ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.5
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
မင်္ဂလသုတ်-၉၁/၉၇
0
6327
22033
2026-06-08T03:30:22Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၉၁/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၉၀..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22033
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၉၁/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၉၀/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၉၂/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၉၁

သူတော်ကောင်းမရှိတဲ့ အစည်းအဝေးသည် အစည်းအဝေး မဟုတ်ဘူး။ ဓမ္မကို မပြောကြားတဲ့သူတွေလည်း သူတော်ကောင်း မဟုတ်ပါဘူး။ ဒီစကား ဘုရားရှင်က ထိုအစည်းအဝေးမှာ ဟောတယ်။ ဒီလိုဆိုရင် သူတော်ကောင်းတွေက ဘယ်စကားမျိုး ပြောရသလဲ?

ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ, ဓမ္မံ ဝဒန္တာ စ ဘဝန္တိ သန္တော’’။

ယေ၊ အကြင်သူတို့သည်ကား။ ရာဂဉ္စ၊ ရာဂကိုလည်းကောင်း။ ဒေါသဉ္စ၊ ဒေါသကိုလည်းကောင်း။ မောဟဉ္စ၊ မောဟတရားကိုလည်းကောင်း။ ပဟာယ၊ ပယ်စွန့်ထားခဲ့၍။ ဓမ္မံ၊ ဟုတ်မှန်သော တရားဓမ္မကို။ ဝဒန္တာ စ၊ ပြောဆိုကြကုန်၏။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်ကား။ သန္တော၊ သူတော်ကောင်းတို့သည်။ ဘဝန္တိ၊ ဖြစ်ကြပါပေကုန်၏၊

ဘယ်လိုပုဂ္ဂိုလ်တွေကို ဘုရားရှင်က သူတော်ကောင်းတွေလို့ ဟောသလဲ? ရာဂကို ပယ်စွန့်နိုင်တဲ့, ဒေါသကို ပယ်စွန့်နိုင်တဲ့, မောဟကို ပယ်စွန့်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပြီးတော့ ရာဂဒေါသ မောဟတို့ရဲ့ ကုန်ကြောင်းဖြစ်တဲ့ တရားဓမ္မ သစ္စာလေးပါး တရားဓမ္မဆိုတဲ့ အမှန်တရားတွေကို ဟောကြား ပြသနေတဲ့ ပုဂ္ဂိုလ်တွေကို သူတော်ကောင်းလို့ ခေါ်တယ်ဆိုပြီးတော့ ဒီစကားလေး ဘုရားရှင်က ဟောပါတယ်။

ဒါကြောင့် တရားဆွေးနွေးတယ် ဆိုတာက အကျိုးရှိတယ် ဆိုသော်လည်း ဓမ္မကို စနစ်တကျ ပြောနိုင်မှသာလျှင် အကျိုးရှိပါတယ်။ အဓမ္မတွေကို ပြောနေကြမယ်ဆိုရင် အကျိုးရှိပါ့မလား? မရှိဘူး။ ဒါတော့ သတိရှိဖို့ လိုပါတယ်။ မိမိတို့က သူတော်ကောင်း ဖြစ်ချင်ကြတယ် ဆိုရင်တော့ သူတော်ကောင်း ဖြစ်နိုင်တဲ့ စိတ်ဓာတ် စွမ်းအင်လေးတွေကို ပြုပြင်ပြောင်းလဲ ပေးတတ်ဖို့တော့ လိုပါတယ်။

အနှစ်မရှိတဲ့ စကားတွေကို ထိုင်ပြီး ပြောနေခြင်းသည် မိမိတို့အတွက် ဓမ္မကို ဆွေးနွေးနေတာ ဟုတ်သလား? မဟုတ်ဘူး။ အဲဒီတော့ ရာဂကုန်ကြောင်း, ဒေါသကုန်ကြောင်း, မောဟကုန်ကြောင်းဖြစ်တဲ့ တရားဓမ္မတွေကို ဆွေးနွေးနေကြမယ် ဆိုလို့ရှိရင်တော့ မိမိတို့အတွက် အကျိုးရှိတယ်။ ဆွေးနွေးရတာလည်း အကျိုးရှိတယ်။

ငါ ဘယ်လောက် တတ်တယ်။ ငါ ဘယ်လောက် နားလည်တယ်။ ငါက ဘယ်တရားတွေကို ရှုထားတယ်။ ငါ့ရဲ့တရား အဆင့်အတန်းတွေက ဘယ်လောက်အထိ မြင့်မားနေတယ် ဆိုတာကို ဂုဏ်ယူဝင့်ကြွားလိုတဲ့ စိတ်ထားနဲ့ ပြောဆို ဆွေးနွေးကြမယ် ဆိုရင်ကော အကျိုးရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ သတိရှိဖို့ လိုအပ်ပါတယ်နော်။

ကဲ နောက်တစ်ခု - အကျိုးမရှိတာ ရှိသေးတယ်။ ခုခေတ်တော့ နည်းသွားပုံ ရပါတယ်။ ရှေးယခင်ခေတ်ကတော့ “အလှူမင်္ဂလာ လည်ကာ ဝါကြွား လ္ဘက်စားသည် ဘုရားမကြိုက်တဲ့ လူတစ်စု” ဆိုလား စလေဦးပုညက ပြောထားတယ်။ အလှူမင်္ဂလာ ဒီလို အစရှိတဲ့ အခန်းအနားတွေ ရောက်လာပြီ ဆိုရင် အဘိဓမ္မာအကြောင်း အာသွက်လျှာသွက်နဲ့ ပြောတယ်။ သောမနဿသဟဂုတ် လ္ဘက်က သုံးလေးလုပ်။ အဲဒီ ပုံစံစနစ်နဲ့ ဆွေးနွေးပွဲတွေ ကျင်းပကြမယ် ဆိုလို့ရှိရင်တော့ အကျိုးရှိကြပါ့မလား? မရှိဘူး။ ဒီတော့ ဒီနေရာကတော့ လ္ဘက်က ရှားတဲ့ဒေသဆိုတော့ သောမနဿသဟဂုတ် လ္ဘက် လေးငါးလုပ် လုပ်လို့တော့ မရပါဘူး။ ဒါပေမဲ့ ရတဲ့ဟာတွေတော့ ရှိပုံရပါတယ်။

ဆွမ်းစားကျောင်းမှာ ထိုင်ပြီးတော့ ပြောချင်တာတွေ အာပေါင်အာရင်း သန်သန်နဲ့ ခုနကလည်း ဆွေးနွေးနေကြတယ်။ တော်တော်လေး ဝမ်းနည်းနေကြတယ်နဲ့ တူပါတယ်။ အကျိုးရှိပါ့မလား? မရှိဘူး။ သူတော်ကောင်းတို့ နေတဲ့ဒေသမှာ သူတော်ကောင်းစိတ်ဓာတ်တွေ မွေးမြူပြီး သူတော်ကောင်းစကားကို ပြောကြားတတ်ဖို့တော့ အလွန် အရေးကြီးပါတယ်။ ဒါမှ မင်္ဂလာဖြစ်မယ်။

ခုလို တရားဌာနတွေမှာ မင်္ဂလာတရားတွေကို တကယ်လက်တွေ့ မကျင့်ကြဘူးဆိုရင် မတရားဌာနတွေကျတော့ မင်္ဂလာတရားတွေ တကယ်လက်တွေ့ ကျင့်ဖို့ ဖြစ်ပါ့မလား? မဖြစ်နိုင်ပါဘူး။ မတရားဌာနဆိုတာက ရိပ်သာတွေကို ဘုန်းကြီး မဆိုလိုပါဘူး။ အိုးတွေ အိမ်တွေကို ပြောနေတာပါ။ ရပ်တွေရာတွေ ဆိုတာက မတရားတဲ့ ရာဂ ဒေါသ မောဟတရား ထူပြောအောင် မွေးမြူရေးစခန်းတွေ ဖြစ်ကြပါတယ်။

ရာဂ ဒေါသ မောဟတွေ ထူပြောလာအောင် မွေးမြူနေတဲ့ ဒီလိုဒေသ မတရားဌာနတွေမှာ မတရားတဲ့ စကားတွေ ပြောကြားနေတာက ဟိုတစ်နေ့က ပြောသလိုပေါ့ - အထိန်းတော်ရဲ့ အနှီးလို ဖြစ်နေတဲ့အတွက် သူတို့ကို အထူးပြောနေဖို့ လိုသေးလား? မလိုပါဘူး။

ရာဂ ဒေါသ မောဟ ကုန်ကြောင်းဖြစ်တဲ့ တရားဓမ္မတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေကြပါတယ်လို့ အမည်ခံတဲ့ ဒီလို ဒေသတွေမှာ ရာဂ တိုးပွားကြောင်း, ဒေါသ တိုးပွားကြောင်း, မောဟတိုးပွားကြောင်း, မာန်မာန ဣဿာ မစ္ဆရိယတွေ တိုးပွားကြောင်းဖြစ်တဲ့ စကားတွေကို ပြောဆို ဆွေးနွေးပြီး ပြောမဆုံးဘောင် တောသုံးတောင် လုပ်နေကြမယ်ဆိုရင် အကျိုးရှိပါ့မလား? မရှိဘူး။ သတိရှိဖို့တော့ လိုအပ်ပါတယ်နော်။ ကဲ ဓမ္မသာကစ္ဆာ မင်္ဂလာပြီးတော့ နောက်ထပ် မင်္ဂလာတွေ မြတ်စွာဘုရား ဆက်ဟောပြန်တယ်။

တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။

နိဗ္ဗာနသစ္ဆိကရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။

သော ဒေဝပုတ္တ၊ သိလိုရေးနှင့် မေးလျှောက်လာငြား အိုတကာတော် နတ်သား ...။ ယော တပေါ စ၊ အကြင် တပေါခေါ်တဲ့ အကျင့်ကို ကျင့်ခြင်းသည်လည်းကောင်း။ ယံ ဗြဟ္မစရိယံ စ၊ အကြင် ဗြဟ္မစရိယခေါ်သော မြတ်သော အကျင့်ကို ကျင့်ခြင်းသည်လည်းကောင်း။ အရိယသစ္စာန၊ အရိယသစ္စာလေးပါး တရားမြတ်တို့ကို။ ယံ ဒဿနံ စ၊ အကြင် သိမြင်ရခြင်းသည်လည်းကောင်း။ ယာ နိဗ္ဗာနသစ္ဆိကရိယာ စ၊ အကြင် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဓာတ်ကို မျက်မှောက်ပြုရခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိပေ၏။ ဧတံ၊ ဤတရားလေးပါးအပေါင်းသည်ကား။ ဥတ္တမံ၊ မြင့်မြတ်လှစွာသော။ မင်္ဂလံ၊ မင်္ဂလာ မည်ပါပေ၏၊

နောက်ထပ် မင်္ဂလာတရား လေးပါး မြတ်စွာဘုရား ဆက်ပြီး ဟောပြန်တယ်။

၁။ တပခေါ်တဲ့ အဆင့်အတန်း မြင့်မားနေတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ကျင့်ခြင်း။

၂။ ဗြဟ္မစရိယခေါ်တဲ့ မြတ်သော အကျင့်တွေကို ကျင့်ခြင်း။

၃။ အရိယသစ္စာန ဒဿန - အရိယသစ္စာလေးရပ် တရားမြတ်တွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထိုးဖောက်သိမြင်ခြင်း။

၄။ နိဗ္ဗာနသစ္ဆိကရိယာ - နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဆိုပြီးတော့ မင်္ဂလာတရား လေးပါး ဆက်ပြီးတော့ ဟောပြန်တယ်။

တပ

အဲဒီအချိန် ဒီဟောကြားချက်ထဲမှာ ဘာကို တပခေါ်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က ရှင်းလင်းပြထားပါတယ်။

တပေါ နာမ အဘိဇ္ဈာဒေါမနဿာဒီနံ တပနတော ဣန္ဒြိယသံဝရော, ကောသဇ္ဇဿ ဝါ တပနတော ဝီရိယံ။

တပေါ နာမ၊ တပေါမည်သည်ကား။ အဘိဇ္ဈာဒေါမနဿာဒီနံ၊ အဘိဇ္ဈာ ဒေါမနဿ အစရှိကုန်သော တရားတို့ကို။ တပနတော၊ ပူပန်စေတတ်သောကြောင့်။ ဣန္ဒြိယသံဝရော၊ ဣန္ဒြိယသံဝရသီလသည်လည်းကောင်း။ ကောသဇ္ဇဿ၊ ပျင်းရိခြင်း ကောသဇ္ဇတရားကို။ တပနတော၊ ပူပန်စေတတ်သောကြောင့်။ ဝီရိယံ၊ ဝီရိယသည်လည်းကောင်း။ တပေါ နာမ၊ တပ မည်ပါပေ၏၊

ဒီအဋ္ဌကထာရဲ့ အဖွင့်အရ ဣန္ဒြိယသံဝရသီလဟာလည်း တပလို့ ခေါ်တယ်။ ပျင်းရိခြင်းဆိုတဲ့ ကောသဇ္ဇတရားကို ပူပန်စေတတ်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ ဝီရိယကိုလည်း တပလို့ ခေါ်တယ်။ တချို့တချို့ နေရာမှာကတော့ တပဆိုတာက ပုံစံတမျိုးနဲ့ ဟောထားတာရှိတယ်။

ခန္တီ ပရမံ တပေါ တိတိက္ခာ

တိတိက္ခာ၊ တိတိက္ခာဟု ခေါ်ဆိုအပ်သော။ ခန္တီ၊ သည်းခံခြင်း တရားသည်ကား။ ပရမံ၊ မြင့်မြတ်သော။ တပေါ၊ ကျင့်ဝတ်ပဋိပတ်ပါပေတည်း။

ခန္တီ ပရမံ တပေါ တိတိက္ခာ ဆိုတဲ့ ဒီလိုနေရာမျိုးကျတော့ သည်းခံခြင်း ခန္တီတရားကိုပဲ တပလို့ မြတ်စွာဘုရား ဟောတယ်။ အဲဒီ သည်းခံခြင်း ခန္တီ တပကိုတော့ ဘုရားရှင်က ခန္တီမင်္ဂလာတရားနဲ့ သီးသန့် ဟောထားပြီး ဖြစ်တဲ့အတွက် ဒီနေရာမှာ သည်းခံတဲ့ ခန္တီကို တပလို့ မဆိုလိုဘူးတဲ့။ နောက်တစ်ခု -

‘‘နာညတြ ဗောဇ္ဈာ တပသာ, နာညတြိန္ဒြိယသံဝရာ စသည်ဖြင့် ဟိုး သုဗြဟ္မာနတ်သားကို မြတ်စွာဘုရား ဟောထားတဲ့ တရားဒေသနာလေး ရှိတယ်။ အဲဒီမှာကျတော့ ‘‘နာညတြ ဗောဇ္ဈာ တပသာ’’ ဒီနေရာကျတော့ တပအရ ဓုတင် ကျင့်ဝတ်ပဋိပတ်တွေကို တပလို့ ခေါ်ပါတယ်။ တချို့တချို့ နေရာကျတော့ -

သမဂ္ဂါနံ တပေါ သုခေါ

သမဂ္ဂါနံ၊ ညီညွတ်ကြကုန်သော သူတော်ကောင်းတို့၏။ တပေါ၊ အကျင့်သည်ကား။ သုခေါ၊ ချမ်းသာခြင်း၏အကြောင်း ဖြစ်ပါပေ၏၊

ညီညီညွတ်ညွတ် ကျင့်နေတဲ့ သူတော်ကောင်းတို့ရဲ့ ကျင့်ဝတ်ပဋိပတ်ကို တပလို့ ခေါ်တော့ အညီအညွတ် ကျင့်လို့ရတဲ့ ကျင့်ဝတ်ပဋိပတ်တွေက ဘာတွေလဲ? ပရိယတ်တရားတော်ကို သင်ယူခြင်း, ဓုတင်တွေကို ညီညီညွတ်ညွတ်နဲ့ ဆောင်ခြင်း, ရဟန်းတရားတွေကို အညီအညွတ် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခြင်း။ ရဟန်းတရား ဆိုတာက သမထ, ဝိပဿနာ။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်။ ဒါတွေကို ခေါ်ပါတယ်။ ခုလို ကျင့်ဝတ်ပဋိပတ်တွေကို ညီညီညွတ်ညွတ်နဲ့ ချမ်းချမ်းသာသာ ကျင့်ခြင်းသည် ချမ်းသာခြင်း၏အကြောင်း သုခဖြစ်တယ်ဆိုပြီး ဒီလို ဘုရားဟောထားတယ်။ နောက်တစ်ခု တချို့တချို့ သုတ္တန်တွေကျတော့ -

တပေါ စ ဗြဟ္မစရိယဉ္စ, တံ သိနာနမနောဒကံ။

ဒေဝတာသံယုတ်မှာ ဘုရားဟောထားတယ်။ အဲဒီမှာကျတော့ ဣန္ဒြိယသံဝရသီလ, ဓုတင်, ဝီရိယ, ဒုက္ကရစရိယာ ကျင့်စဉ်များကို တပလို့ ခေါ်ဆိုတဲ့အကြောင်း အဋ္ဌကထာကလည်း ဖွင့်ထားပါတယ်။ အဲဒီတော့ ဒီနေရာမှာကျတော့ အဋ္ဌကထာက သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့အပေါ်၌ တွယ်တာတပ်မက်မောနေတဲ့ အဘိဇ္ဈာတရား, စိတ်မချမ်းသာခြင်း ဒေါမနဿတရား ဒီလို အစရှိတဲ့ ဆန့်ကျင်ဘက် အကုသိုလ်တရားတွေကို ပူပန်စေတတ်တဲ့ စွမ်းအင်အပြည့်အဝ ရှိနေတဲ့ ဣန္ဒြိယသံဝရသီလကိုလည်း တပလို့ ခေါ်တယ်။ ဒီလို ရှင်းထားတယ်။ ဒီတော့ ဣန္ဒြိယသံဝရသီလ ဆိုတာက ကမ္မဋ္ဌာန်းအာရုံတစ်ခုခုနှင့် ကင်းပြီး ဖြည့်ကျင့်လို့ ပြည့်စုံနိုင်တဲ့ သီလမျိုးတော့ မဟုတ်ဘူး။

တစ်နည်းအားဖြင့်တော့ မိမိတို့က သမထကမ္မဋ္ဌာန်း အားထုတ်ဆဲ သူတော်ကောင်း ဖြစ်ခဲ့ရင် မိမိ ပွားများအားထုတ်နေတဲ့ သမထကမ္မဋ္ဌာန်းလို့ ခေါ်ဆိုအပ်တဲ့ အာရုံပေါ်၌ မိမိစိတ်ကို အမြဲတမ်း သွတ်သွင်းထားရမယ်။ မိမိတို့က ဝိပဿနာနယ်ထဲ ရောက်ပြီဆိုရင်လည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းဆိုတဲ့ အာရုံအတွင်းသို့ မိမိစိတ်ကို အမြဲတမ်း သွတ်သွင်းထားရမယ်။ အာနာပါန ရှုနေတဲ့ သူတော်ကောင်းက အာနာပါနအာရုံထဲကို မိမိရဲ့စိတ်ကို သွတ်သွင်းထားရမယ်။ ကသိုဏ်းရှုနေတဲ့ ပုဂ္ဂိုလ်ကလည်း ကသိုဏ်းအာရုံထဲမှာ မိမိရဲ့စိတ်ကို သွတ်သွင်းထားရမယ်။ ဓာတ်ကြီးလေးပါး ရှုနေတဲ့ သူတော်ကောင်းကလည်း ဓာတ်ကြီးလေးပါး အာရုံထဲမှာ မိမိရဲ့စိတ်ကို အမြဲတမ်း သွတ်သွင်းထားရမယ်။

အဲဒီလို သွတ်သွင်းထားလိုက်တဲ့ အချိန်အခါမှာ ဒီသမထအာရုံ နိမိတ်ထဲမှာ မိမိရဲ့ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုရင် ထိုအချိန်အခါမှာ အဘိဇ္ဈာ, ဒေါမနဿ အစရှိတဲ့ အကုသိုလ်တရားတွေရဲ့ ဝင်ရောက် နှောင့်ယှက်မှုဒဏ်ကို မိမိက မခံရဘူး။ ထိုအချိန်အခါမှာ ဝိက္ခမ္ဘန အနေအားဖြင့် ဒီကိလေသာတွေကို ခွာထားနိုင်တဲ့ စွမ်းအားတွေ ပေါ်လာမယ်။ ဒါကြောင့် ဒီဣန္ဒြိယသံဝရသီလကိုလည်း တပ - ခြိုးခြံနေတဲ့ သူတော်ကောင်းတို့ရဲ့ ကျင့်ဝတ်ပဋိပတ်လို့ ခေါ်တယ်။

နောက်တစ်ခု - မိမိတို့က ဝိပဿနာနယ်ထဲ ရောက်နေပြီ။ ရုပ်တွေ နာမ်တွေ သိမ်းဆည်းတယ်။ အကြောင်းတရား အကျိုးတရားတွေ ရှာဖွေတယ်။ အကြောင်းတရားနဲ့တကွ ဒီရုပ် နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုနေတယ်။ ထိုအချိန်အခါမှာလည်း မိမိရဲ့စိတ်တွေမှာ ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာတွေက ဝင်ရောက် နှောင့်ယှက်နိုင်တဲ့ စွမ်းအား မရှိဘူး။ ဒီဝိပဿနာဉာဏ်တွေကလည်း တဒင်္ဂအားဖြင့် ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာတွေကို ပယ်ရှားထားနိုင်တဲ့ စွမ်းအားရှိတယ်။

ဒါကြောင့် မိမိရဲ့ စိတ်အစဉ်ကို မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, နှလုံးလို့ ခေါ်ဆိုအပ်တဲ့ ဒွါရ ခြောက်ပါးမှ အဘိဇ္ဈာဒေါမနဿ အစရှိတဲ့ အကုသိုလ် အညစ်အကြေးတွေ ဝင်ရောက်ပြီး မလာနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ စွမ်းအားရှိခြင်းကြောင့် ဒီသမထဘာဝနာ, ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း အာရုံ၌ မိမိရဲ့စိတ်ကို သွတ်သွင်းထားခြင်းကို ဣန္ဒြေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဣန္ဒြိယသံဝရသီလအဖြစ်နဲ့ ဖွင့်ဆိုထားပါတယ်။ ကမ္မဋ္ဌာန်းအာရုံနဲ့ ကင်းပြီးတော့ ဒီဣန္ဒြိယသံဝရသီလကို ဖြည့်ကျင့်နိုင်တဲ့ စွမ်းအား မရှိဘူး။ ဒါကြောင့် ဣန္ဒြိယသံဝရသီလလို့ ပြောလိုက်ရင်ပဲ သမထကမ္မဋ္ဌာန်းအာရုံကို ပွားများအားထုတ်ခြင်း, ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းအာရုံကို ပွားများအားထုတ်ခြင်းဆိုတဲ့ လုပ်ငန်းခွင်တွေ အကျုံးဝင်သွားပြီ။ နောက်တစ်ခု -

ကောသဇ္ဇဿ ဝါ တပနတော ဝီရိယံ။

ပျင်းရိခြင်း ကောသဇ္ဇတရားကို ပူပန်စေတတ်တဲ့အတွက်ကြောင့် ဝီရိယကိုလည်း တပလို့ ခေါ်တယ်။ ပျင်းရိခြင်း ကောသဇ္ဇတရားကို တိုက်ဖျက်နိုင်တဲ့ ဝီရိယက သမ္မာဝါယာမ အမည်ရနေတဲ့ မဂ္ဂင်ရှစ်ပါးမှာ အကျုံးဝင်နေတဲ့ ဝီရိယ ဖြစ်ပါတယ်။ သမ္မာဝါယာမလို့ ခေါ်ဆိုအပ်တဲ့ ဒီဝီရိယက ဘာတဲ့လဲ? မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားတွေကို မိမိရဲ့သန္တာန်မှာ မဖြစ်ပေါ်လာအောင်, ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားတွေကို ပယ်နိုင်အောင်, မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေကို မိမိသန္တာန်မှာ ဖြစ်ပေါ်လာအောင်, ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေကို တိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်တယ်။ ဘယ်လို ကြိုးစားသလဲ?

အရိုးကြွင်းစေ၊ အရေကြွင်းစေ၊ အကြောကြွင်းစေ၊ အသားအသွေးတွေ အကုန် ခမ်းခြောက်ချင် ခမ်းခြောက်ပါစေ။ ယောက်ျားတို့ရဲ့ ဇွဲလုံ့လဝီရိယ အမျိုးကောင်းသမီးတို့ရဲ့ ဇွဲလုံ့လဝီရိယနဲ့ ရနိုင်တဲ့ အရာဌာနမှန်ခဲ့ရင် နောက်ကို ငါ ဘယ်တော့မှ မဆုတ်ဘူး။ ဝီရိယရဲ့ ရပ်တန့်သွားခြင်းမည်သည် ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဒီလို ခိုင်ခိုင်မြဲမြဲ စိတ်ကို ဆောက်တည်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းပဲ။ ဒီတော့ ဒီလို ပွားများအားထုတ်တဲ့ အချိန်အခါမှာ ဒီဝီရိယကလည်း ကိလေသာတွေကို ပူပန်စေနိုင်တဲ့ စွမ်းအားရှိနေတယ်။

ဒီတော့ မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင်၊ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားတွေကိုလည်း ပယ်နိုင်အောင်၊ မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင်၊ ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေ တိုးပွားအောင် ဘာလုပ်ရမလဲ? ဒီသမထဘာဝနာ, ဝိပဿနာဘာဝနာဆိုတဲ့ ကျင့်ဝတ်ပဋိပတ်တွေ၊ တစ်နည်းအားဖြင့် သတိပဋ္ဌာန်လေးပါးဆိုတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရပါတယ်။ အဲဒီလို အားထုတ်တဲ့ အပိုင်းမှာ အရိုးကြေကြေ၊ အရေ ခန်းခန်း နောက်မဆုတ်တန်းဆိုတဲ့ ဇွဲလုံ့လဝီရိယ ခြံရံပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့မယ်ဆိုရင် ဒီလို လုံ့လဝီရိယမျိုးကိုလည်း တပလို့ ခေါ်ပါတယ်။ အဲဒီ တပဆိုတဲ့ ဒီကျင့်ဝတ်ပဋိပတ်ကို မင်္ဂလာတစ်ခုအဖြစ်နဲ့ မြတ်စွာဘုရားက ဟောထားပါတယ်။ ဒါကြောင့် -

တေန ဟိ သမန္နာဂတော ပုဂ္ဂလော အာတာပီတိ ဝုစ္စတိ။

တေန၊ ထိုဣန္ဒြိယသံဝရသီလ ဝီရိယနှင့်။ သမန္နာဂတော ပုဂ္ဂလော၊ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ကို။ အာတာပီတိ၊ ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်တဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိတဲ့ ပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပါပေ၏။

ဒီလို ပုဂ္ဂိုလ်မျိုးကို, ဒီလို ဇွဲလုံ့လဝီရိယနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို အာတာပီ ကိလေသာကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်တဲ့ လုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်လို့ ခေါ်တယ်။ အဲဒီအဆင့်ရောက်အောင် မိမိတို့ရဲ့စိတ်ဓာတ်ကို မိမိတို့က အမြဲတမ်း ပြုပြင်ပြောင်းလဲပေးဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ သွားရင်လည်း တရားအာရုံနဲ့, ရပ်ရင်လည်း တရားအာရုံနဲ့, ထိုင်ရင်လည်း တရားအာရုံနဲ့, အိပ်ရင်လည်း တရားအာရုံနဲ့, ကွေးရင်လည်း တရားအာရုံနဲ့, ဆန့်ရင်လည်း တရားအာရုံနဲ့, ဘေးကနေ မြင်လိုက်ရင်ပဲ အင်မတန် ကြည်ညိုဖွယ် ဂုဏ်ကို ဆောင်မနေဘူးလား? ဆောင်နေတယ်။ သိပ်ကောင်းတဲ့ ကျင့်ဝတ်ပဋိပတ်ပါနော်။ မိမိတို့က တရားကျင့်တယ်လို့ အမည်ခံရင် တရားကို ဒီလို စနစ်တကျ ကျင့်နေဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ သူတစ်ပါး မြင်လို့ကောင်းအောင် ကျင့်နေတာ မဟုတ်ဘူးနော်။

တကယ်တမ်း ဇွဲလုံ့လ ဝီရိယ ကြီးကြီးမားမားနဲ့ ဒီမဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင်၊ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားတွေကိုလည်း ပယ်နိုင်အောင်၊ မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင်၊ အထူးသဖြင့် မဖြစ်ပေါ်သေးတဲ့ ကုသိုလ်ဆိုတာက မဂ်ကုသိုလ်တွေပါ။ မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပေါ်လာအောင်၊ ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေ အလွန် တိုးပွားအောင် ငါ တကယ်တမ်း ကြိုးစားအားထုတ်မယ်ဆိုတဲ့ ပြင်းထန်တဲ့ ဇွဲလုံ့လဝီရိယ ရှိရပါတယ်။ ဒီဇွဲလုံ့လဝီရိယနဲ့ မနားမနေ အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါမှ ဒီဇွဲလုံ့လဝီရိယ ဦးဆောင်နေတဲ့ မဂ္ဂင်ရှစ်ပါး ကျင့်ဝတ်တရားတို့က ကိလေသာထု အစိုင်အခဲကို ဖြိုခွဲဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် -

သွာယံ အဘိဇ္ဈာဒိပ္ပဟာနဈာနာဒိပဋိလာဘဟေတုတော ‘‘မင်္ဂလ’’န္တိ ဝေဒိတဗ္ဗော။

သွာယံ၊ ထိုကဲ့သို့သော လုံ့လဝီရိယမျိုးကို။ အဘိဇ္ဈာဒိပ္ပဟာနဈာနာဒိပဋိလာဘဟေတုတော၊ အဘိဇ္ဈာအစရှိသော အကုသိုလ်တရားတို့ကို ပယ်ရှားခြင်း၊ ဈာန်အစရှိသော ကုသိုလ်တရားတို့ကို ရရှိခြင်း၏ အကြောင်းအရင်း ဖြစ်သောကြောင့်။ မင်္ဂလန္တိ၊ မင်္ဂလာဟူ၍။ ဝေဒိတဗ္ဗော၊ သိပါလေ။

ဒီလို တပလို့ ခေါ်နေတဲ့ ဝီရိယ သို့မဟုတ် တပခေါ်နေတဲ့ ဣန္ဒြိယသံဝရသီလ သို့မဟုတ် တပခေါ်နေတဲ့ ဇွဲလုံ့လဝီရိယကို အဘိဇ္ဈာ, ဒေါမနဿ အစရှိတဲ့ အကုသိုလ်တရားတို့ကို ပယ်ရှားဖို့ရန်အတွက် အကြောင်းတရားလည်း ဖြစ်ခြင်းကြောင့် ဈာန်အစရှိတဲ့ ဈာနာသမ္မာဒိဋ္ဌိ, ဝိပဿနာ သမ္မာဒိဋ္ဌိ အစရှိတဲ့ ကုသိုလ်တရားတွေကို ရရှိဖို့ရန်အတွက် အကြောင်းရင်းလည်း ဖြစ်ခြင်းကြောင့် မင်္ဂလာလို့ သိရှိပါ။ ဒီဇွဲလုံ့လဝီရိယ မရှိတဲ့ ပုဂ္ဂိုလ်တွေ ဒီအဘိဇ္ဈာဒေါမနဿ အစရှိတဲ့ အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဒီဇွဲလုံ့လဝီရိယ မရှိတဲ့ ပုဂ္ဂိုလ်တွေ ဈာနာသမ္မာဒိဋ္ဌိခေါ်တဲ့ သမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ ဈာန်ကုသိုလ်တွေ, ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ ဝိပဿနာကုသိုလ်တွေ ရရှိဖို့ရန်အတွက် ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဇွဲလုံ့လဝီရိယရှိတဲ့ ပုဂ္ဂိုလ်မှာသာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီဝီရိယကိုလည်း တပလို့ ခေါ်တယ်။ ဣန္ဒြိယသံဝရသီလကိုလည်း တပလို့ ခေါ်တယ်။ နောက်မင်္ဂလာတစ်ခုကတော့ ဗြဟ္မစရိယ။ ဗြဟ္မစရိယဆိုတာ ဘာလဲ? ဒီနေရာမှာ အဋ္ဌကထာဆရာတော်က ဖွင့်ထားတယ်။

ဗြဟ္မစရိယ

ဗြဟ္မစရိယံ နာမ မေထုနဝိရတိသမဏဓမ္မသာသနမဂ္ဂါနံ အဓိဝစနံ။

ဗြဟ္မစရိယ၊ ဗြဟ္မစရိယ ဆိုတာက မေထုန်အမှုမှ ရှောင်ကြဉ်ခြင်းကိုလည်း ဗြဟ္မစရိယလို့ ခေါ်တယ်။ ရဟန်းတရား, သမဏဓမ္မအမည်ရနေတဲ့ ရဟန်းတရားတွေကိုလည်း ဗြဟ္မစရိယလို့ ခေါ်တယ်, သာသနာတော်ကိုလည်း ဗြဟ္မစရိယလို့ ခေါ်တယ်, အရိယမဂ်ဉာဏ်တွေကိုလည်း ဗြဟ္မစရိယလို့ ခေါ်တယ်ဆိုပြီး ဒီလို ရှင်းထားတယ်။

‘‘အဗြဟ္မစရိယံ ပဟာယ ဗြဟ္မစာရီ ဟောတိ’’

အဗြဟ္မစရိယံ၊ မမြတ်သော မေထုန်အကျင့်ကို။ ပဟာယ၊ ပယ်စွန့် ထားခဲ့၍။ ဗြဟ္မစာရီ၊ မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်းတည်းဟူသော မြတ်သောအကျင့်ကို ကျင့်လေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒီလိုဟောတဲ့ ဒေသနာတွေမှာတော့ ဗြဟ္မစာရီ ဆိုတာက မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်မှုကိုပဲ ခေါ်တယ်။ နောက်တစ်ခု -

‘‘ဘဂဝတိ နော, အာဝုသော, ဗြဟ္မစရိယံ ဝုဿတိ’’

အာဝုသော၊ ငါ့ရှင်။ ဘဂဝတိ၊ မြတ်စွာဘုရားရှင်၏ ထံတော်မှောက်၌။ ဗြဟ္မစရိယံ၊ ဗြဟ္မစရိယ အမည်ရတဲ့ ကျင့်ဝတ်ပဋိပတ်ကို။ ဝုဿတိ၊ ကျင့်သုံးကြပါသလော။

မြတ်စွာဘုရားရဲ့ သာသနာတော်, မြတ်စွာဘုရားရဲ့ ထံတော်မှောက်မှာ ဗြဟ္မစရိယ အမည်ရတဲ့ ကျင့်ဝတ်တွေကို တို့ ကျင့်တယ်။ ဘာဦးတည်ချက်နဲ့ ကျင့်သလဲ? ဒီလို မေးတယ်။ အဲဒီလို နေရာမျိုးမှာတော့ ဗြဟ္မစရိယက သမဏဓမ္မလို့ ခေါ်ဆိုအပ်တဲ့ ရဟန်းတရားတွေကို ဗြဟ္မစရိယလို့ ခေါ်ပါတယ်။ ရဟန်းတရားဆိုတာက ဘာလဲ? သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံး ရေတွက်ထားအပ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို သမဏဓမ္မ ရဟန်းတို့ရဲ့ တရားလို့ ဒီလိုခေါ်ပါတယ်။ အဲဒီလို ရဟန်းတို့ရဲ့ တရားဖြစ်တဲ့ သမဏဓမ္မကိုလည်း ဗြဟ္မစရိယလို့ တချို့တချို့ နေရာတွေမှာ မြတ်စွာဘုရား ဟောတယ်။

‘‘န တာဝါဟံ, ပါပိမ, ပရိနိဗ္ဗာယိဿာမိ, ယာဝ မေ ဣဒံ ဗြဟ္မစရိယံ န ဣဒ္ဓဉ္စေဝ ဘဝိဿတိ ဖီတဉ္စ ဝိတ္ထာရိကံ ဗာဟုဇညံ’’

ဒါ မဟာပရိနိဗ္ဗာနသုတ္တန်မှာ ဒကာတော်မာရ်နတ်က နေပြီးတော့ ပရိနိဗ္ဗာန်စံဖို့ရန်အတွက် လာပြီး လျှောက်ထားတောင်းပန်တဲ့ အချိန်အခါမှာ ဘုရားရှင်က ပြန်လည် မိန့်ကြားတဲ့ စကားလေးပဲနော်။ ယုတ်မာတဲ့ မာရ်နတ်။ အကြင်မျှလောက်သော ကာလပတ်လုံး ငါဘုရားရှင်ရဲ့ ဒီဗြဟ္မစရိယလို့ခေါ်တဲ့ ငါဘုရားရှင်ရဲ့ သာသနာတော်သည် စည်ပင်ခြင်း, ပြန့်ပွားခြင်းသို့ မရောက်ရှိသေးဘူး။ ပြန့်ကားခြင်းသို့ မရောက်ရှိသေးဘူး။ လူများအပေါင်းရဲ့ ထံသို့ တိုက်ရိုက်ပြန့်ပွားပြီး မသွားသေးဘူး။ ထိုမျှလောက်သော ကာလပတ်လုံး ငါဘုရားရှင်သည် ဘယ်တော့မှ ပရိနိဗ္ဗာန် မစံဘူး စသည်ဖြင့် ဒီလို ဟောထားတယ်။

အဲဒီနေရာမှာ ဗြဟ္မစရိယအရကို ဘာယူမလဲလို့ မေးတော့ ဘုရားရှင်ရဲ့ သာသနာတော်ကို ဗြဟ္မစရိယလို့ ခေါ်တယ်။ ဒီတော့ သာသနာဆိုတာက ဘာကို သာသနာလို့ ခေါ်လဲဆိုရင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဒသာသနာဆိုပြီး သာသနာသုံးရပ် ရှိပါတယ်။ အဲဒီ သာသနာတော် သုံးရပ်ကြီးက စည်ပင်ပြန့်ပွားမှု မရှိသေးဘူးဆိုရင် ငါဘုရားရှင် ဘယ်တော့မှ ပရိနိဗ္ဗာန် မစံသေးဘူးလို့ ဒီလို ပြန်ပြီး အမိန့်ပေးတယ်။ အဲဒီလို နေရာမျိုးကျတော့ ဗြဟ္မစရိယက သာသနာတော်ကို ဗြဟ္မစရိယလို့ ခေါ်တယ်။ သို့သော် အဓိပ္ပာယ်လေးတွေကတော့ နည်းနည်းလေး တူညီလျက် ရှိပါတယ်နော်။

ခုနက ဗြဟ္မစရိယအရ သမဏဓမ္မကို ဗြဟ္မစရိယခေါ်တယ် ဆိုတဲ့အပိုင်းမှာလည်း သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေ ပါပါတယ်။ ခု ဒီနေရာမှာ သာသနာတော်ကို ဗြဟ္မစရိယခေါ်ဆိုတဲ့ အခါကျတော့ ပရိယတ္တိ သာသနာတစ်ခုက ပိုလာတာပဲ။ ပဋိပတ္တိသာသနာက ဘာတွေလဲလို့ မေးရင် သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေပဲ။ ဒီပဋိပတ္တိသာသနာကို ကျင့်လိုက်ခြင်းကြောင့် ရရှိလာတဲ့ မဂ်ဉာဏ်ကိုတော့ ပဋိဝေဒသာသနာ ဒီလို ခေါ်လိုတာပါ။ ဒါကြောင့် သဘောလေးတွေက နည်းနည်း ဆင်တူပဲ သွားကြပါတယ်။ ကဲ နောက်တစ်ခု -

‘‘အယမေဝ ခေါ, ဘိက္ခု, အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ဗြဟ္မစရိယံ။ သေယျထိဒံ, သမ္မာဒိဋ္ဌိ’’

ဒီလို ဟောထားတဲ့ သုတ္တန်တွေ ရှိတယ်။ အဲဒီအခါကျတော့ ဒီမဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကိုပဲ ဘုရားရှင်က ဗြဟ္မစရိယဆိုပြီး ဟောထားတယ်။ အဲဒီလို လာရှိတဲ့ နေရာတွေမှာတော့ မဂ္ဂဗြဟ္မစရိယကို ဗြဟ္မစရိယလို့ ခေါ်တယ်။ မဂ္ဂဗြဟ္မစရိယက အရိယမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင်သိတဲ့ အချိန်အခါမှာ ထိုအရိယာသူတော်ကောင်းရဲ့သန္တာန်မှာ မဂ္ဂင်ရှစ်ပါး ကျင့်ဝတ်တရားတွေ ထင်ရှားစွာ ဖြစ်ပေါ်နေတယ်။ ထိုထင်ရှားစွာ ဖြစ်ပေါ်နေတဲ့ မဂ္ဂင်ရှစ်ပါး ကျင့်ဝတ်တရားတွေကို ဗြဟ္မစရိယဆိုပြီးတော့ မြတ်စွာဘုရား ဟောတယ်။ အဲဒီ မဂ္ဂဗြဟ္မစရိယခေါ်တဲ့ အရိယမဂ်ဉာဏ်ရဲ့ ရှေ့အဖို့မှာ ဖြည့်ကျင့်ရမဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဒီကျင့်ဝတ်ပဋိပတ်တွေကိုတော့ သာသနာ့ဗြဟ္မစရိယလို့ ခေါ်ပါတယ်။ ဒါကြောင့် ဗြဟ္မစရိယကို အတိုချုပ်လိုက်တော့ -

သာသနာ့ဗြဟ္မစရိယ, မဂ္ဂဗြဟ္မစရိယ ဆိုပြီးတော့ ဗြဟ္မစရိယ ၂-မျိုးရှိတယ်။ အဲဒီတော့ သူ့နေရာနဲ့သူ ဒီဗြဟ္မစရိယကို ကောက်ယူတဲ့အပိုင်းမှာ ဒီနေရာတွေမှာ ဘာတွေကို အလိုရှိရသလဲလို့ မေးတော့ -

ဣဓ ပန အရိယသစ္စဒဿနေန ပရတော မဂ္ဂဿ ဂဟိတတ္တာ အဝသေသံ သဗ္ဗမ္ပိ ဝဋ္ဋတိ။ တဉ္စေတံ ဥပရူပရိ နာနပ္ပကာရဝိသေသာဓိဂမဟေတုတော ‘‘မင်္ဂလ’’န္တိ ဝေဒိတဗ္ဗံ။

တပေါ စ - က မင်္ဂလာတစ်ခု၊ ဗြဟ္မစရိယဉ္စ - က မင်္ဂလာတစ်ခု အရိယသစ္စာန ဒဿန ဆိုပြီး မြတ်စွာဘုရားက အရိယသစ္စာလေးပါးကို အရိယမဂ်ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ခြင်းကိုလည်း မင်္ဂလာတစ်ခုအဖြစ်နဲ့ ဘုရားဟောထားခြင်းကြောင့် ဒီနေရာမှာ ဗြဟ္မစရိယအရ မဂ္ဂဗြဟ္မစရိယကို မယူဘဲ မေထုနဝိရတီခေါ်တဲ့ မေထုန်အမှုမှ ရှောင်ကြဉ်ခြင်းကိုလည်း ဗြဟ္မစရိယလို့ ယူနိုင်တယ်။ သမဏဓမ္မခေါ်တဲ့ ရဟန်းတရားတွေကိုလည်း ဗြဟ္မစရိယလို့ ယူနိုင်တယ်။ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်ထားအပ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကိုလည်း သာသနာ့ဗြဟ္မစရိယကိုလည်း ဗြဟ္မစရိယလို့ ယူနိုင်ပါတယ်။ အားလုံးက သင့်တယ်။ မဂ္ဂဗြဟ္မစရိယကတော့ အရိယသစ္စာန ဒဿနဆိုတဲ့ မင်္ဂလာထဲမှာ မြတ်စွာဘုရားက ထည့်သွင်းပြီး ဟောထားတဲ့အတွက် မယူပါနဲ့ ဆိုပြီးတော့ အဋ္ဌကထာက ဖွင့်ထားတယ်။

တဉ္စေတံ၊ ထိုသာသနာဗြဟ္မစရိယသည်ကား။ ဥပရူပရိ၊ အဆင့်ဆင့်ဖြစ်သော။ နာနပ္ပကာရဝိသေသာဓိဂမဟေတုတော၊ အထူးထူး အပြားပြားသော မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ရရှိခြင်း၏ အကြောင်းရင်းစစ် ဖြစ်သောကြောင့်။ မင်္ဂလန္တိ၊ မင်္ဂလာဟူ၍။ ဝေဒိတဗ္ဗံ၊ သိရှိအပ်ပေ၏။

ထိုသာသနာဗြဟ္မစရိယ တစ်နည်းအားဖြင့် မေထုန်မှ ရှောင်ကြဉ်ခြင်း ခေါ်တဲ့ ဗြဟ္မစရိယ၊ သမဏဓမ္မ အမည်ရတဲ့ ဗြဟ္မစရိယ၊ သာသနာလို့ ခေါ်ဆိုအပ်တဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်တဲ့ သာသနာ့ဗြဟ္မစရိယ။ ဒီဗြဟ္မစရိယ တရားတွေကတော့ အဆင့်အဆင့် အထက်အထက်ဖြစ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိဖို့ရန်အတွက် အကြောင်းရင်းစစ် ဖြစ်ခြင်းကြောင့် ထိုတရားတွေကို မင်္ဂလာလို့ ခေါ်ဆိုပါတယ် ဆိုပြီး ဒီလို ရှင်းထားတယ်။

အရိယသစ္စာန ဒဿန မင်္ဂလာ

နောက်တစ်ခု - အရိယသစ္စာန ဒဿန = အရိယာသစ္စာလေးပါးကို မြင်ခြင်း။ အရိယသစ္စာလေးပါးကို မြင်ခြင်းကတော့ အဲဒီမှာ -

စတုန္နံ အရိယသစ္စာနံ အဘိသမယဝသေန မဂ္ဂဒဿနံ။ တံ သံသာရဒုက္ခဝီတိက္ကမဟေတုတော ‘‘မင်္ဂလ’’န္တိ ဝုစ္စတိ။

စတုန္နံ အရိယသစ္စာနံ၊ အရိယာသစ္စာလေးပါးတို့ကို။ အဘိသမယဝသေန၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် ထိုးထွင်းပြီး သိတယ်၊ သူများအပြောနဲ့ လွမ်းနေတဲ့ အသိမျိုးတော့ မဟုတ်ဘူး။ အဲဒီမှာ မဂ္ဂဒဿနံ၊ မဂ်ဉာဏ်အမြင်နှင့် စနစ်တကျ သိတယ်၊ အရိယမဂ်ဉာဏ် အခိုက်မှာ မြင်မှုကို အရိယသစ္စာန ဒဿနံ ဆိုပြီးတော့ ရှင်းထားတယ်။ အဲဒီ အရိယသစ္စာလို့ ခေါ်ဆိုအပ်တဲ့ ဒီသစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်းကို ဒီနေရာမှာ ဘုရားရှင်က မင်္ဂလာအဖြစ်နဲ့ ဟောထားတယ်။ အဲဒီတော့ မင်္ဂလာအဖြစ်နဲ့ ဟောထားအပ်တဲ့ ဒီအရိယမဂ္ဂသစ္စာလေးပါး ဆိုတာက ဘာဖြစ်လို့ မင်္ဂလာ မည်ရလဲလို့ မေးတော့ -

သံသာရဒုက္ခဝီတိက္ကမဟေတုတော၊ သံသရာဝဋ်ဆင်းရဲကို ကျော်လွှားလွန်မြောက်ခြင်းရဲ့ အကြောင်းရင်းစစ် ဖြစ်ခြင်းကြောင့်။ တံ၊ ထိုမဂ္ဂဒဿနကို။ မင်္ဂလန္တိ၊ မင်္ဂလာဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပါပေ၏။

သံသရာဝဋ်ဆင်းရဲဒုက္ခကြီးကို ကျော်လွှားလွန်မြောက်ဖို့ရန်အတွက် အကြောင်းရင်းစစ် ဧကန်ဖြစ်ခြင်းကြောင့် ထိုမဂ္ဂဒဿနခေါ်တဲ့ အရိယမဂ်ဉာဏ်ဖြင့် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်းကို မင်္ဂလာလို့ ခေါ်ဆိုတယ် ဆိုပြီးတော့ ဒီလို ရှင်းထားတယ်။ ဒီတော့ အရိယသစ္စာန ဒဿနက အရိယမဂ်ဉာဏ်လေးပါးဖြင့် သစ္စာလေးပါးကို မြင်ခြင်းကို ဆိုလိုတယ်။

နိဗ္ဗာနသစ္ဆိကရိယာ မင်္ဂလာ

နိဗ္ဗာနသစ္ဆိကရိယာ = နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း

နောက်တစ်ခု - မြတ်စွာဘုရားက ဆက်ပြီးတော့ နိဗ္ဗာနသစ္ဆိကရိယာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဒီမင်္ဂလာတစ်ခုကိုလည်း ဆက်ပြီး ဟောထားပါတယ်။ ဒီတော့ ဒီနိဗ္ဗာနသစ္ဆိကရိယာက ဘာကို ခေါ်လိုလဲ မေးတော့ -

နိဗ္ဗာနသစ္ဆိကိရိယာ နာမ ဣဓ အရဟတ္တဖလံ ‘‘နိဗ္ဗာန’’န္တိ အဓိပ္ပေတံ။

ဒီနေရာမှာ အဋ္ဌကထာက မရှုပ်ထွေးသွားအောင်ပေါ့နော် - အရိယမဂ်ဉာဏ်လေးပါးကလည်း နိဗ္ဗာန်ကို မြင်ပါတယ်။ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်ခေါ်တဲ့ ဖိုလ်စိတ် သုံးပါးကလည်း နိဗ္ဗာန်ကို မြင်ပါတယ်။ ဒါပေမဲ့ အဲဒီ မဂ်ဉာဏ်လေးပါးနဲ့ အောက်ဖိုလ်သုံးပါးနဲ့ မြင်တွေ့အပ်တဲ့ နိဗ္ဗာန်ကို နိဗ္ဗာနသစ္ဆိကရိယာ အရ မယူပါနဲ့။ အရဟတ္တဖိုလ်ဖြင့် မြင်သိအပ်တဲ့ နိဗ္ဗာန်ကိုပဲ နိဗ္ဗာနသစ္ဆိကရိယာ ယူပါတဲ့။ ဘာဖြစ်လို့လဲ?

တမ္ပ比 ဟိ ပဉ္စဂတိဝါနနေန ဝါနသညိတာယ တဏှာယ နိက္ခန္တတ္တာ ‘‘နိဗ္ဗာန’’န္တိ ဝုစ္စတိ။

ဒီအရဟတ္တဖိုလ်ကို နိဗ္ဗာန်လို့ ယူတာ တချို့တချို့ ဒေသနာတော်မှာ ရှိပါတယ်။ အရဟတ္တဖိုလ်ကို နိဗ္ဗာန်လို့ ယူတယ်ဆိုတဲ့ဥစ္စာကတော့ ဒီနေရာမှာ ဥပစာအားဖြင့် တင်စားပြောဆိုတဲ့ စကားပါ။ အရဟတ္တဖိုလ်က အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်အာရုံပြုတယ်။ အသင်္ခတဓာတ် နိဗ္ဗာန်က အာရုံအကြောင်းတရား၊ အရဟတ္တဖိုလ်က အာရမ္မဏိကပစ္စုပ္ပန်၊ ပစ္စုပ္ပန်အကျိုးတရား။ အကြောင်းတရားရဲ့ နိဗ္ဗာန်ဟူသော အမည်ကို အကျိုးဖြစ်နေတဲ့ အရဟတ္တဖိုလ်အပေါ်၌ တင်စားပြီးတော့ အကျိုးဖြစ်တဲ့ အရဟတ္တဖိုလ်ကိုလည်း နိဗ္ဗာန်ဆိုပြီးတော့ ဒီလို ခေါ်ထားတယ်။ ဘာဖြစ်လို့လဲ?

ပဉ္စဂတိဝါနနေန ဝါနသညိတာယ - ဂတိငါးတန်ကို သတ္တဝါတစ်ဦးနဲ့ ခွဲလို့ခွါလို့ မရအောင် ချုပ်စပ်ပေးတတ်တဲ့အတွက်ကြောင့် တဏှာကို ဝါနလို့ ခေါ်တယ်။ အဲဒီ ဝါနလို့ခေါ်တဲ့ တဏှာမှ ဒီအရဟတ္တဖိုလ်က ကွင်းလုံးကျွတ် လွတ်မြောက်သွားတယ်။ ဒါကြောင့် အရဟတ္တဖိုလ်ကို နိဗ္ဗာန်လို့ ခေါ်ပါတယ်။ အရဟတ္တဖိုလ်ရတဲ့ အချိန်အခါကျတော့မှ တဏှာအားလုံး ကုန်ပါတယ်။ ရဟန္တာဖြစ်တော့မှ ကိလေသာကုန်တယ်၊ တဏှာအားလုံး ကုန်တယ်။ တဏှာကုန်ပြီ ဆိုလို့ရှိရင်တော့ ထိုရဟန္တာ အရှင်မြတ်ရဲ့ ရုပ်နာမ်သန္တာန်အစဉ်ကို ဒီတဏှာကနေပြီးတော့ သံသရာဝဋ်ဆင်းရဲဒုက္ခ မလွတ်အောင် ချုပ်စပ်ပေးနိုင်တဲ့ စွမ်းအားတွေ ရှိသေးလား? မရှိတော့ဘူး။

ဒါကြောင့် ပဉ္စဂတိ - ဂတိငါးတန်နဲ့ ချုပ်စပ်ပေးတတ်တဲ့ ဝါနလို့ ခေါ်ဆိုအပ်တဲ့ တဏှာမှ ဒီအရဟတ္တဖိုလ်သည် ထွက်မြောက်ခြင်းရဲ့ အကြောင်းရင်းစစ် ဖြစ်တယ်။ ဒါကြောင့် ဒီအရဟတ္တဖိုလ်ကို နိဗ္ဗာန်လို့ ခေါ်ဆိုတယ်။ နောက်တစ်နည်း ဖွင့်ထားတာကတော့ -

တဿ ပတ္တိ ဝါ ပစ္စဝေက္ခဏာ ဝါ ‘‘သစ္ဆိကိရိယာ’’တိ ဝုစ္စတိ။

အရဟတ္တဖိုလ်ကို ဆိုက်ရောက်ခြင်းကိုလည်း နိဗ္ဗာနသစ္ဆိကရိယာလို့ ခေါ်တယ်။ အရဟတ္တဖိုလ်ကို ပြန်လည်ပြီး ဆင်ခြင်တတ်တဲ့ ပစ္စဝက္ခဏာဉာဏ်တွေကိုလည်း နိဗ္ဗာနသစ္ဆိကရိယာလို့ ခေါ်ဆိုတယ်လို့ နောက်တစ်နည်းလည်း ရှင်းထားတယ်။

ဣတရဿ ပန နိဗ္ဗာနဿ အရိယသစ္စာနံ ဒဿနေနေဝ သစ္ဆိကိရိယာ သိဒ္ဓါ, တေနေတံ ဣဓ န အဓိပ္ပေတံ။

တခြားတခြား မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေနဲ့ နိဗ္ဗာန်ကို မမြင်ဘူး မဟုတ်ဘူး၊ မြင်တယ်။ အဲဒီ မြင်တွေ့ခြင်းကို အရိယသစ္စာန ဒဿနံဆိုတဲ့ ဒီစကားလုံးထဲမှာ မြတ်စွာဘုရား ထည့်သွင်းပြီး ဟောထားပါတယ်။ ဒါကြောင့် အောက်မဂ်ဉာဏ် မဂ်ဉာဏ်လေးပါး၊ ဖိုလ်ဉာဏ်သုံးပါးတို့ဖြင့် နိဗ္ဗာန်ကို မြင်သိခြင်းကို နိဗ္ဗာနသစ္ဆိကရိယာအားဖြင့် မယူဘဲနဲ့ အရဟတ္တဖိုလ်ဖြင့် နိဗ္ဗာန်ကို မြင်သိခဲ့ရင် ထိုအရဟတ္တဖိုလ်ကို နိဗ္ဗာန်အဖြစ် ယူပါ။ ဘာဖြစ်လို့လဲ?

ဧဝမေသာ နိဗ္ဗာနသစ္ဆိကိရိယာ ဒိဋ္ဌဓမ္မသုခဝိဟာရာဒိဟေတုတော ‘‘မင်္ဂလ’’န္တိ ဝေဒိတဗ္ဗာ။

ဧဝံ၊ ဤသို့လျှင်။ နိဗ္ဗာနသစ္ဆိကိရိယာ၊ ဤနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းကို။ ဒိဋ္ဌဓမ္မသုခဝိဟာရာဒိဟေတုတော၊ ဒိဋ္ဌဓမ္မ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာ နေထိုင်ရခြင်း၏ အကြောင်းရင်းစစ် ဖြစ်ခြင်းကြောင့်။ မင်္ဂလန္တိ၊ မင်္ဂလာဟူ၍။ ဝေဒိတဗ္ဗာ၊ သိအပ်၏။

အရဟတ္တဖိုလ် ရပြီဆိုရင် အရဟတ္တဖိုလ်သမာပတ်တွေ ဝင်စားပြီးတော့ နေပြီ။ အရဟတ္တဖိုလ် ချမ်းသာဖြင့် ထိုသူတော်ကောင်းသည် မျက်မှောက်ဘဝမှာ ချမ်းချမ်းသာသာဖြင့် နေထိုင်နိုင်ပြီ။ ဒါတွင်လားဆို မကသေးဘူး။ အရဟတ္တဖိုလ်ဖြင့် မျက်မှောက်ဘဝမှာ ချမ်းချမ်းသာသာ နေထိုင်နိုင်တဲ့ သူတော်ကောင်းတို့ရဲ့သန္တာန်မှာ ရရှိနိုင်တဲ့ အကျိုးတရားတွေ များစွာ ရှိပါတယ်။ ပရိနိဗ္ဗာန်မစံမီစပ်ကြားမှာလည်း ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာအပူမီးတို့ရဲ့ လောင်မြိုက်တဲ့ ဒဏ်ချက်ကို မခံရဘူး။

ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်မှာလည်း ပဋိသန္ဓေနေရခြင်းဆိုတဲ့ ဒုက္ခမရှိဘူး။ မရှိတဲ့အတွက် ပဋိသန္ဓေတည်နေရတဲ့ ဘေးဆိုးကြီးမှလည်း လွတ်သွားတယ်။ ပဋိသန္ဓေ မနေရတဲ့အတွက် နောက်ထပ် အိုမှု၊ သေမှု၊ နာမှုဆိုတာ ရှိဦးမလား? မရှိတော့ဘူး။ ဒါကြောင့် အိုဘေးဆိုးကြီးမှလည်း လွတ်သွားတယ်။ နာဘေးဆိုးကြီးမှလည်း လွတ်သွားတယ်။ သေဘေးဆိုးကြီးမှလည်း လွတ်သွားတယ်။ သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသ အစရှိတဲ့ မီး ၁၁-မီးတို့မှလည်း လုံးဝ ကွင်းလုံးကျွတ် လွတ်သွားပါတယ်။

အဲဒီလို ကွင်းလုံးကျွတ် လွတ်မြောက်ခြင်းရဲ့ အကြောင်းရင်းစစ် ဖြစ်ခြင်းကြောင့် ဒီအရဟတ္တဖိုလ် နိဗ္ဗာန်ကိုလည်းပဲ မင်္ဂလာဆိုပြီးတော့ မြတ်စွာဘုရား ဟောထားပါတယ်။ အဲဒီတော့ ဒီနေရာမှာ ဒီဂါထာလေးရဲ့ အဓိပ္ပာယ်ကို ဘုန်းကြီး အကြမ်းစားအားဖြင့် ပြောပြလိုက်တာပဲ။ ဒီတော့ ဒီနေရာမှာ အရိယသစ္စာန ဒဿန = အရိယသစ္စာလေးပါးကို မဂ်ဉာဏ်လေးပါး အောက်ဖိုလ်ဉာဏ်သုံးပါးဖြင့် မြင်ခြင်းကို မြတ်စွာဘုရားက မင်္ဂလာလို့ ခေါ်ထားတယ်။ ဒီတော့ ဒီည မင်္ဂလာအကြောင်းလေး ဘုန်းကြီး နည်းနည်းတော့ ထပ်ရှင်းချင်ပါတယ်။ အရိယသစ္စာ ဘယ်နှစ်ပါး ရှိကြလဲ? လေးပါး။ ဘာတွေလဲ?

ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ။ အဲဒီ သစ္စာလေးပါးကို အရိယာသူတော်ကောင်းတို့က သိတယ်ဆိုတာ အဘိသမယဝသေန ဆိုပြီး အဋ္ဌကထာက ဖွင့်ထားတယ်။ အဘိသမယ ဆိုတာကတော့ ပဋိဝေဒဉာဏ်ဖြင့် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်ပြီး သိတာပဲ။ ဒီတော့ အရိယာသူတော်ကောင်းတို့သည် ဒုက္ခသစ္စာကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိသလား၊ မသိဘူးလားလို့ မေးရင် ဘယ်လို ဖြေမလဲ? သိတယ်။

အရိယာသူတော်ကောင်းတို့သည် သမုဒယသစ္စာကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထိုးထွင်းသိသလား၊ မသိဘူးလားမေးရင် ဘယ်လိုဖြေကြမလဲ? သိတယ်။ အရိယာသူတော်ကောင်းတို့သည် နိရောဓသစ္စာအမည်ရနေတဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကြီးကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထိုးထွင်းသိသလား၊ မသိဘူးလားမေးရင် ဘယ်လိုဖြေကြမလဲ? သိကြတယ်။

နောက်တစ်ခု အရိယာသူတော်ကောင်းတို့သည် ဒုက္ခနိရောဓဂါမိနိပဋိပဒါလို့ ခေါ်ဆိုအပ်တဲ့ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာတရားကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထိုးထွင်းပြီး သိကြသလား၊ မသိကြဘူးလားမေးရင် ဘယ်လိုဖြေကြမလဲ? သိကြတယ်။ ဘာဖြစ်လို့လဲ? ဒီအရိယသစ္စာလေးပါးကို မသိခဲ့ရင် သံသရာဝဋ်ဆင်းရဲဒုက္ခ ဘယ်လိုမှ မကုန်နိုင်ဘူး။ ဘုရားရှင် ဟောထားတယ်။

ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခအရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ယော စ ခေါ၊ အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ ဧဝံ၊ ဤသို့။ ဝဒေယျ၊ ပြောဆိုလာငြားအံ့။ ကိံဝဒေယံ၊ အဘယ်သို့ ပြောဆိုလာလေသနည်း။ အဟံ၊ ငါသည်။ ดုက္ခအရိယသစ္စံ၊ ဒုက္ခ အရိယသစ္စာတရားကို။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ပါဘဲလျက်။ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာ တရားကိုလည်းပဲ။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ပါဘဲလျက်။ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ဒုက္ခချုပ်ရာ နိရောဓ အရိယသစ္စာတရားကိုလည်းပဲ။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ပါဘဲလျက်။ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဟု ခေါ်ဆိုအပ်သော မဂ္ဂအရိယသစ္စာတရားကိုလည်းပဲ။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ပါဘဲလျက်။ သမ္မာ ဒုက္ခဿန္တံ၊ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို။ ကရိဿာမိ၊ ငါသည် ပြုလုပ်ပေအံ့။ ဣတိ၊ ဤသို့လျှင်။ ဝဒေယျ၊ ပြောဆိုလာသည်ဖြစ်ငြားအံ့။ ဧတံ ဌာနံ၊ ဤပုဂ္ဂိုလ်ရဲ့ ဤကဲ့သို့ ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာမျိုးသည်။ န ဝိဇ္ဇတိ၊ မရှိသည်သာလျှင်တည်း။

ပုဂ္ဂိုလ်တစ်ယောက်က ငါသည် ဒုက္ခသစ္စာ၊ ဒုက္ခအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိဘဲ မမြင်ဘဲ, ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိဘဲ မမြင်ဘဲ, ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိဘဲ မမြင်ဘဲ, ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဟု ခေါ်ဆိုအပ်တဲ့ မဂ္ဂအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိဘဲ မမြင်ဘဲ သံသရာဝဋ်ဆင်းရဲရဲ့ အဆုံးအပိုင်းအခြားကို ငါပြုမယ်လို့ ဒီလိုလာပြီး ပုဂ္ဂိုလ်တစ်ဦးက ပြောမယ်ဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ ပြောပြချက်သည် ပြောဆိုတဲ့အတိုင်း ဖြစ်နိုင်ရာတဲ့အကြောင်း ဘယ်လိုမှ မရှိဘူး။

ဒီလိုဆိုရင် သစ္စာလေးပါးကို မသိခဲ့ရင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်နိုင်မလား? မကုန်နိုင်ဘူးနော်။ ဒီအချက်ကို မျက်စိမလည်နဲ့။ ကဲ ကောင်းပြီ ဒီလိုဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ချင်နေတဲ့ သူတော်ကောင်း မှန်ခဲ့ရင် သစ္စာလေးပါးကို သိရမလား, မသိရဘူးလား? သိရမယ်။ ဘာလဲ ဒုက္ခသစ္စာတဲ့ လာပြီ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာတရားကို မသိခဲ့ရင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်မလား? မကုန်ဘူး။ ကဲ ဥပါဒါနက္ခန္ဓာငါးပါးက ဘာတွေလဲ?

ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ ပေါင်းလိုက်တော့ ဘယ်နှစ်ပါးလဲ? ငါးပါး။ ဘာကို ရူပုပါဒါနက္ခန္ဓာ ခေါ်သလဲ?

ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။

အတိတ် ရုပ်တရား, ပစ္စုပ္ပန် ရုပ်တရား, အနာဂတ် ရုပ်တရား, အဇ္ဈတ္တ ရုပ်တရား, ဗဟိဒ္ဓ ရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား, ဒူရခေါ်တဲ့ ဝေးတဲ့ ရုပ်တရား, သန္တိကခေါ်တဲ့ နီးတဲ့ ရုပ်တရား ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ? ၁၁-မျိုး။ အဲဒီ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရားသည် သာသဝ၊ အာသဝေါတရားတို့ရဲ့ အာရုံယူရာ ၃၁-ဘုံ နယ်မြေအတွင်းမှာ တည်ရှိခဲ့မယ်ဆိုရင် ဥပါဒါနိယ၊ တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ ငါ့ဟာလို့ လှမ်းစွဲယူခဲ့မယ်ဆိုရင်တော့ အဲဒီ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရား အစုအပုံကို ဘာလို့ခေါ်လဲ? ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တယ်။

အလားတူပဲ ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဝေဒနာအစုအပုံကို ဝေဒနုပါဒါနက္ခန္ဓာ, ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ သညာအစုအပုံကို သညုပါဒါနက္ခန္ဓာ, ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ စေတသိက် သင်္ခါရတရား အစုအပုံကို သင်္ခါရုပါဒါနက္ခန္ဓာ, ၁၁-မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အသိစိတ် ဝိညာဏ်တရား အစုအပုံကို ဝိညာဏုပါဒါနက္ခန္ဓာလို့ ဒီလို အသီးသီး ခေါ်တယ်။ ပေါင်းလိုက်တော့ ဥပါဒါနက္ခန္ဓာ ဘယ်နှစ်ပါးလဲ? ငါးပါး။ ဒီဥပါဒါနက္ခန္ဓာငါးပါးသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာဖြစ်နေတဲ့ ဒီဥပါဒါနက္ခန္ဓာငါးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိရင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်မလား? မကုန်ဘူး။ ဒီလိုဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ချင်တဲ့ ပုဂ္ဂိုလ်သည် ဒီဥပါဒါနက္ခန္ဓာငါးပါးကို သိရမလား, မသိရဘူးလား? သိရတော့မယ်။

အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးထဲမှာ အတိတ် ဥပါဒါနက္ခန္ဓာငါးပါးလည်း မပါဘူးလား? ပါတယ်။ ပစ္စုပ္ပန် ဥပါဒါနက္ခန္ဓာငါးပါးလည်း ပါတယ်။ အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါးလည်း ပါတယ်။ ဒီလိုဆိုလို့ရှိရင် အတိတ် ဥပါဒါနက္ခန္ဓာငါးပါးကိုလည်း မသိဘူး, အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါးကိုလည်း မသိဘူး ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် ဒုက္ခသစ္စာကို ပြည့်ပြည့်စုံစုံ သိတယ်လို့ ပြောနိုင်မလား? မပြောနိုင်ဘူး။ သိရမဲ့အထဲမှာ အတိတ် ဥပါဒါနက္ခန္ဓာငါးပါးလည်း ပါနေတယ်, အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါးကိုလည်း ပါနေတယ်, ပစ္စုပ္ပန် ဥပါဒါနက္ခန္ဓာငါးပါးကိုလည်း ပါနေတယ်, ဗဟိဒ္ဓ ဥပါဒါနက္ခန္ဓာငါးပါးကိုလည်း ပါပါတယ်။ ပါလိုက်တဲ့ အခါကျတော့ ဒီရုပ်တရားတို့က အဇ္ဈတ္တ ဥပါဒါနက္ခန္ဓာငါးပါးလည်း ပါပါတယ်။ ကလာပ်ခေါ်တဲ့ အမှုန်အနေနဲ့သာ ဖြစ်တယ်။ ဒီမှုန်လေးတွေသည် ဒီနေ့ သိပ္ပံလောကက ပြောနေတဲ့ အက်တမ် (Atom) ထက် အဆပေါင်းများစွာ သေးငယ်မယ်လို့ ယူဆရပါတယ်။ အဲဒီ ကလာပ်အမှုန်လေး တစ်ခု တစ်ခုကို ဗုဒ္ဓအဘိဓမ္မာမှာ ဓာတ်ခွဲနိုင်တဲ့ အချိန်အခါမှာ တစ်မှုန် တစ်မှုန်မှာ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ စသည်ဖြင့် သဘောတရား ဘယ်နှစ်ခု ရှိသလဲ? ၈-ခု။ တစ်ခါတရံ တချို့ ဇီဝိတပါရင် ၉-ခု။ တစ်ခါတရံ အကြည်ဓာတ်တွေ ပါရင် ၁၀-ခု။ တစ်ခါတရံ ဘာဝရုပ်တွေပါရင် ၁၀-ခု ရှိတတ်ပါတယ်။ ဒါက ရုပ်အစစ်ပါ။

ဒီတော့ အဲဒီ ရုပ်တရားလေးတွေက အဲဒီကလာပ်ခေါ်တဲ့ အမှုန်လေးတွေနဲ့သာ ဖြစ်ရိုးထုံးစံ ရှိတယ်။ တခြားပုံစံနဲ့ ပြောင်းလဲပြီး ဖြစ်ရိုးရှိလား? မရှိဘူး။ အဲဒီ ရုပ်တရားတွေမှာ သဘောတူညီရာကို စုပေါင်းလိုက်မယ်ဆိုရင် အမျိုးအစားက ရုပ် ၂၈-မျိုး ရှိပါတယ်။ ယောက်ျား၊ မိန်းမ မခွဲဘဲပြောခဲ့ရင် - ယောက်ျားမှာ ခွဲခြားပြီး ပြောမယ်ဆိုရင်တော့ ယောက်ျားမှာ ရုပ် ၂၇-မျိုး၊ အမျိုးသမီးမှာလည်း ၂၇-မျိုး ရှိတယ်။ အဲဒီအထဲမှာ နည်းနည်းလေး ဒကာကြီးတွေ နားမလည်နိုင်တဲ့ ရုပ် ၃-မျိုးလောက်တော့ ရှိတယ်။ နားမလည်နိုင်ဘူး ဆိုတာကတော့ ကျန်တာလေးတွေ နည်းနည်းရောတတ်လို့ပါ။ ရောတတ်တယ်ဆိုတာကတော့ အထူးသဖြင့် ဩဇာပဲ။ အဆီအစေး အနှစ်ကလေးပဲ။ ကလာပ်အမှုန်တို့မှာသာ ရှိတယ်။ ကလာပ်ကို မမြင်ရင် ဒီဩဇာကို ဘယ်လိုမှ သဘောမပေါက်ဘူး။ ဇီဝိတ ကမ္မဇရုပ်ကလာပ်တိုင်း ကလာပ်တိုင်းမှာ အသက်ရှင်နေတဲ့ ဇီဝိတ သဘောတရားလေးတစ်ခုပါတယ်။ ကလာပ်တူ ရုပ်တရားတွေကို ပြန်ပြီး စောင့်ရှောက်နေတဲ့ သဘောတရားလေးပဲ။ ရုပ်ကလာပ်ကို မမြင်ရင် ဒီဇီဝိတကို ဘယ်လိုမှ ဓာတ်ခွဲလို့ မရနိုင်ဘူး။

ဘာဝရုပ် - ဗုဒ္ဓအဘိဓမ္မာမှာ လာရှိနေတဲ့ ဘာဝရုပ်သည် အများနားလည်နေတဲ့ ဘာဝရုပ်နဲ့ မတူဘူး။ ဗုဒ္ဓအဘိဓမ္မာမှာ လာရှိနေတဲ့ ဘာဝရုပ်က မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ နှလုံး ၆-ဌာနလုံးမှာ ရှိတယ်။ ယောက်ျားရဲ့မျက်စိနဲ့ အမျိုးသမီးရဲ့မျက်စိ မတူဘူး။ ယောက်ျားမျက်နှာနဲ့ အမျိုးသမီးရဲ့မျက်နှာ မတူဘူး။ ဘာဖြစ်လို့လဲ? ဘာဝရုပ်က ဒါက အမျိုးသမီးပဲလို့ ထင်ရှားပြနေတယ်။ ဒါက အမျိုးသားပဲလို့ ထင်ရှားပြနေတယ်။ အဲဒီတော့ မျက်စိမှာလည်း ဒီဘာဝရုပ် ရှိပါတယ်လို့ ခုနေ ဗြုန်းကနဲ ပြောလိုက်မယ်ဆိုရင် အဘိဓမ္မာဉာဏ်ပညာမှာ အခြေခံမရှိတဲ့ပုဂ္ဂိုလ် လက်ခံနိုင်ပါ့မလား? လက်မခံနိုင်ဘူး။ အဲဒီ ဘာဝရုပ်ကလည်း ယောဂီပုဂ္ဂိုလ်တို့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရမဲ့ ရုပ် ၂၈-ပါးထဲမှာ သူလည်း တစ်ခု အပါအဝင်ပါပဲ။ ဇီဝိတလည်း ပါတယ်။ ဩဇာလည်း ပါတယ်။ အဲဒီ ရုပ် ၂၈-မျိုးကို ဟုတ်တိုင်းမှန်စွာ မသိခဲ့ရင်ကော ဒုက္ခသစ္စာကို သိတယ် ခေါ်မလား? မခေါ်ဘူး။ ဒီရုပ် ၂၈-မျိုးကို ဟုတ်တိုင်းမှန်စွာ မသိခဲ့ရင်ကော မဂ်,ဖိုလ်,နိဗ္ဗာန် ရမလား, မရဘူးလား ဆိုရင်တော့ ဘုရားရှင်က မရဘူးလို့ မဟာဂေါပါလကသုတ္တန်မှာ တိတိကျကျ ဟောထားတယ်။

ဒီလိုဆိုရင် ဒကာကြီးတွေ နည်းနည်း စဉ်းစားရမဲ့အပိုင်းတော့ ရောက်လာတယ်နော်။ ဘုရားဟောတဲ့ ရုပ်က ဘုရားသာသိတာ၊ သာဝကတွေ မသိနိုင်ဘူးတဲ့။ ဒါခေတ်က အပြောပါ။ ဘုရားဟောနေတဲ့ တရားက ဘုရားသာ သိတယ်၊ သာဝကတွေ မသိနိုင်ဘူးဆိုတော့ ဘုရားရှင်သည် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးမှ ဟောကြားထားတဲ့ ဒီတရားသည် သာဝကတွေ ရှုလို့ မရဘူးဆိုရင် ဘုရားပွင့်လာတာဟာ သာဝကတွေအတွက် ဘာအကျိုးရှိဦးမလဲ? မရှိတော့ဘူး။ ဘာဖြစ်လို့လဲ? ဘုရားဟောတဲ့ ရုပ်က ရှုလို့မရဘူး။ သူတို့ဟောတဲ့ ရုပ်ကသာ ရှုလို့ရနေတယ်။ မခက်ဘူးလား? နည်းနည်း စဉ်းစားနော်။ ဒါ ဘဝလေးက သိပ်ပြီးတော့ မကြာပါဘူး။ ဒီထဲမှာ နောင် နှစ်ပေါင်း - ၁၀၀ အထိ နေရမဲ့ပုဂ္ဂိုလ် တစ်ဦးမှ မရှိဘူးလို့တောင် ပြောမယ်ဆိုရင် မှားပါ့မလား? မမှားနိုင်ဘူး။ အလွန် တိုတောင်းတဲ့ အချိန်ကလေး သာသနာနဲ့ တွေ့တဲ့အချိန်အခါမှာ ဒီတရားတွေကို ရှုလို့ မရဘူးဆိုတော့ ရှုမရဘူးလို့ ယုံကြည်လက်ခံထားတဲ့ပုဂ္ဂိုလ်က ဒီတရားတွေကို သိအောင် သူ ကြိုးစားအားထုတ်ဦးမလား? အားမထုတ်ဘူး။ ဒီတရားတွေကို သိစေနိုင်တဲ့ နည်းလမ်းကောင်းတွေကော သူ ရှာဖွေဦးမလား? မရှာဖွေတော့ဘူး။ သူ့အတွက် သာသနာနဲ့တွေ့ရတာ ရှုံးမသွားဘူးလား? ရှုံးသွားတယ်။ ဒါ အခြေခံဖြစ်တဲ့ နာမရူပပရိစ္ဆဒဉာဏ်လေးတောင် မရဘူး။

အဲ ပိုဆိုးတာကတော့ မြတ်စွာဘုရား ဟောထားတဲ့ နာမ်တရားတွေ ဆိုတာကတော့ ဘုရားရှင်သာ သိတာပါတဲ့။ တချို့က ဘယ်လောက်အထိ ပြောလဲ? ဘုရားရှင်က ဒီရုပ် ဒီနာမ်တွေကို ဘုရားမဖြစ်ခင်က မသိပါဘူး။ ဘုရားဖြစ်ပြီးလို့ သဗ္ဗေညုတဉာဏ် ရပြီးတဲ့ အခါကျတော့မှ သဗ္ဗညုတဉာဏ်နှင့် ပြန်ဆင်ခြင်မှသိတာ။ ဘုရားရှင်သည် ဘုရား မဖြစ်ခင်က နာမရူပ ပရိစ္ဆဒဉာဏ်တောင် မရသေးဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်သွားတယ်။ အဲဒီလိုဆိုတော့ ဘာဖြစ်လို့ သူတို့က ဒီလိုပြောလဲဆိုတော့ နောက်ထပ် သူတို့ရဲ့ အကြောင်းပြချက်ကလေးတစ်ခု ရှိတယ်။ ဘုရား ဟောထားတဲ့ နာမ်တရားကလည်း ဒီနေ့ မျက်မှောက်ခေတ်မှာ တော်တော်လေးတော့ မျက်နှာငယ်နေပါတယ်။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ အကြိမ် ကုဋေပေါင်း ၁-သိန်းမက ဖြစ်ပြီးပျက်နေတဲ့ ဒီနာမ်တရားတွေ ဘယ်လိုလုပ် ရှုမလဲတဲ့။ သူက ကုဋေ ၁-သိန်းနဲ့ ကိုင်ပြီး ပေါက်ပစ်လိုက်တယ်။ ပေါက်လိုက်တော့ ဘုရားရှင် ဟောထားတဲ့ နာမ်တရားတွေလည်း ဘုန်းဘုန်းလဲသွားတယ်။ မျက်နှာတော်တော်ငယ်တယ်။ ချောင်ကြိုချောင်ကြားမှာ သွားပြီးတော့ ကပ်ပြီးတော့ ပုနေရတယ်။

ဒီတော့ ဘုရားဟောထားတဲ့ ရုပ်လည်း ရှုလို့မရဘူး၊ ဘုရားဟောထားတဲ့ နာမ်လည်း ရှုလို့မရဘူးဆိုတော့ ဘုရား ဒီတရားတွေ ဟောနေတာ သာဝကတွေအတွက် ဘာအကျိုးရှိလိမ့်မလဲ? မရှိတော့ဘူး။ စဉ်းစားကြနော်။ ဒါကြောင့် ဦးပဉ္စင်းတို့ ဒီရုပ်တရားတွေကို ရူပက္ခန္ဓာခေါ်တယ်။ ဒီနာမ်တရားတွေကိုတော့ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ခေါ် ၄-ပုံပုံပြီးတော့ နာမ်ခန္ဓာ ၄-ပါးလို့ ခေါ်တယ်။ ပေါင်းလိုက်တော့ ခန္ဓာဘယ်နှစ်ပါးလဲ? ၅-ပါး။ အဲဒီ ခန္ဓာ ၅-ပါးသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာကို မသိခဲ့ရင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်မလား? မကုန်ဘူးလို့ ဒီလို ဘုရားက အတိအကျ ဟောထားတယ်။

ဒီလိုဆိုရင် ဒီနေ့ တရားနာပရိသတ်တွေ ဘုရားရှင်အပေါ်၌ ယုံကြည်ကြပါသလားလို့ မေးရင် ဘယ်လို ဖြေမလဲ? (ယုံကြည်ပါတယ်ဘုရား) ဘုရားရှင် ဟောထားတဲ့ တရားတော်အပေါ်၌ ယုံကြည်ကြပါသလားလို့ မေးရင် ဘယ်လို ဖြေမလဲ? (ယုံကြည်ပါတယ်ဘုရား)။ ယုံကြည်တယ် ဆိုလို့ရှိရင် ဘုရားဟောတဲ့တရား လက်ခံနိုင်ပါသလားလို့ မေးရင်ကော ဘယ်လိုဖြေမလဲ? (လက်ခံနိုင်ပါတယ်ဘုရား) အေး ... အဲဒီမေးခွန်းလေးတွေ ကိုယ့်ကိုကိုယ် မေးကြည့်တော့နော်။ ဒါ အမှန်တရားကို ရှာဖွေနေတဲ့ ပုဂ္ဂိုလ်တွေဟာ ရှာဖွေသင့်တယ်။ စူးစမ်းသင့်တဲ့ အချက်တွေပဲနော်။

နောက်တစ်ခု - သမုဒယသစ္စာ ပြန်ကြည့်လိုက်ဦး ... ဒုက္ခသစ္စာက အကျိုးတရား သမုဒယသစ္စာက အကြောင်းတရား။ အကြောင်းတရား ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်, ထင်ရှားရှိခြင်းကြောင့် အကျိုးတရားက ထင်ရှား ဖြစ်ပေါ်လာရတယ်, ထင်ရှားတည်နေရတယ်။ အကြောင်းတရား ထင်ရှား ရှိခြင်းကြောင့် အကျိုးတရား ထင်ရှားရှိတယ်ဆိုရင် အကြောင်းနဲ့အကျိုး ၂-ခုရှိတဲ့အနက်က အကြောင်းတရားက အရင်ဖြစ်မလား? အကျိုးတရားက အရင်ဖြစ်မလား? (အကြောင်းတရားက အရင်ဖြစ်ပါတယ်ဘုရား) ဒီလိုဆိုရင် သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာမှာ သမုဒယသစ္စာက အရင်ဖြစ်မလား? ဒုက္ခသစ္စာက အရင်ဖြစ်မလား? (သမုဒယသစ္စာက အရင်ဖြစ်ပါတယ်ဘုရား) အဲဒါ လက်ခံနိုင်ကြသလား? (လက်ခံနိုင်ပါတယ်ဘုရား) လက်ခံနိုင်တယ်ဆိုရင် ဘုန်းကြီး မေးခွန်းတစ်ခု ထပ်မေးမယ် -

ဒီဘဝမှာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ ဘယ်ဒင်းက အရင်စဖြစ်သလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်ပါ။ ပြန်ပြီး ဆန်းစစ်ကြည့်တဲ့ အချိန်အခါမှာ ဦးပဉ္စင်းတို့ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ၊ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာ မည်တယ်။ ဒါလေးကိုတော့ မျက်ကြော မပြတ်နဲ့။ အဲဒီတော့ ဒုက္ခသစ္စာ အမည်ရနေတဲ့ ခန္ဓာငါးပါးသည် ဘယ်အချိန်က စပြီး ဖြစ်သလဲ? ပြန်ပြောင်းပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ လူသားတွေအတွက် ကွက်ပြီး ပြောမယ်ဆိုရင် ဟိုအမိဝမ်းတွင်း ပဋိသန္ဓေတည်နေစ ကာလလရေကြည်အခိုက်မှာ ဒီခန္ဓာငါးပါး စပြီး မဖြစ်ဘူးလား? ဖြစ်ပြီ။ လူသားတွေအတွက် ကွက်ပြီး ပြောမယ်ဆိုရင် ပဋိသန္ဓေ ကာလလရေကြည်အခိုက်မှာ ရုပ်ပိုင်းဆိုင်ရာ ပြန်ကြည့်လိုက်ရင် ဟဒယဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ် ဆိုပြီး ရုပ်ကလာပ်အမျိုးအစားက ၃-မျိုး၊ ရုပ်အမျိုးအစားက - ၃၀။ အဲဒီ ရုပ်အမျိုးအစား ၃၀-သည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ ရူပက္ခန္ဓာခေါ်တယ်နော်။

နောက်တစ်ခု - နာမ်တရားပိုင်းမှာ တိဟိတ်ပုဂ္ဂိုလ်ဖြစ်လို့ သောမနဿဝေဒနာနဲ့ ယှဉ်တွဲပြီး ပဋိသန္ဓေ နေရတဲ့ သူတော်ကောင်းဖြစ်ခဲ့ရင် စိတ်-စေတသိက် ၃၄-လုံးလောက် ရှိပါတယ်။ ဒါ တကယ်လက်တွေ့ ရှုနေတဲ့ ယောဂီတွေ ဒီအထဲလည်း ရှိကြပါတယ်နော်။ အဲဒီ စိတ်-စေတသိက် ၃၄-လုံးထဲမှာ ဝေဒနာပါတော့ ဝေဒနာက ဝေဒနာက္ခန္ဓာ, သညာက သညာက္ခန္ဓာ ကျန်စေတသိက် ၃၁-လုံးက သင်္خါရက္ခန္ဓာ, အသိစိတ်က ဝိညာဏက္ခန္ဓာ ပေါင်းလိုက်တော့ နာမ်ခန္ဓာလေးပါး။ ရုပ်ခန္ဓာက တစ်ပါး, နာမ်ခန္ဓာက လေးပါး ပေါင်းလိုက်တော့ ခန္ဓာဘယ်နှစ်ပါးလဲ? ခန္ဓာငါးပါး။ အဲဒီ ခန္ဓာငါးပါးသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ။

ဒီဘဝမှာ လူသားတစ်ဦးအတွက် ခေါင်ဆုံး ဒုက္ခသစ္စာက အရင်စပြီး မဖြစ်ဘူးလား? ဖြစ်နေပြီ။ ဒါဖြင့်ရင် ဒီဒုက္ခသစ္စာသည် ဘာသစ္စာကြောင့် ဖြစ်သလဲလို့ ဘုရားက ဟောသလဲ? သမုဒယသစ္စာကြောင့် ဖြစ်တယ်လို့ ဟောတယ်။ ခုနက မေးခဲ့ပြီးပြီ။ ဒုက္ခသစ္စာက အကျိုးတရား, သမုဒယသစ္စာက အကြောင်းတရား။ အကြောင်းတရား ထင်ရှားရှိလို့ အကျိုးတရား ဖြစ်ရတယ်ဆိုလျှင် အကြောင်းတရားက အရင်ဖြစ်ပါတယ်။ အကျိုးတရားက နောက်မှ ဖြစ်တယ်လို့ ခုနက ပြောခဲ့ပြီးပြီ။ ဒီလိုဆိုရင် ဒီဘဝမှာ ဒုက္ခသစ္စာက အရင်ခေါင်ဆုံးဖြစ်တော့ ဒုက္ခသစ္စာကို ဖြစ်ပေါ်စေတတ်တဲ့ သမုဒယသစ္စာကလည်း ဒုက္ခသစ္စာထက် ကြိုတင်ပြီး ရှေးဦးစွာ ဖြစ်ရတယ် ဆိုတာကို လက်ခံနိုင်ခဲ့ရင် ဒီသမုဒယသစ္စာသည် ဒီဘက်ဘဝမှာ ရှိမလား, ဟိုဘက် ဘဝမှာ ရှိမလား? (ဟိုဘက်ဘဝမှာ ရှိမှာပါဘုရား) ဟိုအတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာ ဖြစ်ရတယ်။ ဘာကို သမုဒယသစ္စာလို့ ခေါ်လဲ? ဘာခေါ်သလဲ မေးတော့ ဘုရားရှင်က ဝိဘင်းပါဠိတော်မှာ စနစ်တကျ ဟောထားပါတယ်။

၁။ တဏှာကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။

၂။ ကိလေသာ ၁၀-ပါးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။

၃။ အကုသိုလ်ကံ အားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။

၄။ အကုသိုလ်ကံ အားလုံးနဲ့ သံသရာဝဋ်ဆင်းရဲကို လည်ပတ်စေတတ်တဲ့ ကုသလမူလ တရားသုံးပါးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။

၅။ ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကိုလည်း သမုဒယသစ္စာလို့ ဒီလို ဟောထားပါတယ်။

အဲဒီတော့ သမုဒယသစ္စာ ဆိုတာက ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းအရ ပြောရင်တော့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံပြီး လူသားတွေအတွက် ကွက်ပြောရင်ပေါ့နော်။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံပြီးတော့ ပြုစုပျိုးထောင်ခဲ့တဲ့ သင်္ခါရကံတွေသည် ဘာတွေလဲ? သမုဒယသစ္စာပဲ။ အဲဒီ သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာ လာပြီးဖြစ်တယ်။ အတိတ်ကို လှမ်းမရှုခဲ့ရင်။ အတိတ်က သမုဒယသစ္စာကြောင့် ဒီဘဝ ဒုက္ခသစ္စာဖြစ်တာကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနိုင်မလား? မသိနိုင်ဘူး။ မသိခဲ့ရင် သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ မသိခဲ့ရင် သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီး ကုန်မလား? မကုန်ဘူး။ ဒီလိုဆိုရင် အတိတ်ကို လှမ်းရှုရမလား? မရှုရဘူးလား? (ရှုရပါမယ်ဘုရား) အတိတ်ကို မရှုရပါဘူးဆိုတဲ့ စကားကပဲ မှားသလား, အတိတ်ကို ရှုရမယ်ဆိုတဲ့ ဘုရားဟောကပဲ မှန်သလား? ဒီနေ့သူတော်ကောင်းတွေ ဒါစဉ်းစားရမဲ့အပိုင်း ရောက်လာတယ်နော်။

အကယ်၍များပေါ့လေ - အကယ်၍လို့သာ ဘုန်းကြီးပြောတာပါနော်။ ဘုရားက မှားပါတယ်၊ ခေတ်က မှန်ပါတယ်ဆိုရင် အမှားကြီးဟောနေတဲ့ ဒီဘုရားကို ဆက်လက်ပြီး ကိုးကွယ်ဆည်းကပ်နေဖို့ လိုသေးသလား? အဲဒီအထိ စဉ်းစားရမဲ့အပိုင်း ဖြစ်ပါတယ်နော်။ ဒါက ဦးပဉ္စင်းတို့ အချိန် ရှိပါသေးတယ်။ ဒကာကြီးတွေ, ဒကာမကြီးတွေ တရားနာနေတဲ့ ရဟန်းတွေ, သူတော်ကောင်းတွေ ဒါပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အချိန်မမှီဘူးလား? မှီပါသေးတယ်။ ဒါ စနစ်တကျ သိဖို့လိုအပ်တယ်။ အဲ အလားတူပဲ။ ဒီဘဝမှာပဲ သမုဒယသစ္စာတွေ ပြုစုပျိုးထောင်နေကြပါတယ်။ ခု ဆိုကြပါစို့ ...

တရားနာနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဦးတည်ချက် အမျိုးမျိုး ရှိကြပါတယ်။ တူညီနေတဲ့ ဦးတည်ချက်လည်း ရှိမယ်, ကွဲလွဲနေတဲ့ ဦးတည်ချက်လည်း ရှိကောင်း ရှိမယ်။ တူညီနေတဲ့ ဦးတည်ချက်ကတော့ အားလုံးကတော့ ဒီနေ့ နိဗ္ဗာန်ကို အလိုရှိကြပါတယ်။ ပြောရင်တော့ သိပ်မှားမယ်လို့ မထင်ဘူးနော်။ ဒါကတော့ တူညီတဲ့ ဦးတည်ချက်ပဲ။ နောက် ဦးတည်ချက်ကတော့ နိဗ္ဗာန်မရမီစပ်ကြားတဲ့ ဟုတ်ပြီးလား? အဲဒီ စပ်ကြားလေး ခံပြီးတော့ မတောင်းကြဘူးလား? အဲဒီ စပ်ကြားလေးတွေက ဒုက္ခပေးတာပဲ။ ဒီတော့ အဲဒီ စပ်ကြားလေးတွေက တစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူမယ်။ မတူဘူး ဆိုတာက ဆိုကြပါစို့ ...

နာမည်ကျော်ဖြစ်တဲ့ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကတော့ သေရင် လူပဲ ဖြစ်ပါရစေ, ဘုန်းကြီးပဲ ဖြစ်ပါရစေ, သာသနာပြုပါရစေ။ သူက ဒီဆုတောင်းတယ်။ သူ့ရဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်နဲ့ တခြားပုဂ္ဂိုလ်တွေရဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် တူချင်မှ တူမယ်။ နာမည်ကျော်ဖြစ်တဲ့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဖြစ်တော်မူတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးက ဘာဆုတောင်းလဲ? ဓမ္မကထိက နတ်သား ဖြစ်ပါရစေ။ သူက အရင်းများများနဲ့ အမြတ်ကလေး နည်းနည်းယူမယ်ဆိုပြီး သူ့ရဲ့ ငွေရတုသဘင်မှာ တရား တစ်ပုဒ် ဟောသွားတယ်။ သူ ရင်းနှီးပြီးတော့ ပြုစုပျိုးထောင်နေတဲ့ ကောင်းမှုကုသိုလ်တွေက အများကြီးပါ။ သူလိုချင်တာက ဓမ္မကထိကနတ်သား ဆုတစ်ခုပဲ လိုချင်တယ်ဆိုပြီး သူက ဒီလို ဟောသွားတယ်နော်။

ဒါကြောင့် တစ်ဦးက ဓမ္မကထိကနတ်သားလို့ အသိမှားတယ်။ အသိမှားတယ်ဆိုတာက ဒီလိုပါ ... ၃၁-ဘုံအတွင်းမှာ ဘုရားရှင်ရဲ့ ပရမတ္တသစ္စာနယ်ထဲကနေ လှမ်းပြီး ပြောလိုက်ရင် ရုပ်တရား အစုအပုံ, နာမ်တရား အစုအပုံပဲ ရှိတယ်။ အားလုံး အမှုန်လေးတွေပဲ။ ရုပ်ကလာပ်က ကလာပ်အမှုန်လေးတွေပဲ။ ဒီကလာပ်အမှုန်လေးတွေ ဓာတ်ခွဲလိုက်ရင် ရုပ်တရား အစုအပုံပဲ ရှိတယ်။ ရုပ် ၂၈-ပါး အစုအပုံပဲ။ အဲဒီ ရုပ်တရားတွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်တယ်။ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ ဓမ္မသဘာဝလည်း မဟုတ်ဘူး။ နာမ်တရားတွေလည်း ဒီအတိုင်းပဲ။ အုပ်စုအလိုက် ဖြစ်ပြီးတာနဲ့ ပျက်သွားတယ်။ ဖြစ်ပြီးပျက်နေတဲ့ ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံတွေဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လို့ ခေါ်ဆိုအပ်တဲ့ ဒီအချိန်ကာလလေးအတွင်းမှာ အကြိမ်ကုဋေ သိန်းနဲ့ချီပြီး ဖြစ်နေပျက်နေကြပါတယ်။ ရုပ်လောကကတော့ ကုဋေငါးထောင်ကျော်လောက်ပေါ့လေ။ ကုဋေငါးထောင်ကျော်ဆိုတာက ဒီလိုပါ။ တစ်စက္ကန့်ဆိုတဲ့ အချိန်ကာလကို ကုဋေငါးထောင်ကျော် ပုံရင် တစ်ပုံသာ သက်တမ်း ရှိတယ်။ အဲဒီလောက်ထိ လျင်လျင်မြန်မြန်ကြီး ဖြစ်ပျက်နေတယ်။ နာမ်တရားတွေက တစ်စက္ကန့် အချိန်ကာလကို အကြိမ်ကုဋေ တစ်သိန်းလောက်ပုံရင် တစ်ပုံလောက်သာ ရှိကြတယ်။

အဲဒီလောက်အထိ လျင်လျင်မြန်မြန်ကြီး ဖြစ်ပျက်နေတဲ့ ရုပ်တွေ, နာမ်တွေထဲမှာ ဒီရုပ် ဒီနာမ်ကိုတော့ လူလို့ခေါ်တယ်။ ဒီရုပ် ဒီနာမ်ကိုတော့ ဘုန်းကြီးလို့ ခေါ်တယ်။ ဒီရုပ် ဒီနာမ်ကိုတော့ သာသနာပြုနိုင်တဲ့ ယောက်ျားကောင်းလို့ ခေါ်တယ်လို့ ပြောလောက်တဲ့ အချိန်ရှိသလား? မရှိဘူး။ ဒီရုပ် ဒီနာမ်ကိုတော့ ဓမ္မကထိကနတ်သားလို့ ခေါ်တယ်လို့ ပြောပြလောက်တဲ့ အချိန်ကော ရှိသေးလား? မရှိဘူး။ အားလုံးက ရုပ်တရား အစုအပုံတွေ, နာမ်တရား အစုအပုံတွေ ဖြစ်ပြီးတာနဲ့ ပျက်နေတယ်။ ဖြစ်ပြီး ပျက်နေတဲ့ ရုပ်တရား အစုအပုံတွေ, နာမ်တရား အစုအပုံလို့ မသိဘဲ လူလို့ သိတယ်, နတ်လို့သိတယ်, ဓမ္မကထိကနတ်သားလို့ သိတယ်ဆိုရင် ဒီအသိသည် မှားလား, မှန်လား? မှားတယ်။ အဝိဇ္ဇာပဲ။

အဲဒီ အသိမှားတဲ့ အဝိဇ္ဇာကို အခြေခံပြီးတော့ လူ့ဘဝ, နတ်ဘဝ တွယ်တာတပ်မက်တဲ့ တဏှာပေါ်လာတယ်။ အဲဒီ တွယ်တာတပ်မက်တဲ့ တဏှာက ကြိမ်ဖန်များစွာ အထပ်ထပ် အခါခါ ဖြစ်လာရင် ရင့်ကျက်သွားတယ်။ ရင့်ကျက်နေတဲ့ တဏှာကို ဥပါဒါန်လို့ ခေါ်တယ်။ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန်တွေ ခြံရံပြီးတော့ သင်္ခါရ ကုသိုလ်ကံလို့ ခေါ်ဆိုအပ်တဲ့ စေတနာအုပ်စု များစွာ ပြုစုပျိုးထောင်သွားတယ်။ အဲဒီ သင်္ခါရ ကုသိုလ်စေတနာ အုပ်စုတွေကလည်း အနိစ္စတရားပဲ ဖြစ်ပြီးတာနဲ့ ပျက်သွားတယ်။ ပျက်ပေမဲ့လို့ တစ်ချိန် သူတို့ မျှော်လင့်တောင့်တနေတဲ့ လူ့ဘဝ သို့မဟုတ် နတ်ဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင် ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင် ကမ္မသတ္တိကို ဘာလို့ခေါ်လဲ? ကံ။ ပေါင်းလိုက်တော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အကြောင်းတရား ဘယ်နှစ်ခု ဖြစ်သွားလဲ? ၅-ခု။

အဲဒီ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တွေသည်, ဒီအကြောင်းတရားတွေသည် သစ္စာဒေသနာတော်နည်းအရ သမုဒယသစ္စာ။ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာ ဖြစ်တယ်။ ဒီဘဝမှာ ပြုစုပျိုးထောင်နေတဲ့ သမုဒယသစ္စာတွေကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာ ဖြစ်မယ်။ နောင်အနာဂတ်ကို လှမ်းမရှုခဲ့ရင် ဒီဘဝ ပြုစုပျိုးထောင်နေတဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာ ဖြစ်တယ်ဆိုတာကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိနိုင်မလား? မသိနိုင်ဘူး။ မသိခဲ့ရင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်မလား? မကုန်နိုင်ဘူးလို့ ဘုရားက ဟောတယ်။ အဲ နိရောဓသစ္စာ ဆိုတာကတော့ ထိုဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရနေတဲ့ တရားနှစ်ပါးကို သင်္ခါရတရားလို့ ခေါ်တယ်။

ဒီသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုရပါတယ်။ ထိုဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ ပါရမီအားလျော်စွာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ပေါ်လာခဲ့မယ်။ ပေါ်ခဲ့သော် ထိုအရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လှမ်းပြီး အာရုံယူလိုက်တဲ့ အာရုံပြုလိုက်တဲ့ အငြိမ်းဓာတ် အသင်္ခတဓာတ် နိဗ္ဗာန်ကြီးကို နိရောဓသစ္စာလို့ ခေါ်တယ်။ ထိုနိရောဓသစ္စာခေါ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ အချိန်အခါမှာ ထိုအရိယမဂ်ဉာဏ်နဲ့ ယှဉ်တွဲပြီးတော့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ အစရှိတဲ့ မဂ္ဂင်တရားကိုယ်တွေ ထင်ရှားစွာ ဖြစ်ပေါ်နေတယ်။ များသောအားဖြင့်တော့ မဂ္ဂင် ၈-ပါး ဆိုကြပါစို့။ အဲဒီ မဂ္ဂင် ၈-ပါးက ဘာသစ္စာလဲ? မဂ္ဂသစ္စာ။ ပေါင်းလိုက်တော့ သစ္စာဘယ်နှစ်ပါးလဲ? သစ္စာလေးပါး။

အဲဒီ သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိခဲ့ရင် သံသရာ ဝဋ်ဆင်းရဲဒုက္ခကြီး ကုန်မလား? မကုန်ဘူး။ သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးကို ကုန်ခန်းစေချင်တယ် ဆိုလို့ရှိရင်တော့ ဘာ-လုပ်ရမလဲ? ဒီသစ္စာလေးပါးကို သိအောင် ကြိုးစားအားထုတ်ရမယ်။ ကြိုးစားအားထုတ်ချင်တဲ့အတွက် မြတ်စွာဘုရား တိုက်တွန်းထားတဲ့ သုတ္တန်လေး ၂-ခုရှိတယ်။ ဒီသုတ္တန်လေး ၂-ခုကို ဘုန်းကြီး ဒီညဟောဖို့ ရည်ရွယ်ထားပါတယ်နော်။ သုတ္တန် ၁-ခုကတော့ စေဒသုတ္တန်လို့ ခေါ်ပါတယ်။ မဟာဝဂ္ဂသံယုတ် ပါဠိတော် သစ္စသံယုတ်မှာ လာရှိပါတယ်။ မြတ်စွာဘုရား ဘယ်လို ဟောသလဲ?

‘‘အာဒိတ္တေ, ဘိက္ခဝေ, စေလေ ဝါ သီသေ ဝါ ကိမဿ ကရဏီယံ’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ စေလေ ဝါ၊ ပုဆိုးသည်လည်းကောင်း။ သီသေ ဝါ၊ ဦးခေါင်းသည်လည်းကောင်း။ အာဒိတ္တေ၊ မီးစွဲ၍ လောင်နေသည်ဖြစ်သော်။ အဿ၊ ထိုယောက်ျားအဖို့။ ကရဏီယံ၊ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်သည်သာ။ ကိံ၊ အဘယ်ပါနည်း။

ခေါင်းကို မီးလောင်နေမယ်ဆိုရင် ခေါင်းမီးလောင်နေတဲ့ ထိုပုဂ္ဂိုလ်အဖို့ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်က ဘာလဲ? ပုဆိုးကို မီးလောင်နေမယ် ဆိုရင် ပုဆိုးမီးလောင်နေတဲ့ ပုဂ္ဂိုလ်အတွက် ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်က ဘာလဲ? ဒီလို ဘုရားရှင်က မေးထားတယ်။ ဒီတော့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေ နည်းနည်း စဉ်းစားချင်လည်း စဉ်းစားလိမ့်မယ်။ ဒီထဲမှာ ပုဆိုးမီးလောင်တာသာ ဟောထားတယ်။ ထမိန်မီးလောင်တာ မဟောဘူး။ တို့နဲ့ မဆိုင်ဘူး။ ဒီလိုတော့ မထင်နဲ့နော်။ ကဲ ...

‘‘အာဒိတ္တေ, ဘန္တေ, စေလေ ဝါ သီသေ ဝါ, တဿေဝ စေလဿ ဝါ သီသဿ ဝါ နိဗ္ဗာပနာယ အဓိမတ္တော ဆန္ဒော စ ဝါယာမော စ ဥဿာဟော စ ဥဿောဠှီ စ အပ္ပဋိဝါနီ စ သတိ စ သမ္ပဇညဉ္စ ကရဏီယံ’’

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ စေလေ ဝါ၊ ပုဆိုးသည်လည်းကောင်း။ သီသေ ဝါ၊ ဦးခေါင်းသည်လည်းကောင်း။ အာဒိတ္တေ၊ မီးစွဲငြိ၍ လောင်နေသည်ဖြစ်သော။ တဿေဝ စေလဿ ဝါ၊ ထိုပုဆိုး၌ စွဲလောင်နေသော မီး၏လည်းကောင်း။ တဿေဝ သီသဿ ဝါ၊ ထိုဦးခေါင်း၌ စွဲလောင်နေသော မီး၏လည်းကောင်း။ နိဗ္ဗာပနာယ၊ ငြိမ်းအေးစေခြင်းငှာ။ အဓိမတ္တော၊ ပြင်းထန်လွန်ကဲသော။ ဆန္ဒော စ၊ လိုလားတောင့်တနေတဲ့ ဆန္ဒဓာတ်ကိုလည်းကောင်း။ ဝါယာမော စ၊ ကြိုးစားအားထုတ်ခြင်းကိုလည်းကောင်း။ ဥဿာဟော စ၊ အားသွန်ခွန်စိုက် ကြိုးစားခြင်းကိုလည်းကောင်း။ ဥဿောဠှီ စ၊ အပြင်းအထန် ကြိုးစားအားထုတ်ခြင်းကိုလည်းကောင်း။ အပ္ပဋိဝါနီ စ၊ နောက်မဆုတ်တမ်း ကြိုးစားအားထုတ်ခြင်းကိုလည်းကောင်း။ သတိ စ၊ ခိုင်မြဲတဲ့ သတိတရားကိုလည်းကောင်း။ သမ္ပဇညဉ္စ၊ ပိုင်းခြားဝေဖန်, ထိုးထွင်းသိမြင်တတ်တဲ့ သမ္ပဇဉ်တရားကိုလည်းကောင်း။ ကရဏီယံ၊ ပြုသင့်ပြုထိုက်လှပါပေ၏၊

ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ပုဆိုးကို မီးလောင်နေခဲ့မယ်ဆိုရင်, ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ခေါင်းကို မီးလောင်နေခဲ့မယ်ဆိုရင် ထိုစွဲလောင်နေတဲ့ ပုဆိုးမှာ ဒီ မီးငြိမ်းဖို့ရန်, ခေါင်းမှာစွဲလောင်နေတဲ့ ဒီမီးငြိမ်းရန်အတွက် အလွန်အကဲ ပြင်းထန်နေတဲ့ ဆန္ဒဓာတ်တွေ, ကြိုးစားအားထုတ်မှု လုံ့လဝီရိယတွေ, နောက်မဆုတ်တမ်း ကြိုးစားအားထုတ်နေတဲ့ လုံ့လဝီရိယတွေ, သတိသမ္ပဇဉ်ဉာဏ်တွေ အလွန် လိုအပ်ပါတယ်။

မြတ်စွာဘုရား ... ဒီကြိုးစားအားထုတ်မှု လုံ့လဝီရိယ သတိ-သမ္ပဇဉ်ဉာဏ် တရားတွေကို အပြင်းအထန် နောက်မဆုတ်တမ်း ပြုသင့်-ပြုထိုက်ပါတယ် မြတ်စွာဘုရား ...” ဆိုပြီးတော့ လျှောက်ထားတယ်။ ပုဆိုးမီးလောင်နေတဲ့ ပုဂ္ဂိုလ်အတွက် အရေးကြီးဆုံး လုပ်ငန်းသည် ဘာလဲ? ပုဆိုးမှာ လောင်နေတဲ့မီး ငြိမ်းဖို့သည် ဒါ အရေးကြီးဆုံး လုပ်ငန်းပဲ။ ဒီထက် အရေးကြီးတာ သူ့မှာ ရှိသေးသလား? မရှိပါဘူး။ ခေါင်းမှာ မီးစွဲလောင်နေပြီ ဆိုလို့ရှိရင် ခေါင်းမီးစွဲလောင်နေတဲ့ ပုဂ္ဂိုလ်အတွက် ဘာအရေးကြီးဆုံးလဲ? ခေါင်းလောင်နေတဲ့မီး ငြိမ်းဖို့သည် ဒီပုဂ္ဂိုလ်အတွက် အရေးကြီးဆုံး လုပ်ငန်းဖြစ်တယ်။ ဒီလို ရဟန်းတွေက တင်ပြလျှောက်ထားတယ်။ အဲဒီအခါကျတော့ ဘုရားရှင်က ဘာအမိန့်ရှိသလဲ?

