ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.47.0-wmf.6 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk သုမနသုတ် 0 6337 22046 2026-06-10T18:50:06Z Tejinda 173 "{{header | title = သုမနသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[သုမေဓာထေရီအပါဒါန်]] | p..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22046 wikitext text/x-wiki {{header | title = သုမနသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[သုမေဓာထေရီအပါဒါန်]] | previous2 = | next = [[သီဟနာဒသုတ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
သုမနသုတ္တန်

ပထမပိုင်း

၁၃၅၈ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၅) ရက်။ တစ်နေ့တာ ဆွမ်းအလှူရှင်တွေကတော့ ကွယ်လွန်သူ ဖခင်ဖြစ်သူ ဦးစံ, မိခင်ဖြစ်သူ ဒေါ်စောညွန့်ရင် မိဘနှစ်ပါးတို့အား ရည်စူး၍ သားသမီးမြေးများ ဖြစ်ကြသော ကိုယုလျှံရှင်-မဝင်းခင်၊ သမီး မလျူချင်လင်း-သား မောင်လျူရိလူ၊ မဝင်းနီ မမိုးဝင်းစံဆိုတဲ့ သားသမီး မြေးမြစ်တစ်စုတို့က တစ်နေ့တာဆွမ်းအဖြစ် လှူဒါန်းပူဇော်ကြပါတယ်။ ထိုအလှူဒါနပွဲ၌ အနုမောဒနာတရားတစ်ပုဒ် နာကြားလိုသည့်အကြောင်း လျှောက်ထားလာကြတယ်နော်။

မမိုးအိစံက ယခုအခါ ဂျပန်ပြည်မှာ ရောက်ရှိသွားတာ (၅) နှစ်ရှိပြီ ဖြစ်ပါတယ်။ ဖားအောက်တောရ စိတ္တလတောင်ကျောင်းမှာလည်း လိုအပ်သော ကျောင်းဆောင်တစ်ဆောင်ကို လှူဒါန်းပြီး ဖြစ်ပါတယ်။ ကက်ဆက်ခွေထည့်ရန် စသည့် ရည်ရွယ်ချက်ဖြင့် အသုံးပြုရန် ဘီဒိုများလည်း လှူဒါန်းပူဇော်ထားပါတယ်။ စင်္ကြံတံတားဆောက်လုပ်ခြင်း အစရှိတဲ့ လုပ်ငန်းရပ်တွေမှာလည်း ပါဝင်လှူဒါန်း ပူဇော်ထားပါတယ်။ ထိုအလှူဒါနတွေက အထူးသဖြင့် ကွယ်လွန်သွားသော မိဘတွေကို ရည်စူးထားတယ်။ ဘာကြောင့်လဲ?

မိမိ (၁၆) နှစ်အရွယ်လောက်မှာ ဖခင်ဖြစ်သူက ကွယ်လွန်သွားတယ်။ အသက် (၂၀) ပြည့်တဲ့ အချိန်အခါမှာ မိခင်ဖြစ်သူကလည်း ကွယ်လွန်ပြန်တယ်။ မိမိရဲ့ ချွေးနည်းစာဖြင့် မိဘနှစ်ပါးကို တစ်ကြိမ်တစ်ခါမျှ ပြုစုလုပ်ကျွေးခွင့် မရခဲ့ဘူး။ မိဘတွေအပေါ်မှာ နွဲ့ဆိုးဆိုးခဲ့တဲ့ စိတ်ထားပဲ ရှိခဲ့တယ်။ ဒါကြောင့် ခုအခါမှာ သံဝေဂရပြီး ကွယ်လွန်သွားသော မိဘတွေရဲ့ ကျေးဇူးကို ဆပ်သောအားဖြင့် ဒီနေ့ ဖားအောက်တောရစင်္ကြံကျောင်းမှာ တရားဘာဝနာ ကျင့်သုံးနေထိုင်တော်မူကြတဲ့ ရဟန်းယောဂီ, ရှင်ယောဂီ, လူယောဂီ ပရိသတ်အပေါင်း သူတော်ကောင်းတို့အား တစ်နေ့တာဆွမ်း လှူဒါန်းပူဇော်ခြင်း ဖြစ်ပါတယ်။

ဒီကောင်းမှုကုသိုလ်ပြုတာဟာ သာသနာတော်မှာ လိုအပ်ချက်တစ်ခု ဖြစ်သည်မှန်သော်လည်း အလှူရှင်တွေဘက်မှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်ကလေးတွေ တည်ရှိဖို့ လိုအပ်ပါတယ်။ ကောင်းမှုကုသိုလ် (၂) မျိုး (၂) စား ရှိပါတယ်။ တစ်မျိုးက ဝဋ္ဋနိဿိတ ကောင်းမှုကုသိုလ်ကံ ဖြစ်ပါတယ်။ ဝဋ္ဋနိဿိတ ကောင်းမှုကုသိုလ်ကံဆိုတာက သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ စွမ်းအင်ရှိနေတဲ့ ကုသိုလ်ကံမျိုးဖြစ်တယ်။ တစ်မျိုးကတော့ ဝိဝဋ္ဋနိဿိတကုသိုလ်ကံ ဖြစ်ပါတယ်။ ဝိဝဋ္ဋနိဿိတကုသိုလ်ကံဆိုတာက သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်ရာ လွတ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို တာစူပေးနေတဲ့, နိဗ္ဗာန်ကိုရောက်အောင် ပို့ပေးနေတဲ့ ကုသိုလ်ကံမျိုးဖြစ်တယ်။ အဲဒီ ကံ (၂) မျိုးမှာ ဒီနေ့ တရားနာပရိသတ်တွေရော, အလှူရှင်တွေရော ဝိဝဋ္ဋနိဿိတကုသိုလ်ကံလို့ ခေါ်ဆိုအပ်တဲ့ သံသရာမှ ထွက်မြောက်ကြောင်း ကုသိုလ်ကံများကို ဆည်းပူးအားထုတ်ဖို့သာ မြတ်စွာဘုရားက တိုက်တွန်းထားတော်မူပါတယ်။ ဝဋ္ဋနိဿိတကုသိုလ်ကံခေါ်တဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခကို လည်ပတ်စေတတ်တဲ့ ကံမျိုးကို မြတ်စွာဘုရား နှစ်ခြိုက်တော်မမူဘူး။

ဝိဝဋ္ဋနိဿိတဖြစ်တဲ့ ကုသိုလ်ကံတွေကို အားထုတ်ခဲ့ရင် သံသရာခရီး မဆုံးသေးဘူးဆိုလို့ရှိရင်တော့ အကျိုးယုတ်မလား? အကျိုးမယုတ်ပါဘူး။ ဒီတော့ ကံတစ်ခု ထူထောင်တဲ့ အချိန်အခါမှာ မိမိတို့ မျှော်လင့်တောင့်တနေတဲ့ မွန်မြတ်သော အကျိုးတရားတွေ ကျိန်းသေဧကန် ရချင်တယ်ဆိုရင် အလှူရှင်တွေဘက်မှာ တည်ရှိပြီးဖြစ်ရမယ့် အင်္ဂါ (၅) ရပ် ရှိပါတယ်နော်။ သူတော်ကောင်းဥစ္စာ (၅) ပါး ပဲ။ တချို့သုတ္တန်များမှာတော့ သူတော်ကောင်းဥစ္စာ (၇) ပါးလို့ ဒီလိုလည်း ဟောထားတယ်။ အတူတူပဲ။ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာလို့ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ (၅) ပါး။ ကောင်းမှုကုသိုလ်ရှင်တို့ရဲ့သန္တာန်၌ တည်ရှိနေခဲ့မယ်ဆိုရင် ထိုကောင်းမှုရှင်သည် သံသရာခရီးမှာ အချည်းနှီး မဖြစ်နိုင်ဘူးဆိုတာ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောထားတယ်နော်။

‘‘ယဿ သဒ္ဓါ တထာဂတေ, အစလာ သုပ္ပတိဋ္ဌိတာ၊ သီလဉ္စ ယဿ ကလျာဏံ, အရိယကန္တံ ပသံသိတံ။’’

ယဿ၊ အကြင် အလှူရှင်၏သန္တာန်၌။ တထာဂတေ၊ တထာဂတ အမည်ရတော်မူသော ဘုရားရှင်၌။ အစလာ၊ တုန်လှုပ်မှု မရှိဘဲ။ သုပ္ပတိဋ္ဌိတာ၊ ကောင်းစွာတည်၍နေသော။ သဒ္ဓါ စ၊ သဒ္ဓါတရားသည်လည်းကောင်း။ သီလဉ္စ၊ ကိုယ်ကျင့်သီလသည်လည်းကောင်း။ ကလျာဏံ၊ ကောင်းမြတ်သော။ အရိယကန္တံ၊ ဘုရားအစရှိသော အရိယာသူတော်စွာတို့သည် နှစ်သက်မြတ်နိုးတော်မူအပ်သော။ ပသံသိတံ၊ ဘုရားအစရှိသော အရိယာတကာ သူတော်စွာတို့သည် ချီးမွမ်းမြှောက်စားတော်မူအပ်သော။ သီလဉ္စ၊ ကိုယ်ကျင့်သီလသည်လည်းကောင်း။ အတ္ထိ၊ ရှိပေ၏၊

ပုဂ္ဂိုလ်တစ်ယောက် ကောင်းမှုကုသိုလ် ပြုမယ်ဆိုရင် ထိုကောင်းမှုကုသိုလ်ရှင်ရဲ့သန္တာန်၌ တည်ရှိရမယ့် အင်္ဂါရပ်ကလေးတွေကို မြတ်စွာဘုရား ဟောပေးနေတယ်။ နံပါတ် (၁) ဘုရားရှင်အပေါ်၌ မတုန်မလှုပ် သက်ဝင်စွာ ကောင်းစွာ တည်နေတဲ့ ယုံကြည်ချက် သဒ္ဓါတရား ရှိရမယ်။ မတုန်မလှုပ်တဲ့ သဒ္ဓါတရားဆိုတာက ဘယ်လို သဒ္ဓါတရားမျိုးကို ခေါ်သလဲ? ဘုရားစစ် ဘုရားမှန် ဧကန်မှန်၏, တရားစစ် တရားမှန် ဧကန်မှန်၏, သံဃာစစ် သံဃာမှန် ဧကန်မှန်၏လို့ ဒီလို မတုန်မလှုပ် သက်ဝင်တည်နေတဲ့ ယုံကြည်ချက် သဒ္ဓါတရားပဲ။ ဘုရားစစ် ဘုရားမှန် ဧကန်မှန်၏, တရားစစ် တရားမှန် ဧကန်မှန်၏, သံဃာစစ် သံဃာမှန် ဧကန်မှန်၏ဆိုတာ ဘယ်ခါမှာ မတုန်မလှုပ်ဘဲနဲ့ တည်နေတဲ့ သဒ္ဓါတရားဖြစ်မလဲ?

မိမိကိုယ်တိုင်က နိဗ္ဗာန်ဆိုတဲ့ တရားတော်မြတ်ကို မြင်ပြီ။ တစ်နည်းပြောရင်တော့ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာလို့ ခေါ်ဆိုအပ်တဲ့ သစ္စာလေးရပ် တရားမြတ် ကို မိမိကိုယ်တိုင် ထွင်းဖောက်သိမြင်ပြီ။ ထိုအချိန်ခါမှာ နိဗ္ဗာန်ဆိုတဲ့ တရားတော်မြတ် (သို့မဟုတ်) နိရောဓသစ္စာ အမည်ရတဲ့ နိဗ္ဗာန်နဲ့တကွသော သစ္စာလေးရပ် တရားမြတ်ကို မိမိကိုယ်တိုင် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိနေတဲ့အတွက် သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိတော်မူတဲ့ ဘုရားစစ် ဘုရားမှန် ဧကန်ရှိတော်မူတယ်ဆိုတဲ့ ဒီယုံကြည်ချက်ကို ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ခိုင်ခိုင်မာမာကြီး ပေါ်လာတယ်။

မိမိကိုယ်တိုင်က သစ္စာလေးပါးကို ထိုးထွင်းသိမြင်ထားပြီး ဖြစ်တဲ့အတွက် ထိုပုဂ္ဂိုလ်ရဲ့ သစ္စာလေးပါးကို သိတော်မူတဲ့ ဘုရားရှင်အပေါ်၌ ယုံကြည်ချက်သည် ဘယ်ပုဂ္ဂိုလ်မှ တုန်လှုပ်ချောက်ချားအောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ဘဲ ကောင်းစွာတည်နေတဲ့ သဒ္ဓါတရားလို့ ဒီလို ခေါ်ရတယ်။ အလားတူပဲ။ မိမိကိုယ်တိုင်က နိရောဓသစ္စာအမည်ရနေတဲ့ နိဗ္ဗာန်ကို ဦးတည်ထားတဲ့ သစ္စာလေးရပ် တရားမြတ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးဖြစ်တဲ့အတွက် ဘယ်ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်မဆို နိဗ္ဗာန်ဆိုတာ မရှိပါဘူးလို့ လာပြီး ပြောမယ်။ ဒုက္ခသစ္စာ အမည်ရတဲ့ ရုပ်တရား နာမ်တရားတွေကို သာဝကတွေဟာ ဘယ်လိုမှ မသိနိုင်ဘူး။ သဗ္ဗညုတသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ အရာသာဖြစ်တယ်လို့ လာပြောမယ်။

ဘယ်လိုပဲပြောပေမယ့် မိမိကိုယ်တိုင်က ဒုက္ခသစ္စာ အမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေလည်း ဟုတ်တိုင်းမှန်စွာ သိပြီး ဖြစ်နေပြီ။ သမုဒယသစ္စာ အမည်ရနေတဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိပြီး ဖြစ်နေပြီ။ ဒီလို သိပြီးဖြစ်နေပြီဆိုရင် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒုက္ခသစ္စာအပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား ခိုင်မြဲသွားပြီ။ သမုဒယသစ္စာအမည်ရနေတဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေ အပေါ်၌လည်း ယုံကြည်ချက်တွေ ခိုင်မြဲသွားပြီ။ အလားတူပဲ။ ဒီဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား အမည်ရနေတဲ့ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃) တန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်ပြီ။

ရှုနိုင်တဲ့အတွက် ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာတဲ့ အချိန်အခါမှာ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ နိဗ္ဗာန်ဆိုတဲ့ တရားတော်မြတ်ကြီးကို မိမိကိုယ်တိုင် ထွင်းဖောက်သိမြင်ပြီ။ နိရောဓသစ္စာကို ဆိုက်သွားပြီ။ နိရောဓသစ္စာ အမည်ရနေတဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီးကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးတဲ့ ထိုသူတော်ကောင်းအဖို့ မည်သည့် ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်ကမဆို နိဗ္ဗာန်ဆိုတာ မရှိပါဘူးလို့ လာရောက်ပြီး ပြောခဲ့မယ်ဆိုရင် သူ့ရဲ့ ယုံကြည်ချက်သည် ဘယ်လိုမှ တုန်လှုပ်ပြီး မသွားတော့ဘူး။ မတုန်မလှုပ်ဘဲနဲ့ ခိုင်မြဲစွာ တည်နေပြီ။ နိဗ္ဗာန်တရားတော်မြတ်သည် တကယ်စင်စစ် ဧကန်ရှိပြီဆိုတဲ့ ယုံကြည်ချက်သည် တုန်လှုပ်မှု မရှိဘဲနဲ့ ခိုင်မြဲစွာ တည်နေပြီ။

အဲဒီလို တည်ရှိတဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်သတ္တဝါရဲ့သန္တာန်၌ နောက်ထပ်တစ်ခု ဘာလဲ? နိဗ္ဗာန်ဆိုတဲ့ တရားတော်မြတ်ကို နောက်ဆုံးဖြစ်တဲ့ မဂ္ဂသစ္စာ အမည်ရနေတဲ့ မဂ္ဂင် (၈) ပါး ကျင့်စဉ်တရားသည် တကယ် ထင်ရှားဧကန် ရှိတယ်ဆိုတာလည်း ယုံကြည်သွားတယ်။ ဘာဖြစ်လို့လဲ? မိမိကိုယ်တိုင်က သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်တဲ့ မဂ္ဂသစ္စာ အမည်ရနေတဲ့ မဂ္ဂင် (၈) ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကြောင့် နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာတရားတော်မြတ်ကြီးကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နိုင်ပြီး ဖြစ်ပါတယ်။

အဲဒီလို ထွင်းဖောက်သိမြင်ပြီး ဖြစ်တဲ့အတွက် နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်အဖြစ် ထားအပ်တဲ့ မဂ္ဂသစ္စာတရားသည် လောကမှာ ထင်ရှားမရှိပါဘူးလို့ မည်သည့် ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်ကမဆို လာရောက်ပြီး ပြောကြားငြားသော်လည်း မိမိရဲ့ စိတ်ဓာတ်သည် ယိုင်လဲမှု မရှိဘူး။ တုန်လှုပ်မှု မရှိဘူး။ မတုန်မလှုပ်ဘဲနဲ့ ခိုင်မြဲစွာ မဂ္ဂသစ္စာတရားအပေါ်၌ ယုံကြည်မှု သဒ္ဓါတရား တည်နေပြီ။ အဲဒီလို ယုံကြည်ချက် သဒ္ဓါတရားရှိနေတဲ့ ပုဂ္ဂိုလ်။ ဒီလို သဒ္ဓါတရားမျိုးကို မြတ်စွာဘုရားက ညွှန်းထားတယ်။

‘‘ယဿ သဒ္ဓါ တထာဂတေ, အစလာ သုပ္ပတိဋ္ဌိတာ၊ သီလဉ္စ ယဿ ကလျာဏံ, အရိယကန္တံ ပသံသိတံ။’’

ယဿ၊ အကြင် ပုဂ္ဂိုလ်ရဲ့သန္တာန်၌။ တထာဂတေ၊ တထာဂတ အမည်ရတော်မူသော ဘုရားရှင်အပေါ်၌။ (ဝါ) တထာဂတေ၊ တထာဂတ အမည်ရတော်မူသော ဘုရား, တရား, သံဃာတည်းဟူသော ရတနာမြတ်သုံးပါးတို့၏အပေါ်၌။ အစလာ၊ တုန်လှုပ်မှု မရှိဘဲ။ သုပ္ပတိဋ္ဌိတာ၊ ကောင်းစွာတည်၍နေသော။ သဒ္ဓါ စ၊ ယုံကြည်ချက် သဒ္ဓါတရားသည်။ အတ္ထိ၊ ထင်ရှားရှိပေ၏၊

သဒ္ဓါဆိုတဲ့ဥစ္စာတရား။ ဘုရား, တရား, သံဃာဆိုတဲ့ ရတနာ (၃) ပါးအပေါ်၌ တုန်လှုပ်မှု မရှိဘဲ ကောင်းစွာ တည်နေတဲ့ ယုံကြည်ချက် သဒ္ဓါတရားရှိပြီ။ ဘယ်ခါမှာလဲ? မိမိကိုယ်တိုင်က သစ္စာလေးပါးကို ထွင်းဖောက်သိပြီးတဲ့အခါ သစ္စာလေးပါးကို ထွင်းဖောက်သိမြင်တော်မူတဲ့ ဘုရားရှင်သည် စင်စစ်ဧကန် ရှိတယ်ဆိုတဲ့ ယုံကြည်ချက် ခိုင်မြဲသွားပြီ။ သစ္စာလေးပါးတရားကို မိမိကိုယ်တိုင်က ထွင်းဖောက်သိမြင်ပြီး ဖြစ်တဲ့အတွက် သစ္စာလေးပါးတရားအပေါ်၌ ယုံကြည်ချက် သဒ္ဓါတရားလည်း ခိုင်မြဲပြီး ဖြစ်တယ်။ သစ္စာလေးပါးထဲမှာ နိရောဓသစ္စာ အမည်ရတဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီးလည်း ပါပါတယ်နော်။

အလားတူပဲ။ မဂ္ဂင် (၈) ပါး ကျင့်စဉ်တရားကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကြောင့် မိမိကိုယ်တိုင်က နိရောဓသစ္စာ အမည်ရနေတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ဖြစ်တဲ့အတွက် ငါကဲ့သို့ မဂ္ဂသစ္စာ အမည်ရတဲ့ မဂ္ဂင် (၈) ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကြောင့် နိရောဓသစ္စာ အမည်ရတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူကြတဲ့ အရိယာသံဃာဆိုတာ တကယ်စင်စစ် ထင်ရှားဧကန် ရှိတယ်ဆိုတဲ့ ယုံကြည်ချက်လည်း ခိုင်မြဲသွားတယ်။ အဲဒီလို ယုံကြည်ချက် ခိုင်မြဲမှုကို သဒ္ဓါဆိုတဲ့ သဒ္ဓါတရားလို့ ခေါ်ပါတယ်။ သဒ္ဓါခေါ်တဲ့ သဒ္ဓါတရား။ သဒ္ဓါဆိုတဲ့ စည်းစိမ်ဥစ္စာ ထိုပုဂ္ဂိုလ်သန္တာန်၌ တည်ရှိသွားပြီ။ ဒီလို ခိုင်မြဲတဲ့ သဒ္ဓါတရား တည်ရှိနေတဲ့ပုဂ္ဂိုလ်ရဲ့ ကိုယ်ကျင့်သီလက ဘယ်လို သီလမျိုး ဖြစ်သလဲ?

‘‘သီလဉ္စ ယဿ ကလျာဏံ, အရိယကန္တံ ပသံသိတံ။’’

ယဿ၊ အကြင် ပုဂ္ဂိုလ်ရဲ့သန္တာန်၌။ ကလျာဏံ၊ ကောင်းမြတ်သော။ အရိယကန္တံ၊ ဘုရားအစရှိသော အရိယာတကာ သူတော်စွာတို့သည် နှစ်သက်မြတ်နိုးတော်မူအပ်သော။ ပသံသိတံ၊ ဘုရားအစရှိသော အရိယာတကာ သူတော်စွာတို့သည် ချီးမွမ်းမြှောက်စားတော်မူအပ်သော။ သီလဉ္စ၊ ဖြူစင်မြင့်မြတ်သော ကိုယ်ကျင့်သီလတရားသည်လည်းပဲ။ အတ္ထိ၊ ရှိပေ၏၊

ကိုယ်ကျင့်သီလကလည်း အလွန် အဆင့်အတန်း မြင့်မားပြီး ကောင်းမွန်တဲ့ ဘုရားအစရှိသော အရိယာတကာ သူတော်စွာတို့ နှစ်သက်မြတ်နိုးတော်မူအပ်တဲ့, ဘုရားအစရှိသော အရိယာတကာ သူတော်စွာတို့ ချီးမွမ်းမြှောက်စားတော်မူအပ်တဲ့ ကိုယ်ကျင့်သီလနဲ့လည်း ပြည့်စုံတယ်။ နံပါတ် (၂) ကောင်းမှုကုသိုလ်ပြုနေတဲ့ ပုဂ္ဂိုလ်တို့ရဲ့သန္တာန်၌ တည်ရှိရမယ့် တရားတစ်ခု ဖြစ်ပါတယ်။ ဒီကိုယ်ကျင့်သီလကိုလည်း သံသရာခရီး လည်ပတ်နေတဲ့ ပုဂ္ဂိုလ်တွေအဖို့ (သို့မဟုတ်) သံသရာခရီးမှ ထွက်မြောက်ရာ နိဗ္ဗာန်သို့ သွားနေတဲ့ ပုဂ္ဂိုလ်တွေအဖို့ ရှိသင့်ရှိထိုက်တဲ့ စည်းစိမ်ဥစ္စာဖြစ်ခြင်းကြောင့် သီလဆိုတဲ့ သီလဓန, သီလဥစ္စာဆိုပြီး မြတ်စွာဘုရားက ဟောထားတယ်။

သစ္စာလေးပါးကို ထွင်းဖောက်သိမြင်လိုက်တဲ့ အချိန်အခါမှာ မဂ္ဂင် (၈) ပါးနဲ့ ယှဉ်တွဲနေတဲ့ မဂ္ဂင် (၈) ပါးထဲမှာ အကျုံးဝင်နေတဲ့ အရိယမဂ်ဉာဏ် ရှိပါတယ်။ ထိုအရိယမဂ်ဉာဏ်က ငါးပါးသီလကို ချိုးဖောက်လိုတဲ့ အကုသိုလ်စေတနာတွေကို အကြွင်းမဲ့ ပယ်ရှားလိုက်ပါတယ်။ ပယ်ရှားလိုက်တဲ့အတွက် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌ ငါးပါးသီလ ခိုင်မြဲသွားပြီ။ ငါးပါးသီလကို ချိုးဖောက်လိုတဲ့ စိတ်ထားသော်လည်း တစ်ကြိမ်တစ်ခါမျှ ဖြစ်ပေါ်ခွင့် မရှိတော့ဘူး။ ငါးပါးသီလ ခိုင်မြဲသွားတော့ ဒီပုဂ္ဂိုလ်ရဲ့သီလက အရိယမဂ်ဉာဏ်နဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့ သီလဖြစ်ခြင်းကြောင့် ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့ နှစ်သက်မြတ်နိုးတော်မူတဲ့ သီလဖြစ်၍ အရိယကန္တသီလ လို့ ဒီလို ခေါ်ပါတယ်။

ထိုအရိယကန္တသီလကို ဘုရားအစရှိသော အရိယာတကာ သူတော်စွာတို့က နှစ်သက်မြတ်နိုးရုံတွင် မကဘူး။ သူတစ်ပါးတွေကိုလည်း လိုက်နာပြုကျင့်အောင် အလွန် ချီးမွမ်းမြှောက်စားတော်မူတယ်။ ဒီသီလသည် ကောင်းလည်း ကောင်းတယ်။ ဘယ်လောက်ကောင်းသလဲဆိုတာက နိဗ္ဗာန်ဆိုတဲ့ ထိုဘက်ကမ်းသို့ ရောက်သည့်တိုင်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိခြင်းကြောင့် သိပ်ကောင်းတယ်လို့ ဒီလို ချီးမွမ်းပါတယ်။ သီလဆိုတဲ့ဥစ္စာ ပြည့်စုံပြီးတဲ့နောက် နောက်ထပ်ဘာလဲ?

‘‘သံဃေ ပသာဒေါ ယဿတ္ထိ, ဥဇုဘူတဉ္စ ဒဿနံ၊ အဒလိဒ္ဒေါတိ တံ အာဟု, အမောဃံ တဿ ဇီဝိတံ။’’

ယဿ၊ အကြင် ပုဂ္ဂိုလ်ရဲ့သန္တာန်၌။ သံဃေ၊ သံဃာရတနာအပေါ်၌လည်းပဲ။ ပသာဒေါ၊ ယုံကြည်ခြင်း သဒ္ဓါတရားသည်။ အတ္ထိ၊ ရှိ၏။ ဥဇုဘူတဉ္စ၊ ဖြောင့်မတ်မှန်ကန်စွာ ဖြစ်ပေါ်နေသော။ ဒဿနံ၊ သမ္မာဒိဋ္ဌိဉာဏ်အမြင်သည်လည်းပဲ။ အတ္ထိ၊ ရှိ၏၊

ဘုရား, တရား, သံဃာဆိုတဲ့ ရတနာ (၃) ပါး အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရားရှိတယ်။ ဖြောင့်မတ်မှန်ကန်နေတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာလည်း ရှိတယ်။ ဒုက္ခသစ္စာအမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတယ်။ အဲဒီလို ထိုးထွင်းသိနေတဲ့ သူတော်ကောင်းရဲ့သန္တာန်၌ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာဆိုပြီး ဒီလို ဖောက်လွဲ ဖောက်ပြန် သိမှုဆိုတဲ့ အဝိဇ္ဇာတရား မရှိတော့ဘူး။ အဝိဇ္ဇာ ကင်းပျောက်ပြီး ဝိဇ္ဇာဉာဏ် အလင်းဓာတ်ပေါက်နေတဲ့ ဒီလို အသိဉာဏ်မျိုးကို ဥဇုဘူတဒဿန၊ ဖြောင့်မတ်မှန်ကန်စွာ ဖြစ်ပေါ်နေတဲ့ ဉာဏ်အမြင်လို့ ဒီလို သတ်မှတ်ထားတယ်။

နောက်တစ်ခု ထာဝရဘုရား အစရှိတဲ့ ဘုရားသခင်တွေက ဖန်ဆင်းလို့ ဒီလောကကြီးနှင့်တကွ သတ္တဝါတွေ ဖြစ်ပေါ်လာပါတယ်ဆိုတဲ့ ဒီအမြင်တွေလည်း သူ့သန္တာန်မှာ မရှိဘူး။ ဘာကြောင့်လဲ? သမုဒယသစ္စာအမည်ရနေတဲ့ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေ ထင်ရှားရှိပါတယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် ဒုက္ခသစ္စာအမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထင်ရှားဖြစ်ပေါ်လာတယ်ဆိုတဲ့ ဒီဖြောင့်မတ်မှန်ကန်နေတဲ့ အသိဉာဏ်ကလည်း သူ့သန္တာန်မှာ ရှိတယ်။ ဒီလို အသိဉာဏ်ကို သမ္မာဒိဋ္ဌိလို့လည်းခေါ်တယ်။ ပညာဓန၊ ပညာဥစ္စာလို့ ဒီလိုလည်း ခေါ်ပါတယ်။

ဒါတွင်လားဆိုတော့ မကသေးဘူး။ ဒီဒုက္ခသစ္စာအမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရား၊ သမုဒယသစ္စာအမည်ရနေတဲ့ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်သဘောတရား။ ဒီဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား (၂) ပါးကို သင်္ခါရတရားလို့ ခေါ်ပါတယ်။ ထိုသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကိုလည်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတယ်။ ဒီလို သိနေတဲ့ အသိဉာဏ်ကိုလည်း ဥဇုဘူတဒဿန၊ ဖြောင့်မတ်မှန်ကန်စွာ ဖြစ်ပေါ်လာတဲ့ ဉာဏ်အမြင်လို့ ခေါ်ပါတယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။

ထိုဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရနေတဲ့ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုလိုက်ပြီ။ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာတဲ့အခါ ဝိပဿနာဉာဏ်တို့ရဲ့ အဆုံး၌ အရိယမဂ္ဂသမ္မာဒိဋ္ဌိခေါ်တဲ့ အရိယမဂ်ဉာဏ်အမြင် ပေါ်လာပါတယ်။ ထိုအရိယမဂ်ဉာဏ်က အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်လို့ ခေါ်ဆိုအပ်တဲ့ နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်ကြီးကို လှမ်းပြီးတော့ မြင်ပါတယ်။ ဒီသိမြင်နေတဲ့ အမြင်ကိုလည်း ဥဇုဘူတဒဿန၊ ဖြောင့်မတ်မှန်ကန်စွာ ဖြစ်ပေါ်လာတဲ့ ဉာဏ်အမြင်လို့ ခေါ်ပါတယ်။ အလားတူပဲ။ အရိယမဂ်ဉာဏ်ရဲ့ အခြားမဲ့၌ အရိယဖိုလ်ဉာဏ် ပေါ်လာတယ်။ ထိုအရိယဖိုလ်ဉာဏ်ကလည်း အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်လို့ ခေါ်ဆိုအပ်တဲ့ နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်ကြီးကို လှမ်းပြီး မြင်ပါတယ်။ ဒီအမြင်ကိုလည်း ဥဇုဘူတဒဿန၊ ဖြောင့်မတ်မှန်ကန်စွာ ဖြစ်ပေါ်လာတဲ့ ဉာဏ်အမြင်လို့ ခေါ်ပါတယ်။ ဒီတော့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့သန္တာန်၌ ဒီလို ဥဇုဘူတဒဿနခေါ်တဲ့ ဖြောင့်မတ်မှန်ကန်စွာ ဖြစ်ပေါ်လာတဲ့ ဉာဏ်အမြင်လို့ ခေါ်ဆိုအပ်တဲ့ ပညာဓန၊ ပညာစည်းစိမ်ဥစ္စာလည်း ရှိပြီ။ အဲဒီလိုရှိနေတဲ့ ပုဂ္ဂိုလ်ကို —

‘‘အဒလိဒ္ဒေါတိ တံ အာဟု, အမောဃံ တဿ ဇီဝိတံ။’’

တံ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို။ အဒလိဒ္ဒေါ တိ၊ မဆင်းရဲတဲ့ပုဂ္ဂိုလ်ဟူ၍။ အာဟု၊ ဘုရားအစရှိသော အရိယာတကာ သူတော်စွာတို့သည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်လေပြီ။ တဿ၊ ထိုပုဂ္ဂိုလ်၏။ ဇီဝိတံ၊ အသက်ရှင်ခြင်းကိုလည်းပဲ။ အမောဃံ၊ အချည်းနှီးမဟုတ်သော အသက်ရှင်ခြင်းဟူ၍။ ဗုဒ္ဓါ၊ သုံးဘုံကျော်ဟီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်။ အာဟု၊ သံသာကျူးသီ ဟောပြတော်မူကြလေကုန်ပြီ။

ဒီလို ရတနာသုံးပါးအပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား ထင်ရှားရှိခြင်း, ကိုယ်ကျင့်သီလလို့ ခေါ်ဆိုအပ်တဲ့ သီလစည်းစိမ်ဥစ္စာလည်း ရှိခြင်း, ပညာဓနလို့ ခေါ်ဆိုအပ်တဲ့ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်နေတဲ့ ဉာဏ်အမြင် ပညာစည်းစိမ်ဥစ္စာလည်း ရှိခြင်း။ အဲဒီလို သဒ္ဓါ, သီလ, ပညာဆိုတဲ့ စည်းစိမ်ဥစ္စာ ရှိပြီ။ ဒီလို စည်းစိမ်ဥစ္စာရှိတဲ့ပုဂ္ဂိုလ်က ခုလိုပေါ့။ ဒါနတစ်ခု ပြုတယ် ဆိုကြစို့။ ပြုလိုက်ပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်၌ စာဂဆိုတဲ့ ပေးကမ်းစွန့်ကြဲခြင်း သူတော်ကောင်းဥစ္စာ ဝင်လာပြီ။ သူတော်ကောင်းဥစ္စာ ဝင်လာတော့ သဒ္ဓါ, သီလ, စာဂ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ လေးရပ် ဝင်လာတယ်။

အဲဒီ သူတော်ကောင်းဥစ္စာ လေးရပ်ထဲမှာ ဒီပညာအရ ရုပ်တရား နာမ်တရားလို့ ခေါ်ဆိုအပ်တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်ရေးအတွက်က ဆရာသမားတွေထံမှာ စနစ်တကျ သင်ယူရပါတယ်။ ပထမ သင်သိအနေနဲ့ သင်ယူပြီးတော့ ဒုတိယ ကျင့်သိအနေနဲ့ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြည့်ရတယ်။ အလားတူပဲ။ သမုဒယသစ္စာ အမည်ရနေတဲ့ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကိုလည်း ပထမ ဆရာသမားများထံမှာ သင်ယူရတယ်။ သင်ယူတဲ့အတိုင်း တကယ်လက်တွေ့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကျင့်ရတယ်။

အဲဒီလို သင်သိ ကျင့်သိ ဒီအသိ နှစ်မျိုးဖြင့် ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရတဲ့ သင်္ခါရတရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်တဲ့ အသိဉာဏ်ကိုတော့ သုတလို့ ဒီလို ခေါ်ပါတယ်နော်။ ဒီသင်္ခါရတရားတွေရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း သိနေတဲ့ ဝိပဿနာဉာဏ်အမြင်တွေကိုတော့ ပညာဓနလို့ ခေါ်တယ်။ မဂ်ဉာဏ်အမြင်, ဖိုလ်ဉာဏ်အမြင်တွေကိုလည်း ပညာဓနလို့ ခေါ်ပါတယ်။ ပေါင်းလိုက်မယ်ဆိုလို့ရှိရင် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုပြီးတော့ သူတော်ကောင်းဥစ္စာ ငါးမျိုး တည်ရှိသွားပါတယ်။ ထိုသူတော်ကောင်းဥစ္စာ ငါးမျိုး တည်ရှိနေတဲ့ ပုဂ္ဂိုလ်ကို အဒလိဒ္ဒ၊ ဘယ်တော့မှ မဆင်းရဲတဲ့ပုဂ္ဂိုလ်လို့ မြတ်စွာဘုရားက သတ်မှတ်ပေးထားပါတယ်နော်။

‘‘တသ္မာ သဒ္ဓဉ္စ သီလဉ္စ, ပသာဒံ ဓမ္မဒဿနံ၊ အနုယုဉ္ဇေထ မေဓာဝီ, သရံ ဗုဒ္ဓါန သာသနံ’’

တသ္မာ၊ ထို့ကြောင့်။ သဒ္ဓဉ္စ၊ ရတနာ သုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့အပေါ်၌ ယုံကြည်ခြင်း သဒ္ဓါတရားကိုလည်းကောင်း။ သီလဉ္စ၊ ဖြူစင်မြင့်မြတ်တဲ့ ဘုရားအစရှိတဲ့ အရိယာတကာ သူတော်စွာတို့သည် နှစ်သက်မြတ်နိုးတော်မူအပ်သော ကိုယ်ကျင့်သီလကိုလည်းကောင်း။ ပသာဒံ၊ ကြည်ညိုဖွယ်သော။ ဓမ္မဒဿနဉ္စ၊ လေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ခြင်း ဓမ္မဒဿန အမည်ရတဲ့ သမ္မာဒိဋ္ဌိဉာဏ်ပညာကိုလည်းကောင်း။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ သာသနံ၊ အဆုံးအမကို။ သရံ၊ အစဉ်တစိုက် အောက်မေ့အမှတ်ရတတ်သော။ မေဓာဝီ၊ ပညာရှိတဲ့ပုဂ္ဂိုလ်သည်။ အနုယုဉ္ဇေထ၊ အဖန်ဖန် အထပ်ထပ် ကြိုးစားအားထုတ်လေရာ၏၊

မြတ်စွာဘုရားက ကြိုးစားအားထုတ်ပါဆိုပြီး တိုက်တွန်းထားတယ်။ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ ဒီသူတော်ကောင်းဥစ္စာ ငါးပါးဖြင့် ပြည့်စုံအောင် ဘုရားအစရှိသော အရိယာတကာ သူတော်စွာတို့ ဆိုဆုံးမထားအပ်တဲ့ အဆုံးအမတွေကို အစဉ်တစိုက် အမှတ်ရ၍နေတဲ့ ကြောင်းကျိုးသိမြင် ပညာရှင်ပုဂ္ဂိုလ်သည် ကြိုးစားအားထုတ်ပါဆိုပြီးတော့ မြတ်စွာဘုရား တိုက်တွန်းထားပါတယ်။

ဒီတော့ ဘယ်ပုံ ဘယ်ပမ်း ဘယ်နည်းလမ်းအားဖြင့် ကြိုးစားအားထုတ်ရမလဲ? အားထုတ်ပုံ နည်းစနစ်တွေကတော့ ဒီနေ့ တရားနာ ပရိသတ်တွေထဲမှာ လက်တွေ့ သင်ယူနေတဲ့ပုဂ္ဂိုလ်တွေ များစွာ ရှိကြပါတယ်။ နာဘူးထပ်မံအနေနဲ့ မသင်ဘူးသေးတဲ့ပုဂ္ဂိုလ်, မကြားဘူးသေးတဲ့ ပုဂ္ဂိုလ်တွေအတွက် အနည်းငယ် အတိုချုပ်ပြီးတော့ ဘုန်းကြီးပြောပါမယ်။ ဘုန်းကြီးတို့ မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားတွေကို ကျင့်လိုက်တဲ့ အချိန်အခါမှာ အစီအစဉ် စနစ်တကျ အစဉ်အတိုင်း ကျင့်ဖို့တော့ လိုပါတယ်။

သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ်အဖြစ် သိမ်းကျုံးရေတွက်ထားအပ်တဲ့ မဂ္ဂင် ရှစ်ပါး ရှိပါတယ်။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ မဂ္ဂင် နှစ်ပါးက ပညာမဂ္ဂင်။ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ မဂ္ဂင် သုံးပါးက သီလမဂ္ဂင်။ သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိ။ ဒီမဂ္ဂင် သုံးပါးက သမာဓိမဂ္ဂင်ဖြစ်ကြပါတယ်။ သီလမဂ္ဂင် သုံးပါး ဖြူစင်ပြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က သမာဓိကျင့်စဉ်ကို ဆက်လက်ကျင့်ရပါတယ်။ သမာဓိ အောင်မြင်စွာ ထူထောင်ပြီးတဲ့ သူတော်ကောင်းက သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပခေါ်တဲ့ ပညာမဂ္ဂင်နဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်ရပါတယ်။

ဘာကို သမ္မာဒိဋ္ဌိခေါ်လဲလို့မေးရင်တော့ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာခေါ်တဲ့ သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်း သိမြင်နေတဲ့ ဉာဏ်အမြင်ကို သမ္မာဒိဋ္ဌိခေါ်ဆိုကြောင်း ဘုရားရှင်ကိုယ်တော်တိုင်က မဟာသတိပဋ္ဌာနသုတ္တန် အစရှိတဲ့ ထိုထိုသုတ္တန်တွေမှာ ရှင်းလင်းတင်ပြထားပါတယ်။ ဒီတော့ ဒုက္ခသစ္စာအမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ဟုတ်တိုင်းမှန်စွာ သိရေး, သမုဒယသစ္စာအမည်ရနေတဲ့ ကြောင်းကျိုးဆက်နွယ်တဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဘာလိုအပ်သလဲ?

‘‘သမာဓိံ ဘိက္ခဝေ ဘာဝေထ သမာဟိတော ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သမာဓိံ၊ သမာဓိကို။ ဘာဝေထ၊ ပွားများကြပါကုန်လော့။ သမာဟိတော၊ သမာဓိရှိတဲ့ပုဂ္ဂိုလ်သည်။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ ကွဲကွဲပြားပြား သိ၏၊

ရဟန်းတို့ ... သမာဓိကို ထူထောင်ကြ။ သမာဓိရှိနေတဲ့ပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါတယ်။ ဒီလို ဟောထားတယ်။ ဘာတွေကို ကွဲကွဲပြားပြား သိသလဲလို့မေးရင် ဤကား ဒုက္ခသစ္စာ, ဤကား သမုဒယသစ္စာ, ဤကား နိရောဓသစ္စာ, ဤကား မဂ္ဂသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ဒီလို ကွဲကွဲပြားပြား သိပါတယ်လို့ မြတ်စွာဘုရား ဟောထားတယ်။ ဒါကြောင့် သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတဲ့ သမ္မာဒိဋ္ဌိဉာဏ်အမြင် ရရှိရေးအတွက် ယောဂီသူတော်ကောင်းတစ်ဦးသည် သီလကို ဖြူစင်စွာ ဖြည့်ကျင့်ပြီးတဲ့ အချိန်အခါမှာ ဘာလုပ်ရမလဲ? သမာဓိ ထူထောင်ရမယ်။ သမာဓိ ထူထောင်တဲ့အပိုင်းမှာ ကမ္မဋ္ဌာန်း လေးဆယ် ရှိပါတယ်။ ကြိုက်တဲ့ ကမ္မဋ္ဌာန်းနဲ့ သမာဓိ ထူထောင်နိုင်ပါတယ်။ နာဘူးထပ်မံအနေနဲ့ ဒီညတော့ အာနာပါနလေးနဲ့ သမာဓိထူထောင်ပုံကိုပဲ ဘုန်းကြီး အတိုချုပ်ပြီး ဟောပါ့မယ်။

ဝင်လေ ထွက်လေ ထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းမှာ စိတ်ကပ်ပြီးတော့ ဝင်လေ ထွက်လေကို ကြည့်ပါ။ တွန်းတဲ့သဘော, တိုးတဲ့သဘော, မာတဲ့သဘော, ပူတဲ့သဘော, အေးတဲ့သဘော အစရှိတဲ့ ဓာတ်တွေကို မကြည့်နဲ့။ လေဆိုတဲ့ ပညတ်ကို ကြည့်ပါ။ ထိမှုထင်ရှားတဲ့ နေရာက စောင့်ပြီးတော့ ဝင်လေ ထွက်လေကို ကြည့်လိုက်တဲ့ အချိန်အခါ တစ်ခါတစ်ရံ ထိမှုက မထင်ရှား ဖြစ်တတ်ပါတယ်။ ထိမှု မထင်ရှားရင်လည်း နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းလို့ ယူဆရတဲ့ တစ်နေရာလောက်ကနေ စောင့်ပြီးတော့ ဝင်လေ ထွက်လေ ပညတ်ကိုသာ အာရုံယူပြီး ရှုနေပါ။ လေ ထင်ရှားရင် ပြီးပါတယ်။

သို့သော် ဒီလေက အထဲဝင်သွားရင် အထဲကို လိုက်မကြည့်နဲ့။ အပြင်ထွက်ရင်လည်း အပြင်လိုက်မကြည့်နဲ့။ ထိမှုထင်ရှားတဲ့ နေရာက စောင့်ကြည့်ပြီးတော့ ဒီလေလေးကို အာရုံယူပြီး ရှုလိုက်တဲ့ အချိန်အခါမှာ ဘာဝနာစိတ်က မငြိမ်သက် ရှိနေခဲ့မယ်ဆိုရင်တော့ အဋ္ဌကထာများက ဂဏနာနည်း (ရေတွက်တဲ့နည်း)ကို အသုံးပြုရန် ညွှန်ကြားထားပါတယ်။

ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “တစ်”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “နှစ်”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “သုံး”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “လေး”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “ငါး”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “ခြောက်”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “ခုနစ်”
ဝင်လေ ထွက်လေ နှစ်ခုပေါင်းကို “ရှစ်” ထိ ရေတွက်ကြည့်။ (၁၀)ထိလည်း ရေတွက်နိုင်ပါတယ်။ (၅)ထိလည်း ရေတွက်နိုင်ပါတယ်။ (၅)နဲ့ (၁၀)ကြား ကြိုက်တဲ့နေရာမှာ ရပ်ခွင့် ရှိပါတယ်။

အဲဒီလို ရေတွက်လိုက်တဲ့ အချိန်အခါမှာ ရေတွက်ခြင်း ဂဏနာနည်းရဲ့ စွမ်းအင်ကြောင့် ဝင်လေ ထွက်လေအာရုံ၌ ဘာဝနာစိတ်သည် တဖြည်းဖြည်း ငြိမ်ဝပ်ပြီး လာတတ်ပါတယ်။ သို့သော် ကြိုးစားဖို့တော့ လိုအပ်တယ်နော်။ ကြိုးစားဖို့လိုတယ်ဆိုတာက ဝင်လေ ထွက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေရမယ်ဆိုတဲ့ ဒီကြိုးစားအားထုတ်မှုကတော့ လိုပါတယ်။ မကြိုးစားဘူး။ စိတ်က တရားတော့ ထိုင်ပါရဲ့။ စိတ်ကူးချင်တာတွေကို အကုန်လုံး လျှောက်ပြီး စိတ်ကူးနေမယ်ဆိုရင်တော့ ဒီသမာဓိက ဘယ်လိုမှ မဖြစ်ပါဘူး။ စိတ်ကူး စိတ်သန်းတွေ မပေါ်အောင် ဘယ်လိုလုပ်ရမလဲလို့ တချို့ယောဂီများက လာလာပြီး မေးကြတယ်။

စိတ်ကူး စိတ်သန်းတွေ မပေါ်ချင်ဘူးဆိုရင် ဝင်လေ ထွက်လေ အာရုံမှာပဲ သတိမြဲနေအောင် ကြိုးစားပါ။ သတိက သံဝရ။ သတိက တံခါးမှူးနဲ့ တူတယ်။ မြို့တွင်း မြို့ပြင်ကို ဝင်ထွက်နေတဲ့ပုဂ္ဂိုလ်တွေကို စောင့်နေတဲ့ တံခါးမှူးနဲ့ တူတယ်။ သတိဆိုတဲ့ ခိုင်မြဲနေတဲ့ တံခါးမှူး ထင်ရှားရှိခဲ့မယ်ဆိုရင် ဝင်နေထွက်နေတဲ့ လူတွေကို သိသလို အလားတူပဲ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား တစ်နေရာက စောင့်ပြီးတော့ ခိုင်မြဲတဲ့ သတိနဲ့ ကြည့်မယ်ဆိုရင် ဒီနေရာမှာ ဝင်ထွက်နေတဲ့ ဒီလေကို ဟုတ်တိုင်းမှန်စွာ သိပါတယ်။ ဒီသတိက မခိုင်မြဲဘူးဆိုရင်တော့ စိတ်တွေက အပြင်ထွက်နေမှာပဲ။

သို့သော် တကယ် အပြင်ထွက်သလား? မထွက်ပါဘူးနော်။ အပြင်ထွက်တယ်ဆိုတာက နားလည်လွယ်အောင်သာ ပြောပြီးနေတဲ့ စကားပါ။ အပြင်မှာရှိနေတဲ့ အာရုံအမျိုးမျိုးကို မနသိကာရလို့ ခေါ်ဆိုအပ်တဲ့ ပဉ္စဒွါရာဝဇ္ဇာန်းနဲ့ မနောဒွါရာဝဇ္ဇာန်းစိတ်တွေက လှမ်းပြီး အာရုံယူခြင်းသာ ဖြစ်တယ်။ ဒီအာရုံက ဆိုင်ရာ ဒွါရတွေမှာ လာလာပြီး အထူးသဖြင့် မနောဒွါရမှာ လာလာပြီး ထင်နေခြင်းသာဖြစ်တယ်။ အကြောင်းမရှိဘဲ တစ်နည်းအားဖြင့် မနသိကာရခေါ်တဲ့ နှလုံးသွင်းမှု မရှိဘဲ ဒီအာရုံတွေက သက်သက် လာပေါ်နေတာတော့ မဟုတ်ဘူး။

တပည့်တော်က စဉ်းစားတာ မဟုတ်ပါဘူး။ သူ့ဟာသူ လာလာပေါ်တာပါလို့ ယောဂီတွေက ဘုန်းကြီးကို ခဏခဏ ငြင်းကြတယ်။ ဘုန်းကြီးကလည်း မဟုတ်ပါဘူး။ ကိုယ်က နှလုံးသွင်းတာပါ။ နှလုံးသွင်းလိုက်တာလေးကို ယောဂီက မသိတာပါ ရှင်းပြရင် ယောဂီတွေက မကျေနပ်ကြဘူး။ သူ့ဟာသူ လာလာပေါ်တယ်လို့ သူတို့က ဘုန်းကြီးကို ထောက်ခံချက် ပေးချင်ကြတယ်။ ဒီတော့ ဘုန်းကြီးကလည်း ဘယ့်နှယ်လုပ်မလဲ? ဟင် ဘယ်လိုလုပ်ရမလဲ ဒကာကြီးတွေ ယောဂီနဲ့ ဘုန်းကြီးနဲ့ ထိုင်ပြီးတော့ ငြင်းရမယ့်ပုံစံ ဖြစ်နေတယ်နော်။

မနသိကာရ မရှိဘဲနဲ့ အာရုံတွေဟာ ဆိုင်ရာဒွါရမှာ ဘယ်တော့မှ လာပြီး မထင်ပါဘူး။ မိမိက နှလုံးသွင်းလို့သာလျှင် လာလာပြီး ထင်နေတော့ ဒီအာရုံတွေကို လက်ခံရမလား, လက်မခံရဘူးလား? လက်မခံပါနဲ့။ လေ့ကျင့်မှု ရနေတဲ့စိတ်ထား။ လေ့ကျင့်သားရတယ်ဆိုတာက စိတ်ကို ပေါက်လွတ်ပဲစား ချုပ်ထိန်းမှု မရှိဘဲ သံသရာခရီးတစ်လျှောက်မှာ နေခဲ့တဲ့စိတ်ထား။ အဲဒီ သံသရာခရီးတစ်လျှောက်မှာ စိတ်ကို ထိန်းကွပ်မှုမရှိဘဲ လွှတ်ထားတဲ့ ဒီစိတ်ထားက လေ့ကျင့်သားရနေတော့ အာရုံအမျိုးမျိုးကို လက်ခံပြီး ဝေဖန်တယ်, ဆန်းစစ်တယ်, စဉ်းစားတယ်, တွေးခေါ်တယ်။ ဒါတွေက လေ့ကျင့်သား ရနေတဲ့စိတ်ထား။ အဲဒီစိတ်ထားကြောင့် မနသိကာရတရားတွေကြောင့် ဒီအာရုံတွေက ဆိုင်ရာဒွါရမှာ လာလာထင်နေခြင်းဖြစ်တယ်။ မိမိက လက်မခံနိုင်အောင် ကြိုးစားရတယ်။ ဘာနဲ့ ကြိုးစားရမလဲလို့မေးတော့ လက်နက်ကောင်းက သတိက အရေးအကြီးဆုံး ဖြစ်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားက သတိပဋ္ဌာန်ဆိုပြီးတော့ သတိပဋ္ဌာန်တရားလေးပါး ထင်ရှား ဟောကြားထားတော်မူခဲ့ပါတယ်။ သတိဆိုတဲ့ မိတ်ကောင်းဆွေကောင်း အကူအညီ ရရှိနေတဲ့ ဧကဂ္ဂတာခေါ်တဲ့ စေတသိက်သည် သမာဓိအဆင့်သို့ တဖြည်းဖြည်း ကူးသွားနိုင်ပါတယ်။ ဒါကြောင့် ဝင်လေ ထွက်လေ အာရုံ၌ ရေတွက်ခြင်း ဂဏနာနည်းရဲ့ စွမ်းအင်ဖြင့်ဖြစ်စေ, မရေတွက်ဘဲနဲ့ဖြစ်စေ မိမိတို့က လေ့ကျင့်ကြည့်ပါ။ ရေတွက်တဲ့နည်းကို အသုံးပြုမှ ပိုပြီး စိတ်က ငြိမ်ဝပ်တယ်ဆိုရင်လည်း ရေတွက်ပါ။ မရေတွက်ဘဲနဲ့ စိတ်က ပိုပြီး ငြိမ်ဝပ်တယ်ဆိုရင်လည်း မရေတွက်ဘဲနဲ့ ရှုကြည့်ပါ။

အဲဒီလို ရှုကြည့်လိုက်တဲ့ အချိန်အခါမှာ ဘာဝနာစိတ်က (၁)နာရီလောက် ငြိမ်ပြီဆိုကြပါစို့။ စ,စခြင်းတော့ မငြိမ်ပါဘူး။ (၅)မိနစ် (၁၀)မိနစ်ရဖို့တောင် မနည်း ကြိုးစားရပါတယ်။ တဖြည်းဖြည်း ကြိုးစားအားထုတ်ပါ များလာရင်တော့ (၁၀)မိနစ်ကနေ (၂၀)မိနစ်, (၂၅)မိနစ်, (၃0)မိနစ်, (၁)နာရီ စသည်ဖြင့် တဖြည်းဖြည်း ငြိမ်ဝပ်လာပြီ။ အဲဒီလို ငြိမ်ဝပ်လာတဲ့ အချိန်အခါမှာ မရေတွက်ဘဲနဲ့ ဝင်လေ ထွက်လေအာရုံမှာ ဘာဝနာစိတ်ကို ကပ်ကြည့်ပါ။ မမှတ်ဘဲ မနေနိုင်ရင်တော့ ဝင်လေ ထွက်လေလို့ မှတ်ကြည့်ပါ။ အဲဒီလို ကြိုးစားအားထုတ်လိုက်တဲ့ အချိန်အခါမှာ ဝင်လေ ထွက်လေ အာရုံကို တစ်နာရီလောက် ထိုင်တိုင်း ရပြီဆိုရင်တော့ အရှည် အတိုလေးကို သတိပြုကြည့်ပါ။ ရှည်တယ်ဆိုတာက အသက်ရှူ နှေးမှုကို ဆိုလိုပါတယ်။ တိုတယ်ဆိုတာက အသက်ရှူ မြန်မှုကို ဆိုလိုပါတယ်။ အသက်ရှူ နှေးအောင်, အသက်ရှူ မြန်အောင်တော့ သက်သက် ကြိုးစားအားထုတ်ခြင်း မပြုပါနဲ့။ ပုံမှန်ပဲ အသက်ရှူပါ။

အဲဒီလို အသက်ရှူလိုက်တဲ့ အချိန်ခါမှာ တစ်ခါတစ်ရံ အသက်ရှူ နှေးချင်လည်း နှေးမယ်။ တစ်ခါတစ်ရံ အသက်ရှူ မြန်ချင်လည်း မြန်မယ်။ နှေးရင်လည်း နှေးတဲ့အတိုင်းသိဖို့၊ မြန်ရင်လည်း မြန်တဲ့အတိုင်း သိနေဖို့ လိုရင်းဖြစ်ပါတယ်။ အရှည်, အတိုလို့လည်း မမှတ်နဲ့။ ရှည်အောင်, တိုအောင်လည်း မကြိုးစားနဲ့။ မမှတ်ဘဲ မနေနိုင်ရင် ဒီအဆင့်မှာလည်း ဝင်လေ ထွက်လေလို့ မှတ်ပါ။ အဲဒီလို မှတ်လိုက်တဲ့ အချိန်ခါမှာ ဒီရှည်ရင်လည်း ရှည်တဲ့အတိုင်း တိုရင်လည်း တိုတဲ့အတိုင်း ဝင်လေ ထွက်လေ အာရုံ၌ ဘာဝနာစိတ်က ကပ်လာပြီဆိုရင် ရှည်တဲ့ ဝင်လေ ထွက်လေမှာလည်း အစ, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ကြိုးစားအားထုတ်ပါ။ တိုနေတဲ့ ဝင်လေ ထွက်လေမှာလည်း အစ, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ကြိုးစားအားထုတ်ပါ။ ဒါက အစ၊ ဒါက အလယ်၊ ဒါက အဆုံးဆိုပြီး မမှတ်ပါနဲ့။ ဝင်လေ နောက်ကို တောက်လျှောက်လိုက်ပြီးတော့လည်း မကြည့်ပါနဲ့။ ဝင်လေရဲ့ အစသည် နှာသီးဖျား၊ အလယ်သည် ရင်ညွန့်၊ အဆုံးသည် ချက် စသည်ဖြင့် ဒီလို အစ အလယ် အဆုံးကိုလည်း မလိုက်ပါနဲ့။ ထိမှုထင်ရှားတဲ့နေရာမှာသာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ကြိုးစားအားထုတ်ပါ။

‘‘ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တဿေဝ ဘာဝနာ သမ္ပဇ္ဇတိ။’’ (ဝိသုဒ္ဓိ၊၁၊၂၇၁။) (ပဋိသံ၊ဋ္ဌ၊၂၊၇၂။)

ဖုဋ္ဌဖုဋ္ဌောကာသေ ပန၊ ထိထိသွားတဲ့ နေရာ၌သာလျှင်။ သတိံ၊ သတိကို။ ဌပေတွာ၊ ထား၍။ ဘာဝေန္တဿေဝ၊ ပွားများအားထုတ်သော ပုဂ္ဂိုလ်အားသာလျှင်။ ဘာဝနာ၊ အာနာပါနဿတိ သမာဓိဘာဝနာသည်။ သမ္ပဇ္ဇတိ၊ ပြီးစီး ပြည့်စုံနိုင်ပါတယ်၊၊

ထိထိသွားတဲ့ နေရာမှာသာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ကြိုးစားအားထုတ်ပါမှ အာနာပါနဿတိ သမာဓိဘာဝနာသည် ပြီးစီး ပြည့်စုံနိုင်ပါတယ်လို့ ဒီလို စည်းကမ်းသတ်မှတ်ချက် အဋ္ဌကထာကြီးများက ရေးသားထားပါတယ်။ စည်းကမ်းသတ်မှတ်ချက်ကို ရိုသေစွာ လိုက်နာရမှာ ဖြစ်တယ်။ ဝင်လေ ထွက်လေ ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားကလွဲ၍ မည်သည့်နေရာကိုမဆို လိုက်မကြည့်ပါနဲ့။ အဲဒီလို ရှည်ရင်လည်း အစ အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိမယ်။ တိုရင်လည်း အစ အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိမယ်ဆိုရင် ဒါက အစ၊ ဒါက အလယ်၊ ဒါက အဆုံးလို့လည်း မမှတ်နဲ့။ မှတ်ချင်ရင် ဝင်လေ ထွက်လေလို့ပဲ မှတ်နေ။

အဲဒီလို အစ အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိပြီဆိုရင် ဝင်လေ ထွက်လေရဲ့ အစ အလယ် အဆုံး အကုန်လုံးဆိုတဲ့ ဒီဝင်လေ ထွက်လေ၌ ဘာဝနာစိတ်ကို တစ်နာရီ, နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားပါ။ ကြိုးစားလိုက်တဲ့ အချိန်ခါမှာ ဓမ္မတာအရ ဝင်လေ ထွက်လေသည် တဖြည်းဖြည်း သိမ်မွေ့လာပါတယ်။ မသိမ်မွေ့ခဲ့ရင်လည်း ဒီဝင်လေ ထွက်လေ အာရုံသည် သိမ်မွေ့စေရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ဝင်လေ ထွက်လေ အာရုံ၌ ဘာဝနာစိတ်ကို ခိုင်မြဲအောင် ကြိုးစားအားထုတ်ပါ။

အဲဒီလို ကြိုးစားအားထုတ်ခဲ့မယ်ဆိုရင်တော့ တဖြည်းဖြည်း ဝင်လေ ထွက်လေ အာရုံသည် သိမ်မွေ့သွားမယ်။ သိမ်မွေ့တဲ့ ဝင်လေ ထွက်လေ အာရုံမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင်သာ ကြိုးစားအားထုတ်ပါ။ ကြိုးစားအားထုတ်ခဲ့လို့ရှိရင်တော့ အနည်းဆုံး ဆယ်ထိုင်လောက် ဆက်တိုက်သာ ငြိမ်ပါစေ။ နိမိတ် စပြီး ပေါ်တတ်ပါတယ်။ သို့သော် ပေါ်စမှာ ပုံသဏ္ဍာန်အမျိုးမျိုး, အရောင်အမျိုးမျိုး, အကွာအဝေး အမျိုးမျိုးမှာတော့ ပေါ်နေတတ်ပါတယ်။ ထိုအချိန်ခါမှာ ပေါ်စမှာ ခိုင်မြဲမှု မရှိတာကလည်း အကြောင်းတစ်ခု, ပုံစံကို နှလုံးမသွင်းရဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်ကလည်း အကြောင်းတစ်ခု, အရောင်အဆင်းတွေကို နှလုံး မသွင်းရဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်ကလည်း တစ်ခု ရှိနေတဲ့အတွက် ဝင်လေ ထွက်လေ ထိမှုထင်ရှားတဲ့ နေရာမှာသာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားအားထုတ်ပါ။

အားထုတ်ခဲ့ရင် ဝင်လေ ထွက်လေ အာရုံ၌ နိမိတ်သည် တစ်သားတည်း ဖြစ်သွားလိမ့်မယ်။ ဝင်လေ ထွက်လေသည်ပင် နိမိတ်၊ နိမိတ်သည်ပင် ဝင်လေ ထွက်လေ ဖြစ်သွားလိမ့်မယ်။ ဝင်လေ ထွက်လေနဲ့ နိမိတ် တစ်သားတည်း ဖြစ်ပြီဆိုရင်တော့ ထိုအချိန်ခါမှာ ဝင်လေ ထွက်လေကို ရှုရင်လည်း နိမိတ်ကို ရှုလျက်သား ဖြစ်နေလိမ့်မယ်။ နိမိတ်ကို ရှုလိုက်ရင်လည်း ဝင်လေ ထွက်လေကို ရှုပြီး ဖြစ်နေလိမ့်မယ်။ တစ်ခုတည်းအဖြစ် တည်သွားပြီဆိုရင်တော့ ထိုချိန်ခါမှာ ဓမ္မတာအားဖြင့် ဘာဝနာစိတ်တွေ နိမိတ်ထဲကို ပြေးဝင်သွားသကဲ့သို့ ယောဂီက ထင်လာတတ်ပါတယ်။

စိတ်က နိမိတ်ထဲကို တကယ်တမ်း ပြေးဝင်တာတော့ မဟုတ်ဘူး။ နိမိတ်ထဲမှာ ဘာဝနာစိတ်သည် နစ်မြုပ်သွားတဲ့သဘောပဲ။ တကယ်နစ်မြုပ်တာလည်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ? ဒီရှုနေတဲ့ စိတ်က နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့ ဟဒယဝတ္ထုခေါ်တဲ့ ရုပ်ကို မှီတွယ်ပြီး ဖြစ်တယ်။ ဒါပေမယ့် ယောဂီပုဂ္ဂိုလ်က ဒီနိမိတ်ထဲ ဘာဝနာစိတ်တွေ ဝင်သွားနေတယ်, နစ်နေတယ်, မြုပ်နေတယ်လို့ ဒီလို ထင်နေတယ်။

အဲဒီချိန်ခါမှာ ဘာဝနာစိတ်က ဒီဝင်လေ ထွက်လေ အာရုံပေါ်မှာပဲ စူးစိုက်ပြီး ရှုရာက နိမိတ်ထဲမှာ ပြောင်းပြီး ကပ်သွားပြီဆိုရင် နိမိတ်ဘက်ကို အာရုံမူသွားပြီဆိုရင် ထိုပုဂ္ဂိုလ်သည် ဝင်လေ ထွက်လေကို တစ်ဖန် ပြန်ပြီးတော့ လိုက်မရှာဖွေပါနဲ့။ နိမိတ်ကိုသာ ဆက်ပြီး အာရုံယူထားပါ။ ဝင်လေ ထွက်လေကို တစ်ဖန် ပြန်ပြီး ရှာဖွေခဲ့မယ်ဆိုရင် သမာဓိ ပျက်ပြားသွားတတ်ပါတယ်။ ဝင်လေ ထွက်လေမှာ နစ်မြုပ်ပြီး နေခဲ့မယ်ဆိုရင် နစ်မြုပ်သွားတဲ့ ထိုနိမိတ်ကိုပဲ ဆက်လက်ပြီး ရှုပွားသုံးသပ်ခဲ့သော် နိမိတ်သည် တဖြည်းဖြည်း ဖြူလာမယ်။ ဖြူရာကနေ များသောအားဖြင့် ဝါဂွမ်းစိုင်ကဲ့သို့ ဖြူလာမယ်။ ဖြူရာကနေပြီးတော့ သောက်ရှူးကြယ်ကဲ့သို့ ကြည်လင်တောက်ပတဲ့ အဆင်းကို တစ်စတစ်စ ကူးသွားမယ်။ ကြည်လင်တောက်ပနေတဲ့ နိမိတ်ကို ပဋိဘာဂနိမိတ်ခေါ်ပါတယ်။

ထိုပဋိဘာဂနိမိတ်အာရုံ၌ တစ်နာရီ ငြိမ်ပါစေ, နှစ်နာရီ ငြိမ်ပါစေ စသည်ဖြင့် အဓိဋ္ဌာန်ပြီးတော့ ထိုင်ကြည့်ပါ။ အဓိဋ္ဌာန်သည့်အတိုင်း အောင်မြင်မှု ရရှိပြီဆိုရင် ထိုချိန်ခါမှာ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါ (၅)ပါးကို လှမ်းပြီး ဆင်ခြင်တတ်မယ်ဆိုရင်ပေါ့။ ဆင်ခြင်လို့ ရနိုင်ပြီ။ ဆင်ခြင်ပုံ နည်းစနစ်ကတော့ ဘဝင်မနောအကြည်ကို ပထမ သိမ်းဆည်းတတ်ဖို့ လိုပါတယ်။ ဘဝင်မနောအကြည်က ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့အတွက် ဟဒယဝတ္ထုရှိရာ နှလုံးအိမ်ဘက်ကို လှမ်းပြီး ကြည့်လိုက်ရင် —

ပဘာသရမိတံ ဘိက္ခဝေ စိတ္တံလို့ မြတ်စွာဘုရား အင်္ဂုတ္တရနိကာယ် အစ္ဆရာသင်္ဂါတဝဂ်မှာ ဟောကြားထားတော်မူတဲ့အတိုင်း ပြိုးပြိုးပျက် အရောင် တလက်လက် တောက်ပနေတဲ့ ဒီဘဝင်မနောအကြည်ကို ယောဂီက သွားပြီး တွေ့ပါတယ်။ တွေ့လိုက်တဲ့ အချိန်ခါမှာ ထိုဘဝင်မနောအကြည်မှာလည်း အာနာပါနပဋိဘာဂနိမိတ်ချောင်းကြီး လာပြီး ထင်နေတာကိုလည်း တွေ့နိုင်တယ်။ အဲဒီအခါမှာ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ ဈာန်အင်္ဂါ (၅)ပါးကို တစ်လုံးစီ ဆင်ခြင်ကြည့်ရင် ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။

ဈာန်အင်္ဂါ (၅)ပါးကို တစ်လုံးစီ ဆင်ခြင်လို့ အောင်မြင်မှု ရတဲ့အခါ ဈာန်အင်္ဂါ (၅)ပါးကို ပြိုင်တူ ဆင်ခြင်ကြည့်မယ်ဆိုရင် ယောဂီက တဖြည်းဖြည်း ဉာဏ်ရင့်ကျက်လာခဲ့မယ်ဆိုရင် ပြိုင်တူ တွေ့နိုင်တယ်။ ထိုအချိန်ခါမှာ ပထမဈာန်ကို ရရှိပြီ ဖြစ်ပါတယ်။ အဲဒီ ပထမဈာန်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့အခါ ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်တွေကို အစဉ်အတိုင်း ကူးရတယ်။ ကူးပြီးတဲ့ အချိန်ခါကျတော့မှ ထိုဈာန်မှထ၍ ခန္ဓာကိုယ်မှာ ဓာတ်ကြီး (၄)ပါးကို စတင်ပြီးတော့ သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ တစ်စတစ်စဖြင့် ရုပ်ကလာပ်အမှုန်တွေ တွေ့မယ်။

ရုပ်ကလာပ်အမှုန်တွေမှာလည်း ဓာတ် (၄)ပါးကို မြင်အောင် ဆက်လက်ပြီး သိမ်းဆည်းနိုင်ခဲ့ရင်တော့ ရုပ်ပရမတ္ထသစ္စာနယ်ကို စတင် ကူးသွားပြီ ဖြစ်ပါတယ်။ ကလာပ်တစ်ခုတစ်ခုမှာ ဓာတ် (၄)ပါးကို သိမ်းဆည်းနိုင်ရင် ကြွင်းကျန်နေတဲ့ ဥပါဒါရုပ်တွေကို ဆက်လက်သိမ်းဆည်း။ သိမ်းဆည်းပြီးတဲ့ အချိန်ခါမှာ ထိုရုပ်တရားတွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းရတယ်။ ရုပ်နာမ်တွေ သိမ်းဆည်းပြီးတဲ့ အခါမှာ -- အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်တွေကို တစ်ဖန် ဆက်လက်ပြီး သိမ်းဆည်းရတယ်။ သိမ်းဆည်းပြီးတဲ့ အချိန်ခါကျတော့မှ ဒီရုပ်နာမ်တွေ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းတရားတွေကို ရှာဖွေလိုက်တဲ့ အချိန်အခါမှာ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံခေါ်တဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ခန္ဓာ (၅)ပါး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်တာ ဟုတ်တိုင်းမှန်စွာ သိလာတဲ့အဆင့် ရောက်သွားလိမ့်မယ်။

အဲဒီလို ရုပ်တွေ, နာမ်တွေ, အကြောင်းတရား, အကျိုးတရားတွေကို သိမ်းဆည်းနိုင်ပြီဆိုရင် အတိတ်အဆက်ဆက် စွမ်းအားရှိသလောက် အနည်းဆုံးအားဖြင့် အတိတ် လေး, ငါး, ခြောက်ဘဝလောက် အကြောင်းတရား အကျိုးတရားတွေကို ဆက်လက် သိမ်းဆည်းရတယ်။ အနာဂတ်မှာလည်း ဆုံးတဲ့အထိ အကြောင်းတရား အကျိုးတရားတွေ သိမ်းဆည်းရတယ်။ အဲဒီလို အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါကျပြီးတော့မှ အကြောင်းတရားနှင့်တကွ ထိုရုပ်နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်ပြီ။ အဲဒီလို ရှုနိုင်တဲ့ ဝိပဿနာဉာဏ်တွေကို ရရှိပြီဆိုကြစို့။

စာအတိုင်း ပြောရင်တော့ — တရားနာရင်းဖြင့် ကျွတ်တမ်းဝင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ယေဘုယျအားဖြင့် ပဋိသမ္ဘိဒါပတ္တအရှင်မြတ်တွေ ဖြစ်ကြပါတယ်။ ထိုပဋိသမ္ဘိဒါပတ္တအရှင်မြတ်တို့ဟာ ဥဂ္ဃတိတညူ, ဝိပဉ္စိတညူခေါ်တဲ့ ပုဂ္ဂိုလ်အမျိုးအစားထဲမှာ အကျုံးဝင်ပါတယ်။ ဥဂ္ဃတိတညူပုဂ္ဂိုလ်ဆိုတာကတော့ အကျဉ်းချုပ် တရားနာရုံမျှဖြင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဆိုက်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ ဝိပဉ္စိတညူပုဂ္ဂိုလ်ဆိုတာက ဓမ္မစကြာတို့လို, အနတ္တလက္ခဏသုတ္တန်တို့လို အကျယ်ဝေဖန် ဟောကြားတော်မူအပ်တဲ့ တရားဒေသနာတော်ကို နာကြားခွင့် ရရှိတဲ့ အချိန်အခါမှာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ဆိုက်နိုင်တဲ့ သူတော်ကောင်းတွေကို ခေါ်ပါတယ်။

ထိုဥဂ္ဃတိတညူ, ဝိပဉ္စိတညူပုဂ္ဂိုလ်တွေဟာ ယေဘုယျအားဖြင့် ပဋိသမ္ဘိဒါပတ္တ = ပဋိသမ္ဘိဒါဉာဏ်လေးပါးကို ရရှိတော်မူတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတဲ့ သူတော်ကောင်းတွေသည် ပြည့်စုံရမယ့် အင်္ဂါရပ် ငါးခုရှိပါတယ်။ အဲဒီ အင်္ဂါရပ် ငါးခုထဲမှာ အရေးကြီးဆုံးကတော့ ပုဗ္ဗယောဂဖြစ်ပါတယ်။ ပုဗ္ဗယောဂဆိုတာက —

‘‘ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။’’ (ဝိသုဒ္ဓိ၊၂၊၇၂။)

ပုဗ္ဗယောဂေါ နာမ၊ ပုဗ္ဗယောဂ မည်သည်ကား။ ပုဗ္ဗဗုဒ္ဓါနံ၊ ရှေးရှေးသော ဘုရားရှင်တို့၏။ သာသနေ၊ သာသနာတော်၌။ ဂတပစ္စာဂတိကဘာဝေန၊ ဆွမ်းခံသွားရာ ပြန်လာရာ၌ ကမ္မဋ္ဌာန်းကို ဆောင်သည်၏ အဖြစ်ဖြင့်။ ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ အနုလောမဉာဏ် ဂေါတြဘူဉာဏ်တို့၏ အနီးအပါး ဖြစ်သော သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်။ တာဝ၊ ထိုမျှလောက်သော အတိုင်းအရှည်တိုင်အောင်။ ဝိပဿနာနုယောဂေါ၊ ဝိပဿနာကမ္မဋ္ဌာန်းကို အဖန်တလဲလဲ အားထုတ်ခြင်းတည်း။

ဆိုပြီးတော့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာက ဖွင့်ဆိုထားတယ်။ ဘာပြောတာလဲ? ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဆွမ်းခံသွားရင်လည်း ကမ္မဋ္ဌာန်းကို ဆောင်ရင်း, ဆွမ်းခံရွာမှ ပြန်တဲ့အခါမှာလည်း ကမ္မဋ္ဌာန်းကို ဆောင်ခြင်းဆိုတဲ့ ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်လျက် အနုလောမဉာဏ်, ဂေါတြဘူဉာဏ်တို့ရဲ့ အနီးအပါး၌ တည်ရှိသော သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာကမ္မဋ္ဌာန်းတွေကို ဆည်းပူးခဲ့ဖူးခြင်းဆိုတဲ့ ဒီအင်္ဂါရပ်တစ်ခု ပါပါတယ်။ အဲဒီ ပုဗ္ဗယောဂအင်္ဂါရပ်နဲ့ ပြည့်စုံရမှာ ဖြစ်တယ်။ အဲဒီ ပုဗ္ဗယောဂအင်္ဂါရပ် ရှိတဲ့ပုဂ္ဂိုလ်တွေဟာ များသောအားဖြင့် ဘုရားရှင် တစ်ဆူဆူနဲ့ တွေ့လိုက်တဲ့ အချိန်အခါ တရားနာကြားခွင့် ရရှိပြီဆိုရင် ထိုပုဂ္ဂိုလ်တွေဟာ နေရောင်ခြည်ကို မျှော်လင့်နေတဲ့ ပဒုမ္မာကြာပန်းကဲ့သို့ သစ္စာလေးရပ်တရားမြတ်တည်းဟူသော ပဒုမ္မာကြာပန်းကြီးသည် ထိုပုဂ္ဂိုလ်တို့ရဲ့သန္တာန်၌ ပွင့်လင်းပြီးတော့ လာတတ်ပါတယ်နော်။ အဲဒီလို လာတတ်တဲ့ပုဂ္ဂိုလ်တွေဟာ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ (၅)ပါးကို ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဆည်းပူးခဲ့တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။

ဒီတော့ ဒီနေ့ တရားနာ ပရိသတ်နှင့်တကွ အလှူရှင်တွေကလည်း ဒီဘုရားရှင်ရဲ့ သာသနာတော်မှာ ခိုင်မြဲတဲ့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ (၅)ပါးကို ရှာဖွေနိုင်ခဲ့မယ်ဆိုရင် မိမိတို့ဟာလည်း ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာပဲဖြစ်စေ, တစ်ဆူဆူသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာပဲဖြစ်စေ နေရောင်ခြည်ကို မျှော်လင့်နေတဲ့ ပဒုမ္မာကြာပန်းကဲ့သို့ နေရောင်ခြည်ခေါ်တဲ့ ဘုရားတည်းဟူသော နေမင်းကြီး ထွက်ပေါ်လာတဲ့ အချိန်အခါ သစ္စာလေးပါးဆိုတဲ့ ရောင်ခြည်များ ပက်ဖျန်းပေးလိုက်ပြီဆိုရင် ပဒုမ္မာကြာပန်းလို့ ခေါ်ဆိုအပ်တဲ့ မိမိတို့လည်းပဲ သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်တဲ့အဆင့်သို့ ပွင့်လင်းပြီးတော့ လာနိုင်ပါတယ်။

ဒီတော့ ဒီပုဂ္ဂိုလ်တွေထုံးကို နှလုံးမူပြီးတော့ မိမိတို့ရဲ့သန္တာန်မှာလည်း သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ (၅)ပါးနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်ဖို့ တိုက်တွန်းပါတယ်။ ဒီထဲမှာလည်း ခုနက သဒ္ဓါ, သီလအကြောင်းလည်း ပြောတန်သလောက် ပြောပြီးပြီ။ သုတနဲ့ ပညာအကြောင်းလည်း ပြောတန်သလောက် ပြောပြီးပြီ။ အဲဒီတော့ သဒ္ဓါ, သီလ, သုတ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ (၄)ပါး ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးက စာဂခေါ်တဲ့ ပေးကမ်းစွန့်ကြဲမှုတစ်ခုကို ပြုလိုက်ပြီ။ သဒ္ဓါ, သီလ, သုတ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ (၄)ခု မရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း စာဂခေါ်တဲ့ ပေးကမ်းစွန့်ကြဲမှုတစ်ခု ပြုလိုက်ပြီ။ ထိုကောင်းမှုကုသိုလ် နှစ်ခုသည် တူညီနိုင်တဲ့အကျိုး ရှိပါ့မလား? မရှိဘူး။ သဒ္ဓါ, သီလ, သုတ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ (၄)ခုကို ရရှိပြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးက စာဂခေါ်တဲ့ အလှူဒါနတစ်ခု ကျင်းပပြီဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ စာဂခေါ်တဲ့ ဒါနတရားက ဝိဝဋ္ဋနိဿိတ၊ သံသရာဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိဗ္ဗာန်သို့ ရောက်ကြောင်း ကောင်းမှုကုသိုလ်ကံဖြစ်သွားတယ်။ နိဗ္ဗာန်သို့ရောက်ကြောင်း ကြီးစွာသော အကြောင်းအထောက်အပံ့ ကောင်းမှုကုသိုလ်ကြီးတစ်ခု ဖြစ်တယ်။ ဖြစ်တဲ့အတွက်ကြောင့် ထိုပုဂ္ဂိုလ်မျိုးကို ဘုရားရှင်က သံသရာခရီးတစ်လျှောက်မှာ အဒလိဒ္ဒ၊ ဘယ်တော့မှ မဆင်းရဲနိုင်တဲ့ပုဂ္ဂိုလ်လို့ ဒီလို ဟောထားတယ်။

ဘယ်တော့မှ မဆင်းရဲနိုင်ဘူးဆိုတာက ထိုပုဂ္ဂိုလ်တို့ရဲ့ စာဂခေါ်တဲ့ သို့မဟုတ် ဒါနခေါ်တဲ့ ကောင်းမှုကုသိုလ်ကံ စေတနာမှာ သဒ္ဓါ, သီလ, သုတ, ပညာခေါ်တဲ့ အဆင့်အတန်း မြင့်မားနေတဲ့ ကောင်းမှုကုသိုလ်ကံ သူတော်ကောင်းဥစ္စာတွေ ခြံရံထားတဲ့အတွက် ထိုပုဂ္ဂိုလ်တွေရဲ့ ဒါနသည် အလွန် အဆင့်မြင့်တယ်။ အဆင့်မြင့်မားနေတဲ့ ဒီဒါနကုသိုလ်ကံ (သို့မဟုတ်) သဒ္ဓါ, သီလ, သုတ, ပညာခေါ်တဲ့ ဒီသူတော်ကောင်းဥစ္စာတွေက ထိုပုဂ္ဂိုလ်ကို အပါယ်လေးပါးတည်းဟူသော ဆင်းရဲနေတဲ့ဒေသမှ လွတ်အောင် ကျွတ်အောင် ထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့ စွမ်းအင်အပြည့်အဝ ရှိနေတယ်။ ဒါကြောင့် ဒီလို ပုဂ္ဂိုလ်မျိုးသည် နိဗ္ဗာန်မရသေးလို့ သံသရာခရီး ကျင်လည်ခဲ့ရမယ်ဆိုရင်လည်း အဒလိဒ္ဒ၊ ဘယ်တော့မှ မဆင်းရဲနိုင်တဲ့ပုဂ္ဂိုလ်လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်။

ဒီလိုဆိုရင် နိဗ္ဗာန်ရရင်တော့ အကောင်းဆုံးပဲ။ နိဗ္ဗာန်မရမီစပ်ကြား သံသရာခရီးမှာလည်း အကယ်၍ လည်ပတ်ခဲ့ရမယ်ဆိုရင် ဘယ်တော့မှ မဆင်းရဲနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်မယ်ဆိုရင် ဘယ့်နှယ်လဲ? ဒကာကြီးတွေ, ဒကာမကြီးတွေ မကောင်းဘူးလား? (ကောင်းပါတယ်ဘုရား) ကောင်းရင် ဘာလုပ်ရမလဲ? မြေးတွေကို ပြန်ပြန်ပြီး ထိန်းရမလား? ဘယ်လိုတုန်း။ တပည့်တော်က အိမ်မှာ လူစောင့် မရှိလို့ တပည့်တော်က ပြန်ပြန် စောင့်တာပါဆိုပြီး အကြောင်းပြဦးမလား? အဲဒီလို အကြောင်းပြရင်ကော ရပါ့မလား? မရနိုင်ဘူး။

ဒီတော့ ဘုန်းကြီးက ဒီည အဆင့်အတန်း မြင့်မားနေတဲ့ ဘယ်တော့မှ မဆင်းရဲနိုင်တဲ့ အဆင့်သို့ ရောက်ရှိသွားတဲ့ သူတော်ကောင်းတစ်ဦးကို ဒီညဟောဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီသူတော်ကောင်းကတော့ နာမည်ကျော်ဖြစ်တဲ့ ဒကာတော်ကောသလရဲ့ သမီးတော်ဖြစ်တဲ့ သုမန မင်းသမီးဖြစ်ပါတယ်။ တစ်ချိန် ဦးပဉ္စင်းတို့ မြတ်စွာဘုရား ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခဲ့ပါတယ်။ အဲဒီလို သီတင်းသုံး စံနေတော်မူတဲ့ အချိန်အခါမှာ ဒီသုမနမင်းသမီးက ရထားငါးရာ ခြံရံပြီးတော့ သူ့ရဲ့ အခြံအရံဖြစ်တဲ့ အမျိုးသမီးငါးရာဖြင့် မြတ်စွာဘုရားထံ ချဉ်းကပ်လာတယ်။ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီး သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်ပြီးတော့ မြတ်စွာဘုရားကို သူသိချင်တဲ့ မေးခွန်းတစ်ခု သူက မေးပါတယ်။

ဒီတော့ သုမနမင်းသမီးဟာ ဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့ — သူက သံသရာခရီးတစ်လျှောက်မှာ ဘယ်တော့မှ မဆင်းရဲအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်နေတယ်။ ဘယ်လို သူက အားထုတ်ခဲ့သလဲဆိုတော့။ လွန်ခဲ့သော (၉၁)ကမ္ဘာထက် ဆိုကြပါစို့။ လောကမှာ ဝိပဿီမြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ပါတယ်။ ဝိပဿီမြတ်စွာဘုရားရှင်ရဲ့ မယ်တော်, ခမည်းတော်တို့က တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ်များ ဖြစ်ကြတယ်။

ဒီတော့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ဒီဗန္ဓုမမင်းနှင့်တကွ မိဖုရားတို့က သားသည် တို့သား ဖြစ်တယ်။ ဘုရားဟာ တို့သားဖြစ်တယ်။ ဒါကြောင့် ဘုရားသည် တို့ဘုရား။ ဘယ်သူမှ ကိုးကွယ်ဆည်းကပ်ခွင့် မရှိဘူးဆိုပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာတစ်သိန်းကို သူတို့သာလျှင် ကိုးကွယ်ဆည်းကပ်တယ်။ တိုင်းသူပြည်သားတွေကို ကိုးကွယ် ဆည်းကပ်ခွင့် မပြုဘူး။ ဘုရားသီတင်းသုံးတော်မူရာ ဣသိပတန အမည်ရနေတဲ့ မိဂဒါဝုန်တော်မှ နန်းတွင်းသို့တိုင်အောင် ဘေးမှာ အကုန်လုံး ကာရံပြီး အပေါ်က မျက်နှာကျက်တွေ မိုးကာပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာတစ်သိန်းကို နေ့စဉ် သူ့နန်းတော်သို့ ကြွရောက်စေတယ်။ ကြွရောက်ပြီးတော့ သူလှူတဲ့ အလှူဒါနကိုပဲ လက်ခံစေတယ်။

အဲဒီလို သူက ကောင်းမှုကုသိုလ် သူတစ်ဦးတည်းသာ ပြုနေတော့ တိုင်းသူပြည်သားတွေဘက်ကလည်း မကျေနပ်ကြဘူး။ မကျေနပ်ကြတော့ စစ်သူကြီးနဲ့ တိုင်ပင်ပြီးတော့ — စစ်ထိုးမလား (သို့မဟုတ်) ဘုရားအမှူးရှိတဲ့ သံဃာကိုပဲ တိုင်းသူပြည်သားများကို ကိုးကွယ်ဆည်းကပ်ခွင့် ပေးမလားဆိုပြီးတော့ အရေး တောင်းဆိုလာတယ်။ ထိုချိန်ခါမှာ စစ်သူကြီး အမှူးရှိနေတဲ့ ပုဂ္ဂိုလ်တွေက တိုင်းသူပြည်သားဘက်က ဖြစ်နေတော့ ရှင်ဘုရင်က လက်လျှော့ပေးလိုက်ပါတယ်။ ဒါပေမယ့် စစ်သူကြီးက ဘာလုပ်ထားသလဲ?

တိုင်းသူပြည်သားတွေနဲ့ တိုင်ပင်စဉ် အချိန်အခါမှာလည်း အကယ်၍ ဘုရားအမှူးရှိတဲ့ သံဃာကို ရှင်ဘုရင်က ပြုစုလုပ်ကျွေးခွင့်, ကောင်းမှုကုသိုလ် ပြုခွင့် ခွင့်ပေးခဲ့မယ်ဆိုရင် သူက ခေါင်ဆုံး ဘုရားအမှူးရှိတဲ့ သံဃာကို ပြုစုလုပ်ကျွေးခွင့် ပေးရမယ်။ ဒါကို တိုင်းသူပြည်သားဘက်က သဘောတူရမယ်ဆိုပြီးတော့ ဒီတောင်းဆိုချက်တစ်ခု သူက တောင်းဆိုခဲ့ပါတယ်။ တိုင်းသူပြည်သားတွေကလည်း သဘောတူလိုက်တယ်။ သဘောတူလိုက်တော့ နောက်ဆုံး ရှင်ဘုရင်ကလည်း ခွင့်ပြုလိုက်ပြီဆိုကြစို့။

ခွင့်ပြုလိုက်တဲ့ အချိန်ခါကျတော့ စစ်သူကြီးက ဘုရားအမှူးရှိတဲ့ ရဟန္တာ မထေရ်မြတ်ပေါင်း တစ်သိန်းပေါ့။ မှန်းမြော်ပြီး ကြည့်စမ်းပါနော်။ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်, ဘုရားရှင်ရဲ့ နောက်တော်မှာ ရဟန္တာအရှင်ပေါင်း တစ်သိန်း စီတန်းပြီးတော့ ဆွမ်းခံကြွလာပြီ။ ဘယ်လောက် ကြည်ညိုဖွယ်ကောင်းမယ်ဆိုတာကို အာရုံယူပြီး ကြည့်ပေတော့။ အဲဒီ သံဃာတစ်သိန်း ဆွမ်းခံကြွလိုက်တဲ့ အချိန်အခါမှာ ဆွမ်းခံကြွမယ့်ပွဲမှာဆိုကြပါစို့။ ဘာဖြစ်လာသလဲ?

ဘာဖြစ်လာသလဲဆိုတော့ — သူဌေးတစ်ဦး ရှိပါတယ်။ ဒီသူဌေးတစ်ဦးက ကွယ်လွန်သွားပြီ။ ကွယ်လွန်သွားတဲ့ အချိန်အခါမှာ သူဌေးကတော်ကြီး ကျန်ရစ်ခဲ့တယ်။ အဲဒီ သူဌေးကတော်ကြီးက ဝမ်းနည်းပြီးတော့ ငိုနေတယ်။ ဘာဖြစ်လို့လဲ? အကယ်၍ သူဌေးကြီးသာ ထင်ရှားရှိခဲ့မယ်ဆိုရင် ဒီနေ့ တို့ ဝိပဿီဘုရား အမှူးရှိတဲ့ သံဃာတစ်သိန်းကို ခေါင်းဆုံး တို့ ပြုစုလုပ်ကျွေးခွင့် ရရှိနိုင်တယ်။ ခုတော့ သူဌေးကြီး မရှိတဲ့အတွက် ဒီအခွင့်အရေးကြီး တို့တော့ ဆုံးရှုံးနေပြီဆိုပြီးတော့ ငိုနေတယ်။ ထိုအချိန်ခါမှာ သူ့မှာ သုမန အမည်ရှိတဲ့ သမီးရတနာလေးတစ်ဦး ရှိပါတယ်။ အဖော်ကလေးတွေနဲ့ ကစားရာက ပြန်အလာ မိခင်ကြီး ငိုနေတာတွေ့တဲ့ အချိန်ခါကျတော့ အကျိုးအကြောင်း မေးကြည့်လိုက်တော့ — အလှူ လှူခွင့်မရလို့ ငိုကြွေးနေခြင်းဖြစ်ကြောင်း သိရှိရတဲ့အခါ သမီးကလည်း လိမ္မာနေတော့ “အမေ မပူနဲ့ ကျွန်မတို့လှူတဲ့ လှူဖွယ်ဝတ္ထုကို ဘုရားအမှူးရှိတဲ့ သံဃာကို ဦးစွာ ဘုဉ်းပေးသုံးဆောင်ဖို့ရန်အတွက် ကျွန်မ စီမံမယ်လို့” ဆိုပြီးတော့ သူက ကတိပေးလိုက်တယ်။

ကတိပေးပြီးတော့ နို့ဃနာဆွမ်းတွေ စီစဉ်ထားပါတယ်။ တစ်သိန်းတန်တဲ့ ရွှေခွက်ကြီးထဲ နို့ဃနာဆွမ်းတွေထည့်။ အပေါ်ကနေပြီးတော့ အဖုံးတစ်ခုဖြင့် ဖုံးအုပ်။ အဖုံးအပေါ်ကနေတစ်ဆင့် မြတ်လေးပန်း ပန်းကုံးတွေကို အဖုံးပြည့်အောင် ဖုံးအုပ်လိုက်တယ်။ ဖုံးအုပ်ပြီးတော့ နို့ဃနာဆွမ်းအုပ်ကြီးကို ခေါင်းပေါ်ရွက်ပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာများ ကြွလာတဲ့လမ်းကို သူက သွားတယ်။ ဒါပေမယ့် စစ်သူကြီးကလည်း ဘုရားအမှူးရှိတဲ့ သံဃာများ ကြွလာရင် လမ်းကနေ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ် မလှူရဆိုပြီး အမိန့်ထုတ်ပြီး အကုန်လုံး စစ်တပ်တွေ ချထားတယ်။

ချထားလိုက်တော့ ဒီကလေးမလေးကလည်း ဒီစစ်တပ်ကြားထဲ ရောက်သွားပြီ။ အစောင့်အရှောက်ကြားထဲ ရောက်သွားလိုက်တဲ့ အချိန်ခါမှာ မဝင်ဖို့ရန်အတွက် အစောင့်အရှောက်တွေက တားမြစ်ကြတယ်။ တားမြစ်တော့ အကျိုးအကြောင်း ကလေးမလေးက မေးတယ်။ ဘုန်းကံရှိတဲ့ပုဂ္ဂိုလ်တွေက တစ်ဖက်သားတွေ နားလည်အောင် ချိုသာတဲ့စကား ပြောတတ်တယ်။ တစ်ဖက်သားတွေ နားဝင်သွားအောင် လိမ္မာယဉ်ကျေးနေတဲ့ စကားမျိုးကိုလည်း ပြောတတ်တယ်။ ဒါ ဘုန်းကံကြီးတဲ့ပုဂ္ဂိုလ်တွေဟာ တစ်ဖက်သားပုဂ္ဂိုလ်တွေ နှစ်သက်မြတ်နိုးဖွယ်ရာဖြစ်တဲ့ စကားကိုသာ ပြောတတ်တယ်။ စဉ်းစားကြည့်စမ်း!

တစ်ဖက်သားပုဂ္ဂိုလ်တွေ နှစ်သက်မြတ်နိုးဖွယ်ရာဖြစ်တဲ့ စကားမျိုးကို ပြောကြားခြင်းသည် မိမိအတွက်လည်း ကုသိုလ်တရား တိုးပွား၍ နာကြားခွင့် ရရှိတဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း ကုသိုလ်တရားတွေ မတိုးပွားနိုင်ဘူးလား? တိုးပွားနိုင်တယ်။ အဲဒီ အချိန်ခါမှာပေါ့ — နှစ်သက်မြတ်နိုးဖွယ်ရာစကား မပြောဘဲ။ ဒီအမျိုးသမီးလေးက အဲဒီမှာ သွားပြီး ရန်တွေ့မယ်ဆိုလို့ရှိရင်တော့ ဘယ့်နှယ်တုန်း အခြေအနေဟာ ပိုဆိုးမသွားနိုင်ဘူးလား? ဆိုးသွားနိုင်တယ်။ ဒါကြောင့် —

‘‘မဟာပုညာ နာမ မနာပကထာ ဟောန္တိ’’

မဟာပုညာ နာမ၊ ဘုန်းကံကြီးမားသော ပုဂ္ဂိုလ်တို့မည်သည်ကား။ မနာပကထာ၊ နှစ်သက်မြတ်နိုးဖွယ်ရာသော စကားရှိကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြလေကုန်၏၊

ဘုန်းကံကြီးမားနေတဲ့ပုဂ္ဂိုလ်က နှစ်သက်မြတ်နိုးဖွယ်ရာသော စကားရှိတဲ့ ပုဂ္ဂိုလ်တွေ။ ချိုသာတဲ့စကား၊ တစ်ဖက်သား နှစ်သက်မြတ်နိုးတဲ့စကားတွေကို ပြောတတ်တယ်။ ပြောလိုက်တဲ့ အချိန်အခါကျတော့ တစ်ဖက်နဲ့တစ်ဖက် အချီအချဖြစ်နေတော့ အမျိုးသမီးလေးက မေးတယ်။

“ဦးကြီးတို့, ဘကြီးတို့ ... ဦးကြီးတို့, ဘကြီးတို့ရဲ့ စစ်သူကြီးက ဘုရားအမှူးရှိတဲ့ သံဃာကို ပန်းလေးတောင် လှူခွင့် မပြုဘူးလား?” ဒီမေးခွန်းလေးတစ်ခု မေးတယ်။

“ဩော် ... ပန်းတော့ လှူခွင့်ရှိပါတယ်။ စားစရာတော့ လှူခွင့် မရှိဘူး”

“ကျမ လက်ထဲ ကြည့်ပါလား? ဘာတွေ ဦးကြီးတို့, ဘကြီးတို့ တွေ့သလဲ?”

