ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.5
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
မင်္ဂလသုတ်-၉၇/၉၇
0
6333
22040
22039
2026-06-09T04:44:44Z
Tejinda
173
22040
wikitext
text/x-wiki
{{header
| title = မင်္ဂလသုတ်-၉၇/၉၇
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၉၆/၉၇]]
| previous2 =
| next = [[ဥပသေနသုတ်]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

မင်္ဂလသုတ် ၉၇

ကဲ ညက ဥရကဇာတ် ဟောခဲ့တယ်။ မဆုံးသေးတဲ့အတွက် ဒီညလည်း ဥရကဇာတ်ပဲ ဆက်ပြီး နာကြားကြည့်ရအောင်။ ပုဏ္ဏားကြီးကနေပြီးတော့ သေသွားတဲ့ သူ့ရဲ့သားအလောင်းကို အာရုံယူပြီး ကြင်နာသနားမှု အပြည့်အဝဖြင့် ငိုကြွေးမြည်းတမ်းနေလို့ ဘာအကျိုးရှိမှာလဲ သိကြားမင်းကြီးကို ပြန်ပြောပြနေတယ်နော်။ ဆက်ပြီးတော့ ပုဏ္ဏားကြီးက ဘာပြန်ပြောသလဲ?

အယဉှိ ယထာ သူလေဟိ ဝိဇ္ဈိတွာ ဍယှမာနော သုခဒုက္ခံ န ဇာနာတိ, ဧဝံ ဉာတီနံ ပရိဒေဝိတမ္ပိ န ဇာနာတိ, တေန ကာရဏေနာဟံ ဧတံ န သောစာမိ။

အယံဟိ၊ ဤသားသည်ကား။ သူလေဟိ၊ ထိုးဝါး တံကျင်တို့ဖြင့်, တံစူးဝါး တံကျင်တို့ဖြင့်။ ဝိဇ္ဈိတွာ၊ ထိုးဆွ၍။ ဍယှမာနော၊ မီးရှို့မြိုက်ခဲ့သည်ရှိသော်။ သုခဒုက္ခံ၊ ဆင်းရဲ ချမ်းသာကို။ န ဇာနာတိ၊ မသိပါ။ ယထာ၊ မသိသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဉာတီနံ၊ ဆွေမျိုးအပေါင်းတို့၏။ ပရိဒေဝိတမ္ပိ၊ ငိုကြွေးမြည်းတမ်းမှုကိုလည်းပဲ။ န ဇာနာတိ၊ မသိပါ။

ဒီအလောင်းကောင်ကြီးကြည့်လိုက်ရင် သူ့ကို တံစူးဝါဆိုတဲ့ တံကျင်တွေဖြင့် ထိုးဆွပြီးတော့ မီးရှို့နေကြတယ်။ ဒီလို မီးရှို့လိုက်တဲ့ အချိန်အခါမှာ အလောင်းကောင်ကြီးရဲ့သန္တာန်မှာ ချမ်းသာခြင်း, ဆင်းရဲခြင်း ဆိုတဲ့ သုခ, ဒုက္ခ သဘောတရားတွေကို သူသိသလား, မသိဘူးလား? သုခ, ဒုက္ခ သဘောတရားကို မသိသလို အလားတူပဲ ဒီအလောင်းကောင်ကြီးကို ကြည့်ပြီး ဆွေမျိုးသားချင်းတွေက ငိုကြွေးမြည်းတမ်းနေကြမယ်ဆိုရင် ဒီငိုကြွေးမြည်းတမ်းမှုကိုလည်း ဒီအလောင်းကောင်က မသိရှိပါဘူးတဲ့နော်။

တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ဧတံ၊ ဤသား၏ အလောင်းကို အာရုံပြု၍။ န သောစာမိ၊ စိုးရိမ် ပူဆွေး ငိုကြွေးခြင်း မရှိပါ။

ဒါကြောင့် သားရဲ့အလောင်းကောင်ကို အာရုံယူပြီးတော့ စိုးရိမ်ပူဆွေး ငိုကြွေးမှု မရှိဘူး ဘာဖြစ်လဲ?

ယာ တဿ အတ္တနော ဂတိ, တံ သော ဂတော။

တဿ၊ ထိုသား၏။ ယာ ဂတိ၊ အကြင် သွားရမဲ့ ဂတိသည်။ အတ္ထိ၊ ရှိ၏။ တဿ၊ ထိုသားအဖို့။ အတ္တနော၊ မိမိ၏။ ယာ ဂတိ၊ အကြင်သွားရမဲ့ ဂတိသည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုသားသည်။ တံ ဂတိံ၊ ထို မိမိသွားရမဲ့ဂတိသို့။ ဂတော၊ ရောက်ရှိ၍ သွားခဲ့လေပြီ။

သားဘက်ကနေ ပြန်ကြည့်လိုက်မယ်ဆိုရင် သူက ဘဝတစ်ခုကနေ ဘဝတခု ပြောင်းရွှေ့၍ သွားပြီ။ သူသွားရမဲ့ဂတိကို သူကရောက်ရှိ သွားပြီးဖြစ်တယ်။ ဒီအလောင်းကောင်ကြီးမှာ ဒီသားဆိုတာလည်း မရှိတော့ဘူး။ ဒါကြောင့် ဒီကွယ်လွန်သွားတဲ့ သားကိုအကြောင်းပြုပြီး ငိုကြွေးမြည်းတမ်းနေလို့ ဘာအကြောင်းရှိမှာလည်း ဆိုပြီးတော့ ပုဏ္ဏားကြီးက သိကြားမင်းကို တရားဟောတယ်။ အဲဒီအချိန်မှာ သိကြားမင်းကြီးကလည်း ဘုရားလောင်းပုဏ္ဏားကြီး၏ စကားကြားနားရတဲ့အတွက် ပုဏ္ဏေးမကြီးဘက်ကို မေးပြန်တယ်။ “အမိ ... ဒီသေသွားတဲ့ပုဂ္ဂိုလ်ဟာ အမိနဲ့ ဘာများတော်စပ်ခဲ့သလဲ” မေးတယ်။ အဲဒီအခါမှာ မိခင်ဖြစ်တဲ့ ပုဏ္ဏေးမကြီးက ဘာပြန်ပြောလဲ?

‘‘ဒသ မာသေ ကုစ္ဆိနာ ပရိဟရိတွာ ထညံ ပါယေတွာ ဟတ္ထပါဒေ သဏ္ဌပေတွာ ဝဍ္ဎိတပုတ္တော မေ, သာမိ’’

သာမိ၊ အရှင်။ အယံ၊ ဤသူသည်ကား။ ဒသမာသေ၊ ဆယ်လတို့ ကာလပတ်လုံး။ ကုစ္ဆိနာ၊ မိမိ၏ဝမ်းကြားတိုက်ဖြင့်။ ပရိဟရိတွာ၊ သယ်ဆောင်ပြီးမှ။ ထညံ၊ နို့ရည်ကို။ ပါယေတွာ၊ တိုက်ကျွေး၍။ ဟတ္ထပါဒေ၊ လက်ခြေတို့ကို ကောင်းစွာ တည်တံ့စေ၍။ သဏ္ဌပေတွာ၊ ကြီးပြင်းအောင် ကျွေးမွေး စောင့်ရှောက် ပြုစုလာရတဲ့ သားသည်။ ဟောတိ၊ ဖြစ်၍နေပါ၏။

ဒီသားဟာ, ဒီပုဂ္ဂိုလ်ဟာ ကျွန်မရဲ့သားပဲ။ သားက ဘယ်လိုသားလဲလို့ မေးတော့ - ဆယ်လတို့ ကာလပတ်လုံး မိမိရဲ့ဝမ်းဖြင့် လွယ်ပြီးတော့ မွေးလာရတယ်။ မွေးလာတဲ့ အချိန်အခါမှာလည်း နို့ချိုတိုက်ကျွေးပြီးတော့ လက်တွေခြေတွေ ကောင်းစွာ ရပ်တည်နိုင်တဲ့ အဆင့်သို့ရောက်အောင် ကြီးပွားလာတဲ့ သားရတနာတစ်ဦးဖြစ်အောင် ပြုစုလုပ်ကျွေးခဲ့ရတဲ့ သားရင်းဖြစ်တယ်။ အဲဒီအချိန်အခါကျတော့ သိကြားမင်းကြီးက ထပ်မေးတယ်။

‘‘အမ္မ, ပိတာ တာဝ ပုရိသဘာဝေန မာ ရောဒတု, မာတု ဟဒယံ ပန မုဒုကံ ဟောတိ, တွံ ကသ္မာ န ရောဒသိ’’

အမ္မ၊ အမိ။ ပိတာ တာဝ၊ ဖခင်သည်ကား။ ပုရိသဘာဝေန၊ ယောက်ျားဖြစ်နေတဲ့အတွက်ကြောင့်။ မာ ရောဒတု၊ မငိုချင်လည်းရှိပါစေ။ မာတု ဟဒယံ ပန၊ မိခင်ရဲ့ နှလုံးသားသည်ကား။ မုဒုကံ၊ သိမ်မွေ့နူးညံ့သည်။ ဟောတိ၊ ဖြစ်၍နေပါ၏။

ဖခင်ကတော့ ယောက်ျားဖြစ်နေတဲ့အတွက် မငိုချင်လည်း နေပါစေတော့။ မိခင်ရဲ့ နှလုံးသားဆိုတာကတော့ နူးညံ့ပျော့ပျောင်းတဲ့ သဘောရှိတယ်။ ဘယ်အပေါ်မှာ နူးညံ့ပျော့ပျောင်းသလဲ? မိမိကိုယ်တိုင် မွေးထားတဲ့ သားရတနာအပေါ်မှာ မိခင်တို့ရဲ့ နှလုံးသားက အင်မတန် ပျော့ပျောင်းတယ်။ စိတ်ထားက အလွန် ပျော့ပျောင်းနေတယ်။

တွံ၊ သင်သည်။ ကသ္မာ၊ အဘယ်အကြောင်းကြောင့်။ န ရောဒသိ၊ မငိုကြွေးပါသနည်း။

သင်ဟာ ဘာဖြစ်လို့ မငိုကြွေးရသလဲ? မေးကြည့်တယ်။ အဲဒီအချိန်အခါကျတော့ ပုဏ္ဏားမကြီးက ဘာပြန်ပြောလဲ?

‘‘အနဝှိတော တတော အာဂါ, အနနုညာတော ဣတော ဂတော, ယထာဂတော တထာ ဂတော, တတ္ထ ကာ ပရိဒေဝနာ။

အယံ၊ ဤသားသည်ကား။ အနဝှိတော၊ ငါတို့က ခေါ်ယူအပ်သည် မဟုတ်ပါဘဲလျက်။ တတော၊ ထိုအတိတ်ဖြစ်တဲ့ ဘဝတစ်ခုမှ။ အာဂါ၊ ဤဘဝသို့ ဆိုက်ရောက်၍ လာခဲ့လေပြီ။

ငါ့သား... တို့ဆီလာခဲ့ပါဆိုပြီး ကျွန်မက သူ့ကို ခေါ်ယူတာ မဟုတ်ပါဘူး။ အဲဒီလို ခေါ်ယူလို့ အတိတ်ဘဝက ကျွန်မတို့ထံ ရောက်ရှိလာတာ မဟုတ်ပါဘူး။

ဣတော၊ ဤလူဘဝမှ။ အနနုညာတော၊ ကျွန်မတို့က ခွင့်မပြုအပ်ပါဘဲလျက်။ ဂတော၊ ဘဝတစ်ပါးသို့ ပြောင်းသွား၍ နေခဲ့လေပြီ။

ဒီဘဝကနေပြီးတော့ ဘဝတစ်ပါး ပြောင်းသွားတဲ့ အချိန်အခါမှာလည်း ကျွန်မတို့ထံက ခွင့်တောင်းပြီး ခွင့်ပြုချက်ရလို့ ဘဝတစ်ပါး ပြောင်းသွားတာလည်း မဟုတ်ဘူးတဲ့။

ယထာ၊ မိမိရဲ့ အကြင်ကြင်ကဲ့သို့သော မိမိရဲ့ အလိုဆန္ဒအတိုင်း။ အာဂတော၊ အတိတ်ဘဝမှ ဤဘဝသို့ ဆိုက်ရောက်၍ လာခဲ့လေပြီ။ တထာ၊ အလားတူပင် မိမိရဲ့ အလိုဆန္ဒအတိုင်းပင်လျှင်။ ဂတော၊ ဤဘဝမှ တမလွန် ဘဝသို့ ပြောင်းသွားခဲ့လေပြီ။ တတ္ထ၊ ထိုကဲ့သို့ ပြောင်းရွှေ့၍သွားရာ၌။ ကာ ပရိဒေဝနာ၊ ငိုကြွေး၍မြည်းတမ်း၍ နေခြင်းသည်ကား အဘယ်အကျိုးရှိအပ်နည်း။

အတိတ်ဘဝမှ ဒီဘဝ လာစဉ်အခါကလည်း ကျွန်မကနေ လာခဲ့ပါလို့ခေါ်ယူလို့ သူက လာတာလည်းမဟုတ်။ ဒီဘဝကနေ တမလွန်ဘဝ ပြောင်းသွားတဲ့အခါမှာလည်း ကျွန်မထံက ခွင့်ပြုချက်ရလို့ တမလွန်ဘဝ ပြောင်းသွားတာလည်း မဟုတ်ဘူး။ သူ့ရဲ့ အလိုဆန္ဒအတိုင်း သူက ဒီဘဝကို ဆိုက်ရောက်လာတယ်။ သူ့ရဲ့ အလိုဆန္ဒအတိုင်းပဲ ဒီဘဝကနေပြီးတော့ တမလွန် လောကသို့ သူက ပြောင်းရွှေ့သွားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီလို သူ့ရဲ့အလိုဆန္ဒအတိုင်း ဒီဘဝရောက်ရှိလာပြီး သူ့ရဲ့ အလိုဆန္ဒအတိုင်းပဲ တမလွန်ဘဝသို့ ပြောင်းရွှေ့သွားတဲ့ အချိန်အခါမှာ ငိုကြွေးမြည်းတမ်းနေလို့ ဘာအကျိုးရှိမှာလဲ? သူက ပြန်ပြောတယ်။ ဒီအချက်ကလေးတွေ ကြည့်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ တရား မရဏာနုဿတိဘာဝနာကို အခြေခံပြီးတော့ ပွားများအားထုတ်ထားတဲ့ တရားဘာဝနာတွေရဲ့ ရင့်ကျက်မှု စွမ်းအင်ကို နည်းနည်းလေး အကဲခတ်လို့ မရနိုင်ဘူးလား? ရနိုင်တယ်။

‘‘ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ, တသ္မာ ဧတံ န သောစာမိ, ဂတော သော တဿ ယာ ဂတိ’’

အယံ၊ ဤသားရတနာသည်ကား။ ဍယှမာနော၊ တံကျင်တို့ဖြင့် ထိုးဆွလျက် မီးဖုတ်အပ်သည်ရှိသော်။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲကို။ န ဇာနာတိ၊ မသိရှိပါ။ တထာ၊ ထို့အတူ။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးမြည်းတမ်း၍ နေခြင်းကိုလည်းပဲ။ န ဇာနာတိ၊ မသိရှိပါ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ဤသားရတနာ သေကျေပျက်စီးခြင်း ဆိုတဲ့ သဘောတရားကို။ အဟံ၊ ကျွန်တော်မသည်။ န သောစာမိ၊ စိုးရိမ်ပူဆွေးခြင်းမရှိပါ။ သော၊ ထိုသားသည်။ တဿ၊ ထိုသားရတနာ၏။ ယာ ဂတိ၊ အကြင်လာရောက်ရမည့်ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ ဂတိံ၊ ထို မိမိလာရောက်ရမည့်ဂတိသို့။ ဂတော၊ သွားခဲ့လေပြီ။

ဒီသားကိုလည်း ကျွန်မတို့က ဖုတ်ကြည်း မီးသင်္ဂြိုဟ်တယ်။ တံစူးဝါးတွေနဲ့ ထိုးပြီးတော့ မီးသင်္ဂြိုဟ်လိုက်တဲ့ အချိန်အခါမှာလည်း ဖြစ်ပေါ်လာတဲ့ ချမ်းသာဆင်းရဲ သုခဒုက္ခ ဆိုတဲ့သဘောတရားကို ဒီအလောင်းကောင်က မသိပါဘူးနော်။ ကျွန်မတို့က ငိုကြွေးမြည်းတမ်းနေမယ် ဆိုရင်လည်း အလားတူပဲ ဒီဆွေမျိုးတွေရဲ့ ငိုကြွေးမြည်းတမ်းနေတဲ့ သဘောတရားကို ဒီသားလို့ ခေါ်ဝေါ်သမုတ်နေတဲ့ အလောင်းကောင်က မသိပါဘူး။ ဒါကြောင့် ကျွန်တော်မ အနေနဲ့ စိုးရိမ်ပူဆွေး ငိုကြွေးခြင်း မဖြစ်ပါဘူး၊ သူသွားရမဲ့ လားရမဲ့ ဂတိအတိုင်း သူသွားရမဲ့ ဘုံဂတိသို့ ရောက်ရှိသွားပြီးသားဖြစ်တယ် ဆိုပြီး ပြန်ဖြေတယ်။ အဲဒီလို ဖြေလိုက်တဲ့အခါကျတော့ သိကြားမင်းကြီးကလည်း ပုဏ္ဏေးမကြီး ဟောတဲ့တရား နာလိုက်ရတော့ ကျေနပ်သွားပြီ။ ကျေနပ်သွားလိုက်တဲ့ အချိန်အခါကျတော့ ညီမလုပ်တဲ့ပုဂ္ဂိုလ်ထံ တစ်ဆင့် လှည့်ပြီးတော့ မေးကြည့်တယ်။ “ကဲ အမိ ... ဒီသေသွားတဲ့ပုဂ္ဂိုလ်က အမိနဲ့ ဘာများ တော်စပ်သလဲ” ဆက်ပြီးတော့ မေးကြည့်လိုက်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့ “အရှင် ... သေသွားတဲ့ပုဂ္ဂိုလ်ဟာ ကျွန်မရဲ့ မောင်အရင်း ဖြစ်တယ်”။ ဒီလိုဆိုရင် သူက ဘာပြန်မေးလဲ?

‘‘အမ္မ, ဘဂိနိယော နာမ ဘာတူသု သိနေဟာ ဟောန္တိ, တွံ ကသ္မာ န ရောဒသိ’’

အမ္မ၊ အမိ။ ဘဂိနိယော နာမ၊ ညီမတို့ မည်သည်ကား။ ဘာတူသု၊ အစ်ကိုတို့ အပေါ်၌။ သိနေဟော၊ ချစ်မြတ်နိုးခြင်းသည်။ ဟောန္တိ၊ ထင်ရှားဖြစ်ပေါ်၍နေကြလေကုန်၏။ တွံ၊ သင်သည်။ ကသ္မာ၊ အဘယ်အကြောင်းကြောင့်။ န ရောဒသိ၊ မငိုကြွေးပါသနည်း။

အမိ... ညီမဆိုတာ အစ်ကိုတွေအပေါ်၌ အလွန် ချစ်မြတ်နိုးတဲ့စိတ်ထား ရှိကြပါတယ်။ ဒါကြောင့် သင်က ဘာကြောင့် မငိုကြွေးရသလဲလို့ မေးတယ်။ အဲဒီအခါမှာ ညီမလုပ်တဲ့ ပုဂ္ဂိုလ်ကလည်းပဲ သူ မငိုကြွေးရခြင်းရဲ့ အကြောင်းအရင်းကို ပြန်ပြီးတော့ အဖြေပေးတယ်။

‘‘သစေ ရောဒေ ကိသာ အဿံ, တဿာ မေ ကိံ ဖလံ သိယာ, ဉာတိမိတ္တသုဟဇ္ဇာနံ, ဘိယျော နော အရတီ သိယာ။

တစ်ဦးရဲ့ခံယူချက်နဲ့ တစ်ဦးရဲ့ခံယူချက်တော့ မတူဘူး။ ဒါပေမဲ့ သောကဖြေဖျောက်ပုံ နည်းစနစ်တွေကတော့ အလွန်ကောင်းတဲ့ နည်းစနစ်တွေပါ။ သူက ဘာပြန်ပြောလဲ?

အဟံ၊ ကျွန်တော်မသည်။ သစေ ရောဒေ၊ အကယ်၍ ကျွန်တော်မသည် ငိုကြွေးနေသည် ဖြစ်အံ့။ မေ၊ ကျွန်တော်မအဖို့။ ကိသာ၊ ပိန်ကြုံ၍ နေခြင်းသည်။ အဿံ၊ ဖြစ်လေရာ၏။

ဟော ... သူ့ဘက်ကနော်။ သူသာ ငိုနေမယ်ဆိုရင် မစားဘဲ မသောက်ဘဲ တငိုငိုနဲ့ နေခဲ့မယ်ဆိုရင် တဖြည်းဖြည်း ပိန်ကြုံ၍ သွားလိမ့်မယ်။ ဟော ... သူ့ အတွေးအခေါ်ကနော်။

တဿာ မေ၊ ထိုသို့ ငိုကြွေး၍ ပိန်ကြုံနေသော ကျွန်မအဖို့။ ကိံ ဖလံ၊ မည်ကဲ့သို့သော အကျိုးတရားသည်။ သိယာ၊ ဖြစ်နိုင်ပါအံ့နည်း။

ဒီလို ငိုကြွေးနေခဲ့မယ်ဆိုရင် ပိန်ချုံးသွားခဲ့မယ်ဆိုရင် ကျွန်မအတွက် ဘာအကျိုးရှိမှာလဲ? ငိုကြွေးမြည်းတမ်းခြင်းဟူသော အကြောင်းကြောင့်နော်။

ဉာတိမိတ္တသုဟဇ္ဇာနံ၊ ဆွေမျိုးသားချင်း ချစ်ကျွမ်းဝင်ကြတဲ့ ပုဂ္ဂိုလ်တို့အဖို့။ ဘိယျော၊ အတိုင်းထက်အလွန်။ နော အရတီ၊ စိတ်မချမ်းသာတဲ့ သဘောတရားသည်။ သိယာ၊ ဖြစ်ကောင်းဖြစ်ရာ၏။

ကျွန်မကငိုနေပြီး တရှုံ့ရှုံ့နဲ့ ဒီလို ငိုနေမယ်ဆိုရင် ကျွန်မရဲ့ ဆွေမျိုးသားချင်းတွေရှိတယ်, မိတ်ဆွေ သင်္ဂဟတွေရှိတယ်, ချစ်ကျွမ်းဝင်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီ ပုဂ္ဂိုလ်တွေအဖို့ ကျွန်မ ငိုယိုခြင်းကို အကြောင်းပြုပြီးတော့ သူတို့ရဲ့သန္တာန်မှာ စိတ်မချမ်းသာခြင်းဆိုတဲ့ သဘောတရားတွေ အတိုင်းထက်အလွန် ဖြစ်ပေါ်ပြီး လာနိုင်တယ်။ ဒါ ... သူရဲ့ အတွေးအခေါ်ပဲ။ နောက်ထပ်သူက ဘာဆက်ပြီး ပြောလဲ?

ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ, တသ္မာ ဧတံ န သောစာမိ, ဂတော သော တဿ ယာ ဂတိ’’

ဍယှမာနော၊ မီးရှို့မြိုက်ခံ၍နေရသော အလောင်းကောင်သည်။ န ဇာနာတိ၊ မသိရှိပါ။ ဉာတီနံ၊ ဆွေမျိုးတို့ရဲ့။ ပရိဒေဝိတံ၊ ငိုကြွေးမြည်တမ်းနေခြင်းကိုလည်းပဲ။ န ဇာနာတိ၊ မသိရှိပါ။ တသ္မာ၊ ထိုကြောင့်။ ဧတံ၊ ဤ အစ်ကိုဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ သေကျေပျက်စီးခြင်းဆိုတဲ့ သဘောတရားကို။ န သောစာမိ၊ စိုးရိမ်ပူဆွေးမှု မရှိပါ။ သော၊ ထိုအစ်ကိုဖြစ်တဲ့ပုဂ္ဂိုလ်သည်။ တဿ၊ ထိုမိမိ၏။ ယာ ဂတိ၊ အကြင်သွားရမဲ့ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ ဂတိံ၊ ထိုမိမိသွားရမဲ့ဂတိသို့။ ဂတော၊ ဆိုက်ရောက်၍သွားခဲ့လေပြီ။

ကျွန်မတို့ကတော့ တံစူးဝါးတွေနဲ့ ထိုးပြီးတော့ မီးရှို့နေတယ်။ ဘယ်လိုပဲ မီးရှို့ပေမဲ့လို့ ဒီအလောင်းကောင်က သုခဒုက္ခ ဆိုတဲ့ သဘောတရားကို ဘယ်လိုမှ မသိတော့ဘူး။ အလားတူပဲ။ ဆွေမျိုးသားချင်းတွေက ငိုကြွေးမြည်တမ်းနေလို့ရှိရင်လည်း ဒီဆွေမျိုးသားချင်းတွေရဲ့ ငိုကြွေးမြည်တမ်းမှု ဆိုတဲ့ သဘောတရားကို သူ ဘယ်တော့မှ မသိပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ စိုးရိမ်ပူဆွေးမှု မရှိဘူး။ သူ သွားရမဲ့ဂတိ သူ ရောက်ရှိသွားပြီးဖြစ်ပါတယ် ဆိုပြီး ပြန်အဖြေပေးတယ်။ အဲဒီလို အဖြေပေးပြီးတဲ့အခါကျတော့ သိကြားမင်းကြီးက ဘာဆက်ပြီးပြောလဲ? ဒီနေရာမှာ ဒီကလေးမရဲ့ ဆိုလိုရင်းကတော့ ငိုကြွေးမြည်တမ်းနေခြင်းသည် အကျိုးမရှိဘူးဆိုရင် ဘာဖြစ်မလဲ?

ဘာတု ပန မေ တပ္ပစ္စယာ ဝုဍ္ဎိ နာမ နတ္ထိ

မိမိမှာ ပိန်ချုံးချိနဲ့ရုံတွင်မကဘူး ငိုကြွေးမြည်းတမ်းခြင်းတည်းဟူသော အကြောင်းကြောင့် အစ်ကိုမှာလည်း တစ်စုံတစ်ရာ တိုးတက်ကြီးပွားမှုဆိုတာ ဘာမှမဖြစ်နိုင်ဘူးတဲ့။ သူက ဒီလိုသဘောပေါက်တယ်။ နောက်တစ်ခု

မယှံ အဝုဒ္ဓိ ပန ပညာယတိ။

ငိုကြွေးမြည်တမ်းနေမယ်ဆိုရင် သူ့ရဲ့သန္တာန်မှာသာ အကုသိုလ်တရားတွေ တိုးပွားပြီးတော့ ဒီအကုသိုလ်တရားတွေကြောင့် ကောင်းကျိုးဆိုတဲ့ တရားတွေသည် ဆုတ်ယုတ် ပျက်စီးခြင်းသာ တိုးပွားလာလိမ့်မယ်။ သူက ဒီလိုမြင်တယ်။ သူ့ရဲ့ အမြင်ဟာ မမှန်ဘူးလား? မှန်နေတယ်။ ငိုပြီး ဆိုလို့ရှိရင်တော့ ငိုကြွေးနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ စိတ်မချမ်းသာခြင်း ဆိုတဲ့ ဒေါမနဿ ဦးဆောင်နေတဲ့ အကုသိုလ်တရားတွေဟာ တဖွားဖွား တိုးတက်၍ မလာဘူးလား? လာတယ်။ ဒီအကုသိုလ်တရားတွေက ကောင်းကျိုးပေးမလား, မကောင်းကျိုး ပေးမလား? ပြန်ဆန်းစစ်ကြည့်တဲ့ အချိန်အခါမှာ မကောင်းကျိုးပေးလိမ့်မယ်။ မကောင်းကျိုးတွေသာ သူ့သန္တာန်မှာ တိုးတက် ကြီးပွားလာမယ်။ မကောင်းကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင် အပြည့်အဝရှိနေတဲ့ အကုသိုလ်တရားတွေသာ ကြီးပွားတိုးတက်လာမယ်။ ကွယ်လွန်သွားတဲ့ အစ်ကိုလုပ်တဲ့ ပုဂ္ဂိုလ်ထံမှာလည်း ဒီငိုကြွေးခြင်းတည်းဟူသော အကြောင်းကြောင့် ကောင်းကျိုးမင်္ဂလာတွေရဲ့ ကြီးပွားတိုးတက်ခြင်း ဆိုတာ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။

ဒါကြောင့် နှစ်ဘက်လုံးမှာ မရှုံးဘူးလား? ရှုံးတယ်။ အစ်ကိုအတွက်ဘာမှလည်း အကျိုးမရှိဘူး။ မိမိအတွက်လည်း ဘာမှ အကျိုးမရှိဘူး။ ရှိတာကဘာလဲ? မကောင်းမှု အကုသိုလ်တရားတွေသာ တိုးပွားလာနိုင်တယ်။ ဒီလို သူက မြင်တယ်။ မြင်လိုက်တဲ့အတွက်ကြောင့် မီးရှို့မြိုက် ခံနေရတဲ့ တံစူးဝါးတွေနဲ့ အထိုးခံနေတဲ့ ဒီအလောင်းကောင် ကြည့်လိုက်ရင် ချမ်းသာခြင်း, ဆင်းရဲခြင်းဆိုတဲ့ သုခဒုက္ခ သဘောတရားကို မသိဘူး။ ကျွန်မတို့က ငိုမယ်ဆိုလို့ရှိရင်လည်း ဒီအလောင်းကောင်ကြီးက မသိဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ ဘာမှ မစိုးရိမ်ဘူး။ သူ့အနေနဲ့ သူသွားရမဲ့ ဂတိကို သူ ရောက်ရှိသွားပြီ, ဆိုက်ရောက်သွားပြီ ဖြစ်တယ်။ အဲဒီအခါကျတော့ ညီမလုပ်တဲ့ပုဂ္ဂိုလ်ရဲ့ တရားစကားကို နာကြားပြီးတဲ့အခါ သိကြားမင်းကြီးကလည်း အိမ်ရှင်မပေါ့လေ - ကွယ်လွန်သွားတဲ့ သားရတနာရဲ့ အိမ်ရှင်မကို လှမ်းပြီးတော့ မေးကြည့်တယ်။

‘‘အမ္မ, တုယှံ သော ကိံ ဟောတိ’’

အမိနဲ့ သေလွန်သွားတဲ့ ပုဂ္ဂိုလ်နဲ့ ဘာများ တော်စပ်သလဲ?

‘‘ပတိ မေ, သာမိ’’ = ကျွန်မရဲ့ အိမ်ရှင်ယောက်ျား ဖြစ်တယ်။ အိမ်ရှင်ယောက်ျား ဖြစ်ပါတယ်လို့ ပြန်ပြီး ပြောလိုက်တဲ့အခါ သိကြားမင်းက ဘာမေးသလဲ?

‘‘ဣတ္ထိယော နာမ ပတိမှိ မတေ ဝိဓဝါ ဟောန္တိ အနာထာ, တွံ ကသ္မာ န ရောဒသိ’’

ဣတ္ထိယော နာမ၊ အမျိုးသမီးတို့မည်သည်ကား။ ပတိမှိ၊ လင်သည်။ မတေ၊ ကွယ်လွန်သွားခဲ့သည်ရှိသော်။ ဝိဓဝါ၊ မုဆိုးမတို့သည်။ ဟောန္တိ၊ ဖြစ်၍ နေကြလေကုန်၏။ အနာထာ၊ ကိုးကွယ်အားထားရာ မရှိတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။ တွံ၊ သင်သည်။ ကသ္မာ၊ အဘယ်အကြောင်းကြောင့်။ န ရောဒသိ၊ မငိုကြွေးပါသနည်း။

အမျိုးသမီးတို့ဆိုတာ အိမ်ရှင်ယောက်ျား ကွယ်လွန်သွားပြီ ဆိုရင်တော့ မုဆိုးမ ဖြစ်ရပြီ။ ခိုကိုးရာ အားထားရာ မဲ့သွားကြပြီး ဖြစ်တယ်။ ဒါကြောင့် သင် ဘာကြောင့် မငိုကြွေးရပါသလဲ? ဆိုပြီးတော့ မေးကြည့်တယ်။ အဲဒီ အခါမှာလည်း ဒီအမျိုးသမီးက မိမိ မငိုကြွေးရခြင်း အကြောင်းရင်းကို ပြန်ပြီးတော့ အဖြေပေးတယ်။

‘‘ယထာပိ ဒါရကော စန္ဒံ, ဂစ္ဆန္တမနုရောဒတိ၊ ဧဝံသမ္ပဒမေဝေတံ, ယော ပေတမနုသောစတိ။

ဂါထာလေးက နည်းနည်းလေး ကျဉ်းနေတယ်။ အဓိပ္ပါယ်ကို အဋ္ဌကထာ ဆရာတော်က ပြည့်ပြည့်စုံစုံလေး ဖွင့်ဆိုထားတယ်နော်။

ယထာနာမ၊ ဖြစ်သင့်ဖြစ်ရာ ခိုင်းနှိုင်းဖွယ်ရာ လောကဥပမာသည်ကား။ ယတ္ထ ကတ္ထစိ၊ အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်၌။ ယုတ္တာယုတ္တံ၊ သင့်မသင့်ကို။ လဗ္ဘနီယာလဗ္ဘနီယံ၊ ရထိုက်သင့် မရထိုက်သင့်ကို။ အဇာနန္တော၊ မသိရှိသော။ ဗာလဒါရကော၊ မိုက်မဲလှတဲ့ ကလေးသူငယ်သည်။ မာတု ဥစ္ဆင်္ဂေ၊ မိခင်ရဲ့ ရင်ခွင်၌။ နိသိန္နော၊ ထိုင်လျက်။ ပုဏ္ဏမာသိယံ၊ လပြည့်နေ့၌။ ပုဏ္ဏံ စန္ဒံ၊ ပြည့်ဝန်းနေတဲ့ လကို။ အာကာသေ၊ ကောင်းကင်၌။ ဂစ္ဆန္တံ၊ သွား၍ နေသည်ကို။ ဒိသွာ၊ မြင်၍၊

ကလေးသူငယ်တစ်ဦးပေါ့ - ကလေးသူငယ်က အလွန် မိုက်မဲတဲ့ သူငယ် ဖြစ်နေတယ်။ သင့် မသင့်, ရသင့် မရသင့်, ပြောသင့် မပြောသင့် ဒီသဘောတရားတွေကို သူက ဘာမှ မသိဘူး။ မိခင်ရဲ့ရင်ခွင်ထဲမှာ သူက ထိုင်။ လပြည့်နေ့တစ်နေ့ ပြည့်ပြည့်ဝဝနဲ့ ထွက်ပေါ်လာတဲ့ လမင်းကြီးကို လှမ်းပြီးတော့ သူက ပြောပြီ။ ဘယ်လိုလဲ?

‘‘အမ္မ, စန္ဒံ မေ ဒေဟိ, အမ္မ, စန္ဒံ မေ ဒေဟိ’’

အမ္မ၊ မိခင်။ မေ၊ ကျွန်တော်အား။ စန္ဒံ၊ လကို။ ดေဟိ၊ ပေးပါ။ အမ္မ၊ မိခင်။ မေ၊ ကျွန်တော်အား။ စန္ဒံ၊ လကို။ ဒေဟိ၊ ပေးပါ။ ဣတိ၊ ဤသို့။ ပုနပ္ပုနံ၊ အဖန်ဖန် အထပ်ထပ်။ ရောဒတိ၊ ငိုကြွေး၍နေပေ၏၊

လကြီး ပေးပါ။ သူ့ကို လကြီး ယူပေးပါဆိုပြီးတော့ မိခင်ရင်ခွင်မှာ အဖန်ဖန် အထပ်ထပ် ပြောဆိုပြီးတော့ ငိုကြွေးနေပြီ။ အဲ အလားတူပဲ -

ဧဝံနိပ္ဖတ္တိကမေဝ ဧတံ တဿ ရုဏ္ဏံ ဟောတိ, ယော ပေတံ ကာလကတံ အနုသောစတိ။

ယော၊ အကြင်သူသည်။ ပေတံ ကာလကတံ၊ ဘဝတစ်ပါးသို့ ပြောင်းသွား၍ သေလွန်သွားတဲ့ ပုဂ္ဂိုလ်ကို အကြောင်းပြု၍။ အနုသောစတိ၊ အဖန်ဖန် အထပ်ထပ် စိုးရိမ်ပူဆွေး၍ နေပေ၏။ တဿ၊ ထိုပုဂ္ဂိုလ်၏။ ဧတံ ရုဏ္ဏံ၊ ဤငိုကြွေးမြည်တမ်း၍ နေခြင်းသည်ကား။ ဧဝံနိပ္ဖတ္တိကမေဝ၊ ဤကဲ့သို့လကို တောင်းဆိုခြင်းကြောင့် မရရှိတဲ့ သဘောကဲ့သို့။ ဟောတိ၊ ဖြစ်ပေ၏၊

လကို တောင်းလိုက်တဲ့ အခါမှာ မရခြင်းဆိုတဲ့ အကျိုးတရားသာ ပေါ်မလာဘူးလား? ပေါ်လာတယ်။ အဲဒီပုံစံအတိုင်းပဲ။ ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်အကြောင်းပြုပြီး ငိုကြွေးနေပြီ။ ငိုကြွေးလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ လကို တောင်း၍ မရသလို မရခြင်းဆိုတဲ့ အကျိုးတရားတစ်ခုသာလျှင် သူ့သန္တာန်မှာ ပေါ်လာတယ်။ ဘယ်လိုလဲ?

ဣတောပိ စ ဗာလတရံ။ ကိံကာရဏာ? သော ဟိ ဝိဇ္ဇမာနစန္ဒံ အနုရောဒတိ, မယှံ ပန ပတိ မတော ဧတရဟိ အဝိဇ္ဇမာနော သူလေဟိ ဝိဇ္ဈိတွာ ဍယှမာနောပိ န ကိဉ္စိ ဇာနာတိ။

ဣတောပိ စ၊ ဤကလေးသူငယ်ထက်လည်းပဲ။ ဗာလတရံ၊ အလွန့်အလွန် သာလွန်၍ မိုက်မဲလှပေ၏၊

သေသူကို အကြောင်းပြုပြီး ငိုကြွေးနေတယ် ဆိုတာက ခုနက လကို မရလို့ ငိုကြွေးနေတဲ့ ကလေးသူငယ်ထက် ပိုပြီး မိုက်မဲတယ်။ ဘာဖြစ်လို့လဲ?

သော ဟိ၊ ဤကလေးသူငယ်သည်ကား။ ဝိဇ္ဇမာနစန္ဒံ၊ ထင်ရှားရှိနေတဲ့လကို။ အနုရောဒတိ၊ အဖန်ဖန် အထပ်ထပ် ငိုကြွေး၍ နေပေ၏၊

ကလေး ငိုတာကို လှမ်းကြည့်လိုက်ပါ။ မမြင်ရတဲ့လကို အကြောင်းပြုပြီးတော့ ငိုကြွေးနေတာ ဟုတ်သလား? မဟုတ်ဘူး။ လပြည့်နေ့မှာ ပြည့်ပြည့်ဝဝ ထွက်ပေါ်လာတဲ့ လမင်းကြီးကို ကြည့်ပြီးတော့ မရလို့ သူက ငိုကြွေးနေတာ။

မယှံ ပန ပတိ၊ ကျွန်တော်မရဲ့ အိမ်ရှင်ယောက်ျားသည်ကား။ မတော၊ သေလွန်၍ သွားခဲ့လေပြီ။ ဧတရဟိ၊ ယခုအခါ၌လည်း။ အဝိဇ္ဇမာနော၊ ထင်ရှား မရှိတော့ပေ။ သူလေဟိ၊ တံစူးပါးတံကျင်တို့ဖြင့်။ ဝိဇ္ဈိတွာ၊ ထိုးဆွ၍။ ဍယှမာနောပိ၊ မီးရှို့၍ နေပါသော်လည်းပဲ။ န ကိဉ္စိ ဇာနာတိ၊ တစ်စုံတစ်ခုကို မသိရှိပါ။

ကဲ မိမိ အိမ်ရှင်ယောက်ျား ကွယ်လွန်သွားပြီ။ ကွယ်လွန်သွားတဲ့ ဒီယောက်ျားဟာ ဘယ်ရောက်သွားတယ်ဆိုတာ မိမိ သိသလား? မသိဘူး။ မြင်ကော မြင်သလား? မမြင်ဘူး။ ကလေး ငိုနေတာက မြင်နေတဲ့ လကို ကြည့်ပြီးတော့ ငိုနေတာ။ မိမိက အကယ်၍ ငိုခဲ့မယ်ဆိုရင် ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်ကို မိမိက မြင်ရသလား? မမြင်ရဘူး။ ကလေးက မြင်လို့ ငိုနေတယ် ဆိုတာက နည်းနည်း တော်သေးတယ်။ မိမိက မမြင်ရတဲ့လူကို အာရုံယူပြီးတော့ ငိုနေ-တဲ့အတွက် ဒီကလေးထက် ပိုပြီးတော့ မမိုက်မဲဘူးလား? မိုက်မဲနေတယ်။ ထင်ရှား မရှိဘူး။ ထင်ရှားမရှိတဲ့ ပုဂ္ဂိုလ်ကို အာရုံယူပြီးတော့ ငိုကြွေးမြည်တမ်းနေလို့ ဘာအကျိုးရှိမလဲ? ခုအခါမှာ ပြန်ကြည့်လိုက်မယ်ဆိုရင် သူက ဘယ်လို ဖြစ်နေလဲ?

