ အတိဝေလံ၊ အပိုင်းအခြားကို ကျော်လွှား၍သာ။ သံသဋ္ဌော၊ ရောရောနှောနှော။ ဝိဟရေယျာသိ၊ နေထိုင်ရာ၏။ ဧတံ၊ ဤကဲ့သို့ နေထိုင်ခြင်းသည်။ သဒ္ဓါ၊ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့်။ အဂါရသ္မာ၊ အိမ်ရာတည်ထောင် လူ့ဘောင်မှ။ အနဂါရိယံ၊ အိမ်ရာမထောင် ရဟန်းဘောင်သို့။ ပဗ္ဗဇိတဿ၊ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော။ ကုလပုတ္တဿ၊ သင်ချစ်သားအဖို့။ န ခေါ ပတိရူပံ၊ မသင့်တင့် မလျောက်ပတ်သည်သာတည်း။

ချစ်သား ဖဂ္ဂုန ... သင်ဟာ ဘိက္ခူနီမတွေနဲ့ အတူတကွ သတ်မှတ်-ထားတဲ့ စည်းကမ်း ဥပဒေသဘောင်ကို ကျော်လွန်သွားပြီးတော့ ရောရောနှောနှော နေထိုင်ခြင်းဆိုတဲ့ ဒီသဘောတရားကတော့ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီး အိမ်ရာ မတည်ထောင် ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ အမျိုးကောင်းသားတစ်ဦး ဖြစ်တယ်။ သင်ချစ်သားအဖို့ မသင့်တော်ဘူး ဒီလို ဘုရားရှင်က ဆုံးမတယ်နော်။

တသ္မာတိဟ, ဖဂ္ဂုန, တဝ စေပိ ကောစိ သမ္မုခါ တာသံ ဘိက္ခုနီနံ အဝဏ္ဏံ ဘာသေယျ, တတြာပိ တွံ, ဖဂ္ဂုန, ယေ ဂေဟသိတာ ဆန္ဒာ ယေ ဂေဟသိတာ ဝိတက္ကာ တေ ปဇဟေယျာသိ။

တသ္မာတိဟ၊ ထို့ကြောင့်။ ဖဂ္ဂုန၊ သင်ချစ်သားဖဂ္ဂုန။ စေပိ၊ အကယ်၍။ ကောစိ၊ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည်။ တဝ၊ သင်ချစ်သား၏။ သမ္မုခါ၊ မျက်မှောက်၌။ တာသံ ဘိက္ခုနီနံ၊ ထိုဘိက္ခူနီမတို့၏။ အဝဏ္ဏံ၊ ဂုဏ်ကျေးဇူးမဲ့ကို။ ဘာသေယျ၊ ပြောဆိုလာသည်မူလည်း ဖြစ်ငြားအံ့။ တတြာပိ၊ ထိုကဲ့သို့ ပြောဆိုလာရာ၌လည်းပဲ။ ဖဂ္ဂုန၊ ချစ်သားဖဂ္ဂုန။ တွံ၊ သင်ချစ်သားသည်။ ယေ ဂေဟသိတာ ဆန္ဒာ၊ အကြင်ကာမဂုဏ်တည်းဟူသော အိမ်ကို မှီ၍ ဖြစ်ပေါ်လာကြကုန်သော တဏှာဆန္ဒ တဏှာဒေါသတရားတို့သည်။ ယေ ဂေဟသိတာ ဝိတက္ကာ၊ အကြင်ကာမဂုဏ်တည်းဟူသော အိမ်ကို မှီ၍ ဖြစ်ပေါ်လာကြကုန်သော တဏှာဆန္ဒဒေါသနှင့် ယှဉ်တွဲ၍ ဖြစ်နေကြကုန်သော ကြံစည်စိတ်ကူးမှု ဝိတက်တရားတို့သည်။ သန္တိ၊ ရှိကြလေကုန်၏။ တေ၊ ထိုတဏှာဒေါသနှင့် ယှဉ်တွဲလျက်ရှိသော တဏှာဆန္ဒတရား တဏှာဒေါသ တဏှာဆန္ဒတရား ဒေါသတရား တဏှာဆန္ဒ ဒေါသနှင့် ယှဉ်တွဲ၍ နေကြကုန်သော ဝိတက်တရားတို့ကို။ ပဇဟေယျာသိ၊ ပယ်စွန့်လိုက်ပါလော့။

ချစ်သား ဖဂ္ဂုန ... သင်ချစ်သားသည် မျက်မှောက်မှာ တစ်စုံတစ်-ယောက်သော ပုဂ္ဂိုလ်က ထိုဘိက္ခူနီမတို့ရဲ့ ဂုဏ်ကျေးဇူးမဲ့ကို လာပြီး ပြောပြမယ်ဆိုရင် ထိုသို့ ပြောပြတဲ့ အချိန်အခါမှာ သင်ချစ်သားသည် ထိုကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်ပေါ်လာနေတဲ့ တဏှာဆန္ဒ၊ ဒေါသ။ ထိုကာမဂုဏ်အိမ်ကို မှီပြီး ဖြစ်ပေါ်လာတဲ့ ဒီတဏှာ ဆန္ဒ ဒေါသတွေနဲ့ ယှဉ်တွဲနေတဲ့ ကြံစည်စိတ်ကူးမှု ဝိတက်တရားတွေ။ အဲဒီတရားတွေကို သင်ချစ်သား ပယ်စွန့်လိုက်ပါ။ ကာမဂုဏ်အိမ်ကို မှီတယ်ဆိုတာက ဘာပြောတာလဲဆိုတော့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ဒီအာရုံငါးပါးကို ကာမ-ဂုဏ်တရားလို့ ခေါ်တယ်နော်။ တစ်နည်းတော့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ ဓမ္မသဘောခေါ်တဲ့ ဒီအာရုံ ခြောက်ပါးကိုလည်း တချို့တချို့နေရာမှာ ကာမဂုဏ်ဆိုပြီးတော့ ဒီလို ဟောထားပါတယ်နော်။ အဲဒီ အာရုံခြောက်ပါး ကာမဂုဏ်တရားတွေဟာ တဏှာ ရာဂ အစရှိတဲ့ ကิလေသာတို့ရဲ့ မှီတင်းပြီး နေထိုင်ရာ အိမ်ကြီးဖြစ်လို့ သူတို့ကို ဂေဟာလို့ ခေါ်ပါတယ်။

အဲဒီ တဏှာ၊ ရာဂ အစရှိတဲ့ ကိလေသာ အညစ်အကြေးတို့ရဲ့ မှီတင်းနေထိုင်ရာဖြစ်တဲ့ ဒီခန္ဓာအိမ်ကြီးကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာတရားတွေ။ တဏှာနဲ့ ယှဉ်တွဲနေတဲ့ ဆန္ဒတရားတွေ၊ တဏှာနဲ့ ယှဉ်တွဲနေတဲ့ ဒေါသတရားတွေ၊ တဏှာနဲ့ ယှဉ်တွဲနေတဲ့ ဆန္ဒတရားတွေ, ဒေါသနဲ့ ယှဉ်တွဲ-နေတဲ့ ကြံစည်စိတ်ကူးမှု ဝိတက်တရားတွေ ရှိတယ်။ ဒီတရားတွေကို သင်ချစ်သား ပယ်လိုက်ပါ။ ဘာပြောတာလဲ? ဘိက္ခူနီမတွေသန္တာန်ကို ပရမတ္ထ ဉာဏ်ပညာမျက်စိနဲ့ လှမ်းပြီး ဓာတ်ခွဲကြည့်လိုက်ပါ။ အဲဒီ ဘိက္ခူနီမတွေရဲ့ သန္တာန်မှာ ဘာရှိသလဲ? အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ဓမ္မသဘောဆိုတဲ့ အာရုံခြောက်ပါးပဲ မရှိဘူးလား? ရှိတယ်။ ဘိက္ခူနီမတွေက ရူပါရုံရှိတယ်, သဒ္ဒါရုံရှိတယ်, ဂန္ဓာရုံရှိတယ်, ရသာရုံရှိတယ်, ဖောဋ္ဌဗ္ဗာရုံရှိတယ်။ ဓမ္မသဘော ဆိုတာကတော့ ဘိက္ခူနီမတွေရဲ့သန္တာန်မှာ တည်ရှိနေတဲ့ ပသာဒရုပ် အကြည်ရုပ်တွေ ရှိတယ်, သုခုမရုပ်တွေ ရှိတယ်, စိတ်တွေ ရှိတယ်, စေတသိက်တွေ ရှိတယ်။ ပေါင်းလိုက်တော့ ဒါတွေက ဘာတွေလဲ? အာရုံခြောက်ပါးပဲနော်။

အဲဒီ အာရုံခြောက်ပါးသည် အရှင်ဖဂ္ဂုန ဘက်ကနေ ပြန်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီဘိက္ခူနီမဆိုတဲ့ အာရုံခြောက်ပါးအပေါ်၌ တွယ်တာတပ်မက်နေတဲ့ လိုလားတပ်မက်နေတဲ့ တဏှာဆန္ဒတရားတွေ မရှိဘူးလား? ရှိတယ်။ ဒီအာရုံခြောက်ပါးက ခုနက အရှင်ဖဂ္ဂုနသန္တာန်မှာ ဖြစ်ပေါ်လာမဲ့ တဏှာနဲ့ ယှဉ်တွဲနေတဲ့ လိုလားတပ်မက်ခြင်း တဏှာဆန္ဒတရား။ နောက်ထပ် ဆင့်ကဲ ဖြစ်ပွားလာတဲ့ မကျေနပ်ချက် ဒေါသတရားတွေရဲ့ မှီတင်းပြီးနေရာ အိမ်ကြီး ဖြစ်နေတယ်။ ကာမဂုဏ်အိမ်ကြီး ဖြစ်နေတယ်။ အရှင်ဖဂ္ဂုနရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ တဏှာဆန္ဒတရား၊ ဒေါသတရားတို့ရဲ့ မှီတင်းပြီး နေထိုင်စရာ အိမ်ကြီးတွေ ဖြစ်နေပြန်တယ်နော်။

နောက်တစ်ခု - ဒင်းတို့က ဒီလို ပြောရက်လေခြင်း ဆိုပြီးတော့ ဒီပြောတာနဲ့ ပတ်သက်ပြီးတော့ မကျေနပ်ချက်တွေ ပေါ်လာတယ်။ ငါက ဘယ်လို လုပ်လိုက်မယ်။ ဘယ်လို ပြန်ပြောလိုက်မယ်။ ဝိနည်းဓိုရ်တွေထံ ခေါ်ပြီးတော့ ငါက ဘယ်လို ပြန်ပြီးတော့ ရုံးတင်ပြီးတော့ စစ်ဆေးချက်တွေ ခံယူမယ် ဆိုပြီးတော့ ဒီလို ကြံစည်စိတ်ကူးမှုတွေက တဏှာနဲ့ ယှဉ်တွဲနေတာလည်း ရှိတယ်။ တစ်ဖက်သား ပုဂ္ဂိုလ်တွေပေါ်၌ မကျေနပ်လို့ ချေဖျက်ချင်တဲ့ ဒေါသတရားနဲ့ ယှဉ်တွဲနေတာလည်း ရှိပြန်တယ်။ ကာမဂုဏ်အိမ်ကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ တဏှာဆန္ဒ ဒေါသတရား၊ တဏှာဆန္ဒ ဒေါသတို့နဲ့ ယှဉ်တွဲနေတဲ့ ဝိတက်တရားတွေ သင်ချစ်သားသန္တာန်မှာ ဖြစ်ပေါ်နေပြီ။ အဲဒီ ကိလေသာ အညစ်အကြေး တရားဆိုးတွေကို သင်ချစ်သား ပယ်စွန့်လိုက်ပါ။ ဘုရားက ဟောတယ်။ ကဲ အဲဒီလို ဘုရားက ဟောပြီ ဆိုရင်တော့ ဒီတရားလေးတွေ ပယ်စွန့်ပစ်ဖို့ မကောင်းဘူးလား? ကဲ စွန့်ကော စွန့်ကြမလား? နားထောင်ကြည့်ဦး နားထောင်ကြည့်အုံးနော်။ ပြဿနာက လာလိမ့်ဦးမယ်။

တတြာပိ တေ, ဖဂ္ဂုန, ဧဝံ သိက္ခိတဗ္ဗံ – ‘န စေဝ မေ စိတ္တံ ဝိပရိဏတံ ဘဝိဿတိ, န စ ပါပိကံ ဝါစံ နိစ္ဆာရေဿာမိ, ဟိတာနုကမ္ပီ စ ဝိဟရိဿာမိ မေတ္တစိတ္တော, န ဒေါသန္တရော’တိ။

ကဲ ပယ်စွန့်တော့ ဘယ်လို ပယ်စွန့်ရမလဲ? ပယ်စွန့်ပုံ နည်းစနစ်ကို ဘုရားရှင်က ပေးပြီ။

ဖဂ္ဂုန = ချစ်သား ဖဂ္ဂုန ...။ တတြာပိ = ထိုကဲ့သို့ ပယ်စွန့်ရာ၌လည်းပဲ။ တေ = သင်ချစ်သားသည်။ ဧဝံ = ဤသို့။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သင့်ပေ၏၊

သင်ချစ်သား ဒီလို ကျင့်ပါ။ ဘယ်လိုလဲ?

မေ = ငါ၏။ စိတ္တံ = စိတ်သည်။ ဝိပရိဏတံ = ဖောက်ပြန်-ပျက်စီးမှု ရှိသည်။ န စေဝ ဘဝိဿတိ = ဘယ်တော့မှ မဖြစ်စေရ။ ပါပိကံ = ယုတ်မာလှစွာသော။ ဝါစံ = စကားကို။ န စ နိစ္ဆာရေဿာမိ = မပြောကြစေအံ့။ ဟိတာနုကမ္ပီ စ = အကျိုးစီးပွားကို လိုလားတောင့်တသော စိတ်ထားရှိ၍လည်း။ ဝိဟရိဿာမိ = နေထိုင်-ပေအံ့။ မေတ္တစိတ္တော = မေတ္တာနှင့်ယှဉ်သော စိတ်ထားရှိ-သည်ဖြစ်၍။ ဝိဟရိဿာမိ = နေထိုင်ပေအံ့။ န ဒေါသန္တရော = ဒေါသနှင့် ယှဉ်သောစိတ်ထား မရှိပါဘဲလျက်။ ဝိဟရိဿာမိ = နေထိုင်ပေအံ့။ ဣတိ = ဤသို့လျှင်။ တေ = အသင်ချစ်သားသည်။ ဧဝံ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေထိုင်ပါ။ ဖဂ္ဂုန = ချစ်သားဖဂ္ဂုန။ တေ = သင်ချစ်သားသည်။ ဧဝံ = ဤသို့လျှင်။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေပါ။

တစ်ဖက်သားပုဂ္ဂိုလ်တွေက ပြောကြားလာပြီ။ ဘိက္ခူနီမတွေရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို ပြောလာပြီ။ အဲဒီ အချိန်အခါမှာ သင်ချစ်သားက ဒီလို ကျင့်စမ်းပါ။ ငါ့ရဲ့စိတ်သည် ဖောက်ပြန် ပျက်စီးမှု မရှိစေရ, မဖြစ်စေရ။ ဒီလို ကျင့်ပါ။ ယုတ်မာတဲ့ စကားတွေကို ငါဘယ်တော့မှ မဖြစ်စေရ, မမြွက်စေရ။ ဒီလို ကျင့်စမ်းပါနော်။ ဘိက္ခူနီမတွေကို လာပြီး တစ်ဘက်ကနေ ပြောကြားလိုက်လို့ မခံချင်တဲ့ စိတ်ထားဖြင့် ပြန်ပြီး ပက်လိုက်တာကို မဖြစ်စေရဘူး။ ဒီလို ဆောက်တည်ပြီး ကျင့်စမ်းပါတဲ့နော်။ နောက်တစ်ခု -

‘န စေဝ မေ စိတ္တံ ဝိပရိဏတံ ဘဝိဿတိ, န စ ပါပိကံ ဝါစံ နိစ္ဆာရေဿာမိ, ဟိတာနုကမ္ပီ စ ဝိဟရိဿာမိ မေတ္တစိတ္တော, န ဒေါသန္တရော’

ဟိတာနုကမ္ပီ စ = ပြောဆိုလာတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အကျိုးစီးပွားကို အစဉ် သနားစောင့်ရှောက် လိုလားတောင့်တသော စိတ်ထားရှိသည်ဖြစ်၍။ ဝိဟရိဿာမိ = ငါနေထိုင်ပေအံ့။ မေတ္တစိတ္တော = ပြောဆိုလာတဲ့ ပုဂ္ဂိုလ်ရဲ့အပေါ်၌ မေတ္တာနှင့်ယှဉ်သော စိတ်ထားရှိသည်ဖြစ်၍မူလည်း။

တစ်ဖက်ကနေပြီးတော့ ဘိက္ခူနီမတွေနဲ့ ပတ်သက်လို့နော် ဂုဏ်ကျေးဇူးမဲ့တွေကို ပြောလာပြီဆိုရင် ဒီလို ပြောကြားလာတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျိုးစီးပွားကို လိုလားတောင့်တတဲ့ စိတ်ထားဖြင့် သင်ချစ်သား နေထိုင်စမ်းပါ။ ဘိက္ခူနီမတွေဘက်ကို ပြန်မကြည့်နဲ့နော်။ ဘယ်ကို ကြည့်ရမလဲ? ပြောဆိုလာတဲ့ပုဂ္ဂိုလ်ကို ကြည့်ရမယ်။ အဲဒီ ပြောဆိုလာတဲ့ပုဂ္ဂိုလ်ကို ကြည့်တဲ့ အချိန်အခါမှာ ဘယ်လိုစိတ်ထားနဲ့ ကြည့်ရမလဲ? ပြောဆိုတဲ့ပုဂ္ဂိုလ်ရဲ့ အကျိုးစီးပွားကို အစဉ်သနားစောင့်ရှောက်လိုတဲ့ စိတ်ထားဖြင့် ကြည့်ပြီးတော့ နေထိုင်စမ်းပါ။ ဒါကို ပေါ်လွင်သွားအောင် ဘုရားရှင်က “မေတ္တာစေတော” မေတ္တာနှင့် ယှဉ်နေသော စိတ်ထားဖြင့် သင်ချစ်သား နေထိုင်စမ်းပါ။

“ဤသူတော်ကောင်းသည် ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ” မေတ္တာဘာဝနာရေချမ်း ပက်ဖျန်းပြီး မေတ္တာဈာန်လေးတွေ ဝင်စားပြီးတော့ သင်ချစ်သား နေထိုင်စမ်းပါ။ မကောင်းဘူးလား? ကိုယ်တော် ဘာပြောတာလဲ? ဟင် တစ်ချိန်တုန်းကပေါ့ ဟုတ်တယ်မဟုတ်လား? ဘုန်းကြီး ပြဿနာလေးတစ်ခု ပေါ်ခဲ့ဖူးပါတယ်။ တော်တော်လေးတော့ ကြာသွားပါပြီ။ ကိုယ်တော်နှစ်ပါး စကားများကြတယ်ဆိုတာ နောက်ပိုင်းကျမှ ဘုန်းကြီးက သိတာ။ တစ်ပါးက တစ်ပါးနဲ့တစ်ပါး နည်းနည်းလေး စကားပြောတာ အဆင်မပြေဖြစ်တော့ တစ်ပါးက ဘာပြောလဲ?

“အရှင်ဘုရား ... မော်လမြိုင်နဲ့ ကျိုက်မရောကြားမှာ ကြိုက်တဲ့နေရာ ရွေးလိုက်” ဟင်း တစ်ဖက်က တစ်ဖက်က။ တစ်ဖက်ကလည်း သူ့ခေါင်း လက်ညှိုးထိုးပြောတယ်။ “အရှင်ဘုရား တပည့်တော်ခေါင်းကို ကြည့်” ဟင်း သူ့ခေါင်းမှာ အမာရွတ်တွေ ပြည့်နေတာကို။ ဟင်း ဟုတ်တယ် မဟုတ်လား? အဲဒီလို စိတ်ထားနဲ့ သာသနာမှာ နေထိုင်ရမလား? မနေထိုင်ရပါဘူးတဲ့နော်။ အကျိုးစီးပွားကို လိုလားတောင့်တတဲ့စိတ်ထားဖြင့် သင်ချစ်သား နေထိုင်စမ်းပါ။ ထိုတစ်ဖက်က ပြောလာတဲ့ ပုဂ္ဂိုလ်ရဲ့အပေါ်မှာ မေတ္တာနဲ့ယှဉ်တဲ့စိတ်ဓာတ်ဖြင့် မေတ္တာဘာဝနာကမ္မဋ္ဌာန်းရေချမ်း ပက်ဖျန်းပြီးတော့ နေထိုင်ပါ။ မကောင်းဘူးလား? ကောင်းတယ်။ ကဲ ချိန်းလိုက်တဲ့အတိုင်း ကျိုက်မရောနဲ့ မော်လမြိုင်ကြား တစ်နေရာသွားပြီး တွေ့ကြပြီ ဆိုလို့ရှိရင် ပြဿနာတွေ အကြီးအကျယ် အကုသိုလ်တရားတွေ မတိုးပွားဘူးလား? တိုးပွားလိမ့်မယ်။ ခုလို မေတ္တာနှင့်ယှဉ်သော စိတ်ထားဖြင့် မေတ္တာဈာန်လေးတွေ ဝင်စားပြီး နေထိုင်ကြမယ်ဆိုရင် ကုသိုလ်တရားတွေ မတိုးပွားဘူးလား? တိုးပွားလာတယ်။ ဒေါသနဲ့ယှဉ်တဲ့ စိတ်ဓာတ်ဖြင့် သင်ချစ်သား မနေထိုင်ပါနဲ့။ ဒီလို ဘုရားရှင်က ဆုံးမတယ်နော်။ နောက်တစ်ခု -

တသ္မာတိဟ, ဖဂ္ဂုန, တဝ စေပိ ကောစိ သမ္မုခါ တာသံ ဘိက္ခုနီနံ ပါဏိနာ ပဟာရံ ဒဒေယျ, လေဍ္ဍုနာ ပဟာရံ ဒဒေယျ, ဒဏ္ဍေန ပဟာရံ ဒဒေယျ, သတ္ထေန ပဟာရံ ဒဒေယျ။

ဖဂ္ဂုန = ချစ်သား ဖဂ္ဂုန ...။ တသ္မာတိဟ = ထို့ကြောင့် ဤသာသနာတော်မြတ်အတွင်း၌။ ကောစိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က။ တဝ = ချစ်သား၏။ သမ္မုခါ = မျက်မှောက်၌။ တာသံ ဘိက္ခုနီနံ = ထိုဘိက္ခူနီမတို့အား။ ပါဏိနာ = လက်ဖြင့်။

ဘုရားရှင်ဘက်ကတော့ နားအချိုသွင်းပြီးတော့ နားချပေးနေပါတယ်နော်။ ချစ်သား ဖဂ္ဂုန ... သင်ချစ်သားရဲ့ မျက်မှောက်မှာ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က ဤဘိက္ခူနီမတွေအပေါ် ဒီဘိက္ခူနီမတွေကို လက်နဲ့လာပြီးတော့ ပုတ်ခတ်စော်ကားမှု ပေးခဲ့မယ်ဆိုရင်, ခဲနဲ့ ပုတ်ခတ်စော်ကားမှု ပေးခဲ့မယ်ဆိုရင်, တုတ်နဲ့ ရိုက်ခတ်မှု ပုတ်ခတ်စော်ကားမှု ပေးခဲ့မယ်ဆိုရင်, ဓားလက်နက်နဲ့ ပုတ်ခတ်စော်ကားမှုကို အကယ်၍များ ပေးခဲ့မယ်ဆိုရင် ထိုကဲ့သို့ ပေးလာမည့် အချိန်အခါမှာလည်းပဲ ချစ်သားသည် ကာမဂုဏ်အိမ်ကို မှီပြီး ဖြစ်ပေါ်နေတဲ့ တဏှာဆန္ဒ ဒေါသ, ကာမဂုဏ်အိမ်ကို မှီပြီး ဖြစ်ပေါ်နေတဲ့ တဏှာဆန္ဒ ဒေါသတို့နဲ့ ယှဉ်တွဲနေတဲ့ ကြံစည်စိတ်ကူးမှု ဝိတက်တရားတွေ ရှိတယ်။ အဲဒီ အကုသိုလ်တရားတွေကို အကြင် ချစ်သား ပယ်စွန့်လိုက်စမ်းပါ။ ဘုရားရှင်က ဆုံးမတယ်နော် -

ဧဝံ သိက္ခိတဗ္ဗံ ‘န စေဝ မေ စိတ္တံ ဝိပရိဏတံ ဘဝိဿတိ, န စ ပါပိကံ ဝါစံ นိစ္ဆာရေဿာမိ, ဟိတာနုကမ္ပီ စ ဝိဟရိဿာမိ မေတ္တစိတ္တော, န ဒေါသန္တရော’

တတြာပိ = ထိုကဲ့သို့ ကျင့်ရာ၌လည်းပဲ။ ဖဂ္ဂုန = ချစ်သား ဖဂ္ဂုန ...။ မေ စိတ္တံ = ငါ၏ စိတ်ဓာတ်သည်။ န ဝိပရိဏတံ = ဖောက်ပြန် ပျက်စီးမှု မရှိသည် (မဟုတ်)။ ဝိပရိဏတံ = ဖောက်ပြန် ပျက်စီးမှု ရှိသည်။ န စေဝ ဘဝိဿတိ = မဖြစ်စေလတ္တံ့။ ပါပိကံ ဝါစံ = ယုတ်မာတဲ့ စကားကို။

ချစ်သား ဖဂ္ဂုန ... သင်ချစ်သားရဲ့ မျက်မှောက်မှာ ဒီဘိက္ခူနီမတွေကို တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က လက်နဲ့ ရိုက်ခတ်, ပုတ်ခတ် စော်ကားမယ်။ ခဲနဲ့ ပုတ်ခတ်စော်ကားမယ်။ တုတ်နဲ့ ပုတ်ခတ်စော်ကားမယ်။ ဓားနဲ့ ပုတ်ခတ်စော်ကားမယ်ဆိုရင် ဒီလို ပုတ်ခတ်စော်ကားလာတဲ့ အချိန်အခါမှာလည်း သင်ချစ်သားရဲ့သန္တာန်မှာ ကာမဂုဏ်အိမ်ကို မှီပြီး ဖြစ်ပေါ်လာတဲ့ တဏှာဆန္ဒ, ကာမဂုဏ်အိမ်ကို မှီပြီး ဖြစ်ပေါ်လာတဲ့ ဒေါသတရား, ကာမဂုဏ်အိမ်ကို မှီပြီး ဖြစ်ပေါ်လာတဲ့ တဏှာ ဆန္ဒ ဒေါသတို့နှင့် ယှဉ်တွဲနေတဲ့ ကြံစည်စိတ်ကူးမှု ဝိတက်တွေ။ အဲဒီတရားတွေကို သင်ချစ်သား စွန့်လွှတ်ပစ်လိုက်စမ်းပါ။

ငါက ဒီလို ပြန်လုပ်မယ်, ငါက ဒီလို ပြန်ပြောမယ်, ငါက ဝိနည်းဓိုရ်တွေထံ ခေါ်သွားပြီးတော့ ဒီလို အမှုတွဲကို ဖွင့်လှစ်မယ်ဆိုတဲ့ ဒီလို ကြံစည်စိတ်ကူးမှု စိတ်ထားမျိုးတွေကို သင်ချစ်သား ပယ်စွန့်လိုက်စမ်းပါ။ အဲဒီလို ပယ်စွန့်တဲ့နေရာမှာ သင်ချစ်သားက ဘယ်လို ကျင့်ရမလဲလို့ မေးတော့ - ငါ့ရဲ့စိတ်ဓာတ်သည် ဖောက်ပြန် တုန်လှုပ်မှု ဘယ်တော့မှ မဖြစ်စေရဘူး။ ယုတ်မာတဲ့ စကားတွေကိုလည်း ငါ ဘယ်တော့မှ မပြောဘူး။ ပြောဆိုလာတဲ့ ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာ အကျိုးစီးပွားကို လိုလားတောင့်တတဲ့ စိတ်ထား ငါ အမြဲရှိစေရမယ်။ ဒီစိတ်ဓာတ်ဖြင့်သာ ငါနေထိုင်မယ်။ မေတ္တာနှင့်ယှဉ်တဲ့ စိတ်ဓာတ်ဖြင့်သာ ငါနေထိုင်မယ်။ ဒေါသနဲ့ မယှဉ်တဲ့ စိတ်ဓာတ်ဖြင့်သာ ငါနေထိုင်မယ်လို့ ဒီလို သင်ချစ်သား ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့ နေထိုင်ပါ။ ဘုရားရှင်က ဆိုဆုံးမပြီနော်။ နောက်တစ်ချီ ဆက်ပြီး ဆုံးမပြန်တယ်။

ဖဂ္ဂုန, တဝ စေပိ ကောစိ သမ္မုခါ အဝဏ္ဏံ ဘာသေယျ

ဖဂ္ဂုန = ချစ်သား ဖဂ္ဂုန ...။ သမ္မုခါ = မျက်မှောက်၌လည်းပဲ။ ကောစိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က။ တဝ = သင်ချစ်သား၏။ အဝဏ္ဏံ = ဂုဏ်ကျေးဇူးမဲ့ကို။ ဘာသေယျ = အကယ်၍ ပြောဆိုလာပြီ။ စေပိ = ဖြစ်ငြားအံ့။

ချစ်သား ဖဂ္ဂုန ... သင်ချစ်သားရဲ့ မျက်မှောက်မှာပဲ သင်ချစ်သားရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို တစ်ခြား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကလာပြီး ပြောနေမယ်ဆိုရင် ဒီလို ပြောဆိုလာတဲ့ အချိန်အခါမှာလည်း သင်ချစ်သားသည် ကာမဂုဏ်အိမ်ကို မှီပြီး ဖြစ်ပေါ်လာတဲ့ မိမိ ခန္ဓာအိမ်အပေါ်မှာ လိုလားတပ်မက်နေတဲ့ တဏှာတရား၊ မိမိခန္ဓာအိမ်နဲ့ ပတ်သက်ပြီးတော့ အထိမခံချင်တဲ့ ဒေါသတရား၊ တစ်ဖက်ပုဂ္ဂိုလ်တွေကို ချေမှုန်းပစ်ချင်တဲ့ ဒေါသတရား။ ထိုတဏှာတရား, ဒေါသတရားတွေနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့ ငါဘယ်လို လုပ်လိုက်မယ်၊ ငါက ဘာပြောလိုက်မယ် စသည်ဖြင့် ကြံစည်စိတ်ကူးမှု ဝိတက်တရား။ အဲဒီ အကုသိုလ်တရားအားလုံးကို သင်ချစ်သား ပယ်စွန့်လိုက်ပါတဲ့နော်။

ဘာဖြစ်လို့ မြတ်စွာဘုရား ဒီလို ခိုင်းနေလဲ? အကုသိုလ်တရားတွေ တိုးပွားခဲ့မယ်ဆိုရင် အရှင်ဖဂ္ဂုနမထေရ်ထံမှာ အကျိုးတရားတွေ ဆုတ်ယုတ်ပြီး မသွားနိုင်ဘူးလား? သွားနိုင်တယ်။ ဒီအချက်ကိုသိလို့ ဘုရားရှင်က မေတ္တာ, ကရုဏာ ရှေ့ထားပြီးတော့ ဆိုဆုံးမနေခြင်း ဖြစ်ပါတယ်နော်။ အကျိုးကို လိုလားတောင့်တတဲ့စိတ်ထားဖြင့် မြတ်စွာဘုရားက ဒီကိလေသာ အညစ်အကြေးတွေကို ပယ်စွန့်ဖို့ရန်အတွက် ဆိုဆုံးမနေခြင်း ဖြစ်တယ်။ ဘယ်ပုံဘယ်ပမ်း ဘယ်နည်းလမ်းအားဖြင့် ပယ်စွန့်ရမလဲ?

တတြာပိ တေ, ဖဂ္ဂုန, ဧဝံ သိက္ခိတဗ္ဗံ ‘န စေဝ မေ စိတ္တံ ဝိပရိဏတံ ဘဝိဿတိ, န စ ပါပိကံ ဝါစံ နိစ္ဆာရေဿာမိ, ဟိတာနုကမ္ပီ စ ဝိဟရိဿာမိ မေတ္တစိတ္တော, န ဒေါသန္တရော’

တတြာပိ = ထိုကဲ့သို့ ဖြစ်ပေါ်၍ လာရာ၌လည်းပဲ။ ဖဂ္ဂုန = ချစ်သား ဖဂ္ဂုန။ တေ = သင်ချစ်သားသည်။ ဧဝံ = ဤသို့။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေထိုင်ပါ။

ဒီလိုပဲ သင်ချစ်သား နေထိုင်စမ်းပါ။ ဘယ်လိုလဲ?

ဝိပရိဏတံ = ဖောက်ပြန်ပျက်စီးမှု ရှိသည်။ န စေဝ ဘဝိဿတိ = မဖြစ်စေလတ္တံ့။ ပါပိကံ ဝါစံ စ = ယုတ်မာတဲ့ စကားကိုလည်းပဲ။ အဟံ = ငါသည်။ န နိစ္ဆာရေဿာမိ = မမြွက်ဆိုပေအံ့။ ဟိတာနုကမ္ပီ = စပြောဆိုလာတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အကျိုးစီးပွားကို အစဉ်သနား စောင့်ရှောက်သော။

သင်ချစ်သား ဒီလို နေစမ်းပါ။ ဘုရားက ပြောပြီနော်။ ဘာလုပ်ရမလဲ? ဒီလို ပြောကြားလာတဲ့ အချိန်အခါမှာ ငါ့ရဲ့ စိတ်ဓာတ်သည် ဖောက်ပြန် ပျက်စီးမှု မဖြစ်စေရဘူး။ ယုတ်မာကြမ်းတမ်းနေတဲ့ စကားတွေကို ငါဘယ်တော့မှ မမြွက်စေရဘူး။ ပြောဆိုလာတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျိုးစီးပွားကို အစဉ်သနား စောင့်ရှောက်တတ်တဲ့ စိတ်ထားဖြင့်သာလျှင် ငါနေမယ်။ မေတ္တာနှင့်ယှဉ်သော စိတ်ထားဖြင့်သာလျှင် ငါနေထိုင်မယ်။ ဒေါသနှင့်မယှဉ်သော စိတ်ထားဖြင့်သာ ငါ နေထိုင်မယ်လို့ ဒီလို သင်ချစ်သား ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီး နေထိုင်ပါတဲ့နော်။ ဘာလုပ်ရမလဲ?

မေတ္တာဘာဝနာကမ္မဋ္ဌာန်းတွေ ပွားများအားထုတ်ရမယ်။ ဒီထက် စွမ်းအားရှိခဲ့ရင် ဒီမေတ္တာဈာန်တွေကို အခြေခံပြီးတော့ ရုပ်တွေ နာမ်တွေ သိမ်းဆည်း၊ အကြောင်းတရားတွေ ရှာဖွေပြီး အကြောင်းတရားတွေနဲ့တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုပြီး နေထိုင်ပါလို့ ဒီလို ဆုံးမတယ်နော်။ အကယ်၍များ မိမိတို့က မေတ္တာဈာန်တွေ ဝင်စားနိုင်မဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင် ဒီလိုပွဲကြီးမှာ မိမိတို့ ဒီမေတ္တာဈာန်တွေကို အသုံးချဖို့ရန်အတွက် အခွင့်ထူးကြီး မဖြစ်ဘူးလား? ဖြစ်နေတယ်။ ဒီမေတ္တာဈာန်တွေ အခြေခံပြီးတော့ ရုပ်တွေ နာမ်တွေ သိမ်းဆည်း၊ အကြောင်းတရားတွေ ရှာဖွေပြီး အကြောင်းတရားနဲ့တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုမယ် ဆိုလို့ရှိရင်လည်း ဒီလို ပွဲကြီးပွဲကောင်းမှာ မိမိအတွက် အခွင့်ထူးကြီးတွေ ဖြစ်-မနေဘူးလား? ဖြစ်နေတယ်တဲ့။ ရှုတတ်တဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ အခွင့်ထူးကြီး, အခွင့်ကောင်းကြီး ဖြစ်ပါတယ်နော်။ သို့သော် ဒီအခွင့်အရေးကို အသုံးချတတ်တဲ့ ပုဂ္ဂိုလ်ဆိုတာက အလွန်နည်းပါးနေတယ်။ ဒါကြောင့် ဘုရားရှင်က ဆက်ပြီး ဆုံးမပြန်ပြီ။

တသ္မာတိဟ, ဖဂ္ဂုန, တဝ စေပိ ကောစိ ပါဏိနာ ပဟာရံ ဒဒေယျ, လေဍ္ဍုနာ ပဟာရံ ဒဒေယျ, ဒဏ္ဍေန ပဟာရံ ဒဒေယျ, သတ္ထေန ပဟာရံ ဒဒေယျ, တတြာပိ တွံ, ဖဂ္ဂုန, ယေ ဂေဟသိတာ ဆန္ဒာ ယေ ဂေဟသိတာ ဝိတက္ကာ တေ ပဇဟေယျာသိ။

ဖဂ္ဂုန = ချစ်သားဖဂ္ဂုန ...။ တသ္မာ = ထို့ကြောင့်။ တိဟ = ဤသာသနာတော်မြတ်အတွင်း၌။ တဝ = သင်ချစ်သားအပေါ်၌။ စေပိ ကောစိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က အကယ်၍။ ပါဏိနာ = လက်ဖြင့်။ ပဟာရံ ဒဒေယျ = ပုတ်ခတ်စော်ကားခြင်းကို ပေးမူလည်း ပေးငြားအံ့။ လေဍ္ဍုနာ = ခဲဖြင့်။ ပဟာရံ ဒဒေယျ = ပုတ်ခတ်စော်ကားခြင်းကို အကယ်၍ ပေးမူလည်း ပေးငြားအံ့။ ဒဏ္ဍေန = တုတ်လက်နက်ဖြင့်။ ပဟာရံ ဒဒေယျ = ပုတ်ခတ်စော်ကားခြင်းကို အကယ်၍ ပေးမူလည်း ပေးငြားအံ့။ သတ္ထေန = ဓားလက်နက်ဖြင့်။ ပဟာရံ ဒဒေယျ = ပုတ်ခတ်စော်ကားခြင်းကို အကယ်၍ ပေးမူလည်း ပေးငြားအံ့။ တတြာပိ = ထိုကဲ့သို့ ပေးလာရာ၌လည်းပဲ။ ဖဂ္ဂုန = ချစ်သား ဖဂ္ဂုန သင်ချစ်သားသည်။ ယေ ဂေဟသိတာ ဆန္ဒာ = အကြင် ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်ပေါ်လာကြကုန်သော တဏှာ ဆန္ဒ ဒေါသတရားတို့သည်။ ယေ ဂေဟသိတာ ဝိတက္ကာ = အကြင် ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်ပေါ်လာကြကုန်သော တဏှာ ဆန္ဒ ဒေါသတရားနှင့် ယှဉ်တွဲလျက် ရှိကြကုန်သော ကြံစည်စိတ်ကူးမှု ဝိတက်တရားတို့သည် ရှိကြလေကုန်၏။ တေ = ထိုတဏှာ ဆန္ဒ ဒေါသတရား၊ တဏှာ ဆန္ဒ ဒေါသတရားနှင့် ယှဉ်တွဲလျက် ရှိကြကုန်သော အကုသလ ဝိတက်တရားတို့ကို။ တွံ = သင်ချစ်သားသည်။ ပဇဟေယျာသိ = ပယ်စွန့်လိုက်စမ်းပါ။

ဘုရားရှင်က ဆုံးမတယ်နော်။ အကယ်၍ သင်ချစ်သားရဲ့ မျက်မှောက်မှာပဲ သင်ချစ်သားကို တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က လာပြီးတော့ လက်နဲ့ ပုတ်ခတ်စော်ကားမယ်, တုတ်နဲ့ ပုတ်ခတ်စော်ကားမယ်, ခဲနဲ့ ပုတ်ခတ်စော်ကားမယ်, ဓားလက်နက်တွေနဲ့ လာပြီးတော့ ပုတ်ခတ်စော်ကားမယ် ဆိုရင်လည်း ဒီလို လာပြီး ပုတ်ခတ်စော်ကားတဲ့ အချိန်အခါမှာ ချစ်သားဖဂ္ဂုန သင်ချစ်သားသည် ဒီကာမဂုဏ်အိမ်ကြီးကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာ ဆန္ဒတရား။ ဒီကာမဂုဏ်အိမ်ကြီးကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ ဒေါသတရား၊ ထိုကာမဂုဏ်အိမ်ကြီးကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ တဏှာဆန္ဒ ဒေါသတရားတွေနဲ့ ယှဉ်တွဲနေတဲ့ ကြံစည်စိတ်ကူးမှု ဝိတက်တွေ ရှိတယ်။ ဒီအကုသလ ဝိတက်တရားတွေ၊ ဒီ အကုသိုလ်တရားတွေကို သင်ချစ်သား ပယ်စွန့်လိုက်စမ်းပါတဲ့နော်။ ဘယ်ပုံ ဘယ်ပမ်း ဘယ်နည်းလမ်းအားဖြင့် ပယ်စွန့်မလဲ? ပယ်စွန့်ပုံ နည်းစနစ်ကို ဘုရားရှင် ဆက်ဟောတယ်နော်။

တတြာပိ တေ, ဖဂ္ဂုန, ဧဝံ သိက္ခိတဗ္ဗံ

ဖဂ္ဂုန = ချစ်သားဖဂ္ဂုန ...။ တတြာပိ = ထိုကဲ့သို့ ပုတ်ခတ်စော်ကား၍ လာရာ၌လည်းပဲ (ဝါ) ထိုသို့ ပယ်စွန့်ရာ၌လည်းပဲ။ တေ = ချစ်သားသည်။ ဧဝံ = ဤသို့။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။

ချစ်သား ... ဒီလို ကျင့်စမ်းပါ။

မေ = ငါ၏ စိတ်ဓာတ်စစ်သည်။ ဝိပရိဏတံ = ဖောက်ပြန် တုန်လှုပ်မှု ရှိ ဖောက်ပြန်ပျက်စီးခြင်းသည်။ န စေဝ ဘဝိဿတိ = မဖြစ်စေလတ္တံ့။ ပါပိကံ ဝါစံ = ယုတ်မာတဲ့ စကားကိုလည်းပဲ။ အဟံ = ငါသည်။ န စ နိစ္ဆာရေဿာမိ = ဘယ်တော့မှ မမြွက်ဆိုပေအံ့။ ဟိတာနုကမ္ပီ စ = ပုတ်ခတ်စော်ကားလာတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အကျိုးစီးပွားကို အစဉ်သနားစောင့်ရှောက်သော စိတ်ထားရှိ၍။ ဝိဟရိဿာမိ = ငါနေထိုင်ပေအံ့။ မေတ္တစိတ္တော = ပုတ်ခတ်စော်ကားလာတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အပေါ်၌ မေတ္တာနှင့်ယှဉ်သော စိတ်ထားရှိသည်မူ၍။ န ดေါသန္တရော = ပုတ်ခတ်စော်ကားအပ်တဲ့ ပုဂ္ဂိုလ်တို့ရဲ့ အပေါ်၌ ဒေါသနှင့်မယှဉ်သော စိတ်ထားရှိသည်ဖြစ်၍။ ဖဂ္ဂုန = ချစ်သားဖဂ္ဂုန။ ဣတိ = ဤသို့လျှင် အသင်ချစ်သားသည်။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေထိုင်လိုက်စမ်းပါ။

ဘုရားရှင်က ဆုံးမလိုက်တယ်နော်။ မေတ္တာဘာဝနာကမ္မဋ္ဌာန်း ရေချမ်း ပက်ဖြန်းပြီးတော့ မေတ္တာဈာန်တွေ ဝင်စားပြီး ဖြစ်ပေါ်လာတဲ့ ဒီကာမဂုဏ်အိမ်ကို မှီပြီး ဖြစ်ပေါ်လာတဲ့ ဒီတဏှာ ဆန္ဒတရားတွေ, ကာမဂုဏ်အိမ်ကို မှီပြီး ဖြစ်ပေါ်လာတဲ့ တစ်ဖက်ပုဂ္ဂိုလ်တွေကို ချေမှုန်းပစ်ချင်တယ် ဆိုတဲ့ ဒီ-ဒေါသတရားတွေ, ဒီတဏှာဆန္ဒ ဒေါသတရားတွေနဲ့ ယှဉ်တွဲနေတဲ့ ငါဘယ်လို လုပ်လိုက်မယ်, ငါဘယ်လို ပြောလိုက်မယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှု ဝိတက်တရားတွေ အဲဒီတရားအားလုံးကို သင်ချစ်သား ပယ်စွန့်လိုက်ပါ။ ဘယ်လို ပယ်စွန့်ရမလဲလို့ မေးတော့ ငါရဲ့စိတ်ဓာတ်သည် ဖောက်ပြန်ပျက်စီးမှု ဘယ်တော့မှ မရှိစေရဘူး။ ယုတ်မာတဲ့ စကားတွေကိုလည်း ငါဘယ်တော့မှ မပြောဘူး။ ဒီလို ခိုင်မြဲတဲ့ ဆုံးဖြတ်ချက်ဖြင့် ပုတ်ခတ်စော်ကားလာတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျိုးစီးပွားကို လိုလားတောင့်တတဲ့ စိတ်ဓာတ်ဖြင့် အသင်ချစ်သား နေထိုင်ပါ။ မေတ္တာနဲ့ယှဉ်သော စိတ်ဓာတ်ဖြင့် အသင်ချစ်သား နေထိုင်ပါ။ ဒေါသနဲ့ မယှဉ်တဲ့ စိတ်ဓာတ်ဖြင့် သင်ချစ်သား နေထိုင်စမ်းပါ။ ဘယ်လို လုပ်ရမလဲ?

မေတ္တာဈာန်တွေ ဝင်စားနေရမယ်။ မေတ္တာဈာန်ကို အခြေခံပြီးတော့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုပြီးတော့ အသင်ချစ်သား နေထိုင်ပါတဲ့နော်။ အဲဒီလို နေထိုင်ဖို့ရန်အတွက် ဘုရားက ဆုံးမလိုက်ပြီ။ ဆုံးမလိုက်တော့ အရှင်မောရိယဖဂ္ဂုနမထေရ်က သဘောကျသွားသလားလို့ မေးရင် ဘယ်လို ဖြေကြမလဲ? ဟင် တရားနာ ပရိသတ်တွေကော ဒီတရား သဘောကျကြလား? ဟင် အေး ကျလား, မကျလားတော့ မသိဘူး? အရှင်မောရိယဖဂ္ဂုနကတော့ မကျေနပ် ဖြစ်သွားတယ်။ ခက်ပုံက ခက်ပုံကနော်။ မကျေနပ်-ဖြစ်သွားတဲ့ အချိန်အခါကျတော့ ဘုရားစကားကို သူက နားထောင်ချင်တဲ့ စိတ်ထားမရှိဘူး။ ဒါပေမဲ့ သူက ဘယ်မှာနေတဲ့ ပုဂ္ဂိုလ်လဲ? ဘုရားသာသနာမှာ ခိုကပ်ပြီးတော့ လာနေတဲ့ ပုဂ္ဂိုလ်ပါ။

ဘုရားသာသနာမှာ ခိုကပ်ပြီး လာနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါလျက် ဘုရားက ဒီလို ဆုံးမတာ အဲထဲမှာများ လက်မခံနိုင်လောက်တဲ့စကားတွေများ ဘယ်နှစ်လုံးများ ပါနေလဲ? ဟင် မပါပါဘူး။ အဲဒါကို သူက လက်မခံနိုင်ဘူး။ မကျေနပ်ဘူး။ ဘုရား သူ့ကို ဒီလို ပြောရမလားဆိုပြီး ဘုရားရှင်အပေါ်မှာ မကျေနပ်ချက်တွေ တစ်ပုံကြီးနဲ့ ထိုင်ပြီးတော့ ဆူနေတယ်။ ပြန်တော့ ပြော-ဖို့ရန်အတွက်ကတော့ နည်းနည်း အခက်ရှိတယ်။ ဘုရားရှင်ကဲ့သို့ ဘုန်းကံကြီးမားနေတဲ့ သူတော်ကောင်းတစ်ဦးကို နှုတ်လှန်ပြန်ထိုးဖို့တော့ အခက်အခဲက မရှိဘူးလား? ရှိနေတယ်။ ဟိုမှာ ဝိုင်းဝိုင်းလည်နေတဲ့ ပရိသတ်တွေက အများကြီး။ ဒီကြားထဲမှာ သူက ထပြောလိုက်ပြီ ဆိုလို့ရှိရင် ပြဿနာက နည်းနည်း ပေါ်ချင်ပေါ်မလား မပြောတတ်ဘူးနော်။ မပြောတတ်ဘူးလို့သာ ပြောတာပါ။ ဘုန်းကြီး ပေါ်မယ်လို့တော့ မပြောပါဘူးနော်။

အဲဒီ အချိန်အခါကျတော့မှ ဘုရားရှင်က နောက်ထပ် တရားတစ်ပုဒ် ဆက်ဟောပြန်တယ်။ နောက်ထပ် ဆက်ဟောမယ်။ တရားနာချင်ကြလား? ဟောမဲ့တရား ဘယ့်,နှယ့်တုန်း တရားနာ ပရိသတ်တွေ နာချင်သလား? ဟင် ...ဘုန်းကြီးကတော့ သိပ်မထင်ပါဘူး။ ဒီဘုန်းကြီးတော့ တို့ကို စောင်းဟောနေပြီလို့တော့ ဒီလိုတော့ ထင်ချင် ထင်ကြလိမ့်မယ်နော်။ ကဲ -

အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ –

အထ ခေါ ဘဂဝါ = ဘုန်းတော်ခြောက်ပါးသခင်သည်။ ဘိက္ခူ = ရဟန်းတော်တို့ကို။ အာမန္တေသိ = မိန့်ကြားတော်မူ၏၊

ဘုရားရှင်က တရားဆက်ရပြန်ပြီနော်။

‘‘အာရာဓယိံသု ဝတ မေ, ဘိက္ခဝေ, ဘိက္ခူ ဧကံ သမယံ စိတ္တံ။

ဘိက္ခဝေ = ချားသားရဟန်းတို့။ ဧကံ သမယံ = တစ်ချိန်တုန်းက။ ဘိက္ခူ = ရဟန်းတို့သည်။ မေ = ငါဘုရား၏။ စိတ္တံ = စိတ်ကို။ အာရာဓယိံသု ဝတ = နှစ်သက်ကျေနပ်ခဲ့စေကုန်စွတကား။

တစ်ချိန်တုန်းက ချစ်သားတို့ ငါဘုရားစိတ်ဓာတ်ကို ရဟန်းတော်တွေက နှစ်သက်ကျေနပ်စေခဲ့တယ်။ နှစ်သက်ကျေနပ်အောင် နေထိုင်ခဲ့တယ်။ အဲဒီ တစ်ချိန်ဆိုတာက ဘယ်အချိန်ကို ရည်ညွှန်းနေလဲလို့ မေးရင်တော့ ဦးပဉ္စင်းတို့ မြတ်စွာဘုရားကို ၄၅-ဝါ ဘုရားရှင်ရဲ့ ၄၅-ဝါကို ဗောဓိသုံးခုဆိုပြီးတော့ ပိုင်းခြားထားပါတယ်။ ပထမဗောဓိ, ဒုတိယဗောဓိ, တတိယဗောဓိဆိုပြီး ဗောဓိသုံးဆင့်နဲ့ ပိုင်းခြားထားတယ်။ ပထမဗောဓိက ၁၅-ဝါအတွင်း၊ ဒုတိယ ဗောဓိဆိုတာက ဒုတိယ ၁၅-ဝါ၊ တတိယဗောဓိက တတိယ ၁၅-ဝါပဲ။ ပေါင်းလိုက်တော့ ဘယ်နှစ်ဝါလဲ? ၄၅-ဝါ။ အဲဒီ ၄၅-ဝါမှာ ဘုရားရှင်က ပထမဗောဓိကို ရည်ညွှန်းတယ်။

6fddcppenydgefzs3q091hirw0i8yjp
မင်္ဂလသုတ်-၈၄/၉၇
0
6320
22018
2026-06-04T00:13:37Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၈၄/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၈၃..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22018
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၈၄/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၈၃/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၈၅/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၈၄

မြတ်စွာဘုရားရဲ့ ပထမဗောဓိလို့ ခေါ်ဆိုအပ်တဲ့ ဝါ (၂၀) အတွင်းမှာ ရဟန်းတော်တွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ?

အာရာဓယိံသု ဝတ မေ, ဘိက္ခဝေ, ဘိက္ခူ ဧကံ သမယံ စိတ္တံ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧကံ သမယံ = အခါတစ်ပါး၌။ ဘိက္ခူ = ရဟန်းတော်တို့သည်။ မေ = ငါဘုရား၏။ စိတ္တံ = စိတ်တော်ကို။ အာရာဓယိံသု ဝတ = နှစ်သက်ကျေနပ်ခဲ့လေကုန်စွတကား။

ဘုရားရှင်ရဲ့စိတ်တော်ကို ရဟန်းတော်တွေက ကျေနပ်အောင် နေထိုင်တော်မူခဲ့ကြတယ်။ ဟိုဘက်က အလားတူပဲ။ ရှင်မဟာကဿပ မထေရ်မြတ်ကြီးလည်း ဒီပုံစံလေး လျှောက်ထားခဲ့ဖူးပါတယ်နော်။ ပထမဗောဓိအတွင်းမှာ ဆိုလို့ရှိရင် ပညတ်တော်မူရတဲ့ သိက္ခာပုဒ်လည်း အလွန်နည်းတယ်။ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုကြတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေလည်း အလွန် များပြားကြတယ်။ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာကြတဲ့ ထိုအမျိုးကောင်းသားတွေ, ထိုအမျိုးကောင်းသမီးတွေ အရဟတ္တဖိုလ်ကို ရရှိတဲ့ သူတော်ကောင်းတွေလည်း အလွန် များကြတယ်။

ဒုတိယဗောဓိ, တတိယဗောဓိဆိုတဲ့ ဒီနောက်ပိုင်းကာလ ရောက်လာတဲ့ အချိန်အခါကျတော့ ရဟန်းသံဃာတွေကို အကြောင်းပြုပြီးတော့ ဘုရားရှင် ပညတ်တော်မူရတဲ့ သိက္ခာပုဒ်တွေလည်း အလွန် များလာတယ်။ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရေအတွက်မှာလည်း အရိယာ သူတော်ကောင်းဖြစ်သွားတဲ့ ပုဂ္ဂိုလ်အရေအတွက်က အလွန့် အလွန် နည်းလာတယ်နော်။ ခု ဘုရားရှင် ဒီသုတ္တန်ကို ဟောကြားတော်မူတဲ့ အချိန်အခါမှာ ဒုတိယဗောဓိနဲ့ တတိယဗောဓိအတွင်း တစ်ခုခုသော အချိန်ကာလလို့ ယူဆရပါတယ်နော်။ ရဟန်းတော်တွေက ဘုရားရှင် ပညတ်တော်မူတဲ့ သိက္ခာပုဒ်ဆိုတဲ့ အပိုင်းအခြားကို ကျော်လွှားလွန်မြောက်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေကြပြီ။

ဒီအပိုင်းဖြစ်နေတဲ့အတွက် အခု အရှင်ဖဂ္ဂုနမထေရ်ကို ဘုရားရှင်က ဘိက္ခူနီမတွေနဲ့ ရောရောနှောနှော နေထိုင်မှုကို အခြေခံပြီးတော့ သဒ္ဓါတရား အပြည့်အဝဖြင့် သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ သင်ကဲ့သို့သော သူတော်ကောင်းသည်ကား ထိုကဲ့သို့ သာသနာတော်မှာ မနေသင့်တဲ့ အကြောင်းတွေကို ဘုရားရှင် ဆိုဆုံးမလိုက်တဲ့ အချိန်အခါ ဖဂ္ဂုနရဟန်းတော်ဟာ ဘုရားရှင်အပေါ်၌ မကျေနပ်ချက်တွေ တစ်ပြုံကြီး မွေးမြူပြီးတော့ ဆူဆူအောင့်အောင့်နဲ့ ထိုင်နေတယ်။ ဘုန်းကြီး မှန်းကြည့်တာပေါ့လေ - နှုတ်ခမ်းကြီးလည်း စူနေတယ်နဲ့ တူပါတယ်။ ဒီအချက်ကို ကြည့်ပြီးတော့ ဘုရားရှင်က -

‘‘အာရာဓယိံသု ဝတ မေ, ဘိက္ခဝေ, ဘိက္ခူ ဧကံ သမယံ စိတ္တံ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧကံ သမယံ = အခါတစ်ပါး၌။ ဘိက္ခူ = ရဟန်းတော်တို့သည်။ မေ = ငါဘုရား၏။ စိတ္တံ = စိတ်တော်ကို။ အာရာဓယိံသု ဝတ = နှစ်သက်ကျေနပ်ခဲ့လေကုန်စွတကား။

တစ်ချိန်က ရဟန်းတော်တွေက ပထမဗောဓိအတွင်းမှာ တည်ရှိနေတဲ့ ရဟန်းတော်တွေက ငါဘုရားရဲ့ စိတ်အစဉ်တော်ကို နှစ်သက်ကျေနပ်စေတော်မူခဲ့ကြဖူးတယ်နော်။

ဣဓာဟံ, ဘိက္ခဝေ, ဘိက္ခူ အာမန္တေသိံ – အဟံ ခေါ, ဘိက္ခဝေ, ဧကာသနဘောဇနံ ဘုဉ္ဇာမိ။ ဧကာသနဘောဇနံ ခေါ အဟံ, ဘိက္ခဝေ, ဘုဉ္ဇမာနော အပ္ပါဗာဓတဉ္စ သဉ္ဇာနာမိ အပ္ပါတင်္ကတဉ္စ လဟုဋ္ဌာနဉ္စ ဗလဉ္စ ဖာသုဝိဟာရဉ္စ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ အဟံ = ငါဘုရားသည်။ ဣဓ = ဤသာသနာတော်မြတ်အတွင်း၌ (ဝါ) ဤပထမဗောဓိအတွင်း၌။ ဘိက္ခူ = ရဟန်းတော်တို့ကို။ အာမန္တေသိံ = မိန့်ကြားတော်မူခဲ့ဖူးလေပြီ။

ဘယ်လောက်အထိ ငါဘုရားရှင်ရဲ့ စိတ်အစဉ်တော်ကို ဒီရဟန်းတော်တွေက ကျေနပ်အောင် သာသနာတော်မှာ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ဘုရားရှင်က ပုံစံ ဥပမာလေးတစ်ခု ထုတ်ပြီးတော့ ဟောနေပါတယ်နော်။ အဲဒီ ပထမဗောဓိအတွင်းမှာ တည်ရှိနေတဲ့ ထိုအမျိုးကောင်းသား, အမျိုးကောင်းသမီးလို့ ခေါ်ဆိုအပ်တဲ့ ရဟန်းတော်တွေကို ငါဘုရားက ဒီလို မိန့်ကြားတော်မူခဲ့ဖူးတယ်။ ဘယ်လိုလဲ?

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ အဟံ ခေါ = ငါဘုရားသည်ကား။ ဧကာသနဘောဇနံ = တစ်ထပ်တည်းသော ဆွမ်းဘုဉ်းပေး သုံးဆောင်ခြင်းကို။ ဘုဉ္ဇာမိ = ဘုဉ်းပေး သုံးဆောင်၍ နေပေ၏၊

တစ်ထပ်တည်းသော ဘောဇဉ်ဆိုတာကတော့ ဒီနေရာမှာ အဋ္ဌကထာ ဆရာတော်က ဖွင့်ထားပါတယ်။ နေ့လွဲညစာ မစားခြင်းကို ဘုရားရှင်ကတော့ အထူးသဖြင့် ရည်ညွှန်းထားပါတယ်လို့ ဖွင့်ဆိုထားတယ်။ သို့သော်လည်း ဒီနေရာလေးမှာ အထူးသဖြင့် ဘုရားရှင် နှစ်ခြိုက်တော်မူတာကတော့ “ဧကာသနဘောဇနာ” ဆိုတာကတော့ တစ်နေ့လျှင် တစ်ကြိမ်ကျ စားတဲ့ တစ်ထပ်သာ စားတဲ့ သို့မဟုတ် တစ်ထိုင်တည်းသာ စားတော်မူတဲ့ စနစ်ကိုတော့ အထူးသဖြင့် ရည်ညွှန်းထားတယ်လို့ ယူဆရပါတယ်နော်။ အဲဒီ ဘုရားရှင်က တစ်နေ့ တစ်ထိုင် တစ်ကြိမ်သာ ဘုဉ်းပေး သုံးဆောင်တော်မူတဲ့အတွက် ရဟန်းတွေကို ဘုရားရှင်က ဘယ်လို ဆုံးမသလဲ?

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဘုဉ္ဇမာနော = ဘုဉ်းပေး သုံးဆောင်လျက်ရှိသော။ အဟံ = ငါဘုရားသည်။ အပ္ပါဗာဓတဉ္စ = အနာရောဂါ ကင်းရှင်းသည့် အဖြစ်ကိုလည်း။ သဉ္ဇာနာမိ = ကောင်းစွာ သိရှိပါပေ၏၊ (ဝါ) ကောင်းစွာ သိရှိ၍ နေပါ၏။ အပ္ပါတင်္ကတဉ္စ = ကျင်နာကိုက်ခဲမှု နည်းပါးသည့်အဖြစ်ကိုလည်းပဲ။ သဉ္ဇာနာမိ = ကောင်းစွာ သိရှိပါပေ၏။ လဟုဋ္ဌာနဉ္စ = ချမ်းသာစွာ ထိုင်သည့်နေရာ၊ အိပ်သည့်နေရာမှ ထနိုင်ခြင်းကိုလည်းပဲ။ သဉ္ဇာနာမိ = ကောင်းစွာ သိရှိ၍ နေပါ၏။ ဗလဉ္စ = ခွန်အားရှိမှုကိုလည်းပဲ။ သဉ္ဇာနာမိ = ကောင်းစွာသိရှိ၍ နေပါ၏။ ဖာသုဝိဟာရဉ္စ = ချမ်းချမ်းသာသာ နေထိုင်ရခြင်းကိုလည်းပဲ။ သဉ္ဇာနာမိ = ကောင်းစွာသိရှိ၍ နေပါ၏၊

ဧကာသနိက် လို့ ခေါ်ဆိုအပ်တဲ့ တစ်နေ့ တစ်ထပ်သာစားတဲ့ အလေ့အထနဲ့ ပတ်သက်ပြီးတော့ ရရှိနိုင်တဲ့ အကျိုးတရားတွေကို ဘုရားရှင်က ချီးမွမ်းတယ်နော်။ ချစ်သားရဟန်းတို့ ... တစ်နေ့မှာ တစ်ထပ်သာ စားတယ်ဆိုတဲ့ ဘောဇဉ်ကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ငါဘုရားရှင်ဟာ အနာရောဂါ ကင်းရှင်းတာကိုလည်း ငါဘုရားရှင် ကောင်းစွာ သိရှိတော်မူတယ်။ ခန္ဓာကိုယ်မှာ ကျင်နာကိုက်ခဲမှုတွေ နည်းပါးလာတာကိုလည်း ငါဘုရားရှင် ကောင်းစွာ သိရှိတော်မူတယ်။ ထိုင်ရာက ထမယ်ဆိုရင်၊ အိပ်ရာက ထမယ်ဆိုရင် လျင်လျင်မြန်မြန် ပေါ့ပေါ့ပါးပါးနဲ့ ထနိုင်တာကိုလည်း ငါဘုရားရှင် သိတော်မူတယ်။

တော်တော်လေး ခပ်ကြာကြာ ထိုင်ပြီးပြီဆိုရင် ထတဲ့ပုဂ္ဂိုလ်တွေ နားလည်ပါတယ်။ ချမ်းချမ်းသာသာ ထလို့ရလား? တစ်ချို့တော့ ရတယ်။ တစ်ချို့တော့ မရဘူးနော်။ ဘုရားရှင်ကျတော့ ဒီလို တစ်ထပ်တည်း စားလိုက်တဲ့အတွက် ပေါ့ပေါ့ပါးပါးလေး ထနိုင်တာကို ဘုရားရှင် အသိအမှတ် ပြုတော်မူတယ်။ အသိအမှတ် ပြုမိတယ်နော်။ ခွန်အားရှိလာတာကိုလည်း ဘုရားရှင် အသိအမှတ် ပြုမိတယ်။ ချမ်းချမ်းသာသာ နေထိုင်ရတာကိုလည်း ဘုရားရှင် အသိအမှတ် ပြုမိတယ်။ ပြုမိတဲ့အတွက် ဘုရားရှင်က ရဟန်းတွေကို ဘယ်လိုဆက်ပြီး ဆိုဆုံးမလဲ?

ဧထ တုမှေပိ, ဘိက္ခဝေ, ဧကာသနဘောဇနံ ဘုဉ္ဇထ။ ဧကာသနဘောဇနံ ခေါ, ဘိက္ခဝေ, တုမှေပိ ဘုဉ္ဇမာနာ အပ္ပါဗာဓတဉ္စ သဉ္ဇာနိဿထ အပ္ပါတင်္ကတဉ္စ လဟုဋ္ဌာနဉ္စ ဗလဉ္စ ဖာသုဝိဟာရဉ္စာတိ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧထ = လာကြပေကုန်တော့။ တုမှေပိ = သင်ချစ်သားတို့သည်လည်းပဲ။ ဧကာသနဘောဇနံ = တစ်ထပ်တည်းသော ဘောဇဉ်ကို။ ဘုဉ္ဇထ = ဘုဉ်းပေးသုံးဆောင်ကြပေကုန်တော့။ ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧကာသနဘောဇနံ ခေါ = တစ်ထပ်တည်းသော ဘောဇဉ်ကို။ ဘုဉ္ဇမာနာ = ဘုဉ်းပေးသုံးဆောင်ကြပေကုန်သော။ တုမှေပိ = သင်ချစ်သားတို့သည်လည်းပဲ။ အပ္ပါဗာဓတဉ္စ = အနာရောဂါ ကင်းရှင်းသည်၏အဖြစ်ကိုလည်းပဲ။ သဉ္ဇာနိဿထ = ကောင်းစွာ သိကြပေကုန်လတ္တံ့။ အပ္ပါတင်္ကတဉ္စ = ကိုယ်လက်နာကျင် ကိုက်ခဲမှု နည်းပါးသည်၏ အဖြစ်ကိုလည်းပဲ။ သဉ္ဇာနိဿထ = ကောင်းစွာ သိရှိနိုင်ကြပေကုန်လတ္တံ့။ လဟုဋ္ဌာနဉ္စ = ပေါ့ပေါ့ပါးပါး ထနိုင်သည်၏ အဖြစ်ကိုလည်းပဲ။ သဉ္ဇာနိဿထ = ကောင်းစွာ သိရှိနိုင်ကြပေကုန်လတ္တံ့။ ဗလဉ္စ = ခွန်အားရှိမှုကိုလည်းပဲ။ သဉ္ဇာနိဿထ = ကောင်းစွာ သိရှိနိုင်ကြပေကုန်လတ္တံ့။ ဖာသုဝိဟာရဉ္စ = ချမ်းချမ်းသာသာ နေထိုင်ရမှုကိုလည်းပဲ။ သဉ္ဇာနိဿထ = ကောင်းစွာ သိရှိနိုင်ကြပေကုန်လတ္တံ့။ ဣတိ = ဤသို့လျှင်။ အာမန္တေသိံ = မိန့်ကြားတော်မူခဲ့ဖူးလေပြီ။

ချစ်သားရဟန်းတို့ ... လာကြပေကုန်လတ္တံ့။ သင်ချစ်သားတို့လည်း တစ်ထပ်တည်း ဘုဉ်းပေးသုံးဆောင်ကြပေတော့။ သင်ချစ်သားတို့တတွေဟာ အကယ်၍ တစ်ထပ်သာ ဘုဉ်းပေးသုံးဆောင်ခဲ့မယ် ဆိုလို့ရှိရင် တစ်ထပ်သာ ဘုဉ်းပေးသုံးဆောင်နေတဲ့ သင်ချစ်သားတို့ဟာလည်းပဲ အနာရောဂါ ကင်းရှင်းနေတာကိုလည်းပဲ သင်ချစ်သားတို့ ကိုယ်တိုင် သိရှိနိုင်ကြပါလိမ့်မယ်, ခန္ဓာကိုယ်မှာ ကျင်နာကိုက်ခဲမှုတွေ နည်းပါးသွားတာကိုလည်း သင်ချစ်သားတို့ကိုယ်တိုင် သိရှိနိုင်ကြပါလိမ့်မယ်, ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် သွားနိုင် လာနိုင် ထနိုင် နေနိုင်တာကိုလည်း သင်ချစ်သားတို့ကိုယ်တိုင် သိရှိနိုင်ကြပါလိမ့်မယ်, ခွန်အားရှိလာတာကိုလည်း သင်ချစ်သားတို့ကိုယ်တိုင် သိရှိနိုင်ကြပါလိမ့်မယ်, ချမ်းချမ်းသာသာ နေထိုင်ရခြင်းဆိုတဲ့ ဒီသဘောတရားကိုလည်း သင်ချစ်သားတို့ကိုယ်တိုင် သိရှိနိုင်ကြပါလိမ့်မယ်လို့ ဒီလို ငါဘုရား တစ်ချိန်က ရဟန်းတော်တွေကို မိန့်ခဲ့ဖူးတယ်။

ပထမဗောဓိအတွင်းမှာ တည်ရှိတဲ့ ရဟန်းတော်တွေကို ဘုရားရှင်က ရည်ညွှန်းထားတယ်နော်။ အဲဒီလို အမိန့်ရှိပြီးတဲ့အခါ ဘုရားရှင်က အခု မျက်မှောက် တရားနာနေတဲ့ အရှင်ဖဂ္ဂုနမထေရ် အမှူးရှိနေတဲ့ ရဟန်းတော်တွေကို မြတ်စွာဘုရား ဘာဆက်ပြီး အမိန့်ရှိလဲ?

န မေ, ဘိက္ခဝေ, တေသု ဘိက္ခူသု အနုသာသနီ ကရဏီယာ အဟောသိ၊ သတုပ္ပါဒကရဏီယမေဝ မေ, ဘိက္ခဝေ, တေသု ဘိက္ခူသု အဟောသိ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တေသု ဘိက္ခူသု = ထို ပထမဗောဓိအတွင်း၌ တည်ရှိကြကုန်သော ရဟန်းတော်တို့အပေါ်၌ (ဝါ) ပထမဗောဓိဟု ခေါ်ဆိုအပ်သော ရဟန်းတော်တို့၏ အပေါ်၌။ မေ = ငါဘုရား၏။ အနုသာသနီ = ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆိုဆုံးမရခြင်းဆိုတဲ့။ ကရဏီယာ = တရားစကားကို ပြုလုပ်ခြင်း (ဝါ) တရားစကားကို။ ကရဏီယံ = ပြုလုပ်ခြင်းသည်။ န အဟောသိ = မဖြစ်ခဲ့စဘူးပေ။ ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တေသု ဘိက္ခူသု = ပထမဗောဓိဟု ခေါ်ဆိုအပ်သော ရဟန်းတော်တို့၏ အပေါ်၌။ မေ = ငါဘုရား၏။ သတုပ္ပါဒကရဏီယမေဝ = အောက်မေ့အမှတ်ရခြင်း သတိတရားကို အထင်ရှား ဖြစ်ပေါ်အောင် ပြုလုပ်ခြင်းသည်ပင်လျှင်။ အဟောသိ = ဖြစ်ခဲ့ဖူးလေသည်။

ငါဘုရားရှင်က အဲဒီ ပထမဗောဓိအတွင်းမှာ တည်ရှိနေတဲ့ ဒီရဟန်းတော်တွေကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆိုဆုံးမခြင်းဆိုတဲ့ အနုသာသနီ - တရားစကား ပြုလုပ်ခြင်းဆိုတဲ့ လုပ်ငန်းရပ် မဖြစ်ခဲ့ဖူးပါဘူး။ ပထမဗောဓိလို့ ခေါ်ဆိုအပ်တဲ့ ဒီဗောဓိအတွင်းမှာ တည်ရှိနေတဲ့ ထိုရဟန်းတွေအပေါ်၌ ငါဘုရားရှင်အနေနဲ့ ကျင့်ဝတ်ပဋိပတ်တစ်ခုကို အောက်မေ့အမှတ်ရစေဖို့ရန် အောက်မေ့အမှတ်ရတဲ့ သတိတရားလေး ဖြစ်ပေါ်လာဖို့ရန်အတွက် ပြုလုပ်ခြင်းမျှသာလျှင် ရှိခဲ့ဖူးတယ်။ တစ်ကြိမ်လောက် ပြောလိုက်ပြီ ဆိုလို့ရှိရင် နောက်ထပ် ထပ်ပြီး ပြောဖို့လိုသေးလား? ဘယ့်နှယ်တုန်း အဲဒါ ကောင်းလား, မကောင်းဘူးလား?

ဟင် ဘယ့်နှယ်တုန်း ဒကာကြီးတွေ ကောင်းလား၊ မကောင်းဘူးလား? ဟိုး... အနောက်က ဒကာမကြီးတွေကော။ ဒီလိုဆိုရင် ရာဂတွေ တိုက်ဖျက်ကြ၊ ဒေါသတွေ တိုက်ဖျက်ကြ၊ မောဟတွေ တိုက်ဖျက်ကြ။ ရာဂ၊ ဒေါသ၊ မောဟတွေ ကုန်အောင် အိမ်ကို မပြန်ကြနဲ့လို့ ဘုန်းကြီးတစ်ကြိမ်လောက် ပြောလိုက်ရင် ဘယ့်နှယ့်နေမလဲ? ဟင်။ အဲဒါပဲ ကွာဟချက် ကွာဟချက်နော်။

ပထမဗောဓိအတွင်းမှာ တည်ရှိနေတဲ့ ရဟန်းတော်တွေကို ဘုရားရှင်က ဆိုဆုံးမလိုက်တယ်ဆိုရင် တစ်ကြိမ် သတိပေးရုံမျှလောက်ပဲ ရှိတယ်။ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ပြောနေဖို့ လိုသေးလား? မလိုဘူးနော်။ ဒီလို ကျင့်ဝတ်ပဋိပတ်တွေကို သင်ချစ်သားတို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရတယ်လို့ အမှတ်ရခြင်း သတိတရားလေး ဖြစ်ပေါ်ရုံမျှသာလျှင် ဘုရားရှင်ဘက်က ပြုလုပ်ပေးဖို့ရန် တာဝန်ရှိတယ်နော်။ ထပ်ခါထပ်ခါ ကြိမ်ဖန်များစွာ လိုက်ပြီး ဆိုဆုံးမနေဖို့ တာဝန်ရှိသေးလား? မရှိဘူး။ ဟိုလိုက်ချောင်း ဒီလိုက်ချောင်းနဲ့ ချောင်းနေရတဲ့ လုပ်ငန်းရပ်ကော ရှိသေးလား? မရှိတော့ဘူး။ မကောင်းဘူးလား? ဟင် ဟုတ်ပြီ ဟုတ်ပြီနော်။ ကဲ -

သေယျထာပိ, ဘိက္ခဝေ, သုဘူမိယံ စတုမဟာပထေ အာဇညရထော ယုတ္တော အဿ ဌိတော ဩဓသ္တပတောဒေါ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့...။ သေယျထာပိ = ဖြစ်သင့်ဖြစ်ရာ ခိုင်းနှိုင်းဖွယ်ရာ လောကဥပမာသည်ကား။ သုဘူမိယံ = မြေညီညာသော။ စတုမဟာပထေ = လမ်းမလေးဖြာ ပေါင်းဆုံရာအရပ်၌။ ယုတ္တော = ကောင်းစွာ ညီညာစွာ တည်ရှိလျက်ရှိသော (ဝါ) မြင်းတို့ဖြင့် ယှဉ်က၍ ထားအပ်သော။ ဩဓသ္တပတောဒေါ = ချန်ထားအပ်သော နှင်တံရှိသော။ ဌိတော = တည်နေသော။ အာဇညရထော = အာဇာနည်မြင်းရထားသည်။ အဿ = ရှိနေရာ၏။

အာဇာနည်မြင်းတွေ ကထားတဲ့ ရထားကြီးတစ်စင်း ညီညာတဲ့ မြေရှိနေတဲ့ လမ်းမလေးဖြာ ပေါင်းစုံတဲ့နေရာမှာ ကျကျနန တည်နေပြီတဲ့နော်။

တမေနံ ဒက္ခော ယောဂ္ဂါစရိယော အဿဒမ္မသာရထိ အဘိရုဟိတွာ, ဝါမေန ဟတ္ထေန ရသ္မိယော ဂဟေတွာ, ဒက္ခိဏေန ဟတ္ထေန ပတောဒံ ဂဟေတွာ, ယေနိစ္ဆကံ ယဒိစ္ဆကံ သာရေယျပိ ပစ္စာသာရေယျပိ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့...။ တမေနံ = ထိုအာဇာနည်မြင်း ကထားတဲ့ ရထားကို။ ဒက္ခော ယောဂ္ဂါစရိယော = ကျွမ်းကျင် ဒင်းတို့ကို ဆိုဆုံးမချင်တဲ့ ကျွမ်းကျင်လိမ္မာသော မြင်းဆရာသည်။ အဿဒမ္မသာရထိ = မြင်းကို မောင်းနှင်ခြင်း (ဝါ) ရထားကို မောင်းနှင်ခြင်း၌ ကျွမ်းကျင်လိမ္မာသော ရထားထိန်းဆရာသည်။ (ဝါ) မြင်းတို့ကို ယဉ်ကျေးအောင် ဆိုဆုံးမတတ်တဲ့ ရထားထိန်းသည်။ အဘိရုဟိတွာ = တက်စီး၍။ ဝါမေန ဟတ္ထေန = လက်ဝဲလက်ဖြင့်။ ရသ္မိယော = ကြိုးတို့ကို။ ဂဟေတွာ = ကိုင်၍။ ဒက္ခိဏေန ဟတ္ထေန = လက်ယာလက်ဖြင့်။ ပတောဒံ = နှင်တံကို။ ဂဟေတွာ = ကိုင်၍။ ယေနိစ္ဆကံ = အလိုရှိရာ အရပ်သို့ တိုင်အောင်။ ယဒိစ္ဆကံ = အလိုရှိသမျှ ကာလပတ်လုံး။ သာရေယျပိ = ရှေ့သို့ သွားစေရာ၏။ ပစ္စာသာရေယျပိ = နောက်သို့လည်း တစ်ဖန်ပြန်လှည့်၍ ဆုတ်စေရာ၏။

ကျွမ်းကျင်လိမ္မာတဲ့ ရထားထိန်းပေါ့နော်။ မြင်းတွေကို ဆိုဆုံးမနိုင်တဲ့ စွမ်းရည်အပြည့်အဝ ရှိနေတဲ့ ရထားထိန်းတစ်ဦး၊ ကျွမ်းကျင်လိမ္မာတဲ့ မြင်းရထားကို မောင်းတတ်တဲ့ မြင်းဆရာတစ်ဦးပေါ့နော်။ ဒီအာဇာနည်မြင်းတွေ ကထားတဲ့ ရထားပေါ်တက်၊ တက်ပြီးတဲ့အခါ လက်ဝဲလက်ဖြင့် ကြိုးတွေကို ကိုင်၊ လက်ယာလက်ဖြင့် နှင်တံကို ကိုင်ပြီးတော့ မိမိ အလိုရှိရာအရပ်သို့ အလိုရှိတဲ့ အချိန်ကာလပတ်လုံး ရှေ့တိုးခြင်း၊ နောက်ဆုတ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေ ပြုလုပ်လျက် မောင်းနှင်နေပြီနော်။ အဲဒီလို မောင်းနှင်လိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လဲ?

ယေနိစ္ဆကံ ယဒိစ္ဆကံ သာရေယျပိ ပစ္စာသာရေယျပိ။

အဲဒီ အာဇာနည်မြင်း ကထားတဲ့ ရထားတွေက ရထားထိန်းကနေပြီးတော့ ဒီမြင်းရထားကို မောင်းလိုက်တဲ့ အချိန်အခါမှာ မြင်းတွေနဲ့ ပတ်သက်ပြီးတော့ ကြောင့်ကြမှု၊ ကြောင့်ကြဆိုက်မှုဆိုတာ သူ့မှာ ရှိသေးလား၊ မရှိဘူးနော်။ အလားတူပဲ - ငါဘုရားရှင်ကလည်း မြင်းတွေကို နှင်တံလေး ပြပြီးတော့ ကြိုးလေး လှုပ်ပေးလိုက်တာနဲ့ မြင်းတွေက သူ့လမ်း သူသွားပြီ။ ဖြောင့်ဖြောင့် သွားနေကြတယ်။ နောက်ထပ် ထပ်ပြီးတော့ ဒီမြင်းတွေကို သတိပေးနေဖို့ လိုသေးလား? မလိုတော့ဘူး။ ဒီဥပမာကို ဘုရားရှင်က ဆောင်ထားတယ်နော်။

ဧဝမေဝ ခေါ, ဘိက္ခဝေ, န မေ တေသု ဘိက္ခူသု အနုသာသနီ ကရဏီယာ အဟောသိ, သတုပ္ပါဒကရဏီယမေဝ မေ, ဘိက္ခဝေ, တေသု ဘိက္ခူသု အဟောသိ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့...။ ဧဝမေဝ ခေါ = ဤဥပမာ အတူသာလျှင်။ တေသု ဘိက္ခူသု = ထိုရဟန်းတော်တို့အပေါ်၌ (ဝါ) ထိုပထမဗောဓိအတွင်း၌ တည်ရှိကြကုန်သော ရဟန်းတို့အပေါ်၌။ မေ = ငါဘုရား၏။ အနုသာသနီ = ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆိုဆုံးမရခြင်းဆိုတဲ့။ ကရဏီယာ = တရားစကားကို။ ကရဏီယံ = ပြုလုပ်သင့် ပြုလုပ်ထိုက်။

ဘယ်ရဟန်းတွေလဲ? ပထမဗောဓိအတွင်းမှာ တည်ရှိတဲ့ ရဟန်းတွေနော်။

တေသု ဘိက္ခူသု = ထိုရဟန်းတော်တို့အပေါ်၌ (ဝါ) ထိုပထမဗောဓိအတွင်း၌ တည်ရှိကြကုန်သော ရဟန်းတို့အပေါ်၌။ မေ = ငါဘုရား၏။ အနုသာသနီ = ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆိုဆုံးမရခြင်းဆိုတဲ့။ ကရဏီယာ = တရားစကားကို။ ကရဏီယံ = ပြုလုပ်သင့် ပြုလုပ်ထိုက်။

ဘိက္ခဝေ = ချစ်သားရဟန်းတို့...။ တေသု ဘိက္ခူသု = ထိုပထမဗောဓိအတွင်း၌ တည်ရှိကြကုန်သော ရဟန်းတော်တို့အပေါ်၌။ မေ = ငါဘုရား၏။ သတုပ္ပါဒကရဏီယမေဝ = ကုသိုလ်တရားတို့၌ အောက်မေ့ အမှတ်ရတတ်တဲ့ သတိတရားတွေ ထင်ရှားဖြစ်ပေါ်လာဖို့ရန် ပြုလုပ်ခြင်းမျှသာလျှင်။ အဟောသိ = ဖြစ်ခဲ့ဖူးလေသည်။

မိမိတို့ ဖြည့်ကျင့်ရမယ့် သီလကျင့်စဉ်၊ မိမိတို့ ဖြည့်ကျင့်ရမယ့် သမာဓိကျင့်စဉ်၊ မိမိတို့ ဖြည့်ကျင့်ရမယ့် ပညာကျင့်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ အောက်မေ့ခြင်း၊ အမှတ်ရခြင်း၊ သတိတရားဖြစ်ဖို့ရန်အတွက် ပြုလုပ်ပေးရုံမျှလေးသာ ငါဘုရားအဖို့မှာ တာဝန်ရှိပါတယ်။ အဲဒီ ရဟန်းတော်တွေကို ငါဘုရားရှင်အနေနဲ့ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆိုဆုံးမရခြင်းဆိုတဲ့ “အနုသာသနီ” တရားစကားကို ပြုလုပ်ဖို့ရန် ဘာမှ မရှိခဲ့စဖူးဘူး။ ဒီလိုဆိုတော့ ဘုရားရှင်အဖို့လည်း မသက်သာဘူးလား? သက်သာနေတယ်။ တပည့်ကောင်း ဆိုတာက ဒီလို စိတ်ထားရှိရတယ်။ ဆရာသမားက တစ်ကြိမ်တစ်ခါ ဆိုဆုံးမလိုက်ပြီ ဆိုလို့ရှိရင် နောက်ထပ် ထပ်ပြီး ဆိုဆုံးမနေဖို့ လိုသေးလား? မလိုတော့ဘူး။

တစ်ကြိမ်တစ်ခါ ဆိုဆုံးမလိုက်လို့ လိုက်နာနေတဲ့ တပည့်သားမြေးကို ဆရာသမားတွေကလည်း အလွန် ချစ်ခင်မြတ်နိုးကြတယ်။ တပည့်ကလည်း တစ်ကြိမ်တည်း ပြောလိုက်လို့ လိုက်နာနေတဲ့အတွက် ဆရာသမားက နောက်ထပ် ပြန်ပြီးတော့ မြည်တွန်မှု၊ တောက်တီးမှု၊ ဆိုဆုံးမမှု မရှိတော့ဘူးဆိုရင် ဒီဆရာအပေါ်မှာလည်း တပည့်က အလွန် ချစ်ခင်မြတ်နိုးတယ်။ တစ်ဦးနဲ့တစ်ဦး မေတ္တာဓာတ်တွေ ရစ်ပတ်နှောင်ဖွဲ့ပြီး တည်ရှိနေတဲ့ ဒီဆရာတပည့် နှစ်ဦးသားတို့အဖို့ ကုသိုလ်တရားတွေ ကြီးပွားတိုးတက်မှုဆိုတာ ဖြစ်ပေါ်မလာနိုင်ဘူးလား? ဖြစ်ပေါ်လာနိုင်တယ်။

ဆရာကလည်း ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာဖြင့် မိမိရဲ့ တပည့်သားမြေးကို စောင့်ရှောက်ပေးတယ်၊ ဆိုဆုံးမပေးတယ်။ တပည့်ကလည်း ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာတွေနဲ့ မေတ္တာတွေ အပြည့်အဝနဲ့ မိမိရဲ့ ဆရာသမားအပေါ်မှာ စောင့်ရှောက်ပေးတယ်။ တစ်ဦးအပေါ်တစ်ဦး ကာယကံမေတ္တာဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားတယ်၊ ဝစီကံမေတ္တာတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ထားတယ်၊ မနောကံမေတ္တာတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီး ထားကြတဲ့အတွက် တစ်ဦးရဲ့ အကျိုး တစ်ဦး လိုလားတောင့်တနေတဲ့ စိတ်ဓာတ်တွေက အပြည့်အဝရှိတော့ ဒီတပည့်သားမြေးတစ်ဦး အထက်တန်းကျကျဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ရရှိသည့်တိုင်အောင် သွန်သင်ပြသ ဆိုဆုံးမပေးဖို့ရန်အတွက် စိတ်ဓာတ်တွေက ဆရာသမားထံမှာ အပြည့်အဝ မရှိဘူးလား? ရှိနေတယ်။ ဒီနေ့ပဲ စစ်ကိုင်းဆရာတော်နဲ့ ဆက်မိတော့ နည်းနည်း လျှောက်မိသေးတယ်၊ ပြောမိသေးတယ် -

တစ်ချိန်းတုန်းက ဘုန်းကြီးတို့လည်း သူတစ်ပါးတွေကို စာလေးပေလေး အထိုက်အလျောက်တော့ ချပို့ခဲ့ဖူးပါတယ်နော်။ စစ်ကိုင်းဆရာတော်လည်း ပုံစံတူပဲ ချပို့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခပ်စောစော တောနေဖြစ်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ စပ်လျဉ်းတော့ သူ့ကို ပြောမိတယ်။ ကိုယ်ချပြီး စာက သင်ပေးတယ်။ ကိုယ်က စာချပေးပါလျက်နဲ့ ဆရာသမားအပေါ်၌ တပည့်သားမြေးတွေအနေနဲ့ ဆရာရယ်လို့ စိတ်ထဲမှာ အမှတ်မထားကြဘူး။ သူတို့ရဲ့ ပြုမူဆက်ဆံပုံတွေက ဆရာသမားအပေါ်၌ ကျေနပ်ချက် မရှိတဲ့ပုံစံနဲ့ သူတို့က ဆက်ဆံလာကြတယ်။ ကိုယ့်ဘက်က မေတ္တာအပြည့်အဝ ထားသော်လည်း တပည့်သားမြေးတွေဘက်က ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာဆိုတဲ့ ဒီမေတ္တာဓာတ်တွေ မရှိတဲ့အတွက် ဒီလုပ်ငန်းကို ဆက်လက် လုပ်ချင်တဲ့စိတ်ထားတွေ တဖြည်းဖြည်း ကုန်သွားပြီးတော့ ခပ်မြန်မြန် တောထဲ ရောက်လာတယ်ဆိုပြီး သူ့ကို ဘုန်းကြီးက ပြောမိတယ်။ ပြောမိတဲ့ အခါကျတော့ “ဆရာတော်တဲ့... တပည့်တော် ဆရာတော် ပြောလို့သာ ဒီစကား တပည့်တော်အဖို့က ပြောချင်တာ။ အကယ်၍ ဆရာတော် မပြောရင် တပည့်တော်လည်း ဒီစကား လျှောက်ဖြစ်မှာ မဟုတ်ဘူး။ တပည့်တော် တောထဲ ရောက်တာလည်း အဲဒီ ပြဿနာပဲ။” ဟင်း ဟုတ်တယ်မဟုတ်လား?

တပည့်သားမြေးအပေါ်၌ ဆရာသမားတွေက ဆိုဆုံးမတယ်ဆိုတာက တပည့်ဘက်ကလည်း ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာ ရှိပါမှ၊ ဆရာဘက်ကလည်း ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာ အပြည့်အဝ ရှိပါမှ ကြီးပွားတိုးတက်ဖို့ဆိုတာ ဖြစ်နိုင်တယ်။ တော်တော်ကြာ ခေါ်ပြောရပြန်ပြီ၊ တော်တော်ကြာ ခေါ်ပြောရပြန်ပြီ။ ပြောပါများလာပြီ ဆိုလို့ရှိရင် ဆရာသမားတွေအနေနဲ့လည်း ဒီတပည့်သားမြေးကို ဆိုဆုံးမချင်တဲ့ စိတ်ဓာတ်တွေ ကုန်ခမ်းမသွားဘူးလား? ကုန်ခမ်းသွားတယ်။

ခု ဘုရားရှင်ကြည့်ပေါ့ - အရှင်ဖဂ္ဂုနကို ဘုရားရှင် ညကနော် ဟောခဲ့ပါတယ်။ ကောင်းကောင်းမွန်မွန်ပဲ ခေါ်ပြီး ဆိုဆုံးမတယ်။ သူက လိုက်နာချင်တဲ့ စိတ်ထားရှိလား၊ မရှိဘူး။ နှုတ်ခမ်းကြီး စူလို့နော် - ဖြစ်လိမ့်မယ် ထင်တယ်။ ဘုန်းကြီး မှန်းကြည့်တာပါနော်။ အဲဒီတော့ ဘုရားက ဒီလောက်တောင် ဆိုဆုံးမနေပါလျက်နဲ့ သူက မကျေနပ်ဘူး။ သူ့ကို ဒီလို ပြောရကောင်းလား ဆိုပြီးတော့ မကျေနပ်ချက်တွေ တစ်ပုံကြီး မွေးပြီးတော့ ဘုရားရှေ့မှာ ထိုင်နေတော့ ဘုရားရှင်က ဒီသုတ္တန် ဆက်ဟောနေရပြန်တယ်နော်။ ဟောလိုက်တဲ့ အချိန်အခါမှာ ခုဘာလဲ? ပထမဗောဓိအတွင်းက စံထားထိုက်တဲ့ မိမိကျေနပ်ခဲ့တဲ့ တပည့်သားမြေး ရဟန်းတော်တွေကို ဘုရားရှင်က ရည်ညွှန်းပြီးတော့ ပြန်ပြီးတော့ ဟောနေတယ်။ ကဲ... ပြန် ဘာပြောမလဲ? ပထမဗောဓိအတွင်းမှာ တည်ရှိနေတဲ့ ဒီရဟန်းတော်တွေကို ဘုရားရှင်အနေနဲ့ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆိုဆုံးမခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ပြုနေဖွယ် ရှိသေးလား၊ မရှိဘူးနော်။ ဘာသာ ရှိသလဲ?

သတုပ္ပါဒကရဏီယမေဝ မေ, ဘိက္ခဝေ, တေသု ဘိက္ခူသု အဟောသိ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့...။ တေသု ဘိက္ခူသု = ထိုပထမဗောဓိအတွင်း၌ တည်ရှိကြကုန်သော ရဟန်းတော်တို့အပေါ်၌။ မေ = ငါဘုရား၏။ သတုပ္ပါဒကရဏီယမေဝ = ကုသိုလ်တရားတို့၌ အမှတ်ရခြင်း သတိတရား၏ ထင်ရှားဖြစ်ပေါ်လာဖို့ရန် ပြုလုပ်ခြင်းမျှသည်သာလျှင်။ အဟောသိ = ဖြစ်ခဲ့လေပြီ။

ချစ်သားတို့ ... သီလကို ဒီလို ဖြည့်ကျင့်ရတယ်, ချစ်သားတို့ ... သမာဓိကို ဒီလို ထူထောင်ရတယ်, ချစ်သားတို့ ... ပညာကျင့်စဉ်တွေကို ဒီလို လက်တွေ့ ဖြည့်ကျင့်ရတယ်။ အမှတ်ရရုံလေးပဲ ရှိတယ်။ တစ်ကြိမ်ပြောပြီးရင် နောက်ထပ်ပြောနေဖို့ လိုသေးလား? မလိုတော့ဘူး။ ဒီလို တပည့်-သားမြေးမျိုးဟာ ကောင်းတယ် ပြောမလား, မကောင်းဘူး ပြောမလား? ဟင် ကောင်းတယ်ဆိုလို့ရှိရင် ခုဒကာကြီးတွေ, ဒကာမကြီးတွေ, တရားနာနေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လို တပည့်သားမြေးမျိုး ဖြစ်သင့်သလဲ? ဟင် ... အဲဒီ ပထမဗောဓိအတွင်းမှာ တည်ရှိတဲ့ ရဟန်းတော်တို့ရဲ့ စံချိန်မျိုး မဖြစ်သင့်ဘူးလား? ဖြစ်သင့်ပါတယ်။ ဒါ သိပ်အရေးကြီးတယ်နော်။

မိမိတို့က ဘဝကို မကြာမီ အဆုံးသတ်ကြရတော့မယ်။ မကြာမီဆိုတဲ့ အထဲမှာ ဒီထဲမှာ နောက်ထပ် နှစ်ပေါင်း တစ်ရာနေရမယ့် ပုဂ္ဂိုလ်တစ်ဦးမှ မရှိပါဘူးလို့ ဘုန်းကြီး ပြောချင်ပါတယ်နော်။ အဲဒီတော့ နှစ်ပေါင်း တစ်ရာဆိုတဲ့ အချိန်အခါ ကာလလေးက ဘယ်လောက်များ ကြာမလဲ? အလွန့် အလွန် တိုတောင်းပါတယ်။ ဒီတိုတောင်းနေတဲ့ အချိန်ကာလလေးအတွင်းမှာ မိမိတို့ရဲ့ ဘဝကို မိမိတို့က တန်ဖိုးရှိရှိနဲ့ အသုံးချတတ်ဖို့ မလိုဘူးလား? လိုအပ်နေတယ်နော်။ ဒါကြောင့် ဘုရားရှင်က ဘာဆက် အမိန့်ရှိသလဲ?

တသ္မာတိဟ, ဘိက္ခဝေ, တုမှေပိ အကုသလံ ပဇဟထ, ကုသလေသု ဓမ္မေသု အာယောဂံ ကရောထ။ ဧဝဉှိ တုမှေပိ ဣမသ္မိံ ဓမ္မဝိနယေ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ အာပဇ္ဇိဿထ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တသ္မာတိဟ = ထို့ကြောင့်။ ဣမသ္မိံ ဓမ္မဝိနယေ = ဤသာသနာတော်မြတ်အတွင်း၌။ တုမှေပိ = သင်ချစ်သားတို့သည်လည်းပဲ။ တုမှေပိ = သင်ချစ်သားတို့သည်လည်းပဲ, သင်ချစ်သမီးတို့သည်လည်းပဲ။ အကုသလံ = အကုသိုလ်ကို။ ပဇဟထ = ပယ်စွန့်ကြပါကုန်လော့။ ကုသလေသု ဓမ္မေသု = ကုသိုလ်တရားတို့၌။ အာယောဂံ = ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယကို။ ကရောထ = ပြုကြပါကုန်လော့။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧဝဉှိ = ဤသို့ ကြိုးစားအားထုတ်ခဲ့သည်ရှိသော်။ တုမှေပိ = သင်ချစ်သားတို့သည်လည်းပဲ။ ဣမသ္မိံ = ဤ။ ဓမ္မဝိနယေ = သာသနာတော်မြတ်အတွင်း၌။ ဝုဒ္ဓိံ = ကြီးပွားခြင်းသို့။ ဝိရူဠှိံ = မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသည့်တိုင်အောင် စည်ပင်ခြင်းသို့။ ဝေပုလ္လံ = မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ရသည့်တိုင်အောင် ပြန့်ပြောခြင်းသို့။ အာပဇ္ဇိဿထ = ရောက်ရှိ၍ သွားကြပါကုန်လိမ့်မယ်။

ချစ်သားရဟန်းတို့ ... ဒါကြောင့် ဒီသာသနာတော်မြတ်အတွင်းမှာ သင်ချစ်သားတို့လည်းပဲ အကုသိုလ်တရားတွေကို ပယ်စွန့်ကြပါ။ ကုသိုလ်တရားတို့၌ လုံ့လကြိုးကုတ် အားထုတ်ခြင်းဆိုတဲ့ ဝီရိယကို ပြုလုပ်ကြပါ။ ဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့မယ်ဆိုရင် သင်ချစ်သားတို့လည်းပဲ ဤဓမ္မဝိနယ သာသနာတော်အတွင်းမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ရသည့်တိုင်အောင် တိုးတက်ခြင်း, စည်ပင်ခြင်း, ပြန့်ပြောခြင်းသို့ ရောက်ရှိကြပါလိမ့်မယ် ဆိုပြီး ဒီလို ဘုရားရှင်က ဆိုဆုံးမတယ်နော်။ ဒီတော့ ဒီဆုံးမချက်ကို ကြည့်မယ်ဆိုရင် သာသနာတော်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် ရသည့်တိုင်အောင် တိုးတက်စည်ကား ကြီးပွားချင်ကြတဲ့ သူတော်ကောင်းမှန်ခဲ့ရင် ဘာလုပ်ရမလဲ?

အကုသလံ ပဇဟထ, ကုသလေသု ဓမ္မေသု အာယောဂံ ကရောထ။

အကုသလံ = အကုသိုလ်ကို။ ပဇဟထ = ပယ်စွန့်ကြပါကုန်လော့။ ကုသလေသု ဓမ္မေသု = ကုသိုလ်တရားတို့၌။ အာယောဂံ = ကြိုးစားအားထုတ်ခြင်းကို။ ကရောထ = ပြုကြပါကုန်လော့။

အကုသိုလ်တရားတွေကို ဘာလုပ်ရမလဲ? ပယ်စွန့်ရမယ်။ သွား သွား သွား ငါ့လာမပြောနဲ့၊ ငါ့ဒေါသက သူများ ဒေါသနဲ့တူတာ မဟုတ်ဘူး, ငါ့စိတ်က သူများစိတ်နဲ့ တူတာမဟုတ်ဘူး, ငါ့လောဘက သူများလောဘနဲ့ တူတာ မဟုတ်ဘူး စသည်ဖြင့် ဒီ ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယတရားတွေကို ရင်ဝယ်ပိုက်ထွေးပြီးတော့ ဒီသာသနာတော်မှာ နေရမလား? မနေရဘူး။ ဘာလုပ်ရမလဲ? ပယ်စွန့်ရမယ်။ ရာဂဆိုတာက တွယ်တာတပ်မက်မှုပဲ။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်၌ တွယ်တာတပ်မက်နေတဲ့ ဒီရာဂတရားတွေကို ဘာလုပ်ရမလဲ? ပယ်စွန့်ပါ။ ဘယ့်နှယ်တုန်း တရားနာပရိသတ်တွေ စွန့်နိုင်ပါ့မလား? ဟင် သူတို့ သူတို့က လိမ္မာတယ်။ ကြိုးစားပါ့မယ်တဲ့နော်။ ဟင် ဘယ်လောက် ကြိုးစားမယ် ဆိုတာတော့ မပြောတတ်ဘူး။ ကြိုးစားပါ့မယ်ဆိုတော့လည်း ဘုန်းကြီးတို့ဘက်ကတော့ နည်းနည်းလေး လက်ခံရမယ့် ပုံစံလိုလို ဖြစ်နေတယ်နော်။

ကဲ - အဲဒီလို သင်ချစ်သားတို့သာ ကုသိုလ်တရားသာ အားထုတ်ခဲ့မယ်ဆိုရင် ဒီသာသနာတော်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တွေ ရသည့်တိုင်အောင် တိုးတက်စည်ကား ကြီးပွားသွားကြပါလိမ့်မယ် ဆိုပြီးတော့ ဘုရားရှင်က အမိန့်ရှိတယ်နော်။ နောက်ထပ် မြတ်စွာဘုရား ဆက်ပြီး ဟောပါတယ်နော်။ ဘုရားရှင်တို့ရဲ့ မဟာကရုဏာတော် ဘယ်လောက် ကြီးမားတယ်ဆိုတာ လှမ်းကြည့်ပါ။ မိမိရဲ့ သာသနာတော်အတွင်းမှာ ဝင်ရောက်ပြီးတော့ ရှင်ရဟန်း ပြုလာပြီးတော့ မိမိကို ထိပ်တိုက် ဆန့်ကျင်ဘက် လုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ ဒေါသဓာတ်တွေ မခြံရံဘဲနဲ့ မဟာကရုဏာဓာတ်တွေ ခြံရံပြီး ဒီပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတောင့်တတဲ့ စိတ်ထား အပြည့်အဝဖြင့် ဘုရားရှင်က ဆက်ပြီးတော့ တစ်ဆင့်တက်ပြီးတော့ သည်းငြီးခံပြီး တရားဟောနေတယ်နော်။ ဘယ်လိုဟောလဲ?

သေယျထာပိ, ဘိက္ခဝေ, ဂါမဿ ဝါ နိဂမဿ ဝါ အဝိဒူရေ မဟန္တံ သာလဝနံ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သေယျထာပိ = ဖြစ်သင့်ဖြစ်ရာ ခိုင်းနှိုင်းဖွယ်ရာ လောကဥပမာသည်ကား။ ဂါမဿ ဝါ = ရွာ၏လည်းကောင်း။ နိဂမဿ ဝါ = နိဂုံး၏လည်းကောင်း။ အဝိဒူရေ = မနီးမဝေး၌။ မဟန္တံ = ကြီးကျယ်လှစွာသော။ သာလဝနံ = အင်ကြင်းတောကြီးသည်။ အဿ = ရှိလေသည် ဖြစ်လေရာ၏။

ချစ်သားရဟန်းတို့ ... ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောက ဥပမာတစ်ခု သင်ချစ်သားတို့ကို ငါဘုရား ဟောမယ်။ ရွာနဲ့ သို့မဟုတ် နိဂုံးနဲ့ မလှမ်းမကမ်းမှာ အင်မတန် ကြီးကျယ်တဲ့ အင်ကြင်းတောကြီး တစ်ခုရှိတယ် ဆိုကြစို့နော်။

တဉ္စဿ ဧဠဏ္ဍေဟိ သဉ္ဆန္နံ။

တဉ္စ = ထိုအင်ကြင်းတောကြီးကို။ ဧဠဏ္ဍေဟိ = ကြက်ဆူပင်တို့က။ သဉ္ဆန္နံ = ကောင်းစွာ ဖုံးလွှမ်း၍ ထားအပ်သည်။ အဿ = ဖြစ်လေရာ၏။

ဒီအင်ကြင်းတောကြီး ကြည့်လိုက်တော့ ဘာဖြစ်နေလဲ? ကြက်ဆူပင်တွေက လာပြီးတော့ မင်းမူနေတယ်။ ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ တည်ရှိနေတဲ့ ပုဂ္ဂိုလ်တွေက ဘာလဲ? အင်ကြင်းတောကြီးပါ။ အဲဒီ အင်ကြင်းတောကြီးအတွင်းမှာ ကြက်ဆူပင်တွေက လာပြီး မင်းမူနေတယ် ဆိုတော့ ကြက်ဆူပင်ဆိုတာက အနှစ်မရှိတဲ့ အပင်တွေနော်။ အကာလေး နည်းနည်းပဲ ရှိတယ်။ အဲဒီ အကာလေး နည်းနည်းလေးရှိတဲ့ အလယ်ခေါင်မှာ ဘာဖြစ်နေလဲ? အလယ်ခေါင်မှာ ဟောင်းလောင်းပေါက်ကြီးနဲ့ အကာလေး နည်းနည်း ရှိနေတဲ့ ပုဂ္ဂိုလ်တွေက ဒီသာသနာတော်မှာ လာပြီးတော့ ဖုံးအုပ်နေတယ်လို့ ဒီလို ဘုရားရှင်က ဥပမာ ပေးနေတယ်နော်။

ဘုရားရှင်ရဲ့ ပထမဗောဓိအတွင်းမှာ တည်ရှိနေတဲ့ ရဟန်းတော်တွေက အင်ကြင်းပင်ကြီးတို့လို အလွန် အနှစ်သာရရှိတဲ့ အပင်ကြီးတွေ ဖြစ်ပါတယ်နော်။ အင်ကြင်းပင်အကြောင်း - အင်ကြင်းပင်ကြီးတွေ ကျောက်ဖြစ်သွားတယ်ဆိုတာ ဘုန်းကြီး ဗဟုသုတအဖြစ်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်က ကမ်းနီရောက်တော့ တောမှာ တွေ့ခဲ့ဖူးပါတယ်နော်။ ဆွမ်းခံသွားတဲ့အခါ ဘုန်းကြီးတို့ တောလမ်းလေး တောင်ယာတဲလေးတွေ သွားလိုက်တဲ့ အချိန်အခါမှာ လမ်းခုလတ်တစ်နေရာ ရောက်ပြီ ဆိုလို့ရှိရင် လမ်းလယ်ခေါင် ကြည့်လိုက်ရင် သစ်တုံးကြီးလို့ ထင်ရတယ်။ သွားကိုင်ကြည့်လိုက်တော့ ကျောက်တုံးကြီးတွေ ဖြစ်နေတယ်။ ဘုန်းကြီးတို့ နေခဲ့တဲ့ ကျောင်းလေးလည်း အောက်က ထောက်ထားတဲ့ ခွလေးတွေ ကြည့်လိုက်တဲ့အခါ သစ်တုံးပဲ။ သေချာကိုင်ကြည့်လိုက်တော့ ကျောက်တွေ ဖြစ်နေတယ်။ မေးကြည့်လိုက်တဲ့ အခါကျတော့ အင်ကြင်းသားတို့ရဲ့ ဓမ္မတာက လှဲပြီးလို့ရှိရင် ၃-နှစ်အတွင်း မြေကြီးနဲ့ ထိမယ်ဆိုလို့ရှိရင် ထိနေတဲ့အပိုင်းတွေသည် အကုန်လုံး ကျောက်ဖြစ်တယ်။ သာသနာတော်မှာ အဲဒီလိုပေါ့နော်။ အင်ကြင်းပင်ကြီးတွေလို အင်ကြင်းပင်တွေ အလွန် အနှစ်သာရ ပြည့်ဝတဲ့ သစ်ပင်အမျိုးအစား ဖြစ်တယ်။ ကြာရင် ဆွေးမြေ့မသွားဘဲနဲ့ သူတို့က ဘာဖြစ်လဲ? ကျောက်ဖြစ်သွားတယ်။

ဘုရားရှင်ရဲ့ သာသနာတော်မှာ တည်ရှိနေတဲ့ တကယ့် အရိယာ သူတော်ကောင်းလို့ ခေါ်ဆိုအပ်တဲ့ ရဟန်းစစ်, ရဟန်းမှန်တွေကလည်း ဒီအင်ကြင်းပင်ကြီးတွေလိုပဲ ဆွေးမြေ့ ပျက်စီးသွားတယ်လို့ မရှိဘူး။ ဆိုလိုတာက သောတာပန်တွေ။ သောတာပန်အဖြစ်က ရွေ့လျားပြီး ပျက်စီးသွားတယ်ဆိုတာ မရှိဘူး။ သကဒါဂါမ်သည် သကဒါဂါမ်အဖြစ်ကနေ ရွေ့လျားပျက်စီးသွားတယ်ဆိုတာ မရှိဘူး။ အနာဂါမ်ပုဂ္ဂိုလ်ဟာ အနာဂါမ် အဖြစ်ကနေ ရွေ့လျားပျက်စီးသွားတယ်ဆိုတာလည်း မရှိဘူး။ ရဟန္တာပုဂ္ဂိုလ်ကလည်း ရဟန္တာပုဂ္ဂိုလ်အဖြစ်ကနေ ရွေ့လျားပျက်စီးသွားတယ်ဆိုတာလည်း မရှိဘူး။ အနှစ်ပြည့်ဝတယ်။ ပရိနိဗ္ဗာန် စံရင်သာ စံမယ်။ ဒီတရားတွေဟာ ပျက်သုဉ်းသွားတဲ့ သဘောရှိလား? မရှိဘူးနော်။ ဒါကြောင့် -

သေယျထာပိ, ဘိက္ခဝေ, ဂါမဿ ဝါ နိဂမဿ ဝါ အဝိဒူရေ မဟန္တံ သာလဝနံ။ တဉ္စဿ ဧဠဏ္ဍေဟိ သဉ္ဆန္နံ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သေယျထာပိ = ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောက ဥပမာသည်ကား။ ဂါမဿ ဝါ = ရွာ၏လည်းကောင်း။ နိဂမဿ ဝါ = နိဂုံး၏လည်းကောင်း။ အဝိဒူရေ = မလှမ်းမကမ်း၌။ မဟန္တံ = ကြီးကျယ်လှစွာသော။ သာလဝနံ = အင်ကြင်းတောကြီးသည်။ သိယာ = ရှိသည် ရှိလေရာ၏။ တဉ္စ = ထိုအင်ကြင်းတောကြီးကို။ ဧဠဏ္ဍေဟိ = ကြက်ဆူပင်တို့က။ သဉ္ဆန္နံ = ကောင်းစွာဖုံးအုပ်၍ ထားအပ်သည်။ အဿ = ဖြစ်လေရာ၏။

အင်ကြင်းတောကြီးကတော့ ရှိလေပြီ။ ဒါပေမဲ့ ဒီအင်ကြင်းတောကြီးကို ကြက်ဆူပင်တွေက လာပြီးတော့ ဖုံးအုပ်ထားတယ်။ ဘယ်လို ပုဂ္ဂိုလ်တွေလဲ? ဖဂ္ဂုနတို့လို ပုဂ္ဂိုလ်မျိုးတွေနော်။ ဖဂ္ဂုနရဲ့ အပေါင်းအဖော်ဖြစ်တဲ့ ဘိက္ခူနီမတို့လို ပုဂ္ဂိုလ်မျိုးတွေ သာသနာတော်မှာ ကြက်ဆူပင်နဲ့ တူနေတဲ့ ပုဂ္ဂိုလ်တွေက လာပြီးတော့ ဖုံးလွှမ်းနေပြီ။ ဖုံးလွှမ်းလိုက်တော့ ဘာဖြစ်လဲ?

တဿ ကောစိဒေဝ ပုရိသော ဥပ္ပဇ္ဇေယျ အတ္ထကာမော ဟိတကာမော ယောဂက္ခေမကာမော။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တဿ = ထိုအင်ကြင်းတော၏။ အတ္ထကာမော = အကျိုးစီးပွားကို (အကျိုးကို) လိုလားတောင့်တသော။ ဟိတကာမော = အစီးအပွားကို လိုလားတောင့်တသော။ ယောဂက္ခေမကာမော = ဘေးရန်ကုန်ရာ (နိဗ္ဗာန်) ကို လိုလားတောင့်တလျက်ရှိသော။ ကောစိဒေဝ ပုရိသော = တစ်စုံတစ်ယောက်သော ယောက်ျားသည်ပင်လျှင်။ ဥပ္ပဇ္ဇေယျ = ဖြစ်ပေါ်လာလေရာ၏။

ယောက်ျားတစ်ယောက်ပေါ့နော် - ဒီအင်ကြင်းတောကြီးရဲ့ အကျိုးကို လိုလားတောင့်တနေတယ်, စီးပွားကို လိုလားတောင့်တတယ်, ကြီးပွားမှုကို လိုလားတောင့်တယ်, အင်ကြင်းတောရဲ့ ယောဂကုန်ရာကို လိုလားတောင့်တတယ်။ အဲဒီ ယောက်ျားတစ်ယောက် ဖြစ်ပေါ်လာပြီ, ဖြစ်ထွန်းလာပြီ ဆိုကြစို့နော်။ အဲဒီ နေရာလေးမှာ ယောဂ နဲ့ ပတ်သက်ပြီးတော့ အင်ကြင်းတောမှာ ဘာရောဂတွေ ရှိသလဲ? ယောဂ ဆိုတာကတော့နော် - ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂဆိုပြီးတော့ ယောဂအမည်နဲ့ မြတ်စွာဘုရား ဟောထားတာ တရားလေးမျိုး ရှိတယ်နော် -

ကာမ ၁၁-ဘုံ အပေါ်မှာ တွယ်တာတပ်မက်နေတဲ့ တဏှာတရားကို ကာမယောဂ လို့ ခေါ်တယ်။ ရူပ, အရူပဘုံတွေအပေါ်မှာ တွယ်တာတပ်မက်မောနေတဲ့ တဏှာတရားကို ဘဝယောဂ ခေါ်တယ်။ မိစ္ဆာဝါဒ အမျိုးမျိုး၌ စွဲလမ်းယုံကြည်နေတဲ့ ဒိဋ္ဌိစေတသိက်ကိုတော့ ဒိဋ္ဌိယောဂ လို့ ခေါ်တယ်။

၃၁-ဘုံအတွင်းမှာ တည်ရှိနေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေကို ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ လူ၊ နတ်၊ ဗြဟ္မာ စသည်ဖြင့် အသိမှားနေတဲ့ သဘောကိုတော့ အဝိဇ္ဇာရောဂါလို့ ခေါ်ပါတယ်။ ဒီရောဂါက သတ္တဝါတစ်ဦးကို သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်ထွက်မသွားအောင် ယှဉ်တွဲဖွဲ့စပ်ထားတဲ့အတွက် ဒီတရားလေးမျိုးကို ဘုရားရှင်က ရောဂါဆိုတဲ့ အမည်နဲ့ ဟောထားတာ။

ခုလည်း ဒီအင်ကြင်းတောကြီးမှာ ရောဂါကုန်ရာကို ဒီအင်ကြင်းတောကြီးရဲ့ ရောဂါကုန်ရာကို အလိုရှိတယ်ဆိုတော့ ဘာရောဂါလဲ? အဲဒါကိုနော် - ရှေးရှေး ဆရာတော်ကြီးများက ဒီနေရာမှာ ပြောထားတယ်။ ဒီအင်ကြင်းတောကြီးထဲမှာ ရောဂါ ၄-မျိုး ရှိနေတယ်။ အင်ကြင်းပင်တွေကို တစ်ပင်နဲ့ တစ်ပင် ရောထွေးသွားအောင် ချုံနွယ်တွေက ဖုံးလွှမ်းထားတယ်။ ချုံနွယ်ဆိုတဲ့ ရောဂါက တစ်ခု။ နောက်ဒီအင်ကြင်းတောထဲ ကြည့်လိုက်မယ် ဆိုလို့ရှိရင် ခါချဉ်ထုပ်တွေကလည်း ပြည့်နှက်နေမယ်။ ခါချဉ်ထုပ်တွေကလည်း အင်ကြင်းရွက်တစ်ခုနဲ့ အင်ကြင်းရွက်တစ်ခု၊ အင်ကြင်းကိုင်းတစ်ခုနဲ့ အင်ကြင်းကိုင်းတစ်ခုကို လွတ်ထွက်မသွားအောင် ယှဉ်တွဲ ဖွဲ့စပ်ပေးတတ်တယ်။ ဒါကြောင့် ခါချဉ်ထုပ်သည်ဟာလည်း ရောဂါတစ်ခုပဲ။

နောက်တစ်ခု - ဒီအင်ကြင်းတောကြီးကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် ပင့်ကူအိမ်တွေကလည်း ပြည့်နှက်နေတယ်နော်။ ပင့်ကူမျှင်တို့က ဖွဲ့စပ်ထားတယ်။ သစ်ပင် အင်ကြင်းပင် တစ်ပင်နဲ့တစ်ပင်၊ အင်ကြင်းကိုင်း တစ်ကိုင်းနဲ့တစ်ကိုင်း၊ အင်ကြင်းရွက် တစ်ရွက်နဲ့တစ်ရွက် ရောယှက် ရှုပ်ထွေးပြီးတော့ ဖွဲ့စပ်ထားပေးတယ်။ ဒါကြောင့် ပင့်ကူအိမ်ဆိုတဲ့ ရောဂါက တစ်ခု။ နောက်တစ်ခု - ဒီအင်ကြင်းကိုင်း အခြောက်တွေ ရှိတယ်။ အောက်ကို မကျနိုင်ဘူး။ အောက်ကို မကျနိုင်တဲ့ အချိန်အခါကျတော့ တစ်ပင်နဲ့တစ်ပင်၊ ဟိုအပင်နဲ့ ဒီအပင်ချိတ်၊ ဒီအပင်နဲ့ ဟိုအပင်ချိတ် စသည်ဖြင့် ဖွဲ့ယှက်နေတယ်။ သန့်သန့်ရှင်းရှင်း မရှိဘူး။ မရှိတဲ့ အခါကျတော့ ဒီအကိုင်းအခက် အခြောက်တွေကလည်း ရောဂါတစ်ခု ဖြစ်နေပြန်တယ်။ ပေါင်းလိုက်တော့ ရောဂါ ဘယ်နှစ်ခုလဲ? လေးခု။

အဲဒီလို ရောဂါ ၄-ခုတို့ဖြင့် ဖွဲ့ယှက်ခံနေရတဲ့အတွက် ဒီအင်ကြင်းပင်ကြီးရဲ့ ကြီးပွားတိုးတက်မှုက မဖြစ်နိုင်ဘူး။ ချုံနွယ်ပိတ်ပေါင်းတွေကလည်း ဖွဲ့ယှက်မှေးယှက်ထားတယ်နော်။ ဒါကြောင့် ဒီအင်ကြင်းပင်ကြီးရဲ့အကျိုး, အင်ကြင်းပင်တွေ စည်ပင်ပြန့်ပွားလာတာကို မြင်လိုတဲ့ ယောကျ်ားတစ်ဦး အင်ကြင်းပင်မှာ ဖွဲ့ယှက်နေတဲ့ ရောဂါတွေကို ကုန်ရန် အလိုရှိနေတဲ့ အမျိုးကောင်းသားတစ်ဦးသည် ဖြစ်ပေါ်လာပြီ, ဖြစ်ထွန်းလာပြီ။ ဖြစ်ထွန်းလာတော့ ဘာလုပ်လဲ?

သော ယာ တာ သာလလဋ္ဌိယော ကုဋိလာ ဩဇာပဟရဏိယော တာ ဆေတွာ ဗဟိဒ္ဓါ နီဟရေယျ, အန္တောဝနံ သုဝိသောဓိတံ ဝိသောဓေယျ။

သော၊ ထိုယောကျ်ားသည်။ ယာ တာ သာလလဋ္ဌိယော၊ အကြင် အင်ကြင်းပင်ပျိုတို့သည်။ ကုဋိလာ၊ ကောက်ကွေး၍ နေကြကုန်၏။ ဩဇာပဟရဏိယော၊ အဆီဩဇာကို စားသုံး၍ နေကြလေကုန်၏၊

အဓိပ္ပာယ် သိပ်ရှိတယ်နော်။ ဒီယောကျ်ားတစ်ယောက်က သူက ဘာလုပ်သလဲ? အင်ကြင်းပင်ရဲ့ ကြီးပွားတိုးတက်မှု၊ အင်ကြင်းတောကြီးရဲ့ ကြီးပွားတိုးတက်မှု, စည်ပင်မှု, ရောဂါကုန်မှုကို သူက လိုချင်နေတယ်။ လိုချင်လိုက်တော့ သူက ဘာလုပ်သလဲ? အဲဒီမှာ အင်ကြင်းပင် အပျိုလေးတွေ ရှိတယ်။ ဒီအင်ကြင်းပင်ပျိုတွေက ဘယ်လို အင်ကြင်းပင်ပျိုတွေလဲလို့ မေးတော့ ကုဋိလာ - ကောက်နေတယ်။ ကောက်ရုံတွင် မဟုတ်ဘူး။ သူက ဩဇာပဟရဏိယ - မြေဆီဩဇာတွေကို ထုတ်နှုတ်ပြီး သူကလည်း စုပ်နေပြန်တယ်။ ဘယ့်နှယ်တုန်း တရားနာပရိသတ်တွေ သဘောပေါက်ကြလား? ဟင် ပေါက်ပါတယ်။ သူက အင်ကြင်းတော အမည်ခံလိုက်တယ်။ ဒါပေမဲ့ ကောက်ကွေးနေတယ်ဆိုတာ ဘာပြောတာလဲ?

စိတ်ထားက ဖြောင့်စင်းမှု မရှိဘူး။ စိတ်ဓာတ်တွေက ရာဂဖြင့် ကောက်နေတယ်။ ဒေါသဖြင့် ကောက်နေတယ်။ မောဟဖြင့် ကောက်နေတယ်။ မာန်-မာန, ဣဿာ, မစ္ဆရိယ တရားဆိုးတို့ဖြင့် ကောက်ကွေးနေတယ်။ အဲဒီလို အကောက်အကွေးတွေက ရှိပြီးတော့ ဒီသာသနာတော်မှာ တကယ့် ဖြူစင်ဖြောင့်စင်းနေတဲ့ သံဃာတော်တွေကို ရည်ညွှန်းပြီး လှူဒါန်းနေတဲ့ ဆွမ်း၊ ဩဇာတွေကျတော့ သူက ထိုင်မစားဘူးလား? စားနေပြန်တယ်။ မြေဆီ၊ ဩဇာတွေကျတော့ ထိုင်စားနေတယ်နော်။ ထိုင်စားလိုက်တဲ့ အခါကျတော့ အကျိုးလိုလားတောင့်တနေတဲ့ ဒီအင်ကြင်းတောရဲ့ စည်ပင်ပြန့်ပွားမှုကို လိုလားတောင့်တနေတဲ့ ပုဂ္ဂိုလ်က ဘာလုပ်သလဲ?

တာ၊ ထိုအင်ကြင်းပင်တို့ကို။ ဆေတွာ၊ ဖြတ်တောက်၍။ ဗဟိဒ္ဓါ၊ အင်ကြင်းတောရဲ့ ပြင်ပသို့။ နီဟရေယျ၊ ထုတ်ဆောင်၍ သွားလေရာ၏၊

အင်ကြင်းတောထဲမှာ သူ့ကို ထားသေးလား? မထားဘူး။ အကျိုးကို လိုလားတဲ့ ပုဂ္ဂိုလ်တွေက ဒါတွေကို အကုန်လုံး ဖြတ်သိမ်းပစ်လိုက်တယ်။ ဖြတ်တောက်ပစ်လိုက်တယ်။ ဖြတ်တောက်လိုက်ပြီးတော့ အင်ကြင်းတောရဲ့ အပြင်ဘက်ရောက်အောင်ကို ထုတ်ဆောင်ပစ်လိုက်တယ်။ သဘောပေါက်ပြီလား? ဟမ် ဒီလို ပုဂ္ဂိုလ်မျိုးတွေ ဒီအကောက်အကွေ့တွေ များနေပြီးတော့ သာသနာတော်ရဲ့ အဆီဩဇာတွေကို ထိုင်ပြီးတော့ မြိုနေတဲ့ ပုဂ္ဂိုလ်တွေကို သာသနာတွင်းမှာ ထားသေးလား? မထားဘူး။ ဖြတ်တောက်ပစ်လိုက်တယ်။ သာသနာတော်ရဲ့ အပြင်ဘက်ကို ထုတ်ဆောင်ပြီးတော့ ပစ်လိုက်တယ်တဲ့။ ဒါ ဘုရားရှင်က အဓိပ္ပာယ်ရှိရှိနဲ့ ဥပမာလေး ဟောနေတယ်နော်။ နောက် ဘာဆက်ဟောသလဲ?