‘‘အာဒိတ္တံ, ဘိက္ခဝေ, စေလံ ဝါ သီသံ ဝါ အဇ္ဈုပေက္ခိတွာ အမနသိကရိတွာ အနဘိသမေတာနံ စတုန္နံ အရိယသစ္စာနံ ယထာဘူတံ အဘိသမယာယ အဓိမတ္တော ဆန္ဒော စ ဝါယာမော စ ဥဿာဟော စ ဥဿောဠှီ စ အပ္ပဋိဝါနီ စ သတိ စ သမ္ပဇညဉ္စ ကရဏီယံ’’။

ဘိက္ခဝေ၊ ချသားရဟန်းတို့ ...။ စေလံ ဝါ၊ ပုဆိုးကိုသော်လည်းကောင်း။ သီသံ ဝါ၊ ဦးခေါင်းကိုသော်လည်းကောင်း။ အာဒိတ္တံ၊ မီးစွဲ၍ လောင်နေခဲ့သည်ရှိသော်။ အာဒိတ္တံ၊ စွဲလောင်နေတဲ့ မီးကို။ အဇ္ဈုပေက္ခိတွာ၊ လျစ်လျူရှုထားလိုက်၍။ အမနသိကရိတွာ၊ နှလုံးမသွင်းမူ၍။ အနဘိသမေတာနံ စတုန္နံ အရိယသစ္စာနံ၊ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက်ထွင်းဖောက်၍ မသိမြင်အပ်ကုန်သေးသော သစ္စာ-လေးရပ် တရားမြတ်တို့ကို။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အဘိသမယာယ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းငှာ။ အဓိမတ္တော၊ လွန်ကဲပြင်းထန်သော။ ဆန္ဒော စ၊ လိုလားတောင့်တခြင်း ဆန္ဒတရားကိုလည်းကောင်း။ ဝါယာမော စ၊ ကြိုးစားခြင်းလုံ့လဝီရိယကိုလည်းကောင်း။ ဥဿာဟော စ၊ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း ဥဿာဟ တရားကိုလည်းကောင်း။ ဥဿောဠှီ စ၊ လွန်လွန်ကဲကဲ ကြိုးစားအားထုတ်ခြင်း ဥဿောဠှီ တရားကိုလည်းကောင်း။ အပ္ပဋိဝါနီ စ၊ နောက်မဆုတ်စတမ်း ကြိုးစားအားထုတ်ခြင်း အပ္ပဋိဝါနီတရားကိုလည်းကောင်း။ သတိ စ၊ ခိုင်မြဲတဲ့ သတိတရားကိုလည်းကောင်း။ သမ္ပဇညဉ္စ၊ ပိုင်းပိုင်းခြားခြား ထိုးထွင်းသိမြင်တဲ့ သမ္ပဇဉ်ဉာဏ်ကိုလည်းကောင်း။ ကရဏီယံ၊ ပြုသင့်ပြုထိုက်လှပါပေ၏၊

ဘာပြောလဲ? ပုဆိုးကို မီးလောင်နေမယ်ဆိုရင် ဒီလောင်နေတဲ့မီးကို လျစ်လျူရှုထားလိုက်ပါ၊ နှလုံးမသွင်းပါနဲ့။ ခေါင်းကို မီးလောင်နေမယ်ဆိုရင် ဒီလောင်နေတဲ့မီးကို လျစ်လျူရှုထားလိုက်ပါ၊ နှလုံးမသွင်းပါနဲ့။ ဘာလုပ်ရမလဲ? မသိသေးတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိသေးတဲ့ ဒီအရိယသစ္စာလေးရပ် တရားမြတ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ဖို့ရန်အတွက် လွန်ကဲ ပြင်းထန်နေတဲ့ ဆန္ဒဓာတ်တွေ, ကြိုးစားအားထုတ်မှု လုံ့လဝီရိယတွေ, နောက်မဆုတ်တမ်း ကြိုးစားအားထုတ်နေတဲ့ အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ လုံ့လဝီရိယဖြင့် သတိ-သမ္ပဇဉ်ဉာဏ်တွေကိုသာ ပြုလုပ်သင့်ပါတယ်နော်။

ဒီတော့ ဒီသစ္စာလေးပါးဆိုတာ ဘာတွေလဲလို့ မေးတော့ -

ကတမေသံ စတုန္နံ? ဒုက္ခဿ အရိယသစ္စဿ ဒုက္ခသမုဒယဿ အရိယသစ္စဿ ဒုက္ခနိရောဓဿ အရိယသစ္စဿ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အရိယသစ္စဿ။

ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂအရိယသစ္စာ။ ပေါင်းလိုက်တော့ သစ္စာဘယ်နှစ်ပါးလဲ? သစ္စာလေးပါး။ ဒီသစ္စာလေးပါးကို သင်ချသားတို့ သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတဲ့နော်။ အားထုတ်ရမဲ့ သစ္စာလေးပါးသည် ဒီသစ္စာလေးပါး ဖြစ်တယ်။ သစ္စာလေးပါးဖြစ်တဲ့အတွက် မြတ်စွာဘုရား ဘာဆက်ပြီး တိုက်တွန်းသလဲ?

‘‘တသ္မာတိဟ, ဘိက္ခဝေ, ‘ဣဒံ ဒုက္ခ’န္တိ ယောဂေါ ကရဏီယော, ‘အယံ ဒုက္ခသမုဒယော’တိ ယောဂေါ ကရဏီယော, ‘အယံ ဒုက္ခနိရောဓော’တိ ယောဂေါ ကရဏီယော, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယောဂေါ ကရဏီယော’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တသ္မာ၊ ထို့ကြောင့်။ ဣဟ၊ ဤသာသနာတော်မြတ်အတွင်း၌။ တုမှေ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ ဣဒံ ဒုက္ခန္တိ၊ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟူ၍။ ယောဂေါ၊ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခြင်းကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်လှပါပေ၏။ အယံ ဒုက္ခသမုဒယောတိ၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်းဟူ၍။ ယောဂေါ၊ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခြင်းကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်လှပါပေ၏။ အယံ ဒုက္ခနိရောဓောတိ၊ ဤကား ဒုက္ခချုပ်ရာ နိရောဓ သစ္စာတရားတည်းဟူ၍။ ယောဂေါ၊ သိအောင် ကြိုးစားအားထုတ်ခြင်းကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်လှပေ၏။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ၊ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂသစ္စာတရားတည်းဟူ၍။ ယောဂေါ၊ သိအောင် ကြိုးစားအားထုတ်ခြင်းကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်လှပါပေ၏၊

ဒါကြောင့် သင်ချစ်သားတို့တတွေသည် ဒီသာသနာတော်အတွင်းမှာ ဤကား ဒုက္ခသစ္စာလို့ သိအောင်လို့ ကြိုးစားအားထုတ်ကြပါ, ဤကား သမုဒယသစ္စာလို့ သိအောင်လို့ ကြိုးစားအားထုတ်ကြပါ, ဤကား ဒုက္ခချုပ်ရာ နိရောဓသစ္စာတရားလို့ သိအောင်လို့ ကြိုးစားအားထုတ်ကြပါ, ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတရားလို့ သိအောင်လို့ ကြိုးစားအားထုတ်ကြပါ ဆိုပြီးတော့ ဒီလို တိုက်တွန်းထားတယ်။ အဲဒီ တိုက်တွန်းချက်ကို ဒကာကြီးတွေ အလေးအနက် ပြန်စဉ်းစားကြည့်ပါနော်။ အကယ်၍ သာဝကတွေသည် ဘုရားဟောနေတဲ့ ဒုက္ခသစ္စာတရား, ဘုရားဟောနေတဲ့ သမုဒယသစ္စာတရား, ဘုရားဟောနေတဲ့ နိရောဓသစ္စာတရား, ဘုရားဟောနေတဲ့ မဂ္ဂသစ္စာတရား မသိနိုင်ခဲ့ရင် ဘုရားရှင်က ဒီလို ပင်ပန်းခံ တိုက်တွန်းနေပါ့မလား? မတိုက်တွန်းပါဘူး။ ဒီဒုက္ခသစ္စာ အမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို သာဝကတွေက သိနိုင်လို့သာလျှင် သိအောင် ကြိုးစားကြစမ်းပါ။ ဒီလို ဘုရားရှင်က တိုက်တွန်းတယ်။ တိုက်တွန်းတော်မူတဲ့ ဘုရားရှင်ရဲ့ သဗ္ဗေညုတဉာဏ်တော်မြတ်ကြီးအပေါ်၌ ယုံကြည်ကိုးစားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။

သတ္တိသတသုတ္တန်

နောက်တစ်ခု - မြတ်စွာဘုရား ဆက်ပြီး တိုက်တွန်းပြန်တယ်။ “သတ္တိသတ” သုတ္တန်လို့ ခေါ်တယ်။

‘‘သေယျထာပိ, ဘိက္ခဝေ, ပုရိသော ဝဿသတာယုကော ဝဿသတဇီဝီ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သေယျထာပိ၊ ဖြစ်သင့်ဖြစ်ရာ ခိုင်းနှိုင်းဖွယ်ရာ လောကဥပမာသည်ကား။ ဝဿသတာယုကော၊ နှစ်ပေါင်းတစ်ရာရှိသော။ ဝဿသတဇီဝီ၊ နှစ်ပေါင်းတစ်ရာ အသက်ရှင်လေ့ ရှိသော။ ပုရိသော၊ ယောက်ျားသည်။ အတ္ထိ၊ ရှိသည်ဖြစ်လေရာ၏၊

ယောက်ျားတစ်ယောက် အသက် တစ်ရာတန်းမှာ နှစ်ပေါင်းတစ်ရာရှည်တဲ့ပုဂ္ဂိုလ်လို့ ဆိုကြစို့။

တမေနံ ဧဝံ ဝဒေယျ – ‘ဧဟမ္ဘော ပုရိသ, ပုဗ္ဗဏှသမယံ တံ သတ္တိသတေန ဟနိဿန္တိ, မဇ္ဈနှိကသမယံ သတ္တိသတေန ဟနိဿန္တိ, သာယနှသမယံ သတ္တိသတေန ဟနိဿန္တိ။

တမေနံ၊ ထိုယောက်ျားကို။ ဧဝံ ဝဒေယျ၊ ဤသို့ ပြောဆိုလာလေရာ၏၊ ဘယ်ပုဂ္ဂိုလ်တော့ မဆိုလိုဘူးပေါ့နော်။ ပုဂ္ဂိုလ်တစ်ယောက်ယောက်က ဒီနှစ်ပေါင်းတစ်ရာ အသက်ရှည်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီး ပြောမယ် ဆိုကြစို့။ အသက်ရှင်နိုင်တဲ့ စွမ်းရည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဆိုကြစို့နော်။ ဘယ်လိုပြောမလဲ?

ဘော ပုရိသ၊ ထိုယောက်ျား။ ဧဟိ၊ လာပေတော့။ ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌။ တံ၊ သင့်ကို။

9rz1hpfcf5ot7hps3isopr9wbvkjuqs
မင်္ဂလသုတ်-၉၂/၉၇
0
6328
22034
2026-06-08T03:31:30Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၉၂/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၉၁..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22034
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၉၂/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၉၁/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၉၃/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၉၂

‘ဧဟမ္ဘော ပုရိသ, ပုဗ္ဗဏှသမယံ တံ သတ္တိသတေန ဟနိဿန္တိ, မဇ္ဈနှိကသမယံ သတ္တိသတေန ဟနိဿန္တိ, သာယနှသမယံ တံ သတ္တိသတေန ဟနိဿန္တိ။

အမ္ဘော ပုရိသ၊ အိုအမောင်ယောက်ျား။ ဧဟိ၊ လာပေတော့။ ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌။ တံ၊ သင့်ကို အမောင်ယောက်ျားကို။ သတ္တိသတေန၊ လှံအချက်တစ်ရာဖြင့်။ ဟနိဿန္တိ၊ ထိုးဆွကြကုန်လတ္တံ့။ မဇ္ဈနှိကသမယံ၊ နေ့လည်အချိန်အခါကာလ၌။ သတ္တိသတေန၊ လှံအချက်တစ်ရာဖြင့်။ ဟနိဿန္တိ၊ ထိုးဆွကြကုန်လတ္တံ့။ သာယနှသမယံ၊ ညချမ်းအခါ၌လည်းပဲ။ သတ္တိသတေန၊ လှံအချက်တစ်ရာဖြင့်။ ဟနိဿန္တိ၊ ထိုးဆွကြကုန်လတ္တံ့။

အမောင်ယောက်ျား လာပေတော့ - နံနက်အခါ၌ သင်အမောင်ယောက်ျားကို လှံအချက်တစ်ရာဖြင့် ထိုးဆွကြလိမ့်မယ်။ နေ့လည် အချိန်အခါမှာလည်း အမောင်ယောက်ျားကို လှံအချက်တစ်ရာဖြင့် ထိုးဆွကြလိမ့်မယ်။ ညချမ်း အချိန်အခါမှာလည်း အမောင်ယောက်ျားကို လှံအချက်တစ်ရာဖြင့် ထိုးဆွကြလိမ့်မယ်။ ထိုးဆွပြီးတော့ ဘာလုပ်မှာလဲ?

သော ခေါ တွံ, အမ္ဘော ပုရိသ, ဒိဝသေ ဒိဝသေ တီဟိ တီဟိ သတ္တိသတေဟိ ဟညမာနော ဝဿသတာယုကော ဝဿသတဇီဝီ ဝဿသတဿ အစ္စယေန အနဘိသမေတာနိ စတ္တာရိ အရိယသစ္စာနိ အဘိသမေဿသိ’’

အမ္ဘော ပုရိသ၊ အိုအမောင်ယောက်ျား...။ သော ခေါ တွံ၊ ထိုသင်သည်။ ဒိဝသေ ဒိဝသေ၊ နေ့တိုင်းနေ့တိုင်း၌။ တီဟိ တီဟိ သတ္တိသတေဟိ၊ လှံအချက် သုံးရာသုံးရာတို့ဖြင့်။ ဟညမာနော၊ ထိုးဆွခံရလေ့ရှိသော။ ဝဿသတာယုကော၊ အသက်တစ်ရာရှိသော။ ဝဿသတဇီဝီ၊ အသက်တစ်ရာ ရှင်လေ့ရှိသော အမောင်ယောက်ျားသည်။ ဝဿသတဿ၊ နှစ်ပေါင်းတစ်ရာ၏။ အစ္စယေန၊ ကျော်လွန် လွန်မြောက်၍ သွားသောအခါ၌။ အနဘိသမေတာနိ၊ ထိုးထွင်း၍ မသိမြင်အပ်သေးကုန်သော။ စတ္တာရိ အရိယသစ္စာနိ၊ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို။ အဘိသမေဿသိ၊ ထိုးထွင်း၍ သိမြင်လေလတ္တံ့။ ဣတိ ဧဝံ၊ ဤသို့လျှင်။ ဝဒေယျ၊ ပြောဆိုလာလေရာ၏။

အမောင်ယောက်ျား လာပေတော့ - အမောင်ယောက်ျားကို နံနက်အချိန်အခါမှာ လှံအချက်တစ်ရာ, နေ့လည်အချိန်အခါမှာ လှံအချက်တစ်ရာ, ညချမ်းအခါမှာ လှံအချက်တစ်ရာ နေ့တိုင်း နေ့တိုင်း လှံအချက်သုံးရာ ထိုးဆွလိမ့်မယ်။ အဲဒီလို အထိုးအဆွ ခံနိုင်မယ် ဆိုလို့ရှိရင်တော့ နှစ်ပေါင်းတစ်ရာ ပြည့်တဲ့အချိန်အခါမှာ နှစ်ပေါင်းတစ်ရာကို ကျော်လွှား လွန်မြောက်သွားတဲ့ အချိန်အခါမှာ အမောင်ယောက်ျား ထိုးထွင်း မသိသေးတဲ့ သစ္စာလေးပါးတရားကို အမောင်ယောက်ျား ထိုးထွင်း သိလိမ့်မယ်လို့ ပုဂ္ဂိုလ်တစ်ယောက်က လာပြောပြီ ဆိုကြစို့ ...။ အဲဒီ အချိန်အခါမှာ ဘုရားရှင်က ဘာဆက်ပြီး ဆိုဆုံးမသလဲ?

‘‘အတ္ထဝသိကေန, ဘိက္ခဝေ, ကုလပုတ္တေန အလံ ဥပဂန္တုံ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ အတ္ထဝသိကေန၊ မိမိရဲ့ အကျိုးစီးပွားကို လိုလားတောင့်တလျက်ရှိသော။ ကုလပုတ္တေန၊ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည်။ ဥပဂန္တုံ၊ လှံထိုးဖို့ရာ ကပ်ရောက်ခြင်းငှာ။ အလံ၊ သင့်တော်လှပါပေ၏။

ချစ်သားရဟန်းတို့ ... မိမိရဲ့ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးဟာ ထိုကဲ့သို့ နေ့စဉ်နေ့စဉ် နှစ်ပေါင်းတစ်ရာ ကာလပတ်လုံး လှံအချက် သုံးရာ နေ့တိုင်းနေ့တိုင်း ထိုးဆွခံဖို့ရာ လှံအထိုးခံသင့်တယ်။ ဘာဖြစ်လို့လဲ?

တံ ကိဿ ဟေတု? အနမတဂ္ဂေါယံ, ဘိက္ခဝေ, သံသာရော၊ ပုဗ္ဗာ ကောဋိ နပ္ပညာယတိ သတ္တိပ္ပဟာရာနံ အသိပ္ပဟာရာနံ ဥသုပ္ပဟာရာနံ ဖရသုပ္ပဟာရာနံ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ တံ၊ ထိုကဲ့သို့ လှံအထိုးခံသင့်ခြင်းသည်။ ကိဿ ဟေတုံ၊ အဘယ်အကြောင်းကြောင့်နည်း ဟူမူကား။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ အယံ သံသာရော၊ ဤခန္ဓာ အာယတနဓာတ်တို့၏ အဆက်မပြတ် ဖြစ်ပေါ်၍နေရာ အစဉ်အတန်းဟု ခေါ်ဆိုအပ်သော သံသရာသည်။ အနမတဂ္ဂေါ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍သော်လည်း မသိအပ် မသိနိုင်သော အစရှိပေ၏။ သတ္တိပ္ပဟာရာနံ၊ လှံအထိုးခံခဲ့ကြရကုန်သော။ အသိပ္ပဟာရာနံ၊ သံလျက်ဖြင့် အခုတ်ခံကြရကုန်သော။ ဥသုပ္ပဟာရာနံ၊ [?]ဖြင့် အပစ်ခံခဲ့ကြရကုန်သော။ ဖရသုပ္ပဟာရာနံ၊ ပေါက်ဆိန်ဖြင့် အပေါက်ခံခဲ့ကြရကုန်သော ဘဝတို့၏။ ပုဗ္ဗာ ကောဋိ၊ ရှေ့အစွန်းသို့။ နပ္ပညာယတိ၊ မသိအပ် မသိနိုင်ပေ။

သံသရာက သိပ်ပြီး ရှည်တယ်။ ဉာဏ်ဖြင့် အစဉ်လျှောက်၍ လှမ်းမျှော်ပြီး ကြည့်သော်လည်း မသိအပ် မသိနိုင်လောက်အောင် အစရှည်တယ်။ အလွန် ရှည်လျားလှတယ်။ သံသရာရဲ့ ရှေ့အစွန်းဟာ ဉာဏ်ထဲမှာ ဘယ်လိုမှ မထင်နိုင်ဘူး။ ဒီလောက်ရှည်လျားတဲ့ သံသရာခရီးမှာ လှံဖြင့် အထိုးခံရတဲ့ ဘဝတွေ ဘယ်ရွေ့ဘယ်မျှ ရှိတယ်ဆိုတာ ဉာဏ်ဖြင့် အစဉ်လျှောက်၍ ကြည့်သော်လည်း ရှေ့အစွန်းကို မသိနိုင်ဘူး။ သံလျက်ဖြင့် အခုတ်ခံရတဲ့ ဘဝတွေကို လှမ်းမျှော် ကြည့်ရင်လည်း ဘယ်ရွေ့ဘယ်မျှ ရှိတယ်ဆိုတာကို မသိနိုင်ဘူး။ ပေါက်ဆိန်ဖြင့် အပေါက်ခံပြီး သေကျေပျက်စီးရတဲ့ ဘဝတွေကို လှမ်းမျှော်ပြီး ကြည့်မယ် ဆိုလို့ရှိရင်လည်း ဘယ်ရွေ့ဘယ်မျှဆိုတာကို အတ္တိအကျ မသိနိုင်လောက်အောင် ရှည်လျားလှတယ်။

လှံအထိုးခံရတဲ့ ဘဝတွေ, သံလျက်ဖြင့် ခေါင်းအဖြတ်ခံရတဲ့ ဘဝတွေ, ပေါက်ဆိန်နှင့် အပေါက်ခံရတဲ့ ဘဝတွေက အလွန့် အလွန် များလှတယ်။ ဒါကြောင့် ပုဂ္ဂိုလ်တစ်ယောက်က နှစ်ပေါင်းတစ်ရာလောက် နေ့တိုင်း နေ့တိုင်း တစ်နေ့မှာ လှံအချက် သုံးရာ အထိုးခံနိုင်လို့ရှိရင် သစ္စာလေးပါးတရားကို သိမယ်ဆိုရင် သိနိုင်တယ်လို့ လာပြီး ပြောမယ်ဆိုရင် အဲဒီသစ္စာလေးပါးတရားကို သိအောင် ယူလိုက်စမ်းပါ။ လှံအထိုးခံလိုက်စမ်းပါ။ မြတ်စွာဘုရားက ဒီလို တိုက်တွန်းထားတယ်။ ဒါကြောင့် -

ဧဝဉ္စေတံ, ဘိက္ခဝေ, အဿ။ န ခေါ ပနာဟံ, ဘိက္ခဝေ, သဟ ဒုက္ခေန, သဟ ဒေါမနဿေန စတုန္နံ အရိယသစ္စာနံ အဘိသမယံ ဝဒါမိ၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ ဧတံ၊ ဤသဘောတရားသည်ကား။ ဧဝဉ္စေ၊ ဤသို့လျှင်။ အဿ၊ ဖြစ်လေရာ၏။

ချစ်သားရဟန်းတို့ ... ဒီသဘောတရားဟာ ဒီအတိုင်းဖြစ်တယ်။ ဘာပြောတာလဲ? သံသရာခရီးတစ်လျှောက်မှာ လှံအထိုးခံရတဲ့ ဘဝတွေဟာ မသိအပ် မသိနိုင်သော အစရှိတယ်။ သိပ်များတယ်။ သံလျက်ဖြင့် အဖြတ်အတောက်ခံခဲ့ရတဲ့ ဘဝတွေဟာလည်း မသိအပ် မသိစေနိုင်သော အစရှိတယ်။ သိပ်ပြီးများတယ်။ ပေါက်ဆိန်ဖြင့် အပေါက်ခံရတဲ့ ဘဝတွေဟာလည်း မသိအပ် မသိစေနိုင်သော အစရှိတယ်။ သိပ်ပြီးများတယ်။ အဲဒီလို များပြားတယ်ဆိုတာ အဲဒီသဘောတရားဟာ ငါဘုရား ပြောတဲ့အတိုင်းပဲ ဖြစ်နေပါတယ်။ ဒါကြောင့် -

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ အဟံ၊ ငါဘုရားသည်။ သဟ ဒုက္ခေန၊ ဆင်းရဲဒုက္ခနှင့်အတူတကွ။ သဟ ဒေါမနဿေန၊ စိတ်မချမ်းသာခြင်း ဒေါမနဿတရားနှင့် အတူတကွ။ စတုန္နံ အရိယသစ္စာနံ၊ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို။ အဘိသမယံ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကို။ န ခေါ ဝဒါမိ၊ ဟောတော်မမူသည်သာလျှင်တည်း။

ချစ်သားရဟန်းတို့ ... လှံအထိုးခံပြီးတော့ သစ္စာလေးပါး တရားမြတ်တို့ကို သင်ချစ်သားတို့ ရအောင် ယူသင့်တယ်လို့ ငါဘုရား ပြောနေတာက ဥပမာအနေနဲ့ ထင်ရှား ပေါ်လွင်စေချင်လို့သာ ပြောနေတာတဲ့။ တကယ် စင်စစ်အားဖြင့် ငါဘုရား ပြောမယ်ဆိုလို့ရှိရင် ဆင်းရဲဒုက္ခနှင့်အတူတကွ စိတ်မချမ်းသာမှု ဒေါမနဿ, ကိုယ်ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခနှင့်အတူတကွ စိတ်ဆင်းရဲခြင်းဆိုတဲ့ ဒေါမနဿတရားနှင့် အတူတကွ အရိယသစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်လိမ့်မယ် ဆိုတဲ့ ဒီသဘောတရားကိုတော့ ငါဘုရား မဟောပါဘူးတဲ့။ နည်းနည်း ဒကာကြီးတွေ စဉ်းစားကြည့်စမ်းနော်။

သဟ ဒုက္ခေန, သဟ ဒေါမနဿေန စတုန္နံ အရိယသစ္စာနံ အဘိသမယံ ဝဒါမိ၊

ကိုယ်ဆင်းရဲခြင်း ဒုက္ခနှင့်အတူတကွ စိတ်ဆင်းရဲခြင်း ဒေါမနဿတရားနှင့်အတူတကွ အရိယသစ္စာလေးပါးတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကို ငါဘုရား ဘယ်တော့မှ မဟောဘူးတဲ့။ စဉ်းစားကြည့်စမ်းနော်။ ဘာပြောတာလဲလို့ မေးတော့ - ဘုန်းကြီးတို့ အရိယမဂ်ဉာဏ် ဆိုကြပါစို့။ ပထမဈာန် နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုနေတယ် ဆိုကြစို့။ ပုံစံရှင်းအောင် ထပ်ပြောရင်တော့ - ဒီပထမဈာန်နာမ်တရားတွေကို အနိစ္စရှုခိုက် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို မျက်မှောက်ပြုတယ် ဆိုကြစို့။

အဲဒီ ပထမဈာန်နာမ်တရားတွေကို ဝိပဿနာရှုခိုက် အသင်္ခတဓာတ် နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူမယ်ဆိုရင် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံယူနေတဲ့ ဒီအရိယမဂ်စိတ်မှာ အရိယမဂ်စိတ်နှင့်တကွ ယှဉ်တွဲနေတဲ့ စိတ်-စေတသိက်တွေ ၃၇-လုံး ရှိပါတယ်။ အဲဒီ ၃၇-လုံးထဲမှာ ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဉ်တွဲနေတဲ့ ဒုက္ခဝေဒနာ ဆိုတာလည်း မပါဘူး။ ဒေါသမူစိတ်နှင့် ယှဉ်တွဲနေတဲ့ ဒေါမနဿဝေဒနာ ဆိုတာလဲ မပါဘူး။ ဘာသာပါလဲ? သောမနဿဝေဒနာ။ ဒီတရားပဲ ပါတယ်။ စိတ်-စေတသိက် ၃၇-လုံး ရှိပါတယ်။ မဂ္ဂင်အနေနဲ့ ပြောရင် မဂ္ဂင် ၈-ပါး ရှိပါတယ်။ အဲဒီတော့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းပြီး အာရုံပြုနေတဲ့ ဒီအရိယမဂ်စိတ်မှာ ကာယိကဒုက္ခခေါ်တဲ့ ဒုက္ခလည်း မရှိဘူး။ စေတသိကဒုက္ခခေါ်ဆိုအပ်တဲ့ ဒေါမနဿ ဝေဒနာလည်း မရှိဘူး။

ဒါကြောင့် ကာယိကဒုက္ခနှင့် အတူတကွ, စေတသိကဒုက္ခခေါ်တဲ့ ဒေါမနဿဝေဒနာနှင့် အတူတကွ အရိယသစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမယ်လို့ ငါဘုရား ဘယ်တော့မှ မဟောပါဘူး။ အရိယမဂ်စိတ် အခိုက်အတန့်မှာ ဒီဒုက္ခနဲ့ ဒေါမနဿ ထင်ရှားရှိနိုင်သလား? မရှိနိုင်ဘူးလို့ ဆိုလိုတယ်။ သို့သော် ဒီဒုက္ခဝေဒနာတွေကို ဝိပဿနာ မရှုကောင်းဘူးလို့ ဘုန်းကြီး ပြောနေတာတော့ မဟုတ်ဘူးနော်။ ဒုက္ခဝေဒနာကိုတော့ ဝိပဿနာ ရှုနိုင်ပါတယ်။ ဒေါမနဿဝေဒနာတွေကိုလည်း ဝိပဿနာ ရှုနိုင်ပါတယ်။ သို့သော် ဝိပဿနာ ရှုလိုက်တဲ့ အချိန်အခါမှာ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူလိုက်တဲ့ အချိန်ခါမှာ ဘာဖြစ်ရမလဲ?

အကယ်၍ ဒီဒုက္ခဝေဒနာ ဦးဆောင်နေတဲ့ ဆိုပါတော့ - ကာယဒွါရိက ဝီထိ။ စိတ်စေတသိက် သို့မဟုတ် ဒေါမနဿ ဝေဒနာဦးဆောင်နေတဲ့ ကာယဒွါရိက သို့မဟုတ် မနောဒွါရိက ဝီထိ စိတ်စေတသိက်တွေကို ဝိပဿနာရှုခိုက် မဂ်ဆိုက်ခဲ့မယ် ဆိုလို့ရှိရင်လည်း ထိုအရိယမဂ်တရားမှာ စိတ်စေတသိက် ၃၇-လုံးပဲ ရှိပါတယ်။ ပထမဈာန်နိက မဂ်ပဲဖြစ်တယ်။ အဲဒီ ပထမဈာန်နိက မဂ်ဖြစ်ခဲ့မယ် ဆိုလို့ရှိရင်တော့ အဲဒီမှာ ဒေါမနဿဝေဒနာ မယှဉ်နိုင်ဘူး။ အရှုခံအာရုံဖြစ်တဲ့ သင်္ခါရတရားတွေမှာ ဒေါမနဿဝေဒနာတွေနှင့် ယှဉ်ချင်လည်း ယှဉ်ပါစေ, ဒုက္ခဝေဒနာနှင့် ယှဉ်တွဲနေတာလည်း ဖြစ်ချင်လည်း ဖြစ်ပါစေ ရှုတတ်တဲ့ ဝိပဿနာ အရိယမဂ်ဉာဏ်မှာတော့ ဒုက္ခဒေါမနဿ မယှဉ်ဘူး။

အလားတူပဲ - ဒီဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ ပေါ်လာတဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းအာရုံ ယူနေတဲ့ အရိယမဂ် စိတ်-စေတသိက်မှာလည်း ဒေါမနဿ ဝေဒနာနဲ့ ယှဉ်မှုဆိုတာ မရှိဘူး။ ဒုက္ခဝေဒနာနှင့်ယှဉ်မှု ဆိုတာလည်း မရှိဘူး။ သောမနဿဝေဒနာ ဖြစ်ချင်ဖြစ်မယ် သို့မဟုတ် စတုတ္ထဈာန် ကဲ့သို့သော သင်္ခါရတရားတွေကို ဝိပဿနာရှုခိုက် အရိယမဂ်ဆိုက်ခဲ့မယ် ဆိုလို့ရှိရင်တော့ ဥပေက္ခာဝေဒနာနဲ့ ယှဉ်ချင်လည်း ယှဉ်မယ်။ သောမနဿနဲ့ ဥပေက္ခာ ဒီ၂-မျိုးပဲ ရှိပါတယ်။

ဒါကြောင့် ဒုက္ခဝေဒနာနဲ့ အတူတကွ, ဒေါမနဿဝေဒနာနဲ့ အတူတကွ အရိယသစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လိမ့်မယ်လို့ ငါဘုရား မဟောပါဘူး။ ဒီတော့ ခေတ်က ရှုကွက်ကလေး တစ်ခုကိုတော့ ဘုန်းကြီး နည်းနည်း ပြောချင်တယ်နော်။ ဒါ ဗုဒ္ဓသုတ အဖြစ်ပါ။ ခေတ်ကတော့ သူက နာရင် နာတယ်။ နာတယ်လို့ ရှုတယ်။ ဟုတ်ပြီလား? အဲဒီ နာတယ် နာတယ်လို့ ရှုရင်လည်း မဂ်ဖိုလ်နိဗ္ဗာန် ရမယ်တဲ့။ တလောက ပြောခဲ့တယ်။ မဟာတိဿကိုယ်တော်မြတ်ကြီး ကျောက်တုံးနဲ့ ပေါင်ရိုက်ချိုးပြီးတော့ နာတယ် နာတယ်လို့ ဝိပဿနာ ရှုသွားတာ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်သွားတယ်တဲ့ သူတို့က ဒီလို ပြောကြတယ်။ အဲဒါ ဟုတ်ပါ့မလား? (မဟုတ်ပါဘူးဘုရား) ဒီမှာ ကြည့်ပေါ့ -

သဟ ဒုက္ခေန, သဟ ဒေါမနဿေန စတုန္နံ အရိယသစ္စာနံ အဘိသမယံ ဝဒါမိ၊

ကာယိကဒုက္ခနဲ့ အတူတကွ စေတသိကဒုက္ခခေါ်တဲ့ ဒေါမနဿဝေဒနာနဲ့ အတူတကွ သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တယ်လို့ ငါဘုရား မဟောပါဘူး။ ဒီတော့ ဒီနေရာမှာ ဒီဝေဒနာကို မရှုကောင်းဘူးတော့ မဆိုလိုပါဘူး။ ဝေဒနာကို ရှုတော့ ရှုကောင်းတယ်။ ဝေဒနာရှုမဲ့ပုဂ္ဂိုလ်သည် ဘာလုပ်ရမလဲ? ဒီကာယိကဒုက္ခဝေဒနာခေါ်တဲ့ ဒီ စေတသိကဒုက္ခခေါ်တဲ့ ဒေါမနဿဝေဒနာကို ရှုမဲ့ပုဂ္ဂိုလ်သည် ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ။ ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို ရှုထားပြီး ဖြစ်ရမယ်။ ရုပ်တရားတို့ မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်လေးတွေအနေနဲ့ ဖြစ်ပါတယ်။

ဒီတော့ မိမိက ရုပ်ကလာပ်အမှုန် မမြင်သေးဘူး ဆိုလို့ရှိရင်တော့ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ အစရှိတဲ့ ရုပ်ပရမတ်တရားလေးတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမလား? မသိနိုင်ဘူး။ ဘာဖြစ်လို့လဲ? ရုပ်ကလာပ်ကိုမှ မမြင်သေးတာကိုးနော်။ ဒီတော့ ရုပ်ကလာပ်ကို မမြင်သေးလို့ ရုပ်ပရမတ်အစစ်ကို မမြင်သေးရင် ထိုပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးတဲ့ ပုဂ္ဂိုလ်လို့ ခေါ်နိုင်ပါ့မလား? မခေါ်နိုင်ဘူး။ ဒီတော့ ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး ဖြစ်ရမယ်။ ဒါက စည်းကမ်းတစ်ခု။ နောက်စည်းကမ်းတစ်ခုက ဘာလဲ?

ယဿ ဝေဒနာ ပါကဋာ ဟောတိ၊ သော န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ တာယ သဒ္ဓိံတဒေဝါရမ္မဏံ ဖုသမာနော ဖဿောပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနာမာနာ သညာပိ၊ စေတယမာနာ စေတနာပိ၊ ဝိဇာနနာမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီတိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။

ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသိဉာဏ်ထဲမှာ ရုပ်တရားတွေ ရှုပြီးတဲ့ အချိန်အခါ နာမ်ကမ္မဋ္ဌာန်းကို ကူးလိုက်တဲ့ အချိန်ခါမှာ ဝေဒနာက သိပ်ထင်ရှားပြီ။ ဝေဒနာ ထင်ရှားလို့ရှိရင် ဝေဒနာတစ်ခုတည်း ရှုရမလားလို့မေးတော့ မဟုတ်ဘူး။ ဝေဒနာထင်ရှားတဲ့ ပုဂ္ဂိုလ်ကလည်း ထိုဝေဒနာနဲ့ အတူတကွ ထိုအာရုံကိုပဲ တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်နေတဲ့ ဖဿလည်း ထင်ရှားဖြစ်နေတယ်။ ထိုအာရုံကို မှတ်သိ သိနေတဲ့ သညာလည်း ထင်ရှားဖြစ်နေတယ်။ ထိုအာရုံပေါ်သို့ စိတ်-စေတသိက် သမ္ပယုတ်တရားတွေကို ရောက်အောင် စေ့ဆော်, လှုံ့ဆော်ပေးတတ်တဲ့ စေတနာလည်း ထင်ရှားဖြစ်နေတယ်။ ထိုအာရုံကို ပိုင်းပိုင်းခြားခြား သိတတ်တဲ့ အသိစိတ် ဝိညာဏ်လည်း ထင်ရှားဖြစ်နေတယ်လို့ ဒီလို နှလုံးပိုက်ပြီး ဖဿ, ဝေဒနာ, သညာ, စေတနာ, ဝိညာဏ်ခေါ်တဲ့ ဖဿပဉ္စမကတရားငါပါး ဦးဆောင်နေတဲ့ ယှဉ်ဖက်စိတ်-စေတသိက် သမ္ပယုတ်တရား နာမ်တရားတွေကို ဆက်လက်ပြီး ရှုပါဆိုပြီးတော့ ဒီလို ညွှန်ကြားထားတယ်။ ဝေဒနာတစ်ခုတည်း ရှုရမလား? မဟုတ်ပါဘူးနော်။ ဝေဒနာနဲ့ယှဉ်ဖက် စိတ်-စေတသိက်တွေကို လိုက်ပြီး ရှုရမယ်။ ရှုလိုက်တဲ့ အချိန်အခါမှာ ဆိုကြပါစို့ ...

ခုလိုပေါ့ နာကျင်ကိုက်ခဲနေတဲ့ တင်ပါးတစ်နေရာ ဆိုကြပါစို့နော်။ အဲဒီ တင်ပါးတစ်နေရာမှာ နာကျင်ကိုက်ခဲနေရင် ဒီတင်ပါးကို လှမ်းပြီး ဓာတ်လေးပါး စိုက်ကြည့်ပါ။ ကလာပ်အမှုန်တွေပဲ။ အဲဒီ ကလာပ်အမှုန်တွေကို ဓာတ်ခွဲကြည့်မယ်ဆိုရင် ဒီတင်ပါး တစ်နေရာမှာ ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇအဋ္ဌကလာပ်, ဥတုဇအဋ္ဌကလာပ်, အာဟာရဇအဋ္ဌကလာပ် ဆိုပြီး ရုပ်ကလာပ် အမျိုးအစားက ငါးမျိုး။ ရုပ်အမျိုးအစားက ၄၄-လောက် ရှိတယ်။ ဇီဝိတနဝကကလာပ်ပါ ရေတွက်ရင် ရုပ်ကလာပ် အမျိုးအစား ၆-မျိုး၊ ရုပ်အမျိုးအစား ၅၃-လောက်အထိ ရှိတယ် ဆိုကြပါစို့။ ဒါက ရုပ်အစစ်တွေပဲ။ ရုပ်အတုတွေလည်း အထိုက်အလျောက် ရှိမယ်။ အဲဒီ ရုပ်တရားတွေကို ခြုံငုံပြီးတော့ ပထမ သိမ်းဆည်းတတ်ရမယ်။ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်က နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းချင်တယ်, ဝေဒနာ ဦးဆောင်နေတဲ့ နာမ်တရားတွေကို ရှုချင်တယ်ဆိုရင် -

အဲဒီ တင်ပါးလို့ ခေါ်ဆို သတ်မှတ်ထားအပ်တဲ့ နေရာမှာ တည်ရှိနေတဲ့ ကာယအကြည်ဓာတ်ကို ပြန်သိမ်းဆည်းရတယ်။ ကာယဒသကကလာပ်တွေမှာ ပါနေတဲ့ ကာယအကြည်ဓာတ်၊ ထိုအချိန်အခါမှာ ယောဂီသူတော်ကောင်းက ၆-ဌာန၊ ၄၂-ကောဋ္ဌာသမှာ ရှိတဲ့ ရုပ်တွေကို စနစ်တကျ သိမ်းဆည်းထားပြီးတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ နှလုံးအိမ်မှာ ရှိနေတဲ့ ၅၄-မျိုးသော ရုပ်တွေကိုလည်း သိမ်းဆည်းထားပြီး ဖြစ်ပါတယ်။ နှလုံးအိမ်မှာ ရှိနေတဲ့ ၅၄-မျိုးသော ရုပ်တရားတွေထဲက ဟဒယဝတ္ထုကို ဦးစားပေးပြီး သိမ်းဆည်းလိုက်ရင် ဟဒယဝတ္ထုကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကိုလည်း လွယ်လွယ်ကူကူနဲ့ သိမ်းဆည်းလို့ ရပါလိမ့်မယ်။

အဲဒီတော့ တင်ပါးတစ်နေရာမှာ ရှိနေတဲ့ ကာယအကြည်ဓာတ်နဲ့ ဘဝင်မနောအကြည်ဓာတ် နှစ်ခုကို ပြိုင်တူထင်အောင် သိမ်းဆည်းပြီးတဲ့ အချိန်အခါ နောက်တစ်ဆင့် ထိုပုဂ္ဂိုလ်က နာကျင်ကိုက်ခဲတဲ့ ဒီတင်ပါးလို့ သမုတိသစ္စာနယ်က ခေါ်တဲ့ဒေသမှာ ဒီကာယအကြည်ဓာတ်ကို လာပြီး ရိုက်ခတ်နေတဲ့ ဓာတ်တွေက ပထဝီဓာတ်, တေဇောဓာတ်, ဝါယောဓာတ် ဆိုပြီး ဖောဋ္ဌဗ္ဗဓာတ် အမည်ရနေတဲ့ ဓာတ်သုံးမျိုး ရှိပါတယ်။ အဲဒီ ဓာတ်သုံးမျိုးထဲက ပထဝီဓာတ်က လွန်ကဲသလား, ဝါယောဓာတ်က လွန်ကဲသလား, တေဇောဓာတ်က လွန်ကဲသလား? အဲဒီနေရာမှာ လှမ်းကြည့်ရတယ်။ တေဇောဓာတ်က လွန်ကဲနေခြင်းကြောင့် နာကျင်ကိုက်ခဲမှုလည်း ဖြစ်နိုင်တယ်။ ပထဝီဓာတ်တွေ မာမှုတွေ လွန်ကဲနေခြင်းကြောင့် နာကျင်ကိုက်ခဲမှုတွေလည်း ဖြစ်နိုင်တယ်။ တွန်းကန်မှု, ထောက်ကန်မှု ဝါယောဓာတ်တွေ လွန်ကဲနေခြင်းကြောင့်လည်း နာကျင်ကိုက်ခဲမှုတွေ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ဒီနာကျင်ကိုက်ခဲမှု ဖြစ်နေတဲ့နေရာမှာ ထိုလွန်ကဲနေတဲ့ ဓာတ်တစ်ခုကို အာရုံယူရတယ်။

ဥပမာ - ဝါယောဓာတ်က လွန်ကဲနေပြီ ဆိုကြပါစို့။ တအားဖိပြီး တွန်းကန်နေတဲ့ ဝါယောဓာတ် လွန်ကဲမှုကြောင့် ဒီကာယအကြည်ဓာတ်ကို ရှေးရှုထိခိုက်နေတဲ့အတွက် ဒီကာယအကြည်ဓာတ်နဲ့ ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြုပြီးတော့ ဒုက္ခဝေဒနာ ဦးဆောင်နေတဲ့ ကာယဒွါရိက ဝီထိစိတ်တွေနဲ့၊ မနောဒွါရိက ဝီထိစိတ်တွေ ဖြစ်ပြီ ဆိုကြစို့။ ဖြစ်လိုက်တဲ့ အချိန်အခါမှာ ဝီထိစိတ် အစဉ်အတိုင်း ပြောမယ်ဆိုလို့ရှိရင်တော့ -

ပဉ္စဒွါရာဝဇ္ဇန်း, ကာယဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ, ဘဝင်ခြားပြီးတော့ နောက်ထပ် မနောဒွါရာဝဇ္ဇန်း, ဇော, တဒါရုံ ဆိုပြီးတော့ ဝီထိစိတ်တွေ ဖြစ်တယ်။ ဇောတွေက ၇-ကြိမ်၊ တဒါရုံက ၂-ကြိမ် ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အပိုင်းလေးမှာ ပဉ္စဒွါရာဝဇ္ဇန်းသည် စိတ်-စေတသိက် ၁၁-လုံးရှိတယ်။ ဒါ ပုံသေ ဥပေက္ခာဝေဒနာ ဖြစ်ပါတယ်။ ခု ကာယဝိညာဏ်ကတော့ နာကျင်နေတဲ့အတွက် ဒုက္ခဝေဒနာနဲ့ ယှဉ်တွဲနေတဲ့ ကာယိကဒုက္ခလို့ခေါ်တဲ့ စိတ်-စေတသိက် ၈-လုံး ရှိတယ်။ ကာယဝိညာဏ်နောက်မှာ ဆက်လက်ပြီး ဖြစ်ပေါ်သွားတဲ့ သမ္ပဋိစ္ဆိုင်းလို့ ခေါ်ဆိုအပ်တဲ့ ဒီအာရုံကို ဆက်လက်ပြီး လက်ခံနေတဲ့ စိတ်မှာ စိတ်-စေတသိက် ၁၁-လုံးရှိတယ်။ ပုံသေ ဥပေက္ခာ။ အဲဒီကနေ ရှေ့သွားလိုက်တဲ့အခါ သန္တီရဏမှာ စိတ်-စေတသိက် ဒီနေရာမှာတော့ များသောအားဖြင့် သန္တီရဏမှာ သောမနဿ, ဥပေက္ခာ ၂-မျိုးရှိတဲ့အနက်က ဥပေက္ခာ အဖြစ်များတတ်ပါတယ်။ စိတ်-စေတသိက် ၁၁-လုံး ရှိမယ်။ ဥပေက္ခာဝေဒနာ။ ဝုဋ္ဌောမှာ စိတ်-စေတသိက် ၁၂-လုံး ရှိမယ်။ ဥပေက္ခာဝေဒနာ။ ဇောတွေကျတော့ မိမိတို့ရဲ့ ဝုဋ္ဌောရဲ့ ဆုံးဖြတ်ချက်က ယောနိသော မနသိကာရဖြစ်မယ် ဆိုရင်တော့ ဇောတွေမှာ ကုသိုလ်ဇော စောမယ်, အယောနိသော မနသိကာရ ဖြစ်ခဲ့မယ် ဆိုရင်တော့ ဇောတွေမှာ အကုသိုလ်ဇော စောမယ်။ စောတဲ့ အချိန်အခါမှာ ဒီဇောတွေမှာ သောမနဿ, ဒေါမနဿ, ဥပေက္ခာ ထိုက်သလို ဖြစ်တတ်ပါလိမ့်မယ်။ တဒါရုံမှာလည်း ထိုနည်းလည်းကောင်းပဲ။ နောက်က မနောဒွါရာဝဇ္ဇန်းမှာ ဥပေက္ခာ၊ ဇောတွေမှာလည်း ထိုနည်းလည်းကောင်းပဲ။ တဒါရုံမှာလည်း ထိုနည်းလည်းကောင်းပဲ။

အဲဒီလို ဝီထိစိတ်တွေ ဖြစ်သွားတဲ့ အချိန်အခါမှာ ဒုက္ခဝေဒနာသည် ဘယ်စိတ်မှာသာ ယှဉ်လဲ? ကာယဝိညာဏ်စိတ် တစ်ခုမှာသာလျှင် ဒုက္ခဝေဒနာ ယှဉ်တယ်။ ကျန်တာတွေက ဥပေက္ခာနဲ့ သောမနဿ, ဒေါမနဿ ထိုက်သလို ဖြစ်ကြလိမ့်မယ်။ အဲဒီတော့ ဒုက္ခဝေဒနာတစ်ခုကိုသာ ဝေဒနာလို့ သိပြီးတော့ ကျန်နေတဲ့ ဝေဒနာတွေကို ဝေဒနာလို့ မသိခဲ့ရင် လုံလောက်မလား? မလုံလောက်ဘူး။ ဒါက အကြောင်းတစ်ခု။ ဝေဒနာတစ်ခုတည်းကိုသာ နာတယ် နာတယ်လို့ စိုက်ရှုပြီးတော့ ကျန်နေတဲ့ စိတ်-စေတသိက်တွေကို မရှုခဲ့ရင်ကော လုံလောက်မလား? မလုံလောက်ဘူး။ ဂဏ မပြိုဘူး။ ပရမတ်ကို ဉာဏ်အမြင် မဆိုက်ဘူး။ မဆိုက်ဘူး ဆိုလို့ရှိရင်လည်း ထိုပုဂ္ဂိုလ်ရဲ့ ရှုကွက်သည် ရုပ်ပိုင်းမှာလည်း ပရမတ်ကို မဆိုက်ဘူး။ နာမ်ပိုင်းမှာလည်း ပရမတ်ကို မဆိုက်ဘူးဆိုတော့ ရုပ်နာမ်ကိုမှ ပရမတ် မသိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ နာမရူပပရိစ္ဆေဒဉာဏ် ရရှိပြီလား? မရဘူး။

နာမရူပပရိစ္ဆေဒဉာဏ်မှ မရရှိသေးတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အ...တိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်ရှား ဖြစ်ပုံ။ ဒီဘဝမှာ ပြုစုပျိုးထောင်နေတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခေါ်တဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်ပုံကို ပုံစံမှန် သိနိုင်ပါ့မလား? မသိနိုင်ဘူး။ မသိနိုင်ရင် ပစ္စယပရိဂ္ဂဟဉာဏ်ကော ရမလား? မရဘူး။ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်တောင်မှ မရသေးတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ မှန်ကန်တိကျနေတဲ့ ဝိပဿနာဉာဏ်ဆိုတာ ဖြစ်ပါ့မလား? မဖြစ်ဘူး။ အဲဒီလို ဝိပဿနာဉာဏ် အစစ်အမှန်ကို မရနိုင်တဲ့ ပုဂ္ဂိုလ်က နာတယ် နာတယ်လို့ ထိုင်ပြီး ရှုနေခဲ့မယ်ဆိုရင် မှန်ကန်တိကျနေတဲ့ ဒီသစ္စာလေးပါးတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမလား? မသိဘူး။ ဒါကြောင့် ဘုရားရှင်က ဒီနေရာမှာ -

န ခေါ ပနာဟံ, ဘိက္ခဝေ, သဟ ဒုက္ခေန, သဟ ဒေါမနဿေန စတုန္နံ အရိယသစ္စာနံ အဘိသမယံ ဝဒါမိ၊

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အဟံ၊ ငါဘုရားသည်။ ခေါ ပန၊ တကယ်စင်စစ်အားဖြင့်သော်ကား။ သဟ ဒုက္ခေန၊ ဆင်းရဲ ဒုက္ခနှင့် အတူတကွ။ သဟ ဒေါမနဿေန၊ ဒေါမနဿနဲ့ အတူတကွ။ စတုန္နံ အရိယသစ္စာနံ၊ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို။ အဘိသမယံ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကို။ န ဝဒါမိ၊ မဟောတော်မူသည်သာလျှင်တည်း၊

အပိ စာဟံ, ဘိက္ခဝေ, သဟာဝ သုခေန, သဟာဝ သောမနဿေန စတုန္နံ အရိယသစ္စာနံ အဘိသမယံ ဝဒါမိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အပိ စ၊ တကယ် စင်စစ်အားဖြင့်သော်ကား။ အဟံ၊ ငါဘုရားသည်။ သဟာဝ သုခေန၊ သုခနှင့် အတူတကွသာလျှင်။ သဟာဝ သောမနဿေန၊ သောမနဿနဲ့ အတူတကွသာလျှင်။ စတုန္နံ အရိယသစ္စာနံ၊ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို။ အဘိသမယံ၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကို။ ဝဒါမိ၊ ဟောတော်မူ၏၊

ကာမာဝစရ ရုပ်တရား နာမ်တရားတွေကို ဝိပဿနာရှုခိုက် မဂ်ဆိုက်ခဲ့မယ်ဆိုလို့ရှိရင်လည်း ထိုအရိယမဂ်သည် သောမနဿဝေဒနာနဲ့ ယှဉ်တယ်။ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန် ခေါ်တဲ့ ဈာန်နာမ်တရားတွေကို ဝိပဿနာရှုခိုက် အရိယမဂ်ဆိုက်ခဲ့ရင်လည်း ထိုအရိယမဂ်သည် သောမနဿဝေဒနာနဲ့ ယှဉ်တယ်။ သို့သော် စတုတ္ထဈာန် သို့မဟုတ် အထက်ပိုင်း အရူပဈာန်တွေကို ဝိပဿနာရှုခိုက် အရိယမဂ်ဆိုက်ခဲ့မယ် ဆိုလို့ရှိရင်တော့ ထိုအရိယမဂ်မှာ ဥပေက္ခာဝေဒနာနဲ့ ယှဉ်နေပါတယ်။ သို့သော်လည်း ဒီနေရာမှာ ဘုရားရှင်ကတော့ ပဓာနနည်းအားဖြင့် ဟောသွားတယ်လို့ မှတ်ပါနော်။ ဒါကြောင့် သုခဝေဒနာနဲ့ အတူတကွ သောမနဿဝေဒနာနဲ့ အတူတကွ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် သစ္စာလေးရပ် တရားမြတ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကို ငါဘုရား ဟောတော်မူပါတယ်။ ဒုက္ခဝေဒနာနှင့် ဒေါမနဿဝေဒနာနဲ့ အတူယှဉ်တွဲပြီးတော့ သစ္စာလေးပါးကို ထိုးထွင်းသိတယ်လို့ ငါဘုရား ဟောတာလား? မဟောပါဘူးတဲ့။

ကတမေသံ စတုန္နံ? ဒုက္ခဿ အရိယသစ္စဿ ဒုက္ခသမုဒယဿ အရိယသစ္စဿ ဒုက္ခနိရောဓဿ အရိယသစ္စဿ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အရိယသစ္စဿ။

သစ္စာလေးပါးဆိုတာ ဘာလဲ? ဘုရားဆက်ဟောတယ်။ ဒုက္ခ အရိယသစ္စာ, သမုဒယအရိယသစ္စာ, နိရောဓ အရိယသစ္စာ, ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်လို့ ခေါ်ဆိုတဲ့ မဂ္ဂအရိယသစ္စာ။ အဲဒီ သစ္စာလေးရပ် တရားမြတ်ကို သုခနှင့်တကွ သောမနဿနဲ့တကွ ထိုးထွင်းသိပြီး သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်သိတယ်လို့သာ ငါဘုရား ဟောပါတယ်။ ဒါကြောင့် သင်ချစ်သားတို့, သင်ချစ်သမီးတို့တတွေ ဘာလုပ်ရမလဲ?

‘‘တသ္မာတိဟ, ဘိက္ခဝေ, ‘ဣဒံ ဒုက္ခ’န္တိ ယောဂေါ ကရဏီယော, ‘အယံ ဒုက္ခသမုဒယော’တိ ယောဂေါ ကရဏီယော, ‘အယံ ဒုက္ခနိရောဓော’တိ ယောဂေါ ကရဏီယော, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယောဂေါ ကရဏီယော’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တသ္မာ၊ ထို့ကြောင့်။ ဣဟ၊ ဤသာသနာတော်မြတ်အတွင်း၌။ တုမှေ၊ သင်ချစ်သားတို့သည်၊ သင်ချစ်သမီးတို့သည်။ ဣဒံ ဒုက္ခန္တိ၊ ဤကား ဒုက္ခသစ္စာတရားတည်းဟူ၍။ ယောဂေါ၊ သိအောင် ကြိုးစားအားထုတ်ခြင်းကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်လှပေ၏။ အယံ ဒုက္ခသမုဒယောတိ၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာတရားတည်းဟူ၍။ ယောဂေါ၊ သိအောင် ကြိုးစားအားထုတ်ခြင်းကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်လှပေ၏။ အယံ ဒုက္ခနိရောဓောတိ၊ ဤကား ဒုက္ခချုပ်ရာ နိရောဓ အရိယသစ္စာတရားတည်းဟူ၍။ ယောဂေါ၊ သိအောင် ကြိုးစားအားထုတ်ခြင်းကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်လှပေ၏။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ၊ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂ အရိယသစ္စာတရားတည်းဟူ၍။ ယောဂေါ၊ သိအောင် ကြိုးစားအားထုတ်ခြင်းကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်လှပေ၏၊

ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာခေါ်တဲ့ ဒီသစ္စာလေးပါးကို သင်ချစ်သားတို့, သင်ချစ်သမီးတို့ သိအောင် ကြိုးစားအားထုတ် ထိုက်ပါတယ် ဆိုပြီးတော့ မြတ်စွာဘုရား တိုက်တွန်းထားတယ်။ ဘာဖြစ်လို့လဲ? တစ်နေ့ လှံအချက် သုံးရာ အထိုးခံရတဲ့ ဒီအထိုးခံရတဲ့ဒုက္ခသည် ဘာမှ မပြောပလောက်ပါဘူး။ သံသရာတစ်လျှောက်မှာ လှံအထိုးခံရပြီး သေကျေ ပျက်စီးခဲ့ရတဲ့ ဘဝ, ဓားအခုပ်ခံပြီး သေကျေ ပျက်စီးခဲ့ရတဲ့ ဘဝ, ပေါက်ဆိန် အပေါက်ခံပြီး သေကျေ ပျက်စီးခဲ့ရတဲ့ ဘဝတွေက မရေမတွက်နိုင်အောင် များပြားလှတယ်။ ဒါကြောင့် အကယ်၍များ ဒီလို ဆင်းရဲဒုက္ခခံပြီးတော့ သစ္စာလေးပါးကို ရအောင် ယူလိုက်စမ်းပါ။ သို့သော် ငါဘုရားကတော့ ဆင်းရဲဒုက္ခနှင့်တကွ ဒေါမနဿနဲ့ အတူတကွ စိတ်မချမ်းသာမှု ဒေါမနဿနဲ့ အတူတကွ သစ္စာလေးပါးကို ထိုးထွင်းသိလျှင် အဲဒီ သစ္စာလေးပါးကို ထိုးထွင်းသိနိုင်တယ်လို့ မဟောပါဘူး။ ချမ်းသာသုခနှင့်အတူတကွ ဝမ်းမြောက်ခြင်း သောမနဿဝေဒနာနှင့် အတူတကွသာလျှင် ထိုးထွင်းသိနိုင်တယ်လို့ ငါဘုရား ဟောပါတယ်။

ဒါကြောင့် ရှည်လျားလှစွာသော သံသရာခရီးမှာ သင်ချစ်သားတို့, သင်ချစ်သမီးတို့ ကျင်လည်ခဲ့ကြစဉ် အချိန်အခါမှာ လှံအထိုးခံရပြီး သေခဲ့ရတဲ့ ဘဝတွေ, ဓားခုတ်ခံရပြီး သေခဲ့ရတဲ့ ဘဝတွေ, ပေါက်ဆိန် အပေါက်ခံပြီး သေကျေပျက်စီးခဲ့ရတဲ့ ဘဝတွေက မရေမတွက်နိုင်အောင် များပြားလွန်းတဲ့အတွက် ဒီလို မရေမတွက်နိုင်တဲ့ ဘဝတွေကို သံသရာတစ်လျှောက်မှာ ကျင်လည်ခဲ့ရခြင်းဟာလည်း သစ္စာလေးပါးကို ထိုးထွင်း မသိမြင်တဲ့အတွက်ကြောင့် ဒီလို ကျင်လည်ခဲ့ရခြင်း ဖြစ်တယ်။ ဒါကြောင့် သင်ချစ်သားတို့, သင်ချစ်သမီးတို့ ဒီသစ္စာလေးပါးကို သိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ ဆိုပြီးတော့ မြတ်စွာဘုရား တိုက်တွန်းထားတယ်။

အဲဒီတော့ ဒီတိုက်တွန်းချက်အရ နောက်ထပ် သုတ္တန်လေးတစ်ခု ဘုန်းကြီး နည်းနည်း ဆက်ဟောမယ်။ ဒီသစ္စာလေးပါးကို သိခြင်းသည် သံသရာခရီးကို ကုန်ဆုံးစေနိုင်တဲ့ စွမ်းအင်ရှိတဲ့အတွက် မင်္ဂလာတစ်ခု ဖြစ်ရတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရား ပပါတသုတ္တန် ဆိုပြီး သုတ္တန်လေးတစ်ခု ထပ်ပြီး ဟောထားပါတယ်။ တစ်ချိန် မြတ်စွာဘုရားက ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်ယံမှာ သီတင်းသုံးစံတော်မူခိုက် ဖြစ်ပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က မိမိရဲ့နောက်တော်မှာ တည်ရှိနေတဲ့ ရဟန်းတော်တွေကို ခေါ်ဆောင်တော်မူတယ်။

‘‘အာယာမ, ဘိက္ခဝေ, ယေန ပဋိဘာနကူဋော တေနုပသင်္ကမိဿာမ ဒိဝါဝိဟာရာယ’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ယေန၊ အကြင်အရပ်၌။ ပဋိဘာနကူဋော၊ ပဋိဘာန တောင်ထိပ်သည်။ အတ္ထိ၊ ရှိလေရာ၏။ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အာယာမ၊ လာ သွားကြပါကုန်စို့။ ယေန၊ အကြင်အရပ်၌။ ပဋိဘာနကူဋော၊ ပဋိဘာန တောင်ထွတ်သည်။ အတ္ထိ၊ ရှိလေရာ၏။ တေန၊ ထိုပဋိဘာနတောင်ထွတ် ရှိလေရာအရပ်သို့။ ဒိဝါဝိဟာရာယ၊ နေ့သန့်စင်ရန်အလို့ငှာ။ ဥပသင်္ကမိဿာမ၊ ချဉ်းကပ်ကြပါကုန်စို့။

ချစ်သားရဟန်းတို့ ... လာကြ လာကြ။ ပဋိဘာနတောင်ထွတ် ရှိရာ အရပ်သို့ တို့နေ့သန့်စင်ရန် သွားကြမယ်ဆိုပြီးတော့ ဘုရားရှင်က ခေါ်လိုက်တယ်။ ခေါ်လိုက်တဲ့ အချိန်အခါမှာ ရဟန်းတော်တွေကလည်း - ဧဝံ ဘန္တေ = မှန်ပါ့ဘုရား ဆိုပြီးတော့ အကုန်လုံး ဘုရားရှင်နောက် လိုက်သွားကြတယ်။ မြတ်စွာဘုရား ရဟန်းသံဃာ အပေါင်းများစွာ ခြံရံလျက် ထိုပဋိဘာနတောင်ထွတ်ကို ကြွသွားတော်မူပါတယ်။ ကြွသွားလိုက်တဲ့ အချိန်အခါမှာ ရဟန်းတော်တစ်ပါးက ဘာဖြစ်လဲ? ပဋိဘာနတောင်ထွတ်ကနေ လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ အလွန် ကြီးနေတဲ့ တောင်ချောက်ကမ်းပါးကြီးတစ်ခု သွားပြီး မြင်တယ်။ မြင်လိုက်တဲ့ အချိန်အခါကျတော့မှ ဘုရားရှင်ကို သူက မေးမြန်းလျှောက်ထားတယ်။

‘‘မဟာ ဝတာယံ, ဘန္တေ, ပပါတော သုဘယာနကော, ဘန္တေ, ပပါတော။ အတ္ထိ နု ခေါ, ဘန္တေ, ဣမမှာ ပပါတာ အညော ပပါတော မဟန္တတရော စ ဘယာနကတရော စ’’

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ အယံ ပပါတော၊ ဤချောက်ကမ်းပါးကြီးသည်ကား။ မဟာ ဝတာ၊ ကြီးကျယ်လေစွတကား။ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ အယံ ပပါတော၊ ဤချောက်ကမ်းပါးကြီးသည်ကား။ သုဘယာနကော၊ အလွန့်အလွန် ကြောက်စရာ ကောင်းပါပေစွတကား။ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဣမမှာ ပပါတာ၊ ဤချောက်ကမ်းပါးထက်။ အညော၊ အခြားတစ်ပါးသော။ မဟန္တတရော စ၊ သာလွန်၍ နက်ရှိုင်းသည်လည်းဖြစ်သော။ ဘယာနကတရော စ၊ သာလွန်၍ ကြောက်မက်ဖွယ်ကောင်းသည်လည်းဖြစ်သော။ ပပါတော၊ ချောက်ကမ်းပါးသည်။ အတ္ထိ နု ခေါ၊ ရှိများ ရှိပါလေသလား မြတ်စွာဘုရား။

မြတ်စွာဘုရား ... ဤပဋိဘာန ချောက်ကမ်းပါးကတော့ အလွန့် အလွန် ကြောက်မက်ဖွယ် ကောင်းတယ်။ အလွန့် အလွန်လည်း ကြီးပါတယ်။ ဒီပဋိဘာန ချောက်ကမ်းပါးထက် သာလွန်ပြီးတော့ ကြီးကျယ်တဲ့, သာလွန်ပြီးတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ချောက်ကမ်းပါးတစ်ခုများ ရှိနေပါသေးလား မြတ်စွာဘုရား ... ဆိုပြီးတော့ လျှောက်ထားတယ်။ အဲဒီ အချိန်အခါကျတော့မှ ဘုရားရှင်က ဘာအမိန့်ရှိလဲ?

‘‘အတ္ထိ ခေါ, ဘိက္ခု, ဣမမှာ ပပါတာ အညော ပပါတော မဟန္တတရော စ ဘယာနကတရော စ’’

ဘိက္ခု၊ ချစ်သားရဟန်း ...။ ဣမမှာ ပပါတာ၊ ဤချောက်ကမ်းပါးထက်။ မဟန္တတရော စ၊ သာလွန်၍ ကြီးကျယ်သည်လည်းဖြစ်သော။ ဘယာနကတရော စ၊ သာလွန်၍ ကြောက်မက်ဖွယ်လည်းကောင်းသော။ အညော ပပါတော၊ အခြားတစ်ပါးသော ချောက်ကမ်းပါးကြီးသည်။ အတ္ထိ ခေါ၊ ရှိသည်သာလျှင်တည်း။

ချစ်သားရဟန်းတို့ ... ဒီချောက်ကမ်းပါးထက် သာလွန်ပြီး ကြီးကျယ်တဲ့, သာလွန်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အခြားချောက်ကမ်းပါးတစ်ခု ရှိနေသေးတယ် ဆိုပြီးတော့ မြတ်စွာဘုရား အမိန့်ရှိတယ်။ အဲဒီအခါကျတော့မှ မြတ်စွာဘုရား ဒီချောက်ကမ်းပါးထက် သာလွန်ပြီး ကြီးကျယ်ပြီး, သာလွန်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ချောက်ကမ်းပါးဆိုတာ ဘယ်ချောက်ကမ်းပါးလဲ ဆိုပြီးတော့ ထပ်ပြီး မေးတယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်က တရား ဆက်ဟောတယ်။

‘ယေ ဟိ ကေစိ, ဘိက္ခဝေ, သမဏာ ဝါ ဗြာဟ္မဏာ ဝါ ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ နပ္ပဇာနန္တိ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ နပ္ပဇာနန္တိ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ နပ္ပဇာနန္တိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ နပ္ပဇာနန္တိ, တေ ဇာတိသံဝတ္တနိကေသု သင်္ခါရေသု အဘိရမန္တိ, ဇရာသံဝတ္တနိကေသု သင်္ခါရေသု အဘိရမန္တိ, မရဏသံဝတ္တနိကေသု သင်္ခါရေသု အဘိရမန္တိ, သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေသု သင်္ခါရေသု အဘိရမန္တိ။

ဘိက္ခဝေ၊ ချသားရဟန်းတို့ ...။ ယေ ကေစိ သမဏာ ဝါ၊ ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း။ ယေ ကေစိ ဗြာဟ္မဏာ ဝါ၊ ခပ်သိမ်းကုန်သော ဗြာဟ္မဏတို့သည်လည်းကောင်း။ ဣဒံ ဒုက္ခန္တိ၊ ဤကား ဒုက္ခ အရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ နပ္ပဇာနန္တိ၊ ကွဲကွဲပြားပြား မသိကြလေကုန်။ အယံ ဒုက္ခသမုဒယောတိ၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ နပ္ပဇာနန္တိ၊ ကွဲကွဲပြားပြား မသိကြလေကုန်။ အယံ ဒုက္ခနိရောဓောတိ၊ ဤကား ဒုက္ခချုပ်ရာ နိရောဓ အရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ နပ္ပဇာနန္တိ၊ ကွဲကွဲပြားပြား မသိကြလေကုန်။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ၊ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် မဂ္ဂ အရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ နပ္ပဇာနန္တိ၊ ကွဲကွဲပြားပြား မသိကြလေကုန်။ တေ၊ ထိုကဲ့သို့ သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမြင်ကြတဲ့ ပုဂ္ဂိုလ်တို့သည်။ ဇာတိသံဝတ္တနိကေသု၊ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ထင်ရှားဖြစ်ပေါ်တတ်ကြကုန်သော။ သင်္ခါရေသု၊ သင်္ခါရတရားတို့၌။ အဘိရမန္တိ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကြလေကုန်၏။ ဇရာသံဝတ္တနိကေသု၊ အိုခြင်းဇရာတရားကို ထင်ရှားဖြစ်ပေါ်စေတတ်ကြကုန်သော။ သင်္ခါရေသု၊ သင်္ခါရတရားတို့၌။ အဘိရမန္တိ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကြလေကုန်၏။ မရဏသံဝတ္တနိကေသု၊ သေခြင်း မရဏတရားကို ထင်ရှား ဖြစ်ပေါ်စေတတ်ကြကုန်သော။ သင်္ခါရေသု၊ သင်္ခါရတရားတို့၌။ အဘိရမန္တိ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကြလေကုန်၏။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေသု၊ စိုးရိမ်ရခြင်း သောကတရား၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာပူပန်ရခြင်း ဥပါယာသတရားတို့ကို ဖြစ်ပေါ်စေတတ်ကုန်သော။ သင်္ခါရေသု၊ သင်္ခါရတရားအစုတို့၌။ အဘိရမန္တိ၊ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကြလေကုန်၏၊

မမှန်ဘူးလား? ဒကာကြီးတွေ မှန်နေတယ်နော်။ သမဏ အမည်ရှိနေတဲ့ ပုဂ္ဂိုလ်, ဗြဟ္မဏအမည်ရှိနေတဲ့ ပုဂ္ဂိုလ်။ ဘယ်ပုဂ္ဂိုလ်ပဲမဆို ဤကား ဒုက္ခသစ္စာဟု ကွဲကွဲပြားပြား ဟုတ်တိုင်းမှန်စွာ မသိဘူး။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိဘူး။ ဤကား ဒုက္ခချုပ်ရာ နိရောဓ အရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိဘူး။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂ အရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိဘူးတဲ့။

ဒီလို သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိတဲ့ သမဏ, ဗြဟ္မဏ အမည်ရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ထင်ရှား ဖြစ်စေနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုလို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရတရားတွေနဲ့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေကြတယ်။ အိုခြင်းဇရာတရား ထင်ရှား ဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုလို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရတရားတွေနဲ့ မွေ့လျော်ပျော်ပိုက်ပြီး နှစ်ခြိုက်နေကြတယ်။ သေခြင်းတရားကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုလို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရတရားတွေအပေါ် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပြီးနေကြတယ်။ စိုးရိမ်ရခြင်း သောကတရား, ငိုကြွေး မြည်တမ်းရခြင်း ပရိဒေဝတရား, ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား, စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား, ပြင်းစွာပူပန်ရခြင်း ဥပါယာသတရားတွေကို ထင်ရှား ဖြစ်စေတတ်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုလို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရတရားတွေနဲ့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေကြတယ်။ အပျော်ကြီး ပျော်နေကြတယ်။ ဘာဖြစ်လို့ ပျော်နေကြလဲ? သစ္စာလေးပါးကို မသိကြလို့ဘဲ။ သစ္စာလေးပါးကို မသိတဲ့ ပုဂ္ဂိုလ်မှန်ခဲ့ရင် ဒီပုဂ္ဂိုလ်တွေဟာ ဘယ်မှာ သွားပြီး ပျော်သလဲ?

ပဋိသန္ဓေ တည်နေရခြင်း သဘောတရားကို ဖြစ်စေတတ်တဲ့ စွမ်းအင်ရှိတဲ့ သင်္ခါရတရားတွေနဲ့ သွားပြီး ပျော်နေတယ်။ အိုခြင်း ဇရာတရားကို ဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင်ရှိတဲ့ သင်္ခါရတရားတွေနဲ့ သွားပြီး ပျော်နေတယ်။ သေခြင်း မရဏတရားကို ထင်ရှား ဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင်ရှိတဲ့ သင်္ခါရတရားတွေနဲ့ သွားပြီး ပျော်နေတယ်။ ကဲ သားနဲ့ပျော်တယ်, သမီးနဲ့ ပျော်တယ်, ဇနီးနဲ့ ပျော်တယ်, မြေးနဲ့ ပျော်တယ်, ပစ္စည်းတွေနဲ့ ပျော်ကြတယ်။ အဲဒီ အပျော်ကြီး ပျော်နေတာဟာ ဘာနဲ့ ပျော်နေတာလဲ? ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ဖြစ်ပေါ်စေတတ်တဲ့ သင်္ခါရတရားတွေနဲ့ ပျော်နေတယ်။ အိုခြင်း ဇရာတရားကို ထင်ရှား ဖြစ်ပေါ်စေတတ်တဲ့ သင်္ခါရတရားတွေနဲ့ သွားပြီး ပျော်နေတာ, သေခြင်း မရဏတရားကို ထင်ရှားဖြစ်ပေါ်စေတတ်တဲ့ သင်္ခါရတရားတွေနဲ့ သွားပြီး ပျော်နေကြတာပဲ။

နောက်ထပ်ကြည့် ဒီသားတွေ, ဒီသမီးတွေ, ဒီဇနီးတွေ, ဒီမြေးတွေ, ဒီမြစ်တွေ, ဒီပစ္စည်းတွေကို အကြောင်းပြုပြီးတော့ စိုးရိမ်ရမှု သောကတရား မဖြစ်ဘူးလား? ဖြစ်တယ်။ ငိုကြွေးမြည်တမ်းရခြင်းဆိုတဲ့ ပရိဒေဝတရား, ကိုယ်ဆင်းရဲရခြင်းဆိုတဲ့ ဒုက္ခတရား, စိတ်ဆင်းရဲရခြင်းဆိုတဲ့ ဒေါမနဿတရား, ပြင်းစွာ ပူပန်ရခြင်းဆိုတဲ့ ဥပါယာသတရားတွေလည်း ထင်ရှား မဖြစ်ကြဘူးလား? ဖြစ်တယ်။ အဲဒီလို သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသဆိုတဲ့ ဒီမီးတွေကို ထင်ရှားဖြစ်ပေါ်စေနိုင်တဲ့ သင်္ခါရတရားတွေနဲ့ သွားပြီးတော့ အပျော်ကြီး ပျော်နေကြတယ်။ ဘာဖြစ်လို့လဲ? သစ္စာလေးပါး မသိကြလို့နော်။ မြတ်စွာဘုရား ဘာဆက်ပြီး ဟောလဲ?

တေ ဇာတိသံဝတ္တနိကေသု သင်္ခါရေသု အဘိရတာ ဇရာသံဝတ္တနိကေသု သင်္ခါရေသု အဘိရတာ မရဏသံဝတ္တနိကေသု သင်္ခါရေသု အဘိရတာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေသု သင်္ခါရေသု အဘိရတာ ဇာတိသံဝတ္တနိကေပိ သင်္ခါရေ အဘိသင်္ခရောန္တိ, ဇရာသံဝတ္တနိကေပိ သင်္ခါရေ အဘိသင်္ခရောန္တိ, မရဏသံဝတ္တနိကေပိ သင်္ခါရေ အဘိသင်္ခရောန္တိ, သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေပိ သင်္ခါရေ အဘိသင်္ခရောန္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တေ၊ ထိုသမဏ, ဗြဟ္မဏ အမည်ရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဇာတိသံဝတ္တနိကေသု၊ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ထင်ရှားဖြစ်စေတတ်သည့် စွမ်းအားရှိကြကုန်သော။ သင်္ခါရေသု၊ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတည်းဟူသော သင်္ခါရတရားတို့၌။ အဘိရတာ၊ မွေ့လျော်ပျော်ပိုက် အနှစ်ခြိုက်ကြီး နှစ်ခြိုက်ကြကုန်သည်ဖြစ်၍။

ဇရာသံဝတ္တနိကေသု၊ အိုခြင်း ဇရာတရားကို ထင်ရှားဖြစ်စေတတ်သည့် စွမ်းအားရှိကြကုန်သော။ သင်္ခါရေသု၊ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတည်းဟူသော သင်္ခါရတရားတို့၌။ အဘိရတာ၊ မွေ့လျော်ပျော်ပိုက် အနှစ်ခြိုက်ကြီး နှစ်ခြိုက်ကြကုန်သည်ဖြစ်၍။

မရဏသံဝတ္တနိကေသု၊ သေခြင်း မရဏတရားကို ထင်ရှားဖြစ်စေတတ်သည့် စွမ်းအားရှိကြကုန်သော။ သင်္ခါရေသု၊ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတည်းဟူသော သင်္ခါရတရားတို့၌။ အဘိရတာ၊ မွေ့လျော်ပျော်ပိုက် အနှစ်ခြိုက်ကြီး နှစ်ခြိုက်ကြကုန်သည်ဖြစ်၍။

သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေသု၊ စိုးရိမ်ရခြင်း သောကတရား၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားတို့ကို ထင်ရှားဖြစ်ပေါ်စေတတ်သော စွမ်းအားရှိကြကုန်သော။ သင်္ခါရေသု၊ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတည်းဟူသော သင်္ခါရတရားတို့၌။ အဘိရတာ၊ မွေ့လျော်ပျော်ပိုက် အနှစ်ခြိုက်ကြီး နှစ်ခြိုက်ကြကုန်သည်ဖြစ်၍။

ဇာတိသံဝတ္တနိကေပိ၊ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ထင်ရှားဖြစ်ပေါ်စေတတ်သည့် စွမ်းအားရှိသည်လည်း ဖြစ်ကြကုန်သော။ သင်္ခါရေ၊ သင်္ခါရတရားတို့ကို။ အဘိသင်္ခရောန္တိ၊ ပြုပြင် စီမံဖန်တီးကြလေကုန်၏။

သတ္တဝါတွေက ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ထင်ရှား ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ သင်္ခါရတရားတွေ၌ သွားပြီးတော့ မွေ့လျော်နေကြတယ်။ အပျော်ကြီး ပျော်နေကြတယ်။ အိုခြင်း ဇရာတရားကို ထင်ရှား ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအား အပြည့်အဝ ရှိနေတဲ့ သင်္ခါရတရားတွေ၌ သွားပြီးတော့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပြီး နေကြတယ်။ သေခြင်း မရဏတရားကို ထင်ရှား ဖြစ်ပေါ်စေတတ်တဲ့ စွမ်းအားရှိတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတည်းဟူသော သင်္ခါရတရားတွေမှာ သွားပြီးတော့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပြီး နေကြတယ်။ သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသလို့ ခေါ်ဆိုအပ်တဲ့ အပူမီးတရားကို ထင်ရှား ဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင်အပြည့်အဝ ရှိနေတဲ့ သင်္ခါရတရားတွေမှာ သွားပြီးတော့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပြီး နေကြတယ်။ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ရုံတွင် ရပ်တန့်နေသလား? ဟင် (မရပ်ပါဘူးဘုရား) မရပ်ဘူးတဲ့။ ဒါ နားလည်နေတယ်နော်။ ဟုတ်ပြီ။ ဒါတော့ လွယ်လွယ်လေးနဲ့ နားလည်သွားတယ်။ ဟုတ်တယ်မလား? ကဲ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ရုံတွင် ရပ်နားမနေဘဲနဲ့ ဘာလုပ်နေသလဲ?

နောက်ထပ် ပဋိသန္ဓေ တည်နေဖို့ရန်အတွက် ကံတွေကို ပြုစုပျိုးထောင်ကြပြန်တယ်။ နောက်ထပ် အိုဖို့ရန်အတွက် ကံတွေကို ပြုစုပျိုးထောင်ကြပြန်တယ်။ နောက်ထပ် သေဖို့ရန်အတွက် ကံတွေကို ပြုစုပျိုးထောင်ကြပြန်တယ်။ ဘယ်လို ပြုစုပျိုးထောင်လဲ? နားထောင်လို့ ကောင်းအောင် ဣဒံမေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။ အမယ် တပည့်တော်တို့က နိဗ္ဗာန်လိုချင်လို့ ဘုရားတဲ့။ တပည့်တော် နိဗ္ဗာန်ပဲ တခြား ဘာမှ မလိုချင်ဘူး။ တခြား ဘာမှ မလိုချင်ဘူး ဆိုလို့ရှိရင် အိမ်မပြန်ပါနဲ့တော့ဆို ဘယ့်နှယ့်ပြောလဲ? အင်း ... ပါးစပ်ကသာ တခြား ဘာမှ မလိုချင်ပါဘူးလို့သာ ပြောတာ။ တကယ်တမ်းကျတော့ စိတ်ထဲကတော့ လိုချင်နေတယ်။ ဟုတ်တယ်မလား? လိုချင်တဲ့အတွက် ဒီကံတွေကို ထူထောင်တယ်။ ထူထောင်လိုက်တဲ့ အချိန်ခါမှာ ဘာလေးပြောသေးလဲ? တပည့်တော်တို့ကတော့ နိဗ္ဗာန်ပါပဲဘုရား။ ဒါပေမဲ့ နိဗ္ဗာန်မရမီစပ်ကြား ဆိုပြီးတော့ စပ်ကြားလေးခံပြီးတော့ ဆုက တောင်းလိုက်သေးတယ်။ အဲဒီ ဆုတောင်းတာတော့ သူများ ကြားမှာစိုးလို့ ရိုးရိုး ပါးစပ်ထဲ, စိတ်ထဲကပဲ တောင်းလိုက်တယ်။ ထုတ်ပြီး တောင်းလိုက်လို့ကတော့ သိပ်ပြီး မကောင်းဘဲကိုး။ ဟုတ်တယ်မဟုတ်လား?

အဲဒီပုံစံနဲ့ဆိုတော့ သူက ဘာလုပ်သလဲ? နောက်ထပ် ပဋိသန္ဓေ တည်နေရမဲ့ ဇာတိသဘောတရား ထင်ရှားဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ကံတွေကို ထပ်ပြီးတော့ ထူထောင်ကြပြန်တယ်။ နောက်ထပ် အိုခြင်းသဘောတရား ထင်ရှားဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ကံတွေကို ထပ်ပြီးတော့ ထူထောင်ကြပြန်တယ်။ နောက်ထပ် သေခြင်းသဘောတရား ထင်ရှားဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ကံတွေကို ထပ်ပြီးတော့ ထူထောင်ကြပြန်တယ်။ ထိုကံတွေသည် ကုသိုလ်ကံတွေလည်း ဖြစ်ချင်ဖြစ်မယ်, အကုသိုလ်ကံလည်း ဖြစ်ချင်ဖြစ်မယ်တဲ့။ ဘာဖြစ်လို့လဲ? သားအတွက် ကြိုးစားရမယ်, သမီးအတွက် ကြိုးစားရမယ်, ဇနီးအတွက် ကြိုးစားရမယ်, မြေးအတွက် ကြိုးစားရမယ်, လှူဖို့တမ်းဖို့ ကြိုးစားရမယ် စသည်ဖြင့် ကြိုးစားအားထုတ်နေတာတွေက ဘာလုပ်တာလဲ? ကံတွေကို ထူထောင်ကြတာပဲနော်။ အဲဒီတော့ ဒီကံတွေကို ထူထောင်နေတဲ့ အပိုင်းတွေမှာ ပုတ္တ ဒါရဿ သင်္ဂဟော ဆိုတဲ့အတိုင်း သားမယားတွေကို ပြုစုလုပ်ကျွေးခြင်းကိုလည်း မင်္ဂလာတစ်ခု အဖြစ်နဲ့ မြတ်စွာဘုရား ဟောထားပါတယ်။ ဒါလည်း ကုသိုလ် ဖြစ်တန်သလောက် ဖြစ်တယ်။

သို့သော် ဒီလို ပြုစုလုပ်ကျွေးတဲ့ အခါမှာ ကုန်သွယ်ခြင်း, လယ်လုပ်ခြင်း အစရှိတဲ့ သမ္မာအာဇီဝဖြစ်တဲ့ လုပ်ငန်းရပ်တွေနဲ့ ပြုစုလုပ်ကျွေးခဲ့ရင်တော့ ကုသိုလ် ဖြစ်ပါတယ်။ သို့သော် မိစ္ဆာအာဇီဝ လုပ်ငန်းရပ်တွေနဲ့ ပြုစုလုပ်ကျွေးခဲ့မယ်ဆိုရင် အကုသိုလ် မဖြစ်ဘူးလား? ဖြစ်သွားပြန်တယ်။ ကုသိုလ်ပဲ ဖြစ်ဖြစ်, အကုသိုလ်ပဲဖြစ်ဖြစ် ဒါ ကံတွေကို ထူထောင်နေတာပဲ။ သားအတွက်, သမီးအတွက်, ဇနီးအတွက်, မြေးအတွက် ဆိုပြီးတော့ ဦးတည်ချက် ခပ်များများဖြင့် ဦးတည်ပြီး ပြုစုပျိုးထောင်ပြီး လုပ်နေခြင်း။ ကာယကံ, ဝစီကံ, မနောကံတွေကို ပြုစုပျိုးထောင်နေခြင်းသည် ဒါကံတွေကို ပြုစုပျိုးထောင်နေတာပဲ။ အဲဒီ ကံတွေသည် ကုသိုလ်ကံလည်း ဖြစ်ချင်ဖြစ်မယ်, အကုသိုလ်ကံလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီ ကုသိုလ်ကံ, အကုသိုလ်ကံတွေကို ထပ်ပြီးတော့ ထူထောင်နေတယ်။ ဒါတွင်လားဆို မကသေးဘူး။ စိုးရိမ်ရခြင်း သောကတရား၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာပူပန်ရခြင်း ဥပါယာသတရားတွေကိုလည်း ထပ်ပြီးတော့ ထူထောင်ကြတယ်။ အဲဒီ ဥပါယာသ တရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ရှိနေတဲ့ ကံတွေကိုလည်း ထပ်ပြီးတော့ ထူထောင်ကြပြန်တယ်။ ဘယ်လို ထူထောင်လဲ?

ကောင်းမှုကုသိုလ် ပြုရင်တောင်မှ အဘိုးကြီးကလည်း အဘွားကြီး မရှိရင် မပြုချင်သေးဘူး။ သားတွေ သမီးတွေ မစုံလင်သေးရင်လည်း မပြုချင်သေးဘူး။ စုံအောင် စောင့်ဆိုင်းလိုက်ချင်သေးတယ်။ အဘွားကြီးကလည်း အဘိုးကြီးမရှိရင် သိပ်ပြီးတော့ မပြုချင်သေးဘူး။ စုံအောင် စောင့်ဆိုင်းလိုက်ချင်သေးတယ်။ ဘာဖြစ်လို့လဲ? နောက်ထပ် သောကတွေ ဖြစ်ချင်ကြသေးတယ်။ နောက်ထပ် ပရိဒေဝတွေလည်း ဖြစ်ချင်ကြသေးတယ်။ နောက်ထပ် ဒေါမနဿတွေလည်း ဖြစ်ချင်ကြသေးတယ်။ နောက်ထပ် ဥပါယာသတွေလည်း ဖြစ်ချင်ကြသေးတယ်။ ကံတွေကို ထပ်ထပ်ပြီး ထူထောင်တယ်နော်။ အဲဒီလို ကံတွေကို ထူထောင်လိုက်တဲ့အတွက် ဘာဖြစ်သလဲ?

တေ ဇာတိသံဝတ္တနိကေပိ သင်္ခါရေ အဘိသင်္ခရိတွာ ဇရာသံဝတ္တနိကေပိ သင်္ခါရေ အဘိသင်္ခရိတွာ မရဏသံဝတ္တနိကေပိ သင်္ခါရေ အဘိသင်္ခရိတွာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေပိ သင်္ခါရေ အဘိသင်္ခရိတွာ ဇာတိပပါတမ္ပိ ပပတန္တိ, ဇရာပပါတမ္ပိ ပပတန္တိ, မရဏပပါတမ္ပိ ပပတန္တိ, သောကပပါတမ္ပိ ပပတန္တိ ပရိဒေဝပပါတမ္ပိ ပပတန္တိ ဒုက္ခပပါတမ္ပိ ပပတန္တိ ဒေါမနဿပပါတမ္ပိ ပပတန္တိ ဥပါယာသပပါတမ္ပိ ပပတန္တိ။

တေ = ထိုသမဏ, ဗြဟ္မဏ အမည်ရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဇာတိသံဝတ္တနိကေပိ သင်္ခါရေ = ပဋိသန္ဓေ တည်နေရခြင်း ဇာတိသဘောတရားကို ထင်ရှားဖြစ်စေနိုင်သည့် စွမ်းအင်အပြည့်အဝ ရှိကုန်သော သင်္ခါရတရားတို့ကိုလည်းပဲ။ အဘိသင်္ခါရိတွာ = ပြုစုပျိုးထောင်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့်။ ဇရာသံဝတ္တနိကေပိ သင်္ခါရေ = အိုခြင်း ဇရာတရားကို ထင်ရှားဖြစ်စေနိုင်သည့် စွမ်းအင်အပြည့်အဝ ရှိကုန်သော သင်္ခါရတရားတို့ကိုလည်းပဲ။ အဘိသင်္ခါရိတွာ = ပြုစုပျိုးထောင်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့်။ မရဏသံဝတ္တနိကေပိ သင်္ခါရေ = သေခြင်း မရဏတရားကို ထင်ရှားဖြစ်စေနိုင်သည့် စွမ်းအင်အပြည့်အဝ ရှိကုန်သော သင်္ခါရတရားတို့ကိုလည်းပဲ။ အဘိသင်္ခါရိတွာ = ပြုစုပျိုးထောင်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့်။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေပိ သင်္ခါရေ = စိုးရိမ်ရခြင်း သောကတရား၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားတို့ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိကြကုန်သော သင်္ခါရတရားတို့ကိုလည်းပဲ။ အဘိသင်္ခါရိတွာ = ပြုစုပျိုးထောင်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့်။ ဇာတိပပါတမ္ပိ = ပဋိသန္ဓေ တည်နေရခြင်း ဇာတိတည်းဟူသော ချောက်ကမ်းပါးအတွင်းသို့လည်းပဲ။ ပပတန္တိ = ကျရောက်ကြရလေကုန်၏။ ဇရာပပါတမ္ပိ = အိုခြင်း ဇရာတရားတည်းဟူသော ချောက်ကမ်းပါးအတွင်းသို့လည်းပဲ။ ပပတန္တိ = ကျရောက်ကြရလေကုန်၏။ မရဏပပါတမ္ပိ = သေခြင်း မရဏတရားတည်းဟူသော ချောက်ကမ်းပါးအတွင်းသို့လည်းပဲ။ ပပတန္တိ = ကျရောက်ကြရလေကုန်၏။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသပပါတမ္ပိ = စိုးရိမ်ရခြင်း သောကတရား၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတည်းဟူသော ချောက်ကမ်းပါးအတွင်းသို့လည်းပဲ။ ပပတန္တိ = ကျရောက်ကြရလေကုန်၏။

ဇာတိကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ကံတွေကို မိမိတို့က ပြုစုပျိုးထောင်လိုက်တဲ့အတွက် ဇာတိ ချောက်ကမ်းပါးအတွင်း တစ်ဖန် ထပ်ပြီး မကျရဘူးလား? ကျရပြန်တယ်။ အိုခြင်းဇရာတရားကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ကံတွေကို ထပ်ပြီး ထူထောင်လိုက်တဲ့အတွက် ဒီကံတွေက အကျိုးပေးလိုက်တဲ့ အချိန်ခါမှာ အိုခြင်း ဇရာတရားဆိုတဲ့ ချောက်ကမ်းပါးကြီးအတွင်းလည်း ထပ်ပြီး မဆင်းသက်ရဘူးလား? ဆင်းသက်ရပြန်တယ်။ သေခြင်းဆိုတဲ့ မရဏတရားကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ကံတွေကို ထပ်ပြီး ထူထောင်လိုက်တဲ့အတွက် သေခြင်းဆိုတဲ့ မရဏ ချောက်ကမ်းပါးကြီးထဲကိုလည်း ထိုးပြီး ကျမသွားဘူးလား? ကျသွားကြရတယ်။ စိုးရိမ်ရခြင်း သောကတရား၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသခေါ်တဲ့ ဆင်းရဲဒုက္ခတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအင်အပြည့်အဝ ရှိနေတဲ့ ကံတွေကို ထပ်ပြီး ထူထောင်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့်လည်းပဲ ဒီကံက အကျိုးပေးတဲ့ အချိန်အခါမှာ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ချောက်ကမ်းပါးထဲကို ထပ်ပြီးတစ်ခါ ကျမသွားဘူးလား? ကျသွားပြန်တယ်။ ဒါကြောင့် အဲဒီလို ဇာတိခေါ်တဲ့ ချောက်ကမ်းပါး, ဇရာဆိုတဲ့ ချောက်ကမ်းပါး, မရဏဆိုတဲ့ ချောက်ကမ်းပါး, သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသခေါ်တဲ့ ဒီချောက်ကမ်းပါးကြီးထဲကို အကျခံနေရပြီဆိုရင် ဒီပုဂ္ဂိုလ်တွေ ဘာဖြစ်မလဲ?

တေ န ပရိမုစ္စန္တိ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ။ ‘န ပရိမုစ္စန္တိ ဒုက္ခသ္မာ’တိ ဝဒါမိ’’။

တေ = ထိုသမဏ ဗြဟ္မဏတို့သည်။ ဇာတိယာ = ဇာတိ ချောက်ကမ်းပါးမှ။ ဇရာယာ = ဇရာ ချောက်ကမ်းပါးမှ။ မရဏေန = သေခြင်း မရဏ ချောက်ကမ်းပါးမှ။ သောကေဟိ = စိုးရိမ်ရခြင်း သောက ချောက်ကမ်းပါးတို့မှ။ ပရိဒေဝေဟိ = ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝ ချောက်ကမ်းပါးတို့မှ။ ဒုက္ခေဟိ = ကိုယ်ဆင်းရဲရခြင်း ဒုက္ခ ချောက်ကမ်းပါးတို့မှ။ ဒေါမနဿေဟိ = စိတ်ဆင်းရဲရခြင်း ဒေါမနဿ ချောက်ကမ်းပါးတို့မှ။ ဥပါယာသေဟိ = ပြင်းစွာ ပူပန်ရခြင်း ဥပါယာသ ချောက်ကမ်းပါးတို့မှ။ န ပရိမုစ္စန္တိ = မလွတ်မြောက်နိုင်ကြလေကုန်။ ဒုက္ခသ္မာ = ဆင်းရဲဒုက္ခ အဝဝတို့မှ။ န ပရိမုစ္စန္တိ = မလွတ်မြောက်နိုင်ကြလေကုန်။ ဣတိ = ဤသို့လျှင်။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောတော်မူ၏။

ဒီဇာတိချောက်ကမ်းပါး, ဒီပဋိသန္ဓေ တည်နေရခြင်းဆိုတဲ့ ဒီဇာတိ ချောက်ကမ်းပါး, အဲဒီ ချောက်ကမ်းပါးထဲ ကျနေပြီဆိုရင် ဒီပုဂ္ဂိုလ်ဟာ ဒီဇာတိဆိုတဲ့ ချောက်ကမ်းပါးထဲက လွတ်နိုင်မလား? မလွတ်နိုင်ဘူး။ အိုခြင်း ဇရာချောက်ကမ်းပါးထဲ ကျနေတဲ့ သတ္တဝါကလည်း အိုခြင်းဆိုတဲ့ ဒီဇရာတရားက လွတ်နိုင်ဦးမလား? မလွတ်နိုင်ဘူး။ သေခြင်းဆိုတဲ့ မရဏ ချောက်ကမ်းပါးထဲ ကျသွားတဲ့ ပုဂ္ဂိုလ်ကလည်း သေခြင်းဆိုတဲ့ ဒီမရဏတရားမှ သူ လွတ်နိုင်ဦးမလား? မလွတ်နိုင်ဘူး။ သောကဆိုတဲ့ ချောက်ကမ်းပါးကြီးထဲ ကျသွားပြီ။ ဒီပုဂ္ဂိုလ်လည်း သောကဆိုတဲ့ ချောက်ကမ်းပါးမှ လွတ်နိုင်ဦးမလား? မလွတ်နိုင်ဘူး။ ငိုကြွေးမြည်တမ်းရခြင်းဆိုတဲ့ ပရိဒေဝ ချောက်ကမ်းပါးထဲ ကျသွားပြန်ပြီ။ အဲဒီလို ချောက်ကမ်းပါးထဲ အကျခံရတဲ့ ဒီသတ္တဝါတွေဟာ ပရိဒေဝဆိုတဲ့ ချောက်ကမ်းပါးကြီးက သူ လွတ်ဦးမလား? မလွတ်တော့ဘူး။ ကိုယ်ဆင်းရဲခြင်း ဒုက္ခဆိုတဲ့ ဒီချောက်ကမ်းပါးထဲက ထပ်ပြီး ကျပြန်ပြီ။ ကျလိုက်ရင်လည်း ဒီပုဂ္ဂိုလ် ဒီချောက်ကမ်းပါးကြီးက လွတ်နိုင်ပါ့မလား? မလွတ်နိုင်ဘူး။ ဒေါမနဿခေါ်တဲ့ စိတ်ဆင်းရဲရခြင်း ချောက်ကမ်းပါးကြီးထဲ ကျပြန်ပြီ။ ကျလိုက်ပြီဆိုရင်လည်း ဒီပုဂ္ဂိုလ်ဟာ ဒီဒေါမနဿဆိုတဲ့ စိတ်ဆင်းရဲရခြင်း ချောက်ကမ်းပါးမှ လွတ်နိုင်မလား? မလွတ်နိုင်ဘူး။ ပြင်းစွာ ပူပန်ရခြင်းဆိုတဲ့ ဥပါယာသဆိုတဲ့ ချောက်ကမ်းပါးကြီးထဲ ကျသွားပြန်ပြီ။ အဲဒီ ဥပါယာသ ချောက်ကမ်းပါးမှလည်း ဒီပုဂ္ဂိုလ် လွတ်နိုင်ပါ့မလား? မလွတ်နိုင်ဘူး။ ဆင်းရဲဒုက္ခ အဝဝတွေမှ ဒီပုဂ္ဂိုလ် လွတ်နိုင်မလား? မလွတ်နိုင်ဘူးလို့ ငါဘုရား ဟောတယ်။ ဘာဖြစ်လို့လဲ? ဒီချောက်ကမ်းပါးထဲကို ကျစေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ကံတွေကို သူက ထူထောင်ထားတယ်။ ဒီကံတွေ မကုန်မချင်း ဒီချောက်ကမ်းပါးကြီးက လွတ်ပါ့မလား? မလွတ်နိုင်ဘူး။ ဒါဖြင့် ဒီကံတွေ ကုန်အောင် ဘာလုပ်ရမလဲ? ဟင် - ဘာလုပ်ရမလဲ? ဘာလုပ်ရမလဲ ဒကာကြီးတွေ ဟင် ...

‘‘ယေ စ ခေါ ကေစိ, ဘိက္ခဝေ, သမဏာ ဝါ ဗြာဟ္မဏာ ဝါ ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ နပ္ပဇာနန္တိ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ နပ္ပဇာနန္တိ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ နပ္ပဇာနန္တိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနန္တိ

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ယေ စ ခေါ ကေစိ သမဏာ ဝါ = အကြင် သမဏပုဂ္ဂိုလ်အချို့တို့သည်လည်းကောင်း။ ယေ စ ခေါ ကေစိ ဗြာဟ္မဏာ ဝါ = အကြင် ဗြဟ္မပုဂ္ဂိုလ်အချို့တို့သည်လည်းကောင်း။ ဣဒံ ဒုက္ခန္တိ = ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနန္တိ = ကွဲကွဲပြားပြား သိရှိကြလေကုန်၏။ အယံ ဒုက္ခသမုဒယောတိ = ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနန္တိ = ကွဲကွဲပြားပြား သိရှိကြလေကုန်၏။ အယံ ဒုက္ခနိရောဓောတိ = ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနန္တိ = ကွဲကွဲပြားပြား သိရှိကြလေကုန်၏။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ = ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတရားတည်းဟူ၍ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနန္တိ = ကွဲကွဲပြားပြား သိရှိကြလေကုန်၏၊

တချို့တချို့သော သမဏ, ဗြဟ္မဏ ပုဂ္ဂိုလ်တွေ ဤကား ဒုက္ခသစ္စာ, ဤကား သမုဒယသစ္စာ, ဤကား နိရောဓသစ္စာ, ဤကား မဂ္ဂသစ္စာလို့ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရှိကြပြီ။ သိရှိတော့ ဘာဖြစ်သလဲ?

တေ ဇာတိသံဝတ္တနိကေသု သင်္ခါရေသု နာဘိရမန္တိ, ဇရာသံဝတ္တနိကေသု သင်္ခါရေသု နာဘိရမန္တိ, မရဏသံဝတ္တနိကေသု သင်္ခါရေသု နာဘိရမန္တိ, သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေသု သင်္ခါရေသု နာဘိရမန္တိ။

တေ = ထိုသမဏ, ဗြဟ္မဏတို့သည်။ ဇာတိသံဝတ္တနိကေသု = ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ထင်ရှားဖြစ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော။ သင်္ခါရေသု = သင်္ခါရတရားတို့၌။ နာဘိရမန္တိ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိကြလေကုန်၏။ ဇရာသံဝတ္တနိကေသု = အိုခြင်း ဇရာတရားကို ထင်ရှားဖြစ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော။ သင်္ခါရေသု = သင်္ခါရတရားတို့၌။ နာဘိရမန္တိ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိကြလေကုန်၏။ မရဏသံဝတ္တနိကေသု = သေခြင်း မရဏတရားကို ထင်ရှားဖြစ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော။ သင်္ခါရေသု = သင်္ခါရတရားတို့၌။ နာဘိရမန္တိ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိကြလေကုန်၏။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေသု = စိုးရိမ်ရခြင်း သောကတရား၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားတို့ကို ထင်ရှားဖြစ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော။ သင်္ခါရေသု = သင်္ခါရတရားတို့၌။ နာဘိရမန္တိ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိကြလေကုန်၏၊

သစ္စာလေးပါးကို သမဏ, ဗြဟ္မဏဆိုတဲ့ တချို့တချို့သော သမဏ, ဗြဟ္မဏပုဂ္ဂိုလ်တွေ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတဲ့ သမဏ, ဗြဟ္မဏတွေဟာ ဘာလိုဖြစ်သလဲ? ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင်ရှိနေတဲ့ သင်္ခါရတရားတွေ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ မနေဘူး။ အိုခြင်းတရားကို ထင်ရှား ဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင်ရှိနေတဲ့ သင်္ခါရတရားတွေ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ မနေဘူး။ သေခြင်း မရဏတရားကို ထင်ရှား ဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင်ရှိနေတဲ့ သင်္ခါရတရားတွေ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ မနေဘူး။ စိုးရိမ်ရခြင်း သောက, ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝ, ကိုယ်-ဆင်းရဲရခြင်း ဒုက္ခ, စိတ်ဆင်းရဲရခြင်း ဒေါမနဿ, ပြင်းစွာ ပူပန်ရခြင်း ဥပါယာသခေါ်တဲ့ ဒီဒုက္ခတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ သင်္ခါရတရားတို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိတော့ဘူး။ မမွေ့လျော်ဖို့ရန်အတွက်က အခြေခံအကြောင်းရင်း မဖြစ်ဘူးလား? ဖြစ်နေတယ်။

ဒီသင်္ခါရတရားတွေမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေကြမယ်ဆိုရင် ဒီသင်္ခါရဒုက္ခမှ လွတ်မလား? မလွတ်ဘူး။ ဒီသင်္ခါရတရားတွေ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ စိတ်ဓာတ် မရှိဖို့က အလွန် အရေးကြီးတယ်နော်။ အိမ်မပြန်ဖို့က ပိုပြီး အရေးမကြီးဘူးလား? ဟင် ကြီးနေတယ်။ ဘာဖြစ်လို့လဲ? အိမ်ပြန်တယ် ဆိုတာက ဒီသင်္ခါရတရားတွေနဲ့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်လို့သာ ပြန်တာ။ တပည့်တော်ကတော့ မပျော်ပါဘူးတဲ့ ပါးစပ်ကတော့ ဘုန်းကြီးကို လိမ်သေးတယ်။ မပျော်ရင် သူ မပြန်ဘဲနေမှာပေါ့ - ပျော်လို့သာ သူ ပြန်သွားတာ။ အဲဒီတော့ မပျော်တာကတော့ ဘာဖြစ်လို့ သူတို့က မပျော်ကြသလဲ?