‘‘ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ၊ တသ္မာ ဧတံ န သောစာမိ, ဂတော သော တဿ ယာ ဂတိ’’

သော၊ ထိုအလောင်းကောင်သည်။ ဍယှမာနော၊ မီးရှို့မြိုက်ခံရသည်ရှိသော်။ န ဇာနာတိ၊ ချမ်းသာဆင်းရဲကို မသိရှိပေ။ ဉာတီနံ၊ ဆွေးမျိုးအပေါင်းတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးမြည်တမ်းမှုကိုလည်းပဲ။ န ဇာနာတိ၊ မသိရှိပေ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ဤသေကျေပျက်စီးခြင်းကို။ န သောစာမိ၊ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်းခြင်း မရှိပါ။ သော၊ ထိုကွယ်လွန်သွားတဲ့ အိမ်ရှင်ယောက်ျားသည်။ တဿ၊ ထိုမိမိ၏။ ယာ ဂတိ၊ အကြင်သွားရမဲ့ဂတိသည်။ အတ္ထိ၊ ရှိ၏။ တံ ဂတိံ၊ ထိုဂတိသို့။ ဂတော၊ ဆိုက်ရောက်၍ သွားခဲ့လေပြီ။

သေလွန်သွားတဲ့ ပုဂ္ဂိုလ်ကို ကျမတို့က မီးရှို့တယ်။ ဖုန်းကြည်းသင်္ဂြိုဟ်တယ်။ တံစူးဝါးတွေနဲ့ ထိုးပြီးတော့ မီးသင်္ဂြိုဟ်နေပေမဲ့လို့ သုခဒုက္ခခေါ်တဲ့ ဒီသဘောတရားကို ဒီအလောင်းကောင် ဘာမှ မသိတော့ပါဘူး။ အလားတူပဲ ဆွေမျိုးတွေက ဝိုင်းအုံပြီးတော့ ငိုကြွေးနေခဲ့မယ်ဆိုရင်လည်း ဒီငိုကြွေးမှုဆိုတဲ့ သဘောတရားကို ဒီလောင်းကောင်ကြီးက သိမလား? မသိနိုင်ဘူး။ ဒါကြောင့် ကျမ အနေနဲ့ စိုးရိမ်မှု ပူဆွေးမှု ငိုကြွေးမှု ဘာမှ မဖြစ်ဘူး။ သေလွန်သွားတဲ့ ပုဂ္ဂိုလ်ဟာ သူရောက်ရှိမဲ့ ဂတိကို သူရောက်ရှိသွားပြီးသား ဖြစ်နေတယ်။ သူ့ကိုလည်း ကျမတို့ ဘာမှ မြင်ရတာလည်း မဟုတ်ဘူး ဆိုပြီးတော့ သူက အဖြေပေးတယ်။ အဲဒီအခါမှာလည်း ဒီအိမ်ရှင်မရဲ့ တရားစကား ကြားလိုက်ရတော့ သိကြားမင်းကြီးက တော်တော်လေး သဘောကျသွားတယ်။ သဘောကျသွားတဲ့အခါကျတော့ နောက်ထပ် ကျွန်မတစ်ယောက်ကို လှမ်းပြီးတော့ မေးတယ်။ ကျွန်မတစ်ယောက်မှာ ရှိနေတဲ့ အဆင့်အတန်း တစ်ခုပေါ့။ သင်နဲ့ ဘာတော်သလဲလို့ လှမ်းမေးကြည့်လိုက်တဲ့ အချိန်ခါကျတော့။ ဒါ ကျမရဲ့ အရှင်သခင်ပဲ။

‘‘နနု တွံ ဣမိနာ ပီဠေတွာ ပေါထေတွာ ပရိဘုတ္တာ ဘဝိဿသိ, တသ္မာ ‘‘သုမုတ္တာ အဟ’’န္တိ န ရောဒသိ’’

တွံ၊ သင်သည်။ ဣမိနာ၊ ဤယောက်ျားက။ ပီဠေတွာ၊ ညှဉ်းပန်း-နှိပ်စက်၍။ ပေါထေတွာ၊ ရိုက်ပုတ်၍။ ပရိဘုတ္တာ၊ အသုံးပြုခဲ့သည်။ ဘဝိဿသိ၊ ဖြစ်လေသလော။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။ အဟံ၊ ငါသည်။ သုမုတ္တာ၊ ကောင်းစွာ လွတ်မြောက်ခဲ့လေပြီ။ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ န ရောဒသိ၊ မငိုကြွေးလေသလော။

သင့်ရဲ့ အရှင်သခင်ဖြစ်တဲ့ ဒီယောက်ျားက ညှဉ်းပန်းနှိပ်စက် ရိုက်နှက်၍ အသုံးချခဲ့လေသလား? ဒါကြောင့် သင်က သူ့လက်က ငါတော့ လွတ်မြောက်ပြီ ဆိုပြီးတော့ မငိုသလား? မေးကြည့်တယ်။ အဲဒီ အခါကျတော့မှ ဒီကျွန်မက ဘာ အဖြေပေးသလဲ?

‘သာမိ, မာ ဧဝံ အဝစ, န ဧတံ ဧတဿ အနုစ္ဆဝိကံ, ခန္တိမေတ္တာနုဒ္ဒယသမ္ပန္နော မေ အယျပုတ္တော, ဥရေ သံဝဍ္ဎိတပုတ္တော ဝိယ အဟောသိ’

သာမိ၊ အရှင်။ ဧဝံ၊ ဤကဲ့သို့သော စကားကို။ မာ အဝစ၊ မပြောဆိုပါနှင့်။ ဧတံ၊ ဤစကားသည်ကား။ ဧတဿ၊ ဤယောက်ျားအဖို့။ န အနုစ္ဆဝိကံ၊ မသင့်တင့် မလျောက်ပတ်ပါ။

သင် ဒီလို မပြောနဲ့။ သင်ပြောလိုက်တဲ့ ဒီစကားဟာ ဒီယောက်ျားနဲ့ မထိုက်တန်ဘူး။ ဘာဖြစ်လဲ?

မေ၊ ငါ၏။ အယျပုတ္တော၊ အရှင့်သားသည်ကား။ ခန္တိမေတ္တာနုဒ္ဒယသမ္ပန္နော၊ သည်းခံခြင်း ခန္တီတရား၊ ချစ်ခင်မြတ်နိုးခြင်း မေတ္တာတရား၊ ကြင်နာသနားခြင်း အနုဒယမေတ္တာတရားနှင့် ပြည့်စုံပါပေ၏။

ငါရဲ့ အရှင့်သားကို ပြန်ကြည့်မယ်ဆိုရင် သည်းခံခြင်း ခန္တီတရား မင်္ဂလာနှင့်လည်း ပြည့်စုံတယ်။ ချစ်ခင်မြတ်နိုးခြင်း မေတ္တာတရားနှင့် သတ္တဝါအားလုံးအပေါ်၌ ဖြန့်ကျက် ပွားများထားအပ်တဲ့ ချစ်ခင်မြတ်နိုးခြင်း မေတ္တာ-တရားတွေနှင့်လည်း ပြည့်စုံတယ်။ သတ္တဝါအားလုံးတို့အပေါ်မှာ ကြင်နာသနားခြင်းဆိုတဲ့ အနုဒယ တရား, ကရုဏာတရားတွေနဲ့ ပြည့်စုံနေပါတယ်တဲ့။

ဥရေ၊ ရင်၌။ သံဝဍ္ဎိတပုတ္တော ဝိယ၊ ကြီးပွားစေတတ်တဲ့ သားရတနာကဲ့သို့။ အဟောသိ၊ ဖြစ်၍ နေပါ၏။

သူ့ဘက်ကနေ ကြည့်ရင် ဒီသားလေးအပေါ်မှာ ကိုယ့်ရင်ခွင်ထဲမှာ ကြီးပြင်းတဲ့ သားအရင်းလို စိတ်ထဲမှာ ထင်မှတ်နေပါတယ်။ ဒါကြောင့် ဒီသားကို ဒီလို မပြောပါနဲ့။ သူကလည်း ကန့်ကွက်တယ်။ ဒီလိုဆိုရင် သင်ဘာလို့ မငိုတာလဲလို့ မေးလိုက်တယ်။ မေးလိုက်တဲ့ အချိန်ခါ -

ယထာ နာမ ဥဒကကုမ္ဘော ဥက္ခိပိယမာနော ပတိတွာ သတ္တဓာ ဘိန္နော ပုန တာနိ ကပါလာနိ ပဋိပါဋိယာ ဌပေတွာ သံဝိဒဟိတွာ ပဋိပါကတိကံ ကာတုံ န သက္ကောတိ, ယော ပေတမနုသောစတိ, တဿပိ ဧတမနုသောစနံ ဧဝံနိပ္ဖတ္တိကမေဝ ဟောတိ

ယထာ နာမ၊ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား။ ဥဒကကုမ္ဘော၊ ရေအိုးကြီးတစ်လုံးကို။ ဥက္ခိပိယမာနော၊ ချီမြှောက်ခဲ့သည်ရှိသော်။ ပတိတွာ၊ ကျ၍။ သတ္တဓာ၊ ခုနှစ်စိတ် ခုနှစ်မွှာ။ ဘိန္နော၊ ကွဲခဲ့သည်ရှိသော်။ ပုန၊ နောက်ထပ်တစ်ဖန်။ တာနိ ကပါလာနိ၊ ထိုအိုးခြမ်းကွဲတို့ကို။ ပဋိပါဋိယာ၊ အစဉ်အတိုင်း။ ဌပေတွာ၊ ထား၍။ သံဝိဒဟိတွာ၊ စီမံခန့်ခွဲ၍။ ပဋိပါကတိကံ၊ ပင်ကိုယ်ပကတိအတိုင်း။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကောတိ၊ မစွမ်းနိုင်ပေ။

အိုးကြီးတစ်လုံး မ,လိုက်တာ ဗြုန်းကနဲ မတော်တဆ အကြောင်းမလှလို့ ကွဲသွားပြီ။ ခုနှစ်စိတ် ခုနှစ်မွှာ ကွဲသွားတယ်။ ကွဲသွားလိုက်တဲ့ အချိန်ခါမှာ အိုးခြမ်းကွဲတွေ လှမ်းပြီး စု။ ဒီအိုးခြမ်းကွဲကတော့ ဒီနေရာ ဖြစ်လိမ့်မယ်။ ဒီအိုးခြမ်းကွဲက ဒီနေရာ ဖြစ်လိမ့်မယ်ဆိုပြီး အစဉ်အတိုင်းထား။ ထားပြီးတော့ ပြန်ပြီး နဂိုအတိုင်းဖြစ်အောင် ပကတိအတိုင်း စီမံခန့်ခွဲလိုက်တဲ့ အချိန်အခါ စုပေါင်းလိုက်ရင် ဒီအိုးခြမ်းကွဲတွေ ပကတိ ပုံစံအတိုင်း အိုးကြီးတစ်လုံး ပြန်ဖြစ်ဦးမလား? မဖြစ်တော့ဘူး။

ဧဝံ၊ ဤအတူ။ ယော၊ အကြင်သူသည်ကား။ ပေတံ၊ ကွယ်လွန်-သွားတဲ့ ပုဂ္ဂိုလ်ကို။ အနုသောစတိ၊ အဖန်ဖန်အထပ်ထပ် စိုးရိမ်ပူဆွေး၍ နေပေ၏။ တဿပိ၊ ထိုစိုးရိမ်ပူဆွေးနေတဲ့ ပုဂ္ဂိုလ်ရဲ့။ ဧတံ အနုသောစနံ၊ ဤကဲ့သို့ အဖန်ဖန် အထပ်ထပ် စိုးရိမ်ပူဆွေးခြင်းသည်ကား။ ဧဝံနိပ္ဖတ္တိကမေဝ၊ ဤကဲ့သို့ ပြီးစီးခြင်းသဘောရှိသည်သာလျှင်။ ဟောတိ၊ ဖြစ်ပေ၏၊

ကွဲသွားတဲ့အိုးကို တစ်ဖန် စပ်လို့ မရသလို, ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး စိုးရိမ်ပူဆွေးနေခြင်းဟာ ဒီကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်က တစ်ဖန် ရှင်လာဖို့ဆိုတဲ့ သဘော ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။

မတဿ ပုန ဇီဝါပေတုံ အသက္ကုဏေယျတ္တာ ဣဒ္ဓိမတော ဝါ ဣဒ္ဓါနုဘာဝေန ဘိန္နံ ကုမ္ဘံ သံဝိဒဟိတွာ ဥဒကဿ ပူရေတုံ သက္ကာ ဘဝေယျ, ကာလကတော ပန ဣဒ္ဓိဗလေနာပိ န သက္ကာ ပဋိပါကတိတံ ကာတုန္တိ။

မတဿ၊ သေကျေပျက်စီးသွားတဲ့ပုဂ္ဂိုလ်အား။ ပုန၊ နောက်ထပ်တစ်ဖန်။ ဇီဝါပေတုံ၊ အသက်ပြန်၍ ရှင်စေအပ်သောငှာ။ အသက္ကုဏေယျတ္တာ၊ မစွမ်းနိုင်သည့်အတွက်ကြောင့်။ ဣဒ္ဓိမတော ဝါ၊ တန်ခိုး ဣဒ္ဓိပ္ပါဒ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည်။ ဣဒ္ဓါနုဘာဝေန၊ မိမိရဲ့ တန်ခိုးအာနုဘော်အားဖြင့်။ ဘိန္နံ ကုမ္ဘံ၊ ကွဲပျက်သွားတဲ့အိုးကို။ သံဝိဒဟိတွာ၊ စီမံခန့်ခွဲ၍။ ဥဒကဿ၊ ရေဖြင့်။ ပူရေတုံ၊ ပြည့်စေအံ့သောငှာ။ သက္ကာ ဘဝေယျ၊ တတ်မူလည်း တတ်ကောင်းလေရာ၏၊

တန်ခိုးဣဒ္ဓိပ္ပါဒ်နှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦး မိမိရဲ့ တန်ခိုး အာနုဘော်ဖြင့် ကွဲပျက်သွားတဲ့ ခုနှစ်စိတ် ခုနှစ်မွှာ ကွဲပျက်သွားတဲ့ ဒီအိုးကြီးကို တန်ခိုးနဲ့ တစ်ဖန် ပင်ကိုယ်ပကတိအတိုင်း ပြုပြင်ဖန်တီးလိုက်မယ်ဆိုရင် ပြုပြင်ဖန်တီးလို့ ရချင်ရမယ်။ ရေတွေအပြည့် ပြန်ပြီး ထည့်မယ်ဆိုရင်လည်း ဒီတန်ခိုးရဲ့ အာနုဘော်ကြောင့် ရကောင်းရနိုင်သေးတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ?

ကာလကတော ပန၊ ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်အဖို့။ ဣဒ္ဓိဗလေန၊ တန်ခိုးဣဒ္ဓိပ္ပါဒ်ရဲ့ စွမ်းအားဖြင့်။ ပဋိပါကတိတံ၊ ပင်ကိုယ် ပကတိအတိုင်း အသက်ရှင်အောင်။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်းသည်သာလျှင်တည်း။

ဒါပေမဲ့ ဘယ်လို တန်ခိုးရှင်ပဲ ဖြစ်ဖြစ် သေသွားတဲ့ ပုဂ္ဂိုလ်ကို ပင်ကိုယ် ပကတိအတိုင်း အသက်ရှင်နေအောင် ပြန်ပြုလုပ်ဖို့ရန်အတွက် ဘယ်လိုမှ မစွမ်းနိုင်ဘူး။ သူ့ရဲ့ အတွေးအခေါ်လေးတစ်ခုပဲ။ ဒါပေမဲ့ တရားဟောရင်း ဘုန်းကြီး သတိရတာလေးတစ်ခုတော့ ရှိတယ်။ ဖုတ်သွင်းတဲ့ အတတ်ဆိုတာ-နော်။ ရှေးယခင်ကတော့ ဒီယဉ်ကျေးမှု ရှိပုံရပါတယ်။ ဘုန်းကြီး ငယ်ငယ်ကလည်း ဒီစကားလေးတစ်ခုတော့ ကြားဖူးတယ်။ ရဟန်းတော်တစ်ပါး စာသင်ရင်းနဲ့ ကွယ်လွန်သွားတယ်။ မိမိရပ်ရွာလည်း မဟုတ်တော့ နီးစပ်ရာ ညီအစ်ကိုဖြစ်တဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ ဒီဖုတ်သွင်းတဲ့ အတတ်ပညာကို သူတို့က သင်ကြားထားကြတယ်။ သင်ထားတော့ သေသွားတဲ့ ကိုယ်တော်ကို ဖုတ်သွင်းပြီးတော့ သူတို့အရပ်ရောက်အောင် ပြန်ခေါ်လာတယ်။ အရပ်ကျမှ ဒီဖုတ်ကို ပြန်ထုတ်ပစ်တယ်။ အဲဒီလို ဖုတ်သွင်းအတတ် ဆိုတာကတော့ ရှိပါတယ်။ ဒါ စာမှာလည်း ရှိတယ်။ ဒါပေမဲ့ ပင်ကိုယ်ပကတိအတိုင်း ပြန်ပြီး အသက်ရှင်တာကော ဟုတ်သလား? မဟုတ်ဘူး။

ခေတ်အပြောနဲ့ ပြောရင်ပေါ့လေ ပြိတ္တာလို့ ခေါ်တဲ့ အခြား တစ္ဆေ သရဲတွေကို ဒီခန္ဓာအိမ်ထဲမှာ ဝင်ပူးစေပြီးတော့ ခေါ်သွားတာပဲနော်။ သူတို့ရဲ့ ဖုတ်သွင်းအတတ်ပညာနဲ့ ပင်ကိုယ်ပကတိအတိုင်း အသက်ပြန်ပြီး ရှင်အောင် တန်ခိုးဣဒ္ဓိပ္ပါဒ်နဲ့ ပြုလုပ်မယ်ဆိုရင် ပြုလုပ်နိုင်တဲ့ စွမ်းအား ရှိသလား? မရှိဘူး။ အကယ်၍သာ ပြုလုပ်လို့ ရကြမယ်ဆိုရင် တန်ခိုးရှင်တွေဟာ များသောအားဖြင့် သတ္တဝါတွေ အပေါ်၌ ကြင်နာသနားတတ်တဲ့ စိတ်ထား ရှိကြပါတယ်။ ရှိတဲ့အတွက်ကြောင့် ပင်ကိုယ် ပကတိအတိုင်း အသက်ရှင်အောင် ပြန်လုပ်ပေးကြမှာ ကျိန်းသေဧကန်ပဲ။ ဒါပေမဲ့ ပြုလုပ်လို့ ရသလား? မရဘူး။ ဘာဖြစ်လို့လဲ?

သဗ္ဗေသတ္တာ ကမ္မသကာ = သတ္တဝါအားလုံးဟာ မိမိတို့ ပြုစုပျိုးထောင်ထားတဲ့ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိနေတယ်။ ဒီကံက အကျိုးပေးဖို့ရန် အခါအခွင့်တွေ မသင့်တော့ဘူး။ ကုန်ဆုံးသွားပြီဆိုရင် နောက်ထပ် ကံတစ်ခုကလည်း အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာပြီဆိုရင် ဘဝတစ်ခု ကျိန်းသေဧကန် အဆုံးသတ်ရတာပဲ။ ဘုရားသော်မှလည်း တားလို့ ရသလား? မရပါဘူး။ ဒီသဘော ရှိတယ်။ အဲဒီသဘောကို နားလည်ပြီးတော့ ကျွန်မလုပ်တဲ့ ပုဂ္ဂိုလ်က ပြန်ပြောနေတယ်။ ကွဲသွားတဲ့ အိုးကြီးကို ပြန်ပြီး ဆက်လို့ မရသလို ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး စိုးရိမ်ပူဆွေးခြင်းဟာလည်း ဒီပုဂ္ဂိုလ် ပြန်အသက်ရှင်အောင် လုပ်နိုင်တဲ့ သဘောတရား မမဟုတ်ပါဘူးတဲ့။

‘‘ဍယှမာနော န ဇာနာတိ, ဉာတီနံ ပရိဒေဝိတံ၊ တသ္မာ ဧတံ န သောစာမိ, ဂတော သော တဿ ယာ ဂတိ’’

ဍယှမာနော၊ မီးရှို့မြိုက် ခံနေရတဲ့ အလောင်းကောင်သည်။ သုခံ ဒုက္ခံ၊ ဆင်းရဲဒုက္ခကို။ န ဇာနာတိ၊ မသိရှိပါ။ ဧဝံ၊ ဤအတူ။ ဉာတီနံ၊ ဆွေမျိုးအပေါင်းတို့၏။ ပရိဒေဝိတံ၊ ငိုကြွေးမြည်တမ်းမှုကိုလည်းပဲ။ န ဇာနာတိ၊ မသိရှိပါ။ တသ္မာ၊ ထို့ကြောင့်။ ဧတံ၊ ဤသေကျေပျက်စီးတဲ့ပုဂ္ဂိုလ်သည်။ န သောစာမိ၊ စိုးရိမ်ပူဆွေးမှု မရှိပါ။ သော၊ ထိုသေကျေ-ပျက်စီးသွားတဲ့ ပုဂ္ဂိုလ်သည်။ တဿ၊ ထိုမိမိ၏။ ယာ ဂတိ၊ အကြင်သွားရမဲ့ ဂတိသည်။ အတ္ထိ၊ ရှိပေ၏။ တံ ဂတိံ၊ ထိုမိမိသွားရမဲ့ဂတိသို့။ ဂတော၊ ဆိုက်ရောက်၍ သွားခဲ့ပြီးလေပြီ။

မီးရှို့မြိုက်ခံနေရတဲ့ပုဂ္ဂိုလ် သုခဒုက္ခသဘောတရားတွေကို သူ ဘာသိသလဲ? မသိဘူး။ အလားတူပဲ ဆွေမျိုးတွေက ဝိုင်းပြီး ငိုကြွေးနေမယ် ဆိုရင်လည်း ထိုဆွေမျိုးတွေရဲ့ ငိုကြွေးမှုဆိုတဲ့ ဒီသဘောတရားကိုလည်း ဒီအလောင်းကောင်ကြီးက မသိပါဘူး။ ဒါကြောင့် ဒီသေကျေပျက်စီးသွားတဲ့ ပုဂ္ဂိုလ်ကို အကြောင်းပြုပြီးတော့ ကျွန်တော်မရဲ့သန္တာန်မှာ စိုးရိမ်ပူဆွေးမှု မဖြစ်ပါဘူး။ သူ သွားရမဲ့ဂတိသို့ သူ ရောက်ရှိသွားပြီး ဖြစ်တယ်။ တခြားဘဝတစ်ခုပေါ့နော်။ ငရဲရောက်မဲ့ ပုဂ္ဂိုလ်ကလည်း ငရဲရောက်ပြီး ဖြစ်တယ်။ ဒီက ထိုင်ငိုနေလို့ သူ ငရဲကနေ ပြန်လာမလား? မလာဘူး။ ပြိတ္တာဘဝရောက်မဲ့ ပုဂ္ဂိုလ်ကလည်း ပြိတ္တာဘဝ ရောက်ပြီးဖြစ်တယ်။ တိရစ္ဆာန်ဘဝရောက်မဲ့ ပုဂ္ဂိုလ်ကလည်း တိရစ္ဆာန်ဘဝရောက်ပြီး ဖြစ်တယ်။ အဲဒီ ပြိတ္တာဘဝ ရောက်သွားတဲ့ ပုဂ္ဂိုလ်, တိရစ္ဆာန်ဘဝရောက်သွားတဲ့ ပုဂ္ဂိုလ်လည်း ဒီက ထိုင်ပြီး ငိုကြွေးနေတဲ့အတွက် တစ်ခေါက် ပြန်လာလို့ ရသေးလား? မရတော့ဘူး။ နောက်တစ်ခု - အမိဝမ်းတွင်း ရောက်သွားပြီ။ လူ့ပြည်ရောက်သွားပြီ ဆိုကြစို့။ အမိဝမ်းတွင်းမှာ ပဋိသန္ဓေ တည်စပဲ ဖြစ်ဦးမယ်။ ငိုကြွေးနေတဲ့ အချိန်ပေါ့။

အဲဒီ အမိဝမ်းတွင်း ပဋိသန္ဓေ တည်နေစ သတ္တဝါကလည်း ငိုကြွေးနေတဲ့ ပုဂ္ဂိုလ်တွေကို သနားပြီးတော့ ပြန်လာဦးမလား? မလာတော့ဘူး။ ဘယ်လိုမှ ပြန်ဆက်စပ်လို့ မရဘူး။ အဲ နတ်ပြည်ရောက်သွားပြီ ဆိုကြစို့။ သူ့ရဲ့ ပါရမီ ဘုန်းကံအားလျော်စွာ နတ်ပြည် ရောက်သွားပြီ ဆိုလို့ရှိရင်လည်း ဒီက ငိုကြွေးမြည်တမ်းနေတဲ့ ပုဂ္ဂိုလ်တွေအပေါ်၌ သနားငဲ့ညှာပြီးတော့ သူက တစ်ပတ် ပြန်လာဦးမလား? မလာတော့ဘူး။ သူ့မှာလည်း တစ်ဖက် ငါးရာနဲ့ ပျော်ချင်ပျော်နေမှာပေါ့။ ဟုတ်တယ်မလား? ကိုယ်ကသာ အလွမ်းကြီး လွမ်းနေတယ်။ သူကတော့ အပျော်ကြီး ပျော်နေမှာပါ။ ဒါကြောင့် ဒီလို သူသွားရမဲ့ ဂတိကို သူက ရောက်ရှိသွားပြီး ဖြစ်တယ်။ မိမိ ငိုနေတဲ့အချိန်မှာ သူ သွားရမဲ့ ဂတိ သူရောက်ရှိသွားပြီး မဖြစ်ဘူးလား? ဖြစ်နေပြီ။ ဒါကြောင့် သူ့အနေနဲ့ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်းမှု ဘာမှ မဖြစ်ဘူး။ သူတို့ရဲ့ အတွေးအခေါ်လေးတွေ မမှန်ဘူးလား? မှန်နေတယ်။ ဒါကြောင့် မှန်ကန်နေတဲ့ တရား အသိဉာဏ်လေးတွေ မိမိတို့ရဲ့သန္တာန်မှာ ခုလို သာသနာတော်နဲ့ တွေ့ခိုက် ရအောင် ကြိုးပမ်းထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ အဲဒီ အချိန်အခါကျတော့မှ သိကြားမင်းကြီးကလည်း ဘာဖြစ်လဲ?

သက္ကော သဗ္ဗေသံ ဓမ္မကထံ သုတွာ ပသီဒိတွာ ‘‘တုမှေဟိ အပ္ပမတ္တေဟိ မရဏဿတိ ဘာဝိတာ, တုမှေ ဣတော ပဋ္ဌာယ သဟတ္ထေန ကမ္မံ မာ ကရိတ္ထ, အဟံ, သက္ကော ဒေဝရာဇာ, အဟံ ဝေါ ဂေဟေ သတ္တ ရตနာနိ အပရိမာဏာနိ ကရိဿာမိ, တုမှေ ဒါနံ ဒေထ, သီလံ ရက္ခထ, ဥပေါသထကမ္မံ ကရောထ, အပ္ပမတ္တာ ဟောထာ’’တိ တေသံ ဩဝါဒံ ဒတွာ ဂေဟံ အပရိမိတဓနံ ကတွာ ပက္ကာမိ။

သက္ကော၊ နတ်တို့သနင်း သိကြားမင်းသည်။ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော သူတို့၏။ ဓမ္မကထံ၊ တရားစကားကို။ သုတွာ၊ ကြားနာရပြီး ပသီဒိတွာ၊ ကြည်ညိုလှသည်ဖြစ်၍။ တုမှေဟိ၊ သင်တို့သည်။ အပ္ပမတ္တေဟိ၊ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်လျက်။ မရဏဿတိ၊ မရဏာနုဿတိကမ္မဋ္ဌာန်းကို။ ဘာဝိတာ၊ ပွားများအားထုတ်ခဲ့ပြီးလေပြီ။ တုမှေ၊ သင်တို့သည်။ ဣတော၊ ဤနေ့မှ။ ပဋ္ဌာယ၊ စ၍။ သဟတ္ထေန၊ မိမိလက်ဖြင့်။ ကမ္မံ၊ လုပ်ငန်းရပ်အဝဝကို။ မာ ကရိတ္ထ၊ မပြုကြပါကုန်လင့်။ အဟံ၊ ငါသည်။ သက္ကော ဒေဝရာဇာ၊ နတ်တို့သနင်း သိကြားမင်း ဖြစ်ပါပေ၏။ အဟံ၊ ငါသည်။ ဝေါ၊ သင်တို့၏။ ဂေဟေ၊ နေအိမ်၌။ သတ္တ ရတနာနိ အပရိမာဏာနိ၊ အတိုင်းအတာပမာဏ မရှိကြကုန်သော။ သတ္တရတနာနိ၊ ရတနာခုနစ်ပါးကို။ ကရိဿာမိ၊ ပြုလုပ်ဖန်ဆင်း၍ ပေးပေအံ့။

ဘယ့်နှယ်တုန်း ဒကာကြီးတွေ ဟန်ကျပြီထင်တယ်နော်။ သိကြားမင်းကြီးက ဒကာကြီးတွေကို ခုနေ လာပြောမယ်ဆိုရင် ဘယ့်နှယ်နေမလဲ? ဟင် ဘယ့်နှယ်နေမလဲဆို ... ဘုန်းကြီးကတော့ သိပ်ပြီး မဖြစ်စေချင်ဘူး။ မဖြစ်စေချင်ဘူး ဆိုတာက ဒီလိုပါ။ ခုနေ ရတနာခုနစ်ပါးအပြည့် အိမ်မှာ လာပြီး ဖြည့်သွားပြီ။ ငါ အေးအေး ဆေးဆေး တရားအားထုတ်ရမယ်လို့များ ထင်သလား? ဟင် အမလေး အဲဒါတွေ ဘယ်သူများ လာခိုးမလဲလို့ ဒီကနေ ပူနေရမှာက တစ်ပုံကြီး မဖြစ်ဘူးလား? ဖြစ်နေတယ်။ ဘာမှ မရှိတာက ပူရဦးမလား? မပူရဘူးနော်။ ဒါကြောင့်

အဟံ၊ ငါသည်။ ဝေါ၊ သင်တို့၏။ ဂေဟေ၊ နေအိမ်၌။ သတ္တ ရတနာနိ အပရိမာဏာနိ၊ အတိုင်းအတာပမာဏ မရှိကြကုန်သော။ သတ္တရတနာနိ၊ ရတနာခုနစ်ပါးကို။ ကရိဿာမိ၊ ပြုလုပ်ဖန်ဆင်း၍ ပေးပေအံ့။ တုမှေ၊ သင်တို့သည်။ ဒါနံ၊ အလှူဒါနကို။ ဒေထ၊ ပေးလှူကြကုန်လော့။ သီလံ၊ သီလကို။ ရက္ခထ၊ ထိန်းသိမ်း စောင့်ရှောက်ကြကုန်လော့။ ဥပေါသထကမ္မံ၊ ဥပုသ်ကျင့်သုံးခြင်းအမှုကို။ ကရောထ၊ ပြုကြကုန်လော့။ အပ္ပမတ္တာ၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော့။ ဣတိ၊ ဤသို့လျှင်။ တေသံ၊ ထိုမိသားစုတို့အား။ ဩဝါဒံ၊ အဆုံးအမ ဩဝါဒကို။ ဒတွာ၊ ပေးပြီး၍။ ဂေဟံ၊ အိမ်ကို။ အပရိမိတဓနံ၊ အတိုင်းအတာ ပမာဏမရှိသော စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသော။ ကတွာ၊ ပြု၍။ ပက္ကာမိ၊ ဖယ်ခွာသွားခဲ့လေပြီ။

အိမ်ထဲမှာ ဘယ်ရွေ့ဘယ်မျှလို့ တိုင်းတာလို့ မရနိုင်လောက်တဲ့ စည်းစိမ်ဥစ္စာတွေ အပြည့် ဖန်တီးပြီးတော့ နတ်ပြည်ပြန်သွားတယ်။ ဒါပေမဲ့ ဒီလို ပေးတယ်ဆိုတာက တကယ့်သူတော်ကောင်းတွေကို ပေးတာပါ။ အဲ ရလာပြီ ဆိုတဲ့ အချိန်ခါမှာ မခွဲရက် မခွာနိုင်ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ ပေးပါ့မလား? မပေးပါဘူး။ အဲဒီတော့ ဒီနေရာမှာ သံဝေဂဖြစ်ဖွယ်လေးတွေ နည်းနည်း ရှိလာတယ်။

သတ္ထာ ဣမံ ဓမ္မဒေသနံ အာဟရိတွာ သစ္စာနိ ပကာသေတွာ ဇာတကံ သမောဓာနေသိ,

သတ္ထာ၊ လူနတ်တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဘုရားရှင်သည်။ ဣမံ ဓမ္မဒေသနံ၊ ဤတရားဒေသနာတော်ကို။ อာဟရိတွာ၊ ဆောင်တော်မူ၍။ သစ္စာနိ၊ သစ္စာလေးရပ်တို့ကို။ ပကာသေတွာ၊ ထင်ရှားပြတော်မူ၍။ ဇာတကံ၊ ဇာတ်တော်ကို။ သမောဓာနေသိ၊ ပေါင်းတော်မူ၏၊

ဒီတရားဒေသနာ ဟောကြားပြီးတဲ့ အခါမှာ ခုနက သားသေလို့ စိတ်မချမ်းမသာဖြစ်နေတဲ့ ဒါယကာကြီးကို ဘုရားရှင်က ဆက်လက်ပြီးတော့ သစ္စာလေးရပ်နဲ့စပ်တဲ့ တရားစကားတွေ ဟောကြားပြသ ဆိုဆုံးမပေးတော် မူပါတယ်။ ပေးလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?

သစ္စပရိယောသာနေ ကုဋုမ္ဗိကော သောတာပတ္တိဖလေ ပတိဋ္ဌဟိ။

သစ္စပရိယောသာနေ၊ သစ္စာဒေသနာတော်နိဂုံး ပြီးဆုံးသော အချိန်ခါကာလ၌။ ကုဋုမ္ဗိကော၊ သူကြွယ်ကြီးသည်။ သောတာပတ္တိဖလေ၊ သောတာပတ္တိဖိုလ်၌။ ပတိဋ္ဌဟိ၊ တည်တော်မူခဲ့လေပြီ။

သစ္စာဒေသနာတော်နိဂုံး ပြီးဆုံးသွားတဲ့ အချိန်ခါမှာ ဒီသူကြွယ် ဒါယိကာကြီးလည်း သောတာပတ္တိဖိုလ်၌ တည်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကာရောဓ ဆန္ဒတ္တာ ဆိုပြီးတော့ ဟိုး သုတ္တန် နိပါတ်ဒေသနာတော် အဋ္ဌကထာများမှာ ဖွင့်ဆိုထားပါတယ်။ သာဝကပါရမီဉာဏ်အရာမှာ အဓိကာရ ကောင်းမှုကုသိုလ်ရှိခြင်း, မဂ်ဖိုလ်နိဗ္ဗာန်ကို လိုလားတောင့်တတဲ့ ဆန္ဒဓာတ်တွေက ပြင်းပြခြင်း ဆိုတဲ့ ဒီအကြောင်းနှစ်ခု ရှိရတယ်။ အဲဒီ အကြောင်းနှစ်ခုကို ဒီသူတော်ကောင်းကြီးက ရှေးဘဝတွေကလည်း ထူထောင်ခဲ့ပြီး ဖြစ်ပုံရတယ်။ ယခုဘဝမှာလည်း သားမသေခင်စပ်ကြား ကာလမှာ ဘုရားရှင်နဲ့ သာသနာနဲ့တွေ့ခိုက်မှာ ဒီပါရမီမျိုးစေ့တွေကို မိမိစွမ်းအား ရှိသလောက် ထူထောင်နေပုံ ရပါတယ်။ ထိုနေ့မှာတော့ သူ့ရဲ့ ဝိပဿနာဉာဏ်တွေက ရင့်ကျက်ပြီး ဖြစ်တဲ့အတွက် ဘုရားရှင်က သစ္စာလေးပါးနဲ့ ဆက်စပ်တဲ့ တရားစကားတွေကို ထပ်ပြီး ဟောကြားပေးတယ်။ သစ္စာဒေသနာနိဂုံး ပြီးဆုံးတဲ့ အချိန်ခါမှာ ဒီသူကြွယ် ဒါယိကာကြီး သောတာပတ္တိဖိုလ်၌ တည်သွားတယ်။ တည်သွားတော့ ဘာဖြစ်သလဲ? ဇာတ်တော်ပေါင်းခန်းလေး ဘုန်းကြီးက ပြောချင်လို့ပါနော်။

တဒါ ဒါသီ ခုဇ္ဇုတ္တရာ အဟောသိ,

တဒါ၊ ထိုအခါ၌။ ဒါသီ၊ ကျွန်မသည်။ ခုဇ္ဇုတ္တရာ၊ ခုဇ္ဇုတ္တရာသည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

ထိုအချိန်အခါက ကျွန်မက ဘယ်သူလဲဆိုတော့ အခု ဘုရားရှင်ရဲ့ သာသနာတော်မှာ ခုဇ္ဇုတ္တရာ ခါးကုန်းမလေး ဖြစ်တယ်။ ခုဇ္ဇုတ္တရာကလည်း သူက ဧတဒဂ်ရတဲ့ ပုဂ္ဂိုလ်ပါ။ အဲဒါကို ပြန်စဉ်းစားကြည့်လိုက်ရင် ဇာတ်တော် တော်တော်များများမှာ ဒီခုဇ္ဇုတ္တရာဟာ ဘဝတိုင်းလိုလိုမှာ ကျွန်မ ဖြစ်နေရတယ်။ ဘာဖြစ်လို့လဲ? သူ့စိတ်ထားကြည့်ပေါ့။ ခုနက မိမိရဲ့ အရှင်ယောက်ျားအပေါ်မှာ သားရင်းကဲ့သို့ ချစ်မြတ်နိုးတဲ့စိတ်ထား သူ့မှာ မရှိဘူးလား? ရှိတယ်။ အဲဒီ သားရင်းကဲ့သို့ မိမိရဲ့ အရှင်သခင်အပေါ်မှာ ချစ်မြတ်နိုးတဲ့ စိတ်ထားဖြင့် သူက ကံတွေကို ထူထောင်ခဲ့တယ်။ ဒီကံက အကျိုးပေးတဲ့ ဘဝတိုင်း ဘဝတိုင်းမှာ သူက ဘာဖြစ်ရလဲ? ကျွန်မပဲ ဖြစ်ရတယ်။ သူ့စိတ်ထားက ကြည့်နော်။ နောက်တစ်ခု -

ဓီတာ ဥပ္ပလဝဏ္ဏာ,

ဓီတာ၊ သမီးသည်ကား။ ဥပ္ပလဝဏ္ဏာ၊ ဥပ္ပလဝဏ်သည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

တစ်ချိန် ဘုရားအလောင်း ပုဏ္ဏားကြီးရဲ့သမီးက ဘယ်သူလဲ? ဥပ္ပလဝဏ်ထေရီမ ဖြစ်ခဲ့တယ်။ ကောင်းပြီ နောက်တစ်ခု -

ပုတ္တော ရာဟုလော,

ပုတ္တော၊ သားရတနာသည်ကား။ ရာဟုလော၊ ရာဟုလာသည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

သေသွားတဲ့ သားရတနာလေးက ရာဟုလာအလောင်း ဖြစ်တယ်။ ဥပ္ပလဝဏ်အလောင်းနဲ့ ရာဟုလာအလောင်းတို့က ဘဝတွေ တော်တော် ခပ်များများမှာပေါ့လေ ဘုရားအလောင်းတော်ရဲ့ သားရတနာနဲ့ သမီးရတနာ ဖြစ်ခဲ့တဲ့ ဘဝတွေ များပါတယ်နော်။ ဝေဿန္တရာဇာတ် ကြည့်လိုက်မယ် ဆိုလို့ရှိရင် ဇာလီနဲ့ ကဏှာဇိန် ဆိုတာလည်း သူတို့နှစ်ဦးပဲ ဖြစ်ပါတယ်နော်။ နောက်တစ်ခု -

မာတာ ခေမာ,

မာတာ၊ မိခင်သည်ကား။ ခေမာ၊ ခေမာမိဖုရားသည်။ အဟောသိ၊ ဖြစ်ခဲ့လေပြီ။

ဟော ခေမာမိဖုရားကို ပြန်ကြည့်လိုက်တဲ့ အချိန်ခါကျတော့ ဒီဘဝမှာ သူက ဘုရားရှင်ရဲ့ လက်ယာရံအဂ္ဂသာဝက တပည့်မတစ်ဦးဖြစ်တယ်။ ဘုရားရှင်ရဲ့ သမီးရတနာဖြစ်တယ်။ အဲဒီ သမီးရတနာတစ်ဦးက တစ်ချိန်တုန်းက ဘာဖြစ်ခဲ့လဲ? ဇနီးမောင်နှံ ဖြစ်ခဲ့ဖူးကြတယ်။ အလားတူပဲ ဥပ္ပလဝဏ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် တစ်ချိန်တုန်းက ဘဝတော်တော် များများမှာ ဘုရားအလောင်းတော်ရဲ့ သမီးရတနာ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ နာမည်ကျော်ဖြစ်တဲ့ ဥမ္မာဒန္တီဇာတ်ကို ပြန်ကြည့်လိုက်ပါ။ အဲဒီမှာ ဥမ္မာဒန္တီဟာ ဘယ်သူလဲ? ဒီဥပ္ပလဝဏ်ထေရီမအလောင်းပဲ ဖြစ်ပါတယ်။ ရူးသွားရတဲ့ သိဝိမင်းကြီးက ဘယ်သူလဲ? ဦးပဉ္စင်းတို့ ဘုရားအလောင်းပဲ ဖြစ်တယ်။ ဘဝတွေနော်။

ဒါကြောင့် တစ်နေ့ မလေးရှားသီလရှင်လေးက မေးတယ်။ ဘုန်းကြီးကတော့ ဗုဒ္ဓုဿုတအဖြစ် ပြောတာပါ။ သူကလည်း ဘယ်ကနေ ပေါက်ပေါက် ရှာရှာ ကြားလာလဲ မသိဘူး။ ပုဂ္ဂိုလ်တစ်ယောက်နဲ့တစ်ယောက် ဘဝတစ်ခုမှာ သမီးနဲ့ဖခင်ဖြစ်တယ်။ နောက်ဘဝကျလို့ရှိရင် အဲဒီ သမီးနဲ့ဖခင် လင်မယား ပြန်ဖြစ်တတ်သလားတဲ့? ဟော ဘုန်းကြီးက ဖြစ်နိုင်တယ်လို့ ပြန်ဖြေတော့ သူ တော်တော် စိတ်ပျက်သွားတယ်။ ဘာဖြစ်လို့လဲ? ဒီလောက်တောင် ညစ်ပတ်ပေရေနေတဲ့ သံသရာခရီးကြီးဟာ အလွန် ရွံရှာစက်ဆုတ်ဖွယ် ကောင်းပါလားဆိုပြီးတော့ သူက ဒီစကားတစ်ခု ပြောတယ်။