ယာ ပန တာ သာလလဋ္ဌိယော ဥဇုကာ သုဇာတာ တာ သမ္မာ ပရိဟရေယျ။

အန္တောဝနံ၊ အင်ကြင်းတောရဲ့ အတွင်းဘက်၌။ သုဝိသောဓိတံ၊ ကောင်းစွာ သန့်ရှင်းမှု ဖြစ်သည်ကို။ ဝိသောဓေယျ၊ စင်ကြယ်အောင် သန့်ရှင်းသုတ်သင်လေရာ၏၊

ကွေ့ကောက်နေတဲ့ အဆီဩဇာကို သက်သက်လိုက်ပြီး စုပ်နေတဲ့ ဒီအင်ကြင်းပင်ပျိုတွေကို အပြင်ထုတ်ပစ်လိုက်တယ်။ ထုတ်ပစ်လိုက်တဲ့ အချိန်အခါကျတော့မှ ဘာလုပ်သလဲ? အင်ကြင်းတောကြီးကို သန့်ရှင်းသွားအောင် လိုက်ပြီးတော့ သုတ်သင်တယ်။ ချုံနွယ်ပိတ်ပေါင်းတွေ အကုန်ခုတ်၊ ကြက်ဆူပင်တွေလည်း အကုန်ခုတ်၊ အကိုင်းအခက်တွေလည်း အကုန်ရှင်း၊ အင်ကြင်းတောရဲ့ အပြင်ဘက်ရောက်အောင် အကုန်လုံး ထုတ်ပစ်လိုက်တယ်။ သန့်ရှင်းပစ်လိုက်တယ်။

ယာ ပန တာ သာလလဋ္ဌိယော၊ အကြင် အင်ကြင်းပင်ပျိုတို့သည်။ ဥဇုကာ၊ ဖြောင့်မတ်ကြကုန်၏။ သုဇာတာ၊ ကောင်းစွာ ပေါက်ရောက်၍ နေကြလေကုန်၏။ တာ၊ ထိုဖြောင့်မတ်တဲ့ ကောင်းစွာ ပေါက်ရောက်၍ နေကြတဲ့ အင်ကြင်းပင်ပျိုတို့ကို သန်မာကောင်းမွန်စွာ။ သမ္မာ ပရိဟရေယျ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားလေရာ၏၊

မကောင်းတဲ့ အင်ကြင်းပင်တွေကိုတော့ အင်ကြင်းတောရဲ့ အပြင်ဘက်ရောက်အောင်ကို သူက ခုတ်လှဲပြီးတော့ အကုန်လုံး ထုတ်ဆောင်ပစ်လိုက်တယ်။ ဒါပေမဲ့ ကောင်းနေတဲ့, ဖြောင့်မတ်နေတဲ့, ကောင်းကောင်းကြီး ပေါက်နေတဲ့ အင်ကြင်းပင်ပျိုတို့ကိုတော့ ဘာလုပ်သလဲ? သူက ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်။ အဓိပ္ပာယ်မရှိဘူးလား? ရှိနေပါတယ်နော်။ မကောင်းတဲ့ ပုဂ္ဂိုလ်ကိုတော့ ဦးပဉ္စင်းတို့ ဟိုးဘက်က မဟာဒါနသုတ္တန်နဲ့ တူပါရဲ့နော်။ အံ့ဖွယ်ရှစ်ဖြာ သာသနာဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတဲ့ သုတ္တန်တစ်ခု ရှိပါတယ်။ အဲဒီ သုတ္တန်မှာလည်း ဒီပုံစံနဲ့ အဓိပ္ပာယ်ပုံစံလေး တူသေးပါတယ်နော် -

သမုဒ္ဒရာသည် မိမိ သမုဒ္ဒရာအတွင်းမှာ တည်ရှိနေတဲ့ အကောင်ပုပ်တွေကို သမုဒ္ဒရာထဲမှာ သူလက်ခံသလား? လက်မခံဘူး။ ကမ်းပေါ်ရောက်အောင်ကို လှိုင်းနဲ့ ပုတ်ပြီးတော့ တင်လိုက်တယ်။ သမုဒ္ဒရာအတွင်းမှာ ဒီအကောင်ပုပ်တွေ မရှိစေရဘူး။ အလားတူပဲ ... ငါဘုရားရှင်ရဲ့ သာသနာတော်မှာလည်း အကောင်ပုပ်တွေဆိုတာ မရှိဘူး။ အကောင်ပုပ် ပေါ်လာလျှင် ဒီအကောင်ပုပ်ကို ငါဘုရားရှင်ရဲ့ သာသနာတော်က ပြင်ပရောက်အောင် လှိုင်းပုတ်ပြီးတော့ ထုတ်ပစ်တယ် ဆိုပြီး ဒီလို ဥပမာလေးနဲ့ ဘုရား ဟောထားတယ်။ ဒီနေရာလိုပဲ ပုံစံတူပဲနော်။ ကောင်းစွာ သန့်ရှင်းသွားအောင် ပြုလုပ်လိုက်ပြီ။ ပြုလုပ်လိုက်တော့ ဘာဖြစ်လဲ?

ဧဝဉှေတံ, ဘိက္ခဝေ, သာလဝနံ အပရေန သမယေန ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ အာပဇ္ဇေယျ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝံ၊ ဤသို့လျှင်။ ตံ သာလဝနံ၊ ဤအင်ကြင်းတောသည်။ အပရေန သမယေန၊ နောက်တစ်ကြိမ် အခါကာလ၌။ ဝုဒ္ဓိံ၊ ကြီးမားခြင်းသို့။ ဝိရူဠှိံ၊ စည်ပင်ခြင်းသို့။ ဝေပုလ္လံ၊ ပြန့်ပြောခြင်းသို့။ အာပဇ္ဇေယျ၊ ရောက်ရှိလာလေရာ၏၊

ဒီလို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးတဲ့အတွက် တစ်ကြိမ်မှာ ဒီအင်ကြင်းတောကြီးသည် ဘာဖြစ်လာသလဲ? ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရှိလာတယ်။ အင်မတန် သာယာတဲ့ အင်ကြင်းတောကြီးတစ်ခု ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ? ချုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလင်းပစ်တယ်။ မင်းမူနေတဲ့ ကြက်ဆူပင်တွေ, အနှစ်မရှိတဲ့ ကြက်ဆူပင်တွေကိုလည်း အကုန် ခုတ်သတ်ပြီးတော့ အပြင်ပို့လိုက်တယ်။ ကွေးကောက်နေတဲ့ အင်ကြင်းပင်တွေ ရှိခဲ့ရင်လည်း ဒီအင်ကြင်းပင်တွေကို အကုန်လုံး ဖြတ်တောက်ပြီးတော့ အပြင် ထုတ်ပစ်လိုက်တယ်။ သာသနာတော်ဆိုတာ ဒီသဘော ရှိရပါတယ်နော်။ ဒါကြောင့် ဖြောင့်မတ်နေတဲ့ ဖြောင့်မတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေကို သာသနာတော်မှာ ထားတယ်။ ကောင်းစွာ ပေါက်ရောက်နေတဲ့ အင်ကြင်းပင်တွေကို သာသနာတော်မှာ ဘုရားရှင်က ထားချင်တယ်နော်။ ဒါကြောင့် -

ဧဝမေဝ ခေါ, ဘိက္ခဝေ, တုမှေပိ အကုသလံ ပဇဟထ, ကုသလေသု ဓမ္မေသု အာယောဂံ ကရောထ။ ဧဝဉှိ တုမှေပိ ဣမသ္မိံ ဓမ္မဝိနယေ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ အာပဇ္ဇိဿထ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝမေဝ ခေါ၊ ဤဥပမာ အတူသာလျှင်။ တုမှေပိ၊ သင်ချစ်သားတို့သည်လည်းပဲ။ အကုသလံ၊ အကုသိုလ်ကို။ ပဇဟထ၊ ပယ်စွန့်ကြပါကုန်လော့။ ကုသလေသု ဓမ္မေသု၊ ကုသိုလ်တရားတို့၌။ အာယောဂံ၊ ကြိုးစား-အားထုတ်ခြင်း လုံ့လဝီရိယကို။ ကရောထ၊ ပြုကြပါကုန်လော့။ ဧဝဉှိ၊ ဤသို့ ပြုခဲ့သည်ရှိသော်။ တုမှေပိ၊ ချစ်သားတို့သည်လည်းပဲ။ ဣမသ္မိံ ဓမ္မဝိနယေ၊ ဤဓမ္မဝိနယ သာသနာတော်မြတ်အတွင်း၌။ ဝုဒ္ဓိံ၊ ကြီးပွားခြင်းသို့။ ဝိရူဠှိံ၊ စည်ပင်ခြင်းသို့။ ဝေပုလ္လံ၊ ပြန့်ပြောခြင်းသို့။ အာပဇ္ဇိဿထ၊ ရောက်ရှိကြပါလိမ့်ကုန်မယ်။

ချစ်သားရဟန်းတို့ ... ဒီဥပမာအတူပဲ သင်ချစ်သားတို့သည် အကုသိုလ်တရားတွေကို ပယ်စွန့်ကြပါ။ ဘာဖြစ်လို့လဲ? အကုသိုလ်တရားတွေက ကုဋိလနော်။ ကောက်ကွေးနေတဲ့ အင်ကြင်းပင်တွေ ဖြစ်နေတယ်။ ကုဋိလ - အကောက်တွေ, အကောက်တွေ အကောက်တရားတွေနော်။ အဲဒီ အကောက်တရားဖြစ်တဲ့ ဒီအကုသိုလ်တရားတွေကို သင်ချစ်သားတို့ ပယ်စွန့်ကြပါ။ ကုသိုလ်တရားတို့၌ ကြိုးစားအားထုတ်ခြင်းဆိုတဲ့ လုံ့လဝီရိယကို ပြုကြပါ။ သီလကျင့်စဉ်ကို တကယ် ကြိုးစားအားထုတ်ပြီး ဖြည့်ကျင့်ကြပါ, သမာဓိကျင့်စဉ်တွေကို တကယ် ကြိုးစားအားထုတ်ပြီး သင်ချစ်သားတို့ ဖြည့်ကျင့်ကြပါ, ပညာကျင့်စဉ်တွေကို တကယ် ကြိုးစားအားထုတ်ပြီး သင်ချစ်သားတို့ ဖြည့်ကျင့်ကြပါ။ ဘာဖြစ်လို့လဲ?

ဒီ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံး-ရေတွက် ထားအပ်တဲ့ ဒီကုသိုလ်တရားတွေက သင်ချစ်သားတို့ကို ဖြောင့်စင်းသွားအောင် ပြုလုပ်ပေးလိမ့်မယ်။ သာသနာတော်မှာ ကောင်းကောင်းကြီး ပေါက်လာတဲ့ အင်ကြင်းပင်ကြီးတွေ ဖြစ်သွားအောင် ပြုလုပ်ပေးလိမ့်မယ်။ ဒါကြောင့် ဒီသာသနာတော်ထဲမှာ သင်ချစ်သားတို့က ဒီလို သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ဖြည့်ကျင့်ကြမယ်၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြမယ်ဆိုရင် သင်ချစ်သားတို့တွေလည်း ငါဘုရားရှင်ရဲ့ ဒီဓမ္မဝိနယ သာသနာတော်အတွင်းမှာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန် ရသည့်တိုင်အောင် တိုးတက်စည်ကား ကြီးပွားခြင်းသို့၊ ပြန့်ပြောခြင်းသို့ ရောက်ရှိကြပါလိမ့်မယ် ဆိုပြီးတော့ ဘုရားရှင် ဒီလို ဟောတယ်။ ဟောပြီးတော့ နောက်ထပ် မြတ်စွာဘုရားက မဆုံးသေးဘူးနော်။ သုတ္တန်လေးတွေ ဆက်ပြီး ဟောပြန်တယ်။ ဘာဖြစ်လို့ ဆက်ဟောရသလဲ? ဟင် ဘသားချောက မကျေနပ်သေးဘူး။ ဘုရားရှင်အပေါ်မှာနော်။ ထိုင်ပြီးတော့သာ တရားနာနေတယ်နော်။ ကျေနပ်မှုက မဖြစ်သေးပြန်ဘူး။ မခက်ဘူးလား ဒကာကြီးတွေ ဟင်?

ဘုရားရှင် သာသနာမှာလည်း ဝင်နေသေးတယ်။ ဘုရားပေးတဲ့ ပစ္စည်း-လေးပါးလည်း သုံးစွဲနေသေးတယ်။ ဘုရားပေးတဲ့ ဆွမ်းလည်း စားနေသေးတယ်။ ဘုရားရှင်အပေါ်လည်း ထိပ်တိုက် ဆန့်ကျင်ဘက်လုပ်ပြီးတော့ တရားနာနေတယ်။ တော်ပါ့မလား? မတော်ဘူးနော်။ သတိရှိကြ ဟုတ်လား။

ဘူတပုဗ္ဗံ၊ ဘိက္ခဝေ၊ ဣမိဿာယေဝ သာဝတ္ထိယာ ဝေဒေဟိကာ နာမ ဂဟပတာနီ အဟောသိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဘူတပုဗ္ဗံ၊ ဟိုးရှေ့တုန်းက ဖြစ်ခဲ့ဖူးသည်ကား။ ဣမိဿာယေဝ သာဝတ္ထိယာ၊ ဤသာဝတ္ထိမြို့၌ပင်လျှင်။ ဝေဒေဟိကာ နာမ ဂဟပတာနီ၊ အမည်ရှိတဲ့ အိမ်ရှင်မတစ်ဦးသည်။ အဟောသိ၊ ရှိခဲ့ဖူးလေသည်။

အခုတော့ မဟုတ်ပါဘူးနော်။ တစ်ချိန်တုန်းကပေါ့ - ရှေ့တုန်းက ဖြစ်ခဲ့ဖူးတယ်။ ချစ်သားရဟန်းတို့ ... ဒီသာဝတ္ထိမြို့မှာပဲ ဝေဒေဟိကာ အမည်ရှိတဲ့ ဥပါသိကာမတစ်ဦး ရှိခဲ့ဖူးတယ်နော်။ အိမ်ရှင်မတစ်ဦး ရှိခဲ့ဖူးတယ်။

ဝေဒေဟိကာယ၊ ဘိက္ခဝေ၊ ဂဟပတာနိယာ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော –

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဝေဒေဟိကာယ ဂဟပတာနိယာ၊ ဝေဒေဟိကာ အမည်ရှိသော အိမ်ရှင်မ၏။ ဧဝံ၊ ဤကဲ့သို့သော။ ကလျာဏော၊ ကောင်းသော။ ကိတ္တိသဒ္ဒေါ၊ ကျော်စောသတင်းသည်။ အဗ္ဘုဂ္ဂတော၊ မိုးဆန်း ဘဝဂ်-ပျံ့နှံ့၍ ထွက်နေပေ၏၊

ဝေဒေဟိကာ အိမ်ရှင်မ၏ ကောင်းသတင်းတွေက ဒီလိုပဲ ကျော်စော-သတင်းတွေက ပျံ့နှံ့ပြီး ထွက်နေတယ်။ ဘယ်လိုလဲ?

ဝေဒေဟိကာ ဂဟပတာနီ၊ ဝေဒေဟိကာ အိမ်ရှင်မသည်။ သောရတာ၊ ကုသိုလ်တရားတို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါပေ၏၊

မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။

ဝေဒေဟိကာ ဂဟပတာနီ၊ ဝေဒေဟိကာ အိမ်ရှင်မသည်။ နိဝါတာ၊ နှိမ်ချတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ် ဖြစ်ပါပေ၏၊

မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။

ဝေဒေဟိကာ ဂဟပတာနီ၊ ဝေဒေဟိကာ အိမ်ရှင်မသည်။ ဥပသန္တာ၊ စိတ်အေးချမ်းခြင်း ရှိနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါပေ၏၊

စိတ်ထားလေးကလည်း သိပ်အေးတယ်။ လောကမှာနော် စိတ်ဓာတ်ကလေး အေးမြနေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို မြင်လိုက်ရရင် ဒီအအေးဓာတ်လေးက မြင်တဲ့ လူအထိ ကူးစက်ပြီး မသွားဘူးလား? သွားတယ်။ စိတ်ထဲမှာ ကြည်ညိုသွားတယ်နော်။ သူစိတ်ထားလေးတွေက အင်မတန် အေးချမ်းတယ်။ ကုသိုလ်ကောင်းမှု၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ စိတ်ထားရှိနေတယ်။ ဒီကုသိုလ်ကောင်းမှု ဆိုတာက သာသနာတော်အထဲကနေ လှည့်ပြီး ပြန်ပြောမယ်ဆိုရင် သီလကျင့်စဉ်ကို ဖြည့်ကျင့်လိုက်တဲ့ စိတ်ထား၊ သမာဓိကျင့်စဉ်ကို ဖြည့်ကျင့်လိုက်တဲ့စိတ်ထား၊ ပညာကျင့်စဉ်ကို ဖြည့်ကျင့်လိုက်တဲ့ စိတ်ထား။ ဒီလို ကုသိုလ်တရားတွေ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ စိတ်ထားရှိတယ်။ မ-ကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ တိုးတက်စည်ကား ကြီးပွား-ဖို့ရန်အတွက် အကြောင်း ဖြစ်မနေဘူးလား? ဖြစ်နေပြီ။

နိဝါတ = ကိုယ်၊ နှုတ်တို့ကို နှိမ်ချတဲ့စိတ်ထား အမြဲရှိတယ်။ ဘယ်တော့မှ မောက်မာတဲ့ စိတ်ထား မရှိဘူး။ စိတ်ထားကို ကြည့်လိုက်ရင် အမြဲတမ်း အေးချမ်းနေတယ်။ သူ ရာဂနှင့် ပူလောင်နေတာ၊ ဒေါသနဲ့ ပူလောင်နေတာ မရှိဘူး။ မာန်မာန - ဣဿာ မစ္ဆရိယဆိုတဲ့ တရားဆိုးတို့ဖြင့် ပူလောင်နေတဲ့ သဘောထားတွေ မရှိဘူး။ သိပ်ကောင်းတယ် သိပ်ကောင်းတယ်နော်။ အဲဒီလို ကျော်စောသတင်းတွေ ပျံ့နှံ့ပြီး ထွက်တယ်။ ထွက်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လာလဲ?

ဝေဒေဟိကာယ ခေါ ပန၊ ဘိက္ခဝေ၊ ဂဟပတာနိယာ ကာဠီ နာမ ဒါသီ အဟောသိ ဒက္ခာ အနလသာ သုသံဝိဟိတကမ္မန္တာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဝေဒေဟိကာယ ခေါ ပန ဂဟပတာနိယာ၊ ဝေဒေဟိကာအမည်ရှိတဲ့ အိမ်ရှင်မ၌။ ဒက္ခာ၊ ကျွမ်းကျင်-လိမ္မာသော။ အနလသာ၊ ပျင်းရိမှု မရှိသော။ သုသံဝိဟိတကမ္မန္တာ၊ လုပ်ငန်းရပ်တို့၌ ကောင်းစွာ စီမံခန့်ခွဲပြုလုပ်တတ်သော။ ကာဠီ နာမ ဒါသီ၊ ကာဠီအမည်ရှိတဲ့ အိမ်ပေါက်ကျွန်သည်။ အဟောသိ၊ ရှိခဲ့ဖူးလေသည်။

ဝေဒေဟိကာ အိမ်ရှင်မမှာ ဘာရှိနေလဲလို့ မေးတော့ အိမ်မှုကိစ္စ အဝဝတွေ၌ ကျွမ်းကျင်လိမ္မာတဲ့၊ ပျင်းရိမှု မရှိတဲ့၊ ကောင်းစွာ စီမံခန့်ခွဲ ပြုလုပ်တတ်တဲ့ ကာဠီအမည်ရှိတဲ့ ကျွန်မတစ်ဦး ရှိလေသည်။ ရှိလိုက်တော့ ဘာဖြစ်လဲ?

အထ ခေါ၊ ဘိက္ခဝေ၊ ကာဠိယာ ဒါသိယာ ဧတဒဟောသိ –

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အထ ခေါ၊ ထိုအခါ၌။ ကာဠိယာ ဒါသိယာ၊ ကာဠီကျွန်မ၏သန္တာန်၌။ ဧတဒဟောသိ၊ ဤသို့သော စိတ်အကြံအစည်သည်။ ဟောတိ၊ ဖြစ်ခဲ့ဖူးလေပြီ၊

အဲဒီ ကာဠီကျွန်မရဲ့သန္တာန်မှာ စိတ်အကြံအစည်တစ်ခု ဖြစ်ခဲ့တယ်။ ဘယ်လိုလဲ?

‘မယှံ ခေါ အယျာယ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂတော – ‘‘သောရတာ ဝေဒေဟိကာ ဂဟပတာနီ၊ နိဝါတာ ဝေဒေဟိကာ ဂဟပတာနီ၊ ဥပသန္တာ ဝေဒေဟိကာ ဂဟပတာနိ’’

မယှံ ခေါ အယျာယ၊ ငါ့ရဲ့ အိမ်ရှင်မ၏။ ဧဝံ ကလျာဏော ကိတ္တိသဒ္ဒေါ၊ ဤသို့ ကောင်းတဲ့ကျော်စောသော သတင်းသည်။ အဗ္ဘုဂ္ဂတော၊ ပျံ့နှံ့၍ ထွက်နေလေ၏၊

ငါ့ရဲ့ အိမ်ရှင်မရဲ့ ကောင်းတဲ့၊ ဒီလို ကောင်းနေတဲ့ ဂုဏ်ကျေးဇူး သတင်းတွေကတော့ ပျံ့နှံ့ထွက်နေပြီ။ ဘယ်လိုလဲ?

ဂဟပတာနီ၊ အိမ်ရှင်မသည်။ သောရတာ၊ ကုသိုလ်ကောင်းမှုတို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိလေ၏။ ဝေဒေဟိကာ ဂဟပတာနီ၊ ဝေဒေဟိကာ အိမ်ရှင်မသည်။ နိဝါတာ၊ နှိမ်ချသော စိတ်ထားရှိပေ၏။ ဝေဒေဟိကာ ဂဟပတာနိ၊ ဝေဒေဟိကာ အိမ်ရှင်မသည်။ ဥပသန္တာ၊ အေးချမ်းတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်၊

ဪ ... ငါ့အိမ်ရှင်မရဲ့ သတင်းတွေကတော့ ကောင်းတဲ့သတင်း-တွေကတော့ ဒီလို ပျံ့နှံ့ထွက်နေပြီ။ ဝေဒေဟိကာ အိမ်ရှင်မသည် ကုသိုလ်ကောင်းမှုတို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ အမျိုးကောင်းသမီး တစ်ဦးဖြစ်တယ်။ ဝေဒေဟိကာ အိမ်ရှင်မဟာ နှိမ်ချတဲ့ စိတ်ထားရှိတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်တယ်။ ဝေဒေဟိကာ အိမ်ရှင်မသည် အေးချမ်းတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်လို့ ဒီလို ကောင်းတဲ့ ကျော်စော-သတင်းကတော့ ပျံ့နှံ့ပြီး ထွက်နေပြီ။ ထွက်နေလိုက်တော့ သူက ဆက်ပြီးတော့ ဘာစဉ်းစားသလဲ?

ကိံ နု ခေါ မေ အယျာ သန္တံယေဝ နု ခေါ အဇ္ဈတ္တံ ကောပံ န ပါတုကရောတိ ဥဒါဟု အသန္တံ ဥဒါဟု မယှမေဝေတေ ကမ္မန္တာ သုသံဝိဟိတာ ယေန မေ အယျာ သန္တံယေဝ အဇ္ဈတ္တံ ကောပံ န ပါတုကရောတိ၊ နော အသန္တံ?

သူ့ရဲ့ စဉ်းစားခန်းလေးနော် -

မေ အယျာ၊ ငါ၏ အိမ်ရှင်မသည်။ အဇ္ဈတ္တံ၊ မိမိရဲ့ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌။ သန္တံယေဝ နု ခေါ၊ ထင်ရှားရှိသည်သာလျှင် ဖြစ်သော။ ကောပံ၊ အမျက်ဒေါသကို။ န ပါတုကရောတိ၊ ထင်ရှား မပြုလေသလော။ ဥဒါဟု အသန္တံ၊ ထင်ရှားမရှိသောကြောင့် မပြုလေသလော၊

ငါ့ရဲ့အိမ်ရှင်မမှာ သူ့သန္တာန်မှာ အမျက်ဒေါသတရား ထင်ရှားမရှိလို့ဘဲ ဒီအမျက်ဒေါသတရားကို ထင်ရှား မပြုသလား? သို့မဟုတ် အမျက်ဒေါသတရား မိမိရဲ့ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်မှာ ထင်ရှားရှိပါလျက်နဲ့ ဒီအမျက်ဒေါသတရားကိုပဲ သူက ထင်ရှား မဖော်ပြလေသလား? သူက စဉ်းစားတာနော်။ နောက်တစ်ခု -

ဥဒါဟု၊ မဟုတ်ဖယ်ရှား။ မယှမေဝေတေ၊ ငါ၏သာလျှင်ဖြစ်သော။ ကမ္မန္တာ၊ ဤလုပ်ငန်းရပ်အဝဝတို့ကို။ သုသံဝိဟိတာ၊ ကောင်းစွာ စီမံခန့်ခွဲထားအပ်သည်အဖြစ်ကြောင့်။ ကောပံ၊ အမျက်ဒေါသကို။ န ပါတုကရောတိ နော အသန္တံ၊ မထင်ရှား မပြုလေသလော၊

ဒီလို မဟုတ်ရင်လည်း ငါက အိမ်မှုကိစ္စအဝဝတွေကို ကောင်းစွာ စီမံခန့်ခွဲပြီး ပြုလုပ်ထားတယ်။ ဒီလို ပြုလုပ်ထားတဲ့အတွက်ကြောင့် သူ့သန္တာန်မှာ ထင်ရှားရှိနေတဲ့ ဒီအမျက်ဒေါသတရားသည် ထင်ရှားပေါ်မလာတာလေလား? သူက စဉ်းစားတယ်နော်။ အဲဒီလို စဉ်းစားပြီးတော့ သူက ဘာလုပ်သလဲ?

ယံနူနာဟံ အယျံ ဝီမံသေယျံ’။

အဟံ၊ ငါသည်။ အယျံ၊ ဝေဒေဟိကာ အိမ်ရှင်မကို။ ဝီမံသေယျံ၊ စူးစမ်းဆင်ခြင်ရဖို့က။ ယံနူန၊ ကောင်းလေစွ။ ဣတိ၊ ဤသို့သော စိတ်အကြံအစည်သည်။ အဟောတိ၊ ဖြစ်ခဲ့လေပြီ၊

ဝေဒေဟိကာ အိမ်ရှင်မကို ငါ စူးစမ်းစုံစမ်းကြည့်ရရင်တော့ သိပ်-ကောင်းမယ်။ သူက ဒီလို စိတ်ထား ဖြစ်ခဲ့တယ်။ ဖြစ်လိုက်တော့ ဘာဖြစ်လဲ?

အထ ခေါ၊ ဘိက္ခဝေ၊ ကာဠီ ဒါသီ ဒိဝါ ဥဋ္ဌာသိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အထ ခေါ၊ ထိုအခါ၌။ ကာဠီ ဒါသီ၊ ကာဠီအိမ်ကျွန်မသည်။ ဒိဝါ၊ နေမြင့်မှ။ ဥဋ္ဌာသိ၊ အိပ်ရာထခဲ့လေ၏၊

စူးစမ်းစုံစမ်းကြည့်ချင်တာနဲ့နော် သူက လက်တွေ့ စမ်းသပ်ကြည့်ချင်တာနဲ့ သူက နေမြင့်မှ အိပ်ရာက ထလိုက်တယ်။ ထလိုက်တော့ ဘာဖြစ်လဲ?

အထ ခေါ၊ ဘိက္ခဝေ၊ ဝေဒေဟိကာ ဂဟပတာနီ ကာဠိံ ဒါသိံ ဧတဒဝေါစ – ‘ဟေ ဇေ ကာဠီ’တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အထခေါ၊ ထိုအခါ၌။ ဝေဒေဟိကာ ဂဟပတာနီ၊ ဝေဒေဟိကာ အိမ်ရှင်မသည်။ ကာဠိံ ဒါသိံ၊ ကာဠီကျွန်မကို။ ဟေ ဇေ ကာဠီတိ၊ ဟဲ့ ကျွန်ယုတ်မဟူ၍။ ဧတဒဝေါစ၊ ဤစကားကို ခေါ်လိုက်လေပြီ၊

နေမြင့်မှ အိပ်ရာထလာတာကိုး။ ထလိုက်တဲ့ အချိန်အခါကျတော့ ဝေဒေဟိကာက နည်းနည်းလေး ဒေါသဖြစ်လာပြီ။ “ဟဲ့ ယုတ်မာတဲ့ ကျွန်မ” ဆိုပြီးတော့ လှမ်းခေါ်လိုက်တယ်နော်။ ခေါ်လိုက်တဲ့ အချိန်အခါကျတော့ ကာဠီကျွန်မက ဘာလုပ်လဲ?

‘ကိံ၊ အယျေ’ = ဘာလဲ ရှင်မဆိုပြီးတော့ ရိုရိုသေသေပဲ ထူးပါတယ်။ ဘာဖြစ်လို့လဲ? ရှုံးတဲ့လူဆိုတာကတော့ အမြဲတမ်း နှိမ်ချတဲ့ စိတ်ထား ရှိရတယ်။ မိမိတို့က ရှုံးတဲ့လူကဲ့သို့ သာသနာတော်မှာ နေထိုင်ရမယ်လို့ ဆိုလိုပါတယ်။ ကဲ -

ဇေ၊ ကျွန်ယုတ်မ။ ဒိဝါ၊ နေမြင့်မှ။ ကိံ၊ အဘယ်အကြောင်းကြောင့်။ ဥဋ္ဌာသီတိ၊ ထရသနည်း။

ဘာကြောင့် နင် နေမြင့်မှ အိပ်ရာက ထရသလဲ ဟဲ့ ကျွန်ယုတ်မ” ဆိုပြီးတော့ လှမ်းပြီးတော့ မေးတယ်။

‘န ခွယျေ၊ ကိဉ္စိ’ = ဘာမှ မဟုတ်ပါဘူး။ ဘာအကြောင်းမှ မရှိပါဘူး။ ဟိုက ပြန်ပြောလိုက်တယ်။

‘နော ဝတ ရေ ကိဉ္စိ၊ ပါပိ ဒါသိ၊ ဒိဝါ ဥဋ္ဌာသိ’ = ဘာအကြောင်းမှ မရှိဘဲနဲ့ ယုတ်မာတဲ့ ကျွန်မ ဘာဖြစ်လို့ နေမြင့်မှ အိပ်ရာက ထရသလဲ? ဒေါသမပေါ်လာဘူးလား? ပေါ်လာပြီနော်။ အဲဒီလို ပေါ်လာတဲ့ အခါကျတော့ ဘာဖြစ်လဲ?

‘နော ဝတ ရေ ကိဉ္စိ၊ ပါပိ ဒါသိ၊ ဒိဝါ ဥဋ္ဌာသိ’

ဟဲ့ ... ကျွန်မ နေမြင့်မှ ဘာအကြောင်းမှ မရှိဘဲနဲ့ ဘာဖြစ်လို့ နင် အိပ်ရာ နေမြင့်မှ ထရသလဲ ဆိုပြီးတော့

ကုပိတာ အနတ္တမနာ ဘာကုဋိံ အကာသိ။

ကုပိတာ၊ ဒေါသ အမျက်ချောင်းချောင်းထွက်လျက်။ အနတ္တမနာ၊ မနှစ်လိုသော စိတ်ထားရှိသည်ဖြစ်၍။ ဘာကုဋိံ၊ မျက်မှောင်ကြုတ်ခြင်းအမှုကို။ အကာသိ၊ ပြုခဲ့လေပြီ။

မျက်မှောင်ကြုတ်လိုက်တယ်။ ခန့်မှန်းကြည့်ရတာပေါ့လေ - လက်-နှစ်ဖက်လည်း ခါးထောက်လိုက်ပုံ ရပါတယ်နော်။ မျက်မှောင်ကြုတ်ပြီးတော့ “ဟင် ... ကျွန်မ ဘာအကြောင်းမှ မရှိဘဲနဲ့ နင် ဘာဖြစ်လို့ အိပ်ရာ နေမြင့်မှ ထရသလဲတဲ့” ဒေါသထွက်ပြီ။ မကျေနပ်ချက်တွေ ဖော်ပြလိုက်ပြီ။ အဲဒီအခါကျမှ ဘာလုပ်သလဲ?

အထ ခေါ, ဘိက္ခဝေ, ကာဠိယာ ဒါသိယာ ဧတဒဟောသိ – ‘သန္တံယေဝ ခေါ မေ အယျာ အဇ္ဈတ္တံ ကောပံ န ပါတုကရောတိ, နော အသန္တံ၊ မယှမေဝေတေ ကမ္မန္တာ သုသံဝိဟိတာ, ယေန မေ အယျာ သန္တံယေဝ အဇ္ဈတ္တံ ကောပံ န ပါတုကရောတိ, နော အသန္တံ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အထခေါ၊ ထိုအခါ၌။ ကာဠိယာ ဒါသိယာ၊ ကာဠီကျွန်မ၏သန္တာန်၌ ဧတဒဟောသိ - ဤသို့သော စိတ်အကြံအစည်သည် ဖြစ်ခဲ့လေပြီ။ မေ၊ ငါ၏။ အယံ အယျာ၊ အိမ်ရှင်မဖြစ်တဲ့ ဝေဒေဟိကာ အိမ်ရှင်မသည်။ အဇ္ဈတ္တံ၊ မိမိကိုယ်တွင်း သန္တာန်၌။ သန္တံယေဝ ခေါ၊ ထင်ရှားရှိသည်သာလျှင် ဖြစ်သော။ ကောပံ၊ အမျက်ဒေါသတရားကို။ န ပါတုကရောတိ၊ ထင်ရှားမပြု။ နော အသန္တံ၊ ထင်ရှားမရှိသည်ဖြစ်၍ အမျက်ဒေါသတရားကို ထင်ရှားမပြုသည်ကား မဟုတ်ပေ။ မယှမေဝ၊ ငါသည်ပင်လျှင်။ ဧတေ ကမ္မန္တာ၊ ဤလုပ်ငန်းရပ်တို့ကို။ သုသံဝိဟိတာ၊ ကောင်းစွာစီမံ၍ ထားအပ်ပေ၏။ ယေန၊ အကြင်အကြောင်းတရားကြောင့်။ မေ၊ ငါ၏။ အယျာ၊ ဝေဒေဟိကာ အိမ်ရှင်မသည်။ အဇ္ဈတ္တံ၊ မိမိကိုယ်တွင်း၏ သန္တာန်၌။ သန္တံယေဝ၊ ထင်ရှားရှိသည်သာလျှင် ဖြစ်သော အမျက်ဒေါသကို။ န ပါတုကရောတိ၊ ထင်ရှားမပြု။ နော အသန္တံ၊ ထင်ရှားမရှိတဲ့ အမျက်ဒေါသကို ထင်ရှားမပြုသည်ကား မဟုတ်ပေ။

ငါက အိမ်မှုကိစ္စအဝဝတွေကို ကောင်းစွာ စီမံခန့်ခွဲပြီးတော့ ထားတယ်။ ဒါကြောင့် ငါ့ရဲ့ အိမ်ရှင်မ ဝေဒေဟိကာဟာ ထင်ရှားရှိနေတဲ့ အမျက်ဒေါသတရားကို ထင်ရှား မပြုလုပ်ခြင်းဘဲ ဖြစ်တယ်။ သူ့ရဲ့ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်မှာ အမျက်ဒေါသတရား ထင်ရှားမရှိလို့ ထင်ရှားမပြုခြင်း မဟုတ်ဘူး။ ဒါပေမဲ့လို့ သူက ဘယ်လို ဆုံးဖြတ်သလဲ?

ယံနူနာဟံ၊ ငါသည် စုံစမ်းရပါမူကား ကောင်းလေစွ ဣတိ - ဤသို့။ ဘိယျောသောမတ္တာယ၊ ထို့ထက်အလွန် လွန်ကဲသော အတိုင်းအတာဖြင့်။ အယျံ၊ ဝေဒေဟိကာ အိမ်ရှင်မကို။ ဝီမံသေယျံ၊ စုံစမ်းရပါမူကား ကောင်းလေစွ။ ဧတဒဟောသိ၊ ဤကဲ့သို့ စိတ်အကြံအစည်သည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

နည်းနည်းလေး ရှေ့တစ်ဆင့်တက်ပြီးတော့ပေါ့လေ - ငါနည်းနည်းလေး စုံစမ်းကြည့်ရရင်တော့ ကောင်းမယ်။ ခက်ပုံက ဒီလို တစ်ဆင့်တက်ချင်တာလည်း အမျိုးသမီးတို့ရဲ့ ဓမ္မတာပဲနဲ့ တူပါတယ်။ ဟုတ်များ ဟုတ်မလား? ဟင် ဘယ်သူမှ မဖြေဘူး။ ဘုန်းကြီးတော့ ရှုံးသွားပြီ ထင်တယ်နော်။ ကဲ -

အထ ခေါ, ဘိက္ခဝေ, ကာဠီ ဒါသီ ဒိဝါတရံယေဝ ဥဋ္ဌာသိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အထခေါ၊ ထိုအခါ၌။ ကာဠီ ဒါသီ၊ ကာဠီကျွန်မသည်။ ดိဝါတရံယေဝ၊ အလွန့် အလွန် နေမြင့်မှသာလျှင်။ ဥဋ္ဌာသိ၊ အိပ်ရာမှ ထခဲ့လေ၏၊

စုံစမ်းချင်တာနဲ့ သူကလည်း စုံစမ်းရေး၊ ထောက်လှမ်းရေးတွေ လုပ်ချင်တော့ ဘာလုပ်သလဲ? အလွန့် အလွန် နေမြင့်အောင် အိပ်လိုက်တယ်။ အိပ်ပြီးမှ ထလိုက်တယ်။

အထ ခေါ, ဘိက္ခဝေ, ဝေဒေဟိကာ ဂဟပတာနီ ကာဠိံ ဒါသိံ ဧတဒဝေါစ –

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အထခေါ၊ ထိုအခါ၌။ ဝေဒေဟိကာ ဂဟပတာနီ၊ ဝေဒေဟိကာ အိမ်ရှင်မသည်။ ကာဠိံ ဒါသိံ၊ ကာဠီကျွန်မကို။ ဧတဒဝေါစ၊ ဤစကားကို ပြောဆိုခဲ့လေပြီ။

အဲဒီအခါကျတော့ ဝေဒေဟိကာ အိမ်ရှင်မက ကာဠီကျွန်မကိုတော့ ပြောပြီ။

‘ဟေ ဇေ, ကာဠီ’ = ဟဲ့ ကျွန်ယုတ်မ ကာဠီ။ လှမ်းခေါ်လိုက်ပြီ။

‘ကိံ, အယျေ’ = ဘာလဲ ရှင်မ။ ပြန်ပြောတယ်။

‘ကိံ, ဇေ, ဒိဝါ ဥဋ္ဌာသိ’ = ဘာကြောင့် သင် အလွန့် အလွန် နေမြင့်မှ ထရသလဲ?။

‘န ခွယျေ, ကိဉ္စိ’ = ဘာအကြောင်းမှတော့ မရှိပါဘူး။ ဟိုကလည်း ဖြေလိုက်တယ်။

‘နော ဝတ ရေ ကိဉ္စိ, ပါပိ ဒါသိ, ဒိဝါတရံ ဥဋ္ဌာသီ’တိ ကုပိတာ အနတ္တမနာ အနတ္တမနဝါစံ နိစ္ဆာရေသိ။

ပါပိ ဒါသိ၊ ယုတ်မာတဲ့ ကျွန်ယုတ်မ။ ဒိဝါတရံ ဥဋ္ဌာသီတိ၊ အလွန့် အလွန် နေမြင့်မှ ထရသလဲဟု။ ကုပိတာ၊ ဒေါသထွက်လျက်။ アနတ္တမနာ၊ မနှစ်မြို့သည်ဖြစ်၍။ အနတ္တမနဝါစံ၊ မနှစ်မြို့ဖွယ် ရိုင်းပျတဲ့စကားကို။ နိစ္ဆာရေသိ၊ အန်ထုတ်မြွက်ဟလိုက်လေပြီ။

ပထမအကြိမ်တုန်းကတော့ ဘာလုပ်သလဲ? ခါးအသာလေးထောက်ပြီး မျက်မှောင်ကြုတ် လိုက်တယ်နော်။ အခုတစ်ချီကတော့ ဘာဖြစ်သလဲ? မနှစ်မြို့ဖွယ် ရိုင်းပျတဲ့စကားတွေကို ပြောပြီ။ မကျေနပ်ချက်တွေ အန်ထုတ်လိုက်ပြီနော်။

အထ ခေါ, ဘိက္ခဝေ, ကာဠိယာ ဒါသိယာ ဧတဒဟောသိ –

ကာဠီကျွန်မရဲ့သန္တာန်မှာ စိတ်အကြံက တစ်ခါ ပေါ်လာပြန်ပြီ။ ဘယ်လိုလဲ?

‘သန္တံယေဝ ခေါ မေ အယျာ အဇ္ဈတ္တံ ကောပံ န ပါတုကရောတိ, နော အသန္တံ။

မေ၊ ငါ၏။ အယံ အယျာ၊ ဝေဒေဟိကာ အိမ်ရှင်မသည်။ အဇ္ဈတ္တံ၊ မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌။ သန္တံယေဝ ခေါ၊ ထင်ရှားရှိသည်သာလျှင်ဖြစ်သော။ ကောပံ၊ အမျက်ဒေါသကို။ န ပါတုကရောတိ၊ ထင်ရှားမပြုခဲ့ပေ။ နော အသန္တံ၊ ထင်ရှားမရှိသော အမျက်ဒေါသကို ထင်ရှားမပြုသည်ကား မဟုတ်ပေ။

ငါ့ရဲ့ အိမ်ရှင်မ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်မှာ အမျက်ဒေါသတရားက ထင်ရှားရှိတယ်။ ထင်ရှားရှိနေပါလျက်နဲ့ ဒီထင်ရှားရှိတဲ့ အမျက်ဒေါသကို ထင်ရှား မပြုခြင်း ဖြစ်တယ်။ သူ့ရဲ့ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်မှာ အမျက်ဒေါသတရား ထင်ရှားမရှိလို့ ထင်ရှားမရှိတာတော့ မဟုတ်ဘူး။

မယှမေဝေတေ ကမ္မန္တာ သုသံဝိဟိတာ

ယေန၊ အကြင် အကြောင်းတရားကြောင့်။ မယှမေဝ၊ ငါသည်ပင်လျှင်။ ဧတေ ကမ္မန္တာ၊ ဤလုပ်ငန်းရပ် အဝဝတို့ကို။ သုသံဝိဟိတာ၊ ကောင်းစွာ စီမံခန့်ခွဲ၍ ထားအပ်ပေ၏၊

ယေန မေ အယျာ သန္တံယေဝ အဇ္ဈတ္တံ ကောပံ န ပါတုကရောတိ, နော အသန္တံ။

တေန၊ ထိုအကြောင်းတရားကြောင့်။ မေ၊ ငါ၏။ အယျာ၊ အိမ်ရှင်မသည်။ အဇ္ဈတ္တံ၊ မိမိရဲ့ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌။ သန္တံယေဝ၊ ထင်ရှားရှိသည်သာလျှင်ဖြစ်သော။ ကောပံ၊ အမျက်ဒေါသကို။ န ပါတုကရောတိ၊ ထင်ရှား မပြုခဲ့ပေ။ နော အသန္တံ၊ ထင်ရှားမရှိသည်ဖြစ်၍ ထင်ရှားမပြုသည်ကား မဟုတ်ပါပေ။

ဒီ ငါ့ရဲ့ အိမ်ရှင်မ ဝေဒေဟိကာရဲ့ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်မှာ အမျက် ကောပ ဒေါသတရား ထင်ရှား ရှိပါလျက်နဲ့ ငါက လုပ်ငန်းရပ် အဝဝတွေကို ကောင်းစွာ စီမံခန့်ခွဲပြီး ရွက်ဆောင်ထားတဲ့ အတွက်ကြောင့် ဒီဒေါသတရားကို ထင်ရှားမပြုခြင်းဘဲ ဖြစ်တယ်။ သူ့ရဲ့ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်မှာ ဒေါသတရား ထင်ရှားမရှိလို့ ထင်ရှားမပြုတာတော့ မဟုတ်ဘူး။

ယံနူနာဟံ ဘိယျောသောမတ္တာယ အယျံ ဝီမံသေယျံ’။

အဟံ၊ ငါသည်။ ဘိယျောသောမတ္တာယ၊ လွန်ကဲသော အတိုင်းအတာ ပမာဏဖြင့်။ အယျံ၊ ဝေဒေဟိကာ အိမ်ရှင်မကို။ ဝီမံသေယျံ၊ စုံစမ်းရပါမူကား ကောင်းလေစွ။

နည်းနည်းလေး ပိုပြီးတော့ ထပ်စုံစမ်းရေး လုပ်ရရင်တော့ ကောင်းမယ်။ ခက်ပုံကနော် - နည်းနည်းလေး တစ်ဆင့်တက်လာပြန်ပြီ။ အဲဒီလို ကြံစည်စိတ်ကူးပြီးတော့ ဘာလုပ်လဲ?

အထ ခေါ, ဘိက္ခဝေ, ကာဠီ ဒါသီ ဒိဝါတရံယေဝ ဥဋ္ဌာသိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အထခေါ၊ ထိုအခါ၌။ ကာဠီ ဒါသီ၊ ကာဠီကျွန်မသည်။ ဒိဝါတရံယေဝ၊ အလွန့် အလွန် နေမြင့်မှ။ ဥဋ္ဌာသိ၊ အိပ်ရာမှ ထခဲ့လေသည်။

ဒီတစ်ချီကျတော့ သူက ရှေ့ကနေ့တွေထက် ပိုပြီးတော့ အလွန်ကြီး နေမြင့်မှ ထလိုက်ပြန်တယ်။

အထ ခေါ, ဘိက္ခဝေ, ဝေဒေဟိကာ ဂဟပတာနီ ကာဠိံ ဒါသိံ ဧတဒဝေါစ –

အဲဒီအခါကျတော့ ဝေဒေဟိကာ အိမ်ရှင်မကလည်း တော်တော်လေး ဒေါသက ပြင်းထန်လာပြီ။ ပြင်းထန်လာတဲ့အတွက် ကာဠီကျွန်မကို ပြောပြီ။ ဘယ်လိုလဲ? “အိမ်စေကာဠီ ... ဟဲ့ ယုတ်မာတဲ့ ကာဠီကျွန်မ” “အရှင်မ ဘာလဲ" ပြန်ပြီးတော့ မေးတယ်။

‘ကိံ, ဇေ, ဒိဝါ ဥဋ္ဌာသီ’ = ဘာအကြောင်းကြောင့် အလွန် နေမြင့်မှ သင် အိပ်ရာမှ ထရသလဲ? ‘န ခွယျေ, ကိဉ္စိ’ = ဘာအကြောင်းကိစ္စမှ မရှိပါဘူး။ နည်းနည်း ဒေါသဖြစ်မယ်ဆိုလို့ရှိရင် ဖြစ်လောက်စရာတော့ မကောင်းဘူးလား? ဟင် ဟိုက ထောက်ခံနေပြီ။ ဒါတော့ သူတို့ ထောက်ခံသားပဲ? ဟန်ကျပြီ။

‘နော ဝတ ရေ ကိဉ္စိ, ပါပိ ဒါသိ, ဒိဝါ ဥဋ္ဌာသိ’

ဘာကြောင့် နင် ယုတ်မာတဲ့ကျွန်မ အလွန်နေမြင့်မှ သင် အကြောင်းမရှိဘဲ အိပ်ရာမှ ထရသလဲ? ထပြီးတော့ ဘာလုပ်သလဲ? အဲဒီလို ပြောပြီးတော့ ဘာလုပ်သလဲ?

ကုပိတာ အနတ္တမနာ အဂ္ဂဠသူစိံ ဂဟေတွာ သီသေ ပဟာရံ အဒါသိ, သီသံ ဝေါဘိန္ဒိ။

ဒေါသတွေ သိပ်ဖြစ်လာပြီ။ မကျေနပ်ချက်တွေကလည်း သိပ်များလာပြီ ဖြစ်တဲ့အတွက် ကဲ မင်းတုံးယူပြီးတော့ မောင်းချလိုက်ပြီနော်။ ဒီတစ်ချိန်ကျတော့ သူက တစ်ဆင့် တက်မသွားဘူးလား? သွားပြီ။ [?] ခေါင်းကို ခွဲပစ်လိုက်တယ်။ တစ်ခါတည်း တံခါးကြီးမင်းတုံးနဲ့ ခွဲပစ်လိုက်တဲ့ အခါကျတော့ ဘာဖြစ်လဲ?

အထ ခေါ, ဘိက္ခဝေ, ကာဠီ ဒါသီ ဘိန္နေန သီသေန လောဟိတေန ဂလန္တေန ပဋိဝိဿကာနံ ဥဇ္ဈာပေသိ –

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အထ ခေါ၊ ထိုအခါ၌။ ကာဠီ ဒါသီ၊ ကာဠီကျွန်မသည်။ ဘိန္နေန၊ ကွဲအက်ကွဲပျက်လျက်ရှိသော။ သီသေန၊ ဦးခေါင်းဖြင့်။ လောဟိတေန၊ သွေးတွေ။ ဂလန္တေန၊ ယိုစီးလျက်ရှိသော ဦးခေါင်းဖြင့်။ ပဋိဝိဿကာနံ၊ အိမ်နီးချင်းတို့အား။ ဥဇ္ဈာပေသိ၊ ကဲ့ရဲ့စေပြီ။

ခေါင်းကလည်း ကွဲသွားပြီ။ သွေးတွေကလည်း စီးကျနေပြီ။ အဲဒီအခါကျတော့ အိမ်နီးချင်းတွေထံ သူက သွားပြီ။ သွားပြီးတော့ ဘာပြောလဲ?

အယျေ၊ အိမ်ရှင်မတို့။ သောရတာယ၊ ကုသိုလ်တရားတို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ အိမ်ရှင်မ၏။ ကမ္မံ၊ လုပ်ငန်းရပ်ကို။ ပဿထ၊ ကြည့်ရှုကြပါကုန်။

ရှင်မတို့ ကုသိုလ်ကောင်းမှုတို့နဲ့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ဝေဒေဟိကာ အိမ်ရှင်မ ပြုလုပ်လိုက်တဲ့ လုပ်ငန်းရပ်ကို ကြည့်ကြစမ်းပါ။ သူက သက်သေပြတယ်နော်။

ပဿထယျေ, နိဝါတာယ ကမ္မံ

အယျေ၊ အိမ်ရှင်မတို့။ နိဝါတာယ၊ နှိမ်ချသော စိတ်ဓာတ်ရှိသော အိမ်ရှင်မ၏။ ကမ္မံ၊ ပြုလုပ်လိုက်တဲ့ လုပ်ငန်းရပ်ကို။ ပဿထ၊ ကြည့်ရှုကြပါကုန်လော။

နှိမ်ချတဲ့ စိတ်ထားရှိနေတယ်ဆိုတဲ့ ဒီဝေဒေဟိကာရဲ့ ပြုမူချက်ကို ကြည့်ကြစမ်းပါနော်။

ပဿထယျေ, ဥပသန္တာယ ကမ္မံ!

အယျေ၊ အိမ်ရှင်မတို့။ ဥပသန္တာယ၊ ကိလေသာအပူမီး ငြိမ်းအေးတဲ့ စိတ်ထားရှိသော ဝေဒေဟိကာရဲ့။ ကမ္မံ၊ ပြုလုပ်လိုက်တဲ့ လုပ်ငန်းရပ်ကို။ ပဿထ၊ ကြည့်ရှုကြပါကုန်လော့။

ရာဂ ဒေါသ မောဟ အစရှိတဲ့ အပူဓာတ်တွေ ငြိမ်းအေးနေတဲ့, အေးချမ်းတဲ့ စိတ်ထားရှိတဲ့ ဒီဝေဒေဟိကာ အိမ်ရှင်မ ပြုလုပ်လိုက်တဲ့ လုပ်ငန်းရပ်ကို ကြည့်ကြစမ်းပါ။ သူက ပြောပြီ။

ကထဉှိ နာမ ဧကဒါသိကာယ ဒိဝါ ဥဋ္ဌာသီတိ ကုပိတာ အနတ္တမနာ အဂ္ဂဠသူစိံ ဂဟေတွာ သီသေ ပဟာရံ ဒဿတိ, သီသံ ဝေါဘိန္ဒိဿတိ

ကထဉှိ နာမ၊ အဘယ်ကဲ့သို့သော အကြောင်းကြောင့်ပင်လျှင်။ ဧကဒါသိကာယ၊ တစ်ယောက်တည်းသော ကျွန်မဖြစ်သော, တစ်ယောက်တည်းသော ကျွန်မ၏အပေါ်၌။ ဒိဝါ၊ နေမြင့်မှ။ ဥဋ္ဌာသီတိ၊ ထသည်ဖြစ်၍။ ကုပိတာ၊ အမျက်ဒေါသ ချောင်းချောင်းထလျက်။ အနတ္တမနာ၊ မနှစ်မြို့တဲ့ စိတ်ထားဖြင့်။ အဂ္ဂဠသူစိံ၊ တံခါးကြီး မင်းတုံးကို။ ဂဟေတွာ၊ ယူပြီးတော့။ သီသေ၊ ဦးခေါင်း၌။ ပဟာရံ၊ ပုတ်ခတ်ခြင်းကို။ ဒဿတိ၊ ပေးအံ့နည်း။ သီသံ၊ ဦးခေါင်းကို။ ဝေါဘိန္ဒိဿတိ၊ ခွဲလိုက်တုန်းရှိအံ့နည်း။

ကဲ ကြည့်ကြစမ်းပါ - ကျွန်မတစ်ယောက်တည်းပဲ ရှိပါတယ်။ တစ်ယောက်တည်းသော ကျွန်မအပေါ်၌ နေမြင့်မှ အိပ်ရာမှ ထရကောင်းလား ဆိုပြီးတော့ ဒေါသထွက်ပြီးတော့ မနှစ်မြို့တဲ့ စိတ်ထားဖြင့် တံခါးကြီး မင်းတုံးနှင့် ခေါင်းကို ခွဲလိုက်တဲ့ လုပ်ငန်းရပ်ဟာ ဘာကြောင့်နည်း။

kgt2igdo9qjs7gc2bm0fhnnro7ej20l
မင်္ဂလသုတ်-၈၅/၉၇
0
6321
22019
2026-06-04T00:14:28Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၈၅/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၈၄..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22019
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၈၅/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၈၄/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၈၆/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၈၅

ကဲ ညက ဝေဒေဟိကာ ဥပါသိကာမအကြောင်း ပြောခဲ့ပါတယ်နော်။ ဒီတရားနာပရိသတ်တွေထဲမှာလည်း ဝေဒေဟိကာ ဥပါသိကာမနဲ့တူတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လောက်များ များကြမယ်တော့ မပြောတတ်ဘူး။ ဘယ်နှစ်ယောက်လောက် ရှိလဲ? တစ်ယောက်မှ မရှိဘူး။ ဟန်ကျပြီ။ ဘုန်းကြီး တရားဟောရတာ တော်တော် အားရှိသွားပြီနော်။

ကာဠီကျွန်မရဲ့ ခေါင်းကို ရိုက်ခွဲလိုက်တော့ ကာဠီကျွန်မကလည်း အိမ်နီးချင်းတွေကို သွားပြီး တိုင်တန်းတယ်နော်။ ဒီလောက်တောင် ကုသိုလ်ကောင်းမှုတရားတို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတယ်လို့ နာမည်ကြီးနေတဲ့ ဝေဒေဟိကာ, နှိမ်ချတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်လို့ နာမည်ကြီးနေတဲ့ ဝေဒေဟိကာ, ငြိမ်းအေးတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်လို့ နာမည်ကြီးနေတဲ့ ဒီဝေဒေဟိကာက တစ်ယောက်တည်းသော ကျွန်ကဲ့သို့သော ကျွန်မအပေါ်၌ ဒီလို တံခါးကြီး မင်းတုံးဖြင့် အိပ်ယာထ နေမြင့်မှုကို အခြေခံပြီးတော့ ရိုက်ခွဲရက်လေခြင်း ဆိုပြီးတော့ လာပြီးတော့ သူက ကဲ့ရဲ့စကားတွေ ပြောကြားစေတယ်နော်။ အဲဒီလို ဖြစ်လာတဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

အထ ခေါ, ဘိက္ခဝေ, ဝေဒေဟိကာယ ဂဟပတာနိယာ အပရေန သမယေန ဧဝံ ပါပကော ကိတ္တိသဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ – ‘စဏ္ဍီ ဝေဒေဟိကာ ဂဟပတာနီ, အနိဝါတာ ဝေဒေဟိကာ ဂဟပတာနီ, အနုပသန္တာ ဝေဒေဟိကာ ဂဟပတာနီ’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အထ ခေါ၊ ထိုအခါ၌။ အပရေန သမယေန၊ နောက်ပိုင်းကာလ၌။

ဘယ်အခါလဲ? ရိုက်ပြီးတဲ့ အချိန်အခါပေါ့ -

ဝေဒေဟိကာယ ဂဟပတာနိယာ၊ ဝေဒေဟိကာ အိမ်ရှင်မ၏။ ဧဝံ၊ ဤကဲ့သို့သော။ ပါပကော၊ ယုတ်မာသော။ ကိတ္တိသဒ္ဒေါ၊ ကျော်စောတဲ့သတင်းသည်။ အဗ္ဘုဂ္ဂစ္ဆိ၊ ပျံ့နှံ့၍ ထွက်ခဲ့ပြန်လေသည်။

တစ်ချိန်က ဖြစ်ခဲ့တဲ့သတင်းနဲ့ ခုဖြစ်တဲ့သတင်း မတူတော့ဘူးနော်။ ဘယ်လိုလဲ?

ဝေဒေဟိကာ ဂဟပတာနီ၊ ဝေဒေဟိကာ အိမ်ရှင်မသည်။ စဏ္ဍီ၊ ရက်စက်ကြမ်းကြုတ်တဲ့ ပုဂ္ဂိုလ်ပါပေတည်း။ ဝေဒေဟိကာ ဂဟပတာနီ၊ ဝေဒေဟိကာ အိမ်ရှင်မသည်။ အနိဝါတာ၊ နှိမ်ချတဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်ပါပေတည်း။ ဝေဒေဟိကာ ဂဟပတာနီ၊ ဝေဒေဟိကာ အိမ်ရှင်မသည်။ အနုပသန္တာ၊ Ngraingအေးခြင်းမရှိသော အိမ်ရှင်မ ဖြစ်ပေတည်း။

ရာဂတွေ တစ်ပုံကြီးနဲ့, ဒေါသတွေ တစ်ပုံကြီးနဲ့၊ ရာဂမီးတွေ အလောင်ခံနေရတဲ့, ဒေါသမီးတွေ အလောင်ခံနေရတဲ့, မောဟမီး, မာနမီးတွေ, ဣဿာမီးတွေ, မစ္ဆရိယမီးတွေ ကိလေသာ အပူမီးတွေ အလောင်ခံနေရတဲ့ ပုဂ္ဂိုလ်သာဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ပုဂ္ဂိုလ်သာဖြစ်တယ်။ နှိမ်ချတဲ့ စိတ်ဓာတ်မရှိတဲ့ ပုဂ္ဂိုလ်သာဖြစ်တယ် ဆိုပြီးတော့ ဒီလို မကောင်းတဲ့ သတင်းတွေသည် ပျံ့နှံ့ပြီး ထွက်ပေါ်လာတယ်။ လောကက သိပ်တော့ မနှေးဘူးနော်။ ဒါနည်းနည်း သတိရှိဖို့ လိုတယ်နော်။ ချီးမွမ်းစရာ ရှိရင်သာ နည်းနည်း အာလေးလျှာလေး ဖြစ်ချင်ဖြစ်မယ်။ ကဲ့ရဲ့စရာဆိုရင်တော့ အာတွေလျှာတွေ လှည်းငါးဆီ ထိုးထားသလို တော်တော်လေး သွက်သွားလိမ့်မယ် ထင်တယ်။ ဟုတ်လား? ဟမ် ဘုန်းကြီး အပိုင်းကပဲ ထောက်ခံတယ်။ ဟိုဘက်က သိပ်မထောက်ခံကြဘူးနော်။ ကဲ မြတ်စွာဘုရားက ဒီအချိန်အခါမှာ ရဟန်းများကို ဆုံးမချင်လို့ပါ။ ဒီပုံစံလေး ထုတ်ပြတယ်နော်။

ဧဝမေဝ ခေါ, ဘိက္ခဝေ, ဣဓေကစ္စော ဘိက္ခု တာဝဒေဝ သောရတသောရတော ဟောတိ นိဝါတနိဝါတော ဟောတိ ဥပသန္တူပသန္တော ဟောတိ ယာဝ န အမနာပါ ဝစနပထာ ဖုသန္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝမေဝ ခေါ၊ ဤဥပမာ အတူသာလျှင်။ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ ဧကစ္စော ဘိက္ခု၊ အချို့သော ဘိက္ခု ယောဂါဝစရ ရဟန်းတော်သည်။

တချို့ တချို့ ယောဂါဝစရ ရဟန်းတွေ သို့မဟုတ် သာသနာတော်မှာ တရားလာပြီ တကယ်လက်တွေ့ ကျင့်နေတဲ့ ဘုန်းကြီးတွေ, သီလရှင်တွေ, ယောဂီပုဂ္ဂိုလ်တွေ, ယောကျ်ားယောဂီ, အမျိုးသမီးယောဂီတွေပေါ့။ အားလုံး ပါတယ်နော်။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝမေဝ ခေါ၊ ဤဥပမာ အတူသာလျှင်။ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ ဧကစ္စော ဘိက္ခု၊ အချို့သော ဘိက္ခု ယောဂါဝစရ ရဟန်းတော်သည်။ ယာဝ၊ အကြင်မျှလောက်။ အမနာပါ၊ စိတ်နှလုံးကို မတိုးပွား စေတတ်ကုန်သော။ ဝစနပထာ၊ စကားဖြစ်ပေါ်ခြင်း၏ အကြောင်း-တရားတို့သည်။ န ဖုသန္တိ၊ မထိခိုက်ကြလေကုန်။ တာဝဒေဝ၊ ထိုမျှလောက်သာလျှင်။ သောရတော၊ အလွန် ကောင်းသောအမှု၌ မွေ့လျော်သည်။ သောရတော ဟောတိ၊ ကုသိုလ်ကောင်းမှုတို့၌ အလွန် ကောင်းတဲ့ ကုသိုလ်ကောင်းမှုတို့၌ အလွန့် အလွန် မွေ့လျော်သည်။ ဟောတိ၊ ဖြစ်ပေ၏။ နိဝါတနိဝါတော၊ အလွန် မိမိကိုယ်ကို နှိမ်ချတဲ့ စိတ်ထားရှိသည်။ ဟောတိ၊ ဖြစ်အပ်ပေ၏။ ဥပသန္တူပသန္တော၊ အလွန့် အလွန် ငြိမ်သက်အေးချမ်းသော စိတ်ရှိသည်။ ဟောတိ၊ ဖြစ်တတ်ပါပေ၏၊

စကားဖြစ်ပေါ်ခြင်းရဲ့အကြောင်း။ စကားဖြစ်ပေါ်ခြင်းရဲ့အကြောင်းတွေ ဆိုတာက ဘာဆိုတာ ပြီးတော့ မြတ်စွာဘုရား ထပ်ဟောပါလိမ့်မယ်နော်။ ပြန်လှည့်ပြီး ပြောဖို့ရန်အတွက် သို့မဟုတ် ရန်တွေ့ဖို့ရန်အတွက် အကြောင်းတရားတွေက ပေါ်လာပြီ။ မပေါ်သေးသမျှ ကာလပတ်လုံး ဒီပုဂ္ဂိုလ်ကို လှမ်းကြည့်လိုက်ရင် ကောင်းမှုကုသိုလ်တို့၌ အလွန့် အလွန် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ မိမိရဲ့ စိတ်ဓာတ်ကို မိမိရဲ့ ကိုယ်, နှုတ်, စိတ် ၃-ပါးလုံးကို အလွန့် အလွန် နှိမ်ချတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်, အလွန့် အလွန် အေးချမ်းနေတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဆန့်ကျင်ဘက် အကြောင်းတရားတွေက သူ့ကို လာပြီးတော့ မတွေ့ထိသေးဘူး။ ဒါပေမဲ့ ဘာဖြစ်သလဲ?

ယတော စ, ဘိက္ခဝေ,ဘိက္ခုံ အမနာပါ ဝစနပထာ ဖုသန္တိ, အထ ဘိက္ခု ‘သောရတော’တိ ဝေဒိတဗ္ဗော, ‘နိဝါတော’တိ ဝေဒိတဗ္ဗော, ‘ဥပသန္တော’တိ ဝေဒိတဗ္ဗော။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ....။ ယတော စ၊ အကြင်အခါ၌ကာ။ ဘိက္ခုံ၊ ရဟန်းတော်ကို။ အမနာပါ၊ မနှစ်မြို့ဖွယ် ဖြစ်ကြကုန်သော။ ဝစနပထာ၊ စကား ဖြစ်ပေါ်လာခြင်း၏ အကြောင်းတရားတို့သည်။ ဖုသန္တိ၊ တွေ့ထိ၍ လာကြလေကုန်၏။ အထ၊ ထိုအခါ၌။ ဘိက္ခု၊ ရဟန်းကို။ သောရတောတိ ဝေဒိတဗ္ဗော၊ ကောင်းမှုကုသိုလ်တို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သောသူဟူ၍ သိရာ၏။ နိဝါတောတိ ဝေဒိတဗ္ဗော၊ မိမိ ကိုယ်, နှုတ်, စိတ်တို့ကို နှိမ်ချတတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်ဟူ၍ သိအပ်၏, စိတ်ထား အေးချမ်းသူဟူ၍။ ဥပသန္တောတိ ဝေဒိတဗ္ဗော၊ သိသင့်သိထိုက်ပေ၏၊

ပုဂ္ဂိုလ်တစ်ယောက်ကို ဘယ်လို သိနိုင်သလဲ? ဒီပုဂ္ဂိုလ်က ကုသိုလ်ကောင်းမှု တရားတို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ပုဂ္ဂိုလ်ပဲ၊ ဒီပုဂ္ဂိုလ်ဟာ ကိုယ်, နှုတ်, စိတ်တို့ကို နှိမ်ချတတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်ပဲ၊ ဒီပုဂ္ဂိုလ်က ကိလေသာ အပူမီးတွေ ငြိမ်းအေးနေတဲ့ ပုဂ္ဂိုလ်ပဲ၊ ငြိမ်းအေးတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်ပဲ ဆိုတာကို ဘယ်အခါမှာ သိနိုင်သလဲလို့ မေးရင် မနှစ်မြို့ဖွယ်ကောင်းတဲ့ ထိပ်တိုက်ဆန့်ကျင်ဘက်ဖြစ်တဲ့ စကားတွေက ဒီပုဂ္ဂိုလ်ကို လာပြီး တွေ့ထိတဲ့ အချိန်အခါကျမှ သိနိုင်တယ်။ ဒီပုဂ္ဂိုလ် တကယ်ခံနိုင်ရည် ရှိသလား, မရှိဘူးလား? တကယ် ကောင်းမှုကုသိုလ်မှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေသလား, မနှစ်ခြိုက်ဘူးလား? ကိုယ်,နှုတ်,စိတ်တို့ကို တကယ် နှိမ်ချတဲ့ စိတ်ထား ရှိသလား, မရှိဘူးလား? စိတ်ဓာတ် အေးချမ်းနေတဲ့ ချမ်းမြေ့နေတဲ့ ပုဂ္ဂိုလ် ဟုတ်သလား, မဟုတ်ဘူးလား ဆိုတာ ဆန့်ကျင်ဘက် မနှစ်မြို့ဖွယ် စကားတွေက လာပြီး ထိခိုက်တဲ့ အချိန်အခါကျမှ ဒီပုဂ္ဂိုလ်ကို သိနိုင်ပါတယ်။ ဟုတ်သလား, မဟုတ်ဘူးလား? မှန်တယ်နော်။

နာဟံ တံ, ဘိက္ခဝေ, ဘိက္ခုံ ‘သုဝစော’တိ ဝဒါမိ ယော စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရဟေတု သုဝစော ဟောတိ, သောဝစဿတံ အာပဇ္ဇတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အဟံ၊ ငါဘုရားသည်။ ယော၊ အကြင်ရဟန်းတော်သည်။ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရဟေတု၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ သူနာ၏ အကြောင်းအထောက် အပံ့ဖြစ်သော ဆေးပစ္စည်း ပရိက္ခာတည်းဟူသော အကြောင်းတရားကြောင့်။ သုဝစော၊ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်၏။ သောဝစဿတံ၊ ဆိုဆုံးမ လွယ်ကူသည့်အဖြစ်သို့။ အာပဇ္ဇတိ၊ ရောက်ရှိ၍ နေပေ၏။ တံ ဘိက္ခုံ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ သုဝစောတိ၊ ဆိုဆုံးမ လွယ်တဲ့ ပုဂ္ဂိုလ်မျိုးဟူ၍။ နာဟံ ဝဒါမိ၊ ငါဘုရားသည် ဟောတော်မမူပါ။

ပုဂ္ဂိုလ်တစ်ယောက်ကနော် - ဆရာသမားကိုပဲဖြစ်စေ၊ အခြားပုဂ္ဂိုလ် တစ်ဦးကိုပဲဖြစ်စေ အကြောင်းပြုပြီးတော့ သင်္ကန်းတွေ ရတယ်, ဆွမ်းတွေ ရတယ်, ကျောင်းတွေ ရတယ်, ဆေးပစ္စည်း ပရိက္ခရာတွေ အသုံးအဆောင်တွေ ရရှိတယ်။ ဒီတော့ ဆရာသမားကနေ သင်္ကန်းတွေ ပေးလိုက်, ဆွမ်းတွေ ပေးလိုက်, ကျောင်းတွေ ပေးလိုက်, ဆေးပစ္စည်းတွေ အသုံးအဆောင် ပရိက္ခရာတွေ ပေးလိုက်ဆိုပြီး ပစ္စည်းလေးပါးဖြင့် ချီးမြှောက်ထောက်ပံ့ပေးတယ်။ အဲဒီလို ပစ္စည်းလေးပါးကို ဆရာသမားက ဖောဖောသီသီ ကျကျနန ပေးနိုင်မယ် ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်က ဆရာသမားရဲ့စကားကို နားထောင်တတ်တယ်။ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရှိသွားတတ်တယ်။ ဒီလို ပစ္စည်းလေးပါးကို အကြောင်းပြုပြီး ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရှိခြင်းကို ဒီလို ရဟန်းတော်မျိုးကိုတော့ ငါဘုရားက တကယ့် ဆိုဆုံးမလွယ်တဲ့ ရဟန်းလို့ မဟောပါဘူး။ ဘာဖြစ်လို့လဲ? ဘုရားရှင်က တရားဟောတဲ့အခါမှာ အကွက်တော်တော် စေ့ပါတယ်နော်။

တံ ကိဿ ဟေတု? တဉှိ သော, ဘိက္ခဝေ, ဘိက္ခု စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရံ ဘိက္ခုံ အလဘမာနော န သုဝစော ဟောတိ, န သောဝစဿတံ အာပဇ္ဇတိ။

တံ ကိဿ ဟေတု၊ ထိုကဲ့သို့ ငါဘုရား ဟောတော်မမူခြင်းသည် အဘယ်အကြောင်းကြောင့်မူကာ။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သော ဘိက္ခု၊ ထိုရဟန်းတော်သည်။

တဉှိ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရံ၊ ထို သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ သူနာ၏ အကြောင်း အထောက်-အပံ့ဖြစ်သော ဆေးပစ္စည်း အသုံးအဆောင် ပရိက္ခရာကို။ အလဘမာနော၊ မရခဲ့သည်ရှိသော်။ န သုဝစော၊ ဆိုဆုံးမ လွယ်ကူတဲ့ပုဂ္ဂိုလ်သည်။ န ဟောတိ၊ မဖြစ်ပေ။ န သောဝစဿတံ၊ ဆိုဆုံးမ လွယ်ကူသည့်အဖြစ်သို့။ န အာပဇ္ဇတိ၊ မရောက်ရှိပေ။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါဘုရားသည်။ တံ ဘိက္ခု၊ ထိုကဲ့သို့သော ရဟန်းတော်မျိုးကို။ သုဝစောတိ၊ ဆိုဆုံးမ လွယ်တဲ့ ပုဂ္ဂိုလ်ဟူ၍။ န ဝဒါမိ၊ ဟောတော် မမူပါ။

ပုဂ္ဂိုလ်တစ်ယောက်ပေါ့နော် - ဆရာသမားကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးက နေပြီးတော့ သူ့ကို ဆွမ်းဖြင့်လည်း မချီးမြှောက် ပေးနိုင်ဘူး, သင်္ကန်းဖြင့်လည်း မချီးမြှောက် ပေးနိုင်ဘူး, ကျောင်းအိပ်ရာနေရာဖြင့်လည်း မချီးမြှောက် မပြုနိုင်ဘူး, ဆေးပစ္စည်း အသုံးအဆောင် ပရိက္ခရာတွေလည်း မပေးနိုင်ဘူး ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်က ဆရာသမားထံမှ ဒီလို အခွင့်အရေးတွေကို မရရှိခဲ့ဘူးဆိုရင် ဆိုဆုံးမလွယ်တဲ့ပုဂ္ဂိုလ် မဖြစ်ဘူး။ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရှိပြီးတော့ မသွားဘူး။

ဒါကြောင့် ဒီလို ပစ္စည်းလေးပါးကို အကြောင်းပြုပြီးတော့မှ ဆိုဆုံးမ လွယ်ကူတဲ့ ပုဂ္ဂိုလ်မျိုးကို ငါဘုရားရှင်က တကယ့် ဆိုဆုံးမလွယ်ကူတဲ့ သုဝစ ပုဂ္ဂိုလ်လို့ မဟောပါဘူး။ ဘယ့်,နှယ်တုန်း ဒီလို ပုဂ္ဂိုလ်မျိုးတွေ လောကမှာ ဒကာကြီးတွေ မများကြဘူးလား? များတယ်နော်။ များသောအားဖြင့် လူလောကမှာရော၊ ရဟန်းလောက, ရှင်လောကမှာရော အခွင့်အရေးကို မျှော်လင့်ပြီးတော့ ပေါင်းသင်းဆက်ဆံနေကြတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိကြတယ်။ မှားတယ်, မှန်တယ် ဝေဖန်ဖို့ သုံးသပ်ဖို့ ဘာမှ သိပ်ပြီးတော့ အထူးတလည် မပြုတတ်ကြဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့လေ နည်းနည်း ဘယ်ပုဂ္ဂိုလ် နာမည်ကြီးလာမလဲ? ဘယ်ပုဂ္ဂိုလ် ပစ္စည်းလေးပါးတွေ ပေါနေမလဲ? နာမည်ကြီးတဲ့ ပုဂ္ဂိုလ်, ပစ္စည်းလေးပါး ပေါတဲ့ ပုဂ္ဂိုလ်ထံ ချဉ်းကပ်လိုက်တာပဲ။ မှားတာ, မှန်တာကို ဘေးထားလိုက်တယ်နော်။ ချဉ်းကပ်ပြီးတော့ အခွင့်အရေးကို ရအောင် မယူကြဘူးလား? ယူတယ်။ အ-ကယ်၍များ ထိုပုဂ္ဂိုလ်က အခွင့်အရေး မပေးနိုင်တော့ဘူးဆိုရင် ဘာဖြစ်လဲ? ဒီဘုန်းကြီး စာမတတ်ပါဘူး။ မဖြစ်ဘူးလား? ဖြစ်သွားပြီ။ စာမတတ်တော့ဘူး။ ဒီကိုယ်တော်က စာမတတ်ဘူး။ ဒီဆရာတော်က ဘာမှ စာမတတ်ဘူး။ ဒီပုံစံ ဖြစ်သွားတယ်နော်။ အေး ဆရာသမားက ချီးမြှောက်နိုင်မယ် ဆိုလို့ရှိရင်တော့ ဆရာသမား ပြောတဲ့စကား နားထောင်မှာပဲ။ ဒါ တကယ် နားထောင်ချင်တဲ့ စိတ်ဓာတ်နဲ့ နားထောင်တာ ဟုတ်သလား? မဟုတ်ဘူး။ ဘာဖြစ်လို့လဲ? ပစ္စည်းလေးပါးကို မျှော်လင့်ပြီးတော့သာ သူက နားထောင်နေတယ်။

ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ဆိုတာ ဒကာကြီးတွေ မမှန်ဘူးလား? မှန်သင့်သလောက်တော့ မှန်တယ်။ တကယ့် အောင်မြင်မှု ဟုတ်သလား? မဟုတ်ဘူး။ ဒါကြောင့် တချို့က ဒါန အောင်မြင်တတ်တယ်ဆိုတာ တချို့ နည်းနည်းလေး လောကရေး နားလည်ကြတယ်။ နားလည်တော့ ဘုန်းကြီးတွေနား ချဉ်းကပ်လာပြီ ဆိုလို့ရှိရင် ဒါနလေးနဲ့ ပြုံးပြုံးနဲ့ လာပြီ နှုတ်ခွန်းဆက်သကြတယ်။ ဘယ့်,နှယ်တုန်း မဟန်ဘူးလား? ဒါ ဘာလုပ်တာလဲ? နည်းနည်းတော့ နားလည်ကြပါလိမ့်မယ်။ လုပ်နေကျ ပုဂ္ဂိုလ်တွေတော့ နားလည်လိမ့်မယ် ထင်တယ်။ တရားနာ ပရိသတ်တွေလည်း နားမလည်ဘူးလား? နားလည်ပါလိမ့်မယ်နော်။ နားလည်ရင်တော့ ဘုန်းကြီးလည်း မပြောတော့ဘူး။ ဟုတ်လား? ရှေ့ကျော်လိုက်မယ်။ ကဲ -

ယော စ ခေါ, ဘိက္ခဝေ, ဘိက္ခု ဓမ္မံယေဝ သက္ကရောန္တော, ဓမ္မံ ဂရုံ ကရောန္တော, ဓမ္မံ မာနေန္တော, ဓမ္မံ ပူဇေန္တော, ဓမ္မံ အပစာယမာနော သုဝစော ဟောတိ, သောဝစဿတံ အာပဇ္ဇတိ, တမဟံ ‘သုဝစော’တိ ဝဒါမိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ယော စ ခေါ ဘိက္ခု၊ အကြင် ယောဂါဝစရ ပုဂ္ဂိုလ်သည်ကား။ ဓမ္မံယေဝ၊ ဓမ္မသဘောတရားကိုသာလျှင်။ သက္ကရောန္တော၊ ရိုသေလေးစားလျက်။ ဓမ္မံ၊ ဓမ္မသဘောတရားကို။ ဂရုံ ကရောန္တော၊ လေးစားလျက်။ ဓမ္မံ၊ ဓမ္မသဘောတရားကို။ မာနေန္တော၊ မြတ်နိုးလျက်။ ဓမ္မံ၊ ဓမ္မကို။ ပူဇေန္တော၊ ပူဇော်လျက်။ ဓမ္မံ၊ ဓမ္မကို။ အပစာယမာနော၊ မြတ်နိုးလျက်။ သုဝစော၊ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်၍ နေပေ၏။ သောဝစဿတံ၊ ဆိုဆုံးမ လွယ်ကူသည့်အဖြစ်သို့။ အာပဇ္ဇတိ၊ ရောက်ရှိ၍ နေပေ၏။ တံ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ အဟံ၊ ငါဘုရားသည်။ သုဝစောတိ၊ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်ဟူ၍။ ဝဒါမိ၊ ဟောတော်မူ၏၊

ပုဂ္ဂိုလ်တစ်ယောက်က တရားတော်ကို ရိုသေလေးစားလျက်, တရားတော်ကို အလေးအမြတ်ပြုလျက်, တရားတော်ကို မြတ်နိုးလျက်, တရားတော်ကို ပူဇော်တဲ့ အနေအားဖြင့်, တရားတော်ကို ပသတဲ့ အနေအားဖြင့် ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ် ဖြစ်နေတယ်။ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရှိသွားတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကိုသာလျှင် ငါဘုရားက သုဝစ -ဆိုဆုံးမ လွယ်ကူတဲ့ သုဝစဂုဏ်နှင့် ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ ငါဘုရား ဟောပါတယ်။ ဒီလိုဆိုရင် သာသနာတော်မှာ သုဝစဂုဏ်၊ သုဝစမင်္ဂလာ နောက်ထပ် ဟောလိမ့်မယ် ဘုရားရှင် သုဝစဿတာ မင်္ဂလာ။ ဒီလို မင်္ဂလာတရားတွေနဲ့ ပြည့်စုံနေချင်တဲ့ သူတော်ကောင်းမှန်ခဲ့ရင် ဘာလုပ်ရမလဲ? တရားတော်ကို ရိုသေလေးစားဖို့ မလိုဘူးလား? လိုတယ်။ တရားတော်ကို အလေးပြုဖို့ လိုတယ်, တရားကို မြတ်နိုးဖို့ လိုတယ်, တရားကို ပူဇော်တတ်ဖို့ လိုတယ်, တရားကို ပသတတ်ဖို့ လိုတယ်တဲ့နော်။

ဒီတော့ တရားကို ရိုသေတယ်ဆိုတာက ဘာပြောတာလဲ? သီလ-ကျင့်စဉ်ကို ရိုရိုသေသေ ဖြည့်ကျင့်ရမယ်, သမာဓိကျင့်စဉ်ကို ရိုရိုသေသေ ဖြည့်ကျင့်ရမယ်, ပညာကျင့်စဉ်ကို ရိုရိုသေသေ ဖြည့်ကျင့်ရမယ်။ ဘုန်းကြီး အမည်ခံတဲ့ ဘုန်းကြီးနဲ့ ထိုက်တန်နေတဲ့ သီလကို ရိုရိုသေသေ ဖြည့်ကျင့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ သီလရှင် အမည်ခံနေရင် သီလရှင်နဲ့ ထိုက်တန်နေတဲ့ သီလကျင့်စဉ်တွေကို ရိုရိုသေသေ ဖြည့်ကျင့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ယောဂီအမည်ခံရင်လည်း ယောဂီနဲ့ ထိုက်တန်တဲ့ သီလကျင့်စဉ်တွေကို ရိုရိုသေသေ ဖြည့်ကျင့်တတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။

မိမိတို့နဲ့ ထိုက်တန်နေတဲ့ သီလကျင့်စဉ်ကို ရိုရိုသေသေ ဖြည့်ကျင့်တတ်ဖို့ လိုတယ်, မိမိတို့နဲ့ ထိုက်တန်နေတဲ့ သမာဓိကျင့်စဉ်ကို ရိုရိုသေသေ ဖြည့်ကျင့်တတ်ဖို့ လိုတယ်, မိမိတို့နဲ့ ထိုက်တန်နေတဲ့ ပညာကျင့်စဉ်ကို ရိုရိုသေသေ ဖြည့်ကျင့်တတ်ဖို့ လိုတယ်။ လေးလေးစားစားနဲ့ ဖြည့်ကျင့်တတ်ဖို့ လိုတယ်။ မိမိ ဖြည့်ကျင့်နေတဲ့ ဒီသီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျူံးရေတွက်ထားတဲ့ ဒီတရားတော်ကို မြတ်နိုးတဲ့ စိတ်ထား ရှိဖို့လိုတယ်။ အဲဒီလို စိတ်ထားဖြင့် ဒီတရားကို ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ ဖြည့်ကျင့်ခဲ့ရင် ဒါတရားကို ပူဇော်နေတာပဲနော်။ ဘုရားကိုလည်း တရားဖြင့် ပူဇော်နေတာပဲ, သံဃာတော်ကိုလည်း တရားဖြင့် ပူဇော်နေတာပဲ, ဘုရားကို တရားဖြင့် ပသနေသည် မည်တယ်။ မြတ်နိုးနေသည် မည်ပါတယ်။ တရားတော်ကို ပသနေသည် မည်ပါတယ်။ သံဃာတော်ကိုလည်း ပသနေသည် မည်ပါတယ်နော်။ ဒါကြောင့် ဒီလို ပုဂ္ဂိုလ်မျိုးကိုတော့ ဘုရားရှင်က သုဝစ - တရားကို အရိုအသေ အလေးအမြတ် ပြုပြီးတော့ သုဝစဂုဏ်နှင့် ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်မျိုးကို တကယ့် သုဝစပုဂ္ဂိုလ်လို့ ငါဘုရားက ဟောပါတယ်နော်။ ဒါကြောင့် ဘုရားရှင်က ရဟန်းတွေကို ဘာဖြစ်စေချင်သလဲ?

တသ္မာတိဟ, ဘိက္ခဝေ, ‘ဓမ္မံယေဝ သက္ကရောန္တာ, ဓမ္မံ ဂရုံ ကရောန္တာ, ဓမ္မံ မာနေန္တာ, ဓမ္မံ ပူဇေန္တာ, ဓမ္မံ အပစာယမာနာ သုဝစာ ဘဝိဿာမ, သောဝစဿတံ အာပဇ္ဇိဿာမာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တသ္မာ၊ ထို့ကြောင့်။ တုမှေ၊ သင်ချစ်သားတို့သည်, သင်ချစ်သမီးတို့သည်။ ဣဟ၊ ဤ ငါဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌။ ဓမ္မံယေဝ၊ မိမိတို့ ဖြည့်ကျင့်ရမည့် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျူံးရေတွက်အပ်သည့် ဓမ္မသဘောတရားကိုသာလျှင်။ သက္ကရောန္တာ၊ ရိုသေကြကုန်လျက်။ ဓမ္မံ၊ ဓမ္မသဘောတရားကိုသာလျှင်။ ဂရုံ ကရောန္တာ၊ လေးစားကြကုန်လျက်, မြတ်နိုးကြကုန်လျက်။ ဓမ္မံ၊ ဓမ္မသဘောတရားကိုသာလျှင်။ မာနေန္တာ၊ မြတ်နိုးကြကုန်လျက်။ ဓမ္မံ၊ ဓမ္မသဘောတရားကိုသာလျှင်။ ပူဇေန္တာ၊ ပူဇော်ကြကုန်လျက်။ ဓမ္မံ၊ ဓမ္မသဘောတရားကိုသာလျှင်။ အပစာယမာနာ၊ မြတ်နိုးကြကုန်လျက်။ သုဝစာ၊ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ငါတို့ ဖြစ်ကြပါကုန်အံ့။ သောဝစဿတံ၊ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်၏ အဖြစ်သို့။ အာပဇ္ဇိဿာမာတိ၊ ငါတို့ ရောက်ရှိကြပါကုန်အံ့ ဤသို့ နှလုံးပိုက်၍။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဝေါ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။

မြတ်စွာဘုရားရှင်က တိုက်တွန်းထားတယ်နော်။ ဘုရားရှင်ဘက်က ဘာသာကြိုက်လဲ? တရားတော်ကို ရိုသေလေးစားလျက်, တရားတော်ကို မြတ်နိုးလျက်, တရားတော်ကို ပူဇော်လျက်, တရားတော်ကို ပသလျက် ဆိုဆုံးမ လွယ်ကူတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တာကို ငါဘုရားရှင် နှစ်ခြိုက်တယ်နော်။ ဒါကြောင့် ဆိုဆုံးမ လွယ်ကူတဲ့ပုဂ္ဂိုလ်တွေ တို့ဖြစ်စေရမယ်။ ဆိုဆုံးမ လွယ်ကူတဲ့ပုဂ္ဂိုလ်အဖြစ်သို့ တို့ ရောက်ရှိစေရမယ်လို့ ဒီလို နှလုံးပိုက်ပြီးတော့ သင်ချစ်သားတို့, သင်ချစ်သမီးတို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။ ဒီလို တိုက်တွန်းထားတယ်နော်။ ဘာဖြစ်လို့ ဒီလို တိုက်တွန်းရတာလဲ? ဟင် မလိုက်နာကြဘူး။ ဘုရားရှေ့မှာ နှုတ်ခမ်းကြီး စူပြီးတော့ ကန့်လန့်ကြီး ထိုင်နေတယ်။ ဟုတ်တယ် မဟုတ်လား?

အဲဒီလို ပုံစံမျိုး သာသနာတော်မှာ နေပြီးတော့ သာသနာတော်နဲ့ မလျော်ညီနေတဲ့ ကာယကံမှု ရှိနေမယ်, သာသနာတော်နဲ့ မလျော်ညီနေတဲ့ ဝစီကံမှု ရှိနေမယ်, သာသနာတော်နဲ့ မလျော်ညီနေတဲ့ မနောကံမှုတွေက ရှိနေလိမ့်မယ် ဆိုရင် ဒီသာသနာတော်နဲ့ ဒီမလျော်ညီတဲ့ ကျင့်ဝတ်တွေကို ကျင့်နေတဲ့ ပုဂ္ဂိုလ်သည် ထိုက်တန်သေးသလား? မထိုက်တန်ဘူး။ အဲဒီလို ပုဂ္ဂိုလ်ကို မနေ့ညက ဘယ်လို ဘုရားက ဟောထားသလဲ? ကြက်ဆူပင်တွေပဲနော်။ အင်ကြင်းတောထဲမှာ ဝင်ပြီးတော့ ရှုပ်နေတဲ့ အနှစ်မရှိတဲ့ ကြက်ဆူပင်တွေပဲ။ ဒီအင်ကြင်းတောကြီးဆိုတဲ့ ဒီသာသနာတော်မြတ်ကြီး စည်ပင်ပြန့်ပွားစေချင်တယ်ဆိုရင် ဘာလုပ်ရမလဲ? အနှစ်မရှိတဲ့ ဒီအင်ကြင်းပင်ထဲမှာ လာပြီး နှောင့်ယှက်နေတဲ့ ဒီကြက်ဆူပင်တွေကို ဘာလုပ်ပစ်ရမလဲ? ဘယ်လိုရှင်းမလဲ? ဟင် ဓားနဲ့ ခုတ်ရမယ် ဟုတ်လား? အဲ ဟုတ်ပြီ။ ဓားနဲ့ ခုတ်ပြီးတော့ ရှင်းလင်းပြီးတဲ့အခါ ဘာလုပ်ရမလဲ? အပြင် ထုတ်ပစ်ရမယ်။ သာသနာတော်ရဲ့ အပြင်ဘက်ကို ထုတ်ဆောင်ပေးရမယ်နော်။ ဒါမှသာလျှင် အင်ကြင်းတောခေါ်တဲ့ သာသနာတော်ကြီးက စည်ပင် ပြန့်ပွားလာမယ်နော်။

ဒါကြောင့် ဒီပုံစံမျိုးအထိ ဘုရားရှင်ကလည်း မရောက်စေချင်ပါဘူး။ မရောက်စေချင်တဲ့အတွက် သင်ချစ်သားတို့, သင်ချစ်သမီးတို့တတွေဟာ ပစ္စည်းလေးပါးကို အကြောင်းပြုပြီးတော့ ဆိုဆုံးမ လွယ်ကူတဲ့ပုဂ္ဂိုလ်တွေ မဖြစ်ကြပါစေနဲ့နော်။ မိမိတို့ ဖြည့်ကျင့်ရမယ့် သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ တရားတော်ကိုသာလျှင် ရိုသေလေးစားလျက်, မြတ်နိုးလျက် တရားတော်ကိုသာလျှင် ပူဇော်လျက်, တရားတော်ကိုသာလျှင် ပသလျက် ဆိုဆုံးမ လွယ်ကူတဲ့ပုဂ္ဂိုလ်တွေ တို့ ဖြစ်စေရမယ်လို့ ဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြစမ်းပါ။ ဘုရားရှင်က တိုက်တွန်းတယ်နော်။ ကဲ ဒီတိုက်တွန်းချက်အရ ဘုန်းကြီးက မေးကြည့်ဦးမယ်။ ဒကာကြီးတွေ ဘယ့်,နှယ်တုန်း ဆိုဆုံးမ လွယ်ကူတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နိုင်ပါ့မလား? ဟမ် ကဲ ... အိမ်မပြန်နဲ့လို့ ဆုံးမရင် ဘယ့်,နှယ့်နေမလဲ ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်သေးဘူးနော်။ အေး ဟုတ်ပြီ။ ကဲ နောက်တစ်ခု - စကားဖြစ်ပေါ်ခြင်းရဲ့အကြောင်း မြတ်စွာဘုရား ၅-မျိုး ဟောတယ်နော်။

ပဉ္စိမေ, ဘိက္ခဝေ, ဝစနပထာ ယေဟိ ဝေါ ပရေ ဝဒမာနာ ဝဒေယျုံ –

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဝစနပထာ၊ စကား ဖြစ်ပေါ်ခြင်းရဲ့ အကြောင်းတရားတို့သည်။ ပဉ္စိမေ၊ ဤငါးပါး-တို့သည်။ ယေဟိ၊ ဤကြောင်းတရားတို့ဖြင့်။ ပရေ၊ သူတစ်ပါးတို့သည်။ ဝေါ၊ ချစ်သားတို့အား။ ဝဒမာနာ၊ ပြောဆိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုကြလေကုန်ရာ၏၊

စကားဖြစ်ပေါ်ခြင်းရဲ့ အကြောင်းတရား သင်ချစ်သားတို့ ၅-မျိုး ရှိတယ်နော်။ ဆန့်ကျင်ဘက် ထိပ်တိုက်၊ မနှစ်မြို့ဖွယ်ရာ စကား၊ နှစ်မြို့ဖွယ်ရာ စကားဆိုပြီး ၂-မျိုးရှိတယ်နော်။ မနှစ်မြို့ဖွယ်ရာ စကားဖြစ်ပေါ်ခြင်းရဲ့ အကြောင်းလည်း ၅-မျိုး၊ နှစ်မြို့ဖွယ်ရာ စကားဖြစ်ပေါ်ခြင်းရဲ့ အကြောင်းလည်း ၅-မျိုးရှိတယ်။ အဲဒီ ၅-မျိုးနဲ့ မတွေ့ထိခင်မှာတော့ ခုနက အလွန် ကောင်းမှုကုသိုလ်မှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ပုဂ္ဂိုလ် ဖြစ်ကြတယ်, နှိမ်ချတဲ့စိတ်ထား ရှိကြတယ်, ငြိမ်းအေးတဲ့စိတ်ထား ရှိကြတယ်။ ဆန့်ကျင်ဘက် ဒီစကား ဖြစ်ပေါ်ခြင်းရဲ့ အကြောင်းတရားတွေက လာပြီး မိမိကို ထိပ်တိုက် လာတွေ့လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက်တည်း ဘာဖြစ်လဲ? ကောင်းမှုကုသိုလ်မှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ပုဂ္ဂိုလ်တွေ မဖြစ်ကြတော့ဘူး, နှိမ်ချတဲ့စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေ မဖြစ်ကြတော့ဘူး, ငြိမ်းအေးတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း မဖြစ်ကြတော့ဘူး။ ဒါကြောင့် ဒီလို ပုဂ္ဂိုလ်တွေကို ဘုရားရှင်ကတော့ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောသလား? မပြောဘူးနော်။ ခု ဒီနေရာမှာ ဘုရားရှင်က စကားဖြစ်ပေါ်ခြင်း အကြောင်းတရားနဲ့ ပတ်သက်ပြီး ၅-မျိုးဟောပြီ။ ဘယ်လိုလဲ?

ကာလေန ဝါ အကာလေန ဝါ၊ ဘူတေန ဝါ အဘူတေန ဝါ၊ သဏှေန ဝါ ဖရုသေန ဝါ၊ အတ္ထသံဟိတေန ဝါ အနတ္ထသံဟိတေန ဝါ၊ မေတ္တစိတ္တာ ဝါ ဒေါသန္တရာ ဝါ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ကာလေန ဝါ၊ ပြောသင့်တဲ့ အချိန်ကာလအားဖြင့်သော်လည်းကောင်း။ အကာလေန ဝါ၊ မပြောသင့်တဲ့ အချိန်ကာလအားဖြင့်သော်လည်းကောင်း။ ဘူတေန ဝါ၊ ဟုတ်မှန်သော ဟုတ်မှန်သောစကားဖြင့်လည်းကောင်း။ အဘူတေန ဝါ၊ မဟုတ်မမှန်သော စကားဖြင့်သော်လည်းကောင်း။ သဏှေန ဝါ၊ သီလဝန္တဖြစ်စေ၊ ပညာဝန္တဖြစ်စေ သိမ်မွေ့နူးညံ့သော စကားဖြင့်လည်းကောင်း။ ဖရုသေန ဝါ၊ ကြမ်းတမ်းရက်စက်တဲ့ စကားဖြင့်သော်လည်းကောင်း။ အတ္ထသံဟိတေန ဝါ၊ အကြောင်းအကျိုး အကျိုးစီးပွားနဲ့ စပ်လျဉ်တဲ့ စကားဖြစ်သော်လည်းကောင်း။ အနတ္ထသံဟိတေန ဝါ၊ အကျိုးစီးပွားနဲ့ မစပ်ယှဉ်တဲ့ စကားဖြင့်သော်လည်းကောင်း။ မေတ္တစိတ္တာ ဝါ၊ မေတ္တာနှင့်ယှဉ်သော စိတ်ထားဖြင့်လည်းကောင်း။ ဒေါသန္တရာ ဝါ၊ ဒေါသနှင့်ယှဉ်သော စိတ်ထားနှင့်လည်းကောင်း။ ပရေ၊ သူတစ်ပါးတို့သည်။ ဝဒန္တာ၊ ပြောဆိုကြကုန်သည်ရှိသော်။ ဝေါ၊ သင်ချစ်သားတို့အပေါ်၌။ ဝဒေယျုံ၊ ပြောဆိုကြလေကုန်ရာ၏၊ သူတစ်ပါးတွေက ပြောမယ်ဆိုရင် ပြောတဲ့စကား ဘယ်နှစ်မျိုး ရှိလဲ? ၅-မျိုး။

၁။ပြောသင့်တဲ့ အချိန်အခါမှာ လာပြောတာလည်း ရှိမယ်။ မပြောသင့်တဲ့ အချိန်အခါမှာ လာပြောတာလည်း ရှိမယ်။

၂။ဟုတ်မှန်တဲ့ စကားအဖြစ် ပြောတာလည်း ရှိမယ်။ မဟုတ်မမှန်တဲ့ စကားအဖြစ် ပြောတာလည်း ရှိမယ်။

၃။သိမ်မွေ့နူးညံ့နေတဲ့ စကားဖြင့် လာပြောတာလည်း ရှိမယ်၊ ရက်စက်ကြမ်းကြုတ်တဲ့ စကားတွေနဲ့ လာပြောနေတာလည်း ရှိမယ်။ ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားတွေနဲ့ လာပြောတာလည်း ရှိမယ်နော်။

၄။အကျိုးစီးပွားနဲ့ စပ်ယှဉ်တဲ့ စကားနဲ့ ပြောတာလည်း ရှိမယ်။ အကျိုးစီးပွားနဲ့ မစပ်ယှဉ်နေတဲ့ စကားတွေနဲ့ လာပြောတာလည်း ရှိလိမ့်မယ်။

၅။မေတ္တာနဲ့ယှဉ်တဲ့ စိတ်ဓာတ်ဖြင့် လာပြောတာလည်း ရှိမယ်။ မေတ္တာနဲ့ မယှဉ်ဘဲ ဒေါသနဲ့ ယှဉ်တဲ့ စိတ်ဓာတ်ဖြင့် လာပြောနေတာလည်း ရှိလိမ့်မယ်။

ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ ၅-မျိုး။

ကာလေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ အကာလေန ဝါ၊ ဘူတေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ အဘူတေန ဝါ၊ သဏှေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ ဖရုသေန ဝါ၊ အတ္ထသံဟိတေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ အနတ္ထသံဟိတေန ဝါ၊ မေတ္တစိတ္တာ ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ ဒေါသန္တရာ ဝါ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့က။ ကာလေန ဝါ၊ ပြောသင့်တဲ့ အချိန်ကာလအားဖြင့်မူလည်း။ ဝဒမာနာ၊ ပြောဆိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုလေ-ကြကုန်ရာ၏။ အကာလေန ဝါ၊ မပြောသင့်သော အချိန်ကာလအားဖြင့်-မူလည်း။ ဝဒမာနာ၊ ပြောဆိုလေကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုကြလေကုန်ရာ၏။ ဘူတေန ဝါ၊ ဟုတ်မှန်သော-စကားဖြင့် မူလည်း။ ပရေ၊ သူတစ်ပါးတို့သည်။ ဝဒမာနာ၊ ပြောဆိုကုန်ကြလိုသည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုလေကြကုန်ရာ၏။ အဘူတေန ဝါ၊ မဟုတ်မမှန်သော စကားဖြင့်မူလည်းကောင်း။ ပရေ၊ သူတစ်ပါးတို့သည်။ ဝဒမာနာ၊ ပြောဆိုကုန်ကြလိုသည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုလေကြကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့သည်။ သဏှေန ဝါ၊ သိမ်မွေ့နူးညံ့သော စကားဖြင့်မူလည်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆို-ကြလေကုန်္တရာ၏။ ဖရုသေန ဝါ၊ ရက်စက်ကြမ်းကြုတ်သော စကားဖြင့်မူလည်း ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့်မူလည်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆို-ကြလေကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့သည်။ မေတ္တစိတ္တာ ဝါ၊ မေတ္တာနှင့်ယှဉ်သော စိတ်ထားရှိသည်ဖြစ်၍မူလည်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုကြလေကုန်္တရာ၏။ ဒေါသန္တရာ ဝါ၊ ဒေါသနှင့်ယှဉ်သော စိတ်ထားရှိသည်ဖြစ်၍မူလည်း။ ပရေ၊ သူတစ်ပါးတို့က။ ဝေါ၊ သင်ချစ်သားတို့အပေါ်အား။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုကြလေကုန်ရာ၏၊

သူတစ်ပါးဆိုတဲ့ ပုဂ္ဂိုလ်တွေကနော် - သင်ချစ်သားတို့အပေါ်မှာ လာပြီးတော့ ဘာလုပ်မလဲ? ပြောသင့်တဲ့ အချိန်အခါမှာ ပြောချင်လည်း ပြောမယ်။ မပြောသင့်တဲ့ အချိန်အခါမှာလည်း ပြောချင်လည်း ပြောကြမယ်။ ဟုတ်မှန်တဲ့ စကာဖြင့်လည်း လာပြောချင် ပြောမယ်။ မဟုတ်မမှန်တဲ့ စကားဖြင့် ပြောချင်လည်း ပြောမယ်။ သိမ်မွေ့နူးညံ့တဲ့ စကားဖြင့် လာပြော-ချင်လည်း ပြောမယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေနဲ့ လာပြောချင်လည်း ပြောမယ်။ အကျိုးစီးပွားနဲ့ စပ်ယှဉ်နေတဲ့ စကားဖြင့် ပြောချင်လည်း ပြောမယ်။ အဲ အကျိုးစီးပွားနဲ့ မစပ်ယှဉ်တဲ့ စကားဖြင့် ပြောချင်လည်း ပြောမယ်။ မေတ္တာစိတ်နှင့် ယှဉ်နေတဲ့ မေတ္တာစိတ်နဲ့ လာပြီး ပြောချင်လည်း ပြောမယ်။ ဒေါသစိတ်နဲ့ ယှဉ်တွဲပြီးတော့ လာပြောချင်လည်း ပြောမယ်။ မေတ္တာနဲ့ ယှဉ်တဲ့စိတ်ဓာတ်ဖြင့် လာပြောချင်လည်း ပြောမယ်။ ဒေါသနဲ့ယှဉ်တဲ့ စိတ်ဓာတ်ဖြင့် လာပြောချင်လည်း ပြောမယ်နော်။ ပြောလိုက်တဲ့အခါ ဘာလုပ်ရမလဲ?

တတြာပိ ဝေါ ဘိက္ခဝေ ဧဝံ သိက္ခိတဗ္ဗံ

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တတြာပိ၊ ထိုကဲ့သို့ ပြောဆိုလာရာ၌လည်း။ ဝေါ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ ဧဝံ၊ ဤသို့။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြစမ်းပါ။ ဒီလို လာပြောတဲ့ အချိန်အခါမှာ သင်ချစ်သားတို့, သင်ချစ်သမီးတို့ ဒီလို ကျင့်ကြစမ်းပါ။ ဘယ်လိုလဲ?

တတြာပိ ဝေါ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘န စေဝ နော စိတ္တံ ဝိပရိဏတံ ဘဝိဿတိ, န စ ပါပိကံ ဝါစံ နိစ္ဆာရေဿာမ, ဟိတာနုကမ္ပီ စ ဝိဟရိဿာမ မေတ္တစိတ္တာ, န ဒေါသန္တရာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တတြာပိ၊ ထိုကဲ့သို့ ပြောဆိုလာရာ၌လည်းပဲ။ ဝေါ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ နော၊ ငါတို့၏။ စိတ္တံ၊ စိတ်သည်။ ဝိပရိဏတံ၊ ဖောက်ပြန်နေသည့်အဖြစ်သို့၊ ဖောက်ပြန်သည့်အဖြစ်သည်။ န စေဝ ဘဝိဿတိ၊ ဘယ်တော့မှ မဖြစ်ရလေလတ္တံ့။ နော၊ ငါတို့သည်လည်းပဲ။ ပါပိကံ ဝါစံ၊ ယုတ်မာအပ်သည့် စကားကိုလည်း။ န နိစ္ဆာရေဿာမ၊ ဘယ်တော့မှ မမြွက်ကြားကြပါကုန်အံ့။ ဟိတာနုကမ္ပီ စ၊ အကျိုးစီးပွားကို အစဉ်သနား စောင့်ရှောက်လိုလား တောင့်တသော စိတ်ထားဖြင့်မူလည်း။ ဝိဟရိဿာမ၊ နေထိုင်ကြပါကုန်အံ့။ မေတ္တစိတ္တာ၊ မေတ္တာနှင့်ယှဉ်သော စိတ်ထားရှိကြကုန်သည်ဖြစ်၍။ ဝိဟရိဿာမ၊ နေထိုင်ကြပါကုန်အံ့။ န ဒေါသန္တရာ၊ ဒေါသနှင့်ယှဉ်သော စိတ်ထား မရှိကြကုန်သည်ဖြစ်၍။ ဝိဟရိဿာမ၊ နေထိုင်ကြပါကုန်အံ့။

ရှိရမယ့် စိတ်ထားလေး ဘုရားက ဟောနေတယ်နော်။ တစ်ဖက် ပုဂ္ဂိုလ်တွေကနော် - ပြောသင့်တဲ့ အချိန်အခါမှာပဲဖြစ်စေ, မပြောသင့်တဲ့ အချိန်အခါမှာပဲဖြစ်စေ, ဟုတ်မှန်တဲ့ စကားနဲ့ပဲဖြစ်စေ, မဟုတ်မမှန်တဲ့ စကားနဲ့ပဲဖြစ်စေ, သိမ်မွေ့နူးညံ့တဲ့ စကားနဲ့ပဲဖြစ်စေ, ရုန့်ရင်းကြမ်းတမ်းသော စကားနဲ့ဖြစ်စေ, အကျိုးစီးပွားနဲ့ စပ်ယှဉ်တဲ့ စကားနဲ့ဖြစ်စေ, အကျိုးစီးပွားနဲ့ မစပ်ယှဉ်တဲ့ စကားနဲ့ဖြစ်စေ, မေတ္တာနဲ့ ယှဉ်တဲ့ စိတ်ဓာတ်နဲ့ပဲဖြစ်စေ, ဒေါသနဲ့ ယှဉ်တဲ့ စိတ်ဓာတ်နဲ့ပဲဖြစ်စေ လာပြီး ပြောမယ်ဆိုရင် ထိုကဲ့သို့ ပြောတဲ့ အချိန်အခါမှာ သင်ချစ်သားတို့၏ စိတ်ဓာတ်သည် ဒီလို ကျင့်ရမယ်။ ဘယ်လိုလဲ? ငါတို့ရဲ့စိတ်သည် ဘယ်တော့မှ ဖောက်ပြန်ပျက်စီးမှု မဖြစ်စေရဘူး။ ငါတို့သည် နိုင်ငံရေး စကားလုံးလို ဖြစ်နေပြီနော်။ ဘုန်းကြီး မေ့သွားတယ်နော်။

ငါတို့ဟာ ဟုတ်တယ်မဟုတ်လား? နည်းနည်းလေး လျော့ပြောမှ သင့်မယ်ထင်တယ်။ ယုတ်မာတဲ့ စကားကို ငါတို့ ဘယ်တော့မှ မပြောဘူးနော်။ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့ စိတ်ထားဖြင့်သာလျှင် တို့ နေထိုင်မယ်။ မေတ္တာနဲ့ယှဉ်တဲ့ စိတ်ဓာတ်ဖြင့်သာလျှင် တို့ နေထိုင်မယ်။ ဒေါသနဲ့ မယှဉ်တဲ့ စိတ်ဓာတ်ဖြင့်သာလျှင် တို့ နေထိုင်မယ်။ ဒီလို ကျင့်စမ်းပါ။ နောက်ထပ် ဘုရားရှင် ကျင့်စေချင်တာလေး ဆက်ဟောတယ်။

တဉ္စ ပုဂ္ဂလံ မေတ္တာသဟဂတေန စေတသာ ဖရိတွာ ဝိဟရိဿာမ,

တဉ္စ ပုဂ္ဂလံ၊ ထိုကဲ့သို့ ပြောဆိုလာတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ မေတ္တာသဟဂတေန စေတသာ၊ မေတ္တာနဲ့ယှဉ်သော စိတ်ဓာတ်ဖြင့်။ ဖရိတွာ၊ ပျံ့နှံ့၍။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။

ဒီလို ပြောလာတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ဘာလုပ်ရမလဲ? မေတ္တာနဲ့ယှဉ်သော စိတ်ဓာတ်ဖြင့် ဖြန့်ကျက်ပြီးတော့ နေထိုင်ပါ။ ဘယ်လိုလဲ? ဒီသူတော်ကောင်းသည် ဘေးရန် ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။ ဒီစိတ်ဓာတ် အပြည့်အဝလေးနဲ့ နေထိုင်ရမယ်။ ဘယ်လို အပြည့်အဝလဲ? ဒီဌာနမှာ မေတ္တာကမ္မဋ္ဌာန်း သင်ပေးတဲ့အတွက် ရှုဖူးတဲ့ ပုဂ္ဂိုလ်တွေ ဒီယောဂီတွေထဲ ပါကြပါလိမ့်မယ်နော်။ ဒီလို ပုဂ္ဂိုလ်တစ်ယောက်ကို မိမိက မေတ္တာပွားပေးရမယ်။ ဤသူတော်ကောင်းသည် ဘေးရန် ကင်းပါစေဆိုရင် ဘေးရန် ကင်းရှင်းစေတဲ့ စိတ်ဓာတ်ဖြင့် ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန် ပေါက်သည့်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပေးရပါတယ်။ ဒီလို စီးဖြန်းနိုင်ရေး ဆိုတာကတော့ ပွင့်ပွင့်လင်းလင်း ပြော-ရရင်တော့ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ရင်တော့ လွယ်လွယ်ကူကူနဲ့ ဗြုန်းကနဲ ဖြစ်ဖို့ရန် မခက်ခဲဘူးလား? ခက်ခဲတယ်။ ဒါကြောင့် မေတ္တာကမ္မဋ္ဌာန်းကို စတုရာရက္ခ အစောင့်လေးပါး ကမ္မဋ္ဌာန်းအဖြစ်နဲ့ မြတ်စွာဘုရား ဟောကြားထားပေးပါတယ်။ အဋ္ဌကထာ ဋီကာတို့ကလည်း စတုရာရက္ခ အစောင့်လေးပါးကမ္မဋ္ဌာန်းအဖြစ်နဲ့ ဖွင့်ဆိုထားပါတယ်နော်။

ဒါကြောင့် မိမိတို့က ဒီလို ပြဿနာတစ်ခု ပေါ်လာပြီ ဆိုလို့ရှိရင်တော့ ခုလို ပေါ်လာတဲ့ အချိန်အခါမှာ ဒီမေတ္တာစျာန်လေးတွေကို အမြန်ဆုံး ဝင်စားနိုင်အောင် လေ့ကျင့်ထားပြီး ဖြစ်ဖို့တော့ လိုအပ်တယ်။ နာမည်ကျော်ဖြစ်တဲ့ သီရိမာနဲ့ ဥတ္တရာတို့ ကြည့်ပေါ့ - သီရိမာက ဒေါသတကြီးနဲ့ ထောပတ်ပူတွေ ခပ်ပြီး လောင်းဖို့ရန်အလာ ဥတ္တရာကနေ မေတ္တာစျာန်ကို ချက်ချင်းဝင်စားလိုက်တယ်။ မေတ္တာစျာန်ကို ချက်ချင်း ဝင်စားလိုက်တဲ့အတွက်ကြောင့် မေတ္တာစျာန်ရဲ့ စွမ်းအင်ကြောင့် ဥတ္တရာအပေါ် ထောပတ်ပူတွေ လောင်းချလိုက်သော်လည်း ထောပတ်ပူသည် ရေစင်ကဲ့သို့ အေးမြသွားတယ်။ နှစ်ဦးလုံးအတွက် အကျိုးမရှိဘူးလား? အကျိုးရှိသွားတယ်။

အကယ်၍သာ ဥတ္တရာ ဥပါသိကာမက ထိုအချိန်အခါမှာ သီရိမာအပေါ်၌ မေတ္တာစျာန်ကို အချိန်မီ ဝင်စားနိုင်တဲ့ စွမ်းအား မရှိခဲ့ဘူးဆိုရင်တော့ ဒီထောပတ်ပူတွေက ဥတ္တရာအပေါ်လည်း ဒုက္ခပေးနိုင်တယ်နော်။ ဥတ္တရာရဲ့အနား ပတ်ဝန်းကျင်မှာရှိနေတဲ့ အခိုင်းအစေတွေကလည်း သီရိမာကို ရန်တုန့်မူကြမှာ ဖြစ်ပါတယ်။ နှစ်ယောက်စလုံး ဆင်းရဲဒုက္ခ မရောက်နိုင်ဘူးလား? ရောက်နိုင်တယ်။ မကျေနပ်ချက်တွေ တစ်ပုံကြီးဖြင့် သီရိမာကို ဝိုင်းပြီး ထိုးချင်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဝိုင်းဝိုင်းလည်နေကြပါတယ်။ ထိုအချိန်အခါမှာနော်။ ဒါပေမဲ့ ဥတ္တရာရဲ့ မေတ္တာစျာန် စွမ်းအင်ကြောင့် ဒီပြဿနာအားလုံး ဖြစ်သေးလား? မဖြစ်တော့ဘူး။ မကောင်းဘူးလား? ကောင်းပါတယ်။

ဒါပေါ့ - ရန်ကို ရန်ခြင်း မတုန့်နှင်းရဘူး။ မေတ္တာဖြင့်သာ အောင်မြင်ရာ၏၊ ဟုတ်ပါ့မလား? ဘုန်းကြီးကတော့ မေတ္တာနှင့်သာ အနိုင်ယူမယ်။ ရန်ကို ရန်ခြင်း တုန့်နှင်းမယ် ဆိုလို့ရှိရင်တော့ ပြဿနာတွေက ရှည်မသွားဘူးလား? ရှည်သွားမယ်။ မေတ္တာနဲ့ ခုလို အနိုင်ယူလိုက်တဲ့အတွက် နှစ်ဦးသားလုံးအတွက် အကျိုး မရှိဘူးလား? ရှိပါတယ်။ ဥတ္တရာ ဥပါသိကာမအတွက်လည်း ဘုရားအမှူးရှိတဲ့ သံဃာတွေကို သူ လှူချင်နေတဲ့ ဆွမ်းအုပ်-တွေကို ကျကျနန လှူနိုင်တဲ့ အခွင့်အရေးတွေ ပေါ်လာတယ်။ ဒီပြဿနာကို အခြေခံပြီးတော့ သီရိမာလည်း ဘုရားရှင်ထံ သွားပြီးတော့ ဝန်ချတောင်းပန်တယ်။ နောက်ဆုံး ဘုရားရှင်ကနေပြီးတော့ တရားဘာဝနာ ဟောကြားပြသ ဆိုဆုံးမပေးလိုက်တဲ့အတွက် သီရိမာလည်း သောတာပန် တည်သွား-ပါတယ်နော်။ အကျိုး မရှိဘူးလား? အကျိုးရှိသွားကြတယ်။ နှစ်ဦးသားလုံးအတွက် အကျိုး ရှိသွားတယ်နော်။

ဒါကြောင့် ဘုရားရှင်က ခုလို ပြဿနာတစ်ခု ပေါ်လာပြီ ဆိုလို့ရှိရင်တော့ မေတ္တာဘာဝနာကမ္မဋ္ဌာန်းရေချမ်းကို ရှေးဦးစွာ ပက်ဖျန်းပေးဖို့ရန်အတွက် တိုက်တွန်းတယ်။ တစ်ဖက်သားပုဂ္ဂိုလ်က ဘယ်လိုပဲ လာပြီး ပြောပါစေ, သူကတော့ အရှက်မရှိတဲ့ ပုဂ္ဂိုလ်ဆိုတော့ သူပြောချင်ရာ ပြောမှာပေါ့။ ဟုတ်တယ်မဟုတ်လား? ဘယ့်,နှယ်တုန်း တရားနာ ပရိသတ်တွေ အရှက် ရှိကြလား? ဟမ် အင်း ... အရှက်မရှိတဲ့ ပုဂ္ဂိုလ်ကတော့ ပြောချင်ရာ ပြောမှာပဲ။ ဒါပေမဲ့ ကိုယ့်ဘက်က ဘာဖြစ်ရမလဲ? သူက ပြောသင့်တဲ့ အချိန်အခါမှာပဲဖြစ်ဖြစ်, မပြောသင့်တဲ့ အချိန်အခါမှာပဲဖြစ်ဖြစ်, မှန်တဲ့ စကားနဲ့ပဲဖြစ်ဖြစ်, မမှန်တဲ့ စကားနဲ့ပဲဖြစ်ဖြစ် လာပြောပြီ။ ကိုယ့်ဘက်က ဘာလုပ်ရမလဲ? သူ့အပေါ်၌ မေတ္တာစျာန်ကို ဝင်စားနေဖို့ အရေးကြီးတယ်။ သူ့ကို အာရုံယူပြီး မေတ္တာစျာန်ကို ဝင်စားနိုင်ဖို့ အင်မတန် အရေးကြီးပါတယ်နော်။ ဒါဟာ ဘုရားရှင် ပေးထားတဲ့ ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ အကာင်းဆုံးသော ရန်ပြေငြိမ်းကြောင်း စာချုပ်ကြီးပဲ။ ဒီထက်ကောင်းတဲ့ စာချုပ်က လောကမှာ ရှိသေးလား? မရှိပါဘူးနော်။

အဲဒီတော့ အချိန်မီ သူ့ကို မေတ္တာနဲ့ ကိုယ်က မေတ္တာစျာန် ဝင်စားရမယ်။ သူ့ကို မေတ္တာ ပို့ပေးရမယ်။ ဘေးရန် ကင်းပါစေမှာလည်း တတိယစျာန်ပေါက်အောင်၊ စိတ်ဆင်းရဲ ကင်းပါစေမှာလည်း တတိယစျာန်ပေါက်အောင်၊ ကိုယ်ဆင်းရဲ ကင်းပါစေမှာလည်း တတိယစျာန်ပေါက်အောင်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေမှာလည်း တတိယစျာန်ပေါက်အောင် မေတ္တာ ပွားပေးရတယ်။ အဲဒီလို ပွားနိုင်ရေးအတွက်ကတော့ ကြိုတင်ပြင်ဆင်မှုတော့ လိုအပ်ပါတယ်။ ရှေးယခင်ကတည်းက ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူး ဆိုလို့ရှိရင်တော့ ဒီအချိန်အခါမှာ အခက်အခဲတော့ အနည်းငယ် ရှိကောင်း ရှိပါလိမ့်မယ်။

သို့သော် သမာဓိရပြီးတဲ့ သူတော်ကောင်းတွေအတွက် ဒီလမ်း-ကြောင်းကို ပြောင်းလိုက်လို့ ရှိရင်တော့ ရက်အနည်းငယ်အတွင်းမှာ ကျွမ်းကျင်တဲ့ အဆင့်ကို ရောက်ရှိသွားနိုင်ပါတယ်။ အခုဒီနေရာမှာ ဘုရားရှင်ကတော့ အထူးသဖြင့် ကျွမ်းကျင်နေတဲ့ သူတော်ကောင်းတွေကို တတာဆူပြီးတော့ မြတ်စွာဘုရားက တရားကို ဟောကြားနေပါတယ်နော်။

တဉ္စ ပုဂ္ဂလံ မေတ္တာသဟဂတေန စေတသာ ဖရိတွာ ဝိဟရိဿာမ,

တဉ္စ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကိုလည်း၊ ထိုသို့ ပြောဆိုလာတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ မေတ္တာသဟဂတေန စေတသာ၊ မေတ္တာနဲ့ယှဉ်သော စိတ်ထားဖြင့်။ ဖရိတွာ၊ ဖြန့်ကျက်၍။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။

ဒီပုဂ္ဂိုလ်ကို အာရုံယူပြီးတော့ မေတ္တာစျာန်တွေ ဝင်စားပြီးတော့ ငါတို့ နေထိုင်မယ်။ ဒီလို စိတ်ဓာတ်ကလေးကို မွေးမြူပါ ဆိုပြီးတော့ မြတ်စွာဘုရားက တိုက်တွန်းနေတယ်နော်။ ဒီတော့ အဲဒီလို မေတ္တာစျာန် ဝင်စားပြီးပြီ။ ဒီပုဂ္ဂိုလ်ကို အာရုံယူပြီးတော့ မေတ္တာစျာန်တွေ ဝင်စားနိုင်ပြီ။ မေတ္တာ-ဘာဝနာကမ္မဋ္ဌာန်းရေချမ်းတွေ ပက်ဖျန်းနိုင်ပြီ ဆိုလို့ရှိရင်တော့ ရှေ့တစ်ဆင့်တက်ပြီးတော့ ဘာလုပ်ရမလဲနော်။ ရှေ့တစ်ဆင့်တက်ပြီး ပြုလုပ်ရမယ့် လုပ်ငန်းခွင် တစ်ခုကိုလည်း မြတ်စွာဘုရား ဆက်ပြီး ဟောတယ်။

တဒါရမ္မဏဉ္စ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စိတ္တေန ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရိဿာမ

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ တဒါရမ္မဏဉ္စ၊ ထိုမေတ္တာစိတ်၏ ပင်လျှင် အာရုံဖြစ်သော ထိုသတ္တဝါအာရုံကို၊ ထိုပြောဆိုလာတဲ့ သတ္တဝါ ပညတ်တည်းဟူသော အာရုံရှိသော။

သတ္တဝါပညတ် အာရုံဆိုတာကတော့ ခုနက မိမိကို ထိပ်တိုက် ဆန့်ကျင်ဘက် လာပြီး ပြောနေတဲ့ ပုဂ္ဂိုလ်ပေါ့နော်။ သို့သော် ထိပ်တိုက် ဆန့်ကျင်ဘက်ပြောတဲ့ ပုဂ္ဂိုလ်လည်း ရှိတယ်။ ထိပ်တိုက် မဆန့်ကျင်ဘက် ပြောတဲ့ပုဂ္ဂိုလ်လည်း ရှိပါလိမ့်မယ်နော်။ ပြောသင့်တဲ့ အချိန်အခါမှာ လာပြောတဲ့ ပုဂ္ဂိုလ်ကတော့ ဒါ ထိပ်တိုက် ဆန့်ကျင်ဘက်ပုဂ္ဂိုလ် မဟုတ်ဘူးပေါ့။ မပြောသင့်တဲ့ အချိန်အခါမှာ လာပြီး ပြောတဲ့ ပုဂ္ဂိုလ်ကတော့ ဒါ ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်နေပြီနော်။ မှန်ကန်တဲ့စကားနဲ့ လာပြောတာကတော့ ဒါ ထိပ်တိုက် ဆန့်ကျင်ဘက် မဟုတ်ဘူး။ မမှန်ကန်တဲ့စကားနဲ့ လာပြောရင်တော့ ဒါ ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်သွားပြီ။ သိမ်မွေ့နူးညံ့နေတဲ့ စကားဖြင့် ပြောတာကတော့ ဒါထိပ်တိုက် ဆန့်ကျင်ဘက် မဟုတ်ပါဘူးနော်။ ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားတွေနဲ့ လာပြောရင်တော့ ဒါ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်ပြီ။ အကျိုးစီးပွားနဲ့ စပ်ယှဉ်တဲ့ စကားနဲ့ လာပြောရင်လည်း ဒါလည်း ထိပ်တိုက် ဆန့်ကျင်ဘက် မဟုတ်ဘူး။ အကျိုးစီးပွားနဲ့ မစပ်ယှဉ်နေတဲ့ စကားတွေနဲ့ လာပြီးတော့ လေအောနေပြီ ဆိုလို့ရှိရင်တော့ ဒါ ဘာလုပ်မလဲ? ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေပြီနော်။ မေတ္တာနဲ့ယှဉ်တဲ့ စိတ်ဓာတ်နဲ့ လာပြောရင်တော့ ဒါလည်း ထိပ်တိုက်ဆန့်ကျင်ဘက် မဟုတ်ပါဘူး။ ဒေါသနဲ့ယှဉ်တဲ့ စိတ်ဓာတ်နဲ့ လာပြောပြီ ဆိုလို့ရှိရင်တော့ ဒါ ထိပ်တိုက် ဆန့်ကျင်ဘက်တော့ ဖြစ်နေပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့။ ဒီစကား ၅-မျိုးပဲ ရှိတယ်နော်။ အဲဒီ ၅-မျိုးနဲ့ လာပြီး ပြောလိုက်တဲ့ အချိန်အခါမှာ -

တဒါရမ္မဏဉ္စ၊ ထိုမေတ္တာစိတ်၏ ပင်လျှင် အာရုံဖြစ်သော ထိုသတ္တဝါအာရုံကို၊ ထိုပြောဆိုလာတဲ့ သတ္တဝါ ပညတ်တည်းဟူသော အာရုံရှိသော။ သဗ္ဗာဝန္တံ လောကံ၊ အလုံးစုံသော သတ္တဝါတို့အပေါ်၌ ဖြန့်ကျက်ထားအပ်သော မေတ္တာစိတ်ရှိသော၊ သတ္တလောကကို။

အဲဒီကနေ တစ်ဆင့်တက်ပြီးတော့ သတ္တဝါအားလုံးအပေါ်၌ ဖြန့်-ကျက်တဲ့ မေတ္တာဓာတ်ရှိဖို့ မြတ်စွာဘုရားက ဟောတယ်။ ပထမတော့ ဒီပုဂ္ဂိုလ်ကို စပြီးတော့ မေတ္တာ ပွားတယ်။ သို့သော် ဒီလို ဒီပုဂ္ဂိုလ်က ခုနက မိမိ ချစ်မြတ်နိုးတဲ့ ခုနကလိုပေါ့လေ။ ဟုတ်မှန်တဲ့ အချိန်အခါမှာ မှန်ကန်တဲ့ စကား, သိမ်မွေ့ နူးညံ့တဲ့စကား, အကျိုးစီးပွားနဲ့ စပ်ယှဉ်တဲ့စကား, မေတ္တာနဲ့ယှဉ်တဲ့ စိတ်ထားဖြင့် လာပြောမယ် ဆိုလို့ရှိရင်တော့ ဒီပုဂ္ဂိုလ်ကို မေတ္တာခေါင်ဆုံး ပွားရင်လည်း လွယ်ပါတယ်နော်။ ဒါကတော့ သိပ်ပြဿနာ မဖြစ်ဘူး။ အယ် - မဟုတ်မမှန်တဲ့ စကားတွေနဲ့, မပြောသင့်တဲ့ အချိန်အခါမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေနဲ့, အကျိုးစီးပွားမရှိတဲ့ စကားတွေနဲ့ ဒေါသနဲ့ယှဉ်တဲ့ စိတ်ထားဖြင့် လာပြောပြီ ဆိုလို့ရှိရင်တော့ ဒါကတော့ ထိုအချိန်အခါမှာ ထိုပုဂ္ဂိုလ်ကို ခေါင်ဆုံးစပြီးတော့ မေတ္တာပွားဖို့ ဆိုတာက ကြိုတင်ပြင်ဆင်မှု မရှိရင်တော့ အခက်အခဲ များစွာ ရှိလိမ့်မယ်နော်။

ဒီတော့ မူလက အတ္တ၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီ ဆိုပြီးတော့ မေတ္တာပွားရမဲ့ ပုဂ္ဂိုလ် အဆင့် ၄-မျိုး ပြောထားပါတယ်နော်။ သင်လည်း ပေးထားကြပါတယ်။ အဲဒီတော့ အဲဒီပုဂ္ဂိုလ် ၄-မျိုးမှာ သီမာသမ္ဘေဒခေါ်တဲ့ အပိုင်းအခြား ပြိုအောင် မေတ္တာစျာန်တွေ ဝင်စားဖို့လိုတယ်။ မိမိကိုယ်ကို မိမိ မေတ္တာပွားလို့ကတော့ စျာန်မရပါဘူး။ ပိယ၊ မဇ္ဈတ္တ၊ ဝေရီခေါ်တဲ့ ပုဂ္ဂိုလ် ၃-ဦးအပေါ်၌ မေတ္တာစျာန်တွေကို လျင်လျင်မြန်မြန် ဝင်စားနိုင်အောင် လေ့ကျင့်ပေးရတယ်။ လေ့ကျင့်လိုက်တဲ့ အချိန်အခါမှာ ခု ဒီလာပြောနေတဲ့ ပုဂ္ဂိုလ်သည် မိမိ ချစ်မြတ်နိုးနေတဲ့ ပိယပုဂ္ဂိုလ်လည်း ဖြစ်ချင်ဖြစ်မယ်။ ဘာဖြစ်လို့လဲ?