မိမိသန္တာန်မှာ ဉာဏ်နဲ့ လှမ်းပြီးတော့ ကြည့်လိုက်တယ်။ ရုပ်ကလာပ်အမှုန်တွေပဲ။ ဓာတ်ခွဲလိုက်တော့ ရုပ်သဘောတရား အစုအပုံရတယ်။ ဒီရုပ်တရားကို အာရုံယူပြီး ရုပ်တရားကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရား အစုအပုံ ရှိတယ်။ ဒီရုပ်နာမ်တွေ ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းတရားတွေကို မိမိက စနစ်တကျ သိပြီ။ သိလိုက်တဲ့အခါမှာ ရုပ်တွေ နာမ်တွေကို ထိုးထွင်းသိတာက အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် ၂-ပါးအတွင်းမှာ တည်ရှိတဲ့ ရုပ်တွေ နာမ်တွေကို ထိုးထွင်းသိတာက ဒုက္ခသစ္စာကို ထိုးထွင်းသိတာ, အကြောင်းတရား အကျိုးတရားတွေကို သိတာက သမုဒယသစ္စာကို ထိုးထွင်းသိတယ်, အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံ ကြောင်းကျိုးဆက်နွယ်တဲ့ သဘောသိတယ်။ အဲဒီ ကြောင်းကျိုးဆက်နွယ်နေတဲ့သဘောကို သိတာက သမုဒယသစ္စာကို သိတယ်။ အဲဒီ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား နှစ်ပါးတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း သိပြီ။ ဒါ ဝိပဿနာဉာဏ်။ အဲဒီ ဝိပဿနာဉာဏ်ဟာ ဒုက္ခသစ္စာ, သမုဒယသစ္စာတရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိနေတဲ့ဉာဏ်ပဲ။ ဒုက္ခသစ္စာကို ဒုက္ခဖြစ်တဲ့သဘောကို သိတာ။ ဘာဖြစ်လို့ ဒီရုပ်တွေ နာမ်တွေဟာ ဒုက္ခဖြစ်ရသလဲ?

အဘိဏှသမ္ပဋိပီဠနဋ္ဌေန ဒုက္ခံ = ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့အတွက်ကြောင့် ဒုက္ခ။ အဲဒီတော့ ဒီဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရနေတဲ့ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုနေတဲ့ သူတော်ကောင်းက ဒီသင်္ခါရတရားတွေနဲ့ ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရားဘဲလို့လည်း သိတယ်။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားတွေပဲလို့လည်း သိတယ်။ မပျက်မစီးဘဲ အကျိတ်အခဲ အနှစ်သာရအားဖြင့် အခိုင်အမာ တည်ရှိနေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားပဲလို့လည်း သိတယ်။ အဲဒီလို အသိဉာဏ်ရှိနေတဲ့ သူတော်ကောင်းရဲ့သန္တာန်မှာ အဇ္ဈတ္တ ကြည့်ကြည့်, ဗဟိဒ္ဓကြည့်ကြည့်, ရုပ်ကြည့်ကြည့်, နာမ်ကြည့်ကြည့်, အကြောင်းတရားကြည့်ကြည့်, အကျိုးတရားကြည့်ကြည့်, အတိတ်ကြည့်ကြည့်, အနာဂတ်ကြည့်ကြည့်နော် ဘယ်ကိုပဲမဆို လှမ်းကြည့်လိုက်တဲ့ အချိန်ခါမှာ အကုန်လုံး အနိစ္စ, ဒုက္ခ, အနတ္တချည်း ဖြစ်နေတယ်။

ဖြစ်ပြီးပျက်နေတယ်ဆိုတာက မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လို့ ခေါ်ဆိုနေတဲ့ အချိန်ကာလအတွင်းမှာ အကြိမ်ကုဋေပေါင်းများစွာ ဖြစ်ပြီးပျက်နေတဲ့ သဘောပဲ。 ဒီလောက်ထိ လျှင်လျှင်မြန်မြန်ကြီး ဖြစ်ပျက်နေတဲ့ ဒီသင်္ခါရတရားတွေကိုပဲ ဆက်တိုက် မြင်နေပြီ ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ဟာ ဒီသင်္ခါရတရားတွေအပေါ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှုကို ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ ထိုအချိန်အခါမှာတော့ မရှိဘူးနော်။ မရှုတော့ဘူး မျက်လုံး ပြန်ဖွင့်လိုက်တော့ ပြန်ရှိချင် ရှိဦးမယ်။ အိမ်ပြန်ချင်လည်း ပြန်ဦးမယ်။ ဒါ ခဏပဲ။ နောက်ထပ် ပြန်ရှုရင် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိပြန်ဘူး။ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိတဲ့ ဒီစိတ်ထားကို ရင့်ကျက်အောင် မွေးမြူရတာပဲ။ ရင့်ကျက်လာတဲ့ အချိန်အခါမှာ နောက်ဆုံး ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာပြီလို့ပဲ ခေါ်တယ်။ ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာပြီ ဆိုလို့ရှိရင် ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ အရိယမဂ်ဉာဏ် ပေါ်လာမယ်။ ထိုအရိယမဂ်တရားက ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို အကြွင်းမဲ့ ပယ်သတ်လိုက်တဲ့ အချိန်အခါမှာ နောက်ဆုံး အရဟတ္တမဂ်, အရဟတ္တဖိုလ်သာ ဆိုက်ရောက်သွားပါစေ။ အရဟတ္တမဂ်, အရဟတ္တဖိုလ် ဆိုက်ပြီးဆိုရင် ထိုအရဟတ္တမဂ်, အရဟတ္တဖိုလ်ဖြင့် ထိုးထွင်းအပ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကြီးက နိရောဓသစ္စာ။ ထိုမဂ်ဉာဏ်တွေနဲ့ ယှဉ်တွဲနေတဲ့ မဂ္ဂင်တရားကိုယ် ရှစ်ပါးက မဂ္ဂသစ္စာ။ ပေါင်းလိုက်တော့ သစ္စာ ဘယ်နှစ်ပါး ဖြစ်သွားလဲ? လေးပါး။

အဲဒီ သစ္စာလေးပါးကို ကမ်းကုန်အောင်သာ ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိပါစေ သစ္စာလေးပါးကို ထိုးထွင်းသိနေတဲ့ ဒီသူတော်ကောင်းတွေဟာ ပဋိသန္ဓေ တည်နေရခြင်း ဇာတိသဘောတရား ထင်ရှားရှိနေတဲ့ ဒီသင်္ခါရတရားတွေနဲ့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိတော့ဘူး။ အိုခြင်း ဇရာတရားကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ဒီသင်္ခါရတရားတွေနဲ့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိတော့ဘူး။ သေခြင်း မရဏတရားကို ထင်ရှားဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင်ရှိနေတဲ့ ဒီသင်္ခါရတရားတွေနဲ့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိဘူး။ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတရားတွေကို ထင်ရှားဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင်ရှိတဲ့ ဒီသင်္ခါရတရားတွေမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိတော့ဘူး။ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိတဲ့အတွက် ဒီသူတော်ကောင်းတွေသည် ဘာလုပ်သလဲ?

တေ ဇာတိသံဝတ္တနိကေသု သင်္ခါရေသု အနဘိရတာ, ဇရာသံဝတ္တနိကေသု သင်္ခါရေသု အနဘိရတာ, မရဏသံဝတ္တနိကေသု သင်္ခါရေသု အနဘိရတာ, သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေသု သင်္ခါရေသု အနဘိရတာ, ဇာတိသံဝတ္တနိကေပိ သင်္ခါရေ နာဘိသင်္ခရောန္တိ, ဇရာသံဝတ္တနိကေပိ သင်္ခါရေ နာဘိသင်္ခရောန္တိ, မရဏသံဝတ္တနိကေပိ သင်္ခါရေ နာဘိသင်္ခရောန္တိ, သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေပိ သင်္ခါရေ နာဘိသင်္ခရောန္တိ။

တေ၊ ထိုသမဏ, ဗြဟ္မဏတို့သည်။ ဇာတိသံဝတ္တနိကေသု သင်္ခါရေသု၊ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ထင်ရှား ဖြစ်ပေါ်စေတတ်ကုန်သော စွမ်းအားရှိကြကုန်သော သင်္ခါရတရားတို့၌။ အနဘိရတာ၊ မမွေ့လျော် ကြကုန်သည်ဖြစ်၍။ ဇရာသံဝတ္တနိကေသု သင်္ခါရေသု၊ အိုခြင်း ဇရာတရားကို ထင်ရှားဖြစ်စေတတ်သော စွမ်းအင်ရှိကြကုန်သော သင်္ခါရတရားတို့၌။ အနဘိရတာ၊ မမွေ့လျော် ကြကုန်သည်ဖြစ်၍။ မရဏသံဝတ္တနိကေသု သင်္ခါရေသု၊ သေခြင်း မရဏတရားကို ထင်ရှားဖြစ်ပေါ်စေတတ်သော စွမ်းအားရှိကြကုန်သော သင်္ခါရတရားတို့၌။ အနဘိရတာ၊ မမွေ့လျော် ကြကုန်သည်ဖြစ်၍။

ဘာဖြစ်လို့ မမွေ့လျော်လဲ? ဒီသင်္ခါရတရားတွေရဲ့ ဖြစ်ပြီးပျက်နေတဲ့ အနိစ္စသဘော, ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခသဘော, မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တသဘော, ရွံရှာစက်ဆုတ်ဖွယ်ကောင်းနေတဲ့ အသုဘသဘောတွေကို ဉာဏ်ထဲမှာ ဘောလောကြီး တွေ့နေပြီ။ အဲဒီလို တွေ့နေတဲ့အတွက် ဇာတိသဘောရှိတဲ့, ဇရာသဘောရှိတဲ့, မရဏသဘောရှိတဲ့ ဒီသင်္ခါရတရားတွေမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိတော့ဘူး။ မရှိတော့တဲ့အတွက် ဘာဖြစ်သလဲ?

သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေသု သင်္ခါရေသု၊ စိုးရိမ်ရခြင်း သောကတရား၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားတို့ကို ထင်ရှား ဖြစ်ပေါ်စေတတ်ကြကုန်သော သင်္ခါရတရားတို့၌။ အနဘိရတာ၊ မမွေ့လျော် ကြကုန်သည်ဖြစ်၍။

ဇာတိသံဝတ္တနိကေပိ သင်္ခါရေ၊ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ထင်ရှား ဖြစ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတရားတို့ကိုလည်း။

ဘာသင်္ခါရလဲ? ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရ။

ဇာတိသံဝတ္တနိကေပိ သင်္ခါရေ၊ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ထင်ရှား ဖြစ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတရားတို့ကိုလည်း။ နာဘိသင်္ခရောန္တိ၊ မပြုစု မပျိုးထောင်ကြလေကုန်။ ဇရာသံဝတ္တနိကေပိ သင်္ခါရေ၊ အိုခြင်း ဇရာတရားကို ထင်ရှား ဖြစ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတရားတို့ကိုလည်းပဲ။ နာဘိသင်္ခရောန္တိ၊ မပြုစု မပျိုးထောင်ကြလေကုန်။ မရဏသံဝတ္တနိကေပိ သင်္ခါရေ၊ သေခြင်းမရဏ တရားကို ထင်ရှား ဖြစ်ပေါ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတရားတို့ကိုလည်းပဲ။ နာဘိသင်္ခရောန္တိ၊ မပြုစု မပျိုးထောင်ကြလေကုန်။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေပိ သင်္ခါရေ၊ စိုးရိမ်ရခြင်း သောကတရား၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားတို့ကို ထင်ရှား ဖြစ်ပေါ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတရားတို့ကိုလည်းပဲ။ နာဘိသင်္ခရောန္တိ၊ မပြုစု မပျိုးထောင်ကြလေကုန်။

နောက်ထပ် သူက ဇာတိ, ဇရာ, ဗျာဓိ, မရဏ, သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသခေါ်တဲ့ ဒီမီးတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတွေကို နောက်ထပ် မပြုစု မပျိုးထောင်တော့ဘူး။ ဘာဖြစ်လို့လဲ? ဘုန်းကြီးဟောနေတဲ့ တရားလေးတစ်ခု ရှိပါတယ်။ ဒက္ခိဏဝိဘင်္ဂသုတ္တန်မှာနော် -

ယော ဝီတရာဂေါ ဝီတရာဂေသု ဒဒါတိ ဒါနံ၊ ဓမ္မေန လဒ္ဓံ သုပသန္နစိတ္တော။ အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ၊ တံ ဝေ ဒါနံ အာမိသဒါနာနမဂ္ဂံ။ (မ၊၃၊၃၀၀။)

ယော ဝီတရာဂေါ၊ အကြင် ရာဂကင်းနေတဲ့ ရဟန္တာပုဂ္ဂိုလ်သည်။ ဓမ္မေန လဒ္ဓံ၊ တရားသော နည်းလမ်းဖြင့် ရှာဖွေသဖြင့် ရရှိအပ်တဲ့ လှူဖွယ်ဝတ္ထုပစ္စည်းစုကို။ သုပသန္နစိတ္တော၊ အလွန် ကြည်လင်သော စိတ်ထားရှိသည်ဖြစ်၍။ ဥဠာရံ၊ ပြန့်ပြောကြီးကျယ် မြင့်မြတ်လှစွာသော။ ကမ္မဖလံ၊ ကံ,ကံ၏ အကျိုးတရားကို။ အဘိသဒ္ဒဟံ၊ အလွန် ယုံကြည်သက်ဝင်သော သဒ္ဓါတရား ထင်ရှားရှိသည်ဖြစ်၍။ ဝီတရာဂေသု၊ ရာဂကင်းပြီးတဲ့ အလှူခံပုဂ္ဂိုလ်တို့၌။ ဒါနံ၊ အလှူဒါနကို။ ဒဒါတိ၊ ပေးလှူ၏။ တံ ဒါနံ၊ ထိုကဲ့သို့သော အလှူဒါနမျိုးကို။ ဝေ၊ စင်စစ် ဧကန် အမှန်အားဖြင့်။ အာမိသဒါနာနံ၊ ပစ္စည်းလေးပါး အာမိသကို လှူဒါန်းကြကုန်သော ဒါနဟူသမျှတို့တွင်။ အဂ္ဂံ၊ အသာဆုံး အမြတ်ဆုံး ဒါနဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏၊

အလှူပေးတဲ့ပုဂ္ဂိုလ် ကြည့်လိုက်တဲ့အခါ ရာဂကင်းပြီးတဲ့ ရဟန္တာပုဂ္ဂိုလ်ဖြစ်ခြင်း, ကြည်လင်သော စိတ်ထားရှိခြင်း, တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိအပ်တဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုဖြစ်ခြင်း, ပြန့်ပြောကြီးကျယ် မြင့်မြတ်နေတဲ့ ကံ,ကံ၏အကျိုးကို တတ်သိနားလည်တဲ့ ကမ္မသကတာ သမ္မာဒိဋ္ဌိဉာဏ် ပြဋ္ဌာန်းနေတဲ့ ယုံကြည်ချက် သဒ္ဓါတရား ရှိခြင်း။ အင်္ဂါလေးချက်။ အလှူခံ ပုဂ္ဂိုလ်ဘက် ကြည့်လိုက်တော့ ရာဂကင်းပြီးတဲ့ ရဟန္တာပုဂ္ဂိုလ်ဖြစ်ခြင်းဆိုတဲ့ အင်္ဂါတစ်ချက်။ ပေါင်းလိုက်တော့ အင်္ဂါငါးရပ်။ အဲဒီ အင်္ဂါငါးရပ် ပြည့်စုံနေတဲ့ ဒီဒါနမျိုးကို အာမိသဒါနလို့ခေါ်တဲ့ ပစ္စည်းလေးပါးကို လှူဒါန်းနေတဲ့ အလှူဒါန ဟူသမျှတို့တွင် ငါဘုရားရှင်က အသာဆုံး အမြတ်ဆုံး ဒါနလို့ ဟောတယ်။ ဘာဖြစ်လို့လဲ?

နောက်ထပ် ဒီဒါနကုသိုလ်ကံ စေတနာကြောင့် မည်သည့်အကျိုး တစ်စုံတစ်ရာမှ ဖြစ်ပေါ်လာနိုင်တဲ့ စွမ်းအားမရှိလို့။ နောက်ထပ် ဘာအကျိုးမှ မပေးတော့ဘူးနော်။ အဲဒီလို ရဟန္တာပုဂ္ဂိုလ်များက ပြုစုပျိုးထောင်လိုက်တဲ့ ကံတွေသည် ကံအရာ တည်သေးလား? မတည်တော့ဘူး။ ကောင်းမှုတော့ မှန်တယ်။ ဒီကောင်းမှုသည် ကုသိုလ်ကံလည်း မဟုတ်ဘူး။ အကုသိုလ်ကံကော ဟုတ်သေးလား? မဟုတ်ဘူး။ ကံအရာ မတည်တော့ဘူး။ ဘာဖြစ်လို့လဲ? အကျိုးပေးနိုင်တဲ့ စွမ်းအား မရှိဘူး။ ဒါကြောင့် ခုနက သစ္စာလေးပါးကို အရဟတ္တဖိုလ် ဆိုက်သည့်တိုင်အောင် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိနေတဲ့ သူတော်ကောင်းတွေဟာ ကံတွေကို သူတို့ ပြုစုပျိုးထောင်သေးလား? ကံတွေကို မပြုစု မပျိုးထောင်တဲ့အတွက် ဘာဖြစ်သလဲ?

တေ ဇာတိသံဝတ္တနိကေပိ သင်္ခါရေ အနဘိသင်္ခရိတွာ, ဇရာသံဝတ္တနိကေပိ သင်္ခါရေ အနဘိသင်္ခရိတွာ, မရဏသံဝတ္တနိကေပိ သင်္ခါရေ အနဘိသင်္ခရိတွာ, သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေပိ သင်္ခါရေ အနဘိသင်္ခရိတွာ, ဇာတိပပါတမ္ပ比 နပ္ပပတန္တိ, ဇရာပပါတမ္ပိ နပ္ပပတန္တိ, မရဏပပါတမ္ပိ နပ္ပပတန္တိ, သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသပပါတမ္ပိ နပ္ပပတန္တိ။

တေ၊ ထိုသမဏ, ဗြဟ္မဏတို့သည်။ ဇာတိသံဝတ္တနိကေပိ သင်္ခါရေ၊ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ထင်ရှား ဖြစ်ပေါ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတရားတို့ကိုလည်းပဲ။ အနဘိသင်္ခရိတွာ၊ မပြုစု မပျိုးထောင်ခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ ဇရာသံဝတ္တနိကေပိ သင်္ခါရေ၊ အိုခြင်း ဇရာတရားကို ထင်ရှား ဖြစ်ပေါ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတရားတို့ကိုလည်းပဲ။ အနဘိသင်္ခရိတွာ၊ မပြုစု မပျိုးထောင်ခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ မရဏသံဝတ္တနိကေပိ သင်္ခါရေ၊ သေခြင်း မရဏတရားကို ထင်ရှား ဖြစ်ပေါ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတရားတို့ကိုလည်းပဲ။ အနဘိသင်္ခရိတွာ၊ မပြုစု မပျိုးထောင်ခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသသံဝတ္တနိကေပိ သင်္ခါရေ၊ စိုးရိမ်ရခြင်း သောကတရား၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားကို ထင်ရှား ဖြစ်ပေါ်စေနိုင်သည့် စွမ်းအားရှိကြကုန်သော ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတရားတို့ကိုလည်းပဲ။ အနဘိသင်္ခရိတွာ၊ မပြုစု မပျိုးထောင်ခြင်းတည်းဟူသော အကြောင်းတရားကြောင့်။

gtmvnxk3nl22vkpnjklgg7sniouqwwa
မင်္ဂလသုတ်-၉၃/၉၇
0
6329
22035
2026-06-08T03:32:09Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၉၃/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၉၂..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22035
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၉၃/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၉၂/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၉၄/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၉၃

ဇာတိပပါတမ္ပိ နပ္ပပတန္တိ, ဇရာပပါတမ္ပိ နပ္ပပတန္တိ, မရဏပပါတမ္ပိ နပ္ပပတန္တိ, သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသပပါတမ္ပိ နပ္ပပတန္တိ။

ဇာတိပပါတမ္ပိ၊ ဇာတိတည်းဟူသော ချောက်ကမ်းပါးအတွင်းသို့လည်းပဲ။ နပ္ပပတန္တိ၊ မကျရောက်ကြရလေကုန်။ ဇရာပပါတမ္ပိ၊ အိုခြင်း ဇရာတည်းဟူသော ချောက်ကမ်းပါးအတွင်းသို့လည်းပဲ။ နပ္ပပတန္တိ၊ မကျရောက်ကြရလေကုန်။ မရဏပပါတမ္ပိ၊ သေခြင်း မရဏတရားတည်းဟူသော ချောက်ကမ်းပါးအတွင်းသို့လည်းပဲ။ နပ္ပပတန္တိ၊ မကျရောက်ကြရလေကုန်။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသပပါတမ္ပိ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတည်းဟူသော ချောက်ကမ်းပါးအတွင်းသို့လည်းပဲ။ နပ္ပပတန္တိ၊ မကျရောက်ကြရလေကုန်။

ပဋိသန္ဓေ တည်နေရခြင်း ဇာတိသဘောတရားကို ထင်ရှားဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ကုသိုလ်ကံ, အကုသိုလ်ကံတွေကိုလည်း မထူထောင်ကြတော့ဘူး။ အိုခြင်း ဇရာတရားကို ထင်ရှားဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ရှိနေတဲ့ ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတွေကိုလည်းပဲ မပြုစု မပျိုးထောင်ကြဘူး။ သေခြင်းမရဏ သဘောတရားကို ထင်ရှားဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတွေကိုလည်းပဲ မပြုစု မပျိုးထောင်ကြတော့ဘူး။ စိုးရိမ်ရခြင်း သောကတရား၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား၊ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားကို ထင်ရှား ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင် အပြည့်အဝရှိနေတဲ့ ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတွေကိုလည်းပဲ မပြုစု မပျိုးထောင်ကြဘူး။

အဲဒီလို မပြုစု မပျိုးထောင်တဲ့အတွက် ဒီလို ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတွေကို မပြုစု မပျိုးထောင်ကြခြင်းတည်းဟူသော အကြောင်းတရားကြောင့် ထိုရဟန္တာအရှင်မြတ်တွေပေါ့ - အထူးသဖြင့် ရည်ညွှန်းထားတယ်။ အဲဒီ ထိုရဟန္တာအရှင်မြတ်တွေသည် နောက်ထပ်တစ်ဖန် ပဋိသန္ဓေ တည်နေရခြင်းဆိုတဲ့ ချောက်ကမ်းပါးအတွင်းသို့လည်းပဲ မကျရောက်ရတော့ဘူး။ နောက်ထပ်တစ်ဖန် အိုခြင်းဆိုတဲ့ ချောက်ကမ်းပါးအတွင်းသို့လည်းပဲ မကျရောက်ရတော့ဘူး။ နောက်ထပ်တစ်ဖန် သေကျေပျက်စီးရခြင်းဆိုတဲ့ မရဏ ချောက်ကမ်းပါးအတွင်းသို့လည်းပဲ မကျရောက်ရတော့ဘူး။ စိုးရိမ်ရခြင်း သောကဆိုတဲ့ ချောက်ကမ်းပါး, ငိုကြွေးမြည်တမ်းရခြင်းဆိုတဲ့ ပရိဒေဝချောက်ကမ်းပါး, ကိုယ်ဆင်းရဲရခြင်းဆိုတဲ့ ဒုက္ခချောက်ကမ်းပါး, စိတ်ဆင်းရဲရခြင်းဆိုတဲ့ ဒေါမနဿချောက်ကမ်းပါး, ပြင်းစွာ ပူပန်ရခြင်း ဥပါယာသဆိုတဲ့ ချောက်ကမ်းပါးကြီးတွေအတွင်းလည်း မကျရောက်ကြရတော့ဘူး။ ဘာဖြစ်လို့လဲ?

ဒီချောက်ကမ်းပါး အမျိုးမျိုးကို ကျရောက်စေနိုင်တဲ့ စွမ်းအင်ရှိနေတဲ့ ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတရားတွေကို အရဟတ္တမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ပယ်သတ်ပြီးဖြစ်တယ်။ ဖြစ်လိုက်တဲ့အတွက်ကြောင့် ရဟန္တာအရှင်မြတ်များ ပြုစုပျိုးထောင်နေတဲ့ သီလကောင်းမှု, သမာဓိကောင်းမှု, ပညာကောင်းမှု။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ဒီကျင့်ဝတ် ပဋိပတ်တွေသည် ပြုကာမတ္တ ကြိယာသဘာဝ၌ သာတည်တယ်။ နောက်ထပ်တစ်ဖန် ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသခေါ်တဲ့ ချောက်ကမ်းပါးကြီးတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားတွေ ကုန်ခန်းသွားပြီးတယ်။ ကုန်ခန်းသွားတဲ့အတွက်ကြောင့် ဘာဖြစ်သလဲ?

တေ ပရိမုစ္စန္တိ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ။ ‘ပရိမုစ္စန္တိ ဒုက္ခသ္မာ’တိ ဝဒါမိ’’။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တေ၊ ထိုသူတော်ကောင်းတို့သည်။ ဇာတိယာ၊ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားမှ။ ပရိမုစ္စန္တိ၊ လွတ်မြောက်၍ သွားကြလေကုန်၏။ ဇရာယ၊ အိုခြင်း ဇရာတရားဘေးရန်မှ။ ပရိမုစ္စန္တိ၊ လွတ်မြောက်၍ သွားကြရလေကုန်၏။ မရဏေန၊ သေခြင်း မရဏတရားမှ။ ပရိမုစ္စန္တိ၊ လွတ်မြောက်၍ သွားကြရလေကုန်၏။ သောကေဟိ၊ စိုးရိမ်ပူဆွေးရခြင်း သောကတရားမှလည်း။ ပရိမုစ္စန္တိ၊ လွတ်မြောက်၍ သွားကြရလေကုန်၏။ ပရိဒေဝေဟိ၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရားမှလည်းပဲ။ ပရိမုစ္စန္တိ၊ လွတ်မြောက်၍ သွားကြရလေကုန်၏။ ดုက္ခေဟိ၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရားမှလည်းပဲ။ ပရိမုစ္စန္တိ၊ လွတ်မြောက်၍ သွားကြရလေကုန်၏။ ဒေါမနဿေဟိ၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿ တရားမှလည်းပဲ။ ပရိမုစ္စန္တိ၊ လွတ်မြောက်၍ သွားကြရလေကုန်၏။ ဥပါယာသေဟိ၊ ပြင်းစွာပူပန်ရခြင်း ဥပါယာသတရားတို့မှလည်းပဲ။ ပရိမုစ္စန္တိ၊ လွတ်မြောက်၍ သွားကြရလေကုန်၏။ ဒုက္ခသ္မာ၊ ဆင်းရဲဒုက္ခအဝဝမှ။ ပရိမုစ္စန္တိ၊ လွတ်မြောက်၍ သွားကြရလေကုန်၏။ ဣတိ၊ ဤသို့လျှင်။ ဝဒါမိ၊ ငါဘုရား ဟောကြားတော်မူပါပေ၏၊

ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ခေါ်တဲ့ ဒီချောက်ကမ်းပါးကြီးတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိနေတဲ့ ကုသိုလ်သင်္ခါရ, အကုသိုလ်သင်္ခါရတရားတွေကို မပြုစု မပျိုးထောင်ခြင်းတည်းဟူသော အကြောင်းကြောင့် ထိုရဟန္တာအရှင်မြတ်တို့သည် ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ခေါ်တဲ့ ဆင်းရဲဒုက္ခ အဝဝမှ လွတ်မြောက်သွားတော်မူကြတယ်။ စဉ်းစားကြည့်ပေါ့နော် -

ဒီပဋိသန္ဓေ တည်နေရခြင်းဆိုတဲ့ ဇာတိချောက်ကမ်းပါးကြီးဟာ အလွန် နက်ရှိုင်းပါတယ်။ ကူးခပ်ဖို့ရန်အတွက် အလွန် ခက်ခဲတဲ့ ချောက်ကမ်းပါးကြီးတစ်ခု ဖြစ်တယ်။ အိုရခြင်းဆိုတဲ့ ဇရာချောက်ကမ်းပါး, သေကျေ ပျက်စီးရခြင်းဆိုတဲ့ မရဏ ချောက်ကမ်းပါး, စိုးရိမ်ရခြင်း သောကဆိုတဲ့ ချောက်ကမ်းပါး, ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝ ချောက်ကမ်းပါး, ကိုယ်ဆင်းရဲရခြင်း ဒုက္ခဆိုတဲ့ ချောက်ကမ်းပါး, စိတ်ဆင်းရဲရခြင်း ဒေါမနဿဆိုတဲ့ ချောက်ကမ်းပါး, ပြင်းစွာပူပန်ရခြင်း ဥပါယာသလို့ ခေါ်ဆိုအပ်တဲ့ ချောက်ကမ်းပါးကြီးတွေ ကူးခပ်ဖို့ရန်အတွက် အလွန် မခက်ဘူးလား? ခက်တယ်။ ခုနက ပဋိဘာနခေါ်တဲ့ ပကတိ တောင်ထွတ် ချောက်ကမ်းပါးထက် အဆပေါင်းများစွာ ပိုပြီးတော့ နက်ရှိုင်းပါတယ်။ ကူးခပ်ဖို့ရန် အလွန် ခက်ခဲတယ်။ အဲဒီလို အလွန် ခက်ခဲနေတဲ့ ဒီချောက်ကမ်းပါးကြီးတွေကို ကျော်လွှားလွန်မြောက်နိုင်တဲ့ စွမ်းအား အပြည့်အဝရှိတဲ့ တရားတစ်ခု ထင်ရှားရှိတယ်ဆိုရင် ဒီတရားမျိုးကို ဒီဘဝမှာ ဒီဘုရားရှင်ရဲ့ သာသနာတော်နဲ့ ကြုံကြိုက်ခိုက်မှာ ရအောင် ယူထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါကြောင့် ဘုရားရှင်က တိုက်တွန်းတယ်။

‘‘တသ္မာတိဟ, ဘိက္ခဝေ, ‘ဣဒံ ဒုက္ခ’န္တိ ယောဂေါ ကရဏီယော, ‘အယံ ဒုက္ခသမုဒယော’တိ ယောဂေါ ကရဏီယော, ‘အယံ ဒုက္ခနိရောဓော’တိ ယောဂေါ ကရဏီယော, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယောဂေါ ကရဏီယော’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တသ္မာ၊ ထို့ကြောင့်။ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ တုမှေ၊ သင်ချစ်သားတို့သည်, သင်ချစ်သမီးတို့သည်။ ဣဒံ ဒုက္ခန္တိ၊ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟူ၍။ ယောဂေါ၊ သိအောင် ကြိုးစားအားထုတ်ခြင်းကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်ပေ၏။ အယံ ဒုက္ခသမုဒယောတိ၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟူ၍။ ယောဂေါ၊ သိအောင် ကြိုးစားအားထုတ်ခြင်းကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်ပေ၏။ အယံ ဒုက္ခနိရောဓောတိ၊ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟူ၍။ ယောဂေါ၊ သိအောင် ကြိုးစားအားထုတ်ခြင်းကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်ပေ၏။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ၊ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတရားတည်းဟူ၍။ ယောဂေါ၊ သိအောင် ကြိုးစားအားထုတ်ခြင်းကို။ ကရဏီယော၊ ပြုသင့်ပြုထိုက်ပေ၏၊

ဘာဖြစ်လို့လဲ? ဒီသစ္စာလေးပါးကို ထိုးထွင်းသိမြင်နေတဲ့ သမ္မာဒိဋ္ဌိလို့ ခေါ်ဆိုအပ်တဲ့ အရိယမဂ်ဉာဏ်တွေ, အရိယဖိုလ်ဉာဏ်တွေက ဒီလို ချောက်ကမ်းပါးကြီး အမျိုးမျိုးမှ လွတ်မြောက်သွားအောင် သတ္တဝါအပေါင်းကို ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအင်ရှိနေတယ်။ ဒီလို ဆင်းရဲဒုက္ခ အဝဝမှ ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအင်ရှိနေတဲ့ ဒီအရိယသစ္စာလေးပါးကို ထိုးထွင်းသိမြင်တတ်တဲ့ ဉာဏ်သည် မင်္ဂလာရှိတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒါကြောင့် အရိယသစ္စာန ဒဿန = အရိယသစ္စာလေးပါးကို သမ္မာဒိဋ္ဋိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းသည် မင်္ဂလာတစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရားက ဟောထားတယ်။

သို့သော် နောက်ထပ် ဒီနေရာလေးမှာ ဘုန်းကြီး ဒီသစ္စာလေးပါးနဲ့ ဆက်စပ်နေတဲ့ နောက်ထပ် သုတ္တန်လေးတစ်ခုလောက် ဟောဖို့ ထပ်ပြီးတော့ ရည်ရွယ်ထားတယ်။ ဒုတိယ ကောဋိဂါမသုတ္တန်လို့ ခေါ်ပါတယ်။ ဒီသုတ္တန်လေးက ဒီနေ့ တရားဘာဝနာကို လေ့လာလိုက်စားနေတဲ့ သူတော်ကောင်းတွေ အထူးဂရုပြုသင့်တဲ့ သုတ္တန်တစ်ခုလည်း ဖြစ်နေပြန်တယ်။ မြတ်စွာဘုရား ထိုသုတ္တန်မှာ ဘယ်လိုဟောလဲ?

‘‘ယေ ဟိ ကေစိ, ဘိက္ခဝေ, သမဏာ ဝါ ဗြာဟ္မဏာ ဝါ ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ နပ္ပဇာနန္တိ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ နပ္ပဇာနန္တိ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ နပ္ပဇာနန္တိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ နပ္ပဇာနန္တိ, န မေ တေ, ဘိက္ခဝေ, သမဏာ ဝါ ဗြာဟ္မဏာ ဝါ သမဏေသု ဝါ သမဏသမ္မတာ ဗြာဟ္မဏေသု ဝါ ဗြာဟ္မဏသမ္မတာ, န စ ပနေတေ အာယသ္မန္တော သာမညတ္ထံ ဝါ ဗြဟ္မညတ္ထံ ဝါ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရန္တိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ယေ ဟိ ကေစိ သမဏာ ဝါ၊ အကြင် အချို့ကုန်သော သမဏတို့သည်လည်းကောင်း။ ယေ ဟိ ကေစိ ဗြာဟ္မဏာ ဝါ၊ အကြင် အချို့ကုန်သော ဗြဟ္မဏတို့သည်လည်းကောင်း။

အချို့လို့ ပြန်ရင်လည်း ရပါတယ်။ အလုံးစုံလို့ ပြန်ရင်လည်း ရပါတယ်။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ယေ ဟိ ကေစိ သမဏာ ဝါ၊ အကြင် အလုံးစုံသော သမဏတို့သည်လည်းကောင်း။ ယေ ဟိ ကေစိ ဗြာဟ္မဏာ ဝါ၊ အကြင် အလုံးစုံသော ဗြဟ္မဏတို့သည်လည်းကောင်း။

ဘယ်လို သမဏလဲ, ဘယ်လို ဗြဟ္မဏလဲဆိုတာ ဘုရားရှင်က ဆက်ဟောတယ်နော်။

ဣဒံ ဒုက္ခန္တိ၊ ဤကား ဒုက္ခ အရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ နပ္ပဇာနန္တိ၊ ကွဲကွဲပြားပြား မသိရှိကြလေကုန်။ အယံ ဒုက္ခသမုဒယောတိ၊ ဤကား ဒုက္ခ ဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ နပ္ပဇာနန္တိ၊ ကွဲကွဲပြားပြား မသိရှိကြလေကုန်။ အယံ ဒုက္ခနိရောဓောတိ၊ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ နပ္ပဇာနန္တိ၊ ကွဲကွဲပြားပြား မသိရှိကြလေကုန်။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ၊ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ နပ္ပဇာနန္တိ၊ ကွဲကွဲပြားပြား မသိရှိကြလေကုန်။

သမဏအမည်ခံနေတဲ့ ပုဂ္ဂိုလ်တွေ, ဗြဟ္မဏ အမည်ခံနေတဲ့ ပုဂ္ဂိုလ်တွေ လောကမှာ ရှိကြတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ ဤကား ဒုက္ခသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိကြဘူး။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိကြဘူး။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိကြဘူး။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိကြဘူး။ မသိရင် ဘာဖြစ်မလဲ?

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဧတေ သမဏာ ဝါ၊ ထိုသမဏတို့ကိုလည်းကောင်း။ ဧတေ ဗြာဟ္မဏာ ဝါ၊ ထိုဗြဟ္မဏတို့ကိုလည်းကောင်း။ သမဏေသု ဝါ၊ သမဏတို့၌မူလည်း။ န သမဏသမ္မတာ၊ သမဏဟူ၍ မခေါ်ဝေါ် မသမုတ်အပ်ပါကုန်။ ဗြာဟ္မဏေသု ဝါ၊ ဗြာဟ္မဏတို့၌လည်းပဲ။ န မေ ဗြာဟ္မဏသမ္မတာ၊ ဗြာဟ္မဏဟူ၍ မခေါ်ဝေါ် မသမုတ်အပ်ပါကုန်။

အဲဒီလို ပုဂ္ဂိုလ်တွေကို သမဏတွေ စာရင်းထဲမှာ သမဏလို့ မခေါ်ဝေါ်ထိုက်ဘူး။ ဗြဟ္မဏစာရင်းထဲမှာ ဗြဟ္မဏလို့လည်း မခေါ်ဝေါ် ထိုက်ပါဘူး။ ဒီနေရာမှာ သမဏဆိုတာကတော့ အထူးသဖြင့် ဥက္ကဋ္ဌနိဒ္ဒေသနည်း ခေါ်တာပေါ့လေ။ စာပေနယ်သုံး ဝေါဟာရနဲ့ပြောရင် အသာဆုံး, အမြတ်ဆုံးဖြစ်တဲ့ သမဏကို ရည်ညွှန်းမယ်ဆိုရင် ရဟန္တာကို ဘုရားရှင်က အထူးသဖြင့် ရည်ရွယ်ထားတယ်။ တစ်နည်းတော့ အရိယာသူတော်ကောင်းတွေ, တစ်နည်းတော့ သောတာပန်, သကဒါဂါမ်, အနာဂါမ် အစရှိတဲ့ အရိယာပုဂ္ဂိုလ် ၈-ယောက်လုံးကိုပဲ ရည်ညွှန်းထားတယ်။ ကလျာဏပုထုဇန်တွေကိုလည်း ဒီအထဲမှာ အထိုက်အလျောက် ရည်ညွှန်းထားတယ်လို့ ဆိုကြပါစို့။ အထိုက်အလျောက် ဆိုတာကတော့ ကလျာဏပုထုဇန် သူတော်ကောင်းတွေလည်း လောကီသစ္စာလေးပါးကို ထိုးထွင်းသိနိုင်တယ်။ လောကုတ္တရာ သစ္စာလေးပါးကိုတော့ မသိနိုင်ဘူး။ ဒါကြောင့် သစ္စာလေးပါးကို မသိတဲ့ ပုဂ္ဂိုလ်တွေကို သမဏစာရင်းထဲမှာ သမဏလို့လည်း ခေါ်ဝေါ်သမုတ်ခြင်းကို ငါဘုရား မပြုထိုက်ဘူးလို့ ပြောတယ်။ ဗြဟ္မဏတွေထဲမှာလည်း ဗြဟ္မဏလို့ မခေါ်ဝေါ်ထိုက်ဘူး။ ဗြဟ္မဏဆိုတာကတော့ အထူးသဖြင့် ဒီနေရာမှာ ဝိသုဒ္ဓိ ဗြဟ္မဏခေါ်တဲ့ ရဟန္တာအရှင်မြတ်တွေကို အထူးသဖြင့် ရည်ရွယ်ထားပါတယ်။

ဒီတော့ ကိလေသာ အပူမီး ငြိမ်းအေးပြီးနေတဲ့ ရဟန်းတွေကိုလည်း သမဏလို့ ခေါ်တယ်။ ကိလေသာ အညစ်အကြေးတွေ ကင်းစင်နေတဲ့ ရဟန္တာ အရှင်မြတ်တွေကိုလည်း ဝိသုဒ္ဓိဗြဟ္မဏလို့ ခေါ်တယ်။ ကိလေသာ အပူမီးတွေ မငြိမ်းသေးသော်လည်း ငြိမ်းအောင် ကျင့်နေဆဲဖြစ်တဲ့ အရိယာသူတော်ကောင်းတွေကိုလည်း သမဏလို့ ခေါ်တယ်။ ကိလေသာ အပူမီးတွေ ငြိမ်းအောင် ကျင့်နေဆဲဖြစ်တဲ့ လောကီသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိနေတဲ့ ကလျာဏပုထုဇန်တွေကိုလည်း သမဏလို့ တင်စားပြီးတော့ ခေါ်နိုင်ပါတယ်။ ခု ဒီနေရာမှာ သစ္စာလေးပါးကို မသိခဲ့ရင် သမဏလို့ ဘုရားရှင်က ခေါ်သလား? မခေါ်ဘူး။ သစ္စာလေးပါးကို မသိခဲ့ရင် ဗြဟ္မဏလို့ ဘုရားရှင်က ခေါ်သလား? မခေါ်ဘူး။ ရဟန်းတောင် မဖြစ်ပါဘူးတဲ့။

စဉ်းစားကြည့်ပေါ့နော် - ပိုးသာကုန်တယ် မောင်ပုံ စောင်းမတတ်ဘူးတဲ့။ ဝိပဿနာတော့ အားထုတ်ပါရဲ့ ဝိပဿနာ မဟုတ်ဘူးဆိုရင် မိမိတို့အတွက် အကျိုးရှိပါ့မလား? တရားအားထုတ်တိုင်း ကုသိုလ်ရတယ်လို့ ပြောနိုင်ပါ့မလား? မပြောနိုင်ဘူးနော်။ သတိရှိကြ။ လမ်းမှန်မှသာလျှင် ကုသိုလ်ဆိုတာ တိုးပွားလာမယ်။ လမ်းမှားကြီး ကျင့်နေခဲ့ရင် ကုသိုလ်တရား တိုးပွားနိုင်ပါ့မလား? ကုသိုလ်တရား မတိုးပွားဘူးဆိုရင် ဒီပုဂ္ဂိုလ်တွေ ဘာဖြစ်သလဲ?

ဒုပ္ပဋိပန္နော ဟိ သာသနံ ဘိန္ဒန္တော သတ္ထုဓမ္မသရီရေ ပဟာရံ ဒေတိ နာမ။ (ဥဒါနအဋ္ဌကထာ၊ ၈၇။)

ဥဒါန်း အဋ္ဌကထာမှာ အရှင်ဗာဟိရဒါရုစိရိယ မထေရ်အလောင်း အကျင့်လွဲချော်ပုံနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာက ဖွင့်ဆိုထားတဲ့ စကားပါ။

ဒုပ္ပဋိပန္နော ဟိ၊ ကျင့်စဉ်လွဲချော်နေတဲ့ ပုဂ္ဂိုလ်သည်ကား။ သာသနံ၊ သာသနာတော်ကို။ ဘိန္ဒန္တော၊ ဖျက်ဆီးလျက် (ဖျက်ဆီး၍နေသည်မည်၏)။

ကျင့်စဉ်လွဲချော်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သာသနာတော်ကို ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တွေပါတဲ့။

သာသနံ ဘိန္ဒန္တိ၊ သာသနာတော်ကို ဖျက်ဆီးလျက်။ သတ္ထုဓမ္မသရီရေ၊ ဘုရားရှင်၏ တရားတည်းဟူသော ခန္ဓာအိမ်၌။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ ดေတိ နာမ၊ ပေး၍နေသည် မည်ပါပေ၏၊

သာသနာတော်ကိုလည်း ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တွေပဲ, သာသနာတော်ကိုလည်း ဖျက်ဆီးပြီးတော့ ဒီပုဂ္ဂိုလ်တွေဟာ ဘုရားရှင်ရဲ့ တရားတည်းဟူသော ခန္ဓာအိမ်ကို ပုတ်ခတ်စော်ကားနေတဲ့ ပုဂ္ဂိုလ်တွေတဲ့။ အပြစ်ကလေးက ပေါ့တယ်လို့တော့ သိပ်ပြီး မတင်းနဲ့နော်။ အို ကိုယ်ကြိုက်တာ ကိုယ်ကျင့်ကြတာပဲ။ ဒီလိုတော့ ပေါ့ပေါ့ မယူဆကြနဲ့။ မှန်ကန်တဲ့ ကျင့်စဉ်တွေ ကျင့်မိမှ မိမိအတွက် အကျိုးရှိမယ်။ မှားယွင်းနေတဲ့ ကျင့်စဉ်တွေကို ကျင့်ပြီ။ မိမိကျင့်တဲ့ ကျင့်စဉ်တွေကလည်း လွဲချော်နေပြီဆိုရင် ထိုကျင့်စဉ်ကို ကျင့်နေခြင်းသည် ဘာတွေကို လုပ်နေတာလဲလို့မေးတော့ သာသနာတော်ကို ဖျက်ဆီးနေတယ်။ သာသနာတော်ကို ဖျက်ဆီးရုံတင် မဟုတ်ဘူး။ ဘုရားရှင်ရဲ့ တရားတည်းဟူသော ခန္ဓာအိမ်ကိုလည်း ပုတ်ခတ်စော်ကားနေကြတယ်။ ဒါလေးနားလည်အောင် ထပ်ပြောမှ နည်းနည်း သဘောကျလိမ့်မယ် ထင်တယ်။ နို့မို့ဆိုရင် စကားက အစွန်းမလွတ် ဖြစ်နေတယ်။

သာသနာဆိုတာက အကျဉ်းချုပ်ပြီး ရေတွက်လိုက်တဲ့ အချိန်အခါမှာ သီလသာသနာ, သမာဓိသာသနာ, ပညာသာသနာဆိုပြီး သာသနာ ဘယ်နှစ်ခု ရှိလဲ? သုံးခု။ ပရိယတ္တိသာသနာ, ပဋိပတ္တိသာသနာ, ပဋိဝေဒသာသနာ ဆိုပြီး သာသနာသုံးခု အတူတူပါပဲနော်။ ဒီတော့ ဒီနေရာမှာ ဘုရားရှင်က သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်ထားအပ်တဲ့ သာသနာတော်ကြီးကို ပြုစုပျိုးထောင်ထားခဲ့ပါတယ်။ ဒီတော့ သီလကျင့်စဉ်ကို ကျင့်မှ နိဗ္ဗာန်ရမယ်လို့ ဘုရားဟောတယ်။ မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဆိုတဲ့ သီလမဂ္ဂင်သုံးပါး ထည့်သွင်းပြီး ဟောထားပါတယ်။ သီလဖြည့်ကျင့်နေဖို့ မလိုပါဘူးဆိုရင် ဒါ ဘုရားရှင်ရဲ့ သီလကို ဖြည့်ကျင့်ရမယ်ဆိုတဲ့ အဆုံးအမကို ဖျက်ဆီးပစ်တာနဲ့ မတူဘူးလား? တူနေတယ်။

ကဲ နောက်တစ်ခု - သမာဓိသာသနာ သွားလိုက်ဦး။ ဘုရားရှင်က မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိဆိုပြီးတော့ သမာဓိမဂ္ဂင် သုံးပါး ထည့်ပြီးတော့ ဟောထားပါတယ်နော်။ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂသစ္စာအဖြစ်နဲ့ ဘုရားက စနစ်တကျ ဟောသွားခဲ့တယ်။ သမာဓိထူထောင်ဖို့ မလိုပါဘူး။ ဒီသမထတွေသည် သာသနာတွင်းတရား မဟုတ်ဘူး။ သာသနာပတရားဆိုပြီး ဘေးကန်ပစ်လိုက်တယ်။ သမ္မာသမာဓိမဂ္ဂင်လေး ဟိုချောင်သွားကပ်နေရတယ်။ လွင့်ထွက်သွားတယ်။ ဟုတ်ပြီလား? ဟုတ်ကဲ့လား ဒကာကြီးဟင် ဘယ့်နှယ်တုန်း ယောဂီတွေ ပြောကြစမ်းပါဦး။ ဘယ့်နှယ်တုန်း ဘုန်းကြီးတွေ ဟုတ်ကော ဟုတ်ရဲ့လားဟင် - အဲဒီတော့ ဘုရားရှင်က သမာဓိထူထောင်ရမယ်ဆိုတဲ့ သမာဓိသာသနာတော်ကြီးကို ဖျက်ဆီးပစ်တယ်ဆိုတဲ့သဘော မဖြစ်ဘူးလား? ဖြစ်နေပြီ။ ခက်တာနော်။

သာသနာတော်အတွင်းမှာ ဝိပဿနာသာ အနှစ်သာရဖြစ်တယ်။ သမထက သာသနာတော်ရဲ့ အနှစ်သာရ မဟုတ်ဘူးတဲ့။ ဘုန်းကြီးကလည်း အနှစ်သာရလို့ မပြောပါဘူးနော်။ သို့သော် မဂ္ဂင်ရှစ်ပါးစုံညီမှ နိဗ္ဗာန်ရမယ်လို့ လက်ခံနိုင်မယ်ဆိုရင် မဂ္ဂင်ရှစ်ပါးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတဲ့ သမ္မာသမာဓိကိုလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်အဖြစ်နဲ့ လက်ခံနိုင်ဖို့ မကောင်းဘူးလား? ကောင်းနေတယ်။ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွေဟာ သာသနာတွင်းတရားလား, သာသနာပတရားလားလို့ ထိုပုဂ္ဂိုလ်တွေကို မေးခဲ့ရင် သူတို့ကတော့ အမှတ်တမဲ့တော့ ဖြေလိမ့်မယ်။ အမှတ်တမဲ့ ပြောတာက မဂ္ဂင်ရှစ်ပါးကို သာသနာတွင်းတရား မဟုတ်ဘူးလို့ ပြောခဲ့ရင် သူတို့ဘက်မှာ အထောက်အထားက မရှိလို့ပါ။ မဂ္ဂင်ရှစ်ပါးကို သာသနာတွင်းတရားလား, သာသနာပတရားလားလို့ မေးခဲ့ရင်တော့ များသောအားဖြင့်-ပေါ့လေ သာသနာတွင်းတရားလို့ သူတို့ အမှတ်တမဲ့ ဖြေလိမ့်မယ်။

ကဲ ကောင်းပြီ ... သမ္မာသမာဓိသည် သာသနာတွင်းတရားလား, သာသနာပတရားလားလို့ သူတို့ ပြန်မေးလိုက်တဲ့အခါ ဟာ ဒီသမထတွေက သာသနာတွင်းတရား မဟုတ်ဘူးတဲ့။ သာသနာပတရားတဲ့ ဖြစ်ပြန်ရော။ ရှေ့စကားနဲ့ နောက်စကား ညီသေးလား? မညီပါဘူး။ ပြောချင်ရာ စွတ်ပြီး ပြောနေတဲ့ ဒီစကားတွေသည် ဘာလုပ်နေတာလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်ခါ ဘုရားရှင်ရဲ့ သမာဓိသာသနာတော်ကို ဖျက်ဆီးနေတာတဲ့နော်။ ဘာဖြစ်လို့ ဒီသမာဓိကို ထူထောင်ရသလဲ?

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သမာဓိံ၊ သမာဓိကို။ ဘာဝေထ၊ ပွားများအားထုတ်ကြပါကုန်လော့။ သမာဟိတော၊ သမာဓိရှိတဲ့ ပုဂ္ဂိုလ်သည်။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိ၏၊

ချစ်သားရဟန်းတို့ ... သမာဓိကို ထူထောင်ကြ။ သမာဓိရှိနေတဲ့ ရဟန်းတော်သည် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိတယ်။ ဘာတွေကို သိမလဲ?

ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။

ဣဒံ ဒုက္ခန္တိ၊ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိ၏။ အယံ ဒုက္ခသမုဒယောတိ၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိ၏။ အယံ ဒုက္ခနိရောဓောတိ၊ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိ၏။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ၊ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိ၏၊

ဒီလိုဆိုရင် ချစ်သားရဟန်းတို့ ... ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာခေါ်တဲ့ ဒီသစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းထောက်သိမြင်သည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ရန်အတွက် သင်ချစ်သားတို့, သင်ချစ်သမီးတို့ သမာဓိ ထူထောင်ကြပါလို့ ဒီလို ဘုရားရှင်က ဟောထားတယ်။ ဟောထားလိုက်တဲ့ အချိန်အခါကျတော့ သစ္စာလေးပါးသိအောင် ဘာလုပ်ရမလဲ? သမာဓိကို ထူထောင်ရမယ်။ ဘယ်အခါမှာ ထူထောင်ရမလဲ? သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီးတဲ့ အချိန်ခါမှာ သမာဓိတည်းဟူသော ကျင့်ဝတ်-ပဋိပတ်ကို ဆက်လက်ပြီး ထူထောင်ရပါတယ်။ ဘာဖြစ်လို့လဲ? ဘုရားရှင်ဟောနေတဲ့ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာခေါ်တဲ့ ဒီသစ္စာလေးပါးသည် သမာဓိရှိမှ သိနိုင်တယ်။ သမာဓိမရှိရင် မသိနိုင်ဘူး။ သမာဓိ မရှိရင် မသိနိုင်တဲ့အတွက် ဘုရားရှင်က သမာဓိထူထောင်ပါ ဆိုပြီးတော့ ဒီလို တိုက်တွန်းထားတယ်။ ခေတ်ကတော့ ဘာပြောလဲ?

သာသနာတော်အတွင်းမှာ ဝိပဿနာသာ အဓိက အနှစ်သာရ ဖြစ်တယ်။ သမာဓိက သာသနာတော်ရဲ့ အနှစ်သာရမဟုတ်ဘူး။ ဒါကြောင့် သမာဓိ ထူထောင်ဖို့ မလိုဘူးဆိုပြီးတော့ သူတို့က ဘေးကန်ပစ်လိုက်တယ်။ ကန်လိုက်တဲ့အတွက် သူတို့ ကန်လိုက်တဲ့အတိုင်း ဒေါင့်ကပ်နေရတာပါ။ ဟုတ်တယ်မဟုတ်လား? မျက်နှာတော့ တော်တော်ငယ်နေပါတယ်။ အဲဒီတော့ ဘေးကန်လိုက်တဲ့ အခါကျတော့ သူတို့က ဘာလုပ်လဲ? ပေါ်ရာကို ရှုနေတာ။ ပေါ်ရာကို မှတ်နေတာ ဒါ ဝိပဿနာပဲတဲ့ ဟုတ်ကော ဟုတ်ရဲ့လား? (မဟုတ်ပါဘူးဘုရား) ဒကာကြီး ပြောတာနော်။ ကဲ မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့လဲ?

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။

အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဒီဓမ္မတရားတွေ ရှုတတ်လို့ ဝိပဿနာခေါ်တယ်။ ဘာဓမ္မလဲလို့မေးတော့ ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရနေတဲ့ တရားတွေကို သင်္ခါရတရားလို့ ခေါ်တယ်။ ထိုသင်္ခါရတရား ဓမ္မတွေရဲ့ ဖြစ်ပြီးပျက်နေတာကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီး အနိစ္စလို့ ရှုတယ်။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် အခိုင်အမာရှိနေတဲ့ အတ္တမဟုတ်တဲ့ အနတ္တသဘောတွေကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီးတော့ အနတ္တလို့ ရှုတယ်။ အဲဒီလို ရှုတတ်တဲ့ ဉာဏ်ကိုသာလျှင် ဘာလို့ခေါ်လဲ? ဝိပဿနာလို့ ခေါ်တယ်။

ကဲ ... ဒီဒုက္ခသစ္စာတရားဆိုတာက ဘာတွေလဲ? ဟိုတစ်နေ့ညက ရှင်းခဲ့ပြီးပြီ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာလို့ ခေါ်ဆိုအပ်တဲ့အတိုင်း အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ရှုခဲ့ရင် ဒါ ဝိပဿနာလို့ ခေါ်တယ်။ အဲဒီတော့ ဒုက္ခသစ္စာ စာရင်းထဲမှာ ဝင်နေတဲ့ ရုပ်တရားကြည့်ပေါ့ - ရုပ်တို့မည်သည် ကလာပ်ခေါ်တဲ့ အမှုန်ကလေးတွေ အနေနဲ့ဖြစ်တယ်။ ဒါ ခဏခဏ ပြောနေတယ်နော်။

ဒီအမှုန်လေးတွေကို တစ်မှုန်တစ်မှုန်မှာ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီး သိနိုင်မှ ရုပ်ပရမတ်ကို စသိတယ်။ ဒီတော့ ဒီရုပ်ကလာပ်အမှုန်ကို မမြင်သေးဘူး, ရုပ်ပရမတ်ကို မမြင်သေးဘူးဆိုရင် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ မှန်ကန်တိကျနေတဲ့ ဝိပဿနာဉာဏ် ဖြစ်မလား? မဖြစ်ဘူး။ အလားတူပဲ - ဘုရားရှင် ဟောနေတဲ့ နာမ်တရားတွေလည်း ဒီအတိုင်းပဲ။ ဟိုတစ်နေ့ညက ပြောခဲ့သလိုပဲ သူ့ခမျာလည်း ကုဋေတစ်သိန်းနဲ့ ခဏခဏ ကိုင်ပြီး အပေါက်ခံနေရတဲ့အတွက် ချောင်ကြိုချောင်ကြားကပ်ပြီး နေရတယ်။ မျက်နှာတော်တော်လေး ငယ်နေတယ်။ အဲဒီတော့ နာမ်တရားတွေလည်း ရှုလို့ မရဘူးဆိုပြီးတော့ ဘေးပိတ်ကန်လိုက်တယ်။ ဒီရုပ်တရားလည်း ရှုလို့ မရဘူးဆိုပြီးတော့ ဘေးပိတ်ကန်လိုက်တယ်။ ကန်လိုက်တော့ သူက ဘုရားရှင်က ဒီခန္ဓာငါးပါးလို့ ခေါ်ဆိုအပ်တဲ့ ဒုက္ခသစ္စာကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဘာလုပ်ရမလဲ? သမာဓိ ထူထောင်ရမယ်လို့ ဒီလို တိုက်တွန်းထားတယ်။ သမာဓိ ထူထောင်နေဖို့ မလိုပါဘူးဆိုတော့ သမာဓိထူထောင်ရမယ်ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမကို ဖျက်ဆီးပစ်သည် မမည်ဘူးလား? မည်ပါတယ်။ တစ်ချက်။

ဘုရားက ဟောထားတဲ့ ဒီဒုက္ခသစ္စာတရား ခန္ဓာငါးပါး, ဘုရားဟောတဲ့ ဒီရုပ် ဒီနာမ်။ အဲ ရူပက္ခန္ဓာက ရုပ်တရား, ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ နာမ်ခန္ဓာလေးပါးက နာမ်တရား။ ပေါင်းလိုက်တော့ ရုပ်နာမ် နှစ်ပါး။ ဘုရားဟောနေတဲ့ ဒီရုပ် ဒီနာမ် သာဝကတွေ ဘယ်လိုမှ ရှုမရဘူးတဲ့။ ဒီလိုဆိုတော့ ဘုရားဟောနေတဲ့ ပညာသာသနာတော်ကြီးလည်း ပိတ်ကန်ပစ်လိုက်တာ ချောင်ကပ်မနေရဘူးလား? ကပ်နေရတယ်။ ဒီတော့ ဘုရားရှင်က ဒီရုပ် ဒီနာမ် ဒီခန္ဓာငါးပါးကို ရှုရမယ်လို့ ဟောတယ်။ ခေတ်က ရှုမရဘူးဆို ပိတ်ကန်ပစ်တယ်။ အဲဒီလို ပိတ်ကန်ပစ်လိုက်တဲ့ အချိန်ခါကျတော့ ကန်ရုံတွင် ကန် ကိစ္စမရှိဘူး။ သူက ဖျက်ဆီးပစ်တယ်ဆိုပြီး ဒီလို ဖွင့်ထားတယ်။ ဘုရားရှင်က ဒီရုပ် ဒီနာမ် သိရမယ်။ ဒီအကြောင်းတရား ဒီအကျိုးတရား သိရမယ်။ ဒီအကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုရမယ်။ ဒီလို ဟောတယ်။ ခေတ်က ဒီရုပ် ဒီနာမ် သိဖို့ မလိုဘူး။ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ဖို့လည်း မလိုဘူး။ သူ့ဟာသူ သိလာလိမ့်မယ်။ ဒီပုံစံကိုး။

နောက်တစ်ခု သမုဒယသစ္စာ သွားပြန်တော့ - ဟိုတစ်နေ့ညက ပြောခဲ့တဲ့အတိုင်းပဲ။ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တယ်။ ဒီဘဝ ပြုစုပျိုးထောင်နေတဲ့ သမုဒယသစ္စာကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာတွေ ဖြစ်မယ်။ အတိတ်လည်း မရှုကောင်းဘူး။ ဝိပဿနာဆိုတာက ပစ္စုပ္ပန် ပေါ်ရာပေါ်ရာသာ ရှုရတယ်။ အတိတ် အနာဂတ်နဲ့ ဘာမှ မဆိုင်ဘူးဆိုပြီး ပိတ်ကန်ထည့်လိုက်တာ သမုဒယသစ္စာလည်း ချောင်ကပ်မသွားဘူးလား? သွားပြန်တယ်။ ဒီတော့ ဒုက္ခသစ္စာလည်း ချောင်ကပ်နေရတယ်။ သမုဒယသစ္စာလည်း ချောင်ကပ်နေရတယ်။ ဒီလိုဆိုတော့ ဒီပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ မှန်ကန်တိကျနေတဲ့ ဝိပဿနာဉာဏ် ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တဲ့ အချိန်ခါကျတော့ ဘုရားရှင်ရဲ့ ဒုက္ခသစ္စာကို သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ပညာကျင့်စဉ်, သမုဒယသစ္စာကို ထိုးထွင်းသိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ပညာကျင့်စဉ်။ အဲဒီ ပညာကျင့်စဉ်ကို ပညာသာသနာလို့ ခေါ်ပါတယ်။ ဒီပညာသာသနာဆိုတဲ့ အဆုံးအမကြီးကို ဖျက်ဆီးပစ်သည် မမည်ဘူးလား? မည်နေတယ်။

ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရနေတဲ့ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုမှ ထိုသူတော်ကောင်းရဲ့သန္တာန်မှာ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာလို့ ခေါ်တဲ့ အဆင့်အတန်း မြင့်မားနေတဲ့ လောကုတ္တရာသစ္စာ ပေါ်လာမှာ ဖြစ်တယ်နော်။ ဒီတော့ ဒီအဆင့်အတန်း မြင့်မားနေတဲ့ လောကုတ္တရာ သစ္စာတရားတွေဟာ လောကီသစ္စာဖြစ်နေတဲ့ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေကို လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုနိုင်မှသာလျှင် ရမယ့်တရား။ မရှုခဲ့ရင် ရမလား? မရနိုင်ဘူး။ မရနိုင်တဲ့ အခါကျတော့ ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သစ္စာလေးပါးကို မှန်မှန်ကန်ကန် တိတိကျကျ သိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ်အမြင် ပေါ်လာနိုင်မလား? မပေါ်လာနိုင်ဘူး။ ဒါကြောင့် ကျင့်စဉ် လွဲချော်ခြင်းသည် ဘာမှ မဖြစ်ဘူး မဟုတ်ဘူးနော်။ ဘုရားရှင်ရဲ့ သာသနာတော်ကို ဖျက်ဆီးပစ်သည် မည်တယ်။ နောက်တစ်ခု ဘာလဲ?

ဒုပ္ပဋိပန္နော ဟိ သာသနံ ဘိန္ဒန္တော သတ္ထုဓမ္မသရီရေ ပဟာရံ ดေတိ နာမ။

သတ္ထုဓမ္မသရီရေ၊ ဘုရားရှင်၏ တရားတည်းဟူသော ခန္ဓာအိမ်၌။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ ဒေတိ နာမ၊ ပေး၍နေသည်မည်၏၊

ဘုရားရှင်ရဲ့ တရားတည်းဟူသော ခန္ဓာအိမ်မှာ ပုတ်ခတ်စော်ကားခြင်းကို ပေးနေတာတဲ့။ ဟုတ်,မဟုတ် ကြည့်ပေါ့။ ခုနက ဒုက္ခသစ္စာလည်း ပိတ်ကန်လိုက်တာ ဟိုချောင်ထဲ လွင့်သွားပြီ။ ဟုတ်ပါ့မလား? သမုဒယသစ္စာလည်း ပိတ်ကန်လိုက်တာ ချောင်ထဲ လွင့်သွားပြီ။ သမာဓိသာသနာကလည်း ပိတ်ကန်လိုက်တာ ချောင်ထဲ လွင့်သွားပြီ။ သီလသာသနာတော့ တချို့က မကန်ပါဘူး။ တချို့ကလည်း ပိတ်ကန်ပစ်လိုက်ပြီ။ ဒီတော့ ဘုရားရှင်ရဲ့ သီလ, သမာဓိ, ပညာလို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ် သာသနာတော်ကြီးကို လှမ်းပြီးတော့ ပုတ်ခတ်စော်ကားနေတာနဲ့ မတူဘူးလား? တူနေပြီနော်။ ပုတ်ခတ်စော်ကားနေတယ်ဆိုတာက နည်းနည်းလေး ဒီနေရာမှာ ထပ်ပြီး ပြောမယ်။

ဦးပဇင်းတို့ မြတ်စွာဘုရား အလောင်းတော်ဘဝက သိဒ္ဓတ္ထမင်းသားဘဝ ဆိုကြပါစို့နော်။ သိဒ္ဓတ္ထမင်းသားဘဝမှာ တည်ရှိနေစဉ် အချိန်ခါမှာ ထိုအလောင်းတော်ရဲ့သန္တာန်မှာလည်း ခန္ဓာငါးပါး ရှိပါတယ်။ ရုပ်နာမ် နှစ်ပါး ရှိပါတယ်နော်။ အဲဒီ ခန္ဓာငါးပါး ရုပ်နာမ် နှစ်ပါးတွေကို ဘုရားလို့ ခေါ်သလား? မခေါ်သေးဘူး။ ဘယ်အချိန်ခါကျမှ ဘုရားခေါ်သလဲ? ဗောဓိမဏ္ဍိုင်ရောက်လို့ အရဟတ္တမဂ်, အရဟတ္တဖိုလ်ဉာဏ်ရတယ်။ သဗ္ဗေညုတဉာဏ်တော်ကြီး အထွတ်တပ်ထားတဲ့ အရဟတ္တမဂ်ဉာဏ်ကို ရရှိတဲ့ အချိန်ခါကျမှ ဘုရားလို့ ခေါ်တယ်။ ဒီလိုဆိုရင် ဘုရားရှင်ရဲ့ ခန္ဓာအိမ်ဟာ ဘာလဲလို့ မေးတော့ လောကုတ္တရာတရား ကိုးပါးကိန်းဝပ်လာတဲ့ အချိန်ခါကျမှ သစ္စာလေးပါးကို သိတဲ့ ဘုရားလို့ ခေါ်ပါတယ်။ အဲဒီတော့ ဘုရားရှင်ရဲ့ ခန္ဓာအိမ် ဆိုလို့ရှိရင် ဘာဟာ ဘုရားရှင်ရဲ့ ခန္ဓာအိမ်လဲလို့ မေးတော့ လောကုတ္တရာတရား ကိုးပါးသည် ဘုရားရှင်ရဲ့ ခန္ဓာအိမ်ပဲ။ လောကုတ္တရာတရားကိုးပါး မကိန်းဝပ်ခင်က သူ့ကို ဘုရားလို့ ခေါ်သလား? မခေါ်ဘူး။ လောကုတ္တရာတရားကိုးပါး ကိန်းဝပ်လာတဲ့ အချိန်ခါကျမှ ဘုရားလို့ ခေါ်တယ်။ အဲဒီ လောကုတ္တရာတရားကိုးပါးသည် ဘယ်အချိန်အခါမှာ ဘုရားရှင်ရဲ့သန္တာန်မှာ တည်လာသလဲနော်။

စတုန္နံ အရိယသစ္စာနံ, ယထာဘူတံ အဒဿနာ၊ တာနိ ဧတာနိ ဒိဋ္ဌာနိ, ဘဝနေတ္တိ သမူဟတာ၊ သံသိတံ ဒီဃမဒ္ဓါနံ, တာသု တာသွေဝ ဇာတိသု။

ချစ်သားရဟန်းတို့ ... ငါဘုရားရှင်ကော သင်ချစ်သားတို့တတွေကော သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ မသိတဲ့အတွက် ထိုထိုသံသရာခရီးမှာ ထိုထိုဘဝတွေမှာ ရှည်မြင့်စွာသော သံသရာကာလပတ်လုံး ကျင်လည်ကျက်စား ပြေးသွားပြီး နေခဲ့ကြရတယ်။

တာနိ ဧတာနိ ဒိဋ္ဌာနိ, ဘဝနေတ္တိ သမူဟတာ၊ သံသိတံ ဒီဃမဒ္ဓါနံ, တာသု တာသွေဝ ဇာတိသု။ ဥစ္ဆိန္နံ မူလံ ဒုက္ခဿ, နတ္ထိဒါနိ ပုနဗ္ဘဝေါတိ။

ခုခါတော့ ငါဘုရားသည် တာနိ ဧတာနိ ဒိဋ္ဌာနိ၊ ထိုသစ္စာလေးပါးတရားကို ငါဘုရား မြင်ပြီးသွားပြီ။ ဘဝနေတ္တိ သမူဟတာ၊ ဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ ကိလေသာတွေကို ငါဘုရား အကြွင်းမဲ့ ပယ်နှုတ်ပြီး ဖြစ်တယ်။ ဥစ္ဆိန္နံ မူလံ ဒုက္ခဿ၊ သံသရာ ဝဋ်ဆင်းရဲဒုက္ခရဲ့ အရင်းအမြစ်ဖြစ်နေတဲ့ တဏှာဦးဆောင်နေတဲ့ ကိလေသာတွေကို ငါဘုရား ဖြတ်တောက်ပြီး ဖြစ်တယ်။ နတ္ထိဒါနိ ပုနဗ္ဘဝေါ၊ အခုအခါမှာ ငါဘုရားရှင်ရဲ့သန္တာန်မှာ နောက်ထပ်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအင်တွေ ကုန်ခန်းသွားပြီ မရှိတော့ဘူးတဲ့။ ဘယ်အခါမှာ မရှိလဲလို့ မေးတော့ -

တာနိ ဧတာနိ ဒိဋ္ဌာနိ၊ ဒီသစ္စာလေးပါးကို မြင်လိုက်တဲ့အတွက် မရှိတာ။ အကယ်၍ ဒီသစ္စာလေးပါးကို မမြင်ခင် အချိန်တုန်းက ဘုရားရှင် ဘယ်လို ရှိလဲ?

စတုန္နံ, ဘိက္ခဝေ, အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ မမဉ္စေဝ၊ ငါဘုရားသည်လည်းကောင်း။ တုမှာကဉ္စ၊ သင်ချစ်သားတို့သည်လည်းကောင်း။ စတုန္နံ အရိယသစ္စာနံ၊ အရိယသစ္စာတရား လေးပါးတို့ကို။ အနနုဗောဓာ၊ အနုဗောဓဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်၍ မသိသောကြောင့်။ अပ္ပဋိဝေဓာ၊ ပဋိဝေဓဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထိုးဖောက်၍ မသိခြင်းကြောင့်။ ဧဝံ၊ ဤသို့။ ဧတံ ဒီဃမဒ္ဓါနံ၊ ဤရှည်မြင့်စွာသော အချိန်ခါကာလပတ်လုံး။ သန္ဓာဝိတံ၊ ထိုဘဝမှ ဤဘဝ၊ ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွား၍ နေခဲ့ကြရလေပြီ။ သံသရိတံ၊ တစ်ခုသော ဘဝ၌လည်း ထပ်ကာ ထပ်ကာ ကျင်လည်ကျက်စား ပြေးသွား၍ နေခဲ့ကြရလေပြီ။

သစ္စာလေးပါး မသိလေတဲ့အတွက် ငါဘုရားရှင်ကော သင်ချစ်သားတို့ရော ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ရတယ်။ တစ်ခုသော ဘဝမှာလည်း ကျင်လည်ကျက်စား ပြေးသွားပြီး နေခဲ့ကြရတယ်။ ဒီလောက် ရှည်လျားတဲ့ သံသရာခရီးမှာ တို့ ကျင်လည်ခဲ့ကြတယ် ဆိုပြီးတော့ ဒီလို ဟောထားတယ်။ သစ္စာလေးပါးကို ထိုးထွင်းသိတဲ့ အချိန်ခါမှာ ထိုသံသရာခရီးကြမ်း ဒုက္ခဇာတ်ကြီး အားလုံး ငြိမ်းမသွားဘူးလား? ငြိမ်းသွားပြီ။

ဒီလိုဆိုရင် သစ္စာလေးပါးကို ထိုးထွင်း သိမြင်တော်မူသည့်အတွက် ဘုရားရှင်ကို သမဏလို့လည်း ခေါ်တယ်။ ဗြဟ္မဏလို့လည်း ခေါ်တယ်။ အကယ်၍ ဘုရားရှင်သည် သစ္စာလေးပါးကို ထိုးထွင်း မသိခဲ့ဘူးဆိုရင် သူ့ကို သမဏလို့ ခေါ်မလား? မခေါ်ဘူး။ ဗြဟ္မဏလို့ကော ခေါ်မလား? မခေါ်ဘူး။ ဒီလိုဆိုရင် သစ္စာလေးပါးကို ထိုးထွင်းသိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ် ဦးဆောင်နေတဲ့ တရားတွေသည် ဘုရားရှင်ရဲ့ ခန္ဓာအိမ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီ ခန္ဓာအိမ်ကို လှမ်းပြီးတော့ ပုတ်ခတ်စော်ကားနေတာ။ ဘယ်လို ပုတ်ခတ်စော်ကားလဲ? အာ ဒီဒုက္ခသစ္စာက သာဝကတွေ ဘယ်လိုမှ မသိနိုင်ဘူး။ တစ်ချက် ကန်လိုက်တယ်။ ဒီသမုဒယသစ္စာ အတိတ် အနာဂတ် ဘာမှ ဝိပဿနာနဲ့ မဆိုင်ဘူး။ တစ်ချက် ပိတ်ကန်လိုက်တယ်။ လွင့်သွားပြီနော်။

အဲဒီတော့ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို ပိတ်ကန်ပစ်လိုက်တဲ့အတွက် ဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ မှန်ကန်တိကျနေတဲ့ ဝိပဿနာဉာဏ်ကော ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ သူလည်း ရောပြီး အကန်ခံလိုက်ရတာ။ အဲဒီ ရှေ့ပိုင်းမှာ တချို့ကျတော့ ပိတ်ပြီး ကန်လိုက်တာ။ တချို့ သီလလည်း မလိုပါဘူး။ သန္တတ္တိအမတ်ကြီးတို့ အရက်မူးနေတာပဲ။ ဘုရားရှေ့ရောက်သွားတာနဲ့ ရဟန္တာ ဖြစ်သွားတာပဲ။ ဘယ်မှာ ငါးပါးသီလ မြဲလို့လဲ? သူတို့က ဒီလို အကြောင်းပြတယ်။ သူတို့က အရက်လည်း နည်းနည်း ကြိုက်သလား မပြောတတ်ပါဘူး။ အဲဒီပုံစံစနစ်နဲ့ သီလလည်း ပိတ်ကန်ပစ်လိုက်တော့ သီလကလည်း ချောင်ကပ်သွားပြီ။ သမာဓိကလည်း သာသနာတွင်းတရား မဟုတ်ဘူးတဲ့။ သာသနာပတရားတဲ့။ ပိတ်ကန်ပစ်လိုက်တော့ ဟိုချောင်ကပ်သွားပြန်ပြီ။ အကုန်လုံး ချောင်ကပ်နေအောင် အကန်ခံလိုက်ရတယ်နော်။ အဲဒီလို အကန် ခံရတာကို ရည်ရွယ်ပြီးတော့ ဘာပြောလဲ?

ဒုပ္ပဋိပန္နော ဟိ သာသနံ ဘိန္ဒန္တော သတ္ထုဓမ္မသရီရေ ပဟာရံ ဒေတိ နာမ။ (ဥဒါနအဋ္ဌကထာ၊ ၈၇။)

ဒုပ္ပဋိပန္နော ဟိ၊ ကျင့်စဉ် လွဲချော်နေတဲ့ ပုဂ္ဂိုလ်သည်ကား။ သာသနံ၊ ဘုရားရှင်၏ အဆုံးအမ သာသနာတော်ကို။ ဘိန္ဒန္တော၊ ဖျက်ဆီးလျက်။ သတ္ထုဓမ္မသရီရေ၊ ဘုရားရှင်၏ တရားတည်းဟူသော ခန္ဓာအိမ်၌။ ပဟာရံ၊ ပုတ်ခတ်စော်ကားခြင်းကို။ ดေတိ နာမ၊ ပေး၍ နေသည်မည်ပါပေ၏၊

ဒီလို ဖွင့်ထားတယ်နော်။ အဲဒီ ဖွင့်ဆိုချက်က ဒီနေ့ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ အလွန် စဉ်းစားထိုက်တဲ့အချက် မဖြစ်ဘူးလား? ဖြစ်နေတယ်။ အို ဘယ်တရားဖြစ်ဖြစ် အားထုတ်ကောင်းတာပဲ။ ဒီလိုပုံစံ ယူလို့ ရမလား? မရဘူးနော်။ နည်းနည်း သတိထားကြ။ ကဲ ဒီနေရာမှာ ဘုရားရှင်က ဒုက္ခသစ္စာကိုလည်း မသိဘူး။ သမုဒယသစ္စာကိုလည်း မသိဘူး။ နိရောဓသစ္စာကိုလည်း မသိဘူး။ မဂ္ဂသစ္စာကိုလည်း မသိဘူး။ ဒီသစ္စာလေးပါးကို မသိတဲ့ ပုဂ္ဂိုလ်တွေကို သမဏစာရင်းထဲမှာလည်း သမဏလို့ မခေါ်ထိုက်ဘူး။ ဗြဟ္မဏစာရင်းထဲမှာလည်း ဗြဟ္မဏလို့ မခေါ်ထိုက်ဘူး။ မခေါ်ထိုက်ရုံတင်လားဆို မဟုတ်သေးဘူး ...

န စ ပနေတေ အာယသ္မန္တော သာမညတ္ထံ ဝါ ဗြဟ္မညတ္ထံ ဝါ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရန္တိ။

ဧတေ အာယသ္မန္တော၊ ထိုအရှင်တို့သည်။ သာမညတ္ထံ ဝါ၊ ရဟန်းတို့ ရသင့်ရထိုက်သော အကျိုးတရားတို့ကိုလည်းကောင်း။ ဗြဟ္မညတ္ထံ ဝါ၊ ဗြဟ္မဏဖြစ်ခြင်းတည်းဟူသော အကြောင်းကြောင့် ရသင့်ရထိုက်သော အကျိုးတရားကိုလည်းကောင်း။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင်။ သယံ၊ ကိုယ်တိုင်။ အဘိညာ၊ ထူးသောဉာဏ်ဖြင့် ထွင်းဖောက်သိမြင်သည်ဖြစ်၍။ သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။ ဥပသမ္ပဇ္ဇ၊ ပြည့်စုံကပ်ရောက်စေ၍။ န စ ဝိဟရန္တိ၊ မနေထိုင်နိုင်ကြလေကုန်။

ဒီသစ္စာလေးပါး မသိတဲ့ ပုဂ္ဂိုလ်တွေဟာ သမဏဖြစ်ခြင်းတည်းဟူသော အကြောင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရား၊ ဗြဟ္မဏဖြစ်ခြင်းတည်းဟူသော အကြောင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရားတွေ ရှိတယ်။ ဒီအကျိုးတရားတွေကို ဒီမျက်မှောက်ဘဝမှာပဲ မိမိတို့ကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်း သိမြင်ပြီးတော့ မျက်မှောက်ပြုပြီး ပြည့်ပြည့်စုံစုံ ကပ်ရောက်ပြီး ဘယ်လိုမှ မနေနိုင်ကြပါဘူး။ ဘာဖြစ်လို့လဲ? သစ္စာလေးပါး မသိလို့ဘဲနော်။ နောက်တစ်ခု ပြောင်းပြန်လှန်ပြီး မြတ်စွာဘုရား ဟောတယ်။

‘‘ယေ စ ခေါ ကေစိ, ဘိက္ခဝေ, သမဏာ ဝါ ဗြာဟ္မဏာ ဝါ ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနန္တိ, ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ ပဇာနန္တိ, ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ ပဇာနန္တိ, ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနန္တိ, တေ ခေါ မေ, ဘိက္ခဝေ, သမဏာ ဝါ ဗြာဟ္မဏာ ဝါ သမဏေသု စေဝ သမဏသမ္မတာ ဗြာဟ္မဏေသု စ ဗြာဟ္မဏသမ္မတာ, တေ စ ပနာယသ္မန္တော သာမညတ္ထဉ္စ ဗြဟ္မညတ္ထဉ္စ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရန္တိ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ယေ စ ခေါ ကေစိ သမဏာ ဝါ၊ အကြင် အချို့သော သမဏတို့သည်လည်းကောင်း။ ယေ စ ခေါ ကေစိ ဗြာဟ္မဏာ ဝါ၊ အကြင် အချို့သော ဗြဟ္မဏတို့သည်လည်းကောင်း။ ဣဒံ ဒုက္ခန္တိ၊ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနန္တိ၊ ကွဲကွဲပြားပြား သိရှိကြလေကုန်၏။ အယံ ဒုက္ခသမုဒယောတိ၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနန္တိ၊ ကွဲကွဲပြားပြား သိရှိကြလေကုန်၏။ အယံ ဒုက္ခနိရောဓောတိ၊ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနန္တိ၊ ကွဲကွဲပြားပြား သိရှိကြလေကုန်၏။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ၊ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနန္တိ၊ ကွဲကွဲပြားပြား သိရှိကြလေကုန်၏၊

တချို့တချို့ သမဏတွေ၊ တချို့တချို့ ဗြဟ္မဏတွေ ဤကား ဒုက္ခသစ္စာ၊ ဤကား သမုဒယသစ္စာ၊ ဤကား နိရောဓသစ္စာ၊ ဤကား မဂ္ဂသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရှိကြတယ်။ သိရှိတဲ့အတွက် ဘာဖြစ်လဲ?

ခေါ မေ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တေ သမဏာ ဝါ၊ ထိုသမဏတို့သည်လည်းကောင်း။ တေ ဗြာဟ္မဏာ ဝါ၊ ထိုဗြဟ္မဏတို့သည်လည်းကောင်း။ သမဏေသု စေဝ၊ သမဏတို့၌လည်းပဲ။ သမဏသမ္မတာ၊ သမဏဟူ၍ ခေါ်ဆို သမုတ်ထိုက်ပေ၏။ ဗြာဟ္မဏေသု စ၊ ဗြဟ္မဏတို့၌လည်းပဲ။ ဗြာဟ္မဏသမ္မတာ၊ ဗြဟ္မဏဟူ၍ ခေါ်ဆို သမုတ်ထိုက်ပါပေ၏။ တေ စ ပနာယသ္မန္တော၊ ထိုအရှင်တို့သည်လည်းပဲ။ သာမညတ္ထဉ္စ၊ ရဟန်းဖြစ်ခြင်းတည်းဟူသော အကြောင်းကြောင့် ရသင့်ရထိုက်တဲ့ အကျိုးတရားကိုလည်းကောင်း။ ဗြဟ္မညတ္ထဉ္စ၊ ဗြဟ္မဏဖြစ်ခြင်းတည်းဟူသော အကြောင်းကြောင့် သိသင့်သိထိုက် ရသင့်ရထိုက်တဲ့ အကျိုးတရားကိုလည်းပဲ။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင်လျှင်။ သယံ၊ ကိုယ်တိုင်။ အဘိညာ၊ ထူးသောဉာဏ်ဖြင့် ထွင်းဖောက်သိမြင်ကြကုန်သည်ဖြစ်၍။ သစ္ဆိကတွာ၊ မျက်မှောက်ပြုနိုင်ကြကုန်သည်ဖြစ်၍။ ဥပသမ္ပဇ္ဇ၊ ပြည့်စုံကပ်ရောက်စေ၍။ ဝိဟရန္တိ၊ နေထိုင်နိုင်ကြပါပေကုန်၏၊

ထိုသမဏ၊ ဗြဟ္မဏတွေကို သမဏစာရင်းထဲမှာလည်း ထည့်သွင်းပြီးတော့ သမဏလို့ ခေါ်ထိုက်တယ်။ ဗြဟ္မဏစာရင်းထဲမှာ ထည့်သွင်းပြီး ဗြဟ္မဏလို့ ခေါ်ထိုက်ပါတယ်။ ထိုအရှင်တွေဟာ သမဏဖြစ်ခြင်းတည်းဟူသော အကြောင်းကြောင့် သမဏတို့ သိသင့်သိထိုက် ရသင့်ရထိုက်တဲ့ တရားတွေကို မျက်မှောက်သော ကိုယ်၏ အဖြစ်မှာပင် မိမိတို့ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိပြီးတော့ မျက်မှောက်ပြုပြီးတော့ ပြည့်ပြည့်စုံစုံ ကပ်ရောက်ပြီး နေထိုင်နိုင်ကြပါတယ်။ သမဏဖြစ်ခြင်းကြောင့် သိသင့်သိထိုက်တဲ့ ရသင့်ရထိုက်တဲ့ အကျိုးတရား၊ ဗြဟ္မဏဖြစ်ခြင်းကြောင့် သိသင့်သိထိုက်တဲ့ ရသင့်ရထိုက်တဲ့ အကျိုးတရား ဆိုတာ ဘာတွေလဲ? သစ္စာလေးပါးကို သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ထိုးထွင်းသိခြင်း၊ သကဒါဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ထိုးထွင်းသိခြင်း၊ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ထိုးထွင်းသိခြင်း၊ အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ထိုးထွင်းသိခြင်း။ ဒီအသိဉာဏ်တွေကို ဆိုလိုတာ။

ဒီတော့ အရဟတ္တဖိုလ်ထိ ဆိုက်သွားပြီဆိုရင် ထိုပုဂ္ဂိုလ်တွေဟာ ထိုအရဟတ္တဖိုလ်ကို မျက်မှောက်ဘဝမှာပဲ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိပြီး ပြည့်ပြည့်စုံစုံ ကပ်ရောက်ပြီး နေထိုင်နိုင်ကြကုန်တယ် ဆိုပြီးတော့ မြတ်စွာဘုရားက ဟောတယ်။ ဟောပြီးတဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားက ဂါထာလေးနဲ့ ဆက်ပြီး ဟောတယ်။

‘‘ယေ ဒုက္ခံ နပ္ပဇာနန္တိ, အထော ဒုက္ခဿ သမ္ဘဝံ၊

ယတ္ထ စ သဗ္ဗသော ဒုက္ခံ, အသေသံ ဥပရုဇ္ဈတိ။’’

ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား။ ဒုက္ခံ၊ ဒုက္ခအရိယသစ္စာတရားကို။ န ပဇာနန္တိ၊ ကွဲကွဲပြားပြား မသိရှိကြလေကုန်။ အထော၊ ထို့အပြင်။ ဒုက္ခဿ၊ ဒုက္ခအရိယသစ္စာတရား၏။ သမ္ဘဝံ၊ ဒုက္ခဖြစ်ကြောင်း ဖြစ်တဲ့ သမုဒယအရိယသစ္စာတရားကိုလည်းပဲ။ န ပဇာနန္တိ၊ ကွဲကွဲပြားပြား မသိရှိကြလေကုန်။ ယတ္ထ စ၊ အကြင် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်၌လည်း။ သဗ္ဗသော၊ အခြင်းခပ်သိမ်းအားဖြင့်။ ဒုက္ခံ၊ ဒုက္ခအရိယသစ္စာတရားသည်။ အသေသံ၊ အကြွင်းမဲ့။ ဥပရုဇ္ဈတိ၊ ချုပ်ငြိမ်း၍သွားလေ၏။ တံ ပိ ဒုက္ခံ၊ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကိုလည်းပဲ။ န ပဇာနန္တိ၊ ကွဲကွဲပြားပြား မသိရှိကြလေကုန်၏၊

အကြင် သမဏ၊ ဗြဟ္မဏ အမည်ရနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒုက္ခသစ္စာကိုလည်း ကွဲကွဲပြားပြား မသိဘူး။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတရားကိုလည်း ကွဲကွဲပြားပြား မသိဘူး။ ဒုက္ခအကြွင်းမဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်လို့ ခေါ်ဆိုအပ်တဲ့ နိရောဓသစ္စာတရားကိုလည်းပဲ ကွဲကွဲပြားပြား မသိကြဘူး။ မသိတဲ့အတွက် ဘာဖြစ်သလဲ?

‘‘တဉ္စ မဂ္ဂံ န ဇာနန္တိ, ဒုက္ခူပသမဂါမိနံ၊

စေတောဝိမုတ္တိဟီနာ တေ, အထော ပညာဝိမုတ္တိယာ၊

အဘဗ္ဗာ တေ အန္တကိရိယာယ, တေ ဝေ ဇာတိဇရူပဂါ။’’

တဉ္စ မဂ္ဂံ ဒုက္ခူပသမဂါမိနံ၊ ထိုဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဟု ခေါ်ဆိုအပ်သော။ မဂ္ဂံ၊ မဂ္ဂအရိယသစ္စာတရားကိုလည်းပဲ။ န ဇာနန္တိ၊ ကွဲကွဲပြားပြား မသိရှိကြလေကုန်။

ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဟု ခေါ်ဆိုအပ်တဲ့ မဂ္ဂအရိယသစ္စာတရားကိုလည်း ကွဲကွဲပြားပြား မသိကြဘူး။

တေ၊ ထိုသစ္စာလေးပါးကို မသိကြတဲ့ ပုဂ္ဂိုလ်တို့သည်ကား။ စေတောဝိမုတ္တိဟီနာ၊ စေတောဝိမုတ္တိတရားမှ ယုတ်လျော့၍ နေကြလေကုန်၏၊

စေတောဝိမုတ္တိ ဆိုတာကတော့ ဒီနေရာမှာ အထူးသဖြင့် အရဟတ္တဖိုလ် စေတောဝိမုတ္တိကို ဆိုလိုပါတယ်။ သစ္စာလေးပါး မသိတဲ့ ပုဂ္ဂိုလ်ဟာ အရဟတ္တဖိုလ် စေတောဝိမုတ္တိခေါ်တဲ့ ကိလေသာ အပူမီးအားလုံးမှ ကွင်းလုံးကျွတ် လွတ်မြောက်တဲ့ အရဟတ္တဖိုလ်ကို ရနိုင်ပါ့မလား? မရနိုင်ဘူး။ အရဟတ္တဖိုလ်မှ ယုတ်လျော့သွားပြီ။ ဒီတော့ မိမိတို့က တရားအားထုတ်တာ ဟုတ်တာ၊ မဟုတ်တာ ထားပေါ့။ ဟုတ်တာ၊ မဟုတ်တာ ထားဆိုတာက တချို့ကလည်း အနည်းဆုံး သောတာပန်လောက်ဖြစ်ရင်တော့ တော်ပါပြီဘုရား ဆိုပြီးတော့ ဘုံစံလေးက နည်းနည်းလေး စံချင်သေးတာကိုး။ ဒါကြောင့် ဟုတ်တာ၊ မဟုတ်တာ ထား ပြောတာ။

များသောအားဖြင့် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက အရဟတ္တဖိုလ်ကို လိုချင်တဲ့စိတ်ထား၊ အရဟတ္တဖိုလ်ကို အထွတ်တပ်ထားတဲ့ စိတ်ထားတော့ မရှိကြဘူးလား? ရှိတန်သလောက်တော့ ရှိကြပါတယ်။ များသောအားဖြင့် ပြောတာပါ။ အဲဒီတော့ မိမိတို့ အရဟတ္တဖိုလ်ကို လိုချင်တယ် ဆိုလို့ရှိရင် အရဟတ္တဖိုလ်ရကြောင်းဖြစ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို စနစ်တကျ မကျင့်တဲ့အတွက် အရဟတ္တဖိုလ်ရကြောင်းဖြစ်တဲ့ သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိတဲ့အတွက် ထိုပုဂ္ဂိုလ်တွေသည် အရဟတ္တဖိုလ်မှ ယုတ်လျော့မသွားဘူးလား? ယုတ်လျော့သွားပြီ။ ဒါဘုရား ဟောနေတာနော်။

တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ စေတောဝိမုတ္တိဟီနာ၊ အရဟတ္တဖိုလ် စေတောဝိမုတ္တိတရားမှ ယုတ်လျော့၍ သွားကြလေကုန်၏။ အထော၊ ထို့အပြင်။ ပညာဝိမုတ္တိယာ၊ အရဟတ္တဖိုလ် ပညာဝိမုတ္တိတရားမှလည်းပဲ။ ဟီနာ၊ ယုတ်လျော့၍ သွားကြလေကုန်၏၊

အရဟတ္တဖိုလ် စေတောဝိမုတ္တိတရားမှလည်း ယုတ်လျော့သွားတယ်။ အရဟတ္တဖိုလ် ပညာတရားမှလည်း ယုတ်လျော့သွားတယ်။ ပညာဝိမုတ္တိတရားနော်။ ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်နေတဲ့ အရဟတ္တဖိုလ် ပညာဝိမုတ္တိတရားလို့ ခေါ်ပါတယ်။ အဲဒီလို အရဟတ္တဖိုလ် စေတောဝိမုတ္တိ၊ ပညာဝိမုတ္တိ တရားတွေက ယုတ်လျော့ပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာဖြစ်လဲ?

တေ၊ ထိုကဲ့သို့ အရဟတ္တဖိုလ် စေတောဝိမုတ္တိ၊ အရဟတ္တဖိုလ် ပညာဝိမုတ္တိ တရားမှ ယုတ်လျော့၍ နေကြကုန်သော ပုဂ္ဂိုလ်တို့သည်ကား။ အန္တကိရိယာယ၊ သံသရာဝဋ်ဆင်းရဲ၏ အဆုံးအပိုင်းအခြားကို ပြုခြင်းငှာ။ အဘဗ္ဗာ၊ မထိုက်တန်ကြလေကုန်။

သံသရာဝဋ်ဆင်းရဲ၏ အဆုံးအပိုင်းအခြားကို သူတို့ ပြုလုပ်ဖို့ရန်အတွက် ထိုက်တန်တဲ့ ပုဂ္ဂိုလ်တွေ ဟုတ်သေးလား? မဟုတ်တော့ဘူး။

တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ဇာတိဇရူပဂါ၊ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရား၊ အိုရခြင်း ဇရာတရားသို့ ကပ်ရောက်၍ နေကြသော ပုဂ္ဂိုလ်တို့သာ ဖြစ်ကြပါကုန်၏၊

ကျင့်စဉ် လွဲချော်တဲ့အတွက် ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားကို ကပ်ရောက်တဲ့ ပုဂ္ဂိုလ်တွေသာ ပြန်ပြီးတော့ ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ အိုခြင်းတရား၊ ဇရာတရား ကပ်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေသာ ပြန်ပြီး ဖြစ်သွားဘူးလား? ဇာတိတရားနဲ့ ဇရာတရား ထင်ရှားဖြစ်လာပြီဆိုရင် နောက်ထပ် မရဏတရားလည်း မဝင်လာဘူးလား? ဝင်လာပြီ။ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ဆိုတဲ့ မီးတွေလည်း ဝင်မလာဘူးလား? ဝင်လာပြီ။ သံသရာဝဋ်ဆင်းရဲကြီးမှ ကျော်လွှားလွန်မြောက်နိုင်တဲ့ စွမ်းအားတွေ ပေါ်သေးလား? မပေါ်တော့ဘူး။ ဘာဖြစ်လို့လဲ? သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာကို မရရှိလို့၊ မှန်ကန်တိကျနေတဲ့ သစ္စာလေးပါးကို သိတဲ့ သမ္မာဒိဋ္ဌိဉာဏ်ကသာလျှင် ထိုကဲ့သို့ သံသရာဝဋ်ဆင်းရဲကြီးမှ ထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်။

အာ ဒီရုပ် ဒီနာမ်တွေဟာ သာဝကတွေ ဘယ်လိုမှ ရှုမရပါဘူး ဆိုပြီး ယုံကြည်ချက် ရှိနေရင် ဒီရုပ် ဒီနာမ်တွေကို သိအောင် ကြိုးစားအားထုတ်ခြင်း ဆိုတဲ့ လုံ့လဝီရိယလေးတောင် ဖြစ်ပါဦးမလား? မဖြစ်တော့ဘူး။ မဖြစ်ရင် ဒီပုဂ္ဂိုလ် ဒီရုပ် ဒီနာမ်လို့ ခေါ်ဆိုအပ်တဲ့ ဒီဒုက္ခသစ္စာတရား မသိတော့ဘူး။ ဟာ ဝိပဿနာဆိုတာက အတိတ် အနာဂတ် မရှုကောင်းဘူး။ ဘုန်းကြီးလည်း ခဏခဏတော့ အပြောခံရပါတယ်။ ရမ်းတော့ မသွားကြနဲ့နော်။ ရူးကုန်မယ်။ ဟော ဒီလို အပြောခံရတယ်။ ဒီတော့ ဖားအောက်လာရင်ပဲ ရူးတော့မဲ့ ပုံစံ ဖြစ်နေပြီနော်။ ဒီတော့ အတိတ် အနာဂတ် မရှုကောင်းပါဘူး ဆိုပြီး ပိတ်ကန်ထည့်လိုက်တဲ့အတွက် သမုဒယသစ္စာကော သိဦးမလား? မသိတော့ဘူး။

သူတို့ အပြောလေးကတော့ ကောင်းပါတယ်။ အတိတ်က မရှိမှ မရှိတော့တာ ဘယ်လိုလုပ် ရှုမလဲ၊ အနာဂတ်က ဖြစ်မှ မဖြစ်သေးတာ ဘယ်လိုလုပ် ရှုမလဲတဲ့ သူတို့က ဒီလို ပိတ်ကန်ထည့်လိုက်တယ်။ ကန်ထည့်လိုက်တော့ ဟိုကလည်း လူပြိန်းဆိုတော့ သဘောကျသွားတယ်။ ဟုတ်တာပေါ့ ဟုတ်တာပေါ့တွေ တစ်ပုံကြီးနဲ့ ပြန်လာလိုက်တော့ သမုဒယသစ္စာလည်း သိသေးလား? မသိတော့ဘူး။ ဒုက္ခသစ္စာလည်း မသိ၊ သမုဒယသစ္စာလည်း မသိတော့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာကော ပေါ်လာဦးမလား? မပေါ်လာဘူး။ သူ့နည်းသူဟန်နဲ့ နိရောဓသစ္စာ၊ သူ့နည်းသူဟန်နဲ့ မဂ္ဂသစ္စာတော့ ပေါ်ချင်ပေါ်မယ်။ ဘုရား ဆိုလိုတဲ့ ဒုက္ခသစ္စာနဲ့ နိရောဓသစ္စာကော ပေါ်ပါ့မလား? မပေါ်တော့ဘူး။ သစ္စာလေးပါးကို မသိဘူး။ မသိတဲ့အတွက် အရဟတ္တဖိုလ် စေတောဝိမုတ္တိကို ဒီပုဂ္ဂိုလ်တွေ ဆိုက်ဦးမလား? မဆိုက်ဘူး။ အရဟတ္တဖိုလ် ပညာဝိမုတ္တိကိုလည်း မဆိုက်တော့ဘူး။

အရဟတ္တဖိုလ် စေတောဝိမုတ္တိနဲ့ အရဟတ္တဖိုလ် ပညာဝိမုတ္တိ ယုတ်လျော့သွားပြီ။ အရဟတ္တဖိုလ် စေတောဝိမုတ္တိနဲ့ အရဟတ္တဖိုလ် ပညာဝိမုတ္တိ ရမှ သံသရာဝဋ်ဆင်းရဲက ကွင်းလုံးကျွတ် လွတ်မှာ။ အရဟတ္တဖိုလ် စေတောဝိမုတ္တိ၊ အရဟတ္တဖိုလ် ပညာဝိမုတ္တိတွေက မရတော့ဘူး။ ယုတ်လျော့နေပြီဆိုရင် ထိုပုဂ္ဂိုလ်တွေဟာ သံသရာဝဋ်ဆင်းရဲက လွတ်မြောက်နိုင်မလား? မလွတ်တော့ဘူး။ မလွတ်လို့ရှိရင် နောက်ထပ်တစ်ဖန် ပဋိသန္ဓေ တည်နေရခြင်းဆိုတဲ့ ဇာတိတရား၊ နောက်ထပ်တစ်ဖန် အိုရခြင်းဆိုတဲ့ ဇရာတရားသို့ တစ်ဖန် ပြန်ပြီးတော့ မချဉ်းကပ်ရဘူးလား? ချဉ်းကပ်ရပြီ။ ဒါကြောင့် -

အဘဗ္ဗာ တေ အန္တကိရိယာယ, တေ ဝေ ဇာတိဇရူပဂါ။

တေ၊ ထိုကဲ့သို့ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ မသိကြတဲ့ အရဟတ္တဖိုလ် စေတောဝိမုတ္တိနဲ့ အရဟတ္တဖိုလ် ပညာဝိမုတ္တိမှ ယုတ်လျော့၍ နေကြတဲ့ ပုဂ္ဂိုလ်တို့သည်။ အန္တကိရိယာယ၊ သံသရာဝဋ်ဆင်းရဲ၏ အဆုံးအပိုင်းအခြားကို ပြုခြင်းငှာ။ အဘဗ္ဗာ၊ မထိုက်တန်ကြလေကုန်။ တေ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်တို့သည်ကား။ ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ဇာတိဇရူပဂါ၊ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရား၊ အိုရခြင်း ဇရာတရားသို့ ချဉ်းကပ်၍ နေကြရသော ပုဂ္ဂိုလ်တို့သာ ဖြစ်ကြပါကုန်၏၊

နောက်ထပ် ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရား၊ နောက်ထပ် အိုခြင်း ဇရာတရား၊ နောက်ထပ် သေခြင်း မရဏတရား၊ နောက်ထပ် စိုးရိမ်ရခြင်း သောက၊ ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝ၊ နောက်ထပ် ကိုယ်ဆင်းရဲရခြင်း ဒုက္ခ၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿ၊ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသခေါ်တဲ့ ဒီဒုက္ခတွေကို တစ်ဖန်ပြန်ပြီးတော့ ချဉ်းကပ်ရမဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်ကြတယ်။

‘‘ယေ စ ဒုက္ခံ ပဇာနန္တိ, အထော ဒုက္ခဿ သမ္ဘဝံ၊

ယတ္ထ စ သဗ္ဗသော ဒုက္ခံ, အသေသံ ဥပရုဇ္ဈတိ။’’

‘‘တဉ္စ မဂ္ဂံ ပဇာနန္တိ, ဒုက္ခူပသမဂါမိနံ၊

စေတောဝိမုတ္တိသမ္ပန္နာ, အထော ပညာဝိမုတ္တိယာ၊

သဗ္ဗာ တေ အန္တကိရိယာယ, န တေ ဇာတိဇရူပဂါ’’

ယေ စ၊ အကြင် သမဏ ဗြဟ္မဏတို့သည်ကား။ ဒုက္ခံ၊ ဒုက္ခအရိယသစ္စာကို။ ပဇာနန္တိ၊ ကွဲကွဲပြားပြား သိရှိကြလေကုန်၏။ အထော၊ ထို့အပြင်။ ဒုက္ခဿ၊ ဒုက္ခသစ္စာတရား၏။ သမ္ဘဝံ၊ ဖြစ်ကြောင်းဖြစ်တဲ့ သမုဒယအရိယသစ္စာတရားကိုလည်းပဲ။ ပဇာနန္တိ၊ ကွဲကွဲပြားပြား သိရှိကြလေကုန်၏။ ယတ္ထ စ၊ အကြင် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်၌လည်းပဲ။ သဗ္ဗသော၊ အခြင်းခပ်သိမ်းအားဖြင့်။ ဒုက္ခံ၊ ဒုက္ခအရိယသစ္စာတရားသည်။ အသေသံ၊ အကြွင်းမဲ့။ ဥပရုဇ္ဈတိ၊ ချုပ်ငြိမ်း၍ သွားလေ၏။ တဉ္စ၊ ထိုနိရောဓအရိယသစ္စာတရားကိုလည်းပဲ။ ပဇာနန္တိ၊ ကွဲကွဲပြားပြား သိရှိကြလေကုန်၏။ တဉ္စ ဒုက္ခူပသမဂါမိနံ၊ ထိုဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားသို့ ဆိုက်ရောက်စေနိုင်သည့် စွမ်းအားရှိကြကုန်သော။ မဂ္ဂံ၊ မဂ္ဂအရိယသစ္စာတရားကို။ ပဇာနန္တိ၊ ကွဲကွဲပြားပြား သိရှိကြလေကုန်၏၊

တေ၊ ထိုကဲ့သို့ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းပြီး သိမြင်နေကြတဲ့ ပုဂ္ဂိုလ်တို့သည်။ စေတောဝိမုတ္တိသမ္ပန္နာ၊ ကိလေသာတို့မှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် စေတောဝိမုတ္တိနှင့်လည်း ပြည့်စုံကြပါပေကုန်၏။ အထော၊ ထို့ပြင်။ ပညာဝိမုတ္တိယာ၊ အရဟတ္တဖိုလ် ပညာဝိမုတ္တိတရားနှင့်လည်းပဲ။ သမ္ပန္နာ၊ ပြည့်စုံကြပါပေကုန်၏။ တေ၊ အရဟတ္တဖိုလ် စေတောဝိမုတ္တိ၊ အရဟတ္တဖိုလ် ပညာဝိမုတ္တိနှင့် ပြည့်စုံကြကုန်သော သူတော်ကောင်းတို့သည်။ အန္တကိရိယာယ၊ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုခြင်းငှာ။ သဗ္ဗာ၊ ထိုက်တန်ကြပါပေကုန်၏။ တေ၊ ထိုအရဟတ္တဖိုလ် စေတောဝိမုတ္တိ၊ အရဟတ္တဖိုလ် ပညာဝိမုတ္တိနှင့် ပြည့်စုံနေတဲ့ ထိုသူတော်ကောင်းတွေသည်။ ဇာတိဇရူပဂါ၊ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရား၊ အိုရခြင်း ဇရာတရားသို့ ချဉ်းကပ်ကြရတဲ့ ပုဂ္ဂိုလ်တို့သည်။ န ဟောန္တိ၊ မဖြစ်ကြပါလေကုန်။

အရဟတ္တဖိုလ် စေတောဝိမုတ္တိ၊ အရဟတ္တဖိုလ် ပညာဝိမုတ္တိနှင့် ပြည့်စုံနေတဲ့ ထိုသူတော်ကောင်းတွေသည် သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ ထိုပုဂ္ဂိုလ်တို့သည် နောက်ထပ်တစ်ဖန် ပဋိသန္ဓေ တည်နေရခြင်း ဇာတိ၊ နောက်ထပ်တစ်ဖန် အိုရခြင်း ဇရာတရားသို့ မချဉ်းကပ်ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်လို့ ဒီလို ဘုရားရှင် ဟောထားတယ်။

ဒါကြောင့် ဒီသစ္စာလေးပါးကို သမ္မာဒိဋ္ဌိ-ဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်ခြင်းသည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်နိုင်ခြင်းရဲ့ အကြောင်းတရား စင်စစ်ဧကန် ဖြစ်ခြင်းကြောင့် ဒီလို သိနေတဲ့ အသိဉာဏ်တစ်ခုကို မင်္ဂလာလို့ မြတ်စွာဘုရားက ဟောထားပါတယ်။ ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ဒီသစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်းဆိုတဲ့ အရိယသစ္စာန ဒဿနံ မင်္ဂလာတရားနဲ့ ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ ဘုန်းကြီးကလည်း တိုက်တွန်းပါတယ်နော်။

ကဲ ဒီမင်္ဂလာတရား ပြီးပြီ။ နောက်ထပ် မင်္ဂလာတွေ မြတ်စွာဘုရား ဆက်လက်ဟောထားတယ်။ ဘာတွေလဲ? နိဗ္ဗာနဿ သစ္ဆိကရိယာ ဒါက အရဟတ္တဖိုလ်ကို အထူးသဖြင့် ဆိုလိုကြောင်း ဟိုတစ်နေ့က ရှင်းပြီးပြီ။ နောက်ထပ်မင်္ဂလာက ဘာလဲ?