ခု ဒီမှာကြည့်ပေါ့ - ဥပ္ပလဝဏ်နဲ့ ဘုရားအလောင်းတော်နဲ့ အကြောင်းပါခဲ့တဲ့ ဘဝတွေ တော်တော်များများ ရှိပါတယ်။ သမီးဖြစ်ခဲ့တဲ့ ဘဝတွေလည်း တော်တော်များတယ်။ မယားဖြစ်ခဲ့တဲ့ ဘဝတွေလည်း တော်တော်များတယ်။ အလားတူပဲ ခေမာဆိုလို့ရှိရင် ဘုရားအလောင်းတော်ရဲ့ သမီးရတနာ ဖြစ်ခဲ့တဲ့ ဘဝတွေလည်း တော်တော်များများ ရှိပါတယ်။ ခု မိဖုရားဖြစ်ခဲ့တဲ့ ဘဝတွေလည်း မရှိခဲ့ဘူးလား? ရှိနေပြန်တယ်။ တိရစ္ဆာန်တွေကျတော့ ဘဝတစ်ခုတည်းမှာပဲ အမေလည်း ဖြစ်တယ်, မယားလည်း ဖြစ်တယ်။ အဖေလည်း ဖြစ်တယ်, လင်လည်း ဖြစ်တယ်။ လူတွေမှာတော့ ဘဝခြားသွားပြီဆိုရင် တိရစ္ဆာန်နဲ့ ပုံစံတူတဲ့ သဘောလေးတွေ ဖြစ်မနေဘူးလား? ဖြစ်လာတယ်။ ဒါကြောင့် မိမိတို့ရဲ့ စိတ်နေစိတ်ထားလေးတွေဟာ အလွန် ရွံရှာစက်ဆုတ်ဖွယ် မကောင်းဘူးလား? ကောင်းနေတယ်။

ဒါကြောင့် ဒီလောက်တောင် ညစ်ပတ်ပေရေနေတဲ့ သံသရာခရီးကြီးမှ ကျော်လွှားသွားအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါ ဘုရားရှင်ရဲ့ သာသနာနဲ့ တွေ့ခိုက်မှာသာ ဒီအသိဉာဏ်တွေ ရရှိတာပါ။ ဘုရားရှင်က သဗ္ဗေညုတဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာ ဟောကြားလိုက်လို့ “ဩော် တစ်ချိန်တုန်းက တို့က သားတော်ခဲ့တယ်, တစ်ချိန်တုန်းက တို့ သမီးတော်ခဲ့တယ်, တစ်ချိန်တုန်းက တို့ အမိတော်ခဲ့တယ်, တစ်ချိန်တုန်းက တို့ အဖတော်ခဲ့တယ်” ဆိုတာကို ဒီသဘောတွေ သိတာ။ မိမိတို့ ကိုယ်တိုင်လည်း မသိနိုင်ဘူးလားမေးရင်? သိစေနိုင်တဲ့ သိအောင် ကျင့်ရမဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ဘုရားရှင် ကိုယ်တော်တိုင်က ချမှတ်ပေးသွားပါတယ်။

အကယ်၍များ မိမိတို့က ကျင့်လိုက်လို့ ဝိပဿနာပိုင်းက ပြောရင်တော့ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း ရောက်ရှိခဲ့မယ်ဆိုရင် အကြောင်းအားလျော်စွာ မိမိရဲ့ ဉာဏ်စွမ်းအပေါ်မှာ မူတည်ပြီးတော့ ဒီသဘောတရားတွေ သိတန်သလောက် သိပါတယ်။ အဲဒီထက် ရှေ့တစ်ဆင့်တက်လို့ မိမိတို့ ပုဗ္ဗေနိဝါသာနုဿတိလို့ ခေါ်တဲ့ ဒီအဘိညာဏ်ကို လေ့ကျင့်နိုင်တဲ့ စွမ်းအားရှိခဲ့ရင်တော့ ပိုပြီးတော့ ကွဲကွဲပြားပြား သိနိုင်တယ်။ တော်တော်ကြာ ယောက်ျားဖြစ်လိုက်၊ တော်တော်ကြာ မိန်းမဖြစ်လိုက်၊ တော်တော်ကြာ တိရစ္ဆာန်ဖြစ်လိုက်၊ တော်တော်ကြာ ငရဲရောက်လိုက်၊ တော်တော်ကြာ ခွေးဖြစ်လိုက်၊ တော်တော်ကြာ နွားဖြစ်လိုက်နဲ့ ဘဝတွေ ကျင်လည်ခဲ့ရတာ လှမ်းမျှော်ပြီး ကြည့်မယ်ဆိုရင် ဘယ်ဘဝပဲ ကြည့်ကြည့် ပဋိသန္ဓေနေရတဲ့ဒုက္ခ ရှိနေတယ်, အိုရတဲ့ဒုက္ခ ရှိနေတယ်, နာရတဲ့ဒုက္ခ ရှိနေတယ်, သေရတဲ့ဒုက္ခ ရှိနေတယ်, စိုးရိမ်ပူဆွေး ငိုကြွေးရတဲ့ဒုက္ခ, ကိုယ်ဆင်းရဲရတဲ့ဒုက္ခ, စိတ်ဆင်းရဲရတဲ့ဒုက္ခ, ပြင်းစွာပူပန်ရတဲ့ ဒုက္ခတွေ မရှိဘူးလား? ရှိနေကြတယ်။

ဒါကြောင့် ဘဝတစ်ခုကို သူတော်ကောင်းတို့ မျက်လုံးနဲ့ လှမ်းမျှော်ကြည့်လိုက်တဲ့ အချိန်ခါမှာ ဘဝသည် ဒုက္ခတွေ အထွတ်တပ်ထားတဲ့ ခန္ဓာအိမ်ကြီးတစ်ခုပဲဆိုတာ သူတော်ကောင်းတို့ဘက်က သဘောမပေါက်ဘူးလား? သဘောပေါက်သွားတယ်။ ဒါကြောင့် ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်း ခုလိုပေါ့လေ မင်္ဂလာတရားတွေကို နာကြားရတဲ့ အချိန်ခါမှာ မိမိတို့ရဲ့သန္တာန်မှာ ဒီလို မင်္ဂလာတရားတွေနဲ့ ပြည့်စုံအောင် ဘုရားရှင်ရဲ့ သာသနာတော်နဲ့ တွေ့ခိုက်မှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ နိဂုံးချုပ်အနေနဲ့ မြတ်စွာဘုရား ဒီမင်္ဂလာကို ဟောတော့မယ်နော်။ ဘယ်လို ဟောလဲ?

ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထမပရာဇိတာ။

သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။

ဆိုပြီးတော့ မင်္ဂလာတရားလေး ဟောလိုက်ပြီ။ ဒီတော့ ခုဟောနေတာက

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ၊ လောကဓံတွေနဲ့ တွေ့ကြုံရတဲ့အခါမှာ ရဟန္တာတို့ရဲ့ စိတ်ဓာတ်သည် တုန်လှုပ်ချောက်ချားမှု မရှိဘူး။

ဒါ တစ်ခု။

အသောက၊ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်သည် စိုးရိမ်ပူဆွေးမှု မရှိဘူး။ ဝိရဇ၊ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်သည် ကိလေသာမြူ အညစ်အကြေး ကင်းစင်နေတဲ့ စိတ်ဓာတ်ဖြစ်တယ်။ ခေမ၊ ရဟန္တာအရှင်မြတ်တို့ရဲ့ စိတ်ဓာတ်သည် ယောဂလေးပါးလို့ခေါ်တဲ့ ကိလေသာ ဘေးရန်တွေမှ လွတ်မြောက်နေတဲ့ စိတ်ဓာတ်ဖြစ်တယ်။

အဲဒီ စိတ်ဓာတ်သည် မင်္ဂလာအရှိဆုံး စိတ်ဓာတ်ဖြစ်ပါတယ်။ အဲဒီမှာ ခေမ = ဘေးရန်ကင်းတယ်။ နည်းနည်းလေး ထပ်ပြောမယ်။ သတ္တဝါတစ်ဦးရဲ့သန္တာန်မှာ ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂလို့ ခေါ်တဲ့ ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေ လူးလိမ်းပေကျံပြီး နေပြီ။ အဲဒီလို လူးလိမ်းပေကျံနေတဲ့ ဒီသတ္တဝါသည် ဘေးရှိတဲ့ သတ္တဝါပဲ။ ဘာဖြစ်လို့လဲ? ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေက သတ္တဝါတစ်ဦးကို အပါယ်လေးဘုံ ရောက်အောင်လည်း ပို့ဆောင်ပေးမယ်။ ၃၁-ဘုံမှ မလွတ်အောင်လည်း ချုပ်နှောင်ပြီး ထားလိုက်တယ်။ အပါယ်လေးဘုံ ရောက်မယ် ဆိုလို့ရှိရင် အပါယ်သံသရာဝဋ်ကြီးနဲ့ မတွေ့ရဘူးလား? တွေ့ရမယ်။ အပါယ်သံသရာ ဝဋ်ဆင်းရဲကြီးနဲ့ တွေ့ရတာ ဘယ်သူ့ကြောင့်လဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်ခါမှာ ဒီ ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေကြောင့် ဖြစ်တယ်။ ဒီလိုဆိုရင် ဒီရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေသည် အလွန် ကြောက်မက်ဖွယ် ကောင်းနေတဲ့ ဘေးဆိုးကြီးလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

နောက်တစ်ချက် - ကောင်းတဲ့ဘက် ကြည့်လိုက်ပေါ့။ ၃၁-ဘုံမှ သူက မလွတ်အောင်လည်း ဆွဲခေါ်ထားတယ်။ ချည်နှောင်ထားတယ်။ ယှဉ်တွဲထားတယ်။ ၃၁-ဘုံမှ မလွတ်မြောက်ခြင်းသည် ရာဂ ဒေါသ မောဟ ဒီကိလေသာ အညစ်အကြေးတွေ ဆွဲခေါ်ထားတဲ့ သံလိုက်ဓာတ်စွမ်းအင်ကြောင့် မလွတ်မြောက်ခြင်း ဖြစ်တယ်။ ၃၁-ဘုံမှ မလွတ်မြောက်ဘူးဆိုရင် မလွတ်မြောက်တဲ့ သတ္တဝါမှာ အိုဘေးဆိုးကြီးနဲ့လည်း တွေ့ရမယ်, နာဘေးဆိုးကြီးနဲ့လည်း တွေ့ရမယ်, သေဘေးဆိုးကြီးနဲ့လည်း တွေ့ရမယ်။ စိုးရိမ်ပူဆွေးမှု, ငိုကြွေးမှု, စိတ်ဆင်းရဲမှု, ကိုယ်ဆင်းရဲမှု, ပြင်းစွာပူပန်မှုဆိုတဲ့ ဘေးဆိုးကြီး ဒုက္ခအဝဝနှင့်လည်း မတွေ့ရဘူးလား? တွေ့ရလိမ့်မယ်။ ဒီလိုဆိုလို့ရှိရင် သံသရာ ဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီးအဝဝနဲ့ တွေ့အောင် ပို့ဆောင်ပေးနေတာ ဘယ်တရားတွေလဲလို့မေးရင် ရာဂ ဒေါသ မောဟ အစရှိတဲ့ ဒီကိလေသာ အညစ်အကြေးတွေပဲ ဖြစ်တယ်။ ဒါကြောင့် ဒီရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာ အညစ်အကြေးတွေသည် အလွန် ကြောက်မက်ဖွယ် ကောင်းနေတဲ့ ဘေးဆိုးကြီးလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒါကြောင့် ခုလို သာသနာနဲ့ တွေ့ခိုက် ရာဂ ဒေါသ မောဟ အစရှိတဲ့ ဒီကိလေသာ အညစ်အကြေး ဘေးဆိုးကြီးမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ မလိုဘူးလား? ဒါကြောင့် ဘုရားရှင်က တိုက်တွန်းတယ်။

ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထမပရာဇိတာ။

သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။

ဧတာဒိသာနိ၊ ဤကဲ့သို့ ရှုအပ်ကုန်သော သဘောရှိကြကုန်သော ၃၈-ဖြာ မင်္ဂလာတရားတို့ကို။ ကတွာန၊ လိုက်နာပြုကျင့်ကြကုန်သောကြောင့်။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော ရန်သူတို့၌။ မပရာဇိတာ၊ အရှုံးမခံကြရကုန်သည် ဖြစ်၍။ သဗ္ဗတ္ထ၊ ခပ်သိမ်းသော အခြင်းအရာတို့၌။ သောတ္ထိံ၊ ချမ်းသာခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ရှိကြရလေကုန်၏။ တံ၊ ထိုကဲ့သို့ ဘေးရန်ခပ်သိမ်းမှ လွတ်မြောက်ရခြင်းသည်။ တေသံ၊ ထိုပုဂ္ဂိုလ်တို့အဖို့။ မုတ္တမံ၊ ကောင်းမြတ်သော။ မင်္ဂလ၊ မင်္ဂလာ မည်ပါပေ၏။

ဆိုပြီးတော့ ဘုရားရှင်က ဟောထားတယ်။ အဲဒီမှာ သဗ္ဗတ္ထနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က လေးမျိုး ဖွင့်ထားပါတယ်။ ခန္ဓာဆိုတဲ့ ရန်သူ၊ ကိလေသာဆိုတဲ့ ရန်သူ၊ အဘိသင်္ခါရဆိုတဲ့ ရန်သူ၊ ဒေဝပုတ္တဆိုတဲ့ ရန်သူ။ မာရ်လေးပါး ဖွင့်ထားတယ်။ မာရ်ငါးပါး မဖွင့်ဘူး။ မာရ်လေးပါး ဖွင့်ထားတယ်ဆိုတာ ခန္ဓာငါးပါး ထင်ရှားရှိခဲ့ရင် ဒီခန္ဓာငါးပါးက လူသတ်သမားကြီးတွေပဲ။ တစ်နေ့ သတ်မှာပဲ။ ဒါကြောင့် သူတို့ဟာလည်း မာရလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

နောက် ကိလေသာ ထင်ရှား ရှိနေခဲ့ရင် သံသရာဝဋ်ဆင်းရဲမှ လွတ်နိုင်မလား? မလွတ်ခဲ့ရင် အဖန်ဖန် အထပ်ထပ် သေကျေပျက်စီးမှုတွေ မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ ဒါကြောင့် ကိလေသာတွေဟာ လူသတ်သမား ရန်သူတွေပဲ။ အဘိသင်္ခါရကံတွေ ကိလေသာကို အမှီပြုပြီးတော့ ကုသိုလ်ကံကို ထူထောင်ကြတယ်။ အကုသိုလ်ကံတွေ ထူထောင်ကြတယ်။ ဒီကံတွေက ကိလေသာအဖော်သဟဲတွေကို ရခဲ့ရင် ဘဝတစ်ခုကို အကျိုးပေးတော့မယ်။ အကျိုးပေးပြီဆိုရင် ထိုဘဝမှာ ပဋိသန္ဓေ နေရတဲ့ဒုက္ခ၊ အိုရတဲ့ဒုက္ခ၊ နာရတဲ့ဒုက္ခ၊ သေရတဲ့ဒုက္ခတွေ မရှိဘူးလား? ရှိနေတယ်။ ဒီလိုဆိုရင် ဒီကံတွေဟာ လူသတ်သမားတွေလို့ မပြောလို့မရဘူးလား? ရနိုင်တယ်။ အိုလို့မဆုံး၊ နာလို့မဆုံး၊ သေလို့မဆုံးနိုင်ဘူး။

နောက်တစ်ခု ဒေဝပုတ္တမာရ်။ မိုးနတ်သားမာရ်နတ်မင်းကလည်း သတ္တဝါတွေကို လိုက်ပြီး မနှောင့်ယှက်ဘူးလား? နှောင့်ယှက်တယ်။ ဘယ်လို နှောင့်ယှက်လဲ? ၃၁-ဘုံမှ ကျွတ်အောင်လွတ်အောင် ရုန်းကန်နေတဲ့ ပုဂ္ဂိုလ်တွေကို ၃၁-ဘုံမှ မကျွတ်အောင် မလွတ်အောင် သူက နည်းအမျိုးမျိုးနဲ့ ဖြားယောင်းတတ်တယ်။ ဒါကြောင့် အဲဒီမင်္ဂလာတရား ၃၈-ပါးကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တတ်တဲ့ ပုဂ္ဂိုလ်တွေကို ဒီမာရ်လေးပါးလို့ ခေါ်ဆိုအပ်တဲ့ ရန်သူတွေက နှောင့်ယှက်ဖျက်ဆီးနိုင်တဲ့ စွမ်းအား ရှိသေးလား? မရှိတော့ဘူး။ မရှိတဲ့အတွက် ထိုပုဂ္ဂိုလ်တွေသည် ချမ်းသာတဲ့နေရာကို ရောက်ရှိသွားမယ်။ မင်္ဂလာတရား ၃၈-ပါးနဲ့သာ ပြည့်စုံပါစေ ထိုသူတော်ကောင်းသည် ချမ်းသာရာအစစ် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကြီးကို မရောက်ရှိနိုင်ဘူးလား? ရောက်ရှိနိုင်မယ်လို့ မြတ်စွာဘုရားက ဒီလို တရားနိဂုံးချုပ်ထားတယ်။

အဲဒီတော့ ဒီနေရာမှာ မင်္ဂလာတရားတော့ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ မင်္ဂလာတရား ပြီးဆုံးသွားတဲ့ အချိန်ခါမှာ ထိုနေ့ညမှာတင် ကုဋေတစ်သိန်းကုန်သော နတ်ဗြဟ္မာတွေက အရဟတ္တဖိုလ် ဆိုက်ရောက်သွားကြတယ်။ သောတာပန် တည်တဲ့ပုဂ္ဂိုလ်၊ သကဒါဂါမ် တည်တဲ့ပုဂ္ဂိုလ်၊ အနာဂါမ် တည်တဲ့ပုဂ္ဂိုလ်တွေ အရေအတွက်ကတော့ အသင်္ချေယျ ဆိုပြီးတော့ အဋ္ဌကထာက ဒီလို ဖော်ပြထားပါတယ်။ မရေမတွက်နိုင်အောင် များပြားသွားတယ်။ ထိုအချိန်အခါမှာ နောက်တစ်နေ့ မြတ်စွာဘုရားက ဒီမင်္ဂလသုတ်ကို ရှင်အာနန္ဒာမထေရ်မြတ်အား သင်ပေးပါတယ်။ သင်ပေးပြီးတဲ့ အချိန်အခါမှာ ရဟန်းတွေကို တစ်ဆင့် သင်ကြားပို့ချရန်အတွက် အမိန့်ရှိလိုက်တယ်။ အမိန့်ရှိလိုက်တဲ့အတွက် အရှင်အာနန္ဒာကိုယ်တော်မြတ်ကလည်း တစ်ဆင့် ရဟန်းတော်များကို သင်ကြားပို့ချပေးပါတယ်။

ဒါကြောင့် ဒီမင်္ဂလသုတ်တရားတော်သည် ယနေ့ သာသနာတော်အထိ ဆက်လက်ပြီး တည်တံ့နေပါတယ်။ မင်္ဂလာတရားက အားလုံးပေါင်းလိုက်တော့ ၃၈-ပါး။ အဲဒီ မင်္ဂလာတရား ၃၈-ပါးက မကောင်းဘူးလား? ကောင်းတယ်။ အဲဒီ မင်္ဂလာတရား ၃၈-ပါး ဒကာကြီးတွေကိုယ်မှာ မတည်ချင်ကြဘူးလား? တည်ချင်တယ်။ ၃၈-ပါးလုံး ပြိုင်တူတည်ချင်တာလား၊ တစ်ပါးစီ တစ်ပါးစီ တည်ချင်တာလား? ဟင်။ ၃၈-ပါးလုံး ပြိုင်တူ မတည်ချင်ဘူးလား ဟင်? တည်ချင်တယ်။ အဲ နည်းနည်းလေး စဉ်းစားပြောနော်။ ဘုန်းကြီးက စဉ်းစားစေချင်လို့ပါ။

ဘုန်းကြီး ဒီကျောင်းရောက်စတုန်းက ဆိုကြပါစို့ ... ဒကာကြီးတစ်ဦးက ဘုန်းကြီး ဆွမ်းခံ ပြန်လာပြီဆိုရင် နောက်ကနေ အမြဲလိုက်လာပြီးတော့ ဆွမ်းကပ်တယ်၊ ဝေယျာဝစ္စ လုပ်တယ်။ ဘုန်းကြီး ဆွမ်းစားပြီ ဆိုရင် အသံနေ အသံထားနဲ့ ဘုရားမှာ သေသေချာချာ ကျကျနန သွားရှိခိုးတယ်။ ရှိခိုးပြီးတဲ့ အချိန်ခါမှာ သူက ဆုတောင်းလေ့တစ်ခု ရှိပါတယ်။ ဒီဆုတောင်းလေးက ဘုန်းကြီးတို့ ငယ်စဉ်ကလည်း ကြားဖူးနေတဲ့ ဆုတောင်းလေးပဲ။ ဘာလဲ အဲဒီ ဆုတောင်း။ ဆုတောင်းတွေ အများကြီးထဲက ဒီနေရာနဲ့ဆိုင်တဲ့ ဆုတောင်းတစ်ခုကတော့ “၃၈-ဖြာ မင်္ဂလာကို မကွာကိုယ်၌ မြဲစေသောဝ်” ဟုတ်ပြီလား ကြားဖူးကြလား? အဲ ၃၈-ဖြာ မင်္ဂလာကို ကိုယ်က မကွာ မြဲချင်ကြတယ်။ မမြဲချင်ဘူးလား? မြဲချင်နေတယ်။

အဲဒီမှာ ပြန်စဉ်းစားကြည့် - ပုတ္တဒါရဿ သင်္ဂဟော = သားမယားတို့ကို ပြုစုလုပ်ကျွေးခြင်း မင်္ဂလာလို့ ဘုရား ဟောထားတယ်။ အဲဒီမင်္ဂလာနဲ့လည်း မပြည့်စုံချင်ဘူးလား? ဟင် အဲ ခုနောက်ဆုံး မင်္ဂလာက ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿနကမ္ပတိ = ရဟန္တာအရှင်မြတ်တွေရဲ့ စိတ်ဓာတ်သည် လောကဓံတရားတွေနဲ့ တွေ့တဲ့အခါ တုန်လှုပ်မှု မရှိဘူး။ အဲဒီ မင်္ဂလာနဲ့လည်း မပြည့်စုံချင်ဘူးလား? အဲဒီတော့ သားမယားလည်း ပြုစုလုပ်ကျွေးချင်တယ်။ ရဟန္တာလည်း ဖြစ်ချင်တယ်ဆို ရပါ့မလား? ဟင် နည်းနည်းလေး စဉ်းစားပြီးတော့ ဆုတောင်းကြနော်။

ဒါကြောင့် ဒီနေရာမှာ သူက ဘာပြောသလဲလို့ မေးရင်တော့ ဒီမင်္ဂလာတရားတွေက ပစ္စုပ္ပန် တမလွန် လောကုတ္တရာလို့ ခေါ်တဲ့ သုံးမျိုးသော အကျိုးစီးပွားကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိပါတယ်။ ပစ္စုပ္ပန် ကြီးပွား ချမ်းသာရေး၊ တမလွန် ကြီးပွား ချမ်းသာရေး၊ လောကုတ္တရာခေါ်တဲ့ နိဗ္ဗာန် ရရှိရေး သုခချမ်းသာကြီးတွေကို ရွက်ဆောင်ပေးနိုင်တဲ့အတွက် ထိုမင်္ဂလာတရားတွေနဲ့ ပြည့်စုံချင်တဲ့ သူတော်ကောင်းသည် ဘာလုပ်ရမလဲ?

လူမိုက်ကို ပေါင်းသင်းဆက်ဆံခြင်းကို စွန့်လွှတ်ရမယ်။ ပညာရှိ သူတော်ကောင်းတွေကို မှီဝဲရမယ်။ ပူဇော်သင့် ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်ကို ပူဇော်ရမယ်။ အဲ ရှေးကံလေးက ပင့်တင်လိုက်မယ်ဆိုရင် ပတိရူပဒေသဝါသ ခေါ်တဲ့ ရတနာသုံးပါး ထွန်းကားရာအရပ်မှာ လူလာဖြစ်မယ်။ ရှေးက ပြုခဲ့ဖူးတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း အထောက်အပံ့ဖြစ်တဲ့ ကောင်းမှုကုသိုလ်ကလည်း ရှိခဲ့မယ်ဆိုရင် ထိုကောင်းမှုကုသိုလ်တွေက လှုံ့ဆော် တိုက်တွန်းလိုက်တဲ့ အချိန်ခါမှာ မိမိမှာ အတ္တသမ္မာပဏီတိစက်လို့ ခေါ်တဲ့ မင်္ဂလာတရားနဲ့ ပြည့်စုံလာလိမ့်မယ်။ မိမိရဲ့ ကိုယ် စိတ် နှလုံး သုံးပါးလုံးကို အကုသိုလ်တရားတွေ ဝင်ရောက်ပြီး နှောင့်ယှက်နိုင်တဲ့ စွမ်းအား မရှိအောင် ဖြူဖြူစင်စင် ဖြောင့်ဖြောင့်မတ်မတ် ထားနိုင်တဲ့ စွမ်းအားတွေ ပေါ်လာမယ်။ ပေါ်လာလိုက်တဲ့ အချိန်ခါမှာ မိမိက ဘာလုပ်မလဲ?

ရှေ့တစ်ဆင့်တက်ပြီးတော့ ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိအောင်၊ အကြောင်းတရားနဲ့တကွ ထိုရုပ်နာမ်တို့ရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေ သိအောင် ပညာရှိသူတော်ကောင်းတို့ထံ ချဉ်းကပ်ပြီးတော့ မိမိက သင်ယူရမယ်။ သင်သိအနေနဲ့ သင်ယူပြီးတဲ့ အချိန်ခါမှာ ကျင့်သိအနေနဲ့ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို သိအောင် ကြိုးစားရတယ်။ အကြောင်းတရား အကျိုးတရားတွေကို သိအောင် ကြိုးစားရတယ်။ ဗဟုသစ္စ မင်္ဂလာနဲ့ ပြည့်စုံအောင် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားနေတဲ့ အချိန်ခါမှာ မိမိတို့ လူ့လောကမှာ နေထိုင်နေဦးမယ်ဆိုရင် အသက်မွေးဝမ်းကျောင်းနှင့် ဆက်စပ်နေတဲ့ သိပ္ပခေါ်တဲ့ အတတ်ပညာလေးတွေကိုလည်း အထိုက်အလျောက် သင်ယူရမယ်။ ဝိနယခေါ်တဲ့ လူ့ဝိနည်း လူ့ကျင့်ဝတ်၊ ရဟန်းဝိနည်း ရဟန်းကျင့်ဝတ်ဆိုတဲ့ မင်္ဂလာတရားနဲ့ ပြည့်စုံအောင် ကြိုးစားရပါတယ်။ လူ့ဝိနည်း လူ့ကျင့်ဝတ်၊ ရဟန်းဝိနည်း ရဟန်းကျင့်ဝတ်ဖြင့် မိမိရဲ့ခန္ဓာကိုယ် အတ္တဘောကြီးကို တင့်တယ်သွားအောင် မိမိက တန်ဆာဆင်ပေးရမယ်။

အဲဒီ သီလနဲ့သာ တန်ဆာဆင်ရမလားဆို မဟုတ်သေးဘူး။ ခုနက ဗဟုသစ္စဆိုတဲ့ မင်္ဂလာတရားနဲ့ ပြည့်စုံသွားအောင် မိမိရဲ့ ခန္ဓာကိုယ်ကို တန်ဆာ ဆင်ပေးရတယ်။ တန်ဆာဆင်ပေးပြီးတဲ့အခါ ဝိနည်းကျင့်ဝတ်နဲ့ လျော်ညီနေတဲ့ စကားတွေကို မိမိက ပြောတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ဆက်လက်ပြီးတော့ ကြိုးစားရတယ်။ ကြိုးစားလိုက်တဲ့အခါမှာ ယာဝဂီဟိ ဘာဝန ဝိဇ္ဇာဟံတိတဲ့။ ဒကာကြီးတွေအကြိုက် ဖွင့်ပေးဟန် တူပါတယ်။ လူ့ဘဝကို မိမိက စွန့်ခွာနိုင်တဲ့ စွမ်းအင်က မရှိသေးဘူး။ မရှိသေးသမျှ ကာလပတ်လုံး မိဘတွေကို ရိုသေစွာ ပြုစုလုပ်ကျွေးရမယ်။ ဒါက ကြွေးဟောင်းကို ဆပ်တာ။ နောက်တစ်ခု သားမယားတွေကိုလည်း ပြုစုလုပ်ကျွေးရမယ်။ ဒါက ကြွေးသစ်ချတာပဲ။ အဲဒီ ကြွေးဟောင်းဆပ်ခြင်း၊ ကြွေးသစ်ချခြင်းဆိုပြီးတော့ နောက်တစ်ခုဘာလဲ?

ရောယှက်ရှုတ်ထွေးခြင်း မရှိတဲ့ ကုသိုလ်ကောင်းမှု လုပ်ငန်းရပ်တွေ ပြုလုပ်ပြီးတော့ မိမိက ဘာလုပ်ရမလဲ? ရွှေအိုးကို မြှုပ်နှံပေးရမယ်။ စည်းစိမ်ဥစ္စာတွေကို ပြည့်စုံအောင် ကြိုးစားအားထုတ်ရမယ်။ ကြိုးစားအားထုတ်လိုက်တဲ့ အချိန်အခါမှာ မိမိက စည်းစိမ်ဥစ္စာတွေ ပြည့်စုံလာပြီဆိုရင် ဘာလုပ်ရမလဲ? ဒါနတည်းဟူသော ရွှေအိုးကို ထပ်ပြီးတော့ မြှုပ်နှံရမယ်။ ဓမ္မစရိယခေါ်တဲ့ တရားတော်ကို လက်တွေ့ကျခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေကို ဆက်လက်ပြီးတော့ ကျင့်ရမယ်။ တရားနဲ့လျော်ညီနေတဲ့ အသက်မွေးဝမ်းကျောင်းတွေကို မိမိတို့က ပြုစုပျိုးထောင်ပေးရမယ်။ ဆွေမျိုးသားချင်းတွေကို ချီးမြှောက်ပေးရမယ်။ မိမိရဲ့ ပရိသတ်တွေကို ချီးမြှောက်ပေးရမယ်။ ချီးမြှောက်ပြီးတဲ့ အချိန်ခါမှာ သူတစ်ပါးတွေကိုလည်း မိမိက တတ်အားသမျှ အလှူဒါနတွေ ပြုပြီးတော့ အကျိုးစီးပွားရှိအောင် ရွက်ဆောင်ပေးရမယ်။ မကောင်းမှု အကုသိုလ်တွေမှ မိမိက ရှောင်ကြဉ်ရမယ်။ သူတစ်ပါးကို သတ်ဖြတ်ခြင်း အစရှိတဲ့ မကောင်းမှု အကုသိုလ်တွေ၊ သေရည်သေရက် သောက်စားခြင်းဆိုတဲ့ မကောင်းမှု အကုသိုလ်တွေကို ရှောင်ကြဉ်ပြီးတဲ့ အချိန်ခါကျတော့ သံသရာ ဝဋ်ဆင်းရဲမှ မိမိကို ညှဉ်းပန်းနှိပ်စက်မဲ့ အကုသိုလ်တရားတွေပါ အားလုံးကို ရှောင်ကြဉ်ပြီးတော့ ဘာဖြစ်လဲ? သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ကောင်းမှု ကုသိုလ်တရားတွေကို မမေ့မလျော့ခြင်းဆိုတဲ့ အပ္ပမာဒတွေ တိုးပွားအောင် ကြိုးစားအားထုတ်ရတယ်။

အဲဒီလို တိုးပွားလိုက်တဲ့အခါ ကုသိုလ်တရားတွေက တဖြည်းဖြည်း ရင့်ကျက်လာပြီ ဆိုကြစို့။ ရင့်ကျက်လာတဲ့ အချိန်ခါမှာ ဘာလုပ်သလဲ? လူအသွင်ကို စွန့်လွှတ်ပြီးတော့ ရဟန်းအဖြစ်နဲ့ ရပ်တည်အောင် ကြိုးစားရမယ်နော်။ ရှင်ရဟန်းအဖြစ်နဲ့ ရပ်တည်ပြီးတော့ ဘာဖြစ်လဲ? ဘုရားရှင်ရဲ့ သာသနာတော်မှာ ကျင့်သင့်ကျင့်ထိုက်တဲ့ ဘုရားရှင်တွေ၊ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တွေ၊ ဘုရားရှင်ရဲ့ တပည့်သာဝကတွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သွားတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို မိမိက စနစ်တကျ ကျင့်ပြီးတော့ ဂါရဝတရား၊ နိဝါတတရားဆိုတဲ့ မင်္ဂလာတွေနဲ့ ပြည့်စုံအောင် ဆက်လက်ပြီးတော့ သာသနာတော်မှာ ကျင့်ဝတ်ပဋိပတ်တွေကို ကျင့်ပြီး နေထိုင်ရမယ်။ နေထိုင်တဲ့ အချိန်ခါမှာလည်း သန္တုဋ္ဌိခေါ်တဲ့ ပစ္စည်းလေးပါးနဲ့ ပတ်သက်ပြီးတော့ ရောင့်ရဲလွယ်တဲ့စိတ်ထား ရှိရမယ်။ ပစ္စည်းလေးပါးအပေါ်၌ တွယ်တာမက်မောတဲ့ စိတ်ထားတွေကို ပယ်စွန့်ရမယ်။

သူတစ်ပါး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို သိတတ်ခြင်းဆိုတဲ့ သူတော်ကောင်းတို့ရဲ့ ဘုံမှာ ရပ်တည်ပေးရမယ်။ တရားတွေကို နာကြားရမယ်။ တွန့်ဆုတ်နေတဲ့ စိတ်ထားတွေကို ပယ်စွန့်ပေးရမယ်။ သည်းခံခြင်းဆိုတဲ့ အဓိဝါသန ခန္တီတရားတွေနဲ့ ပြည့်စုံအောင် ကြိုးစားရမယ်။ ကိလေသာ ရန်သူအားလုံးကို လွှမ်းမိုး ဖိစီးနိုင်အောင် မိမိက သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ရမယ်။ ဆိုဆုံးမ လွယ်ကူတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။ ကိုးကွယ်အားထားရာရှိတဲ့ နာထတရားတွေနဲ့ ပြည့်စုံနေတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်နေတဲ့ သူတော်ကောင်း ဖြစ်ရမယ်။ ရဟန်းတွေကို ဖူးမြော်ပေးရမယ်။ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်ဆိုတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို တကယ် လုံ့လကြိုးကုတ် အားထုတ်နေတဲ့ ရဟန်းတော်အရှင်မြတ်တွေကို မိမိက ဖူးမြော်ပေးရမယ်။ ထိုပုဂ္ဂိုလ်တွေနဲ့ တရားဆွေးနွေးပေးရမယ်။ ယုံမှားသံသယ ဖြစ်ပေါ်နေတဲ့ အရာဌာနတွေမှာ ယုံမှားသံသယတွေကို ဖျောက်ဖျက်ပေးရမယ်။ ဣန္ဒြေတွေကို လုံခြုံအောင် စောင့်ထိန်းခြင်းဖြင့် မိမိရဲ့သီလကို စင်ကြယ်အောင် ရဟန်းတရားတွေကို တကယ်လက်တွေ့ ကျင့်ပြီးတော့ စိတ္တဝိသုဒ္ဓိခေါ်တဲ့ သမာဓိတွေရအောင် ကြိုးစားအားထုတ်ရတယ်။

အဲဒီကနေ တစ်ဆင့်တက်ပြီးတော့ ဝိပဿနာဉာဏ်တွေရအောင်၊ ဝိသုဒ္ဓိကျင့်စဉ်တွေ ပြည့်စုံအောင် ဖြူစင်လာအောင် ကြိုးစားအားထုတ်ရတယ်။ ကြိုးစားပေးလိုက်တဲ့ အချိန်ခါမှာ နောက်ဆုံး ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာပြီ ဆိုလို့ရှိရင် မိမိလည်း အရိယသစ္စာလေးပါးကို လောကုတ္တရာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် မြင်လိမ့်မယ်။ အဲဒီအခါမှာ အရိယသစ္စာန ဒဿနံဆိုတဲ့ မင်္ဂလာတရားတွေနဲ့ ပြည့်စုံလာမယ်။ ပြည့်စုံလာတဲ့ အချိန်ခါမှာ ရှေ့တစ်ဆင့်တက်ပြီး ကြိုးစားအားထုတ်မယ်ဆိုရင်တော့ မိမိက နောက်ဆုံး ပါရမီအားလျော်စွာ အရဟတ္တဖိုလ်အထိ ဆိုက်သွားမယ်။ အရဟတ္တဖိုလ်အထိ ဆိုက်ပြီဆိုရင် ခုညနောက်ဆုံး ဟောခဲ့တဲ့ လောကဓံတရားတွေနဲ့ တွေ့ကြုံတဲ့ အချိန်ခါမှာ တုန်လှုပ်ချောက်ချားမှု မရှိတဲ့ စိတ်ဓာတ်၊ ကိလေသာမြူ အညစ်အကြေးတွေ ကင်းစင်နေတဲ့ စိတ်ဓာတ်၊ စိုးရိမ်ပူဆွေး ငိုကြွေးနေတဲ့ စိတ်ဓာတ်၊ ကိလေသာဘေးတွေ ကင်းဝေးနေတဲ့စိတ်ဓာတ်။ ဒီစိတ်ဓာတ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းအဆင့်သို့ ရောက်ရှိသွားမယ်။ ထိုအချိန်အခါမှာ မိမိဟာ အရဟတ္တဖိုလ် ဆိုက်သွားပြီ ဖြစ်တဲ့အတွက် ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်၌ အိုနာသေရေး ဒုက္ခဘေးတို့မှ ကွင်းလုံးကျွတ် လွတ်မသွားဘူးလား? လွတ်သွားမယ်။

ဒါကြောင့် ဒီနေ့ တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ၃၈-ဖြာမင်္ဂလာထဲက မိမိတို့ စွမ်းအားရှိသလောက် မင်္ဂလာတွေ အထူးသဖြင့် အရဟတ္တဖိုလ်အထွတ်တပ်ထားတဲ့ မင်္ဂလာတွေကို ရှေးသူတော်ကောင်းတို့ရဲ့ ထုံးဟောင်းကို အတုလိုက်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်း ကဲ တရားသိမ်းကြရအောင်နော် ...

တရားဒေသနာတော်နိဂုံး

ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။

တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။

သန္တော၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့သည်။ ဂမ္ဘီရစိန္တကာ၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။ ကာမေ၊ ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။ ဟိတွာ၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည်ဖြစ်၍။ ပဗ္ဗဇိံသု၊ ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြလေကုန်ပြီ။ တုမှေပိ၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။ ပဗ္ဗဇိတာ၊ ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက်ကြကုန်သည်ဖြစ်၍။ သုပေသလာ၊ စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည်ဖြစ်၍။ တေ၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။ အနုသိက္ခာဝှေါ၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း ...။

သာဓု သာဓု သာဓုပါဘုရား ...

kr2vqavwnvawoyho9os82k9qwsa9vrl
ဥပသေနသုတ်
0
6334
22041
2026-06-09T04:45:37Z
Tejinda
173
"{{header | title = ဥပသေနသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[မင်္ဂလသုတ်-၉၇/၉၇]] | previ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
22041
wikitext
text/x-wiki
{{header
| title = ဥပသေနသုတ်
| author = ဖားအောက်တောရဆရာတော်
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = '''စာစစ်ရန် လိုအပ်သည်'''
| previous = [[မင်္ဂလသုတ်-၉၇/၉၇]]
| previous2 =
| next = [[]]
| next2 =
| year =
| notes =
| edition =
| categories = ဖားအောက်တောရ
| shortcut =
| portal =

ဥပသေနသုတ္တန်-ပထမပိုင်း

၁၃၅၉-ခုနှစ် တော်သလင်းလဆန်း (၄)ရက်နေ့၌ ဟောကြားအပ်သော ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော်မှာ လာရှိတဲ့ ဥပသေနသုတ္တန်-တရားဒေသနာတော် ဖြစ်ပါတယ်။ ထိုဒေသနာတော်ကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ဟောကြားတော်မူခဲ့ပါတယ်။ ဒီဒေသနာတော်ကို ဘုန်းကြီး ဒီညဟောဖို့ ရွေးချယ်လိုက်ရတာက သတ္တဝါတစ်ဦးအတွက် သေဘေးကြုံတဲ့အချိန်အခါမှာ သက်လုံကောင်းဖို့ လိုတယ်ဆိုတာလေး သဘောပေါက်စေချင်လို့။ ကောင်းမှုကုသိုလ် ဒါနသော်လည်းကောင်း၊ သီလသော်လည်းကောင်း၊ သမထဘာဝနာသော်လည်းကောင်း၊ ဝိပဿနာဘာဝနာသော်လည်းကောင်း ပွားများအားထုတ်တာမှန်သော်လည်း သက်လုံကောင်းလောက်အောင် အားကိုးစိတ်ချရတဲ့ ကောင်းမှုကုသိုလ်ကံမျိုး မဖြစ်ခဲ့ဘူးဆိုရင် သက်လုံကောင်းတယ်လို့ မပြောနိုင်ဘူး။

ကျိန်းသေတဲ့ ကံမျိုးကို ဒီနေ့ သာသနာတော်တွင်းမှာ လူဖြစ်လာရတဲ့ သူတော်ကောင်းတွေအဖို့ ထူထောင်နိုင်တဲ့ စွမ်းအားတွေ ရှိကြပါတယ်။ ထိုစွမ်းအားကြီးတွေကို အလဟသတ် ဖြုန်းတီးမှု မဖြစ်စေချင်တဲ့အတွက် ဒီည ဥပသေနသုတ္တန်ကို ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားပါတယ်။ ကဲ နာကြားကြည့်ရအောင်။

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။

ဧကံ သမယံ၊ အခါတစ်ပါး၌။ ဘဂဝါ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူသော မြတ်စွာဘုရားသည်။ ရာဇဂဟေ၊ ရာဇဂြိုဟ်မြို့၌။ ကလန္ဒကနိဝါပေ၊ ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာဖြစ်သော။ ဝေဠုဝနေ၊ ဝေဠုဝန်ကျောင်းတိုက်တော်၌။ ဝိဟရတိ၊ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်ပေ၏။

မြတ်စွာဘုရား... ဒီသုတ္တန်ဟောတော်မူမယ့် အချိန်အခါလေးကို အရှင်အာနန္ဒာကိုယ်တော်မြတ်က နိဒါန်းသွယ်ပြီးတော့ လျှောက်ထားနေတယ်။ ရှဉ့်နက်တွေကို အစာကျွေးပြီး မွေးမြူရာဖြစ်တဲ့ ကလန္ဒကနိဝါပလို့ ခေါ်ဆိုအပ်တဲ့ ရာဇဂြိုဟ်မြို့မှာ ထင်ရှားတဲ့ ဗိမ္မိသာရမင်းကြီးရဲ့ ကောင်းမှုကုသိုလ်တော်ဖြစ်တဲ့ ဝေဠုဝန်ကျောင်းတိုက်တော်မှာ ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည် သီတင်းသုံးစံနေတော်မူခိုက် ဖြစ်ပါတယ်။ ထိုအချိန်ခါမှာ ဘာဖြစ်လာမလဲ?