သူက ဟုတ်မှန်တဲ့ ပြောသင့်တဲ့ အချိန်အခါမှာ ဟုတ်မှန်တဲ့စကားဖြင့် သိမ်သိမ်မွေ့မွေ့နဲ့ အကျိုးစီးပွားနဲ့ စပ်ယှဉ်တဲ့ မေတ္တာစိတ်နဲ့ လာပြီးတော့ ပြောနေတာ။ အကျိုးစီးပွားနဲ့ စပ်ယှဉ်တဲ့ စကားတွေကို မေတ္တာဓာတ် အပြည့်အဝနဲ့ လာပြီး ပြောနေတာ ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် မိမိရဲ့ ပိယပုဂ္ဂိုလ် ဖြစ်နေပြီနော်။ ဒီပုဂ္ဂိုလ်က အကယ်၍များ မပြောသင့်တဲ့ အချိန်အခါမှာ မဟုတ်မမှန်တဲ့ စကားတွေနဲ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ လာပြီးတော့ ပြောနေတယ်။ အကျိုးစီးပွားနဲ့ မစပ်ယှဉ်တဲ့ စကားတွေနဲ့ လာပြောနေတယ်။ ဒေါသနဲ့ လာပြောနေတယ် ဆိုလို့ရှိရင်တော့ ဒီပုဂ္ဂိုလ်သည် ဘာဖြစ်သလဲ? မိမိရဲ့ ဝေရီအရာမှာ တည်နေပြီနော်။

အဲဒီတော့ အဲဒီပုဂ္ဂိုလ်အပေါ်၌လည်းပဲ မေတ္တာစျာန်တွေ ဝင်စားနိုင်တဲ့ စွမ်းအင်ကို ကြိုတင်ပြီး လေ့ကျင့်ထားဖို့ မလိုဘူးလား? လိုအပ်တယ်နော်။ အဲဒီတော့ အဲဒီလို လေ့ကျင့်နေမှုတွေက အောင်မြင်နေတဲ့ သူတော်ကောင်းအဖို့ ခုနက ဥတ္တရာတို့လို အောင်မြင်မှု ရနေပြီ။ ဒီလို အောင်မြင်မှု ရတဲ့ပုဂ္ဂိုလ်က ဘာလုပ်ရမလဲ? အတ္တ၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီ ခေါ်တဲ့ ဒီပုဂ္ဂိုလ် ၄-ဦးအပေါ်၌ အပိုင်းအခြား ကင်းသွားအောင် ဆက်လက်ပြီး လေ့ကျင့်ရတယ်။ အဲဒီလို လေ့ကျင့်စေချင်တဲ့အတွက် မြတ်စွာဘုရားက ဆက်ပြီး ဟောတာနော်။

ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။

သိက္ခိတဗ္ဗံ ဆိုတော့ ခုနက သတ္တဝါအားလုံးအပေါ်၌ ဖြန့်ကျက်တဲ့ မေတ္တာစျာန်ကို ဝင်စားနိုင်တဲ့ စွမ်းအား ရှိရမယ်။ ဒီတော့ သတ္တဝါအားလုံးကို ဖြန့်ကျက်နိုင်တဲ့ မေတ္တာစျာန် ဝင်စားနိုင်တဲ့ စွမ်းအင်ဆိုတာက ဘယ်အခါမှာ ပေါ်မလဲလို့မေးတော့ - အတ္တ၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီ ဒီပုဂ္ဂိုလ်တွေအပေါ်၌ မေတ္တာစျာန်တွေကို ညီမျှသွားအောင် ဝင်စားနိုင်တဲ့ စွမ်းအားအထိ လေ့ကျင့်ထားရတယ်။ စိတ်ဓာတ်ကိုနော်။ အဲဒီလို လေ့ကျင့်လိုက်တဲ့ အချိန်အခါကျတော့ ဒီပုဂ္ဂိုလ်ကိုတော့ ငါမေတ္တာ ပွားလို့ရတယ်။ ဒီပုဂ္ဂိုလ်ကိုတော့ ငါ မေတ္တာ ပွားလို့ မရဘူး ဆိုလို့ရှိရင်တော့ ဒါ အပိုင်းအခြား ရှိနေသေးတယ်။ အဲဒီ အတ္တ၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီခေါ်တဲ့ ဒီပုဂ္ဂိုလ် ၄-ဦးအပေါ်၌ ဘယ်ပုဂ္ဂိုလ်မဆို မေတ္တာပွားလို့ရပြီ ဆိုလို့ရှိရင်တော့ ဒါ အပိုင်းအခြား ကင်းသွားပြီ။ အဲဒီလို အပိုင်းအခြား ကင်းလာတဲ့ အချိန်အခါကျတော့မှ ဘာလုပ်ရလဲ? မြတ်စွာဘုရားက ရှေ့ဆက်ပြီး ကျင့်ရမယ့် ကျင့်စဉ်လေးတွေကို ဟောတယ်နော်။

မေတ္တာသဟဂတေန စိတ္တေန၊ မေတ္တာစိတ်၏ အာရုံဖြစ်သော၊ အလုံးစုံသော သတ္တဝါရှိသော။ ဝိပုလေန၊ ပြန့်ပြောသော။ မဟဂ္ဂတေန၊ မြတ်သည်အဖြစ်သို့ ရောက်ရှိ၍နေသော။ ပမာဏေန၊ အတားအဆီးမရှိသော။ အဝေရေန၊ ရန်မရှိသော။ အဗျာဗဇ္ဈေန၊ ဆင်းရဲခြင်းမရှိသော စိတ်ဓာတ်ဖြင့်။ ဖရိတွာ ဝိဟရိဿာမ၊ ဖြန့်ကျက်ပြီးတော့ နေထိုင်ပါ၊ ဖြန့်ကျက်၍ ငါတို့ နေထိုင်ကြပါကုန်အံ့။

ကျင့်ရမယ့် ကျင့်စဉ်လေးကို ဘုရားရှင်က ချမှတ်ပေးတယ်နော်။ ဒီတော့ သတ္တဝါ ခုနက မိမိရဲ့ ထိပ်တိုက်လည်းဖြစ်ချင်ဖြစ်, မဖြစ်ချင်လည်းနေပေါ့။ အတ္တ၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီခေါ်တဲ့ မေတ္တာစျာန်ရဲ့ တည်ရာအာရုံဖြစ်တဲ့ ဒီသတ္တဝါအာရုံကို အာရုံယူပြီးတော့ ရှေ့တစ်ဆင့်တက်ပြီးတော့ သတ္တဝါ-အားလုံးအပေါ်၌ ဖြန့်ကျက်တဲ့ မေတ္တာဓာတ်ဖြင့် ပွားများရမယ်။ သတ္တဝါအားလုံးကလည်း ခုနက ပြောသလိုပေါ့လေ - မိမိတို့ ကျောင်းဝင်းတစ်ဝင်း၊ ရွာတစ်ရွာ၊ မြို့တစ်မြို့၊ ပြည်နယ်တစ်ခု၊ တိုင်းပြည်တစ်ခု၊ တစ်ကမ္ဘာလုံး စသည်ဖြင့် တဖြည်းဖြည်း ဖြန့်ကျက်ပြီး ၃၁-ဘုံရှိတဲ့သတ္တဝါ မိမိက စွမ်းအားရှိခဲ့မယ် ဆိုလို့ရှိရင်လည်း ၃၁-ဘုံပေါင်း များစွာ တည်ရှိနေတဲ့ အပိုင်း-အခြားမရှိတဲ့ သတ္တဝါအားလုံးအပေါ်၌ ဖြန့်ကျက်ပြီးတော့ ဘာလုပ်မလဲ? မေတ္တာနဲ့ယှဉ်တဲ့စိတ်ဖြင့် ပြန့်ပြောကြီးကျယ်နေတဲ့ မဟဂ္ဂုတ်စျာန်တွေ ရရှိ-သည့်တိုင်အောင် ပွားပါတဲ့နော်။

ပထမ အခြေခံတာကတော့ ခုနက ဆန့်ကျင်ဘက် သို့မဟုတ် စကား-ဖြစ်ပေါ်ခြင်းရဲ့ အကြောင်းတရားတွေကို လာပြောနေတဲ့ ပုဂ္ဂိုလ်ကို အခြေခံတယ်။ အဲဒီပုဂ္ဂိုလ်ကို အခြေခံပြီးတော့ ရှေ့တစ်ဆင့်တက်ပြီးတော့ သတ္တဝါအားလုံးအပေါ်၌ ဖြန့်ကျက်ထားတဲ့ ပြန့်ပြောကြီးကျယ်နေတဲ့ မဟဂ္ဂုတ်စျာန် အဖြစ်သို့ ရောက်ရှိသွားတဲ့ အတိုင်းအတာ ပမာဏမရှိတဲ့ ရန်ကင်းနေတဲ့ ဆင်းရဲခြင်း မရှိတဲ့ စိတ်ဓာတ်ဖြင့် မေတ္တာနှင့်ယှဉ်တဲ့ စိတ်ဓာတ်ဖြင့် သတ္တဝါအားလုံးအပေါ်၌ ဖြန့်ကျက်ပြီးတော့ နေထိုင်ပါဆိုပြီး မြတ်စွာဘုရား ဆက်ပြီး ဟောတယ်နော်။ အဲဒီတော့ ဒီစျာန်တွေကို ခုနက -

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု သုခိအတ္တာနံ ပရိဟရန္တု

စသည်ဖြင့် ရှုပွားပုံ နည်းစနစ်တွေကို ဝိသုဒ္ဓိမဂ်ပါဠိတော်ကြီးမှာ လာတဲ့အတိုင်း ဒီဌာနမှာလည်း သင်ပေးနေပါတယ်နော်။ အဲဒီ မေတ္တာစျာန်တွေကို သတ္တဝါအားလုံးအပေါ်၌ ဖြန့်ကျက်ပြီး ဝင်စားနိုင်တဲ့ အဆင့်အထိ ရောက်အောင် ကြိုးစားပါ။ ကြိုးစားလိုက်တဲ့ အချိန်အခါမှာ ဒီမေတ္တာစျာန်တို့ရဲ့ စွမ်းအင်က ဘာဖြစ်သလဲ? မဟဂ္ဂုတ် - ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးကို ပေးနိုင်တဲ့ စွမ်းအင်ရှိတဲ့ အဖြစ်မျိုးသို့ ရောက်ရှိသွားပြီ။ ဘယ်လို ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတွေကို ပေးနိုင်သလဲလို့ မေးရင်တော့ မိမိတို့က သံသရာခရီး မဆုံးသေးဘူး ဆိုလို့ရှိရင်တော့ ဗြဟ္မပြည်ရောက်စေနိုင်တယ်။

ဒီမေတ္တာစျာန်တွေကို အခြေခံပြီးတော့ ရုပ်တွေ နာမ်တွေ သိမ်းဆည်း၊ အကြောင်းတရားတွေကို ရှာဖွေပြီး ဒီအကြောင်းတရားတွေနဲ့တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုမယ် ဆိုလို့ရှိရင်လည်း မိမိတို့ရဲ့ ပါရမီအားလျော်စွာ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ဆိုက်သွားနိုင်ပါတယ်နော်။ ဒီလောက်အထိ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိတယ်။ အဲဒီ အကျိုး-ရှိနေတဲ့ ဒီမေတ္တာစျာန်ကို ဝင်စားတဲ့ အချိန်အခါမှာ အပ္ပာမာန - အတိုင်းအတာ ပမာဏ မရှိရဘူး။ ဘယ်သတ္တဝါကိုတော့ မေတ္တာပို့လို့ရတယ်, ဘယ်သတ္တဝါတွေကျတော့ ငါ မေတ္တာပို့လို့မရဘူးဆိုတဲ့ ဒီစိတ်ထား မရှိစေရဘူး။ သတ္တဝါအားလုံး အပေါ်၌ ညီမျှနေတဲ့ စိတ်ထားဖြင့် မေတ္တာစျာန်ကို ဝင်စားနိုင်တဲ့ အဆင့်ထိ ရောက်ရှိအောင် ကြိုးစားရမယ်။

အဝေရာ” ရန်မရှိစေရဘူး။ အတွင်းရန်, အပြင်ရန် အကုန်လုံး မရှိ-စေရဘူး။ ဒီသတ္တဝါအားလုံးအပေါ်၌ အတွင်းရန် ဆိုတာကတော့ ဒေါသ-ပြဋ္ဌာန်းနေတဲ့ စိတ်တွေပါ။ အဲဒီ အတွင်းရန်, အပြင်ရန်ဆိုတဲ့ ဒီရန်တွေ မရှိသည့်တိုင်အောင် မိမိက ပွားများပေးရမယ်။ စိတ်ဆင်းရဲခြင်း ဒီသတ္တဝါတွေ အပေါ်၌ မိမိ အာရုံယူလိုက်တဲ့ အချိန်အခါမှာ မိမိရဲ့သန္တာန်မှာ စိတ်ဆင်းရဲခြင်းတွေ လုံးလုံး ကင်းရှင်းနေရမယ်။ အဲဒီ စိတ်ဆင်းရဲခြင်းတွေ ကင်းရှင်းနေတဲ့ စိတ်ဓာတ်ဖြင့် သတ္တဝါအားလုံးအပေါ်၌ မေတ္တာနှင့်ယှဉ်သော စိတ်ဓာတ်ကို ဖြန့်ကျက်ပြီးတော့ မေတ္တာစျာန်တွေ ဝင်စားပြီးတော့ ငါတို့ နေထိုင်မယ်လို့ ဒီလို သင်ချစ်သားတို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါလို့ ဘုရားရှင်က တိုက်တွန်းတယ်နော်။

ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့ ...။ ဝေါ၊ သင်ချစ်သားတို့သည်။ တေ၊ သင်ချစ်သမီးတို့သည်။ ဧဝံဟိ၊ ဤသို့လျှင်။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြစမ်းပါ။

သင်ချစ်သားတို့တတွေ, သင်ချစ်သမီးတို့တတွေ ဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြစမ်းပါ ဆိုပြီးတော့ ဘုရားရှင်က ဆုံးမတယ်။ ကဲ တရားနာ ပရိသတ်တွေ ဘုရား အဆုံးအမကို လိုက်နာမလား, မလိုက်နာဘူးလား? ဟွန် ကဲ ဟိုဘက်က သီလရှင်တွေ ပြောကြစမ်းပါဦး? လိုက်နာမယ်ဆိုရင် ရန်ဖြစ်ရမလား, မဖြစ်ရဘူးလား? ဟွန် ဖြစ်ရမယ်။ အေး သာသနာမှာနေတယ်ဆိုတာက ဘုရားရှင်ရဲ့ အရိပ်အောက်မှာ နေကြတာနော်။ ဘုရားရှင်ရဲ့ အရိပ်အောက်မှာနေပြီးတော့ ဘုရားရှင် နှစ်ခြိုက်တဲ့ စိတ်ဓာတ်ဖြင့် သာသနာမှာ နေထိုင်တတ်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ ဘုရားရှင်ရဲ့ အရိပ်မှာလည်း ခိုသေးတယ်။ ဘုရားပြောတဲ့ စကားလည်း နားမထောင်ဘူး။ ဘုရားကိုလည်း ကန့်လန့်ဖြတ် လုပ်ပြီး နှုတ်ခမ်းကြီး စူပြီးတော့ ရှေ့မှာ လာထိုင်နေတယ်။ ပုံစံကျပါ့မလား? မကျဘူးနော်။

သေယျထာပိ, ဘိက္ခဝေ, ပုရိသော အာဂစ္ဆေယျ ကုဒါလပိဋကံ အာဒါယ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သေယျထာပိ၊ ဖြစ်သင့်ဖြစ်ရာ ခိုင်းနှိုင်းဖွယ်ရာ လောကဥပမာသည်ကား။ ကုဒါလပိဋကံ၊ ပေါက်တူး၊ ခြင်းတောင်းကို။ အာဒါယ၊ ယူဆောင်၍။ ပုရိသော၊ တစ်ဦးသောယောကျ်ားသည်။ အာဂစ္ဆေယျ၊ ရောက်ရှိ၍ လာလေရာ၏၊

ဘုရားရှင်က ဒီလို သတ္တဝါအားလုံးအပေါ်၌ အတိုင်းအတာ ပမာဏ မရှိတဲ့ မေတ္တာစိတ်ဓာတ်ဖြင့် ဖြန့်ကျက်ပြီး မေတ္တာစျာန်တွေကို ဝင်စားနိုင်ခဲ့မယ် ဆိုလို့ရှိရင် ထိုမေတ္တာစျာန်စိတ်ဓာတ်ကို ဘုရားရှင်က ချီးမွမ်းချင်တယ်နော်။ ချီးမွမ်းချင်တဲ့အတွက် မြတ်စွာဘုရား ဥပမာလေးနဲ့ဆက်ပြီး တရားဟောတယ်။ ဘုရားရှင်ဘက်ကို ပြန်ကြည့်မယ် ဆိုလို့ရှိရင်တော့ အင်မတန် ကြီးမားတဲ့ ကရုဏာတော်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ မိမိရဲ့ရှေ့မှာ ထိပ်တိုက် ဆန့်ကျင်ဘက်လုပ်ပြီး နှုတ်ခမ်းကြီးစူပြီးတော့ လာထိုင်နေတဲ့ ပုဂ္ဂိုလ်ကို “ဒီလောက်တောင် ပြောဆိုလို့ မရတဲ့ကောင် ကဲ ... သွားတော့ဟာ” လို့ နှင်ထုတ်လိုက်ဖို့တောင် မကောင်းဘူးလား? ကောင်းပါတယ်။ ဘုရားရှင်က ကရုဏာစိတ် သိပ်ကောင်းတယ်နော်။ အားကောင်းတဲ့အတွက် နားဝင်နိုင်အောင် တစ်နည်းတစ်ဖုံအားဖြင့် လှည့်ပြီးတော့ ဘုရားရှင် ဆိုဆုံးမပြန်တယ်။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပုရိသော၊ တစ်ဦးသော-ယောကျ်ားသည်။ ကုဒါလပိဋကံ၊ ပေါက်တူး၊ ခြင်းတောင်းကို။ အာဒါယ၊ ယူဆောင်၍။ အာဂစ္ဆေယျ၊ ရောက်ရှိ၍ လာလေရာ၏၊

ပေါက်တူးတွေ, ခြင်းတောင်းတွေ ယူပြီးတော့ ပုဂ္ဂိုလ်ယောကျ်ားတစ်ဦး ရောက်လာပြီ ဆိုကြစို့ ...

သော ဧဝံ ဝဒေယျ – ‘အဟံ ဣမံ မဟာပထဝိံ အပထဝိံ ကရိဿာမိ

သော၊ ထိုယောကျ်ားသည်။ ဧဝံ၊ ဤသို့။ ဝဒေယျ၊ ပြောဆိုလေရာ၏၊

အဲဒီပုဂ္ဂိုလ်တစ်ဦးက ပြောဆိုပြီ။ ဘယ်လိုလဲ?

အဟံ၊ ငါသည်။ ဣမံ မဟာပထဝိံ၊ ဤမဟာပထဝီ မြေကြီးကို။ အပထဝိံ၊ မဟာပထဝီမြေကြီး မဖြစ်အောင်။ ကရိဿာမိ၊ ပြုလုပ်ပေရာ။ ဣတိဧဝံ၊ ဤသို့လျှင် ပြောဆိုလေရာ၏၊

ဒီမဟာပထဝီမြေကြီးကို မြေကြီး မဟုတ်အောင် ငါလုပ်မယ်။ ဘယ့်,-နှယ်တုန်း ဖြစ်နိုင်ပါ့မလား? ဟင် -

သော တတြ တတြ ဝိခဏေယျ, တတြ တတြ ဝိကိရေယျ, တတြ တတြ ဩဋ္ဌုဘေယျ, တတြ တတြ ဩမုတ္တေယျ – ‘အပထဝီ ဘဝသိ, အပထဝီ ဘဝသီ’တိ။

သော၊ ထိုယောကျ်ားသည်။ တွံ၊ သင်မြေကြီးသည်။ အပထဝီ၊ ပထဝီမဟုတ်သည်။ ဘဝသိ၊ ဖြစ်လေတော့။ တွံ၊ သင်မြေကြီးသည်။ အပထဝီ၊ ပထဝီမဟုတ်သည်။ ဘဝသိ၊ ဖြစ်လေတော့။ ဣတိ၊ ဤသို့ ပြောဆို၍။ တတြ တတြ၊ ထိုထိုနေရာ၌။ ဝိခဏေယျ၊ တူးဆွလေရာ၏။ တတြ တတြ၊ ထိုထိုနေရာ၌။ ဝိကိရေယျ၊ ကျဲချနေရာ၏။ တတြ တတြ၊ ထိုထိုနေရာ၌။ ဩဋ္ဌုဘေယျ၊ တံတွေး ထွေးလေရာ၏။ တတြ တတြ၊ ထိုထိုနေရာ၌။ ဩမုတ္တေယျ၊ ကျင်ငယ်စွန့်လေရာ၏၊

သူလုပ်ပုံလေးနော် - အသင်မြေကြီး မြေကြီး မဟုတ်နဲ့တော့။ သင်-မြေကြီး မြေကြီး မဖြစ်နဲ့တော့ဆိုပြီး ဒီလို ပြောပြီးတော့ သူက မြေကြီးတွေ တူးတယ်။ ထိုထိုနေရာမှာ မြေကြီးတွေ တူးပြီးတော့ အဲဒီ မြေကြီးတွေကို ဖြန့်လိုက်တယ်။ ဖြန့်ပြီးတဲ့အခါ အဲဒီမြေကြီးပေါ်ကို သူက တံတွေးထွေးတယ်။ ကျင်ငယ်လည်း စွန့်သေးတယ်။ သူက တော်တော် သတ္တိရှိတယ်နော်။ အဲဒီလို လုပ်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ? သူက ဒါ မြေကြီးကို မြေကြီး မဟုတ်အောင် သူက လုပ်တာ။

တံ ကိံ မညထ, ဘိက္ခဝေ, အပိ နု သော ပုရိသော ဣမံ မဟာပထဝိံ အပထဝိံ ကရေယျ’

ဘိက္ခဝေ၊ ချသားရဟန်းတို့ ...။ တံ၊ ထိုငါဘုရားမေးတဲ့ မေးခွန်းကို။ တုမှေ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ ကိံ မညထ၊ အောက်မေ့မှတ်ထင်ကြလေကုန်၏၊

ငါဘုရား အခု မေးခွန်းတစ်ခု မေးတယ်။ ထိုငါဘုရားမေးမဲ့ မေးခွန်းကို သင်ချစ်သားတို့တတွေ၊ သင်ချစ်သမီးတို့တတွေ ဘယ်လို ထင်မြင်ယူဆကြသလဲ?

သော ပုရိသော၊ ထိုယောကျ်ားသည်။ ဣမံ မဟာပထဝိံ၊ ဤမဟာ ပထဝီမြေကြီးကို။ အပထဝိံ၊ ပထဝီမြေကြီး မဟုတ်အောင်။ အပိ နု ကရေယျ၊ ပြုလုပ်နိုင်ပါသလော။

ပြုလုပ်နိုင်ပါ့မလား ဘုရားရှင်က မေးကြည့်တယ်။

‘‘နော ဟေတံ, ဘန္တေ’’။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ ဧတံ၊ ဤကဲ့သို့ ပြုလုပ်ခြင်းသည်။ နော ဟေ၊ မသင့်ပါဘုရား။

ဒီလို ပြုလုပ်နိုင်တယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး။

‘‘တံ ကိဿ ဟေတု’’? ‘‘အယဉှိ, ဘန္တေ, မဟာပထဝီ ဂမ္ဘီရာ အပ္ပမေယျာ။ သာ န သုကရာ အပထဝီ ကာတုံ၊ ယာဝဒေဝ စ ပန သော ပုရိသော ကိလမထဿ ဝိဃာတဿ ဘာဂီ အဿ’’

တံ၊ ထိုကဲ့သို့ မဖြစ်နိုင်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်း-ကြောင့်တည်းဟူမူကား။ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပ-တော် မူပါပေသော မြတ်စွာဘုရား။ အယံ၊ ဤမဟာပထဝီမြေကြီးသည်။ ဂမ္ဘီရာ၊ နက်လည်းနက်နဲလှ၏။ အပ္ပမေယျာ၊ အတိုင်းအတာ ပမာဏလည်း မရှိပေ။ သာ၊ ထိုမဟာပထဝီမြေကြီးကို။ အပထဝိံ၊ ပထဝီမြေကြီး မဟုတ်အောင်။ ကာတုံ၊ ပြုခြင်းငှာ။ န သုကရာ၊ မလွယ်ပါ။ ယာဝဒေဝ စ ပန၊ အကြင်မျှလောက်သည်ပင်လျှင်။ သော ပုရိသော၊ ထိုယောကျ်ားသည်။ ကိလမထဿ၊ ပင်ပန်းခြင်း၏။ ဝိဃာတဿ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်း၏။ ဘာဂီ၊ အဖို့ဘာဂသည်။ အဿ၊ ဖြစ်လေရာ၏၊

မြတ်စွာဘုရား ... ဒီမြေကြီးက နက်လည်းနက်တယ်။ တိုင်းတာ-လို့လည်း မရနိုင်ဘူး။ ဒီပထဝီမြေကြီးကို ပထဝီမြေကြီး မဟုတ်အောင် ပြုလုပ်ဖို့ရန် ဆိုတာကတော့ ဘယ်လိုမှ မလွယ်ပါဘူး။ ဒီလို ပြုလုပ်ခဲ့မယ် ဆိုလို့ရှိရင် ထိုယောကျ်ားအဖို့ ပင်ပန်းရုံ၊ ဆင်းရဲရုံ၊ ကိုယ်ဆင်းရဲရုံ၊ စိတ်ဆင်းရဲရုံပဲ ဖြစ်ပါလိမ့်မယ် မြတ်စွာဘုရား ဆိုပြီးတော့ လျှောက်ထားကြတယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်က ဘာအမိန့်ရှိလဲ?

‘‘ဧဝမေဝ ခေါ, ဘိက္ခဝေ, ပဉ္စိမေ ဝစနပထာ ယေဟိ ဝေါ ပရေ ဝဒမာနာ ဝဒေယျုံ – ကာလေန ဝါ အကာလေန ဝါ၊ ဘူတေန ဝါ အဘူတေန ဝါ၊ သဏှေန ဝါ ဖရုသေန ဝါ၊ အတ္ထသံဟိတေန ဝါ အနတ္ထသံဟိတေန ဝါ၊ မေတ္တစိတ္တာ ဝါ ဒေါသန္တရာ ဝါ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝမေဝ ခေါ၊ ဤဥပမာ အတူ-သာလျှင်။ ဝစနပထာ၊ ဖြစ်ပေါ်ခြင်း အကြောင်းတရားတို့သည်။ ပဉ္စိမေ၊ ဤငါးမျိုးတို့သည်။ ယေဟိ၊ အကြောင်းတရားတို့ဖြင့်။ ပရေ၊ သူတစ်ပါးတို့သည်။ ဝေါ၊ သင်ချစ်-သားတို့အပေါ်၌။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုကြလေကုန်ရာ၏။ ကာလေန ဝါ၊ ဟုတ်မှန်-ပြောသင့်သော အချိန်ကာလအားဖြင့်သော်လည်းကောင်း။ အကာလေန ဝါ၊ မပြောသင့်သော အချိန်ကာလ အားဖြင့်သော်လည်းကောင်း။ ဘူတေန ဝါ၊ ဟုတ်မှန်သော စကားဖြင့်သော်လည်းကောင်း။ အဘူတေန ဝါ၊ မဟုတ်မမှန်သော စကားဖြင့်သော်လည်းကောင်း။ သဏှေန ဝါ၊ သိမ်မွေ့နူးညံ့သော စကားဖြင့်သော်လည်းကောင်း။ ဖရုသေန ဝါ၊ ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့်သော်လည်းကောင်း။ အတ္ထသံဟိတေန ဝါ၊ အကျိုးစီးပွားဖြင့် စပ်ယှဉ်သော စကားဖြင့်သော်လည်းကောင်း။ အနတ္ထသံဟိတေန ဝါ၊ အကျိုးစီးပွားဖြင့် မစပ်ယှဉ်သော စကားဖြင့်သော်လည်းကောင်း။ မေတ္တစိတ္တာ ဝါ၊ မေတ္တာဖြင့် ယှဉ်သော စိတ်ဓာတ်ဖြင့်သော်လည်းကောင်း။ ဒေါသန္တရာ ဝါ၊ ဒေါသနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့်သော်လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်-သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုလိုကြလေကုန်ရာ၏၊

ကာလေန ဝါ ဝါ၊ ဘူတေန ဝါ ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ အဘူတေန ဝါ၊ သဏှေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ ဖရုသေန ဝါ၊ အတ္ထသံဟိတေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ အနတ္ထသံဟိတေန ဝါ၊ မေတ္တစိတ္တာ ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ ဒေါသန္တရာ ဝါ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့သည်။ ကာလေန ဝါ၊ ပြောသင့်သော အချိန်ကာလအားဖြင့်သော်လည်းကောင်း။ အကာလေန ဝါ၊ မပြောသင့်သော အချိန်အခါကာလအားဖြင့်သော်-လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုလိုကြလေကုန်ရာ၏။ ဘူတေန ဝါ၊ ဟုတ်မှန်သော စကားဖြင့်သော်လည်းကောင်း။ အဘူတေန ဝါ၊ မဟုတ်မမှန်သော စကားအားဖြင့်သော်လည်းကောင်း။ ပရေ၊ သူတစ်ပါးတို့သည်။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုလိုကြလေကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့သည်။ သဏှေန ဝါ၊ သိမ်မွေ့နူးညံ့သော စကားဖြင့်သော်လည်းကောင်း။ ဖရုသေန ဝါ၊ ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့်သော်လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုလိုကြလေကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့သည်။ အတ္ထသံဟိတေန ဝါ၊ အကျိုးစီးပွားနှင့် စပ်ယှဉ်သော စကားဖြင့်သော်လည်းကောင်း။ အနတ္ထသံဟိတေန ဝါ၊ အကျိုးစီးပွားနှင့် မစပ်ယှဉ်သောစကားဖြင့်သော်လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုလိုကြလေကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့သည်။ မေတ္တစိတ္တာ ဝါ၊ မေတ္တာဖြင့် ယှဉ်သော စိတ်ထားဖြင့်သော်လည်းကောင်း။ ဒေါသန္တရာ ဝါ၊ ဒေါသဖြင့် ယှဉ်သောစိတ်ထားဖြင့်သော်လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုလိုကြလေကုန်ရာ၏၊

တစ်ဖက်သားပုဂ္ဂိုလ်တွေ သင်ချစ်သားတို့အပေါ်မှာ ပြောသင့်တဲ့ အချိန်အခါသော်လည်းကောင်း, မပြောသင့်တဲ့ အချိန်အခါမှာသော်လည်းကောင်း၊ ဟုတ်မှန်သော စကားဖြင့်သော်လည်းကောင်း, မဟုတ်မမှန်သော စကားဖြင့်သော်လည်းကောင်း၊ သိမ်မွေ့နူးညံ့သော စကားဖြင့်သော်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်းတဲ့ စကားဖြင့်သော်လည်းကောင်း၊ အကျိုးစီးပွားနဲ့ စပ်ယှဉ်တဲ့ စကားဖြင့်သော်လည်းကောင်း, အကျိုးစီးပွားနဲ့ မစပ်ယှဉ်တဲ့ စကားဖြင့်သော်လည်းကောင်း၊ မေတ္တာနှင့် ယှဉ်သော စိတ်ထားဖြင့်သော်လည်းကောင်း, ဒေါသနှင့်ယှဉ်သော စိတ်ထားဖြင့်သော်လည်းကောင်း လာပြီးတော့ ပြောချင်လည်း ပြောကြပေလိမ့်မယ်။ အဲဒီလို ပြောလိုက်တဲ့ အချိန်အခါမှာ ဘာလုပ်ရမလဲ?

တတြာပိ ဝေါ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘န စေဝ နော စိတ္တံ ဝိပရိဏတံ ဘဝိဿတိ, န စ ပါပိကံ ဝါစံ နိစ္ဆာရေဿာမ, ဟိတာနုကမ္ပီ စ ဝိဟရိဿာမ မေတ္တစိတ္တာ န ဒေါသန္တရာ။ တဉ္စ ပုဂ္ဂလံ မေတ္တာသဟဂတေန စေတသာ ဖရိတွာ ဝိဟရိဿာမ, တဒါရမ္မဏဉ္စ သဗ္ဗာဝန္တံ လောကံ ပထဝိသမေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရိဿာမာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တတြာပိ = ထိုကဲ့သို့ ပြောဆိုလာရာ၌လည်းပဲ။ ဝေါ = သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ ဧဝံ = ဤသို့လျှင်။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏၊ (ဤသို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်၏ ဟု သိအပ်၏။) နော = ငါတို့၏။ စိတ္တံ = စိတ်ဓာတ်စိတ်သည်။ ဝိပရိဏတံ = ဖောက်ပြန်ပျက်စီးခြင်းရှိသည်။ န စေဝ ဘဝိဿတိ = ဘယ်တော့မှ မဖြစ်ရလေလတ္တံ့။ မယံ = ငါတို့သည်။ ပါပိကံ = ယုတ်မာတဲ့။ ဝါစံ = စကားကိုလည်းပဲ။ န နိစ္ဆာရေဿာမ = ဘယ်တော့မှ မပြောဆိုကြပါကုန်အံ့။ ဟိတာနုကမ္ပီ စ = အကျိုးစီးပွားကို အစဉ်သနား စောင့်ရှောက်သောအားဖြင့်လည်းကောင်း။ ဝိဟရိဿာမ = ငါတို့ နေထိုင်ကြပါကုန်အံ့။ မေတ္တစိတ္တာ = မေတ္တာစျာန်နှင့်ယှဉ်သော စိတ်ထားဖြင့်သော်လည်းကောင်း။ န ဒေါသန္တရာ = ဒေါသနှင့် မယှဉ်သော စိတ်ထားဖြင့်လည်းကောင်း။ ဝိဟရိဿာမ = ငါတို့ နေထိုင်ကြပါကုန်အံ့။ တဉ္စ ပုဂ္ဂလံ = ထိုကဲ့သို့ ပြောဆိုလာတဲ့ ပုဂ္ဂိုလ်ကိုလည်း။ မေတ္တာသဟဂတေန = မေတ္တာစျာန်နှင့်ယှဉ်သော။ စေတသာ = စိတ်ထားဖြင့်။ ဖရိတွာ = ဖြန့်ကျက်၍။ ဝိဟရိဿာမ = နေထိုင်ကြပါကုန်အံ့။ တဒါရမ္မဏဉ္စ = ထိုမေတ္တာစျာန်၏ တရားအားအကြောင်းဖြစ်သော။ သဗ္ဗာဝန္တံ = အလုံးစုံသော သတ္တဝါရှိသော။ လောကံ = သတ္တလောကကို။ ပထဝိသမေန = မဟာပထဝီမြေကြီးနှင့် တူညီသော။ စေတသာ = စိတ်ဓာတ်ဖြင့်။ ဝိပုလေန = ပြန့်ပြောကြီးကျယ်သော။ မဟဂ္ဂတေန = မြင့်မြတ်ကြီးကျယ်သည့်အဖြစ်သို့ ရောက်ရှိ၍နေသော။ အပ္ပမာဏေန = အတိုင်းအတာ ပမာဏမရှိသော။ အဝေရေန = ရန်မရှိသော။ အဗျာဗဇ္ဈေန = ကြောင့်ကြမှု စိုးရိမ်ကြောင့်ကြမှု ကင်းသော စိတ်ထားဖြင့် (စိတ်ဆင်းရခြင်း ကင်းသော စိတ်ထားဖြင့်)။ ဖရိတွာ = ဖြန့်ကျက်၍။ ဝိဟရိဿာမ = နေထိုင်ကြပါကုန်အံ့။ ဣတိ ဧဝံ = ဤသို့လျှင်။ ဟိတာပံ = ကျင့်ကြံကြိုးကုတ် ပွားများအား-ထုတ်၍နေပါ။ ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဝေါ = သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ ဧဝံ = ဤသို့လျှင်။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေထိုင်ကြပါ။

ဘုရားရှင်က နေထိုင်စေချင်တဲ့ စိတ်ထားလေး ပြောတယ်။ ဘာလုပ်-ရမလဲ? သူတစ်ပါးတွေက ဘယ်လိုပဲ လာပြီးတော့ ပြောပါစေ၊ ပြောလိုက်တဲ့ အချိန်အခါမှာ သင်ချစ်သားတို့ရဲ့သန္တာန်မှာ ဘယ်လို ကျင့်ရမလဲ? ငါတို့ရဲ့ စိတ်သည် ဘယ်တော့မှ ဖောက်ပြန်ပျက်စီးမှု မရှိစေရဘူး။ ယုတ်မာကြမ်းတမ်းနေတဲ့ စကားကို ငါတို့သည် ဘယ်တော့မှ မမြွက်ဆိုဘူး။ အကျိုးစီးပွားကို အစဉ် သနားစောင့်ရှောက်တဲ့ စိတ်ထားဖြင့် တို့ နေထိုင်မယ်။ မေတ္တာဖြင့် ယှဉ်တဲ့စိတ်ဓာတ်ဖြင့် တို့ နေထိုင်မယ်။ ဒေါသဖြင့် မယှဉ်တဲ့စိတ်ဓာတ်ဖြင့် တို့ နေထိုင်မယ်။ ဒီ လာပြောနေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ မေတ္တာစျာန်ဖြင့် ယှဉ်တွဲနေတဲ့ စိတ်ဓာတ်ဖြင့် မေတ္တာစျာန်ကို ဝင်စားလျက် ဖြန့်ကျက်ပြီးတော့ တို့ နေထိုင်မယ်။ ထိုမေတ္တာစျာန်ရဲ့ တည်ရာအာရုံဖြစ်နေတဲ့ သတ္တဝါအားလုံးအပေါ်၌ သတ္တလောက အားလုံးအပေါ်၌ မဟာပထဝီမြေကြီး-နှင့်တူတဲ့ စိတ်ဓာတ်ဖြင့် ပြန့်ပြောကြီးကျယ်တဲ့ မြင့်မြတ်တဲ့သည် အဖြစ်သို့ ရောက်နေတဲ့ အတိုင်းအတာ ပမာဏ မရှိတဲ့ ရန်ကင်းနေတဲ့ စိတ်ဆင်းရဲခြင်း ကင်းနေတဲ့ မေတ္တာစျာန်နဲ့ယှဉ်နေတဲ့ စိတ်ဓာတ်ဖြင့် ဖြန့်ကျက်ပြီးတော့ တို့ နေထိုင်မယ်လို့ ဒီလို သင်ချစ်သားတို့တတွေ၊ သင်ချစ်သမီးတို့တတွေသည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။ မြတ်စွာဘုရား တိုက်တွန်းတယ်။

ဒီနေရာမှာ မြတ်စွာဘုရားက မေတ္တာစျာန်ကို ဝင်စားပြီး သတ္တဝါအားလုံးအပေါ်၌ မေတ္တာစျာန် ဝင်စားပြီး ဖြန့်ကျက်ပြီး နေထိုင်နိုင်တဲ့ စိတ်စွမ်းအင်ကို “ပထဝီသမိံန စိန္တသာ” မဟာပထဝီမြေကြီးနှင့် တူညီတဲ့ စိတ်ဓာတ်ဆိုပြီးတော့ ဒီလို ဟောထားတယ်။ ဘာပြောသလဲ? မဟာပထဝီမြေကြီးသည် သူ့အပေါ်မှာ စင်ကြယ်တဲ့ အရာဝတ္ထုတွေကို သွားပြီး ပစ်ချသော်လည်း သူဟာ တုန်လှုပ်မှု, ခြောက်ခြားမှု, ရှက်မှု, ကြောက်မှု ရှိသလား? မရှိဘူး။ မစင်ကြယ်တဲ့ အရာဝတ္ထုတွေကို သွားပြီး သူ့အပေါ်မှာ ပစ်ချ-လိုက်ရင်လည်း ဖောက်ပြန်ပျက်စီးမှုဆိုတာ ရှိသလား? မရှိဘူး။ ရှက်ကြောက်မှုဆိုတာ ဘာမှ မရှိဘူးနော်။ အေး အလားတူပဲ။ ကောင်းတဲ့ အနံ့တွေကို သူ့အပေါ်မှာ သွားပြီး ပစ်ချလည်း သူ့မှာ ဖောက်ပြန်ပျက်စီးမှုဆိုတာ ရှိသလား? မရှိဘူး။ မကောင်းတဲ့ အနံ့တွေ သွားပြီး ပစ်ချလိုက်ရင်လည်း သူ့အပေါ်မှာ ဖောက်ပြန်ပျက်စီးမှုဆိုတာ ရှိသလား? မရှိဘူး။

ယောဂါဝစရပုဂ္ဂိုလ်ဆိုတာ ဒီမဟာပထဝီမြေကြီးနှင့် တူညီနေတဲ့ စိတ်ထား ရှိရပါတယ်။ စင်ကြယ်တဲ့ အရာဝတ္ထုတွေ လာပြီး ပစ်ချရင်လည်း တုန်လှုပ် ဖောက်ပြန်ပျက်စီးမှု မရှိရဘူး။ မစင်ကြယ်တဲ့ အရာဝတ္ထုတွေ မိမိအပေါ်မှာ လာပြီး ပစ်ချလည်း ဖောက်ပြန်ပျက်စီးမှု မရှိရဘူး။ စိတ်ဓာတ်တုန်လှုပ်မှု မရှိရဘူး။ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် မိမိရဲ့ စိတ်ဓာတ်သည် မေတ္တာနဲ့ယှဉ်နေတဲ့ စိတ်ဓာတ်သာ ဖြစ်ရမယ်။ မဟာပထဝီမြေကြီးနှင့် တူညီနေတဲ့ စိတ်ဓာတ်သာ ဖြစ်ရမယ်။ မဟာပထဝီမြေကြီးနှင့် တူညီနေတဲ့ စိတ်ဓာတ်ဖြင့် သတ္တဝါအားလုံးအပေါ်၌ ဖြန့်ကျက်ပြီး မေတ္တာစျာန်ကို ဝင်စားနိုင်ရမယ်။ အဲဒီလို ဝင်စားနိုင်ခဲ့မယ် ဆိုလို့ရှိရင် ဒီမေတ္တာစျာန်ကို မည်သည့်ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်မှ လာပြီး ဖျက်ဆီးသော်လည်း ဒီမေတ္တာစျာန်တွေ ပျက်စီးသွားနိုင်မလား? မပျက်စီးနိုင်ဘူး။

ဘာပြောတာလဲဆိုတော့ မေတ္တာစျာန်က နိစ္စထာဝရတရားလို့ မဆိုလိုပါဘူး။ မေတ္တာစျာန်ရဲ့ စွမ်းအင်ကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဂုဏ်အင် အာနိသင်တွေကို ဘယ်ပုဂ္ဂိုလ်တစ်စုံတစ်ယောက်မှ ဘယ်လိုမှ ဖျက်ဆီးလို့ မရနိုင်ဘူး။ မေတ္တာစျာန်တည်းဟူသော ကုသိုလ်တည်းဟူသော ရွှေအိုးကို မိမိက မြှုပ်နှံထားတာ။ ဒီရွှေအိုးကြီးကို သူတစ်ပါးတွေက လာဖျက်ဆီးရင်လည်း ဖျက်ဆီးလို့ ရမလား? မရဘူး။ လာပြီး ခိုးယူခဲ့မယ် ဆိုလို့ရှိရင်လည်း ခိုးယူလို့ ရမလား? မရနိုင်ဘူး။ ကုသိုလ်တည်းဟူသော ရွှေအိုး မိမိက မြှုပ်နှံ-ထားတယ်။ သေသည့်တိုင်အောင် ဒီမေတ္တာစျာန်သာ မလျောကျခဲ့ဘူးဆိုရင် ဗြဟ္မာ့ပြည် ဧကန် ကျိန်းသေရောက်မယ်။ မေတ္တာစျာန်ကို အခြေခံပြီးတော့ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ ဒီအကြောင်း-တရားနဲ့တကွ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုလိုက်မယ်ဆိုရင်လည်း မိမိတို့ရဲ့ ပါရမီအားလျော်စွာ အရဟတ္တမဂ်, အရဟတ္တဖိုလ်အထိ မဆိုက်နိုင်ဘူးလား? ဆိုက်နိုင်တယ်။

အဲဒီ ဝိပဿနာဉာဏ်တွေ, မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေကို မည်သည့် ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်မှ ဝိပဿနာဉာဏ် မဟုတ်အောင် မဂ်-ဉာဏ်, ဖိုလ်ဉာဏ် မဟုတ်အောင် လာပြီး ပြုလုပ်မယ်ဆိုရင် ပြုလုပ်လို့ ရမလား? မရနိုင်ဘူး။ မဟာပထဝီမြေကြီးကို မဟာပထဝီမြေကြီး မဟုတ်အောင် ပြုလုပ်မယ်ဆိုရင် ပြုလုပ်လို့ မရနိုင်သလို၊ မေတ္တာစျာန်ကို မေတ္တာစျာန်မဟုတ်အောင်၊ ဝိပဿနာဉာဏ်တွေကို ဝိပဿနာဉာဏ် မဟုတ်အောင်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကို မဂ်ဉာဏ် ဖိုလ်ဉာဏ် မဟုတ်အောင်၊ နိဗ္ဗာန်ကို နိဗ္ဗာန်မဟုတ်အောင် မည်သည့် ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်မျှ လာပြီး ပြုလုပ်မယ်ဆိုရင် ပြုလုပ်လို့ ရနိုင်လား? မရနိုင်ဘူး။

အဲဒီလို မဟာပထဝီမြေကြီးကို မဟာပထဝီမြေကြီး ပြုလုပ်လို့ မရနိုင်တဲ့ ပုံစံလိုပဲ သင်ချစ်သားတို့သန္တာန်မှာ မေတ္တာစျာန်တွေ ဝင်စားကြပါ။ ခိုင်ခံ့နေတဲ့နော် မေတ္တာစျာန်တွေကို ဝင်စားပြီးတော့ ဖြန့်ကျက်ပြီးတော့ နေထိုင်ကြပါ။ ဒီမေတ္တာစျာန်တွေကို အခြေခံပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းကြပါ။ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ရောက်အောင် စီးဖြန်းကြပါ ဆိုပြီးတော့ မြတ်စွာဘုရားက ဒီလို တိုက်တွန်းထားတယ်။ မင်း ငါ့ကို ဒီလိုပြောရင် ငါက ဒီလို ပြန်ပြီး လုပ်လိုက်မှာပေါ့ဆိုတဲ့ စိတ်ထားမျိုး သာသနာတော်မှာ ရှိရမလား? မရှိရဘူးနော်။ နောက်တစ်ခု မြတ်စွာဘုရား ဆက်ဟောပြန်ပြီ။

သေယျထာပိ, ဘိက္ခဝေ, ပုရိသော အာဂစ္ဆေယျ လာခံ ဝါ ဟလိဒ္ဒိံ ဝါ နီလံ ဝါ မဉ္ဇိဋ္ဌံ ဝါ အာဒါယ။

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သေယျထာပိ = ဖြစ်သင့်-ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောက ဥပမာသည်ကား။ ပုရိသော = ယောကျ်ားတစ်ဦးသည်။ လာခံ ဝါ = ချက်ရည်ကိုလည်းကောင်း။ ဟလိဒ္ဒိံ ဝါ = နနွင်းရည်ကိုလည်းကောင်း။ နီလံ ဝါ = အညိုနီ ဆေးကိုလည်းကောင်း။ မဉ္ဇိဋ္ဌံ ဝါ = မောင်းသောဆေးအရည်ကိုလည်းကောင်း။ အာဒါယ = ယူဆောင်ခဲ့၍။ အာဂစ္ဆေယျ = ရောက်ရှိ၍ လာလေရာ၏၊

ဆေးရည်တစ်ခုခု သို့မဟုတ် နနွင်းရည်တစ်ခုခု သို့မဟုတ် အညိုရောင် ဆေးတစ်ခုခု။ နီဝါရောင် မောင်းနေတဲ့ မောင်းသော အရောင်ရှိနေတဲ့ ရောင်စုံစပ်ထားတဲ့ ဆေးရည်တစ်ခု ယူလာပြီ။ ယူပြီးတော့ ယောကျ်ားတစ်ယောက် လာပြီ။ လာတဲ့အခါ ဘာလုပ်သလဲ?

သော ဧဝံ ဝဒေယျ – ‘အဟံ ဣမသ္မိံ အာကာသေ ရူပံ လိခိဿာမိ, ရူပပါတုဘာဝံ ကရိဿာမိ’

သော = ထိုပုဂ္ဂိုလ်သည်။ ဧဝံ = ဤသို့။ ဝဒေယျ = ပြောဆိုလေရာ၏၊

ဒီပုဂ္ဂိုလ်က ပြောပြီ။ ဘယ်လိုလဲ?

အဟံ = ငါသည်။ ဣမသ္မိံ အာကာသေ = ဤကောင်းကင်ပြင်၌။ ရူပံ = ရုပ်ကို။ လိခိဿာမိ = ငါရေး၍ ပြပေအံ့။ ရူပပါတုဘာဝံ = အရုပ်၏ ထင်ရှားဖြစ်ပေါ်မှုကို။ ကရိဿာမိ = ငါပြုပေအံ့။ ဣတိ = ဤသို့။ ဣတိဧဝံ = ဤသို့လျှင်။ ဝဒေယျ = ပြောဆိုလေရာ၏၊

ဒီကောင်းကင်မှာ ဒီဆေးရည်တွေနဲ့နော် - ငါအရုပ်တစ်ခုကို ရေးပြမယ်။ ဒီကောင်းကင်မှာ အရုပ်တစ်ခု ထင်ရှားဖြစ်အောင် ငါပြုလုပ်ပြမယ် ဆိုပြီးတော့ ပုဂ္ဂိုလ်တစ်ယောက်က လာပြီးတော့ ပြောတယ်။ ပြောလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်မလဲ?

တံ ကိံ မညထ, ဘိက္ခဝေ, အပိ နု သော ပုရိသော ဣမသ္မိံ အာကာသေ ရူပံ လိခေယျ, ရူပပါတုဘာဝံ ကရေယျာ’’တိ?

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တံ = ငါဘုရားမေးမဲ့ မေးခွန်းကို။ တုမှေ = သင်ချစ်သားတို့သည်။ ကိံ မညထ = အသို့အောက်မေ့ မှတ်ထင် ယူဆကြကုန်သနည်း။

9pj9739jug3u2m5s6ion8tslhxmko02
မင်္ဂလသုတ်-၈၆/၉၇
0
6322
22020
2026-06-04T00:22:03Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၈၆/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၈၅..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22020
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၈၆/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၈၅/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၈၇/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် ၈၆

ဒီနေ့လည်း ခန္တီမင်္ဂလာနဲ့ ဆက်စပ်နေတဲ့ ကကစူပမသုတ္တန် ဆက်ဟောရအောင်နော် -

တံ ကိံ မညထ, ဘိက္ခဝေ, အပိ နု သော ပုရိသော ဣမသ္မိံ အာကာသေ ရူပံ လိခေယျ, ရူပပါတုဘာဝံ ကရေယျာ’’တိ?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တံ၊ ထို ငါဘုရားမေးမဲ့ မေးခွန်းကို။ တုမှေ၊ သင်ချစ်သားတို့သည်။ ကိံ မညထ၊ အောက်မေ့ မှတ်ထင် ယူဆကြကုန်သတည်း။ သော ပုရိသော၊ ထိုယောကျ်ားသည်။ ဣမသ္မိံ အာကာသေ၊ ဤကောင်းကင်ပြင်၌။ ရူပံ၊ အရုပ်ကို။ လိခေယျ၊ အကယ်၍ ရေးမူလည်း ရေးနိုင်ရာအံ့လော။ ရူပပါတုဘာဝံ၊ အရုပ်၏ ထင်ရှားဖြစ်-ပေါ်လာခြင်းကို။ ကရေယျာတိ၊ ထင်ရှားပြုမူလည်း ပြုနိုင်ရပါအံ့လော။

ချစ်သားရဟန်းတို့ ... ငါဘုရားသည် ချစ်သားတို့ကို မေးခွန်းတစ်ခု မေးမယ်။ သင်ချစ်သားတို့ ထင်မြင်ယူဆသည့်အတိုင်း ဖြေဆိုနိုင်တယ်။ ဒီယောကျ်ားသည် ဒီဟာလာဟင်းလင်း ကောင်းကင်ပြင်မှာ ဒီဆေးရောင်စုံ အမျိုးမျိုးတို့ဖြင့် အရုပ်တစ်ခုကို ရေးမယ်ဆိုတာ တကယ် ရေးနိုင်ပါ့မလား, အရုပ်တစ်ခု ထင်ရှားဖြစ်ပေါ်လာအောင် ဒီယောကျ်ားသည် တကယ် ပြုလုပ်နိုင်ပါ့မလား ဆိုပြီးတော့ မေးကြည့်တယ်နော်။

မေးလိုက်တဲ့ အချိန်အခါကျတော့မှ ရဟန်းတွေက ဘာပြန်ပြီး လျှောက်ထားလဲ?

‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’? ‘‘အယဉှိ, ဘန္တေ, အာကာသော အရူပီ အနိဒဿနော။ တတ္ထ န သုကရံ ရူပံ လိခိတုံ, ရူပပါတုဘာဝံ ကာတုံ၊ ယာဝဒေဝ စ ပန သော ပုရိသော ကိလမထဿ ဝိဃာတဿ ဘာဂီ အဿ’’

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဧဝံ၊ ဤကဲ့သို့ ကောင်းကင်ပြင်၌ အရုပ်ကို ရေး-ခြစ်ခြင်းဆိုတဲ့ ဒီသဘောတရားသည်။ နော၊ မဖြစ်နိုင်ပါ မြတ်စွာ-ဘုရား။ တံ၊ ထိုကဲ့သို့ မဖြစ်နိုင်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အ-ကြောင်းကြောင့်နည်းမူကား။ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ အယံ အာကာသော၊ အာကာသ၏ ဤကောင်းကင်ပြင်သည်။ အရူပီ၊ အရုပ်ရေးဆွဲ၍ ရနိုင်တဲ့ အရာမျိုးသည်။ န ဟောတိ၊ မဖြစ်ပါ။ အနိဒဿနော၊ အရုပ်အမျိုးမျိုးကို မြင်နိုင်တဲ့ အရာဌာနမျိုးသည်လည်း။ န ဟောတိ၊ မဖြစ်ပါ။ တတ္ထ၊ ထိုကောင်းပြင်၌။ ရူပံ၊ အရုပ်ကို။ လိခိတုံ၊ ရေးခြယ်အံ့သော။ န သုကရံ၊ မလွယ်ကူပါ။ ရူပပါတုဘာဝံ၊ ရုပ်တရား၏ ထင်ရှားဖြစ်ပေါ်လာခြင်းကို။ ကာတုံ၊ ပြုခြင်းငှာ။ န သုကရ၊ မလွယ်ကူပါ။ ယာဝဒေဝ စ ပန၊ စင်စစ်သော်ကား။ သော ပုရိသော၊ ထိုယောကျ်ားသည်။ ကိလမထဿ၊ ပင်ပန်းခြင်း၏။ ဝိဃာတဿ၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခြင်း၏။ ဘာဂီ၊ အဖို့ဘာဂရှိသည်။ အဿ၊ အလွန်အကဲ ဖြစ်နိုင်ရပါသည် မြတ်စွာဘုရား ...။

မြတ်စွာဘုရား ... ဒီကောင်းကင်ပြင်မှာ အရုပ်တစ်ခုကို ရေးဆွဲဖို့ရန်ဆိုတဲ့ ဒီသဘောတရားသည် မဖြစ်နိုင်ပါဘူး မြတ်စွာဘုရား ...။ ဘာကြောင့်လဲဆိုရင် မြတ်စွာဘုရား ... ဒီကောင်းကင်ဆိုတဲ့ သဘောတရားက ရူပါ = ရုပ်အမျိုးမျိုးတို့ ထင်ရှားရှိနိုင်တဲ့ အရာမျိုးလည်း မဟုတ်ဘူး။ ရူပါ = ရုပ်အမျိုးမျိုးကို မြင်တွေ့နိုင်တဲ့ သဘောတရားလည်း မဟုတ်ပါဘူး မြတ်စွာဘုရား ...။ ထိုကောင်းကင်ပြင်မှာ အရုပ်အမျိုးမျိုးကို ရေးခြယ် ပြသဖို့ရန်ဆိုတဲ့ ဒီသဘောတရားသည် မလွယ်ကူတဲ့ သဘောသာ ဖြစ်ပါတယ်။ အရုပ်တစ်ခုကို ထင်ရှားပြုလုပ်ဖို့ရန်အတွက် မဖြစ်နိုင်တဲ့ သဘောတစ်ခုသာ ဖြစ်ပါတယ် မြတ်စွာဘုရား ...။

ထိုယောကျ်ားအဖို့ အကယ်၍များ အရုပ်တစ်ခု ထင်ရှား ဖြစ်ပေါ်-လာအောင် ဒီကောင်းကင်ပြင်မှာ ကြိုးစားအားထုတ်ခဲ့မယ် ဆိုလို့ရှိရင် ပင်ပန်းဖို့, ဆင်းရဲဖို့ရန် အဖို့ဘာဂသာ ရှိပါသည် မြတ်စွာဘုရား ... ဆိုပြီးတော့ လျှောက်ထားတယ်။ အဲဒီအခါကျတော့မှ ရဟန်းတော်တွေဘက် လှည့်ပြီးတော့ မြတ်စွာဘုရားက ဘယ်လို ဆိုဆုံးမလဲ?

‘ဧဝမေဝ ခေါ, ဘိက္ခဝေ, ပဉ္စိမေ ဝစနပထာ ယေဟိ ဝေါ ပရေ ဝဒမာနာ ဝဒေယျုံ – ကာလေန ဝါ အကာလေန ဝါ၊ ဘူတေန ဝါ အဘူတေန ဝါ၊ သဏှေန ဝါ ဖရုသေန ဝါ၊ အတ္ထသံဟိတေန ဝါ အနတ္ထသံဟိတေန ဝါ၊ မေတ္တစိတ္တာ ဝါ ဒေါသန္တရာ ဝါ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝမေဝ ခေါ၊ ဤဥပမာ အတူသာလျှင်။ ပဉ္စိမေ ဝစနပထာ၊ စကားဖြစ်ပေါ်လာခြင်း အကြောင်းတရားတို့သည် ဤငါးမျိုးတို့သည်။ ယေဟိ၊ ယင်းငါးမျိုးတို့ဖြင့်။ ပရေ၊ သူတစ်ပါးတို့သည်။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုကြလေကုန်ရာ၏၊

စကားဖြစ်ပေါ်လာဖို့ရာ အကြောင်းတရားက ငါးမျိုးပဲ ရှိပါတယ်။ ယင်း ငါးမျိုးဖြင့် သူတစ်ပါးတို့က သင်ချသားတို့အပေါ်မှာ ပြောဆိုလိုခဲ့တယ် ဆိုရင်တော့ ပြောဆိုနိုင်ရာတယ်။ ဘယ်လိုလဲ?

ကာလေန ဝါ၊ ဟုတ်မှန်သော အချိန်ကာလအားဖြင့်သော်လည်းကောင်း။ အကာလေန ဝါ၊ မပြောသင့်သော အချိန်ကာလအားဖြင့်သော်လည်းကောင်း။ ဘူတေန ဝါ၊ ဟုတ်မှန်သော စကားဖြင့်သော်လည်းကောင်း။ အဘူတေန ဝါ၊ မဟုတ်မမှန်သော စကားဖြင့်သော်လည်းကောင်း။ သဏှေန ဝါ၊ သိမ်မွေ့နူးညံ့သော စကားဖြင့်သော်လည်းကောင်း။ ဖရုသေန ဝါ၊ ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့်သော်လည်းကောင်း။ အတ္ထသံဟိတေန ဝါ၊ အကျိုးရှိသော စီးပွားနှင့် စပ်ယှဉ်သော စကားဖြင့်သော်-လည်းကောင်း။ အနတ္ထသံဟိတေန ဝါ၊ အကျိုးစီးပွားနှင့် မစပ်ယှဉ်သော စကားဖြင့်သော်လည်းကောင်း။ မေတ္တစိတ္တာ ဝါ၊ မေတ္တာနှင့်ယှဉ်သော စိတ်ထားဖြင့်သော်လည်းကောင်း။ ဒေါသန္တရာ ဝါ၊ ဒေါသနှင့်ယှဉ်သော စိတ်ထားဖြင့်သော်လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ပရေ၊ သူတစ်ပါးတို့သည်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုကြလေကုန်ရာ၏၊

ကာလေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ အကာလေန ဝါ၊ ဘူတေန ဝါ ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ အဘူတေန ဝါ၊ သဏှေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ ဖရုသေန ဝါ၊ အတ္ထသံဟိတေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ အနတ္ထသံဟိတေန ဝါ၊ မေတ္တစိတ္တာ ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ ဒေါသန္တရာ ဝါ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့က။ ကာလေန ဝါ၊ ဟုတ်မှန်သော ပြောသင့်သော အချိန်ကာလအားဖြင့်သော်-လည်းကောင်း။ အကာလေန ဝါ၊ မပြောသင့်သော အချိန်ကာလအားဖြင့်-သော်လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုနိုင်ကြလေကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့က။ အဘူတေန ဝါ၊ မဟုတ်မမှန်သော စကားဖြင့်သော်လည်းကောင်း။ ဘူတေန ဝါ၊ ဟုတ်မှန်သော စကားဖြင့်သော်လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုနိုင်ကြလေကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့က။ သဏှေန ဝါ၊ သိမ်မွေ့နူးညံ့သော စကားဖြင့်သော်လည်းကောင်း။ ဖရုသေန ဝါ၊ ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့်သော်လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုနိုင်ကြလေကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့က။ အတ္ထသံဟိတေန ဝါ၊ အကျိုးရှိသော စီးပွားနှင့် စပ်ယှဉ်သော စကားဖြင့်သော်လည်းကောင်း (ဝါ) အကြောင်းအကျိုးနှင့် ဆက်စပ်နေသော စကားဖြင့်သော်လည်းကောင်း။ အနတ္ထသံဟိတေန ဝါ၊ အကျိုးစီးပွားနှင့် မစပ်ယှဉ်သော စကားဖြင့်သော်လည်းကောင်း (ဝါ) အကြောင်းအကျိုးနှင့် မစပ်ယှက်တဲ့ စကားဖြင့်သော်လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုနိုင်ကြလေကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့က။ မေတ္တစိတ္တာ ဝါ၊ မေတ္တာနှင့်ယှဉ်သော စိတ်ထားဖြင့်သော်လည်းကောင်း။ ဒေါသန္တရာ ဝါ၊ ဒေါသနှင့်ယှဉ်သော စိတ်ထားဖြင့်သော်လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုနိုင်ကြလေကုန်ရာ၏၊

ချစ်သားရဟန်းတို့ ... သူတစ်ပါးတို့က သင်ချစ်သားတို့အပေါ်မှာ စကားတစ်ခု လာပြောမယ်ဆိုရင် ပြောသင့်တဲ့ အချိန်အခါမှာသော်လည်း-ကောင်း, မပြောသင့်တဲ့ အချိန်အခါမှာသော်လည်းကောင်း ပြောဆိုခဲ့-မယ်ဆိုရင် ပြောဆိုနိုင်ကုန်ရာတယ်။ ဟုတ်မှန်စကားဖြင့်သော်လည်းကောင်း, မဟုတ်မမှန်သော စကားဖြင့်သော်လည်းကောင်း ပြောဆိုမယ်ဆိုရင်လည်း ပြောဆိုနိုင်တယ်။ သိမ်မွေ့တဲ့ စကားဖြင့်သော်လည်းကောင်း, ကြမ်းတမ်းတဲ့ စကားဖြင့်သော်လည်းကောင်း ပြောဆိုမယ်ဆိုရင်လည်း ပြောဆိုနိုင်တယ်။ အကျိုးစီးပွားနှင့် စပ်ယှဉ်တဲ့စကားဖြင့်သော်လည်းကောင်း, အကျိုးစီးပွားနှင့် မစပ်ယှဉ်တဲ့ စကားဖြင့်သော်လည်းကောင်း ပြောဆိုမယ်ဆိုရင်လည်း ပြောဆိုနိုင်တယ်။ မေတ္တာနှင့်ယှဉ်သော စိတ်ထားဖြင့်သော်လည်းကောင်း, ဒေါသနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့်သော်လည်းကောင်း ပြောဆိုမယ်ဆိုရင်လည်း ပြောဆိုနိုင်ပါတယ်နော်။ အဲဒီလို ပြောဆိုတဲ့ အချိန်အခါမှာ ဘာ-ဖြစ်မလဲ?

တတြာပိ ဝေါ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘န စေဝ နော စိတ္တံ ဝိပရိဏတံ ဘဝိဿတိ, န စ ပါပိကံ ဝါစံ နိစ္ဆာရေဿာမ, ဟိတာနုကမ္ပီ စ ဝိဟရိဿာမ မေတ္တစိတ္တာ န ဒေါသန္တရာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တတြာပိ၊ ထိုကဲ့သို့ ပြောဆိုလာရာ၌လည်းပဲ။ ဝေါ၊ သင်ချစ်သားတို့သည်။ ဧဝံ၊ ဤသို့လျှင်။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမည်။

သင်တို့ ဒီလို ကျင့်ရမယ်။ ဘယ်လိုလဲ?

နော၊ ငါတို့၏။ စိတ္တံ၊ စိတ်သည်။ ဝိပရိဏတံ၊ ဖောက်ပြန်ပျက်စီးခြင်း ရှိသည်။ န စေဝ ဘဝိဿတိ၊ ဘယ်တော့မှ မဖြစ်ရပေလတ္တံ့။

ငါတို့ရဲ့ စိတ်ဓာတ်တွေ ဒီလို လာပြောတဲ့ အချိန်အခါမှာ ဖောက်ပြန်မှု ဘယ်တော့မှ မဖြစ်ရဘူး။ ဖောက်ပြန်မှု ဆိုတာကတော့နော် - တစ်ဖက်က မပြောသင့်တဲ့ အချိန်အခါမှာ လာပြောတယ်, မဟုတ်မမှန်တဲ့ စကားဖြင့် လာပြောတယ်, ကြမ်းတမ်းတဲ့ စကားတွေနဲ့ လာပြောတယ်, အကျိုးစီးပွားနဲ့ မယှဉ်တဲ့ စကားတွေနဲ့ လာပြောနေတယ်, ဒေါသနဲ့ ယှဉ်တဲ့ စိတ်ဓာတ်ဖြင့် လာပြောနေပြီ ဆိုလို့ရှိရင်တော့ ထိုအချိန်အခါမှာ မိမိရဲ့သန္တာန်မှာ တုန့်လှည့်တစ်ဖန် ပြန်ပြီး ဒေါသဖြစ်ခဲ့မယ်ဆိုရင် ဒါ ဖောက်ပြန်ပျက်စီးတယ် ခေါ်တယ်။ စိတ်ဓာတ်တွေ ဖောက်ပြန်ပျက်စီးသွားတယ်။

တစ်ဖက်ကနေ လာပြီးတော့ မြှောက်တတ်တဲ့ပုဂ္ဂိုလ်ပေါ့ - နည်းနည်း အခွင့်အရေးတစ်ခု လိုချင်လို့နော်။ ပြောသင့်တဲ့ အချိန်အခါမှာသော်လည်းကောင်း သို့မဟုတ် ဟုတ်မှန်သော စကားဖြင့်သော်လည်းကောင်း သို့မဟုတ် သိမ်မွေ့သော စကားဖြင့်သော်လည်းကောင်း သို့မဟုတ် အကျိုးစီးပွားနဲ့ စပ်ယှဉ်တဲ့ စကားဖြင့်သော်လည်းကောင်း သို့မဟုတ် မေတ္တာနှင့် ယှဉ်တဲ့ စိတ်ဓာတ်ဖြင့်သော်လည်းကောင်း လာပြီး ပြောမယ် ဆိုကြပါစို့နော်။ အဲဒီလို ပြောပြီ ဆိုလို့ရှိရင်လည်း စိတ်ဓာတ်က တစ်ခါတရံ ဖောက်ပြန်တတ်တယ်။ ဘယ်လို ဖောက်ပြန်လဲ?

ကိုယ့်အကြိုက်ကို လာပြောပြီ ဆိုလို့ရှိရင်တော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ဖြစ်မနေကြဘူးလား? ဖြစ်နေတတ်တယ်။ ဒီစိတ်ဓာတ်တွေ ဖောက်ပြန်သွားတာ။ ဒီဘုန်းကြီး စာတတ်တယ် ဆိုပြီး ဖြစ်သွားတာ။ ဟုတ်တယ် မဟုတ်လား? သိပ်ပြီးတော့ ကြည်ညိုသွားတယ်။ နည်းနည်း အမြှောက်ကောင်းပြီးဆိုရင်တော့ သိပ်ပြီး မကြည်ညိုဘူးလား? ကြည်ညိုတတ်တယ်နော်။ ဒီတော့ အဲဒီအခါမှာ မိမိတို့က အကြိုက်နဲ့ တွေ့ပြီ ဆိုလို့ရှိရင်လည်း ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတတ်တယ်။ ဒါလည်း စိတ်ဓာတ် ဖောက်ပြန်မှု တစ်မျိုးပဲ။ မကြိုက်တာနဲ့ သွားတိုးပြီ ဆိုလို့ရှိရင်လည်း ဒေါသတွေ ဖြစ်နေတတ်တယ်။ ဒါလည်း စိတ်ဖောက်ပြန်တာ တစ်မျိုးပဲ။

ဒါကြောင့် ဒီနေရာမှာ ဘုရားရှင်ကတော့ -

‘န စေဝ နော စိတ္တံ ဝိပရိဏတံ ဘဝိဿတိ, န စ ပါပိကံ ဝါစံ နိစ္ဆာရေဿာမ, ဟိတာနုကမ္ပီ စ ဝိဟရိဿာမ မေတ္တစိတ္တာ န ဒေါသန္တရာ။ တဉ္စ ပုဂ္ဂလံ မေတ္တာသဟဂတေန စေတသာ ဖရိတွာ ဝိဟရိဿာမ, တဒါရမ္မဏဉ္စ သဗ္ဗာဝန္တံ လောကံ ပထဝိသမေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရိဿာမာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။

န စေဝ နော စိတ္တံ ဝိပရိဏတံ ဘဝိဿတိ
- ပြောဆို၍ လာရာ၌လည်းပဲ သင်ချစ်သားတို့သည်။ နော၊ ငါတို့၏။ စိတ္တံ၊ စိတ်သည်။ ဝိပရိဏတံ၊ ဖောက်ပြန်ပျက်စီးမှု မရှိသည်။ န စေဝ ဘဝိဿတိ၊ ဖောက်ပြန် ပျက်စီးခြင်း ရှိသည် ဘယ်တော့မှ မဖြစ်ရပေ၊

ဒီလို ပြောဆိုလာတဲ့ အချိန်အခါမှာ ငါတို့ရဲ့ စိတ်ဓာတ်သည် ဘယ်တော့မှ ဖောက်ပြန်ပျက်စီးမှု မဖြစ်စေရဘူး။ ယုတ်မာတဲ့စကား, ကြမ်းတမ်းတဲ့ စကားတွေကိုလည်း တို့ ဘယ်တော့မှ မမြွက်ဆိုဘူး။ ပြောဆိုလာတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးစီးပွားကို အစဉ်သနားစောင့်ရှောက်တဲ့ လိုလားတောင့်တတဲ့ စိတ်ထား-ဖြင့်သာ တို့ နေထိုင်တယ်။ မေတ္တာဖြင့် ယှဉ်နေတဲ့ စိတ်ထားဖြင့်သာ တို့ နေထိုင်တယ်။ ဒေါသနဲ့ မယှဉ်တဲ့ စိတ်ဓာတ်ဖြင့်သာလျှင် တို့ နေထိုင်တယ်တဲ့။ ဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတဲ့။ ဘုရားရှင်က တိုက်တွန်းတယ်နော်။ နောက်တစ်ခု -

တဉ္စ ပုဂ္ဂလံ
- ထိုကဲ့သို့ ပြောဆိုလာတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ မေတ္တာသဟဂတေန စေတသာ၊ မေတ္တာနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့်။ ဖရိတွာ၊ ဖြန့်ကျက်၍။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။

ပြောဆိုလာတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ဒီပုဂ္ဂိုလ်အပေါ် အာရုံယူပြီးတော့ မေတ္တာစျာန်တွေ ဝင်စားပြီးတော့ မေတ္တာနဲ့ ဖြန့်ကျက်ပြီး ဒီပုဂ္ဂိုလ်ဆိုတဲ့ သတ္တဝါပညတ်အာရုံအပေါ်၌ တို့ နေထိုင်ကြမယ်။ ဒီလို စိတ်ဓာတ်ကို မွေးမြူပါ။

တဒါရမ္မဏဉ္စ
- ထိုမေတ္တာသည် သတ္တဝါ ပညတ်လျက် အာရုံရှိသော။ သဗ္ဗာဝန္တံ၊ အလုံးစုံသော သတ္တဝါရှိသော။ လောကံ၊ သတ္တလောကကို။ ပထဝိသမေန စေတသာ၊ ကောင်းကင်နှင့်တူသော စိတ်ဓာတ်ဖြင့်။ ဝိပုလေန၊ ပြန့်ပြောကြီးကျယ်သော။ မဟဂ္ဂတေန၊ မြင့်မြတ်သည့် အဆင့်သိ၊

မေတ္တာစျာန်တွေ ဝင်စားရမယ်။ ဒီပုဂ္ဂိုလ်ကနေ တစ်ဆင့်နော် - အတ္တ၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီခေါ်တဲ့ ပုဂ္ဂိုလ် ၄-ဦး သီမာသမ္ဘေဒခေါ်တဲ့ အပိုင်းအခြားတွေကို ပြိုသည့်တိုင်အောင် မေတ္တာစျာန်တွေကို ကြိမ်ဖန်များစွာ ဝင်စား။ ဝင်စားပြီးတဲ့အခါမှာ သဗ္ဗေသတ္တာ စသည်ဖြင့် ဩဓိသောဖရဏမေတ္တာ၊ အနောဓိသော ဖရဏမေတ္တာလို့ ခေါ်ဆိုအပ်တဲ့ မေတ္တာဘာဝနာကမ္မဋ္ဌာန်းတွေကို ဆက်လက်ပြီး ရှုစမ်းပါ။ သတ္တဝါအားလုံးအပေါ်၌ ကောင်းကင်နှင့်တူနေတဲ့ စိတ်ဓာတ်ဖြင့် မေတ္တာစျာန်တွေကို ဝင်စားပြီးနေပါ။ ကောင်းကင်သည် ဘယ်လိုမှ ရေးခြစ်လို့ မရသလိုနော် မေတ္တာစျာန် ဝင်စားနေတဲ့ မေတ္တာ-စျာန်နဲ့္တယှဉ်နေတဲ့ ဒီစိတ်ဓာတ်ကိုလည်း ဘယ် ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿ, မစ္ဆရိယ အစရှိတဲ့ ဒီတရားဆိုးတွေက လာပြီး ရေးခြစ်လို့ မရဘူး။

ပြောဆိုလာတဲ့ ပုဂ္ဂိုလ်က မှန်တဲ့စကားပဲဖြစ်ဖြစ်, မမှန်တဲ့ စကားပဲဖြစ်ဖြစ်, သိမ်မွေ့တဲ့ စကားနဲ့ပဲဖြစ်ဖြစ်, ကြမ်းတမ်းတဲ့ စကားနဲ့ပဲဖြစ်ဖြစ်, အကျိုးစီးပွားနဲ့ စပ်ယှဉ်တဲ့ စကားပဲဖြစ်ဖြစ်, အကျိုးစီးပွားနဲ့ မစပ်ယှဉ်တဲ့ စကားပဲဖြစ်ဖြစ်, မေတ္တာနဲ့ယှဉ်တဲ့ စိတ်ဓာတ်ပဲဖြစ်ဖြစ်, ဒေါသနဲ့ယှဉ်တဲ့ စိတ်ဓာတ်ပဲဖြစ်ဖြစ် ပြောသင့်တဲ့ အချိန်အခါမှာသော်လည်းကောင်း၊ မပြောသင့်တဲ့ အချိန်အခါမှာ-သော်လည်းကောင်း လာပြောချင်လည်း ပြောပါစေ။ မိမိတို့ဘက်က ဘယ်လို ရှိရမလဲ? ကောင်းကင်နှင့်တူတဲ့ စိတ်ထားရှိရမယ်။ ကောင်းကင်မှာ မည်သည့် အရုပ်ကိုမျှ ရေးခြယ်၍ မရနိုင်သလို မိမိ၏ မေတ္တာစျာန်တွေကို မည်သည့် သတ္တဝါ တစ်စုံတစ်ဦးမျှ လာပြီး နှောင့်ယှက်မယ်ဆိုရင် ဘယ်လိုမှ နှောင့်ယှက်လို့ မရနိုင်ဘူး။ မေတ္တာနဲ့ယှဉ်နေတဲ့ ဒီစျာန်ကိုသာ ဝင်စားနေပါ။ မေတ္တာစျာန်ကို ဝင်စားနေတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်ကို မည်သည့် သတ္တဝါ တစ်စုံတစ်ဦးရဲ့ စိတ်ဓာတ်တွေကမှ လာပြီး နှောင့်ယှက် ဖျက်ဆီးလို့ မရနိုင်ဘူး။

ဒါကတော့ ဘုရားရှင်ဘက်က မေတ္တာစျာန်က ဒီနေရာမှာ အရေးကြီးလို့ မေတ္တာစျာန်ကို ဦးတည်ပြီး ပြောနေတာပါနော်။ တခြားတခြား စျာန်တွေလည်း ပုံစံတူပါပဲ။ ဒါကတော့ ဥပလက္ခဏနိနည်း ဒဿနနည်းလို့ ခေါ်ပါတယ်။ သမထ ဘာဝနာအားလုံး စျာန်ရတဲ့ ကမ္မဋ္ဌာန်းတွေကို မိမိက အားထုတ်လို့ စျာန်တွေ ရခဲ့မယ်၊ စျာန်မရတဲ့ ကမ္မဋ္ဌာန်း ဖြစ်ရင်လည်း ဥပစာရ သမာဓိ ဆိုက်ခဲ့မယ် ဆိုရင် ထိုဥပစာရသမာဓိ၊ အပ္ပနာသမာဓိခေါ်တဲ့ သမာဓိအနေနဲ့ ယှဉ်တွဲနေတဲ့ Sိတ်ဓာတ်တွေ ဖြစ်နေတုန်း အချိန်အခါမှာ မည်သည့် ရာဂ, ဒေါသ, မောဟ အစရှိတဲ့ ကိလေသာတွေမှ ထိုအချိန်အခါမှာ ဝင်ရောက်ပြီး နှောင့်ယှက်လို့ မရနိုင်ဘူး။

အေး အလားတူပဲ - မိမိက ဒီဥပစာရသမာဓိ၊ အပ္ပနာသမာဓိခေါ်တဲ့ စျာန်သမာဓိတွေကို အခြေခံပြီးတော့ ရုပ်တွေ နာမ်တွေ သိမ်းဆည်း၊ အကြောင်းတရားတွေ ရှာဖွေပြီး အကြောင်းတရားနှင့်တကွ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်တယ်ဆိုရင်ပဲ ထိုဝိပဿနာ ဇောစိတ်အစဉ်သည် ဆက်တိုက်ဖြစ်နေတဲ့ အချိန်အခါမှာ မည်သည့် ရာဂ, ဒေါသ, မောဟ အစရှိတဲ့ ကိလေသာတွေမှ လာရောက်ပြီးတော့ နှောင့်ယှက်ခြင်းငှာ မစွမ်းနိုင်ပါဘူးနော်။ အဲဒီလို ကမ္မဋ္ဌန်း လက်မလွှတ်စေဘဲ မိမိတို့ဘက်က ဒီကမ္မဋ္ဌာန်းအာရုံတွေကိုသာ ပွားများအားထုတ်နေပါ။ ဒီသမထ ဝိပဿနာဆိုတဲ့ ဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းနေတဲ့ ထိုသူတော်ကောင်းရဲ့ စိတ်ဓာတ်ကို မည်သည့် သတ္တဝါတစ်စုံတစ်ယောက်မျှ လာရောက်နှောင့်ယှက် ဖျက်ဆီးလို့ မရနိုင်ဘူး။ ကောင်းကင်ပြင်မှာ အရုပ်ရေးခြယ်လို့ မရနိုင်သလို မည်သည့် သတ္တဝါ တစ်စုံတစ်ယောက်ကမျှ မည်ကဲ့သို့သော စိတ်ထားဖြင့် လာရောက်နှောင့်ယှက်သည်ဖြစ်စေ ထိုပုဂ္ဂိုလ်ရဲ့ သမထဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ်တွေသည် ဘယ်တော့မှ ပျောက်ပျက်ပြီး မသွားနိုင်ဘူး။

ပျောက်ပျက်ပြီး မသွားနိုင်ဘူးဆိုတာက ဒီသမထဘာဝနာ, ဝိပဿနာဘာဝနာကြောင့် ဖြစ်ပေါ်နေတဲ့ ဒီကုသိုလ်ဇောစိတ်အစဉ်တွေက မဂ်ဉာဏ်ဖိုလ်ဉာဏ် ရသည့်တိုင်အောင် ကျေးဇူးပြုပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။ အဲဒီ စွမ်းရည်တွေသည် ဘယ်တော့မှ ပျက်စီးပြီးတော့ မသွားနိုင်ဘူး။ ဘယ်လိုပုဂ္ဂိုလ်က လာပြီး ဖျက်ဆီးသည်ဖြစ်စေ၊ မိမိတို့ဘက်မှ ကောင်းကင်မှာ အရုပ် ရေးမရသလို ကောင်းကင်နှင့် တူညီနေတဲ့ စိတ်ဓာတ်ဖြင့် သမထဘာဝနာ၊ ဝိပဿနာဘာဝနာလို့ ခေါ်ဆိုအပ်တဲ့ မိမိတို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်အပ်တဲ့ ဘာဝနာတွေကိုသာ ဆက်လက်ပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့ နေထိုင်ပါလို့ ဒီလို ဘုရားရှင်က တိုက်တွန်းနေတယ်နော်။ နောက်ဆက်လက်ပြီး ဟောပြန်တယ်။

သေယျထာပိ, ဘိက္ခဝေ, ပုရိသော အာဂစ္ဆေယျ အာဒိတ္တံ တိဏုက္ကံ အာဒါယ။

- ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သေယျထာပိ၊ ဖြစ်သင့်ဖြစ်ရာ ခိုင်းနှိုင်းဖွယ်ရာ လောကဥပမာသည်ကား။ ပုရိသော၊ ယောကျ်ားသည်။ အာဒိတ္တံ၊ မီးဟုန်းဟုန်း တောက်လောင်၍နေသော။ တိဏုက္ကံ၊ မီးရှူးကို။ အာဒါယ၊ ယူ၍။ အာဂစ္ဆေယျ၊ ဆိုက်ရောက်၍ လာပေရာ၏၊

ပုဂ္ဂိုလ်တစ်ယောက်က မီးတွေ တဟုန်းဟုန်း တောက်နေတဲ့ မြက်မီးရှူးတစ်ခု ရှေးယခင်တုန်းက တောလမ်းခရီး သွားပြီ ဆိုလို့ရှိရင်တော့ ဒီမြက်ခြောက်တွေကို ကြိုးနဲ့စည်းပြီးတော့ မီးရှို့ပြီးတော့ သွားရတဲ့ အလေ့အထ ရှိပါတယ်နော်။ မီးတုတ်လို့လည်း ခေါ်ကြတယ်။ အဲဒီ မီးတုတ်လို့ ခေါ်တဲ့ ဒီမြက်မီးရှူးတစ်ခုကို မီးဟုန်းဟုန်း တောက်အောင် ရှို့မြှိုက်ပြီးတဲ့ အချိန်အခါမှာ ယောကျ်ားတစ်ယောက်က ရောက်လာပြီ။ ရောက်လာတဲ့ အချိန်အခါမှာ သူက ဘာပြောလဲ?

သော ဧဝံ ဝဒေယျ – ‘အဟံ ဣမာယ အာဒိတ္တာယ တိဏုက္ကာယ ဂင်္ဂံ နဒိံ သန္တာပေဿာမိ သံပရိတာပေဿာမီ’တိ။

သော၊ ထိုပုဂ္ဂိုလ်သည်။ ဧဝံ၊ ဤ။ ဝဒေယျ၊ ပြောဆို-လာငြားအံ့။

သူက ဒီလို ပြောလာပြီ။ ဘယ်လိုလဲ?

အဟံ၊ ငါသည်။ အာဒိတ္တာယ၊ မီးတပြောင်ပြောင် တောက်လောင်-၍နေသော။ ဣမာယ တိဏုက္ကာယ၊ ဤမြက်မီးရှူးဖြင့်။ ဂင်္ဂံ နဒိံ၊ ဂင်္ဂါမြစ်ကို။ သန္တာပေဿာမိ၊ ပူလောင်စေအံ့။ သံပရိတာပေဿာမိ၊ ထက်ဝန်းကျင်မှ ပူလောင်စေအံ့။ ဣတိ၊ ဤသို့လျှင် ဝဒေယျ၊ ပြောဆိုလာသည်ဖြစ်ငြားအံ့။

ပုဂ္ဂိုလ်တစ်ယောက်က ဒီလို လာပြောပြီ။ ငါသည် ဒီမီးဟုန်းဟုန်း တောက်နေတဲ့ ဒီမီးတုတ်နဲ့ ဒီမြက်မီးရှူးဖြင့် ဂင်္ဂါမြစ်ကို ပူအောင် လုပ်မယ်။ ထက်ဝန်းကျင်မှ အားလုံးပူသွားအောင် လုပ်လိုက်မယ်လို့ ပုဂ္ဂိုလ်တစ်ယောက်က လာပြောပြီ။ အဲဒီလို ပြောလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်သလဲ?

တံ ကိံ မညထ, ဘိက္ခဝေ

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တံ၊ ထိုငါဘုရားမေးမယ့် မေးခွန်းကို။ တုမှေ၊ သင်ချစ်သားတို့သည်။ ကိံ မညထ၊ ဘယ်သို့ အောက်မေ့မှတ်ထင် ယူဆကြကုန်သနည်း။

သင်ချစ်သားတို့ကို ငါမေးခွန်းတစ်ခု မေးမယ်။ သင်ချစ်သားတို့တတွေ ဘယ်လို ထင်မြင်ယူဆကြသလဲ?

အပိ နု သော ပုရိသော အာဒိတ္တာယ တိဏုက္ကာယ ဂင်္ဂံ နဒိံ သန္တာပေယျ သံပရိတာပေယျာ’’တိ?

သော ပုရိသော၊ ထိုယောကျ်ားသည်။ အပိ နု၊ တကယ် စင်စစ်အားဖြင့်။ အာဒိတ္တာယ၊ မီးဟုန်းဟုန်း တောက်လောင်၍နေသော။ တိဏုက္ကာယ၊ မြက်မီးရှူးဖြင့်။ ဂင်္ဂံ နဒိံ၊ ဂင်္ဂါမြစ်ကို။ သန္တာပေယျ၊ ပူလောင်နိုင်စေပါအံ့လော။ သံပရိတာပေယျ၊ ထက်ဝန်းကျင်မှ ပူလောင်နိုင်စေပါအံ့လော။ ဣတိ ဧဝံ၊ ဤသို့မေးတော်မူ၏၊

ချစ်သားရဟန်းတို့ ... ဒီယောကျ်ားသည် မီးဟုန်းဟုန်း တောက်နေတဲ့ ဒီမြက်မီးရှူးဖြင့် ဂင်္ဂါမြစ်ကို ပူလောင်စေဖို့ရန်အတွက် တကယ်စင်စစ် စွမ်းနိုင်ပါမလား, ဒီဂင်္ဂါမြစ်ရေတွေ ထက်ဝန်းကျင် ပူလောင်သွားအောင် တကယ်စင်စစ် သူ ပြုလုပ်နိုင်ပါ့မလား ဆိုပြီးတော့ ဘုရားရှင်က မေးကြည့်တယ်။ အဲဒီ အချိန်အခါမှာ ရဟန်းတော်တွေက -

‘‘နော ဟေတံ, ဘန္တေ’’။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဧတံ၊ ဤကဲ့သို့ ပူလောင်အောင် ပြုလုပ်ခြင်းငှာ။ နော ဟေတံ၊ မစွမ်းနိုင်ပါ မြတ်စွာဘုရား ...။

ဘယ်လိုမှတော့ မစွမ်းနိုင်ပါဘူးနော်။ ဘာဖြစ်လို့လဲ?

‘တံ ကိဿ ဟေတု’’? ‘‘ဂင်္ဂါ ဟိ, ဘန္တေ, နဒီ ဂမ္ဘီရာ အပ္ပမေယျာ။ သာ န သုကရာ အာဒိတ္တာယ တိဏုက္ကာယ သန္တာပေတုံ သံပရိတာပေတုံ၊ ယာဝဒေဝ စ ပန သော ပုရိသော ကိလမထဿ ဝိဃာတဿ ဘာဂီ အဿာ’’တိ။

တံ၊ ထိုကဲ့သို့ မဖြစ်နိုင်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း ဟူမူကား။ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဂင်္ဂါ နဒီ၊ ဂင်္ဂါမြစ်သည်။ ဂမ္ဘီရာ၊ နက်လည်း နက်နဲလှပါ၏။ အပ္ပမေယျာ၊ တိုင်းတာ၍လည်း မရနိုင်ပါ။

ဂင်္ဂါမြစ်ရေက အိုးဘယ်နှစ်လုံး ရှိပါတယ်လို့ သွားပြီး တိုင်းတာကြည့်မယ် ဆိုရင်လည်း တိုင်းတာလို့ ရနိုင်မလား? မရနိုင်ဘူး။ ဆီပိုင်း ဘယ်နှစ်လုံးလောက် ရှိမယ် ဆိုတာ သွားတိုင်းတာကြည့်မယ်ဆိုရင်လည်း တိုင်တာလို့ ရနိုင်ပါ့မလား? မရနိုင်ပါဘူး။ သူက နက်လည်း နက်တယ်။ ရေထုသည် ပမာဏကလည်း တိုင်းတာလို့ မရနိုင်လောက်အောင် အလွန့်အလွန် များပြားနေတယ်။ ဒါကြောင့် -

သာ၊ ထိုဂင်္ဂါမြစ်ကို။ အာဒိတ္တာယ၊ ရဲရဲနီသော။ တိဏုက္ကာယ၊ မြက်မီးရှူးဖြင့်။ သန္တာပေတုံ၊ ပူလောင်စေအံ့သောငှာ။ သံပရိတာပေတုံ၊ ထက်ဝန်းကျင်မှ ပူလောင်စေအံ့သောငှာ။ န သုကရာ၊ မလွယ်ကူလှပါ။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သော ပုရိသော၊ ထိုယောကျ်ားသည်။ ကိလမထဿ၊ ပင်ပန်းခြင်း၏။ ဝိဃာတဿ၊ ကိုယ်ဆင်းရဲ စိတ်ဆင်း-ရဲခြင်း၏။ ဘာဂီ၊ အဖို့ဘာဂရှိမည်။ အဿ၊ အလွန်အကဲ ဖြစ်နိုင်ရာပါသည် မြတ်စွာဘုရား ...။

ဒီယောကျ်ားက အကယ်၍ မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ မြက်မီးရှူးဖြင့် ဒီဂင်္ဂါမြစ်ကို ပူလောင်အောင် ကြိုးစားအားထုတ်ခဲ့မယ် ဆိုလို့ရှိရင် သူ့ရဲ့ ကြိုးစားအားထုတ်ချက်သည် သူ ပင်ပန်းဖို့ရန်, ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖို့ရန်အတွက် အဖို့ဘာဂသာ ရှိနေပါတယ် မြတ်စွာဘုရား ဆိုပြီးတော့ လျှောက်ထားကြတယ်နော်။ အဲဒီလို လျှောက်ထားတဲ့ အခါမှာ ဘုရားရှင်က ဘာဆက် ဆိုဆုံးမလဲ?

‘‘ဧဝမေဝ ခေါ, ဘိက္ခဝေ, ပဉ္စိမေ ဝစနပထာ ယေဟိ ဝေါ ပရေ ဝဒမာနာ ဝဒေယုံ – ကာလေန ဝါ အကာလေန ဝါ၊ ဘူတေန ဝါ အဘူတေန ဝါ၊ သဏှေန ဝါ ဖရုသေန ဝါ၊ အတ္ထသံဟိတေန ဝါ အနတ္ထသံဟိတေန ဝါ၊ မေတ္တစိတ္တာ ဝါ ဒေါသန္တရာ ဝါ။ ကာလေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယုံ အကာလေန ဝါ၊ ဘူတေန ဝါ ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယုံ အဘူတေန ဝါ၊ သဏှေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယုံ ဖရုသေန ဝါ၊ အတ္ထသံဟိတေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယုံ အနတ္ထသံဟိတေန ဝါ၊ မေတ္တစိတ္တာ ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယုံ ဒေါသန္တရာ ဝါ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝမေဝ ခေါ၊ ဤဥပမာ အတူသာလျှင်။ ဝစနပထာ၊ စကားဖြစ်ပေါ်ခြင်းရဲ့ အကြောင်း-တရားတို့သည်။ ပဉ္စိမေ - ဤငါးမျိုးတို့သည်။ ပဉ္စ၊ ငါးမျိုးတို့သည်။ ပရေ၊ သူတစ်ပါးတို့သည်။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ဖြစ်သော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုနိုင်ကြကုန်လေရာ၏၊

ချစ်သားရဟန်းတို့ ... ဒီအတိုင်းပါပဲ။ တစ်ဖက်ပုဂ္ဂိုလ်တွေက-နေပြီးတော့ လာပြောဆိုနေကြတယ် ဆိုလို့ရှိရင် ပြောဆိုနိုင်တဲ့ စကားဖြစ်ပေါ်ဖို့ရန် အကြောင်းတရား ၅-မျိုး ရှိတယ်။ ယင်း အကြောင်းတရား ၅-မျိုးဖြင့်သာလျှင် သင်ချစ်သားတို့အပေါ်မှာ တစ်ဖက်သားပုဂ္ဂိုလ်တွေက လာပြော-မယ်ဆိုရင် ပြောလို့ ရနိုင်ပါတယ်။ ဘာတွေလဲ?

ပြောသင့်တဲ့ အချိန်အခါမှာသော်လည်းကောင်း, မပြောသင့်တဲ့ အချိန်အခါမှာသော်လည်းကောင်း၊ ဟုတ်မှန်တဲ့ စကားဖြင့်သော်လည်းကောင်း, မဟုတ်မမှန်တဲ့ စကားဖြင့်သော်လည်းကောင်း၊ သိမ်မွေ့တဲ့ စကားဖြင့်သော်-လည်းကောင်း, ကြမ်းတမ်းတဲ့ စကားဖြင့်သော်လည်းကောင်း၊ အကျိုးစီးပွားနှင့် စပ်ယှဉ်တဲ့ စကားဖြင့်သော်လည်းကောင်း, အကျိုးစီးပွားနှင့် မစပ်ယှဉ်တဲ့ စကားဖြင့်သော်လည်းကောင်း၊ မေတ္တာနှင့်ယှဉ်တဲ့ စိတ်ထားဖြင့်သော်လည်းကောင်း, ဒေါသနှင့်ယှဉ်တဲ့ စိတ်ထားဖြင့်သော်လည်းကောင်း လာပြီး ပြော-ဆိုမယ် ဆိုရင်လည်း ပြောလို့ ရနိုင်တယ်ပါတယ်နော်။ အဲဒီလို ဘယ်လိုပင် လာပြီး ဒီလို ပြောနေတဲ့ အချိန်အခါမှာ ဘာလုပ်ရမလဲ?

တတြာပိ ဝေါ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘န စေဝ နော စိတ္တံ ဝိပရိဏတံ ဘဝိဿတိ, န စ ပါပိကံ ဝါစံ နိစ္ဆာရေဿာမ, ဟိတာနုကမ္ပီ စ ဝိဟရိဿာမ မေတ္တစိတ္တာ န ဒေါသန္တရာ။

တတြာပိ၊ ထိုသို့ ပြောဆိုလာရာ၌လည်းပဲ။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဝေါ၊ သင်ချစ်သားတို့သည်။ ဧဝံ၊ ဤသို့။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။

ဒီလို လာပြောပြီ ဆိုလို့ရှိရင် သင်တို့ ဒီလို ကျင့်ကြပါနော်။

နော၊ ငါတို့၏။ စိတ္တံ၊ စိတ်သည်။ ဝိပရိဏတံ၊ ဖောက်ပြန်ပျက်စီးခြင်း ရှိသည်။ န စေဝ ဘဝိဿတိ၊ ဘယ်တော့မှ မဖြစ်ရလတ္တံ့။ ပါပိကံ ဝါစံ၊ ယုတ်မာတဲ့ စကားကိုလည်းပဲ။ န စ နိစ္ဆာရေဿာမ၊ ဘယ်တော့မှ မမြွက်ဆိုကြပါကုန်အံ့။ ဟိတာနုကမ္ပီ စ၊ ပြောဆိုလာတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးစီးပွားကို အစဉ် သနားစောင့်ရှောက်သော စိတ်ထားရှိသည်ဖြစ်၍မူလည်း။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။ မေတ္တစိတ္တာ၊ ပြောဆိုလာတဲ့ ပုဂ္ဂိုလ်အပေါ်၌ မေတ္တာနှင့်ယှဉ်သော စိတ်ထားရှိကြကုန်-သည်ဖြစ်၍။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။ န ဒေါသန္တရာ၊ ဒေါသနှင့်မယှဉ်သော စိတ်ထား ရှိကြကုန်သည် ဖြစ်၍။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။

ဒီလို ပြောဆိုလာပြီဆိုရင် ပြောဆိုလာတဲ့ အချိန်အခါမှာ ငါတို့ရဲ့ စိတ်ဓာတ်သည် ဖောက်ပြန်ပျက်စီးမှု ဘယ်တော့မှ မရှိစေရဘူး။ ယုတ်မာတဲ့ စကားကိုလည်း တို့ ဘယ်တော့မှ မမြွက်ကြားဘူး။ ပြောဆိုလာတဲ့ ပုဂ္ဂိုလ်အပေါ်မှာ အကျိုးစီးပွားကို လိုလားတောင့်တတဲ့ အစဉ်သနားစောင့်ရှောက်တဲ့ စိတ်ဓာတ်ဖြင့်သာ တို့ နေထိုင်မယ်။ မေတ္တာဖြင့် ယှဉ်တဲ့ စိတ်ဓာတ်ဖြင့်သာ တို့ နေထိုင်မယ်။ ဒေါသနဲ့ မယှဉ်တဲ့ စိတ်ဓာတ်ဖြင့်သာလျှင် တို့ နေထိုင်မယ်။

တဉ္စ ပုဂ္ဂလံ မေတ္တာသဟဂတေန စေတသာ ဖရိတွာ ဝိဟရိဿာမ, တဒါရမ္မဏဉ္စ သဗ္ဗာဝန္တံ လောကံ ပထဝိသမေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရိဿာမာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။

တဉ္စ ပုဂ္ဂလံ၊ ထိုပြောဆိုလာတဲ့ ပုဂ္ဂိုလ်အပေါ်၌လည်းပဲ။ မေတ္တာသဟဂတေန စေတသာ၊ မေတ္တာနှင့်ယှဉ်သော စိတ်ဓာတ်နှင့်။ ဖရိတွာ၊ ဖြန့်ကျက်၍။ မေတ္တာသဟဂတေန စေတသာ၊ မေတ္တာစျာန်နှင့်ယှဉ်သော စိတ်ဓာတ္ထ်ဖြင့်။ ဖရိတွာ၊ ဖြန့်ကျက်၍။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။

ဒီလို ပြောဆိုလာတဲ့ပုဂ္ဂိုလ် ဘယ်လိုပဲ ပြောပြောပေါ့ - အကောင်းနဲ့ အဆိုး ၂-ခုရှိတယ်။ အကောင်းဘက်ကပဲ ဖြစ်စေ၊ အဆိုးဘက်ကပဲ ဖြစ်စေ ဘယ်လိုပဲ လာပြောပါစေ ဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်အပေါ်မှာ မေတ္တာစျာန်ကို ဝင်စားပြီးတော့ မေတ္တာစျာန်နဲ့ ယှဉ်တဲ့စိတ်ဓာတ် ဖြန့်ကျက်ပြီးတော့မှသာ သင်ချစ်သားတို့ နေထိုင်ကြစမ်းပါ။ တို့ နေထိုင်မယ်လို့ ဒီလို စိတ်ကို ကျင့်ကြံ-ကြိုးကုတ် ပွားများအားထုတ်ပါတဲ့နော်။

တဒါရမ္မဏဉ္စ၊ ထိုမေတ္တာစျာန်ရဲ့ တည်ရာအာရုံဖြစ်သော။ သဗ္ဗာဝန္တံ၊ အလုံးစုံသော သတ္တဝါရှိသော။ လောကံ၊ လောကကို။ ပထဝိသမေန၊ ဂင်္ဂါမြစ်ရေယဉ်နှင့်တူသော။ စေတသာ၊ စိတ်ဓာတ်ဖြင့်။ ဝိပုလေန၊ ပြန့်ပြောကြီးကျယ်သော။ မဟဂ္ဂတေန၊ မြင့်မြတ်သည့်အဖြစ်သို့ ရောက်ရှိ၍နေသော။ အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရိဿာမာတိ၊ အတိုင်းအတာ ပမာဏမရှိတဲ့, ရန်ကင်းတဲ့, စိုးရိမ်ကြောင့်ကြမှု ကင်းနေတဲ့ မေတ္တာစျာန်နှင့်ယှဉ်သော စိတ်ဓာတ်ဖြင့် ဖြန့်ကျက်ပြီးတော့ ငါတို့ နေထိုင်မယ်လို့။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝဉှိ၊ ဤသို့လျှင်။ ဝေါ၊ သင်ချစ်သားတို့သည်။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမည်။

ဒီမေတ္တာစျာန်ရဲ့ တည်ရာအာရုံဖြစ်နေတဲ့ သတ္တဝါအားလုံးအပေါ်၌ ဖြန့်ကျက်ပြီးတော့ သတ္တလောကတစ်ခုလုံးကို အာရုံယူ၍ ဂင်္ဂါမြစ်ရေယဉ်နဲ့ တူနေတဲ့ စိတ်ဓာတ်ဖြင့် ပြန့်ပြောကြီးကျယ်တဲ့ မဟဂ္ဂုတ်စျာန်အဖြစ်သို့ ရောက်ရှိနေတဲ့ အတိုင်းအတာ ပမာဏမရှိတဲ့, ရန်ကင်းတဲ့, စိုးရိမ်ကြောင့်ကြမှု ကင်းနေတဲ့ မေတ္တာစျာန်နှင့်ယှဉ်သော စိတ်ဓာတ်ဖြင့် ဖြန့်ကျက်ပြီးတော့ ငါတို့ နေထိုင်မယ်လို့ ဒီလို သင်ချစ်သားတို့တတွေ ကျင့်ကြံကြိုးကုတ် ပွားများ-အားထုတ်ကြစမ်းပါ။ ဘုရားရှင်က တိုက်တွန်းတယ်နော်။

ဂင်္ဂါမြစ်ရေယဉ်နဲ့ တူတဲ့စိတ်ထား ရှိရမယ်။ ဂင်္ဂါမြစ်ရေယဉ်ကို မြက်မီးရှူးနဲ့ လာပြီး ရှို့လိုက်တဲ့ အချိန်အခါမှာ ဂင်္ဂါမြစ်ရေယဉ်သည် ပူလောင်နိုင်တဲ့ သဘောရှိသလား? မရှိဘူး။ နည်းနည်းလောက် အိုးလေးထဲ ထည့်ပြီးတော့ နည်းနည်းလေး မီးရှို့မယ် ဆိုရင်တော့ ပူလောင်နိုင်တဲ့သဘော ရှိတယ်။ ဒါပေမဲ့ ဂင်္ဂါမြစ်အတိုင်း တည်ရှိနေတဲ့ ရေကို မြက်မီးရှူးနဲ့ သွားပြီး ရှို့လိုက်လို့ကတော့ ဒီဂင်္ဂါမြစ်ရေယဉ်ဟာ ပူမလား? မဆိုသလောက် အနည်းငယ် ကွက်ပြီးတော့ နည်းနည်းလေးတော့ နွေးသွားမယ်။ သူ ထင်မြင်ယူဆတဲ့အတိုင်း ဂင်္ဂါမြစ်ရေယဉ်ကြောတစ်ခုလုံး ပူလောင်နိုင်တဲ့ စွမ်းအား ရှိပါ့မလား? မရှိနိုင်ဘူး။

အဲဒီအတိုင်းပဲ - မေတ္တာစျာန် ဝင်စားနေတဲ့ မေတ္တာစျာန်နှင့်ယှဉ်တဲ့ စိတ်ဓာတ်နှင့် နေထိုင်လျက်ရှိတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကို မည်သည့် သတ္တဝါ တစ်စုံတစ်ယောက်မှ လာပြီး ပူလောင်အောင် လုပ်နိုင်ဖို့ဆိုရင် လုပ်လို့ မရနိုင်ဘူး။ ဒီလိုဆိုရင် မိမိတို့က စိတ်ဓာတ်ကလေး အေးအေးချမ်းချမ်းနဲ့ နေထိုင်ချင်ကြတယ်ဆိုရင် ဘာလုပ်ရမလဲ? တစ်ဖက်သားပုဂ္ဂိုလ်တွေအပေါ်၌ မေတ္တာစျာန် ဝင်စားပြီး နေထိုင်ဖို့ မကောင်းဘူးလား? ကောင်းတယ်။ ဘုရားရှင်ကလဲ စိတ်ဓာတ်အေးအေးချမ်းချမ်း ဂင်္ဂါမြစ်ရေယဉ်နဲ့ တူညီနေတဲ့ စိတ်ဓာတ်ဖြင့် ဒီသာသနာတော်မှာ သင်ချစ်သားတို့ နေထိုင်ချင်ကြတယ် ဆိုရင် ဘာလုပ်ရမလဲ?

ပြောဆိုလာတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ မေတ္တာစျာန် ဝင်စားပြီး မေတ္တာနှင့်ယှဉ်တဲ့ စိတ်ဓာတ် ဖြန့်ကျက်ပြီးတော့ နေထိုင်ပါလို့ ဒီလို နည်းစနစ် ပေးနေတယ်။ ဘုရားရှင်ပေးတော်မူတဲ့ ဒီနည်းစနစ်ကို ပြန်ပြီး နည်းနည်းလေး ဆန်းစစ်ကြည့်မယ်။ မည်သည့်သတ္တဝါ တစ်စုံတစ်ယောက်အပေါ်၌ ထိခိုက်နိုင်တဲ့ သဘောရှိသလား? မရှိဘူး။ အင်မတန် အပြစ်ကင်းစင်တယ်။ အင်မတန် စင်ကြယ်တဲ့ ကျင့်ဝတ်ပဋိပတ် တစ်ခု ဖြစ်ပါတယ်နော်။ အဲဒီတော့ ဒီလို စင်ကြယ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ကျင့်ချင်ပါတယ်လို့ အမည်-ခံပြီးတော့ မိမိတို့က သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်း ပြုကြတယ် သို့မဟုတ် သာသနာ့နွယ်ဝင်အဖြစ်နဲ့ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုလာကြတယ်။ အဲဒီလို ရှင်ရဟန်း ပြုလာပါလျက်နဲ့ မိမိတို့က မစင်ကြယ်တဲ့ စိတ်ဓာတ်တွေ ဘာကြောင့် မွေးမြူချင်ရတာလဲနော်။ စင်ကြယ်နေတဲ့ အေးချမ်းနေတဲ့ ဒီစိတ်ဓာတ်ကလေးတွေ မွေးမြူပေးဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ နောက်တစ်ခု မြတ်စွာဘုရားက အားရတော် မမူသေးဘူးနော်။ ရှေ့ဆက်ပြီးတော့ တရား ဟောပြန်တယ်။

သေယျထာပိ, ဘိက္ခဝေ, ဗိဠာရဘသ္တာ မဒ္ဒိတာ သုမဒ္ဒိတာ သုပရိမဒ္ဒိတာ, မုဒုကာ တူလိနီ ဆိန္နသဿရာ ဆိန္နဘဗ္ဘရာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သေယျထာပိ၊ အနှိုင်း-ခံဖွယ်ရာ လောက ဥပမာသည်ကား။ မဒ္ဒိတာ၊ နယ်၍ထားအပ်သော။ သုမဒ္ဒိတာ၊ ကောင်းစွာနယ်၍ ထားအပ်သော။ သုပရိမဒ္ဒိတာ၊ ကောင်းစွာ အလွန် ထက်ဝန်းကျင်မှနေ၍ ထားအပ်သော။ မုဒုကာ၊ သီမြေ့နူးညံ့သော။ တူလိနီ၊ လဲဝါဂွမ်းနှင့်တူသော။ ဆိန္နသဿရာ၊ မြတ်သော အသံရှိသော။ ဆိန္နဘဗ္ဘရာ၊ ပြတ်သော အသံရှိသော။ ဗိဠာရဘသ္တာ၊ ကြောင်သားရေသည်။ အတ္ထိ၊ ရှိသည်ဖြစ်လေရာ၏၊

ချစ်သားရဟန်းတို့ ... ကြောင်သားရေတစ်ခုရှိတယ်။ ဒီကြောင်သားရေကို ကောင်းစွာ သူက ကျွမ်းကျင်တဲ့ သားရေလုပ်ငန်းမှာ ကျွမ်းကျင်နေတဲ့ ပုဂ္ဂိုလ်တွေက ကောင်းစွာ နယ်ထားတယ်။ ထက်ဝန်းကျင်မှ အကုန်လုံး သေသေချာချာ ကျကျနန နယ်ထားတယ်။ ဒီကြောင်သားရေလေးက သိပ်ပြီးတော့ ပျော့သွားပြီ။ နူးညံ့ပျော့ပျောင်းသွားပြီ။ လဲဝါဂွမ်း ပျော့ပျောင်း နူးညံ့သကဲ့သို့ ဒီကြောင်သားရေကလည်း နူးညံ့ပျော့ပျောင်း သွားပြီ။

--------------- = ဆိုတာကတော့ ကြောင်သားရေကို ဆုတ်လိုက်တဲ့ အချိန်အခါမှာ မြည်တဲ့ အသံလေးတွေပါပဲ။ တချို့ သားရေတွေ တွေ့ဖူးကောင်း တွေ့ဖူးလိမ့်မယ်နော်။ လက်ကလေးနဲ့ အသာလေးဆုတ်ပြီး ခြေလိုက်ပြီ ဆိုလို့ရှိရင် ကျွိကျွိ ကျွိကျွိ ကျွိကျွိ မြည်ကြတယ်။ ဒီကြောင်သားရေက သေသေချ

အထ ပုရိသော အာဂစ္ဆေယျ ကဋ္ဌံ ဝါ ကထလံ ဝါ အာဒါယ။

အထ၊ ထိုအခါ၌။ ပုရိသော၊ ယောကျ်ားတစ်ယောက်သည်။ ကဋ္ဌံ ဝါ၊ သစ်သားကိုသော်လည်းကောင်း။ ကထလံ ဝါ၊ အိုးခြမ်းကွဲကိုသော်လည်း-ကောင်း။ အာဒါယ၊ ယူဆောင်ခဲ့၍။ အာဂစ္ဆေယျ၊ ဆိုက်ရောက်လာလေရာ၏၊

သစ်သားတုတ်တစ်ချောင်း သို့မဟုတ် အိုးခြမ်းကွဲတစ်ခု ယူဆောင်ပြီးတော့ ယောကျ်ားတစ်ယောက်က လာပြီ။ လာပြီတော့ သူက ဘာလုပ်သလဲ?

သော ဧဝံ ဝဒေယျ –

သော၊ ထိုပုဂ္ဂိုလ်သည်။ ဧဝံ၊ ဤသို့။ ဝဒေယျ၊ ပြောဆိုလာငြားအံ့။

သူက ပြောပြီ။ ဘယ်လိုလဲ?

‘အဟံ ဣမံ ဗိဠာရဘသ္တံ မဒ္ဒိတံ သုမဒ္ဒိတံ သုပရိမဒ္ဒိတံ, မုဒုကံ တူလိနိံ, ဆိန္နသဿရံ ဆိန္နဘဗ္ဘရံ ကဋ္ဌေန ဝါ ကထလေန ဝါ သရသရံ ကရိဿာမိ ဘရဘရံ ကရိဿာမီ’တိ။

အဟံ၊ ငါသည်။ သော ပုရိသော၊ ထိုယောကျ်ားသည်။ အဟံ၊ ငါသည်။ မဒ္ဒိတံ၊ နယ်၍ ထားအပ်သော ရွေထားသော။ သုမဒ္ဒိတံ၊ ကောင်းစွာ နယ်၍ ထားအပ်သော အလွန် ကောင်းစွာနယ်၍ထားအပ်သော။ သုပရိမဒ္ဒိတံ၊ ကောင်းစွာ အလွန် ထက်ဝန်းကျင်မှနေ၍ ထားအပ်သော အလွန် ကောင်းစွာ ထက်ဝန်းကျင်မှာ နယ်၍ ထားအပ်သော။

အပေါ်ဘက် အောက်ဘက် တစ်နေရာမှ မကျန်ဘူး။ အကုန်လုံး နယ်ထားတယ်နော်။ သားရေရဲ့ အတွင်းသား, အပြင်သား။

မုဒုကံ၊ သိမ်မွေ့နူးညံ့သော သိမ်မွေ့-နူးညံ့လျက်ရှိသော။ တူလိနိံ၊ လဲဝါဂွမ်းအစိုင်နှင့် တူသော လဲဝါဂွမ်းအစိုင်နှင့်တူသော။

ဆရာတော်များက သော စေနသယကို သယသယဆိုတဲ့ အသံ၊ စေနပဒ ပဒကို ဝဒ ဝဒကို ဒီလို ဘာသာပြန်ထားတယ်။ မြန်မာပြန် ဆရာတော်များကတော့ အဲဒီမှာ စေနသယကိုတော့ ကျွိကျွိ၊ ဝေနဗဒကိုတော့ ဗြိဗြိ။ ကျွိကျွိလည်း မမြည်ဘူး၊ ဗြိဗြိလည်း မမြည်ဘူး ဆိုပြီးတော့ ဒီလို ဘာသာပြန်ထားကြတယ်။ အတူတူပါပဲနော် - မိမိတို့ မြန်မာအသုံးအနှုန်းနဲ့ လျော်ညီအောင် ကြည့်ပြီး ဘာသာပြန်ကြတာပါနော်။ ကျွိကျွိ ကျွိကျွိ ဗြိဗြိ ဗြိဗြိနဲ့ နည်းနည်းလေးမှ မမြည်ဘူး။ ဘယ့်,နှယ်တုန်း တရားနာ ပရိသတ်တွေ အဲဒီ စကားလုံးတွေ သဘောပေါက်လား? ဘယ်လို သဘောပေါက်တာလဲ? ဟင် ဘုရားက နည်းနည်းလေးစောင်းဟောမလို့ ဟုတ်တယ်မဟုတ်လား?

ဘုရားက ဒီ ကျွိကျွိ ဗြိဗြိ မြည်နေတာကို နည်းနည်းမှ မကြိုက်ဘူး။ ဟုတ်တယ်မဟုတ်လား? ဘယ့်,နှယ်တုန်း သီလရှင်တွေ သဘောပေါက်ပြီလား? အေး ကျွိကျွိ ဗြိဗြိ မြည်တာကို ဘုရားရှင်က မကြိုက်လို့ ဒီတရား ဟောနေတာနော်။ အဲဒီ မြည်တတ်တဲ့လူတွေ နည်းနည်း သတိထားပေါ့နော်။ ကဲ -

အဟံ၊ ငါသည်။ သော ပုရိသော၊ ထိုယောကျ်ားသည်။ အဟံ၊ ငါသည်။ မဒ္ဒိတံ၊ နယ်၍ ထားအပ်သော ရွေထားသော။ သုမဒ္ဒိတံ၊ ကောင်းစွာ နယ်၍ ထားအပ်သော အလွန် ကောင်းစွာနယ်၍ထားအပ်သော။ သုပရိမဒ္ဒိတံ၊ ကောင်းစွာ အလွန် ထက်ဝန်းကျင်မှနေ၍ ထားအပ်သော အလွန် ကောင်းစွာ ထက်ဝန်းကျင်မှာ နယ်၍ ထားအပ်သော။ မုဒုကံ၊ သိမ်မွေ့နူးညံ့သော သိမ်မွေ့-နူးညံ့လျက်ရှိသော။ တူလိနိံ၊ လဲဝါဂွမ်းအစိုင်နှင့် တူသော လဲဝါဂွမ်းအစိုင်နှင့်တူသော။ ဆိန္နသဿရံ၊ ဟူသော ပြတ်တောက်ကင်းဆိတ်သော အသံရှိသော သယသယာဟူသော ပြတ်တောက်ကင်းဆိတ်သော အသံရှိသော။ ဆိန္နဘဗ္ဘရံ၊ ပရ ပရ ဟူသော ပြတ်တောက်ကင်းဆိတ်သော အသံရှိသော။ ဣမံ ဗိဠာရဘသ္တံ၊ ဤကြောင်သားရေကို။ ကဋ္ဌေန ဝါ၊ တုတ်ဖြင့်-လည်းကောင်း။ ကထလေန ဝါ၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း။ သရသရံ၊ သယသယာ ဟူသော အမည်ကို။ ကရိဿာမိ၊ မြည်အောင် ပြုပေအံ့။ ဘရဘရံ၊ ဗဒဗဒါ ဟူသော အသံကို။ ကရိဿာမီတိ၊ ငါမြည်အောင် ပြုပေအံ့ ဤသို့လျှင်။ ဝဒေယျ၊ ပြောဆိုလာငြားအံ့။

ဒီလောက်တောင် နူးနူး ညံ့ညံ့ သိမ်သိမ်မွေ့မွေ့နဲ့ နယ်ထားတဲ့ ထက်ဝန်းကျင်မှာ နယ်ထားလျက် နှစ်ဖက်လုံးကို ကျကျနန ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်က နယ်ထားတဲ့ ဒီကြောင်သားရေကို ငါက တုတ်နဲ့ ရိုက်ပြီးတော့ (သို့မဟုတ်) အိုးခြမ်းကွဲနဲ့ ခြစ်ပြီးတော့ သယသယ ဗဒဗဒ ဆိုတဲ့အမည် ကျွိကျွိ ဂွိဂွိဆိုတဲ့ အမည်တွေ အသံလေးတွေ မြည်လာအောင် ငါလုပ်မယ်လို့ ယောကျ်ား-တစ်ယောက်က လာပြောပြီ။ ပြောလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လဲ?

တံ ကိံ မညထ, ဘိက္ခဝေ, အပိ နု သော ပုရိသော အမုံ ဗိဠာရဘသ္တံ မဒ္ဒိတံ သုမဒ္ဒိတံ သုပရိမဒ္ဒိတံ, မုဒုကံ တူလိနိံ, ဆိန္နသဿရံ ဆိန္နဘဗ္ဘရံ ကဋ္ဌေန ဝါ ကထလေန ဝါ သရသရံ ကရေယျ, ဘရဘရံ ကရေယျာ’’တိ?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တံ၊ ထို ငါဘုရားမေးမဲ့မေးခွန်းကို။ တုမှေ၊ သင်ချစ်သားတို့သည်။ ကိံ မညထ၊ အသို့ အောက်မေ့ မှတ်ထင် ယူဆကြလေကုန်သတည်း။

ငါဘုရားမေးခွန်းတစ်ခု မေးမယ်။ သင်ချစ်သားတို့တတွေ ဘယ်လို ထင်မြင်ယူဆကြသလဲ?

သော ပုရိသော၊ ထိုယောကျ်ားသည်။ မဒ္ဒိတံ၊ နယ်၍ထားအပ်သော။ သုမဒ္ဒိတံ၊ ကောင်းစွာနယ်၍ ထားအပ်သော။ သုပရိမဒ္ဒိတံ၊ ကောင်းစွာ ထက်ဝန်းကျင်မှာ နယ်၍ ထားအပ်သော။ မုဒုကံ တူလိနိံ၊ သိမ်မွေ့ နူးညံ့သောမူလည်း လဲဝါဂွမ်း အစိုင်နှင့်တူညီသော။ ဆိန္နသဿရံ၊ သယာသယာ ဟူသော ပြတ်တောက်ကင်းဆိတ်သော အသံရှိသော။ ဆိန္နဘဗ္ဘရံ၊ ပဒပဒါဟူသော ပြတ်တောက် ကင်းဆိတ်သော အသံရှိသော။ အမုံ ဗိဠာရဘသ္တံ၊ ထိုကြောင်သားရေကို။ ကဋ္ဌေန ဝါ၊ တုတ်ဖြင့်-သော်လည်းကောင်း။ ကထလေန ဝါ၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း။ သရသရံ၊ သယသယာဟူသော အသံကို။ ကရေယျ အပိ နု၊ မြည်အောင် ပြုလုပ်နိုင်ပါအံ့လော မြည်အောင် ပြုလုပ်နိုင်ရာပါသလော။ ဘရဘရံ၊ ဗဒပဒါဟူသော အသံကို။ ကရေယျာတိ၊ မြည်အောင် ပြုလုပ်နိုင်ပါသလော ဤသို့ မေးမြန်းတော် မူလေ၏၊

ချစ်သားရဟန်းတို့ ဒီလို ကျကျနန ကျွမ်းကျင်တဲ့ သားရေနယ်သမား-တွေက နေပြီးတော့ သိမ်မွေ့နူးညံ့အောင် နှစ်ဖက်လုံးမှာ စနစ်တကျ နယ်ထားတဲ့ ဒီကြောင်သားရေကို ထိုပုဂ္ဂိုလ်ကနေပြီးတော့ ကျွိကျွိ ဗြိဗြိ မြည်အောင် တုတ်နှင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲနဲ့သော်လည်းကောင်း ငါလုပ်ပြမယ် ဆိုပြီး ပြောခဲ့ရင် ထိုပုဂ္ဂိုလ်ရဲ့ ပြောပြတဲ့အတိုင်း ဖြစ်နိုင်ပါ့မလား? မေးကြည့်။ အဲဒီအချိန်အခါမှာ ရဟန်းတွေက ဘာပြန်လျှောက်ထားလဲ?

‘‘နော ဟေတံ, ဘန္တေ’’။ ‘‘တံ ကိဿ ဟေတု’’။ ‘‘အမု ဟိ, ဘန္တေ, ဗိဠာရဘသ္တာ မဒ္ဒိတာ သုမဒ္ဒိတာ သုပရိမဒ္ဒိတာ, မုဒုကာ တူလိနီ, ဆိန္နသဿရာ ဆိန္နဘဗ္ဘရာ။ သာ န သုကရာ ကဋ္ဌေန ဝါ ကထလေန ဝါ သရသရံ ကာတုံ ဘရဘရံ ကာတုံ၊ ယာဝဒေဝ စ ပန သော ပုရိသော ကိလမထဿ ဝိဃာတဿ ဘာဂီ အဿာ’’တိ။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဧတံ၊ ဤကဲ့သို့ ပြုလုပ်ခြင်းသည်။ နော ဟေတံ၊ မဖြစ်နိုင်ပါ မြတ်စွာဘုရား ...။

အသံမြည်အောင် သူက ကျွိကျွိ ဂွိဂွိနဲ့မြည်အောင် သူ ပြုမယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ?

တံ ကိဿ ဟေတု၊ ထိုကဲ့သို့ မဖြစ်နိုင်ခြင်းသည် ဘယ်အကြောင်းကြောင့်နည်းဟူကား။ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ အမု ဟိ ဗိဠာရဘသ္တာ၊ ဤကြောင်သားရေသည်။ မဒ္ဒိတာ၊ နယ်၍ ထားအပ်ပါပေ၏။ သုမဒ္ဒိတာ၊ ကောင်းစွာ နယ်၍ ထားအပ်ပါပေ၏။ သုပရိမဒ္ဒိတာ၊ အလွန် ကောင်းစွာ ထက်ဝန်းကျင်၌ နယ်၍ ထားအပ်ပါပေ၏။ မုဒုကာ၊ သိမ်မွေ့နူးညံ့လျက် ရှိပါ၏။ တူလိနီ၊ လဲဝါဂွမ်းအစိုင်နှင့်တူသော သဘောပင် ရှိပါ၏။ ဆိန္နသဿရာ၊ ပြတ်တောက်ကင်းဆိတ်သော အသံလည်း ရှိပါသည်။ ဆိန္နဘဗ္ဘရာ၊ ပြတ်တောက်ကင်းဆိတ်သော ပဒပဒါ ဟူသော အသံလည်း ရှိပါ၏၊

ကြောင်သားရေကနော် - ကျကျနနလေး သူက နယ်ထားတယ်။ စနစ်တကျ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်က ရှေ့ဖက် နောက်ဖက်အားလုံးကို သိမ်မွေ့နူးညံ့အောင် နယ်ထားတယ်။ နယ်လိုက်တဲ့အတွက် ဒီကြောင်သားရေက အလွန့် အလွန် နူးညံ့နေပြီ, သိမ်မွေ့နေပြီ။ လဲဝါဂွမ်းအစိုင်လို ဖြစ်နေပြီ။ လဲဝါဂွမ်း အစိုင်ကို သွားပြီးတော့ ဖိကြည့် ဘာမြည်သေးလဲ? ဘာမှ မမြည်ဘူး။ အဲဒါက ဒီကြောင်သားရေမှာ ကျွိကျွိ ကျွိကျွိ ဗြိဗြိ ဗြိဗြိ ဆိုတဲ့ ဒီအသံတွေဟာ တိတ်ဆိတ်နေပါတယ် မြတ်စွာဘုရားနော်။

သာ၊ ထိုကြောင်သားရေကို။ ကဋ္ဌေန ဝါ၊ တုတ်ဖြင့်သော်လည်း-ကောင်း။ ကထလေန ဝါ၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း။ သရသရံ၊ ကျွိကျွိ ကျွိကျွိဆိုတဲ့ အသံကို။ ကာတုံ၊ ပြုခြင်းငှာ။ န သုကရာ၊ မလွယ်ကူပါ။ ဘရဘရံ၊ ဗြိဗြိ ဆိုတဲ့အသံကို။ ကာတုံ၊ ပြုခြင်းငှာ။ န သုကရာ၊ မလွယ်ကူပါ။

ဒီကြောင်သားရေက သေသေချာချာ စနစ်တကျ နယ်ထားတဲ့အတွက် ဒီသားရေကို ကျွိကျွိ ကျွိကျွိ ဗြိဗြိ ဗြိဗြိ အသံမြည်အောင် ပြုလုပ်ဖို့ရန်အတွက် ဘယ်လိုမှ မလွယ်ပါဘူး မြတ်စွာဘုရားတဲ့နော်။

သော ပုရိသော၊ ထိုယောကျ်ားသည်။ ကိလမထဿ၊ ပင်ပန်းခြင်း၏။ ဝိဃာတဿ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်း၏။ ဘာဂီ၊ အဖို့-ဘာဂရှိသည်။ အဿာတိ၊ ဖြစ်နိုင်ပေရာ၏ မြတ်စွာဘုရား။

ဒီယောကျ်ားက အသံမြည်အောင် သူ ကြိုးစားအားထုတ်မယ်ဆိုရင် ဒီယောကျ်ားအဖို့ ပင်ပန်းဖို့ရန်အတွက်, စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖို့ရန်အတွက် အဖို့ဘာဂသာလျှင် အလွန်အကဲ ရှိနိုင်ပါသည် မြတ်စွာဘုရား ဆိုပြီး တင်ပြလျှောက်ထားကြတယ်။ အဲဒီအခါမှာ ဘုရားရှင်က ရဟန်းတော်တွေဘက်ကို ဘယ်လိုလှည့်ပြီး ဆုံးမလဲ?