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။

အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။

သော ဒေဝပုတ္တ၊ သိလိုရေးနှင့် မေးလျှောက်လာငြား အိုဒကာတော်နတ်သား...။ ယဿ၊ အကြင် ရဟန္တာပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်ဓာတ်သည်။ လောကဓမ္မေဟိ၊ လောကဓံတရားတို့နှင့်။ ဖုဋ္ဌဿ၊ တွေ့ထိသော်။ ယဿ၊ အကြင် ရဟန္တာပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်ဓာတ်သည်။ န ကမ္ပတိ၊ တုန်လှုပ်မှု မရှိပေ။ အသောကံ၊ စိုးရိမ်မှုလည်း မရှိပေ။ ဝိရဇံ၊ ရာဂတည်းဟူသော မြူအညစ်အကြေးလည်း ကင်းရှင်း၍ နေပေ၏။ ခေမံ၊ ယောဂတည်းဟူသော ဘေးလည်း ကင်းရှင်း၍ နေပေ၏။ ဧတံ၊ ဤကဲ့သို့သော စိတ်ဓာတ်မျိုးကို။ ဥတ္တမံ၊ မြင့်မြတ်သော။ မင်္ဂလံ၊ မင်္ဂလာဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပါပေ၏၊

ရဟန္တာပုဂ္ဂိုလ် အရှင်မြတ်တို့ရဲ့ စိတ်ဓာတ်နော်။ မင်္ဂလာတရားအဖြစ်နဲ့ မြတ်စွာဘုရားက ချီးကျူးပြီး ဟောထားပါတယ်။ လောကဓံ လေပြင်းမုန်တိုင်းတို့နဲ့ တွေ့ထိတဲ့ အချိန်အခါမှာ ရဟန္တာပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်သည် တုန်လှုပ်မှု မရှိဘူး။ လောကဓံတို့ကြောင့် တုန်လှုပ်မှု မရှိတဲ့ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ကိုလည်း မင်္ဂလာလို့ ဘုရားက ဟောတယ်။ အလားတူပဲ - ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်မှာ အသောက - စိုးရိမ်မှုတွေ ကင်းနေတယ်။ စိုးရိမ်ခြင်း သောကတရား ကင်းဝေးနေတဲ့ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ကိုလည်း ဘုရားရှင်က မင်္ဂလာတရားလို့ ဟောတယ်။

နောက်တစ်ခု ဝိရဇ - ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ဟာ ရာဂစတဲ့ အညစ်အကြေးတွေက ကင်းစင်နေတယ်။ ဒါကြောင့် ရာဂစတဲ့ ကိလေသာမြူ အညစ်အကြေးတွေ ကင်းစင်နေတဲ့ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ကိုလည်း မင်္ဂလာလို့ ဟောတယ်။ နောက်တစ်ခု ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်သည် ခေမ - ယောဂလေးပါးတို့ရဲ့ နှောင့်ယှက်မှု ဘေးရန်မှ လွတ်နေတယ်။ ဒါကြောင့် ယောဂလေးပါးတို့၏ နှောင့်ယှက်မှု ဘေးရန်မှ လွတ်ကင်းနေတဲ့ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ကိုလည်း မင်္ဂလာဆိုပြီး မင်္ဂလာတရား လေးပါး ဟောလိုက်တယ်။

အဲဒီတော့ ယောဂဆိုတာက ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂ။ ကာမယောဂဆိုတာက ကာမ ၁၁-ဘုံနဲ့ ခွဲလို့မရအောင် ဒကာကြီးတွေ အိမ်နဲ့ ခွဲလို့မရအောင် သွယ်ထားတဲ့ ကြိုးတစ်ချောင်းလိုပေါ့နော်။ ကာမ ၁၁-ဘုံနဲ့ ခွဲလို့မရအောင် တွယ်ထားတဲ့ ကြိုးကို၊ တဏှာကို ကာမယောဂ။ ရူပဘဝ၊ အရူပဘဝတို့နဲ့ ခွဲလို့မရအောင် ဆွဲပြီး ချည်ထားတဲ့ ကြိုးတစ်ချောင်းကိုတော့ ဘဝယောဂ။ မိစ္ဆာဒိဋ္ဌိဝါဒတွေနဲ့ ခွဲလို့မရအောင် ဆွဲပြီး ချည်ထားရင်တော့ ဒိဋ္ဌိယောဂ။

အသိမှားနေတဲ့ အဝိဇ္ဇာက - ဒါကသား၊ ဒါက အဘိုးကြီး၊ ဒါက အဘွားကြီး၊ ဒါက ယောက်ျား၊ ဒါက မိန်းမ၊ ဒါက ရွှေ၊ ဒါက ငွေ စသည်ဖြင့် အသိမှားမှု။ ဒါက လူ၊ ဒါက နတ်၊ ဒါက ဗြဟ္မာလို့ အသိမှားမှု။ အဲဒီလို အသိမှားမှုကို အဝိဇ္ဇာ။ အဲဒီ အဝိဇ္ဇာဆိုတဲ့ အသိမှားမှုကလည်း သတ္တဝါတစ်ဦးကို ၃၁-ဘုံမှ မလွတ်ကင်းအောင် ကြိုးနဲ့ ချည်သလို ဆွဲပြီး ချည်ထားတယ်။ ပေါင်းလိုက်တော့ ယောဂလေးပါး။

အဲဒီ ယောဂလေးပါးသည် သတ္တဝါတွေရဲ့ ဘေးအန္တရာယ်ကြီး ဖြစ်တယ်။ ဟုတ်သလား? (ဟုတ်ပါတယ်ဘုရား) ကဲ ဒကာကြီးတွေ အဲဒီ ဘေးကြီး မရှိဘူးလား? ရှိနေတယ်။ ကိုယ့်အိုးနဲ့၊ ကိုယ့်အိမ်နဲ့ မကွာရအောင် လှမ်းပြီး ချည်ထားတဲ့ ကြိုးတစ်ချောင်းပဲ။ အဲဒီ ကြိုးတစ်ချောင်းသည် ဒကာကြီးတွေအတွက် ဘေးဆိုတာ ဟုတ်သလား? အဲဒီဘေးကို ကြောက်များ ကြောက်သလား? (ကြောက်ပါတယ်ဘုရား) အဲ ဘုန်းကြီးကတော့ သိပ်မယုံဘူး။ ကြောက်တယ်ဆိုပြီး တော်ကြာ ဒကာကြီးတွေ ပြန်ပြေးသွားကြတာပဲ။ မကြောက်လို့ ပြန်တာလား၊ ကြောက်လို့ ပြန်တာလား? ဟင် (မကြောက်လို့ ပြန်တာပါဘုရား) အဲ မကြောက်လို့ ပြန်တယ်လို့ ဘုန်းကြီးက ထင်တယ်။ ဒါကြောင့် ဘုန်းကြီးကတော့ သိပ်ကြောက်တယ်လို့ မထင်ပါဘူးနော်။

ဒါကြောင့် ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ကတော့ အဲဒီ ယောဂလေးပါး ကုန်နေတယ်။ ဒါကြောင့် မင်္ဂလာလို့ ခေါ်တယ်။ ပေါင်းလိုက်တော့ မင်္ဂလာ ဘယ်နှစ်ပါးလဲ? လေးပါး။ အဲဒီ မင်္ဂလာလေးပါးနဲ့ ပတ်သက်ပြီးတော့ လောကဓံတရားတွေကြောင့် ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ထား မတုန်လှုပ်ပုံပဲနော်။

ယဿ လာဘာလာဘာဒီဟိ အဋ္ဌဟိ လောကဓမ္မေဟိ ဖုဋ္ဌဿ အဇ္ဈောတ္ထဋဿ စိတ္တံ န ကမ္ပတိ, န စလတိ, န ဝေဓတိ, တဿ တံ စိတ္တံ ကေနစိ အကမ္ပနီယလောကုတ္တရဘာဝါဝဟနတော ‘‘မင်္ဂလ’’န္တိ ဝေဒိတဗ္ဗံ။

ယဿ၊ အကြင် ရဟန္တာပုဂ္ဂိုလ်၏။ လာဘာလာဘာဒီဟိ၊ လာဘ်ရခြင်း၊ လာဘ်မရခြင်း အစရှိကုန်သော။ အဋ္ဌဟိ၊ ရှစ်ပါးကုန်သော။ လောကဓမ္မေဟိ၊ လောကဓံတရားတို့နှင့်။ ဖုဋ္ဌဿ၊ တွေ့ထိသော်။ အဇ္ဈောတ္ထဋဿ၊ လွှမ်းမိုးဖိစီးခံရသော။ စိတ္တံ၊ စိတ်ဓာတ်သည်ကား။ န ကမ္ပတိ၊ တုန်လှုပ်မှု မရှိပေ။ န စလတိ၊ လှုပ်ရှားမှု မရှိပေ။ န ဝေဓတိ၊ တုန်တုန်ရီရီ မဖြစ်ပေ။ တဿ၊ ထိုရဟန္တာပုဂ္ဂိုလ် အရှင်မြတ်၏။ တံ စိတ္တံ၊ ထိုကဲ့သို့သော စိတ်ဓာတ်သည်။ ကေနစိ၊ တစ်စုံတစ်ခုသော တရားကြောင့်။ အကမ္ပနီယလောကုတ္တရဘာဝါဝဟနတော၊ တုန်လှုပ်မှု မရှိတဲ့ လောကုတ္တရာ တရား၏ ထင်ရှားရှိသည်၏ အဖြစ်ကို ရွက်ဆောင်၍ ပေးတတ်ခြင်းကြောင့်။ မင်္ဂလန္တိ၊ မင်္ဂလာဟူ၍။ ဝေဒိတဗ္ဗံ၊ သိသင့်သိထိုက်လှပေ၏၊

လာဘ်ရခြင်း၊ လာဘ်မရခြင်း အစရှိတဲ့ လောကဓံတရားတွေနဲ့ တွေ့ထိတဲ့ အချိန်ခါမှာ လောကဓံတရားတွေရဲ့ လွှမ်းမိုးမှု၊ ဖိစီးမှု ခံရတဲ့ အချိန်ခါမှာ ရဟန္တာအရှင်မြတ်တွေရဲ့ စိတ်ဓာတ်သည် တုန်လှုပ်ချောက်ချားမှု ဘာမှ မရှိဘူး။ အဲဒီလို တစ်စုံတစ်ခုသော လောကဓံတရားကြောင့် တုန်လှုပ်ချောက်ချားမှု မရှိတဲ့အတွက် လောကဓံ လေပြင်းမုန်တိုင်း ဘယ်လိုပင် တိုက်ခတ်သော်လည်း တိုက်ခတ်လို့ မရနိုင်တဲ့ လောကုတ္တရာအဆင့်သို့ ရောက်အောင် ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိခြင်းကြောင့် ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ကို မင်္ဂလာလို့ ခေါ်ပါတယ်။

အဲဒီတော့ ဘယ်လို ပုဂ္ဂိုလ်တွေလဲလို့မေးတော့ ဒီနေရာမှာ ရဟန္တာအရှင်မြတ်တွေ။ တခြားတခြား ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ကတော့ ဒီလိုတော့ မတုန်လှုပ်မှုဆိုတာ မဖြစ်နိုင်ဘူးဆိုပြီး အဋ္ဌကထာကတော့ ဒီလို ဖွင့်တယ်။ ဒါကတော့ ခုနက ပြောခဲ့တဲ့အတိုင်းပဲ။ ဥက္ကဋ္ဌနိဒေသနည်းပဲနော်။ အဆင့် အမြင့်မားဆုံး စိတ်ဓာတ် မတုန်လှုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီးတော့ ပြောခြင်းပဲ။ အဲဒီတော့ ရဟန္တာအရှင်မြတ်တွေရဲ့ စိတ်ဓာတ်က ဘယ်လိုရှိလဲ?

‘‘သေလော ယထာ ဧကဂ္ဃနော, ဝါတေန န သမီရတိ၊

ဧဝံ ရူပါ ရသာ သဒ္ဒါ, ဂန္ဓာ ဖဿာ စ ကေဝလာ။

‘‘ဣဋ္ဌာ ဓမ္မာ အနိဋ္ဌာ စ, န ပဝေဓေန္တိ တာဒိနော၊

ဌိတံ စိတ္တံ ဝိပ္ပမုတ္တံ, ဝယဉ္စဿာနုပဿတိ။

ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်နော် -

ဧကဂ္ဃနော၊ တစ်ခဲနက် ထူထပ်လျက်ရှိသော။ သေလော၊ ကျောက်တောင်ကြီးသည်။ ဝါတေန၊ လေပြင်းမုန်တိုင်းကြောင့်။ န သမီရတိ ယထာ၊ တုန်လှုပ်မှု လှုပ်ရှားမှု မရှိသကဲ့သို့။ ဧဝံ၊ ဤအတူ။ ရူပါ စ၊ ရူပါရုံတို့သည်လည်းကောင်း။ ရသာ စ၊ ရသာရုံတို့သည်လည်းကောင်း။ သဒ္ဒါ စ၊ သဒ္ဒါရုံတို့သည်လည်းကောင်း။ ဂန္ဓာ စ၊ ဂန္ဓာရုံတို့သည်လည်းကောင်း။ ဖဿာ စ၊ ထိုအာရုံ အမျိုးမျိုးနှင့် တွေ့ထိခြင်း ဖဿတရားတို့သည်လည်းကောင်း။ သန္တိ၊ ရှိကြလေကုန်၏။ ဣဋ္ဌာ၊ အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်ကုန်သော။ ဓမ္မာ စ၊ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ အစရှိသော ဣဋ္ဌာရုံတို့သည်လည်းကောင်း။ အနိဋ္ဌာ စ၊ အလိုမရှိအပ်သော အနိဋ္ဌာရုံတို့သည်လည်းကောင်း။ တာဒိနော၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ကို။ န ပဝေဓေန္တိ၊ မတုန်လှုပ်စေနိုင်ကြလေကုန်။ ဌိတံ စိတ္တံ၊ တည်တံ့နေတဲ့ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်သည်။ ဝိပ္ပမုတ္တံ၊ ကိလေသာမြူ အညစ်အကြေးမှ လွတ်မြောက်၍ နေပေ၏။ အဿ၊ ထိုသင်္ခါရတရားတို့၏ ထိုအာရုံခြောက်ပါးတို့၏။ ဝယဉ္စ၊ ပျက်ခြင်း ဝယသဘောကိုလည်းပဲ။ အနုပဿတိ၊ အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍ နေတတ်ပေ၏၊

ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်က ကျောက်တုံးကြီးပမာ တစ်ခဲနက် ထူထပ်တဲ့ အခေါင်းအပေါက် မရှိတဲ့ ကျောက်တောင်ကြီးသည် လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်မှု မရှိသလို ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ဟာလည်း လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်မှု ဘယ်လိုမှ မရှိဘူး။ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ဓမ္မသဘောလို့ ခေါ်ဆိုအပ်တဲ့ အာရုံတွေက အလိုရှိအပ်၊ နှစ်သက်မြတ်နိုးအပ်တဲ့ ဣဋ္ဌာရုံ လာပြီး ရိုက်ခတ်ချင်လည်း ရိုက်ခတ်ပါစေ၊ အလိုမရှိတဲ့ အနိဋ္ဌာရုံတွေ လာပြီး ရိုက်ခတ်ချင်လည်း ရိုက်ခတ်ပါစေ တာဒိဂုဏ်နှင့် ပြည့်စုံနေတဲ့ ထိုရဟန်းအရှင်မြတ်အဖို့ စိတ်ဓာတ်တွေ ထိုဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတွေကြောင့် တုန်လှုပ်မှု၊ ချောက်ချားမှု နည်းနည်းမှ မရှိဘူး။ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်က ဣဋ္ဌာရုံကို၊ အနိဋ္ဌာရုံအဖြစ် အာရုံယူပြီး ထားလို့ရတယ်။ စိတ်ဓာတ်တွေကို နိုင်နင်းထားတယ်။ အနိဋ္ဌာရုံကို ဣဋ္ဌာရုံအဖြစ် အစားဖန်တီး တည်ထောင်ထားလို့ရတယ်။

အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးပဲ ဆိုကြပါစို့...။ ရွာ၌ ဆွမ်းခံကြွရင်းနဲ့ အနူတစ်ယောက် ဆွမ်းလောင်းလိုက်တယ်။ အနူရဲ့ လက်က ပြတ်ပြီး သပိတ်ထဲ ပြတ်ကျသွားတယ်။ ပြတ်ကျသွားတဲ့အခါကျတော့ ဒီဆွမ်းဟာ အနိဋ္ဌာရုံ ဖြစ်တာမှန်တယ်။ ဒါပေမဲ့ သူက ဣဋ္ဌာရုံအဖြစ်နဲ့ သူက ဆွမ်းကို ဘုဉ်းပေးလိုက်တယ်။ ပြတ်ကျသွားသော အနူရဲ့လက်ကို မဖယ်ဘဲ အဲဒီကနေ ဝိုက်ပြီးတော့ ဆွမ်းဘုဉ်းပေးလိုက်တယ်။ အဲဒီတော့ တကယ်တော့ ရွံရှာစက်ဆုပ်ဖွယ် မကောင်းဘူးလား? ကောင်းနေတယ်။ အနိဋ္ဌာရုံကို ဣဋ္ဌာရုံအားဖြင့် အာရုံယူပြီးတော့ သုံးဆောင်ခံစားလို့ ရတယ်။

ဣဋ္ဌာရုံကိုလည်း အနိဋ္ဌာရုံအဖြစ် အာရုံယူလို့ မရဘူးလား? ရတယ်။ ၃၂-ကောဋ္ဌာသတွေနဲ့ ပြည့်နေတဲ့ ဒီခန္ဓာကိုယ်ကြီးကို ရွံရှာစက်ဆုပ်ဖွယ်အဖြစ် အာရုံယူပြီး ဈာန်တွေ ဝင်စားရင် ဝင်စားလို့ မရဘူးလား? ရပါတယ်။ ဒါကြောင့် ဣဋ္ဌာရုံကို အနိဋ္ဌာရုံလို့ အာရုံယူလို့ရတယ်။ အနိဋ္ဌာရုံကို ဣဋ္ဌာရုံလို့ အာရုံယူလို့ မရဘူးလား? ရတယ်။ ဒါကြောင့် မိမိတို့ရဲ့ စိတ်ကို နိုင်နိုင်နင်းနင်း ထားနိုင်တဲ့ တာဒိဂုဏ်နှင့် ပြည့်စုံနေတဲ့အတွက် ရဟန်းတော်အရှင်မြတ်တို့၏ စိတ်သည် တုန်လှုပ်ချောက်ချားမှု မရှိဘူး။ ဘယ်လိုလာပြီး လောကဓံတွေ လာတိုက်ခတ်ပါစေ လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ချင်လည်း တိုက်ခတ်ပါစေ လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်မှု မရှိတဲ့ တည်တံ့နေတဲ့ စိတ်ဓာတ်ဟာ မင်္ဂလာရှိတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

ဘာဖြစ်လို့ သူတို့က တည်တံ့နေရသလဲလို့မေးတော့ ဝိပ္ပမုတ္တ ကိလေသာ အညစ်အကြေးတွေမှ ကွင်းလုံးကျွတ် လွတ်မြောက်ပြီး ဖြစ်နေတယ်။ ကိလေသာ အညစ်အကြေးတွေမှ ကွင်းလုံးကျွတ် လွတ်မြောက်ရုံတင်လားဆို မကသေးဘူး။ တိုက်ခတ်လာတဲ့ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံခေါ်တဲ့ ဒီသင်္ခါရတရားတွေရဲ့ အပျက်တွေကို ရဟန္တာအရှင်မြတ်တွေက အာရုံယူပြီးတော့ လက္ခဏာရေး သုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်တယ်။ အဲဒီလို ဝိပဿနာ ရှုတော်မူနိုင်သည့်အတွက်ကြောင့် ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်သည် လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်မှု မရှိဘူး။

ဒီနေရာမှာ ဘုန်းကြီး ဒီည ရဟန္တာအရှင်မြတ်တွေဟာ တာဒိဂုဏ်နဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး ဗဟုသုတဟောဖို့ ရည်ရွယ်ထားပါတယ်။ ခုနက လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့်သာ တုန်လှုပ်မှု မရှိသည် မဟုတ်ဘူး။ ဒီတာဒိဂုဏ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ အလွန် ကြည်ညိုဖွယ်ကောင်းအောင် အဋ္ဌကထာဆရာတော်ကလည်း ဖွင့်ဆိုထားပါတယ်။

တာဒီတိ အရဟာ ပဉ္စဟာကာရေဟိ တာဒီ – ဣဋ္ဌာနိဋ္ဌေ တာဒီ, စတ္တာဝီတိ တာဒီ, တိဏ္ဏာဝီတိ တာဒီ, မုတ္တာဝီတိ တာဒီ, တံနိဒ္ဒေသာ တာဒီ။

ရဟန္တာအရှင်မြတ်တွေဟာ ငါးမျိုးသော အခြင်းအရာအားဖြင့် တာဒိ-ဂုဏ်နှင့်ပြည့်စုံတယ်။ ဣဋ္ဌာနိဋ္ဌေ တာဒီ - ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံလို့ ခေါ်ဆိုအပ်တဲ့ လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့်လည်း တုန်လှုပ်မှု မရှိဘူး။ တာဒိဂုဏ်နှင့် ပြည့်စုံတယ်။ စတ္တာဝီတိ တာဒီ = ကိလေသာတွေကို ထွေးအန်ပြီး ဖြစ်တဲ့အတွက်ကြောင့်လည်း တာဒိဂုဏ်နှင့် ပြည့်စုံတယ်။ တိဏ္ဏာဝီတိ တာဒီ = ကိလေသာတွေကို ကျော်လွှားလွန်မြောက်ပြီးသော ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံတယ်။ မုတ္တာဝီတိ တာဒီ = ကိလေသာတို့မှ လွတ်မြောက်ပြီး ဖြစ်တဲ့အတွက်ကြောင့်လည်း တာဒိဂုဏ်နှင့် ပြည့်စုံတယ်။ တံနိဒ္ဒေသာ တာဒီ = ဒီပုဂ္ဂိုလ်ပါပဲလို့ ညွှန်ကြား ပြသထိုက်တဲ့အတွက်ကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံတယ်။ အဲဒီတော့ တာဒိဂုဏ်ရဲ့ အနက်အဓိပ္ပာယ်ကို ငါးမျိုး ဖွင့်ထားပါတယ်။ အဲဒီနေရာမှာ ရှေးဦးစွာ တာဒိဂုဏ်ပေါ့။ ဣဋ္ဌ နိဋ္ဌ။

ကထံ အရဟာ ဣဋ္ဌာနိဋ္ဌေ တာဒီ?၊ ရဟန္တာအရှင်မြတ်တွေဟာ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံမှာ တုန်လှုပ်မှု မရှိတဲ့ တာဒိဂုဏ်နှင့် ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပြည့်စုံသလဲ?

အရဟာ လာဘေပိ တာဒီ, အလာဘေပိ တာဒီ, ယသေပိ တာဒီ, အယသေပိ တာဒီ, ပသံသာယပိ တာဒီ, နိန္ဒာယပိ တာဒီ, သုခေပိ တာဒီ, ဒုက္ခေပိ တာဒီ။

အရဟာ၊ ရဟန္တာအရှင်မြတ်တို့သည်။ လာဘေပိ၊ လာဘ်ရခြင်း၌လည်းပဲ။ တာဒီ၊ မတုန်မလှုပ်သောစိတ်ထား ရှိတော်မူကြကုန်၏။ အလာဘေပိ၊ လာဘ်မရခြင်း၌လည်းပဲ။ တာဒီ၊ မတုန်မလှုပ်သောစိတ်ထား ရှိတော်မူကြကုန်၏၊

ကြည့်စမ်း... ဘယ်လောက် ကြည်ညိုဖို့ကောင်းလဲ။ များသောအားဖြင့်ပေါ့လေ - ကိုယ်အလိုရှိတဲ့ လာဘ်လာဘတွေ ရရှိလာပြီ ဆိုလို့ရှိရင်တော့ ပြုံးပြုံး ပြုံးပြုံးနဲ့ မဖြစ်ကြဘူးလား? ဖြစ်ကြပါတယ်။ ရဟန္တာအရှင်မြတ်တွေမှာ အဲဒီလို ပြုံးပြုံး ပြုံးပြုံး ဖြစ်သလား? နည်းနည်းလေးမှ လှုပ်ရှားမှု မဖြစ်ဘူး။ ဘယ်လောက် ကြည်ညိုဖို့ ကောင်းလဲ ဒီစိတ်ဓာတ်။ စိတ်ဓာတ်ကို ဘယ်လောက် နိုင်နင်းသလဲ?

လာဘေပိ၊ လာဘ်ရခြင်း၌လည်းပဲ။ တာဒီ၊ မတုန်မလှုပ်သောစိတ်ထား ရှိတော်မူကြကုန်၏။ အလာဘေပိ၊ လာဘ်မရခြင်း၌လည်းပဲ။ တာဒီ၊ မတုန်မလှုပ်သောစိတ်ထား ရှိတော်မူကြကုန်၏။ ယသေပိ၊ အခြံအရံ အကျော်အစော၌လည်းပဲ။ တာဒီ၊ တုန်လှုပ်ခြင်း မရှိသည့် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပါပေကုန်၏၊

မိမိမှာ အခြံအရံ ပရိသတ်တွေ များလာပြီ။ စိတ်ထဲမှာ နည်းနည်းလေးမှ တုန်လှုပ်မှု မရှိဘူး။ မိမိရဲ့ ဂုဏ်သတင်းတွေက တော်တော်လေး ပျံ့မွှေးနေပြီ။ ဒီလို ဂုဏ်သတင်းတွေ ကျော်ကြားမှုကြောင့်လည်း စိတ်ထဲမှာ တုန်လှုပ်မှု မရှိဘူး။

အယသေပိ၊ အခြံအရံ အကျော်အစော နည်းပါးခြင်း၌လည်းပဲ။ တာဒီ၊ တုန်လှုပ်ခြင်း မရှိသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပါပေကုန်၏၊

မိမိမှာ အခြွေအရံ ပရိသတ် နည်းနည်းမှ မရှိဘူး။ အခြွေအရံ ပရိသတ် မရှိခြင်းတည်းဟူသော အကြောင်းကြောင့်လည်းပဲ စိတ်ဓာတ် တုန်လှုပ်မှု နည်းနည်းမှ မရှိဘူး။ မိမိရဲ့ ဂုဏ်သတင်းတွေက ကျော်ကြားမှု နည်းနည်းမှ မရှိဘူး။ ဂုဏ်သတင်း မကျော်ကြားခြင်းတည်းဟူသော အကြောင်းကြောင့်လည်း စိတ်ဓာတ် တုန်လှုပ်မှု နည်းနည်းမှ မရှိဘူး။ နာမည်ကြီးအောင် ကြိုးစားချင်တဲ့ စိတ်ထား မရှိဘူး။ နာမည်မကြီးလို့လည်း စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။ အဲ အကြောင်းအားလျော်စွာ နာမည်ကြီးလာရင်လည်း စိတ်ထဲမှာ နည်းနည်းမှ တုန်လှုပ်မှု မရှိဘူးတဲ့။ နောက်တစ်ခု -

ပသံသာယပိ တာဒီ, နိန္ဒာယပိ တာဒီ,

ပသံသာယပိ၊ ချီးမွမ်းခြင်း၌လည်းပဲ။ တာဒီ၊ တုန်လှုပ်မှု မရှိတဲ့ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပါပေကုန်၏။ နိန္ဒာယပိ၊ ကဲ့ရဲ့ခြင်း၌လည်းပဲ။ တာဒီ၊ တုန်လှုပ်ခြင်း မရှိသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပါပေကုန်၏၊

ချီးမွမ်းကြတယ်။ တချို့က ချီးမွမ်းမှုကြောင့်လည်း စိတ်ထဲမှာ နည်းနည်းလေးမှ တုန်လှုပ်မှု မရှိဘူး။ တချို့ကလည်း ကဲ့ရဲ့ကြတယ်။ ကဲ့ရဲ့မှုကြောင့်လည်း နည်းနည်းလေးမှ တုန်လှုပ်မှု မရှိကြဘူး။

lynnuxmqz1cfjhbxd03kif892d2pi2v
မင်္ဂလသုတ်-၉၄/၉၇
0
6330
22036
2026-06-08T03:33:02Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၉၄/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၉၃..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22036
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၉၄/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၉၃/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၉၅/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် - ၉၄

ရဟန္တာအရှင်မြတ်တို့ရဲ့ တာဒိဂုဏ်ကို ကြည်ညိုကြည့်ရအောင်။ ရဟန္တာအရှင်မြတ်တွေ တုန်လှုပ်မှု မရှိဘဲ အဓိဝါသန ခန္တီခေါ်တဲ့ သည်းခံခြင်း ခန္တီတရားနှင့် ပြည့်စုံတော်မူကြပုံတွေကို မဟာနိဒ္ဒေသ ပါဠိတော်ကြီးမှာ ဖွင့်ဆိုထားတယ်။

ပသံသာယပိ တာဒီ, နိန္ဒာယပိ တာဒီ, သုခေပိ တာဒီ, ဒုက္ခေပိ တာဒီ။

ပသံသာယပိ၊ ချီးမွမ်းခံရခြင်းတည်းဟူသော အကြောင်းကြောင့်လည်းပဲ။ တာဒီ၊ တုန်လှုပ်မှု မရှိ၊ သည်းခံနိုင်သော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပါပေကုန်၏။ နိန္ဒာယပိ၊ အကဲ့ရဲ့ ခံရခြင်းတည်းဟူသော အကြောင်းကြောင့်လည်းပဲ။ တာဒီ၊ တုန်လှုပ်မှု မရှိ၊ သည်းခံနိုင်ခြင်း တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပါပေကုန်၏။

ကဲ့ရဲ့ ချီးမွမ်းခြင်းတည်းဟူသော အကြောင်းကြောင့် စိတ်ထဲမှာ နည်းနည်းလေးမှ တုန်လှုပ်မှု မရှိဘူး။ သည်းခံနိုင်ရည် စွမ်းအင်တွေ ရှိတော်မူကြတယ်။ အများအားဖြင့်ပေါ့လေ - ကဲ့ရဲ့မယ်ဆိုရင် ခံနိုင်ရည် ရှိကြသော်လည်း ချီးမွမ်းလာပြီဆိုရင်တော့ ခံနိုင်ရည်ရှိတဲ့ပုဂ္ဂိုလ် တော်တော် နည်းတယ်။ မိမိကို သူတစ်ပါးက ချီးမွမ်းတယ်ဆိုရင် သဘောကျတဲ့ပုဂ္ဂိုလ်က ပိုများတယ်။ မိမိကို တစ်ဖက်သားပုဂ္ဂိုလ်က ကဲ့ရဲ့မယ်ဆိုရင်လည်း စိတ်ထဲမှာ မကျေနပ်တဲ့ ပုဂ္ဂိုလ်တွေက သိပ်ပြီး များကြတယ်။ ဒါပေမဲ့ ရဟန္တာအရှင်မြတ်တွေရဲ့ စိတ်ဓာတ် ကြည့်လိုက်ရင် ချီးမွမ်းခြင်းကြောင့်လည်း တုန်လှုပ်မှု အနည်းငယ်မျှ မရှိဘူး။ ခံနိုင်ရည် စွမ်းအားတွေ အပြည့်အဝ ရှိနေတယ်။ ကဲ့ရဲ့ခြင်းတည်းဟူသော အကြောင်းကြောင့်လည်းပဲ တုန်လှုပ်မှု မရှိဘူး။ ခံနိုင်ရည်စွမ်းအား အပြည့်အဝ ရှိတော်မူကြတယ်။ အင်မတန် ကြည်ညိုဖို့ ကောင်းတယ်နော်။ နောက်တစ်ခု -

သုခေပိ၊ ချမ်းသာသုခနှင့် တွေ့ကြုံရာ၌လည်းပဲ။ တာဒီ၊ တုန်လှုပ်မှု မရှိ။ သည်းခံနိုင်ခြင်း တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပါပေကုန်၏။ ဒုက္ခေပိ၊ ဆင်းရဲခြင်းဒုက္ခနှင့် တွေ့ကြုံရာ၌လည်းပဲ။ တာဒီ၊ တုန်လှုပ်မှု မရှိ။ သည်းခံနိုင်ခြင်း တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပါပေကုန်၏။

ချမ်းသာသုခနှင့် တွေ့ရတဲ့ အခါမှာလည်း ဝမ်းသာတုန်လှုပ် ဖောက်ပြားမှု မရှိဘူး။ ခံနိုင်ရည်စွမ်းအင် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြတယ်။ ဆင်းရဲဒုက္ခနှင့် တွေ့တဲ့ အချိန်အခါမှာလည်း ငါ့ ဒီလို ဒုက္ခတွေ ရလေခြင်း ဆိုပြီးတော့ စိတ်ထဲမှာ ဖောက်ပြန်တုန်လှုပ်မှု အနည်းငယ်မျှ မရှိဘူး။ ခံနိုင်ရည် စွမ်းအင် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပါပေတယ်။ အဲဒီလို ပြည့်စုံပုံလေးကို မဟာနိဒ္ဒေသပါဠိတော်ကြီးမှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ကြည်ညိုဖွယ် ပုံစံလေး ထုတ်ပြီး ဟောထားတယ်။

ဧကစ္စေ ဗာဟံ ဂန္ဓေန လိမ္ပေယျုံ, ဧကစ္စေ ဗာဟံ ဝါသိယာ တစ္ဆေယျုံ – အမုသ္မိံ နတ္ထိ ရာဂေါ, အမုသ္မိံ နတ္ထိ ပဋိဃံ, အနုနယပဋိဃဝိပ္ပဟီနော ဥဂ္ဃါတိနိဃာတိဝီတိဝတ္တော အနုရောဓဝိရောဓသမတိက္ကန္တော။ ဧဝံ အရဟာ ဣဋ္ဌာနိဋ္ဌေ တာဒီ။

ဧကစ္စေ၊ အချို့သော သူတို့က။ ဗာဟံ၊ လက်ယာလက်မောင်းကို။ ဂန္ဓေန၊ နံ့သာဖြင့်။ လိမ္ပေယျုံ၊ လိမ်းပေးရုံ လိမ်းပေးရင်လည်း လိမ်းကြပါစေ။ ဧကစ္စေ၊ အချို့သောပုဂ္ဂိုလ်တို့က။ ဗာဟံ၊ လက်ဝဲလက်မောင်းကို။ ဝါသိယာ၊ ပဲခွတ်ဖြင့် (ဝါ) ဓားမဖြင့်။ တစ္ဆေယျုံ၊ ခုတ်မူလည်း ခုတ်ကြပါစေ။

တချို့ပုဂ္ဂိုလ်တွေက လက်ယာလက်မောင်းကို နံ့သာဖြင့် လာ လိမ်းချင်လည်း လိမ်းကြပါစေ။ တချို့ပုဂ္ဂိုလ်တွေက လက်ဝဲလက်မောင်းကို ဓားမ, ပဲခွတ်ဖြင့် လာပြီး ရွယ်ချင်လည်း ရွယ်ကြပါစေ, ခုတ်ချင်လည်း ခုတ်ကြပါစေ။

အမုသ္မိံ၊ ထိုနံ့သာဖြင့် လိမ်းကျံနေတဲ့ ပုဂ္ဂိုလ်အပေါ်၌လည်းပဲ။ နတ္ထိ ရာဂေါ၊ တွယ်တာတပ်မက်တဲ့ ရာဂတရားသည် မရှိပေ။ အမုသ္မိံ၊ ပဲခွတ် ဓားမဖြင့် လာ၍ ရွယ်နေတဲ့ ခုတ်နေတဲ့ ထိုပုဂ္ဂိုလ်အပေါ်၌လည်းပဲ။ ပဋိဃံ၊ စိတ်ခက်ထန် ကြမ်းတမ်းခြင်း ပဋိဃ သဘောတရားသည်။ နတ္ထိ၊ မရှိပေ။

နံ့သာနှင့်လာပြီး လိမ်းကျံပေးနေတဲ့ ပုဂ္ဂိုလ်အပေါ်၌လည်းပဲ “ဩော် ... တယ်တော်တဲ့ ပုဂ္ဂိုလ်ပဲ ဆိုပြီး စိတ်ထဲမှာ နှစ်ခြိုက်မှု နည်းနည်းလေးမှ မဖြစ်ဘူး။ ပဲခွတ်, ဓားမဖြင့် လာပြီးတော့ မိမိရဲ့ လက်မောင်းတစ်ဖက်ကို ပုဂ္ဂိုလ်တစ်ယောက်က ရွယ်နေမယ်, ခုတ်နေမယ်ဆိုရင်လည်း အဲဒီပုဂ္ဂိုလ်အပေါ်၌ စိတ်ခက်ထန် ကြမ်းတမ်းမှု ပဋိဃသဘောတရား နည်းနည်းမှ မရှိဘူး။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ ကြည်ညိုဖို့ မကောင်းဘူးလား? ကောင်းပါတယ်။ ဘုရားရှင်ရဲ့ တပည့်သာဝကအဖြစ်, တပည့်သာဝိကာမအဖြစ် ခံယူချင်တဲ့ ပုဂ္ဂိုလ်မှန်ခဲ့ရင် ဒီစိတ်ထားလေးတွေ ရှိဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ မခံနိုင်ဘူး။ ကက်ကက်လန်တယ်။ တလောကလဲ ပြောခဲ့ပြီးပြီ။ ဘာအဓိပ္ပာယ်တော့ ဘုန်းကြီး မသိဘူးနော်။ ဘယ်က ကက်ကက်က ဘယ်နေရာမှာ လန်နေတယ်တော့ မပြောတတ်ဘူး။ ဟုတ်တယ်မဟုတ်လား? အဲဒီ ကက်ကက်လန် ပြန်ပြီးတော့ ရန်တွေ့ကြမယ်ဆိုရင် အကုသိုလ်တရားတွေ တိုးပွားပြီး မသွားဘူးလား? တိုးပွားသွားမယ်။

ဒီနေရာမှာ နံ့သာနှင့် လာလိမ်းကျံနေတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ အမလေး သိပ်တော်တဲ့ ပုဂ္ဂိုလ်တွေပဲဆိုပြီး ချစ်ခင်မြတ်နိုးမှု ရှိသလား? မရှိဘူး။ အဲ ဓားမနဲ့ လာပြီး ရွယ်နေတဲ့ ပုဂ္ဂိုလ်တွေ အပေါ်မှာလည်း မုန်းတီးခြင်းဆိုတဲ့ စိတ်ခက်ထန် ကြမ်းတမ်းမှု ဒီသဘောတရားတွေ ရဟန္တာ အရှင်မြတ်တို့ရဲ့ သန္တာန်မှာ ဖြစ်သလား? မဖြစ်ကြဘူး။ သူတော်ကောင်းမှန်ခဲ့ရင် ဒီစိတ်ထားမျိုး မွေးမြူရမလား? မမွေးမြူရဘူးလား? မွေးမြူရမယ်။ နည်းနည်းလေးမှ အထိ မခံနိုင်တဲ့ စိတ်ထား မရှိစေရဘူးနော်။ ကဲ -

ဧကစ္စေ၊ အချို့သောပုဂ္ဂိုလ်တို့က။ ဗာဟံ၊ လက်ယာလက်မောင်းကို။ ဂန္ဓေန၊ နံ့သာဖြင့်။ လိမ္ပေယျုံ၊ လိမ်းပေးမူလည်း လိမ်းပေးကြပါစေ။ ဧကစ္စေ၊ အချို့သော သူတို့က။ ဗာဟံ၊ လက်ဝဲလက်မောင်းကို။ ဝါသိယာ၊ ပဲခွတ် ဓားမဖြင့်။ တစ္ဆေယျုံ၊ ရွယ်မူလည်း ရွယ်ကြပါစေ, ခုတ်မူလည်း ခုတ်ကြပါစေ။ အမုသ္မိံ၊ ထိုနံ့သာဖြင့် လာ၍ လိမ်းကျံနေတဲ့ ပုဂ္ဂိုလ်အပေါ်၌လည်းပဲ။ ရာဂေါ၊ တွယ်တာတပ်မက်တဲ့ ရာဂတရားသည်။ နတ္ထိ၊ မရှိပေ။ အမုသ္မိံ၊ ပဲခွတ် ဓားမဖြင့် လာ၍ ခုတ် ရွယ်နေတဲ့ ပုဂ္ဂိုလ်အပေါ်၌လည်းပဲ။ ပဋိဃံ၊ စိတ်ခက်ထန် ကြမ်းတမ်းတဲ့ ပဋိဃတရားသည်။ နတ္ထိ၊ မရှိပေ။ အနုနယပဋိဃဝိပ္ပဟီနော၊ ချစ်ခြင်းမုန်းခြင်းကို ပယ်ရှားနိုင်သည်ဖြစ်၍။ ဥဂ္ဃါတိနိဃါတိဝီတိဝတ္တော၊ တက်ကြွသော စိတ်ထား၊ နိမ့်ကျသော စိတ်ထားကို ကျော်လွှားလွန်မြောက်သည်ဖြစ်၍။ အနုရောဓဝိရောဓသမတိက္ကန္တော၊ လိုက်လျောညီထွေ ကျင့်တတ်ခြင်း၊ ဆန့်ကျင်ဘက် ပြုလုပ်ခြင်းဆိုတဲ့ သဘောတရားကို ကျော်လွှားလွန်မြောက်သည်ဖြစ်၍။ ဝိဟာရတိ၊ နေတော်မူနိုင်၏။ ဧဝံ၊ ဤသို့လျှင်။ အရဟာ၊ ရဟန္တာအရှင်မြတ်တို့သည်။ ဣဋ္ဌာနိဋ္ဌေ၊ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့၌။ တာဒီ၊ တာဒိဂုဏ်နှင့် ပြည့်စုံတော် မူကြပါပေကုန်၏။

ချစ်ခြင်းမုန်းခြင်း တရားတွေကို ရဟန္တာအရှင်မြတ်တွေက ပယ်ရှားထားပြီး ဖြစ်တယ်။ စိတ်တက်ကြွခြင်း, စိတ်ဆုတ်နစ်ခြင်း ဒီသဘောတရားတွေကိုလည်း ပယ်ရှားထားပြီး ဖြစ်တယ်။ တစ်ဖက်ပုဂ္ဂိုလ်က နံ့သာလေးနှင့်လာပြီး အချိုသတ်ပြီး လိမ်းပေးနေမယ်ဆိုရင် စိတ်ဓာတ်တွေက နည်းနည်းလေး ကြွလာတတ်တယ်။ တစ်ဖက်ပုဂ္ဂိုလ်ကနေ လာပြီးတော့ မိမိကို ပဲခွတ်နဲ့ လာပြီး ရွယ်ခဲ့မယ် ဆိုရင်လည်း စိတ်ဓာတ်တွေက ဝမ်းနည်းပြီးတော့ နိမ့်ကျသွားတတ်တယ်။ ဣဋ္ဌ လောကဓံနဲ့ တွေ့ကြုံနေတဲ့ အခါမှာ စိတ်ဓာတ်တွေက တက်ကြွမြင့်မောက်လာတတ်တယ်။ အနိဋ္ဌ လောကဓံနဲ့ တွေ့ကြုံနေတဲ့ အချိန်ခါမှာ စိတ်ဓာတ်တွေ အလွန် ကျဆင်းသွားတတ်တယ်။ အဲဒီလို စိတ်ဓာတ်တွေ တက်ကြွတုန်လှုပ်ခြင်း, စိတ်ဓာတ်တွေ ကျဆင်းသွားခြင်းဆိုတဲ့ ဒီသဘောတရားတွေကို ရဟန္တာအရှင်မြတ်တွေက ကျော်လွှားလွန်မြောက်ပြီး ဖြစ်တယ်။

ဣဋ္ဌ လောကဓံနဲ့ တွေ့ဆုံလို့ စိတ်ဓာတ် တက်ကြွတုန်လှုပ်မှုလည်း မရှိဘူး။ အနိဋ္ဌ လောကဓံလို့ ခေါ်ဆိုအပ်တဲ့ အလိုမရှိအပ်တဲ့ လောကဓံတွေနဲ့ တွေ့လို့လည်း စိတ်ဓာတ်တွေ ဆုတ်နစ်ခြင်းဆိုတဲ့ သဘောတရား မရှိဘူး။ စိတ်ဓာတ် ကျဆင်းသွားတယ်ဆိုတဲ့ သဘောတရားကော ရှိလား? မရှိဘူး။ မိမိတို့ ပြုလုပ်ရမဲ့ သီလကျင့်စဉ်, ပြုကျင့်ရမဲ့ သမာဓိကျင့်စဉ်, ပြုကျင့်ရမဲ့ ပညာကျင့်စဉ်တွေကို ရာခိုင်နှုန်း အပြည့်ဖြစ်နေတဲ့ သတိတရားဖြင့် ထိန်းချုပ်ပြီး အမြဲတမ်း ပြုကျင့်နေတယ်။ ဘာမှ ဖောက်ပြန်မှု မရှိဘူး။ အဲဒီလို စိတ်ထားမျိုးတွေဟာ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။

ဣဋ္ဌ လောကဓံ ဆိုတာကတော့ လာဘ၊ ယသ၊ ပသံသ၊ သုခဆိုတဲ့ ဒီလောကဓံ လေးခုကိုတော့ ဣဋ္ဌ လောကဓံလို့ ခေါ်ပါတယ်။ အနိဋ္ဌ လောကဓံ ဆိုတာကတော့ အလာဘ - လာဘ်မရခြင်း, အယသ - အခြွေအရံ မရှိခြင်း, ဂုဏ်သတင်း ကျဆင်းခြင်း, နိန္ဒ - အကဲ့ရဲ့ ခံရခြင်း, ဒုက္ခ - ကိုယ်ဆင်းရဲမှုနှင့် တွေ့ကြုံရခြင်း။ ဒီလောကဓံ လေးခုကိုတော့ အနိဋ္ဌ လောကဓံလို့ ခေါ်ပါတယ်။ ဣဋ္ဌ လောကဓံနဲ့ တွေ့တဲ့ အချိန်အခါမှာလည်း ဒီ ဣဋ္ဌ လောကဓံ အပေါ်၌ ချစ်ခြင်းဆိုတဲ့ သဘောတရား မရှိဘူး။ ပယ်ရှားထားပြီး ဖြစ်တယ်။ အနိဋ္ဌ လောကဓံ လေးမျိုးနှင့် တွေ့ကြုံတဲ့ အချိန်အခါမှာလည်း ဒီလောကဓံတွေအပေါ်၌ စိတ်ခက်ထန် ကြမ်းတမ်းမှု, မကျေနပ်မှုဆိုတဲ့ သဘောတရား မရှိဘူး။ ပယ်ရှားထားပြီး ဖြစ်တယ်။

ဣဋ္ဌ လောကဓံနဲ့ တွေ့တဲ့အခါမှာလည်း စိတ်ဓာတ်တွေက တက်ကြွမြင့်မောက်မှု မရှိဘူး။ စိတ်ဓာတ်တွေ တက်ကြွမြင့်မောက်မှုဆိုတဲ့ ဒီသဘောတရားကို ကျော်လွှားလွန်မြောက်ပြီး ဖြစ်တော်မူတယ်။ အနိဋ္ဌလောကဓံနဲ့ လာတွေ့တဲ့ အချိန်ခါမှာလည်း စိတ်ဓာတ်တွေ ကျဆင်းနေတယ်ဆိုတဲ့ ဒီသဘောတရား မရှိဘူး။ မျက်ရည်လေး ရှုပ်ရှုပ် ရှုပ်ရှုပ်၊ မျက်ရည်လေးတွေ တောက်တောက် ကျပြီးတော့ ဝမ်းနည်းနေတဲ့ ပုံစံတွေ ရှိသလား? မရှိဘူး။ အဲ ဣဋ္ဌလောကဓံနဲ့ တွေ့ရင်လည်း လိုက်လျောညီထွေ လိုက်ပြီးတော့ ကျင့်တဲ့သဘောမျိုး ရှိသလား? မရှိဘူး။ အနိဋ္ဌ လောကဓံနဲ့ တွေ့တဲ့ အချိန်အခါမှာလည်း ဆန့်ကျင်ဖက်လုပ်တဲ့ စိတ်ထားမျိုး ရှိသလား? မရှိဘူး။ လောကမှာ သူတော်ကောင်း ဖြစ်ချင်တယ်ဆိုရင် ဒီစိတ်ထားလေးတွေ ရှိဖို့ လိုအပ်ပါတယ်။

ဣဋ္ဌလောကဓံတွေနဲ့ တွေ့တဲ့အခါကျတော့ ဣဋ္ဌလောကဓံကို အခွင့်အရေးပေးနေတဲ့ ပုဂ္ဂိုလ်တွေနဲ့တော့ မိမိက လိုက်လျောညီထွေ နေတတ်တယ်။ မိမိအပေါ်မှာ အနိဋ္ဌလောကဓံတွေနဲ့ တွေ့ကြုံအောင် ဖန်တီးလုပ်ပေးတဲ့ ပုဂ္ဂိုလ်တွေနဲ့တော့ မိမိက ဆန့်ကျင်ဘက် လုပ်တတ်ကြတယ်။ ဒါကတော့ လောကရဲ့ ဓမ္မတာလေးတွေပဲ။ အဲဒီလို လိုက်လျောညီထွေ ကျင့်တတ်ခြင်း၊ ဆန့်ကျင်ဘက် ပြုလုပ်ခြင်းဆိုတဲ့ ဒီသဘောတရားကို ရဟန္တာအရှင်မြတ်တွေသည် ကျော်လွှားလွန်မြောက်ပြီး ဖြစ်တယ်။ လိုက်လျောညီထွေ လုပ်တတ်တဲ့ သဘောတရားလည်း မရှိဘူး။ ဆန့်ကျင်ဘက် ပြုလုပ်တတ်တဲ့ စိတ်နေစိတ်ထားလည်း မရှိဘူး။ ဒါကြောင့် ရဟန္တာအရှင်မြတ်တွေသည် ဣဋ္ဌာရုံ၌လည်းပဲ တုန်လှုပ်ခြင်း မရှိ, ခံနိုင်ရည်စွမ်းအင် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူတယ်။ အနိဋ္ဌာရုံ၌လည်းပဲ တုန်လှုပ်ခြင်း မရှိ, ခံနိုင်ရည်စွမ်းအင် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူတယ်။ ဒါက တာဒိဂုဏ်။ ဒါက တုန်လှုပ်မှု မရှိတဲ့ တာဒိဂုဏ်ပဲ။ နောက်တစ်ခု -

ကထံ အရဟာ စတ္တာဝီတိ တာဒီ?

အရဟံ၊ ရဟန္တာအရှင်မြတ်တို့သည်။ ကထံ၊ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့်။ စတ္တာဝီတိ၊ စွန့်လွှတ်အပ်ပြီး ဖြစ်ခြင်းကြောင့်။ တာဒီ၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပါကုန်သနည်း။

စွန့်လွှတ်ပြီး ဖြစ်တဲ့အတွက်ကြောင့်လည်းပဲ ရဟန္တာအရှင်မြတ်တွေကို တာဒိဂုဏ်နှင့် ပြည့်စုံတယ်လို့ ခေါ်တယ်။ ခုနကတော့ ဣဋ္ဌလောကဓံ, အနိဋ္ဌလောကဓံတွေနဲ့ တွေ့တဲ့အခါ တုန်လှုပ်မှု မရှိ။ ခံနိုင်ရည်စွမ်းအင် ရှိခြင်းကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံတယ်လို့ ခေါ်တယ်။ ခု ဒီမှာကျတော့ စွန့်လွှတ်ပြီး ဖြစ်ခြင်းကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံတယ်။ တာဒိဆိုတာက တုန်လှုပ်မှု နည်းနည်းလေးမှ မရှိဘူး။ တစ်သမတ်တည်း တည်ငြိမ်နေတဲ့ သဘောပဲ။ ဘယ်လိုလဲ?

အရဟတော ရာဂေါ စတ္တော ဝန္တော မုတ္တော ပဟီနော ပဋိနိဿဋ္ဌော။

အရဟတော၊ ရဟန္တာပုဂ္ဂိုလ်အား။ ရာဂေါ၊ ရာဂကို။ စတ္တော၊ စွန့်လွှတ်အပ်ပြီး ဖြစ်ပေ၏။ ဝန္တော၊ ထွေးအန်အပ်ပြီး ဖြစ်ပေ၏။ မုတ္တော၊ ရာဂမှ လွတ်မြောက်ပြီး ဖြစ်ပေ၏။ ပဟီနော၊ ရာဂကို ပယ်ရှားပြီး ဖြစ်ပေ၏။ ပဋိနိဿဋ္ဌော၊ ရာဂကို တစ်ဖန် စွန့်လွှတ်ပြီး ဖြစ်ပေ၏၊

အလားတူပဲ - ရဟန္တာအရှင်မြတ်တွေဟာ လောဘ ဒေါသ မောဟ စိတ်ခက်ထန် ကြမ်းတမ်းခြင်း ဒေါသတရားကို စွန့်လွှတ်ပြီး ထွေးအန်ပြီး ဖြစ်တယ်။ ဒီဒေါသတရားမှ လွတ်မြောက်ပြီး ဖြစ်တယ်။ ဒေါသတရားကို ပယ်ရှားပြီး ဖြစ်တယ်။ ဒေါသတရားတွေကို စွန့်လွှတ်ပြီး ဖြစ်နေတယ်။ အလားတူပဲ မောဟ - အသိမှားမှု ရုပ်နာမ်ဓမ္မသင်္ခါရ တရားတွေအပေါ်၌ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်သတ္တဝါ, လူနတ်ဗြဟ္မာ စသည်ဖြင့် အသိမှားမှု။ အဲဒီ အသိမှားမှု အဝိဇ္ဇာတရားကို ရဟန္တာအရှင်မြတ်တွေသည် စွန့်လွှတ်ပြီး, ထွေးအန်ပြီး ဖြစ်တယ်။ ဒီအဝိဇ္ဇာမှ လွတ်မြောက်ပြီး ဖြစ်တယ်။ အဝိဇ္ဇာကို ပယ်ရှားပြီး ဖြစ်တယ်။ စွန့်လွှတ်ပြီးဖြစ်တယ်။ တစ်ဖန် စွန့်လွှတ်ပြီးလည်း ဖြစ်တယ်နော်။

နောက်တစ်ခု ကောဒ - ရန်ငြိုးဖွဲ့ခြင်း။ အမျက်ဒေါသတရား, အမျက်ထွက်ခြင်းဆိုတဲ့ ကောဒတရားကိုလည်းပဲ ရဟန္တာအရှင်မြတ်တွေက စွန့်လွှတ်ပြီး, ထွေးအန်ပြီး ဖြစ်တယ်။ ဒီကောဒတရားမှ လွန်မြောက်ပြီးလည်း ဖြစ်တယ်။ ဥပနာဟ - ရန်ငြိုးဖွဲ့ခြင်း။ ငါ့အပေါ် ဒင်း ဒီလို ပြုရက်လေခြင်း ဆိုပြီးတော့ ရန်ငြိုးဖွဲ့ထားမှု ရဟန္တာအရှင်မြတ်တွေမှာ ရှိသလား? မရှိဘူး။ ရန်ငြိုးဖွဲ့ခြင်းဆိုတဲ့ ဒီဥပနာဟ တရားတွေကိုလည်း ရဟန္တာအရှင်မြတ်တွေသည် စွန့်လွှတ်ပြီး, ထွေးအန်ပြီး ဖြစ်တယ်။ ဒီရန်ငြိုးဖွဲ့ခြင်းဆိုတဲ့ ဥပနာဟတရားမှ လွတ်မြောက်ပြီးလည်း ဖြစ်တော်မူကြတယ်။

နောက်တစ်ခု - မက္ခ = သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းဆိုတဲ့ ဒီမက္ခတရားကိုလည်း ရဟန္တာအရှင်မြတ်တွေသည် ထွေးအန်ပြီး ဖြစ်တယ်။ ဒီမက္ခတရားမှ ကျော်လွှားလွန်မြောက်ပြီးလည်း ဖြစ်တယ်။ ဒီမက္ခတရားတွေကို စွန့်လွှတ်ပြီး, ပယ်ရှားပြီးလည်း ဖြစ်နေကြတယ်။ ဒီတော့ ဒင်းကျေးဇူး ဘာများ ရှိလို့လဲ? လောကမှာ ဒီစိတ်ထားလေးတွေ ရှိကြပါတယ်။ သူတစ်ဖက်သားရဲ့ စိတ်ဓာတ်ကို သိတဲ့ပုဂ္ဂိုလ်ဆိုတာ တော်တော်လေး နည်းကြပါတယ်။ ဒင်းကျေးဇူး ဘာရှိသလဲ? ဆိုတာ များသောအားဖြင့် မွေးမြူတတ်ကြတယ်။ သို့သော် ရဟန္တာအရှင်မြတ်တွေသည် အဲဒီစိတ်ထားမျိုး ရှိသလား? မရှိဘူး။ မိမိတို့ကလည်း ရဟန္တာ ဖြစ်ချင်ကြပါတယ်ဆိုရင် ဒီလို စိတ်ထားလေးတွေကို စွန့်လွှတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။

နောက်တစ်ခု - ပဠာသ = ဂုဏ်ချင်းပြိုင်တယ်။ ဂုဏ်ချင်းပြိုင်တယ်ဆိုတာကတော့ ခုလို ရဟန်းဖြစ်လာပြီ, သီလရှင် ဖြစ်လာပြီဆိုရင်, ရှင်ဖြစ်လာပြီဆိုရင် ဂုဏ်တု ဂုဏ်ပြိုင်ပြုချင်တဲ့ စိတ်ထားလေးတွေကို စွန့်လွှတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ရဟန္တာအရှင်မြတ်တွေဟာ ဒီဂုဏ်တုဂုဏ်ပြိုင် ပြုချင်တယ်ဆိုတဲ့ ဒီစိတ်ထားလေးတွေကို စွန့်လွှတ်ပြီး, ထွေးအန်ပြီး ဖြစ်နေတယ်။ ပယ်ရှားပြီး ဖြစ်နေတယ်။ တရားချင်း ပြိုင်ချင်တယ်။ သူက ဘယ်ရောက်နေပြီ။ ဘာရှုနေပြီ။ ငါလဲ ဒါလေး ရှုတတ်ပါတယ်။ ရှုတတ်တာ မရှုတတ်တာ ထားပေါ့။ နည်းနည်းလေးတော့ ပြိုင်လိုက်ရမှ မကျေနပ်ဘူးလား? ကျေနပ်တယ်။ ဒီစိတ်ထားမျိုး သူတော်ကောင်းဆိုရင် ရှိရမလား? မရှိရဘူး။ ဖြူစင် ဖြောင့်စင်းနေရမယ်, ပြိုင်ဆိုင်ချင်တဲ့ စိတ်ထား မရှိစေရဘူး, သင်္ကန်းချင်း ပြိုင်ချင်တယ်, ကျောင်းချင်း ပြိုင်ချင်တယ်, ဒကာ, ဒကာမချင်း ပြိုင်ချင်တယ်, ပစ္စည်းချင်း ပြိုင်ချင်တယ် စသည်ဖြင့် ဒီလို ပြိုင်ဆိုင်ချင်တဲ့ စိတ်ထားတွေ ရှိရမလား? မရှိရဘူး။

ဣဿာ = ကိုယ့်ထက်သာ မနာလိုတဲ့ ငြူစူစောင်းမြောင်းတဲ့ စိတ်ထားတွေကို ရဟန္တာအရှင်မြတ်တွေက ထွေးအန်ပြီး ဖြစ်တယ်။ စွန့်လွှတ်ပြီး ဖြစ်တယ်။ ဒီဣဿာတရားမှ ကျော်လွှားလွန်မြောက်ပြီးလည်း ဖြစ်တော်မူကြတယ်။ မိမိတို့လည်း ရဟန္တာ ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ထက်သာ မနာလိုတဲ့ ဒီဣဿာဆိုတဲ့ ငြူစူစောင်းမြောင်းတတ်တဲ့ စိတ်ထားလေးတွေကို စွန့်လွှတ်ဖို့ မကောင်းဘူးလား? ကောင်းတယ်။ ပယ်ရှားဖို့ လိုအပ်တယ်။ နောက်တစ်ခု

မစ္ဆရိယ - ဝန်တိုခြင်း, နှမြောစေးနှဲခြင်းဆိုပြီး ဘာသာပြန်ကြတယ်။ ဝန်တိုခြင်း ဆိုတာကတော့, နှမြောတဲ့ သဘောဆိုတာကတော့ လောဘရဲ့ စွမ်းအား ဖြစ်ပါတယ်။ ဒီနေရာမှာ မစ္ဆရိယက ပစ္စည်းအပေါ်မှာ နှမြောနေတဲ့ သဘောထက် သူက အထိမခံနိုင်တဲ့ သဘောက ပိုအားကောင်းနေတယ်။ သားထိလည်း မခံနိုင်, သမီးထိလည်း မခံနိုင်, အဘိုးကြီး သိပ်အိုနေပါပြီ။ အဲဒီ အဘိုးကြီးထိလည်း ခံနိုင်လား? မခံနိုင်ဘူး။ အဘွားကြီးကလည်း အိုနေပြီ။ ဗလချိုင့် ဖြစ်နေပြီ။ သွားကြည့်လိုက်လည်း တစ်ချောင်းမှ မရှိတော့ဘူး။ အဲဒီ အဘွားကြီးထိလည်း ခံနိုင်လား? မခံနိုင်ဘူး။ မစ္ဆရိယတရားပဲ။ ဒကာကြီးတွေ စောင်းပြောတာ မဟုတ်ပါဘူးနော်။ အဲဒီ အထိ မခံနိုင်တဲ့ မစ္ဆရိယတရားကို ရဟန္တာအရှင်မြတ်တွေက ထွေးအန်ပြီး ဖြစ်တယ်။ မိမိတို့လည်း ရဟန္တာအရှင်မြတ်တို့ကဲ့သို့ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ချင်ကြတယ် ဆိုရင် ဒီအထိမခံနိုင်တဲ့ စိတ်ထားလေးတွေကို စွန့်လွှတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။

မာယာ - လှည့်ပတ်တတ်တဲ့ သဘောလေးတွေ ကိုယ့်မှာ ထင်ရှားမရှိတဲ့ ဂုဏ်တွေကို ထင်ရှား ရှိဟန်ဆောင်တယ်။ သာဌေယျ - ကောက်ကျစ်စဉ်းလဲတယ်။ မာယာက ထင်ရှားရှိနေတဲ့ အပြစ်ကို ဖုံးလွှမ်းတယ်။ သာဌေယျက - ထင်ရှားမရှိတဲ့ ဂုဏ်ကို ဖော်ပြတယ်။ အဲဒီလို ကောက်ကျစ်စဉ်းလဲခြင်း, လှည့်ပတ်ခြင်းဆိုတဲ့ ဒီသဘောတရားတွေကို ရဟန္တာအရှင်မြတ်တွေက စွန့်လွှတ်ပြီး ဖြစ်တယ်။ မိမိတို့လည်း သူတော်ကောင်း ဖြစ်ချင်တယ်ဆိုရင် ဒီမာယာ, သာဌေယျခေါ်တဲ့ အကွေ့အကောက်တွေကို စွန့်လွှတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ မိမိမှာ အပြစ်တွေက ထင်ရှား ရှိနေရင် ဒီအပြစ်ကို အပြစ် အားလျော်စွာ ထင်ရှားဖော်ပြပြီး ကုစားရတယ်။ ဒါ သူတော်ကောင်းတို့ရဲ့ ဓမ္မတာပဲ။ မိမိမှာ ထင်ရှား မရှိတဲ့ ဂုဏ်တွေကို ထင်ရှားထုတ်ဖော်ပြီးတော့ မပြောရဘူး။ ဒါ သူတော်ကောင်းတို့ရဲ့ စိတ်ထား။ နောက် -

ထမ္ဘ၊ ခက်ထန် တင်းမာတယ်။ သူ့ကို စိတ်ဓာတ်ကလေး နည်းနည်းလေး လျော့လိုက်ပါ။ ဒီလို စိတ်မထားနဲ့ ပြောရင် ပြောလို့ မရဘူး။ သွား... မလျော့နိုင်ဘူး။ ခေတ်စကားနဲ့ ပြောတော့ ဘာလဲ? တစ်ရွေးသားတောင် လျော့လို့ မရဘူး။ သိပ်ပြီး စိတ်ဓာတ်တွေက ခက်ထန်တင်းမာနေတယ်။ ရဟန္တာအရှင်မြတ်တွေရဲ့ စိတ်ထားက ဒီလို မဟုတ်ဘူး။ အလွန် နူးညံ့ ပျော့ပျောင်းတယ်။ ဒီခက်ထန်တင်းမာနေတဲ့ စိတ်ဓာတ်တွေကို ထွေးအန်ပြီး ဖြစ်တယ်၊ ပယ်ရှားပြီး ဖြစ်တယ်၊ စွန့်လွှတ်ပြီး ဖြစ်တော်မူကြတယ်။ မိမိတို့လည်း သူတော်ကောင်းဖြစ်ချင်လို့ရှိရင် ဒီခက်ထန်တင်းမာနေတဲ့ စိတ်ဓာတ်ကို စွန့်လွှတ်နိုင်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ ဒင်း ငါ့အပေါ်မှာ ဒီလို လုပ်ထားတာ နည်းနည်းလေးမှ မကျေနပ်နိုင်ဘူး။ ဘယ်လိုမှ စိတ်ထဲမှာ လျော့ပေးလို့ မရ ဖြစ်နေတယ်။ အဲဒီ စိတ်ထားမျိုး သူတော်ကောင်း မှန်ခဲ့ရင် ရှိရမလား? မရှိရဘူး။

သာရမ္ဘ၊ ချုပ်ချယ်တယ်။ သွား ဒီလို မလုပ်နဲ့၊ ဒီလို မနေနဲ့၊ ဒီလို မထိုင်နဲ့၊ ဒီလို မပြောရဘူး။ ချုပ်ချယ်လိုက်တာ တစ်ခါတည်း နေစရာ နေရာတောင် မရှိတော့ဘူး။ အဲဒီလို တစ်ဖက်သား အပေါ်၌ ချုပ်ချယ်စောင်းမြောင်းနေတဲ့ ဒီစိတ်ထားမျိုးတွေကို ရဟန္တာအရှင်မြတ်တွေသည် ပယ်ရှားပြီး ဖြစ်တယ်။

သို့သော် ဘုရားရှင် ပညတ်တဲ့ ဝိနည်း စည်းကမ်းဥပဒေ၊ ဘုရားရှင် ပညတ်တော်မူတဲ့၊ ဟောကြားဆုံးမတော်မူတဲ့ အဆုံးအမတွေ။ ဒါတွေကတော့ ပြောကြားသင့်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ဒါပေမဲ့ တစ်ဖက်ကို သက်သက်လိုက်ပြီး ချုပ်ချယ်နေတဲ့ ပုံစံမျိုး၊ ဒီစိတ်ထားမျိုး ထားသင့်သလား? မထားသင့်ဘူး။ သူတော်ကောင်း ဖြစ်ချင်တယ်ဆိုရင် တစ်ဖက်သားတွေကို ချုပ်ချယ်စောင်းမြောင်းလိုတဲ့ ဒီစိတ်ထားတွေကို ဘယ်လုပ်ရမလဲ? ပယ်ရှားပေးရမယ်။ ချုပ်ချယ်စောင်းမြောင်းနေကျ ပုဂ္ဂိုလ်တွေကတော့ ဘယ်လိုလုပ်နေတယ်ဆိုတာ ကိုယ့်ဟာကိုယ် နားမလည်ဘူးလား? နားလည်ပါတယ်။ မာန သိပ်ပြီးတော့ မာန်မာနတွေက ထောင်လွှားနေတယ်။ အပေါ်စီးက အမြဲတမ်း နေချင်တယ်။ ရဟန္တာအရှင်မြတ်တွေဟာ ဒီအပေါ်စီးက နေချင်တဲ့ စိတ်ဓာတ်တွေကို ထွေးအန်ပြီး၊ စွန့်လွှတ်ပြီး ဖြစ်တော်မူကြတယ်။ အပေါ်စီးက ဘယ်တော့မှ မနေဘူး။ မိမိတို့လည်း သူတော်ကောင်း ဖြစ်ချင်တယ်ဆိုရင် အပေါ်စီးက နေတတ်တဲ့ ဒီစိတ်ထားလေးတွေကို စွန့်လွှတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါ ပြုပြင်ပြောင်းလဲနေရတယ်။

အတိမာန၊ မိမိမှာ ရှိတန်သလောက် ဂုဏ်ရှိလို့ နည်းနည်းလေး မာနကြီးတာကတော့ မာနလို့ ခေါ်ပါတယ်။ မိမိမှာ မရှိဘဲနဲ့ သူတစ်ဖက်သား အပေါ်မှာ အမြဲတမ်း ကျော်လွှားချင်တဲ့ စိတ်ထားကတော့ အတိမာနလို့ ခေါ်တယ်။ နည်းနည်းလေး လွန်လာပြီ။ ကိုယ်က ပထမဈာန်မရဘဲနဲ့ ပထမဈာန် ရတယ်ပေါ့။ ဒုတိယဈာန် မရဘဲနဲ့ ဒုတိယဈာန် ရတယ်ပေါ့။ ဘာဖြစ်လို့လဲ? ဟိုဘက်က တစ်ဖက်က ရတယ်လို့ လျှောက်နေတော့ မခံချင်တာနဲ့ သူက ပထမဈာန်ရတယ်ဆိုရင် ကိုယ်က ဒုတိယဈာန်ရတယ်။ ရတာ မရတာက ထား။ ဟုတ်တယ်မဟုတ်လား? အဲဒီပုံစံအားဖြင့် အပေါ်စီးကပဲ အမြဲတမ်း အလွန့် အလွန် နေချင်တဲ့ ပုံစံမျိုးကိုတော့ အတိမာနလို့ ခေါ်ပါတယ်။ အဲဒီ အတိမာနဆိုတဲ့ ဒီသဘောတရားကို ရဟန္တာအရှင်မြတ်တွေက စွန့်လွှတ်ထားပြီးဖြစ်တယ်။ မိမိတို့လည်း သူတော်ကောင်းဖြစ်ချင်တယ် ဆိုလို့ရှိရင် ဒီအတိမာနခေါ်တဲ့ မတရားတဲ့ မာန်မာန တရားကြီးတွေကို စွန့်လွှတ်နိုင်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ကျော်လွှားလွန်မြောက်နိုင်အောင် ကျင့်ရတယ်။ ဒါ စိတ်ထားကို ပြောင်းပေးရတာပဲ။

နောက်တစ်ခု မဒ၊ မာန်ယစ်နေတယ်။ ဟုတ်တယ်မလား? ကိုယ့်ကိုကိုယ် အထင်ကြီးနေတယ်။ လောကမှာ သတ္တဝါအားလုံးကတော့ နည်းနည်းတော့ ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့စိတ်ထား နည်းနည်းလေး မရှိကြဘူးလား? ရှိကြပါတယ်။ ကိုယ့်ကိုကိုယ် သူတော်ကောင်း မဟုတ်ပေမဲ့လို့ ငါဟာ သူတော်ကောင်းပဲလို့ ကိုယ့်ဟာကိုယ်တော့ နည်းနည်း ထင်တတ်ကြပါတယ်။ နည်းနည်း ထင်တယ်လို့ ပြောတာပါ။ တချို့ ကိုယ့်ကိုကိုယ် မသူတော် ဖြစ်ခဲ့ရင်လည်း ငါ မသူတော်ဘဲလို့ ရိုးရိုးသိနေတဲ့ ပုဂ္ဂိုလ်တွေလည်း လောကမှာ ရှိကြပါတယ်။ ငါဟာ သူတော်ကောင်း မဟုတ်သေးဘူးဆိုတာကတော့ ကိုယ့်ဟာကိုယ် အကဲခတ်တတ်တဲ့ ပုဂ္ဂိုလ်တွေ လောကမှာ ရှိကြတယ်။ ဒါပေမဲ့ ရဟန္တာအရှင်မြတ်တွေက အဲဒီလို မာန်ယစ်ခြင်းဆိုတဲ့ မဒတရားတွေကို ထွေးအန်ပြီး ဖြစ်တယ်၊ စွန့်လွှတ်ပြီး ဖြစ်တယ်၊ ပယ်ရှားပြီး ဖြစ်တော်မူတယ်။ သူတော်ကောင်း ဖြစ်ချင်တယ် ဆိုလို့ရှိရင် ဒီမာန်ယစ်ခြင်းဆိုတဲ့ ဒီမဒတရားကို မိမိတို့က ပယ်ရှားဖို့ မလိုဘူးလား? လိုအပ်တယ်။

ပမာဒ၊ ကုသိုလ်ကောင်းမှုတို့၌ အမေ့လျော့ကြီး မေ့လျော့နေတယ်။ သီလကျင့်စဉ် ဖြည့်ကျင့်ဖို့ မေ့နေတယ်။ ဘာဖြစ်လို့ ဒီလို လုပ်ရသလဲ? “သြော် မေ့နေလို့ မေ့နေလို့” အဲဒီလို မေ့နေလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုဖြင့် လုပ်ချင်တာတွေ လျှောက်လုပ်နေတဲ့ ပုံစံမျိုး သာသနာတော်မှာ ရှိရမလား? မရှိရဘူး။ ရဟန္တာအရှင်မြတ်တွေက ဒီကောင်းမှုတရားတွေ ကုသိုလ်တရားလို့ ရဟန္တာအရှင်မြတ်တွေအဖို့တော့ မဆိုနိုင်ပေမဲ့လို့ ကောင်းမှုလို့တော့ ပြောနိုင်ပါတယ်နော်။ ကောင်းမှု အမည်ရနေတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို ဖြည့်ကျင့်တဲ့နေရာမှာ ရဟန္တာအရှင်မြတ်တွေသည် ဘယ်တော့မှ မေ့လျော့မှု မရှိဘူး။ သူတို့က သတတဝိဟာရ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စနယ်ပယ်၊ ဒုက္ခနယ်ပယ်၊ အနတ္တနယ်ပယ်မှာ ရာခိုင်နှုန်းအပြည့် နေထိုင်တော်မူကြပါတယ်။ ဘယ်တော့မှ မေ့လျော့မှု မရှိဘူး။ အားကောင်းတဲ့ သတိနှင့် ပြည့်စုံတယ်။ ဒါ သတတဝိဟာရလို့ ခေါ်ပါတယ်။

အလားတူပဲ ခန္ဓာငါးပါးနယ်၊ အာယတန ၁၂-ပါးနယ်၊ ဓာတ် ၁၈-ပါးနယ်၊ ပဋိစ္စသမုပ္ပါဒ်နယ်။ ဒီနယ်တွေမှာပဲ ရဟန္တာအရှင်မြတ်တွေရဲ့ စိတ်ထားတွေက အမြဲတမ်း ကျက်စားတော်မူတယ်။ အကယ်၍ အကြောင်းအားလျော်စွာ သတ္တဝါတစ်ဦးကို တရားဟောရတော့မယ် သို့မဟုတ် စကားပြောရတော့မယ် ဆိုလို့ရှိရင် ထိုအချိန်အခါမှာ သတ္တဝါပညတ်အာရုံကို တစ်ဖန် သက်သက် ပြန်ယူရပါတယ်။ အဲဒီလို အာရုံပြန်ပြီး မယူခဲ့ဘူး ဆိုလို့ရှိရင်တော့ ပရမတ္ထသစ္စာနယ်မှာပဲ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ထား အမြဲတမ်း ကျက်စားနေပါတယ်။ မေ့လျော့မှု မရှိဘူး။ ကဲ... မိမိတို့လည်း သူတော်ကောင်း ဖြစ်ချင်ကြတယ်ဆိုရင် ဒီကုသိုလ်တရားတို့၌ မေ့လျော့ခြင်းဆိုတဲ့ ဒီပမာဒ တရားကို စွန့်လွှတ်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်။

မိမိက သီလကျင့်စဉ်ကို ဖြည့်ကျင့်နေရင် မိမိဖြည့်ကျင့်ရတဲ့ သီလတွေနဲ့ မေ့လျော့မှု မရှိရဘူး။ မိမိက သမာဓိကျင့်စဉ်ကို ဖြည့်ကျင့်နေခဲ့တယ်ဆိုရင် မိမိ ဖြည့်ကျင့်နေတဲ့ ဒီသမာဓိကျင့်စဉ်အပေါ်၌ မေ့လျော့မှု မရှိစေရဘူး။ မိမိက ပညာကျင့်စဉ်ကို ဖြည့်ကျင့်နေတယ်။ ရုပ်တွေကို သိမ်းဆည်းနေတယ်။ နာမ်တရားတွေကို သိမ်းဆည်းနေတယ်။ အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းနေတယ်ဆိုရင် ဒီရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေ အပေါ်၌ မမေ့ပျောက်အောင် မိမိက နေရတယ်။ သွားရင်လည်း ရုပ်တွေ နာမ်တွေ ရှုတယ်၊ ရပ်ရင်လည်း ရုပ်တွေ နာမ်တွေ ရှုတယ်၊ ထိုင်ရင်လည်း ရုပ်တွေ နာမ်တွေ ရှုတယ်၊ အိပ်ရင်လည်း ရုပ်တွေ နာမ်တွေ ရှုတယ်။ မကောင်းဘူးလား? ဒကာကြီးတွေ၊ ဒကာမကြီးတွေ။ ဘယ့်နှယ်တုန်း ရဟန်းတော်တွေကော မကောင်းကြဘူးလား? ကောင်းတယ်။ လိုက်ကော လိုက်နာကြရဲ့လား? ဟင် တစ်ယောက်နဲ့တစ်ယောက် တွေ့ရင် သွားကလေးက အရင် ဖြဲပြကြပြီ။ ဟဲဟဲ ဟဲဟဲနဲ့ ဟန်ကျနေပြီ။ ခုမှ တွေ့ရတဲ့ မိတ်ကောင်းဆွေကောင်းတွေ ကျနေတာပဲ။ လွမ်းနေလိုက်ကြတာ။ ဒီလို ဆိုရင်တော့ အဲဒီ အချိန်ခါမှာ ပမာဒတရား ထိုအချိန်အခါမှာ လွှမ်းမိုးပြီး မလာဘူးလား? လာနေပြီ။

မိမိက ဓာတ်ကြီးလေးပါး ရှုနေတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့ရင် သွားရင်လည်း ဓာတ်ကြီးလေးပါး၊ ထိုင်ရင်လည်း ဓာတ်ကြီးလေးပါး၊ ကွေးရင်လည်း ဓာတ်ကြီးလေးပါး၊ ရှေ့တိုးရင်လည်း ဓာတ်ကြီးလေးပါး၊ နောက်ဆုတ်ရင်လည်း ဓာတ်ကြီးလေးပါး၊ တည့်တည့်ကြည့်ရင်လည်း ဓာတ်ကြီးလေးပါး၊ စောင်းကြည့်ရင်လည်း ဓာတ်ကြီးလေးပါး။ ဒီလို ရှုတတ်ဖို့ လိုတယ်။

အဲ မိမိက တစ်ဆင့်တက်လို့ ရုပ်တွေ သိမ်းဆည်းနိုင်ရင် သွားရင်လည်း ရုပ်တရားတွေ ရှုရမယ်၊ ရပ်ရင်လည်း ရုပ်တရားတွေ ရှုရမယ်၊ ထိုင်ရင်လည်း ရုပ်တရားတွေ ရှုရမယ်၊ အိပ်ရင်လည်း ရုပ်တရားတွေ ရှုရမယ်၊ ရှေ့တိုးလည်း ရုပ်တရား၊ နောက်ဆုတ်လည်း ရုပ်တရား၊ ကွေးလည်း ရုပ်တရား၊ ဆန့်လည်း ရုပ်တရား၊ တည့်တည့်ကြည့်လည်း ရုပ်တရား၊ စောင်းကြည့်လည်း ရုပ်တရား၊ ဒူးကုဋ် သပိတ် သင်္ကန်းတွေ ကိုင်ဆောင်တဲ့ အခါလည်း ရုပ်တရား။ ဒါတွေကို ရှုနေရပါတယ်။

အဲ မိမိ ရှေ့တစ်ဆင့်တက်လိုက်လို့ နာမ်တရားတွေကို သိမ်းဆည်းနိုင်ပြီ။ ရုပ်တွေ နာမ်တွေ သိမ်းဆည်းနိုင်ပြီ ဆိုရင်လည်း သွားရင်လည်း ရုပ်တရား နာမ်တရား ခန္ဓာငါးပါး၊ ရပ်ရင်လည်း ရုပ်တရား နာမ်တရား ခန္ဓာငါးပါး၊ ကွေးရင်လည်း ရုပ်တရား နာမ်တရား ခန္ဓာငါးပါး၊ အိပ်ရင်လည်း ရုပ်တရား နာမ်တရား ခန္ဓာငါးပါး၊ ထိုင်ရင်လည်း ရုပ်တရား နာမ်တရား ခန္ဓာငါးပါး စသည်ဖြင့် ဣရိယာပုဒ်တိုင်းမှာ ရုပ်တရား နာမ်တရား ခန္ဓာငါးပါးကို ရှုတတ်အောင် လေ့ကျင့်ရပါတယ်။ ဒါ မမေ့ရဘူး။ မေ့နေလို့ပါ... မေ့နေလို့ပါ ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်တွေဟာ သူတော်ကောင်းအစစ် ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။

အပ္ပမာဒေါ၊ အပ္ပမာဒတရားသည်။ အမတံ ပဒံ၊ မသေရာ အမြိုက်နိဗ္ဗာန်ကို ရရှိဖို့ရန်အတွက် အကြောင်းတရားဖြစ်တယ်။ ပမာဒေါ၊ မေ့လျော့ခြင်းဆိုတဲ့ ဒီပမာဒတရားသည်။ မစ္စုနော ပဒံ၊ သေမင်း၏ နိုင်ငံသို့ လိုက်ပါဖို့ရန်အတွက် အကြောင်းတရား ဖြစ်တယ်။

ပမာဒတရားနဲ့ အပ္ပမာဒတရားတို့ကြောင့် ရရှိတဲ့ အကျိုးတရားချင်း တူသလား? မတူဘူး။ ကုသိုလ်တရားတွေ၌ မေ့လျော့နေတဲ့ ပုဂ္ဂိုလ်တွေသည် သံသရာခရီးမှာ ထပ်ကာထပ်ကာ သေကျေပျက်စီးရမဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်တယ်။ ကုသိုလ်တရားတွေ၌ မေ့လျော့မှု မရှိဘဲ ရာခိုင်နှုန်းအပြည့် ဖြည့်ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်တွေသည် မသေရာ အမြိုက်နိဗ္ဗာန်ကို ရောက်ရှိနိုင်တယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်တွေဟာ ဒီပမာဒတရားကို ထွေးအန်ပြီး လွန်မြောက်ပြီး ဖြစ်သလို မိမိတို့လည်း ဒီပမာဒတရားကို ကျော်လွှား လွန်မြောက်နိုင်အောင် မိမိတို့ရဲ့စိတ်ဓာတ်ကို အမြဲတမ်း လေ့ကျင့်ပေးဖို့ မလိုဘူးလား? လိုအပ်တယ်။

နောက်တစ်ခု - သဗ္ဗေ ကိလေသာ၊ ကိလေသာ အားလုံးကို ရဟန္တာအရှင်မြတ်တွေက ထွေးအန်ပြီး ဖြစ်တယ်။ ပယ်ရှားပြီးလည်း ဖြစ်တယ်။ စွန့်လွှတ်ပြီးလည်း ဖြစ်တယ်။ ဒုစရိုက်တရားအားလုံးကိုလည်း ထွေးအန်ပြီး၊ စွန့်လွှတ်ပြီး၊ ပယ်ရှားပြီး ဖြစ်တယ်။ သဗ္ဗေတရထာ၊ ပူပန်မှုအားလုံးကိုလည်း ထွေးအန်ပြီး၊ စွန့်လွှတ်ပြီး ဖြစ်တယ်။ ဒါကြောင့် မိမိတို့လည်း သူတော်ကောင်း ဖြစ်ချင်ကြတယ်ဆိုရင် ကိလေသာအားလုံးကို စွန့်လွှတ်နိုင်အောင် ကြိုးစားဖို့ လိုတယ်။ ဒုစရိုက်အားလုံးကို စွန့်လွှတ်နိုင်အောင် ကြိုးစားဖို့ လိုတယ်။ ပူပန်မှု အားလုံးကို စွန့်လွှတ်နိုင်အောင် ကြိုးစားဖို့ လိုတယ်။ သဗ္ဗေ ပရိလဟ၊ ထက်ဝန်းကျင်မှ လောင်မြိုက်နေတဲ့ အပူမီးတွေ ရှိတယ်။ အဲဒီ အပူမီး အားလုံးကိုလည်း ရဟန္တာအရှင်မြတ်တွေက စွန့်လွှတ်ပြီး၊ ထွေးအန်ပြီး ဖြစ်တယ်။

ထက်ဝန်းကျင်မှ ပူလောင်တယ် ဆိုတာကလည်း ဒကာ ဒကာမကြီးတွေဘဝ၊ ဘုန်းကြီးတို့ဘဝ ပြန်ကြည့်လိုက်ပါ။ ၁၁-ပါးသော မီးတွေက ဝိုင်းဝိုင်းလည်ပြီး လောင်မနေဘူးလား? လောင်နေတယ်။ ပဋိသန္ဓေ တည်နေရခြင်းဆိုတဲ့ ဇာတိမီး၊ အိုရတဲ့ ဇရာမီး၊ သေရတဲ့ မရဏမီး၊ စိုးရိမ်ရတဲ့ သောကမီး၊ ငိုကြွေးမြည်တမ်းရခြင်း ဒေါမနဿမီး၊ ပြင်းစွာပူပန်ရတဲ့ ဥပါယာသမီးဆိုတဲ့ ဒီမီးတွေလည်း လောင်နေတယ်။ ရာဂမီးတွေ လောင်နေတယ်။ ဒေါသမီးတွေလည်း လောင်နေတယ်။ မောဟမီးတွေက လောင်နေတယ်။ ဖြစ်မှု တည်မှု ပျက်မှုဆိုတဲ့ ဒီမီးတွေက အမြဲတမ်း ထက်ဝန်းကျင်က လောင်ကျွမ်းနေကြတယ်။ မလောင်တဲ့ ဘက်ရယ်လို့ ရှိသလား? မရှိဘူး။ ရှေ့ကြည့်လည်း လောင်နေတယ်၊ နောက်ကြည့်လည်း လောင်နေတယ်၊ ဘေးကြည့်လည်း လောင်နေတယ်။ အားလုံး လောင်မြိုက်နေကြတယ်။ အားလုံး ပူပင်ခပ်သိမ်း လောင်မြိုက်နေတဲ့ ဒီဒဏ်ချက်တွေကို ရဟန္တာအရှင်မြတ်တွေက စွန့်လွှတ်ပြီး ဖြစ်တယ်၊ ပယ်ရှားပြီး ဖြစ်တယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဘယ်လို ပယ်ရှားကြသလဲ?

ရုပ်နာမ်ဓမ္မ သင်္ခါရတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုတော်မူကြတယ်။ ဝိပဿနာရှုလျက် သစ္စာလေးပါးကို ထိုးထွင်းသိမြင်တဲ့ အဆင့်သို့ရောက်အောင် ကြိုးစားကြတယ်။ ကြိုးစားလိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ရရှိတဲ့ အချိန်ခါမှာ ဒီပူပန်မှု အားလုံးကို စွန့်လွှတ်ပြီး ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်နော်။ သန္တာပခေါ်တဲ့ ထက်ဝန်းကျင် ပူလောင်စေတတ်တဲ့ စွမ်းအင်ရှိနေတဲ့ တရားတွေ၊ အတွင်းကနေ လောင်မြိုက်နေတဲ့ တရားတွေ အဲဒီ အတွင်းမီးတွေကိုလည်း အကုန်လုံး ငြိမ်းထားတယ်။

သဗ္ဗာကုသလဘိ သင်္ခါရာ၊ အလုံးစုံသော အကုသိုလ် အဘိသင်္ခါရ တရားမှန်သမျှကိုလည်း စွန့်လွှတ်ထားပြီး ဖြစ်တယ်။ အကုသိုလ် အဘိသင်္ခါရ ဆိုတာက နောက်ထပ် အပါယ်လေးဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိနေတဲ့ အကုသိုလ်တရားတွေကို ပြုစုပျိုးထောင်မှုဆိုတဲ့ လုပ်ငန်းရပ်ကြီးတွေကို ရဟန္တာအရှင်မြတ်တွေသည် အားလုံး စွန့်လွှတ်ပြီး၊ ထွေးအန်ပြီး၊ ပယ်ရှားပြီး ဖြစ်တယ်။ မိမိတို့လည်း သူတော်ကောင်း ဖြစ်ချင်ကြတယ် သို့မဟုတ် အပါယ် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ ကျော်လွှားလွန်မြောက်ချင်ကြတယ် ဆိုရင် အပါယ် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးသို့ ရောက်ကြောင်းဖြစ်တဲ့ အကုသိုလ် အဘိသင်္ခါရတရားအားလုံးကို မပြုစု မပျိုးထောင်ဘဲ စွန့်လွှတ်နိုင်တဲ့ စွမ်းအင်တွေ ပေါ်လာအောင် ကြိုးစားဖို့ မလိုဘူးလား? လိုအပ်တယ်။

နောက်ထပ် ထပ်ပြီး တစ်မျိုးပြောရင်တော့ ဒီအကုသိုလ် အဘိသင်္ခါရ တရားတွေကို မပြုစု မပျိုးထောင်ဘဲ နေနိုင်အောင် ကျင့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒီအကုသိုလ် အဘိသင်္ခါရတရားတွေကို မပြုစု မပျိုးထောင်ရဘူးဆိုရင် တွယ်တာမှု ရာဂတွေ ဖြစ်ရမလား၊ မဖြစ်ရဘူးလား? မဖြစ်ရဘူး။ သားအပေါ် တွယ်တာမှု၊ သမီးအပေါ် တွယ်တာမှု၊ ဇနီးအပေါ် တွယ်တာမှု၊ မြေးအပေါ် တွယ်တာမှု၊ ပစ္စည်းအပေါ် တွယ်တာမှု စတဲ့ ဒီတွယ်တာမှုဆိုတဲ့ တရားတွေရဲ့ အလိုကို မိမိတို့ လိုက်ရမလား? မလိုက်ရဘူး။ အကယ်၍ ဒီတွယ်တာမှုတွေ ဖြစ်လာရင် မိမိတို့ဟာ အပါယ်ရောက်ကြောင်းဖြစ်တဲ့ အကုသိုလ် အဘိသင်္ခါရတရားတွေကို ပြုစုပျိုးထောင်နေသည် မည်တယ်။ ဒီတော့ အပါယ်ရောက်ကြောင်းဖြစ်တဲ့ ဒီအကုသိုလ် အဘိသင်္ခါရတရားတွေကို မိမိတို့က မပြုစု မပျိုးထောင်ချင်ဘူးဆိုရင် ဒီတွယ်တာမှုတွေကို ဖြတ်တောက်ပေးဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။

အဲ အလားတူပဲ ဒေါသသည် အပါယ်ရောက်ကြောင်း အကုသိုလ် သင်္ခါရတရားတစ်ခုပဲ။ အဘိသင်္ခါရ အပါယ်ရောက်ကြောင်းဖြစ်တဲ့ ပဋိသန္ဓေမျိုးစေ့ကို ပြုပြင်ဖန်တီး တည်ထောင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ အကုသိုလ်တရား တစ်မျိုး ဖြစ်ပါတယ်။ ဒီတော့ ဒီအကုသိုလ် အဘိသင်္ခါရတရားတွေကို မိမိက မပြုစု မပျိုးထောင်ချင်ဘူး။ အပါယ် သံသရာဝဋ်ဆင်းရဲကြီးကိုလည်း ကြောက်ပါတယ် ဆိုလို့ရှိရင် ဒီဒေါသတရားကို မိမိက ပယ်ရှားဖို့ မလိုဘူးလား? လိုအပ်နေတယ်။ မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ဒီဒေါသတရားတွေ မဖြစ်အောင် ကြိုးစားဖို့ မလိုဘူးလား? လိုအပ်တယ်။ မောဟတရားတွေလည်း အပါယ်ကို ပြစ်ချနိုင်တဲ့ စွမ်းအားရှိတယ်။ အကယ်၍ ဒီမောဟတရားကို မိမိ မွေးမြူခဲ့မယ်ဆိုရင် မိမိသည် အပါယ်ရောက်ကြောင်း အဘိသင်္ခါရတရားတွေကို ပြုစုပျိုးထောင်နေသည် မည်တယ်။ အပါယ်ရောက်ကြောင်း အဘိသင်္ခါရတရားတွေ ပြုစုပျိုးထောင်နေမယ်ဆိုရင် အပါယ်သံသရာဒုက္ခကြီးမှ လွတ်နိုင်မလား? မလွတ်နိုင်ဘူး။ မလွတ်နိုင်တဲ့အတွက် အပါယ်သံသရာဒုက္ခကြီးမှ လွတ်ချင်ကြတယ်ဆိုရင် အပါယ်ရောက်ကြောင်း အကုသိုလ်တရား အဘိသင်္ခါရတရားတွေ မပြုစုမပျိုးထောင်မိအောင် ကြိုးစားရမယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကြိုးစားရမလဲ? လောဘတွေ မဖြစ်အောင်၊ ဒေါသတွေ မဖြစ်အောင်၊ မောဟတွေ မဖြစ်အောင်၊ မာန်မာန ဣဿာ မစ္ဆရိယ အစရှိတဲ့ အကုသိုလ်တရားဆိုးတွေ မဖြစ်အောင် ဘာလုပ်ရမလဲ? ဒီရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်ဖို့ရန်၊ ကြိုးစားဖို့ လိုအပ်ပါတယ်။

အဲဒီ အဆင့်အထိ မရောက်သေးရင် နောက်တစ်ဆင့် လျော့လိုက်။ သမာဓိတွေကို စနစ်တကျ အမြဲတမ်း ထူထောင်နေဖို့ လိုတယ်။ အဲဒီ အဆင့်အထိ မရောက်သေးရင် နောက်တစ်ဆင့် လျော့လိုက်တော့ ဘာလုပ်ရမလဲ? မိမိရဲ့သီလကို မိမိ အမြဲတမ်း ဖြူစင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်။ သီလနှင့် ဆေးကြောသုတ်သင်ရမဲ့ အကုသိုလ် သင်္ခါရတရားတွေကို သီလနှင့်ဆေးကြော သုတ်သင်ပါ။ သမာဓိနဲ့ ဆေးကြောသုတ်သင်ရမဲ့ အကုသိုလ် သင်္ခါရတရားတွေကို သမာဓိနှင့် ဆေးကြောသုတ်သင်ပါ။ ပညာကျင့်စဉ်ဖြင့် ဆေးကြောသုတ်သင်ရမဲ့ အကုသိုလ် သင်္ခါရတရားတွေကို ပညာကျင့်စဉ်ဖြင့် ဆေးကြောသုတ်သင်ပါ။

ဒီသီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြူဖြူစင်စင် စနစ်တကျ ကျင့်ကြံကြိုးကုတ် အားထုတ်နေခဲ့မယ် ဆိုရင် ထိုသို့ အားထုတ်နေတဲ့ အချိန်အခါမှာ မိမိသည် အကုသိုလ် အဘိသင်္ခါရတရားတွေကို မပြုစု မပျိုးထောင်တဲ့ အချိန်အခါပဲ ဖြစ်တယ်။ အဲဒီ အကုသိုလ် အဘိသင်္ခါရတရားတွေကို ရာခိုင်နှုန်းအပြည့် မပြုစု မပျိုးထောင်တဲ့အဆင့်သို့ မိမိက ကူးမြောက်သွားပြီဆိုရင်တော့ မိမိလည်း အပါယ် သံသရာဝဋ်ဆင်းရဲဒုက္ခ အစရှိတဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခကြီး အဝဝမှ မိမိလည်း ကျော်လွှားလွန်မြောက်ပြီး ဖြစ်သွားလိမ့်မယ်။ ခုတော့ ရဟန္တာ အရှင်မြတ်တွေရဲ့ စိတ်ထားက အဲဒီလို ကိလေသာ အညစ်အကြေး အဝဝတို့ကို ထွေးအန်ပြီး၊ စွန့်လွှတ်ပြီး ဖြစ်တဲ့အတွက်ကြောင့် ရဟန္တာ အရှင်မြတ်တွေကို တာဒိလို့ ဒီလိုခေါ်တယ်။ ဒါ တာဒိဂုဏ်နှင့် ပြည့်စုံတာ။ ဒုတိယ ပြီးပြီ။ တတိယ -

ကထံ အရဟာ တိဏ္ဏာဝီတိ တာဒီ?

အရဟာ၊ ရဟန္တာ အရှင်မြတ်တို့သည်။ ကထံ၊ ဘယ်ပုံ ဘယ်ပမ်း ဘယ်နည်းလမ်းအားဖြင့်။ တိဏ္ဏာဝီ၊ ကူးခတ်လွန်မြောက်တော်မူပြီးတဲ့ ပုဂ္ဂိုလ်တို့, ဖြစ်ကြပြီးတဲ့ ပုဂ္ဂိုလ်တို့ ဖြစ်ကြပါသနည်း။ တိဏ္ဏာဝီ၊ ကူးခတ်လွန်မြောက်ပြီးသော ပုဂ္ဂိုလ်တို့ဖြစ်ခြင်းတည်းဟူသော အကြောင်းကြောင့်။ တာဒီ၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပါကုန်သနည်း။

ရဟန္တာအရှင်မြတ်တွေဟာ ကူးခတ်လွန်မြောက်ပြီးတဲ့ အတွက်ကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူတယ်။ ဒီလို ဖွင့်ထားတယ်။ ဘယ်လိုလဲ?

အရဟာ ကာမောဃံ တိဏ္ဏော ဘဝေါဃံ တိဏ္ဏော ဒိဋ္ဌောဃံ တိဏ္ဏော အဝိဇ္ဇောဃံ တိဏ္ဏော သဗ္ဗံ သံသာရပထံ တိဏ္ဏော ဥတ္တိဏ္ဏော နိတ္တိဏ္ဏော အတိက္ကန္တော သမတိက္ကန္တော ဝီတိဝတ္တော။

ရဟန္တာအရှင်မြတ်တွေဟာ ကာမောဃဆိုတဲ့ ရေယဉ်ကြောကြီးကို ကူးခတ် လွန်မြောက်ပြီး ဖြစ်တယ်။ ကာမောဃဆိုတာကတော့ ကာမ ၁၁-ဘုံအတွင်းမှာ တည်ရှိနေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်၌ တွယ်တာတပ်မက်နေတဲ့ တဏှာတရားကို ကာမောဃလို့ ခေါ်တယ်။ ဘာဖြစ်လို့လဲ? သူကလည်း ရေပြင်ကျယ်ကြီးတစ်ခုပဲ။ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစု အပေါ်၌ တွယ်တာတပ်မက်နေတဲ့ တဏှာတရားကို ကျော်လွှားလွန်မြောက်ဖို့ ဆိုတာက လွယ်သလား? မလွယ်လှဘူး။ ဒကာကြီးတွေ အဲဒီ ကာမ ၁၁-ဘုံ ခဏထားလိုက်ဦးတော့။ အိမ်က ထွက်ဖို့တောင်မှ လွယ်သလား? မလွယ်လှပါဘူး။ မလွယ်တဲ့ အတူတော့ မထူးဘူးလေ နက်ဖြန် ပြန်တာပဲ ကောင်းတယ်။ ဒီလိုတော့ မလုပ်နဲ့နော်။ ဟုတ်တယ်မလား?