အထ ခေါ အာယသ္မတော ဥပသေနဿ ဝင်္ဂန္တပုတ္တဿ ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ

အထခေါ၊ ထိုအခါ၌။ အာယသ္မတော ဥပသေနဿ ဝင်္ဂန္တပုတ္တဿ၊ ဝင်္ဂန္တပုဏ္ဏား၏သားဖြစ်သော အရှင်ဥပသေနမထေရ်မြတ်၏သန္တာန်၌။ ရဟောဂတဿ၊ ဆိတ်ငြိမ်ရာအရပ်သို့ချဉ်းကပ်လျက်။ ပဋိသလ္လီနဿ၊ တစ်ပါးထီးတည်း သမာပတ်ဝင်စားလျက် လဲလျောင်းလျက်နေစဉ်။ ဧဝံ စေတသော ပရိဝိတက္ကော၊ ဤသို့သော စိတ်အကြံအစည်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။

ဝင်္ဂန္တပုဏ္ဏားရဲ့ သားဖြစ်တဲ့ အရှင်ဥပသေနမထေရ်မြတ်ရဲ့သန္တာန်မှာ အကြံအစည်တစ်ခု ဖြစ်ပေါ်လာတယ်။ ဘယ်အခါလဲလို့မေးတော့ နေ့အခါမှာ တစ်ပါးထီးတည်း ဆိပ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်ပြီး အရဟတ္တဖိုလ် ဖလသမာပတ်ကို ဝင်စားလျက် ကိန်းအောင်း စံနေတော်မူစဉ် အရဟတ္တဖိုလ် သမာပတ်မှအထ စိတ်အကြံအစည်တစ်ခု ပေါ်လာတယ်။ ဒီတော့ ဒီဝင်္ဂန္တပုဏ္ဏားရဲ့ သားဖြစ်တဲ့ အရှင်ဥပသေနမထေရ်ဆိုတာက ဘယ်လိုပုဂ္ဂိုလ်လည်းဆိုတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးရဲ့ ညီတော်တစ်ဦး ဖြစ်ပါတယ်။ ဒီတော့ ဒီအရှင်ဥပသေနမထေရ်သည် မိမိရဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ရေးအတွက် သို့မဟုတ် သေဘေးကြုံတဲ့အခါမှာ သက်လုံကောင်းဖို့အတွက် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကြိုးစားအားထုတ်ခဲ့သလဲ?

ဒီအပိုင်းလေးကို ဘုန်းကြီးက အတုယူစေချင်လို့ပါ။ အရှင်သာရိပုတ္တရာရဲ့ ညီထွေးဖြစ်ပါတယ်။ မြတ်စွာဘုရား သာသနာတော်မှာ ဝင်ရောက်ပြီးတော့ ရှင်ရဟန်းပြုတယ်။ ရှင်ရဟန်းပြုပြီးတဲ့ အချိန်အခါမှာ—

အပညတ္တေ သိက္ခာပဒေ ဥပသမ္ပဒါယ ဒွိဝေဿာ ဥပဇ္ဈာယော ဟုတွာ ဧကံ ဘိက္ခုံ ဥပသမ္ပာဒေတွာ တေန သဒ္ဓိံ ဘဂဝတော ဥပဋ္ဌာနံ ဂတော၊

အကြောင်းလေးတစ်ခု တစ်နေ့ပေါ်လာတယ်နော်။

သာသနေ၊ ဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌။ ပဗ္ဗဇ္ဇေတွာ၊ ရှင်ရဟန်းပြုပြီးနောက်။ အပညတ္တေ သိက္ခာပဒေ၊ သိက္ခာပုဒ် မပညတ်ရသေးမီ အချိန်အခါကာလ၌။ ဥပသမ္ပဒါယ၊ ရဟန်းပဉ္စင်းဖြစ်ပြီးနောက်။ ဒွိဝေဿာ၊ (၂) ဝါရှိလျက်။ ဥပဇ္ဈာယော၊ ဆရာဥပဇ္ဈာယ်သည်။ ဟုတွာ၊ ပြု၍။ ဧကံ ဘိက္ခုံ၊ ရဟန်းတစ်ပါးကို။ ဥပသမ္ပာဒေတွာ၊ ရဟန်းပဉ္စင်းခံပေးပြီး၍။ တေန သဒ္ဓိံ၊ ထိုရဟန်းပဉ္စင်းနှင့်အတူ။ ဘဂဝတော၊ မြတ်စွာဘုရားအား။ ဥပဋ္ဌာနံ၊ ချဉ်းကပ် ခစားခြင်းသို့။ ဂတော၊ ရောက်ရှိ၍ လာခဲ့လေပြီ။

သာသနာတော်မှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို အကြောင်းပြုပြီးတော့ ညီတော်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုကြပါတယ်။ အားလုံးပဲ။ အဲဒီတော့ ညီငယ်တွေက သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်းပြုပြီးတဲ့အထဲမှာ ဒီအရှင်ဥပသေနမထေရ်လည်း တစ်ပါး အပါအဝင် ဖြစ်ပါတယ်။ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုပြီးတဲ့နောက် နှစ်ဝါမြောက်လောက် ရောက်တဲ့အချိန်အခါမှာ ဘုရားရှင်ကလည်း နိသီဒနသန္ထတ သိက္ခာပုဒ်ဆိုပါတော့။ ဒီသိက္ခာပုဒ်ကိုလည်း မပညတ်ရသေးဘူး။

နောက်တစ်ခု – (၁၀)ဝါ မပြည့်ဘဲနဲ့ ဥပဇ္ဈာယ်ဆရာပြု၍ ရှင်ပြုမပေးရ၊ ရဟန်းပြုမပေးရ စသည်ဖြင့် ဒီလို သိက္ခာပုဒ်တွေလည်း မပညတ်ရသေးဘူး။ အဲဒီလို သိက္ခာပုဒ် မပညတ်ရသေးမီ အချိန်ကာလတစ်ခုအတွင်းမှာ ရဟန်း (၂)ဝါရတဲ့ အချိန်အခါမှာ တခြား ပဉ္စင်းလောင်းတစ်ပါးကို မိမိက ဥပဇ္ဈာယ်ဆရာပြုပြီးတော့ ရဟန်းခံပေးလိုက်တယ်။ ရဟန်းပဉ္စင်း ပြုပေးပြီးတော့ ထိုရဟန်းငယ်နှင့်အတူ ရဟန်းသစ်ဖြစ်တဲ့ ရဟန်းငယ်လေး ခေါ်ဆောင်လျက် ဘုရားရှင်ထံသို့ ချဉ်းကပ်ဖို့ ရောက်ရှိလာတယ်။ ချဉ်းကပ်ဖို့ ရောက်ရှိလာတဲ့ အချိန်အခါမှာ ဘုရားရှင်တို့ရဲ့ ဓမ္မတာအတိုင်း သိလျက်နဲ့လည်း မေးတော်မူတယ်။ သိလျက်နဲ့လည်း မမေးတော်မူဘူး။ ဒီအချိန်အခါမှာ ဘုရားရှင်က ဒီရဟန်းနဲ့ သင်နဲ့ ဘယ်လိုတော်စပ်သလဲစသည်ဖြင့် ဒီလိုမေးခွန်းတွေ မေးလိုက်တဲ့ အချိန်အခါမှာ တပည့်တော်က ဥပဇ္ဈာယ်ဆရာဖြစ်တယ်။ ဒီရဟန်းလေးက တပည့်တော်ရဲ့ တပည့်ဖြစ်ပါတယ် စသည်ဖြင့် တင်ပြလျှောက်ထားတော့ ဘုရားရှင်က ဘာအမိန့်ရှိလဲ?

အတိလဟုံ ခေါ တွံ၊ မောဃပုရိသ၊ အာဝတ္တော ဗာဟုလ္လာယ၊ ယဒိဒံ ဂဏဗန္ဓိယ။

မောဃပုရိသတဲ့ မဂ်ဖိုလ်နိဗ္ဗာန်မှ အချည်းနှီးဖြစ်တဲ့ယောက်ျားတဲ့ မြတ်စွာဘုရားမကြိုက်တဲ့အခါမှ ဒီစကားသုံးတယ်။ အဲဒီစကားကို ဘယ်လိုပုဂ္ဂိုလ်တွေအတွက်သုံးသလဲလို့မေးတော့ အဋ္ဌကထာကနှစ်မျိုး ဖွင့်ထားပါတယ်။ တစ်မျိုးကတော့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် မရသေးတဲ့ပုဂ္ဂိုလ် နောင်ရလတ္တံ့ဖြစ်သော်လည်း မရသေးဘူးဆိုရင်လည်း မောဃပုရိသလို့ ထိုပုဂ္ဂိုလ်မျိုးကို မြတ်စွာဘုရား ခေါ်ဝေါ်သုံးစွဲတော်မူလေ့ ရှိပါတယ်။ နောက်တစ်မျိုးကတော့ ဒီဘဝမှာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ဘယ်တော့မှ ရလိမ့်မှာ မဟုတ်ဘူး။ နောင်တစ်ချိန် အနာဂတ်ကျမှ ရချင်ရမယ်။ ဒီဘဝမှာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ကျိန်းသေဧကန်မရထိုက်တဲ့ ပုဂ္ဂိုလ်မျိုးကိုလည်း မြတ်စွာဘုရားက တစ်ခါတလေ မောဃပုရိသ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်မှ အချည်းနှီးဖြစ်တဲ့ ဟဲ့ယောက်ျားဆိုပြီး ဒီလိုသုံးတယ်။ အဲဒီလို ခေါ်ပြီးတော့ —

အတိလဟုံ အာဝတ္တော ဗာဟုလ္လာယ၊

ပစ္စည်းလေးပါးပေါများဖို့ တပည့်အခြွေအရံပေါများဖို့ရန်အတွက် သင် လျင်လျင်မြန်မြန်ကြီး လှည့်လည်နေပါလား။ ဂဏဗန္ဓိယဆိုတဲ့ ဂိုဏ်းအသင်းအပင်းကို သင်ဖွဲ့ပြီး နေပါလားဆိုပြီးတော့ မြတ်စွာဘုရားက ကဲ့ရဲ့တယ်။ အဲဒီလို ကဲ့ရဲ့လိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်သည် ကဲ့ရဲ့တဲ့ စကားတွေသည် သူ့အတွက် သံချွန်တပ်ထားတဲ့ ကြိမ်လုံးကို နှင်တံလို့ ခေါ်ပါတယ်။ နှင်တံနဲ့နွားကို ထိုးဆွတဲ့ပုံစံအတိုင်း ဘုရားရှင်ရဲ့ စကားတည်းဟူသောနှင်တံဖြင့် ထိုးဆွခံလိုက်ရတဲ့အတွက် ယောက်ျားအာဇာနည်စင်စစ်ဖြစ်နေတဲ့ ဒီဥပသေနမထေရ်အလောင်းအလျာ သူတော်ကောင်းသည် ဘာဖြစ်လဲ? သံဝိဂ္ဂမာနသ ထိတ်လန့်တုန်လှုပ်တဲ့ စိတ်ထားတွေ ပေါ်လာတယ်။

ငါတော့ ဘုရားရှင် မနှစ်ခြိုက်တဲ့ အပြုအမူတစ်ခုကို သာသနာတော်မှာ နေထိုင်ပြီး ပြုမူမိလေပြီ။ ကြောက်ရွံ့ရိုသေနေတဲ့ စိတ်ဓာတ်တွေ ပေါ်လာတယ်။ ဘုရားရှင် ဆိုဆုံးမလိုက်တဲ့အခါ ဘုရားအဆုံးအမအပေါ်၌ လိုက်နာပြုကျင့်မယ်ဆိုတဲ့ ရိုသေလေးစားတဲ့ စိတ်ဓာတ်တွေ သာသနာတော်မှာ အလွန် တန်ဖိုးရှိတဲ့စိတ်ဓာတ် ဖြစ်ပါတယ်။ ဒီလို တန်ဖိုးရှိတဲ့ စိတ်ထားဖြင့် ဘုရားမကြိုက်တဲ့အလုပ်ကို ငါပြုမိတာ မှားလေပြီဆိုပြီး ထိတ်လန့်တုန်လှုပ်တဲ့ သံဝေဂဉာဏ်လေးတွေ ပေါ်လာတယ်။

ဒီသံဝေဂဉာဏ်ကလည်း အလွန် တန်ဖိုးရှိပါတယ်။ အဲဒီလို သံဝေဂဉာဏ် မရှိတဲ့ပုဂ္ဂိုလ်တွေ သာသနာတော်မှာ တန်ဖိုးရှိပါ့မလား? မရှိနိုင်ဘူး။ ဒါ သတိထားကြနော်။ သာသနာတော်မှာ တန်ဖိုးရှိတဲ့ ဒီအရှင်ဥပသေနမထေရ်မြတ်တို့ကဲ့သို့ တန်ဖိုးရှိတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ချင်တယ်ဆိုရင် ဘုရားရှင်မကြိုက်တဲ့ အလုပ်တွေကို မပြုလုပ်ရေးကို ကြိုးစားရမယ်။ မသိလို့ ခုလို ရှင်ဥပသေနမထေရ်တို့လို သိက္ခာပုဒ် မပညတ်ရသေးလို့ ပြုခဲ့မိမယ်ဆိုရင်လည်း ဘုရားရှင် မကြိုက်တဲ့ လုပ်ငန်းတွေကို ပြုမိတဲ့အတွက် ထိတ်လန့်တုန်လှုပ်တဲ့ သံဝေဂဉာဏ်လေးတွေ ပေါ်လာရမယ်နော်။ အဲဒီလို ပေါ်လာပြီးတဲ့အချိန်အခါကျတော့မှ ဘယ်လို စိတ်ဓာတ်ထဲ ဆုံးဖြတ်ချက်ချလိုက်လဲ?

ယဒိပါဟံ ဣဒါနိ ပရိသံ နိဿာယ ဘဂဝတာ ဝိဂရဟိတော၊ ပရိသံယေဝ ပန နိဿာယ ပါသံသိယော ဘဝေယျံ

အဟံ၊ ငါသည်။ ဣဒါနိ၊ ခုအခါ၌။ ပရိသံ၊ ပရိသတ်ကို။ နိဿာယ၊ အမှီပြု၍။ ဘဂဝတာ၊ ဘုန်းတော် (၆)ပါးသခင်ဘုရားရှင်သည်။ ယဒိပါဟံ ဝိဂရဟိတော၊ အကယ်၍ ကဲ့ရဲ့အပ်သည် မှန်ပါပေ၏။ ပန၊ ထိုကဲ့သို့မှန်ပါသော်လည်း။ ပရိသံယေဝ၊ ပရိသတ်ကိုသာလျှင်။ နိဿာယ၊ အမှီပြု၍။ ပါသံသိယော၊ အချီးမွမ်းခံရသည့်ပုဂ္ဂိုလ်သည်။ ဘဝေယျံ၊ ဖြစ်အောင်ငါကြိုးစားအားထုတ်မယ်။

စိတ်ဓာတ်က ပြောင်းလိုက်တယ်နော်။ ငါဟာခုအခါမှာ ပရိသတ်မွေးမြူခြင်းဆိုတဲ့ လုပ်ငန်းခွင်ကို အခြေခံအမှီပြုပြီးတော့ ဘုရားရှင်က ငါ့ကို ကဲ့ရဲ့ခဲ့တယ်။ ဒီလို ကဲ့ရဲ့ရှုံ့ချတာမှန်သော်လည်း ငါသည် ပရိသတ်ကို အမှီပြုပြီးတော့ မြတ်စွာဘုရား အချီးမွမ်းခံရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင် ငါ ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်မယ်ဆိုပြီးတော့ သူက ကြိုးစားလိုက်တယ်။ ဘယ်လို ကြိုးစားလိုက်လဲ။

ဥဿာဟဇာတော သဗ္ဗေ ဓုတဓမ္မေ သမာဒါယ ဝတ္တမာနော ဝိပဿနံ အာရဘိတွာ န စိရေဿဝ ဆဠဘိညော ပဋိသမ္ဘိဒါပ္ပတ္တော မဟာခီဏာသဝေါ ဟုတွာ။

ဥဿာဟဇာတ ထက်သန်နေတဲ့ လုံ့လဝီရိယတွေ သူရဲ့ စိတ်သန္တာန်မှာ ဖြစ်ပေါ်လာတယ်။ သေသေကျေကျေနော်။ အရိုးကြွင်းစေ၊ အရေကြွင်းစေ၊ အကြောကြွင်းစေ၊ အသားအသွေးတွေ အကုန်ခမ်းခြောက်ချင် ခမ်းခြောက်ပါစေ။ ယောက်ျားတို့ရဲ့ ဇွဲ လုံ့လဝီရိယနဲ့ ရနိုင်တဲ့ အရာမှန်ခဲ့ရင် ငါ နောက်ကို ဘယ်တော့မှ မဆုတ်ဘူးဆိုလို့ရှိရင် ဒီလို ထက်သန်တဲ့ လုံ့လဝီရိယ စိတ်အစဉ်တွေ ကိန်းဝပ်လာတယ်။ ထက်သန်တဲ့ လုံ့လဝီရိယတွေဟာ စိတ်အစဉ်မှာ ကိန်းဝပ်လာတယ်။ နက်ဖြန်ကျရင်တော့ လူထွက်မှ ကောင်းမှာ ထင်တယ်။ အဲဒီ ပုံစံမျိုးဟုတ်သလား? မဟုတ်ဘူးနော်။ အရိုးကြေကြေ အရေခန်းခန်း ငါ နောက်မဆုတ်တမ်း ယောက်ျားတို့ရဲ့ ဇွဲ လုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်မယ်ဆိုတဲ့ ဒီ လုံ့လဝီရိယစိတ်ဓာတ်တွေ ပေါ်လာတယ်ဆိုရင် ဒီလို လုံ့လဝီရိယ စိတ်ဓာတ်ပေါ်လာတဲ့ သူတော်ကောင်းတစ်ဦးအဖို့ ဆုတ်ယုတ်မှု ရှိမလား? တိုးတက်မှု ရှိမလားလို့မေးရင် ဘယ်လိုဖြေကြမလဲ? ဆုတ်ယုတ်မှုရှိမလား? မရှိနိုင်ဘူး။ ကုသိုလ်တရားတွေရဲ့ တိုးပွားမှုသာလျှင် ဖြစ်ပေါ်လာတော့မယ်။ ဒါက အခြေခံ အကြောင်းရင်းလေးပဲနော်။ အဲဒီလို ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယတွေကို စိတ်ဓာတ်မှာ မွေးမြူပြီးတဲ့အချိန်အခါ ဘာလုပ်သလဲ?

သဗ္ဗေဓုတဓမ္မေ သမာဒါယ ဝတ္တမာနော။

သဗ္ဗေဓုတဓမ္မေ၊ အလုံးစုံသော ဓူတင်တရားကျင့်ဝတ်တို့ကို။ သမာဒါယ၊ ကောင်းစွာ ဆောက်တည်၍။ ဝတ္တမာနော၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်။

ဓူတင် (၁၃)ပါးကို အားလုံးဆောင်ပြီးတော့ ခိုင်ခိုင်မာမာ စိတ်ဓာတ်တွေနဲ့ ဆောက်တည်ပြီးတော့ တကယ်လက်တွေ့ ကျင့်တယ်။ ဓူတင် (၁၃)ပါးဆောင်တယ်။ အဲဒီအထဲမှာ (၁၃)ပါးထဲမှာ အရေးအကြီးဆုံး အင်္ဂါတစ်ခုကတော့ အရညကင်ဓူတင် တစ်ခုဖြစ်ပါတယ်နော်။ တောမှာပဲ နေတယ်။ ဒါပေမဲ့ သူ အလေးဂရုပြုနေတဲ့ ဓူတင်က (၃)ခု ဖြစ်တယ်။

နံပါတ် (၁) ပိဏ္ဍပါတိကဓူတင် ဆွမ်းခံဝတ်ဖြင့်သာလျှင် ဆွမ်းကို စားမယ်။ ဒီ ဓူတင်တစ်ခုကို ဆောက်တည်တယ်။ နံပါတ် (၂)ကတော့ ပံသုကူလိကဓူတင် ပံသုကူသင်္ကန်းကိုသာလျှင် အမြဲတမ်း ဆောင်မယ်။ ဒီ ဓူတင်တစ်ခုကိုလည်း ဆောင်တယ်။ နံပါတ် (၃)ကတော့ အရညကင်ဓူတင် တောကျောင်းတောင်ကျောင်းမှာသာ နေပြီး တရားဘာဝနာကို ငါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်ဆိုပြီး ဒီအရညကင်ဓူတင်လည်း အထူးသဖြင့် ဆောင်ပါတယ်။ သို့သော် ဒီ ရဟန္တာမဖြစ်မီ အပိုင်းလေးမှာတော့ ဓူတင် (၁၃)ပါးလုံးကို ဆောင်တယ်။ ဆောင်ပြီးတဲ့အချိန်အခါကျတော့ ဘာဖြစ်သလဲ?

ဝိပဿနံ အာရဘိတွာ။

ဝိပဿနံ၊ ဝိပဿနာတရားကို။ အာရဘိတွာ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခဲ့သည်ရှိသော်။

ဝိပဿနာတရားတွေ တကယ် လက်တွေ့ကြိုးစားတယ်နော်။ တကယ်လက်တွေ့ ကြိုးစားလိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်လဲ?

န စိရေဿဝ ဆဠဘိညော ပဋိသမ္ဘိဒါပ္ပတ္တော မဟာခီဏာသဝေါ ဟုတွာ

နစိရေဿဝ၊ မကြာမီ အချိန်ကာလအတွင်းမှာပင်လျှင်။

ဘယ်လောက်ကြာသတဲ့လဲ? မကြာပါဘူးနော်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလောက်များ ကြာနေသလား? မကြာဘူးတဲ့နော်။ ဘာဖြစ်လို့ မကြာရတယ်ဆိုတာလေးကို ဘုန်းကြီးက ပြောချင်လို့ပါနော်။

နစိရေဿဝ၊ မကြာမီ အချိန်ကာလအတွင်းမှာပင်လျှင်။ ဆဠဘိညော၊ အဘိဉာဏ် (၆)ပါးကို ရရှိတော်မူသော။ ပဋိသမ္ဘိဒါပ္ပတ္တော၊ ပဋိသမ္ဘိဒါဉာဏ်လေးပါးသို့လည်း ရောက်ရှိတော်မူသော။ မဟာခီဏာသဝေါ၊ ရဟန္တာမထေရ်မြတ်ကြီးသည်။ ဟုတွာ၊ ဖြစ်လေပြီ။

မကြာမီအချိန်ကာလလေးအတွင်းမှာပဲ အဘိဉာဏ် (၆)ပါးကိုလည်း ရရှိတော်မူတယ်။ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်လေးပါးသို့လည်း ရောက်ရှိတော်မူတယ်။ မဟာခီဏာသဝ ရဟန္တာမထေရ်မြတ်ကြီးတစ်ပါး ဖြစ်တော်မူသွားတယ်။ တကယ် ကြိုးစားလိုက်တာနော်။ အဲဒီလို ကြိုးစားလိုက်တဲ့အချိန်ခါကျတော့ တကယ်ကြိုးစားလို့ ဒီလိုရတယ်ဆိုရင် သူက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကြိုးစားရသလဲ? ဒီအပိုင်းလေးကို ဘုန်းကြီး နည်းနည်းလေး ပြောချင်လို့ပါ။ အဘိဉာဏ် (၆)ပါးရတဲ့ အပိုင်းကိုတော့ ဒီည ဘုန်းကြီး မပြောလိုပါဘူး။ ပြောချင်တဲ့ အချက်တော့ ပဋိသမ္ဘိဒါဉာဏ်လေးပါး အကြောင်းလေးပဲနော်။ ဒီတော့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်လေးပါးကို ရရှိအောင် ရရှိသွားတယ်ဆိုတော့ ဒီလိုရရှိအောင် ဘယ်လို ကြိုးစားရသလဲ? ဘဝတစ်ခုတည်း ရင်းနှီးရုံနဲ့ မပြီးပါဘူးနော်။ ဘဝတစ်ခုတည်း ရင်းနှီးရုံနဲ့မပြီးတော့ ဒီပဋိသမ္ဘိဒါဉာဏ်အကြောင်းလေးကို ဘုန်းကြီး နည်းနည်းလေး ဟောချင်သေးတယ်။

ဘုန်းကြီးတို့ သာသနာတော်မှာ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ တန်ဖိုးရှိတဲ့ အသိထူး ဉာဏ်ထူးတွေ ရှိကြပါတယ်။ ဒီ အသိထူး ဉာဏ်ထူးတွေကို ရရှိအောင် ဆည်းပူးရှာဖွေဖို့ရန်အတွက် နည်းကောင်း လမ်းကောင်းတွေလည်း အထင်အရှား ရှိတယ်။ မိမိတို့ဘက်က တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ဆိုတဲ့ အခွင့်အလမ်း တစ်ခုပဲရှိတယ်။ ထက်သန်နေတဲ့ လုံ့လဝီရိယတစ်ခု အဆင့်အတန်းမှီမှီ ရှိနေဖို့တော့ လိုအပ်ပါတယ်။ ဒီတော့ ဒီပဋိသမ္ဘိဒါဉာဏ်လေးပါး ဆိုတာက ဘာတွေလဲ?

ဒီအပိုင်းကို ဘုန်းကြီး နည်းနည်းလေး ပြောမယ်နော်။ ပဋိသမ္ဘိဒါဉာဏ်လေးပါးက - နံပါတ် (၁) အတ္ထပဋိသမ္ဘိဒါ၊ နံပါတ် (၂) ဓမ္မပဋိသမ္ဘိဒါ၊ နံပါတ် (၃) နိရုတ္တိပဋိသမ္ဘိဒါ၊ နံပါတ် (၄) ပဋိဘာနပဋိသမ္ဘိဒါ။ ပေါင်းလိုက်တော့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ် ဘယ်နှစ်ဆူလဲ? လေးဆူလေးပါး ရှိတယ်နော်။ အဲဒီတော့ ဒီအတ္ထပဋိသမ္ဘိဒါဆိုတာက ဘာကို အတ္ထပဋိသမ္ဘိဒါ ခေါ်ဆိုသလဲ? ဒီအပိုင်းလေးနော်။

အတ္ထောတိ သင်္ခေပတော ဟေတုဖလံ။

အတ္ထ၊ အတ္ထဆိုတာ အကျဉ်းချုပ်အားဖြင့် ပြောမယ်ဆိုရင်။ ဟေတုဖလံ၊ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရားကို အတ္ထလို့ ခေါ်တယ်။ ဒါဖြင့်ရင် အတ္ထဆိုတာက ဘာပြောတာလဲ? အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရား၊ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရားသည် ဘာလဲ?

အတ္ထော (တဥှိ ယသ္မာ ဟေတုအနုသာရေန အရီယတိ အဓိဂမီယတိ ပါပုဏီယတိ၊ တသ္မာ အတ္ထောတိ ဝုစ္စတိ။)

(တံ၊ ထိုအကျိုးတရားသည်။ ဟေတုဝသေန၊ အကြောင်းတရား၏ စွမ်းအားကြောင့် [လားအပ် ရောက်အပ် ရရှိအပ်သောကြောင့်])?

ဒီအကျိုးတရားသည် အကြောင်းတရားရဲ့ စွမ်းအင်ကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရောက်သင့်ရောက်ထိုက်တဲ့တရားဖြစ်လို့ အတ္ထလို့ ခေါ်တယ်။ ဒါဖြင့်ရင် အကြောင်းတရားကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဒီအကျိုးတရားတွေဟာ ဘာတွေလဲလို့ မေးတော့ ----

ပဘေဒတော ပန ယံကိဉ္စိ ပစ္စယသမုပ္ပန္နံ၊ နိဗ္ဗာနံ၊ ဘာသိတတ္ထော၊ ဝိပါကော၊ ကိရိယာတိ ဣမေ ပဉ္စ ဓမ္မာ အတ္ထောတိ ဝေဒိတဗ္ဗာ။

ဟော သိပ်ရှင်းတယ်နော်။ ကွဲကွဲပြားပြား ပြောကြစို့ဆိုရင် နံပါတ်(၁) ယံကိဉ္စိ ပစ္စယသမုပ္ပန္နံ အကြောင်းတရားကို အစွဲပြု၍ ဖြစ်ပေါ်လာရတဲ့ အကျိုးတရား အကုန်လုံးပဲ။ ဒါကတစ်ခု။ နံပါတ်(၂) နိဗ္ဗာနံတဲ့ နိဗ္ဗာန်တရားတော်မြတ်။ နံပါတ်(၃) ဘာသိတတ္ထော ပြောဆိုအပ်သော စကားရဲ့ အနက်အဓိပ္ပါယ်။ နံပါတ်(၄) ဝိပါကော ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဝိပါက်အားလုံး။ နံပါတ်(၅) ကိရိယာ ရဟန္တာအရှင်မြတ်တို့ရဲ့ သန္တာန်မှာ ယေဘုယျအားဖြင့် ဖြစ်ပေါ်တတ်တဲ့ ကြိယာစိတ်တွေပဲ။ ပုထုဇဉ်သေက္ခတို့ သန္တာန်မှာလည်း ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်းဆိုတဲ့ ကြိယာစိတ်ကလေးတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီ ကြိယာစိတ်အားလုံး ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? (၅) ခုနော်။

ဒီတော့ ဝိပါကက ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးတရား၊ ပစ္စယသမုပ္ပါနက အကြောင်းတရားကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ အကျိုးတရားဆိုတော့ ဘာထူးသလဲလို့ ဒီလိုတော့ နည်းနည်း မေးစရာ ရှိတယ်။ ပဋိစ္စသမုပ္ပါဒ်သဘောတရားကို လက်တွေ့ရှုနေတဲ့ ယောဂီများ နားလည်လိမ့်မယ်လို့တော့ ဘုန်းကြီး သဘောပေါက်ပါတယ်နော်။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။ အဝိဇ္ဇာက အကြောင်းတရား၊ သင်္ခါရက အကျိုးတရား။ အဝိဇ္ဇာကြောင့် ဖြစ်ပေါ်လာရတဲ့ သင်္ခါရအကျိုးတရားကို ပဋိစ္စသမုပ္ပါဒ်တရားလို့ ဒီလိုခေါ်တယ်။ အဲဒီ သင်္ခါရအကျိုးတရားသည် ကုသိုလ်ကံ အကုသိုလ်ကံ ဖြစ်တယ်။ ဝိပါက်အကျိုးတရား မဟုတ်ဘူး။ တစ်ခါ သင်္ခါရပစ္စယာ ဝိညာဏာ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်။ သင်္ခါရက အကြောင်းတရား ဝိညာဏ်က အကျိုးတရား။ အဲဒီ ဝိညာဏ်တွေကို သုတ္တန်ဒေသနာတော်နည်းအရ ဒီဝိညာဏ်တွေကတော့ ဝိပါက်ဝိညာဏ်အားလုံး ကောက်ထားပါတယ်။

ဝိညာဏပစ္စယာ နာမရူပံ၊ ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်တယ် စသည်ဖြင့် ဒီလို ဟောထားတယ်။ သုတ္တန်နည်းအရကတော့ ဒါကတော့ ဝိပါက်ဒေသနာတွေပဲ။ ဆိုလိုတာကတော့ ပစ္စယသမုပ္ပါနဆိုတဲ့အထဲမှာ အကြောင်းတရားကို အစွဲပြု၍ အကျိုးတရားမှန်သော်လည်း ထိုအကျိုးတရားတွေထဲမှာ ကုသိုလ်၊ အကုသိုလ်တရားတွေလည်း ပါတယ်လို့ ဒါဆိုလိုပါတယ်နော်။ ဘာဖြစ်လို့လဲ?

အဝိဇ္ဇာကို အစွဲပြုပြီးမှ သင်္ခါရက ဖြစ်ရတယ်။ သင်္ခါရကို အစွဲပြုပြီးတော့လည်း တစ်ခါ ဝိညာဏ်က ဖြစ်ရပြန်တယ်။ အဲဒီလို အကြောင်းတရားကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ အကျိုးတရားတွေကို ပစ္စယသမုပ္ပါနတရားလို့ ဒီလိုခေါ်တယ်။ ဝိပါကတရားဆိုတာကတော့ အကြောင်းတရားလို့ ခေါ်ဆိုအပ်တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဝိပါက်သက်သက်ကိုသာလျှင် ပြောတယ်။ အဲဒီတော့ ဒီအကျိုးဝိပါက်သက်သက်တရား အားလုံးပေါင်းလိုက်တော့ (၅)ခု။ အဲဒီ (၅)ခုကို အတ္ထလို့ခေါ်တယ်။ အဲဒီ အတ္ထလို့ခေါ်တော့ ဘာဖြစ်လဲ?

တံ အတ္ထံ ပစ္စဝေက္ခန္တဿ တသ္မိံ အတ္ထေ ပဘေဒဂတံ ဉာဏံ အတ္ထပဋိသမ္ဘိဒါ။

တံ အတ္ထံ၊ ထို (၅) မျိုးသော အတ္ထခေါ်တဲ့တရားကို။ ပစ္စဝေက္ခန္တဿ၊ ဉာဏ်ဖြင့်ဆင်ခြင်၍။ တသ္မိံ အတ္ထေ၊ (၅) မျိုးသော အတ္ထတရား၌။ ပဘေဒဂတံ၊ ထိုထိုကွဲပြားခြင်းသို့ ရောက်ရှိလာသော။ ဉာဏံ၊ အသိဉာဏ်သည်။ အတ္ထပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါဉာဏ်မည်၏။

ဒီတော့ ဒီအတ္ထခေါ်တဲ့ (၅) မျိုးသောတရားကို လှမ်းပြီးတော့ ဉာဏ်နဲ့ ဆင်ခြင်လိုက်တဲ့အချိန်အခါ ထိုငါးမျိုးသော အတ္ထတရား၌ ထူးထူးထွေထွေ ကွဲကွဲပြားပြား ခွဲခွဲခြားခြား သိရှိလာတဲ့ဉာဏ်ကို ဘာခေါ်လဲ? အတ္ထပဋိသမ္ဘိဒါဉာဏ်တော်တဲ့။ ဒီတော့ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို သိတဲ့ဉာဏ်သည် အတ္ထ။ အကြောင်းတရားကို အစွဲပြု၍ အကျိုးတရားကို သိတဲ့ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ်။ နိဗ္ဗာန်ကို သိတော်မူတဲ့ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ်။ ပြောဆိုလိုက်တဲ့ စကားရပ် အနက်-အဓိပ္ပာယ်ကို သိတဲ့ဉာဏ်ဟာလည်း အတ္ထပဋိသမ္ဘိဒါဉာဏ်။ အကျိုး-ဝိပါက်တရားတွေကို သိတဲ့ဉာဏ်ဟာလည်း အတ္ထပဋိသမ္ဘိဒါဉာဏ်။ ကြိယာစိတ်တွေကို ထိုးထွင်းသိတဲ့ ဉာဏ်ဟာလည်း အတ္ထပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ပါတယ်။

အဲဒီ အတ္ထပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကြီးကိုလည်း အရှင်ဥပါသေနမထေရ်မြတ်သည် ရရှိတော်မူတယ်။ ဒါကတစ်ခု ဒီတရားတွေသိလို့ ဘာများထူးသလဲလို့ တချို့ ဒီလို မေးချင်လည်း မေးမယ်နော်။ အဲဒီ တရားထဲက အထူးဆုံးတရားတစ်ခုကတော့ နိဗ္ဗာန်ဖြစ်ပါတယ်နော်။ နိဗ္ဗာန်တရားတော်မြတ်ကြီးကို သိရင် မထူးဘူးလား? ထူးပြီ ဒီထက်ကောင်းတာ ဘာရှိဦးမှာလဲ? နိဗ္ဗာန်တရားတော်မြတ်ကြီးကိုသိတဲ့ ပုဂ္ဂိုလ်အဖို့ နိဗ္ဗာန်တရားတော်မြတ်သည် သောတာပတ္တိ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် ထိုးထွင်းသိတဲ့ နိဗ္ဗာန်ဖြစ်ရင် အပါယ်သံသရာကြီးမှ ကွင်းလုံးကျွတ်လွတ်ပြီ။

သကဒါဂါမိ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီး ဖြစ်ခဲ့မယ်ဆိုရင် ကာမဘုံတစ်ကြိမ်လောက်ပဲ ပြန်လာခွင့် ရှိတော့တယ်။ အနာဂါမိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ထိုးထွင်းသိအပ်တဲ့ နိဗ္ဗာန်တရားတော်မြတ် ဖြစ်ခဲ့မယ်ဆိုရင် ကာမ (၁၁) ဘုံမှ ကွင်းလုံးကျွတ် လွတ်ပြီ။ ငမူးတွေလက်မှ လွတ်ပြီတဲ့ မကောင်းဘူးလား? ဒီငမူးတွေနဲ့ နောက်ထပ်ဘယ်တော့မှ မတွေ့ရတော့ဘူး။ ဗြဟ္မာ့ပြည်ပဲ ရောက်စရာရှိရင် ရောက်တော့မယ်နော်။

နောက်တစ်ခု အရဟတ္တ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိဗ္ဗာန်ဖြစ်ခဲ့မယ်ဆိုရင်တော့ (၃၁) ဘုံမှ ကွင်းလုံးကျွတ် လွတ်ပြီ။ အိုဘေးဆိုးကြီးမှ လွတ်ပြီ၊ နာဘေးဆိုးကြီးမှ လွတ်ပြီ၊ သေဘေးဆိုးကြီးမှ လွတ်ပြီ။ နောက်ထပ်တဖန် အမိဝမ်းမှာ ပဋိသန္ဓေ တည်နေရခြင်းဆိုတဲ့ ဘေးဆိုးကြီးကလည်း လွတ်ပြီ။ မကောင်းဘူးလား? ဒီထက်ကောင်းတာ ဘာရှိဦးမလဲ? မရှိတော့ဘူး။

ဒါကြောင့် ဒီအတ္ထပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကြီးတစ်ခုကို ရရှိတယ်ဆိုရင်ပဲ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးထူးတရားတွေ မရနိုင်ဘူးလား? ရနိုင်တယ်။ ဒါက တစ်ချက်။ နောက်တစ်ခု နံပါတ် (၂) ဒါက နံပါတ် (၁) အတ္ထပဋိသမ္ဘိဒါဉာဏ်တော်၊ နံပါတ် (၂) က ဓမ္မပဋိသမ္ဘိဒါဉာဏ်တော် ဓမ္မောတိ သင်္ခေပတော ပစ္စယော။ ဓမ္မ ဓမ္မ ဆိုတာကတော့ အကျဉ်းချုပ်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် အကြောင်းတရားကို ဓမ္မလို့ ခေါ်တယ်။

သော ဟိ ယသ္မာ တံ တံ ဝိဒဟတိ ပဝတ္တေတိ စေဝ ပါပေတိ စ၊ တသ္မာ ဓမ္မောတိ ဝုစ္စတိ။

သော၊ ထိုအကြောင်းတရားသည်။ ယသ္မာ၊ အကြင် အကြောင်းတရားကြောင့်။ တံ တံ၊ ထိုထိုအကျိုးတရားကို။ ဝိဒဟတိ ပဝတ္တေတိ စေဝ၊ ဖြစ်လည်းဖြစ်စေ၏။ ပါပေတိ စ၊ ရောက်လည်း ရောက်စေ၏။ တသ္မာ၊ ထိုအကြောင်းကြောင့်။ ဓမ္မောတိ၊ ဓမ္မဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပါပေ၏။

ဘာကို ဓမ္မ ခေါ်သလဲ? အကြောင်းတရားကို ဓမ္မခေါ်တယ်။ ဘာကြောင့် အကြောင်းတရားသည် ဓမ္မ ဖြစ်ရသလဲလို့မေးတော့ --- ထိုထို အကျိုးတရားတွေကို ဖြစ်စေတတ် ရောက်စေတတ်တဲ့အတွက်ကြောင့် ဓမ္မလို့ခေါ်တယ်။

ပဘေဒတော ပန ယော ကောစိ ဖလနိဗ္ဗတ္တကော ဟေတု၊ အရိယမဂ္ဂေါ၊ ဘာသိတံ၊ ကုသလံ၊ အကုသလန္တိ ဣမေ ပဉ္စ ဓမ္မာ ဓမ္မောတိ ဝေဒိတဗ္ဗာ။

အပြားအားဖြင့် ပြောမယ်ဆိုလို့ရှိရင် နံပါတ် (၁) ဟေတု အကြောင်းတရားအားလုံး။ အကြောင်းတရားအားလုံးကိုလည်း ဓမ္မလို့ခေါ်တယ်။ နံပါတ် (၂) အရိယာမဂ်ဉာဏ် အရိယာမဂ်ဉာဏ်ကိုလည်း ဓမ္မလို့ခေါ်တယ်။ နံပါတ် (၃) ဘာသိတ ပြောဆိုအပ်တဲ့စကား၊ ပြောဆိုအပ်တဲ့ စကားကိုလည်း ဓမ္မလို့ခေါ်တယ်။ နံပါတ် (四) ကုသိုလ် ကုသိုလ်တရား အားလုံးကိုလည်း ဓမ္မလို့ခေါ်တယ်။ နံပါတ် (၅) အကုသိုလ်တရား အားလုံးကိုလည်း ဓမ္မလို့ခေါ်တယ်။ ဘုန်းကြီး ဒီနေရာမှာလည်း ဟေတုနဲ့ ကုသိုလ်၊ အကုသိုလ်နဲ့ တူသလား၊ မတူဘူးလားလို့ မေးစရာရှိပါတယ်နော်။ တူတဲ့အပိုင်းလည်း ရှိပါတယ်။ မတူတဲ့အပိုင်းလည်း ရှိတယ်။

မတူတဲ့အပိုင်းဆိုတာက ဥပမာ ----- ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်တယ်။ ဝိညာဏ်သည် ပဋိသန္ဓေဝိညာဏ် ဖြစ်ခဲ့မယ်ဆိုရင် ဝိညာဏ်က အကြောင်းတရား၊ နာမ်ရုပ်က အကျိုးတရား။ ဝိညာဏ်က ပဋိသန္ဓေဝိညာဏ် နာမ်ရုပ်က ပဋိသန္ဓေနာမ်ရုပ်၊ ဝိညာဏ်ကလည်း ဝိပါက်တရား နာမ်ရုပ်ကလည်း ဝိပါက်တရားဘဲ အကြောင်းလည်း ဝိပါက် အကျိုးလည်း ဝိပါက် ဖြစ်နေတယ်။ ဘယ်လိုပဲ ဖြစ်ချင်ဖြစ်ပါစေ။ ဝိညာဏ်ကို ဟေတုအကြောင်းတရားလို့ ခေါ်တယ်။ ဒါပေတဲ့ ကုသိုလ် အကုသိုလ်ကျတော့ ဝိပါက်တရား ဟုတ်သေးလား။ မဟုတ်တော့ဘူးနော်။

အဲဒါကြောင့် အဲဒီ ကွဲလွဲချက်ကလေးတွေရှိလို့ မြတ်စွာဘုရား ဒီလို အဋ္ဌကထာများကလည်း (၅) မျိုး ခွဲပါတယ်။ ဒီတော့ ဓမ္မဆိုတာက ဘယ်နှစ်မျိုးရှိလဲ? (၅) မျိုး။ နံပါတ် (၁) ဟေတုခေါ်တဲ့ အကြောင်းတရား နံပါတ် (၂) အရိယာမဂ်ဉာဏ်၊ နံပါတ် (၃) ပြောဆိုလိုက်တဲ့စကား နံပါတ် (၄) ကုသိုလ် နံပါတ် (၅) အကုသိုလ်။ ပေါင်းလိုက်တော့ ဓမ္မ ဘယ်နှစ်မျိုးလဲ? (၅) မျိုး။

တံ ဓမ္မံ ပစ္စဝေက္ခန္တဿ တသ္မိံ ဓမ္မေ ပဘေဒဂตံ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ။

တံ ဓမ္မံ၊ ထိုတရားတော်မြတ်ကို။ ပစ္စဝေက္ခန္တဿ၊ ဉာဏ်ဖြင့် ဆင်ခြင်ရှုပွားသုံးသပ်၍နေစဉ်။ တသ္မိံ ဓမ္မေ၊ ထိုဓမ္မအမည်ရသော (၅) မျိုးသောတရား၌။ ပဘေဒဂတံ၊ ထူးထွေကွဲပြားခြင်းသို့ ရောက်ရှိ၍လာသော (ဝါ) ထိုထိုကွဲကွဲပြားပြား ခြားခြားနားနား သိခြင်းသို့ ရောက်ရှိလာသောဉာဏ်သည်။ ဓမ္မပဋိသမ္ဘိဒါ၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်မည်ပါပေ၏။

အကြောင်းတရားကို သိတတ်တဲ့ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ အရိယာမဂ်ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ အရိယာမဂ်ဉာဏ်ကို သိတတ်တဲ့ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ ပြောဆိုတဲ့စကားကို သိတတ်တဲ့ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ ကုသိုလ်ကိုသိတတ်တဲ့ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ အကုသိုလ်ကိုသိတတ်တဲ့ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ်တဲ့၊ ကုသိုလ် အကုသိုလ်ကို ထိုးထွင်းသိတယ်။ အဲဒီလို သိတဲ့အပိုင်းမှာ ကမ်းကုန်အောင် လမ်းဆုံးအောင်သာ သိပါစေ ဒီပုဂ္ဂိုလ်အတွက် အဆင့်မြင့်တယ်။ ကမ်းကုန်အောင် လမ်းဆုံးအောင်ဆိုတာက ဘာလဲ?