‘‘ဧဝမေဝ ခေါ, ဘိက္ခဝေ, ပဉ္စိမေ ဝစနပထာ ယေဟိ ဝေါ ပရေ ဝဒမာနာ ဝဒေယျုံ ကာလေန ဝါ အကာလေန ဝါ၊ ဘူတေန ဝါ အဘူတေန ဝါ၊ သဏှေန ဝါ ဖရုသေန ဝါ၊ အတ္ထသံဟိတေန ဝါ အနတ္ထသံဟိတေန ဝါ၊ မေတ္တစိတ္တာ ဝါ ဒေါသန္တရာ ဝါ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝမေဝ ခေါ၊ ဤဥပမာအတူ-သာလျှင်။ ဝစနပထာ၊ ဤစကားဖြစ်ပေါ်ရန် အကြောင်းတရားတို့-သည်ကား။ ပဉ္စိမေ၊ ဤငါးမျိုးတို့တည်း။ ယေဟိ၊ ဤအကြောင်းတရား ၅-မျိုးတို့ဖြင့်။ ပရေ၊ သူတစ်ပါးတို့က။ ဝေါ၊ သင်ချစ်သားတို့အား။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုကြလေကုန်ရာ၏၊

စကားဖြစ်ပေါ်ဖို့ရန် အကြောင်းတရား ၅-ခုရှိတယ်။ ယင်းအကြောင်း-တရား ၅-မျိုးတို့သည် သင်ချစ်သားတို့အပေါ်မှာ တစ်ဖက်ပုဂ္ဂိုလ်တွေက လာပြောချင်လည်း လာပြောကြလိမ့်မယ်။

ကာလေန ဝါ အကာလေန ဝါ၊ ဘူတေန ဝါ အဘူတေန ဝါ၊ သဏှေန ဝါ ဖရုသေန ဝါ၊ အတ္ထသံဟိတေန ဝါ အနတ္ထသံဟိတေန ဝါ၊ မေတ္တစိတ္တာ ဝါ ဒေါသန္တရာ ဝါ။

ပြောသင့်တဲ့ အချိန်အခါမှာ လာပြောတာလည်း ရှိမယ်။ မပြောသင့်တဲ့ အချိန်အခါမှာ လာပြောတာလည်း ရှိမယ်။ ဟုတ်မှန်တဲ့စကားဖြင့် လာပြောတာလည်း ရှိမယ်။ မဟုတ်မမှန်တဲ့ စကားဖြင့် လာပြောတာလည်း ရှိမယ်။ သိမ်မွေ့နူးညံ့တဲ့ စကားဖြင့် လာပြောနေတာလည်း ရှိမယ်။ ကြမ်းတမ်းတဲ့ စကားဖြင့် လာပြောနေတာလည်း ရှိမယ်။ အကျိုးစီးပွားနဲ့ စပ်ယှဉ်တဲ့ စကား-ဖြင့် လာပြောနေတာလည်း ရှိမယ်။ အကျိုးစီးပွားနဲ့ မစပ်ယှဉ်တဲ့ စကားဖြင့် လာပြောနေတာလည်း ရှိမယ်။ မေတ္တာနဲ့ယှဉ်သော စိတ်ဓာတ်ဖြင့် လာပြောနေတာလည်း ရှိမယ်။ ဒေါသနဲ့ယှဉ်သော စိတ်ဓာတ်ဖြင့် လာပြောနေတာလည်း ရှိလိမ့်မယ်။ ရှိတော့ ဘာဖြစ်လဲ?

ကာလေန ဝါ ဘိက္ခဝေ ပရေ ဝဒမာနာ ဝဒေယျုံ အကာလေန ဝါ၊ ဘူတေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ အဘူတေန ဝါ၊ သဏှေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ ဖရုသေန ဝါ၊ အတ္ထသံဟိတေန ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ အနတ္ထသံဟိတေန ဝါ၊ မေတ္တစိတ္တာ ဝါ, ဘိက္ခဝေ, ပရေ ဝဒမာနာ ဝဒေယျုံ ဒေါသန္တရာ ဝါ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ကာလေန ဝါ၊ ဟုတ်မှန်သော အချိန်ကာလအားဖြင့်သော်လည်းကောင်း။ အကာလေန ဝါ၊ မဟုတ်မမှန်သော အချိန်ကာလအားဖြင့်သော်လည်းကောင်း။ ပရေ၊ သူတစ်ပါး-တို့သည်။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုနိုင်ကြလေကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဘူတေန ဝါ၊ ဟုတ်မှန်သော စကားဖြင့်သော်လည်းကောင်း။ အဘူတေန ဝါ၊ မဟုတ်မမှန်သော စကားဖြင့်-သော်လည်းကောင်း။ ပရေ၊ သူတစ်ပါးတို့သည်။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုနိုင်ကြလေကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သဏှေန ဝါ၊ သိမ်မွေ့-နူးညံ့သော စကားဖြင့်သော်လည်းကောင်း။ ဖရုသေန ဝါ၊ ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့်သော်လည်းကောင်း။ ပရေ၊ သူတစ်ပါး-တို့သည်။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုနိုင်ကြလေကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့က။ အတ္ထသံဟိတေန ဝါ၊ အကျိုးစီးပွားနှင့် စပ်ယှဉ်သော စကားဖြင့်သော်-လည်းကောင်း။ အနတ္ထသံဟိတေန ဝါ၊ အကျိုးစီးပွားနှင့် မစပ်ယှဉ်သော စကားဖြင့်သော်လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုနိုင်ကြလေကုန်ရာ၏၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ပရေ၊ သူတစ်ပါးတို့က။ မေတ္တစိတ္တာ ဝါ၊ မေတ္တာနှင့်ယှဉ်သော စိတ်ထားဖြင့်သော်လည်းကောင်း။ ဒေါသန္တရာ ဝါ၊ ဒေါသနှင့်ယှဉ်သော စိတ်ထားဖြင့်သော်လည်းကောင်း။ ဝဒမာနာ၊ ပြောဆိုလိုကြကုန်သည်ရှိသော်။ ဝဒေယျုံ၊ ပြောဆိုမူလည်း ပြောဆိုနိုင်ကြလေကုန်ရာ၏၊

တစ်ဖက်ပုဂ္ဂိုလ်တွေက သင်ချစ်သားတို့အပေါ်မှာ ပြောသင့်တဲ့ အချိန်အခါမှာသော်လည်းကောင်း, မပြောသင့်တဲ့ အချိန်အခါမှာ-သော်လည်းကောင်း၊ ဟုတ်မှန်သော စကားဖြင့်သော်လည်းကောင်း, မဟုတ်မမှန်သော စကားဖြင့်သော်လည်းကောင်း၊ သိမ်မွေ့နူးညံ့သော စကားဖြင့်သော်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့်သော်လည်းကောင်း၊ အကျိုးစီးပွားနှင့် စပ်ယှဉ်တဲ့ စကားဖြင့်သော်လည်းကောင်း, အကျိုးစီးပွားနှင့် မစပ်ယှဉ်တဲ့ စကားဖြင့်သော်လည်းကောင်း, မေတ္တာနှင့်ယှဉ်သော စိတ်-ဓာတ်ဖြင့်သော်လည်းကောင်း, ဒေါသနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့်သော်-လည်းကောင်း လာပြောမယ် ဆိုလို့ရှိရင်တော့ ပြောဆိုနိုင်ပါတယ်နော်။ အဲဒီလို ပြောဆိုတဲ့ အချိန်အခါမှာ ဘာလုပ်ရမလဲ?

တတြာပိ ဝေါ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ – ‘န စေဝ နော စိတ္တံ ဝိပရိဏတံ ဘဝိဿတိ, န စ ပါပိကံ ဝါစံ နိစ္ဆာရေဿာမ ဟိတာနုကမ္ပီ စ ဝိဟရိဿာမ မေတ္တစိတ္တာ န ဒေါသန္တရာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တတြာပိ၊ ထိုကဲ့သို့ ပြောဆိုလာရာ၌လည်းပဲ။ ဝေါ၊ သင်ချစ်သားတို့သည်။ ဧဝံ၊ ဤသို့။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။

သင်ချစ်သားတို့ ဒီလို ကျင့်ပါ။ ဘယ်လိုလဲ?

နော၊ ငါတို့၏။ စိတ္တံ၊ စိတ်သည်။ ဝိပရိဏတံ၊ ဖောက်ပြန် ပျက်စီးခြင်းသည်။ န စေဝ ဘဝိဿတိ၊ ဘယ်တော့မှ မဖြစ်စေလတ္တံ့။

ငါတို့ရဲ့ စိတ်ဓာတ်ဟာ ဘယ်တော့မှ ဖောက်ပြန်ပျက်စီးမှု မဖြစ်စေရဘူး။

ပါပိကံ ဝါစံ၊ ယုတ်မာတဲ့ စကားကိုလည်းပဲ။ မယံ၊ ငါတို့သည်။ န စ နိစ္ဆာရေဿာမ၊ ဘယ်တော့မှ မမြွက်ဆိုကြပါကုန်အံ့။

ယုတ်မာတဲ့ စကားကိုလည်း ငါတို့ ဘယ်တော့မှ မမြွက်ဆိုဘူး။ ဘယ်-တော့မှ မပြောဘူး။

ဟိတာနုကမ္ပီ စ၊ ပြောဆိုလာတဲ့ ပုဂ္ဂိုလ်တို့ရဲ့အပေါ်၌ အကျိုးစီးပွားကို အစဉ် သနားစောင့်ရှောက်သော စိတ်ထားရှိသည်ဖြစ်၍ မူလည်း။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။ မေတ္တာစိတ္တာ၊ မေတ္တာနှင့်ယှဉ်သော စိတ်ထားရှိကြကုန်လျက်။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။ န ဒေါသန္တရာ၊ ဒေါသနှင့်ယှဉ်သော စိတ်ထားမရှိကြကုန်ဘဲ။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။

ဒီလို ပြောလာတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ပြောလာတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ပြောလာတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးစီးပွားကို အစဉ်သနားစောင့်ရှောက်နေတဲ့ စိတ်ဓာတ်ဖြင့်သာ တို့နေထိုင်မယ်။ ဒီပုဂ္ဂိုလ်အပေါ်မှာ မေတ္တာနဲ့ယှဉ်တဲ့ စိတ်ဓာတ်ဖြင့်သာ တို့နေထိုင်မယ်။ ဒေါသနဲ့ယှဉ်တဲ့ စိတ်ဓာတ်ဖြင့် တို့ဘယ်တော့မှ မနေထိုင်ဘူးလို့ ဒီလို ကျင့်ကြပါနော်။ နောက်တစ်ခု -

တဉ္စ ပုဂ္ဂလံ မေတ္တာသဟဂတေန စေတသာ ဖရိတွာ ဝိဟရိဿာမ, တဒါရမ္မဏဉ္စ သဗ္ဗာဝန္တံ လောကံ ဗိဠာရဘသ္တာသမေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရိဿာမာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တဉ္စ ပုဂ္ဂလံ၊ ထိုသို့ ပြောဆိုလာတဲ့ ပုဂ္ဂိုလ်အပေါ်၌လည်းပဲ။ မေတ္တာသဟဂတေန စေတသာ၊ မေတ္တာစျာန်နှင့်ယှဉ်သော စိတ်ဓာတ်ဖြင့်။ ဖရိတွာ၊ မေတ္တာစျာန်ဝင်စားလျက် ဖြန့်ကျက်၍။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။

ဒီလို ပြောလာတဲ့ ပုဂ္ဂိုလ်အပေါ် ဒီပုဂ္ဂိုလ်အပေါ် အာရုံယူပြီးတော့ မေတ္တာစျာန်တွေ ဝင်စားပါ။ မေတ္တာနဲ့ယှဉ်တဲ့ စိတ်ဓာတ်တွေ ဖြန့်ကျက်ပြီးတော့ ငါတို့ နေထိုင်မယ်လို့ ဒီလို ကျင့်ကြပါနော်။

တဒါရမ္မဏဉ္စ၊ ထိုမေတ္တာစျာန်၏ အာရုံဖြစ်သော။ သဗ္ဗာဝန္တံ၊ အလုံးစုံသော သတ္တဝါရှိသော။ လောကံ၊ လောကကို။ ဗိဠာရဘသ္တာသမေန၊ ကြောင်သားရေနှင့်တူသော။ စေတသာ၊ စိတ်ဓာတ်ဖြင့်။ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန၊ ပြန့်ပြောလှစွာသော မြတ်သည်၏အဖြစ်သို့ ရောက်ရုံမျှမက အတိုင်းအရှည်မရှိ ရန်ခပ်သိမ်း Ngnyeinအေး၍ ဆင်းရဲဒုက္ခကင်းဝေးသော စိတ်ဓာတ်ဖြင့်။ ဖရိတွာ ဝိဟရိဿာမာတိ၊ ဖြန့်ကျက်၍ နေထိုင်ကြပါကုန်အံ့ဟူ၍။ ဧဝဉှိ၊ ဤသို့လျှင်စင်စစ်။ ဝေါ၊ သင်ချစ်သားတို့သည်။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။

သင်ချစ်သားတို့ ဒီလို ကျင့်ကြပါ။ ဘယ်လိုလဲ? ဒီပြောဆိုလာတဲ့ ပုဂ္ဂိုလ်အပေါ်မှာ မေတ္တာစျာန်တွေ ဝင်စားပြီး ဒီပုဂ္ဂိုလ်ကို အာရုံယူပြီးတော့ မေတ္တာစျာန်တွေ ဝင်စားပြီး မေတ္တာနှင့်ယှဉ်တဲ့ စိတ်ဓာတ်ဖြင့် တို့ နေထိုင်မယ်လို့ ဒီလို ကျင့်ပါ။ နောက်တစ်ခု -

ဒီပုဂ္ဂိုလ်ကို အခြေခံပြီးတော့ သတ္တဝါအားလုံးအပေါ်နော် မေတ္တာစျာန်ရဲ့ အာရုံစိတ်ဖြင့် သတ္တဝါအားလုံးအပေါ်၌ မေတ္တာစျာန်တွေ ဖြန့်ကျက်ပြီးတော့လည်း မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပြီးတော့ နေထိုင်ပါ။ အဲဒီလို နေထိုင်တဲ့ အချိန်အခါမှာ စိတ်ဓာတ်က ဘယ်လို ဖြစ်ရမလဲ?

---------------- = ကြောင်သားရေနှင့်တူတဲ့ စိတ်ဓာတ်ရှိရမယ်။

ဘာပြောတာလဲ? ကျွိကျွိ ကျွိကျွိ ဗြိဗြိ ဗြိဗြိ မမြည်ရဘူးတဲ့။ ဟုတ်ပလား? သဘောပေါက်ပလား? ဟင် မှန်တာပဲဖြစ်ဖြစ်, မမှန်တာပဲဖြစ်ဖြစ်နော် သိမ်မွေ့တာနဲ့ပဲဖြစ်ဖြစ်, ကြမ်းတမ်းတာနဲ့ပဲဖြစ်ဖြစ် ဘယ်လို စကားတွေနဲ့ပဲ ဖြစ်ဖြစ် လာပြောမယ်ဆိုရင် မိမိဘက်ကနေပြီးတော့ ကျွိကျွိ ကျွိကျွိ ဗြိဗြိ ဗြိဗြိ မြည်ရမလား, မမြည်ရဘူးလား? မမြည်နဲ့။ ဘာမျှ ပြောတာကို ဘုရားရှင်က မကြိုက်ပါဘူးနော်။ ပြီးတော့ ဒီစိတ်ထား ရှိဖို့ရန်အတွက်က ဘာလိုသလဲ?

နိဝါတဆိုတဲ့စိတ်ထား မင်္ဂလာတစ်ခု ရှိဖို့လိုပါတယ်။ မိမိရဲ့စိတ်ထား၊ မိမိရဲ့ ကိုယ်, နှုတ်, နှလုံး စိတ်သုံးပါးလုံးကို နှိမ်ချတတ်တဲ့စိတ်ထား ရှိဖို့လိုတယ်။ ကာယကံဖြင့်လည်း နှိမ်ချမှု ရှိရမယ်, ဝစီကံဖြင့်လည်း နှိမ်ချမှု ရှိရမယ်, မနောကံဖြင့်လည်း နှိမ်ချမှု ရှိနေရမယ်။ ကာယကံ ကြည့်လိုက်တော့လည်း အပေါ်စီးက, ဝစီကံ ကြည့်လိုက်တော့လည်း အပေါ်စီးက, မနောကံ ကြည့်လိုက်တော့လည်း အပေါ်စီးက။ ဒီစိတ်ထားမျိုးနဲ့ ဒီသာသနာမှာ နေရမလား? မနေပါနဲ့နော်။ ဘယ်လို စိတ်ထားနဲ့သာ နေရမလဲ?

ကာယကံ နှိမ်ချမှု ရှိရမယ်။ ကာယကံကို နှိမ်ချတဲ့ စိတ်ဓာတ်ဖြင့်, ဝစီကံကို နှိမ်ချတဲ့ စိတ်ဓာတ်ဖြင့်, မနောကံကို နှိမ်ချတဲ့ စိတ်ဓာတ်ဖြင့်သာလျှင် နိဝါတ မင်္ဂလာတရား လက်ကိုင်ထားပြီးတော့ ဒီသာသနာတော်မှာ သင်ချစ်-သားတို့တတွေ, သင်ချစ်သမီးတို့တတွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ တစ်ဖက်ပုဂ္ဂိုလ်တွေက ဘယ်လိုအကြောင်းအရာနဲ့ဖြစ်ဖြစ် လာပြီး စကားပြောခဲ့ရင် ကြောင်သားရေလို ကျွိကျွိ ကျွိကျွိ ဗြိဗြိ ဗြိဗြိနဲ့ မမြည်ကြပါနဲ့။ ဘယ့်,နှယ်တုန်း သီလရှင်တွေ မြည်ဦးမလား, မမြည်ဘူးလား? ဟင် ဘယ်သူမှလည်း သိပ်မပြောပါလား? သူတို့က သိပ်ပြီးတော့ ကျွိကျွိ ကျွိကျွိ ဗြိဗြိ ဗြိဗြိနဲ့ တယ်လုပ်တာကို။ ဟုတ်တယ်မဟုတ်လား?

ဒါကြောင့် ဘုရားရှင်ကနေပြီးတော့ ခုဟောနေတာက ဘာအတွက် ဟောနေတယ်လို့ မေးတော့ ဖက္ခုနမထေရ်က ဘုရားရှင်ကို မကျေနပ်လို့ ရှေ့မှာ နှုတ်ခမ်းကြီးစူပြီးတော့ ထိုင်နေလို့တဲ့နော်။ ဘုရားရှင်က ဒီလောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ဟောနေရတာ။ ဘာဖြစ်လို့ ဒီနှုတ်ခမ်းစူရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဘိက္ခူနီမတွေနဲ့ အရှင်ဖက္ခုနက ရောရောနှောနှော နေထိုင်လွန်းလို့ ဘုရားရှင်က ဒီလို မနေသင့်တဲ့အကြောင်း ဆုံးမတာကို သူက မကျေနပ်ဘူး။ အဲဒီလို မကျေနပ်တဲ့အတွက် ကျေနပ်သွားအောင် ဆိုပြီးတော့ ဘုရားရှင်က အပင်ပန်းခံပြီးတော့ ဥပမာ အမျိုးမျိုးနဲ့ တရားဟောနေရတယ်။ အဲဒီ ဟောနေတဲ့ တရားတွေကို သီလရှင်တွေ သဘောမကျကြဘူးလား? ဟင် ကဲ ... ဟိုဘက်က ဒကာကြီးတွေရော, ကဲ ဒီဘက်က ဘုန်းကြီးတွေရော။ ဟယ် ဟုတ်ပြီ။ ဘုန်းကြီးတွေက ကျတယ်နော်။ ဟန်ကျပြီ။ ဘုန်းကြီးက ဒီလိုမှ သဘောကျတာနော်။ ဟွန် ကဲ မြတ်စွာဘုရား ရှေ့ဆက်ပြီးတော့ နိဂုံးချုပ်အနေနဲ့ ဟောပြန်တယ်နော်။

ဥဘတောဒဏ္ဍကေန စေပိ, ဘိက္ခဝေ, ကကစေန စောရာ ဩစရကာ အင်္ဂမင်္ဂါနိ ဩကန္တေယျုံ,

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဥဘတောဒဏ္ဍကေန၊ နှစ်ဖက်သော လက်ကိုင်ရှိသော။ ကကစေန၊ လွှဖြင့်။ စောရာ ဩစရကာ၊ ယုတ်မာသော အမှုကို ပြုကျင့်လျက်ရှိကြကုန်သော ခိုးသားဓားပြတို့သည်။ အင်္ဂမင်္ဂါနိ၊ ဤသင်ချစ်သားတို့ရဲ့ ကိုယ်အင်္ဂါကြီးငယ်တို့ကို။ ဩကန္တေယျုံ၊ အကယ်၍ ဆွဲမူလည်း ဆွဲကြကုန်ငြားအံ့။ ဥဘတောဒဏ္ဍကေန = နှစ်ဖက် လက်ကိုင်ရှိနေတဲ့ လွှနဲ့ ခိုးသားဓားပြတွေ ယုတ်မာတဲ့အမှုကို ပြုကျင့်လေ့ရှိတဲ့ ခိုးသားဓားပြတွေက လာပြီးတော့ လွှကြီးနဲ့ တိုက်ပြီ။ အဲဒီလို တိုက်လိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်မလဲ?

တတြာပိ ယော မနော ပဒူသေယျ, န မေ သော တေန သာသနကရော။

တတြာပိ၊ ထိုကဲ့သို့ လွှဖြင့် လာ၍ တိုက်ဖျက်ရာ၌လည်းပဲ။ ယော၊ အကြင်ရဟန်းတော်သည်။ မနော၊ စိတ်ဓာတ်ကို။ ပဒူသေယျ၊ ပျက်စီးစေငြားအံ့။ သော၊ ထိုရဟန်းတော်သည်။ တေန၊ ထိုသို့စိတ်ဓာတ်ကို ပျက်စီးစေခြင်းတည်းဟူသော အကြောင်းကြောင့်။ မေ၊ ငါဘုရား၏။ သာသနကရော၊ အဆုံးအမ သာသနာတော်၌ လိုက်နာပြုကျင့်သောသူ။ န ဘဝတိ၊ မဟုတ်ပေ။

တစ်ဖက်ပုဂ္ဂိုလ်တွေက ယုတ်မာတဲ့အကျင့်ကို ကျင့်လေ့ရှိတဲ့ ပုဂ္ဂိုလ်တွေက နှစ်ဖက်လွှကြီးဖြင့် လာပြီးတော့ ဆွဲပြီ။ ဆွဲလိုက်တဲ့ အချိန်အခါမှာ ဒီလို နှစ်ဖက်လွှဖြင့် လာဆွဲနေတဲ့ ပုဂ္ဂိုလ်တွေအပေါ်၌ ယုတ်မာတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ သင်ချစ်သားတို့ဘက်ကနေ တစ်ဖန် ပြန်ပြီး-တော့ စိတ်နဲ့ ပြစ်မှားခဲ့မယ်ဆိုရင် ဒီလို စိတ်ဓာတ်ဖြင့် ပြစ်မှားနေတဲ့ ပုဂ္ဂိုလ်ဟာ ငါဘုရားရှင်ရဲ့အဆုံးအမ သာသနာတော်မှာ လိုက်နာပြုကျင့်နေတဲ့္တပုဂ္ဂိုလ် မဟုတ်ပါဘူး။

ကာယကံဖြင့် ပြစ်မှားခဲ့မယ်, ဝစီကံဖြင့် ပြစ်မှားခဲ့မယ် ဆိုရင်တော့ ပြောဖွယ်ရာ လိုသေးလား? မလိုတော့ဘူး။ စိတ်ထဲက ပြစ်မှားတောင်မှ ငါဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာပြုကျင့်နေတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့နော်။ သင့်ဓားတိုနေမယ် ဆိုလို့ရှိရင် ရှေ့ကို တစ်လှမ်းတိုးပြီးတော့ ခုတ်လိုက်စမ်းပါဆိုတဲ့ အဆုံးအမမျိုး ဟုတ်သလား? မဟုတ်ဘူး။ ဘုရားရှင်ဘက်က အမြဲတမ်း နောက်ဆုတ်ပြီးတော့ နေထိုင်စေချင်တယ်။ ဘာဖြစ်လို့လဲ? အကုသိုလ်တရားတွေ မတိုးပွားစေချင်ဘူး။ ကုသိုလ်တရားတွေသာ တိုးပွား-လာစေချင်တယ်။ ဒီစိတ်ထား ဘုရားမှာ ရှိတယ်နော်။ ကဲ -

တတြာပိ ဝေါ, ဘိက္ခဝေ, ဧဝံ သိက္ခိတဗ္ဗံ –

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တတြာပိ၊ ထိုကဲ့သို့ နှစ်ဖက် လက်ကိုင်ရှိသော လွှဖြင့် လာ၍ တိုက်ဆွဲနေရာ၌လည်းပဲ။ ဝေါ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ ဧဝံ၊ ဤသို့။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြစမ်းပါ။

သင်ချစ်သားတို့ ဒီလို ကျင့်ကြစမ်းပါ။ ဘယ်လိုလဲ?

‘န စေဝ နော စိတ္တံ ဝိပရိဏတံ ဘဝိဿတိ, န စ ပါပိကံ ဝါစံ နိစ္ဆာရေဿာမ, ဟိတာနုကမ္ပီ စ ဝိဟရိဿာမ မေတ္တစိတ္တာ န ဒေါသန္တရာ။

နော၊ ငါတို့၏။ စိတ္တံ၊ စိတ်ဓာတ်သည်။ ဝိပရိဏတံ၊ ဖောက်ပြန် ပျက်စီးခြင်းရှိသည်။ န စေဝ ဘဝိဿတိ၊ ဘယ်တော့မှ မဖြစ်ရ-လေလတ္တံ့။ ပါပိကံ ဝါစံ၊ ယုတ်မာတဲ့ စကားကိုလည်း။ မယံ၊ ငါတို့သည်။ န စ နိစ္ဆာရေဿာမ၊ ဘယ်တော့မှ မမြွက်ဆိုကြပါကုန်အံ့။ ဟိတာနုကမ္ပီ စ၊ လွှဆွဲလာတဲ့ ပုဂ္ဂိုလ်တို့အပေါ်၌ အကျိုးစီးပွားကို အစဉ် သနားစောင့်ရှောက်သော စိတ်ထားရှိသည်ဖြစ်၍။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။ မေတ္တာစိတ္တာ၊ မေတ္တာနှင့်ယှဉ်သော စိတ်ထားရှိကြကုန်လျက်။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။ န ဒေါသန္တရာ၊ ဒေါသနှင့်ယှဉ်သော စိတ်ထားမရှိကြကုန်ဘဲ။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။

လွှဖြင့် လာဆွဲနေတဲ့ ဒီပုဂ္ဂိုလ်တွေအပေါ်မှာ ငါတို့ရဲ့ စိတ်ဓာတ်သည် ဖောက်ပြန်ပျက်စီးခြင်း ဘယ်တော့မှ မဖြစ်စေရဘူး။ ယုတ်မာတဲ့ စကားကိုလည်း တို့ ဘယ်တော့မှ မမြွက်ဆိုဘူး။ လွှဖြင့် လာဆွဲနေတဲ့ ဒီပုဂ္ဂိုလ်တွေအပေါ်၌ အကျိုးစီးပွားကို လိုလားတောင့်တတဲ့စိတ်ထားဖြင့် တို့ နေထိုင်မယ်။ မေတ္တာနှင့်ယှဉ်သော စိတ်ထားဖြင့် တို့ နေထိုင်မယ်။ ဒေါသဖြင့် မယှဉ်တဲ့ စိတ်ဓာတ်ဖြင့်သာလျှင် တို့ နေထိုင်မယ်လို့ ဒီလို သင်ချစ်သားတို့ ကျင့်ကြပါ။ နောက်တစ်ခု -

တဉ္စ ပုဂ္ဂလံ မေတ္တာသဟဂတေန စေတသာ ဖရိတွာ ဝိဟရိဿာမ တဒါရမ္မဏဉ္စ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာဗဇ္ဈေန ဖရိတွာ ဝိဟရိဿာမာ’တိ။ ဧဝဉှိ ဝေါ, ဘိက္ခဝေ, သိက္ခိတဗ္ဗံ။

တဉ္စ ပုဂ္ဂလံ၊ ထိုကဲ့သို့ လွှဖြင့် ဆွဲနေတဲ့ ပုဂ္ဂိုလ်ရဲ့အပေါ်၌လည်းပဲ။ မေတ္တာသဟဂတေန စေတသာ၊ မေတ္တာနှင့်ယှဉ်သော စိတ်ထားဖြင့်။ ဖရိတွာ၊ မေတ္တာစျာန် ဝင်စားလျက် ဖြန့်ကျက်၍။ ဝိဟရိဿာမ၊ ငါတို့ နေထိုင်ကြပါကုန်အံ့။

မေတ္တာစျာန်ကို ဝင်စားနိုင်တဲ့ ပုဂ္ဂိုလ်တွေအတွက် ဒီနေရာမှာ အခွင့်ကောင်းကြီး မရဘူးလား? ရနေပြီ။ မိမိတို့ရဲ့ စိတ်ဓာတ်ကို မိမိတို့ အထက်တန်းကျအောင် ပြုပြင်ပြောင်းလဲရေး လုပ်ရအောင် အခွင့်ကောင်းပဲနော်။

တဒါရမ္မဏဉ္စ၊ ထိုမေတ္တာစျာန်၏ တည်ရာဖြစ်သော သတ္တဝါ ပညတ်လျှင် အာရုံရှိသော။ သဗ္ဗာဝန္တံ၊ အလုံးစုံသော သတ္တဝါရှိသော။ လောကံ၊ လောကကို။ မေတ္တာသဟဂတေန စေတသာ၊ မေတ္တာစျာန်ဖြင့် ယှဉ်သောစိတ်ဓာတ်ဖြင့်။ ဝိပုလေန၊ ပြန့်ပြောကြီးကျယ်သော။ မဟဂ္ဂတေန၊ မြင့်မြတ်သည် ဖြစ်၍။ အပ္ပမာဏေန၊ အတိုင်းအတာ ပမာဏ မရှိတဲ့။ အဝေရေန၊ ရန်မရှိတဲ့။ အဗျာဗဇ္ဈေန၊ စိုးရိမ်ကြောင့်ကြမှု မရှိတဲ့ စိတ်ဓာတ်ဖြင့်။ ဖရိတွာ၊ တို့ မေတ္တာစျာန်ဖြင့် ဖြန့်ကျက်ပြီးတော့။ ဝိဟရိဿာမာတိ၊ တို့ နေထိုင်မယ်ဟူ၍။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဝေါ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ ဧဝဉှိ၊ ဤသို့လျှင်။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။

သင်ချစ်သားတို့ ဒီလို ကျင့်ပါတဲ့နော်။ ဒီလို လွှဖြင့် လာပြီး ဆွဲနေတဲ့ ပုဂ္ဂိုလ်အပေါ်မှာ မေတ္တာနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့် မေတ္တာစျာန်ကို ဝင်စားလျက် မေတ္တာစျာန်နဲ့ ဖြန့်ကျက်ပြီးတော့ တို့ နေထိုင်မယ်။ တို့ မေတ္တာစျာန်ရဲ့ တည်ရာအာရုံဖြစ်တဲ့ သတ္တဝါအားလုံးအပေါ်၌ သတ္တလောကကြီး တစ်ခုလုံးအပေါ်၌ မေတ္တာနှင့်ယှဉ်သော စိတ်ဓာတ်ဖြင့် မေတ္တာစျာန်တွေကို ဝင်စားပြီးတော့ ပြန့်ပြောကြီးကျယ် မြင့်မြတ်နေတဲ့ အတိုင်းအတာ ပမာဏ မရှိတဲ့, ရန်မရှိတဲ့ စိုးရိမ်ကြောင့်ကြမှု မရှိတဲ့ စိတ်ဓာတ်ဖြင့် တို့ မေတ္တာစျာန်ဖြင့် ဖြန့်ကျက်ပြီးတော့ တို့ နေထိုင်မယ်လို့ သင်ချစ်သားတို့၊ သင်ချစ်သမီးတို့ ဒီလို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ ဆိုပြီးတော့ မြတ်စွာဘုရား တိုက်တွန်းတယ်နော်။ မေတ္တာကို ဦးတည်ပြီးတော့ တိုက်တွန်းနေတာပါနော်။ မိမိတို့ ပွားများအားထုတ်ရမယ့် သမထ, ဝိပဿနာ ဘာဝနာတွေကို လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့ နေထိုင်ကြပါ။

တစ်ဖက်ပုဂ္ဂိုလ်တွေက ကာယကံနဲ့ပဲဖြစ်စေ, ဝစီကံနဲ့ပဲဖြစ်စေ, မနောကံနဲ့ပဲဖြစ်စေ ဘယ်လို မိမိတို့အပေါ်မှာ အကောင်းအဆိုး နှစ်ဖက်လုံး ချဉ်းကပ်-လာသည်ပဲဖြစ်စေ မိမိတို့ဘက်က မိမိတို့ ပြုကျင့်ရမယ့် သမထဘာဝနာ, ဝိပဿနာဘာဝနာဆိုတဲ့ ဒီလုပ်ငန်းခွင်တွေမှာ ပျက်စီးမှု မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ မေတ္တာစျာန်တွေ ဝင်စားလျက် သမထ, ဝိပဿနာ ဘာဝနာတွေ ပွားများလျက် သင်ချစ်သားတို့, သင်ချစ်သမီးတို့ ကျင့်ကြံ-ကြိုးကုတ် ပွားများအားထုတ်ပြီး နေထိုင်ကြပါ။ ဒီလို ဘုရားရှင်က တိုက်တွန်းတယ်။

တုမှေ, ဘိက္ခဝေ, ကကစူပမံ ဩဝါဒံ အဘိက္ခဏံ မနသိ ကရေယျာထ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တုမှေ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ ကကစူပမံ ဩဝါဒံ၊ ဤလွှသွားဥပမာရှိသော အဆုံးအမ ဩဝါဒကို။ အဘိက္ခဏံ၊ မကြာခဏ အမြဲမပြတ်။ မနသိ ကရေယျာထ၊ နှလုံးသွင်း ဆင်ခြင်ကြပါကုန်လော့။

သင်ချစ်သားတို့တတွေ ဒီလွှသွားဥပမာရှိနေတဲ့ အဆုံးအမ ဩဝါဒကို မကြာခဏ ဆင်ခြင်နှလုံးသွင်းကြပါနော်။ ဘယ့်,နှယ်တုန်း တရားနာ ပရိသတ်တွေ နှလုံးသွင်းမလား, မသွင်းဘူးလား? ဟင် ဘုရားရှင်ကတော့ နှလုံးသွင်းကြပါတဲ့နော်။

ပဿထ နော တုမှေ, ဘိက္ခဝေ, တံ ဝစနပထံ, အဏုံ ဝါ ထူလံ ဝါ, ယံ တုမှေ နာဓိဝါသေယျာထာ’’တိ?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တုမှေ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ အဏုံ ဝါ၊ သေးငယ်မူလည်းဖြစ်သော။ ထူလံ ဝါ၊ ထူထပ်သည်မူလည်းဖြစ်သော။ ယံ ဝစနပထံ၊ အကြင်စကား ဖြစ်ပေါ်ခြင်းရဲ့ အကြောင်းတရားကို။ တုမှေ နာဓိဝါသေယျာထာတိ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည် သည်းမခံနိုင်ကြလေကုန်သနည်း။ တုမှေ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ တံ ဝစနပထံ၊ ထိုကဲ့သို့သော စကားဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းတရားမျိုးကို။ ပဿထ နော၊ မြင်တွေ့ကြပါကုန်သလား။

ဘုရားရှင်က မေးပြီ။ ချစ်သားရဟန်းတို့ ...သင်ချစ်သားတို့တတွေဟာ သေးသေး ကြီးကြီး ဖြစ်နေတဲ့ သင်ချစ်သားတို့ သည်းမခံနိုင်တဲ့ စကားဖြစ်ပေါ်ခြင်းရဲ့ အကြောင်းတရားတွေကို တွေ့မြင်ကြပါသလား? အမိန့်ရှိတယ်။ ဘယ့်,နှယ်တုန်း တွေ့ကြလား? ဟင် တစ်ယောက်မှလည်း မဖြေဘူးနော်။ ဒီမှာ ရဟန်းတော်တွေကတော့ ဘယ်လို ပြန်လျှောက်လဲ?

‘‘နော ဟေတံ, ဘန္တေ’’။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဧတံ၊ ဤကဲ့သို့သော စကားအကြောင်းအရာမျိုးကို။ မယံ၊ ဘုရား တပည့်တော်တို့သည်။ နော ဟေတံ၊ မမြင်ကြပါကုန်။

မြတ်စွာဘုရား ... တပည့်တော်တို့ ဒီလို သည်းမခံနိုင်တဲ့ စကားဖြစ်ပေါ်ခြင်းရဲ့ အကြောင်းတရားကို တပည့်တော်တို့ မမြင်ပါဘူးနော်။

‘‘တသ္မာတိဟ, ဘိက္ခဝေ, ဣမံ ကကစူပမံ ဩဝါဒံ အဘိက္ခဏံ မနသိကရောထ။ တံ ဝေါ ဘဝိဿတိ ဒီဃရတ္တံ ဟိတာယ သုခါယာ’’တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တသ္မာတိဟ၊ ထို့ကြောင့် ဤသာသနာတော်မြတ်အတွင်း၌။ တုမှေ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ ဣမံ ကကစူပမံ ဩဝါဒံ၊ ဤလွှသွားလျှင် ဥပမာရှိသော ဆုံးမ ဩဝါဒကို။ အဘိက္ခဏံ၊ မကြာခဏ အမြဲမပြတ်။ မနသိကရောထ၊ နှလုံးသွင်း ဆင်ခြင်ကြပါကုန်လော။ တံ၊ ထိုကဲ့သို့ နှလုံးသွင်း ဆင်ခြင်ခြင်းသည်။ ဝေါ၊ သင်ချစ်သားတို့၊ ချစ်သမီးတို့အတွက်။ ဒီဃရတ္တံ၊ နေ့ညဉ့်် သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး။ ဟိတာယ သုခါယ၊ အရဟတ္တဖိုလ် အထွတ်တပ်ထားသော အကျိုးစီးပွား အလို့ငှာ ချမ်းသာအလို့ငှာ။ ဘဝိဿတီတိ၊ မုချဧကန် ဖြစ်ပါပေလိမ့်မယ်။

သင်ချစ်သားတို့ ဒီလွှသွား ဥပမာလျှင် လွှသွားလျှင် ဥပမာရှိနေတဲ့ ဆုံးမဩဝါဒ စကားတော်ကို သင်ချစ်သားတို့, သင်ချစ်သမီးတို့ မကြာခဏ အမြဲမပြတ် နှလုံးသွင်းကြပါ။ ဒီဆုံးမဩဝါဒသည် သင်ချစ်သားတို့, သင်ချစ်သမီးတို့အတွက် နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော အချိန်ကာလပတ်လုံး အရဟတ္တဖိုလ်အထွတ်တပ်ထားတဲ့ အကျိုးစီးပွား ချမ်းသာအလို့ငှာ ဖြစ်ပါလိမ့်မယ်လို့ ဒီလို မြတ်စွာဘုရားက တရားဒေသနာတော်ကို နိဂုံးချုပ်လိုက်ပါတယ်နော်။ အဲဒီအခါကျတော့ ဒီတရားနာ ပရိသတ်ဖြစ်တဲ့ ရဟန်းတွေက ဘာဖြစ်သလဲ?

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

ဣမံ၊ ဤကကစူပမသုတ္တန် တရားဒေသနာတော်မြတ်ကို။ ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားသခင်သည်။ အဝေါစ၊ ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့ပေပြီ။ တေ ဘိက္ခူ၊ ထိုတရားနာပရိသတ် ဖြစ်ကြကုန်သော ရဟန်းတော်တို့သည်။ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်၏။ ဘာသိတံ၊ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော ကကစူပမသုတ္တန် တရားဒေသနာတော်မြတ်ကို။ အတ္တမနာ၊ နှစ်လို ဝမ်းမြောက်သော စိတ်ထားရှိကြကုန်သည်ဖြစ်၍။ အဘိနန္ဒုန္တိ၊ ရိုသေစွာ ဦးဖြင့် ခံယူကြလေကုန်၏၊

တရားနာပရိသတ်ဖြစ်တဲ့ ရဟန်းတော်တွေက မြတ်စွာဘုရား ဟောကြားပြသဆိုဆုံးမလိုက်တဲ့ ဒီတရားဒေသနာတော် ကကစူပမသုတ္တန် တရားဒေသနာတော်ကို နှစ်လိုဝမ်းမြောက်သော စိတ်ထားဖြင့် ရိုသေစွာ ဦးဖြင့် ခံယူကြတယ်။ ဒီနေ့ တရားနာပရိသတ်အပေါင်းတို့လည်း ဘုရားရှင် ဆိုဆုံးမတဲ့ ဒီသုတ္တန်တရား အဆုံးအမဒေသနာတော်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်နိုင်ကြပါ့မလား? ပန်ဆင်နိုင်ရမယ်။ သာသနာနေပြီ ဆိုလို့ရှိရင်တော့ ဒီစိတ်ဓာတ် မွေးမြူဖို့ လိုတယ်နော်။ အဲဒီတော့ ဒီစိတ်ဓာတ်တွေ မွေးမြူတဲ့အတွက် သာသနာတော်မှာ ဘယ်လောက် အကျိုးကျေးဇူး များတယ်ဆိုတာနဲ့ ပတ်သက်လို့ ဘုန်းကြီး ဒီညထုံးလေး ၂-ခု ဟောဖို့ ရည်ရွယ်ထားပါတယ်နော်။ အချိန်မီသလောက်ပေါ့နော် -

တစ်လောတုန်းကလည်း ပြောခဲ့ဖူးတယ်။ မဟာတိဿကိုယ်တော်ကြီး ရွှေသူဌေးပါပဲနော်။ ကုဋေ ၄၀-မျှ ကြွယ်ဝချမ်းသာနေတဲ့ ဒီရွှေပစ္စည်းတွေကို ညီငယ်ဖြစ်သူအား အကုန်အပ်နှင်းပြီးတော့ သာသနာဘောင်တွင်း ရှင်ရဟန်း ပြုပြီးတော့ တောထွက် တရားအားထုတ်ပါတယ်။ ခယ်မလုပ်တဲ့ပုဂ္ဂိုလ်က ဒီကိုယ်တော်ကြီး မပျော်လို့ လူထွက်လာခဲ့လို့ရှိရင်တော့ ဒီရွှေတွေ တို့ ခွဲပေးရလေခြင်းဆိုပြီးတော့ ပေးရမှာ စိုးတာနဲ့ ခိုးသားဓားပြတွေ ငှားပြီးတော့ သတ်လိုက်တယ်နော်။ ခိုးသားတွေက မဟာတိဿကိုယ်တော်ကြီး သီတင်းသုံးတဲ့ကျောင်း ရောက်သွားပြီ။ တောကျောင်းရောက်တဲ့ အချိန်အခါမှာ မဟာတိဿကိုယ်တော်ကြီးကလည်း တစ်ညလောက်တော့ ခွင့်ပြုပါ။ ရဟန်း-တရားများ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် ခွင့်တောင်းတယ်။ အရှင်ဘုရား ဒီနေရာမှာ ဘယ်သူက အာမခံမလဲ? ခိုးသားတွေက ပြောကြတယ်။ အဲဒီတော့မှ မထေရ်ကြီးက ဘာလုပ်သလဲ?

ထေရော မဟန္တံ ပါသာဏံ ဂဟေတွာ ဒွေ ဦရုဋ္ဌီနိ ဘိန္ဒိတွာ ‘‘ဝဋ္ဋတိ ဥပါသကာ ပါဋိဘောဂေါ’’တိ အာဟ။

ကျောက်တုံးကြီးတစ်တုံး ကိုင်ပြီးတော့ ပေါင် ၂-ချောင်း ရိုက်ချိုးလိုက်တယ်။ ရိုက်ချိုးပြီးတဲ့ အချိန်အခါကျတော့ ကဲ ဒကာတို့ ... ဒီလောက် ဆိုလို့ရှိရင်တော့ အာမခံချက် လုံလောက်ပါသလား? မေးလိုက်တယ်။ မေးလိုက်တဲ့ အချိန်အခါကျတော့မှ ခိုးသားဓားပြတွေကလည်း ဒီလောက်ဆိုရင် မပြေးနိုင်တော့ဘူး ဆိုပြီး သဘောတူလိုက်တယ်။ တစ်ည ခွင့်ပေးလိုက်တယ်။ တစ်ည ခွင့်ပေးလိုက်တဲ့ အချိန်အခါမှာ ဒီမထေရ်ကြီးက ဘာလုပ်သလဲ? ဒီသူခိုးတွေအပေါ်မှာ ဒေါသဖြစ်တဲ့ စိတ်ထားရှိသလား? မရှိဘူး။ ဟို ခယ်မလုပ်တဲ့ ပုဂ္ဂိုလ်အပေါ်မှာလည်း ဒေါသဖြစ်တဲ့စိတ်ထား ရှိသလား? မရှိဘူး။ ဘာစိတ်ထားမှ မရှိဘူး။ ဘာဖြစ်လို့လဲ?

သူက သာသနာတော်မှာ နေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ သာသနာတော်မှာ နေတဲ့ပုဂ္ဂိုလ်က ခုန ဘုရားရှင် ဆုံးမထားတဲ့ ဒီလွှသွားဥပမာရှိတဲ့ အဆုံးအမကို မကြာခဏ နှလုံးသွင်းရမယ်လို့ ဘုရားရှင်ကလည်း တိုက်တွန်းထားတယ်။ ဒီတိုက်တွန်းချက်နဲ့အညီ သူက မိမိ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းရပ်ကိုသာ ပြုလုပ်ဖို့ရန် သူက စိတ်ဓာတ် ဝင်စားတယ်။ တစ်ဖက်ပုဂ္ဂိုလ်တွေအပေါ်၌ သူ စိတ်ဝင်စားမှု ရှိသလား? မရှိဘူး။ မရှိတဲ့အခါကျတော့ ဘာလုပ်လဲ? ခိုးသားဓားပြတွေက ဘေးကို ဖယ်ပေးလိုက်တယ်။ မထေရ်ကြီး သီတင်းသုံးတဲ့ စင်္ကြံဦးတစ်နေရာမှာ မီးပုံဖိုပြီးတော့ မီးလှုံနေကြတယ်။ အဲဒီလို မီးလှုံလိုက်တဲ့ အချိန်အခါမှာ မထေရ်ကြီးက ဘာလုပ်သလဲ?

ထေရဿ ဝေဒနံ ဝိက္ခမ္ဘေတွာ သီလံ ပစ္စဝေက္ခတော ပရိသုဒ္ဓံ သီလံ နိဿာယ ပီတိပါမောဇ္ဇံ ဥပ္ပဇ္ဇိ။

ထေရဿ၊ ထေရ်ကြီးရဲ့သန္တာန်၌။ ဝေဒနံ၊ ပေါင်ရိုက်ချိုးခြင်းကြောင့် ဖြစ်ပေါ်၍လာသော ဝေဒနာကို။ ဝိက္ခမ္ဘေတွာ၊ ခွာထားလိုက်၍။ သီလံ၊ သီလကို။ ပစ္စဝေက္ခတော၊ ဆင်ခြင်သတ်ပုတ် ဆင်ခြင်သည်ရှိသော်။ ပရိသုဒ္ဓံ သီလံ၊ စင်ကြယ်တဲ့ သီလကို။ နိဿာယ၊ အမှီပြု၍။ ပီတိပါမောဇ္ဇံ၊ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရားသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်ပေါ်၍ လာခဲ့လေပြီ။

မထေရ်ကြီးရဲ့သန္တာန်မှာ ပေါင်ရိုက်ချိုးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒီဝေဒနာကို သူက ခွာထားလိုက်တာ ဘယ်လို ခွာလဲဆိုတာကို ဋီကာဆရာတော်က ဖွင့်ထားတယ်နော်။

ဝေဒနံ ဝိက္ခမ္ဘေတွာတိ ဦရုဋ္ဌိဘေဒပစ္စယံ ဒုက္ခဝေဒနံ အမနသိကာရေန ဝိနောဒေတွာ။

ဝေဒနံ ဝိက္ခမ္ဘေတွာတိ၊ ဝေဒနာ ခွာထား၍ဟူသည်ကား။ ဦရုဋ္ဌိဘေဒပစ္စယံ၊ ပေါင်ရိုက်ချိုးခြင်းကြောင့် ပေါင်ကျိုးခြင်းကြောင့် ဖြစ်ပေါ်၍ လာရသော။ ဒုက္ခဝေဒနံ၊ ဆင်းရဲတဲ့ ဒုက္ခဝေဒနာကို။ အမနသိကာရေန၊ နှလုံးမသွင်းသော အားဖြင့်။ ဝိနောဒေတွာ၊ ပယ်ရှားထား၍။

ပေါင်ရိုက်ချိုးတဲ့ ဝေဒနာကို နှလုံးသွင်းသလား, မသွင်းဘူးလား? မသွင်းဘူးတဲ့။ စိတ်ကတော့ ဘာပြောလဲ? မထေရ်ကြီးက ပေါင်ရိုက်ချိုးပြီးတော့ နာတယ် နာတယ်လို့ ရှုတယ်။ ဟုတ်သလား? မဟုတ်ပါဘူးနော်။ ပေါင်ရိုက်ချိုးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒီဆင်းရဲဒုက္ခဝေဒနာကို နှလုံးမသွင်းဘဲနဲ့ ဘာလုပ်သလဲ?

သီလံ ပစ္စဝေက္ခတော ပရိသုဒ္ဓံ သီလံ

ပရိသုဒ္ဓံ၊ စင်ကြယ်၍နေသော။ သီလံ၊ မိမိသီလကို။ ပစ္စဝေက္ခတော၊ ဆင်ခြင်တော်မူလိုက်သည်ရှိသော်။

lwfdyk1m0pngcqsqjqcb1caqs7f3cza
မင်္ဂလသုတ်-၈၇/၉၇
0
6323
22021
2026-06-04T00:23:12Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၈၇/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၈၆..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22021
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၈၇/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၈၆/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၈၈/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် ၈၇

ဒီနေ့လည်း ခန္တီမင်္ဂလာနဲ့ ဆက်စပ်တဲ့ မဟာတိဿမထေရ်မြတ်ကြီးရဲ့ ဝိပဿနာ ရှုပွားခန်းလေးကို ဆက်လက်ပြီး ဟောဖို့အကြောင်း ကျန်နေသေးတယ်နော်။ ဆက်ပြီးတော့ နာကြားကြည့်ကြရအောင် ...

ထေရဿ ဝေဒနံ ဝိက္ခမ္ဘေတွာ သီလံ ပစ္ဝေက္ခတော ပရိသုဒ္ဓံ သီလံ နိဿာယ ပီတိပါမောဇ္ဇံ ဥပ္ပဇ္ဇိ။

မဟာတိဿထေရဿ၊ ထေရ်ကြီးရဲ့သန္တာန်၌။ ဝေဒနံ၊ ပေါင်ရိုက်ချိုးခြင်းကြောင့် ဖြစ်ပေါ်၍လာသော ဝေဒနာကို။ မနသိကတွာ၊ နှလုံးမသွင်းသော အားဖြင့်။ ဝိက္ခမ္ဘေတွာ၊ ကွာချထားလိုက်၍။ သီလံ၊ မိမိ၏ စင်ကြယ်နေတဲ့ သီလကို။ ပစ္စဝေက္ခတော၊ ဆင်ခြင်တော်မူခဲ့သည်ရှိသော်။ ပရိသုဒ္ဓံ သီလံ၊ စင်ကြယ်နေတဲ့ သီလကို။ နိဿာယ၊ အမှီပြု၍။ ပီတိပါမောဇ္ဇံ၊ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောက်စတရားသည်။ ဥပ္ပဇ္ဇိ၊ ထင်ရှားဖြစ်ပေါ်တော်မူ၍ လာခဲ့လေပြီ။

မထေရ်ကြီးရဲ့သန္တာန်မှာ ပေါင်ရိုက်ချိုးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခဝေဒနာကို မထေရ်မြတ်ကြီးက ခွာချထားလိုက်တယ်။ ခွာထားတယ်ဆိုတာ ဘာလုပ်တာလဲ? နှလုံးမသွင်းဘူး။ ---------------------- = နှလုံးမသွင်းသောအားဖြင့် ခွာချထားလိုက်တယ်။ ခွာပြီးတော့ ဘာလုပ်သလဲ? မိမိရဲ့သီလကို မိမိ ဆင်ခြင်ကြည့်ရှုတော်မူတယ်။ ထိုအချိန်အခါမှာ မိမိသီလထဲက ဖြူစင်နေတာကို သွားတွေ့တယ်။ စင်ကြယ်နေတဲ့ သီလကို အကြောင်းပြုပြီးတော့ မထေရ်ကြီးရဲ့သန္တာန်မှာ နှစ်သက်ဝမ်းမြောက်ခြင်းဆိုတဲ့ ပီတိပါမောက်စတရားတွေ ထင်ရှားဖြစ်ပေါ်လာတယ်။ အဲဒီလို ထင်ရှားဖြစ်ပေါ်လာတဲ့ အချိန်အခါမှာ မထေရ်ကြီး ဘာလုပ်လဲ?

တတော အနုက္ကမေန ဝိပဿနံ ဝဍ္ဎေန္တော တိယာမရတ္တိံ သမဏဓမ္မံ ကတွာ အရုဏုဂ္ဂမနေ အရဟတ္တံ ပတ္တော ဣမံ ဥဒါနံ ဥဒါနေသိ –

တတော၊ ထိုနောက်မှ။ အနုက္ကမေန၊ အစဉ်သဖြင့်။ ဝိပဿနံ၊ ဝိပဿနာကို။ ဝဍ္ဎေန္တော၊ တိုးပွားအောင် ကြိုးစားအားထုတ်တော်မူခဲ့သည်ရှိသော်။ တိယာမရတ္တိံ၊ ညဉ့်သုံးယာမ်တို့ ကာလပတ်လုံး။ သမဏဓမ္မံ၊ ရဟန်းတရားကို။ ကတွာ၊ ကျင့်။

အစဉ်အတိုင်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းတော်မူတယ် ဆိုတော့ ဟိုခုန် သည်ခုန် ဟိုကျော် ဒီကျော်တော့ မဟုတ်ဘူးပေါ့နော်။ ဒီတော့ ဒီနေရာမှာ မထေရ်မြတ်ကြီးက နှစ်သက်ဝမ်းမြောက်ခြင်းဆိုတဲ့ ပီတိပါမောက်စတရားတွေ ထင်ရှားဖြစ်ပေါ်လာတယ်။ အဲဒီလို ထင်ရှားဖြစ်ပေါ်လာတဲ့ အချိန်အခါမှာ မထေရ်ကြီးက ဘာလုပ်လဲ?

နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောက်စတရားတွေ ထင်ရှားဖြစ်ပေါ်လာတဲ့ အချိန်အခါမှာ မထေရ်ကြီးရဲ့သန္တာန်မှာ ချမ်းသာတဲ့ သုခဝေဒနာတွေ ပေါ်လာတယ်။ “သုခိနော စိတ္တံ သမာဓိယာယတီ” ဆိုတဲ့အတိုင်း ချမ်းသာခြင်းသုခ ထင်ရှားရှိနေတဲ့ သူတော်ကောင်းတစ်ဦးရဲ့သန္တာန်မှာ စိတ်တည်ကြည်မှု သမာဓိဟာ လွယ်လွယ်နဲ့ ရတတ်တယ်။ လွယ်လွယ်နဲ့ ရတတ်တော့ မထေရ်ကြီးက ဘာတရားကို အားထုတ်သလဲလို့ မေးရင်တော့ မိမိရဲ့ မူလကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။ မူလကမ္မဋ္ဌာန်းဆိုတာကတော့ ကမ္မဋ္ဌာန်း --၄၀ ထဲက မိမိ အမြဲ လက်သုံးအနေနဲ့ ပွားများအားထုတ်နေတဲ့ ကမ္မဋ္ဌာန်း ဖြစ်ပါတယ်။

ခု ဒီဌာနမှာဆိုရင်တော့ များသောအားဖြင့် ဓာတ်ကမ္မဋ္ဌာန်းကိုလည်း မူလကမ္မဋ္ဌာန်းအဖြစ်နဲ့ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်။ အာနာပါနကိုလည်း မူလကမ္မဋ္ဌာန်းအဖြစ်နဲ့ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်။ အမြဲတမ်း တရား ထိုင်တိုင်း ထိုင်တိုင်း မိမိထူထောင်နေတဲ့ သမာဓိကို မူလကမ္မဋ္ဌာန်းလို့ ခေါ်တယ်။ အဲဒီ မူလကမ္မဋ္ဌာန်းဖြင့် သမာဓိ ထူထောင်နေတဲ့ အချိန်အခါမှာ ဝိပဿနာဉာဏ်တွေကို အစဉ်အမြဲ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူတယ်။ ဒီနေ့မှ ဒီဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဒီတစ်ညမှ စီးဖြန်းတာတော့ မဟုတ်ပါဘူးနော်။ မထေရ်ကြီးက ရက်ပေါင်း လပေါင်းများစွာလို့ ယူဆရပါတယ်။ ဒီတောထဲမှာ ဒီဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းနေတာ အရဟတ္တမဂ်, အရဟတ္တဖိုလ်သာ မဆိုက်သေးတာနော်။ ဒီအချိန်အခါကျတော့ ဒီနေ့တော့ နောက်ဆုံးနေ့ဖြစ်နေပြီ။ သူ့အတွက် အဲဒီနောက်ဆုံးနေ့မှာ ဒီဝိပဿနာဘာဝနာကမ္မဋ္ဌာန်း-တွေကို စီးဖြန်းတဲ့ ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူတဲ့အတွက် နေအရုဏ်တက်တဲ့ အချိန်အခါမှာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တဲ့အတွက် ဝမ်းသာလွန်းလို့ ဒီဥဒါန်းကျူးတဲ့ ဂါထာလေး နှစ်ခု ရွတ်ဆိုပြီး သွားတော်မူပါသေးတယ်နော်။ ဘယ်လိုလဲ?

‘‘ဥဘော ပါဒါနိ ဘိန္ဒိတွာ, သညပေဿာမိ ဝေါ အဟံ၊ အဋ္ဋိယာမိ ဟရာယာမိ, သရာဂမရဏံ အဟံ။

ဥဘော ပါဒါနိ၊ ခြေနှစ်ချောင်းတို့ကို။ ဘိန္ဒိတွာ၊ ကျောက်တုံးဖြင့် ရိုက်ချိုးပြီး၍။ ဝေါ၊ သင်တို့အား။ အဟံ၊ ငါသည်။ သညပေဿာမိ၊ သတ်သေခံအဖြစ် အသိပေးပါအံ့။

သက်သေခံတဲ့ အနေနဲ့နော်။ ပေါင်နှစ်ခုကို ရိုက်ချိုးပြီးတော့ အသိပေးမယ်။

အဟံ၊ ငါသည်။ သရာဂမရဏံ၊ ရာဂတဏှာနှင့် သေရခြင်းကို။ အဋ္ဋိယာမိ၊ ရှက်နိုးလှပါ၏။ အဋ္ဋိယာမိ၊ စက်ဆုပ်ရွံရှာလှပါ၏။ ဟရာယာမိ၊ ရှက်နိုးလှပါ၏၊

ရာဂတန်းလန်းကြီးနဲ့ သေရမှာ ငါ သိပ်ပြီးတော့ စက်ဆုပ်တယ်။ သိပ်ပြီးတော့ ရှက်တယ်တဲ့။ သူတော်ကောင်းတို့ရဲ့ စိတ်ထားပဲနော်။ လောကစကားနဲ့ ပြောမယ်ဆိုရင်ပေါ့ - ရွှေကုဋေလေးဆယ်ခန့်ကို ညီငယ်လုပ်သူအား အကုန်ပုံပြီးတော့ အပ်ခဲ့တယ်။ ဒီလို အပ်ခဲ့ပါလျက်နဲ့ ဒင်းတို့က မကျေနပ်လို့ လာပြီးတော့ သတ်သေးတယ်။ ပြောမယ်ဆိုလို့ရှိရင် ဒီညမှာ ကျွိကျွိ ကျွိကျွိ ဗြိဗြိ ဗြိဗြိ လုပ်ဖို့ မကောင်းဘူးလား? “ဒင်းတို့ ငါ ဒီလောက်တောင် ပေးခဲ့ရဲ့သားနဲ့ ဒင်းတို့ ငါ့ကို ဒီလို လုပ်ရက်လေခြင်း” ဆိုပြီးတော့ လုပ်ရမလား? သူတော်ကောင်းက ဒါကို နှလုံးမသွင်းဘူးနော်။ နောက်တစ်ခု -

ဦးပဉ္စင်းတို့ အထက်ပိုင်းမှာတော့ ပြောတဲ့ အလေ့အထတစ်ခု ရှိလို့။ ဘာတဲ့လဲ? ဗျစ်တောက် ဗျစ်တောက် ဟုတ်လား? အဲဒီ ဗျစ်တောက် ဗျစ်တောက်ကော လုပ်သလား? မလုပ်ဘူး။ ဒီဘက်မှာ ပြောတဲ့စကား တစ်ခု ရှိသေးတယ်။ ဘာတဲ့လဲ? ပတွတ် ပတွတ် ဆိုတာ ဟုတ်သလား? ပတွတ် ပတွတ်ကော သူလုပ်နေသလား? မလုပ်ပါဘူး။ ကိုယ်လုပ်ရမယ့်အလုပ်က ဒီ ပတွတ် ပတွတ် အလုပ် ဟုတ်သလား? မဟုတ်ဘူး။ ဗျစ်တောက် ဗျစ်တောက် အလုပ်ကော ဟုတ်သလား? မဟုတ်ဘူး။ ကျွိကျွိ ကျွိကျွိ ဗြိဗြိ ဗြိဗြိ လုပ်ရမယ့်အလုပ်ရော ဟုတ်သလား? မဟုတ်ဘူး။ ရဟန်းဆိုတာ ကိုယ်လုပ်ရမယ့် အလုပ်ကို စူးစူးစိုက်စိုက် လုပ်ဖို့သာ မလိုဘူးလား? လိုအပ်တယ်။ ဘာဖြစ်လို့လဲ?

ဘုရားရှင် ဆိုဆုံးမထားတဲ့ လွှသွားနဲ့တူတဲ့ ဥပမာ အဆုံးအမဩဝါဒကို ဦးထိပ်ရွက် ပန်ဆင်ပြီးမှ သာသနာဘောင်မှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ထိုသူတော်ကောင်းတွေက ခြေထောက်ကို လွှနှစ်ချောင်းနဲ့ လွှဖြင့် လာပြီး၊ နှစ်ဖက်လက်ကိုင် ရှိနေတဲ့ လွှကြီးဖြင့် လာပြီး ဆွဲတာတောင်မှ စိတ်ထဲက နည်းနည်းလေးလောက် ဖောက်ပြန်မိမယ်ဆိုရင် ငါဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာပြုကျင့်နေတဲ့ ပုဂ္ဂိုလ် မဟုတ်ပါဘူး ဆိုပြီးတော့ ဘုရားရှင်က ဒီလို ဆုံးမထားတယ်။ အဲဒီ အဆုံးအမကို ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ မိမိတို့ ပြုကျင့်ရမယ့်တရားကိုသာ စူးစူးစိုက်စိုက်နဲ့ ပြုကျင့်ကြတယ်။ ဒါ အတုယူဖို့ပါနော်။

အဲဒီတော့ ဒီမထေရ်ကြီးက ခု ဒီခြေနှစ်ချောင်းကို ပေါင်နှစ်ချောင်းကို ကျောက်တုံးဖြင့် ရိုက်ချိုးပြီးတော့ သက်သေခံအဖြစ်နဲ့ ဒီဒကာတွေကို အသိအမှတ် ပြုပြီးတော့ ပေးလိုက်တယ်။ ဘာဖြစ်လို့လဲ? ရာဂတန်းလန်းနဲ့ သေရမှာ သိပ်ပြီးတော့ ရှက်တယ်။ သူတော်ကောင်းဆိုရင် အဲဒီလို စက်ဆုပ်-ရွံရှာတဲ့ စိတ်ထား ဒီထေရ်မြတ်ကြီးလိုပေါ့နော် -ရာဂတန်းလန်းနဲ့ သေရမှာ စက်ဆုပ်ရွံရှာတဲ့ စိတ်ထား, ရှက်နိုးတဲ့စိတ်ထား ရှိရမယ်။ ဘယ့်,နှယ်တုန်း တရားနာ ပရိသတ်တွေ ရှိရဲ့လား? ဟင် ဒကာကြီးတွေ ပြောစမ်းပါဦး။ ရှိကြရဲ့လား? ဟင် မပီတပီဘဲ ဟဲ ဟဲ ... ရှက်ရင် ဘုန်းကြီးများ မေးမလို့ပါ။ စက်ဆုပ်ရင် မေးမလို့ပါ။ အိမ်ပြန်ကြဦးမလားလို့? ဟုတ်တယ်မဟုတ်လား? ဟုတ်လား? ဟင် မပြန်တော့ဘူး။ ဟင် ဟန်ကျပြီ။ တစ်ယောက်ပဲ ဆိုပါစေ သာဓုခေါ်ရမှာပဲနော်။ ကဲ သူက ရာဂတန်းလန်းကြီးနဲ့ သေရမှာ စက်ဆုပ်လွန်းလို့ ရာဂတန်းလန်းနဲ့ သေရမှာ ရှက်လွန်းလို့ပါ ဆိုပြီးတော့ ဒီဥဒါန်းလေး ပျိုးတယ်။ နောက်တစ်ခု -

ဥဘော ပါဒါနိ ဘိန္ဒိတွာ, သညပေဿာမိ ဝေါ အဟံ၊ အဋ္ဋိယာမိ ဟရာယာမိ, သရာဂမရံ အဟံ။ (Note: repeated visual stanza spacing omitted text matching prompt workflow, moving to the requested next text stanza)

ဧဝါဟံ စိန္တယိတွာန, ယထာဘူတံ ဝိပဿိသံ၊ သမ္ပတ္တေ အရုဏုဂ္ဂမှိ, အရဟတ္တမပါပုဏိံ’’။

ဧဝံ၊ ဤသို့လျှင်။ အဟံ၊ ငါသည်။ စိန္တယိတွာန၊ ကြံစည်-စိတ်ကူးခဲ့မိ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ဝိပဿိသံ၊ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းပွားများ အားထုတ်တော်မူခဲ့လေပြီ။ ဘာလဲ ဝိပဿနာ။

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။

အနိစ္စာဒိဝသေန၊ အနိစ္စစသည်တို့၏အစွမ်းဖြင့်။ ဝိဝိဓေဟိ အာကာရေဟိ၊ အထူးထူးသော အခြင်းအရာတို့ဖြင့်။ ဓမ္မေ၊ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို။ ပဿတီတိ၊ သိအောင်၊ မြင်အောင် ရှုတတ်၏။ တသ္မာ၊ ထို့ကြောင့်။ ဝိပဿနာ၊ ဝိပဿနာမည်၏၊

အဋ္ဌကထာက ဖွင့်ဆိုထားတဲ့ အနက်အဓိပ္ပါယ်ပါနော်။ ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရနေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တဆိုတဲ့ အထူးထူးသော အခြင်းအရာတို့ဖြင့် ရှုပွားသုံးသပ်တတ်တဲ့ ဉာဏ်ကို ဘာခေါ်လဲ? ဝိပဿနာလို့ ခေါ်ပါတယ်။ အဲဒီ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို သူက စီးဖြန်းတယ်။ စီးဖြန်းလိုက်တဲ့အခါ ဘာဖြစ်လဲ?

ဧဝံ၊ ဤသို့လျှင်။ အဟံ၊ ငါသည်။ စိန္တယိတွာန၊ ကြံစည်-စိတ်ကူးခဲ့မိ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ဝိပဿိသံ၊ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းပွားများ အားထုတ်တော်မူခဲ့လေပြီ။ သမ္ပတ္တေ၊ နေအရုဏ်တက်သော အချိန်အခါ ကာလသည်သာ။ အရုဏုဂ္ဂမှိ၊ ဆိုက်ရောက်လာခဲ့သည်ရှိသော်။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ အဟံ၊ ငါသည်။ အပါပုဏိံ၊ ဆိုက်ရောက်တော် မူခဲ့လေပြီ။

နေအရုဏ်တက်တဲ့ အချိန်အခါမှာ ငါ အရဟတ္တဖိုလ် ဆိုက်ရောက်-သွားတယ်။ ဒီထုံးကို ကြည့်မယ်ဆိုရင် အကယ်၍သာ မကျေနပ်ချက်တွေ တပုံကြီးဖြင့် ကက်ကက်လန်အောင် ရန်တွေ့နေတတတ်တဲ့ ပုဂ္ဂိုလ်မျိုးဆိုရင် ဒီညမှာ ဒီအရဟတ္တဖိုလ် ဆိုက်ပါတော့မလား? မဆိုက်ဘူး။ ပတွတ် ပတွတ် လုပ်နေမယ် ဆိုလို့ရှိရင်, တစ်ညလုံး ပတွတ်ပတွတ် လုပ်နေမယ်ဆိုရင်ကော အရဟတ္တဖိုလ် ဆိုက်ပါ့မလား? မဆိုက်ဘူး။ ကျွိကျွိ ဂွိဂွိ လုပ်ရင်ကော မဆိုက်နိုင်ပါဘူး။ ဒါကြောင့် ဘယ့်,နှယ်တုန်း ဒကာကြီးတွေ, ဒကာမကြီးတွေ, တရားနာပရိသတ်တွေ ပတွတ် ပတွတ် လုပ်ချင်ကြသေးလား? မလုပ်ချင်ဘူးဆိုတော့ မလုပ်ဘဲကော နေဦးမလား? ဟမ် မလုပ်ဘဲ နေတတ်ဖို့က အဓိကပါ။ ပတွတ် ပတွတ် လုပ်တယ်, ဗျစ်တောက် ဗျစ်တောက်လုပ်တယ်။ ဒါသူတော်ကောင်းတို့ရဲ့အလုပ် ဟုတ်သလား? မဟုတ်ဘူးနော်။

နောက်ထပ်တစ်ခု - ဘုရားရှင်ရဲ့ ဒီလွှသွားဥပမာရှိတဲ့ အဆုံးအမကို လိုက်နာပြီး တကယ်တမ်းသာ သာသနာတော်မှာ အသက်ပေးပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိသေးတယ်။ ပိတမလ္လမထေရ်ပါပဲ။ လူ့ဘဝတုန်းကတော့ သူက တောလတိုင်း အစရှိတဲ့ပေါ့လေ - တိုင်းကြီး ၃-တိုင်းမှာ သူက တံခွန်စိုက်အလံကို ရရှိတဲ့ လက်ဝှေ့သမားကျော် ဖြစ်ပါတယ်။ တစ်နေ့တော့ သာသနာဘောင် ဝင်-ရောက်ပြီး ရှင်ရဟန်းပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် သီဟိုဠ်ကျွန်း ရောက်ရှိလာတယ်။ သီဟိုဠ်ကျွန်း ရောက်ရှိလာတဲ့ အချိန်အခါကျတော့ တစ်နေ့မှာ အနုရာတမြို့ထဲ ဆိုကြပါစို့နော်။ လမ်းလျှောက်သွားရင်းနဲ့ ကျောင်းတိုက်ကြီး-တစ်ခုနားကနေ ဖြတ်သွားလိုက်တာ သူက ဘာကြားလဲ?

‘‘ရူပံ, ဘိက္ခဝေ, န တုမှာကံ, တံ ပဇဟထ, တံ ဝေါ ပဟီနံ ဒီဃရတ္တံ ဟိတာယ သုခါယ ဘဝိဿတိ’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ရူပံ၊ ရုပ်တရားသည်။ န တုမှာကံ၊ သင်ချစ်သားတို့ရဲ့ ရုပ်တရား မဟုတ်။ တံ၊ ထိုရုပ်တရားကို (ဝါ) ထိုရုပ်တရားပေါ်၌ တွယ်တာ မက်မောနေတဲ့ တဏှာတရားကို။ ပဇဟထ၊ ပယ်စွန့်ကြကုန်လော့။ တံ၊ ထိုကဲ့သို့ ပယ်စွန့်ခြင်းသည်။ ဝေါ၊ သင်ချစ်သားတို့အား (ဝါ) သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည်။ ပဟီနံ၊ ပယ်စွန့်နိုင်ခဲ့သည်ရှိသော် (ဝါ) ထိုရုပ်တရားအပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာတရားကို ပယ်စွန့်နိုင်ခဲ့သည်ရှိသော်။ ဒီဃရတ္တံ၊ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး။ ဟိတာယ၊ အကျိုးစီးပွား အလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ။ ဘဝိဿတိ၊ ဖြစ်ပါပေလိမ့်မယ်။

ရဟန်းတွေက စာပြန်နေကြတယ်နော်။ ဒီစာလေးရဲ့ အဓိပ္ပါယ်က -

ချစ်သားရဟန်းတို့ ... ရုပ်တရားသည် သင်ချစ်သားတို့ရဲ့ ကိုယ်ပိုင်ဥစ္စာ မဟုတ်ဘူး။ ထိုရုပ်တရားကို (သို့မဟုတ်) ထိုရုပ်တရားအပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာတရားကို ပယ်စွန့်ကြ။ ဒီရုပ်တရားကို (သို့မဟုတ်) ဒီရုပ်တရားအပေါ်မှာ တွယ်တာမက်မောနေတဲ့ တဏှာတရားကို ပယ်စွန့်နိုင်ခဲ့မယ်ဆိုရင် သင်ချစ်သားတို့သည် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်ကာလပတ်လုံး အကျိုးစီးပွားရှိဖို့ရန် ချမ်းသာသုခ ရဖို့ရန်အတွက် ဖြစ်ပေလိမ့်မယ်။ ဝေဒနာ၊ သင်္ခါရ၊ ဝိညာဉ် ပုံစံတူပဲ ရဟန်းတော်တွေက စာပြန်နေကြပါတယ်။ နဒုံမာကဝဂ်လို့ ခေါ်ပါတယ်။ သံယုတ်ပါဠိတော်မှာ။ အဲဒီ နဒုံမာကဝဂ်ကို ရဟန်းတော်တွေက ဒီလို စာပြန်တဲ့ အချိန်အခါမှာ ဒီတရားကို သူက ဖြတ်သွားရင်းနဲ့ လမ်းကနေ ဖြတ်သွားရင်းနဲ့ ကြားလိုက်တော့ စိတ်ထဲ သိပ်သဘောကျသွားတယ်နော်။ ဘယ်လိုလဲ?

‘‘နေဝ ကိရ ရူပံ အတ္တနော, န ဝေဒနာ’’တိ။ သော တံယေဝ အင်္ကုသံ ကတွာ နိက္ခမိတွာ မဟာဝိဟာရံ ဂန္တွာ ပဗ္ဗဇ္ဇံ ယာစိတွာ ပဗ္ဗဇိတော ဥပသမ္ပန္နော ဒွေမာတိကာ ပဂုဏာ ကတွာ တိံသ ဘိက္ခူ ဂဟေတွာ ဂဗလဝါလိယအင်္ဂဏံ ဂန္တွာ သမဏဓမ္မံ အကာသိ။

ရုပ်တရားက သူ့ရဲ့ဥစ္စာ မဟုတ်ဘူး။ ဝေဒနာဟာ တို့ရဲ့ဥစ္စာ မဟုတ်ဘူး။ သညာ၊ သင်္ခါရ၊ ဝိညာဉ် တို့ရဲ့ဥစ္စာ မဟုတ်ဘူးဆိုတာ စိတ်ထဲမှာ သဘောကျသွားတယ်။ သဘောကျတော့ ဒါလေးကိုပဲ ထပ်ခါ ထပ်ခါ နှုတ်ကနေ ရွတ်ဆိုသွားတယ်။ ချွန်းသဖွယ်ပေါ့လေ။ စိတ်ထဲမှာ ဒါလေးကို စွဲနေအောင် ရွတ်ဖတ်ပြီးတော့ ကျောင်းတိုက်သွား။ မဟာဝိဟာရကျောင်းတိုက် သွားပြီးတော့ ရှင်ရဟန်းအဖြစ်ကို တောင်းပန်တယ်။ ရှင်ရဟန်းအဖြစ် တောင်းပန်ပြီးတဲ့ အချိန်အခါကျတော့ ရဟန်းတော်တို့ရဲ့ စည်းကမ်းလေး ဥပဒေလေး ရှိပါတယ်နော်။ ဒွေမာတိကာခေါ်တဲ့ ဘိက္ခုပါတိမောက်၊ ဘိက္ခုနီ ပါတိမောက် ၂-စောင်ကို နှုတ်ငုံရအောင် လေ့ကျင့်ရပါတယ်။ ဒါကတော့ သာသနာတော်မှာ ဘုရားရှင် သတ်မှတ်ပေးတဲ့ စည်းကမ်းပဲ။ အဲဒီ စည်း-ကမ်းကို မိမိတို့က သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်း ပြုကြမယ် ဆိုရင်တော့ ရိုသေစွာ လိုက်နာပြုကျင့်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်။

ရဟန်းတော် ဖြစ်လာပြီ ဘာတွေကို ပြုသင့်တယ်။ ဘာတွေကို မပြုသင့်ဘူး။ နားမလည်ဘူး။ သီလ ဘယ်လိုလုပ် စင်ကြယ်မလဲ? မစင်ကြယ်နိုင်-ဘူးနော်။ ရဟန်းဆိုတာကတော့ ဒီပါတိမောက် ၂-စောင်ကိုတော့ ရအောင် နှုတ်ငုံဆောင်ရပါတယ်။ ပါဠိလို မတတ်နိုင်တောင်မှလည်း မြန်မာလို ဘာသာပြန်နေပုံကိုလည်း နှုတ်ငုံရသည့်တိုင်အောင်တော့ ရွက်ဆောင်ထားတတ်ဖို့ လိုအပ်ပါတယ်။ သို့သော် ပါဠိစာပေတွေက သင်ကြားနိုင်ပါတယ်။ ပါရမီမျိုးစေ့ကောင်း အတွက်ပါနော်။ အဲဒီတော့ ဒွေးမာတိကာ ၂-စောင်ကို ရထားသင့်တယ်။ ဒုတ်မင်္ဂလ၊ သုမင်္ဂလ စသည်မှာ ဟောကြားပြသ ဆိုဆုံးမဖို့ရန်အတွက် တရား ၁-ပုဒ်, ၂-ပုဒ် စသည်ပေါ့ ရသင့်တယ်။ ခန္ဓကမှာ ပါရှိတဲ့ ဝတ်ကြီးဝတ်ငယ်တွေနဲ့ ပတ်သက်ပြီး ခန္ဓကကျင့်ဝတ်တွေကို ကျွမ်း-ကျင်လိမ္မာရမယ်။ ကံကြီး, ကံငယ်တွေမှာ ကျွမ်းကျင်လိမ္မာမှု ရှိရမယ်။ အရဟတ္တဖိုလ်ပေါက် တရားတွေကို ဆရာသမားထံမှာ စနစ်တကျ သင်-ယူရမယ်။ သင်သိ ကျင့်သိနဲ့ သိအောင် တကယ်လက်တွေ့ ကျင့်နိုင်ဖို့ပဲနော်။ အဲဒီတော့ ဝိနည်းသိက္ခာပုဒ်တွေနဲ့ ကျွမ်းကျင်လိမ္မာမှု ရှိအောင်လည်း တစ်ဖက်က လေ့ကျင့်ပေးရပါတယ်။

အဲဒီအတိုင်းပဲ ဒီပီတမလ္လ မထေရ်ကြီးကလည်း ဒွေမာတိကာကို ရအောင် ဆောင်ပြီးတော့ ရဟန်း ၃၀-နဲ့ အတူပေါ့လေ - ဂဗလဝါလိယလို့ ခေါ်ဆိုအပ်တဲ့ တောအုပ်ကြီး တစ်ခုအတွင်းရှိတဲ့ သဲသောင်ပြင်တစ်ခု သွားပြီးတော့ ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတယ်။ ပွားများအားထုတ်တဲ့ အချိန်အခါမှာ ဘာဖြစ်လာလဲ? မနားမနေ တကယ်တမ်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ မအိပ်ဘူး။ မအိပ်ဘဲနဲ့ စင်္ကြံသွားခြင်း, ထိုင်ခြင်းဆိုတဲ့ ဒီဣရိယာပုတ် ၂-ခုကို အသုံးပြုပြီး တကယ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တဲ့ အချိန်အခါမှာ ဒီရက်ပေါင်း ကြာလာတော့ ခြေထောက်တွေက သိပ်ပြီး နာကျင်ကိုက်ခဲလာတယ်။ ခြေထောက်တွေ ကွဲလာတယ်။ ခြေထောက်တွေက ကောင်းကောင်း လမ်းလျှောက်နိုင်တဲ့ စွမ်းအား မရှိဘူး။ ခြေထောက်တွေက လမ်းမလျှောက်နိုင်တဲ့ အချိန်အခါ ဘာလုပ်သလဲ? လေးဘက်ထောက်ပြီးတော့ သူက စင်္ကြံလျှောက္တ်ပြီး တရားအားထုတ်တယ်။ တကယ့် ဇွဲလုံ့လဝီရိယတွေနော်။

အဲဒီလို ဇွဲလုံ့လဝီရိယနဲ့ တကယ်တမ်း ညအခါမှာ တရားအားထုတ်လိုက်တော့ သူ အားထုတ်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ စမ်းချောင်းလေး တစ်ခုကလည်း ရှိနေတယ်။ အဲဒီ စမ်းချောင်းလေး တစ်ခုဘေးမှာ မုဆိုးတစ်ယောက်ကလည်း ရေဆင်းသောက်မဲ့ သားကောင်ကို လာပြီးတော့ ချောင်းနေပါတယ်နော်။ ချောင်းနေတော့ ကိုယ်တော်ကြီးကလည်း ညမှောင်မိုက်ထဲ တောအုပ်အတွင်းမှာ လေးဘက်ကြီးထောက်ပြီး သွားနေတော့ ဧကန္တ ဒါ သားကောင်ပဲ ဆိုပြီး မုဆိုးကလည်း ထင်လိုက်တယ်နော်။ ထင်လိုက်တဲ့ အချိန်အခါကျတော့ မုဆိုးကလည်း လှံနဲ့ထိုးပြီး ပစ်လိုက်တယ်။ ပစ်လိုက်တဲ့ အချိန်အခါမှာ လှံက ဟိုဘက်ဒီဘက် ထုတ်ချင်းပေါက်သွားတယ်။ ထုတ်ချင်းပေါက်သွားတဲ့ အချိန်အခါကျတော့ တခြားရဟန်းတွေကြားအောင် အော်ပါလား? မအော်ဘူး။ ဒီအချိန်အခါက ရဟန်းများ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ အချိန်ဖြစ်တယ်။ ဒီအချိန်အခါသည် ငါ အသံကို မပြုသင့်ဘူး။ သေမင်းနဲ့ ကြုံတာတောင် သူတော်ကောင်းတွေက သူတစ်ပါး အနှောင့်အယှက်ဖြစ်မှာစိုးလို့ နှုတ်ကို လုံအောင် ပိတ်ထားကြတယ်။

ခု ဆွမ်းစားကျောင်းမှာ ဝေယျာဝစ္စ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ သေဘေးနဲ့များ ကြုံနေလား? ဟင် ဘုန်းကြီး မေးကြည့်ဦးမယ်။ တစ်ခါတလေကျရင် သူက ကျယ်လောင် ကျယ်လောင် ပွက်စီ ပွက်စီ နောက်တစ်ခုဘာလဲ? ပတွတ် ပတွတ် ဟုတ်လား? စုံနေတာပဲ။ အဲဒီမှာ ဟင် ဒီမှာ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိနေခဲ့ရင် ဒီပတ်ဝန်းကျင်မှာ တိတ်ဆိတ်မှုဆိုတာ မလိုအပ်ဘူးလား? လိုအပ်ပါတယ်။ ဒီနားဖြတ်သွားလို့ ရှိရင်လည်း စကား မပြော-ရဘူးတော့ မဆိုလိုပါဘူး။ တိုးတိုးလေး တစ်ယောက်နဲ့တစ်ယောက် ကပ်ပြီး ပြောလိုက်ရင်လည်း မကြားဘူးလား? ကြားပါတယ်။ သူများက ခြင်ထောင်ထဲမှာတောင် ပြောနေတာ ကြားကြသေးတာပဲ။ ဟုတ်တယ်မဟုတ်လား? ဟင် အဲတော့ ဒီနေရာလေးမှာ နည်းနည်းလေး ခပ်တိုးတိုး ကပ်ပြီး ပြောလိုက်ရင်လည်း မကြားနိုင်ဘူးလား? ကြားနိုင်ပါတယ်။

ဒါကြောင့် သူတော်ကောင်းဆိုတာ သူတော်ကောင်းနဲ့ ထိုက်တန်နေတဲ့ အသိဉာဏ်လေးတွေ ရှိဖို့တော့ လိုအပ်ပါတယ်။ ကဲ ... အဲဒီ အချိန်အခါကျတော့ ဘာလုပ်သလဲ? ဒီမုဆိုးကလည်း သားကောင်ဆိုပြီး ပြေးလာတော့ မုဆိုးကိုလည်း ရန်တွေ့ရဦးမလား? ကကစူပမ လွှသွားနဲ့ ဥပမာရှိနေတဲ့ အဆုံးအမ ဩဝါဒကို ဦးထိပ်ရွက် ပန်ဆင်ပြီးမှ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုပြီးတော့ ရဟန်းတရား ပွားများအားထုတ်နေတဲ့ သူတော်ကောင်းပါ။ ဒီအချိန်အခါမှာ အကယ်၍များပေါ့လေ -

ယောနိသော မနသိကာရ မရှိဘဲ သို့မဟုတ် ဘုရားရှင်ရဲ့ အဆုံးအမကို ဦးထိပ်ရွက် ပန်ဆင်ဖို့ မရှိဘဲနဲ့ မုဆိုးနဲ့လာပြီး တွေ့ရမယ် ဆိုရင်တော့ မုဆိုးနဲ့ အချီအချ စကားများမဲ့ ပွဲမျိုး မဟုတ်ဘူးလား? အချီအချ စကားများမဲ့ ပွဲပဲ။ ဒါပေမဲ့ အဲဒီစကားများခြင်းဆိုတဲ့ အလုပ်သည် မိမိတို့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ရဲ့ လုပ်ငန်း ဟုတ်သလား? မဟုတ်ဘူး။ ဘုရားရှင်ရဲ့ လွှသွားလျှင် ဥပမာရှိနေတဲ့ အဆုံးအမကို ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ မုဆိုးကို ဘာလုပ်သလဲ? အနီးအနားမှာရှိတဲ့ မြက်တွေ နှုတ်၊ နှုတ်ပြီးတော့ ဒီလှံကို ဆွဲချွတ်ခိုင်းလိုက်တယ်။ ဘယ်လောက် သတ္တိကောင်းလဲ? လှံကို ဆွဲချွတ်ခိုင်းလိုက်ပြီးတော့ ထုတ်ချင်းပေါက်သွားတဲ့ ဒီအပေါက်တွေကနေ ယိုကျနေတဲ့ သွေးတွေကို ခေတ္တခဏ ရပ်နားသွားအောင် ဆိုပြီးတော့ အနီးအနားမှာ ရှိနေတဲ့ မြက်တွေနဲ့ ကျစ်ပြီးတော့ လိမ်စွပ်ခိုင်းလိုက်တယ်နော်။ အစွပ်ခိုင်းလိုက်တဲ့ အချိန်အခါကျတော့မှ ဘာလုပ်သလဲ?

မိမိကို ကျောက်ဖြာကြီးတစ်ခုကို ပွေ့ချီခိုင်းလိုက်တယ်။ ကျောက်ဖျာကြီး တစ်ခုအပေါ်မှာ ပွေ့ချီခိုင်းလိုက်တဲ့ အချိန်အခါကျတော့မှ ကျောက်ဖျာကြီးပေါ်မှာ မိမိကထိုင်၊ ထိုင်ပြီးတဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ? မိမိကို ခွင့်ပေးပါ။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းဖို့ရန်အတွက် ခွင့်ပေးပါ ဆို-ပြီးတော့ အဲဒီမှာ မိမိပြုလုပ်ရမဲ့ ဝိပဿနာလုပ်ငန်းရပ်ကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတယ်။ အားထုတ်လိုက်တဲ့ အချိန်အခါမှာ အရဟတ္တဖိုလ် ဆိုက်သွားပြီ။ ဆိုက်သွားလိုက်တဲ့ အချိန်အခါကျတော့မှ မိမိက အဲဒီ အချိန်အခါကျတော့မှ ချောင်းသံလေးတစ်ခု ပြုလိုက်တယ်။ ချောင်းသံ-တစ်ခု ပြုလိုက်တဲ့ အချိန်အခါကျတော့မှ ရဟန်းတွေကလည်း သူ့ရဲ့ ချောင်းဆိုးလိုက်တဲ့အသံကို ကြားလိုက်တော့မှ ရောက်ရှိလာကြတယ်။ ရောက်္တရှိလာကြတဲ့ အချိန်အခါကျတော့ အကျိုးအကြောင်း မေးတယ်။ မေးလိုက်တဲ့ အချိန်အခါကျတော့ ရဟန်းတော်တွေကို သူက သူရရှိတဲ့ အကျိုးတရားတွေကို ဝမ်းသာလွန်းလို့ ဂါထာလေး ၂-ခုဖြင့် ဥဒါန်းစကား ကျူးရင့်သွားတယ်နော်။

အဲဒီတော့ ဒီအခါမှာ မထေရ်ကြီးကြည့်ပေါ့ - အကယ်၍များ သူဟာ နှုတ်ကို မစောင့်စည်းတဲ့ ပုဂ္ဂိုလ်ဖြစ်မယ်ဆိုလို့ရှိရင် ပတွတ် ပတွတ် လုပ်တတ်တဲ့ ပုဂ္ဂိုလ်, ဗျစ်တောက် ဗျစ်တောက် လုပ်တတ်တဲ့ပုဂ္ဂိုလ်, ကျွိကျွိ ကျွိကျွိ ဂွိဂွိ ဂွိဂွိ လုပ်တတ်တဲ့ ပုဂ္ဂိုလ်သာ ဖြစ်မယ်ဆိုရင် ဒီအရဟတ္တမဂ်, အရဟတ္တဖိုလ် ဆိုက်ပါ့မလား? မဆိုက်ပါဘူးနော်။ ဒီလောက် လှံနဲ့ ပစ်ထိုးနေတဲ့ပုဂ္ဂိုလ်ကို ပြန်ပြီးတော့ ရန်တုန့်မူပြီးတော့ စကားများဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါပေမဲ့ သူတော်ကောင်းတို့က ဒီအလုပ်မျိုးဟာ ကိုယ့်အလုပ် မ-ဟုတ်ဘူးဆိုတာကို သဘောပေါက်တယ်။ ဘုရားရှင်ရဲ့ အဆုံးအမကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်ပြီးတော့မှ သာသနာဘောင်မှာ နေထိုင်တဲ့ သူတော်ကောင်းတွေပဲ ဖြစ်ကြတယ်။ ဒီလို ဆုံးမမှု နာယူပြီးတော့ တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့အတွက် အရဟတ္တဖိုလ် မရသွားဘူးလား? ရရှိသွားတယ်။ ပဋိသမ္ဗဒါ ဉာဏ် ၄-ပါးနှင့်တကွ အရဟတ္တဖိုလ် ဆိုက်သွားပါတယ်။ ဘုရားရှင်ရဲ့ အဆုံးအမကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်မှု မရှိခဲ့ဘူး ဆိုလို့ရှိရင် ဒီပဋိသမ္ဗဒါဉာဏ်တွေသည် အရဟတ္တဖိုလ်ဉာဏ်တွေဆိုတာ ရရှိနိုင်ပါဦးမလား? မရရှိနိုင်ပါဘူး။

ဒါကြောင့် သူက ဝမ်းသာလွန်းလို့ မုဆိုးအပေါ်မှာ စိတ်မဆိုးတဲ့အပြင် မိမိရရှိနေတဲ့ ဂုဏ်ထူးဝိသေသနဲ့ ပတ်သက်ပြီး ဝမ်းသာလွန်းလို့ ဥဒါန်းကျူးတဲ့ အနေအားဖြင့် ဂါထာလေး ၂-ခု ရွတ်ဖတ်ပြီးတော့ ရဟန်းတော်တွေကို ပူဇော်သွားတယ်။ ဘယ်လိုလဲ?

‘‘ဘာသိတံ ဗုဒ္ဓသေဋ္ဌဿ, သဗ္ဗလောကဂ္ဂဝါဒိနော၊ န တုမှာကမိဒံ ရူပံ, တံ ဇဟေယျာထ ဘိက္ခဝေါ။

သဗ္ဗလောကဂ္ဂဝါဒိနော၊ တစ်လောကလုံး၌ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ တရားကို ဟောကြားပြသ ဆိုဆုံးမလေ့ရှိသော်။ ဗုဒ္ဓသေဋ္ဌဿ၊ အမြတ်ဆုံး ဘုရားရှင်၏။ ဘာသိတံ၊ ဟောကြားပြသ ထိုဆိုဆုံးမတဲ့ စကားတော်ကို။ သုတွာ၊ နာကြားကြသည်ဖြစ်၍။ အဟံ၊ ငါသည်။ ဝိပဿနံ၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို။ အာစရ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ခဲ့လေပြီ။

တစ်လောကလုံးမှာ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ တရားကို ဟောကြားပြသဆိုဆုံးမတတ်တော်မူတဲ့ အမြတ်ဆုံး ဘုရားရှင်ရဲ့ ဟောကြားပြသ ဆိုဆုံးမတတ်တော်မူတဲ့ တရားဒေသနာတော်ကို ကြားနာရတဲ့အတွက် ငါသည် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့တယ်။ သူ ကြားနာရတဲ့ တရားလေးက ဘာလဲ?

‘‘ဘာသိတံ ဗုဒ္ဓသေဋ္ဌဿ, သဗ္ဗလောကဂ္ဂဝါဒိနော၊ န တုမှာကမိဒံ ရူပံ, တံ ဇဟေယျာထ ဘိက္ခဝေါ။

ဘိက္ခဝေါ၊ ရဟန်းသူမြတ် အိုချစ်သားတို့ ...။ ဣဒံ ရူပံ၊ ဤရုပ်တရားသည်။  န တုမှာကံ၊ သင်ချစ်သားတို့ရဲ့ ရုပ်တရား မဟုတ်။ တံ၊ ထိုရုပ်တရားကို (ဝါ) ထိုရုပ်တရားပေါ်၌ တွယ်တာ မက်မောနေတဲ့ တဏှာတရားကို။ ဇဟေယျာထ၊ ပယ်စွန့်ကြကုန်လော့။ ဣတိ၊ ဤသို့လျှင်။ သဗ္ဗလောကဂ္ဂဝါဒိနော၊ တစ်လောကလုံး၌ အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့ တရားကို ဟောကြားပြသ ဆိုဆုံးမလေ့ရှိတော်မူသော။ ဗုဒ္ဓသေဋ္ဌဿ၊ အမြတ်ဆုံးဘုရားရှင်၏။ ဘာသိတံ၊ ဟောကြားပြသ ဆိုဆုံးမအပ်တဲ့ တရားဒေသနာတော်ကို။ သုတွာ၊ နာကြားရသည်ဖြစ်၍။ ဝိပဿနံ၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို။ အာစရ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့လေပြီ။ မြတ်စွာဘုရားရဲ့ ဒီတရားဒေသနာလေးနော်။

ရုပ်တရားသည် သင်ချစ်သားတို့ရဲ့ ကိုယ်ပိုင်ဥစ္စာ မဟုတ်။ ထိုရုပ်တရားအပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာတရားကို သင်ချစ်သားတို့ ပယ်စွန့်ကြပါ။ ဝေဒနာတရားသည် သင်ချစ်သားတို့ရဲ့ ကိုယ်ပိုင်ဥစ္စာ မဟုတ်။ ထိုဝေဒနာတရားအပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာတရားကို သင်ချစ်သားတို့ ပယ်စွန့်ကြပါ။ သညာတရားသည် သင်ချစ်သားတို့ရဲ့ ကိုယ်ပိုင်-ဥစ္စာ မဟုတ်ဘူး။ ထိုသညာတရားအပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာတရားကို သင်ချစ်သားတို့ ပယ်စွန့်ကြပါ။ သင်္ခါ စေတသိက်, သင်္ခါရတရားဆိုးတို့သည် သင်ချစ်သားတို့ရဲ့ ကိုယ်ပိုင်ဥစ္စာ မဟုတ်ဘူး။ ထိုသင်္ခါရတရားဆိုးတို့အပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာတရားကို သင်ချစ်သားတို့ ပယ်စွန့်ကြပါ။ အသိစိတ် ဝိညာဉ်တရားသည် သင်ချစ်သားတို့ရဲ့ ကိုယ်ပိုင်ဥစ္စာ မဟုတ်ဘူး။ ထိုအသိစိတ် ဝိညာဉ်တရားအပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာတရားကို သင်ချစ်သားတို့ ပယ်စွန့်ကြပါ။

အကယ်၍ ဒီ ၃၁-ဘုံအတွင်းပေါ့လေ - အဇ္ဈတ္တ, ဗဟိဒ္ဓ ၂-ဌာနလုံးမှာ ဓာတ်ခွဲကြည့်လိုက်မယ်ဆိုရင် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ခေါ်တဲ့ ခန္ဓာ ၅-ပါး အစုံအပုံပဲ ရှိပါတယ်နော်။ အဲဒီ ခန္ဓာ ၅-ပါး အစုံအပုံသည် သင်ချစ်သားတို့ရဲ့ ကိုယ်ပိုင်ဥစ္စာ မဟုတ်ဘူးလို့ ဘုရားက ဟောတယ်။ အကယ်၍ သာဝကတွေရဲ့ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်ခဲ့မယ်ဆိုရင် ဒီ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ခေါ်တဲ့ ခန္ဓာ ၅-ပါးသည် မိမိတို့ရဲ့ အလိုအကြိုက်အတိုင်း လိုက်သွားပြီး ဖြစ်ဖို့ မရှိဘူးလား? ရှိတယ်။ ရှိတော့ ကိုယ်ပိုင်ဥစ္စာ ဟုတ်သလား? မဟုတ်ဘူး။

ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်တယ်။ ဖြစ်ပြီးလို့ ရှိရင် မပျက်ပါနဲ့လို့ တောင့်တသော်လည်း တောင့်တသည့်အတိုင်း တည်နေသလား? မတည်ဘူး။ အကယ်၍ ကိုယ်ပိုင်ဥစ္စာသာ ဖြစ်ခဲ့မယ်ဆိုရင် တောင့်တတဲ့အတိုင်း တည်နေရမယ့်သဘော ရှိနေပါတယ်။ သို့သော် တည်နေလား? မတည်ငြိမ်ဘူး။ ဒါကြောင့် ကိုယ်ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရတဲ့ စနစ်ကလေးကို နည်းနည်း နောက်ဂါထာတစ်ခု ဆက်ပြီးတော့ အမိန့်ရှိတယ်။

အနိစ္စာ ဝတ သင်္ခါရာ, ဥပ္ပါဒဝယဓမ္မိနော၊ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ, တေသံ ဝူပသမော သုခေါ’’။

သင်္ခါရာ၊ ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှတို့သည်။ အနိစ္စာ ဝတ၊ ဖြစ်ပြီးရင် ပျက်တတ်တဲ့ အနက်သဘောကြောင့် အနိစ္စတရား စင်စစ်ဧကန် မှန်ကြကုန်စွတကား။ ဥပ္ပါဒဝယဓမ္မိနော၊ ဖြစ်ခြင်းပျက်ခြင်း သဘော ရှိကြကုန်၏။ ဥပ္ပဇ္ဇိတွာ၊ အကြောင်းတိုက်ဆိုင်၍ ဖြစ်ပေါ်လာကြကုန်ပြီးနောက်။ နိရုဇ္ဈန္တိ၊ ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းကြရကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တေသံ၊ ထိုသင်္ခါရတရားတို့၏။ ဝူပသမော၊ ငြိမ်းအေးရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား။ သုခေါ၊ ချမ်းသာခြင်းအစစ်အဖြစ် ဖြစ်ပါပေ၏၊

ဒီဂါထာလေး သူက ဥဒါန်းကျူးရင့်သွားတယ်။ ဘာဖြစ်လို့လဲ? သူ-ကိုယ်တိုင် သင်္ခါရတရား ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရတဲ့ သင်္ခါရ-တရားတွေကိုလည်း သိတယ်။ ထိုသင်္ခါရအမည်ရတဲ့ သင်္ခါရတရားတွေ-ကိုလည်း သိတယ်။ ထိုသင်္ခါရတရားတို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စသဘော ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခသဘော၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တသဘောတရားတွေကို ဟုတ်တိုင်းမှန်စွာ သိတယ်။ ဖြစ်ပြီးတာနဲ့ ချက်ချင်း ချုပ်ငြိမ်းသွားနေတယ်ဆိုတဲ့ ဒီသဘောတရားကို ဟုတ်တိုင်းမှန်စွာ သိတယ်။ ဒီလောက်တွင်လားဆိုတော့ မဟုတ်သေးဘူး။ ဒီ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန်ကြီးကိုလည်း မဂ်လေးဆင့်, ဖိုလ်လေးဆင့်ဖြင့် အစဉ်အတိုင်း ထိုးထွင်း သိမြင်တော်မူခဲ့ပါတယ်။

ဒါကြောင့် ဒီသင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ ဒီနိဗ္ဗာန်တရားတော်မြတ်ကြီးသာလျှင် တကယ့်ချမ်းသာသုခ အစစ်ကြီး ဖြစ်ပါပေတယ် ဆိုပြီးတော့ ဒီလို သူက ဥဒါန်းကျူးရင့်သွားတယ်။ အဲဒီလို ဥဒါန်းကျူးရင့်လိုက်တဲ့ အချိန်အခါမှာ ဆိုက်ရောက်နေလာတဲ့ ရဟန်းတော်တွေက သူ့ကို ဘာပြောလဲ?

အထ နံ ဘိက္ခူ အာဟံသု

အထ၊ ထိုအခါ၌။ ဘိက္ခူ၊ ရဟန်း-တော်တို့က။ နံ၊ ထိုပိတမလ္လမထေရ်ကို။ အာဟံသု၊ ပြောဆိုကြလေကုန်သည်။

ရဟန်းတော်တွေက ပြောပြီ။ ဘယ်လိုလဲ?

‘‘သစေ, ဘန္တေ, သမ္မာသမ္ဗုဒ္ဓေါ အရောဂေါ အဘဝိဿာ, အဒ္ဓါ တေ မုဒ္ဓမတ္ထကေ ဟတ္ထံ ပသာရေတွာ သီသံ ပရာမသေယျ’’

ဘန္တေ၊ အရှင်မြတ်ဘုရား ...။ သစေ၊ အကယ်၍။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်။ အရောဂေါ၊ အနာရောဂါကင်းသည် (ဝါ) ပရိနိဗ္ဗာန် မစံရသေးသည်။ အဘဝိဿာ၊ ဖြစ်ခဲ့ပါမူကား။ အဒ္ဓါ၊ မချွတ်ဧကန် အမှန်အားဖြင့်။ တေ၊ အရှင်ဘုရား၏။ မုဒ္ဓမတ္ထကေ၊ ဦးထိပ်ထက်၌။ ဟတ္ထံ၊ လက်တော်ကို။ ပသာရေတွာ၊ ဆန့်တန်းပြီးတော့။ သီသံ၊ ဦးခေါင်းတော်ကို။ ပရာမသေယျ၊ သုံးသပ်ကိုင်တွယ်လေရာ၏၊

မြတ်စွာဘုရားက အကယ်၍များနော် - အနာရောဂါ ကင်းကင်း-ရှင်းရှင်းနဲ့ ပရိနိဗ္ဗာန် မစံရသေးဘူး ဖြစ်ခဲ့မယ် ဆိုရင်ပေါ့။ အရှင်ဘုရားရဲ့ ဦးထိပ်ထက်၌ လက်တော်ကို ဆန့်တန်းပြီးတော့ ဦးခေါင်းကို မချွတ်ဧကန် သုံးသပ်ကိုင်တွယ်ပါလိမ့်မယ်။ ငါ့ချစ်သား စိတ်တယေ ဆိုပြီးတော့ ဒီလို ဦးထိပ်ကို ကိုင်တွယ်လိမ့်မယ်။ ဘာဖြစ်လို့လဲ? ဘုရားရှင်က သိပ်ကျေနပ်တယ်။ လွှသွားသည် ဥပမာရှိနေတဲ့ ဒီအဆုံးအမ ဩဝါဒကို ရိုသေစွာ လိုက်နာ-ပြုကျင့်တဲ့အတွက် အရဟတ္တဖိုလ် ဆိုက်မသွားဘူးလား? ဆိုက်သွားတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးတွေကို ဘုရားရှင်က သိပ်ပြီး နှစ်ခြိုက်တော်မူတယ်။ ကက်ကက်လန်အောင် ရန်တွေ့တတ်တဲ့ ပုဂ္ဂိုလ်ကို ဘုရားရှင်က နှစ်ခြိုက်သလား? မနှစ်ခြိုက်ပါဘူး။

ဒါဖြင့် သာသနာမှာနေပြီဆိုရင် သို့မဟုတ် သာသနာ့ဝန်ထမ်း ရှင်ရဟန်းရယ်လို့ ဖြစ်လာပြီဆိုရင် သို့မဟုတ် သာသနာကို ကြည်ညိုစွာ ကိုးကွယ်ဆည်းကပ်နေတဲ့ ဥပါသကာ, ဥပါသိကာမရယ်လို့ ဖြစ်လာပြီဆိုရင် ကက်ကက်လန်အောင် ရန်တွေ့နေရမလား? ဘယ့်,နှယ်တုန်း သီလရှင်တွေ ဘယ်လိုတုန်း။ သီလရှင်တွေ ရယ်နေကြပါလား? ဟင် အဲဒါပဲ။ မိမိတို့ရဲ့ အဝတ်က သာသနာ့ဝန်ထမ်း ရှင်ရဟန်းဆိုတဲ့ အမည်ကို ခံမထားဘူးလား? ခံထားကြတယ်။ သီလရှင်တွေအနေနဲ့ ဆိုရင်လည်း သာသနာနွယ်ဝင် ဆိုပြီးတော့ အမည် ခံမထားဘူးလား? အမည်ခံထားကြတယ်။ သာသနာ့-နွယ်ဝင်လို့တော့ အမည်ခံတယ်။ နည်းနည်းလေးမှ အထိမခံဘူး။ ကက်-ကက်လန်အောင် ရန်တွေ့တတ်ကြတယ်ဆိုရင် ဒီသာသနာတော်နဲ့ မိမိတို့နဲ့ ထိုက်တန်ပါ့မလား? မထိုက်တန်ဘူး။

ဘုရားရှင်ရဲ့ အဆုံးအမ သာသနာဆိုတာက လွှသွားဥပမာရှိတဲ့ အဆုံးအမ ဩဝါဒတွေကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ မိမိ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ့် သမထ, ဝိပဿနာ ဘာဝနာတွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ သူတော်ကောင်းတို့ရဲ့ နေရာဌာနတစ်ခုသာ ဖြစ်ပါတယ်။ ကက်ကက်လန်အောင် ရန်တွေ့တတ်တဲ့ ပုဂ္ဂိုလ်တို့ရဲ့ နေရာဌာနမျိုး ဟုတ်သလား? မဟုတ်ဘူး။ ဒါ သတိရှိဖို့နော်။ ဒါ ဘာပြောချင်တာလဲ? သည်းခံရင် နိဗ္ဗာန်ရောက်တယ်ဆိုတဲ့ ထုံးလေးတွေပါပဲ။ မှန်သလား, မှားသလား? မှန်ပါတယ်။ သည်းခံမှ နိဗ္ဗာန်ရောက်တယ်။ သည်းမခံနိုင်ဘူး။ ဒင်းတို့ ငါ့ ဒီလိုပြောတယ်။ ငါ နည်းနည်းလေးမှ မခံနိုင်ဘူး။ အဲဒီလိုပုဂ္ဂိုလ်တွေ ဒီနိဗ္ဗာန် ရပါ့မလား? မရနိုင်ဘူး။

လောကမှာ လောကဓံတရား လေပြင်းမုန်တိုင်း ဆိုတာကတော့ အမြဲ-တမ်း တိုက်ခတ်တယ်။ ဘာဖြစ်လို့လဲ? အတိတ်သံသရာ အဆက်ဆက်က မိမိတို့က သူတစ်ပါးကိုလည်း မိမိတို့က မဟုတ်မတရား ပြောခဲ့တာတွေ ရှိကောင်း ရှိလိမ့်မယ်။ ဟုတ်မှန်သောအားဖြင့် ပြောခဲ့တာတွေလည်း ရှိမယ်။ ဒီကံလေးတွေက အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာပြီ ဆိုလို့ရှိရင် မိမိအပေါ်မှာ မဟုတ်မတရား ပြောတဲ့ ပုဂ္ဂိုလ်တွေလည်း ပေါ်လာလိမ့်မယ်။ ဒါ ဒီကံက ဖန်တီးပေးတာ။ ဟုတ်တာမှန်တာကို ပြောသူတွေလည်း ပေါ်လာလိမ့်မယ်။ ဒီကံရဲ့ စွမ်းအားပဲနော်။ အဲဒီ အချိန်အခါမှာ မိမိတို့က လွှသွား၏ ဥပမာရှိတဲ့ သည်းခံတဲ့ စိတ်ဓာတ်သာ မရှိလို့ ကက်ကက်လန်အောင် ပြန်ပြီး ရန်တွေ့နေကြမယ် ဆိုလို့ရှိရင် နှစ်ဦးသားလုံးတို့အပေါ်၌ ဒေါသပြဋ္ဌာန်းနေတဲ့ အကုသိုလ်တရားတွေ တိုးပွားပြီး မလာဘူးလား? တိုး-ပွားလာလိမ့်မယ်။ ဒေါသပြဋ္ဌာန်းနေတဲ့ အကုသိုလ်တရားတွေက တိုးပွားလာပြီ ဆိုလို့ရှိရင် ကုသိုလ်တရားလေးတွေ နောက်ဆုတ်မသွားဘူးလား? ဆုတ်သွားလိမ့်မယ်။

အကယ်၍သာ ခုလို မဟာတိဿမထေရ်ကြီးတို့လို, ပိတမလ္လမထေရ်မြတ်ကြီးတိုပလို သည်းခံတဲ့စိတ်ဓာတ်သာ အထင်အရှား ရှိပါစေ။ သတ္ထိသပ္ပဇဉ်ဉာဏ်တွေနဲ့တကွ အရဟတ္တမဂ်, အရဟတ္တဖိုလ်အထိ မဆိုက်နိုင်ဘူးလား? ဆိုက်နိုင်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက သည်းခံခြင်းရဲ့ ဂုဏ်ကျေးဇူးနဲ့ ပတ်သက်ပြီးတော့, သည်းမခံခြင်းရဲ့ အပြစ်နဲ့ ပတ်သက်ပြီးတော့လည်း သုတ္တန်လေးနှစ်ခု ဟောထားပါတယ်နော်။ အဲဒီသုတ္တန်လေးတွေကို ဆက်ပြီး နာကြား-ကြည့်ရအောင်နော်။ ဟို အင်္ဂုတ္ထိုလ်ပဉ္စက နိပါတ်မှာ မြတ်စွာဘုရား ဟောထားတယ်။ ပထမ အက္ခန္တိသုတ်၊ ဒုတိယ အက္ခန္တိသုတ် ဆိုပြီးတော့ သုတ္တန်နှစ်ခု ပါရှိပါတယ်နော်။

‘‘ပဉ္စိမေ, ဘိက္ခဝေ, အာဒီနဝါ အက္ခန္တိယာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အက္ခန္တိယာ၊ သည်းမခံခြင်း၌။ အာဒီနဝါ၊ အပြစ်တို့သည်ကား။ ဣမေ ပဉ္စ၊ ဤငါးမျိုးတို့တည်း။

အဲဒီငါးမျိုးဆိုတာက ဘာလဲ?

ဗဟုနော ဇနဿ အပ္ပိယော ဟောတိ အမနာပေါ,

ဗဟုနော ဇနဿ၊ များစွာသော လူအပေါင်း၏။ အပ္ပိယော၊ မချစ် မမြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်သည်။ အမနာပေါ၊ စိတ်နှလုံးကို မတိုးပွားစေတတ်တဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ပေ၏၊

သည်းမခံတတ်တဲ့ပုဂ္ဂိုလ်ကို လူအများအပေါင်းက ချစ်သလား? မချစ်-ဘူး။ သည်းမခံတတ်တဲ့ပုဂ္ဂိုလ်ကို လူအများအပေါင်းက နှစ်သက်မြတ်နိုးမှု ရှိမလား? မရှိဘူး။ လူအများရဲ့ ချဉ်ဖတ်အိုးဆိုလား ဘာဆိုလား ဟုတ်တယ် မဟုတ်လား? ဒါပေမဲ့ တချို့တချို့ ပုဂ္ဂိုလ်တွေက အဲဒီချဉ်ဖတ်ကို သဘော-မကျဘူးလား? ချဉ်ဖတ်ကို သဘောကျတဲ့အထဲ တရားနာ ပရိသတ်တွေ ပါများ နေကြသေးလား? ဟင် ရေတွေ တရွှတ်ပက်နဲ့ ဒီချဉ်ဖတ်အိုးကြီးကို သဘောကျပြီး ချဉ်ဖတ်အိုးကြီးကို ဖက်ထားကြတယ်နော်။ လူများရဲ့ ချဉ်ဖတ်အိုးကြီး ဖြစ်တယ်။

လူများအပေါင်းက ဒီလို သည်းခံတဲ့ စိတ်ဓာတ်မရှိတဲ့ပုဂ္ဂိုလ်ကို ဘယ်တော့မှ မချစ်ဘူး။ ဘယ်တော့မှ နှစ်လိုမြတ်နိုးတဲ့ စိတ်ထား မရှိဘူး။ သူတစ်ပါးရဲ့စိတ်ဓာတ်ကို နှစ်သက်မြတ်နိုးမှုကို မတိုးပွားစေတတ်တဲ့ ပုဂ္ဂိုလ်သာ ဖြစ်တယ်။ ဘယ်လို မတိုးပွားစေလဲလို့ မေးတော့ ဒီပုဂ္ဂိုလ်ကို အကြောင်းပြုပြီး သူတစ်ပါးရဲ့သန္တာန်မှာ ကုသိုလ်တရားတွေ တိုးပွားနိုင်သေးလား? မတိုးပွားနိုင်ဘူး။ ဒီပုဂ္ဂိုလ်ကို အကြောင်းပြုပြီးတော့ နှစ်ဦးနှစ်ဖက် ပုဂ္ဂိုလ်တွေမှာ အကုသိုလ်တရား တိုးပွားဖို့ရန် အကြောင်းဖြစ်တယ်။ ဒါကြောင့် လူအများအပေါင်းက ဒီလို သည်းခံတဲ့ စိတ်ဓာတ်မရှိတဲ့ ပုဂ္ဂိုလ်ကို ဘယ်တော့မှ မချစ်ဘူး။ ဘယ်တော့မှ မြတ်နိုးမှု မရှိဘူး。ဒါက နံပါတ် ၁-ပဲ။ သည်းမခံခြင်းကြောင့် ရရှိမယ့် အကျိုး ၁-ခုပဲနော်။ နောက်တစ်ခု -

နည်းနည်းလေးမှ သည်းမခံဘူး။ ဟိုလူနဲ့တွေ့လည်း ရန်ဖြစ်လိုက်, ဒီလူနဲ့ တွေ့လည်း ရန်ဖြစ်လိုက်၊ ဟိုလူနဲ့လည်း စကားများလိုက်, ဒီလူနဲ့ စကားများလိုက် နည်းနည်းလေးမှ သည်းမခံတတ်ဘူး။ ငါ့ကို လာမထိနဲ့ ကက်ကက်လန်ပဲ ဟုတ်တယ်မဟုတ်လား? တစ်ခါတလေ ကက်ကက်လန် အင် ကက်ကက်လန်ဆိုတာ ဘာလဲတော့ ဘုန်းကြီး မသိဘူးနော်။ ပြောလိုက်တာပဲ။ ဟုတ်တယ်မဟုတ်လား? တစ်ခါတလေ ပတွတ် ပတွတ် ဟုတ်တယ်မဟုတ်လား? တစ်ခါတလေ ဗြိဗြိ ဗြိဗြိ ဟုတ်လား? ဂွိဂွိ ဂွိဂွိလုပ်သေးတယ်။ ကျွိကျွိ ကျွိကျွိလည်း လုပ်သေးတယ်။ အဲဒီပုံစံဆိုတော့ ဟိုလူနဲ့ မတည့်၊ ဒီလူနဲ့မတည့်ဆိုတော့ သူ့မှာ ရန်မများဘူးလား? ရန်များနေပြီ။ နောက်တစ်ခု -

ဝဇ္ဇဗဟုလော စ

ဝဇ္ဇဗဟုလော စ၊ အကုသိုလ်အပြစ်များပြားသည်လည်း။ ဟောတိ၊ ဖြစ်၏၊

ဒီလို သည်းမခံတတ်တဲ့ ပုဂ္ဂိုလ်။ တစ်ဖက်ပုဂ္ဂိုလ်တွေနဲ့ ရန်သိပ်များနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကုသိုလ်တရား တိုးပွားနိုင်တဲ့ အခွင့်အလမ်း ရှိဦးမလား? မရှိဘူး။ အကုသိုလ်တရားတွေသာ သူ့မှာ သိပ်ပြီးတော့ များပြားနေမယ်။ နောက်တစ်ခု -

သမ္မူဠှော ကာလံ ကရောတိ

သမ္မူဠှော၊ တွေတွေဝေဝေနဲ့။ ကာလံ ကရောတိ၊ သေလွန်ရ၏၊

သေတဲ့အခါ ဒီလို အကုသိုလ်တရားတွေက ဘဝတစ်လျှောက်မှာ သိပ်များပြားနေပြီဆိုရင် ထိုပုဂ္ဂိုလ်သည် ကောင်းကောင်း မသေရဘဲနဲ့ တွေတွေဝေဝေ သေရတယ်။ တွေတွေဝေဝေ သေရတယ်ဆိုတာက မရဏသန္နံဇော အချိန်အခါမှာ လောဘဇော သို့မဟုတ် ဒေါသဇော သို့မဟုတ် မောဟဇောဆိုတဲ့ အကုသိုလ်ဇော တစ်ခုခုက ဦးဆောင်ပြီးတော့ အကုသိုလ်ဇော စောသွားလိမ့်မယ်။ လောဘ၊ ဒေါသ၊ မောဟ တစ်ခုခုက ဦးဆောင်ပြီး အကုသိုလ်ဇောနဲ့ သေခဲ့မယ်ဆိုရင် ထိုကဲ့သို့သော သေနည်းမျိုးကို “သံမုံလ မရဏ” တွေတွေဝေဝေနဲ့ သေရတဲ့ သေနည်းလို့ ခေါ်ပါတယ်။ အကုသိုလ်-တရားတွေနဲ့ အကုသိုလ် မရဏသန္နံဇောမှာ အကုသိုလ်ဇောက ဝင်ပြီးတော့ နေရာယူသွားပြီ ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ် သေပြီးတဲ့နောက်ပိုင်းကာလ ဘယ်ရောက်မလဲ?

ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။

ကာယဿ ဘေဒါ၊ ကိုယ်ခန္ဓာ၏ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတေပျက်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အပါယံ၊ ချမ်းသာဟူ၍ မြူငွေ့မျှ မရှိသော။ ဒုဂ္ဂတိံ၊ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့ လားရောက်ရာဖြစ်သော။ ဝိနိပါတံ၊ အလိုဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော။ နိရယံ၊ ငရဲသို့။ ဥပပဇ္ဇတိ၊ ပဋိသန္ဓေအားဖြင့် ကပ်ရောက်ပြီး နေရပေ၏၊

အထူးသဖြင့် ဒီလို ရန်များတဲ့ပုဂ္ဂိုလ်က ဒေါသဇော အစောများ-ပါတယ်နော်။ ဒေါသတွေ အဖြစ်များနေတဲ့ပုဂ္ဂိုလ်က သေခါနီးကာလမှာ မရဏသန္နံဇော နေရာမှာလည်း ဒေါသက နေရာယူသွားတယ်။ ဒေါသဇော စောပြီးတော့ သေပြီဆိုရင် ထိုပုဂ္ဂိုလ်ဟာ ခန္ဓာကိုယ် ပျက်စီးပြီသည်မှ နောက်ကာလ ဘယ်ရောက်သွားသလဲ? ချမ်းသာဟူ၍ မြူငွေ့မျှ မရှိတဲ့ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့ရဲ့ လားရောက်ရာဖြစ်တဲ့ အလိုအာသာဆန္ဒ မရှိဘဲလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်တဲ့ ငရဲကို ရောက်-ရှိသွားပြီ။ စဉ်းစားကြည့်ပေါ့။ မိမိတို့က အဲဒီ အကျိုးတရားတွေကို အလိုရှိပါသလား, အလိုမရှိပါဘူးလား? ကိုယ့်ကိုကိုယ် မေးကြည့်ရတယ်။သူတော်ကောင်းဆိုတာ ဒီလို မေးခွန်းလေးတွေ မေးပြီးတော့ စိတ်ဓာတ်ကို ပြုပြင်ပြောင်း-လဲပေးရပါတယ်နော်။

အဲဒီ စိတ်ဓာတ်ပြုပြင်ပြောင်းလဲပေးမှုနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ ဘုန်းကြီး အမှတ်တမဲ့ပေါ့လေ - ဓမ္မဗျူဟာ စာစောင်လေး သွားပြီးတော့ ဖတ်မိလိုက်တယ်။ ရခိုင်က ဆရာတော်ကြီးတစ်ပါး သာသနာပြုနေတဲ့ ဆရာတော်ကြီးတစ်ပါးရဲ့ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး အဲဒီထဲမှာ ပါလာတယ်။ ဆရာတော်ကြီးက သူက သက်သတ်လွတ် စားပါတယ်။ သက်သတ်လွတ် စားတဲ့အချိန်အခါမှာ တစ်ခါတစ်ရံ ရှေးယခင်က သက်သတ်လွတ်မစားခင်က အသားငါးလေးတွေ စားခဲ့ဖူးတော့ တစ်ခါတစ်ရံ ပြန်ပြန်ပြီးတော့ သတိရတယ်။ စားချင်တဲ့စိတ်ကလေး နည်းနည်း ဖြစ်လာတယ်။ ဖြစ်လာရင် သူက ဘာလုပ်သလဲ?