အဲဒီတော့ အိမ်ထဲကတောင် ထွက်ဖို့ မလွယ်ဘူး ဆိုလို့ရှိရင် တစ်ချိန်တုန်းက ဘုန်းကြီး ခပ်ငယ်ငယ်ကပေါ့လေ ဆရာတော်ကြီးတစ်ပါး တရားဟောတယ်။ သံသရာက ထွက်မြောက်ဖို့ ခဏထားစမ်းပါဦးတဲ့။ သံဇကာထဲက ထွက်မြောက်အောင်ပဲ ကြိုးစားပါဦးတဲ့။ သံဇကာဆိုတာက သူခိုးဓားပြ ဘေးရန်တွေ ကြောက်လွန်းလို့ ကိုယ့်အိမ်မှာ အကုန်လုံး သံဇကာတွေ ကာပြီးတော့ မနေရဘူးလား? နေရတယ်။ အဲဒီ သံဇကာထဲက ထွက်မြောက်အောင်ပဲ ကြိုးစားစမ်းပါတဲ့။ ခု ဒီနေရာမှာ ကာမောဃဆိုတဲ့ ရေယဉ်ကြောကြီးတစ်ခု ကာမ ၁၁-ဘုံအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ဒီတဏှာရေယဉ်ကြောဟာ ကူးခတ်လွန်မြောက်ဖို့ရန် အလွန် ခက်ခဲပါတယ်။ ဒါပေမဲ့ ရဟန္တာအရှင်မြတ်တွေက ကာမ ၁၁-ဘုံအပေါ်မှာ တွယ်တာ မက်မောနေတဲ့ ဒီတဏှာရေယဉ်ကြောကြီးကို ကျော်လွှားလွန်မြောက် သွားတော်မူပြီး ဖြစ်တယ်။

နောက်တစ်ခု - ဘဝေါဃ = ရူပဘဝ, အရူပဘဝအပေါ်မှာ တွယ်တာ တပ်မက်နေတဲ့ တဏှာတရားကို ဘဝေါဃလို့ ခေါ်တယ်။ သူလည်း ရေယဉ်ကြောကြီး တစ်ခုပဲ။ အဲဒီ ရေပြင်ကြမ်းကြီးကိုလည်း ရဟန္တာအရှင်မြတ်တွေက ကျော်လွှားလွန်မြောက်ပြီး ဖြစ်တယ်။ ကာမ ၁၁-ဘုံအပေါ်မှာ တွယ်တာ တပ်မက်နေတဲ့ တဏှာ, ရူပဘဝ, အရူပဘဝအပေါ်မှာ တွယ်တာ တပ်မက်နေတဲ့ ဒီတဏှာတရားကို အရဟတ္တမဂ်ဉာဏ်ဖြင့် ရဟန္တာအရှင်မြတ်တွေက အကြွင်းမဲ့ ပယ်သတ်ထားပြီး ဖြစ်တယ်။

နောက်တစ်ခု - ဒိဋ္ဌောဃ = မိစ္ဆာဒိဋ္ဌိ အယူဝါဒမှန်သမျှ အပေါ်၌ စွဲလမ်းယုံကြည်နေတဲ့ ဒိဋ္ဌိတရားပဲ။ အဲဒီ ဒိဋ္ဌိတရားဟာလည်း ကူးခတ်လွန်မြောက်ဖို့ရန် အတော်လေး ခက်တယ်။ ခက်ပုံလေးတွေကို နမူနာ နည်းနည်းလေး ပြောမယ်။ ခုနေ ဒကာကြီးတွေ အဘွားကြီးတစ်ယောက် ဒီနားလာပြီ ဆိုပါတော့။ အိမ်ရှင်မ ဒကာကြီး။ အဲဒါ ဒကာကြီးရဲ့ အိမ်ရှင်မ မဟုတ်ဘူး။ ဒကာကြီးရဲ့ အဖွားကြီး မဟုတ်ဘူးဆို လက်ခံပါ့မလား? ဟင် လက်ခံဖို့ တော်တော် ခဲယဉ်းတယ်။ အဲ သမီးတစ်ယောက် လာပြီ။ အဲဒါ ဒကာကြီးသမီး မဟုတ်ဘူး ပြောကြည့် ဘယ့်နှယ့်နေမလဲ? လက်ခံဖို့ တော်တော်ခက်တယ်။ ဒါကဘာလဲ? ဒိဋ္ဌောဃ။

ဒါက သားပဲ, ဒါက သမီးပဲ, ဒါက ဇနီးပဲ, ဒါက မြေးပဲ ဆိုပြီး စွဲထားတဲ့ ဒီအစွဲက အရိုးလို့ ပြောတာပေါ့လေ။ ဘုန်းကြီးက အရိုး ဟိုဘက်တောင် လွန်သွားတယ်လို့ ထင်တယ်။ အရိုးစွဲမနေဘူးလား? စွဲနေတယ်။ အရိုးအထိ စွဲနေတဲ့ အချိန်ခါကျတော့ “ဟ ဒါ နင့်သား မဟုတ်ပါဘူး, ဒါ နင့်သမီး မဟုတ်ပါဘူး, နင့်ဇနီး မဟုတ်ပါဘူး” ပြောရင်တော့ ထပြီး ရန်ဖြစ်ဖို့ပဲ ရှိတော့တယ်။ ဟုတ်တယ်မလား? ဒီအစွဲက သိပ်ကြီးတယ်။ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ ဆိုတာက ပရမတ္ထသစ္စာနယ်မှာ ရှိသလား? မရှိဘူး။ သမုတ္တိသစ္စာနယ်မှာတော့ ရှိပါတယ်။

ပရမတ္ထသစ္စာနယ်မှာက ခုနက ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာလို့ ခေါ်ဆိုအပ်တဲ့ ဒီသတ္တဝါတွေရဲ့သန္တာန်ကို ဖမ်းပြီး ဓာတ်ကြီးလေးပါး စိုက်ရှုကြည့်ပါ။ အားလုံး အမှုန်လေးတွေပဲ။ ဒီအမှုန်လေးတွေ ဓာတ်ခွဲကြည့်လိုက်လို့ ရှိရင်တော့ ရုပ်သဘောတရား, ပရမတ်သဘောတရား သက်သက်ပဲ။ တချို့အမှုန်မှာ ရုပ်သဘောတရား ၈-မျိုး, တချို့ ၉-မျိုး, ၁၀-မျိုး စသည် ရှိတယ်။ အဲဒီ ရုပ်သဘောတရားလေးတွေ အစုအပုံပဲ။ အဲဒီ ရုပ်သဘောတရားကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ နာမ်သဘောတရား အစုအပုံလေးတွေ ရှိတယ်။ ရုပ်နာမ် အစုအပုံပဲ။ အဲဒီ ရုပ်တွေ နာမ်တွေသည် မဖြစ်ခင်ကလည်း မရှိဘူး။ ဖြစ်ပြီးနောက်လည်း မရှိဘူး။ မရှိခြင်း နှစ်ခုရဲ့ အလယ်ခေါင်မှာ ယာယီ အခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာတဲ့ ဓမ္မသဘာဝတွေသာ ဖြစ်တယ်။ ယာယီဆိုတာက တစ်စက္ကန့်ကို ကုဋေငါးထောင်ပုံရင် တစ်ပုံလောက်သာ သက်တမ်းရှိတဲ့ ယာယီဖြစ်ပါတယ်။

အဲဒီလောက် လျင်လျင်မြန်မြန်ကြီး ဖြစ်ပျက်နေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရ အစုအပုံသက်သက်လို့ မြင်ခဲ့မယ်ဆိုရင် ဒီအသိ ဒီအမြင်သည် မှန်ကန်နေတဲ့အတွက် သမ္မာဒိဋ္ဌိလို့ ခေါ်ရတယ်။ အဲဒီလို မမြင်ဘဲနဲ့ ဒါက သားပဲ, ဒါက သမီးပဲ, ဒါက ဇနီးပဲ, ဒါက မြေးပဲ, ဒါက ရွှေ, ဒါက ငွေ, ဒါက လယ်, ဒါက ယာ, ဒါက အိုး, ဒါက အိမ် စသည်ဖြင့် ဒီလို သိခဲ့ရင် ဒီလို ယုံကြည်ချက် ရှိခဲ့မယ်ဆိုရင် ဒီလို စွဲလန်းယုံကြည်ချက်ကို ဘာလို့ ခေါ်လဲ? မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ ဒါက လောကသမိညာ အတ္တဒိဋ္ဌိတစ်မျိုးပဲ။

နောက်တစ်ခုကတော့ မိမိတို့ရဲ့ခန္ဓာအိမ်ထဲမှာ အသက်ကောင်, ဝိညာဉ်ကောင်, လိပ်ပြာကောင်, အတ္တကောင်ဆိုတဲ့ ဒီအကောင်လေး ရှိတယ်။ အဲဒီ အကောင်လေးက မသေကျေ မပျက်စီးဘူး။ ဘဝတစ်ခုပြီးတစ်ခု သူက ပြောင်းရွှေ့ပြီးနေတယ်လို့ သူက လက်ခံယုံကြည်တယ်။ အဲဒီ ယုံကြည်ချက်တစ်ခုဟာလည်း မိစ္ဆာဒိဋ္ဌိ အယူဝါဒတစ်မျိုးပဲ။ သက္ကာယဒိဋ္ဌိတစ်မျိုးပဲ။ အဲဒီ သက္ကာယဒိဋ္ဌိကို ကျော်လွှားလွန်မြောက်ဖို့ ဆိုတာလည်း မခက်ခဲဘူးလား? ခက်ခဲတယ်။ ခုကာလကြည့်ပေါ့။ ဒီအရပ်မှာ ဘုန်းကြီး တွေ့ဖူးတယ်။ လိပ်ပြာတောင်းဆိုတာ ဟုတ်တယ်မဟုတ်လား? အဲဒီ တောင်းထဲမှာ ဘယ်လိပ်ပြာက ဝင်နေတယ်တော့ မပြောတတ်ဘူး။ ဒါ အသက်ကောင်, ဝိညာဉ်ကောင်, လိပ်ပြာကောင်, အတ္တကောင်လေး ရှိတယ်ဆိုပြီးတော့ ယုံကြည်ချက်ပဲ။ ဗုဒ္ဓအဘိဓမ္မာမှာ ဒီရုပ်နာမ်ဓမ္မသင်္ခါရတရား အစုအပုံပဲ ရှိတယ်။ အဲဒီ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေမှာ တစ်ဘဝပြီး တစ်ဘဝ မပျက်စီးဘဲနဲ့ ပြောင်းရွှေ့နေတဲ့ ဒီအသက်ကောင်, ဝိညာဉ်ကောင်, လိပ်ပြာkောင်, အတ္တကောင်ဆိုတာ ရှိသလား? မရှိဘူး။ ကဲ မရှိပါဘူး။ ดကာကြီးတွေ သေတဲ့အခါ လိပ်ပြာတောင်း မထည့်ပါနဲ့ပြောကြည့် ပြောလို့ရလား? သိပ်မလွယ်ဘူး။ အစွဲက သိပ်အားကောင်းတယ်။

အဲဒါကြောင့် ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့ ဒီခံယူချက်ကြီး ရေယဉ်ကြောကြီးဟာလည်း ကူးခတ် လွတ်မြောက်ဖို့ရန်အတွက် အလွန် ခက်ခဲတယ်။ သို့သော် ရဟန္တာအရှင်မြတ်တွေက အဲဒီ ဒိဋ္ဌိဆိုတဲ့ ဩဃရေပြင်ကျယ်ကြီးကိုလည်း ကူးခတ်လွန်မြောက်ပြီး ဖြစ်တော်မူတယ်။ နောက်တစ်ခု ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ စသည်ဖြင့် အသိမှားနေတဲ့သဘောက ဘာလဲ? အဝိဇ္ဇာ။ အဲဒီ အဝိဇ္ဇာတန်းလန်း ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ခုနက မိစ္ဆာဒိဋ္ဌိ ရေယဉ်ကြောကြီး ဆိုတာက ထင်ရှား ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီအဝိဇ္ဇာဟာ အသိမှားမှု အဝိဇ္ဇာနော်။ ရုပ်နာမ်ဓမ္မသင်္ခါရတရား အစုအပုံပဲ, အနိစ္စတရား အစုအပုံ, ဒုက္ခတရား အစုအပုံ, အနတ္တတရား အစုအပုံတွေပဲလို့ မသိဘဲနဲ့ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ, အသက်ကောင်, ဝိညာဉ်ကောင်, လိပ်ပြာကောင်, အတ္တကောင် စသည်ဖြင့် ဒီလို အသိမှားတဲ့သဘောကို အဝိဇ္ဇာ။ အဲဒီ အဝိဇ္ဇာဆိုတဲ့ ရေယဉ်ကြောကြီးကလည်း ကူးခတ်လွန်မြောက်ဖို့ရန် အင်မတန် ခက်ခဲတယ်။ ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃ။ ပေါင်းလိုက်တော့ ဩဃလေးဖြာ သံသရာ ရေပြင်ကျယ်ကြီးပဲ။ အဲဒီ ရေပြင်ကျယ်ကြီးကို ရဟန္တာအရှင်မြတ်တွေဟာ ကူးခတ်လွန်မြောက်ပြီး ဖြစ်တော်မူကြတယ်။

ဒီတော့ မိမိကလည်း အကယ်၍များပေါ့လေ ဩဃလေးဖြာလို့ ခေါ်ဆိုအပ်တဲ့ ရေပြင်ကျယ်ကြီး, ရေပြင်ကြမ်းကြီးကို ကျော်လွှား လွန်မြောက်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ? ရဟန္တာအရှင်မြတ်တွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူကြတဲ့ မဂ္ဂင်ရှစ်ပါးလို့ ခေါ်ဆိုအပ်တဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ အကယ်၍ မိမိက ၃၁-ဘုံအတွင်း အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံးမှာ တည်ရှိနေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သိမ်းဆည်းနိုင်ပြီဆိုရင် ထိုအချိန်ခါမှာ ဒိဋ္ဌိဆိုတဲ့ ရေယဉ်ကြမ်းကြီး ကွာကျမသွားဘူးလား? ကွာကျသွားတယ်။

အဝိဇ္ဇာဆိုတဲ့ အသိမှားမှု ရေယဉ်ကြမ်းကြီးလည်း တဒင်္ဂအားဖြင့်တော့ ကွာကျသွားတယ်။ အဲဒီကနေ တစ်ဆင့်တက်လိုက်တဲ့ အချိန်ခါမှာ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုနိုင်တဲ့ အဆင့်ရောက်ပြီ။ အကြောင်းတရား အကျိုးတရားတွေလည်း သိမ်းဆည်းပြီးပြီ။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပြီဆိုရင် အဲဒီ အဆင့်မှာတော့ ဒီကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃခေါ်တဲ့ ကိလေသာ အညစ်အကြေးတွေဟာ တဒင်္ဂအားဖြင့် ကွာကျသွားပါပြီ။

အဲဒီကနေ ရှေ့တစ်ဆင့်တက်ပြီး ကြိုးစားလိုက်တဲ့ အချိန်ခါမှာ နောက်ဆုံး ဝိပဿနာဉာဏ်တွေရဲ့ အဆုံး၌ ဝိပဿနာဉာဏ်တွေ ရင့်ကျက်လာတဲ့ အချိန်ခါမှာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ပေါ်လာမယ်။ ထိုအရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေကတော့ ဒီဩဃလေးဖြာ ကိလေသာကို သူ့အဆင့်နဲ့သူ အကြွင်းမဲ့ ပယ်ရှားသွားလိမ့်မယ်။ သမုစ္ဆေဒနဲ့ ပယ်သတ်သွားလိမ့်မယ်။ အဲဒီလို ပယ်သတ်နိုင်ပြီ ဆိုလို့ရှိရင်တော့ ဩဃလေးဖြာ ရေပြင်ကျယ်ကြီး, ရေပြင်ကြမ်းကြီးကို မိမိတို့လည်း ကူးခတ်လွန်မြောက်ပြီး ဖြစ်ပေလိမ့်မယ်။ ဒါကြောင့် မိမိတို့လည်း သူတော်ကောင်း ဖြစ်ချင်တယ် ဆိုလို့ရှိရင်တော့ ရဟန္တာပုဂ္ဂိုလ်တွေကို အတုလိုက်ပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တတ်ကြဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ ရဟန္တာအရှင်မြတ်တွေက အဲဒီ ရေကြမ်းကြီးကို ကူးခတ်လွန်မြောက်ပြီးတဲ့အတွက် သူတို့ကို ဘာခေါ်လဲ?

သော ဝုဋ္ဌဝါသော စိဏ္ဏစရဏော ဇာတိမရဏသံသာရော, နတ္ထိ တဿ ပုနဗ္ဘဝေါတိ။ ဧဝံ အရဟာ တိဏ္ဏာဝီတိ တာဒီ။

ဝုဋ္ဌဝါသော စိဏ္ဏစရဏော ဇာတိမရဏသံသာရောတဲ့နော်။ ဇာတိ မရဏ သံသရ ဇရာဆိုတဲ့ သံသရာခရီးကတော့ ကျော်လွှားလွန်မြောက်ပြီး ဖြစ်သွားမယ်။ ဇာတိနဲ့ မရဏ ပြောလိုက်ရင်နော်။ ဇာတိဆိုတဲ့ သံသရာ သေကျေပျက်စီးခြင်း မရဏဆိုတဲ့ သံသရာ။ ဒီသံသရာကြီးကို သူက ဝုဋ္ဌဝါသ နေပြီးတဲ့ နေရာကနေ ထသွားပြီ။ ဇာတိ ဇရာ မရဏတွေ နောက်ထပ်တစ်ဖန် ဒီရဟန္တာအရှင်မြတ်တွေရဲ့သန္တာန်မှာ ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ ဒီဘဝမှာတော့ ဖြစ်ဦးမယ်။ ဇာတိက ဒီဘဝမှာ ခု ရဟန္တာ မဖြစ်ခင် ဖြစ်ခဲ့ပြီးပြီ။ မရဏဆိုတဲ့ သဘောတရားက ပရိနိဗ္ဗာနစုတိကျတဲ့ အချိန်ခါမှာ ဖြစ်လိမ့်ဦးမယ်။ ဒါပေမဲ့လို့ ရဟန္တာအရှင်မြတ်တွေက ရဟန္တာအဆင့်သို့ ရောက်ရှိသွားပြီဆိုရင် နောက်ထပ် ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်၌ တစ်ဖန် ပြန်ပြီး ပဋိသန္ဓေ တည်နေခြင်းဆိုတဲ့ ဇာတိတရားကို ကျော်လွှားလွန်မြောက်ပြီး မဖြစ်သွားဘူးလား? ဖြစ်သွားတယ်။

ဇာတိတရားကို ကျော်လွှားလွန်မြောက်ပြီး ဖြစ်ခဲ့တယ်ဆိုရင် တစ်ဖန် ဇရာတရား, ဗျာဓိတရား, မရဏတရားတွေလည်း ကျော်လွှားလွန်မြောက်ပြီး ဖြစ်သွားတယ်။ ဒါကြောင့် ဇာတိ ဇရာ မရဏ ဆိုတဲ့ ဒီသံသရာကြီးထဲမှာ နေခဲ့ပြီးတဲ့ နေရာက ထမြောက်သွားပြီ။ လေ့ကျက်ခဲ့ပြီးတဲ့ ဒီဇာတိ ဇရာ မရဏ သံသရာကြီးကနေပြီးတော့ လေ့ကျက်ပြီးတဲ့ ဒီသံသရာမှ ကျော်လွှားလွန်မြောက် သွားကြပြီး ဖြစ်တယ်။ နောက်ထပ်တစ်ဖန် ထိုရဟန္တာအရှင်မြတ်တို့၏သန္တာန်၌ ဘဝသစ်ဆိုတာ မရှိတော့ဘူး။ ဒါကြောင့် ရဟန္တာအရှင်မြတ်တွေကို ဩဃလေးဖြာ ရေပြင်ကျယ်ကြီးကို ကူးခတ် လွန်မြောက်ပြီး ဖြစ်တဲ့အတွက်ကြောင့်လည်း တာဒိလို့ ဒီလို ခေါ်တော်မူတယ်။ ဒါက တတိယ အဓိပ္ပာယ်ပဲ။ နောက်တစ်ခု စတုတ္ထ အဓိပ္ပာယ်တစ်ခုကို အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက ဆက်ပြီးတော့ ဟောထားပါတယ်။

ကထံ အရဟာ မုတ္တာဝီတိ တာဒီ?

ရဟန္တာအရှင်မြတ်တွေဟာ ဘယ်ပုံ ဘယ်ပမ်း ဘယ်နည်းလမ်းအားဖြင့် လွတ်မြောက်တော်မူတဲ့အတွက်ကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံသလဲ?

အရဟတော ရာဂါ စိတ္တံ မုတ္တံ ဝိမုတ္တံ သုဝိမုတ္တံ, ဒေါသာ စိတ္တံ မုတ္တံ ဝိမုတ္တံ သုဝိမုတ္တံ, မောဟာ စိတ္တံ မုတ္တံ ဝိမုတ္တံ သုဝိမုတ္တံ,

ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ဟာ ရာဂမှ လွတ်မြောက်ပြီး ဖြစ်တယ်, ကောင်းစွာ လွတ်မြောက်ပြီး ဖြစ်တယ်, အထူးသဖြင့် လွတ်မြောက်ပြီး ဖြစ်တယ်။ ဒေါသမှ လွတ်မြောက်ပြီး ဖြစ်တယ်, အထူးသဖြင့် လွတ်မြောက်ပြီး ဖြစ်တယ်။ ကောင်းစွာ လွတ်မြောက်ပြီး ဖြစ်တယ်, အထူးသဖြင့် လွတ်မြောက်ပြီး ဖြစ်တယ်။ မောဟမှ လွတ်မြောက်ပြီး ဖြစ်တယ်, ကောင်းစွာ လွတ်မြောက်ပြီး ဖြစ်တယ်, အထူးသဖြင့် လွတ်မြောက်ပြီး ဖြစ်တော်မူကြတယ်။ အလားတူပဲ။

အမျက်ထွက်ခြင်း ကောဒတရား၊ ရန်ငြိုးဖွဲ့ခြင်း ဥပနာဟတရား၊ သူ့ဂုဏ်ကျေးဇူးကို ချေဖျက်တတ်တဲ့ မက္ခတရား၊ ဂုဏ်တုဂုဏ်ပြိုင် ပြုလုပ်တတ်တဲ့ ပလာသတရား၊ ငြူစူစောင်းမြောင်းတတ်တဲ့ ဣဿာတရား၊ ဝန်တိုခြင်း မစ္ဆရိယတရား၊ မိမိအပြစ်ကို ဖုံးကွယ်တတ်တဲ့ မာယာတရား၊ မိမိမှာ ထင်ရှားမရှိတဲ့ ဂုဏ်တွေကို ထုတ်ဖော် ချီးကျူးတတ်တဲ့ သာဌေယျတရား၊ စိတ်ခက်ထန် တင်းမာနေတဲ့ ထမ္ဘတရား၊ သူတစ်ပါးတို့ကို ချုပ်ချယ်စောင်းမြောင်းတတ်တဲ့ သာရမ္ဘတရား၊ မာန အတိမာနခေါ်တဲ့ အလွန် မာန်မူခြင်း၊ မဒခေါ်တဲ့ မာန်ယစ်ခြင်း၊ ပမာဒခေါ်တဲ့ ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း သဗ္ဗကိလေသာ ကိလေသာအားလုံး, ဒုစရိုက်အားလုံး, ပူပန်မှုအားလုံး, ထက်ဝန်းကျင် ပူလောင်စေတတ်တဲ့ တဏှာအားလုံးတို့မှ, အကုသိုလ် သင်္ခါရတရားအားလုံးတို့မှ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်သည် လွတ်မြောက်တော်မူပြီး ဖြစ်တယ်။ အထူးသဖြင့် လွတ်မြောက်တော်မူပြီး ဖြစ်တယ်။ ကောင်းစွာ လွတ်မြောက်တော်မူပြီး ဖြစ်တယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်တွေကို လွတ်မြောက်ပြီး ဖြစ်တော်မူတဲ့အတွက်ကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူတဲ့ သူတော်ကောင်းတွေလို့ ဒီလိုခေါ်တယ်။ ဒါက အဓိပ္ပာယ်တစ်မျိုး။ နောက် အဓိပ္ပာယ်တစ်မျိုးကတော့ -

ကထံ အရဟာ တံနိဒ္ဒေသာ တာဒီ?

ရဟန္တာအရှင်မြတ်တွေဟာ တံနိဒေသတာဒိ ဂုဏ်နှင့် ဘယ်လို ပြည့်စုံကြသလဲ? တံနိဒေသဆိုတာက ဒီနေရာမှာ ဒီလိုညွှန်ပြထိုက်တဲ့ ပုဂ္ဂိုလ်တွေပါလို့ ဆိုလိုပါတယ်။ ဘယ်လိုလဲ?

အရဟာ သီလေ သတိ သီလဝါတိ တံနိဒ္ဒေသာ တာဒီ၊

ရဟန္တာအရှင်မြတ်တွေ တာဒိဂုဏ်နှင့် ပြည့်စုံတယ်။ ဘယ်လို ပြည့်စုံသလဲလို့မေးရင် လောကမှာ သီလဆိုတာ ထင်ရှားရှိခဲ့ရင် သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ မရှိရဘူးလား? ရှိရမယ်。 သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုဂ္ဂိုလ်တွေလဲလို့ မေးလိုက်ရင် သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီပုဂ္ဂိုလ်တွေပါပဲလို့ လက်ညှိုးထိုးပြီး ညွှန်ကြားပြသထိုက်တဲ့ဂုဏ်နဲ့ ပြည့်စုံတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်တွေကို တာဒိဂုဏ်နှင့် ပြည့်စုံတယ်လို့ ခေါ်တယ်။ တံနိဒ္ဒေသတာဒိ ဒီပုဂ္ဂိုလ်တွေပဲလို့ ညွှန်ကြားပြသထိုက်တဲ့ ပုဂ္ဂိုလ်တွေ အလားတူပဲ။

သဒ္ဓါယ သတိ သဒ္ဓေါတိ တံနိဒ္ဒေသာ တာဒီ၊

လောကမှာ သဒ္ဓါတရားဆိုတာ ထင်ရှားရှိခဲ့ရင် သဒ္ဓါတရားနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဆိုတာလည်း မရှိရဘူးလား? ရှိရတယ်။ သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ လာပြီး မေးခဲ့မယ်ဆိုရင် သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီပုဂ္ဂိုလ်တွေပါပဲလို့ ညွှန်ကြားပြသထိုက်တဲ့ တာဒိဂုဏ်နှင့် ပြည့်စုံတယ်။ နောက်တစ်ခု -

ဝီရိယေ သတိ ဝီရိယဝါတိ တံနိဒ္ဒေသာ တာဒီ၊

လောကမှာ ကြိုးစားအားထုတ်ခြင်း ဇွဲလုံ့လဝီရိယ ထင်ရှားရှိခဲ့မယ်ဆိုရင် ဝီရိယရှိတဲ့ ပုဂ္ဂိုလ်ဆိုတာလည်း လောကမှာ မရှိရဘူးလား? ရှိတယ်။ ဘယ်ပုဂ္ဂိုလ်တွေက ဝီရိယရှိတဲ့ ပုဂ္ဂိုလ်တွေလဲလို့ မေးလာပြီဆိုရင် ဒီပုဂ္ဂိုလ်တွေဟာ ဝီရိယရှိတဲ့ ပုဂ္ဂိုလ်တွေပါပဲလို့ ညွှန်ကြားပြသထိုက်တဲ့ ဂုဏ်နှင့် ပြည့်စုံတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်တွေကို တံနိဒ္ဒေသ တာဒိလို့ ဒီလိုခေါ်ရတယ်။ နောက်တစ်ခု -

သတိယာ သတိ သတိမာတိ တံနိဒ္ဒေသာ တာဒီ၊

လောကမှာ သတိဆိုတာ ထင်ရှားရှိခဲ့ရင် ဘာလဲသတိ။ ကာယ ဝေဒနာ စိတ္တ ဓမ္မ။ ကာယဆိုတာကတော့ သမထပိုင်း ရှိခဲ့ရင်တော့ သမထအာရုံတွေလည်း ပါပါတယ်။ မိမိက ဝိပဿနာပိုင်း ရောက်ခဲ့ရင်တော့ ကာယက ရုပ်တရား၊ ဝေဒနာက ဝေဒနာတရား၊ စိတ္တက စိတ်တရား၊ ဓမ္မက ကြွင်းကျန်နေတဲ့ စေတသိက်သင်္ခါရတရား သို့မဟုတ် ဓမ္မသဘောတရား အားလုံးပဲ။ အဲဒီ ကာယ ဝေဒနာ စိတ္တ ဓမ္မခေါ်တဲ့ ဒီတရားတွေကို မမေ့မပျောက်တဲ့ သဘောကို ဘာခေါ်လဲ? သတိ။

လောကမှာ ဒီသတိဆိုတာ ရှိခဲ့ရင် သတိနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်ပုဂ္ဂိုလ်တွေပါလဲလို့ လာပြီး မေးခဲ့မယ်ဆိုရင် - သတိနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာ ဒီပုဂ္ဂိုလ်တွေပါပဲလို့ လှမ်းပြီး လက်ညှိုးညွှန်ပြမယ်ဆိုရင် ညွှန်ပြခံထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ。 ဒါကြောင့် ရဟန္တာအရှင်မြတ်တွေကို တံနိဒ္ဒေသ တာဒိလို့ ဒီလိုခေါ်ရတယ်။

သမာဓိမှိ သတိ သမာဟိတောတိ တံနိဒ္ဒေသာ တာဒီ၊

သမာဓိဆိုတာ လောကမှာ ထင်ရှားရှိခဲ့ရင် သမာဓိရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ ထင်ရှား မရှိရဘူးလား? ရှိမယ်။ သမာဓိရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်ပုဂ္ဂိုလ်တွေပါလဲလို့ လာပြီး မေးခဲ့မယ်ဆိုရင် သမာဓိရှိတဲ့ ပုဂ္ဂိုလ်ဟာ ဒီပုဂ္ဂိုလ်တွေပါပဲလို့ ညွှန်ကြားပြသထိုက်တဲ့ ဂုဏ်နှင့် ပြည့်စုံကြတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်တွေကို တံနိဒ္ဒေသ တာဒိလို့ ဒီလိုခေါ်ရတယ်။

ပညာယ သတိ ပညဝါတိ တံနိဒ္ဒေသာ တာဒီ

လောကမှာ ဝိပဿနာပညာ၊ မဂ်ပညာဆိုပြီး ပညာတွေ ရှိကြတယ်။ လောကမှာ ပညာရယ်လို့ ရှိခဲ့ရင် ပညာရှိ သူတော်ကောင်းဆိုတာ မရှိရဘူးလား? ဘယ်ပုဂ္ဂိုလ်တွေဟာ ပညာရှိ သူတော်ကောင်းတွေလဲလို့ လာမေးခဲ့မယ်ဆိုရင် ပညာရှိ ပုဂ္ဂိုလ်တွေဟာ ဒီပုဂ္ဂိုလ်တွေပါပဲလို့ ညွှန်ကြားပြသ-ထိုက်တဲ့ ဂုဏ်နှင့် ပြည့်စုံကြတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်တွေကို တံနိဒ္ဒေသ တာဒိလို့ ဒီလိုလည်း ခေါ်ရတယ်။ ဒီစကားလေး ကြည့်စမ်းပေါ့ ...

လောကမှာ သီလရှိတဲ့ပုဂ္ဂိုလ်, သမာဓိရှိတဲ့ပုဂ္ဂိုလ်, သဒ္ဓါတရား ရှိတဲ့ပုဂ္ဂိုလ်, သတိရှိတဲ့ပုဂ္ဂိုလ်, ဝီရိယရှိတဲ့ပုဂ္ဂိုလ်, ပညာရှိတဲ့ပုဂ္ဂိုလ်။ ဒီပုဂ္ဂိုလ်တွေဟာ ဘယ်ပုဂ္ဂိုလ်တွေပါလဲလို့ မေးရင် ... “ဩော် ဒီပုဂ္ဂိုလ်တွေဟာ သီလရှိတဲ့ပုဂ္ဂိုလ်ပဲ, ဒီပုဂ္ဂိုလ်တွေဟာ သဒ္ဓါတရားနှင့် ပြည့်စုံတဲ့ပုဂ္ဂိုလ်ပဲ, ဒီပုဂ္ဂိုလ်တွေဟာ သတိနှင့် ပြည့်စုံတဲ့ပုဂ္ဂိုလ်ပဲ, ဒီပုဂ္ဂိုလ်တွေဟာ ဝီရိယနှင့် ပြည့်စုံတဲ့ပုဂ္ဂိုလ်ပဲ, ဒီပုဂ္ဂိုလ်တွေဟာ သမာဓိနှင့် ပြည့်စုံတဲ့ပုဂ္ဂိုလ်ပဲ, ဒီပုဂ္ဂိုလ်တွေဟာ ပညာနှင့် ပြည့်စုံတဲ့ပုဂ္ဂိုလ်ပဲလို့ မြင်ရမယ်၊ ကြားရမယ်၊ ဖူးတွေ့ရမယ်ဆိုရင် အင်မတန် ဝမ်းမြောက်ဖို့ မကောင်းဘူးလား? ကောင်းတယ်။

အဲ မိမိတို့က အဲဒီအဆင့်ကို လွန်ပြီးတော့ မိမိတို့ကိုယ်တိုင်က သီလရှိတဲ့ပုဂ္ဂိုလ်, သမာဓိရှိတဲ့ပုဂ္ဂိုလ်, ဝီရိယရှိတဲ့ပုဂ္ဂိုလ်, သတိရှိတဲ့ပုဂ္ဂိုလ်, သဒ္ဓါတရား ရှိတဲ့ပုဂ္ဂိုလ်, ပညာရှိတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့မယ် ဆိုရင်တော့ အလွန့် အလွန် ဝမ်းမြောက်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါ အတုလိုက်ပြီး မိမိတို့က ကျင့်တတ်ဖို့ လိုပါတယ်။ မိမိတို့ရဲ့ စိတ်နေစိတ်ထားလေးတွေကို အဆင့်အတန်း မြင့်အောင် ပြုပြင်ပြောင်းလဲ ပေးတတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။

သီလရှိတယ်ဆိုတာက သီလကို မထိန်းသိမ်း မစောင့်-ရှောက်ဘဲနဲ့ ဒီသီလသည် အလိုလို ရှိလာပါ့မလား? မရှိလာဘူး။ သမာဓိ ရှိတယ်ဆိုတာက သမာဓိရှိလောက်တဲ့ ကမ္မဋ္ဌာန်းအာရုံ တစ်ခုကို စနစ်တကျ မပွားများ မအားထုတ်ဘဲနဲ့ သမာဓိ အလိုလို ရှိလာမလား? မရှိနိုင်ဘူး။ သတိရှိတယ် ဆိုတာကလည်း သတိရဲ့ တည်ရာအာရုံတွေကို စနစ်တကျ ရှုပွားသုံးသပ်ပါမှ သတိ-ဆိုတာ ခိုင်မြဲလာတယ်။ ဝီရိယရှိတယ်ဆိုတာလည်း တကယ် ဝီရိယ ဖြစ်ကြောင်းဖြစ်တဲ့ တရားတွေကို မိမိက စနစ်တကျ ကြိုးစားအားထုတ်ပါမှ ဝီရိယဆိုတာ ရှိလာမယ်။ ပညာဆိုတာလည်း ပညာဖြစ်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သမထ ဝိပဿနာ ကျင့်စဉ်တွေကို စနစ်တကျကျင့်မှ ဒီပညာတရားက ပေါ်လာမယ်။

ဒါကြောင့် မိမိတို့ဟာ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာလို့ ခေါ်ဆိုအပ်တဲ့ ဒီသူတော်ကောင်းတရားတွေ မိမိတို့ရဲ့သန္တာန်မှာ ကိန်းဝပ်တည်နေတာကို အလိုရှိခဲ့မယ်ဆိုရင် မိမိတို့ဘက်ကလည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒီသဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာခေါ်တဲ့ စွမ်းအင်ကြီးတွေက မိမိတို့ရဲ့စိတ်ဓာတ်ကို နိဗ္ဗာန်ရသည့်တိုင်အောင် ထိန်းချုပ်ပြီးတော့ ဆွဲခေါ်သွားမဲ့ တရားတွေ ဖြစ်ကြပါတယ်။ နောက်တစ်ခု -

ဝိဇ္ဇာယ သတိ တေဝိဇ္ဇောတိ တံနိဒ္ဒေသာ တာဒီ

လောကမှာ ပုဗ္ဗေနိဝါသနုဿတိ အဘိညာဏ်၊ ဒိဗ္ဗစက္ခုအဘိညာဏ်၊ အာသဝက္ခယ အဘိညာဏ်ဆိုပြီးတော့ ဝိဇ္ဇာသုံးပါး ရှိတယ်။ ရှေ့၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျောက်ပြီးတော့ အောက်မေ့တတ်တဲ့ ရှုပွား-သုံးသပ်တတ်တဲ့ အဘိညာဏ်ကိုတော့ ပုဗ္ဗေနိဝါသနုဿတိ အဘိညာဏ်လို့ ခေါ်တယ်။ နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ အာရုံတွေကို အကုန်လုံး မြင်နိုင်တဲ့ အဘိညာဏ်ကိုတော့ ဒိဗ္ဗစက္ခုအဘိညာဏ်လို့ ခေါ်တယ်။ အာသဝေါတရား လေးပါးတို့ရဲ့ ကုန်ရာဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်ကိုတော့ အာသဝက္ခယဉာဏ်လို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ ဝိဇ္ဇာသုံးပါး။

လောကမှာ ဝိဇ္ဇာသုံးပါးရယ်လို့ ထင်ရှားရှိခဲ့ရင် ဝိဇ္ဇာသုံးပါးနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ဆိုတာ လောကမှာ ထင်ရှား မရှိနိုင်ဘူးလား? ရှိရမယ်။ ဝိဇ္ဇာသုံးပါးနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုပုဂ္ဂိုလ်တွေပါပဲလို့ မေးမြန်းခဲ့ရင် ဝိဇ္ဇာ-သုံးပါးနဲ့ ပြည့်စုံတော်မူတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီပုဂ္ဂိုလ်တွေပါပဲလို့ ညွှန်ကြား ပြသထိုက်တဲ့ ဂုဏ်နှင့် ပြည့်စုံတော်မူကြတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်တွေကို တံနိဒ္ဒေသ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူတဲ့ ပုဂ္ဂိုလ်လို့ ခေါ်ရတယ်။ နောက်တစ်ခု -

အဘိညာယ သတိ ဆဠဘိညောတိ တံနိဒ္ဒေသာ တာဒီ

လောကမှာ အဘိညာဏ်ဆိုတာ ရှိခဲ့ရင် အဘိညာဏ်ခြောက်ပါးနှင့် ပြည့်စုံတဲ့ သူတော်ကောင်းဆိုတာ မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ အဘိညာဏ်ခြောက်ပါးနှင့် ပြည့်စုံတဲ့ သူတော်ကောင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ မေးခဲ့ရင် အဘိညာဏ်ခြောက်ပါးနှင့် ပြည့်စုံတော်မူတဲ့ သူတော်ကောင်းတွေဟာ ဒီပုဂ္ဂိုလ်တွေပါပဲလို့ ညွှန်ကြားပြသ ပြောဆိုထိုက်တဲ့ ဂုဏ်နှင့် ပြည့်စုံတော်မူကြတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်တွေကို တံနိဒ္ဒေသ တာဒိလို့ ခေါ်ရတယ်။

ဧဝံ အရဟာ တံနိဒ္ဒေသာ တာဒီတိ – ပါရင်္ဂတော န ပစ္စေတိ တာဒီ

ဒါကြောင့် ရဟန္တာအရှင်မြတ်တွေကို နိဗ္ဗာန်ဆိုတဲ့ ဟိုမှာဘက်ကမ်းကြီး ကုန်းထက်သို့ ရောက်နေတဲ့အတွက် ထိုပုဂ္ဂိုလ်တွေဟာ တာဒိဂုဏ်နှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတွေပါပဲလို့ ညွှန်ကြား ပြသထိုက်တဲ့အတွက်-ကြောင့် တံနိဒ္ဒေသတာဒိဆိုတဲ့ ဂုဏ်တွေနဲ့ ပြည့်စုံတော်မူပါပေတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်တွေရဲ့ စိတ်ဓာတ်သည် တုန်လှုပ်ချောက်ချားမှု မရှိပုံနဲ့ ပတ်သက်ပြီးတော့ တာဒိဂုဏ်အကြောင်း ဟောနေတာ။ ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ၊ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်သည် လောကဓံလေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်မှု ရှိသလား? မရှိဘူး။ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်သည် လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်မှု မရှိတဲ့ စိတ်ဓာတ်ဖြစ်တယ်။

အသောက၊ စိုးရိမ် ပူဆွေးခြင်း ကင်းနေတဲ့ စိတ်ဓာတ်ဖြစ်တယ်။ ဝိရဇ၊ ကိလေသာမြူ အညစ်အကြေးတွေ ကင်းစင်နေတဲ့ စိတ်ဓာတ်ဖြစ်တယ်။ ခေမ၊ ယောဂလေးပါးဆိုတဲ့ ဘေးရန်တွေ ကုန်ခန်းနေတဲ့ စိတ်ဓာတ်ဖြစ်တယ်။

ဒါကြောင့် ရဟန္တာအရှင်မြတ်တို့ရဲ့ ဒီစိတ်ဓာတ်ကို မင်္ဂလာ။ ဒီလိုမျိုးသော စိတ်ဓာတ်ကို မင်္ဂလာဆိုပြီး မြတ်စွာဘုရားက ဟောထားတယ်။ ဒါက မင်္ဂလာတွေထဲမှာ အကောင်းဆုံးသော မင်္ဂလာလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ သို့သော် ရဟန္တာအရှင်မြတ်တွေသာ ဒီလို လောကဓံ မုန်တိုင်းတွေကြောင့် တုန်လှုပ်မှု မရှိဘဲ တခြားတခြား ပုဂ္ဂိုလ်တွေကတော့ ဒီလို တုန်လှုပ်မှု မရှိတဲ့ စိတ်ထား မရှိနိုင်ဘူးလားလို့ မေးစရာ ရှိတယ်။ အဆင့်နိမ့်နေတယ်။ အခြားအခြား အရိယာသူတော်ကောင်းတွေမှာလည်း ရှိတန်သလောက်တော့ ရှိပါတယ်။ အလားတူပဲ - ကလျာဏပုထုဇန်ခေါ်တဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်တဲ့ ကလျာဏနွယ်ဝင် ပုထုဇန် သူတော်ကောင်းတွေ သန္တာန်မှာလည်း ရှိတန်သလောက် ရှိပါတယ်နော်။ ဒီလိုရှိတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား လောကဓမ္မသုတ္တန် ဆိုပြီးတော့ သုတ္တန်လေးတွေ အင်္ဂုတ္ထိုရ် အဋ္ဌကနိပါတ်မှာ မြတ်စွာဘုရား ဟောထားပါတယ်။ ဘယ်လိုဟောသလဲ?

အဋ္ဌိမေ, ဘိက္ခဝေ, လောကဓမ္မာ လောကံ အနုပရိဝတ္တန္တိ, လောကော စ အဋ္ဌ လောကဓမ္မေ အနုပရိဝတ္တတိ

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣမေ လောကဓမ္မာ၊ ဤ-ရှစ်ပါးကုန်သော လောကဓံတရားတို့သည်။ လောက၊ သတ္တလောကကို။ အနုပရိဝတ္တန္တိ၊ အစဉ်တစိုက် လိုက်ပါ၍ နေကြလေကုန်၏။ လောကော စ၊ သတ္တလောကသည်လည်းပဲ။ အဋ္ဌ လောကဓမ္မေ၊ ရှစ်ပါးကုန်သော လောကဓံတရားတို့ကို။ အနုပရိဝတ္တန္တိ၊ အစဉ်တစိုက် လိုက်ပါ၍ နေတတ်ပေ၏၊

လောကမှာ လောကဓမ္မ = လောကဓံလို့ ခေါ်ဆိုအပ်တဲ့ တရားရှစ်မျိုး ရှိကြတယ်။ လောကဓံတရား ရှစ်ပါးဟာ သတ္တဝါတွေရဲ့နောက်ကို အစဉ်တစိုက် လိုက်ပါ၍ နေကြတယ်။ သတ္တလောကကြီးဟာလည်း ဒီလောကဓံ ရှစ်ပါးနောက်ကို အစဉ်တစိုက် လိုက်ပြီးတော့ နေကြရပါတယ်။ အဲဒီ ရှစ်ပါးက ဘာလဲ? အားလုံး သိပြီးတဲ့အတိုင်းပဲနော်။

လာဘော စ, အလာဘော စ, ယသော စ, အယသော စ, နိန္ဒာ စ, ပသံသာ စ, သုခဉ္စ, ဒုက္ခဉ္စ

လာဘ်ရခြင်း - လာဘ၊ လာဘ်မရခြင်း - အလာဘ။ အခြွေအရံ ပရိသတ် ပေါများခြင်း - ယသ၊ အခြွေအရံ ပရိသတ် နည်းပါးခြင်း - အယသ။ တစ်နည်း ဂုဏ်သတင်းကြီးမားကျော်စော ကျယ်ပြန့်ခြင်း - ယသ၊ ဂုဏ်သတင်း မှေးမှိန်ခြင်း - အယသ။ နိန္ဒ - အကဲ့ရဲ့ခံရခြင်း၊ ပသံသ - ချီးမွမ်းခံရခြင်း။ သုခ - ချမ်းသာသုခနှင့် တွေ့ကြုံရခြင်း၊ ဒုက္ခ - ဆင်းရဲဒုက္ခနှင့် တွေ့ကြုံရခြင်း။ ပေါင်းလိုက်တော့ လောကဓံ ဘယ်နှစ်ပါးရှိလဲ? ရှစ်ပါး။

ဣမေ ခေါ, ဘိက္ခဝေ, အဋ္ဌ လောကဓမ္မာ လောကံ အနုပရိဝတ္တန္တိ, လောကော စ ဣမေ အဋ္ဌ လောကဓမ္မေ အနုပရိဝတ္တတိ

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣမေ ခေါ အဋ္ဌလောကဓမ္မာ၊ ဤ-ရှစ်ပါးကုန်သော လောကဓံတရားတို့သည်။ လောကံ၊ သတ္တလောကဟု ခေါ်ဆိုအပ်တဲ့ သတ္တဝါတို့၏နောက်သို့။ အနုပရိဝတ္တန္တိ၊ အစဉ်တစိုက် လိုက်ပါ၍ နေကြလေကုန်၏။ လောကော စ၊ သတ္တလောကသည်လည်းပဲ။ ဣမေ အဋ္ဌလောကဓမ္မေ၊ ဤရှစ်ပါးကုန်သော လောကဓံတရားတို့ကို။ အနုပရိဝတ္တန္တိ၊ အစဉ်တစိုက် လိုက်၍ နေတတ်ပေ၏၊

လောကဓံတရား ရှစ်ပါးကလည်း သတ္တလောကလို့ ခေါ်ဆိုအပ်တဲ့ သတ္တဝါတွေရဲ့နောက်ကို အစဉ်တစိုက် လိုက်ပြီးတော့ နေကြတယ်။ သတ္တဝါလို့ ခေါ်ဆိုအပ်တဲ့ သတ္တလောကကြီးဟာလည်း ဒီလောကဓံတရား ရှစ်ပါးနောက်သို့ အစဉ်တစိုက် လိုက်ပြီးတော့ နေကြတယ်။ အဲဒီလို လိုက်နေလိုက်တဲ့ အချိန်ခါမှာ ဘာဖြစ်သလဲ?

အဿုတဝတော, ဘိက္ခဝေ, ပုထုဇ္ဇနဿ ဥပ္ပဇ္ဇတိ လာဘောပိ အလာဘောပိ ယသောပိ အယသောပိ နိန္ဒာပိ ပသံသာပိ သုခမ္ပိ ဒုက္ခမ္ပိ

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အဿုတဝတော ပုထုဇ္ဇနဿ၊ အကြားအမြင် ဗဟုသုတ မရှိသော ပုထုဇန် ငမိုက်သား၏သန္တာန်၌။ လာဘောပိ၊ လာဘ်ရခြင်းဆိုတဲ့ လာဘတရားသည်လည်းပဲ။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍ လာတတ်ပေ၏။ အလာဘောပိ၊ လာဘ်မရခြင်းဆိုတဲ့ အလာဘ-တရားသည်လည်းပဲ။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍ လာတတ်ပေ၏။ ယသောပိ၊ အခြွေအရံ ပရိသတ် များပြားခြင်း၊ ဂုဏ်သတင်း ကြီးမားခြင်းဆိုတဲ့ ယသတရားသည်လည်းပဲ။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍ လာတတ်ပေ၏။ အယသောပိ၊ အခြွေအရံ ပရိသတ် နည်းပါးခြင်း၊ ဂုဏ်သတင်း မကြီးမားခြင်း အယသ-တရားသည်လည်းပဲ။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍ လာတတ်ပေ၏။ နိန္ဒာပိ၊ ကဲ့ရဲ့ခြင်းဆိုတဲ့ နိန္ဒတရားသည်လည်းပဲ။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍ လာတတ်ပေ၏။ ပသံသာပိ၊ ချီးမွမ်းခံရခြင်း ပသံသတရားသည်လည်းပဲ။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍ လာတတ်ပေ၏။ သုခမ္ပိ၊ ချမ်းသာခြင်း သုခတရားသည်လည်းပဲ။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍ လာတတ်ပေ၏။ ဒုက္ခမ္ပိ၊ ဆင်းရဲခြင်း ဒုက္ခတရားသည်လည်းပဲ။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍ လာတတ်ပေ၏၊ လာတဲ့အခါ ဘာဖြစ်မလဲ?

သုတဝတောပိ, ဘိက္ခဝေ, အရိယသာဝကဿ ဥပ္ပဇ္ဇတိ လာဘောပိ အလာဘောပိ ယသောပိ အယသောပိ နိန္ဒာပိ ပသံသာပိ သုခမ္ပိ ဒုက္ခမ္ပိ

အာဂမသုတလို့ ခေါ်ဆိုအပ်တဲ့ သင်သိ၊ အဓိဂမသုတလို့ ခေါ်ဆိုအပ်တဲ့ ကျင့်သိ။ ဒီသင်သိ ကျင့်သိ အသိနှစ်မျိုးဖြင့် ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားအပ်တဲ့ တရားတွေကို သစ္စာလေးပါးဆိုက်သည့်တိုင်အောင် အသိဉာဏ်ရှိနေတဲ့ အရိယာသာဝကရဲ့သန္တာန်မှာလည်း လာဘ အလာဘ၊ ယသ အယသ၊ နိန္ဒာ ပသံသာ၊ သုခံ ဒုက္ခံခေါ်တဲ့ ဒီလောကဓံတရား ရှစ်ပါးဟာ ထင်ရှား ဖြစ်ပေါ်လာတတ်ပါတယ်။ ပုထုဇန် သန္တာန်မှာလည်း ဖြစ်နိုင်တယ်။ အရိယာသူတော်ကောင်းတို့ရဲ့သန္တာန်မှာလည်း ဖြစ်နိုင်တယ်။ ဖြစ်လိုက်တဲ့အခါ ဘာဖြစ်မလဲ?

တတြ, ဘိက္ခဝေ, ကော ဝိသေသော ကော အဓိပ္ပယာသော ကိံ နာနာကရဏံ သုတဝတော အရိယသာဝကဿ အဿုတဝတာ ပုထုဇ္ဇနေန

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ တတြ၊ ထိုကဲ့သို့ လောကဓံတရားနှင့် တွေ့ကြုံ၍ နေရာ၌။ သုတဝတော အရိယသာဝကဿ၊ အကြားအမြင် ဗဟုသုတရှိသော အရိယာသာဝက၏။ အဿုတဝတော ပုထုဇ္ဇနေန၊ အကြားအမြင် ဗဟုသုတ မရှိသော ပုထုဇန် ငမိုက်သားနှင့်။ ဝိသေသော၊ ထူးခြားချက်သည်ကား။ ကော၊ အဘယ်ပါနည်း။ အဓိပ္ပယာသော၊ အားထုတ်မှု လွန်ကဲခြင်းသည်ကား။ ကော၊ အဘယ်ပါနည်း။ နာနာကရဏံ၊ ထူးခြားမှုကို ပြုလုပ်ကြောင်းဖြစ်တဲ့ တရားသည်ကား။ ကိံ၊ အဘယ်ပါနည်း။

ပုထုဇန်လည်း လောကဓံရှစ်ပါးနဲ့ တွေ့နိုင်တယ်။ အရိယာတွေလည်း လောကဓံရှစ်ပါးနဲ့ တွေ့နိုင်တယ်။ ဘာထူးသလဲတဲ့ ဘုရားရှင်က မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်ခါမှာ ရဟန်းတွေကတော့ လျော့စျေးဘက်က ပြောပါတယ်။ မြတ်စွာဘုရား တရားဟူသမျှတို့သည် ဘုရားရှင်သာလျှင် အမွန်အစ ရှိပါတယ်။ ဘုရားရှင်သာလျှင် လဲလျောင်းမှီခိုရာဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရား တပည့်တော် တောင်းပန်ပါတယ်။ တရားရဲ့အနက် အဓိပ္ပါယ်ကို ဘုရားရှင်ရဲ့ ဉာဏ်တော်၌ ထင်ရှားတော်မူပါ။ မြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း ရဟန်းတော်တွေက မြတ်စွာ-ဘုရားထံမှ ကြားနာခွင့် ရရှိတဲ့အခါ ဆောင်ထားကြပါလိမ့်မယ်။ မြတ်စွာဘုရား ဆိုပြီးတော့ လျှောက်ထားတယ်။ အဲဒီခါကျတော့ ကဲ ဒီလိုဆိုရင် ချစ်သား-ရဟန်းတို့ နားထောင်ကြ။ ငါဘုရား ဟောပြမယ် ဆိုပြီးတော့ မြတ်စွာဘုရား ပုထုဇန်ငမိုက်သားရဲ့ လောကဓံတွေ့ကြုံချက်နှင့် အရိယာသူတော်ကောင်းတို့ရဲ့ လောကဓံတွေ့ကြုံချက်။ ဒီနှစ်ဦးတို့ရဲ့ ထူးခြားချက်ကို မြတ်စွာဘုရား ဆက်ပြီး ဟောတယ်နော်။ ဘယ်လို ဟောလဲ?

အဿုတဝတော, ဘိက္ခဝေ, ပုထုဇ္ဇနဿ ဥပ္ပဇ္ဇတိ လာဘော

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အဿုတဝတော၊ အကြားအမြင် ဗဟုသုတ မရှိသော။ ပုထုဇ္ဇနဿ၊ ပုထုဇန် ငမိုက်သား၏သန္တာန်၌။ လာဘော၊ လာဘ်ရခြင်းဆိုတဲ့ လာဘတရားသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်ပေါ်၍ လာပေ၏၊

ရုပ်နာမ် ကြောင်းကျိုးသင်္ခါရတရားတွေနဲ့ ပတ်သက်ပြီးတော့ သင်သိ ကျင့်သိခေါ်တဲ့ ဒီအသိနှစ်မျိုး လုံးလုံး မရှိဘူး။ ပရမတ္ထသစ္စာနယ်မှာ တည်ရှိနေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကိုလည်း မသိဘူး။ အကြောင်းတရား အကျိုးတရားတွေကိုလည်း မသိဘူး။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောလည်း မသိဘူး။ အဲဒီ မသိမှုတွေ တစ်ပုံကြီးထမ်းထားတဲ့ ဒီပုထုဇန် ငမိုက်သားရဲ့ သန္တာန်မှာ လာဘ်ရခြင်း လာဘဆိုတဲ့ လောကဓံတစ်ခု ပေါ်လာပြီ။ ပေါ်လာတဲ့အခါ ဘာဖြစ်မလဲ? ဟင် ဒကာကြီးတွေ ပေါ်လာရင် ဘာဖြစ်မလဲ? ပြုံးပြုံး ပြုံးပြုံးဖြစ်ပြီ ဟုတ်တယ်မလား? လိုချင်တာတွေ ရလာပြီကိုး။ ပြုံးပြုံး ပြုံးပြုံးနဲ့ ဖြစ်နေတဲ့ အခါကျတော့ ထိုပုထုဇန် ငမိုက်သားက ရုပ်နာမ်ဓမ္မ သင်္ခါရတရားလည်း မသိ။ အကြောင်းတရား အကျိုးတရားလည်း မသိ။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်လည်း မသိ။ မသိတာတွေ တစ်ပုံကြီးထမ်းထားတဲ့အတွက် ဒီပုဂ္ဂိုလ်တွေ ဘာဖြစ်မလဲ?

သော န ဣတိ ပဋိသဉ္စိက္ခတိ –

သော၊ ထိုပုထုဇန် ငမိုက်သားသည်။ ဣတိ၊ ဤသို့။ န ပဋိသဉ္စိက္ခတိ၊ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်မှု မပြုပေ။

လာဘဆိုတဲ့ လာဘ်တစ်ခု ရပြီ။ ဒကာကြီးတွေ ငွေတစ်သိန်းလောက် ရပြီဆိုကြပါစို့။ နည်းနည်းလေး ဝမ်းသာအောင် အဲဒီငွေတစ်သိန်းကို ပရမတ္ထသစ္စာနယ်ကနေ ဉာဏ်ပညာ မျက်စိရှိနေတဲ့ သူတော်ကောင်းတစ်ဦးက ဖမ်းပြီး ဓာတ်လေးပါး စိုက်ကြည့်ပါ။ အားလုံး ကလာပ်အမှုန်လေးတွေပဲ။ အဲဒီ ကလာပ်အမှုန်လေးတွေကို ဓာတ်ခွဲလိုက်ရင် တစ်မှုန်တစ်မှုန်မှာ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ ဆိုပြီး သဘောတရား ဘယ်နှစ်ခုရှိလဲ? ရှစ်ခု။ အဲဒီ ရှစ်ခုက တစ်မှုန်တစ်မှုန်မှာ ရှိတဲ့ တေဇောဓာတ်ကြောင့် နောက်ထပ် တစ်မှုန် ဆင့်ကဲ ဖြစ်ပွားနေတယ်။ နောက်ထပ် တစ်မှုန်မှာရှိတဲ့ တေဇောဓာတ်ကြောင့် နောက်ထပ် တစ်မှုန်။ အဲဒီလို ဘုတ်အဆက်ဆက် ရိုက်ခတ်ပြီးတော့ ဖြစ်ပေါ်နေတယ်။ ဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့် ဖြစ်ပေါ်နေတဲ့ ရုပ်တရားတွေပဲ။ အဲဒီ ငွေတစ်သိန်းကို ဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့် ဖြစ်ပေါ်နေတဲ့ ရုပ်တရားတွေလို့ သူက မသိဘူး။

နောက်တစ်ခု ရွှေတစ်ပိဿာလောက် ဆိုကြပါစို့။ ရှာဖွေလို့ ရလာပြီ။ အဲဒီရွှေကို ပရမတ္ထသစ္စာနယ်က ဉာဏ်အမြင်ရှိနေတဲ့ သူတော်ကောင်းတစ်ဦးက ဖမ်းပြီး ဓာတ်လေးပါး စိုက်ကြည့်ပါ။ ကလာပ်အမှုန်တွေပဲ။ အဲဒီ အမှုန်လေးတွေ ဓာတ်ခွဲလိုက်လို့ရှိရင်လည်း တစ်မှုန်တစ်မှုန်မှာ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ ဆိုပြီး သဘောတရား ရှစ်ခုရှိတယ်။ ကလာပ်တစ်ခုမှာ တည်ရှိနေတဲ့ တေဇောဓာတ်ကြောင့် နောက်ထပ် ကလာပ်တွေ ဆင့်ကဲဆင့်ကဲ ဘုတ်အဆက်ဆက် ရိုက်ခတ်ပြီးတော့ ဖြစ်ပေါ်နေတယ်။ အကြောင်းတရားတွေရဲ့ ကျေးဇူးပြုပေးမှု အရှိန်အဝါတွေ မကုန်သေးသမျှ အကျိုးတရားတွေ ဆက်ကာ ဆက်ကာ ဖြစ်နေတယ်။ အဲဒီ ရုပ်တရားတွေသည် ဘယ်လို သဘောရှိသလဲ?

ဖြစ်ပြီးရင် ပျက်သွားတဲ့ အနိစ္စတရားသာ မှန်တယ်။ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားသာ မှန်တယ်။ မပျက်မစီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားသာ မှန်တယ်။ ရွှေလည်း ဒီပိုင်းကျတော့၊ ငွေလည်း ဒီအပိုင်းကျတော့ အတူတူ ဖြစ်သွားတယ်။ အားလုံး ကလာပ်အမှုန်တွေပဲ။ သာမညလက္ခဏာ အဆင့်ရောက်သွားပြီ။ အားလုံး သဘောတူသွားတယ်။

1s5idphvu0f4jlb3o7nwnq3cxyrebrd
မင်္ဂလသုတ်-၉၅/၉၇
0
6331
22037
2026-06-08T03:34:04Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၉၅/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၉၄..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22037
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၉၅/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၉၄/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၉၆/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ်-၉၅

ပရမတ္ထ ဉာဏ်ပညာမျက်စိ မရှိတဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကို သင်သိ ကျင့်သိဆိုတဲ့ ဒီအသိနှစ်မျိုးဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိတဲ့ ပုထုဇန်ငမိုက်သားက လာဘ်လာဘတစ်ခု ရရှိလာပြီ ဆိုရင် ဘာဖြစ်မလဲ?

သော န ဣတိ ပဋိသဉ္စိက္ခတိ – ‘ဥပ္ပန္နော ခေါ မေ အယံ လာဘော၊ သော စ ခေါ အနိစ္စော ဒုက္ခော ဝိပရိဏာမဓမ္မော’တိ ယထာဘူတံ နပ္ပဇာနာတိ။

သော၊ ထိုပညာမျက်စိကဏ်းနေတဲ့ ပုထုဇန် ငမိုက်သားသည်။ ဣတိ၊ ဤသို့။ န ပဋိသဉ္စိက္ခတိ၊ ဉာဏ်ပညာဖြင့် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင်မှု မရှိပေ။

သူက မဆင်ခြင်တတ်ဘူး။ ဘာဖြစ်လို့လဲ? ပရမတ္ထ ဉာဏ်ပညာမျက်စိ သူ့မှာ ကဏ်းနေတယ်။ ဘယ်လို မဆင်ခြင်သလဲ?

အယံ လာဘော၊ ဤလာဘ်လာဘသည်ကား (ဝါ) ရရှိလာသော လာဘ်လာဘသည်ကား။ မေ၊ ငါ၏သန္တာန်၌။ ဥပ္ပန္နော ခေါ၊ ဖြစ်ပေါ်၍ လာခဲ့လေပြီ။ သော စ ခေါ၊ ထိုလာဘ်လာဘသည်ကား။ အနိစ္စော၊ ဖြစ်ပြီးလျှင် ပျက်တတ်တဲ့ အနိစ္စတရားသာတည်း။ ဒုက္ခော၊ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားသာတည်း။ ဝိပရိဏာမဓမ္မော၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိနာမသဘောတရားသာတည်း။ ဣတိ၊ ဤသို့လျှင်။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ နပ္ပဇာနာတိ၊ ကွဲကွဲပြားပြား မသိရှိပေ။

ရရှိတဲ့ လာဘလေးက ရွှေငွေ သို့မဟုတ် သင်္ကန်း ဆိုကြစို့ ... ဒီရွှေ ငွေ သင်္ကန်းဆိုတာ ညကပြောခဲ့တဲ့အတိုင်းပဲ ဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့် ဖြစ်ပေါ်နေတဲ့ ဥတုဇရုပ်ကလာပ်တို့ရဲ့ အပေါင်းအစုသာ ဖြစ်တယ်။ အဲဒီ ရုပ်တရားတွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်တယ်။ မဖြစ်ခင်ကလည်း မရှိဘူး။ ဖြစ်ပြီးနောက်လည်း မရှိဘူး။ မရှိခြင်း နှစ်ခုတို့၏ အလယ်ခေါင်၌ ယာယီ အခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာတဲ့ ဓမ္မသဘာဝတွေ။ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားပဲ၊ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားပဲ၊ မပျက်မစီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားပဲ၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိနာမဓမ္မတရားတွေပဲလို့ ပရမတ္ထ ဉာဏ်ပညာမျက်စိ မရှိတဲ့ ပုထုဇန် ငမိုက်သားက ဒီပုံစံအတိုင်း ဟုတ်တိုင်းမှန်စွာ မသိဘူး။ မသိတော့ ဒီလောက်-တွင်လား မကသေးဘူး။

ဥပ္ပဇ္ဇတိ အလာဘောစ စသည်ဖြင့် မြတ်စွာဘုရား ဟောထားပြန်တယ်။ အလာဘော - လာဘ်လာဘ မရရှိခြင်း သူ့သန္တာန်မှာ လာဘ်လာဘ မရရှိခြင်းဆိုတဲ့ သဘောတရားတစ်ခု ပေါ်လာပြီ။ ဒီတော့ သူများတွေက ရွှေတွေ ငွေတွေ ရတယ်။ မိမိက ဒီရွှေငွေ မရဘူး။ အဲဒီ မရတဲ့ ရွှေငွေကို ဓာတ်ခွဲလိုက်တော့ ညက ပြောခဲ့တဲ့အတိုင်း ဘာတဲ့လဲ? ဥတုဇရုပ်ကလာပ်တွေရဲ့ အပေါင်းအစုပဲ။ သူများတွေက သင်္ကန်းရတယ်။ မိမိက သင်္ကန်း မရဘူး။ သူများတွေက ဆွမ်းရတယ်။ မိမိက ဒီဆွမ်းမရဘူး။ သူများတွေက ဟင်း-ကောင်းကောင်းလေး ရတယ်ပေါ့လေ။ ကိုယ်က မရဘူး။ ဟုတ်တယ်မလား? ပုံစံလေးက ဘုန်းကံက နည်းနေတာကိုးနော်။

အဲဒီတော့ ရရှိလာတဲ့ ရွှေတွေ, ငွေတွေ, သင်္ကန်းတွေ, ဆွမ်းတွေ, ကျောင်းတွေ ဒီလာဘ်လာဘတွေကို ပရမတ္ထ ဉာဏ်ပညာမျက်စိ ရှိနေတဲ့ သူတော်ကောင်းက ဖမ်းပြီး ဓာတ်လေးပါး စိုက်ကြည့်ပါ။ အားလုံး ကလာပ်အမှုန်တွေပဲ။ ဒီကလာပ်အမှုန်လေးတွေကို ဓာတ်ခွဲလိုက်ရင် ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ ဆိုပြီး သဘောတရား ၈-ခု ရှိပါတယ်။ ကလာပ်တစ်ခုမှာ တည်ရှိနေတဲ့ တေဇောဓာတ် ဥတုကြောင့် ဆင့်ကဲ ဖြစ်ပွားနေတဲ့ ဥတုဇရုပ်သဘောတရားတွေပဲ ဖြစ်တယ်။ လာဘ်လာဘတွေလည်း မရလို့ ခေါ်ဆိုအပ်တဲ့ လာဘ်လာဘလို့ ခေါ်ဆိုအပ်တဲ့ ဒီဥတုဇရုပ်တွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ သူက ဝိပဿနာ မရှုဘူးလား? အလားတူပဲ။

ဥပ္ပဇ္ဇတိ ယသော၊ မိမိမှာ အခြွေအရံ ပရိသတ်တွေ များပြားလာပြီ။ အခြွေအရံ ပရိသတ်ဆိုတာက ဘာတွေလဲ? မိမိတို့ ရုပ်တွေ နာမ်တွေကို စနစ်တကျ သိမ်းဆည်းတတ်တဲ့ သူတော်ကောင်းတွေအဖို့ -

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။

စသည်ဖြင့် မြတ်စွာဘုရား သတိပဋ္ဌာန်ဒေသနာတော်မှာ ဟောကြားပြသ ဆိုဆုံးမထားတဲ့အတိုင်း မိမိကိုယ်တွင်း အဇ္ဈတ္တသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်နာမ် ပရမတ္ထဓာတ်သားတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းတတ်တဲ့ သူတော်ကောင်းက ဗဟိဒ္ဓမှာလည်း ရုပ်တရား နာမ်-တရားတွေကို ဆက်လက်ပြီး သိမ်းဆည်းရတယ်။ ထိုသို့ သိမ်းဆည်းတဲ့ အပိုင်းမှာ ယာကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ စသည်ဖြင့် ခွဲခြားဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓချင်း တူညီလို့ သာမန် ပေါင်းစု ခြုံငုံပြီးတော့ ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းရပါတယ်။ အဲဒီလို အဇ္ဈတ္တမှာလည်း ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းတတ်တယ်။ ဗဟိဒ္ဓမှာလည်း ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းတတ်ပြီးပြီ။ သိမ်းဆည်းတတ်ပြီးတဲ့ အချိန်အခါမှာ ထိုသူတော်ကောင်းက ဘာလုပ်ရသလဲ?

သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။

စသည်ဖြင့် မြတ်စွာဘုရား လုပ်ငန်းစဉ်ကို နောက်တစ်ဆင့် တက်ပြီးတော့ ဟောထားတယ်။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အစရှိတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်ပုံ။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ အစရှိတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး ရုပ်တရား နာမ်တရားတွေ ချုပ်ငြိမ်းပုံကိုလည်း မြင်အောင် ရှုရမယ်။ အကြောင်းတရား အကျိုးတရား နှစ်ရပ်လုံးတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကိုလည်း လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုရမယ်လို့ ဒီလို ဘုရား ဆက်ပြီး ဟောထားတယ်။ အဲဒီလို ရှုနိုင်တဲ့ အဆင့်ရောက်ပြီ။

ရောက်နေတဲ့ ဒီသူတော်ကောင်းက အခုလိုပေါ့ မိမိမှာ အခြွေအရံ ပရိသတ်တွေ ရလာပြီ။ ရလာလို့လည်း အဲဒီ အခြွေအရံ ပရိသတ်တွေ ရရှိလာတဲ့ အချိန်ခါမှာ ပရမတ္ထ ဉာဏ်ပညာမျက်စိ မရှိတဲ့ ပုဂ္ဂိုလ်က အဲဒီ အခြွေအရံ ပရိသတ်တွေလို့ ခေါ်ဆိုအပ်တဲ့ ဗဟိဒ္ဓ ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းနိုင်တဲ့ စွမ်းအားလည်း မရှိဘူး။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်တဲ့ စွမ်းအားလည်း မရှိဘူး။ ဗဟိဒ္ဓချင်း တူညီလို့ သာမန် ပေါင်းစုခြုံငုံလို့ သိမ်းဆည်းနိုင်တဲ့ စွမ်းအားလည်း မရှိဘူး။ မရှိတဲ့ အချိန်အခါကျတော့ ဒီရုပ်တရား နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့လည်း သူက ဝိပဿနာ ပုံစံမှန် ရှုနိုင်သလား? မရှုနိုင်ပြန်ဘူး။

အလားတူပဲ အယာသ - မိမိမှာ အခြွေအရံတွေက သိပ်နည်းသွားတယ်။ မရှိဘူး။ သူတစ်ပါးတွေမှာ အခြွေအရံ ရှိတယ်။ မိမိမှာ အခြွေအရံ ပရိသတ် မရှိပြန်ဘူး။မရှိတော့ မိမိ မရရှိတဲ့ ဒီအခြွေအရံ ပရိသတ်လို့ ခေါ်ဆိုအပ်တဲ့ ဗဟိဒ္ဓ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းတတ်တဲ့ ဉာဏ်လည်း သူ့မှာ မရှိပြန်ဘူး။ မရှိတဲ့အတွက် ဒီအခြွေအရံတွေ မရှိခြင်းဆိုတဲ့ ဒီသဘောတရားကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့လည်း သူက ဝိပဿနာ မရှုနိုင်ဘူး။ ဒါက အဓိပ္ပာယ်တစ်မျိုးပေါ့။

နောက်တစ်ခု - ယသ = ဂုဏ်သတင်း နာမည်ကြီးမားခြင်းတဲ့။ နာမည်-ကျော်ကြားခြင်း၊ အယသက နာမည်မကျော်ကြားခြင်း။ အမည်နာမတွေ ကျော်ကြားနေတယ်ဆိုတာက ကောင်းသတင်းတွေ ကျော်ကြားတာပါ။ ဒီကောင်းသတင်းတွေ ဆိုတာက ဘာတွေလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်ခါမှာ ကောင်းသတင်း ကျော်ကြားမှု သို့မဟုတ် ကောင်းသတင်းတွေရဲ့ မကျော်ကြားမှု။ ဒီသဘောတရားတွေဟာ ဘာတွေလဲလို့ ပြန်ပြီး ဆန်းစစ်လိုက်တဲ့ အချိန်ခါမှာ သူတစ်ပါးတို့ရဲ့ ပါးစပ်က ထွက်ပေါ်လာတဲ့ သဒ္ဒရုပ် ဦးဆောင်နေတဲ့ ရုပ်တရားတွေ၊ အသံသဒ္ဒရုပ်နဲ့တကွသော ရုပ်တရားတွေသာ ဖြစ်ပါတယ်။

စာပေနယ်သုံး ဝေါဟာရနဲ့ ပြောမယ် ဆိုရင်တော့ ဝစီဝိညတ္တိ-သဒ္ဒဒသကကလာပ်၊ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသကကလာပ်။ ဒီရုပ်-ကလာပ်တွေသာ ဖြစ်တယ်။ အဲဒီ ရုပ်ကလာပ်တွေသည် ပရမတ်တရားတွေပဲ။ ဒီပရမတ်တရားတွေကို မိမိက ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်တဲ့ စွမ်းအားမရှိဘူး။ မရှိလိုက်တဲ့ အချိန်ခါကျတော့ ဒီနာမည်ကျော်ကြားခြင်း၊ နာမည် မကျော်ကြားခြင်း ဒီသဘောတရားတွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုနိုင်သလား? မရှုနိုင်ဘူး။

နောက်တစ်ခု ဥပ္ပဇ္ဇတိ နိန္ဒာ ကဲ့ရဲ့မှု ပေါ်လာပြီ။ ကဲ့ရဲ့ရှုံချမှု ပေါ်လာပြီ။ ကဲ့ရဲ့ရှုံ့ချတယ်။ ဥပ္ပဇ္ဇတိ ပသံသာ - ချီးမွမ်းမှုတွေလည်း ပေါ်လာတယ်။ ကဲ့ရဲ့နေတဲ့ ဒီအသံ, ချီးမွမ်းနေတဲ့ ဒီအသံတွေဟာလည်း ခုနက ပြောခဲ့တဲ့ အတိုင်းပဲ အသံသဒ္ဒရုပ် ပါဝင်နေတဲ့ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသက-ကလာပ်ဆိုတဲ့ ဒီရုပ်ကလာပ် ရုပ်တရားတို့ရဲ့ အပေါင်းအစုသာ ဖြစ်ပါတယ်။ အဲဒီ ရုပ်တရားတို့ရဲ့ အပေါင်းအစုကိုလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ပုထုဇန် ငမိုက်သားက သိမ်းဆည်းနိုင်တဲ့ စွမ်းအား မရှိပြန်ဘူး။ မရှိတဲ့အတွက် ဒီရုပ်တရားတွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုနိုင်သလား? မရှုနိုင်ဘူး။ ပရမတ္ထ သစ္စာနယ်က ကြည့်လိုက်ရင် ဒကာကြီးတွေ တန်းတူနေတယ်။ ချီးမွမ်းနေတဲ့ အသံသဒ္ဒရုပ် ဦးဆောင်နေတဲ့ ရုပ်တရား။ ကဲ့ရဲ့နေတဲ့ အသံသဒ္ဒရုပ် ဦးဆောင်နေတဲ့ ရုပ်တရားချင်းလည်း တူတယ်, အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောလည်း အတူတူပဲ။ ပရမတ္ထ ဉာဏ်မျက်စိရှိနေတဲ့ ပုဂ္ဂိုလ်အဖို့မှာ ခံနိုင်ရည်စွမ်းအင်တွေ အများကြီး ဝင်လာနိုင်တယ်။

နောက်တစ်ခု - ဥပ္ပဇ္ဇတိ သုခံ = ချမ်းသာသုခဖြစ်ပြီ။ သုခဝေဒနာ။ ဥပ္ပဇ္ဇတိ ဒုက္ခံ = ဆင်းရဲတဲ့ ဒုက္ခဝေဒနာဖြစ်ပြီ။ အဲဒီတော့ ဒီသုခဝေဒနာ, ဒုက္ခဝေဒနာတွေဟာ သုခက ကာယိကသုခ, စေတသိကသုခ ဆိုပြီး ၂-မျိုး ရှိတယ်။ ဒုက္ခမှာလည်း ကာယိကဒုက္ခ, စေတသိကဒုက္ခဆိုပြီး ဒုက္ခ ၂-မျိုးပဲ ရှိပါတယ်။ အဲဒီတော့ ဒီသုခဝေဒနာ ဦးဆောင်နေတဲ့ နာမ်တရားတွေ အာရုံ ၆-ပါးကို အကြောင်းပြုပြီး ဖြစ်ပေါ်နိုင်တယ်။ ဒုက္ခဝေဒနာ ဦးဆောင်နေတဲ့ နာမ်တရားတွေလည်း အာရုံ ၆-ပါးကို အကြောင်းပြုပြီး ထိုက်သလို ဖြစ်ပေါ်နိုင်တယ်။ နာမ်ကမ္မဋ္ဌာန်းတွေကို စနစ်တကျ သိမ်းဆည်းတတ်တဲ့ ယောဂီသူတော်-ကောင်းသန္တာန်၌ ဒီသုခဝေဒနာ ဦးဆောင်နေတဲ့ နာမ်တရားတွေ, ဒုက္ခဝေဒနာ ဦးဆောင်နေတဲ့ နာမ်တရားတွေ သိမ်းဆည်းရတယ်။ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ သုခ, ဒုက္ခ ဦးဆောင်နေတဲ့ နာမ်တရားတွေကို ဖြစ်ပြီး ပျက်နေတာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီးတော့ အနိစ္စလို့ ရှုရတယ်။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီးတော့ ဒုက္ခလို့ ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တ သဘောတရားတွေကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီးတော့ အနတ္တလို့ တွင်တွင်ကြီး ရှုရတယ်။ ဖောက်ပြန်ပျက်စီးနေတဲ့ ဝိပရိဏာမ သဘောတရားတွေကို အာရုံယူပြီးတော့ ဝိပရိဏာမဓမ္မလို့ ရှုရတယ်။ ဒါပေမဲ့ ဉာဏ်ပညာမျက်စိကဏ်းနေတဲ့ ပရမတ်ကို ဉာဏ်အမြင်ဆိုက်အောင် မရှုနိုင်တဲ့ ပုဂ္ဂိုလ်က ဘာဖြစ်သလဲ? လာဘ အလာဘ၊ ယသ အယာသ၊ နိန္ဒ ပသံသ၊ သုခ ဒုက္ခ ခေါ်တဲ့ လောကဓမ္မ အမည်ရနေတဲ့ ရုပ်တရား နာမ်တရား ဖြစ်ပေါ်လာတဲ့ အချိန်ခါမှာ ဘာဖြစ်သလဲ?

သော န ဣတိ ပဋိသဉ္စိက္ခတိ – ‘ဥပ္ပန္နံ ခေါ မေ ဣဒံ ဒုက္ခံ၊ တဉ္စ ခေါ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မ’န္တိ ယထာဘူတံ နပ္ပဇာနာတိ။

သော၊ ထိုပရမတ်ဉာဏ်ပညာမျက်စိ ကဏ်းနေတဲ့ ပုထုဇန် ငမိုက်-သားသည်။ န ဣတိ ပဋိသဉ္စိက္ခတိ၊ ဤသို့လျှင် ဉာဏ်ဖြင့် အသီးသီး ဆင်ခြင်သုံးသပ် ရှုပွားမှု မပြုနိုင်ပေ။

ဘယ်လိုလဲ?

မေ၊ ငါ၏သန္တာန်၌။ ဣဒံ ဒုက္ခံ၊ ဤဒုက္ခဝေဒနာသည်။ ဥပ္ပန္နံ ခေါ၊ ဖြစ်ပေါ်၍ လာခဲ့လေပြီ။ တဉ္စ ခေါ၊ ထိုဒုက္ခဝေဒနာသည်လည်းပဲ (ဝါ) ဒုက္ခဝေဒနာ ဦးဆောင်နေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားသည်လည်းပဲ။ အနိစ္စံ၊ ဖြစ်ပြီးလျှင် ပျက်တတ်တဲ့ အနိစ္စတရားသာတည်း။ ဒုက္ခံ၊ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် နှိပ်စက်ခံနေရတဲ့ ဒုက္ခတရားသာတည်း။ ဝိပရိဏာမဓမ္မံ၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မ သဘောတရားသာတည်း။ ဣတိ၊ ဤသို့လျှင်။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ နပ္ပဇာနာတိ၊ ကွဲကွဲပြားပြား မသိရှိပေ။

ပရမတ်ကို ဉာဏ်ပညာမျက်စိ မဆိုက်သေးတဲ့ ပုထုဇန်ငမိုက်သားက ဒုက္ခဝေဒနာ ဦးဆောင်နိုင်တဲ့ ရုပ်တရား နာမ်တရားတွေကို အနိစ္စတရားသာ မှန်တယ်။ ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရားသာ မှန်တယ်။ ဖြစ်ခြင်းပျက်ခြင်းဖြင့် နှိပ်စက်ခံနေရတဲ့ ဒုက္ခတရားသာမှန်တယ်။ ဖောက်ပြန်ပျက်စီးနေတဲ့ ဝိပရိဏာမ-ဓမ္မတရားသဘောသာ မှန်တယ်လို့ ဒီလို သူက ဟုတ်တိုင်းမှန်စွာ သိနိုင်သလား? မသိနိုင်ဘူး။ ဆင်ကော ဆင်ခြင်နိုင်သလား? မဆင်ခြင်-နိုင်ဘူး။ ဒါက ပုထုဇန်။ ပရမတ္ထ ဉာဏ်ပညာမျက်စိ မရှိတဲ့ ပုထုဇန်သန္တာန်မှာ လောကဓံ ဖြစ်ခဲ့ရင် ရရှိနိုင်တဲ့ အခြေအနေကို ဘုရားရှင်က ဟောလိုက်တယ်။ အဲဒီလို မဆင်ခြင်-နိုင်တဲ့အတွက် ဘာဖြစ်လဲ?

‘‘တဿ လာဘောပိ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ, အလာဘောပိ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ

ตဿ၊ ထိုပုထုဇန် ငမိုက်သားရဲ့သန္တာန်၌။ လာဘောပိ၊ ရရှိလာတဲ့ လာဘ်လာဘကလည်းပဲ။ တဿ၊ ထိုပုထုဇန် ငမိုက်သား၏။ စိတ္တံ၊ စိတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ တိဋ္ဌတိ၊ တည်နေတတ်ပေ၏၊

ပြုံးပြုံး ပြုံးပြုံး ဖြစ်နေပြီ။ လာဘ်လာဘတွေက အကြီးအကျယ် ရွှင်နေပြီလေ။ ရွှင်လာတော့ မယားကလည်း ပြုံးပြုံး ပြုံးပြုံးပေါ့။ သားကလည်း ပြုံးပြုံး ပြုံးပြုံး။ သမီးကလည်း ပြုံးပြုံး ပြုံးပြုံး။ ရလာတဲ့ ဒီပုထုဇန် ငမိုက်သားကလည်း ပြုံးပြုံး ပြုံးပြုံး။ အကုန်ဖြစ်နေပြီ။ သူတို့ရဲ့ စိတ်ဓာတ်ကို ဒီရရှိလာတဲ့ လာဘ်လာဘတွေက သိမ်းကျုံးယူငင်ပြီးတော့ တည်နေပြီတဲ့။ သားလေးရလာလည်း ပြုံးပြုံး ပြုံးပြုံး။ သမီးလေး ရလာတော့ ပြုံးပြုံး ပြုံးပြုံး။ ဟုတ်တယ် မဟုတ်လား? အဲဒီတော့ အဲဒီ ပြုံးပြုံး ပြုံးပြုံး ဖြစ်နေတာက မြေးလေး ရလာတော့ ပိုပြီးတော့ ပြုံးသေးတယ်နဲ့ တူတယ်။ သူတို့ရဲ့ စိတ်ဓာတ်ကို ရရှိလာတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုလို့ ခေါ်ဆိုအပ်တဲ့ လာဘ်လာဘတွေက သိမ်းကျုံးယူငင်ပြီးတော့ တည်နေတာ။

အဲဒီလို သိမ်းကျုံးယူငင် တည်နေလိုက်တဲ့ အခါမှာ ဒီလာဘ်လာဘ-တွေက စိတ်ဓာတ်ကို ဆွဲဆောင်ထားလိုက်တယ်။ ဆွဲဆောင်ထားလိုက်တဲ့အတွက် လွတ်အောင် ရုန်းနိုင်သလား? မရုန်းနိုင်ဘူး။ ရရှိလာတဲ့ ဇနီး၊ ရရှိလာတဲ့ သား၊ ရရှိလာတဲ့ သမီး၊ ရရှိလာတဲ့ မြေး၊ ရရှိလာတဲ့ ပစ္စည်း။ ဒီအနားက ခွဲနိုင်သလား? မခွဲနိုင်ဘူး။ ဘာဖြစ်လို့လဲ? ဒီလာဘ်လာဘတွေကနေ စိတ်ဓာတ်ကို သိမ်းကျုံးပြီးတော့ ဆွဲခေါ်ထားတယ်။ အလားတူပဲ။

အလာဘောပိ၊ လာဘ်မရခြင်းကလည်းဘဲ (ဝါ) မရရှိတဲ့ လာဘ်လာဘကလည်းပဲ။ စိတ္တံ၊ စိတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ တိဋ္ဌတိ၊ တည်နေတတ်ပေ၏၊

လာဘ်မရဘူး ဆိုလို့ရှိရင်လည်း ဩော် ... ငါ ဒီလာဘ်လာဘတွေ မရလေခြင်း ဆိုပြီးတော့ ဒီလာဘ်မရခြင်းဆိုတဲ့ သဘောတရားကလည်း ဒီပုထုဇန် ငမိုက်သားရဲ့စိတ်ဓာတ်ကို သိမ်းကျုံး ယူငင်ပြီးတော့ တည်နေတယ်။ ချဲနံပါတ်ကလေးတော့ အရသား။ ကိုယ်က ဒီဥစ္စာ မပေါက်ဘူးထင်တာနဲ့ နံပါတ်က လွဲပြီး ထိုးလိုက်တော့ မရဖြစ်သွားတယ်။ တချို့ ရူးတောင် သွားတယ်ဆိုလား? ဟုတ်လား။ လာဘ်မရခြင်းကို အကြောင်းပြုပြီးတော့ ဒီလာဘ်မရခြင်းဆိုတဲ့ သဘောတရားလေးက စိတ်ဓာတ်ကို သိမ်းကျုံးပြီးတော့ ဆွဲငင်ပြီးတော့ တည်မနေဘူးလား? တည်နေတယ်။ စိတ်ဆွဲထားတယ်နော်။ နောက်တစ်ခု -

ယသောပိ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ, အယသောပိ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ

ယသောပိ၊ အခြွေအရံ ပရိသတ်ကလည်းပဲ (ဝါ) ဂုဏ်သတင်း ကျော်ကြားခြင်းကလည်းပဲ။ စိတ္တံ၊ စိတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ တိဋ္ဌတိ၊ တည်နေတတ်ပေ၏။ အယသောပိ၊ အခြွေအရံ ပရိသတ် မရရှိခြင်းဆိုတဲ့ သဘောတရားကလည်းပဲ (ဝါ) ဂုဏ်သတင်း ကျော်ကြားမှု မရှိခြင်းကလည်းပဲ။ စိတ္တံ၊ စိတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ တိဋ္ဌတိ၊ တည်နေတတ်ပေ၏၊

အခြွေအရံ ပရိသတ်က သိပ်များနေပြီ။ သားတွေကလည်း အများကြီး, သမီးတွေကလည်း အများကြီး, ဇနီးတွေတွေကလည်း အများကြီး, ပစ္စည်းတွေကလည်း အများကြီး, မြေးတွေကလည်း အများကြီးပဲ။ အခြွေအရံ ပရိသတ်က သိပ်အားကောင်းနေပြီ။ အစေခံတွေ, ကျေးကျွန်တွေက သိပ်များနေပြီ။ များနေတဲ့ အချိန်ခါကျတော့ သိပ်များလာရင် ဒကာကြီးတွေ ခွဲနိုင်ပါ့မလား? ဟင် ဒကာကြီးတွေတော့ သဘောကျမှာပဲ။ ဒါတော့ မခွဲချင်ဘဲကိုး။ မခွဲချင်တော့ မခွဲနိုင်ဘူး။ ပြောလိုက်ရင် ရှင်းသွားမှာပေါ့ ဟုတ်တယ်မလား? ဟင် ... ဟုတ်ပြီ။

ရရှိလာတဲ့ အခြံအရံ ပရိသတ်တွေကလည်း စိတ်ဓာတ်ကို သိမ်းကျုံးပြီးတော့ ဆွဲငင်ထားတယ်။ စိတ်ဓာတ်က ဒီအခြွေအရံ ပရိသတ်ဆိုတဲ့ ဒီအာရုံမှာ သိမ်းကျုံးယူငင်ပြီးတော့ တည်နေတယ်။ လာဘ် မရပြန်ဘူး။ အခြွေအရံတွေက သိပ်နည်းလာပြီ, ပျက်စီးပြီ ဆိုကြပါစို့နော်။ ဒီအခြွေအရံ ပရိသတ်တွေရဲ့ ဖောက်ပြန်ပျက်စီးသွားတဲ့ အချိန်ခါမှာလည်း စိတ်ဓာတ်တွေက တုန်လှုပ် ချောက်ချားပြီး မနေဘူးလား? နေပြီ။

နောက်တစ်ခု ယသ = ဂုဏ်သတင်း ကျော်ကြားခြင်း။ နာမည်က သိပ်ကြီးလာပြီ။ ဂုဏ်သတင်းတွေကလည်း သိပ်ကျော်ကြားပြီ ဆိုတဲ့အခါ ဒီကျော်ကြားမှုကို အခြေခံပြီး ပြုံးပြုံး ပြုံးပြုံး မဖြစ်ဘူးလား? ဖြစ်တယ်။ တချို့ဆို ပူဇော်ပွဲ အမျိုးမျိုးတွေ ကျင်းပနေတယ်။ သဘောကျလို့လား, မကျလို့လား? ကျလို့။ အဲ တစ်ခါတလေကျတော့ ဂုဏ်သတင်းက မကျော်ကြားပြန်ဘူး။ ဘွဲ့ထူး ဂုဏ်ထူးက မရဖြစ်နေတယ်။ ရမယ်လို့ မှန်းထားတာ မရ ဖြစ်သွားတယ်။ မရလိုက်တဲ့ အချိန်ခါကျတော့ ဒီမရရှိခြင်းကို အကြောင်းပြုပြီးတော့ ဒီမရရှိခြင်းဆိုတဲ့ သဘောတရားတွေက စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီးတော့ တည်မနေဘူးလား? တည်နေတယ်။ မကျေနပ်ဘူးပေါ့။ နောက်တစ်ခု

နိန္ဒာပိ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ, ပသံသာပိ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ

နိန္ဒာပိ၊ ကဲ့ရဲ့ခြင်းဆိုတဲ့ သဘောတရားကလည်းပဲ။ စိတ္တံ၊ စိတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ တိဋ္ဌတိ၊ တည်နေတတ်ပေ၏။ ပသံသာပိ၊ ချီးမွမ်းခြင်းဆိုတဲ့ သဘောတရား-ကလည်းပဲ။ စိတ္တံ၊ စိတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ တိဋ္ဌတိ၊ တည်နေတတ်ပေ၏၊

အကဲ့ရဲ့ ခံရပြီ။ ငါ့ ဒင်းတို့ ဒီလို ပြောရက်လေခြင်း ဆိုပြီးတော့ စိတ်ထဲမှာ တနုံ့နုံ့နဲ့ မကျေနပ်ချက်တွေ ပေါ်မလာဘူးလား? ပေါ်လာပြီ။ ဒီအကဲ့ရဲ့ ခံရခြင်းဆိုတဲ့ သဘောတရားကို အခြေခံပြီး မကျေနပ်မှုက စိတ်ထဲမှာ ခွဲလို့ မရ ဖြစ်နေတယ်။ နည်းနည်းမှ ဖြေဖျောက်လို့ မရဘူး။ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီးတော့ ဒီကဲ့ရဲ့ခြင်းဆိုတဲ့ သဘောတရားက တည်နေတယ်။ အဲ သိပ်ချီးမွမ်းကြပြီ။ သိပ်တော်လိုက်တာ သိပ်တော်လိုက်တာ စသည်ဖြင့် အင်မတန် ချီးမွမ်းကြတယ်။ ချီးမွမ်းလိုက်တဲ့ အချိန်ခါကျတော့လည်း ပြုံးပြုံး ပြုံးပြုံးနဲ့ သူများ ချီးမွမ်းတာကို သဘောကျမနေဘူးလား? သဘောကျနေတယ်။

ကိုယ့်ကမ္မဋ္ဌာန်း အာရုံပေါ် စိတ်မရောက်တော့ဘူး, သူများ ချီးမွမ်းတာလေးကို သဘောကျနေတယ်။ ကိုယ့်ကမ္မဋ္ဌာန်း အာရုံပေါ် စိတ်မရောက်တော့ဘူး, သူများ ကဲ့ရဲ့တာပဲ မျက်ရည်လေး စက်လက်နဲ့ ရှုံ့ရှုံ့ ရှုံ့ရှုံ့ ဖြစ်နေပြီ ဟုတ်တယ်မလား? ဒါကြောင့် ဒီကဲ့ရဲ့ခြင်းဆိုတဲ့ သဘောတရားတွေက ပရမတ္ထ ဉာဏ်ပညာမျက်စိ ကန်းနေတဲ့ ဒီပုထုဇန် ငမိုက်သားရဲ့ စိတ်ဓာတ်-ကို သိမ်းကျုံးယူငင်ပြီးတော့ တည်နေတယ်။ ချီးမွမ်းခြင်းဆိုတဲ့ ဒီသဘောတရားတွေကလည်း ပရမတ္ထ ဉာဏ်ပညာမျက်စိ ကန်းနေတဲ့ ဒီပုထုဇန် ငမိုက်သားရဲ့ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီးတော့ တည်နေတယ်။

သုခမ္ပိ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ, ဒုက္ခမ္ပိ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ။

သုခမ္ပိ၊ ချမ်းသာခြင်း သုခဝေဒနာတရားကလည်းပဲ။ စိတ္တံ၊ ပုထုဇန် ငမိုက်သားရဲ့ စိတ်ဓာတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ တိဋ္ဌတိ၊ တည်နေတတ်ပေ၏။ ဒုက္ခမ္ပိ၊ ဆင်းရဲတဲ့ ဒုက္ခဝေဒနာဆိုတဲ့ သဘောတရားကလည်းပဲ။ စိတ္တံ၊ ပရမတ္ထ ဉာဏ်ပညာမျက်စိ ကန်းနေတဲ့ ပုထုဇန် ငမိုက်သားရဲ့ စိတ်ဓာတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ တိဋ္ဌတိ၊ တည်နေတတ်ပေ၏၊

ချမ်းသာသုခလေး ပေါ်လာပြီ ဆိုလို့ရှိရင်လည်း ဒီချမ်းသာမှု သုခဝေဒနာကို အကြောင်းပြုပြီးတော့ ဒီချမ်းသာတဲ့ သုခဝေဒနာ အခြေခံပြီးတော့ စိတ်ဓာတ်တွေ ဒီသုခဝေဒနာ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနေတဲ့ ဒီအာရုံတွေ အပေါ်မှာ ခွဲနိုင်တဲ့ စွမ်းအား ရှိသေးလား? မရှိတော့ဘူး။ ဒီအာရုံတွေနားမှာ စိတ်က တဝဲလည်လည် ဖြစ်နေတယ်။ အဲ ဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေ ဖြစ်လာပြီ ဆိုရင်လည်း ဒီဒုက္ခဝေဒနာတွေကို အကြောင်းပြုပြီး စိတ်ဓာတ်တွေက မိမိ ပွားများအားထုတ်နေတဲ့ သမထ, ဝိပဿနာဆိုတဲ့ ဘာဝနာအာရုံပေါ်သို့ မရောက်တော့ဘဲ မိမိ ခံစားနေရတဲ့ ဆင်းရဲဒုက္ခ ဝေဒနာအပေါ်မှာပဲ စိတ်တွေ တရစ်ဝဲဝဲနဲ့ ဖြစ်မနေဘူးလား? ဖြစ်နေပြီ။ ဒီသုခဝေဒနာ, ဒုက္ခဝေဒနာတွေက ပရမတ္ထ ဉာဏ်ပညာမျက်စိ ကန်းနေတဲ့ ဒီပုထုဇန် ငမိုက်သားရဲ့ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီးတော့ ရပ်တည်-နေကြပြီ။ ဒါကြောင့် ဘာဖြစ်လဲ?

သော ဥပ္ပန္နံ လာဘံ အနုရုဇ္ဈတိ, အလာဘေ ပဋိဝိရုဇ္ဈတိ၊

သော၊ ထိုပုထုဇန် ငမိုက်သားသည်။ ဥပ္ပန္နံ လာဘံ၊ ဖြစ်ပေါ်၍လာတဲ့ လာဘ်လာဘကို။ (ဝါ) လာဘံ၊ လာဘ်ရခြင်းဆိုတဲ့ သဘောတရားသည်။ ဥပ္ပန္နံ၊ ထင်ရှားဖြစ်ပေါ်လာခဲ့သည်ရှိသော်။ အနုရုဇ္ဈတိ၊ ဝမ်းမြောက်၍ နေပေ၏။ အလာဘေ၊ လာဘ်မရခြင်းဆိုတဲ့ သဘောတရားသည်။ ဥပ္ပန္နံ၊ ထင်ရှားဖြစ်ပေါ်လာခဲ့သည်ရှိသော်။ ပဋိဝိရုဇ္ဈတိ၊ ဝမ်းနည်းကြေကွဲ၍ နေပေ၏၊

လာဘ်ရတဲ့သဘောတရား ထင်ရှားဖြစ်ခဲ့ပြီ ဆိုရင်လည်း ဒီပရမတ္ထ ဉာဏ်ပညာမျက်စိ မရှိတဲ့ ဒီပုထုဇန် ငမိုက်သားက ဘာဖြစ်လဲ? ပြုံးပြုံး ပြုံးပြုံးနဲ့ ဝမ်းမြောက်ပြီး နေတယ်။ လာဘ်မရတော့ဘူး ဆိုရင်လည်း ဘာဖြစ်လဲ? ဝမ်းနည်းကြေကွဲပြီးတော့ နေပြန်တယ်။

ဥပ္ပန္နံ ယသံ အနုရုဇ္ဈတိ, အယသေ ပဋိဝိရုဇ္ဈတိ၊

ဥပ္ပန္နံ ယသံ၊ ဖြစ်ပေါ်လာတဲ့ အခြွေအရံ ပရိသတ်ကို။ ယသံ၊ အခြွေအရံ ပရိသတ်သည်။ ဥပ္ပန္နံ၊ ဖြစ်ပေါ်၍လာခဲ့သည်ရှိသော်။ အနုရုဇ္ဈတိ၊ ဝမ်းမြောက်၍ နေတတ်ပေ၏။ အယသေ၊ အခြွေအရံ ပရိသတ် မရခြင်းသည်။ ဥပ္ပန္နံ၊ ထင်ရှားဖြစ်ပေါ်လာခဲ့သည်ရှိသော်။ ပဋိဝိရုဇ္ဈတိ၊ ဝမ်းနည်းကြေကွဲ၍ နေတတ်ပေ၏။

အခြွေအရံ ပရိသတ်တွေ သိပ်များလာပြီ ဆိုလို့ရှိရင်လည်း ပြုံးပြုံး ပြုံးပြုံးနဲ့ သိပ်သဘောကျ ဝမ်းမြောက်နေတတ်တယ်။ အခြွေအရံ ပရိသတ်တွေ ပျက်စီးသွားပြီ ဆိုလို့ရှိရင်လည်း အဲဒီ အချိန်အခါမှာ အကြီးအကျယ် ဝမ်းနည်းကြေကွဲပြီး နေပြန်ရော။ နောက်တစ်ခု -

ဥပ္ပန္နံ ယသံ၊ ဂုဏ်သတင်းကျော်ကြားခြင်းသည်။ ဥပ္ပန္နံ၊ ဖြစ်ပေါ်၍လာခဲ့သည်ရှိသော်။ အနုရုဇ္ဈတိ၊ ဝမ်းမြောက်၍ နေတတ်ပေ၏။ အယသေ၊ ဂုဏ်သတင်း ကျော်ကြားမှု မရှိခြင်းသည်။ ဥပ္ပန္နံ၊ ထင်ရှားဖြစ်ပေါ်လာခဲ့သည်ရှိသော် (ဝါ) ထင်ရှားဖြစ်ပေါ်ခဲ့သည်ရှိသော်။ ပဋိဝိရုဇ္ဈတိ၊ ဝမ်းနည်းကြေကွဲ၍ နေပေ၏၊

နောက်တစ်နည်းပေါ့ ယသ = ဂုဏ်သတင်းတွေက သိပ်ကြီးမား လာပြီ ဆိုရင် ပြုံးပြုံး ပြုံးပြုံးနဲ့ သိပ်ဝမ်းမြောက်ပြီး နေတတ်ပြန်တယ်။ ဂုဏ်သတင်းက မကျော်ကြား ဖြစ်လာပြီဆိုရင်လည်း မကျေနပ်ချက်တွေ တစ်ပုံကြီး ဝင်လာပြန်တယ်။ နောက်တစ်ခု -

ဥပ္ပန္နံ ပသံသံ အနုရုဇ္ဈတိ, နိန္ဒာယ ပဋိဝိရုဇ္ဈတိ၊

ပသံသာ၊ ချီးမွမ်းခြင်းဆိုတဲ့ သဘောတရားသည်။ ဥပ္ပန္နံ၊ ထင်ရှားဖြစ်ပေါ်ခဲ့သည်ရှိသော်။ အနုရုဇ္ဈတိ၊ ဝမ်းမြောက်၍ နေတတ်ပေ၏။ နိန္ဒာယ၊ ကဲ့ရဲ့ခြင်းဆိုတဲ့ သဘောတရားသည်။ ဥပ္ပန္နံ၊ ထင်ရှားဖြစ်ပေါ်ခဲ့သည်ရှိသော်။ ပဋိဝိရုဇ္ဈတိ၊ ဝမ်းနည်းကြေကွဲ၍ နေတတ်ပေ၏၊

ချီးမွမ်းခြင်းဆိုတဲ့ သဘောတရား ထင်ရှားဖြစ်လာတဲ့ အချိန်ခါကျတော့ ဝမ်းမြောက်လိုက်တာ။ သိပ်ပြီးတော့ တခါတည်း ကျေနပ်နေတယ်။ အဲ သူ့ကိုများ သွားပြီး ကဲ့ရဲ့မိပြီဆိုရင် စိတ်ထဲမှာ အကြီးအကျယ် မကျေမနပ်ဖြစ်ပြီး ဝမ်းနည်းနေပြီ။ ငါ့ကို ဒီလို ပြောရက်လေခြင်း။ ငါ့ကို ဒီလို ကဲ့ရဲ့လေခြင်း ဆိုပြီးတော့ ဝမ်းနည်း ကြေကွဲမှုတွေ တစ်ပုံကြီး ဖြစ်ပေါ်နေပြီ။ နောက်တစ်ခု -

ဥပ္ပန္နံ သုခံ အနုရုဇ္ဈတိ, ဒုက္ခေ ပဋိဝိရုဇ္ဈတိ။

သုခံ၊ ချမ်းသာခြင်း သုခဝေဒနာသည်။ ဥပ္ပန္နံ၊ ထင်ရှား-ဖြစ်ပေါ်လာခဲ့သည်ရှိသော်။ အနုရုဇ္ဈတိ၊ ဝမ်းမြောက်၍ နေတတ်ပေ၏။ ဒုက္ခေ၊ ဆင်းရဲဒုက္ခသည်။ ဥပ္ပန္နံ၊ ထင်ရှား-ဖြစ်ပေါ်ခဲ့သည်ရှိသော်။ ပဋိဝိရုဇ္ဈတိ၊ ဝမ်းနည်းကြေကွဲ၍ နေတတ်ပြန်၏၊

ချမ်းသာတဲ့ သုခဝေဒနာလေးတွေ အာရုံ ၆-ပါးကို အကြောင်းပြုပြီး သုခ သောမနဿဝေဒနာတွေ ထင်ရှားဖြစ်ခဲ့မယ်ဆိုရင်လည်း တပြုံးပြုံးနဲ့ အလွန် ကျေနပ်နေတယ်။ အဲ အာရုံ ၆-ပါးတွေကို အကြောင်းပြုပြီး ဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေ, ဒေါမနဿဝေဒနာတွေ ထင်ရှားဖြစ်ခဲ့မယ် ဆိုရင်လည်း ဝမ်းနည်းပြီး ကြေကွဲပြီး နေတတ်ပြန်တယ်။

သော ဧဝံ အနုရောဓဝိရောဓသမာပန္နော န ပရိမုစ္စတိ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ။ ‘န ပရိမုစ္စတိ ဒုက္ခသ္မာ’တိ ဝဒါမိ’’။

သော၊ ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို ဖြစ်ပြီးပျက်တတ်တဲ့ ပုဂ္ဂိုလ်သည်။ ဧဝံ၊ ဤသို့။ အနုရောဓဝိရောဓသမာပန္နော၊ ချစ်ခြင်းမုန်းခြင်းသို့ အစဉ်တစိုက် ရောက်ရှိနေသည်ဖြစ်၍ (ဝါ) ဖြစ်ခြင်းကြောင့်။ ဇာတိယာ၊ ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားမှ။ န ပရိမုစ္စတိ၊ မလွန်မြောက်နိုင်။ ဇရာယ၊ အိုခြင်း ဇရာတရားမှလည်း။ န ပရိမုစ္စတိ၊ မလွန်မြောက်နိုင်။ မရဏေန၊ သေခြင်း မရဏတရားမှလည်း။ န ပရိမုစ္စတိ၊ မလွန်မြောက်နိုင်။ သောကေဟိ၊ စိုးရိမ်ရခြင်း သောကတရားမှလည်းပဲ။ န ပရိမုစ္စတိ၊ မလွန်မြောက်နိုင်။ ပရိဒေဝေဟိ၊ Ngိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရားတို့မှလည်းပဲ။ န ပရိမုစ္စတိ၊ မလွန်မြောက်နိုင်။ ဒုက္ခေဟိ၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရားမှလည်း။ န ပရိမုစ္စတိ၊ မလွန်မြောက်နိုင်။ ဒေါမနဿေဟိ၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရားမှလည်းပဲ။ န ပရိမုစ္စတိ၊ မလွန်မြောက်နိုင်။ ဥပါယာသေဟိ၊ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားတို့မှလည်းပဲ။ န ပရိမုစ္စတိ၊ မလွန်မြောက်နိုင်။ ဒုက္ခသ္မာ၊ သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ။ န ပရိမုစ္စတီတိ၊ မလွန်မြောက်နိုင်ဟူ၍ ငါဘုရား ဟောတော်မူပေ၏၊

ဒီလိုပေါ့ လောကဓံ လေပြင်းမုန်တိုင်း ၈-မျိုး တိုက်ခတ်လာတဲ့ အချိန်အခါမှာ ဣဋ္ဌလောကဓံနဲ့ တွေ့လိုက်တဲ့ အချိန်အခါမှာ ဝမ်းမြောက်ပြီး တပြုံးပြုံး ဖြစ်နေတယ်။ အနိဋ္ဌလောကဓံနဲ့ တွေ့ကြုံတဲ့ အချိန်အခါမှာ ဝမ်းနည်း-ကြေကွဲနေတယ်။ ဒီလို အနိဋ္ဌလောကဓံနဲ့ တွေ့လို့ ဝမ်းနည်းနေတဲ့ပုဂ္ဂိုလ်, ဣဋ္ဌာရုံ လောကဓံနှင့်တွေ့လို့ ဝမ်းမြောက်နေတဲ့ပုဂ္ဂိုလ်။ ဒီလို အနိဋ္ဌာရုံနှင့်တွေ့လို့ ဝမ်းနည်း ကြေကွဲနေတဲ့ပုဂ္ဂိုလ်ဟာ ပဋိသန္ဓေ တည်နေရခြင်းဆိုတဲ့ ဇာတိဒုက္ခ, အိုရခြင်း ဇရာဒုက္ခ, သေကျေပျက်စီးရခြင်း မရဏဒုက္ခ, စိုးရိမ်ရခြင်း သောက, ငိုကြွေး မြည်တမ်းရခြင်း ပရိဒေဝ, ကိုယ်ဆင်းရဲရခြင်း ဒုက္ခ, စိတ်ဆင်းရဲရခြင်း ဒေါမနဿ, ပြင်းစွာ ပူပန်ရခြင်း ဥပါယာသခေါ်တဲ့ ဒီသံသရာဝဋ်ဆင်းရဲဒုက္ခ အဝဝမှ လွတ်မြောက်နိုင်မလား? မလွတ်မြောက်နိုင်ဘူး။ ဘာဖြစ်လို့လဲ?

ဝမ်းနည်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်, ဝမ်းမြောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်။ ဒီဝမ်းမြောက်နေတဲ့ စိတ်နေစိတ်ထား, ဝမ်းနည်းနေတဲ့ စိတ်နေစိတ်ထားတွေကို ကျော်လွှားလွန်မြောက်အောင် ကျင့်နိုင်တဲ့ စွမ်းအင် မရှိရင် ဒီဝမ်းနည်းမှု, ဝမ်းမြောက်မှုမှ သူ လွတ်ဦးမလား? မလွတ်တော့ဘူး။ ဝမ်းနည်းမှု, ဝမ်းမြောက်မှု ရှိနေသမျှ ကာလပတ်လုံး ထိုပုဂ္ဂိုလ်သည် သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်တဲ့ပုဂ္ဂိုလ်လို့ မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲ? ဝမ်းနည်းမှု, ဝမ်းမြောက်မှုဆိုတဲ့ ဒီဝေဒနာဦးဆောင်နေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရ တရားတွေ ထင်ရှားရှိနေသမျှ ကာလပတ်လုံး ပဋိသန္ဓေ နေရတဲ့ဒုက္ခ ဆိုတာ ပေါ်လာမှာပဲ, အိုရတဲ့ဒုက္ခ ဆိုတာလည်း ပေါ်လာမယ်, နာရတဲ့ဒုက္ခ ဆိုတာလည်း ပေါ်လာမယ်, သေရတဲ့ဒုက္ခ ဆိုတာလည်း ပေါ်လာမယ်, သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသခေါ်တဲ့ ဒီဒုက္ခတွေလည်း ပေါ်မလာဘူးလား? ပေါ်လာလိမ့်မယ်။

ဒါကြောင့် ဝမ်းနည်းမှု မရှိခြင်း, ဝမ်းမြောက်မှု မရှိခြင်းဆိုတဲ့ ဒီသဘောတရားတွေကို ရရှိအောင် ကြိုးစားအားထုတ်ထားဖို့ မလိုဘူးလား? လိုအပ်တယ်။ ကဲ ... ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကြိုးစားရမလဲ? ကြိုးစားပုံ စနစ်ကတော့ အရိယာသူတော်ကောင်းတို့ ကျင့်သွားတဲ့ ထုံးဖြစ်ပါတယ်။ အရိယာသူတော်ကောင်းတို့ကတော့ ဒီလောကဓံ လေပြင်းမုန်တိုင်း တိုက်ခတ်လာတဲ့ အချိန်အခါမှာ ဘယ်လို ကျင့်သလဲ?

‘‘သုတဝတော စ ခေါ, ဘိက္ခဝေ, အရိယသာဝကဿ ဥပ္ပဇ္ဇတိ လာဘော။ သော ဣတိ ပဋိသဉ္စိက္ခတိ – ‘ဥပ္ပန္နော ခေါ မေ အယံ လာဘော၊ သော စ ခေါ အနိစ္စော ဒုက္ခော ဝိပရိဏာမဓမ္မော’တိ ယထာဘူတံ ပဇာနာတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သုတဝတော၊ အာဂါမသုတ၊ အဓိဂမသုတလို့ ခေါ်ဆိုအပ်သော အကြားအမြင် ဗဟုသုတ ရှိသော။ အရိယသာဝကဿ၊ အရိယာသာဝက ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝက၏သန္တာန်၌။ လာဘော၊ လာဘ်ရခြင်းဆိုတဲ့ သဘော-တရားသည်။ ဥပ္ပဇ္ဇတိ၊ ထင်ရှားဖြစ်ပေါ်၍ လာခဲ့လေပြီ။ သော၊ ထိုအရိယာ သူတော်ကောင်းသည်။ ဣတိ၊ ဤသို့။ ပဋိသဉ္စိက္ခတိ၊ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍ နေတတ်ပေ၏၊

လာဘ်လာဘတစ်ခု ရလာပြီ။ သင်္ကန်းလေး ရလာပြီ။ ဆွမ်းလေး ရလာပြီ။ ရွှေတွေ ငွေတွေ ရလာပြီ ဆိုကြစို့။ ရရှိလာတဲ့ ဒီလာဘ်လာဘသည် ခုနက ပြောခဲ့တဲ့အတိုင်း ဘာတွေလဲ? ဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့် ဖြစ်ပေါ်နေတဲ့ ဥတုဇရုပ်တရားတို့ရဲ့ အစုအပုံမျှသာ ဖြစ်တယ်။ အဲဒီ ဥတုဇရုပ်တရားတို့ရဲ့ အစုအပုံတွေကို ပရမတ္ထ ဉာဏ်ပညာမျက်စိ ရှိနေတဲ့ အရိယာသာဝကက ဉာဏ်ဖြင့် လှမ်းပြီး ပိုင်းခြားယူမယ်ဆို ယူလို့ရတယ်။ သိမ်းဆည်းလို့ရတယ်။ သိမ်းဆည်းရလိုက်တဲ့ အချိန်အခါမှာ ဒီရုပ်တရားတွေကို သူက ဘယ်လို ဆင်ခြင်သလဲ?