ခုပြောခဲ့တဲ့ အကြောင်းတရားပဲဖြစ်ဖြစ် ကုသိုလ် အကုသိုလ်ပဲဖြစ်ဖြစ် အဲဒီတရားတွေရဲ့ အဲဒီတရားတွေမှာ နိစ္စ မြဲတဲ့သဘော၊ သုခ ချမ်းသာတဲ့သဘော၊ သုဘ တင့်တယ်တဲ့သဘော၊ အတ္တ အတ္တဆိုတဲ့သဘော။ ဒီ နိစ္စ၊ ဒုက္ခ၊ အတ္တ၊ သုဘဆိုတဲ့ သဘောတွေမှ ဆိတ်သုန်းနေတဲ့ သုညသဘောကို ကမ်းကုန်အောင် လမ်းဆုံးအောင်သာ မြင်ပါစေ။ ကမ်းကုန်အောင် လမ်းဆုံးအောင် မြင်နေတဲ့ ထိုပုဂ္ဂိုလ်သည် ရှင်သေမင်း မမြင်နိုင်တဲ့ ပုဂ္ဂိုလ်သာဖြစ်တယ်။ ရှင်သေမင်း စိုးပိုင်နေတဲ့ (၃၁) နိုင်ငံမှ ကျော်လွှား လွန်မြောက်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

ရှင်သေမင်း မမြင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ နောက်ထပ် ဘယ်တော့မှ မသေရတော့ဘူးဆိုရင် ဒီထက်ကောင်းတဲ့ အဆင့်အတန်း မြင့်မားနေတဲ့ အကျိုးရှိဦးမှာလား? မရှိတော့ဘူးနော်။ ဒါကြောင့် ဒီဓမ္မပဋိသမ္ဘိဒါ ဉာဏ်တော်မြတ်ကြီးကို ရရှိတဲ့ သူတော်ကောင်းတွေလည်း အို၊ နာ၊ သေရေး ဒုက္ခဘေးမှ လွတ်မြောက်နိုင်တဲ့ စွမ်းအားရှိတယ်။ ကဲ အတ္ထပဋိသမ္ဘိဒါဉာဏ်တော်၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်။ ဉာဏ်တော် (၂) ခု ပြီးသွားပြီ။ နောက်ထပ်က နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တော် ဒါကတော့ ဒီဉာဏ်တော်ကိုတော့ အကျဉ်းချုပ် ပြောမယ်နော်။ ဒီဉာဏ်တော်ကတော့ တရားတွေနဲ့ ပတ်သက်ပြီး ခေါ်ဝေါ်သုံးစွဲနေတဲ့ အသုံးအနှုန်းဝေါဟာရမှာ ကျွမ်းကျင်လိမ္မာနေတဲ့ ဉာဏ်တော်တစ်ခု ဖြစ်ပါတယ်။

ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ် စသည်ဖြင့် ပြောလိုက်ပြီ ဆရာသမားက သင်ပေးပြီ ဘာလဲ ပထဝီနော်? အဲဒီလိုသိတတ်တဲ့ စကားအသုံးအနှုန်း ဝေါဟာရကိုသိတယ်။ ထိုဝေါဟာရရဲ့ အနက်အဓိပ္ပာယ်ကို သိတယ်။ နောက်တစ်ခုကတော့ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်။ အဲဒီ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်ဆိုတာနဲ့ ပတ်သက်လို့တော့နော် အဋ္ဌကထာက ဘယ်လိုဖွင့်ထားလဲ?

ဉာဏေသု ဉာဏန္တိ သဗ္ဗတ္ထကဉာဏမာရမ္မဏံ ကတွာ ပစ္စဝေက္ခန္တဿ ပဘေဒဂတံ ဉာဏံ၊ ပဋိဘာနပဋိသမ္ဘိဒါ။

ခုန အတ္ထပဋိသမ္ဘိဒါဉာဏ်ကို တဖန် ပြန်ပြီး သိတတ်တဲ့ဉာဏ်။ ဓမ္မပဋိသမ္ဘိဒါဉာဏ်ကို တဖန်ပြန်ပြီး သိတတ်တဲ့ဉာဏ်။ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ကို တဖန်ပြန်ပြီး အာရုံပြုပြီး ဆင်ခြင်လိုက်တဲ့အခါ သိတတ်တဲ့ဉာဏ်။ အဲဒီဉာဏ်ကိုလည်း ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်တယ်။ အလားတူပဲ။ အတ္ထပဋိသမ္ဘိဒါဉာဏ်ကို ပြန်ဆင်ခြင်လိုက်တဲ့အခါ အတ္ထပဋိသမ္ဘိဒါဉာဏ်ကို သိပြီ။ အတ္ထပဋိသမ္ဘိဒါဉာဏ်ကို သိတဲ့ဉာဏ်ကို ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်တယ်ဆိုရင် အဲဒီပဋိဘာနပဋိသမ္ဘိဒါဉာဏ်ကို သိတတ်တဲ့ဉာဏ်ကိုလည်း ဘာလို့ခေါ်လဲလို့မေးတော့ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လို့ပဲ ခေါ်တယ်။

ပေါင်းလိုက်တော့ အတ္ထပဋိသမ္ဘိဒါဉာဏ်ကို ပြန်ရှုတတ်တဲ့ဉာဏ်၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်ကို ပြန်ရှုတတ်တဲ့ဉာဏ်၊ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ကို ပြန်ရှုတတ်တဲ့ဉာဏ်၊ အဲဒီဉာဏ်တွေကိုရှုတတ်တဲ့ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်ကိုလည်း တဖန်ပြန်ရှုတတ်တဲ့ဉာဏ်၊ အဲဒီ ဉာဏ်လေးမျိုးကို ဘာလို့ခေါ်လဲ? ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ပါတယ်။ ဒါတွေကို ဘာလို့ ရှုနေရသလဲလို့မေးတော့ ဘုန်းကြီးတို့ ဟိုဝိပဿနာပိုင်းရောက်တဲ့အခါ ----

ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။

ဉာတအမည်ရနေတဲ့ အရှုခံအာရုံဖြစ်တဲ့ ရုပ်တွေ နာမ်တွေ အကြောင်းတရားတွေ အကျိုးတရားတွေ ခန္ဓာငါးပါးတွေကိုလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး (၃) တန်တင်ပြီးတော့ ဝိပဿနာရှုရပါတယ်။ ဉာဏအမည်ရတဲ့ ရှုနေတဲ့ဝိပဿနာဉာဏ်ကိုလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး (၃) တန် တင်ပြီးတော့ပဲ တဖန်ပြန်ပြီးတော့ ဝိပဿနာ ရှုရပါတယ်။ ဘာဖြစ်လို့လဲ? ဉာတအမည်ရနေတဲ့ တရားတွေကသာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မှန်တယ်။ ရှုတတ်တဲ့ဉာဏ်ကတော့ နိစ္စ၊ သုဘ၊ အတ္တ၊ သုခလေလားလို့ ဒီလို ယုံမှားသံသယ ဖြစ်ဖွယ်ရာ ဖြစ်တယ်။ အဲဒီလို ဖြစ်ဖွယ်ရာရှိနေတဲ့အတွက် ဉာတ၊ ဉာဏ နှစ်မျိုးစလုံးကိုပဲ ဝိပဿနာပြန်ပြီး ရှုပေးရတယ်။

အဲဒီလို ရှုနိုင်ရေးအတွက် ဒီပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေက အလွန် အရေးကြီးနေတယ်။ အလွန် အရေးကြီးနေတယ်ဆိုတဲ့ အပိုင်းမှာ ခုနက အတ္ထပဋိသမ္ဘိဒါက အကျိုးပဲ။ ဓမ္မပဋိသမ္ဘိဒါဉာဏ်က အကြောင်းပဲဖြစ်တော့ သစ္စာဒေသနာတော်နည်းနဲ့ ဆက်စပ်ပြီး တဖန် ပြန်ပြောခဲ့မယ်ဆိုရင် အတ္ထပဋိသမ္ဘိဒါဉာဏ်တော်ဖြင့် ထိုးထွင်းသိအပ်တဲ့ တရားတွေက ဒုက္ခသစ္စာတရား၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်မြတ်ဖြင့် ထိုးထွင်းသိအပ်တဲ့ တရားတွေက သမုဒယသစ္စာတရား ဖြစ်တယ်။ ထိုဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရား နှစ်ပါးတို့က ဝိပဿနာဉာဏ်၏ အရှုခံအာရုံတွေ ဖြစ်ကြပါတယ်။

ထိုဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်တဲ့ ဒုက္ခသစ္စာတရား၊ သမုဒယသစ္စာတရား နှစ်မျိုးကို ယောဂါဝစရပုဂ္ဂိုလ်တို့က အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး (၃) တန်တင်ပြီးတော့ ဝိပဿနာရှုနိုင်ခဲ့ရင် ထိုဝိပဿနာဉာဏ်တွေက ရင့်ကျက်လာတဲ့အခါ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ပေါ်လာမယ်။ ထိုအရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့က အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီးအာရုံယူမယ်။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးက နိရောဓသစ္စာ ဖြစ်ပါတယ်။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းအာရုံယူနေတဲ့ အရိယာမဂ်ဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ အစရှိတဲ့ မဂ္ဂင်တရားကိုယ်ရှစ်ပါးက မဂ္ဂသစ္စာဖြစ်တယ်။ ပေါင်းလိုက်တော့ သစ္စာဘယ်နှစ်ပါးလဲ? လေးပါး။

ထိုသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဒီပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကြီးတွေက အားကြီးသော မှီရာ အကြောင်းအထောက်အပံ့တွေ မဖြစ်ဘူးလား? ဖြစ်နေတယ်။ ဖြစ်နေတော့ ဒီပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကြီးတွေကို ရရှိဖို့ရန်အတွက် ဘယ်လိုကျင့်ရသလဲ? အဲဒီကျင့်စဉ်နဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်တွေက ရှင်းထားပါတယ်နော်။

အဓိဂမေန၊ ပရိယတ္တိယာ၊ သဝနေန၊ ပရိပုစ္ဆာယ၊ ပုဗ္ဗယောဂေန ဆိုပြီးတော့ ငါးချက်ရှင်းထားတယ်နော်။ ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? ငါးခု။ နံပါတ် (၁) အဓိဂမ နံပါတ် (၂) ပရိယတ္တိ နံပါတ် (၃) သဝန နံပါတ် (四) ပရိပုစ္ဆာ နံပါတ် (၅) ပုဗ္ဗယောဂ ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? (၅) ခု။

ခု နံပါတ် (၁) အဓိဂမဆိုတာ ဘာလဲ?

အဓိဂမော နာမ အရဟတ္တံ။ ဒါကတော့ အထွဋ်အထိပ်ကို ပြောတာ၊ အဓိဂမ အဓိဂမဆိုတာက အရဟတ္တဖိုလ်ရရှိခြင်းကို ပြောတာပါတဲ့။ ဒါကတော့ အထွဋ်အထိပ် ဥက္ကဋ္ဌနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်ပါတယ်။ အရိယာမဂ်ဉာဏ်တစ်ခုခု ဖိုလ်ဉာဏ်တစ်ခုခုကို ရရှိရင်လည်း အဓိဂမလို့ခေါ်ပါတယ်။ အရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရရှိခြင်းကို ဘာလို့ခေါ်လဲ? အဓိဂမ။ အရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရရှိခဲ့ရင် ဒီပဋိသမ္ဘိဒါဉာဏ်ကိုရမယ်။

တဥှိပတ္တာစ ပဋိသမ္ဘိဒါ ဝိသဒ္ဒါ ဟောန္တိ။

တံ၊ ထိုအရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သို့။ ပတ္တာစ၊ ဆိုက်ရောက်၍နေသော ပုဂ္ဂိုလ်၏သန္တာန်၌။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည်။ ဝိသဒ္ဒါ၊ သန့်ရှင်းကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

အရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ဆိုက်ရောက်နေတဲ့ သူတော်ကောင်းတို့ရဲ့သန္တာန်မှာ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်လေးပါးသည် သန့်ရှင်းနေတယ်နော်။ ဒါကြောင့် အဓိဂမခေါ်တဲ့ အရိယာမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရရှိခြင်းသည် အလွန် အရေးကြီးတယ်။ ဒါက နံပါတ် (၁) နော်။

နံပါတ် (၂) ပရိယတ္တိ။ ပရိယတ္တိဆိုတာက ဘာလဲ?

ပရိယတ္တိ နာမ ဗုဒ္ဓဝစနံ။ ပရိယတ္တိ ဆိုတာက မြတ်စွာဘုရား၏ တရားစကားတော်ကို ပရိယတ္တိလို့ ခေါ်တယ်။

တဥှိ ဥဂ္ဂဏှန္တဿ ပဋိသမ္ဘိဒါ ဝိသဒ္ဒါ ဟောန္တိ။

တံ၊ ထိုပရိယတ္တိတရားတော်ကို။ ဥဂ္ဂဏှန္တဿ၊ သင်ယူ၍နေသော ပုဂ္ဂိုလ်၏သန္တာန်၌။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည်။ ဝိသဒ္ဒါ၊ သန့်ရှင်းကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ပရိယတ္တိတရားတော်ကို သင်ယူနေတဲ့ ပုဂ္ဂိုလ်တို့ရဲ့သန္တာန်မှာလည်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည် သန့်ရှင်းကြတယ်။ ဒီလိုဆိုရင် ဘုရားရှင်ရဲ့ ပရိယတ်တရားတော်တွေကို သင်ယူသင့်သလား၊ မသင်ယူသင့်ဘူးလား? တရားအားထုတ်တာ စာမလိုပါဘူးဆိုပြီး တချို့ကတော့ ပြောကြတယ်။ မှားလား၊ မှန်လား? မှားနေတယ်။ ပထဝီဓာတ်ဆိုတာက ဘာလဲ? အာပေါဓာတ်ဆိုတာက ဘာလဲ? တေဇောဓာတ်ဆိုတာက ဘာလဲ? ဝါယောဓာတ်ဆိုတာက ဘာလဲ? မသိဘူးဆိုလို့ရှိရင် ဒီဓာတ်လေးပါး သိအောင် ဘယ်လို ကြိုးစားအားထုတ်မလဲ? ကြိုးစားအားထုတ်ဖို့ မခက်ခဲဘူးလား? ခက်ခဲနေတယ်နော်။ ဒါကြောင့် ဘုရားရှင်ရဲ့ တရားတော်တွေကို သင်ယူခြင်းသည် ပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကြီးတွေ သန့်ရှင်းဖို့ရန် အကြောင်းတစ်ခု ဖြစ်တယ်လို့ ဖွင့်ထားတယ်။ နောက် နံပါတ် (၃) က ဘာလဲ? သဝန။

သဝနံ နာမ ဓမ္မသဝနံ။

သဝနံ နာမ၊ သဝနမည်သည်ကား။ ဓမ္မသဝနံ၊ တရားတော်မြတ်ကို နာကြားခြင်းတည်း။

သဝန ဆိုတာ တရားတော်မြတ်ကို နာကြားခြင်းပြောတာ။ ဘယ်လို နာကြားတာလဲလို့မေးတော့ -----

သက္ကစ္စံ အဋ္ဌိံ ကတွာ ဓမ္မံ သုဏန္တဿ ဟိ ပဋိသမ္ဘိဒါ ဝိသဒါ ဟောန္တိ။

သက္ကစ္စံ၊ ရိုသေလေးမြတ်စွာ။ ဓမ္မံ၊ တရားတော်မြတ်ကို။ သုဏန္တဿ၊ နာကြားနေသော ပုဂ္ဂိုလ်၏သန္တာန်၌။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည်။ ဝိသဒါ၊ သန့်ရှင်းကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ရိုသေလေးစားစွာဖြင့် တရားတော်ကို နာယူနေတဲ့ ပုဂ္ဂိုလ်တို့၏ သန္တာန်မှာလည်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ သန့်ရှင်းလာတယ်။ ဒီလိုဆိုရင် တရားတော်ကိုလည်း ရိုရိုသေသေနဲ့ နာယူဖို့ မလိုဘူးလား? ဒီ ဘုန်းကြီးကလည်းကွာ ဘာတွေ ဟောနေမှန်းလည်း မသိဘူး။ တို့လည်း နားမလည်ပါဘူး။ ဟောဒီပုံစံမျိုး ဖြစ်ရမလား? မဖြစ်ရဘူး။ နားလည်အောင် ကြိုးစားပြီးတော့ နာယူရပါတယ်နော်။ နောက် နံပါတ် (၄) က ဘာလဲ? ပရိပုစ္ဆာ။

ပရိပုစ္ဆာ နာမ အဋ္ဌကထာ။

ပရိပုစ္ဆာဆိုတာ အဋ္ဌကထာကို ပြောတာ။ ပါဠိတော်ကိုဖွင့်ဆိုနေတဲ့ အတ္ထ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုနေတဲ့ တရားစကားတွေကို အဋ္ဌကထာလို့ခေါ်ပါတယ်။ ပါဠိတော်ရဲ့ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုတဲ့ တရားစကားကို ဘာလို့ခေါ်လဲ? အဋ္ဌကထာနော်။

ဥဂ္ဂဟိတပါဠိအာဒီသု ဟိ အတ္ထံ ပရိပုစ္ဆန္တဿ ပဋိသမ္ဘိဒါ ဝိသဒါ ဟောန္တိ။

ဥဂ္ဂဟိတပါဠိ၊ သင်ယူထားအပ်သော ပါဠိတော်မြတ်၏။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။ ပရိပုစ္ဆန္တဿ၊ မေးမြန်းစုံစမ်းလျှက်ရှိသော ပုဂ္ဂိုလ်၏သန္တာန်၌။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည်။ ဝိသဒါ၊ သန့်ရှင်းကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

ပါဠိတော်ရဲ့ အနက်အဓိပ္ပာယ်တွေကို မိမိဟာမိမိ မေးမြန်းစုံစမ်းဖွင့်ဆိုတယ်။ ဖွင့်ဆိုတယ်ဆိုတာကတော့ အလွတ်ရအောင် လေ့ကျက်နေတယ်။ အဲဒီလို လေ့ကျက်ပြီး ကိုယ့်ဟာကိုယ် ဖွင့်ဆိုနေတဲ့ ပုဂ္ဂိုလ်၊ ပါဠိတော်ရဲ့အနက်တွေကို ရွတ်ဖတ်နေတဲ့ ပုဂ္ဂိုလ်သန္တာန်မှာလည်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ သန့်ရှင်းလာတယ်။ နောက်တစ်ခု နံပါတ် (၅) က ဘာလဲ? ပုဗ္ဗယောဂ ဘာတဲ့လဲ? ပုဗ္ဗယောဂ ဘာကို ပုဗ္ဗယောဂ ခေါ်လဲ?

[ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ယောဂါဝစရတာ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမဂေါတြဘုသမီပံ ပတ္တဝိပဿနာနုယောဂေါ။]

ပုဗ္ဗယောဂေါ နာမ၊ ပုဗ္ဗယောဂမည်သည်ကား။ ပုဗ္ဗဗုဒ္ဓါနံ၊ ရှေးရှေးဘုရားရှင်တို့၏။ သာသနေ၊ သာသနာတော်မြတ်အတွင်း၌။

ဘယ်သာသနာမှာလဲ? ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်မြတ်တွင်းမှာ။

ဂတပစ္စာဂတိကဘာဝေန၊ ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်ပြီး အစွမ်းဖြင့်။ ယာဝ အနုလောမဂေါတြဘုသမီပံ၊ ဂေါတြဘူဉာဏ်ရဲ့ အနီးအပါး၌ဖြစ်သော အနုလောမဉာဏ်သို့ တိုင်အောင်။ ---------- ထိုဂေါတြဘူဉာဏ်၏ အနီးအပါးဖြစ်သော အနုလောမဉာဏ်သို့ တိုင်အောင်။ ဝိပဿနာနုယောဂေါ၊ ဝိပဿနာဘာဝနာကို ကြိုးစားအားထုတ်ခြင်းသည်။

ဂေါတြဘူဉာဏ်၏ အနီးအပါးမှာ ဖြစ်လေ့ရှိတဲ့ အနုလောမဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကို ကြိုးစားအားထုတ်ခြင်းကို ပုဗ္ဗယောဂလို့ ခေါ်တယ်။

အဲဒီ ကျင့်ဝတ်ကိုကျင့်တဲ့အပိုင်းမှာ ဂတပစ္စာဂတိကဘာဝေန ဂတပစ္စာဂတဝတ်တွေကို ဖြည့်ကျင့်ပြီးတော့မှ လက်တွေ့ကျင့်တယ်။ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်မြတ်တွင်းမှာ ဂတပစ္စာဂတိကဝတ်ဆိုတာက ဂတ က ဆွမ်းခံသွားတာ။ ပစ္စာဂတိက က ဆွမ်းခံရွာမှ တဖန်ကျောင်းကို ပြန်လာတာကို ပြောတယ်။ ဆွမ်းခံရွာသို့ သွားတဲ့အခါမှာလည်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီးတော့ သွားတယ်။ ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာတဲ့အခါမှာလည်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီးမှ ပြန်လာတယ်။ အဲဒီလို အသွားအပြန် ကမ္မဋ္ဌာန်းဆောင်တဲ့ ကျင့်ဝတ်ကို ဂတပစ္စာဂတိကကျင့်ဝတ်လို့ခေါ်တယ်။

ဘယ်လို ကမ္မဋ္ဌာန်းတွေ ဆောင်ရမလဲလို့မေးရင် မိမိတို့က သမထပိုင်းရှိခဲ့ရင် သမထကမ္မဋ္ဌာန်းကို ဆောင်ပါ။ မိမိတို့က ဝိပဿနာပိုင်း၊ သမထကမ္မဋ္ဌာန်းပိုင်းကလည်း (၄၀) ရှိနေတော့ မိမိတို့ ဘယ်ကမ္မဋ္ဌာန်း ပွားသလဲ? ဘယ်ကမ္မဋ္ဌာန်း အားထုတ်သလဲ? မိမိတို့ အားထုတ်နေတဲ့ သမထကမ္မဋ္ဌာန်းကို ဆောင်သွားဖို့ လိုတယ်။ အကယ်၍ မိမိတို့က ဝိပဿနာပိုင်း ရောက်နေပြီဆိုရင်တော့ ဘာလုပ်ရမလဲ? ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပြီးတော့ ဆွမ်းခံသွားပါ၊ ဆွမ်းခံရွာမှပြန်လာပါတဲ့။ ဒါက ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်ပုံပဲ။ အဲဒီလို ဖြည့်ကျင့်လိုက်တဲ့အခါ ဖြည့်ကျင့်ရုံလေး သက်သက်တွင်လားဆိုတော့ မဟုတ်သေးဘူး။

ယာဝ အနုလောမဂေါတြဘုသမီပံ ပတ္တဝိပဿနာနုယောဂေါ။

ဂေါတြဘူဉာဏ်ရဲ့ အနီးအပါးမှာ ဖြစ်လေ့ရှိတဲ့ အနုလောမဉာဏ်သို့ တိုင်အောင် ဝိပဿနာဘာဝနာကို လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖူးခြင်းဆိုတဲ့ ဒီအကြောင်းကို ပုဗ္ဗယောဂခေါ်တယ်ဆိုပြီး ဒီလို ရှင်းထားတယ်။ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဂေါတြဘူဉာဏ်ရဲ့ အနီးအပါးမှာ ဖြစ်လေ့ရှိတဲ့ အနုလောမဉာဏ်ဆိုတာကတော့ အဋ္ဌကထာများက ဋီကာများက ထပ်ဆင့် ဖွင့်ထားတာကတော့ အထွတ်အထိပ်ကို ရောက်ရှိလာတဲ့ သင်္ခါရုပေက္ခာဉာဏ်ကို ဆိုလိုတယ်ဆိုပြီး ရှင်းထားပါတယ်နော်။ ဘာဖြစ်လို့လဲ?

မဂ္ဂဝီထိအတွင်းမှာ တည်ရှိတဲ့ ဂေါတြဘူနဲ့ ကပ်နေတဲ့ အနုလောမဉာဏ်တွေကတော့ နောက်ပြန် မဆင်းတော့ဘူး။ အရိယာမဂ်ဉာဏ်ကို တန်းသွားမှာ ခုကတော့ ပါရမီခန်းဖြစ်နေတဲ့အတွက် အရိယာမဂ်ဉာဏ် မဆိုက်သေးဘူး။ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာသာပဲ ကြိုးစားအားထုတ်ခဲ့တဲ့ လုပ်ငန်းခွင် ဖြစ်ခြင်းကြောင့် သင်္ခါရုပေက္ခာဉာဏ်ကို ဆိုလိုတယ်ဆိုပြီး ရှင်းထားတယ်နော်။ ပေါင်းလိုက်တော့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ သန့်ရှင်းဖို့ရန်အတွက် ရရှိဖို့ရန်အတွက် အကြောင်း ဘယ်နှစ်မျိုးရှိသလဲ? လေးမျိုးနော်။ ငါးမျိုးနော်။ အဲဒီ (၅)မျိုးထဲမှာ—

ဧတေသု ပန ကာရဏေသု ပရိယတ္တိ သဝနံ ပရိပုစ္ဆာတိ ဣမာနိ တီဏိ ပဘေဒေဿဝ ဗလဝကာရဏာနိ။

ဧတေသု ပန ကာရဏေသု၊ ဤအကြောင်းတရား(၅)မျိုးတို့တွင်။ ပရိယတ္တိ သဝနံ ပရိပုစ္ဆာတိ၊ ပရိယတ္တိသဝနပရိပုစ္ဆာဟု ခေါ်ဆိုကြကုန်သော။ ဣမာနိ တီဏိ၊ ဤ(၃)မျိုးသော အကြောင်းတရားတို့သည်ကား။ ပဘေဒေဿဝ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်၏ ထူးထွေ ကွဲပြားခြင်း၏သာလျှင်။ ဗလဝကာရဏာနိ၊ အားကြီးသော အကြောင်းတရားတို့သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏။

အကြောင်းတရား (၅)မျိုး ရှိတယ်နော်။ (၅)မျိုးထဲမှာ ပရိယတ္တိ, သဝန, ပရိပုစ္ဆာဆိုတဲ့ အကြောင်း (၃)မျိုးကတော့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ထူးထွေ ကွဲပြားဖို့ရန်အတွက် အကြောင်းတရားတွေသာ ဖြစ်ကြပါတယ်။ ဦးပဉ္စင်းတို့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်အရာမှာ အရှင်မဟာကောဋ္ဌိကမထေရ်က ထိပ်ဆုံးဖြစ်ပါတယ်။ ဧတဒဂ်ရတယ်။ တခြားတခြား အရိယာသူတော်ကောင်းတွေလည်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ် ရရှိတဲ့ ပုဂ္ဂိုလ်တွေ ဂဏန်းသင်္ချာ လွန်နေပါတယ်။ မရေမတွက်နိုင်အောင် များတယ်။ ဒါပေမယ့် တစ်ပါးရဲ့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်နှင့် အခြားပုဂ္ဂိုလ်တစ်ပါးရဲ့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ် မတူ ထူးထွေ ကွဲပြားတဲ့သဘော ရှိတယ်။

ဘာကိုအခြေတည်ပြီးတော့ ဒီလို ထူးထွေကွဲပြားမှု ဖြစ်ရသလဲလို့ မေးတော့ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတော်မူတဲ့ သူတော်ကောင်းတို့ လေ့ကျက်ခဲ့ရတဲ့ ပရိယတ္တိတရားတော်ရဲ့ ထူးထွေ ကွဲပြားမှုကြောင့်လည်းကောင်း၊ တရားတော်ကို နာယူစဉ် အချိန်အခါမှာ ရရှိတဲ့ တရားနာကြားမှု အသိဉာဏ်ရဲ့ ထူးထွေကွဲပြားမှုအပေါ်မှာ အခြေတည်၍လည်းကောင်း၊ ပရိပုစ္ဆာခေါ်တဲ့ အဋ္ဌကထာကို သင်ယူတဲ့အပိုင်းမှာ အဋ္ဌကထာနှင့် ပတ်သက်ပြီး တတ်သိနားလည်တဲ့ ဉာဏ်တော်မြတ်တွေရဲ့ ထူးထွေ ကွဲပြားမှုအပေါ်မှာ အခြေတည်၍လည်းကောင်း၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ထူးထွေ ကွဲပြားသွားတယ်။

ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ တစ်ဦးနဲ့တစ်ဦး အဆင့်အတန်းချင်း မတူညီဘဲ ထူးထွေ ကွဲပြားသွားတယ်။ ဒီတော့ နားလည်လွယ်တဲ့ စကားတစ်လုံးနဲ့ ပြောမယ်။ စာသင်ကြတယ် ဆိုကြစို့။ သူလည်း ပထမငယ် အောင်တယ်။ ကိုယ်လည်း ပထမငယ် အောင်တယ်။ ဒါပေမဲ့ အောင်သွားတဲ့ ပုဂ္ဂိုလ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး အသိဉာဏ်လေးတွေ ကွာဟချက်တော့ အထိုက်အလျောက် မရှိကြဘူးလား? ဖြစ်ကြတယ်။ သူလည်း လေးတန်းအောင်တယ်၊ ငါလည်း လေးတန်းအောင်တယ်။ သူလည်း ဆယ်တန်းအောင်တယ်၊ ငါလည်း ဆယ်တန်းအောင်တယ်။ အောင်သွားတဲ့ ပုဂ္ဂိုလ်တွေမှာ တချို့က အင်္ဂလိပ်စာတော်တယ်၊ တချို့က သင်္ချာတော်တယ် စသည်ဖြင့် ထူးထွေ ကွဲပြားမှုလေးတွေ မရှိဘူးလား? ရှိကြတယ်။ အဲဒီ ပုံစံအတိုင်းပဲ။

ဒီပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကို ရရှိတဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း တစ်ဦးနဲ့တစ်ဦး ပဋိသမ္ဘိဒါဉာဏ်တော်မြတ်ခြင်း တူသော်လည်း အဆင့်အတန်းခြင်း မတူကြဘူး။ ထူးထွေကွဲပြားမှု ရှိကြတယ်။ ဘာပေါ် အခြေတည်ပြီး ထူးထွေ ကွဲပြားရသလဲလို့မေးတော့ ပရိယတ္တိခေါ်တဲ့ ဘုရားရှင်ရဲ့ ပါဠိတော်ကိုသင်ယူတဲ့ အသိဉာဏ်၊ သဝနခေါ်တဲ့ ဘုရားရှင်ရဲ့ တရားတော်များကို နာကြားတတ်တဲ့ အသိဉာဏ်၊ ပရိပုစ္ဆာခေါ်တဲ့ ပါဠိတော်ရဲ့ အနက်အဓိပ္ပာယ်တွေကို ဖွင့်ဆိုထားတဲ့ အဋ္ဌကထာကို သင်ယူတဲ့ တတ်သိ နားလည်တဲ့ အသိဉာဏ်။ အဲဒီ အသိဉာဏ်တွေ ကွဲပြားတဲ့အတွက် တစ်ပါးနဲ့တစ်ပါး တူညီမှု မရှိဘဲ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေလည်း ထူးထွေကွဲပြား သွားရတယ်။ ဒါပေမဲ့ —

ပုဗ္ဗယောဂေါ အဓိဂမဿ ဗလဝပစ္စယော၊ ပဘေဒဿ ဟောတိ န ဟောတီတိ?

ပုဗ္ဗယောဂ ပုဗ္ဗယောဂဆိုတဲ့ ခုနက ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စီးဖြန်း ပွားများအားထုတ်ခဲ့ဖူးခြင်းဆိုတဲ့ ဒီအကြောင်းတရားတစ်ခုရှိတယ်။ အဲဒီ အကြောင်းတရားကတော့ အဓိဂမခေါ်တဲ့ အရိယာမဂ်ဉာဏ်, ဖိုလ်ဉာဏ် (သို့မဟုတ်) အရဟတ္တမဂ်ဉာဏ်, ဖိုလ်ဉာဏ်ရဲ့ အားကြီးသော အကြောင်းသာ ဖြစ်တယ်။ ပဘေဒဿ ဟောတိ နဟောတိ။ ပဘေဒခေါ်တဲ့ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ထူးထွေကွဲပြားဖို့ရန်အတွက် အကြောင်းဖြစ်သလား မဖြစ်ဘူးလားလို့မေးရင်တော့ နပန အတ္ထာတဲ့နော်။

ရှေးရှေးပဋိသမ္ဘိဒါဉာဏ်တွေလို ကွဲပြားမှု မဖြစ်တာမျိုးတော့ မဟုတ်ဘူး။ ဖြစ်တန်သလောက်တော့ ဖြစ်တယ်နော်။ ဖြစ်တန်သလောက် ဖြစ်တယ်ဆိုတာက ဒီရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိအောင် လေ့ကျင့်ရတဲ့အပိုင်း ရှိတယ်။ လေ့ကျင့်ရတဲ့ အပိုင်းလေးတွေမှာ ထူးထူးထွေထွေ ထိုးထိုးထွင်းထွင်း သိအောင် ကြိုးစားအားထုတ်တဲ့ အပိုင်းမှာ လက်တွေ့ရှုနေတဲ့ ပုဂ္ဂိုလ်များကတော့ နားလည်ကြမယ်။ ပုံစံလေးတစ်ခု ဘုန်းကြီးပြောမယ်။

မျက်စိမှာ ဓာတ်လေးပါးစိုက်လိုက်တော့ ကလာပ်အမှုန်တွေ့ပြီ။ တချို့က ကလာပ်အမှုန် တော်တော်များများကို ဓာတ်ခွဲလို့ ရတယ်။ တချို့ကတော့ အနည်းအကျဉ်းလောက်ပဲ ဓာတ်ခွဲလို့ ရတယ်။ တစ်ဦးနဲ့တစ်ဦး တူညီပါ့မလား? မတူညီဘူးနော်။ အလားတူပဲ။ နာမ်တရားတွေ ရှုတဲ့အပိုင်းမှာလည်း တချို့က သွက်သွက်လက်လက်နဲ့ ရှင်းရှင်းလင်းလင်း ရှုလို့ရတယ်။ တချို့က သိပ်ပြီး မသွက်ဘူး။ သိပ်ပြီး မသန့်ရှင်းဘူး။ အဲဒီလို မရှိဘူးလား? ရှိတယ်။

အလားတူပဲ။ အကြောင်းတရား, အကျိုးတရား သိမ်းဆည်းတဲ့ အပိုင်းတွေကျတော့လည်း တချို့က အတိတ်ဘဝ တော်တော်များများကို ရှုပြီးတော့ အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းလို့ရတယ်။ အနာဂတ်ကို ရှုလိုက်ရင်လည်း ရှင်းရှင်းလင်းလင်းနဲ့ အကြောင်းတရား အကျိုးတရားတွေကို တော်တော် နက်နက်နဲနဲ ရှုလို့ရတယ်။ ဝိပဿနာပိုင်းရောက်တော့လည်း အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓဆိုတဲ့ ကာလ (3)ပါး, သန္တာန် (2)ပါးအတွင်းမှာ တည်ရှိတဲ့ ရုပ်, နာမ်, ကြောင်းကျိုး သင်္ခါရတရားတွေကို လက္ခဏာရေး (3)တန် တင်ပြီး ရှုတဲ့အပိုင်းမှာ တချို့က တော်တော်လေး အသိဉာဏ် သန့်ရှင်းတယ် ထက်မြက်တယ်။ တချို့ကတော့ အသိဉာဏ် အလွန်ကြီး မသန့်ရှင်းဘူး။ အလွန်ကြီးလည်း မထက်ဘူး။ မထက်တဲ့အခါကျတော့ မထက်မြက်တဲ့ပုဂ္ဂိုလ်နဲ့ ထက်မြက်တဲ့ပုဂ္ဂိုလ် ရရှိတဲ့ အကျိုးတရားခြင်းသည် တူညီပါ့မလား? မတူညီဘူး။

ဒါကြောင့် ပဋိသမ္ဘိဒါဉာဏ် ထူးထွေ ကွဲပြားဖို့ရန်အတွက်လည်း ပုဗ္ဗယောဂခေါ်တဲ့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းခဲ့ဖူးခြင်းဆိုတဲ့ဒီအကြောင်းတရားကလည်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ထူးထွေကွဲပြားဖို့ရာ အကြောင်းရင်းတစ်ခု ဖြစ်တန်သလောက်တော့ ဖြစ်ပါတယ်။ လုံးလုံးတော့ မဖြစ်တာတော့ မဟုတ်ဘူးဆိုပြီး ဒီလို ဖွင့်ထားတယ်နော်။ ဒါပေမယ့် ခုနက ပရိယတ္တိ, သဝန, ပရိပုစ္ဆာခေါ်တဲ့ ဒီသုံးခုကတော့ တကယ် မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရရှိရေးအတွက် ပဋိသမ္ဘိဒါဉာဏ်တွေ ထူးထွေကွဲပြားဖို့ရန်အတွက် အကြောင်းရင်းသာဖြစ်တယ်လို့ ဒီလို ဖွင့်ထားပါတယ်နော်။ ကဲနောက်တစ်ခု — ဘုန်းကြီး ဒီနေ့ ယောဂီတွေကို ပြောချင်တဲ့အပိုင်းလေးက ဘာလဲ?