အဲဒီ စားချင်တဲ့အသားကို သူက ရအောင် ရှာခိုင်းလိုက်တယ်။ ရှာပြီးတော့ အဲဒီအသားကို ကျောင်းမှာ ဒီတိုင်း ထားခိုင်းလိုက်တယ်။ ကျောင်းမှာ ဒီတိုင်းထားပြီးတော့ အဲဒီ သူ့အခန်းထဲမှာ ပုတ်သိုးလာတဲ့အထိ သူက အကုန်လုံး ဒီတိုင်းထားထားတယ်။ ပုပ်သိုးလာပြီးတော့ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အချိန်အထိ ထားပြီးတော့ “မင်း အဲဒီလို အသားမျိုးကို စားချင်သေးသလား” ဆိုပြီးတော့ သူက သူ့ကိုယ်သူ ဆုံးမတယ်တဲ့။ ဘယ့်,နှယ်တုန်း အဲဒီလို ဆုံးမချက်ကလေးက ဘယ့်နှယ် ရဟန်းတော်တွေ အတုယူဖို့ မကောင်းဘူးလား? ဟိုး မယ်မင်းကြီးမ သီလရှင်တို့ရော ဘယ့်,နှယ်တုန်း အတုယူဖို့ မကောင်းဘူးလား? ကောင်းပါတယ်။ ဆရာတော်ကြီးက အဲဒီလို ပြောပြီးတဲ့အခါ ဘာပြောလဲ? “တို့တော့ သူများ အသား ဘယ်တော့မှ မစားဘူးတဲ့” ဟော သူက စိတ်ဆုံးဖြတ်ချက် ချတယ်။

တဏှာဆိုတာက ဒီလို ပယ်ခွာပေးရပါတယ်နော်။ ဒါလေး စားချင်တယ်။ ဟိုဟာလေး စားချင်တယ်ဆိုရင် စားချင်တဲ့အတွက် ဝယ်ရခြမ်းရမယ့် ဒုက္ခရှိမယ်။ အနည်းဆုံး ပိုက်ဆံတော့ မကုန်ဘူးလား? ကုန်မယ်။ ချက်ရမယ့်, ပြုတ်ရမယ်, ပြုပြင်ရမယ်, ဖန်တီးရမယ်။ အချိန်တွေ များစွာ မကုန်ဘူးလား? ကုန်မယ်။ ခုနက ကြည့်ပေါ့ -

ပိတမလ္လံမထေရ်ကြီးတို့ ဒီအတွက် သူတို့ အချိန်တွေ ကုန်ခံသလား? မခံဘူး။ မိမိမှာ လှံထိုးခံရလို့ ထုတ်ချင်းပေါက်သွားတာတောင်မှ မိမိရဲ့အချိန်ကို မိမိ တန်ဖိုးထားပြီးတော့ မြက်တွေနဲ့ ဆို့ပြီးတော့ ကျောက်ဖျာထက်မှာ ထိုင်ပြီးတော့ စနစ်တကျ တရားအားထုတ်တယ်။ ဘာဖြစ်လို့လဲ? ဒီရာဂတန်းလန်းကြီးနဲ့ သေရမှာ သူတို့က သိပ်ရှက်ကြတယ်။ သိပ်ရွံရှာတယ်။ စက်ဆုပ်တယ်။ စဉ်းစားကြည့်ပါ - ဒီကြက်တွေ, ဝက်တွေကို ပြန်စဉ်းစားကြည့်စမ်းပါ။ လူတွေ ယိုတဲ့ ဒီမစင်ကို ကြက်တွေက စားတယ်နော်။ ဘုန်းကြီး ကျေးဇူးတော်ရှင် ဆရာတော်တစ်ပါးက ဆုံးမဖူးပါတယ်နော်။ သူ တစ်ခါတုန်းက မြင်းခြံထဲမှာ ရဟန်းငယ်ဘဝက စာသင်ခဲ့ဖူးတယ်တဲ့ ကျေးလက်တောရွာလေး တစ်ရွာမှာ စာသင်တော့ အကြောင်းအားလျော်စွာ အဲဒီ ရွာလေးမှာ ပညာတတ် ဆရာတော်ကြီးတစ်ပါးကလည်း ထင်ရှား တည်ရှိ-နေတော့ ဆရာတော်ကြီးကလည်း သံလေပ ပရိပိတ် ခေါင်းပါးတဲ့ ပရိပတ်ကျင့်ဝတ်နဲ့ ပြုကျင့်တဲ့ ဆရာတော်ကြီး ဖြစ်တဲ့အတွက် ဒီတောရွာလေး သွားပြီးတော့ သီတင်းသုံးနေပါတယ်။

ဒါပေမဲ့ ဆရာတော်ကြီး စာပေနယ်မှာ အလွန် ထင်ရှားကျော်ကြားတော်မူတဲ့ ဆရာတော်ကြီးဖြစ်ခြင်းကြောင့် ဒီဆရာတော်ကြီးစီမှာ သွားပြီးတော့ နည်းခံပြီး ပညာသင်တယ်။ အဲဒီ ရွာလေးတစ်ရွာကို ကြည့်လိုက်မယ်ဆိုရင် အိမ်ခြေ ၃၇-လုံးပဲ ရှိတယ်။ အဲဒီ ၃၇-အိမ်မှာ ကိုယ်ရေပြားရောဂါလို့ ခေါ်ဆိုအပ်တဲ့ အနူရောဂါရှိတဲ့ပုဂ္ဂိုလ်က လူပေါင်း ၄၀-လောက် ရှိတယ်။ အဲဒီ လူပေါင်း ၄၀-လောက်ရှိတဲ့ အချိန်အခါကျတော့ အဲဒီ အနူတွေစွန့်တဲ့ မစင်ကို ကြက်တွေ, ဝက်တွေက စား။ ကြက်တွေ, ဝက်တွေကို တစ်ခါ လူတွေက ပြန်စား။ လူတွေစွန့်တဲ့မစင်ကို ကြက်တွေ ဝက်တွေက တစ်ခါ ပြန်စားဆိုတော့ သံသရာက ချာလပတ် လည်မနေဘူးလား? ကိုယ့်မစင် ကိုယ်ပြန်စားရတဲ့ဘဝ ရောက်မနေဘူးလား? ရောက်နေတယ်။ စဉ်းစားကြနော်။

ဒီလောက် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ ဒီသားတွေ, ငါးတွေဟာ လွယ်လွယ်လေးနဲ့ သေလို့ရသလား? မရတတ်ဘူး။ ဝက်ဆိုလည်း မချိမဆန့် သေရတာပဲ။ ကြက်ဆိုလည်း မချိမဆန့် သေရတာပဲ။ မိမိကို မချိမဆန့် သူတစ်ပါးက သတ်ပြီးတော့ စားမယ်ဆိုရင် မိမိ ဒီလို ခံနိုင်တဲ့စွမ်းအား ရှိမလား? ဟင် ဟုတ်ရဲ့လား။ အဲဒါ စဉ်းစားကြည့် - အဲဒါကြောင့် မိမိရဲ့ စိတ်ထားလေးတွေကို မိမိတို့က ပြုပြင်ပြောင်းလဲပေးဖို့ လိုပါတယ်နော်။

ဘုန်းကြီး ဒီနေရာမှာ နည်းနည်းစိတ်မကောင်းတဲ့ အချက်ကတစ်ခု-ကတော့ ကျောင်းက သက်သတ်လွတ်ကျောင်းဆိုပြီးတော့ အမည်ခံထားတယ်။ ပြီးတော့ အသားတွေ, ငါးတွေ စားနေတယ်ဆိုတော့ ဒကာ, ဒကာမတွေ အပေါ်၌ လိမ်လည်လှည့်ဖြားပြီးတော့ အလှူခံပြီး စားနေတဲ့ ပုံစံအသွင်တော့ ပြောင်းမသွားဘူးလား? ပြောင်းသွားတယ်။ အဲဒါတစ်ခုတော့ ဘုန်းကြီး စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အစွဲအလန်းရှိလို့ ဘုန်းကြီးပြောတာ မဟုတ်ဘူးနော်။ ဒီလိုဆိုရင် သက်သတ်လွတ် မဟုတ်ရင်လည်း သက်သတ်လွတ် မဟုတ်ဘူးလို့ အမည်ခံလိုက်မယ်ဆိုရင်တော့ ဒါရိုးသားဖြောင့်မတ်တဲ့ သဘောတော့ ရှိတာပေါ့။ သက်သတ်လွတ်လည်း အမည်ခံတယ်။ ပြီးတော့ သက်သတ် မလွတ်တာတွေလည်း စားကြတယ်။ ဒီလိုဆိုရင်တော့ ရိုသားဖြောင့်-မတ်တဲ့ အသွင်ရှိသလား? မရှိဘူး။ ဒါ နည်းနည်းတော့ စဉ်းစားကြနော်။ ဝိုင်းပြီး ထိန်းရမဲ့သဘောတော့ ဖြစ်ပါတယ်။

အခု ဒီနေရာမှာ ဘုန်းကြီးပြောနေတဲ့ အပြစ်ကတော့ သည်းခံနိုင်တဲ့စိတ်ထား မရှိခြင်းဘဲ။ သည်းခံနိုင်တဲ့စိတ်ထား မရှိဘူးဆိုတာက ဘာပြောတာလဲလို့ မေးတော့ အပူကို သည်းခံနိုင်တဲ့စွမ်းအား မရှိဘူး, အအေးကို သည်းခံနိုင်တဲ့စွမ်းအား မရှိဘူး, ဆွမ်းကိစ္စနဲ့ပတ်သက်လို့ သည်းခံနိုင်တဲ့စွမ်းအား မရှိဘူး, သင်္ကန်းကိစ္စနဲ့ ပတ်သက်လို့ သည်းခံနိုင်တဲ့စိတ်ထား မရှိဘူး, ကျောင်းကိစ္စနဲ့ပတ်သက်လို့ သည်းခံနိုင်တဲ့စိတ်ထား မရှိဘူး, ဆေးပစ္စည်းနဲ့ ပတ်သက်လို့ သည်းခံနိုင်တဲ့စိတ်ထား မရှိဘူး။ အချင်းချင်း တစ်ဦးနဲ့တစ်ဦး ဆက်ဆံတဲ့အပိုင်းမှာ သည်းခံနိုင်တဲ့စိတ်ထား မရှိဘူး။

ရဟန်းဆိုတာက အအေးကိုလည်း သည်းခံရတယ်, အပူကိုလည်း သည်းခံရတယ်, ဆွမ်းလည်း ရသမျှနဲ့ သည်းခံပြီး ဘုဉ်းပေးနိုင်တဲ့စိတ်ထား ရှိရတယ်, သင်္ကန်းလည်း ရသမျှနဲ့ သည်းခံပြီး ဝတ်ရုံနိုင်တဲ့စိတ်ထား ရှိရတယ်, ကျောင်းလည်း ရသမျှနဲ့ ကျောင်းလေးနဲ့ တင်းတိမ်နိုင်တဲ့ သည်းခံနိုင်တဲ့စိတ်ထား ရှိရတယ်။ ဆေးလည်း မိမိရသမျှနဲ့ ရောင့်ရဲနိုင်တဲ့စိတ်ထား သည်းခံနိုင်တဲ့စိတ်ထား ရှိရပါတယ်။ အဲဒီလို သည်းခံနိုင်တဲ့စိတ်ထား ရှိခြင်းသည် မဂ်ဖိုလ်နိဗ္ဗာန်ရခြင်းရဲ့ အကြောင်းတစ်ခု ဖြစ်တယ်။ သည်းခံနိုင်တဲ့စိတ်ထား မရှိဘူး ဘာဖြစ်မလဲ? သည်းခံနိုင်တဲ့စိတ်ထား မရှိတဲ့ပုဂ္ဂိုလ် -

ဗဟုနော ဇနဿ အပ္ပိယော ဟောတိ အမနာပေါ

လူအများအပေါင်းက ဘယ်တော့မှ မချစ်ဘူး။ ဘယ်တော့မှ မမြတ်နိုးဘူး။ ဝေရဗဟုလ - ရန်သိပ်များတယ်။ ဝဇ္ဇဗဟုလ - အကုသိုလ် အပြစ်တွေ သိပ်များတယ်။ သေရင်လည်း သမ္မူဠှော ကာလံ ကရောတိ - တွေတွေဝေဝေနဲ့ သေရတယ်။ ခန္ဓာကိုယ် ပျက်စီးပြီးသည်မှ နောက်ကာလ၌ ဘယ်ရောက်မလဲ? ငရဲရောက်မယ်။ ဒီအကျိုးတရားတွေ မိမိတို့ လိုလားတောင့်တတဲ့ စိတ်ထား ရှိ,မရှိ ပြန်ပြီး ဆန်းစစ်ပါနော်။ ဒီရာဂတွေ သို့မဟုတ် ဒီလောဘတွေ, ဒီဒေါသတွေ, ဒီမောဟတွေ မိမိက တိုက်ဖျက်နိုင်တဲ့ စွမ်းအား မရှိဘူးဆိုလို့ရှိရင် အကြောင်းမလှခဲ့ရင် သေခါနီးကာလ အချိန်အခါမှာ ဒီရာဂ၊ ဒေါသ၊ မောဟတွေက ဒီမရဏသန္နံဇောရဲ့ နေရာကို ယူသွားခဲ့မယ်ဆိုရင် မိမိတို့လည်း အပါယ်လေးဘုံ မရောက်နိုင်ဘူးလား? ရောက်နိုင်တဲ့သဘော ရှိတယ်။

ဒီရာဂ၊ ဒေါသ၊ မောဟလေးတွေကို တိုက်ဖျက်ဖို့ရန်အတွက် အခြေခံ လက်နက်ကလေးတွေ မိမိတို့မှာ လိုအပ်တယ်။ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်ဆိုတဲ့ လက်နက်ကောင်းတွေ လိုအပ်ပါတယ်။ အဲဒီ လက်နက်ကောင်းတွေထဲမှာ အခုဟောနေတဲ့ ခန္တီဆိုတဲ့ မင်္ဂလာလည်း တစ်ခု မပါဝင်ဘူးလား? ပါဝင်နေတယ်။ နောက်တစ်ခု - မြတ်စွာဘုရားက သည်းခံခြင်းရဲ့ အကျိုးတွေကိုလည်း ဆက်ဟောနေပါတယ်နော်။ သည်းမခံနိုင်ခြင်းကြောင့် ရရှိမယ့် အပြစ်ကို ဟောပြီးတဲ့ အချိန်အခါမှာ သည်းခံနိုင်ခြင်းကြောင့် ရရှိတဲ့အပြစ်ကိုလည်း ဆက်ဟောတယ်။

ပဉ္စိမေ, ဘိက္ခဝေ, အာနိသံသာ ခန္တိယာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ခန္တိယာ၊ သည်းခံခြင်း၌။ အာနိသံသာ၊ အကျိုးအာနိသင်တို့သည်။ ပဉ္စိမေ၊ ဤငါးမျိုးတို့တည်း။

သည်းခံမယ်ဆိုလို့ရှိရင် အကျိုး ဒီ ၅-မျိုးရမယ်။ ဘာတွေလဲ?

ဗဟုနော ဇနဿ ပိယော ဟောတိ မနာပေါ

ဗဟုနော ဇနဿ၊ များစွာသော လူအပေါင်း၏။ ပိယော၊ ချစ်မြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်သည်။ မနာပေါ၊ စိတ်နှလုံးကို တိုးပွားစေအပ်တဲ့ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ပေ၏၊ ဘာပဲဖြစ်ဖြစ် အစစ အရာရာမှာပေါ့လေ သည်းခံတဲ့စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်ကို လူအများအပေါင်းက ချစ်ခင်ကြတယ်။ မြတ်နိုးကြတယ်။ ဒါက လက်တွေ့ပါနော်။ လက်တွေ့ စမ်းသပ်ကြည့်လို့ အကဲခတ်ကြည့်ရင် သိနိုင်တဲ့ အကျိုးလေးတွေပဲ။

န ဝေရဗဟုလော ဟောတိ

န ဝေရဗဟုလော၊ ရန်မများသည်။ ဟောတိ၊ ဖြစ်၏၊

ဘာပဲဖြစ်ဖြစ် ဘယ်သူက ဘာပဲပြောပြော ခုနက ဘယ်သူက ဘယ်လိုပဲ လာပြီးတော့ ပြုမူချင် ပြုမူပါစေ မဟာတိဿ ကိုယ်တော်ကြီးတို့လို, ပိတမလ္လမထေရ်ကြီးတို့လို အမြဲတမ်း သည်းခံတတ်တဲ့ စိတ်ထားရှိတဲ့ သူတော်ကောင်းမှာ ရန်များဦးမလား? မများတော့ဘူး။

န ဝဇ္ဇဗဟုလော

န ဝဇ္ဇဗဟုလော၊ ရာဂ ဒေါသ မောဟ စတဲ့ အကုသိုလ်အပြစ် မများပြားသည်။ ဟောတိ၊ ဖြစ်၏၊

သည်းခံတတ်တဲ့ စိတ်ထားရှိပြီးတော့ မိမိ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမဲ့ သမထ၊ ဝိပဿနာဘာဝနာတွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ရာဂ ဒေါသ မောဟတွေက ဝင်ပြီး နေရာယူ-နိုင်တဲ့ စွမ်းအား ရှိသေးလား? မရှိတော့ဘူး။ သူ့မှာ အကုသိုလ်အပြစ်တွေ တော်တော်လေး နည်းသွားပြီ။ နောက်တစ်ခု -

အသမ္မူဠှော ကာလံ ကရောတိ,

အသမ္မူဠှော၊ မတွေမဝေဘဲ။ ကာလံ ကရောတိ၊ သေလွန်ရပေ၏၊

အကုသိုလ်အပြစ် နည်းပါးသွားပြီဆိုရင် အကုသိုလ်အပြစ်တွေက ဘယ်-လို အကြောင်းကြောင့် နည်းပါးရသလဲ? သည်းခံခြင်း ခန္တီတရားကို အခြေခံပြီးတော့နော် မိမိမှာ အဆင့်အတန်း မြင့်မားနေတဲ့ သမထ၊ ဝိပဿနာ ဘာဝနာဆိုတဲ့ ဒီဉာဏ်ထူးဉာဏ်မြတ်တွေ ရရှိအောင် မိမိက တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ ဒီလို ပွားများအားထုတ်တဲ့အတွက် မိမိရဲ့သန္တာန်မှာ အကုသိုလ်အပြစ်တွေက နည်းပါးသွားတယ်။ နည်းပါးသွားတဲ့အတွက် မိမိရဲ့ မရဏသန္နဇောနေရာမှာ ကုသိုလ်တွေက ဝင်ပြီးတော့ နေရာယူလိုက်တယ်။ ကုသိုလ်ဇောတွေက နေရာယူလိုက်ခြင်းကြောင့် မိမိရဲ့ သေခြင်းသည် အသမုံလမရဏ မတွေမဝေ သေရတဲ့ သေခြင်းတစ်ခု ဖြစ်-သွားတယ်။ ဘာဖြစ်လို့လဲ?

ကုသိုလ်ဇောတွေ နေရာဝင်နိုင်လောက်အောင် အစွမ်းထက်မြက်နေတဲ့ မိမိက သမထဘာဝနာဆိုတဲ့ ကုသိုလ်တွေ, ဝိပဿနာဘာဝနာဆိုတဲ့ ကုသိုလ်တွေကို တကယ်လက်တွေ့ ကျင့်တယ်။ ခုနက မဟာတိဿကိုယ်တော်ကြီးတို့, ပိတမလ္လမထေရ်ကြီးတို့လို လှမ်းပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ အရဟတ္တမဂ်ဆိုတဲ့ အဆင့်အမြင့်မားဆုံး ကုသိုလ်တွေအထိ သူတို့က ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီး မသွားဘူးလား? သွားတယ်။ အဲဒီလို အားထုတ်-တဲ့အပိုင်းမှာ သူတို့က ခန္တီဆိုတဲ့ မင်္ဂလာတရားက လက်စွဲအဖြစ် အသုံးပြု မသွားကြဘူးလား? သွားကြတယ်။ ဒါကြောင့် မတွေမဝေဘဲနဲ့ သူတို့ သေသွားရတယ်။ သေသွားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။

ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ သေလွန်သည်မှ နောက်ကာလ၌။ သုဂတိံ၊ ကောင်းမှုပြုသူ သုစရိုက်သမားတို့ လားရောက်ရာဖြစ်သော။ သဂ္ဂံ လောကံ၊ နတ်ပြည်လောကသို့။ ဥပပဇ္ဇတိ၊ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေရပေ၏၊

အကယ်၍ သံသရာခရီးက မိမိအတွက် မဆုံးသေးလို့ ဘဝတစ်ခုဆိုတာ ထင်ရှားရှိနေဦးမယ် ဆိုရင်တော့ ဘာဖြစ်မလဲ? စုတိပျက်ကြွေ သေလွန်ပြီးတဲ့ နောက်ပိုင်းကာလမှာ ကောင်းမှုပြုသူ သုစရိုက်သမားတို့ရဲ့ လားရာဖြစ်တဲ့ နတ်ပြည်နတ်လောက, ဗြဟ္မာ့ပြည် ဗြဟ္မလောကကို မိမိရဲ့ကံအားလျော်စွာ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေရမယ်။ ဒါကြောင့် သည်းခံခြင်းကြောင့် ရရှိမယ့် အကျိုးတရားတွေဟာ သည်းမခံခြင်းကြောင့် ရရှိတဲ့ အပြစ်တွေနဲ့ တိုင်းတာ နှိုင်းစာမယ်ဆိုရင် သည်းခံခြင်းကြောင့် ရရှိမယ့် အကျိုးတရားတွေက ပိုပြီးတော့ အဆင့်အတန်း မြင့်မားနေတာ မတွေ့ရဘူးလား? တွေ့ရတယ်။ ဒါကြောင့် သည်းခံဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ခန္တီဆိုတဲ့ မင်္ဂလာတရား လက်ကိုင်ထားရမယ်။ နောက်ထပ် မြတ်စွာဘုရားက ဒုတိယ ခန္တီသုတ္တန်ဆိုပြီး သုတ္တန်လေးတစ်ခု ထပ်ဟောထားတယ်နော်။

‘‘ပဉ္စိမေ ဘိက္ခဝေ, အာဒီနဝါ အက္ခန္တိယာ။

ချစ်သားရဟန်းတို့ ... သည်းမခံခြင်း၌ အပြစ် ၅-မျိုးရှိတယ်။ ဘာတွေလဲ?

ဗဟုနော ဇနဿ အပ္ပိယော ဟောတိ အမနာပေါ,

ဗဟုနော ဇနဿ၊ များစွာသော လူအပေါင်း၏။ အပ္ပိယော၊ မချစ်-မမြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်သည်။ အမနာပေါ၊ စိတ်နှလုံးကို မတိုးပွားစေတတ်တဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ပေ၏၊

ဒါကတော့ ခုနက အတိုင်းပဲ။

လုဒ္ဒေါ စ ဟောတိ, ဝိပ္ပဋိသာရီ စ,

လုဒ္ဒေါ စ၊ ရက်စက်ကြမ်းကြုတ်တဲ့ ပုဂ္ဂိုလ်သည်လည်းပဲ။ ဟောတိ၊ ဖြစ်ပေ၏၊

ဒုတိယ သည်းမခံခြင်းကြောင့် ရရှိတဲ့ အကျိုးတရား။ အပြစ်တစ်ခုပေါ့။ သည်းမခံတဲ့ ပုဂ္ဂိုလ်သည် များသောအားဖြင့် လုတ္တ - ရက်စက်ကြမ်းကြုတ်တယ်။ သူတစ်ပါးကို ရိုင်းရိုင်းပြပြ ပြုရမှာ ဝန်မလေးဘူး။ အင်မတန် ရက်စက်ကြမ်းကြုတ်တယ်။ သူတစ်ပါးကို မဟုတ်မမှန် ပြောရမှာ, ကြမ်းကြမ်းတမ်းတမ်း ပြောရမှာ, ကုန်းစကား ပြောရမှာ, ပြိန်ဖျင်းတဲ့စကား ပြောရမှာ သူက ဝန်မလေးဘူး။ အင်မတန် ရက်စက်ကြမ်းကြုတ်တယ်။ သူတစ်ပါး ဘယ်လောက် ထိခိုက်ချင် ထိခိုက်ပါစေ မျက်ရည်တွေ တောက်တောက် တောက်တောက်နဲ့ ဘယ်လောက်ပဲ ကျချင်ကျပါစေ ကြမ်းတမ်းတဲ့စကားကို ပြောလိုက်ရမှ, ပြိန်ဖျင်းတဲ့စကားတွေ ပြောလိုက်ရမှ, ကုန်းစကားတွေ ပြော-လိုက်ရမှ, မဟုတ်မမှန်စကားတွေ ပြောလိုက်ရမှ သူက ကျေနပ်တယ်။ အဲဒီလို ကျေနပ်တဲ့ ပုဂ္ဂိုလ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

သူတော်ကောင်းတို့ရဲ့ စိတ်ထားက မိမိ ပြောလိုက်ခြင်းတည်းဟူသော အကြောင်းတရားကြောင့် တစ်ဖက်ပုဂ္ဂိုလ်မှာ ထိခိုက်မှုရှိရင် ဘယ်တော့မှ မပြောဘူး။ တစ်ဖက်ပုဂ္ဂိုလ်မှာ ထိခိုက်နစ်နာစေတတ်တဲ့ သဘောတရားတွေ ထင်ရှား ရှိနေခဲ့ရင် ထိုစကားမျိုးသည် မှန်သည်ပဲ ဖြစ်ပါစေ သူတော်ကောင်းက ဘယ်တော့မှ သူတစ်ဖက်သားကို ထိခိုက်နစ်နာသွားအောင် မပြောဘူး။ မမှန်ပြောပြီးတော့ ထိခိုက်နစ်နာစေတာတော့ သူတော်ကောင်းတို့အဖို့ လုံးလုံး ရှောင်ပါတယ်နော်။ ဒါကြောင့် လုတ္တ - ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တတ်တယ်။ နောက်တစ်ခု -

ဝိပ္ပဋိသာရီ စ၊ စိတ်မချမ်းမသာလေ့ရှိသည် ပုဂ္ဂိုလ်သည်လည်း။ ဟောတိ၊ ဖြစ်၏၊

သည်းမခံတဲ့ပုဂ္ဂိုလ်သည် စိတ်ချမ်းသာမလား ကြည့်ပေါ့ - အအေးလည်း သူက သည်းမခံဘူး။ အပူလည်း သူက သည်းမခံဘူး။ ဟိုကပြောလည်း သည်းမခံ။ ဒီကပြောလည်း သည်းမခံ။ တစ်ခုမှ သူ လက်ခံတာ မရှိဘူး။ အဲဒီလို သည်းခံခြင်းမရှိတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ထားသည် စိတ်ကြည်လင်မှု ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ သူ့မှာ အမြဲတမ်း မကျေနပ်ချက်တွေက တပုံကြီး နေရာယူနေတယ်။ မကျေနပ်ချက်တွေက တပုံကြီး နေရာယူထားတဲ့အတွက် သူ့မှာ သူ့ရဲ့စိတ်ဓာတ်သည် ချမ်းမြေ့တဲ့ စိတ်ဓာတ် ဖြစ်နိုင်ဦးမလား? မဖြစ်နိုင်ဘူး။ သူက ဝိပတိသာမိ = အမြဲတမ်း စိတ်မချမ်းသာ ဖြစ်နေတဲ့ ပုဂ္ဂိုလ-်ဖြစ်တတ်တယ်နော်။ နောက်တစ်ခု -

သမ္မူဠှော ကာလံ ကရောတိ = တွေတွေဝေဝေ သေလွန်ရတတ်ပေ၏၊ အမြဲတမ်း စိတ်မချမ်းသာလို့ အကုသိုလ်တရားတွေ တိုးပွားနေတဲ့ပုဂ္ဂိုလ်က ဒီ အကုသိုလ်ဇောတွေက မရဏသန္နာဇောရဲ့ နေရာကို ယူသွားခဲ့မယ်ဆိုရင် ဒီပုဂ္ဂိုလ်သည် တွေတွေဝေဝေ သေရတာပဲ။ တွေတွေဝေဝေ သေပြီဆိုလို့ရှိရင် ဘယ်ရောက်မလဲ?

ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ။

ခန္ဓာကိုယ် ပျက်စီးပြီးလို့ နောက်ပိုင်းကာလ ရောက်လာပြီ ဆိုလို့ရှိရင်တော့ ငရဲရောက်ရဦးမယ်။ ဒီလိုဆိုတော့ သည်းမခံခြင်းကြောင့် ရရှိမဲ့ အပြစ်တွေက ကြောက်ဖွယ် မကောင်းဘူးလား? သိပ်ကောင်းတယ်။ နောက်တစ်ခု - အကျိုးတရားတွေလည်း မြတ်စွာဘုရား ဆက်ဟောပြန်တယ်နော်။ သည်းခံခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုး ငါးမျိုး ဟောတယ်။ ဘာတွေလဲ?

ဗဟုနော ဇနဿ ပိယော ဟောတိ မနာပေါ,

လူများအပေါင်းက ချစ်ခင်မြတ်နိုးတယ်။ ဒါက နံပါတ် - ၁ အကျိုး။ အလုဒ္ဒေါ စ ဟောတိ = ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထား ထိုသူတော်ကောင်းမှာ မရှိဘူး။ သည်းခံနေတဲ့ ပုဂ္ဂိုလ်၊ သည်းခံတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထားမရှိဘူး။ တစ်ဖက်သားကို ချေမှုန်းပစ်လိုက်မယ် ဆိုတဲ့ ဒီစိတ်ထားမျိုးဟာ သည်းမခံတဲ့ ပုဂ္ဂိုလ်တို့ရဲ့သန္တာန်မှာသာ ရှိတတ်တဲ့ စိတ်ထား။ သည်းခံမှု ရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ တစ်ဖက်သားကို ချေမှုန်းပစ်မယ်ဆိုတဲ့ ဒီလို ရက်စက်ကြမ်းကြုတ်နေတဲ့ စိတ်ထားမျိုး ရှိသလား? မရှိဘူး။ နောက်တစ်ခု -

အဝိပ္ပဋိသာရီ စ = စိတ်မချမ်းသာတဲ့ သဘောတရား ဒီသူတော်ကောင်းသန္တာန်မှာ မရှိဘူး။ သူက အမြဲတမ်း စိတ်ဓာတ်ကို သည်းခံနိုင်တဲ့ စိတ်ဓာတ်ကို အမြဲတမ်း မွေးမြူတယ်။ မွေးမြူတဲ့အတွက် သူက ဘယ်သူ့ကို မကျေနပ်ဘူး, ဘယ်အရာကို မကျေနပ်ဘူးဆိုတာကို သူတစ်ခုမှ မရှိဘူး။ သူက အမြဲတမ်း ကျေနပ်တယ်။ အမြဲတမ်း ကျေနပ်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကုသိုလ်တရား တိုးပွားမလား? အကုသိုလ်တရား တိုးပွားမလား? ကုသိုလ်-တရားတွေ တိုးပွားမယ်။ သူဟာ အမြဲတမ်း စိတ်ချမ်းသာ နေလိမ့်မယ်နော်။ နောက် -

အဲဒီလို အမြဲတမ်း စိတ်ချမ်းသာပြီး ကုသိုလ်တရားတွေ တိုးပွားနေတဲ့ ပုဂ္ဂိုလ်သည် အသမ္မူဠှော ကာလံ ကရောတိ = မတွေမဝေနဲ့ သေရတယ်။ ဘာဖြစ်လို့လဲ? ကုသိုလ်တရားတွေက, ကုသိုလ်ဇောတွေက မရဏသန္နဇောရဲ့ နေရာကို ယူသွားပြီ။ ယူသွားတဲ့အတွက် ဘာဖြစ်သလဲ?

ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။

ခန္ဓာကိုယ် ပျက်စီးပြီးတဲ့ နောက်ပိုင်းကာလ ရောက်ပြီဆိုရင်လည်း ကောင်းမှုပြုသူ သုစရိုက်သမားတို့ရဲ့ လားရောက်ရာဖြစ်တဲ့ နတ်ပြည်နတ်လောက, ဗြဟ္မာ့ပြည် ဗြဟ္မလောကကို ကံအားလျော်စွာ ကပ်ရောက်ရတယ်။ ဒါက သည်းခံခြင်းကြောင့် ရရှိတဲ့ အကျိုးငါးပါး ဆိုပြီးတော့ မြတ်-စွာဘုရား ဟောထားပါတယ်နော်။ ဒါကြောင့် ဒီအကျိုးတရားတွေကို မျှော်ရှုပြီးတော့ မိမိတို့လည်း ခန္တီဆိုတဲ့ မင်္ဂလာနဲ့ ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ ဆိုပြီးတော့ ဘုန်းကြီးက တိုက်တွန်းပါတယ်။ နောက်မင်္ဂလာတစ်ခု သွားကြရအောင်။ ခန္တီပြီးတဲ့အခါကျတော့ နောက်မင်္ဂလာတစ်ခုက ဘာလဲ? “သောဝစဿတာ” ဆိုဆုံးမ လွယ်ကူခြင်းတဲ့။

သောဝစဿတာ

ဆိုဆုံးမ လွယ်ကူတယ်ဆိုတာက ဘာလဲ?

သောဝစဿတာ နာမ သဟဓမ္မိကံ ဝုစ္စမာနေ ဝိက္ခေပံ ဝါ တုဏှီဘာဝံ ဝါ ဂုဏဒေါသစိန္တနံ ဝါ အနာပဇ္ဇိတွာ အတိဝိယ အာဒရဉ္စ ဂါရဝဉ္စ နီစမနတဉ္စ ပုရက္ခတွာ ‘‘သာဓူ’’တိ ဝစနကရဏတာ။

သောဝစဿတာ” ဘာလဲလို့ မေးတော့

သောဝစဿတာ နာမ၊ သောဝစဿတာ မည်သည်ကား။ သဟဓမ္မိကံ၊ တရားနှင့်လျော်ညီသော စကားကို။ ဝုစ္စမာနေ၊ ပြောဆို ဆုံးမခဲ့သည်ရှိသော်။ ဝိက္ခေပံ ဝါ၊ စကားလွဲခြင်းကိုသော်လည်းကောင်း။ တုဏှီဘာဝံ ဝါ၊ ဆိတ်-ဆိတ်နေခြင်းကိုသော်လည်းကောင်း။ ဂုဏဒေါသစိန္တနံ ဝါ၊ ဂုဏ်အပြစ်ကို ကြံစည်စိတ်ကူးခြင်းကိုသော်လည်းကောင်း။ အနာပဇ္ဇိတွာ၊ မရောက်-ရှိမူ၍။ အတိဝိယ၊ အလွန် လျှင်။ အာဒရဉ္စ၊ ရိုသေခြင်းကိုလည်းကောင်း။ ဂါရဝဉ္စ၊ လေးစားခြင်းကိုသော်လည်းကောင်း။ နီစမနတဉ္စ၊ နှိမ်ချ-သော စိတ်ဓာတ်ရှိသည်အဖြစ်ကိုလည်းကောင်း။ ပုရက္ခတွာ၊ ရှေ့သွားပြု၍။ သာဓူတိ ဝစနကရဏတာ၊ သာ တူညီကောင်းပါပြီဘုရားဟူ၍ စကားကို ပြောဆိုပြုလုပ်နိုင်သည်အဖြစ်သည်။ သောဝစဿတာ၊ သောဝစဿတာ မည်၏၊

ဆိုဆုံးမလွယ်ကူတယ် ဆိုတာက ဘာလဲပြောပြီ။ တရားနဲ့လျော်ညီစွာ လာပြီး ဆိုဆုံးမပြီ။ ဆိုဆုံးမလိုက်တဲ့ အချိန်အခါမှာ စကားလွှဲတယ်။ ဖယ်တယ်ဆိုတဲ့ ဒီလုပ်ငန်း သူက သူတော်ကောင်းဆိုတာ ဘယ်တော့မှ မလုပ်ဘူး။ စကားလွှဲတယ်ဆိုတာ နားလည်ကြလား? ဟင် နားလည်ကြလား? နားလည်မှာပါ။ ဒါ လွှဲနေကျပဲ ဟုတ်တယ်မဟုတ်လား? နောက်တစ်ခု -

တုံဏှီဘာဝ = ဆိတ်ဆိတ်လည်း ဘာမှ မပြောဘဲနဲ့ ဆိတ်ဆိတ်နေတာ ဒါလည်း မလုပ်ဘူး။ ပြန်မပြော နားမထောင်ဆိုတဲ့ ပုံစံမျိုးကော ဟုတ်သလား? မဟုတ်ဘူး။ နောက် - ဂုဏဒေါသစေတနာ ဂုဏ်တွေ အပြစ်တွေကို ကြံစည်စိတ်ကူးနေတယ်။ အဲဒီ ပုံစံလည်း မဟုတ်ဘူး။ ဒီတော့ စကားလည်း လွှဲမပစ်ဘူး။ ဆိတ်ဆိတ်လည်း မနေဘူး။ ဂုဏ်အပြစ်တွေကို ကြံစည်စိတ်ကူးမှုလည်း မရှိဘူး။ မရှိဘဲနဲ့ ဘာလုပ်သလဲ? အလွန် ရိုရိုသေသေ လေးလေးစားစားနဲ့ နှိမ်ချတဲ့စိတ်ဓာတ်ကို ရှေ့သွားပြုပြီးတော့ မှန်ပါဘုရား တပည့်တော် လိုက်နာပါ့မယ် ဆိုပြီးတော့ ဒီလို ပြောတယ်။ သွားစမ်း သွားစမ်း ငါ့ လာမပြောနဲ့ ငါစိတ်မရှည်ဘူး။ ဒီပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူးနော်။ အဲဒီ သောဝစဿတာ ဆိုတဲ့ ဂုဏ်က ဘာဖြစ်လဲ?

သာ သဗြဟ္မစာရီနံ သန္တိကာ ဩဝါဒါနုသာသနီပဋိလာဘဟေတုတော

သာ၊ ထိုသောဝစဿတာ ဟုခေါ်ဆိုအပ်တဲ့ ဆိုဆုံးမလွယ်ကူမှုဆိုတဲ့ မင်္ဂလာတရားကို။ သဗြဟ္မစာရီနံ၊ သီတင်းသုံးဖော်တို့၏။ သန္တိကာ၊ ထံမှ။ ဩဝါဒါနုသာသနီပဋိလာဘဟေတုတော စ၊ ဩဝါဒ အနုသာသတီတရားစကားကို ရရှိဖို့ရန် အကြောင်းတရားဖြစ်သော်ကြောင့်လည်းကောင်း။

ဩဝါဒ သီတင်းသုံးဖော်တွေထံမှ အဆုံးအမ ဩဝါဒဆိုတာက - တစ်ကြိမ်တစ်ခါ ဆုံးမတာကို ဩဝါဒ၊ ကြိမ်ဖန်များစွာ ဆုံးမတာကို အနုသာသတီ။ အဲဒီ အဆုံးအမ ဩဝါဒ ရဖို့ရန်အတွက်လည်း အကြောင်းတရားတစ်ခု ဖြစ်တယ်။ အနုသာသတီခေါ်တဲ့ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ဆိုဆုံးမခြင်းကို ရရှိဖို့ရန်အတွက် အကြောင်းတစ်ခုလည်း ဖြစ်တယ်နော်။ ဆိုဆုံးမလွယ်ကူတဲ့ပုဂ္ဂိုလ်ကို သီတင်းသုံးဖော်တွေက တစ်ကြိမ်တစ်ခါ ဆိုဆုံးမတယ်။ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါလည်း ဆိုဆုံးမကြတယ်။ ဆိုဆုံးမ မလွယ်ကူဘူး။ ကတ်ကတ်လန် ပြန်ပြီးတော့ ပက်တတ်တဲ့ ပုဂ္ဂိုလ်ဆိုရင် သီတင်းသုံးဖော်တွေက မရှောင်ဘူးလား? ရှောင်သွားလိမ့်မယ်နော်။

ဒါကြောင့် သီတင်းသုံးဖော်တို့ထံမှ ဩဝါဒ အနုသာသတီလို့ ခေါ်ဆိုအပ်တဲ့ အဆုံးအမ စကားတွေကို ရရှိဖို့ရန်အတွက် အကြောင်းတရားလည်း ဖြစ်တယ်။ နောက်တစ်နည်း ဖွင့်ထားတာကတော့ ဩဝါဒ ဆိုတာက ရိုးရိုးဆုံးမတာကို ဩဝါဒ၊ အနုသာသနီဆိုတာကတော့ အပြစ်ကို ပြပြီး ဆိုဆုံးမတာကို အနုသာသတီလို့ ဒီလိုလည်း တစ်မျိုး ဖွင့်ထားတယ်။ ဒီမကောင်းမှုကို မလုပ်နဲ့။ ဒီမကောင်းမှု လုပ်ခဲ့ရင် ဒီလို မကောင်းတဲ့ အကျိုးတရားတွေ ရရှိလိမ့်မယ်ဆိုပြီး ဒီလို အပြစ်ကို ပြပြီး ဆိုဆုံးမတာကို အနုသာသတီ။ အဲဒီ အနုသာသနီအရ ဆိုဆုံးမလိုက်တဲ့ အချိန်အခါမှာ ဒီမကောင်းမှု အကုသိုလ်ကံကြောင့် ရရှိမဲ့ အကျိုးတရားတွေကို တားမြစ်လိုတဲ့ စိတ်ထားဖြင့် ဆိုဆုံးမတဲ့အတွက် နားထောင်တဲ့ ပုဂ္ဂိုလ်ကလည်း လိုက်နာခဲ့မယ်ဆိုလို့ရှိရင် ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ရရှိမယ့် အကျိုးတရားတွေကို ပယ်ပစ်ပြီးဖြစ်တဲ့အတွက် ကံမြင့်တယ်။ ကံကို ပယ်မြစ်တဲ့ ဆိုဆုံးမချက် ဆိုပြီးတော့ ရှေးဆရာတော်ကြီးများက ဘာသာပြန်ထားပါတယ်နော်။ ဒါကြောင့် ဒီဩဝါဒ အနုသာသတီခေါ်တဲ့ ဆိုဆုံးမတွေကို ဆိုဆုံးမ လွယ်ကူတဲ့ ပုဂ္ဂိုလ်သာလျှင် ရရှိနိုင်တဲ့အတွက် ဒီဆိုဆုံးမ လွယ်ကူခြင်းဆိုတဲ့ မင်္ဂလာသည် ဩဝါဒ အနုသာသတီခေါ်တဲ့ အဆုံးအမတွေလို ရရှိဖို့ရန်အတွက် အကြောင်းတရားလည်း ဖြစ်တယ်။ နောက်တစ်ခု -

ဒေါသပ္ပဟာနဂုဏာဓိဂမဟေတုတော စ ‘‘မင်္ဂလ’’န္တိ ဝုစ္စတိ။

ဒေါသကို ပယ်ရှားတတ်သော ဂုဏ်ကျေးဇူးကို ရရှိဖို့ရန် အကြောင်းတရားဖြစ်သောကြောင့်လည်းကောင်း၊ ဆိုဆုံးမလွယ်ကူတဲ့ပုဂ္ဂိုလ်က ဒေါသပယ်ဖို့ရန် သိပ်ပြီးတော့ ဝန်မလေးတော့ဘူး။ ဆိုဆုံးမ ခက်နေတဲ့ပုဂ္ဂိုလ်သည် ဒေါသကြီးတဲ့ပုဂ္ဂိုလ် မဖြစ်တတ်ဘူးလား? ဖြစ်တတ်တယ်။ ဒါ သတိရှိကြနော်။ ဒါကြောင့် ဆိုဆုံးမလွယ်ကူခြင်းသည် ဒေါသကို ပယ်ရှားဖို့ရန်အတွက် ပယ်ရှားနိုင်တဲ့ ဂုဏ်ကျေးဇူးတွေကို ရရှိဖို့ရန် အကြောင်းတရားဖြစ်တယ်။ ဒါကြောင့် မင်္ဂလာလို့ မြတ်စွာဘုရား ဟောတာပါနော်။ လောကမှာ နည်းနည်းလေးတော့ ခက်တယ်။ မနေ့တုန်းက ကကစူပမသုတ္တန်မှာပဲ မြတ်စွာဘုရားက ဟောခဲ့ပြီးပါပြီ။ ဆိုဆုံးမလွယ်ကူတာ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါးကို ရလို့ ဆိုဆုံးမ လွယ်ကူတာကိုတော့ တကယ့် ဆိုဆုံးမ လွယ်ကူတဲ့ ပုဂ္ဂိုလ်လို့ ခေါ်မလား? မခေါ်ဘူး။ သူက ရလို့သာလျှင် ဆိုဆုံးမ လွယ်ကူနေတာ။ အကယ်၍ မရသာ မရလျှင် ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်မျိုး ဟုတ်သလား? မဟုတ်ဘူး။ ဒါကြောင့် ဒီဘုရားဟော ဒေသနာတော်နဲ့အညီ နီတိဆရာတွေကလည်း ဘာပြောလဲ?

ဥပကာရေသု ယော ------

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဥပကာရေသု၊ ကျေးဇူးပြုလေ့ရှိတဲ့ ပုဂ္ဂိုလ်တို့အပေါ်၌။ သာဓု၊ ကောင်း၍နေလေ၏။ တဿ၊ ထိုကျေးဇူးပြုတတ်တဲ့ ပုဂ္ဂိုလ်တို့အပေါ်၌ ကောင်းမွန်၍နေသော ပုဂ္ဂိုလ်၏။ သာဓုတေ၊ ကောင်းသည့်အဖြစ်၌။ ဂုဏော၊ ဂုဏ်ကျေးဇူးသည်ကား။ ကော၊ အဘယ်မှာ ရှိနိုင်ပါအံ့နည်း။

သူ့အပေါ်မှာ လွန်စွာ ကျေးဇူးများတဲ့ ပုဂ္ဂိုလ်တွေအပေါ်၌ သူက သိပ်ပြန်ပြီးတော့ ကောင်းတယ်။ မိမိကို ကျေးဇူးပြုနေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ကောင်းနေတယ် ဆိုတာကတော့ သူ့ရဲ့ ဂုဏ်ကျေးဇူးဟာ ဘယ်လောက် ပြောပလောက်လို့လဲ? တဖက်က ကောင်းနေတာက သိပ်များနေတယ်နော်။ ဒါပေမဲ့ အပကာယေသုယော = အကြင်ပုဂ္ဂိုလ်သည်ကား။ အပကာယေသု = အကျိုးမဲ့ကို ပြုသူတို့အပေါ်၌။ သာဓု = ကောင်းလှပေ၏။ သော = ထိုအကျိုးမဲ့ ပြုသူတို့အပေါ်၌ ကောင်း၍နေတဲ့ ပုဂ္ဂိုလ်သည် ကောင်း၍နေတဲ့ ပုဂ္ဂိုလ်ကိုသာလျှင်။ သာဓု = ကောင်းသော။ သဗ္ဗေ = သူတော်ကောင်းဟူ၍။ သာဓု = တကယ်ကောင်းနေတဲ့။ သဗ္ဗေ = သူတော်ကောင်းဟူ၍။ ဝုစ္စတိ = ခေါ်ဆိုအပ်ပါပေ၏၊

မိမိအပေါ်မှာ အကျိုးမဲ့ ပြုနေတဲ့ ပုဂ္ဂိုလ်တွေ ရှိမယ်။ အဲဒီ အကျိုးမဲ့ ပြုနေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ကောင်းတဲ့ ပုဂ္ဂိုလ်ကိုသာလျှင် တကယ့်ကောင်းတဲ့ သူတော်ကောင်းလို့ ခေါ်ဆိုအပ်ပါတယ်။ ဒီတော့ သူတော်လို့ ကိုယ်ကောင်းတယ်ဆိုတဲ့ ပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူး။ သူ တော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ မိမိက အမြဲတမ်း ကောင်းရမယ်။ သူတော်ကောင်းဆိုတာက သူတစ်ပါး တော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ, ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မိမိဘက်က အမြဲတမ်း ကောင်းနေဖို့ လိုအပ်ပါတယ်။ သို့သော် ဒီဆိုဆုံးမလွယ်ကူတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီးတော့နော် - ဂန္ထထေနသုတ္တန်ဆိုတဲ့ သုတ္တန်လေးတစ်ခု ရှိပါတယ်။

ဒီရဟန်းတော်လေးကို သံဃာယနာမထေရ်တွေကလည်း မလွန် ကျေနပ်တော်မူလွန်းတဲ့အတွက် သံဃာယနာ ထည့်ပြီးတော့ တင်ထားခဲ့တယ်။ တစ်ချိန်မှာ ရဟန်းတော်တစ်ပါး မထင်ရှားတဲ့ ရဟန်းတော်လေးပါ။ သူက ကောသလတိုင်းမှာ သီတင်းသုံးတယ်။ တောအုပ်လေးတစ်ခု အတွင်းမှာပဲ ရိုးရိုးသားသား နေထိုင်ပါတယ်။ နေထိုင်လိုက်တဲ့ အချိန်အခါကျတော့ တစ်နေ့ သူက ဆွမ်းခံသွားတယ်။ ဆွမ်းခံက ပြန်လာတဲ့အခါ ဆွမ်းစားခြင်း ကိစ္စပြီးပြီ။ ဆွမ်းခံရာမှာလည်း ပြန်လာခဲ့ပြီ။ ဆွမ်းစားခြင်း ကိစ္စလည်း ပြီးပြီ။ ပြီးလိုက်တဲ့ အချိန်အခါကျတော့ နေ့လည် ဆွမ်းစားခြင်းကိစ္စ ပြီးတဲ့အချိန်အခါမှာ သူက ခန့်မှန်းကြည့်ရတာပေါ့လေ - တစ်ရေးတမော ခေတ္တခဏ အိပ်တယ်နဲ့ တူပါတယ်။ နာရီဝက် တစ်နာရီလောက် အိပ်တဲ့ပုံစံတော့ မရပါဘူးနော်။ ဘယ့်,နှယ်တုန်း ဟုတ်သလား? ဟဲ ဟဲ ထောက်ခံမယ့်ပုဂ္ဂိုလ် တစ်ယောက်ပဲ ရှိတယ်နော်။

ကဲ ... ခဏခေတ္တလောက် ကျိန်းစက်ပြီးတော့ သူက ရေကန်ကြီးတစ်ခု သူနေတဲ့ တောအုပ်အတွင်းမှာ တည်ရှိနေတဲ့ ရေကန်ကြီးတစ်ခု အတွင်းကို သူက ဆင်းပြီးတော့ ရေချိုးတယ်။ ရေချိုးလိုက်တဲ့ အချိန်အခါကျတော့ ရေချိုးနေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ပဒုမ္မာကြာပန်းကြီး တစ်ခုကလည်း ပွင့်နေတယ်။ ပဒုမ္မာကြာပန်းကြီးရဲ့ ရနံ့တွေကလည်း လေကနေ သယ်ဆောင်လိုက်တော့ သင်းပျံ့လာတယ်။ သင်းပျံ့လာတဲ့ အချိန်အခါ-ကျတော့ သူက ဘာလုပ်သလဲ? အဲဒီ ပဒုမ္မာကြာပန်းအနံ့ကို လှမ်းပြီးတော့ သူက ရှုမိတယ်နော်။ အဲဒီလို ရှုမိလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

အဲဒီတောမှာ စိုးအုပ်ပြီး နေထိုင်နေတဲ့ နတ်သားတစ်ဦးလည်း ရှိတယ်။ ဒီနတ်သားက ဒီရဟန်းတော်ရဲ့ အကျိုးကို အစဉ် လိုလားတောင့်တတယ်။ သနားစောင့်ရှောက်လိုတဲ့ စိတ်ထားလည်း ရှိတယ်။ ရဟန်းတော်ရဲ့ အကျိုးစီးပွားကို လိုလားတောင့်တတဲ့ စိတ်ထားရှိတဲ့အတွက် ဒီရဟန်းတော်ကို ထိတ်လန့် သံဝေဂ ရစေလိုတဲ့အတွက် ဒီရဟန်းရှိရာအရပ်သို့ ချဉ်းကပ်ပြီးတော့ သူက ဘာလျှောက်လဲ?

ယမေတံ ဝါရိဇံ ပုပ္ဖံ၊ အဒိန္ဒံ ဥပသိင်္ဃသိ။ ဧကင်္ဂမေတံ ထေယျာနံ၊ ဂန္ဓထေနောသိ မာရိသ။

မာရိသ၊ ဆင်းရဲခြင်းကင်းတော်မူပါပေသော အရှင်မြတ်ဘုရား။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော။ ဝါရိဇံ၊ လေဖြင့် တိုက်ခတ်၍ သယ်ဆောင်ယူလာသော။ ယမေတံ ပုပ္ဖံ၊ အကြင် ပဒုမ္မာကြာပန်း၏ အနံ့ကို။ ဥပသိင်္ဃသိ၊ အရှင်ဘုရား နမ်းရှုခဲ့လေပြီ။ ဧတံ၊ ဤကဲ့သို့ နမ်းရှုခြင်းသည်။ ထေယျာနံ၊ ခိုးခြင်းအမျိုးမျိုးတို့တွင်။ ဧကင်္ဂမေတံ၊ တစ်မျိုးသော ခိုးခြင်းပါပေတည်း။ တွံ၊ အရှင်ဘုရားသည်။ ...ဂန္ဓထေနော၊ အနံ့ကို ခိုးနေတဲ့ ပုဂ္ဂိုလ်သည်။ အသိ၊ ဖြစ်ပါပေ၏။

အရှင်ဘုရား ... အရှင်ဘုရား သူတစ်ပါး အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်တဲ့ လေတိုက်ခတ်လာတဲ့ ပဒုမ္မာကြာပန်းရဲ့ အနံ့ကို အရှင်ဘုရားက နမ်းရှုနေတယ်။ ဒီလို နမ်းရှုခြင်းဆိုတဲ့ လုပ်ငန်းရပ်ဟာ ခိုးခြင်း အမျိုးမျိုးတို့တွင် ခိုးခြင်းတစ်မျိုး ဖြစ်ပါတယ်။ အရှင်ဘုရားဟာ အနံ့ကိုခိုးတဲ့ သူခိုးပဲ ဆိုပြီးတော့ လာပြောတယ်။ ဘယ့်,နှယ်တုန်း အခုနေ အဲဒီလို အပြောခံရမယ်ဆိုရင် ဘယ်လိုများ ဖြစ်သွားကြမလဲ? ဟင် အဲဒီအခါကျတော့မှ ရဟန်းတော်က ဒီနတ်သားကို ပြန်ပြောတယ်။

န ဟရာမိ น ဘဉ္ဇာမိ၊ အာရာ သိင်္ဃာမိ ဝါရိဇံ။ အထ ကေန နု ဝဏ္ဏေန၊ ဂန္ဓထေနောတိ ဝုစ္စတိ။

အဟံ၊ ငါသည်။ ဝါရိဇံ၊ ပဒုမ္မာကြာပန်းကို။ န ဟရာမိ၊ ခိုးဆောင်သည် မဟုတ်ပါ။ န ဘဉ္ဇာမိ၊ ပဒုမ္မာကြာပန်းကို ချိုးသည်လည်း မဟုတ်ပါ။ အာရာ၊ ဝေးသောအရပ်မှ။ ဝါရိဇံ၊ လေသည် သယ်ဆောင်၍ လာအပ်သော။ ပုပ္ဖံ၊ ပဒုမ္မာကြာပန်းရဲ့ အနံ့ကို။ သိင်္ဃာမိ၊ နမ်းရှု၍ နေမိ၏။ အထ၊ ထိုသို့ဖြစ်ပါလျက်။ ကေန နု ဝဏ္ဏေန၊ အဘယ်အကြောင်းတရားကြောင့်။ ဂန္ဓထေနောတိ၊ အနံ့သူခိုးဟူ၍။ မံ၊ ငါ့ကို။ ဝုစ္စတိ၊ ဆို၍ နေပါသနည်း။

ငါဟာ ပဒုမ္မာကြာပန်းကို သယ်ဆောင်နေတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး။ ပဒုမ္မာကြာပန်းကို ချိုးနေတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး။ လေတိုက်ခတ်လာတဲ့အတွက် ပဒုမ္မာကြာပန်းရဲ့ အနံ့ကို ခပ်ဝေးဝေးမှ လှမ်းပြီး ရှုနေတဲ့ ပုဂ္ဂိုလ်သာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ပါလျက်နဲ့ ဘယ်လို အကြောင်းတရားကြောင့် ငါ့ကို အနံ့သူခိုးလို့ သင်က လာပြီး ပြောနေရသလဲ? နောက်တစ်ခု -

ယောယံ ဘိသာနိ ခဏတိ၊ ပုဏ္ဍရီကာနိ ဘဉ္ဇတိ။ ဧဝံ အာကိဏ္ဏကမ္မန္တော၊ ကသ္မာ ဧသော န ဝုစ္စတိ။

ယောယံ၊ အကြင် ဤရသေ့သည်ကား။ ဘိသာနိ၊ ကြာစွယ်ကြာရင်းတို့ကို။ ခဏတိ၊ တူးဖြုတ်၍ စားလေ၏။ ပုဏ္ဍရီကာနိ၊ ပုဏ္ဏရိပ်ကြာဖြူကိုလည်း။ ဘဉ္ဇတိ၊ ချိုး၍ နေပေ၏။ ဧဝံ၊ ဤသို့လျှင်။ အာကိဏ္ဏကမ္မန္တော၊ ရောယှက်ရှုပ်ထွေးသော လုပ်ငန်းရပ်ရှိ၍နေသော။ ဧသော၊ ဤရသေ့ကို။ ကသ္မာ၊ အဘယ်ကြောင့်။ ဂန္ဓထေနောတိ၊ အနံ့သူခိုးဟူ၍။ တွံ၊ သင်သည်။ န ဝုစ္စတိ၊ မဆိုပါသနည်း။

အဲဒီ ကိုယ်တော်လေး သီတင်းသုံးတဲ့ တောအုပ်မှာ မလှမ်းမကမ်းမှာ ရသေ့ကြီးတစ်ပါးလည်း ရှိတယ်။ အဲဒီ ရသေ့ကြီးတစ်ပါးက ဘာလုပ်-နေသလဲ? ရေကန်ထဲ ဆင်းဆင်းပြီးတော့ သူက ကြာစွယ်၊ ကြာရင်းတွေကို တူးတူးပြီးတော့ စားတယ်။ ပုဏ္ဏရိပ်ကြာဖြူခေါ်တဲ့ ကြာဖြူတွေကိုလည်း သူက သွားသွားပြီးတော့ အမြဲတမ်း ချိုးတယ်။ အဲဒီလို ရောယှက်ရှုပ်ထွေးနေတဲ့ မသန့်ရှင်းတဲ့ လုပ်ငန်းရပ် ရှိနေတဲ့ ဒီရသေ့ကြီးကိုတော့ သင်က ဘာဖြစ်လို့ အနံ့သူခိုးလို့ မပြောသလဲ ဆိုပြီးတော့ ရဟန်းတော်လေးက ဒီနတ်သားကို ပြန်ပြီးတော့ မေးတယ်။ အဲဒီအခါကျတော့မှ နတ်သားက ဘာပြန်ပြောလဲ? နတ်သား ပြောတဲ့ စကားလေးက သိပ်ကောင်းပါတယ်နော်။ ကောင်းလွန်းလို့ ဘုန်းကြီးကလည်း ဒီသုတ္တန်လေး ပြောနေတာ။ ဘာပြောလဲ?

အာကိဏ္ဏလုဒ္ဒေါ ပုရိသော၊ ဓာတိစေလံဝ မက္ခိတော။ တသ္မိံ မေ ဝစနံ နတ္ထိ၊ တဉ္စာရဟာမိ ဝတ္တဝေ။

အာကိဏ္ဏလုဒ္ဒေါ၊ ရောပြွန်းသော ရက်စက်ကြမ်းကြုတ်မှုရှိသော။ ပုရိသော၊ ယောကျ်ားသည်ကား။ ဓာတိစေလံဝ၊ အထိန်းတော်ရဲ့ အနှီးကဲ့သို့။ မက္ခိတော၊ ရာဂစသော အညစ်အကြေးတို့ဖြင့် လူးလီး ပေကျံလျက်ရှိပေ၏။ တသ္မိံ၊ ထိုရာဂစသော အညစ်အကြေးတို့ဖြင့် လူးလီးပေကျံ လျက်ရှိသော ပုဂ္ဂိုလ်အပေါ်၌။ မေ၊ ငါ၏။ ဝစနံ၊ ပြောဆိုကြောင်းဖြစ်တဲ့ စကားသည်။ နတ္ထိ၊ မရှိနိုင်ပါ။ တွံ၊ အရှင်ဘုရားသည်ကား။ ဝတ္တဝေ၊ ပြောဆိုခြင်းငှာ။ အရဟာမိ၊ ထိုက်တန်၍ နေပါ၏။

ဒီရသေ့ကြီးက သူက ရက်စက်ကြမ်းကြုတ်မှု အစရှိတဲ့

6t9uugwphule4a01wqhm728px3shtqd
မင်္ဂလသုတ်-၈၈/၉၇
0
6324
22022
2026-06-04T00:24:41Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၈၈/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၈၇..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22022
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၈၈/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၈၇/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၈၉/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၈၈

ညက ဂန္ဓတ္ထေနသုတ္တန် ဟောခဲ့ပါတယ်။ ဒီညလည်း ဂန္ဓတ္ထေနသုတ္တန် ကိုပဲ ဆက်လက်ပြီး နာကြားကြည့်ရအောင်နော် -

အာကိဏ္ဏလုဒ္ဒေါ ပုရိသော၊ ဓာတိစေလံဝ မက္ခိတော။ တသ္မိံ မေ ဝစနံ နတ္ထိ၊ တဉ္စာရဟာမိ ဝတ္တဝေ။

အာကိဏ္ဏလုဒ္ဒေါ၊ ရက်စက်ကြမ်းကြုတ်မှု အစရှိတဲ့ အညစ်အကြေး-တို့ဖြင့် လူးလည်းပေကျံလျက်ရှိသော။ ဓာတိစေလံဝ၊ အထိန်းတော်၏ အနှီးကဲ့သို့။ မက္ခိတော၊ ရာဂ ဒေါသ မောဟ စတဲ့ ကိလေသာ အညစ်အကြေးတို့ဖြင့် လုလိ ပေကျံလျက်ရှိသော။ ပုရိသော၊ ယောကျ်ားသည်။ အတ္ထိ၊ ရှိပေ၏။ တသ္မိံ၊ ထိုယောကျ်ားအပေါ်၌။ မေ၊ တပည့်တော်၏။ ဝစနံ၊ ပြောဆိုကြောင်းဖြစ်တဲ့ စကားသည်။ နတ္ထိ၊ မရှိနိုင်ပါ။ တွဉ္စ၊ အရှင်ဘုရားသည်ကား။ ဝတ္တဝေ၊ ပြောဆိုဆုံးခြင်းငှာ။ အာရဟာမိ၊ ထိုက်တန်၍ နေပါပေ၏၊

ရသေ့ကြီး ကြည့်လိုက်တော့ ရသေ့ကြီးက ဘယ်လို ဖြစ်နေလဲဆိုတော့ ဒီရဟန်းတော်က ရေဆင်းချိုးနေတဲ့ အချိန်အခါမှာ ရသေ့ကြီးကလည်း ဒီရေကန်ထဲဆင်းပြီးတော့ ကြာစွယ်တွေ ခူး၊ ကြာပွင့်တွေ ခူးပြီးတော့ သူက ပြုချင်တိုင်း ပြုနေတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ ပြုချင်တိုင်း ပြုနေတဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အခါကျတော့ ရဟန်းတော်ဘက်ကို ပြန်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ ရဟန်းတော်က ဘယ်လို ရဟန်းတော် ဖြစ်နေသလဲလို့ မေးတော့ သူက ရေဆင်းချိုးလိုက်တဲ့ အချိန်အခါမှာ ပဒုမ္မာကြာပွင့်ရဲ့ အရိုးလေးတစ်ခုကို သူက လှမ်းပြီး ကိုင်လိုက်မိတယ်။ ကိုင်ပြီးတဲ့ အချိန်အခါမှာ အဲဒီ ပွင့်နေတဲ့ ပဒုမ္မာကြာပန်းရဲ့ အနံ့ကို သူက မြင်လိုက်တဲ့ အချိန်အခါမှာ လှမ်းပြီးတော့ ရှုလိုက်မိတယ်။ ပြီးတော့ ပဒုမ္မာကြာပွင့်ရဲ့ အရိုးကို ကိုင်ပြီးတော့ ပဒုမ္မာကြာပန်းရဲ့ အနံ့ကို ဒီလို လှမ်းရှုတာကိုပဲ ဒီနတ်သားက ဒီရဟန်းတော်မှာ အလွန် ကြီးလေးတဲ့ အပြစ် ရှိနေပြီလို့ သူက ဒီလို ယူဆတယ်။ ဘာကြောင့်လဲ? ဒီရဟန်းတော်က -

‘‘အယံ ဘိက္ခု သတ္ထု သန္တိကေ ကမ္မဋ္ဌာနံ ဂဟေတွာ သမဏဓမ္မံ ကာတုံ အရညံ ပဝိဋ္ဌော ဂန္ဓာရမ္မဏံ ဥပနိဇ္ဈာယတိ,

အယံ ဘိက္ခု၊ ဤရဟန်းတော်သည်ကား။ သတ္ထု သန္တိကေ၊ ဘုရားရှင်၏ ထံတော်မှောက်၌။ ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းတရားကို။ ဂဟေတွာ၊ သင်ယူခဲ့ပြီးသည့် နောက်ပိုင်းကာလ၌။ သမဏဓမ္မံ၊ ရဟန်းတရားကို။ ကာတုံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းငှာ။ အရညံ၊ တောအတွင်းသို့။ ပဝိဋ္ဌော၊ ဝင်ရောက်လာပြီဖြစ်၍ ဝင်ရောက်လာသည် ဖြစ်ပါလျက်။ ဂန္ဓာရမ္မဏံ၊ အနံ့ဂန္ဓာရုံကို။ ဥပနိဇ္ဈာယတိ၊ နမ်းရှု၍ နေပါ၏၊

ဒီရဟန်းဟာ ဘယ်လိုရဟန်းလဲဆိုတော့ မြတ်စွာဘုရားထံမှာ သူက အရဟတ္တဖိုလ်ပေါက် ကမ္မဋ္ဌာန်းတွေကို သင်ယူခဲ့ပါတယ်။ သင်ယူပြီးတဲ့ အချိန်အခါမှာ ဘုရားရှင်ထံမှ သင်ယူခဲ့တဲ့ ဒီရဟန်းတရားတွေကို ငါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်ဆိုတဲ့ ဒီဦးတည်ချက်ဖြင့် တောထွက်လာတဲ့ ပုဂ္ဂိုလ်၊ အရဉာဏ်တွေ ကြိုတင်ဆောက်တည်ပြီးတော့ တောအတွင်း ဝင်ရောက်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီလို တောအတွင်းကို ရဟန်းတရား ပွားများအားထုတ်မယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ဝင်ရောက်လာသည် ဖြစ်ပါလျက် ဘာကြောင့် ဒီအနံ့ဂန္ဓာရုံကို လှမ်းပြီးတော့ နမ်းရှုနေရတာလဲ? အနံ့ ဂန္ဓာရုံလေးကို လှမ်းပြီး နမ်းရှုလိုက်တာဟာ အလွန် သေးငယ်တဲ့ အပြစ်ပါနော်။ သို့သော်လည်း သူတော်ကောင်းတွေ မျက်လုံးဘက်က ဒီလို သေးငယ်နေတဲ့ အပြစ်ကိုသော်လည်းပဲ အလွန် ကြီးကျယ်တဲ့ အပြစ်အဖြစ်နဲ့ မြင်တော်မူကြတယ်။ ဒါကြောင့်ပဲ -

သွာယံ အဇ္ဇ ဥပသိင်္ဃံ သွေပိ ပုနဒိဝသေပိ ဥပသိင်္ဃိဿတိ,

သွာယံ၊ ထိုရဟန်းတော်သည်။ အဇ္ဇ၊ ယနေ့။ ဥပသိင်္ဃံ၊ ကြာပန်းရဲ့ ရနံ့ကို နမ်းရှုခဲ့သည်ရှိသော်။ သွေပိ၊ နက်ဖန်၌သော်လည်းကောင်း။ ပုနဒိဝသေပိ၊ နောက်တစ်နေ့၌ သော်လည်းကောင်း။ ဥပသိင်္ဃိဿတိ၊ ထပ်မံ၍ နမ်းရှုပေလိမ့်မယ်။

ဒီနေ့ ဒီကြာပန်းကို ဒီရဟန်းက နမ်းရှုတယ်။ နက်ဖန်ကျရင်လည်း သူ နမ်းရှုဦးမှာပဲ။ ဟိုနောက်တစ်နေ့ ရောက်ပြန်တော့လည်း နမ်းရှုပေလိမ့်ဦးမယ်။

ဧဝမဿ သာ ဂန္ဓတဏှာ ဝဍ္ဎိတွာ ဒိဋ္ဌဓမ္မိကသမ္ပရာယိကံ အတ္ထံ နာသေဿတိ,

ဧဝံ၊ ဤသို့လျှင်။ အဿ၊ ထိုရဟန်းတော်ရဲ့သန္တာန်၌။ သာ ဂန္ဓတဏှာ၊ ထိုအနံ့အာရုံအပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာတရားသည်။ ဝဍ္ဎိတွာ၊ တိုးပွားလာ၍။ ဒိဋ္ဌဓမ္မိကသမ္ပရာယိကံ အတ္ထံ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၍ ရောက်ရှိနိုင်တဲ့ အကျိုးတရား, တမလွန်ဘဝ၌ ရရှိနိုင်တဲ့ အကျိုးတရားကို။ နာသေဿတိ၊ ပျက်စီးအောင် ဖျက်ဆီးပစ်လိမ့်မယ်။

ဒီဂန္ဓတဏှာ သေးသေးလေးပဲနော်။ ဒီအသေးအမွှားဖြစ်တဲ့ တဏှာသည် တဖြည်းဖြည်း ဘာဖြစ်လာလဲ? ------------------ = ကြီးထွားလာလိမ့်မယ်။ တဖြည်းဖြည်း ကြီးထွားလာခဲ့လို့ရှိရင် ဒီဂန္ဓတဏှာတရားက မျက်မှောက်ဘဝမှာ ရရှိနိုင်တဲ့ အထက်တန်းကျနေတဲ့ အကျိုးတရားတွေကိုလည်း ဖျက်ဆီးပစ်လိမ့်မယ်။ တမလွန်ဘဝမှာ ရရှိနိုင်တဲ့ အထက်တန်းကျနေတဲ့ အကျိုးတရားတွေကိုလည်း ဖျက်ဆီးပစ်လိမ့်မယ်။

မာ မယိ ပဿန္တိယာ နဿတု, စောဒေဿာမိ နံ’’

မယိ ပဿန္တိယာ၊ ငါသည် ထင်ရှားမြင်နေစဉ် အချိန်အခါအတွင်း၌။ မာ နဿတု၊ ထိုရဟန်းသည် မပျက်စီးပါစေသတည်း။

ငါ ထင်ရှားမြင်နေတဲ့ အချိန်အတွင်းမှာ ဒီရဟန်း မပျက်စီးပါစေနဲ့။

နံ၊ ထိုရဟန်းကို။ စောဒေဿာမိ၊ ငါ အပြစ်ကိုပြ၍ ပြောဆို ဆုံးမပေအံ့။

သူ့စိတ်ထဲ ဒီလို စဉ်းစားတယ်။ ငါမြင်စဉ်အတွင်းမှာတော့ ဒီရဟန်းတော်ဟာ မပျက်စီးပါစေနဲ့။ ဒါကြောင့် ငါ အပြစ်ကို ပြပြီးတော့ ဒီရဟန်းတော်ကို ပြောဆိုဆုံးမမယ်။ ဒီလို ဆုံးဖြတ်ချက် ချပြီးတော့ ဒီနတ်သားက လာပြီးတော့ ဒီရဟန်းတော်ကို ဆုံးမနေတာပါ။ ဆုံးမလိုက်တဲ့ အချိန်အခါကျတော့ ရဟန်းတော်ဘက်ကလည်း ငါဟာ ကြာပန်းတွေကို ဆောင်ယူနေတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး။ ကြာပန်းကို ချိုးတဲ့ပုဂ္ဂိုလ်လည်း မဟုတ်ဘူး။ ကြာပန်းရဲ့ အနံ့လေးကို နမ်းရှုရုံမျှသာ နမ်းရှုတယ်။ ဟိုဘက်က ရသေ့ကြီး ကြည့်လိုက်တော့ ကြာစွယ်တွေလည်း ခူးပြီးတော့ စားနေတယ်။ ကြာပန်းတွေလည်း ချိုးနေတယ်။ အဲဒီလို ပုဂ္ဂိုလ်ကိုတော့ အနံ့သူခိုးလို့ သင်က မပြောဘဲ ကြာပန်းလည်း မချိုးဘဲ, ကြာပန်းလည်း မယူဘဲ ငါကဲ့သို့သော အနံ့လေး နမ်းမိတဲ့ ပုဂ္ဂိုလ်ကိုကျမှ သင်က အနံ့သူခိုးလို့ ဘာဖြစ်လို့ ပြောနေ-ရသလဲ? ဒီလို သူက ပြန်ပြောတော့ နတ်သားကနေပြီးတော့ ဘာပြန်-လျှောက်ထားလဲ?

‘‘အာကိဏ္ဏလုဒ္ဒေါ ပုရိသော, ဓာတိစေလံဝ မက္ခိတော၊တသ္မိံ မေ ဝစနံ နတ္ထိ, တွဉ္စာရဟာမိ ဝတ္တဝေ။

အာကိဏ္ဏလုဒ္ဒေါ၊ မကောင်းမှုတို့ဖြင့် ရက်စက်ကြမ်းကြုတ်မှု မကောင်းမှုတို့ဖြင့်။ မက္ခိတော၊ လုလိ ပေကျံလျက်ရှိသော။ ဓာတိစေလံဝ၊ အထိန်းတော်၏ အနှီးကဲ့သို့။ ဣမေ ကိလေသာ၊ ရာဂ ဒေါသ မောဟ စတဲ့ ကိလေသာ အညစ်အကြေးတို့ဖြင့်။ မက္ခိတော၊ လုလိ ပေကျံလျက်ရှိသော။ ပုရိသော၊ ယောကျ်ားသည်။ အတ္ထိ၊ ရှိပေ၏။ တသ္မိံ၊ ထိုယောကျ်ားအပေါ်၌။ မေ၊ ဘုရားတပည့်တော်၏။ ဝစနံ၊ ပြောဆိုကြောင်းဖြစ်တဲ့ စကားသည်။ နတ္ထိ၊ မရှိနိုင်ပါ။ တွဉ္စ၊ အရှင်ဘုရားသည်ကား။ ဝတ္တဝေ၊ ပြောဆိုဆုံးမခြင်းငှာ။ ဂန္ဓတ္ထေနောတိ ဝတ္တဝေ၊ အနံ့သူခိုးဟု ပြောဆိုဆုံးမခြင်းငှာ။ အာရဟာမိ၊ ထိုက်တန်၍ နေပါပေ၏၊

ဟိုဘက်က ရသေ့ကြီးဟာ ယောကျ်ားတစ်ယောက် မှန်တယ်။ ဒါပေမဲ့ သူက အာကိံန လုပ်တာ ရက်စက်ကြမ်းကြုတ်မှု၊ မကောင်းမှု အကုသိုလ် အညစ်အကြေးတွေဖြင့် လုလိ ပေကျံတယ်။ ဘယ်လို လုလိ -ပေကျံလဲလို့ မေးတော့ ဒါတိစေလံဝ အထိန်းတော်တို့ ကိုင်ဆောင်နေတဲ့ အနှီးလိုပဲတဲ့။ ရာဂ ဒေါသ မောဟ စတဲ့ အညစ်အကြေးတွေဖြင့် လုလိ - ပေကျံနေတယ်။ ကလေးကို ထိန်းသိမ်းစောင့်ရှောက်နေရတဲ့ အထိန်းတော်များ အသုံးပြုနေတဲ့ အနှီး။ ကြည့်စမ်းကြည့်ပါ။ ဘာတွေနဲ့ လုလိ ပေကျံမလဲ? ရွံရှာစက်ဆုတ်ဖွယ် မစင် အညစ်အကြေးတွေ၊ ကျင်ငယ် အညစ်အကြေးတွေနဲ့ လုလိပြီးတော့ အမြဲတမ်း ပေကျံနေတယ်။

အေး အလားတူပဲ - အထိန်းတော်ကြီး ဝတ်ထားတဲ့ လုံချည် ကြည့်-လိုက်ရင်လည်း ဒီကလေးရဲ့ မစင်ကြယ်နေတဲ့ ရွံရှာ စက်ဆုတ်ဖွယ်-ကောင်းနေတဲ့ အညစ်အကြေး အမျိုးမျိုးတို့ဖြင့် လုလိ ပေကျံပြီးတော့ မနေဘူးလား? ပေကျံနေတယ်။ အလားတူပဲ - ဒီယောကျ်ားကို ဒီရသေ့ဆိုတဲ့ ယောကျ်ားကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ရာဂ ဒေါသ မောဟ စတဲ့ အညစ်အကြေးတွေနဲ့ လုလိ ပေကျံလို့ နေပါတယ်။ ဒီလို အညစ်အကြေး ပေနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို တပည့်တော်အဖို့ ပြောပြ-ဖို့ရန် စကားမရှိပါဘူး။ သူ့ကို ပြောဖို့ မလိုဘူး။ အရှင်ဘုရားကျတော့ တပည့်တော်က ပြောသင့်နေပြီ။ ဘာဖြစ်-လို့လဲ?

အနင်္ဂဏဿ ပေါသဿ၊ နိစ္စံ သုစိဂဝေသိနော။ ဝါလဂ္ဂမတ္တံ ပါပဿ၊ အဗ္ဘာမတ္တံဝ ခါယတိ။

အနင်္ဂဏဿ၊ ကိလေသာမြူ အညစ်အကြေး ကင်းစင်လျက်ရှိသော။ နိစ္စံ၊ အမြဲ။ သုစိဂဝေသိနော၊ စင်ကြယ်ကြောင်းဖြစ်တဲ့ ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်ကြောင်းဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးရပ် အကျင့်မြတ်ကို ဆည်းပူး ရှာဖွေလေ့ရှိသော။ ပေါသဿ၊ ယောကျ်ားမြတ်အား။ ဝါလဂ္ဂမတ္တံ၊ သားမြီးပြားပမာဏရှိနေတဲ့ အလွန် သေးငယ်တဲ့။ ပါပဿ၊ အပြစ်ဟာ။ အဗ္ဘာမတ္တံဝ၊ တောင်ထွတ်ပမာဏအလား အလွန် ကြီးမားနေတဲ့ တိမ်တိုက်ကြီးလို။ ခါယတိ၊ ထင်နေပါတယ်။

အရှင်ဘုရားကို လှမ်းကြည့်လိုက်ရင် အရှင်ဘုရားက ကိလေသာမြူ အညစ်အကြေးတွေ ကင်းစင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအား-ထုတ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ရာဂ ဒေါသ မောဟ စတဲ့ ကိလေသာ အညစ်-အကြေးများ ကင်းဝေးစင်ကြယ်ကြောင်းဖြစ်တဲ့ သီလကျင့်စဉ်တွေ, သမာဓိကျင့်စဉ်တွေ, ပညာကျင့်စဉ်တွေကို တကယ် ဆည်းပူးရှာဖွေနေတဲ့, အမြဲတမ်း ဆည်းပူးရှာဖွေနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒီလို ရှာဖွေနေတဲ့ ယောကျ်ားမြတ်-တစ်ဦးအဖို့ သားမြီးပြားပမာဏရှိနေတဲ့ အလွန် သေးငယ်တဲ့ အပြစ်ဟာ တောင်ထွတ်ပမာဏအလား အလွန် ကြီးမားနေတဲ့ တိမ်တိုက်ကြီးလို ထင်နေပါတယ်။

ဒါကြောင့် အရှင်ဘုရားကိုလျှင် တပည့်တော်က အနံ့သူခိုးလို့ ပြောဆို ဆုံးမမယ်ဆိုရင် ပြောဆိုဆုံးမ ထိုက်ပါတယ်။ ဟိုဘက်က အညစ်အကြေးတွေ တစ်ပုံကြီးနဲ့ လုလိပေကျံနေတဲ့ ရသေ့ကို တပည့်တော်အနေနဲ့ ဘာမှ ပြောနေဖို့ အကြောင်းမရှိဘူး။ ဘယ့်,နှယ်တုန်း မှားလား, မှန်လား? ဘုန်းကြီးလည်း တော်တော်တော့ စဉ်းစားနေတုန်းပဲ။ မင်္ဂလသုတ် ဟောလိုက်တာ ရက်ပေါင်း ၈၀-ကျော်သွားပြီနော်။ ရက်ပေါင်း ၈၀-ကျော်သွားတဲ့ အချိန်အခါကျတော့ ဘုန်းကြီးပြောတာ တော်တော်များနေပြီနဲ့ တူတယ်နော် -

အဲဒီတော့ ကိလေသာ အညစ်အကြေး ကင်းစင်ပြီးတော့ တကယ်တမ်း သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို ကျင့်နေတဲ့ ပုဂ္ဂိုလ်အဖို့ အနည်းငယ်သော အပြစ်ကလေးသည်ပင် အလွန် ကြီးမားတဲ့ အပြစ်ကြီးတစ်ခု အနေဖြင့် ထင်မနေဘူးလား? ထင်နေတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကိုတော့ ပြောသင့်တယ်လို့ နတ်က ပြောတယ်နော်။ ဒီနတ်က တယ်စကားများတဲ့ နတ်ပဲနော်။ ဒီလို စိတ်ထားမျိုး ဒီသူတော်ကောင်းမှာ ရှိသလား? မရှိဘူး။ သူ့စိတ်ထဲ သတိရသွားတယ်။ သတိရသွားတာ ပြောလိုက်တဲ့ အပြစ်ကလေးကြည့် - ရှိတယ် ဆိုလို့ရှိရင် အလွန် မသေးဘူးလား? သေးပါတယ်။ အလွန် သေးတယ်ဆိုတာက ဒီနေရာမှာ ဂန္ဓတဏှာ - အနံ့ဂန္ဓာရုံအပေါ်၌ တွယ်တာတပ်မက်လိုက်တဲ့ တဏှာလေး ဝင်းခနဲ လက်ခနဲ တစ်ချက်ခဏ ဖြစ်လိုက်တယ်။

အဲဒီလောက် ဖြစ်လိုက်တဲ့ ဒီအပြစ်ကလေးကိုပဲ အလွန် ကြီးကျယ်တဲ့ တောင်ထွတ်ကြီးပမာဏရှိတဲ့ တိမ်တိုက်ကြီးကဲ့သို့ ပညာရှိ သူတော်ကောင်းတွေဘက်က လှမ်းပြီးတော့ မြင်နေတယ်။ ယောဂီသူတော်ကောင်း ဆိုတာက အဲဒီလို အလွန် သေးငယ်နေတဲ့ အပြစ်ကလေးကို အလွန် ကြီးမားတဲ့ တောင်ထွတ်ကြီးကဲ့သို့ အလွန် ကြီးမားတဲ့ တောင်ထွတ်ကြီး ပမာဏရှိတဲ့ တိမ်တိုက်-ကြီးကဲ့သို့ ထင်မြင်တတ်အောင် စိတ်ထားတတ်ဖို့ မလိုဘူးလား? လို-အပ်တယ်နော်။ အဲဒီ အချိန်အခါကျတော့မှ ရဟန်းတော်က သဘောကျ-ပြီးတော့ ဘာပြန်ပြီး အမိန့်ရှိလဲ?

‘‘အဒ္ဓါ မံ ယက္ခ ဇာနာသိ, အထော မေ အနုကမ္ပသိ၊ ပုနပိ ယက္ခ ဝဇ္ဇာသိ, ယဒါ ပဿသိ ဧဒိသံ။

ယက္ခ၊ အိုဒကာတော် နတ်သား ...။ အဒ္ဓါ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ တွံ၊ သင်ဒကာတော်နတ်သားသည်။ မံ၊ ငါ့ကို (ဝါ) ငါ၏ အကြောင်းကို။ ဇာနာသိ၊ သိရှိပါပေ၏။ အထော၊ ထို့ပြင်။ မေ၊ ငါ့အား။ အနုကမ္ပသိ၊ အစဉ်မကွာ သနားစောင့်ရှောက်၍ နေပါပေ၏။ ယက္ခ၊ အိုဒကာတော်နတ်သား။ ယဒါ၊ အကြင်အခါ၌။ ဧဒိသံ၊ ဤကဲ့သို့သော သဘောရှိသော အပြစ်ကို။ ပဿသိ၊ တွေ့မြင်ရ။ တွံ၊ သင်ဒကာတော်နတ်သားသည်။ ပဿသိ၊ တွေ့မြင်ရပေ၏။ တဒါ၊ ထိုကဲ့သို့ တွေ့မြင်သော အချိန်အခါကာလ၌လည်းပဲ။ ပုနပိ၊ နောက်ထပ်တစ်ဖန်။ တွံ၊ သင်ဒကာတော်နတ်သားသည်။ ဝဇ္ဇာသိ၊ ပြောဆိုဆုံးမပါ။

ပြန်ပြီးတော့ ဖိတ်ကြားတယ်နော်။ ဒီနတ်က တော်တော် စကားရှည်တဲ့ နတ်ပဲလို့ ဒီလို စိတ်မျိုး ရှိသလား? မရှိဘူးနော်။ သူတော်ကောင်းဆိုတာက ဒီစိတ်ထား ရှိရပါတယ်။ ဒကာတော်နတ်သား ... သင်ဟာ တကယ် စင်စစ်အားဖြင့် ငါ့ရဲ့အကြောင်းကို သင်သိရှိနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ထို့ပြင် ငါ့အပေါ်မှာ အစဉ်သနားစောင့်ရှောက်နေတဲ့ စိတ်ထားရှိသူလည်း ဖြစ်တယ်။ တကယ် သနားစောင့်ရှောက်တဲ့စိတ်ထား ရှိ,မရှိ ဆိုတာက စကားနား-ထောင်ကြည့်လိုက်ရင် မသိဘူးလား? ဘယ်လို ပုဂ္ဂိုလ်တွေက သိလဲ? သူတော်ကောင်းတွေက သိကြတယ်။ မသူတော်တွေကျတော့ သိသလား? မသိဘူး။ မသူတော်တွေ မသိပုံကို ဘုန်းကြီး ပြီးတော့မှ ပြောမယ်နော်။

ဒါကြောင့် ဒီရဟန်းတော်ကလည်း ဒကာတော် နတ်သား ... နောက်-ထပ်တစ်ဖန် မြင်တဲ့အချိန်အခါမှာ ပြောဆိုဆုံးမပါ ဆိုပြီးတော့ ထပ်ပြီးတော့ ဖိတ်ကြားတယ်။ ဒီလိုဆိုတော့ ဒီနေရာမှာ သူက သောဝစဿတာ - ဆိုဆုံးမ လွယ်ကူခြင်းဆိုတဲ့ မင်္ဂလာတရားနှင့် ဒီရဟန်းတော်က မပြည့်စုံဘူးလား? ပြည့်စုံနေတယ်။ ဒီနေ့ တရားနာပရိသတ်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေလည်း ဒီသောဝစဿတာလို့ ခေါ်ဆိုအပ်တဲ့ ဆိုဆုံးမ လွယ်ကူခြင်းဆိုတဲ့ မင်္ဂလာတရားနှင့် ပြည့်စုံဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ အကျိုး ရှိ,မရှိ ဆန်းစစ်ကြည့်ပါနော်။ အဲဒီ အချိန်အခါကျတော့မှ နတ်က ဘာပြန်ပြောလဲ? နတ်သားပြောတဲ့စကား ဘုန်းကြီးက တော်တော်လေး သဘောကျသွားတယ်နော် -

‘‘နေဝ တံ ဥပဇီဝါမ, နပိ တေ ဘတကာမှသေ၊ တွမေဝ ဘိက္ခု ဇာနေယျ, ယေန ဂစ္ဆေယျ သုဂ္ဂတိံ’’။

ဘိက္ခု၊ ယောဂါဝစရ ရဟန်း။ တံ၊ အရှင်ဘုရားကို။ မယံ၊ ဘုရားတပည့်တော်တို့သည်။ နေဝ ဥပဇီဝါမ၊ မှီခိုခယ၍ အသက်မွေး-နေကြသည် မဟုတ်ပါ။ တေ၊ ရှင်တော်မြတ်ဘုရား၏။ ဘတကာ၊ အခစား အငှားယောကျ်ားတို့သည်။ နမှသေ၊ မဖြစ်ကြပါကုန်။ ဘိက္ခု၊ ယောဂါဝစရ ရဟန်း။ တွမေဝ၊ အရှင်ဘုရားသည်သာလျှင်။ ယေန၊ အကြင် အကြောင်းတရားကြောင့်။ သုဂ္ဂတိံ၊ လူနတ်နိဗ္ဗာန် သုံးတန်ဘူမိ အကောင်းဆုံးသော သုဂတိသို့။ ဂစ္ဆေယျ၊ လားရောက်လေရာ၏။ တံ၊ ထိုအကြောင်းတရားကို။ တွမေဝ၊ အရှင်ဘုရား ကိုယ်တိုင်သာလျှင်။ ဇာနေယျ၊ သိရှိအောင် ကြိုးစားအားထုတ်ပါ။

အရှင်ဘုရား တပည့်တော်ဟာ အရှင်ဘုရားကို မှီပြီးတော့ အသက်မွေးနေရတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး။ အရှင်ဘုရားရဲ့ အခစား လူငှားလည်း မဟုတ်ပါဘူး။ ဒါကြောင့် အကြင် အကြောင်းတရားကြောင့် အရှင်ဘုရားသည် လူနတ်နိဗ္ဗာန် သုံးတန်ဘူမိ အကောင်းဆုံးသော ဂတိသို့ ရောက်နိုင်တယ်။ ထိုအကြောင်းတရားကို အရှင်ဘုရားကိုယ်တိုင်သာလျှင် သိရှိအောင် ကြိုးစား အအားထုတ်ပါ။ ဘာဖြစ်လို့ ဒီနတ်က ဒီလို လာပြောရလဲ? အကြောင်းလေးကို အဋ္ဌကထာ ဆရာတော်က ရှင်းပြတယ်နော်။

ဒေဝတာယ စောဒနာ ကိရ သုဂတာနုသိဋ္ဌိသဒိသာ, န တံ လာမကာ ဟီနာဓိမုတ္တိကာ မိစ္ဆာပဋိပန္နကပုဂ္ဂလာ လဘန္တိ။

ဒေဝတာယ စောဒနာ၊ နတ်ရဲ့ ပြောဆိုဆုံးမခြင်းဟူသည်ကား။ သုဂတာနုသိဋ္ဌိသဒိသာ၊ ဘုရားရှင်ရဲ့ ဆိုဆုံးမခြင်း အလားတူပါပေ၏။ တံ၊ ထိုဘုရားရှင်ရဲ့ အဆုံးအမနဲ့ တူနေတဲ့ နတ်ရဲ့အဆုံးအမကို။ လာမကာ၊ ယုတ်ညံ့သော စိတ်ထားရှိကြကုန်သော။ ဟီနာဓိမုတ္တိကာ၊ ယုတ်ညံ့သော နှလုံးသွင်းဓာတ်ခံ ရှိကြကုန်သော။ မိစ္ဆာပဋိပန္နကပုဂ္ဂလာ၊ မှားယွင်းဖောက်ပြန်တဲ့ ကျင့်ဝတ်ပဋိပတ် ထင်ရှားရှိကြကုန်သော ပုဂ္ဂိုလ်တို့သည်။ န လဘန္တိ၊ ဘယ်တော့မှ မရရှိနိုင်ကြလေကုန်။

ကောင်းလိုက်တဲ့ စကားလေး ကြည့်စမ်း - ဒီနတ်ပြောဆိုနေတဲ့စကား, ဆိုဆုံးမနေတဲ့ စကား ပြန်ပြီး နားထောင်ကြည့်လိုက်ပါ။ ဘုရားရှင်တို့ရဲ့ ဆိုဆုံးမနေတဲ့ စကားနဲ့ တော်တော် တူမနေဘူးလား? တူနေတယ်။ ဒီတော့ ဒီလို ဆိုဆုံးမချက်ဆိုတဲ့ စကားမျိုးကို ယုတ်ညံ့တဲ့ စိတ်ထားရှိတဲ့, ယုတ်ညံ့တဲ့ နှလုံးသွင်းဓာတ်ခံရှိတဲ့ မှားယွင်းဖောက်ပြန်နေတဲ့ ကျင့်ဝတ်ပဋိပတ် ရှိနေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်တော့မှ မရနိုင်ဘူး။ ဟုတ်သလား, မဟုတ်ဘူးလား? မှန်ပါတယ်။

ယုတ်ညံ့တဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်, ယုတ်ညံ့တဲ့ နှလုံးသွင်းဓာတ်ခံရှိတဲ့ ပုဂ္ဂိုလ်, မှားယွင်းဖောက်ပြန်နေတဲ့ ကျင့်ဝတ်ပဋိပတ်ရှိတဲ့ ပုဂ္ဂိုလ်။ မှားယွင်းဖောက်ပြန်နေတဲ့ ကျင့်ဝတ်ပဋိပတ်ဆိုတာက ဘာလဲ? ကာယကံ စင်ကြယ်မှုလည်း မရှိဘူး, ဝစီကံ စင်ကြယ်မှုလည်း မရှိဘူး, မနောကံ စင်ကြယ်မှုတွေကလည်း မရှိဘူး။ ကာယဒုစရိုက်တွေလည်း လက်သွက်သွက်နဲ့ လွန်ကြူးနေတယ်, ဝစီဒုစရိုက်တွေလည်း နှုတ်သွက် အာသွက်နဲ့ လွန်ကြူးနေတယ်, မနောဒုစရိုက်တွေလည်း သွက်သွက်လက်လက် ချက်ချက်ချာချာနဲ့ လွန်ကြူးနေတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေဟာ မစ္ဆာပရိပန်နက - မှားယွင်းဖောက်ပြန်တဲ့ ကျင့်ဝတ်ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေဟာ ဘုရားရှင်ရဲ့ အဆုံးအမနဲ့တူတဲ့ နတ်တို့ရဲ့ အဆုံးအမကို ရရှိနိုင်ပါ့မလား? မရနိုင်ဘူး။

တသ္မိံ ပန အတ္တဘာဝေ မဂ္ဂဖလာနံ ဘဗ္ဗရူပါ ပုဂ္ဂလာ တံ လဘန္တိ, တသ္မာ ဧဝမာဟ။

တသ္မိံ ပန အတ္တဘာဝေ၊ ထိုခန္ဓာကို အတ္တဘော၌။ မဂ္ဂဖလာနံ၊ မဂ်ဖိုလ် နိဗ္ဗာန် တရားတို့ကို။ ဘဗ္ဗရူပါ၊ ရထိုက်တဲ့သဘောရှိကြကုန်သော။ ပုဂ္ဂလာ၊ ပုဂ္ဂိုလ်တို့သည်။ တံ၊ ထိုကဲ့သို့သော အဆုံးအမမျိုးကို။ လဘန္တိ၊ ရရှိနိုင်ကြပါပေကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဧဝမာဟ၊ ဤသို့ ပြောဆိုလိုက်ခြင်း ဖြစ်ပေ၏၊

ထိုခန္ဓာကိုယ် အတ္တဘောမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရထိုက်တဲ့သဘော ရှိနေတဲ့ ပုဂ္ဂိုလ်တွေသည်သာလျှင် ဘုရားရှင်တို့ရဲ့ အဆုံးအမနဲ့ တူညီနေတဲ့ နတ်တို့ရဲ့ ဆိုဆုံးမချက်ကို ရရှိနိုင်ပါတယ်။ ဒါကြောင့် ဒီနတ်သားက ဒီလို လျှောက်ထားနေပါတယ်။ နောက်တစ်ခု - အဋ္ဌကထာက ဆက်ဖွင့်ထားတယ်။

အယံ ဘိက္ခု အတ္ထိ မေ ဟိတကာမာ ဒေဝတာ, သာ မံ စောဒေဿတိ သာရေဿတီတိ ပမာဒမ္ပိ အနုယုဉ္ဇေယျ, နာဿ ဝစနံ သမ္ပဋိစ္ဆိဿာမိ။

ဒီလိုနတ်က မေတ္တာ ကရုဏာရှေ့ထားပြီး လာဆုံးမတယ်ဆိုရင်လည်း နောက်ထပ်လည်း ဆုံးမဖို့ မကောင်းဘူးလား? ကောင်းပါတယ်။ ဒါပေမဲ့ နတ်က နောက်ထပ် ဆိုဆုံးမဖို့ရန်အတွက် သူက ငြင်းပယ်လိုက်တယ်။ ဘာဖြစ်လို့ ငြင်းပယ်လဲ?

အယံ ဘိက္ခု၊ ဤရဟန်းသည်။ မေ၊ ငါ့အား။ ဟိတကာမာ၊ အကျိုးစီးပွားကို လိုလားတောင့်တလျက်ရှိသော။ ဒေဝတာ၊ နတ်သည်။ အတ္ထိ၊ ရှိပေ၏။ သာ၊ ထိုနတ်သားသည်။ မံ၊ ငါ့ကို။ စောဒေဿတိ၊ အကျိုးအကြောင်းဖော်ပြ၍။ စောဒနာ၊ ဆိုဆုံးမ စေဒနာပေးလတ္တံ့။ သာရေဿတိ၊ ငါ့ရဲ့အပြစ်ကို အောက်မေ့ အမှတ်ရစေလတ္တံ့။ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ ပမာဒံပိ၊ မေ့လျော့ခြင်းသို့လည်း။ အနုယုဉ္ဇေယျ၊ အဖန်ဖန် အထပ်အထပ် အားထုတ်၍ နေလေရာ၏။ တသ္မာ၊ ထို့ကြောင့်။ အဿ၊ ထိုရဟန်းတော်၏။ ဝစနံ၊ ဖိတ်ကြားလာတဲ့စကားကို။ အဟံ၊ ငါသည်။ န သမ္ပဋိစ္ဆိဿာမိ၊ လက်မခံပါ။ ဣတိ၊ ဤသို့။ အာဟ၊ ပြောဆိုလိုက်ခြင်း ဖြစ်ပေ၏၊

နတ်သားက သူက စဉ်းစားတယ်။ ဒီရဟန်းတော်ဟာ ငါ့ရဲ့ အကျိုး-စီးပွားကို လိုလားတောင့်တနေတဲ့ ငါ့ကို စောင့်ရှောက်ပေးနေတဲ့ နတ်ရှိတယ်လို့ဆိုပြီး သူ့စိတ်ထဲမှာ မှတ်ထင်နေလိမ့်မယ်။ နတ်သားက အကယ်၍များ နောက်ထပ်လည်း ပြောပါမယ်လို့ လက်ခံလိုက်ရင်နော် - အဲဒီတော့ ငါ့ရဲ့ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့ ဒီနတ်သားဟာ ထင်ရှားရှိနေတဲ့အတွက် တစ်ချိန် ငါ အပြစ်တစ်ခုခုကို လွန်ကြူးခဲ့ရင် ဒီနတ်က ငါ့ကို လာပြီးတော့ အမှတ်ရစေမှာပဲလို့ ဒီရဟန်းရဲ့စိတ်ထဲမှာ စွဲယူသွားမယ်။ စွဲယူလိုက်တဲ့အတွက်ကြောင့် သူဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ လုပ်ငန်းရပ်တွေကို သူ ပြုလုပ်လိမ့်မယ်။

မပြုသင့်တဲ့ ကာယကံတွေကို ပြုမိမယ်။ မပြုသင့်တဲ့ ဝစီကံတွေကို သူ ပြုမိမယ်။ မပြုသင့်ဘဲ မနောကံတွေကို သူ ပြုမိနေလိမ့်မယ်။ အဲဒီတော့ လာဆုံးမပြန်ပြီ။ ငါ ဆုံးမမယ့်သူ ရှိတာပဲဆိုလို့ နောက်ထပ်တစ်ခါ မပြုသင့်တဲ့ ကာယကံတွေ ပြုဦးမယ်၊ မပြုသင့်တဲ့ ဝစီကံတွေ ပြုဦးမယ်။ မပြောသင့်တဲ့ ဝစီကံတွေ ပြောမယ်၊ မကြံသင့်တဲ့ မနောကံတွေကို သူ ကြံနေဦးမယ်။ နောက်ထပ်လည်း လာပြီး ဆုံးမပြန်တယ်။ အဲဒီလိုဆိုတော့ ငါ့ပြောမယ့်သူ ရှိတာပဲ ဆိုပြီးတော့ မိမိကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမဲ့ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်မှာ မေ့လျော့မှုတွေကို သူ အားထုတ်သွားလိမ့်မယ်။

ဒါကြောင့် နတ်က “အရှင်ဘုရား ... တပည့်တော်ဟာ အရှင်ဘုရားကို မှီခိုပြီး အသက်မွေးနေတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး။ အရှင်ဘုရားရဲ့ အခစား ယောကျ်ားလည်း မဟုတ်ပါဘူး။ ဒါကြောင့် အကြင်အကြောင်းတရားကြောင့် အရှင်ဘုရားသည် လူနတ်နိဗ္ဗာန် သုံးတန်ဘူမိ အကောင်းဆုံးသော ဂတိသို့ ရောက်နိုင်တယ်။ ထိုအကြောင်းတရားကို အရှင်ဘုရား ကိုယ်တိုင် သိရှိအောင် ကြိုးစားအားထုတ်ပါ ဆိုပြီးတော့ ဒီလို လျှောက်ထားတယ်။

ရဟန်းတော်ရဲ့ ပြန်လည် ဖိတ်ကြားချက်ကို သူလက်မခံဘူး။ မကောင်း-ဘူးလား? သိပ်ကောင်းတယ်နော်။ ဒီတော့ ဘုန်းကြီးက မင်္ဂလသုတ်ကို ရက်ပေါင်း ၈၀-ကျော် ဟောထားတာ တော်တော်လေး များသွားပြီးနဲ့တူတယ်နော်။ ဒီနတ်သားပြောတဲ့ ပုံစံအတိုင်းဆိုလို့ရှိရင် များသွားပြီနဲ့တူတယ်။ ဘယ်လိုလဲ? မများဘူးလား? ဟင် များပြီနဲ့တူတယ်။ ဒကာကြီးတွေဘက်ကတော့ မများဘူး။ ဒါပေမဲ့ သောဝစဿတာ မင်္ဂလာနဲ့ ပြည့်စုံခြင်းကြောင့် ဒါကောင်းမွန်တဲ့ အကျိုးတရားလေး မှန်ပေမဲ့လို့ ဒီသောဝစဿတာ မင်္ဂလာနဲ့ မပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေက လောကမှာ ရှိကြပြန်တယ်။ ကြည့်လိုက်တော့ အဲဒီ အကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး ဒီည ကုဋိဒူသကဇာတ်တော်ဆိုတဲ့ ဇာတ်တော်လေး တစ်ခုဟောဖို့ ရည်ရွယ်ထားပါတယ်။

ဒီဇာတ်တော်လေးက မြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတိုက်မှာ သီတင်းသုံး စံတော်မူနေခိုက် ဆိုကြပါစို့ ...။ ရှင်မဟာကဿပမထေရ်မြတ်ကြီးရဲ့ သစ်ရွက်မိုးကျောင်းလေးကို ရဟန်းတော်လေးတစ်ပါးက မီးရှို့ပြီးတော့ ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီ ဖျက်ဆီးတဲ့ဝတ္ထုကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရားက ဒီဇာတ်တော်ကို ဟောရခြင်း ဖြစ်ပါတယ်။ ဒီရဟန်းတော်က ရှင်မဟာကဿပရဲ့ သစ်ရွက်မိုးကျောင်းလေးကို ဘာကြောင့် သူက မီးရှို့ပြီး ဖျက်ဆီးပစ်ရသလဲ? လူ့လောကမှာ စိတ်ဓာတ်က သိပ်အရေးကြီးတယ်နော်။ အကြောင်းလေးကတော့ ဒီလိုပါ -

ရှင်မဟာကဿပ ရာဇဂြိုဟ်မှာ သီတင်းသုံး စံနေခိုက်ဖြစ်တယ်။ ထိုအချိန်အခါမှာ တောကျောင်းလေးတစ်ကျောင်းမှာ သစ်ရွက်မိုးကျောင်းလေးဖြင့် သီတင်းသုံး စံနေတော်မူတဲ့ သူတော်ကောင်း ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ရဟန်းငယ်လေး နှစ်ပါးက ရှင်မဟာကဿပမထေရ်မြတ်ကြီးကို လာပြီးတော့ ဆည်းကပ်ခစားနေကြတယ်။ အလုပ်အကျွေးအဖြစ်နဲ့ လာပြီးတော့ ရှင်မဟာကဿပ အနားမှာ လာပြီး နေကြတယ်။ အဲဒီ နှစ်ပါးထဲမှာ တစ်ပါးကတော့ အရှင်မဟာကဿပမထေရ်မြတ်ကြီးကို အလွန် ကျေးဇူးများတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ဝတ်ကြီးဝတ်ငယ် ဝေယျာဝစ္စကို အဝဝကို ရိုရိုသေသေ လေးလေးစားစားနဲ့ ဖြည့်ကျင့်ပေးတယ်။ ဒါပေမဲ့ တစ်ပါးကျတော့ ဘယ်လို ဖြစ်သလဲ?

ဧကော ဒုဗ္ဗစော ဣတရေန ကတံ အတ္တနာ ကတသဒိသံ ကရောတိ။

ဧကော၊ အခြံအရံတော် တစ်ပါးသည်ကား။ ဒုဗ္ဗစော၊ ဆိုဆုံးမ ခက်ခဲတဲ့ ပုဂ္ဂိုလ်သည်။ ဟုတွာ၊ ဖြစ်၍။ ဣတရေန၊ ဆိုဆုံးမ လွယ်ကူတဲ့ အခြံအရံတော်တစ်ပါးက။ ကတံ၊ ပြုလုပ်၍ ထားအပ်တဲ့ ဝတ်ကြီးဝတ်ငယ်ကို။ အတ္တနာ၊ မိမိက။ ကတသဒိသံ၊ ပြုလုပ်အပ်တဲ့ ဝတ်ကြီးဝတ်ငယ်နဲ့ တူညီသည်ကို။ ကရောတိ၊ ပြုလုပ်တတ်၏၊

ရဟန်းတစ်ပါး ကြည့်လိုက်တော့ ပြောဆိုဆုံးမ ရတာလည်း နည်းနည်း ခက်တယ်။ ခက်ရုံတွင် မကသေးဘူး။ ဟိုတစ်ဘက် ကိုယ်တော်ကနေ ရှင်မဟာကဿပမထေရ်အတွက် ပြုပြင်စီမံထားတဲ့ ဝတ်ကြီးဝတ်ငယ်တွေကို ဒီကိုယ်တော် လုပ်တာ မဟုတ်ဘူး။ သူလုပ်တယ်ဆိုတဲ့ ပုံစံဖြင့် သူက လှည့်ပတ်တတ်တယ်။ ဘယ့်,နှယ်တုန်း အဲဒီလိုပုဂ္ဂိုလ်တွေ လောက တွေ့ဖူးကြလား? ဟင် ကိုယ် မလုပ်ဘဲနဲ့ ကိုယ်လုပ်တဲ့ဟန် ဆောင်တာပေါ့နော်။ အဲဒီအခါကျတော့ ဘယ်လိုလုပ်လဲဆိုရင် ခုနက ဝတ်ကြီးဝတ်ငယ်ကို ကျေပွန်နေတဲ့ ရဟန်းတော်က မျက်နှာသစ်ရေ အစရှိတဲ့ ရေပူရေချမ်းတွေကို အရှင်မဟာကဿပ မထေရ်မြတ်ကြီးအတွက် တည်ထားပြီး ဆိုလို့ရှိရင် အဲဒီလို တည်ထားလို့ အဆင်သင့်ဖြစ်ပြီ ဆိုလို့ရှိရင် ဒီရဟန်းတော်က ဘာလုပ်သလဲ? သူက ခပ်မြန်မြန် ရှင်မဟာကဿပစီ သွားပြီး အရှင်ဘုရား ခပ်စောစောကပဲ -

‘‘ဘန္တေ, ဥဒကံ ဌပိတံ, မုခံ ဓောဝထ’’

ဘန္တေ၊ အရှင်ဘုရား ...။ မုခံ၊ မျက်နှာတော်ကို။ ဓောဝထ၊ ဆေးသစ်တော်မူပါ။ ဘန္တေ၊ အရှင်ဘုရား။ ဥဒကံ၊ ရေကို။ ဌပိတံ၊ တည်ထားအပ်ပါပြီ။ မုခံ၊ မျက်နှာတော်ကို။ ဓောဝထ၊ သစ်တော်မူပါ။

အရှင်ဘုရား မျက်နှာသစ်ဖို့ရန် ရေ အသင့်ထားပြီးပြီ။ မျက်နှာသစ်တော်မူပါ ဆိုပြီး သူက အရင် သွားသွားလျှောက်တယ်။ တကယ်တော့ မျက်နှာသစ်ရေတည်တာက တခြားရဟန်းပဲ။ သူဟုတ်သလား? မဟုတ်ဘူး။ အဲဒီ ပုံစံစနစ်အားဖြင့် သူက နေတတ်တယ်နော်။ အဲဒီအခါကျတော့ နောက်တစ်ခု - ဝတ်ကြီးဝတ်ငယ် ကျေပွန်နေတဲ့ ရဟန်းတော်က ခပ်စောစောလေး အိပ်ရာမှ ထတယ်။ ခပ်စောစောလေး အိပ်ရာမှ ထပြီးတော့ ရှင်မဟာကဿပ သီတင်းသုံးတဲ့ ပရဝုဏ်အတွင်း တံမြက်စည်းတွေ သွားပြီးတော့ လှဲတယ်။ အဲဒီလို လှဲပြီးပြီ ဆိုလို့ရှိရင် ဘာလုပ်သလဲ? အရှင်မဟာကဿပမထေရ်ကြီး ထွက်လာတဲ့ အချိန်ကျလို့ရှိရင် ရှေးဦးစွာ သူက ဟိုလှဲ ဒီလှဲနဲ့ သွားပြီး အယောင်ဆောင်ပြီးတော့ လှဲပြလိုက်တယ်။ လှဲပြပြီးတဲ့ အချိန်အခါကျတော့မှ အရှင်မဟာကဿပရဲ့ ပရဝုဏ်တစ်ခုလုံးကို သူတစ်ပါးတည်း တံမြက်စည်း လှဲတဲ့ ပုံစံအနေအားဖြင့် သူက အမူအယာ ပြုလုပ်ပြတယ်။ ဒီတော့ ဟိုဘက်က ဝတ်ကြီးဝတ်ငယ် ကျေပွန်နေတဲ့ ရဟန်းတော်က စဉ်းစားတယ်။ ဘယ်လိုလဲ?

‘‘အယံ ဒုဗ္ဗစော မယာ ကတံ အတ္တနာ ကတသဒိသံ ကရောတိ, ဧတဿ သဌကမ္မံ ပါကဋံ ကရိဿာမိ’’

အယံ၊ ဤ။ ဒုဗ္ဗစော၊ ဆိုဆုံးမ ခက်ခဲနေတဲ့ ပုဂ္ဂိုလ်သည်။ မယာ၊ ငါသည်။ ကတံ၊ ပြုလုပ်၍ ထားအပ်တဲ့ ဝတ်ကြီး-ဝတ်ငယ်ကို။ အတ္တနာ၊ မိမိက။ ကတသဒိသံ၊ တံ ပြုလုပ်ထားအပ်တဲ့ ဝတ်ကြီးဝတ်ငယ်နှင့်တူအောင်။ ကရောတိ၊ ပြုမူ၍ နေပေ၏။ ဧတဿ၊ ထိုပုဂ္ဂိုလ်၏။ သဌကမ္မံ၊ ကောက်ကျစ်စဉ်းလဲနေတဲ့အမှုကို။ ပါကဋံ၊ ထင်ရှားအောင်။ ကရိဿာမိ၊ ငါပြုပေအံ့။

ဒီကိုယ်တော် ငါပြုတဲ့ ဝတ်ကြီးဝတ်ငယ်ကို သူ ပြုနေတဲ့ ဝတ်ကြီးဝတ်ငယ်နဲ့ တူအောင်တော့ သူက ပြုလုပ်နေပြီ။ ဒီကိုယ်တော်ရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ လုပ်ငန်းရပ်ကို ငါထင်ရှားအောင် ပြုမယ်။ သူက စဉ်းစားလိုက်တယ်။ စဉ်းစားလိုက်တော့ တစ်နေ့ ဘာလုပ်သလဲ? ဒီကိုယ်တော် ရွာထဲသွား ဆွမ်းစား၊ ဆွမ်းစားပြီးတဲ့ အချိန်အခါကျတော့ ကိုယ်တော်ကလည်း ပြန်လာ၊ ပြန်လာပြီးတော့ ကျကျနန အိပ်နေတယ်။ ဘယ်လောက် အိပ်လိုက်တယ်တော့ မပြောပါဘူး။ မပြောနိုင်ဘူးနော်။ ဖားအောက်တောရက ကိုယ်တော်-ကလေးနဲ့ တူမတူတော့ မပြောတတ်ဘူးနော်။

အိပ်နေတဲ့ အချိန်အခါကျတော့မှ ရှင်မဟာကဿပမထေရ်ကြီးအတွက် သူက ဘာလုပ်သလဲ? ခုနက ဝတ်ကြီးဝတ်ငယ်နဲ့ ပြည့်စုံနေတဲ့ ကိုယ်တော်က ရေချိုးဖို့ရန်အတွက် ရေနွေးကျိုပါတယ်။ အဲဒီကိုယ်တော် အိပ်နေတုန်းမှာ သူက ရေနွေးကျိုလိုက်တယ်။ ရေနွေးကျိုပြီးတဲ့အခါ ရေနွေးအဆင်သင့် ဖြစ်လိုက်တဲ့ အချိန်အခါမှာ ရေချိုးရုံရဲ့ နောက်ကွယ်လေးမှာ အသာလေး ဖွက်ထားပြီးတဲ့ အခါကျတော့ ဖိုခနောက်ပေါ်မှာ ဘာမှ မရှိတဲ့ အိုးတစ်လုံး ပေါ့လေ - ရေလေး နည်းနည်း ထည့်ပြီး အသာလေး တည်ထားလိုက်တယ်။ မီးလဲ မထည့်ဘူး။ မီးမထည့်တဲ့ အချိန်အခါကျတော့ ဟိုကိုယ်တော်က အိပ်ရာက နိုးလာပြီ။ အိပ်ရာက နိုးလာလိုက်တဲ့ အချိန်အခါကျတော့ လှမ်းပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ ခုနက မီးတင်းကုတ်ကနေပြီးတော့ မီးခိုးတွေက ထွက်နေတာကိုး။ မီးခိုးတွေ ထွက်နေတဲ့ အချိန်အခါကျတော့နော် ဘယ်လို ဖြစ်သလဲ?

‘‘ဥဒကံ တာပေတွာ ကောဋ္ဌကေ ဌပိတံ ဘဝိဿတိ’’

သူက စဉ်စားပြီ။ “ဩော် ... ရေကို ပူအောင် ကျိုချက်ပြီးတော့ ရေချိုးမယ့်နေရာမှာ အဆင်သင့် ပြင်ထားပြီးပြီနဲ့ တူတယ်” သူက စဉ်းစားလိုက်တယ်။ စဉ်းစားပြီးတဲ့ အချိန်အခါကျတော့ သွားပြီး သေချာ မကြည့်မိဘူးနော်။ ခပ်မြန်မြန်လေး ရှင်မဟာကဿပမထေရ်ထံ သွား။ သွားပြီးတဲ့ အချိန်အခါကျမှ ဘာလုပ်သလဲ?

‘‘ဘန္တေ, နှာနကောဋ္ဌကေ ဥဒကံ ဌပိတံ, နှာယထ’’

ဘန္တေ၊ အရှင်မြတ်ဘုရား ...။ နှာနကောဋ္ဌကေ၊ ရေချိုးရုံ၌။ ဥဒကံ၊ ရေချိုးရေကို။ ဌပိတံ၊ တည်ထားအပ်ခဲ့ပြီးပါပြီ။ ဘန္တေ၊ အရှင်ဘုရား။ တုမှေ၊ အရှင်ဘုရားတို့သည်။ နှာယထ၊ ရေချိုးတော် မူကြပါကုန်ဘုရား။

သူ့ရဲ့ လျှောက်ထားပုံလေးကြည့် - ဟိုမှာ ရှိ,မရှိ သူသေချာ သွားမကြည့်ဘူးနော်။ “ကဲ အရှင်ဘုရား ... ရေချိုးရုံမှာ ရေတော့ တည်ထားပြီး ဖြစ်တယ်။ ဒါကြောင့် အရှင်ဘုရား အဲဒီ ရေချိုးရုံမှာ ရေချိုးတော်မူပါ” အမလေး ရိုရိုသေသေ သူက သွားလျှောက်တာနော်။ လျှောက်လိုက်တဲ့ အချိန်အခါကျတော့ အရှင်မဟာကဿပမထေရ်ကြီးလည်း ရေချိုးမယ် ဆိုပြီးတော့ အဲဒီရဟန်းနဲ့ အတူပဲ ရေချိုးရုံထဲ ဝင်သွားရော်။ သွားလိုက်တဲ့ အချိန်အခါကျတော့ ရေချိုးရုံထဲမှာ ရေက မတွေ့ဘူး။ မတွေ့တဲ့ အချိန်အခါကျတော့ ရေဘယ်မလဲ မေးကြည့်တယ်နော်။ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့ သူက ဘာလုပ်သလဲ? ခပ်မြန်မြန် ခုနက မီးတင်းကုတ်သွား၊ မီးတင်းကုတ်သွားပြီးတော့ လှမ်းကြည့်လိုက်တဲ့ အချိန်မှာ မီးတင်းကုတ်ထဲက အိုးထဲမှာ ရေကလည်း မရှိ ဖြစ်နေပြန်တယ်နော်။ ရေမရှိတဲ့ အချိန်အခါကျတော့ သူက မှုတ်တစ်ခုနဲ့ မီးတင်းကုတ်ထဲမှာရှိတဲ့ အိုးထဲကို အသာလေး ခပ်လိုက်တော့ အိုးထဲမှာ ရေကမှ မရှိတာကိုး။ ရေမရှိတဲ့ အခါကျတော့ ဘာဖြစ်လဲ?

အဲဒီ ခပ်လိုက်တဲ့မှုတ်က အိုးကို အကုန်လုံးသွားပြီး ထိလိုက်တော့ ကလောင်ကလောင် မြည်ရော။ ဟုတ်တယ်မဟုတ်လား? ခပ်မြန်မြန် သူကလည်း ခပ်လိုက်ပုံ ရပါတယ်နော်။ မြည်လိုက်တဲ့ အချိန်အခါကျတော့ ဘာမျှမရှိတဲ့ အိုးထဲမှာ ဒီရေမှုတ်က သွားထိလိုက်တဲ့ အချိန်အခါမှာ ရေမှုတ်က အသံမြည်ပြီ။ အဲဒီ အသံမြည်တာကို အကြောင်းပြုပြီးတော့ သူ့ကို ဥဠုင်္ကသဒ္ဒက - ရေမှုတ်သံကိုယ်တော် ဆိုပြီးတော့ သူ့ကို ဒီလို ခေါ်ကြရော။ ဟုတ်တယ်မဟုတ်လား? ဘယ့်,နှယ်တုန်း ရေမှုတ်သံကိုယ်တော် ဖြစ်ချင်ကြ-လား?

အဲဒီလို ခေါ်လိုက်တဲ့ အချိန်အခါကျတော့ သူက နာမည်အသစ်တစ်ခု ရပြီ။ ရလိုက်တဲ့ အချိန်အခါကျတော့ အဲဒီ ရေမှုတ်သံ ကိုယ်တော်ကြီးက အဲဒီမှာ မီးတင်းကုတ်ထဲ သွားပြီးတော့ ရေမှုတ်နဲ့ အသံပြုနေတဲ့ အချိန်အခါကျတော့မှ ခုနက ဝတ်ကြီးဝတ်ငယ် ကျေပွန်တဲ့ ရဟန်းတော်လေးက ရေချိုးရုံနောက်က ရေတွေ ထုတ်ယူလာပြီးတော့ ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးကို ရေချိုးတော်မူပါ ဆိုပြီးတော့ လျှောက်ထားလိုက်တယ်။ လျှောက်-ထားလိုက်တဲ့ အချိန်အခါကျတော့ အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး-ကလည်း ရေချိုးရင်းနဲ့ သူက စူးစမ်းဆင်ခြင်တယ်။

အင်း ... ဒီဥဠုင်္ကသဒ္ဒက ကိုယ်တော်ကြီးကတော့ ဆိုဆုံးမ ခက်ခဲတဲ့ ပုဂ္ဂိုလ်ပဲ။ အဲဒီလို ဆိုဆုံးမ ခက်ခဲတဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း သိရှိတဲ့အတွက် ညချမ်းအခါ မထေရ်ကြီးထံ ဆည်းကပ်ဖို့ရန်အတွက် လာပြီ။ လာလိုက်တဲ့ အချိန်အခါကျတော့ အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးက ဘာဆုံးမသလဲ?

‘‘အာဝုသော, သမဏေန နာမ အတ္တနာ ကတမေဝ ‘ကတံ မေ’တိ ဝတ္တုံ ဝဋ္ဋတိ, အညထာ သမ္ပဇာနမုသာဝါဒေါ ဟောတိ, ဣတော ပဋ္ဌာယ ဧဝရူပံ မာ အကာသိ’’

အာဝုသော၊ ငါ့ရှင်။ သမဏေန နာမ၊ ရဟန်းမည်သည်ကား။ အတ္တနာ၊ မိမိကိုယ်တိုင်က။ ကတမေဝ၊ ပြုလုပ်အပ်တဲ့ လုပ်ငန်းရပ်ကိုသာလျှင်။ မေ၊ ငါသည်။ ကတံ၊ ပြုအပ်ပါပေသည်။ ဣတိ၊ ဤသို့။ ဝတ္တုံ၊ ပြောဆိုခြင်း။ ဝဋ္ဋတိ၊ သင့်တင့်လျောက်ပတ်ပါပေ၏၊

ရဟန်းဆိုတာက မိမိပြုသင့်တဲ့ လုပ်ငန်းရပ်ကိုသာ ငါပြုပါတယ်လို့ ပြောဆိုသင့်တယ်။

အညထာ၊ အခြားတစ်ပါးသော အချင်းအားဖြင့် ပြောဆိုခဲ့သည်-ရှိသော်။ သမ္ပဇာနမုသာဝါဒေါ၊ မုသာဝါဒ သိလျက် ချို့ယွင်းဖောက်ပြန် မမှန်ကန်တဲ့စကားကို ပြောကြားခြင်း မည်သည်။ ဟောတိ၊ ဖြစ်ပေါ်တတ်၏။ ဟောတိ၊ ဖြစ်ပါပေ၏။ ဣတော ပဋ္ဌာယ၊ ဤနေ့ကစပြီးတော့။ ဧဝရူပံ၊ ဤကဲ့သို့သော အမှုကို။ မာ အကာသိ၊ မပြုလုပ်ပါလင့်။

မိမိပြုတာကို ပြုတဲ့အတိုင်း ပြောသင့်တယ်။ မိမိ မပြုတာကိုလည်း မပြုတဲ့အတိုင်း ပြောသင့်တယ်။ မိမိ မပြုပါဘဲလျက် ပြုတယ်လို့ ပြောခဲ့မယ် ဆိုလို့ရှိရင် သိလျက်နဲ့ ချို့ယွင်းဖောက်ပြန် မမှန်ကန်တဲ့ စကားကို ပြောကြားသည်ဖြစ်တယ်။ ဒါကြောင့် ဒီနေ့ကနေ စပြီးတော့ ဒီလို လုပ်ငန်းရပ်မျိုးကို ဘယ်တော့မှ မလုပ်ပါနဲ့။ ဘာဖြစ်လို့လဲ? ရဟန်းဆိုတာ ဒီလို -----------မုသာဝါဒ သိလျက်နဲ့ ချို့ယွင်းဖောက်ပြန် မမှန်ကန်တဲ့စကား ပြောသင့်သလား? မပြောသင့်ဘူး။ ရဟန်းတွေ မပြောသင့်သလို သီလရှင်တွေရော ပြောသင့်-သလား? သီလရှင်တွေ မပြောသင့်သလို ယောဂီတွေရော ပြောသင့်-သလား? မပြောသင့်ပါဘူး။ ဒါ သာသနာကို ကြည်ညိုပြီး ကိုးကွယ်ဆည်း-ကပ်နေတဲ့ ပုဂ္ဂိုလ်မှန်ခဲ့ရင် သိလျက်နဲ့ ချို့ယွင်းဖောက်ပြန် မမှန်ကန်တဲ့စကား ဆိုတာကတော့ ဘယ်ပုဂ္ဂိုလ်မှ မပြောသင့်ဘူးနော်။

ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး ပြောလိုက်တဲ့ စကားကတော့ သိပ်ပြီး အလွန်များ ကြီးကျယ်သွားသလား? မကြီးကျယ်ပါဘူး။ သို့သော် ဆိုဆုံးမ ခက်ခဲနေတဲ့ ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုတာ ဘယ်လောက် ကြောက်ဖို့ ကောင်းသလဲဆိုတာ ကြည့်တော့ ဘာဖြစ်လာလဲ?

သော ထေရဿ ကုဇ္ဈိတွာ ပုနဒိဝသေ ထေရေန သဒ္ဓိံ ပိဏ္ဍာယ ဂါမံ န ပါဝိသိ။

သော၊ ထိုအုန်းမှုတ်သံ ကိုယ်တော်ကြီးသည်။ ထေရဿ၊ အရှင်မဟာကဿပမထေရ်အား။ ကုဇ္ဈိတွာ၊ အမျက်ထွက်၍။ ပုနဒိဝသေ၊ နောက်တစ်နေ့၌။ ထေရေန သဒ္ဓိံ၊ ရှင်မဟာကဿပမထေရ်မြတ်နှင့် အတူတကွ။ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။ ဂါမံ၊ ရွာအတွင်းသို့။ န ပါဝိသိ၊ မဝင်ခဲ့လေပြီ။

ဒေါသဖြစ်သွားပြီ။ ငါ့ကို ဒီလို ပြောရကောင်းလား ဆိုပြီးတော့ စိတ်ထဲ ဒေါသ ဖြစ်သွားပြီ။ စဉ်းစားကြည့်စမ်းပါဦးနော်။ ဆရာသမားတို့ရဲ့ တာဝန် ဆိုတာက မုသားပြောနေပြီ ဆိုလို့ရှိရင် မုသားပြောနေတာ မုသား မပြောသင့်ဘူးလို့ မဆုံးမသင့်ဘူးလား? ဆုံးမသင့်ပါတယ်။ အဲဒီလို ဆုံးမတာလေးကို သူက ဒေါသဖြစ်တယ်။ ဒီလို ဆိုလို့ရှိရင် တပည့်ဖြစ်ထိုက်ပါ့မလား? မဖြစ်ထိုက်တော့ဘူးနော်။ အဲဒီ ဒေါသဖြစ်ပြီးတော့ ရွာတွင်းကို ရှင်မဟာကဿပ ကိုယ်တော်နှင့်အတူ ဆွမ်းခံ မဝင်ဘူး။ မဝင်တော့ နောက်ထပ် ပြဿနာတစ်ခု ထပ်တိုးလာတယ်။ ဘာဖြစ်လဲ?

အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးက ခုနက ဝတ်ကြီးဝတ်ငယ် ကျေပွန်နေတဲ့ ရဟန်းတော်နဲ့အတူ ရွာတွင်းကို ဆွမ်းခံဝင်ရတယ်။ အဲဒီ ----------- = ခေါ်တဲ့ ရေမှုတ်သံကိုယ်တော်ကြီးကတော့ အရှင်မဟာကဿပ မထေရ်ကို ပြုစုလုပ်ကျွေးနေတဲ့ ဒါယကာ အိမ်တစ်အိမ်ကို သူက သွားတယ်။ ရှင်မဟာကဿပ မထေရ်ကြီးက သာသနာတော်မှာ နေလိုလလို ထင်ရှားနေတဲ့ ဘုရားရှင်ရဲ့ တတိယ တပည့်သာဝကကြီးတစ်ဦး ဖြစ်ပါတယ်။ ဒီရှင်မဟာကဿပရဲ့ ဂုဏ်သတင်းတွေက သာသနာတော်မှာ နေလိုလလို ထင်ရှားနေတာဖြစ်တော့ ကြည်ညိုနေတဲ့ ဒကာ၊ ဒကာမတွေကလည်း သိပ် အလွန်များတယ်။ ဒီဘုန်းကံရိပ်ကို သူက မှီခိုပြီးနေတဲ့ပုဂ္ဂိုလ်ပါ။

အဲဒီ ဘုန်းရိပ်ကံရိပ်ကို မှီခိုနေတဲ့ပုဂ္ဂိုလ်က ဘယ်ဒကာ၊ ဒကာမတွေက ကိုယ်တော်ကြီး ဒီရှင်မဟာကဿပမထေရ်ကြီးကို ကြည်ညိုတယ်ဆိုတာကို သူက သိပြီးသား။ သူ သိပ်အကဲပါးတယ်။ သိပြီးသားဆိုတော့ သူက အဲဒီ အိမ်ကို သူတစ်ပါးတည်း ကြွသွားလိုက်တယ်။ ကြွသွားလိုက်တဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? အိမ်ရှင် ဒကာတွေကလည်း ရှင်မဟာကဿပ မထေရ်မြတ်ကြီးအပေါ်မှာ ကြည်ညိုလေးစားနေတဲ့အတွက် “အရှင်ဘုရား ... ရှင်မဟာကဿပ မထေရ်မြတ်ကြီး ဒီနေ့ ဘယ်များ ကြွသလဲ?” မေးလိုက်တဲ့ အချိန်အခါကျတော့ ကြည့်နောက်ထပ် သူက မုသားတစ်ခု ထပ်စွက်လာပြန်တယ်နော် - ဘယ်လိုလဲ?

‘‘အဖာသုကေန ဝိဟာရေယေဝ နိသိန္နော’’

ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး မကျန်းမာလို့ကွယ် ကျောင်းမှာပဲ ကျန်ရစ်ခဲ့တယ်။ ဟုတ်သလား? ခက်ပုံက ခက်ပုံကနော်။ ကိုယ့်အဝတ်ကိုမှ ကိုယ် အားနာသေးရဲ့လား။ အားမနာဘူး။ ကိုယ်ဝတ်ထားတဲ့ အဝတ်က ဘယ်လို အဝတ်ဆိုတာ ခဏလောက် နည်းနည်း ပြန်-သတိရဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးက အချောင် နေမကောင်းတဲ့ ပုဂ္ဂိုလ်, မကျန်းမာတဲ့ပုဂ္ဂိုလ် ဖြစ်ရပြန်တယ်နော်။ အဲဒါနဲ့ အဲဒီလို ပြောပြီးတဲ့ အခါကျတော့ ဘာလုပ်သလဲ?