“အေး သင့်လက်ထဲမှာ ယခု သင်ယူလာတာကတော့ မြတ်လေးပန်းကုံးတွေပဲ တွေ့တယ်။”

“ဒီလိုဆိုလို့ရှိရင် ဒီမြတ်လေးပန်းကုံးကို လှူခွင့် မပြုနိုင်ဘူးလား” ဆိုပြီးတော့ မေးလိုက်တဲ့အခါ “လှူခွင့်ပြုပါတယ်” ဖြစ်ကရော။

အဲဒါနဲ့ ရှေ့တိုးသွားပြီးတော့ မြတ်စွာဘုရားကို မြတ်လေးပန်းကုံး အလှူခံတော်မူပါဆိုပြီးတော့ ဒီနို့ဃနာဆွမ်း အပြည့်ထည့်ထားတဲ့ တစ်သိန်းတန်တဲ့ အုပ်ကြီးကို လှူဒါန်းပူဇော်ပါတယ်။ ထိုအချိန်ခါမှာ မှူးကြီးမတ်ရာတစ်ဦးကို ဘုရားရှင်က လက်ညှိုး ညွှန်ပြပြီး ယူလာဖို့ရန်အတွက် အမိန့် ချမှတ်လိုက်ပါတယ်။ ထိုမှူးကြီးမတ်ရာကလည်း ထိုနို့ဃနာဆွမ်း အပြည့်ထည့်ထားတဲ့ တစ်သိန်းတန်နေတဲ့ ဒီရွှေခွက်ကြီးကို ထမ်း၊ မြတ်လေးပန်းကုံးတွေကလည်း အပေါ်ကအုပ်ထားတော့ ဒီခွက်ကြီးကို ထမ်းပြီးတော့ ဘုရားရှင်နောက်က လိုက်ပါလာခဲ့တယ်။

လာခဲ့တဲ့အခါကျတော့ စစ်သူကြီးအိမ် ရောက်ပြီဆိုကြစို့နော်။ စစ်သူကြီးအိမ် ရောက်တဲ့အချိန်ခါကျတော့ ဘာဖြစ်လာသလဲ? ဘုရားအမှူးရှိတဲ့ သံဃာတွေကို စစ်သူကြီးက ဆွမ်းဘုဉ်းပေးဖို့ရန်အတွက် ရှေးဦးစွာ လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါကျတော့ မြတ်စွာဘုရားကနေပြီးတော့ တို့မှာ ဆွမ်းပါလာတယ်။ ပါလာတဲ့ဆွမ်းကို အရင် ဘုဉ်းပေးရမယ်ဆိုပြီးတော့ ဘုရားရှင်က အမိန့်ရှိလိုက်တယ်။ အမိန့်ရှိလိုက်တဲ့ အချိန်ခါကျတော့ နောက်ဆုံး မှူးကြီးမတ်ရာကို ขေါ်ပြီးတော့ ပါလာတဲ့ နို့ဃနာဆွမ်းတွေကို ရှေးဦးစွာ ဆက်ကပ်စေပါတယ်။ ဆက်ကပ်စေလိုက်တဲ့ အချိန်အခါကျတော့ မှူးကြီးမတ်ရာကို စစ်သူကြီးကနေ မေးတယ်။ ဘယ်လို ဖြစ်တာလဲ?
“ကျွန်တော့်ကို ဒီအမျိုးသမီး လှည့်ပတ်တာပဲ။ ကျွန်တော့်ကို ပြောတုန်းကတော့ သူက မြတ်လေးပန်းကုံးလို့ ပြောတယ်။ ခုကြည့်လိုက်တော့ နို့ဃနာဆွမ်းတွေ ဖြစ်နေပြီ။ ဘယ့်နှယ်လုပ်မလဲ?” ဘုရားရှင်ကလည်း အကပ်ခိုင်းနေပြီဆိုတော့ ကပ်လိုက်တော့။ ဘုရားအမှူးရှိတဲ့ သံဃာတစ်သိန်း အားလုံး ဘုဉ်းပေးလောက်တယ်။ ဘုန်းကံကြီးမားတဲ့ပုဂ္ဂိုလ်တွေရဲ့ ကုသိုလ်စေတနာရဲ့စွမ်းအားနဲ့ ဘုရားအမှူးရှိတဲ့ သံဃာတော်တို့ရဲ့ ဘုန်းကံ။ ဒီနှစ်ခု ရောစပ်လိုက်တဲ့အချိန်ခါမှာ နို့ဃနာဆွမ်းတွေသည် သံဃာအားလုံး ဘုဉ်းပေးလောက်တဲ့အဆင့် ရောက်သွားပြီ။ ဘုဉ်းပေးပြီးတဲ့ အချိန်အခါကျတော့မှ စစ်သူကြီး လှူဒါန်းနေတဲ့ ဆွမ်းခဲဖွယ် ဘောဇဉ်တွေကို ဆက်လက်ပြီး ဘုရားအမှူးရှိတဲ့ သံဃာများ ဘုဉ်းပေးသုံးဆောင်တော်မူပါတယ်။
ဘုဉ်းပေးသုံးဆောင်ပြီးတဲ့ အချိန်ခါကျတော့မှ ဘုရားရှင်ကလည်း အနုမောဒနာတရားဟောကြားပြီးတော့ ပြန်ပြီဆိုကြစို့နော်။ ပြန်လိုက်တဲ့ အချိန်ခါကျတော့မှ စစ်သူကြီးက စဉ်းစားတယ်နော်။ ဒီအမျိုးသမီးကို ဘယ်လို စဉ်းစားလဲ?

‘‘သပ္ပညာ သာ ဣတ္ထီ, ဧဝရူပါယ ဃရေ ဝသန္တိယာ ပုရိသဿ သဂ္ဂသမ္ပတ္တိ နာမ န ဒုလ္လဘာတိ တံ အာနေတွာ ဇေဋ္ဌိကဋ္ဌာနေ ဌပေသိ။’’

သာ ဣတ္ထီ၊ ထိုအမျိုးသမီးသည်ကား။ သပ္ပညာ၊ ပညာရှိတဲ့ အမျိုးသမီး ဖြစ်ပါပေ၏။ ဧဝရူပါယ၊ ဤကဲ့သို့သဘောရှိသော အမျိုးသမီးသည်။ ဃရေ၊ အိမ်၌။ ဝသန္တိယာ၊ နေထိုင်ခဲ့သည်ရှိသော်။ ပုရိသဿ၊ အိမ်ရှင်ယောက်ျားအဖို့။ သဂ္ဂသမ္ပတ္တိ နာမ၊ နတ်ရွာသုဂတိ စည်းစိမ်မည်သည်။ န ဒုလ္လဘာ၊ ရခဲလှသည်ကားမဟုတ်ပေ။ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ တံ၊ ထိုအမျိုးသမီးကို။ အာနေတွာ၊ ဆောင်၍။ ဇေဋ္ဌိကဋ္ဌာနေ၊ အိမ်ရဲ့ အကြီးအကဲအရာ၌။ ဌပေသိ၊ ထားလေ၏၊

ဒီလို အမျိုးသမီးတစ်ယောက်က အိမ်မှာရှိပါစေ။ အိမ်မှသာရှိခဲ့မယ်ဆိုရင် အိမ်ရှင်ယောက်ျားအဖို့ นတ်ရွာစည်းစိမ်ဆိုတာ ရခဲတဲ့သဘော ဘယ်တော့မှ မဟုတ်တော့ဘူး။ အလွန် ရလွယ်တဲ့သဘောသာ ရှိလိမ့်မယ်လို့ ဒီလို နှလုံးပိုက်ပြီးတော့ ဒီအမျိုးသမီးငယ်လေးကို ခေါ်ဆောင်ပြီးတော့ အိမ်မှာ ဒါနပြုတဲ့နေရာမှာ အကြီးအကဲအရာမှာ ထားလိုက်ပြီ။ ထားလိုက်တဲ့ အချိန်ခါကျတော့ ထိုအမျိုးသမီးလေးက ဒီကောင်းမှုကုသိုလ်ပြုတဲ့ ပွဲလေးမှာ သူက ဘာဆုတောင်းသလဲ? ဒီအပိုင်လေး ဘုန်းကြီး ပြောချင်တာပါနော်။ သူက အဲဒီ ကောင်းမှုကုသိုလ် ပြုလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်ကို နို့ဃနာဆွမ်းတွေ ဆက်ကပ်လှူဒါန်းလိုက်တဲ့ အခါမှာ အပေါ်ကလည်း မြတ်လေးပန်းကုံးတွေက အုပ်ထားတယ်။ အုပ်ထားပြီးတော့ သူက လှူဒါန်းနေတဲ့ အချိန်အခါမှာ သူက ဘာဆုတောင်းသလဲ?

‘‘ဘဂဝါ, ဘဝါဘဝေ နိဗ္ဗတ္တိယံ မေ သတိ ပရိတဿနဇီဝိတံ နာမ မာ ဟောတု, အယံ သုမနမာလာ ဝိယ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ ပိယာဝ ဟောမိ, နာမေန စ သုမနာ ယေဝ’’

ဘဂဝါ၊ မြတ်စွာဘုရား ...။ မေ၊ ဘုရားတပည့်တော်မအဖို့။ ဘဝါဘဝေ၊ ဘဝကြီးငယ် အသွယ်သွယ်၌။ နိဗ္ဗတ္တိယံ၊ ဖြစ်ပေါ်ရခြင်းသည်။ သတိ၊ ထင်ရှားရှိခဲ့ပါမူ။ ပရိတဿနဇီဝိတံ နာမ၊ ကြောင့်ကြောင့်ကျကျ တောင့်တောင့်တတဖြင့် အသက်မွေးရခြင်းမည်သည်လည်း။ မာ ဟောတု၊ မဖြစ်ပါစေသတည်း။

မြတ်စွာဘုရား ... တပည့်တော်မအဖို့ ဘဝကြီးငယ် အသွယ်သွယ်၌ ထင်ရှားဖြစ်ရခြင်းဆိုတဲ့ သဘောတရားတစ်ခု ရှိခဲ့မယ်ဆိုရင် တပည့်တော်မအဖို့ ကြောင့်ကြောင့်ကျကျ တောင့်တောင့်တတဖြင့် အသက်မွေးရခြင်းမည်သည် မဖြစ်ပါစေသတည်း။ သူက ဒီဆုတောင်းတယ်နော်။ နောက်တစ်ခု -

အယံ သုမနမာလာ ဝိယ၊ ဤမြတ်လေးပန်းကုံးကဲ့သို့။ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ၊ ဖြစ်လေရာ ဖြစ်လေရာ ဘုံဘဝ၌။ ပိယာ ဝ၊ လူများအပေါ် ချစ်မြတ်နိုးအပ်တဲ့ အမျိုးသမီးသည်သာလျှင်။ ဟောမိ၊ ဖြစ်ရပါလို၏။ နာမေန စ၊ အမည်နာမအားဖြင့်လည်းပဲ။ သုမနာ ယေဝ၊ သုမနအမည်ဖြင့်သာလျှင်။ ဟောမိ၊ ဖြစ်ရပါလို၏၊

မြတ်လေးပန်းကို လူအများ နှစ်ခြိုက်သလို မြတ်လေးပန်းကဲ့သို့ ဘုရားတပည့်တော်မ ဖြစ်လေရာ ဖြစ်လေရာ ဘဝတိုင်း၌ လူများအပေါင်းက ချစ်မြတ်နိုးအပ်တဲ့ပုဂ္ဂိုလ်သာ ဖြစ်ရပါလို၏၊ အမည်နာမအားဖြင့်လည်း သုမနအမည်ရှိနေတဲ့ အမျိုးသမီးသာလျှင် ဖြစ်ရပါလို၏ဆိုပြီး ဒီဆုတောင်းတယ်။ တောင်းလိုက်တော့ သူ့ဆုတောင်းမှာ ကြည့်ပေါ့။ တောင်းတဲ့အတိုင်း ပြည့်စုံသလား, မပြည့်စုံဘူးလားလို့ မေးရင်တော့ ပြည့်စုံတဲ့သဘောလေးတွေ ပေါ်လာပါလိမ့်မယ်။ ဒီတော့ ဒီနေရာမှာ ဘုန်းကြီး ပြောချင်တာက ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်ကို လည်ပတ်စေတတ်တဲ့ စွမ်းအင်လေးလည်း ကပ်ပြီးတော့ ပါနေတယ်။ ဒါပေမယ့် ဒီအမျိုးသမီးက ကောင်းမှုကုသိုလ်ကံ အကျိုးပေးဖို့ရန်အတွက် ထပ်မံပြီးတော့ ဝိပဿီဘုရားရှင်ရဲ့ သာသနာတော်မှာ ဘာတွေ လုပ်သလဲ?

သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးလုံး၌ စုံညီအောင် ကြိုးစားအားထုတ်ပါတယ်။ ကြိုးစားအားထုတ်လိုက်တဲ့ အချိန်အခါကျတော့ မိမိရဲ့ ဘုရားအမှူးရှိတဲ့ သံဃာကို လှူဒါန်းလိုက်တဲ့ နို့ဃနာဆွမ်းဆိုတဲ့ အလှူဒါနပွဲသည် သဒ္ဓါ, သီလ, သုတ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာတွေက ဝိုင်းရံခံနေရတဲ့ ကောင်းမှုကုသိုလ်ကံတစ်ခု ဖြစ်သွားတယ်။ ဘုရားရှင်ရဲ့ သာသနာတော်က လူတို့ရဲ့ သက်တမ်းအားဖြင့် အနှစ်တစ်သိန်းတမ်းမှာ ပွင့်ထွန်း ပေါ်ပေါက်လာတဲ့အတွက် ခုအချိန်သည် ဘုရားအစရှိတဲ့ သံဃာကို ခေါင်ဆုံး ဖူးတွေ့ရရှိတဲ့အကြိမ် မှန်သော်လည်း ဒီအမျိုးသမီးသည် နောက်ပိုင်းကာလမှာ သာသနာတော်မှာ ဆိုဆုံးမထားတဲ့အတိုင်း သဒ္ဓါတရားနှင့် ပြည့်စုံအောင်၊ ကိုယ်ကျင့်သီလ ဖြူစင်အောင်၊ သုတခေါ်တဲ့ ရုပ်တွေ နာမ်တွေ ဟုတ်တိုင်းမှန်စွာ သိအောင်, အကြောင်းတရား အကျိုးတရားတွေ ဟုတ်တိုင်းမှန်စွာ သိအောင်၊ ပညာခေါ်တဲ့ ဝိပဿနာဉာဏ်ပညာတွေနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်ပါတယ်။

ဒီလို ကြိုးစားအားထုတ်လိုက်တဲ့အတွက် သူ့ရဲ့ စာဂခေါ်တဲ့ ကောင်းမှုကုသိုလ်ကံ စေတနာသည် သဒ္ဓါ, သီလ, သုတ, ပညာခေါ်တဲ့ အဆင့်အတန်း မြင့်မားနေတဲ့ သူတော်ကောင်းဥစ္စာတွေဖြင့် နှောင်ဖွဲ့ထားတဲ့, ရစ်ပတ်ထားတဲ့, ခြံရံထားတဲ့ ကောင်းမှုကုသိုလ်ကံတစ်ခု ဖြစ်တယ်။ ဒီသဒ္ဓါ, သီလ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာတွေက သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ရာဖြစ်တဲ့ นိဗ္ဗာန်သို့ရောက်အောင် ပို့ဆောင်ပေးနေတဲ့ စွမ်းအင် အပြည့်အဝရှိတဲ့ တရားတွေဖြစ်တယ်။

ဒါကြောင့် သူ့ရဲ့ စာဂသည် นိဗ္ဗာန်ရရှိရေးအတွက် အလွန် အားကောင်းနေတဲ့ အကြောင်းအထောက်အပံ့တစ်ခု ဖြစ်သွားတယ်။ ဖြစ်သွားလိုက်တဲ့ အခါကျတော့ ဒီနေရာမှာ သူ့ဆုတောင်းခန်းလေးမှာ နည်းနည်း ပဋိစ္စသမုပ္ပါဒ်သဘောတရားလေး ဘုန်းကြီး ထပ်ပြီး ပြောချင်ပါတယ်။ မြတ်စွာဘုရား သာသနာတော်မှာ ဆိုဆုံးမထားတဲ့အတိုင်း ပရမတ္ထသစ္စာနယ်ဘက်ကနေ လှည့်ပြီး ပြောမယ်ဆိုရင် ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာဆိုတာ မရှိဘူး။ ရှိတာက ရုပ်တရား အစုအပုံ၊ နာမ်တရား အစုအပုံပဲ ရှိတယ်။ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းများကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ စနစ်တကျ လေ့ကျင့်ထားပြီးတဲ့ သူတော်ကောင်းများ နားလည်နိုင်ပါတယ်နော်။

အဇ္ဈတ္တမှာလည်း ရုပ်တရားတွေသည် ကလာပ်ဆိုတဲ့ အမှုန်လေးတွေ အနေနဲ့ ရှိတယ်။ ဒီကလာပ်အမှုန်လေးတွေကို ဓာတ်ခွဲနိုင်ခဲ့ရင် တစ်မှုန် တစ်မှုန်မှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာအစရှိတဲ့ သဘောတရားလေးတွေ ရှစ်ခု သို့မဟုတ် ကိုးခု သို့မဟုတ် တစ်ဆယ်ခုလောက်အထိ ရှိတတ်ပါတယ်။ ဒီ ရှစ်မျိုး, ကိုးမျိုး, တစ်ဆယ်မျိုးသော ပရမတ် သဘောတရားလေးတွေကို ဟုတ်တိုင်းမှန်စွာ သိနေတဲ့ ပုဂ္ဂိုလ်အဖို့ အတုံးအခဲ အစိုင်အခဲ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ ပုံသဏ္ဌာန်ဆိုတာ တွေ့သေးလား? မတွေ့တော့ဘူး။ ဒီရုပ်ပရမတ် သဘောတရားလေးတွေကလည်း ဖြစ်ပြီးတာနဲ့ ချက်ချင်းပျက်တယ်။ ဖြစ်ပြီးတာနဲ့ ချက်ချင်းပျက်နေတဲ့ အနိစ္စတရား အစုအပုံ, ဒုက္ခတရား အစုအပုံ, အနတ္တတရား အစုအပုံတွေသာ ဖြစ်တယ်။ နာမ်တရားတွေလည်း ထိုနည်းလည်းကောင်းပဲ။ အကြောင်းတရား အကျိုးတရားတွေလည်း ထိုနည်းလည်းကောင်းပဲ။

ဒီတော့ အကြောင်းအကျိုးနှင့်တကွသော ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတွေသည် အနိစ္စတရား အစုအပုံ, ဒုက္ခတရား အစုအပုံ, အနတ္တတရား အစုအပုံသာ ဧကန်စင်စစ် ဖြစ်တယ်။ အဲဒီလို အနိစ္စတရား အစုအပုံ, ဒုက္ခတရား အစုအပုံ, အနတ္တတရား အစုအပုံလို့ မသိဘဲ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ စသည်ဖြင့် ဒီလို သိခဲ့ရင် ဒီအသိသည် မှားလား, မှန်လား? မှားနေတယ်။ အသိမှားမှုသဘောက ဘာလဲ? အဝိဇ္ဇာ။ ဒီယောက်ျား, မိန်းမဘဝကို တွယ်တာတပ်မက်နေတဲ့သဘောက တဏှာ။ စိတ်ကပ်ပြီး စွဲတဲ့သဘောက ဥပါဒါန်။ ဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် သုံးခု ခြံရံပြီးတော့ သူက ဒါန ကောင်းမှုကုသိုလ်ကံတစ်ခု ပြုလုပ်တယ်။ သင်္ခါရ ဖြစ်သွားပြီ။ ထိုသင်္ခါရတရားတွေက အနိစ္စဖြစ်ခြင်းကြောင့် အနိစ္စဖြစ်တဲ့အတွက် ဖြစ်ပြီးတာနဲ့ ချက်ချင်း ချုပ်ပျက်သွားတယ်။ ဒါပေမယ့် တစ်ချိန်မှာ သူ မျှော်လင့်တောင့်တနေတဲ့ ဘဝတစ်ခုကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာ ချုပ်ပျက်သွားမယ်။ အဲဒီ စွမ်းအင်ကလေးကိုတော့ ဘာလို့ ခေါ်လဲ? ကံလို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ။

သူ စွဲလမ်းနေတာက ဘာလဲ? ဖြစ်လေရာဘဝတိုင်းမှာ ကြောင့်ကြောင့်ကျကျ တောင့်တောင့်တတဖြင့် အသက်မမွေးရတဲ့ အမျိုးသမီးဘဝကို သူက လှမ်းပြီး တွယ်တာတယ်။ တစ်ချက်။ လူများအပေါင်း ချစ်ခင်မြတ်နိုးတဲ့ အမျိုးသမီးဘဝကို တွယ်တာတယ်။ သုမန အမည်ရှိနေတဲ့ အမျိုးသမီးဘဝကို တွယ်တာတယ်။ ဒီတော့ မကြောင့်မကျ မတောင့်မတရဘဲ အသက်မွေးရတဲ့ အမျိုးသမီး, လူများအပေါ် ချစ်ခင်မြတ်နိုးအပ်တဲ့ အမျိုးသမီး, သုမန အမည်ရှိတဲ့ အမျိုးသမီးလို့ ဒီအသိမှားမှုက ဘာလဲ? အဝိဇ္ဇာ။ ထိုအမျိုးသမီးဘဝကို လှမ်းပြီး တွယ်တာမက်မောနေတဲ့သဘောက တဏှာ။ စိတ်ကပ်ပြီး စွဲတဲ့သဘောက ဥပါဒါန်။ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန် သုံးခု ခြံရံပြီး ကံကို သူက ထူထောင်လိုက်တယ်။ သင်္ခါရ, ကံတွေ အရာတည်သွားလိုက်တဲ့ အချိန်အခါကျတော့ ဒီကံတွေက အကျိုးမပေးဘူးလား? အကျိုးပေးတော့မယ်။ ဒါပေမယ့်လို့ သူ့ရဲ့ကံမှာ ဘာတွေ ခြံရံထားသလဲ? သဒ္ဓါ, သီလ, သုတ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာတွေက ခြံရံထားတယ်။

အဆင့်မြင့်မားနေတဲ့ ကံတွေက ခြံရံထားတဲ့အတွက် ဒီပုဂ္ဂိုလ်သည် သံသရာခရီး ကျင်လည်တဲ့ အချိန်ခါမှာ ဆင်းရဲနွမ်းပါးတဲ့ပုဂ္ဂိုလ် ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ အဒလိဒ္ဒ၊ ဘယ်တော့မှ မဆင်းရဲတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဘာလို့ပြောနိုင်သလဲ? မိဘအိမ်မှာကော, စစ်သူကြီးအိမ်မှာကော ကောင်းမှုကုသိုလ်တွေ ပြုပြီးတော့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါး ထင်ရှားတည်ရှိလာအောင် ဆက်လက်ပြီး ကြိုးစားအားထုတ်ပါတယ်။

ကြိုးစားအားထုတ်လိုက်တဲ့ အချိန်အခါမှာ ထိုဘဝကနေ စုတေတော့ နတ်ပြည်ရောက်။ နတ်ပြည်ကို ရောက်တယ်ဆိုရင်ပဲ ပုဆစ်ဒူးဝန်းပမာဏရှိနေတဲ့ မြတ်လေးပန်းမိုးကြီး ရွာသွန်းချလိုက်တယ်။ အဲဒီ မြတ်လေးပန်းမိုးကြီး ရွာသွန်းချလိုက်တာကို အကြောင်းပြုပြီးတော့ နတ်သမီးသည် မိမိအမည်ကို မိမိကိုယ်တိုင် ယူဆောင်ပြီး လာနေတယ်ဆိုပြီး သူ့ကို သုမနနတ်သမီးဆိုပြီး ဒီလိုပဲ ခေါ်ကြတယ်။ အဲ အလားတူပဲ။ ကိုးဆယ့်တစ်ကမ္ဘာပတ်လုံး လူ့ပြည်, နတ်ပြည် စုံဆန် ကျင်လည်လိုက်တာ ဘဝတိုင်း ဘဝတိုင်းမှာ မြတ်လေးပန်းမိုးတွေ အမြဲတမ်း ရွာသွန်းချတယ်။ ဘဝတိုင်း ဘဝတိုင်းမှာလည်း သူမျှော်လင့်တောင့်တတဲ့အတိုင်း သုမနအမည်ရှိတဲ့ နတ်သမီး, သုမနအမည်ရှိတဲ့ လူပဲ ဖြစ်ရတယ်။

အဲဒီလို ဖြစ်လာရာကနေပြီးတော့ ဦးပဉ္စင်းတို့ မြတ်စွာဘုရားရှင် လက်ထက်တော်အချိန် ရောက်လာလို့ ကောသလမင်းကြီးရဲ့ မိဖုရားခေါင်ကြီးမှာ လာပြီးတော့ သူက ပဋိသန္ဓေ တည်နေပါတယ်။ မွေးလာတဲ့ အချိန်ခါမှာလည်း မြတ်လေးပန်းမိုးတွေ ရွာသွန်းချလိုက်တဲ့အတွက် ဒီအတိတ်နိမိတ်ကို အာရုံယူပြီး သူ့ကို သုမနမင်းသမီးဆိုပြီး ဒီလိုပဲ မှည့်ထားတယ်။ ဒါပေမယ့် ကောသလမင်းကြီးက စဉ်းစားတယ်။ “ငါ့သမီးသည် ဘုန်းကံကြီးမားတဲ့ သမီးရတနာတစ်ဦးဖြစ်တဲ့အတွက် တစ်ယောက်ထဲလည်း လူ့ပြည်လူ့လောက ရောက်လာတာတော့ ဟုတ်ပုံမရဘူး။ သူ့ရဲ့ အပေါင်းအဖော်တွေနဲ့ လာတာဖြစ်ရမယ်။”

တစ်ချိန်ကပေါ့နော်။ ဝိပဿီမြတ်စွာဘုရားကို နို့ဃနာဆွမ်း လှူဒါန်းလိုက်သည့် အချိန်အခါက သူ့ရဲ့ အပေါင်းအဖော်ဖြစ်တဲ့ အမျိုးသမီး ငါးရာလည်း ပါခဲ့ပါတယ်။ ထိုကောင်းမှုကုသိုလ်ရှင်တွေဟာ အတူတူ အကျိုးပေးရာကနေပြီးတော့ နောက်ဆုံး အခု လူ့ဘဝရောက်ရှိလာခဲ့တဲ့ အချိန်ခါမှာလည်း တစ်နေ့ထဲနဲ့ အမျိုးအိမ် အသီးသီးမှာ မွေးဖွားပြီး လာကြတယ်။ အဲဒီကလေး ငါးရာကိုလည်း ကောသလမင်းကြီးက သမီးရတနာအဖြစ် အကုန်လုံးခေါ်ယူပြီးတော့ မွေးစားပါတယ်။ မွေးစားပြီးတော့ မိဘတွေလက်ထဲ ပြန်အပ်ပြီးတော့ လိုအပ်တဲ့ အထောက်အပံ့တွေ အားလုံး ထောက်ပံ့ပေးတယ်။ ထောက်ပံ့ပေးနေတဲ့ အချိန်အခါမှာ တစ်လတစ်ကြိမ် သူ့သမီးတော်ကို ကလေးတွေ လာပြရမယ်ဆိုပြီးတော့ ဒီလို ကြေညာချက်ဖြင့် မွေးမြူထားပါတယ်။ ကြီးပြင်းလာကြပြီဆိုကြစို့နော်။

သုမနမင်းသမီးဆိုပြီးတော့ တော်တော်လေး ထင်ရှားလာတဲ့အချိန်ခါ သူ ခုနစ်နှစ်သမီး ရောက်တဲ့အချိန်ဆိုကြစို့။ အဲဒီအချိန်အခါမှာ ဦးပဉ္စင်းတို့ အနာထပိဏ်ကျောင်းဒကာကြီးကလည်း ဇေတဝန်ကျောင်းတိုက်ကြီး တည်ပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာတွေကို ရာဇဂြိုဟ်ကနေပြီးတော့ သာဝတ္ထိသို့ ပင့်ဆောင်လာပြီ။ အဲဒီ ပင့်ဆောင်တဲ့ပွဲမှာ အနာထပိဏ်သူဌေးကြီးကနေပြီးတော့ ကောသမင်းကြီးကို လျှောက်ထား တောင်းပန်တယ်။ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ကြိုဆိုဖို့ရန်အတွက် သုမနမင်းသမီးနှင့်တကွ နောက်ပါ အခြံအရံ မင်းသမီး ငါးရာကိုလည်း စေလွှတ်ပေးပါရန် လျှောက်ထား တောင်းပန်တဲ့အတွက် သုမနမင်းသမီးနှင့်တကွ နောက်ပါ အခြံအရံ မင်းသမီး ငါးရာတို့ကလည်း ဘုရားအမှူးရှိတဲ့ သံဃာတွေကို ကြွလာတဲ့ အချိန်အခါမှာ ဆီးကြိုပါတယ်။ ဆီးကြိုပြီးတဲ့ အချိန်အခါ ပန်း, နံ့သာ အမျိုးမျိုးဖြင့် ပူဇော်ပြီးတော့ သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ရပ်တည်တယ်။ အဲဒီလို ရပ်တည်နေတဲ့ အချိန်အခါမှာ ဒီကလေးတွေ ဘယ်လောက်ပဲ ရှိလဲ? ခုနစ်နှစ်အရွယ်ပဲ ရှိပါသေးတယ်။ ခုနစ်နှစ်အရွယ်ရှိနေတဲ့ အချိန်အခါမှာ —

‘‘သတ္ထာ တဿာ ဓမ္မံ ဒေသေသိ။’’

သတ္ထာ၊ မြတ်စွာဘုရားသည်။ တဿာ၊ ထိုသုမနမင်းသမီးအား။ ဓမ္မံ၊ တရားတော်မြတ်ကို။ ဒေသေသိ၊ ဟောကြားတော်မူ၏၊

မြတ်စွာဘုရားက ဒီသုမနမင်းသမီးကို တရားဟောပေးတယ်။ ဟောပေးလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လဲ?

‘‘သာ ပဉ္စဟိ ကုမာရိကာသတေဟိ သဒ္ဓိံ သောတာပတ္တိဖလေ ပတိဋ္ဌာသိ။’’

သာ၊ ထိုသုမနမင်းသမီးသည်။ ပဉ္စဟိ ကုမာရိကာသတေဟိ၊ ငါးရာကုန်သော သတို့သမီးငယ်တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သောတာပတ္တိဖလေ၊ သောတာပတ္တိဖိုလ်၌။ ပတိဋ္ဌာသိ၊ တည်တော်မူခဲ့လေပြီ။

အမျိုးသမီးငါးရာနှင့် အတူတကွ ထိုသုမနမင်းသမီးသည် ဘုရားရှင်ရဲ့ ထိုတရားဒေသနာတော် ဆုံးတဲ့အချိန်အခါမှာ သောတာပတ္တိ တည်သွားတယ်။ စဉ်းစားကြည့်စမ်းနော်။ ဝိပဿီမြတ်စွာဘုရားလက်ထက်က သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးဖြင့် ပြည့်ပြည့်စုံစုံ ကြိုးစားအားထုတ်လာခဲ့တဲ့အတွက် မြတ်စွာဘုရားရဲ့ တရားတော်ကို နာယူရင်းဖြင့် ခုနစ်နှစ်အရွယ်မှာပဲ သောတာပတ္တိမဂ်ဉာဏ်, ဖိုလ်ဉာဏ် တည်သွားခဲ့တယ်။ တည်သွားခဲ့တယ်ဆိုတော့ ဒီပုဂ္ဂိုလ်တွေသည် တရားနာယူရုံဖြင့် ကျွတ်တန်းဝင်သွားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ခြင်းကြောင့် ဒီနေရာမှာ ဥဂ္ဃဋိတညူ သို့မဟုတ် ဝိပဉ္စိတညူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဥဂ္ဃဋိတညူပုဂ္ဂိုလ်သော်လည်း ဖြစ်ချင် ဖြစ်မယ်။ ဝိပဉ္စိတညူပုဂ္ဂိုလ်သော်လည်း ဖြစ်ချင်ဖြစ်မယ်။ ဒီနှစ်မျိုး တစ်မျိုးမျိုးတော့ ဖြစ်ပြီ။

ထိုဥဂ္ဃဋိတညူ, ဝိပဉ္စိတညူ ပုဂ္ဂိုလ်တွေသည် ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတွင်း၌ ပုဗ္ဗယောဂခေါ်တဲ့ ဝိပဿနာဉာဏ်တွေကို သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ကြိုးစားအားထုတ်ခဲ့ဖူးခြင်းဆိုတဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံခဲ့တယ်။ ဒီလိုအင်္ဂါရပ်နဲ့ ပြည့်စုံနေတဲ့အတွက်ကြောင့် ဘုရားရှင်က သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတွေကို ဟောကြားပြသလိုက်တဲ့ အချိန်ခါမှာ ထိုပုဂ္ဂိုလ်တို့သည် သောတာပတ္တိမဂ်ဉာဏ်, ဖိုလ်ဉာဏ်၌ တည်မသွားဘူးလား? တည်သွားပြီ။ ဘာဖြစ်လို့ တည်ရသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်လိုက်တော့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးကို ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် ရရှိအောင် ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်း၌ ကြိုးစားအားထုတ်ခဲ့ခြင်းဆိုတဲ့ ဒီအကြောင်းရပ်ကြီးတစ်ခု ပေါ်လာတယ်။

ဒီတော့ ဒီဘုရားရှင်ရဲ့ သာသနာတော်မှာလည်း ဒီနေ့ အလှူရှင်နှင့်တကွ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့က သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာတွေနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ကြမယ်ဆိုရင် ဒီသုမနမင်းသမီးကဲ့သို့ တရားနာယူရုံမျှဖြင့် ကျွတ်တန်းဝင်နိုင်တဲ့အဆင့်ကို တစ်ချိန်မှာ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ သို့သော် ဘုရားရှင်ရဲ့ သာသနာတော်မှာကော မရနိုင်ဘူးလားလို့မေးရင်တော့ အတိတ်က မိမိတို့မှာလည်း မဂ်, ဖိုလ်, နိဗ္ဗာန် ရလောက်တဲ့ အားကောင်းတဲ့ အကြောင်းအထောက်အပံ့ ရှိခဲ့မယ်ဆိုရင် ဒီသဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာတွေ ပြည့်စုံအောင် ကြိုးစားအားထုတ်တဲ့ မိမိတို့သန္တာန်မှာ ဒီဘဝမှာလည်း မဂ်, ဖိုလ်, နိဗ္ဗာန်ဆိုတာ ရကောင်းရနိုင်တယ်။

ဒါကြောင့် ကြိုးစားအားထုတ်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ သံသရာခရီးမှာ အဆင့်မြင့်မားနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ချင်တယ်ဆိုရင်လည်း ကြိုးစားအားထုတ်ဖို့ လိုအပ်တယ်။ သံသရာခရီးမှ ထွက်မြောက်ချင်တယ်ဆိုရင်လည်း ကြိုးစားအားထုတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ အဲဒီလို သောတာပတ္တိမဂ်ဉာဏ်, ဖိုလ်ဉာဏ် ရရှိပြီးတဲ့ တစ်ချိန် ဆိုကြစို့နော်။ တစ်ချိန်မှာ သူက မြတ်စွာဘုရားထံကို တစ်နေ့ချဉ်းကပ်ပြီ။ ဘာဖြစ်လို့ ချဉ်းကပ်သလဲဆိုတော့ သူက အကြောင်းရှိတယ်။ အကြောင်းကတော့ သူ့မှာ မောင်လေး နှစ်ယောက် မွေးဖွားခဲ့ပါတယ်။ ဒီမောင်လေး နှစ်ယောက်နဲ့ပတ်သက်ပြီးတော့ သူ့မှာ သိလိုတဲ့ ပြဿနာလေးတွေ ပေါ်လာတယ်။ ဘယ်လိုလဲ?

ဒီမောင် နှစ်ယောက်ကလည်း ကဿပမြတ်စွာဘုရား လက်ထက်တော် အချိန်အခါက မိတ်ဆွေ ရဟန်းတော် နှစ်ပါးဖြစ်ခဲ့ပါတယ်။ မိတ်ဆွေ ရဟန်းတော်တစ်ပါးကတော့ သာရဏိယဝတ်ကို ဖြည့်ကျင့်တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်တယ်။ မိတ်ဆွေရဟန်းငယ်တစ်ပါးကတော့ ဘတ္တဂ္ဂဝတ်ခေါ်ဆိုအပ်တဲ့ ဆွမ်းဝတ်ကို ဖြည့်ကျင့်တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်နော်။ အဲဒီတော့ သာရဏိယဝတ်ဆိုတာက သီတင်းသုံးဖော်တို့အပေါ်၌ ရှေ့မှာသော်လည်းကောင်း, ကွယ်ရာမှာသော်လည်းကောင်း ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာ ထင်ရှားရှိခြင်း, မိမိ ရရှိလာတဲ့ ဆွမ်းဆိုတဲ့ ပစ္စည်းဝတ္ထုတွေကို သီတင်းသုံးဖော်တို့အား လှူဒါန်းပြီးမှ ပိုတာကို စားသောက်ခြင်း, သီလစင်ကြယ်ခြင်း, ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းအားထုတ်ခြင်းဆိုတဲ့ ဒီအကြောင်းတရားတွေကို ဖြည့်ကျင့်စေပါတယ်။ ဒီလို ဖြည့်ကျင့်ခြင်းကို သာရဏိယဝတ်ကို ဖြည့်ကျင့်တယ်လို့ခေါ်တယ်။

အဲဒီတော့ တစ်ပါးကတော့ ဘတ္တဂ္ဂဝတ်သာ ဖြည့်ကျင့်တယ်။ ဘတ္တဂ္ဂဝတ် ဖြည့်ကျင့်တယ်ဆိုတာကတော့ သူက တရားအားမထုတ်ဘူးလို့ဆိုလိုတာတော့ မဟုတ်ဘူး။ သဒ္ဓါ, သီလ, သုတ, ပညာခေါ်တဲ့ ဒီသူတော်ကောင်းဥစ္စာတွေနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်တာပဲ။ တခြားရဟန်းကလည်း သဒ္ဓါ, သီလ, သုတ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်တာပဲ။ ဒါပေမယ့် တစ်ပါးက သာရဏိယဝတ်ကို ဖြည့်ကျင့်တဲ့အတွက် စာဂဆိုတဲ့ သူတော်ကောင်းဥစ္စာတစ်ခု ပိုလာတယ်။

တစ်ပါးကတော့ ဆွမ်းခံဝတ်ကိုသာ ဖြည့်ကျင့်တယ်။ သူတစ်ပါးတွေကို လှူဒါန်းခြင်းဆိုတဲ့ စာဂခေါ်တဲ့ သူတော်ကောင်းဥစ္စာကို သူက ရအောင် ကြိုးစားအားထုတ်မှု မရှိဘူး။ မရှိတဲ့အတွက် ဘာဖြစ်လဲ? သူတို့နှစ်ပါး တစ်နေ့ အချီအချ စကားပြောကြတယ်။ သာရဏိယဝတ်ကို ဖြည့်ကျင့်နေတဲ့ သူတစ်ပါးကို လှူဒါန်းပြီးမှ စားတဲ့ပုဂ္ဂိုလ်က ဘာပြောလဲ?

‘‘အာဝုသော, အဒိန္နဿ ဖလံ နာမ နတ္ထိ, အတ္တနာ လဒ္ဓံ ပရေသံ ဒတွာ ဘုဉ္ဇိတုံ ဝဋ္ဋတိ’’

အာဝုသော၊ ငါ့ရှင်။ အဒိန္နဿ၊ မပေးလှူသော ပုဂ္ဂိုလ်အား။ ဖလံ နာမ၊ ဒါန၏ အကျိုးတရားမည်သည်။ နတ္ထိ၊ မရှိနိုင်။ အတ္တနာ၊ မိမိသည်။ လဒ္ဓံ၊ ရရှိအပ်သော လှူဖွယ်ဝတ္ထုကို။ ပရေသံ၊ သူတစ်ပါးတို့အား။ ဒတွာ၊ ပေးလှူပြီးမှသာလျှင်။ ဘုဉ္ဇိတုံ၊ ဘုဉ်းပေးသုံးဆောင်ခြင်းငှာ။ ဝဋ္ဋတိ၊ သင့်တင့်လျောက်ပတ်ပါပေ၏၊

ငါ့ရှင် ... အလှူဒါန မပြုတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အလှူဒါနကြောင့် ရရှိမဲ့ အကျိုးတရားဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ မရှိနိုင်ဘူး။ ဒါကြောင့် မိမိ ရရှိထားတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို သူတစ်ပါးတို့အား ပေးလှူပြီးမှသာလျှင် ဘုဉ်းပေးဖို့ရန် သင့်ပါတယ်ဆိုပြီး ဒီလို တင်ပြတယ်။ တင်ပြလိုက်တဲ့ အချိန်ခါကျတော့ တခြားပုဂ္ဂိုလ်က ဘာပြောလဲ?

‘‘အာဝုသော, တွံ န ဇာနာသိ, ဒေယျဓမ္မံ နာမ ဝိနိပါတေတုံ န ဝဋ္ဋတိ, အတ္တနော ယာပနမတ္တမေဝ ဂဏှန္တေန ဘတ္တဂ္ဂဝတ္တံ ပူရေတုံ ဝဋ္ဋတိ’’

အာဝုသော၊ ငါ့ရှင် ...။ တွံ၊ သင်သည်ကား။ န ဇာနာသိ၊ မသိပါ။ ဒေယျဓမ္မံ နာမ၊ လှူဖွယ်ဝတ္ထုမည်သည်ကို။ ဝိနိပါတေတုံ၊ ဖရိုဖရဲ ပြိုကွဲပျက်စီးစေခြင်းငှာ။ န ဝဋ္ဋတိ၊ မသင့်ပါ။

သူတစ်ပါး လှူလိုက်တဲ့ အလှူဒါနကို ဖရိုဖရဲ ကြဲပစ်ဖို့ဆိုတာကတော့ မတော်ဘူး။ ဒီစကားလေး စဉ်းစားကြည့်စမ်းနော်! ငါ့ရှင် ... သင်မသိပါဘူး။ သူတစ်ပါး လှူတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို ဖရိုဖရဲ ကြဲပစ်ဖို့ဆိုတာကတော့ မတော်ဘူးကွယ်။ ကြည့်စမ်း! ဒီနေ့ ဆန်ဆိုတာက ဘယ်လောက် ရှားလဲ? ဟင်းလေး ဟင်းရံ ဘယ်လောက်ရှားတယ်ဆိုတာ ဒီနေ့ တရားနာနေတဲ့ပုဂ္ဂိုလ်တွေ သိလား, မသိဘူးလား? သိတဲ့ပုဂ္ဂိုလ် များတယ်။ ရှားပါးတယ်။ စပါးဘယ်စျေးလဲ, ဆန်ဘယ်စျေးလဲ မသိဘူးလား? သိတဲ့ပုဂ္ဂိုလ် များတယ်။ ရှားမှ ရှား။ အဲဒီလို ချွေးနည်းစာနဲ့ လှူဒါန်းရတဲ့ လှူဖွယ်ဝတ္ထု ဖြစ်တယ်နော်။ အဲဒီ လှူဖွယ်ဝတ္ထုတွေကို ဟိုသွန်ပစ်, ဒီသွန်ပစ် ပစ်တာက မတော်ဘူးကွယ်။ ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်တယ်နော်။

အတ္တနော၊ မိမိ၏။ ယာပနမတ္တမေဝ၊ မျှတရုံမျှသာလျှင်။ ဂဏှန္တေန၊ အလှူခံယူခြင်းဖြင့်။ ဘတ္တဂ္ဂဝတ္တံ၊ ဘတ္တဂ္ဂဝတ်ကို။ ပူရေတုံ၊ ဖြည့်ကျင့်ခြင်းငှာ။ ဝဋ္ဋတိ၊ သင့်တင့်လျောက်ပတ်ပါပေ၏၊

မိမိအတွက် မျှတရုံလေးလောက်သာ အလှူခံပါ။ မိမိအတွက် မျှတရုံ အလှူခံခြင်းဖြင့် ဒီ ဘတ္တဂ္ဂဝတ်ကို ဖြည့်ကျင့်ပါ။ သူက ဒီလို ပြောတယ်။ သူတစ်ပါး လှူလိုက်တဲ့ပစ္စည်းတွေကို ပိုလျှံလာတဲ့အခါ ဟိုသွား သွန်ပစ်လိုက်, ဒီသွားသွန်ပစ်လိုက်။ ဒီလို မလုပ်ပါနဲ့။ မိမိနဲ့ မျှတရုံလောက်ကလေး, တစ်ပါးစာ မျှတရုံလေးလောက်ကလေးကိုသာ အလှူခံပါ။ အလှူခံပြီးတော့မှ ဒီဆွမ်းခံဝတ်ကလေးကို ဖြည့်ကျင့်စမ်းပါ။ သူ့ဘက်ကလည်း တင်ပြတယ်။ သူတင်ပြတာကော ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်ပါတယ်နော်။

သွားလှူလိုက်တယ်။ လှူလိုက်ရင် ထိုပုဂ္ဂိုလ်မှာ လိုအပ်နေခဲ့ရင်တော့ အကျိုးရှိပါတယ်။ မလိုတဲ့ပုဂ္ဂိုလ်ကို သွားလှူလိုက်ပြန်တော့ ထိုပုဂ္ဂိုလ်ကလည်း သွန်ပစ်မှာပဲ။ မသွန်ဘူးလား? သွန်ပစ်မှာပဲ။ ဒီတော့ ရှားပါးနေတဲ့ ခုလိုခေတ်မှာ အပိုတွေ ဟိုသွန်, ဒီသွန် သွန်မယ့်အစား မိမိနဲ့ မျှတရုံလောက်ကလေးသာ အလှူခံပြီးတော့ ကုန်အောင် ဘုဉ်းပေးခြင်းသည် အကျိုး ပိုမရှိဘူးလား? ရှိတယ်။ ဒါ သတိထားနော်။ အလှူခံပုဂ္ဂိုလ်ဆိုတာ ဒီစိတ်ထား ရှိဖို့လိုတယ်။

ဩော် ... သူလှူချင်လို့ လှူတာပဲ ငါ သူလှူသလောက်ပေါ့။ ပိုတော့လည်း ဘာဖြစ်လဲ? သွန်ပစ်လိုက်တာပေါ့။” အော ... ဒီစိတ်ထားက ကောင်းသလား? သိပ်မကောင်းဘူးနော်။ အဲဒီလို နှစ်ပါး စကား အချီအချဖြစ်တယ်။ အချီအချဖြစ်တော့ ဘာဖြစ်လဲ?

‘‘တေသု ဧကောပိ ဧကံ အတ္တနော ဩဝါဒေ ဩတာရေတုံ နာသက္ခိ။’’

တေသု၊ ထိုပုဂ္ဂိုလ် နှစ်ဦးတို့တွင်။ ဧကောပိ၊ တစ်ယောက်သော သူသည်လည်းပဲ။ ဧကံ၊ တစ်ယောက်သော သူကို။ အတ္တနော၊ မိမိ၏။ ဩဝါဒေ၊ အဆုံးအမ ဩဝါဒ၌။ ဩတာရေတုံ၊ သွတ်သွင်းခြင်းငှာ။ နာသက္ခိ၊ မစွမ်းနိုင်ရှိခဲ့လေပြီ။

တစ်ပါးနဲ့တစ်ပါး အချီအချ ငြင်းနေလိုက်တာ တစ်ယောက်ရဲ့ အဆုံးအမနဲ့ တစ်ယောက် တည့်ဖို့ရန်အတွက် သွတ်သွင်းလို့မရ ဖြစ်နေပြီနော်။ အဲဒီလို မရဖြစ်တဲ့ နေရာကနေ ဘာဖြစ်လဲ? မိမိတို့ရဲ့ ဆိုင်ရာ ကျင့်ဝတ်တွေကို ဖြည့်ကျင့်ပြီးတော့ ဆိုင်ရာကျင့်ဝတ်ဆိုတာက တစ်ပါးက သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်တယ်။ တစ်ပါးက သဒ္ဓါ, သီလ, သုတ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ လေးပါးနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်တယ်။ စာဂတရား ပါသလား? မပါဘူး။ ပေးကမ်းစွန့်ကြဲမှု ဘာမှ မပြုဘူး။ အဲဒီလို နှစ်ဦး ကျင်လည်လိုက်တာ လူ့ပြည်, နတ်ပြည် စုန်ဆန် ကျင်လည်ရတာကနေပြီးတော့ ဗုဒ္ဓန္တရအသင်္ချေယျကပ်လို့ ခေါ်ဆိုအပ်တဲ့ ကဿပမြတ်စွာဘုရား သာသနာတော်မှသည် ဂေါတမမြတ်စွာဘုရား သာသနာတော်တွင်းသို့ ရောက်သည့်တိုင်အောင် လူ့ပြည်, နတ်ပြည် စုန်ဆန်ကျင်လည်ကြပြီ။ ကျင်လည်လိုက်တဲ့ အချိန်ခါ နောက်ဆုံး ဘာဖြစ်လဲ?

သာရဏီရဝတ်ကို ဖြည့်ကျင့်တဲ့ ပုဂ္ဂိုလ်က ကောသလမင်းကြီးရဲ့ အဂ္ဂမဟေသီ မိဖုရားကြီးရဲ့ ဝမ်းကြာတိုက်မှာ လာပြီး ပဋိသန္ဓေ တည်နေပြီ။ သာရဏီယဝတ်ကို မဖြည့်ကျင့်ဘဲ ဘတ္တဂ္ဂဝတ်လောက်သာ ဖြည့်ကျင့်နေတဲ့ အခြားရဟန်းတော်တစ်ပါး သူတော်ကောင်းတစ်ဦးက ဘာဖြစ်လဲ? အဲဒီ ကောသလမင်းကြီးရဲ့မိဖုရားကို လုပ်ကျွေးပြုစုနေတဲ့ ကျွန်မရဲ့ ဝမ်းကြာတိုက်မှာ လာပြီး ပဋိသန္ဓေ တည်နေရတယ်။ အဲဒီလို ပဋိသန္ဓေ တည်နေပြီးတော့ ထိုနှစ်ဦးသားတို့က တစ်နေ့ထဲမှာပဲ အတူတူ မွေးဖွားကြပါတယ်။ နာမည်မှည့်တဲ့နေ့ ရေချိုးပြီးတော့ ကျက်သရေရှိတဲ့ တိုက်ခန်းအတွင်းမှာ အိပ်စေတယ်။ အိပ်စေလိုက်တဲ့ အချိန်ခါကျတော့ ဘာဖြစ်လဲ?

ပူဇော်သက္ကာရ အမျိုးမျိုးကို စီမံကြတယ်။ မိဖုရားကြီးရဲ့ သားကိုတော့ အဆင့်အတန်း မြင့်တဲ့နေရာမှာ အဆင့်အတန်း မြင့်တဲ့ အဆင်းတန်ဆာတွေဖြင့် ကျကျနန တန်ဆာဆင်ပြီးတော့ သေချာသိပ်ထားတယ်။ ကျွန်မရဲ့ သားကျတော့ နိမ့်တဲ့ နေရာလေးတစ်ခုမှာ သင့်တော်သလို အခင်းလေးတစ်ခု ခင်းပြီးတော့ ကျက်သရေမရှိတဲ့ နေရာလေးမှာ ခင်းထားတယ်။ အဲဒီလို ခင်းထားလိုက်တဲ့ အချိန်အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်က လှမ်းကြည့်တော့ မြင်နေရတယ်။ တစ်ဘက်ကို လှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင် ကလေးပင်ဖြစ်သော်လည်း ရှင်ဘုရင်ရဲ့ သားရတနာ, မိဖုရားရဲ့ သားရတနာဖြစ်နေတဲ့အတွက် ထီးဖြူတွေက ဆောင်းမိုးထားတယ်။ အိပ်ယာခင်းတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း အင်မတန် ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံနေတဲ့ အိပ်ယာခင်းတွေ ဖြစ်နေတယ်။ ဖြစ်နေလိုက်တဲ့ အချိန်အခါကျတော့ ဒီကလေးက ဘာပြောလဲ?

သူတို့က အတိတ်က ပါရမီရှိခဲ့တဲ့ သူတော်ကောင်းတွေဖြစ်ခြင်းကြောင့် ငါတော့ မင်းမျိုးမှာတော့ လူဖြစ်ရပြီဆိုတာက ဒီကလေးက အလိုလို သိတယ်။ ရှင်ဘုရင့်သားကလည်း သူ့မိတ်ဆွေ ဘယ်ရောက်နေလဲလို့ လှမ်းကြည့်လိုက်တဲ့ အချိန်အခါကျတော့ သူ့ရဲ့ခြေရင်းမှာ သွားတွေ့တယ်။ ငါက ဒီလို မြင့်မြတ်တဲ့နေရာမှာ ရှင်ဘုရင့်သားရတနာ ဘာကြောင့် ဖြစ်ရသလဲလို့ လှမ်းကြည့်လိုက်တော့လည်း အတိတ်က စာဂ (သို့မဟုတ်) ဒါနခေါ်တဲ့ သာရဏိယဝတ်ကို ဖြည့်ကျင့်ခဲ့တယ်။ သီတင်းသုံးဖော်တို့အား မျက်ကွယ်မှာဖြစ်စေ, မျက်မှောက်မှာဖြစ်စေ ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာ ထင်ရှားရှိခဲ့ပြီး မိမိရရှိတဲ့ဆွမ်းဆိုတဲ့ လှူဖွယ်ဝတ္ထုကို လှူဒါန်းပြီးမှသာလျှင် ကြွင်းကျန်တာကို မိမိက စားသုံးခဲ့တယ်။

ဒီသာရဏိယဝတ်ကို သီလစင်ကြယ်စွာဖြင့် သို့မဟုတ် သဒ္ဓါ, သီလ, သုတ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာတွေ ခြံရံပြီး ပြုစုပျိုးထောင်ခဲ့တဲ့အတွက် ဒီမင်းမျိုးမှာ ငါလာပြီး လူဖြစ်ရပြီဆိုတာ သူက သိတယ်။ သိလိုက်တဲ့ အချိန်အခါ ငါ့သူငယ်ချင်း ဘယ်ရောက်နေလဲလို့ လှမ်းကြည့်လိုက်တော့လည်း သူက သူ့ရဲ့ခြေရင်း နိမ့်ကျတဲ့ နေရာတစ်ခုမှာ အလွန် အဆင့်အတန်း နိမ့်နေတဲ့ အခင်းလေးတစ်ခုအပေါ်မှာ အိပ်နေတာ သွားတွေ့တယ်။ သွားတွေ့လိုက်တဲ့ အချိန်အခါကျတော့မှ —

ဒုတိယပိုင်း

‘‘အယံ ဘတ္တဂ္ဂဝတ္တံ ပူရေမီတိ မမ ဝစနံ န ဂဏှိ,’’

အယံ၊ ဤသူသည်ကား။ ဘတ္တဂ္ဂဝတ္တံ၊ ဘတ္တဂ္ဂဝတ်ကို။ ပူရေမီတိ၊ ငါ ဖြည့်ကျင့်အံ့ဟူ၍။ ဣတိ၊ ဤသို့ နှလုံးပိုက်၍။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ န ဂဏှိ၊ မလိုက်နာခဲ့ပေ။

ဩော် ... ဒီကောင် ဒီကောင် ကြည့်စမ်း! ဘတ္တဂ္ဂဝတ်ကို ဖြည့်ကျင့်တယ် ဖြည့်ကျင့်တယ်ဆိုပြီးတော့ ငါ့စကားကို သူ နားမထောင်ခဲ့ဘူး။

‘‘ဣမသ္မိံ ဣဒါနိ တံ ဌာနေ နိဂ္ဂဏှိတုံ ဝဋ္ဋတိ’’

ဣမသ္မိံ ဣဒါနိ၊ ဤယခုအခါ၌ကား။ တံ ဌာနေ၊ ထိုနေရာ၌။ တံ၊ ထိုပုဂ္ဂိုလ်ကို။ နိဂ္ဂဏှိတုံ၊ နှိပ်ကွပ်ခြင်းငှာ။ ဝဋ္ဋတိ၊ သင့်တင့်လျောက်ပတ်ပါပေ၏၊

ကဲ ... ခုချိန်ခါတော့ ငါ ဒီကောင်ကို နှိပ်ကွပ်ဖို့ အချိန်တော့ ဆိုက်လာပြီ။ သူက ဒီလို နှလုံးပိုက်တယ်။ အဲဒီလို နှလုံးပိုက်ပြီးတော့ သူက ဘာပြောလဲ?

‘‘သမ္မ မမ ဝစနံ နာကာသိ’’

သမ္မ၊ မိတ်ဆွေ။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ နာကာသိ၊ မလိုက်နာခဲ့လေပြီ။

မိတ်ဆွေ ... မင်း ငါ့စကား နားမထောင်ခဲ့ဘူးဆိုပြီးတော့ သူက လှမ်းပြောတယ်။ အဲဒီအခါကျတော့ ဟိုကလေးက ဘာပြန်ပြောလဲ? ဘာဖြစ်လို့လဲ?

‘‘ပဿ မယှံ သမ္ပတ္တိံ, သေတစ္ဆတ္တဿ ဟေဋ္ဌာ သိရိသယနေ နိပန္နောသ္မိ,’’

မယှံ၊ ငါ၏။ သမ္ပတ္တိံ၊ စည်းစိမ်ချမ်းသာကို။ ပဿ၊ ကြည့်ရှုစမ်းပါ။ သေတစ္ဆတ္တဿ၊ ထီးဖြူ၏။ ဟေဋ္ဌာ၊ အောက်၌။ သိရိသယနေ၊ ကျက်သရေရှိသော အိပ်ယာထက်၌။ နိပန္နော၊ လျောင်းစက်၍ နေရသည်။ အသ္မိ၊ ဖြစ်ပေ၏၊

ငါ့စည်းစိမ်ကို မင်းကြည့်စမ်း! ထီးဖြူအောက်မှာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံနေတဲ့ အိပ်ယာထက်မှာ ငါ အိပ်ပြီး နေရတယ်။

‘‘တွံ နီစမဉ္စေ ထဒ္ဓအတ္ထရဏမတ္တေ နိပန္နောသိ’’

တွံ၊ သင်သည်ကား။ နီစမဉ္စေ၊ နိမ့်ကျသော ညောင်စောင်းငယ်ထက်၌။ ထဒ္ဓအတ္ထရဏမတ္တေ၊ ခက်ထန်ကြမ်းတမ်းသော အိပ်ယာမျှ၌သာလျှင်။ နိပန္နော၊ လျောင်းစက်၍ နေရသည်။ အသိ၊ ဖြစ်ပေ၏၊

မင်းကြည့်စမ်း! အင်မတန် နိမ့်ကျတဲ့ ကုတင်ညောင်စောင်းလေးတစ်ခု အပေါ်မှာ အလွန် ကြမ်းတမ်းတဲ့ အခင်းလေးထက်မှာသာ မင်းအိပ်နေရပါတယ်ဆိုပြီးတော့ ပြောတယ်။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ မှားလား, မှန်လား? မှန်တော့နေတယ်နော်။ ဒါပေမယ့် တစ်ဘက်ကလည်း မလျော့ဘူး။ ဘာပြောလဲ?

‘‘ကိံ ပန တွံ ဧတံ နိဿာယ မာနံ ကရောသိ,’’

တွံ၊ သင်သည်။ ဧတံ၊ ဤထီးဖြူနှင့် ကျက်သရေမင်္ဂလာရှိနေသော အိပ်ယာကို။ နိဿာယ၊ အမှီပြု၍။ ကိံ၊ အဘယ်အကြောင်းကြောင့်။ မာနံ၊ ထောင်လွှားတက်ကြွခြင်း မာန်မာနတရားကို။ ကရောသိ၊ ပြုလုပ်၍ နေပါသနည်း။

ဟော ... ပြန်ပြောပြီ။ ကျက်သရေ မင်္ဂလာရှိနေတဲ့ ဒီထီးဖြူနဲ့ အိပ်ယာလေးကို အမှီပြုပြီး သင်က ထောင်လွှားတက်ကြွနေတဲ့ မာန်မာနတရားတွေ ဘာလို့ ပြုလုပ်နေရသလဲ?

‘‘နနု ဝေဠုသလာကာဟိ ကတွာ ပိလောတိကာယ ပလိဝေဌိတံ သဗ္ဗမေတံ ပထဝီဓာတုမတ္တမေဝ?’’

ဝေဠုသလာကာဟိ၊ ဝါးခြမ်း, ဝါးချောင်းတို့ဖြင့်။ ကတွာ၊ ပြု၍။ ပိလောတိကာယ၊ ပိတ်ဖြူဖြင့်။ ပလိဝေဌိတံ၊ ရစ်ပတ်၍ထားအပ်သော။ ဧတံ သဗ္ဗံ၊ ဤထိီးဖြူဆိုအပ်သော အလုံးစုံသည်ကား။ ပထဝီဓာတုမတ္တမေဝ၊ ပထဝီဓာတ်မျှသာလျှင် ဖြစ်သည်။ နနု၊ မဟုတ်ပါလား။

ဟော ... သူက ပထဝီဓာတ်ပဲတဲ့။ သူက ဓာတ်ဆရာပဲနော်။ မင်း ဒီဝါးခြမ်းလေးတွေ စိတ်ပြီးတော့ ပိတ်ဖြူနဲ့ ရစ်ပတ်ထားတာကိုပဲ ထီးဖြူလို့ ခေါ်တာပါတဲ့နော်။ အဲဒီ ထီးဖြူအားလုံးဟာ ပထဝီဓာတ်ကလေးပဲ မဟုတ်ဘူးလားဆိုပြီး သူက ပြန်ပြောတယ်။ ဒါပထဝီဓာတ် လွန်ကဲနေလို့ ပထဝီလို့ ပြောတာပါနော်။ အဲဒီလို ပြောလိုက်တဲ့စကားကို သုမနမင်းသမီးက တံခါးပေါက်နေ လှမ်းပြီးတော့ ကြားတယ်။ ကြားလိုက်တဲ့ အချိန်အခါကျ ဟိုကြည့်ဒီကြည့် လှမ်းကြည့်လိုက်တော့လည်း ဘယ်သူမှ မမြင်ဘူး။ ဘယ်သူမှ မမြင်တဲ့ အချိန်ခါကျတော့ ဒီပထဝီဓာတ် ပထဝီဓာတ်နဲ့ ပြောနေတဲ့ စကားလေးတွေဟာ သာသနာတော်ရဲ့ပြင်ပမှာ မရှိနိုင်တဲ့ စကားဖြစ်တယ်။ မချွတ်ဧကန်အားဖြင့် ငါ့ရဲ့မောင်လေးတွေ နှစ်ယောက်ဟာ သမဏဒေဝပုတ္တလို့ခေါ်တဲ့ ရဟန်းဘဝမှ ဖြစ်ပေါ်လာတဲ့ နတ်သားတွေ ဖြစ်လိမ့်မယ်လို့ သူက ဒီလို နှလုံးပိုက်တယ်။

အဲဒီလို နှလုံးပိုက်ပြီးတော့ အကယ်၍ ဒီစကားတွေကို နန်းတွင်းမှာ ငါပြောခဲ့မယ်ဆိုရင်, မိဘနှစ်ပါးကိုလည်း ငါပြောခဲ့မယ်ဆိုလို့ရှိရင် ဟာ ... ဒီကလေးတွေဟာ စကားပြောတယ်ဆိုတာ မဖြစ်နိုင်ဘူး။ စကားပြောရိုးမှန်လျှင် ဒီကလေးတွေဟာ လူသားမဟုတ်ဘူး။ ဘီလူးတွေ ဖြစ်လိမ့်မယ်ဆိုပြီးတော့ နန်းတွင်းကနေ ထုတ်ပယ်ပစ်လိမ့်မယ်။ ဒါကြောင့် ဒီအကြောင်းကို ငါ တခြား တစ်စုံတစ်ယောက်ကို ဘယ်သူ့မှ မပြောဘဲ ငါရဲ့ ဖခမည်းတော်ဖြစ်တဲ့ ရွှေပန်းတိမ်သည်ကြီးဖြစ်တော်မူတဲ့ ကိုယ်တော်အားဆယ်ပါး, ဉာဏ်တော်အားဆယ်ပါးနဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားကို ငါ မေးမြန်းလျှောက်ထားမယ်ဆိုပြီး နံနက်စာ စားပြီးတဲ့နောက် ရှင်ဘုရင်ထံ ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရားကို ဆည်းကပ်လိုတဲ့အကြောင်း တင်ပြလျှောက်ထားတယ်။ ရှင်ဘုရင်ကြီးကလည်း ရထားငါးရာ, ခုန အမျိုးသမီးအခြံအရံ ငါးရာနှင့်တကွ အစီအစဉ်တွေ ပြုလုပ်ပြီးတော့ ခွင့်ပြုလိုက်ပါတယ်။ အဲဒီလို ခွင့်ပြုပြီးလိုက်တဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားထံ သူက ချဉ်းကပ်တယ်။ ချဉ်းကပ်ပြီးတော့မှ သူသိချင်တဲ့ မေးခွန်းလေးကို သူက မေးတယ်။ ဘယ်လိုလဲ?

‘‘ဣဓဿု, ဘန္တေ, ဘဂဝတော ဒွေ သာဝကာ သမသဒ္ဓါ သမသီလာ သမပညာ – ဧကော ဒါယကော, ဧကော အဒါယကော။ တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျုံ။ ဒေဝဘူတာနံ ပန နေသံ, ဘန္တေ, သိယာ ဝိသေသော, သိယာ နာနာကရဏံ’’?

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူသော မြတ်စွာဘုရား ...။ ဣဓ၊ ဤသာသနာတော်တွင်း၌။ သမသဒ္ဓါ၊ ညီမျှသော သဒ္ဓါတရား ထင်ရှားရှိကြကုန်သော။ သမသီလာ၊ ညီမျှသော ကိုယ်ကျင့်သီလ ထင်ရှားရှိကြကုန်သော။ သမပညာ၊ ညီမျှသော ပညာ ထင်ရှားရှိကြကုန်သော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဒွေ သာဝကာ၊ တပည့်သာဝကနှစ်ဦးတို့သည်။ သန္တိ၊ ရှိကြလေကုန်ရာ၏၊

သဒ္ဓါ, သီလ, စာဂ, ပညာဆိုတဲ့ သို့မဟုတ် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ အကြောင်းတရား ငါးခုထဲမှာ တပည့်သာဝက နှစ်ဦးသည် သဒ္ဓါတရားခြင်းလည်း တူညီတယ်, သီလခြင်းလည်း တူညီတယ်, ပညာခြင်းလည်း တူညီကြပါတယ်။ ဒါပေမယ့်လို့ —

ဧကော၊ တစ်ယောက်သောသူသည်ကား။ ဒါယကော၊ ပေးလှူတတ်၏။ ဧကော၊ တစ်ယောက်သော သူသည်ကား။ အဒါယကော၊ မပေးလှူတတ်ပါ။

တစ်ယောက်သော ပုဂ္ဂိုလ်ကတော့ အလှူဒါနပြုတယ်။ တစ်ယောက်သော ပုဂ္ဂိုလ်ကတော့ အလှူဒါန မပြုဘူး။

တေ၊ ထို နှစ်ဦးသားတို့သည်ကား။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ သုဂတိံ သဂ္ဂံ လောကံ၊ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော နတ်ပြည် နတ်လောကသို့။ ဥပပဇ္ဇေယျုံ၊ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေကြလေကုန်ရာ၏၊

အဲဒီလို သဒ္ဓါ, သီလ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာတွေ ညီမျှနေတဲ့ ပုဂ္ဂိုလ် နှစ်ဦး။ တစ်ဦးက အလှူဒါနပြုပြီး, တစ်ဦးက အလှူဒါနမပြုဘူး။ ထိုပုဂ္ဂိုလ် နှစ်ဦးတို့ သေပြီးတဲ့နောက် နတ်ပြည် နတ်လောက ရောက်သွားပြီဆိုကြစို့။

‘‘ဒေဝဘူတာနံ ပန နေသံ, ဘန္တေ, သိယာ ဝိသေသော, သိယာ နာနာကရဏံ’’?

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ ဒေဝဘူတာနံ၊ နတ်သားဖြစ်၍ ဖြစ်ကြကုန်သော။ နေသံ၊ ထိုပုဂ္ဂိုလ် နှစ်ဦးတို့အဖို့။ ပန၊ ထူးခြားချက်ကို ဆိုရသော်။ ဝိသေသော၊ ထူးခြားချက်သည်။ သိယာ၊ ရှိနိုင်ပါသလော။ နာနာကရဏံ၊ ထူးခြားမှုကို ပြုလုပ်ပေးတတ်သော အကြောင်းတရားသည်။ သိယာ၊ ရှိနိုင်ပါသလော မြတ်စွာဘုရား။

နတ်သားဖြစ်သွားတဲ့ ထိုပုဂ္ဂိုလ်နှစ်ဦးတို့မှာ ထူးခြားချက် ရှိနိုင်ပါသလားဆိုပြီးတော့ ဒီမေးခွန်း မေးတယ်။ အဲဒီခါမှာ မြတ်စွာဘုရားက —

သိယာ သုမနေ၊ ချစ်သမီး ရှိနိုင်ပါတယ်ဆိုပြီးတော့ ပြန်ဖြေတယ်။ အကျယ် ဘယ်လို မြတ်စွာဘုရား ဆက်ပြီးတော့ ဖြေသလဲ?

‘‘ယော သော, သုမနေ, ဒါယကော သော အမုံ အဒါယကံ ဒေဝဘူတော သမာနော ပဉ္စဟိ ဌာနေဟိ အဓိဂဏှာတိ’’

သုမနေ၊ ချစ်သမီး သုမန ...။ ယော သော၊ အကြင်သူသည်ကား။ ဒါယကော၊ ပေးလှူတတ်၏။ သော၊ ထိုပေးလှူတတ်သော ပုဂ္ဂိုလ်သည်။ အမုံ အဒါယကံ၊ ထိုမပေးလှူတတ်သော ပုဂ္ဂိုလ်ကို။ ဒေဝဘူတော သမာနော၊ နတ်သားဖြစ်ခြင်းတူပါလျက်။ ပဉ္စဟိ ဌာနေဟိ၊ ငါးမျိုးသော အကြောင်းအရာတို့ဖြင့်။ အဓိဂဏှာတိ၊ လွှမ်းမိုး သာလွန်နိုင်ပေ၏၊

နတ်သားဖြစ်တာခြင်းတော့ တူတယ်။ ချစ်သမီး ... ပေးလှူတတ်တဲ့ပုဂ္ဂိုလ်က မပေးလှူတတ်တဲ့ ဒီပုဂ္ဂိုလ်ကို နတ်သားဖြစ်တာခြင်း တူသော်လည်း ငါးမျိုးသော အကြောင်းအရာတို့မှာ လွှမ်းမိုး သာလွန်နိုင်တယ်။ ဘယ်လိုလဲ?

‘‘ဒိဗ္ဗေန အာယုနာ, ဒိဗ္ဗေန ဝဏ္ဏေန, ဒိဗ္ဗေန သုခေန, ဒိဗ္ဗေန ယသေန, ဒိဗ္ဗေန အာဓိပတေယျေန။’’
ဒိဗ္ဗေန အာယုနာ၊ နတ်၌ဖြစ်သော အသက်ရှည်ခြင်းဖြင့်လည်းကောင်း။ ဒိဗ္ဗေန ဝဏ္ဏေန၊ နတ်၌ဖြစ်သော ရုပ်အဆင်း တင့်တယ်လှပခြင်းဖြင့်လည်းကောင်း။ ဒိဗ္ဗေန သုခေန၊ နတ်၌ဖြစ်သော ချမ်းသာခြင်းဖြင့်လည်းကောင်း။ ဒိဗ္ဗေန ယသေန၊ နတ်၌ဖြစ်သော အခြွေအရံ များပြားခြင်း အကျော်အစော များပြားခြင်းဖြင့်လည်းကောင်း။ ဒိဗ္ဗေန အာဓိပတေယျေန၊ နတ်၌ဖြစ်သော အစိုးရခြင်းဖြင့်လည်းကောင်း။ ဣမေဟိ ပဉ္စဟိ ဌာနေဟိ၊ ဤငါးမျိုးသော အကြောင်းအရာတို့ဖြင့်။ အတိဂဏှာတိ၊ လွှမ်းမိုးသာလွန်နိုင်ပေ၏၊

သဒ္ဓါ, သီလ, သုတ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ လေးပါး တူညီတယ်ပဲထားတော့ သို့မဟုတ် သဒ္ဓါ, သီလ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ သုံးပါး တူညီနေတယ်ပဲထား။ ပေးလှူတတ်တဲ့ ပုဂ္ဂိုလ်က မပေးလှူတတ်တဲ့ ပုဂ္ဂိုလ်ကို ငါးမျိုး အရာဌာနတို့၌ သာလွန်တယ်။ အသက် ပိုရှည်တယ်, ရုပ် ပိုလှတယ်, ချမ်းသာ ပိုကြီးတယ်, စည်းစိမ်ဥစ္စာ အခြံအရံ ပိုများတယ်, အစိုးရခြင်း ပိုများတယ်။ နည်းနည်း စဉ်းစားကြည့်ပါ။ သံသရာခရီး ကျင်လည်တဲ့ပုဂ္ဂိုလ်တွေက အဲဒါ မလိုအပ်ဘူးလား? လိုအပ်ချက်ကလေးတွေပဲနော်။ အသက်ရှည်တာနဲ့ အသက်တိုတာ ဘယ်ဒင်းကောင်းလဲ? (အသက်ရှည်တာ ကောင်းပါတယ်ဘုရား။) ဘာဖြစ်လို့ ကောင်းလဲ?

ကောင်းမှုကုသိုလ်တွေ ဆက်ပြီး ကြိုးစားမယ်ဆိုလို့ရှိရင် အချိန်ပိုပြီး များများ မရနိုင်ဘူးလား? ရနိုင်တယ်။ ရုပ်လှတာနဲ့ မလှတာ ဘယ်ဒင်းကောင်းသလဲ? အဲဒါတော့ ကိုယ့်ဟာကိုယ် စဉ်းစားကြနော်။ ချမ်းသာတာနဲ့ ဆင်းရဲတာ။ ချမ်းသာတာက ပိုကောင်းတယ်။ အခြံအရံ များတာနဲ့ အခြံအရံ နည်းတာ။ အခြံအရံ များတာကတော့ ကောင်းတယ်။ နောက်တစ်ခုက အစိုးရခြင်း။ ခုလို အတူတူနေတဲ့ အချိန်အခါမှာ အုပ်ချုပ်ခံရတဲ့ လူတန်းစားလည်း ရှိတယ်၊ အုပ်ချုပ်တဲ့ပုဂ္ဂိုလ်လည်း ရှိတယ်။ နည်းနည်း စဉ်းစားကြည့်စမ်း!

ရိပ်သာတစ်ခုပဲ ထားပါတော့၊ အုပ်ချုပ်ခံရတဲ့ဘက်က နေရတာနဲ့ အုပ်ချုပ်တဲ့ဘက်က နေရတာ ဘယ်ဒင်းက ကောင်းသလဲ? နှစ်ခုလုံးတော့ မကောင်းဘူး။ မကောင်းပေမယ့်လို့ ဘာဖြစ်လဲ? ဒင်းတော့ကွာ တို့ကို အနိုင်ကျင့်တယ်ဆိုတဲ့စိတ်ထား, မခံချင်တဲ့စိတ်ထားက အုပ်ချုပ်ခံ လူတန်းစားမှာ မရှိတတ်ဘူးလား? ရှိတတ်တယ်။ အုပ်ချုပ်တဲ့ လူတန်းစားမှာတော့ အဲဒီ စိတ်ထားမျိုး ရှိမလား? မရှိဘူးနော်။ ဒါကြောင့် သူက အာဏာရှိတာနဲ့ အာဏာမရှိတာ ဘယ်ဒင်းက ကောင်းလဲ? အာဏာရှိတာကတော့ နည်းနည်း ကောင်းတဲ့သဘော ရှိတယ်။ နည်းနည်း ကောင်းတယ်လို့ ပြောတာပါ။ အသုံးချတတ်ရင် ကောင်းတယ်လို့ ပြောတာပါ။ အသုံးမချတတ်ရင် သူက ပုံကျပါ့မလား? မကျဘူးနော်။ ဒါကြောင့် —

‘‘ယော သော, သုမနေ, ဒါယကော သော အမုံ အဒါယကံ ဒေဝဘူတော သမာနော ဣမေဟိ ပဉ္စဟိ ဌာနေဟိ အဓိဂဏှာတိ’’။
သုမနေ၊ ချစ်သမီး သုမန ...။ ယော သော ဒါယကော၊ အကြင် အလှူပေးတတ်တဲ့ပုဂ္ဂိုလ်သည်။ အတ္ထိ = ရှိ၏။ သော၊ ထိုအလှူပေးတတ်တဲ့ ပုဂ္ဂိုလ်သည်။ အမုံ အဒါယကံ၊ ထိုအလှူမပေးတတ်တဲ့ပုဂ္ဂိုလ်ကို။ ဒေဝဘူတော သမာနော၊ နတ်ဖြစ်ခြင်းတူပါလျက်။ ဣမေဟိ ပဉ္စဟိ ဌာနေဟိ၊ ဤငါးမျိုးသော အကြောင်းအရာတို့ဖြင့်။ အဓိဂဏှာတိ၊ လွှမ်းမိုး သာလွန်နိုင်ပေ၏၊

ဘာကြောင့်လဲ စဉ်းစားကြည့်စမ်း! တစ်ဘက်မှာ ကိုယ်ကျင့်သီလ ရှိတာမှန်တယ်, သဒ္ဓါတရား ရှိတာမှန်တယ်, ပညာတရား သို့မဟုတ် သုတ, ပညာတရားတွေ ရှိတာမှန်တယ်။ တစ်ဘက်က စာဂတရားရှိတယ်၊ တစ်ဘက်က စာဂတရား မရှိဘူး။ စဉ်းစားကြည့်စမ်းပေါ့။ ဒီနေ့ တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေ အစာလုံးလုံး မစားရတော့ဘူးဆိုလို့ရှိရင် ရုပ်အဆင်းတွေ လှလား, မလှဘူးလား? မလှဘူး။ အစာလေး စားလိုက်ရမယ်ဆိုရင် ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်သွားတဲ့အတွက် ရုပ်အဆင်းက မစားရတာထက် စာရင်တော့ ပိုပြီး မလှဘူးလား? လှတယ်။ အစာစားရတဲ့အတွက်ကြောင့် အသက်ပိုပြီး ရှည်မလား, တိုမလား? ရှည်သွားနိုင်တယ်။ သူတစ်ပါးတွေကို အသက်ရှည်စေတတ်တဲ့အတွက် ဒီကံက မိမိကိုလည်း အသက် ရှည်စေတတ်တယ်။ သူတစ်ပါးတွေကို အဆင်းလှစေတတ်တဲ့အတွက် ဒီကံကလည်း မိမိကို အဆင်းလှအောင် ဖန်တီးပေးတယ်။

နောက်တစ်ခုက အလှူဒါနပြုနေတဲ့ပုဂ္ဂိုလ်ရဲ့ နာမည်နှင့် အလှူမလှူတဲ့ ပုဂ္ဂိုလ်ရဲ့နာမည် ကျော်စောပုံခြင်း တူမလား? မတူဘူး။ အခြံအရံ များပုံခြင်းကော တူမလား? မတူနိုင်ဘူး။ နောက်တစ်ခုက အစိုးရခြင်း။ အဲဒါကတော့ မိမိတို့ရဲ့ စိတ်ထားအပေါ်မှာ မူတည်ပါတယ်။ စိတ်ထားအပေါ်မှာ မူတည်ပါတယ်။ စိတ်ထားအပေါ်မှာ မူတည်တယ်ဆိုတာက သူတစ်ပါးတွေအပေါ်မှာ မိမိက ချုပ်ကိုင်လိုတဲ့ စိတ်ထားဖြင့် ကောင်းမှုကုသိုလ် ပြုတာတော့ မဟုတ်ဘူး။ ဒါပေမယ့်လို့ သူတစ်ပါးတွေကို မိမိကနေပြီးတော့ ကောင်းမှုကုသိုလ်တစ်ခု ပြုလိုက်တဲ့ အချိန်အခါမှာ အလှူခံပုဂ္ဂိုလ်တွေဘက်ကနေပြီးတော့ ဒီကောင်းမှုရှင်အပေါ်၌ ဘယ်လိုစိတ်ထားကြသလဲ? ကျန်းမာကြပါစေ, ချမ်းသာကြပါစေ, အသက်ရှည်ပါစေ, ဘုန်းကံ ကြီးမားကြပါစေဆိုတဲ့ ဒီစိတ်ထားလေးတွေ မရှိဘူးလား? ရှိကြတယ်။

မိမိကို ဆွေမတော် မျိုးမတော်ဘဲနဲ့ ဒီလို ကောင်းမှုကုသိုလ်တစ်ခု လာပြုလိုက်တဲ့အခါ မိမိကလည်း မိမိလိုလားတောင့်တနေတဲ့ တရားဘာဝနာကို ပွားများနေတဲ့ အချိန်အခါမှာ မိမိရဲ့ လိုအပ်ချက်ကလေးတွေကို လာပြီး ဖြည့်စွက်ပေးတဲ့အတွက် ဖြည့်စွက်နေတဲ့ ဒီပုဂ္ဂိုလ်ကို ချမ်းသာ ကျန်းမာစေလိုတဲ့စိတ်ထား, ဘုန်းကံ ကြီးမားစေလိုတဲ့စိတ်ထား အလှူခံပုဂ္ဂိုလ်တွေဘက်မှာ မရှိဘူးလား? ရှိနေတယ်။ ဒီစိတ်နေစိတ်ထားလေးတွေက အလှူပေးတဲ့ပုဂ္ဂိုလ် ဘုန်းကံကြီးမားဖို့ရန်အတွက် အကြောင်းအထောက်အပံ့ ဖြစ်လာတယ်။ ဒါကြောင့် အလှူပေးတဲ့ပုဂ္ဂိုလ်နဲ့ အလှူမပေးတဲ့ပုဂ္ဂိုလ်ဟာ သဒ္ဓါ, သီလ, သုတ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာခြင်း တူညီနေသော်လည်း အကျိုးပေးပုံခြင်း တူညီပါ့မလား? မတူညီနိုင်ဘူး။ နောက်တစ်ခုက သုမနမင်းသမီးကလည်း ဆက်ပြီးတော့ လျှောက်ထားပါတယ်။

‘‘သစေ ပန တေ, ဘန္တေ, တတော စုတာ ဣတ္ထတ္တံ အာဂစ္ဆန္တိ, မနုဿဘူတာနံ ပန နေသံ, ဘန္တေ, သိယာ ဝိသေသော, သိယာ နာနာကရဏံ’’?
မြတ်စွာဘုရား ... အကယ်၍ နတ်ပြည်ကနေ စုတိပြီး ဤလူ့ပြည် လူ့လောက ရောက်လာပြီဆိုကြစို့။ လူသားဖြစ်နေတဲ့ ထိုပုဂ္ဂိုလ် နှစ်ဦးတို့ဟာ ထူးခြားမှု ရှိနိုင်ပါ့မလား? ထူးခြားမှုကို ပြုလုပ်ပေးတဲ့ အကြောင်းတရားတွေကော ရှိနိုင်ပါသေးသလား? သူက လျှောက်ထားတယ်။ အဲဒီခါမှာလည်း ‘‘ချစ်သမီးသုမန ရှိနိုင်တယ်’’ လို့ မြတ်စွာဘုရားက ပြန်ပြီး အဖြေပေးတယ်။ ဘယ်လိုရှိလဲ?

‘‘ယော သော, သုမနေ, ဒါယကော သော အမုံ အဒါယကံ မနုဿဘူတော သမာနော ပဉ္စဟိ ဌာနေဟိ အဓိဂဏှာတိ –’’
သုမနေ၊ ချစ်သမီးသုမန ...။ ယော သော ဒါယကော၊ အကြင် အလှူပေးတတ်တဲ့ ပုဂ္ဂိုလ်သည်။ အတ္ထိ = ရှိ၏။ သော၊ ထိုအလှူပေးတတ်တဲ့ ပုဂ္ဂိုလ်သည်။ အမုံ အဒါယကံ၊ ထိုအလှူမပေးတတ်တဲ့ပုဂ္ဂိုလ်ကို။ မနုဿဘူတော သမာနော၊ လူသားဖြစ်ခြင်း တူညီပါလျက်။ ပဉ္စဟိ ဌာနေဟိ၊ ငါးမျိုးသော အရာဌာနတို့ဖြင့်။ အဓိဂဏှာတိ၊ လွှမ်းမိုး သာလွန်နိုင်ပေ၏၊

အရာဌာန ငါးမျိုးတို့မှာ လွှမ်းမိုး သာလွန်နိုင်တယ်။ အလှူပေးတဲ့ပုဂ္ဂိုလ်က အလှူမပေးတဲ့ပုဂ္ဂိုလ်ထက် အရာဌာန ငါးမျိုးမှာ သာလွန်တယ်။ လူသားဖြစ်တာခြင်းတော့ တူတယ်။ ဘယ်လိုလဲ?

‘‘မာနုသကေန အာယုနာ, မာနုသကေန ဝဏ္ဏေန, မာနုသကေန သုခေန, မာနုသကေန ယသေန, မာနုသကေန အာဓိပတေယျေန။ ဣမေဟိ ပဉ္စဟိ ဌာနေဟိ အတိဂဏှာတိ’’
မာနုသကေန အာယုနာ၊ လူ၌ဖြစ်သော အသက်ရှည်ခြင်းဖြင့်လည်းကောင်း။ မာနုသကေန ဝဏ္ဏေန၊ လူ၌ဖြစ်သော ရုပ်အဆင်းဖြင့်လည်းကောင်း။ မာနုသကေန သုခေန၊ လူ၌ဖြစ်သော ချမ်းသာသုခဖြင့်လည်းကောင်း။ မာနုသကေန ယသေန၊ လူ၌ဖြစ်သော အခြံအရံ အကျော်အစောဖြင့်လည်းကောင်း။ မာနုသကေန အာဓိပတေယျေန၊ လူ၌ဖြစ်သော အစိုးရခြင်းဖြင့်လည်းကောင်း။ ဣမေဟိ ပဉ္စဟိ ဌာနေဟိ၊ ငါးမျိုးသော အရာဌာနတို့ဖြင့်။ အတိဂဏှာတိ၊ လွှမ်းမိုး သာလွန်နိုင်ပေ၏၊

ဒီငါးမျိုးမှာတော့ သာလွန်တယ်။ လူဖြစ်တာခြင်းတော့ တူတယ်။ ဒါပေမယ့်လို့ အလှူလှူတဲ့ပုဂ္ဂိုလ်က အလှူ မလှူတဲ့ပုဂ္ဂိုလ်အပေါ်မှာ ငါးမျိုးသော အရာဌာနတို့မှာ သာလွန်တယ်။ အလှူ လှူတဲ့ပုဂ္ဂိုလ်သည် ပိုပြီးတော့ အသက်ရှည်တယ်, ပိုပြီးတော့ ရုပ်အဆင်းလှတယ်, ပိုပြီးတော့ ချမ်းသာတယ်, ပိုပြီးတော့ အခြံအရံ များတယ်, ပိုပြီးတော့ အစိုးရခြင်း များတယ်လို့ ဒီလို ဘုရား ဟောတယ်။ ဒီတော့ သူတော်ကောင်းဥစ္စာ ငါးပါးထဲမှာ စာဂခေါ်တဲ့ သို့မဟုတ် ဒါနခေါ်တဲ့ သူတော်ကောင်းတစ်ခု ပိုလာခြင်းသည် လူသားတစ်ဦးအတွက်ကော အကျိုးကျေးဇူး မများဘူးလား? များပြန်တယ်။

နောက်တစ်ခုက သုမနမင်းသမီးက မကျေနပ်သေးဘူး။ ဆက်ပြီး မေးတယ်။ မြတ်စွာဘုရား ... အကယ်၍ ဒီရဟန်းတော် နှစ်ပါးဟာ အိမ်ရာတည်ထောင် လူ့ဘောင်ကို ရှောင်ခွာပြီးတော့ အိမ်ရာမထောင်တဲ့ ရဟန်းဘောင်ကို ဝင်ရောက်ပြီး ရှင်ရဟန်းပြုကြတယ်။ ရှင်ရဟန်း ပြုနေတဲ့ ဒီပုဂ္ဂိုလ်တွေမှာကော တစ်ဦးနဲ့တစ်ဦး ထူးခြားမှု ရှိနိုင်ပါသေးသလား မြတ်စွာဘုရားဆိုပြီးတော့ ဆက်မေးတယ်။ အဲဒီချိန်ခါမှာလည်း မြတ်စွာဘုရားက ‘‘ရှိနိုင်တယ် ချစ်သမီး’’ ဆိုပြီးတော့ ပြန်ပြီးတော့ အဖြေပေးတယ်။ ဘယ်လိုရှိလဲ?

‘‘ယော သော, သုမနေ, ဒါယကော သော အမုံ အဒါယကံ ပဗ္ဗဇိတော သမာနော ပဉ္စဟိ ဌာနေဟိ အဓိဂဏှာတိ –’’
သုမနေ၊ ချစ်သမီးသုမန ...။ ယော သော ဒါယကော၊ အကြင် ပေးလှူတတ်သောပုဂ္ဂိုလ်သည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုပေးလှူတတ်တဲ့ ပုဂ္ဂိုလ်သည်။ အမုံ အဒါယကံ၊ မပေးလှူတတ်တဲ့ပုဂ္ဂိုလ်ကို။ ပဗ္ဗဇိတော သမာနော၊ ရဟန်းဖြစ်ခြင်း တူညီပါလျက်။ ပဉ္စဟိ ဌာနေဟိ၊ ငါးမျိုးသော အရာဌာနတို့ဖြင့်။ အဓိဂဏှာတိ၊ လွှမ်းမိုး သာလွန်နိုင်ပါပေ၏၊

ရဟန်းဖြစ်တောင်မှ ရဟန်းဖြစ်တာခြင်း တူညီလျက် တစ်ပါးနဲ့တစ်ပါး မတူဘူး။ အလှူပေးတဲ့ပုဂ္ဂိုလ်က အလှူမပေးတဲ့ပုဂ္ဂိုလ်ထက် ငါးမျိုးသော အရာဌာနတို့မှာ သာလွန်နိုင်တယ်။ ဘယ်လိုလဲ?

‘‘ယာစိတောဝ ဗဟုလံ စီဝရံ ပရိဘုဉ္ဇတိ အပ္ပံ အယာစိတော,’’
ယာစိတော ဝ၊ လျှောက်ထား တောင်းပန်အပ်သည်ဖြစ်၍သာလျှင်။ ဗဟုလံ စီဝရံ၊ များစွာသော သင်္ကန်းကို။ ပရိဘုဉ္ဇတိ၊ သုံးဆောင်ရ၏။ အယာစိတော၊ မတောင်းပန် မလျှောက်ထားဘဲ။ အပ္ပံ၊ အနည်းငယ်သော သင်္ကန်းကို။ ပရိဘုဉ္ဇတိ၊ သုံးဆောင်ရ၏၊

အရှင်ဘုရား ... ဒီသင်္ကန်းလေး အသုံးပြုပေးပါ။ တပည့်တော်ကို သနားသောအားဖြင့် အရှင်ဘုရား ဒီသင်္ကန်းလေး အသုံးပြုပေးတော်မူပါဆိုပြီး ဒီလို လျှောက်ထားတောင်းပန်လို့ သုံးဆောင်ရတဲ့သင်္ကန်းက များတယ်။ လျှောက်ထား တောင်းပန်မှုမရှိဘဲနဲ့ သုံးစွဲရတဲ့ သင်္ကန်းဆိုတာက နည်းနည်းလေးရယ်။ တစ်ချက်နော်။

‘‘ယာစိတောဝ ဗဟုလံ ပိဏ္ဍပါတံ ပရိဘုဉ္ဇတိ အပ္ပံ အယာစိတော,’’
ယာစိတော ဝ၊ လျှောက်ထား တောင်းပန်အပ်သည်ဖြစ်၍သာလျှင်။ ဗဟုလံ ပိဏ္ဍပါတံ၊ များစွာသော ဆွမ်းကို။ ပရိဘုဉ္ဇတိ၊ သုံးဆောင်ရ၏။ အယာစိတော၊ မတောင်းပန် မလျှောက်ထားဘဲ။ အပ္ပံ၊ အနည်းငယ်သော ဆွမ်းကိုသာလျှင်။ ပရိဘုဉ္ဇတိ၊ ဘုန်းပေးသုံးဆောင်ရ၏၊

အရှင်ဘုရား ... ဒီဆွမ်းလေး ဘုဉ်းပေးတော်မူပါ။ ဒီဟင်းလေး ဘုဉ်းပေးတော်မူပါစသည်ဖြင့် ဒီလို လာပြီး လျှောက်ထားတောင်းပန်လို့ သုံးဆောင်ရတဲ့ ဆွမ်းကသာ များတယ်။ လျှောက်ထား တောင်းပန်မှု မရှိဘဲနဲ့ သုံးဆောင်ရတဲ့ ဆွမ်းဆိုတာက နည်းနည်းလေးပဲ ရှိတယ်။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ ကောင်းလား မကောင်းဘူးလား? သိပ်ကောင်းတယ်လို့တော့ မထင်နဲ့နော်။ လျှောက်ထားတောင်းပန်တိုင်း စားလိုက်ရင်တော့ ဗိုက်ကားသွားလိမ့်မယ် ထင်တယ်။ ဟုတ်တယ်မဟုတ်လား? ကဲ နောက်တစ်ခု —

‘‘ယာစိတောဝ ဗဟုလံ သေနာသနံ ပရိဘုဉ္ဇတိ အပ္ပံ အယာစိတော,’’
ယာစိတော ဝ၊ လျှောက်ထား တောင်းပန်အပ်သည်ဖြစ်၍သာလျှင်။ ဗဟုလံ သေနာသနံ၊ များစွာသော ကျောင်းအိပ်ရာနေရာကို။ ပရိဘုဉ္ဇတိ၊ သုံးဆောင်ရ၏။ အယာစိတော၊ လျှောက်ထား တောင်းပန်မှု မရှိဘဲ။ အပ္ပံ၊ အနည်းငယ်သော ကျောင်းအိပ်ရာနေရာကို။ ပရိဘုဉ္ဇတိ၊ သုံးဆောင်ရပေ၏၊

အရှင်ဘုရား ... တပည့်တော်တို့ကို သနားသောအားဖြင့် ဒီကျောင်းကို အလှူခံတော်မူပါ, ဒီအိပ်ရာလေးကို အလှူခံတော်မူပါ, ဒီကုတင်ညောင်စောင်းကို အလှူခံတော်မူပါဆိုပြီး လျှောက်ထားတောင်းပန်လို့ သုံးဆောင်ရတဲ့ ကျောင်းအိပ်ရာနေရာ ပစ္စည်းကသာ များတယ်။ လျှောက်ထား တောင်းပန်မှုမရှိဘဲ အသုံးပြုရတဲ့ ကျောင်းအိပ်ရာနေရာဆိုတာက နည်းနည်းလေးပဲ ရှိတယ်။ နောက်တစ်ခု —

‘‘ယာစိတောဝ ဗဟုလံ ဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရံ ပရိဘုဉ္ဇတိ အပ္ပံ အယာစိတော။’’
ယာစိတော ဝ၊ လျှောက်ထား တောင်းပန်အပ်သည်ဖြစ်၍သာလျှင်။ ဗဟုလံ၊ များပြားစွာသော။ ဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရံ၊ သူနာ၏ အကြောင်းအထောက်အပံ့ဖြစ်သော ဆေးပစ္စည်း အသုံးအဆောင် ပရိက္ခရာကို။ ပရိဘုဉ္ဇတိ၊ သုံးဆောင်ရ၏။ အယာစိတော၊ လျှောက်ထား တောင်းပန်မှု မရှိဘဲ။ အပ္ပံ၊ အနည်းငယ်သော သူနာ၏ အကြောင်းအထောက်အပံ့ဖြစ်သော ဆေးပစ္စည်း အသုံးအဆောင် ပရိက္ခရာကို။ ပရိဘုဉ္ဇတိ၊ သုံးဆောင်ရပေ၏၊

အရှင်ဘုရား ဒီဆေးလေး အသုံးပြုတော်မူပါ။ ဒီရောဂါကို ပျောက်ကင်းစေနိုင်ပါတယ် စသည်ဖြင့် ရိုရိုသေသေ လျှောက်ထားတောင်းပန်လို့ သုံးဆောင်ရတဲ့ ဆေးပစ္စည်းကသာ များတယ်။ လျှောက်ထား တောင်းပန်မှု မရှိဘဲ သုံးဆောင်ရတဲ့ ဆေးပစ္စည်းက နည်းနည်းလေးပဲ ရှိတယ်။ နောက်တစ်ခု —

‘‘ယေဟိ ခေါ ပန သဗြဟ္မစာရီဟိ သဒ္ဓိံ ဝိဟရတိ တျဿ မနာပေနေဝ ဗဟုလံ ကာယကမ္မေန သမုဒါစရန္တိ အပ္ပံ အမနာပေန, မနာပေနေဝ ဗဟုလံ ဝစီကမ္မေန သမုဒါစရန္တိ အပ္ပံ အမနာပေန, မနာပေနေဝ ဗဟုလံ မနောကမ္မေန သမုဒါစရန္တိ အပ္ပံ အမနာပေန,’’

ဒါက နံပါတ် ငါးပဲ။ နံပါတ် တစ်က သင်္ကန်း၊ နံပါတ် နှစ်က ဆွမ်း၊ နံပါတ် သုံးက ကျောင်း၊ နံပါတ် လေးက ဆေး။ ခု နံပါတ် ငါးပဲနော်။ ဘာတဲ့လဲ?