မေ၊ ငါ၏သန္တာန်၌။ အယံ လာဘော၊ ဤလာဘ်လာဘဆိုတဲ့ ရုပ်တရား အစုအပုံသည်။ ဥပ္ပန္နော ခေါ၊ ဖြစ်ပေါ်၍ လာခဲ့လေပြီ။ သော စ ခေါ၊ ထိုလာဘ်လာဘဟု ခေါ်ဆိုအပ်တဲ့ ရုပ်တရား အစုအပုံသည်လည်းပဲ။ အနိစ္စော၊ ဖြစ်ပြီးလျှင် ပျက်တတ်တဲ့ အနိစ္စတရားသာတည်း။ ဒုက္ခော၊ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားသာတည်း။ ဝိပရိဏာမဓမ္မော၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မ သဘောတရားသာတည်း။ ဣတိ၊ ဤသို့လျှင်။ Camp;သန္တာန်၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိရှိလေ၏၊

အရိယာသူတော်ကောင်းက ဒီလာဘ်လာဘလေး ရလာပြီဆိုရင် ဒီ-လာဘ်လာဘလို့ ခေါ်ဆိုအပ်တဲ့ ဥတုဇရုပ်တရား အစုအပုံကို ဉာဏ်နှင့် ပိုင်းခြားယူတယ်။ ပိုင်းခြားယူပြီးတဲ့အခါမှာ ဒီရုပ်တရားတွေသည် ဖြစ်ပြီးလျှင် ပျက်တတ်တဲ့ အနိစ္စတရားတွေပဲလို့ ရှုတယ်။ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားတွေပဲလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမရှိတဲ့, အတ္တမဟုတ်တဲ့ အနတ္တတရားတွေသည် ဖောက်ပြန်ပျက်စီးတတ်တဲ့ ဝိပရိဏာမဓမ္မ သဘောတရားတွေပဲလို့ ဒီလို ရှုတယ်။ ဟုတ်တိုင်းမှန်စွာ သိရှိတယ်။ အလားတူပဲ -

လာဘ်မရခြင်းဆိုတဲ့ သဘောတရား၊ အခြွေအရံ များပြားခြင်း, အခြွေအရံ နည်းပါးခြင်းဆိုတဲ့ သဘောတရား သို့မဟုတ် ဂုဏ်သတင်း ကျော်ကြားခြင်း, ဂုဏ်သတင်း မကျော်ကြားခြင်းဆိုတဲ့ သဘောတရား၊ ကဲ့ရဲ့ခြင်းဆိုတဲ့ သဘောတရား, ချီးမွမ်းခြင်းဆိုတဲ့ သဘောတရား၊ ချမ်းသာခြင်း သုခဆိုတဲ့ သဘောတရား, ဆင်းရဲခြင်း ဒုက္ခဆိုတဲ့ သဘောတရားတွေ ထင်ရှား ဖြစ်ပေါ်လာပြီ။ ဖြစ်ပေါ်လာတဲ့ အချိန်အခါမှာလည်း ဒီအရိယာသူတော်ကောင်းက ဘာလုပ်သလဲ?

ဒီဖြစ်ပေါ်လာတဲ့ လာဘ အလာဘ၊ ယသ အယသ၊ နိန္ဒာ ပသံသာ၊ သုခ ဒုက္ခခေါ်တဲ့ ဒီသဘောတရား ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေသည် ဖြစ်ပြီးရင် ပျက်သွားတဲ့ အနိစ္စတရားတွေသာ မှန်တယ်, ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားတွေသာ မှန်တယ်, မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားတွေသာ မှန်တယ်, ဖောက်ပြန်ပျက်စီးနေတဲ့ ဝိပရိဏာမဓမ္မ သဘောတရားတွေသာ မှန်တယ်လို့ ဒီသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့လည်း တွင်တွင်ကြီး ဝိပဿနာ ရှုတယ်။ ဝိပဿနာဉာဏ်ဖြင့် ဟုတ်တိုင်းမှန်စွာလည်း သိတယ်။ အဲဒီလို သိလိုက်တဲ့အတွက် ဒီအသိထူးဉာဏ်ထူး ရရှိတဲ့ အရိယာသူတော်ကောင်းရဲ့ သန္တာန်မှာ ဘယ်လို ဖြစ်လာသလဲ?

တဿ လာဘောပိ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ, အလာဘောပိ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ, ယသောပိ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ, အယသောပိ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ, နိန္ဒာပိ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ, ပသံသာပိ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ, သုခမ္ပိ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ, ဒုက္ခမ္ပိ စိတ္တံ န ပရိယာဒါယ တိဋ္ဌတိ။

လာဘောပိ၊ ရရှိလာတဲ့ လာဘ်ကလည်းဘဲ။ တဿ၊ ထိုအရိယာ-သူတော်ကောင်း၏။ စိတ္တံ၊ စိတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ န တိဋ္ဌတိ၊ မတည်နိုင်။ अလာဘောပိ၊ လာဘ်မရရှိခြင်း သဘောတရားကလည်းပဲ။ တဿ၊ ထိုအရိယာသူတော်ကောင်း၏။ စိတ္တံ၊ စိတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ န တိဋ္ဌတိ၊ မတည်နိုင်။

ယသောပိ၊ အခြွေအရံ ပရိသတ်ကလည်းပဲ။ တဿ၊ ထိုအရိယာ-သူတော်ကောင်း၏။ စိတ္တံ၊ စိတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ န တိဋ္ဌတိ၊ မတည်နိုင်။ အယသောပိ၊ အခြွေအရံ ပရိသတ် မရရှိခြင်းကလည်းဘဲ (ဝါ) အခြွေအရံ ပရိသတ် မရရှိခြင်းဆိုတဲ့ သဘောတရားကလည်းပဲ။ တဿ၊ ထိုအရိယာ-သူတော်ကောင်း၏။ စိတ္တံ၊ စိတ်ဓာတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ န တိဋ္ဌတိ၊ မတည်နိုင်။

နိန္ဒာပိ၊ ကဲ့ရဲ့ခြင်းဆိုတဲ့ ဒီသဘောတရားကလည်းပဲ။ တဿ၊ ထိုအရိယာသူတော်ကောင်း၏။ စိတ္တံ၊ စိတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ န တိဋ္ဌတိ၊ မတည်နိုင်။ ပသံသာပိ၊ ချီးမွမ်းခြင်းဆိုတဲ့ သဘောတရားကလည်းပဲ။ တဿ၊ ထိုအရိယာ-သူတော်ကောင်း၏။ စိတ္တံ၊ စိတ်ဓာတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ န တိဋ္ဌတိ၊ မတည်နိုင်။

သုခမ္ပိ၊ ချမ်းသာခြင်း သုခဆိုတဲ့ သဘောတရားကလည်းပဲ။ တဿ၊ ထိုအရိယာသူတော်ကောင်း၏။ စိတ္တံ၊ စိတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ န တိဋ္ဌတိ၊ မတည်နိုင်။ ဒုက္ခမ္ပိ၊ ဆင်းရဲခြင်းဒုက္ခဆိုတဲ့ သဘောတရားကလည်းပဲ။ တဿ၊ ထိုအရိယာ-သူတော်ကောင်း၏။ စိတ္တံ၊ စိတ်ကို။ ပရိယာဒါယ၊ သိမ်းကျုံးယူငင်၍။ န တိဋ္ဌတိ၊ မတည်နိုင်။

လာဘ = လာဘ်ရခြင်း။ အလာဘ= လာဘ်မရခြင်း။ ယသ = အခြွေအရံ ပရိသတ် များပြားခြင်း, နာမည်သတင်း ကြီးခြင်း။ အယသ = အခြွေအရံ ပရိသတ် နည်းပါးခြင်း, ဂုဏ်သတင်း မကျော်စောခြင်း။ နိန္ဒ = ကဲ့ရဲ့ခြင်း။ ပသံသ = ချီးမွမ်းခြင်း။ သုခ = ချမ်းသာခြင်း။ ဒုက္ခ = ဆင်းရဲခြင်းဆိုတဲ့ ဒီလောကဓံတရား ၈-မျိုးလုံးက ဒီလောကဓမ္မခေါ်တဲ့ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်တဲ့ ထိုအရိယာသူတော်ကောင်းရဲ့ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး တည်ဖို့ရန် ဘယ်လိုမှ မစွမ်းနိုင်ဘူး။

လောကဓံတရားတွေက စိတ်ဓာတ်ကို ဆွဲဆောင်ပြီး ထားတာထက် လောကဓံတရားတွေရဲ့ ဆွဲဆောင်ချက်ကို မခံရတာ ဘယ်ဒင်းက ပိုပြီး ချမ်းသာမလဲ? လောကဓံတရားတွေရဲ့ ဆွဲဆောင်ချက်ကို မခံရတဲ့ စိတ်ဓာတ်က ပိုပြီးတော့ ချမ်းသာတယ်လို့ ဒီလို ဘုရားရှင်က မြင်တယ်။ ဒါဖြင့် လောကဓံတရားတွေရဲ့ ဆွဲဆောင်ချက်တဲ့ ဒဏ်ချက်တွေကို မခံချင်ဘူးဆိုရင် ဘာလုပ်ရမလဲ? ဒီလောကဓမ္မ အမည်ရနေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့လည်း တွင်တွင်ကြီး ဝိပဿနာ ရှုတတ်ဖို့ မလိုဘူးလား? လိုအပ်နေတယ်။ ဒါဟာ ဘုရားရှင်ရဲ့ ပညာပေး နည်းစနစ်ပါပဲ။

လောကဓံတရားတွေနဲ့ မိမိတို့ ဘယ်လို ခွဲခွာရမယ် ဆိုတဲ့ ခွဲခွာပုံ နည်းစနစ်ကို ဘုရားရှင်က သင်ပေးနေတာ။ ဘယ့်,နှယ်တုန်း ဒကာကြီးတွေ ခွဲချင်သလား, မခွဲချင်ဘူးလား? ဟင် အသံက နှစ်မျိုး ထွက်နေတယ်နော်။ ခွဲချင်တဲ့ ပုဂ္ဂိုလ်လည်း ရှိချင် ရှိမယ်, မခွဲချင်တဲ့ ပုဂ္ဂိုလ်လည်း ရှိချင် ရှိမယ်။ ခွဲချင်ရင် ဘာလုပ်ရမလဲ? လောကဓမ္မ အမည်ရနေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတွေကို ခွဲချင်တဲ့ အဆင့်ရောက်သည့်တိုင်အောင် အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ ဒါ ဘုရားရှင်ရဲ့ ပညာပေးစနစ်ပဲ။ ကဲ နောက်တစ်ခု -

သော ဥပ္ပန္နံ လာဘံ နာနုရုဇ္ဈတိ, အလာဘေ နပ္ပဋိဝိရုဇ္ဈတိ၊

သော၊ ထိုအရိယာသူတော်ကောင်းသည်။ လာဘံ၊ လာဘ်ရခြင်းဆိုတဲ့ သဘောတရားသည်။ ဥပ္ပန္နံ၊ ထင်ရှားဖြစ်ပေါ်လာခဲ့သည်ရှိသော်။ နာနုရုဇ္ဈတိ၊ ဝမ်းမြောက်မှုလည်း မရှိပေ။ အလာဘေ၊ လာဘ်မရခြင်းဆိုတဲ့ သဘောတရားသည်။ ဥပ္ပန္နံ၊ ထင်ရှားဖြစ်ပေါ်လာခဲ့သည်ရှိသော်။ နပ္ပဋိဝိရုဇ္ဈတိ၊ ဝမ်းနည်းကြေကွဲမှုလည်း မဖြစ်ပေ။

ဘာဖြစ်လို့လဲ? လာဘ်လာဘလို့ ခေါ်ဆိုအပ်တဲ့ ဒီရုပ်တရားတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းတယ်။ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ဒီရုပ်တရားတွေရဲ့ ဖြစ်ပြီး ပျက်နေတာကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ ရှုတယ်။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်-ပြီးတော့ ဒုက္ခလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တ မဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီးတော့ အနတ္တလို့ ရှုတယ်။ ဖောက်ပြန်ပျက်စီးနေတဲ့ ဝိပရိဏာမသဘောတရားတွေကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပြီးတော့ ဝိပရိဏာမဓမ္မလို့ ရှုတယ်။

အဲဒီလို ရှုနေတဲ့ အချိန်ခါမှာ ဒီရုပ်တရားတွေ လာဘလို့ ခေါ်ဆိုအပ်တဲ့ ဒီရုပ်တရား။ အလာဘလို့ ခေါ်ဆိုအပ်တဲ့ အဲဒီရုပ်တရားတွေက ဖြစ်ပြီးတာနဲ့ ပျက်တယ်။ တစ်စက္ကန့်လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလလေးကို ကုဋေငါးထောင်ကျော်ခန့်လောက် ပုံခဲ့မယ်ဆိုရင် တစ်ပုံလောက်သာ သက်တမ်းရှိတယ်။ အဲဒီလောက်အထိ လျင်လျင်မြန်မြန် ဖြစ်ပေါ်နေတဲ့ ပရမတ္ထ ဓမ္မသဘာဝတွေကို သမ္မာဒိဋ္ဌိဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ်ပညာ မျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနေတဲ့ ဒီအရိယာ-သူတော်ကောင်းရဲ့သန္တာန်မှာ ထိုအချိန်ခါ၌ “အမလေး ဒါလေးကတော့ သိပ်ကောင်းတာပဲ, ဒါလေးက သိပ်လှတာပဲ” စသည်ဖြင့် ဒီလို နှစ်သက်မြတ်နိုးမှု စိတ်ဓာတ်တွေ ဖြစ်နိုင်တဲ့ အချိန်တောင် ရှိသေးလား? မရှိဘူး။

ဒီလိုဆိုရင် ဒကာကြီးတွေ အဲဒီအချိန်အခါမှာ သက်သာရာတွေ အများကြီး မရနိုင်ဘူးလား? ရနိုင်ပါတယ်။ ဒါ ဘုရားရှင်ရဲ့ ပညာပေး နည်းစနစ်ကလေးတွေပဲနော်။ ဘာဖြစ်လို့ ဒီအရိယာသူတော်ကောင်းတို့ရဲ့သန္တာန်မှာ ဒီလာဘ အလာဘဆိုတဲ့ ဒီသဘောတရားတွေ အပေါ်၌ နှစ်သက်မှု မဖြစ်ရသလဲ? ဝမ်းမြောက်မှု မဖြစ်သလဲ, ဝမ်းနည်းမှု မဖြစ်သလဲဆိုရင် ဒီလာဘ အလာဘလို့ ခေါ်ဆိုအပ်တဲ့ ပရမတ္ထ ရုပ်တရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိနေတဲ့အတွက် ဒီသိနေတဲ့ အသိဉာဏ်က ဝမ်းမြောက်မှု သဘောတရားတွေ ဖြစ်ပေါ်မလာအောင်, ဝမ်းနည်းမှု သဘောတရားတွေ ဖြစ်ပေါ်မလာအောင် ပညာပေးစနစ်နဲ့ သူက ပညာပေးနေပြီနော်။ နောက်တစ်ခု -

ဥပ္ပန္နံ ယသံ နာနုရုဇ္ဈတိ, အယသေ နပ္ပဋိဝိရုဇ္ဈတိ၊

ယသံ၊ အခြွေအရံ ပရိသတ်သည်။ ဥပ္ပန္နံ၊ ထင်ရှားဖြစ်ပေါ်လာခဲ့သည်ရှိသော်။ နာနုရုဇ္ဈတိ၊ ဝမ်းမြောက်မှုလည်း မဖြစ်ပေ။ အယသေ၊ အခြွေအရံ ပရိသတ် မရှိခြင်းဆိုတဲ့ သဘောတရားသည်။ ဥပ္ပန္နံ၊ ထင်ရှား ဖြစ်ပေါ်လာခဲ့သည်ရှိသော်။ နပ္ပဋိဝိရုဇ္ဈတိ၊ ဝမ်းနည်းကြေကွဲမှုလည်း မဖြစ်ပေ။

အခြွေအရံ ပရိသတ်ဆိုတဲ့ သဘောတရားတွေ မိမိမှာ ထင်ရှား ဖြစ်ပေါ်လာလို့လည်း မိမိမှာ ဝမ်းမြောက်မှု မဖြစ်ဘူး။ အခြွေအရံ ပရိသတ် မရှိခြင်းဆိုတဲ့ သဘောတရားတွေ ထင်ရှားဖြစ်ပေါ်လာလို့လည်း ဝမ်းနည်းမှု မဖြစ်ဘူး။ တနည်း နာမည်ဂုဏ်သတင်းတွေ ကျော်ကြားလို့လည်း ဝမ်းမြောက်မှု မဖြစ်ဘူး။ ဂုဏ်သတင်းတွေ မကျော်ကြားလို့လည်း ဝမ်းနည်းမှု မဖြစ်ဘူး။ နောက်တစ်ခု -

ဥပ္ပန္နံ ပသံသံ နာနုရုဇ္ဈတိ, နိန္ဒာယ နပ္ပဋိဝိရုဇ္ဈတိ၊

ပသံသံ၊ ချီးမွမ်းခြင်းဆိုတဲ့ သဘောတရားသည်။ ဥပ္ပန္နံ၊ ထင်ရှား ဖြစ်ပေါ်လာခဲ့သည်ရှိသော်။ နာနုရုဇ္ဈတိ၊ ဝမ်းမြောက်မှုလည်း မဖြစ်ပေ။ နိန္ဒာယ၊ ကဲ့ရဲ့ခြင်းဆိုတဲ့ သဘောတရားသည်။ ဥပ္ပန္နံ၊ ထင်ရှား ဖြစ်ပေါ်လာခဲ့သည်ရှိသော်။ နပ္ပဋိဝိရုဇ္ဈတိ၊ ဝမ်းနည်းကြေကွဲမှုလည်း မဖြစ်ပေ။

အချီးမွမ်း ခံရလို့လည်း စိတ်ထဲမှာ ဝမ်းမြောက်မှု မဖြစ်ဘူး။ အကဲ့ရဲ့ ခံရလို့လည်း စိတ်ထဲမှာ ဆန့်ကျင်မှု ဝမ်းနည်းကြေကွဲမှုလည်း မဖြစ်ဘူး။ ဘယ့်,နှယ်တုန်း မကောင်းဘူးလား? သက်သာရာ မရဘူးလား? ရနေတယ်။ အင်မတန် သက်သာရာ ရနေတယ်။ ဒါကြောင့် သာသနာတော်မှာ မှီတင်း နေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ နေတတ်မယ်ဆိုရင် အင်မတန် သက်သာရာ မရဘူးလား? ရနိုင်ပါတယ်။

ဥပ္ပန္နံ သုခံ နာနုရုဇ္ဈတိ, ဒုက္ခေ နပ္ပဋိဝိရုဇ္ဈတိ။

ဥပ္ပန္နံ သုခံ၊ သုခဝေဒနာတရားသည်။ ဥပ္ပန္နံ၊ ထင်ရှား ဖြစ်ပေါ်လာခဲ့သည်ရှိသော်။ နာနုရုဇ္ဈတိ၊ ဝမ်းမြောက်မှုလည်း မဖြစ်ပေ။ ဒုက္ခေ၊ ဆင်းရဲဒုက္ခသည်။ ဥပ္ပန္နံ၊ ထင်ရှား ဖြစ်ပေါ်လာခဲ့သည်ရှိသော်။ နပ္ပဋိဝိရုဇ္ဈတိ၊ ဝမ်းနည်းကြေကွဲမှုလည်း မဖြစ်ပေ။

တစ်ချိန်တုန်းက ဘုန်းကြီး တောထဲနေတော့ သီတင်းသုံးဖော် ရဟန်းတော်တစ်ပါးက သူနဲ့ နီးစပ်နေတဲ့ ဥပါသိကာ ဒါယိကာမကြီးတစ်ဦးရဲ့ အကြောင်းကို ပြောဖူးတယ်။ ဒကာမကြီးတစ်ဦးက ရိပ်သာတစ်ခုမှာ စနစ်တကျ တရားတွေ အားထုတ်နေတာ နှစ်ပေါင်းလည်း တော်တော်ကြာသွားပြီ။ တရားရည်ကလည်း တော်တော်လေး ဝသွားပြီ။ ဝသွားတဲ့ အချိန်ခါ တစ်နေ့ ပြဿနာပေါ်ပြီ။ သားလုပ်တဲ့ပုဂ္ဂိုလ်က ရုံပိုင် ဖြစ်ပါတယ်။ ဘူတာငယ်တစ်ခုမှာ ရုံပိုင်ဖြစ်တော့ အကြောင်းကိစ္နခုနဲ့ တခြားဘူတာတစ်ခုကို အသွား လမ်းခုလတ် တစ်နေရာမှာ ရထားလုံးလေးနဲ့ သူက သွားလိုက်တော့ ဟိုဘက်က မီးရထားကြီးက လမ်းမှာဆုံပြီး တိုက်လိုက်တာ ပွဲချင်းပြီး သေသွားတယ်။ သေသွားတဲ့ အချိန်ခါကျတော့ မိခင်ဖြစ်တဲ့ ခုနက ရိပ်သာမှာရှိနေတဲ့ မိခင်ပုဂ္ဂိုလ်ကို မပြောလို့ကလည်း မဖြစ်ပြန်ဘူး။ မဖြစ်တော့ နည်းနည်းလေး လိမ္မာနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဘာလုပ်နေသလဲ? ရိပ်သာကို သွား-လိုက်တယ်။

“အဒေါ် ... တရားတွေ အားထုတ်လို့မှ ကောင်းရဲ့လား?”

“အာ ... သိပ်ကောင်းတာပဲ”

“ခုနေများ လောကဓံနဲ့တွေ့လိုက်ရင် ဘယ့်,နှယ်နေမလဲ?”

“အာ ... စိတ်ထဲမှာ ဘယ်တော့မှ တုန်လှုပ်မှု မရှိတော့ဘူး” ဟန်ကျပြီ အဖြေကတော့နော်။

“လောကဓံ တွေ့လိုက်ရင်တော့ ဘယ်တော့မှ မတုန်လှုပ်ဘူး ခံနိုင်ရည်များ တော်တော် ရှိနေပြီလား?”

“အာ ...ခံနိုင်ရည်ကတော့ ရှိနေပါတယ်”

“ဒီလိုဆိုလို့ရှိရင်တော့လေ ညကတုန်းက သားဖြစ်တဲ့ ပုဂ္ဂိုလ်လေ ... အဲဒါ ဘူတာနှစ်ခု အကြားမှာ ရထားခြင်း တိုက်မိတယ်လို့ ပြောတယ်။ ဆေးရုံ ခုရောက်နေတယ်ပြောတယ်” ဆိုတော့ မျက်နှာတွေ တော်တော်ပျက်ကုန်ပြီ။ ပျက်တဲ့ အခါကျတော့ အဲဒါ ဆေးရုံခေါ်သွား။ ခေါ်သွားလိုက်တဲ့ အချိန်ခါကျတော့ ဆေးရုံလည်းရောက်ကော ဆရာမက အဲဒီ သေတိုက်ကို လက်ညှိုး ထိုးပြလိုက်တယ်။ အဲဒီမှာ ပက်လက်လန် မေ့လဲသွားတာပဲ။ ဟုတ်တယ်မလား? ဒီတော့ ဒီသုခဒုက္ခတွေ ဖြစ်ပေါ်လာပြီဆိုရင် ခံနိုင်ရည်စွမ်းအင် ရှိတာနဲ့ ခံနိုင်ရည်စွမ်းအင် မရှိတာ ဘယ်ဒင်းက မိမိအတွက် ချမ်းသာသုခဖြစ်မလဲ? ခံနိုင်ရည် စွမ်းအင်ရှိတာ။ အဲဒီ ခံနိုင်ရည် စွမ်းအင်ရှိအောင် ဘာလုပ်ရမလဲ?

ဒီအာရုံလို့ ခေါ်ဆိုအပ်တဲ့ လာဘ အလာဘ၊ ယသ အယာသ၊ နိန္ဒ ပသံသ၊ သုခ ဒုက္ခလို့ ခေါ်ဆိုအပ်တဲ့ ဒီလောကဓံတရား လောကဓမ္မလို့ ခေါ်ဆိုအပ်တဲ့ ရုပ်တရားတွေလည်း ရှိတယ်။ ရုပ်နာမ် နှစ်ခုရောနေတာလည်း ရှိတယ်။ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို မိမိက ပရမတ္ထသို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းထားတတ်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ အဲဒီလို ပြဿနာတစ်ခု ဗြုန်းကနဲ ပေါ်လာပြီ ဆိုလို့ရှိရင် ဘာလုပ်ရမလဲ? ဒီရုပ်နာမ်ဓမ္မ သင်္ခါရ ပရမတ္ထတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ ထိုအချိန်ခါမှာ မိမိအတွက် ရာဂ မကင်းသေးတဲ့ပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်ပါစေ၊ ဒေါသ မကင်းသေးတဲ့ပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်ပါစေ ထိုအချိန်အခါမှာ သက်သာရာ အနည်းငယ်တော့ မရနိုင်ဘူးလား? ရနိုင်တယ်နော်။ ဒါကြောင့်

သော ဧဝံ အနုရောဓဝိရောဓဝိပ္ပဟီနော ပရိမုစ္စတိ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဥပါယာသေဟိ။ ‘ပရိမုစ္စတိ ဒုက္ခသ္မာ’တိ ဝဒါမိ။

သော၊ ထိုအရိယာသူတော်ကောင်းသည်။ ဧဝံ၊ ဤသို့လျှင်။ အနုရောဓဝိရောဓဝိပ္ပဟီနော၊ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်းဆိုတဲ့ ဒီသဘောတရား နှစ်မျိုးကို ပယ်ရှား၍ ထားခြင်းတည်းဟူသော အကြောင်းကြောင့်။ ဇာတိယာ၊ ပဋိသန္ဓေနေရခြင်း ဇာတိတရားမှ။ ဇရာယ၊ အိုခြင်း ဇရာတရားမှလည်း။ မရဏေန၊ သေကျေပျက်စီးရခြင်း မရဏတရားမှ။ သောကေဟိ၊ စိုးရိမ် ပူဆွေးရခြင်း သောကတရားတို့မှ။ ပရိဒေဝေဟိ၊ งိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရားတို့မှ။ ดုက္ခေဟိ၊ ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရားတို့မှ။ ဒေါမနဿေဟိ၊ စိတ်ဆင်းရဲရခြင်း ဒေါမနဿတရားတို့မှ။ ဥပါယာသေဟိ၊ ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားတို့မှ။ ดုက္ခသ္မာ၊ သံသရာ ဝဋ်ဆင်းရဲဒုက္ခ အဝဝမှ။ ပရိမုစ္စတိ၊ လွန်မြောက်နိုင်၏ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။

ဒီလို လောကဓံတွေနဲ့ တွေ့လိုက်တဲ့ အချိန်ခါတွေမှာ ဒီလောကဓမ္မ အမည်ရနေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်တဲ့ အရိယာ သူတော်ကောင်းတို့အဖို့ ဒီလောကဓံတရားတွေကို အကြောင်းခံ၍ ဝမ်းမြောက်မှု, ဝမ်းနည်းမှု မရှိတော့ဘူး။ ဝမ်းမြောက်မှု, ဝမ်းနည်းမှု ဆိုတဲ့ ဒီသဘောတရားကို ပယ်ရှားပြီး ဖြစ်တယ်။ ဘယ်အချိန်အခါမှာ အပြီးတိုင် ပယ်သတ်နိုင်သလဲ? မိမိတို့က ကံအားလျော်စွာ အရဟတ္တမဂ် အရဟတ္တဖိုလ် ရပြီဆိုရင်တော့ ဒီလောကဓံတရားတွေကြောင့် ဖြစ်ပေါ်လာမဲ့ ဝမ်းမြောက်မှု, ဝမ်းနည်းမှုတွေကို အပြီးတိုင် ပယ်နိုင်တဲ့အဆင့် ရောက်ပြီ။

အဲဒီလို အပြီးတိုင်အောင်ပေါ့ လောကဓံကြောင့် ဖြစ်ပေါ်လာမဲ့ ဝမ်းမြောက်မှု, ဝမ်းနည်းမှု ဆိုတဲ့ သဘောတရားတွေကို ပယ်ရှားနိုင်ပြီ ဆိုရင် ထိုကဲ့သို့ အပြီးတိုင် ပယ်ရှားနိုင်တဲ့ သူတော်ကောင်းသည် ပဋိသန္ဓေနေတဲ့ ဘေးဆိုးကြီးမှ လွတ်ပြီ, အိုဘေးဆိုးကြီးမှ လွတ်ပြီ, နာဘေးဆိုးကြီးမှ လွတ်ပြီ, သေဘေးဆိုးကြီးမှ လွတ်ပြီ, သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ ခေါ်တဲ့ ဘေးဆိုးကြီးတွေမှ ကွင်းလုံးကျွတ် မလွတ်ဘူးလား? လွတ်သွားပြီ။ သံသရာ ဝဋ်ဆင်းရဲမှ ကွင်းလုံးကျွတ် လွတ်ပြီလို့ ငါဘုရား ဟောပါတယ်။ ဒါကြောင့် သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်ချင် လွတ်ချင်နေတဲ့ သူတော်ကောင်းမှန်ခဲ့ရင် ဒီလောကဓမ္မ အမည်ရနေတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်-တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါကြောင့် -

အယံ ခေါ, ဘိက္ခဝေ, ဝိသေသော အယံ အဓိပ္ပယာသော ဣဒံ နာနာကရဏံ သုတဝတော အရိယသာဝကဿ အဿုတဝတာ ပုထုဇ္ဇနေန။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အယံ ခေါ၊ ဤသည်ကား။ သုတဝတော အရိယသာဝကဿ၊ အကြားအမြင် ဗဟုသုတ ရှိတော်မူသော အရိယာသာဝက၏။ အဿုတဝတာ ပုထုဇ္ဇနေန၊ အကြားအမြင် ဗဟုသုတ မရှိသော ပရမတ္ထ ဉာဏ်ပညာမျက်စိ ကန်း၍နေသော ပုထုဇန် ငမိုက်သားနှင့်။ ဝိသေသော၊ ထူးခြားချက်ပါတည်း။ အယံ၊ ဤသည်ကား။ အဓိပ္ပယာသော၊ အားထုတ်မှု လွန်ကဲမှုပါတည်း။ ဣဒံ၊ ဤသည်ကား။ နာနာကရဏံ၊ ထူးထွေကွဲပြားမှုကို ပြုလုပ်ကြောင်းပါပေတည်း။

ပုထုဇန်နဲ့ အရိယာသူတော်ကောင်းတို့ဟာ ဘယ်လို ကွာခြားတယ် ဆိုတာကို မြတ်စွာဘုရားက ဟောတယ်။ ဒီတော့ အကယ်၍များ ပုထုဇန် သူတော်ကောင်းကလည်း အရိယမဂ်ကို မရသေးဘူးဘဲထား။ ကလျာဏ ပုထုဇန်အဖြစ် ကူးပြောင်းသွားလို့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်-တင်ပြီးတော့ ဝိပဿနာ ရှုနိုင်တဲ့အဆင့် ရောက်ခဲ့ရင် အတော်အသင့် ခံသာရာ မရနိုင်ဘူးလား? ရနိုင်တယ်။ ဒါကြောင့် ဖုဋ္ဌဿ လောကဓမ္မေဟိ = လောကဓံတရားတွေနဲ့ တွေ့လိုက်တဲ့ အချိန်အခါမှာ စိတ်ဓာတ်သည် နည်းနည်းလေးမှ တုန်လှုပ်ချောက်ချားမှု မရှိရဘူး။ ဒီလို မရှိခြင်းကို ဘုရားရှင်က မင်္ဂလာလို့ ခေါ်တယ်။ လုံးလုံး တုန်လှုပ်ချောက်ချားမှု မရှိသလဲ? ဘယ်ပုဂ္ဂိုလ်က လုံးလုံး တုန်လှုပ်ချောက်ချားမှု မရှိသလဲ? ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ပဲ။

ဒီလိုဆိုရင် ဒီရဟန္တာအရှင်မြတ်တွေရဲ့ စိတ်ဓာတ် လောကဓံတွေကြောင့် တုန်လှုပ်ချောက်ချားမှု မရှိတာကို ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ကို မင်္ဂလာရှိတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ သို့သော် ဒီနေရာမှာ နောက်ထပ် သုတ္တန်လေးတစ်ခု ဘုန်းကြီး ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဒီလောကဓံဆိုတာက များသောအားဖြင့်ပေါ့လေ အရိယာသူတော်ကောင်းတို့ရဲ့ သန္တာန်မှာလည်း လောကဓံလေပြင်း မုန်တိုင်းကတော့ ဝင်တိုက်တာပဲ။ ပုထုဇန် ငမိုက်သားတွေရဲ့သန္တာန်မှာလည်း ဒီလောကဓံလေပြင်း မုန်တိုင်း ဆိုတာကတော့ ဝင်တိုက်တာပဲ။ အဲဒီလို တိုက်လိုက်တဲ့ အချိန်ခါမှာ မိမိတို့ဘက်က ခံနိုင်ရည်စွမ်းအင်လေးတွေ ရှိအောင် ကြိုတင်ပြင်ဆင်မှု ဆိုတာကတော့ ပြုလုပ်သင့်ပါတယ်နော်။

ဒီတော့ ဒီနေရာမှာ တစ်ချိန်ပေါ့လေ သာဝတ္ထိနေပြည်တော်မှာ နေတဲ့ ဥပသကာ တစ်ဦး ရှိပါတယ်။ အတုလ ဥပသကာလို့ ခေါ်တယ်။ ဒီဥပသကာက သူ့ရဲ့ ဥပသကာ ပရိတ်သတ် အခြံအရံ ငါးရာလည်း ရှိပါတယ်။ ဒီတော့ အခြွေအရံ ဒီလောက် များနေတဲ့ပုဂ္ဂိုလ်ဟာ များသောအားဖြင့်ပေါ့လေ နှိပ်ချတဲ့ စိတ်ထား တချို့မှာတော့ ရှိတယ်။ တချို့ကျတော့ ဒီလောက်တောင် ပရိသတ်များလာပြီဆိုရင် နောက်က ဝိုင်းမြှောက်ပေးလိုက်တဲ့အတွက် မြောက်ကြွ မြောက်ကြွ ဖြစ်နေတာလည်း မရှိဘူးလား? ရှိပါလိမ့်မယ်။

အဲဒီတော့ ဒီဥပသကာ ဒါယကာက တစ်နေ့ ကျောင်းသွားတယ်။ ကျောင်းသွားလိုက်တဲ့ အချိန်ခါကျတော့ ဒီအခြွေအရံ ပရိသတ်ငါးရာကိုပါ အပြီး တခါတည်းအပြီး ကျောင်းခေါ်သွားတယ်။ ခေါ်ဆောင်သွားတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသွားပြီး တို့ တရားသွားနာမယ်ဆိုပြီး ဒီလို ရည်ရွယ်ချက်နဲ့ သူက ခေါ်သွားတယ်။ ခေါ်သွားလိုက်တဲ့ အချိန်ခါကျတော့ သူက ဘယ်ကို ရှေးဦးစွာ သွားလဲဆိုတော့ အရှင်ရေဝတဆီကို အရင် သွားလိုက်ပါတယ်။ အရှင်ရေဝတ မထေရ်ဆိုတာကတော့ အရှင်သာရိပုတ္တရာရဲ့ ညီတော်တစ်ပါး ဖြစ်ပါတယ်။ ရဟန္တာမထေရ်တစ်ပါး ဖြစ်ပါတယ်။ အဲဒီ ရှင်ရေဝတထံ သွားပြီးတော့ တရားနာလိုတယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ရှင်ရေဝတကို ရှိခိုးပြီးတော့ ထိုင်နေကြတယ်။ ထိုင်လိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်လာလဲ?

သော ပနာယသ္မာ ပဋိသလ္လာနာရာမော သီဟော ဝိယ ဧကစာရော၊

သော ပန အယသ္မာ၊ ထိုအရှင်ရေဝတမထေရ်မြတ်သည်ကား။ ပဋိသလ္လာနာရာမော၊ သမာပတ်ဝင်စားခြင်း၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူ၏။ သီဟော ဝိယ၊ ခြင်္သေ့မင်းကဲ့သို့။ ဧကစာရော၊ တစ်ယောက်ထီးတည်းသာ ကျင့်လေ့ရှိ၏။

အရှင်ရေဝတမထေရ်ရဲ့ ဒါ ဝါသနာဓာတ်ငွေ့ပါ။ သူက ဈာနသမာပတ်, ဖလသမာပတ်ခေါ်တဲ့ သမာပတ်တွေကို ဝင်စားခြင်းဆိုတဲ့ လုပ်ငန်းရပ်မှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီလို သမာပတ်-တွေမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ ပုဂ္ဂိုလ်က အပေါင်းအဖော်နဲ့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်လို့ ရမလား? မရဘူး။ ဒါကြောင့် သူက ခြင်္သေ့မင်းကဲ့သို့ တစ်ပါးတည်း သူက နေထိုင်လေ့ရှိတယ်။ ရှိတော့ ဘာဖြစ်လဲ?

တသ္မာ တေန သဒ္ဓိံ န ကိဉ္စိ ကထေသိ။

တသ္မာ၊ ထို့ကြောင့်။ တေန၊ ထိုအတုလ ဥပသကာနှင့်။ သဒ္ဓိံ၊ အတူတကွ။ ကိဉ္စိ၊ တစ်စုံတစ်ခုသော စကားကို။ န ကထေသိ၊ မပြောမိပေ။

သူက သမာပတ်ဝင်စားပြီး အေးအေးဆေးဆေးပဲ နေချင်တဲ့ ဆန္ဒရှိတော့ ဒီအတုလ ဥပသကာနှင့် ဥပသကာ ငါးရာတို့ လာတဲ့အခါ သူက စကားတစ်ခွန်းမှ မပြောဘူး။ ဘယ့်,နှယ်တုန်း ဒကာကြီးတွေ အဲဒီလို စကားတစ်ခွန်းမှ မပြောတဲ့ ဘုန်းကြီး တွေ့လို့ရှိရင် ကျေနပ်မလား, မကျေနပ်ဘူးလား? ဟင် ဘယ်သူလဲ? ကျေနပ်တာ ဘုန်းကြီးကတော့ အဲဒါ သဘောကျနေလို့ပါ။ ဟို နည်းနည်း အသိဉာဏ် ရှိနေဖို့ လိုတယ်။ တစ်ချို့ကလည်း ဒီနေရာမှာ တို့သွားပြီး လေတွေ ပေါနေလို့ မဖြစ်ဘူးဆိုတာ နည်းနည်း သဘော မပေါက်ကြဘူးနော်။ ဘုန်းကြီးကလည်း ဟေ့ဒကာ မင်း အလိုက်သိကွာ။ သွား ပြန်တော့။ ဒီလို ပြောလို့ကလည်း တစ်ဦးနဲ့တစ်ဦး မကောင်းကြဘူးနော်။ ယဉ်ကျေးမှုဆိုတာ မရှိသင့်ဘူးလား? ရှိသင့်ပါတယ်။ အဲဒါကို သဘော မပေါက်ဘူး။ လေတွေ ပေါနေလိုက်တာ မပြီးတော့ဘူး။ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေတယ်။

အဲဒီတော့ ဒီနေရာမှာ အရှင်ရေဝတမထေရ်ကတော့ ဒါ ဘာမှ မစဉ်းစားဘူး။ ဘာဖြစ်လို့လဲ? သူက လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်ချောက်ချားမှု မရှိတဲ့ စိတ်ဓာတ်ပိုင်ရှင် သူတော်ကောင်းတစ်ဦး ဖြစ်နေပြီ။ ရဟန္တာအဆင့်ရောက်နေပြီ။ ဒီဒကာတွေ ဘယ်လိုပဲ ကဲ့ရဲ့ ကဲ့ရဲ့ စိတ်ထဲမှာ တုန်လှုပ်မှု မရှိဘူး။ မရှိတော့ သူလည်း စကားလည်း တစ်ခွန်းမှ မပြောလိုက်ဘူး။ မပြောလိုက်တဲ့ အချိန်ခါကျတော့ ဒီဒကာကြီးက ဘာဖြစ်သလဲ?

သော ‘‘အယံ ထေရော န ကိဉ္စိ ကထေသီ’’တိ ကုဒ္ဓေါ ဥဋ္ဌာယ သာရိပုတ္တတ္ထေရဿ သန္တိကံ ဂန္တွာ ဧကမန္တံ ဌိတော ထေရေန ‘‘ကေနတ္ထေန အာဂတထာ’’တိ ဝုတ္တေ

သော၊ ထိုဥပါသကာ ဒါယကာသည်။ ထေရော၊ ဤ အရှင်ရေဝတ-မထေရ်သည်ကား။ ကိဉ္စိ၊ တစ်စုံတစ်ခုသော တရားစကားကိုမျှ။ န ကထေသီတိ၊ ဟောကြားတော်မူပေ။ ဣတိ၊ ဤသို့။ ကုဒ္ဓေါ၊ အမျက်ဒေါသ ချောင်းချောင်းထသည်ဖြစ်၍။

ဒေါသ သိပ်ထွက်သွားတယ်။ ခန့်မှန်းကြည့်ရတာ သူက နည်းနည်း ဂုဏ်ရှိတဲ့ပုဂ္ဂိုလ် ထင်ပါတယ်။ ဂုဏ်ကလည်း ရှိတယ်။ အခြွေအရံ ပရိသတ်တွေကလည်း ပေါများတော့ သူ့လို ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ အခြွေအရံ ပရိသတ်များနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဘာဖြစ်လို့ အဖက်လုပ်ပြီး စကား မပြောရကောင်းလားဆိုပြီး စိတ်ထဲ တော်တော်လေး ဒေါသ ဖြစ်သွားတယ်။ ဒေါသဖြစ်ပြီးတော့ နေရာက ဇာတ်ကနဲ ထလိုက်တယ်။ သူလည်း မကျေနပ်ချက်တွေ တစ်ပုံကြီးနဲ့ ထလိုက်တယ်။ ထပြီးတော့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးစီ သွားတယ်။ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးထံ သွားပြီး သင့်တင့်လျောက်ပတ်တဲ့နေရာမှာ ရပ်တည်ပြီး ရှင်သာရိပုတ္တရာ မထေရ်နှင့် စကားပြောကြတယ်။ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက မေးတယ်။ ဘယ်လို အကြောင်းကိစ္စနှင့် လာသလဲ မေးကြည့်လိုက်တဲ့ အချိန်ခါကျတော့

‘‘အဟံ, ဘန္တေ, ဣမေ ဥပါသကေ အာဒါယ ဓမ္မဿဝနတ္ထာယ ရေဝတတ္ထေရံ ဥပသင်္ကမိံ

ဘန္တေ၊ အရှင်မြတ်ဘုရား ...။ အဟံ၊ ဘုရားတပည့်တော်သည်။ ဣမေ ဥပါသကေ၊ ဤဥပါသကာ ဒါယကာတို့ကို။ အာဒါယ၊ ခေါ်ဆောင်၍။ ဓမ္မဿဝနတ္ထာယ၊ တရားနာရန် အလို့ငှာ။ ရေဝတတ္ထေရံ၊ အရှင်ရေဝတမထေရ်ရဲ့ထံသို့။ ဥပသင်္ကမိံ၊ ချဉ်းကပ်ခဲ့ပါသည် အရှင်ဘုရား။

တဿ မေ ထေရော န ကိဉ္စိ ကထေသိ

တဿ မေ၊ ထိုဘုရားတပည့်တော်အား။ ထေရော၊ အရှင်ရေဝတ မထေရ်သည်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော စကားကိုမျှ။ န ကထေသိ၊ မပြောဆိုပါ။

ဒါပေမဲ့ တပည့်တော်ကို ဘုရား ... ဒီအရှင်ရေဝတမထေရ်က စကား-တစ်ခွန်းမျှကို မပြောဘူး။

သွာဟံ တဿ ကုဇ္ဈိတွာ ဣဓာဂတော

သွာဟံ၊ ထိုဘုရားတပည့်တော်သည်။ တဿ၊ ထိုအရှင်ရေဝတ-မထေရ်အား။ ကုဇ္ဈိတွာ၊ အမျက်ထွက်သည်ဖြစ်၍။ ဣဓာ၊ အရှင်ဘုရားထံသို့။ အာဂတော၊ ဆိုက်ရောက်လာခဲ့ပါ၏၊

တပည့်တော် အရှင်ရေဝတမထေရ်ကို ဒေါသထွက်တာနဲ့ ခု အရှင်-ဘုရားထံ လာခဲ့တယ်။ သူတို့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ ပွင့်ပွင့်လင်းလင်း ဒီလို ပြောတတ်ပုံထောက်ရင်တော့ နည်းနည်းလေး အပေါ်စီးကနေတတ်တဲ့ ပုဂ္ဂိုလ်နဲ့ တူပါတယ်။ စကားပြောတဲ့ အချိန်ခါမှာ အပေါ်စီးက အမြဲတမ်း ပြောပုံရတယ်။

ဓမ္မံ မေ ကထေထ’’

မေ၊ ဘုရားတပည့်တော်အား။ ဓမ္မံ၊ တရားတော်ကို။ ကထေထ၊ ဟောကြားတော်မူပါ။

အရှင်ဘုရား တပည့်တော်ကို တရားဟောကြားတော်မူပါ။ ခပ်တည်တည်ပဲ ပြောလိုက်တယ်။ ပြောလိုက်တဲ့ အချိန်ခါကျတော့ ကဲ ဒကာ ... ဒီလိုဆို ထိုင်ပေတော့ ဆိုပြီးတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဘာဟောလဲ?

‘‘တေန ဟိ ဥပါသကာ နိသီဒထာ’’တိ ဝတွာ ဗဟုကံ ကတွာ အဘိဓမ္မကထံ ကထေသိ။

အထ၊ ထိုအခါ၌။ ထေရော၊ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက။ တေန ဟိ ဥပါသကာ၊ ထိုသို့ ဖြစ်ခဲ့ပါမူကား။ ဥပါသကာ၊ ဒါယကာ။ နိသီဒထ၊ ထိုင်ပါ။

သူက မတ်တပ်ရပ်ပြီး လာပြောနေတာ။ မတ်တပ်ရပ်ပြောနေတော့ ဒကာ ဒီလိုဆိုလို့ရှိရင်တော့ ထိုင်ပေတော့ -

ဣတိ၊ ဤသို့။ ဝတွာ၊ ပြောဆို၍။ ဗဟုကံ ကတွာ၊ များစွာပြု၍။ အဘိဓမ္မကထံ၊ အဘိဓမ္မာတရားကို။ ကထေသိ၊ ဟောကြားတော်မူ၏၊

ကဲ ဒီလိုဆို ဒကာ ထိုင်ပေတော့ ဆိုပြီး တစ်ခါတည်း အဘိဓမ္မာတရားတွေ အများကြီး ဟောလိုက်တယ်။ ဘယ့်နှယ်တုန်း အဘိဓမ္မာတွေ အများကြီး ဟောလိုက်တော့ ဘာဖြစ်လဲ?

ဥပါသကောပိ ‘‘အဘိဓမ္မကထာ နာမ အတိသဏှာ, ထေရော ဗဟုံ အဘိဓမ္မမေဝ ကထေသိ, အမှာကံ ဣမိနာ ကော အတ္ထော’’တိ ကုဇ္ဈိတွာ ပရိသံ အာဒါယ အာနန္ဒတ္ထေရဿ သန္တိကံ အဂမာသိ။

ဥပါသကောပိ၊ အတုလ ဥပါသကာ သည်လည်းပဲ။ အဘိဓမ္မကထာ နာမ၊ အဘိဓမ္မာ တရားစကားမည်သည်ကား။ အတိသဏှာ၊ လွန် ခက်ခဲ နက်နဲ သိမ်မွေ့လှ၏။ ထေရော၊ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်-ကြီးသည်ကား။ ဗဟုံ အဘိဓမ္မမေဝ၊ အဘိဓမ္မာတရားကိုသာလျှင် များစွာ။ ကထေသိ၊ ဟောကြားတော်မူ၏။ အမှာကံ၊ ငါတို့အား။ ဣမိနာ၊ ဤအဘိဓမ္မာတရားစကားဖြင့်။ ကော အတ္ထောတိ၊ အဘယ်အကျိုး ရှိနိုင်ပါအံ့နည်း။ ဣတိ၊ ဤသို့။ ကုဇ္ဈိတွာ၊ အမျက်ထွက်ပြန်၍။ ပရိသံ၊ မိမိရဲ့ ပရိသတ်ကို။ အာဒါယ၊ ခေါ်ဆောင်၍။ အာနန္ဒတ္ထေရဿ သန္တိကံ၊ ရှင်အာနန္ဒာ ကိုယ်တော်မြတ်ကြီးထံသို့။ အဂမာသိ၊ သွားခဲ့ပြန်လေပြီ။

ကဲ ကြည့်ဦးနော်။ တရား မဟောတော့လည်း မဟောရကောင်းလားလို့ ဒေါသထွက်တယ်။ အဘိဓမ္မာတရားတွေ ခပ်များများ ဟောပေးလိုက်တော့လည်း ဒီအဘိဓမ္မာတရားတွေ တို့အတွက် ဘာအကျိုး ရှိမှာလဲ? ဒီအဘိဓမ္မာတရားတွေက ခက်ခဲနက်နဲတယ်။ အဲဒီလို ဒေါသထွက်ပြီးတော့ တခါတည်း ကိုယ့်ပရိသတ် ခေါ်ပြီးတော့ ရှင်အာနန္ဒာ ကိုယ်တော်မြတ်ကြီးထံ သွားပြန်တယ်။ မခက်ဘူးလား? ဒကာကြီးတွေ ဟင်။ ကဲ အရှင်အာနန္ဒာမြတ်ကြီးကလည်း မေးပြီ။ ဒါယကာ ဘာကိစ္စ လာသလဲ? မေးလိုက်တဲ့ အချိန်ခါ သူကလည်း အခြေအနေ တင်ပြလျှောက်ထားတယ်။

အရှင်ဘုရား ... တပည့်တော်တို့ဟာ တရားနာမယ် ရည်ရွယ်ချက်ဖြင့် အရှင်ရေဝတထံ ချဉ်းကပ်ခဲ့တယ်။ အရှင်ရေဝတမထေရ်ရဲ့ထံမှ အလ္လာပ သလ္လာပ စကားလေး တစ်ခွန်းတောင် မရခဲ့ဘူး။ မရတဲ့အတွက် တပည့်တော်လည်း ဒေါသထွက်တာနဲ့ အရှင်သာရိပုတ္တရာမထေရ်ကြီးထံ သွားခဲ့တယ်။ သွားလိုက်တဲ့ အချိန်ခါမှာလည်း အရှင်သာရိပုတ္တရာမထေရ်ကြီးက တပည့်-တော်တို့ကို အလွန် သိမ်မွေ့နက်နဲနေတဲ့ အဘိဓမ္မာတရားတွေကို အများကြီး ဟောပေးလိုက်တယ်။ ဟောပေးလိုက်တော့ ဒီအဘိဓမ္မာတရားက တို့ ဘာကျိုး-ရှိမှာလည်း ဆိုပြီး တပည့်တော်လည်း ဒေါသဖြစ်တယ်။ အရှင်သာရိပုတ္တရာကို ဒေါသဖြစ်ပြီး တပည့်တော် ဒီရောက်လာခဲ့တယ်။ ဒါကြောင့် အရှင်ဘုရား တပည့်တော်တို့ကို တရားဟောပေးတော်မူပါ ဆိုပြီး လျှောက်ထားပြန်တယ်။ အဲဒီအခါကျတော့ ကဲ ဒကာ ... ထိုင်ပေတော့။ ထိုင်ပြီးတော့ တရားနာကြ။ ငါ ဟောမယ်ဆိုပြီးတော့ အရှင်အာနန္ဒာမြတ်ကြီးက ဘာလုပ်သလဲ?

ထေရော တေသံ သုဝိညေယျံ ကတွာ အပ္ပကမေဝ ဓမ္မံ ကထေသိ။

ထေရော၊ အရှင်အာနန္ဒာမထေရ်မြတ်က။ တေသံ၊ ထိုဒါယကာတို့-အား။ သုဝိညေယျံ ကတွာ၊ သိလွယ်သည်ကိုပြု၍။ အပ္ပကမေဝ ဓမ္မံ၊ အနည်းငယ်သော တရားကိုသာလျှင်။ ကထေသိ၊ ဟောကြားတော်မူ၏၊

ဒကာတွေ သိလွယ်အောင် ဆိုပြီးတော့ သူက ခက်ခဲတဲ့ တရားကိုလည်း မကြိုက်ဘူးဆိုတာကိုး။ မကြိုက်တော့ ပေါ်လွင်တဲ့ သိလွယ်တဲ့ တရားလေး နည်းနည်း ဟောလိုက်တယ်။ ဟောပေးလိုက်တော့ ဘာဖြစ်လဲ?

တေ ထေရဿပိ ကုဇ္ဈိတွာ သတ္ထု သန္တိကံ ဂန္တွာ ဝန္ဒိတွာ ဧကမန္တံ นိသီဒိံသု

တေ၊ ထိုဥပါသကာ ဒါယကာတို့သည်။ ထေရဿပိ၊ အရှင်အာနန္ဒာ မထေရ်မြတ်အားလည်း။ ကုဇ္ဈိတွာ၊ အမျက်ထွက်၍။ သတ္ထု သန္တိကံ၊ မြတ်စွာဘုရား၏ထံသို့။ ဂန္တွာ၊ သွား၍။ ဝန္ဒိတွာ၊ ရှိခိုး၍။ ဧကမန္တံ၊ အပြစ်ခြောက်ပါး ကင်းလွတ်၍ သင့်တင့်လျောက်ပတ်သော နေရာ၌။ နိသီဒိံသု၊ ထိုင်၍ နေကြလေကုန်ပြီ။

ပေါ်ပေါ်လွင်လွင် ထင်ရှားတဲ့ တရားလေး နည်းနည်း ဟောပေးလိုက်-ပြန်တော့လည်း အရှင်အာနန္ဒာမထေရ်မြတ်ကို နည်းနည်း ဟောရကောင်းလား ဆိုပြီးတော့ ဒေါသထွက်ပြန်တယ်။ အများကြီး ဟောတော့လည်း ဒေါသထွက်တယ်။ နည်းနည်းဟောတော့လည်း ဒေါသထွက်တယ်။ နက်နဲတာ ဟောလည်း ဒေါသထွက်တယ်။ ပေါ်လွင်တာ နည်းနည်း ဟောတော့လည်း ဒေါသထွက် ပြန်တယ်။ မခက်ဘူးလား? ခက်ပြီနော်။ အဲ မြတ်စွာဘုရားထံ ရောက်တော့ မြတ်စွာဘုရားက “ဒါယကာတို့ ဘယ်လို အကြောင်းကြောင့် ရောက်လာသလဲ?”

“တပည့်တော်တို့ တရားနာချင်လို့ပါဘုရား။ တရားနာဖို့ရန် လာပါတယ်” ဆိုတဲ့အကြောင်း လျှောက်ထားလိုက်တော့ -

“ကဲ သင်ဒါယကာတို့ တရား နာပြီးပြီလား” ဆိုပြီးတော့ မေးတယ်။ မေးတဲ့ အချိန်ခါမှာ အရှင်ရေဝတမထေရ်နဲ့ တွေ့တဲ့အချိန်ခါကနေ စပြီးတော့ နောက်ဆုံး အရှင်အာနန္ဒာမထေရ်နဲ့ တွေ့ကြုံတဲ့အထိ သူတို့ရဲ့ ဖြစ်ပျက်ခဲ့တဲ့ ဒေါသတွေကို တင်ပြလျှောက်ထားလိုက်တယ်။ လျှောက်ထားပြီးတော့ နောက်ဆုံး အရှင်ဘုရား တပည့်တော်လည်း ဒေါသထွက်တာနဲ့ မြတ်စွာဘုရားထံ ခု ရောက်လာတယ်။ သူက ဘယ်သူ့မှတော့ အရေးစိုက်ပုံ မပေါ်ဘူးနော်။ သူက ဒီနေရာမှာ ရိုသေထိုက်တဲ့ပုဂ္ဂိုလ်တွေ ရှေ့မှာ ဒီလို စကားမျိုး မပြောသင့်ဘူး ဆိုတာတောင် သူ့စိတ်ထဲ သဘောပေါက်ပုံ မရဘူး။ အဲဒါနဲ့ မြတ်စွာဘုရားက သူ့ကို တရားဟောတယ်။ ဘာဟောလဲ?

‘‘အတုလ, ပေါရာဏတော ပဋ္ဌာယ အာစိဏ္ဏမေဝေတံ, တုဏှီဘူတမ္ပိ ဗဟုကထမ္ပိ မန္ဒကထမ္ပိ ဂရဟန္တိယေဝ။

အတုလ၊ ဒါယကာ အတုလ။ ပေါရာဏတော၊ ဟိုရှေးယခင်အခါမှ။ ပဋ္ဌာယ၊ စ၍။ ဧတံ၊ ဤသဘောတရားသည်ကား။ အာစိဏ္ဏမေဝေတံ၊ လောက၌ သတ္တဝါအပေါင်းတို့ လေ့ကျက်ခဲ့တဲ့ တရားသာလျှင် ဖြစ်ပေ၏။ တုဏှီဘူတမ္ပိ၊ ဆိတ်ဆိတ်နေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ ဂရဟန္တိယေဝ၊ ကဲ့ရဲ့ကြကုန်သည်သာလျှင်တည်း။ ဗဟုကထမ္ပိ၊ စကားများများ ပြောနေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ ဂရဟန္တိယေဝ၊ ကဲ့ရဲ့ကြကုန်သည်သာလျှင်တည်း။ မန္ဒကထမ္ပိ၊ နည်းပါးတဲ့ စကားကို ပြောကြားတဲ့ ပုဂ္ဂိုလ်လည်းပဲ။ ဂရဟန္တိယေဝ၊ ကဲ့ရဲ့ကြကုန်သည်သာလျှင်တည်း။

ဆိတ်ဆိတ်နေတဲ့ ပုဂ္ဂိုလ်ကိုလည်း ကဲ့ရဲ့ကြတယ်၊ စကားများများ ပြောနေတဲ့ ပုဂ္ဂိုလ်ကိုလည်း ကဲ့ရဲ့ကြတယ်၊ စကားနည်းနည်းပြောတဲ့ ပုဂ္ဂိုလ်ကိုလည်း ကဲ့ရဲ့ကြတယ်။ အဲဒီလို ကဲ့ရဲ့ခြင်းဆိုတဲ့ ဒီသဘောတရားသည် ခုမှသာ ဖြစ်ပေါ်လာတဲ့တရား မဟုတ်ဘူးလို့ ဟိုးရှေးယခင်ကတည်းက လောကမှာ သတ္တဝါအားလုံးတို့ လေ့ကျင့်ခဲ့တဲ့ တရားတစ်ခု ဖြစ်တယ်။

ဧကန္တံ ဂရဟိတဗ္ဗောယေဝ ဝါ ဟိ ပသံသိတဗ္ဗောယေဝ ဝါ နတ္Filling။ ရာဇာနောပိ ဧကစ္စေ နိန္ဒန္တိ, ဧကစ္စေ ပသံသန္တိ။

ဧကန္တံ ဂရဟိတဗ္ဗောယေဝ ဝါ၊ တကယ်စင်စစ် ကဲ့ရဲ့ထိုက်သည့် ပုဂ္ဂိုလ်သည်လည်းပဲ။ နတ္ထိ၊ မရှိပေ။ ဟိ ပသံသိတဗ္ဗောယေဝ ဝါ၊ တစ်ဖက်သတ် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်သည်လည်းပဲ။ လောကေ၊ လောက၌။ နတ္ထိ၊ မရှိပေ။ ရာဇာနောပိ၊ မင်းတို့သည်လည်းပဲ။ ဧကစ္စေ၊ အချို့သော ပုဂ္ဂိုလ်တို့ကို။ နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏။ ဧကစ္စေ၊ အချို့သော ပုဂ္ဂိုလ်တို့ကို။ ပသံသန္တိ၊ ချီးမွမ်းမြှောက်စားကြလေကုန်၏၊

လောကမှာ တစ်ဖက်သတ် ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်ဆိုတာလည်း မရှိဘူး။ လောကမှာ တစ်ဖက်သတ် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ဆိုတာလည်း မရှိဘူး။ လောကမှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။ အဲဒီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ပုဂ္ဂိုလ်တွေ အပေါ်မှာသော်လည်းပဲ တချို့တချို့ ပုဂ္ဂိုလ်တွေက ကဲ့ရဲ့ကြတယ်။ တချို့တချို့ ပုဂ္ဂိုလ်တွေကလည်း ချီးမွမ်း-ကြတယ်။

မဟာပထဝိမ္ပိ စန္ဒိမသူရိယေပိ အာကာသာဒယောပိ စတုပရိသမဇ္ဈေ နိသီဒိတွာ ဓမ္မံ ကထေန္တမ္ပိ သမ္မာသမ္ဗုဒ္ဓံ ဧကစ္စေ ဂရဟန္တိ, ဧကစ္စေ ပသံသန္တိ။

မဟာပထဝိမ္ပိ၊ မဟာပထဝီမြေကြီးကိုလည်းကောင်း။ စန္ဒိမသူရိယေပိ၊ လနေတို့ကိုလည်းကောင်း။ အာကာသာဒယောပိ၊ ကောင်းကင် စသည်တို့ကိုလည်းကောင်း။ စတုပရိသမဇ္ဈေ၊ ပရိသတ်လေးပါးတို့ရဲ့ အလယ်၌။ နိသီဒိတွာ၊ ထိုင်တော်မူ၍။ ဓမ္မံ၊ တရားကို။ ကထေန္တမ္ပိ သမ္မာသမ္ဗုဒ္ဓံ၊ ဆိုဆုံးမတဲ့ ဘုရားရှင်ကိုလည်းကောင်း။ ဧကစ္စေ၊ အချို့သော ပုဂ္ဂိုလ်တို့က။ ဂရဟန္တိ၊ ကဲ့ရဲ့နေကြကုန်၏။ ဧကစ္စေ၊ အချို့သော ပုဂ္ဂိုလ်တို့က။ ပသံသန္တိ၊ ချီးမွမ်းမြှောက်စား၍ နေကြကုန်၏၊

လောကမှာ တချို့တချို့ ပုဂ္ဂိုလ်တွေက မဟာပထဝီမြေကြီးကိုလည်း ကဲ့ရဲ့ကြတယ်။ ဟုတ်သလား? ဟုတ်ကြတယ်နော်။ တချို့တချို့သော ပုဂ္ဂိုလ်တွေကလည်း လတွေ၊ နေတွေကိုလည်း ကဲ့ရဲ့ကြတယ်။ လက သာရင်လည်း သာလွန်းလို့ ဆိုပြီးတော့ဆိုပြီး ကဲ့ရဲ့ကြတယ်။ နေတွေ ပူရင်လည်း ပူလိုက်တာ ဆိုပြီး မကဲ့ရဲ့ဘူးလား? ကဲ့ရဲ့ပြန်တယ်။ ကောင်းကင်ကိုသော်လည်း တချို့ ကဲ့ရဲ့ကြတယ်။ လတွေ နေတွေ ကြယ်တာရာနက္ခတ်တွေ စသည်ဖြင့် ဒီလို အရာဝတ္ထုတွေကိုလည်း တချို့က ကဲ့ရဲ့ကြတယ်။ နောက်ဆုံး ပရိသတ်လေးပါးတို့-အလယ်မှာ ထိုင်ပြီးတော့ တရားဒေသနာတော်တွေကို ဟောကြားပြသ ဆိုဆုံးမနေတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကိုလည်းပဲ တချို့တချို့ ပုဂ္ဂိုလ်တွေက ကဲ့ရဲ့ကြတယ်။ တချို့တချို့ ပုဂ္ဂိုလ်တွေက ချီးမွမ်းကြတယ်။

တချို့တချို့ ပုဂ္ဂိုလ်တွေကျတော့ မဟာပထဝီမြေကြီးကို ကဲ့ရဲ့ကြတယ်၊ တချို့တချို့ ပုဂ္ဂိုလ်တွေက ချီးမွမ်းကြတယ်။ တချို့တချို့ ပုဂ္ဂိုလ်တွေကျတော့ လတွေ နေတွေကို ကဲ့ရဲ့ကြတယ်၊ တချို့တချို့ ပုဂ္ဂိုလ်တွေက ချီးမွမ်းကြတယ်။ တချို့တချို့ ပုဂ္ဂိုလ်တွေက ကောင်းကင်ကို ကဲ့ရဲ့ကြတယ်၊ တချို့တချို့ ပုဂ္ဂိုလ်တွေက ချီးမွမ်းကြတယ်။ တချို့တချို့ ပုဂ္ဂိုလ်တွေက ပရိသတ်လေးပါးအလယ်မှာ ထိုင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ဟောကြားပြသ ဆိုဆုံးမနေတဲ့ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ကိုသော်လည်းပဲ ကဲ့ရဲ့ကြတယ်၊ တချို့တချို့ ပုဂ္ဂိုလ်တွေကျတော့ ချီးမွမ်းကြတယ်။

အန္ဓဗာလာနဉှိ နိန္ဒာ ဝါ ပသံသာ ဝါ အပ္ပမာဏာ

အန္ဓဗာလာနဉှိ၊ ပရမတ္ထ ဉာဏ်ပညာမျက်စိ ကန်း၍နေကြတဲ့ ပုထုဇန် ငမိုက်သားတို့၏။ နိန္ဒာ ဝါ၊ ကဲ့ရဲ့ခြင်းသည်လည်းကောင်း။ ပသံသာ ဝါ၊ ချီးမွမ်းခြင်းသည်လည်းကောင်း။ アပ္ပမာဏာ၊ ပဓာန မဟုတ်ပေ။

ပရမတ္ထ ဉာဏ်ပညာမျက်စိ မရှိတဲ့ လူမိုက်တွေက ကဲ့ရဲ့မယ်ဆိုရင်၊ လူမိုက်တွေက ချီးမွမ်းမယ်ဆိုရင် ထိုလူမိုက်တို့ရဲ့ ကဲ့ရဲ့မှုဟာ ပဓာန မဟုတ်ပါဘူး။ လူမိုက်တို့ရဲ့ ချီးမွမ်းမှုဆိုတာလည်း ပဓာန မဟုတ်ဘူး။ ဘာဖြစ်လို့လဲ? လူမိုက်ဆိုတာက သူက အသိပညာ အလိမ္မာဉာဏ်ပညာ၊ ပရမတ္ထဉာဏ်ပညာ ဘာမှ မရှိဘူး။ ပရမတ္ထဉာဏ်ပညာ ဘာမှ မရှိတဲ့ပုဂ္ဂိုလ် ဆိုတာက ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း ချီးမွမ်းချင် ချီးမွမ်းနေတယ်။ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ ကဲ့ရဲ့ချင် ကဲ့ရဲ့-တတ်တယ်။ ဒါကြောင့် လူမိုက်တို့ရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းသည် လိုရင်း ပဓာန မဟုတ်ဘူး။

ပဏ္ဍိတေန ပန မေဓာဝိနာ နိန္ဒိတော နိန္ဒိတော နာမ, ပသံသိတော စ ပသံသိတော နာမ ဟောတိ’’

ပန၊ ။ ပဏ္ဍိတေန မေဓာဝိနာ၊ ပညာရှိသူတော်ကောင်း၏။ နိန္ဒိတော၊ ကဲ့ရဲ့ခြင်းသည်ကား။ နိန္ဒိတော နာမ၊ တကယ့် ကဲ့ရဲ့သည် မည်၏။ ပသံသိတော စ၊ ချီးမွမ်းခြင်းမည်သည်ကား။ ပသံသိတော နာမ၊ တကယ် ချီးမွမ်းသည်။ ဟောတိ၊ ဖြစ်ပါပေ၏၊

ပညာရှိ သူတော်ကောင်း၊ အသိပညာ အလိမ္မာ ရှိနေတဲ့သူတော်ကောင်း တစ်ဦးကနေ ကဲ့ရဲ့မယ်ဆိုရင် ထိုသူတော်ကောင်း ကဲ့ရဲ့မှုသာလျှင် တကယ့် ကဲ့ရဲ့မှု ဖြစ်တယ်။ အသိအလိမ္မာ ဉာဏ်ပညာရှိနေတဲ့ သူတော်ကောင်းတစ်ဦးက ချီးမွမ်းခဲ့မယ်ဆိုရင် ထိုချီးမွမ်းမှုသည်သာလျှင် တကယ့် ချီးမွမ်းမှု ဖြစ်ပါတယ်။ မြတ်စွာဘုရားက အဲဒီလို ဟောပြီးတော့ နောက်ထပ် ဂါထာလေးတွေ ဆက်ဟောတယ်။

‘‘ပေါရာဏမေတံ အတုလ, နေတံ အဇ္ဇတနာမိဝ၊ နိန္ဒန္တိ တုဏှိမာသီနံ, နိန္ဒန္တိ ဗဟုဘာဏိနံ၊ မိတဘာဏိမ္ပိ နိန္ဒန္တိ, နတ္ထိ လောကေ အနိန္ဒိတော။

အတုလ၊ ဒါယကာ အတုလ။ ဧတံ၊ ဤကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ သဘောတရားသည်ကား။ ပေါရာဏံ၊ ပေါရာဏတံထွာ ဓမ္မတာ ဖြစ်ပါပေ၏။ ဧတံ၊ ဤကဲ့ရဲ့ခြင်းဆိုတဲ့ သဘောတရားသည်ကား။ န ဧတံ အဇ္ဇတနာမိဝ၊ ယနေ့မှ လက်သစ်ပေါ်လာတဲ့တရားသစ် မဟုတ်ပေ။

ဒီကဲ့ရဲ့ခြင်းဆိုတဲ့ သဘောတရားက ရှေးပေါရာဏတံထွာ ဓမ္မတာတစ်ခု ဖြစ်တယ်။ ယခုခေတ်မှ ပေါ်လာတဲ့ ခေတ်သစ် လက်သစ်တရား မဟုတ်ပါဘူး။

တုဏှီမာသီနံ၊ ဆိတ်ဆိတ်နေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏။ ဗဟုဘာဏိနံ၊ စကားများများ ပြောဆိုနေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ နိန္ဒန္တိ၊ ကဲ့ရဲ့ကြလေကုန်၏၊

မဟုတ်ဘူးလား? ဟုတ်နေတယ်။ အရှင်ရေဝတမထေရ်မြတ်က ဆိတ်-ဆိတ်နေတယ်။ စကားမပြောတတ်လည်း ကဲ့ရဲ့ပြန်တယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကျတော့ အဘိဓမ္မာစကား ခပ်များများ ဟောလိုက်တော့လည်း မကဲ့ရဲ့ဘူးလား? ကဲ့ရဲ့ပြန်တယ်။

မိတဘာဏိမ္ပိ၊ နှိုင်းချိန်၍ ပြောဆိုနေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏၊

နတ္ထိ လောကေ အနိန္ဒိတော။

လောကေ၊ လောက၌။ အနိန္ဒိတော၊ အကဲ့ရဲ့ မခံရတဲ့ ပုဂ္ဂိုလ်သည်။ နတ္ထိ၊ မရှိသည်သာတည်း။

လောကမှာ အကဲ့ရဲ့ မခံရတဲ့ ပုဂ္ဂိုလ် မရှိပါ။

jmss44v9ia49ilyqy963jco7cxj66c5
မင်္ဂလသုတ်-၉၆/၉၇
0
6332
22038
2026-06-08T03:34:56Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၉၆/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၉၅..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22038
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၉၆/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၉၅/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၉၇/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် ၉၆

‘‘ပေါရာဏမေတံ အတုလ, နေတံ အဇ္ဇတနာမိဝ၊

နိန္ဒန္တိ တုဏှိမာသီနံ, နိန္ဒန္တိ ဗဟုဘာဏိနံ၊

မိတဘာဏိမ္ပိ နိန္ဒန္တိ, နတ္ထိ လောကေ အနိန္ဒိတော။

အတုလ၊ အတုလ ဥပါသကာ။ ဧတံ၊ ဤကဲ့ရဲ့ခြင်းဆိုတဲ့ သဘောတရားသည်ကား။ ပေါရာဏံ၊ ရှေးပေါရဏ ရှေးဟောင်းထုံး အစဉ်အလာ ဖြစ်ပါပေ၏၊

ရှေးဟောင်းထုံး တစ်ခုပဲနော်။

အတုလ၊ အတုလ ဥပါသကာ။ ဧတံ၊ ဤကဲ့ရဲ့ခြင်းဆိုတဲ့ သဘောတရားသည်ကား။ ပေါရာဏံ၊ ရှေးထုံးဟောင်း အကျင့်တစ်ခု ဖြစ်ပါပေ၏။ ဧတံ၊ ဤကဲ့ရဲ့ခြင်းဆိုတဲ့ သဘောတရားသည်ကား။ နအဇ္ဇတနာမေဝ၊ ယနေ့မှ ပေါ်လာတဲ့ လက်သစ်တရား မဟုတ်ပါပေ။ တုဏှိမာသီနံ၊ ဆိတ်ဆိတ်နေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏။ ဗဟုဘာဏိနံ၊ များစွာ ပြောဟောနေတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏။ မိတဘာဏိမ္ပိ၊ နှိုင်းချိန်၍ ပြောသင့်သလောက် ပြောတဲ့ ပုဂ္ဂိုလ်ကိုလည်းပဲ။ နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏၊

ရှင်အာနန္ဒာကိုယ်တော်မြတ်က တော်သင့်လျော်သင့် သင့်ရုံလောက် တရားဟောလိုက်ပြန်တော့လည်း မကျေနပ်ပြန်ဘူး။ ဒေါသထွက်ပြန်တယ်။ မကဲ့ရဲ့ဘူးလား? ကဲ့ရဲ့တယ်။

လောကေ၊ လောက၌။ နိန္ဒန္တိ၊ ကဲ့ရဲ့ကြကုန်၏။ အနိန္ဒိတော၊ အကဲ့ရဲ့ မခံရတဲ့ ပုဂ္ဂိုလ်သည်။ နတ္ထိ၊ မရှိသည်သာတည်း။

‘‘န စာဟု န စ ဘဝိဿတိ, န စေတရဟိ ဝိဇ္ဇတိ၊

ဧကန္တံ နိန္ဒိတော ပေါသော, ဧကန္တံ ဝါ ပသံသိတော။

အတုလ၊ ဒါယကာ အတုလ။ ဧကန္တံ၊ တစ်ဖက်သတ်အားဖြင့်။ နိန္ဒိတော၊ အကဲ့ရဲ့ခံရသော။ ပေါသော၊ သတ္တဝါသည်လည်းကောင်း။ ဧကန္တံ၊ တစ်ဖက်သတ်အားဖြင့်မူလည်း။ ပသံသိတော၊ အချီးမွမ်းခံရသော။ ပေါသော၊ သတ္တဝါသည်လည်းကောင်း။ နစ အာဟု၊ ရှေးကလည်း မရှိခဲ့စဘူးပေ။ နစ ဘဝိဿတိ၊ နောင်အနာဂတ်ကာလ၌လည်း ဘယ်တော့မှ ရှိလိမ့်မည်မဟုတ်။ န စေတရဟိ ဝိဇ္ဇတိ၊ ယခု ပစ္စုပ္ပန်၌လည်းပဲ မရှိသည်သာတည်း။

ဒါယကာ အတုလ ... အကဲ့ရဲ့ တစ်ဖက်သတ် ခံနေရတဲ့ ပုဂ္ဂိုလ်ဆိုတာ ဟိုးအတိတ်တုန်းကလည်း မရှိခဲ့ဖူးဘူး။ နောင်အနာဂတ်မှာလည်း ရှိလိမ့်မည် မဟုတ်။ ယခု ပစ္စုပ္ပန်မှာလည်း မရှိပါဘူး။ တစ်ဖက်သတ် အချီးမွမ်းခံနေရတဲ့ ပုဂ္ဂိုလ်ဆိုတာလည်း ရှေးယခင် အတိတ်တုန်းကလည်း မရှိခဲ့ဖူးဘူး။ ယခုလည်း ရှိလိမ့်မည် မဟုတ်။ နောင်လည်း ရှိလိမ့်မည် မဟုတ်ပါဘူးတဲ့။ အချီးမွမ်း သက်သက် ခံနေတဲ့ပုဂ္ဂိုလ်၊ အကဲ့ရဲ့သက်သက် ခံနေရတဲ့ပုဂ္ဂိုလ်ဆိုတာ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံးမှာ ဘယ်တော့မှ မရှိဘူးတဲ့။

‘‘ယံ စေ ဝိညူ ပသံသန္တိ, အနုဝိစ္စ သုဝေ သုဝေ၊

အစ္ဆိဒ္ဒဝုတ္တိံ မေဓာဝိံ, ပညာသီလသမာဟိတံ။

အစ္ဆိဒ္ဒဝုတ္တိံ၊ မကျိုးမပေါက် မပြောက်မကျားသော သီလရှိသည်ဖြစ်၍ စင်ကြယ်သော အသက်မွေးခြင်းရှိသော။ မေဓာဝိံ၊ ဓမ္မောဇပညာနှင့် ပြည့်စုံလျက်ရှိသော။ ပညာသီလသမာဟိတံ၊ လောကီ လောကုတ္တရာ ပညာ၊ လောကီ လောကုတ္တရာ သီလ၊ လောကီ လောကုတ္တရာ သမာဓိနှင့် ပြည့်ဝစုံညီလျက်ရှိသော။ ယံ၊ အကြင်သူတော်ကောင်းကို။ ဝိညူ၊ ပညာရှိ သူတော်ကောင်းတို့က။ ပသံသန္တိ၊ အကယ်၍ ချီးမွမ်းကြကုန်သည်ဖြစ်ငြားအံ့။ အနုဝိစ္စ၊ ဉာဏ်ပညာဖြင့် သက်ဝင်၍။ သုဝေ သုဝေ၊ နေ့တိုင်း နေ့တိုင်း။ ပသံသန္တိ၊ အကယ်၍ ချီးမွမ်းခဲ့သည်ဖြစ်ငြားအံ့။

ပုဂ္ဂိုလ်တစ်ယောက် လှမ်းပြီး ကြည့်လိုက်မယ်ဆိုရင် အဇ္ဈတ္တ သူ့ရဲ့ ကိုယ်ကျင့်သီလကို လှမ်းကြည့်လိုက်တော့လည်း ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှု လုံးလုံး မရှိဘူး။ ဝုတ္တိ - သူ့ရဲ့ အသက်မွေးဝမ်းကျောင်း ကြည့်လိုက်တော့လည်း အလွန် စင်ကြယ်တယ်။ မေဓာဝီ = သူ့ရဲ့ တရား အဆီအနှစ်တွေကလည်း သူ့သန္တာန်မှာ ပြည့်ဝနေတယ်။ လောကီ-လောကုတ္တရာ ပညာ, လောကီ-လောကုတ္တရာ သီလ, လောကီ-လောကုတ္တရာ သမာဓိတွေနဲ့ ပြည့်ဝ စုံညီနေတယ်။ အဲဒီလို သူတော်ကောင်းတစ်ဦးကို ပညာရှိ သူတော်ကောင်းတို့က အကယ်၍ နေ့တိုင်း နေ့တိုင်း ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ပြီး ချီးမွမ်းခဲ့ကြမယ်ဆိုရင် ဘာဖြစ်လဲ?

‘‘နိက္ခံ ဇမ္ဗောနဒဿေဝ, ကော တံ နိန္ဒိတုမရဟတိ၊

ဒေဝါပိ နံ ပသံသန္တိ, ဗြဟ္မုနာပိ ပသံသိတော’’။

နိက္ခံ ဇမ္ဗောနဒဿေဝ၊ ဇမ္ဗူဒိပ်ရွှေစင် နိက္ခတ်ကဲ့သို့သော။ တံ၊ ထိုကဲ့သို့သော သူတော်ကောင်းမျိုးကို။ ကော၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည်။ နိန္ဒိတုံ၊ ကဲ့ရဲ့ခြင်းငှာ။ အရဟတိ၊ ထိုက်တန်ပါအံ့နည်း။

ဒီလိုပေါ့လေ ကိုယ်ကျင့်သီလ ကြည့်လိုက်တော့ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှု မရှိဘူး။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်တွေ ကြည့်လိုက်လို့ ရှိရင်လည်း အလွန် စင်ကြယ်တယ်။ ဓမ္မောဇ ခေါ်တဲ့ တရားအဆီအနှစ်, အဆီဩဇာတွေကလည်း ပြည့်ဝစုံညီနေတယ်။ လောကီပညာ, လောကုတ္တရာပညာ၊ လောကီသီလ, လောကုတ္တရာသီလ၊ လောကီသမာဓိ, လောကုတ္တရာသမာဓိတွေနဲ့လည်း ပြည့်ဝစုံညီနေတယ်။ အဲဒီလို သူတော်ကောင်းတစ်ဦးကို ပညာရှိတဲ့ ပုဂ္ဂိုလ်တွေက နေပြီးတော့ နေ့တိုင်း နေ့တိုင်း ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင် ဆုံးဖြတ်ပြီးတော့ ချီးမွမ်းကြမယ် ဆိုရင် ဒီလို ချီးမွမ်းမှုမျိုးကိုသာလျှင် သူတော်ကောင်းတို့က အလေးဂရု ပြုသင့်တယ်။ ဒီလို သူတော်ကောင်းပုဂ္ဂိုလ်တစ်ဦးကို ဘယ်လို ပုဂ္ဂိုလ်က ကဲ့ရဲ့မယ်ဆိုရင် ကဲ့ရဲ့နိုင်ပါ့မလဲ, ဘယ်လိုလုပ် ကဲ့ရဲ့ထိုက်မလဲနော်။

သို့သော် လောကမှာ အဲဒီလို သူတော်ကောင်းတွေကိုတောင်မှ ကဲ့ရဲ့တဲ့ ပုဂ္ဂိုလ် မရှိဘူးလား? ရှိကြတယ်။ မြတ်စွာဘုရားရှင်ကဲ့သို့ သတ္တဝါတွေရဲ့ အကျိုးတွေကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ပြီးတော့မှ အနစ်နာခံပြီးတော့ ရရှိလာတဲ့ သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်ရာလွတ်ကြောင်း တရားကောင်းတွေကို ဟောကြားပြသ ဆိုဆုံးမနေတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တွေကိုလည်း ကဲ့ရဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ မရှိဘူးလား? ရှိတယ်။ စိဉ္စာမာဏဝိကာတို့, သုန္ဒရီပရိဗ္ဗာဇိကာမတို့နော်။ မဟုတ်မတရားတွေ လာပြီးတော့ စွပ်စွဲကြတယ်, ကဲ့ရဲ့ကြတယ်။ ဒါကြောင့် လူမိုက်တွေရဲ့ ကဲ့ရဲ့မှုကတော့ အဓိက လိုရင်း မဟုတ်ဘူး။ ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့မှုသာလျှင် အဓိက ဖြစ်တယ်။ ဒါကြောင့် -

ဗာလာနံ နိန္ဒာ ဝါ ပသံသာ ဝါ အပ္ပမာဏာ

ဗာလာနံ၊ လူမိုက်တို့ရဲ့။ နိန္ဒာ ဝါ၊ ကဲ့ရဲ့ခြင်းသည်လည်းကောင်း။ ပသံသာ ဝါ၊ ချီးမွမ်းခြင်းသည်လည်းကောင်း။ အပ္ပမာဏာ၊ လိုရင်း ပဓာန မဟုတ်ပါပေ။

ဒီပုဂ္ဂိုလ်တစ်ယောက် သူတော်ကောင်းပဲ, ဒီပုဂ္ဂိုလ်တစ်ယောက်က မသူတော်ပဲလို့ လူမိုက်တွေရဲ့ ကဲ့ရဲ့မှု ချီးမွမ်းမှုဆိုတဲ့ ဒီသဘောတရားသည် လိုရင်းပဓာန မဟုတ်ဘူး။ တိုင်းတာကြောင်းစကား မဟုတ်ဘူးနော်။

ယံ ပန ပဏ္ဍိတာ ဒိဝသေ ဒိဝသေ အနုဝိစ္စ နိန္ဒကာရဏံ ဝါ ပသံသကာရဏံ ဝါ ဇာနိတွာ ပသံသန္တိ

ယံ ပန၊ အကြင်ကဲ့သော ပုဂ္ဂိုလ်တစ်ဦးကိုကား။ ပဏ္ဍိတာ၊ ပညာရှိသူတော်ကောင်းတို့က။ ဒိဝသေ ဒိဝသေ၊ နေ့တိုင်း နေ့တိုင်း။ အနုဝိစ္စ၊ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍။ နိန္ဒကာရဏံ ဝါ၊ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်တဲ့ အကြောင်းတရားကိုလည်းကောင်း။ ပသံသကာရဏံ ဝါ၊ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ အကြောင်းတရားကိုလည်းကောင်း။ ဇာနိတွာ၊ သိရှိကြကုန်သည်ဖြစ်၍။ ပသံသန္တိ၊ ချီးမွမ်းကြကုန်၏၊

အစ္ဆိဒ္ဒါယ ဝါ သိက္ခာယ အစ္ဆိဒ္ဒါယ ဝါ ဇီဝိတဝုတ္တိယာ သမန္နာဂတတ္တာ အစ္ဆိဒ္ဒဝုတ္တိံ ဓမ္မောဇပညာယ သမန္နာဂတတ္တာ မေဓာဝိံ လောကိယလောကုတ္တရပညာယ စေဝ စတုပါရိသုဒ္ဓိသီလေန စ သမန္နာဂတတ္တာ ပညာသီလသမာဟိတံ ပသံသန္တိ

အစ္ဆိဒ္ဒါယ ဝါ သိက္ခာယ၊ မကျိုးမပေါက် မပြောက် မကျားသော သိက္ခာသုံးရပ် သိက္ခာကျင့်ဝတ် ပဋိပတ်ကြောင့်လည်းကောင်း။ အစ္ဆိဒ္ဒါယ ဝါ ဇီဝိတဝုတ္တိယာ၊ မကျိုးမပေါက် မပြောက် မကျားသော စင်ကြယ်သော အသက်မွေးဝမ်းကြောင်းကြောင့်လည်းကောင်း။ အစ္ဆိဒ္ဒါယ ဝါ သိက္ခာယ၊ မကျိုးမပေါက် မပြောက် မကျားသော သိက္ခာကျင့်ဝတ်ဖြင့်လည်းကောင်း။ အစ္ဆိဒ္ဒါယ ဝါ ဇီဝိတဝုတ္တိယာ၊ မကျိုးမပေါက် မပြောက် မကျားသော အသက်မွေးမှုဖြင့်လည်းကောင်း။ သမန္နာဂတတ္တာ၊ ပြည့်စုံသည့်အတွက်ကြောင့်။ အစ္ဆိဒ္ဒဝုတ္တိံ၊ မကျိုးမပေါက် မပြောက် မကျားသော ကိုယ်ကျင့်သီလရှိသော၊ မကျိုးမပေါက် မပြောက် မကျားသော ဖြူစင်သော အသက်မွေးမှု ရှိသော။ ဓမ္မောဇပညာယ၊ တရားအဆီအနှစ်တည်းဟူသော ပညာနှင့်။ သမန္နာဂတတ္တာ၊ ပြည့်စုံသည့်အတွက်ကြောင့်။ မေဓာဝိံ၊ ပညာနှင့် ပြည့်စုံလျက်ရှိသော။ လောကိယလောကုတ္တရပညာယ စေဝ၊ လောကီပညာ၊ လောကုတ္တရာပညာနှင့်လည်းကောင်း။ စတုပါရိသုဒ္ဓိသီလေန စ၊ စတုပါရိသုဒ္ဓိသီလနှင့်လည်းကောင်း။ သမန္နာဂတတ္တာ၊ ပြည့်စုံသည့်အတွက်ကြောင့်။ ပညာသီလသမာဟိတံ၊ လောကီ လောကုတ္တရာ ပညာ၊ လောကီ လောကုတ္တရာ သီလ၊ လောကီ လောကုတ္တရာ သမာဓိတရားနှင့် ပြည့်စုံသော သူတော်ကောင်းကို။ ပသံသန္တိ၊ ချီးမွမ်းတော်မူကြလေကုန်၏၊

ပုဂ္ဂိုလ်တစ်ယောက် လူမိုက်တွေရဲ့ ချီးမွမ်းမှု, ရှုတ်ချမှုဆိုတာက လိုရင်း ပဓာန မဟုတ်ပါဘူး။ ပညာရှိသူတော်ကောင်းက နေပြီးတော့ ပုဂ္ဂိုလ်တစ်ယောက်ကို ဉာဏ်နှင့်စူးစမ်းဆင်ခြင်တယ်။ ကဲ့ရဲ့သင့်တဲ့ အကြောင်းတရား, ချီးမွမ်းသင့်တဲ့ အကြောင်းတရားတွေကို သိပ်ပြီးတော့ ကဲ့ရဲ့ကြတယ်, ချီးမွမ်းကြတယ်ဆိုရင် ထိုပညာရှိ သူတော်ကောင်းတို့ရဲ့ ကဲ့ရဲ့မှု, ချီးမွမ်းမှုကသာလျှင် လိုရင်း ပဓာနဖြစ်တယ်။ လူမိုက်ဆိုတာကတော့ ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း ချီးမွမ်းချင် ချီးမွမ်းနေတတ်တယ်။ ချီးမွမ်းသင့် ချီးမွမ်းထိုက်တဲ့ ပုဂ္ဂိုလ်ကိုလည်း ကဲ့ရဲ့ချင် ကဲ့ရဲ့တတ်တယ်။ ပညာရှိ သူတော်ကောင်းတို့က ဉာဏ်နဲ့ စူးစမ်းဆင်ခြင်ကြည့်ပြီးတဲ့ အချိန်ခါကျတော့မှ ဩော် ... ဒီပုဂ္ဂိုလ်က ကဲ့ရဲ့သင့်တဲ့ ပုဂ္ဂိုလ်ဆိုပြီး ကဲ့ရဲ့တယ်။ ဒီပုဂ္ဂိုလ်ကျတော့ ချီးမွမ်းသင့်တဲ့ ပုဂ္ဂိုလ်ပဲဆိုပြီးတော့ ချီးမွမ်းကြတယ်။

ဒါကြောင့် ပညာရှိတို့ရဲ့ ကဲ့ရဲ့မှု, ပညာရှိတို့ရဲ့ ချီးမွမ်းမှုတို့က ဉာဏ်နှင့် စူးစမ်းဆင်ခြင်ပြီးမှ ပြုလုပ်တဲ့အတွက် လိုရင်းပဓာနဖြစ်တယ်။ အဲဒီ သူတော်ကောင်းတစ်ဦးကို လှမ်းကြည့်လိုက်မယ်ဆိုရင် ကျင့်ဝတ်ပဋိပတ်အရာ, ကိုယ်ကျင့်သီလအရာ လှမ်းကြည့်လိုက်မယ် ဆိုရင်လည်း ကျိုးမှု ပြောက်မှု ပေါက်မှု ကျားမှု မရှိဘူး။ သီလတွေက အလွန်ဖြူစင်တယ်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်တွေ ကြည့်လိုက်ရင်လည်း ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှု မရှိဘူး။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်တွေကလည်း စင်ကြယ်နေပြန်တယ်။ ဒီလို ဖြူစင်နေတဲ့ ကိုယ်ကျင့်တရား, ဖြူစင်နေတဲ့ အသက်မွေးဝမ်းကျောင်းနှင့် ပြည့်စုံနေတဲ့ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုဆိုတဲ့ ကိုယ်ကျင့်သီလ မရှိဘဲ ဖြူစင်မြင့်မြတ်နေတဲ့ အသက်မွေးဝမ်းကျောင်းနှင့် ပြည့်စုံနေတဲ့ ဒီသူတော်ကောင်းဟာ နောက်ထပ် သူ့ရဲ့သန္တာန်မှာ ဘာတွေ ထပ်လောင်းပြီးတော့ ထားသလဲ?

ဓမ္မောဇ ပညာဆိုတဲ့ တရားအဆီအနှစ်တွေ ရှိနေတယ်။ တရား အဆီအနှစ်တွေကလည်း ပြည့်စုံနေတော့ တရားအဆီအနှစ်တွေကို ကောက်ချက်ချ ကြည့်လိုက်တဲ့ အချိန်ခါမှာ လောကီပညာ, လောကုတ္တရာ ပညာတွေနှင့်လည်း ပြည့်စုံတယ်။ လောကီသီလ, လောကုတ္တရာ သီလလို့ ခေါ်ဆိုအပ်တဲ့ စတုပါရိသုဒ္ဓိသီလကြီးလေးပါးနှင့်လည်း ပြည့်စုံတယ်။ လောကီသမာဓိ, လောကုတ္တရာသမာဓိ ခေါ်တဲ့ သမာဓိတရားတွေနှင့်လည်း ပြည့်စုံတယ်။ ဒီလို ပြည့်စုံနေတဲ့ သူတော်ကောင်းကို ပညာရှိ သူတော်ကောင်းတွေက ဉာဏ်နှင့် စူးစမ်းဆင်ခြင်ပြီးတော့ ချီးမွမ်းကြတယ်။ ဒီလို ပုဂ္ဂိုလ်တစ်ယောက်ဟာ လှမ်းပြီး သေချာဆန်းစစ်ကြည့်မယ်ဆိုရင် ဇမ္ဗူဒိပ်ရွှေစင်နိက္ခတ်ကဲ့သို့ အလွန် ဖြူစင် သန့်ရှင်းနေတဲ့ သူတော်ကောင်းတွေ ဖြစ်တယ်။ ဒီလို သူတော်ကောင်းတစ်ဦးကို ဘယ်ပုဂ္ဂိုလ်တွေက ကဲ့ရဲ့ထိုက်ပါမလဲ? မကဲ့ရဲ့ထိုက်ပါဘူးဆိုပြီး မြတ်စွာဘုရားက ဟောတယ်နော်။ မကဲ့ရဲ့ထိုက်တော့ ဘာဖြစ်သလဲ?

ဒေဝါပိ နံ ပသံသန္တိ, ဗြဟ္မုနာပိ ပသံသိတော’’

ဒေဝါပိ၊ နတ်တို့သည်လည်းပဲ။ နံ၊ ထိုကဲ့သို့သော သူတော်ကောင်းကို။ ပသံသန္တိ၊ ချီးမွမ်းတော်မူကြလေကုန်၏။ ဗြဟ္မုနာပိ၊ ဗြဟ္မာသည်လည်းပဲ။ နံ၊ ထိုကဲ့သို့သော သူတော်ကောင်းကို။ ပသံသိတော၊ ချီးမွမ်းမြှောက်စားအပ်ပါ၏၊

ဒီလို သူတော်ကောင်းမျိုးဆိုတာ ဘယ်တော့မှ မကဲ့ရဲ့ထိုက်ပါဘူး။ နတ်တွေကလည်း ချီးမွမ်းကြတယ်။ လူတွေကလည်း ချီးမွမ်းကြပါတယ်။ ဗြဟ္မာတွေကလည်း ချီးမွမ်းမြှောက်စားကြပါတယ်လို့ ဒီလို မြတ်စွာဘုရား တရားလေး ဟောပေးလိုက်တယ်။ အဲဒီလို ဟောပေးလိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်လဲ?

ဒေသနာဝသာနေ ပဉ္စသတာပိ ဥပါသကာ သောတာပတ္တိဖလေ ပတိဋ္ဌဟိံသူတိ။

ဒေသနာဝသာနေ၊ ဒေသနာနိဂုံး ပြီးဆုံးလတ်သော အချိန်ခါကာလ၌။ ပဉ္စသတာပိ ဥပါသကာ၊ အတုလ ဥပါသကာအမှူးရှိတဲ့ ငါးရာကုန်သော ဥပါသကာတို့သည်လည်းပဲ။ သောတာပတ္တိဖလေ၊ သောတာပတ္တိဖိုလ်၌။ ပတိဋ္ဌဟိံသု၊ တည်ကြလေကုန်၏၊

သောတာပတ္တိဖိုလ် တည်သွားကြတယ်။ ဘာဖြစ်လို့ တည်သလဲ? ဒီပုဂ္ဂိုလ်တွေက မြတ်စွာဘုရားထံ လာလာပြီးတော့ သို့မဟုတ် ဒီလို ဇေတဝန်ကျောင်းတိုက်တွေကို လာပြီးတော့ တရားတွေ နာယူနေတဲ့ အချိန်ကလည်း များပြီ။ ဒုက္ခသစ္စာ အမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး။ သမုဒယသစ္စာ အမည်ရနေတဲ့ ကြောင်းကျိုးဆက်စပ် ပဋိစ္စသမုပ္ပါဒ်တွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာနဲ့ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနိုင်အောင် လက်တွေ့ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ကြတယ်။ ဒီဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရနေတဲ့ ဒီသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာ ရှုနေတဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်ကြပါတယ်။ အဲဒီလို ရှုနေတဲ့ အကြိမ်တွေက များနေတော့ ဣန္ဒြေက မရင့်ကျက်သေးတဲ့အတွက် မဂ်ဉာဏ်ဖိုလ်ဉာဏ် မဆိုက်သေးဘူး။ ခုအခါမှာတော့ ဒီတရား ဒေသနာတွေကို နာကြားရတဲ့ အချိန်ခါမှာ ဘုရားရှင်က ထိုဒေသနာနိဂုံး ပြီးဆုံးတဲ့ အချိန်ခါမှာ သစ္စာလေးပါးနှင့်စပ်တဲ့ တရားစကားတွေကို ဆက်လက်ပြီး ဟောကြားပြသ ဆိုဆုံးမပေးတော်မူတယ်။ အဲဒီလို ဆိုဆုံးမ ပေးတော်မူတဲ့အတွက် ဒေသနာနိဂုံး ပြီးဆုံးတဲ့ အချိန်ခါမှာ အတုလဥပါသကာ အမှူးရှိနေတဲ့ ဥပါသကာ ငါးရာတို့ သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် တည်သွားကြတယ်။

ဒီနေရာမှာ ပြောချင်တာက ဘာလဲ? လောကမှာ လောကဓံ လေပြင်းမုန်တိုင်းဆိုတဲ့ သဘောတရားတွေ တွေ့ကြုံလာပြီ။ တွေ့ကြုံလာတဲ့ အချိန်ခါမှာ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ကတော့ ကြံ့ကြံ့ခိုင် တည်တံ့တော်မူတဲ့ စိတ်ထား ရှိတယ်။ ဣဋ္ဌလောကဓံနဲ့ တွေ့လိုလည်း ဝမ်းမြောက်မှု မရှိဘူး။ အနိဋ္ဌလောကဓံနှင့် တွေ့ကြုံလို့လည်း ဝမ်းနည်းမှု မဖြစ်ဘူး။ သို့သော် မိမိတို့လည်း သူတော်ကောင်း ဖြစ်ချင်ကြတယ် ဆိုရင်တော့ ထိုရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်ကို အတုယူပြီးတော့ လိုက်ပြီး အားထုတ်တတ်ဖို့ လိုတယ်။ ဘာဖြစ်လို့လဲ?

လောကမှာ တစ်ဖက်သတ် အကဲ့ရဲ့ ခံနေရတဲ့ ပုဂ္ဂိုလ်လို့လည်း မရှိဘူး။ လောကမှာ တစ်ဖက်သတ် အချီးမွမ်း ခံနေရတဲ့ ပုဂ္ဂိုလ်ဆိုတာလည်း မရှိဘူး။ ဆိတ်ဆိတ်နေတဲ့ ပုဂ္ဂိုလ်ကိုလည်း ကဲ့ရဲ့ကြတယ်။ စကားများများ ပြောတဲ့ပုဂ္ဂိုလ်ကိုလည်း ကဲ့ရဲ့ကြတယ်။ နှိုင်းချိန်ပြီး ပြောသင့်သလောက်သာ ပြောတဲ့ ပုဂ္ဂိုလ်ကိုလည်း ကဲ့ရဲ့ကြတယ်။ ဒီကဲ့ရဲ့ခြင်းဆိုတဲ့ သဘောတရားသည် ရှေးပေါရာဏတံတွာ ဓမ္မတာတစ်ခု ဖြစ်တယ်။ ယခုမှ လက်သစ်ပေါ်လာတဲ့ တရားတစ်မျိုး မဟုတ်ပါဘူး။ ဒါကြောင့် လူမိုက်တွေရဲ့ ကဲ့ရဲ့မှု, ချီးမွမ်းမှုက လိုရင်းမဟုတ်ဘူး။ ပညာရှိ သူတော်ကောင်းတို့က ဉာဏ်နှင့် စူးစမ်း ဆင်ခြင်ပြီးတော့ နေ့တိုင်းနေ့တိုင်း ကဲ့ရဲ့မယ်, ချီးမွမ်းကြမယ်ဆိုရင် ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့မှု, ချီးမွမ်းမှုကသာ လိုရင်း ဖြစ်တယ်။

ဒါကြောင့် ထိုပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့နေတဲ့ လုပ်ငန်းမျိုးကို မိမိတို့က ရှောင်ကြဉ်ပြီး ပညာရှိ သူတော်ကောင်းတို့ ချီးမွမ်းမြှောက်စားနေတဲ့ လုပ်ငန်းရပ်မျိုး။ လုပ်ငန်းဆိုတာက သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကိုသာ မိမိတို့က အားသွန်ခွန်စိုက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ လိုတယ်။ ဒါမှသာလျှင် လောကဓံ လေပြင်းမုန်တိုင်း တိုက်ခတ်လာတဲ့ အချိန်ခါမှာ မိမိဘက်က ခံနိုင်ရည် ရှိမယ်။ သို့သော် လောကဓံ လေပြင်းမုန်တိုင်း ဆိုတာက အခုလို တရားဘာဝနာ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေမှာ အမြဲလိုလို လာပြီးတော့ တိုက်ခတ်နေပါတယ်။ တိုက်ခတ်နေတဲ့ လောကဓံ မုန်တိုင်းတွေကို မိမိတို့ဘက်က နှလုံးသွင်း မှန်မှန်ကန်ကန်နဲ့ ခုခံနိုင်တဲ့ စွမ်းအားရှိဖို့တော့ လိုအပ်တယ်။ နှလုံးသွင်း မှန်ကန်နေတဲ့ ရဟန်းတော်တစ်ပါးရဲ့ထုံးကို သံယုတ္တပါဠိတော်မှာ ဖော်ပြထားပါတယ်။ သံဃာတ္ထဝတ္တသုတ် ပါဠိတော်ပဲနော်။ ဝဏ္ဏသံယုတ်မှာပဲ။

တစ်ချိန် ... ရဟန်းတော်တစ်ပါးက ကောသလတိုင်းမှာ သီတင်းသုံးတော်မူပါတယ်။ တောအုပ်တစ်ခု အတွင်းမှာပဲ။ ဒါပေမဲ့ ပြဿနာတစ်ခု ဘာပေါ်လဲ? ထိုရဟန်းတော်ရဲ့ ဒါယကာ, ဒါယိကာမ အိမ်တစ်အိမ်မှာပေါ့လေ - အချိန်အပိုင်းအခြားကို လွန်ပြီးတော့ အလွန် အကျွမ်းတဝင်နဲ့ နေထိုင်လေ့ ရှိတယ်။ နေထိုင်လေ့ ရှိတဲ့ အခါကျတော့ အဲဒီ တောအုပ်မှာ နေထိုင်တဲ့ စိုးအုပ်ပြီး နတ်သားကလည်း ဒီရဟန်းတော်ရဲ့ အကျိုးကို လိုလားတောင့်တတဲ့စိတ်ထား ရှိတယ်။ ဒီရဟန်းတော်ကို မပျက်စီးစေချင်ဘူး။ ဒီရဟန်းအပေါ်မှာ အစဉ်သနား စောင့်ရှောက်တဲ့ စိတ်ထားရှိတဲ့အတွက် ဒီရဟန်းတော်ကိုတော့ သတိပေး ဆိုဆုံးမမှ တော်တော့မယ် ဆိုပြီးတော့ သူက ဘာလုပ်သလဲ? သူ အကျွမ်းတဝင်နဲ့ ဝင်ထွက်ပြီး ဆက်ဆံနေတဲ့ ဒီအိမ်ရှင်မ ပုံသဏ္ဍာန်အသွင် ဖန်တီးလိုက်တယ်။ အိမ်ရှင်မ ပုံသဏ္ဍာန်အသွင် ဖန်တီးလိုက်ပြီးတဲ့ အချိန်ခါကျတော့ ဘာလုပ်သလဲ? အဲဒီရဟန်းရှိရာ ချဉ်းကပ်။ ချဉ်းကပ်ပြီးတဲ့ အချိန်ခါကျတော့ သူက ရဟန်းကို လျှောက်ထားတယ်။ ဘယ်လိုလဲ?

‘‘နဒီတီရေသု သဏ္ဌာနေ, သဘာသု ရထိယာသု စ၊ ဇနာ သင်္ဂမ္မ မန္တေန္တိ, မဉ္စ တဉ္စ ကိမန္တရံ’’။

ဘန္တေ၊ အရှင်ဘုရား ...။ နဒီတီရေသု၊ မြစ်ဆိပ်တို့၌လည်းကောင်း။ သဏ္ဌာနေ၊ အပန်းဖြေရာဌာနတို့၌လည်းကောင်း။ သံဌာနေ သံဌာနေ၊ အပန်းဖြေရာဌာနတို့၌လည်းကောင်း။ သဘာသု၊ အစည်းအဝေးတို့၌လည်းကောင်း။ ရထိယာသု၊ လမ်းဆုံလမ်းမတို့၌လည်းကောင်း။ ဇနာ၊ လူသားအပေါင်းတို့သည်။ သင်္ဂမ္မ၊ စည်းရုံးကြကုန်၍ စုစည်းမိကြကုန်၍။ မဉ္စ၊ ဘုရားတပည့်တော်ကိုလည်းကောင်း။ တဉ္စ၊ အရှင်ဘုရားကိုလည်းကောင်း။ မဉ္စ တဉ္စ၊ ဘုရားတပည့်တော်နှင့် အရှင်ဘုရားရဲ့ အကြောင်းကို။ ကိမန္တရံ၊ မည်သည့်အကြောင်း တစ်စုံတစ်ရာမျှ မရှိပါဘဲလျက် (တစ်နည်း) ဘာလိုလို။ မန္တေန္တိ၊ ပြောဆို၍ နေကြပါကုန်၏၊

အရှင်ဘုရား ... မြစ်ဆိပ်တွေ ကြည့်လိုက်ရင်လည်း လူတွေ စုရုံး စုရုံးဖြစ်တဲ့ အချိန်ခါမှာ အရှင်ဘုရားနဲ့ တပည့်တော်ကို ဘာလိုလို ပြောနေကြတယ်။ အပန်းဖြေတဲ့နေရာတို့, မြို့အဝင်ဝတို့ အဲဒီနေရာတွေမှာ လူတွေ နည်းနည်း စုရုံးမိပြီဆိုရင် အရှင်ဘုရားနဲ့ တပည့်တော် အကြောင်းကို ဘာလိုလို ပြောနေကြတယ်။ ပွဲလမ်းသဘင်တွေ, အစည်းအဝေးတွေ လူတွေ များများ ဆုံမိပြီဆိုရင် အဲဒီမှာ အရှင်ဘုရားနဲ့ တပည့်တော် အကြောင်းကို ဘာလိုလို ပြောနေကြတယ်။ အဲ လမ်းဆုံ လမ်းခွတွေမှာလည်း လူတွေ နည်းနည်း စုမိပြီ ဆိုလို့ရှိရင်လည်း အဲဒါ အရှင်ဘုရားနဲ့ တပည့်တော် အကြောင်းကို ဘာလိုလို ပြောနေကြတယ်။ ဒီလို နတ်က လျှောက်ထားတယ်။ နတ်သားကလည်း ပုံမှန်မဟုတ်ဘူး။ အဲဒီ အိမ်ရှင်မ အယောင်ဆောင်ပြီးတော့မှ သူက လာပြီးတော့ လျှောက်ထားတယ်။ လျှောက်ထားလိုက်တဲ့ အချိန်ခါမှာ လောကဓံကို ခံနိုင်ရည်ရှိနေတဲ့ ဒီရဟန်းတော်က ဘာပြောလဲ?