ပရိယတ္တိသဝနပရိပုစ္ဆာ ဟိ ပုဗ္ဗေ ဟောန္တု ဝါ မာ ဝါ၊ ပုဗ္ဗယောဂေန ပန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္Filling။

ပရိယတ္တိသဝနပရိပုစ္ဆာ ဟိ၊ ပရိယတ္တိ = ပါဠိတော်ကို သင်ယူခြင်း၊ သဝန = ဘုရားရှင်၏ တရားတော်မြတ်ကို နာယူခြင်း။ ပရိပုစ္ဆာ = ပါဠိတော်ကို ဖွင့်ဆိုကြောင်းဖြစ်တဲ့ အနက်အဓိပ္ပာယ် အဋ္ဌကထာကို သင်ယူခြင်းဆိုတဲ့ ဒီအကြောင်းတရား (၃)မျိုးတို့သည်။ ပုဗ္ဗေ၊ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်း၌။ ဟောန္တု ဝါ၊ ရှိကြသည်မူလည်း ရှိချင်ရှိကြပါစေ။ မာ ဝါ ဟောန္တု၊ မရှိကြမူသည်လည်း ရှိချင်ရှိပါစေနော်။ ပုဗ္ဗယောဂေန ပန ပုဗ္ဗေ စေဝ၊ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်း၌လည်းကောင်း။ ဧတရဟိ စ၊ ဤယခုဘုရားရှင်၏ သာသနာတော်တွင်း၌လည်းကောင်း။ သင်္ခါရသမ္မသနံ၊ သင်္ခါရတရားတို့ကို လက္ခဏာရေး (၃)တန်တင်ပြီး သုံးသပ်ရှုပွားခြင်း သင်္ခါရသမ္မသနံအမှုကို။ ဝိနာ၊ ပြု၍။ ပဋိသမ္ဘိဒါ နာမ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည်။ နတ္ထိ၊ မရှိစဖူးပေ။

ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ပရိယတ္တိ ပါဠိတော်ကို သင်ယူခြင်း။ သဝန ပါဠိတော်တရားတော်မြတ်ကို ရိုရိုသေသေ နာကြားခြင်း။ ပရိပုစ္ဆာ ပါဠိတော်ကို ဖွင့်ဆိုကြောင်းဆိုတဲ့ အနက်အဓိပ္ပာယ် အဋ္ဌကထာကိုသင်ယူခြင်းဆိုတဲ့ ဒီအကြောင်းတရား (၃)ခုသည် ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ ပြုခဲ့ချင်လည်းပြုပါစေ၊ မပြုသော်လည်း ရှိချင်ရှိပါစေနော်။ ဒါပေမဲ့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ ဘာဖြစ်လဲ? ပုဗ္ဗယောဂခေါ်တဲ့ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ခဲ့ခြင်းဆိုတဲ့ ဒီအကြောင်းတရားကတော့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာလည်း ရှိရမယ်။ ဒီဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာလည်း ရှိရမယ်။

ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာလည်း ဒီသင်္ခါရတရားတွေကို လက္ခဏာရေး (၃)တန်တင်ကာ ရှုပွားသုံးသပ်မှု မပြုခဲ့ဖူးဘူးဆိုရင် ပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကို မရနိုင်ဘူး။ ဒီဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာလည်း ဒီသင်္ခါရတရားတွေကို လက္ခဏာရေး (၃)တန်တင်ကာ ရှုပွားသုံးသပ်ခြင်း မပြုခဲ့ရင် ဒီပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကို ဘယ်လိုမှ မရနိုင်ဘူး။ ဒါဖြင့် ပဋိသမ္ဘိဒါဉာဏ် ရရှိရေးအတွက် ပုဗ္ဗယောဂခေါ်တဲ့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာရော ဒီဘုရားရှင်ရဲ့ သာသနာတော် အတွင်းမှာရော သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်ဖို့ မလိုဘူးလား? လိုအပ်တယ်နော်။

ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်မှာလည်း သင်္ခါရတရားတွေကို လက္ခဏာရေး (၃)တန်တင်ပြီးတော့ ရှုပွားသုံးသပ်ဖူးရမယ်။ ဒီဂေါတမဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာလည်း ဒီသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်ဖူးရမယ်။ အဲဒီလို ရှုပွားသုံးသပ်ဖူးမှ ဘာဖြစ်သလဲ?

ဣမေ ပန ဒွေပိ ဧကတော ဟုတွာ ပဋိသမ္ဘိဒါ ဥပတ္ထမ္ဘေတွာ ဝိသဒါ ကရောန္တီတိ။

ဒုတိယပိုင်း

ဣမေ ဒွေပိ၊ ဤနှစ်မျိုးသော အကြောင်းတရားတို့သည်လည်းပဲ။ ဧကတော ဟုတွာ၊ တစ်ပုံကြီး ဖြစ်ကြကုန်သည်။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့ကို။ ဥပတ္ထမ္ဘေတွာ၊ ထောက်ပံ့ကြကုန်လျက်။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တို့သည်။ ဝိသဒါ၊ သန့်ရှင်းကြကုန်သည်။ ဝိသဒါ ကရောန္တိ၊ သန့်ရှင်းအောင် ပြုလုပ်နိုင်ကြပါပေကုန်၏။

ပုဗ္ဗယောဂခေါ်တဲ့ ဒီအကြောင်းတရားတစ်ခု၊ အဓိဂမခေါ်တဲ့ အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်းဆိုတဲ့ အကြောင်းတစ်ခု၊ ဒီအကြောင်း (၂)ခုက တစ်ပေါင်းထဲ ပြုလုပ်လိုက်တဲ့ အချိန်အခါမှာ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေကို ဒီအကြောင်းတရားနှစ်ခုကနေ အားပေး ထောက်ပံ့ပါတယ်။ အားပေး ထောက်ပံ့လိုက်တဲ့အတွက် ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေကို သန့်ရှင်းအောင် ဒီအကြောင်းတရားနှစ်ခုက ပြုလုပ်ပေးတယ်နော်။ အဲဒီလို ပြုလုပ်ပေးလိုက်တဲ့အတွက် ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေအတွက် ဒီပုဗ္ဗယောဂခေါ်တဲ့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်ထဲမှာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးခြင်းဆိုတဲ့ အကြောင်းတစ်ခု၊ အဓိဂမခေါ်တဲ့ ဒီ ဘုရားရှင်ရဲ့ သာသနာတော်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်းဆိုတဲ့ အကြောင်းတစ်ခု၊ ဒီအကြောင်း (၂)ခုဟာလည်း ပဋိသမ္ဘိဒါဉာဏ်တွေ ထူးထွေ ကွဲပြားဖို့ရာအတွက် အကြောင်းပဲဖြစ်ပါတယ်ဆိုပြီး ဒီလို ဖွင့်ထားတယ်။

ဒီတော့ ဘုန်းကြီး ပြောချင်တဲ့အချက်က ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ပရိယတ္တိခေါ်တဲ့ ပါဠိတော်ကိုသင်ယူဖူးခြင်း၊ သဝနခေါ်တဲ့ တရားတော်ကို ရိုသေစွာ နာကြားခဲ့ဖူးခြင်း၊ ပရိပုစ္ဆာခေါ်တဲ့ အဋ္ဌကထာကို သင်ယူခဲ့ဖူးခြင်းဆိုတဲ့ ဒီအကြောင်းတွေ ရှိချင်လည်းရှိပါစေ မရှိချင်လည်းနေပါစေ၊ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကတော့ အားထုတ်ခဲ့ဖူးခြင်းဆိုတာ ရှိရမလား, မရှိရဘူးလား? ရှိရမယ်။ ဒီဘုရားရှင်ရဲ့ သာသနာတော်မှာလည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ကြိုးစားအားထုတ်ဖူးခြင်း(သို့မဟုတ်) အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့တိုင်အောင် ကြိုးစားအားထုတ်ဖူးခြင်းဆိုတာ ရှိရမလား, မရှိရဘူးလား? ရှိရမယ်။ ဒီအကြောင်း (၂)ခု ရှိရမယ်။

အဲဒီ အကြောင်း(၂)ခုရှိပါမှသာလျှင် ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ရရှိနိုင်ပါတယ်နော်။ ဒီလိုဆိုရင် ဘုန်းကြီး တပည့်တော်တို့က ပဋိသမ္ဘိဒါဉာဏ်လိုချင်တာ မဟုတ်ဘူးဘုရား။ တပည့်တော်တို့က အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လိုချင်တာ၊ နိဗ္ဗာန်ကို ခပ်မြန်မြန်သွားချင်တာ ဒီလိုတော့ ပြောချင်လည်း ပြောကြလိမ့်မယ်နော်။ မပြောချင်ကြဘူးလား? ပြောချင်လည်း ပြောကြပါလိမ့်မယ်။ ပြောချင်တဲ့ပုဂ္ဂိုလ်တွေအတွက် ဘုန်းကြီး နည်းနည်းလေး ထပ်ပြီး အဋ္ဌကထာ ဖွင့်ထားတာလေး ပြောချင်တယ်နော်။

အရိယသာဝကော နော ပဋိသမ္ဘိဒါပ္ပတ္တော နာမ နတ္ထိ။

အရိယာသာဝကော၊ အရိယာသာဝကတိုင်းသည်။ နော ပဋိသမ္ဘိဒါပ္ပတ္တော နာမ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်သို့ မရောက်ရှိတဲ့ ပုဂ္ဂိုလ်မည်သည်။ နတ္ထိ၊ မရှိစကောင်းပေ။

အရိယာသာဝကဆိုရင် ပဋိသမ္ဘိဒါဉာဏ်တော်မြတ်သို့ မရောက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးမှ မရှိကောင်းဘူး။ ဘာဖြစ်လို့လဲ? ခုနက ပြောခဲ့ပြီးပြီ။ အတ္ထပဋိသမ္ဘိဒါဉာဏ်တော်က ဒုက္ခသစ္စာကို သိတတ်တဲ့ဉာဏ်၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်က သမုဒယသစ္စာကို သိတတ်တဲ့ဉာဏ်၊ အရိယာသူတော်ကောင်းမှန်ရင် ဒီဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို သိလား မသိဘူးလား? သိတယ်။ တစ်ခါ ဒီ ဒုက္ခသစ္စာ သမုဒယသစ္စာကိုသိတဲ့ ပုဂ္ဂိုလ်တွေသည် နောက်တစ်ဆင့် တက်လိုက်ဦး။ ဒုက္ခသစ္စာဆိုတာက ဘာတွေ၊ သမုဒယသစ္စာဆိုတာက ဘာတွေဆိုတဲ့ အခေါ်အဝေါ် အသုံးအနှုန်းလေးတွေလည်း မသိဘူးလား? သိတယ်။

ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် မသိရဘူးလား? သိရပါတယ်။ ဖဿ, ဝေဒနာ, သညာ, စေတနာ လိုက်ဆိုစမ်း ဟုတ်ပြီလား။ လိုက်ပြီး ဆိုတယ်။ ဆိုပြီးတဲ့အခါ အဲဒီ တရားလေးတွေ ရအောင် မကျက်ရဘူးလား? ကျက်ရတယ်။ ဟော နိရုတ္တိပဋိသမ္ဘိဒါဉာဏ်လည်း အထိုက်အလျောက် မရဘူးလား? ရပြီ။ ရပြီးတဲ့အခါ မိမိတို့က ဒီရုပ်တွေ နာမ်တွေလည်း စနစ်တကျ ရှုလို့ သိပြီ။ ဒုက္ခသစ္စာတရားလည်း ထိုးထွင်းသိပြီ၊ သမုဒယသစ္စာတရားတွေလည်း အထိုက်အလျောက် ဝိပဿနာဉာဏ်နဲ့ ထိုးထွင်းသိပြီ ဆိုကြစို့။ ထိုးထွင်းသိပြီးတဲ့ အချိန်အခါမှာ ဒီဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီးတော့ ဝိပဿနာ ရှုရတယ်။ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် တက်သွားလိုက်တဲ့အချိန်အခါ ဘင်္ဂဉာဏ်ပိုင်းလောက် အပျက်နယ်ထဲ ရောက်ပြီဆိုတော့ ဘာလုပ်သလဲ?

ဉာတဉ္စ ဉာနဉ္စ ဥဘောပိ ဝိပဿတိ။

ဉာတ အမည်ရတဲ့ အရှုခံ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကိုလည်း လက္ခဏာရေး (၃)တန်တင်ပြီးတော့ ဝိပဿနာ ရှုတယ်။ ဉာန အမည်ရနေတဲ့ ရှုတတ်တဲ့ ဝိပဿနာဉာဏ်ကိုလည်း တဖန်ပြန်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီးတော့ ဝိပဿနာရှုတယ်။ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ဒုက္ခသစ္စာကို သိတတ်တဲ့ ဉာဏ်ကိုလည်း ပြန်ပြီးတော့ ဝိပဿနာ ရှုတယ်။ တနည်းပြောရင်တော့ ဒုက္ခသစ္စာကို ဝိပဿနာ ရှုနေတဲ့ဉာဏ်ကိုလည်း တဖန်ပြန်ပြီးတော့ ဝိပဿနာ ရှုတယ်။ သမုဒယသစ္စာကို ဝိပဿနာ ရှုတတ်တဲ့ဉာဏ်ကိုလည်း တဖန်ပြန်ပြီးတော့ ဝိပဿနာ ရှုတယ်။ ရှုလိုက်ပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် ဒါ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်လို့ မပြောနိုင်ဘူးလား? လောကီပဋိဘာနပဋိသမ္ဘိဒါဉာဏ်ပဲ။ အဲဒါကြောင့် ပြောမယ်ဆိုရင် ပဋိသမ္ဘိဒါဉာဏ်လေးပါးကို အရိယာသူတော်ကောင်းတိုင်း မရနိုင်ဘူးလား? ရနိုင်တယ်။ ဒါကြောင့် —

ဗဟုမ္ပိ ဥဂ္ဂဟေတွာ ပန ပုထုဇ္ဇနဿ ပဋိသမ္ဘိဒါပ္ပတ္တိ နာမ နတ္ထိ၊

ဗဟုမ္ပိ၊ များစွာသော်လည်းပဲ။ ဥဂ္ဂဟေတွာ၊ သင်ယူပြီး၍။ ပုထုဇ္ဇနဿ၊ ပုထုဇဉ်ပုဂ္ဂိုလ်၏သန္တာန်၌။ ပဋိသမ္ဘိဒါပ္ပတ္တိ နာမ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်သို့ ဆိုက်ရောက်ခြင်းသည်။ နတ္ထိ၊ မရှိစကောင်းပေ။

အရိယသာဝကော Nော ပဋိသမ္ဘိဒါပ္ပတ္တော နာမ နတ္ထိ။

အရိယာသာဝကော၊ အရိယာသာဝကတိုင်းသည်။ နော ပဋိသမ္ဘိဒါပ္ပတ္တော နာမ၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်သို့ မရောက်ရှိတဲ့ ပုဂ္ဂိုလ်မည်သည်။ နတ္ထိ၊ မရှိစကောင်းပေ။

ပုထုဇဉ်မှန်ရင်လည်း ဘယ်လောက်ပဲသင်သင် ပုထုဇဉ်တိုင်း ပုထုဇဉ်တိုင်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ်သို့ ရောက်ရှိတယ်ဆိုတာ တစ်ယောက်မှ မရှိဘူး။ အရိယာမှန်လို့ရှိရင်လည်း အရိယာပုဂ္ဂိုလ်တိုင်း အရိယာပုဂ္ဂိုလ်တိုင်းသည် ပဋိသမ္ဘိဒါဉာဏ်သို့ မရောက်တဲ့ အရိယာပုဂ္ဂိုလ်ဆိုတာ တစ်ပါးမှ မရှိဘူး။ မရှိခဲ့ရင် ဘာဖြစ်သလဲ?

ပုဗ္ဗယောဂေန ပန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။

ပုဗ္ဗယောဂနဲ့ကင်းပြီးတော့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ကြိုးစားအားထုတ်ခဲ့ခြင်း သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အားထုတ်ခဲ့ခြင်းဆိုတဲ့ ပုဗ္ဗယောဂနဲ့ ကင်း၍သော်လည်းကောင်း၊ ဒီဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာလည်း သင်္ခါရတရားတွေကို လက္ခဏာရေး (၃)တန်တင်ပြီး ဝိပဿနာ ရှုပွားသုံးသပ်ခြင်း၊ သင်္ခါရသမ္မသနအမှုနဲ့ ကင်း၍သော်လည်းကောင်း၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်သို့ ရောက်ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာလည်း မရှိဘူး။ ဒီလိုဆိုရင် ပါရမီ လိုသလား, မလိုဘူးလား? လိုအပ်ပါတယ်။ ဒါကြောင့် ဒီဘဝမှာ ကြိုးစားအားထုတ်လိုက်လို့ မဂ်, ဖိုလ်, နိဗ္ဗာန် မရဘူးထား။ ဒီကြိုးစားအားထုတ်လိုက်တဲ့ ပါရမီမျိုးစေ့ကောင်းတွေသည် နောင်တစ်ချိန် ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိဖို့အတွက် မျိုးစေ့ကောင်း မဖြစ်ဘူးလား? ဖြစ်တယ်။

အလားတူပဲ။ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ ကြိုးစားအားထုတ်ခဲ့တဲ့ မျိုးစေ့ကောင်း ရှိခဲ့မယ်ဆိုရင်လည်း ဒီဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ အရိယာသူတော်ကောင်းအဆင့်သို့ ရောက်ကောင်း ရောက်နိုင်တဲ့သဘောကော မရှိဘူးလား? ရှိနေတယ်။ ဒါကြောင့် ကြိုးစားအားထုတ်ဖို့တော့ မလိုဘူးလား? လိုအပ်နေပါတယ်။ သို့သော် ဒီမှာ အရှင်ဥပသေနမထေရ်မြတ်က ပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကိုရရှိတဲ့ သူတော်ကောင်းဖြစ်တယ်။ ပဋိသမ္ဘိဒါဉာဏ်လေးပါးကိုရရှိတဲ့ သူတော်ကောင်းဖြစ်ခြင်းကြောင့် ဒီလို ပဋိသမ္ဘိဒါဉာဏ်တွေကို ရရှိရေးအတွက် သူသည် ဘယ်လို ကြိုးပမ်းခဲ့သလဲ?

ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ကြိုးစားအားထုတ်ခဲ့တယ်နော်။ အဲဒီလို ကြိုးစားအားထုတ်ခဲ့တဲ့ ပါရမီ မျိုးစေ့ကောင်းတွေက လှုံ့ဆော်တိုက်တွန်းလိုက်တဲ့အခါ ပါရမီရှိနေတဲ့ ဒီသူတော်ကောင်းအဖို့ ဘုရားရှင်ကနေပြီးတော့ ကြိမ်လုံးလေးတစ်ချက်လောက် တို့ပေးလိုက်တာနဲ့ ဘာဖြစ်လာလဲ?

” ယဒိပါဟံ ဣဒါနိ ပရိသံ နိဿာယ ဘဂဝတာ ဝိဂရဟိတော၊ ပရိသံယေဝ ပန နိဿာယ ပါသံသိယော ဘဝေယျံ ” န္တိ

ယဒိပန၊ အကယ်၍လည်းပဲ။ အဟံ၊ ငါသည်။ ပရိသံ၊ ပရိသတ်ကို။ နိဿာယ၊ အမှီပြု၍။ ဘဂဝတာ၊ ဘုန်းတော်(၆)ပါးသခင်ဘုရားရှင်က။ ဝိဂရဟိတော၊ ကဲ့ရဲ့အပ်သည်သာ မှန်ပါပေ၏၊ ပန၊ ထိုသို့ပင်မှန်သော်လည်းပဲ။ ပရိသံယေဝ၊ ပရိသတ်ကိုပင်လျှင်။ နိဿာယ၊ အမှီပြု၍။ ပါသံသိယော၊ အချီးမွမ်းခံရသော ပုဂ္ဂိုလ်သည်။ ဘဝေယံ၊ ငါဖြစ်အောင် ကြိုးစားအားထုတ်မယ်။

ဆုံးဖြတ်ချက်ချတယ်။ ဘာဖြစ်လို့ ဒီဆုံးဖြတ်ချက် ချနိုင်လဲ? အတိတ်က ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ရရှိနိုင်ဖို့ရန်အတွက် အကြောင်းတရား (၅)ခုကို သူက စနစ်တကျ ထူထောင်ထားခဲ့တဲ့ သူတော်ကောင်းကြီး ဖြစ်တယ်နော်။ ဒီတော့ ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်း ပဋိသမ္ဘိဒါဉာဏ် ရသည် မရသည်ထားပေါ့၊ အရိယာသူတော်ကောင်းတိုင်း ရသင့်ရထိုက်တဲ့ ပဋိသမ္ဘိဒါဉာဏ်မျိုး လိုချင်တယ်ဆိုလို့ရှိရင်တော့ ဒီအကြောင်းတရား (၅)မျိုးကို အချိန်မီ စနစ်တကျ ထူထောင်ဖို့တော့ မလိုဘူးလား? လိုအပ်ပါတယ်။ အတိတ်က ထူထောင်ထားခဲ့တဲ့ မျိုးစေ့ကောင်းရှိခဲ့ရင် ဒီဘုရားသာသနာမှာ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရချင်ရမယ်။ အကယ်၍ အတိတ်က ထူထောင်ခဲ့တဲ့ မျိုးစေ့ကောင်း မရှိခဲ့လို့ရှိရင်လည်း နောက်အနာဂတ် ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်တွေ ရဖို့ရန် ပါရမီမျိုးစေ့ကောင်းတွေကို ထူထောင်ပြီး ဖြစ်မသွားဘူးလား? ဖြစ်သွားပြီနော်။

အရှင်ဥပသေနမထေရ်ကတော့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာလည်း စနစ်တကျ ကြိုးစားအားထုတ်ခဲ့တဲ့အတွက် အကြောင်းတရား (၅)ပါးကို စနစ်တကျ ထူထောင်ခဲ့တဲ့အတွက် အထူးသဖြင့် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့တဲ့ သူတော်ကောင်းဖြစ်ခြင်းကြောင့် ဘုရားရှင် ကြိမ်လုံးတစ်ချက် တို့လိုက်တာနဲ့ အင်မတန် ထက်သန်နေတဲ့ လုံ့လဝီရိယတွေ ပေါ်လာတယ်။

ငါသည် ဒီပရိသတ်ကို အမှီပြုပြီးတော့ ဘုရားရှင်ထံမှ ကဲ့ရဲ့မှုကို ခံယူရတယ်။ ဒါပေမဲ့ ဒီပရိသတ်ကို အမှီပြုပြီးတော့ အချီးမွမ်းခံရတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် ငါကြိုးစားအားထုတ်မယ်ဆိုတဲ့ ဒီလို အင်မတန် ထက်သန်တဲ့ လုံ့လဝီရိယတွေ သူ့ရဲ့ သန္တာန်မှာ ပေါ်လာတယ်။ ပေါ်လာလိုက်တဲ့အတွက် ဘာလုပ်သလဲ? ဓူတင်(၁၃)ပါး ဆောင်တယ်။ သမထ ဝိပဿနာ ဘာဝနာဆိုတဲ့ ကမ္မဋ္ဌာန်းတွေကို အပတ်တကုတ် စနစ်တကျ ကြိုးစားအားထုတ်တယ်။ ကြိုးစားအားထုတ်လိုက်တဲ့အတွက် မကြာမီ အချိန်ကာလအတွင်းလေးမှာပဲ ဘာဖြစ်သလဲ? အဘိဉာဏ် (၆)ပါး ရရှိသွားတယ်။

ဘာဖြစ်လို့ ဒီမကြာမီ အချိန်ကာလအတွင်းမှာ အဘိဉာဏ် (၆)ပါး ရရှိပြီးတော့ ပဋိသမ္ဘိဒါဉာဏ် (၄)ပါးလည်း ရရှိသလဲလို့မေးရင် ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်းခဲ့ဖူးတယ်။ ပဋိသမ္ဘိဒါဉာဏ်တော်မြတ်ကို ရရှိဖို့ရန်အတွက် အကြောင်းတရား (၅)မျိုးကိုလည်း မထူထောင်ခဲ့ဘူးလား? ထူထောင်ခဲ့ဖူးတယ်။ မျိုးစေ့ကောင်းလေးတွေ အချိန်မီ ကြဲချစိုက်ပျိုးနိုင်ဖို့ မလိုဘူးလား? လိုအပ်တယ်။ မျိုးစေ့ကောင်းတွေ ပါလာတဲ့ပုဂ္ဂိုလ်အတွက် မကြာမီ အချိန်ကာလအတွင်းမှာ ဒီဘုရားရှင်ရဲ့ သာသနာမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိနိုင်ပါတယ်နော်။ အဲဒီလို မဂ်ဉာဏ် ဖိုလ်ဉာဏ် ရပြီးလို့ ရဟန္တာမထေရ်မြတ် ဖြစ်သွားတဲ့အခါ ဘာဖြစ်သလဲ?

အတ္တနော နိဿိတကေ ဓုတင်္ဂဓရေ ဧဝ ကတွာ တေဟိ သဒ္ဓိံ ဘဂဝန္တံ ဥပသင်္ကမိတွာ

အတ္တနော၊ မိမိအား။ နိဿိတကေ၊ မှီတင်းနေထိုင်ကြကုန်သော။ ဓုတင်္ဂဓရေ ဧဝ၊ ဓူတင်ကို ဆောင်နေတဲ့ တပည့် သား မြေးတို့ကိုသာလျှင်။ ကတွာ၊ ပြု၍။ တေဟိ၊ ထိုတပည့် သား မြေးတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ ဘဂဝန္တံ၊ ဘုန်းတော် (၆)ပါးသခင် တန်ခိုးဂုဏ်နှင့် ပြည့်စုံသော ဘုရားရှင်သို့။ ဥပသင်္ကမိတွာ၊ အနီးအစပ် ချဉ်းကပ်၍။

မိမိတပည့် သား မြေးတွေကို ဓူတင် (၁၃)ပါး ဆောင်အောင် သူက ကြိုးစားအားထုတ်တယ်။ မိမိတပည့် သား မြေးတွေကို ဓူတင် (၁၃)ပါး ဆောင်စေပြီးတဲ့နောက် ဘာလုပ်သလဲ? ဆက်ပြီးတော့ ဒီတပည့်တွေကို သူက ခေါ်ဆောင်သွားတယ်။ ဘုရားရှင်ထံ ခေါ်ဆောင်သွားလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်ကလည်း ဒီတပည့်ပရိသတ်တွေကို လှမ်းကြည့်လိုက်တော့ သူက မြင်တယ်၊ မြင်လိုက်တဲ့အခါမှာ ဘုရားရှင်က တော်တော်လေး ကျေနပ်သွားတယ်။ ကျေနပ်တဲ့အချိန် ဆိုကြပါစို့။ အဲဒီအချိန်က ဘယ်လိုလဲဆိုတော့ မြတ်စွာဘုရား သာဝတ္Fillingပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံးစံနေတော်မူခိုက် ဖြစ်တယ်။ ထိုဝါတွင်း မြတ်စွာဘုရား လောကကို ကြည့်ရှုတော်မူလိုက်တဲ့ အချိန်အခါ တလောကလုံးမှာ ဘုရားရှင် ချေချွတ်လို့ ကျွတ်တန်းဝင်မယ့် သူတော်ကောင်း တစ်ဦးမှ မတွေ့ရဘူး။ မတွေ့ရတော့ ဘုရားရှင်က ဘာလုပ်သလဲ?

” ဣစ္ဆာမဟံ၊ ဘိက္ခဝေ၊ တေမာသံ ပဋိသလ္လီယိတုံ။ နာဟံ ကေနစိ ဥပသင်္ကမိတဗ္ဗော၊ အညတြ ဧကေန ပိဏ္ဍပါတနီဟာရကေန ”

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ အဟံ၊ ငါဘုရားသည်။ တေမာသံ၊ ဝါတွင်းသုံးလ ကာလပတ်လုံး။ ပဋိသလ္လီယိတုံ၊ တစ်ပါးထီးတည်း ကိန်းအောင်း၍ နေထိုင်ခြင်းငှာ။ ဣစ္ဆာမိ၊ အလိုရှိပါ၏၊

လောက ကြည့်ရှုလိုက်တဲ့အခါ ဗုဒ္ဓဝေနေယျ ဘုရားရှင် ချေချွတ်လို့ ကျွတ်မယ့် ပုဂ္ဂိုလ်တစ်ဦးမှ မရှိတော့ - ကဲ ချစ်သားရဟန်းတို့ ... ဒီဝါတွင်း (၃)လပတ်လုံး ငါ ဘုရားရှင်သည် တစ်ပါးတည်း ကိန်းအောင်း နေထိုင်ဖို့ရန်အတွက် အလိုရှိတယ်။

နာဟံ ကေနစိ ဥပသင်္ကမိတဗ္ဗော၊ အညတြ ဧကေန ပိဏ္ဍပါတနီဟာရကေန

ဧတေန ပိဏ္ဍပါတနီဟာရကေန၊ တစ်ပါးသော ဆွမ်းကို သယ်ဆောင်တတ်တဲ့ ရဟန်းတော်ကို။ အညတြ၊ အကြင်ထား၍။ ကေနစိ၊ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်။ ဥပသင်္ကမိတဗ္ဗော၊ ချဉ်းကပ်သင့် ချဉ်းကပ်ထိုက်သည်။ န အမှိ၊ မဖြစ်ပေ။

ဆွမ်းကို သယ်ဆောင်လာတဲ့ ရဟန်းတော်တစ်ပါးကလွဲရင် ငါဘုရားရှင်ထံသို့ ဘယ်ရဟန်းမှ မချဉ်းကပ်ရဆိုပြီးတော့ ဘုရားရှင်က ထိုဝါတွင်းမှာ အမိန့်ထုတ်ထားတယ်။ အဲဒီလို အမိန့်ထုတ်ထားတဲ့ ဝါတွင်းမှာ အရှင်ဥပသေနမထေရ်ကနေပြီးတော့ ဆိုက်ရောက်လာခြင်း ဖြစ်တယ်။ ဆိုက်ရောက်လာတဲ့ အချိန်အခါမှာ ဒီ သာဝတ္ထိပြည်က ရဟန်းတော်တွေကလည်း ဘယ်လို ကတိထားကြသလဲလို့ မေးတော့-

” ဣစ္ဆတိ အာဝုသော၊ ဘဂဝါ တေမာသံ ပဋိသလ္လီယိတုံ။ န ဘဂဝါ ကေနစိ ဥပသင်္ကမိတဗ္ဗော အညတြ ဧကေန ပိဏ္ဍပါတနီဟာရကေန။ ယော ဘဂဝန္တံ ဥပသင်္ကမတိ သော ပါစိတ္တိယံ ဒေသာပေတဗ္ဗော ”

အာဝုသော၊ ငါ့ရှင်တို့ ...။ ဘဂဝါ၊ ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည်။ တေမာသံ၊ ဝါတွင်းသုံးလ ကာလပတ်လုံး။ ပဋိသလ္လီယိတုံ၊ တစ်ပါးထီးတည်း ကိန်းအောင်းအံ့သောငှာ။ ဣစ္ဆတိ၊ အလိုရှိ၍နေပေ၏၊ ဘဂဝါ၊ ဘုန်းတော် (၆)ပါးသခင်ဘုရားရှင်သို့။ ကေနစိ၊ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်။ န ဥပသင်္ကမိတဗ္ဗော၊ မချဉ်းကပ်အပ်ပေ။ ဧကေန ပိဏ္ဍပါတနီဟာရကေန၊ တစ်ပါးသော ဆွမ်းကို သယ်ဆောင်တတ်တဲ့ ရဟန်းတော်ကို။ အညတြ၊ အကြင်ထား၍။ ကေနစိ၊ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည်။ ဘဂဝါ၊ ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သို့။ န ဥပသင်္ကမိတဗ္ဗော၊ မချဉ်းကပ်အပ်ပေ။ ယော၊ အကြင်ရဟန်းတော်သည်။ ဘဂဝန္တံ၊ ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်ကို။ ဥပသင်္ကမတိ၊ ချဉ်းကပ်၏၊ သော၊ ထိုဘုရားရှင်သို့ ချဉ်းကပ်နေသော ပုဂ္ဂိုလ်သည်။ ပါစိတ္တိယံ၊ ပါစိတ်အာပတ်ကို။ ดေသာပေတဗ္ဗော၊ ကြားအပ်၏၊

ငါ့ရှင်တို့ မြတ်စွာဘုရားသည် ဝါတွင်း (၃)လကာလပတ်လုံး တစ်ပါးတည်း ထီးထီးကိန်းအောင်းတော်မူရန်အတွက် အလိုရှိနေတယ်။ ဒါကြောင့် ဆွမ်းသယ်ဆောင်တဲ့ ရဟန်းမှလွဲရင် ရဟန်းတစ်ပါးကလွဲရင် ဘယ်ရဟန်းတော်မှ ဘုရားရှင်ထံသို့ မချဉ်းကပ်ရ၊ အကယ်၍ ချဉ်းကပ်ခဲ့မယ်ဆိုလို့ရှိရင် ချဉ်းကပ်တဲ့ရဟန်းသည် ပါစိတ်အာပတ်ကို ဒေသနာကြားစေဆိုပြီးတော့ ဒီလို သာဝတ္ထိမှာရှိတဲ့ ရဟန်းတော်တွေ ကတိကဝတ် ထားထားကြတယ်။

အဲဒီလို ကတိကဝတ်ထားတဲ့ အချိန်အခါမှာ ထိုဝါတွင်းမှာပဲ အရှင်ဥပသေနမထေရ်က သူ့ရဲ့ ပရိသတ်တွေကို ခေါ်ဆောင်ပြီးတော့ မြတ်စွာဘုရားထံ ချဉ်းကပ်ခြင်းဖြစ်တယ်။ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး ဝင်သွားတဲ့ အခါကျတော့ သာဝတ္ထိက ရဟန်းတွေကလည်း ဒီကိုယ်တော် ဘုရားထံက ထွက်လာလို့ရှိရင် ပါစိတ်အာပတ် ဒေသနာကြားရမယ်ဆိုပြီးတော့ ဂန္ဓကုဋိတိုက်တော်ရဲ့ အပြင်ဘက်ကနေ ဝိုင်းပြီးတော့ စောင့်နေကြတယ်။ အရှင်ဥပသေနမထေရ်ကလည်း သူ့ပရိသတ်နဲ့ဘုရားရှင်ထံ ချဉ်းကပ်လိုက်တော့ ဘုရားရှင်ကလည်း ပရိသတ်ကို ကြည့်ပြီးတော့ တော်တော်လေး နှစ်ခြိုက်သွားတယ်။ နှစ်ခြိုက်တဲ့အတွက် ရဟန်းတစ်ပါးကို ဘုရားရှင်က မေးကြည့်တယ်။

သင်ဟာ ဒီပံ့သကူသင်္ကန်းတွေကို နှစ်ခြိုက်ပါသလားလို့ မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့အခါမှာ ရဟန်းတော်ကလည်း ခပ်ရိုးရိုးပဲ ခပ်ရှင်းရှင်း ပြန်ပြောတယ်။ တပည့်တော် ဒီပံ့သကူသင်္ကန်းကို မနှစ်ခြိုက်ပါဘူးတဲ့။ ဘာဖြစ်လို့ ဒီလိုဆိုရင် သင်သည် ပံ့သကူသင်္ကန်းတွေ ဆောင်နေရသလဲလို့ ဘုရားရှင်က မေးလိုက်တဲ့အခါမှာ တပည့်တော်ဆရာက ပံ့သကူသင်္ကန်းကို ဆောင်စေတဲ့အတွက် တပည့်တော်လည်း ပံ့သကူသင်္ကန်းကို ဆောင်ခြင်းဖြစ်ရပါတယ် စသည်ဖြင့် တင်ပြ လျှောက်ထားတယ်။ အဲဒီအခါကျတော့မှ အရှင်ဥပသေနမထေရ်ကို လှည့်ပြီးတော့ ဘုရားရှင်က မေးခွန်းတွေ မေးပါတယ်။ သင်သည် ပရိသတ်ကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဆိုဆုံးမနေသလဲလို့ မေးတယ်။ မေးလိုက်တဲ့အခါမှာ အတိုချုပ် သူက ဘာပြန်လျှောက်ထားသလဲ?

မြတ်စွာဘုရား ... တပည့်တော်ထံကို ဥပဇ္ဈာယ်ယူပြီးတော့ နိဿရည်းယူပြီးတော့ နေထိုင်လိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဆိုက်ရောက်လာပြီဆိုရင် တပည့်တော် သူတို့ကို ဒီလိုပြောတယ်။ ဘယ်လိုလဲ ငါ့ရှင်? ငါသည် အရညကင်ဓုတင်ကို ဆောင်ပြီး တောမှာနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပိဏ္ဍပါတ်ဓုတင်ဆောင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပံ့သကူသင်္ကန်းဆောင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သင်လည်း ငါလိုပဲ အရညကင်ဓုတင် ဆောင်ပြီးတော့, ပိဏ္ဍပါတ်ဓုတင်ဆောင်ပြီးတော့, ပံ့သကူသင်္ကန်းဆောင်ပြီးတော့, ပံ့သကူဓုတင် ဆောင်ပြီးနေမယ်ဆိုရင် ငါ့ထံမှာ ဥပဇ္ဈာယ်ယူပြီး နေပါ၊ နိဿရည်း ယူပြီးတော့ နေပါ။ ဒီလိုပဲ တပည့်တော် ဆိုဆုံးမပြီးတော့ ပရိသတ်ကို မွေးပါတယ် စသည်ဖြင့် တင်ပြလျှောက်ထားတယ်။

အဲဒီလို တင်ပြလျှောက်ထားတဲ့ အချိန်အခါကျတော့ ဘုရားရှင်က တော်တော်လေး နှစ်ခြိုက် သွားပါတယ်နော်။ နှစ်ခြိုက်ပြီးတဲ့ အချိန်အခါမှာ နောက်ထပ် ဘုရားရှင်က သူ့ကို မေးခွန်းလေးတစ်ခု မေးတယ်။ သာဝတ္ထိက ရဟန်းတွေက ကတိကဝတ် ထားထားတာကို သင်မသိဘူးလား? စသည်ဖြင့် မေးလိုက်တော့ တပည့်တော် သာဝတ္ထိက ရဟန်းတော်တွေ ကတိကဝတ်ထားထားတာ သိပါတယ် မြတ်စွာဘုရား။ သိလိုက်တဲ့ အချိန်အခါမှာ သင့်စိတ်ထဲမှာ ဘယ်လိုများ ဖြစ်သလဲ? ထပ်ဆင့်ပြီး ဘုရားရှင် မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါမှာ အရှင်ဥပသေနမထေရ်က ဘာပြန်လျှောက်ထားလဲ?

” ပညာယိဿတိ၊ ဘန္တေ၊ သာဝတ္ထိယာ သံဃော သကာယ ကတိကာယ၊ န မယံ အပညတ္တံ ပညပေဿာမ ပညတ္တံ ဝါ န သမုစ္ဆိန္ဒိဿာမ၊ ယထာပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိဿာမ ”

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်း တောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ သာဝတ္ထိယာ၊ သာဝတ္ထိ၌။ သကာယ ကတိကာယ၊ မိမိတို့၏ ကတိအတိုင်း ပညာရှိတို့သည် ထင်ရှား၍ နေပါလိမ့်မယ် မြတ်စွာဘုရား။ မယံ၊ ဘုရားတပည့်တော်တို့သည်ကား။ အပညတ္တံ၊ မြတ်စွာဘုရား မပညတ်အပ်သော သိက္ခာပုဒ်ကိုလည်းပဲ။ န ပညပေဿာမ၊ မပညတ်ပါကုန်အံ့။ ပညတ္တံ ဝါ၊ မြတ်စွာဘုရား ပညတ်မူပြီးတဲ့ သိက္ခာပုဒ်ကိုသော်လည်းပဲ။ န သမုစ္ဆိန္ဒိဿာမ၊ မဖြတ်တောက်ကြပါကုန်အံ့။ ယထာပညတ္တေသု သိက္ခာပဒေသု၊ ပညတ်တော်မူတိုင်းဖြစ်တဲ့ သိက္ခာပုဒ်တို့၌။ သမာဒါယ၊ ကောင်းစွာ ဆောက်တည်၍။ ဝတ္တိဿာမ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါကုန်အံ့။

ဒီစကားလေး သူက တင်ပြ လျှောက်ထားတယ်နော်။ မြတ်စွာဘုရား သာဝတ္ထိမှာရှိတဲ့ ရဟန်းတွေဟာ မိမိတို့ရဲ့ ကတိအတိုင်းပဲ ထင်ရှားပြီး နေကြပါစေ။ တပည့်တော်တို့က ပြောမယ်ဆိုရင်တော့ မြတ်စွာဘုရား မပညတ်တဲ့ သိက္ခာပုဒ်တွေကိုလည်း အသစ်ထပ်မံပြီး တပည့်တော်တို့ မပညတ်ကြပါဘူး မြတ်စွာဘုရား၊ မြတ်စွာဘုရား ပညတ်တော်မူတဲ့ သိက္ခာပုဒ်တွေကိုလည်း မဖျက်သိမ်းကြပါဘူး မြတ်စွာဘုရား။ မြတ်စွာဘုရား ပညတ်တော်မူတဲ့ သိက္ခာပုဒ်တွေမှာ ကောင်းစွာ ဆောက်တည်ပြီးတော့ တပည့်တော်တို့တွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါမယ် မြတ်စွာဘုရားဆိုပြီးတော့ ဒီလိုတင်ပြလျှောက်ထားတယ်။ ကဲ သူ တင်ပြလျှောက်ထားတဲ့ စကားက ကောင်းသလား, မကောင်းဘူးလား? ကောင်းနေတယ်။

သိက္ခာပုဒ် ပညတ်တယ်ဆိုတာ ဘုရားရှင်တို့ရဲ့ အရာသာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အရာဌာန ဟုတ်သလား? မဟုတ်ဘူးနော်။

ဒါကြောင့် မြတ်စွာဘုရား မပညတ်တာကိုလည်း မပညတ်ပါနဲ့။ ပညတ်ထားတာကိုလည်း ပယ်ဖျက်ရမလား? မပယ်ဖျက်ပါနဲ့။ ဘုရားက မြက်ပေါ်မှာ တံတွေး မထွေးရဘူးဆိုရင် မထွေးဘဲနေ။ ဘာဖြစ်လို့လဲ? ညာဖြစ်လို့လဲ? သွားပြီး ဆင်ခြေပေးမနေနဲ့။ ဟုတ်တယ် မဟုတ်လား? ဆင်ခြေပေးတာက ဘာလုပ်တာလဲ? ဖျက်သိမ်းနေတာပဲနော်။ ပယ်ဖျက်ရေး လုပ်ရမလား၊ မလုပ်ရဘူးလား? မလုပ်ရဘူး။

မြတ်စွာဘုရားက ဒီလို နေဆို နေလိုက်၊ ဒီလို ထဆို ထလိုက်၊ ဒီလို ထိုင်ဆိုရင် ထိုင်လိုက်ပါ။ ဆင်ခြေတွေ သိပ်ပေးမနေနဲ့နော်။ မြတ်စွာဘုရား မပညတ်တာကိုလည်း မပညတ်နဲ့။ ပညတ်တာကိုလည်း မပယ်ဖျက်ပါနဲ့။ ပညတ်တော်မူတိုင်းဖြစ်တဲ့ သိက္ခာပုဒ်တွေမှာ ကောင်းစွာ ဆောက်တည်ပြီး ကျင့်ပါ။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါကျတော့ မြတ်စွာဘုရားက ဘာအမိန့်ရှိလဲ?