ယေဟိ ခေါ ပန သဗြဟ္မစာရီဟိ၊ အကြင် သီတင်းသုံးဖော်တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ ဝိဟရတိ၊ သီတင်းသုံး နေထိုင်ရပေ၏။ တျဿ၊ ထိုအလှူရှင်ဖြစ်တဲ့ ရဟန်းတော်အား။ မနာပေနေဝ၊ နှစ်သက်မြတ်နိုးဖွယ်ရာပင်ဖြစ်သော။ ကာယကမ္မေန၊ ကာယကံဖြင့်။ ဗဟုလံ၊ များစွာ။ သမုဒါစရန္တိ၊ အသုံးပြုကြလေကုန်၏။ အမနာပေန၊ မနှစ်သက် မမြတ်နိုးဖွယ်ရာသော ကာယကံဖြင့်။ အပ္ပံ၊ အနည်းငယ်သာလျှင်။ သမုဒါစရန္တိ၊ ပြုကျင့်ကြလေကုန်၏၊

သီတင်းသုံးဖော်တို့နှင့် အတူနေထိုင်တဲ့ အချိန်အခါမှာ သီတင်းသုံးဖော်တွေက ထိုအလှူရှင်ဖြစ်တဲ့ ရဟန်းတော်အပေါ်မှာ နှစ်သက်မြတ်နိုးဖွယ်ရာသော ကာယကံဖြင့်သာလျှင် ပြုမူကြတယ်။ မနှစ်သက် မမြတ်နိုးဖွယ်ရာသော ကာယကံဖြင့် ပြုမူတယ်ဆိုတာ နည်းနည်းလေးပဲ ရှိတယ်။ ခက်တာပဲနော်။ ငါက ကောင်းကောင်း နေပါလျက်နဲ့ ငါ့အပေါ် ဒင်းတို့က မကျေနပ်ကြဘူး။ ငါ့ကို ဒင်းတို့က မကြည်ကြဘူး။ မပြောကြဘူးလား? ဘာဖြစ်လို့ မကြည်သလဲ?

တစ်ချိန်က မိမိက နှစ်သက်မြတ်နိုးဖွယ်ရာ သူတစ်ပါးတွေကို ပေးကမ်းလှူဒါန်းမှု မရှိခဲ့ဘူး။ နှစ်သက်မြတ်နိုးဖွယ်ရာသော လှူဖွယ်ဝတ္ထုတွေဖြင့် သူတစ်ပါးတွေကို ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးဖြင့် လှူခဲ့မယ်ဆိုရင် မိမိရဲ့ သီတင်းသုံးဖော်တွေကလည်း မိမိ အပေါ်မှာ နှစ်သက်မြတ်နိုးဖွယ်ရာသော ကာယကံဖြင့် ပြုမူကြလိမ့်မယ်။ မပြုဘူးဆိုလို့ရှိရင် မိမိမှာ ဒီအင်္ဂါရပ် မချို့တဲ့ဘူးလား? ချို့တဲ့နေပြီနော်။ ဒါကြောင့် ဒင်းတို့က ငါ့အပေါ်မှာ မကြည်တာလား သို့မဟုတ် မိမိရဲ့ ကံက ညံ့တာလားလို့ ပြန်စဉ်းစားပါ။ ဘယ်ဒင်းက ညံ့တာလဲ? ကံက ညံ့နေတာ။ သူတစ်ပါး သွားပြီး အပြစ်မတင်နဲ့နော်။ ဒါကြောင့် နောက်တစ်ခု —

မနာပေနေဝ၊ နှစ်သက်မြတ်နိုးဖွယ်ရာသော။ ဝစီကမ္မေန၊ ဝစီကံဖြင့်သာလျှင်။ သမုဒါစရန္တိ၊ ပြောဆိုသုံးစွဲ ကြလေကုန်၏။ အမနာပေန၊ မနှစ်သက် မမြတ်နိုးဖွယ်ရာသော ဝစီကံဖြင့်။ အပ္ပံ၊ အနည်းငယ်သာလျှင်။ သမုဒါစရန္တိ၊ ခေါ်ဝေါ်သုံးနှုန်း ပြုမူကြလေကုန်၏၊

နှစ်သက်မြတ်နိုးဖွယ်ရာသော ဝစီကံဖြင့်သာလျှင် လာပြီး ဆက်ဆံကြတယ်။ မနှစ်သက် မမြတ်နိုးဖွယ်ရာသော ဝစီကံနှင့် ဆက်ဆံတယ်ဆိုတာက နည်းနည်းလေးပဲ။ မိမိမကြိုက်တဲ့ စကားတွေကို ခပ်များများ အပြောခံရသလား, မခံရဘူးလား? မခံရဘူး။ အပြောခံရပြီဆိုလို့ရှိရင် မိမိကံက ညံ့မနေဘူးလား? ညံ့နေပြီ။ ဒါကိုယ့်ကံကို ကိုယ်က နားလည်ရတယ်။ နောက်တစ်ခု —

မနာပေနေဝ၊ နှစ်သက် မြတ်နိုးဖွယ်ရာသော။ မနောကမ္မေန၊ မနောကံဖြင့်သာလျှင်။ ဗဟုလံ၊ များစွာ။ သမုဒါစရန္တိ၊ ပြုမူဆက်ဆံကြလေကုန်၏။ အမနာပေန၊ မနှစ်သက် မမြတ်နိုးဖွယ်ရာသော မနောကံဖြင့်။ အပ္ပံ၊ အနည်းငယ်သာလျှင်။ သမုဒါစရန္တိ၊ ပြုမူဆက်ဆံ ကြလေကုန်၏၊

မနောကံ ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း နှစ်သက်ဖွယ်ရာသော မနောကံဖြင့်သာလျှင် မိမိအပေါ်မှာ လာပြီး ဆက်ဆံတယ်။ မနှစ်သက် မမြတ်နိုးဖွယ်ရာသော မနောကံဖြင့် လာဆက်ဆံတယ်ဆိုတာက နည်းနည်းလေးပဲ ရှိတယ်။ ကောင်းမှုရှင်ရဲ့ ဘုန်းကံပဲနော်။ နောက်တစ်ခု —

‘‘မနာပံယေဝ ဗဟုလံ ဥပဟာရံ ဥပဟရန္တိ အပ္ပံ အမနာပံ။’’
မနာပံ ယေဝ၊ နှစ်သက် မြတ်နိုးဖွယ်ရာသော။ ဥပဟာရံ၊ အသုံးအဆောင်ကိုသာလျှင်။ ဗဟုလံ၊ များစွာ။ ဥပဟရန္တိ၊ ရှေးရှု ဆောင်ယူလာကြလေကုန်၏။ အမနာပံ၊ မနှစ်သက် မမြတ်နိုးဖွယ်ရာသော အသုံးအဆောင်ကို။ အပ္ပံ၊ အနည်းငယ်သာလျှင်။ ဥပဟရန္တိ၊ ရှေးရှုဆောင်ယူကြလေကုန်၏၊

နှစ်သက် မြတ်နိုးဖွယ်ရာသော အသုံးအဆောင်လေးတွေကို လာပြီး ရှေးရှုဆောင်ယူတာက သိပ်များတယ်။ မနှစ်သက် မမြတ်နိုးဖွယ်ရာသော အသုံးအဆောင်ပစ္စည်းကို လာပြီး ရှေးရှုဆောင်ယူပေးတယ်ဆိုတာက နည်းနည်းလေးပဲ ရှိပါတယ်။ ဒါကဘာလဲ? ဒါနရဲ့ အကျိုးတရားပဲနော်။ သဒ္ဓါ, သီလ, သုတ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာချင်း တူညီနေသော်လည်း အလှူဒါနပြုတဲ့ ပုဂ္ဂိုလ်မှာ ရရှိနိုင်တဲ့ အကျိုးတရားပဲ။ အလှူဒါန မပြုတဲ့ပုဂ္ဂိုလ်မှာ ထိုအကျိုးတရားမျိုး ရနိုင်သလား? မရနိုင်ဘူး။ ဒါကြောင့် နည်းနည်းလေး စဉ်းစားကြနော်။

‘‘ယော သော, သုမနေ, ဒါယကော သော အမုံ အဒါယကံ ပဗ္ဗဇိတော သမာနော ဣမေဟိ ပဉ္စဟိ ဌာနေဟိ အဓိဂဏှာတိ။’’
သုမနေ၊ ချစ်သမီး သုမန ...။ ယော သော ဒါယကော၊ အကြင် ပေးလှူတတ်သော ပုဂ္ဂိုလ်သည်ကား။ သော၊ ထိုပေးလှူတတ်သော ပုဂ္ဂိုလ်သည်။ အမုံ အဒါယကံ၊ ထိုမပေးလှူတတ်တဲ့ ပုဂ္ဂိုလ်ကို။ ပဗ္ဗဇိတော သမာနော၊ ရဟန်းဖြစ်ခြင်း တူပါလျက်။ ဣမေဟိ ပဉ္စဟိ ဌာနေဟိ၊ ဤငါးမျိုးသော အရာဌာနတို့ဖြင့်။ အဓိဂဏှာတိ၊ လွှမ်းမိုး သာလွန်နိုင်ပေ၏၊

ဒီငါးဌာနမှာ သာလွန်နိုင်တယ်နော်။ ဒါလောက်နဲ့ မကျေနပ်သေးပြန်ဘူး။ သုမနမင်းသမီးက ဆက်ပြီး မေးပြန်တယ်နော်။ ဘယ့်နှယ်တုန်း ယောဂီတွေ ငိုက်ကုန်ပြီလား? မငိုက်သေးဘူးဆိုရင်တော့ နောက်မေးခွန်းလေးတစ်ခု ကျန်နေတယ်။ ဆက်ဟောရမှာလား? (ဟောပါဘုရား) အဲ ဟုတ်ပြီ။

‘‘သစေ ပန တေ, ဘန္တေ, ဥဘော အရဟတ္တံ ပါပုဏန္တိ, အရဟတ္တပ္ပတ္တာနံ Pန နေသံ, ဘန္တေ, သိယာ ဝိသေသော, သိယာ နာနာကရဏံ’’?
မြတ်စွာဘုရား ... အကယ်၍ ထိုပုဂ္ဂိုလ်နှစ်ဦးတို့ဟာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြမယ်ဆိုရင် အရဟတ္တဖိုလ်သို့ဆိုက်ရောက်သွားတဲ့ ထိုပုဂ္ဂိုလ်နှစ်ဦးမှာ ထူးခြားမှု ရှိနိုင်သေးသလား? ကမ်းကုန်အောင် ဆက်ပြီးတော့ မေးတယ်။ အဲဒီအခါကျတော့မှ —
‘‘ဧတ္ထ ခေါ ပနေသာဟံ, သုမနေ, န ကိဉ္စိ နာနာကရဏံ ဝဒါမိ, ယဒိဒံ ဝိမုတ္တိယာ ဝိမုတ္တိံ’’။

ချစ်သမီး ... ဒီနေရာမှာကတော့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဝိမုတ္တိခေါ်တဲ့ အရဟတ္တဖိုလ်နဲ့ ပုဂ္ဂိုလ်တစ်ဦးတို့ရဲ့ ဝိမုတ္တိခေါ်တဲ့ အရဟတ္တဖိုလ်တို့ရဲ့ ထူးခြားကွဲပြားမှုကိုတော့ ငါဘုရား မဟောပါဘူး။ ပေးလှူတတ်တဲ့ပုဂ္ဂိုလ်ရဲ့ အရဟတ္တဖိုလ်နဲ့ မပေးလှူတဲ့ပုဂ္ဂိုလ်တို့ရဲ့ အရဟတ္တဖိုလ်တို့ရဲ့ ထူးခြားမှု ရှိမှုကို ငါဘုရား မဟောဘူး။ အတူတူပဲလို့ ဟောတယ်။ အရဟတ္တဖိုလ် ဆိုက်ရင်တော့ တူသလား, မတူဘူးလား? အတူတူပဲ။ အရဟတ္တဖိုလ် မဆိုက်ခင်မှာ လှတာနဲ့ မလှတာ မကွာဘူးလား? အသက်ရှည်တာနဲ့ မရှည်တာ ကွာတယ်။ ချမ်းသာတာနဲ့ ဆင်းရဲတာ ကွာတယ်။ အခြံအရံများတာနဲ့ အခြံအရံနည်းတာ ကွာတယ်။ အစိုးရတာနဲ့ အစိုးမရတာ မကွာဘူးလား? ကွာတယ်။ ဒါက အရဟတ္တဖိုလ် ရသွားပြီဆိုရင်တော့ အရဟတ္တဖိုလ်ချင်း တစ်ဦးနဲ့ တစ်ဦး ကွာခြားမှု ရှိသေးလား? မရှိတော့ဘူး။ သူ့ရဲ့ အရဟတ္တဖိုလ်ကလည်း သံသရာဝဋ်ဆင်းရဲဒုက္ခကို အဆုံးသတ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ အခြားပုဂ္ဂိုလ်တစ်ဦးရဲ့ အရဟတ္တဖိုလ်ဟာလည်း သံသရာဝဋ်ဆင်းရဲဒုက္ခကို အဆုံးသတ်စေနိုင်တဲ့စွမ်းအား မရှိဘူးလား? ရှိကြတယ်။ ပရိနိဗ္ဗာနစုတိရဲ့ နောက်ကွယ်၌ နောက်ထပ်တဖန် ဘဝသစ်၌ ပဋိသန္ဓေတည်နေခြင်းဆိုတဲ့ သဘောတရား ရှိသေးလား? မရှိတော့ဘူး။ ဒါကြောင့် သုမနမင်းသမီးက ဘာဆက်ပြီး လျှောက်ထားလဲ?

‘‘အစ္ဆရိယံ, ဘန္တေ, အဗ္ဘုတံ, ဘန္တေ! ယာဝဉ္စိဒံ, ဘန္တေ, အလမေဝ ဒါနာနိ ဒါတုံ အလံ ပုညာနိ ကာတုံ၊ ယတြ ဟိ နာမ ဒေဝဘူတဿာပိ ဥပကာရာနိ ပုညာနိ, မနုဿဘူတဿာပိ ဥပကာရာနိ ပုညာနိ, ပဗ္ဗဇိတဿာပိ ဥပကာရာနိ ပုညာနိ’’။

ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား ...။ အစ္ဆရိယံ၊ မဖြစ်စဘူး အဦးအသစ် ဖြစ်ပါပေစွ။ အစ္ဆရိယံ၊ လက်ဖျစ်တီး၍ အံ့ချီးခြင်းငှာ ထိုက်ပါပေစွ။ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ အဗ္ဘုတံ၊ မဖြစ်စဘူး အဦးအသစ် ဖြစ်ပါပေစွ။ ဘန္တေ၊ ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ ယာဝဉ္စိဒံ ဘန္တေ၊ မြတ်စွာဘုရား ... အကြင်မျှလောက်အထိ ထိုအလှူဒါန ကောင်းမှုကုသိုလ်တို့သည် အကျိုးကျေးဇူး များပြားလှပါကုန်၏၊ (တစ်နည်း) အကြင်မျှလောက်အထိ ထိုအလှူဒါန ကောင်းမှုကုသိုလ်တို့ကို ပြုရန် သင့်တင့်လျောက်ပတ်လှပါပေစွ။ ဒါနာနိ၊ ကောင်းမှုကုသိုလ်ဒါနတို့ကို။ ဒါတုံ၊ ပေးလှူခြင်းငှာ။ အလမေဝ၊ သင့်တင့် လျောက်ပတ်သည်သာလျှင်တည်း။ ပုညာနိ၊ ကောင်းမှုကုသိုလ်တို့ကို။ ကာတုံ၊ ပြုခြင်းငှာ။ အလံ၊ သင့်တင့်လျောက်ပတ်သည်သာတည်း။

ယာနိ ပုညာနိ နာမ၊ အကြင် ကောင်းမှုကုသိုလ်တို့မည်သည်ကား။ ဒေဝဘူတဿာပိ၊ နတ်ဖြစ်သောပုဂ္ဂိုလ်အားလည်းကောင်း။ ဥပကာရာနိ၊ ကျေးဇူးများလှပါကုန်၏။ မနုဿဘူတဿာပိ၊ လူသားဖြစ်သောပုဂ္ဂိုလ်အားလည်းပဲ။ ဥပကာရာနိ၊ ကျေးဇူးများလှပါကုန်၏။ ပဗ္ဗဇိတဿာပိ၊ ရဟန်းဖြစ်သော ပုဂ္ဂိုလ်အားလည်းပဲ။ ဥပကာရာနိ၊ ကျေးဇူးများလှပါကုန်၏၊

မြတ်စွာဘုရား ... အင်မတန် အံ့ဩဖွယ် ကောင်းပါတယ်။ မဖြစ်စဘူး အဦးအသစ် ဖြစ်ပါတယ် မြတ်စွာဘုရား ...။ ကောင်းမှုကုသိုလ်ဆိုတဲ့ အလှူဒါနဆိုတာ ပြုကိုပြုသင့်ပါတယ်။ ကောင်းမှုကုသိုလ်ဆိုတာ ပြုကိုပြုသင့်ပါတယ်။ ဒီကောင်းမှုကုသိုလ်တွေဟာ လူသားဖြစ်တဲ့ သတ္တဝါအားလည်းပဲ ကျေးဇူးပြုလှပါတယ်, ကျေးဇူးများလှပါတယ်။ နတ်ဖြစ်တဲ့ ပုဂ္ဂိုလ်အားလည်းပဲ ကျေးဇူးများလှပါတယ်။ ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်အားလည်းပဲ ကျေးဇူးများလှပါတယ် မြတ်စွာဘုရားဆိုပြီး လျှောက်ထားတယ်။

‘‘ဧဝမေတံ, သုမနေ! အလဉှိ, သုမနေ, ဒါနာနိ ဒါတုံ အလံ ပုညာနိ ကာတုံ! ဒေဝဘူတဿာပိ ဥပကာရာနိ ပုညာနိ, မနုဿဘူတဿာပိ ဥပကာရာနိ ပုညာနိ, ပဗ္ဗဇိတဿာပိ ဥပကာရာနိ ပုညာနိ’’။

သုမနေ၊ ချစ်သမီး သုမန။ ဧတံ၊ ဤသဘောတရားသည်ကား။ ဧဝံ၊ သင်ချစ်သမီး ပြောဆိုတဲ့အတိုင်း မှန်ပါပေ၏။ သုမနေ၊ ချစ်သမီး သုမန။ ဒါနာနိ၊ အလှူဒါနတို့ကို။ ဒါတုံ၊ ပေးလှူခြင်းငှာ။ အလဉှိ၊ သင့်တင့်လျောက်ပတ်သည်သာလျှင်တည်း။ ပုညာနိ၊ ကောင်းမှုကုသိုလ်တို့ကို။ ကာတုံ၊ ပြုခြင်းငှာ။ အလံ၊ သင့်တင့်လျောက်ပတ်သည်သာလျှင်တည်း။ ပုညာနိ၊ ကောင်းမှုကုသိုလ်တို့သည်ကား။ ဒေဝဘူတဿာပိ၊ နတ်ဖြစ်သောပုဂ္ဂိုလ်အားလည်းပဲ။ ဥပကာရာနိ၊ ကျေးဇူးများလှပါကုန်၏။ ပုညာနိ၊ ကောင်းမှုကုသိုလ်တို့သည်ကား။ မနုဿဘူတဿာပိ၊ လူသားဖြစ်တဲ့ ပုဂ္ဂိုလ်အားလည်းပဲ။ ဥပကာရာနိ၊ ကျေးဇူးများလှကြပါကုန်၏။ ပုညာနိ၊ ကောင်းမှုကုသိုလ်တို့သည်ကား။ ပဗ္ဗဇိတဿာပိ၊ ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်အားလည်းပဲ။ ဥပကာရာနိ၊ ကျေးဇူးများလှကြပါကုန်၏၊

ချစ်သမီး ... ဒီသဘောတရားက သင်ချစ်သမီးပြောတဲ့အတိုင်း မှန်တယ်။ ဒါနတို့ကို ပြုဖို့ရန်အတွက် သင့်တယ်။ ကောင်းမှုကုသိုလ်တွေကိုလည်း ပြုလုပ်ဖို့ရန် သင့်တယ်။ ဒါနက စာဂတရားကို ရည်ညွှန်းတယ်။ ပုညဆိုတာကတော့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ လေးခုကို ရည်ညွှန်းပါတယ်။ နှစ်ခုပေါင်းလိုက်တော့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုဖို့ရန်အတွက် သိပ်ပြီးတော့ ကောင်းတယ်, သိပ်ပြီးတော့ သင့်တော်တယ်။ ဘာဖြစ်လို့လဲ?

ဒီကောင်းမှုကုသိုလ်တွေဟာ နတ်ဖြစ်တဲ့ပုဂ္ဂိုလ်အားလည်းပဲ ကျေးဇူးများတယ်။ လူသားဖြစ်တဲ့ ပုဂ္ဂိုလ်အားလည်းပဲ ကျေးဇူးများတယ်။ ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်အားလည်းပဲ ကျေးဇူးမများဘူးလား? ကျေးဇူးများတယ်။ တရားအားထုတ်တယ်။ ရဟန်းတရားတွေ အားထုတ်ပြီ။ စားစရာဆွမ်းက မလုံလောက်ဘူးဆိုတော့ ဒီတရား အဆင်ပြေပါ့မလား? မပြေဘူး။ ဝတ်ဖို့ရန် သင်္ကန်းကလည်း လုံလုံလောက်လောက် မရှိဘူးဆိုရင်ကော အဆင်ပြေပါ့မလား? မပြေနိုင်ဘူး။ နေဖို့ရန် ကျောင်းကလည်း အချိုးမကျဘူး၊ အသက်ရှူလို့ကလည်း မဝဘူး။ ပုံကျပါ့မလား? မဖြစ်တော့ဘူး။

ဒါကြောင့် ဦးပဉ္စင်းတို့ တရားအားထုတ်တဲ့အချိန်အခါမှာ မကျန်းမမာဖြစ်လာရင် သုံးဆောင်စရာ ဆေးလေးမှ မရှိတော့ဘူးဆိုရင် ဒီတရား အားထုတ်လို့ အဆင်ပြေပါ့မလား? မပြေနိုင်ဘူး။ ဒီလို အဆင်ပြေနိုင်ခြင်း, ကျေးဇူးများပြားခြင်းအတွက် ဘာလိုသလဲ? ဒါနပြုဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒီဒါနမှာ ဘာတွေ ခြံရံထားရမလဲ? သဒ္ဓါ, သီလ, သုတ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာတွေ ခြံရံရမလား, မခြံရံရဘူးလား? ခြံရံရမယ်။ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ အကြောင်းတရား ဘယ်နှစ်ခုလဲ? ငါးခု။ ဒီငါးခု စုံညီနေရင် ဒီကောင်းမှုကုသိုလ်တွေသည် လူသားဖြစ်တဲ့ သတ္တဝါကိုသော်လည်း ကျေးဇူးပြုတတ်တယ်။

လူသားဖြစ်တဲ့ သတ္တဝါအားလည်း ကျေးဇူးများတယ်။ နတ်ဖြစ်တဲ့ သတ္တဝါအားလည်း ကျေးဇူးများတယ်။ နတ်ဖြစ်တဲ့သတ္တဝါအားလည်း ကျေးဇူးများတယ်။ ရဟန်းဖြစ်ရင်လည်း သိပ်ပြီး ကျေးဇူးများပါတယ်။ ဘာဖြစ်လို့လဲ? ဒီသဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ တရားတွေက ပစ္စည်းလေးပါးကို လုံလောက်အောင် ဖန်တီးပေးမယ်။ ဒါက တစ်ချက်။ မိမိ သီတင်းသုံးဖော်တွေက မိမိအပေါ်မှာ ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာဖြင့် အမြဲတမ်း ဆက်ဆံနေမယ်။ မလိုအပ်ဘူးလား? လိုအပ်တယ်။ ခက်လိုက်တာနော် ... ငါက ကောင်းကောင်းနေပါလျက် ငါ့ကို လာလာပြီးတော့ မကောင်းတာတွေ ပြောပြောနေတယ်ဆိုတော့ စိတ်ကလည်း အနှောင့်အယှက် မဖြစ်ဘူးလား? ဖြစ်ပြန်တယ်။ တရားအားထုတ်လို့ကော အချိုးကျသေးလား? မကျတော့ဘူး။

ထိုင်ပြီးတော့ တရားတော့ အားထုတ်ပါတယ်။ ဘုန်းကြီး ကြောက်လို့လား, မကြောက်လို့လားတော့ မပြောတတ်ပါဘူး။ စဉ်းစားခန်းတွေ ဝေဖန်ခန်းတွေက မများဘူးလား? များနေတယ်။ တရားတိုးတက်မှု ရှိပါ့မလား? မရှိဘူး။ ရှိချင်တယ်ဆိုရင် ဘာလုပ်ရမလဲ? ခုလိုပေါ့။ အကြောင်းတရားလေးတွေ စုံညီလာအောင် မိမိတို့က ဒီဘဝမှာ အသိဉာဏ်ရှိရင် ကြိုးစားအားထုတ်ထားဖို့ မလိုဘူးလား? လိုအပ်တယ်နော်။ မိမိပြုခဲ့တဲ့ကံက မိမိကို လာအကျိုးပေးတာဖြစ်တော့ ဒင်းတို့က ငါ့ကို ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာနဲ့ မဆက်ဆံဘူးဆိုတာက ဘာဖြစ်လို့လဲ? ဆက်ဆံနိုင်တဲ့ ကံတွေကို မိမိက အားထုတ်ခဲ့သလား, အားမထုတ်ခဲ့ဘူးလား? အားမထုတ်ခဲ့ဘူး။

ဒါကြောင့် ခုလို အသိဉာဏ်ရှိတဲ့ ဘဝလေးတွေမှာပေါ့နော် အဆင့်အတန်းမြင့်နေတဲ့ သာသနာတော်နဲ့ တွေ့ကြုံခိုက် အဆင့်အတန်းမြင့်နေတဲ့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ ဒီသူတော်ကောင်းဥစ္စာလေးတွေ ပြည့်စုံအောင် ကြိုးစားအားထုတ်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါကြောင့် ဘုရားရှင်က ဘာဆက်တိုက်တွန်းလဲ?

‘‘ယထာပိ စန္ဒော ဝိမလော, ဂစ္ဆံ အာကာသဓာတုယာ၊ သဗ္ဗေ တာရာဂဏေ လောကေ, အာဘာယ အတိရောစတိ။ တထေဝ သီလသမ္ပန္နော, သဒ္ဓေါ ပုရိသပုဂ္ဂလော၊ သဗ္ဗေ မစ္ဆရိနော လောကေ, စာဂေန အတိရောစတိ’’။

အာကာသဓာတုယာ၊ ကောင်းကင်အာကာသဓာတ်၌။ ဂစ္ဆံ၊ သွားလာလျက်ရှိသော။ ဝိမလော၊ အညစ်အကြေးကင်းသော။ စန္ဒော၊ လသည်။ လောကေ၊ လောက၌။ သဗ္ဗေ တာရာဂဏေ၊ ကြယ်တာရာအပေါင်းတို့ကို။ အာဘာယ၊ မိမိရဲ့ လရောင်ဆိုတဲ့ အရောင်အလင်းဖြင့်။ အတိရောစတိ ယထာပိ၊ အလွန် ထွန်းလင်းတင့်တယ်သကဲ့သို့။ တထေဝ၊ ထိုအတူသာလျှင်။ သီလသမ္ပန္နော၊ ကိုယ်ကျင့်သီလနှင့်ပြည့်စုံသော။ သဒ္ဓေါ၊ သဒ္ဓါတရား ထင်ရှားရှိသော။ ပုရိသပုဂ္ဂလော၊ ယောက်ျားဖြစ်တဲ့ ပုဂ္ဂိုလ်သည် (တစ်နည်း) သီလသမ္ပန္နော၊ ကိုယ်ကျင့်သီလနှင့်ပြည့်စုံသော။ သဒ္ဓေါ၊ ရတနာသုံးတန် ကံ-ကံ၏အကျိုးတို့အပေါ်၌ ယုံကြည်ခြင်း သဒ္ဓါတရား၊ ရုပ်နာမ် ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ထိုးထွင်းသိမြင်ခြင်း သုတတရား၊ ထိုရုပ်နာမ် ကြောင်း-ကျိုး သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်ကို ထိုးထွင်းသိမြင်ခြင်း ဝိပဿနာဉာဏ်ပညာတရားဟု ခေါ်ဆိုအပ်သော သဒ္ဓါ, သီလ, သုတ, စာဂ, ပညာတရားနှင့် ပြည့်စုံသော။ ပုရိသပုဂ္ဂလော၊ ယောက်ျားဖြစ်တဲ့ ပုဂ္ဂိုလ်သည်။ လောကေ၊ လောက၌။ သဗ္ဗေ မစ္ဆရိနော၊ မစ္ဆရိယဝန်တိုခြင်းတရား ထင်ရှားရှိနေတဲ့ သတ္တဝါအားလုံးတို့ကို။ စာဂေန၊ ပေးကမ်းစွန့်ကြဲခြင်း စာဂတရားဖြင့်။ အတိရောစတိ၊ သာလွန်တင့်တယ်၍နေပါပေ၏၊

တစ်ဖက်က ပေးကမ်းစွန့်ကြဲမှု မရှိတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ဝန်တိုခြင်း မစ္ဆရိယတရား ထင်ရှားရှိနေကြတယ်။ ဒါပေမယ့် ဘုရားရှင်ရဲ့ တပည့်သား သာဝကတစ်ဦးက သဒ္ဓါ, သီလ, သုတ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာတွေ ခြံရံပြီးတော့ စာဂခေါ်တဲ့ ပေးကမ်းစွန့်ကြဲခြင်းတစ်ခု ပြုမူပြီ။ အဲဒီလို သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးဖြင့် ပြည့်စုံနေတဲ့ပုဂ္ဂိုလ်က ပေးကမ်းစွန့်ကြဲခြင်း မရှိတဲ့ ဝန်တိုခြင်း မစ္ဆရိယတရား ထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တွေထက် သာလွန် တင့်တယ်တဲ့သဘော ထင်ရှားရှိပါတယ်။ ဘာနဲ့ဥပမာတူလဲ?

ကောင်းကင်မှာ သွားလာနေတဲ့ ပြည့်နေတဲ့ ထွန်းလင်းတောက်ပနေတဲ့ လတစ်ခု ရှိတယ်။ ထိုလသည် ကြယ်တာရာအပေါင်းတွေကို မိမိရဲ့ အရောင်အလင်းဖြင့် သာလွန်တင့်တယ်သလို၊ ဝန်တိုခြင်း မစ္ဆရိယတရား ထင်ရှားမရှိတဲ့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနှင့် ပြည့်စုံနေတဲ့ ငါဘုရားရဲ့ တပည့်သာဝကက လောကအလယ်မှာ သာပြီးတော့ တင့်တယ်တယ်။ လမင်းကြီးလို တင့်တယ်နေတယ်တဲ့။ မကောင်းဘူးလား? ကောင်းတယ်တော့ မဟုတ်ဘူးနော်။ ကောင်းသင့်သလောက်တော့ ကောင်းတယ်။ သိပ်အကောင်းကြီးတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ?

ပဋိသန္ဓေတည်နေရခြင်း ဒုက္ခ ရှိတယ်, အိုရခြင်း ဒုက္ခ ရှိသေးတယ်, နာရခြင်း ဒုက္ခ ရှိသေးတယ်, ရာဂ မကင်းသေးဘူးဆိုရင် စိုးရိမ်မှု, ပူဆွေးမှု, ငိုကြွေးမှု, ကိုယ်ဆင်းရဲမှု, စိတ်ဆင်းရဲမှု, ပြင်းစွာပူပန်မှုဆိုတဲ့ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသဆိုတဲ့ မီးတွေရဲ့ လောင်မြိုက်မှုကို မခံရဘူးလား? ခံရဦးမယ်။ ဒါကြောင့် သိပ်အကောင်းကြီးတော့ မဟုတ်ဘူးနော်။ ဒါပေမယ့်လို့ ကြိုးစားအားထုတ်ဖို့တော့ မလိုအပ်ဘူးလား? လိုအပ်တယ်။

‘‘ယထာပိ မေဃော ထနယံ, ဝိဇ္ဇုမာလီ သတက္ကကု၊ ထလံ နိန္နဉ္စ ပူရေတိ, အဘိဝဿံ ဝသုန္ဓရံ။ ဧဝံ ဒဿနသမ္ပန္နော, သမ္မာသမ္ဗုဒ္ဓသာဝကော၊ မစ္ဆရိံ အဓိဂဏှာတိ, ပဉ္စဌာနေဟိ ပဏ္ဍိတော။’’

သတက္ကကု၊ အရာမကသော တိမ်တောင်တိမ်လိပ်တို့နှင့် ပြည့်စုံသော။ ဝိဇ္ဇုမာလီ၊ လျှပ်စစ်လျှပ်ပန်းနွယ်တို့ဖြင့် တင့်တယ်လျက်ရှိသော။ မေဃော၊ မိုးသည်။ ထနယံ၊ ထစ်ချုန်းလျက်။ ဝသုန္ဓရံ၊ မြေအပြင်ကို။ အဘိဝဿံ၊ စွတ်စိုးစေလျက်။ ထလံ၊ ကြည်းကုန်းကိုလည်းကောင်း။ နိန္နဉ္စ၊ ထက်ဝန်းရံ အရပ်ကိုလည်းကောင်း (သို့မဟုတ်) နိမ့်ရာအရပ်ကိုလည်းကောင်း။ ပူရေတိ ယထာပိ၊ ပြည့်စုံစေသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဒဿနသမ္ပန္နော၊ သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသော။ သမ္မာသမ္ဗုဒ္ဓသာဝကော၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သာဝကဖြစ်သော။ ပဏ္ဍိတော၊ ပညာရှိတဲ့ပုဂ္ဂိုလ်သည်။ မစ္ဆရိံ၊ ဝန်တိုခြင်း မစ္ဆရိယတရားကို (သို့မဟုတ်) ဝန်တိုတတ်သောပုဂ္ဂိုလ်ကို။ ပဉ္စဟိ ဌာနေဟိ၊ ငါးမျိုးသော အရာဌာနတို့ဖြင့်။ အဓိဂဏှာတိ၊ လွှမ်းမိုး သာလွန်နိုင်လေ၏၊

အရာမကသော တိမ်တောင်တိမ်လိပ်ဖြင့် ပြည့်စုံပြီးတော့ လျှပ်စစ်လျှပ်ပန်းနွယ်တို့ဖြင့် ပြည့်စုံနေတဲ့ ထစ်ချုန်းပြီး ရွာသွန်းလာတဲ့ မိုးကြီးရှိတယ်။ မြေတပြင်လုံးကို စွတ်စိုးစေနိုင်တဲ့ စွမ်းအားရှိတဲ့ ဒီမိုးကြီးက ကြည်းကုန်းထက် အရပ်တွေကိုလည်း လွှမ်းမိုး ဖြည့်ဆည်းသွားတယ်။ နက်ရှိုင်းတဲ့ အရပ်တွေကိုလည်း လွှမ်းမိုး ဖိစီးသွားတယ်။ အဲဒီအတိုင်းပဲ ဒဿနခေါ်တဲ့ သောတာပတ္တိမဂ်ဉာဏ်နဲ့ ပြည့်စုံနေတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ရဲ့ တပည့်သာဝကဖြစ်တဲ့ ပညာရှိသူတော်ကောင်းတစ်ဦးသည် ဝန်တိုခြင်း မစ္ဆရိယတရားကို ငါးမျိုးသော အရာဌာနတို့မှ လွှမ်းမိုး သာလွန်ပြီး သွားနိုင်တယ်။ သို့မဟုတ် ဝန်တိုခြင်း မစ္ဆရိယတရား ထင်ရှားရှိနေတဲ့ သတ္တဝါအပေါင်းကို ငါးဌာနတို့၌ သာလွန် လွှမ်းမိုးနိုင်တယ်။ ဘယ်လိုလဲ?

‘‘အာယုနာ ယသသာ စေဝ, ဝဏ္ဏေန စ သုခေန စ၊ သ ဝေ ဘောဂပရိဗျူဠှော, ပေစ္စ သဂ္ဂေ ပမောဒတိ’’။

သ ဝေ၊ ထိုသူတော်ကောင်းပညာရှိသည် ဧကန်မလွဲ။ ဘောဂပရိဗျူဠှော၊ စည်းစိမ်ဥစ္စာတို့သည်။ ပြည့်စုံအပ်သည်ဖြစ်၍။ ပေစ္စ၊ ခန္ဓာပျက်ကြွေ သေလွန်သည်ရှိသော်။ သဂ္ဂေ၊ နတ်ပြည်၌။ ပမောဒတိ၊ နှစ်သက်ရွှင်လန်းဝမ်းမြောက်ရပေ၏၊

တစ်ဖက်ကလည်းနော် ဒဿနသမ္ပဒါခေါ်တဲ့ သောတာပတ္တိမဂ်ဉာဏ်အမြင်နဲ့ ပြည့်စုံတယ်။ တစ်ဖက်ကလည်း စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ် လှူဒါန်းခြင်းဆိုတဲ့ စာဂတရားဖြင့် ပြည့်စုံတယ်။ တစ်နည်းပြောရင်တော့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနှင့် ပြည့်စုံပြီ။ ပြည့်စုံလိုက်တဲ့ အချိန်အခါမှာ ဒီစည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်ပေးကမ်း လှူဒါန်းခြင်းဆိုတာက သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး သုတ-ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာတွေဖြင့် ခြံရံလျက် ပြုစုပျိုးထောင်ထားတယ်။ ပြုစုပျိုးထောင်ထားလိုက်တဲ့ အခါကျတော့ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်လှူဒါန်းဆိုတဲ့ စာဂတရားက ပစ်တင်လိုက်တဲ့အချိန်အခါမှာ နတ်ပြည်, နတ်လောက ရောက်သွားပြီ။ ရောက်သွားရင် ဘာလုပ်မလဲ?

အသက်ရှည်မယ်, အခြံအရံ များပြားမယ်, ရုပ်အဆင်းလှမယ်, ချမ်းသာကြီးမယ်, အစိုးရခြင်း များပြားမယ်။ အဲဒီလို အသက်ရှည်ခြင်း အခြံအရံ များခြင်း ရုပ်အဆင်း လှခြင်း ချမ်းသာခြင်း, အစိုးရခြင်းဆိုတဲ့ ဒီငါးဌာနတို့ဖြင့် တခြားတခြားသော ဝန်တိုခြင်း မစ္ဆရိယတရား ထင်ရှားရှိနေတဲ့ သတ္တဝါတွေကို လွှမ်းမိုးနိုင်တယ်။ နတ်ပြည်, နတ်လောကမှာ ဝမ်းမြောက်စွာဖြင့် နေထိုင်ရလိမ့်မယ်ဆိုပြီးတော့ မြတ်စွာဘုရား ဟောတယ်။

နတ်ပြည်ကို ရောက်စေချင်လို့ ဘုန်းကြီး ဒီသုတ္တန်ကို ဟောတာတော့ မဟုတ်ဘူးနော်။ ဒီဘဝမှာပဲ အရဟတ္တမဂ်, အရဟတ္တဖိုလ်ကိုရအောင် ကြိုးစားအားထုတ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ အကယ်၍ ကြိုးစားအားထုတ်သော်လည်း အရဟတ္တမဂ်, အရဟတ္တဖိုလ်ကို မရသေးဘူးထား။ မရခဲ့ရင် သံသရာတစ်ခွင်မှာ ကျင်လည်ရခိုက် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်သည် မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေထက် ငါးမျိုးသော အရာဌာနမှာ သာလွန် တင့်တယ်နိုင်တယ်ဆိုတဲ့ ဒီသဘောတရားလေးကို ဟောခြင်းသာ ဖြစ်တယ်။

ဒီငါးဌာနမှာ သာလွန်နေတဲ့ ဘဝတွေကို တွယ်တာမက်မောစေလိုတဲ့ စိတ်ထားဖြင့် ဟောနေတာတော့ ဟုတ်သလား? မဟုတ်ဘူး။ ဟောတဲ့ ရည်ရွယ်ချက်က ဘာလဲ? သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာ ငါးပါးနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။ ပြည့်စုံခဲ့ရင် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရနိုင်တယ်။ မပြည့်စုံဘူးဆိုလိုရှိရင်လည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှာ ကျင်လည်ခဲ့ရတောင် ဆင်းရဲနွမ်းပါးနေတဲ့ သူဆင်းရဲတစ်ဦးဖြစ်မလား? မဖြစ်ဘူး။ အပါယ်လေးဘုံ ရောက်မလား? မရောက်ဘူး။ လူ့ပြည်, နတ်ပြည်မှာ ဝမ်းမြောက်စွာဖြင့် နေထိုင်နိုင်တယ်။ ဒီအကျိုးတရားတွေကို ရရှိစေနိုင်တယ်ဆိုတဲ့ သဘောတရား ပေါ်လွင်အောင်သာ ဟောခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ အလှူရှင်အပေါင်းနှင့်တကွ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ရှေးသူဟောင်းတို့ရဲ့ ထုံးဟောင်းကို အမှီပြုပြီးတော့ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာခေါ်တဲ့ သူတော်ကောင်းဥစ္စာဖြင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါလို့ တိုက်တွန်းရင်းဖြင့် ကဲ တရားသိမ်းကြစို့နော် ...။

တရားဒေသနာတော်နိဂုံး . . .

‘‘ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။ တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ’’။

သန္တော၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်းဟို တို့ရှေ့က သူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ၊ ရှေးက ပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ပိုင်သသည့် ကာမဝတ္ထု အစုစုတို့ကို။
ဟိတွာ၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့်ဆက်ဆံ ဘေးတွေက ဝန်းခြံ၊ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု၊ ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေပြီ။
တုမှေပိ၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ၊ ဝတ္ထုကာမဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက်ကြကုန်သည်ဖြစ်၍။
သုပေသလာ၊ စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည်ဖြစ်၍။
တေ၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို ... တို့ရှေ့က သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓုပါဘုရား ...။

ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း။
2g6zwf6vl3eg0ax5yra78ru939sh3n0 သီဟနာဒသုတ် 0 6338 22047 2026-06-10T21:13:02Z Tejinda 173 "{{header | title = သီဟနာဒသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[သုမနသုတ်]] | previous2 = | next = [..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22047 wikitext text/x-wiki {{header | title = သီဟနာဒသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[သုမနသုတ်]] | previous2 = | next = [[သံခိတ္တဓနသုတ္တန်နှင့် သီလဝန္တသုတ္တန်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
သီဟနာဒသုတ္တန် ဖြစ်ပေါ်လာပုံ

တစ်ချိန်ဝယ် ... ဘုန်းတော်ကြီးမြတ်တော်မူသော ဘုရားရှင်သည် သာဝတ္ထိပြည်မွန်ဝယ် အနာထပိဏ်ကျောင်းဒါယကာကြီး ဆောက်လုပ် လှူဒါန်းထားအပ်တဲ့ ဇေတဝန်ကျောင်းတိုက်တော်မှာ ဝါဆိုဝါကပ်တော်မူပါတယ်။ ဝါကျွတ်တဲ့အခါဝယ် ဘုရားရှင်ဟာ ခရီးဒေသစာရီ ကြွချီတော်မမူသေး ဖြစ်နေပါတယ်။ အဲဒီ အချိန်အခါမှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ...
” အကယ်၍ ဘုရားရှင်ဟာ ခရီးဒေသစာရီ ကြွချီတော်မူလိုတယ်ဆိုရင် ဒီလို အချိန်အခါမျိုးမှာ ကြွချီတော်မူလေရာတယ်။ ခုတော့ ဘုရားရှင် ကြွချီတော်မမူသေး ဖြစ်နေတယ်။ ယင်းသို့ ဖြစ်ရင်တော့ ခုအခါ ငါသည် ခရီးဒေသစာရီ ကြွချီဖို့ရန် ဘုရားရှင်အား ပန်ကြားလျှောက်ထားမယ်” လို့ ဒီလို စဉ်းစား ဆင်ခြင်တော်မူပြီးနောက် ရဟန်းသံဃာတော်အပေါင်း ခြံရံကာ ဘုရားရှင်ထံသို့ ချဉ်းကပ်တော်မူပါတယ်။

ဘုရားရှင်အား ရိုသေစွာ ရှိခိုးဝပ်ပြုပြီးနောက် သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်ပြီးတော့ - “မြတ်စွာဘုရား ... တပည့်တော်ရဲ့ သာဝတ္ထိ၌ ဝါဆိုဝါကပ်ခြင်းသည် ထမြောက်ပြီး ဖြစ်ပါတယ်၊ တပည့်တော်သည် ဇနပုဒ်၌ ခရီးဒေသစာရီ ကြွချီလိုပါတယ် မြတ်စွာဘုရား” လို့ လျှောက်ထားတော်မူပါတယ်။ ဘုရားရှင်ကလည်း “သင်သွားသင့်တဲ့ အချိန်ကာလကို သင်ပဲ သိပါတယ်” လို့ မိန့်ဆိုကာ ခွင့်ပြုတော်မူလိုက်ပါတယ်။ များပြားလှသော ရဟန်းသံဃာ အခြံအရံနှင့်တကွ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဟာလည်း ဇေတဝန်ကျောင်းတိုက်တော်မှ ထွက်ခွာတော်မူခဲ့ပါတယ်။ (အံ၊ ၁၊ ၁၈၀။)

အဲဒီအချိန်မှာ ရဟန်းတစ်ပါးရဲ့သန္တာန်မှာ အဋ္ဌာနကောပလို့ ခေါ်ဆိုတဲ့ အမျက်ဒေါသ မဖြစ်သင့်တဲ့နေရာမှာ အမျက်ဒေါသတစ်ခု ထင်ရှား ဖြစ်ပေါ်ခဲ့ပါတယ်။ ထိုရဟန်းက များစွာသော ရဟန်းသံဃာတော်အပေါင်း ခြံရံကာ ကြွသွားတာကို ကြည့်ပြီးတော့ “ဒီရဟန်းတွေဟာ ဘုရားရှင်ကို စွန့်ပယ်ပြီးတော့ အရှင်သာရိပုတ္တရာကို ခြံရံကာ ထွက်ခွာသွားကြတယ်။ ထိုအရှင်သာရိပုတ္တရာရဲ့ ခရီးသွားမှုကို ရပ်ဆိုင်းသွားအောင် ငါ ပြုလုပ်မယ်” လို့ စဉ်းစားကာ အရာဌာန မဟုတ်သည်မှာ အမျက်ဒေါသကို ဖွဲ့ချည်ထားလိုက်တယ်။

ဒီလို ခရီးသွားမှုကို ပျက်စီးစေလိုတဲ့ ဖျက်ဆီးလိုတဲ့ မပြောပလောက်တဲ့ အကြောင်းအရာတစ်ခုကတော့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ကိုယ်တော်အားဆယ်ပါး, ဉာဏ်တော်အားဆယ်ပါးတို့နှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်ကို ရှိခိုးပြီးနောက် နေရာမှထကာ ကြွသွားတော်မူတဲ့အခါ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးရဲ့ နှစ်ထပ်သင်္ကန်းစွန်းက ထိုရဟန်းတော်ရဲ့ ခန္ဓာကိုယ်ကို ထိမိသွားတယ်။ အရှင်သာရိပုတ္တရာ ကြွသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ လေအဟုန်ကလေးက သူ့ရဲ့ကိုယ်ပေါ်မှာ သွားပြီး ထိမိတယ်လို့လည်း ဆိုကြတယ်။

ဒီလို မပြောပလောက်တဲ့ အကြောင်းအရာကလေးတစ်ခုကို အခြေခံကာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးအပေါ်မှာ ရန်ငြိုးဖွဲ့ချည်ကာ များပြားလှတဲ့ ရဟန်းသံဃာ အခြံအရံတွေနဲ့ ခရီးဒေသစာရီ ကြွချီတာကို မြင်တွေ့ရတဲ့အခါ ငြူစူစောင်းမြောင်းတဲ့ စိတ်ဓာတ်နဲ့ ခရီးသွားလာမှုကို အနှောင့်အယှက်ပေးခြင်း ဖြစ်ပါတယ်။ (အံ၊ ဋ္ဌ၊ ၃၊ ၂၆၂။)

သို့သော် ဓမ္မပဒအဋ္ဌကထာ၌ကား ယခုပြောခဲ့တဲ့ အကြောင်းပြချက်အပြင် အခြားအကြောင်းပြချက်တစ်ခုကိုလည်း ထပ်မံ ဖော်ပြထားပါတယ်။ ယခုလို ဘုရားရှင်ထံ ပန်ကြား လျှောက်ထားပြီးနောက် ဘုရားရှင်အား ရှိခိုးဝပ်ပြုပြီးလျှင် အခြံအရံ ပရိသတ်နှင့်အတူ ဇေတဝန်ကျောင်းတိုက်တော်မှ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဟာ ထွက်ခွာတော်မူလာပါတယ်။ အဲဒီအခါမှာ မိမိ၏ အခြံအရံ ရဟန်းတွေတွင်သာမက အခြားရဟန်းတွေကလည်း အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးရဲ့ နောက်တော်သို့ အစဉ်လိုက်လာကြပြန်တယ်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကလည်း အမည်အနွယ်အားဖြင့် ထင်ရှားတော်မူကြတဲ့ ရဟန်းတော်တွေကို အမည်အနွယ်အားဖြင့် ခေါ်တော်မူကာ ပြန်ကြွတော်မူစေပါတယ်။ အဲဒီ ရဟန်းတွေထဲမှာ ယခုလို ရန်ငြိုးဖွဲ့နေတဲ့ အမည်အနွယ်အားဖြင့် မထင်ရှားတဲ့ အညတရ ရဟန်းတစ်ပါးလည်း ပါဝင်နေခဲ့ပါတယ်။

အဲဒီ ရဟန်းက “ငါ့ကိုလည်း အမည်အနွယ်အားဖြင့် ချီးမြှောက်ပြောဆိုကာ ပြန်လှည့်စေမယ်ဆိုရင် သိပ်ကောင်းမှာပဲ” လို့ ဒီလို မြော်လင့်စောင့်ဆိုင်းနေပါတယ်။ သို့သော် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက များပြားလှတဲ့ သံဃာ့အလယ်မှာ ရှိနေတဲ့ ဒီရဟန်းကို အသိအမှတ် မပြုမိ ဖြစ်သွားခဲ့တယ်။ အဲဒီရဟန်းက “အရှင်သာရိပုတ္တရာဟာ အခြားအခြား ရဟန်းတွေကို ချီးမြှောက်တော်မူသလို ငါ့ကိုတော့ မချီးမြှောက်ဘူး” ဆိုပြီးတော့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးရဲ့အပေါ်မှာ ရန်ငြိုးဖွဲ့ခြင်း ဖြစ်တယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးရဲ့ နှစ်ထပ်သင်္ကန်းစွန်းကလည်း ထိုကိုယ်တော်ရဲ့ခန္ဓာကိုယ်ကို မတော်တဆ အနည်းငယ် ထိမိသွားတယ်။ ဒီလို ထိမိတာကလေးကိုလည်း ရေးကြီးခွင်ကျယ်လုပ်ကာ ရန်ငြိုးထပ်ပြီး ဖွဲ့ခဲ့ပြန်တယ်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၃၉၀။)

ဒီ မပြောပလောက်တဲ့ ရန်ငြိုးကို အခြေခံကာ အဲဒီ ရဟန်းတော်က “ယခုအခါ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဟာ နောက်လိုက် ရဟန်းသံဃာနှင့်အတူ ဇေတဝန်ကျောင်းတိုက်တော်ရဲ့ ဥပစာကိုတော့ ကျော်သွားလောက်ပြီ” လို့ သိတဲ့အတွက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးတော့ သူက လျှောက်ထားတယ် -
“မြတ်စွာဘုရား ... အရှင်သာရိပုတ္တရာဟာ အရှင်ဘုရားတို့ရဲ့ အဂ္ဂသာဝက ဖြစ်တယ်ဆိုပြီးတော့ တပည့်တော်ကို နားရွက်ကို ရိုက်ခွဲလိုက်သလို ထိပါးပုတ်ခတ်ပြီးတော့ အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ လှည့်လည်ဖို့ရန် ထွက်ခွာသွားပါတယ် မြတ်စွာဘုရား ...” ဟု စကားလုံး အပိုတွေကို ထပ်ဆောင်းကာ တင်ပြလျှောက်ထားပါတယ်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၃၉၀။)

ထိုအခါမှာ ဘုရားရှင်က ထိုရဟန်းတော်ရဲ့စကားကို ကြားပြီးတဲ့အခါ - “ရဟန်း ... သာရိပုတ္တရာဟာ သင့်ကို ပုတ်ခတ်တာ မဟုတ်ပါဘူး” လို့ ပြောခဲ့မယ်ဆိုရင် - “အရှင်ဘုရား ... အရှင်ဘုရားတို့ဟာ မိမိရဲ့ အဂ္ဂသာဝက ဘက်တော်သားအဖြစ်သာ ရွက်ဆောင်တော်မူကြတယ်။ တပည့်တော်ရဲ့ ဘက်တော်သားအဖြစ်နဲ့ ရွက်ဆောင်တော် မမူကြပါဘူးလို့ ပြောဆိုကာ ငါဘုရားရှင်အပေါ်မှာ စိတ်ဖြင့် ပြစ်မှားခြင်းအမှုကို လွန်ကျူးမိမှာ ဖြစ်တယ်။ ဒီလို ပြစ်မှားခဲ့ရင် ဒီရဟန်းဟာ သေသည်၏ အခြားမဲ့၌ အပါယ်ကိုတော့ ရောက်တော့မှာပဲ” လို့ သိရှိတော်မူတဲ့အတွက် - သာရိပုတ္တရာကို ခေါ်စေတော်မူပြီးတော့ ဒီအကြောင်းအရာကို မေးမြန်းမှ သင့်တော်လိမ့်မယ်လို့ ဒီလို နှလုံးပိုက်တော်မူကာ ရဟန်းတော်တစ်ပါးကို -
“ရဟန်း လာလော့ ... သင်သည် ငါ၏ စကားဖြင့် သာရိပုတ္တရာကို “အရှင်ဘုရားသာရိပုတ္တရာ ...အရှင်ဘုရားကို မြတ်စွာဘုရားက ခေါ်တော်မူနေပါတယ်” လို့ လျှောက်ထားကာ ခေါ်ချေလော့” ဟု အမိန့် ရှိတော်မူလိုက်ပါတယ်။

ထိုအခါမှာ ထိုရဟန်းက ဘုရားရှင်အား “မှန်ပါ့ မြတ်စွာဘုရား ...” ဟု ဝန်ခံစကား လျှောက်ထားကာ အရှင်သာရိပုတ္တရာထံသို့ ချဉ်းကပ်ကာ ဘုရားရှင်က ခေါ်တော်မူကြောင်းကို တင်ပြလျှောက်ထားလိုက်ပါတယ်။

ထိုအခါမှာ အရှင်မဟာမောဂ္ဂလ္လာန်နှင့် အရှင်အာနန္ဒာ မထေရ်မြတ်ကြီး နှစ်ပါးတို့က သံကောက် “သော့” ကို ယူဆောင်ကာ ကျောင်းစဉ် လှည့်လည်ပြီး “အရှင်ဘုရားတို့ ... ကြွတော်မူကြပါ ကြွတော်မူကြပါ။ အရှင်သာရိပုတ္တရာဟာ မြတ်စွာဘုရားရှင်ရဲ့ မျက်မှောက်တော်မှာ ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့ ရဲဝံ့တဲ့ လွန်မြတ်သော ကြုံးဝါးတဲ့ တရားသံကို လျှောက်ဆိုလိမ့်မယ်” လို့ ပြောဆို လျှောက်ထားကြတယ်။ မထေရ်မြတ်ကြီး နှစ်ပါးတို့က ခုလို တိုက်တွန်းပြောဆို လျှောက်ထားလိုက်ကြတဲ့အခါ ရဟန်းသံဃာ အပေါင်းဟာ ညဉ့်သန့်စင်ရာနေရာ, နေ့သန့်စင်ရာနေရာတို့ကို ပယ်စွန့်ထားခဲ့ပြီး ဘုရားရှင်ထံတော်သို့ ချဉ်းကပ်တော်မူကြပါတယ်။

အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကလည်း ဘုရားရှင်ထံတော်သို့ ချဉ်းကပ်တော်မူကာ ဘုရားရှင်အား ရိုသေစွာ ရှိခိုးပြီးနောက် သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်တော်မူလိုက်ပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က အရှင်သာရိပုတ္တရာကို -
“သာရိပုတ္တရာ ... သီတင်းသုံးဖော် ရဟန်းတစ်ပါးကတော့ သင့်အပေါ်မှာ ရှုတ်ချခြင်းသဘောသို့ ရောက်ရှိနေတယ်။ မြတ်စွာဘုရား ... အရှင်သာရိပုတ္တရာဟာ အရှင်ဘုရားတို့ရဲ့ အဂ္ဂသာဝက ဖြစ်တယ် ဆိုပြီးတော့ တပည့်တော်ကို နားရွက်ကို ရိုက်ခွဲလိုက်သလို ထိပါးပုတ်ခတ်ပြီးတော့ အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ လှည့်လည်ဖို့ရန် ထွက်ခွာသွားပါတယ် မြတ်စွာဘုရား” လို့ လာရောက် လျှောက်ထားနေတယ်ဟု ဘုရားရှင်က မိန့်ကြားတော်မူလိုက်ပါတယ်။

အဲဒီအခါမှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက သီဟနာဒခေါ်တဲ့ ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့ ရဲဝံ့တဲ့ မွန်မြတ်တဲ့ တရားစကားတော်ကို မိန့်မြွက်တော်မူပါတယ်။

သီဟနာဒ (၉)မျိုး

(သီဟနာဒသုတ္တန်)

၁။ မြတ်စွာဘုရား ... စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာ၏၊ မြတ်စွာဘုရား ... မဟာပထဝီမြေကြီးပေါ်၌ စင်ကြယ်သော အရာဝတ္ထုကိုလည်း စွန့်ပစ်ချကြလေကုန်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း စွန့်ပစ်ချကြလေကုန်၏၊ ကျင်ငယ်ကိုလည်း စွန့်ပစ်ချကြကုန်၏၊ တံထွေးကိုလည်း စွန့်ပစ်ချကြကုန်၏၊ ပြည်ကိုလည်း စွန့်ပစ်ချကြကုန်၏၊ သွေးကိုလည်း စွန့်ပစ်ချကြကုန်၏၊ မဟာပထဝီမြေကြီးသည် ထိုသို့ ပစ်ချထားခြင်းတည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု(ဝမ်းမြောက်မှု ဝမ်းနည်းမှု) မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော(=အကုသိုလ်တည်းဟူသော အတွင်းရန်, ရန်သူပုဂ္ဂိုလ်တည်းဟူသော အပြင်ရန် မရှိသော) ငြိုငြင်မှု မရှိသော(=စိတ်မချမ်းသာမှု ဒေါမနဿ မရှိသော) မဟာပထဝီမြေကြီးနှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏၊ မြတ်စွာဘုရား ... စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာ၏၊

၂။ မြတ်စွာဘုရား ... ရေ၌ စင်ကြယ်သော အရာဝတ္ထုကိုလည်း ဆေးကြောကြကုန်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း ဆေးကြောကြကုန်၏၊ ကျင်ကြီးကိုလည်း, ကျင်ငယ်ကိုလည်း, တံတွေးကိုလည်း, ပြည်ကိုလည်း, သွေးကိုလည်း ဆေးကြောကြကုန်၏၊ ရေသည် ထိုသို့ ဆေးကြောခြင်းတည်းဟူသော အကြောင်းကြောင့် Ngri ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော, ငြိုငြင်မှု မရှိသော ရေနှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏၊ မြတ်စွာဘုရား ... စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာ၏၊

၃။ မြတ်စွာဘုရား ... မီးသည် စင်ကြယ်သော အရာဝတ္ထုကိုလည်း လောင်၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း လောင်၏၊ ကျင်ကြီးကိုလည်း, ကျင်ငယ်ကိုလည်း, တံတွေးကိုလည်း, ပြည်ကိုလည်း, သွေးကိုလည်း လောင်၏၊ မီးသည် ထိုကဲ့သို့ လောင်ရခြင်းတည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှု မရှိသော, မီးနှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏၊ မြတ်စွာဘုရား ... စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာ၏၊

၄။ မြတ်စွာဘုရား ... လေသည် စင်ကြယ်သော အရာဝတ္ထုကိုလည်း တိုက်ခတ်ကာ အနံ့ကို သယ်ဆောင်သွားပါ၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း တိုက်ခတ်ကာ အနံ့ကို သယ်ဆောင်သွားပါ၏၊ ကျင်ကြီးကိုလည်း, ကျင်ငယ်ကိုလည်း, တံတွေးကိုလည်း, ပြည်ကိုလည်း, သွေးကိုလည်း တိုက်ခတ်ကာ အနံ့ကို သယ်ဆောင်သွားပါ၏၊ လေသည် ထိုကဲ့သို့ တိုက်ခတ်ကာ အနံ့ကို သယ်ဆောင်သွားရခြင်းတည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှု မရှိသော, လေနှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏၊ မြတ်စွာဘုရား ... စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာ၏၊

၅။ မြတ်စွာဘုရား ... ဖုတ်သုတ်အဝတ်သည် စင်ကြယ်သော အရာဝတ္ထုကိုလည်း သုတ်ရ၏၊ မစင်ကြယ်သော အရာဝတ္ထုကိုလည်း သုတ်ရ၏၊ ကျင်ကြီးကိုလည်း, ကျင်ငယ်ကိုလည်း, တံတွေးကိုလည်း, ပြည်ကိုလည်း, သွေးကိုလည်း သုတ်ရ၏၊ ဖုတ်သုတ်အဝတ်သည် ထိုကဲ့သို့ သုတ်ရခြင်းတည်းဟူသော အကြောင်းကြောင့် ငြီးငွေ့မှု ရှက်နိုးမှု စက်ဆုပ်မှု မရှိသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှု မရှိသော, ဖုတ်သုတ်အဝတ်နှင့်တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏၊ မြတ်စွာဘုရား ... စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာ၏၊

၆။ မြတ်စွာဘုရား ... ခွက်လက်စွဲကာ စုတ်ပြတ်သည့် အဝတ်ကိုသာ ဝတ်ဆင်ထားသော ဒွန်းစဏ္ဍာလုလင်ပျိုသည်လည်းကောင်း၊ ဒွန်းစဏ္ဍာလုံမပျိုသည်လည်းကောင်း ရွာနိဂုံးအတွင်းသို့ ထမင်းအစာ ရှာဖွေရန်အလို့ငှာ ဝင်ရောက်လာလတ်သော် မာန်မတက်ကြွ နှိမ်ချသော စိတ်ဓာတ်ကိုသာလျှင် ဖြစ်စေ၍ ထမင်းအရှာ ဝင်ရောက်၍ လာသကဲ့သို့ မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော, ရန်မရှိသော, ငြိုငြင်မှု မရှိသော, ဒွန်းစဏ္ဍာလုလင်ပျို, လုံမပျိုနှင့် တူညီသော စိတ်ဓာတ်ဖြင့်(=မာန်မတက်ကြွ နှိမ်ချသော စိတ်ဓာတ်ဖြင့်) နေထိုင်ပါ၏၊ မြတ်စွာဘုရား ... စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖော် တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖဲခွာသွားလေရာ၏၊

၇။ မြတ်စွာဘုရား ... ဦးချိုကျိုးထားတဲ့ အကျင့်ကောင်းမွန်တဲ့ ယဉ်ကျေးပြီး ဆုံးမအပ်ပြီးတဲ့ နွားလားဥသဘကြီးသည် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့၊ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ လှည့်လည်လတ်သော် ခြေဖြင့်သော်လည်းကောင်း၊ ဦးချိုဖြင့်သော်လည်းကောင်း (မိမိကို ကိုင်တွယ်လာသူကိုလည်းကောင်း၊ ဆုပ်နယ်နေသူကိုလည်းကောင်း) တစ်စုံတစ်ယောက်သောသူကိုမျှ မညှဉ်းဆဲသကဲ့သို့ - မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤသာသနာတော်၌ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော၊ ရန်မရှိသော၊ ငြိုငြင်မှုမရှိသော၊ ဦးချိုကျိုးပြီးသော နွားလားဥသဘနှင့် တူညီသော စိတ်ဓာတ်ဖြင့် နေထိုင်ပါ၏၊ မြတ်စွာဘုရား ... စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖော်တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖွဲခွာသွားလေရာ၏။

၈။ မြတ်စွာဘုရား ... ငယ်ရွယ်နုပျိုနေတဲ့ အလှပြင်လေ့ရှိတဲ့ ဦးခေါင်းနှင့်တကွ ရေချိုးပြီးတဲ့ လုံမပျိုသည်လည်းကောင်း၊ လုလင်ပျိုသည်လည်းကောင်း မြွေကောင်ပုပ်ကိုဖြစ်စေ၊ ခွေးကောင်ပုပ်ကိုဖြစ်စေ၊ လူကောင်ပုပ်ကိုဖြစ်စေ လည်ပင်း၌ ဆွဲလိုက်ပါမူ ငြီးငွေ့ ရှက်နိုး ရွံရှာ စက်ဆုပ်သကဲ့သို့ - မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် ဤတပည့်တော်၏ ခန္ဓာကိုယ် အကောင်ပုပ်ကြီးဖြင့် ငြီးငွေ့ပါ၏ ရှက်နိုးပါ၏ ရွံရှာစက်ဆုပ်ပါ၏၊ မြတ်စွာဘုရား ... စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖော်တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖွဲခွာသွားလေရာ၏။

၉။ မြတ်စွာဘုရား ... ယောကျ်ားတစ်ဦးသည် အပေါက်ကြီးငယ်ရှိတဲ့ အထက်မှလည်း လျှံကျနေတဲ့ (=အထက်သို့လည်း လျှံတက်နေတဲ့) အောက်မှလည်း ယိုကျနေတဲ့ အမဲဆီအိုးကို ရွက်ဆောင်နေရသကဲ့သို့ - မြတ်စွာဘုရား ... အလားတူပင် တပည့်တော်သည် အပေါက်ကြီးငယ် ရှိနေတဲ့ အထက်မှလည်း လျှံကျနေတဲ့ (=အထက်သို့လည်း လျှံတက်နေတဲ့) အောက်မှလည်း ယိုကျနေတဲ့ ဤခန္ဓာကိုယ်ကြီးကို ရွက်ဆောင်နေရပါ၏၊ မြတ်စွာဘုရား ... စင်စစ် ခန္ဓာကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာလျှင် သီတင်းသုံးဖော်တစ်ဦးဦးကို ထိပါးပြီးနောက် အပြစ်ကို သည်းမခံစေဘဲ ခရီးဒေသစာရီ ဖွဲခွာသွားလေရာ၏။

ဤသို့လျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက သာသနာတော်မှာ မိမိကိုယ်တိုင် လိုက်နာကျင့်သုံးနေသည့် စိတ်နေစိတ်ထားတို့ကို ကိုးမျိုးသော အခြင်းအရာတို့ဖြင့် ဘုရားရှင်အား တင်ပြလျှောက်ထားလိုက်သောအခါ - အရှင်သာရိပုတ္တရာ မထေရ်မြတ်အား ပြစ်မှားမိသော ထိုရဟန်းသည် ထိုင်ရာနေရာမှ ထကာ၊ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ဧကသီကို စမ္ပယ်တင်ပြီးနောက် မြတ်စွာဘုရား၏ ခြေတော်အစုံ ကြာပဒုံတို့ကို ဦးတိုက်ကာ မြတ်စွာဘုရားရှင်အား ဤသို့ လျှောက်ထားလေသည် -

” မြတ်စွာဘုရား... တပည့်တော်သည် မိုက်သည့်အလျောက်၊ တွေဝေသည့်အလျောက်၊ မလိမ္မာသည့်အလျောက် အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါ၏၊ တပည့်တော်သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကို ထင်ရှားမရှိသော အချည်းနှီးသော မှားယွင်းသော မဟုတ်မမှန်သော အကြောင်းအရာဖြင့် စွပ်စွဲမိပါသည်။ မြတ်စွာဘုရားသည် ထိုတပည့်တော်၏ အပြစ်ကို နောင်အခါ စောင့်စည်းနိုင်ရန် အပြစ်ဟု လက်ခံတော်မူပါ မြတ်စွာဘုရား ...” ဟု လျှောက်ထားလေသည်။

ရဟန်း ... မိုက်သည့်အလျောက်၊ တွေဝေသည့်အလျောက်၊ မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် သာရိပုတ္တရာကို ထင်ရှားမရှိသော အချည်းနှီးသော မှားယွင်းသော မဟုတ်မမှန်သော အကြောင်းအရာဖြင့် စွပ်စွဲခဲ့၏၊ ရဟန်း ... သင်သည် အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစားသောကြောင့် သင်၏ ထိုအပြစ်ကို အပြစ်ဟု ငါဘုရားရှင်တို့ လက်ခံကြပါကုန်၏၊ ရဟန်း ... အကြင်သူသည် အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ ထိုသူ၏ ဤသို့ ကုစားခြင်း စောင့်စည်းခြင်းသည် ဖြူစင်မြင့်မြတ်သည့် အရိယာသူတော်ကောင်း၏ ဝိနည်းအဆုံးအမတော်၌ ကြီးပွားကြောင်း တရားပင်တည်းဟု ဘုရားရှင်က မိန့်ကြားတော်မူလေသည်။

ထိုအခါ မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကို - ” သာရိပုတ္တရာ ... ဤမဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောကျ်ားအား ထိုအရပ်၌ပင် ထိုယောကျ်ား၏ ဦးထိပ်သည် ခုနစ်စိတ်မကွဲမီ သည်းခံလေလော့” ဟု မိန့်ကြားတော်မူလေသည်။

ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က မြတ်စွာဘုရားအား - ” မြတ်စွာဘုရား ... အကယ်၍ ထိုအရှင်သည် တပည့်တော်ကို “သည်းခံတော်မူပါ” ဟု ဤသို့ ပြောဆို လျှောက်ထားလာပါမူ တပည့်တော်သည် ထိုအရှင်အား သည်းခံပါ၏၊ ထိုအရှင်ကလည်း တပည့်တော်အား သည်းခံပါစေ” ဟု လျှောက်ထားလေသည်။ (အံ၊ ၃၊ ၁၈၀-၁၈၄။)

သာသနာတော်ဝယ် ပြုသင့်ပြုထိုက်သည့် လောကီမဂ္ဂင် ရှစ်ပါး၊ လောကုတ္တရာမဂ္ဂင် ရှစ်ပါးဆိုတဲ့ မဂ်ကိစ္စကို အရဟတ္တမဂ်သို့တိုင်အောင် လိုက်နာပြုကျင့်တော်မူပြီးနောက် သာသနာတော်ဝယ် ပြုသင့်ပြုထိုက်သည့် လုပ်ငန်းရပ်တို့ကို ဆက်လက်ကာ လိုက်နာပြုကျင့်သွားတော်မူသည့် ရှေးထုံးဟောင်းကျင့်စဉ်တို့တွင် “စံ” ထိုက်သော အတုယူကာ လိုက်နာပြုကျင့်ဖွယ် ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်ထားသည့် ကျင့်စဉ်တစ်ရပ်ပင် ဖြစ်ပေသည်။

ကာယဂတာသတိဆိုတာ ဘာလဲ?

မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော်ဝယ် ကာယဂတာသတိသုတ္တန် (မ၊ ၃၊ ၁၃၀-၁၄၀။) ဟူသော အမည်ဖြင့် သုတ္တန်တစ်ခု လာရှိပေသည်။ ယင်း ကာယဂတာသတိသုတ္တန် အဋ္ဌကထာက ကာယဂတာသတိ၏ အဓိပ္ပာယ်ကို ဤသို့ ရှင်းပြထားပေသည်။

‘‘ကာယဂတာသတိန္တိ ကာယပရိဂ္ဂါဟိကမ္ပိ ကာယာရမ္မဏမ္ပိ သတိံ။ ကာယပရိဂ္ဂါဟိကန္တိ ဝုတ္တေ သမထော ကထိတော ဟောတိ၊ ကာယာရမ္မဏန္တိ ဝုတ္တေ ဝိပဿနာ။ ဥဘယေန သမထဝိပဿနာ ကထိတာ ဟောန္တိ။’’ (မ၊ဋ္ဌ၊၄၊၁၀၂။)

ကာယဂတာသတိန္တိ = ကာယဂတာသတိဟူသည်၊ ကာယပရိဂ္ဂါဟိကမ္ပိ = ကာယကို သိမ်းဆည်းတတ်သော သတိကိုလည်းကောင်း၊ ကာယာရမ္မဏမ္ပိ = ကာယလျှင် အာရုံရှိသော သတိကိုလည်းကောင်း၊ သတိံ = (ပြဆိုအပ်သော) သတိတည်း။ ကာယပရိဂ္ဂါဟိကန္တိ ဝုတ္တေ = ကာယကို သိမ်းဆည်းတတ်သော သတိဟူ၍ ဆိုအပ်သော်၊ သမထော = သမထကမ္မဋ္ဌာန်းကို၊ ကထိတော ဟောတိ = ဟောကြားအပ်သည် ဖြစ်၏။ ကာယာရမ္မဏန္တိ ဝုတ္တေ = ကာယလျှင် အာရုံရှိသော သတိဟူ၍ ဆိုအပ်သော်၊ ဝိပဿနာ = ဝိပဿနာကမ္မဋ္ဌာန်းကို (ဟောကြားအပ်သည် ဖြစ်၏)။ ဥဘယေန = ထိုနှစ်ပါးသော စကားတို့ဖြင့်၊ သမထဝိပဿနာ = သမထ ဝိပဿနာ နှစ်မျိုးလုံးတို့ကို၊ ကထိတာ ဟောန္တိ = ဟောကြားအပ်ကုန်သည် ဖြစ်၏။

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်အရ ကာယဂတာသတိဟူသည် -
၁။ ကာယကို သိမ်းဆည်းတတ်သော သတိကိုလည်း - ကာယဂတာသတိဟု ခေါ်ဆို၏။
၂။ ကာယလျှင် အာရုံရှိသော သတိကိုလည်း - ကာယဂတာသတိဟု ခေါ်ဆို၏။

‘‘သတိသီသေန တံသဟဂတေ ဘာဝနာဓမ္မေ ဝဒတိ။’’ (မ၊ဋီ၊၃၊315။)

သတိသီသေန = သတိလျှင် အကြီးအမှူးရှိသည်၏ အစွမ်းဖြင့်၊ တံသဟဂတေ = ထိုသတိနှင့် အတူတကွ ဖြစ်ကုန်သော၊ ဘာဝနာဓမ္မေ = ဘာဝနာတရားတို့ကို၊ ဝဒတိ = (အဋ္ဌကထာဆရာသည်) ဆိုတော်မူ၏။

အထက်ပါ ဋီကာအဖွင့်အရ ကာယလျှင် အာရုံရှိသော သတိအရ သတိတစ်ခုတည်းကိုသာ မဆိုလိုပေ။ သတိနှင့် အတူတကွဖြစ်ကြကုန်သော ဘာဝနာဓမ္မအားလုံးတို့ကိုပင် ဆိုလိုပေသည်။ သတိနှင့် စိတ္တက္ခဏတစ်ခုအတွင်း၊ ဇောဝီထိတစ်ခုအတွင်း အတူယှဉ်တွဲ ဖြစ်ပေါ်သွားကြသော နာမ်တရားစုကို ဆိုလိုသည်။

ထိုတွင် ကာယပရိဂ္ဂါဟိကသတိ = ကာယကို သိမ်းဆည်းတတ်သော သတိဟု ဆိုလျှင် သမထကမ္မဋ္ဌာန်းပိုင်းကို ဆိုလိုပေသည်။ ကာယာရမ္မဏသတိ = ကာယလျှင် အာရုံရှိသော သတိဟုဆိုလျှင် ဝိပဿနာကမ္မဋ္ဌာန်းကို ဆိုလိုပေသည်။ (မ၊ ဋ္ဌ၊ ၄၊ ၁၀၂။)

‘‘ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။’’ (ပဋိသံ၊ ၁၈၁။)

ကာယောတိ = ကာယဟူသော စကားရပ်၌၊ ဒွေ = နှစ်မျိုးသော၊ ကာယာ နာမ = ကာယတို့သည် (ရှိကုန်၏)။ (ယင်းတို့ကား) နာမကာယော စ = နာမကာယလည်းကောင်း၊ ရူပကာယော စ = ရူပကာယလည်းကောင်း (တည်း)။

ဤအထက်ပါ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် အာနာပါနဿတိ ကမ္မဋ္ဌာန်းပိုင်းတွင် ဟောကြားထားတော်မူသည်နှင့်အညီ ကာယဂတာသတိဟူသော စကားရပ်၌ ကာယဟူသည် -
၁။ နာမကာယ = နာမ်တရားအပေါင်းအစု
၂။ ရူပကာယ = ရုပ်တရားအပေါင်းအစု

ဤနှစ်မျိုးသော ရုပ်-နာမ် အပေါင်းအစုကို ကာယဟု ဆိုလိုပေသည်။ ထိုတွင် ရူပကာယအရ - ဘူတရုပ်၊ ဥပါဒါရုပ်ဟူသော ရုပ်ပရမတ်တရားများတွင်သာမက
၁။ အဿသ ပဿသကာယ

၂။ ယင်း အဿသ ပဿသကာယကို အမှီပြု၍ ဖြစ်ပေါ်လာသော အာနာပါနနိမိတ်တို့လည်း ပါဝင်ကြောင်းကို ယင်းပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ၊ ၁၈၁။) တွင် ဆက်လက်ဟောကြားထားတော်မူပါသည်။

ဤရှင်းလင်းချက်များအရ ကာယပရိဂ္ဂါဟိကသတိ = ကာယကို သိမ်းဆည်းတတ်သော သတိသည် သမထကမ္မဋ္ဌာန်းပိုင်းကို ရည်ညွှန်းထားသဖြင့် ကာယအရ - အဿသ ပဿသကာယ = ဝင်သက်လေ+ထွက်သက်လေ အပေါင်းအစု = ကာယနှင့် ယင်း ဝင်သက်လေ၊ ထွက်သက်လေကို အမှီပြုကာ ဘာဝနာစွမ်းအားကြောင့် ဖြစ်ပေါ်လာသော အာနာပါနနိမိတ်စတဲ့ သမထအာရုံတွေကို ဆိုလိုသည်ဟု မှတ်ပါ။ ယင်း သမထအာရုံတွေကို အောက်တွင် ဆက်လက်ကာ ဖော်ပြပါမည်။

ကာယာရမ္မဏသတိ = ကာယလျှင် အာရုံရှိသော သတိဟုဆိုလျှင် ဝိပဿနာကမ္မဋ္ဌာန်းပိုင်းကို ရည်ညွှန်းထားသည် ဖြစ်ရကား ကာယအရ ဝိပဿနာဉာဏ်ဖြင့် လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွား သုံးသပ်ထိုက်သည့် နာမကာယ = နာမ်တရားအပေါင်းအစုနှင့်၊ ရူပကာယ = ရုပ်တရားအပေါင်းအစုကို ဆိုလိုသည်ဟု မှတ်ပါ။

ဤရှင်းလင်းချက်များအရ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးဟာ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားသည်ဟုဆိုလျှင် တစ်နည်းဆိုရသော် ကာယဂတာသတိ၌ ထင်လင်းသော သတိရှိသည်ဟုဆိုလျှင် သမထပိုင်း ဝိပဿနာပိုင်း နှစ်ပိုင်းလုံးကိုပင် ပွားများအားထုတ်နေသည်ဟု မှတ်ထားပါလေ။

‘‘မဟာသတိပဋ္ဌာနသုတ္တေ စုဒ္ဒသဝိဓေန ကာယာနုပဿနာ ကထိတာ၊ စုဏ္ဏကဇာတာနိ အဋ္ဌိကာနိ ပရိယောသာနံ ကတွာ ကာယာနုပဿနာ နိဒ္ဒိဋ္ဌာ၊ ဣဓ ပန ကေသာဒီသု ဝဏ္ဏကသိဏဝသေန နိဗ္ဗတ္တိတာနံ စတုန္နံ ဈာနာနံ ဝသေန ဥပရိဒေသနာယ ဝဍ္ဎိတတ္တာ အဋ္ဌာရသဝိဓေန ကာယဂတာသတိဘာဝနာ။’’ (မ၊ ဋီ၊ ၃၊ ၃၁၅။)

မဟာသတိပဋ္ဌာနသုတ္တေ = မဟာသတိပဋ္ဌာနသုတ္တန်၌၊ စုဒ္ဒသဝိဓေန = တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့်၊ ကာယာနုပဿနာ = ကာယာနုပဿနာကို၊ ကထိတာ = ဟောကြားအပ်၏။ စုဏ္ဏကဇာတာနိ = ညက်ညက်မှုန့်မှုန့် ဖြစ်ကုန်သော၊ အဋ္ဌိကာနိ = အရိုးတို့ကို၊ ပရိယောသာနံ ကတွာ = အဆုံးပြု၍၊ ကာယာနုပဿနာ = ကာယာနုပဿနာကို၊ နိဒ္ဒိဋ္ဌာ = ပြဆိုအပ်၏။ ဣဓ ပန = ဤကာယဂတာသတိသုတ္တန်၌မူကား၊ ကေသာဒီသု = ဆံပင်အစရှိသော ကောဋ္ဌာသတို့၌၊ ဝဏ္ဏကသိဏဝသေန = အရောင်ကသိုဏ်း၏ အစွမ်းဖြင့်၊ နိဗ္ဗတ္တိတာနံ = ဖြစ်ပေါ်စေအပ်ကုန်သော၊ စတုန္နံ ဈာနာနံ = လေးပါးသော ဈာန်တို့၏၊ ဝသေန = အစွမ်းဖြင့်၊ ဥပရိဒေသနာယ = အထက်ပဒေသနာတော်၌၊ ဝဍ္ဎိတတ္တာ = တိုးပွား၍ ဟောကြားအပ်သည်၏ အဖြစ်ကြောင့်၊ အဋ္ဌာရသဝိဓေန = တစ်ဆယ့်ရှစ်မျိုးသော အခြင်းအရာအားဖြင့်၊ ကာယဂတာသတိဘာဝနာ = ကာယဂတာသတိဘာဝနာကို (ဟောကြားအပ်၏)။

ဤအထက်ပါ ဋီကာ၏ ဖွင့်ဆိုချက်နှင့်အညီ မဟာသတိပဋ္ဌာနသုတ္တန်တွင် ကာယာနုပဿနာပိုင်းကို တစ်နည်းဆိုရသော် ကာယဂတာသတိ ကမ္မဋ္ဌာန်း တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် ဟောကြားထားတော်မူပေသည်။ ဤကာယဂတာသတိသုတ္တန်တွင်ကား သုံးဆယ့်နှစ်ကောဋ္ဌာသတို့၏ အရောင်ကို အာရုံယူကာ ဝဏ္ဏ = အရောင်ကသိုဏ်း လေးမျိုးတို့ကို ဈာန်လေးမျိုးသို့ ဆိုက်ရောက်အောင် ပွားများပုံများကိုပါ ထည့်သွင်းကာ ဟောကြားထားတော်မူတဲ့အတွက် တစ်ဆယ့်ရှစ်မျိုးသော ကာယဂတာသတိ ကမ္မဋ္ဌာန်းတို့ကို ဟောကြားထားတော်မူသည်ဟု မှတ်ပါ။ ယင်းကမ္မဋ္ဌာန်းတို့ကို အကျဉ်းချုပ်ကာ ရေတွက်ပြပေအံ့ -
၁။ အာနာပါနကမ္မဋ္ဌာန်းပိုင်း
၂။ ဣရိယာပထပိုင်း
၃။ သမ္ပဇဉ်ပိုင်း

၄။ သုံးဆယ့်နှစ်ကောဋ္ဌာသတို့ကို ရွံရှာ စက်ဆုပ်ဖွယ်အနေဖြင့် ရှုပွားသည့် ပဋိကူလမနသိကာရပိုင်း

၅။ ဓာတ်ကမ္မဋ္ဌာန်းပိုင်း
၆-၁၄။ နဝသီဝထိက = သုဿန်သချိုင်းနှင့်စပ်တဲ့ အသုဘဘာဝနာ ကိုးမျိုး

ပေါင်းလိုက်တော့ တစ်ဆယ့်လေးမျိုး ဖြစ်ပါတယ်။ ဒီတစ်ဆယ့်လေးမျိုးကတော့ မဟာသတိပဋ္ဌာနသုတ္တန်မှာလည်း လာရှိပါတယ်။ ကာယဂတာသတိသုတ္တန်မှာလည်း ဘုရားရှင်က ထပ်မံပြီး ဟောကြားထားတော်မူပါတယ်။ ယင်း တစ်ဆယ့်လေးမျိုးတို့အပြင် သုံးဆယ့်နှစ်ကောဋ္ဌာသတို့မှ အရောင်တွေကို အာရုံယူကာ အရောင်ကသိုဏ်းတွေကို ပွားများလို့ ရရှိတဲ့ ရူပါဝစရဈာန်လေးပါးတို့ကိုပါ ထပ်ပေါင်းထည့်လိုက်လျှင်တော့ ကာယဂတာသတိ တစ်ဆယ့်ရှစ်မျိုး ဖြစ်သွားပါတယ်။

၁။ ဆံပင်တို့လို ညိုတဲ့ ကောဋ္ဌာသတွေကို အာရုံယူပြီး အညိုရောင်ကသိုဏ်း = နီလကသိုဏ်း။

၂။ ကျင်ငယ်တို့လို ဝါတဲ့ ကောဋ္ဌာသတွေကို အာရုံယူပြီး အဝါရောင်ကသိုဏ်း = ပီတကသိုဏ်း။

၃။ သွေးတို့လို နီတဲ့ ကောဋ္ဌာသတွေကို အာရုံယူပြီး အနီရောင်ကသိုဏ်း = လောဟိတကသိုဏ်း။

၄။ အရိုးတို့လို ဖြူတဲ့ ကောဋ္ဌာသတွေကို အာရုံယူပြီး အဖြူရောင်ကသိုဏ်း = ဩဒါတကသိုဏ်း။

ဤ ဝဏ္ဏ = အရောင်ကသိုဏ်း လေးမျိုးတို့ကို ပွားများလိုက်တဲ့အခါ ကသိုဏ်းတစ်မျိုးတစ်မျိုးမှာ ရူပါဝစရဈာန်လေးပါးစီ ရရှိနိုင်ပါတယ်။
ဤကမ္မဋ္ဌာန်းအမျိုးမျိုးတွေကို ပြည့်ပြည့်စုံစုံ ပွားများအားထုတ်လိုပါက နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရတဲ့ ကျမ်းစာကြီး ငါးတွဲမှာ ကြည့်ရှုပါလေ။

ယင်း ကာယဂတာသတိသုတ္တန်တွင် တစ်ဆယ့်ရှစ်မျိုးသော အခြင်းအရာအားဖြင့် ကာယဂတာသတိကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါက တစ်နည်းဆိုရသော် တစ်ဆယ့်ရှစ်မျိုးသော အခြင်းအရာအားဖြင့် ကာယဂတာသတိ အမည်ရတဲ့ သမထကမ္မဋ္ဌာန်း၊ ဝိပဿနာကမ္မဋ္ဌာန်းတို့ကို ပွားများ အားထုတ်ခဲ့သော် ရရှိနိုင်သော အကျိုးတရား တစ်ဆယ်ပါးတို့ကိုလည်း ဘုရားရှင်က ဆက်လက် ဟောကြားထားတော်မူပါတယ်။

၁။ သမထ ဝိပဿနာ အစဖြာသည့် ကုသိုလ်တရားတို့၌ မမွေ့လျော်ခြင်း၊ ကာမဂုဏ်၌ မွေ့လျော်ခြင်းကို လွှမ်းမိုးနိုင်၏။

၂။ ကြောက်တတ်သော စိတ်၊ ကြောက်မက်ဖွယ် အာရုံတို့ကို လွှမ်းမိုးနိုင်၏။

၃။ အပူဒဏ်၊ အအေးဒဏ်၊ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်းတို့ကို သည်းခံနိုင်၏။ မှက် ခြင် ယင် လေ နေပူ မြွေ ကင်း သန်းတို့၏ ကိုက်ခဲခြင်းအတွေ့ကို သည်းခံနိုင်၏။ (အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကဲ့သို့) မကောင်းသဖြင့် ပြောဆိုလာကုန်တဲ့၊ မကောင်းသဖြင့် ဆိုက်ရောက်လာကုန်တဲ့ စကားတို့ကို သည်းခံနိုင်၏။ ဆင်းရဲကုန်တဲ့၊ ထက်မြက်စူးရှကုန်တဲ့၊ ကြမ်းတမ်းကုန်တဲ့၊ ခါးစပ်ကုန်တဲ့၊ သာယာခြင်းမှ ကင်းကုန်တဲ့၊ စိတ်နှလုံးမှာ ကုသိုလ်တရားတွေကို မတိုးပွားစေကုန်တဲ့၊ မမြတ်နိုးအပ်ကုန်တဲ့၊ အသက်ကို ဆောင်ယူသွားနိုင်ကုန်တဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်လာကြတဲ့ ဝေဒနာအမျိုးမျိုးတွေကို သည်းခံနိုင်တဲ့ သဘောရှိ၏။

၄။ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ဆိုတဲ့ ရူပါဝစရဈာန်လေးပါးတို့ကို မငြိုမငြင် မပင်မပန်း လွယ်လွယ်ကူကူ ရရှိနိုင်၏။

၅။ တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်တဲ့ ဣဒ္ဓိဝိဓအဘိညာဏ်။
၆။ နတ်နားကဲ့သို့ ကြားနိုင်တဲ့ ဒိဗ္ဗသောတအဘိညာဏ်။
၇။ သူတစ်ပါးတို့ရဲ့ စိတ်ကို သိနိုင်တဲ့ ပရစိတ္တဝိဇာနနအဘိညာဏ်။

၈။ ရှေးက ဖြစ်ခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျောက်ကာ အောက်မေ့နိုင်တဲ့ ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ်။

၉။ နတ်မျက်စိကဲ့သို့ မြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဏ်။

၁၀။ အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်တဲ့ အာသဝက္ခယဉာဏ် တို့ကို ရရှိနိုင်၏။

ဤအကျိုးတရား တစ်ဆယ်ပါးကို ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါက ရရှိနိုင်ပေသည်။ (မ၊ ၃၊ ၁၃၉-၁၄၀။)

အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်ကား ဤတစ်ဆယ်မျိုးသော အကျိုးတရားတွေတွင်သာမက အဂ္ဂသာဝက ဗောဓိဉာဏ်တော်မြတ်ကိုပါ ရရှိအောင် ကာယဂတာသတိကမ္မဋ္ဌာန်းကို ပွားများအားထုတ်ထားပြီး ဖြစ်တော်မူပေသည်။ ဤကဲ့သို့ ပွားများအားထုတ်ပြီး ဖြစ်တော်မူတဲ့အတွက် တစ်နည်းပြောဆိုရသော် သာသနာတော်မှာ ပြုလုပ်သင့် ပြုလုပ်ထိုက်တဲ့ လုပ်ငန်းရပ်တို့ကို ပြုလုပ်လိုတဲ့ ဆန္ဒဓာတ်အဝင်အပါ ဣဒ္ဓိပါဒ်လေးပါးတို့တွင် တစ်ပါးပါးကို ရှေ့တန်းတင်ကာ လိုက်နာပြုကျင့်တော်မူတဲ့အတွက် - ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့ ရဲဝံ့စွာ အထက်ပါ သီဟနာဒသုတ္တန်တွင် တင်ပြထားသည့် သီဟနာဒအမည်ရတဲ့ ကိုးမျိုးသော တရားစည်ကြီးကို ဆယ့်တစ်ခွင်ရပ် သွက်လျင်ခတ် ပဲ့တင်ထပ်အောင် ရိုက်တီးတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရားရှင်ထံတော်မှ အာမိသအမွေကို မခံယူဘဲ ဓမ္မအမွေကိုသာ ခံယူသွားကြတဲ့ ရှေးသူဟောင်းတို့ရဲ့ “စံ” ထားရမည့် ဂုဏ်ယူဖွယ်၊ မြတ်နိုးဖွယ်၊ ကြည်ညိုဖွယ်၊ အတုယူဖွယ် ကျင့်စဉ်တစ်ရပ်ပင် ဖြစ်ပေသည်။

ဤကျမ်းစာငယ်ကို ဖတ်ရှုနေသော အသင်သူတော်ကောင်းသည်လည်း ရှေးသူဟောင်းတို့ထုံးကို အတုယူကာ ကာယဂတာသတိကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် ပွားများအားထုတ်ခြင်းဖြင့် သာသနာတော်အရှည် ခိုင်ခံ့တည်တံ့အောင် ရွက်ဆောင်နိုင်ပါစေသော် တရားစည်ကြီးကို ရိုက်တီးနိုင်ပါစေသော် - ဟူသော ဆန္ဒမွန်ဖြင့် ...

ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း - ဖားအောက်တောရ၊
၁၃၆၇ ခုနှစ်၊ ဝါဆိုလဆုတ် (၈) ရက်၊
၂၈.၇.၂၀၀၅။
gqljackifyqh0zarwzek5n8crveubxq 22048 22047 2026-06-11T00:19:31Z Tejinda 173 22048 wikitext text/x-wiki {{header | title = သီဟနာဒသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[သုမနသုတ်]] | previous2 = | next = [[သံခိတ္တဓနသုတ်နှင့် သီလဝန္တသုတ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}

suenegx48fq4j9yqlacuftsp7w4ayp6 သံခိတ္တဓနသုတ်နှင့် သီလဝန္တသုတ် 0 6339 22049 2026-06-11T00:20:23Z Tejinda 173 "{{header | title = သံခိတ္တဓနသုတ်နှင့် သီလဝန္တသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previo..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22049 wikitext text/x-wiki {{header | title = သံခိတ္တဓနသုတ်နှင့် သီလဝန္တသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[သီဟနာဒသုတ်]] | previous2 = | next = [[သမစိတ္တသုတ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
သံခိတ္တဓနသုတ္တန်နှင့် သီလဝန္တသုတ္တန်

ပထမပိုင်း

တပေါင်းလဆန်း (၁၂) ရက်နေ့ည။ ဒိုင်းဝန်ကွင်းနယ်မြေအတွင်း ဆန်လှူဆွမ်းလောင်းအဖွဲ့မှ ကြီးမှူးကျင်းပအပ်သော အောင်ပွဲသဘင်၌ ဟောကြားအပ်သော အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်၌ လာရှိသော သံခိတ္တဓနသုတ္တန်နှင့် ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် (စာမျက်နှာ-၁၃၆။ သုတ္တန်နံပါတ်-၁၂၂) ၌ လာရှိသော သီလဝန္တသုတ္တန်တရားဒေသနာတော်။

ဆန်လှူဆွမ်းလောင်းအဖွဲ့ရဲ့ အောင်ပွဲတရားအဖြစ် ဟောကြားပေးပါဆိုပြီး ဒကာကြီးများ လျှောက်ထားချက်အရ ဒီညတော့ ဦးပဉ္စင်း ဒီသုတ္တန်နှစ်ခုကို အခြေခံပြီးတော့ တရားဟောဖို့ ရည်ရွယ်ထားပါတယ်။ တရားမဟောမီ ရှေးဦးစွာ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားအား ပူဇော်ကန်တော့ကြရအောင်နော်။

‘‘မုနိန္ဒက္ကော ယေကော ဒယုဒယရုဏော ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော၊
ဝိနေယျပ္ပါဏောဃံ ကမလကထိတံ ဓမ္မရံသီဝရေဟိ။
သုဗောဓေသိ သုဒ္ဓေ တိဘဝကုဟရေ ဗျာပိတက္ကိတ္တိနဉ္စ၊
တိလောကေကစ္စက္ခုံ ဒုခမသဟနံ တံ မဟေသိံ နမာမိ။’’

ဒယုဒယရုဏော၊ မဟာကရုဏာတော် သမာပတ်တည်းဟူသော တက်သစ်စ နေအရုဏ်လည်း ရှိတော်မူထသော။ ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော၊ သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော ကျယ်ပြန့်သော စက်ဝန်းတော်လည်း ရှိတော်မူထသော။ ဧကော၊ သောင်းလောကဓာတ် တစ်ခွင်ဝယ် တုဘက်မပြူ တစ်ဆူတည်းသာ ပွင့်ထွန်းပေါ်ပေါက်၍ လာတော်မူပေသော။ ယော မုနိန္ဒက္ကော၊ အကြင် ဘုရားတည်းဟူသော နေမင်းသည်။ သုဒ္ဓေ၊ သန့်ရှင်းကြည်လင် အေးမြလှစွာသော။ တိဘဝကုဟရေ၊ ကာမ၊ ရူပ၊ အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ် ကြာအိုင်၌။ နိဗ္ဗတ္တံ၊ ပါရမီကံ စီမံသဖြင့် အသင့်ဖြစ်ထွန်း ပေါ်ပေါက်၍ နေပေသော။ ကမလကထိတံ၊ ကြာဟူ၍ ခေါ်ဆိုသမုတ်အပ်သော။ ဝိနေယျပ္ပါဏောဃံ၊ ကျွတ်ထိုက်သသူ လူနတ်ဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကို။ ဓမ္မရံသီဝရေဟိ၊ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေတတ်သည့် သူတော်ကောင်းတရားတည်းဟူသော မြတ်သော ဒေသနာရောင်ခြည်တော်တို့ဖြင့်။ သုဗောဓေသိ၊ သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်စေလျက် ကောင်းစွာ ပွင့်စေတော်မူခဲ့လေပြီ။ ဗျာပိတက္ကိတ္တိနဉ္စ၊ သောင်းလောကဓာတ် တစ်ခွင်ဝယ် သူမတူသော သီလ၊ သမာဓိ၊ ပညာဂုဏ်သကတ်ကြောင့် ဗြဟ္မာ့ဘုံတိုင် ပြန့်လှိုင်ကျော်ကြား ထင်ရှားတော်မူပေထသော။ တိလောကေကစ္စက္ခုံ၊ ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ တစ်လုံးတည်းသော မျက်စိသဖွယ် ဖြစ်တော်မူပေထသော။ ဒုခမသဟနံ၊ မဟာပထဝီမြေကြီးနှင့် တူစွာ သည်းခံနိုင်ခဲသောအရာကို သည်းခံတော်မူတတ်ထသော။ မဟေသိံ၊ သီလက္ခန္ဓ၊ သမာဓိက္ခန္ဓ၊ ပညာက္ခန္ဓ၊ ဝိမုတ္တိက္ခန္ဓ၊ ဝိမုတ္တိဉာဏဒဿနက္ခန္ဓတည်းဟူသော ဂုဏ်ကျေးဇူးအထူးတို့ကို ဆည်းပူးရှာမှီး လေ့ကျက်တော်မူပြီးသော။ တံ မုနိန္ဒက္ကံ၊ ထို ဘုရားတည်းဟူသော နေမင်းကို။ အဟံ၊ တရားဟော တရားနာဟု ခေါ်ဆိုသမုတ်အပ်သော တပည့်တော်သည်။ နမာမိ၊ ကာယ၊ ဝစီ၊ မနောချီလျက် အဉ္ဇလီရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။

(သာဓု, သာဓု, သာဓု)

‘‘သဒ္ဓါဓနံ သီလဓနံ၊ ဟိရီ ဩတ္တပ္ပိယံ ဓနံ။
သုတဓနဉ္စ စာဂေါ စ၊ ပညာ ဝေ သတ္တမံ ဓနံ။’’

သဒ္ဓါ၊ သီလ၊ ဟိရီ၊ ဩတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ သူတော်ကောင်းဥစ္စာ (၇) ပါး။ ဗုဒ္ဓဘာသာဝင်မှန်ရင်တော့ ဒီသူတော်ကောင်းဥစ္စာ (၇) ပါး သိတဲ့ပုဂ္ဂိုလ်များကြပါတယ်။ သဒ္ဓါဆိုတာက ရတနာသုံးတန် ကံ-ကံ၏အကျိုးကို ယုံကြည်သက်ဝင်မှုသဘော။ သီလဆိုတာက လူဒကာ၊ ဒကာမတွေဘက်က ပြောရင် (၅) ပါးသီလ ခိုင်မြဲနေတဲ့သဘော။ ဟိရီဆိုတာက မကောင်းမှု ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်တွေမှာ ရှက်တဲ့သဘော၊ မကောင်းမှုအကုသိုလ်တရားတွေ ရောက်ရမှာ၊ ဖြစ်ရမှာ ရှက်တဲ့သဘော။ ဩတ္တပ္ပဆိုတာက မကောင်းမှုအကုသိုလ် ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်တွေမှာ ကြောက်တဲ့သဘော။

နောက်တစ်ခု- သုတတရား။ ဒီဥစ္စာလေးက နည်းနည်းလေး ပြောဖို့လိုတယ်နော်။ သုတတရားနဲ့ ပတ်သက်လို့ သံခိတ္တဓနသုတ္တန်မှာ မြတ်စွာဘုရား အကျယ်ဖွင့်ပြီး မဟောသော်လည်း ဆက်လျက်ရှိနေတဲ့ ဝိတ္တဓနသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခုရှိတယ်။ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက ဒီသုတဆိုတာ “ဘာ” လို့ ဘုရားရှင်ကိုယ်တော်တိုင် အဓိပ္ပာယ်သတ်မှတ်ပေးထားပါတယ်။

‘‘ကတမဉ္စ ဘိက္ခဝေ သုတဓနံ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ သုတဓနံ၊ သုတဟု ခေါ်ဆိုအပ်တဲ့ ဥစ္စာသည်။ ကတမံ၊ အဘယ်နည်း?။ သုတဓန = အကြားအမြင်၊ ဗဟုဿုတများခြင်းဆိုတဲ့ဥစ္စာဟာ ဘာကိုဆိုလိုသလဲ? ဘုရားရှင်ကိုယ်တော်တိုင် မေးထားတယ်။ မေးပြီးတော့ ပြန်ဖြေထားတယ်။

‘‘ကတမဉ္စ ဘိက္ခဝေ သုတဓနံ၊ ဣဓ ဘိက္ခဝေ အရိယသာဝကော ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ သုတဓနံ။’’ (အံ၊၂၊၃၉၉။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣဓ၊ ဤငါဘုရား၏ ဤသာသနာတော်မြတ်အတွင်း၌။ အရိယသာဝကော၊ အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ ဗဟုဿုတော၊ များသော အကြားအမြင် ဗဟုဿုတရှိသည်။ သုတဓရော၊ အကြားအမြင်၊ ဗဟုဿုတကို ဆောင်လျက်ရှိသည်။ သုတသန္နိစယော၊ အကြားအမြင်၊ ဗဟုဿုတ ဆည်းပူး၊ လေ့ကျက်လျက်ရှိသည်။ ဟောတိ၊ ဖြစ်၏၊ ယေ၊ အကြင်တရားဒေသနာတော်တို့သည်။ အာဒိကလျာဏာ၊ သီလကျင့်စဉ်ဟု ခေါ်ဆိုအပ်သော အစ၌ ကောင်းခြင်းရှိကုန်သော။ မဇ္ဈေကလျာဏာ၊ သမာဓိကျင့်စဉ်ဟု ခေါ်ဆိုအပ်သော အလယ်၌ ကောင်းခြင်းရှိကုန်သော။ ပရိယောသာနကလျာဏာ၊ ပညာကျင့်စဉ်ဟု ခေါ်ဆိုအပ်သော အဆုံး၌ ကောင်းခြင်းရှိကုန်သော။ သာတ္ထံ၊ အနက်နှင့် ပြည့်စုံကုန်သော။ သဗျဉ္ဇနံ၊ သဒ္ဓါနှင့် ပြည့်စုံကုန်သော။ ကေဝလပရိပုဏ္ဏံ၊ အလုံးစုံ ထက်ဝန်းကျင်မှာ ပြည့်စုံလျက်ရှိသော။ ပရိသုဒ္ဓံ၊ ခရုသင်းပွတ်ဖြူနဲ့တူသော၊ ဖြူစင်သန့်ရှင်းလျက်ရှိသော။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ အဘိဝဒန္တိ၊ ဟောဖော်ပြသကြကုန်၏၊ တထာရူပါ ဓမ္မာ၊ ထိုကဲ့သို့သော တရားဒေသနာတို့သည်။ အဿ၊ ထိုငါဘုရားရှင်ရဲ့ တပည့်သာဝကဖြစ်တဲ့ ပုဂ္ဂိုလ်အား။ ဗဟုဿုတာ၊ များသော အကြားအမြင် ဗဟုဿုတရှိကုန်သော။ ဓာတာ၊ နှုတ်ဖြင့် ဆောင်ထားအပ်ကုန်သည်။ ဝစသာ ပရိစိတာ၊ နှုတ်ဖြင့် လေ့ကျက်၍ ထားအပ်ကုန်သည်။ မနသာနုပေက္ခိတာ၊ စိတ်ဖြင့် အဖန်ဖန်အထပ်ထပ် ဆင်ခြင်သုံးသပ်အပ်ကုန်သည်။ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ၊ သမ္မာဒိဋ္ဌိအသိဉာဏ်ဖြင့် ကောင်းမွန်စင်ကြယ်စွာ ထိုးဖောက်၍ သိမြင်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကြကုန်၏၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣဒံ၊ ဤသဘောတရားကို။ သုတဓနံ၊ သုတဓနဟူ၍ (ဝါ) အကြားအမြင် ဗဟုဿုတဥစ္စာဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပေ၏၊

ဘုရားရှင် သတ်မှတ်ပေးထားတယ်။ သီလကျင့်စဉ်ဟု ခေါ်ဆိုအပ်တဲ့ “အစ”၊ သမာဓိကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ “အလယ်”၊ ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ “အဆုံး”။ အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံနေတဲ့တရား၊ အနက်နဲ့ ပြည့်စုံနေတဲ့တရား၊ သဒ္ဓါနှင့် ပြည့်စုံနေတဲ့တရား၊ ပိုနေပါတယ်လို့ နှုတ်ဖွယ်မရှိ၊ လိုနေပါတယ်လို့ ထပ်ဖြည့်စရာမရှိအောင် အလုံးစုံ ပြည့်စုံနေတဲ့ ကေဝလပရိပုဏ္ဏ ဖြစ်နေတဲ့တရား၊ ဖြူစင်သန့်ရှင်းနေတဲ့ ပရိသုဒ္ဓ ဖြစ်နေတဲ့တရား၊ မြတ်သောအကျင့်တွေကို စနစ်တကျ ဖော်ပြနေတဲ့ ဗြဟ္မစရိယလို့ ခေါ်ဆိုအပ်တဲ့ တရားဒေသနာတော်တွေ ရှိတယ်။

ထိုတရားဒေသနာတော်တွေနဲ့ ပတ်သက်ပြီးတော့ ထိုပုဂ္ဂိုလ်သည် ဘာဖြစ်ရမလဲ? ဗဟုဿုတ ရှိရမယ်။ ဘယ်လို ဗဟုဿုတ ရှိရမလဲ?

ဓာတာ၊ နှုတ်ငုံဆောင်ထားရမယ်။ ဝစသာ ပရိစိတာ၊ နှုတ်ဖြင့် လေ့ကျက်ထားရမယ်။ (တတွတ်တွတ်) ပြန်ဆိုထားရမယ်။ မနသာနုပေက္ခိတာ၊ စိတ်ကလည်း အဖန်ဖန်အထပ်ထပ် စူးစမ်းဆင်ခြင် သုံးသပ်ဝေဖန်တတ်ရမယ်။ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ၊ သမ္မာဒိဋ္ဌိလို့ ခေါ်ဆိုအပ်တဲ့ ကောင်းမွန်မှန်ကန်တဲ့ အသိဉာဏ်ဖြင့် ထွင်းဖောက်သိမြင်ပြီး ဖြစ်ရမယ်။

ဒီတော့ ဒီနေရာလေးမှာ နည်းနည်းလေး ထပ်ပြောဖို့လိုတယ်နော်။ ပိဋကတ်သုံးပုံ အကုန်တတ်ရတော့မလား?လို့ ဒီလို မေးစရာရှိလာတယ်။ ဒီလိုတော့ မဆိုလိုဘူးနော်။ မြတ်စွာဘုရား ပိဋကတ်သုံးပုံ ဟောထားတဲ့ တရားဒေသနာတော်တွေ ရှိတယ်။ ထိုတရားဒေသနာတော်ကို အဆီထုတ်၊ ညှစ်ထုတ်လိုက်မယ်ဆိုလို့ရှိရင် ဗောဓိပက္ခိယတရား (၃၇) ပါး ရပါတယ်။ အားလုံးသော တရားဒေသနာတွေသည် ဗောဓိပက္ခိယတရား (၃၇) ပါးမှာ သွားဦးတိုက်ကြတယ်။ တစ်ခါ ဒီဗောဓိပက္ခိယတရား (၃၇) ပါးကို အဆီညှစ် ထုတ်ယူလိုက်မယ်ဆိုရင်လည်း မဂ္ဂင် (၈) ပါး ရတယ်။ ဗောဓိပက္ခိယတရား (၃၇) ပါးသည် မဂ္ဂင် (၈) ပါးမှာ သွားပြီး ဦးတိုက်ပါတယ်။ မဂ္ဂင် (၈) ပါးကို တစ်ခါ ထပ်ပြီး အဆီထုတ် ညှစ်ယူလိုက်မယ်ဆိုရင်လည်း သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်လို့ခေါ်တဲ့ သိက္ခာသုံးပါး ကျင့်စဉ် (၃) မျိုး ထွက်လာတယ်။

အဲဒီကျင့်စဉ် (၃) မျိုးနဲ့ ပတ်သက်ရင် သီလကို ဘယ်လိုကျင့်ရမယ်။ ဗဟုဿုတ ရှိရမယ်။ နှုတ်တိုက်ရရမယ်။ စိတ်ကလည်း စနစ်တကျ ဘယ်လိုကျင့်ရမယ်ဆိုတာကို သိရမယ်။ သမာဓိကျင့်စဉ်ကို သိရမယ်။ ကိုယ်ကျင့်မယ့် သမာဓိကျင့်စဉ်လောက်တော့ သိရမယ်။ သမာဓိကျင့်စဉ် အကုန်လုံး မသိတောင်နော်။ ကိုယ်ကျင့်မယ့် သမာဓိကျင့်စဉ်ကို စနစ်တကျ သင်ယူရမယ်။ သင်ပြီးတဲ့အခါ ဒီသမာဓိကျင့်စဉ်ကို ပေါက်ပေါက်မြောက်မြောက် ကျင့်ထားရမယ်။ “ပညာကျင့်စဉ်”။ အဲဒီ ပညာကျင့်စဉ်ကတော့ အရေးကြီးပါတယ်။ ဒီပညာကျင့်စဉ်နဲ့ ပတ်သက်လို့လည်း ဓာတာ၊ ဝစသာ ပရိစိတာ နှုတ်ငုံဆောင်ထားရမယ်။ ဒါ သင်သိအနေနဲ့ သိရမယ်လို့ ဆိုလိုတာနော်။

မနသာနုပေက္ခိတာ၊ ဒီနှုတ်ငုံဆောင်ထားတဲ့ တရားတွေကို ဘာမှ အဓိပ္ပာယ်မသိ။ ဒီလို သဘောမျိုးမဖြစ်စေရဘူး။ ဒီတရားတွေနဲ့ ပတ်သက်လို့ သဘောအဓိပ္ပါယ်တွေကို ရှင်းရှင်းလင်းလင်း ကျကျနန သိရမယ်။ အဲဒီတရားတွေကို ဘာတွေလဲလို့ မေးရင်တော့ ခုနက ပညာကျင့်စဉ်အရ ပညာဆိုတာ ဘာလဲလို့မေးရင် သမ္မာဒိဋ္ဌိ အတူတူပါပဲ။ သမ္မာဒိဋ္ဌိလို့လည်း အချို့နေရာမှာ သုံးတယ်။ အချို့နေရာမှာ ဓမ္မဝိစယလို့လည်း သုံးတယ်။ အတူတူပါပဲ။ ဒီတော့ ဒီသမ္မာဒိဋ္ဌိစကားလုံးကိုလည်း ဘုရားရှင်ကိုယ်တော်တိုင် မဟာသတိပဋ္ဌာနသုတ္တန်မှာ ရှင်းထားတယ်။

‘‘ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ? ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။’’ (မ၊၁၊၈၈။)

သမ္မာဒိဋ္ဌိ” သမ္မာဒိဋ္ဌိဆိုတာ ---

ဒုက္ခေ ဉာဏံ၊ ဒုက္ခသစ္စာကို သိတဲ့ဉာဏ်။ ဒုက္ခသမုဒယေ ဉာဏံ၊ သမုဒယသစ္စာကို သိတဲ့ဉာဏ်။ ဒုက္ခနိရောဓေ ဉာဏံ၊ နိရောဓသစ္စာကို သိတဲ့ဉာဏ်။ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်နေတဲ့ မဂ္ဂသစ္စာကို ထွင်းဖောက်သိတဲ့ဉာဏ်။

အဲဒီဉာဏ်ကိုပဲ သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်နော်။ အဲဒီ (၄) ချက်အရ ဒုက္ခသစ္စာကို သိတယ်ဆိုရင်၊ ဒုက္ခသစ္စာဆိုတာဘာလဲလို့မေးရင် – ဒကာကြီးတွေ၊ ဒကာမကြီးတွေနဲ့ အနီးစပ်ဆုံး သုတ္တန်တစ်ခု။ ဓမ္မစကြာမှာ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” အကျဉ်းချုပ်အားဖြင့် ပြောမယ်ဆိုရင်-

ဥပါဒါန်၏ အာရုံယူရာ နယ်မြေအတွင်းမှာ ရှိနေတဲ့ ခန္ဓာငါးပါး၊ (၃၁) ဘုံအတွင်း ရှိနေတဲ့ ခန္ဓာငါးပါးလို့ ဆိုလိုတယ်။ (၃၁) ဘုံအတွင်းမှာ ရှိနေတဲ့ ဒီခန္ဓာ (၅) ပါးသည် ဒုက္ခသစ္စာပဲ။ အဲဒီ ဒုက္ခသစ္စာလို့ ခေါ်ဆိုအပ်တဲ့ ဒီခန္ဓာငါးပါးဟာ ဘာတွေလဲ? ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ။ ပေါင်း ခန္ဓာငါးပါး။ အဲဒီ ခန္ဓာငါးပါးအရ ရူပက္ခန္ဓာဆိုတာ ရုပ် (၂၈) ပါး။ ဝေဒနက္ခန္ဓာဆိုတာ ဝေဒနာ။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ နှလုံး (၆) ဌာနမှာ ရှိနေတဲ့ ဝေဒနာ (၆) မျိုးပေါ့။ အကျဉ်းချုပ်အားဖြင့်။ တစ်နည်းအားဖြင့် ထပ်ခွဲမယ်ဆိုလို့ရှိရင် နှလုံးအိမ်မှာ ရူပါရုံကို အကြောင်းပြုပြီး သုခ၊ ဒုက္ခ၊ ဥပေက္ခာဆိုပြီး ဝေဒနာ (၃) မျိုး ဖြစ်တယ်။

အလားတူပဲ။ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ ဓမ္မသဘောဆိုတဲ့ တခြားအာရုံတွေမှာလည်း ဒီအာရုံကို အကြောင်းပြုပြီး သုခ၊ ဒုက္ခ၊ ဥပေက္ခာဆိုပြီး နှလုံးအိမ်အတွင်းမှာ ဝေဒနာ (၃) မျိုးစီ ဖြစ်သွားတော့ (၃x၆) = ဝေဒနာ (၁၈) မျိုး။ ဒါက ဝေဒနက္ခန္ဓာ။ သညာက္ခန္ဓာဆိုတာက ဘာကို သညာက္ခန္ဓာလို့ ခေါ်လဲဆိုရင်တော့ မှတ်သားတတ်တဲ့ သညာသဘော။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ ဓမ္မသဘောဆိုတဲ့ အာရုံ (၆) ပါးကို မှတ်သားနေတယ်။ မှတ်သားတဲ့သဘော။ သင်္ခါရက္ခန္ဓာဆိုတာကတော့ စေတသိက်အလုံး (၅၀) ရှိတယ်။ ဖဿ၊ စေတနာ စတဲ့ စေတသိက်ကလေးတွေ ဦးဆောင်နေတဲ့သဘော။

ဝိညာဏက္ခန္ဓာဆိုတာကတော့ စက္ခုအကြည်ဓာတ်ကို မှီပြီး အဆင်းရူပါရုံကို သိသွားတဲ့ စက္ခုဝိညာဏ်စိတ်။ နားအကြည်ဓာတ်ကိုမှီပြီး အသံကိုသိတဲ့ သောတဝိညာဏ်စိတ်။ နှာခေါင်းအကြည်ဓာတ်ကိုမှီပြီး အနံ့ကိုသိတဲ့ ဃာနဝိညာဏ်စိတ်။ လျှာအကြည်ဓာတ်ကို မှီပြီးတော့ ရသာကို သိတဲ့ ဇိဝှာဝိညာဏ်စိတ်။ ကိုယ်အကြည်ဓာတ်ကို မှီပြီးတော့ တွေ့ထိတဲ့ ဖောဋ္ဌဗ္ဗာရုံကို သိနေတဲ့ ကာယဝိညာဏ်စိတ်။ မနောအကြည်ကို စွဲ၍ ဟဒယဝတ္ထုကို မှီတွယ်ပြီးတော့ ဖြစ်ပေါ်သွားတဲ့ အာရုံ (၆) ပါးလုံးကို သိနေတဲ့ မနောဝိညာဏ်စိတ်ဆိုပြီး အကျဉ်းချုပ်အားဖြင့် ဝိပဿနာနယ်မှာ ဝိညာဏဓာတ် (၆) မျိုး။ အဲဒီ ဝိညာဏဓာတ် (၆) မျိုးသည် ဝိညာဏက္ခန္ဓာ။

ဘာဖြစ်လို့ သူတို့ကို ခန္ဓာလို့ ခေါ်ရသလဲ? ပြီးတော့မှပဲ ရှင်းတော့မယ်။ ဒီတော့ ပေါင်းလိုက်တော့ ခန္ဓာ ဘယ်နှစ်ပါးရသွားလဲ? (၅) ပါး။ အဲဒီ ခန္ဓာငါးပါးကိုတော့ ပထမ သင်သိ သိရမယ်နော်။ သင်သိ သိပြီးလို့ရှိရင် ထိုပုဂ္ဂိုလ်သည် ဒီခန္ဓာငါးပါးတို့ရဲ့ သဘောတရားတွေကို မနသာနုပေက္ခိတာ၊ စိတ်ဖြင့် ကြံစည်စဉ်းစားတတ်ရတယ်။ သဘောပေါက်ပြီ။ သဘောပေါက်ပြီးရင် ဘာလုပ်ရမလဲ? ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ၊ ကောင်းမွန်စင်ကြယ်စွာ ထွင်းဖောက်ပြီး သိအောင် ကျင့်သိအနေနဲ့ ကျင့်ထားရမယ်။ သင်သိ ကျင့်သိနော်။ ရုပ် (၂၈) ပါးဆိုတာ ဘာတွေ ဘာတွေ ခန္ဓာမှာ ရှာတတ်ရမယ်။

ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုတာက ဘာတွေ ဘာတွေ မိမိခန္ဓာမှာ ရှာဖွေတတ်ရမယ်။ ရှာဖွေထားပြီး ဖြစ်ရမယ်။ ဉာဏ်ဖြင့် ထွင်းဖောက်သိထားပြီး ဖြစ်ရမယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ သမုဒယသစ္စာလည်း ထိုနည်းလည်းကောင်း သိထားရမယ်နော်။ သမုဒယသစ္စာဆိုတာက ဒုက္ခကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေ ဖြစ်တော့ ဒီအကြောင်းတရားတွေဟာ ဘာတွေဆိုတာပြီးတော့ ရှင်းလာလိမ့်မယ်နော်။ သမုဒယသစ္စာကိုလည်း သင်သိ ကျင့်သိ နှစ်မျိုးနဲ့ သိထားရမယ်။ ဘာဖြစ်လို့လဲလို့မေးရင်တော့ သစ္စာလေးပါးမှာ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာက ဝဋ္ဋသစ္စာလို့ ခေါ်တယ်။ နိရောဓသစ္စာနှင့် မဂ္ဂသစ္စာက ဝိဝဋ္ဋသစ္စာလို့ ခေါ်ပါတယ်။ အဲဒီသစ္စာနှစ်ပါး ရှိတဲ့အနက်က ယောဂီပုဂ္ဂိုလ်သည် ဘယ်သစ္စာတရားကို ကမ္မဋ္ဌာန်းတရား နှလုံးသွင်းရမလဲလို့ မေးရင်-

‘‘တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊’’ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

မဟာသတိပဋ္ဌာနသုတ္တန် သစ္စပဗ္ဗမှာလည်း ဖွင့်ဆိုထားပါတယ်နော်။ ဝဋ္ဋသစ္စာဖြစ်တဲ့ ဒုက္ခသစ္စာ၊ သမုဒယသစ္စာနှစ်ပါးမှာ ကမ္မဋ္ဌာန်း နှလုံးသွင်းရမယ်။

‘‘ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။’’

ဝိဝဋ္ဋသစ္စာလို့ခေါ်တဲ့ နိရောဓသစ္စာနဲ့ လောကုတ္တရာနိရောဓသစ္စာ၊ လောကုတ္တရာမဂ္ဂသစ္စာ ဒီနှစ်မျိုးကတော့ ကမ္မဋ္ဌာန်းတရား နှလုံးသွင်းအပ်တဲ့ တရားမဟုတ်ဘူး။ ဒါကြောင့် လောကီဒုက္ခသစ္စာနဲ့ လောကီသစ္စာဖြစ်တဲ့ သမုဒယသစ္စာ၊ ဒီနှစ်မျိုးကို သင်သိ၊ ကျင့်သိ နှစ်မျိုးဖြင့် သိရမယ်။ သမုဒယသစ္စာကို တစ်နည်းတဖုံအားဖြင့် ပြောရင်တော့ ဦးပဉ္စင်းတို့ ပဋိစ္စသမုပ္ပါဒ် သဘောတရားလည်း ပါဝင်ပါတယ်။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာလို့ ခေါ်ဆိုအပ်တဲ့ ဒီတရားနှစ်မျိုးကို သင်သိ ကျင့်သိ နှစ်မျိုးဖြင့် သိနေတဲ့ အသိကို ဘာလို့ခေါ်လဲ? သုတတရားလို့ ဒီလို ခေါ်ပါတယ်။ အဲဒီ သုတလို့ခေါ်တဲ့ သူတော်ကောင်းဥစ္စာ တစ်ခုနဲ့လည်း ပြည့်စုံရမယ်နော်။

နောက်တစ်ခု - စာဂ၊ ပေးကမ်းစွန့်ကြဲခြင်း။ ပေးကမ်းစွန့်ကြဲခြင်း စာဂတရားဟာလည်း သူတော်ကောင်းဥစ္စာတစ်ခုပဲ။ ပေးကမ်းစွန့်ကြဲခြင်း စာဂတရားဟာ ဒကာကြီးတွေ၊ ဒကာမကြီးတွေအတွက် တိုက်တွန်းဖွယ် သိပ်မရှိဘူးနော်။ ဒီနေ့ အခု ဆန်လှူဆွမ်းလောင်းအသင်းပေါ့နော်။ ဒကာကြီး-ဦးအောင်ဖေတို့ ဦးဆောင်ပြီးတော့ ဆန်လှူဆွမ်းလောင်းအသင်းကြီးတစ်ခု တည်ထောင်ပြီးတော့ မိမိတို့ မြို့နယ်အတွင်း တည်ရှိနေတဲ့ ပရိယတ္တိလုပ်ငန်းကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူကြတဲ့ စာသင်တိုက်ကြီး (၅၀)၊ သီလရှင်တိုက်က (၆) တိုက်၊ ပရိယတ္တိသာသနာတော်ကို အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့ သံဃာတော်တွေ၊ သီလရှင်တွေအတွက် လိုအပ်တဲ့ ဆွမ်းဆန်အမှူးရှိနေတဲ့ စားဖွယ်သောက်ဖွယ် ပစ္စည်းဝတ္ထုအစုစုတွေကို လှူဒါန်းထောက်ပံ့ကြတယ်။ အားပေးဖွယ်၊ တိုက်တွန်းနေဖွယ် သိပ်မလိုဘူးနော်။ အလှူရေစက် လက်နဲ့မကွာ နေထိုင်တဲ့ လူမျိုးတွေဖြစ်ခြင်းကြောင့် စာဂတရားကတော့ ပြည့်စုံကြပါတယ်။

စာဂဆိုတဲ့ သူတော်ကောင်းဥစ္စာကြီးတစ်ခု ဒီနေ့ ဒကာကြီးတွေ၊ ဒကာမကြီးတွေ ဒီကောင်စီရုံးအတွင်းမှာပဲ အောင်အောင်မြင်မြင် ကျင်းပပြီးစီးသွားခဲ့ကြပြီနော်။ ဒါပေမဲ့လို့ ဒီနေရာမှာ ဦးပဉ္စင်းတို့ဖက်က လှူဖွယ်တန်းဖွယ်ရာနဲ့ ပတ်သက်ရင် အထူးသဖြင့် ပစ္စည်းလေးပါး တစ်နည်းအားဖြင့် ခုလို ဆွမ်းပစ္စည်းနဲ့ပတ်သက်လို့ မြတ်စွာဘုရားက ပယုတ္တဝါစာလို့ ခေါ်ဆိုအပ်တဲ့ လှူစေချင်၊ တန်းစေချင်တဲ့ ရည်ရွယ်ချက်ဖြင့် ဒကာ၊ ဒကာမတွေကို လှူအောင်၊ တန်းအောင် မပြောကောင်းဘူးဆိုပြီး မြတ်စွာဘုရား သိက္ခာပုဒ်တစ်ခု ပညတ်ထားပြီး ဖြစ်ပါတယ်နော်။

ဒါကြောင့် ဦးပဉ္စင်းတို့ဘက်က ဘယ်လိုလုပ်ရင် ကောင်းမလဲ? ဘာလုပ်ရင် ကောင်းမလဲ? ပြောနေဖွယ် သိပ်မလိုဘူး။ ဒကာကြီးတွေ, ဒကာမကြီးတွေဘက်က အသိဉာဏ်ရှိကြပါတယ်။ လက်တွေ့ လူ့လောကမှာ စီးပွားရေးအလုပ် လုပ်နေတဲ့အတွက် ဘယ်ပုံ ဘယ်နည်းအားဖြင့် တို့ သာသနာတော်ကို အားပေး ချီးမြှောက်မယ်ဆိုရင် သာသနာတော်ကြီး အရှည်တည်တံ့မယ်ဆိုတာကတော့ ဦးပဉ္စင်းတို့ထက် ပိုပြီးတော့ ဗဟုဿုတ ရှိကြပါတယ်နော်။

ကောင်းမှုကုသိုလ်ပြုတိုင်း ကုသိုလ်ရတယ်ဆိုတာကတော့ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့်လို့ သာသနာတော် အရှည်တည်တံ့ရေးအတွက် ဘယ်ောက် ကျေးဇူးများသလဲ? ဒီအချက်ကလေးကိုတော့ ကောင်းမှုကုသိုလ်ပြုတိုင်း (သို့မဟုတ်) ဒါနပြုတိုင်း, ပြုတိုင်း ထည့်ပြီး စဉ်းစားကြပါ။ ဘာဖြစ်လို့ ဦးပဉ္စင်းက စဉ်းစားခိုင်းနေရသလဲလို့ မေးရင်တော့ - ဦးပဉ္စင်းတို့ သာသနာတော်ကြီးက ဦးပဉ္စင်းတို့ လူမျိုးတွေ ကြည့်လိုက်မယ်ဆိုရင် ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေ များကြတယ်။ ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေ များတဲ့ ဒီနိုင်ငံမှာ ဒီသာသနာတော် တည်နေတော့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းမှ ဒီသာသနာတော်က အရှည်တည်မှာ ဖြစ်ပါတယ်နော်။

လှူတာကို ကုသိုလ်မရဘူးလို့ ဦးပဉ္စင်း မဆိုလိုဘူးနော်။ လှူတာက ကုသိုလ်ရတာ မှန်တယ်။ ဒါပေမယ့် ထိုကုသိုလ် လုပ်နေတဲ့ အချိန်အခါမှာ မိမိတို့ ပြုလုပ်လိုက်တဲ့ ဒါနကြောင့် သာသနာတော်သည် ဘယ်လောက် အရှည်တည်တံ့သွားမလဲ? ဒါလေးတော့ သိပ်ထည့်စဉ်းစားဖို့ ကောင်းတယ်နော်။ စားကုန်စိမ်းကုန် မလှူရဘူးလို့ ဦးပဉ္စင်း မဆိုလိုပါဘူးနော်။ လှူချင်လည်း လှူပါ။ လှူလိုက်ခြင်းတည်းဟူသော အကြောင်းတရားကြောင့် သာသနာအရှည် ဘယ်လောက် တည်တံ့မလဲ? ဒါလေးတော့ ထည့်ပြီး စဉ်းစားကြ။ ဘာဖြစ်လို့ ဒီသာသနာတော်ကြီး အရှည် တည်တံ့စေချင်ရသလဲ? အကြောင်းရှိပါတယ်။ ဒီသာသနာတော်ကြီးသာ မရှိလို့ရှိရင် ဦးပဉ္စင်းတို့အတွက် အိုမှု, နာမှု, သေမှုဆိုတဲ့ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ဖို့၊ အပါယ်ဆင်းရဲဒုက္ခမှ လွတ်ဖို့ဆိုတဲ့ လမ်းစကြီးတွေ အားလုံး ကွယ်ပျောက်သွားတယ်နော်။

ဒီလမ်းကြီးတွေ ကွယ်ပျောက်သွားခဲ့မယ်ဆိုလို့ရှိရင် ဦးပဉ္စင်းတို့တွေအတွက်, သတ္တဝါတွေအတွက် မနစ်နာဘူးလား? နစ်နာကြတယ်နော်။ အိုဘေး, နာဘေး, သေဘေးမှ လွတ်နိုင်တဲ့နည်းလမ်းကြီးတွေ ရှိတယ်။ အပါယ်သံသရာဘေးမှ လွတ်နိုင်တဲ့ နည်းလမ်းကြီးတွေ ရှိတယ်။ သုံးဆယ့်တစ်ဘုံမှ လွတ်မြောက်နိုင်တဲ့ နည်းလမ်းကြီးတွေ ရှိတယ်။ ဒီနည်းလမ်းကြီးတွေကို စနစ်တကျ အရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်နော်။ ဘာဖြစ်လို့လဲ?

ဒီနည်းလမ်းကြီးတွေ ထင်ရှားရှိနေသမျှ ဒီနည်းလမ်းအတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်ဆိုရင် ဒီအပါယ်ဒုက္ခမှလည်း လွတ်သွားနိုင်တယ်။ အိုမှု, နာမှု, သေမှုဒုက္ခမှလည်း လွတ်နိုင်တယ်၊ သုံးဆယ့်တစ်ဘုံဆိုတဲ့ ဆင်းရဲဒုက္ခတွေမှလည်း လွတ်မြောက်သွားနိုင်တယ်။ လွတ်မြောက်မယ်ဆိုရင် သတ္တဝါတွေ ချမ်းသာတာပဲနော်။

ဒီတော့ ဒီလို လမ်းစဉ်ကြီးကို စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ထားတာက ဘယ်သူတွေ ထိန်းသိမ်း စောင့်ရှောက်နေသလဲလို့ မေးရင်၊ ဒီနေ့ ဒကာကြီးများ ထောက်ပံ့ လှူဒါန်းနေတဲ့ ပရိယတ္တိ သာသနာတော်ကြီးက ထိန်းသိမ်း စောင့်ရှောက်နေတာ ဖြစ်ပါတယ်နော်။ ဒီပရိယတ္တိ သာသနာတော်ကြီး တည်ရှိနေသမျှ ပဋိပတ်လို့ခေါ်တဲ့ ကျင့်စဉ် တည်ရှိနေမှာဖြစ်တယ်။ ပရိယတ္တိ သာသနာတော်က ပုံစံမမှန်တော့ဘူးဆိုလို့ရှိရင် ပဋိပတ္တိခေါ်တဲ့ ကျင့်စဉ်ကြီး ပုံစံမှန် ထွက်ပါတော့မလား? မထွက်နိုင်ဘူး။

ဒါကြောင့် ဒီနေ့ည ဦးပဉ္စင်းကလည်း ပရိယတ္တိသာသနာတော် အရေးကြီးပုံနဲ့ ပတ်သက်ပြီးတော့ ပရိယတ္တိသာသနာက ပုံစံမှန်မှ ပဋိပတ်ကျင့်စဉ်လည်း ပုံစံမှန်တဲ့အကြောင်းကို ဒီညဟောဖို့ ဦးပဉ္စင်းလည်း ရည်ရွယ်ထားပါတယ်နော်။ ဒါကြောင့် ဒီပဋိပတ္တိ သာသနာတော်ကြီး အရှည်တည်တံ့ရေးအတွက် ဘာလိုအပ်လဲ? ဒီပရိယတ္တိ သာသနာတော်, ပဋိပတ္တိသာသနာတော်ကို အရှည်တည်တံအောင် ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်တော်မူကြတဲ့ စာသင်တိုက်ကြီးတွေ ရှိတယ်။ သီလရှင် စာသင်တိုက်ကြီးတွေ ရှိတယ်။ ထိုစာသင်တိုက်ကြီးတွေမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဒကာကြီးတွေ ဒကာမကြီးတွေက အသိဉာဏ်ရှိရှိနဲ့ ဝင်ရောက်ပြီး ဖြည့်စွက် ပေးနေတဲ့အတွက် ဦးပဉ္စင်းလည်း တော်တော်လေး ဝမ်းသာပါတယ်နော်။ ဝမ်းသာတဲ့အတွက်ကြောင့်လည်း ဒီတရားပွဲမှာ ဝမ်းမြောက် ဝမ်းသာနဲ့ပဲ ဦးပဉ္စင်း ဟောပေးဖို့ ရည်ရွယ်ထားပါတယ်။

ဒါကြောင့် ဦးပဉ္စင်း တိုက်တွန်းချင်တဲ့အချက်ကတော့ ကောင်းမှုကုသိုလ်တစ်ခု၊ ဒါနတစ်ခု ပြုတော့မယ်ဆိုရင် ငါပြုလိုက်တဲ့ ဒါနကြောင့် သာသနာတော် အရှည်ဘယ်လောက် တည်တံ့သွားမလဲ? ဒါလေးတစ်ခုတော့ အမြဲတမ်း ထည့်ပြီး စဉ်းစားကြပါ။ ကဲ- ပြီးစေ။ စာဂဆိုတဲ့ ပေးကမ်းစွန့်ကြဲခြင်း ဒါနတစ်ခု၊ သူတော်ကောင်းဥစ္စာတစ်ခု ပြီးပြီ။

နောက်တစ်ခုက ဘာလဲ? “ပညာဝေ သတ္တမံ ဓနံ” ခုနစ်ခုမြောက် သူတော်ကောင်းဥစ္စာကတော့ “ပညာ” ဥစ္စာ ဖြစ်ပါတယ်။ ဒီပညာဥစ္စာ ဆိုတာက ဘာကို ပညာခေါ်လဲလို့ မေးရင်-

‘‘ကတမဉ္စ, ဘိက္ခဝေ, ပညာဗလံ? ဣဓ, ဘိက္ခဝေ, အရိယသာဝကော ပညဝါ ဟောတိ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။ ဣဒံ ဝုစ္စတိ, ဘိက္ခဝေ, ပညာဗလံ’’။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣဓ၊ ဤငါဘုရား၏ သာသနာတော်၌။ အရိယသာဝကော၊ အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ ပညဝါ၊ ပညာနှင့် ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏၊ အရိယာယ၊ ဖြူစင်မြင့်မြတ်သော။ နိဗ္ဗေဓိကာယ၊ လောဘ, ဒေါသ, မောဟစတဲ့ ကိလေသာ အစိုင်အခဲ ထုထည်ကို ဖြိုခွဲ၊ ဖောက်ခွဲခြင်းငှာ စွမ်းနိုင်သော။ သမ္မာ ဒုက္ခက္ခယဂါမိနိယာ၊ ကောင်းမွန်စွာ ဆင်းရဲဒုက္ခအပေါင်းကို ကုန်ခမ်းစေတတ်သော။ ဥဒယတ္ထဂါမိနိယာ ပညာယ၊ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏, ရုပ်နာမ်ဓမ္မ ခန္ဓာငါးပါးတို့၏ အဖြစ် အပျက်ကို ထိုးဖောက် သိမြင်တတ်သော ဥဒယဗ္ဗယဉာဏ်ပညာနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဣဒံ၊ ဤသဘောတရားကို။ ပညာဗလံ၊ ပညာဓနဟူ၍၊ ပညာတည်းဟူသော ဥစ္စာဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပေ၏၊

ခုနက သုတအရ သင်သိ, ကျင့်သိနှစ်မျိုးဖြင့် ဆည်းပူးထားတဲ့ ခန္ဓာငါးပါးလို့ခေါ်တဲ့ ဒုက္ခသစ္စာတရား ရှိတယ်။ သမုဒယသစ္စာလို့ ခေါ်ဆိုအပ်တဲ့ အကြောင်းတရားတွေ ရှိတယ်။ ထိုဒုက္ခသစ္စာ, သမုဒယသစ္စာနှစ်မျိုးတို့ရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို ထွင်းဖောက်ပြီးသိတဲ့ ဥဒယဗ္ဗယဉာဏ်ပညာကို ပညာဥစ္စာလို့ မြတ်စွာဘုရား သတ်မှတ်ပေးတယ်နော်။ ပေါင်းလိုက်တော့ သူတော်ကောင်းဥစ္စာ ဘယ်နှစ်ခု ဖြစ်သွားပြီလဲ? ခုနစ်ခု။ သဒ္ဓါ, သီလ, ဟိရီ, ဩတ္တပ္ပ, သုတ, စာဂ, ပညာ။ အဲဒီသူတော်ကောင်းဥစ္စာ ခုနစ်ခု ရှိပြီဆိုရင် ဘာဖြစ်မလဲ?

‘‘ယဿ ဧတေ ဓနာ အတ္ထိ, ဣတ္ထိယာ ပုရိသဿ ဝါ။ အဒလိဒ္ဒေါတိ တံ အာဟု, အမောဃံ တဿ ဇီဝိတံ’’။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ... (ဝါ) ချစ်သားရဟန်းတို့။ ယဿ ဣတ္ထိယာ ဝါ၊ အကြင် အမျိုးသမီး၏ သန္တာန်၌လည်းကောင်း၊ ယဿ ပုရိသဿ ဝါ၊ အကြင် အမျိုးကောင်းသား၏ သန္တာန်၌လည်းကောင်း။ ဧတေ ဓနာ၊ ဤသူတော်ကောင်းဥစ္စာ ခုနစ်ဖြာတို့သည်။ အတ္ထိ၊ ရှိကြပေကုန်၏၊ တံ၊ ထိုသူတော်ကောင်းဥစ္စာ ခုနစ်ဖြာနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ကို။ အဒလိဒ္ဒေါတိ၊ မဆင်းရဲတဲ့သူဟူ၍။ ဗုဒ္ဓါ၊ သုံးဘုံကျော်ဟီး ဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့သည်။ အာဟု၊ ဟောပြတော်မူကြလေကုန်ပြီ။ တဿ၊ ထိုသူတော်ကောင်းဥစ္စာ ခုနစ်ဖြာနဲ့ ပြည့်စုံ၍နေတဲ့ ပုဂ္ဂိုလ်၏။ ဇီဝိတံ၊ အသက်ရှင်နေရခြင်းကို။ အမောဃံ၊ အချည်းနှီး မဟုတ်ဟူ၍ (ဝါ) တန်ဖိုးရှိတဲ့ ဘဝဟူ၍။ ဗုဒ္ဓါ၊ သုံးဘုံကျော်ဟီး ဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့သည်။ အာဟု၊ ဟောပြတော်မူကြလေကုန်ပြီ။

ဒီသူတော်ကောင်း ဥစ္စာ ခုနစ်ပါးနှင့် ပြည့်စုံနေတဲ့ အမျိုးကောင်းသားပဲဖြစ်စေ၊ အမျိုးကောင်းသမီးပဲဖြစ်စေ၊ ထိုပုဂ္ဂိုလ်ကို အဒလိဒ္ဒ၊ မဆင်းရဲတဲ့ ပုဂ္ဂိုလ်လို့ ဘုရားရှင်တွေက ဟောတယ်။ ထိုပုဂ္ဂိုလ်ရဲ့ အသက်ကိုလည်း၊ အမောဃ၊ အချည်းနှီး မဟုတ်တဲ့အသက် (သို့မဟုတ်) တန်ဖိုးရှိတဲ့အသက် (သို့မဟုတ်) တန်ဖိုးရှိတဲ့ဘဝလို့ ငါဘုရားတို့ ဟောတယ်။ ဟိုဘက်နား သုတ္တန်လေးတစ်ခု ရှိတယ်။ ဥဂ္ဂဟသုတ္တန်။ ဥဂ္ဂဟသုတ္တန်ကျတော့ မြတ်စွာဘုရားက ဘယ်လို ဟောလိုက်သလဲ?။

‘‘ယဿ ဧတေ ဓနာ အတ္ထိ, ဣတ္ထိယာ ပုရိသဿ ဝါ၊ သ ဝေ မဟဒ္ဓနော လောကေ, အဇေယျော ဒေဝမာနုသေ’’။

ယဿ ဣတ္ထိယာ ဝါ၊ အကြင် အမျိုးသမီး၏ သန္တာန်၌လည်းကောင်း၊ ယဿ ပုရိသဿ ဝါ၊ အကြင် အမျိုးသား၏ သန္တာန်၌လည်းကောင်း။ ဧတေ ဓနာ၊ ဤသူတော်ကောင်းဥစ္စာ ခုနစ်ဖြာတို့သည်။ အတ္ထိ၊ ရှိကြပေကုန်၏၊ သော၊ ထိုသူတော်ကောင်းဥစ္စာ ခုနစ်ဖြာနဲ့ ပြည့်စုံ၍နေတဲ့ ပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ် ဧကန် အမှန်အားဖြင့်။ လောကေ၊ လောက၌။ မဟဒ္ဓနော၊ စည်းစိမ်ဥစ္စာ များပြားကြွယ်ဝ ချမ်းသာသောသူသည်။ ဟောတိ၊ ဖြစ်ပေ၏၊ ဒေဝမာနုသေ၊ နတ်နှင့်လူ နှစ်ဦးသားသော လောက၌။ အဇေယျော၊ ရန်သူငါးတန်တို့သည် မအောင်အပ်၊ မအောင်နိုင်သည်။ ဟောတိ၊ ဖြစ်ပေ၏၊

ဒီသူတော်ကောင်းဥစ္စာ ခုနစ်ဖြာနှင့် ပြည့်စုံ ညီညွတ်တဲ့ အမျိုးကောင်းသားပဲ ဖြစ်စေ၊ အမျိုးကောင်းသမီးပဲ ဖြစ်စေ။ ထိုပုဂ္ဂိုလ်ကို ချမ်းသာ ကြွယ်ဝတဲ့ ပုဂ္ဂိုလ်လို့ လောကမှာ ခေါ်ဆိုအပ်တယ်။ ထိုပုဂ္ဂိုလ်သန္တာန်၌ တည်ရှိနေတဲ့ ထိုသူတော်ကောင်းဥစ္စာ ခုနစ်ပါးကိုလည်း လူလောကမှာပဲ ဖြစ်ဖြစ်၊ နတ်လောကမှာပဲ ဖြစ်ဖြစ်၊ ဗြဟ္မာလောကမှာပဲ ဖြစ်ဖြစ် ရန်သူငါးတန်တို့က ဘယ်နည်းနဲ့မှ မဖျက်ဆီးနိုင်ဘူး။ ဒါကြောင့် ထိုပုဂ္ဂိုလ်မျိုးကို ရန်သူငါးတန်တို့ မအောင်အပ်၊ မအောင်နိုင်တဲ့ ပုဂ္ဂိုလ်လို့ ငါဘုရားတို့ ခေါ်ဆိုတယ်။ ဘယ်လို ရန်သူငါးပါးမှ ဖျက်ဆီးလို့ မရနိုင်ဘူးတဲ့။

မဆင်းရဲတဲ့ သူလို့လည်း ခေါ်ဆိုတယ်။ ချမ်းသာတဲ့သူလို့လည်း ခေါ်ဆိုတယ်။ ရန်သူငါးတန်တို့ ဘယ်လိုမှ လုယက် ဖျက်ဆီးခြင်းငှာ မရနိုင်တဲ့ ပုဂ္ဂိုလ်မျိုးလို့လည်း ခေါ်ဆိုတယ်။ ဘာကြောင့် မဆင်းရဲရသလဲ? နည်းနည်းလေး ပြောဖို့လိုလာပြီနော်။ သင်္ခါရုပ္ပတ္တိသုတ္တန်၊ ဥပဓိပလ္လာသပါဠိတော်မှာ လာရှိပါတယ်။ ထိုသုတ္တန်မှာ မြတ်စွာဘုရားက ဘယ်လို အာမခံချက် ပေးထားသလဲ?

ဒီသူတော်ကောင်းဥစ္စာတွေနဲ့ ပြည့်စုံ ညီညွတ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် လူ့ချမ်းသာ အလိုရှိခဲ့ရင်လည်း လူချမ်းသာ ကျိန်းသေရနိုင်တယ်။ နတ်ချမ်းသာ အလိုရှိခဲ့ရင်လည်း နတ်ချမ်းသာ ကျိန်းသေရနိုင်တယ်။ ဗြဟ္မာချမ်းသာ အလိုရှိခဲ့ရင်လည်း ဗြဟ္မာချမ်းသာကို ကျိန်းသေရနိုင်တယ်။ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာတွေကို မလိုလားပါဘူး။ နိဗ္ဗာန်ကိုပဲ လိုလား တောင့်တပါတယ်၊ အာသဝေါတရားတို့ရဲ့ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကိုပဲ အလိုရှိပါတယ်ဆိုရင်လည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်ပါတယ်။ မြတ်စွာဘုရား အာမခံထားတယ်နော်။ ဒီတော့ ဒကာကြီးတွေ စဉ်းစားကြည့်ကြ။

လူချမ်းသာကတော့ ထားလိုက်တော့။ သူကတော့ အရင်းအတိုင်းပဲ ပြန်ရတဲ့အတွက် ထားလိုက်။ နတ်ချမ်းသာတစ်ခု ပြောကြည့်။ နတ်ဘုံဗိမာန်တစ်ခုကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် တစ်ချို့ယူဇနာ သေသုံးဆယ်လောက်အထိ ရှိပါတယ်နော်။ တစ်ယူဇနာကို ဆယ်မိုင်နှုန်းနဲ့ တွက်မယ်ဆိုလို့ရှိရင်လည်း မိုင်သုံးရာ ပတ်ဝန်းကျင်လောက်အထိ ရှိနေတယ်။ အဲဒီ မိုင်သုံးရာ ပတ်ဝန်းကျင်လောက်ရှိနေတဲ့ ဒီနတ်ဘုံဗိမာန်တစ်ခုဟာ ဘာတွေနဲ့ တည်ဆောက်ထားသလဲလို့မေးရင် အများအားဖြင့် ရွှေ, ငွေ, ကျောက်သံပတ္တမြားစတဲ့ ရတနာခုနစ်ပါးတို့ဖြင့် တည်ဆောက်ထားတဲ့ ဘုံဗိမာန်ကြီးတွေ ဖြစ်တယ်။ ဒီလို ဘုံဗိမာန်ကြီးတစ်ခုကို ဝယ်ယူနိုင်တယ် (သို့မဟုတ်) လဲလှယ်ယူနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုရင် ချမ်းသာတဲ့လူလို့ ပြောမလား? ဆင်းရဲတဲ့လူလို့ ပြောမလား? ချမ်းသာတဲ့လူလို့ ပြောရမယ်နော်။

ဘာနဲ့ ဝယ်ယူရမလဲ? ဘာနဲ့ လဲယူရမလဲ? သူတော်ကောင်းဥစ္စာ ခုနစ်ဖြာနဲ့ လဲယူရင် ဒီချမ်းသာကြီးကို ရနိုင်တယ်။ ဒါက မြှောက်နေတာ မဟုတ်ဘူးနော်။ ဘုရားက မှန်တဲ့အတိုင်း ပြောနေတယ်။ သက်တမ်းအရ ကြည့်လိုက်ဦး။ တချို့ တချို့နတ်တွေရဲ့ သက်တမ်း ကုဋေနဲ့ချီပြီး သက်တမ်း ရှည်ပါတယ်။ လူတွေနဲ့ သက်တမ်းရေတွက်ရင်နော်။ အဲဒီ စည်းစိမ်ချမ်းသာကို ရန်သူငါးပါးက လာပြီး လုယူ ဖျက်ဆီးလို့ ရသလား? ဘယ်လိုမှ မဖျက်ဆီးနိုင်ဘူး။ ဘာကြောင့် ဒီလောက် ကြီးကျယ်နေတဲ့ ချမ်းသာကြီးကို နှစ်ကုဋေနဲ့ ချီပြီးတော့ စည်းစိမ်ခံနိုင်အောင် ဝယ်ယူလို့ရနိုင်တယ်ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်မျိုးသည် ဆင်းရဲမလား, ချမ်းသာမလား? ချမ်းသာတဲ့ပုဂ္ဂိုလ်လို့ ပြောနိုင်တယ်နော်။

နောက်တစ်ခု ကြည့်ဦး။ ဦးပဉ္စင်းတို့ ဗြဟ္မာချမ်းသာ။ ဘုံဗိမာန်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင်လည်း နတ်ဘုံဗိမာန်တွေထက် ဘုံဗိမာန်လည်း ကြီးကျယ်ပါတယ်။ သက်တမ်းအရ ပြောမယ်ဆိုလို့ရှိရင်လည်း တချို့တချို့ ဗြဟ္မာများ ကမ္ဘာပေါင်း သောင်းနဲ့ချီပြီး သက်တမ်းရှည်ကြတယ်။ ကမ္ဘာပေါင်း သောင်းနဲ့ချီပြီးတော့ ဒီဗြဟ္မာ့စည်းစိမ်ချမ်းသာကြီးကို ခံစားရမယ်။ ဒီဗြဟ္မာ့စည်းစိမ်ကို ဝယ်ယူလို့ ရနိုင်တယ်ဆိုရင် ထိုပုဂ္ဂိုလ်သည် ဆင်းရဲတဲ့ ပုဂ္ဂိုလ်လား, ချမ်းသာတဲ့ ပုဂ္ဂိုလ်လား? ချမ်းသာတဲ့ ပုဂ္ဂိုလ်ပဲနော်။ သို့သော် မြတ်စွာဘုရားက ကြိုက်သလား?

လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာတွေသည် အိုခြင်းတရား, နာခြင်းတရား, သေခြင်းတရား မကင်းဘူး, ပဋိသန္ဓေနေရခြင်းတရား မကင်းကြဘူး။ မကင်းတဲ့အတွက် မြတ်စွာဘုရားကတော့ မနှစ်သက်ဘူးနော်။ ဗျာဓိဘေး မကင်းဘူး, ဇရာဘေး မကင်းဘူး, မရဏဘေး မကင်းသေးတဲ့အတွက် မြတ်စွာဘုရား မနှစ်သက်ဘူး။ မနှစ်သက်တဲ့အတိုင်း မိမိကလည်း ဘုရားရှင်ရဲ့ အဆုံးအမကို အမြဲတမ်း နားထောင်နေတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ မိမိလည်း မနှစ်သက်ခဲ့ဘူး။ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာတွေ မလိုချင်ဘူး။ အာသဝေါတရားတို့ရဲ့ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာအစစ်ကြီးကိုသာ လိုချင်ပါတယ်။ အိုခြင်းတရားတို့မှ လွတ်တဲ့, နာခြင်းတရားတို့မှ လွတ်တဲ့, သေခြင်းတရားတို့မှ လွတ်တဲ့ တကယ့် ချမ်းသာကြီးကိုသာ လိုချင်ပါတယ်ဆိုရင်လည်း အာသဝေါတရားတို့ရဲ့ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ရမယ်လို့ မြတ်စွာဘုရား အာမခံတယ်။

ဘယ်တရားတွေနဲ့ လဲလှယ်ယူရမလဲ? သူတော်ကောင်းဥစ္စာ ခုနစ်ဖြာနဲ့ လဲယူရမယ်။ ဒါကြောင့် ဒီသူတော်ကောင်းဥစ္စာ ခုနစ်ဖြာနဲ့ ပြည့်စုံညီညွတ်အောင် ကြိုးစားဖို့ မသင့်ဘူးလား? သင့်တယ်နော်။ ဒီသူတော်ကောင်းဥစ္စာ ခုနစ်ဖြာနဲ့ ကြိုးစားဖို့ သင့်တဲ့အတွက် မြတ်စွာဘုရား ဆက်ပြီး ဘယ်လိုတိုက်တွန်းလဲ?

‘‘တသ္မာ သဒ္ဓဉ္စ သီလဉ္စ, ပသာဒံ ဓမ္မဒဿနံ။ အနုယုဉ္ဇေထ မေဓာဝီ, သရံ ဗုဒ္ဓါန သာသနံ’’။

တသ္မာ၊ ထို့ကြောင့်။ ပသာဒံ၊ ကြည်လင်စေတတ်သော။ သဒ္ဓဉ္စ၊ သဒ္ဓါတရားကိုလည်းကောင်း။ ဓမ္မဒဿနံ၊ သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက် သိမြင်ခြင်း၏ အကြောင်းဖြစ်သော။ သီလဉ္စ၊ သီလတရားကိုလည်းကောင်း။ (ဝါ) သီလ, ဟိရီ, ဩတ္တပ္ပ, သုတ, စာဂ, ပညာတရားကိုလည်းကောင်း။ ဗုဒ္ဓါန သာသနံ၊ ဘုရားရှင်တို့ရဲ့ အဆုံးအမ တရားစကားတော်ကို။ သရံ၊ အမှတ်ရ အောက်မေ့လျက် (ဝါ) အမှတ်ရ အောက်မေ့တတ်သော။ မေဓာဝီ၊ ပညာရှိတဲ့ပုဂ္ဂိုလ်သည်။ အနုယုဉ္ဇေထ၊ အဖန်တလဲလဲ စူးစိုက်ကျင့်ကြံ အားထုတ်အပ်ပေ၏၊

ကြိုးစားချင်တယ်ဘုရား ... ဘယ်လိုကြိုးစားရမလဲဆိုရင်တော့ “သဒ္ဓါတရား” ဒကာကြီးတွေမှာ ရှိတန်သလောက် ရှိပြီးသားနော်။ ခိုင်မြဲတဲ့ ကမ္မဿကတ သမ္မာဒိဋ္ဌိနဲ့ တွဲနေတဲ့သဒ္ဓါတရား ရဖို့တော့ ကြိုးစားရမယ်။ နောက်တစ်ခု “သီလတရား” ဒကာကြီးတွေဘက်ကပြောရင် ငါးပါးသီလ လုံရင် ကိစ္စပြီးတယ်နော်။ “ဟိရီ” မကောင်းမှုမှ ရှက်တယ်။ မကောင်းမှု ဒုစရိုက်မှာ ရှက်တယ်။ “ဩတ္တပ္ပ” မကောင်းမှု ဒုစရိုက်တွေမှာ ကြောက်တဲ့တရား။ သူတော်ကောင်းမှန်ရင်တော့ ဒီအရှက်, အကြောက်တရား နှစ်ပါးရှိကြပါတယ်။ ဒါလည်း ကြိုးစားလိုက်ရင် သိပ်မခက်ဘူးနော်။ “စာဂတရား” အလှူရေစက် လက်နဲ့မကွာ နေထိုင်ကြတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ ဖြစ်ကြခြင်းကြောင့် ဒါလည်း ပြည့်စုံပြီးသားပဲ။

ဘာလိုသလဲ? “သုတတရားနဲ့ ပညာတရား” ဒီနှစ်ခုတော့ လိုကောင်း လိုလိမ့်မယ်။ မလိုတဲ့ပုဂ္ဂိုလ်လည်း ဒီအထဲ ပါကောင်းပါမှာပါနော်။ သုတတရားနဲ့ ပညာတရား ပြည့်စုံအောင် တပည့်တော်တို့ ဘယ်ပုံ ဘယ်နည်း ပွားများအားထုတ်ရပါ့မလဲလို့ ဒီလိုမေးခဲ့မယ်ဆိုရင်တော့ - ဒီမေးခွန်းကို ဖြေဖို့ရန်အတွက်ကတော့ ဦးပဉ္စင်းတို့ သုတ္တလို့ခေါ်တဲ့ မျဉ်းလေးတစ်ခုချပြီး ပြောသွားရင် ပိုကောင်းတယ်နော်။ သုတ္တဆိုတာကတော့ ဦးပဉ္စင်းတို့ လက်သမားများ (သို့မဟုတ်) လွှသမားများပေါ့။ သစ်တုံးတစ်တုံးကို တိုက်တော့မယ်ဆိုလို့ရှိရင် ရှေးဦးစွာ တံမျဉ်းကြိုးလို့ခေါ်တဲ့ မျဉ်းကြိုးလေး ချလိုက်။

မျဉ်းကြိုး ချပြီးတော့မှ ဒီမျဉ်းကြိုးအတိုင်း လွှကို တိုက်သွားရင် မိမိတို့ လိုချင်တဲ့ သစ်ပုံစံ အချိုးအစား ထွက်လာမယ်။ မှန်မှန်ကန်ကန် ထွက်လာတယ်။ အဲဒီပုံစံအတိုင်းပဲ။ ဦးပဉ္စင်းတို့ ပါဠိတော်များမှာ သုတ္တလို့ခေါ်တဲ့ သုတ္တန်ပေါ့။ သုတ္တန်တွေ ရှိပါတယ်။ အဲဒီသုတ္တန်တွေကိုလည်း တံမျဉ်းကြိုးနဲ့ အလားတူလို့ သုတ္တလို့ခေါ်တယ်။ သုတ္တလို့ခေါ်တဲ့ တံမျဉ်းကြိုးတွေ ဒီသုတ္တန်တွေက ဘာမျဉ်းတွေ ချသလဲလို့ မေးရင် - နိဗ္ဗာန်ကို ဘယ်လမ်းက ဘယ်လို သွားရတယ်ဆိုတဲ့ မျဉ်းကြောင်းလေး သူတို့က ချထားပေးတယ်နော်။ ဒါကြောင့် သုတ္တလို့ခေါ်တဲ့ ဒီသုတ္တန်တွေက ချပေးတဲ့ မျဉ်းကြောင်းလေး ဘယ်လိုရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ ဒီည ဦးပဉ္စင်း ရွေးချယ်ထားတာကတော့ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် စာမျက်နှာ (၁၃၆)၊ သုတ္တန်နံပါတ် (၁၂၂-၁၂၃)တို့၌ လာရှိတဲ့ သီလဝန္တသုတ္တန်နှင့် သုတ္တဝန္တသုတ္တန် ဒီနှစ်ခု ဆက်စပ်ပြီး ဦးပဉ္စင်း မျဉ်းချပေးဖို့ ရည်ရွယ်ထားတယ်နော်။ အဲဒီ သုတ္တန်နှစ်ခု ဆက်လက်ပြီးတော့ နာကြည့်ကြရအောင်။

‘‘ဧကံ သမယံ အာယသ္မာ စ သာရိပုတ္တော အာယသ္မာ စ မဟာကောဋ္ဌိကော ဗာရာဏသိယံ ဝိဟရန္တိ ဣသိပတနေ မိဂဒါယေ။’’

ဧကံ သမယံ၊ အခါတစ်ပါး၌။ အာယသ္မာ စ သာရိပုတ္တော၊ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည်လည်းကောင်း။ အာယသ္မာ စ မဟာကောဋ္ဌိကော၊ အရှင်မဟာကောဋ္ဌိက ကိုယ်တော်မြတ်ကြီးသည်လည်းကောင်း။ ဗာရာဏသိယံ၊ ဗာရာဏသီမြို့၏ အနီး၌။ ဣသိပတနေ၊ ရှေးခါခေတ်ဟောင်း ရသေ့သူမြတ်အပေါင်းတို့၏ ကောင်းကင်မှ ဈာန်အဘိညာဉ်ဖြင့် ဆင်းသက်ကျရောက်ရာ ဖြစ်ခြင်းကြောင့်၊ ဣသိပတန အမည်ရပေသော။ မိဂဒါယေ၊ သား သမင်အပေါင်းတို့အား ဘေးမဲ့ပေး၍ အစာကျွေးကာ မွေးမြူရာဖြစ်သော သားပေါင်းစုံသည့် မိဂဒါဝုန် တောရဂုံ၌။ ဝိဟရန္တိ၊ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်ကြကုန်၏၊

ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးနှင့် ရှင်မဟာကောဋ္ဌိကကိုယ်တော်မြတ်ကြီး နှစ်ပါး တစ်ချိန် ဗာရာဏသီမြို့အနီး ဣသိပတန အမည်ရတဲ့ မိဂဒါဝုန်တော အတွင်းရှိ မိဂဒါဝုန်ကျောင်းတိုက်ကြီးမှာ သီတင်းသုံး စံနေတော်မူခိုက် ဖြစ်ကြတယ်။ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ပညာအရာမှာ ဧတဒဂ် ရတော်မူတဲ့ မထေရ်ကြီး ဖြစ်တယ်။ အားလုံး သိပြီးသားပဲနော်။ ရှင်မဟာကောဋ္ဌိက မထေရ်မြတ်ကြီးကတော့ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ အပေါင်းတို့တွင် ပဋိသမ္ဘိဒါဉာဏ် လေးပါးနဲ့ ပတ်သက်ပြီးတော့ ဧတဒဂ် ရတော်မူတဲ့ ကိုယ်တော်မြတ်ကြီး ဖြစ်ပါတယ်။

နှစ်ပါးလုံးက ဉာဏ်ပညာ ကြီးတော်မူကြတယ်နော်။ နှစ်ပါးလုံးလည်း ရဟန္တာ မထေရ်မြတ်ကြီးတွေလည်း ဖြစ်တယ်။ ဉာဏ်ပညာလည်း ကြီးတော်မူကြတယ်။ ထိုဉာဏ်ပညာ ကြီးတော်မူကြတဲ့ မထေရ်မြတ်ကြီး နှစ်ပါး ဣသိပတန အမည်ရတဲ့ မိဂဒါဝုန်တောအတွင်း မိဂဒါဝုန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူခိုက် – တစ်ညနေ ဘာဖြစ်လာလဲ? အရှင်မဟာကောဋ္ဌိကကိုယ်တော်မြတ်ကြီးက နေ့အခါ တစ်ပါးတည်း ကိန်းအောင်းပြီး ဖလသမာပတ်များ ဝင်စားတော်မူပြီး၊ ညနေချမ်း ရောက်တဲ့အချိန် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးထံ ကြွ။ ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးထံ ရောက်တဲ့အခါကျတော့ အာလာပသလ္လာပ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားလေးတွေ ပြောဆို နှုတ်ဆက်ပြီးတော့ အရှင်မဟာကောဋ္ဌိကကိုယ်တော်မြတ်ကြီးက နေပြီးတော့ ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို မေးခွန်းစပြီး မေးတယ်။ ဘယ်လိုမေးသလဲ?

‘‘သီလဝတာ အာဝုသော သာရိပုတ္တ ဘိက္ခုနာ ကတမေ ဓမ္မာ ယောနိသော မနသိကာတဗ္ဗာတိ။’’

အာဝုသော သာရိပုတ္တ၊ အရှင်ဘုရား သာရိပုတ္တရာ ...။ သီလဝတာ၊ စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံ၍နေတဲ့။ ဘိက္ခုနာ၊ ရဟန်းသည်။ ကတမေ ဓမ္မာ၊ အဘယ်မည်သော တရားတို့ကို။ ယောနိသော၊ ဟုတ်မှန်သော အကြောင်းအားဖြင့် (ဝါ) နည်းမှန် လမ်းမှန်အားဖြင့်။ မနသိကာတဗ္ဗာ၊ နှလုံးသွင်း ရှုပွားထိုက်ပါသနည်း?

ဒီမေးခွန်း မေးတယ်။ ဒီတော့ ဒီနေရာမှာ စတုပါရိသုဒ္ဓိသီလဆိုတာလေးကိုတော့ နည်းနည်း ကွက်ပြီး မှတ်ထား။ ပြီးတော့မှ ဦးပဉ္စင်း ရှင်းပြမယ်နော်။ ဒီမေးခွန်းလေး မေးလိုက်တဲ့ အချိန်အခါမှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဘာပြန်ဖြေလဲ?

‘‘သီလဝတာ အာဝုသော ကောဋ္ဌိက ဘိက္ခုနာ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စတော ဒုက္ခတော ရောဂတော ဂဏ္ဍတော သလ္လတော အဃတော အာဗာဓတော ပရတော ပလောကတော သုညတော အနတ္တတော ယောနိသော မနသိကာတဗ္ဗာ။’’

အာဝုသော ကောဋ္ဌိက၊ ငါ့ရှင် ကောဋ္ဌိက ...။ သီလဝတာ၊ စတုပါရိသုဒ္ဓိသီလနှင့် ပြည့်စုံ၍နေတဲ့။ ဘိက္ခုနာ၊ ရဟန်းသည်။ ပဉ္စုပါဒါနက္ခန္ဓာ၊ ဥပါဒါနက္ခန္ဓာတရား ငါးပါးတို့ကို။ အနိစ္စတော၊ အနိစ္စအားဖြင့် (ဝါ) အနိစ္စတော၊ အနိစ္စတို့ဟူ၍။

‘‘အနိစ္စတော’’ ပုဒ်ကို အဋ္ဌကထာများက ‘‘အနိစ္စတော အနိစ္စာ ဣတိ’’ ဒီလိုလည်း ဖွင့်ဆိုထားတယ်။ ဒီဖွင့်ပြချက်ကို ကြည့်ပြီးတော့ နိဿယဆရာတော်များကလည်း အနိစ္စတော၊ အနိစ္စတို့ဟူ၍ ဒီလို အနက် ပေးထားတယ်နော်။ အဲဒီပေးထားတဲ့အတိုင်း ဆက်ပြီး တရားဟောကြရအောင်နော်။

အနိစ္စတော၊ အနိစ္စတို့ဟူ၍။ ဒုက္ခတော၊ ဒုက္ခတို့ဟူ၍။ ရောဂတော၊ အနာရောဂါတို့ဟူ၍။ ဂဏ္ဍတော၊ အိုင်းအမာနာတို့ဟူ၍။ သလ္လတော၊ ငြောင့်တံသင်းတို့ဟူ၍။ အဃတော၊ လွန်စွာ ညှဉ်းပမ်း နှိပ်စက်တတ်သော၊ သည်းခံနိုင်ခဲသော ဆင်းရဲတို့ဟူ၍။ အာဗာဓတော၊ အနာရောဂါ၏ အကြောင်းတရားတို့ဟူ၍။ ပရတော၊ သူစိမ်းပြင်ပတို့ဟူ၍။ ပလောကတော၊ ပျက်စီးတတ်တဲ့ သဘောတရားတို့ဟူ၍။ သုညတော၊ အတ္တမှ ဆိတ်သုဉ်းနေတဲ့ သုညသဘောတရားတို့ဟူ၍။ နတ္တတော၊ အတ္တမဟုတ်တဲ့ သဘောတရားတို့ဟူ၍။ ယောနိသော၊ ဟုတ်မှန်သော အကြောင်းတရားအားဖြင့် (ဝါ) နည်းမှန် လမ်းမှန်။ မနသိကာတဗ္ဗာ၊ နှလုံးသွင်း ရှုပွားအပ်ကုန်၏၊

ဒါ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့ အဖြေပဲနော်။ ဒီတော့ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စလို့ ရှုရမယ်, ဒုက္ခလို့ ရှုရမယ် စသည်ဖြင့် (၁၁)ချက် ဟောသွားပါတယ်။ အဲဒီ (၁၁)ချက်မှာ သဘောတူရာတွေ ပေါင်းလိုက်မယ်ဆိုလို့ရှိရင် အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ သုံးခုထဲ အကုန်ဝင်တယ်နော်။ ဝင်ပုံလေး နောက်အချိန်ရရင်တော့ ဦးပဉ္စင်း ထပ်ပြီး ပြောပါမယ်။ ဒီတော့ တရားစကား ကျဉ်းသွားအောင် အဲဒီ လက္ခဏာရေး သုံးတန်နဲ့ ပြောသွားရအောင်နော်။

ဒီတော့ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စလို့ ရှုရမယ်, ဒုက္ခလို့ ရှုရမယ်, အနတ္တလို့ ရှုရမယ်လို့ ဒီလို ဆိုလိုရင်း ဖြစ်တယ်။ ဖြစ်တော့ ဒီဥပါဒါနက္ခန္ဓာငါးပါးဆိုတာက ဘာတွေလဲ? ဆက်ပြီးတော့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ရှင်းထားပါတယ်။ ရှင်းထားတော့ ဒီနေရာမှာ ဒကာကြီး၊ ဒကာမကြီးတွေဘက်က မေးစရာ မေးခွန်းလေးတွေ ပေါ်လာတယ်။

သီလရှိလို့ရှိရင် တန်းပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ ရှုရတော့မလား? ဒီလို မေးချင်တဲ့ မေးခွန်း ပေါ်လာနိုင်တယ်နော်။ ဒီနေရာမှာ ဦးပဉ္စင်းတို့ သီလအရာက စတုပါရိသုဒ္ဓိသီလကို ခေါ်ပါတယ်။ စတုပါရိသုဒ္ဓိသီလဆိုတာကတော့ ပါတိမောက္ခသံဝရသီလ, ဣန္ဒြိယသံဝရသီလ, ပစ္စယသန္နိဿိတသီလ, အာဇီဝပါရိသုဒ္ဓိသီလဆိုပြီး သီလ လေးမျိုး ခေါ်ဆိုပါတယ်။ ဒကာကြီးတွေ, ဒကာမကြီးတွေဘက်က ပြောရမယ်ဆိုရင်တော့ ပါတိမောက္ခသံဝရသီလဆိုတာကတော့ ငါးပါးသီလ ဖြစ်ပါတယ်။ ရဟန်းတော်ဘက်ပိုင်းက ပြောရရင်တော့ ဦးပဉ္စင်းတို့ ဝိနည်းသိက္ခာပုဒ်မှာ ပညတ်တော်မူတဲ့ သီလပိုင်းဆိုင်ရာ ကျင့်ဝတ်အားလုံး ပါပါတယ်။

ဣန္ဒြိယသံဝရသီလဆိုတာကတော့ ရဟန်းရော, လူရော အတူတူပဲ။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဆိုတဲ့ ဒွါရခြောက်ပါး။ အဲဒီ ဒွါရခြောက်ပါးမှာ လောဘ, ဒေါသ, မောဟစတဲ့ ကိလေသာတွေ မဝင်အောင် လုံခြုံစွာ ပိတ်ဆို့ရမယ့် သီလ ဖြစ်တယ်။ ကုလ္လူပကသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု သံယုတ်ပါဠိတော်မှာ လာရှိပါတယ်။ ဒီသုတ္တန်အရ ပြောမယ် ဆိုရင်တော့ ဣန္ဒြိယသံဝရသီလ လုံခြုံရေးအတွက် ဘာလုပ်ရမလဲ? မေးရင်- ကမ္မဋ္ဌာန်းအာရုံထဲမှာ မိမိရဲ့စိတ်ကို အမြဲ သွတ်သွင်းထားရမယ်။ ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုထဲမှာ နှလုံးသွင်းထားပါမှ ဣန္ဒြိယသံဝရသီလ လုံခြုံမယ်လို့ ဆိုလိုပါတယ်။

ကမ္မဋ္ဌာန်းတွေကလည်း အမျိုးမျိုးရှိတော့ သမထကမ္မဋ္ဌာန်းလား, ဝိပဿနာကမ္မဋ္ဌာန်းလားမေးရင်တော့ ဒီနေရာမှာကတော့ ယောနိသော၊ ဟုတ်မှန်သော အကြောင်းအားဖြင့် (သို့မဟုတ်) နည်းမှန် လမ်းမှန် နှလုံးသွင်းရမယ်။ ဘယ်လို နှလုံးသွင်းရမလဲ? မေးခွန်းကလည်း မေးတယ်။ ဖြေတဲ့ပုဂ္ဂိုလ်ကလည်း ယောနိသောဆိုတဲ့ စကားလုံးလေး ထည့်ပြီး ဖြေထားတယ်နော်။ ဒီယောနိသောဆိုတဲ့ စကားလုံးလေးက အဓိပ္ပါယ် သိပ်ရှိပါတယ်နော်။ ယောနိသောဆိုတဲ့ စကားလုံးကို ကြည့်ရင် ဒီနေရာမှာ ဝိပဿနာကမ္မဋ္ဌာန်းကို အထူးသဖြင့် ရည်ရွယ်ပြီး မေးတဲ့ပုဂ္ဂိုလ်ကလည်း မေးတယ်။ ဖြေတဲ့ပုဂ္ဂိုလ်ကလည်း ဝိပဿနာကိုပဲ ရည်ရွယ် ဖြေနေတယ်လို့ သိပါ။ ယောနိသော အကြောင်းကိုတော့ ဦးပဉ္စင်း ပြီးမှ ထပ်ပြီး ပြောမယ်နော်။

ဒီတော့ ခန္ဓာငါးပါးကို ခုနက ဣန္ဒြိယသံဝရသီလ လုံခြုံနေတဲ့ ပုဂ္ဂိုလ်သည် ဝိပဿနာကမ္မဋ္ဌာန်းထဲမှာ မိမိရဲ့စိတ်ကို သွတ်သွင်းထားရမယ်ဆိုလို့ရှိရင် ဘယ်လို ကမ္မဋ္ဌာန်းလဲလို့မေးရင်တော့ ဦးပဉ္စင်းတို့ ဝိပဿနာကမ္မဋ္ဌာန်းကတော့ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ရုပ်ကမ္မဋ္ဌာန်းမှာပဲဖြစ်စေ၊ ခုနက နာမ်ကမ္မဋ္ဌာန်းလို့ ခေါ်ဆိုအပ်တဲ့ ခုနက ခန္ဓာငါးပါးထဲက ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဒီလေးခုကို နာမ်ကမ္မဋ္ဌာန်း ခေါ်တယ်။

ရုပ်ကမ္မဋ္ဌာန်းမှာပဲ ဖြစ်စေ, နာမ်ကမ္မဋ္ဌာန်းမှာပဲ ဖြစ်စေ, ရုပ်နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးလုံးမှာပဲဖြစ်စေ မိမိရဲ့ စိတ်အစဉ်ကို သွတ်သွင်းထားခဲ့မယ်ဆိုလို့ရှိရင် ဣန္ဒြိယသံဝရသီလ လုံခြုံမယ်လို့ဆိုလိုတယ်နော်။ ဒါလေးဘာကြောင့် ပြောနေရသလဲလို့မေးရင် သီလအရက စတုပါရိသုဒ္ဓိသီလလို့ ဖွင့်ဆိုလိုက်တော့ ဒီသီလဆိုတဲ့အထဲမှာ စတုပါရိသုဒ္ဓိသီလထဲမှာကိုက ခုနက သုတလို့ခေါ်တဲ့ တရား ပါနေတယ်လို့ သိစေလိုလို့ ပြောနေတယ်နော်။ ဒီတော့ ခန္ဓာငါးပါးဆိုတာက ဘာလဲ? ရုပ်တရား, နာမ်တရားဆိုတာက ဘာလဲ? မသိသေးဘဲနဲ့ ဝိပဿနာ ရှုရမယ်လို့ ဒီလိုပြောလိုရင်း, မေးလိုရင်း မဟုတ်ဘူး။

စတုပါရိသုဒ္ဓိသီလလို့ ဖွင့်လိုက်ရင်ပဲ ဣန္ဒြိယသံဝရသီလ အရက သုတတရား ပါနေပါတယ်လို့ ဒီမှာဆိုလိုတယ်။ ဘာကြောင့်လဲဆိုတော့ ယောနိသောပုဒ်ကို ထောက်ထားတယ်။ ယောနိသောဆိုတာက ဘာပြောတာလဲလို့ မေးရင် - ဟုတ်မှန်သော အကြောင်းတရားအားဖြင့် ဒီခန္ဓာငါးပါးတွေကို အနိစ္စ, ဒုက္ခ, အနတ္တ ရှုရမယ်။ မေးတဲ့ပုဂ္ဂိုလ်ကလည်း ဟုတ်မှန်သော အကြောင်းတရားအားဖြင့် နည်းမှန် လမ်းမှန် ဘယ်လိုရှုရမလဲလို့, ဘယ်လို နှလုံးသွင်းရမလဲလို့ မေးနေတယ်။ ဒီတော့ နည်းမှန် လမ်းမှန် (သို့မဟုတ်) ဟုတ်မှန်သော အကြောင်းတရားအားဖြင့် ရှုတယ်ဆိုတာ ဘာကို ပြောနေတာလဲ? သုတ္တန်တစ်ခု လာခဲ့ဦး။

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် စာမျက်နှာ (၂၀)မှာ ရှိပါတယ်။ သဟေတုအနိစ္စသုတ္တန်၊ သဟေတုဒုက္ခသုတ္တန်၊ သဟေတုအနတ္တသုတ္တန် ဆိုပြီး၊ သုတ္တန် သုံးခု ဆက်ရက်လာတယ်။ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက ဘာတွေဟောလဲ?

‘‘ရူပံ, ဘိက္ခဝေ, အနိစ္စံ။ ယောပိ ဟေတု, ယောပိ ပစ္စယော ရူပဿ ဥပ္ပါဒါယ, သောပိ အနိစ္စော။ အနိစ္စသမ္ဘူတံ, ဘိက္ခဝေ, ရူပံ ကုတော နိစ္စံ ဘဝိဿတိ!’’

ရဟန်းတို့ ရုပ်တရားသည် အနိစ္စဖြစ်တယ်။ ဘာကြောင့်လဲ? ဒီရုပ်တရားကို တိုက်ရိုက် ဖြစ်ပေါ်စေတတ်တဲ့ ဇနက အကြောင်းတရားလည်းရှိတယ်။ အားပေးထောက်ပံ့ ကူညီနေတဲ့ ဥပတ္ထမ္ဘက အကြောင်းတရားတွေလည်း ရှိတယ်။ အကြောင်းတရားတွေ ကိုယ်တိုင်က အနိစ္စတွေ ဖြစ်နေတဲ့အတွက် အနိစ္စဖြစ်တဲ့ ဒီအကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ ဒီရုပ်တရားဟာလည်း အနိစ္စပဲ ဖြစ်ပါတယ်။ ခန္ဓာငါးပါးလုံး ထိုနည်းလည်းကောင်းပဲနော်။ ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာမှာလည်း ပုံစံတူပဲ ဟောထားတယ်နော်။ ဒါကြောင့် ခြုံပြောလိုက်ရင် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဒီခန္ဓာငါးပါးသည် အနိစ္စ ဖြစ်တယ်။ ဒုက္ခ ဖြစ်တယ်။ အနတ္တ ဖြစ်တယ်။ ဘာကြောင့်လဲ? ဒီ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ ဒီခန္ဓာငါးပါးကို တိုက်ရိုက် ဖြစ်ပေါ်စေတတ်တဲ့ ဇနက အကြောင်းတရား၊ အားပေးထောက်ပံ့နေတဲ့ ဥပတ္ထမ္ဘက အကြောင်းတရားတွေ ကိုယ်တိုင်က အနိစ္စ ဖြစ်နေတယ်, ဒုက္ခ ဖြစ်နေတယ်, အနတ္တ ဖြစ်နေတယ်။

ဒါကြောင့် အကြောင်းတရားတွေ ကိုယ်တိုင်က အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်နေတဲ့အတွက် ဒီအနိစ္စ, ဒုက္ခ, အနတ္တဖြစ်တဲ့ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဖြစ်တဲ့ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ခေါ်တဲ့ ဒီခန္ဓာငါးပါးသည်လည်း အနိစ္စပဲ ဖြစ်ရတယ်။ ဒုက္ခပဲ ဖြစ်ရတယ်။ အနတ္တပဲ ဖြစ်ရတယ်လို့ အဲဒီလို အကြောင်းနဲ့ အကျိုး ဆက်ပြီး ရှုတဲ့ နည်းစနစ်ကို ယောနိသောလို့ ခေါ်ပါတယ်နော်။ နည်းမှန် လမ်းမှန် ရှုနည်းလို့လည်း ခေါ်တယ်။ ဟုတ်မှန်သော အကြောင်းတရားအားဖြင့် ရှုနည်းလို့ ဒီလို ခေါ်ပါတယ်။ ဒီတော့ ခန္ဓာငါးပါးကို ခု ရှင်သာရိပုတ္တရာက နည်းမှန် လမ်းမှန် ဟုတ်မှန်သော အကြောင်းအားဖြင့် ရှုပါလို့ ပြောလိုက်ရင် အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ။ အကျိုးတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တဆိုပြီး အကြောင်းနဲ့ အကျိုး ဆက်စပ်ပြီး နှစ်ခုလုံး ရှုရမယ်ဆိုတဲ့ စကားရပ် ပါသွားပြီနော်။

ယောနိသောပုဒ်ထဲမှာ ပါသွားပြီ။ ဒီထက်ပိုရှင်းအောင် နောက်ထပ် သုတ္တန်လေးတစ်ခု ခုနက သီလဝန္တသုတ္တန်နဲ့ ဆက်ရက်ကလေးပဲနော်။ မကျေနပ်တဲ့ ပုဂ္ဂိုလ်များအတွက် မေးမှာစိုးလို့ ရှင်မဟာကောဋ္ဌိက အလားတူ ရှင်သာရိပုတ္တရာကို ထပ်ပြီး မေးထားတယ်။ သီလ ပြည့်စုံရုံနဲ့ ဝိပဿနာကို တိုက်ရိုက် သွားရမယ်လို့ မဆိုလိုသေးဘူး။ သီလနဲ့ ဝိပဿနာရဲ့ အကြားမှာ သုတတရား ရှိပါတယ်ဆိုတာကို ပေါ်လွင်စေချင်လို့ ဦးပဉ္စင်းက ပြောနေတာပါနော်။

‘‘သုတဝတာ အာဝုသော သာရိပုတ္တ ဘိက္ခုနာ ကတမေ ဓမ္မာ ယောနိသော မနသိကာတဗ္ဗာ’’?

ဒါက ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် စာမျက်နှာ (၁၃၇)မှာ လာပါတယ်နော်။

အာဝုသော သာရိပုတ္တ၊ အရှင်ဘုရား သာရိပုတ္တရာ ...။ သုတဝတာ၊ အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံ၍နေသော။ ဘိက္ခုနာ၊ ရဟန်းသည်။ ကတမေ ဓမ္မာ၊ အဘယ်မည်သော တရားတို့ကို။ ယောနိသော၊ ဟုတ်မှန်သော အကြောင်းတရားအားဖြင့် (ဝါ) နည်းမှန် လမ်းမှန်။ မနသိကာတဗ္ဗာ၊ နှလုံးသွင်း ရှုပွားအပ်ပါကုန်သနည်း?

ထပ်ပြီး မေးထားတယ်နော်။ ခုနက သီလရှိရင် ဘယ်တရားတွေကို နည်းမှန် လမ်းမှန် နှလုံးသွင်းရသလဲလို့ မေးတယ်။ ခုတစ်ခါကျတော့လည်း သုတ။ ခုနက ခန္ဓာငါးပါးက အကြောင်းတရား၊ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာနော်။ ဒုက္ခသစ္စာ, သမုဒယသစ္စာလို့ ခေါ်ဆိုအပ်တဲ့ ဒီတရားနှစ်မျိုးကို သင်သိ ကျင့်သိဖြင့် သိနေတဲ့အသိကို သုတလို့ ခေါ်ပါတယ်။ အဲဒီ သုတနဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘယ်တရားတွေကို နည်းမှန် လမ်းမှန် နှလုံးသွင်းရမလဲ? ဆိုပြီး ထပ်မေးထားတယ်။ ဒီမေးခွန်းကိုလည်း အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ပုံစံတူလေး ဖြေထားတယ်။

‘‘သုတဝတာ အာဝုသော ကောဋ္ဌိက ဘိက္ခုနာ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စတော ဒုက္ခတော ရောဂတော ဂဏ္ဍတော သလ္လတော အဃတော အာဗာဓတော ပရတော ပလောကတော သုညတော အနတ္တတော ယောနိသော မနသိကာတဗ္ဗာ။’’

ငါ့အရှင် ကောဋ္ဌိက ချုံ့ပြောမယ် ဆိုရင်ပေါ့နော်။ အကြားအမြင် ဗဟုဿုတရှိနေတဲ့ ပုဂ္ဂိုလ်ဟာလည်း ခန္ဓာငါးပါးတို့ကို အနိစ္စ, ဒုက္ခ, အနတ္တလို့ ရှုနေရမယ်။ နည်းမှန် လမ်းမှန် နှလုံးသွင်းနေရမယ်လို့ ဒီလို ပြန်ပြီး ဖြေထားတယ်နော်။ အဖြေချင်း တူမနေဘူးလား? တူပါတယ်နော်။ သီလရှိရင်လည်း ခန္ဓာငါးပါးကိုပဲ အနိစ္စ, ဒုက္ခ, အနတ္တ ရှုရမယ်။ အကြားအမြင် ဗဟုဿုတရှိနေတဲ့ ပုဂ္ဂိုလ်ဟာလည်း ဒီခန္ဓာငါးပါးကိုပဲ အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် နည်းမှန် လမ်းမှန် ရှုရမယ်လို့ ဒီလို ဖော်ပြထားတယ်။ ကဲ ပြီးပြီ။ အဲဒီ နှစ်ခုစပ်ပြီး ရှေ့ဆက်ပြီး ခရီးသွားကြရအောင်နော်။ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဆက်ပြီး ဘာမေးလဲ?

‘‘ကတမေ ပဉ္စ? သေယျထိဒံ – ရူပုပါဒါနက္ခန္ဓော, ဝေဒနုပါဒါနက္ခန္ဓော, သညုပါဒါနက္ခန္ဓော, သင်္ခါရုပါဒါနက္ခန္ဓော, ဝိညာဏုပါဒါနက္ခန္ဓော။’’

ဥပါဒါနက္ခန္ဓာငါးပါးဆိုတာ ဘာတွေလဲ? ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဆိုပြီး ခန္ဓာငါးပါး ဖော်ပြထားတယ်။ ဒီတော့ ရူပဆိုတာက ရုပ်, ဥပါဒါနဆိုတာကတော့ စွဲလမ်းချက်လို့ ဒါ လွယ်လွယ်ပဲမှတ်။ ခန္ဓာဆိုတာက အပေါင်းအစု၊ ရူပအရ ရုပ်တွေက ဘာလဲလို့ မေးရင်တော့ မြတ်စွာဘုရား ကိုယ်တော်တိုင် ဓမ္မသင်္ဂဏီပါဠိတော်မှာ ဟောထားပါတယ်။ ရုပ် (၂၈)မျိုး ရှိတယ်နော်။ ဥပါဒါနအရတော့ ဥပါဒါန်ဆိုတာကတော့ ဥပါဒါန်လေးပါး ရှိတဲ့အနက်ကို တရားကိုယ် ကောက်လိုက်လို့ရှိရင် တဏှာ, ဒိဋ္ဌိပဲ ရပါတယ်။

အဲဒီ တဏှာ, ဒိဋ္ဌိတို့ဖြင့် လှမ်းစွဲရင် စွဲလို့ရတယ်။ ၃၁ ဘုံအတွင်းမှာ ရှိနေတဲ့ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာ အပါအဝင်နော်။ အပါယ်လေးဘုံ အပါအဝင်။ အဲဒီဘဝတွေကို လှမ်းစွဲရင် စွဲလို့ရတယ်။ ဘယ်လို စွဲလို့ရလဲ? တစ်ချို့ နတ်ဖြစ်ချင်လို့ ကောင်းမှုကုသိုလ် မပြုဘူးလား? ပြုတယ်။ နတ်ဘဝကို နတ်လို့ အသိမှားနေတဲ့သဘော။ နတ်ကို ဓာတ်ခွဲကြည့်ရင်လည်း ခန္ဓာငါးပါးပဲ။ အဲဒီ ခန္ဓာငါးပါးကို ဒုက္ခသစ္စာလို့ မသိဘူး။ သိနေတာက နတ်လို့ သိတယ်။ အသိမှားနေတဲ့ အဝိဇ္ဇာ။ ဒီအဝိဇ္ဇာ ဦးဆောင်နေတဲ့အတွက် ဒီပုဂ္ဂိုလ်က နတ်ဘဝကို လှမ်းပြီး တွယ်တာတယ်။ တဏှာ။ နတ်ဘဝကို လှမ်းပြီးတော့ စိတ်ကလေးက ကပ်နေတယ်။ ဥပါဒါန်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဖြင့် လှမ်းစွဲရင် စွဲလို့ရနိုင်တဲ့အတွက် ဒီနတ်ဘဝဟာလည်း ဥပါဒါန် နယ်မြေအတွင်းမှာပဲ ရှိတယ်လို့ ပြောရတယ်။

ဗြဟ္မာဘဝလည်း ထိုနည်းလည်းကောင်းပဲ။ တချို့ ဗြဟ္မာဖြစ်ချင်တဲ့အတွက် ဈာန်တွေရအောင် ကြိုးစားကြတယ်။ ဗြဟ္မာဘဝကို တွယ်တာနေတဲ့သဘော လှမ်းပြီး စွဲနေတဲ့သဘောက တဏှာနဲ့ ဥပါဒါန်ပဲ။ တဏှာ, ဥပါဒါန်ဖြင့် ဒီဗြဟ္မာဘဝကိုလည်း လှမ်းစွဲလို့ရတဲ့အတွက် ဗြဟ္မာဘဝကို ဓာတ်ခွဲလိုက်တော့လည်း ခန္ဓာငါးပါးပဲ။ ဒါကြောင့် ဗြဟ္မာဘဝမှာ ရှိနေတဲ့ ဒီခန္ဓာငါးပါးဟာလည်း ဥပါဒါနက္ခန္ဓာလို့ ဒီလို ခေါ်ရမယ်နော်။ ဒီတော့ ခန္ဓာဆိုတာက ဘာကိုခန္ဓာလို့ ခေါ်လဲလို့ မေးရင်တော့ အပေါင်းအစုပဲနော်။ ဒီတော့ ရူပက ရုပ်တရား, ဥပါဒါန်က စွဲလမ်းချက်, ခန္ဓာက အပေါင်းအစု။ စကားသုံးရပ် ပေါင်းလိုက်တဲ့အခါကျတော့ ဥပါဒါန်ဖြင့် လှမ်းစွဲလို့ရတဲ့ ရုပ်တရားအပေါင်းအစုလို့ ဒီလို ဆိုလိုပါတယ်။

ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်မှာလည်း နည်းတူပဲမှတ်။ ဒီတော့ ခန္ဓာအရ ပေါင်းစုထားတယ်။ ပေါင်းစုထားတယ်ဆိုတာက ဘာတွေကို ပေါင်းစုထားတာကို ခန္ဓာလို့ခေါ်သလဲ? ခန္ဓဝိဘင်းပါဠိတော်ကြီးမှာ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောထားတယ်။ ဘယ်လို ဟောထားလဲ?

‘‘ယံ ကိဉ္စိ, ဘိက္ခဝေ, ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ, အယံ ဝုစ္စတိ ရူပက္ခန္ဓော။’’

အတိတ်, အနာဂတ်, ပစ္စုပ္ပန်။ အတိတ်ဖြစ်တဲ့ ရုပ်တရား (၂၈)မျိုး၊ အနာဂတ်ဖြစ်တဲ့ ရုပ်တရား (၂၈)မျိုး၊ ပစ္စုပ္ပန်ဖြစ်တဲ့ ရုပ်တရား (၂၈)မျိုး၊ မိမိ အဇ္ဈတ္တမှာ ရှိနေတဲ့ ရုပ်တရား (၂၈)မျိုး၊ သူတစ်ပါး အပြင်အပ ဗဟိဒ္ဓသန္တာန်မှာ ရှိနေတဲ့ ရုပ် (၂၈)မျိုး၊ ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ် (၁၂)မျိုး ရှိတယ်။ သုခုမလို့ခေါ်တဲ့ သိမ်မွေ့နုညံ့တဲ့ ရုပ် (၁၆)မျိုး ရှိတယ်။ ဟီနလို့ခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား၊ ပဏီတလို့ခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား။ ဒူရလို့ခေါ်တဲ့ အသိဉာဏ်နဲ့ ဝေးနေတဲ့ ရုပ်တရား။ သန္တိကလို့ခေါ်တဲ့ အသိဉာဏ်နဲ့ နီးနေတဲ့ ရုပ်တရား ပေါင်းလိုက်တော့ (၁၁)မျိုး။ အဲဒီ (၁၁)မျိုးကို ပေါင်းစုထားတဲ့ အပေါင်းအစုကြီးကို ဘာလို့ခေါ်လဲ? ရူပက္ခန္ဓာလို့ ခေါ်ပါတယ်။ ဒီတော့ ရူပက္ခန္ဓာကို အနိစ္စလို့, ဒုက္ခလို့, အနတ္တလို့ ရှုပါလို့ ပြောရင် ဘယ်လို နားလည်ရမလဲ?

အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကလို့ခေါ်တဲ့ (၁၁)မျိုးသော အချင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရားကို အနိစ္စလို့ ရှုပါ။ ဒုက္ခလို့ ရှုပါ။ အနတ္တလို့ ရှုပါလို့ နားလည်ရတယ်နော်။ ဘာဖြစ်လို့လဲ? ခန္ဓာသဒ္ဒါရဲ့ အဓိပ္ပာယ်ကိုက (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီရုပ်တရားကို ပေါင်းထားတဲ့ အပေါင်းအစုကိုသာ ခန္ဓာလို့ ခေါ်တယ်။ အလားတူပဲ ဝေဒနာမှာလည်း ဝေဒနာက ခံစားမှုသဘောလေး သက်သက် တစ်လုံးထဲပဲ။ ဝေဒနာ တစ်လုံးတည်းကိုလည်း အပေါင်းအစုခန္ဓာပဲလို့ သုံးထားတယ်။

ဘာကြောင့် သုံးရသလဲလို့ မေးရင်လည်း ဝေဒနာဟာ ခံစားမှုသဘောတရား ဖြစ်ပေမဲ့လို့ ထိုခံစားနေတဲ့ သဘောတရားသည် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကဆိုတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဝေဒနာတွေကို ပေါင်းထားလို့ သူ့ကို ဝေဒနာအပေါင်းအစု = ဝေဒနက္ခန္ဓာလို့ ဒီလိုခေါ်တယ်။ သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာလည်း နည်းတူပါပဲနော်။ ဒီတော့ ခြုံပြီး ပြောကြစို့ဆိုလို့ရှိရင် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကလို့ခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာ(၅)ပါးကို ဘာလို့ခေါ်လဲ? ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်။ အဲဒီ ဥပါဒါနက္ခန္ဓာ (၅)ပါးကို ဘာလုပ်ရမလဲ? ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဆက်ဟောတယ်။ နှစ်ခုပေါင်းပြီး ဟောကြရအောင်နော်။ သီလနဲ့သုတ။

‘‘သီလဝတာဝုသော ကောဋ္ဌိက, သုတဝတာဝုသော ကောဋ္ဌိက, ဣမေ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စတော, ဒုက္ခတော, ရောဂတော, ဂဏ္ဍတော, သလ္လတော, အဃတော, အာဗာဓတော, ပရတော, ပလောကတော, သုညတော, အနတ္တတော ယောနိသော မနသိ ကာတဗ္ဗာ။’’

ငါ့ရှင် ကောဋ္ဌိက ... စတုပါရိသုဒ္ဓိသီလနဲ့ ပြည့်စုံနေတဲ့ အကြားအမြင် ဗဟုဿုတနဲ့ ပြည့်စုံနေတဲ့ ယောဂီရဟန်းတော်သည် ဒီ ငါ အခုပြောနေတဲ့ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်လို့ ခေါ်ဆိုအပ်တဲ့ ဥပါဒါနက္ခန္ဓာ (၅)ပါးကို အနိစ္စလို့ ရှုနေပါ, ဒုက္ခလို့ ရှုနေပါ, အနတ္တလို့ ရှုနေပါ။ နည်းမှန်လမ်းမှန် နှလုံးသွင်းပါ ဒီလို ပြောတယ်။ နည်းမှန်လမ်းမှန် နှလုံးသွင်းရမယ်ဆိုတာက အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ။ အကျိုးခန္ဓာ (၅)ပါးလည်း အနိစ္စ, ဒုက္ခ, အနတ္တ ဒီလို နှလုံးသွင်းပါလို့ ပြောနေတာနော်။ အဲဒီလို နှလုံးသွင်းခဲ့ရင် ဘာဖြစ်မလဲ?