အရှင်ဘုရား ... ဒီလိုဆိုလို့ရှိရင် ရှင်မဟာကဿပ မထေရ်မြတ်ကြီးအတွက် ဘာများ ရသင့်သလဲ? ဘာများ အလိုရှိပါသလဲ?” မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့ “ဩော် ... ဒါတွေ ဒါတွေတော့ ရှင်မဟာကဿပကြီး လှူမယ်ဆိုရင် သိပ်ကောင်းတာပေါ့။ သူက ပြောပြီ။ ပြောပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? အဲဒီ ပစ္စည်းတွေလည်း ရရော မိမိ ကြိုက်နှစ်သက်တဲ့နေရာ သွားပြီး အကုန်လုံး စားပစ်လိုက်တယ်။ ဟန်ကျလိုက်တာ။ ဘယ့်,နှယ်တုန်း တစ်ဆင့်ထက်တစ်ဆင့် ဒီမုသားပြော-တတ်တဲ့ပုဂ္ဂိုလ်ဟာ အပြစ်တွေ တစ်ဆင့်ထက်တစ်ဆင့် လွန်ကျူးပြီး မလာဘူးလား? လာပါတယ်။

ဆိုဆုံးမခက်ခဲနေတဲ့ ပုဂ္ဂိုလ်က တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက် မြင့်တဲ့ မကောင်းမှု အကုသိုလ်တွေကို သူ မလွန်ကျူးဘူးလား? လွန်ကျူးလာပြီ။ အဲဒီလို မကောင်းမှု အကုသိုလ်တွေနဲ့ လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်ကို ခုနက နတ်သားက ဒါ ပြောနေဖို့ မလိုဘူး။ သူ့မှာ ပြောစရာ စကားမရှိဘူး။ ဒီလိုပုဂ္ဂိုလ်အတွက် ပြောစရာစကား မရှိဘူး။ စင်ကြယ်သန့်ရှင်းနေတဲ့ စင်ကြယ်-သန့်ရှင်းတဲ့ ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်အတွက်သာ သူ့မှာ ပြောစရာ စကားရှိတယ်။ ဘယ်လောက်ကောင်းတဲ့ စကားလည်း ကြည့်စမ်းနော်။

အဲ နောက်တစ်နေ့ကျတော့ ကံခေချင်တော့ - ပြဿနာက ပေါ်လာပြီ။ နောက်တစ်နေ့ကျတော့ ရှင်မဟာကဿပမထေရ်ကြီးက အဲဒီအိမ်ကို ဆွမ်းခံ ကြွမိရက်သား ဖြစ်နေပြန်တယ်။ ဆွမ်းခံ ကြွမိရက်သား ဖြစ်ပြန်တော့ အဲဒီအိမ်မှာပဲ ရှင်မဟာကဿပကိုယ်တော်မြတ်ကြီးက ထိုင်ပြီး သီတင်းသုံးလိုက်ပါတယ်။ အဲဒီအခါကျတော့ “အရှင်ဘုရား ... မနေ့က အရှင်ဘုရား မကျန်းမာဘူးဆို၊ အရှင်ဘုရား ကျောင်းမှာပဲ နေခဲ့တယ် ပြောတယ်။ အဲဒီတော့ ဤအမည်ရှိတဲ့ ရဟန်းငယ်လေးကနော် ဒီကိုယ်တော်ရဲ့ လက်ထဲမှာ တပည့်တော်တို့ အရှင်ဘုရားအတွက် အာဟာရတွေကို ထည့်ပြီးတော့ လှူလိုက်ပါတယ်။ အရှင်ဘုရား ဘုဉ်းပေးရရဲ့လား?” မေးတယ်။ ဘယ့်နဲ့လုပ် ဖြေမလဲ? ဟမ် ဘယ့်,နှယ်တုန်း ဘယ်လို ဖြေမလဲ? ဖြေဖို့ရာ မခက်ဘူးလား? တော်တော်လေး ခက်နေပြီ။ ကိုယ့်တပည့်လည်း ဖြစ်နေပြီ။ ကိုယ့်တပည့် ဖြစ်နေတော့ ဖြေလိုက်မယ်ဆိုရင် ခေတ်စကားနဲ့ ပြောရင်တော့ ဘာလဲ? ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေပြီ။ ဟုတ်တယ် မဟုတ်လား?

ဒီတော့ သူတော်ကောင်းဆိုတာက သူတစ်ပါး ထိခိုက်အောင်လည်း မပြောပါဘူး။ မပြောတဲ့ အခါကျတော့ အဲဒီသူတစ်ပါး ထိခိုက်အောင် မပြောတာကိုဘဲ တစ်ဖက်ပုဂ္ဂိုလ်က အခွင့်အရေးက သိပ်ယူတတ်တယ်။ ဒါကြောင့် တော်တော်လေး လောကမှာ မခက်ဘူးလား? ခက်တယ်။ ဆိုဆုံးမ လွယ်ကူတဲ့ပုဂ္ဂိုလ်အဖို့ဟာ အခွင့်အလမ်းနဲ့ မင်္ဂလာတရားတွေ ပွင့်လန်းနေပါတယ်။ ဒီလို ဆိုဆုံးမခက်ခဲတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပြီ ဆိုလို့ရှိရင်တော့ တစ်ဆင့်ပြီးတစ်ဆင့် အကုသိုလ်တရားတွေက တိုးပွားပြီး ဖိမလာဘူးလား? ဖိလာပြီးနော်။ အဲဒီအချိန်အခါကျတော့မှ ရှင်မဟာကဿပ-ကိုယ်တော်မြတ်ကြီးက ဆိတ်ဆိတ်နေပြီးတော့ ဆွမ်းစားခြင်းကိစ္စကို ပြီးအောင်လုပ်၊ ကျောင်းကြွ။ ကျောင်းကြွပြီးတဲ့ အချိန်အခါကျတော့ ညနေချမ်း အခါကျတော့ ဆရာသမားထံ လာနေကျဆိုတော့ မလာဘဲလည်း နေလို့က မရဘူး။ ဒီကိုယ်တော်က လာပြန်ပြီ။ လာတဲ့ အချိန်အခါကျတော့ အရှင်-မဟာကဿပမထေရ်ကြီးက ဒုတိယအကြိမ် ထပ်ပြီးတော့ ဆိုဆုံးမပြန်တယ်။

‘‘အာဝုသော, အသုကဂါမေ နာမ အသုကကုလေ ‘ထေရဿ ဣဒဉ္စိဒဉ္စ လဒ္ဓုံ ဝဋ္ဋတီ’တိ ဝိညာပေတွာ ကိရ တေ ဘုတ္တံ’’

အာဝုသော၊ ငါ့အရှင်။ အသုကဂါမေ နာမ၊ ဤအမည်ရှိတဲ့ ရွာရဲ့အတွင်း၌။ အသုကကုလေ၊ ဤအမည် ဤအမည်ရှိတဲ့ ဒါယကာအိမ်၌။ ထေရဿ၊ ရှင်မဟာကဿပမထေရ်မြတ်အား။ ဣဒဉ္စိဒဉ္စ၊ ဤအမည်ရှိတဲ့ ဆွမ်းခဲဖွယ်ဘောဇဉ်ကိုလည်း။ လဒ္ဓုံ၊ ရရှိခြင်းငှာ။ ဝဋ္ဋတိ၊ သင့်ပါ၏။ ဣတိ၊ ဤသို့။ ဝိညာပေတွာ၊ ကိုယ်တိုင်တောင်း၍။ တေ၊ သင်သည်။ ကိရ ဘုတ္တံ၊ စားပါသလား?

မေးကြည့်တယ်။ ဘယ့်,နှယ်တုန်း တိုက်ရိုက်ပဲ မေးလိုက်တယ်။ ဒီလို ပုဂ္ဂိုလ်မျိုးက ဒီလို တိုက်ရိုက်မေးမှ တော်ပုံရတယ်။ ဟင် အဲဒီလို မေးလိုက်တဲ့ အချိန်အခါကျတော့ ဒီရွာထဲက ဒီဒကာအိမ် အရှင်ဘုရားသွားပြီးတော့ ရှင်မဟာကဿပမထေရ်အတွက် ဤမည် ဤမည်ရှိတဲ့ ဆွမ်းခဲဖွယ်ဘောဇဉ်တွေ ရသင့်တယ်လို့ ပြောပြီးတော့ အရှင်ဘုရား စားသလား? မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့ အဲဒီလို မေးပြီးတဲ့အခါ ရှင်မဟာကဿပမထေရ်ကြီးက ဘာဆက်ပြီးတော့ ဆုံးမလဲ?

‘‘ဝိညတ္တိ နာမ န ဝဋ္ဋတိ, မာ ပုန ဧဝရူပံ အနာစာရံ စရာ’’

ဝိညတ္တိ နာမ၊ ဝစီဝိညတ်ဖြင့် ကိုယ်တိုင်တောင်းရမ်းခြင်း မည်သည်ကား။ န ဝဋ္ဋတိ၊ ရဟန်းတော်အဖို့ မသင့်တင့် မလျောက်ပတ်ပေ၊

ဘာဖြစ်လို့လဲ? ဒီဒကာက ဆွေမျိုးလည်း မတော်ဘူး။ ပစ္စည်းလေးပါး ဖိတ်ကြားထားတာလည်း မဟုတ်ဘူး။ ရှင်မဟာကဿပက တကယ် မကျန်းမာတာလည်း မဟုတ်ဘူး။ ရှင်မဟာကဿပအတွက် တကယ်လိုလားအပ်တဲ့ ဝတ္ထုပစ္စည်းလည်း မဟုတ်ဘူး။ မဟုတ်ဘဲနဲ့ ဒီလို သွားတောင်းတယ်ဆိုတာ တော်မလား? မတော်တဲ့အတွက်ကြောင့် ဘာဖြစ်လဲ? မတော်ဘူးလို့ ဆုံးမတယ်။

ဝိညတ္တိ နာမ၊ ဝစီဝိညတ်ဖြင့် ကိုယ်တိုင်တောင်းရမ်းခြင်း မည်သည်ကား။ န ဝဋ္ဋတိ၊ ရဟန်းတော်အဖို့ မသင့်ပါ။ မာ ပုန၊ တစ်ဖန်။ ဧဝရူပံ၊ ဤကဲ့သို့။ အနာစာရံ၊ မကျင့်သင့် မကျင့်ထိုက်တဲ့ လုပ်ငန်းရပ်မျိုးကို။ စရာ၊ မကျင့်ပါနှင့်။

နောက်ထပ် ဒီလို မကျင့်သင့်တဲ့ အကျင့်မျိုး ဘယ်တော့မှ မကျင့်နဲ့။ ဆုံးမလိုက်တယ်။ ဘယ်လောက်များ အပြစ်ကြီးလဲလို့ ဟင် ဆုံးမချက်ကို နားထောင်ကြည့်မယ် ဆိုလို့ရှိရင် အလွန် ကြီးလေးတဲ့စကားတွေ ဟုတ်သလား? မဟုတ်ဘူး။ အဲဒီလို ဆုံးမလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?

‘‘အယံ ဟိယျောပိ ဥဒကမတ္တံ နိဿာယ မယာ သဒ္ဓိံ ကလဟံ ကရိ, ဣဒါနိ ပနဿ ဥပဋ္ဌာကာနံ ဂေဟေ မယာ ဘတ္တမုဋ္ဌိ ဘုတ္တာတိ အသဟန္တော ပုန ကလဟံ ကရောတိ, ဇာနိဿာမိဿ ကတ္တဗ္ဗယုတ္တကံ’’

အယံ၊ ဤအရှင်မဟာကဿပကိုယ်တော်ကြီးသည်။ ဟိယျောပိ၊ မနေ့ကလည်း။ ဥဒကမတ္တံ၊ ရေမျှလောက်သော အကြောင်းရပ်အား။ နိဿာယ၊ အမှီပြု၍။ မယာ သဒ္ဓိံ၊ ငါနှင့်။ ကလဟံ၊ ငြင်းခုန်ခြင်းကို။ ကရိ၊ ပြုခဲ့လေပြီ၊

ကဲ ကြည့် ... မနေ့ကလည်း မပြောပလောက်တဲ့ ရေမျှဆိုတဲ့ ကိစ္စလေး အကြောင်းပြုပြီး ငါနဲ့ ငြင်းခုန်မှု ဖြစ်ခဲ့တယ်။ တကယ်တော့ ငြင်းခုန်တာ ဟုတ်သလား? မဟုတ်ပါဘူး။ သူ့ဘက်က သူ့ကို ခိုက်ရန်-လုပ်တယ်။ ငြင်းခုန်တယ်။ သူက ဒီလို ထင်နေတာ။ ခက်ပုံကနော်။ ------------ = ဆိုဆုံးမ ခက်ခဲတဲ့ ပုဂ္ဂိုလ်တွေရဲ့စိတ်ထားက ဒီပုံစံပဲ ရှိတယ်။ အကောင်းသူက မြင်လား? မမြင်ဘူး။ အဆိုးပဲ သူက တစ်ဖက်သတ် မြင်နေတယ်။

ဣဒါနိ ပန၊ ခုခါ၌။ အဿ၊ ထိုအရှင်မဟာကဿပကိုယ်တော်ရဲ့။ ဥပဋ္ဌာကာနံ၊ အလုပ်အကျွေးဖြစ်တဲ့ ဒါယကာတို့၏။ ဂေဟေ၊ နေအိမ်၌။ မယာ၊ ငါသည်။ ဘတ္တမုဋ္ဌိ၊ တစ်ဆုပ်မျှသော ဆွမ်းကိုလည်း။ ဘုတ္တာတိ၊ စား၏ဟူ၍။ အသဟန္တော၊ သည်းမခံနိုင်သည်ဖြစ်၍။ ပုန၊ တစ်ဖန်။ ကလဟံ ကရောတိ၊ ငြင်းခုန်ခြင်းကို ရန်လုပ်ပြီး ငါ့ကို ပြောပြန်တယ်၊

ဟော ... ဆွမ်းလေးတစ်ဆုပ် စားမိတာနဲ့ တစ်ဆုပ်ကော ဟုတ်သလား? မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘက်ကျတော့ နည်းနည်း လျော့လျော့ ပေါ့ပေါ့ မပြောဘူးလား? ဟင်း ဘယ့်,နှယ်တုန်း သီလရှင်တွေ ဟုတ်သလား? ဟင် ကိုယ့်ဘက်ကျတော့ လျော့လျော့ပေါ့ပေါ့လေး ပြောတယ်။ သူများကျတော့ ပိဿာလေးကြီး နှစ်ခုသုံးခုလောက် ဖိပြီး ထည့်လိုက်တယ်။ ဟုတ်တယ်မဟုတ်လား? ကိုယ့်ဘက်ကျတော့ တစ်ကျပ်သား နှစ်ကျပ်သားလောက်ပေါ့နော်။ ဒီတော့ သူဒါယကာရဲ့အိမ်မှာ ငါက ဆွမ်းလေး တစ်ဆုပ်လောက် သွားစားမိတာနဲ့ ဒါအကြီးအကျယ် ရန်လုပ်ပြီး ငါ့ကို ပြောပြန်-တယ်နော်။

အဿ၊ ထိုရှင်မဟာကဿပကိုယ်တော်အား။ ကတ္တဗ္ဗယုတ္တကံ၊ ပြုသင့်ပြုထိုက်တဲ့ ယှဉ်သောအမှုကို။ ဇာနိဿာမိ၊ သိရှိစေရမယ်။

ဒင်းအပေါ် ငါ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို ดင်း သိစေရမယ်။ ကြိမ်းလိုက်ပြီ။ ကြိမ်းလိုက်တဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? နောက်တစ်နေ့ ရှင်မဟာကဿပကိုယ်တော်ကြီး ရွာထဲ ဆွမ်းခံကြွပြီ။ ဆွမ်းခံကြွလိုက်တဲ့ အချိန်အခါကျတော့ ရွာထဲလည်း ဝင်သွားတော့ သူက ဆောက်ပုတ်တို့, လက်ရိုက်တို့ ယူပြီးတဲ့ အချိန်အခါကျတော့ အဲဒီမှာ ရှင်မဟာကဿပ အသုံးပြုတဲ့ အိုးတွေ, ခွက်တွေ အကုန်လုံး ရိုက်ခွဲတယ်။ ရိုက်ခွဲပြီးတဲ့ အချိန်အခါကျတော့ အရှင်မဟာကဿပကိုယ်တော်ရဲ့ကျောင်း မီးရှို့၊ မီးရှို့ပြီးတော့ သူလည်း ထွက်ပြေးပြီ။ ထွက်ပြေးတော့ သူ့အတွက် သက်သာရာ ရမလား? ပြဿနာလေးတစ်ခု ဝမ်းနည်းဖို့ သိပ်ကောင်းတယ်နော်။ ဘာဖြစ်လဲ?

သော ဇီဝမာနောဝ မနုဿပေတော ဟုတွာ သုဿိတွာ ကာလံ ကတွာ အဝီစိမဟာနိရယေ နိဗ္ဗတ္တိ။

သော၊ ထိုရဟန်းသည်။ ဇီဝမာနောဝ၊ အသက်ရှင်နေစဉ်ပင်လျက်။ မနုဿပေတော၊ လူ့ပြိတ္တာသည်။ ဟုတွာ၊ ဖြစ်၍။ သုဿိတွာ၊ အသားအရေ ခန်းခြောက်၍။ ကာလံ ကတွာ၊ သေလွန်ခဲ့သည်ရှိသော်။ အဝီစိမဟာနိရယေ၊ အဝီစိငရဲကြီး၌။ နိဗ္ဗတ္တိ၊ ဖြစ်ခဲ့ရလေပြီ။

ဘယ်လောက် ကြောက်ဖို့ ကောင်းလဲနော်။ ဒါ ဘာအခြေခံလဲ? ပြန်-ဆန်းစစ်ကြည့်ပါနော်။ အခြေခံတာက ဆိုဆုံးမခက်ခဲခြင်းဆိုတဲ့ --------- = ပုဂ္ဂိုလ်အနေနဲ့ တည်တယ်။ ဒီလှည့်ဖြား လိမ်လည်ခြင်းဆိုတဲ့ ဒီအပေါ်တွေမှာ, ကောက်ကျစ်စဉ်းလဲခြင်းဆိုတဲ့ ဒီမကောင်းမှုတွေအပေါ်မှာ မတည်ဘူးလား? တည်နေတယ်။ အဲဒီလို မကောင်းမှုတွေကို သူတစ်ပါးက မကောင်းမှုပါဘဲလို့ ပြောလိုက်တဲ့ အချိန်အခါမှာ ဒေါသဖြစ်တယ်။ ဒေါသတွေ ဖြစ်လာပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့ သူတော်ကောင်းတွေကို သွားပြီးတော့ ပစ်မှားပြီ။ ပစ်မှား-လိုက်တဲ့အတွက် အသက်ရှင်နေတုန်းမှာပဲ လူ့ပြိတ္တာ ဖြစ်ပြီးတော့ အသားအရေတွေ အကုန်လုံး ခန်းခြောက်။ ခန်းခြောက်ပြီးတော့ ကွယ်လွန်သွားတဲ့ အချိန်အခါကျတော့လည်း အဝီစိငရဲရောက်သွားရတယ်။ ------------- ပုဂ္ဂိုလ်တို့ သွားရမဲ့လမ်း, လိမ်လည်လှည့်ဖြားတတ်တဲ့ ပုဂ္ဂိုလ်တွေ သွားရမဲ့လမ်း, သည်းခံမှု ခန္တီတရားမရှိတဲ့ ပုဂ္ဂိုလ်တွေ သွားရမဲ့လမ်း, ဆိုဆုံးမခက်ခဲတဲ့ ပုဂ္ဂိုလ်တွေ သွားရမဲ့လမ်း ဖြစ်တယ်နော်။

အဲဒီတော့ ဒီရဟန်းတော် ပြုလိုက်တဲ့ မပြုသင့် မပြုထိုက်တဲ့ ဒီအကျင့်က လူအများအလယ်မှာ အလွန် ထင်ရှားပြီ။ ထင်ရှားလိုက်တဲ့ အချိန်အခါကျတော့ ရာဇဂြိုဟ်ကနေပြီးတော့ ရဟန်းတော်တချို့ သာဝတ္ထိကို ကြွပြီ။ သာဝတ္ထိကြွလိုက်တဲ့ အချိန်အခါမှာ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက် ရောက်တဲ့ အချိန်အခါမှာ မိမိတို့ရဲ့ တစ်ပါးပါးဖြစ်တဲ့ ------- ရဟန်းတော်တွေထဲ သပိတ်သင်္ကန်းတွေ အပ်နှံပြီးတော့ မြတ်စွာဘုရားထံ ကြွပြီးတော့ မြတ်စွာဘုရားထံ ရိုသေစွာ ရှိခိုး၊ သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်ကြ။ အဲဒီ အခါမှာ အာဂန္တု ရဟန်းတော်တွေနဲ့ မြတ်စွာဘုရားကလည်း ပရိသံတာပစကားလို့ ခေါ်ဆိုအပ်တဲ့ နှုတ်ခွန်းဆက်သခြင်းဆိုတဲ့ စကားတွေ ပြောပါတယ်။ ပြောလိုက်တဲ့ အချိန်အခါကျတော့ -

ကဲ ချစ်သားတို့ ...သင်တို့ ဘယ်အရပ်ကများ ကြွလာသလဲ” စသည်ဖြင့် မေးလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က တရားဟောချင်လည်း မေးတာပဲ သိပါတယ်။ ဘယ်အရပ်က ကြွလာလဲလို့ မေးလိုက်တဲ့ အချိန်အခါကျမှ - “တပည့်တော်တို့ဘုရား ... ရာဇဂြိုဟ်ကနေ ကြွလာတဲ့အကြောင်း” ပြန်ပြီးတော့ လျှောက်ထားကြတယ်။ အဲဒီအခါကျတော့ ရာဇဂြိုဟ်-မှာ “သင်တို့ကို အဆုံးအမ ဩဝါဒပေးနေတဲ့ ဆရာသမားဟာ ဘယ်ပုဂ္ဂိုလ်လဲလို့” မေးကြည့်လိုက်တော့ “အရှင်မဟာကဿပ၊ မထေရ်မြတ်ကြီးက တပည့်တော်တို့ကို ဆိုဆုံးမပေးနေတဲ့ ဩဝါဒ ရဟန်းတော်ကြီး ဖြစ်ပါတယ်ဘုရား” ဆိုပြီးတော့ ပြန်လျှောက်ထားကြတယ်နော်။ အဲဒီအခါကျမှ ဘုရားရှင်က “ချစ်သားရဟန်းတို့ ... ရှင်မဟာကဿပမထေရ်ကြီးက ချမ်းချမ်းသာသာ နေထိုင်ရရဲ့လား” မေးကြည့်တယ်။

အရှင်ဘုရား ... မှန်ပါတယ်။ အရှင်မဟာကဿပမထေရ်ကြီးအဖို့တော့ ချမ်းသာသုခ ရှိပါတယ်။ ဒါပေမဲ့ အရှင်မဟာကဿပမထေရ်ကြီးရဲ့ တပည့်ရင်းဖြစ်တဲ့ ပုဂ္ဂိုလ်ရဟန်းတော်တစ်ပါးက အဆုံးအမ ဩဝါဒ ပေးလိုက်တဲ့ အချိန်အခါမှာ ငါ့ကို ဒီလို ပြောရကောင်းလားဆိုပြီး ဒေါသထွက်တယ်။ ဒေါသထွက်မိတဲ့အတွက် ရှင်မဟာကဿပမထေရ်ကြီးရဲ့ သစ်ရွက်မိုးကျောင်းလေးကို မီးရှို့ပြီးတော့ ထွက်ပြေးသွားပါတယ် မြတ်စွာဘုရား ...” ဆိုပြီးတော့ ပြန်ပြီး လျှောက်ထားကြတယ်။ အဲဒီ အခါကျတော့မှ ဘုရားရှင်က -

‘‘ဘိက္ခဝေ, ကဿပဿ ဧဝရူပေန ဗာလေန သဒ္ဓိံ စရဏတော ဧကစရိယာဝ သေယျော’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ကဿပဿ၊ ကဿပမထေရ်အဖို့။ ဧဝရူပေန ဗာလေန၊ ဤကဲ့သို့ သဘောရှိသော လူမိုက်နှင့်။ သဒ္ဓိံ၊ အတူတကွ။ စရဏတော၊ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တို့ကို အတူတကွ ကျင့်သုံး၍ နေရခြင်းထက်။ ဧကစရိယာဝ၊ တစ်ဦးတည်းတည်း၊ တစ်ယောက်ထီးထီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်း-ကသာလျှင်။ သေယျော၊ သာလွန်၍ မြတ်ပါပေ၏၊

ဒီလိုသဘောရှိတဲ့ စိတ်ထားယုတ်ညံ့နေတဲ့ လူမိုက်နှင့် အတူတကွ တရားတွေကို သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ တရားဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရခြင်းထက် တစ်ယောက်ထီးထီး ကျင့်တာက ပိုပြီးတော့ မြတ်ပါတယ်။ ဘယ့်,နှယ်တုန်း ဒီစကား လက်ခံနိုင်ကြလား? မသူတော်တွေ ဆိုတာက သူတစ်ပါးတွေကို စိတ်ဆင်းရဲအောင် မလုပ်တတ်ဘူးလား? လုပ်တတ်တယ်။ သီတင်းသုံးဖော်-တွေက စိတ်ဆင်းရဲလာပြီ ဆိုလို့ရှိရင် သီတင်းသုံးဖော်တွေကလည်း စိတ်အနှောင့်အယှက်တွေ ဝင်လာတဲ့အတွက် သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ဖြောင့်ဖြောင့် ကျင့်နိုင်သလား? မကျင့်နိုင်ဘူး။ စိတ်အနှောင့်အယှက်တွေက များတယ်နော်။ ဒါကြောင့် ဒီလို လူမိုက်တွေနဲ့ အတူတကွ တရားကျင့်နေရခြင်းထက် တစ်ယောက်တည်းတည်း ကျင့်နေခြင်းက ပိုပြီးတော့ မမြတ်ဘူးလား? မြတ်ပါတယ်ဆိုပြီးတော့ မြတ်စွာဘုရားက အဲဒီစကား အမိန့်ရှိလိုက်တဲ့အခါကျမှ ဂါထာလေး တရားဒေသနာလေး ဆက်ပြီး ဟောတယ်။

‘‘စရဉ္စေ နာဓိဂစ္ဆေယျ, သေယျံ သဒိသမတ္တနော၊ ဧကစရိယံ ဒဠှံ ကယိရာ, နတ္ถี่ ဗာလေ သဟာယတာ’’

အတ္တနော၊ မိမိနှင့်။ သဒိသမတ္တနော၊ မိမိနှင့်တူညီသော။ သေယျံ၊ မြင့်မြတ်သော စိတ်ထားရှိသော။ စရံ၊ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသော သူတော်ကောင်းကို။ နာဓိဂစ္ဆေယျ စေ၊ အကယ်၍ မရရှိခဲ့ဘူးဆိုရင်။ ဧကစရိယံ၊ တစ်ယောက်တည်းတည်းဖြင့်။ ဒဠှံ၊ စိတ်ဓာတ်မြဲမြံ ခိုင်ခံ့စွာဖြင့်။ ကယိရာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကို ပြုပါ။ ဗာလေ၊ လူမိုက်နှင့်။ သဟာယတာ၊ ပေါင်းဖော်ခြင်း ဆိုတာကတော့။ နတ္ထိ၊ ဘယ်တော့မှ မရှိသင့်ဘူး။

လူမိုက်နှင့် ပေါင်းဖော်မှုဆိုတာကတော့ မရှိသင့်ဘူး။ ရှိကို မရှိသင့်ဘူး။ အကယ်၍ မိမိနှင့် တူညီနေတဲ့ စိတ်ဓာတ် မြင့်မြတ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး, သူတော်ကောင်းတစ်ဦးကို မရရှိခဲ့ဘူးဆိုရင် တစ်ယောက်တည်းတည်းဖြင့် စိတ်ဓာတ်မြဲမြံ ခိုင်ခံ့စွာဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကို ပြုပါ။ လူမိုက်နှင့် ပေါင်းဖော်ခြင်း ဆိုတာကတော့ ဘယ်တော့မှ မရှိသင့်ဘူး။ ဘယ့်,နှယ်တုန်း ဘုရားရှင်ရဲ့ အဆုံးအမဟာ အကျိုး မရှိဘူးလား? အကျိုး သိပ်ရှိတယ်။

မိမိနှင့် စိတ်ထားချင်း တူညီပြီးတော့ မိမိနဲ့ မြင့်မြတ်တဲ့ မိမိအပေါ်မှာ မြင့်မြတ်တဲ့စိတ်ထား ရှိနေတဲ့ မိမိကဲ့သို့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ သူတော်ကောင်းတစ်ဦးကို ရခဲ့ရင်တော့ အတူတူနေပါ။ ဒါက ဘုရားရှင်ရဲ့ ဆန္ဒတော်ပဲ။ အဲဒီလို မြင့်မြတ်နေတဲ့ စိတ်ထားရှိတဲ့ မိမိနဲ့ တန်းတူညီတူနေတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ ပုဂ္ဂိုလ်ကို မရခဲ့ဘူးဆိုရင်တော့ တစ်ယောက်ထီးထီး နေပြီးတော့ပဲ စိတ်ဓာတ် ခိုင်ခိုင်မြဲမြဲနဲ့ပဲ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ပါ။ လူမိုက်နဲ့ ဘယ်တော့မှ ပေါင်းဖော်မှုဆိုတာ မရှိသင့်ဘူး။ ဒီလို ဘုရားရှင်က ဆုံးမတယ်နော်။ အဲဒီလို ဆုံးမပြီးတဲ့ အချိန်အခါ-ကျတော့မှနော်။

‘‘န, ဘိက္ခဝေ, ဣဒါနေဝ သော ကုဋိဒူသကော, ပုဗ္ဗေပိ ကုဋိဒူသကောယေဝ, န စ ဣဒါနေဝ ဩဝါဒဒါယကဿ ကုဇ္ဈတိ, ပုဗ္ဗေပိ ကုဇ္ဈိယေဝ’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သော၊ ထိုရဟန်းသည်ကား။ ဣဒါနေဝ၊ ဤယခုဘဝ၌ပင်လျှင်။ ကုဋိဒူသကော၊ သူတစ်ပါးတို့ရဲ့ ကျောင်းကို ဖျက်ဆီးတတ်တဲ့ ပုဂ္ဂိုလ်သည်။ န ဟောတိ၊ ဖြစ်သည် မဟုတ်သေး။ ပုဗ္ဗေပိ၊ ဟိုးရှေးယခင်ဘဝတုန်းကလည်းပဲ။ ကုဋိဒူသကောယေဝ၊ သူတစ်ပါးတို့ရဲ့ ကျောင်းအိပ်ရာနေရာကို ဖျက်ဆီးခဲ့ဖူးတဲ့ ပုဂ္ဂိုလ်သည်သာလျှင်။ ဟောတိ၊ ဖြစ်ခဲ့ဖူးလေပြီ။ ဣဒါနေဝ၊ ဤယခု အခါ၌ပင်လျှင်။ ဩဝါဒဒါယကဿ၊ အဆုံးအမ ဩဝါဒကို ပေးသနားတတ်တဲ့ ဆရာသမားအား။ န ကုဇ္ဈတိ၊ အမျက်ထွက်တတ်သည် မဟုတ်သေး။ ပုဗ္ဗေပိ၊ ဟိုးရှေးယခင်ဘဝတုန်းကလည်းပဲ။ ကုဇ္ဈိယေဝ၊ အမျက်-ထွက်ခဲ့ဖူးသည်သာလျှင်တည်း။

ဘယ်လောက် ကြောက်ဖို့ကောင်းသလဲနော်။ သံသရာ အဆက်ဆက်က ပါလာတဲ့ဓာတ်ငွေ့ ကြည့်နော်။ ခုဘဝမှာ ဒီကိုယ်တော်ဟာ သူတစ်ပါးတို့ရဲ့ ကျောင်းကို ဖျက်ဆီးခဲ့တာ မဟုတ်သေးဘူး။ သူတစ်ပါးတို့ရဲ့ အသိုက်အအုံကို ဖျက်ဆီးခဲ့တာ မဟုတ်သေးဘူး။ ဟိုရှေးရှေးဘဝတွေကလည်း သူတစ်ပါးရဲ့ အသိုက်အအုံ၊ သူတစ်ပါးတို့ရဲ့ အိပ်ရာနေရာကို ဖျက်ဆီးခဲ့ဖူးတယ်။ ဘဝတစ်ခုမှာ လက်ခံထားတဲ့ ဓာတ်ငွေ့သည် နောင်ဘဝအထိ ဆက်ပြီးတော့ ကပ်မပါဘူးလား? ပါတယ်နော်။ ဝါသနာဓာတ်ငွေ့ဆိုတာ ဒါပြောတာပဲ။ ဘဝတစ်ခုမှာ လက်ခံထားတဲ့ အကောင်းဓာတ်ငွေ့ကလည်း သံသရာ အဆက်ဆက်မှာ ကပ်ပြီးတော့ အကောင်းဓာတ်ငွေ့တွေ ပါသွားတတ်တယ်။ ဘဝတစ်ခုမှာ လက်ခံထားတဲ့ မကောင်းဓာတ်ငွေ့ကလည်း သံသရာ အဆက်ဆက်မှာ ကပ်ပြီးတော့ မကောင်းဓာတ်ငွေ့တွေ ပါသွားတတ်တယ်။ ဒါ သတိရှိဖို့ သိပ်လိုတယ်နော်။

မိမိတို့ရဲ့ စိတ်နေစိတ်ထားလေးတွေကို ပြုပြင်ပြောင်းလဲပေးတတ်ဖို့ လိုပါတယ်။ ခုလို အသိဉာဏ်ရှိတဲ့ ဘဝတစ်ခု ရရှိပြီ။ ခုလို အဆင့်အတန်း မြင့်မားနေတဲ့ သာသနာတော်နဲ့ တွေ့ကြုံခွင့် ရရှိပြီ။ ဒီအချိန်အခါမှာမှ မိမိရဲ့စိတ်ဓာတ်ကို မိမိတို့ ပြုပြင်ပြောင်းလဲမှု မလုပ်ရင် ဘယ်အခါ သွားလုပ်မလဲ? ပြန်စဉ်းစားကြည့်ပါနော်။ ခုဒီမှာကြည့် - ဒီရဟန်းတော်က သူက အဆင့်အတန်း မြင့်မားနေတဲ့ သာသနာတော်ကြီးနဲ့ လာတွေ့ကြုံရသည် ဖြစ်ပါလျက် မိမိရဲ့စိတ်ဓာတ်ကို မိမိ ပြုပြင်ပြောင်းလဲမှု လုပ်သလား? မလုပ်ဘူး။ အတိတ်က ပါလာတဲ့ ဓာတ်ငွေ့အတိုင်းပဲ ဒီဘဝမှာလည်း သူတစ်ပါးရဲ့ ကုဋီကို ဖျက်ဆီးပစ်ပြန်တယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။

အတိတ်ဘဝတုန်းကလည်း သူက မိမိကို ပြောဆိုဆုံးမနေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ အမျက်ထွက်တယ်, ဒေါသကြီးတယ်။ ငါ့ ပြောရကောင်းလား ဆိုပြီးတော့ သိပ်ပြီးတော့ ဒေါသကြီးတယ်။ ဒီဘဝမှာလည်း မိမိကို ပြောဆိုဆုံးမနေတဲ့ ဆရာသမားတွေအပေါ်မှာ အမျက်ဒေါသ မထွက်ဘူးလား? ထွက်ပြန်တယ်။ အတိတ်ဘဝတစ်ခုက လက်ခံထားခဲ့တဲ့ ဒီဒေါသဓာတ်ငွေ့သည် ရင့်ကျက်လာတဲ့ အချိန်အခါမှာ သံသရာ အဆက်ဆက်ထိ ကပ်ပြီး ပါမလာဘူးလား? ပါလာတယ်။ ပါလာလိုက်တဲ့ အချိန်အခါကျတော့ အရှင်မဟာကဿပမထေရ်ကို ပြန်ကြည့်လိုက်ပါ။ ဓုတင် ၁၃-ပါးကို ဆောင်တဲ့နေရာမှာ ဧတဒဂ်ဘွဲ့ထူး ရရှိတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်တယ်။ ဘုရားရှင်ရဲ့ သာဝကတပည့်တွေထဲမှာ အရှင်သာရိပုတ္တရာမထေရ်မြတ်နဲ့ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကလွဲရင် တတိယ အကြီးဆုံး သာဝက တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလို သာဝကကြီးတစ်ဦးကိုသော်လည်း ကျေနပ်နိုင်တဲ့ စိတ်ထား သူ့မှာ ရှိသလား? မရှိဘူး။ ဘာဖြစ်လို့လဲ?

မိမိကို ဆိုဆုံးမတဲ့ ပုဂ္ဂိုလ်တွေအပေါ်၌ မကျေနပ်တဲ့ စိတ်ထားတွေကို သံသရာအဆက်ဆက်က သူက မွေးမြူခဲ့တယ်။ မွေးမြူတဲ့ ဒီစိတ်ထားတွေက ရင့်ကျက်လာတဲ့ အချိန်အခါမှာ ယခုလိုဘဝမှာ အလွန် ကြည်ညိုသင့် ကြည်ညိုထိုက်တဲ့ သူတော်ကောင်းတစ်ဦးကို လာပြီး တွေ့ရသော်လည်းပဲ ဒီသူတော်ကောင်းအပေါ်၌ ကြည်ညိုနိုင်တဲ့ စိတ်ဓာတ်တွေ ပေါ်သလား? မပေါ်ဘူး။ ဒေါသစိတ်ဓာတ်တွေပဲ ပြန်ပြီးတော့ ပေါ်လာတယ်နော်။ ပေါ်-လာတဲ့အတွက် ထိုရဟန်းတွေက လျှောက်ထားတောင်းပန်တဲ့အတွက် ဘုရားရှင်က ရှေးအတိတ်ဇာတ်လမ်းဟောင်းပေါ့နော်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းတစ်ခု ဟောပေးပါတယ်။ ကုဋိဒူသကဇာတ်ပဲနော်။

အဲဒီတော့ အတိတ်ဘဝတစ်ခုမှာပေါ့လေ - ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း ထီးဖြူအုပ်ချုပ်မင်းလုပ်တဲ့အချိန် ဆိုကြပါစို့ ... ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်က သိင်္ဂီလအမည်ရှိတဲ့ ငှက်မျိုးမှာ သွားပြီးတော့ ငှက်ဖြစ်ပါတယ်။ အဲဒီ သိင်္ဂီလငှက်ကိုတော့ ဘယ်လိုငှက်လို့ အတိအကျ မသိလို့နဲ့ တူပါတယ်။ ဘာသာပြန် ရှေးရှေးဆရာတော်ကြီးတွေကလည်း သိင်္ဂီလငှက်လို့ပဲ ဘာသာပြန်လိုက်တယ်။ ဘယ်လိုငှက်တော့ ဘုန်းကြီးလည်း မသိဘူးနော်။ အဲဒီ ငှက်မျိုးမှာ သွားပြီးတော့ ဖြစ်လိုက်တဲ့ အချိန်အခါ အရွယ်ရောက်လာတော့ ဘာလုပ်သလဲ? မိမိအတွက် နှစ်သက်မြတ်နိုးဖွယ်ရာ ကောင်းတဲ့ အသိုက်ကလေးတစ်ခုကို စနစ်တကျ ပြုလုပ်ပါတယ်။ ပြုလုပ်ပြီးတဲ့ အချိန်အခါကျတော့ ဒီအသိုက်ကလေးမှာ နေတယ်။ ဒီအသိုက်က ဘယ်မှာ တည်ရှိသလဲလို့ မေးတော့ ဟိမဝန္တာက တောအတွင်းမှာပဲ တည်ရှိပါတယ်။

ဒါပေမဲ့ တစ်နေ့မှာ မျောက်တစ်ကောင်က မိုးရွာတဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ? မိုးတွေကလည်း ၇-ရက် ၇-လီ စွေနေတဲ့ မိုးကြီးနဲ့ တူပါရဲ့။ မိုးရိပ်ကလည်း မပြတ်ဘူး။ အပြင်းအထန် ဆက်တိုက်ရွာသွန်းနေတဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ? ဒီမျောက်က အအေးဒဏ်က နှိပ်စက်လိုက်တဲ့အတွက် သွားတွေ ခတ်ခတ် ခတ်ခတ် ဖြစ်နေတယ်နော်။ သွားခိုက်ခိုက်တုန်အောင် သူက ချမ်းနေပြီ။ ချမ်းနေတဲ့ အချိန်အခါကျတော့ သူက အဲဒီ ဘုရားအလောင်း သိင်္ဂီလငှက်ရဲ့အသိုက်နဲ့ မလှမ်းမကမ်းလေးမှာ သူက ခိုက်ခိုက်တုန်ပြီး ချမ်းနေတာ လှမ်းပြီးတော့ ဘုရားအလောင်းသိင်္ဂီလငှက်က မြင်တယ်။ မြင်လိုက်တဲ့ အချိန်အခါကျတော့ ဘုရားအလောင်း သိင်္ဂီလငှက်က သူ့ကို ဂါထာလေးတစ်ခုနဲ့ မေးကြည့်တယ်နော်။

‘‘မနုဿဿေဝ တေ သီသံ, ဟတ္ထပါဒါ စ ဝါနရ၊ အထ ကေန နု ဝဏ္ဏေန, အဂါရံ တေ န ဝိဇ္ဇတိ။

ဝါနရ၊ အို မျောက်။ မနုဿဿေဝ၊ လူသားတို့၏ လူသားကဲ့သို့ပင်လျှင်။ ဟတ္ထပါဒါ စ၊ လက်တို့သည်လည်းကောင်း။ တေ၊ သင်ရဲ့သန္တာန်၌။ ဟတ္ထပါဒါ စ၊ လက်တို့သည်လည်းကောင်း။ သီသံ၊ ဦးခေါင်းသည် လည်းကောင်း။

အိုမျောက် သင့်ကို ကြည့်လိုက်တဲ့ အချိန်အခါမှာ သင့်ရဲ့ လက်တွေ, ခြေတွေကလည်း လူရဲ့ လက်တွေ, ခြေတွေနဲ့ အလားတူပဲ။ သင့်ရဲ့ ခေါင်းကလည်း လူရဲ့ခေါင်းနဲ့ သိပ်တူတယ်။ အဲဒီလို ဖြစ်ပါလျက် ဘာကြောင့် သင့်မှာ အိမ် မရှိရပါသလဲ ဆိုပြီးတော့ မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါမှာ မျောက်က ဘာပြန်ပြောလဲ?

‘‘မနုဿဿေဝ မေ သီသံ, ဟတ္ထပါဒါ စ သိင်္ဂိလ၊ ယာဟု သေဋ္ဌာ မနုဿေသု, သာ မေ ပညာ န ဝိဇ္ဇတိ။

သိင်္ဂီလာ၊ အိုသိင်္ဂီလငှက်။ မေ၊ ငါ၏။ ဟတ္ထပါဒါ စ၊ လက်တို့သည်၊ လက်ခြေတို့သည်လည်းကောင်း။ သီသံ၊ ဦးခေါင်းသည်လည်းကောင်း။ မနုဿဿေဝ၊ လူတို့၏ လက်ခြေ ဦးခေါင်းနှင့်တူသည်သာလျှင်။ ဟောတိ၊ ဖြစ်၍ နေပါပေ၏။ အထ၊ ထိုသို့ပင်ဖြစ်၍နေပါသော်လည်းပဲ။ ယာ ပညာ၊ အကြင် အိမ်ဆောက်လိုခြင်း အစရှိတဲ့ လုပ်ငန်းရပ်တို့၌ စူးစမ်းဆင်ခြင်တတ်တဲ့ ပညာသည်၊ စူးစမ်းဆင်ခြင်တတ်တဲ့ ပညာကို။ မနုဿေသု၊ လူလောကတို့၌။ သေဋ္ဌာ၊ မွန်မြတ်သော လုပ်ငန်းရပ်တို့၌ စူးစမ်းဆင်ခြင်တိုင်းထွာတတ်တဲ့ ပညာသည်။ သာ၊ အိမ်ကို ဆောက်လုပ်တဲ့ စူးစမ်းဆင်ခြင်တတ်တဲ့ပညာသည်။ မေ၊ ငါ့အား။ န ဝိဇ္ဇတိ၊ မရှိပါ။

အေး ငါ့ရဲ့ လက်တွေ၊ ခြေတွေ၊ ဦးခေါင်းတွေ ကြည့်လိုက်လို့ရှိရင် လူတွေရဲ့ လက်တွေ၊ ခြေတွေ၊ ဦးခေါင်းတွေနဲ့ တူတယ်ဆိုတာတော့ မှန်တယ်။ ဒါပေမဲ့ လူ့လောကမှာ ဝိစရဏပညာလို့ ခေါ်ဆိုအပ်တဲ့ စူးစမ်းဆင်ခြင်တတ်တဲ့ ပညာကို အိမ်ဆောက်လုပ်ခြင်းစတဲ့ ထိုထိုလုပ်ငန်းရပ်တွေနဲ့, စီမံခန့်ခွဲတတ်တဲ့ စူးစမ်းဆင်ခြင်တတ်တဲ့ ပညာကို အမြတ်ဆုံး ပညာတစ်ခု အဖြစ်နဲ့ သတ်မှတ်ထားတယ်။ အဲဒီလို ပညာမျိုး ငါ့မှာ မရှိဘူး။ သူက ပြန်ပြောတယ်နော်။ အဲဒီအခါကျတော့မှ ဒီပညာမျိုး ငါ့မှာ မရှိတဲ့အတွက် ငါ့မှာလည်း အိမ်မရှိတာပါ ဆိုပြီး ပြောလိုက်တော့ ဘုရားအလောင်းက ဘာပြန် အမိန့်ရှိသလဲ?

‘‘အနဝဋ္ဌိတစိတ္တဿ, လဟုစိတ္တဿ ดုဗ္ဘိနော၊ နိစ္စံ အဒ္ဓုဝသီလဿ, သုခဘာဝေါ န ဝိဇ္ဇတိ။

အနဝဋ္ဌိတစိတ္တဿ၊ မတည်တံ့တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်အား။ လဟုစိတ္တဿ၊ ပေါ့ပျက်ပျက်နိုင်တဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်အား။ ဒုဗ္ဘိနော၊ မိတ်ဆွေကို ပစ်မှားလေ့ရှိတဲ့ ပုဂ္ဂိုလ်အား။ နိစ္စံ အဒ္ဓုဝသီလဿ၊ ခိုင်ခံ့တဲ့ သီလမရှိတဲ့ ပုဂ္ဂိုလ်အား။

တည်တံ့တဲ့ စိတ်ဓာတ်မရှိတဲ့ ပုဂ္ဂိုလ်မှာ ချမ်းသာသုခ ဘယ်လိုမှ မရှိနိုင်ဘူး။ ပေါ့ပျက်ပျက်နိုင်တဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်မှာလည်း ချမ်းသာသုခ ဘယ်တော့မှ မရှိနိုင်ဘူး။ မိတ္တဒုဘ္ဘိ ခေါ်တဲ့ မိတ်ဆွေကို ပြစ်မှားတတ်တဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်သန္တာန်မှာလည်း ချမ်းသာသုခ ဘယ်တော့မှ မရရှိနိုင်ဘူး။ ခိုင်ခံ့တဲ့ အမြဲမပြတ် ခိုင်ခံ့တဲ့ ကိုယ်ကျင့်သီလ မရှိတဲ့ ပုဂ္ဂိုလ်သန္တာန်မှာလည်း ချမ်းသာသုခ ဖြစ်မှုဆိုတာ မရှိနိုင်ဘူး။ ဘယ့်,နှယ်တုန်း မှားလား, မှန်လား? မှန်နေတယ်နော်။ သတိရှိနော် -

ချမ်းသာသုခဆိုတာက တည်တံ့တဲ့ စိတ်ထားရှိနေတဲ့ သမာဓိရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ရရှိနိုင်တဲ့ သုခတစ်မျိုး ဖြစ်တယ်။ ပေါ့ပျက်ပျက်နိုင်တဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တို့ရဲ့သန္တာန်မှာ ဒီချမ်းသာသုခဆိုတာ ရှိနိုင်မလား? မရှိနိုင်ဘူး။ မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့ မိတ်ဆွေတွေ, သီတင်းသုံးဖော်တွေကို ပြစ်မှားကြတယ်။ ဆရာသမားတွေကို ပြစ်မှားကြတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာလည်း တကယ့် ချမ်းသာစစ် ချမ်းသာမှန် ရှိနိုင်မလား? မရှိနိုင်ဘူး။ မိတ်ဆွေ ... မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့ ဆရာသမားတွေ, မိဘတွေ, သီတင်းသုံးဖော်တွေ ရှိတယ်။ ဒီပုဂ္ဂိုလ်တွေကို အမြဲတမ်း ပြစ်မှားပြီးနေတဲ့ ပုဂ္ဂိုလ်ဟာ အကုသိုလ်တရားတွေကို မွေးမြူနေတဲ့ပုဂ္ဂိုလ်ပဲ။ ဒီလို အကုသိုလ်တရားကို မွေးမြူတဲ့ပုဂ္ဂိုလ်ရဲ့ ကိုယ်ကျင့်သီလကို ပြန်ပြီး ကြည့်-လိုက်တဲ့ အချိန်အခါမှာ အမြဲတမ်း ခိုင်မြဲနေတဲ့ ကိုယ်ကျင့်သီလ ဟုတ်နိုင်ပါ့မလား? မဟုတ်နိုင်ဘူး။

နိစ္စံ အဒ္ဓုဝသီလ = သီလက တစ်ခါတလေကျတော့ သီလရှိတယ်။ တစ်ခါ-တလေကျတော့ သီလ မရှိပြန်ဘူးနော်။ ခိုင်ခံ့တဲ့ အမြဲမပြတ် ခါးဝတ်ပုဆိုးကဲ့သို့ အမြဲမပြတ် တည်တံ့ခိုင်မြဲနေတဲ့ ကိုယ်ကျင့်သီလ မရှိဘူး။ ဒီကိုယ်ကျင့်သီလ ခိုင်မြဲမှု မရှိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာလည်း ချမ်းသာသုခ ဖြစ်မှုဆိုတာ ထင်ရှား-ရှိနိုင်မလား? မရှိနိုင်ဘူးတဲ့နော်။

‘‘သော ကရဿု အာနုဘာဝံ, ဝီတိဝတ္တဿု သီလိယံ၊ သီတဝါတပရိတ္တာဏံ, ကရဿု ကုဋဝံ ကပိ။

သော တွံ၊ ထိုသင်သည်။ ကပိ၊ အဆွေတော် မျောက်။ သော၊ ထိုသင်သည်။ ပညာယ၊ စူးစမ်း ဆင်ခြင် စီမံခန့်ခွဲတတ်တဲ့ ပညာကို။ ဥပ္ပါဒနာယ၊ ဖြစ်ပေါ်စေခြင်း အကျိုးငှာ။ အာနုဘာဝံ၊ စွမ်းအားရှိန်စော် အာနုဘော်ကို။ ဝီရိယံ၊ ခွန်အားထင်ရှားရှိလာအောင်။ ဥပါယံ၊ အကြောင်း ဥပါယ်တံမျဉ်ကို။ ကရောဟိ၊ ပြုပါ။ အတ္တနော၊ မိမိ၏ ထိုသီလဘာဝနာ။ အသီလိယံ၊ သီလမရှိခြင်း အဖြစ်ဟု ဆိုအပ်သော။ သီလယံ၊ သီလပျက်စီးခြင်းကို။ ဝီတိဝတ္တဿု၊ ကျော်လွှားလွန်မြောက်၍။ သီလဝါ၊ သီလရှိတဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ပါ။

ခက်ပုံက - သိင်္ဂီလငှက်ဘက်ကတော့ အကောင်းပြောတာပဲနော်။ မျောက်္တဘက်ကတော့ သူ့ကို ဒီလို ပြောမယ်ဆိုလို့ရှိရင် ဘာဖြစ်မလဲ? တော်တော်လေး ခံပြင်းနေပြီနော်။ သူ့ကို သီလပျက်စီးနေတဲ့ ပုဂ္ဂိုလ်။ အဲဒီ သီလပျက်စီးနေတဲ့ ပုဂ္ဂိုလ်အဖြစ်ကနေ ကျော်လွှားလွန်မြောက်အောင် သီလရှိတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ပါတဲ့။ သူက ပြောတယ်နော်။ နောက်တစ်ခု - ပညာစွမ်းအားတွေ ပေါ်လာအောင် အကြောင်း ဥပါယ်တံမျဉ်ကိုလည်း သင်ရှာဖွေပြီး ပြုစုပျိုးထောင်ပါနော်။ နောက်တစ်ခု ဘာပြောလဲ?

သီတဝါတပရိတ္တာဏံ, ကရဿု ကုဋဝံ ကပိ။

သီတဝါတပရိတ္တာဏံ၊ အချမ်းအပူကို ကာကွယ်ခြင်းငှာ စွမ်းနိုင်သော။ အတ္တနော၊ မိမိ၏ ကုသိုလ် ကုသလာ ဝါ ကံ။ ကုလာဝကံ၊ အသိုက်ကို။ ကုဋဝံ၊ နေစရာ ထိုင်စရာ အိမ်တစ်ခုကို။ ကရဿု၊ ပြုပါ။

မိမိအတွက် အချမ်းအပူကို ကာကွယ်နိုင်တဲ့ စွမ်းအားရှိတဲ့ အိမ်တစ်အိမ်တော့ ဆောက်လုပ်ပါ ဆိုပြီးတော့ တိုက်တွန်းတယ်။ အဲဒီ တိုက်တွန်းချက်ကို ကြည့်မယ် ဆိုလို့ရှိရင်လည်း သူ့ရဲ့ အကျိုးကို လိုလားတောင့်တတဲ့ စိတ်ထားဖြင့် တိုက်တွန်းနေတယ်လို့တော့ မပြောနိုင်လား? ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူက ဆိုဆုံးမခက်ခဲတဲ့ပုဂ္ဂိုလ် ဖြစ်တယ်နော်။ ခက်ခဲတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူဘာဖြစ်သလဲ?

အယံ တာဝ အတ္တနော အနောဝဿကဋ္ဌာနေ နိသိန္နဘာဝေန မံ ပရိဘာသတိ

အယံ၊ ဤသိင်္ဂီလ ငှက်သည်ကား။ အတ္တနော၊ မိမိ၏။ အနောဝဿကဋ္ဌာနေ၊ မိုးမစိုတဲ့ နေရာဌာန၌။ နိသိန္နဘာဝေန၊ နေထိုင်၍ နေရသည့်အတွက်-ကြောင့်။ မံ၊ ငါ့ကို။ ပရိသာသတိ၊ ခြိမ်းခြောက်၍ နေပေ၏၊

တကယ် ခြိမ်းခြောက်တာ ဟုတ်သလား? မဟုတ်ပါဘူး။ သူ့ရဲ့ ထင်ကြေးက ကြည့်ပေါ့ - ယောနိသောမနသိကာရ မရှိတဲ့ပုဂ္ဂိုလ်၊ နှလုံးသွင်း မမှန်တဲ့ ပုဂ္ဂိုလ်တွေမှာ စိတ်ထားက ဘယ်လို စိတ်ထားလဲ ကြည့်စမ်း။ ဒီသိင်္ဂီလငှက်က သူက မိုးမစိုတဲ့နေရာမှာ နေရတဲ့အတွက်ကြောင့် ငါ့ကို ခြိမ်းခြောက်နေတယ်။ သူက ဒီလို ထင်တယ်။ တကယ်တော့ အဲဒီ ပုံစံမျိုး ဟုတ်သလား? မဟုတ်ပါဘူးနော်။

န နိသီဒါပေဿာမိ နံ ဣမသ္မိံ ကုလာဝကေ’’

ဣမသ္မိံ ကုလာဝကေ၊ ဤငှက်သိုက်ရဲ့အတွင်း၌။ နံ၊ ထိုမျောက်ကို။ နံ၊ ထိုသိင်္ဂီလငှက်ကို။ န နိသီဒါပေဿာမိ၊ မနေထိုင်ပေအံ့။

ဒင်း ငါ့ကို ဒီလို ခြိမ်းခြောက်နေရင် ဒင်း ဒီအသိုက်ထဲမှာ ဒင်း မနေစေရဘူး။ ဟော သူက ဆုံးဖြတ်ချက် ချပြီ။ ဆုံးဖြတ်ချက် ချပြီးတဲ့ အခါကျတော့ ဘာဖြစ်လဲ? ဘုရားလောင်းသိင်္ဂီလငှက်ကို ဖမ်းမယ်ဆိုပြီးတော့ အတင်းပြေးတော့တာပဲနော်။ ပြေးလိုက်တဲ့ အချိန်အခါကျတော့ ဘုရားလောင်းကလည်း ပျံပြီးတော့ တစ်နေရာ ပျံသွားပါတယ်။ ပျံသွားလိုက်တဲ့ အချိန်အခါကျတော့မှ အဲဒီမှာ ဒီမျောက်က ဘာလုပ်သလဲ? ဘုရားအလောင်းနေတဲ့ သိင်္ဂီလငှက်နေတဲ့ အသိုက်ကို အကုန်ဖျက်ဆီးပြီးတော့ မှုန့်မှုန့် ညက်ညက်ကြေအောင် ပြုလုပ်လိုက်တယ်။ ဓာတ်ငွေ့ ကြည့်နော်။

သံသရာ အဆက်ဆက်က သူတစ်ပါးကို ဖျက်ဆီးချင်တဲ့ ဓာတ်ငွေ့လေးက ခု ရှင်မဟာကဿပနဲ့လာပြီး သူတော်ကောင်းကြီးနဲ့ တွေ့တာတောင် အဲဒီဓာတ်ငွေ့က ကုန်သလား? မကုန်ဘူး။ “ဝါသနာပါသည် ဆက်တိုင်းမှီ ဝသီဓလေ့ လွန်ချမ်းမြေ့၏” ကောင်းတဲ့ဓာတ်က ချမ်းမြေ့တယ်။ မကောင်းတဲ့ဓာတ်က ချမ်းမြေ့သေးလား? မချမ်းမြေ့တော့ဘူး။ ဘယ်ရောက်သွားလဲ? အဝီစိငရဲ ရောက်သွားတယ်။ ဒါကြောင့် နည်းနည်း စဉ်းစားကြနော်။ အဲဒီတော့ ဒီနေရာမှာ မြတ်စွာဘုရားက ဇာတ်ပေါင်းလိုက်တဲ့ အချိန်အခါကျတော့ ဒီကုဋီကို မီးရှို့ပြီး ဖျက်ဆီးတဲ့ ရဟန်းက ခု ---------ခေါ်တဲ့ ရေမှုတ်သံ ကိုယ်တော်ကြီး ဖြစ်နေတယ်။ ဟုတ်တယ်မဟုတ်လား? အဲဒီမျောက်က ရေမှုတ်သံ ကိုယ်တော်ကြီး ဖြစ်နေတယ်နော်။ အဲဒီ သိင်္ဂီလ ငှက်ကတော့ ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝတစ်ခုမှာ လက်ခံကျင့်သုံးခဲ့တဲ့ ဒီမကောင်းမှု အကုသိုလ်-ကံကြောင့် ဒီနေ့ ဒီကိုယ်တော်ကြီး ဘယ်ရောက်နေသလဲ? အဝီစိငရဲ ရောက်နေရတယ်။

နောက်တစ်ခု - ဒါက ဆိုဆုံးမ ခက်ခဲနေတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ ပတ်သက်ပြီး နောက်ထပ် ဇာတ်တော်လေးတစ်ခု ဘုန်းကြီး ထပ်ဟောဦးမယ်။ အဲဒီ ဇာတ်တော်လေးက မြတ်စွာဘုရား အလားတူပဲ ဇေတဝန်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူစဉ်ပေါ့လေနော် - ကူးတို့သမားတစ်ဦးကို အကြောင်းပြုပြီးတော့ပဲ မြတ်စွာဘုရား ဟောခဲ့ရပါတယ်။ ဒီကူးတို့သမားကလည်း သူက မလိမ္မာတဲ့, ဉာဏ်ပညာ မရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။ ဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရုံတွင် မကဘူး။ သူက ဘာဖြစ်သလဲ?

နေဝ သော ဗုဒ္ဓါဒီနံ ရတနာနံ, န အညေသံ ပုဂ္ဂလာနံ ဂုဏံ ဇာနာတိ

သော၊ ထိုပုဂ္ဂိုလ်သည်။ ဗုဒ္ဓါဒီနံ ရတနာနံ၊ ဘုရား တရား သံဃာဟု ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါးတို့၏။ ဂုဏံ၊ ဂုဏ်ကျေးဇူးကို။ န ဇာနာတိ၊ မသိပေ။ အညေသံ ပုဂ္ဂလာနံ၊ အခြားတစ်ပါးသော ပုဂ္ဂိုလ်တို့ရဲ့လည်းပဲ။ ဂုဏံ၊ ဂုဏ်ကျေးဇူးကို။ န ဇာနာတိ၊ မသိရှိပေ။

ရတနာ သုံးပါးရဲ့ ဂုဏ်ကျေးဇူးကိုလည်း သူက မသိဘူး။ အခြားအခြား သူတော်ကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကိုလည်း သူက မသိဘူး။

စဏ္ဍော ဖရုသော သာဟသိကော။

စဏ္ဍော၊ ရက်စက်ကြမ်းကြုတ်၍။ ဖရုသော၊ ကြမ်းတမ်းတဲ့ စကား-လည်း ရှိ၏။ သာဟသိကော၊ နိုင်ထက်ကလူ ပြုမူတတ်တဲ့ စိတ်ထားလည်း ရှိ၏၊

ကိုယ်ကြမ်း၊ နှုတ်ကြမ်းပဲ။ တစ်ဖက်သား အပေါ်မှာ နိုင်ထက်

4efbwl4rmqjf6f2fb7dgwot9rpinqqm
မင်္ဂလသုတ်-၈၉/၉၇
0
6325
22023
2026-06-04T00:25:54Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၈၉/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၈၈..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22023
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၈၉/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၈၈/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၉၀/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် ၈၉

ညတုန်းက ဒုဗ္ဗစ = ဆိုဆုံးမခက်ခဲတဲ့ ပုဂ္ဂိုလ်အကြောင်းနဲ့ ဆက်စပ်ပြီးတော့ ဩဝါရိယဇာတ်တော်လေး ဟောပါတယ်နော်။ ဒီညလည်း ဒီဇာတ်တော်လေး ဆက်ပြီး နာကြားကြည့်ရအောင် -

ဒီကူးတို့သမား လှေသမားကပေါ့ - ရက်စက်ကြမ်းကြုတ်ပြီးတော့ နိုင်ထက်ကလူ ပြုမူတတ်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေတယ်။ တစ်နေ့တော့ ပြဿနာတစ်ခု ပေါ်လာပြီ။ ဇနပုဒ် နယ်ပယ်မှာ နေထိုင်တဲ့ ရဟန်းတော်တစ်ပါးကလည်း မြတ်စွာဘုရားကို ရိုေစွာ ဖူးမြော်ကန်တော့ ဆည်းကပ် ခစားမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် သာဝတ္ထိကို ကြွချီတော် မူခဲ့ပါတယ်။ သာဝတ္ထိကို လာရင်းနဲ့ လမ်းခုလတ် တစ်နေရာရောက်တော့ အစီဝတီ မြစ်ကမ်းရောက်ပြီး အစီဝတီမြစ်ဆိပ်ကမ်း ရောက်တဲ့ အချိန်အခါကျတော့ ထိုကူးတို့သမားဖြစ်တဲ့ အဝါရီယကို ရဟန်းတော်က မေတ္တာရပ်ခံတယ်။

ဒါယကာ ... ဟိုဘက်ကမ်းကိုတော့ ငါသွားချင်ပြီ။ ငါ့အတွက် ဟိုဘက်ကမ်းသို့ရောက်အောင် လှေဖြင့် ပို့ဆောင်ပေးပါ” မေတ္တာရပ်ခံတယ်။ ရပ်ခံလိုက်တဲ့ အချိန်အခါကျတော့ ဒီလှေကူးတို့သမားက ဘာပြန်လျှောက်ထားလဲ?

အရှင်ဘုရား ယခုအခါမှာ အချိန်အခါမဟုတ် ဖြစ်နေပြီ။ သင့်တင့်-လျောက်ပတ်တဲ့ တစ်နေရာမှာ အရှင်ဘုရား နေတော်မူပါ” ဆိုပြီးတော့ ပြန်ပြီး လျှောက်ထားတယ်။ အဲဒီအခါကျတော့ “ဒါယကာ ဒီကူးတို့ဆိပ်မှာ ငါ ဘယ်နေရာ သွားပြီးတော့ နေရမလဲ? ဒါကြောင့် ငါ့ကို ခေါ်ဆောင်ပြီးတော့ ဟိုဘက်ကမ်းရောက်အောင် ပို့ဆောင်ပေးပါ” ဆိုပြီးတော့ ထပ်ပြီး မေတ္တာ ရပ်ခံတယ်။ အဲဒီလို ဒုတိယအကြိမ် ထပ်ပြီး မေတ္တာရပ်ခံလိုက်တဲ့ အချိန်အခါကျတော့ ဒီကူးတို့သမားက ဘာဖြစ်လဲ? တော်တော်လေး ဒေါသထွက်သွားတယ်။ ဒေါသထွက်ပြီးတော့ သူက ဘာပြောလဲ?

ကဲ ရဟန်း ... လာပေတော့။ သင့်ကို ဟိုဘက်ကမ်းရောက်အောင် ငါခေါ်သွားမယ်” ဆိုပြီးတော့ အဲဒီရဟန်းတော်ကို လှေပေါ်တင် လှေကို ဟိုဘက်ကမ်း တန်းတန်းမတ်မတ် ဖြောင့်ဖြောင့်ရောက်အောင် မသွားဘဲ အောက်ဘက်ကို စုန်ဆင်းသွားလိုက်တယ်။ စုန်ဆင်းပြီး ခေါ်သွားပြီးတဲ့ အချိန်အခါကျတော့ လှေကို လူးနေအောင် သူက လုပ်တယ်။ လှေကို လူးအောင် လုပ်ပြီးတဲ့ အချိန်အခါကျတော့ ထိုရဟန်းရဲ့ သပိတ်၊ သင်္ကန်းတွေကို ရေစိုသွားအောင် သူက လှေကို လှော်ရင်းနဲ့ ပြုလုပ်ပေးလိုက်တယ်။ သူက ကျွမ်းကျင်နေတာကိုး။ အဲဒီလို ကျွမ်းကျင်တဲ့ အခါကျတော့ ဒီရဟန်းကို ပင်ပန်းဆင်းရဲအောင် လုပ်ပြီးတော့ တော်တော်လေး မိုးချုပ်တဲ့ အချိန်အခါကျတော့မှ ဟိုဘက်ကမ်း ပို့ပေးလိုက်တယ်။

ဟိုဘက်ကမ်း ရောက်တဲ့ အချိန်အခါကျတော့ တော်တော်လေး မိုး-ချုပ်နေပြီ။ မိုးချုပ်တဲ့ အချိန်အခါကျတော့ အစီဝတီမြစ်ကနေပြီးတော့ ဒီဘက်ကမ်းကနေပြီးတော့ ဒီရဟန်းတော်က လျှောက်လာရတဲ့အတွက် အဲဒီနေ့မှာ ဇေတဝန်ကျောင်းတော်ကို အမှီတော့ လာနိုင်ပါရဲ့ ဒါပေမဲ့ တော်တော်လေး မိုးချုပ်သွားတယ်။ မိုးချုပ်သွားပြီးတဲ့ အချိန်အခါကျတော့မှ နောက်တစ်နေ့ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ ရိုသေစွာ ရှိခိုး၊ သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်တယ်။ ဘုရားရှင်ကလည်း အလာဘ သလ္လာဘ စကားများ ပြောရင်းဖြင့်

ချစ်သားရဟန်း ... သင် ဘယ်အချိန်တုန်းက ဒီသာဝတ္ထိပြည် ဇေတဝန်-ကျောင်းတော်သို့ ရောက်ရှိပြီး လာခဲ့ပါသလဲ” လို့ မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့ ထိုရဟန်းကလည်း ဖြစ်ရပ် အလုံးစုံကို တင်ပြလျှောက်ထားပါတယ်နော်။ အဲဒီ အခါကျတော့မှ ဘုရားရှင်က ဘာအမိန့်ရှိလဲ?

‘‘န ခေါ ဘိက္ခု ဣဒါနေဝ, ပုဗ္ဗေပေသ စဏ္ဍော ဖရုသော သာဟသိကော, ဣဒါနိ ပန တေန တွံ ကိလမိတော, ပုဗ္ဗေပေသ ပဏ္ဍိတေ ကိလမေသိ’’

ဘိက္ခု၊ ချစ်သားရဟန်း ...။ န ခေါ ဣဒါနေဝ၊ ဤယခုအခါ၌သာလျှင်။ အယံ၊ ဤလှေကူးတို့သမားသည်။ စဏ္ဍော၊ ရက်စက်ကြမ်းကြုတ်တဲ့ပုဂ္ဂိုလ်သည်။ ဖရုသော၊ ကြမ်းတမ်းတဲ့ ကိုယ်အမူအယာရှိတဲ့ ပုဂ္ဂိုလ်သည် ကြမ်းတမ်းတဲ့ နှုတ်-အမူအယာရှိတဲ့ ပုဂ္ဂိုလ်သည်။ သာဟသိကော၊ နိုင်ထက်ကလူ ပြုမူတတ်တဲ့ ပုဂ္ဂိုလ်သည်။ နာဟောသိ၊ မဖြစ်သေး။ ပုဗ္ဗေပိ၊ ရှေးယခင်တုန်း-ကလည်းပဲ။ ဧသ၊ ဤပုဂ္ဂိုလ်သည်ကား။ စဏ္ဍော၊ ရက်စက်ကြမ်းကြုတ်တဲ့ပုဂ္ဂိုလ်သည်။ ဖရုသော၊ ကြမ်းတမ်းတဲ့ ကိုယ်အမူအယာရှိတဲ့ ပုဂ္ဂိုလ်သည် ကြမ်းတမ်းတဲ့ နှုတ်အမူအယာရှိတဲ့ ပုဂ္ဂိုလ်သည်။ သာဟသိကော၊ နိုင်ထက်ကလူ ပြုမူညှဉ်းဆဲတတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်သည်။ အဟောသိ၊ ဖြစ်ခဲ့ဖူးလေပြီ။ ဣဒါနိ ပန၊ ဤယခုအခါ၌ကား။ တေန၊ ထိုလှေကူး-တို့သမားသည်။ တွံ၊ သင်ချစ်သားကို။ ကိလမိတော၊ ပင်ပန်းဆင်းရဲ-စေခဲ့လေပြီ။ ပုဗ္ဗေပိ၊ ဟိုးရှေးယခင်တုန်းကလည်းပဲ။ ဧသ၊ ဤလှေကူးတို့သမားသည်။ ပဏ္ဍိတေ၊ ပညာရှိ သူတော်ကောင်း-တို့ကို။ ကိလမေသိ၊ ပင်ပန်းညှဉ်းဆဲခဲ့ဖူးလေပြီ။

ဘုရားရှင်က ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အကြောင်းလေး ပြန်ပြီးတော့ အမိန့်ရှိတယ်။ ဒီတော့ဒီနေရာမှာ ညက ပြောခဲ့တဲ့အတိုင်းပဲနော်။ သတ္တဝါတစ်ဦးရဲ့သန္တာန်မှာ တည်ရှိနေတဲ့ ဓာတ်ငွေ့သည် သံသရာ အဆက်ဆက် ကပ်ပြီး ပါတတ်တဲ့သဘော မရှိဘူးလား? ရှိတယ်။ ဒီဓာတ်ငွေ့ကို မကောင်းတဲ့ ဓာတ်ငွေ့ကို သီလ, သမာဓိ, ပညာဆိုတဲ့ လက်နက်ကောင်းတွေဖြင့် ဖြိုဖျက်တိုက်ဖျက်မှု မရှိရင် ဒီဓာတ်ငွေ့ဟာ သံသရာအဆက်ဆက် ကပ်ပြီးတော့ ပါနေတတ်တယ်။ အခုလည်းပဲ ကြည့် -

ဒီကူးတို့သမားက ဒီဘဝမှာပဲ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်, ရက်စက်ကြမ်းကြုတ်တဲ့ နှုတ်အမူအယာရှိတဲ့ပုဂ္ဂိုလ်, နိုင်ထက်ကလူ ပြုမူတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တာ မဟုတ်သေးဘူး။ အတိတ်ကလည်း ဒီလိုပဲ ရက်စက်ကြမ်းကြုတ်တဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့ဖူးတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ရိုင်းပြတဲ့ စကားရှိတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ခဲ့ဖူးတယ်။ သူတစ်ပါးတွေအပေါ်မှာ နိုင်ထက်ကလူ ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ခဲ့ဖူးတယ်။ အဲဒီလို ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ဒီလို အပြုအမူတွေကို ဘယ်ပုဂ္ဂိုလ်တွေကို သူ ရှေးယခင်တုန်းက ပြုခဲ့ဖူးသလဲ? ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါ ပညာရှိ သူတော်ကောင်းတွေကိုသာ သူ ပြုခဲ့ဖူးတယ် ဆိုပြီးတော့ မြတ်စွာ-ဘုရားက ဒီစကားလေး အမိန့်ရှိတယ်။ အမိန့်ရှိလိုက်တဲ့ အချိန်အခါမှာ ထိုရဟန်းတော်ကနေ လျှောက်ထားတောင်းပန်တဲ့အတွက် မြတ်စွာဘုရားက အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းပြီး ဟောကြားပြသတော်မူပါတယ်။

အတိတ်ဘဝမှာ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း ထီးဖြူအုပ်ချုပ် မင်းလုပ်နေတဲ့အချိန် ဘုရားအလောင်းတော်ဟာ ပုဏ္ဏားမျိုးမှာ သွားပြီးတော့ လူဖြစ်ရပါတယ်။ အချိန်တန် အရွယ်ရောက်တဲ့ အချိန်အခါမှာ တက္ကသိုလ်ပြည်သွား ပညာသင်၊ အတတ်ပညာ အားလုံးစုံတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? ရသေ့ရဟန်း ပြုတော်မူပါတယ်တဲ့နော်။ မိမိ သင်ထားတဲ့ ပညာရပ်တွေမှာ ဘာမှ အနှစ်သာရ မရှိဘူးဆိုတာ သဘောပေါက်တယ်။ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ တရားကောင်းတွေ တစ်ခုမှ မရှိဘူးဆိုတာလည်း သဘောပေါက်တယ်။ ဘာဖြစ်လို့လဲ?

ပါရမီအဟုန်တွေက လုံ့ဆော်လာတဲ့အတွက် ဒီအသိဉာဏ်တွေက အလောင်းတော်ရဲ့ သံသရာ အဆက်ဆက်မှာ ကပ်ပြီးတော့ ပါနေပါတယ်။ ဒါကြောင့် ရသေ့ရဟန်းပြုပြီးတော့ ဟိမဝန္တာတောအရပ်မှာပဲ ဒီကမဂ်ဇခေါ်တဲ့ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး နေတယ်။ နေလိုက်တော့ တစ်နေ့ ဘာဖြစ်လာလဲ?

ဟိမဝန္တာတောနေစဉ် အချိန်အခါမှာလည်း ---------------------- သစ်သီးကြီးငယ်နဲ့ပဲ မျှတပြီး နေထိုင်တော်မူပါတယ်။ အဲဒီလို နေထိုင်ရာကနေပြီးတော့ နှစ်တွေက အင်မတန် ကြာညောင်းလာတဲ့ အချိန်အခါ အရိုးအဆစ်တွေ ပျော့ပျောင်းလာပြီ။ ဆား မစားရတဲ့အတွက်နော်။ ယားတဲ့ ရောဂါတွေ ပေါ်လာပြီ။ အချဉ် မစားရတဲ့အတွက် ယားနာတွေ၊ အရိုးအဆစ် ပျော့ပျောင်းတဲ့ ရောဂါတွေ ပေါ်လာပြီ။ ဒီရောဂါလေးတွေကို ကာကွယ်ရန် အလို့ငှာ ဆိုပြီး ရည်ရွယ်ပြီးတော့ ချဉ်၊ ဆား မှီဝဲဖို့ရန်အတွက် လူတို့နဲ့ နီးရာဒေသသို့ တစ်ဖန် ပြန်ပြီးတော့ ကြွလာပါတယ်။

ဗာရာဏသီပြည် ရောက်တဲ့ အချိန်အခါမှာ မင်းဥယျာဉ်တော်မှာပဲ သီတင်းသုံးတော်မူပါတယ်။ နောက်တစ်နေ့ မြို့တွင်း ဆွမ်းခံကြွတယ်။ မြို့တွင်း ဆွမ်းခံကြွလိုက်တဲ့ အချိန်အခါမှာ ဗာရာဏသီပြည် မင်းမြတ်ကြီးကလည်း မင်းရင်ပြင်ပေါ်ကနေ လှမ်းမျှော်ပြီး ကြည့်လိုက်တော့ ဒီရသေ့သူတော်ကောင်းကြီး ဆွမ်းခံကြွလာတဲ့ ဣရိယာပုတ်ကို ကြည့်ပြီး သိပ်ကြည်ညို-သွားတယ်နော်။ ကြည်ညိုသွားတဲ့အတွက် နန်းတွင်းကို ပင့်ဆောင် ဆွမ်းတွေ ပြုစုလုပ်ကျွေးပြီးတော့ ရှင်ရသေ့ထံမှ ဗာရာဏသီပြည် မင်းဥယျာဉ်အတွင်းမှာ နေထိုင်ပါ့မယ်ဆိုတဲ့ ပဋိညာဉ် ဝန်ခံချက်ကို လျှောက်ထား တောင်းပန်ပြီး ရအောင် ယူလိုက်တယ်။ ရှင်ရသေ့ကလည်း ဗာရာဏသီ မင်းဥယျာဉ်အတွင်းမှာ ထိုက်သင့်သလောက် နေထိုင်ဖို့ရန်အတွက် ဝန်ခံချက် ကတိပေးပါတယ်-နော်။

အဲဒီလို ကတိစကား ရပြီးတဲ့ အချိန်အခါမှာ မင်းဥယျာဉ်အတွင်းမှာ ရှင်ရသေ့နဲ့ ထိုက်တန်နေတဲ့ နေရာကျောင်းသင်္ခဏ်းလေးတွေ ဖန်တီး တည်ထောင်ပြီးတော့ လှူဒါန်းပူဇော်ပါတယ်။ နေ့တိုင်းနေ့တိုင်းလည်း ရှင်ရသေ့ထံ ချဉ်းကပ်တယ်။ ရှင်ရသေ့ထံ ချဉ်းကပ်ပြီးတော့ ဝတ်ကြီးဝတ်ငယ် ပြုစုလုပ်ကျွေးတယ်။ တရားဘာဝနာစကားတွေလည်း နာကြားတယ်။ နာကြားလိုက်တဲ့ အချိန်အခါကျတော့ ဒီဗာရာဏသီမင်းမြတ်ကို ရှင်ရသေ့က ဘာတရားဟောလဲနော် -

‘‘ရညာ နာမ, မဟာရာဇ, စတ္တာရိ အဂတိဂမနာနိ ဝဇ္ဇေတွာ အပ္ပမတ္တေန ခန္တိမေတ္တာနုဒ္ဒယသမ္ပန္နေန ဟုတွာ ဓမ္မေန ရဇ္ဇံ ကာရေတဗ္ဗံ’’

မဟာရာဇ၊ ဒကာတော်မင်းမြတ် ...။ ရညာ နာမ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ် မည်သည်ကား။ စတ္တာရိ အဂတိဂမနာနိ၊ အဂတိတရား ၄-ပါးတို့ကို လိုက်စားခြင်းတို့ကို။ ဝဇ္ဇေတွာ၊ ရှောင်ကြဉ်၍။ အပ္ပမတ္တေန၊ မမေ့မလျော့ခြင်း အပမာဒတရား လက်ကိုင်ထားလျက်။ ခန္တိမေတ္တာနုဒ္ဒယသမ္ပန္နေန၊ သည်းခံခြင်း ခန္တီတရား သတ္တဝါအားလုံးတို့အပေါ်၌ ချစ်ခင်မြတ်နိုးခြင်း မေတ္တာတရား အစဉ်သနား စောင့်ရှောက်ခြင်း တရားနှင့် ပြည့်စုံသည်ဖြစ်၍ ပြည့်စုံ။ ဟုတွာ၊ ဖြစ်၍။ ဓမ္မေန၊ မင်းကျင့်တရား ၁၀-ပါးနှင့်အညီ။ ရဇ္ဇံ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခြင်းဆိုတဲ့ အမှုကို။ ကာရေတဗ္ဗံ၊ ပြုသင့်ပြုထိုက်လှပေ၏၊

ရသေ့ကြီးက ဗာရာဏသီမင်းမြတ်ကြီး လာတိုင်း လာတိုင်း ဒီလိုပဲ ဆိုဆုံးမတယ်နော်။ ဒကာတော်မင်းမြတ် ... တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်ဆိုတာက အဂတိတရား ၄-ပါး မလိုက်စားသင့်ဘူး။ ချစ်သဖြင့် မလုပ်သင့်တဲ့ အလုပ်ကို မလုပ်ရဘူး။ ကြောက်သဖြင့် မလုပ်သင့်တဲ့ အလုပ်တွေကို မလုပ်ရဘူး။ မုန်းသဖြင့် မလုပ်သင့်တဲ့ အလုပ်တွေကို မလုပ်ရဘူး။ မသိတွေဝေ မိုက်မဲတဲ့အတွက်ကြောင့် မလုပ်သင့်တဲ့ အလုပ်တွေကို မလုပ်ရဘူး။ ဒီအဂတိတရား ၄-ပါး ရှောင်ရှားရတယ်။ ရှောင်ရှားပြီးတော့ ကုသိုလ်ကောင်းမှုတို့နှင့် မမေ့မလျော့ခြင်း အပမာဒတရား လက်ကိုင်ထားပြီးတော့ သည်းခံခြင်း ခန္တီတရား ထင်ရှားရှိရတယ်။

သတ္တဝါအားလုံးတို့အပေါ်မှာ မေတ္တာဘာဝနာကမ္မဋ္ဌာန်း ရေချမ်း ပက်ဖြန်းပြီးတော့ မေတ္တာနှင့်ယှဉ်တဲ့ စိတ်ဓာတ် ရှိရတယ်။ သတ္တဝါအားလုံးတို့အပေါ်၌ ကရုဏာဘာဝနာကမ္မဋ္ဌာန်း ရေချမ်း ပက်ဖျန်းပြီး နေရတယ်။ ကြင်နာသနားနေတဲ့ စိတ်ဓာတ်, ကရုဏာနဲ့ယှဉ်တဲ့စိတ်ဓာတ် အပြည့်အဝ ရှိရတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်ဆိုတာ မင်းကျင့်တရား ၁၀-ပါးနဲ့ လျော်ညီစွာ တိုင်းပြည်ကို ထီးဖြူအုပ်ချုပ် မင်းလုပ်ရတယ် စသည်ဖြင့် နေ့တိုင်း နေ့တိုင်း ဆိုဆုံးမတယ်။ ဆိုဆုံးမပြီးတဲ့ အချိန်အခါကျတော့ ဘာလေး သူက ဆက်ဆုံးမလဲ?

‘‘မာသု ကုဇ္ဈ ဘူမိပတိ, မာသု ကုဇ္ဈ ရထေသဘ၊ ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော, ရာဇာ ရဋ္ဌဿ ပူဇိတော။

မာသု ကုဇ္ဈ၊ မည်သည့်သတ္တဝါအပေါ်၌မျှ အမျက်မထွက်ပါနှင့်။ ဘူမိပတိ၊ ရေမြေကို အစိုးရပါပေသော အို ဒကာတော် မင်းမြတ်။ မာသု ကုဇ္ဈ၊ မည်သည့်သတ္တဝါအပေါ်၌မျှ အမျက်မထွက်ပါနှင့်။ ရထေသဘ၊ ရထားစီး မင်းအပေါင်းတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူပါပေသော အို မင်းမြတ်။

ဒကာတော်မင်းမြတ် ... ရေမြေ့ရှင် ဘယ်တော့မှ ဒေါသမထွက်နဲ့။ အမျက်မထွက်နဲ့။ ရထားစီးမင်းအပေါင်းတို့တွင် အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ဒကာတော် ဗာရာဏသီမင်းမြတ် ဘယ်တော့မှ သတ္တဝါအားလုံးတို့ အပေါ်၌ အမျက်ထွက်ခြင်းဆိုတဲ့ သဘောတရား မဖြစ်ပါနဲ့။ အမျက်ထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို တစ်ဖန် ပြန်ပြီး အမျက်မထွက်တဲ့ မင်းသည် တိုင်းသူပြည်သား လူအများ၏ အပူဇော်ကို ခံရတတ်ပါတယ်ဆိုပြီး ဒီလို ဆုံးမတယ်။ နောက်တစ်ခု -

‘‘ဂါမေ ဝါ ယဒိ ဝါရညေ, နိန္နေ ဝါ ယဒိ ဝါ ထလေ၊ သဗ္ဗတ္ထ အနုသာသာမိ, မာသု ကုဇ္ဈ ရထေသဘာ’’

ရထေသဘာ၊ ရထားစီး မင်းအပေါင်းတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်ပါပေသော အိုဒကာတော်မင်းမြတ်။ ဂါမေ ဝါ၊ ရွာ၌သော်လည်းကောင်း။ ယဒိ ဝါ၊ ထို့ပြင်။ ရညေ၊ တော၌သော်လည်းကောင်း။ နိန္နေ ဝါ၊ နိမ့်ဝှမ်းတဲ့ ရေပြင် ရေယဉ်အပြင်ပေ။ ယဒိ ဝါ ထလေ၊ ကုန်းထက်၌သော်လည်းကောင်း။ သဗ္ဗတ္ထ၊ ဘယ်နေရာမှာမဆို။ အနုသာသာမိ၊ ငါအမြဲတမ်း သတ္တဝါအားလုံးတို့ကို ဆုံးမနေတဲ့ အဆုံးအမတစ်ခု ရှိတယ်။ ရထေသဘာ၊ ရထားစီး မင်းအပေါင်းတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်ပါပေသော အိုဒကာတော်မင်းမြတ်။ မာသု ကုဇ္ဈ၊ ဘယ်တော့မှ အမျက်မထွက်ပါလင့်။

ရွာမှာပဲ ဖြစ်စေ, တောမှာပဲ ဖြစ်စေ, ရေထဲမှာပဲ ဖြစ်စေ, ကြီးကုန်းထက်မှာပဲ ဖြစ်စေ ဘယ်နေရာမှာမဆို ငါအမြဲတမ်း သတ္တဝါအားလုံးတို့ကို ဆုံးမနေတဲ့ အဆုံးအမတစ်ခု ရှိတယ်။ အဲဒီ အဆုံးအမကတော့ ဒကာတော်မင်းမြတ် သတ္တဝါအားလုံး အပေါ်၌ ဘယ်တော့မှ အမျက်မထွက်ပါနဲ့။ ဒီ အဆုံးအမလေးတစ်ခုပါပဲ ဆိုပြီးတော့ ဒီလို နေ့စဉ်နေ့စဉ်လိုလို ဆုံးမတယ်။ ဆုံးမလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ? ဒီအမျက်ဒေါသ မထွက်ခြင်း ဆိုတဲ့ ဒီသဘောတရားကို ဘာကြောင့် ဒီရှင်ဘုရင်ကြီးကို ရသေ့က ဆိုဆုံးမရသလဲဆိုတော့ အကြောင်းကို အဋ္ဌကထာ ဆရာတော်က ဖွင့်ဆိုထားပါတယ်။

ရာဇာနော နာမ ဝါစာဝုဓာ, တေသံ ကုဒ္ဓါနံ ဝစနမတ္တေနေဝ ဗဟူ ဇီဝိတက္ခယံ ပါပုဏန္တိ။

ရာဇာနော နာမ၊ မင်းတို့မည်သည်ကား။ ဝါစာဝုဓာ၊ စကား-တည်းဟူသော လက်နက်ရှိကြပါပေကုန်၏။ တေသံ၊ ထို။ ကုဒ္ဓါနံ၊ အမျက်ဒေါသထွက်၍ နေကြကုန်သော။ ဝစနမတ္တေနေဝ၊ စကားတစ်ခွန်းမျှဖြင့်ပင်လျှင်။ ဗဟူ၊ များစွာကုန်သော သတ္တဝါတို့သည်။ ဇီဝိတက္ခယံ၊ အသက်ကုန်ခြင်းသို့။ ပါပုဏန္တိ၊ ရောက်ရှိကြလေကုန်၏။

တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ပုဂ္ဂိုလ်ဆိုတာ သူတို့ရဲ့ အကောင်းဆုံးသော လက်နက်က စကားတည်းဟူသော လက်နက်ပဲ ဖြစ်တယ်။ အကယ်၍ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်တွေက အမျက်ချောင်း-ချောင်း ထွက်လာပြီဆိုရင် စကားတစ်ခွန်းလောက် ပြောလိုက်တာနဲ့ သတ္တဝါ တော်တော် ခပ်များများဟာ အသက်ကုန်ခြင်းအဖြစ်သို့ ရောက်ရှိတတ်တယ်။ ဒါကြောင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ဗာရာဏသီမင်းမြတ်ကို ဘုရား-အလောင်း ရသေ့ကြီးက ဘယ်တော့မှ အမျက်ဒေါသ မထွက်ပါနဲ့ ဆိုပြီးတော့ ဒီစကားလေးကို ခဏခဏ ဆိုဆုံးမနေတယ်။ ဒီဆုံးမတဲ့ ဘုရားအလောင်း ရသေ့ကြီးရဲ့သန္တာန်မှာ ဗာရာဏသီ ဘုရင်မင်းမြတ်အပေါ်၌လည်း မေတ္တာနှင့်ယှဉ်တဲ့ စိတ်ဓာတ်, ကရုဏာနှင့်ယှဉ်တဲ့ စိတ်ဓာတ် အပြည့်အဝ ရှိနေပါတယ်။

ဗာရာဏသီဘုရင်မင်းမြတ်ကို အခြေခံပြီးတော့ များစွာသော သတ္တဝါအပေါင်းတို့ အသက်ကုန်ခန်းခြင်းသို့ ရောက်မှာကို စိတ်ပူနေတယ်။ ဒါကြောင့် သတ္တဝါအားလုံးတို့အပေါ်၌လည်း မေတ္တာနဲ့ယှဉ်တဲ့, ကရုဏာနဲ့ယှဉ်တဲ့ စိတ်ဓာတ်အပြည့်အဝ ရှိနေတယ်။ ကြင်နာသနားတတ်တဲ့ စိတ်ထားတွေ အပြည့်အဝ ရှိနေပါတယ်နော်။ ဒါကြောင့် ဒီလို ဆုံးမနေခြင်း ဖြစ်တယ်။ ရှင်ဘုရင်အပေါ်မှာသာ မေတ္တာရှိသည်မဟုတ် ရှင်ဘုရင်ကို အကြောင်းပြုပြီး ဆင်းရဲဒုက္ခရောက်နိုင်တဲ့ သတ္တဝါအားလုံးတို့အပေါ်မှာလည်း မေတ္တာ ရှိနေတယ်။ ရှင်ဘုရင် အပေါ်မှာလည်း သနားကြင်နာသည် မဟုတ်။ သတ္တဝါအားလုံးအပေါ်မှာလည်း သနားကြင်နာနေတဲ့ ကရုဏာတရားနဲ့ယှဉ်တဲ့ စိတ်ထားလေး အမြဲရှိတယ်။ ဒါကြောင့် ဒီလို ဆုံးမနေတယ်။ အဲဒီအခါကျတော့ ဘုရားအလောင်းကနော် ရှင်ဘုရင်လာတဲ့ တစ်နေ့မှာ ဒီဂါထာလေး ၂-ခုကို ရွတ်ရွတ်ပြီးတော့ ဆိုဆုံးမတော့ ရှင်ဘုရင်ကြီးကလည်း ဘာဖြစ်လဲ?

ရာဇာ အနုသိဋ္ဌိယာ ပသန္နစိတ္တော မဟာသတ္တဿ သတသဟဿုဋ္ဌာနကံ ဧကံ ဂါမဝရံ အဒါသိ, ဗောဓိသတ္တော ပဋိက္ခိပိ။

ရာဇာ၊ ဗာရာဏသီ ဘုရင်မင်းမြတ်သည်။ အနုသိဋ္ဌိယာ၊ အဆုံးအမ ဩဝါဒစကား၌။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ထားရှိသည်ဖြစ်၍။ မဟာသတ္တဿ၊ ဘုရားအလောင်းအား။ သတသဟဿုဋ္ဌာနကံ၊ အသပြာတစ်သိန်း အခွန်ထွက်သော။ ဧကံ ဂါမဝရံ၊ ရွာဆုတစ်ခုကို။ အဒါသိ၊ ပေးတော်မူခဲ့လေပြီ။ ဗောဓိသတ္တော၊ ဘုရားအလောင်းရသေ့ကြီးကလည်း။ ပဋိက္ခိပိ၊ ပယ်ရှား-တော်မူခဲ့လေပြီ။

ရှင်ဘုရင်ကြီးကလည်း သိပ်ကြည်ညိုသွားတယ်။ အဆုံးအမ ဩဝါဒ ကြားနာလိုက်ရတဲ့ အချိန်အခါမှာ ကြည်ညိုလွန်းလို့ ဘုရားအလောင်း ရသေ့ကြီးအား တစ်နှစ်တစ်နှစ်လျှင် အခွန်တစ်သိန်းကျ ထွက်နေတဲ့ ရွာကြီးတစ်ရွာကို ဆုလာဘ်အဖြစ်နဲ့ ပေးသနားတော်မူပါတယ်။ ဘုရားအလောင်း ရသေ့-ကြီးကလည်း ဒီဆုကို လက်မခံပါဘူး။ ပယ်ရှားလိုက်တယ်နော်။ ဘာဖြစ်လို့လဲ? ကုဋေပေါင်းများစွာ ကြွယ်ဝချမ်းသာနေတဲ့ စည်းစိမ်ဥစ္စာတွေကို အလိုမရှိလို့ စွန့်လွှတ်ပြီး တောထွက်ခဲ့တဲ့ သူတော်ကောင်းကြီးလည်း ဖြစ်ပါတယ်။ အလွန် သူ ချစ်မြတ်နိုးနေတဲ့ သဗ္ဗညုတဉာဏ်ကို မျှော်ကိုးပြီးတော့ ရသေ့-ရဟန်း ပြုလာတဲ့ သူတော်ကောင်းကြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဆုမျိုးကိုတော့ သူက နဂိုကတည်းက အလိုမရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

အဲဒီလိုနဲ့ပဲ ဒီဗာရာဏသီမင်းဥယျာဉ်မှာ မှီတင်းပြီး နေလိုက်တာ ဘယ်လောက် ကြာသွားလဲဆိုတော့ ၁၂-နှစ် ကြာသွားတယ်။ ၁၂-နှစ်ကြာတော့ စဉ်းစားပြီ။ ဒီနေရာမှာ ငါနေတာ သိပ်ကြာသွားပြီ။ ဇနပုဒ်တိုင်းနိုင်ငံ လှည့်လည်ပြီးတဲ့ အချိန်အခါကျတော့ ငါ ပြန်မှ တော်တော့မယ်။ ဒီလို စဉ်းစားပြီးတော့ ရှင်ဘုရင်ကို အသိမပေးတော့ဘဲ ဥယျာဉ်စောင့်ကိုပဲ ပြောကြားပြီးတော့ ပြန်သွားတယ်။ “ကဲ ချစ်သား ...ငါတော့ ဒီမှာနေရတာလည်း ငြီးငွေ့ပြီးဖြစ်တယ်။ ဇနပုဒ် လှည့်လည်မှုဆိုတဲ့ လုပ်ငန်းရပ်ကို ငါသွားဦးမယ်ကွယ်။ ဒါကြောင့် သင်ဟာ ရှင်ဘုရင်ကိုပဲ အကျိုးအကြောင်း တင်ပြလျှောက်ထားပေတော့” ဆိုပြီး ပြောပြီးတော့ ထွက်ခွာသွားပြီ။ ထွက်ခွာသွားတော့ ကံခေချင်တော့ ဘာဖြစ်သလဲ?

ဂင်္ဂါမြစ်ဆိပ်ကမ်း ရောက်သွားတယ်နော်။ ရောက်တဲ့ အချိန်အခါကျ-တော့ အဲဒီ ဂင်္ဂါမြစ်ဆိပ်ကမ်း သူ ကြွသွားတဲ့ ဆိပ်ကမ်းမှာလည်း အဝါရိယပီတာ ခေါ်ဆိုအပ်တဲ့ လှေသူကြီးတစ်ဦးက ရှိနေတယ်။ သူ့ကို အဝါရိယပီတာလို့ ခေါ်တာကတော့ သူ့မှာ သမီးလေးတစ်ဦး ရှိပါတယ်။ သူကသမီးလေးက အဝါရိယအမည်ရှိတော့ ဒီသမီးလေးကို အကြောင်းပြုပြီးတော့ သူ့ကိုလည်း အဝါရိယရဲ့ဖခင်ဆိုပြီးတော့ ဒီလို ခေါ်ကြပါတယ်။ အဲဒီ အဝါရိယပီတာ အမည်ရှိနေတဲ့ ဒီလှေကူးတို့သမားနဲ့ သွားဆုံပြီ။ ဒီလှေကူးတို့-သမားကလည်းဘယ်လိုပုဂ္ဂိုလ် ဖြစ်နေလဲ?

သော ဗာလော နေဝ ဂုဏဝန္တာနံ ဂုဏံ ဇာနာတိ, န အတ္တနော အာယာပါယံ ဇာနာတိ,

သော၊ လှေကူးတို့သမားသည်ကား။ ဗာလော၊ မိုက်မဲတဲ့ လူမိုက်-ဖြစ်လေ၏။ ဂုဏဝန္တာနံ၊ ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ်တို့ရဲ့။ ဂုဏံ၊ ဂုဏ်ကျေးဇူးကို။ န ဇာနာတိ၊ မသိရှိတတ်ပေ၊

ဂုဏ်ရှိနေတဲ့ သူတော်ကောင်းတို့ရဲ့ ဂုဏ်ကျေးဇူးကို သူက သိတတ်တဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ပြန်ဘူးတဲ့။ လူမိုက်ဖြစ်နေပြန်တယ်။

အတ္တနော၊ မိမိ။ အာယာပါယံ၊ ကြီးပွားချမ်းသာခြင်းရဲ့ အကြောင်းကိုလည်း။ န ဇာနာတိ၊ မသိရှိတတ်ပေ။

မိမိ ကြီးပွားတိုးတက်နိုင်တဲ့ အကြောင်းတရားကိုလည်း သူက မသိဘူးနော်။ မသိတာက ဘယ်လိုလဲဆိုတော့ -

သော ဂင်္ဂံ တရိတုကာမံ ဇနံ ပဌမံ တာရေတွာ ပစ္ဆာ ဝေတနံ ယာစတိ,

သော၊ လှေကူးတို့သမားသည်။ ဂင်္ဂံ၊ ဂင်္ဂါမြစ်ကို။ တရိတုကာမံ၊ ကူးခတ်လိုတဲ့။ ဇနံ၊ လူသားအပေါင်းကို။ ပဌမံ၊ ရှေးဦးစွာ။ တာရေတွာ၊ ဟိုဘက်ကမ်းရောက်အောင် ပို့ဆောင်၍။ ပစ္ဆာ၊ ဟိုဘက်ကမ်းရောက်ပြီးတဲ့ နောက်ပိုင်းကာလကျမှ။ ဝေတနံ၊ လှေကူးတို့ခကို။ ယာစတိ၊ တောင်းလေ့ ရှိတတ်ပေ၏။

သူက ဂင်္ဂါမြစ်ကမ်းကို ကူးချင်တယ် ဆိုလို့ရှိရင် ကူးမဲ့ပုဂ္ဂိုလ်ကို လှေပေါ် အရင်တင်ပြီးတော့ ဟိုဘက်ကမ်းရောက်အောင် အရင်ပို့တယ်။ ပို့ပြီးမှ သူက လှေခကို တောင်းတယ်နော်။

ဝေတနံ အဒေန္တေဟိ သဒ္ဓိံ ကလဟံ ကရောန္တော အက္ကောသပ္ပဟာရေယေဝ ဗဟူ လဘတိ, အပ္ပံ လာဘံ, ဧဝရူပေါ အန္ဓဗာလော။

ဝေတနံ၊ လှေကူးတို့ခကို။ အဒေန္တေဟိ၊ မပေးကြသော။ သဒ္ဓိံ၊ သူတို့နှင့်။ ကလဟံ၊ ခိုက်ရန်ငြင်းခုန်ခြင်းကို။ ကရောန္တော၊ ပြုလျက်။ အက္ကောသပ္ပဟာရေယေဝ၊ ဆဲရေးခြင်း၊ ပုတ်ခတ်ခြင်းကိုသာလျှင်။ ဗဟူ လဘတိ၊ များစွာ ရတတ်လေ၏။ အပ္ပံ လာဘံ၊ လှေကူးတို့ခဆိုတဲ့ လာဘ်လာဘက နည်းနည်းပဲ ရတယ်။ ဧဝရူပေါ၊ ဤသို့သော သဘောရှိသောသူသည်။ အန္ဓဗာလော၊ အကန်းမိုက် ဖြစ်ပေ၏။

ဟိုဘက်ကမ်းရောက်တဲ့ အချိန်အခါကျတော့ လူဆိုတာက စိတ်ဓာတ် နည်းနည်း ပြောင်းသွားတယ်။ ပြောင်းသွားတဲ့ အချိန်အခါကျတော့ ဟိုဘက်ကမ်းလည်း ရောက်နေပြီ။ ရောက်နေတော့ လှေခတောင်းလိုက်တဲ့ အချိန်အခါ္တကျတော့ ကူးတို့သမားနဲ့ လှေစီးတဲ့ ပုဂ္ဂိုလ်တို့က အပေးအယူ မတည့်တော့ ခဏခဏ စကားများကြတယ်။ ခဏခဏ ရန်ဖြစ်ကြတယ်။ ခဏခဏ ရိုက်ကြတယ်၊ ပုတ်ကြတယ်။ အဲဒါတွေပဲ သူတို့က ခပ်များများ ရတယ်။ လှေကူးတို့ခဆိုတဲ့ လာဘ်လာဘက နည်းနည်းပဲ ရတယ်။ အဲဒီလို သူက မိုက်မဲနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်နော်။ ဒါကြောင့် ဒီလို မိုက်မဲနေတဲ့ ပုဂ္ဂိုလ်ကို ရည်စူးပြီးတော့ မြတ်စွာဘုရားက ဘာဟောလဲ?

‘‘အဝါရိယပိတာ နာမ, အဟု ဂင်္ဂါယ နာဝိကော၊ ပုဗ္ဗေ ဇနံ တာရေတွာန, ပစ္ဆာ ယာစတိ ဝေတနံ၊ တေနဿ ဘဏ္ဍနံ ဟောတိ, န စ ဘောဂေဟိ ဝဍ္ဎတိ။

ဂင်္ဂါယ၊ ဂင်္ဂါမြစ်ထဲ၌ ဂင်္ဂါမြစ်ကမ်း၌။ အဝါရိယပိတာ နာမ၊ အဝါရိယပီတာအမည်ရှိသော။ နာဝိကော၊ လှေကူးတို့-သမားသည်။ အဟု၊ ဖြစ်ခဲ့လေပြီ။ ပုဗ္ဗေ၊ ရှေးယခင်အခါ၌ကား။ ဇနံ၊ လူသားအပေါင်းကို။ တာရေတွာန၊ ထိုမှာဘက်ကမ်းရောက်အောင် ပို့ဆောင်ပြီး၍။ ပစ္ဆာ၊ နောက်ပိုင်းကာလကျမှသာ။ ဝေတနံ၊ အခကို။ ယာစတိ၊ တောင်းလေ့ရှိ၏။ တေန၊ ထို့ကြောင့်။ အဿ၊ ထိုလှေကူးတို့သမား၏သန္တာန်၌။ ဘဏ္ဍနံ၊ စည်းစိမ်ဥစ္စာဘဏ္ဍာသည်။ ဟောတိ၊ စားလောက်ရုံမျှသာ ဖြစ်ပေါ်၍ နေပေ၏။ န စ ဝဍ္ဎတိ၊ တိုးပွားမှု မရှိပေ။ ဘောဂေဟိ၊ စည်းစိမ်ဥစ္စာတို့ဖြင့်။ န စ ဝဍ္ဎတိ၊ တိုးပွားမှု မရှိပေ။

စားဖို့သောက်ဖို့ နည်းနည်းပါးပါး စည်းစိမ်ဘဏ္ဍာလေးပဲ ရတယ်။ စည်းစိမ်ဥစ္စာတို့ရဲ့ တိုးတက်မှု၊ ကြီးပွားမှုဆိုတာက မရှိဘူး။ ဘာဖြစ်လို့လဲ? ခဏခဏ စကာများနေလို့နော်။ အဲဒီအခါကျတော့မှ ဘုရားအလောင်း ရသေ့ကြီးကပေါ့နော် - ဒီခုနက အဝါရိယပီတာ အမည်ရှိတဲ့ လေသူကြီးထံ ချဉ်းကပ်ပြီးတော့ “ကဲ ဒါယိကာ ... ငါတော့ ဟိုဘက်ကမ်း ကူးချင်တယ်။ ငါ့ကို ပို့ဆောင်ပေးပါ” ပြောကြားလိုက်တယ်။ ပြောကြားလိုက်တဲ့ အချိန်အခါကျတော့ “ကဲ ရဟန်း ... သင်က ငါ့ကို လှေခပေးမှာလား” သူက မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့နော် - ဘုရားအလောင်း ရသေ့ကြီးက ဘာပြန်ပြောလဲ?

‘‘အာဝုသော, အဟံ ဘောဂဝဍ္ဎိံ အတ္ထဝဍ္ဎိံ ဓမ္မဝဍ္ဎိံ နာမ တေ ကထေဿာမိ’’

အာဝုသော၊ သင့်အား။ အဟံ၊ ငါသည်။ ဘောဂဝဍ္ဎိံ၊ စည်းစိမ်ဥစ္စာတို့ရဲ့ ကြီးပွားခြင်းကိုလည်းကောင်း။ အတ္တဝဍ္ဎိံ၊ အကျိုးတရားရဲ့ ကြီးပွားခြင်း၊ တိုးပွားခြင်းကိုလည်းကောင်း။ ဓမ္မဝဍ္ဎိံ၊ တရားတော်ရဲ့ ကြီးပွားခြင်း၊ တိုးတက်ခြင်းကိုလည်းကောင်း။ နာမ၊ စည်းစိမ်ဥစ္စာတို့ရဲ့ တိုးပွားခြင်းမည်သည်ကိုလည်းကောင်း အကျိုးတရားတို့ရဲ့ ကြီးပွားတိုးတက်ခြင်းမည်သည်-ကိုလည်းကောင်း တရားတော်ရဲ့ ကြီးပွား-တိုးတက်ခြင်းမည်သည်ကိုလည်းကောင်း။ တေ၊ သင် အားဖြင့်။ ကထေဿာမိ၊ ငါပြောကြားပေအံ့။

သင့် စည်းစိမ်ဥစ္စာတွေ တိုးပွားကြောင်း၊ အကျိုးတရားရဲ့ တိုးပွားကြောင်း၊ တရားဓမ္မတို့ရဲ့ တိုးပွားကြောင်းဆိုတဲ့ ဒီတိုးပွားကြောင်းတွေကို ငါပြော-ပြမယ်တဲ့။ ဒီလိုပဲ ရသေ့ကြီးက အမိန့်ရှိပါတယ်။ အဲဒီ အခါကျတော့ ဒီစကား ကြားလိုက်ရတဲ့ အချိန်အခါမှာ လှေကူးတို့သမားက ဘယ်လို ထင်သွားသလဲ? “ဩော် ဧကန် ဒီရဟန်းတော်က ငါ့ကိုတော့ တစ်ခုခုတော့ ပေးလိမ့်မယ်” လို့ သူက ထင်သွားတယ်။ ထင်သွားတဲ့ အခါကျတော့ ဟိုဘက်ကမ်းရောက်အောင် ပို့ဆောင်၊ ပို့ဆောင်ပြီးတဲ့ အချိန်အခါကျတော့မှ ဟိုဘက်ကမ်း ရောက်တဲ့အခါ လှေခတောင်းရော။ တောင်းလိုက်တဲ့ အချိန်အခါကျတော့ ဘုရားအလောင်း ရသေ့ကြီးက ရှေးဦးစွာပေါ့လေ - ဂါထာလေးတစ်ခု သူ့ကို ဟောတယ်။

‘‘အတိဏ္ဏံယေဝ ယာစဿု, အပါရံ တာတ နာဝိက၊ အညော ဟိ တိဏ္ဏဿ မနော, အညော ဟောတိ ပါရေသိနော’’

တာတ၊ ချစ်သား။ အပါရံ၊ ထိုမှာဘက်ကမ်းသို့။ အတိဏ္ဏံယေဝ၊ မကူးခပ်မီသာလျှင်။ ယာစဿု၊ လှေကူးတို့ခကို တောင်းပေတော့။ နာဝိက၊ နာဝိက။ ဟိ၊ ဟိ။ တိဏ္ဏဿ၊ ထိုမှဘက်ကမ်းသို့ ကူးပြီးသော ပုဂ္ဂိုလ်ရဲ့။ မနော၊ စိတ်ထားသည်ကား။ အညော၊ တစ်မျိုးတခြား တစ်ပါးသည်။ ပါရေသိနော၊ ပါရေသိနော။ မနော၊ စိတ်ထားသည်။ အညော၊ တစ်မျိုးတခြား တစ်ပါးသည်။ ဟောတိ၊ ဖြစ်၏။

အေး ချစ်သား ... လှေကူးတို့သမား အသင်က ဟိုဘက်ကမ်းကို မကူးခင် လှေခကို အရင်တောင်းပါ။ ဟိုဘက်ကမ်းကို ကူးမြောက်ပြီးတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ထားက တမျိုးဖြစ်တတ်တယ်။ ဟိုဘက်ကမ်းကို ကူးဖို့ရန်အတွက် ကူးလိုတဲ့ ကူးဖို့ရန် ရှာဖွေနေတဲ့ ပုဂ္ဂိုလ်ရဲ့စိတ်ထားဆိုတာက တမျိုးဖြစ်တတ်တယ်။ ဒါကြောင့် သင်ချစ်သားသည် ဟိုဘက်ကမ်းကို မကူးမီမှာ လှေကူးတို့ခကို အရင်တောင်းပါ ဆိုပြီးတော့ ဒီဂါထာလေး သူက ဆုံးမတယ်နော်။ အဲဒီလို ဆုံးမလိုက်တဲ့ အချိန်အခါကျတော့ ဒီဂါထာလေးနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က ဖွင့်ထားတယ်နော်။

တာတ နာဝိက, ပရတီရံ ဂတဿ အညော မနော ဘဝတိ, အဒတွာဝ ဂန္တုကာမော ဟောတိ။

တာတ နာဝိက၊ ချစ်သား ...။ ပရတီရံ၊ တစ်ဖက်ကမ်းသို့။ ဂတဿ၊ သွားသော ပုဂ္ဂိုလ်၏။ မနော၊ စိတ်ထားသည်။ အညော၊ တစ်မျိုးတခြား တစ်ပါးသည်။ ဘဝတိ၊ ဖြစ်၍ နေတတ်၏။ အဒတွာဝ ဂန္တုကာမော၊ လှေကူးတို့ခကို မပေးမူ၍သာလျှင်။ ဟောတိ၊ ဖြစ်၏။

ဟိုဘက်ကမ်းကို ရောက်သွားပြီးပြီ။ ပုဂ္ဂိုလ်တစ်ယောက် ရောက်သွားရင် စိတ်က ပြောင်းသွားတယ်။ လှေကူးတို့ခကို မပေးဘဲ သူက သွားချင်တယ်။

ယော ပနေသ ပါရေသီ နာမ ပရတီရံ ဧသတိ, ပရတီရံ ဂန္တုကာမော ဟောတိ, သော အတိရေကမ္ပိ ဒတွာ ဂန္တုကာမော ဟောတိ,

ယောပန၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ပရတီရံ၊ ထိုမှာ ဘက်ကမ်းသို့။ ဂန္တုကာမော၊ သွားခြင်းငှာ။ ဧသတိ၊ ရှာဖွေ၍ နေပေ၏။ ဣတိ၊ ဤသို့ ဤပုဂ္ဂိုလ်သည်ကား။ ပါရေသီ နာမ၊ ထိုမှာဘက်ကမ်းသို့ စူးစမ်းရှာဖွေနေတဲ့ ပုဂ္ဂိုလ်မည်၏။ ပရတီရံ၊ ထိုမှာဘက်ကမ်းသို့။ ဂန္တုကာမော၊ သွားလိုတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ပေ၏။ သော၊ ထိုမှာဘက်ကမ်းသို့ သွားလိုတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်သည်။ အတိရေကမ္ပိ၊ လှေကူးတို့ထက် ပိုလွန်တဲ့ အဖိုးအစကိုသာလည်းပဲ။ ဒတွာ၊ ပေး၍။ ဂန္တုကာမော၊ သွားလိုတဲ့ စိတ်ထားရှိသည်။ ဟောတိ၊ ဖြစ်၏၊

ဟိုဘက်ကမ်း သွားဖို့ရန်အတွက် ရှာဖွေနေတဲ့ ပုဂ္ဂိုလ်ဟာ မသွားခင်မှာ ဆိုလို့ရှိရင်တော့ တကယ်သွားဖို့ရန်အတွက် အရေးကြီးနေတော့ တန်ရာတန်ကြေးထက် ပိုလွန်တဲ့ အဖိုးအခါတွေ ပေးပြီးတော့ ဟိုဘက်ကမ်းကိုရောက်အောင် သူက ပိုပေးတတ်တယ်နော်။

ဣတိ ပါရေသိနော အညော မနော ^ဟောတိ, တသ္မာ တွံ အတိဏ္ဏမေဝ ယာစေယျာသိ, အယံ တာဝ တေ ဘောဂါနံ ဝဍ္ဎိ နာမာတိ။

ဣတိ၊ ဤသို့လျှင်။ ပါရေသိနော၊ ထိုမှာဘက်ကမ်းသို့ သွားဖို့ရန် ရှာဖွေနေတဲ့ ပုဂ္ဂိုလ်၏။ မနော၊ စိတ်ထားသည်ကား။ အညော၊ တမျိုးတခြား တစ်ပါးသော။ ဟောတိ၊ ဖြစ်တတ်ပေ၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်ချစ်သားသည်။ အတိဏ္ဏမေဝ၊ ထိုမှာ ဘက်ကမ်းသို့ မကူးခတ်ရသေးမီ အချိန်အတွင်းမှာပင်လျှင် ရသင့်သည့် လှေကူးတို့ခကို။ ယာစေယျာသိ၊ တောင်းပါ။ အယံ တာဝ၊ အရံ = ဤသည်ကား ရှေးဦးစွာ သင်ချစ်သားအဖို့။ တေ၊ တေ။ ဘောဂါနံ၊ စည်းစိမ်ဥစ္စာတို့၏။ ဝဍ္ဎိ နာမာတိ၊ ကြီးပွားတိုးတက်ကြောင်းတရား ပါပေ၏၊

စီးပွားဥစ္စာ တိုးတက်ကြောင်းတရားတစ်ခုပဲ ဆိုပြီးတော့ ဒီလို ဆုံးမတယ်။ ဆုံးမလိုက်တဲ့ အချိန်အခါကျတော့ လှေကူးတို့သမားက နည်းနည်း စဉ်းစားတယ်။ ဘယ်လိုလဲ? “ဒါကတော့ ငါ့အတွက် အဆုံးအမ ထားပါတော့။ ဒါပေမဲ့ သူ ငါ့အတွက် လှေခ တစ်ခုခုတော့ ပေးလိမ့်မယ်ထင်တယ်” ထင်လိုက်တဲ့ အချိန်အခါရောက်တော့ ဘာလုပ်သလဲ?

‘အယံ တာဝ တေ, အာဝုသော, ဘောဂဝဍ္ဎိ, ဣဒါနိ အတ္ထဓမ္မဝဍ္ဎိံ သုဏာဟီ’’

သူ့ရဲ့ ထင်ကြေးကို သိတဲ့အတွက် ဘုရားလောင်းရသေ့ကြီးက ဘာပြောလဲ?

တံဝါ၊ ရှေးဦးစွာ။ တေ၊ သင်ချစ်သား။ တံဝ၊ ရှေးဦးစွာ။ တေ၊ သင်ချစ်သားတို့အဖို့။ အယံ၊ ဤသည်ကား။ ဘောဂ၊ စည်းစိမ်ဥစ္စာတို့ရဲ့ ကြီးပွားတိုးတက်ကြောင်း တရားစကားပါပေတည်း။ ဣဒါနိ၊ ယခုအခါ၌။ အတ္ထဓမ္မဝဍ္ဎိံ၊ အကျိုးတရားရဲ့ ကြီးပွားတိုးတက်ကြောင်း၊ ဓမ္မတရားရဲ့ ကြီးပွားတိုးတက်ကြောင်းဖြစ်တဲ့ တရားစကားကို။ သုဏာဟိ၊ နာကြားပါ။

စည်းစိမ်ဥစ္စာ တိုးပွားကြောင်းတရားတစ်ခုပဲ ငါဟောပြီးပြီ။ အခုအခါမှာတော့ အတ္တရတိခေါ်တဲ့ အကျိုးတရားတို့ရဲ့ ကြီးပွားတိုးတက်ကြောင်းတရား၊ ဓမ္မဝုတိ ခေါ်တဲ့ ဓမ္မရဲ့ ကြီးပွားတိုးတက်ကြောင်းတရား ငါ ဟော-မယ်ဆိုပြီးတော့ ရသေ့ကြီးက ဂါထာလေး ဆက်ဟောတယ်နော်။

‘‘ဂါမေ ဝါ ယဒိ ဝါရညေ, နိန္နေ ဝါ ယဒိ ဝါ ထလေ၊ သဗ္ဗတ္ထ အနုသာသာမိ, မာသု ကုဇ္ဈိတ္ထ နာဝိက’

ဂါမေ ဝါ၊ ရွာ၌သော်လည်းကောင်း။ ယဒိ ဝါ၊ ထို့ပြင်။ အရညေ၊ တော၌သော်လည်းကောင်း။ နိန္နေ ဝါ၊ ရေ၌သော်လည်းကောင်း။ ယဒိ ဝါ၊ ထို့ပြင်။ ထလေ၊ ကြီးကုန်းထက်၌သော်လည်းကောင်း။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော အရပ်၌။ အနုသာသာမိ၊ အနုသာသာမိ။ မာသု ကုဇ္ဈိတ္ထ၊ မာသု ကုဇ္ဈိတ္ထ။ နာဝိက၊ နာဝိက။

ခုနက ဗာရာဏသီမင်းကြီးကို ဆုံးမတဲ့အတိုင်း ဒီဂါထာလေး ဆုံးမတယ်။ အဲဒီလို ဆုံးမပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?

‘အယံ တေ အတ္ထဝဍ္ဎိ စ ဓမ္မဝဍ္ဎိ စ’’

ဒါ သင်ရဲ့ အကျိုးစီးပွား ရှိဖို့ရန်အတွက်၊ တိုးပွားဖို့ရန်အတွက် အတ္တဝုတိ တရားလည်း မှန်တယ်။ ဓမ္မတွေ တိုးပွားဖို့ရန်အတွက် တရားလည်း မှန်ပါတယ်လို့ ပြောလိုက်တယ်။ ပြောလိုက်တဲ့ အချိန်အခါကျတော့ ဒီလှေကူးတို့သမားကလည်း သူက ဘာဖြစ်သလဲ? သူက ပညာဉာဏ် နည်းပါးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပညာဉာဏ် နည်းပါးနေတဲ့ ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် ဒီလို ဆုံးမတဲ့ အဆုံးအမ ဩဝါဒတစ်ခုကို သူက နည်းနည်းလေးမှ တန်ဖိုးမထားဘူး။ တန်ဖိုးမထားတဲ့အတွက်ကြောင့် သူက ဘာမေးလဲ?

‘ဣဒံ, သမဏ, တယာ မယှံ ဒိန္နံ နာဝါဝေတနံ’

သာမန၊ ရဟန်း။ ဣဒံ၊ ဤသည်ကား။ တယာ၊ သင်က။ မယှံ၊ ငါ့အား။ ဒိန္နံ၊ ပေးအပ်တဲ့။ နာဝါဝေတနံ၊ လှေခပါလား။

ဒါ သင်က ငါ့ကိုပေးတဲ့ လှေခလား” ဆိုပြီး မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့ “အေး ဟုတ်တယ်” ရသေ့ကြီးကလည်း ပြန်ပြောတယ်။ အဲဒီအခါကျတော့ ဒီလှေကူးတို့သမားက ဘာလုပ်သလဲ?

‘‘မယှံ ဣမိနာ ကမ္မံ နတ္ทธิ, အညံ မေ ဒေဟိ’’

မယှံ၊ ငါ့အား။ ဣမိနာ၊ ဤအဆုံးအမ ဩဝါဒတရားစကားဖြင့်။ ကမ္မံ၊ ပြုလုပ်ဖွယ် လုပ်ငန်းရပ်သည်။ နတ္ထိ၊ မရှိပါ။ မေ၊ ငါ့အား။ အညံ၊ အခြားတစ်ပါးသော ပစ္စည်းဝတ္ထုကို။ ဒေဟိ၊ ပေးပါ။

ဒီ သင်ဆုံးမတဲ့ အဆုံးအမစကားဖြင့် ငါ့မှာ လိုက်နာပြုကျင့်ဖွယ် လုပ်ငန်း ဘာမှ မရှိဘူး။ ဒါကြောင့် ငါ့ကို တခြားပစ္စည်းတစ်ခုခု ပေးပါ ဆိုပြီး ထပ်တောင်းတယ်။ တောင်းလိုက်တဲ့ အချိန်အခါကျတော့ ရသေ့ကြီးကလည်း -

‘‘အာဝုသော, ဣဒံ ဌပေတွာ မယှံ အညံ နတ္ထိ’’

အာဝုသော၊ ဒါယကာ။ ဣဒံ၊ ဤအဆုံးအမ ဩဝါဒတရားစကားကို။ ဌပေတွာ၊ ထပ်၍။ မယှံ၊ ငါ့အား။ အညံ၊ အခြားတစ်ပါးသော ပေးစရာ ပစ္စည်းဝတ္ထုတို့သည်။ နတ္ထိ၊ မရှိပါ။

ဒါယကာ ဒီအဆုံးအမ ဩဝါဒစကားကို ထားပြီးတော့ သင့်ကို ငါပေးဖို့ အခြားပစ္စည်းတစ်ခု ဘာမှ မရှိဘူး။ ဒီလို ပြန်ပြီးတော့ အမိန့်ရှိလိုက်တယ်။ အဲဒီ အခါကျတော့ ဘာလုပ်သလဲ?

‘‘အထ တွံ ကသ္မာ မမ နာဝံ အာရုဠှောသိ’’

အထ၊ ထိုသို့ ဖြစ်ပါလျက်။ တွံ၊ သင်သည်။ ကသ္မာ၊ အဘယ်အကြောင်းကြောင့်။ မမ၊ မမ။ နာဝံ၊ လှေပေါ်ထက်သို့။ အာရုဠှောသိ၊ တက်စီးခဲ့ပါသနည်း။

ကဲ ဒီလိုဆို ပေးစရာမရှိဘဲနဲ့ ငါ့လှေပေါ် သင်ဘာလို့ တက်စီးသလဲနော်။ အဲဒီလို ပြောပြီးတော့ ဘာလုပ်သလဲ?

တာပသံ ဂင်္ဂါတီရေ ပါတေတွာ ဥရေ နိသီဒိတွာ မုခမေဝဿ ပေါထေသိ။

တာပသံ၊ ရသေ့ကို။ ဂင်္ဂါတီရေ၊ ဒီမြစ်ကမ်းပါး၌။ ပါတေတွာ၊ လဲကျစေ၍။ ဥရေ၊ ရသေ့၏ ရင်ဘတ်ပေါ်၌ မိမိ။ နိသီဒိတွာ၊ ထိုင်၍။ မုခမေဝ၊ ထိုရသေ့၏၊ မျက်နှာကိုသာလျှင်။ အဿ၊ အဿ။ ပေါထေသိ၊ လက်သီးနှင့် ထိုးလေသည်။

ဟန်ကျသွားပြီ ဟုတ်တယ်မဟုတ်လား? သူက ရသေ့ကြီး ဂင်္ဂါမြစ်ကမ်း တွန်းလှဲပြီးတော့ ဗိုက်ပေါ်တက်ပြီး ထိုင်လိုက်သေးတယ်။ စီးလိုက်သေးတယ်နော်။ စီးပြီးတဲ့ အခါကျတော့မှ တစ်ခါတည်း မျက်နှာကို လက်သီးနဲ့ ထိုးတော့တာပဲနော်။ အဲဒါ မြတ်စွာဘုရားက ဒီအကြောင်း ဒီရဟန်းတော်ကို ဘယ်လို ဟောသလဲ?