‘‘ဗဟူဟိ သဒ္ဒါ ပစ္စူဟာ, ခမိတဗ္ဗာ တပဿိနာ။ ပစ္စူဟာ၊ ဆန့်ကျင်ဘက်ဖြစ်ကြကုန်သော ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်ကြကုန်သော။ ဗဟူဟိ၊ များစွာကုန်သော။ သဒ္ဒါ၊ အသံတို့ကို။ တပဿိနာ၊ ရှင်ရဟန်းဖြစ်နေတဲ့ ပုဂ္ဂိုလ်သည် တပခေါ်တဲ့ ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသော ရဟန်းတော်သည်။ ခမိတဗ္ဗာ၊ သည်းခံသင့် သည်းခံထိုက်ပေ၏၊

တပခေါ်တဲ့ ကျင့်ဝတ်ပဋိပတ် အမျိုးမျိုးကို လက်တွေ့ ကျင့်သုံးနေတဲ့ ရဟန်းတော် သူတော်ကောင်း မှန်ခဲ့ရင်တဲ့ ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်ပေါ်လာတဲ့ ဒီအသံတွေကို သည်းခံသင့်တယ်။

န တေန မင်္ကု ဟောတဗ္ဗံ, န ဟိ တေန ကိလိဿတိ။

တေန၊ ထိုကဲ့သို့ မဟုတ်မတရား ပြောကြားနေတဲ့ အသံကြောင့် ထိုကဲ့သို့သော ကဲ့ရဲ့ခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ မင်္ကု၊ စိတ်နှလုံး မသာယာခြင်းသည် (ဝါ) မျက်မှောင်တကြုတ်ကြုတ် ဖြစ်ခြင်းကို။ န ဟောတဗ္ဗံ၊ မပြုသင့် မပြုထိုက်ပေ မဖြစ်သင့် မဖြစ်ထိုက်ပေ။ န ဟိ ကိလိဿတိ၊ ညစ်နွမ်းမှု ဖြစ်လိမ့်မည်ကား မဟုတ်ပေ။

သူများတွေ ဘယ်လိုပဲ ပြောပြောပါ။ ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်တဲ့ စကားအသံတွေ ဆိုတာက ရဟန်း မှန်ခဲ့မယ်ဆိုရင် သည်းခံသင့်တယ်။ ရဟန်းမှန်ရင် သည်းခံသင့်တယ်, သီလရှင်မှန်ရင် သည်းခံသင့်တယ်, ယောဂီမှန်ရင် သည်းခံသင့်တယ်။ ထိပ်တိုက် ဆန့်ကျင်ဘက် လာနေတဲ့ ဒီအသံဆိုတာကတော့ နေရာတကာမှာ မရှိထိုက်ဘူးလား? ရှိတတ်ပါတယ်။ အဲဒီတော့ အဲဒီနေရာတကာမှာ ရှိနေတဲ့အတွက် ဒီအသံတွေကို အကြောင်းပြုပြီးတော့ စိတ်ထဲမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်ရမလား? မဖြစ်ရဘူး။ မျက်မှောင်တကြုတ်ကြုတ်နဲ့ မျက်နှာမသာမယာ မဖြစ်သင့်ပါဘူးတဲ့။ ဒီအသံတွေကြောင့်လည်း ညစ်နွမ်းမှုဆိုတာ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ အသံကြောင့် မိမိတို့မှာ ညစ်နွမ်းမှု မဖြစ်နိုင်ဘူး။ မိမိက ညစ်နွမ်းကြောင်းဖြစ်တဲ့ ကျင့်ဝတ်တွေကို သွားပြီး ကျင့်မှသာလျှင် မိမိမှာ ညစ်နွမ်းမှု ဖြစ်မယ်။

မိမိက ကာယကံ မစင်ကြယ်ဘူးဆိုရင်, မိမိက ဝစီကံ မစင်ကြယ်ဘူးဆိုရင်, မိမိက မနောကံ မစင်ကြယ်ခဲ့ဘူးဆိုရင် မိမိအတွက် ညစ်နွမ်းမှု မဖြစ်နိုင်ဘူးလား? ဖြစ်လိမ့်မယ်။ သူတစ်ပါး ပြောကြားခြင်းတည်းဟူသော အကြောင်းကြောင့် မိမိရဲ့သန္တာန်မှာ ညစ်နွမ်းမှုဆိုတာ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ ဘယ့်နှယ်တုန်း မှားလား, မှန်လား? မှန်တယ်။ ကိုယ်က ညစ်ပတ်မှ ညစ်နွမ်းမှာပါ။ ကိုယ်က မညစ်ပတ်ရင် ညစ်နွမ်းပါ့မလား? မညစ်နွမ်းဘူး။ အဲ ကိုယ်က ညစ်ပတ်နေရင်တော့ ခံပေတော့။ ဒါ ဘယ့်နှယ်မှ မတတ်နိုင်ဘူး။ ကိုယ်က မညစ်ပတ်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ ကိုယ်ကောင်းလို့ရှိရင် ကိုယ့်ခေါင်း ဘယ်မှ မရွေ့ဘူး။ ဒီစကားပဲ။ ဒါကြောင့် -

‘‘ယော စ သဒ္ဒပရိတ္တာသီ, ဝနေ ဝါတမိဂေါ ယထာ၊ လဟုစိတ္တောတိ တံ အာဟု, နာဿ သမ္ပဇ္ဇတေ ဝတံ’’။

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဝနေ၊ တောအတွင်း၌။ ဝါတမိဂေါ ယထာ၊ လေသမင်ကဲ့သို့။ သဒ္ဒပရိတ္တာသီ၊ အသံကို ကြောက်ရွံ့တဲ့ အလေ့အထ ရှိသည် (ဟောတိ-ဖြစ်၏)။ တံ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ လဟုစိတ္တောတိ၊ စိတ်ထား ပေါ့ပျက်ပျက်ရှိတဲ့ ပုဂ္ဂိုလ်မျိုးဟူ၍။ အာဟု၊ ပြောကြားကြလေကုန်၏။ အဿ၊ ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌။ ဝတံ၊ ကျင့်ဝတ်ပဋိပတ်သည်။ န သမ္ပဇ္ဇတေ၊ မပြည့်စုံနိုင်သည်သာလျှင်တည်း။

တောထဲမှာ လေသမင်ဆိုတာ ရှိပါတယ်။ ဝါတမိဂခေါ်တဲ့ လေသမင်တွေ လေအဟုန်ကဲ့သို့ လျှင်မြန်စွာ ပြေးသွားနိုင်တဲ့ စွမ်းအားရှိတဲ့ လေသမင်တွေပဲ။ အဲဒီ သမင်တွေက အသံကြားရင် သိပ်ကြောက်ကြတယ်။ လူအရိပ်ကို တစ်ခါ မြင်ဖူးခဲ့မယ်ဆိုလို့ရှိရင် ထိုနေရာကို ခုနှစ်ရက် မလာဘူး။ ကြောက်ရွံ့လို့များပေါ့လေ ... အသံတစ်ခုခုကြောင့်, အကြောင်းတစ်ခုခုကြောင့် ကြောက်ရွံ့လို့ ထွက်ပြေးခဲ့မယ် ဆိုရင် ထိုပြေးခဲ့ဖူးတဲ့ နေရာကို တစ်သက်လုံး ဘယ်တော့မှ မလာဘူး။ ဒီလောက်အထိ သူတို့က အသံကို ကြောက်တယ်။ အဲဒီလို အသံကြောက်တဲ့ အလေ့အထ ရှိနေတဲ့ ဒီသမင်လိုပဲ လောကမှာ ပုဂ္ဂိုလ်တစ်ယောက်သည် ဒီသူတစ်ပါးတို့ ကဲ့ရဲ့နေတဲ့အသံ, ချီးမွမ်းနေတဲ့ အသံဆိုတဲ့ ဒီအသံတွေကို ကြောက်ရွံ့လေ့ ရှိမယ်ဆိုရင် အဲဒီလို အသံကို ကြောက်ရွံ့တဲ့ပုဂ္ဂိုလ်ကို လောကမှာ ဘယ်လိုခေါ်လဲ? စိတ်ထား ပေါ့ပျက်တဲ့ ပုဂ္ဂိုလ်လို့ ခေါ်တယ်။ လေးနက်တဲ့ စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်ပဲ။ စိတ်ထား ပေါ့ပျက်ပျက်နိုင်တဲ့ ဒီလိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဝတခေါ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေ ပြည့်စုံနိုင်ပါ့မလား? ဘယ်လိုမှ မပြည့်စုံနိုင်ဘူး။ ဘာဖြစ်လို့လဲ? လေးနက်တဲ့ စိတ်ထား မရှိဘူး။ လေးနက်တဲ့စိတ်ထား ရှိနေတဲ့ သူတော်ကောင်းတို့ရဲ့ သန္တာန်မှာသာလျှင် ဝတခေါ်တဲ့ ကျင့်ဝတ်ပဋိပတ် အမျိုးမျိုး ပြည့်စုံနိုင်တယ်။ သီလကျင့်စဉ်တွေ ပြည့်စုံနိုင်တယ်, သမာဓိကျင့်စဉ်တွေ ပြည့်စုံနိုင်တယ်, ပညာကျင့်စဉ်တွေ ပြည့်စုံနိုင်တယ် ဆိုပြီးတော့ ဒီရဟန်းတော်က ပြန်ပြောတယ်။ ဒါကြောင့် -

‘‘ယော စ သဒ္ဒပရိတ္တာသီ, ဝနေ ဝါတမိဂေါ ယထာ၊ လဟုစိတ္တောတိ တံ အာဟု, နာဿ သမ္ပဇ္ဇတေ ဝတံ’’။

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဝနေ၊ တောအတွင်း၌။ ဝါတမိဂေါ ယထာ၊ လေသမင်ကဲ့သို့။ သဒ္ဒပရိတ္တာသီ၊ အသံကို ကြောက်ရွံ့တဲ့ စိတ်ထား ရှိပေ၏။ တံ၊ ထိုကဲ့သို့ အသံကို ကြောက်ရွံ့နေတဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်ကို။ လဟုစိတ္တောတိ၊ စိတ်ထား ပေါ့ပျက်တဲ့ ပုဂ္ဂိုလ်ဟူ၍။ အာဟု၊ ပြောဆိုကြလေကုန်၏။ နာဿ၊ ထို စိတ်ထား ပေါ့ပျက်ပျက်ရှိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်၌။ ဝတံ၊ ကျင့်ဝတ်ပဋိပတ်သည်။ သမ္ပဇ္ဇတေ၊ မပြည့်စုံနိုင်သည်သာလျှင်တည်း။

ဒါကြောင့် စိတ်ထား ပေါ့ပျက်ပျက် မရှိတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် မိမိတို့ဘက်က ကြိုးစားဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ ဒါကြောင့် အသံဆိုတာကတော့ ရှိကြမှာပဲ။ ကဲ့ရဲ့တဲ့အသံ, ချီးမွမ်းတဲ့အသံ။ ဒီအသံတွေကို အကြောင်းပြုပြီးတော့ မိမိတို့ဘက်က သိပ်ပြီးတော့ အလေးဂရု မပြုဖို့တော့ လိုအပ်ပါတယ်။ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုပြီး ဒီပုံစံ ထားရမယ်လို့ ဘုန်းကြီး မဆိုလိုဘူးနော်။ မိမိဘက်က မှန်ကန်နေတဲ့ သီလကျင့်စဉ်, မှန်ကန်နေတဲ့ သမာဓိကျင့်စဉ်, မှန်ကန်နေတဲ့ ပညာကျင့်စဉ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေဖို့ကတော့ လိုတယ်။ မိမိဘက်က မညစ်နွမ်းဖို့ကတော့ မလိုဘူးလား? လိုအပ်ပါတယ်။

ထိုလို မညစ်နွမ်းအောင် မိမိက သေချာချာ စနစ်တကျ ဖြည့်ကျင့်နေသည် ဖြစ်ပါလျက် ဒီအသံတွေ ပေါ်ခဲ့မယ် ဆိုလို့ရှိရင်တော့ ဒီအသံကြောင့် မိမိမှာ တုန်လှုပ်ချောက်ချားတဲ့ စိတ်ဓာတ် မရှိဖို့တော့ လိုအပ်တယ်။ အကယ်၍ ဒီအသံတွေကို အကြောင်းပြုပြီးတော့ မိမိမှာ တုန်လှုပ်ချောက်ချားမှု ဖြစ်ပြီးတော့ တရားလည်း အားထုတ်လို့ မရ၊ သမာဓိတွေလည်း ထူထောင်လို့မရ၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေလည်း စီးဖြန်းလို့ မရ ဖြစ်ခဲ့မယ် ဆိုလို့ရှိရင်တော့ မိမိဟာ ဘယ်လိုပုဂ္ဂိုလ် ဖြစ်သွားမလဲ? စိတ်ထား ပေါ့ပျက်ပျက် ရှိနေတဲ့ပုဂ္ဂိုလ် ဖြစ်သွားလိမ့်မယ်။

ဒါကြောင့် စိတ်ထားလေးနက်အောင် လေးနက်စေတတ်တဲ့ စွမ်းအင် ရှိနေတဲ့ တရားတွေကို မိမိတို့က လက်ကိုင်ထားပြီး ကြိုးစားဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ အဲဒီတော့ ဒီလို တရားတွေကို လက်ကိုင် ကြိုးစားထားတဲ့ ပုဂ္ဂိုလ်တွေမှာ အရိယာသူတော်ကောင်း မဖြစ်စေကာမူ ပုထုဇန်ပဲ ဖြစ်ချင်ဖြစ်ပါစေ၊ လေးနက်တဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလောကဓံတွေကို ခံနိုင်ရည် ရှိတဲ့ စွမ်းအားတွေ ထိုပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ကိန်းဝပ်နေတတ်ပါတယ်။ အဲဒီလို လောကဓံတွေကို ခံနိုင်ရည်ရှိတဲ့ စိတ်ထားတွေ ကိန်းဝပ်နေတာနဲ့ ပတ်သက်ပြီးတော့ ဒီည ဘုန်းကြီး ဇာတ်တော်လေးတစ်ခု ဟောဖို့ ရည်ရွယ်ထားတယ်။ ဥရဂဇာတ်လို့ ခေါ်ပါတယ်။ မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံး တည်နေခိုက် ဆိုကြပါစို့ ...

သူကြွယ်တစ်ဦးမှာ သားတစ်ဦး သေသွားတယ်။ သားတစ်ဦး သေသွားတော့ သူကြွယ်ကလည်း ထုံးစံအတိုင်းပေါ့လေ မိမိအင်မတန် ချစ်မြတ်နိုးနေတဲ့ သားရတနာတစ်ဦး သေကျေပျက်စီးသွားတဲ့အတွက် သောက ပရိဒေဝ မီးတွေကတော့ တောက်လောင်နေတယ်။ တောက်လောင်နေတဲ့ အချိန်အခါကျတော့ ထိုနေ့မှာ မြတ်စွာဘုရားကလည်း ဒီဒါယကာကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဒါယကာရဲ့ အားကြီးသော မှီရာ ဥပနိဿယတွေကို မြင်တွေ့တဲ့အတွက် မြတ်စွာဘုရားလည်း ထိုအိမ်ကို ဆွမ်းခံ ကြွတော်မူပါတယ်။ ကြွလိုက်တဲ့ အချိန်ခါ ဒါယကာကလည်း သဒ္ဓါတရား ရှိလိုက်တော့ ဘုရားရှင်ကို ဆင်းပြီး ပင့်၊ သင့်တင့်လျောက်ပတ်တဲ့ နေရာမှာ, ဘုရားနှင့် ထိုက်တန်တဲ့ တစ်နေရာမှာ ခင်းကျင်းပြီးတော့ သီတင်းသုံးစေပါတယ်။ သီတင်းသုံးစေပြီးတဲ့ အချိန်ခါကျတော့ ဘုရားရှင်ကလည်း စကားစရအောင် မေးကြည့်တယ်။ ဒါယကာ သင်ဟာ စိုးရိမ်ပူဆွေးနေသလားလို့ မေးကြည့်တယ်။ အဲဒီအခါမှာ ဒကာကလည်း -

‘အာမ, ဘန္တေ ပုတ္တဿ မေ မတကာလတော ပဋ္ဌာယ သောစာမိ’

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ မေ၊ ဘုရားတပည့်တော်ရဲ့သန္တာန်၌။ ပုတ္တဿ၊ သားရတနာ၏။ မတကာလတော၊ သေပြီးတဲ့ အချိန်ခါကာလမှ။ ပဋ္ဌာယ၊ စ၍။ သောစာမိ၊ စိုးရိမ်ပူဆွေး၍ နေရပါ၏ မြတ်စွာဘုရား။

မြတ်စွာဘုရား မှန်ပါတယ်။ တပည့်တော်ဟာ ချစ်မြတ်နိုးတဲ့ သားရတနာလေး သေကျေပျက်စီးသွားတဲ့ အချိန်ခါမှ စပြီးတော့ တပည့်တော်မှာ စိုးရိမ်ပူဆွေးမှုတွေ ဖြစ်နေပါတယ် မြတ်စွာဘုရား ဆိုပြီးတော့ လျှောက်ထားတယ်။ အဲဒီအခါကျတော့ ဘုရားရှင်က ဘာအမိန့်ရှိလဲ?

‘‘အာဝုသော, ဘိဇ္ဇနဓမ္မံ နာမ ဘိဇ္ဇတိ, နဿနဓမ္မံ နာမ နဿတိ, တဉ္စ ခေါ န ဧကသ္မိံယေဝ ကုလေ, နာပိ ဧကသ္မိညေဝ ဂါမေ, အထ ခေါ အပရိမာဏေသု စက္ကဝါဠေသု တီသု ဘဝေသု အမရဏဓမ္မော နာမ နတ္ထိ, တဗ္ဘာဝေနေဝ ဌာတုံ သမတ္ထော ဧကသင်္ါရောပိ သဿတော နာမ နတ္ထိ, သဗ္ဗေ သတ္တာ မရဏဓမ္မာ, သဗ္ဗေ သင်္ါရာ ဘိဇ္ဇနဓမ္မာ, ပေါရာဏကပဏ္ဍိတာပိ ပုတ္တေ မတေ ‘မရဏဓမ္မံ မတံ, နဿနဓမ္မံ နဋ္ဌ’န္တိ န သောစိံသု’’။

အာဝုသော၊ ဒါယကာ ...။ ဘိဇ္ဇနဓမ္မံ နာမ၊ ပျက်စီးတတ်တဲ့ သဘောတရားမည်သည်ကား။ ဘိဇ္ဇတိ၊ ပျက်စီးတတ်ပါပေ၏။ နဿနဓမ္မံ နာမ၊ ပျောက်ပျက်တတ်တဲ့ သဘောတရား မည်သည်ကား။ နဿတိ၊ ပျောက်ပျက်၍ နေတတ်ပါပေ၏။ တဉ္စ ခေါ၊ ထိုကဲ့သို့ ပျက်စီးခြင်း, ပျောက်ပျက်ခြင်းဆိုတဲ့ သဘောတရားသည်ကား။ န ဧကသ္မိံယေဝ ကုလေ၊ အိမ်တစ်အိမ်အတွင်း၌သာလျှင်။ ဟောတိ၊ ဖြစ်သည်ကားမဟုတ်။ နပိ ဧကသ္မိညေဝ ဂါမေ၊ ရွာတစ်ရွာအတွင်း၌သာလျှင် ဖြစ်နေသည်လည်းမဟုတ်။ အထ ခေါ၊ တကယ်စင်စစ်အားဖြင့်သော်ကား။ အပရိမာဏေသု စက္ကဝါဠေသု၊ အတိုင်းအတာ ပမာဏ မရှိကြကုန်သော စကြဝဠာတိုက်တို့၌။ တီသု ဘဝေသု၊ ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးတို့၌။ အမရဏဓမ္မော နာမ၊ မသေကျေ မပျက်စီးရသော တရားမည်သည်။ နတ္ထိ၊ မရှိသည်သာလျှင်တည်း။ တဗ္ဘာဝေနေဝ၊ ထိုဖြစ်လာတိုင်းသော သဘောတရားအားဖြင့်သာလျှင်။ ဌာတုံ၊ တည်တံ့၍ နေခြင်းငှာ။ သမတ္ထော၊ စွမ်းနိုင်သော။ ဧကသင်္ါရောပိ၊ တစ်ခုသော သင်္ခါရတရားသည်၊ တရားသော်မျှလည်း။ သဿတော နာမ၊ တည်တံ့ခိုင်မြဲ၍ နေသည်မည်သည်။ နတ္ထိ၊ မရှိပေ၏။ သဗ္ဗေ သတ္တာ၊ ခပ်သိမ်းကုန်သော သတ္တဝါမှန်သမျှတို့သည်။ မရဏဓမ္မာ၊ သေကျေပျက်စီးရခြင်း မရဏ သဘောတရား ထင်ရှားရှိကြလေကုန်၏။ သဗ္ဗေ သင်္ါရာ၊ ခပ်သိမ်းဥဿုံ အလုံးစုံသော သင်္ခါရတရား မှန်သမျှတို့သည်။ ဘိဇ္ဇနဓမ္မာ၊ ပျက်စီးခြင်း ဘိဇ္ဇန သဘောတရား ထင်ရှားရှိကြကုန်၏။ ပေါရာဏကပဏ္ဍိတာပိ၊ ရှေးပညာရှိ သူတော်ကောင်းတို့သည်လည်းပဲ။ ပုတ္တေ၊ သားသည်။ မတေ၊ သေလွန်ခဲ့သည်ရှိသော်။ မရဏဓမ္မံ၊ သေခြင်းသဘောတရားသည်ကား။ မတံ၊ သေ၍ သွားခဲ့လေပြီ။ နဿနဓမ္မံ၊ ပျောက်ပျက်တတ်တဲ့ တရားသည်ကား။ နဋ္ဌံ၊ ပျောက်ပျက်ခဲ့လေပြီ။ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ န သောစိံသု၊ မစိုးရိမ်ခဲ့ကြလေကုန်။

ဘုရားရှင်က တရားလေး ဟောပေးတယ်နော်။ ဒါယကာ ... ပျက်စီးတတ်တဲ့တရား၊ ပျက်စီးခြင်းသဘောရှိတဲ့ တရား မည်သည် ပျက်စီးတတ်တယ်။ ပျောက်ပျက်ခြင်း သဘောတရားမည်သည် ပျောက်ပျက်တဲ့သဘော ရှိပါတယ်။ ဒီလို ပျက်စီးခြင်း, ပျောက်ပျက်ခြင်းဆိုတဲ့ သဘောတရားဟာ အိမ်တစ်အိမ်အတွင်းမှာသာလည်း ဖြစ်သည်မဟုတ်၊ ရွာတစ်ရွာတည်းမှာသာလည်း ဖြစ်နေသည်မဟုတ်၊ တကယ်စင်စစ် ပြောကြမယ် ဆိုရင် အတိုင်းအတာ ပမာဏမရှိတဲ့ အနန္တ စကြဝဠာတို့အတွင်း ကာမ ရူပ အရူပဆိုတဲ့ ဘုံသုံးပါးတို့ အတွင်းမှာ မသေကျေ မပျက်စီးတတ်တဲ့ အမရဏဓမ္မတရားမည်သည် မရှိစကောင်းသည်သာ ဖြစ်ပါတယ်။ ဖြစ်လာတဲ့ တရားမှန်ရင် ဖြစ်နေတဲ့အတိုင်း တည်တံ့ခြင်းငှာ စွမ်းနိုင်တဲ့ တည်တံ့ခိုင်မြဲနေတဲ့ တစ်စုံတစ်ခုသော သင်္ခါရတရားသော်မှလည်း မရှိခဲ့ဖူးပါဘူး။ ဒါကြောင့် သတ္တဝါအားလုံးတို့ဟာ မရဏသဘောတရား ထင်ရှားရှိကြတယ်။

သင်္ခါရ သဘောတရားတို့ဟာ ဖြစ်ပြီးတာနဲ့ ပျက်တဲ့သဘောတရား ထင်ရှား ရှိကြတယ်။ ဒါကြောင့် ရှေးပညာရှိ သူတော်ကောင်းတို့ဟာလည်း သားကွယ်လွန် သေဆုံးသွားတဲ့ အချိန်ခါမှာ သေခြင်းသဘောတရားသည် သေတတ်တယ်။ သေခြင်းမရဏသဘောတရား ထင်ရှားရှိနေတဲ့ တရားမှန်ရင် သေတတ်တယ်။ ပျောက်ပျက်တတ်တဲ့ ဓမ္မသဘောတရား မှန်ခဲ့ရင် ပျောက်ပျက်တာပဲလို့ ဒီလို နှလုံးပိုက်ပြီးတော့ စိုးရိမ်ပူဆွေးမှု မဖြစ်ခဲ့ဖူးပါဘူး ဆိုပြီးတော့ မြတ်စွာဘုရားက ဒီတရားလေး အမိန့်ရှိတယ်။ အဲဒီအခါမှာ ဒီဥပသကာ ဒါယကာကလည်း လျှောက်ထားတောင်းပန်တဲ့အတွက် မြတ်စွာဘုရားက ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းလေးတစ်ပုဒ် ဟောပေးပါတယ်။

လွန်ခဲ့သော ဘဝတစ်ခု ဆိုကြစို့နော် ... ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း ထီးဖြူအုပ်ချုပ် မင်းလုပ်တယ်။ ဦးပဉ္စင်းတို့ ဘုရားအလောင်းတော်ကလည်း ဗာရာဏသီမြို့တံခါးဝ ရွာငယ်လေးတစ်ခုမှာ ပုဏ္ဏားမျိုးမှာ သွားပြီးတော့ လူဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာလေးတွေ မိမိ စွမ်းအားရှိသလောက် တည်တံ့အောင် စုဆောင်းရှာဖွေတယ်။ ရှာဖွေလိုက်တဲ့ အချိန်ခါမှာ ဘယ်လိုလုပ်ငန်းတွေဖြင့် စီးပွားဥစ္စာကို ရှာဖွေသလဲလို့ မေးတော့ လယ်လုပ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ဖြင့် အသက်မွေးပါတယ်။ လယ်လုပ်ပြီးတော့ ဒီလို စီးပွားဥစ္စာလေး စုဆောင်းပြီး အသက်မွေးရာကနေ သူ့မှာ သားလေးတစ်ယောက်, သမီးလေးတစ်ယောက် ရှိတယ်။ ကလေးငယ်နှစ်ယောက် ရှိလာပြီ။ သားလေး အရွယ်ရောက်လာတဲ့ အချိန်အခါကျတော့ အမျိုးအနွယ်တူနေတဲ့ ပုဂ္ဂိုလ်တစ်ဦးထံမှ သမီးတစ်ဦးကို ဆောင်ပြီးတော့ လက်ထပ်ပေးလိုက်ပါတယ်။ လက်ထပ်ပေးလိုက်တော့ သူတို့မှာ ကျွန်မကလည်း တစ်ယောက် ရှိတယ်။ အားလုံး ပေါင်းလိုက်မယ်ဆိုရင် အိမ်သူအိမ်သား ဘယ်နှစ်ယောက် ဖြစ်သွားလဲ? ၆-ယောက် ဖြစ်သွားတယ်။ ဘုရားလောင်းရယ်၊ အိမ်ရှင်မရယ်၊ သားရယ်၊ သမီးရယ်၊ ချွေးမရယ်၊ ကျွန်မရယ် ဆိုပြီးတော့ ဘယ်နှစ်ယောက် ဖြစ်သွားလဲ? ၆-ယောက်။ ၆-ယောက် ဖြစ်တဲ့အခါကျတော့ သူတို့ဟာ ဝမ်းမြောက်ဝမ်းသာနဲ့ ပြုံးပြုံး ပြုံးပြုံးနဲ့ နေကြတာပေါ့လေ။ ပြုံးပြုံး ပြုံးပြုံး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ မိသားစုတွေ နေလိုက်ကြတာ တစ်နေ့ ဘာဖြစ်လာလဲ?

ဘုရားအလောင်းက ကြွင်းကျန်နေတဲ့ ပုဂ္ဂိုလ်ငါးဦးကို အမြဲတမ်း အဆုံးအမ ပေးတယ်။ ဒါက သိပ်အရေးကြီးပါတယ်နော်။ သူတော်ကောင်း ဓာတ်ခံရှိနေတဲ့ ပုဂ္ဂိုလ်တွေမှာ သူတော်ကောင်း ဓာတ်ငွေ့တွေက သံသရာ အဆက်ဆက် ကပ်ပါတတ်တယ်။ သံသရာအဆက်ဆက် ကပ်ပါနေတဲ့ ဒီဓာတ်ငွေ့ကောင်းတွေနဲ့ ပေါင်းဖော်မိတဲ့ ပုဂ္ဂိုလ်တွေမှာလည်း ထိုသူတော်ကောင်းသန္တာန်မှာ ကိန်းဝပ်နေတဲ့ ဓာတ်ငွေ့တွေက ကူးစက်လာတတ်တဲ့ သဘော ရှိတယ်။ မကောင်းတဲ့ ဓာတ်ငွေ့ကလည်း မကူးဘူးလား? ကူးတတ်ပါတယ်။ ကောင်းတဲ့ ဓာတ်ငွေ့ကလည်း ကူးစက်တတ်တယ်။ အဲဒီတော့ ဘုရားအလောင်းက နေ့စဉ်နေ့စဉ် ဒီငါးဦးကို ဘယ်လို ဆိုဆုံးမလဲ?

‘‘တုမှေ ယထာလဒ္ဓနိယာမေနေဝ ဒါနံ ဒေထ, သီလံ ရက္ခထ, ဥပေါသထကမ္မံ ကရောထ

တုမှေ၊ သင်တို့သည်။ ယထာလဒ္ဓနိယာမေနေဝ၊ မိမိတို့ ရမြဲ-တိုင်းသော အတိုင်းအတာ ပမာဏအားဖြင့်သာလျှင်။ ဒါနံ၊ အလှူဒါနကို။ ဒေထ၊ ပေးလှူကြကုန်လော့။ သီလံ၊ သီလကို။ ရက္ခထ၊ စောင့်ရှောက်ကြကုန်လော့။ ဥပေါသထကမ္မံ၊ ဥပုသ်ကျင့်သုံးခြင်းအမှုကို။ ကရောထ၊ ပြုကြကုန်လော့။

မိမိတို့ ရရှိထားတဲ့ အတိုင်းအတာ ပမာဏအတိုင်း နိယာမအတိုင်း အလှူဒါန ပြုကြပါ။ သီလကို မြဲအောင် စောင့်ရှောက်ကြပါ။ ဥပုသ်သီတင်း ကျင့်သုံးကြပါ။ ဒီလို တိုက်တွန်းတယ်။ ဒါနပြုတယ်ဆိုတာက ကိုယ့်စွမ်းအား ရှိသလောက်ကလေး ပြုဖို့ ပြောနေတယ်နော်။ မိမိစွမ်းအား မရှိတာကို အကြီးအကျယ် လှူရမယ်လို့ တိုက်တွန်းနေတာ မဟုတ်ပါဘူးနော်။ မိမိမှာ ရရှိထားတဲ့ အတိုင်းအတာ ပမာဏအတိုင်း အလှူဒါနကို ပြုကြပါ။ သီလကို စောင့်ရှောက်ကြပါ။ ဥပုသ်ကျင့်သုံးခြင်းအမှုကို ပြုကြပါ။ နောက်တစ်ခု -

မရဏဿတိံ ဘာဝေထ

မရဏဿတိံ၊ မရဏာနုဿတိကမ္မဋ္ဌာန်းကို။ ဘာဝေထ၊ ပွားများ-အားထုတ်ကြပါ။

မရဏသတိကမ္မဋ္ဌာန်း စီးဖြန်းကြပါ။ သူက သင်ပေးတယ်။ တိုက်တွန်းတယ်။

တုမှာကံ မရဏဘာဝံ သလ္လက္ခေထ, ဣမေသဉှိ သတ္တာနံ မရဏံ ဓုဝံ, ဇီဝိတံ အဒ္ဓုဝံ, သဗ္ဗေ သင်္ခါရာ အနိစ္စာ ခယဝယဓမ္မိနောဝ, ရတ္တိဉ္စ ဒိဝါ စ အပ္ပမတ္တာ ဟောထ’

တုမှာကံ၊ သင်တို့၏။ မရဏဘာဝံ၊ သေကျေပျက်စီးရမည့်သဘော ဖြစ်သည်ကို။ သလ္လက္ခေထ၊ ဉာဏ်ဖြင့် ကောင်းစွာ ပိုင်းခြားမှတ်သားကြပါ။

သင်တို့ သေရမယ်ဆိုတဲ့ သဘောကို ဉာဏ်ဖြင့် ကောင်းစွာ ပိုင်းခြားမှတ်သားကြပါ။

ဣမေသဉှိ သတ္တာနံ၊ ဤသတ္တဝါတို့ရဲ့ သန္တာန်၌။ မရဏံ၊ သေခြင်းတရားသည်ကား။ ဓုဝံ၊ မြဲလှပေ၏။ ဇီဝိတံ၊ အသက်ရှင်နေရခြင်း သဘောတရားသည်ကား။ အဒ္ဓုဝံ၊ မမြဲသည်သာ ဖြစ်ပါပေ၏။

ဒီသတ္တဝါတွေရဲ့သန္တာန်မှာ သေကျေပျက်စီးရခြင်းဆိုတဲ့ ဒီမရဏသဘောတရားသည် မြဲတယ်။ အသက်ရှည်ရခြင်းဆိုတဲ့ ဒီသဘောတရားကတော့ မမြဲတဲ့ သဘောတရားရှိတယ်။

သဗ္ဗေ သင်္ခါရာ၊ ခပ်သိမ်းဥဿုံ အလုံးစုံသော သင်္ခါရတရားမှန်သမျှတို့သည်။ အနိစ္စာ၊ ဖြစ်ပြီးလျှင် ပျက်တတ်တဲ့ အနိစ္စသဘောတရားသာတည်း။ ခယဝယဓမ္မိနောဝ၊ ကုန်ခြင်း ပျက်ခြင်း သဘောရှိတဲ့ တရားတို့သည်သာလျှင်တည်း။

သင်္ခါရတရား မှန်လို့ရှိရင် မမြဲတဲ့တရားသာ မှန်တယ်။ ဖြစ်ပြီး ပျက်နေကြတယ်။ ကုန်ခြင်းပျက်ခြင်း သဘောတရားရှိတဲ့ သဘောတွေသာ မှန်တယ်။ ဒီလိုဆိုရင်ပေါရင်ပေါ့ - ဒီစကားလေး ကြည့်လိုက်လို့ရှိရင် ဘုရားအလောင်းတော် ထိုအချိန်အခါမှာ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ရဲ့ အနိစ္စအခြင်းအရာကို မြင်နိုင်တဲ့ စွမ်းအား ရှိနိုင်တယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ မိမိက ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာကို မြင်သလို, ကုန်တတ် ပျက်တတ်တဲ့ သဘောတရားတွေကို မြင်နေသလို မိမိရဲ့ အဆုံးအမကို နာယူနေတဲ့ အိမ်သူအိမ်သားတွေကိုလည်း ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ ကုန်ကုန် ပျက်ပျက်နေတဲ့ ဒီသဘောတရား, ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတရား, ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတရားတွေကို မြင်အောင် သူက သွန်သင်ပြသ ဆိုဆုံးမနေပါတယ်။ ဓမ္မတာတစ်ခုတော့ ရှိတယ်ပေါ့ - ဘုရားအလောင်းတော်များ အနတ္တလက္ခဏာကို ဟောကြားပြသနိုင်တဲ့ စွမ်းအားတော့ မရှိကြဘူး။ ဘာဖြစ်လို့လဲ?

အနတ္တလက္ခဏပညာပနဉှိ အညဿ ကဿစိ အဝိသယော, သဗ္ဗညုဗုဒ္ဓါနမေဝ ဝိသယော။

အနတ္တလက္ခဏပညာပနံ ပန၊ အနတ္တလက္ခဏာကို ပညတ်တင်၍ ဟောကြားပြသ ဆိုဆုံးမနိုင်ခြင်းသည်ကား။ အညဿ ကဿစိ၊ အခြားတစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်၏။ န ဝိသယော၊ အရာမဟုတ်ပါပေ။ သဗ္ဗညုဗုဒ္ဓါနမေဝ၊ သဗ္ဗေညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏သာလျှင်။ ဝိသယော၊ အရာဖြစ်ပါပေ၏။

အနတ္တလက္ခဏာကို ပညတ်တင်ပြီးတော့ ဟောကြားပြသ ဆိုဆုံးမနိုင်ခြင်းဆိုတဲ့ ဒီသဘောတရားသည် အခြားအခြားသောပုဂ္ဂိုလ် တစ်စုံတစ်ယောက်ရဲ့ အရာဌာန မဟုတ်ပါဘူး။ သဗ္ဗေညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ အရာသာ ဖြစ်တယ်။ သရဘင်္ဂရှင်ရသေ့ရဲ့ထုံး ထုတ်ပြထားပါတယ်။ အလောင်းတော် သရဘင်္ဂရှင်ရသေ့ကြီးက တောထွက်တယ်။ တပည့်ပရိသတ် အခြံအရံတွေ ဘုရားပွင့်တုန်းကလိုပဲ အင်မတန် များပြားပါတယ်။ မိမိထံမှာ ဆိုက်ရောက်လာတဲ့ ပရိသတ်တွေကို ရုပ်နာမ်ဓမ္မ သင်္ခါရတို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စသဘောတွေ, ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခသဘောတွေကို မြင်အောင် သွန်သင်ဟောကြားပြသ ဆိုဆုံးမထားပါတယ်။ မိမိလည်း မြင်တယ်။ တပည့်သာဝကတွေလည်း မြင်ကြတယ်။ သို့သော် အနတ္တလက္ခဏာကို ပညတ်တင်ပြီး ဟောနိုင်တဲ့ စွမ်းအား မရှိခဲ့ဘူး။ မရှိတဲ့အတွက် သရဘင်္ဂရှင်ရသေ့ရော, သရဘင်္ဂရှင်ရသေ့ရဲ့ တပည့်သာဝကတွေကော မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ပုဂ္ဂိုလ် တစ်ယောက်မျှ မရှိခဲ့ဘူး။

သို့သော် အကယ်၍သာ ထိုအချိန်အခါက သရဘင်္ဂရှင်ရသေ့သည် မိမိထံမှောက်သို့ ဆိုက်ရောက်လာတဲ့ တပည့်သာဝကတွေကို အနတ္တလက္ခဏာကို ပညတ်တင်ပြီး ဟောကြားပြသ ဆိုဆုံးမနိုင်မယ်ဆိုရင် ထိုတပည့်သာဝကတွေဟာ ထိုအချိန်အခါမှာ မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တဲ့ သဘောရှိတယ်လို့ အဋ္ဌကထာက ဖွင့်ထားပါတယ်။ ဒါကြောင့် ဒီနေရာမှာလည်း ဘုရားအလောင်းတော် ပုဏ္ဏားကြီးက မိမိရဲ့ အိမ်သူအိမ်သားတွေကို ဒီသင်္ခါရတရားတို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စသဘောတွေကို မြင်အောင် ရှုဖို့၊ ကုန်ကုန်ပျက်ပျက်နေတဲ့ သဘောတရားတွေကို မြင်အောင် ရှုဖို့ သွန်သင်ပြသ ဆိုဆုံးမပေးနေတယ်။

ရတ္တိဉ္စ၊ ညဉ့်၌လည်းကောင်း။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ အပ္ပမတ္တာ၊ မမေ့လျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်防လော့။

မမေ့လျော့ခြင်း ဘာတွေလဲ? ဒါနကို မမေ့မလျော့, သီလကို မမေ့နဲ့။ ဥပုသ် ကျင့်သုံးမှုကိုလည်း မမေ့နဲ့။ သင်္ခါရတရားတွေဟာ ဖြစ်ပြီး ပျက်နေတယ်။ ဒီသဘောတွေကိုလည်း မမေ့ကြနဲ့။ အမြဲတမ်း ရှုပွားသုံးသပ်ပြီး နေထိုင်ကြပါ။ မရဏာနုဿတိဘာဝနာကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းပြီး နေကြပါ။ သတ္တဝါအားလုံးတို့ရဲ့သန္တာန်မှာ သေခြင်းဆိုတဲ့ သဘောတရားက မြဲတယ်။ အသက်ရှင်ရတဲ့ ဒီသဘောတရားသည် မမြဲတဲ့သဘော ရှိပါတယ် ဆိုပြီးတော့ နေ့တိုင်း နေ့တိုင်း မရဏာနုဿတိဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းဖို့, နေ့တိုင်းနေ့တိုင်း သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုဖို့ သွန်သင်ပြသ ဆိုဆုံးမ ပေးနေတယ်။

ဒီလိုဆိုရင်ပေါ့ - အဲဒီပုဂ္ဂိုလ်တွေရဲ့ အဆင့်အတန်းနဲ့ ဒီနေ့ တရားနာ ပုဂ္ဂိုလ်တို့ရဲ့ အခွင့်အလမ်း ပြန်ပြီး တိုင်းတာနှိုင်းစာကြည့်မယ်ဆိုရင် ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေမှာ အခွင့်အလမ်းတွေက ပိုပြီး အဆင့်အတန်း မြင့်မားနေတာကို တွေ့နိုင်ပါတယ်။ ဘာဖြစ်လို့လဲ? ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သိအောင် ဘယ်ပုံ ဘယ်ပမ်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတဲ့ နည်းကောင်း စနစ်ကောင်းတွေလည်း ပြည့်ပြည့်စုံစုံ မရှိဘူးလား? ရှိနေတယ်။ အဲဒီ သင်္ခါရတရားတွေကို သိပြီးတဲ့ အချိန်အခါမှာ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေရဲ့ အကြောင်းတရားတွေကို မည်သို့မည်ပုံ ရှာဖွေစုဆောင်းရမယ်ဆိုတဲ့ အကြောင်းတရားကို ရှာဖွေပုံ နည်းစနစ်တွေ၊ ကျင့်ကြံပွားများအားထုတ်ပုံ နည်းစနစ်တွေလည်း ပြည့်ပြည့်စုံစုံ မရှိဘူးလား? ရှိနေတယ်။

အဲဒီ နည်းစနစ်အတိုင်း ကျင့်လိုက်လို့ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သိရှိလာပြီဆိုရင် ထိုသိရှိနေတဲ့ သူတော်ကောင်းအဖို့ အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုမယ်ဆိုရင် ရှုလို့ ရနိုင်တဲ့ အခွင့်အလမ်းတွေလည်း မရှိကြဘူးလား? ရှိနေတယ်။ အလားတူပဲ။ ဒီဇာတ်တော်မှာလာရှိတဲ့ သူတော်ကောင်းတွေလို မရဏာနုဿတိဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းကြမယ်ဆိုရင် စီးဖြန်းလို့ ရနိုင်တဲ့ အခွင့်အလမ်းတွေ မရှိကြဘူးလား? ရှိနေတယ်။ ဒါကြောင့် မိမိတို့ ရရှိထားတဲ့ အခွင့်အရေးက ပိုပြီးတော့ အဆင့်မမြင့်ဘူးလား? မိမိတို့ ရရှိထားတဲ့ အခွင့်အရေးက ပိုပြီး အဆင့်မြင့်နေတဲ့အတွက် ရထားတဲ့ အခွင့်အရေးက ပိုပြီး အဆင့်မြင့်နေတဲ့အတွက် ရထားတဲ့ အခွင့်အရေးကြီးကို လက်မလွတ်တမ်း အသုံးချတတ်ဖို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တတ်ဖို့ မလိုအပ်ဘူးလား? လိုအပ်တယ်။ သူများ သားသမီး ပြုစုလုပ်ကျွေးတယ် ဆိုတာကတော့ ဘဝတိုင်းမှာ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ ခွေးဖြစ်တောင် သူများ သားသမီး လုပ်ကျွေးလို့ မရဘူးလား? ရပါတယ်။ ဒကာကြီးတွေကို ဘုန်းကြီးက ခွေးလို့ ပြောတာ မဟုတ်ဘူးနော်။ ရနိုင်တဲ့ သဘာဝကို ပြောနေတာပါ။

ခုလို သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုရတယ်ဆိုတဲ့ အခွင့်အလမ်းကတော့ မိမိတို့ သာသနာတော်နဲ့တွေ့လို့ ဒီဘဝမှာ ရရှိတဲ့ အခွင့်အလမ်း ဖြစ်ပါတယ်နော်။ အဲဒီတော့ ထိုသူတော်ကောင်းတွေက ဒီလို ဘုရားအလောင်း ပုဏ္ဏားကြီး ဆိုဆုံးမလိုက်တဲ့ အချိန်ခါမှာ ဘာလုပ်ကြလဲ?

တေ ‘‘သာဓူ’’တိ ဩဝါဒံ သမ္ပဋိစ္ဆိတွာ အပ္ပမတ္တာ မရဏဿတိံ ဘာဝေန္တိ။

တေ၊ ထိုသူတော်ကောင်းတို့သည်။ သာဓူတိ၊ ကောင်းပါပြီဟူ၍။ ဩဝါဒံ၊ အဆုံးအမ ဩဝါဒကို။ သမ္ပဋိစ္ဆိတွာ၊ ရိုသေစွာ ခံယူကြကုန်၍။ အပ္ပမတ္တာ၊ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်လျက်။ မရဏဿတိံ၊ မရဏာနုဿတိကမ္မဋ္ဌာန်းကို။ ဘာဝေန္တိ၊ ပွားများအားထုတ်၍ နေကြလေကုန်၏။

ကမ္မဋ္ဌာန်း ပွားများအားထုတ်ခြင်းကြောင့် ရရှိတဲ့ အကျိုးကို ဘုရားရှင်က ပြောချင်တယ်နော်။ မရဏာနုဿတိကမ္မဋ္ဌာန်းကို ပွားများကြတယ်။ ဒါက ဦးစားပေး ကမ္မဋ္ဌာန်းပဲ။ မရဏာနုဿတိကမ္မဋ္ဌာန်းဖြင့် သူတို့က သမာဓိကို ထူထောင်တယ်။ ထူထောင်ပြီးတဲ့ အချိန်ခါမှာ သူတို့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့လည်း ဝိပဿနာရှုတယ်လို့လည်း ဒီလို ယူဆနိုင်ပါတယ်နော်။

တစ်နေ့ ဘာဖြစ်လာလဲ? တစ်နေ့ ဘုရားလောင်း ပုဏ္ဏားကြီးက သားဖြစ်သူနဲ့ အတူတကွ လယ်ထဲသွားပြီးတော့ လယ်ထွန်ကြတယ်။ လယ်ထွန်လိုက်တဲ့ အချိန်ခါမှာ သားလုပ်တဲ့ ပုဂ္ဂိုလ်က အမှိုက်သရိုက်တွေ စုရုံးပြီးတော့ မီးရှို့တယ်။ သူ မီးရှို့လိုက်တဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ တောင်ပို့တစ်ခုကလည်း ရှိတယ်။ အဲဒီ တောင်ပို့ထဲမှာ အလွန် အဆိပ်ပြင်းထန်တဲ့ မြွေတစ်ကောင်ကလည်း ရှိတယ်။ ရှိလိုက်တော့ အမှိုက်သရိုက်တွေကို ရှို့လိုက်တဲ့ မီးခိုးတွေက ဒီမြွေရဲ့ မျက်လုံးကို သွားပြီးတော့ ထိခိုက်တယ်။ ထိခိုက်တော့ မြွေဘာဖြစ်လဲ? တော်တော်လေး ဒေါသထွက်တယ်။ ဒေါသထွက်တော့ ဘာလုပ်သလဲ? ဒီပုဂ္ဂိုလ်ကို အကြောင်းပြုပြီးတော့ ငါ့မှာ ဘေးဒုက္ခ ဖြစ်ရတယ်ဆိုပြီးတော့ အဲဒီမှာ သူ့မှာရှိတဲ့ အစွယ်လေးချောင်း အပြင်ထုတ်ပြီး တစ်ခါတည်း ကိုက်လိုက်တယ်။ ကိုက်လိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်လဲ?

အဲဒီ သူငယ်လေးလည်း မြေပေါ်လဲကျပြီး သွားတယ်။ ဘုရားအလောင်းပုဏ္ဏားကြီးကလည်း လဲလိုက်တဲ့ အသံကြားတယ်။ လဲလိုက်တာလည်း မြင်တယ်။ လယ်ထွန်ရင်းနဲ့ မြင်လိုက်တော့ နွားတွေကို ခဏရပ်တန့်ပြီးတော့ ခပ်မြန်မြန်လေး ပြေးသွားတယ်။ ဟိုကျကြည့်လိုက်တဲ့အခါကျတော့ သေကျေ ပျက်စီးနေတယ်။ သေကျေ ပျက်စီးနေတာ တွေ့လိုက်တဲ့ အခါကျတော့ ဒီအလောင်းကို ချီ၊ ချီပြီးတော့ သစ်ပင်ရင်းတစ်ပင်မှာ အသာလေး သိပ်ထားလိုက်တယ်။ သိပ်ပြီးတဲ့ အခါကျတော့ အပေါ်က အဝတ်ကလေး ခြုံ၊ ခြုံပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?

နေဝ ရောဒိ န ပရိဒေဝိ၊ ငိုကြွေးမြည်တမ်းမှု နည်းနည်းလေးမှ မပြုဘူး။

ဘာလုပ်သလဲ?

‘‘ဘိဇ္ဇနဓမ္မံ ပန ဘိန္နံ, မရဏဓမ္မံ မတံ, သဗ္ဗေ သင်္ခါရာ အနိစ္စာ မရဏနိပ္ဖတ္တိကာ’’

ဘိဇ္ဇနဓမ္မံ၊ ပျက်စီးတတ်တဲ့ သဘောတရားသည်ကား။ ပန၊ သည်။ ဘိန္နံ၊ ပျက်စီး၍ သွားခဲ့လေပြီ။ မရဏဓမ္မံ၊ သေကျေပျက်စီးတတ်တဲ့ မရဏသဘောတရားသည်ကား။ မတံ၊ သေကျေပျက်စီးခဲ့လေပြီ။ သဗ္ဗေ သင်္ခါရာ၊ ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သင်္ခါရတရားမှန်သမျှတို့သည်။ အနိစ္စာ၊ ဖြစ်ပြီးလျှင် ပျက်တတ်တဲ့ အနိစ္စတရားတို့သာတည်း။ မရဏနိပ္ဖတ္တိကာ၊ သေခြင်းမရဏတရားကို ဖြစ်စေတတ်တဲ့ တရားတို့သာတည်း။

မိမိတို့ ရရှိထားတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေ ပြန်ကြည့်လိုက်နော်။ ပျက်တတ်တဲ့ သဘောတရားသာမှန်တယ်။ သေကျေပျက်စီးတတ်တဲ့ မရဏတရားသာ မှန်တယ်။ ပျက်တတ်တဲ့ သဘောက ပျက်တယ်။ သေကျေပျက်စီးတတ်တဲ့ မရဏသဘောတရားက သေသွားတယ်။ သင်္ခါရတရားမှန်ရင် ဖြစ်ပြီး ပျက်နေတယ်။ သေခြင်းသဘောတရားကို ဖြစ်စေတတ်တဲ့ သဘောတရားတွေသာ မှန်တယ်။ ဘာဖြစ်လို့လဲ? အမြဲတမ်း ရှုပွားသုံးသပ်နေတယ်။ အဲဒီလို ရှုပွားသုံးသပ်နေတဲ့အတွက် -

အနိစ္စဘာဝမေဝ သလ္လက္ခေတွာ ကသိ။

အနိစ္စဘာဝမေဝ၊ အနိစ္စသဘော ဖြစ်ခြင်းမျှကိုသာလျှင်။ သလ္လက္ခေတွာ၊ ဉာဏ်ဖြင့် ကောင်းစွာ ပိုင်းခြားမှတ်သား၍။ ကသိ၊ ဆက်လက်၍ လယ်ထွန်နေလေ၏။

အနိစ္စသဘောတရား ဖြစ်ပုံကိုသာ ဉာဏ်ဖြင့် ကောင်းစွာ ပိုင်းခြားမှတ်သားပြီးတော့ ဆက်ပြီး လယ်ထွန်နေတယ်။ လယ်ထွန်ရင်းကနေပြီးတော့ ဘာဖြစ်သလဲ? လယ်အနီးအနားက နေပြီးတော့ ယောက်ျားတစ်ယောက် ဖြတ်ပြီး သွားတယ်။ ဒီပုဂ္ဂိုလ်ကလည်း အိမ်နီးချင်း ဖြစ်နေတယ်။ အိမ်နီးချင်း ဖြစ်နေတာ မြင်လိုက်တဲ့ အခါကျတော့ ဘာဖြစ်လဲ?

“မိတ်ဆွေ အိမ်ပြန်မလို့လား ...” လို့ သူက လှမ်းမေးလိုက်တယ်။ လှမ်းမေးတဲ့အခါကျတော့ “ဟုတ်တယ် ... ကျွန်တော် အိမ်ပြန်မလို့ဘဲ” လို့ ပြောလိုက်တဲ့ အခါကျတော့ ဘုရားအလောင်းပုဏ္ဏားကြီးက ဘာမှာသလဲ?

တေန ဟိ အမှာကမ္ပိ ဃရံ ဂန္တွာ ဗြာဟ္မဏိံ ဝဒေယျာသိ

တေန ဟိ၊ ထိုသို့ဖြစ်ခဲ့ပါမူကား။ အမှာကမ္ပိ ဃရံ၊ ငါတို့အိမ်သို့လည်းပဲ။ ဂန္တွာ၊ သွား၍။ ဗြာဟ္မဏိံ၊ ပုဏ္ဏေးမကြီးကို။ ဝဒေယျာသိ၊ ပြောပြလိုက်စမ်းပါ။

တို့အိမ်ကို သွားပါ။ သွားပြီးတော့ ပုဏ္ဏေးမကြီးကို ပြောပြလိုက်ပါတဲ့နော်။ ဘယ်လို ပြောရမလဲ?

‘‘အဇ္ဇ ကိရ ပုဗ္ဗေ ဝိယ ဒွိန္နံ ဘတ္တံ အနာဟရိတွာ ဧကဿေဝါဟာရံ အာဟရေယျာထ

အဇ္ဇ ကိရ၊ ယနေ့၌ကား။ ပုဗ္ဗေ ဝိယ၊ ရှေးယခင်နေ့၌ကဲ့သို့။ ดွိန္နံ၊ နှစ်ဦးသော ပုဂ္ဂိုလ်တို့အတွက်။ ဘတ္တံ၊ ထမင်းကို။ အနာဟရိတွာ၊ မယူလာခဲ့မူ၍။ ဧကဿေဝ၊ တစ်ယောက်အတွက်သာလျှင်။ အာဟာရံ၊ အာဟာရကို။ အာဟရေယျာထ၊ ဆောင်ယူခဲ့ကြပါကုန်။

အိမ်ကိုသွားပြီး ပြောပေးစမ်းပါ။ ဒီနေ့တော့ ဟိုးရှေးယခင်နေ့တွေလို နှစ်ယောက်စာအတွက် ထမင်း မယူဘဲ၊ တစ်ယောက်စာအတွက်သာလျှင် ထမင်းယူခဲ့ပါလို့ ဒီလို သွားပြောပါတဲ့။ နောက်တစ်ခု -

ပုဗ္ဗေ စ ဧကိကာဝ ဒါသီ အာဟာရံ အာဟရတိ, အဇ္ဇ ပန စတ္တာရောပိ ဇနာ သုဒ္ဓဝတ္ထနိဝတ္ထာ ဂန္ဓပုပ္ဖဟတ္ထာ အာဂစ္ဆေယျာထ’

ပုဗ္ဗေ စ၊ ရှေးယခင်နေ့တွေတုန်းက။ ဧကိကာဝ ဒါသီ၊ ကျွန်မတစ်ယောက်တည်းသာလျှင်။ အာဟာရံ၊ ထမင်းကို။ အာဟရတိ၊ လာ၍ ပို့တတ်ပါပေ၏။

ဟိုရှေးကနေ့တွေကို လှမ်းကြည့်လိုက်မယ်ဆိုရင် ကျွန်မတစ်ယောက်တည်း ထမင်းလာလာပို့တဲ့ အလေ့အထ ရှိတယ်။

အဇ္ဇ ပန၊ ယနေ့သည်ကား။ စတ္တာရောပိ ဇနာ၊ လေးယောက်သော ပုဂ္ဂိုလ်တို့သည်လည်းပဲ။ သုဒ္ဓဝတ္ထနိဝတ္ထာ၊ စင်ကြယ်သန့်ရှင်းသော အဝတ်တို့ကို ဝတ်ဆင်ကြကုန်လျက်။ गန္ဓပုပ္ဖဟတ္ထာ၊ ပန်းနံ့သာတို့ကို လက်စွဲကြကုန်လျက်။ အာဂစ္ဆေယျာထ၊ လာကြပါကုန်။

ဒီနေ့ကျတော့ လူလေးယောက်စလုံး လာပါ။ လာတဲ့ အချိန်ခါမှာ စင်ကြယ်သန့်ရှင်းနေတဲ့ အဝတ်အစားတွေကို ဝတ်ပြီးတော့မှ လာကြပါ။ ပန်းတွေ, နံ့သာတွေလည်း လက်က ကိုင်ပြီးတော့ လာကြပါလို့ ပြောလိုက်ပါ။ ပုဏ္ဏားကြီးက ဒီလို မှာလိုက်တယ်နော်။ မှာလိုက်တဲ့ အချိန်ခါကျတော့ ထိုအိမ်နီးချင်းပုဂ္ဂိုလ်ကလည်း ကောင်းပါပြီ ဆိုပြီးတော့ ဝန်ခံပြီးတော့ မှာကြားတဲ့အတိုင်း ပုဏ္ဏေးမကြီးကို သွားပြီး ပြောပြီ။ ပြောလိုက်တဲ့ အချိန်ခါကျတော့နော် -

ကေန တေ, တာတ, ဣမံ သာသနံ ဒိန္နံ။

တာတ၊ ချစ်သား။ ကေန၊ အဘယ်ပုဂ္ဂိုလ်သည်။ တေ၊ သင့်အား။ ဣမံ သာသနံ၊ ဤသတင်းစကားကို။ ဒိန္နံ၊ ပေးလိုက်ပါသနည်း။

သင့်ကို ဒီသတင်းစကားလေး ဘယ်သူက ပါးလိုက်သလဲ? မေးကြည့်တယ်။ ပုဏ္ဏားကြီးက ပြောလိုက်တယ်လို့ အိမ်နီးချင်းကလေးကလည်း ပြောတယ်။ အဲဒီအခါကျတော့ ပုဏ္ဏေးမကြီးက ဘာဖြစ်သလဲ?

သာ ‘‘ပုတ္တော မေ မတော’’တိ အညာသိ

ငါ့သားတော့ သေပြီဆိုတာ ပုဏ္ဏေးမကြီးက သိလိုက်တယ်။ သိလိုက်တော့ ဘာဖြစ်လဲ?

ကမ္ပနမတ္တမ္ပိဿာ နာဟောသိ။

အဿာ၊ ထိုပုဏ္ဏေးမကြီးရဲ့သန္တာန်၌။ ကမ္ပနမတ္တမ္ပိ၊ စိတ်ဓာတ်တုန်လှုပ်ခြင်းမျှသော်လည်းပဲ။ နာဟောသိ၊ မဖြစ်ခဲ့ပေ။

စိတ်ထဲမှာ နည်းနည်းလေး တုန်လှုပ်မှုတောင် မဖြစ်ဘူးတဲ့။ လောကဓံကို ခံနိုင်ရည် မရှိဘူးလား? ရှိပါတယ်နော်။ ဘာဖြစ်လို့လဲ?

ဧဝံ သုဘာဝိတစိတ္တာ သုဒ္ဓဝတ္ထနိဝတ္ထာ ဂန္ဓပုပ္ဖဟတ္ထာ ဒါသိံ ပန အာဟာရံ အာဟရာပေတွာ သေသေဟိ သဒ္ဓိံ ခေတ္တံ အဂမာသိ။

ဧဝံ၊ ဤသို့လျှင်။ သုဘာဝိတစိတ္တာ၊ ကောင်းစွာ ပွားများထားအပ်ပြီးကုန်သော စိတ်ထား ရှိကြကုန်သော သူတော်ကောင်းတို့သည်။ သုဒ္ဓဝတ္ထနိဝတ္ထာ၊ စင်ကြယ်သန့်ရှင်းသော အဝတ်တို့ကို ဝတ်ဆင်၍။ ဂန္ဓပုပ္ဖဟတ္ထာ၊ ပန်းနံ့သာတို့ကို လက်စွဲကြကုန်လျက်။ ဒါသိံ ပန၊ ကျွန်မကိုလည်း။ အာဟာရံ၊ ထမင်းကို။ အာဟရာပေတွာ၊ သယ်ဆောင်စေ၍။ သေသေဟိ သဒ္ဓိံ၊ ကြွင်းကျန်ကုန်သော ပုဂ္ဂိုလ်တို့နှင့် အတူတကွ။ ခေတ္တံ၊ လယ်တောသို့။ အဂမာသိ၊ သွားခဲ့လေပြီ။

သုဘာဝိတ စိတ်ဓာတ်ပဲနော်။ မိမိတို့ရဲ့ စိတ်ဓာတ်ကလေးကို ကောင်းကောင်းဖြစ်အောင် ပွားများထားတယ်။ စိတ်ကလေး ကောင်းအောင် ပွားများထားဖို့ မလိုအပ်ဘူးလား? လိုအပ်ပါတယ်။ ဒေါသဖြစ်တယ် ဆိုတာကတော့ အထူးပွားနေဖို့ လိုသေးလား? မလိုပါဘူး။ ရာဂဖြစ်ဖို့ ဆိုတာကလည်း အထူးပွားနေဖို့ လိုသေးလား? မလိုဘူး။ မာနတွေ၊ ဣဿာ မစ္ဆရိယတွေ ဖြစ်ဖို့ အထူးပွားများ အားထုတ်နေဖို့ လိုသေးလား? မလိုဘူး။ သုဘာဝိတ စိတ်ဓာတ်။ သမထ ဝိပဿနာ ဘာဝနာဆိုတဲ့ ကျင့်ဝတ်ပဋိပတ်တို့ဖြင့် မိမိတို့ရဲ့စိတ်ဓာတ်ကို အကောင်းဓာတ်တွေ ဝင်လာသည့်တိုင်အောင် ထုံမွမ်းပေးတတ်ဖို့ကတော့ သီးသန့် ပွားများအားထုတ်ယူရပါတယ်နော်။ အဲဒီတော့ သုဘာဝိတ စိတ်ဓာတ်။

ခု ဒီသူတော်ကောင်းတွေ ကြည့်လိုက်ရင် ကောင်းစွာ ပွားများထားပြီးတဲ့ စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ ဒီပုဏ္ဏေးမကြီး ကြည့်လိုက်ရင်လည်း မိမိရဲ့စိတ်ဓာတ်ကို မိမိက နိုင်နင်းအောင် ကောင်းစွာ ပွားများထားပြီးတဲ့ စိတ်ဓာတ်ရှိတဲ့ သူတော်ကောင်း ဖြစ်နေတယ်။ ဖြစ်လိုက်တော့ ဘာဖြစ်လဲ? ဖြူစင်သန့်ရှင်းတဲ့ အဝတ်တွေဝတ်၊ ပန်းနံ့သာတွေ လက်စွဲ၊ ကျွန်မကို ထမင်း အသယ်ခိုင်းပြီးတော့ ကျန်နေတဲ့ သားတွေ, သမီးတွေ, ချွေးမတွေနဲ့ အတူတကွ လယ်တောသွားပြီ။

ဧကဿပိ ရောဒိတံ ဝါ ပရိဒေဝိတံ ဝါ နာဟောသိ။

ဧကဿပိ၊ တစ်ယောက်သော ပုဂ္ဂိုလ်၏သန္တာန်၌သော်လည်းပဲ။ ရောဒိတံ ဝါ၊ ငိုကြွေးခြင်းသည်လည်းကောင်း။ ပရိဒေဝိတံ ဝါ၊ မြည်တမ်းခြင်းသည်လည်းကောင်း။ နာဟောသိ၊ မဖြစ်ခဲ့ပေ။

ဘယ်ပုဂ္ဂိုလ်သန္တာန်မှ ငိုခြင်း၊ မြည်တမ်းခြင်းဆိုတာ မရှိခဲ့ဘူး။ ရိုးရိုး ငိုတာကတော့ ငိုတယ်ပေါ့လေ။ မျက်ရည်လေးတွေ ပေါက်ခနဲ ပေါက်ခနဲ ကျနေတယ်။ ငိုရုံတွင် မကျေနပ်လို့ ပါးစပ်ကနေ ဟိုပြော ဒီပြော ပြောနေတာကျတော့ ပရိဒေဝလို့ ခေါ်ပါတယ်။ ရိုးရိုး ငိုတာလည်း မရှိဘူး။ ပါးစပ်ကနေ ပြောပြောပြီး ငိုတာလည်း မရှိဘူး။

ဗောဓိသတ္တော ပုတ္တဿ နိပန္နဆာယာယမေဝ နိသီဒိတွာ ဘုဉ္ဇိ။

ဘယ်လောက်ကောင်းလဲနော်။

ဗောဓိသတ္တော၊ ဘုရားအလောင်း ပုဏ္ဏားကြီးသည်။ ပုတ္တဿ၊ သား၏။ နိပန္နဆာယာယမေဝ၊ လဲလျောင်းနေတဲ့ သစ်ပင်ရိပ်၌ပင်လျှင်။ နိသီဒိတွာ၊ ထိုင်၍။ ဘုဉ္ဇိ၊ စားခဲ့လေပြီ။

ပုဏ္ဏားကြီးကလည်း တခြား သွားမစားပါဘူး။ ကိုယ့်သားအလောင်း လဲလျောင်းနေတဲ့နေရာ သစ်ပင်အောက်မှာပဲ ထိုင်ပြီးတော့ ထမင်းစားလိုက်တယ်။ ထမင်းစားပြီးတော့ ဘာလုပ်သလဲ?

ဘုတ္တာဝသာနေ သဗ္ဗေပိ ဒါရူနိ ဥဒ္ဓရိတွာ တံ စိတကံ အာရောပေတွာ ဂန္ဓပုပ္ဖေဟိ ပူဇေတွာ ဈာပေသုံ။

ဘုတ္တာဝသာနေ၊ ထမင်းစားပြီးသော အချိန်ခါကာလပြီးဆုံးသောအခါ။ သဗ္ဗေပိ၊ အလုံးစုံသော သူတို့သည်လည်းပဲ။ ဒါရူနိ၊ ထင်းတို့ကို။ ဥဒ္ဓရိတွာ၊ သယ်ဆောင်ကြကုန်၍။ တံ၊ ထိုအလောင်းကောင်ကို။ စိတကံ အာရောပေတွာ၊ ထင်းပုံထက်သို့တင်၍။ ...ဂန္ဓပုပ္ဖေဟိ၊ ပန်းနံ့သာတို့နှင့်။ ပူဇေတွာ၊ ပူဇော်ကြ၍။ ဈာပေသုံ၊ မီးရှို့ကြလေကုန်ပြီ။

အဲဒီ လယ်တောမှာပဲ ထင်းတွေ စုပုံပြီးတော့ အလောင်းကို ထင်းပုံပေါ် တင်ပြီးတော့ မီးသင်္ဂြိုဟ်ကြတယ်။

ဧကဿ စ ဧကဗိန္ဒုပိ အဿု နာဟောသိ

ဧကဿ စ၊ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ရဲ့သန္တာန်၌လည်းပဲ။ ဧကဗိန္ဒုပိ အဿု၊ တစ်ပေါက်သော မျက်ရည်မျှသော်လည်း။ နာဟောသိ၊ မဖြစ်ခဲ့စဘူးပေ။

ဘယ်ပုဂ္ဂိုလ်သန္တာန်မှာမှ မျက်ရည်လေးတစ်ပေါက် မရှိခဲ့ဘူး။ မကျခဲ့ဘူးနော်။

သဗ္ဗေပိ သုဘာဝိတမရဏဿတိနော ဟောန္တိ။

သဗ္ဗေပိ၊ ခပ်သိမ်းကုန်သော သူတို့သည်လည်းပဲ။ သုဘာဝိတမရဏဿတိနော၊ ကောင်းစွာ ပွားများထားအပ်ပြီးတဲ့ မရဏာနုဿတိကမ္မဋ္ဌာန်းရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏၊

မိမိတို့ရဲ့စိတ်ဓာတ်ကို နိုင်နင်းအောင် မရဏာနုဿတိကမ္မဋ္ဌာန်းကို ကောင်းစွာ ပွားများထားတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်နော်။ ဖြစ်လိုက်တော့ ဘာဖြစ်လဲ?

တေသံ သီလတေဇေန သက္ကဿ အာသနံ ဥဏှာကာရံ ဒဿေသိ။

တေသံ၊ ထိုသူတော်ကောင်းတို့၏။ သီလတေဇေန၊ သီလ၏ တန်ခိုးရှိန်ဇော် အာနုဘော်ကြောင့်။ သက္ကဿ၊ ဒကာတော်သိကြားမင်း၏။ အာသနံ၊ ဗန္ဓုကမ္ဗလာ မြကျောက်ဖျာနေရာသည်။ ဥဏှာကာရံ၊ ပူလောင် တင်းမာသော အခြင်းအရာကို။ ...ဒဿေသိ၊ ထင်ရှားပြခဲ့လေပြီ။

သူတို့ရဲ့သီလ ဘယ်လောက် အဆင့်အတန်း မြင့်သလဲ ကြည့်ပေါ့။ ဒကာတော်သိကြား နေထိုင်ရာ ဖြစ်တဲ့ ဗန္ဓုကမ္ဗလာ မြကျောက်ဖျာကြီးက ပူလောင်တင်းမာတဲ့ အခြင်းအရာကို ထင်ရှား ဖော်ပြနေပြီ။ ဖော်ပြလိုက်တဲ့ အခါ ဒကာတော်သိကြားကလည်း -

“ကော နု ခေါ မံ ဌာနာ စာဝေတုကာမော”

ငါ့ကို ဘယ်သူကများ သိကြားမင်းစည်းစိမ်ရာထူးကနေ ရွေ့လျောစေချင်နေသလဲ? သူက လှမ်းပြီး ဆင်ခြင်ကြည့်လိုက်တယ်။ ဆင်ခြင်လိုက်တဲ့ အချိန်ခါမှာ ထိုသူတော်ကောင်းတို့ရဲ့ သီလဂုဏ်ကျေးဇူး, သမာဓိဂုဏ်ကျေးဇူး, ပညာဂုဏ်ကျေးဇူးတို့ရဲ့ စွမ်းအင်ကြောင့် ဗန္ဓုကမ္ဗလာ မြကျောက်ဖျာကြီးက ပူလောင်တင်းမာတဲ့ အခြင်းအရာ ဖြစ်ပေါ်လာတာကို သိတယ်။ သိလိုက်တဲ့ အချိန်ခါကျတော့ စိတ်ထဲမှာ ဒီသူတော်ကောင်းတွေအပေါ်၌ အလွန် ကြည်ညိုသွားတယ်။ ကြည်ညိုပြီးတော့ ဘာလုပ်သလဲ?

“မယာ ဧတေသံ သန္တိကံ ဂန္တွာ သီဟနာဒံ နဒါပေတွာ သီဟနာဒပရိယောသာနေ ဧတေသံ နိဝေသနံ သတ္တရတနပရိပုဏ္ဏံ ကတွာ အာဂန္တုံ ဝဋ္ဋတိ”

သူ့ရဲ့ စဉ်းစားတွေးခေါ်ပုံလေးနော် -

မယာ၊ ငါသည်။ ဧတေသံ၊ ထိုသူတော်ကောင်းတို့ရဲ့။ သန္တိကံ၊ အထံသို့။ ...ဂန္တွာ၊ သွား၍။ သီဟနာဒံ၊ ခြင်္သေ့မင်းကဲ့သို့ ကြုံးဝါးတဲ့ တရားစကားအသံကို။ နဒါပေတွာ၊ ကြုံးဝါးမြည်ဟီးစေ၍။ သီဟနာဒပရိယောသာနေ၊ ခြင်္သေ့မင်းကဲ့သို့ ကြုံးဝါးသော တရားဒေသနာ ပြီးဆုံးသော အချိန်ခါကာလ၌။ ဧတေသံ၊ ထိုပုဂ္ဂိုလ်တို့၏။ နိဝေသနံ၊ နေအိမ်ကို။ သတ္တရတနပရိပုဏ္ဏံ၊ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ကို။ ကတွာ၊ ပြု၍။ ...အာဂန္တုံ၊ နတ်ပြည်နတ်လောကသို့ တစ်ဖန် ပြန်လာခြင်းငှာ။ ဝဋ္ဋတိ၊ သင့်လှပေ၏၊

သူက စဉ်းစားပြီ။ ငါ ဒီသူတော်ကောင်းတို့ထံသို့ သွားသင့်တယ်။ သွားပြီးတဲ့ အချိန်ခါမှာ ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့ ရဲဝံ့တဲ့ တရားစကားတွေကို ဒီပုဂ္ဂိုလ်တွေကို ငါ ဟောကြားစေမယ်။ ဟောကြား ပြသစေမယ်။ မြည်ဟီးစေမယ်။ မြည်ဟီးပြီးတဲ့ အချိန်ခါ ဒီတရားဒေသနာ ပြီးဆုံးပြီးတဲ့ အချိန်ခါမှာ ထိုပုဂ္ဂိုလ်တို့ရဲ့ နေအိမ်ကို ရတနာခုနစ်ပါးနဲ့ အပြည့် ငါပြုလုပ်ပြီးတော့မှ နတ်ပြည်နတ်လောက ငါပြန်လာမယ်။ ဒီလိုဆိုရင် ဒကာကြီးတွေ ရတနာခုနစ်ပါး မလိုချင်ကြဘူးလား? ဟင် ရတနာခုနစ်ပါးနဲ့ တစ်အိမ်လုံး ပြည့်နေမယ် ဆိုလို့ရှိရင်တော့ ဟန်မကျဘူးလား? ဟန်ကျတာပေါ့။ ကျောင်းမှာ အေးအေးဆေးဆေး တရားအားထုတ်လို့ မရဘူးလား? ရတာပေါ့။ မပူရတော့ဘူး။

အဲဒီလို ရတနာခုနစ်ပါးနှင့် ပြည့်စုံတဲ့ အိမ်ကြီးတစ်လုံးဖြစ်ဖို့ ဆိုတာ မိမိတို့ရဲ့ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲမှု မရှိရင် ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ထိုသူတော်ကောင်းတွေက သန္တုဋ္ဌိဆိုတဲ့ မင်္ဂလာနဲ့လည်း ပြည့်စုံနေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ ရရသမျှနှင့် ကျေနပ်ရောင့်ရဲနေတဲ့ပုဂ္ဂိုလ်, မိမိတို့ရဲ့ သီလကို ချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ်, မိမိတို့ရဲ့ သမာဓိကို ချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ်, မိမိတို့ရဲ့ ပညာ ကျင့်ဝတ်ပဋိပတ်တွေကို ချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ အသက်ကို အသေခံမယ် သီလကို အကျိုးအပေါက် မခံဘူး။ အသက်သာ အသေခံမယ် သမာဓိဘာဝနာကို စွဲစွဲမြဲမြဲ အားထုတ်ထားတဲ့ ဒီသမာဓိဘာဝနာကို မပျက်စီးစေရဘူး။ ဒီစိတ်ထား ရှိကြတယ်။

ဒါကြောင့် အဲဒီလို အဆင့်အတန်း မြင့်မားနေတဲ့ ဒီစိတ်ဓာတ် ကိန်းဝပ်နေတဲ့ သူတော်ကောင်းတွေရဲ့ သီလတန်ခိုးတေဇော် အာနုဘော်ကြောင့်လည်း သိကြားမင်းရဲ့ ဗန္ဓုကမ္ဗလာ မြကျောက်ဖျာကြီးက ပူလောင်တင်းမာတဲ့ အခြင်းအရာကို ဖော်ပြနေခြင်း ဖြစ်တယ်။ ကိုယ့်သီလလေးက တော်တော်ကြာ ကျိုးလိုက်, ပေါက်လိုက်, ပြောက်လိုက်, ကျားလိုက်။ ဟုတ်တယ်မလား? မုသားဆိုလည်း ဘတ်ခနဲ ပြောလိုက်။ ဟိုလူ့အကြောင်းဆိုလည်း ဆတ်ခနဲ ပြောလိုက်။ ဒီလူ့အကြောင်းဆိုလည်း ဘတ်ခနဲ ပြောလိုက်။ သွားပြီဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် စပြီး တွေ့ပြီဆိုတာနဲ့ ဘာလုပ်ကြလဲ? သွားဖြဲ ပြပြီ။ ပြုံးပြုံး ပြုံးပြုံး ပြုံးပြုံး ပြုံးပြုံး လုပ်နေကြတယ်။ အဲဒီတော့ ကိုယ့်သီလကလည်း သိပ်ပြီး အဆင့်မမြင့်၊ သမာဓိ ကြည့်လိုက်တော့လည်း အဆင့်က သိပ်မမြင့်၊ ပညာကြည့်လိုက်တော့လည်း အဆင့်က သိပ်မမြင့်။ ရတနာ ခုနစ်ပါးနဲ့ ပြည့်စုံနေတဲ့ အိမ်ကြီးတစ်လုံး ရနိုင်ပါ့မလား? ကဲ အဲဒီလို စဉ်းစားပြီးတဲ့ အချိန်ခါကျတော့မှ ဘာဖြစ်သလဲ?

ခပ်မြန်မြန်လေး ထိုသုဿာန်သချိုင်းကို သွား၊ သွားပြီးတဲ့ အချိန်ခါကျတော့ သိကြားမင်းကြီးက မေးကြည့်တယ်။

အမောင်တို့... ဘာတွေများ လုပ်နေကြသလဲ? မေးကြည့်လိုက်တဲ့ အချိန်ခါကျတော့ -

“ဧကံ မနုဿံ ဈာပေမ, သာမိ”

သာမိ၊ အရှင်။ ဧကံ မနုဿံ၊ လူသားတစ်ဦးကို။ ဈာပေမ၊ မီးရှို့၍ နေကြပါတယ်။

လူသားတစ်ဦးကို တို့ မီးရှို့နေတယ် ပြန်ပြောတယ်။ ပြောလိုက်တော့ -

“န တုမှေ မနုဿံ ဈာပေဿထ, ဧကံ ပန မိဂံ မာရေတွာ ပစထ မညေ”

တုမှေ၊ သင်တို့သည်။ မနုဿံ၊ လူသားတစ်ဦးကို။ န ဈာပေဿထ၊ မီးရှို့၍ နေကြသည်ကား မဟုတ်တန်ရာ။ ဧကံ ပန မိဂံ၊ သားသမင်တစ်ကောင်ကို။ မာရေတွာ၊ သတ်ဖြတ်ပြီး၍။ ပစထ မညေ၊ မီးဖုတ်၍ နေကြယောင်တကား။

သင်တို့ လူသားတစ်ဦးကို မီးရှို့၍ နေတယ်ဆိုတာကတော့ သိပ် ဖြစ်နိုင်ဖွယ်ရာ အကြောင်းမရှိဘူး။ သားသမင်တစ်ကောင်ကို သတ်ဖြတ်ပြီးတော့ သင်တို့ မီးကင်နေတယ်။ မီးနဲ့ ကျက်အောင် ချက်နေကြတာနဲ့တူတယ်။ ဒီလို ပြောလိုက်တော့ -

“နတ္ထေတံ သာမိ, မနုဿမေဝ ဈာပေမ”

ဪ သားသမင်ကို မီးမြိုက်နေတာ မဟုတ်ပါဘူး။ လူသားတစ်ဦးကိုပဲ တို့ မီးရှို့နေကြတာပါ။

“တေန ဟိ ဝေရိမနုဿော ဝေါ ဘဝိဿတိ”

တေန ဟိ၊ ထိုသို့ ဖြစ်ခဲ့မူကား။ ဝေါ၊ သင်တို့ရဲ့။ ဝေရိမနုဿော၊ ရန်သူဖြစ်တဲ့ပုဂ္ဂိုလ်သည်။ ဘဝိဿတိ၊ ဖြစ်ပေလိမ့်မယ်။

ဒီလိုဆိုလို့ရှိရင် သေကျေပျက်စီးသွားတဲ့ လူသားဟာ သင်တို့ရဲ့ရန်သူ ဖြစ်လိမ့်မယ်။ အဲဒီ အခါကျတော့မှ ဘုရားအလောင်းပုဏ္ဏားကြီးက ဘာပြန်ပြောလဲ?

“ဩရသပုတ္တော နော သာမိ, န ဝေရိကော”

အရှင် ဒီသေကျေပျက်စီးသွားတဲ့ ပုဂ္ဂိုလ်ဟာ ကျွန်ုပ်ရဲ့ ရင်ကဖြစ်ပေါ်လာတဲ့ သားရင်း ဖြစ်ပါတယ်။ ရန်သူ မဟုတ်ပါဘူး။ ပြန်ပြောတယ်။

“တေန ဟိ ဝေါ အပ္ပိယပုတ္တော ဘဝိဿတိ”

ဒီလိုဆိုလို့ရှိရင်တော့ ဒီသားဟာ သင်မချစ်တဲ့ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်ထင်တယ်။ သိကြားမင်းက ထပ်ပြီး မေးကြည့်တယ်။ ဘာဖြစ်လို့ ဒီလောက်တောင် လျှာရှည်နေလဲ? လျှာရှည်ချင်လို့ မဟုတ်ပါဘူး။ သူက တရားနာချင်လို့ စကားနိဒါန်း ပျိုးနေရတယ်။ သူတော်ကောင်းဆိုတာက ပရိယာယ် ရှိပါတယ်နော်။ ဒီပုဂ္ဂိုလ်တွေမှာ ဘယ်လိုစိတ်ဓာတ် ရှိတယ်ဆိုတာကို သူက နည်းနည်းလေး ကလော် ကြည့်နေတာ။ လှမ်းပြီးကလော်လိုက်ရင် ထွက်လာမလား? ဘာတွေများ ထွက်လာမလဲ? ဒါကို သိချင်လို့ စုံစမ်းနေတာ။ အဲဒီ အခါကျတော့မှ ပုဏ္ဏားကြီးက ဘာပြန်ပြောလဲ?

“အတိဝိယ ပိယပုတ္တော, သာမိ” = ဒီသားဟာ သူ အင်မတန် ချစ်မြတ်နိုးတဲ့ သားဖြစ်ပါတယ်ဆိုပြီး ပုဏ္ဏားကြီးက ပြန်ပြောတယ်။ ဘာဖြစ်လို့ ချစ်ရတယ်။ ချစ်တာက ဒကာကြီးတွေ ဒီနေရာမှာ သူတို့က ပါရမီဖြည့်ဘက်တွေ ဖြစ်ပါတယ်။ တခြားလူ မဟုတ်ပါဘူး။ ဒီသားဟာ ရှင်ရာဟုလာ ဖြစ်နေတယ်နော်။ ရှင်ရာဟုလာ အလောင်းပဲ။ ရှင်ရာဟုလာ အလောင်းကလည်း ဘုရားရှင်ရဲ့သားတော် ဖြစ်ဖို့ရန်အတွက် ကမ္ဘာတစ်သိန်းနဲ့ ချီပြီးတော့ ပါရမီဖြည့်ထားတဲ့ သူတော်ကောင်းပါနော်။ တစ်ဦးနဲ့တစ်ဦး မုန်းတီးမှု ဆိုတာ မရှိပါဘူး။ အလွန် ချစ်မြတ်နိုးကြပါတယ်။ ဘဝ ဆက်တိုင်း ဆက်တိုင်း တစ်ဦးအပေါ်တစ်ဦး ကြင်နာမြတ်နိုးလာတဲ့ သားနဲ့အဖတို့ ဖြစ်ကြပါတယ်။

ဒါကြောင့် အတိတ်ကလည်း ချစ်မြတ်နိုးကြတယ်။ ယခုဘဝမှာလည်း ချစ်မြတ်နိုးကြတယ်။ ဒါပေမဲ့ သူတော်ကောင်းဓာတ်တွေက ကိန်းဝပ်လာတဲ့ အခါမှာ ခံနိုင်ရည်စွမ်းအင်တွေ ပေါ်မလာဘူးလား? ပေါ်လာတယ်။ စိတ်ဓာတ်ဆိုတာက ဒီလို ခံနိုင်ရည်စွမ်းအင် ရှိလာအောင် ပြုပြင်ပြောင်းလဲ ပေးတတ်ဖို့က အင်မတန် အရေးမကြီးဘူးလား? ကြီးနေတယ်နော်။ ကဲ ဒီလို ဆိုလို့ရှိရင် သင် ဘာဖြစ်လို့ ဒီလောက်တောင် ချစ်မြတ်နိုးနေတဲ့ သားရတနာတစ်ဦး သေကျေ ပျက်စီးတဲ့ အခါမှာ သင်ဘာကြောင့် မငိုသလဲလို့ မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်ခါကျတော့ အဲဒီမှာ ဘုရားအလောင်းပုဏ္ဏားကြီးက သူ မငိုရတဲ့ အကြောင်းရင်းကို တရားဟောပေးတယ်။ ဒီတရားကို သိကြားမင်းကြီး နာချင်လို့ပါနော် -

“ဥရဂေါဝ တစံ ဇိဏ္ဏံ, ဟိတွာ ဂစ္ဆတိ သံ တနုံ၊ ဧဝံ သရီရေ နိဗ္ဘောဂေ, ပေတေ ကာလကတေ သတိ။”

သာမိ၊ အိုအရှင်။ ဥရဂေါ၊ မြွေသည်။ ဇိဏ္ဏံ၊ ဟောင်းမြေ့လျက်ရှိသော။ တစံ၊ အရေခွံကို။ ဟိတွာ၊ စွန့်၍။ သံ တနုံ၊ မိမိရဲ့ခန္ဓာကိုယ်ကို။ ဟိတွာ၊ ပယ်စွန့်ခဲ့၍။ ...ဂစ္ဆတိ ဟိ၊ သွားတတ်ပါပေသကဲ့သို့။ ဧဝံ၊ ဤအတူ။ နိဗ္ဘောဂေ၊ သုံးဆောင်ခံစားတတ်သော အသက်မရှိသော။ သရီရေ၊ ခန္ဓာကိုယ်၌။ ပေတေ၊ တမလွန်လောကသို့ သွားခဲ့သည်ရှိသော်။ ကာလကတေ၊ သေလွန်ခဲ့သည်။ သတိ၊ ရှိသော်။ သော၊ ထိုသတ္တဝါသည်။ ဂစ္ဆတိ၊ သွားတတ်ပါပေ၏။

မြွေတစ်ကောင်ပေါ့နော်။ အရေဟောင်း စွန့်လွှတ်လိုက်ပြီ။ စွန့်လွှတ်လိုက်တဲ့အခါ ဘာလုပ်သလဲ?

သာမိ, မမ ပုတ္တော ယထာ နာမ ဥရဂေါ ဇိဏ္ဏတစံ နိစ္ဆိန္ဒိတွာ အနောလောကေတွာ အနပေက္ခော ဆဍ္ဍေတွာ ဂစ္ဆေယျ, ဧဝံ အတ္တနော သရီရံ ဆဍ္ဍေတွာ ဂစ္ဆတိ

သာမိ၊ အရှင်။ မမ၊ ကျွန်တော်မျိုး၏။ ပုတ္တော၊ သားသည်ကား။ ယထာ နာမ၊ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား။ ဥရဂေါ၊ မြွေသည်။ ဇိဏ္ဏတစံ၊ ဟောင်းနွမ်းနေတဲ့ အရေခွံကို။ နိစ္ဆိန္ဒိတွာ၊ ဖြတ်တောက်၍။ အနဝလောကေတွာ၊ ငဲ့ကွက်တွယ်တာမှုဖြင့် မကြည့်ရှုဘဲ။ အနပေက္ခော၊ Ngwဲကွက်တွယ်တာမှု မရှိဘဲ။ ဆဍ္ဍေတွာ၊ စွန့်ပစ်၍။ ဂစ္ဆေယျ၊ သွားလေရာ၏။ ဧဝံ၊ ဤအတူ။ အတ္တနော၊ မိမိ၏။ သရီရံ၊ ခန္ဓာကိုယ်ကို။ ဆဍ္ဍေတွာ၊ စွန့်ပစ်၍ ...ဂစ္ဆတိ၊ သွားလေ၏။

မြွေများဟာ အရေလဲတော့မယ်ဆိုရင် အရေဟောင်းကို ချွတ်ပြီးတော့ တစ်ခါတည်း Ngwဲကွက်တွယ်တာမှု မရှိဘဲနဲ့ စွန့်ပစ်ပြီးတော့ ထွက်ခွာ မသွားဘူးလား? သွားတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်ရဲ့ သားဟာလည်း ခန္ဓာကိုယ်ကြီးကို မြွေအရေလဲသလို Ngwဲကွက်တွယ်တာမှု မရှိဘဲ စွန့်ပစ်ပြီး သွားပြီ။

တဿ ဇီဝိတိန္ဒြိယရဟိတေ သရီရေ ဧဝံ နိဗ္ဘောဂေ တသ္မိဉ္စ မေ ပုတ္တေ ပေတေ ပုန ပဋိဂတေ မရဏကာလံ ကတွာ ဌိတေ သတိ ကော ကာရုညေန ဝါ ပရိဒေဝေန ဝါ အတ္ထော။

ဧဝံ၊ ဤအတူ။ တဿ၊ ထိုသားရတနာ၏။ ဇီဝိတိန္ဒြိယရဟိတေ၊ အသက် ဇီဝိတိန္ဒြေ ကင်းပြတ်၍နေသော။ သရီရေ၊ ခန္ဓာကိုယ်၌။ ဧဝံ၊ ဤသို့လျှင်။ နိဗ္ဘောဂေ၊ သုံးဆောင်ခံစားခြင်း မရှိသော။ တသ္မိဉ္စ၊ ထိုအလောင်းကောင်၌လည်းပဲ။ မေ၊ ငါ၏။ ပုတ္တေ၊ သားသည်။ ပေတေ၊ တမလွန်လောကသို့။ ပုန ပဋိဂတေ၊ တစ်ဖန် ပြန်သွားခဲ့သည်ရှိသော်။ မရဏကာလံ ကတွာ၊ သေခြင်းကိုပြု၍။ ဌိတေ၊ တည်နေခြင်းသည်။ သတိ၊ ရှိခဲ့သော်။ ကော၊ အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည်။ ကာရုညေန ဝါ၊ သနားခြင်းဖြင့်သော်လည်းကောင်း။ ပရိဒေဝေန ဝါ၊ ငိုကြွေးခြင်းဖြင့်လည်းကောင်း။ အတ္ထော၊ အကျိုးရှိနိုင်ပါအံ့နည်း။

ကျွန်တော့်သားကလည်း မြွေရေခွံကြီးကို စွန့်ပစ်သလို သူ့ ခန္ဓာအိမ်ကြီးကို စွန့်ပစ်ပြီးတော့ သူက တမလွန်လောကကို သွားပြီ။ သွားလိုက်တဲ့ အချိန်ခါမှာ ဒီအလောင်းကောင်ကို ပြန်ပြီး ကြည့်မယ်ဆိုလို့ရှိရင် သုံးဆောင် ခံစားတတ်တဲ့ အသက်ဆိုတဲ့ ဇီဝိတိန္ဒြေလည်း ကင်းနေပြီဖြစ်တယ်။ ဇီဝိတိန္ဒြေ ကင်းနေတဲ့ ထိုသားရဲ့ အလောင်းကောင်ဟာ တစ်ဖက်ကနေ ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင် သူက ဒီအလောင်းကောင်ကြီးကို ပစ်ချပြီးတော့ တမလွန် လောကကို သူက ထွက်ခွာသွားတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ သေခြင်းကို ပြုလုပ်သွားတဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် ဒီအလောင်းကောင်ကြီးက ကျန်နေခြင်း ဖြစ်တယ်။ ဒီအလောင်းကောင်ကြီးကို ကြည့်ပြီးတော့ အလောင်းကောင်ကြီး အပေါ်မှာ ကြင်နာသနားမှုတွေ အပြည့်အဝဖြင့် ငိုကြွေးမြည်တမ်းနေလို့ ဘာအကျိုးရှိမှာလဲ? မဟုတ်ဘူးလား? ဟုတ်နေပါတယ်နော်။ အလောင်းကောင်က သတ်သတ် အလောင်းကောင် ဖြစ်လာတာ မဟုတ်ပါဘူး။ သူက စွန့်ခွာသွားတာ။ ဇီဝိတခေါ်တဲ့ သူ့ရဲ့

gtxa1ouuno0n9h7g2w3y1ns48yu8rq6
မင်္ဂလသုတ်-၉၇/၉၇
0
6333
22039
2026-06-08T03:36:16Z
Tejinda
173
"{{header | title = မင်္ဂလသုတ်-၉၇/၉၇ | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = မင်္ဂလသုတ်-၉၆..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22039
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၉၇/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၉၆/၉၇]]
| previous2 =
| next = [[မင်္ဂလသုတ်-၉၇/၉၇]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် ၉၇

ကဲ ညက ဥရကဇာတ် ဟောခဲ့တယ်။ မဆုံးသေးတဲ့အတွက် ဒီညလည်း ဥရကဇာတ်ပဲ ဆက်ပြီး နာကြားကြည့်ရအောင်။ ပုဏ္ဏားကြီးကနေပြီးတော့ သေသွားတဲ့ သူ့ရဲ့သားအလောင်းကို အာရုံယူပြီး ကြင်နာသနားမှု အပြည့်အဝဖြင့် ငိုကြွေးမြည်းတမ်းနေလို့ ဘာအကျိုးရှိမှာလဲ သိကြားမင်းကြီးကို ပြန်ပြောပြနေတယ်နော်။ ဆက်ပြီးတော့ ပုဏ္ဏားကြီးက ဘာပြန်ပြောသလဲ?

အယဉှိ ယထာ သူလေဟိ ဝိဇ္ဈိတွာ ဍယှမာနော သုခဒုက္ခံ န ဇာနာတိ, ဧဝံ ဉာတီနံ ပရိဒေဝိတမ္ပိ န ဇာနာတိ, တေန ကာရဏေနာဟံ ဧတံ န သောစာမိ။

အယံဟိ၊ ဤသားသည်ကား။ သူလေဟိ၊ ထိုးဝါး တံကျင်တို့ဖြင့်, တံစူးဝါး တံကျင်တို့ဖြင့်။ ဝိဇ္ဈိတွာ၊ ထိုးဆွ၍။ ဍယှမာနော၊ မီးရှို့မြိုက်ခဲ့သည်ရှိသော်။ သုခဒုက္ခံ၊ ဆင်းရဲ ချမ်းသာကို။ န ဇာနာတိ၊ မသိပါ။ ယထာ၊ မသိသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဉာတီနံ၊ ဆွေမျိုးအပေါင်းတို့၏။ ပရိဒေဝိတမ္ပိ၊ ငိုကြွေးမြည်းတမ်းမှုကိုလည်းပဲ။ န ဇာနာတိ၊ မသိပါ။

ဒီအလောင်းကောင်ကြီးကြည့်လိုက်ရင် သူ့ကို တံစူးဝါဆိုတဲ့ တံကျင်တွေဖြင့် ထိုးဆွပြီးတော့ မီးရှို့နေကြတယ်။ ဒီလို မီးရှို့လိုက်တဲ့ အချိန်အခါမှာ အလောင်းကောင်ကြီးရဲ့သန္တာန်မှာ ချမ်းသာခြင်း, ဆင်းရဲခြင်း ဆိုတဲ့ သုခ, ဒုက္ခ သဘောတရားတွေကို သူသိသလား, မသိဘူးလား? သုခ, ဒုက္ခ သဘောတရားကို မသိသလို အလားတူပဲ ဒီအလောင်းကောင်ကြီးကို ကြည့်ပြီး ဆွေမျိုးသားချင်းတွေက ငိုကြွေးမြည်းတမ်းနေကြမယ်ဆိုရင် ဒီငိုကြွေးမြည်းတမ်းမှုကိုလည်း ဒီအလောင်းကောင်က မသိရှိပါဘူးတဲ့နော်။

တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ဧတံ၊ ဤသား၏ အလောင်းကို အာရုံပြု၍။ န သောစာမိ၊ စိုးရိမ် ပူဆွေး ငိုကြွေးခြင်း မရှိပါ။

ဒါကြောင့် သားရဲ့အလောင်းကောင်ကို အာရုံယူပြီးတော့ စိုးရိမ်ပူဆွေး ငိုကြွေးမှု မရှိဘူး ဘာဖြစ်လဲ?

ယာ တဿ အတ္တနော ဂတိ, တံ သော ဂတော။

တဿ၊ ထိုသား၏။ ယာ ဂတိ၊ အကြင် သွားရမဲ့ ဂတိသည်။ အတ္ထိ၊ ရှိ၏။ တဿ၊ ထိုသားအဖို့။ အတ္တနော၊ မိမိ၏။ ယာ ဂတိ၊ အကြင်သွားရမဲ့ ဂတိသည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုသားသည်။ တံ ဂတိံ၊ ထို မိမိသွားရမဲ့ဂတိသို့။ ဂတော၊ ရောက်ရှိ၍ သွားခဲ့လေပြီ။

သားဘက်ကနေ ပြန်ကြည့်လိုက်မယ်ဆိုရင် သူက ဘဝတစ်ခုကနေ ဘဝတခု ပြောင်းရွှေ့၍ သွားပြီ။ သူသွားရမဲ့ဂတိကို သူကရောက်ရှိ သွားပြီးဖြစ်တယ်။ ဒီအလောင်းကောင်ကြီးမှာ ဒီသားဆိုတာလည်း မရှိတော့ဘူး။ ဒါကြောင့် ဒီကွယ်လွန်သွားတဲ့ သားကိုအကြောင်းပြုပြီး ငိုကြွေးမြည်းတမ်းနေလို့ ဘာအကြောင်းရှိမှာလည်း ဆိုပြီးတော့ ပုဏ္ဏားကြီးက သိကြားမင်းကို တရားဟောတယ်။ အဲဒီအချိန်မှာ သိကြားမင်းကြီးကလည်း ဘုရားလောင်းပုဏ္ဏားကြီး၏ စကားကြားနားရတဲ့အတွက် ပုဏ္ဏေးမကြီးဘက်ကို မေးပြန်တယ်။ “အမိ ... ဒီသေသွားတဲ့ပုဂ္ဂိုလ်ဟာ အမိနဲ့ ဘာများတော်စပ်ခဲ့သလဲ” မေးတယ်။ အဲဒီအခါမှာ မိခင်ဖြစ်တဲ့ ပုဏ္ဏေးမကြီးက ဘာပြန်ပြောလဲ?

‘‘ဒသ မာသေ ကုစ္ဆိနာ ပရိဟရိတွာ ထညံ ပါယေတွာ ဟတ္ထပါဒေ သဏ္ဌပေတွာ ဝဍ္ဎိတပုတ္တော မေ, သာမိ’’

သာမိ၊ အရှင်။ အယံ၊ ဤသူသည်ကား။ ဒသမာသေ၊ ဆယ်လတို့ ကာလပတ်လုံး။ ကုစ္ဆိနာ၊ မိမိ၏ဝမ်းကြားတိုက်ဖြင့်။ ပရိဟရိတွာ၊ သယ်ဆောင်ပြီးမှ။ ထညံ၊ နို့ရည်ကို။ ပါယေတွာ၊ တိုက်ကျွေး၍။ ဟတ္ထပါဒေ၊ လက်ခြေတို့ကို ကောင်းစွာ တည်တံ့စေ၍။ သဏ္ဌပေတွာ၊ ကြီးပြင်းအောင် ကျွေးမွေး စောင့်ရှောက် ပြုစုလာရတဲ့ သားသည်။ ဟောတိ၊ ဖြစ်၍နေပါ၏။

ဒီသားဟာ, ဒီပုဂ္ဂိုလ်ဟာ ကျွန်မရဲ့သားပဲ။ သားက ဘယ်လိုသားလဲလို့ မေးတော့ - ဆယ်လတို့ ကာလပတ်လုံး မိမိရဲ့ဝမ်းဖြင့် လွယ်ပြီးတော့ မွေးလာရတယ်။ မွေးလာတဲ့ အချိန်အခါမှာလည်း နို့ချိုတိုက်ကျွေးပြီးတော့ လက်တွေခြေတွေ ကောင်းစွာ ရပ်တည်နိုင်တဲ့ အဆင့်သို့ရောက်အောင် ကြီးပွားလာတဲ့ သားရတနာတစ်ဦးဖြစ်အောင် ပြုစုလုပ်ကျွေးခဲ့ရတဲ့ သားရင်းဖြစ်တယ်။ အဲဒီအချိန်အခါကျတော့ သိကြားမင်းကြီးက ထပ်မေးတယ်။

‘‘အမ္မ, ပိတာ တာဝ ပုရိသဘာဝေန မာ ရောဒတု, မာတု ဟဒယံ ပန မုဒုကံ ဟောတိ, တွံ ကသ္မာ န ရောဒသိ’’

အမ္မ၊ အမိ။ ပိတာ တာဝ၊ ဖခင်သည်ကား။ ပုရိသဘာဝေန၊ ယောက်ျားဖြစ်နေတဲ့အတွက်ကြောင့်။ မာ ရောဒတု၊ မငိုချင်လည်းရှိပါစေ။ မာတု ဟဒယံ ပန၊ မိခင်ရဲ့ နှလုံးသားသည်ကား။ မုဒုကံ၊ သိမ်မွေ့နူးညံ့သည်။ ဟောတိ၊ ဖြစ်၍နေပါ၏။

ဖခင်ကတော့ ယောက်ျားဖြစ်နေတဲ့အတွက် မငိုချင်လည်း နေပါစေတော့။ မိခင်ရဲ့ နှလုံးသားဆိုတာကတော့ နူးညံ့ပျော့ပျောင်းတဲ့ သဘောရှိတယ်။ ဘယ်အပေါ်မှာ နူးညံ့ပျော့ပျောင်းသလဲ? မိမိကိုယ်တိုင် မွေးထားတဲ့ သားရတနာအပေါ်မှာ မိခင်တို့ရဲ့ နှလုံးသားက အင်မတန် ပျော့ပျောင်းတယ်။ စိတ်ထားက အလွန် ပျော့ပျောင်းနေတယ်။

တွံ၊ သင်သည်။ ကသ္မာ၊ အဘယ်အကြောင်းကြောင့်။ န ရောဒသိ၊ မငိုကြွေးပါသနည်း။

သင်ဟာ ဘာဖြစ်လို့ မငိုကြွေးရသလဲ? မေးကြည့်တယ်။ အဲဒီအချိန်အခါကျတော့ ပုဏ္ဏားမကြီးက ဘာပြန်ပြောလဲ?

‘‘အနဝှိတော တတော အာဂါ, အနနုညာတော ဣတော ဂတော, ယထာဂတော တထာ ဂတော, တတ္ထ ကာ ပရိဒေဝနာ။

အယံ၊ ဤသားသည်ကား။ အနဝှိတော၊ ငါတို့က ခေါ်ယူအပ်သည် မဟုတ်ပါဘဲလျက်။ တတော၊ ထိုအတိတ်ဖြစ်တဲ့ ဘဝတစ်ခုမှ။ အာဂါ၊ ဤဘဝသို့ ဆိုက်ရောက်၍ လာခဲ့လေပြီ။

ငါ့သား... တို့ဆီလာခဲ့ပါဆိုပြီး ကျွန်မက သူ့ကို ခေါ်ယူတာ မဟုတ်ပါဘူး။ အဲဒီလို ခေါ်ယူလို့ အတိတ်ဘဝက ကျွန်မတို့ထံ ရောက်ရှိလာတာ မဟုတ်ပါဘူး။

ဣတော၊ ဤလူဘဝမှ။ အနနုညာတော၊ ကျွန်မတို့က ခွင့်မပြုအပ်ပါဘဲလျက်။ ဂတော၊ ဘဝတစ်ပါးသို့ ပြောင်းသွား၍ နေခဲ့လေပြီ။

ဒီဘဝကနေပြီးတော့ ဘဝတစ်ပါး ပြောင်းသွားတဲ့ အချိန်အခါမှာလည်း ကျွန်မတို့ထံက ခွင့်တောင်းပြီး ခွင့်ပြုချက်ရလို့ ဘဝတစ်ပါး ပြောင်းသွားတာလည်း မဟုတ်ဘူးတဲ့။

ယထာ၊ မိမိရဲ့ အကြင်ကြင်ကဲ့သို့သော မိမိရဲ့ အလိုဆန္ဒအတိုင်း။ အာဂတော၊ အတိတ်ဘဝမှ ဤဘဝသို့ ဆိုက်ရောက်၍ လာခဲ့လေပြီ။ တထာ၊ အလားတူပင် မိမိရဲ့ အလိုဆန္ဒအတိုင်းပင်လျှင်။ ဂတော၊ ဤဘဝမှ တမလွန် ဘဝသို့ ပြောင်းသွားခဲ့လေပြီ။ တတ္ထ၊ ထိုကဲ့သို့ ပြောင်းရွှေ့၍သွားရာ၌။ ကာ ပရိဒေဝနာ၊ ငိုကြွေး၍မြည်းတမ်း၍ နေခြင်းသည်ကား အဘယ်အကျိုးရှိအပ်နည်း။

အတိတ်ဘဝမှ ဒီဘဝ လာစဉ်အခါကလည်း ကျွန်မကနေ လာခဲ့ပါလို့ခေါ်ယူလို့ သူက လာတာလည်းမဟုတ်။ ဒီဘဝကနေ တမလွန်ဘဝ ပြောင်းသွားတဲ့အခါမှာလည်း ကျွန်မထံက ခွင့်ပြုချက်ရလို့ တမလွန်ဘဝ ပြောင်းသွားတာလည်း မဟုတ်ဘူး။ သူ့ရဲ့ အလိုဆန္ဒအတိုင်း သူက ဒီဘဝကို ဆိုက်ရောက်လာတယ်။ သူ့ရဲ့ အလိုဆန္ဒအတိုင်းပဲ ဒီဘဝကနေပြီးတော့ တမလွန် လောကသို့ သူက ပြောင်းရွှေ့သွားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီလို သူ့ရဲ့အလိုဆန္ဒအတိုင်း ဒီဘဝရောက်ရှိလာပြီး သူ့ရဲ့ အလိုဆန္ဒအတိုင်းပဲ တမလွန်ဘဝသို့ ပြောင်းရွှေ့သွားတဲ့ အချိန်အခါမှာ ငိုကြွေးမြည်းတမ်းနေလို့ ဘာအကျိုးရှိမှာလဲ? သူက ပြန်ပြောတယ်။ ဒီအချက်ကလေးတွေ ကြည့်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ တရား မရဏာနုဿတိဘာဝနာကို အခြေခံပြီးတော့ ပွားများအားထုတ်ထားတဲ့ တရားဘာဝနာတွေရဲ့ ရင့်ကျက်မှု စွမ်းအင်ကို နည်းနည်းလေး အကဲခတ်လို့ မရနိုင်ဘူးလား? ရနိုင်တယ်။

‘‘ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ, တသ္မာ ဧတံ န သောစာမိ, ဂတော သော တဿ ယာ ဂတိ’’

အယံ၊ ဤသားရတနာသည်ကား။ ဍယှမာနော၊ တံကျင်တို့ဖြင့် ထိုးဆွလျက် မီးဖုတ်အပ်သည်ရှိသော်။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲကို။ န ဇာနာတိ၊ မသိရှိပါ။ တထာ၊ ထို့အတူ။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးမြည်းတမ်း၍ နေခြင်းကိုလည်းပဲ။ န ဇာနာတိ၊ မသိရှိပါ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ဤသားရတနာ သေကျေပျက်စီးခြင်း ဆိုတဲ့ သဘောတရားကို။ အဟံ၊ ကျွန်တော်မသည်။ န သောစာမိ၊ စိုးရိမ်ပူဆွေးခြင်းမရှိပါ။ သော၊ ထိုသားသည်။ တဿ၊ ထိုသားရတနာ၏။ ယာ ဂတိ၊ အကြင်လာရောက်ရမည့်ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ ဂတိံ၊ ထို မိမိလာရောက်ရမည့်ဂတိသို့။ ဂတော၊ သွားခဲ့လေပြီ။

ဒီသားကိုလည်း ကျွန်မတို့က ဖုတ်ကြည်း မီးသင်္ဂြိုဟ်တယ်။ တံစူးဝါးတွေနဲ့ ထိုးပြီးတော့ မီးသင်္ဂြိုဟ်လိုက်တဲ့ အချိန်အခါမှာလည်း ဖြစ်ပေါ်လာတဲ့ ချမ်းသာဆင်းရဲ သုခဒုက္ခ ဆိုတဲ့သဘောတရားကို ဒီအလောင်းကောင်က မသိပါဘူးနော်။ ကျွန်မတို့က ငိုကြွေးမြည်းတမ်းနေမယ် ဆိုရင်လည်း အလားတူပဲ ဒီဆွေမျိုးတွေရဲ့ ငိုကြွေးမြည်းတမ်းနေတဲ့ သဘောတရားကို ဒီသားလို့ ခေါ်ဝေါ်သမုတ်နေတဲ့ အလောင်းကောင်က မသိပါဘူး။ ဒါကြောင့် ကျွန်တော်မ အနေနဲ့ စိုးရိမ်ပူဆွေး ငိုကြွေးခြင်း မဖြစ်ပါဘူး၊ သူသွားရမဲ့ လားရမဲ့ ဂတိအတိုင်း သူသွားရမဲ့ ဘုံဂတိသို့ ရောက်ရှိသွားပြီးသားဖြစ်တယ် ဆိုပြီး ပြန်ဖြေတယ်။ အဲဒီလို ဖြေလိုက်တဲ့အခါကျတော့ သိကြားမင်းကြီးကလည်း ပုဏ္ဏေးမကြီး ဟောတဲ့တရား နာလိုက်ရတော့ ကျေနပ်သွားပြီ။ ကျေနပ်သွားလိုက်တဲ့ အချိန်အခါကျတော့ ညီမလုပ်တဲ့ပုဂ္ဂိုလ်ထံ တစ်ဆင့် လှည့်ပြီးတော့ မေးကြည့်တယ်။ “ကဲ အမိ ... ဒီသေသွားတဲ့ပုဂ္ဂိုလ်က အမိနဲ့ ဘာများ တော်စပ်သလဲ” ဆက်ပြီးတော့ မေးကြည့်လိုက်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့ “အရှင် ... သေသွားတဲ့ပုဂ္ဂိုလ်ဟာ ကျွန်မရဲ့ မောင်အရင်း ဖြစ်တယ်”။ ဒီလိုဆိုရင် သူက ဘာပြန်မေးလဲ?