‘‘ဌာနံ ခေါ ပနေတံ, အာဝုသော ကောဋ္ဌိက, ဝိဇ္ဇတိ, ယံ သီလဝါ ဘိက္ခု, ယံ သုတဝါ ဘိက္ခု ဣမေ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စတော, ဒုက္ခတော, ရောဂတော, ဂဏ္ဍတော, သလ္လတော, အဃတော, အာဗာဓတော, ပရတော, ပလောကတော, သုညတော, အနတ္တတော ယောနိသော မနသိ ကရောန္တော သောတာပတ္တိဖလံ သစ္ဆိကရေယျာတိ။’’

အာဝုသော ကောဋ္ဌိက၊ ငါ့ရှင် ကောဋ္ဌိက ...။ ယံ သီလဝါ ဘိက္ခု၊ အကြင် သီလရှိသော ရဟန်းသည်။ ယံ သုတဝါ ဘိက္ခု၊ အကြင် အကြားအမြင် ဗဟုဿုတ ရှိသော ရဟန်းသည်။ ဣမေ ပဉ္စုပါဒါနက္ခန္ဓေ၊ ဤဥပါဒါနက္ခန္ဓာတရား ငါးပါးတို့ကို။ အနိစ္စတော၊ အနိစ္စဟူ၍လည်းကောင်း။ ဒုက္ခတော၊ ဒုက္ခဟူ၍လည်းကောင်း။ ရောဂတော၊ အနာရောဂါဟူ၍လည်းကောင်း။ ဂဏ္ဍတော၊ အိုင်းအမာနာဟူ၍လည်းကောင်း။ သလ္လတော၊ ငြောင့်တံသင်းဟူ၍လည်းကောင်း။ အဃတော၊ လွန်စွာ ညှဉ်းပန်းနှိပ်စက်တတ်သော သည်းခံနိုင်ခဲသော ဆင်းရဲဟူ၍လည်းကောင်း။ အာဗာဓတော၊ အနာရောဂါဖြစ်ခြင်း၏ အကြောင်းတရားဟူ၍လည်းကောင်း။ ပရတော၊ သူစိမ်းပြင်ပဟူ၍လည်းကောင်း။ ပလောကတော၊ ပျက်စီးတတ်သော သဘောတရားဟူ၍လည်းကောင်း။ သုညတော၊ အတ္တမှ ဆိတ်သုဉ်းနေသော သဘောတရားဟူ၍လည်းကောင်း။ အနတ္တတော၊ အတ္တမဟုတ်သော သဘောတရားဟူ၍လည်းကောင်း။ ယောနိသော မနသိ ကရောန္တော၊ နည်းမှန်လမ်းမှန် နှလုံးသွင်း ရှုပွားခဲ့သည်ရှိသော်။ သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်ကို။ သစ္ဆိကရေယျ၊ မျက်မှောက်ပြုလေရာ၏၊ ဧတံ ဌာနံ၊ ဤသောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ခြင်းဟု ခေါ်ဆိုအပ်သော ဤအကြောင်းတရားသည်။ ဝိဇ္ဇတိ၊ ထင်ရှားဧကန် ရှိသည် အမှန်သာတည်း။

ဒီခန္ဓာငါးပါးကို အနိစ္စလို့ ရှုမယ်, ဒုက္ခလို့ ရှုမယ်, အနတ္တလို့ ရှုမယ်။ ခြုံပြောရအောင်နော်။ အဲဒီလို ရှုမယ်ဆိုလို့ရှိရင် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်မယ်။ ဘယ်ပုဂ္ဂိုလ်လဲ? သီလရှိတဲ့ ပုဂ္ဂိုလ်, အကြားအမြင် ဗဟုဿုတ ရှိနေတဲ့ ပုဂ္ဂိုလ်။ သီလရှိတဲ့ ပုဂ္ဂိုလ်, အကြားအမြင် ဗဟုဿုတ ရှိနေတဲ့ ပုဂ္ဂိုလ်သည် ဒီခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုမယ်ဆိုလို့ရှိရင် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်တယ် ဆိုတဲ့ ဒီအကြောင်းတရား ထင်ရှားဧကန် ရှိနေတယ်။

ဒီတော့ ဒကာကြီးတွေ, ဒကာမကြီးတွေ သောတာပန် ဖြစ်ချင်ရင် ဘာလုပ်ရမလဲ? အဓိပ္ပာယ် ပေါ်နေပါပြီနော်။ ကဲ – ရှေ့ဆက်ပြန်တယ်။ ရှင်မဟာကောဋ္ဌိကက ရှေ့ဆက်ပြီး မေးတယ်။

‘‘သောတာပန္နေန ပနာဝုသော သာရိပုတ္တ, ဘိက္ခုနာ ကတမေ ဓမ္မာ ယောနိသော မနသိ ကာတဗ္ဗာတိ?’’

ကဲ ငါ့ရှင် သာရိပုတ္တရာ- နောက်တစ်မျိုးမေးမယ်။ သောတာပန်ပုဂ္ဂိုလ်ဟာ ဘယ်တရားတွေကို နည်းမှန်လမ်းမှန် ဟုတ်မှန်သော အကြောင်းတရားအားဖြင့် နှလုံးသွင်း ရှုပွားရမလဲ?

‘‘သောတာပန္နေန ခေါ, အာဝုသော ကောဋ္ဌိက, ဘိက္ခုနာ ဣမေ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စတော, ဒုက္ခတော, ရောဂတော, ကဏ္ဍတော, သလ္လတော, အဃတော, အာဗာဓတော, ပရตော, ပလောကတော, သုညတော, အနတ္တတော ယောနိသော မနသိ ကာတဗ္ဗာ။’’

ငါ့အရှင် ကောဋ္ဌိက။ သောတာပန်ပုဂ္ဂိုလ်ဟာလည်း ဒီခန္ဓာ (၅)ပါးတို့ကိုပဲ အနိစ္စလို့ ရှုရမယ်။ ဒုက္ခလို့ ရှုရမယ်။ အနတ္တလို့ပဲ ရှုရမယ်။ ရှုရင် ဘာဖြစ်မလဲ?

‘‘ဌာနံ ခေါ ပနေတံ, အာဝုသော ကောဋ္ဌိက, ဝိဇ္ဇတိ, ယံ သောတာပန္နော ဘိက္ခု ဣမေ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စတော, ဒုက္ခတော, ရောဂတော, ကဏ္ဍတော, သလ္လတော, အဃတော, အာဗာဓတော, ပရတော, ပလောကတော, သုညတော, အနတ္တတော ယောနိသော မနသိ ကရောန္တော သကဒါဂါမိဖလံ သစ္ဆိကရေယျာတိ။’’

သောတာပန် ပုဂ္ဂိုလ်က ဒီခန္ဓာ(၅)ပါးကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီး ရှုခဲ့မယ်ဆိုလို့ရှိရင် သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုနိုင်တယ် ဆိုတဲ့ ဒီအကြောင်းတရားတွေ ထင်ရှားဧကန် ရှိနေတယ်။ တစ်ခါ သောတာပန် ပုဂ္ဂိုလ်ဟာ သကဒါဂမ် ဖြစ်ချင်လျှင် ဘာလုပ်ရမလဲ? ခန္ဓာ (၅)ပါးကိုပဲ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန် တင်ပြီး ရှုရမယ်။ ဒါ ရှင်သာရိပုတ္တရာရဲ့ အဖြေနော်။ တစ်ခါ ရှင်မဟာကောဋ္ဌိကက ဆက်ပြီး မေးပြန်တယ်။

‘‘သကဒါဂါမိနာ ပနာဝုသော သာရိပုတ္တ, ဘိက္ခုနာ ကတမေ ဓမ္မာ ယောနိသော မနသိ ကာတဗ္ဗာတိ?’’

ငါ့ရှင် သာရိပုတ္တရာ နောက်တစ်မျိုး ထပ်ပြီး မေးဦးမယ်။ သကဒါဂါမ် ပုဂ္ဂိုလ်ကလည်း ဘယ်တရားတွေကို နည်းမှန်လမ်းမှန် ဟုတ်မှန်သော အကြောင်းတရားအားဖြင့် နှလုံးသွင်း ရှုပွားရမလဲ? ဒီအမေးကိုလည်း ရှင်သာရိပုတ္တရာက ဖြေထားတယ်နော်။

‘‘သကဒါဂါမိနာပိ ခေါ, အာဝုသော ကောဋ္ဌိက, ဘိက္ခုနာ ဣမေ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စတော, ဒုက္ခတော, ရောဂတော, ကဏ္ဍတော, သလ္လတော, အဃတော, အာဗာဓတော, ပရတော, ပလောကတော, သုညတော, အနတ္တတော ယောနိသော မနသိ ကာတဗ္ဗာ။’’

ငါ့အရှင် ကောဋ္ဌိက သကဒါဂါမ် ပုဂ္ဂိုလ်ဟာလည်း ဒီခန္ဓာ (၅)ပါးတို့ကိုပဲ အနိစ္စလို့, ဒုက္ခလို့, အနတ္တလို့ လက္ခဏာရေး (၃)တန် တင်ပြီးတော့ ရှုရမယ်။ ရှုရင် ဘာဖြစ်မလဲ?

‘‘ဌာနံ ခေါ ပနေတံ, အာဝုသော ကောဋ္ဌိက, ဝိဇ္ဇတိ, ယံ သကဒါဂါမိ ဘိက္ခု ဣမေ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စတော, ဒုက္ခတော, ရောဂတော, ကဏ္ဍတော, သလ္လတော, အဃတော, အာဗာဓတော, ပရတော, ပလောကတော, သုညတော, အနတ္တတော ယောနိသော မနသိ ကရောန္တော အနာဂါမိဖလံ သစ္ဆိကရေယျာတိ။’’

ငါ့ရှင် ကောဋ္ဌိက၊ သကဒါဂါမ် ပုဂ္ဂိုလ်က ဒီဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီး ရှုခဲ့မယ်ဆိုရင် အနာဂါမိဖိုလ်ကို မျက်မှောက်ပြုနိုင်တယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ သကဒါဂါမ်က အနာဂါမ်ဖြစ်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ? ခန္ဓာ (၅)ပါးကိုပဲ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန် တင်ပြီး ရှုရမယ်။ ကဲ – နောက်တစ်ခု ဆက်မေးပြန်တယ်။

‘‘အနာဂါမိနာ ပနာဝုသော သာရိပုတ္တ, ဘိက္ခုနာ ကတမေ ဓမ္မာ ယောနိသော မနသိ ကာတဗ္ဗာတိ?’’

ကဲ ငါ့အရှင် သာရိပုတ္တရာ။ နောက်တစ်မျိုး ထပ်ပြီး မေးဦးမယ်။ အနာဂါမ်ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကလည်း ဘယ်တရားတွေကို နည်းမှန်လမ်းမှန် ဟုတ်မှန်သော အကြောင်းတရားအားဖြင့် နှလုံးသွင်း ရှုပွားရမလဲ? ဒီမေးခွန်းကိုလည်း ရှင်သာရိပုတ္တရာ ပြန်ဖြေထားတယ်။

‘‘အနာဂါမိနာပိ ခေါ, အာဝုသော ကောဋ္ဌိက, ဘိက္ခုနာ ဣမေ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စတော, ဒုက္ခတော, ရောဂတော, ကဏ္ဍတော, သလ္လတော, အဃတော, အာဗာဓတော, ပရတော, ပလောကတော, သုညတော, အနတ္တတော ယောနိသော မနသိ ကာတဗ္ဗာ။’’

ငါ့အရှင် ကောဋ္ဌိက ... အနာဂါမ်ပုဂ္ဂိုလ်ဟာလည်း ဒီဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကိုပဲ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီး ရှုပွားရမယ်။ ရှုပွားတော့ ဘာဖြစ်မလဲ?

‘‘ဌာနံ ခေါ ပနေတံ, အာဝုသော ကောဋ္ဌိက, ဝိဇ္ဇတိ, ယံ အနာဂါမီ ဘိက္ခု ဣမေ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စတော, ဒုက္ခတော, ရောဂတော, ကဏ္ဍတော, သလ္လတော, အဃတော, အာဗာဓတော, ပရတော, ပလောကတော, သုညတော, အနတ္တတော ယောနိသော မနသိ ကရောန္တော အရဟတ္တံ သစ္ဆိကရေယျာတိ။’’

ငါ့ရှင် ကောဋ္ဌိက။ အနာဂါမ်ပုဂ္ဂိုလ်သည် ဒီခန္ဓာငါးပါးတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီး ရှုခဲ့မယ်ဆိုရင် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်တယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေပါတယ်။ အနာဂါမ်ပုဂ္ဂိုလ်က ရဟန္တာဖြစ်ချင်တယ်ဆိုရင်လည်း ဘာလုပ်ရမလဲ? ဥပါဒါနက္ခန္ဓာ (၅)ပါးကိုပဲ နည်းမှန်လမ်းမှန် အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန် တင်ပြီး ရှုပါ။ ပြီးပြီ။ နောက်တစ်ခု ဆက်မေးပြန်တယ်။

‘‘အရဟတာ ပနာဝုသော သာရိပုတ္တ, ကတမေ ဓမ္မာ ယောနိသော မနသိ ကာတဗ္ဗာတိ?’’

ကဲ ငါ့ရှင် သာရိပုတ္တရာ။ ရဟန္တာပုဂ္ဂိုလ်ဟာလည်း ဘယ်တရားတွေကို နည်းမှန်လမ်းမှန် ဟုတ်မှန်သော အကြောင်းတရားအားဖြင့် နှလုံးသွင်း ရှုပွားရမှာလဲ? ဒီမေးခွန်းကိုလည်း အရှင်သာရိပုတ္တရာ ဆက်ပြီး ဖြေပြန်တယ်။

‘‘အရဟတာပိ ခေါ, အာဝုသော ကောဋ္ဌိက, ဣမေ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စတော ဒုက္ခတော ရောဂတော ဂဏ္ဍတော သလ္လတော အဃတော အာဗာဓတော ပရတော ပလောကတော သုညတော အနတ္တတော ယောနိသော မနသိ ကာတဗ္ဗာ။’’

ငါ့ရှင် ကောဋ္ဌိက ... ရဟန္တာပုဂ္ဂိုလ်ဟာလည်း ဒီဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကိုပဲ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန် တင်ပြီး ရှုရမယ်။ ဘာအတွက်လဲ မေးဖို့ မလိုဘူးလား? လိုတယ်နော်။ ဆက်ပြီးတော့ အရှင်သာရိပုတ္တရာ ဖြေထားတယ်။

‘‘နတ္ထိ, ခွါဝုသော, အရဟတော ဥတ္တရိ ကရဏီယံ, ကတဿ ဝါ ပတိစယော, အပိ စ ဣမေ ဓမ္မာ ဘာဝိတာ ဗဟုလီကတာ ဒိဋ္ဌဓမ္မသုခဝိဟာရာ စေဝ သံဝတ္တန္တိ သတိသမ္ပဇညာ စ။’’

အာဝုသော ကောဋ္ဌိက၊ ငါ့ရှင် ကောဋ္ဌိက ...။ အရဟတော၊ ရဟန္တာပုဂ္ဂိုလ်အဖို့။ ဥတ္တရိ၊ အရဟတ္တဖိုလ်၏ အထက်၌။ ကရဏီယံ၊ ပြုလုပ်ဖွယ် မဂ်ကိစ္စတရားသည်။ နတ္ထိ၊ မရှိတော့ပေ။

ရဟန္တာ ဖြစ်သွားပြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက် နောက်ထပ် မဂ်ဉာဏ် ရဖို့ရန်အတွက် အရဟတ္တဖိုလ်ရဲ့ ရှေ့ဆက်ပြီးတော့ မဂ်ဉာဏ်တွေ ရဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ပြုလုပ်ဖွယ် လုပ်ငန်းကိစ္စရပ် ဘာမှ မရှိတော့ပါဘူး။

ကတဿ ဝါ၊ ပြုအပ်ပြီးသော မဂ်ကိစ္စ၏လည်း။ ပတိစယော၊ ဆည်းပူးဖွယ်သည်။ နတ္ထိ၊ မရှိတော့ပေ။

ပြုပြီး ရပြီးနေတဲ့ မဂ်တရား ရှိတယ်။ ဒီမဂ်တရား တိုးပွားလာအောင်၊ ကြီးပွားလာအောင် နောက်ထပ် ပြုလုပ်ဖို့လည်း အကြောင်းဘာမှ မရှိပါဘူး။ မရှိရင်တော့ ဘာလုပ်ရမလဲ, ဘာဖြစ်လို့ ဒီတရားတွေ ပွားရမလဲ?

ဒိဋ္ဌဓမ္မသုခဝိဟာရာယ စေဝ၊ မျက်မှောက်သော ကိုယ်၏ဘဝ၌ ချမ်းသာစွာ နေရခြင်းအကျိုးငှာလည်းကောင်း။ သတိသမ္ပဇညာ စ၊ သတိသမ္ပဇဉ် အကျိုးငှာလည်းကောင်း။ သံဝတ္တန္တိ၊ ဖြစ်ကြကုန်၏ (ဝါ) ဖြစ်ခြင်းငှာ လျောက်ပတ်ကုန်၏။

(သာဓု, သာဓု, သာဓု။)

ဒုတိယပိုင်း

ရဟန္တာပုဂ္ဂိုလ်အဖို့ နောက်ထပ် မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရအောင် ကြိုးစားဖို့ ဆိုတဲ့ လုပ်ငန်းရပ်ကတော့ မရှိပါဘူး။ မရှိပင် မရှိသော်လည်း မျက်မှောက်သော ဘဝမှာ ချမ်းချမ်းသာသာ နေချင်တယ်ဆိုရင်တော့ ဒီတရားတွေကိုပဲ မိမိရရှိထားပြီး ဖြစ်နေတဲ့ ဒီခန္ဓာငါးပါးတို့ကိုပဲ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီး ရှုမယ်ဆိုရင် မျက်မှောက်ဘဝမှာ ချမ်းချမ်းသာသာ နေရမယ်။ ဘယ်လို ချမ်းချမ်းသာသာ နေရမလဲ? အရဟတ္တဖိုလ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးနေရတော့ နိဗ္ဗာန်ရဲ့ သန္တိသုခလို့ခေါ်တဲ့ ငြိမ်းအေးတဲ့ အငြိမ်းဓာတ် ချမ်းသာကြီးကို ဒီပစ္စုပ္ပန်ဘဝမှာ ချမ်းချမ်းသာသာ ခံစားရမယ်။

ဒါက အကျိုးတစ်ခု။ နောက်အကျိုး တစ်ခုကတော့ သတိသမ္ပဇဉ်အတွက်လည်း ဒီတရားတွေကိုပဲ နှလုံးသွင်းနေရမယ်။ ရဟန္တာပုဂ္ဂိုလ်များရဲ့ သတိ၊ ရဟန္တာတို့ရဲ့ သမ္ပဇဉ်တွေက ခိုင်မြဲနေပါတယ်နော်။ သတိနှင့်သမ္ပဇဉ်က ခိုင်မြဲနေတော့ ဘယ်အပေါ်မှာ သတိသမ္ပဇဉ်တွေက ခိုင်မြဲနေသလဲလို့ မေးရင်။ ဒီခန္ဓာ(၅)ပါးတို့ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တအပေါ်၌ သတိသမ္ပဇဉ်တွေက ခိုင်မြဲနေတယ်။ အဲဒီလို ခိုင်မြဲနေတဲ့ ဒီသတိသမ္ပဇဉ်တွေ အတွက်လည်း ရှုရမယ်ဆိုရင် ဒီခန္ဓာ(၅)ပါးတို့ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ သဘောကိုပဲ ရှုနေရမှာ ဖြစ်တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်နော်။ ဒီတော့ ဒီသုတ္တန်ကို ခြုံပြီး ပြောလိုက်ကြရင်တော့ -

သောတာပန် ဖြစ်ချင်တဲ့ပုဂ္ဂိုလ်သည် ဘာလုပ်ရမလဲ? ခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီး ရှုရမယ်။ သကဒါဂါမ် ဖြစ်ချင်ရင်ရော ခန္ဓာငါးပါးကိုပဲ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန် တင်ပြီး ရှုရမယ်။ အနာဂါမ် ဖြစ်ချင်ရင်ရော ခန္ဓာငါးပါးကိုပဲ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန် တင်ပြီး ရှုရမယ်။ ရဟန္တာ ဖြစ်ချင်ရင်ရော ဘာလုပ်ရမလဲ? ခန္ဓာငါးပါးကိုပဲ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန် တင်ပြီး ရှုရမယ်။ ရှုရမယ့် အရှုခံအာရုံသည် ကွာခြားချက်ရှိသလား? မရှိပါဘူးနော်။ တစ်သားတည်း ဖြစ်နေတယ်။

ဒါဖြစ်ရင် ဒီခန္ဓာငါးပါးကို ခုနက အကြောင်းနဲ့ အကျိုးစပ်ပြီး နည်းမှန်လမ်းမှန်၊ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး (၃)တန်တင်ပြီး မရှုခဲ့ရင်ရော အရှင်ဘုရား နိဗ္ဗာန်မရတော့ဘူးလားလို့ - မေးစရာမလိုဘူးလား? (လိုပါတယ် ဘုရား။) ကဲ-ဒီမေးခွန်းလေး တစ်ခုအတွက် ထပ်ပြီး ဖြေကြရအောင်နော်။ သုတ္တန် တစ်ခုလာခဲ့ဦး။ သံယုတ်ပါဠိတော်၊ ဒုတိယတွဲ၊ သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော်၊ စာမျက်နှာ-(၂၄၉- ၂၅၀) မှာ ရှိပါတယ်။ အပရိဇာနာနသုတ္တန်ဆိုပြီး သုတ္တန်နှစ်ခု ဆက်ရက်လာတယ်။ အဲဒီသုတ္တန်တွေမှာ မြတ်စွာဘုရား ဘယ်လိုဟောလဲ?

‘‘သဗ္ဗံ, ဘိက္ခဝေ, အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ သဗ္ဗံ၊ အလုံးစုံသော ရုပ်တရား၊ နာမ်တရား၊ ခန္ဓာ (၅)ပါးကို။ အနဘိဇာနံ၊ ဉာတပရိညာဖြင့် ထိုးထွင်း၍ မသိခဲ့သည်ရှိသော်။ အပရိဇာနံ၊ တီရဏပရိညာဖြင့် ပိုင်းခြား၍ မသိခဲ့သည်ရှိသော်။ အဝိရာဇယံ၊ ထိုအလုံးစုံသော ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာမက်မော၍နေသော တဏှာတရားကို ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းအောင် မကျင့်နိုင်ခဲ့သည်ရှိသော်။ အပ္ပဇဟံ၊ ထိုအလုံးစုံသော ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာမက်မော၍နေသော တဏှာတရားကို ပဟာနပရိညာဖြင့် မပယ်စွန့်နိုင်ခဲ့သည်ရှိသော်။ ဒုက္ခက္ခယာယ၊ ဒုက္ခကုန်ခြင်းငှာ (ဝါ) ဒုက္ခကုန်ရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ။ အဘဗ္ဗော၊ မထိုက်တန်ပေ။

အလုံးစုံသော ခန္ဓာ (၅)ပါး ရုပ်တရား, နာမ်တရား ရှိတယ်။ အဲဒီ ခန္ဓာ (၅)ပါး ရုပ်တရား, နာမ်တရားတွေ အပေါ်၌ (၁) ဉာတပရိညာ (၂) တီရဏပရိညာ (၃) ပဟာနပရိညာဆိုတဲ့ ဒီပရိညာသုံးချက် ပိုင်အောင် မကျင့်နိုင်ခဲ့ရင် ဒုက္ခကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်နည်းနဲ့မှ မျက်မှောက် မပြုနိုင်ဘူး။ ဒါက ဘုရားဟော ဒေသနာတစ်ခုနော်။ ပြောင်းပြန်လှန်ပြီး ဘုရားဆက်ဟောတယ်။

‘‘သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယာတိ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့...။ သဗ္ဗဉ္စ ခေါ၊ အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကိုလည်း။ အဘိဇာနံ၊ ဉာတပရိညာဖြင့် ထိုးထွင်း၍ သိခဲ့သည်ရှိသော်။ ပရိဇာနံ၊ တီရဏပရိညာဖြင့် ပိုင်းခြား၍ သိခဲ့သည်ရှိသော်။ ဝိရာဇယံ၊ ထိုအလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာမက်မော၍နေသည့် တဏှာတရားကို ပဟာနပရိညာဖြင့် ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းအောင် ကျင့်နိုင်ခဲ့သည်ရှိသော်။ ပဇဟံ၊ ထိုအလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာမက်မော၍နေသည့် တဏှာတရားကို ပဟာနပရိညာဖြင့် ပယ်စွန့်နိုင်ခဲ့သည်ရှိသော်။ ဘဗ္ဗော၊ ထိုက်တန်ပေ၏၊ ဒုက္ခက္ခယာယ၊ ဒုက္ခကုန်ခြင်းငှာ (ဝါ) ဒုက္ခကုန်ရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ။

အလုံးစုံသော ခန္ဓာငါးပါး၊ ရုပ်နာမ်တရားရှိတယ်။ အဲဒီခန္ဓာငါးပါး၊ ရုပ်နာမ်တရားတွေအပေါ်၌ (၁) ဉာတပရိညာ (၂) တီရဏပရိညာ (၃) ပဟာနပရိညာ ဆိုတဲ့ ဒီပရိညာသုံးချက်ပိုင်အောင် ကျင့်နိုင်ခဲ့မယ်ဆိုရင် ဒုက္ခကုန်သွားမယ်။ ဒါက ဘုရားဟောနော်။ ထိုဘုရားဟော ဒေသနာတော်ကို ကိုးကားပြီးတော့ ဝိသုဒ္ဓိမဂ် မဟာဋီကာ ဆရာတော်က သူ့ရဲ့ ဝိသုဒ္ဓိမဂ် မဟာဋီကာ ဒုတိယတွဲ၊ စာမျက်နှာ (၃၅၈) မှာ ဘယ်လိုဆုံးဖြတ်ထားသလဲ?

‘‘အနဝသေသတော ဝုတ္တတ္တာ။’’

ဒီခန္ဓာငါးပါး၊ ရုပ်နာမ်တရားတွေအကုန်လုံးကိုပဲ အကြွင်းအကျန်မရှိ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့သာ ရှုပါ။ ဘာကြောင့်လဲ? ဘုရားရှင်က ဒီ အပရိဇာနာနသုတ္တန် မှာ ဒီလိုပဲ ဟောသွားပါတယ်ဆိုပြီး ဒီသုတ္တန်ကြီး ကိုးထားတယ်နော်။ ဘုရားဟော ဒေသနာတော်တစ်ခုကို ကိုးကားပြီး ဆုံးဖြတ်ထားတဲ့ အဆုံးအဖြတ်တစ်ခု ဖြစ်ခဲ့ရင် ထိုအဆုံးအဖြတ်ကို ဦးပဉ္စင်းတို့ လွယ်လွယ်နဲ့ ပယ်လို့ရပါ့မလား? မရနိုင်ဘူးနော်။ ဒါကတော့ သတိထားကြပေတော့။ နိဗ္ဗာန်ကို လိုချင်တယ်ဆိုရင်တော့ အကောင်းဆုံးသော လမ်းစဉ်၊ အကောင်းဆုံး, အမှန်ကန်ဆုံးသော မှတ်ကျောက်သည် ဘာလဲ? ဘုရားဟောဒေသနာ ပဲ ဖြစ်ပါတယ်နော်။

ထိုဘုရားဟော ဒေသနာတော်ကို ကိုးကားဆုံးဖြတ်ထားတဲ့ အဆုံးအဖြတ်တွေဟာလည်း အလွန်ခိုင်မြဲတဲ့ အဆုံးအဖြတ်တွေ ဖြစ်တယ်။ ဒါကြောင့် ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကလည်း ဘုရားဟောဒေသနာတွေက ထင်ရှားရှိနေတဲ့အတွက် ထင်ရှားရှိတဲ့ ဘုရားဟောဒေသနာအတိုင်း ကျင့်လို့လည်း မိမိကိုယ်တိုင် ရဟန္တာဖြစ်နေတဲ့အတွက် ရဟန္တာဖြစ်အောင် ဘယ်လိုကျင့်ရမလဲဆိုတဲ့ ကျင့်စဉ်ကိုလည်း သူကိုယ်တိုင် မသိဘူးလား? သိနေတယ်နော်။ သိနေတဲ့အတွက် ရဟန္တာဖြစ်သည်အထိ ကျင့်စဉ်ကို မူချပြီး ပေးနေတယ်။

(ကောင်းပြီ) ခန္ဓာငါးပါးကို တပည့်တော်တို့က ဘယ်လိုလုပ် ရှုရမလဲ, အကြောင်းတရားတွေကို ဘယ်လိုလုပ် ရှုရမလဲလို့ မေးဖို့ မလိုဘူးလား? ကဲ ဒီမေးခွန်းကို ဦးပဉ္စင်း ဒီည ဖြေဖို့ နည်းနည်း ကြိုးစားမယ်နော်။ အဲဒီ ကြိုးစားတဲ့ အပိုင်းမှာ ဝေနေယျဇ္ဈာသယ ဆိုတာနဲ့ ပတ်သက်လို့ ဗဟုသုတလေးတစ်ခုတော့ ပြောရမယ်။ သတ္တဝါတို့ရဲ့ အလိုအကြိုက်ကို လိုက်ပြီး ဘုရားရှင်သည် တရားအမျိုးမျိုး ဟောနေတယ်။

အဲဒီစကားကို အဓိပ္ပာယ်၊ အယူအဆ တော်တော်မှားမှားယွင်းယွင်း ယူတတ်တဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်နော်။ ဒီဝေနေယျဇ္ဈာသယဆိုတာနဲ့ ပတ်သက်လို့ ခုနက ပြောခဲ့ပြီးပြီ။ မူက ခန္ဓာငါးပါး၊ ဒီခန္ဓာငါးပါးကို ဦးပဉ္စင်းတို့ ပရမတ္ထနယ် က ပရမတ္ထစကားလုံးနဲ့ ပြောမယ်ဆိုလို့ရှိရင် ဘာလဲ? စိတ်, စေတသိက်, ရုပ်တရား ပဲနော်။ ပရမတ္ထတရားက ဘယ်နှမျိုး ရှိလဲဆိုတော့ လေးမျိုး။ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဆိုပြီး ပရမတ္ထတရားလေးမျိုး ရှိတယ်။ စတုတ္ထပရမတ်ဖြစ်တဲ့ ဒီနိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်သည် ဘာလုပ်ရမလဲ?

၁, ၂, ၃ ခေါ်တဲ့ ပရမတ်တရားဖြစ်တဲ့ စိတ်, စေတသိက်, ရုပ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ အကြောင်းအကျိုးဆက်ပြီး တွင်တွင်ကြီး ရှုရမယ်။ အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ၊ အကျိုးဖြစ်တဲ့ စိတ်, စေတသိက်, ရုပ်တွေလည်း အနိစ္စ, ဒုက္ခ, အနတ္တပဲလို့ ရှုရမယ်။ ဘာဖြစ်လို့လဲ? ဒီသတ္တဝါတွေရဲ့ သန္တာန်မှာ ဓာတ်ခွဲလိုက်တော့ ဒီစိတ်, စေတသိက်, ရုပ်တရားတွေရှိတယ်၊ မိမိသန္တာန်မှာ စိတ်, စေတသိက်, ရုပ်တရားတွေ ရှိသလို၊ အပြင်ဗဟိဒ္ဓ ကြည့်လိုက်တော့လည်း စိတ်, စေတသိက်, ရုပ်တရားတွေရှိတယ်။ အဲဒီ စိတ်, စေတသိက်, ရုပ်တရားတွေကိုပဲ စိတ်, စေတသိက်, ရုပ်လို့ မသိဘဲ၊ သူပဲ, ငါပဲ, ယောကျ်ားပဲ, မိန်းမပဲ, ပုဂ္ဂိုလ်ပဲ, သတ္တဝါပဲလို့ သိပြီး အစွဲကြီး စွဲနေတဲ့အတွက် ဒီအစွဲ မပြုတ်နိုင်ဘူးနော်။

ဒီအစွဲပြုတ်ရေးအတွက်က ဘာလုပ်ရမလဲ? စိတ်, စေတသိက်, ရုပ်တရားတွေပဲ ရှိတယ်လို့ ပထမ သိအောင် ကြိုးစားရမယ်။ ဒီစိတ်, စေတသိက်, ရုပ်တရားတွေသည် ဘာကြောင့် ဖြစ်နေသလဲဆိုတဲ့ အကြောင်းတရား တွေ သိအောင် ကြိုးစားရမယ်။ သိပြီးသည့်အခါ အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ။ အကျိုးတရားဖြစ်တဲ့ ဒီစိတ်, စေတသိက်, ရုပ်တရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တလို့ ရှုရမယ်။

အဲဒီလို ရှုလိုက်တဲ့ အချိန်အခါကျတော့မှ ဒီစိတ်, စေတသိက်, ရုပ်တရားတွေရဲ့ အနိစ္စ, ဒုက္ခ, အနတ္တဆိုတဲ့ အပြစ်ကို တွင်တွင်ကြီး မြင်လာမှ ဒီစိတ်, စေတသိက်, ရုပ်တရားတွေအပေါ်၌ ငြီးငွေ့လာမယ်။ ရွံမုန်းလာမယ်။ ငြီးငွေ့ရွံမုန်းလာမှ စတုတ္ထပရမတ်ဖြစ်တဲ့ နိဗ္ဗာန်ဘက်ကို ကူးသွားမယ်။ ဒါက လိုရင်းအချက်ကလေး ဖြစ်ပါတယ်နော်။ အဲဒီတော့ ဒီစိတ်, စေတသိက်, ရုပ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုတဲ့အပိုင်းမှာ ပုံစံတစ်မျိုး သွားတယ်။ ဒီစိတ်, စေတသိက်, ရုပ်တရားတွေ သိအောင် သမာဓိထူထောင်ရတဲ့အပိုင်းမှာ ပုံစံတစ်မျိုးသွားတယ်။ ပုံစံ ဘယ်နှမျိုးရှိလဲ? နှစ်မျိုး။

ဒီတော့ စိတ်, စေတသိက်, ရုပ်တရားတွေကို ပထမ မသိသေးတဲ့ပုဂ္ဂိုလ်က သိအောင် သမာဓိထူထောင်ရတယ်။ အဲဒီ သမာဓိထူထောင်တဲ့ အပိုင်းမှာတော့ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းလေးဆယ် ဆိုပြီး ဟောထားပါတယ်။ ဒီကမ္မဋ္ဌာန်းလေးဆယ်ထဲက မိမိတို့နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် သမာဓိထူထောင်နိုင်ပါတယ်။ ဈာန်ရတဲ့ ကမ္မဋ္ဌာန်းတွေလည်း ရှိတယ်။ ဈာန်မရတဲ့ ကမ္မဋ္ဌာန်းတွေ၊ ဥပစာရသမာဓိလောက်သာရတဲ့ ကမ္မဋ္ဌာန်းတွေလည်း ရှိတယ်။ အပ္ပနာသမာဓိလို့ ခေါ်တဲ့ ဈာန်ရအောင်ပဲဖြစ်စေ၊ ဥပစာရသမာဓိလို့ခေါ်တဲ့ ဥပစာရသမာဓိ ရအောင်ပဲဖြစ်စေ ဒီသမာဓိနှစ်မျိုး တစ်မျိုးမျိုး ရအောင်တော့ ထူထောင်ရတယ်။ ဘာကြောင့်လဲ?

မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်မှ နိဗ္ဗာန်ရမယ်ဆိုတာ ဗုဒ္ဓဘာသာတွေ အားလုံး နားလည်ကြတယ်။ မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာသမာဓိဆိုတာ မပါဘူးလား? ပါပါတယ်။ ဒီ သမ္မာသမာဓိ ကို မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ္တန်မှာ ဘုရားရှင်ကိုယ်တော်တိုင် သမ္မာသမာဓိဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှင်းထားပါတယ်နော်။ ရှင်းထားလိုက်တော့ ဒီသမ္မာသမာဓိအရ မြတ်စွာဘုရားက ဘာကို သတ်မှတ်ပေးလဲ? ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်ဆိုပြီး ဈာန်လေးပါးကို သမ္မာသမာဓိလို့ ငါဘုရား ဆိုလိုတယ်ဆိုပြီး ဒီနယ် သတ်မှတ်ပေးထားတယ်။

ဒီနယ် သတ်မှတ်ချက်ကတော့ ဦးပဉ္စင်းတို့ ဥက္ကဋ္ဌနိဒ္ဒေသနည်း လို့ ခေါ်ပါတယ်။ အကောင်းဆုံး သမာဓိကို ညွှန်ကြားနေတဲ့နည်းပဲ။ ဥပစာရကမ္မဋ္ဌာန်းတွေကိုလည်း ဘုရားရှင် ဟောထားတဲ့အတွက် ဥပစာရသမာဓိဟာလည်း အပ္ပနာသမာဓိလောက် နီးနီး အားကောင်းတဲ့အတွက် ဒီနေရာမှာ ဥပစာရသမာဓိလည်း ပါတယ်လို့ မှတ်ရမယ်နော်။ ဒါကြောင့် အများကြားဖူးတဲ့ သင်္ဂြိုဟ်ကျမ်းလေးက ဘာပြောလဲ?

‘‘စိတ္တဝိသုဒ္ဓီတိ ဧတ္ထ စိတ္တသဒ္ဒေန သမာဓိ နိဒ္ဒိဋ္ဌောတိ ဝုတ္တံ ဒုဝိဓောပိ သမာဓိ စိတ္တဝိသုဒ္ဓိနာမာတိ။’’

ဥပစာရသမာဓိ, အပ္ပနာသမာဓိလို့ ခေါ်ဆိုတဲ့ သမာဓိနှစ်မျိုးသည် စိတ္တဝိသုဒ္ဓိ ဖြစ်တယ်ဆိုပြီး ဒီလိုပြောထားတယ်။ သီလဝိသုဒ္ဓိပြီးလျှင် စိတ္တဝိသုဒ္ဓိကို ဖြည့်ကျင့်ရမယ်။ ဒီတော့ စိတ္တဝိသုဒ္ဓိ ဖြူစင်ရေးအတွက်က ဘာလုပ်ရမလဲ? သမာဓိထူထောင်ရတယ်။ မဂ္ဂင်ရှစ်ပါးနဲ့ ပြည့်စုံအောင်လည်း သမာဓိထူထောင်ရတယ်။ မဂ္ဂင်ရှစ်ပါးမှ မပြည့်စုံရင်လည်း နိဗ္ဗာန်ရမလား? မရဘူးနော်။

ဒါကြောင့် သမ္မာသမာဓိအရ သမာဓိတစ်ခုခု ထူထောင်ရမယ်။ ဥပစာရသမာဓိပဲဖြစ်ဖြစ်၊ အပ္ပနာသမာဓိပဲဖြစ်ဖြစ် သမာဓိနှစ်မျိုး တစ်မျိုးမျိုးရအောင် ထူထောင်ရတယ်။ အဲဒီလို သမာဓိထူထောင်တဲ့အပိုင်းမှာ ကမ္မဋ္ဌာန်းလေးဆယ်ဆိုပြီး ကွဲတယ်။ လေးဆယ်ကွဲပေမယ့်လို့ ဒီသမာဓိရပြီးလို့ ရုပ်နာမ်ကို သိမ်းဆည်းလိုက်ပြီဆိုရင် နာမရူပပရိစ္ဆေဒဉာဏ် ကစပြီး လမ်းသည် တလမ်းတည်း ဖြစ်သွားတယ်။ ဘယ်လို တစ်လှမ်းတည်း ဖြစ်သွားလဲဆိုတော့ ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေအဖို့ နာမ်ကမ္မဋ္ဌာန်းကစပြီး သိမ်းဆည်းလိုက သိမ်းဆည်း၊ ရုပ်ကမ္မဋ္ဌာန်းကစ သိမ်းဆည်းလိုက သိမ်းဆည်း။ သူက နှစ်နည်းနဲ့ သိမ်းဆည်းလို့ရတယ်။ ဈာန်မရတဲ့ပုဂ္ဂိုလ်များ အဖို့ကတော့ ရုပ်ကမ္မဋ္ဌာန်းကပဲ စပြီးတော့ များသောအားဖြင့် သိမ်းဆည်းရပါတယ်နော်။ သိမ်းဆည်းတဲ့ အချိန်အခါမှာ နာမ်တရားသက်သက်၊ ရုပ်တရားသက်သက် လောက်တွင် သိမ်းဆည်းရမလား ဆိုတော့ ဒီလို မဟုတ်ပါဘူးနော်။

မဟုတ်ပုံလေးကို သဘောပေါက်အောင် ဒီနေရာမှာ ဦးပဉ္စင်း ကြိုတင်ပြီး နည်းနည်းလေး ပြောမယ်။ ဦးပဉ္စင်းတို့ အဋ္ဌသာလိနီအဋ္ဌကထာ၊ စာမျက်နှာ (၂၇၁) မှာ ဒီအကြောင်းအရာလေး ဆုံးဖြတ်ထားတယ်။ အလားတူ အဆုံးအဖြတ် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ဒုတိယတွဲ၊ စာမျက်နှာ (၃၀၀-၃၀၁) မှာလည်း ရှိတယ်။ ဟို ကလာဓသုတ္တန် အဖွင့်၊ ကလာဓသုတ္တန် အဋ္ဌကထာမှာလည်း ရှိပါတယ်။ သံယုတ်ပါဠိတော်မှာ။ ဒီတော့ ဒီအဋ္ဌကထာရဲ့ အဆုံးအဖြတ်က ဘာကိုပြောလဲ?

‘‘အပရော အာဒိတောဝ ရူပေ အဘိနိဝိသတိ၊’’

အပရော၊ အခြားတစ်ယောက်သော ပုဂ္ဂိုလ်သည်။ အာဒိတော ဝ၊ အားထုတ်ခါစပင်လျှင်။ ရူပေ၊ ရုပ်ကမ္မဋ္ဌာန်း၌။ အဘိနိဝိသတိ၊ နှလုံးသွင်း ရှုပွား၏၊

ပုဂ္ဂိုလ်တစ်ယောက်သည် ရုပ်ကမ္မဋ္ဌာန်း၊ နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိသည့်အနက် သူက ရုပ်ကမ္မဋ္ဌာန်းကစပြီး နှလုံးသွင်းတယ်။ နှလုံးသွင်းပြီးတော့ ဘာလုပ်သလဲ?

‘‘အဘိနိဝိသိတွာ ဘူတရူပဉ္စ ဥပါဒါရူပဉ္စ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။’’

အဘိနိဝိသိတွာ၊ နှလုံးသွင်း ရှုပွားပြီး၍။ ဘူတရူပဉ္စ၊ ဘူတရုပ်ဟု ခေါ်ဆိုအပ်တဲ့ ဓာတ်ကြီးလေးပါးကိုလည်းကောင်း။ ဥပါဒါရူပဉ္စ၊ ထိုဥပါဒါရုပ်ဟု ခေါ်ဆိုအပ်သော ဓာတ်ကြီးလေးပါးကို မှီတွယ် ဖြစ်ပေါ်၍နေတဲ့ နှစ်ဆယ့်လေးမျိုးသော ဥပါဒါရုပ်တရားကိုလည်းကောင်း။ ပရိစ္ဆိန္ဒိတွာ၊ ဉာဏ်ဖြင့် ပိုင်းပိုင်းခြားခြား ကွဲကွဲပြားပြားသိအောင် ပိုင်းခြား၍။ အနိစ္စာဒိတော၊ အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့်။ ပဿတိ၊ သိအောင်, မြင်အောင် ရှု၏၊

ရုပ်ကမ္မဋ္ဌာန်းကနေ စတဲ့အခါ ဘယ်လိုရုပ်တွေကို ကွဲကွဲပြားပြား သိအောင် ရှုရမလဲ? ဘူတရုပ်လို့ခေါ်တဲ့ ဓာတ်ကြီးလေးပါး၊ ဥပါဒါရုပ်လို့ခေါ်တဲ့ ဒီဓာတ်ကြီးလေးပါးကို မှီတွယ် ဖြစ်ပေါ်နေတဲ့ နှစ်ဆယ့်လေးမျိုးသောရုပ်။ အဲဒီ ရုပ်တရားတွေကို ဉာဏ်ဖြင့် ကွဲကွဲပြားပြား သိအောင် ပထမ ပိုင်းခြားပါ။ ပိုင်းခြားပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာရေးသုံးတန် တင်ပြီးရှုပါ။ အကြောင်းတရား မပါတော့ဘူးလားဆိုရင် ဒီနေရာမှာ ပါပါတယ်တဲ့၊ ဋီကာများက ဖွင့်ထားတယ်နော်။

ရူပပရိဂ္ဂဟ၊ ရုပ်တရားကို သိမ်းဆည်းခြင်း။ နာမပရိဂ္ဂဟ၊ နာမ်တရားကို သိမ်းဆည်းခြင်း။ နာမရူပပရိဂ္ဂဟ၊ ရုပ်နာမ်ကို သိမ်းဆည်းခြင်း။ ပစ္စယပရိဂ္ဂဟ၊ အကြောင်းတရားကို သိမ်းဆည်းခြင်း။ အတီတပရိဂ္ဂဟ၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဆိုတဲ့ ကာလသုံးပါး၌ ရှိနေတဲ့ ရုပ်နာမ်တရားတွေကို သိမ်းဆည်းခြင်း၊ အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းခြင်းဆိုပြီးတော့ ဘုန်းကြီးတို့ ဝိပဿနာနယ်မှာ ပရိဂ္ဂဟတရားငါးမျိုး လာပါတယ်နော်။ ပရိဂ္ဂဟခြင်းတူလို့ ဒီနေရာမှာ ပေါင်းပြီး ပြောသွားတယ်၊ ဖွင့်သွားတယ်လို့ ဋီကာများက ဖွင့်ထားတယ်။

ဒါ ဒီလိုဖွင့်တဲ့နည်းကို လက္ခဏာဟာရနယနည်း လို့ ခေါ်ပါတယ်နော်။ လက္ခဏာချင်း တူရာတွေကို စုပေါင်းပြီး ဖွင့်သွားတဲ့ နည်းစနစ်လို့မှတ်။ ကဲ ကောင်းပြီ။ ရုပ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တရှုရင် ကိစ္စပြီးရောလား, ရုပ်နှစ်ဆယ့်ရှစ်ပါး ရှုရုံနဲ့ ကိစ္စပြီးရောလားလို့ မေးစရာရှိတဲ့အတွက် ဆက်ပြီး အဋ္ဌကထာက ရှင်းထားတယ်။

‘‘ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊’’

ယသ္မာ ပန၊ အကြင်ကြောင့်ကား။ သုဒ္ဓရူပဒဿနမတ္တေနေဝ၊ ရုပ်တရားသက်သက်ကို ရှုနေရုံမျှဖြင့် သာလျှင်။ မဂ္ဂဝုဋ္ဌာနံ၊ မဂ်ဉာဏ်၏ ထမြောက် ဖြစ်ပေါ်လာခြင်းသည် (ဝါ) ဝုဋ္ဌာနဂါမိနိ ဝိပဿနာသည်။ န ဟောတိ၊ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။

ရုပ်ကမ္မဋ္ဌာန်းသက်သက်, ရုပ်တရားသက်သက်, ရုပ်နှစ်ဆယ့်ရှစ်ပါးကို အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာရေးသုံးတန် တင်ပြီး၊ အကြောင်းအကျိုးဆက်ပြီး အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာရေးသုံးတန် တင်ပြီး ရှုနေရုံ သက်သက်နှင့်တော့ ဘယ်နည်းနှင့်မှ မဂ်ဉာဏ် မပေါ်နိုင်ဘူး။ ဝုဋ္ဌာနဂါမိနိဝိပဿနာ ဖြစ်မလာနိုင်ဘူး။ ဖြစ်မလာတော့ ဘာလုပ်ရမလဲ?

‘‘အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။’’

အရူပမ္ပိ၊ နာမ်တရားကိုလည်း။ ဒဋ္ဌဗ္ဗမေဝ၊ ရှုရမည် သာလျှင်တည်း။

နာမ်တရားကိုလည်း ရှုရပါမယ်။ ရှုတော့ဘာလုပ်ရမလဲ?

‘‘တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္خါရေ ဝိညာဏဉ္စ “ဣဒံ အရူပ”န္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ၊’’

တသ္မာ၊ ထို့ကြောင့်။ တံ ရူပံ၊ ထိုရုပ်တရားကို။ အာရမ္မဏံ ကတွာ၊ အာရုံပြု၍။ ဥပ္ပန္နံ၊ ဖြစ်ပေါ်၍လာသော။ ဝေဒနံ သညံ သင်္خါရေ ဝိညာဏဉ္စ၊ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တရားတို့ကိုလည်း။ ဣဒံ၊ ဤသည်ကား။ အရူပန္တိ၊ နာမ်တရားဟူ၍။ ပရိစ္ဆိန္ဒိတွာ၊ ဉာဏ်ဖြင့် ကွဲကွဲပြားပြားသိအောင် ပိုင်းခြား၍။ အနိစ္စာဒိတော၊ အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့်။ ပဿတိ၊ သိအောင် မြင်အောင်ရှု၏၊

ထိုရုပ်တရားကို မှီတွယ်ပြီး၊ ရုပ်တရားကို အာရုံပြု ဖြစ်ပေါ်လာတဲ့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ ဒီနာမ်ခန္ဓာလေးပါးကိုလည်း ဤကား နာမ်တရားဟု ကွဲကွဲပြားပြား သိအောင် ပိုင်းခြားပါ။ ပိုင်းခြားပြီးတော့ အကြောင်းနဲ့အကျိုး ဆက်စပ်လျက် အကြောင်းတရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တ။ အကျိုးဖြစ်တဲ့ နာမ်တရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တပဲလို့ သိအောင်၊ မြင်အောင် ရှုပါ။ ဒီလို သတ်မှတ်ပေးထားတယ်နော်။

ဒီတော့ ဒီသတ်မှတ်ချက်လေး ပြောလိုတာက ရုပ်သက်သက် ရှုရုံနဲ့လည်း မဂ်ဉာဏ် မစိုက်ဘူး။ နာမ်သက်သက် ရှုရုံနဲ့လည်း မဂ်ဉာဏ်မဆိုက်ဘူး။ ရုပ်နာမ် နှစ်မျိုးလုံးကို ရှုရမှာ ဖြစ်ပါတယ်နော်။ ဒါကြောင့် ခုနက ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ နှစ်မျိုး။ တစ်မျိုးမျိုးရှိနေတဲ့ ယောဂီပုဂ္ဂိုလ်သည် ရုပ်ကနေ စချင်လည်းစ၊ နာမ်ကနေ စချင်လည်းစ။ သူက ရုပ်က စလျှင်လည်း ရုပ်သက်သက်နဲ့ မပြီးဘူး။ နာမ်ကိုပါ ပြောင်းရှုရမယ်။ နာမ်က စလည်း နာမ်သက်သက်နဲ့ မပြီးဘူး။ ရုပ်ကိုပါ ပြောင်းရှုရမယ်။ ရုပ်ရော၊ နာမ်ရော နှစ်မျိုးလုံး သိမ်းဆည်းရမယ်။ အဲဒီ ရုပ်နာမ် နှစ်မျိုးလုံး သိမ်းဆည်းလို့ ရပြီဆိုလို့ရှိရင် နာမရူပပရိစ္ဆေဒဉာဏ် ရပြီ။ ဒီနာမရူပပရိစ္ဆေဒဉာဏ်ကနေ စပြီးတော့ အထက်ပိုင်းလမ်းတွေ အားလုံး တစ်လမ်းတည်း ဖြစ်သွားတယ်။ ဒီလို တစ်လမ်းတည်း ဖြစ်သွားတဲ့အတွက်ကြောင့် မြတ်စွာဘုရားက –

‘‘ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ’’

မဟာသတိပဋ္ဌာန်သုတ္တန် မှာ နိဒါန်း ချီထားတယ်နော်။ နိဗ္ဗာန်သွားသည့် လမ်းသည် ဘယ်နှစ်လမ်း ရှိသလဲ? တစ်လမ်းတည်းပဲ ရှိတယ်။ သမာဓိ ထူထောင်တဲ့ အပိုင်းက နိဗ္ဗာန်ကို သွားရင်လည်း သွားလို့ ရတော့ရတယ်။ ဒါပေမယ့် သမာဓိသက်သက်နဲ့ နိဗ္ဗာန်မရသေးဘူး။ ဈာန်သက်သက်နဲ့ နိဗ္ဗာန်ကို မရနိုင်သေးဘူးနော်။ နာမရူပပရိစ္ဆေဒဉာဏ်ကနေ စပြီး အထက်ပိုင်း ဝိပဿနာဉာဏ်တွေ တစ်ဆင့်ပြီး တစ်ဆင့် ကူးတက်သွားမှ နိဗ္ဗာန်ရမှာ ဖြစ်တယ်။ ဒါကြောင့် နိဗ္ဗာန်သွားတဲ့လမ်းကို ပရိယတ္တိစာပေနယ်က နာမရူပပရိစ္ဆေဒဉာဏ်ကနေ စပြီးတော့ ဖော်ပြထားပါတယ်နော်။ အဲဒီတော့ နိဗ္ဗာန်သွားတဲ့လမ်းသည် ဘယ်နှလမ်းရှိသလဲလို့ မေးရင် ဘယ်လိုပြောမလဲ? တစ်လမ်းတည်း ရှိတယ်။ လမ်းတို, လမ်းရှည်ရှိသလား? မရှိဘူး။ လမ်းကျဉ်း, လမ်းကျယ်ရော ရှိနေသလား? မရှိဘူး။ တစ်လမ်းတည်းပဲ ရှိတယ်နော်။ ခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုတဲ့ ဒီလမ်းတစ်လမ်းတည်း ရှိတယ်။

ဒါဖြင့်ရင် သတိပဋ္ဌာန်နဲ့ ဘယ်နှယ့်နေမလဲလို့? မေးစရာရှိတယ်နော်။ သတိပဋ္ဌာန်တရား ပွားနေတာက ခန္ဓာငါးပါးပွားတာနဲ့ အတူတူဖြစ်ပုံကို နောက်ပိုင်း အချိန်ရရင်တော့ ဦးပဉ္စင်း ဆက်ပြီး ပြောပါ့မယ်နော်။ ကဲ-ရှိစေ။ အဲဒီလို နာမရူပပရိစ္ဆေဒဉာဏ်က စပြီးတော့ အထက်ပိုင်းရောက်လို့ အကြောင်းတရားတွေ သိမ်းဆည်းပြီးပြီ။ သိမ်းဆည်းပြီးတဲ့အခါ ဝိပဿနာ ရှုတော့မယ်ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သန္တာန်၌ ဘယ်လိုပေါ်လာလဲလို့ မေးရင်တော့ - ပုဂ္ဂိုလ်ရဲ့ အဇ္ဈာသယကို ကြည့်ပြီး အဲဒီမှာ မြတ်စွာဘုရားက နည်းအမျိုးမျိုးနဲ့ ဟောတယ်နော်။ သမာဓိထူထောင်တဲ့ အပိုင်းမှာလည်း ကမ္မဋ္ဌာန်းလေးဆယ်ဆိုပြီး ပုဂ္ဂိုလ်ရဲ့ အဇ္ဈာသယ ကြည့်ပြီးတော့ နည်းအမျိုးမျိုးနဲ့ ဟောခဲ့တယ်။ ဝိပဿနာပိုင်း ရောက်လာရင်လည်း နည်းအမျိုးမျိုးနဲ့ ဟောတယ်။ ဟောပေမယ့်လို့ ဘယ်လိုဟောသလဲဆိုလို့ရှိရင် တချို့တချို့ ပုဂ္ဂိုလ်များ ဉာဏ်က အလွန်ထက်တော့ ဒီ စိတ်, စေတသိက်, ရုပ်လို့ခေါ်တဲ့ ဒီပရမတ္ထ ဓာတ်သားတွေကို တစ်စုတည်း စွဲစုလို့ ရတယ်။

သုံးဆယ့်တစ်ဘုံအတွင်းမှာ ဓာတ်ခွဲလိုက်ရင် ဒီ စိတ်, စေတသိက်, ရုပ်တရားပဲ ရှိတယ်။ သုံးဆယ့်တစ်ဘုံအတွင်း ရှိနေတဲ့ ဒီ စိတ်, စေတသိက်, ရုပ်တရားတွေကို တစ်စုတည်း စွဲစုပြီး ဝိပဿနာရှု ရှုလို့ရတယ်။ ကိံသုကောပမသုတ္တန် မှာ ရဟန္တာ မထေရ်မြတ်ကြီးတစ်ပါး လာပါတယ်နော်။ ဒါကြောင့် ဒီရဟန္တာ မထေရ်မြတ်ကြီးကတော့ ဉာဏ်အလွန်ထက်တဲ့ ပုဂ္ဂိုလ်တဲ့။

အဲဒီလို ပုဂ္ဂိုလ်မျိုးကို တေဘူမက ကမ္မဋ္ဌာနိက ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ ဒါက တစ်နည်း။ ဒါဖြင့် ၃၁ ဘုံတွင်း ရှိနေတဲ့ တရားတွေကို တစ်စုတည်း စုလိုက်ရင် အဲဒီတစ်ခုဟာ ဘာတွေလဲလို့ မေးရင် စိတ်, စေတသိက်, ရုပ်တရားပဲ။ နောက်တစ်ခါ တချို့ပုဂ္ဂိုလ်ကျတော့၊ မြတ်စွာဘုရားက ဒီ ဝိပဿနာ ရှုမယ့်နေရာမှာ စိတ်, စေတသိက်, ရုပ်တရားတွေကို နှစ်ပုံ ပုံပြီးတော့ ဝိပဿနာ အရှုခိုင်းတယ်။

ရုပ်တရားကို တစ်စု၊ စိတ်, စေတသိက်လို့ ခေါ်တဲ့ နာမ်တရားတွေကို တစ်စုတစ်ပုံ ပုံပြီး၊ နှစ်ပုံပုံကာ ဝိပဿနာ အရှုခိုင်းတယ်။ ပဉ္စဂ္ဂ ဇနီးမောင်နှံတို့ကို ပုံစံထုတ်ပြထားတယ်။ ဒါကလည်း အဇ္ဈာသယ တစ်မျိုးပဲနော်။ နှစ်ပုံ ပုံလိုက်တဲ့ တရားတွေကို ပရမတ္ထမျက်လုံးနဲ့ ကြည့်လိုက်တော့လည်း ဘာတွေလဲ? စိတ်, စေတသိက်, ရုပ်တရားပဲ။ အတူတူပဲနော်။

ကဲ နောက်တစ်ခု။ တချို့တချို့ သတ္တဝါတွေက ရုပ်တရား၌ အသိဉာဏ် သန့်ရှင်းတယ်။ နာမ်တရားနဲ့ ပတ်သက်လို့တော့ အသိဉာဏ်က မသန့်ရှင်းဘူး၊ တွေဝေနေတယ်။ ထိုပုဂ္ဂိုလ်မျိုးကို ရုပ်တရားမှာ အသိဉာဏ် သန့်ရှင်းနေတဲ့အတွက် ရုပ်တရားကို တစ်စု၊ နာမ်တရားနဲ့ ပတ်သက်လို့ အသိဉာဏ် မသန့်ရှင်းသေးတဲ့အတွက်၊ တွေဝေနေသေးတဲ့အတွက် နာမ်တရားတွေကို လေးစု လေးပုံ ပုံပြီး ဝိပဿနာရှုဖို့ နည်းပေးတယ်။ ဝေဒနာတစ်စု၊ သညာတစ်စု၊ သင်္ခါရတစ်စု၊ ဝိညာဏ်တစ်စုဆိုပြီး လေးပုံ ပုံပြီး၊ ရှုဖို့ နည်းပေးတယ်။

ရုပ်က တစ်ပုံ၊ နာမ်တရားက လေးပုံ၊ ပေါင်းလိုက်တော့ ဘယ်နှစ်ပုံ ဖြစ်သွားလဲ? ငါးပုံ။ ဒီခန္ဓာငါးပါးကို ပရမတ္ထမျက်လုံးနဲ့ ပြောလိုက်တော့လည်း ဘာတွေလဲ? စိတ်, စေတသိက်, ရုပ်တရားပဲ၊ အတူတူပဲနော်။ တစ်နည်းအားဖြင့်တော့ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဒီခန္ဓာငါးပါးနည်းနဲ့ မြတ်စွာဘုရား ဟောပေးတယ်လို့ အဆိုရှိတယ်။ ကဲ ပြီးစေ။

နောက်တစ်ခု ပြောကြရအောင်။ တချို့တချို့ သတ္တဝါတွေက နာမ်တရားနဲ့ ပတ်သက်လို့ အသိဉာဏ် သန့်ရှင်းတယ်။ ရုပ်တရားနဲ့ ပတ်သက်ရင်တော့ အသိဉာဏ် သိပ်မသန့်ရှင်းဘူး၊ တွေဝေနေတယ်။ အဲဒီပုဂ္ဂိုလ်မျိုး ဖြစ်ခဲ့ရင် မြတ်စွာဘုရားသည် ရုပ်တရားတွေ, နာမ်တရားတွေကို ၁၂ ပုံ ပုံပြီး အာယတနနည်းနဲ့လည်း ဝိပဿနာရှုဖို့ နည်းပေးတယ်။

အာယတန ၁၂ ပါးဆိုတာကို ဓာတ်ခွဲလိုက်ပြန်တော့လည်း ပရမတ္ထမျက်လုံးနဲ့ ကြည့်လိုက်ရင် ဘာတွေလဲ? စိတ်, စေတသိက်, ရုပ်တရားပဲ။ အတူတူပဲ။ နောက် တချို့တချို့ ပုဂ္ဂိုလ်တွေက ဘယ်လိုဖြစ်သလဲ? ရုပ်တရားမှာလည်း အသိဉာဏ် မသန့်ရှင်းဘူး၊ တွေဝေနေတယ်။ နာမ်တရားမှာလည်း အသိဉာဏ် မသန့်ရှင်းဘူး၊ တွေဝေနေတယ်။ ထိုပုဂ္ဂိုလ်မျိုးကို မြတ်စွာဘုရားသည် ရုပ်တရား၊ နာမ်တရားတွေကို ၁၈ ပုံ ပုံပြီး၊ ဓာတ်၁၈ပါးနည်းအရ ဝိပဿနာရှုဖို့ နည်းပေးလိုက်တယ်။

ဓာတ် ၁၈ ပါးကို ပရမတ္ထမျက်လုံးနဲ့ ကြည့်လိုက်တော့လည်း၊ ဘာတွေလဲ? စိတ်, စေတသိက်, ရုပ်တရား အတူတူပဲ။ သင်္ချာပုစ္ဆာတစ်ခု၊ ဈေးတွက်နဲ့ပဲ တွက်တွက်၊ သုံးချက်နဲ့ပဲ တွက်တွက်၊ ခေတ်ပေါ်နည်း အမျိုးမျိုးနဲ့ပဲ တွက်၊ ရရှိတဲ့ အဖြေမှန်ချင်းကတော့ အတူတူ ဖြစ်ရမယ်နော်။ အဲဒီအတိုင်းပဲ။ ဒါကြောင့် ဝေနေယျဇ္ဈာသယဆိုတာက အဲဒီ စိတ်, စေတသိက်, ရုပ်တရားတွေကို ဘယ်နှစ်ပုံပြီး ဝိပဿနာရှုရင်၊ ဒီပုဂ္ဂိုလ် မဂ်ဖိုလ်နိဗ္ဗာန် ရမလဲဆိုတဲ့ အဇ္ဈာသယကို မြတ်စွာဘုရားက ကြည့်ပြီးတော့ ခန္ဓာနည်းနဲ့ ကျွတ်မယ့်ပုဂ္ဂိုလ်ကို ခန္ဓာနည်း၊ အာယတနနည်းနဲ့ ကျွတ်မယ့်ပုဂ္ဂိုလ်ကို အာယတနနည်း၊ ဓာတ်နည်းနဲ့ ကျွတ်မယ့်ပုဂ္ဂိုလ်ကို ဓာတ်နည်း၊ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ကျွတ်မယ့်ပုဂ္ဂိုလ်ကို ပဋိစ္စသမုပ္ပါဒ်နည်းဆိုပြီး ဒီလိုဟောတာမျိုးကိုသာ ဆိုလိုပါတယ်နော်။

ဘယ်လိုနည်းနဲ့ပဲ ဟောဟော, ခန္ဓာနည်း၊ အာယတနနည်း၊ ဓာတ်နည်း၊ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ပဲ ဟောဟော၊ ဟောလိုက်တဲ့ တရားတွေကို ပရမတ္ထမျက်လုံးတပ်ပြီး၊ ကြည့်လိုက်ရင် ဘာတွေသာ ဖြစ်မလဲ? စိတ်, စေတသိက်, ရုပ်တရားပဲ။ အတူတူချည်းပဲနော်။ အဲဒါကို ဝေနေယျဇ္ဈာသယလို့ ဆိုလိုပါတယ်။ ဒါကို ဘာကြောင့် ပြောရသလဲလို့ မေးရင်တော့ ဘုရားရှင်သည် သတ္တဝါတို့ရဲ့ အလိုကြိုက် ကြည့်ပြီးတော့ နည်းအမျိုးမျိုးနဲ့ ဟောတယ်ဆိုတဲ့ စကားကို အဓိပ္ပာယ် အယူအဆ လွဲပြီးတော့ ဓာတ်တစ်လုံး ရှုရင်လည်း ကိစ္စပြီးပါတယ်။ အကုန်လုံး ရှုနေဖို့ မလိုပါဘူး စသည်ဖြင့် ဒီလို ပြောကြလို့ပါနော်။

မြတ်စွာဘုရားက ဦးပဇင်းတို့ ဓာတ်တစ်လုံးတည်း ရှုလို့ရှိရင် နိဗ္ဗာန် ပေါက်ပါတယ်လို့ ဟောထားတဲ့ သုတ္တန်ဒေသနာ တစ်ခုမှ မရှိပါဘူး။ ဦးပဇင်းတို့ ဘုရားရှင်သည် ပုဗ္ဗသရဝိရောဓ၊ ရှေ့နောက် ဆန့်ကျင်တဲ့စကား ဘယ်တော့မှ မပြောပါဘူးတဲ့။ ခေတ်က အကိုးများနေတာကတော့-

‘‘သာဝကာ ဟိ စတုန္နံ ဓာတူနံ ဧကဒေသမေဝ သမ္မသိတွာ နိဗ္ဗာနံ ပါပုဏန္တိ’’

ဆိုတဲ့ မူလပဏ္ဏာသ အဋ္ဌကထာမှာလာတဲ့ “ဧကဒေသ” စကားလုံးလေးကို ကြည့်ပြီး ပြောနေတာနော်။ ဒီ ဧကဒေသ စကားလုံးလေးကိုလည်း-

‘‘ဧကဒေသမေဝါတိ အတ္တနော သန္တာနဂတမေဝ။’’

ဆိုပြီး ဋီကာက ရှင်းထားပါတယ်။ မိမိသန္တာန်မှာ ရှိနေတဲ့တရား အားလုံးကို ဆိုလိုကြောင်း ရှင်းထားပါတယ်။ ရောဟိတဿသုတ္တန်ကို ကိုးပြီးတော့ ရှင်းထားပါတယ်။ ဒါထက်ပိုပြီး သေချာအောင် ဟို အနုပဒသုတ္တန်ကျတော့ ဋီကာဆရာတော်က ဒီဧကဒေသ စကားလုံးကို-

‘‘တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝ သာမညတော သမ္မသနံ အယံ သာဝကာနံ သမ္မသနစာရော။’’ (မ၊ဋီ၊၃၊၂၇၅။) ဆိုပြီး -

ဒီလို ရှင်းထားတယ်။ မိမိသန္တာန်မှာ ရှိနေတဲ့ ခန္ဓာငါးပါး အကုန်လုံး။ အပြင်အပ ဗဟိဒ္ဓမှာရှိနေတဲ့ ခန္ဓာငါးပါးလည်း အကုန်လုံး။ သို့သော် ဗဟိဒ္ဓကို ရှုတဲ့အပိုင်းမှာ ဗဟိဒ္ဓအနေနဲ့ ယောကျ်ား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ မခွဲဘဲ ဗဟိဒ္ဓအနေနဲ့ သာမန် ခြုံငုံပြီးတော့ ခန္ဓာငါးပါးကို ရှုပါ။ အဲဒါသည် သာဝကတို့ရဲ့ သမ္မသနစာရခေတ် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုနေတဲ့ သမ္မသနဉာဏ်ရဲ့ ကျက်စားရာနယ်မြေလို့ ဒီလို သတ်မှတ်ပြီး ပြထားပါတယ်။

ဒါကြောင့် “ဧကဒေသမေဝ” သည် ဓာတ်တစ်လုံးကို မဆိုလိုပါဘူး။ ခန္ဓာငါးပါးကိုသာ ဆိုလိုတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်နော်။ ပိုပြီးတော့ ထောက်ထားစရာ အကြောင်းလေးတစ်ခု ဦးပဇင်း နည်းနည်းလေး ပြောမယ်။ ဧကဒေသမေဝဆိုတဲ့ စကားလုံး မြစ်ဖျားခံလာတဲ့ သုတ္တန်က မူလပဏ္ဏာသပါဠိတော်မှာ လာရှိတဲ့ မူလပရိယာယသုတ္တန် ဖြစ်ပါတယ်။ အဲဒီ မူလပရိယာယသုတ္တန်သည် မူလပဏ္ဏာသပါဠိတော်မှာ နံပါတ်တစ် သုတ္တန်ဖြစ်တယ်။ နံပါတ် ၃၃ ခုမြောက် သုတ္တန်မှာ မဟာဂေါပါလကသုတ္တန်ဆိုပြီး သုတ္တန်တစ်ခု ရှိပါတယ်။ ထိုမဟာဂေါပါလကသုတ္တန်မှာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က ရုပ် ၂၈ ပါးကို မသိရင် မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ကြောင်း အတိအကျ ဟောထားတယ်။

နွားအပေါင်းကို ထိန်းကျောင်းနေသော နွားကျောင်းသားတစ်ယောက် မိမိထိန်းကျောင်းနေတဲ့ နွားတွေ ဘယ်နှစ်ကောင် ရှိလဲလို့ မသိဘူး။ ငဖြူ ဘယ်နှစ်ကောင်၊ ငနီ ဘယ်နှစ်ကောင် စသည်ဖြင့် အရောင်အဆင်းနဲ့တကွ ဟုတ်တိုင်းမှန်စွာ မသိရင်၊ နွား မကျောင်းထိုက်သလို ဒီသာသနာတော်မှာလည်း မဂ်ဖိုလ်နိဗ္ဗာန် လိုလားတောင့်တနေတဲ့ ယောဂီပုဂ္ဂိုလ်တစ်ယောက်က မိမိရှုပွား သုံးသပ်ရမယ့် ရုပ်တရားတွေကို အရေအတွက်အားဖြင့်၊ အကြောင်းတရားအားဖြင့် ဟုတ်တိုင်းမှန်စွာ မသိခဲ့ရင် မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ဘူးဆို ဘုရားက အတိအကျ ဟောထားတယ်။ ဟောထားချက်ကိုလည်း အဋ္ဌကထာဆရာတော်က ဘယ်လိုရှင်းထားလဲ?

‘‘သော ဂဏနတော (သမုဋ္ဌာနတော) ရူပံ အဇာနန္တော ရူပံ ပရိဂ္ဂဟေတွာ အရူပံ ဝဝတ္ထပေတွာ ရူပါရူပံ ပရိဂ္ဂဟေတွာ ပစ္စယံ သလ္လက္ခေတွာ လက္ခဏံ အာရောပေတွာ ကမ္မဋ္ဌာနံ မတ္ထကံ ပါပေတုံ န သက္ကောတိ။’’

ရုပ်တရားကို ဟုတ်တိုင်းမှန်စွာ အရေအတွက် အားဖြင့်လည်းကောင်း၊ အကြောင်းတရား အားဖြင့်လည်းကောင်း နည်းတူပဲ ဖွင့်ထားတယ်။ ဟုတ်တိုင်းမှန်စွာ မသိခဲ့ရင် ရူပပရိဂ္ဂဟလို့ ခေါ်တဲ့ ရုပ်တရားကို သိမ်းဆည်းနိုင်တဲ့ ဉာဏ် မဖြစ်ဘူး။ နာမပရိဂ္ဂဟလို့ ခေါ်တဲ့ နာမ်တရားကို သိမ်းဆည်းနိုင်တဲ့ ဉာဏ်လည်း မဖြစ်ဘူး။ နာမရူပပရိဂ္ဂဟလို့ ခေါ်တဲ့ ရုပ်နာမ် နှစ်မျိုးကို သိမ်းဆည်းနိုင်တဲ့ ဉာဏ်လည်း မဖြစ်ဘူး။ ပစ္စယပရိဂ္ဂဟလို့ ခေါ်တဲ့ အကြောင်းတရားကို သိမ်းဆည်းတဲ့ ဉာဏ်လည်း မဖြစ်ဘူး။ ရုပ်နာမ်ကိုလည်း မသိမ်းဆည်းနိုင်ဘူး၊ အကြောင်းတရားကိုလည်း မသိမ်းဆည်းနိုင်ဘူးဆိုရင် ထိုပုဂ္ဂိုလ်သန္တာန်၌ ဒီရုပ်တရား၊ ဒီနာမ်တရား၊ ဒီအကြောင်းအရာတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ဝိပဿနာ ဘယ်လိုလုပ်ရှုမလဲ? ရှုလို့မရဘူး၊ မရှုနိုင်တဲ့အတွက်ကြောင့် ဝိပဿနာဉာဏ်လည်း အထွတ်အထိပ် ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး။

ဝိပဿနာဉာဏ် အထွတ်အထိပ် မရောက်ခဲ့ရင် မိမိတို့ မျှော်လင့် တောင့်တနေတဲ့ မဂ်ဖိုလ်နိဗ္ဗာန်သည် ဘယ်လိုမှ မရနိုင်ပါဘူး ဆိုပြီး အဋ္ဌကထာက ရှင်းထားတယ်။ မူလပဏ္ဏာသ အဋ္ဌကထာ တစ်စောင်တည်း ဖြစ်ပါတယ်နော်။ နံပါတ်တစ် သုတ္တန်နဲ့ နံပါတ် ၃၃ သုတ္တန် ဒါသာကွာတယ်။ အဋ္ဌကထာကလည်း တစ်စောင်တည်း ရေးသားသွားတဲ့ ပုဂ္ဂိုလ်လည်း ရှင်မဟာဗုဒ္ဓဃောသ တစ်ပါးတည်းသာ ဖြစ်ပါတယ်နော်။ ဒါကြောင့် အဋ္ဌကထာ တစ်စောင်တည်းမှာ ပုဂ္ဂိုလ်တစ်ဦးတည်းက ရှေ့နောက် ဒီလောက်ဆန့်ကျင်နေတဲ့ စကားကိုတော့ ဘယ်လိုမှ မသုံးပါဘူး။ မိမိတို့ရဲ့ ယူဆပုံလေးတွေ လွဲချော်နေခြင်းသာ ဖြစ်တယ်လို့ မှတ်ပေတော့နော်။

ကဲ... ပြီးစေ။ ရှေ့သွားကြရအောင်။ ဒီတော့ ဝိပဿနာရဲ့ အရှုခံ အာရုံသည် ခန္ဓာငါးပါးလုံးကို အကြောင်းအကျိုးဆက်ပြီး၊ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ရှုမှသာ ရမယ်လို့ သဘောပေါက်ပါနော်။ ဘယ်လိုရှုရမလဲ? လမ်းစဉ်လေး ဦးပဇင်း ဒီနေ့ ဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ်က သရုပ်ဖော်ပေးဖို့ နည်းနည်း ရည်ရွယ်ထားပါတယ်နော်။

ကမ္မဋ္ဌာန်း ၄၀ ထဲမှာ ဓာတ်ကမ္မဋ္ဌာန်းသည် စတုဓာတုဝဝတ္ထာန်အမည်နဲ့ တစ်ခုပါတယ်။ ထိုစတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းကို မြတ်စွာဘုရားသည် အကျဉ်းနည်း၊ အကျယ်နည်း နှစ်နည်းနဲ့ ဟောထားပါတယ်။ အကျယ်နည်းကို မဟာရာဟုလောဝါဒသုတ္တန်မှာလည်း ဟောထားတယ်။ ဓာတုဝိဘင်္ဂသုတ္တန်မှာလည်း ဟောထားတယ်။ သာဝတိံသာနတ်ပြည်မှာ ဟောတဲ့ ဓာတုဝိဘင်းပါဠိတော်မှာလည်း ဟောထားပါတယ်။ အကျဉ်းနည်းကိုတော့ မဟာသတိပဋ္ဌာနသုတ္တန်မှာ မြတ်စွာဘုရား ဟောထားပါတယ်။

ဒီညတော့ ဦးပဇင်း အကျဉ်းနည်းလေးကိုပဲ နည်းနည်း သဘောပေါက်ရုံလောက် ပြောဖို့ ရည်ရွယ်ထားတယ်နော်။ မဟာသတိပဋ္ဌာနသုတ္တန်မှာ မြတ်စွာဘုရားသည် အကျဉ်းနည်း ဓာတ်ကမ္မဋ္ဌာန်း ရှုပွားပုံကို ဘယ်လိုဟောသလဲ?

‘‘ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။’’

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ပုန စပရံ၊ နောက်တစ်မျိုးသော်ကား။ ဘိက္ခု၊ ယောဂီရဟန်းသည်။ ယထာဌိတံ၊ တည်မြဲတိုင်းသော။ ယထာပဏိဟိတံ၊ ထားမြဲတိုင်းသော။ ဣမမေဝ ကာယံ၊ ဤခန္ဓာကိုယ်ကြီးကိုပင်လျှင်။ ဣမသ္မိံ ကာယေ၊ ဤခန္ဓာကိုယ်ကြီးထဲ၌။ ပထဝီဓာတု၊ ပထဝီဓာတ်သည်။ အတ္ထိ၊ ရှိ၏၊ အာပေါဓာတု၊ အာပေါဓာတ်သည်။ အတ္ထိ၊ ရှိ၏၊ တေဇောဓာတု၊ တေဇောဓာတ်သည်။ အတ္ထိ၊ ရှိ၏၊ ဝါယောဓာတု၊ ဝါယောဓာတ်သည်။ အတ္ထိ၊ ရှိ၏၊ ဣတိ၊ ဤသို့။ ဓာတုသော၊ ဓာတ်အားဖြင့်။ ပစ္စဝေက္ခတိ၊ ဆင်ခြင် သုံးသပ် ရှုပွား၍ နေပေ၏၊

ခန္ဓာကိုယ် အသားကြား၊ အကြောကြား၊ အရေကြား၊ အရိုးကြား ဉာဏ်စိုက်ပြီးကြည့် ပထဝီဓာတ် ရှိတယ်။ အာပေါဓာတ် ရှိတယ်။ တေဇောဓာတ် ရှိတယ်။ ဝါယောဓာတ် ရှိတယ်လို့ ရှုပါ။ ဘယ်လိုအခါမှာ ရှုရမလဲ? ရပ်ရင်လည်း ရပ်တဲ့အတိုင်း၊ ထိုင်ရင်လည်း ထိုင်တဲ့အတိုင်း၊ အိပ်ရင်လည်း အိပ်တဲ့အတိုင်း၊ သွားရင်လည်း သွားတဲ့အတိုင်း ဣရိယာပုထ် လေးပါးလုံးမှာပဲ ခန္ဓာကိုယ်ရဲ့ အသားကြား, အရိုးကြား, အရေကြား, အကြောကြားကို ဉာဏ်စိုက်ပြီး ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် ရှိတယ်လို့ သိအောင် မြင်အောင် ရှုနေပါ။ ဥပမာလေးနဲ့ မြတ်စွာဘုရား ဆက်ဟောတယ်။

‘‘သေယျထာပိ, ဘိက္ခဝေ, ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စတုမဟာပထေ ဗိလသော ဝိဘဇိတွာ နိသိန္နော အဿ။ ဧဝမေဝ ခေါ, ဘိက္ခဝေ, ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ‘အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ’တိ။’’ (မ၊၁၊၇၃။)

ဥပမာ စကားရပ်လေးက ဘာပြောသလဲ? ကျွမ်းကျင် လိမ္မာတဲ့ နွားသတ်ယောကျ်ားတစ်ဦး (သို့မဟုတ်) နွားသတ်ယောကျ်ားရဲ့ တပည့် ထိုပုဂ္ဂိုလ်က နွားတစ်ကောင်ကို သတ်တော့မယ်ဆိုရင် ပထမ ဒီနွားကို ကျွေးမွေး သုတ်သင် ပြုပြင်တယ်။ ကျွေးမွေး သုတ်သင် ပြုပြင်နေတဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာ ဒီပုဂ္ဂိုလ်သန္တာန်မှာ ရှိတယ်။ သတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နွားကို ချည်ပြီး ဆွဲခေါ်သွားတယ်။ ဆွဲခေါ်သွားတဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာ ရှိတယ်။ သတ်တော့မယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် တိုင်တစ်တိုင် (သို့မဟုတ်) သစ်ပင်တစ်ပင်မှာ ဖမ်းပြီး ချည်လိုက်တယ်။ အဲဒီလို ချည်ထားတဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာ ရှိနေသေးတယ်။ ဒါပေမယ့်လို့ နွားကို သတ်ပြီ၊ သတ်လိုက်တဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာ ရှိတယ်။ အသေကောင်ကြီးကို တွေ့နေတဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာ ရှိတယ်။

သို့သော် နွားကို အသားတစ်ခြား၊ အရိုးတစ်ခြား၊ အရေတစ်ခြား၊ အူတွေ၊ အသည်းတွေ၊ အဆုတ်တွေတစ်ခြား တစ်ပုံစီ တစ်ပုံစီ ပုံပြီးတော့ လမ်းမမှာ သွားရောင်းပြီ။ ရောင်းနေတဲ့ အချိန်အခါမှာ နွားသတ်ယောကျ်ား (သို့မဟုတ်) နွားသတ်ယောကျ်ားရဲ့ တပည့် သန္တာန်၌ ဘာဖြစ်နေလဲ? နွားဆိုတဲ့ အမှတ်သညာ ပျောက်သွားတယ်။ နွားသားဆိုတဲ့ အမှတ်သညာ ပေါ်လာတယ်။ နွားရောင်းနေတယ်လို့ စိတ်ထဲမဖြစ်ဘူး။ နွားသားရောင်းနေတယ်လို့ စိတ်ထဲ ဖြစ်နေတယ်။ လူတွေဟာလည်း ငါ့ထံမှာ နွားဝယ်နေတယ်လို့ စိတ်ထဲ မဖြစ်ဘူး။ နွားသား လာဝယ်နေတယ်လို့ပဲ စိတ်ထဲ ဖြစ်နေတယ်။

ရဟန်းတို့ အဲဒီဥပမာအတိုင်းပဲ ယောဂီပုဂ္ဂိုလ်ဟာ ပထမ ကမ္မဋ္ဌာန်းတရား ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးမသွင်းခင်မှာတော့ ငါ, သူတစ်ပါး, ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ ဆိုတဲ့ အမှတ်သညာ ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့်လို့ ခန္ဓာကိုယ်ရဲ့ အသားကြား, အရိုးကြား, အရေကြား, အကြောကြားကို ဉာဏ်စိုက်ပြီး ဣရိယာပုထ် လေးပါးလုံးမှာ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် ရှိပါတယ်လို့ ရှုလိုက်တဲ့အခါ ဓာတ်ကို ဉာဏ်အမြင် ပေါက်သွားခဲ့မယ်ဆိုလို့ရှိရင်တော့ ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါဆိုတဲ့ အမှတ်သညာ ကွာသွားမယ်။ ကွာသွားပြီးရင် ဓာတ်ကြီးလေးပါး အစုအပုံသာ ရှိတယ်လို့ အသိဉာဏ် ပေါ်လာမယ်။ အဲဒီလို ပေါ်လာအောင် သတ္တသညာ ကွာအောင် ရှုပါ။ ဒါက ပါဠိတော်က စကား ရှင်းထားတယ်နော်။ ဒါဖြင့် အရှင်ဘုရား လက်တွေ့ ဘယ်လိုရှုမလဲလို့ ဒကာကြီးတွေ၊ ဒကာမကြီးတွေဘက်က မေးချင် မေးမယ်နော်။

မေးတော့ ဦးပဇင်းတို့ ဒီဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ် ရှုကွက်လေးကိုတော့ နည်းနည်းပြောမယ်။ ပထဝီဓာတ် ထင်ရှားရင် ပထဝီ၊ အာပေါဓာတ် ထင်ရှားရင် အာပေါဓာတ်၊ တေဇော ထင်ရှားရင် တေဇော၊ ဝါယောဓာတ် ထင်ရှားရင် ဝါယော တစ်လုံးလုံးက စလိုကလည်း စနိုင်ပါတယ်နော်။ အကောင်းဆုံးနည်းကတော့ အသားကြား၊ အရိုးကြား၊ အရေကြား၊ အကြောကြား စိုက်ပြီး ဓာတ်လေးပါးလုံးကို ရှုနိုင်မယ်ဆိုရင်တော့ ပိုကောင်းတယ်နော်။ လေးပါးလုံးကို ဉာဏ်က ပြည်တည်စ မခြုံတတ် မငုံတတ်သေးရင်တော့ တစ်လုံးလုံးက စနိုင်ပါတယ်။ ပထဝီထင်ရှားရင် ပထဝီ၊ အာပေါထင်ရှားရင် အာပေါ၊ တေဇောထင်ရှားရင် တေဇော၊ ဝါယောထင်ရှားရင် ဝါယော စနိုင်တယ်နော်။ ဘယ်ဓာတ်က မစကောင်းဘူး၊ ဘယ်ဓာတ်က စကောင်းတယ် ဒီလိုတော့လည်း သတ်မှတ်ချက် သိပ်မရှိပါဘူးနော်။ မိမိရဲ့ အသိဉာဏ်မှာ ထင်ရှားတဲ့ ဓာတ်တစ်လုံးကို ပြည်တည်ပြီးတော့ ကျန်တဲ့ဓာတ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်ပြီး ရှုသွားခဲ့မယ်ဆိုလို့ရှိရင်တော့ ဓာတ်လေးပါးလုံး စုံသွားနိုင်ပါတယ်နော်။

ဥပမာဆိုကြစို့။ ဦးပဇင်းတို့ ဘယ်ဓာတ်မှ မယ်မယ်ရရ မထင်ရှားရင် ဝါယောဓာတ်ကတော့ နည်းနည်း လွယ်တယ်။ “တွန်းကန်နေတဲ့သဘော” ခေါင်းမှာ တွန်းကန်တဲ့သဘောတွေ့ရင် ခေါင်းမှာ ရှုနိုင်တယ်။ ဝမ်းဗိုက်မှာ တွန်းကန်တဲ့သဘောတွေ့ရင် ဝမ်းဗိုက်မှာ ရှုနိုင်တယ်။ ခြေထောက်မှာတွေ့ရင် ခြေထောက်။ လက်မှာတွေ့ရင် လက် ရှုနိုင်ပါတယ်။ ဘယ်နေရာမှာမဆို ရှုနိုင်ပါတယ်နော်။ ဘယ်နေရာမှ မယ်မယ်ရရ မထင်ရှားရင်တော့ ဦးပဇင်းတို့ ခေါင်းရဲ့ ဗဟိုအလယ်ခေါင် တည့်တည့်လောက်ကို စိတ်ကလေး စိုက်ထားကြည့်။ ထွက်လေဝင်လေက အမြဲရှိနေတော့ လေဆိုတဲ့ ပညတ်သဘောကို အာရုံမယူဘဲ ဒီလေအပြင်ထွက်အောင် တွန်းနေတဲ့သဘော။ တွန်းကန်နေတဲ့သဘော အာရုံစိုက်ပြီး ရှုကြည့်။ တွန်းကန်တဲ့ သဘောအပေါ်မှာ စိတ်ကလေး စိုက်လိုက်လို့ တွန်းကန်နေတဲ့သဘော တွေ့ရင် ထိုအပေါ်မှာ သမာဓိထူထောင်ပေး။ စိတ်ကလေး တော်တော်ငြိမ်လာရင် ခေါင်းတစ်ခုလုံး တွန်းနေလိမ့်မယ်။ ထိုအခါ စိတ်တော်တော် ငြိမ်လာပြီဆိုလို့ရှိရင် အသားကြား၊ အရိုးကြား၊ အရေကြား၊ အကြောကြား တဖြည်းဖြည်း စိုက်သွားကြည့်။ စိုက်ပြီး ရှုလိုက်လို့ရှိရင် တွန်းကန်နေတဲ့ဓာတ် တစ်ကိုယ်လုံး ခြေဆုံးခေါင်းဆုံး ပျံ့နေတာ မြင်အောင် ဆက်ပြီးကြည့်ပါ။

တွန်းကန်နေတဲ့ ဓာတ်တစ်ခု ပျံ့ပြီဆိုလို့ရှိရင် ထောက်ကန်နေတဲ့ သဘောတစ်ခု ဝါယောဓာတ်ပဲ တိုးစိုက်ကြည့်။ ဒီခန္ဓာကိုယ်ကြီး ဟိုဘက် ဒီဘက် လဲမသွားအောင် ထိန်းထားတဲ့ သဘောလေးတစ်ခု ရှိတယ်။ အိမ်တစ်အိမ် ပြိုတော့မယ်ဆိုရင် ကျားခေါ်တဲ့ သစ်တစ်ချောင်းနဲ့ ထောက်ထားသလို ငြိမ်အောင် ထိန်းထားသလို ဒီခန္ဓာကိုယ်ကြီး လဲမသွားအောင် ထိန်းထားတဲ့ ဓာတ်သဘာဝလေး တစ်ခုရှိတယ်။ ထိုဓာတ်သဘာဝကို ထောက်ကန်တယ်လို့ သုံးတယ်။ ထောက်ကန်တာကို သေသေချာချာ ဉာဏ်ဖြင့် စူးစမ်း ကြည့်လိုက်တော့လည်း ပြန်တွန်းထားတာပဲနော်။ အဲဒီထောက်ကန်နေတဲ့ သဘောကို တစ်ဆင့်တက်ပြီး ရှုကြည့်။ တွန်းကန်တဲ့သဘော၊ ထောက်ကန်တဲ့သဘော။ မထင်ရှားရင် ကိုယ်ကို နည်းနည်းလေး လှုပ်ကြည့်လိုက်၊ ပြန်ထိန်းထားတဲ့ သဘောတစ်ခု တွေ့နိုင်တယ်။

အဲဒီ ထိန်းထားတဲ့သဘောသည် ထောက်ကန်နေတဲ့သဘောပဲ။ ဒီထောက်ကန်တဲ့သဘောကို ယောဂီပုဂ္ဂိုလ်က ရှုပြီး တွေ့ပြီဆိုရင် ဘာဖြစ်မလဲ? ခန္ဓာကိုယ်ကို သပ်လျှိုထားသလို၊ လက်တွေကို သပ်လျှိုထားသလို တောင့်နေအောင် ထိန်းထားတဲ့သဘော တစ်ခုပဲလို့ ဉာဏ်ထဲ ပေါ်လာလိမ့်မယ်။ တွန်းကန်နေတဲ့သဘော၊ ထောက်ကန်တဲ့သဘော ဒီနှစ်ခုသည် ဝါယောဓာတ် ဖြစ်ပါတယ်။ ဝါယောဓာတ် ပိုင်လို့ရှိရင်တော့ နောက်တစ်ဆင့် ပထဝီဓာတ်က နည်းနည်း လွယ်တတ်တယ်။ ပထဝီ ခြောက်မျိုးရှိတယ်။ မာတဲ့သဘော, ပျော့တဲ့သဘော, ကြမ်းတဲ့သဘော, ချောတဲ့သဘော, လေးတဲ့သဘော, ပေါ့တဲ့သဘော။ ဓမ္မသင်္ဂဏီပါဠိတော်မှာ ဘုရားဟောပါတယ်နော်။ သုခသမ္ဖဿ၊ ဒုက္ခသမ္ဖဿဆိုပြီး ပထဝီ, တေဇော, ဝါယော ဒီဓာတ်သုံးပါးမှာ ဆက်ပြီးတော့ သုခသမ္ဖဿ, ဒုက္ခသမ္ဖဿဆိုပြီး ဟောထားတာလည်း ရှိတယ်။

သို့သော် သူက နာမ်ကမ္မဋ္ဌာန်းနဲ့ ဆက်သွယ်နေတဲ့အတွက် နာမ်ကမ္မဋ္ဌာန်း ပိုင်းကျတော့မှ သူ့ကို ပြောရအောင်။ မာတဲ့သဘောတစ်ခု။ သွားနှစ်ခု ထိထားကြည့် မာနေတယ်။ လက်နှစ်ခု ထပ်ထားကြည့်၊ အရိုး, အရိုးချင်း ထိတဲ့နေရာ ဘယ်နေရာမဆို ဖမ်းဆိုက်ကြည့်၊ မာတဲ့သဘောတစ်ခု တွေ့တယ်။ အဲဒီ မာတဲ့သဘောတစ်ခုကို ဖမ်းစိုက်ထား။ မာတယ်လို့ပဲ ဖမ်းပြီး စိုက်ရှုလိုက်ရင် တစ်ကိုယ်လုံး မာတဲ့ဓာတ် ပျံ့သွားအောင် စိုက်ပါ။ မာတဲ့ဓာတ် ရပြီဆိုလို့ရှိရင် သူနဲ့နီးကပ်နေတဲ့ ကြမ်းတဲ့သဘောတစ်ခု၊ တွန်းကန်တဲ့သဘော၊ ထောက်ကန်တဲ့သဘော၊ မာတဲ့သဘော ဒီသုံးခုကို ပြိုင်တူလိုလို ထင်အောင် ပြန်ပြီး လေ့ကျင့်လိုက်လို့၊ ထင်ရှားနေတဲ့အချိန် အဲဒီအထဲ ဖမ်းစိုက်ကြည့်၊ ကြမ်းတမ်းနေတဲ့ သဘောတစ်ခု သွားတွေ့တယ်။

အသားကို လက်သည်းလေးနဲ့ ကုတ်ကြည့် ကြမ်းနေတယ်။ အဲဒီပုံစံမျိုးပဲ။ ကြမ်းနေတဲ့ သဘောတစ်ခုကို ဖမ်းစိုက်လိုက်လို့ ရပြီဆိုရင် နောက်တစ်ခု တိုးကြည့်။ လေးတဲ့သဘော၊ တွန်းကန်တဲ့သဘော၊ ထောက်ကန်တဲ့သဘော၊ မာတဲ့သဘော၊ ကြမ်းတဲ့သဘော ဒီလေးခုလောက် ဉာဏ်ထဲပေါ်ရင် လေးနေတဲ့သဘောသည် အလိုလို ထင်ရှားလာပါတယ်။ မထင်ရှားခဲ့ရင် လက်နှစ်ဖက် ထပ်ထားတဲ့ နေရာလေး အပေါ်လက်က အောက်ကလက်ကို နည်းနည်းလေး တွန်းပြီး ဖိကြည့်လိုက်ရင် လေးနေတဲ့ သဘောလေးတစ်ခု တွေ့နိုင်တယ် (သို့မဟုတ်) ခန္ဓာကိုယ်အောက်ပိုင်း စိုက်လိုက်ရင်လည်း လေးနေတဲ့ သဘောတစ်ခု တွေ့ပါတယ်။

မာတဲ့သဘော၊ ကြမ်းတဲ့သဘော၊ လေးတဲ့သဘော ခန္ဓာကိုယ် တစ်ကိုယ်လုံး ပျံ့သွားအောင် ရှုပေး။ ရပြီဆိုလို့ရှိရင် နောက်တစ်ခု မာတာ၊ ကြမ်းတာ၊ လေးတာက ဂရုပထဝီ သုံးခု။ လဟုပထဝီ သုံးခုကို ပြောင်းရှုနိုင်တယ်။ ပျော့တဲ့သဘော၊ ခန္ဓာကိုယ် ပျော့နေတဲ့နေရာ ဘယ်နေရာမဆို စိတ်ကလေး စိုက်ကြည့်၊ ပျော့တဲ့သဘောတွေ့ပါတယ်။ ဥပမာ- ဦးပဉ္စင်းတို့ ပါးစပ်ကိုလည်း ပိတ်ထားတယ်။ အတွင်းနှုတ်ခမ်းသားလေးကိုလည်း လျှာလေးနဲ့ ဖြည်းဖြည်းလေး ထိထားပြီး ပိတ်ထားမယ် ဆိုလို့ရှိရင် အတွင်းနှုတ်ခမ်းသားနဲ့ လျှာလေးနဲ့ ထိထားတဲ့နေရာ ဖမ်းစိုက်ကြည့်လိုက်ရင် ပျော့နေတဲ့သဘောလေး သွားတွေ့တယ်။

တခြား ခန္ဓာကိုယ် ပျော့တဲ့နေရာ ဘယ်နေရာမှာမဆို စိတ်စိုက်နိုင်ပါတယ်နော်။ ပျော့တဲ့တစ်နေရာကနေ ဖမ်းစိုက်ပြီး ပျော့တဲ့သဘောလေး ဖမ်းရှုလိုက်ရင် တစ်ကိုယ်လုံး ပျော့အိသွားအောင်၊ ဂွမ်းပုံလို ပျော့အိသွားအောင်စိုက်။ ပျော့တဲ့သဘော တွေ့ရင် ထိုပျော့တဲ့သဘောနဲ့ ဆက်ရက် ချောနေတဲ့ သဘောလေးတစ်ခု ရှိတယ်။ အတွင်းနှုတ်ခမ်းသားလေးကို လျှာလေးနဲ့ ပွတ်ကြည့် ချောနေတယ်။ အဲဒီပုံစံမျိုးပဲ။ ပျော့တဲ့သဘောထဲမှာ ဖမ်းပြီးတော့ ချောနေတဲ့ သဘောလေးကို ဖမ်းစိုက်ရင် တွေ့နိုင်ပါတယ်။ ပျော့တဲ့သဘော၊ ချောတဲ့သဘော နှစ်ခုရပြီ၊ တစ်ကိုယ်လုံး ပြန့်သွားပြီဆိုလို့ရှိရင် နောက်တစ်ခု တိုးကြည့်၊ ပေါ့နေတဲ့သဘော။ ခန္ဓာကိုယ် ဘယ်နေရာမှာမဆို ပေါ့နေရင် ပေါ့နေတဲ့နေရာလေးကို ဖမ်းပြီး ပေါ့တယ်လို့ စိုက်လိုက်ရင် နောက် တစ်ကိုယ်လုံး ပေါ့သွားတယ်။