” သာဓု သာဓု၊ ဥပသေန၊ အပညတ္တံ န ပညပေတဗ္ဗံ၊ ပညတ္တံ ဝါ န သမုစ္ဆိန္ဒိတဗ္ဗံ၊ ယထာပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိတဗ္ဗံ။

ဥပသေန၊ ချစ်သား ဥပသေန ...။ သာဓု သာဓု၊ ကောင်းလေစွ ကောင်းလေစွ။ အပညတ္တံ၊ ငါဘုရား မပညတ်အပ်တဲ့ သိက္ခာပုဒ်ကိုလည်းပဲ။ န ပညပေတဗ္ဗံ၊ မပညတ်အပ်ပါ။ ပညတ္တံ ဝါ၊ ငါဘုရား ပညတ်တော်မူပြီးတဲ့ သိက္ခာပုဒ်ကိုလည်းပဲ။ န သမုစ္ဆိန္ဒိတဗ္ဗံ၊ မပယ်ဖျက်အပ်ပါ။ ယထာပညတ္တေသု သိက္ခာပဒေသု၊ ပညတ်တော်မူတိုင်းသော သိက္ခာပုဒ်တို့၌။ သမာဒါယ၊ ကောင်းစွာ ဆောက်တည်၍။ ဝတ္တိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။

ချစ်သားဥပသေန ...ကောင်းလေစွ ကောင်းလေစွ။ ငါဘုရား မပညတ်တဲ့ သိက္ခာပုဒ်ကိုလည်း သင်ချစ်သား မပညတ်နဲ့၊ ငါဘုရား ပညတ်ထားပြီးတဲ့ သိက္ခာပုဒ်တွေကိုလည်း ဘယ်တော့မှ မပယ်ဖျက်နဲ့၊ ပညတ်တော်မူတိုင်းဖြစ်တဲ့ သိက္ခာပုဒ်တွေမှာ သင်ချစ်သား ကောင်းစွာ ဆောက်တည်ပြီးတော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဆိုပြီးတော့ မြတ်စွာဘုရား ဒီလို အမိန့်ပေးထားတယ်နော်။ အမိန့်ပေးသလို ဘုရားရှင်က ကျေနပ်လွန်းတဲ့အတွက် ဘာထပ်ဆင့်မေးလဲ?

” အနုဇာနာမိ၊ ဥပသေန၊ ယေ တေ ဘိက္ခူ အာရညိကာ ပိဏ္ဍပါတိကာ ပံသုကူလိကာ ယထာသုခံ မံ ဒဿနာယ ဥပသင်္ကမန္တူ ”

ဥပသေန၊ ချစ်သား ဥပသေန ...။ အနုဇာနာမိ၊ ငါဘုရား ခွင့်ပြုတော်မူပါ၏၊ ငါဘုရား ခွင့်ပြုတယ်ကွယ်။ ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတော်တို့သည်ကား။ အာရညိကာ၊ အရညကင်ဓုတင် ဆောက်တည်လျက်ရှိကြကုန်၏၊ ပိဏ္ဍပါတိကာ၊ ပိဏ္ဍပါတ် ဓုတင်ဆောက်တည်လျက် ရှိကြကုန်၏၊ ပံသုကူလိကာ၊ ပံသုကူဓုတင် ဆောင်လျက် ရှိကြကုန်၏၊ တေ၊ ထိုရဟန်းတော်တို့သည်။ ယထာသုခံ၊ အလိုရှိတိုင်း။ မံ၊ ငါဘုရားကို။ ဒဿနာယ၊ ဖူးမြော်ခြင်းငှာ။ ဥပသင်္ကမန္တု၊ ချဉ်းကပ်ကြစေကုန်သတည်း။

ချစ်သား ဥပသေန ... အကြင်ရဟန်းတွေဟာ အရညကင်ဓုတင်ဆောင်တယ်။ ပိဏ္ဍပါတ်ဓုတင်ဆောင်တယ်။ ပံ့သကူဓုတင်ဆောင်တယ်။ အဲဒီ ရဟန်းတွေဟာ အလိုရှိတိုင်း ငါဘုရားကို ချဉ်းကပ်ကြစေ၊ ချဉ်းကပ်ဖို့ရန်အတွက် ငါဘုရား ခွင့်ပြုတယ်ဆိုပြီးတော့ မြတ်စွာဘုရား အမိန့်ချပေးပါတယ်။ အဲဒီလို အမိန့်ချပေးပြီးတဲ့နောက် ဘုရားရှင်က ဒီကျေနပ်ချက်တွေကို ပရိသတ်မွေးမြူတဲ့အပိုင်းမှာ ကျေနပ်ချက်ကလေးတွေကို အခြေခံပြီးတော့ မြတ်စွာဘုရားရှင်က ရှင်ဥပသေနကို ဘာလုပ်သလဲ?

” ဧတဒဂ္ဂံ၊ ဘိက္ခဝေ၊ မမ သာဝကာနံ ဘိက္ခူနံ သမန္တပါသာဒိကာနံ ယဒိဒံ ဥပသေနော ဝင်္ဂန္တပုတ္တော ”

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယဒိဒံ ဥပသေနော ဝင်္ဂန္တပုတ္တော၊ အကြင်ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော ဥပသေနသည်။ အတ္ထိ၊ ရှိ၏၊ ဧတံ ဧသော၊ ဤဝင်္ဂန္တပုဏ္ဏား၏သားဖြစ်သော ဥပသေနသည်။ သမန္တပါသာဒိကာနံ၊ ထက်ဝန်းကျင် ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်သော။ မမ သာဝကာနံ၊ ငါဘုရား၏ တပည့်သာဝကတို့တွင်။ အဂ္ဂံ၊ အသာဆုံး အမြတ်ဆုံး ဖြစ်ပါပေ၏၊

ထက်ဝန်းကျင် ကြည်ညိုဖွယ် ဂုဏ်ကိုဆောင်နိုင်တဲ့ ပရိသတ်တွေကို မွေးမြူတဲ့နေရာမှာ ငါဘုရားရှင်ရဲ့ တပည့်သာဝကအပေါင်းတို့တွင် ဒီ ဝင်္ဂန္တပုဏ္ဏားရဲ့သားဖြစ်တဲ့ ဥပသေနသည် အသာဆုံး အမြတ်ဆုံး ဖြစ်တယ်ဆိုပြီး ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ပေးတော်မူပါတယ်နော်။ အဲဒီလို ဧတဒဂ်ဘွဲ့ထူး အချီးမြှင့်ခံရတဲ့ အရှင်ဥပသေနမထေရ်က တစ်နေ့ ဘာဖြစ်လာသလဲနော်။

အထ ခေါ အာယသ္မတော ဥပသေနဿ ဝင်္ဂန္တပုတ္တဿ ရဟောဂတဿ ပဋိသလ္လီနဿ ဧဝံ စေတသော ပရိဝိတက္ကော ဥဒပါဒိ

အထခေါ၊ ထိုအခါ၌ -----------။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။

အရှင်ဥပသေနမထေရ်ရဲ့ သန္တာန်မှာ ဆိတ်ငြိမ်ရာအရပ် ချဉ်းကပ်ပြီး တစ်ပါးတည်း အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားပြီးတော့ အရဟတ္တဖိုလ် သမာပတ်မှထလျက် စိတ်အကြံအစည်တစ်ခု ပေါ်လာတယ်။ ဘယ်လိုလဲ?

‘လာဘာ ဝတ မေ, သုလဒ္ဓံ ဝတ မေ’၊

သူ့ရဲ့ ကြံစည်စိတ်ကူးမှုလေး ဘယ်လိုလဲ?။

မေ၊ ငါသည်။ ---------- သုလဒ္ဓံဝတ၊ ကောင်းစွာ ရအပ်ပါပေစွတကား။

ဘာတွေများ သူက အရတော်သလဲ? လူ့လောကမှာ သူက လူ့ဘဝကိုလည်း ရရှိခဲ့တယ်။ ဒါလည်း မနုဿတ္တဒုလ္လဘဆိုတဲ့ ဒုလ္လဘတစ်ခု ဖြစ်ပါတယ်နော်။ နောက်တစ်ခု ဗုဒ္ဓုပ္ပါဒ ဘုရားရှင် ပွင့်ပေါ်တော်မူခြင်းနှင့် ကြုံကြိုက်ခြင်းဆိုတဲ့ ဒီအခွင့်အရေးကြီးတစ်ခုလည်း သူ ရခဲ့တယ်။ ဒါလည်း ဒုလ္လဘတစ်ခု၊ သဒ္ဓါသမ္ပတ္တိဒုလ္လဘ ဘုရားရှင်ရဲ့ သာသနာတော်၌ ယုံကြည်ချက် သဒ္ဒါတရားကိုလည်း ငါရရှိခဲ့တယ်။ ဒါလည်း အခွင့်အရေးတစ်ခုပဲ။ ပဗ္ဗဇိတဘာဝဒုလ္လဘ ရဟန်းအဖြစ်ကိုလည်း သူက ရရှိခဲ့တယ်။ ဒါလည်း ဒုလ္လဘပဲ။ အဲဒီလို ဒုလ္လဘတွေကို သူက ရခဲတဲ့ဘဝတွေကို ငါတော့ ရပြီ၊ သူ့ကိုယ်သူ သူသိတယ်နော်။ အဲဒီ ရခဲတဲ့ဘဝတွေကို ရခြင်းသည် ဘာဝတ = အရတော်လေစွတကား။ ကောင်းသောရခြင်း ဖြစ်တယ်။ သိပ်ပြီးတော့ ငါအရတော်တယ်။ မေ၊ ငါသည်။ ဝတ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ သုလဒ္ဓံ၊ ကောင်းစွာ ရအပ်ပါပေစွတကား။

ဒီလို ငါရရှိတဲ့ဘဝသည် အလွန် ကောင်းစွာ ရရှိတဲ့ဘဝ ဖြစ်တယ်။ မိမိရတဲ့ ဘဝတန်ဖိုးကို နားလည်သလား, မလည်ဘူးလား? နားလည်နေတယ်။ ကိုယ်ရတဲ့ ဘဝလေးတစ်ခုရဲ့ တန်ဖိုး ကိုယ်သိတတ်ဖို့ လိုပါတယ်။ ကိုယ်ရတဲ့ ဘဝတစ်ခုဟာ ဘယ်လောက် အရတော်နေတဲ့ ဘဝတစ်ခု ဖြစ်တယ်ဆိုတာ နားလည်ခဲ့ရင် မိမိဘဝကို မိမိမြတ်နိုးဖို့ မဟုတ်ဘူး။ ဘုရားရှင်က တရားတွေကို ဟောတော်မူတယ်ဆိုတာက ---

‘‘ဓမ္မာပိ ဝေါ, ဘိက္ခဝေ, ပဟာတဗ္ဗာ ပဂေဝ အဓမ္မာ’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။

သင်ချစ်သားတို့တတွေ ဓမ္မကိုသော်လည်း စွန့်ပယ်ကြပါ၊ အဓမ္မ ဆိုတာက စွန့်ပယ်ဖို့ ပြောဘွယ်တောင် မလိုတော့ဘူး။ ကုလ္လူပမပေါ့ ဖောင်ဥပမာနဲ့ မြတ်စွာဘုရားက တရားတော်ကို ဟောတော်မူခြင်းဖြစ်တယ်။ နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းကူးဖို့ရန်အတွက် မဂ္ဂင် (၈)ပါး ဆိုတဲ့ဖောင်ကို ဖွဲ့ပြီးတော့ကူးဖို့ မြတ်စွာဘုရားက ဟောတော့ မဂ္ဂင် (၈)ပါးဆိုတဲ့ ဒီဖောင်က သမ္မာဒိဋ္ဌိ, သမ္မသင်္ကပ္ပ ဦးဆောင်နေတဲ့ မဂ္ဂင်တရားကိုယ် (၈)ပါး ကုသိုလ်တရားတွေ ဖြစ်ပါတယ်။ ထိုကုသိုလ်တရားတွေကို ဓမ္မလို့ခေါ်တယ်။ ထိုဓမ္မတွေကိုသော်လည်း ပယ်ဖို့ ငါဘုရား ဟောပါတယ်။ သိမ်းပိုက်ထားဖို့ မဟောဘူး။ အဓမ္မတွေကိုတော့ ပြောဖွယ်တောင် မလိုတော့ဘူးလို့ ဒီလို ဘုရားက ဟောတယ်။

ဒီတော့ တဖက်ကမ်းကူးလိုတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဖောင်တစ်ခုဖွဲ့ပြီး ဟိုဘက်ကမ်းကူးခဲ့ရင် ဟိုဘက်ကမ်းရောက်တဲ့ အချိန်အခါမှာ ဒီဖောင်သည် ငါ့ကို အလွန်ကျေးဇူးများတဲ့ ဖောင်ဖြစ်တယ်ဆိုပြီး ဖောင်ကြီး ထမ်းပြီးတော့ ဟိုကုန်းပေါ်မှာ သွားပြီး လှည့်လည် သွားနေရမလား? မဟုတ်ဘူးနော်။ ဟိုဘက်ကမ်း ရောက်ပြီဆိုတာနဲ့ လိုတဲ့ခရီး ရောက်တဲ့အတွက် ဒီဖောင်ကို အာလယပြတ် စွန့်ခွာပြီးတော့ ထွက်ခွာသွားသလို အလားတူပဲ။ ကုသိုလ်တရားဆိုတဲ့ မဂ္ဂင် (၈)ပါးဖောင်ကြီးကို ဆည်းပူး-ရှာဖွေနေတဲ့ သူတော်ကောင်းကလည်း နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်း ရောက်ပြီဆိုရင် ဒီကုသိုလ်တရားတွေကို ကုသိုလ်တရားလို့ခေါ်ဆိုအပ်တဲ့ ဒီဖောင်ကြီးကို စွန့်ပယ်ခဲ့ရမှာ ဖြစ်ပါတယ်နော်။

အဲဒီလို စွန့်ပယ်နိုင်ဖို့ရန်အတွက် ကုသိုလ်တရားတွေ, အကုသိုလ်တရားတွေကို စွန့်ပယ်ဖို့ရန်အတွက်သာ မြတ်စွာဘုရားက ဟောတယ်၊ သိမ်းပိုက်ထားဖို့ မဟောဘူး။ စွန့်ပယ်နိုင်တဲ့ ဘဝတစ်ခုကို ရရှိပြီဆိုရင် ဒီဘဝကို မြတ်နိုးဖို့ ဘုရားရှင် ဟောနေတာ မဟုတ်ဘူး။ ဒီဘဝကိုသော်လည်း စွန့်ပယ်ဖို့ မြတ်စွာဘုရားက ဟောတယ်။ ဒါပေမဲ့ ခုဒီမှာ အရှင်ဥပသေနမထေရ်က မိမိရဟန်းဘဝမှာ ပဋိသမ္ဘိဒါဉာဏ်နှင့်တကွ အဘိဉာဏ် (၆)ပါးကိုရရှိတဲ့ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတဲ့အခါ မိမိရရှိတဲ့ ရဟန်းဘဝသည် အရတော်တဲ့ ရဟန်းဘဝတစ်ခု ဖြစ်တယ်။ ကောင်းစွာ ရအပ်တဲ့ ရဟန်းဘဝတစ်ခု ဖြစ်တယ်ဆိုပြီးတော့ သူက ဒီလို သဘောပေါက်တယ်နော်။ အဲဒီလို သဘောပေါက်ပြီးတော့ ငါရတဲ့ ဘဝသည် အရတော်တဲ့ ဘဝတစ်ခုဖြစ်တယ်ဆိုရင် ဒီအရတော်နေတဲ့ ဘဝတစ်ခုကို စွန့်ခွာပြီးတော့ ယုတ်နိမ့်တဲ့ဘဝတစ်ခုကို ဆင်းသွားတော့မယ်ဆိုရင် ဇောက်ထိုးပြန်ဆင်းတာနဲ့ မတူဘူးလား? တူနေပြီနော်။ ကဲ နောက်တစ်ခု-

သတ္ထာ စ မေ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊

မေ၊ ငါ၏၊ သတ္ထာစ၊ ဆရာတစ်ဆူဖြစ်တော်မူတဲ့ ဘုရားရှင်သည်လည်းပဲ။ ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊ ဘုန်းတော် (၆)ပါးသခင် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဖြစ်တော်မူပါပေ၏၊

ငါ့ဆရာကို ကြည့်လိုက်ရင်လည်း ဘယ်လိုဆရာမျိုးလဲလို့မေးတော့ ဘုန်းတော်ခြောက်စုံနဲ့ ပြည့်စုံတဲ့ ဆရာတစ်ဆူဖြစ်တယ်။ လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့ရဲ့ မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့ အရဟံဂုဏ်ရှင်နဲ့ ပြည့်စုံတဲ့ ဆရာတစ်ဆူ ဖြစ်တယ်။ သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်ဆိုတဲ့ သိသင့် သိထိုက်တဲ့ ဉေယျဓံတရားတွေကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိနေတော်မူတဲ့ သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံတော်မူတဲ့ ဘုရားဖြစ်တယ်။ မိမိဆရာကလည်း တန်ဘိုး မရှိဘူးလား? ရှိနေတယ်နော်။ ဒီလို တန်ဘိုးရှိနေတဲ့ ဆရာတစ်ဆူကို ဆရာအဖြစ်နဲ့ အသိအမှတ်ပြုပြီး နေထိုင်ရတဲ့ မိမိဘဝကို ပြန်ပြီးတော့ အရတော်တဲ့ ဘဝတစ်ခုအဖြစ် မြင်နေတယ်။ ဘဝကို မြတ်နိုးနေတာမျိုး ဟုတ်သလား? မဟုတ်ဘူးနော်။ အရတော်တဲ့ ဘဝတစ်ခုအဖြစ်နဲ့ မြင်သော်လည်းပဲ ဒီဘဝကို ဖောင်တစ်ခုအဖြစ်နဲ့သာ အသုံးချနေတယ်။ နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ သွားဖို့-အတွက် ဖောင်တစ်ခုအဖြစ်နဲ့သာ ဒီဘဝကို အသုံးချခြင်းဖြစ်တယ်။ နောက်တစ်ခု

သွာက္ခာတေ စမှိ ဓမ္မဝိနယေ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတော၊

အဟံ၊ ငါသည်။ သွာက္ခာတေ၊ ကောင်းစွာ ဟောကြားပြသ ဆိုဆုံးမ၍ ထားအပ်သော။ ဓမ္မဝိနယေ၊ ဓမ္မဝိနယသာသနာတော်မြတ်-အတွင်း၌။ အဂါရသ္မာ၊ အိမ်ယာထူထောင်လူ့ဘောင်မှ။ နဂါရိယံ၊ အိမ်ယာ မထောင်သည့် ရဟန်းဘောင်သို့။ ပဗ္ဗဇိတော၊ ဝင်ရောက်၍ ရှင်ရဟန်းပြုခဲ့လေပြီ။

ကောင်းစွာ ဟောကြားထားတော်မူအပ်တဲ့ ဓမ္မဝိနယ သာသနာတော်-အတွင်းမှာ အိမ်ယာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီး အိမ်ယာ မထောင်သည့် ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ငါ ရှင်ရဟန်းပြုနေရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ မိမိရရှိတဲ့ ဘဝကို ပြန်ပြီး စဉ်းစားပြီနော်။ စဉ်းစားလိုက်တဲ့ ချိန်ခါကျတော့ ဒီနေရာမှာ ကောင်းစွာ ဟောထားတဲ့ တရားတွေဆိုတာက ဘယ်လိုတရားတွေလဲလို့ မေးရင်တော့ ---

ဧကန္တနိယျာနိကံ ကတွာ ဘာသိတေ။

ဧကန္တနိယျာနိကံ၊ ဘုရားရှင်ရဲ့ မဂ္ဂင် (၈)ပါးကျင့်စဉ်တရားတွေက တကယ် လက်တွေ့ကျင့်မယ်ဆိုရင် အောင်မြင်မှုရရှိတဲ့ သူတော်ကောင်းအဖို့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်အောင် တကယ်တမ်း ထုတ်ဆောင် ကယ်တင်နိုင်တဲ့ စွမ်းအားရှိတဲ့ တရားဖြစ်တယ်။ အဲဒီတရားတွေကို ဘုရားရှင် ဟောကြားတော်မူခြင်းသည် သွာက္ခာတ ကောင်းစွာ ဟောကြားထားအပ်တဲ့ တရားဖြစ်တယ်။ ကောင်းစွာ ဟောကြားထားအပ်တဲ့ ဒီသွာက္ခာတ-ဂုဏ်နှင့်ပြည့်စုံတဲ့ ဓမ္မဝိနယ သာသနာတော်တွင်းမှာ ဝင်-ရောက်ပြီး ရှင်ရဟန်း ပြုရတယ်။ ဒီတော့ ဓမ္မဆိုတာက ဘာလဲလို့မေးတော့ ဓမ္မဝိနယေတိ ဘာဝစနေ ဘုရားရှင်ရဲ့ တရားစကားတော်တွေကို ဓမ္မဝိနယလို့ခေါ်တယ်။ ခေါ်လိုက်တဲ့ချိန်ခါကျတော့ ဒီဓမ္မဝိနယလို့ ဘာကြောင့် ဒီတရားစကားတော်တွေကို ခေါ်ရသလဲလို့ မေးတော့ ---

တဥှိ ယထာနုသိဋ္ဌံ ပဋိပဇ္ဇမာနာနံ သံသာရဒုက္ခပါတတော ဓာရဏေန၊ ရာဂါဒိကိလေသေ ဝိနယနေန စ ဓမ္မဝိနယောတိ ဝုစ္စတိ။

ဆိုဆုံးမတဲ့အတိုင်း ဒီဓမ္မတရားတွေကိုလိုက်နာပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်ဆိုရင် သံသရာဝဋ်ဆင်းရဲ ဒုက္ခဘေးဆိုးကြီးတွေကို မကျရောက်အောင် သံသရာဝဋ်ဆင်းရဲ ဒုက္ခဘေးဆိုးကြီးမှ ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအားရှိခြင်းကြောင့်လည်း ဓမ္မလို့ခေါ်တယ်။

ဒီဓမ္မတွေကို ဒီဝိနယတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်ဆိုရင် ရာဂစသော ကိလေသာတွေကိုပယ်နိုင်တဲ့ စွမ်းအား အပြည့်အဝ ရှိခြင်းကြောင့် ဒီတရားဓမ္မတွေကို ဝိနယလို့လည်း ခေါ်တယ်။ ထို ဓမ္မဝိနယအမည်ရှိနေတဲ့ သာသနာတော်တွင်းမှာ အိမ်ယာတည်ထောင် လူ့ဘောင်ကို စွန့်ခွာပြီးတော့ အိမ်ယာမထောင်သည့် ရဟန်းဘောင်သို့ ငါ ဝင်ရောက်ပြီး ရှင်ရဟန်းပြုရလေပြီ။ ငါ ရှင်ရဟန်းပြုရတဲ့ ဒီဘဝသည် အရတော်တဲ့ဘဝဖြစ်တယ်။ ကောင်းကောင်း နားလည်နေတယ်။ တန်ဘိုးရှိတဲ့ ဘဝတစ်ခု ဖြစ်နေပြီ။ နားလည်ပြီနော်။ နောက်တစ်ခု

သဗြဟ္မစာရိနော စ မေ သီလဝန္တော ကလျာဏဓမ္မာ၊

မေ၊ ငါ၏၊ သဗြဟ္မစာရိနော၊ သီတင်းသုံးဖေါ် ပုဂ္ဂိုလ်တို့-သည်လည်းပဲ။ သီလဝန္တော၊ သီလရှိတဲ့ပုဂ္ဂိုလ်တို့ဖြစ်ကြပါကုန်၏၊ ကလျာဏဓမ္မာ၊ ကောင်းသော တရားဓမ္မနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်တို့ ဖြစ်ကြပါကုန်၏၊

အဲဒီတော့ သီလဝန္တ သီလရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်တယ်။ ကလျာဏဓမ္မ ကောင်းသော တရားဓမ္မရှိတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်။ ဘယ်လို သီလလည်းလို့ မေးတော့?

သီလဝန္တောတိ မဂ္ဂဖလသီလဝသေန သီလဝန္တော။

အရိယာမဂ် အရိယာဖိုလ်နှင့် ယှဉ်တွဲနေတဲ့ မကျိုးမပေါက် မပျောက် မကြားအောင် ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ခိုင်မြဲတဲ့ ကိုယ်ကျင့်သီလရှိတဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြတယ်။ ကလျာဏဓမ္မ ကောင်းသော တရားဓမ္မတွေနဲ့ ပြည့်စုံတယ်။ ဘယ်လို ကောင်းတဲ့တရားတွေလဲ?

ကလျာဏဓမ္မာတိ သမာဓိပညာဝိမုတ္တိဝိမုတ္တိဉာဏဒဿနာဒယော ကလျာဏာ သုန္ဒရာ ဓမ္မာ ဧတေသံ အတ္ထီတိ ကလျာဏဓမ္မာ။

သူတို့ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် သမာဓိပိုင်း ကြည့်ရင်လည်း သိပ်ကောင်းတယ်။ သမာဓိတွေက အလွန် အဆင့်အတန်း မြင့်နေကြပြီ။ အဆင့်မြင့်မားနေတဲ့ သမာဓိနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတွေ ဖြစ်တယ်။ ဝိပဿနာဉာဏ်ပညာပိုင်း ကြည့်လိုက်ရင်လည်း ဝိပဿနာဉာဏ်ပညာတွေနဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းတွေ ဖြစ်တယ်။

ကိလေသာမှ လွတ်မြောက်မှုကို ကြည့်လိုက်ရင်လည်း အရဟတ္တဖိုလ် ဝိမုတ္တိခေါ်တဲ့ ကိလေသာတို့မှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ဂုဏ်-ကျေးဇူးတွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတွေ ဖြစ်တယ်။ နောက်တစ်ခု ဒါတွင်လားဆိုတော့ မကသေးဘူး။ အရဟတ္တဖိုလ် ဝိမုတ္တိခေါ်တဲ့ ကိလေသာတို့မှ လွတ်မြောက်တဲ့ အရဟတ္တဖိုလ် ဝိမုတ္တိကို ပြန်ဆင်ခြင်တတ်တဲ့ ဝိမုတ္တိဉာဏဒဿနဂုဏ်တွေနဲ့လည်း ပြည့်စုံတဲ့ သူတော်ကောင်းဖြစ်တယ်။

ဒီလို အလွန် အဆင့်အတန်းမြင့်မားနေတဲ့ သီလဂုဏ်ကျေးဇူးတွေ, သမာဓိဂုဏ်ကျေးဇူးတွေ, ပညာဂုဏ်ကျေးဇူးတွေ, ဝိမုတ္တိဂုဏ်ကျေးဇူးတွေ, ဝိမုတ္တိဉာဏဒဿနဂုဏ်ကျေးဇူး အစရှိတဲ့ ကောင်းသော တရားဓမ္မတွေဟာ ငါ့ရဲ့ သီတင်းသုံးဖေါ်တွေမှာ အတိအကျ ရှိနေပြီ။ ဒီလို သီတင်းသုံးဖေါ်တွေနဲ့ တရားကျင့်ဖေါ်ကျင့်ဖက် ပုဂ္ဂိုလ်တွေနဲ့ အတူယှဉ်တွဲ နေထိုင်ရတဲ့ ဘဝတစ်ခုဆိုရင် အရတော်တဲ့ဘဝလို့ မပြောနိုင်ဘူးလား? ပြောနိုင်ပြီ။ မိမိရထားတဲ့ ဘဝလေး မိမိတန်ဘိုးရှိတာကို နားလည်စေချင်လို့ ဘုန်းကြီး ဟောနေတာပါနော်။ နောက်တစ်ခု

သီလေသု စမှိ ပရိပူရကာရီ။

သီလေသု၊ ကိုယ်ကျင့်သီလတို့၌လည်းပဲ။ ပရိပူရကာရီ၊ ဖြည့်-ကျင့်လေ့ရှိတဲ့ ပုဂ္ဂိုလ်သည်။ အမှိ၊ ဖြစ်ပေ၏၊

ငါ့သီတင်းသုံးဖေါ်တွေ ကြည့်လိုက်ရင် ကိုယ်ကျင့်သီလတွေကို တကယ်လက်တွေ့ ဖြည့်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်နော်။ ဘယ်လိုလဲဆိုတော့ -----

သီလေသု စမှိ ပရိပူရကာရီတိ ‘‘အဟမ္ပိ ပဗ္ဗဇိတွာ န တိရစ္ဆာနကထာကထိကော ကာယဒဠှိဗဟုလော ဟုတွာ ဝိဟာသိံ၊

အဟမ္ပိ၊ ငါသည်လည်းပဲ။ ပဗ္ဗဇိတွာ၊ ရှင်ရဟန်းပြုပြီးနောက်။ တိရစ္ဆာနကထာကထိကော၊ (၃၂)မျိုးသော တိရစ္ဆာနကထာတို့ကို ပြောကြားတတ်သော ပုဂ္ဂိုလ်ရှိလျက်။ န ဝိဟာသိံ၊ မနေထိုင်ခဲ့စဘူးပေ။ ကာယဒဠှိဗဟုလော၊ ကိုယ်လက်ကြံ့ခိုင်ရေးကို လေ့ကျင့်လျက် လေ့ကျင့်ပြီး။ ဟုတွာ၊ ဖြစ်၍။ န ဝိဟာသိံ၊ မနေထိုင်ခဲ့ဖူးပေ။

မြို့အကြောင်း ရွာအကြောင်း ရပ်အကြောင်း တိုင်းရေး ပြည်ရေး အစား အဝတ်အကြောင်း အစရှိတဲ့ ဘုရားရှင်မကြိုက်တဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်မှ ဖီလာကန့်လန့်ဖြစ်တဲ့ ရဟန်းတို့ မပြောသင့် မပြောထိုက်တဲ့ (၃၂)မျိုးသော တိရစ္ဆာနကထာစကားဆိုတာ ရှိပါတယ်။ အဲဒီ တိရစ္ဆာနကထာစကားတွေကို ပြောကြားပြီးတော့ ငါ သာသနာမှာနေထိုင်တာလည်း မဟုတ်ဘူး။ ကိုယ်လက် ကြံ့ခိုင်ရေးတွေကို လေ့ကျင့်ပြီးတော့ ကိုယ်လက် ကြံ့ခိုင်အောင်ဆိုတဲ့ ဦးတည်ချက်ဖြင့် ဆွမ်းအာဟာရအစရှိတဲ့ အာဟာရတွေ မှီဝဲပြီး အိပ်ချင်တိုင်းအိပ် စားချင်တိုင်းစားပြီးတော့ ကိုယ်လက်ကြံ့ခိုင်ရေး လုပ်လျက် နေထိုင်နေတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး။

မိမိရဲ့ဘဝကို မိမိပြန်ကြည့်တယ်။ ရဟန်းဖြစ်လာပြီဆိုလို့ရှိရင် မပြောသင့် မပြောထိုက်တဲ့ စကားတွေကို ဘလဝါဘွေ ပြောရမလား? မပြောရဘူးလား? မပြောရဘူးနော်။ ခုဒီမှာ သူက ပဋိသမ္ဘိဒါဉာဏ်လေးပါး ရရှိတဲ့ အရဟတ္တဖိုလ်ဆိုက်အောင် ဘယ်လို နေထိုင်နေတယ်ဆိုတာကို ဖေါ်ပြနေတယ်။ အဆင့်အတန်း မြင့်မားနေတဲ့ ဘဝတစ်ခုရရင် အဆင့်အတန်း မြင့်မားနေတဲ့ ဘဝကို ရောက်ကြောင်းဖြစ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ရိုရိုသေသေ ဖြည့်ကျင့်ဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်နော်။ နောက်တစ်ခု

အထ ခေါ ပါတိမောက္ခသံဝရာဒိံ စတုဗ္ဗိဓမ္ပိ သီလံ အခဏ္ဍံ အဆိဒ္ဒံ အသဗလံ အကမ္မာသံ ဘုဇိဿံ ဝိညုပ္ပသတ္ထံ အပရာမဋ္ဌံ ကတွာ ပရိပူရေန္တော အရိယမဂ္ဂံယေဝ ပါပေသိ’’

ဘာပြောလဲ?

အထ ခေါ၊ တကယ်စင်စစ်အားဖြင့်သော်ကား။ ပါတိမောက္ခသံဝရာဒိံ၊ ပါတိမောက္ခသံဝရသီလအစရှိသော။ စတုဗ္ဗိဓမ္ပိ သီလံ၊ လေးမျိုးသော သီလကိုသော်လည်းပဲ။

ပါတိမောက္ခသံဝရ အစရှိတဲ့ သီလကြီးလေးမျိုးဆိုတာ ဘာတွေလဲ?-ဝိနည်း သိက္ခာပုဒ်တော်မှာလာရှိတဲ့ ကိုယ်ကျင့်သီလပိုင်းဆိုင်ရာ ကျင့်ဝတ်ပဋိပါတ်တွေကို ရိုရိုသေသေ ဖြည့်ကျင့်တယ်။ နံပါတ်(၂) ဣန္ဒြိယသံဝရသီလ ဒွါရ(၆)ပါးမှ ကိလေသာတွေ မဝင်လာအောင် သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းဆိုတဲ့ မိမိစွမ်းအားရှိတဲ့ ကမ္မဋ္ဌာန်းအာရုံမှာ မိမိရဲ့ ဘာဝနာစိတ်ကို အမြဲသွတ်သွင်းပြီးတော့ အမြဲနှလုံးသွင်းပြီးတော့ ဣန္ဒြိယ-သံဝရသီလကိုလည်း လုံခြုံအောင် စောင့်ထိန်းတယ်။ အာဇီဝပါရိသုဒ္ဓိသီလ ဘုရားရှင် မနှစ်ချိုက်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ စပ်ဆိုင်နေတဲ့ ပညတ်တော်မူအပ်တဲ့ သိက္ခာပုဒ်တွေကို မလွန်ကျူးဘဲနဲ့ အသက်မွေးဝမ်းကျောင်း စင်ကြယ်အောင် ကြိုးစားအားထုတ်ပြီးတော့ နေထိုင်တယ်။ ပစ္စယသန္နိဿိတသီလ ပစ္စည်းလေးပါးကို ပစ္စဝက္ခဏာဆင်ခြင်ပြီးတော့ အမြဲတမ်း သုံးစွဲပြီးတော့ နေထိုင်တယ်။ ပေါင်းလိုက်တော့ သီလကြီး ဘယ်နှစ်ပါးလဲ? လေးပါး။ အဲဒီ သီလကြီးလေးပါးကို ဘာလုပ်သလဲ?

စတုဗ္ဗိဓမ္ပိ သီလံ၊ လေးမျိုးသော သီလကိုသော်လည်းပဲ။ အခဏ္ဍံ၊ မကျိုးအောင်။ အဆိဒ္ဒံ၊ မပေါက်အောင်။ အသဗလံ အကမ္မာသံ၊ မပြောက်မကြားအောင်။ ဘုဇိဿံ၊ တဏှာကျွန်အဖြစ်မှ လွတ်အောင်။ ဝိညုပ္ပသတ္ထံ၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ချီးမွမ်းသော အဆင့်သို့ ရောက်အောင်။ အပရာမဋ္ဌံ၊ တဏှာဒိဋ္ဌိတို့ ကိုင်တွယ် သုံးသပ်၍ မရနိုင်အောင်။ ကတွာ၊ ပြု၍။ ပရိပူရေန္တော၊ ဖြည့်ကျင့်လျက်။ အရိယမဂ္ဂံယေဝ၊ အရိယာမဂ်ဉာဏ်သို့သာလျှင်။ ပါပေသိံ၊ ငါရောက်အောင် ကြိုးစားအားထုတ်ခဲ့လေပြီ။

မိမိရရှိတဲ့ ဘဝနော်။ ရဟန်းတွေ ရရှိတဲ့ ဘဝပြန်ပြီးတော့ ပြန်ပြီး စဉ်းစားနေတယ်။ ငါ့ သီတင်းသုံးဖေါ်တွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် သီလကြီး လေးပါးကို မကျိုးမပေါက် မပြောက်မကြားအောင် တကယ်တမ်း ကြိုးစားအားထုတ်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ တဏှာ ဒိဋ္ဌိကို အခြေခံပြီးတော့ လိုလားတတ်မက်မှု အယူမှားမှုတွေကို အခြေခံပြီးတော့ ဒီသီလတွေကို ကျိုးပေါက်အောင် ချိုးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ မရှိဘူး။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ချီးမွမ်းခံထိုက်တဲ့ ဖြူစင်နေတဲ့ သီလတွေဖြစ်အောင် တဏှာ ဒိဋ္ဌိတို့ဖြင့် ကိုင်တွယ် သုံးသပ်ခွင့် မရအောင် တကယ်လက်တွေ့ ကြိုးစားအားထုတ်ပြီးတော့ အရိယာမဂ်ကို ရောက်အောင် တကယ်ကျင့်နေတဲ့ သူတော်ကောင်းတွေဖြစ်တယ်လို့ ဒီလို မိမိရဲ့ သီတင်းသုံးဖေါ် သူတော်ကောင်းတွေကို လှမ်းပြီးတော့ မြင်တယ်။ မိမိသီတင်းသုံးဖေါ် သူတော်ကောင်းတွေမှာ ဒီအင်္ဂါနဲ့ ပြည့်စုံရုံတွင်လားဆိုတော့ မကသေးဘူး။ ဒီသီလဖြည့်ကျင့်တယ်ဆိုတာက ဘယ်လိုပုဂ္ဂိုလ်ကို ပြောသလဲလို့ မေးတော့?

ဧတေန ဟေဋ္ဌိမဖလဒွယသမ္ပတ္တိမတ္တနော ဒီပေတိ။

ဟေဋ္ဌိမဖလဒွယဆိုတော့ သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ်ဆိုတဲ့ ဒီအရိယာဖိုလ် (၂)မျိုးနဲ့ ပြည့်စုံပြီးဖြစ်နေတယ်ဆိုတာကို ဒီစကားရပ်ကလေးက ဖေါ်ပြတယ်။ အရှင်ဥပသေနမထေရ်က ဒီသောတာပတ္တိဖိုလ်ဉာဏ်နဲ့လည်း ပြည့်စုံတယ်။ သကဒါဂါမိဖိုလ်ဉာဏ်နဲ့လည်း ပြည့်စုံတယ်။ ပြည့်စုံတဲ့အဆင့်သို့ ရောက်အောင် ဒီသီလတွေကို တကယ်လက်တွေ့ ဖြည့်ကျင့်တယ်။ ဘာကြောင့်လဲ?

သောတာပန္နသကဒါဂါမိနော ဟိ သီလေသု ပရိပူရကာရိနော။

သောတာပန်ပုဂ္ဂိုလ်နဲ့ သကဒါဂါမ်ပုဂ္ဂိုလ်တွေက သီလတွေမှာ ဖြည့်ကျင့်လေ့ရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ မိမိရဲ့ သီတင်းသုံးဖေါ်တွေ ကြည့်လိုက်ရင် သောတာပန်တွေလည်း ရှိတယ်။ သကဒါဂါမ်တွေလည်း ရှိတယ်။ ဒီသီလကို တကယ်လက်တွေ့ ဖြည့်ကျင့်နေတဲ့ သူတော်ကောင်းတွေလည်း ရှိကြတယ်။ နောက်တစ်ခု

သုသမာဟိတော စမှိ ဧကဂ္ဂစိတ္တော။

သုသမာဟိတော၊ ကောင်းစွာ တည်ကြည်တဲ့ သမာဓိရှိတဲ့ ပုဂ္ဂိုလ်သည်။ ဧကဂ္ဂစိတ္တော၊ တစ်ခုတည်းသော အာရုံ၌ ကျရောက်-လျက်ရှိသော စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်သည်။ အမှိ၊ ဖြစ်ပေ၏၊

ဒီစကားရပ်ကလေးက ဘာဖြစ်သလဲ?

ဥပစာရပ္ပနာဘေဒေန သမာဓိနာ သဗ္ဗထာပိ သမာဟိတော စ အမှိ အဝိက္ခိတ္တစိတ္တော။

ဥပစာရသမာဓိဆိုက်အောင်လည်း ပွားများလို့ ရတယ်။ အပ္ပနာ-သမာဓိခေါ်တဲ့ ဈာန်သမာဓိတွေ လောကီဈာန် လောကုတ္တရာဈာန်တွေ အဲဒီ ဈာန်သမာဓိအားလုံးကိုလည်း ဆိုက်အောင် ပွားများအားထုတ်လို့ ရနိုင်တဲ့ စွမ်းအားရှိတယ်။ သမာဓိတွေနဲ့ ပြည့်စုံနေတယ်။ စိတ်ပျံ့လွင့်မှု မရှိဘူးနော်။ မိမိလည်း မရှိဘူး။ သီတင်းသုံးဖေါ်တွေလည်း မရှိကြဘူးနော်။

ဣမိနာ သမာဓိသ္မိံ ပရိပူရကာရိတာဝစနေန တတိယဖလသမ္ပတ္တိမတ္တနော ဒီပေတိ။

ဒါက အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေနဲ့ ပြည့်စုံပုံကို ဖေါ်ပြနေတဲ့တရား။ ဘာကြောင့်လဲ?