‘‘အမ္မ, ဘဂိနိယော နာမ ဘာတူသု သိနေဟာ ဟောန္တိ, တွံ ကသ္မာ န ရောဒသိ’’

အမ္မ၊ အမိ။ ဘဂိနိယော နာမ၊ ညီမတို့ မည်သည်ကား။ ဘာတူသု၊ အစ်ကိုတို့ အပေါ်၌။ သိနေဟော၊ ချစ်မြတ်နိုးခြင်းသည်။ ဟောန္တိ၊ ထင်ရှားဖြစ်ပေါ်၍နေကြလေကုန်၏။ တွံ၊ သင်သည်။ ကသ္မာ၊ အဘယ်အကြောင်းကြောင့်။ န ရောဒသိ၊ မငိုကြွေးပါသနည်း။

အမိ... ညီမဆိုတာ အစ်ကိုတွေအပေါ်၌ အလွန် ချစ်မြတ်နိုးတဲ့စိတ်ထား ရှိကြပါတယ်။ ဒါကြောင့် သင်က ဘာကြောင့် မငိုကြွေးရသလဲလို့ မေးတယ်။ အဲဒီအခါမှာ ညီမလုပ်တဲ့ ပုဂ္ဂိုလ်ကလည်းပဲ သူ မငိုကြွေးရခြင်းရဲ့ အကြောင်းအရင်းကို ပြန်ပြီးတော့ အဖြေပေးတယ်။

‘‘သစေ ရောဒေ ကိသာ အဿံ, တဿာ မေ ကိံ ဖလံ သိယာ, ဉာတိမိတ္တသုဟဇ္ဇာနံ, ဘိယျော နော အရတီ သိယာ။

တစ်ဦးရဲ့ခံယူချက်နဲ့ တစ်ဦးရဲ့ခံယူချက်တော့ မတူဘူး။ ဒါပေမဲ့ သောကဖြေဖျောက်ပုံ နည်းစနစ်တွေကတော့ အလွန်ကောင်းတဲ့ နည်းစနစ်တွေပါ။ သူက ဘာပြန်ပြောလဲ?

အဟံ၊ ကျွန်တော်မသည်။ သစေ ရောဒေ၊ အကယ်၍ ကျွန်တော်မသည် ငိုကြွေးနေသည် ဖြစ်အံ့။ မေ၊ ကျွန်တော်မအဖို့။ ကိသာ၊ ပိန်ကြုံ၍ နေခြင်းသည်။ အဿံ၊ ဖြစ်လေရာ၏။

ဟော ... သူ့ဘက်ကနော်။ သူသာ ငိုနေမယ်ဆိုရင် မစားဘဲ မသောက်ဘဲ တငိုငိုနဲ့ နေခဲ့မယ်ဆိုရင် တဖြည်းဖြည်း ပိန်ကြုံ၍ သွားလိမ့်မယ်။ ဟော ... သူ့ အတွေးအခေါ်ကနော်။

တဿာ မေ၊ ထိုသို့ ငိုကြွေး၍ ပိန်ကြုံနေသော ကျွန်မအဖို့။ ကိံ ဖလံ၊ မည်ကဲ့သို့သော အကျိုးတရားသည်။ သိယာ၊ ဖြစ်နိုင်ပါအံ့နည်း။

ဒီလို ငိုကြွေးနေခဲ့မယ်ဆိုရင် ပိန်ချုံးသွားခဲ့မယ်ဆိုရင် ကျွန်မအတွက် ဘာအကျိုးရှိမှာလဲ? ငိုကြွေးမြည်းတမ်းခြင်းဟူသော အကြောင်းကြောင့်နော်။

ဉာတိမိတ္တသုဟဇ္ဇာနံ၊ ဆွေမျိုးသားချင်း ချစ်ကျွမ်းဝင်ကြတဲ့ ပုဂ္ဂိုလ်တို့အဖို့။ ဘိယျော၊ အတိုင်းထက်အလွန်။ နော အရတီ၊ စိတ်မချမ်းသာတဲ့ သဘောတရားသည်။ သိယာ၊ ဖြစ်ကောင်းဖြစ်ရာ၏။

ကျွန်မကငိုနေပြီး တရှုံ့ရှုံ့နဲ့ ဒီလို ငိုနေမယ်ဆိုရင် ကျွန်မရဲ့ ဆွေမျိုးသားချင်းတွေရှိတယ်, မိတ်ဆွေ သင်္ဂဟတွေရှိတယ်, ချစ်ကျွမ်းဝင်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီ ပုဂ္ဂိုလ်တွေအဖို့ ကျွန်မ ငိုယိုခြင်းကို အကြောင်းပြုပြီးတော့ သူတို့ရဲ့သန္တာန်မှာ စိတ်မချမ်းသာခြင်းဆိုတဲ့ သဘောတရားတွေ အတိုင်းထက်အလွန် ဖြစ်ပေါ်ပြီး လာနိုင်တယ်။ ဒါ ... သူရဲ့ အတွေးအခေါ်ပဲ။ နောက်ထပ်သူက ဘာဆက်ပြီး ပြောလဲ?

ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ, တသ္မာ ဧတံ န သောစာမိ, ဂတော သော တဿ ယာ ဂတိ’’

ဍယှမာနော၊ မီးရှို့မြိုက်ခံ၍နေရသော အလောင်းကောင်သည်။ န ဇာနာတိ၊ မသိရှိပါ။ ဉာတီနံ၊ ဆွေမျိုးတို့ရဲ့။ ပရိဒေဝိတံ၊ ငိုကြွေးမြည်တမ်းနေခြင်းကိုလည်းပဲ။ န ဇာနာတိ၊ မသိရှိပါ။ တသ္မာ၊ ထိုကြောင့်။ ဧတံ၊ ဤ အစ်ကိုဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ သေကျေပျက်စီးခြင်းဆိုတဲ့ သဘောတရားကို။ န သောစာမိ၊ စိုးရိမ်ပူဆွေးမှု မရှိပါ။ သော၊ ထိုအစ်ကိုဖြစ်တဲ့ပုဂ္ဂိုလ်သည်။ တဿ၊ ထိုမိမိ၏။ ယာ ဂတိ၊ အကြင်သွားရမဲ့ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ ဂတိံ၊ ထိုမိမိသွားရမဲ့ဂတိသို့။ ဂတော၊ ဆိုက်ရောက်၍သွားခဲ့လေပြီ။

ကျွန်မတို့ကတော့ တံစူးဝါးတွေနဲ့ ထိုးပြီးတော့ မီးရှို့နေတယ်။ ဘယ်လိုပဲ မီးရှို့ပေမဲ့လို့ ဒီအလောင်းကောင်က သုခဒုက္ခ ဆိုတဲ့ သဘောတရားကို ဘယ်လိုမှ မသိတော့ဘူး။ အလားတူပဲ။ ဆွေမျိုးသားချင်းတွေက ငိုကြွေးမြည်တမ်းနေလို့ရှိရင်လည်း ဒီဆွေမျိုးသားချင်းတွေရဲ့ ငိုကြွေးမြည်တမ်းမှု ဆိုတဲ့ သဘောတရားကို သူ ဘယ်တော့မှ မသိပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ စိုးရိမ်ပူဆွေးမှု မရှိဘူး။ သူ သွားရမဲ့ဂတိ သူ ရောက်ရှိသွားပြီးဖြစ်ပါတယ် ဆိုပြီး ပြန်အဖြေပေးတယ်။ အဲဒီလို အဖြေပေးပြီးတဲ့အခါကျတော့ သိကြားမင်းကြီးက ဘာဆက်ပြီးပြောလဲ? ဒီနေရာမှာ ဒီကလေးမရဲ့ ဆိုလိုရင်းကတော့ ငိုကြွေးမြည်တမ်းနေခြင်းသည် အကျိုးမရှိဘူးဆိုရင် ဘာဖြစ်မလဲ?

ဘာတု ပန မေ တပ္ပစ္စယာ ဝုဍ္ဎိ နာမ နတ္ထိ

မိမိမှာ ပိန်ချုံးချိနဲ့ရုံတွင်မကဘူး ငိုကြွေးမြည်းတမ်းခြင်းတည်းဟူသော အကြောင်းကြောင့် အစ်ကိုမှာလည်း တစ်စုံတစ်ရာ တိုးတက်ကြီးပွားမှုဆိုတာ ဘာမှမဖြစ်နိုင်ဘူးတဲ့။ သူက ဒီလိုသဘောပေါက်တယ်။ နောက်တစ်ခု

မယှံ အဝုဒ္ဓိ ပန ပညာယတိ။

ငိုကြွေးမြည်တမ်းနေမယ်ဆိုရင် သူ့ရဲ့သန္တာန်မှာသာ အကုသိုလ်တရားတွေ တိုးပွားပြီးတော့ ဒီအကုသိုလ်တရားတွေကြောင့် ကောင်းကျိုးဆိုတဲ့ တရားတွေသည် ဆုတ်ယုတ် ပျက်စီးခြင်းသာ တိုးပွားလာလိမ့်မယ်။ သူက ဒီလိုမြင်တယ်။ သူ့ရဲ့ အမြင်ဟာ မမှန်ဘူးလား? မှန်နေတယ်။ ငိုပြီး ဆိုလို့ရှိရင်တော့ ငိုကြွေးနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ စိတ်မချမ်းသာခြင်း ဆိုတဲ့ ဒေါမနဿ ဦးဆောင်နေတဲ့ အကုသိုလ်တရားတွေဟာ တဖွားဖွား တိုးတက်၍ မလာဘူးလား? လာတယ်။ ဒီအကုသိုလ်တရားတွေက ကောင်းကျိုးပေးမလား, မကောင်းကျိုး ပေးမလား? ပြန်ဆန်းစစ်ကြည့်တဲ့ အချိန်အခါမှာ မကောင်းကျိုးပေးလိမ့်မယ်။ မကောင်းကျိုးတွေသာ သူ့သန္တာန်မှာ တိုးတက် ကြီးပွားလာမယ်။ မကောင်းကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင် အပြည့်အဝရှိနေတဲ့ အကုသိုလ်တရားတွေသာ ကြီးပွားတိုးတက်လာမယ်။ ကွယ်လွန်သွားတဲ့ အစ်ကိုလုပ်တဲ့ ပုဂ္ဂိုလ်ထံမှာလည်း ဒီငိုကြွေးခြင်းတည်းဟူသော အကြောင်းကြောင့် ကောင်းကျိုးမင်္ဂလာတွေရဲ့ ကြီးပွားတိုးတက်ခြင်း ဆိုတာ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။

ဒါကြောင့် နှစ်ဘက်လုံးမှာ မရှုံးဘူးလား? ရှုံးတယ်။ အစ်ကိုအတွက်ဘာမှလည်း အကျိုးမရှိဘူး။ မိမိအတွက်လည်း ဘာမှ အကျိုးမရှိဘူး။ ရှိတာကဘာလဲ? မကောင်းမှု အကုသိုလ်တရားတွေသာ တိုးပွားလာနိုင်တယ်။ ဒီလို သူက မြင်တယ်။ မြင်လိုက်တဲ့အတွက်ကြောင့် မီးရှို့မြိုက် ခံနေရတဲ့ တံစူးဝါးတွေနဲ့ အထိုးခံနေတဲ့ ဒီအလောင်းကောင် ကြည့်လိုက်ရင် ချမ်းသာခြင်း, ဆင်းရဲခြင်းဆိုတဲ့ သုခဒုက္ခ သဘောတရားကို မသိဘူး။ ကျွန်မတို့က ငိုမယ်ဆိုလို့ရှိရင်လည်း ဒီအလောင်းကောင်ကြီးက မသိဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ ဘာမှ မစိုးရိမ်ဘူး။ သူ့အနေနဲ့ သူသွားရမဲ့ ဂတိကို သူ ရောက်ရှိသွားပြီ, ဆိုက်ရောက်သွားပြီ ဖြစ်တယ်။ အဲဒီအခါကျတော့ ညီမလုပ်တဲ့ပုဂ္ဂိုလ်ရဲ့ တရားစကားကို နာကြားပြီးတဲ့အခါ သိကြားမင်းကြီးကလည်း အိမ်ရှင်မပေါ့လေ - ကွယ်လွန်သွားတဲ့ သားရတနာရဲ့ အိမ်ရှင်မကို လှမ်းပြီးတော့ မေးကြည့်တယ်။

‘‘အမ္မ, တုယှံ သော ကိံ ဟောတိ’’

အမိနဲ့ သေလွန်သွားတဲ့ ပုဂ္ဂိုလ်နဲ့ ဘာများ တော်စပ်သလဲ?

‘‘ပတိ မေ, သာမိ’’ = ကျွန်မရဲ့ အိမ်ရှင်ယောက်ျား ဖြစ်တယ်။ အိမ်ရှင်ယောက်ျား ဖြစ်ပါတယ်လို့ ပြန်ပြီး ပြောလိုက်တဲ့အခါ သိကြားမင်းက ဘာမေးသလဲ?

‘‘ဣတ္ထိယော နာမ ပတိမှိ မတေ ဝိဓဝါ ဟောန္တိ အနာထာ, တွံ ကသ္မာ န ရောဒသိ’’

ဣတ္ထိယော နာမ၊ အမျိုးသမီးတို့မည်သည်ကား။ ပတိမှိ၊ လင်သည်။ မတေ၊ ကွယ်လွန်သွားခဲ့သည်ရှိသော်။ ဝိဓဝါ၊ မုဆိုးမတို့သည်။ ဟောန္တိ၊ ဖြစ်၍ နေကြလေကုန်၏။ အနာထာ၊ ကိုးကွယ်အားထားရာ မရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။ တွံ၊ သင်သည်။ ကသ္မာ၊ အဘယ်အကြောင်းကြောင့်။ န ရောဒသိ၊ မငိုကြွေးပါသနည်း။

အမျိုးသမီးတို့ဆိုတာ အိမ်ရှင်ယောက်ျား ကွယ်လွန်သွားပြီ ဆိုရင်တော့ မုဆိုးမ ဖြစ်ရပြီ။ ခိုကိုးရာ အားထားရာ မဲ့သွားကြပြီး ဖြစ်တယ်။ ဒါကြောင့် သင် ဘာကြောင့် မငိုကြွေးရပါသလဲ? ဆိုပြီးတော့ မေးကြည့်တယ်။ အဲဒီ အခါမှာလည်း ဒီအမျိုးသမီးက မိမိ မငိုကြွေးရခြင်း အကြောင်းရင်းကို ပြန်ပြီးတော့ အဖြေပေးတယ်။

‘‘ယထာပိ ဒါရကော စန္ဒံ, ဂစ္ဆန္တမနုရောဒတိ၊ ဧဝံသမ္ပဒမေဝေတံ, ယော ပေတမနုသောစတိ။

ဂါထာလေးက နည်းနည်းလေး ကျဉ်းနေတယ်။ အဓိပ္ပါယ်ကို အဋ္ဌကထာ ဆရာတော်က ပြည့်ပြည့်စုံစုံလေး ဖွင့်ဆိုထားတယ်နော်။

ယထာနာမ၊ ဖြစ်သင့်ဖြစ်ရာ ခိုင်းနှိုင်းဖွယ်ရာ လောကဥပမာသည်ကား။ ယတ္ထ ကတ္ထစိ၊ အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်၌။ ယုတ္တာယုတ္တံ၊ သင့်မသင့်ကို။ လဗ္ဘနီယာလဗ္ဘနီယံ၊ ရထိုက်သင့် မရထိုက်သင့်ကို။ အဇာနန္တော၊ မသိရှိသော။ ဗာလဒါရကော၊ မိုက်မဲလှတဲ့ ကလေးသူငယ်သည်။ မာတု ဥစ္ဆင်္ဂေ၊ မိခင်ရဲ့ ရင်ခွင်၌။ နိသိန္နော၊ ထိုင်လျက်။ ပုဏ္ဏမာသိယံ၊ လပြည့်နေ့၌။ ပုဏ္ဏံ စန္ဒံ၊ ပြည့်ဝန်းနေတဲ့ လကို။ အာကာသေ၊ ကောင်းကင်၌။ ဂစ္ဆန္တံ၊ သွား၍ နေသည်ကို။ ဒိသွာ၊ မြင်၍၊

ကလေးသူငယ်တစ်ဦးပေါ့ - ကလေးသူငယ်က အလွန် မိုက်မဲတဲ့ သူငယ် ဖြစ်နေတယ်။ သင့် မသင့်, ရသင့် မရသင့်, ပြောသင့် မပြောသင့် ဒီသဘောတရားတွေကို သူက ဘာမှ မသိဘူး။ မိခင်ရဲ့ရင်ခွင်ထဲမှာ သူက ထိုင်။ လပြည့်နေ့တစ်နေ့ ပြည့်ပြည့်ဝဝနဲ့ ထွက်ပေါ်လာတဲ့ လမင်းကြီးကို လှမ်းပြီးတော့ သူက ပြောပြီ။ ဘယ်လိုလဲ?

‘‘အမ္မ, စန္ဒံ မေ ဒေဟိ, အမ္မ, စန္ဒံ မေ ဒေဟိ’’

အမ္မ၊ မိခင်။ မေ၊ ကျွန်တော်အား။ စန္ဒံ၊ လကို။ ดေဟိ၊ ပေးပါ။ အမ္မ၊ မိခင်။ မေ၊ ကျွန်တော်အား။ စန္ဒံ၊ လကို။ ဒေဟိ၊ ပေးပါ။ ဣတိ၊ ဤသို့။ ပုနပ္ပုနံ၊ အဖန်ဖန် အထပ်ထပ်။ ရောဒတိ၊ ငိုကြွေး၍နေပေ၏၊

လကြီး ပေးပါ။ သူ့ကို လကြီး ယူပေးပါဆိုပြီးတော့ မိခင်ရင်ခွင်မှာ အဖန်ဖန် အထပ်ထပ် ပြောဆိုပြီးတော့ ငိုကြွေးနေပြီ။ အဲ အလားတူပဲ -

ဧဝံနိပ္ဖတ္တိကမေဝ ဧတံ တဿ ရုဏ္ဏံ ဟောတိ, ယော ပေတံ ကာလကတံ အနုသောစတိ။

ယော၊ အကြင်သူသည်။ ပေတံ ကာလကတံ၊ ဘဝတစ်ပါးသို့ ပြောင်းသွား၍ သေလွန်သွားတဲ့ ပုဂ္ဂိုလ်ကို အကြောင်းပြု၍။ အနုသောစတိ၊ အဖန်ဖန် အထပ်ထပ် စိုးရိမ်ပူဆွေး၍ နေပေ၏။ တဿ၊ ထိုပုဂ္ဂိုလ်၏။ ဧတံ ရုဏ္ဏံ၊ ဤငိုကြွေးမြည်တမ်း၍ နေခြင်းသည်ကား။ ဧဝံနိပ္ဖတ္တိကမေဝ၊ ဤကဲ့သို့လကို တောင်းဆိုခြင်းကြောင့် မရရှိတဲ့ သဘောကဲ့သို့။ ဟောတိ၊ ဖြစ်ပေ၏၊

လကို တောင်းလိုက်တဲ့ အခါမှာ မရခြင်းဆိုတဲ့ အကျိုးတရားသာ ပေါ်မလာဘူးလား? ပေါ်လာတယ်။ အဲဒီပုံစံအတိုင်းပဲ။ ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်အကြောင်းပြုပြီး ငိုကြွေးနေပြီ။ ငိုကြွေးလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ လကို တောင်း၍ မရသလို မရခြင်းဆိုတဲ့ အကျိုးတရားတစ်ခုသာလျှင် သူ့သန္တာန်မှာ ပေါ်လာတယ်။ ဘယ်လိုလဲ?

ဣတောပိ စ ဗာလတရံ။ ကိံကာရဏာ? သော ဟိ ဝိဇ္ဇမာနစန္ဒံ အနုရောဒတိ, မယှံ ပန ပတိ မတော ဧတရဟိ အဝိဇ္ဇမာနော သူလေဟိ ဝိဇ္ဈိတွာ ဍယှမာနောပိ န ကိဉ္စိ ဇာနာတိ။

ဣတောပိ စ၊ ဤကလေးသူငယ်ထက်လည်းပဲ။ ဗာလတရံ၊ အလွန့်အလွန် သာလွန်၍ မိုက်မဲလှပေ၏၊

သေသူကို အကြောင်းပြုပြီး ငိုကြွေးနေတယ် ဆိုတာက ခုနက လကို မရလို့ ငိုကြွေးနေတဲ့ ကလေးသူငယ်ထက် ပိုပြီး မိုက်မဲတယ်။ ဘာဖြစ်လို့လဲ?

သော ဟိ၊ ဤကလေးသူငယ်သည်ကား။ ဝိဇ္ဇမာနစန္ဒံ၊ ထင်ရှားရှိနေတဲ့လကို။ အနုရောဒတိ၊ အဖန်ဖန် အထပ်ထပ် ငိုကြွေး၍ နေပေ၏၊

ကလေး ငိုတာကို လှမ်းကြည့်လိုက်ပါ။ မမြင်ရတဲ့လကို အကြောင်းပြုပြီးတော့ ငိုကြွေးနေတာ ဟုတ်သလား? မဟုတ်ဘူး။ လပြည့်နေ့မှာ ပြည့်ပြည့်ဝဝ ထွက်ပေါ်လာတဲ့ လမင်းကြီးကို ကြည့်ပြီးတော့ မရလို့ သူက ငိုကြွေးနေတာ။

မယှံ ပန ပတိ၊ ကျွန်တော်မရဲ့ အိမ်ရှင်ယောက်ျားသည်ကား။ မတော၊ သေလွန်၍ သွားခဲ့လေပြီ။ ဧတရဟိ၊ ယခုအခါ၌လည်း။ အဝိဇ္ဇမာနော၊ ထင်ရှား မရှိတော့ပေ။ သူလေဟိ၊ တံစူးပါးတံကျင်တို့ဖြင့်။ ဝိဇ္ဈိတွာ၊ ထိုးဆွ၍။ ဍယှမာနောပိ၊ မီးရှို့၍ နေပါသော်လည်းပဲ။ န ကိဉ္စိ ဇာနာတိ၊ တစ်စုံတစ်ခုကို မသိရှိပါ။

ကဲ မိမိ အိမ်ရှင်ယောက်ျား ကွယ်လွန်သွားပြီ။ ကွယ်လွန်သွားတဲ့ ဒီယောက်ျားဟာ ဘယ်ရောက်သွားတယ်ဆိုတာ မိမိ သိသလား? မသိဘူး။ မြင်ကော မြင်သလား? မမြင်ဘူး။ ကလေး ငိုနေတာက မြင်နေတဲ့ လကို ကြည့်ပြီးတော့ ငိုနေတာ။ မိမိက အကယ်၍ ငိုခဲ့မယ်ဆိုရင် ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်ကို မိမိက မြင်ရသလား? မမြင်ရဘူး။ ကလေးက မြင်လို့ ငိုနေတယ် ဆိုတာက နည်းနည်း တော်သေးတယ်။ မိမိက မမြင်ရတဲ့လူကို အာရုံယူပြီးတော့ ငိုနေ-တဲ့အတွက် ဒီကလေးထက် ပိုပြီးတော့ မမိုက်မဲဘူးလား? မိုက်မဲနေတယ်။ ထင်ရှား မရှိဘူး။ ထင်ရှားမရှိတဲ့ ပုဂ္ဂိုလ်ကို အာရုံယူပြီးတော့ ငိုကြွေးမြည်တမ်းနေလို့ ဘာအကျိုးရှိမလဲ? ခုအခါမှာ ပြန်ကြည့်လိုက်မယ်ဆိုရင် သူက ဘယ်လို ဖြစ်နေလဲ?

‘‘ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ၊ တသ္မာ ဧတံ န သောစာမိ, ဂတော သော တဿ ယာ ဂတိ’’

သော၊ ထိုအလောင်းကောင်သည်။ ဍယှမာနော၊ မီးရှို့မြိုက်ခံရသည်ရှိသော်။ န ဇာနာတိ၊ ချမ်းသာဆင်းရဲကို မသိရှိပေ။ ဉာတီနံ၊ ဆွေးမျိုးအပေါင်းတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးမြည်တမ်းမှုကိုလည်းပဲ။ န ဇာနာတိ၊ မသိရှိပေ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ဤသေကျေပျက်စီးခြင်းကို။ န သောစာမိ၊ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်းခြင်း မရှိပါ။ သော၊ ထိုကွယ်လွန်သွားတဲ့ အိမ်ရှင်ယောက်ျားသည်။ တဿ၊ ထိုမိမိ၏။ ယာ ဂတိ၊ အကြင်သွားရမဲ့ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ ဂတိံ၊ ထိုဂတိသို့။ ဂတော၊ ဆိုက်ရောက်၍ သွားခဲ့လေပြီ။

သေလွန်သွားတဲ့ ပုဂ္ဂိုလ်ကို ကျမတို့က မီးရှို့တယ်။ ဖုန်းကြည်းသင်္ဂြိုဟ်တယ်။ တံစူးဝါးတွေနဲ့ ထိုးပြီးတော့ မီးသင်္ဂြိုဟ်နေပေမဲ့လို့ သုခဒုက္ခခေါ်တဲ့ ဒီသဘောတရားကို ဒီအလောင်းကောင် ဘာမှ မသိတော့ပါဘူး။ အလားတူပဲ ဆွေမျိုးတွေက ဝိုင်းအုံပြီးတော့ ငိုကြွေးနေခဲ့မယ်ဆိုရင်လည်း ဒီငိုကြွေးမှုဆိုတဲ့ သဘောတရားကို ဒီလောင်းကောင်ကြီးက သိမလား? မသိနိုင်ဘူး။ ဒါကြောင့် ကျမ အနေနဲ့ စိုးရိမ်မှု ပူဆွေးမှု ငိုကြွေးမှု ဘာမှ မဖြစ်ဘူး။ သေလွန်သွားတဲ့ ပုဂ္ဂိုလ်ဟာ သူရောက်ရှိမဲ့ ဂတိကို သူရောက်ရှိသွားပြီးသား ဖြစ်နေတယ်။ သူ့ကိုလည်း ကျမတို့ ဘာမှ မြင်ရတာလည်း မဟုတ်ဘူး ဆိုပြီးတော့ သူက အဖြေပေးတယ်။ အဲဒီအခါမှာလည်း ဒီအိမ်ရှင်မရဲ့ တရားစကား ကြားလိုက်ရတော့ သိကြားမင်းကြီးက တော်တော်လေး သဘောကျသွားတယ်။ သဘောကျသွားတဲ့အခါကျတော့ နောက်ထပ် ကျွန်မတစ်ယောက်ကို လှမ်းပြီးတော့ မေးတယ်။ ကျွန်မတစ်ယောက်မှာ ရှိနေတဲ့ အဆင့်အတန်း တစ်ခုပေါ့။ သင်နဲ့ ဘာတော်သလဲလို့ လှမ်းမေးကြည့်လိုက်တဲ့ အချိန်ခါကျတော့။ ဒါ ကျမရဲ့ အရှင်သခင်ပဲ။

‘‘နနု တွံ ဣမိနာ ပီဠေတွာ ပေါထေတွာ ပရိဘုတ္တာ ဘဝိဿသိ, တသ္မာ ‘‘သုမုတ္တာ အဟ’’န္တိ န ရောဒသိ’’

တွံ၊ သင်သည်။ ဣမိနာ၊ ဤယောက်ျားက။ ပီဠေတွာ၊ ညှဉ်းပန်း-နှိပ်စက်၍။ ပေါထေတွာ၊ ရိုက်ပုတ်၍။ ပရိဘုတ္တာ၊ အသုံးပြုခဲ့သည်။ ဘဝိဿသိ၊ ဖြစ်လေသလော။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။ အဟံ၊ ငါသည်။ သုမုတ္တာ၊ ကောင်းစွာ လွတ်မြောက်ခဲ့လေပြီ။ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ န ရောဒသိ၊ မငိုကြွေးလေသလော။

သင့်ရဲ့ အရှင်သခင်ဖြစ်တဲ့ ဒီယောက်ျားက ညှဉ်းပန်းနှိပ်စက် ရိုက်နှက်၍ အသုံးချခဲ့လေသလား? ဒါကြောင့် သင်က သူ့လက်က ငါတော့ လွတ်မြောက်ပြီ ဆိုပြီးတော့ မငိုသလား? မေးကြည့်တယ်။ အဲဒီ အခါကျတော့မှ ဒီကျွန်မက ဘာ အဖြေပေးသလဲ?

‘သာမိ, မာ ဧဝံ အဝစ, န ဧတံ ဧတဿ အနုစ္ဆဝိကံ, ခန္တိမေတ္တာနုဒ္ဒယသမ္ပန္နော မေ အယျပုတ္တော, ဥရေ သံဝဍ္ဎိတပုတ္တော ဝိယ အဟောသိ’

သာမိ၊ အရှင်။ ဧဝံ၊ ဤကဲ့သို့သော စကားကို။ မာ အဝစ၊ မပြောဆိုပါနှင့်။ ဧတံ၊ ဤစကားသည်ကား။ ဧတဿ၊ ဤယောက်ျားအဖို့။ န အနုစ္ဆဝိကံ၊ မသင့်တင့် မလျောက်ပတ်ပါ။

သင် ဒီလို မပြောနဲ့။ သင်ပြောလိုက်တဲ့ ဒီစကားဟာ ဒီယောက်ျားနဲ့ မထိုက်တန်ဘူး။ ဘာဖြစ်လဲ?

မေ၊ ငါ၏။ အယျပုတ္တော၊ အရှင့်သားသည်ကား။ ခန္တိမေတ္တာနုဒ္ဒယသမ္ပန္နော၊ သည်းခံခြင်း ခန္တီတရား၊ ချစ်ခင်မြတ်နိုးခြင်း မေတ္တာတရား၊ ကြင်နာသနားခြင်း အနုဒယမေတ္တာတရားနှင့် ပြည့်စုံပါပေ၏။

ငါရဲ့ အရှင့်သားကို ပြန်ကြည့်မယ်ဆိုရင် သည်းခံခြင်း ခန္တီတရား မင်္ဂလာနှင့်လည်း ပြည့်စုံတယ်။ ချစ်ခင်မြတ်နိုးခြင်း မေတ္တာတရားနှင့် သတ္တဝါအားလုံးအပေါ်၌ ဖြန့်ကျက် ပွားများထားအပ်တဲ့ ချစ်ခင်မြတ်နိုးခြင်း မေတ္တာ-တရားတွေနှင့်လည်း ပြည့်စုံတယ်။ သတ္တဝါအားလုံးတို့အပေါ်မှာ ကြင်နာသနားခြင်းဆိုတဲ့ အနုဒယ တရား, ကရုဏာတရားတွေနဲ့ ပြည့်စုံနေပါတယ်တဲ့။

ဥရေ၊ ရင်၌။ သံဝဍ္ဎိတပုတ္တော ဝိယ၊ ကြီးပွားစေတတ်တဲ့ သားရတနာကဲ့သို့။ အဟောသိ၊ ဖြစ်၍ နေပါ၏။

သူ့ဘက်ကနေ ကြည့်ရင် ဒီသားလေးအပေါ်မှာ ကိုယ့်ရင်ခွင်ထဲမှာ ကြီးပြင်းတဲ့ သားအရင်းလို စိတ်ထဲမှာ ထင်မှတ်နေပါတယ်။ ဒါကြောင့် ဒီသားကို ဒီလို မပြောပါနဲ့။ သူကလည်း ကန့်ကွက်တယ်။ ဒီလိုဆိုရင် သင်ဘာလို့ မငိုတာလဲလို့ မေးလိုက်တယ်။ မေးလိုက်တဲ့ အချိန်ခါ -

ယထာ နာမ ဥဒကကုမ္ဘော ဥက္ခိပိယမာနော ပတိတွာ သတ္တဓာ ဘိန္နော ပုန တာနိ ကပါလာနိ ပဋိပါဋိယာ ဌပေတွာ သံဝိဒဟိတွာ ပဋိပါကတိကံ ကာတုံ န သက္ကောတိ, ယော ပေတမနုသောစတိ, တဿပိ ဧတမနုသောစနံ ဧဝံနိပ္ဖတ္တိကမေဝ ဟောတိ

ယထာ နာမ၊ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား။ ဥဒကကုမ္ဘော၊ ရေအိုးကြီးတစ်လုံးကို။ ဥက္ခိပိယမာနော၊ ချီမြှောက်ခဲ့သည်ရှိသော်။ ပတိတွာ၊ ကျ၍။ သတ္တဓာ၊ ခုနှစ်စိတ် ခုနှစ်မွှာ။ ဘိန္နော၊ ကွဲခဲ့သည်ရှိသော်။ ပုန၊ နောက်ထပ်တစ်ဖန်။ တာနိ ကပါလာနိ၊ ထိုအိုးခြမ်းကွဲတို့ကို။ ပဋိပါဋိယာ၊ အစဉ်အတိုင်း။ ဌပေတွာ၊ ထား၍။ သံဝိဒဟိတွာ၊ စီမံခန့်ခွဲ၍။ ပဋိပါကတိကံ၊ ပင်ကိုယ်ပကတိအတိုင်း။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကောတိ၊ မစွမ်းနိုင်ပေ။

အိုးကြီးတစ်လုံး မ,လိုက်တာ ဗြုန်းကနဲ မတော်တဆ အကြောင်းမလှလို့ ကွဲသွားပြီ။ ခုနှစ်စိတ် ခုနှစ်မွှာ ကွဲသွားတယ်။ ကွဲသွားလိုက်တဲ့ အချိန်ခါမှာ အိုးခြမ်းကွဲတွေ လှမ်းပြီး စု။ ဒီအိုးခြမ်းကွဲကတော့ ဒီနေရာ ဖြစ်လိမ့်မယ်။ ဒီအိုးခြမ်းကွဲက ဒီနေရာ ဖြစ်လိမ့်မယ်ဆိုပြီး အစဉ်အတိုင်းထား။ ထားပြီးတော့ ပြန်ပြီး နဂိုအတိုင်းဖြစ်အောင် ပကတိအတိုင်း စီမံခန့်ခွဲလိုက်တဲ့ အချိန်အခါ စုပေါင်းလိုက်ရင် ဒီအိုးခြမ်းကွဲတွေ ပကတိ ပုံစံအတိုင်း အိုးကြီးတစ်လုံး ပြန်ဖြစ်ဦးမလား? မဖြစ်တော့ဘူး။

ဧဝံ၊ ဤအတူ။ ယော၊ အကြင်သူသည်ကား။ ပေတံ၊ ကွယ်လွန်-သွားတဲ့ ပုဂ္ဂိုလ်ကို။ အနုသောစတိ၊ အဖန်ဖန်အထပ်ထပ် စိုးရိမ်ပူဆွေး၍ နေပေ၏။ တဿပိ၊ ထိုစိုးရိမ်ပူဆွေးနေတဲ့ ပုဂ္ဂိုလ်ရဲ့။ ဧတံ အနုသောစနံ၊ ဤကဲ့သို့ အဖန်ဖန် အထပ်ထပ် စိုးရိမ်ပူဆွေးခြင်းသည်ကား။ ဧဝံနိပ္ဖတ္တိကမေဝ၊ ဤကဲ့သို့ ပြီးစီးခြင်းသဘောရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်ပေ၏၊

ကွဲသွားတဲ့အိုးကို တစ်ဖန် စပ်လို့ မရသလို, ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး စိုးရိမ်ပူဆွေးနေခြင်းဟာ ဒီကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်က တစ်ဖန် ရှင်လာဖို့ဆိုတဲ့ သဘော ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။

မတဿ ပုန ဇီဝါပေတုံ အသက္ကုဏေယျတ္တာ ဣဒ္ဓိမတော ဝါ ဣဒ္ဓါနုဘာဝေန ဘိန္နံ ကုမ္ဘံ သံဝိဒဟိတွာ ဥဒကဿ ပူရေတုံ သက္ကာ ဘဝေယျ, ကာလကတော ပန ဣဒ္ဓိဗလေနာပိ န သက္ကာ ပဋိပါကတိတံ ကာတုန္တိ။

မတဿ၊ သေကျေပျက်စီးသွားတဲ့ပုဂ္ဂိုလ်အား။ ပုန၊ နောက်ထပ်တစ်ဖန်။ ဇီဝါပေတုံ၊ အသက်ပြန်၍ ရှင်စေအပ်သောငှာ။ အသက္ကုဏေယျတ္တာ၊ မစွမ်းနိုင်သည့်အတွက်ကြောင့်။ ဣဒ္ဓိမတော ဝါ၊ တန်ခိုး ဣဒ္ဓိပ္ပါဒ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည်။ ဣဒ္ဓါနုဘာဝေန၊ မိမိရဲ့ တန်ခိုးအာနုဘော်အားဖြင့်။ ဘိန္နံ ကုမ္ဘံ၊ ကွဲပျက်သွားတဲ့အိုးကို။ သံဝိဒဟိတွာ၊ စီမံခန့်ခွဲ၍။ ဥဒကဿ၊ ရေဖြင့်။ ပူရေတုံ၊ ပြည့်စေအံ့သောငှာ။ သက္ကာ ဘဝေယျ၊ တတ်မူလည်း တတ်ကောင်းလေရာ၏၊

တန်ခိုးဣဒ္ဓိပ္ပါဒ်နှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦး မိမိရဲ့ တန်ခိုး အာနုဘော်ဖြင့် ကွဲပျက်သွားတဲ့ ခုနှစ်စိတ် ခုနှစ်မွှာ ကွဲပျက်သွားတဲ့ ဒီအိုးကြီးကို တန်ခိုးနဲ့ တစ်ဖန် ပင်ကိုယ်ပကတိအတိုင်း ပြုပြင်ဖန်တီးလိုက်မယ်ဆိုရင် ပြုပြင်ဖန်တီးလို့ ရချင်ရမယ်။ ရေတွေအပြည့် ပြန်ပြီး ထည့်မယ်ဆိုရင်လည်း ဒီတန်ခိုးရဲ့ အာနုဘော်ကြောင့် ရကောင်းရနိုင်သေးတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ?

ကာလကတော ပန၊ ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်အဖို့။ ဣဒ္ဓိဗလေန၊ တန်ခိုးဣဒ္ဓိပ္ပါဒ်ရဲ့ စွမ်းအားဖြင့်။ ပဋိပါကတိတံ၊ ပင်ကိုယ် ပကတိအတိုင်း အသက်ရှင်အောင်။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်းသည်သာလျှင်တည်း။

ဒါပေမဲ့ ဘယ်လို တန်ခိုးရှင်ပဲ ဖြစ်ဖြစ် သေသွားတဲ့ ပုဂ္ဂိုလ်ကို ပင်ကိုယ် ပကတိအတိုင်း အသက်ရှင်နေအောင် ပြန်ပြုလုပ်ဖို့ရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ဘူး။ သူ့ရဲ့ အတွေးအခေါ်လေးတစ်ခုပဲ။ ဒါပေမဲ့ တရားဟောရင်း ဘုန်းကြီး သတိရတာလေးတစ်ခုတော့ ရှိတယ်။ ဖုတ်သွင်းတဲ့ အတတ်ဆိုတာ-နော်။ ရှေးယခင်ကတော့ ဒီယဉ်ကျေးမှု ရှိပုံရပါတယ်။ ဘုန်းကြီး ငယ်ငယ်ကလည်း ဒီစကားလေးတစ်ခုတော့ ကြားဖူးတယ်။ ရဟန်းတော်တစ်ပါး စာသင်ရင်းနဲ့ ကွယ်လွန်သွားတယ်။ မိမိရပ်ရွာလည်း မဟုတ်တော့ နီးစပ်ရာ ညီအစ်ကိုဖြစ်တဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ ဒီဖုတ်သွင်းတဲ့ အတတ်ပညာကို သူတို့က သင်ကြားထားကြတယ်။ သင်ထားတော့ သေသွားတဲ့ ကိုယ်တော်ကို ဖုတ်သွင်းပြီးတော့ သူတို့အရပ်ရောက်အောင် ပြန်ခေါ်လာတယ်။ အရပ်ကျမှ ဒီဖုတ်ကို ပြန်ထုတ်ပစ်တယ်။ အဲဒီလို ဖုတ်သွင်းအတတ် ဆိုတာကတော့ ရှိပါတယ်။ ဒါ စာမှာလည်း ရှိတယ်။ ဒါပေမဲ့ ပင်ကိုယ်ပကတိအတိုင်း ပြန်ပြီး အသက်ရှင်တာကော ဟုတ်သလား? မဟုတ်ဘူး။

ခေတ်အပြောနဲ့ ပြောရင်ပေါ့လေ ပြိတ္တာလို့ ခေါ်တဲ့ အခြား တစ္ဆေ သရဲတွေကို ဒီခန္ဓာအိမ်ထဲမှာ ဝင်ပူးစေပြီးတော့ ခေါ်သွားတာပဲနော်။ သူတို့ရဲ့ ဖုတ်သွင်းအတတ်ပညာနဲ့ ပင်ကိုယ်ပကတိအတိုင်း အသက်ပြန်ပြီး ရှင်အောင် တန်ခိုးဣဒ္ဓိပ္ပါဒ်နဲ့ ပြုလုပ်မယ်ဆိုရင် ပြုလုပ်နိုင်တဲ့ စွမ်းအား ရှိသလား? မရှိဘူး။ အကယ်၍သာ ပြုလုပ်လို့ ရကြမယ်ဆိုရင် တန်ခိုးရှင်တွေဟာ များသောအားဖြင့် သတ္တဝါတွေ အပေါ်၌ ကြင်နာသနားတတ်တဲ့ စိတ်ထား ရှိကြပါတယ်။ ရှိတဲ့အတွက်ကြောင့် ပင်ကိုယ် ပကတိအတိုင်း အသက်ရှင်အောင် ပြန်လုပ်ပေးကြမှာ ကျိန်းသေဧကန်ပဲ။ ဒါပေမဲ့ ပြုလုပ်လို့ ရသလား? မရဘူး။ ဘာဖြစ်လို့လဲ?

သဗ္ဗေသတ္တာ ကမ္မသကာ = သတ္တဝါအားလုံးဟာ မိမိတို့ ပြုစုပျိုးထောင်ထားတဲ့ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိနေတယ်။ ဒီကံက အကျိုးပေးဖို့ရန် အခါအခွင့်တွေ မသင့်တော့ဘူး။ ကုန်ဆုံးသွားပြီဆိုရင် နောက်ထပ် ကံတစ်ခုကလည်း အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာပြီဆိုရင် ဘဝတစ်ခု ကျိန်းသေဧကန် အဆုံးသတ်ရတာပဲ။ ဘုရားသော်မှလည်း တားလို့ ရသလား? မရပါဘူး။ ဒီသဘော ရှိတယ်။ အဲဒီသဘောကို နားလည်ပြီးတော့ ကျွန်မလုပ်တဲ့ ပုဂ္ဂိုလ်က ပြန်ပြောနေတယ်။ ကွဲသွားတဲ့ အိုးကြီးကို ပြန်ပြီး ဆက်လို့ မရသလို ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး စိုးရိမ်ပူဆွေးခြင်းဟာလည်း ဒီပုဂ္ဂိုလ် ပြန်အသက်ရှင်အောင် လုပ်နိုင်တဲ့ သဘောတရား မမဟုတ်ပါဘူးတဲ့။

‘‘ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ၊ တသ္မာ ဧတံ န သောစာမိ, ဂတော သော တဿ ယာ ဂတိ’’

ဍယှမာနော၊ မီးရှို့မြိုက် ခံနေရတဲ့ အလောင်းကောင်သည်။ သုခံ ဒုက္ခံ၊ ဆင်းရဲဒုက္ခကို။ န ဇာနာတိ၊ မသိရှိပါ။ ဧဝံ၊ ဤအတူ။ ဉာတီနံ၊ ဆွေမျိုးအပေါင်းတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးမြည်တမ်းမှုကိုလည်းပဲ။ န ဇာနာတိ၊ မသိရှိပါ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ဤသေကျေပျက်စီးတဲ့ပုဂ္ဂိုလ်သည်။ န သောစာမိ၊ စိုးရိမ်ပူဆွေးမှု မရှိပါ။ သော၊ ထိုသေကျေ-ပျက်စီးသွားတဲ့ ပုဂ္ဂိုလ်သည်။ တဿ၊ ထိုမိမိ၏။ ယာ ဂတိ၊ အကြင်သွားရမဲ့ ဂတိသည်။ အတ္ထိ၊ ရှိပေ၏။ တံ ဂတိံ၊ ထိုမိမိသွားရမဲ့ဂတိသို့။ ဂတော၊ ဆိုက်ရောက်၍ သွားခဲ့ပြီးလေပြီ။

မီးရှို့မြိုက်ခံနေရတဲ့ပုဂ္ဂိုလ် သုခဒုက္ခသဘောတရားတွေကို သူ ဘာသိသလဲ? မသိဘူး။ အလားတူပဲ ဆွေမျိုးတွေက ဝိုင်းပြီး ငိုကြွေးနေမယ် ဆိုရင်လည်း ထိုဆွေမျိုးတွေရဲ့ ငိုကြွေးမှုဆိုတဲ့ ဒီသဘောတရားကိုလည်း ဒီအလောင်းကောင်ကြီးက မသိပါဘူး။ ဒါကြောင့် ဒီသေကျေပျက်စီးသွားတဲ့ ပုဂ္ဂိုလ်ကို အကြောင်းပြုပြီးတော့ ကျွန်တော်မရဲ့သန္တာန်မှာ စိုးရိမ်ပူဆွေးမှု မဖြစ်ပါဘူး။ သူ သွားရမဲ့ဂတိသို့ သူ ရောက်ရှိသွားပြီး ဖြစ်တယ်။ တခြားဘဝတစ်ခုပေါ့နော်။ ငရဲရောက်မဲ့ ပုဂ္ဂိုလ်ကလည်း ငရဲရောက်ပြီး ဖြစ်တယ်။ ဒီက ထိုင်ငိုနေလို့ သူ ငရဲကနေ ပြန်လာမလား? မလာဘူး။ ပြိတ္တာဘဝရောက်မဲ့ ပုဂ္ဂိုလ်ကလည်း ပြိတ္တာဘဝ ရောက်ပြီးဖြစ်တယ်။ တိရစ္ဆာန်ဘဝရောက်မဲ့ ပုဂ္ဂိုလ်ကလည်း တိရစ္ဆာန်ဘဝရောက်ပြီး ဖြစ်တယ်။ အဲဒီ ပြိတ္တာဘဝ ရောက်သွားတဲ့ ပုဂ္ဂိုလ်, တိရစ္ဆာန်ဘဝရောက်သွားတဲ့ ပုဂ္ဂိုလ်လည်း ဒီက ထိုင်ပြီး ငိုကြွေးနေတဲ့အတွက် တစ်ခေါက် ပြန်လာလို့ ရသေးလား? မရတော့ဘူး။ နောက်တစ်ခု - အမိဝမ်းတွင်း ရောက်သွားပြီ။ လူ့ပြည်ရောက်သွားပြီ ဆိုကြစို့။ အမိဝမ်းတွင်းမှာ ပဋိသန္ဓေ တည်စပဲ ဖြစ်ဦးမယ်။ ငိုကြွေးနေတဲ့ အချိန်ပေါ့။

အဲဒီ အမိဝမ်းတွင်း ပဋိသန္ဓေ တည်နေစ သတ္တဝါကလည်း ငိုကြွေးနေတဲ့ ပုဂ္ဂိုလ်တွေကို သနားပြီးတော့ ပြန်လာဦးမလား? မလာတော့ဘူး။ ဘယ်လိုမှ ပြန်ဆက်စပ်လို့ မရဘူး။ အဲ နတ်ပြည်ရောက်သွားပြီ ဆိုကြစို့။ သူ့ရဲ့ ပါရမီ ဘုန်းကံအားလျော်စွာ နတ်ပြည် ရောက်သွားပြီ ဆိုလို့ရှိရင်လည်း ဒီက ငိုကြွေးမြည်တမ်းနေတဲ့ ပုဂ္ဂိုလ်တွေအပေါ်၌ သနားငဲ့ညှာပြီးတော့ သူက တစ်ပတ် ပြန်လာဦးမလား? မလာတော့ဘူး။ သူ့မှာလည်း တစ်ဖက် ငါးရာနဲ့ ပျော်ချင်ပျော်နေမှာပေါ့။ ဟုတ်တယ်မလား? ကိုယ်ကသာ အလွမ်းကြီး လွမ်းနေတယ်။ သူကတော့ အပျော်ကြီး ပျော်နေမှာပါ။ ဒါကြောင့် ဒီလို သူသွားရမဲ့ ဂတိကို သူက ရောက်ရှိသွားပြီး ဖြစ်တယ်။ မိမိ ငိုနေတဲ့အချိန်မှာ သူ သွားရမဲ့ ဂတိ သူရောက်ရှိသွားပြီး မဖြစ်ဘူးလား? ဖြစ်နေပြီ။ ဒါကြောင့် သူ့အနေနဲ့ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်းမှု ဘာမှ မဖြစ်ဘူး။ သူတို့ရဲ့ အတွေးအခေါ်လေးတွေ မမှန်ဘူးလား? မှန်နေတယ်။ ဒါကြောင့် မှန်ကန်နေတဲ့ တရား အသိဉာဏ်လေးတွေ မိမိတို့ရဲ့သန္တာန်မှာ ခုလို သာသနာတော်နဲ့ တွေ့ခိုက် ရအောင် ကြိုးပမ်းထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ အဲဒီ အချိန်အခါကျတော့မှ သိကြားမင်းကြီးကလည်း ဘာဖြစ်လဲ?

သက္ကော သဗ္ဗေသံ ဓမ္မကထံ သုတွာ ပသီဒိတွာ ‘‘တုမှေဟိ အပ္ပမတ္တေဟိ မရဏဿတိ ဘာဝိတာ, တုမှေ ဣတော ပဋ္ဌာယ သဟတ္ထေန ကမ္မံ မာ ကရိတ္ထ, အဟံ, သက္ကော ဒေဝရာဇာ, အဟံ ဝေါ ဂေဟေ သတ္တ ရตနာနိ အပရိမာဏာနိ ကရိဿာမိ, တုမှေ ဒါနံ ဒေထ, သီလံ ရက္ခထ, ဥပေါသထကမ္မံ ကရောထ, အပ္ပမတ္တာ ဟောထာ’’တိ တေသံ ဩဝါဒံ ဒတွာ ဂေဟံ အပရိမိတဓနံ ကတွာ ပက္ကာမိ။

သက္ကော၊ နတ်တို့သနင်း သိကြားမင်းသည်။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော သူတို့၏။ ဓမ္မကထံ၊ တရားစကားကို။ သုတွာ၊ ကြားနာရပြီး ပသီဒိတွာ၊ ကြည်ညိုလှသည်ဖြစ်၍။ တုမှေဟိ၊ သင်တို့သည်။ အပ္ပမတ္တေဟိ၊ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်လျက်။ မရဏဿတိ၊ မရဏာနုဿတိကမ္မဋ္ဌာန်းကို။ ဘာဝိတာ၊ ပွားများအားထုတ်ခဲ့ပြီးလေပြီ။ တုမှေ၊ သင်တို့သည်။ ဣတော၊ ဤနေ့မှ။ ပဋ္ဌာယ၊ စ၍။ သဟတ္ထေန၊ မိမိလက်ဖြင့်။ ကမ္မံ၊ လုပ်ငန်းရပ်အဝဝကို။ မာ ကရိတ္ထ၊ မပြုကြပါကုန်လင့်။ အဟံ၊ ငါသည်။ သက္ကော ဒေဝရာဇာ၊ နတ်တို့သနင်း သိကြားမင်း ဖြစ်ပါပေ၏။ အဟံ၊ ငါသည်။ ဝေါ၊ သင်တို့၏။ ဂေဟေ၊ နေအိမ်၌။ သတ္တ ရတနာနိ အပရိမာဏာနိ၊ အတိုင်းအတာပမာဏ မရှိကြကုန်သော။ သတ္တရတနာနိ၊ ရတနာခုနစ်ပါးကို။ ကရိဿာမိ၊ ပြုလုပ်ဖန်ဆင်း၍ ပေးပေအံ့။

ဘယ့်နှယ်တုန်း ဒကာကြီးတွေ ဟန်ကျပြီထင်တယ်နော်။ သိကြားမင်းကြီးက ဒကာကြီးတွေကို ခုနေ လာပြောမယ်ဆိုရင် ဘယ့်နှယ်နေမလဲ? ဟင် ဘယ့်နှယ်နေမလဲဆို ... ဘုန်းကြီးကတော့ သိပ်ပြီး မဖြစ်စေချင်ဘူး။ မဖြစ်စေချင်ဘူး ဆိုတာက ဒီလိုပါ။ ခုနေ ရတနာခုနစ်ပါးအပြည့် အိမ်မှာ လာပြီး ဖြည့်သွားပြီ။ ငါ အေးအေး ဆေးဆေး တရားအားထုတ်ရမယ်လို့များ ထင်သလား? ဟင် အမလေး အဲဒါတွေ ဘယ်သူများ လာခိုးမလဲလို့ ဒီကနေ ပူနေရမှာက တစ်ပုံကြီး မဖြစ်ဘူးလား? ဖြစ်နေတယ်။ ဘာမှ မရှိတာက ပူရဦးမလား? မပူရဘူးနော်။ ဒါကြောင့်

အဟံ၊ ငါသည်။ ဝေါ၊ သင်တို့၏။ ဂေဟေ၊ နေအိမ်၌။ သတ္တ ရတနာနိ အပရိမာဏာနိ၊ အတိုင်းအတာပမာဏ မရှိကြကုန်သော။ သတ္တရတနာနိ၊ ရတနာခုနစ်ပါးကို။ ကရိဿာမိ၊ ပြုလုပ်ဖန်ဆင်း၍ ပေးပေအံ့။ တုမှေ၊ သင်တို့သည်။ ဒါနံ၊ အလှူဒါနကို။ ဒေထ၊ ပေးလှူကြကုန်လော့။ သီလံ၊ သီလကို။ ရက္ခထ၊ ထိန်းသိမ်း စောင့်ရှောက်ကြကုန်လော့။ ဥပေါသထကမ္မံ၊ ဥပုသ်ကျင့်သုံးခြင်းအမှုကို။ ကရောထ၊ ပြုကြကုန်လော့။ အပ္ပမတ္တာ၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။ ဣတိ၊ ဤသို့လျှင်။ တေသံ၊ ထိုမိသားစုတို့အား။ ဩဝါဒံ၊ အဆုံးအမ ဩဝါဒကို။ ဒတွာ၊ ပေးပြီး၍။ ဂေဟံ၊ အိမ်ကို။ အပရိမိတဓနံ၊ အတိုင်းအတာ ပမာဏမရှိသော စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသော။ ကတွာ၊ ပြု၍။ ပက္ကာမိ၊ ဖယ်ခွာသွားခဲ့လေပြီ။

အိမ်ထဲမှာ ဘယ်ရွေ့ဘယ်မျှလို့ တိုင်းတာလို့ မရနိုင်လောက်တဲ့ စည်းစိမ်ဥစ္စာတွေ အပြည့် ဖန်တီးပြီးတော့ နတ်ပြည်ပြန်သွားတယ်။ ဒါပေမဲ့ ဒီလို ပေးတယ်ဆိုတာက တကယ့်သူတော်ကောင်းတွေကို ပေးတာပါ။ အဲ ရလာပြီ ဆိုတဲ့ အချိန်ခါမှာ မခွဲရက် မခွာနိုင်ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ ပေးပါ့မလား? မပေးပါဘူး။ အဲဒီတော့ ဒီနေရာမှာ သံဝေဂဖြစ်ဖွယ်လေးတွေ နည်းနည်း ရှိလာတယ်။

သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ သစ္စာနိ ပကာသေတွာ ဇာတကံ သမောဓာနေသိ,

သတ္ထာ၊ လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည်။ ဣမံ ဓမ္မဒေသနံ၊ ဤတရားဒေသနာတော်ကို။ อာဟရိတွာ၊ ဆောင်တော်မူ၍။ သစ္စာနိ၊ သစ္စာလေးရပ်တို့ကို။ ပကာသေတွာ၊ ထင်ရှားပြတော်မူ၍။ ဇာတကံ၊ ဇာတ်တော်ကို။ သမောဓာနေသိ၊ ပေါင်းတော်မူ၏၊

ဒီတရားဒေသနာ ဟောကြားပြီးတဲ့ အခါမှာ ခုနက သားသေလို့ စိတ်မချမ်းမသာဖြစ်နေတဲ့ ဒါယကာကြီးကို ဘုရားရှင်က ဆက်လက်ပြီးတော့ သစ္စာလေးရပ်နဲ့စပ်တဲ့ တရားစကားတွေ ဟောကြားပြသ ဆိုဆုံးမပေးတော် မူပါတယ်။ ပေးလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

သစ္စပရိယောသာနေ ကုဋုမ္ဗိကော သောတာပတ္တိဖလေ ပတိဋ္ဌဟိ။

သစ္စပရိယောသာနေ၊ သစ္စာဒေသနာတော်နိဂုံး ပြီးဆုံးသော အချိန်ခါကာလ၌။ ကုဋုမ္ဗိကော၊ သူကြွယ်ကြီးသည်။ သောတာပတ္တိဖလေ၊ သောတာပတ္တိဖိုလ်၌။ ပတိဋ္ဌဟိ၊ တည်တော်မူခဲ့လေပြီ။

သစ္စာဒေသနာတော်နိဂုံး ပြီးဆုံးသွားတဲ့ အချိန်ခါမှာ ဒီသူကြွယ် ဒါယိကာကြီးလည်း သောတာပတ္တိဖိုလ်၌ တည်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကာရောဓ ဆန္ဒတ္တာ ဆိုပြီးတော့ ဟိုး သုတ္တန် နိပါတ်ဒေသနာတော် အဋ္ဌကထာများမှာ ဖွင့်ဆိုထားပါတယ်။ သာဝကပါရမီဉာဏ်အရာမှာ အဓိကာရ ကောင်းမှုကုသိုလ်ရှိခြင်း, မဂ်ဖိုလ်နိဗ္ဗာန်ကို လိုလားတောင့်တတဲ့ ဆန္ဒဓာတ်တွေက ပြင်းပြခြင်း ဆိုတဲ့ ဒီအကြောင်းနှစ်ခု ရှိရတယ်။ အဲဒီ အကြောင်းနှစ်ခုကို ဒီသူတော်ကောင်းကြီးက ရှေးဘဝတွေကလည်း ထူထောင်ခဲ့ပြီး ဖြစ်ပုံရတယ်။ ယခုဘဝမှာလည်း သားမသေခင်စပ်ကြား ကာလမှာ ဘုရားရှင်နဲ့ သာသနာနဲ့တွေ့ခိုက်မှာ ဒီပါရမီမျိုးစေ့တွေကို မိမိစွမ်းအား ရှိသလောက် ထူထောင်နေပုံ ရပါတယ်။ ထိုနေ့မှာတော့ သူ့ရဲ့ ဝိပဿနာဉာဏ်တွေက ရင့်ကျက်ပြီး ဖြစ်တဲ့အတွက် ဘုရားရှင်က သစ္စာလေးပါးနဲ့ ဆက်စပ်တဲ့ တရားစကားတွေကို ထပ်ပြီး ဟောကြားပေးတယ်။ သစ္စာဒေသနာနိဂုံး ပြီးဆုံးတဲ့ အချိန်ခါမှာ ဒီသူကြွယ် ဒါယိကာကြီး သောတာပတ္တိဖိုလ်၌ တည်သွားတယ်။ တည်သွားတော့ ဘာဖြစ်သလဲ? ဇာတ်တော်ပေါင်းခန်းလေး ဘုန်းကြီးက ပြောချင်လို့ပါနော်။

တဒါ ဒါသီ ခုဇ္ဇုတ္တရာ အဟောသိ,

တဒါ၊ ထိုအခါ၌။ ဒါသီ၊ ကျွန်မသည်။ ခုဇ္ဇုတ္တရာ၊ ခုဇ္ဇုတ္တရာသည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

ထိုအချိန်အခါက ကျွန်မက ဘယ်သူလဲဆိုတော့ အခု ဘုရားရှင်ရဲ့ သာသနာတော်မှာ ခုဇ္ဇုတ္တရာ ခါးကုန်းမလေး ဖြစ်တယ်။ ခုဇ္ဇုတ္တရာကလည်း သူက ဧတဒဂ်ရတဲ့ ပုဂ္ဂိုလ်ပါ။ အဲဒါကို ပြန်စဉ်းစားကြည့်လိုက်ရင် ဇာတ်တော် တော်တော်များများမှာ ဒီခုဇ္ဇုတ္တရာဟာ ဘဝတိုင်းလိုလိုမှာ ကျွန်မ ဖြစ်နေရတယ်။ ဘာဖြစ်လို့လဲ? သူ့စိတ်ထားကြည့်ပေါ့။ ခုနက မိမိရဲ့ အရှင်ယောက်ျားအပေါ်မှာ သားရင်းကဲ့သို့ ချစ်မြတ်နိုးတဲ့စိတ်ထား သူ့မှာ မရှိဘူးလား? ရှိတယ်။ အဲဒီ သားရင်းကဲ့သို့ မိမိရဲ့ အရှင်သခင်အပေါ်မှာ ချစ်မြတ်နိုးတဲ့ စိတ်ထားဖြင့် သူက ကံတွေကို ထူထောင်ခဲ့တယ်။ ဒီကံက အကျိုးပေးတဲ့ ဘဝတိုင်း ဘဝတိုင်းမှာ သူက ဘာဖြစ်ရလဲ? ကျွန်မပဲ ဖြစ်ရတယ်။ သူ့စိတ်ထားက ကြည့်နော်။ နောက်တစ်ခု -

ဓီတာ ဥပ္ပလဝဏ္ဏာ,

ဓီတာ၊ သမီးသည်ကား။ ဥပ္ပလဝဏ္ဏာ၊ ဥပ္ပလဝဏ်သည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

တစ်ချိန် ဘုရားအလောင်း ပုဏ္ဏားကြီးရဲ့သမီးက ဘယ်သူလဲ? ဥပ္ပလဝဏ်ထေရီမ ဖြစ်ခဲ့တယ်။ ကောင်းပြီ နောက်တစ်ခု -

ပုတ္တော ရာဟုလော,

ပုတ္တော၊ သားရတနာသည်ကား။ ရာဟုလော၊ ရာဟုလာသည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

သေသွားတဲ့ သားရတနာလေးက ရာဟုလာအလောင်း ဖြစ်တယ်။ ဥပ္ပလဝဏ်အလောင်းနဲ့ ရာဟုလာအလောင်းတို့က ဘဝတွေ တော်တော် ခပ်များများမှာပေါ့လေ ဘုရားအလောင်းတော်ရဲ့ သားရတနာနဲ့ သမီးရတနာ ဖြစ်ခဲ့တဲ့ ဘဝတွေ များပါတယ်နော်။ ဝေဿန္တရာဇာတ် ကြည့်လိုက်မယ် ဆိုလို့ရှိရင် ဇာလီနဲ့ ကဏှာဇိန် ဆိုတာလည်း သူတို့နှစ်ဦးပဲ ဖြစ်ပါတယ်နော်။ နောက်တစ်ခု -

မာတာ ခေမာ,

မာတာ၊ မိခင်သည်ကား။ ခေမာ၊ ခေမာမိဖုရားသည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

ဟော ခေမာမိဖုရားကို ပြန်ကြည့်လိုက်တဲ့ အချိန်ခါကျတော့ ဒီဘဝမှာ သူက ဘုရားရှင်ရဲ့ လက်ယာရံအဂ္ဂသာဝက တပည့်မတစ်ဦးဖြစ်တယ်။ ဘုရားရှင်ရဲ့ သမီးရတနာဖြစ်တယ်။ အဲဒီ သမီးရတနာတစ်ဦးက တစ်ချိန်တုန်းက ဘာဖြစ်ခဲ့လဲ? ဇနီးမောင်နှံ ဖြစ်ခဲ့ဖူးကြတယ်။ အလားတူပဲ ဥပ္ပလဝဏ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် တစ်ချိန်တုန်းက ဘဝတော်တော် များများမှာ ဘုရားအလောင်းတော်ရဲ့ သမီးရတနာ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ နာမည်ကျော်ဖြစ်တဲ့ ဥမ္မာဒန္တီဇာတ်ကို ပြန်ကြည့်လိုက်ပါ။ အဲဒီမှာ ဥမ္မာဒန္တီဟာ ဘယ်သူလဲ? ဒီဥပ္ပလဝဏ်ထေရီမအလောင်းပဲ ဖြစ်ပါတယ်။ ရူးသွားရတဲ့ သိဝိမင်းကြီးက ဘယ်သူလဲ? ဦးပဉ္စင်းတို့ ဘုရားအလောင်းပဲ ဖြစ်တယ်။ ဘဝတွေနော်။

ဒါကြောင့် တစ်နေ့ မလေးရှားသီလရှင်လေးက မေးတယ်။ ဘုန်းကြီးကတော့ ဗုဒ္ဓုဿုတအဖြစ် ပြောတာပါ။ သူကလည်း ဘယ်ကနေ ပေါက်ပေါက် ရှာရှာ ကြားလာလဲ မသိဘူး။ ပုဂ္ဂိုလ်တစ်ယောက်နဲ့တစ်ယောက် ဘဝတစ်ခုမှာ သမီးနဲ့ဖခင်ဖြစ်တယ်။ နောက်ဘဝကျလို့ရှိရင် အဲဒီ သမီးနဲ့ဖခင် လင်မယား ပြန်ဖြစ်တတ်သလားတဲ့? ဟော ဘုန်းကြီးက ဖြစ်နိုင်တယ်လို့ ပြန်ဖြေတော့ သူ တော်တော် စိတ်ပျက်သွားတယ်။ ဘာဖြစ်လို့လဲ? ဒီလောက်တောင် ညစ်ပတ်ပေရေနေတဲ့ သံသရာခရီးကြီးဟာ အလွန် ရွံရှာစက်ဆုတ်ဖွယ် ကောင်းပါလားဆိုပြီးတော့ သူက ဒီစကားတစ်ခု ပြောတယ်။

ခု ဒီမှာကြည့်ပေါ့ - ဥပ္ပလဝဏ်နဲ့ ဘုရားအလောင်းတော်နဲ့ အကြောင်းပါခဲ့တဲ့ ဘဝတွေ တော်တော်များများ ရှိပါတယ်။ သမီးဖြစ်ခဲ့တဲ့ ဘဝတွေလည်း တော်တော်များတယ်။ မယားဖြစ်ခဲ့တဲ့ ဘဝတွေလည်း တော်တော်များတယ်။ အလားတူပဲ ခေမာဆိုလို့ရှိရင် ဘုရားအလောင်းတော်ရဲ့ သမီးရတနာ ဖြစ်ခဲ့တဲ့ ဘဝတွေလည်း တော်တော်များများ ရှိပါတယ်။ ခု မိဖုရားဖြစ်ခဲ့တဲ့ ဘဝတွေလည်း မရှိခဲ့ဘူးလား? ရှိနေပြန်တယ်။ တိရစ္ဆာန်တွေကျတော့ ဘဝတစ်ခုတည်းမှာပဲ အမေလည်း ဖြစ်တယ်, မယားလည်း ဖြစ်တယ်။ အဖေလည်း ဖြစ်တယ်, လင်လည်း ဖြစ်တယ်။ လူတွေမှာတော့ ဘဝခြားသွားပြီဆိုရင် တိရစ္ဆာန်နဲ့ ပုံစံတူတဲ့ သဘောလေးတွေ ဖြစ်မနေဘူးလား? ဖြစ်လာတယ်။ ဒါကြောင့် မိမိတို့ရဲ့ စိတ်နေစိတ်ထားလေးတွေဟာ အလွန် ရွံရှာစက်ဆုတ်ဖွယ် မကောင်းဘူးလား? ကောင်းနေတယ်။

ဒါကြောင့် ဒီလောက်တောင် ညစ်ပတ်ပေရေနေတဲ့ သံသရာခရီးကြီးမှ ကျော်လွှားသွားအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါ ဘုရားရှင်ရဲ့ သာသနာနဲ့ တွေ့ခိုက်မှာသာ ဒီအသိဉာဏ်တွေ ရရှိတာပါ။ ဘုရားရှင်က သဗ္ဗေညုတဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာ ဟောကြားလိုက်လို့ “ဩော် တစ်ချိန်တုန်းက တို့က သားတော်ခဲ့တယ်, တစ်ချိန်တုန်းက တို့ သမီးတော်ခဲ့တယ်, တစ်ချိန်တုန်းက တို့ အမိတော်ခဲ့တယ်, တစ်ချိန်တုန်းက တို့ အဖတော်ခဲ့တယ်” ဆိုတာကို ဒီသဘောတွေ သိတာ။ မိမိတို့ ကိုယ်တိုင်လည်း မသိနိုင်ဘူးလားမေးရင်? သိစေနိုင်တဲ့ သိအောင် ကျင့်ရမဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ဘုရားရှင် ကိုယ်တော်တိုင်က ချမှတ်ပေးသွားပါတယ်။

အကယ်၍များ မိမိတို့က ကျင့်လိုက်လို့ ဝိပဿနာပိုင်းက ပြောရင်တော့ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း ရောက်ရှိခဲ့မယ်ဆိုရင် အကြောင်းအားလျော်စွာ မိမိရဲ့ ဉာဏ်စွမ်းအပေါ်မှာ မူတည်ပြီးတော့ ဒီသဘောတရားတွေ သိတန်သလောက် သိပါတယ်။ အဲဒီထက် ရှေ့တစ်ဆင့်တက်လို့ မိမိတို့ ပုဗ္ဗေနိဝါသာနုဿတိလို့ ခေါ်တဲ့ ဒီအဘိညာဏ်ကို လေ့ကျင့်နိုင်တဲ့ စွမ်းအားရှိခဲ့ရင်တော့ ပိုပြီးတော့ ကွဲကွဲပြားပြား သိနိုင်တယ်။ တော်တော်ကြာ ယောက်ျားဖြစ်လိုက်၊ တော်တော်ကြာ မိန်းမဖြစ်လိုက်၊ တော်တော်ကြာ တိရစ္ဆာန်ဖြစ်လိုက်၊ တော်တော်ကြာ ငရဲရောက်လိုက်၊ တော်တော်ကြာ ခွေးဖြစ်လိုက်၊ တော်တော်ကြာ နွားဖြစ်လိုက်နဲ့ ဘဝတွေ ကျင်လည်ခဲ့ရတာ လှမ်းမျှော်ပြီး ကြည့်မယ်ဆိုရင် ဘယ်ဘဝပဲ ကြည့်ကြည့် ပဋိသန္ဓေနေရတဲ့ဒုက္ခ ရှိနေတယ်, အိုရတဲ့ဒုက္ခ ရှိနေတယ်, နာရတဲ့ဒုက္ခ ရှိနေတယ်, သေရတဲ့ဒုက္ခ ရှိနေတယ်, စိုးရိမ်ပူဆွေး ငိုကြွေးရတဲ့ဒုက္ခ, ကိုယ်ဆင်းရဲရတဲ့ဒုက္ခ, စိတ်ဆင်းရဲရတဲ့ဒုက္ခ, ပြင်းစွာပူပန်ရတဲ့ ဒုက္ခတွေ မရှိဘူးလား? ရှိနေကြတယ်။

ဒါကြောင့် ဘဝတစ်ခုကို သူတော်ကောင်းတို့ မျက်လုံးနဲ့ လှမ်းမျှော်ကြည့်လိုက်တဲ့ အချိန်ခါမှာ ဘဝသည် ဒုက္ခတွေ အထွတ်တပ်ထားတဲ့ ခန္ဓာအိမ်ကြီးတစ်ခုပဲဆိုတာ သူတော်ကောင်းတို့ဘက်က သဘောမပေါက်ဘူးလား? သဘောပေါက်သွားတယ်။ ဒါကြောင့် ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်း ခုလိုပေါ့လေ မင်္ဂလာတရားတွေကို နာကြားရတဲ့ အချိန်ခါမှာ မိမိတို့ရဲ့သန္တာန်မှာ ဒီလို မင်္ဂလာတရားတွေနဲ့ ပြည့်စုံအောင် ဘုရားရှင်ရဲ့ သာသနာတော်နဲ့ တွေ့ခိုက်မှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ နိဂုံးချုပ်အနေနဲ့ မြတ်စွာဘုရား ဒီမင်္ဂလာကို ဟောတော့မယ်နော်။ ဘယ်လို ဟောလဲ?

ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထမပရာဇိတာ။

သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။

ဆိုပြီးတော့ မင်္ဂလာတရားလေး ဟောလိုက်ပြီ။ ဒီတော့ ခုဟောနေတာက

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ၊ လောကဓံတွေနဲ့ တွေ့ကြုံရတဲ့အခါမှာ ရဟန္တာတို့ရဲ့ စိတ်ဓာတ်သည် တုန်လှုပ်ချောက်ချားမှု မရှိဘူး။

ဒါ တစ်ခု။

အသောက၊ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်သည် စိုးရိမ်ပူဆွေးမှု မရှိဘူး။ ဝိရဇ၊ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်သည် ကိလေသာမြူ အညစ်အကြေး ကင်းစင်နေတဲ့ စိတ်ဓာတ်ဖြစ်တယ်။ ခေမ၊ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်သည် ယောဂလေးပါးလို့ခေါ်တဲ့ ကိလေသာ ဘေးရန်တွေမှ လွတ်မြောက်နေတဲ့ စိတ်ဓာတ်ဖြစ်တယ်။

အဲဒီ စိတ်ဓာတ်သည် မင်္ဂလာအရှိဆုံး စိတ်ဓာတ်ဖြစ်ပါတယ်။ အဲဒီမှာ ခေမ = ဘေးရန်ကင်းတယ်။ နည်းနည်းလေး ထပ်ပြောမယ်။ သတ္တဝါတစ်ဦးရဲ့သန္တာန်မှာ ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂလို့ ခေါ်တဲ့ ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေ လူးလိမ်းပေကျံပြီး နေပြီ။ အဲဒီလို လူးလိမ်းပေကျံနေတဲ့ ဒီသတ္တဝါသည် ဘေးရှိတဲ့ သတ္တဝါပဲ။ ဘာဖြစ်လို့လဲ? ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေက သတ္တဝါတစ်ဦးကို အပါယ်လေးဘုံ ရောက်အောင်လည်း ပို့ဆောင်ပေးမယ်။ ၃၁-ဘုံမှ မလွတ်အောင်လည်း ချုပ်နှောင်ပြီး ထားလိုက်တယ်။ အပါယ်လေးဘုံ ရောက်မယ် ဆိုလို့ရှိရင် အပါယ်သံသရာဝဋ်ကြီးနဲ့ မတွေ့ရဘူးလား? တွေ့ရမယ်။ အပါယ်သံသရာ ဝဋ်ဆင်းရဲကြီးနဲ့ တွေ့ရတာ ဘယ်သူ့ကြောင့်လဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်ခါမှာ ဒီ ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေကြောင့် ဖြစ်တယ်။ ဒီလိုဆိုရင် ဒီရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေသည် အလွန် ကြောက်မက်ဖွယ် ကောင်းနေတဲ့ ဘေးဆိုးကြီးလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

နောက်တစ်ချက် - ကောင်းတဲ့ဘက် ကြည့်လိုက်ပေါ့။ ၃၁-ဘုံမှ သူက မလွတ်အောင်လည်း ဆွဲခေါ်ထားတယ်။ ချည်နှောင်ထားတယ်။ ယှဉ်တွဲထားတယ်။ ၃၁-ဘုံမှ မလွတ်မြောက်ခြင်းသည် ရာဂ ဒေါသ မောဟ ဒီကိလေသာ အညစ်အကြေးတွေ ဆွဲခေါ်ထားတဲ့ သံလိုက်ဓာတ်စွမ်းအင်ကြောင့် မလွတ်မြောက်ခြင်း ဖြစ်တယ်။ ၃၁-ဘုံမှ မလွတ်မြောက်ဘူးဆိုရင် မလွတ်မြောက်တဲ့ သတ္တဝါမှာ အိုဘေးဆိုးကြီးနဲ့လည်း တွေ့ရမယ်, နာဘေးဆိုးကြီးနဲ့လည်း တွေ့ရမယ်, သေဘေးဆိုးကြီးနဲ့လည်း တွေ့ရမယ်။ စိုးရိမ်ပူဆွေးမှု, ငိုကြွေးမှု, စိတ်ဆင်းရဲမှု, ကိုယ်ဆင်းရဲမှု, ပြင်းစွာပူပန်မှုဆိုတဲ့ ဘေးဆိုးကြီး ဒုက္ခအဝဝနှင့်လည်း မတွေ့ရဘူးလား? တွေ့ရလိမ့်မယ်။ ဒီလိုဆိုလို့ရှိရင် သံသရာ ဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီးအဝဝနဲ့ တွေ့အောင် ပို့ဆောင်ပေးနေတာ ဘယ်တရားတွေလဲလို့မေးရင် ရာဂ ဒေါသ မောဟ အစရှိတဲ့ ဒီကိလေသာ အညစ်အကြေးတွေပဲ ဖြစ်တယ်။ ဒါကြောင့် ဒီရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေသည် အလွန် ကြောက်မက်ဖွယ် ကောင်းနေတဲ့ ဘေးဆိုးကြီးလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒါကြောင့် ခုလို သာသနာနဲ့ တွေ့ခိုက် ရာဂ ဒေါသ မောဟ အစရှိတဲ့ ဒီကိလေသာ အညစ်အကြေး ဘေးဆိုးကြီးမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မလိုဘူးလား? ဒါကြောင့် ဘုရားရှင်က တိုက်တွန်းတယ်။

ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထမပရာဇိတာ။

သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။

ဧတာဒိသာနိ၊ ဤကဲ့သို့ ရှုအပ်ကုန်သော သဘောရှိကြကုန်သော ၃၈-ဖြာ မင်္ဂလာတရားတို့ကို။ ကတွာန၊ လိုက်နာပြုကျင့်ကြကုန်သောကြောင့်။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော ရန်သူတို့၌။ မပရာဇိတာ၊ အရှုံးမခံကြရကုန်သည် ဖြစ်၍။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော အခြင်းအရာတို့၌။ သောတ္ထိံ၊ ချမ်းသာခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ရှိကြရလေကုန်၏။ တံ၊ ထိုကဲ့သို့ ဘေးရန်ခပ်သိမ်းမှ လွတ်မြောက်ရခြင်းသည်။ တေသံ၊ ထိုပုဂ္ဂိုလ်တို့အဖို့။ မုတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလ၊ မင်္ဂလာ မည်ပါပေ၏။

ဆိုပြီးတော့ ဘုရားရှင်က ဟောထားတယ်။ အဲဒီမှာ သဗ္ဗတ္ထနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က လေးမျိုး ဖွင့်ထားပါတယ်။ ခန္ဓာဆိုတဲ့ ရန်သူ၊ ကိလေသာဆိုတဲ့ ရန်သူ၊ အဘိသင်္ခါရဆိုတဲ့ ရန်သူ၊ ဒေဝပုတ္တဆိုတဲ့ ရန်သူ။ မာရ်လေးပါး ဖွင့်ထားတယ်။ မာရ်ငါးပါး မဖွင့်ဘူး။ မာရ်လေးပါး ဖွင့်ထားတယ်ဆိုတာ ခန္ဓာငါးပါး ထင်ရှားရှိခဲ့ရင် ဒီခန္ဓာငါးပါးက လူသတ်သမားကြီးတွေပဲ။ တစ်နေ့ သတ်မှာပဲ။ ဒါကြောင့် သူတို့ဟာလည်း မာရလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

နောက် ကိလေသာ ထင်ရှား ရှိနေခဲ့ရင် သံသရာဝဋ်ဆင်းရဲမှ လွတ်နိုင်မလား? မလွတ်ခဲ့ရင် အဖန်ဖန် အထပ်ထပ် သေကျေပျက်စီးမှုတွေ မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ ဒါကြောင့် ကိလေသာတွေဟာ လူသတ်သမား ရန်သူတွေပဲ။ အဘိသင်္ခါရကံတွေ ကိလေသာကို အမှီပြုပြီးတော့ ကုသိုလ်ကံကို ထူထောင်ကြတယ်။ အကုသိုလ်ကံတွေ ထူထောင်ကြတယ်။ ဒီကံတွေက ကိလေသာအဖော်သဟဲတွေကို ရခဲ့ရင် ဘဝတစ်ခုကို အကျိုးပေးတော့မယ်။ အကျိုးပေးပြီဆိုရင် ထိုဘဝမှာ ပဋိသန္ဓေ နေရတဲ့ဒုက္ခ၊ အိုရတဲ့ဒုက္ခ၊ နာရတဲ့ဒုက္ခ၊ သေရတဲ့ဒုက္ခတွေ မရှိဘူးလား? ရှိနေတယ်။ ဒီလိုဆိုရင် ဒီကံတွေဟာ လူသတ်သမားတွေလို့ မပြောလို့မရဘူးလား? ရနိုင်တယ်။ အိုလို့မဆုံး၊ နာလို့မဆုံး၊ သေလို့မဆုံးနိုင်ဘူး။

နောက်တစ်ခု ဒေဝပုတ္တမာရ်။ မိုးနတ်သားမာရ်နတ်မင်းကလည်း သတ္တဝါတွေကို လိုက်ပြီး မနှောင့်ယှက်ဘူးလား? နှောင့်ယှက်တယ်။ ဘယ်လို နှောင့်ယှက်လဲ? ၃၁-ဘုံမှ ကျွတ်အောင်လွတ်အောင် ရုန်းကန်နေတဲ့ ပုဂ္ဂိုလ်တွေကို ၃၁-ဘုံမှ မကျွတ်အောင် မလွတ်အောင် သူက နည်းအမျိုးမျိုးနဲ့ ဖြားယောင်းတတ်တယ်။ ဒါကြောင့် အဲဒီမင်္ဂလာတရား ၃၈-ပါးကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တတ်တဲ့ ပုဂ္ဂိုလ်တွေကို ဒီမာရ်လေးပါးလို့ ခေါ်ဆိုအပ်တဲ့ ရန်သူတွေက နှောင့်ယှက်ဖျက်ဆီးနိုင်တဲ့ စွမ်းအား ရှိသေးလား? မရှိတော့ဘူး။ မရှိတဲ့အတွက် ထိုပုဂ္ဂိုလ်တွေသည် ချမ်းသာတဲ့နေရာကို ရောက်ရှိသွားမယ်။ မင်္ဂလာတရား ၃၈-ပါးနဲ့သာ ပြည့်စုံပါစေ ထိုသူတော်ကောင်းသည် ချမ်းသာရာအစစ် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကြီးကို မရောက်ရှိနိုင်ဘူးလား? ရောက်ရှိနိုင်မယ်လို့ မြတ်စွာဘုရားက ဒီလို တရားနိဂုံးချုပ်ထားတယ်။

အဲဒီတော့ ဒီနေရာမှာ မင်္ဂလာတရားတော့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ မင်္ဂလာတရား ပြီးဆုံးသွားတဲ့ အချိန်ခါမှာ ထိုနေ့ညမှာတင် ကုဋေတစ်သိန်းကုန်သော နတ်ဗြဟ္မာတွေက အရဟတ္တဖိုလ် ဆိုက်ရောက်သွားကြတယ်။ သောတာပန် တည်တဲ့ပုဂ္ဂိုလ်၊ သကဒါဂါမ် တည်တဲ့ပုဂ္ဂိုလ်၊ အနာဂါမ် တည်တဲ့ပုဂ္ဂိုလ်တွေ အရေအတွက်ကတော့ အသင်္ချေယျ ဆိုပြီးတော့ အဋ္ဌကထာက ဒီလို ဖော်ပြထားပါတယ်။ မရေမတွက်နိုင်အောင် များပြားသွားတယ်။ ထိုအချိန်အခါမှာ နောက်တစ်နေ့ မြတ်စွာဘုရားက ဒီမင်္ဂလသုတ်ကို ရှင်အာနန္ဒာမထေရ်မြတ်အား သင်ပေးပါတယ်။ သင်ပေးပြီးတဲ့ အချိန်အခါမှာ ရဟန်းတွေကို တစ်ဆင့် သင်ကြားပို့ချရန်အတွက် အမိန့်ရှိလိုက်တယ်။ အမိန့်ရှိလိုက်တဲ့အတွက် အရှင်အာနန္ဒာကိုယ်တော်မြတ်ကလည်း တစ်ဆင့် ရဟန်းတော်များကို သင်ကြားပို့ချပေးပါတယ်။

ဒါကြောင့် ဒီမင်္ဂလသုတ်တရားတော်သည် ယနေ့ သာသနာတော်အထိ ဆက်လက်ပြီး တည်တံ့နေပါတယ်။ မင်္ဂလာတရားက အားလုံးပေါင်းလိုက်တော့ ၃၈-ပါး။ အဲဒီ မင်္ဂလာတရား ၃၈-ပါးက မကောင်းဘူးလား? ကောင်းတယ်။ အဲဒီ မင်္ဂလာတရား ၃၈-ပါး ဒကာကြီးတွေကိုယ်မှာ မတည်ချင်ကြဘူးလား? တည်ချင်တယ်။ ၃၈-ပါးလုံး ပြိုင်တူတည်ချင်တာလား၊ တစ်ပါးစီ တစ်ပါးစီ တည်ချင်တာလား? ဟင်။ ၃၈-ပါးလုံး ပြိုင်တူ မတည်ချင်ဘူးလား ဟင်? တည်ချင်တယ်။ အဲ နည်းနည်းလေး စဉ်းစားပြောနော်။ ဘုန်းကြီးက စဉ်းစားစေချင်လို့ပါ။

ဘုန်းကြီး ဒီကျောင်းရောက်စတုန်းက ဆိုကြပါစို့ ... ဒကာကြီးတစ်ဦးက ဘုန်းကြီး ဆွမ်းခံ ပြန်လာပြီဆိုရင် နောက်ကနေ အမြဲလိုက်လာပြီးတော့ ဆွမ်းကပ်တယ်၊ ဝေယျာဝစ္စ လုပ်တယ်။ ဘုန်းကြီး ဆွမ်းစားပြီ ဆိုရင် အသံနေ အသံထားနဲ့ ဘုရားမှာ သေသေချာချာ ကျကျနန သွားရှိခိုးတယ်။ ရှိခိုးပြီးတဲ့ အချိန်ခါမှာ သူက ဆုတောင်းလေ့တစ်ခု ရှိပါတယ်။ ဒီဆုတောင်းလေးက ဘုန်းကြီးတို့ ငယ်စဉ်ကလည်း ကြားဖူးနေတဲ့ ဆုတောင်းလေးပဲ။ ဘာလဲ အဲဒီ ဆုတောင်း။ ဆုတောင်းတွေ အများကြီးထဲက ဒီနေရာနဲ့ဆိုင်တဲ့ ဆုတောင်းတစ်ခုကတော့ “၃၈-ဖြာ မင်္ဂလာကို မကွာကိုယ်၌ မြဲစေသောဝ်” ဟုတ်ပြီလား ကြားဖူးကြလား? အဲ ၃၈-ဖြာ မင်္ဂလာကို ကိုယ်က မကွာ မြဲချင်ကြတယ်။ မမြဲချင်ဘူးလား? မြဲချင်နေတယ်။

အဲဒီမှာ ပြန်စဉ်းစားကြည့် - ပုတ္တဒါရဿ သင်္ဂဟော = သားမယားတို့ကို ပြုစုလုပ်ကျွေးခြင်း မင်္ဂလာလို့ ဘုရား ဟောထားတယ်။ အဲဒီမင်္ဂလာနဲ့လည်း မပြည့်စုံချင်ဘူးလား? ဟင် အဲ ခုနောက်ဆုံး မင်္ဂလာက ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿနကမ္ပတိ = ရဟန္တာအရှင်မြတ်တွေရဲ့ စိတ်ဓာတ်သည် လောကဓံတရားတွေနဲ့ တွေ့တဲ့အခါ တုန်လှုပ်မှု မရှိဘူး။ အဲဒီ မင်္ဂလာနဲ့လည်း မပြည့်စုံချင်ဘူးလား? အဲဒီတော့ သားမယားလည်း ပြုစုလုပ်ကျွေးချင်တယ်။ ရဟန္တာလည်း ဖြစ်ချင်တယ်ဆို ရပါ့မလား? ဟင် နည်းနည်းလေး စဉ်းစားပြီးတော့ ဆုတောင်းကြနော်။

ဒါကြောင့် ဒီနေရာမှာ သူက ဘာပြောသလဲလို့ မေးရင်တော့ ဒီမင်္ဂလာတရားတွေက ပစ္စုပ္ပန် တမလွန် လောကုတ္တရာလို့ ခေါ်တဲ့ သုံးမျိုးသော အကျိုးစီးပွားကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိပါတယ်။ ပစ္စုပ္ပန် ကြီးပွား ချမ်းသာရေး၊ တမလွန် ကြီးပွား ချမ်းသာရေး၊ လောကုတ္တရာခေါ်တဲ့ နိဗ္ဗာန် ရရှိရေး သုခချမ်းသာကြီးတွေကို ရွက်ဆောင်ပေးနိုင်တဲ့အတွက် ထိုမင်္ဂလာတရားတွေနဲ့ ပြည့်စုံချင်တဲ့ သူတော်ကောင်းသည် ဘာလုပ်ရမလဲ?

လူမိုက်ကို ပေါင်းသင်းဆက်ဆံခြင်းကို စွန့်လွှတ်ရမယ်။ ပညာရှိ သူတော်ကောင်းတွေကို မှီဝဲရမယ်။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်ကို ပူဇော်ရမယ်။ အဲ ရှေးကံလေးက ပင့်တင်လိုက်မယ်ဆိုရင် ပတိရူပဒေသဝါသ ခေါ်တဲ့ ရတနာသုံးပါး ထွန်းကားရာအရပ်မှာ လူလာဖြစ်မယ်။ ရှေးက ပြုခဲ့ဖူးတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း အထောက်အပံ့ဖြစ်တဲ့ ကောင်းမှုကုသိုလ်ကလည်း ရှိခဲ့မယ်ဆိုရင် ထိုကောင်းမှုကုသိုလ်တွေက လှုံ့ဆော် တိုက်တွန်းလိုက်တဲ့ အချိန်ခါမှာ မိမိမှာ အတ္တသမ္မာပဏီတိစက်လို့ ခေါ်တဲ့ မင်္ဂလာတရားနဲ့ ပြည့်စုံလာလိမ့်မယ်။ မိမိရဲ့ ကိုယ် စိတ် နှလုံး သုံးပါးလုံးကို အကုသိုလ်တရားတွေ ဝင်ရောက်ပြီး နှောင့်ယှက်နိုင်တဲ့ စွမ်းအား မရှိအောင် ဖြူဖြူစင်စင် ဖြောင့်ဖြောင့်မတ်မတ် ထားနိုင်တဲ့ စွမ်းအားတွေ ပေါ်လာမယ်။ ပေါ်လာလိုက်တဲ့ အချိန်ခါမှာ မိမိက ဘာလုပ်မလဲ?

ရှေ့တစ်ဆင့်တက်ပြီးတော့ ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိအောင်၊ အကြောင်းတရားနဲ့တကွ ထိုရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေ သိအောင် ပညာရှိသူတော်ကောင်းတို့ထံ ချဉ်းကပ်ပြီးတော့ မိမိက သင်ယူရမယ်။ သင်သိအနေနဲ့ သင်ယူပြီးတဲ့ အချိန်ခါမှာ ကျင့်သိအနေနဲ့ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သိအောင် ကြိုးစားရတယ်။ အကြောင်းတရား အကျိုးတရားတွေကို သိအောင် ကြိုးစားရတယ်။ ဗဟုသစ္စ မင်္ဂလာနဲ့ ပြည့်စုံအောင် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားနေတဲ့ အချိန်ခါမှာ မိမိတို့ လူ့လောကမှာ နေထိုင်နေဦးမယ်ဆိုရင် အသက်မွေးဝမ်းကျောင်းနှင့် ဆက်စပ်နေတဲ့ သိပ္ပခေါ်တဲ့ အတတ်ပညာလေးတွေကိုလည်း အထိုက်အလျောက် သင်ယူရမယ်။ ဝိနယခေါ်တဲ့ လူ့ဝိနည်း လူ့ကျင့်ဝတ်၊ ရဟန်းဝိနည်း ရဟန်းကျင့်ဝတ်ဆိုတဲ့ မင်္ဂလာတရားနဲ့ ပြည့်စုံအောင် ကြိုးစားရပါတယ်။ လူ့ဝိနည်း လူ့ကျင့်ဝတ်၊ ရဟန်းဝိနည်း ရဟန်းကျင့်ဝတ်ဖြင့် မိမိရဲ့ခန္ဓာကိုယ် အတ္တဘောကြီးကို တင့်တယ်သွားအောင် မိမိက တန်ဆာဆင်ပေးရမယ်။

အဲဒီ သီလနဲ့သာ တန်ဆာဆင်ရမလားဆို မဟုတ်သေးဘူး။ ခုနက ဗဟုသစ္စဆိုတဲ့ မင်္ဂလာတရားနဲ့ ပြည့်စုံသွားအောင် မိမိရဲ့ ခန္ဓာကိုယ်ကို တန်ဆာ ဆင်ပေးရတယ်။ တန်ဆာဆင်ပေးပြီးတဲ့အခါ ဝိနည်းကျင့်ဝတ်နဲ့ လျော်ညီနေတဲ့ စကားတွေကို မိမိက ပြောတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ဆက်လက်ပြီးတော့ ကြိုးစားရတယ်။ ကြိုးစားလိုက်တဲ့အခါမှာ ယာဝဂီဟိ ဘာဝန ဝိဇ္ဇာဟံတိတဲ့။ ဒကာကြီးတွေအကြိုက် ဖွင့်ပေးဟန် တူပါတယ်။ လူ့ဘဝကို မိမိက စွန့်ခွာနိုင်တဲ့ စွမ်းအင်က မရှိသေးဘူး။ မရှိသေးသမျှ ကာလပတ်လုံး မိဘတွေကို ရိုသေစွာ ပြုစုလုပ်ကျွေးရမယ်။ ဒါက ကြွေးဟောင်းကို ဆပ်တာ။ နောက်တစ်ခု သားမယားတွေကိုလည်း ပြုစုလုပ်ကျွေးရမယ်။ ဒါက ကြွေးသစ်ချတာပဲ။ အဲဒီ ကြွေးဟောင်းဆပ်ခြင်း၊ ကြွေးသစ်ချခြင်းဆိုပြီးတော့ နောက်တစ်ခုဘာလဲ?

ရောယှက်ရှုတ်ထွေးခြင်း မရှိတဲ့ ကုသိုလ်ကောင်းမှု လုပ်ငန်းရပ်တွေ ပြုလုပ်ပြီးတော့ မိမိက ဘာလုပ်ရမလဲ? ရွှေအိုးကို မြှုပ်နှံပေးရမယ်။ စည်းစိမ်ဥစ္စာတွေကို ပြည့်စုံအောင် ကြိုးစားအားထုတ်ရမယ်။ ကြိုးစားအားထုတ်လိုက်တဲ့ အချိန်အခါမှာ မိမိက စည်းစိမ်ဥစ္စာတွေ ပြည့်စုံလာပြီဆိုရင် ဘာလုပ်ရမလဲ? ဒါနတည်းဟူသော ရွှေအိုးကို ထပ်ပြီးတော့ မြှုပ်နှံရမယ်။ ဓမ္မစရိယခေါ်တဲ့ တရားတော်ကို လက်တွေ့ကျခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေကို ဆက်လက်ပြီးတော့ ကျင့်ရမယ်။ တရားနဲ့လျော်ညီနေတဲ့ အသက်မွေးဝမ်းကျောင်းတွေကို မိမိတို့က ပြုစုပျိုးထောင်ပေးရမယ်။ ဆွေမျိုးသားချင်းတွေကို ချီးမြှောက်ပေးရမယ်။ မိမိရဲ့ ပရိသတ်တွေကို ချီးမြှောက်ပေးရမယ်။ ချီးမြှောက်ပြီးတဲ့ အချိန်ခါမှာ သူတစ်ပါးတွေကိုလည်း မိမိက တတ်အားသမျှ အလှူဒါနတွေ ပြုပြီးတော့ အကျိုးစီးပွားရှိအောင် ရွက်ဆောင်ပေးရမယ်။ မကောင်းမှု အကုသိုလ်တွေမှ မိမိက ရှောင်ကြဉ်ရမယ်။ သူတစ်ပါးကို သတ်ဖြတ်ခြင်း အစရှိတဲ့ မကောင်းမှု အကုသိုလ်တွေ၊ သေရည်သေရက် သောက်စားခြင်းဆိုတဲ့ မကောင်းမှု အကုသိုလ်တွေကို ရှောင်ကြဉ်ပြီးတဲ့ အချိန်ခါကျတော့ သံသရာ ဝဋ်ဆင်းရဲမှ မိမိကို ညှဉ်းပန်းနှိပ်စက်မဲ့ အကုသိုလ်တရားတွေပါ အားလုံးကို ရှောင်ကြဉ်ပြီးတော့ ဘာဖြစ်လဲ? သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကောင်းမှု ကုသိုလ်တရားတွေကို မမေ့မလျော့ခြင်းဆိုတဲ့ အပ္ပမာဒတွေ တိုးပွားအောင် ကြိုးစားအားထုတ်ရတယ်။

အဲဒီလို တိုးပွားလိုက်တဲ့အခါ ကုသိုလ်တရားတွေက တဖြည်းဖြည်း ရင့်ကျက်လာပြီ ဆိုကြစို့။ ရင့်ကျက်လာတဲ့ အချိန်ခါမှာ ဘာလုပ်သလဲ? လူအသွင်ကို စွန့်လွှတ်ပြီးတော့ ရဟန်းအဖြစ်နဲ့ ရပ်တည်အောင် ကြိုးစားရမယ်နော်။ ရှင်ရဟန်းအဖြစ်နဲ့ ရပ်တည်ပြီးတော့ ဘာဖြစ်လဲ? ဘုရားရှင်ရဲ့ သာသနာတော်မှာ ကျင့်သင့်ကျင့်ထိုက်တဲ့ ဘုရားရှင်တွေ၊ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တွေ၊ ဘုရားရှင်ရဲ့ တပည့်သာဝကတွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သွားတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို မိမိက စနစ်တကျ ကျင့်ပြီးတော့ ဂါရဝတရား၊ နိဝါတတရားဆိုတဲ့ မင်္ဂလာတွေနဲ့ ပြည့်စုံအောင် ဆက်လက်ပြီးတော့ သာသနာတော်မှာ ကျင့်ဝတ်ပဋိပတ်တွေကို ကျင့်ပြီး နေထိုင်ရမယ်။ နေထိုင်တဲ့ အချိန်ခါမှာလည်း သန္တုဋ္ဌိခေါ်တဲ့ ပစ္စည်းလေးပါးနဲ့ ပတ်သက်ပြီးတော့ ရောင့်ရဲလွယ်တဲ့စိတ်ထား ရှိရမယ်။ ပစ္စည်းလေးပါးအပေါ်၌ တွယ်တာမက်မောတဲ့ စိတ်ထားတွေကို ပယ်စွန့်ရမယ်။

သူတစ်ပါး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို သိတတ်ခြင်းဆိုတဲ့ သူတော်ကောင်းတို့ရဲ့ ဘုံမှာ ရပ်တည်ပေးရမယ်။ တရားတွေကို နာကြားရမယ်။ တွန့်ဆုတ်နေတဲ့ စိတ်ထားတွေကို ပယ်စွန့်ပေးရမယ်။ သည်းခံခြင်းဆိုတဲ့ အဓိဝါသန ခန္တီတရားတွေနဲ့ ပြည့်စုံအောင် ကြိုးစားရမယ်။ ကိလေသာ ရန်သူအားလုံးကို လွှမ်းမိုး ဖိစီးနိုင်အောင် မိမိက သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ရမယ်။ ဆိုဆုံးမ လွယ်ကူတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။ ကိုးကွယ်အားထားရာရှိတဲ့ နာထတရားတွေနဲ့ ပြည့်စုံနေတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ သူတော်ကောင်း ဖြစ်ရမယ်။ ရဟန်းတွေကို ဖူးမြော်ပေးရမယ်။ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်ဆိုတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို တကယ် လုံ့လကြိုးကုတ် အားထုတ်နေတဲ့ ရဟန်းတော်အရှင်မြတ်တွေကို မိမိက ဖူးမြော်ပေးရမယ်။ ထိုပုဂ္ဂိုလ်တွေနဲ့ တရားဆွေးနွေးပေးရမယ်။ ယုံမှားသံသယ ဖြစ်ပေါ်နေတဲ့ အရာဌာနတွေမှာ ယုံမှားသံသယတွေကို ဖျောက်ဖျက်ပေးရမယ်။ ဣန္ဒြေတွေကို လုံခြုံအောင် စောင့်ထိန်းခြင်းဖြင့် မိမိရဲ့သီလကို စင်ကြယ်အောင် ရဟန်းတရားတွေကို တကယ်လက်တွေ့ ကျင့်ပြီးတော့ စိတ္တဝိသုဒ္ဓိခေါ်တဲ့ သမာဓိတွေရအောင် ကြိုးစားအားထုတ်ရတယ်။

အဲဒီကနေ တစ်ဆင့်တက်ပြီးတော့ ဝိပဿနာဉာဏ်တွေရအောင်၊ ဝိသုဒ္ဓိကျင့်စဉ်တွေ ပြည့်စုံအောင် ဖြူစင်လာအောင် ကြိုးစားအားထုတ်ရတယ်။ ကြိုးစားပေးလိုက်တဲ့ အချိန်ခါမှာ နောက်ဆုံး ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာပြီ ဆိုလို့ရှိရင် မိမိလည်း အရိယသစ္စာလေးပါးကို လောကုတ္တရာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် မြင်လိမ့်မယ်။ အဲဒီအခါမှာ အရိယသစ္စာန ဒဿနံဆိုတဲ့ မင်္ဂလာတရားတွေနဲ့ ပြည့်စုံလာမယ်။ ပြည့်စုံလာတဲ့ အချိန်ခါမှာ ရှေ့တစ်ဆင့်တက်ပြီး ကြိုးစားအားထုတ်မယ်ဆိုရင်တော့ မိမိက နောက်ဆုံး ပါရမီအားလျော်စွာ အရဟတ္တဖိုလ်အထိ ဆိုက်သွားမယ်။ အရဟတ္တဖိုလ်အထိ ဆိုက်ပြီဆိုရင် ခုညနောက်ဆုံး ဟောခဲ့တဲ့ လောကဓံတရားတွေနဲ့ တွေ့ကြုံတဲ့ အချိန်ခါမှာ တုန်လှုပ်ချောက်ချားမှု မရှိတဲ့ စိတ်ဓာတ်၊ ကိလေသာမြူ အညစ်အကြေးတွေ ကင်းစင်နေတဲ့ စိတ်ဓာတ်၊ စိုးရိမ်ပူဆွေး ငိုကြွေးနေတဲ့ စိတ်ဓာတ်၊ ကိလေသာဘေးတွေ ကင်းဝေးနေတဲ့စိတ်ဓာတ်။ ဒီစိတ်ဓာတ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းအဆင့်သို့ ရောက်ရှိသွားမယ်။ ထိုအချိန်အခါမှာ မိမိဟာ အရဟတ္တဖိုလ် ဆိုက်သွားပြီ ဖြစ်တဲ့အတွက် ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်၌ အိုနာသေရေး ဒုက္ခဘေးတို့မှ ကွင်းလုံးကျွတ် လွတ်မသွားဘူးလား? လွတ်သွားမယ်။

ဒါကြောင့် ဒီနေ့ တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ၃၈-ဖြာမင်္ဂလာထဲက မိမိတို့ စွမ်းအားရှိသလောက် မင်္ဂလာတွေ အထူးသဖြင့် အရဟတ္တဖိုလ်အထွတ်တပ်ထားတဲ့ မင်္ဂလာတွေကို ရှေးသူတော်ကောင်းတို့ရဲ့ ထုံးဟောင်းကို အတုလိုက်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်း ကဲ တရားသိမ်းကြရအောင်နော် ...

တရားဒေသနာတော်နိဂုံး

ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။

တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။

သန္တော၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့သည်။ ဂမ္ဘီရစိန္တကာ၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။ ကာမေ၊ ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။ ဟိတွာ၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည်ဖြစ်၍။ ပဗ္ဗဇိံသု၊ ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြလေကုန်ပြီ။ တုမှေပိ၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။ ပဗ္ဗဇိတာ၊ ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက်ကြကုန်သည်ဖြစ်၍။ သုပေသလာ၊ စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည်ဖြစ်၍။ တေ၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။ အနုသိက္ခာဝှေါ၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း ...။

သာဓု သာဓု သာဓုပါဘုရား ...

grfydqd3r1ubib33o5axaag2m5r010g