ဥပမာ- ဦးပဉ္စင်းတို့ လက်ညှိုးလေးတစ်ချောင်း အသာလေး မ ကြည့်၊ ပေါ့နေတယ်။ အဲဒီပေါ့နေတဲ့နေရာမှာ စိတ်ကလေး စိုက်လိုက်လို့ဆိုလို့ရှိရင် ပေါ့တဲ့သဘောတစ်ခု သွားတွေ့ပါတယ်။ ပျော့တယ်၊ ချောတယ်၊ ပေါ့တယ် သဘောသုံးခုက လဟုပထဝီ။ ဂရုပထဝီသုံးခု၊ လဟုပထဝီသုံးခု နှစ်ရပ်ပေါင်းတော့ ပထဝီဓာတ် ခြောက်ပါး။ မာတယ်၊ ပျော့တယ်၊ ကြမ်းတယ်၊ ချောတယ်၊ လေးတယ်၊ ပေါ့တယ်၊ ပထဝီဓာတ် ခြောက်ပါးရပြီ။ ဝါယောဓာတ်က တွန်းကန်တဲ့သဘော၊ ထောက်ကန်တဲ့သဘော ပေါင်းလိုက်တော့ ရှစ်ခုနော်။ သဘောတရား ရှစ်ခုရပြီဆိုလို့ရှိရင် နောက်နှစ်ခု လွယ်တယ်။ တေဇောဓာတ် ပူတဲ့သဘော၊ အေးတဲ့သဘော။

ခန္ဓာကိုယ် ပူနေတဲ့နေရာ ဘယ်နေရာမှာမဆို စိတ်စိုက်နိုင်ပါတယ်နော်။ ဥပမာ- လက်နှစ်ခု ထပ်ထားတဲ့နေရာ ဖမ်းပြီး စိုက်လိုက်မယ် ဆိုလို့ရှိရင် ပူနေတဲ့သဘောလေး တွေ့တယ်။ ပူတဲ့သဘောလေးကို ပူတယ်လို့ ဖမ်းစိုက်ပြီး ရှုလိုက်လို့ရှိရင် တစ်ကိုယ်လုံး ပူတဲ့ဓာတ် ပျံ့သွားမယ်။ ပျံ့သွားပြီ ဆိုလို့ရှိရင် နောက်တစ်ခု၊ အေးတဲ့ဓာတ် ပြောင်းရှုနိုင်တယ်။ အသက်ရှုတဲ့အခါမှာ ဝင်လေကို ဖမ်းစိုက်ကြည့်။ လေကို မရှုနဲ့။ အေးတဲ့သဘောလေးကို ဖမ်းစိုက်ကြည့်။ အေးတဲ့သဘောလေးတစ်ခု တွေ့နိုင်တယ်။ အေးတဲ့သဘောလေးကိုလည်း အေးတယ်လို့ ဆက်ပြီး ရှုလိုက်လို့ရှိရင် တစ်ကိုယ်လုံး ပြန့်သွားရင် တော်ပြီနော်။ ပူတဲ့သဘော၊ အေးတဲ့သဘောက ဘာဓာတ်လဲ? တေဇောဓာတ်။ ပေါင်းလိုက်တော့ ပထဝီဓာတ်က ခြောက်မျိုး၊ တေဇောဓာတ်က နှစ်မျိုး၊ ဝါယောဓာတ်က နှစ်မျိုး ပေါင်းလိုက်တော့ သဘောတရား တစ်ဆယ်ခု ရပြီ။

အဲဒီ သဘောတရား တစ်ဆယ်ခုကို တစ်ခုပြီးတစ်ခု (ဥပမာ) တွန်းတာရှုလိုက် တစ်ကိုယ်လုံး ပျံ့သွားရင်၊ နောက်တစ်ခု ထောက်ကန်တာပြောင်း။ ထောက်ကန်တာ ရှုလိုက်၊ တစ်ကိုယ်လုံး ပျံ့သွားရင် မာတာပြောင်း၊ ကြမ်းတာပြောင်း၊ လေးတာပြောင်း စသည်ဖြင့် တစ်ခုပြီး တစ်ခု သွက်သွားအောင်ရှု။ ရှုလိုက်တော့ ဘာဖြစ်လာသလဲဆိုလို့ရှိရင် မိမိခန္ဓာကိုယ် တစ်ခုလုံးကို အပေါ်ကစီးပြီး ရပ်ကြည့်သလို ခြုံပြီးတော့သာ တစ်ခုပြီး တစ်ခု သွက်သွားအောင်ရှုလိုက်ရင်၊ ဒီတစ်ဆယ်ခုသည် တဖြည်းဖြည်း ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်ထဲ ပြိုင်တူလိုလို ထင်လာမယ်နော်။

အဲဒီလို ပြိုင်တူလိုလို ထင်လာပြီဆိုလို့ရှိရင် ထိုထင်လာတဲ့ ပြိုင်တူထင်နေတဲ့ ဓာတ်တွေအပေါ်၌ စိတ်ဖမ်းပြီးတော့ စိုက်ထားလိုက်ရင်၊ စိတ်ငြိမ်ခဲ့သော် ခုနက ဖွဲ့စည်းတဲ့သဘော၊ ယိုစည်းတဲ့သဘောဆိုတဲ့ အာပေါဓာတ် နှစ်မျိုး ပေါ်လာမယ်။ ဖွဲ့စည်းတဲ့ သဘောကလည်း ခန္ဓာကိုယ်တစ်ခုလုံးကို ကြိုးနဲ့တုတ်ထားသလို၊ လူတစ်ယောက်က အတင်းလာ ဖျစ်ညှစ်ထားသလို သဘော တွေ့လိမ့်မယ်။ ယိုစည်းနေတာကတော့ အဲဒီမှာ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သဘောတွေ သွားတွေ့လိမ့်မယ်။ ဖွဲ့စည်းတဲ့သဘော၊ ယိုစည်းတဲ့ သဘောနှစ်ခုက အာပေါဓာတ်။ ပေါင်းလိုက်တော့ ဓာတ်ဘယ်နှစ်ပါး ဖြစ်သွားသလဲ? ဓာတ်ကြီးလေးပါး။ စုံသွားပြီနော်။ ပထဝီဓာတ်က ခြောက်မျိုး။ အာပေါဓာတ်က နှစ်မျိုး။ တေဇောဓာတ်က နှစ်မျိုး။ ဝါယောဓာတ်က နှစ်မျိုး။ ပေါင်းလိုက်တော့ သဘောတရားအနေနဲ့ ခွဲပြောရင် တစ်ဆယ့်နှစ်မျိုး။ ဓာတ်အနေနဲ့ပြောရင် ဓာတ်ကြီးလေးပါး။ စုံသွားပြီနော်။

ဓာတ်ကြီးလေးပါး စုံအောင် မြင်ပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် အဲဒီ ဓာတ်လေးပါးကို မာတယ်၊ ကြမ်းတယ်၊ ပျော့တယ်၊ ချောတယ်၊ လေးတယ်၊ ပေါ့တယ် စသည်ဖြင့် လျှောက်ပြီး မမှတ်နဲ့၊ မှတ်နေရင် သမာဓိကျဲသွားမယ်။ လက်ဆယ်ချောင်းကို ထောင်ပြီးတော့ ကြည့်လိုက်ရင် ဆယ်ချောင်းစလုံး မြင်တယ်။ ဒါက လက်မပဲ၊ လက်ညှိုးပဲ၊ လက်ခလယ်ပဲ စသည်ဖြင့် မမှတ်နဲ့။ ဆယ်ချောင်းစလုံးကို စိုက်ပြီး စိတ်နဲ့ ကြည့်သလို၊ အဲဒီလိုပုံစံအတိုင်း ဒီဓာတ် တစ်ဆယ့်နှစ်မျိုးလုံးကို ခြုံပြီးတော့သာ စိုက်ပြီး ကြည့်နေ။ ကြည့်နေလိုက်လို့ ထိုအပေါ်၌ စိတ်ကငြိမ်ပြီး သမာဓိကပ်သွားခဲ့လို့ရှိရင် လက်တွေ, ခြေတွေ, ကိုယ်တွေ, ခေါင်းတွေ ပျောက်သွားမယ်။ ခေါင်းကြည့်လိုက်ရင် ခေါင်းမတွေ့ဘူး ဓာတ်ကြီးလေးပါး။ ကိုယ်ကြည့်လိုက်လည်း ကိုယ်မတွေ့ဘူး ဓာတ်လေးပါး။ ခြေထောက် ကြည့်လိုက်လည်း ခြေထောက် မတွေ့ဘူး၊ ဓာတ်လေးပါး။ လက်ကြည့်လိုက်လည်း လက်မတွေ့တော့ဘူး၊ ဓာတ်လေးပါးပဲ တွေ့မယ်။ အဲဒီလို တွေ့ပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရမလဲ? အဲဒီ ဓာတ်လေးပါးအပေါ်၌ စိတ်ငြိမ်သွားအောင် ကပ်သွားအောင် ကြိုးစားပြီးတော့ သမာဓိထူထောင်ပေတော့။ ဘာဖြစ်လို့လဲ? သူက ဥပစာရကမ္မဋ္ဌာန်း ဖြစ်ပါတယ်နော်။

စတုဓာတုဝဝတ္ထာနကမ္မဋ္ဌာန်းသည် ကမ္မဋ္ဌာန်း လေးဆယ်ထဲမှာ ဥပစာရသမာဓိ ဆိုက်အောင် ပွားများအားထုတ်ရမယ့် ကမ္မဋ္ဌာန်းတစ်ခု ဖြစ်တယ်။ ဒါကြောင့် သူ့ကို ဥပစာရသမာဓိ ဆိုက်အောင်ပဲ ပွားရတယ်။ သမာဓိကပ်ပြီး ထူထောင်လိုက်လို့ရှိရင် ဘာဖြစ်လာမလဲ? ဖြစ်ပုံလေး မပြောခင် ဦးပဉ္စင်း နည်းနည်းလေး ရှုကွက်လေးတစ်ခု ကြိုပြောမယ်နော်။ အဲဒီလို ဓာတ်လေးပါး ရှုလိုက်တဲ့ အချိန်အခါမှာ ခန္ဓာကိုယ်က နာတာ, ကျင်တာ, ကိုက်တာ, ခဲတာတွေ ပေါ်လာခဲ့ရင် ဘယ်နှယ့်လုပ်မလဲလို့ တချို့ မေးကြတယ်။ အဲဒီဘက်ကိုတော့ အာရုံမစိုက်ပါနဲ့ဦးနော်။ နာမ်ကမ္မဋ္ဌာန်းက ရုပ်ကမ္မဋ္ဌာန်း မပိုင်သေးရင် နာမ်ကမ္မဋ္ဌာန်း မပြောင်းပါနဲ့ဆိုပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ၊ စာပိုဒ်ရေ (၆၇၁)မှာ သတိပေးထားတယ်နော်။

‘‘ယသ္မာ စ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿေဝ တဿ အရူပဓမ္မာ တီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါ ကာတဗ္ဗော, န ဣတရေန။’’

ရုပ်ကမ္မဋ္ဌာန်းကို ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းပြီးတဲ့ ယောဂီပုဂ္ဂိုလ်သည်သာလျှင် နာမ်ကမ္မဋ္ဌာန်းကို ပြောင်းရှုပါလို့ ဒီလို သတိပေးထားတယ်။ ဘာကြောင့်လဲ? ရုပ်ကမ္မဋ္ဌာန်းကို မပိုင်သေးဘဲနဲ့ နာမ်ကမ္မဋ္ဌာန်းကို ပြောင်းရှုခဲ့မယ်ဆိုလို့ရှိရင် ကမ္မဋ္ဌာနာတော ပရိဟာယတိ၊ ကမ္မဋ္ဌာန်းမှာ ဆုတ်ယုတ်သွားမယ်၊ ပျက်စီးသွားမယ်ဆိုပြီး သတိပေးထားတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာပိုဒ်ရေ (၆၇၁) မှာရှိပါတယ်။ အလိုရှိရင် ကြည့်ပါနော်။

ဒါကြောင့် နာတာ, ကျင်တာတွေ ပေါ်လာလို့ မခံနိုင်ရင် ဣရိယာပုထ် အနည်းငယ် ပြောင်းနိုင်ပါတယ်နော်။ ပြောင်းပြီးတော့ ဓာတ်လေးပါး အပေါ်မှာသာ စိတ်ကပ်ပြီး ငြိမ်သွားအောင် သမာဓိထူထောင်ပေးပါ။ သမာဓိ ထူထောင်လိုက်ခဲ့လို့ သမာဓိဒီဂရီ စံချိန်မှီလာရင် ဘာဖြစ်မလဲ? အဲဒါ မပြောခင် နောက်တစ်ခု ထပ်ပြောဦးမယ်။ ထိုင်နေတဲ့ အချိန်အခါမှာ ဓာတ်တစ်ပါး ရှုနိုင်ရင် သွားတဲ့အခါလည်း ဓာတ်တစ်ပါး၊ ကွေးတဲ့အခါ ဓာတ်တစ်ပါး၊ ဆန့်တဲ့အခါ ဓာတ်တစ်ပါး။ ထိုင်တဲ့အခါမှာ ဓာတ်လေးပါး ရှုနိုင်ရင် သွားတာလည်း ဓာတ်လေးပါး၊ ရပ်တာလည်း ဓာတ်လေးပါး၊ အိပ်တာလည်း ဓာတ်လေးပါး၊ ကွေးတာ ဆန့်တာ ဓာတ်လေးပါး စသည်ဖြင့် ဣရိယာပုထ်တိုင်းမှာ သမ္ပဇဉ်ဉာဏ်ယှဉ်ပြီး ဓာတ်လေးပါး ရှုပါနော်။

ကဲ ပြီးစေ။ အဲဒီ ဓာတ်လေးပါးမှာ ဣရိယာပုထ်လေးပါးလုံးကို ကိုယ်က ရှုတတ်ပြီ။ လက်တွေ, ခြေတွေ, ခေါင်းတွေ, ကိုယ်တွေလည်း မတွေ့တော့ဘူး။ သမာဓိကလည်း ခိုင်လာပြီ ဆိုလို့ရှိရင် ဘာဖြစ်လာမလဲ? သမ္မောဟဝိနောဒနီအဋ္ဌကထာ၊ စာမျက်နှာ (၂၄၁-၂၄၂)တို့မှာ ဒီဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကို အကျဉ်းချုပ် ဖော်ပြထားပါတယ်။ ဘယ်လို ဖော်ပြထားလဲ?

‘‘ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။’’
ဣမေ စတ္တာရော မဟာဘူတေ၊ ဤမဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို။ ပရိဂ္ဂဏှန္တဿ၊ ဉာဏ်ဖြင့် ပိုင်းခြားယူသော ယောဂီပုဂ္ဂိုလ်ရဲ့သန္တာန်၌။ ဥပါဒါရူပံ၊ နှစ်ဆယ့်လေးမျိုးသော ဥပါဒါရုပ်တရားသည်။ ပါကဋံ၊ ထင်ရှားလာသည်။ ဟောတိ၊ ဖြစ်၏၊

ဓာတ်ကြီးလေးပါးကို အခုလို စနစ်တကျ ဥပစာရသမာဓိ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြား သိမ်းဆည်းနိုင်တဲ့၊ ပိုင်းခြားယူနိုင်တဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ဥပါဒါရူပလို့ခေါ်တဲ့ နှစ်ဆယ့်လေးမျိုးသော ဥပါဒါရုပ်တရားတွေသည် အလိုလို ထင်ရှားလာပါတယ်။ ကြိုးစားနေဖို့ မလိုဘူးနော်။ ဓာတ်လေးပါး အပေါ်မှာသာ ဥပစာရသမာဓိ ဒီဂရီမှီအောင် ရှုပါ။ ဒီဂရီစံချိန် မှီလာသည်နဲ့ တစ်ပြိုင်နက်တည်း နှစ်ဆယ့်လေးမျိုးသော ဥပါဒါရုပ်တွေ ထင်ရှားလာမယ်။ ယောဂီပုဂ္ဂိုလ် ခပ်များများရဲ့ အတွေ့အကြုံလေး ဦးပဉ္စင်း ပြောမယ်နော်။

ဒီအချိန်အခါမှာ သမာဓိအားကောင်းလာပြီဆိုလို့ရှိရင် ဘာဖြစ်လာတတ်လဲ? တချို့တချို့ ဉာဏ်အလွန်ထက်တဲ့ ယောဂီများကတော့ အလင်းဓာတ်တွေ ပေါ်လာတတ်ပါတယ်။ အလင်းဓာတ်ကိုလည်း မလိုက်နဲ့၊ ဒီအလင်းဓာတ်က လိုရင်းမဟုတ်ဘူး။ ဓာတ်လေးပါးကို မလွှတ်ဘဲနဲ့ သမာဓိ ဆက်ထူထောင်လိုက်မယ်ဆိုလို့ရှိရင် ဒီအလင်းဓာတ် ထွက်ပေါ်ရာ ဖြစ်နေတဲ့ အကြည်ဓာတ် သွားတွေ့ပါတယ်။ အကြည်ဓာတ် မတွေ့ခင်မှာလည်း တချို့ ယောဂီပုဂ္ဂိုလ်တွေ ဘာတွေ့တတ်သလဲလို့မေးရင် အဖြူရောင်လိုလို၊ မီးခိုးရောင်လိုလို၊ တိမ်တိုက်တွေလိုလို အဖြူရောင်တွေ လာတွေ့တတ်တယ်။ အဲဒီ အဖြူရောင်မှာလည်း ဓာတ်လေးပါးကို မလွှတ်နဲ့။ ဓာတ်လေးပါးကိုသာ မိအောင်သာ ဆက်ပြီးစိုက်။ ဆက်စိုက်ခဲ့သော် ဒီအဖြူရောင်ဟာ ဘာဖြစ်သွားလဲ? မိုးသား တိမ်တိုက်တွေဟာ လေတိုက်လို့ လွင့်စင်သွားတဲ့အခါ ကြည်လင်နေတဲ့ ကောင်းကင်ကို တွေ့ရသလိုပဲ၊ ဒီဓာတ်လေးပါး အဖြူရောင်ကြီးကိုပဲ ဓာတ်လေးပါးမြင်အောင် ဆက်စိုက်လိုက်လို့ရှိရင်လည်း ဒီအဖြူရောင်သည် တဖြည်းဖြည်း ကြည်သွားပါတယ်နော်။ ကြည်လင်နေတဲ့ သဘောတစ်ခု သွားတွေ့ပါတယ်။ အဲဒီ အကြည်မှာလည်း ဓာတ်လေးပါးကို မြင်အောင် ဆက်ပြီး ဆိုက်ပါ။ ဓာတ်လေးပါးဆက်ပြီး မြင်အောင် စိုက်ခဲ့လို့ရှိရင် တချို့က ဉာဏ်ထက်လို့ရှိရင်တော့ လွယ်လွယ်ကူကူနဲ့ ဒီအကြည်ဓာတ်တွေ ပြိုကွဲသွားပါတယ်။

ဉာဏ်မထက်ဘူးဆိုလို့ရှိရင် ဘာလုပ်မလဲ? အဲဒီ အကြည်ဓာတ်မှာ အပေါက်, အပေါက်လို့ခေါ်တဲ့ အာကာသလေးတွေကို မြင်အောင် ရှုရပါတယ်။ အာကာသလေးတွေကို မြင်အောင် ရှုလိုက်တော့ အပေါက်ကလေးတွေ၊ အကြားအပေါက်တွေ မြင်ပြီဆိုရင် ဘာဖြစ်မလဲ? ရုပ်ကလာပ် အမှုန်ကလေးတွေ သွားတွေ့တယ်။ ဒီတော့ ရုပ်ကလာပ်ကို ရှုသင့်သလား, မရှုသင့်ဘူးလား? ရှုရမလား, မရှုရဘူးလား? ဒီလိုမေးကြတယ်နော်။ ခဏခဏလည်း ဦးပဉ္စင်းကို လာလာမေးတယ်။ ဒီပြဿနာနဲ့ ပတ်သက်လို့ ဦးပဉ္စင်းတို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က အရှုခိုင်းထားတဲ့ ထုံးလေးရှိပါတယ်။ မဟာရာဟုလောဝါဒသုတ္တန်ကို ကြည့်ပါ။ မဟာရာဟုလောဝါဒသုတ္တန်မှာ ရှင်ရာဟုလာကို မြတ်စွာဘုရားက ဓာတ်ကမ္မဋ္ဌာန်း ပေးတဲ့အခါမှာ ဓာတ်ကြီးလေးပါး ရှုခိုင်းတယ်။

ဘူတရုပ် ဓာတ်ကြီးလေးပါးကို အရှုခိုင်းပြီးတော့ ဥပါဒါရုပ်တွေထဲက ဘာကို အရှုခိုင်းသလဲလို့ မေးရင်တော့ အာကာသဓာတ် တစ်လုံး အရှုခိုင်းပါတယ်။ ဒီတော့ အာကာသဓာတ်ဆိုတာက ဘာကို အာကာသဓာတ်လို့ ခေါ်သလဲ?

‘‘ရူပပရိစ္ဆေဒလက္ခဏာ အာကာသဓာတု၊ ရူပပရိယန္တပ္ပကာသနရသာ၊ ရူပမရိယာဒပစ္စုပဋ္ဌာနာ၊ အသမ္ဖုဋ္ဌဘာဝဆိဒ္ဒဝိဝရဘာဝပစ္စုပဋ္ဌာနာ ဝါ၊ ပရိစ္ဆိန္နရူပပဒဋ္ဌာနာ။’’

ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ အဋ္ဌသာလိနီအဋ္ဌကထာတို့က အာကာသဓာတ်ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာကို လက္ခဏ၊ ရသ၊ ပစ္စုပ္ပဋ္ဌာန်၊ ပဒဋ္ဌာန်နည်းဖြင့် ရှင်းထားတယ်နော်။ ပရိစ္ဆေဒလက္ခဏာ ရုပ်ကလာပ်လေးတွေ ရှုနေတဲ့ယောဂီ ဉာဏ်ထဲမှာ ပေါ်လာတယ်။ တနည်းအားဖြင့် အသမ္ဖုဋ္ဌဘာဝ ဆိဒ္ဒဝိဝရဘာဝ ပစ္စုပဋ္ဌာနာဝါ။ ထိလို့တွေ့လို့ မရကောင်းတဲ့ အပေါက်အကြားအဖြစ်နဲ့ ယောဂီရဲ့ ဉာဏ်ထဲမှာ ရှေ့ရှုထင်လာတယ်။ ပရိစ္ဆိန္နရူပပဒဋ္ဌာနံ အပိုင်းအခြားခံရတဲ့ ရုပ်ကလာပ်များသည် အနီးဆုံး အကြောင်းတရားတဲ့။ အာကာသဓာတ်ကို မြင်အောင်ရှုရင် ဒီလေးချက်နဲ့ မြင်အောင် ရှုရပါတယ်။ ဒီတော့ ဒီအာကာသဓာတ်ကို ရှုလိုက်လို့ရှိရင် အာကာသဓာတ်ကို ဘာလဲလို့ မေးရင်တော့၊ ရုပ်ကလာပ်တို့ရဲ့ နယ်ခြားလေးကို အာကာသဓာတ်လို့ ခေါ်တယ်။ အကြားအပေါက်လေးကို အာကာသဓာတ်ကလေးလို့ ခေါ်တယ်။ ရုပ်ကလာပ်တို့ရဲ့ အကြားအပေါက်ကို မြင်ပြီဆိုလို့ရှိရင် ရုပ်ကလာပ်ရော မမြင်နိုင်ဘူးလား? မြင်ပါတယ်နော်။

အာကာသကို ရှုပါလို့ပြောရင် ရုပ်ကလာပ်ကို ရှုပါဆိုတဲ့ စကားသည် ပါမသွားဘူးလား? ပါသွားပါတယ်။ အဓိပ္ပာယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ကလာပ်ကိုမှ မမြင်သေးရင် ရုပ်ကလာပ်တစ်ခု အတွင်းမှာ ရှိနေတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ စတဲ့ ပရမတ္ထဓာတ်သားလေးတွေကို ကွဲအောင် ဘယ်လိုမှ ရှုလို့မရဘူး။ ရုပ်ကလာပ်တစ်ခုအတွင်း အသေးဆုံး အမှုန်လေး ရုပ်ကလာပ်တစ်ခု အတွင်းမှာ တည်နေတဲ့ ဒီပရမတ္ထဓာတ်သားကိုမှ မြင်အောင် မရှုတတ်ဘူးဆိုရင် ပရမတ်နယ်ကို မရောက်သေးပါဘူး။ ပရမတ်နယ်ကို မရောက်သေးဘူး။ ဘာဖြစ်လို့လဲ?

ရုပ်ကလာပ်အမှုန်သည် အသေးဆုံး အတုံးအခဲ ပညတ်သာ ဖြစ်ပါသေးတယ်။ အသေးဆုံး အတုံးအခဲဖြစ်တဲ့ ဒီပညတ်မှာပဲ သောင်တင်နေတဲ့ ပုဂ္ဂိုလ်သည် နိဗ္ဗာန်သွား ဘယ်လိုမှ မရဘူး။ ဘာကြောင့်လဲ? နိဗ္ဗာန်သည် ပရမတ်လမ်းက သွားမှ ရတယ်။ ပညတ်လမ်းက သွားလို့ရသလား? မရနိုင်ဘူး။ ဒါကြောင့် ရုပ်ကလာပ်အမှုန်လေး တစ်ခုအတွင်းမှာရှိတဲ့ ပရမတ္ထ ဓာတ်သားလေးတွေကို တစ်လုံးစီ တစ်လုံးစီ ကွဲကွဲပြားပြား မြင်အောင် စိုက်နိုင်ရေးအတွက် ရုပ်ကလာပ် မြင်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်နော်။

ဒါကြောင့် အဲဒီအကြည်ဓာတ် ပေါ်လာတဲ့ပုဂ္ဂိုလ်သည် ထိုအကြည်ဓာတ်ထဲမှာ အာရုံစိုက်လိုက်ခဲ့သော် ရုပ်ကလာပ်ကလေးတွေ ပေါ်လာမယ်။ ပေါ်လာခဲ့ရင် ဒီရုပ်ကလာပ်ကလေးတွေကို အကြမ်းစားအားဖြင့် ခွဲတမ်းချလိုက်မယ်ဆိုလို့ရှိရင် နှစ်မျိုး ထွက်လာတယ်။ ကြည်တဲ့ရုပ်ကလာပ်က တစ်စု၊ မကြည်တဲ့ ရုပ်ကလာပ်အမှုန်က တစ်စု။ တစ်ခြမ်းစီနေတယ် ဒီလိုတော့ မဟုတ်ဘူးနော်။ ဆန်လုံးနဲ့ ဆနွင်းမှုန့်ကို သမအောင် ရောထားသလို တစ်ကိုယ်လုံးမှာ ကြည်တဲ့ရုပ်ကလာပ်လည်း အနှံ့အပြား ရှိတယ်။ မကြည်တဲ့ ရုပ်ကလာပ်အမှုန်တွေလည်း အနှံ့အပြားရှိတယ်။ တွေ့ပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် တွေ့တဲ့အခါမှာ ဘာဖြစ်တတ်လဲ?

ရုပ်ကလာပ်ကလေးတွေက ခဏခဏ ပေါ်လိုက် ပျောက်လိုက်၊ ပေါ်လိုက် ပျောက်လိုက်နဲ့ ဖမ်းလို့မရ ဖြစ်တတ်တယ်။ အဲဒီအခါမှာ ဒီရုပ်ကလာပ်တွေရဲ့ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတဲ့သဘောကို အာရုံမစိုက်ဘဲ၊ မမြင်ချင်ယောင်ဆောင်ပြီးတော့ ဒီရုပ်ကလာပ်ကလေးတွေကို ဓာတ်ကြီးလေးပါးကိုသာ မြင်အောင် ဖမ်းပြီးစိုက်ပါ။ ဘယ်လောက်ပဲ သေးတဲ့ အမှုန်လေးပဲဖြစ်ဖြစ် ဒကာကြီးတွေ နည်းနည်းအာရုံစိုက်ပြီး ကြည့်စမ်းကြည့်။ လက်ကလေး နှစ်ခုကို ပွတ်ကြည့်။ လက်နှစ်ခုကြားမှာ အမှုန်လေးတွေတော့ တွေ့ပါတယ်။ တွေ့ပါတယ်နော်။

အဲဒီအမှုန်လေးတွေဖမ်းပြီး စိတ်ကလေးနဲ့ အာရုံစိုက်ကြည့်စမ်း။ သူနဲ့ တန်သလောက် မာတဲ့, ကြမ်းတဲ့, လေးတဲ့, ပျော့တဲ့, ချောတဲ့, ပေါ့တဲ့သဘော မရှိဘူးလား? ရှိတယ်။ ယိုစီးတဲ့သဘော, စွတ်စိုနေတဲ့ ဖွဲ့စည်းတဲ့သဘော မရှိဘူးလား? ရှိတယ်။ ပူတဲ့, အေးတဲ့သဘော ရှိတယ်။ တွန်းကန်တဲ့သဘော, ထောက်ကန်တဲ့သဘော ရှိတယ်။ သူနဲ့တန်သလောက်တော့ ရှိပါတယ် နော်။ အဲဒီအမှုန်လေးတွေမှာလည်း ဓာတ်လေးပါး ရှိတယ်။ ဒီဓာတ်လေးပါးကို မြင်အောင် ဖမ်းပြီးစိုက်ပါ။ စိုက်လိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာမလဲ? တချို့က စိုက်လို့မရ ဖြစ်တတ်တယ်။ မရရင်တော့ တစ်လုံးစီရှု။ ခန္ဓာကိုယ်မှာ ဓာတ်လေးပါးကို ထင်ရှားအောင်ရှု။ ရှုပြီးတဲ့ အချိန်အခါမှာ အမှုန်ကလေးကို ဆတ်ခနဲပြောင်းပြီး ဓာတ်လေးပါးစိုက်။ ရတတ်တယ်။ မရရင် ခန္ဓာကိုယ်မှာ တစ်လုံးတည်းစိုက်။

ဥပမာ-တွန်းကန်တဲ့သဘော။ ခန္ဓာကိုယ်မှာ တွန်းကန်တဲ့သဘော ထင်ရှားအောင် စိုက်ပြီး၊ ဖြတ်ခနဲဆို အမှုန်လေးမှာ ပြောင်းပြီး တွန်းကန်တဲ့သဘောလေး ရှုကြည့်။ နောက်ထပ် တစ်လုံး တိုးကြည့်။ နောက်ထပ် တစ်လုံးလောက် တိုးကြည့်။ တဖြည်းဖြည်း တစစ တိုးသွားလို့ရှိရင် ဓာတ်လေးပါးစုံအောင် ရပါတယ်နော်။ ခန္ဓာကိုယ်မှာလည်း ဓာတ်လေးပါး စိုက်လို့ရသလို အမှုန်လေးတွေမှာလည်း မကြည်တဲ့ အမှုန်မှာပဲဖြစ်ဖြစ် ကြည်တဲ့အမှုန်မှာပဲဖြစ်ဖြစ်၊ ဓာတ်လေးပါး ရှုလို့ရပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ် တစ်ဆင့်တက်ပြီးတော့ ဘာလုပ်ရမလဲ?

မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး ခြောက်ဌာနလုံးမှာ မကြည်တဲ့အမှုန်၊ ကြည်တဲ့အမှုန်တိုင်းမှာ ဓာတ်လေးပါး မြင်အောင် စိုက်ကြည့်ပါ။ ရှုလို့ရပြီဆိုရင် ဘာလုပ်မလဲ? ဒီရုပ်ကလာပ်အမှုန်ကလေးတွေမှာ ဝဏ္ဏလို့ခေါ်တဲ့ အရောင်လေးတွေ ရှိတယ်နော်။ အဆင်းလို့လည်း ခေါ်တယ်။ အရောင်လို့လည်း ခေါ်တယ်။ အတူတူပဲ။ နောက်အမှုန်လေးတွေကို အနံ့ခံကြည့်။ အနံ့တစ်ခုခု မရှိဘူးလား။ ရှိတယ်နော်။ ခန္ဓာကိုယ်ရဲ့ အနံ့တွေကတော့ မကောင်းပါဘူးနော်။ မကောင်းတဲ့အနံ့ပဲ ထွက်မယ်။

အရသာ။ ဒီအမှုန်လေးတွေကို အရသာခံကြည့်။ ချိုချင် ချိုမယ်။ Ngန်ချင် ငန်မယ်။ အရသာတစ်ခုခု မရှိဘူးလား? ရှိတယ်။ ဒီအမှုန်လေးတွေမှာ စားလိုက်မယ်ဆိုရင် သူနဲ့တန်တဲ့ အာဟာရဓာတ် ခန္ဓာကိုယ်ထဲ ပျံ့သွားနိုင်တဲ့ အဆီဩဇာလေး မရှိဘူးလား? ရှိတယ်။ ပေါင်းလိုက်တော့ အဆင်း, အနံ့, အရသာ, ဩဇာ။ ဒါက ဥပါဒါရုပ်ထဲက လေးမျိုးပဲနော်။ “အဆင်း” ဘာရဲ့ အဆင်းလဲလို့ မေးရင်- ဓာတ်ကြီးလေးပါးရဲ့ အဆင်း။ “အနံ့” ဘာရဲ့အနံ့လဲ? ဓာတ်ကြီးလေးပါးရဲ့ အနံ့။ “အရသာ” ဘာရဲ့အရသာလဲ? ဓာတ်ကြီးလေးပါးရဲ့ အရသာ။ “အဆီဩဇာ” ဘယ်သူ့ အဆီဩဇာလဲ? ဓာတ်ကြီးလေးပါးရဲ့ အဆီဩဇာ။ ဒါ့ကြောင့် ဓာတ်ကို လွှတ်လို့တော့ မရသေးဘူးနော်။ “ဓာတ်ပဓာန ပြဋ္ဌာန်းလှတာ” လယ်တီဆရာတော်ဘုရားကတော့ ဒီလိုလင်္ကာလေး စီထားတယ်။ ဓာတ်ကြီးလေးပါးက အဓိကဖြစ်တယ်။

အဲဒီလို ပေါင်းလိုက်မယ်ဆိုလို့ရှိရင် သဘောတရား ဘယ်နှစ်ခု ရသွားပြီလဲ? ရှစ်ခု။ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ ဆိုလျှင် ရှစ်ခု ရပြီ။ ကြည်တဲ့ ရုပ်ကလာပ်အမှုန်မှာလည်း ရှစ်ခု။ မကြည်တဲ့ ရုပ်ကလာပ်အမှုန်မှာလည်း ရှစ်ခု ရပြီ ဆိုလို့ရှိရင် တစ်ဆင့်တက်ပြီး၊ ထိုပုဂ္ဂိုလ် ကြည်တဲ့ ရုပ်ကလာပ်အမှုန်ကလေးတွေ ရွေးလိုက်။ အဲဒီကြည်နေတဲ့ ရုပ်ကလာပ် အမှုန်ကလေးထဲမှာ ကြည်တဲ့ သဘောတရားလေး တစ်ခုပါ ကိုယ်က မြင်ထားပြီးဖြစ်တော့ ထပ်ပေါင်းလိုက်ရင် ဘယ်နှစ်ခု ဖြစ်သွားမလဲ? ကိုးခုနော်။

အဲဒီ ကိုးခုထဲမှာ နောက်ထပ် သင်္ချာနည်းနဲ့ ပြောရင် ဆယ်ခုရှိတော့ ကျန်တာတစ်ခုသည် ဇီဝိတပဲ။ ဇီဝိတသည် သူက အစောင့်ဓာတ်၊ ဘာကို စောင့်သလဲ? ပြိုင်တူဖြစ်နေသော ဒီ ကိုးမျိုးသော ရုပ်တွေကိုပဲ သူက စောင့်ပေးတယ်။ ဘာဖြစ်လို့ စောင့်ရသလဲလို့ မေးရင်- ဒီရုပ်ကလာပ်တွေက ကံကြောင့်ဖြစ်တဲ့ ရုပ်ကလာပ် ဖြစ်ပါတယ်။ ကြည်တဲ့ ရုပ်ကလာပ်အမှုန်တွေ နော်။ မကြည်တဲ့ ဘာဝရုပ်ကလာပ် အမှုန်တွေဟာလည်း ကံကြောင့် ဖြစ်ပါတယ်။ ကံကြောင့် ဖြစ်တဲ့ ရုပ်ကလာပ်အမှုန်တွေမှာသာ ဒီဇီဝိတက ပါတယ်။ မိခင်ဖြစ်တဲ့ ကံနဲ့ အကျိုးဖြစ်တဲ့ ဒီရုပ်တရားတွေက ဝေးနေတဲ့အတွက်ကြောင့် မိဘမရှိတဲ့ ကလေးတစ်ဦးကို ဘေးက လူတစ်ယောက်က ဝင်ပြီး စောင့်ရှောက်ပေးရသလို ဒီကံကြောင့် ဖြစ်တဲ့ ရုပ်တရားတွေကိုလည်း ဇီဝိတက ဝင်ပြီး စောင့်ပေးရတယ်။ ဇီဝိတဆိုတဲ့ သဘောတရားကို ကြည့်ပြီးတော့ အသက်လို့လည်း ခေါ်တယ်။

သူက ရှင်နေတယ်လို့ပဲ ယောဂီပုဂ္ဂိုလ် တော်တော် ခပ်များများရဲ့ ဉာဏ်ထဲမှာ ပေါ်နေပါတယ်။ ရှင်သန်နေတဲ့ သဘောတရားတစ်ခု။ ရှင်နေတယ် ဆိုတော့ ဘယ်လောက်ကြာကြာ ရှင်သလဲလို့ မေးရင်တော့ – ခုနက ပြိုင်တူဖြစ်တဲ့ ရုပ်တရားတွေနဲ့ သက်တမ်း အတူတူပဲ။ ပြိုင်တူဖြစ်တဲ့ ရုပ်တရားတွေ ဖြစ်လာရင် သူပါလာတယ်။ ချုပ်သွားရင် သူလည်း ပျောက်သွားတာပါပဲ။ အတူတူပဲ။ ဒါပေမဲ့ သူက စောင့်နေတဲ့ သဘောတရားတစ်ခု ပေါ်လွင် ထင်ရှားနေတယ်။ စောင့်နေတဲ့ ဒီအစောင့်ဓာတ်ကို ဇီဝိတ လို့ခေါ်တော့ – ပေါင်းလိုက်မယ်ဆိုရင် ဘယ်နှစ်ခု ဖြစ်သွားလဲ? ဆယ်ခု။

ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ, ဇီဝိတ, အကြည်ဆိုပြီး ဆယ်ခု ရှိတယ်။ အဲဒီ ဆယ်ခု စိုက်လို့ရပြီဆိုရင် ထိုပုဂ္ဂိုလ်သည် မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး ခြောက်ဌာနလုံးမှာ ကြည်တဲ့အမှုန်တိုင်းမှာ ဒီ ဆယ်ခုကို မြင်အောင်စိုက်။ စိုက်လိုက်တော့ နောက်ထပ် ပြဿနာတစ်ခု ဘာပေါ်လာလဲဆိုတော့ – ကြည်တဲ့အမှုန်တွေက အမျိုးမျိုး ရှိတယ်။ မြတ်စွာဘုရားကလည်း စက္ခုပသာဒ, သောတပသာဒ, ဃာနပသာဒ, ဇိဝှာပသာဒ, ကာယပသာဒ ဆိုပြီး ရုပ်ပိုင်းမှာ ပသာဒလို့ခေါ်တဲ့ အကြည်ရုပ် ဘယ်နှစ်မျိုးဟောထားလဲ? ငါးမျိုး။ ငါးမျိုး ရှိတယ်လို့ ဟောထားတယ်။ ပသာဒလို့ ဘုရားဟောနေတာက အဓိပ္ပါယ်ရှိတယ်နော်။ ကြည်တယ်ဆိုတာက တကယ်ကြည်နေတဲ့ အကြည်ဓာတ်လေးတွေ ဖြစ်တယ်။ အဓိပ္ပါယ်ရှိရှိနဲ့ ဘုရားဟောထားတာ ဖြစ်တယ်။ အဲဒီတော့ ဒီကြည်တဲ့ ရုပ်ကလာပ် အမှုန်လေးတွေမှာ ဦးပဉ္စင်းတို့ ကာယပသာဒသည် တစ်ကိုယ်လုံး အနှံ့အပြား ရှိတယ်။

ဘာဝရုပ်ကလည်း သူက တစ်ကိုယ်လုံး အနှံ့အပြားရှိတယ်။ ဒီတော့ မျက်စိမှာ သွားထိရင် မသိဘူးလား? သိတယ်။ ထိတာ သိတဲ့စိတ်သည် ဘာကိုမှီဖြစ်သလဲလို့ မေးရင် – ကာယအကြည်ဓာတ်ကို မှီဖြစ်တယ်နော်။ နားကို သွားထိရင် မသိဘူးလား? သိတယ်။ ထိတာ သိတဲ့စိတ်က ကာယအကြည်ဓာတ်ကို မှီဖြစ်တယ်နော်။ ဒါကြောင့် နှာခေါင်းကို ထိရင် သိတယ်။ လျှာလည်း ထိရင် သိတယ်။ ကိုယ်လည်း ထိကြည့် သိတယ်။ နှလုံးလည်း ထိကြည့်ရင် သိတယ်။ ထိတာ သိတဲ့စိတ်သည် ဘာကို မှီဖြစ်လဲ? ကာယအကြည်ဓာတ်ကို မှီဖြစ်တယ်။ ဒါကြောင့် မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး ခြောက်ဌာနလုံးမှာပဲ ကာယအကြည်ဓာတ် မရှိဘူးလား? ရှိတယ်။ ဒီကာယအကြည်ဓာတ်ကလည်း အကြည်ဓာတ်တစ်ခုတည်း ကွက်မဖြစ်ဘူး။ သူက ရုပ်ကလာပ် အမှုန်ကလေးအနေနဲ့ပဲ ဖြစ်တယ်။ ဒီရုပ်ကလာပ်အမှုန်ကို ဓာတ်ခွဲလိုက်မယ် ဆိုရင်လည်း ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ, ဇီဝိတ, ကာယအကြည်ဆိုပြီးတော့ ဆယ်ခုပဲ ရှိပါတယ် နော်။

ဒီတော့ မျက်လုံးမှာ ပြောကြရအောင်။ မျက်လုံးမှာ စက္ခုအကြည်ဓာတ်လည်း ရှိတယ်။ ကာယအကြည်ဓာတ်လည်း ရှိတယ်။ နှစ်ခု ရှိတယ်ဆိုရင် – ဒီအကြည်ဓာတ် နှစ်ခုကို ဘယ်လိုခွဲမလဲ မေးရင်တော့ ဆန့်ကျင်ဘက် အာရုံလေးနဲ့ ခွဲရတယ်။ မျက်စိမှာ ရှိနေတဲ့ ကြည်တဲ့ ရုပ်ကလာပ်အမှုန်ကလေးတစ်ခုကို ဖမ်းစိုက်ထား။ အဲဒီ ကြည်တဲ့အမှုန်ကလေးကို ဓာတ်ခွဲလိုက်ရင် ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ, ဇီဝိတ, အကြည်ဆိုပြီး သဘောတရား ဆယ်ခု မြင်အောင်ကြည့်ထား။ တစ်ဖက်က နီးစပ်ရာ ရုပ်ကလာပ်မှာ ရှိနေတဲ့ အရောင်ကလေးတစ်ခု လှမ်းအာရုံယူကြည့်။ ဒီအရောင်လေးက ဒီအကြည်ဓာတ်ကို လာရိုက်လိုက်ပြီဆိုရင် အရောင်လေး လာရိုက်ခတ်နေတဲ့ အကြည်ဓာတ်ကို ဘာအကြည်ဓာတ်ခေါ်လဲ? စက္ခုအကြည်ဓာတ်။ ဒီစက္ခုအကြည်ဓာတ်ကလည်း ရုပ်ကလာပ်အမှုန် ဖြစ်ခြင်းကြောင့် ဒီရုပ်ကလာပ်အမှုန်ကို စက္ခုဒဿကကလာပ်လို့ ခေါ်ပါတယ်။ စက္ခုအကြည်လျှင် ဆယ်ခုမြောက်ရှိနေတဲ့ ရုပ်ကလာပ်လို့ ဆိုလိုတယ်။

နောက်တစ်ခု ကာယအကြည်ဓာတ်။ မျက်စိမှာပဲ ထိတာ သိနိုင်တဲ့အတွက် ထိတာ သိတဲ့စိတ် မှီရာဖြစ်တဲ့ ကာယအကြည်ဓာတ် ရှိတယ်လို့ သိရမယ်။ ဒီတော့ မျက်စိမှာ ကြည်တဲ့ရုပ်ကလာပ် အမှုန်ကလေးတစ်ခု ရွေးချယ်ပြီး ခုနကလို သဘောတရား ဆယ်ခုမြင်အောင် ဓာတ်ခွဲကြည့်။ ကြည်နေတဲ့ သဘောတစ်ခုကို ဖမ်းစိုက်ထား။ ကြည်နေတဲ့သဘောတစ်ခုကို ဖမ်းစိုက်လို့ အကြည်ဓာတ် ခိုင်လာတဲ့အချိန် တစ်ဖက်က ဆန့်ကျင်ဖက်ဖြစ်တဲ့ နီးစပ်ရာ ရုပ်ကလာပ်မှာ ရှိနေတဲ့ မာနေတဲ့သဘော (သို့မဟုတ်) ပထဝီရယ်, တေဇောရယ်, ဝါယောရယ် ဒီ သုံးခုက ဖောဋ္ဌဗ္ဗဓာတ် ခေါ်ပါတယ်။ အဲဒီ သုံးခုထဲက တစ်ခုခုပေါ့။

ဥပမာ – မာတဲ့သဘော။ နီးစပ်ရာ ရုပ်ကလာပ် အမှုန်ကလေးထဲမှာ ရှိနေတဲ့ မာတဲ့သဘောလေးတစ်ခုကို ဖမ်းစိုက်လိုက်ရင် မာတဲ့သဘောလေးက ဒီအကြည်ဓာတ်ကို လာရိုက်နေတယ်ဆိုရင် မာတဲ့သဘောလေး အရိုက်ခတ်ခံရတဲ့ အကြည်ဓာတ်က ဘာအကြည်ဓာတ်လဲ? ကာယအကြည်ဓာတ်လို့ ဒီလို ခွဲရတယ်နော်။ ဒီကာယအကြည်ဓာတ်လည်း ရုပ်ကလာပ်အမှုန်လေးပဲ။ ဒီအမှုန်လေးကို ဓာတ်ခွဲလိုက်ရင် ခုနက ပြောခဲ့တဲ့အတိုင်းပဲ သဘောတရား ဘယ်နှစ်ခုရှိလဲ? ဆယ်ခု။ သဘောတရား ဆယ်ခုက ကာယအကြည်ဓာတ်လျှင် ဆယ်ခုရှိတဲ့အတွက် သူ့ကို ကာယဒဿကကလာပ်လို့ ခေါ်ပါတယ်။ ရုပ်ကလာပ် ဘယ်နှစ်ခုရသွားပြီလဲ? နှစ်ခု။

နောက်တစ်ခု ပြောဦးမယ်။ ယောက်ျားမျက်လုံးနဲ့ မိန်းမမျက်လုံး တူလား? မတူဘူး။ ဘာဖြစ်လို့ မတူသလဲ? မတူတဲ့ အမှတ်အသားလေး ရှိတယ်။ မတူတဲ့ အမှတ်အသားလေးကို ဘာဝရုပ်လို့ ခေါ်တယ်။ ဒီဘာဝရုပ်ကလည်း မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး ခြောက်ဌာနလုံးမှာပဲ အနှံ့အပြား ရှိတယ် နော်။ သို့သော် ဘာဝပါတဲ့ ရုပ်ကလာပ်အမှုန်သည် ကြည်သလား, မကြည်ဘူးလား? မေးရင် သူက မကြည်ဘူး။ မကြည်တဲ့ အမှုန်ကို ဓာတ်ခွဲလိုက်လို့ရှိရင် ဘယ်နှစ်ခု ရှိသလဲလို့ မေးရင် – ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ, ဇီဝိတ, ဘာဝရုပ် ဆိုပြီး ဆယ်ခုရှိတယ်။ ယောက်ျားမှာ ယောက်ျားဘာဝရုပ်၊ မိန်းမမှာ မိန်းမဘာဝရုပ်။ ယောက်ျားလို့ သိလောက်တဲ့ အမှတ်သားကို ယောက်ျားဘာဝရုပ်။ မိန်းမလို့ သိလောက်တဲ့ အမှတ်သားကို မိန်းမဘာဝရုပ်လို့ ခေါ်ပါတယ်။

ကြည်တဲ့ ရုပ်ကလာပ်အမှုန်မှာ ဇီဝိတကို သဘောပေါက်နေတဲ့ ပုဂ္ဂိုလ်သည် မကြည်တဲ့ ရုပ်ကလာပ်အမှုန်လေးကို ပြောင်းကြည့်။ ပြောင်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီမကြည်တဲ့ ရုပ်ကလာပ်အမှုန်မှာ ဇီဝိတကို တွေ့အောင်ရှာ။ ဇီဝိတကို မရှာခင် ဘာလုပ်ရမလဲ? မကြည်တဲ့ ရုပ်ကလာပ်အမှုန်မှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ ဒီရုပ် ရှစ်ခုကို မြင်အောင်ရှုထား။ ရှုပြီးလို့ရှိရင် ဒီရုပ် ရှစ်ခု မြင်ပြီးတဲ့အခါမှာ ဇီဝိတကို မြင်အောင် ဆက်စိုက်ကြည့်။ ကြည်တဲ့ ရုပ်ကလာပ်အမှုန်မှာ ဇီဝိတကို သဘောပေါက်နေတဲ့ ပုဂ္ဂိုလ်အဖို့ မကြည်တဲ့ ရုပ်ကလာပ်အမှုန်မှာ ဇီဝိတကို အကယ်၍ ရှာတွေ့ခဲ့မယ်ဆိုရင် အဲဒီ ဇီဝိတရှိနေတဲ့ ရုပ်ကလာပ်အမှုန်မှာ ဘာဝလည်း ရှိနေတတ်တယ်။

ဒီတော့ မကြည်တဲ့ ရုပ်ကလာပ် အမှုန်တိုင်းမှာ ဇီဝိတ ရှိပါသလားလို့ မေးရင် – မရှိဘူးနော်။ တချို့မကြည်တဲ့ ရုပ်ကလာပ်အမှုန်မှာ ဇီဝိတ မရှိဘူး။ တချို့ မကြည်တဲ့ ရုပ်ကလာပ်အမှုန်မှာက ရှိတယ်။ အကယ်၍များ ဇီဝိတ ရှိခဲ့ရင် ဘာဝရုပ် ရှိနေတယ်။ များသောအားဖြင့်နော်၊ များသောအားဖြင့် ဘာကြောင့် ပြောရသလဲ? ပြီးတော့မှ ပြောမယ်နော်။ အဲဒီတော့ ဘာဝပါနေတဲ့ ဒီရုပ်ကလာပ်အမှုန်ကို ဓာတ်ခွဲလိုက်ရင်လည်း ဘယ်နှစ်ခု ဖြစ်သွားပြီလဲ? ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ, ဇီဝိတ, ဘာဝရုပ်ဆိုပြီး ဘယ်နှစ်ခု ရှိလဲ? ဆယ်ခု။ ဘာဝဒသကကလာပ်လို့ ခေါ်ပါတယ်။ အဲဒီ စက္ခုဒဿကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကလာပ် ဒီ သုံးခုသည် အတိတ်က ကံကြောင့်ဖြစ်တဲ့အတွက် သူတို့က ကမ္မဇရုပ်။ ဘယ်ကံကြောင့် ဖြစ်တယ်ဆိုတာကတော့ အကြောင်းတရား ရှုတဲ့အပိုင်းမှာ ပေါ်လာလိမ့်မယ်။

ကိုယ့်အကြောင်းတရားနဲ့ကိုယ် လာကြတာပဲ။ ယောဂီပုဂ္ဂိုလ် တစ်ယောက်ရဲ့ အကြောင်းတရားနဲ့ တခြား ယောဂီတစ်ယောက်ရဲ့ အကြောင်းတရား မတူကြပါဘူးနော်။ ကိုယ့်အကြောင်း ကံလေးနဲ့ ကိုယ်လာကြတာ ဖြစ်တော့ ကိုယ့်ကံကို၊ ကိုယ်အကြောင်းတရား ရှုတဲ့အပိုင်းမှာ ဖမ်းစိုက်ရမှာ ဖြစ်တယ်။ ပြီးပြီ။ နောက်တစ်ခု မျက်လုံးမှာ ဘာကလာပ် ရှိနေသေးလဲလို့ မေးရင် မျက်လုံးလေးကို လှုပ်ကြည့် လှုပ်လို့မရဘူးလား? အဲဒီရုပ်ကလာပ်ကို မျက်လုံးမှာ စိတ်ကြောင့် ဖြစ်တယ်ဆိုတာက မထင်ရှားဘူးလား? ထင်ရှားတယ်။ ဒီရုပ်ကလာပ် ကလေးကို ရှုချင်ရင် ဦးပဉ္စင်းတို့ မနောအကြည်ကို ဖမ်းပြီး စိတ်ကလေး စိုက်ထား။ ဒီအကြည်ဓာတ်တွေ ပေါ်နေတဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ မနောအကြည်လည်း ပေါ်နေပါပြီ နော်။

မနောအကြည်ဆိုတာကတော့ အထူးသဖြင့် ဘဝင်ကိုပဲ ဆိုလိုပါတယ်။ သို့သော် ဘဝင်တင် ကြည်သလား, နောက်က ရှုနေတဲ့ ဉာဏ်တွေကကော မကြည်ဘူးလားလို့ မေးရင် ရှုနေတဲ့ ဉာဏ်တွေကလည်း အကြည်ဓာတ် အရောင်အလင်းလေးတွေ ထွက်နေပါတယ်နော်။ တဖြတ်ဖြက်နဲ့ ထွက်နေတယ်။ ဒီတော့ နားလည်လွယ်အောင်သာ မနောအကြည်လို့ ပြောရတယ်။ တကယ်တမ်း တိတိကျကျ ပြောမယ်ဆိုရင်တော့ မနောဓာတ်- မနောဝိညာဏဓာတ်တွေက ထွက်နေတဲ့ အကြည်ဓာတ်လည်း နှလုံးအိမ်အတွင်း ဟဒယဝတ္ထုကို မှီပြီး ဖြစ်နေတယ်။ အဲဒီ မနောအကြည်လို့ပဲ နားလည်လွယ်အောင် ခြုံပြီး ပြောကြရအောင်နော်။

မနောအကြည်ဓာတ်ကို ဖမ်း။ စိတ်စိုက်လိုက်လို့ စိတ်ကလေး စိုက်ထား။ မျက်လုံးလေးကို အသာလေး လှုပ်ကြည့်။ လှုပ်ချင်တဲ့စိတ်, လှုပ်နေတဲ့ စိတ်ကလေးကြောင့် ရုပ်ကလာပ် အမှုန်ကလေးတွေ မျက်လုံးအထိ ပြန့်သွားတာ မြင်အောင်ကြည့်။ ထိုပြန့်သွားတဲ့ ရုပ်ကလာပ် အမှုန်တွေသည် မကြည်ဘူး။ မကြည်တဲ့ ဒီရုပ်ကလာပ် အမှုန်တွေကို ဓာတ်ခွဲလိုက်ရင်လည်း ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ ဆိုပြီး ဘယ်နှစ်ခု ရှိလဲ? ရှစ်ခုရှိတယ်။ သူ့ကြောင့်နော်။

နောက်တစ်ခု ရှိနေသေးတယ်။ ဥတုဇအဋ္ဌကလာပ်။ အဲဒီ ရှစ်ခုပါတဲ့ ရုပ်ကလာပ်က ခုနက စိတ်ကြောင့် ဖြစ်တဲ့အတွက်ကြောင့် စိတ္တဇအဋ္ဌကလာပ်လို့ ခေါ်ပါတယ်။ နောက်တစ်ခု ဥတုဇအဋ္ဌကလာပ်။ ဥတုကြောင့် ဖြစ်တယ်။ ဘယ်ဥတုလဲလို့ မေးရင်တော့ ခုနက စက္ခုဒဿကကလာပ်ကို ဓာတ်ခွဲလိုက်တော့ ရုပ်ကလာပ် ဘယ်နှစ်မျိုးရှိလဲ? ဆယ်မျိုး။ ဆယ်မျိုးထဲမှာ ပထဝီ, အာပေါ, တေဇော။ တေဇောဓာတ် မပါဘူးလား? ပါတယ်။ အဲဒီ တေဇောဓာတ်လေးကို ဖမ်းစိုက်ကြည့်။ ဒီတေဇောဓာတ်လေးကလည်း ရုပ်ကလာပ်အမှုန်လေးတွေ ပွားနေတယ်။ ပွားသွားတဲ့ အမှုန်လေးတွေကို ကြည့်လိုက် မကြည်ဘူး။ မကြည်တဲ့ အမှုန်လေးတွေကို ဓာတ်ခွဲလိုက်ရင်လည်း ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ ဆိုပြီး ရှစ်ခုပဲ ရှိတယ်။ အဲဒီ ရှစ်ခုထဲမှာလည်း တေဇောပါတော့ အဲဒီ တေဇောဓာတ်ကလည်း ထပ်ပြီး ပွားပြန်တယ်။ ပွားသွားတဲ့အမှုန် ဓာတ်ခွဲလိုက်လည်း ရှစ်ခု။ အဲဒီ ရှစ်ခုထဲမှာ တေဇောပါတယ်။ ဒီတေဇောက ပွားတဲ့အမှုန်လေးကလည်း မကြည်ဘူး။ ဓာတ်ခွဲလိုက်ရင်လည်း ရှစ်ခုပဲ။

စက္ခုဒသကကလာပ်တစ်ခုကို ပြည်တည်လိုက်ပြီဆိုရင် နှစ်ဆင့်, သုံးဆင့်လောက်အထိ ပွားသွားတယ်။ အဲဒီ ပွားသွားတဲ့ ရုပ်ကလာပ် အမှုန်ကလေးတွေကို အကြမ်းစားအားဖြင့် ဥတုဇအဋ္ဌကလာပ်လို့ ခေါ်ပါတယ်။ တေဇောဓာတ် (ပူတဲ့သဘော, အေးတဲ့သဘော) ပူတာ, အေးတာကိုပဲ တနည်းတဖုံအားဖြင့် ဥတုလို့ ခေါ်ပါတယ်နော်။ ဒီနေ့ ရာသီဥတု ပူတယ်။ ဒီနေ့ ရာသီဥတု အေးတယ်။ ပူတာ, အေးတာကို ဥတုလို့ ခေါ်တယ်နော်။ ဒါကြောင့် တေဇောဓာတ်က ဖြစ်တဲ့ရုပ်ကို ဥတုကြောင့် ဖြစ်တဲ့ရုပ်လို့ ဒီလိုသတ်မှတ်တယ်။ အဲဒီ ရုပ်ကလာပ်အမှုန်သည် မကြည်တဲ့အတွက် ဓာတ်ခွဲလိုက်ရင် ရှစ်ခု။ သူ့ကို ဥတုကြောင့် ဖြစ်တဲ့အတွက် ဥတုဇအဋ္ဌကလာပ်လို့ ခေါ်ပါတယ်နော်။

စက္ခုဒသကကလာပ်မှာရှိတဲ့ တေဇောဓာတ်က ပွားသလို ကျန်တဲ့ ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇအဋ္ဌကလာပ် အစရှိတဲ့ ကျန်တဲ့ ရုပ်ကလာပ်တွေမှာ ရှိနေတဲ့ တေဇောဓာတ်တွေကလည်း ထိုနည်းလည်းပဲ ပွားတယ်။ ကဲ – ပြီးစေတော့။ နောက်တစ်ခု ပြောကြရအောင်။

အခွေမဆုံး။
bze1jhgk9ri3vnnr0fa0mzl309swj79 သမစိတ္တသုတ် 0 6340 22050 2026-06-11T03:49:11Z Tejinda 173 "{{header | title = သမစိတ္တသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = သံခိတ္တဓနသုတ်နှင..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22050 wikitext text/x-wiki {{header | title = သမစိတ္တသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[သံခိတ္တဓနသုတ်နှင့် သီလဝန္တသုတ်]] | previous2 = | next = [[နန္ဒကောဝါဒသုတ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}
သမစိတ္တသုတ္တန်

ပထမပိုင်း

၁၃၆၀-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁၃)ရက်နေ့ည၊ မန္တလေးတောင်ခြေ ဖားအောက်တောရတိုက်ခွဲ၌ ဘုံကထိန်ပွဲတွင် ဦးမောင်မောင်ကြီး ဒေါက်တာဒေါ်မီမီထွေး ဆင်မင်းပွဲရုံတို့က ကထိန်သင်္ကန်းအဖြစ် ကပ်လှူသည့် ပူဇော်ပွဲ၌ ဓမ္မပူဇာအဖြစ်ဖြင့် ဟောကြားအပ်သော အင်္ဂုတ္တိုရ်ပါဠိတော် ဒုကနိပါတ်၌ လာရှိသော သမစိတ္တသုတ္တန်တရားဒေသနာတော်။ ဒီဒေသနာတော်က ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြစ်ပေါ်လာသလဲဆိုရင်တော့ —

‘‘ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။’’

ဧကံ သမယံ၊ အခါတစ်ပါး၌။ ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ သာဝတ္ထိယံ၊ သာဝတ္ထိမြို့၏အနီး၌။ အနာထပိဏ္ဍိကဿ၊ အနာထပိဏ်ကျောင်းဒါယကာ၏၊ အာရာမေ၊ အရာမ်ဖြစ်သော။ ဇေတဝနေ၊ ဇေတဝန်ကျောင်းတိုက်တော်၌။ ဝိဟရတိ၊ သီတင်းသုံး စံနေတော်မူဆဲဖြစ်ပေ၏၊

ရှင်အာနန္ဒမထေရ်မြတ်က သုတ္တန်ဖြစ်ပေါ်လာတဲ့ အချိန်လေးကို နိဒါန်းသွယ်ပြီးတော့ လျှောက်ထားနေတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံးစံနေတော်မူခိုက် ဒီသုတ္တန်က ဖြစ်ပေါ်လာခဲ့ပါတယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီသုတ္တန်ဖြစ်ပေါ်လာရသလဲ?

‘‘တေန ခေါ ပန သမယေန အာယသ္မာ သာရိပုတ္တော သာဝတ္ထိယံ ဝိဟရတိ ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ။’’

တေန ခေါ ပန သမယေန၊ ထိုအခါ၌ကား။ အာယသ္မာ သာရိပုတ္တော၊ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည်။ မိဂါရမာတုပါသာဒေ၊ မိဂါရသူဌေး၏ မိခင်သဖွယ်ဖြစ်သော ဝိသာခါကျောင်းအစ်မကြီးသည် ဆောက်လုပ်လှူဒါန်းအပ်သော ပြာသာဒ်ဆောင်ပေါက်၍ ထားအပ်သော။ ပုဗ္ဗာရာမေ၊ ပုပ္ဖာရုံကျောင်းတိုက်၌။ ဝိဟရတိ၊ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်ပေ၏၊

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက မိဂါရသူဌေးရဲ့ မိခင်သဖွယ်ဖြစ်နေတဲ့ ဝိသာခါကျောင်းအစ်မကြီး ဆောက်လုပ်လှူဒါန်းထားအပ်တဲ့ ပြာသာဒ်ဆောင်ပေါက်တဲ့ ပုပ္ဖာရုံကျောင်းတိုက်တော်မှာ သီတင်းသုံးစံနေတော်မူခိုက်ဖြစ်တယ်။ အဲဒီအချိန်မှာ ဒီသမစိတ္တသုတ္တန် ဖြစ်ပေါ်လာတယ်ဆိုပြီးတော့ ပထမသင်္ဂါယနာတင်ပွဲမှာ ရှင်အာနန္ဒာကိုယ်တော်မြတ်ကြီးက နိဒါန်းသွယ်ပြီးတော့ ရှင်မဟာကဿပမထေရ်အမှူးရှိတဲ့ သင်္ဂါယနာမထေရ်မြတ်တွေကို တင်ပြပြီး လျှောက်ထားနေပါတယ်။

ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီသုတ္တန်က ဖြစ်ပေါ်လာရသလဲဆိုတော့ ဘုန်းကြီးတို့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝါဆိုဝါကပ်တော်မူတဲ့ အချိန်အခါတွေမှာ အမြဲတမ်း ဝါဆိုဝါကပ်တဲ့နေရာဆိုတာက ရှေ့ပိုင်းမှာ မရှိခဲ့ဖူးဘူး။ နောက်ပိုင်းကာလ ရောက်လာတဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားက ဇေတဝန်ကျောင်းတိုက်တော်နှင့် ပုပ္ဖာရုံကျောင်းတိုက် ဒီနှစ်ခုမှာပဲ နောက်ပိုင်း ဝါနှစ်ဆယ်ကျော် ဆက်တိုက် သီတင်းသုံးတော်မူခဲ့ပါတယ်။ နွေကာလရောက်ပြီဆိုရင်တော့ ချွတ်သင့်ချွတ်ထိုက်တဲ့ သတ္တဝါတွေကို ချေချွတ်တော်မူခြင်းဖြင့် ခရီးဒေသစာရီ ကြွချီတော်မူပါတယ်။

ထိုနေ့မှာကတော့ ဘုရားရှင်က သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံးစံနေတော်မူခိုက်ဖြစ်တယ်။ အဲဒီလို စံနေတော်မူတဲ့ အချိန်အခါမှာ နံနက်မိုးသောက်စအချိန် ဘုရားရှင်တို့ရဲ့ အလေ့အကျက်တော် ဓမ္မတာအတိုင်း မဟာကရုဏာတော်သမာပတ်ကို ဝင်စားပြီး လောကကို ကြည့်ရှုတော်မူလိုက်တဲ့ အချိန်အခါမှာ ဒီနေ့မှာ သာဝတ္ထိ ပြည်သူပြည်သားများစွာနှင့်တကွ သာဝတ္ထိပြည် ပတ်ဝန်းကျင်မှာ တတည်ရှိနေတဲ့ ယူဇနာဝက်, တစ်ယူဇနာ အစရှိတဲ့ ထိုထိုအရပ်တွေမှာ နေထိုင်နေတဲ့ လူသားတွေနှင့်တကွ အတိုင်းအတာ ပမာဏမရှိတဲ့ နတ်တွေ, ဗြဟ္မာတွေ ကျွတ်တမ်းဝင်ကြတော့မယ့်နေ့ ဖြစ်ပြီဆိုတာကို မြတ်စွာဘုရား လောကကို လှမ်းကြည့်တော့ မြင်တော်မူပြီ။

အဲဒီလို မြင်တော်မူလိုက်တဲ့ အချိန်အခါမှာ ဘယ်ပုဂ္ဂိုလ် တရားဟောလို့ရှိရင် ကျွတ်တမ်းဝင်မလဲလို့ ဆက်လက်ပြီး လှမ်းမျှော်ပြီး တစ်ဖန် ကြည့်လိုက်တဲ့ အချိန်အခါကျတော့ ငါဘုရားရှင် တရားဟောလို့ ကျွတ်တမ်းဝင်မယ့်ပွဲတော့ မဟုတ်ဘူး။ ငါ့ရဲ့ တပည့်သာဝကတစ်ဦးဖြစ်နေတဲ့ သာရိပုတ္တရာ ဟောခဲ့ရင်တော့ အသင်္ချေနဲ့ ချီပြီးတော့ ကျွတ်တန်းဝင်ကြမယ့် သတ္တဝါတွေ ဒီနေ့ ဖြစ်ပေါ်လာမယ်ဆိုတာ မြတ်စွာဘုရား မြင်တော်မူပါတယ်။

မြင်တော်မူတဲ့အတွက်ကြောင့် မြတ်စွာဘုရားက ထိုနေ့ ရဟန်းသံဃာတော်အပေါင်း ခြံရံပြီးတော့ သာဝတ္ထိမြို့ တောင်တံခါးကနေ သာဝတ္ထိမြို့တွင်းသို့ ဝင်ရောက်ပြီးတော့ ဆွမ်းခံတော်မူပါတယ်။ ဆွမ်းခံပြီးတဲ့ အချိန်အခါမှာ တောင်တံခါးဝကနေ ထွက်ခွာလာပြီးတော့ တံခါးဝအပြင်မှာ မြတ်စွာဘုရားက ရပ်တည်တော်မူတယ်။ ဘုရားရှင် ရပ်တည်တော်မူလိုက်တဲ့ အသီတိမဟာသာဝကလို့ခေါ်ဆိုအပ်တဲ့ ဘုရားရှင်ရဲ့ လက်ရွေးစင် တပည့်သာဝကကြီး ရှစ်ဆယ် ရှိကြပါတယ်။ သာဝကကြီးတွေနဲ့တကွ ဘိက္ခုရဟန်းပရိသတ်တွေ, ဥပါသကာပရိသတ်တွေ, ဥပါသိကာမပရိသတ်တွေ, ဘိက္ခုနီပရိသတ်တွေကလည်း မြတ်စွာဘုရားအား ခြံရံပြီးတော့ ရပ်တည်နေကြတယ်။

ထိုအချိန်အခါမှာ ဘုရားရှင်က အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို အမိန့်ရှိပါတယ်။

” သာရိပုတ္တရာ..သင်ဟာ ပုပ္ဖာရုံကျောင်းကို သွားဖို့ရန်အတွက် သင့်တယ်။ သင့်ရဲ့ ပရိသတ်တွေကိုလည်း ခေါ်ဆောင်ပြီးတော့ သွားချေ” ဆိုပြီးတော့ ဘုရားရှင်က အမိန့်တော်မြတ် သတ်မှတ်ပေးတော်မူလိုက်ပါတယ်။ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကလည်း ” သာဓု ဘန္တေ” ကောင်းပါပြီ မြတ်စွာဘုရားလို့ လျှောက်ထားပြီးတော့ မိမိရဲ့ သွားလေရာမှာ လိုက်ပါနေတဲ့ ရဟန်းငါးရာကို ခေါ်ဆောင်ပြီးတော့ ပုပ္ဖာရုံကျောင်းတိုက်သို့ ကြွချီတော်မူပါတယ်။

ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး ပုပ္ဖာရုံကျောင်းတိုက်ကို မိမိရဲ့ တပည့်သာဝက ရဟန်းတော် ငါးရာ ခြံရံပြီး ကြွချီသွားတဲ့အခါ အသီတိမဟာသာဝကခေါ်တဲ့ တပည့်ကြီးမဟာသာဝက ရှစ်ဆယ်တို့ကလည်း ပုပ္ဖာရုံကျောင်းတိုက်ကိုပဲ ကြွချီကြတယ်။ အလားတူပဲ အရှင်အာနန္ဒာကိုယ်တော်မြတ်ကို ထားပြီးတော့ ကြွင်းကျန်နေတဲ့ ရဟန်းသံဃာတွေအားလုံး ပုပ္ဖာရုံကျောင်းတိုက်ကို လိုက်သွားကြပါတယ်။

ဘုရားရှင်နဲ့ ရှင်အာနန္ဒာကိုယ်တော်မြတ်တို့က ဇေတဝန်ကျောင်းတိုက်တော်ကို ပြန်ပြီး ကြွချီလာတယ်။ ကြွချီလာတဲ့ အချိန်အခါမှာ ဆွမ်းစားခြင်းကိစ္စပြီးတော့ ရှင်အာနန္ဒာကိုယ်တော်မြတ်ကလည်း မြတ်စွာဘုရားထံ ခွင့်တောင်းပြီးတော့ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးတော့ ပုပ္ဖာရုံကျောင်းတော်ကိုပဲ လိုက်သွားကြတယ်။ ဇေတဝန်ကျောင်းတိုက်တော်အတွင်းမှာ ဘုရားရှင်တစ်ပါးတည်းပဲ ကျန်ရစ်ခဲ့ပါတယ်။

အဲဒီ အချိန်အခါမှာ ရဟန်းယောကျ်ားပရိသတ်, ရဟန်းမိန်းမပရိသတ်, လူဥပါသကာယောကျ်ားပရိသတ်, လူဥပါသိကာမပရိသတ်ခေါ်တဲ့ ပရိသတ်လေးပါးတို့ကလည်း အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့ တရားကို နာချင်တဲ့စိတ်တွေ တဖွားဖွား ဖြစ်နေကြတယ်။ အလားတူပဲ။ ဒကာတော် ကောသလမင်းကြီးကလည်း အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့ တရားကို နာယူချင်နေတဲ့စိတ်ထားတွေ တစ်ဖွားဖွားပေါ်နေတာနဲ့ မိမိရဲ့ နောက်ပါ အခြွေအရံ စစ်သည်ဗိုလ်ပါတွေ ခြံရံပြီးတော့ ပုပ္ဖာရုံကျောင်းတိုက်ကိုပဲ ရှေးရှုပြီးတော့ သွားပြန်တယ်။

အလားတူပဲ။ သာဝတ္ထိမှာ ထင်ရှားနေတဲ့ ဥပါသကာအဖွဲ့ ငါးရာတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဒကာကြီးတွေကလည်း မိမိရဲ့ ဥပါသကာပရိသတ်တွေနှင့် အတူတကွ ခြံရံပြီးတော့ ပုပ္ဖာရုံကျောင်းတိုက်ကိုပဲ သွားကြတယ်။ အဲဒီသွားလိုက်တဲ့ ပရိသတ်တွေထဲမှာ အနာထပိဏ်ကျောင်းဒကာကြီးတို့ ပါဝင်ကြပါတယ်။ အလားတူပဲ။ ဝိသာခါအမှူးရှိနေတဲ့ အမျိုးသမီးတွေကလည်း ဒီပုပ္ဖာရုံကျောင်းတိုက်ကိုပဲ အားလုံးသွားကြတယ်။ သာဝတ္ထိရဲ့ ပတ်ဝန်းကျင် ယူဇနာ, ယူဇနာဝက်, ယူဇနာဂါဝုတ်အစရှိတဲ့ ထိုထိုအရပ်တွေမှာ တည်ရှိနေတဲ့ ပရိသတ်တွေကလည်း ပုပ္ဖာရုံကျောင်းတိုက်ကိုပဲ ရှေးရှုပြီး သွားကြတယ်။

အဲဒီလို သွားလိုက်တဲ့ အချိန်အခါကျတော့ ပုပ္ဖာရုံကျောင်းတိုက်အတွင်းမှာ ပရိသတ်တွေက သိပ်များလာပြီနော်။ မြို့ထဲမှာ စောင့်နေတဲ့ ပုဂ္ဂိုလ်ဆိုတာက အနည်းအကျဉ်းလောက်ပဲ ကျန်တော့တယ်။ ပန်း, နံ့သာတွေ လက်စွဲပြီးတော့ ပုပ္ဖာရုံကျောင်းတိုက်သွားပြီးတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့ တရားတော်ကို နာယူလိုတဲ့စိတ်ထား ရှိနေကြတယ်။ အဲဒီအချိန်အခါမှာ ပုပ္ဖာရုံကျောင်းတိုက်ကြီးကို ကြည့်မယ်ဆိုလို့ရှိရင်တော့ လှူဒါန်းဖို့ရန် ယူဆောင်လာတဲ့ ပန်းတွေဖြင့် ကျောင်းဝင်းတစ်ခုလုံး ပြည့်နှက်နေတဲ့သဘော ရှိတယ်။

ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကလည်း ထိုနေ့မှာ ဆွမ်းစားခြင်းကိစ္စပြီးတဲ့ အချိန်အခါမှာ ကျောင်းတိုက်အတွင်းဝင်၊ ကျောင်းတိုက်အတွင်းမှာဝင်ပြီးတော့ သမာပတ်တွေ ဝင်စား၊ သမာပတ်တွေ ဝင်စားပြီးတဲ့ အချိန်အခါကျတော့မှ သမာပတ်က ထတဲ့အချိန်အခါမှာ ရေသန့်စင်တော်မူပါတယ်။ ရေသန့်စင်ခြင်းကိစ္စ ပြီးတဲ့အချိန်အခါကျတော့မှ ဂန္ဓကုဋီအတွင်းကို ဝင်လာတယ်။ ဂန္ဓကုဋီကျောင်းအတွင်းဝင်လာပြီး မိမိအတွက် ခင်းကျင်းထားတဲ့ ဓမ္မာသနပလ္လင်ထက်မှာ ထိုင်ပြီးတော့ သီတင်းသုံးတော်မူလိုက်ပါတယ်။ သီတင်းသုံးလိုက်တဲ့ အချိန်အခါမှာ ပရိသတ်လေးပါးက သိပ်များပြားနေတာကို တွေ့ပြီ။ ပရိသတ်လေးပါး များပြားနေတဲ့အတွက် ဒီများပြားနေတဲ့ ပရိသတ်တွေနဲ့ လျော်ညီတဲ့ တရားဒေသနာတော်တစ်ခုကိုတော့ ငါဟောမှ တော်တော့မယ်ဆိုပြီးတော့ ဘယ်တရားနဲ့ လျော်ညီမလဲဆိုပြီး ပိဋကတ်သုံးပုံကို ဉာဏ်ဖြင့် စေလွှတ်ပြီး ရှာဖွေကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီသမစိတ္တသုတ္တန်ကို ငါဟောမှ တော်မယ်လို့ ဒီလို ဆုံးဖြတ်ချက်ချပြီးတော့ သမစိတ္တသုတ္တန်ကို ဟောဖို့ရန် စတင်ပြီး ကြိုးစားတော်မူပါတယ်။ အဲဒီလို သမစိတ္တသုတ္တန်ကို စတင်ပြီး ဟောဖို့ရန် ကြိုးစားလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲတဲ့နော်။

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ပလ္လင်ထက်ကနေထိုင်ပြီးတဲ့ အချိန်အခါမှာ တရားဒေသနာတော်ကို ဟောကြားဖို့ရန်အတွက် နိဒါန်း စပြီးတော့ ပျိုးပါတယ်။ အဲဒီလို နိဒါန်းစပျိုးလိုက်တဲ့ အချိန်အခါမှာ ဒီပုပ္ဖာရုံကျောင်းတိုက်ကြီးကို စောင့်ရှောက်နေတဲ့ နတ်တွေရှိတယ်။ အဲဒီ နတ်တွေထဲမှာ အရိယာသူတော်ကောင်းအဖြစ် ရောက်ရှိသွားတဲ့ နတ်သားတစ်ဦး ရှိပါတယ်။ ထိုနတ်သားတစ်ဦးကနေပြီးတော့ ဝမ်းသာလွန်းလို့ သာဓုအနုမောဒနာ ကျယ်လောင်စွာဖြင့် ခေါ်လိုက်တယ်။

ဒီနတ်သားက ကျယ်လောင်စွာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုလိုက်တဲ့ အချိန်အခါမှာ အဲဒီနတ်သားရဲ့ သာဓုခေါ်သံကို အကြောင်းပြုပြီးတော့ တခြားတခြား ဒီပုပ္ဖာရုံကျောင်းတိုက်အတွင်းမှာ တည်ရှိနေတဲ့ နတ်တွေကလည်း ကျယ်လောင် ပြင်းပြစွာဖြင့် သာဓုအနုမောဒနာခေါ်ဆိုကြပါတယ်။ အဲဒီလို ခေါ်ဆိုလိုက်တဲ့ အချိန်အခါမှာ ဒီသာဓုခေါ်သံတွေဟာ တစ်ဆင့်ပြီး တစ်ဆင့်, တစ်ဆင့်ပြီး တစ်ဆင့် ပြန့်နှံ့သွားလိုက်တာ အကနိဋ္ဌဗြဟ္မာ့ပြည်အထိ ဆိုက်သွားတယ်။ အကနိဋ္ဌဗြဟ္မာ့ပြည်သို့တိုင်အောင် အသံကို နားထောင်လို့ရတဲ့ ဗြဟ္မာ့ပြည်တိုင်အောင် အားလုံး ပြန့်နှံ့သွားတဲ့ အချိန်အခါမှာ ဒီနတ်ဗြဟ္မာတွေကလည်း တစ်ဆင့် သာဓုခေါ်ကြပါတယ်။

အဲဒီလို သာဓုခေါ်လိုက်တဲ့ အသံတွေကို အကြောင်းပြုပြီးတော့ လောကဓာတ်ပေါင်း တိုက်တစ်သောင်းမှ နတ်တွေ, ဗြဟ္မာတွေကလည်း စည်းဝေးလာကြပြီနော်။ စည်းဝေးလာလိုက်တဲ့ အချိန်အခါမှာ ပုပ္ဖာရုံကျောင်းတိုက်အတွင်းမှာ ဒီနတ်ပရိသတ်တွေက မဆန့်တော့ တဖြည်းဖြည်း စကြဝဠာနှုတ်ခမ်းရေးအထိ ကျယ်ပြန့်သွားတယ်။ ကျယ်ပြန့်သွားလိုက်တဲ့ အချိန်အခါမှာ ဒီနတ်တွေက ဘာလုပ်သလဲ? ပွတ်ဆောက်ဖျားဆိုပြီးတော့ စာမှာတော့ ဒီလို ဖော်ပြထားပါတယ်။ အဲဒီ ဆောက်ဖျားလေးဖြင့် ထိလို့ရတဲ့ နေရာလေး တစ်နေရာမှာ တချို့နတ်သား တစ်ဆယ်ယောက်၊ တချို့နတ်သား နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ် စသည်ဖြင့် ဒီလို ကိုယ်ခန္ဓာတွေကို ဖန်တီးပြီးတော့ နေထိုင်ကြတယ်။ နေထိုင်ပြီးတော့မှ ဒီတရားတော်ကို နာယူကြတယ်နော်။

အဲဒီတော့ ဒီတရားက ဘယ်လောက်များ လေးနက်နေလဲလို့ ဒီလိုတော့ မေးစရာရှိတယ်။ ဒီတရားက သတ္တဝါတွေမှာ ခိုင်လုံတဲ့ အာမခံချက်ကို ပေးနိုင်တဲ့ တရားဖြစ်ပါတယ်။ ဒီနေ့ တရားနာ ပရိသတ်တွေကလည်း မိမိတို့ရဲ့ ဘဝမှာ အာမခံချက် ခိုင်ခိုင်လုံလုံပေးနိုင်တဲ့ ဒီတရားမျိုးတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်စေချင်တဲ့ဆန္ဒ ဘုန်းကြီးမှာ ရှိပါတယ်နော်။ အဲဒီ ဆန္ဒနဲ့အညီ ဒါန, သီလ, အဆင့်လောက်တင် ရပ်တန့်မနေဘဲ ခိုင်လုံတဲ့ အသက်အာမခံရှိနေတဲ့ ဒီတရားဒေသနာတော်တွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီသူတော်ကောင်းတွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြတယ်ဆိုတာကို နာယူစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ဘုန်းကြီးကလည်း ဒီသမစိတ္တသုတ္တန်တရားဒေသနာတော်ကို ဒီည ဟောကြားခြင်း ဖြစ်ပါတယ်။

ဒီတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဓမ္မာသနပလ္လင်ထက်ကနေပြီးတော့ တရားဟောတော့မယ်ဆိုရင် ရဟန်းပရိသတ်တွေကို ဦးတည်ပြီးတော့ - အာဝုသော ဘိက္ခဝေ စသည်ဖြင့် ဒီလို ခေါ်တော်မူလိုက်ပါတယ်။ အဲဒီအချိန်မှာ တရားနာပရိသတ်တွေကလည်း အာဝုသောဆိုပြီးတော့ လျှောက်ထားကြတယ်။

အဲဒီအချိန်ကျတော့မှ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဘာစဟောသလဲ?

‘‘အဇ္ဈတ္တသံယောဇနဉ္စ, အာဝုသော, ပုဂ္ဂလံ ဒေသေဿာမိ ဗဟိဒ္ဓါသံယောဇနဉ္စ။ တံ သုဏာထ, သာဓုကံ မနသိ ကရောထ၊ ဘာသိဿာမိ’’

အာဝုသော၊ သီတင်းသုံးဖော် ငါ့ရှင်တို့။ အဇ္ဈတ္တသံယောဇနဉ္စ ပုဂ္ဂလံ၊ အဇ္ဈတ္တသံယောဇဉ်တရား ထင်ရှားတည်ရှိနေတဲ့ ပုဂ္ဂိုလ်ကိုလည်းကောင်း၊ ဗဟိဒ္ဓါသံယောဇနဉ္စ ပုဂ္ဂလံ၊ ဗဟိဒ္ဓသံယောဇဉ်တရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ကိုလည်းကောင်း၊ အဟံ၊ ငါသည်။ ဒေသေဿာမိ၊ ဟောကြားပြသပေအံ့။ တံ၊ ထိုတရားကို။ တုမှေ၊ သင်တို့သည်။ သုဏာထ၊ နာယူကြပါကုန်လော့။ သာဓုကံ၊ ကောင်းမွန်ရိုသေစွာ။ မနသိ ကရောထ၊ နှလုံးသွင်းကြပါကုန်လော့။ ဘာသိဿာမိ၊ ငါဟောကြားပြသပေအံ့။

အဇ္ဈတ္တသံယောဇဉ်တရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်, ဗဟိဒ္ဓသံယောဇဉ်တရားထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်အကြောင်းကို ငါဟောမယ်။ အရှင်ဘုရားတို့တစ်တွေ ရိုေသွစွာ နာယူကြပါ, ရိုသေစွာ နှလုံးသွင်းကြပါ။ တပည့်တော် ဟောပြမယ်ဆိုပြီးတော့ တရားနိဒါန်းပျိုးပါတယ်။

အဲဒီ အချိန်အခါမှာ မှန်ပါ့အရှင်ဘုရားဆိုပြီးတော့ တရားနာပရိသတ်ဖြစ်တော်မူတဲ့ ရဟန်းတွေကလည်း လျှောက်ထားကြတယ်။ အဲဒီလို လျှောက်ထားပြီးတဲ့ အချိန်အခါကျတော့မှ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဒီတရားကို စတင်ဟောပါတယ်။ ဘယ်လိုဟောလဲ?

‘‘ကတမော စာဝုသော, အဇ္ဈတ္တသံယောဇနော ပုဂ္ဂလော?’’

အာဝုသော၊ သီတင်းသုံးဖော်ငါ့ရှင်တို့ ...။ အဇ္ဈတ္တသံယောဇနော ပုဂ္ဂလော၊ အဇ္ဈတ္တသံယောဇဉ်တရား ထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်ဟူသည်။ ကတမော၊ အဘယ်နည်း။

အဇ္ဈတ္တသံယောဇဉ်တရား ထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲ?

‘‘ဣဓာဝုသော, ဘိက္ခု သီလဝါ ဟောတိ, ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ အာစာရဂေါစရသမ္ပန္နော, အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ,’’

အာဝုသော၊ သီတင်းသုံးဖော် ငါ့ရှင်တို့ ...။ ဣဓ၊ ဤသာသနာတော်မြတ်အတွင်း၌။ ဘိက္ခု၊ ယောဂါဝစရရဟန်းတော်သည်။ သီလဝါ၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏၊ ပါတိမောက္ခသံဝရသံဝုတော၊ ပါတိမောက္ခသံဝရသီလကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်လျက်။ ဝိဟရတိ၊ နေထိုင်၏၊ အာစာရဂေါစရသမ္ပန္နော၊ အကျင့်အာစာရ ကျက်စားရာဂေါစရနှင့် ပြည့်စုံသည်ဖြစ်၍။ ဝိဟရတိ၊ နေထိုင်၏၊ အဏုမတ္တေသု ဝဇ္ဇေသု၊ အဏုမြူပမာ သေးငယ်လှသော အပြစ်တို့၌။ ဘယဒဿာဝီ၊ ကြောက်မက်ဖွယ်ဘေးဟု ရှုမြင်လေ့ရှိသည်ဖြစ်၍။ ဝိဟရတိ၊ နေထိုင်၏၊

ရဟန်းတော်တစ်ပါး။ ပါတိမောက်ခသံဝရသီလလို့ ခေါ်ဆိုအပ်တဲ့ ဝိနည်းသိက္ခာပုဒ်လို့ ခေါ်ဆိုအပ်တဲ့ ကိုယ်ကျင့်သီလတွေနှင့် ပြည့်စုံတယ်။ အကျင့်အာစာရ၊ ကျက်စားရာဂေါစရတွေနှင့်လည်း ပြည့်စုံတယ်။ အလွန်သေးငယ်နေတဲ့ အဏုမြူပမာသေးငယ်နေတဲ့ အပြစ်တွေပေါ်မှာလည်းပဲ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးအဖြစ်နဲ့ ရှုမြင်ပြီးတော့မှ ဒီသာသနာတော်မှာ နေထိုင်တယ်။

‘‘သမာဒါယ သိက္ခတိ သိက္ခာပဒေသု။ သော ကာယဿ ဘေဒါ ပရံ မရဏာ အညတရံ ဒေဝနိကာယံ ဥပပဇ္ဇတိ။’’

သိက္ခာပဒေသု၊ သိက္ခာပုဒ်တို့၌။ သမာဒါယ၊ ကောင်းစွာ ဆောက်တည်၍။ သိက္ခတိ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် နေထိုင်၏၊

သိက္ခာပုဒ်တွေမှာ စိတ်ဓာတ်တွေ ခိုင်ခိုင်မာမာ ဆောက်တည်ပြီးတော့မှ သေသေချာချာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ အသက်ကိုသာ စွန့်မယ် သီလကို ငါဘယ်တော့မှ မစွန့်ဘူးဆိုပြီးတော့ ဒီလို ခိုင်မာတဲ့ စိတ်ဓာတ်တွေ ဆောက်တည်ပြီးတော့မှ ဖြူဖြူစင်စင်ဖြင့် ဒီဝိနည်းဒေသနာတော်တွေကို သိက္ခာပုဒ်တွေကို ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့ ဒီသာသနာတော်မှာ နေထိုင်တယ်။ အဲဒီလို နေထိုင်ပြီးတဲ့ အချိန်အခါမှာ ဒီပုဂ္ဂိုလ် ဘာဖြစ်လဲ?

သော၊ ထိုပုဂ္ဂိုလ်သည်။ ကာယဿ၊ ကိုယ်ခန္ဓာ၏၊ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အညတရံ ဒေဝနိကာယံ၊ အမှတ်မထား တစ်ပါးပါးသော နတ်ပြည်, နတ်လောကသို့။ ဥပပဇ္ဇတိ၊ ပဋိသန္ဓေအားဖြင့် ကပ်ရောက် တည်နေရပေ၏၊

ခန္ဓာကိုယ် ပျက်စီးသွားပြီးတဲ့နောက် ထိုရဟန်းတော်, ထိုပုဂ္ဂိုလ်ဟာ နတ်ပြည်, နတ်လောက တစ်ဘုံဘုံကိုတော့ ရောက်ရှိသွားပြီ။ ကာမာဝစရ နတ်ပြည် ခြောက်ထပ်နော်။ သီလရှိတဲ့ပုဂ္ဂိုလ်က ရွေးချယ်ခွင့် ရှိပါတယ်နော်။

ဒီသီလက သိပ်ပြီး ဖြူစင်နေတယ်။ အသက်ကိုသာ စွန့်မယ် သီလကို မစွန့်ဘူးဆိုတဲ့ အလွန် ဖြူစင်နေတဲ့ သီလဖြစ်တယ်။ မကျိုး, မပေါက်, မပြောက်, မကျားတဲ့ သီလဖြစ်တယ်။ အဲဒီ သီလတည်းဟူသော မြေပေါ်မှာ စင်စင်ကြယ်ကြယ်နဲ့ ရပ်တည်ပြီးတော့ ကြဲချစိုက်ပျိုးနေတဲ့ ကောင်းမှုကုသိုလ်တွေဟာ အကျိုးပေးတဲ့အချိန်အခါမှာ အလွန် ထက်မြက်တဲ့သဘော ရှိတယ်။ ညက ဟောခဲ့သလိုပဲ။

‘‘ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။’’ (အံ၊၃၊၇၁။ ဒါနူပပတ္တိသုတ်။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ...။ ဝိသုဒ္ဓတ္တာ၊ သီလစင်ကြယ်နေသည့်အတွက်ကြောင့်။ သီလဝတော၊ သီလရှိတဲ့ ပုဂ္ဂိုလ်၏၊ စေတောပဏိဓိ၊ စိတ်ရဲ့တောင့်တချက် ဟူသမျှသည်။ ဣဇ္ဈတိ၊ မချွတ်ဧကန် ပြီးပြည့်စုံတတ်ပါပေ၏၊

သီလစင်ကြယ်နေတဲ့အတွက်ကြောင့် သီလရှိနေတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ရဲ့တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြီးပြည့်စုံနိုင်တယ်တဲ့။ ဒါက ဘုရားရှင်ကိုယ်တော်တိုင်က အာမခံထားတဲ့ အသက်အာမခံချက်တစ်ခု ဖြစ်ပါတယ်။ ဒီလိုဆိုရင် တရားနာပရိသတ်တွေ ကိုယ်ကျင့်သီလလေး ဖြူစင်အောင် နေထိုင်ကြဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါခိုင်လုံတဲ့ အာမခံချက်ပဲ။ ဒီပစ္စုပ္ပန်ဘဝဆိုတာ ဘုန်းကြီးအပါအဝင် ခုတရားနာပရိသတ်တွေ နောက်ထပ်နှစ်ပေါင်း တစ်ရာလောက် နေရမယ့်ပုဂ္ဂိုလ်တွေ ဒီထဲမှာ တစ်ယောက်မှ ရှိချင်ရှိမယ်နော်။ နောက်ထပ် လေး, ငါးနှစ်နေရမယ့် ပုဂ္ဂိုလ်လည်း ရှိချင်ရှိမယ်။ တစ်, နှစ်နှစ်စသည် နေရမယ့် ပုဂ္ဂိုလ်လည်း ရှိချင်ရှိမယ်။ အလွန်ဆုံးအားဖြင့် နှစ်ပေါင်း လေး၊ ငါးဆယ်နေရမယ့်ပုဂ္ဂိုလ်ဆိုတာ ဒီထဲမှာ တော်တော်လေးရွေးထုတ်ရမယ့် သဘောရှိပါတယ်နော်။ ဒီနှစ်ပေါင်း သုံးလေးဆယ်၊ လေးငါးဆယ်၊ လေးငါးနှစ်ဆိုတဲ့ အချိန်ကာလသည် ဘယ်လောက်ရှည်သလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ အလွန် တိုတောင်းနေတဲ့ သဘောရှိတယ်။ ဒီတော့ ဒီတိုတိုလေးအတွက်ကို မကြည့်ဘဲ နောင်သံသရာတစ်လျှောက်ဆိုတာ မဆုံးသေးရင် အလွန် ရှည်လျားမှာဖြစ်တော့ ဒီရှည်လျားတဲ့ သံသရာခရီးအတွက် ကြိုတင်ပြီး ပြင်ဆင်ဖို့တော့ မလိုဘူးလား? လိုအပ်တယ်။

အဲဒီ ကြိုတင်ပြင်ဆင်တဲ့ နေရာမှာ ခိုင်လုံတဲ့ အာမခံချက် ရှိဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ ဒီခိုင်လုံတဲ့ အာမခံချက်မှာ နံပါတ်တစ် အခြေခံက ကိုယ်ကျင့်သီလဖြစ်ပါတယ်။ ကိုယ်ကျင့်သီလ ရှိနေတဲ့ပုဂ္ဂိုလ်က သေသည်၏ အခြားမဲ့၌ နတ်ပြည် နတ်လောက တစ်ဘုံဘုံကိုတော့ ကျိန်းသေဧကန်ရောက်ပြီ။ ဘယ်လိုရောက်မလဲလို့မေးတော့ သူ့ရဲ့ စိတ်တောင့်တတဲ့ ဘုံကို ရောက်နိုင်တဲ့ သဘောရှိတယ်။ သို့သော် ဒီနေရာမှာကတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ပုထုဇဉ်တွေကို အထူးသဖြင့် ရည်ရွယ်ပြီးတော့ ဟောနေတာတော့ မဟုတ်ဘူးနော်။ သောတာပန်, သကဒါဂါမ်ဆိုတဲ့ အရိယာသူတော်ကောင်းတွေကိုသာ ရည်ရွယ်ပြီး ဟောနေတယ်လို့ အဋ္ဌကထာက ရှင်းထားပါတယ်။ ဒီတော့ ဒီပုဂ္ဂိုလ်က ဘယ်လို ဖြစ်သလဲ?