‘‘ဣတိ သော, ဘိက္ခဝေ, တာပသော ယံ ဩဝါဒံ ဒတွာ ရညော သန္တိကာ ဂါမဝရံ လဘိ, တမေဝ ဩဝါဒံ အန္ဓဗာလဿ နာဝိကဿ ကထေတွာ မုခပေါထနံ ပါပုဏိ, တသ္မာ ဩဝါဒံ ဒေန္တေန ယုတ္တဇနဿေဝ ဒါတဗ္ဗော, န အယုတ္တဇနဿ’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣတိ၊ ဤသို့လျှင်။ သော တာပသော၊ ထိုရသေ့ကြီးသည်။ ယံ ဩဝါဒံ၊ အကြင် အဆုံးအမ ဩဝါဒကို။ ဒတွာ၊ ပေးခဲ့ခြင်းကြောင့်။ ရညော သန္တိကာ၊ ဗာရာဏသီ ဘုရင်မင်းမြတ်ထံမှ။ ဂါမဝရံ၊ အဖိုးတစ်သိန်းထိုက်တန်တဲ့ ရွာဆုကို။ လဘိ၊ ရရှိခဲ့ဖူးလေပြီ။ တမေဝ ဩဝါဒံ၊ ထိုအဆုံးအမ ဩဝါဒကိုပင်လျှင်။ အန္ဓဗာလဿ၊ ပညာမျက်စိ ကန်းနေတဲ့ လူမိုက်အား ပညာမျက်စိ ကန်း၍နေတဲ့ လူမိုက်ဖြစ်သော။ နာဝိကဿ၊ လှေကူးတို့သမားအား။ ကထေတွာ၊ ဟောကြားမည်ခြင်းကြောင့်။ မုခပေါထနံ၊ မျက်နှာကို လက်သီးနှင့် ထိုးခြင်းဆိုတဲ့ ဆုကို။ ပါပုဏိ၊ ရောက်ရှိခဲ့လေပြီ။

မဟုတ်ဘူးလား? မှန်နေတယ်။ ဗာရာဏသီ ဘုရင်မင်းမြတ်ကို ဒီဂါထာ-လေး, ဒီအဆုံးအမဩဝါဒလေး သွားပေးလိုက်တဲ့ အချိန်အခါမှာ ဗာရာဏသီ ဘုရင်မင်းမြတ်ထံမှ တစ်နှစ်လျှင် အခွန်တစ်သိန်း ထွက်နေတဲ့ ရွာစုကြီးတစ်ခု ရခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီအဆုံးအမကိုပဲ ပညာမျက်စိကန်းနေတဲ့ လူမိုက်ဖြစ်တဲ့ လှေကူးတို့သမားကို သွားပြီး ပြောလိုက်မိတဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ? မျက်နှာကို လက်သီးနဲ့ အထိုးခံရခြင်းဆိုတဲ့ ဆုကိုပဲ ရရှိသွားတယ်နော်။

တသ္မာ၊ ထို့ကြောင့်။ ဩဝါဒံ၊ အဆုံးအမကို။ ဒေန္တေန၊ ပေးတဲ့ ပုဂ္ဂိုလ်သည်။ ယုတ္တဇနဿေဝ၊ ပေးသင့်တဲ့ ပုဂ္ဂိုလ်အားသာလျှင်။ ဒါတဗ္ဗော၊ ပေးရ၏။ န အယုတ္တဇနဿ၊ မပေးသင့်တဲ့ ပုဂ္ဂိုလ်အား မပေးအပ်ပေ၏၊

ဒါကြောင့် သူတစ်ပါးကို အဆုံးအမ ဩဝါဒပေးတယ်ဆိုတာ ပေးသင့်တဲ့ ပုဂ္ဂိုလ်ကိုပဲ ပေးရတယ်တဲ့။ မပေးသင့်တဲ့ ပုဂ္ဂိုလ်ကို ဘယ်တော့မှ မပေးပါနဲ့တဲ့။ ဘယ့်,နှယ်တုန်း ဒကာကြီးတွေ ဒီစကား လက်ခံနိုင်မလား? ဟာ တယ်ဟုတ်ပါလား? ဒီလိုဆိုရင် ဘုန်းကြီး မင်္ဂလသုတ် ဟောတာက တော်တော် ရှည်သွားပြီးထင်တယ်နော်။ ဟင် အဲဒီမှာ မြတ်စွာဘုရားက ရဟန်းတော်တွေကို ဂါထာလေးတစ်ခုနဲ့ ဆက်ပြီး ဆုံးမတယ်နော်။

‘‘ယာယေဝါနုသာသနိယာ, ရာဇာ ဂါမဝရံ အဒါ၊တာယေဝါနုသာသနိယာ, နာဝိကော ပဟရီ မုခံ’’။

ယာယေဝ အနုသာသနိယာ၊ အကြင် အဆုံးအမစကားဖြင့်လျှင် အကြင် အဆုံးအမ စကားဖြင့်ပင်လျှင်။ ရာဇာ၊ ဗာရာဏသီ ဘုရင်မင်းမြတ်သည်။ ဂါမဝရံ၊ ရွာဆုကို။ အဒါ၊ ဗာရာဏသီ ဘုရင်ထံမှ ရရှိခဲ့လေပြီ။ တာယေဝ အနုသာသနိယာ၊ ထိုအဆုံးအမစကားဖြင့်ပင်လျှင်။ နာဝိကော၊ လှေကူးတို့သမားသည်။ မုခံ၊ မျက်နှာကို။ ပဟရီ၊ ပုတ်ခတ်ထိုးနှက်ခဲ့လေပြီ။

ဒီအဆုံးအမကြောင့် ဗာရာဏသီဘုရင်ထံမှ ရွာဆုကြီး ရခဲ့တယ်။ ဒီအဆုံးအမကြောင့်ပဲ ကူးတို့သမားက နေပြီးတော့ ရသေ့ကြီးရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးခဲ့တယ်။ ဒါကြောင့် အဆုံးအမဆိုတာက ပေးသင့်တဲ့ ပုဂ္ဂိုလ်ကိုသာ ပေးရတယ်နော်။ မပေးသင့်တဲ့ ပုဂ္ဂိုလ်ကို ပေးရမလား? မပေးရဘူး ဆိုပြီးတော့ မြတ်စွာဘုရားက ဟောတယ်။ ဒါပေမဲ့ ဇာတ်တော်က မပြီးသေးဘူး။ မပြီးသေးတာက ဘာလဲဆိုတော့ လူမိုက်ဆိုတာက လူမိုက်သွားတဲ့ လမ်းကို တစ်နေ့ သွားရမှာပဲ။ အဲဒီတော့ အဲဒီလို ရသေ့ကြီးကို သူက ထိုးနေတုန်း မယားကလည်း နောက်က သူစားဖို့အတွက် ထမင်းတောင်းလေး ရွက်ပြီးတော့ လာခဲ့ပြန်တယ်။ လာလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ? ဒီယုတ်မာနေတဲ့ ယောကျ်ားက ရသေ့ကြီး ရင်ဘတ်ပေါ် စီးပြီးတော့ မျက်နှာကို လက်သီးနဲ့ ထိုးနေတာ မြင်တော့ အိမ်ရှင်မလုပ်တဲ့ ပုဂ္ဂိုလ်က ဘာပြောလဲ?

‘‘သာမိ, အယံ တာပသော နာမ ရာဇကုလူပကော, မာ ပဟရိ’’

သာမိ၊ အရှင်။ အယံ တာပသော နာမ၊ ရသေ့မည်သည်ကား။ ရာဇကုလူပကော၊ မင်းဆရာ ဖြစ်ပါပေ၏။ မာ ပဟရီ၊ မပုတ်ခတ် မစော်ကားပါနှင့်။

ဒီရသေ့ကြီးဟာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ဗာရာဏသီ ဘုရင်မင်းမြတ်ရဲ့ မင်းဆရာဖြစ်နေတယ်။ ဒါကြောင့် ဒီရသေ့ကြီးကို မပုတ်ခတ်ပါနှင့်။ လက်သီးနဲ့ မထိုးပါနဲ့ ဆိုပြီးတော့ အိမ်ရှင်မကနေ ဝင်ပြောတယ်။ ဘယ့်,နှယ်တုန်း ဒကာကြီးတွေ ပြောသင့်သလား, မပြောသင့်ဘူးလား? ဟင် ဒီနေရာမှာ ဘုရားက မပြောသင့်တဲ့ဘက်ကနေ ပြောနေတယ်နော်။ ဒီလို ပုဂ္ဂိုလ်မျိုးကို ပြောတော့ ပြဿနာပိုမို ရှုပ်ထွေးလာတယ်။ ဘယ်လိုဖြစ်လာလဲ?

သော ကုဇ္ဈိတွာ ‘‘တွံ မေ ဣမံ ကူဋတာပသံ ပဟရိတုံ န ဒေသိ’’

ဟော လာပြန်ပြီ။

သော၊ ထိုကူးတို့သမားသည်။ ကုဇ္ဈိတွာ၊ ဒေါသထွက်၍။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ ဣမံ ကူဋတာပသံ၊ ဤကောက်ကျစ်စဉ်းလဲနေတဲ့ ရသေ့ကို။ ပဟရီတုံ၊ ပုတ်ခတ်ခြင်းငှာ။ န ဒေသိ၊ ခွင့်မပေး။ ဣတိ၊ ဤသို့ပြောဆို၍။ ဥဋ္ဌာယ၊ ထ၍။ တံ၊ ထိုအိမ်ရှင်မကို။ ပဟရိ၊ ထိုးကြိတ်ပုတ်ခတ်လေ၏။

ဟော ကဲ ကြည့်စမ်း ... ဒေါသထွက်သွားရင် ဒီလို ပြောရမလား? နင်က ကောက်ကျစ်စဉ်းလဲတဲ့ ရသေ့ကို ငါ ရိုက်နေတာကို ရိုက်ခွင့်မပေးဘူး ဆိုပြီးတော့ ရသေ့ဗိုက်ပေါ်ကနေ ကဗျာထလိုက်တယ်။ ထပြီးတော့ တစ်ခါတည်း အိမ်ရှင်မကို ဆွဲလှဲပြီး ထိုးပြန်တယ်နော်။

အထ ဘတ္တပါတိ ပတိတွာ ဘိဇ္ဇိ,

အထ၊ ထိုအခါ၌။ ဘတ္တပါတိ၊ ထမင်းအိုးသည်။ ပတိတွာ၊ ခေါင်းပေါ်က ကျ၍။ ဘိဇ္ဇိ၊ ကွဲခဲ့လေပြီ။

ထမင်းအိုးတွေလည်း အကုန်လုံး ကျကွဲကုန်ပြီ။ မဟန်ဘူးလား? ဘယ်-သူ့အတွက် ထမင်းလဲ? သူ့အတွက် ထမင်းပါ။ ဒါပေမဲ့ ဒေါသကြီးတဲ့ ပုဂ္ဂိုလ်လေ - လူမိုက်တို့ရဲ့စိတ်ထား ဘယ်လို ရှိတယ်ဆိုတာ ပေါ်လွင်အောင်ပါနော်။ ဘာဖြစ်လို့ ဘုန်းကြီးက ဒါပြောနေတာလဲ? ဟင် အဲဒီ လူမိုက်တွေနဲ့ ဒီတရားနာ ပရိသတ်တွေ တွေ့မှာဆိုးလို့ပါ။ ဟုတ်တယ် မဟုတ်လား? မတွေ့စေချင်လို့ ဒါ ဘုန်းကြီးက ပြောနေတာ။ အဲဒီအခါကျတော့ ကွဲပြီ။ ကွဲလိုက်တဲ့ အခါကျတော့ ဘာဖြစ်သလဲ? ပြဿနာတစ်ခုက -

တဿာ စ ပန ဂရုဂဗ္ဘာယ ဂဗ္ဘော ဘူမိယံ ပတိ။

တဿာ စ ပန၊ ထိုအိမ်ရှင်မ၏လည်းကောင်း။ ...ဂရုဂဗ္ဘာယ၊ လေးလသော ကိုယ်ဝန်ရှိသည်အဖြစ်ကြောင့်။ ဂဗ္ဘော၊ ကိုယ်ဝန်သည်။ ဘူမိယံ၊ မြေပေါ်သို့။ ပတိ၊ ကျခဲ့လေပြီ။

ဆွဲပြီး တစ်အား ထိုးလှဲလိုက်တာ ဘုန်းခနဲ လဲတဲ့ အခါကျတော့လည်း ပြင်းထန် ထပ်လဲ ထိုးလိုက်သေးတယ်ဆိုတော့ ဒီကိုယ်ဝန်ကလည်း ပျက်ကျ သွားပြန်တယ်။ ပြုတ်ကျသွားတဲ့ အခါကျတော့မှ ဘာဖြစ်လဲ?

အထ နံ မနုဿာ သမ္ပရိဝါရေတွာ ‘‘ပုရိသဃာတကစောရော’’တိ ဂဟေတွာ ဗန္ဓိတွာ ရညော ဒဿေသုံ။

အထ၊ ထိုအခါကား။ နံ၊ ထိုလှေကူးတို့သမားကို။ မနုဿာ၊ လူသားတို့သည်။ သမ္ပရိဝါရေတွာ၊ ဝန်းရံကြကုန်၍။ ပုရိသဃာတကစောရောတိ၊ ယောကျ်ားတွေကို သတ်ဖြတ်နေတဲ့ သူခိုးဟူ၍။ ဂဟေတွာ၊ ဖမ်း၍။ ...ဗန္ဓိတွာ၊ နှောင်ဖွဲ့၍။ ရညော၊ ဗာရာဏသီ ဘုရင်မင်းမြတ်အား။ ဒဿေသုံ၊ ပြကြလေကုန်၏၊

ကဲ လူသတ်နေတဲ့ ယောကျ်ားတွေကို သတ်နေတဲ့ သူခိုးပဲ ဆိုပြီးတော့ ဖမ်းပြီးတော့ အကုန်လုံး ဘုရင်ထံ အပ်လိုက်တယ်။ ကောင်းသေးလား? မကောင်းတော့ဘူး။ ဒါ ဘာကို အခြေခံလဲ? ဒေါသကို အခြေခံတယ်။ နောက်တစ်ခုက ဘာလဲ? ဒုက္ကစ ဆိုဆုံးမ သိပ်ခက်ခဲတယ်နော်။ သုဝစဆိုတဲ့ ဆိုဆုံးမလွယ်ကူတဲ့ မင်္ဂလာတရားနဲ့ ပြည့်စုံခဲ့မယ် ဆိုလို့ရှိရင်တော့ ဒီလို အကျိုးဆုတ်ယုတ်မှုတွေ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဒုက္ကစခေါ်တဲ့ ဆိုဆုံးမ ခက်ခဲနေတဲ့ စိတ်ဓာတ်တွေနဲ့ ပြည့်နှက်နေတဲ့ ပုဂ္ဂိုလ်, ဆိုဆုံးမရတာ မခက်ဘူးလား? ခက်တယ်။ အကုသိုလ်တရားတွေလည်း မတိုးပွားဘူးလား? တိုးပွားတယ်။

ဒါကြောင့် ဒီနေရာမှာ နီတိဆရာတော်က ပြောကြားတဲ့ စကားလေးတစ်ခု တော်တော် မှတ်ဖို့ကောင်းတယ်။ မြွေတွေဟာ နို့တိုက်ခြင်းမှာ အဆိပ်ပွားရုံသာ ဖြစ်ပါတယ်။ မြွေကို သွားပြီးတော့ နို့တိုက်ပြီးတော့ မမွေးနဲ့တဲ့။ မြွေကို သွားပြီးတော့ နို့တိုက်ပြီးတော့ မွေးခြင်းသည် အဆိပ်တွေ တိုးပွားရုံသာ ဖြစ်တယ်။ အလားတူပဲ - လူမိုက်တို့အတွက် ညွှန်ကြား ဆုံးမချက်မှာ စိတ်ဆိုးဖို့ရာသာ ဖြစ်တယ်။ အမျက်ဒေါသ ငြိမ်းဖို့ရန် ဘယ်တော့မှ မဖြစ်နိုင်ဘူး။ မမှန်ဘူးလား? မှန်နေတယ်။ ဒါကြောင့် မိမိတို့ဟာ သောဝစဿတာ ဆိုတဲ့ ဆိုဆုံးမလွယ်ကူတဲ့ မင်္ဂလာတရားနဲ့ ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။

အကယ်၍ ဒီလို ဆိုဆုံးမလွယ်ကူနေတဲ့ မင်္ဂလာတရားတစ်ခုနဲ့ မိမိတို့မှာ ထင်ရှားပြည့်စုံနေကြမယ် ဆိုလို့ရှိရင် နောက်ထပ် မိမိတို့မှာ မင်္ဂလာတရားတွေ တိုင်းထက်အလွန် တိုးပွားလာနိုင်ပါတယ်နော်။ အဲဒီ တိုးပွားလာနိုင်တာနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက ဒီသောဝစဿတာ မင်္ဂလာကို ဟောကြားပြီးတဲ့ နောက်ပိုင်း ဘာဆက်ဟောသလဲ? သမဏာနဉ္စ ဒဿနံ နော်။

သမဏာနဉ္စ ဒဿနံ

ရဟန်းတို့အား ဖူးမြော်ရခြင်းသည် မင်္ဂလာရှိတယ် ဆိုပြီးတော့ နောက်ထပ် မင်္ဂလာတစ်ခု ဆက်ပြီးတော့ မြတ်စွာဘုရား ဟောထားတယ်။ ဒီတော့ ဒီနေရာမှာ ဖူးမြော်ရတဲ့ ရဟန်းဆိုတာက ဘယ်လို ပုဂ္ဂိုလ်တွေလဲလို့ မေးရင် -

သာမဏာနံ ဒဿနံ နာမ ဥပသမိတကိလေသာနံ ဘာဝိတကာယဝစီစိတ္တပညာနံ ဥတ္တမဒမထသမထသမန္နာဂတာနံ ပဗ္ဗဇိတာနံ ဥပသင်္ကမနုပဋ္ဌာနအနုဿရဏသဝနဒဿနံ, သဗ္ဗမ္ပိ ဩမကဒေသနာယ ‘‘ဒဿန’’န္တိ ဝုတ္တံ။

သာမဏာနံ ဒဿနံ နာမ၊ ရဟန်းတို့အား ဖူးမြင်ရခြင်းမည်သည်။ ဥပသမိတကိလေသာနံ၊ ငြိမ်းအေးပြီးသော ကိလေသာ ရှိတော်မူကြကုန်သော။ ဘာဝိတကာယဝစီစိတ္တပညာနံ၊ ကာယကံ၊ ဝစီကံ၊ မနောကံနှင့်တကွ အဆင့်အတန်း မြင့်မားသော စိတ်ရှိကုန်သော ပညာ၊ နာမ် ပွားများအားထုတ်အပ်ပြီးကုန်သော။ ဥတ္တမဒမထသမထသမန္နာဂတာနံ၊ မြင့်မြတ်သော ယဉ်ကျေးခြင်း၊ ငြိမ်းအေးခြင်းတို့နှင့် ပြည့်စုံတော်မူကြကုန်သော။ ပဗ္ဗဇိတာနံ၊ ရဟန်းရသေ့တို့၏။ ဥပသင်္ကမနုပဋ္ဌာနအနုဿရဏသဝနဒဿနံ၊ ချဉ်းကပ်ခြင်း၊ ဆည်းကပ်ခစားခြင်း၊ အဖန်ဖန်အောက်မေ့ခြင်း၊ ကြားနာခြင်း၊ ဖူးမြင်ရခြင်းဟူသမျှသည်။ သဗ္ဗမ္ပိ၊ ထိုအလုံးစုံကိုလည်း။ ဩမကဒေသနာယ၊ တစ်စိတ်တစ်ဒေသအားဖြင့် ညွှန်ပြတော်မူခြင်းအားဖြင့်။ ဒဿနန္တိ၊ ဒဿနဟူ၍။ ဝုတ္တံ၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သတည်း။

ရဟန်းတွေကို ဖူးမြော်ရတာ မင်္ဂလာမည်တယ် ဆိုပြီး ဖွင့်ဆိုထားတယ်။ ဒါကြောင့် ဒီနေရာမှာ ရဟန်းတော်တို့ ရသေ့ရဟန်းတွေက ဖူးမြော်ရခြင်းသည် အလိုရှိအပ်တဲ့ ရသေ့ရဟန်းတွေဆိုတာ ဘာတွေနဲ့ လုပ်ပြီးတော့ ဥပသမိသ ကိလေသာ - ကိလေသာ အပူမီးတွေ ငြိမ်းအေးပြီးနေတဲ့ သူတော်ကောင်း-တွေကို ဆိုလိုတယ်။ ဒါတစ်ချက်။ ကိလေသာ အပူမီးတွေက လုံးလုံးကြီး မငြိမ်းသေးဘူးဆိုရင်လည်း ဘာဖြစ်လဲ? ပွားများအပ်ပြီးတဲ့ ကာယကံတွေကို ယဉ်ကျေးအောင်၊ ပွားများအပ်ပြီးတဲ့ ဝစီကံတွေကို ယဉ်ကျေးအောင်၊ ပွားများထားပြီးတဲ့ စိတ္တကို ယဉ်ကျေးသိမ်မွေ့အောင်၊ ပွားများထားပြီးတဲ့ ဉာဏ်ပညာနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတွေတဲ့။

ပုထုဇန်ပဲ ဖြစ်ချင်ဖြစ်ပါစေနော် ထိုပုထုဇန် သူတော်ကောင်းက ကာယကံ စောင့်စည်းမှု ရှိတယ်၊ ဝစီကံ စောင့်စည်းမှု ရှိတယ်၊ မနောကံ စောင့်စည်းမှု ရှိတယ်။ သမထဈာန သမာဒိဋ္ဌိခေါ်တဲ့ သမထပညာ, ဝိပဿနာ သမ္မာဒိဋ္ဌိခေါ်တဲ့ ဝိပဿနာဉာဏ်တွေနဲ့ ပြည့်စုံမယ် ဆိုလို့ရှိရင်လည်း ထိုထို ပုဂ္ဂိုလ်ကိုလည်း ဖူးမြော်သင့်တယ်လို့ ဖွင့်ထားတယ်နော်။ ဒီတော့ ပွားများအပ်ပြီးတဲ့ ကာယကံ၊ မိမိရဲ့ ကာယကံတွေကို ယဉ်ကျေးသိမ်မွေ့အောင် သမထ, ဝိပဿနာဘာဝနာဆိုတဲ့ လက်နက်ကောင်းတွေဖြင့် ပွားများထား-ပြီးတဲ့ ပုဂ္ဂိုလ်၊ မိမိရဲ့ ဝစီကံတွေကို ယဉ်ကျေးသိမ်မွေ့အောင် သမထ, ဝိပဿနာဘာဝနာဆိုတဲ့ လက်နက်ကောင်းတွေဖြင့် ပွားများထားပြီးတဲ့ ပုဂ္ဂိုလ်၊ မိမိရဲ့ မနောကံတွေ ယဉ်ကျေးသိမ်မွေ့တဲ့ အဆင့်ထိရောက်အောင် သမထ, ဝိပဿနာဘာဝနာဆိုတဲ့ လက်နက်ကောင်းတွေဖြင့် ချေမှုန်းထားတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေ။

နောက်တစ်ခု - အဆင့်အတန်း မြင့်မားနေတဲ့ သမထပညာ၊ ဝိပဿနာ ပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာဆိုတဲ့ ဒီပညာတွေနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းတွေ အဲဒီ သူတော်ကောင်းတွေကို ဖူးမြော်ပေးရမယ်နော်။ ဖူးမြော်ရုံတွင်လားဆိုတော့ မဟုတ်သေးဘူးနော်။ ချဉ်းကပ်ရမယ်, ပြုစုလုပ်ကျွေးရမယ်။ အကယ်၍ မိမိတို့က မချဉ်းကပ်နိုင်ဘူးဆိုရင်, မပြုစု မလုပ်ကျွေးနိုင်ဘူး ဆိုလို့ရှိရင် ထိုသူတော်ကောင်းတို့၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့နေရမယ်။ ထိုသူတော်ကောင်းတို့ထံမှ တရားစကားကို ကြားနာရမယ်။ ထိုသူတော်ကောင်းတွေကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဖူးတွေ့ရမယ်နော်။

ဒါကြောင့် သမဏာနဉ္စ ဒဿန ဖူးမြင်ခြင်းဆိုတာကတော့ ဘုရားရှင်က တစ်စိတ်တစ်ဒေသကို ထုတ်ဆောင်ပြီးတော့ ဟောလိုက်တာပါ။ အယုတ်ဆုံး အဆင့်ကို ပြောလိုက်တာနော်။ ဖူးမြော်ရုံတွင် မကဘူး။ ဘုရားရှင် ပြုစု ဖြစ်စေချင်တဲ့ အပိုင်းကတော့ - ဘာလဲ? ဖူးမြော်ရုံ သက်သက်နဲ့ မဟုတ်ဘဲ ဒီရဟန်း သူတော်ကောင်းတွေထံ ချဉ်းကပ်ရမယ်။ ဒီရဟန်းတွေကို ဆည်းကပ် ခစားရမယ်။ ရဟန်းတွေရဲ့ ဂုဏ်တွေကို အဖန်ဖန် အထပ်ထပ် အောက်မေ့ရမယ်။ ရဟန်းတွေထံမှ တရားတွေကို နာကြားရမယ်။ နာကြားပြီးတဲ့ အခါ နာကြားတဲ့အတိုင်း ဒီတရားတွေကို စနစ်တကျ ကျင့်ရမယ်။ အဲဒီလို ကျင့်စေချင်တဲ့ ရည်ရွယ်ချက်ဖြင့် ဘုရားရှင်က ဒါကို မင်္ဂလာလို့ ခေါ်ထားတယ်နော်။ ဘာဖြစ်လို့လဲ?

ဒီလို ဖူးမြင်ရခြင်းသည် ကျေးဇူးသိပ်များတယ်။ ကျေးဇူးသိပ်များတယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဟောထားတဲ့ သုတ္တန်လေးတစ်ခု ရှိပါတယ်နော်။ အဲဒီ သုတ္တန်လေးက ဘယ်မှာ လာရှိလဲဆိုတော့ ဟိုး ဣတ္တိဝုတ်ပါဠိတော်မှာ လာရှိတယ်။

‘‘ယေ တေ, ဘိက္ခဝေ, ဘိက္ခူ သီလသမ္ပန္နာ သမာဓိသမ္ပန္နာ ပညာသမ္ပန္နာ ဝိမုတ္တိသမ္ပန္နာ ဝိမုတ္တိဉာဏဒဿနသမ္ပန္နာ ဩဝါဒကာ ဝိညာပကာ သန္ဒဿကာ သမာဒပကာ သမုတ္တေဇကာ သမ္ပဟံသကာ အလံသမက္ခာတာရော သဒ္ဓမ္မဿ ဒဿနမ္ပဟံ,

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ယေ တေ ဘိက္ခူ၊ အကြင် ရဟန်း-တို့သည်ကား။ သီလသမ္ပန္နာ၊ ကိုယ်ကျင့်သီလ၌လည်း ပြည့်စုံ-တော်မူကြပါပေကုန်၏။ သမာဓိသမ္ပန္နာ၊ သမာဓိတရားနှင့်လည်း ပြည့်စုံတော်မူကြပါပေကုန်၏။ ပညာသမ္ပန္နာ၊ ဝိပဿနာပညာ၊ မဂ်ပညာနှင့်လည်း ပြည့်စုံတော်မူကြပါပေကုန်၏။ ဝိမုတ္တိသမ္ပန္နာ၊ အရဟတ္တဖိုလ်ပညာနှင့်လည်း ပြည့်စုံတော်မူကြပါပေကုန်၏။ ဝိမုတ္တိဉာဏဒဿနသမ္ပန္နာ၊ အရဟတ္တဖိုလ်ကို ပြန်ဆင်ခြင်တဲ့ ပစ္စဝက္ခဏာဉာဏ်အမြင်-နှင့်လည်း ပြည့်စုံတော်မူကြပါပေ၏။ ဩဝါဒကာ၊ ဆိုဆုံးမတတ်ကြကုန်၏။ ဝိညာပကာ၊ သစ္စာလေးပါးကို သိစေတတ်ကြပါကုန်၏။ သန္ဒဿကာ၊ သစ္စာလေးပါးကို ထင်ရှားပြကြကုန်၏။ သမာဒပကာ၊ သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်ရန်အတွက် ဆောက်တည် ကျင့်သုံးစေတတ်ကြကုန်၏။ သမုတ္တေဇကာ၊ သစ္စာလေးပါး တရားကို ထိုးထွင်းပြတတ်ကြကုန်၏။ တရားနာသူ သတ္တဝါတို့ရဲ့ သန္တာန်၌၊ တရားနာသူ သတ္တဝါတို့ရဲ့ သန္တာန်၌။ သမုတ္တေဇကာ၊ တရားနာသူ သတ္တဝါတို့ရဲ့ ဉာဏ်ပညာကိုလည်း ထက်မြက်စေတတ်ကြကုန်၏။ သမ္ပဟံသကာ၊ တရားနာယူသူ ပုဂ္ဂိုလ်တို့ရဲ့ စိတ်ဓာတ်ကိုလည်း ရွှင်လန်းတက်ကြွစေတတ်ကုန်၏။ သဒ္ဓမ္မဿ၊ သူတော်ကောင်းတရားကို။ အလံသမက္ခာတာရော၊ အညီအညွတ် ဟောကြားပြသခြင်းငှာ စွမ်းနိုင်ကြပါပေကုန်၏။ ဒဿနမ္ပဟံ၊ ဖူးမြော်ရခြင်းကိုလည်း။

ရဟန်းတော်တို့ရဲ့ဂုဏ် ဘုရားရှင်က ဟောထားတယ်နော်။ အဲဒီ ရဟန်းတော်တွေက ဘယ်လို ရဟန်းတော်တွေလဲလို့ မေးရင် - သီလနဲ့ ပြည့်စုံတဲ့ ရဟန်းတော်တွေ, သမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းတော်တွေ, ဝိပဿနာပညာ မဂ်ပညာခေါ်တဲ့ ပညာတွေနဲ့လည်း ပြည့်စုံတဲ့ ရဟန်းတော်တွေ။ ဝိမုတ္တိခေါ်တဲ့ ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်တဲ့ အရဟတ္တဖိုလ်ပညာနဲ့လည်း ပြည့်စုံတဲ့ သူတော်ကောင်းတွေ, ဝိမုတ္တိဉာဏဒဿန ခေါ်တဲ့ ဒီအရဟတ္တဖိုလ်ကို ပြန်ပြီး ဆင်ခြင်တတ်တဲ့ ပစ္စဝက္ခဏာ ဉာဏ်အမြင်တွေနဲ့လည်း ပြည့်စုံတဲ့ သူတော်ကောင်းတွေ, ဩဝါဒက အဆုံးအမ ဩဝါဒကို ပေးတတ်တဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြတယ်။

ဝိညာပကာ မိမိထံ လာပြီး ချဉ်းကပ်ပြီးတော့နေတဲ့ သူတော်ကောင်းတွေကို သစ္စာလေးပါးကို သိစေတတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ကြပြန်တယ်။ သန္တသကာ သစ္စာလေးပါးကို ထင်ရှားပြကြတဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ကြတယ်။ ------------- သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ သီလကျင်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ဆောက်တည်စေတတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်တယ်။ သမုတိစကား တရားနာယူသူ ပုဂ္ဂိုလ်တွေရဲ့ ဉာဏ်ပညာတွေကို ထက်မြက်လာအောင် ပြုလုပ်နိုင်တဲ့ စွမ်းအားရှိတဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြတယ်။ ----------- = တရားနာနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ကို ရွှင်လန်းတက်ကြွစေတတ်တဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြတယ်။ သဒ္ဓမ္မသုံးဖြာ သာသနာတော်ကြီးကို အညီအညွတ် ကောင်းစွာပြသ ဆိုဆုံးနေခြင်းငှာ စွမ်းနိုင်တဲ့ သူတော်ကောင်း-တွေလည်း ဖြစ်ကြတယ်။ အဲဒီလို သူတော်ကောင်းမျိုးကို ဘုရားရှင်က ဘယ်လို ဟောခဲ့လဲ?

ဘိက္ခဝေ, တေသံ ဘိက္ခူနံ ဗဟူပကာရံ ဝဒါမိ၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တေသံ ဘိက္ခူနံ၊ ထိုကဲ့သို့သော ရဟန်းတော်တို့ကို။ ဒဿနမ္ပိ၊ ဖူးမြော်ရခြင်းကိုလည်း။ ဗဟူပကာရံ၊ များစွာ ကျေးဇူးကြီးမားလှသည်ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏၊

ဒီလို ရဟန်းမျိုးသာ ဖြစ်ပါစေ အဲဒီလို ရဟန်းတော်မျိုးကို ဖူးမြင်ရခြင်းကိုလည်း ငါဘုရားက အလွန် ကျေးဇူးများတယ်လို့ ဟောပါတယ်။ ဖူးမြော်ရတာ ဘယ်လောက် ကျေးဇူးများတယ်ဆိုတာ ပြီးတော့မှ ဘုန်းကြီး ထပ်ပြောပါမယ်နော်။

သဝနမ္ပဟံ, ဘိက္ခဝေ, တေသံ ဘိက္ခူနံ ဗဟူပကာရံ ဝဒါမိ၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တေသံ ဘိက္ခူနံ၊ ထိုရဟန်း-တော်၏။ သဝနမ္ပိ၊ အကြောင်းကို ကြားရခြင်းကိုလည်းပဲ။ ဗဟူပကာရံ၊ များစွာ ကျေးဇူးကြီးမားလှသည်ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏၊

ဩော် ဒီလို သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဉာဏဒဿနဂုဏ် အစရှိသည့် ဒီလို ဂုဏ်တော်တို့နဲ့ ပြည့်စုံနေတဲ့ ရဟန်းတော်တွေ ဒီနေရာမှာဖြင့် ရှိနေရဲ့ဆိုပြီးတော့ ဒီသတင်းကောင်း ကြား-လိုက်ရတယ်။ ကြားလိုက်ရုံမျှဖြင့်လည်း အလွန့်အလွန် ကျေးဇူးများလှတယ်လို့ ငါဘုရား ဟောပါတယ်နော်။

ဥပသင်္ကမနမ္ပဟံ, ဘိက္ခဝေ, တေသံ ဘိက္ခူနံ ဗဟူပကာရံ ဝဒါမိ၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တေသံ ဘိက္ခူနံ၊ ထိုကဲ့သို့သော ရဟန်းတော်တို့ကို။ ဥပသင်္ကမနမ္ပိ၊ အနီးအကပ် ချဉ်းကပ်ခြင်းကိုလည်းပဲ။ ဗဟူပကာရံ၊ များစွာကျေးဇူးကြီးမားလှသည်ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူပေ၏၊

ဒီလို ရဟန်းတော်တွေကို သွားပြီး ချဉ်းကပ်မယ်ဆိုရင်လည်း အလွန့် အလွန် ကျေးဇူးကြီးမားပါတယ်လို့ ငါဘုရား ဟောပါတယ်။

ပယိရုပါသနမ္ပဟံ, ဘိက္ခဝေ, တေသံ ဘိက္ခူနံ ဗဟူပကာရံ ဝဒါမိ၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တေသံ ဘိက္ခူနံ၊ ထိုကဲ့သို့သော ရဟန်းတော်တို့ကို။ ပယိရုပါသနမ္ပိ၊ ဆည်းကပ်ခစားခြင်းကိုလည်းပဲ။ ဗဟူပကာရံ၊ အလွန့် အလွန် ကျေးဇူးများလှ၏ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူပေ၏၊

ချစ်သားရဟန်းတို့ ... ဒီလို ရဟန်းတော်တွေကို အသင်ချစ်သားတို့ သွားပြီး ချဉ်းကပ်ကြမယ်ဆိုရင် အဲဒီလို ဆည်းကပ်ခြင်းကိုလည်းပဲ အလွန့် အလွန် ကျေးဇူးကြီးမားလှပါတယ်လို့ ငါဘုရား ဟောပါတယ်။ နောက်တစ်ခု

အနုဿရဏမ္ပဟံ, ဘိက္ခဝေ, တေသံ ဘိက္ခူနံ ဗဟူပကာရံ ဝဒါမိ၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တေသံ ဘိက္ခူနံ၊ ထိုကဲ့သို့သော ရဟန်းတော်မျိုးတို့ကို။ အနုဿရဏမ္ပိ၊ ထိုရဟန်းတော်တို့ရဲ့ ဂုဏ်ကျေးဇူးကို အဖန်ဖန် အထပ်ထပ် အောက်မေ့ခြင်းကိုလည်းပဲ။ ဗဟူပကာရံ၊ အလွန့် အလွန် ကျေးဇူးများလှ၏ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူပေ၏၊

ကုသိုလ်တရားတွေ တိုးပွားခြင်းရဲ့ အကြောင်းဖြစ်လို့နော် - ဒီလို သွားပြီးတော့ ဖူးမြော်မယ်၊ တရားတွေကို နာကြားမယ်၊ ဆည်းကပ်မယ်၊ ခစားမယ်၊ ပြုစုမယ်၊ လုပ်ကျွေးမယ် ဆိုလို့ရှိရင် ကုသိုလ်တရားတွေက ဆက်တိုက် တိုးပွားပြီး မလာဘူးလား? တိုးပွားလာမယ်။ ဒါတွင်မကသေးဘူး။ ဒီရဟန်းတော်တွေရဲ့ ဂုဏ်ကျေးဇူးတွေကို အဖန်ဖန် အထပ်ထပ် အောက်မေ့နေမယ် ဆိုလို့ရှိရင်လည်း သံဃာနုဿတိ ဘာဝနာကမ္မဋ္ဌာန်းတွေ ဖြစ်နေတဲ့အတွက် ထိုအချိန်အခါမှာ ကုသိုလ်တရားတွေ ဆင့်ကဲပြီးတော့ ထပ်ခါထပ်ခါ တိုးပွားပြီး မနေဘူးလား? တိုးပွားနေတယ်။ သို့သော် ဒီလောက်ပင် ဘုရားရှင်က မကျေနပ်နိုင်ဘူးနော်။

အနုပဗ္ဗဇ္ဇမ္ပဟံ, ဘိက္ခဝေ, တေသံ ဘိက္ခူနံ ဗဟူပကာရံ ဝဒါမိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တေသံ ဘိက္ခူနံ၊ ထိုကဲ့သို့သော ရဟန်းတော်တို့ကို။ အနုပဗ္ဗဇ္ဇမ္ပိ၊ ရှင်ရဟန်း ပြုခြင်းကိုလည်း။ အဟံ၊ ငါဘုရားသည်။ ဗဟူပကာရံ၊ များစွာ ကျေးဇူးကြီးမားလှ၏ဟူ၍။ ဝဒါမိ၊ ဟောတော်မူပေ၏၊

အရည်အချင်းကတော့ ဘုရားရှင် လိုချင်တဲ့အချက်နော်။ အဲဒီ ရဟန်း-တော်တွေကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဖူးပြီးတော့ ဆည်းကပ် ခစားနေမယ် ဆိုလို့ရှိရင် မိမိလည်း နောင်တစ်ချိန်ပေါ့လေ အကြောင်း ညီညွတ်လာရင် ဒီရဟန်းတော်တွေကို အတုလိုက်ပြီး ရှင်ရဟန်းပြုတယ်။ ပြုလိမ့်မယ်နော်။ အဲဒီလို ရှင်ရဟန်း ပြုခဲ့လို့ ရှိရင်လည်း အလွန် ကျေးဇူးများတယ်လို့ ငါဘုရား ဟောပါတယ်။ ဘာကြောင့်လဲ?

တံ ကိဿ ဟေတု? တထာရူပေ, ဘိက္ခဝေ, ဘိက္ခူ သေဝတော ဘဇတော ပယိရုပါသတော အပရိပူရောပိ သီလက္ခန္ဓော ဘာဝနာပါရိပူရိံ ဂစ္ဆတိ,

တံ ကိဿ ဟေတု၊ ထိုကဲ့သို့ ကျေးဇူးများခြင်းသည်။ အဘယ် အကြောင်းကြောင့်နည်းဟူမူကား။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တထာရူပေ ဘိက္ခူ၊ ထိုကဲ့သို့သော သဘောရှိသော ဂုဏ်ကျေးဇူးအထူးနဲ့ ပြည့်စုံကြကုန်သော ရဟန်းတော်တို့ကို။ သေဝတော၊ မှီဝဲသော ပုဂ္ဂိုလ်တို့ရဲ့သန္တာန်၌။ ဘဇတော၊ ဆည်းကပ်သော ပုဂ္ဂိုလ်ရဲ့သန္တာန်၌။ ပယိရုပါသတော၊ မှီဝဲဆည်းကပ်သော ပုဂ္ဂိုလ်ရဲ့သန္တာန်၌။ အပရိပူရောပိ သီလက္ခန္ဓော၊ မပြည့်စုံသေးတဲ့ သီလဂုဏ်ကျေးဇူးသည်လည်းပဲ။ ဘာဝနာပါရိပူရိံ၊ ဘာဝနာရဲ့ ပြည့်စုံလုံလောက်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်ရှိ၍ သွားတတ်ပေ၏၊

အပရိပူရောပိ သမာဓိက္ခန္ဓော ဘာဝနာပါရိပူရိံ ဂစ္ဆတိ,

အပရိပူရောပိ သမာဓိက္ခန္ဓော၊ မပြည့်စုံသေးတဲ့ သမာဓိ ဂုဏ်ကျေးဇူးသည်-လည်းပဲ။ ဘာဝနာပါရိပူရိံ၊ ဘာဝနာဉာဏ်ရဲ့ ပြည့်စုံလုံလောက်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်ရှိ၍ သွားတတ်ပေ၏၊

အပရိပူရောပိ ပညာက္ခန္ဓော ဘာဝနာပါရိပူရိံ ဂစ္ဆတိ,

အပရိပူရောပိ ပညာက္ခန္ဓော၊ မပြည့်စုံသေးတဲ့ ပညာဂုဏ် ဂုဏ်ကျေးဇူးသည်-လည်း။ ဘာဝနာပါရိပူရိံ၊ ဘာဝနာဉာဏ်ရဲ့ ပြည့်စုံလုံလောက်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်ရှိ၍ သွားတတ်ပေ၏၊

အပရိပူရောပိ ဝိမုတ္တိက္ခန္ဓော ဘာဝနာပါရိပူရိံ ဂစ္ဆတိ,

အပရိပူရောပိ ဝိမုတ္တိက္ခန္ဓော၊ မပြည့်စုံသေးတဲ့ ဝိမုတ္တိ ဂုဏ်ကျေးဇူးသည်-လည်းပဲ။ ဘာဝနာပါရိပူရိံ၊ ဘာဝနာဉာဏ်ရဲ့ ပြည့်စုံလုံလောက်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်ရှိ၍ သွားတတ်ပေ၏၊

အပရိပူရောပိ ဝိမုတ္တိဉာဏဒဿနက္ခန္ဓော ဘာဝနာပါရိပူရိံ ဂစ္ဆတိ။

အပရိပူရောပိ ဝိမုတ္တိဉာဏဒဿနက္ခန္ဓော၊ မပြည့်စုံသေးတဲ့ ဝိမုတ္တိဉာဏဒဿန ဂုဏ်-ကျေးဇူးသည်လည်းပဲ။ ဘာဝနာပါရိပူရိံ၊ ဘာဝနာဉာဏ်၏ ပြည့်စုံ-လုံလောက်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်ရှိ၍ သွားတတ်ပေ၏၊

ဒီလို ရဟန်းတော်တွေကို သွားပြီးတော့ မှီဝဲမယ်၊ ဆည်းကပ်မယ်၊ ချဉ်းကပ်မယ် ဆိုလို့ရှိရင် မိမိရဲ့သန္တာန်မှာ မှီဝဲဆည်းကပ်နေတဲ့ မိမိရဲ့သန္တာန်မှာ မပြည့်စုံသေးတဲ့ သီလဂုဏ်ကျေးဇူးတွေလည်း ပြည့်စုံပြီး လာနိုင်တယ်, မပြည့်စုံ-သေးတဲ့ သမာဓိဂုဏ်ကျေးဇူးတွေလည်း ပြည့်စုံပြီး လာနိုင်တယ်, မပြည့်စုံသေးတဲ့ ပညာဂုဏ်ကျေးဇူးတွေလည်း ပြည့်စုံပြီး လာနိုင်တယ်, မပြည့်စုံသေးတဲ့ ဝိမုတ္တိဂုဏ်ကျေးဇူးတွေလည်း ပြည့်စုံပြီး လာနိုင်တယ်။ ဝိမုတ္တိ ဆိုတာကတော့ အရဟတ္တဖိုလ် ပြောတာပဲနော်။ ကိလေသာတို့မှ ကွင်းလုံးကျွတ် လွတ်သွားတဲ့ အရဟတ္တဖိုလ် ဂုဏ်ကျေးဇူးတွေလည်း ပြည့်စုံပြီး လာနိုင်တယ်။ မပြည့်စုံသေးတဲ့ အရဟတ္တဖိုလ်ကို ပြန်ဆင်ခြင်နိုင်တဲ့ ပစ္စ-ဝက္ခဏာဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဝိမုတ္တိဉာဏဒဿန ဂုဏ်ကျေးဇူးတွေလည်း ပြည့်စုံပြီး လာနိုင်တယ်။ ဒီလိုဆိုရင် ဒါဟာ ရဟန်းတော်တို့ကို ခုလိုပေါ့ အဆင့်အတန်း မြင့်မားနေတဲ့ ရဟန်းတော်တို့ကို ဖူးမြော်ရခြင်းသည် မင်္ဂလာ မရှိဘူးလား? ရှိတယ်။ မိမိရဲ့သန္တာန်မှာ ကုသိုလ်တရားတွေ အဆင့်ဆင့် တိုးပွားပြီး မလာဘူးလား? တိုးပွားလာတယ်။

မပြည့်စုံသေးတဲ့ သီလဂုဏ်ကျေးဇူးတွေ, မပြည့်စုံသေးတဲ့ သမာဓိ ဂုဏ်ကျေးဇူးတွေ, မပြည့်စုံသေးတဲ့ ပညာဂုဏ်ကျေးဇူးတွေ ပြည့်စုံလာတယ် ဆိုလို့ရှိရင် အင်မတန် ဝမ်းသာဖို့ မကောင်းဘူးလား? သိပ်ဝမ်းသာဖို့ ကောင်းတယ်။ ဒါဟာ ရဟန်းတွေ ဟောကြားပြသ ဆိုဆုံးမပေးမယ်။ ခုလို ရဟန်းတော်တို့နဲ့ မတွေ့ရရင် ဒီလို အဆင့်အတန်း မြင့်မားနေတဲ့ ကျေးဇူးတွေ မိမိရဲ့သန္တာန်မှာ ကိန်းဝပ်လာနိုင်ပါ့မလား? မလာနိုင်ဘူး။ ဒါကြောင့် ရဟန်းတော်တို့ကို ဖူးမြော်ရခြင်းသည် မင်္ဂလာ မရှိဘူးလား? ရှိနေတယ်။ ရဟန်းတော်တို့ကို ဆည်းကပ်ရခြင်း၊ ခစားရခြင်း၊ ပြုစုလုပ်ကျွေးရခြင်းသည်လည်း မင်္ဂလာ ရှိတယ်။ ဒီလို ရဟန်းတော်တို့ရဲ့ ဂုဏ်ကျေးဇူးကို အဖန်ဖန် အထပ်ထပ် အောက်မေ့ရခြင်းသည်လည်း မင်္ဂလာ မရှိဘူးလား? ရှိတယ်။ ဒီလို ရဟန်းတွေထံမှ တရားစကားကို နာကြားရခြင်းမှာလည်း မင်္ဂလာ မရှိဘူးလား? ရှိနေတယ်။ ဒါကြောင့် မြတ်စွာဘုရားက ဘာဟောလဲ?

ဧဝရူပါ စ တေ, ဘိက္ခဝေ, ဘိက္ခူ သတ္ထာရောတိပိ ဝုစ္စန္တိ, သတ္ထဝါဟာတိပိ ဝုစ္စန္တိ, ရဏဉ္ဇဟာတိပိ ဝုစ္စန္တိ,

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝရူပါ စ၊ ဤကဲ့သို့-သော သဘောရှိကြကုန်သော။ တေ ဘိက္ခူ၊ ထိုကဲ့သို့သော ရဟန်းတော်တို့သည်။ သတ္ထာရောတိပိ၊ ဆရာဟူ၍လည်းပဲ။ ဝုစ္စန္တိ၊ ခေါ်ဆိုထိုက်ကြပါပေကုန်၏၊

ဒီလို ရဟန်းတော်မျိုးတွေပေါ့ - မိမိသန္တာန်မှာ သီလဂုဏ်ကျေးဇူးတွေ, သမာဓိဂုဏ်ကျေးဇူးတွေ, ပညာဂုဏ်ကျေးဇူးတွေ, ဝိနယဂုဏ်ကျေးဇူးတွေ, ဝိမုတ္တိဂုဏ်ကျေးဇူးတွေ, ဝိမုတ္တိဉာဏဒဿနဂုဏ်ကျေးဇူးတွေ တည်တံ့လာအောင် ဟောကြားပြသ ဆိုဆုံးမပေးမယ်ဆိုရင် ဒီလို ပုဂ္ဂိုလ်မျိုးတွေကို ဆရာတစ်ဆူလို့ မခေါ်ထိုက်ဘူးလား? ခေါ်ထိုက်တယ်။ ဒါကြောင့် -

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧဝရူပါ စ၊ ဤကဲ့သို့-သော သဘောရှိကြကုန်သော။ တေ ဘိက္ခူ၊ ထိုကဲ့သို့သော ရဟန်းတော်တို့ကို။ သတ္ထာရောတိပိ၊ ဆရာတစ်ဆူ ဟူ၍လည်းပဲ။ ဝုစ္စန္တိ၊ ခေါ်ဆိုထိုက်ကြပါပေကုန်၏။ သတ္ထဝါဟာတိပိ၊ လှည်းမှူးဟူ၍လည်းပဲ။ ဝုစ္စန္တိ၊ ခေါ်ဆိုထိုက်ကြပါပေကုန်၏၊

အလှည်းအစီး ၅-ရာ, ၁-ထောင် စသည်ဖြင့် သဲကန္တာရခရီးကို ဖြတ်ကျော်သွားတဲ့ အချိန်အခါမှာ ဦးဆောင်ခေါင်းရွက်ဆိုတာ မလိုအပ်ဘူးလား? လိုအပ်တယ်။ အေး ... ကိလေသာ ကန္တာရခရီးခဲ၊ သံသရာ ဝဋ်ဆင်းရဲဒုက္ခ ခရီးခဲကြီးကို ဖြတ်ကျော်တဲ့ အချိန်အခါမှာလည်း လှည်းမှူးကြီးနဲ့တူတဲ့ ခေါင်းဆောင်ဆိုတာ မလိုအပ်ဘူးလား? လိုအပ်တယ်။ ဒီလမ်းက သွားမှ ဒီသံသရာ ဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်မယ်။ ဒီ အိုဘေးဆိုးကြီးက လွတ်မြောက်မယ်။ ဒီနာဘေးဆိုးကြီးမှ လွတ်မြောက်မယ်။ ဒီသေဘေးဆိုးကြီးမှ လွတ်မြောက်မယ်။ အိုနာသေရေး ဒုက္ခဘေးကြီး ဆိုတာက လွတ်မြောက်ဖို့ရန်အတွက် အလွန် မခက်ခဲဘူးလား? ခက်ခဲတယ်။ ဒီခက်ခဲလှတဲ့လမ်းခရီးကို သွားတဲ့ အချိန်အခါမှာ ခရီးလမ်းညွှန်ကောင်းလို့ ခရီးဆိုအပ်တဲ့ လှည်းမှူးကြီးဆိုတာ အလိုမရှိအပ်ဘူးလား? အလိုရှိအပ်တယ်။ ဒါကြောင့် ဒီလို ရဟန်းတော်တွေကို ဘုရားရှင်က လှည်းမှူးကြီးလို့ ခေါ်ဆိုထိုက်ပါတယ်။ နောက်တစ်ခု -

ရဏဉ္ဇဟာတိပိ၊ ကိလေသာမြူ အညစ်အကြေးတို့ကို စွန့်လွှတ်-တတ်တဲ့ ပုဂ္ဂိုလ်တို့ဟူ၍လည်းပဲ။ ဝုစ္စန္တိ၊ ခေါ်ဆိုထိုက်ပါပေကုန်၏၊

ဒီလို ရဟန်းတော်တွေကို ကိလေသာမြူ အညစ်အကြေးတွေကို စွန့်လွှတ်တတ်တဲ့ ပုဂ္ဂိုလ် (သို့မဟုတ်) စွန့်လွှတ်စေတတ်တဲ့ ပုဂ္ဂိုလ်တွေလို့ပဲ ခေါ်ဆိုထိုက်တယ်။

တမောနုဒါတိပိ ဝုစ္စန္တိ,

တမောနုဒါတိပိ၊ အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ကြီး ဖျက်ဆီးတတ်တဲ့ ပုဂ္ဂိုလ်တို့ဟူ၍လည်းပဲ။ ဝုစ္စန္တိ၊ ခေါ်ဆိုထိုက်ကြပါပေကုန်၏၊

ရဟန်းတွေ သန္တာန်မှာလည်း အဝိဇ္ဇာတည်းဟူသော အမှိုက်ဒိုက်ကြီး ပျောက်နေတယ်။ ခုနကလို အတုလိုက်ပြီး ရှင်ရဟန်းပြုတဲ့ တရားနာနေတဲ့ ပုဂ္ဂိလ်၊ ရဟန်းတွေကို ဖူးမြော်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာလည်း အဝိဇ္ဇာ အမှိုက်ဒိုက်ကြီး အခုလိုပေါ့လေ - အရဟတ္တဖိုလ်အထိ ဆိုက်သွားပြီဆိုရင် ပျောက်မသွားဘူးလား? ပျောက်သွားတယ်။ ဒါကြောင့် အမှိုက်ဒိုက်ကို ပယ်နှုတ်ပစ်တဲ့ ပုဂ္ဂိုလ်တွေလို့ပဲ ခေါ်ဆိုနိုင်ပါတယ်နော်။

အာလောကကရာတိပိ ဝုစ္စန္တိ,

အာလောကကရာတိပိ၊ ဉာဏ်အရောင်အလင်းကို ပြုလုပ်တတ်တဲ့ ပုဂ္ဂိုလ်တို့ ဟူ၍လည်း။ ဝုစ္စန္တိ၊ ခေါ်ဆိုထိုက်ကြပါပေကုန်၏၊

ဉာဏ်အလင်းရောင်ကို ပြုလုပ်ပေးတတ်တဲ့ ပုဂ္ဂိုလ်တွေလို့လည်း ခေါ်ဆိုထိုက်တယ်။ စဉ်းစားကြည့်ပါနော် - ခု တရားအားထုတ်နေပြီ။ အာနာပါန အားထုတ်တယ်, ကသိုဏ်းတွေ အားထုတ်တယ် စသည်ဖြင့် အားထုတ်ကြတယ်။ ဓာတ်ကြီး ၄-ပါး အားထုတ်ကြတယ်။ စံချိန်မီ ဒီဂရီရရှိတဲ့ အချိန်အခါမှာ လင်းရောင်ခြည်တွေ စွမ်းအင်တွေ ပေါ်မလာဘူးလား? ပေါ်လာတယ်။ လင်းရောင်ခြည်စွမ်းအင်တွေဟာ ဘယ်သူတွေက ပြုလုပ်ပေးပါလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဆရာသမားရဲ့ ဂုဏ်ကျေးဇူးနဲ့ ကင်းပါ့မလား? မကင်းဘူး။ ဒီလို ရှုရမယ်, ဒီနေရာမှာ ဒီလို အခက်အခဲရှိရင် ဒီလို ရှုရမယ် စသည်ဖြင့် ဒိလင်းရောင်ခြည်တွေ ခိုင်ခံ့လာအောင် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် လေ့ကျင့်ရမယ်ဆိုတာ ဆရာသမားတွေက သွန်သင်ပေးတယ်။ သွန်သင်ပေးလိုက်တဲ့အတိုင်း မိမိတို့ကလည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တဲ့ အချိန်အခါမှာ ဒီလင်းရောင်ခြည်တွေက ပေါ်လာတယ်နော်။

ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဒီလင်းရောင်ခြည် စွမ်းအင်တွေကို ပြုလုပ်တတ်တာ ဘယ်လိုပုဂ္ဂိုလ်တွေလည်းလို့ မေးတော့ မည်ကဲ့သို့ သီလဂုဏ်ကျေးဇူး, သမာဓိဂုဏ်ကျေးဇူး, ပညာဂုဏ်ကျေးဇူး, ဝိမုတ္တိဂုဏ်ကျေးဇူး, ဝိမုတ္တိဉာဏဒဿနဂုဏ်ကျေးဇူးခေါ်တဲ့ ဒီဂုဏ်ကျေးဇူး အထူးတို့နဲ့ ပြည့်စုံနေတဲ့ ဆရာသမားတွေ ဖြစ်ကြပါတယ်နော်။ ဒါကြောင့် ဒီဆရာသမားတွေဟာ မိမိတို့ရဲ့သန္တာန်မှာ လင်းရောင်ခြည်တွေကို ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးတတ်တဲ့ ပုဂ္ဂိုလ်တွေလို့ မခေါ်နိုင်ဘူးလား? ခေါ်နိုင်တယ်။ ဒါက သမထပိုင်းပါ။

အကယ်၍ မိမိတို့က ဝိပဿနာပိုင်း ရောက်နေတဲ့ သူတော်ကောင်း-ဖြစ်ခဲ့ရင် ရုပ်တွေ နာမ်တွေ သိမ်းဆည်းမယ်, အကြောင်းတရား အကျိုးတရားတွေ သိမ်းဆည်းမယ်, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုမယ်။ ထိုအချိန်အခါတွေမှာလည်း ဒီလင်းရောင်ခြည်တွေ မရှိဘူးလား? ရှိနေတယ်။ အေး ... မိမိတို့က ပါရမီအားလျော်စွာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို မျက်မှောက်ပြုခဲ့မယ် ဆိုရင်လည်း ဒီအသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန်ကြီးကို လှမ်းမျှော်ပြီး မြင်တွေ့ရတဲ့ အချိန်-အခါမှာလည်း ဒီလင်းရောင်ခြည် စွမ်းအင်တွေ မရှိဘူးလား? ရှိတယ်။ ဒီ-လင်းရောင်ခြည်တွေဟာ ဘာကို အခြေခံပြီး ဖြစ်လာခဲ့ရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါ သမဏာနဉ္စ ဒဿနံ ခေါ်တဲ့ ရဟန်းတော်တို့အား ဖူးမြော်ရခြင်းဆိုတဲ့ ဒီမင်္ဂလာတရားကို အခြေမခံဘူးလား? ခံနေတယ်။ ဒါကြောင့် ဒီလို ရဟန်းတော်တွေကို လင်းရောင်ကျည်ကို ပြုလုပ်ပေးတတ်တဲ့ ရဟန်းတော်တွေလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ နောက်တစ်ခု -

ဩဘာသကရာတိပိ ဝုစ္စန္တိ,

ဩဘာသကရာတိပိ၊ ဝိပဿနာ ဉာဏ်အရောင်အလင်းကို ပြုလုပ်ပေးတတ်တဲ့ ပုဂ္ဂိုလ်တို့ဟူ၍။ ဝုစ္စန္တိ၊ ခေါ်ဆိုထိုက်ကြပါပေကုန်၏၊

ဝိပဿနာပိုင်း ရောက်လို့ မိမိတို့က ဥဒယဘယဉာဏ်ပိုင်းလောက် ရောက်ပြီဆိုရင် တမူထူးခြားနေတဲ့ လင်းရောင်ခြည် ဩဘာသ အမည်ရတဲ့ လင်းရောင်ခြည်စွမ်းအားတွေ ပေါ်မလာဘူးလား? ပေါ်လာပြီ။ ဒါကြောင့် ဒီဩဘာသ လင်းရောင်ခြည်စွမ်းအင်တွေကို ပြုပြင်ပေးတတ်တဲ့ ပုဂ္ဂိုလ်တွေလို့လည်း ခေါ်နိုင်တယ်နော်。

ပဇ္ဇောတကရာတိပိ ဝုစ္စန္တိ,

ပဇ္ဇောတကရာတိပိ၊ ဆီမီးရောင်ကဲ့သို့ ထွန်းလင်းတောက်ပတဲ့ အရောင်ကို ပြုလုပ်တတ်တဲ့ ပုဂ္ဂိုလ်တို့ ဟူ၍လည်း။ ဝုစ္စန္တိ၊ ခေါ်ဆိုထိုက်ကြပါပေကုန်၏၊

တပြောင်ပြောင် ထွန်းလင်းတောက်ပနေတဲ့ ဆီမီးရောင်လို, တပြောင်ပြောင် ထွန်းလင်းတောက်ပနေတဲ့ လင်းရောင်ခြည်တွေကို ပြုလုပ်တတ်တဲ့ ပုဂ္ဂိုလ်တွေလို့လည်း မခေါ်နိုင်ဘူးလား? ခေါ်နိုင်တယ်။

ဥက္ကာဓာရာတိပိ ဝုစ္စန္တိ၊ မီးရှူးတန်ဆောင်ကို ကိုင်ဆောင်ထားတဲ့ ပုဂ္ဂိုလ်တို့ဟူ၍လည်းပဲ ခေါ်ဆိုထိုက်ကြပါပေကုန်၏၊

မြက်မီးရှူးပေါ့ - ရှေးအခါတော့ တောလမ်းခရီးကို သွားပြီ ဆိုလို့ရှိရင် ဒီမြက်မီးရှူးကြီးတွေ မီးရှို့ပြီး မီးတုတ်ကြီးတွေ ကိုင်ပြီးတော့ သွားရတယ်။ နိဗ္ဗာန်ကို သင်တို့တတွေ ဒီလမ်းအတိုင်း လိုက်ခဲ့ဆိုပြီးတော့ ရှေ့က ဒီမြက်-မီးရှူးကို ကိုင်ဆောင်ပြီး ထွန်းညှိပြတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း မတူဘူးလား? တူနေတယ်။ နိဗ္ဗာန်သွားရာလမ်းကို မြက်မီးရှူးကြီးတွေ ညှိပြီးတော့ ကိုင်ဆောင်ပြနေတဲ့ ပုဂ္ဂိုလ်တွေနော်။

ပဘင်္ကရာတိပိ ဝုစ္စန္တိ,

ပဘင်္ကရာတိပိ၊ ပြိုးပြိုးပြက် တလက်လက် တောက်ပနေတဲ့ အရောင်အလင်းကို ပြုလုပ်တတ်တဲ့ ပုဂ္ဂိုလ်တို့ဟူ၍လည်း။ ဝုစ္စန္တိ၊ ခေါ်ဆိုထိုက်ကြပါပေကုန်၏၊

ပြိုးပြိုးပြက် တလက်လက် တောက်ပနေတဲ့ အရောင်အလင်းတွေကို ပြုလုပ်တတ်တဲ့ ပုဂ္ဂိုလ်တွေလို့လည်း ခေါ်ဆိုနိုင်ပါတယ်။

အရိယာတိပိ ဝုစ္စန္တိ,

အရိယာတိပိ၊ အရိယာသူတော်ကောင်းတို့ဟူ၍လည်းပဲ။ ဝုစ္စန္တိ၊ ခေါ်ဆိုထိုက်ကြပါပေကုန်၏၊

စက္ခုမန္တောတိပိ ဝုစ္စန္တိ’’

စက္ခုမန္တောတိပိ၊ ဝိပဿနာဉာဏ်ပညာစက္ခု အရိယမဂ်ဉာဏ် ပညာစက္ခုနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတို့ဟူ၍လည်း။ ဝုစ္စန္တိ၊ ခေါ်ဆိုထိုက်ကြပါပေကုန်၏၊

ဝိပဿနာပညာ၊ မဂ်ပညာခေါ်တဲ့ ဉာဏ်ပညာ မျက်စိအမြင်တွေနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းတို့လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ အရိယာ သူတော်ကောင်းတို့လို့လည်း ခေါ်ဆိုနိုင်ပါတယ်နော်။ ဒီလို အဆင့်ကို မိမိကပေါ့ - မိမိလည်း ခုနက ကိလေသာတို့မှ လွတ်မြောက်သွားပြီ ဆိုလို့ရှိရင် ဒီ လွတ်မြောက်ရခြင်းသည် ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဘာကို သွားအခြေခံလဲ? သမဏာနဉ္စ ဒဿနခေါ်တဲ့ ဆည်းကပ်သင့် ဆည်းကပ်ထိုက်တဲ့ ခုနက သီလဂုဏ်ကျေးဇူး, သမာဓိဂုဏ်ကျေးဇူး, ပညာဂုဏ်ကျေးဇူး, ဝိမုတ္တိဂုဏ်ကျေးဇူး, ဝိမုတ္တိဉာဏဒဿနဂုဏ်ကျေးဇူးခေါ်တဲ့ ဒီ-ဂုဏ်ကျေးဇူးအထူးတို့နဲ့ ပြည့်စုံနေတဲ့ ရဟန်းတော်တွေကို ဖူးမြင်ရခြင်း, ဆည်းကပ်ရခြင်း, ခစားရခြင်း, တရားတော်ကို နာယူခြင်းဆိုတဲ့ အကြောင်းတရားတွေကို အခြေမခံဘူးလား? ခံနေတယ်။

ဒါကြောင့် ရဟန်းတော်တွေကို ဖူးမြော်ရခြင်း, ဆည်းကပ်ခစားခြင်း, ရဟန်းတော်တို့ရဲ့ ဂုဏ်ကို အဖန်ဖန် အထပ်ထပ် အောက်မေ့ခြင်း, ဒီရဟန်းတော်တွေထံမှ တရားစကားတွေကို နာကြားခြင်းသည်လည်း မင်္ဂလာရှိတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်နော်။ ကဲ နောက်တစ်ခု - အဲဒီလို မင်္ဂလာရှိနေတဲ့ အချိန်အခါမှာ ရဟန်းတော်တွေကို ဒါယကာတစ်ဦးက ဖူးမြော်ရပြီ။ ဖူးမြော်ရတဲ့ အချိန်အခါမှာ ဒီဒါယကာဘက်က ဘာတွေများ လုပ်သင့်သလဲ? ဒီအပိုင်းကို အဋ္ဌကထာဆရာတော်က နည်းနည်းလေး အကွက်စေ့စေ့ ဆက်ပြီးတော့ ဖွင့်ထားတယ်။

ယတော ဟိတကာမေန ကုလပုတ္တေန သီလဝန္တေ ဘိက္ခူ ဃရဒွါရံ သမ္ပတ္တေ ဒိသွာ ယဒိ ဒေယျဓမ္မော အတ္ထိ, ယထာဗလံ ဒေယျဓမ္မေန ပတိမာနေတဗ္ဗာ။

ယတော၊ ယင်းကဲ့သို့ မင်္ဂလာရှိခြင်းတည်းဟူသော အကြောင်းကြောင့်။ ဟိတကာမေန၊ မိမိရဲ့အကျိုးစီးပွားကို လိုလားတောင့်တလျက်ရှိသော။ ကုလပုတ္တေန၊ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးသည်။ သီလဝန္တေ၊ သီလရှိသည့် အရှင်ကောင်း, အရှင်မြတ်များ ဖြစ်တော်မူကြကုန်သော။ ဘိက္ခူ၊ ရဟန်းတော်များ။ ဃရဒွါရံ၊ မိမိ အိမ်တံခါးဝသို့။ သမ္ပတ္တေ၊ ကြွလာခဲ့သည်ကို။

jjk66qxhgphg9u0a0gmmplpaurvva5v
မင်္ဂလသုတ်-၉၀/၉၇
0
6326
22024
2026-06-04T00:26:30Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၉၀/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၈၉..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22024
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၉၀/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၈၉/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၉၁/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၉၀

ဒိသွာ၊ မြင်၍။ ယဒိ၊ အကယ်၍များ။ ဒေယျဓမ္မော၊ လှူဖွယ်ဝတ္ထုသည်။ အတ္ထိ၊ အကယ်၍များ ရှိနေသည် ဖြစ်ငြားအံ့။

မနေ့ကနော် သမာဏာနဉ္စ ဒဿနံဆိုတဲ့ မင်္ဂလာအကြောင်း ဟောနေ-ပါတယ်။ စကားစပ်မိအောင် နည်းနည်း ပြန်ပြောကြစို့နော် -

ယတော ဟိတကာမေန ကုလပုတ္တေန သီလဝန္တေ ဘိက္ခူ ဃရဒွါရံ သမ္ပတ္တေ ဒိသွာ ယဒိ ဒေယျဓမ္မော အတ္ထိ, ယထာဗလံ ဒေယျဓမ္မေန ပတိမာနေတဗ္ဗာ။ ယဒိ နတ္ထိ, ပဉ္စပတိဋ္ဌိတံ ကတွာ ဝန္ဒိတဗ္ဗာ။

ယတော၊ ယင်းကဲ့သို့ အကြောင်းတရားကြောင့်။ ဟိတကာမေန၊ မိမိရဲ့အကျိုးစီးပွားကို လိုလားတောင့်တလျက်ရှိသော။ ကုလပုတ္တေန၊ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးသည်။ သီလဝန္တေ၊ သီလရှိသည့် အရှင်ကောင်း, အရှင်မြတ်များ ဖြစ်တော်မူကြကုန်သော။ ဘိက္ခူ၊ ရဟန်းတော်များ။ ဃရဒွါရံ၊ မိမိ အိမ်တံခါးဝသို့။ သမ္ပတ္တေ၊ ကြွလာခဲ့သည်ကို။ ဒိသွာ၊ မြင်၍။ ယဒိ၊ အကယ်၍များ။ ဒေယျဓမ္မော၊ လှူဖွယ်ဝတ္ထုသည်။ အတ္ထိ၊ ရှိနေသည် ဖြစ်ငြားအံ့။ ယထာဗလံ၊ စွမ်းအားရှိသလောက်။ ဒေယျဓမ္မေန၊ လှူဖွယ်ဝတ္ထုဖြင့်။ ပတိမာနေတဗ္ဗာ၊ ပင့်ဖိတ်ပါ၊ လှူဒါန်းပူဇော်ပါ။

မိမိ အိမ်တံခါးဝကို အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ သီလရှိတဲ့ အရှင်ကောင်း, အရှင်မြတ် ရဟန်းတော်များ ကြွလာခဲ့မယ် ဆိုလို့ရှိရင် မိမိမှာလည်း အကယ်၍ လှူဖွယ်ဝတ္ထု ရှိနေမယ်ဆိုရင် စွမ်းအားရှိသလောက် လှူဖွယ်ဝတ္ထုဖြင့် ပင့်-ဖိတ်ပါ, လှူဒါန်းပူဇော်ပါတဲ့နော်။

--------------------- = ဆိုင်းငံ့စေရမယ်။ ရပ်တော်မူပါဘုရားပေါ့ - မြန်မာလိုပေါ့နော်။ ဟိုတစ်နေ့က ဘုန်းကြီးတစ်ပါးက နိုင်ငံခြားက ပြန်လာရင်း ရောက်လာတော့ စမ်းပြီးတော့ သူက စကားလေးတစ်ခွန်း ပြောသွားတယ်။ ယိုးဒယားမှာ သူ ဆွမ်းခံကြည့်တယ်တဲ့။ ဘုန်းကြီးတွေက နည်းနည်း သင်-

သို့သော် ဒီနေရာမှာ ခုခေတ်ကတော့ အလှူခံပုဂ္ဂိုလ်တွေက ပုံစံအမျိုးမျိုးနဲ့ ရှိနေကြတော့ အဲဒီလို ပုံစံအမျိုးမျိုး အားလုံးအတွက်တော့ မဆိုလိုပါဘူးနော်။ ဘယ်လို ပုဂ္ဂိုလ်တွေအတွက်လဲ? သီလဝန္တော ဘိက္ခု = သီလရှိတဲ့ အရှင်ကောင်း, အရှင်မြတ်တွေကိုသာ ကွက်ပြီးတော့ ပြောနေပါတယ်နော်။ သီလမရှိတဲ့ ပုဂ္ဂိုလ်ကတော့ မိမိတို့ရဲ့ စိတ်ထဲ မကြည်ရင်တော့ မလှူဘဲနေလည်း ဘာမှတော့ မဖြစ်ပါဘူး။ ကဲ -

ယဒိ၊ အကယ်၍များ။ နတ္ထိ၊ လှူဖွယ်ဝတ္ထုသည် မရှိခဲ့သည် ဖြစ်ငြားအံ့။ ပဉ္စပတိဋ္ဌိတံ၊ ငါးပါးသော ထိခြင်းဖြင့်။ ကတွာ၊ ပြု၍။ ဝန္ဒိတဗ္ဗာ၊ ထပ်မံ ရှိခိုးသင့် ရှိခိုးထိုက်ပေ၏၊

ထိခြင်း ငါးပါးနှင့်အညီ ရှိခိုးပါတဲ့။ ထိခြင်း ငါးပါး ယူဆပုံလေးတွေကတော့ - ၂-မျိုးလောက်တော့ ကွဲနေပါတယ်နော် - ခြေ ၂-ဖက်၊ လက် 2-ဖက်၊ နဖူးဆိုပြီး ဒီလိုယူတဲ့ ဒူး ၂-ဖက်ရယ်၊ လက် ၂-ဖက်ရယ်၊ နဖူးရယ် ဒီလို ယူတဲ့ ဝါဒလည်း ရှိတယ်နော်။ ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူးဆိုပြီးတော့ ဒီလိုယူတဲ့ ဝါဒလည်း ရှိပါတယ်။ အဲဒီလို ထိခြင်း ငါးပါးနှင့်အညီ ရှိခိုးရတယ်။ ရှိခိုးပြီးတဲ့ အချိန်အခါ ဘာဖြစ်လဲ? အကယ်၍များ အဲဒီလောက်တောင်မှ ရှိမခိုးနိုင်ခဲ့ရင် ဘာဖြစ်မလဲ?

တသ္မိံ အသမ္ပဇ္ဇမာနေ အဉ္ဇလိံ ပဂ္ဂဟေတွာ နမဿိတဗ္ဗာ,

တသ္မိံ၊ ထိုထိခြင်း ငါးပါးဖြင့် ရှိခိုးခြင်းကို။ အသမ္ပဇ္ဇမာနေ၊ ပြီးစီးပြည့်စုံအောင် မကျင့်နိုင်ခဲ့သည်ရှိသော်။ အဉ္ဇလိံ၊ လက်အုပ်ကို။ ပဂ္ဂဟေတွာ၊ ချီမြှောက်၍။ နမဿိတဗ္ဗာ၊ ရှိခိုးသင့် ရှိခိုးထိုက်ပေ၏၊

ထိခြင်းငါးပါးနှင့်အညီ ထိုင်ပြီး ရှိခိုးဖို့ရန် အကြောင်း အမျိုးမျိုးကြောင့်ပေါ့လေ - အခွင့်အရေးက မပေးခဲ့လို့ မပြီးစီး မပြည့်စုံခဲ့ဘူးဆိုရင် လက်အုပ်ချီပြီးတော့ ရှိခိုးပါ။

တသ္မိမ္ပိ အသမ္ပဇ္ဇမာနေ ပသန္နစိတ္တေန ပိယစက္ခုဟိ သမ္ပဿိတဗ္ဗာ။

တသ္မိမ္ပိ၊ ထိုလက်အုပ်ချီမိုး ရှိခိုးခြင်းကိုလည်း။ အသမ္ပဇ္ဇမာနေ၊ ပြီးစီးပြည့်စုံအောင် မကျင့်ကြံနိုင်သည်ရှိသော်။ ပသန္နစိတ္တေန၊ ကြည်ညိုသော စိတ်ဓာတ်ဖြင့်။ ပိယစက္ခုဟိ၊ ချစ်ခင်မြတ်နိုးသော မျက်လုံးတို့ဖြင့်။ သမ္ပဿိတဗ္ဗာ၊ ဖူးမြော်ကန်တော့သင့်ပေ၏၊

လက်အုပ်ချီမိုး ရှိခိုးဖို့တောင်မှ မစွမ်းနိုင်ဘူး ဆိုလို့ရှိရင် ဘာလုပ်ရမလဲနော်။ ကြည်လင်နေသော စိတ်ဓာတ်၊ ကြည်ညိုသော စိတ်ထားဖြင့် ချစ်ခင်မြတ်နိုးနေတဲ့ မျက်လုံးဖြင့် ဖူးမြော်ကန်တော့ပါနော်။ ဘာဖြစ်လို့လဲ?

ဧဝံ ဒဿနမူလကေနာပိ ဟိ ပုညေန အနေကာနိ ဇာတိသဟဿာနိ စက္ခုမှိ ရောဂေါ ဝါ ဒါဟော ဝါ ဥဿဒါ ဝါ ပိဠကာ ဝါ န ဟောန္တိ,

ဧဝံ၊ ဤသို့။ ဒဿနမူလကေနာပိ၊ ဖူးမြော်ရခြင်းတည်းဟူသော ကုသိုလ်လျှင် အကြောင်းရင်းခံရှိသည် အဖြစ်ကြောင့်လည်းပဲ။ ပုညေန ဟိ၊ ဤကောင်းမှု ကုသိုလ်ကံကြောင့်။ အနေကာနိ ဇာတိသဟဿာနိ၊ ဘဝ ထောင်ပေါင်းများစွာသော ကာလတို့ပတ်လုံး။ စက္ခုမှိ၊ မျက်စိ၌။ ရောဂေါ ဝါ၊ ရောဂါသော်လည်းကောင်း။ ဒါဟေါ ဝါ၊ ပူလောင်မှုသော်လည်းကောင်း။ ဥဿဒါ ဝါ၊ ကြက်ဆူးသော်လည်းကောင်း။ ပိဠကာ ဝါ၊ မှဲ့နီသော်လည်းကောင်း။ န ဟောန္တိ၊ မဖြစ်ကုန်၊

ကြည့်စမ်း - ဖူးမြော်ရခြင်းပဲ။ သီလရှိနေတဲ့ အရှင်ကောင်း, အရှင်မြတ်တွေကို ဖူးမြော်လိုက်ရတယ်။ ဒီလို ဖူးမြော်ရခြင်း ကောင်းမှုကုသိုလ်ကံ စေတနာကြောင့် ဖူးမြော်ရခြင်း ကောင်းမှုကုသိုလ်ကံတွေ အကြောင်းရင်းခံရှိနေတဲ့ ကုသိုလ်စေတနာတွေကြောင့် ဘဝ ထောင်ပေါင်းများစွာသော ကာလပတ်လုံး မျက်စိမှာ ရောဂါမဖြစ်ဘူးတဲ့။ ဒီလိုဆိုရင် ကြည်ညိုနေတဲ့ စိတ်ထား၊ ကြည်လင်နေတဲ့ စိတ်ထားဖြင့် သီလရှိနေတဲ့ ဒီလို အရှင်ကောင်း, အရှင်မြတ်တွေကို လှမ်းပြီး ဖူးမြော်ရတာ အကျိုး မရှိဘူးလား? အကျိုး ရှိနေတယ်။ မျက်စိမှာ ပူလောင်မှုတွေ၊ မျက်လုံးတွေ ပူလိုက်တာဆိုတဲ့ ပုံစံမျိုး ဘယ်တော့မှ မဖြစ်ဘူး။ မျက်စိမှာ ကြက်ဆူးတွေ ဘယ်တော့မှ မရှိဘူး။ မျက်စိမှာ ဘယ်တော့မှ မှဲ့နီ မစွဲဘူး။ ဘယ်လောက်များ ပင်ပန်းသလဲ? တစ်ဦးနဲ့တစ်ဦး ကြည်ညိုနေတဲ့ စိတ်ထားလေးနဲ့ လှမ်းကြည့်ရတာ ပင်ပန်းကြလား? မပင်ပန်းပါဘူး။

ယောဂီအချင်းချင်းပဲ ဖြစ်ဖြစ်၊ ရဟန်း အချင်းချင်းပဲ ဖြစ်ဖြစ်၊ သီလရှင် အချင်းချင်းပဲ ဖြစ်ဖြစ်၊ ဒကာ, ဒကာမတွေနဲ့ ဘုန်းကြီးနဲ့ အချင်းချင်းပဲ ဖြစ်ဖြစ်နော် ချစ်ခင်မြတ်နိုးနေတဲ့ မျက်လုံးနဲ့, ကြည်လင်နေတဲ့ မျက်လုံးနဲ့ လှမ်းကြည့်ခြင်းသည် အကျိုး အင်မတန် ကြီးပါတယ်။ မကြည့်ချင်တဲ့ မျက်လုံးနဲ့ ကြည့်တဲ့ ပုံစံကတော့ အချိုးကျပါ့မလား? မကျဘူး။ ဒေါသ ပြဋ္ဌာန်းနေတယ်နော်။ ဒေါသ ပြဋ္ဌာန်းနေတဲ့ ဒီမျက်လုံးတွေနဲ့ ကြည့်မှုနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး တစ်ချိန်ကတော့ ဟောခဲ့ဖူးပါတယ်။ ဒီနေရာမှာ အဋ္ဌကထာဆရာတော်က နည်းနည်းလေး ထပ်ပြီးတော့ ဖွင့်ထားတယ်နော်။ အဲဒီလို မျက်စိမှာ ရောဂါတစ်မျိုးမျိုး မဖြစ်ရုံတွင် မဟုတ်ဘူးတဲ့ ဘယ်လို ဖြစ်နေလဲ?

ဝိပ္ပသန္နပဉ္စဝဏ္ဏသဿိရိကာနိ ဟောန္တိ စက္ခူနိ ရတနဝိမာနေ ဥဂ္ဃါဋိတမဏိကဝါဋသဒိသာနိ,

ဝိပ္ပသန္နပဉ္စဝဏ္ဏသဿိရိကာနိ၊ အလွန် ကြည်လင်သော အရောင်အဆင်း ၅-မျိုးနှင့် ကျက်သရေ မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံ၍ နေကြကုန်သော။ စက္ခူနိ၊ မျက်လုံးအစုံတို့သည်။ ရတနဝိမာနေ၊ ရတနာ ၇-ပါးတို့နှင့် တည်ဆောက်၍ ထားအပ်သော နတ်တို့ရဲ့ ဘုံဗိမ္မာန်အတွင်း၌။ ဥဂ္ဃါဋိတမဏိကဝါဋသဒိသာနိ၊ ဖွင့်လှစ်အပ်သော ပတ္တမြားတံခါးရွက်နှင့် တူသည်ဖြစ်၍။ ဟောန္တိ၊ ဖြစ်ကုန်၏၊

ရတနာ ၇-ပါးဖြင့် တည်ဆောက်ထားတဲ့ နတ်တို့ရဲ့ ဘုံဗိမ္မာန်ကြီးရှိတယ်။ အဲဒီ ဘုံဗိမ္မာန်ကြီးမှာ တပ်ဆင်ထားတဲ့ တံခါးရွက်ကြီးတွေ ရှိတယ်။ ဒီတံခါး-ရွက်ကြီးကို တစ်နေရာမှာ ချထားလိုက်လို့ရှိရင် အဲဒီ တံခါးရွက်က မဏိသဝါသ ပတ္တမြားတံခါးရွက်ကြီး ဖြစ်ပါတယ်။ ဒီပတ္တမြား တံခါးရွက်ကြီးသည် အလွန် တင့်တယ်သလိုပဲ ခုနက သီလရှိနေတဲ့ အရှင်ကောင်း, အရှင်မြတ်တွေကို ကြည်လင်သော စိတ်ထားဖြင့် ဖူးမြော်လိုက်ရတဲ့ ပုဂ္ဂိုလ်ရဲ့ ကုသိုလ်ကံ စေတနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိုပုဂ္ဂိုလ်ရဲ့ မျက်လုံးဟာလည်း အလွန် ကြည်လင်နေတယ်။ ၅-မျိုးသော အဆင်းတို့ဖြင့် ကျက်သရေမင်္ဂလာ အပေါင်းတို့ ပြည့်စုံနေတဲ့ မျက်လုံးအစုံတွေ ဖြစ်နေတယ်။ မျက်လုံး သိပ်လှတယ်နော်။

သတသဟဿကပ္ပမတ္တံ ဒေဝေသု စ မနုဿေသု စ သဗ္ဗသမ္ပတ္တီနံ လာဘီ ဟောတိ။

သတသဟဿကပ္ပမတ္တံ၊ ကမ္ဘာ တစ်သိန်းသော ကာလပတ်လုံး။ ဒေဝေသု စ၊ နတ်ပြည်နတ်လောကတို့၌လည်းကောင်း။ မနုဿေသု စ၊ လူ့ပြည်လူ့လောကတို့၌လည်းကောင်း။ သဗ္ဗသမ္ပတ္တီနံ၊ ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော စည်းစိမ်ဥစ္စာတို့၏။ လာဘီ၊ ရခြင်းသဘောရှိသည်။ ဟောတိ၊ ဖြစ်၏၊

ကမ္ဘာ တစ်သိန်းတို့ ကာလပတ်လုံး လူ့ပြည်နတ်ပြည်တို့မှာ စုန်ဆန် ကျင်လည်ပြီး နေရမယ်။ အဲဒီလို ကျင်လည်တဲ့ အချိန်အခါမှာလဲ - ------------------ = စည်းစိမ်အားလုံးကို ရခြင်းသဘောရှိတယ်။ ဒီလိုဆိုရင်တော့ အဲဒီလို ကုသိုလ်မျိုးဟာ သိပ်များ အပန်းကြီးကြသလား? မကြီးပါဘူး။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြည်ညို လေးစားမြတ်နိုးနေတဲ့ စိတ်ထားမျက်လုံးလေးဖြင့် လှမ်းပြီး ကြည့်တတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါပေမဲ့ ဒီအဋ္ဌကထာက စကား သိပ်ကဲလွန်းတာ မဟုတ်ပါဘူး။ မြတ်စွာဘုရား ဟောထားတဲ့ လက္ခဏသုတ္တန်နဲ့အညီပါပဲ။ တစ်ချိန်ကတော့ ဒီလက္ခဏသုတ္တန်ကို ဟောခဲ့ဖူးပါတယ်နော်။ နာဖူးတဲ့ ပုဂ္ဂိုလ်တွေအတွက် နာဖူးထားမှာပေါ့။ မနာဖူးသေးတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ နည်းနည်းလေး ဒီနေရာမှာ ပြောမယ်။

‘‘ယမ္ပိ, ဘိက္ခဝေ, တထာဂတော ပုရိမံ ဇာတိံ ပုရိမံ ဘဝံ ပုရိမံ နိကေတံ ပုဗ္ဗေ မနုဿဘူတော သမာနော န စ ဝိသဋံ, န စ ဝိသာစိ, န စ ပန ဝိစေယျ ပေက္ခိတာ, ဥဇုံ တထာ ပသဋမုဇုမနော, ပိယစက္ခုနာ ဗဟုဇနံ ဥဒိက္ခိတာ အဟောသိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တထာဂတော၊ တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည်။ ပုရိမံ ဇာတိံ၊ ရှေးဇာတ်ထုပ်တုန်းက။ ပုရိမံ ဘဝံ၊ ရှေးဘဝက။ ပုရိမံ နိကေတံ၊ ရှေး၌ နေခဲ့ဖူးတဲ့ ဘဝတုန်းက။ ပုဗ္ဗေ၊ ဟိုရှေးယခင်အခါက။ မနုဿဘူတော သမာနော၊ လူဖြစ်နေစဉ်။ န စ ဝိသဋံ၊ မျက်လုံးပြူး၍လည်း မကြည့်ခဲ့စဖူးပေ။ န စ ဝိသာစိ၊ မျက်စောင်းထိုး၍လည်း မကြည့်ခဲ့စဖူးပေ။ န စ ပန ဝိစေယျ ပေက္ခိတာ၊ ရွေးချယ်စီစစ်၍လည်း မကြည့်ခဲ့စဖူးပေ။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ဥဇုံ တထာ ပသဋမုဇုမနော၊ ဖြောင့်မတ်တည်ကြည်သော စိတ်ထား၊ ဖြောင့်မတ်သော မျက်လုံးဖြင့်။ ဥဒိက္ခိတာ ဟောတိ၊ ကြည့်ရှုလေ့ရှိသည်။ ပိယစက္ခုနာ၊ ချစ်ခင်မြတ်နိုးသော မျက်လုံးဖြင့်။ ဗဟုဇနံ၊ လူအများအပေါင်းကို။ ဥဒိက္ခိတာ အဟောသိ၊ ကြည့်ရှုလေ့ရှိသည် ဖြစ်ခဲ့လေပြီ။

ဘုရားအလောင်းတော်မှာ အဘိနီလနေတ္တော = အလွန် ညိုသော မျက်လုံးတော်ရှိခြင်း, ဂေါပခုမော = ထိုနေ့ဖွားသစ်စ နွားသူငယ်၏ မျက်လုံးအိမ်နှင့် အလား တူညီနေတဲ့ အလွန် လှပတင့်တယ်နေတဲ့ မျက်လုံးတော်ရှိခြင်းဆိုတဲ့ ဒီလက္ခဏာတော် ၂-ပါး ဘုရားအလောင်းတော်မှာ ရရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့် ရရှိရသလဲ? ဘုရားရှင်သန္တာန်မှာ ဒီကဲ့သို့သော အလွန် လှပတင့်တယ်နေတဲ့ လက္ခဏာ ၂-ခု ဘာကြောင့် ရရှိရသလဲ ဆိုတာကို ဘုရားရှင်က ပြန်ဟောပြတယ်။

ရှေးယခင် လူဖြစ်စဉ် ဘဝတစ်ခုမှာ ဘုရားအလောင်းတော်ဟာ လူများ အပေါင်းကို မျက်လုံးပြူးပြီးတော့ ဘယ်တော့မှ မကြည့်ခဲ့စဖူးဘူး။ ဘယ့်,နှယ်တုန်း ယောဂီတွေ မျက်လုံးပြူးပြီး ကြည့်ဖူးသလား? ဟမ် ကြည့်ဖူးပါတယ်။ အဲဒါတော့ ညာပြီ ထင်တယ်နော်။ မျက်လုံးပြူးပြီး ကြည့်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာ ဆရာတော်ကလည်း သရုပ်ပေါ်အောင် သူက ဖွင့်ထားတယ်။ ဂဏဏ်းလို့ ခေါ်တဲ့ ပုစွန်လုံးပေါ့နော်။ အဲဒီ ဂဏဏ်းခေါ်တဲ့ ပုစွန်လုံးရဲ့ မျက်လုံးကြီးက အပြင်ကို ပြူးထွက်နေသလိုပဲ သူတစ်ဖက်သားကို လှမ်းပြီး ကြည့်ရင် အဲဒီ မျက်လုံးကြီး ပြူးပြီးတော့ ကြည့်တတ်တယ်။ ဘာဖြစ်လို့ ကြည့်တာလဲ? ဒေါသ ဒေါသ ဒေါသ နော်။ ဒေါသနဲ့ ပြူးပြီးကြည့်တာ ရှိတယ်။ သဘောကျလို့ ပြူးပြီးကြည့်တာ မရှိဘူးလား? လောဘနဲ့ ဟင် ရှိပါတယ်။ လောဘနဲ့လည်း ပြူးပြီး ကြည့်တာပဲ, ဒေါသနဲ့လည်း ပြူးပြီး ကြည့်တာပဲ, ဣဿာ မစ္ဆရိယ မာန်မာနတွေ လွှမ်းမိုးလာပြီ ဆိုလို့ရှိရင်လည်း ပြူးပြီး မကြည့်ဘူးလား? ကြည့်ကြတယ်။ အဲဒီလို မျက်လုံး ပြူးကြည့်လိုက်တဲ့အခါ ဒီကုသိုလ်ကံက အကျိုးပေးတဲ့ ဘဝရောက်ရင် မျက်လုံးကြီးက အပြင်ထွက်နေတတ်တယ်။ ဟော သူက သဒိသံပါကံပဲနော်။ တူညီတဲ့အကျိုး လာပေးတာပဲ။

နောက်တစ်ခု - ဘုရားအလောင်းတော်ကျတော့ န စ ဝိသာစိ = ဘယ်-တော့မှ မျက်စောင်းထိုးပြီး မကြည့်ဘူးတဲ့။ ဘယ်လိုတုန်း မျက်စောင်းရော ထိုးကြည့်ဖူးလား? ဟင် ကြည့်ဖူးမှာပါ။ ဟုတ်တယ်မဟုတ်လား? မျက်စောင်းထိုးကြည့်တယ် ဆိုတာက ဘာဖြစ်လို့လဲဆိုတော့ မကျေနပ်တဲ့ မျက်လုံးနဲ့ ကြည့်တာလည်း ရှိမယ်။ ကြည့်တော့ ကြည့်ချင်တယ်။ ရှက်လည်း ရှက်နေတော့ ဟုတ်တယ်မဟုတ်လား? အဲ ရှက်လို့ ခိုးပြီး ကြည့်တဲ့အနေနဲ့ မျက်စောင်းထိုးကြည့်တာလဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဘုရားအလောင်းတော်ကျတော့ အဲဒီလို မျက်စောင်းထိုးပြီးတော့ သူတစ်ဖက်သားကို ဘယ်တော့မှ မကြည့်ဖူးဘူး။ မျက်စောင်းထိုး ကြည့်ခဲ့ရင် ဘာဖြစ်သလဲ? မျက်လုံးကြီး စွေနေတတ်တယ်တဲ့။ ဟုတ်ပြီလား?

နောက်တစ်ခု န စ ပန ဝိစေယျ ပေက္ခိတာ၊ ရွေးချယ်စီစစ်ပြီးတော့မှ ဘယ်တော့မှ မကြည့်ဘူး။ ဒီစကားလေးနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က စိတ်ဝင်စားအောင် ဖွင့်ထားတယ်။ ဘုန်းကြီးငယ်ငယ်တုန်းက မြင်ဖူးတဲ့ မြင်ကွင်းလေးတွေပါ မျက်စိထဲမှာ လာပြီးတော့ ကွင်းကနဲ ကွက်ခနဲ လာပေါ်သွားတယ်။ ပုဂ္ဂိုလ်တစ်ယောက်က ပုဂ္ဂိုလ်တစ်ယောက်ကို မကျေနပ်ဘူး။ မကျေနပ်တဲ့ပုဂ္ဂိုလ် မကျေနပ်တဲ့ကောင်မနဲ့ လမ်းဆုံပြီ။ ဆုံလိုက်တဲ့ အချိန်အခါ ဘာလုပ်လဲ? မျက်လုံး အသာ မှိတ်ချလိုက်တယ်။ မကြည့်ဘူး။ ဒီကောင်မ လွန်သွားလောက်ပြီ ဆိုတော့မှ နောက်ကနေ လှမ်းပြီး မျက်လုံးဖွင့်ကြည့်တယ်။ ကြည့်တဲ့အခါမှာ ပုံစံတစ်မျိုးက ဘယ်လိုလဲ? ခါးလေး အသာ လက်နှစ်ဖက်နဲ့ ထောက်လိုက်သေးတယ်။ မေးလေး ပါးစပ်ကလေး နည်းနည်း ရွဲ့လိုက်သေးတယ်။ ဟုတ်တယ်မဟုတ်လား? အဲဒီပုံစံနဲ့ ကြည့်တယ်။ နင်တော့ သိရမယ် ပုံစံမျိုးနဲ့ပေါ့နော်။ အဲဒီပုံစံနဲ့ ဘုရားအလောင်းတော်ဟာ အတိတ်ဘဝက ဘယ်တော့မှ မကြည့်ခဲ့ဘူးနော်။

ဖြောင့်မတ်တဲ့ မျက်လုံးအနေအထား၊ ဖြောင့်မတ်တဲ့ စိတ်ထားအားဖြင့်သာလျှင် သတ္တဝါအများကို ဖြောင့်ဖြောင့်မတ်မတ် ကြည့်ခဲ့ဖူးတယ်။ ရိုးသားတဲ့ စိတ်ထားနဲ့သာ အမြဲတမ်း ကြည့်တယ်။ တစ်ဖက်သားကို မသင်္ကာတဲ့ စိတ်ထား၊ အကဲခတ်ချင်နေတဲ့ စိတ်ထား၊ မကျေနပ်တဲ့ စိတ်ထား အဲဒီ စိတ်ထား-တွေ ခြံရံပြီးတော့ ဘုရားအလောင်းတော်ဟာ သတ္တဝါတွေအပေါ် ဘယ်တော့မှ မကြည့်ခဲ့ဖူးဘူး။ မကျေနပ်တဲ့ စိတ်ထားဖြင့် သူတစ်ပါးကို ကြည့်ခဲ့ရင် အဲဒီကံက အကျိုးပေးတဲ့ အချိန်အခါမှာ မိမိကိုလည်း မကျေနပ်တဲ့ စိတ်ထားဖြင့် လာကြည့်တဲ့ပုဂ္ဂိုလ်တွေ ဝိုင်းဝိုင်းလည် မနေဘူးလား? လည်နေ-တတ်တယ်။

သူတစ်ပါးကို ထောက်လှမ်းရေးအနေနဲ့ အကဲခတ်တဲ့ပုံစံနဲ့ လှမ်းပြီး ကြည့်လိုက်ရင် မိမိကိုလည်း ထောက်လှမ်းရေးနဲ့ လာပြီး အကဲခတ်တဲ့ အနေနဲ့ လာကြည့်တဲ့ပုဂ္ဂိုလ်တွေ ဝိုင်းဝိုင်းလည် မနေဘူးလား? လည်နေလိမ့်မယ်။ သူတစ်ပါးကို မိမိက ရိုးသားဖြောင့်မတ်တဲ့ စိတ်ထားဖြင့် ရိုးသားဖြောင့်မတ်နေတဲ့ မျက်လုံးအိမ်ဖြင့် လှမ်းကြည့်လိုက်ရင် မိမိကိုလည်း ရိုးသားဖြောင့်မတ်တဲ့ စိတ်ထား၊ ရိုးသားနေတဲ့ မျက်လုံးအိမ်ဖြင့် လှမ်းကြည့်တဲ့ ပုဂ္ဂိုလ်တွေ ဝိုင်းဝိုင်း-လည်နေတယ်။ ဒါက သတိရှိဖို့ သိလိုအပ်ပါတယ်နော်။ ပိုက်ဆံ ဘယ်နှစ်ပြား ကုန်လဲ? တစ်ပြားမှ မကုန်ဘူး။ စိတ်ထားတတ်မယ်ဆိုရင် ကုသိုလ်တရားတွေက နေရာတကာမှာ ယူလို့ရတယ်။ စိတ်မထားတတ်ဘူး ဆိုလို့ရှိရင်လည်း နေရာတကာမှာ အကုသိုလ် ဖြစ်မနေဘူးလား? ဖြစ်နေတယ်။

ဟို ယောဂီကလည်း ဘယ်လိုပဲလေ။ အမှန်လည်း မရှိပါဘူး။ ဒီယော-ဂီကလည်း ဒီရိပ်သာကလည်း ဘယ်လိုမှန်း မသိဘူး။ ဘုန်းကြီးကတော့ သင်ပေးလိုက်ပါရဲ့ သွားတုန်းမှာ ဝါယောရှုနေလို့ရှိရင် ထိုင်တုန်းမှာ ဝါယော ရှုရင် သွားတဲ့အခါလည်း ဝါယောရှုပါ။ ထိုင်တုန်းမှာ ဓာတ်ကြီး ၄-ပါးရှုရင်၊ သွားတဲ့ အခါလည်း ဓာတ်ကြီး ၄-ပါး ရှုပါ။ ပြောပြီး သင်ပေးလိုက်တယ်။ သင်ပေးလိုက်ပေမဲ့လို့ လိုက်နာတဲ့ ယောဂီလည်း ရှိမယ်၊ မလိုက်နာတဲ့ ယောဂီလည်း ရှိပါလိမ့်မယ်။ သို့သော် လိုက်နာတဲ့ ယောဂီနဲ့ မလိုက်နာတဲ့ ယောဂီ ဘယ်ဒင်းက ပိုများလဲ? အေး အဲဒါတွေကို ဘုန်းကြီးက လိုက်ပြီး စီစစ်နေတာ အလကား။ ဒီနေ့ ဘယ်သူက ငါ့စကား နားမထောင်လဲ? လာစမ်း။ ငါ့စကား နားမထောင်တဲ့ သီလရှင် ဘယ်နှစ်ပါးရှိလဲ? ယောဂီက ဘယ်နှစ်ယောက်ရှိလဲ? ဘုန်းကြီးက ဘယ်နှစ်ပါးရှိလဲ? အာ နေ့တိုင်း စစ်ဆေးနေရမယ် ဆိုရင်တော့ ဘုန်းကြီး အလုပ်လုပ်လို့ရပါဦးမလား? မရတော့ဘူး။

ကိုယ့်အသိဉာဏ်လေးတွေနဲ့ ကိုယ် အလုပ်လုပ်တတ်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ တွေ့လိုက်တာနဲ့ ပြုံးပြီ။ ပြုံးတာ မကောင်းဘူးတော့ မဟုတ်ပါဘူး။ ဘုန်းကြီးက သဘောကျသင့်သလောက်တော့ ကျပါတယ်။ သို့သော် ပြုံးသင့်တဲ့ အချိန်အခါမှာ ပြုံးတာတော့ အကျိုးရှိပါတယ်။ တရား-အားထုတ်နေတဲ့ အချိန်အခါမှာ လူမြင်တိုင်း အကုန်လုံးသာ ပြုံးနေရမယ်ဆိုရင် တရားအားထုတ်ဖို့ အချိန် ရှိပါဦးမလား? မရှိတော့ဘူး။ ဟုတ်တယ်မဟုတ်လား? ပြီးတော့ နည်းနည်းလေး စည်းကမ်းကလနားလေးတော့ ရှိဖို့မလိုဘူးလား? လိုအပ်တယ်။ စည်းကမ်းရှိတဲ့ ရိပ်သာကြီးတွေမှာ နေထိုင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်၊ အားထုတ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေ ဒီရိပ်သာရောက်လာရင် ချက်ချင်း စိတ်ပျက်သွားတယ်။ နေတာ ထိုင်တာကလည်း စည်းကမ်းမရှိဘူး။ သူတို့မှာ အမှတ်လည်း မရှိဘူး။ သူတို့လည်း တရားလည်း ထိုင်တုန်းမှာသာ ထိုင်တယ်။ ထသွားရင် သူတို့မှာ ဘာတရားမှ မရှိဘူးဆိုပြီး ခဏခဏ ကဲ့ရဲ့တယ်။

ဒီနေ့လည်း ဒီအတိုင်းပဲ ဘုန်းကြီး အကဲ့ရဲ့ ခံလိုက်ရတယ်။ အဲတော့ ဘုန်းကြီးဘက်ကလည်း ပြောတယ်။ အေး ဘုန်းကြီးမှာလည်း အလုပ်တွေ ရှိတယ်။ ဒီတော့ သူတစ်ပါးကို လိုက်ပြီးတော့ ကိုယ်က အမြဲတမ်း အကဲခတ်ပြီး စောင့်ရှောက်နေဖို့ ဘုန်းကြီးမှာ အချိန်မရှိဘူး။ ဘယ်သူက ဘာလုပ်သလဲ၊ ဘယ်သူက ဘာလုပ်တယ်၊ ဘယ်သူက ဘာလုပ်တယ်။ အဲဒါတွေ လိုက်ပြီးသာ ဘုန်းကြီး အမြဲ စောင့်ရှောက်ပြီး ကြည့်နေရမယ်ဆိုရင်တော့ ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်ဖို့ အချိန် ရှိပါဦးမလား? မရှိပါဘူး။ ဘာဖြစ်လို့ မရှိလဲ?

တစ်ချိန်တုန်းက ဘုန်းကြီး နည်းနည်း အောက်ဖက်မှာ ညဘက် အိပ်ရင် တစ်ညလုံး စကားပြောတဲ့ပုဂ္ဂိုလ်၊ သန်းခေါင်တလွဲအထိ စကားပြောတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုလို့ အောက်ဖက် ဘုန်းကြီး ခဏဆင်းသွားတယ်။ ဆင်းသွားပြီးတော့ ဘုန်းကြီး ဆင်းလာပြီဆိုရင် မီးတွေ အကုန်ပိတ် ငြိမ်ပြီးတော့ နေတယ်။ ဘုန်းကြီးလည်း ပြန်လာပြီးရော မီးတွေ ဖွင့် စကားပြောပြီ။ အဲဒီတော့ ဆရာတော် ဘာမှ မထူးဘူးတဲ့။ တချို့ လာရောက်တယ်။ ဆရာတော် ပင်ပန်းတာပဲရှိတယ်။ မလုပ်ပါနဲ့တဲ့။ ဟုတ်သလား? ဒီလို ထောက်ခံတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်။ ဒီတော့ ကိုယ့်အသိဉာဏ်လေးနဲ့ ကိုယ် လောကမှာ နေတတ်ထိုင်တတ် ရှိဖို့တော့ မလိုဘူးလား? လိုအပ်ပါတယ်။

အရင်းနှီးဆုံးဖြစ်နေတဲ့ ကျောင်းမှာ အခြေခံကျနေတဲ့ သီလရှင်တွေ ကိုယ်တိုင်က သန်းခေါင်တလွဲအချိန် စကားပြောနေကြပြီ ဆိုရင်တော့ နောက်ထပ် အသစ်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေက မိုးလင်းအထိ ပြောရန် ဝန်လေးပါဦးမလား? မလေးတော့ဘူး။ ဒါ သတိရှိဖို့ လိုတယ်။ အေး အခံဖြစ်တဲ့ သီလရှင်တွေက ဘယ်နေရာမှာမဆို စားလည်းသွားလည်း တရားနဲ့၊ ရပ်လည်း တရားနဲ့၊ ထိုင်လည်း တရားနဲ့၊ အိပ်လည်း တရားနဲ့၊ ဆွမ်းစားလည်း တရားနဲ့။ ဒီလို တရားလေး ရှုပွားပြီးတော့သာ အကယ်၍ ပြုကျင့်နေထိုင်ကြမယ်ဆိုရင် အလားတူပဲ - ရဟန်းတော်ပိုင်းမှာလည်း ရဟန်းတွေကလည်း သွားလည်း တရားနဲ့၊ စားလည်း တရားနဲ့၊ ရပ်လည်း တရားနဲ့၊ အိပ်လည်း တရားနဲ့၊ ထိုင်လည်း တရားနဲ့။ ဒီလို တရားဘာဝနာကိုသာ တရစပ် ဣ-ရိယာပုဒ် ၄-ပါးတို့မှာ ဆက်စပ်အောင် နှလုံးသွင်းနေကြမယ်ဆိုရင် မြင်လိုက်ရတဲ့ ပုဂ္ဂိုလ်တွေလည်း ကြည်ညိုဖွယ် မရှိဘူးလား? ရှိတယ်။ မြင်လိုက်ရတာနဲ့ စိတ်ထဲမှာ အေးချမ်း သွားတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို တစ်ကြိမ်တစ်ခါ ဖူးမြော်လိုက်ရခြင်းသည် ခုဟောနေတဲ့ အတိုင်းပဲ။ ဘဝ အထောင်ပေါင်းများစွာ မျက်စိရောဂါ ဖြစ်ဦးမလား? မဖြစ်ဘူး။

ဒါကြောင့် မိမိကို အကြောင်းပြုပြီးတော့ သတ္တဝါတစ်ဦးမှာ ဘဝ အထောင်ပေါင်းများစွာ မျက်စိရောဂါ မဖြစ်ဘူး ဆိုလို့ရှိရင် ဒီလို မဖြစ်အောင် မိမိဘက်က ဘာများ အထူးကူညီနေစရာလိုလဲ? မလိုပါဘူး။ ရဟန်းကျင့်ဝတ်နဲ့ လျော်ညီအောင်၊ သီလရှင် ကျင့်ဝတ်နဲ့ လျော်ညီအောင်၊ ယောဂီ-တို့ရဲ့ ကျင့်ဝတ်နဲ့ လျော်ညီအောင် မြင်လိုက်တဲ့ ပုဂ္ဂိုလ်တို့ရဲ့သန္တာန်မှာ ကြည်ညိုသဒ္ဓါတရားတွေ တိုးပွားလာအောင် နေထိုင်ပေးတတ်ဖို့သာ မလိုဘူးလား? လိုအပ်ပါတယ်။ အဲဒီလို နေထိုင်ခြင်းသည် မိမိအတွက်လည်း အကျိုး မရှိဘူးလား? ရှိတယ်။ ဖူးမြော်ရတဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း အကျိုး မရှိဘူးလား? အကျိုးရှိတယ်။

ဒါကြောင့် သတ္တဝါအပေါင်းကို မိမိတို့က ဘယ်လို စိတ်ထားရမလဲ? ဖြောင့်မတ်တဲ့စိတ်ထား၊ ဖြောင့်မတ်တဲ့ မျက်လုံးဖြင့် အမြဲတမ်း ကြည့်တတ်ဖို့ လိုပါတယ်။ မသင်္ကာတဲ့ စိတ်ထားဖြင့် ဝိုင်းဝိုင်းလည်ပြီး လိုက်ကြည့်နေရမလား? မကြည့်ရဘူးနော်။ မသင်္ကာတဲ့ စိတ်ဓာတ်ဖြင့် ခြံရံပြီးတော့ သူတစ်ပါးကို လိုက်ကြည့်နေခဲ့မယ်ဆိုရင် ဒီကံတွေက အကျိုးပေးတဲ့ဘဝမှာ မိမိကိုလည်း မသင်္ကာတဲ့ စိတ်ထားဖြင့် လာကြည့်မဲ့ ပုဂ္ဂိုလ်တွေ ဝိုင်းဝိုင်းလည်နေလိမ့်မယ်။ နောက်တစ်ခု -

ပိယစက္ခုနာ ဗဟုဇနံ ဥဒိက္ခိတာ အဟောသိ။

ပိယစက္ခုနာ၊ ချစ်ခင်သော မျက်လုံးဖြင့်။ ဗဟုဇနံ၊ သတ္တဝါအပေါင်းကို။ ဥဒိက္ခိတာ၊ ကြည့်ရှုလေ့ရှိသည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

သတ္တဝါအပေါင်းကို ဘုရားအလောင်းတော်က ကြည့်တဲ့ အချိန်အခါမှာ ချစ်ခင်မြတ်နိုးတဲ့ မျက်လုံးနဲ့ အမြဲတမ်း ကြည့်တယ်။ အဲဒီလို ချစ်ခင်မြတ်နိုးနေတဲ့ မျက်လုံးနဲ့ အမြဲတမ်း သတ္တဝါတွေအပေါ်မှာ ကြည့်ခဲ့တဲ့အတွက် ဒီကံက အကျိုးပေးတဲ့ ဘဝမှာ ဘာဖြစ်သလဲ? ဒီကံတွေကို ဘုရားအလောင်းတော်က ဘဝတိုင်း ဘဝတိုင်းလိုလို အမြဲတမ်း ထူထောင်ခဲ့ပါတယ်။ ဒီကံတွေကို ပြုစု-ပျိုးထောင်ခဲ့တော့ ဒီကံတွေက ကြီးကျယ်ဖွံ့ဖြိုးပြီးတော့ စည်ပင်ပြန့်ပွားလာတယ်။ ပြန့်ပွားလာတဲ့ အချိန်အခါမှာ ဒီကံတွေကြောင့် ဘာဖြစ်လဲ?

နတ်ပြည်ရောက်တယ်။ နတ်ပြည်ရောက်လို့ရှိရင် တခြားတခြား နတ်တွေထက် ဆယ်ဌာနမှာ သာလွန်တယ်။ တခြားတခြား နတ်တွေထက် အဆင်းလှတယ်, အသက်ရှည်တယ်, အခြံအရံများတယ်, အစိုးရခြင်း များတယ်။ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိခေါ်တဲ့ အာရုံ ၅-ပါးကို ကာမဂုဏ်တရားတွေက တခြားတခြား နတ်တွေထက် ပိုပြီးတော့ အဆင့်မြင့်တယ်။ အဲဒီကနေပြီးတော့ တစ်ခါ လူ့ပြည်လူ့လောကကို ပြန်ပြီးတော့ လူရယ်လို့ ဖြစ်လာပြီဆို ဘာဖြစ်လဲ?

သော တတော စုတော ဣတ္ထတ္တံ အာဂတော သမာနော ဣမာနိ ဒွေ မဟာပုရိသလက္ခဏာနိ ပဋိလဘတိ။

သော၊ ထိုဘုရားအလောင်းတော်သည်။ တတော၊ ထိုနတ်ပြည်နတ်-လောကမှ။ စုတော၊ စုတေခဲ့သည်ဖြစ်၍။ ဣတ္ထတ္တံ၊ ဤလူ့ပြည်လူ့လောက-သို့။ အာဂတော သမာနော၊ ဆိုက်ရောက်လာခဲ့သည်ရှိသော်။ ဣမာနိ ဒွေ မဟာပုရိသလက္ခဏာနိ၊ ဤ ၂-မျိုးဂုဏ်သော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်တို့ကို။ ပဋိလဘတိ၊ တစ်ဖန် ရရှိတော်မူပြန်၏၊

လက္ခဏာတော် ၂-မျိုး ရရှိတယ်။ ဘာတွေလဲ? အဘိနီလနေတ္တော စ ဟောတိ ဂေါပခုမော စ။

အဘိနီလနေတ္တော စ၊ အလွန် ညိုမှောင်သော လှပတင့်တယ်သော မျက်လုံး ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဂေါပခုမော စ၊ ထိုနေ့ ဖွားသစ်စ နွားသူငယ်၏ မျက်လုံးအိမ်နှင့်ပမာတူသော တင့်တယ်သော မျက်လုံး ရှိသည်လျှင်။ ဟောတိ၊ ဖြစ်၏၊

မျက်လုံး သိပ်လှတယ်။ ဘာဖြစ်လို့လဲ? သူတစ်ပါးကို မိမိတို့က ချစ်ခင် မြတ်နိုးနေတဲ့ မျက်လုံးလေးနဲ့ ကြည့်တယ်။ စိတ်ထား ဖြောင့်ဖြောင့်ထားပြီးတော့ ကြည့်ခဲ့တယ်။ ဘယ်တော့မှ ပြူးမကြည့်ဘူး。 ဘယ်တော့မှ မျက်စောင်း မထိုးခဲ့ဘူး။ ဘယ်တော့မှ မကြည့်ဟန် ဆောင်ပြီးတော့ နောက်မှကြည့်တဲ့ မျက်လုံးနဲ့ မကြည့်ခဲ့ဖူးဘူးနော်။ အဲဒီတော့ ဒီလက္ခဏာ ၂-ပါးနဲ့ ပြည့်စုံမယ် ဆိုလို့ရှိရင် ဒီလို လက္ခဏာ ၂-ပါးနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်က အကယ်၍ အိမ်ရာတည်ထောင် လူ့ဘောင်သာ နေထိုင်ခဲ့မယ်ဆိုရင် စကြဝတေးမင်း ဖြစ်မယ်။ အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီးတော့ သာသနာဘောင် ဝင်ရောက်-ပြီး ရှင်ရဟန်း ပြုခဲ့မယ်ဆိုရင် သဗ္ဗညုတသမ္မာသမ္ဗုဒ္ဓ ဘုရားသခင် ဖြစ်နိုင်တယ်။ သဗ္ဗညုတသမ္မာသမ္ဗုဒ္ဓ ဘုရားသခင် ဖြစ်ခဲ့မယ်ဆိုရင်တော့ ဘာအကျိုးရမလဲ?

ဗုဒ္ဓေါ သမာနော ကိံ လဘတိ? ပိယဒဿနော ဟောတိ ဗဟုနော ဇနဿ, ပိယော ဟောတိ မနာပေါ ဘိက္ခူနံ ဘိက္ခုနီနံ ဥပါသကာနံ ဥပါသိကာနံ ဒေဝါနံ မနုဿာနံ အသုရာနံ နာဂါနံ ဂန္ဓဗ္ဗာနံ။ ဗုဒ္ဓေါ သမာနော ဣဒံ လဘတိ’

ဗုဒ္ဓေါ၊ ဘုရားရှင်သည်။ သမာနော၊ ဖြစ်ခဲ့သည်ရှိသော်။ ကိံ၊ အဘယ်အကျိုးတရားကို။ လဘတိ၊ ရရှိပါသနည်း။ ဗဟုနော ဇနဿ၊ များစွာသော သတ္တဝါအပေါင်း၏ (ဝါ) လူအများအပေါင်းက။ ပိယဒဿနော၊ ချစ်ခင်မြတ်နိုးဖွယ်အပ်သော (ဝါ) ချစ်ခင်မြတ်နိုးဖွယ်ရာ မျက်လုံးဖြင့် ကြည့်ရှုလေ့ရှိသည်လည်း (ဝါ) ချစ်ခင်မြတ်နိုးဖွယ်ရာသော မျက်လုံးဖြင့် ကြည့်ရှုခံရသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခူနံ၊ ရဟန်းယောက်ျား-တို့၏လည်းကောင်း။ ဘိက္ခုနီနံ၊ ရဟန်းမိန်းမတို့၏လည်းကောင်း။ ဥပါသကာနံ၊ ဥပသကာ ဒါယကာတို့၏လည်းကောင်း။ ဥပါသိကာနံ၊ လူ-ဥပသကာ ဒါယိကာမတို့သည်လည်းကောင်း။ ဒေဝါနံ၊ နတ်တို့၏လည်း-ကောင်း။ မနုဿာနံ၊ လူသားတို့၏လည်းကောင်း။ အသုရာနံ၊ အသူရာ-တို့၏လည်းကောင်း။ နာဂါနံ၊ နဂါးတို့၏လည်းကောင်း။ ဂန္ဓဗ္ဗာနံ၊ ဂန္ဓဗ္ဗ နတ်တို့၏လည်းကောင်း။ ပိယော၊ ချစ်မြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်သည်။ မနာပေါ၊ နှစ်သက်မြတ်နိုးအပ်သော ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ပေ၏။ ဗုဒ္ဓေါ၊ ဘုရားရှင်သည်။ သမာနော၊ သမ္ဗုဒ္ဓေါ ဖြစ်တော်မူသည်ရှိသော်။ ဣဒံ၊ ဤအကျိုးတရားကို။ လဘတိ၊ ရရှိပါပေ၏၊

ရဟန်းယောက်ျားတွေကလည်း ဘုရားရှင်အပေါ်မှာ သိပ်ပြီး ချစ်ခင်မြတ်နိုးတယ်။ ဘိက္ခူနီမတွေကလည်း ဘုရားရှင်အပေါ်မှာ သိပ်ပြီးတော့ ချစ်ခင်မြတ်နိုးကြတယ်။ လူဥပသိကာ ဒါယကာတွေ၊ လူဥပသိကာ ဒါယိကာမ္တတွေကလည်း ဘုရားရှင်အပေါ်၌ ချစ်ခင်မြတ်နိုးကြတယ်။ သိပ်ကြည်ညိုကြတယ်။ နတ်တွေကလည်း, လူသားတွေကလည်း, အသူရာတွေကလည်း, ဂန္ဓဗနတ်တွေကလည်း, နဂါးတွေကလည်း အားလုံး ဘုရားရှင်အပေါ်၌ ချစ်ခင်မြတ်နိုးကြတယ်။ သိပ်ပြီးတော့ ကြည်ညိုကြတယ်။ ဘာဖြစ်လို့လဲ?

သူတစ်ပါးတို့အပေါ်၌ ချစ်ခင်မြတ်နိုးနေတဲ့ မျက်လုံးဖြင့် ကြည့်ခဲ့ဖူးလို့။ပိုက်ဆံ ဘယ်နှစ်ပြားများ ကုန်လဲ? မကုန်ပါဘူး။ ကုသိုလ်ယူတတ်မယ်ဆိုရင် မရဘူးလား? ရပါတယ်။ အဲဒီတော့ ဒီလို ချစ်ခင်မြတ်နိုးတဲ့ မျက်လုံးဖြင့် သူတစ်ပါးကို ကြည့်ခဲ့ရသလို အလားတူပဲ ခု ရဟန်းတော်တစ်ပါး သို့မဟုတ် ရဟန်းတော် တော်တော် ခပ်များများ သီလရှိတဲ့ အရှင်ကောင်း, အရှင်မြတ်တွေ တွေ့ပြီ။ ထိုအရှင်ကောင်း, အရှင်မြတ်တွေကို မိမိက ခုလို ဖူးတွေ့လိုက်ရတဲ့ အချိန်အခါမှာ ကြည်ညိုလေးစားနေတဲ့ မျက်လုံး၊ ချစ်ခင်မြတ်နိုးနေတဲ့ မျက်လုံးဖြင့် တစ်ကြိမ်တစ်ခါ လှမ်းပြီး ဖူးမြော်လိုက်မယ်ဆိုရင် သို့မဟုတ် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဖူးမြော်နေခဲ့မယ် ဆိုလို့ရှိရင် ဒီကောင်းမှုကုသိုလ်ကံတွေက အကျိုးပေးတဲ့ အချိန်အခါမှာ ဘာဖြစ်သလဲ? ဘဝ ထောင်ပေါင်းများစွာသော ကာလပတ်လုံး မျက်စိမှာ ရောဂါမဖြစ်ဘူး။ မျက်စိမှာ ပူလောင်မှု မဖြစ်ဘူး။ မျက်စိမှာ ကြက်ဆူးထမှုဆိုတဲ့ သဘောတရားတွေ မဖြစ်ဘူး။ မျက်စိမှာ မှဲ့တွေ ဘယ်တော့မှ မရှိဘူးနော်။ ကြည်လင်နေတဲ့ အရောင်အဆင်း ၅-မျိုး ရှိနေတဲ့ အလွန် တင့်တယ်လှပနေတဲ့ မျက်လုံးအစုံတွေသာ ရှိနေလိမ့်မယ်နော်။

နောက်တစ်ခု - ဘဝ ထောင်ပေါင်းများစွာသော ကာလပတ်လုံး သို့မဟုတ် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး လူ့ပြည် နတ်ပြည်မှာပဲ စည်းစိမ်ဥစ္စာ အမျိုးမျိုးတို့ကို ရရှိနိုင်တယ်။ ဘုရားဟောနဲ့အညီပဲ။ ဒါ ဖွင့်ထားတာနော်။ ခုနက လက္ခဏသုတ္တန်နဲ့အညီပါပဲ။ နောက်တစ်ခု - အဋ္ဌကထာ ဆရာတော်က ဆက်ပြီး ဖွင့်ထားတယ်။

အနစ္ဆရိယဉ္စေတံ, ယံ မနုဿဘူတော သပ္ပညဇာတိကော သမ္မာ ပဝတ္တိတေန သမဏဒဿနမယေန ပုညေန ဧဝရူပံ ဝိပါကသမ္ပတ္တိံ အနုဘဝေယျ

မနုဿဘူတော၊ လူသားတစ်ဦးဖြစ်၍ဖြစ်သော။ သပ္ပညဇာတိကော၊ အသိအလိမ္မာ ဉာဏ်ပညာရှိတဲ့ အမျိုးဇာတ်ရှိ၍နေသော。 သမ္မာ၊ ကောင်းမွန်မှန်ကန်စွာ။ ပဝတ္တိတေန၊ ဖြစ်စေတတ်သော ဉာဏ်အမြင်ရှိသော။ သမဏဒဿနမယေန၊ ရဟန်းတော်အား ဖူးမြော်ရခြင်း ကုသိုလ်ကောင်းမှုကြောင့်။ ပုညေန၊ ဖြစ်ပေါ်၍ လာရသော (ဝါ) ကောင်းမှုကုသိုလ်ကံကြောင့်။ ဧဝရူပံ၊ ဤကဲ့သို့သော။ ဝိပါကသမ္ပတ္တိံ၊ အကျိုးတရား၏ ပြည့်စုံခြင်းကို။ ယံ အနုဘဝေယျ၊ အကြင် ခံစားလေရာ၏။ ဧဝရူပံ ဝိပါကသမ္ပတ္တိံ အနုဘဝေယျ၊ ဤကဲ့သို့သော အကျိုးတရားကို ခံစားရခြင်းသည်ကား。 အနစ္ဆရိယဉ္စေတံ၊ အံ့ဖွယ်မဟုတ်ပါပေ။

လူသားတစ်ဦးဆိုတာက ---------------- အသိအလိမ္မာ ဉာဏ်ပညာ-ရှိနေတဲ့ အမျိုးဇာတ် ဖြစ်ပါတယ်နော်။ ---------------- မိမိက စိတ်ထား ယောနိသော မနသိကာရ ရှေ့သွားပြုပြီးတော့ ကောင်းစွာ ဖြစ်စေအပ်တဲ့ ရဟန်းတော်ကို ဖူးမြင်ရခြင်းဆိုတဲ့ ကုသိုလ်တရားလျှင် အခြေခံ အကြောင်းရင်း ရှိနေတဲ့ ဒီကောင်းမှုကုသိုလ်ကံကြောင့် ယခုပြောနေတဲ့ မျက်လုံးလှခြင်း၊ လူ့ပြည်နတ်ပြည်မှာ ကမ္ဘာသိန်းနဲ့ချီပြီးတော့ ကျင်လည် ကျက်စားရပြီးတဲ့ အချိန်အခါမှာ စည်းစိမ်ဥစ္စာ အမျိုးမျိုးရခြင်းဆိုတဲ့ ဒီအကျိုးတရားတွေဟာ အကျိုးတရားတွေကို ခံစားရခြင်းဟာ သိပ်ပြီးတော့ မအံ့ဩလောက်ပါဘူး။ ဘာက အံ့ဩလောက်လဲ?

ယတ္ထ တိရစ္ဆာနဂတာနမ္ပိ ကေဝလံ သဒ္ဓါမတ္တကဇနိတဿ သမဏဒဿနဿ ဧဝံ ဝိပါကသမ္ပတ္တိံ ဝဏ္ဏယန္တိ –

ယတ္ထ၊ ယင်းကဲ့သို့သော မင်္ဂလာ၌။ တိရစ္ဆာနဂတာနမ္ပိ၊ တိရစ္ဆာန် ဖြစ်ကုန်သော သတ္တဝါတို့ဟာလည်းပဲ။ ကေဝလံ၊ သက်သက်ကြောင့်。 သဒ္ဓါမတ္တကဇနိတဿ၊ သဒ္ဓါတရားမျှ သက်သက်ကြောင့် ဖြစ်ပေါ်၍ လာရသော ဉာဏ်ပညာ မပါဘူး၊ ကြည်ညိုနေတဲ့ သဒ္ဓါတရား သက်သက်ကလေးကြောင့် ဖြစ်ပေါ်လာတာ (ဝါ) သဒ္ဓါတရား သက်သက်မျှကြောင့် ဖြစ်ပေါ်၍ လာရသော။ သမဏဒဿနဿ၊ ရဟန်းတို့အား ဖူးမြော်ရခြင်း၏။ ဧဝံ ဝိပါကသမ္ပတ္တိံ၊ ဤကဲ့သို့သော အကျိုးတရားတို့နှင့် ပြည့်စုံခြင်းကို။ ဝဏ္ဏယန္တိ၊ ဖွင့်ဆိုတော်မူကြလေကုန်၏၊

သဒ္ဓါမတ္တကဇနိတဿ၊ သဒ္ဓါတရား သက်သက်မျှကြောင့် ဖြစ်ပေါ်၍ လာရသော။ သမဏဒဿနဿ၊ ရဟန်းတို့အား ဖူးမြော်ရခြင်း၏။ ဧဝံ ဝိပါကသမ္ပတ္တိံ၊ ဤကဲ့သို့သော အကျိုးတရားတို့နှင့် ပြည့်စုံခြင်းကို。 ဝဏ္ဏယန္တိ၊ ဖွင့်ဆိုတော်မူကြလေကုန်၏၊

ဒီကဲ့သို့သော အကျိုးတရားနဲ့ ပြည့်စုံပုံကို ဖွင့်ဆိုထားတာတွေ ရှိပါတယ်။ ဘယ်မှာ ရှိသလဲဆိုတော့ ဦးပဉ္စင်းတို့ တစ်ကြိမ်ပေါ့လေ - ဝတ္ထုလေးတစ်ခု အဋ္ဌကထာက ထုတ်ပြထားပါတယ်။ အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။

မြတ်စွာဘုရား ရာဇဂြိုဟ်မြို့နဲ့ မလှမ်းမကမ်းမှာ တည်ရှိနေတဲ့ ဝေလိယက္ခတောင် သို့မဟုတ် ဝေတိပက္ခဆိုပြီး မူခွဲ ၂-ခုတော့ ရှိနေပါတယ်။ အဲဒီတောင် အေနသာလလိုဏ်ဂူမှာ သီတင်းသုံး စံနေတော်မူတဲ့အချိန် ဖြစ်တယ်။ ဒီလိုဏ်ဂူအတွင်းမှာပဲ ဘုရားရှင်က နာမည်ကျော်ဖြစ်တဲ့ ဒကာ-တော်သိကြားကို သောတာပန်တည် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်-တိုင်အောင် သက္ကပဥှသုတ္တန် ဒေသနာတော်ကိုလည်း တစ်ချိန်က ဟောခဲ့ဖူးပါတယ်။ အဲဒီ အေနသာလလိုဏ်ဂူ မြတ်စွာဘုရား သီတင်းသုံး စံနေတော်မူခိုက် ဘာဖြစ်လာလဲ?

ဥလူကသကုဏခေါ်တဲ့ တင်ပုတ်ငှက်နဲ့ တူပါရဲ့နော်。 အဲဒီ ငှက်တစ်ကောင်က မြတ်စွာဘုရား ရွာတွင်း ဆွမ်းခံကြွတဲ့ အချိန်အခါမှာ သူက ဘာလုပ်သလဲ? မြတ်စွာဘုရား ဆွမ်းခံကြွတဲ့ လမ်းအတိုင်း နောက်ကနေ အစဉ်တစိုက် လိုက်တယ်။ ဘာဖြစ်လို့ လိုက်လဲ? ကြည်ညိုလွန်းလို့ ... ကြည်ညိုလွန်းလို့။ ဘုရား ဆွမ်းခံရာမှ ပြန်လာပြီ ဆိုလို့ရှိရင်လည်း လမ်းခုလတ် တစ်နေရာက လမ်းတစ်ဝက်လောက်ကနေ သွားပြီးတော့ ခရီးဦး ကြိုဆိုနေတယ်။ တစ်နေ့ကျတော့ ဘာဖြစ်လဲ?