အနာဂါမိနော ဟိ သမာဓိသ္မိံ ပရိပူရကာရိနော။

အနာဂါမ်ပုဂ္ဂိုလ်ဆိုတာက သမာဓိမှာ ဖြည့်ကျင့်နေတဲ့ပုဂ္ဂိုလ်၊ ဖြည့်ကျင့်လေ့ရှိတဲ့ ပုဂ္ဂိုလ်တွေတဲ့နော်။ နောက်တစ်ခု

အရဟာ စမှိ ခီဏာသဝေါ။

အဟံ၊ ငါသည်ကား။ အရဟာ၊ ရဟန္တာပုဂ္ဂိုလ်သည်။ ခီဏာသဝေါ၊ ကုန်ပြီးသော အာသဝေါရှိသည့်ပုဂ္ဂိုလ်သည်။ အမှိ၊ ဖြစ်ရပေပြီ။

မိမိဘဝနော် ငါဟာ အာသဝေါတရားတွေ ကုန်ပြီးတဲ့ ရဟန္တာပုဂ္ဂိုလ်လည်း ဖြစ်ရပြီ။ မိမိသီတင်းသုံးဖေါ်တွေ ကြည့်လိုက်တော့လည်း အာသဝေါကုန်ပြီးတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ ရှိတယ်ဆိုတာ လှမ်းမြင်တယ်။ မိမိကိုယ်တိုင်ရထားတဲ့ ဘဝတစ်ခု ကြည့်လိုက်ရင်လည်း အာသဝေါတရားတွေ ကုန်နေတဲ့ ရဟန္တာပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာ မြင်ပြီ။ ဒီတော့ ဒီစကားက အရဟတ္တဖိုလ်ကို ပြတယ်နော်။ နောက်တစ်ခု

မဟိဒ္ဓိကော စမှိ မဟာနုဘာဝေါ။

အဟံ၊ ငါသည်။ မဟိဒ္ဓိကော၊ ကြီးမားတဲ့ တန်ခိုးရှိတဲ့ ပုဂ္ဂိုလ်သည်။ မဟာနုဘာဝေါ၊ ကြီးမားတဲ့ အာနုဘော်ရှိတဲ့ ပုဂ္ဂိုလ်သည်။ အမှိ၊ ဖြစ်ရပေပြီ။

တန်ခိုးဣဒ္ဓိပါတ် အမျိုးမျိုးနဲ့လည်း ငါ ပြည့်စုံတယ်။ ဘုန်းကံ-အာနုဘော်တွေကလည်း ကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပါရမီကုသိုလ်ကံတွေ စွမ်းအားတွေက သိပ်ပြီးတော့ ပြည့်ဝတယ်နော်။ အတိတ်က ဆည်းပူးထားခဲ့တဲ့ ပါရမီကုသိုလ်ကံ စွမ်းအင်တွေကလည်း အလွန် ကြီးကျယ်တယ်ဆိုတာကို လှမ်းကြည့်တော့ မြင်ပြီ။ မြင်လိုက်တဲ့အတွက် ဘာဖြစ်သလဲ?

ဘတ္တကံ မေ ဇီဝိတံ ဘတ္တကံ မရဏံ။

မေ၊ ငါ၏၊ ဇီဝိတံ၊ အသက်ရှင်ရခြင်းသည်ကား။ ဘတ္တကံ၊ ကောင်းမြတ်သော အသက်ရှင်ရခြင်း ဖြစ်ပါပေ၏၊ မရဏံ၊ သေကြေ-ပျက်စီးရခြင်းသည်ကား။ ဘတ္တကံ၊ ကောင်းမြတ်သော သေကြေပျက်-စီးရခြင်း ဖြစ်ပါပေ၏၊

ငါ့ရဲ့ အသက်ရှင်ခြင်းဟာလည်း ကောင်းသော အသက်ရှင်ခြင်း ဖြစ်တယ်။ ငါ့ရဲ့ သေခြင်းဟာလည်း ကောင်းသော သေခြင်းပဲ ဖြစ်တယ်။ ဒီနေ့ တရားနာနေတဲ့ပုဂ္ဂိုလ်တွေ ကောင်းသော အသက်ရှင်ခြင်းလည်း မဖြစ်ချင်ကြဘူးလား? ကောင်းသော သေခြင်းကော မဖြစ်ချင်ကြဘူးလား? ဖြစ်ချင်ကြရင်လည်း ဘာလုပ်ရမလဲ? အရှင်ဥပသေနထုံးကို အာရုံယူပြီးတော့ တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြဖို့ မလိုဘူးလား? လိုအပ်တယ်။ သံသရာခရီး တစ်နေ့ မဆုံးသေးရင်တော့ ဆက်ကြရမယ်。 ဆက်ကြရသည်ပဲဖြစ်စေ မဆက်ရသည်ပဲဖြစ်စေ၊ အသက်ရှင်ရင်လည်း ကောင်းသော အသက်ရှင်ခြင်း ဖြစ်ကြ-မယ်ဆိုရင် သေရင်လည်း ကောင်းသော သေခြင်းသာ ဖြစ်ကြရမယ်ဆိုရင် မိမိတို့အတွက် တန်ဘိုးမဖြတ်နိုင်တဲ့ ဘဝတစ်ခုကို ရရှိခြင်းဖြစ်တယ်နော်။

ခုဒီနေရာမှာ အရှင်ဥပသေနမထေရ်က မိမိရဲ့အသက်ရှင်ရခြင်းသည် ကောင်းသော အသက်ရှင်ရခြင်းဖြစ်တယ်။ မိမိရဲ့ သေကြေပျက်စီးရခြင်း-ဟာလည်း ကောင်းသော သေကြေပျက်စီးရခြင်း ဖြစ်တယ်လို့ ဒီလိုမြင်တယ်။ မြင်လိုက်တဲ့ချိန်ခါမှာ သူက ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတော်မူတဲ့ ရဟန္တာအဖြစ်နဲ့ အသက်ရှင်ရတဲ့အတွက် သူ့ရဲ့ အသက်ရှင်ခြင်းဟာလည်း ကောင်းတယ်။ ရဟန္တာအဖြစ်နဲ့ ပရိနိဗ္ဗာန် စံလွန်ခြင်း သေကြေပျက်စီးရခြင်းဖြစ်တဲ့အတွက် သူ့ရဲ့ သေကြေပျက်စီးရခြင်းသည် နောက်ထပ်တစ်ဖန် ဘဝဆိုတာ ရှိဦးမလား? မရှိတော့ဘူး။ ဒါကြောင့် သူ့ရဲ့ သေကြေပျက်စီးရခြင်းလည်း ဘာဖြစ်သလဲ?

ဘဒ္ဒကံ မရဏန္တိ သစေ ပနိဒံ ခန္ဓပဉ္စကံ အဇ္ဇ ဝါ ဣမသ္မိံ ယေဝ ဝါ ခဏေ အနုပါဒါနော ဝိယ ဇာတဝေဒေါ နိဗ္ဗာယတိ၊ တံ အပ္ပဋိသန္ဓိကံ ပရိနိဗ္ဗာနသင်္ခါတံ မရဏမ္ပိ မေ ဘဒ္ဒကန္တိ ဥဘယတ္ထ တာဒိဘာဝံ ဒီပေတိ။

ဒီစကားရပ်လေးက ဘာပြောချင်လဲလို့ မေးတော့ -----

ဘဒ္ဒကံ မေ ဇီဝိတန္တိ ဧဝံဝိဓသီလာဒိဂုဏသမန္နာဂတဿ မေ ယာဝါယံ ကာယော ဓရတိ၊ တာဝ သတ္တာနံ ဟိတသုခမေဝ ဝဍ္ဎတိ၊ ပုညက္ခေတ္တဘာဝတော ဇီဝိတမ္ပိ မေ ဘဒ္ဒကံ သုန္ဒရံ။

ဘဒ္ဒကံ မေ ဇီဝိတန္တိ၊ ငါ့ရဲ့ အသက်ရှင်ခြင်းသည် ကောင်းမြတ်၏-ဟူသည်ကား။ ဧဝံဝိဓသီလာဒိဂုဏသမန္နာဂတဿ၊ ဤသို့သော ထူးထွေကွဲပြားသော သီလဂုဏ်ကျေးဇူး သမာဓိဂုဏ်ကျေးဇူး ပညာဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၍နေသော။ မေ၊ ငါ့အား။ မေ၊ ငါ့၏၊ ယာဝ၊ အကြင်မျှလောက်သော။ အယံ ကာယော၊ ဤခန္ဓာကိုယ်ကို။ ဓရတိ၊ ဆောင်ထားရပေ၏၊ တာဝ၊ ထိုမျှလောက်။ သတ္တာနံ၊ သတ္တဝါတို့၏၊ ဟိတသုခမေဝ၊ အကျိုးစီးပွား ချမ်းသာသုခသည်သာလျှင်။ ဝဍ္ဎတိ၊ တိုးပွား၍ နေပေ၏၊ ပုညက္ခေတ္တဘာဝတော၊ ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကြဲချစိုက်ပျိုးသော လယ်ယာမြေကောင်းသဖွယ် ဖြစ်ခြင်းကြောင့်။ မေ၊ ငါ၏၊ ဇီဝိတမ္ပိ၊ အသက်ရှင်ရခြင်းသည်လည်းပဲ။ ဘဒ္ဒကံ သုန္ဒရံ၊ ကောင်းမြတ်သော အသက်ရှင်ရခြင်း ဖြစ်ပါပေ၏၊

မိမိရဲ့ အသက်ရှင်နေတာ ကြည့်လိုက်တော့ သီလဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံနေတဲ့ အသက်ရှင်ခြင်း၊ သမာဓိဂုဏ်ကျေးဇူးနဲ့ ပြည့်စုံတဲ့ အသက်ရှင်ခြင်း၊ ပညာဂုဏ်ကျေးဇူးနဲ့ ပြည့်စုံတဲ့ အသက်ရှင်ခြင်း ဖြစ်ခြင်းကြောင့် အကြင်မျှလောက်သော ကာလပတ်လုံး ငါသည် ဒီခန္ဓာကိုယ်ကြီးကို ဆောင်ထားတယ်။ ငါ့ခန္ဓာကိုယ်ကို ငါဆောင်ထားနိုင်သမျှ ကာလပတ်လုံး ဒီခန္ဓာကိုယ်ကို ဆောင်ထားခြင်းသည် သတ္တဝါတွေအတွက် အကျိုးစီးပွား ချမ်းသာရရှိဖို့ရန် တိုးပွားဖို့ရန်သာဖြစ်တယ်။ ဒီခန္ဓာအိမ်ကြီးကို အကြောင်းပြုပြီးတော့ ဖူးတွေ့ရတဲ့ ပူဇော်ရတဲ့ လှူဒါန်းရတဲ့ သတ္တဝါတွေမှာ လူ, နတ်, နိဗ္ဗာန် (၃)တန်သော အကျိုးစီးပွားတွေ တိုးပွားပြီးလာဖို့သာ ဖြစ်တယ်။ ဘာကြောင့်လဲ?

လှူခဲ့ရင်လည်း ဒါနကုသိုလ် ဖြစ်မယ်။ ဒီဒါနကုသိုလ်က လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးထားတဲ့ ဒါနကုသိုလ်ဖြစ်ခြင်းကြောင့် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးတွေကို ပေးနိုင်တယ်။ ဒါကတစ်ချက်။ သို့မဟုတ် ဆည်းကပ်ခဲ့လို့ ဟောကြားလိုက်တဲ့ တရားတွေကို နာကြားရတဲ့အတွက် ဒီတရားတွေကို တကယ်လက်တွေ့ ကျင့်ရင် ကျင့်တဲ့ပုဂ္ဂိုလ်တွေမှာ သီလဂုဏ်ကျေးဇူးတွေ သမာဓိဂုဏ်ကျေးဇူးတွေ ပညာဂုဏ်ကျေးဇူးတွေ ကြီးပွားတိုးတက်လာနိုင်တယ်။ ကြီးပွားတိုးတက်လာခဲ့ရင် ဒီဂုဏ်ကျေးဇူးတွေက သူ့အဆင့်နဲ့ လျော်ညီစွာ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ ချမ်းသာတွေကို အဆင့်ဆင့် ရွက်ဆောင်ပေးနိုင်တယ်။ ဒါ့ကြောင့် မိမိရဲ့အသက်ရှင်ခြင်းသည် ဖူးတွေ့ရတဲ့ (သို့မဟုတ်) မိမိကို ဆည်းကပ်နေတဲ့ တပည့်သာဝကတွေ သန္တာန်မှာ ကုသိုလ်တရား တိုးပွားဖို့ရန်အတွက် မဖြစ်ဘူးလား? ဖြစ်တယ်။

လူ, နတ်, နိဗ္ဗာန်သော သုံးတန် အကျိုးစီးပွား ချမ်းသာတွေ ကြီးပွားတိုးတက်ရန်ပဲ ဖြစ်တယ်။ သာသနာမှာနေတယ်ဆိုတာ အဲဒီစိတ်ထားလေး ရှိဖို့ လိုတယ်နော်။ သာသနာမှာနေတဲ့ပုဂ္ဂိုလ်တွေက ခုနက သာသနာ့ဝန်ထမ်း ရှင်ရဟန်းဖြစ်ပြီဆိုရင် ငါ့ကို အကြောင်းပြုပြီးတော့ ငါ့ကို မှီခိုနေတဲ့ ဒကာ ဒကာမတွေ မှီခိုနေတဲ့ တပည့် သား မြေးတို့ရဲ့ သန္တာန်၌ လူ, နတ်, နိဗ္ဗာန်သုံးတန်သော အကျိုးစီးပွား ချမ်းသာသုခတွေ တိုးပွားပါစေဆိုတဲ့ ဒီစိတ်ထားရှိရမယ်။ အဲဒီ စိတ်ထားရှိခဲ့မယ်ဆိုရင် ဒီစိတ်ထားရှိနေတဲ့ သူတော်ကောင်းသည် ဘာလုပ်ရမလဲ? သီလဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံအောင်, သမာဓိဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံအောင်, ပညာဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံအောင် အရှင်ဥပသေနမထေရ်မြတ်ကဲ့သို့ ကြိုးစားအားထုတ်ထားပြီး ဖြစ်ဖို့မလိုဘူးလား? လိုအပ်နေတယ်။

နောက်တစ်ခု ----- ကောင်းမှုတည်းဟူသော မျိုးစေ့ရဲ့ ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းကြီး ဖြစ်နေတဲ့အတွက် ငါ့ရဲ့ အသက်ရှင်ခြင်းသည် ကောင်းမြတ်သော အသက်ရှင်ခြင်းပဲဖြစ်တယ်။ ဒီ အသက်ရှင်နေတဲ့ ဥပသေနကဲ့သို့သော ငါ့ကို အကြောင်းပြုပြီးတော့ ကောင်းမှုတည်းဟူသော မျိုးစေ့တွေ ကြဲချစိုက်ပျိုးတယ်ဆိုရင် လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးလိုက်တဲ့အတွက် ကောင်းမှုတည်းဟူသော မျိုးစေ့မှ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတရားတွေ ထွက်ပေါ်လာလိမ့်မယ်။ ဒါကြောင့် ငါ့ရဲ့ အသက်ရှင်ခြင်းသည် ကောင်းမြတ်တဲ့ အသက်ရှင်ခြင်းပဲဖြစ်တယ်။ ဒီလိုမြင်တယ်။

ဒီတော့ ----- တရားနာပရိသတ်အပေါင်းတွေလည်း အရှင်ဥပသေနမထေရ်မြတ်ကဲ့သို့ ကောင်းမြတ်သော အသက်ရှင်ခြင်းတစ်ခုဖြစ်အောင် သတ္တဝါတွေကို ငဲ့ညှာသောအားဖြင့်သော်လည်းကောင်း၊ မိမိရဲ့ အကျိုးစီးပွားကို ငဲ့ညှာသောအားဖြင့်သော်လည်းကောင်း၊ ကြိုးစားအားထုတ်ထားတတ်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ နောက်တစ်ခု ----- ငါ့ရဲ့သေခြင်းသည် ကောင်းသောသေခြင်း ဘယ်လိုလဲ?

ဘဒ္ဒကံ မရဏန္တိ သစေ ပနိဒံ ขန္ဓပဉ္စကံ အဇ္ဇ ဝါ ဣမသ္မိံ ယေဝ ဝါ ขဏေ အနုပါဒါနော ဝိယ ဇာတဝေဒေါ နိဗ္ဗာယတိ၊ တံ အပ္ပဋိသန္ဓိကံ ပရိနိဗ္ဗာနသင်္ခါတံ မရဏမ္ပိ မေ ဘဒ္ဒကန္တိ ဥဘယတ္ထ တာဒိဘာဝံ ဒီပေတိ။

ဘဒ္ဒကံ မရဏန္တိ၊ ကောင်းသော သေကျေပျက်စီးရခြင်းဟူသည်ကား။ သစေ၊ အကယ်၍။ ဣဒံ ခန္ဓပဉ္စကံ၊ ဤခန္ဓာငါးပါးအပေါင်းကို။ အဇ္ဇ ဝါ၊ ယနေ့သော်လည်းကောင်း။ ဣမသ္မိံ ယေဝ ဝါ ขဏေ၊ ယခုရောက်ဆဲ ခဏအတွင်း၌သော်လည်းကောင်း။ အနုပါဒါနော ဝိယ ဇာတဝေဒေါ၊ လောင်စာမရှိတဲ့ မီးကဲ့သို့။ နိဗ္ဗာယတိ၊ ငြိမ်း၍ သွားသည်ဖြစ်အံ့။ တံ၊ ထိုကဲ့သို့ ဘဝဇာတ်ငြိမ်းရခြင်းသည်ကား။ အပ္ပဋိသန္ဓိကံ၊ နောက်ထပ်တဖန် ပဋိသန္ဓေ တည်နေရမှု မရှိသော။ ပရိနိဗ္ဗာနသင်္ခါတံ၊ ပရိနိဗ္ဗာန်ဝင်စံရုပ်သိမ်း ဒုက္ခဇာတ် ငြိမ်းရခြင်းဟုခေါ်ဆိုအပ်သော။ မေ၊ ငါ၏၊ မရဏမ္ပိ၊ သေခြင်းသည်လည်းပဲ။ ဘဒ္ဒကံ၊ ကောင်းမြတ်သော သေခြင်းဖြစ်ရပါပေ၏၊ ဣတိ၊ ဤသို့လျှင်။ ဥဘယတ္ထ၊ ရှင်ခြင်း သေခြင်း (၂)မျိုး၌။ တာဒိဘာဝံ၊ မတုန်မလှုပ်ခြင်း တာဒိဂုဏ်နှင့် ပြည့်စုံသည့်အဖြစ်ကို။ ဒီပေတိ၊ ထင်ရှားပြ၍ နေပေ၏၊

အကယ်၍သာ ဒီနေ့ (သို့မဟုတ်) ယခုရောက်ဆဲ အချိန်အခါလေးမှာလည်း ငါ သေကျေ ပျက်စီးခဲ့ရမယ်ဆိုရင်တဲ့နော် ဒီခန္ဓာငါးပါးကို စွန့်ပစ်ခဲ့ရမယ်ဆိုရင် ဒီခန္ဓာငါးပါးကြီး ငြိမ်းသွားမယ်ဆိုရင် လောင်စာ မရှိတဲ့ မီးကဲ့သို့ ငြိမ်းသွားပြီဆိုလို့ရှိရင်တော့ နောက်ထပ်တဖန် ဘဝသစ်မှာ ပဋိသန္ဓေ တည်နေရမှု ငါ့မှာ မရှိဘူး၊ ပရိနိဗ္ဗာန်ဝင်စံရုပ်သိမ်း ဒုက္ခဇာတ် သိမ်းရခြင်းဆိုတဲ့ ဒီသေကျေပျက်စီးရခြင်းသည် ငါ့အတွက် ကောင်းသော သေကျေ ပျက်စီးရခြင်းသာ ဖြစ်တယ်နော်။ အဲဒီလိုဖြစ်တဲ့အတွက် အသက်ရှင်ခြင်းကိုလည်း ကောင်းသော အသက်ရှင်ခြင်းလို့ မြင်တယ်။ သေခြင်းကိုလည်း ကောင်းသော သေခြင်းလို့ မြင်တယ်။ မြင်လိုက်တဲ့အတွက် အသက်ရှင်ခြင်း သေခြင်းဆိုတဲ့ ဒီတရား (၂)ခုမှာ တုန်လှုပ်မှုဆိုတဲ့ သဘောရှိလား? မရှိဘူး။ အဲဒီလို တုန်လှုပ်မှုမရှိတဲ့ ဒီသဘောကို တာဒိဘာဝ တာဒိဂုဏ်လို့ ခေါ်ပါတယ်။ အရှင်ဥပသေနမထေရ်ရဲ့ သန္တာန်မှာ ဒီတာဒိဂုဏ်နှင့် ပြည့်စုံနေတဲ့သဘောတွေ ထင်ရှားဖြစ်ပေါ်လာပြီ။ ဖြစ်ပေါ်လာတဲ့အတွက် ဘာဖြစ်လဲ?

ဧဝံ မဟာထေရော အပ္ပဟီနသောမနဿုပ္ပိလာဝိတဝါသနုဿန္နတ္တာ ဥဠာရသောမနဿိတော ဓမ္မဗဟုမာနေန ဓမ္မပီတိပဋိသံဝေဒနေန ပရိဝိတက္ကေသိ။

အဲဒီလို မိမိရထားတဲ့ ဘဝတစ်ခုကို ကြည့်ပြီး သိပ်ကောင်းတယ်လို့ လှမ်းပြီး ဒီလို ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာ အရှင်ဥပသေနမထေရ်ရဲ့ သန္တာန်မှာ ဝမ်းမြောက်ခြင်းဆိုတဲ့ သောမနဿတရားတွေက မပယ်ရသေးဘူး။ မပယ်ရသေးတဲ့အတွက် ဒီ သောမနဿတရားတွေက ရုပ် နာမ်သန္တာန်အစဉ်မှာ အထက်တန်းကျကျ ပေါ်လာတယ်။ ပေါ်လာတဲ့အခါမှာ အတိတ်က ဝါသနာဓာတ်ငွေ့ကလည်း သောမနဿ အရှိန်အဝါ များခဲ့တဲ့ သူတော်ကောင်းဖြစ်ခြင်းကြောင့် အလွန် ကြီးကျယ် မြင့်မြတ်နေတဲ့ ဝမ်းမြောက်မှု မိမိဘဝရဲ့ တန်ဖိုးရှိနေတဲ့ ကောင်းသော အသက်ရှင်ခြင်း ကောင်းသော သေခြင်းဆိုတဲ့ ဘဝတွေကို လှမ်းကြည့်လိုက်တဲ့အခါ မြင်ရတော့ အလွန့်အလွန် ဝမ်းသာတယ်။ ဝမ်းသာပြီးတော့ တရားတော်ကို မြတ်နိုးနေတဲ့ ဓမ္မပီတိတွေဟာ သု့သန္တာန်မှာ တဖွားဖွား ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတဲ့အတွက် ဒီလိုကြံစည်စိတ်ကူးမှုလေး သူ့သန္တာန်မှာ ဖြစ်ပေါ်လာခြင်း ဖြစ်တယ်နော်။

မိမိရဲ့ဘဝကို လှမ်းပြီး ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာ ဒီလို ဝမ်းသာမှုမျိုး ဖြစ်ရမယ်ဆိုရင် ဒီဝမ်းသာမှုမျိုးသည် တန်ဖိုး မရှိဘူးလား? တန်ဖိုးရှိတယ်။ တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို ရရှိအောင် တန်ဖိုးရှိတဲ့ လုပ်ငန်းရပ်တွေကိုလည်း စနစ်တကျကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ကော မလိုဘူးလား? လိုအပ်နေတယ်။ အဲဒီအချိန်အခါမှာ ဘာဖြစ်လာသလဲ? ဦးပဉ္စင်းတို့ မိဘတစ်ဦးက မိမိရဲ့ သားသမီးတစ်ဦး အောင်မြင်မှုရလို့ ဝမ်းသာနေတဲ့အချိန်အခါမှာ မိဘရဲ့သန္တာန်မှာကော ဝမ်းသာမှု မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပြီ။

(အထခေါ ဘဂဝါ အာယသ္မာတော ဥပသေနဿ ဝင်္ဂန္တပုတ္တဿ စိတ္တံ [ဝိဒိတွာ] ဣမံ ဥဒါနံ ဥဒါနေသိ။)

အထခေါ၊ ထိုအခါ၌။ ဘဂဝါ၊ ဘုန်းတော် (၆)ပါးသခင်ဘုရားရှင်သည်။ အာယသ္မာတော ဥပသေနဿ ဝင်္ဂန္တပုတ္တဿ၊ ဝင်္ဂန္တပုဏ္ဏား၏သားဖြစ်သော အရှင်ဥပသေနမထေရ်မြတ်၏၊ [စိတ္တံ]၊ စိတ်အကြံကို [သိတော်မူ၍]။ ဥဒါနေသိ၊ မြွက်ကြားတော်မူခဲ့လေပြီ။

ဘုရားရှင်က ထိုအချိန်မှာ ရှင်ဥပသေန ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ကြံစည်စိတ်ကူးတဲ့ သဘာဝတစ်ခုကို လှမ်းကြည့်လိုက်တော့ ဘုရားရှင်ကလည်း သိပ်ဝမ်းသာသွားတယ်။ မိမိရဲ့ သားရတနာလေး အောင်မြင်မှုရတဲ့ တန်ဖိုးရှိတဲ့ ဘဝတစ်ခုအကြောင်းကို အောင်မြင်စွာ ဒီဘဝကိုရရှိတဲ့အတွက် ဝမ်းသာသလို ဘုရားရှင်သန္တာန်မှာလည်း မြိုသိပ်လို့ မထားနိုင်အောင် အလွန့်အလွန် ဝမ်းသာတဲ့အတွက် ဘုရားရှင်က ဒီနေရာမှာ ဥဒါန်းစကား ဝမ်းမြောက်ဖွယ်စကားလေး ဂါထာလေး (၂)ခုဟောတယ်။ အဲဒီဂါထာလေးတွေ ဘုန်းကြီးဟောချင်လို့ ဒီည နိဒါန်းချီတယ်နော်။ ကဲ ဘယ်လိုတဲ့လဲ?

ယံ ဇီဝိတံ န တပတီ မရဏန္တေ န သောစတီ၊ သ ဝေ ဒိဋ္ဌပဒေါ ဓီရော သောကမဇ္ဈေ န သောစတီ။

ကောင်းလိုက်တာလေးနော်။ ဘာဖြစ်လဲ?

ယံ၊ အကြင်ရဟန္တာပုဂ္ဂိုလ်သည်။ ဇီဝိတံ၊ အသက်ရှင်ခြင်းကိုလည်းပဲ။ န တပတီ၊ ပူပန်မှု မရှိပေ။ မရဏန္တေ၊ သေခြင်း၏ အဆုံး၌ (ဝါ) သေခါနီးကာလ၌လည်းပဲ။ န သောစတီ၊ စိုးရိမ်ပူဆွေးမှု မရှိပေ။ ဝေ၊ စင်စစ်ဧကန် အမှန်အားဖြင့်။ ဒိဋ္ဌပဒေါ၊ မြင်အပ်ပြီးသော နိဗ္ဗာန်တရားတော်မြတ်ရှိတော်မူသော။ သ သော ဓီရော၊ ထိုပညာရှိသူတော်ကောင်းသည်။ သောကမဇ္ဈေ၊ စိုးရိမ်ပူဆွေးခြင်း သောကတရား ထင်ရှားရှိနေတဲ့ သတ္တဝါအပေါင်းတို့၏ အလယ်၌။ န သောစတိ၊ စိုးရိမ်ပူဆွေးမှု ဘယ်တော့မှ မဖြစ်ရပေ။

မြတ်စွာဘုရား ဝမ်းသာလို့ ဟောတော်မူတဲ့ ဂါထာလေးပဲနော်။ အကြင်ရဟန္တာပုဂ္ဂိုလ်သည် အသက်ရှင်ရခြင်းကိုလည်း ပူပန်မှု မရှိဘူး၊ အသက်ရှင်မှုနဲ့ ပတ်သက်လို့လည်း ပူပန်ကြောင့်ကြမှု သူ့မှာ ရှိသလား? မရှိဘူး။

မရဏန္တေ န သောစတိ။

မရဏန္တေ၊ သေကြေပျက်စီးရခြင်း၏ အဆုံး၌လည်းပဲ (ဝါ) သေရခါနီး အချိန်ကာလ၌လည်းပဲ။ န သောစတိ၊ စိုးရိမ်ပူဆွေးမှု မရှိရပေ။

သေရတော့မယ် (သို့မဟုတ်) သေကြေပျက်စီးလို့လည်း စိုးရိမ်မှု မရှိဘူး (သို့မဟုတ်) သေခါနီးကာလမှာသော်လည်း စိုးရိမ်ပူဆွေးမှု မရှိဘူး။ အသက်ရှင်တာနဲ့ ပတ်သက်လို့လည်း ပူပန်မှု မရှိဘူး။ စဉ်းစားကြည့်စမ်း။ ဒကာကြီးတွေ ဒကာမကြီးတွေနော် အသက်ရှင်နေတာနဲ့ ပတ်သက်ပြီး မိမိရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်လို့ ပူပန်မှုတွေ မဖြစ်ကြဘူးလားလို့မေးရင် ဘယ်လို ဖြေကြမလဲ? ဖြစ်ကြတယ်။ အသက်ရှင်ဖို့အတွက် ပူပန်ရတယ်။ မိမိအသက်ရှင်ဖို့အတွက် ပူပန်ရတယ်။ မိမိနဲ့ဆက်စပ်ရာ သားတွေ သမီးတွေ ဇနီးတွေ မြေးတွေ မြစ်တွေ ဆွေတွေ မျိုးတွေ တိုင်းပြည်တွေ အသက်ရှင်ရေးအတွက်လည်း မပူပန်ရဘူးလား? ပူပန်ကြရတယ်။

ခုဒီမှာ အရှင်ဥပသေနတို့လို ပုဂ္ဂိုလ်မျိုးကျတော့ အသက်ရှင်မှုနဲ့ ပတ်သက်ပြီး ပူပန်မှုကော ရှိသေးလား? မရှိတော့ဘူး။ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ ဘယ်လိုမှ မပူပန်ရတဲ့ ဘဝတစ်ခုရပြီးပြီ။ နောက် သေကျေပျက်စီးတဲ့ အချိန်မှာကော သေကျေပျက်စီးခြင်းကို အကြောင်းပြုပြီးတော့ သေခါနီးကာလမှာ စိုးရိမ်ပူဆွေးမှုဆိုတာ ရှိသေးလား? မရှိဘူး။ ရှင်လို့လည်း မပူဆွေးရဘူး၊ သေလို့လည်း မပူဆွေးရဘူး။ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါဖြင့်ရင် သေရင် ပူဆွေးတယ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ ပြန်ပြီး ဆန်းစစ်လိုက်တဲ့အခါ အပါယ်သံသရာဘေးမှ ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအားရှိတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် အစရှိတဲ့ တကယ် အဆင့်အတန်း မြင့်မားနေတဲ့ ကောင်းမှုကုသိုလ်တွေကို စိတ်ချလက်ချ အားကိုးထိုက်တဲ့ အဆင့်အထိရောက်အောင် ကြိုးစားအားထုတ်ထားမှု မရှိတဲ့ပုဂ္ဂိုလ်တွေ တစ်ချိန် သေခါနီးကာလ ရောက်လာပြီ။ ရောက်လာတဲ့အချိန်အခါမှာ နေကွယ်တော့မယ်ဆိုရင် တောင်ရဲ့အနောက်ဖက်မှာ နေရောက်သွားတဲ့ အချိန်အခါ တောင်ရဲ့အရိပ်သည် အရှေ့ဘက်အခြမ်းမှာ တွဲလျားခိုပြီး ဆွဲနေသလို သေခါနီးကာလမှာ မိမိပြုထားတဲ့ မကောင်းမှု အကုသိုလ်ကံတွေဆိုတာ ရှိတတ်ပါတယ်။

အဲဒီ အကုသိုလ်ကံတွေကလည်း အားကိုးတတ်တဲ့ ကောင်းမှုကုသိုလ်ကံကို ဆည်းပူးထားမှု မရှိဘဲ မကောင်းမှုအကုသိုလ်တွေကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်အဖို့ ဒီအကုသိုလ်ကံရဲ့စွမ်းအင်ကြောင့် အကျိုးပေးတော့မဲ့ အကုသိုလ်ကံရဲ့ စွမ်းအင်ကြောင့် သေခါနီးကာလမှာ မကောင်းမှု နိမိတ်တွေ ထင်လာပြီ၊ ထင်လာတဲ့ချိန်ခါကျတော့မှ ငါသည် မကောင်းမှု ပြုမိတာတော့ မှားပြီ။ အားကိုးထိုက်တဲ့ ကောင်းမှုကုသိုလ်တွေကို မပြုမိတာတော့ မှားပြီဆိုပြီး ထိုအချိန်အခါမှာ ပူပန်သောကတွေ ဖြစ်လာတတ်တယ်နော်။

အားကိုးထိုက်တဲ့ကံတွေကို အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုက်သည့်တိုင်အောင် (သို့မဟုတ်) အရဟတ္တဖိုလ်ဆိုက်သည့်တိုင်အောင် ကြိုးစားအားထုတ်ထားတဲ့ ပုဂ္ဂိုလ်အဖို့ သေခါနီးကာလမှာ နောက်ဘဝသွားဖို့အတွက် နိမိတ်တွေ ထင်သေးလား? မထင်တော့ဘူး။ ဘာနိမိတ်မှလည်း မထင်တဲ့အတွက် နောက်ထပ်ဘဝဆိုတာလည်း မရှိတော့ဘူး။ မရှိတဲ့အတွက် ငါမကောင်းတဲ့ ဘုံသွားရတော့မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှု ရှိဦးမလား? မရှိတော့ဘူး။ ဘာမှ ကြောင့်ကြစရာမရှိဘူး။

ရှင်နေတဲ့အတွက်လည်း မပူရဘူး။ သေဖို့အတွက်လည်း မပူပန်ရဘူး။ ရှင်ဖို့အတွက်လည်း မပူပန်ရဘူး။ သေဖို့အတွက်လည်း မပူပန်ရဘူးဆိုလို့ရှိရင်တော့ ဒီထက်ကောင်းတဲ့တရား ဘယ်မှာရှိဦးမလဲ? မရှိတော့ဘူး။ ဒါကြောင့်-----

သ ဝေ ဒိဋ္ဌပဒေါ ဓီရော၊ သောကမဇ္ဈေ န သောစတိ

ဝေ၊ စင်စစ်ဧကန်အမှန်အားဖြင့်။ ဒိဋ္ဌပဒေါ၊ မြင်အပ်ပြီးသော နိဗ္ဗာန်တရားတော်မြတ်ရှိတော်မူသော။ သော ဓီရော၊ ထိုပညာရှိသူတော်ကောင်းသည်။ သောကမဇ္ဈေ၊ စိုးရိမ်ပူဆွေးခြင်း သောကတရား ထင်ရှားရှိနေတဲ့ သတ္တဝါအပေါင်းတို့၏ အလယ်၌။ န သောစတိ၊ စိုးရိမ်ပူဆွေးမှု မရှိရတော့ပေ။

သိပ်ကောင်းတယ်နော်။ စိုးရိမ်ပူဆွေးမှု သောကတရားတွေ ထင်ရှားရှိနေတဲ့ သတ္တဝါတို့ရဲ့အလယ်မှာ ဒီလို နိဗ္ဗာန်မြင်ပြီးတဲ့ ပညာရှိသူတော်ကောင်းတစ်ဦးအဖို့ စိုးရိမ်ပူဆွေးမှု ဘယ်တော့မှ မရှိတော့ဘူး။

ဥစ္ဆိန္နဘဝတဏှဿ သန္တစိတ္တဿ ဘိက္ခုနော၊ ဝိက္ခီဏော ဇာတိသံသာရော နတ္ထိ တဿ ပုနဗ္ဘဝေါ။

ဥစ္ဆိန္နဘဝတဏှဿ၊ ဖြတ်တောက်အပ်ပြီးသော ဘဝတဏှာ ရှိတော်မူသော။ သန္တစိတ္တဿ၊ ငြိမ်သက်အေးချမ်းသော စိတ်ဓာတ် ရှိတော်မူသော။ ဘိက္ခုနော၊ ရဟန်းအဖို့။ ဇာတိသံသာရော၊ ပဋိသန္ဓေ အဖန်ဖန် အထပ်ထပ် တည်နေရခြင်း ဇာတိဟုခေါ်ဆိုအပ်သော သံသရာခရီးသည်။ ဝိက္ခီဏော၊ ကုန်ဆုံးပျက်သုဉ်း၍သွားခဲ့လေပြီ။ တဿ၊ ထိုရဟန်းတော်အဖို့။ ပုနဗ္ဘဝေါ၊ နောက်ထပ်တဖန် ဘဝသစ်၌ ဖြစ်ပေါ်ရခြင်းသည်လည်း။ နတ္ထိ၊ မရှိတော့ပေ။

ဘဝကို တွယ်တာတပ်မက်တတ်တဲ့ ဘဝတဏှာကို ဖြတ်တောက်ပြီးဖြစ်တဲ့ ငြိမ်သက်အေးချမ်းနေတဲ့ စိတ်ဓာတ်ရှိတဲ့ ရဟန်းတော်တစ်ပါးသန္တာန်မှာ နောက်ထပ်တဖန် ဘဝသစ်၌ ပဋိသန္ဓေ အဖန်ဖန် အထပ်ထပ် တည်နေရခြင်းဆိုတဲ့ သံသရာခရီးသည် ကုန်သွားပြီ။ နောက်ထပ်တဖန် ထိုရဟန်းတော်အဖို့ ဘဝသစ်မှာ ပဋိသန္ဓေတည်နေရခြင်းဆိုတာ ဘယ်တော့မှ မရှိတော့ဘူးဆိုပြီးတော့ ဝမ်းသာလွန်းလို့ မြတ်စွာဘုရား ဒီဥဒါန်းစကားလေး ဟောကြားတော်မူပါတယ်နော်။

ဒါကြောင့် ဒီဥဒါန်းစကားလေးတွေကို ရွတ်ဖတ်ပြီးတော့ ဒီည တရားသိမ်းကြရအောင်နော်။

ယံ ဇီဝိတံ န တပတီ မရဏန္တေ န သောစတီ၊ သ ဝေ ဒိဋ္ဌပဒေါ ဓီရော သောကမဇ္ဈေ န သောစတီ။

ယံ၊ အကြင်ရဟန္တာပုဂ္ဂိုလ်သည်။ ဇီဝိတံ၊ အသက်ရှင်ရခြင်းကိုလည်းပဲ။ န တပတီ၊ ပူပန်မှုမရှိပေ။ မရဏန္တေ၊ သေခြင်း၏ အဆုံး၌ (ဝါ) သေခါနီးကာလ၌လည်းပဲ။ န သောစတိ၊ စိုးရိမ်ပူဆွေးမှု မရှိရပေ။ ဝေ၊ စင်စစ်ဧကန်အမှန်အားဖြင့်။ ဒိဋ္ဌပဒေါ၊ မြင်အပ်ပြီးသော နိဗ္ဗာန်တရားတော်မြတ်ရှိတော်မူသော။ သ သော ဓီရော၊ ထိုပညာရှိသူတော်ကောင်းသည်။ သောကမဇ္ဈေ၊ စိုးရိမ်ပူဆွေးခြင်း သောကတရား ထင်ရှားရှိနေတဲ့ သတ္တဝါအပေါင်းတို့၏ အလယ်၌။ န သောစတိ၊ စိုးရိမ်ပူဆွေးမှု မရှိရတော့ပေ။

ဥစ္ဆိန္နဘဝတဏှဿ၊ ဖြတ်တောက်အပ်ပြီးသော ဘဝတဏှာရှိတော်မူသော။ သန္တစိတ္တဿ၊ ငြိမ်သက်အေးချမ်းသော စိတ်ဓာတ်ရှိတော်မူသော။ ဘိက္ခုနော၊ ရဟန်းတော်အား (ဝါ) ရဟန်းတော်၏သန္တာန်၌။ ဇာတိသံသာရော၊ ပဋိသန္ဓေ အဖန်ဖန် အထပ်ထပ် တည်နေရခြင်း ဇာတိဟုခေါ်ဆိုအပ်သော သံသရာခရီးသည်။ ဝိက္ခီဏော၊ ကုန်ဆုံးပျက်ပြုန်းခဲ့လေပြီ။ တဿ၊ ထိုရဟန်းတော်အဖို့။ ပုနဗ္ဘဝေါ၊ နောက်ထပ်တဖန် ဘဝသစ်၌ ဖြစ်ပေါ်ရခြင်းသည်လည်း။ နတ္ထိ၊ ဘယ်တော့မှ မရှိနိုင်တော့ပေ။

ဘဝတဏှာ ဖြတ်တောက်ပြီးတဲ့ ဒီရဟန်းတော်ရဲ့သန္တာန်မှာ နောက်ထပ်တဖန် ဘဝသစ်ဆိုတာ ဘယ်တော့မှ မရှိတော့ဘူးနော်။ ဘဝသစ် မရှိအောင် ထိုရဟန်းတော်သည် ဘာလုပ်သလဲ? ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာရော ဒီဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာရော စနစ်တကျ သမထ-ဝိပဿနာ ဘာဝနာအလုပ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူတယ်။ ဒါကြောင့် ဒီနေ့ သူတော်ကောင်းအပေါင်းတို့လည်း အရှင်ဥပသေနမထေရ်မြတ်ကဲ့သို့ ဝမ်းမြောက်တော်မူတတ်တဲ့ ကောင်းသော အသက်ရှင်ခြင်း, ကောင်းသော သေခြင်းရှိတဲ့ သူတော်ကောင်းတစ်ဦးဖြစ်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ? သမထ ဝိပဿနာ ဘာဝနာ ကျင့်စဉ်တွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်ကြပါ။ ဒါနကျင့်စဉ်, သီလကျင့်စဉ်လောက်နဲ့ ရပ်တန့်ပြီး မနေကြဘဲ အဆင့်အတန်း မြင့်မားနေတဲ့ သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်ကြပါ။ အားထုတ်ပြီးသကာလ အရှင်ဥပသေနမထေရ်မြတ်တို့ကဲ့သို့ ကောင်းသော အသက်ရှင်ခြင်း, ကောင်းသော သေခြင်းရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကျင့်ကြံကြိုးကုတ်ပွားများ အားထုတ်ကြပါလို့ တိုက်တွန်းရင်း တရားသိမ်းကြစို့နော်။

pnzap74vxsor8ig64qxn8a4use5v56b