‘‘သော တတော စုတော အာဂါမီ ဟောတိ၊ အာဂန္တာ ဣတ္ထတ္တံ။’’

သော၊ ထိုပုဂ္ဂိုလ်သည်။ တတော၊ ထိုနတ်ပြည် နတ်လောကမှ။ စုတော၊ စုတိ ကွယ်လွန်ခဲ့သည်ရှိသော်။ ဣတ္ထတ္တံ၊ ဤလူ့ပြည် လူ့လောကသို့။ အာဂန္တာ၊ လာတတ်သောကြောင့်။ အာဂါမီ၊ လာခြင်းသဘောရှိတဲ့ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ပေ၏၊

သောတာပန်, သကဒါဂါမ်ဆိုတဲ့ပုဂ္ဂိုလ် အရိယာသူတော်ကောင်းတွေက လူ့ပြည် လူ့လောကကို တစ်ဖန် ပြန်လှည့်ပြီးတော့ လာဦးမယ်ဆိုရင် လာနိုင်တဲ့ သဘောရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

‘‘အယံ ဝုစ္စတိ၊ အာဝုသော၊ အဇ္ဈတ္တသံယောဇနော ပုဂ္ဂလော အာဂါမီ ဟောတိ၊ အာဂန္တာ ဣတ္ထတ္တံ။’’

အာဝုသော၊ သီတင်းသုံးဖော် ငါ့ရှင်တို့။ အယံ၊ ဤကဲ့သို့သော ပုဂ္ဂိုလ်သည်ကား။ ဣတ္ထတ္တံ၊ ဤလူ့ပြည် လူ့လောကသို့။ အာဂန္တာ၊ လာတတ်သော သဘောရှိခြင်းကြောင့်။ အာဂါမီ၊ ပြန်လာခြင်းသဘောရှိသော။ အဇ္ဈတ္တသံယောဇနော ပုဂ္ဂလော၊ အဇ္ဈတ္တသံယောဇဉ်ရှိတဲ့ ပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်ပါပေ၏၊

ဒီပုဂ္ဂိုလ်မျိုးကို လူ့ပြည်, လူ့လောကက တစ်ဖန် ပြန်လာခြင်း သဘောရှိတဲ့ အဇ္ဈတ္တသံယောဇဉ်ရှိနေတဲ့ ပုဂ္ဂိုလ်လို့ ခေါ်တယ်တဲ့။ ဒီတော့ ဒီနေရာလေးမှာ ဘာကို အဇ္ဈတ္တသံယောဇဉ်ခေါ်သလဲ? ဘာကို ဗဟိဒ္ဓသံယောဇဉ်ခေါ်သလဲဆိုတာနဲ့ ပတ်သက်လို့ အဋ္ဌကထာကတော့ ရှင်းလင်း တင်ပြထားပါတယ်။ ကာမ ဆယ့်တစ်ဘုံကို တွယ်တာနေတဲ့ သံယောဇဉ်တွေကို အဇ္ဈတ္တသံယောဇဉ်၊ ရူပဘုံ, အရူပဘုံတွေကို တွယ်တာနေတဲ့ သံယောဇဉ်တွေကိုတော့ ဗဟိဒ္ဓသံယောဇဉ်ဆိုပြီး ဒီလိုခေါ်တဲ့ အကြောင်းလည်းရှင်းထားတယ်။

နောက်တစ်ခုကတော့ — သက္ကာယဒိဋ္ဌိ၊ သီလဗ္ဗတပရာမာသ။ သက္ကာယဒိဋ္ဌိဆိုတာက ခန္ဓာငါးပါးအပေါ်၌ ငါသူတစ်ပါး ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ အသက်ကောင်, လိပ်ပြာကောင်, ဝိညာဉ်ကောင်, အတ္တကောင်စသည်ဖြင့် စွဲလမ်းယုံကြည်မှုပဲ။ ဒါက ဘယ်သူလဲလို့မေးရင် ဟောဒါက အလှူရှင် ဦးခင်မောင်ကြီး, ဒါကတော့ ဒေါ်ဖြူ, ဒါကတော့ ဒေါ်နီစသည်ဖြင့် ဒီလို စွဲလမ်းယုံကြည်မှုတွေကို ဘာလို့ခေါ်သလဲလို့ မေးရင်လည်း သက္ကာယဒိဋ္ဌိလို့ ခေါ်ပါတယ်။

“သန္တော ကာယော သက္ကာယော” ဆိုတဲ့အတိုင်း ဒီလူတွေ, နတ်တွေ, ဗြဟ္မာတွေရဲ့သန္တာန်မှာ တည်ရှိတဲ့တရားတွေကို ပရမတ္ထ ဉာဏ်ပညာမျက်စိဖြင့် ဓာတ်ခွဲကြည့်လိုက်တဲ့ အချိန်အခါမှာ ရုပ်တရားအစုအပုံလည်း ရှိတယ်, နာမ်တရား အစုအပုံလည်း ရှိတယ်, ရုပ်နာမ် အစုအပုံလည်း ရှိတယ်။ ဒီရုပ်နာမ် အစုအပုံတွေကို ငါးပုံ ပုံလိုက်တဲ့အခါမှာ ခန္ဓာငါးပါး ဖြစ်တာပဲ။ အဲဒီ ခန္ဓာငါးပါး ရုပ်တရား, နာမ်တရားတွေက ဖြစ်ပြီးတာနဲ့ ချက်ချင်းပျက်တဲ့ သဘာဝရှိတယ်။ ဒါက ယောကျ်ားပဲ, ဒါက မိန်းမပဲ, ဒါက သားပဲ, ဒါက သမီးပဲ စသည်ဖြင့် စွဲယူလောက်တဲ့ အချိန်အခါ မရှိဘူး။ ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်နေတဲ့ ဒီသဘာဝတွေမှာ ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ လိုက်ရှာချင်လည်း ရှာလို့မတွေ့ဘူး။

အလားတူပဲ။ သာသနာပ အယူအဆရှိနေတဲ့ ပုဂ္ဂိုလ်တွေ စွဲလမ်းယုံကြည်နေတဲ့ အသက်ကောင်, လိပ်ပြာကောင်, ဝိညာဉ်ကောင်, အတ္တကောင်ဆိုတာလည်း လှမ်းရှာဖွေကြည့်ရင် ရှာလို့ မတွေ့ဘူး။ မတွေ့ပေမယ့်လို့ ဒီပရမတ္ထ ဉာဏ်ပညာမျက်စိ မရှိသေးတဲ့ ပုထုဇဉ် ငမိုက်သားတွေကတော့ ဘယ်လို စွဲလမ်းတတ်ကြသလဲ? ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ စသည်ဖြင့်လည်း စွဲလမ်းတတ်တယ်။ သားပဲ, သမီးပဲ, ဇနီးပဲ, မြေးပဲ စသည်ဖြင့်လည်း စွဲလမ်းတတ်တယ်။ အသက်ကောင်, လိပ်ပြာကောင်, ဝိညာဉ်ကောင်, အတ္တကောင် စသည်ဖြင့်လည်း ဒီလို စွဲလမ်းယုံကြည်မှုလေးတွေ ရှိကြတယ်။ အဲဒီ ယုံကြည်ချက်တွေက မှားနေတဲ့အတွက် သူတို့ကို ဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိလို့ ခေါ်ပါတယ်။

ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားလုံးကို ခေါ်ဝေါ်လွယ်ကူစေခြင်းအကျိုးငှာ မိစ္ဆာဆိုတဲ့ စကားလုံးလေးဖြုတ်ပြီးတော့ ဒိဋ္ဌိလို့လည်း ခေါ်ကြတယ်။ သက္ကာယဒိဋ္ဌိလို့လည်း ခေါ်ကြပါတယ်။ အဲဒီ သက္ကာယဒိဋ္ဌိခေါ်တဲ့ အယူအဆဟာလည်း သတ္တဝါတွေအတွက် သံသရာခရီးကနေ, ကာမ ဆယ့်တစ်ဘုံကနေ လွန်မြောက်မှု မရှိအောင် ဆွဲထားတဲ့ ကြိုးတစ်ချောင်းဖြစ်လို့ သူ့ကိုလည်း သံယောဇဉ်ဆိုပြီး ဒီလို ခေါ်တယ်။ သီလဗ္ဗတပရာမာသ သံယောဇဉ်ဆိုတာကတော့ နွားအကျင့်, ขွေးအကျင့် ကျင့်ခဲ့မယ်ရင် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်တယ်, ကိလေသာတွေ ကုန်ခန်းနိုင်တယ်လို့ ဒီလို ယုံကြည်ယူဆနေတဲ့ အယူအဆတစ်ခုပဲ။ အဲဒီ အယူအဆအပေါ်မှာလည်း တချို့က တော်တော်လေး စွဲစွဲလမ်းလမ်း ရှိကြပါတယ်။ ဒါကြောင့် သူ့ကိုလည်း သံယောဇဉ်လို့ခေါ်တယ်။

ဝိစိကိစ္ဆာသံယောဇဉ်ဆိုတာကတော့ အမှန်တရားကို မမြင်သေးတဲ့ ပုထုဇဉ် ငမိုက်သားတွေအတွက် အတိတ်ဘဝဆိုတာ ရှိတာ တကယ်ဟုတ်ရဲ့လား? အနာဂတ်ဘဝဆိုတာကော တကယ်ရှိတာ ဟုတ်ရဲ့လား? ကံ-ကံရဲ့ အကျိုးဆိုတာ တကယ်ဟုတ်ရဲ့လား? အတိတ်ဘဝ, အနာဂတ်ဘဝ နှစ်မျိုးလုံး တကယ်ထင်ရှား ရှိတယ်ဆိုတာကော ဟုတ်ရဲ့လား စသည်ဖြင့် သံသယရှိတယ်။ ဘုရားစစ်, ဘုရားမှန်၊ တရားစစ်, တရားမှန်၊ သံဃာစစ်, သံဃာမှန် တကယ်ရှိရဲ့လား စသည်ဖြင့် ဒီလို သံသယတွေရှိကြတယ်။ အဲဒီလို သံသယရှိနေတဲ့ ပုဂ္ဂိုလ်တွေအဖို့လည်း ဒီသံသရာဝဋ်ဆင်းရဲမှ, ဒီကာမ ဆယ့်တစ်ဘုံမှ ကျော်လွှားလွန်မြောက်ဖို့ရန် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဝိစိကိစ္ဆာ သံယောဇဉ်ကလည်း သတ္တဝါတွေကို ဒီကာမ ဆယ့်တစ်ဘုံမှ မလွတ်မြောက်အောင် ဆွဲထားတဲ့ ကြိုးတစ်ချောင်းပဲ။ ကြိုးသုံးချောင်း ရှိသွားပြီနော်။

နောက်တစ်ချောင်းကတော့ ကာမရာဂသံယောဇဉ်။ မိမိသက်ဆိုင်ရာ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်၌ တွယ်တာမက်မောနေတဲ့ တွယ်တာမှုကိုလည်း ကာမရာဂသံယောဇဉ်လို့ခေါ်တယ်။ ကာမ ဆယ့်တစ်ဘုံအပေါ်မှာ တွယ်တာမက်မောနေတဲ့ တွယ်တာမှုကိုလည်း ကာမရာဂသံယောဇဉ်လို့ခေါ်တယ်။ ဒီတွယ်တာမှုကို မဖြတ်တောက်နိုင်ရင်လည်း သတ္တဝါတွေ ဒီကာမ ဆယ့်တစ်ဘုံမှ ဘယ်လိုမှ မလွန်မြောက်နိုင်ဘူး။ ဒါကြောင့် ဒီကာမ ဆယ့်တစ်ဘုံအပေါ်မှာ တွယ်တာနေတဲ့, သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုအပေါ်မှာ တွယ်တာနေတဲ့ ဒီတွယ်တာတပ်မက်မှု တဏှာကိုလည်း ကာမရာဂသံယောဇဉ်လို့ ခေါ်ပါတယ်။

နောက်တစ်ခုကတော့ — ဗျာပါဒသံယောဇဉ် ဖြစ်ပါတယ်။ ဒေါသတရားပဲ။ တချို့က ဒေါသ သိပ်ကြီးကြတယ်။ ဒီဒေါသကို ဖြေဖျောက်ဖို့ရန်အတွက် ဘေးကနေ ဝိုင်းပြီး တရားချသော်လည်း ဒီဒေါသကို ဖြေဖျောက်နိုင်တဲ့ စွမ်းအား မရှိကြဘူး။ ဒီဒေါသကို သိပ်ပြီးတော့ ခိုင်ခိုင်မာမာနဲ့ စိတ်ဓာတ်တွေ ဆောက်တည်ထားကြပြန်တယ်။ သူလည်း ဒီဒေါသ ထင်ရှားရှိနေခဲ့ရင် ကာမ ဆယ့်တစ်ဘုံမှ ဘယ်လိုမှ မလွတ်မြောက်နိုင်တဲ့အတွက် သူလည်း ကာမ ဆယ့်တစ်ဘုံမှ မလွတ်မြောက်အောင်ဆွဲထားတဲ့ ကြိုးတစ်ချောင်း ဖြစ်ပါတယ်။ ပေါင်းလိုက်တော့ သံယောဇဉ်ကြိုး ဘယ်နှစ်ချောင်း ဖြစ်သွားလဲဆိုတော့ ငါးခုနော်။ သက္ကာယဒိဋ္ဌိသံယောဇဉ်, သီလဗ္ဗတပရာမာသသံယောဇဉ်, ဝိစိကိစ္ဆာသံယောဇဉ်, ကာမရာဂသံယောဇဉ်, ဗျာပါဒသံယောဇဉ်ဆိုပြီးတော့ သံယောဇဉ် ငါးခုရှိတယ်။ အဲဒီ သံယောဇဉ် ငါးခုကို ဩရမ္ဘာဂိယသံယောဇဉ်လို့ခေါ်ပါတယ်။ အောက်ပိုင်း ကာမ ဆယ့်တစ်ဘုံကနေ မလွတ်မြောက်အောင် ဆွဲထားတဲ့ ကြိုးငါးချောင်းပဲ။ သံယောဇဉ် ငါးခုပဲ။ အဲဒီ သံယောဇဉ် ငါးခု ထင်ရှားရှိနေတဲ့သတ္တဝါကို အဇ္ဈတ္တသံယောဇဉ် ရှိနေတဲ့ပုဂ္ဂိုလ်ဆိုပြီး ဒီလိုလည်း ခေါ်တယ်။ အဇ္ဈတ္တသံယောဇဉ် ငါးခုကို မဖြတ်တောက်နိုင်သေးတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ပုထုဇဉ်လည်းပါပါတယ်။

ခုတော့ ဒီသုတ္တန်မှာကတော့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက သောတာပန်ပုဂ္ဂိုလ်နှင့် သကဒါဂါမ်ပုဂ္ဂိုလ်တွေကို အထူးသဖြင့် ရည်ညွှန်းထားတယ်။ သောတာပန်ပုဂ္ဂိုလ်နှင့် သကဒါဂါမ်ပုဂ္ဂိုလ်ကို ဒီနေရာမှာ အဇ္ဈတ္တသံယောဇဉ်ရှိနေတဲ့ ပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းထားတော့ ဒီပုဂ္ဂိုလ်တွေမှာ သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသသံယောဇဉ်ခေါ်တဲ့ ဒီကြိုးသုံးချောင်းကတော့ မရှိတော့ဘူး။ ဒါပေမယ့်လို့ သူတို့က ကာမရာဂသံယောဇဉ်နှင့် ဗျာပါဒသံယောဇဉ်ခေါ်တဲ့ ဒီသံယောဇဉ်ကြိုး နှစ်ချောင်းကို ဖြတ်တောက်နိုင်တဲ့, အရိယာမဂ်တရားဖြင့် ပယ်ရှားနိုင်တဲ့ စွမ်းအားက မရှိသေးဘူး။ မရှိသေးတော့ သူတို့က ကာမ ဆယ့်တစ်ဘုံမှ မလွတ်မြောက်နိုင် ဖြစ်နေတယ်။ ကာမ ဆယ့်တစ်ဘုံမှ ဘာကြောင့် မလွတ်မြောက်နိုင်ရသလဲလို့မေးတော့ သူတို့က သောတာပန်ပုဂ္ဂိုလ်နှင့် သကဒါဂါမ်ပုဂ္ဂိုလ်တွေက သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့ အချိန်အခါကျတော့ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တွေက ဘယ်ကမ္မဋ္ဌာန်းတွေကို အားထုတ်တဲ့အတွက် သောတာပန်, သကဒါဂါမ် ဖြစ်နေရပါသလဲလို့ ဒီလို မေးစရာရှိတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်ကတော့ ဓာတ်ကြီးလေးပါးကို စတင် တည်ဆောက်ပြီးတော့ အားထုတ်တဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန်ကို သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်, သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ဆိုက်သွားလို့။ ဒီပုဂ္ဂိုလ်တွေက အဇ္ဈတ္တသံယောဇဉ်တရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ သူတို့က ဈာန်ကိုလည်း ရအောင် အားမထုတ်တဲ့အတွက် ဒီကာမရာဂသံယောဇဉ်နဲ့ ဗျာပါဒသံယောဇဉ်ကို ပယ်ခွာနိုင်တဲ့ စွမ်းအားလည်း မရှိဘူး။ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရသေးတဲ့အတွက် ဒီကာမရာဂသံယောဇဉ်နှင့် ဗျာပါဒသံယောဇဉ်ကို အရိယမဂ်တရားဖြင့် အကြွင်းမဲ့ ပယ်ရှားနိုင်တဲ့ စွမ်းအားလည်း မရှိသေးဘူး။ ဒါကြောင့် —

‘‘သုက္ခဝိပဿကော ယေဘုယျေန စတုဓာတုဝဝတ္ထာနမုခေန ကမ္မဋ္ဌာနာဘိနိဝေသီ ဟောတိ’’

ဆိုပြီးတော့ သမစိတ္တသုတ္တန် အင်္ဂုတ္တိုရ်ဋီကာက ဒီလို ဖွင့်ထားပါတယ်။ ဒီတော့ မိမိတို့က ဈာန်ကိုရအောင် အားမထုတ်ဘူးဆိုရင် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့မယ်ဆိုရင် ဘာကမ္မဋ္ဌာန်းကို စအားထုတ်မလဲ? စတုဓာတုဝဝတ္ထာန်ဆိုတဲ့ ဓာတ်ကမ္မဋ္ဌာန်းကို စတင်ပြီး အားထုတ်ရပါတယ်။ ဒါက ဝိပဿနာစခန်းမှာ မိမိတို့က ဈာန်ကို ရအောင် အားမထုတ်ဘူးဆိုရင် စတင် အားထုတ်ရမယ့် ကမ္မဋ္ဌာန်းသည် ဘာကမ္မဋ္ဌာန်းဖြစ်သလဲ? ဓာတ်ကမ္မဋ္ဌာန်း ဖြစ်တယ်။ ဒီစည်းကမ်းက သာသနာတော်က ချမှတ်ပေးထားတဲ့ စည်းကမ်းဖြစ်တော့ မိမိတို့က ဈာန်ကိုလည်း အားမထုတ်ချင်ဘူးဆိုရင် ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ အားထုတ်ဖို့တော့ မလိုဘူးလား? လိုအပ်ပါတယ်။

ညကလည်း ဓာတ်ကမ္မဋ္ဌာန်းအကြောင်း အသင့်အတင့်တော့ ဟောခဲ့ပါတယ်။ ဒီညလည်း ထပ်ပြီး ဘုန်းကြီး နည်းနည်းဟောဖို့ ရည်ရွယ်ထားပါတယ်။ ဒီတော့ ဓာတ်ကမ္မဋ္ဌာန်းမှာ အကျဉ်းနည်း, အကျယ်နည်း နှစ်နည်းရှိတယ်။ အကျဉ်းနည်းကတော့ မဟာသတိပဋ္ဌာနသုတ္တန်မှာ မြတ်စွာဘုရား ဟောကြားထားတော်မူခဲ့ပါတယ်။ အကျယ်နည်းကတော့ မဟာရာဟုလောဝါဒသုတ္တန်, ဓာတုဝိဘင်္ဂသုတ္တန်, ဓာတုဝိဘင်းပါဠိတော်စသည်တို့မှာ မြတ်စွာဘုရား ဟောကြားထားတော်မူခဲ့ပါတယ်။ အဲဒီ ဟောကြားထားတဲ့နည်းတွေထဲက ဒီည ဘုန်းကြီး မဟာသတိပဋ္ဌာနသုတ္တန်မှာ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းလေးကို အခြေတည်ပြီးတော့ ဟောဖို့ ရည်ရွယ်ထားပါတယ်နော်။ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ္တန်မှာ ဘယ်လို ဟောလဲ?

‘‘ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္Percent ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။’’ (မ၊၁၊၇၃။)

ဒီလို ဘုရားဟောထားတယ်။ ဒီခန္ဓာကိုယ်ကြီး ရပ်ရင် ရပ်တဲ့အတိုင်း, ထိုင်ရင် ထိုင်တဲ့အတိုင်း, သွားရင် သွားတဲ့အတိုင်း, အိပ်ရင် အိပ်တဲ့အတိုင်း တည်မြဲတိုင်းသော ဣရိယာပုထ် လေးပါးလုံးမှာ ဒီခန္ဓာကိုယ်ထဲမှာ ပထဝီဓာတ် ရှိတယ်, အာပေါဓာတ် ရှိတယ်, တေဇောဓာတ် ရှိတယ်, ဝါယောဓာတ် ရှိတယ်။ ဒီလို ရှုပါဆိုပြီးတော့ ဘုရားရှင်က အကျဉ်းနည်းအားဖြင့် နည်းပေးထားပါတယ်။ အဲဒီလို ရှုတဲ့အပိုင်းမှာ ဘုရားရှင်က ဥပမာလေးနဲ့ ဆက်ပြီး ဟောထားတယ်။

ဥပမာကတော့ နွားသတ်တဲ့ ယောက်ျားတစ်ဦးက နွားကို မွေးမြူနေတဲ့ အချိန်အခါမှာလည်း နွားကို နွားဆိုတဲ့ အမှတ်သညာရှိတယ်။ နွားကို သတ်ဖို့ရန် ကြိုးနဲ့ ချည်ပြီး ခေါ်ဆောင်သွားတဲ့ အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာရှိတယ်။ နွားကို သတ်ဖို့ရန်အတွက် တိုင်တစ်တိုင်မှာ ချည်ထားလိုက်တဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာရှိတယ်။ နွားကို သတ်လိုက်တဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာရှိတယ်။ နွားကို သတ်ပြီးတော့ အသေကောင်ကြီး မြင်တွေ့နေတဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့ အမှတ်သညာရှိတယ်။ ဒါပေမယ့်လို့ ဒီနွားကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဖျက်ပြီးတော့ လမ်းမလေးဖြာ ပေါင်းဆုံတဲ့နေရာမှာ သွားပြီးတော့ အသားတွေ တစ်ပုံ, အရိုးတွေ တစ်ပုံ, အူတွေ အသည်းတွေ တစ်ပုံ စသည်ဖြင့် တစ်ပုံစီ တစ်ပုံစီ ပုံပြီးတော့ ထိုင်ရောင်းနေလိုက်တဲ့ အချိန်အခါမှာ ဒီနွားသတ်ယောက်ျားရဲ့သန္တာန်၌ နွားဆိုတဲ့ အမှတ်သညာ ပျောက်ပြီးတော့ နွားသားဆိုတဲ့ အမှတ်သညာ ပေါ်နေတယ်။ ငါ့ထံမှာ လာပြီး ဝယ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ နွားဝယ်တာ မဟုတ်ဘူး။ နွားသားကိုပဲ လာဝယ်ယူနေတယ်ဆိုတဲ့ ဒီစိတ်ထားတွေ သူ့သန္တာန်မှာ ဖြစ်ပေါ်နေတယ်။

အလားတူပဲ။ ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်တဲ့ပုဂ္ဂိုလ်ကလည်း ရှေးယခင် ဓာတ်ကမ္မဋ္ဌာန်းကို အားမထုတ်ခင် အချိန်အခါတုန်းက ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ, သား, သမီး, ဇနီး, မြေး အစရှိသည်ဖြင့် ဒီလို အမှတ်သညာလေးတွေ ရှိနေသေးတယ်။ ဒါပေမယ့် ဓာတ်ကြီးလေးပါးကို စနစ်တကျ အားထုတ်လိုက်လို့ ရုပ်ကလာပ်တွေလည်း မြင်ပြီ။ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်းမှာ တည်ရှိတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါးကိုလည်း မြင်ပြီဆိုရင် ထိုအချိန်အခါမှာ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာဆိုတဲ့ သတ္တသညာလည်း ကွာသွားတယ်။ အသက်ကောင်, လိပ်ပြာကောင်, ဝိညာဏ်ကောင်, အတ္တကောင် ရှိပါတယ်ဆိုတဲ့ ဒီအတ္တသညာလည်း ကွာသွားတယ်။ အဲဒီလို အတ္တသညာ ကွာတဲ့အဆင့်အထိ ဓာတ်ကမ္မဋ္ဌာန်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဆိုပြီးတော့ ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန်မှာ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကို ဟောကြားပြသ ဆိုဆုံးမတော်မူပါတယ်။

ဒီတော့ ဘုန်းကြီး ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းလေးကို အတိုချုပ်ပြီးတော့ ထပ်ပြောမယ်။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုပြီး ဓာတ်ဘယ်နှစ်ပါးရှိလဲ? လေးပါး ရှိတယ်။ အဲဒီမှာ ပထဝီဓာတ်က မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ဆိုပြီး သဘောတရားခြောက်ခု၊ အာပေါဓာတ်က ယိုစီး, ဖွဲ့စည်းဆိုပြီး သဘောတရား နှစ်ခု၊ တေဇောဓာတ်က ပူ, အေးဆိုပြီးသဘောတရား နှစ်ခု၊ ဝါယောဓာတ်က ထောက်ကန်, တွန်းကန်ဆိုပြီး သဘောတရား နှစ်ခု။ ပေါင်းလိုက်တော့ သဘောတရား ဆယ့်နှစ်ခုရှိတယ်။ အဲဒီ ဆယ့်နှစ်ခုမှာ ဘုရားရှင်ဘက်က —

‘‘အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။’’ (မ၊၁၊၇၃။)

ဆိုပြီး ဒီလို ဟောထားတယ်။ ဓာတ်တစ်လုံးတည်း ရှုပါလို့ ဘုရားဟောသလား? ဓာတ်လေးပါးလုံး ရှုပါလို့ ဟောသလား? ဓာတ်လေးပါးလုံး ရှုရမယ်နော်။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်။ ဒီဓာတ်လေးပါး ရှုဖို့ ဟောတော့ ဘုရားရှင် ဟောတဲ့အတိုင်း ဘုန်းကြီးတို့ဘက်ကလည်း ဓာတ်လေးပါး ရှုဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ ဒါပေမယ့် သင်စယောဂီဖြစ်ခဲ့လို့ ခုနက အာနာပါနဈာန်တို့လို ဈာန်သမာဓိတစ်ခုခု အခြေမခံဘဲ ဓာတ်ကမ္မဋ္ဌာန်းကို စတင်ပြီး အားထုတ်တဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့ရင်တော့ တချို့ ပုဂ္ဂိုလ်တွေကို သင်ပေးတဲ့အပိုင်းမှာ မာတဲ့သဘောက စသင်ပေးရင်လည်း လွယ်လွယ်ကူကူ ရှုလို့ရတဲ့ သဘောရှိတယ်။ တချို့ ပုဂ္ဂိုလ်တွေက မာတဲ့သဘောကို စတင်ပြီး ရှုလိုက်ရင် တစ်နေရာလောက်မှာသာ မာတဲ့သဘောတွေ့ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်ပြန့်နှံ့နှံ့ လွယ်လွယ်ကူကူနဲ့ မာတဲ့သဘောကို ရှာဖွေမတွေ့တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးဖြစ်ခဲ့ရင် ဘုန်းကြီးတို့ဘက်က လွယ်ရာကနေပြီးတော့ အခက်ကို သွားတဲ့စနစ် နည်းလမ်းစနစ်အတိုင်း ဝါယောဓာတ်ရဲ့ ရသလို့ခေါ်တဲ့ တွန်းကန်တဲ့သဘောလေးကနေ စပြီးသင်ပေးတယ်။

အဲဒီလို သင်ပေးတဲ့အပိုင်းမှာ အာနာပါနကမ္မဋ္ဌာန်းမှာ ဘုရားရှင်က အာနာပါနနိမိတ်ကို အာရုံယူပြီးတော့ စတုတ္ထဈာန်အထိ ရှုပွားပုံ နည်းစနစ်ကိုလည်း ဟောထားတာရှိတယ်။ အလားတူပဲ။ အစိတ်လေးပါး ကောဋ္ဌာသ။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းမှာ ორဆယ့်လေးပါး ကောဋ္ဌာသကမ္မဋ္ဌာန်းထဲမှာ နောက်ဆုံးကောဋ္ဌာသ တစ်ခုကတော့ အဿာသပဿာသ ကောဋ္ဌာသ ဖြစ်ပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းအနေအားဖြင့် ဒီအဿာသပဿာသခေါ်တဲ့ ဝင်လေကို ရှုရင်လည်း ရတယ်။ အဲဒီလိုရတဲ့အခါကျတော့ ဘုန်းကြီးတို့ သတ္တဝါတိုင်း သတ္တဝါတိုင်း လူသားတွေမှာ များသောအားဖြင့် အသက်ရှူကြပါတယ်။ အသက်က အမြဲတမ်း ရှူနေတော့ အမြဲတမ်း ရှူနေတဲ့ ဒီဝင်လေ, ထွက်လေမှာ ဓာတ်လေးပါးကို ရှာဖွေတတ်မယ်ဆိုရင် အာရုံဗြုန်းကနဲ မပျောက်နိုင်ဘူး။ အဲဒါကြောင့် ဝင်လေ, ထွက်လေမှာ ဓာတ်လေးပါးကို စတင်ပြီး ရှုမယ်ဆိုရင်လည်း ရှုလို့ရပါတယ်။ အဲဒီဓာတ်လေးပါးထဲမှာ ဒီဝင်လေ, ထွက်လေက ဝါယောကောဋ္ဌာသဖြစ်တော့ ဝါယောလေဓာတ်ပရမတ်တရားက လွန်ကဲနေတဲ့ ကောဋ္ဌာသတစ်ခုဖြစ်ပါတယ်။ အဲဒီလို လွန်ကဲနေတဲ့ ကောဋ္ဌာသ ဖြစ်ခြင်းကြောင့် ဒီဝါယောဓာတ်ကို ဝင်လေထွက်လေမှာ စတင်ပြီး ရှုမယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ နားလည်တဲ့ ယောဂီတွေ များကြတယ်။

ဒီတော့ ယောဂီတွေ ခုတရားနာရင်းနဲ့ နည်းနည်းလေး စိတ်စိုက်ကြည့်ပါ။ အသက်ရှူသွင်းလိုက်တယ်။ ခေါင်းတစ်လုံးရဲ့ ဗဟိုအလယ်လောက်မှာ ဖြစ်စေ, နောက်စေ့နဲ့ နီးတဲ့နေရာလောက်မှာဖြစ်စေ စိတ်ကလေး အသာလေး စိုက်ထားကြည့်ပါ။ အသက်ရှူသွင်းလိုက်ရင် တွန်းကန်နေတဲ့သဘောလေးတွေ တွေ့နိုင်ပါတယ်။ အသက်ပြန်ပြီး အပြင်ကို ရှူထုတ်လိုက်ရင်လည်း တွန်းကန်နေတဲ့ သဘောတစ်ခုတွေ့နိုင်ပါတယ်။ အသက်ရှူသွင်းတိုင်း တွန်းတယ်။ ရှူထုတ်တိုင်း တွန်းတယ်။ အဲဒီသဘောလေးကို စိုက်ပြီး ကြည့်ရတယ်။ စိုက်ကြည့်လိုက်လို့ တွန်းတာတွေ့ပြီးဆိုရင် နေရာက လိုရင်းမဟုတ်ဘူး။ တွန်းကန်နေတဲ့ သဘောလေးသာ လိုရင်းဖြစ်တယ်။ တွန်းကန်နေတဲ့ သဘောလေးကို စိတ်စိုက်ပြီး အသာလေးကြည့်လိုက်ရင် ဘာဝနာစိတ်က တွန်းကန်နေတဲ့ သဘောအပေါ်မှာ တစ်စတစ်စ ငြိမ်ဝပ်လာမယ်။ စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး လာပြီဆိုရင် တွန်းကန်တဲ့သဘောကလည်း ပိုပြီး ထင်ရှားလာတယ်။

တွန်းကန်တဲ့သဘော ပိုပြီး ထင်ရှားလာလို့ရှိရင် အသားကြား, အရိုးကြား၊ အရေကြား၊ အကြောကြား၊ ဉာဏ်စိုက်ပြီးတော့ တဖြည်းဖြည်း လိုက်ကြည့်ရတယ်။ ခေါင်းအလယ်လောက်ကနေပြီးတော့ တဖြည်းဖြည်း အတွင်းကနေ ခေါင်းအပြင်ဘက်အထိ တဖြည်းဖြည်း ဖြန့်ပြီး လိုက်ကြည့်ရတယ်။ အထဲမှာရှိနေတဲ့ တွန်းကန်တဲ့သဘောကို အပြင်ထွက်သွားအောင် ဆွဲပြီးထုတ်ယူတယ်။ ဒီလို ပုံစံမျိုး မဟုတ်ဘူးနော်။ ဓာတ်ကြီးလေးပါးက ခန္ဓာကိုယ်တစ်ခုလုံး ဘယ်နေရာမှာမဆို အပြည့်အနှက် ရှိပါတယ်။ ရှိနေတဲ့ ဓာတ်လေးပါးကို မမြင်နိုင်သေးတဲ့အတွက် လွယ်လွယ်ကူကူ မြင်နိုင်တဲ့နေရာကနေ စပြီး အားထုတ်ခြင်းသာ ဖြစ်တယ်။

အဲဒီလို တွန်းကန်တဲ့သဘောက ဉာဏ်ထဲမှာ တော်တော်လေး ထင်ရှားလာလို့ အတွင်းကနေ အပြင်ဘက်ကို လိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ တစ်ခေါင်းလုံးမှာ တွန်းနေတဲ့သဘောတွေ့ရင် တဖြည်းဖြည်း လည်ပင်း, ရင်ဘတ်, ဝမ်းဗိုက်, လက်, ခြေစသည်ဖြင့် တဖြည်းဖြည်း ခြေဆုံးခေါင်းဆုံး လိုက်ကြည့်ပါ။ ခြေထောက်ကနေ ခေါင်း၊ ခေါင်းကနေ ခြေထောက်အထိ ထပ်ခါထပ်ခါ ရှုလိုက်လို့ တစ်ကိုယ်လုံး တွန်းကန်နေတဲ့သဘောတွေ တွေ့ပြီ။ အထူးသဖြင့် ရင်အုံတို့, ဝမ်းဗိုက်တို့မှာ အသက်ရှူသွင်းတိုင်း, ရှူထုတ်တိုင်း တွန်းကန်နေတဲ့ သဘောတွေ ထင်ရှားနေတတ်ပါတယ်။ အဲဒီလို ထင်ရှားတဲ့ တစ်နေရာကနေ စပြီး တစ်ကိုယ်လုံးကို မြင်အောင် လိုက်ကြည့်ပါ။ ဓာတ်ကမ္မဋ္ဌာန်းရဲ့ စည်းကမ်းကတော့ တစ်နေရာတည်း ကြည့်ရုံနဲ့ မလုံလောက်ဘူး။

‘‘သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ’’ ဆိုပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းမှာ ဖွင့်ပြထားပါတယ်။ မိမိရဲ့ ရူပကာယ တစ်ခုလုံးကို လိုက်ကြည့်ရမယ့်သဘော ရှိတယ်။ အဲဒီလို ကြည့်လိုက်တဲ့ အချိန်အခါမှာ ခြေဆုံးခေါင်းဆုံး တွန်းကန်နေတဲ့သဘောကို တွေ့ပြီဆိုရင် သွားနှစ်ခု ထိထားကြည့်။ မာနေတဲ့သဘော တွေ့နိုင်တယ်။ မာမှုထင်ရှားတဲ့ တစ်နေရာကစပြီး မာတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင်ကြည့်ပါ။ ကြည့်လို့မှ မာတဲ့သဘော လွယ်လွယ်ကူကူ မပြန့်ဘူးဆိုရင်တော့ ရိုင်းနေတဲ့ ဆင်တစ်ကောင်ကို ဖမ်းချင်ရင် ယဉ်ကျေးနေတဲ့ ဆင်တစ်ကောင်နဲ့ ချော့ပြီး ဖမ်းရသလိုပဲ။ မရသေးတဲ့ဓာတ်ကို ထင်ရှားတဲ့, လွယ်ကူတဲ့ ဓာတ်တစ်ခုနဲ့ ပူးတွဲပြီး ရှုလိုက်မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ တွေ့နိုင်ပါတယ်။

တွန်းကန်တဲ့သဘောကို မိမိက အချိန်မရွေး ရှုလို့ ရနေပြီဆိုရင် တွန်းကန်တဲ့သဘောနဲ့ တွဲပြီးတော့ မာတဲ့သဘောကို စိုက်ပြီး ရှုကြည့်ပါ။ သွားနှစ်ခု ထိထားတဲ့ နေရာကနေစပြီး တွန်းကန်တဲ့သဘော, မာတဲ့သဘော နှစ်ခု တွဲရှုကြည့်။ အဲဒီလို ရှုလိုက်တဲ့ အချိန်အခါမှာ တွန်းတဲ့သဘော, မာတဲ့သဘော။ တွန်းတဲ့သဘော, မာတဲ့သဘော နှစ်ခု ရှုလိုက်လို့ တွန်းတာက လွယ်ကူနေတဲ့ ယောဂီပုဂ္ဂိုလ်အဖို့ တွန်းကန်တဲ့သဘော ပြန့်နှံ့သွားရင် မာနေတဲ့သဘောလည်း ပြန့်နှံ့သွားတတ်ပါတယ်။

အဲဒီလို ပြန့်နှံ့သွားပြီဆိုလို့ရှိရင်တော့ တစ်ကိုယ်လုံးကို တွန်းတဲ့သဘော, မာတဲ့သဘော မြင်အောင် လိုက်ကြည့်ရတယ်။ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုဖို့တော့ လိုအပ်ပါတယ်။ တွန်းကန်တဲ့သဘောနဲ့ မာတဲ့သဘောကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုရင် ကြမ်းတမ်းနေတဲ့သဘောတစ်ခု ထင်ရှားလာတတ်ပါတယ်။ အကယ်၍ မထင်မရှားဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ မိမိပေါင်ကို လက်ခုံလေးနဲ့ အသာလေး ပွတ်ကြည့်ပါ။ ကြမ်းနေတဲ့သဘော တွေ့နိုင်တယ်။ အဲဒီလို ကြမ်းတမ်းမှု ထင်ရှားတဲ့ တစ်နေရာကစပြီးတော့ ကြမ်းတဲ့သဘောကို လိုက်ပြီး ရှုကြည့်ပါ။ ရှုလို့မှ မရရင်တော့ တွဲရှုပါ။ တွန်းတဲ့သဘော, မာတဲ့သဘော, ကြမ်းတဲ့သဘော သုံးခု တွဲရှုကြည့်။ တွန်းတဲ့သဘော, မာတဲ့သဘော, ကြမ်းတဲ့သဘော သုံးခုကို တစ်ကိုယ်လုံး မြင်အောင် ရှုနိုင်ပြီဆိုရင် ထိုပုဂ္ဂိုလ်က တင်ပါးနဲ့ ကြမ်းနဲ့ ထိထားတဲ့နေရာဘက်ကို အာရုံယူပြီး စိုက်ကြည့်ပါ။ လေးနေတဲ့သဘော တွေ့နိုင်တယ်။

လေးမှုထင်ရှားတဲ့ တစ်နေရာကစပြီး လေးတဲ့သဘော တစ်ကိုယ်လုံး မြင်အောင်ကြည့်။ ခန္ဓာကိုယ်ကို ခုလို မတ်မတ်ထားပြီး ထိုင်နေတယ်။ ခါးလေးကို နည်းနည်းလောက် ခွေပြီး ချကြည့်။ ပြန်ပြီးတော့ ခါးကို ဆန့်ကြည့်လိုက်ရင် ထောက်ကန်တဲ့သဘောတစ်ခု တွေ့နိုင်ပါတယ်။ ထောက်ကန်တယ်ဆိုတာက ဒီခန္ဓာအိမ်ကြီးကို မလဲအောင် ထိန်းထားတဲ့ စွမ်းအင်တစ်မျိုး ဖြစ်ပါတယ်။ အိမ်တစ်အိမ် ပြိုတော့မယ်ကြံရင် ကျားခေါ်တဲ့ တုတ်တစ်ချောင်းနဲ့ ကန်ထားသလို ဒီခန္ဓာအိမ်ကြီးကို မယိုင်မလဲအောင် ထိန်းထားတဲ့သဘောပဲ။ အကယ်၍ မထိန်းနိုင်ရင် လဲသွားတာပဲ။ ဒါကြောင့် ထောက်ကန်တယ်ဆိုတာက ခန္ဓာအိမ်ကြီး ပင်ကိုယ်သဘာဝအတိုင်း တည်ရှိနေအောင်, ငြိမ်သက်နေအောင် ထိန်းထားတဲ့သဘော, ထောက်ထားတဲ့သဘော ဖြစ်တယ်။ အဲဒီ ထောက်ကန်တဲ့သဘောတစ်ခုကို ရှုလို့ရပြီဆိုရင်တော့ ငါးခု ဖြစ်သွားပြီ။

ဒီငါးခုကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုပေးရပါတယ်။ ရှုလိုက်လို့ ကျေနပ်ပြီဆိုရင်တော့ အောက်အတွင်း နှုတ်ခမ်းသားလေး လျှာလေးနဲ့ ထိထားကြည့်ပါ။ ပျော့တဲ့သဘော တွေ့နိုင်တယ်။ အဲဒီလို ပျော့မှုထင်ရှားတဲ့ တစ်နေရာကစပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပျော့တဲ့သဘော စိုက်ရှုကြည့်။ တစ်ကိုယ်လုံးမှာ ပျော့တဲ့သဘောကို ထင်ထင်ရှားရှား တွေ့ပြီဆိုရင် အဲဒီ အောက်အတွင်း နှုတ်ခမ်းသားလေးကိုပဲ လျှာလေးနဲ့ တံတွေးဆွတ်ပြီးတော့ ပွတ်ကြည့်ပါ။ ချောနေတဲ့သဘောတစ်ခု တွေ့နိုင်တယ်။ ချောတဲ့သဘောလည်း တစ်ကိုယ်လုံး ပြန့်သွားပြီဆိုရင်တော့ ပျော့တဲ့သဘော, ချောတဲ့သဘော နှစ်ခုကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုလိုက်ရင် ပေါ့ပါးတဲ့သဘောတစ်ခု ပေါ်လာတတ်တယ်။ မထင်ရှားရင်တော့ လေးတာကို ပြန်ရှုကြည့်ပါ။ ခန္ဓာကိုယ်တစ်ခုလုံး လေးနေတဲ့ အချိန်အခါမှာ လက်ညှိုးလေးတစ်ချောင်း အသာလေး မကြည့်။ ပေါ့နေတယ်။ အဲဒီလို ပေါ့မှုထင်ရှားတဲ့ တစ်နေရာကစပြီး ပေါ့တဲ့သဘော တစ်ကိုယ်လုံး မြင်အောင် ကြည့်ရပါတယ်နော်။

သို့သော် ဒီနေရာမှာ မာတာက သပ်သပ်၊ ပျော့တာက သပ်သပ်၊ ကြမ်းတာက သပ်သပ်၊ ချောတာက သပ်သပ်၊ လေးတာက သပ်သပ်၊ ပေါ့တာက သပ်သပ် ဒီလိုတော့လည်း သိပ်မယူကြနဲ့နော်။ ဘုန်းကြီးတို့ ရွှံ့တုံးတုံး၊ အုတ်ပုံသွင်းထားတဲ့ ရွှံ့တုံးအုတ်က တစ်ခု၊ နေခြောက်လှမ်းလို့ ခြောက်သွားတဲ့ အုတ်က တစ်ခု၊ မီးဖုတ်ပြီးတဲ့ အုတ်ခဲက တစ်ခု။ သုံးခု ယှဉ်ထားတယ် ဆိုကြစို့။ ခြောက်နေတဲ့ အုတ်ခဲက မီးကျက်အောင်ဖုတ်ထားတဲ့ အုတ်ခဲနဲ့ တိုင်းတာနှိုင်းစာကြည့်လိုက်တဲ့ အချိန်အခါမှာ မီးကျက်အောင် ဖုတ်ထားတဲ့အုတ်ခဲက မာတယ်။ မီးမဖုတ်ရသေးတဲ့ ခြောက်နေတဲ့အုတ်ခဲက ပျော့တယ်လို့ ဒီလို မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ နောက်တစ်ခု - မီးမဖုတ်ရသေးတဲ့ ခြောက်နေတဲ့အုတ်ခဲနဲ့ ဟိုအုတ်ခဲ အစိုတုံးနဲ့ သွားပြီး တိုင်းတာ နှိုင်းစာကြည့်လိုက်လို့ အုတ်ခဲအစိုတုံးကတော့ ပျော့တယ်။ ခြောက်နေတဲ့ မီးမဖုတ်ရသေးတဲ့ အုတ်ခဲက မာတယ်။ ဒီလို မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

ဒီတော့ ခြောက်နေတဲ့ မီးမဖုတ်ရသေးတဲ့ အုတ်ခဲက မီးကျက်အောင် ဖုတ်ထားတဲ့ အုတ်ခဲနဲ့ တိုင်းတာနှိုင်းစာလိုက်တော့ ပျော့တယ်လို့ ဖြစ်ပြန်တယ်။ မခြောက်သေးတဲ့ ပျော့နေတဲ့ အုတ်ခဲနဲ့ တိုင်းတာနှိုင်းစာလိုက်တော့ မာတယ်လို့ ဖြစ်သွားပြန်တယ်။ အရာဝတ္ထုတစ်ခု တိုင်းတာနှိုင်းစာလိုက်တဲ့ အချိန်အခါမှာ မာတယ် ပျော့တယ်ဆိုတဲ့ ဒီသဘောတရားတစ်ခု ပေါ်လာတာပါနော်။ ဒီတော့ ပျော့ပါတယ်ဆိုတဲ့ ရွှံ့တုံးအုတ်ခဲကိုလည်း သွားပြီးသေချာစမ်းကြည့်ပါ။ သူနဲ့ တန်သလောက် မာကျောမှုတော့ မရှိဘူးလား? ရှိပါတယ်။ ဒါကြောင့် နည်းနည်းမာတာကိုတော့ ပျော့တယ်လို့ သုံးပြီးတော့ များများမာတာကျမှ မာတယ်လို့ ဒီလို သုံးခြင်းသာဖြစ်တယ်။

ဒီလိုဆိုရင် ဘာဖြစ်လို့ ဘုရားရှင်က ခွဲပြီးတော့ ဓမ္မသင်္ဂဏီပါဠိတော်မှာ မာတယ်, ပျော့တယ် ခွဲဟောနေရသလဲလို့မေးတော့ နတ်တွေက ခန္ဓာကိုယ်နူးညံ့ပျော့ပျောင်းတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ သူတို့က ဒီလို နှစ်မျိုးခွဲပြီး ဟောကြားပါမှ သဘောကျမယ်, နားလည်မယ် ကျွတ်တမ်းဝင်နိုင်မယ့် သဘောရှိကြတယ်။ ဒါကြောင့် ဒီနတ်တွေရဲ့ အလိုအဇ္ဈာသယဓာတ်ခံကိုကြည့်ပြီးတော့ မြတ်စွာဘုရားက မာ, ပျော့, ကြမ်း, ချော, လေး, ပေါ့ဆိုပြီး ဒီသဘောတရားလေးတွေ ဟောပေးတာပဲ။ ခန္ဓာကိုယ်မှာ ဟိုဘက်က ခြေသုတ်ခုံ တစ်ခုရှိတယ်။ ခါးမှာ ဝတ်ထားတဲ့ လုံချည်ရှိတယ်။ အင်္ကျီရှိတယ်။ ခြေသုတ်ခုံနဲ့ ခါးဝတ်ထားတဲ့ လုံချည်နဲ့ တိုင်းတာနှိုင်းစာကြည့်လိုက်တော့ ခြေသုတ်ခုံက ကြမ်းတယ်။ ခါးဝတ်ထားတဲ့ လုံချည်က ချောတယ်။ တစ်ခါ ခါးဝတ်ထားတဲ့ လုံချည်နဲ့ ကိုယ်မှာဆင်ထားတဲ့အင်္ကျီ တိုင်းတာနှိုင်းစာကြည့်လိုက်တော့ အင်္ကျီက ချောတယ်၊ ခါးဝတ်ထားတဲ့ လုံချည်က ကြမ်းတယ် ဖြစ်သွားတယ်။

ဒီခါးဝတ်ထားတဲ့ လုံချည်သည် ခြေသုတ်ခုံနဲ့ တိုင်းတာနှိုင်းစာကြည့်လိုက်တော့ ချောတယ်။ အင်္ကျီနဲ့ တိုင်းတာနှိုင်းစာကြည့်လိုက်တော့ ကြမ်းတယ်လို့ ပြန်ဖြစ်သွားတယ်။ ဒီတော့ ဘယ်လောက်ချောပါတယ်ဆိုတဲ့ ဒီက အင်္ကျီကိုပဲ လက်နဲ့ စမ်းကြည့်ပါ။ သူနဲ့ ထိုက်တန်သလောက် ကြမ်းတမ်းမှုတော့ မရှိဘူးလား? ရှိနေတယ်။ ဒါကြောင့် ကြမ်းတယ်, ချောတယ်ဆိုတာကလည်း အရာဝတ္ထုနှစ်ခုကို တိုင်းတာနှိုင်းစာလိုက်တဲ့အခါမှာ ပေါ်လာတဲ့ သဘာဝတစ်မျိုးသာ ဖြစ်တယ်။ ဘယ်လောက်ပဲချောချော ကြမ်းတမ်းမှုတော့ မရှိဘူးလား? ရှိတယ်။ ဘယ်လောက်ပဲ ပျော့ပျော့။ ကြမ်းတမ်းမှုလေး ထိုက်သလောက်တော့ မရှိဘူးလား? ရှိတယ်။

ဒါကြောင့် မြတ်စွာဘုရားက မဟာရာဟုလောဝါဒသုတ္တန် အစရှိတဲ့ သုတ္တန်ဒေသနာတော်တွေ ရောက်လာတဲ့ အချိန်အခါ ပထဝီဓာတ်နဲ့ ပတ်သက်ပြီးတော့ ‘‘ကက္ခဠံ’’ ဟု ဟောတော်မူ၏။
ကက္ခဠံ၊ မာတဲ့သဘော, ကြမ်းတဲ့သဘောဆိုပြီး နှစ်ခုပဲ ဟောသွားပါတယ်။ နှစ်ခုဟောတာနဲ့ ခြောက်ခုဟောတာနဲ့ မတူဘူးလို့ ဒီလို ပြောလို့တော့ မရဘူးနော်။ သဘာဝကတော့ အတူတူပဲ ဖြစ်ပါတယ်။

အဲဒီတော့ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ဆိုတဲ့ ဒီသဘောတရား ခြောက်ခုက ပထဝီဓာတ်။ ထောက်ကန်, တွန်းကန်တဲ့သဘောက ဝါယောဓာတ်။ သဘောတရား ဘယ်နှစ်ခုရပြီလဲ? ရှစ်ခု။ အဲဒီ သဘောတရား ရှစ်ခုကို ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ရှုပေးရတယ်။ သွားရင်လည်း ရှုပေးရတယ်။ အဲဒီတော့ ထိုင်တုန်းမှာ တွန်းတဲ့သဘောရှုရင် သွားတဲ့အခါမှာလည်း တွန်းတဲ့သဘော ရှုရတယ်။ ခြေထောက်ကလေး မြေကြီးနဲ့ နင်းကြည့်ပါ။ ထိလိုက်တဲ့အခါမှာ တွန်းကန်နေတဲ့သဘော မတွေ့နိုင်ဘူးလား? တွေ့နိုင်တယ်။ လက်ကလေး အသာကွေးကြည့်ပါ။ တွန်းတဲ့သဘော မတွေ့နိုင်ဘူးလား? တွေ့နိုင်တယ်။ လက်ကလေး အသာဆန့်ကြည့်ပါ။ ဆန့်သွားအောင် တွန်းလိုက်တဲ့သဘော မတွေ့နိုင်ဘူးလား? တွေ့နိုင်တယ်။ ဣရိယာပုထ်တိုင်းမှာ တွန်းကန်နေတဲ့သဘောကို လိုက်ရှုရတယ်။

အလားတူပဲ ထိုင်တဲ့အခါမှာ တွန်းတာ, မာတာ နှစ်ခုရှုရင် သွားတဲ့ အချိန်အခါမှာလည်း တွန်းတဲ့, မာတဲ့သဘောနှစ်ခုကို ရှုပေးပါ။ တစ်ကိုယ်လုံး မြင်အောင်တော့ ရှုရပါတယ်။ ဥပမာ — ခြေထောက်နဲ့ ကြမ်းနဲ့, ခြေထောက်နဲ့ မြေကြီးနဲ့ ထိတဲ့နေရာကို စိုက်ကြည့်လိုက်ရင် မာတဲ့သဘော မတွေ့နိုင်ဘူးလား? တွေ့နိုင်တယ်နော်။ ထိုင်တဲ့အခါမှာ တွန်းတာ, မာတာ, ကြမ်းတာ သုံးခု ရှုခဲ့ရင် သွားတဲ့အခါမှာလည်း တွန်းတာ, မာတာ, ကြမ်းတာ သုံးခု ရှုရတယ်။ ထိုင်တဲ့အခါမှာ လေးခု ရှုရင် သွားတဲ့အခါမှာ လေးခု။ ထိုင်တဲ့အခါမှာ ငါးခုရှုရင် သွားတဲ့အခါမှာလည်း ငါးခု။ ထိုင်တဲ့အခါမှာ ခြောက်ခုရှုရင် သွားတဲ့အခါမှာလည်း ခြောက်ခု။ ထိုင်တဲ့အခါမှာ ရှစ်ခုရှုပြီဆိုရင်လည်း သွားတဲ့အခါလည်း ရှစ်ခုရှုဖို့တော့ လိုတယ်နော်။

အဲဒီသဘောတရား ရှစ်ခုကို ဣရိယာပုထ်လေးပါးလုံးမှာ စနစ်တကျ ရှုတတ်အောင်တော့ သည်းခံပြီး လေ့ကျင့်ရပါတယ်။ အဲဒီလို လေ့ကျင့်ခန်း အောင်မြင်လာပြီဆိုရင် လက်ဝါးနှစ်ခုကို ထပ်ကြည့်ပါ။ ပူနေတဲ့သဘောတစ်ခု တွေ့နိုင်တယ်။ ဒါက လွယ်တယ်။ ပူတဲ့သဘောတစ်ခုကိုလည်း တစ်ကိုယ်လုံး မြင်အောင် ကြည့်။ ဝင်လေ နှာသီးဖျားကို စိုက်ကြည့်ပါ။ အေးနေတဲ့ သဘောတစ်ခု တွေ့နိုင်တယ်။ အေးတဲ့သဘောကိုလည်း တစ်ကိုယ်လုံး မြင်အောင် ကြည့်ရတယ်။ ပူတဲ့သဘော, အေးတဲ့သဘောက တေဇောဓာတ်ဖြစ်တယ်။ ပေါင်းလိုက်တော့ ဓာတ်ဘယ်နှစ်ပါးရသွားပြီလဲ? ဓာတ်သုံးပါး။ သဘောတရား တစ်ဆယ်ခု ရှိပြီ။

ဒီသဘောတရား တစ်ဆယ်ခုကို ထပ်ခါထပ်ခါ ရှုလိုက်ရင် ဖွဲ့စည်းတဲ့သဘော ပေါ်လာတတ်ပါတယ်။ မပေါ်ခဲ့ရင် တွန်းတဲ့သဘောနဲ့ မာတဲ့သဘော နှစ်ခုကို ထပ်ခါထပ်ခါ ကြိမ်ဖန်များစွာ ရှုလိုက်ရင်လည်း ဖွဲ့စည်းတဲ့သဘော တစ်ခု ပေါ်လာပါတယ်။ ဖွဲ့စည်းတဲ့သဘောတစ်ခု ရပြီဆိုရင် သွားအရင်းတို့လို, လျှာအရင်းတို့လို ဒီလိုနေရာတွေမှာ သွားရည်တွေက အမြဲတမ်းလိုလို ထွက်နေတော့ အဲဒီလို ယိုစီးမှု ထင်ရှားနေတဲ့ တစ်နေရာကစပြီး ယိုစီးတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် စိုက်ရှုပါ။

အထူးသဖြင့် သွေးတွေက တစ်ကိုယ်လုံး လည်ပတ်နေတာဖြစ်တော့ တစ်ကိုယ်လုံးမှာ စီးဆင်းနေတဲ့သဘာဝ ရှိပါတယ်။ အဲဒီလို ယိုစီးတဲ့သဘောကိုလည်း လွယ်လွယ်ကူကူ မတွေ့ရင်တော့ လွယ်ကူတဲ့ ဓာတ်တစ်ခုနဲ့ တွဲရှုလို့ ရတယ်။ တွန်းတဲ့သဘောနဲ့ ယိုစီးတဲ့သဘောနှစ်ခုကို တွဲရှုကြည့်။ ပူတဲ့သဘောနဲ့ ယိုစီးတဲ့သဘောနှစ်ခုကို တွဲရှုကြည့်။ သို့မဟုတ် အေးတဲ့သဘောနဲ့ ယိုစီးတဲ့သဘောနှစ်ခု တွဲရှုကြည့်။ အဲဒီလို ရှုလိုက်လို့ရှိရင်တော့ ယိုစီးတဲ့သဘော တွေ့နိုင်ပါတယ်။ ဖွဲ့စည်းတဲ့သဘော, ယိုစီးတဲ့သဘောက အာပေါဓာတ်။ ပေါင်းလိုက်တော့ ဓာတ်ဘယ်နှစ်ပါး ဖြစ်သွားပြီလဲ? ဓာတ်လေးပါး။ သဘောတရား တစ်ဆယ့်နှစ်ခု။

အဲဒီ သဘောတရား တစ်ဆယ့်နှစ်ခုကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုပေးရပါတယ်။ ဘယ်လောက်ထိ ကြိမ်ဖန်များစွာ ရှုရမလဲလို့မေးတော့ ဥပမာ တွန်းတာ ရှုတယ် ခေါင်းကနေ ခြေထောက်အထိ။ မာတာ ရှုတယ်။ ခေါင်းကနေ ခြေထောက်အထိ။ ကြမ်းတာ ရှုတယ် ခေါင်းကနေ ခြေထောက်အထိ စသည်အားဖြင့် အဲဒီ တစ်ဆယ့်နှစ်ခုကို ခေါင်းကနေ ခြေထောက်အထိ တစ်လုံးစီ တစ်လုံးစီ ရှုလိုက်တဲ့အခါမှာ တစ်ဆယ့်နှစ်လုံး ပြည့်ခဲ့ရင် တစ်ခေါက်။ တစ်မိနစ်အတွင်းမှာ သုံးခေါက် လေးခေါက်လောက် ရအောင် လေ့ကျင့်ရတယ်။

အဲဒီလို လေ့ကျင့်လိုက်လို့ အောင်မြင်လာပြီဆိုလို့ရှိရင်တော့ ဘုရားဟောဒေသနာတော်အတိုင်း ပြန်ပြောင်းပြီးတော့ ရှုရပါတယ်။ ဗျည်းသုံးဆယ့်သုံးလုံးမှာ ကကြီး, ခခွေးက စတာ မှန်သော်လည်း ဒီကလေးက ဝလုံးကနေ စသင်ပေးမှ လွယ်ကူမယ်ဆိုရင် ဒီကလေးလေးကို ဝလုံးကနေ စပြီး သင်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ဝလုံးတန်း ကျေသွားတော့လည်း ဒီကလေး ကကြီး, ခခွေးကနေစပြီး တစ်ခါ ပြန်သင်ပေးဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ တွန်းတာလေးက ဝလုံးတန်းလေးနဲ့ တူပါတယ်။ တွန်းတဲ့သဘောလေးကို ရှုတတ်တဲ့ပုဂ္ဂိုလ်က ကျန်နေတဲ့ဓာတ်တွေကို လိုက်ရှုရင် ပိုပြီး လွယ်ကူတဲ့သဘော ယောဂီတော်တော် ခပ်များများမှာ တွေ့ရပါတယ်။

ဒါကြောင့် ဒီတွန်းတဲ့သဘောကနေပြီးတော့ သဘောတရား တစ်ဆယ့်နှစ်ခုကို ခုပြောခဲ့တဲ့ အစီအစဉ်အတိုင်း စနစ်တကျ ရှုလိုက်လို့ လွယ်လွယ်ကူကူ တွေ့ပြီ။ တစ်မိနစ်မှာ သုံးခေါက်လောက်အထိ ရပြီဆိုရင်တော့ ဘုရားဟောဒေသနာတော်အတိုင်း ပြန်ပြီးတော့ ပုံပြောင်းရတယ်။ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ ပထဝီဓာတ်။ ယိုစီး, ဖွဲ့စည်း အာပေါဓာတ်။ ပူ, အေး တေဇောဓာတ်။ ထောက်, တွန်း ဝါယောဓာတ်။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်။ အဲဒီ ဘုရားဟောဒေသနာစဉ်အတိုင်း ပြောင်းပြီး ရှုရပြန်တယ်။

အဲဒီလို ရှုလိုက်တဲ့ အချိန်အခါမှာလည်း ခြေဆုံးခေါင်းဆုံး တစ်မိနစ်မှာ သုံးခေါက်လောက်အထိ ရပြီဆိုရင်တော့ မိမိ ထိုင်နေတဲ့ပုံကို မိမိအပေါ်က စီးကြည့်တဲ့ ပုံစံအနေအထားအားဖြင့် ခြုံပြီးတော့ ကြည့်လိုက်ပါ။ များသောအားဖြင့် ခေါင်းကနေ ဖြိုပြီး ကြည့်ခဲ့ရင်တော့ ခေါင်းကြီး ခဲခဲနေတဲ့ယောဂီက တော်တော်များတယ်။ အဲဒါကြောင့် ဂုတ်လောက်ကနေပြီးတော့ အပေါ်အောက် မျှပြီးတော့ တစ်ကိုယ်လုံးကို စိုက်ပြီး ခြုံငုံကြည့်ဖို့တော့ သင်ပေးပါတယ်။ သို့သော် ဂုတ်သက်သက်ကို စိုက်ပြီး ကြည့်နေခဲ့ရင်လည်း ဂုတ်ကြီး ခဲနေတတ်ပါတယ်။ အဲဒါကြောင့် ဂုတ်သက်သက်ကိုလည်း စိုက်မကြည့်ဘဲ။ ခန္ဓာကိုယ်အတွင်းကို ဓာတ်ကိုသာ စူးစူးစိုက်စိုက် ရှုရပါတယ်။ အဲဒီလို ရှုတဲ့အပိုင်းမှာ ထိုင်တိုင်း ထိုင်တိုင်း လိုအပ်တဲ့ အချက်ကတော့ ဘာလဲ? မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်းဆိုတဲ့ ဒီသဘောတရား တစ်ဆယ့်နှစ်ခုကို ခြေဆုံးခေါင်းဆုံး ကြိမ်ဖန်များစွာ အနည်းဆုံး ဆယ့်လေးငါးခေါက်လောက် ရှုရတယ်။

အဲဒီလို ရှုလိုက်လို့ သွက်လာပြီဆိုတော့မှ ခန္ဓာကိုယ်ကို အပေါ်ကနေ ခြုံငုံပြီးတော့ ဆီးကြည့်ရပါတယ်။ ဆီးကြည့်လိုက်တဲ့အပိုင်းမှာ ခေါင်းက ခြုံကြည့်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ပုဂ္ဂိုလ် ခြုံကြည့်နိုင်ပါတယ်။ ဘာမှ မဖြစ်ဘူးဆိုရင်နော်။ ခေါင်းကြီး ခဲလာပြီ၊ ပြဿနာတစ်ခုခု ပေါ်လာပြီဆိုရင်တော့ ခေါင်းကို ခဏခေတ္တ လွှတ်ထားပြီးတော့ ခန္ဓာကိုယ်ဘက်ကိုသာ စူးစူးစိုက်စိုက်ဖြင့် အတွင်းဘက်ကို စိုက်ပြီးတော့ ရှုရပါတယ်။ အဲဒီလို စိုက်ရှုလိုက်တဲ့ အချိန်အခါမှာတော့ ဓာတ်အပေါ်မှာသာ အာရုံယူပြီး စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရတယ်။ ခြေထောက်ကြည့်လိုက်, လက်ကြည့်လိုက်, ခေါင်းကြည့်လိုက် စသည်ဖြင့် နေရာတွေ လိုက်မရွှေ့ရဘူး။ အဲဒီလို စူးစူးစိုက်စိုက် လိုက်ပြီး ရှုလိုက်တဲ့အပိုင်းမှာ ဓာတ်တွေကို ပြိုင်တူလိုလို တွေ့ပြီဆိုရင်တော့ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ကိုကြည့်ပြီး ပထဝီဓာတ်၊ ယိုစီး, ဖွဲ့စည်းကိုကြည့်ပြီး အာပေါဓာတ်၊ ပူ, အေးကိုကြည့်ပြီး တေဇောဓာတ်၊ ထောက်, တွန်းကိုကြည့်ပြီး ဝါယောဓာတ်။

(ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်)၂ အဲဒီလို မနှေးမမြန် ရှုရပါတယ်။ ရှုလိုက်တဲ့ အချိန်အခါမှာ ဒီဓာတ်သဘောတရားအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရတယ်။ သို့သော် ဒီနေရာမှာလည်း ဆိုကမ္မဋ္ဌာန်း မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ကို မမြင်ဘဲနဲ့ ပထဝီဓာတ်လို့တော့ မရှုနဲ့။ ယိုစီး, ဖွဲ့စည်းကို မမြင်ဘဲနဲ့ အာပေါဓာတ်။ ပူ, အေးကို မမြင်ဘဲနဲ့ တေဇောဓာတ်။ ထောက်, တွန်းကို မမြင်ဘဲနဲ့ ဝါယောဓာတ်။ အဲဒီလိုတော့ မရှုပါနဲ့။ မြင်မှ ရှုပါနော်။

အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ မိမိကလည်း သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာခေါ်တဲ့ ဣန္ဒြေငါးတန်ကို ရင့်ကျက်အောင်, စုံညီသွားအောင် ကြိုးစားအားထုတ်ခဲ့မယ်ဆိုရင်တော့ မကြာမီအချိန်ကာလအတွင်းမှာပဲ ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတတ်ပါတယ်။ အဲဒီလို တည်နေပြီဆိုလို့ရှိရင်တော့ ယောဂီ ဘာတွေ စတွေ့တတ်သလဲလို့မေးတော့ အဖြူကိုစပြီး များသောအားဖြင့် တွေ့တတ်ပါတယ်။ တချို့ယောဂီများကတော့ ဒီအဖြူကို မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် စပြီး တွေ့တတ်တယ်။ တွေ့စမှာတော့ အဖြူဟာလည်း မခိုင်ခံ့တဲ့သဘော ရှိပါတယ်။
မခိုင်ခံ့တဲ့သဘော ရှိခြင်းကြောင့် ယောဂီပုဂ္ဂိုလ်က အဖြူကို မကြည့်သေးဘဲ ဓာတ်ကိုသာ ဆက်ပြီး ရှုနေရတယ်။ ဓာတ်လေးပါးကို ဆက်ပြီး ရှုနေလိုက်တဲ့ အချိန်အခါမှာ တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေတာ တွေ့ရတယ်။ ဒီဖြူဖွေးနေတဲ့ ဝါဂွမ်းစိုင်လို အတုံးအခဲကြီးမှာလည်း ဓာတ်လေးပါးကို မြင်အောင်တော့ ပြောင်းပြီး ရှုရပါတယ်။ မရှုတတ်ဘူး။ ဓာတ်လေးပါးကလည်း သဘောမပေါက်ဘူး။ ဒီဝါဂွမ်းစိုင်ကြီးကလည်း ထိုင်တိုင်းလိုလို ပေါ်နေပြီဆိုရင်တော့ ကြာကြာလည်း တည်နေပြီဆိုရင်ပေါ့။ အနည်းဆုံး နာရီဝက်လောက် တည်နေမယ်ဆိုရင် အဲဒီ အဖြူတုံး အဖြူခဲမှာ ဓာတ်လေးပါးကို မြင်အောင် ဘယ်လို ရှုမလဲ?

တစ်ကိုယ်လုံးကို ရှုနေကျအတိုင်း ခြုံပြီး မာတာ ရှုလိုက်။ ဒီအဖြူတုံးကြီးမှာ မာတာရှုလိုက်။ တစ်ကိုယ်လုံး ခြုံပြီးတော့ မာတာ ရှုလိုက်၊ ဒီအဖြူတုံးကြီးကို မာတာရှုလိုက်။ အဖြူတုံးကြီးမှာ မာတာရှုလိုက်၊ အဲဒီလိုပဲ ထပ်ခါထပ်ခါ ပြောင်းရှုလိုက်ရင် နောက်တော့ အဖြူတုံးမှာ မာတဲ့သဘော သဘောပေါက်ပါတယ်။ မာတာ သဘောပေါက်ပြီဆိုရင် မာတာ, ကြမ်းတာ နှစ်ခု ပုံစံတူပဲ ဆက်ရှုကြည့်! နှစ်ခု သဘောပေါက်ရင် သုံးခု လေးခု ငါးခု စသည်ဖြင့် တဆယ့်နှစ်ခု ပြည့်အောင် ရှုပါ။ ရှုလိုက်လို့ ဓာတ်သဘောတရား တဆယ့်နှစ်ခုကို ဒီအဖြူတုံး, အဖြူခဲမှာ တွေ့ပြီဆိုရင်တော့ လေးချက် ပြန်ပြောင်းရပါတယ်။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်။ ဒီလေးချက် ပြန်ပြောင်းရပါတယ်။ ပြောင်းလိုက်လို့ ဒီအဖြူတုံးမှာ ဓာတ်လေးပါးကို စနစ်တကျ ရှုတတ်ရင် သမာဓိကို ဆက်ပြီး တစ်ခါ ထူထောင်ရပြန်တယ်။

အဲဒီလို ထူထောင်လိုက်ပြီဆိုလို့ရှိရင်တော့ ဖန်တုံး, မှန်တုံး, ရေခဲတုံးကဲ့သို့ ကြည်နေတဲ့ အကြည်တုံး, အကြည်ခဲကြီးကို သွားပြီးတော့ တွေ့တတ်ပါတယ်။ အဲဒီလို အကြည်တုံး, အကြည်ခဲက ဘာလဲ? ဒီအပိုင်းလေး ဘုန်းကြီး နည်းနည်း ပြောချင်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး အဋ္ဌကထာတွေမှာ ဖွင့်ဆိုထားတာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာတစ်ခုပဲ ရှိပါတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကလည်း ဟိုဘက်က ရုပ်နှစ်ဆယ့်ရှစ်ပါးကို ခွဲခြားဝေဖန်ပြီး ပြတဲ့အပိုင်း၊ ပသာဒရုပ်၌ ဂေါစရရုပ်တွေကို ခွဲခြားပြတဲ့ အပိုင်းလေး၊ အဲဒီ ကဏ္ဍလေးမှာပဲ စာတစ်ကြောင်းလောက်ကလေး ဖွင့်ထားတယ်။ ဘာပြောသလဲလို့မေးတော့ —

‘‘အာဒါသ တလ’’
အာဒါသ တလ၊ ကြေးမုံမှန်အပြင်လို ဒီပသာဒဓာတ်ရုပ်တွေက ကြည်နေတယ်ဆိုပြီး ဒီလို ဖွင့်ထားတယ်။
ဘုရားရှင်က ဘုန်းကြီးတို့ ရုပ်နှစ်ဆယ့်ရှစ်ပါးကို ခွဲခြားဝေဖန်ပြီး ဟောတဲ့အပိုင်းမှာ ပသာဒရုပ်ငါးခုကိုလည်း ထည့်သွင်းပြီး ဟောထားတော်မူခဲ့ပါတယ်။ ဒီပသာဒရုပ်ဆိုတာက အကြည်ရုပ်တွေ ဖြစ်တယ်။ အကြည်ရုပ်တွေက ဘယ်လို ကြည်သလဲလို့မေးရင်တော့ ဖန်တုံး မှန်တုံး ရေခဲတုံးကဲ့သို့ သို့မဟုတ် မှန်တုံးကဲ့သို့ မှန်ပြင်ကဲ့သို့ ကြည်နေပါတယ်ဆိုပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဖွင့်ထားတယ်။ မှန်တုံးလို ကြည်နေတဲ့ အကြည်ရုပ်ငါးခုတွေက ဘာတွေလဲလို့မေးတော့ စက္ခုပသာဒ၊ မျက်စိအကြည်, သောတပသာဒ၊ နားအကြည်, ဃာနပသာဒ၊ နှာခေါင်းအကြည်, ဇိဝှာပသာဒ၊ လျှာအကြည်, ကာယပသာဒ၊ ကိုယ်အကြည်။ ပေါင်းလိုက်တော့ အကြည်ရုပ် ဘယ်နှစ်ခုရှိလဲ? ငါးခု။ ဘုရားရှင်က ပသာဒ = အကြည်ရုပ်ဆိုပြီး သေချာဟောထားတယ်။ အဓိပ္ပာယ်ရှိရှိနဲ့ ဟောကြားထားတော်မူတဲ့ ဒေသနာတော်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ဘုရားဟောတဲ့အတိုင်း စနစ်တကျ ရှာဖွေခဲ့ရင် တွေ့နိုင်တဲ့ အကြည်ရုပ်တွေ ဖြစ်တယ်။ အဲဒီ အကြည်ရုပ်တွေထဲမှာ မျက်စိအကြည်က မျက်စိမှာပဲ ရှိတယ်။ နားအကြည်က နားမှာပဲ ရှိတယ်။

ဒုတိယပိုင်း

ဘာဖြစ်လို့လဲ? ထိတာကို သိတဲ့စိတ်က ကာယအကြည်ဓာတ်ကို မှီဖြစ်တယ်။ ထိတာကိုသိတဲ့စိတ်ကို ကာယဝိညာဏ်စိတ်လို့ ခေါ်ပါတယ်။ ဒီကာယဝိညာဏ်စိတ်က ကာယအကြည်ဓာတ်ကိုသာ မှီတွယ်ဖြစ်တော့ ခန္ဓာကိုယ်မှာ ထိလို့ ရကောင်းတဲ့အရာတွေကို လျှောက်ထိကြည့်ပါ။ ထိတာကို သိတဲ့စိတ် မှီဖြစ်တဲ့နေရာတိုင်းမှာ ကာယအကြည်ဓာတ်ရှိတယ်။ အဲဒီ ကာယအကြည်ဓာတ်ကလည်း တစ်ကိုယ်လုံးမှာ အနှံ့အပြားရှိတော့ တခြား အကြည်ဓာတ်တွေနဲ့လည်း မျက်စိ, နား, လျှာ, နှလုံးတွေမှာ ရောနှောပြီး တည်ရှိနေတာဖြစ်တော့ ဒီအကြည်ဓာတ်တွေကို ကလာပ်ခေါ်တဲ့ အမှုန်လေးတွေ မမြင်ခင် ယောဂီပုဂ္ဂိုလ်က အကြည်တုံး, အကြည်ပြင်အနေနဲ့ အတုံးလိုက်, အခဲလိုက် မြင်နေခြင်းဖြစ်တယ်။ ဃနမပြိုသေးဘူးလို့ ဆိုလိုပါတယ်။

အဲဒီ အကြည်တုံး အကြည်ပြင်မှာ ဓာတ်ကြီးလေးပါး မြင်အောင် တစ်ဆင့်တက်ပြီးတော့ စိုက်ရပါတယ်။ စိုက်ရှုလိုက်လို့ ဒီအကြည်တုံး အကြည်ခဲကြီးမှာလည်း ဓာတ်လေးပါးပဲ ရှိတယ်ဆိုတာ သဘောပေါက်ပြီဆိုရင် ထိုအချိန်အခါမှာ သမာဓိက ထက်မြက်လာရင် လင်းရောင်ခြည် စွမ်းအင်တွေက တဖျတ်ဖျတ်နဲ့ တောက်ပလာတတ်ပါတယ်။ အဲဒီ လင်းရောင်ခြည် စွမ်းအင်တွေက တစ်ကိုယ်လုံး တဖျတ်ဖျတ်နဲ့ တောက်ပနေပြီဆိုတဲ့ အချိန်အခါမှာ ယောဂီသူတော်ကောင်းက ဒီနေရာမှာ လမ်းခွဲတွေ ရှိပါတယ်။ သွားချင်ရင် သွားလို့ရတယ်။

ခု ဒီသုတ္တန်မှာ ရဟန်းတော်တွေက လမ်းခွဲကိုလိုက်တဲ့ ယောဂီရဟန်းတော်တွေလည်း ရှိကြတယ်။ လမ်းခွဲကို မလိုက်ဘဲနဲ့ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုက်အောင် ဓာတ်ကမ္မဋ္ဌာန်းကိုပဲ အားထုတ်သွားတဲ့ ယောဂီသူတော်ကောင်းတွေလည်း ရှိကြပါတယ်။ အဲဒီတော့ ဒီလမ်းခွဲက ဘယ်လိုလဲလို့မေးတော့ ဒီလင်းရောင်ခြည် စွမ်းအင်တွေ အားကောင်းလာတဲ့ အချိန်အခါမှာ အကြည်တုံးမှာ ဓာတ်လေးပါးစိုက်လိုက်လို့ လင်းရောင်ခြည်တွေက တဖျတ်ဖျတ်ထွက်ပေါ်လာပြီဆိုရင် အဲဒီအချိန်အခါမှာ ဆံပင်, မွေးညှင်း, ခြေသည်း, လက်သည်း, သွား, အရေအစရှိတဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသ အစုအဝေးတွေကို တစ်ခုစီ, တစ်ခုစီ လိုက်ရှု။ ရှုလို့မြင်ပါတယ်။ မှန်ရှေ့မှာ မိမိတို့က သွားပြီး မတ်တပ်ရပ်လိုက်တဲ့အခါမှာ ဆံပင်, မွေးညှင်း, ခြေသည်း, လက်သည်း အစရှိတဲ့ အပြင်ပိုင်း ကောဋ္ဌာသတွေကို ရှင်းရှင်းလင်းလင်းတွေ့ရသလိုပဲ။

အလားတူပဲ။ ယောဂီပုဂ္ဂိုလ်က ဒီဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကနေပြီးတော့ စနစ်တကျ ရှုလိုက်တဲ့အပိုင်းမှာ ဒီအကြည်တုံးကို ဓာတ်လေးပါး မြင်အောင် စိုက်နိုင်ရင် လင်းရောင်ခြည်တွေက အားကောင်းလာတဲ့ အချိန်အခါမှာ ဆံပင်, မွေးညှင်း, ခြေသည်း, လက်သည်း, သွား, အရေအစရှိတဲ့ ဒီကောဋ္ဌာသတွေကို တစ်ခုပြီး တစ်ခု လိုက်ရှုခဲ့ရင် လင်းရောင်ခြည်အကူအညီကြောင့် လွယ်လွယ်ကူကူနဲ့ မြင်နိုင်တဲ့သဘောရှိတယ်။ သုံးဆယ့်နှစ်ကောဋ္ဌာသတွေကို စနစ်တကျ မြင်နိုင်ပြီဆိုလို့ရှိရင်တော့ လမ်းသုံးသွယ် ရှိပါတယ်။

‘‘အာကင်္ခမာနဿ ဝဏ္ဏတော’’
အာကင်္ခမာနဿ၊ အလိုရှိခဲ့အံ့၊ ဝဏ္ဏတော၊ ဝဏ္ဏကသိုဏ်းလမ်းလိုက် လိုက်လို့ရတယ်။

‘‘အာကင်္ခမာနဿ ပဋိကူလတော’’
အာကင်္ခမာနဿ၊ အလိုရှိခဲ့အံ့၊ ပဋိကူလတော၊ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလမနသိကာရအနေနဲ့ နှလုံးသွင်း ရတယ်။

‘‘အာကင်္ခမာနဿ သုညတော’’
အာကင်္ခမာနဿ၊ အလိုရှိခဲ့အံ့၊ သုညတော၊ သုညတ ဓာတ်ကမ္မဋ္ဌာန်းလမ်း ဆက်ပြီးလိုက်ရင်လည်း ရပါတယ်ဆိုပြီးတော့ သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးမှာ ဖွင့်ဆိုထားပါတယ်။
ဒီတော့ အကယ်၍များ မိမိတို့က ဝဏ္ဏကသိုဏ်းကို လိုက်ချင်တယ်ဆိုရင် ထိုပုဂ္ဂိုလ်က ဘာလုပ်ရသလဲ? အဇ္ဈတ္တကောဋ္ဌာသတွေကနေပြီးတော့လည်း အရောင်ကသိုဏ်း ကူးလည်းရတယ်။
ဗဟိဒ္ဓကောဋ္ဌာသတွေကနေပြီးတော့ အရောင်ကသိုဏ်း ကူးလည်းရတယ်။ သို့သော် အဇ္ဈတ္တကောဋ္ဌာသကနေ အရောင်ကသိုဏ်းကူးတဲ့ ပုဂ္ဂိုလ်က ဒီကသိုဏ်းဘာဝနာသမာဓိတွေကို အခြေခိုင်ခံ့စွာ တည်ရှိစေချင်တယ်ဆိုရင်တော့ ဗဟိဒ္ဓအထိ ဖြန့်ကျက်ရတဲ့ သဘောရှိတယ်။

ယောဂီသူတော်စင် ခပ်များများကို ဘုန်းကြီးတို့ သုတေသနပြုကြည့်တဲ့အချိန်အခါမှာ ဗဟိဒ္ဓကောဋ္ဌာသနေပြီးတော့ ကသိုဏ်းကိုကူးခဲ့ရင်တော့ ပိုပြီးတော့ လွယ်ကူပြီး သမာဓိအဖြစ်မြန်တဲ့ ယောဂီကတော့ ပိုများပါတယ်နော်။ စိတ်ဓာတ်ကလေးတွေကို နိုင်နင်းအောင် လေ့ကျင့်ပေးနေတာပဲ။ မိမိစိတ်ဓာတ်တွေကို လိုချင်တဲ့ဘက်ကို ရောက်အောင် ပို့ဆောင်ပေးနေတာပဲ။ ဘာကြောင့် ဒီလို စိတ်ဓာတ်တွေကို နိုင်နိုင်နင်းနင်း လေ့ကျင့်နေရသလဲလို့မေးရင် ခိုင်လုံတဲ့ အာမခံချက်ကို လိုချင်လို့ မြတ်စွာဘုရားက ဒီနည်းလမ်းစနစ်ကလေးတွေကို ပေးနေတယ်။ ခိုင်လုံတဲ့ အသက်အာမခံချက် စနစ်ကလေးတွေကို မြတ်စွာဘုရားက သင်ပေးနေခြင်း ဖြစ်ပါတယ်နော်။

ဒီတော့ ဒီနေရာမှာ ကသိုဏ်းလမ်းလိုက်မယ်ဆိုလို့ရှိရင် အရိုးကဲ့သို့ ဖြူနေတဲ့ ကောဋ္ဌာသတွေကို အာရုံယူပြီး အဖြူကသိုဏ်း ရှုလိုက ရှုနိုင်တယ်။ ကျင်ငယ်တို့လို ဝါနေတဲ့ ကောဋ္ဌာသတွေကို အာရုံယူပြီး အဝါကသိုဏ်း ရှုလိုက ရှုနိုင်တယ်။ သွေးတို့လို နီနေတဲ့ ကောဋ္ဌာသတွေကို အာရုံယူပြီး အနီကသိုဏ်း ရှုလိုက ရှုနိုင်တယ်။ ဆံပင်တို့လို ညိုနေတဲ့ ကောဋ္ဌာသတွေကို အာရုံယူပြီး အညိုကသိုဏ်း ရှုလိုက ရှုနိုင်တယ်။ အဲဒီ အရောင်ကသိုဏ်းလေးခုကို ဒီသုံးဆယ့်နှစ်ကောဋ္ဌာသက ရှုရင် ရှုလို့ရတယ်။

ရှုလို့ရတော့ ယောဂီပုဂ္ဂိုလ်က အဖြူကသိုဏ်းကို ရှုချင်ပြီဆိုကြပါစို့နော်။ မိမိ အဇ္ဈတ္တမှာ တည်ရှိနေတဲ့ ဆံပင်ကနေ ကျင်ငယ်၊ ကျင်ငယ်ကနေ ဆံပင်တိုင်အောင် သုံးဆယ့်နှစ်ကောဋ္ဌာသတွေကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ လေ့ကျင့်ရတယ်။ လေ့ကျင့်လိုက်တဲ့အခါ လွယ်လွယ်ကူကူနဲ့ မြင်ပြီဆိုလို့ရှိရင် ဗဟိဒ္ဓကိုလည်း လင်းရောင်ခြည်အကူအညီယူပြီး အထူးသဖြင့် မိမိရှေ့မှာ ထိုင်နေတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသတွေကို တစ်ခုစီ စပြီး ရှုကြည့်ရတယ်။ ရှုကြည့်လိုက်လို့ အောင်မြင်ရင် မိမိအဇ္ဈတ္တမှာ တစ်ခါ ပြန်ရှု။ အဇ္ဈတ္တမှာ တစ်ခါအောင်မြင်ရင် ဗဟိဒ္ဓကို တစ်ခါ ပြန်ရှုရတယ်။ အဲဒီလို အဇ္ဈတ္တ ဗဟိဒ္ဓ ခေါက်တုံ့ခေါက်ပြန် ရှုလိုက်တဲ့အပိုင်းမှာ အဝါးဝစွာ နိုင်နိုင်နင်းနင်း ရှုနိုင်ပြီဆိုရင် နောက်တစ်ယောက် ပြောင်းရှု။ နောက်တစ်ယောက်မှာလည်း အဇ္ဈတ္တ ဗဟိဒ္ဓ ခေါက်တုံ့ခေါက်ပြန် ရှုရတယ်။ အဲဒီ ပုံစံစနစ်အားဖြင့် အရပ်ဆယ်မျက်နှာ တစ်ယောက်ပြီး တစ်ယောက် ဖြန့်ကျက်ပြီး လင်းရောင်ခြည် အကူအညီနဲ့ ရှုကြည့်ပါ။ ရှုလိုက်တဲ့ အချိန်အခါမှာ သုံးဆယ့်နှစ်ကောဋ္ဌာသတွေကို ရှုနေတဲ့ ဘာဝနာစိတ်ရဲ့ စွမ်းအင်ကြောင့်လည်း လင်းရောင်ခြည်တွေက ပိုပြီး အားကောင်းနေတတ်ပါတယ်။

လင်းရောင်ခြည်က အရပ်ဆယ်မျက်နှာကို ပြန့်သွားတဲ့အခါမှာ လင်းရောင်ခြည်အတွင်းမှာ တွေ့နေတဲ့ လူတွေ, တိရစ္ဆာန်တွေ, ကျွဲတွေ, ဝက်တွေ, ခွေးတွေ, ကြက်တွေ အစရှိတဲ့ သတ္တဝါတွေကို အားလုံး ရှုကြည့်ပါ။ ရှုကြည့်လိုက်တဲ့ အချိန်အခါမှာ မှန်းဆရှုတဲ့ ရှုနည်းတော့ မဖြစ်ပါစေနဲ့။ အရာဝတ္ထုတစ်ခုကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်သလို ထင်ထင်ရှားရှား မြင်ရအောင်တော့ ရှုပါ။ လင်းရောင်ခြည်တွေက ထိုအချိန်အခါမှာ အရပ်ဆယ်မျက်နှာကို အကုန်လုံး ပြန့်နှံ့နေမှာ ဖြစ်ပါတယ်။
ယောဂီပုဂ္ဂိုလ်က အာရုံယူ စိုက်ပြီး ကြည့်လိုက်တဲ့ အရပ်မျက်နှာမှာ ဒီလင်းရောင်ခြည်တွေက ပိုပြီး လင်းတယ်လို့ ယောဂီ တော်တော်ခပ်များများကတော့ ယူဆကြပါတယ်။ ဘာကြောင့် ဒီလို ယူဆရသလဲလို့မေးတော့ လက်ယာဘက်ကို ကြည့်ရင် လက်ဝဲဘက်ကို မကြည့်မိတော့ လက်ယာဘက်မှာပဲ လင်းနေတယ်လို့ သူတို့က ယူဆတယ်။ တစ်ခါ လက်ဝဲဘက်ကို ပြန်ကြည့်လိုက်တော့လည်း လက်ဝဲဘက်မှာ လင်းနေတော့ လင်းနေတာကိုသာ တွေ့တယ်။ လက်ယာဘက်ကို လှမ်းကြည့်တာမဟုတ်တော့ လက်ဝဲဘက်မှာပဲ လင်းနေတယ်လို့ ဒီလို ထင်ခြင်းသာ ဖြစ်တယ်။

‘‘သမန္တတော ပတ္ထရတိ’’
သမန္တတော၊ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာ၌၊ ပတ္ထရတိ၊ အကုန်လုံး ပြန့်နှံ့ပါတယ်ဆိုပြီး ဝိသုဒ္ဓိမဂ်မဟာဋီကာမှာတော့ ဒီလို ဖော်ပြထားပါတယ်။ သို့သော် ယောဂီပုဂ္ဂိုလ်က အာရုံစူးစိုက်တဲ့ အရပ်မျက်နှာမှာ ပိုပြီး လင်းနေတယ်လို့ အမှတ်သညာရှိတဲ့ ယောဂီကတော့ ပိုပြီး များပါတယ်။ အဲဒီ လင်းရောင်ခြည် အကူအညီဖြင့် သုံးဆယ့်နှစ်ကောဋ္ဌာသတွေကို အဇ္ဈတ္တ, ဗဟိဒ္ဓ အဝါးဝစွာ လေ့လာပြီးတဲ့ပုဂ္ဂိုလ်က မိမိကိုယ်တွင်းသန္တာန်မှာ တည်ရှိတဲ့ အရိုးစု ကောဋ္ဌာသကဲ့သို့သော ကောဋ္ဌာသတစ်ခုကို စိုက်ရှုကြည့်။ အောင်မြင်တဲ့အခါ ဗဟိဒ္ဓ ကောဋ္ဌာသ အရိုးစုကိုလည်း စိုက်ရှုကြည့်။ စိုက်ရှုကြည့်တဲ့ အချိန်အခါမှာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအနေနဲ့ နှလုံးသွင်းချင်လည်း သွင်းပါ။ မသွင်းချင်လို့ အဖြူကသိုဏ်းကို တိုက်ရိုက်သွားချင်တယ်ဆိုရင်တော့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီတစ်ဦးရဲ့ ဦးခေါင်းခွံလောက်ကို အာရုံယူပြီး စိုက်ကြည့်ပါ။ ဦးခေါင်းခွံကို အာရုံမယူတော့ဘဲ အဖြူရောင်ကို အာရုံပြောင်းပြီး ယူရပါတယ်။ အဲဒီ အဖြူရောင်ကို အာရုံယူပြီးတော့ “အဖြူ အဖြူ” လို့ နှလုံးသွင်းကြည့်ပါ။ ပါးစပ်ကတော့ မဆိုပါနဲ့။ စိတ်ကပဲ ရွတ်ဆိုလိုက စိတ်နဲ့ပဲ ဒီနေရာမှာ ရွတ်ဆိုချင် ရွတ်ဆိုပါ။ သို့သော် စိတ်ကလေးနဲ့ အဖြူရောင်အပေါ်မှာ စိတ်စိုက်ထားရင်လည်း လုံလောက်တဲ့ သဘောရှိတယ်။
အဲဒီလို “အဖြူ အဖြူ” လို့ ရှုနေရာကနေပြီးတော့ တဖြည်းဖြည်း အရိုးတွေ ပျောက်ပြီးတော့ အဖြူအဝန်းအဝိုင်း ပေါ်လာတတ်ပါတယ်။ အဲဒီ အဖြူအဝန်းအဝိုင်းမှာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားလိုက်ရင် အဖြူကနေပြီးတော့ အလွန် ကြည်လင်တောက်ပနေတဲ့ သောက်ရှူးကြယ်ကဲ့သို့ ကြည်လင်တောက်ပနေတဲ့ အကြည်ဘက်ကို ကူးသွားလိမ့်မယ်။ အဲဒီလို ကူးသွားတဲ့ အချိန်အခါမှာ အဝန်းအဝိုင်းက ကြီးတဲ့ပုဂ္ဂိုလ်လည်း ရှိတယ်။ အတိတ်က ပါရမီအားကောင်းခဲ့မယ်ဆိုလို့ရှိရင်တော့ နည်းနည်းလေး ဖြန့်ကျက်ပေးရတယ်။ ပါရမီအရှိန်အဝါတွေက အားကောင်းနေပြီဆိုရင်တော့ တဖြည်းဖြည်း သူ့ဟာသူ အလိုလို ပြန့်သွားတာလည်း ရှိပါတယ်။ အလိုလို ပြန့်သွားရင်လည်း “အဖြူ အဖြူ” ဆိုပြီး လိုက်သာ ဖြန့်လိုက်။ မပြန့်သေးရင်တော့ ပိုင်းခြားပြီးတော့ ဖြန့်ရပါတယ်။ လက်လေးသစ်လောက် အဝိုင်းအတိုင်းပေါ့။ လက်လေးသစ်လောက် ပြန့်ပါစေ သို့မဟုတ် လက်သုံးသစ်လောက် ပြန့်ပါစေ စသည်ဖြင့် ဒီလို ပိုင်းခြားဓိဋ္ဌာန်ပြီးတော့ ဖြန့်ရတယ်။

ဖြန့်လိုက်လို့ ပြန့်သွားရင် နည်းနည်း ဒီကသိုဏ်းဝန်းက လှုပ်ရှားလာတတ်ပါတယ်။ အဲဒီအချိန်အခါမှာလည်း “အဖြူ အဖြူ” လို့သာ ဆက်ပြီး ရှုကြည့်ပါ။ ရှုကြည့်လိုက်လို့ အောင်မြင်မှု ရပြီဆိုရင်တော့ အရပ်ဆယ်မျက်နှာ ပြန့်သွားအောင် တဖြည်းဖြည်း ဖြန့်လိုက်ပါ။ ဖြန့်ပြီးတဲ့ အချိန်ခါကျတော့မှ ဒီအဖြူတစ်နေရာလောက်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ပြန်ကြိုးစားရတယ်။ အဲဒီလို ကြိုးစားလိုက်တဲ့ အချိန်အခါမှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုရင်တော့ ထိုအချိန်အခါမှာ ဘဝင်မနောအကြည်ကို သိမ်းဆည်းပြီးတော့ ဈာန်အင်္ဂါတွေကို လှမ်းပြီး သိမ်းဆည်းလိုက်မယ်, ဆင်ခြင်လိုက်မယ်ဆိုရင် ဈာန်အင်္ဂါငါးပါး ထင်ရှားနေတာကို တွေ့နိုင်ပါတယ်။

ဝိတက်၊ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။
ဝိစာရ၊ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို ထပ်ခါထပ်ခါ ဆင်ခြင်နေခြင်းသဘော။
ပီတိ၊ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်း သဘော။
သုခ၊ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော။
ဧကဂ္ဂတာ၊ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော။
ဆိုပြီးတော့ ဒီဈာန်အင်္ဂါငါးပါး ထင်ရှားနေပါတယ်။

ပထမတော့ တစ်လုံးစီ ဆင်ခြင်ကြည့်ပါ။ နောက်တော့ ပြိုင်တူ မြင်အောင် ဆင်ခြင်ရတယ်။ သို့သော် အာဒိကမ္မိက၊ စအားထုတ်စ ပုဂ္ဂိုလ်တွေသည် ဈာန်ဝင်စားမှု များရမယ်။ ဈာန်အင်္ဂါ ဆင်ခြင်မှု နည်းရမယ်။ ဈာန်အင်္ဂါကို ခဏခဏ ဆင်ခြင်ရင်တော့ ဈာန်အင်္ဂါတွေက အလွန် ထင်ရှားလာတဲ့ အချိန်အခါမှာ သမာဓိလျှောကျသွားတတ်ပါတယ်။ သမာဓိ ပျက်သွားတတ်တယ်။ ဒါကြောင့် ဈာန်ကို ကြိမ်ဖန်များစွာ ဝင်စားပြီး ခိုင်ခံ့တဲ့ အချိန်အခါကျတော့မှ ကျေနပ်မှ ဒီဈာန်အင်္ဂါလေးတွေကို ဆင်ခြင်ကြည့်ပါ။ ဆင်ခြင်လို့ အောင်မြင်မှုရရင် ဝသီဘော်ငါးတန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရတယ်။

ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်ဆိုတဲ့ ဈာန်တွေကိုလည်း ပုံစံတူပဲ ကူးရပါတယ်။ ကူးလိုက်တဲ့ အချိန်အခါမှာ အဖြူရောင်ကသိုဏ်း ရှုသလို ဆံပင်တို့ကဲ့သို့ အပြင် ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီတစ်ယောက်ရဲ့ ဆံပင်ကဲ့သို့သော ညိုတဲ့ကောဋ္ဌာသကို အာရုံယူပြီး အညိုရောင်ကသိုဏ်းကို ပုံစံတူ ရှုနိုင်တယ်။ စတုတ္ထဈာန်ပေါက်အောင် ရှုနိုင်တယ်။ ကျင်ငယ်တို့လို ဝါနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီးတော့လည်း အဝါရောင်ကသိုဏ်းကို စတုတ္ထဈာန်ပေါက်အောင် ရှုနိုင်တယ်။ သွေးတို့လို နီနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီးတော့လည်း အနီရောင်ကသိုဏ်းကို စတုတ္ထဈာန်ပေါက်တဲ့အထိ ရှုနိုင်တယ်။ ပေါင်းလိုက်တော့ နီလ, ပီတ, လောဟိတ, ဩဒါတဆိုပြီးတော့ အရောင်ကသိုဏ်း ဘယ်နှစ်မျိုး ဖြစ်သွားလဲ? လေးမျိုး။

အဲဒီ အရောင်ကသိုဏ်းလေးမျိုးကို စတုတ္ထဈာန်အထိ ပေါက်အောင် ရှုနိုင်တဲ့ ပုဂ္ဂိုလ်က မြေကြီးတစ်နေရာမှာ ရပ်ပြီး သွားပြီး ပထဝီကသိုဏ်းကို ရှုကြည့်။ လွယ်လွယ်နဲ့ ရှုလို့ရတယ်။ ရေတွင်းထဲမှာ တည်ရှိနေတဲ့ ရေတွေကို ကြည့်ပြီးတော့ ရေကသိုဏ်း ရှုကြည့်, အာပေါကသိုဏ်း ရှုကြည့်။ မီးပုံကို ကြည့်ပြီးတော့ တေဇောကသိုဏ်းရှုကြည့်။ လွယ်လွယ်နဲ့ ရှုလို့ ရတယ်။ ဒီလင်းရောင်ခြည် အကူအညီကို ယူပြီးတော့ သစ်ပင်မှာ တိုက်ခတ်နေတဲ့ လေတွေကို အာရုံယူပြီး ဝါယောကသိုဏ်းကို ရှုကြည့်။ လွယ်လွယ်နဲ့ ရှုလို့ ရတတ်ပါတယ်။