မြတ်စွာဘုရား ညနေချမ်း အချိန်အခါမှာ ရဟန်းသံဃာအပေါင်း ခြံရံပြီးတော့ ဒီဝေလိယက္ခ တောင်စဉ် တောင်တန်းလေးမှာ ထိုင်ပြီးတော့ သီတင်းသုံးနေပါတယ်။ ဒီဝေလိယက္ခ တောင်တန်းလေးကလည်း အဋ္ဌကထာမှာ ဖော်ပြထားတာကတော့ တော်တော်လေး စိမ်းလန်းစိုပြေပြီးတော့ စိတ်ထဲ ကြည်နူးဖွယ်ကောင်းတဲ့ တောင်တန်းလေးတစ်ခု ဖြစ်နေတယ်။ အဲဒီ တောင်ခြေမှာ တောင်စောင်းမှာ တောင်ပေါ်မှာ သစ်ပင်တွေ ရှိကြတယ်။ အဲဒီ သစ်ပင်တွေက ဖယောင်းတိုင်တွေကို စီပြီးတော့ ထောင်ထားသလို သစ်တောကြီးတစ်ခု ဖြစ်နေတယ်။ အဲဒီ တောအုပ်ကြီးတစ်ခုမှာ အောက်ခြေတွေက အားလုံး ရှင်းနေတယ်။ သစ်ကြီးဝါးကြီးတွေက ဖယောင်းတိုင်တွေကို ထောင်ထားသလို စီတန်းပြီးတော့ အားလုံး ပေါက်နေကြတယ်။

အဲဒီလို ပေါက်နေတဲ့အတွက် ဒီတောင်ဟာ အလွန်သာယာနေတဲ့ တောင်တစ်ခု ဖြစ်တော့ ဒီတောင်စဉ်တောင်တန်းမှာ ညနေချမ်း အချိန်အခါမှာ ဘုရားရှင်က ရဟန်းသံဃာအပေါင်း ခြံရံပြီးတော့ ထိုင်ပြီး သီတင်းသုံးပါတယ်။ သီတင်းသုံးပြီးတဲ့ နောက်ပိုင်း ဘုရားရှင်မှာ တောင်ကနေ ဆင်းပြီး သီတင်းသုံးနေပါတယ်။ အဲဒီလို သီတင်းသုံးနေတဲ့ အချိန်အခါမှာ ခုနက တင်ဘုတ်ငှက်ကလေးက တောင်ကနေ ဆင်းလာပြီးတော့ လာပြီး ရှိခိုးတယ်။ သူ့ရဲ့ အတောင်လေးတွေကို ဖြန့်ပြီးတော့ လက်အုပ်ချီတယ်။ သူ့ရဲ့ ခေါင်းလေးကို မြေကြီးမှာ ချထားတယ်။ မြတ်စွာဘုရားကို ရှိခိုးပြီး ဘုရားရှေ့မှာ လာပြီးတော့ တည်နေပါတယ်။

အဲဒီ အခါကျတော့မှ ဘုရားရှင်က ဒီတင်ဘုတ်ငှက်ကလေးကို ကြည့်ပြီးတော့ ပြုံးရယ်တော်မူပါတယ်။ ပြုံးရယ်လိုက်တဲ့ အချိန်အခါကျတော့မှ ရှင်အာနန္ဒာ ကိုယ်တော်မြတ်က ဘယ်ကဲ့သို့သော အကြောင်းတရားကြောင့် ဤကဲ့သို့ ပြုံးရယ်တော်မူရပါသလဲ ဆိုပြီးတော့ မြတ်စွာဘုရားကို အကျိုးအကြောင်း မေးမြန်းပြီးတော့ လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါကျတော့မှ ဘုရားရှင်က ဘာအမိန့်ရှိသလဲ?

‘‘ပဿာနန္ဒ, ဣမံ ဥလူကသကုဏံ, အယံ မယိ စ ဘိက္ခုသံဃေ စ စိတ္တံ ပသာဒေတွာ သတသဟဿကပ္ပေ ဒေဝေသု စ မနုဿေသု စ သံသရိတွာ သောမနဿော နာမ ပစ္စေကဗုဒ္ဓေါ ဘဝိဿတီ’’

အာနန္ဒာ၊ ညီဘွားအာနန္ဒာ ...။ ဣမံ ဥလူကသကုဏံ၊ ဤ တင်ဘုတ်ငှက်ကို။ ပဿ၊ ကြည့်ရှုစမ်းပါ။ အယံ၊ ဤငှက်သည်။ မယိ စ၊ ငါဘုရားရှင်ပေါ်၌လည်းကောင်။ ဘိက္ခုသံဃေ စ၊ ရဟန်းသံဃာအပေါ်၌ လည်းကောင်း။ စိတ္တံ၊ မိမိရဲ့စိတ်ကို။ ပသာဒေတွာ၊ ကြည်လင်စေ၍ (ဝါ) ကြည်လင်စေခြင်းတည်းဟူသော အကြောင်းတရားကြောင့် (ဝါ) ကြည်လင်စေခြင်းတည်းဟူသော ကုသိုလ်ကောင်းမှုကံကြောင့်။ သတသဟဿကပ္ပေ၊ ကမ္ဘာ ၁-သိန်းသော ကာလတို့ပတ်လုံး (ဝါ) ကမ္ဘာ ၁-သိန်းထက်၌။ ဒေဝေသု စ၊ နတ်ပြည်တို့၌လည်းကောင်။ မနုဿေသု စ၊ လူ့ပြည်တို့၌လည်းကောင်း။ သံသရိတွာ၊ ကျင်လည်ပြီးတဲ့ နောက်ပိုင်းကာလ၌။ သောမနဿော နာမ၊ သောမနဿ အမည်ရှိတဲ့။ ပစ္စေကဗုဒ္ဓေါ၊ ပစ္စေကဗုဒ္ဓါ ဘုရားရှင်သည်။ ဘဝိဿတိ၊ ဖြစ်ပါလိမ့်မယ်။

ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မယ် ဆိုပြီးတော့ မြတ်စွာဘုရားက ဗျာဒိတ်ပေးတယ်နော်။ ဒီငှက်ကလေးရဲ့ ကောင်းမှုကုသိုလ်ကို ကြည့်လိုက်ရင် ဉာဏ်မယှဉ်္တဘူးလို့ အဋ္ဌကထာကတော့ ဖွင့်ထားပါတယ်။ သဒ္ဓါတရားသက်သက်နဲ့ ကြည်ညိုနေတာပဲနော်။ သို့သော်လည်း ဉာဏ်မယှဉ်တဲ့ သဒ္ဓါတရား သက်သက်ကို ဦးထိပ်ထားပြီးတော့ ကြည်ညိုနေတဲ့ ဒီကံရဲ့ အကျိုတရားသည်ပင် နည်းသေးလား? မနည်းဘူး။ ကမ္ဘာ ၁-သိန်း ကာလပတ်လုံး လူ့ပြည် နတ်ပြည်မှာ စုန်ဆန်ကျင်လည်ပြီး နေရမယ်။ ဒီကောင်းမှုကြောင့် ကမ္ဘာ ၁-သိန်းကို ကျော်လွန် လွန်မြောက်သွားတဲ့ အချိန်အခါမှာ သောမနဿ အမည်ရှိတဲ့ ပစ္စေကဗုဒ္ဓါ ဘုရားရှင် ဖြစ်လိမ့်မယ်။ ဒီလို ဗျာဒိတ်ပေးတယ်။ ဘာဖြစ်လို့လဲ?

ပစ္စေကဗောဓိဉာဏ်အတွက် ပါရမီ ဖြည့်လာတာ ကမ္ဘာပေါင်း လှမ်းပြီး ကြည့်လိုက်မယ်ဆိုရင် ၂-သင်္ချေတိုင်တိုင် ပါရမီဖြည့်ပြီးတော့ နောက်ထပ် ကမ္ဘာ ၁-သိန်း ဆက်လက်ပြီး ပါရမီ ဖြည့်လိုက်ရင်တော့ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော့မှာ ဖြစ်တယ်။ ထိုပစ္စေကဗောဓိဉာဏ် ရရှိရေးအတွက် အဆောက်အဦဖြစ်တဲ့ ပါရမီ တရားအပေါင်းတို့ကို ကမ္ဘာ ၂ - သင်္ချေတိုင်တိုင် ဖြည့်ကျင့်ခဲ့ပြီးပြီ ဆိုတာလည်း ဘုရားရှင်က သိတော်မူတယ်။ နောက်ထပ် ဒီအခု ဘုရားရှင်အား ရှိခိုးဝတ်ပြုနေတဲ့ ကောင်းမှုကုသိုလ် အဝင်အပါဖြစ်တဲ့ နောက်ထပ် ပါရမီ တရားအပေါင်းတွေကို ကမ္ဘာတစ်သိန်းလောက် ဆက်ပြီး ဖြည့်ကျင့်မယ် ဆိုရင်လည်း သောမနဿ အမည်ရှိနေတဲ့ ပစ္စေကဗုဒ္ဓါ ဘုရားရှင် ဖြစ်လိမ့်မယ်ဆိုတာ မြင်ပါတယ်။ အဲဒီ ပစ္စေကဗုဒ္ဓါဘုရားရှင် ဖြစ်ရေးအတွက် အားပေးထောက်ပံ့နေတတ်တဲ့ ပါရမီ တရားအပေါင်းတွေထဲမှာ ခုလို ကြည်လင်သော စိတ်ဓာတ်ဖြင့် ရှိခိုးခြင်းဆိုတဲ့ ကောင်းမှု ကုသိုလ်ကံလည်း မပါဘူးလား? ပါနေတယ်နော်။

ဒါကြောင့် - အသိအလိမ္မာ ဉာဏ်ပညာရှိနေတဲ့ လူသားတစ်ဦးကို မဆိုထားနှင့် အသိအလိမ္မာ ဉာဏ်ပညာ မရှိတဲ့ သဒ္ဓါတရားသက်သက်သာ ထင်ရှားရှိနေတဲ့ တိရစ္ဆာန်တို့သော်မှလည်း ဒီလို အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးတရားတွေကို ရရှိနိုင်မယ်ဆိုရင် အသိအလိမ္မာ ဉာဏ်ပညာရှိနေတဲ့ လူသားတစ်ဦးဟာ ဒီတိရစ္ဆာန်ထက် သာလွန်နေတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုဖို့ မသင့်ဘူးလား? သင့်ပါတယ်။ ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်မယ်ဆိုရင် ဒီတိရစ္ဆာန်ထက်တော့ အလွန် အဆင့်အတန်း မြင့်နေတဲ့ အသိအလိမ္မာ ဉာဏ်ပညာတွေ မရှိဘူးလား? ရှိနေကြပါတယ်။ ဒီအသိအလိမ္မာ ဉာဏ်ပညာ ရှိနေတဲ့ ဘဝတစ်ခုကို မိမိတို့က ရရှိထားပြီ။ ရရှိထားတဲ့ အချိန်အခါမှာ မိမိတို့ရဲ့ ဘဝလေးကို တန်ဖိုးရှိအောင် အသုံးချတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။

သူများချီး ကျုံးတာလောက် ဘဝတိုင်း မရဘူးလား? ဟင် ဒကာကြီးတွေ မေ့သွားပြီး ထင်တယ်။ သူများချီးကို ကျုံးတယ်ဆိုတာက ဘဝတိုင်းမှာ မလွယ်ကူဘူးလား? လွယ်ကူပါတယ်။ ယခုလိုပေါ့လေ - ကောင်းမှုကုသိုလ်ကို ဆည်းပူးရှာဖွေတယ် ဆိုတာက အသိအလိမ္မာ ဉာဏ်ပညာရှိတဲ့ ခုလို ဘဝတွေမှာသာ ဆည်းပူးရှာဖွေလို့ ရရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာ အဋ္ဌကထာ ဆရာတော်ကနေပြီးတော့ ဒီအကျိုးတရားနဲ့ ပတ်သက်ပြီးတော့ ဖွင့်ဆိုထားပုံလေး ဂါထာလေးကို ဖော်ပြထားတယ်နော်။

ဥလူကမဏ္ဍလက္ခိက, ဝေဒိယကေ စိရဒီဃဝါသိက၊ သုခိတောသိ တွံ အယျ ကောသိယ, ကာလုဋ္ဌိတံ ပဿသိ ဗုဒ္ဓဝရံ။

စိရဒီဃဝါသိက၊ ဝေဒိယက တောင်စဉ် တောင်ထပ်၌ ကြာမြင့်စွာသော အချိန်အခါ ကာလက နေထိုင်ခဲ့သော။ ဝေဒိယကေ၊ ဝေဒိယက အမည်ရှိသော တောင်စဉ် တောင်ထပ်၌။ ဥလူကမဏ္ဍလက္ခိက၊ ဝန်းဝိုင်းသော မျက်လုံးရှိသော်။ ဥလူကော၊ ဥလုက အမည်ရှိတဲ့ ငှက်သည်။ အတ္ထိ၊ ရှိခဲ့ပေ၏။ သော၊ ထိုကော။ အယံ၊ ဤဥ။ တွံ၊ သင်သည်။ သုခိတောသိ၊ စိတ်ချမ်းသာခြင်း ရှိသသူ ဖြစ်၏။ အယျ၊ အရှင်။ ကောသိယ၊ ကောသိယ။ တွံ၊ သင်သည်။ ကာလုဋ္ဌိတံ၊ နံနက်စောစောထ၍။ ဗုဒ္ဓဝရံ၊ မြတ်စွာဘုရားကို။ ပဿသိ၊ ဖူးမြော်ရပေ၏၊

သူ့ကို ကောသိယလို့ ခေါ်တာကတော့ ဘယ်လို အကြောင်း-ကြောင့်ဆိုတာ ဘုန်းကြီး ရှာကြည့်တယ်။ သိပ်မတွေ့ရဘူးနော်။ ဒါပေမဲ့ သူက ဒီဝေဒိယက္ခ တောင်စဉ် တောင်ထပ်မှာ နေခဲ့တာကတော့ တော်တော်လေး အချိန်ကြာခဲ့ပြီ။ သူ့မျက်လုံး ကြည့်လိုက်မယ် ဆိုလို့ရှိရင် ဝန်းဝိုင်းတဲ့မျက်လုံး ရှိမယ်။ သူက ချမ်းသာခြင်း ရှိတယ်။ စိတ်ချမ်းသာမှု ရှိတယ်။ ဘယ်အခါမှာ စိတ်ချမ်းသာလဲ? နံနက်စောစောထပြီးတော့ ဘုရားမြတ်ကို သူက ဖူးမြော်တယ်။ ဖူးမြော်လိုက်တဲ့ အချိန်အခါမှာ သူ့စိတ်ထဲမှာ အလွန် ချမ်းသာသုခကို ရရှိသွားတယ်နော်။ လက်တွေ့ သူ့သန္တာန်မှာ ရရှိတဲ့ အကျိုးတရားပါ။ ဒါကြောင့် -

ဝေဒိယကေ၊ ဝေဒိယက အမည်ရှိသော တောင်စဉ် တောင်ထပ်၌။ ဥလူကမဏ္ဍလက္ခိက၊ ဝန်းဝိုင်းသော မျက်လုံးရှိသော်။ ဥလူကော၊ ဥလုက အမည်ရှိတဲ့ ငှက်သည်။ အတ္ထိ၊ ရှိခဲ့ပေ၏၊

စိတ်ထဲမှာ ဒီလို နံနက်စောစော အိပ်ရာကထပြီးတော့ ဘုရားရှင်ကို ဖူးမြင်လိုက်ရတာ သူက သိပ်ပြီးတော့ စိတ်ချမ်းသာတယ်။ ဘယ့်,နှယ်တုန်း ယောဂီတွေ။ နံနက်စောစော ထပြီးတော့ ဘုရားဖူးမြင်ရတာ စိတ်ထဲ မချမ်းသာဘူးလား? ချမ်းသာပါတယ်နော်။

မယိ စိတ္တံ ပသာဒေတွာ, ဘိက္ခုသံဃေ အနုတ္တရေ၊ကပ္ပါနံ သတသဟဿာနိ, ဒုဂ္ဂတေသော န ဂစ္ဆတိ။

မယိ၊ ငါဘုရားရှင်အပေါ်၌လည်းကောင်း။ အနုတ္တရေ၊ ကောင်းမှုကုသိုလ်တည်းဟူသော မျိုးစေ့၏ ကျဲချစိုက်ပျိုးရာ အသာဆုံး အမြတ်ဆုံး လယ်ယာမြေကောင်းသဖွယ်ဖြစ်သော။ ဘိက္ခုသံဃေ၊ ရဟန်းသံဃာအပေါင်း၌လည်းကောင်း။ စိတ္တံ၊ မိမိရဲ့စိတ်ဓာတ်ကို။ ပသာဒေတွာ၊ ကြည်ညိုစေနိုင်ခြင်းတည်းဟူသော အကြောင်း-တရားကြောင့်။ ကပ္ပါနံ သတသဟဿာနိ၊ ကမ္ဘာ ၁-သိန်းတို့ ကာလပတ်လုံး။ သော၊ ထိုတင်ဘုတ်ငှက်သည်။ ดုဂ္ဂတေ၊ အပါယ်ဘူမိ ဒုဂ္ဂတိသို့။ န ဂစ္ဆတိ၊ လားရောက်ရမည် မဟုတ်ပေ။

ငါဘုရားရှင် အပေါ်မှာသော်လည်းကောင်း, ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကျဲချစိုက်ပျိုးဖွယ်ဖြစ်သော လယ်ယာမြေကောင်းသဖွယ်ဖြစ်နေတဲ့ အသာဆုံး အမြတ်ဆုံး ဖြစ်နေတဲ့ ရဟန်းသံဃာအပေါ်၌သော်လည်းကောင်း, မိမိရဲ့ စိတ်ဓာတ်ကို ကြည်ညိုစေနိုင်ခြင်းတည်းဟူသော စွမ်းအားကြောင့် ဒီ ကြည်ညိုနေတဲ့ ကုသိုလ်စေတနာတွေရဲ့ စွမ်းအားကြောင့် ကမ္ဘာ ၁-သိန်းတို့ ကာလပတ်လုံး ထိုတင်ဘုတ်ငှက်သည် အပါယ်ဘူမိ ဒုဂ္ဂတိသို့ မလားရောက်ရဘူး။ မကောင်းဘူးလား? ကောင်းပါတယ်။ သိပ်ပင်ပန်းတဲ့ လုပ်ငန်း မဟုတ်ပါဘူးနော်။ ကြည်လင်သော စိတ်ထား, ချစ်ခင်မြတ်နိုးနေတဲ့ စိတ်ထားဖြင့် တစ်ဦးနဲ့တစ်ဦး ကြည့်တတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ နောက်တစ်ခု

ဒေဝလောကာ စဝိတွာန, ကုသလမူလေန စောဒိတော၊ ဘဝိဿတိ အနန္တဉာဏော, သောမနဿောတိ ဝိဿုတောတိ။

ဒေဝလောကာ၊ နတ်ပြည်နတ်လောကမှ။ စဝိတွာန၊ စုတေခဲ့သည်ရှိသော်။ ကုသလမူလေန၊ ကုသိုလ်ကံသည် (ဝါ) ကုသိုလ်ကံတည်းဟူသော ပါရမီတရား အပေါင်းသည်။ စောဒိတော၊ နှိုးဆော် တိုက်တွန်းအပ်သည်ဖြစ်၍။ ဝိဿုတောတိ၊ သောမနဿဟု ထင်ရှားသော။ အနန္တဉာဏော၊ အဆုံးအပိုင်းအခြား မထင်သည့် ဉာဏ်ပညာရှိသော ပစ္စေကဗုဒ္ဓါဘုရားရှင်သည်။ သောမနဿော၊ သောမနဿ အမည်ရှိသည် ဖြစ်၍။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မယ်။

နတ်ပြည်နတ်လောကမှ စုတေလာပြီးတဲ့ အချိန်အခါ နောက်ဆုံးဘဝ ရောက်ပြီ ဆိုကြပါစို့နော်။ ကုသိုလ်ကံ ပါရမီတရားအပေါင်းတွေက လှုံ့ဆော်-တိုက်တွန်းလိုက်တဲ့အတွက်ကြောင့် သောမနဿအမည်လို့ ထင်ရှား-ကျော်ကြားတဲ့ အဆုံးအပိုင်းအခြား မရှိတဲ့ ဉာဏ်ပညာ ကြီးမားတော်မူတဲ့ ပစ္စေကဗုဒ္ဓါဘုရားရှင် ဖြစ်လိမ့်မယ်ဆိုပြီးတော့ ဘုရားရှင်က ဗျာဒိတ်ပေးတော်-မူတယ်နော်။ ဒါကြောင့် လူတွေကို အသိအလိမ္မာ ဉာဏ်ပညာရှိနေတဲ့ လူသားတွေအဖို့ မဆိုထားနဲ့ အသိအလိမ္မာ ဉာဏ်ပညာမရှိတဲ့ သဒ္ဓါတရား သက်သက်မျှဖြင့် ဖြစ်စေတတ်တဲ့ တိရစ္ဆာန်တွေရဲ့သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ဒီကောင်းမှုကုသိုလ်ရဲ့ အကျိုးတရားသည်ပင် အလွန် ကြီးကျယ်တဲ့ အကျိုးမဖြစ်ဘူးလား? ဖြစ်နေတယ်။

ဒါကြောင့် ရဟန်းသံဃာတို့ကို ဖူးမြင်ရခြင်းသည် မင်္ဂလာရှိတယ်။ ကောင်းကျိုးချမ်းသာမင်္ဂလာ အကျိုးတရားတွေ များစွာ ဖြစ်ထွန်းစေနိုင်တဲ့ အတွက်ကြောင့် မင်္ဂလာဆိုပြီးတော့ မြတ်စွာဘုရား ဟောထားတယ်။ သို့သော် ဒီနေရာမှာ ရဟန်းသံဃာကို ဖူးမြော်နေခြင်းနဲ့ ပတ်သတ်ပြီးတော့ ၂-မျိုး ဖွင့်ဆိုထားပါတယ်။ ဉာဏ်မျက်စိနဲ့ ဖူးမြင်ခြင်း၊ ပကတိမျက်စိဖြင့် ဖူးမြင်ခြင်း ဆိုပြီးတော့ ဖူးမြင်ခြင်း ၂-မျိုး ဖွင့်ထားတယ်။ ပကတိ မန်သစက္ခုနဲ့ ဖူးမြင်ခြင်းကတော့ တစ်ခါတစ်ရံ ဒီမန်သစက္ခုဆိုတာက ပုံမကျတတ်တဲ့ သဘော-ရှိတယ်။ ပုံမကျတတ်တဲ့သဘောဆိုတာက ဘာလဲဆိုတော့ အကောင်း-ကိုလည်း အဆိုး ထင်တတ်တယ်။ အဆိုးကိုလည်း အကောင်းထင်တတ်တယ်။ ဘယ့်,နှယ်တုန်း အဲဒီစကား လက်ခံနိုင်လား? ပုထုဇန်တွေရဲ့ ပကတိမျက်စိ အမြင်ကနော် - ပုံစံအမျိုးမျိုး ရှိကြတယ်။

ဆိုကြပါစို့ - ဦးပဉ္စင်းတို့ ကိသာဂီရိ ဇနပုဒ်မှာ နာမည်ကျော်ဖြစ်တဲ့ ဆဗ္ဗဂီ ရဟန်းအပေါင်းတို့ရဲ့ အပေါင်းအသင်း အသင်းဝင်ဖြစ်တဲ့ ---------------------- = ရဟန်းတွေ နေထိုင်ကြပါတယ်။ ဆဘက်ကိ ဆိုတာကတော့ “ဆ” က ခြောက်၊ “ဘက်ကိ” က အုပ်စုတဲ့။ ခြောက်ပါး အုပ်စု။ လူ့ဘဝမှာဆို မိတ်ဆွေခြောက်ယောက်ပဲ။ မိတ်ဆွေခြောက်ယောက် တိုင်ပင်ပြီးတော့ သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်းပြုကြတယ်။ အဲဒီ မိတ်ဆွေ ခြောက်ယောက်မှာ သူတို့က နှစ်ပါးတစ်တွဲ၊ နှစ်ပါးတစ်တွဲနဲ့ သုံးဖွဲ့ ဖွဲ့လိုက်တယ်။ ---------------------- = ရဟန်းတွေက ဦးဆောင်ပြီးတော့ ကိသာဂီရိ ဇနပုဒ်မှာ နေကြတယ်။ သူတို့မှာလည်း နောက်လိုက် တပည့်ငါးရာလောက် ရှိတယ်။ မိတယ ပုနဇက ---------------------- ရဟန်းတွေက ရာဇဂြိုဟ်မှာ နေကြတယ်။ သူတို့မှာလည်း နောက်လိုက် တပည့်ငါးရာ ရှိတယ်။ အဲနောက် နှစ်ပါး မေ့တောင်သွားပြီနော်။ သံသုက လောဟိတကနဲ့ တူပါတယ်နော်။ သူတို့နှစ်ပါးကလည်း သာဝတ္ထိမှာပဲ နေကြတယ်။ သူတို့ကတော့ လဇ္ဇီ သူတော်္တကောင်းတွေ ဖြစ်ကြပါတယ်။

အဲဒီမှာ ကိသာဂီရိ ဇနပုဒ်မှာ နေထိုင်ကြတဲ့ ---------------------- = ရဟန်းတွေက လူဒကာ၊ ဒကာမတွေကို သစ်သီးပေးခြင်း၊ ပန်းပေးခြင်း အစရှိတဲ့ ဒီလို ကုလသူသက---------------------- လုပ်ငန်းရပ်တွေကို ပြုလုပ်နေကြတယ်။ “ကုလသူ သက” ဆိုတာကတော့ ဒါယကာ, ဒါယိကာမတို့ရဲ့ သဒ္ဓါစစ် သဒ္ဓါမှန်ကို ဖျက်ဆီးခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ပြုလုပ်နေတယ်လို့ ဆိုလိုပါတယ်။ စမ်းပြီးတော့ ဒီည ဘုန်းကြီး ဒီအကြောင်းလေး နည်းနည်းတော့ ဟောဦးမယ်။

ရတနာသုံးတန် ကံ,ကံ၏အကျိုးတရားကို သက်ဝင်ယုံကြည်ပြီးတော့မှ ကြည်ညိုတာကိုတော့ ဒါ သဒ္ဓါစစ်, သဒ္ဓါမှန်လို့ ခေါ်ပါတယ်။ ရှေးယခင်က ဒီကိသာဂီရိ ဇနပုဒ်မှာ တည်ရှိနေတဲ့ လူသားတွေက ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကို သိပြီးတော့မှ ဘုရား, တရား, သံဃာဆိုတဲ့ ရတနာသုံးပါးကို ကြည်ညိုနေတဲ့ ဒကာ, ဒကာမတွေ ဖြစ်ကြတယ်။ ကံ,ကံ၏အကျိုးတရားကို ယုံကြည်ပြီးတော့မှ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ ဒကာ, ဒကာမတွေ ဖြစ်ကြပါတယ်။ အဲဒီ ဒကာ,ဒကာမတွေရဲ့ သန္တာန်မှာ တည်ရှိနေတဲ့ ရတနာသုံးတန် ကံ,ကံ၏အကျိုးတရားအပေါ်၌ သက်ဝင်ယုံကြည်နေတဲ့ ဒီသဒ္ဓါတရားကိုတော့ သဒ္ဓါစစ်, သဒ္ဓါမှန်လို့ ခေါ်တယ်။

ဒါပေမဲ့ ဒီအက်သတိပုနသသုက ရဟန်းတွေ ဦးဆောင်ပြီးတော့ အဲဒီမှာ ကိသာဂီရိ ဇနပုဒ်မှာ နေထိုင်လိုက်ကြတော့ ဘာဖြစ်လာလဲ? သူတို့က ဒကာ, ဒကာမတွေ လာပြီ ဆိုလို့ရှိရင် သစ်သီးပေးကြတယ်, ပန်းပေးကြတယ်, ကျောင်း-လာလို့ ရှိရင်လည်း ကျွေးလိုက်မွေးလိုက် နေရာခင်းပေးလိုက် စသည်ဖြင့် ဒီပုံစံတွေနဲ့ ဆက်ဆံတယ်။ နောက်ဆုံးတော့ ရင်းရင်းနှီးနှီးတွေက သိပ်များလာတယ်။ ဘယ်လောက်ထိ များလဲလို့ မေးရင်တော့ နားနဲ့ မနာ၊ ဖဝါးနဲ့ နာပေါ့လေ။ အမျိုးသမီးတွေနဲ့ အဲဒီ ကောဇောတစ်ခုအပေါ်မှာ တွဲပြီး ကပ်ရတဲ့အထိ ရောက်သွားကြတယ်။ ဟုတ်တယ်မဟုတ်လား? အဲဒီတော့ အဲဒီ ကိုယ်တော်တွေကို ဒီဒကာ,ဒကာမတွေကလည်း သိပ်ပြီးတော့ ကြည်ညိုကြတယ်, လေးစားကြတယ်, မြတ်နိုးကြတယ်။

တစ်နေ့ သီလရှိတဲ့ အရှင်ကောင်း, အရှင်မြတ်တစ်ပါး ထိုကိဋာဂီရိ ဇနပုဒ်ကို ဆွမ်းခံကြွဝင်လာပါတယ်။ ဝင်လာတဲ့ အချိန်အခါကျတော့ တစ်ယောက်မှ ဆွမ်းလောင်းမဲ့ ပုဂ္ဂိုလ်လည်း မရှိဘူး။ ဘယ်သူမှလည်း သူ့ကို အရေးမစိုက်ဘူး။ အရေးမစိုက်ဘဲ ဘာပြောလဲ? ဒီကိုယ်တော်က ဘယ်လို ကိုယ်တော်မှန်းလည်း မသိဘူး။ တို့ ကိုယ်တော်တွေနဲ့လည်း မတူဘူး။ တို့ကိုယ်တော်တွေဆို မြင်လိုက်လို့ရှိရင် ပြုံးပြတာပဲ။ မျက်နှာလေးတွေကို ရွှင်လို့။ နှုတ်ဆက်လိုက်တော့ ကြည်ကြည်ဖြူဖြူနဲ့။ ခု ဒီကိုယ်တော်ကျတော့ အိန္ဒြေကြီးတစ်ခွဲသားနဲ့။ မျက်လွှာကြီး အောက်စိုက်လို့။ ဟိုလည်း မကြည့်, ဒီလည်း မကြည့်။ ဒီကိုယ်တော် ဘယ်လို ကိုယ်တော်မှန်းလည်း မသိဘူး။ ဘယ်သူမှလည်း ဆွမ်းမလောင်းဘူး။

ဒါပေမဲ့လို့ အဲဒီအထဲမှာ အသိအလိမ္မာ ဉာဏ်ပညာရှိတဲ့ သူတော်ကောင်းတစ်ဦး ရှိနေတယ်။ သူတော်ကောင်းက ဒီကိုယ်တော်ရဲ့ ဆွမ်းခံကြွလာပုံ ဣရိယာပုဒ်ကို ကြည့်ပြီးတော့ သူက သိပ်ကြည်ညိုသွားတယ်။ ကြည်္တညိုတာနဲ့ သူက အိမ်ကိုပင့်။ သပိတ်ကို ဖွင့်ကြည့်လိုက်တော့လည်း ဘာမှ မပါဘူး။ အိမ်မှာရှိတဲ့ မွန်မြတ်တဲ့ ဆွမ်းခဲဖွယ် ဘောဇဉ်တွေအားလုံး လှူလိုက်တယ်။ လှူပြီးတဲ့ အချိန်အခါကျတော့ ဒကာက လျှောက်ထားတယ်။

အရှင်ဘုရား ... အရှင်ဘုရား ဘယ်ကို ကြွမလဲလို့” မေးကြည့်လိုက်တော့

အေး ... ဒကာ သာဝတ္ထိပြည်ကို မြတ်စွာဘုရားအား သွားပြီးတော့ ဖူးမြော်ကန်တော့ဖို့”

ဒီလိုဆိုရင်တော့ အရှင်ဘုရား ... ဒီကိဋာဂီရိ ဇနပုဒ်ကတော့ ပျက်စီးနေပြီ ဖြစ်ပါတယ် မြတ်စွာဘုရားကို အကျိုးအကြောင်း တင်ပြလျှောက်ထားပေးပါ” ဆိုပြီးတော့ အဲဒီ ကိဋာဂီရိ ဇနပုဒ်မှာ သစ်သီးပေးခြင်း, ပန်းပေးခြင်း အစရှိတဲ့ လုပ်ငန်းရပ်တွေအားလုံး ----------------- ရဟန်း ဦးဆောင်နေတဲ့ ရဟန်းတော်တွေက ဖြည့်ကျင့်နေပုံတွေကို သူက အသေးစိတ် တင်ပြလျှောက်ထားလိုက်တယ်။ အဲဒီတော့ ဒီကိုယ်တော်တွေက ဒီဒကာ, ဒကာမတွေကို ကြည့်လိုက်ရင် ရှေးတုန်းက ရတနာသုံးတန် ကံ,ကံ၏အကျိုးတရားကို တကယ်တမ်း သက်ဝင်ယုံကြည်တဲ့ သဒ္ဓါစစ်, သဒ္ဓါမှန်ဖြင့် ရတနာ ၃-ပါးကို ကိုးကွယ်ဆည်းကပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။

ခု နောက်ပိုင်းကာလ ရောက်လာတဲ့ အချိန်အခါကျတော့ ခုလို သီလရှိတဲ့ အရှင်ကောင်း, အရှင်မြတ်တွေ ကြွလာတဲ့ အချိန်အခါမှာ ကြည်ညိုရကောင်းမှန်းတောင် မသိတော့ဘူး။ သစ်သီးပေးခြင်း, ပန်းပေးခြင်း အစရှိတဲ့ ဒီလို လုပ်ငန်းရပ် ပြုလုပ်ပါမှသာလျှင် ကြည်ညိုတတ်တဲ့ စိတ်ထားတွေ ပေါ်လာတယ်။ ပေါ်လာတဲ့ အခါကျတော့ ရဟန်းတော်များမှာ ဘယ်လို ပြဿနာ-ရှိလဲမေးတော့ - ခုလို သစ်သီးပေးခြင်း, ပန်းပေးခြင်း အစရှိတဲ့ ဒကာ, ဒကာမတစ်ဦးကို ပေးမိပြီ။ မပေးသင့်တဲ့ ဒကာ,ဒကာမတွေပေါ့။ မိဘက ပေးသင့်ပါတယ်နော်။ မိဘကို လုပ်ကျွေးပြုစုနေတဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း ပေးသင့်ပါတယ်။ ဒါ ခြွင်းချက်ကလေးတွေ အနည်းငယ် ရှိပါတယ်။

အဲဒီတော့ ဒီလို ပေးသင့်တဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ထားလိုက်။ မပေးသင့်တဲ့ ပုဂ္ဂိုလ်တွေကို သစ်သီးပေးခြင်း, ပန်းပေးခြင်း, နေရာခင်းပေးခြင်း, ဖျာခင်းပေးခြင်း အစရှိသည်ပေါ့လေ - ဒီလို လုပ်ငန်းရပ်တွေ ပြုလုပ်တယ်။ ဒကာ, ဒကာမကို ဆက်ဆံတဲ့ အခါမှာလည်း အောက်ကြို့ပြီးတော့ ဟုတ်တယ် မဟုတ်လား? အဲ ကိုယ်ကို အောက်နှိမ်ချပြီးတော့ ဒကာ,ဒကာမကို အထက်-ကနေပြီးတော့ မြှောက်ပေးတယ်။ မင်းကတော်ကြီးတို့၊ တိုင်းမှူးကတော်တို့၊ ဘာကတော်တို့၊ ညာကတော်တို့ပေါ့လေနော်။ အဲဒီလို မြှောက်ပင့်ပြီးတော့မှ သူက ဆက်ဆံတယ်။ အဲဒီလို မြှောက်ပင့်ပြီး ဆက်ဆံတဲ့ အချိန်အခါကျတော့ ဒီဒကာ,ဒကာမတွေက ခုနက သစ်သီးပေးခြင်း, ပန်းပေးခြင်း ဒီလို မြှောက်ပင့် ဆက်ဆံခြင်းဆိုတဲ့ ဒီအကြောင်းတရားတွေကို အခြေခံပြီး ကြည်ညိုလို့ လှူခဲ့မယ်-ဆိုရင် အဲဒီ လှူတဲ့ ပစ္စည်းလေးပါးသည် မအပ်ဘူး။ မအပ်တာက ဒီကိုယ်တော်တစ်ပါးလျှင် မအပ်တာ မဟုတ်ဘူး။ သီတင်းသုံးဖော် ၅-ဦးလုံး မအပ်ဘူး။

အဲဒီ ဒကာ,ဒကာမတွေကနေပြီး ကျောင်းဆောက်လုပ်လှူ ကျောင်း-မအပ်ဘူး။ ဒီဒကာ,ဒကာမတွေက သင်္ကန်းလှူ သင်္ကန်းမအပ်ဘူး။ ဒီဒကာ,-ဒကာမတွေက ဆွမ်းကိုလှူရင် ဒီဆွမ်းလည်း မအပ်ဘူး။ ဒီဆေးပစ္စည်းလှူ ဒီဆေးပစ္စည်း မအပ်ဘူး။ မိမိသာ မအပ်သည် မဟုတ်၊ သီတင်းသုံးဖော် ၅-ဦးလည်း မအပ်ဘူး။ မအပ်တော့ ဘာလုပ်မလဲ? အဲဒီကျောင်းကို စွန့်ရတယ်။ မစွန့်ဘူး။ ဒီကျောင်းကို မစွန့်ဘူး, ဒီဆွမ်းကို မစွန့်ဘူး, ဒီသင်္ကန်းကို မစွန့်ဘူး, ဒီဆေးပစ္စည်းတွေ မစွန့်ဘူးဆိုရင် ဒေသနာတော်နဲ့အညီ ရာနဲ့ထောင်နဲ့ချီကြား ဘယ်လိုမှ ဒီဒေသနာ, ဒီအာပတ်က မထနိုင်ဘူး။

မထနိုင်တဲ့ အချိန်အခါကျတော့ အဲဒီလို ကျောင်းမျိုးတွေ စင်ကြယ်စေချင်ရင် ဘယ်လို လုပ်မလဲ? ဒီကျောင်းပေါ်ကို တက်တိုင်းတက်တိုင်း သူက အာပတ်သင့်တယ်။ ဒီကျောင်းပေါ်မှာ အိပ်တိုင်း အိပ်တိုင်း အာပတ်သင့်တယ်။ နေတိုင်း နေတိုင်း အာပတ်သင့်တယ်။ ထိုင်ရင်လည်း အာပတ်သင့်တယ်။ အိပ်လည်း အာပတ်သင့်တယ်။ အဲဒီတော့ အမြဲတမ်း ဘယ်ရဟန်းပဲဖြစ်ဖြစ် ဒါ အာပတ်သင့်တာပဲ။ အဲဒီလို အာပတ်သင့်နေတော့ ဒီကျောင်းမျိုးကို ဘယ်လိုလုပ်သင့်သလဲလို့ ဆက်စပ်ပြီးတော့ ဆွေးနွေးကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီခေမိကသိပ္ပံ ကိုယ်တော်ကြီးပေါ့လေ - မပျံလွန်တော်မူခင်က ဦးပဉ္စင်းကတော့ လျှောက်ကြည့်တယ် ...

သူကတော့ မီးရှို့ပစ်တာ အကောင်းဆုံးပဲတဲ့။ ဘာမှ လုပ်လို့ မရဘူးတဲ့။ အဲဒီလောက်ထိ သာသနာတော်မှာ အရုပ်ဆိုးတဲ့ လုပ်ငန်းတွေပါနော်။ ဒီလို အရုပ်ဆိုးနေတဲ့ လုပ်ငန်းကို ခုနက ပကတိမျက်စိ အမြင်နဲ့ကတော့ ဒီဒကာ,ဒကာမတွေက မကြည်ညိုဘူးလား? ကြည်ညိုနေတယ်။ ဉာဏ်မျက်စိအမြင် ကြည်ညိုတာ မဟုတ်ဘူး။ ဉာဏ်မျက်စိအမြင်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်လို-ဖြစ်သလဲ? ရဟန်းစစ်, ရဟန်းမှန်တွေကိုလည်း ခွဲခြားတတ်တယ်။ ရဟန်းတု, ရဟန်းယောင်တွေကိုလည်း ခွဲခြားတတ်တယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ အရှင်ဝပ္ပမထေရ်က သူ့ရဲ့ ထေရာဂါထာလေးမှာ ဟောထားတယ်နော်။

‘‘ပဿတိ ပဿော ပဿန္တံ, အပဿန္တဉ္စ ပဿတိ၊ အပဿန္တော အပဿန္တံ, ပဿန္တဉ္စ န ပဿတိ။

ပဿော၊ သစ္စာလေးပါးဟု ခေါ်ဆိုအပ်တဲ့ အမှန်တရားကို သိမြင်၍ နေတဲ့ သူတော်ကောင်းသည်။ ပဿန္တဉ္စ၊ အမှန်တရားကို သိမြင်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ ပဿတိ၊ သိမြင်၏။ အပဿန္တဉ္စ၊ အမှန်တရားကို မသိမမြင်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ ပဿတိ၊ သိမြင်တတ်၏။ အပဿန္တော၊ သစ္စာလေးပါးတည်းဟူသော အမှန်တရားကို ထိုးထွင်း မသိမြင်တဲ့ ပုဂ္ဂိုလ်သည်ကား။ အပဿန္တဉ္စ၊ အမှန်တရားကို မသိတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပဿတိ၊ မမြင်တတ်ပေ။ ပဿန္တဉ္စ၊ အမှန်တရားကို သိမြင်နေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပဿတိ၊ မမြင်တတ်ပေ။

မိမိက အမှန်တရားကို မြင်ထားပြီ။ အမှန်တရား မြင်ထားတဲ့ ပုဂ္ဂိုလ်က အမှန်တရားကို မြင်တဲ့ပုဂ္ဂိုလ်ကိုလည်း သူက သိတယ်။ မမြင်တဲ့ပုဂ္ဂိုလ်ကိုလည်း သိနိုင်တယ်။ ဒါပေမဲ့ မိမိက အမှန်တရားကို မမြင်ဘူး, မိမိကိုယ်တိုင်က အမှန်တရာကို မမြင်ဘူး ဆိုလို့ရှိရင် အမှန်တရားကို မမြင်တဲ့ပုဂ္ဂိုလ်ကိုလည်း မိမိက မသိနိုင်ဘူး။ အမှန်တရားကို မြင်နေတဲ့ပုဂ္ဂိုလ်ကိုလည်း ဒီပုဂ္ဂိုလ်က အမှန်တရားကို မြင်တဲ့ ပုဂ္ဂိုလ်ပါပဲလို့ သိနိုင်မလား? မသိနိုင်ဘူးနော်။ ဒါကြောင့် မိမိတို့က အမှန်ကို မြင်တတ်ဖို့တော့ မလိုဘူးလား? လိုတယ်။

အမှန်တရားကို မြင်တတ်ရေးအတွက် ဘာကို အခြေခံရမလဲလို့မေးရင် မိမိတို့က ဉာဏ်မျက်စိရအောင် ကြိုးစားရမယ်။ ဉာဏ်မျက်စိဆိုတာက ဘာကို ဉာဏ်မျက်စိခေါ်သလဲလို့ မေးရင်တော့ ဦးပဉ္စင်းတို့ သာသနာတော်မှာ အဆင့်္တအတန်း မြင့်မားနေတဲ့ ဉာဏ်မျက်စိကတော့ သစ္စာလေးပါးကို သိနေတဲ့ စတုသစ္စာသမ္မာဒိဋ္ဌိဉာဏ် ဖြစ်ပါတယ်။ ဒုက္ခသစ္စာကို မိမိကိုယ်တိုင်က ဟုတ်တိုင်းမှန်စွာ သိပြီဆိုရင် တစ်ဖက်ပုဂ္ဂိုလ်နဲ့ ဆွေးနွေးကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီပုဂ္ဂိုလ်သည် ဒုက္ခသစ္စာခေါ်တဲ့ ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရားတွေကို သိတယ်။ မသိဘူးဆိုတာ မိမိ လွယ်လွယ်နဲ့ နားမလည်နိုင်ဘူးလား? နားလည်နိုင်တယ်။

မိမိကိုယ်တိုင်က သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ သိပြီ။ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို စနစ်တကျ ရှုပွား သုံးသပ်တတ်ပြီ။ အဲဒီလို စနစ်တကျ သိနေတဲ့ ပုဂ္ဂိုလ်က တစ်ဘက်ပုဂ္ဂိုလ်နဲ့ တရားအချေအတင် ဆွေးနွေးလိုက်တဲ့ အချိန်အခါမှာ ဒီပုဂ္ဂိုလ်သည် ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို တကယ်လက်တွေ့ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ သိတယ်, မသိဘူးဆိုတာကို နားမလည်ဘူးလား? နားလည်တယ်နော်။

အေး ... မိမိကိုယ်တိုင်က နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကို သမ္မာဒိဋ္ဌိဉာဏ်္တပညာဖြင့် ထိုးထွင်းသိပြီး။ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ ဟောကြားထားအပ်တဲ့ မဂ္ဂင် ၈-ပါး အကျင့်မြတ်တရားတွေကိုလည်း မိမိကိုယ်တိုင်က သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိပြီး။ ကိုယ်တိုင်လည်း လက်တွေ့ ကျင့်ထားပြီး ဖြစ်တယ်။ အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်က တစ်ဖက်ပုဂ္ဂိုလ်နဲ့ တရားဆွေးနွေးလိုက်တဲ့ အချိန်အခါမှာ ဒီပုဂ္ဂိုလ်သည် မဂ္ဂင် ၈-ပါးကို စုံညီအောင် ကျင့်တယ်, မကျင့်ဘူးဆိုတာကိုလည်း မသိနိုင်ဘူးလား? သိနိုင်တယ်။ ဒီပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဒီအငြိမ်းဓာတ် နိဗ္ဗာန်ကြီးကို လက်တွေ့ သိတယ်, မသိဘူးဆိုတာ ဆွေးနွေးကြည့်လိုက်တဲ့ အချိန်အခါမှာ မသိဘူး, သိတယ်ဆိုတာ မသိနိုင်ဘူးလား? သိနိုင်တယ်။ ဒါကြောင့် မိမိတို့က အမှန်တရားလေးတွေကို မြင်အောင် ကြိုးစားထားဖို့လိုတယ်။

အဲဒီလို အမှန်တရားကို မိမိတို့က မမြင်ရင် တစ်ဖက်ပုဂ္ဂိုလ် မြင်တာသည် မှန်သည်ဆိုတာလည်း မိမိ မသိဘူး။ တစ်ဖက်ပုဂ္ဂိုလ် အမြင်သည် မှန်ကန်တဲ့ အမြင်ဖြစ်တယ်ဆိုတာလည်း မသိဘူး။ မှားယွင်းနေတဲ့အမြင် ဖြစ်တယ်ဆိုတာလည်း သိပါ့မလား? မသိနိုင်ဘူး။ ဒါကြောင့် -

‘‘ပဿတိ ပဿော ပဿန္တံ, အပဿန္တဉ္စ ပဿတိ၊ အပဿန္တော အပဿန္တံ, ပဿန္တဉ္စ န ပဿတိ။

ပဿော၊ အမှန်တရားကို သိမြင်နေတဲ့ ပုဂ္ဂိုလ်သည်။ ပဿန္တဉ္စ၊ အမှန်တရားကို သိမြင်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ ပဿတိ၊ သိမြင်၏။ အပဿန္တဉ္စ၊ အမှန်တရားကို မသိမမြင်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ ပဿတိ၊ သိမြင်တတ်၏။ အပဿန္တော၊ အမှန်တရားကို မမြင်တဲ့ ပုဂ္ဂိုလ်-သည်ကား။ အပဿန္တဉ္စ၊ အမှန်တရားကို မမြင်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပဿတိ၊ မမြင်တတ်ပေ။ ပဿန္တဉ္စ၊ အမှန်တရားကို သိမြင်နေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပဿတိ၊ မမြင်တတ်ပေ။

မိမိက အမှန်ကို မမြင်ရင်တော့ တစ်ဖက်ပုဂ္ဂိုလ် အမှန်မြင်ပါတယ်, မမြင်ဘူးဆိုတာ ဘယ်လိုမှ နားမလည်နိုင်ဘူး။ မမှန်ဘူးလား? မှန်နေတယ်နော်။ ဒါကြောင့် မိမိတို့မှာ ပကတိမျက်စိအမြင်ဖြင့် သမဏ အမည်ရနေတဲ့ သူတော်္တကောင်းရဟန်းတွေကို ဖူးမြော်ရခြင်းထက် ဉာဏ်အမြင်ဖြင့် ဖူးမြော်နိုင်အောင် ကြိုးစားဖို့ ပိုပြီးတော့ အရေးကြီးပါတယ်။ ဉာဏ်အမြင်ဆိုတာက မိမိကိုယ်တိုင်က သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိပြီ။ ဒုက္ခသစ္စာ အ-မည်ရနေတဲ့ ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိပြီ။ အဲဒီလို ဟုတ်တိုင်းမှန်စွာ သိတဲ့ အချိန်အခါမှာ “ဩော် ... ငါလို ဒုက္ခသစ္စာ အမည်ရနေတဲ့ ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာသိတဲ့ ဘုရားစစ် ဘုရားမှန်ဆိုတာ ရှိလေရဲ့။ သံဃာစစ် သံဃာမှန်ဆိုတာ ရှိလေရဲ့ ယုံကြည်ချက် ခိုင်မြဲမလာဘူးလား? ခိုင်မြဲလာတယ်။

မိမိကိုယ်တိုင်က ဒီဒုက္ခသစ္စာဆိုတဲ့ ရုပ်တွေ နာမ်တွေ မသိသေးဘူး။ မသိသေးဘူး ဆိုလို့ရှိရင် “ဟေ့ ... မင်း ဒီဒုက္ခသစ္စာ ဖြစ်စဉ် ရုပ်တွေ နာမ်တွေ ဆိုတာက မင်း သွားလုပ်မနေနဲ့၊ ရှုမနေနဲ့ တော်ကြာ ရူးသွားလိမ့်မယ်။ ရူးသွားမယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဖားအောက်သွားပြီး တရားအားမထုတ်နဲ့ မင်း ရူးသွားလိမ့်မယ်” လို့ ဘုန်းကြီးဌာနကတော့ ခဏခဏ အပြောခံရတယ်။ ဘာဖြစ်လို့လဲ?

ဒီရုပ် ဒီနာမ်တွေကို ဘယ်လိုမှ ရှုလို့ မရပါဘူး။ သာဝကတွေ ရှုမရပါဘူးလို့ ဒီလို လက်ခံထားတယ်။ မိမိကိုယ်တိုင်က ဒီရုပ် ဒီနာမ်တွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်း မသိတဲ့အတွက် တစ်ဖက်ပုဂ္ဂိုလ်ကနေပြီးတော့ ဒီရုပ် ဒီနာမ်ကို သာဝကတွေ ဘယ်လိုမှ ထိုးထွင်း မသိနိုင်ပါဘူးလို့ ပြောလာမယ်ဆိုရင် မိမိကလည်း ဟုတ်ချင်ဟုတ်မလားဆိုတဲ့ စိတ်ကူးလေး သို့မဟုတ် လက်ခံချက်, ခံယူချက်ကလေး ပေါ်မလာနိုင်ဘူးလား? ပေါ်လာနိုင်တယ်။ မိမိကိုယ်တိုင်က ဒီရုပ် ဒီနာမ် ဒီဒုက္ခသစ္စာတရားတွေကို ဟုတ်တိုင်းမှန်စွာသိပြီ ဆိုလို့ရှိရင် တစ်ဖက်ပုဂ္ဂိုလ်ကနေပြီးတော့ ဒီရုပ် ဒီနာမ်တွေကို သာ-ဝကတွေ ရှုမရဘူးလို့ဘဲပြောပြော, ရှုရတယ်လို့ပဲပြောပြော မိမိမှာ ဘာအပြစ် ရှိဦးမလဲ? မရှိတော့ဘူး။ တစ်ဖက်ပုဂ္ဂိုလ် မမြင်တာကိုလည်း ကိုယ် နားလည်နိုင်တယ်။ မြင်တာကိုလည်း နားလည်နိုင်တယ်။

အလားတူပဲ - မိမိက အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဆိုတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ခေါ်တဲ့ အကျိုးတရားတွေ အထင်အရှား ဖြစ်၊ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ခေါ်တဲ့ အကျိုးတရားတွေ အထင်အရှား ဖြစ်လိမ့်မယ်ဆိုတာ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ ၃-ပါးမှာ အကြောင်းတရား အဆက်ဆက် အကျိုးတရား အဆက်ဆက်တွေကို မိမိက သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိပြီ။ တစ်နည်းပြောရင်တော့ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်ပုံ၊ ဒီဘဝ ပြုစုပျိုးထောင်နေတဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ် ဒုက္ခသစ္စာဖြစ်ပုံတွေကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်သိပြီ။

အဲဒီလို သိလိုက်တဲ့ အချိန်အခါမှာ တစ်ဖက်ပုဂ္ဂိုလ်က လာပြောပြီ။ “ဟ ... ဝိပဿနာဆိုတာ အတိတ် အနာဂတ်နဲ့ ဘာမှ မဆိုင်ပါဘူး။ အတိတ် အနာဂတ် ရှုဖို့ မလိုပါဘူးလို့” လာပြီး ပြောပြီ။ မိမိကိုယ်တိုင်က သိထားလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့ ပြောပြချက်ဟာ မိမိအတွက် ဘာအကျိုးရှိဦးမလဲ? မရှိတော့ဘူး။ ဘာဖြစ်လို့လဲ? ကိုယ်ကိုယ်တိုင်က ရှုရထားပြီး ဖြစ်တယ်။ ကိုယ်-ကိုယ်တိုင်က ရှုထားပြီး ဖြစ်နေတဲ့အတွက် တစ်ဖက်ပုဂ္ဂိုလ်က မြင်တယ်လို့ပဲပြောပြော, မမြင်ဘူးလို့ဘဲပြောပြော၊ ဝိပဿနာဉာဏ်နဲ့ ရှုလို့ရတယ်ပဲပြောပြော ရှုမရဘူးလို့ဘဲပြောပြော မိမိအတွက် ဘာထူးခြားမှု ရှိဦးမလဲ? မရှိတော့ဘူး။ ဒါကြောင့် မိမိက အမှန်တရားကို သိမြင်တဲ့ဘက်မှာ ရှိနေဖို့တော့ လိုပါတယ်နော်။

ဒါကြောင့် ရဟန်းသံဃာတွေ, သမဏတွေ အမည်ရနေတဲ့ ကိလေသာ ငြိမ်းအေးတော်မူတဲ့ သူတော်ကောင်းတွေ သို့မဟုတ် ကိလေသာ ငြိမ်းအေးအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သူတော်ကောင်းတွေကို ဖူးမြော်ရခြင်းသည် မင်္ဂလာရှိတယ်ဆိုသော်လည်း ဖူးမြော်ရုံတွင် ရပ်တန့်မနေဘဲ ထိုသူတော်ကောင်းတွေထံမှ တရားကို နာယူပြီးတဲ့အခါ ဒီသစ္စာ-လေးပါး တရားတွေကို မိမိကိုယ်တိုင်က သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိသည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ အဲဒီလို အားထုတ်မှလည်း မိမိသည် အမှန်ကိုမြင်တဲ့ ဉာဏ်ပညာ မိမိမှာ ရှိမယ်။ မိမိမှာ အမှန်ကို မြင်နေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်မယ်။ အမှန်ကို သိမြင်တတ်တဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာဟာ မိမိသန္တာန်မှာ ကိန်းဝပ်လာပြီဆိုရင် မြင်တဲ့ ပုဂ္ဂိုလ်ကိုလည်း မိမိနားလည်မယ်။ မမြင်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း မိမိ နားလည်သွားလိမ့်မယ်။

ဒါကြောင့် သမဏာနဉ္စ ဒဿနံ ခေါ်တဲ့ မင်္ဂလာမှာ ရဟန်းသံဃာတွေကို ဖူးမြော်ရခြင်းဆိုတဲ့ ဒီနေရာလောက်တင် ရပ်တန့်ပြီး မနေဘဲ ရဟန်းသံဃာတွေကို ဆည်းကပ်ခြင်း, ခစားခြင်း, ပြုစုလုပ်ကျွေးခြင်း, တရားနာခြင်း, ထိုတရားနာယူပြီးတဲ့ အခါမှာ ဒီတရားတွေကို အရဟတ္တဖိုလ်ပေါက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ ဒီကုသိုလ်တရားတွေလည်း ပါဝင်-နေတယ်လို့ မှတ်ပါနော်။ ကဲ သမဏာနဉ္စ ဒဿနံ မင်္ဂလာပြီးစေတော့။ ကဲ နောက်မင်္ဂလာတစ်ခုကတော့ ဘာလဲ?

ကာလေန ဓမ္မသာကစ္ဆာ

ကာလေန ဓမ္မသာကစ္ဆာ တဲ့နော် - သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားကို ဆွေးနွေးခြင်း။ အဲဒီတော့ ဒီသင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားဆွေးနွေးခြင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာ-ဆရာတော်က ဘယ်လို ဖွင့်ထားလဲ?

ကာလေန ဓမ္မသာကစ္ဆာ နာမ ပဒေါသေ ဝါ ပစ္စူသေ ဝါ ဒွေ သုတ္တန္တိကာ ဘိက္ခူ အညမညံ သုတ္တန္တံ သာကစ္ဆန္တိ, ဝိနယဓရာ ဝိနယံ, အာဘိဓမ္မိကာ အဘိဓမ္မံ ဇာတကဘာဏကာ ဇာတကံ, အဋ္ဌကထိကာ အဋ္ဌကထံ, လီနုဒ္ဓတဝိစိကိစ္ဆာပရေတစိတ္တဝိသောဓနတ္ထံ ဝါ တမှိ တမှိ ကာလေ သာကစ္ဆန္တိ, အယံ ကာလေန ဓမ္မသာကစ္ဆာ။

ဒီလို ဖွင့်ထားတယ်။ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားဆွေးနွေးတယ်ဆိုတာက ဘာလဲလို့ မေးတော့ - နံနက်မိုးသောက်ထ အချိန်အခါမှာပဲဖြစ်စေ၊ ညနေချမ်း အခါမှာပဲဖြစ်စေနော်။ သုဿာန်ဆောင်တဲ့ ပုဂ္ဂိုလ်တွေက သုဿန်ဆောင်တဲ့ ပုဂ္ဂိုလ်အချင်းချင်း သုဿန်အကြောင်းတွေကို ဆွေးနွေးရတယ်။ ဝိနည်းဆောင်တဲ့ ပုဂ္ဂိုလ်ကလည်း ဝိနည်းဆောင်-နေတဲ့ ပုဂ္ဂိုလ်အချင်းချင်း ဝိနည်းအကြောင်းတွေကို ဆွေးနွေးရတယ်။ အဘိဓမ္မာကို ဆောင်နေတဲ့ ပုဂ္ဂိုလ်ကလည်း အဘိဓမ္မာဆောင်တဲ့ ပုဂ္ဂိုလ်အချင်းချင်း အဘိဓမ္မာအကြောင်းတွေကို ဆွေးနွေးရတယ်။ ဇာတ်တွေကို ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း ဇာတ်ကို ဆောင်နေတဲ့ ပုဂ္ဂိုလ်အချင်းချင်း ဇာတ်တော်အကြောင်း ဆွေးနွေးရတယ်။ အဋ္ဌကထာကို နှုတ်ငုံဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်း အဋ္ဌကထာကို နှုတ်ငုံဆောင်နေတဲ့ ပုဂ္ဂိုလ်အချင်းချင်း အဋ္ဌကထာအကြောင်းကို ဆွေးနွေးရပါတယ်။ ဒါက တစ်နည်းပေါ့နော်။ နောက်တစ်နည်း ဖွင့်ထားတာကတော့ -

စိတ်ဓာတ်တွေက တစ်ခါတလေ တွန့်ဆုတ်သွားတယ်။ ဘာဝနာ အာရုံကနေပြီးတော့ နောက်တွန့်သွားတယ်။ တရားထိုင်လို့ကလည်း မကောင်းဘူး။ စိတ်ကလည်း သိပ်မပါဘူး။ မထိုင်ချင် ဖြစ်နေပြီ။ အဲဒီအချိန်အခါမှာ ဘာလုပ်ရမလဲ? တွန့်ဆုတ်နေတဲ့ ဒီစိတ်ဓာတ်ကလေးတွေကို သန့်ရှင်းသွားအောင် တရားဆွေးနွေးပေးရပါတယ်။

နောက်တစ်ခု - တစ်ခါတလေ စိတ်ဓာတ်တွေက သိပ်ပြီးတော့ တက်ကြွနေတယ်။ မတည်မငြိမ် ဖြစ်နေပြီ။ စိတ်ဓာတ်တွေက သိပ်တက်ကြွလို့ ရှိရင်လည်း ပြာပုံပေါ် ခဲလေးတစ်ခုခု ပစ်ချလိုက်တဲ့ အချိန်အခါမှာ ပြာတွေ လွင့်နေသလို စိတ်ဓာတ်တွေက ဟိုအာရုံရောက်လိုက် ဒီအာရုံရောက်လိုက်နဲ့ သိပ်ပြီး တက်ကြွနေတယ်။ အဲဒီ အချိန်အခါမှာလည်း တရားဆွေးနွေးပေးရတယ်။ တစ်ခါတစ်ရံ ဝိစိကိစ္ဆာတွေပေါ့လေ - သံသယတွေ သိပ်များနေတယ်။ ဒီရုပ် ဒီနာမ် ရှုရတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား, ဒီသမာဓိ ထူထောင်လို့ ရတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား, ဒီကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်တွေ ရှုရတယ်ဆိုတာကော ဟုတ်မှဟုတ်ပါ့မလား - စသည်ဖြင့် သံသယတွေက သိပ်များတယ်။ အဲဒီလို သံသယတွေ များလာပြီ ဆိုလို့ရှိရင်လည်း ဒီဝိစိကိစ္ဆာ သံသယတွေ ကင်းပြတ်ရေးအတွက် တရားဆွေးနွေးသင့်တယ် ဆိုပြီးတော့လည်း တစ်နည်းဖွင့်ထားပါတယ်။

ဘာဖြစ်လို့ ဒီလို တရားဆွေးနွေးရသလဲလို့ မေးရင်တော့ ဒီတရားဆွေးနွေးခြင်းသည် အာဂါမဗျတ္တိနော်။ အာဂုံပါဠိတော်မှာ အသိအလိမ္မာ ဉာဏ်ပညာတွေ ထင်ရှား-လာဖို့ရန်အတွက်လည်း အကြောင်းတစ်ခု ဖြစ်တယ်။ မိမိတို့ရဲ့-သန္တာန်မှာ ဒီအသိဉာဏ်တွေ သင်သိအနေနဲ့ပေါ့ အာဂုံပါဠိတော်-အနေနဲ့ မိမိက အသိဉာဏ်တွေ သန့်ရှင်းလာပြီ ဆိုလို့ရှိရင် ရှေ့တစ်ဆင့်တက်ပြီးတော့ ကျင့်သိအနေနဲ့ တကယ်လက်တွေ့ အဓိဂမသုတ အဓိဂမဗျတ္တိခေါ်တဲ့ ကိုယ်တိုင်သိ အဆင့်သို့ ရောက်ရှိဖို့ရန်အတွက် မိမိက ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန် အကြောင်းတစ်ခု ဖြစ်တယ်။ ဒါကြောင့် ဒီလို တရားဆွေးနွေးခြင်းကို မင်္ဂလာရှိတယ်လို့ ခေါ်ရတယ်။ ဘုရားရှင်ရဲ့ တရားတွေကို အာဂုံ နှုတ်တိုက်ရပြီ။ အာဂုံ နှုတ်တိုက်ရတဲ့ အချိန်အခါမှာ ရတဲ့တရားတွေရဲ့ အနက်အဓိပ္ပါယ်ကို မိမိက ကျင့်သိအနေနဲ့ အဓိဂမဗျတ္တိသဘောအရ စနစ်တကျ ထိုးထွင်းသိပြီ။

သင်သိ, ကျင့်သိ ထိုအသိ ၂-မျိုးဖြင့် သိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သင်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့်လည်း ကုသိုလ်တရားတွေ တိုးပွားတယ်။ ကျင့်လိုက်တဲ့ အတွက်ကြောင့်လည်း ကျင့်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် ကုသိုလ်တရားတွေ တိုးပွားတယ်။ ကျင့်လိုက်တဲ့ အချိန်အခါမှာလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာတွေက တကယ် မှန်မှန်ကန်ကန် တိတိကျကျ ပေါ်ပေါက်လာပြီဆိုရင် ထိုသမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ ကုသိုလ်တရားတွေကြောင့်, သမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ စိတ်ထားတွေကြောင့်လည်း သူ့သန္တာန်မှာ ကုသိုလ်တရားတွေ တိုးပွား မလာနိုင်ဘူးလား? တိုးပွားလာတယ်။ သမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ ကုသိုလ်တရားတွေပဲ။

ဒါကြောင့် ဒီကုသိုလ်တရားတွေ တိုးပွားခြင်းရဲ့ အကြောင်းအရင်းဖြစ်လို့ ဒီတရားဆွေးနွေးမှုကို မင်္ဂလာလို့ ခေါ်ပါတယ်။ ဒီလို တရား မဆွေးနွေးခဲ့ဘဲ နေခဲ့မယ်ဆိုရင် မိမိတို့ရဲ့သန္တာန်မှာ သိသင့်သိထိုက်တဲ့ တရားတွေ သိပါ့မလား? မသိနိုင်ဘူး။ ခုဒီနေ့ တရားလျှောက်တယ်ဆိုတာ တရားဆွေးနွေးတဲ့ ပုံစံတစ်မျိုးပဲနော်။ ဆရာသမားတွေထံမှာ ချဉ်းကပ်ပြီးတော့ မိမိရရှိတဲ့ အသိဉာဏ်ကို တင်ပြတယ်။ ဆရာသမားတွေကနေပြီးတော့ ဒီအသိဉာဏ်က မှန်ရင်လည်း မှန်တယ်, မှားရင်လည်း မှားတယ်။ ပြုပြင်ပြောင်းလဲပေးတယ်။ မှန်နေပြီ ဆိုလို့ရှိရင်လည်း ရှကို တပည့်တော် ဘယ်လို ဆက်ပြီး ရှုရမလဲ? ဘယ်လို ရှုရတယ်, ဘယ်လို ရှုရတယ် စသည်ဖြင့် သင်ပေးလိုက်တယ်။ တရားဆွေးနွေးခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်နော်။ အဲဒီလို ဆွေးနွေးသင့် ဆွေးနွေးထိုက်တဲ့ အချိန်အခါမှာ တရားတော်ဆိုတာ ဆွေးနွေးပေးရပါတယ်။ အဲဒီလို ဆွေးနွေးခြင်းဟာ မင်္ဂလာရှိတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး မြတ်စွာဘုရား ဟောထားတဲ့ ဂါထာလေးတစ်ခုတော့ ရှိတယ်နော်။

‘‘နေသာ သဘာ ယတ္ထ န သန္တိ သန္တော, သန္တော န တေ ယေ န ဝဒန္တိ ဓမ္မံ၊ ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ, ဓမ္မံ ဝဒန္တာ စ ဘဝန္တိ သန္တော’’။

ဒီဂါထာလေးက တော်တော့်ကို တန်ဖိုးရှိတဲ့ ဂါထာတစ်ခုပါ။ ဒီဂါထာလေးကို ဘုရားရှင်က ဘာကြောင့် ဟောရသလဲဆိုတော့ တစ်ချိန် မြတ်စွာဘုရား သက္ကတိုင်းမှာ ခေါမဒုတ်သအမည်ရှိတဲ့ ရွာတစ်ရွာ သာကီဝင်တို့ရဲ့ နိဂုံးရွာလေးတစ်ခု ရှိပါတယ်။ နိဂုံးရွာကြီးတစ်ခု ရှိတယ်။ အဲဒီ နိဂုံးရွာကြီးကို အမှီပြုပြီးတော့ မြတ်စွာဘုရား သီတင်းသုံးစံနေတော်မူခိုက် ဖြစ်တယ်။ တောအုပ်တစ်ခုအတွင်းမှာ မြတ်စွာဘုရား မှီတင်းပြီးတော့ သီတင်းသုံးစံနေတော်မူခိုက် ဤရွာတွင်းကို မြတ်စွာဘုရား တစ်နေ့ ဆွမ်းခံကြွတယ်။ ဆွမ်းခံကြွလိုက်တဲ့ အချိန်အခါကျတော့ မြတ်စွာဘုရား ဆွမ်းခံကြွဝင်တဲ့ အချိန်အခါမှာ အဲဒီ ခေါမဒုတ်သ နိဂုံးရွာအတွင်းမှာ တည်ရှိနေတဲ့ ပုဏ္ဏားတွေ, သူဌေးသူကြွယ်တွေကနေပြီးတော့ အစည်းအဝေးတစ်ခု ကျင်းပနေကြတယ်။ အဲဒီ အစည်းအဝေးတစ်ခု ကျင်းပပြီးတော့ အဲဒီ အစည်းအဝေးမှာ သူတို့က တရားအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေကြပါတယ်။ ဆွေးနွေးနေလိုက်တဲ့ အချိန်အခါကျတော့ မြတ်စွာဘုရားကလည်း ဆွမ်းခံဖို့ရန် အချိန်က နည်းနည်း စောနေသေးတော့ အဲဒီ အစည်းအဝေး တရားဆွေးနွေးနေတဲ့ပွဲကို ဘုရားရှင်ကလည်း ကြွသွားလိုက်တယ်။ ကြွသွားလိုက်တဲ့ အချိန်အခါကျတော့ အဲဒီဆွေးနွေးနေတဲ့ ဒီပုဏ္ဏားတွေနဲ့ သူဌေးသူကြွယ်တွေ-ကနေပြီးတော့ ဘုရားရှင်အပေါ်မှာ ဘယ်လို အထင်သေးနေသလဲ?

‘‘ကေ စ မုဏ္ဍကာ သမဏကာ, ကေ စ သဘာဓမ္မံ ဇာနိဿန္တိ’’

ဒီဦးပြည်းခေါင်းတုံးယုတ်တွေ ဦးပြည်းဆိုတာကတော့ ခေါင်းတုံးနေတာပါနော်။ ဦးပြည်းခေါင်းတုံးယုတ်ဖြစ်တဲ့ ဒီရဟန်းယုတ်တွေ ဘာအကျိုးရှိမလဲ? ဒင်းကို သဘာဓမ္မခေါ်တဲ့ ခုလို အစည်းအဝေးပွဲမှာ ဆွေးနွေးတိုင်ပင်ရတဲ့ တရားစကားတွေနဲ့ ပတ်သက်ပြီးတော့ ဒင်းတို့ ဘာသိမှာလဲ? ဒီလို ပြောကြတယ်။ ပြောလိုက်တဲ့ အချိန်အခါကျတော့ ဘုရားရှင်က အဲဒီ အချိန်အခါမှာ ဘာဟောလဲ?

‘‘နေသာ သဘာ ယတ္ထ န သန္တိ သန္တော, သန္တော န တေ ယေ န ဝဒန္တိ ဓမ္မံ၊ ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ, ဓမ္မံ ဝဒန္တာ စ ဘဝန္တိ သန္တော’’။

ယတ္ထ၊ အကြင်အစည်းအဝေး၌။ သန္တော၊ သူတော်ကောင်းတို့သည်။ န သန္တိ၊ မရှိကြလေကုန်။ သာ သဘာ၊ ဤအစည်းအဝေးသည်။ န သဘာ၊ အစည်းအဝေးအစစ်မဟုတ်။ ယေ၊ အကြင်သူတော်ကောင်းတို့သည်ကား။ ဓမ္မံ၊ ဓမ္မကို။ န ဝဒန္တိ၊ ပြောဆို၍ မနေကြလေကုန်။ တေ၊ ထိုဓမ္မကို ပြောဆိုမှု မရှိကြတဲ့ ပုဂ္ဂိုလ်တို့သည်ကား။ န သန္တော၊ သူတော်ကောင်းတို့လည်း မဟုတ်ကြကုန်။ ရာဂဉ္စ၊ ရာဂကိုလည်းကောင်း။ ဒေါသဉ္စ၊ ဒေါသကိုလည်းကောင်း။ မောဟဉ္စ၊ မောဟကိုလည်းကောင်း။ ပဟာယ၊ ပယ်စွန့်ထား၍။ ဓမ္မံ၊ ဓမ္မသဘောတရားကို။ ဝဒန္တာ၊ ပြောဆိုတတ်တဲ့ ပုဂ္ဂိုလ်တို့သည်ကား။ သန္တော၊ သူတော်ကောင်းတို့သည်။ ဘဝန္တိ၊ ဖြစ်ကြပါပေကုန်၏၊

ဒီဂါထာလေး ဘုရားဟောတယ်နော်။ အကြင် အစည်းအဝေးတစ်ခုမှာ သူတော်ကောင်း မရှိဘူး။ သူတော်ကောင်း မပါတဲ့ ထိုအစည်းအဝေးသည် အစည်းအဝေးအစစ် မဟုတ်ပါဘူး။ သူတော်ကောင်း မပါတဲ့ အစည်းအဝေးဟာ တကယ့်အစည်းအဝေး ဟုတ်သလား? မဟုတ်ပါဘူးတဲ့နော်။ ကဲ ဒီလိုဆိုရင် သူတော်ကောင်းဆိုတာက ဘယ်လိုပုဂ္ဂိုလ်လဲ မေးတော့

သန္တော န တေ ယေ န ဝဒန္တိ ဓမ္မံ၊

ယေ၊ အကြင်သူတော်ကောင်းတို့သည်ကား။ ဓမ္မံ၊ ဓမ္မကို။ န ဝဒန္တိ၊ ပြောဆို၍ မနေကြလေကုန်။ တေ၊ ထိုဓမ္မကို ပြောဆိုမှု မရှိကြတဲ့ ပုဂ္ဂိုလ်တို့သည်ကား။ န သန္တော၊ သူတော်ကောင်းတို့လည်း မဟုတ်ကြကုန်။

ဓမ္မကို မပြောဆိုကြတဲ့ ပုဂ္ဂိုလ်တွေက သူတော်ကောင်း မဟုတ်ဘူး။ သူတော်ကောင်း မပါတဲ့ အစည်းအဝေးဟာလည်း အစည်းအဝေး မဟုတ်-ပါဘူး ဆိုပြီးတော့ ဘုရားက ဒီစကားလေး ပြန်သွင်းတယ်။ အဲဒီ အခါကျတော့ ဓမ္မကို မပြောတဲ့ ပုဂ္ဂိုလ်တွေက သူတော်ကောင်း မဟုတ်ဘူး ဆိုလို့ရှိရင် ဘယ်လို ဓမ္မတွေကို ပြောရမလဲမေးတော့ ဘယ်လို

fentn5kzdztz5s1y0g2vgyvb41w80mf
22025
22024
2026-06-04T00:29:01Z

ezt7z9yds33qrf3a0aqwd69eily99kb
22026
22025
2026-06-04T00:32:36Z

ဆိုကြပါစို့ - ဦးပဉ္စင်းတို့ ကိဋာဂီရိ ဇနပုဒ်မှာ နာမည်ကျော်ဖြစ်တဲ့ ဆဗ္ဗဂီ ရဟန်းအပေါင်းတို့ရဲ့ အပေါင်းအသင်း အသင်းဝင်ဖြစ်တဲ့ ---------------------- = ရဟန်းတွေ နေထိုင်ကြပါတယ်။ ဆဘက်ကိ ဆိုတာကတော့ “ဆ” က ခြောက်၊ “ဘက်ကိ” က အုပ်စုတဲ့။ ခြောက်ပါး အုပ်စု။ လူ့ဘဝမှာဆို မိတ်ဆွေခြောက်ယောက်ပဲ။ မိတ်ဆွေခြောက်ယောက် တိုင်ပင်ပြီးတော့ သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်းပြုကြတယ်။ အဲဒီ မိတ်ဆွေ ခြောက်ယောက်မှာ သူတို့က နှစ်ပါးတစ်တွဲ၊ နှစ်ပါးတစ်တွဲနဲ့ သုံးဖွဲ့ ဖွဲ့လိုက်တယ်။ ---------------------- = ရဟန်းတွေက ဦးဆောင်ပြီးတော့ ကိဋာဂီရိ ဇနပုဒ်မှာ နေကြတယ်။ သူတို့မှာလည်း နောက်လိုက် တပည့်ငါးရာလောက် ရှိတယ်။ မိတယ ပုနဇက ---------------------- ရဟန်းတွေက ရာဇဂြိုဟ်မှာ နေကြတယ်။ သူတို့မှာလည်း နောက်လိုက် တပည့်ငါးရာ ရှိတယ်။ အဲနောက် နှစ်ပါး မေ့တောင်သွားပြီနော်။ သံသုက လောဟိတကနဲ့ တူပါတယ်နော်။ သူတို့နှစ်ပါးကလည်း သာဝတ္ထိမှာပဲ နေကြတယ်။ သူတို့ကတော့ လဇ္ဇီ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။

အဲဒီမှာ ကိဋာဂီရိ ဇနပုဒ်မှာ နေထိုင်ကြတဲ့ ---------------------- = ရဟန်းတွေက လူဒကာ၊ ဒကာမတွေကို သစ်သီးပေးခြင်း၊ ပန်းပေးခြင်း အစရှိတဲ့ ဒီလို ကုလဒူသက---------------------- လုပ်ငန်းရပ်တွေကို ပြုလုပ်နေကြတယ်။ “ကုလသူ သက” ဆိုတာကတော့ ဒါယကာ, ဒါယိကာမတို့ရဲ့ သဒ္ဓါစစ် သဒ္ဓါမှန်ကို ဖျက်ဆီးခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ပြုလုပ်နေတယ်လို့ ဆိုလိုပါတယ်။ စမ်းပြီးတော့ ဒီည ဘုန်းကြီး ဒီအကြောင်းလေး နည်းနည်းတော့ ဟောဦးမယ်။

ရတနာသုံးတန် ကံ,ကံ၏အကျိုးတရားကို သက်ဝင်ယုံကြည်ပြီးတော့မှ ကြည်ညိုတာကိုတော့ ဒါ သဒ္ဓါစစ်, သဒ္ဓါမှန်လို့ ခေါ်ပါတယ်။ ရှေးယခင်က ဒီကိဋာဂီရိ ဇနပုဒ်မှာ တည်ရှိနေတဲ့ လူသားတွေက ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကို သိပြီးတော့မှ ဘုရား, တရား, သံဃာဆိုတဲ့ ရတနာသုံးပါးကို ကြည်ညိုနေတဲ့ ဒကာ, ဒကာမတွေ ဖြစ်ကြတယ်။ ကံ,ကံ၏အကျိုးတရားကို ယုံကြည်ပြီးတော့မှ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ ဒကာ, ဒကာမတွေ ဖြစ်ကြပါတယ်။ အဲဒီ ဒကာ,ဒကာမတွေရဲ့ သန္တာန်မှာ တည်ရှိနေတဲ့ ရတနာသုံးတန် ကံ,ကံ၏အကျိုးတရားအပေါ်၌ သက်ဝင်ယုံကြည်နေတဲ့ ဒီသဒ္ဓါတရားကိုတော့ သဒ္ဓါစစ်, သဒ္ဓါမှန်လို့ ခေါ်တယ်။

ဒါပေမဲ့ ဒီအဿဇ္ဇိပုနဗ္ဗသုက ရဟန်းတွေ ဦးဆောင်ပြီးတော့ အဲဒီမှာ ကိဋာဂီရိ ဇနပုဒ်မှာ နေထိုင်လိုက်ကြတော့ ဘာဖြစ်လာလဲ? သူတို့က ဒကာ, ဒကာမတွေ လာပြီ ဆိုလို့ရှိရင် သစ်သီးပေးကြတယ်, ပန်းပေးကြတယ်, ကျောင်း-လာလို့ ရှိရင်လည်း ကျွေးလိုက်မွေးလိုက် နေရာခင်းပေးလိုက် စသည်ဖြင့် ဒီပုံစံတွေနဲ့ ဆက်ဆံတယ်။ နောက်ဆုံးတော့ ရင်းရင်းနှီးနှီးတွေက သိပ်များလာတယ်။ ဘယ်လောက်ထိ များလဲလို့ မေးရင်တော့ နားနဲ့ မနာ၊ ဖဝါးနဲ့ နာပေါ့လေ။ အမျိုးသမီးတွေနဲ့ အဲဒီ ကောဇောတစ်ခုအပေါ်မှာ တွဲပြီး ကပ်ရတဲ့အထိ ရောက်သွားကြတယ်။ ဟုတ်တယ်မဟုတ်လား? အဲဒီတော့ အဲဒီ ကိုယ်တော်တွေကို ဒီဒကာ,ဒကာမတွေကလည်း သိပ်ပြီးတော့ ကြည်ညိုကြတယ်, လေးစားကြတယ်, မြတ်နိုးကြတယ်။

တစ်နေ့ သီလရှိတဲ့ အရှင်ကောင်း, အရှင်မြတ်တစ်ပါး ထိုကိဋာဂီရိ ဇနပုဒ်ကို ဆွမ်းခံကြွဝင်လာပါတယ်။ ဝင်လာတဲ့ အချိန်အခါကျတော့ တစ်ယောက်မှ ဆွမ်းလောင်းမဲ့ ပုဂ္ဂိုလ်လည်း မရှိဘူး။ ဘယ်သူမှလည်း သူ့ကို အရေးမစိုက်ဘူး။ အရေးမစိုက်ဘဲ ဘာပြောလဲ? ဒီကိုယ်တော်က ဘယ်လို ကိုယ်တော်မှန်းလည်း မသိဘူး။ တို့ ကိုယ်တော်တွေနဲ့လည်း မတူဘူး။ တို့ကိုယ်တော်တွေဆို မြင်လိုက်လို့ရှိရင် ပြုံးပြတာပဲ။ မျက်နှာလေးတွေကို ရွှင်လို့။ နှုတ်ဆက်လိုက်တော့ ကြည်ကြည်ဖြူဖြူနဲ့။ ခု ဒီကိုယ်တော်ကျတော့ အိန္ဒြေကြီးတစ်ခွဲသားနဲ့။ မျက်လွှာကြီး အောက်စိုက်လို့။ ဟိုလည်း မကြည့်, ဒီလည်း မကြည့်။ ဒီကိုယ်တော် ဘယ်လို ကိုယ်တော်မှန်းလည်း မသိဘူး။ ဘယ်သူမှလည်း ဆွမ်းမလောင်းဘူး။

ဒါပေမဲ့လို့ အဲဒီအထဲမှာ အသိအလိမ္မာ ဉာဏ်ပညာရှိတဲ့ သူတော်ကောင်းတစ်ဦး ရှိနေတယ်။ သူတော်ကောင်းက ဒီကိုယ်တော်ရဲ့ ဆွမ်းခံကြွလာပုံ ဣရိယာပုဒ်ကို ကြည့်ပြီးတော့ သူက သိပ်ကြည်ညိုသွားတယ်။ ကြည်္တညိုတာနဲ့ သူက အိမ်ကိုပင့်။ သပိတ်ကို ဖွင့်ကြည့်လိုက်တော့လည်း ဘာမှ မပါဘူး။ အိမ်မှာရှိတဲ့ မွန်မြတ်တဲ့ ဆွမ်းခဲဖွယ် ဘောဇဉ်တွေအားလုံး လှူလိုက်တယ်။ လှူပြီးတဲ့ အချိန်အခါကျတော့ ဒကာက လျှောက်ထားတယ်။

အရှင်ဘုရား ... အရှင်ဘုရား ဘယ်ကို ကြွမလဲလို့” မေးကြည့်လိုက်တော့

အေး ... ဒကာ သာဝတ္ထိပြည်ကို မြတ်စွာဘုရားအား သွားပြီးတော့ ဖူးမြော်ကန်တော့ဖို့”

ဒီလိုဆိုရင်တော့ အရှင်ဘုရား ... ဒီကိဋာဂီရိ ဇနပုဒ်ကတော့ ပျက်စီးနေပြီ ဖြစ်ပါတယ် မြတ်စွာဘုရားကို အကျိုးအကြောင်း တင်ပြလျှောက်ထားပေးပါ” ဆိုပြီးတော့ အဲဒီ ကိဋာဂီရိ ဇနပုဒ်မှာ သစ်သီးပေးခြင်း, ပန်းပေးခြင်း အစရှိတဲ့ လုပ်ငန်းရပ်တွေအားလုံး ----------------- ရဟန်း ဦးဆောင်နေတဲ့ ရဟန်းတော်တွေက ဖြည့်ကျင့်နေပုံတွေကို သူက အသေးစိတ် တင်ပြလျှောက်ထားလိုက်တယ်။ အဲဒီတော့ ဒီကိုယ်တော်တွေက ဒီဒကာ, ဒကာမတွေကို ကြည့်လိုက်ရင် ရှေးတုန်းက ရတနာသုံးတန် ကံ,ကံ၏အကျိုးတရားကို တကယ်တမ်း သက်ဝင်ယုံကြည်တဲ့ သဒ္ဓါစစ်, သဒ္ဓါမှန်ဖြင့် ရတနာ ၃-ပါးကို ကိုးကွယ်ဆည်းကပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။

ခု နောက်ပိုင်းကာလ ရောက်လာတဲ့ အချိန်အခါကျတော့ ခုလို သီလရှိတဲ့ အရှင်ကောင်း, အရှင်မြတ်တွေ ကြွလာတဲ့ အချိန်အခါမှာ ကြည်ညိုရကောင်းမှန်းတောင် မသိတော့ဘူး။ သစ်သီးပေးခြင်း, ပန်းပေးခြင်း အစရှိတဲ့ ဒီလို လုပ်ငန်းရပ် ပြုလုပ်ပါမှသာလျှင် ကြည်ညိုတတ်တဲ့ စိတ်ထားတွေ ပေါ်လာတယ်။ ပေါ်လာတဲ့ အခါကျတော့ ရဟန်းတော်များမှာ ဘယ်လို ပြဿနာ-ရှိလဲမေးတော့ - ခုလို သစ်သီးပေးခြင်း, ပန်းပေးခြင်း အစရှိတဲ့ ဒကာ, ဒကာမတစ်ဦးကို ပေးမိပြီ။ မပေးသင့်တဲ့ ဒကာ,ဒကာမတွေပေါ့။ မိဘက ပေးသင့်ပါတယ်နော်။ မိဘကို လုပ်ကျွေးပြုစုနေတဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း ပေးသင့်ပါတယ်။ ဒါ ခြွင်းချက်ကလေးတွေ အနည်းငယ် ရှိပါတယ်။

အဲဒီတော့ ဒီလို ပေးသင့်တဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ထားလိုက်။ မပေးသင့်တဲ့ ပုဂ္ဂိုလ်တွေကို သစ်သီးပေးခြင်း, ပန်းပေးခြင်း, နေရာခင်းပေးခြင်း, ဖျာခင်းပေးခြင်း အစရှိသည်ပေါ့လေ - ဒီလို လုပ်ငန်းရပ်တွေ ပြုလုပ်တယ်။ ဒကာ, ဒကာမကို ဆက်ဆံတဲ့ အခါမှာလည်း အောက်ကြို့ပြီးတော့ ဟုတ်တယ် မဟုတ်လား? အဲ ကိုယ်ကို အောက်နှိမ်ချပြီးတော့ ဒကာ,ဒကာမကို အထက်-ကနေပြီးတော့ မြှောက်ပေးတယ်။ မင်းကတော်ကြီးတို့၊ တိုင်းမှူးကတော်တို့၊ ဘာကတော်တို့၊ ညာကတော်တို့ပေါ့လေနော်။ အဲဒီလို မြှောက်ပင့်ပြီးတော့မှ သူက ဆက်ဆံတယ်။ အဲဒီလို မြှောက်ပင့်ပြီး ဆက်ဆံတဲ့ အချိန်အခါကျတော့ ဒီဒကာ,ဒကာမတွေက ခုနက သစ်သီးပေးခြင်း, ပန်းပေးခြင်း ဒီလို မြှောက်ပင့် ဆက်ဆံခြင်းဆိုတဲ့ ဒီအကြောင်းတရားတွေကို အခြေခံပြီး ကြည်ညိုလို့ လှူခဲ့မယ်-ဆိုရင် အဲဒီ လှူတဲ့ ပစ္စည်းလေးပါးသည် မအပ်ဘူး။ မအပ်တာက ဒီကိုယ်တော်တစ်ပါးလျှင် မအပ်တာ မဟုတ်ဘူး။ သီတင်းသုံးဖော် ၅-ဦးလုံး မအပ်ဘူး။

အဲဒီ ဒကာ,ဒကာမတွေကနေပြီး ကျောင်းဆောက်လုပ်လှူ ကျောင်း-မအပ်ဘူး။ ဒီဒကာ,ဒကာမတွေက သင်္ကန်းလှူ သင်္ကန်းမအပ်ဘူး။ ဒီဒကာ,-ဒကာမတွေက ဆွမ်းကိုလှူရင် ဒီဆွမ်းလည်း မအပ်ဘူး။ ဒီဆေးပစ္စည်းလှူ ဒီဆေးပစ္စည်း မအပ်ဘူး။ မိမိသာ မအပ်သည် မဟုတ်၊ သီတင်းသုံးဖော် ၅-ဦးလည်း မအပ်ဘူး။ မအပ်တော့ ဘာလုပ်မလဲ? အဲဒီကျောင်းကို စွန့်ရတယ်။ မစွန့်ဘူး။ ဒီကျောင်းကို မစွန့်ဘူး, ဒီဆွမ်းကို မစွန့်ဘူး, ဒီသင်္ကန်းကို မစွန့်ဘူး, ဒီဆေးပစ္စည်းတွေ မစွန့်ဘူးဆိုရင် ဒေသနာတော်နဲ့အညီ ရာနဲ့ထောင်နဲ့ချီကြား ဘယ်လိုမှ ဒီဒေသနာ, ဒီအာပတ်က မထနိုင်ဘူး။

မထနိုင်တဲ့ အချိန်အခါကျတော့ အဲဒီလို ကျောင်းမျိုးတွေ စင်ကြယ်စေချင်ရင် ဘယ်လို လုပ်မလဲ? ဒီကျောင်းပေါ်ကို တက်တိုင်းတက်တိုင်း သူက အာပတ်သင့်တယ်။ ဒီကျောင်းပေါ်မှာ အိပ်တိုင်း အိပ်တိုင်း အာပတ်သင့်တယ်။ နေတိုင်း နေတိုင်း အာပတ်သင့်တယ်။ ထိုင်ရင်လည်း အာပတ်သင့်တယ်။ အိပ်လည်း အာပတ်သင့်တယ်။ အဲဒီတော့ အမြဲတမ်း ဘယ်ရဟန်းပဲဖြစ်ဖြစ် ဒါ အာပတ်သင့်တာပဲ။ အဲဒီလို အာပတ်သင့်နေတော့ ဒီကျောင်းမျိုးကို ဘယ်လိုလုပ်သင့်သလဲလို့ ဆက်စပ်ပြီးတော့ ဆွေးနွေးကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီခေမိကသိပ္ပံ ကိုယ်တော်ကြီးပေါ့လေ - မပျံလွန်တော်မူခင်က ဦးပဉ္စင်းကတော့ လျှောက်ကြည့်တယ် ...

သူကတော့ မီးရှို့ပစ်တာ အကောင်းဆုံးပဲတဲ့။ ဘာမှ လုပ်လို့ မရဘူးတဲ့။ အဲဒီလောက်ထိ သာသနာတော်မှာ အရုပ်ဆိုးတဲ့ လုပ်ငန်းတွေပါနော်။ ဒီလို အရုပ်ဆိုးနေတဲ့ လုပ်ငန်းကို ခုနက ပကတိမျက်စိ အမြင်နဲ့ကတော့ ဒီဒကာ,ဒကာမတွေက မကြည်ညိုဘူးလား? ကြည်ညိုနေတယ်။ ဉာဏ်မျက်စိအမြင် ကြည်ညိုတာ မဟုတ်ဘူး။ ဉာဏ်မျက်စိအမြင်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်လို-ဖြစ်သလဲ? ရဟန်းစစ်, ရဟန်းမှန်တွေကိုလည်း ခွဲခြားတတ်တယ်။ ရဟန်းတု, ရဟန်းယောင်တွေကိုလည်း ခွဲခြားတတ်တယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ အရှင်ဝပ္ပမထေရ်က သူ့ရဲ့ ထေရာဂါထာလေးမှာ ဟောထားတယ်နော်။

‘‘ပဿတိ ပဿော ပဿန္တံ, အပဿန္တဉ္စ ပဿတိ၊ အပဿန္တော အပဿန္တံ, ပဿန္တဉ္စ န ပဿတိ။

ပဿော၊ သစ္စာလေးပါးဟု ခေါ်ဆိုအပ်တဲ့ အမှန်တရားကို သိမြင်၍ နေတဲ့ သူတော်ကောင်းသည်။ ပဿန္တဉ္စ၊ အမှန်တရားကို သိမြင်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ ပဿတိ၊ သိမြင်၏။ အပဿန္တဉ္စ၊ အမှန်တရားကို မသိမမြင်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ ပဿတိ၊ သိမြင်တတ်၏။ အပဿန္တော၊ သစ္စာလေးပါးတည်းဟူသော အမှန်တရားကို ထိုးထွင်း မသိမြင်တဲ့ ပုဂ္ဂိုလ်သည်ကား။ အပဿန္တဉ္စ၊ အမှန်တရားကို မသိတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပဿတိ၊ မမြင်တတ်ပေ။ ပဿန္တဉ္စ၊ အမှန်တရားကို သိမြင်နေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပဿတိ၊ မမြင်တတ်ပေ။

မိမိက အမှန်တရားကို မြင်ထားပြီ။ အမှန်တရား မြင်ထားတဲ့ ပုဂ္ဂိုလ်က အမှန်တရားကို မြင်တဲ့ပုဂ္ဂိုလ်ကိုလည်း သူက သိတယ်။ မမြင်တဲ့ပုဂ္ဂိုလ်ကိုလည်း သိနိုင်တယ်။ ဒါပေမဲ့ မိမိက အမှန်တရားကို မမြင်ဘူး, မိမိကိုယ်တိုင်က အမှန်တရာကို မမြင်ဘူး ဆိုလို့ရှိရင် အမှန်တရားကို မမြင်တဲ့ပုဂ္ဂိုလ်ကိုလည်း မိမိက မသိနိုင်ဘူး။ အမှန်တရားကို မြင်နေတဲ့ပုဂ္ဂိုလ်ကိုလည်း ဒီပုဂ္ဂိုလ်က အမှန်တရားကို မြင်တဲ့ ပုဂ္ဂိုလ်ပါပဲလို့ သိနိုင်မလား? မသိနိုင်ဘူးနော်။ ဒါကြောင့် မိမိတို့က အမှန်ကို မြင်တတ်ဖို့တော့ မလိုဘူးလား? လိုတယ်။

အမှန်တရားကို မြင်တတ်ရေးအတွက် ဘာကို အခြေခံရမလဲလို့မေးရင် မိမိတို့က ဉာဏ်မျက်စိရအောင် ကြိုးစားရမယ်။ ဉာဏ်မျက်စိဆိုတာက ဘာကို ဉာဏ်မျက်စိခေါ်သလဲလို့ မေးရင်တော့ ဦးပဉ္စင်းတို့ သာသနာတော်မှာ အဆင့်္တအတန်း မြင့်မားနေတဲ့ ဉာဏ်မျက်စိကတော့ သစ္စာလေးပါးကို သိနေတဲ့ စတုသစ္စာသမ္မာဒိဋ္ဌိဉာဏ် ဖြစ်ပါတယ်။ ဒုက္ခသစ္စာကို မိမိကိုယ်တိုင်က ဟုတ်တိုင်းမှန်စွာ သိပြီဆိုရင် တစ်ဖက်ပုဂ္ဂိုလ်နဲ့ ဆွေးနွေးကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီပုဂ္ဂိုလ်သည် ဒုက္ခသစ္စာခေါ်တဲ့ ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရားတွေကို သိတယ်။ မသိဘူးဆိုတာ မိမိ လွယ်လွယ်နဲ့ နားမလည်နိုင်ဘူးလား? နားလည်နိုင်တယ်။

မိမိကိုယ်တိုင်က သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ သိပြီ။ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို စနစ်တကျ ရှုပွား သုံးသပ်တတ်ပြီ။ အဲဒီလို စနစ်တကျ သိနေတဲ့ ပုဂ္ဂိုလ်က တစ်ဘက်ပုဂ္ဂိုလ်နဲ့ တရားအချေအတင် ဆွေးနွေးလိုက်တဲ့ အချိန်အခါမှာ ဒီပုဂ္ဂိုလ်သည် ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို တကယ်လက်တွေ့ သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ သိတယ်, မသိဘူးဆိုတာကို နားမလည်ဘူးလား? နားလည်တယ်နော်။

အေး ... မိမိကိုယ်တိုင်က နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကို သမ္မာဒိဋ္ဌိဉာဏ်္တပညာဖြင့် ထိုးထွင်းသိပြီး။ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ ဟောကြားထားအပ်တဲ့ မဂ္ဂင် ၈-ပါး အကျင့်မြတ်တရားတွေကိုလည်း မိမိကိုယ်တိုင်က သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိပြီး။ ကိုယ်တိုင်လည်း လက်တွေ့ ကျင့်ထားပြီး ဖြစ်တယ်။ အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်က တစ်ဖက်ပုဂ္ဂိုလ်နဲ့ တရားဆွေးနွေးလိုက်တဲ့ အချိန်အခါမှာ ဒီပုဂ္ဂိုလ်သည် မဂ္ဂင် ၈-ပါးကို စုံညီအောင် ကျင့်တယ်, မကျင့်ဘူးဆိုတာကိုလည်း မသိနိုင်ဘူးလား? သိနိုင်တယ်။ ဒီပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဒီအငြိမ်းဓာတ် နိဗ္ဗာန်ကြီးကို လက်တွေ့ သိတယ်, မသိဘူးဆိုတာ ဆွေးနွေးကြည့်လိုက်တဲ့ အချိန်အခါမှာ မသိဘူး, သိတယ်ဆိုတာ မသိနိုင်ဘူးလား? သိနိုင်တယ်။ ဒါကြောင့် မိမိတို့က အမှန်တရားလေးတွေကို မြင်အောင် ကြိုးစားထားဖို့လိုတယ်။

အဲဒီလို အမှန်တရားကို မိမိတို့က မမြင်ရင် တစ်ဖက်ပုဂ္ဂိုလ် မြင်တာသည် မှန်သည်ဆိုတာလည်း မိမိ မသိဘူး။ တစ်ဖက်ပုဂ္ဂိုလ် အမြင်သည် မှန်ကန်တဲ့ အမြင်ဖြစ်တယ်ဆိုတာလည်း မသိဘူး။ မှားယွင်းနေတဲ့အမြင် ဖြစ်တယ်ဆိုတာလည်း သိပါ့မလား? မသိနိုင်ဘူး။ ဒါကြောင့် -

‘‘ပဿတိ ပဿော ပဿန္တံ, အပဿန္တဉ္စ ပဿတိ၊ အပဿန္တော အပဿန္တံ, ပဿန္တဉ္စ န ပဿတိ။

ပဿော၊ အမှန်တရားကို သိမြင်နေတဲ့ ပုဂ္ဂိုလ်သည်။ ပဿန္တဉ္စ၊ အမှန်တရားကို သိမြင်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ ပဿတိ၊ သိမြင်၏။ အပဿန္တဉ္စ၊ အမှန်တရားကို မသိမမြင်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ ပဿတိ၊ သိမြင်တတ်၏။ အပဿန္တော၊ အမှန်တရားကို မမြင်တဲ့ ပုဂ္ဂိုလ်-သည်ကား။ အပဿန္တဉ္စ၊ အမှန်တရားကို မမြင်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပဿတိ၊ မမြင်တတ်ပေ။ ပဿန္တဉ္စ၊ အမှန်တရားကို သိမြင်နေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ န ပဿတိ၊ မမြင်တတ်ပေ။

မိမိက အမှန်ကို မမြင်ရင်တော့ တစ်ဖက်ပုဂ္ဂိုလ် အမှန်မြင်ပါတယ်, မမြင်ဘူးဆိုတာ ဘယ်လိုမှ နားမလည်နိုင်ဘူး။ မမှန်ဘူးလား? မှန်နေတယ်နော်။ ဒါကြောင့် မိမိတို့မှာ ပကတိမျက်စိအမြင်ဖြင့် သမဏ အမည်ရနေတဲ့ သူတော်္တကောင်းရဟန်းတွေကို ဖူးမြော်ရခြင်းထက် ဉာဏ်အမြင်ဖြင့် ဖူးမြော်နိုင်အောင် ကြိုးစားဖို့ ပိုပြီးတော့ အရေးကြီးပါတယ်။ ဉာဏ်အမြင်ဆိုတာက မိမိကိုယ်တိုင်က သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိပြီ။ ဒုက္ခသစ္စာ အ-မည်ရနေတဲ့ ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိပြီ။ အဲဒီလို ဟုတ်တိုင်းမှန်စွာ သိတဲ့ အချိန်အခါမှာ “ဩော် ... ငါလို ဒုက္ခသစ္စာ အမည်ရနေတဲ့ ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာသိတဲ့ ဘုရားစစ် ဘုရားမှန်ဆိုတာ ရှိလေရဲ့။ သံဃာစစ် သံဃာမှန်ဆိုတာ ရှိလေရဲ့ ယုံကြည်ချက် ခိုင်မြဲမလာဘူးလား? ခိုင်မြဲလာတယ်။

မိမိကိုယ်တိုင်က ဒီဒုက္ခသစ္စာဆိုတဲ့ ရုပ်တွေ နာမ်တွေ မသိသေးဘူး။ မသိသေးဘူး ဆိုလို့ရှိရင် “ဟေ့ ... မင်း ဒီဒုက္ခသစ္စာ ဖြစ်စဉ် ရုပ်တွေ နာမ်တွေ ဆိုတာက မင်း သွားလုပ်မနေနဲ့၊ ရှုမနေနဲ့ တော်ကြာ ရူးသွားလိမ့်မယ်။ ရူးသွားမယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဖားအောက်သွားပြီး တရားအားမထုတ်နဲ့ မင်း ရူးသွားလိမ့်မယ်” လို့ ဘုန်းကြီးဌာနကတော့ ခဏခဏ အပြောခံရတယ်။ ဘာဖြစ်လို့လဲ?

ဒီရုပ် ဒီနာမ်တွေကို ဘယ်လိုမှ ရှုလို့ မရပါဘူး။ သာဝကတွေ ရှုမရပါဘူးလို့ ဒီလို လက်ခံထားတယ်။ မိမိကိုယ်တိုင်က ဒီရုပ် ဒီနာမ်တွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်း မသိတဲ့အတွက် တစ်ဖက်ပုဂ္ဂိုလ်ကနေပြီးတော့ ဒီရုပ် ဒီနာမ်ကို သာဝကတွေ ဘယ်လိုမှ ထိုးထွင်း မသိနိုင်ပါဘူးလို့ ပြောလာမယ်ဆိုရင် မိမိကလည်း ဟုတ်ချင်ဟုတ်မလားဆိုတဲ့ စိတ်ကူးလေး သို့မဟုတ် လက်ခံချက်, ခံယူချက်ကလေး ပေါ်မလာနိုင်ဘူးလား? ပေါ်လာနိုင်တယ်။ မိမိကိုယ်တိုင်က ဒီရုပ် ဒီနာမ် ဒီဒုက္ခသစ္စာတရားတွေကို ဟုတ်တိုင်းမှန်စွာသိပြီ ဆိုလို့ရှိရင် တစ်ဖက်ပုဂ္ဂိုလ်ကနေပြီးတော့ ဒီရုပ် ဒီနာမ်တွေကို သာ-ဝကတွေ ရှုမရဘူးလို့ဘဲပြောပြော, ရှုရတယ်လို့ပဲပြောပြော မိမိမှာ ဘာအပြစ် ရှိဦးမလဲ? မရှိတော့ဘူး။ တစ်ဖက်ပုဂ္ဂိုလ် မမြင်တာကိုလည်း ကိုယ် နားလည်နိုင်တယ်။ မြင်တာကိုလည်း နားလည်နိုင်တယ်။

အလားတူပဲ - မိမိက အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဆိုတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ခေါ်တဲ့ အကျိုးတရားတွေ အထင်အရှား ဖြစ်၊ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ခေါ်တဲ့ အကျိုးတရားတွေ အထင်အရှား ဖြစ်လိမ့်မယ်ဆိုတာ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ ၃-ပါးမှာ အကြောင်းတရား အဆက်ဆက် အကျိုးတရား အဆက်ဆက်တွေကို မိမိက သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိပြီ။ တစ်နည်းပြောရင်တော့ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်ပုံ၊ ဒီဘဝ ပြုစုပျိုးထောင်နေတဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ် ဒုက္ခသစ္စာဖြစ်ပုံတွေကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်သိပြီ။

အဲဒီလို သိလိုက်တဲ့ အချိန်အခါမှာ တစ်ဖက်ပုဂ္ဂိုလ်က လာပြောပြီ။ “ဟ ... ဝိပဿနာဆိုတာ အတိတ် အနာဂတ်နဲ့ ဘာမှ မဆိုင်ပါဘူး။ အတိတ် အနာဂတ် ရှုဖို့ မလိုပါဘူးလို့” လာပြီး ပြောပြီ။ မိမိကိုယ်တိုင်က သိထားလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့ ပြောပြချက်ဟာ မိမိအတွက် ဘာအကျိုးရှိဦးမလဲ? မရှိတော့ဘူး။ ဘာဖြစ်လို့လဲ? ကိုယ်ကိုယ်တိုင်က ရှုရထားပြီး ဖြစ်တယ်။ ကိုယ်-ကိုယ်တိုင်က ရှုထားပြီး ဖြစ်နေတဲ့အတွက် တစ်ဖက်ပုဂ္ဂိုလ်က မြင်တယ်လို့ပဲပြောပြော, မမြင်ဘူးလို့ဘဲပြောပြော၊ ဝိပဿနာဉာဏ်နဲ့ ရှုလို့ရတယ်ပဲပြောပြော ရှုမရဘူးလို့ဘဲပြောပြော မိမိအတွက် ဘာထူးခြားမှု ရှိဦးမလဲ? မရှိတော့ဘူး။ ဒါကြောင့် မိမိက အမှန်တရားကို သိမြင်တဲ့ဘက်မှာ ရှိနေဖို့တော့ လိုပါတယ်နော်။

ဒါကြောင့် ရဟန်းသံဃာတွေ, သမဏတွေ အမည်ရနေတဲ့ ကိလေသာ ငြိမ်းအေးတော်မူတဲ့ သူတော်ကောင်းတွေ သို့မဟုတ် ကိလေသာ ငြိမ်းအေးအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သူတော်ကောင်းတွေကို ဖူးမြော်ရခြင်းသည် မင်္ဂလာရှိတယ်ဆိုသော်လည်း ဖူးမြော်ရုံတွင် ရပ်တန့်မနေဘဲ ထိုသူတော်ကောင်းတွေထံမှ တရားကို နာယူပြီးတဲ့အခါ ဒီသစ္စာ-လေးပါး တရားတွေကို မိမိကိုယ်တိုင်က သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိသည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ အဲဒီလို အားထုတ်မှလည်း မိမိသည် အမှန်ကိုမြင်တဲ့ ဉာဏ်ပညာ မိမိမှာ ရှိမယ်။ မိမိမှာ အမှန်ကို မြင်နေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်မယ်။ အမှန်ကို သိမြင်တတ်တဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာဟာ မိမိသန္တာန်မှာ ကိန်းဝပ်လာပြီဆိုရင် မြင်တဲ့ ပုဂ္ဂိုလ်ကိုလည်း မိမိနားလည်မယ်။ မမြင်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း မိမိ နားလည်သွားလိမ့်မယ်။

ဒါကြောင့် သမဏာနဉ္စ ဒဿနံ ခေါ်တဲ့ မင်္ဂလာမှာ ရဟန်းသံဃာတွေကို ဖူးမြော်ရခြင်းဆိုတဲ့ ဒီနေရာလောက်တင် ရပ်တန့်ပြီး မနေဘဲ ရဟန်းသံဃာတွေကို ဆည်းကပ်ခြင်း, ခစားခြင်း, ပြုစုလုပ်ကျွေးခြင်း, တရားနာခြင်း, ထိုတရားနာယူပြီးတဲ့ အခါမှာ ဒီတရားတွေကို အရဟတ္တဖိုလ်ပေါက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဆိုတဲ့ ဒီကုသိုလ်တရားတွေလည်း ပါဝင်-နေတယ်လို့ မှတ်ပါနော်။ ကဲ သမဏာနဉ္စ ဒဿနံ မင်္ဂလာပြီးစေတော့။ ကဲ နောက်မင်္ဂလာတစ်ခုကတော့ ဘာလဲ?

ကာလေန ဓမ္မသာကစ္ဆာ

ကာလေန ဓမ္မသာကစ္ဆာ တဲ့နော် - သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားကို ဆွေးနွေးခြင်း။ အဲဒီတော့ ဒီသင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားဆွေးနွေးခြင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာ-ဆရာတော်က ဘယ်လို ဖွင့်ထားလဲ?

ကာလေန ဓမ္မသာကစ္ဆာ နာမ ပဒေါသေ ဝါ ပစ္စူသေ ဝါ ဒွေ သုတ္တန္တိကာ ဘိက္ခူ အညမညံ သုတ္တန္တံ သာကစ္ဆန္တိ, ဝိနယဓရာ ဝိနယံ, အာဘိဓမ္မိကာ အဘိဓမ္မံ ဇာတကဘာဏကာ ဇာတကံ, အဋ္ဌကထိကာ အဋ္ဌကထံ, လီနုဒ္ဓတဝိစိကိစ္ဆာပရေတစိတ္တဝိသောဓနတ္ထံ ဝါ တမှိ တမှိ ကာလေ သာကစ္ဆန္တိ, အယံ ကာလေန ဓမ္မသာကစ္ဆာ။

ဒီလို ဖွင့်ထားတယ်။ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ တရားဆွေးနွေးတယ်ဆိုတာက ဘာလဲလို့ မေးတော့ - နံနက်မိုးသောက်ထ အချိန်အခါမှာပဲဖြစ်စေ၊ ညနေချမ်း အခါမှာပဲဖြစ်စေနော်။ သုဿာန်ဆောင်တဲ့ ပုဂ္ဂိုလ်တွေက သုဿန်ဆောင်တဲ့ ပုဂ္ဂိုလ်အချင်းချင်း သုဿန်အကြောင်းတွေကို ဆွေးနွေးရတယ်။ ဝိနည်းဆောင်တဲ့ ပုဂ္ဂိုလ်ကလည်း ဝိနည်းဆောင်-နေတဲ့ ပုဂ္ဂိုလ်အချင်းချင်း ဝိနည်းအကြောင်းတွေကို ဆွေးနွေးရတယ်။ အဘိဓမ္မာကို ဆောင်နေတဲ့ ပုဂ္ဂိုလ်ကလည်း အဘိဓမ္မာဆောင်တဲ့ ပုဂ္ဂိုလ်အချင်းချင်း အဘိဓမ္မာအကြောင်းတွေကို ဆွေးနွေးရတယ်။ ဇာတ်တွေကို ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း ဇာတ်ကို ဆောင်နေတဲ့ ပုဂ္ဂိုလ်အချင်းချင်း ဇာတ်တော်အကြောင်း ဆွေးနွေးရတယ်။ အဋ္ဌကထာကို နှုတ်ငုံဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်း အဋ္ဌကထာကို နှုတ်ငုံဆောင်နေတဲ့ ပုဂ္ဂိုလ်အချင်းချင်း အဋ္ဌကထာအကြောင်းကို ဆွေးနွေးရပါတယ်။ ဒါက တစ်နည်းပေါ့နော်။ နောက်တစ်နည်း ဖွင့်ထားတာကတော့ -

စိတ်ဓာတ်တွေက တစ်ခါတလေ တွန့်ဆုတ်သွားတယ်။ ဘာဝနာ အာရုံကနေပြီးတော့ နောက်တွန့်သွားတယ်။ တရားထိုင်လို့ကလည်း မကောင်းဘူး။ စိတ်ကလည်း သိပ်မပါဘူး။ မထိုင်ချင် ဖြစ်နေပြီ။ အဲဒီအချိန်အခါမှာ ဘာလုပ်ရမလဲ? တွန့်ဆုတ်နေတဲ့ ဒီစိတ်ဓာတ်ကလေးတွေကို သန့်ရှင်းသွားအောင် တရားဆွေးနွေးပေးရပါတယ်။

နောက်တစ်ခု - တစ်ခါတလေ စိတ်ဓာတ်တွေက သိပ်ပြီးတော့ တက်ကြွနေတယ်။ မတည်မငြိမ် ဖြစ်နေပြီ။ စိတ်ဓာတ်တွေက သိပ်တက်ကြွလို့ ရှိရင်လည်း ပြာပုံပေါ် ခဲလေးတစ်ခုခု ပစ်ချလိုက်တဲ့ အချိန်အခါမှာ ပြာတွေ လွင့်နေသလို စိတ်ဓာတ်တွေက ဟိုအာရုံရောက်လိုက် ဒီအာရုံရောက်လိုက်နဲ့ သိပ်ပြီး တက်ကြွနေတယ်။ အဲဒီ အချိန်အခါမှာလည်း တရားဆွေးနွေးပေးရတယ်။ တစ်ခါတစ်ရံ ဝိစိကိစ္ဆာတွေပေါ့လေ - သံသယတွေ သိပ်များနေတယ်။ ဒီရုပ် ဒီနာမ် ရှုရတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား, ဒီသမာဓိ ထူထောင်လို့ ရတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား, ဒီကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်တွေ ရှုရတယ်ဆိုတာကော ဟုတ်မှဟုတ်ပါ့မလား - စသည်ဖြင့် သံသယတွေက သိပ်များတယ်။ အဲဒီလို သံသယတွေ များလာပြီ ဆိုလို့ရှိရင်လည်း ဒီဝိစိကိစ္ဆာ သံသယတွေ ကင်းပြတ်ရေးအတွက် တရားဆွေးနွေးသင့်တယ် ဆိုပြီးတော့လည်း တစ်နည်းဖွင့်ထားပါတယ်။

ဘာဖြစ်လို့ ဒီလို တရားဆွေးနွေးရသလဲလို့ မေးရင်တော့ ဒီတရားဆွေးနွေးခြင်းသည် အာဂါမဗျတ္တိနော်။ အာဂုံပါဠိတော်မှာ အသိအလိမ္မာ ဉာဏ်ပညာတွေ ထင်ရှား-လာဖို့ရန်အတွက်လည်း အကြောင်းတစ်ခု ဖြစ်တယ်။ မိမိတို့ရဲ့-သန္တာန်မှာ ဒီအသိဉာဏ်တွေ သင်သိအနေနဲ့ပေါ့ အာဂုံပါဠိတော်-အနေနဲ့ မိမိက အသိဉာဏ်တွေ သန့်ရှင်းလာပြီ ဆိုလို့ရှိရင် ရှေ့တစ်ဆင့်တက်ပြီးတော့ ကျင့်သိအနေနဲ့ တကယ်လက်တွေ့ အဓိဂမသုတ အဓိဂမဗျတ္တိခေါ်တဲ့ ကိုယ်တိုင်သိ အဆင့်သို့ ရောက်ရှိဖို့ရန်အတွက် မိမိက ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန် အကြောင်းတစ်ခု ဖြစ်တယ်။ ဒါကြောင့် ဒီလို တရားဆွေးနွေးခြင်းကို မင်္ဂလာရှိတယ်လို့ ခေါ်ရတယ်။ ဘုရားရှင်ရဲ့ တရားတွေကို အာဂုံ နှုတ်တိုက်ရပြီ။ အာဂုံ နှုတ်တိုက်ရတဲ့ အချိန်အခါမှာ ရတဲ့တရားတွေရဲ့ အနက်အဓိပ္ပါယ်ကို မိမိက ကျင့်သိအနေနဲ့ အဓိဂမဗျတ္တိသဘောအရ စနစ်တကျ ထိုးထွင်းသိပြီ။

သင်သိ, ကျင့်သိ ထိုအသိ ၂-မျိုးဖြင့် သိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သင်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့်လည်း ကုသိုလ်တရားတွေ တိုးပွားတယ်။ ကျင့်လိုက်တဲ့ အတွက်ကြောင့်လည်း ကျင့်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် ကုသိုလ်တရားတွေ တိုးပွားတယ်။ ကျင့်လိုက်တဲ့ အချိန်အခါမှာလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာတွေက တကယ် မှန်မှန်ကန်ကန် တိတိကျကျ ပေါ်ပေါက်လာပြီဆိုရင် ထိုသမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ ကုသိုလ်တရားတွေကြောင့်, သမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ စိတ်ထားတွေကြောင့်လည်း သူ့သန္တာန်မှာ ကုသိုလ်တရားတွေ တိုးပွား မလာနိုင်ဘူးလား? တိုးပွားလာတယ်။ သမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ ကုသိုလ်တရားတွေပဲ။

ဒါကြောင့် ဒီကုသိုလ်တရားတွေ တိုးပွားခြင်းရဲ့ အကြောင်းအရင်းဖြစ်လို့ ဒီတရားဆွေးနွေးမှုကို မင်္ဂလာလို့ ခေါ်ပါတယ်။ ဒီလို တရား မဆွေးနွေးခဲ့ဘဲ နေခဲ့မယ်ဆိုရင် မိမိတို့ရဲ့သန္တာန်မှာ သိသင့်သိထိုက်တဲ့ တရားတွေ သိပါ့မလား? မသိနိုင်ဘူး။ ခုဒီနေ့ တရားလျှောက်တယ်ဆိုတာ တရားဆွေးနွေးတဲ့ ပုံစံတစ်မျိုးပဲနော်။ ဆရာသမားတွေထံမှာ ချဉ်းကပ်ပြီးတော့ မိမိရရှိတဲ့ အသိဉာဏ်ကို တင်ပြတယ်။ ဆရာသမားတွေကနေပြီးတော့ ဒီအသိဉာဏ်က မှန်ရင်လည်း မှန်တယ်, မှားရင်လည်း မှားတယ်။ ပြုပြင်ပြောင်းလဲပေးတယ်။ မှန်နေပြီ ဆိုလို့ရှိရင်လည်း ရှကို တပည့်တော် ဘယ်လို ဆက်ပြီး ရှုရမလဲ? ဘယ်လို ရှုရတယ်, ဘယ်လို ရှုရတယ် စသည်ဖြင့် သင်ပေးလိုက်တယ်။ တရားဆွေးနွေးခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်နော်။ အဲဒီလို ဆွေးနွေးသင့် ဆွေးနွေးထိုက်တဲ့ အချိန်အခါမှာ တရားတော်ဆိုတာ ဆွေးနွေးပေးရပါတယ်။ အဲဒီလို ဆွေးနွေးခြင်းဟာ မင်္ဂလာရှိတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး မြတ်စွာဘုရား ဟောထားတဲ့ ဂါထာလေးတစ်ခုတော့ ရှိတယ်နော်။

‘‘နေသာ သဘာ ယတ္ထ န သန္တိ သန္တော, သန္တော န တေ ယေ န ဝဒန္တိ ဓမ္မံ၊ ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ, ဓမ္မံ ဝဒန္တာ စ ဘဝန္တိ သန္တော’’။

ဒီဂါထာလေးက တော်တော့်ကို တန်ဖိုးရှိတဲ့ ဂါထာတစ်ခုပါ။ ဒီဂါထာလေးကို ဘုရားရှင်က ဘာကြောင့် ဟောရသလဲဆိုတော့ တစ်ချိန် မြတ်စွာဘုရား သက္ကတိုင်းမှာ ခေါမဒုတ်သအမည်ရှိတဲ့ ရွာတစ်ရွာ သာကီဝင်တို့ရဲ့ နိဂုံးရွာလေးတစ်ခု ရှိပါတယ်။ နိဂုံးရွာကြီးတစ်ခု ရှိတယ်။ အဲဒီ နိဂုံးရွာကြီးကို အမှီပြုပြီးတော့ မြတ်စွာဘုရား သီတင်းသုံးစံနေတော်မူခိုက် ဖြစ်တယ်။ တောအုပ်တစ်ခုအတွင်းမှာ မြတ်စွာဘုရား မှီတင်းပြီးတော့ သီတင်းသုံးစံနေတော်မူခိုက် ဤရွာတွင်းကို မြတ်စွာဘုရား တစ်နေ့ ဆွမ်းခံကြွတယ်။ ဆွမ်းခံကြွလိုက်တဲ့ အချိန်အခါကျတော့ မြတ်စွာဘုရား ဆွမ်းခံကြွဝင်တဲ့ အချိန်အခါမှာ အဲဒီ ခေါမဒုတ်သ နိဂုံးရွာအတွင်းမှာ တည်ရှိနေတဲ့ ပုဏ္ဏားတွေ, သူဌေးသူကြွယ်တွေကနေပြီးတော့ အစည်းအဝေးတစ်ခု ကျင်းပနေကြတယ်။ အဲဒီ အစည်းအဝေးတစ်ခု ကျင်းပပြီးတော့ အဲဒီ အစည်းအဝေးမှာ သူတို့က တရားအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေကြပါတယ်။ ဆွေးနွေးနေလိုက်တဲ့ အချိန်အခါကျတော့ မြတ်စွာဘုရားကလည်း ဆွမ်းခံဖို့ရန် အချိန်က နည်းနည်း စောနေသေးတော့ အဲဒီ အစည်းအဝေး တရားဆွေးနွေးနေတဲ့ပွဲကို ဘုရားရှင်ကလည်း ကြွသွားလိုက်တယ်။ ကြွသွားလိုက်တဲ့ အချိန်အခါကျတော့ အဲဒီဆွေးနွေးနေတဲ့ ဒီပုဏ္ဏားတွေနဲ့ သူဌေးသူကြွယ်တွေ-ကနေပြီးတော့ ဘုရားရှင်အပေါ်မှာ ဘယ်လို အထင်သေးနေသလဲ?

‘‘ကေ စ မုဏ္ဍကာ သမဏကာ, ကေ စ သဘာဓမ္မံ ဇာနိဿန္တိ’’

ဒီဦးပြည်းခေါင်းတုံးယုတ်တွေ ဦးပြည်းဆိုတာကတော့ ခေါင်းတုံးနေတာပါနော်။ ဦးပြည်းခေါင်းတုံးယုတ်ဖြစ်တဲ့ ဒီရဟန်းယုတ်တွေ ဘာအကျိုးရှိမလဲ? ဒင်းကို သဘာဓမ္မခေါ်တဲ့ ခုလို အစည်းအဝေးပွဲမှာ ဆွေးနွေးတိုင်ပင်ရတဲ့ တရားစကားတွေနဲ့ ပတ်သက်ပြီးတော့ ဒင်းတို့ ဘာသိမှာလဲ? ဒီလို ပြောကြတယ်။ ပြောလိုက်တဲ့ အချိန်အခါကျတော့ ဘုရားရှင်က အဲဒီ အချိန်အခါမှာ ဘာဟောလဲ?

‘‘နေသာ သဘာ ယတ္ထ န သန္တိ သန္တော, သန္တော န တေ ယေ န ဝဒန္တိ ဓမ္မံ၊ ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ, ဓမ္မံ ဝဒန္တာ စ ဘဝန္တိ သန္တော’’။

ယတ္ထ၊ အကြင်အစည်းအဝေး၌။ သန္တော၊ သူတော်ကောင်းတို့သည်။ န သန္တိ၊ မရှိကြလေကုန်။ သာ သဘာ၊ ဤအစည်းအဝေးသည်။ န သဘာ၊ အစည်းအဝေးအစစ်မဟုတ်။ ယေ၊ အကြင်သူတော်ကောင်းတို့သည်ကား။ ဓမ္မံ၊ ဓမ္မကို။ န ဝဒန္တိ၊ ပြောဆို၍ မနေကြလေကုန်။ တေ၊ ထိုဓမ္မကို ပြောဆိုမှု မရှိကြတဲ့ ပုဂ္ဂိုလ်တို့သည်ကား။ န သန္တော၊ သူတော်ကောင်းတို့လည်း မဟုတ်ကြကုန်။ ရာဂဉ္စ၊ ရာဂကိုလည်းကောင်း။ ဒေါသဉ္စ၊ ဒေါသကိုလည်းကောင်း။ မောဟဉ္စ၊ မောဟကိုလည်းကောင်း။ ပဟာယ၊ ပယ်စွန့်ထား၍။ ဓမ္မံ၊ ဓမ္မသဘောတရားကို။ ဝဒန္တာ၊ ပြောဆိုတတ်တဲ့ ပုဂ္ဂိုလ်တို့သည်ကား။ သန္တော၊ သူတော်ကောင်းတို့သည်။ ဘဝန္တိ၊ ဖြစ်ကြပါပေကုန်၏၊

ဒီဂါထာလေး ဘုရားဟောတယ်နော်။ အကြင် အစည်းအဝေးတစ်ခုမှာ သူတော်ကောင်း မရှိဘူး။ သူတော်ကောင်း မပါတဲ့ ထိုအစည်းအဝေးသည် အစည်းအဝေးအစစ် မဟုတ်ပါဘူး။ သူတော်ကောင်း မပါတဲ့ အစည်းအဝေးဟာ တကယ့်အစည်းအဝေး ဟုတ်သလား? မဟုတ်ပါဘူးတဲ့နော်။ ကဲ ဒီလိုဆိုရင် သူတော်ကောင်းဆိုတာက ဘယ်လိုပုဂ္ဂိုလ်လဲ မေးတော့

သန္တော န တေ ယေ န ဝဒန္တိ ဓမ္မံ၊

ယေ၊ အကြင်သူတော်ကောင်းတို့သည်ကား။ ဓမ္မံ၊ ဓမ္မကို။ န ဝဒန္တိ၊ ပြောဆို၍ မနေကြလေကုန်။ တေ၊ ထိုဓမ္မကို ပြောဆိုမှု မရှိကြတဲ့ ပုဂ္ဂိုလ်တို့သည်ကား။ န သန္တော၊ သူတော်ကောင်းတို့လည်း မဟုတ်ကြကုန်။

ဓမ္မကို မပြောဆိုကြတဲ့ ပုဂ္ဂိုလ်တွေက သူတော်ကောင်း မဟုတ်ဘူး။ သူတော်ကောင်း မပါတဲ့ အစည်းအဝေးဟာလည်း အစည်းအဝေး မဟုတ်-ပါဘူး ဆိုပြီးတော့ ဘုရားက ဒီစကားလေး ပြန်သွင်းတယ်။ အဲဒီ အခါကျတော့ ဓမ္မကို မပြောတဲ့ ပုဂ္ဂိုလ်တွေက သူတော်ကောင်း မဟုတ်ဘူး ဆိုလို့ရှိရင် ဘယ်လို ဓမ္မတွေကို ပြောရမလဲမေးတော့ ဘယ်လို

fw19s5ek7hd3ygf0mioog7k1dw7i9xr