အလားတူပဲ။ အင်ဂျင်မီးတို့လို၊ မီးသီးတစ်ခုကိုဖြစ်စေ၊ မီးချောင်းတစ်ခုကိုဖြစ်စေ အာရုံယူပြီး အလင်းရောင်ကသိုဏ်းကို ရှုကြည့်ရင်လည်း အာလောကကသိုဏ်း လွယ်လွယ်ကူကူနဲ့ ရှုလို့ ရပါတယ်။ ဘာဖြစ်လို့လဲ? ရှေးရှေးသမာဓိတွေက နောက်နောက် သမာဓိကို အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေလို့ ဖြစ်တယ်။ အလားတူပဲ။ သပိတ်ခြေကဲ့သို့ အဝန်းအဝိုင်းလေးတစ်ခုကို အာရုံယူပြီး ကောင်းကင်ဘက် ထောင်ကြည့်ပြီးတော့ အာကာသခေါ်တဲ့ သပိတ်ခြေခွေ အတွင်းမှာ တည်ရှိတဲ့ အာကာသလေးကို လှမ်းရှုကြည့်။ အာကာသကသိုဏ်းကိုလည်း လှမ်းရှုလို့ ရတယ်။
အဲဒီလို ကသိုဏ်း (၁၀)ပါးကို အဝါးဝစွာ လေ့လာပြီးတဲ့ သူတော်ကောင်းက အာကာသာနဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေဝသညာနာသညာယတနဈာန်ဆိုတဲ့ ဒီဈာန်တွေကို ကူးရင်လည်း လွယ်ကူသွားပြီ။ ဒါကတော့ ဆရာသမားနဲ့ ချဉ်းကပ်လေ့လာပါ။ အဲဒီလို လေ့လာလိုက်တဲ့ အပိုင်းလေးမှာ အဋ္ဌကထာက ဘာပြောသလဲလို့မေးရင် ခုနက ကာမ (၁၁)ဘုံအပေါ်မှာ တွယ်တာနေတဲ့ ကာမရာဂသံယောဇဉ်၊ ဗျာပါဒခေါ်တဲ့ ဒေါသသံယောဇဉ်။ ဒီသံယောဇဉ် နှစ်ပါးဟာ ဒီဈာန်တွေရဲ့ စွမ်းအားကြောင့် ခွာထားနိုင်တဲ့အဆင့်ကို ရောက်ရှိသွားမယ်။

အကယ်၍ ဒီဈာန်တွေကို အခြေခံပြီး ရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီးတော့ ဝိပဿနာ ကူးနိုင်ခဲ့မယ်ဆိုလို့ရှိရင် မိမိကလည်း အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ဆိုက်ခဲ့မယ်ဆိုရင်တော့ ဒီကာမရာဂသံယောဇဉ်နဲ့ ဗျာပါဒသံယောဇဉ် လုံးလုံး အမြစ်ပြတ် ရှင်းသွားလိမ့်မယ်။ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်၊ သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို ရရှိစဉ် အချိန်ခါက သက္ကာယဒိဋ္ဌိသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်၊ သီလဗ္ဗတပရာမာသသံယောဇဉ်ခေါ်တဲ့ ဒီသံယောဇဉ် သုံးပါးကလည်း ရှင်းပြီး ဖြစ်တယ်။ ခုတစ်ခါ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ဆိုက်ပြီဆိုလို့ရှိရင်လည်း ကာမရာဂသံယောဇဉ်နဲ့ ဗျာပါဒသံယောဇဉ်က ရှင်းပြီးဖြစ်တယ်။

အဲဒီလို သံယောဇဉ်တွေကို ရှင်းပြီးနေတဲ့ သူတော်ကောင်းတစ်ဦးအဖို့ကတော့ ကာမဘုံကို နောက်ထပ်တစ်ဖန် ပြန်လာခြင်းသဘော ရှိဦးမလား? မရှိတော့ဘူး။ သူက ဗြဟ္မာ့ပြည်မှာပဲ နေရတော့မယ်။ အာမခံချက် ခိုင်လုံသွားပြီ။ ဒီတော့ ဒီအာမခံချက် ခိုင်လုံတဲ့တရားတွေဟာ ဦးပဉ္စင်းတို့ သာသနာတော်မှာ ထင်ရှားရှိနေပါတယ်နော်။
ဒီတော့ ဒီကသိုဏ်းတွေကို ခုလို စနစ်တကျ လေ့လာပြီးတဲ့ အချိန်အခါကျတော့မှ ခုနက ဓာတ် လေးပါးကို အခြေတည်ပြီးတော့ တစ်ဖန် ပြန်ပြီးတော့ ခန္ဓာကိုယ်ကို ရှုလိုက်လို့ရှိရင် ခုနက အကြည်တုံး၊ အကြည်ခဲ ပြန်တွေ့နိုင်ပါတယ်။ တွေ့လိုက်တဲ့အခါမှာ အာကာသဓာတ်ကို ဒီတစ်ခါမှာ မြင်အောင် ရှုလိုက်လို့ရှိရင်တော့ ကလာပ်အမှုန်တွေ မြင်ပြီ။ ကလာပ်အမှုန်တွေ မြင်တဲ့ အချိန်အခါမှာ ယောဂီသူတော်ကောင်းက ဒီကလာပ်အမှုန်လေးတွေမှာ တစ်ခုတစ်ခုမှာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောခေါ်တဲ့ ဓာတ် (၄)ပါးကို စနစ်တကျ ရှုနိုင်ပြီဆိုရင်တော့ ပရမတ္ထနယ်မြေကို စတင် ရောက်ရှိပြီ။ ရုပ်ပရမတ်အစစ်ကို စသိတဲ့အဆင့် ဖြစ်ပါတယ်။ ရုပ်တရားကို စသိပြီဆိုရင်တော့ ကျန်နေတဲ့ အဆင်း၊ အနံ့၊ အရသာ၊ ဩဇာ အစရှိတဲ့ ဥပါဒါရုပ်ကလေးတွေကို ဆရာသမားနဲ့ ချဉ်းကပ်ပြီး တစ်စတစ်စ လေ့လာမယ်ဆိုရင် ရုပ် (၂၈)ပါး စနစ်တကျ သိမ်းဆည်းတတ်ပြီ။

ရုပ် (၂၈)ပါးကို သိမ်းဆည်းထားပြီးတဲ့ ယောဂီသူတော်ကောင်းက ဘာလိုသလဲ? ဒီရုပ်တရားတွေကို မှီတွယ်ပြီး ရုပ်တရားကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းရပါတယ်။ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီးပြီဆိုရင်တော့ ဒီပုဂ္ဂိုလ်က နာမရူပပရိစ္ဆေဒဉာဏ်ကို ဒီအချိန်အခါမှာ စတင်ပြီး ရရှိပြီ။ ထိုနာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိနေတဲ့ သူတော်ကောင်းတစ်ဦးက ဒီရုပ် ဒီနာမ်တွေ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီးတော့ ရှာဖွေရပါတယ်။

အဲဒီလို တစ်ဆင့်တက်ပြီး ရှာဖွေတဲ့အပိုင်းလေးတွေမှာ ဒီနေ့ ကထိန်သင်္ကန်းကို ကပ်လှူပူဇော်နေတဲ့ သူတော်ကောင်းတွေလိုပေါ့။ တစ်ချိန်ကလည်း မိမိတို့က သင်္ကန်းကို လှူဒါန်းပူဇော်ခဲ့ဖူးတဲ့ သူတော်ကောင်းတွေ ဖြစ်ခဲ့မယ်ဆိုရင် ဒီကံကလည်း ဒီဘဝမှာ လာပြီး အကျိုးပေးပြီဆိုရင် ဒီအာရုံနိမိတ်တွေကို လှမ်းသိမ်းဆည်းလို့ ရပါတယ်။ ဒီတော့ ဒီသိမ်းဆည်းပုံ နည်းစနစ်ကလေးနဲ့ ပတ်သက်လို့ ဘုန်းကြီးတို့ အနော်ဇာဒေဝီအကြောင်းလေးကိုတော့ နည်းနည်း ပြောချင်ပါတယ်။

မဟာကပ္ပိနမင်းကြီးနဲ့တကွ အမတ် (၅၀၀)တို့က တောထွက်သွားပြီ။ နန်းစည်းစိမ်ကို စွန့်လွှတ်ပြီး တောထွက်သွားလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်ထံ ရောက်တော့ ဧဟိဘိက္ခု ရဟန်းတွေလည်း ဖြစ်ကြတယ်။ သာသနာဘောင်ကို ဝင်ရောက်ပြီးလို့ ရှင်ရဟန်းပြုသွားကြပြီးတဲ့ အချိန်အခါမှာ ဆက်လက်ပြီး ကြိုးစားအားထုတ်လိုက်တော့ အရဟတ္တဖိုလ် တည်သွားတဲ့ သူတော်ကောင်းတွေလည်း ဖြစ်ကြတယ်။ အလားတူပဲ။ အနော်ဇာဒေဝီကလည်း နန်းစည်းစိမ် စွန့်လွှတ်ပြီး အနော်ဇာဒေဝီအမှူးရှိနေတဲ့ (၅၀၀)သော အမတ်ကတော်တွေကလည်း အကုန်လုံး နန်းစည်းစိမ်တွေ စွန့်လွှတ်ပြီးတော့ တောထွက်ကြပြန်တယ်။

ဘုရားရှင်ရဲ့ သာသနာတော်မှာ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလိုက်ကြတာ နောက်ဆုံး အရဟတ္တဖိုလ် တည်သွားကြပြီ။ ဒီနေရာမှာ အနော်ဇာဒေဝီက ဘာကောင်းမှုကုသိုလ် ပြုခဲ့သလဲဆိုတော့ သူက ကဿပဘုရားရှင် လက်ထက်တော်မှာ သူတို့က စုပေါင်းပြီးတော့ ကျောင်းတွေ ဆောက်လုပ်လှူဒါန်းခဲ့ကြတယ်။ အဲဒီ ကျောင်းရေစက်ချပွဲမှာ ဘာလုပ်သလဲ? အနော်ဇာပန်းဆိုတဲ့ ပန်းလေးတွေကို လင်ဗန်းထဲမှာ သူက အပြည့်ထည့်တယ်။ အနော်ဇာပန်းဆိုတာက ဘာပန်းလဲလို့မေးရင်တော့ ရှေးရှေး ဆရာတော်ကြီးများကတော့ လိပ်ဆူးရွှေပန်းဆိုပြီးတော့ ဒီလို ဘာသာပြန်ထားတော်မူကြပါတယ်။ ဆီးကောင်းတယ်လို့ ဘုန်းကြီး ငယ်ငယ်ကတော့ မှတ်သားဖူးတယ်။ လိပ်ဆူးပင်ပဲနော်။
အဲဒီတော့ လိပ်ရွှေပင်ဆိုပြီးတော့ လွယ်လွယ်နဲ့ ခေါ်လည်းခေါ်ကြတယ်။ ဒီ လိပ်ဆူးရွှေပန်းလေးတွေက ဝါတယ်လို့ ပြောဖို့လည်း ခက်တယ်၊ နီတယ်လို့ ပြောဖို့လည်း ခက်တယ်။ ဘာရောင်လဲလို့ ပြောရင်တော့ အရောင်တစ်ခုခုနဲ့ သတ်မှတ်ပြောပါဆိုရင်တော့ တော်တော်လေး သတ်မှတ်ပြောဖို့ရန် ခက်ခဲပါတယ်။ နီကျင်ကျင်ရှိနေတဲ့ အလွန် လှပတဲ့ ကြက်ဥအရောင်နဲ့ နည်းနည်းလေးတော့ ဆင်တင်တင်လေး ရှိတယ်။ အဲဒီ ပန်းလေးတွေကို သူက တော်တော်လေး မြတ်နိုးတဲ့သဘော ရှိပုံရတယ်။

ရှိပုံရတဲ့ အချိန်အခါကျတော့ ဒီလိပ်ဆူးရွှေပန်းတွေကို ဗန်းထဲမှာ အပြည့်ထည့်ပြီးတော့ အပေါ်ကနေပြီးတော့ သင်္ကန်းလေးတစ်စုံကိုတင်၊ တင်ပြီးတဲ့ အချိန်မှာ ကဿပမြတ်စွာဘုရားရဲ့ ခြေတော်ရင်းကို ချပြီးတော့ သူက ဆုတောင်းတယ်တဲ့။ ဖြစ်လေရာဘဝမှာ ဘုရားတပည့်တော်ရဲ့ ကိုယ်အရေအဆင်းသည် ဒီလိပ်ဆူးရွှေပန်းကဲ့သို့ လှပတင့်တယ်တဲ့ ကိုယ်အရေအဆင်းရှိတဲ့ အမျိုးသမီး ဖြစ်ရပါလို၏၊ ဒီဆုတစ်ခု တောင်းတယ်။ နာမည်အားဖြင့်လည်း အနော်ဇာအမည်ရှိတဲ့ အမျိုးသမီးသာ ဖြစ်ရပါလို၏ဆိုပြီးတော့ ဒီဆုကို တောင်းတယ်။

တောင်းလိုက်တဲ့ အချိန်အခါကျတော့ သူ့ရဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တွေကို လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ အနော်ဇာအမည်ရှိတဲ့ လိပ်ဆူးရွှေပန်း အရောင်အဆင်းနဲ့တူတဲ့ အမျိုးသမီးဆိုတာ ပရမတ္ထသစ္စာနယ်မှာ ရှိသလား? မရှိဘူးနော်။ ပရမတ္ထသစ္စာနယ်မှာ ရှိတာက အကြောင်းတရား အစုအပုံ၊ အကျိုးတရား အစုအပုံသာ ရှိတယ်။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေက ဘယ်လိုသဘောသာရှိသလဲ? ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားတွေသာ မှန်တယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားတွေသာ မှန်တယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားတွေသာ မှန်ကြတယ်။

အနိစ္စတရား အစုအပုံ၊ ဒုက္ခတရား အစုအပုံ၊ အနတ္တတရား အစုအပုံပဲလို့ မသိဘဲ၊ ရုပ်တရား အစုအပုံ၊ နာမ်တရား အစုအပုံ၊ အကြောင်းတရား အစုအပုံ၊ အကျိုးတရား အစုအပုံပဲလို့ မသိဘဲ အနော်ဇာပန်း အဆင်းရှိနေတဲ့ အမျိုးသမီးလို့ သိခဲ့ရင် ဒီအသိသည် မှားလား၊ မှန်လား? မှားနေပြီ။ အဲဒီ အသိမှားမှုသဘောလေးက ဘာလဲ? အဝိဇ္ဇာ။ အနော်ဇာပန်း အဆင်းရှိနေတဲ့ အမျိုးသမီးဘဝကို လှမ်းပြီး တွယ်တာတပ်မက်နေတဲ့သဘောက တဏှာ။ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်။ ဒီ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် သုံးခု ခြံရံပြီးတော့ ကဿပဘုရားရှင်အား လိပ်ဆူးရွှေပန်းနှင့် သင်္ကန်းကို လှူဒါန်းပူဇော်တယ်။ ကျောင်းတွေကို လှူဒါန်းပူဇော်တယ်။ သင်္ခါရကုသိုလ်ကံ စေတနာအုပ်စုတွေ ဖြစ်ပေါ်လာတယ်။

ဒီသင်္ခါရကုသိုလ်ကံ စေတနာတွေကလည်း အနိစ္စတရားဖြစ်ခြင်းကြောင့် ဖြစ်ပြီးတာနဲ့ ပျက်သွားတယ်။ ဒါပေမယ့်လို့ တစ်ချိန်မှာ သူမျှော်လင့်တောင့်တနေတဲ့ အနော်ဇာပန်းအဆင်းရှိနေတဲ့၊ အနော်ဇာအမည်ရှိတဲ့ အမျိုးသမီးဘဝလို့ ခေါ်ဆိုအပ်တဲ့ ခန္ဓာ (၅)ပါး ရုပ်တရား နာမ်တရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိလေးက ဘာလဲ? ကံပဲ။ ပေါင်းလိုက်တော့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုပြီးတော့ အကြောင်းတရား ဘယ်နှစ်ခု ရှိလဲ? ငါးခု။ အကြောင်းတရား ငါးခု စုံညီသွားတဲ့ ကောင်းမှုကုသိုလ်ကံဖြစ်တယ်။
ဖြစ်လိုက်တော့ ဒီကံကနေ အကျိုးပေးလိုက်တဲ့ အချိန်အခါမှာ နောက်ဆုံးဘဝမှာ သူ ဘာဖြစ်သလဲ? မဟာကပ္ပိနမင်းကြီးရဲ့ အနော်ဇာဒေဝီ အမည်ရှိနေတဲ့ မိဖုရားကြီးတစ်ဦး လာဖြစ်တယ်။ အသားအရေ အရောင်အဆင်း ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း သူမျှော်လင့်တောင့်တထားတဲ့အတိုင်း အနော်ဇာပန်း အဆင်းရှိနေတဲ့ အမျိုးသမီးကောင်းတစ်ဦးပဲ လာဖြစ်ရတယ်။ ဒီအမျိုးသမီးဘဝကို တွယ်တာနေတဲ့ ကာမရာဂသံယောဇဉ်တရားကို သူ ပယ်ရှားနိုင်တဲ့စွမ်းအား မရှိတဲ့အတွက် ဒီအမျိုးသမီးဘဝဆိုတဲ့ ခန္ဓာ (၅)ပါးကို ရသလား၊ မရဘူးလား? ရတယ်။ ဒီကာမရာဂသံယောဇဉ်ကို မဖြတ်တောက်နိုင်တဲ့အတွက် ကာမ (၁၁)ဘုံမှ သူ လွတ်သလား၊ မလွတ်ဘူးလား? မလွတ်နိုင်ဘူး။
ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှာဖွေရသလဲ? အဲဒီလို ရှာဖွေတဲ့အပိုင်းမှာ အဘိညာဏ်လား၊ ဝိပဿနာလား? ဒီလိုတော့ မေးကြပါတယ်။ သံယုတ်ပါဠိတော်မှာ ခန္ဓဝဂ်မှာ ခဇ္ဇနီယသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု ရှိတယ်။ ထိုသုတ္တန်မှာ မြတ်စွာဘုရားက ဘယ်လို ဟောထားလဲ?

‘‘ယေ ဟိ ကေစိ၊ ဘိက္ခဝေ၊ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရန္တိ၊ သဗ္ဗေ တေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ။’’ (သံ၊၂၊၇၁။ ခဇ္ဇနီယသုတ္တန်။)

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့၊ ယေ ဟိ ကေစိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ၊ အကြင်အချို့ကုန်သော သမဏေ သော်လည်းကောင်း၊ ဗြာဟ္မဏတို့သည် သော်လည်းကောင်း၊ အနေကဝိဟိတံ၊ အထူးထူး အပြားပြားများစွာသော၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို၊ အနုဿရမာနာ၊ ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကုန်သည်ရှိသော်၊ အနုဿရန္တိ၊ အောက်မေ့နိုင်ကြကုန်၏၊ သဗ္ဗေ တေ၊ ထိုအောက်မေ့သော သမဏဗြာဟ္မဏ အားလုံးတို့သည်၊ ပဉ္စုပါဒါနက္ခန္ဓေ၊ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုလည်းကောင်း၊ ဧတေသံ ဝါ၊ ဤဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင်၊ အညတရံ၊ တစ်ပါးပါးသော ခန္ဓာကိုလည်းကောင်း၊ အနုဿရန္တိ၊ အောက်မေ့နိုင်ကြကုန်၏။

ချစ်သားရဟန်းတို့ ... သမဏ ဗြဟ္မဏတစ်ချို့က ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့မယ်ဆို အောက်မေ့နိုင်တယ်။ အဲဒီလို အောက်မေ့တဲ့အပိုင်းမှာ ဘာတွေကို သူတို့ အောက်မေ့နိုင်သလဲလို့မေးရင် —

‘‘ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ။’’ (သံ၊၂၊၇၁။ ခဇ္ဇနီယသုတ္တန်။)

ပဉ္စုပါဒါနက္ခန္ဓေ၊ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုလည်းကောင်း၊ ဧတေသံ ဝါ၊ ဤဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင်၊ အညတရံ၊ တစ်ပါးပါးသော ခန္ဓာကိုလည်းကောင်း၊ အနုဿရန္တိ၊ လှမ်း၍ အောက်မေ့နိုင်ကြကုန်၏။

ပဉ္စုပါဒါနက္ခန္ဓာ (၅)ပါးကိုလည်း လှမ်း အောက်မေ့မယ်ဆိုရင် အောက်မေ့လို့ ရတယ်။ သိမ်းဆည်းလို့ ရတယ်။ ပဉ္စုပါဒါနက္ခန္ဓာ (၅)ပါးထဲက ခန္ဓာတစ်ပါးပါးကို လှမ်းပြီး သိမ်းဆည်းမယ်၊ အောက်မေ့မယ်ဆိုရင်လည်း သိမ်းဆည်းလို့ အောက်မေ့လို့ ရနိုင်ပါတယ်လို့ ဒီလို ဘုရားဟောထားတယ်။ ဒီဘုရားဟောချက်နဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က ဘာရှင်းထားလဲလို့ မေးတော့ —

‘‘ပုဗ္ဗေနိဝါသန္တိ န ဣဒံ အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ။’’

ပုဗ္ဗေနိဝါသန္တိ၊ ပုဗ္ဗေနိဝါသဟူသော ဤပုဒ်ကို၊ ဣဒံ၊ မြတ်စွာဘုရား ဟောတော်မူအပ်သော ဤစကားကို၊ အဘိညာဝသေန၊ အဘိညာဏ်၏ စွမ်းအားဖြင့်၊ အနုဿရဏံ၊ အောက်မေ့ခြင်းကို၊ န သန္ဓာယ ဝုတ္တံ၊ ရည်ရွယ်၍ ဟောတော်မူအပ်သည် မဟုတ်။

ပုဗ္ဗေနိဝါသဆိုတဲ့ ရှေး၌ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့မှုဆိုတာ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ရဲ့ စွမ်းအားဖြင့် အတိတ်ကို လှမ်းရှုနေတာကို မဆိုလိုပါဘူးတဲ့။

‘‘ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ။’’ (သံ၊ဋ္ဌ၊၂၊၂၆၆။)

ဝိပဿနာဝသေန ပန၊ ဝိပဿနာဉာဏ်၏ စွမ်းအားဖြင့်မူကား၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို၊ အနုဿရန္တေ၊ ပြန်၍ရှုကုန်သော၊ သမဏဗြာဟ္မဏေ၊ သမဏဗြဟ္မဏတို့ကို၊ သန္ဓာယ၊ ရည်ရွယ်၍၊ ဧတံ၊ ဤသုတ္တန်ကို၊ ဝုတ္တံ၊ ဟောတော်မူအပ်သတည်း။

ဝိပဿနာရဲ့စွမ်းအားဖြင့် အတိတ်တွေမှာ တည်ရှိတဲ့ ခန္ဓာ (၅)ပါးကို ပြန်ရှုနေတဲ့ သမဏ ဗြဟ္မဏ အမည်ရတဲ့ပုဂ္ဂိုလ်တွေကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရား ဒီသုတ္တန်ကို ဟောကြားတော်မူခြင်း ဖြစ်ပါတယ်ဆိုပြီး အဋ္ဌကထာက ရှင်းထားတယ်နော်။ ဒီတော့ ပြောဆိုလိုတာကတော့ အကြောင်းတရားတွေကို လှမ်းသိမ်းဆည်းတဲ့အပိုင်းမှာ ခုနက အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတာကလည်း နာမ်ခန္ဓာ (၄)ပါးသာ ဖြစ်ပါတယ်။ နာမ်တရားတွေပဲ။ နာမ်ခန္ဓာ (၄)ပါးတွေကလည်း ခုနက ကဿပဘုရား သာသနာတော်အတွင်းမှာ သူက ကျောင်းဆောက်ပြီး လှူဒါန်းခဲ့တဲ့ အမျိုးကောင်းသမီးတစ်ဦး ဖြစ်တယ်။ စုပေါင်း လှူဒါန်းတဲ့ပွဲပါပဲ။ အဲဒီ အမျိုးသမီးဘဝမှာ ရုပ်တရားကော မရှိဘူးလား? ရှိတယ်။ အဲဒီ ရုပ်တရား အထူးသဖြင့် ဟဒယဝတ္ထုကို မှီတွယ်ပြီးတော့ ဒီအဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံတွေက ဖြစ်ခဲ့တော့ မှီရာဝတ္ထုရုပ်တွေက ရူပက္ခန္ဓာ။ ပေါင်းလိုက်တော့ ခန္ဓာ ဘယ်နှစ်ပါးလဲ? ခန္ဓာ (၅)ပါး။ အဲဒီ ခန္ဓာ (၅)ပါးကို လှမ်းပြီး သိမ်းဆည်းမယ်ဆိုရင် သိမ်းဆည်းလို့ရတယ်။ ဘာနဲ့ သိမ်းဆည်းမလဲ? ဝိပဿနာဉာဏ်လို့သာ ခြုံပြောတယ်။ ခု ဒီအဆင့်ကတော့ ပစ္စယပရိဂ္ဂဟဉာဏ်လို့လည်း ခေါ်နိုင်ပါတယ်။

အဲဒီ ပစ္စယပရိဂ္ဂဟဉာဏ်၊ ဝိပဿနာဉာဏ်တွေနဲ့ အတိတ်က ခန္ဓာ (၅)ပါးလို့ ခေါ်ဆိုအပ်တဲ့ အကြောင်းတရားတွေကို လှမ်းပြီး သိမ်းဆည်းခဲ့ရင် သိမ်းဆည်းလို့ မရဘူးလား? ရတယ်။ သိမ်းဆည်းပုံစနစ်ကတော့ ဗဟိဒ္ဓ ခန္ဓာ (၅)ပါးကို ကြိုတင်ပြီးတော့ အရင် သိမ်းဆည်းရတယ်။ အဇ္ဈတ္တမှာ ရုပ်တွေ နာမ်တွေ သိမ်းဆည်းတတ်တဲ့ပုဂ္ဂိုလ်က ဗဟိဒ္ဓမှာလည်း ရုပ်တွေ နာမ်တွေကို ဆက်လက်ပြီးတော့ သိမ်းဆည်းရတယ်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံးမှာ ရုပ်တွေ နာမ်တွေကို အဝါးဝစွာ သိမ်းဆည်းပြီးတဲ့ အချိန်အခါကျတော့မှ အတိတ်ဘက်ကို တာစူပြီးတော့ တရားမထိုင်ခင်က ရုပ်နာမ်၊ မနက်ပိုင်းက ရုပ်နာမ်၊ မနေ့က ရုပ်နာမ်၊ တစ်နေ့က ရုပ်နာမ်၊ လွန်ခဲ့တဲ့လ၊ လွန်ခဲ့တဲ့နှစ် စသည်ဖြင့် တဖြည်းဖြည်း တာစူပြီးတော့ အတိတ်ဘက်ကို တာစူပြီး ရုပ်တွေ နာမ်တွေကို သိမ်းဆည်းသွားရပါတယ်။

အဲဒီလို သိမ်းဆည်းသွားလိုက်တဲ့ အချိန်အခါမှာ အမိဝမ်းတွင်း ပဋိသန္ဓေ ကလလရေကြည်အထိ ရုပ်တွေ နာမ်တွေ သိမ်းဆည်းပြီးပြီဆိုရင် ဒီရုပ် ဒီနာမ်သည် ဘယ်က ဖြစ်ပေါ်လာပါသလဲလို့ သိချင်တဲ့စိတ်နဲ့ ဟိုဘက်ကို လှမ်းထိုးပြီးတော့ လင်းရောင်ခြည်စွမ်းအား အကူအညီနဲ့ စိုက်ပြီး ရှုလိုက်တဲ့ အချိန်အခါမှာ ခုနက အနော်ဇာဒေဝီတို့လိုပေါ့။ သင်္ကန်းလှူဒါန်းခဲ့တဲ့ ကောင်းမှုကုသိုလ်ကံ။ ဒီကံတစ်ခုက အကျိုးပေးတော့မယ်ဆိုရင် သေခါနီးကာလမှာ အသစ်တစ်ဖန် ဒီကောင်းမှုကုသိုလ်ကံတွေကို ပြုနေတဲ့ အခြင်းအရာအားဖြင့်သော်လည်း ထင်ချင်ထင်တတ်တယ်။ သို့မဟုတ် မိမိ လှူဒါန်းခဲ့တဲ့ သင်္ကန်းတွေနှင့် ပန်းတွေ အာရုံတွေသော်လည်း ထင်ချင် ထင်နေတတ်တယ်။ သို့မဟုတ် အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ ကဿပဘုရားရှင်ကဲ့သို့သော အလှူခံပုဂ္ဂိုလ်တွေသော်လည်း အာရုံတွေသော်လည်း ထင်ချင်ထင်နေတတ်ပါတယ်။
အဲဒီလို အာရုံ ထင်လာတဲ့ အချိန်အခါကျတော့မှ ဒီလှူဒါန်းပူဇော်နေတဲ့ အာရုံနိမိတ်ကို အခြေခံပြီးတော့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဆိုတဲ့ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ရှာဖွေရတာဖြစ်တယ်။ အဲဒီလို ရှာဖွေလို့ တွေ့ရှိပြီဆိုတဲ့ အခါကျတော့မှ ဒီအဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံတွေက ဒီဘဝ ပဋိသန္ဓေ ခန္ဓာ (၅)ပါး အစရှိတဲ့ ရုပ်တွေ နာမ်တွေကို ထင်ရှားတိုက်ရိုက်ဖြစ်စေသလား၊ မဖြစ်စေဘူးလားဆိုတာကိုတော့ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ဆန်းစစ်ရပါတယ်။
ဆန်းစစ်လို့ ခန္ဓာ (၅)ပါးကြောင့် သို့မဟုတ် ဒီအဝိဇ္ဇာ၊ တဏှာ、 ဥပါဒါန်၊ သင်္ခါရ၊ ကံတွေကြောင့် ဒီဘက်ဘဝမှာ ပဋိသန္ဓေ ရုပ်တရား နာမ်တရား အစရှိတဲ့ ရုပ်တွေ နာမ်တွေ ထင်ရှားဖြစ်နေတာကို ဉာဏ်နဲ့ မြင်ပြီဆိုတဲ့ အချိန်အခါကျတော့မှ —

အဝိဇ္ဇာဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ကမ္မဇရုပ်ဖြစ်၏၊
အဝိဇ္ဇာက အကြောင်းတရား၊ ပဋိသန္ဓေ ကမ္မဇရုပ်က အကျိုးတရား။

စသည်ဖြင့် ဒီနေရာမှာ အကြောင်းအကျိုး စတင် သိမ်းဆည်းရပါတယ်။ အဲဒီလို အကြောင်းတရား အကျိုးတရားတွေကို စနစ်တကျ စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ အစရှိသည်ဖြင့် ဝီထိ ခြောက်မျိုးလုံးမှာ စနစ်တကျ လိုက်ပြီး သိမ်းဆည်းရတယ်။ သိမ်းဆည်းလို့ အောင်မြင်ပြီးတဲ့ အချိန်အခါကျတော့မှ

‘‘အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ။’’

အတီတေပိ၊ အတိတ်ကာလ၌လည်းကောင်း၊ ပစ္စယာ စေဝ၊ အကြောင်းတရားတို့သည်လည်းကောင်း၊ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အကြောင်းကြောင့်ဖြစ်သော အကျိုးတရားတို့သည်လည်းကောင်း၊ အနာဂတေပိ၊ အနာဂတ်ကာလ၌လည်းကောင်း၊ ဧတရဟိပိ၊ ယခုပစ္စုပ္ပန်ကာလ၌လည်းကောင်း၊ ပစ္စယာ စေဝ၊ အကြောင်းတရားတို့သည်လည်းကောင်း၊ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အကြောင်းကြောင့်ဖြစ်သော အကျိုးတရားတို့သည်လည်းကောင်း (ထင်ရှားရှိကြကုန်၏)။

ဟိုသမ္မောဟအဋ္ဌကထာကြီးက ဖွင့်ထားတယ်။ အတိတ်ကြည့်လိုက်တော့လည်းပဲ အကြောင်းတရားနဲ့ အကျိုးတရားသာ ရှိတယ်။ အနာဂတ်ကြည့်လိုက်တော့လည်းပဲ အကြောင်းတရားနဲ့ အကျိုးတရားသာ ရှိတယ်။ ပစ္စုပ္ပန်ကြည့်လိုက်တော့လည်းပဲ အကြောင်းတရားနဲ့ အကျိုးတရားသာ ရှိတယ်လို့ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလ သုံးပါးလုံးမှာ အကြောင်းတရား အစုအပုံ၊ အကျိုးတရား အစုအပုံသာ ရှိတယ်လို့ ဒီလို သိအောင် တစ်ဆင့်တက်ပြီး သိမ်းဆည်းရပါတယ်။

ဒီလိုဆိုရင် အတိတ်မှာလည်း အကြောင်းနဲ့ အကျိုးပဲ ရှိတယ်လို့ သိချင်တယ်ဆိုရင် ဟိုဘက်ကို လှမ်းပြီး နောက်ထပ် အတိတ်တစ်ခုလောက်တော့ လှမ်းရှုဖို့ မလိုဘူးလား? လိုအပ်လာတယ်နော်။ ဒါမှသာလျှင် အတိတ်မှာလည်း အကြောင်းနဲ့ အကျိုးပဲ ရှိတယ်ဆိုတာကို ပေါ်ပေါ်လွင်လွင် သိမယ်။ အဲဒီလို စနစ်တကျ သိမ်းဆည်းလိုက်တဲ့အပိုင်းမှာ အတိတ်တွေကို ကုန်စင်အောင် သိမ်းဆည်းရမလားဆိုတော့ ဒီလိုတော့ မဆိုလိုပါဘူးနော်။ သတ္တဝါတွေအတွက် သံသရာခရီးဆိုတာက အလွန် ရှည်လျားလှတာဖြစ်တော့ ရှည်လျားလှတဲ့ သံသရာခရီးတစ်လျှောက်ကိုတော့ ကုန်စင်အောင် ဘယ်လိုမှ မရှုနိုင်ဘူး။
မရှုနိုင်ပေမယ့်လို့ စွမ်းအားရှိသလောက် နှစ်ဘဝ သုံးဘဝ စသည်လောက်တော့ အတိတ်မှာလည်း အကြောင်းတရားနဲ့ အကျိုးတရား ရှိတယ်လို့ ဒီလို သိအောင်တော့ ရှုရပါတယ်။ အဲဒီလို ရှုပြီးတဲ့ အချိန်အခါကျတော့မှ မရှုနိုင်တဲ့ အတိတ်တွေကို ထိုနည်းလည်းကောင်းဆိုပြီး ထိုအချိန်အခါကျတော့မှ မှန်းဆပြီး ရှုရပါတယ်။ အတိတ်ကို လုံးလုံး မရှုဘဲနဲ့ အတိတ်တွေကို ထိုနည်းလည်းကောင်းဆိုပြီး မှန်းဆပြီး သက်သက်ရှုတာမျိုးတော့ မဟုတ်ဘူးနော်။

အဲဒီလို ရှုကွက်တွေက အောင်မြင်ပြီးတဲ့ အချိန်အခါကျတော့မှ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး အနိစ္စလို့ ရှုတယ်။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး ဒုက္ခလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး အနတ္တလို့ ရှုတယ်။ အဲဒီလို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး (၃)တန် တင်ပြီး တွင်တွင်ကြီး ရှုနေတဲ့အပိုင်းကိုတော့ ဝိပဿနာလို့ ခေါ်ပါတယ်။ အဲဒီ ဝိပဿနာကတော့ အလွန် ကျယ်ပြန့်တဲ့သဘော ရှိပါတယ်။ ဆရာသမားနဲ့ စနစ်တကျ သေသေချာချာ ချဉ်းကပ်ပြီး လေ့လာသင်ကြားပါမှ ရှုကွက်တွေကိုလည်း စုံအောင် ရှုနိုင်တဲ့သဘော ရှိတယ်။ ဒါပေမယ့် ဒီည ဘုန်းကြီး ဗဟုသုတလေးတစ်ခုတော့ ဒီနေရာမှာ နည်းနည်းတော့ ထပ်ပြောချင်ပါတယ်။

ဝိပဿနာတွေကို ရှုတဲ့အပိုင်းလေးမှာ ဖြစ်တာသက်သက်ကိုသာ ရှုသည် မဟုတ်။ ချုပ်တဲ့ သဘာဝကိုလည်း ရှုဖို့ရန် မြတ်စွာဘုရားက ကြောင်း-ကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေမှာ ဟောထားပါတယ်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးမှာလည်း “အဝိဇ္ဇာ နိရောဓာ၊ ရူပနိရောဓော” စသည်ဖြင့် ချုပ်စဉ်တွေကို ရှုဖို့ရန်အတွက် ဟောထားတယ်။ နိဒါနဝဂ္ဂသံယုတ် ပါဠိတော်တစ်လျှောက်မှာလည်း “အဝိဇ္ဇာယတွေဝ အသသေဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော” စသည်ဖြင့် အကြောင်းတရားတွေ ချုပ်လို့ အကျိုးတရားတွေ ချုပ်ငြိမ်းပုံ ချုပ်စဉ်ကိုလည်း ရှုဖို့ရန်အတွက် မြတ်စွာဘုရားက ဟောထားပါတယ်။

အထူးသဖြင့် နာမည်ကျော်ဖြစ်တဲ့ မဟာသတိပဋ္ဌာနသုတ္တန်မှာလည်း အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်တွေ နာမ်တွေ သိမ်းဆည်းပြီးတဲ့ သူတော်ကောင်းကို အကြောင်းတရားတွေ သိမ်းဆည်းဖို့ရန်အတွက် —

‘‘သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။’’
စသည်ဖြင့် အကြောင်းတရားတွေ ထင်ရှားဖြစ်လို့ အကျိုးတရား ထင်ရှားဖြစ်ပုံ။ အကြောင်း-အကျိုးတို့ရဲ့ ဖြစ်မှုသဘော။ အကြောင်းတရားတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရားတို့ရဲ့ ချုပ်ငြိမ်းပုံ။ အကျိုးတရားတို့ရဲ့ ပျက်မှုသဘော။ ဒီသဘောတရားတွေကိုလည်း ရှုဖို့ရန်အတွက် မဟာသတိပဋ္ဌာနသုတ္တန်မှာ မြတ်စွာဘုရားလည်း ဟောထားပါတယ်။
ဟောထားလိုက်တဲ့ အချိန်အခါကျတော့မှ အကြောင်းတရားတွေ ချုပ်ငြိမ်းလို့ အကျိုးတရားတွေ ချုပ်ငြိမ်းတဲ့ သဘောကိုတော့ အနုပ္ပါဒနိရောဓလို့ ခေါ်ပါတယ်။ ခုနက ဘုရားရှင်ဟောထားတဲ့အတိုင်း “အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော” စသည်ဖြင့် ဟောထားတော်မူတဲ့အတိုင်းပဲ။ အကြွင်းအကျန်မရှိ ကုန်စင်အောင် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေရဲ့ ချုပ်ငြိမ်းမှုကို မြင်အောင် ရှုရပါတယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေက ဘယ်အချိန်အခါမှာ ကုန်သလဲ? ဒကာကြီးတွေ, ဒကာမကြီးတွေ နည်းနည်း စဉ်းစားကြည့်ပါ။ ဘယ်အချိန်အခါမှာ ကိလေသာတွေ ကုန်မလဲ? အရဟတ္တမဂ်ရတဲ့ အချိန်အခါမှာ နားလည်လွယ်အောင် ပြောရင်တော့ ရဟန္တာဖြစ်မယ့် အချိန်အခါကျမှ ကိလေသာတွေ ကုန်မှာဖြစ်တယ်။

ခု မိမိတို့က တရားနာနေတဲ့ အချိန်အခါမှာ ပုထုဇန်ပဲ ရှိသေးတယ်ဆိုကြပါစို့။ ပုထုဇန်ပဲ ရှိသေးတော့ ကိလေသာတွေက ကုန်ပြီလား? မကုန်သေးဘူး။ ဒါဖြင့်ရင် နောင်တစ်ချိန် ကိလေသာ ကုန်မယ့်, ရဟန္တာဖြစ်မယ့်အချိန်သည် ပစ္စုပ္ပန်လို့ ပြောမလား, အနာဂတ်လို့ ပြောမလား? (အနာဂတ်)။ အဲဒီ အနာဂတ်ကာလမှာ အရဟတ္တမဂ်ရမယ့်အချိန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေက အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားတဲ့အတွက် ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်မှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ရဲ့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို မြင်အောင် ရှုရမယ်။ ဒီလိုဆိုရင် ဒီရှုကွက်သည် အနာဂတ်နှင့် ကင်းလို့ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ အကြောင်းတရား အကျိုးတရား သိမ်းဆည်းတဲ့အပိုင်းမှာ ခုနက ပြောခဲ့တဲ့အတိုင်း အတိတ်က ပြုစုခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေက ဒီဘဝမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို လာပြီး ဖြစ်ပေါ်စေတယ်။ အကျိုး ဝိပါကဝဋ် ခန္ဓာငါးပါးပဲ။ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကလည်း သံသရာခရီး မဆုံးသေးတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့မယ်ဆိုရင် နောင်အနာဂတ်မှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ အဲဒီလို အကြောင်းတရား မကုန်သေးရင် အကျိုးတရားတွေက ဒီပုံစံအတိုင်း ဖြစ်တယ်။

တချို့တချို့ ဒီဘဝမှာ ရဟန္တာဖြစ်မယ့် သူတော်ကောင်းတွေကျတော့ ဒီဘဝ အနာဂတ်လို့ ပြောနိုင်တယ်။ နောက်ထပ် ပထမအနာဂတ်ဘဝ အစရှိတဲ့ ဘဝတစ်ခုခုကျမှ အရဟတ္တမဂ်ရမယ်ဆိုရင် နောင်ဘဝ အနာဂတ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီတော့ ထိုနောင်အနာဂတ်ဘဝကျမှ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ရဲ့ ချုပ်ငြိမ်းမှုကို မြင်အောင် လမ်းပြီး ရှုရမှာ ဖြစ်တယ်။ ဒါကြောင့် ဒီသမုဒယဓမ္မာနုပဿီခေါ်ဆိုအပ်တဲ့ ရှုကွက်။ ဝယဓမ္မာနုပဿီလို့ ခေါ်ဆိုအပ်တဲ့ ရှုကွက်တွေသည် အတိတ် အနာဂတ်နဲ့ ကင်းပြီး ရှုလို့ ရနိုင်တဲ့ ရှုကွက်မျိုး ဟုတ်သလား? မဟုတ်ဘူးနော်။ အကြောင်းတရားဖြစ်ရင် အကျိုးဖြစ်တယ်။ အကြောင်းတရား ချုပ်ရင် အကျိုးတရား ချုပ်တယ်။ ဒီဖြစ်စဉ် ချုပ်စဉ်တွေကို မြင်အောင် ရှုရမယ်။ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကိုလည်း မြင်အောင် ရှုရမယ်။ ဘာကြောင့်လဲ? အကြောင်းတရားအပေါ်၌ တွယ်တာနေတဲ့ တဏှာ, မာန, ဒိဋ္ဌိအစွဲ။ အကျိုးတရားတွေ အပေါ်၌ တွယ်တာနေတဲ့ တဏှာ, မာန, ဒိဋ္ဌိအစွဲတွေ ပြိုအောင် ဝိပဿနာက ရှုနေတာဖြစ်တယ်။

အဲဒီလို ပြိုအောင် ရှုလိုက်တဲ့အပိုင်းမှာ ဉာဏ်တွေကလည်း ရင့်ကျက်လာပြီဆိုကြစို့။ ရင့်ကျက်လာတဲ့ အချိန်အခါမှာ တဖြည်းဖြည်းနဲ့ ယောဂီပုဂ္ဂိုလ်က ဖြစ်မှုကို မကြည့်တော့ဘဲ ပျက်မှုကို တစ်ဖက်သတ် ကြည့်လိုက်တဲ့ အချိန်အခါမှာ ပရမတ္ထဒြပ်သား ရုပ်တရား နာမ်တရားတို့ရဲ့ အပျက်သက်သက်ကို မြင်ပြီ။ အပျက်သက်သက် မြင်ရာကနေ ဉာဏ်တွေက တစ်ဆင့်ပြီး တစ်ဆင့် တက်သွားလိုက်တာ နောက်ဆုံး သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်ပြီဆိုကြပါစို့နော်။
သင်္ခါရုပေက္ခာဉာဏ်လောက်အဆင့်ကို ယောဂီပုဂ္ဂိုလ်က အကယ်၍ ဆိုက်သွားခဲ့မယ်ဆိုရင် ထိုအချိန်အခါမှာ ရုပ်တရားကို ရှုရင် ရုပ်တရားအပေါ်မှာ ဘာဝနာစိတ်က လှုပ်မရအောင် ငြိမ်နေတတ်တဲ့သဘော ရှိတယ်။ နာမ်တရားတွေကို ဝိပဿနာ ရှုရင်လည်း နာမ်တရားတွေရဲ့ အာရုံအပေါ်မှာ ဘာဝနာစိတ်က လှုပ်မရအောင် ငြိမ်နေတတ်တဲ့သဘော ရှိတယ်။ အဲဒီ အချိန်အခါမှာ ယောဂီသူတော်ကောင်းက စျာန်တရားကို ရနေတဲ့ သူတော်ကောင်းဖြစ်ခဲ့ရင်တော့ မိမိ နှစ်ခြိုက်နေတဲ့ စျာန်တစ်ခုခုကို ဦးစားပေးပြီးတော့ ဝိပဿနာ ရှုနိုင်ပါတယ်။

အဲဒီလို ရှုနေတဲ့ အချိန်အခါမှာ ယောဂီသူတော်ကောင်းဖက်က ပါရမီကလည်း ရင့်ကျက်လာပြီ။ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာခေါ်တဲ့ ဣန္ဒြေကလည်း ရင့်ကျက်လာပြီဆိုလို့ရှိရင် ထိုအချိန်အခါမှာ ထိုယောဂီသူတော်ကောင်းရဲ့သန္တာန်၌ မိမိ ဝိပဿနာရှုပွားနေတဲ့ အရှုခံအာရုံပေါ်၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ကြောင့်ကြမှု တောင့်တမှု မရှိတဲ့ ဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ သမာဓိတစ်မျိုး ဖြစ်ပေါ်လာတတ်ပါတယ်။

အဲဒီ အချိန်အခါမှာ သင်္ခါရအာရုံတွေ၌ အနိစ္စ, ဒုက္ခ, အနတ္တဆိုတဲ့ ပြစ်ချက်တွေကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းကြီး ထိုယောဂီသူတော်ကောင်းက တွေ့ရှိနေတဲ့အတွက် ဒီသင်္ခါရအာရုံအပေါ်၌ ကြောင့်ကြမှုလည်း မရှိတော့ဘူး။ တောင့်တမှုလည်း မရှိတော့ဘူး။ ကြောင့်ကြပြေ၍ တောင့်တပြေ၍ နေသာထိုင်သာ ရှိပြီးတော့ ဒီသင်္ခါရအာရုံမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပါတယ်။ အဲဒီလို တည်နေတဲ့အပိုင်းမှာ ယောဂီပုဂ္ဂိုလ်က အဇ္ဈတ္တကို ရှုခိုက် ငြိမ်နေရင် အဇ္ဈတ္တကိုသာ ဆက်ရှုပါ။ ရုပ်တရားတွေကို ရှုခိုက် ငြိမ်နေရင် ရုပ်တရားကိုသာ ဆက်ပြီး ဝိပဿနာ ရှုပါ။ နာမ်တရားတွေကို ရှုခိုက် ငြိမ်နေရင် နာမ်တရားကိုသာ ဆက်ပြီး ရှုနေပါ။

နာမ်တရားတွေထဲမှာလည်း စျာန်နာမ်တရားကဲ့သို့သော နာမ်တရားတွေကို ဝိပဿနာ ရှုခိုက် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုရင်လည်း အဲဒီ ရှုလို့ကောင်းတဲ့ စျာန်နာမ်တရားကပဲ ဆက်ပြီး ရှုနေပါ။ အဲဒီလို ဝိပဿနာ ရှုတဲ့အပိုင်းမှာလည်း အနိစ္စလက္ခဏာကို ရှုရတာက ပိုကောင်းရင် အနိစ္စလို့ပဲ ဆက်ရှုပါ။ ဒုက္ခလို့ ရှုရတာက ပိုကောင်းရင် ဒုက္ခလက္ခဏာကိုပဲ ဆက်ရှုပါ။ အနတ္တလို့ ရှုရတာက ပိုကောင်းရင် အနတ္တလက္ခဏာကိုပဲ ဆက်ရှုပါ။

အဲဒီလို ရှုနေစဉ်အချိန်အခါမှာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာကတော့ အထူးသဖြင့် အနတ္တလက္ခဏာကို ဦးစားပေးပြီး ရှုဖို့ ညွှန်ကြားထားပါတယ်။ အဲဒီလို စျာန်နာမ်တရားတွေဆိုကြပါစို့။ ဒီစတုတ္ထစျာန်ကဲ့သို့သော စျာန်နာမ်တရားကို အနတ္တလက္ခဏာတင်ပြီး တွင်တွင်ကြီး ဝိပဿနာ ရှုရာကနေပြီးတော့ အပျက်ကို မြင်ပြီ။ တည်ငြိမ်နေရာက ယောဂီပုဂ္ဂိုလ်က ထိုအချိန်အခါမှာ မပျက်တဲ့ အာရုံတစ်ခုကို လှမ်းပြီးတော့ အာရုံယူမိရက်သား ဖြစ်သွားတတ်ပါတယ်။ အပျက်တွေ ရပ်ပြီးတော့ မပျက်တဲ့ နယ်ဖက်ကို ကူးသွားတယ်။

ကူးသွားတဲ့ အချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က အသိစိတ် ချုပ်ပါသလားလို့ တချို့က မေးကြတယ်။ ဘုန်းကြီးတို့ လောကုတ္တရာ စိတ်-စေတသိက်တွေဆိုတာ ရှိပါတယ်။ လောကုတ္တရာ စိတ်-စေတသိက်တွေက ဥပမာ — ပထမစျာန်ကို ဝိပဿနာရှုခိုက် အရိယာမဂ်ဆိုက်မယ်ဆိုရင် ထိုမဂ်စိတ်-စေတသိက် သုံးဆယ့်ခုနစ်လုံး ရှိတယ်။ ဖိုလ်စိတ်စေတသိက်တွေလည်း သုံးဆယ့်ခုနစ်လုံးလောက် ရှိပါတယ်။ စိတ်မချုပ်ဘူး။ ဘာချုပ်သွားသလဲလို့မေးရင် အရှုခံအာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို ထိုအချိန်အခါမှာ ယောဂီသူတော်ကောင်းက လှမ်းပြီးတော့ မြင်နေတယ်။ အဲဒီ အရှုခံအာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်မှာကတော့ ရုပ်တွေ နာမ်တွေ မရှိဘူး။ ချုပ်သွားတယ်။ ဘာမှ ရုပ်နာမ်သဘာဝ ပရမတ္ထဒြပ်သား ဘာမှ မရှိဘူး။

“ယထာစ ပထဝီ, အာပေါ, တေဇော, ဝါယော နဘာသတိ” ဆိုတဲ့အတိုင်း ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါးတို့ရဲ့ ထောက်ရာတည်ရာ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်မှာ မရှိပါဘူး။ ဒါပေမယ့်လို့ ရှုနေတဲ့ ယောဂီပုဂ္ဂိုလ်မှာ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို မဂ်စိတ် သို့မဟုတ် ဖိုလ်စိတ်ဖြင့် လှမ်းပြီး သိနေပါတယ်။ သိနေတဲ့ မဂ်စိတ်-စေတသိက်, ဖိုလ်စိတ်-စေတသိက်ဆိုတာကရော ရှိမြဲပဲ။ ဘာမှ မသိဘဲနဲ့ အသိစိတ် ချုပ်ငြိမ်းနေတဲ့ သဘာဝတစ်ခုတော့ မဟုတ်ဘူး။ ဒီအသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်မှာ အလင်းရောင်ရှိပါသလားစသည်ဖြင့် တချို့က ဒီလို မေးခွန်းတွေတော့ မေးတတ်ပါတယ်။ ဟိုဥဒယဗ္ဗယဉာဏ်ခန်းမှာ ဥဒယဗ္ဗယဉာဏ်တွေက ရင့်ကျက်လာပြီဆိုရင် ရှေးတုန်းက လင်းရောင်ခြည်စွမ်းအင်နဲ့ မတူတဲ့ တမူထူးခြားနေတဲ့ လင်းရောင်ခြည်တွေ ပေါ်လာတတ်ပါတယ်။

အဲဒီလို ပေါ်လာတတ်တဲ့အကြောင်းကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ရှင်းလင်းတင်ပြထားတယ်။ အဲဒီ လင်းရောင်ခြည်တွေ ပေါ်လာတဲ့ အချိန်အခါမှာ တမူထူးခြားတဲ့ လင်းရောင်ခြည်တွေ ဖြစ်ခြင်းကြောင့် ငါတော့ မဂ်ဆိုက်ပြီလို့ အထင်မှားတတ်တဲ့အကြောင်းလည်း အဋ္ဌကထာက ရှင်းလင်းတင်ပြထားပါတယ်။ အဲဒီ ရှင်းလင်းတင်ပြတဲ့ အချက်ကလေးကို ဘုန်းကြီးတို့ဖက်က သတိပြုရမှာ ဖြစ်တယ်။ ဘာဆိုလိုသလဲလို့မေးရင်တော့ ဝိပဿနာဉာဏ်ပဲဖြစ်ဖြစ်, သမထဘာဝနာစိတ်ပဲဖြစ်ဖြစ်, မဂ်စိတ်ပဲဖြစ်ဖြစ်, ဖိုလ်စိတ်ပဲဖြစ်ဖြစ် ရှုနေတဲ့ ယောဂီရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ဟဒယဝတ္ထုကို မှီတွယ်ဖြစ်ပေါ်နေတဲ့ စိတ်-စေတသိက်တွေက စိတ္တဇရုပ်ကလာပ်တွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ အဲဒီ စိတ္တဇရုပ်ကလာပ်တို့က ကလာပ်ခေါ်တဲ့ အမှုန်လေးတွေ အနေနဲ့ဖြစ်တော့ အမှုန်တိုင်း အမှုန်တိုင်းမှာ ဓာတ်ခွဲလိုက်ရင် ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရား ရှစ်ခုရှိပါတယ်။ အဲဒီ ရှစ်ခုထဲမှာ ဝဏ္ဏခေါ်တဲ့ အရောင်အဆင်းလေးလည်းပါတယ်။ အဲဒီ အရောင်အဆင်းက သမထဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ်နဲ့ ယှဉ်တွဲနေတဲ့ ဉာဏ်ရဲ့ စွမ်းအင်အာနုဘော်အပေါ် မူတည်ပြီးတော့ လင်းရောင်ခြည်စွမ်းအင်တွေ ပိုပြီး အားကောင်းလာတတ်ပါတယ်။ ဉာဏ်က ထက်ရင် လင်းရောင်ခြည်တွေက ပိုပြီး လင်းတယ်။ ဉာဏ်က နုံ့ရင် လင်းရောင်ခြည်တွေက နည်းနည်းတော့ မှိန်တယ်။

ဥပမာ — ဦးပဉ္စင်းတို့ မြတ်စွာဘုရားရှင်ရဲ့ နာမရူပပရိစ္ဆေဒဉာဏ်တော်ဆိုကြပါစို့။ ဒီဉာဏ်တော်ကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်တွေက စကြဝဠာ တိုက်တစ်သောင်းအထိ ပြန့်နှံ့သွားတယ်။ ပဋ္ဌာန်းဒေသနာတော်ကို ဆင်ခြင်လိုက်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်တော်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်တွေဟာလည်း စကြဝဠာ လောကဓာတ်အပေါင်း တိုက်တစ်သောင်းအထိ ပြန့်နှံ့သွားတယ်လို့ ဒီလို အဆိုရှိပါတယ်။ အဲဒီတော့ ဒီစိတ္တဇရုပ်တွေကတော့ အဇ္ဈတ္တမှာသာ ဖြစ်နိုင်တဲ့ စွမ်းအားရှိတယ်။ သို့သော် အဲဒီ စိတ္တဇရုပ်ကလာပ်တိုင်းမှာ တေဇောဓာတ်ပါတော့ ဒီတေဇောဓာတ်ကလည်း နောက်ထပ် ဆင့်ကဲ ရုပ်ကလာပ်အသစ်တွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ တေဇောဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်ကလာပ် အသစ်တိုင်းမှာလည်း ဝဏ္ဏဓာတ် = ရူပါရုံပါတယ်။ အဲဒီ ရူပါရုံကလည်း = ဘာသုရာရူပ အလွန် တောက်ပနေတဲ့ ရူပါရုံဖြစ်ပါတယ်။

အဲဒီ တေဇောဓာတ်ကို ဥတုလို့ ခေါ်ပါတယ်။ ဒီဥတုကြောင့် ဖြစ်ပေါ်သွားတဲ့ ဥတုဇရုပ်တွေက အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ပြန့်နှံ့သွားတယ်။ ပြန့်နှံ့သွားလိုက်တဲ့ အချိန်အခါမှာ သမထဘာဝနာစိတ်ပဲဖြစ်ဖြစ်, ဝိပဿနာဘာဝနာစိတ်ပဲဖြစ်ဖြစ် ထိုသမထဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ်တွေနဲ့ ယှဉ်တွဲနေတဲ့ ဉာဏ်က အာနုဘော် ကြီးရင်ကြီးသလို လင်းရောင်ခြည်စွမ်းအင်တွေက ပိုပြီး တောက်ပတယ်လို့ စာမှာ ဖော်ပြထားတယ်။ သမထပိုင်း-ဝိပဿနာပိုင်းမှာ သမထဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ်တွေရဲ့စွမ်းအင် အာနုဘော် ကြီးခဲ့ရင် လင်းရောင်ခြည်စွမ်းအင် ထက်မြက်သလို အရိယာမဂ်ကို ဆိုက်သွားတဲ့ သူတော်ကောင်းရဲ့သန္တာန်မှာ မဂ်စိတ်-စေတသိက်, ဖိုလ် စိတ်-စေတသိက်တွေကြောင့်လည်း စိတ္တဇရုပ်တွေ ဆက်တိုက် ဖြစ်နေတယ်။ အဲဒီ စိတ္တဇရုပ်ကလာပ်တိုင်းမှာလည်း ဝဏ္ဏဓာတ် = ရူပါရုံပါတယ်။ ဒီဝဏ္ဏဓာတ် = ရူပါရုံကလည်း တောက်ပပါတယ်။ တစ်ခါ စိတ္တဇရုပ်ကလာပ်တိုင်းမှာ တေဇောဓာတ် ပါဝင်နေတော့ ဒီတေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပေါ်လာတဲ့ ဥတုဇရုပ်ကလာပ်တိုင်းမှာလည်း ဝဏ္ဏဓာတ် = ရူပါရုံပါတယ်။ အဲဒီ ဝဏ္ဏဓာတ် = ရူပါရုံကလည်း တောက်ပတဲ့သဘော ရှိတယ်။ အဲဒီ လင်းရောင်ခြည် စွမ်းအင်တွေက မဂ်သမာဓိ သို့မဟုတ် ဖိုလ်သမာဓိနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ရဲ့ စွမ်းအင်အာနုဘော်အပေါ် မူတည်ပြီးတော့ လင်းရောင်ခြည်စွမ်းအင်တွေက အားကောင်းတတ်တဲ့ သဘောရှိတယ်။ ဘာပြောချင်တာလဲလို့မေးတော့ ဘုန်းကြီးက နိဗ္ဗာန်ကို အလင်းရှိတယ်လို့ ဘုန်းကြီးဆိုလိုတာတော့ မဟုတ်ဘူးနော်။ နိဗ္ဗာန်ကို အာရုံပြုနေတဲ့ မဂ်စိတ် သို့မဟုတ် ဖိုလ်စိတ်-စေတသိက်တွေကြောင့် လင်းရောင်ခြည်တွေ ထွက်ပေါ်နေတယ်ဆိုတာလေးကိုတော့ သဘောပေါက်အောင် ပြောတာပါ။

အဲဒီ လင်းရောင်ခြည်တွေ ထွက်ပေါ်နေတဲ့ အချိန်အခါမှာ ဒီယောဂီသူတော်ကောင်းက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကိုတော့ လှမ်းပြီး အာရုံပြုနေတယ်။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဆိုတဲ့ အာရုံဖက်မှာတော့ မည်သည့် ရုပ်တရား နာမ်တရားမျှ မရှိဘူး။ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာ သဘာဝတစ်ခု ဖြစ်တယ်။ ဒီနှစ်ခုကိုတော့ ကွဲပြားအောင် မှတ်ဖို့တော့ လိုတယ်နော်။

နောက်တစ်ခု ရှုပ်ထွေးတတ်တာလေးတစ်ခုကတော့ နိရောဓသမာပတ်ပဲ ဖြစ်ပါတယ်။ စိတ်-စေတသိက်တွေ လုံးလုံး ချုပ်ပြီဆိုရင်တော့ အဲဒီ ချုပ်တဲ့ သမာပတ်ကို နိရောဓသမာပတ်လို့ ဘုန်းကြီးတို့ စာပေနယ်က သတ်မှတ်ပါတယ်။ နိရောဓသမာပတ်ကို ဘယ်ပုဂ္ဂိုလ်တွေသာ ဝင်စားလို့ ရလဲလို့မေးရင် သမာပတ်ရှစ်ပါးကို ရရှိတော်မူတဲ့ အနာဂါမ်နဲ့ ရဟန္တာပုဂ္ဂိုလ်တို့သာ ဝင်စားလို့ ရတယ်။ ဒီတော့ မိမိက သမာပတ်ရှစ်ပါးလည်း အားမထုတ်ဖူးသေးဘူး။ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်ဆိုတဲ့ ရူပါဝစရစျာန်သမာပတ်က လေးပါး၊ အာကာသာနဉ္စာယတနစျာန်, ဝိညာဏဉ္စာယတနစျာန်, အာကိဉ္စညာယတနစျာန်, နေဝသညာနာသညာယတနစျာန်လို့ ခေါ်ဆိုအပ်တဲ့ အရူပါဝစရစျာန်သမာပတ်က လေးပါး။ ပေါင်းလိုက်တော့ သမာပတ် ဘယ်နှစ်ပါးလဲ? (၈)ပါး။

အဲဒီ သမာပတ်ရှစ်ပါးကို ရရှိတော်မူတဲ့ အနာဂါမ် သို့မဟုတ် ရဟန္တာ ပုဂ္ဂိုလ်တို့သာလျှင် နိရောဓသမာပတ်ကို ဝင်စားလို့ရတယ်။ ဒီတော့ မိမိက သမာပတ်ရှစ်ပါးဆိုတာလည်း ဘာမှန်းမသိသေးဘူး။ အနာဂါမ်ကလည်း မဖြစ်သေးဘူး။ ရဟန္တာကလည်း မဖြစ်သေးဘူးဆိုရင် စိတ်-စေတသိက်တွေ ချုပ်ငြိမ်းနေတဲ့ နိရောဓသမာပတ်ကို မိမိ ဝင်စားလို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။ ဒါလေးကိုတော့ ကွဲကွဲပြားပြား နားလည်ထားဖို့ လိုပါတယ်။

ဘာဖြစ်လို့ ကွဲကွဲပြားပြား နားလည်စေချင်ရသလဲလို့မေးတော့ တရားဘာဝနာလုပ်တဲ့ အချိန်အခါမှာ လမ်းမဆုံးသေးဘဲနဲ့ လမ်းဆုံးနေပြီလို့ ယူဆခဲ့ရင်တော့ မိမိအတွက် အရှုံးထွက်ပြီး မသွားနိုင်ဘူးလား? သွားနိုင်တယ်နော်။ ကဲ ကောင်းပြီ။ ဒီတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုက်တော့ ဒီသုတ္တန်မှာ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်, သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုက်တဲ့အထိ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်က ဟောနေတယ်။ ဒီတော့ သောတာပန် သူတော်ကောင်းတွေ, သကဒါဂါမ်သူတော်ကောင်းတွေက ကာမဆယ့်တစ်ဘုံအပေါ်မှာ တွယ်တာနေတဲ့ ကာမရာဂသံယောဇဉ်နှင့် ဒေါသခေါ်တဲ့ ဗျာပါဒသံယောဇဉ်တရားကို မပယ်ရှားနိုင်သေးတဲ့အတွက် ဒီကြိုးနှစ်ချောင်းကို မဖြတ်နိုင်တော့ နတ်ရွာသုဂတိ တစ်ဘုံဘုံကို ရောက်ရှိသွားသော်လည်း ထိုပုဂ္ဂိုလ်တွေက လူ့ပြည်လူ့လောကကို တစ်ဖန် ပြန်လာခဲ့မယ်ဆိုရင် ပြန်လာနိုင်ခြင်းသဘော ရှိတယ်လို့ ဒီလို ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဟောနေတယ်နော်။

သို့သော် ပြန်လာချင်လည်း လာပါစေ။ အပါယ်လေးဘုံကိုတော့ မကျတော့ဘူးဆိုရင် ဒီအာမခံချက် ခိုင်လုံနေတဲ့ တရားမျိုးကို ဘုန်းကြီးတို့ ပရိသတ်တွေရအောင် ကြိုးစားထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ နောက်တစ်ခု — ဗဟိဒ္ဓသံယောဇဉ်ရှိတဲ့ ပုဂ္ဂိုလ်အကြောင်းကို ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက နှစ်မျိုးခွဲပြီးတော့ ဟောထားပါတယ်။ ဘယ်လိုလဲ?

‘‘ကတမော စာဝုသော, ဗဟိဒ္ဓါသံယောဇနော ပုဂ္ဂလော? ဣဓာဝုသော, ဘိက္ခု သီလဝါ ဟောတိ, ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ အာစာရဂေါစရသမ္ပန္နော, အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ, သမာဒါယ သိက္ခတိ သိက္ခာပဒေသု။’’

ကတမော စ၊ ဘယ်လိုပုဂ္ဂိုလ်လဲ၊ အာဝုသော၊ ငါ့ရှင်တို့ ...၊ ဗဟိဒ္ဓါသံယောဇနော ပုဂ္ဂလော၊ ဗဟိဒ္ဓသံယောဇဉ်ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ။ အာဝုသော၊ ငါ့ရှင်တို့ ...၊ ဣဓ၊ ဒီသာသနာတော်မှာ၊ ဘိက္ခု၊ ရဟန်းတော်တစ်ပါးက၊ သီလဝါ၊ သီလရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ပါတိမောက္ခသံဝရသံဝုတော၊ ပါတိမောက္ခ ပါဠိတော်မှာ လာရှိတဲ့ ဝိနည်းပါဠိတော်မှာ လာရှိတဲ့ သိက္ခာပုဒ်တွေကို ရိုရိုသေသေနဲ့ စောင့်စည်းလျက်၊ ဝိဟရတိ၊ နေထိုင်၏၊ အာစာရဂေါစရသမ္ပန္နော၊ ကျင့်ရမယ့် ကျင့်ဝတ် အာစာရ၊ ကျက်စားရမယ့် ဂေါစရတွေနဲ့လည်း ပြည့်ပြည့်စုံစုံ ရှိသည်ဖြစ်၍၊ ဝိဟရတိ၊ နေထိုင်၏၊ အဏုမတ္တေသု ဝဇ္ဇေသု၊ အဏုမြူပမာ အလွန် သေးငယ်နေတဲ့ အပြစ်တွေ၌သော်လည်းပဲ၊ ဘယဒဿာဝီ၊ အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးအဖြစ်နဲ့ ရှုလေ့ရှိသည်ဖြစ်၍၊ သိက္ခာပဒေသု၊ သိက္ခာပုဒ်တို့ကို၊ သမာဒါယ၊ ကောင်းစွာ ဆောက်တည်၍၊ သိက္ခတိ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီး နေထိုင်၏။
နေထိုင်လိုက်တဲ့ အချိန်အခါကျတော့ သူက ဘာလုပ်သလဲ?

‘‘သော အညတရံ သန္တံ စေတောဝိမုတ္တိံ ဥပသမ္ပဇ္ဇ ဝိဟရတိ။’’

သော၊ ထိုယောဂါဝစရရဟန်းတော်သည်။ သန္တံ၊ ငြိမ်သက်အေးမြလှစွာသော။ စေတောဝိမုတ္တိံ၊ ဆန့်ကျင်ဖက် ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်သော။ အညတရံ၊ အမှတ်မထား တစ်ပါးပါးသော စတုတ္ထစျာန် သမာပတ်ကို။ ဥပသမ္ပဇ္ဇ၊ ကပ်ရောက်စေ၍။ ဝိဟရတိ၊ နေထိုင်၏၊

ဒီပုဂ္ဂိုလ်ကတော့ သမထယာနိကပုဂ္ဂိုလ် ဖြစ်ပြီ။ ခုနက ပြောခဲ့တဲ့အတိုင်း စတုတ္ထဈာန်သမာပတ်တစ်ခုခုကို သူက ကျကျနန ပြည့်ပြည့်စုံစုံ ဝင်စားပြီးတော့ နေထိုင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ဝိပဿနာပိုင်း ကြည့်လိုက်တော့လည်း သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်၊ သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်၊ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ဆိုက်အောင် ပွားများအားထုတ်နိုင်တဲ့ သူတော်ကောင်းဖြစ်ပြီ။ သူ့အဆင့်ကျတော့ နည်းနည်းလေး ကျော်သွားပြီ။ မဂ်ဉာဏ်ဖိုလ်ဉာဏ်မှာ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ဆိုက်နိုင်ပြီ။ ဆိုက်နိုင်ပြီးတဲ့ အချိန်အခါမှာ သန္တစေတောဝိမုတ္တိလို့ ခေါ်ဆိုအပ်တဲ့ ငြိမ်သက်အေးချမ်းနေတဲ့ ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်တဲ့ ဒီဈာန်သမာပတ်တစ်ခုခုကို အထူးသဖြင့် စတုတ္ထဈာန်သမာပတ်ကိုလည်း ဝင်စားနိုင်တဲ့ စွမ်းအားရှိနေပြီ။

ဘာကြောင့် ဒီစွမ်းအင်တွေက သူ့သန္တာန်မှာ ပျောက်ကွယ်ပြီး မသွားရသလဲ? ဒီပုဂ္ဂိုလ်ကျတော့ ပျောက်ကွယ်မှု မရှိဘူး။ ဘုန်းကြီးတို့ ဒွေဓာဝိတက္ကသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု မဇ္ဈိမနိကာယ်မှာ ရှိပါတယ်။ မြတ်စွာဘုရား အလောင်းတော်က သူကျင့်သွားတဲ့ ထုံးလေးတစ်ခုကို ထိုသုတ္တန် အဋ္ဌကထာက ဖွင့်ထားတယ်။ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ဝိပဿနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းလိုက်တဲ့ အချိန်အခါမှာ တစ်ခါတစ်ရံ ပင်ပန်းနွမ်းနယ်လာတယ်။ ပင်ပန်းနွမ်းနယ်လာတဲ့ အချိန်အခါမှာ ဈာန်သမာပတ်ကို တစ်ခါ ပြန်ပြီးတော့ ဝင်စားရတယ်။

ဝင်စားလိုက်တဲ့အချက်နဲ့ ပတ်သက်ပြီးတော့ ဈာန်သမာပတ်ကို ဝင်စားလိုက်ရင် သက်သာရာရတယ်။ သက်သာရာ ရပြီးတဲ့အခါ စိတ်ဓာတ်တွေ ကြည်လင်လာတဲ့ အချိန်အခါကျတော့မှ တစ်ဖန် ဝိပဿနာကမ္မဋ္ဌာန်းကို ပွားများရတယ်။ ဝိပဿနာကမ္မဋ္ဌာန်းတွေ ပွားများလိုက်တဲ့ အချိန်အခါကျတော့လည်း ခန္ဓာကိုယ်က ပူလောင်ပြီးတော့ ပင်ပန်းနွမ်းနယ်မှုတွေ တစ်ဖန် ပေါ်လာပြီဆိုရင်လည်း ဈာန်သမာပတ်ကို တစ်ဖန် ပြန်ပြီးတော့ ဝင်စားပြန်တယ်။ ဈာန်သမာပတ်တွေကို ဝင်စားလိုက်လို့ ငြိမ်သက်အေးချမ်းလာတဲ့ အချိန်အခါကျတော့မှ တစ်ဖန် ပြန်ပြီးတော့ ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းတယ်ဆိုပြီးတော့ အဋ္ဌကထာက ရှင်းထားတယ်။ အဲဒီ ရှင်းလင်းချက်မှာ ဥပမာလေးတစ်ခုနဲ့ ကပ်ပြီး ရှင်းထားပါတယ်။

ရှေးယခင် ယဉ်ကျေးမှုအတိုင်းပေါ့။ တိုင်းပြည်တစ်ပြည်နဲ့ တိုင်းပြည် တစ်ပြည်၊ ရှင်ဘုရင်တစ်ဦးနဲ့ ရှင်ဘုရင်တစ်ဦးတို့ စစ်ထိုးကြပြီဆိုရင် မြို့ရွာတွေ မပျက်စီးစေလိုတာကလည်း အကြောင်းတစ်ခု၊ တိုင်းသူပြည်သားတွေ မထိခိုက် မနစ်နာစေလိုတာက အကြောင်းတစ်ခုကြောင့် စစ်မြေပြင်တလင်းဆိုတာ ခင်းကျင်းပြီးတော့မှ တစ်ဖက်နှင့် တစ်ဖက် စစ်ထိုးကြတယ်။ ဟိုဘက်ကလည်း စစ်မြေပြင်တစ်ခု၊ ဒီဘက်ကလည်း စစ်မြေပြင်တစ်ခု ကျကျနန ပြင်ဆင်ကြတယ်။ အဲဒီလို ပြင်ဆင်တဲ့အပိုင်းမှာ ခံတပ်လို့ ခေါ်ဆိုအပ်တဲ့ နောက်ပိုင်းမှာ သစ်တုံးတွေနဲ့ ဆောက်လုပ်ထားတဲ့ ခံတပ်တွေ ရှိကြတယ်။ အဲဒီ ခံတပ်တွေထဲမှာ စားဖို့၊ သောက်ဖို့၊ ကျင်ကြီးကျင်ငယ် စွန့်ဖို့၊ ရေချိုးဖို့၊ အနားယူဖို့ဆိုတဲ့ နေရာတွေလည်း အားလုံး လုပ်ထားကြတယ်။ လုပ်ထားလို့ တစ်ဖက်နဲ့ တစ်ဖက် စစ်ထိုးလိုက်တဲ့ အချိန်အခါမှာ ပင်ပန်းနွမ်းနယ်လာပြီဆိုလို့ရှိရင် ပင်ပန်းနွမ်းနယ်နေတဲ့ပုဂ္ဂိုလ်က ဒီခံတပ်ထဲမှာ ပြန်ပြီးတော့ ဝင်ပြီး အနားယူရတယ်။ အနားယူပြီးတဲ့ အချိန်အခါမှာ စားလိုက်၊ သောက်လိုက်၊ ကျင်ကြီးကျင်ငယ် စွန့်လိုက်၊ ရေချိုးလိုက်၊ အနားယူလိုက်စသည်ဖြင့် ပြုလုပ်ပြီးလို့ အင်အား ပြည့်ဝလာတဲ့အခါ တစ်ဖန် ထွက်ပြီးတော့ ပြန်ပြီး စစ်တိုက်ပြန်တယ်။

အဲဒီပုံစံလိုပဲ။ သမာပတ်နဲ့ ဝိပဿနာဟာ ဝိပဿနာက စစ်မြေပြင်နဲ့ တူပြီးတော့ သမာပတ်က ခံတပ်နဲ့ တူတယ်။ ဝိပဿနာ စစ်မြေပြင်မှာ ကြိမ်ဖန်များစွာ ကိလေသာတွေကို တိုက်ခိုက်ဖို့ရန်အတွက် အနိစ္စာနုပဿနာဉာဏ်၊ ဒုက္ခာနုပဿနာဉာဏ်၊ အနတ္တာနုပဿနာဉာဏ်ဆိုတဲ့ ဒီနုပဿနာဉာဏ်တွေကို ကြိမ်ဖန်များစွာ ပွားများနေတဲ့ သူတော်ကောင်းအဖို့ တစ်ခါတလေ ပင်ပန်းနွမ်းနယ်လာရင် ခံတပ်နဲ့တူတဲ့ ဈာန်သမာပတ်ထဲမှာ ပြန်ပြီးတော့ ဝင်ရတယ်။ ဝင်ပြီးတော့ နေထိုင်ရတယ်။ ဈာန်သမာပတ်အတွင်းမှာ နေထိုင်လို့ သက်သာရာ ရတဲ့အချိန်အခါ တစ်ဖန် ပြန်ပြီး ခံတပ်ကနေ ထွက်ပြီးတော့ ဈာန်သမာပတ်ဆိုတဲ့ ခံတပ်ကနေ ထွက်ပြီးတော့ စစ်မြေပြင်ဆိုတဲ့ ဝိပဿနာစစ်မြေပြင်မှာ တစ်ဖန် ပြန်ပြီးတော့ တိုက်ပွဲဝင်ရတယ်ဆိုပြီး ဒီအကြောင်းလေး ရှင်းထားတယ်။

ရှင်းလင်းပြီးတဲ့ အချိန်အခါကျတော့မှ အဋ္ဌကထာဆရာတော်က ဘာပြောလဲ? သမာပတ်သည် ဝိပဿနာအား လွန်စွာ ကျေးဇူးများပါတယ်တဲ့။ သမာပတ်ကို အခြေခံပြီးတော့ ဝိပဿနာကို ကူးရတဲ့အတွက် ဝိပဿနာကူးတဲ့ အချိန်အခါမှာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖျောက်ဖျက်ရန်အတွက် သမာပတ်မှာ တစ်ဖန် ပြန်ပြီး နေရတဲ့အတွက်ကြောင့် ဈာန်သမာပတ်သည် ဝိပဿနာဉာဏ်ကို လွန်စွာ ကျေးဇူးများတယ်။ အလားတူပဲ။ ဝိပဿနာဉာဏ်ရဲ့ စောင့်ရှောက်မှုကို ခံယူနေရတဲ့ ဈာန်သမာပတ်ဟာလည်း ခိုင်ခံ့သွားတယ်။ ကြိမ်ဖန်များစွာ ဈာန်ဝင်စားလိုက်၊ ဈာန်မှထပြီး ဝိပဿနာရှုလိုက်၊ ဈာန်ဝင်စားလိုက် ဈာန်မှထပြီး ဝိပဿနာရှုလိုက်စသည်ဖြင့် ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ လေ့ကျင့်ထားတဲ့အတွက် ဒီဈာန်တွေဟာလည်း လျောကျသွားမှုမရှိဘဲ ခိုင်ခံ့နေတတ်တဲ့သဘော ရှိတယ်။

ဈာန်ကလည်း ခိုင်တယ်။ ဝိပဿနာဉာဏ်တွေကလည်း မလျောကျဘူး။ ဈာန်ကလည်း မလျောကျဘူးဆိုရင် ထိုပုဂ္ဂိုလ် ဘာဖြစ်လဲ?

‘‘သော ကာယဿ ဘေဒါ ပရံ မရဏာ အညတရံ ဒေဝနိကာယံ ဥပပဇ္ဇတိ။’’

သော၊ ထိုယောဂါဝစရရဟန်းတော်သည်။ ကာယဿ၊ ကိုယ်ခန္ဓာ၏၊ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပျက်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အညတရံ ဒေဝနိကာယံ၊ အမှတ်မထား တစ်ပါးပါးသော နတ်ပြည်နတ်လောကသို့ (ဝါ) အမှတ်မထား တစ်ပါးပါးသော ဗြဟ္မာ့လောကသို့။ ဥပပဇ္ဇတိ၊ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေရပေ၏၊

သေပြီးတဲ့ အချိန်အခါမှာပေါ့နော်။ ဗြဟ္မာ့ပြည် တစ်ဘုံဘုံကိုတော့ ကျိန်းသေရောက်တော့မယ်။ ဒီလိုဆိုရင်တော့ ဒကာကြီးတွေ၊ ဒကာမကြီးတွေ အမေ့ဗိုက်ထဲမှာ တစ်ဖန် ပြန်ပြီး ပဋိသန္ဓေ တည်နေရတာထက် ဗြဟ္မာ့ပြည်မှာ ဘွားကနဲဆိုပြီး ဗြဟ္မာကြီး သွားဖြစ်ရတာ ဘယ်ဒင်းကများ ကောင်းမလဲ? ဗြဟ္မာ့ပြည်မှာ သွားပြီး ပဋိသန္ဓေတည်နေရတာကတော့ ပိုမကောင်းဘူးလား? ပိုကောင်းတယ်။

ထိုဗြဟ္မာ့ပြည်မှာ ယောက်ျား မရှိဘူး၊ မိန်းမ မရှိဘူး၊ သား မရှိဘူး၊ သမီး မရှိဘူး၊ ဇနီးလည်း မရှိဘူး၊ အိမ်ရှင်ယောက်ျားလည်း မရှိဘူး။ အိမ်ရှင်ယောက်ျား မရှိတဲ့အတွက် ငမူးတွေရိုက်တဲ့ ဒဏ်ချက်ကလည်း ခံရဦးမလား? မခံရတော့ဘူး။ ဒီငမူးလက်ကနေ ဒကာမကြီးတွေ လွတ်အောင် ရုန်းချင်တယ်ဆိုရင် ဒီအာမခံချက်ဖြစ်တဲ့ တရားမျိုးကို အားထုတ်ထားဖို့ မကောင်းဘူးလား? ဒကာကြီးတွေကို ဘုန်းကြီး နှိမ်ပြောတယ်လို့ မထင်နဲ့နော်။ ဒကာကြီးတွေ မမူးဘူးဆိုရင်တော့ အဲဒီစာရင်းထဲမှာ မပါပါဘူး။

ဒီတော့ သားဆိုး၊ သမီးဆိုး နှိပ်စက်လို့ မျက်ရည်ကျနေတဲ့ မိခင်တွေ ဒီသားဆိုး၊ သမီးဆိုး နှိပ်စက်တဲ့ ဒဏ်ချက်မှ လွတ်မြောက်မယ်ဆိုရင် ဒီအာမခံချက်ရှိတဲ့ တရားမျိုးတွေကို ရအောင် အားထုတ်ထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ နောက်တစ်ခု — ဗြဟ္မာ့ပြည်မှာက ရန်သူငါးတန်ဆိုတာ မရှိဘူး။ ပစ္စည်းရှာဖွေရမှု၊ စုဆောင်းရမှုဆိုတာလည်း မရှိဘူး။ စားရေး၊ သောက်ရေး၊ ဝတ်ရေး၊ နေရေးအတွက် ကြိုးပမ်း လုံးပမ်းရတယ်ဆိုတဲ့ သဘောလည်း မရှိတော့ဘူး။ ဈာန်ချမ်းသာ ပီတိဘက္ခ၊ ဈာန်ကြောင့် ဖြစ်ပေါ်လာတဲ့ ပီတိ။ ဒီပီတိသည်ပင်လျှင် ဗြဟ္မာတွေအတွက် အစာအာဟာရတစ်ခု ဖြစ်ပါတယ်။ ဒီဈာန်မျိုး ဝင်စားပြီးတော့ ဗြဟ္မာ့ပြည်မှာ ကမ္ဘာပေါင်းများစွာအထိ ချမ်းချမ်းသာသာ နေထိုင်နိုင်ရတဲ့သဘော ရှိတယ်။ ဒါကြောင့်

‘‘သော တတော စုတော အနာဂါမီ ဟောတိ, အနာဂန္တာ ဣတ္ထတ္တံ။’’

သော၊ ထိုယောဂါဝစရရဟန်းတော်သည်။ တတော၊ ထိုဗြဟ္မာ့ပြည်မှ။ စုတော၊ စုတေခဲ့သည်ရှိသော်။ ဣတ္ထတ္တံ၊ ဤလူ့ပြည်လူ့လောကသို့။ အနာဂန္တာ၊ မလာသည့်အတွက်ကြောင့်။ အနာဂါမီ၊ ဤလူ့ပြည်လူ့လောကသို့ (ဝါ) ကာမဘုံသို့ တစ်ဖန် ပြန်လာခြင်းသဘော မရှိတဲ့ အနာဂါမ်ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ပေ၏၊

ကာမတဆယ့်တစ်ဘုံကို ဘယ်တော့မှ ပြန်မလာရတော့ဘူး။ ဒီငမူးတွေနဲ့လည်း ဘယ်တော့မှ မတွေ့ရတော့ဘူး။ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒီသားဆိုး၊ သမီးဆိုးတွေနဲ့ကော နောက်ထပ်တစ်ဖန် တွေ့ဖို့ ရှိသေးလား? မရှိတော့ဘူး။ ဒီလင်ဆိုး၊ မယားဆိုးတွေနဲ့ကော နောက်ထပ်တစ်ဖန် တွေ့ဖို့ ရှိသေးလား? မရှိတော့ဘူး။ နောက်ထပ် ဘယ်တော့မှ ဒီလူ့ပြည်လူ့လောကကို မလာတော့ဘူးဆိုတော့ ကာမတဆယ့်တစ်ဘုံက ကွင်းလုံးကျွတ် လွတ်သွားပြီ။

‘‘အယံ ဝုစ္စတာဝုသော, ဗဟိဒ္ဓါသံယောဇနော ပုဂ္ဂလော အနာဂါမီ ဟောတိ, အနာဂန္တာ ဣတ္ထတ္တံ။’’

ဒါက လူ့ပြည်လူ့လောကကို တစ်ဖန် နောက်ထပ် ပြန်လာခြင်းသဘော မရှိတဲ့ ဗဟိဒ္ဓသံယောဇဉ်ရှိနေတဲ့ ပုဂ္ဂိုလ်ပဲ။ ဗဟိဒ္ဓသံယောဇဉ်ဆိုတာက ရူပဘုံ၊ အရူပဘုံကို တွယ်တာနေတဲ့ သံယောဇဉ်လေးရှိတယ်။ ရူပရာဂသံယောဇဉ်၊ အရူပရာဂသံယောဇဉ်။ နောက်တစ်ခု မာနလေး နည်းနည်းတော့ ရှိတယ်။ နောက်တစ်ခု ဥဒ္ဓစ္စခေါ်တဲ့ စိတ်ပျံ့လွင့်မှု နည်းနည်း ရှိနေသေးတယ်။ နောက်တစ်ခု အဝိဇ္ဇာခေါ်တဲ့ အဝိဇ္ဇာသံယောဇဉ်တစ်မျိုး = အသိမှားမှု သံယောဇဉ်တစ်မျိုးလေး ရှိတယ်။ ပေါင်းလိုက်တော့ ဒီသံယောဇဉ်ငါးခုပဲ ရှိတယ်။

အဲဒီ သံယောဇဉ်ငါးခုက အထက်အထက် ဗြဟ္မာဘုံတွေကို ရောက်အောင်တော့ ဆွဲခေါ်နိုင်တဲ့ စွမ်းအားရှိတယ်။ ဒါပေမယ့် ဒီသံယောဇဉ်တွေက အောက် ကာမတဆယ့်တစ်ဘုံကို ပြန်လာအောင် ဆွဲခေါ်နေတဲ့ ကြိုးငါးချောင်းတော့ မဟုတ်ဘူး။ အောက် ကာမတဆယ့်တစ်ဘုံကို ပြန်ခေါ်မယ့် ကြိုးငါးချောင်းကိုတော့ အနာဂါမိမဂ်ဉာဏ်က အကြွင်းမဲ့ ပယ်ရှားပြီးဖြစ်တယ်။ ဒါကြောင့် ဘယ်တော့မှ ပြန်မလာတော့ဘူး။ ဒီလောက်တင်လားဆိုတော့ မကသေးဘူး။ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက နောက်ထပ်တစ်ဖန် ဆက်ပြီး ဟောပြန်တယ်။

‘‘ပုန စပရံ, အာဝုသော, ဘိက္ခု သီလဝါ ဟောတိ…ပေ… သမာဒါယ သိက္ခတိ သိက္ခာပဒေသု။’’

ကိုယ်ကျင့်သီလတွေကို အသက်နဲ့ စွန့်ပြီးတော့ကို ဖြူစင်အောင် စောင့်ထိန်းတယ်။ စောင့်ထိန်းပြီးတော့ ဘာလုပ်သလဲ?

‘‘သော ကာမာနံယေဝ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။’’

သော၊ ထိုယောဂါဝစရရဟန်းတော်သည်။ ကာမာနံ ယေဝ၊ ကာမတရားတို့၏ပင်လျှင် (ဝါ) ကာမတရားတို့ကိုသာလျှင်။ နိဗ္ဗိဒါယ၊ ငြီးငွေ့ခြင်းငှာ။ ဝိရာဂါယ၊ ကင်းပြတ်ခြင်းငှာ။ နိရောဓာယ၊ ချုပ်ငြိမ်းခြင်းငှာ။ ပဋိပန္နော၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေသည်။ ဟောတိ၊ ဖြစ်၏၊

ကာမဘုံမှာ ကျင်လည်စေတတ်တဲ့ စွမ်းအားရှိနေတဲ့ ကာမရာဂသံယောဇဉ် အစရှိတဲ့ ကာမဂုဏ်တွေအပေါ်မှာ တွယ်တာနေတဲ့ ဒီတဏှာတွေ ချုပ်ငြိမ်းဖို့ရန်အတွက် လက်တွေ့ကျင့်ပြီနော်။ ဒါက သောတာပန်ပုဂ္ဂိုလ်နှင့် သကဒါဂါမ်ပုဂ္ဂိုလ်ကို ရည်ရွယ်ထားတဲ့အကြောင်း အဋ္ဌကထာက ရှင်းထားတယ်။

‘‘သော ဘဝါနံယေဝ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။’’

သော၊ ထိုယောဂါဝစရရဟန်းတော်သည်။ ဘဝါနံ ယေဝ၊ ဘဝတို့၏သာလျှင်။ နိဗ္ဗိဒါယ၊ ငြီးငွေ့ခြင်းငှာ။ ဝိရာဂါယ၊ ကင်းပြတ်ခြင်းငှာ။ နိရောဓာယ၊ ချုပ်ငြိမ်းခြင်းငှာ။ ပဋိပန္နော၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေသည်။ ဟောတိ၊ ဖြစ်၏၊

ဘဝတွေအပေါ်မှာ ငြီးငွေ့ဖို့၊ ဘဝတွေ ချုပ်ငြိမ်းပြတ်စဲသွားဖို့ရန်အတွက် ကျင့်နေတယ်တဲ့။ ဒါကတော့ အနာဂါမ်သူတော်ကောင်းကနေ အရဟတ္တမဂ် ရရှိဖို့ရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေခြင်းအဆင့်ကို ညွှန်ကြားနေတယ်ဆိုပြီးတော့ ဒီလို ပြောတယ်။

‘‘သော တဏှာက္ခယာယ ပဋိပန္နော ဟောတိ။’’

သော၊ ထိုယောဂါဝစရရဟန်းတော်သည်။ တဏှာက္ခယာယ၊ တဏှာ ကုန်ခြင်းငှာ။ ပဋိပန္နော၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေသည်။ ဟောတိ၊ ဖြစ်၏၊

ကာမရာဂသံယောဇဉ်ခေါ်တဲ့ ကာမတဆယ့်တစ်ဘုံအပေါ်မှာ တွယ်တာနေတဲ့ ဒီတဏှာတွေ ကုန်ခမ်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်ပဲတဲ့။ သောတာပန်နှင့် သကဒါဂါမ်ပုဂ္ဂိုလ်ကို ရည်ညွှန်းထားတယ်။

‘‘သော လောဘက္ခယာယ ပဋိပန္နော ဟောတိ။’’

သော၊ ထိုယောဂါဝစရရဟန်းတော်သည်။ လောဘက္ခယာယ၊ လောဘကုန်ခြင်းငှာ။ ပဋိပန္နော၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍နေသည်။ ဟောတိ၊ ဖြစ်၏၊

လောဘတွေ ကုန်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတယ်ဆိုတာကတော့ အနာဂါမိပုဂ္ဂိုလ်က အရဟတ္တဖိုလ်ဆိုက်အောင် အရဟတ္တမဂ် ရရှိအောင် ကြိုးစားအားထုတ်နေတဲ့ အချိန်အခါကို ရည်ညွှန်းထားတယ်။ အဲဒီလို ကြိုးစားလိုက်တဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်က ရဟန္တာအဆင့်လောက် မရောက်သေးဘူးဆိုကြစို့။ မရောက်သေးရင် ဘာဖြစ်မလဲ?

‘‘သော ကာယဿ ဘေဒါ ပရံ မရဏာ အညတရံ ดေဝနိကာယံ ဥပပဇ္ဇတိ။’’

သော၊ ထိုယောဂါဝစရရဟန်းတော်သည်။ ကာယဿ၊ ကိုယ်ခန္ဓာ၏၊ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ပရံ မရဏာ၊ စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌။ အညတရံ ဒေဝနိကာယံ၊ အမှတ်မထား တစ်ပါးပါးသော ဗြဟ္မာ့ပြည် ဗြဟ္မာ့လောကသို့။ ဥပပဇ္ဇတိ၊ ပဋိသန္ဓေအားဖြင့် ကပ်ရောက်တည်နေရပေ၏၊

အထူးသဖြင့် အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌခေါ်တဲ့ သုဒ္ဓါဝါသငါးဘုံ။ တစ်ဘုံဘုံမှာတော့ ပဋိသန္ဓေသွားပြီး ကပ်ရောက် တည်နေရပြီ။

‘‘သော တတော စုတော အနာဂါမီ ဟောတိ, အနာဂန္တာ ဣတ္ထတ္တံ။’’

သော၊ ထိုယောဂါဝစရရဟန်းတော်သည်။ တတော၊ ထိုဗြဟ္မာ့ပြည် ဗြဟ္မာ့လောကမှ။ စုတော၊ စုတေခဲ့သည်ရှိသော်။ ဣတ္ထတ္တံ၊ ဤကာမလောကသို့။ အနာဂန္တာ၊ မလာတတ်သည့်အတွက်ကြောင့်။ အနာဂါမီ၊ ဤကာမဘုံသို့ ပြန်လာခြင်းသဘော မရှိတဲ့ အနာဂါမ်ပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်ပေ၏၊

ဒီကာမဘုံကိုတော့ ဘယ်တော့မှ ပြန်မလာတဲ့ အနာဂါမ်သူတော်ကောင်းဖြစ်ပြီ။ သဟမ္ပတိဗြဟ္မာကြီးတို့လို၊ ဃဋိကာရအိုးထိန်းသည်တို့လို ဒီလိုပုဂ္ဂိုလ်တွေက ဗြဟ္မာ့ပြည် ရောက်ရှိသွားတဲ့ အချိန်အခါမှာ အထက်အထက် ဘုံတွေကို ဖြစ်လိုက ဖြစ်နိုင်တယ်။ အောက်အောက်ဘုံကို ဘယ်တော့မှ ပြန်ပြီးတော့ မလှည့်တော့ဘူး။ အထက်ထက်ဘုံတွေကိုလည်း ဖြစ်တဲ့အခါမှာ အကနိဋ္ဌဘုံသာ ရောက်ရှိသွားပါစေ။ ထိုအကနိဋ္ဌဘုံမှာ ရဟန္တာ မဖြစ်မချင်း ဘယ်တော့မှ မသေတော့ဘူး။ ရဟန္တာအဖြစ်နဲ့ ပရိနိဗ္ဗာန်စံပြီးမှ ကျိန်းသေဘဝဇာတ်ကို သိမ်းရမယ်။ ဒါက ခိုင်လုံနေတဲ့ အာမခံချက်ရှိတဲ့ တရားပဲနော်။

အကယ်၍များ ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ဒီဃဋိကာရအိုးထိန်းသည်ကြီးတို့ကဲ့သို့ သုဒ္ဓါဝါသ ဗြဟ္မာ့ပြည်။ အထူးသဖြင့် အကနိဋ္ဌ ဗြဟ္မာ့ပြည်ကိုသာ ရောက်ရှိသွားမယ်ဆိုရင် ရဟန္တာ မဖြစ်မချင်း ဘယ်တော့မှ ဘဝကို အဆုံးမသတ်ရတဲ့အတွက် ကျိန်းသေဧကန် ရဟန္တာ ဖြစ်ရမယ့်ဘဝကို မရောက်နိုင်ဘူးလား? ရောက်နိုင်တယ်။ ဒါက အခိုင်လုံဆုံး အသက်အာမခံချက်တစ်ခု ဖြစ်ပါတယ်နော်။ အဲဒီလို ခိုင်လုံတဲ့ အာမခံချက်ရှိတဲ့ တရားတွေကို တပည့်တော်တို့ အားထုတ်လို့ ရနိုင်ပါ့မလားဆိုပြီးတော့ တချို့က မေးကြတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဒီနေရာမှာ အဋ္ဌကထာက စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်ကလေးတွေ ဖွင့်ဆိုထားပါတယ်။

ဘုန်းကြီးတို့ သတ္တဝါတွေ ကမ္ဘာပျက်ပြီဆိုကြပါစို့။ ကမ္ဘာပျက်လိုက်တဲ့ အချိန်အခါကျတော့ ဒီကမ္ဘာကြီး ပျက်သွားတဲ့အခါမှာ နေခုနစ်စင်းထွက်ပြီပဲဆိုကြစို့။ ဥပမာ မီးကြောင့် ပျက်တယ်။ ကမ္ဘာကြီး အကုန်လုံး လောင်ကျွမ်းသွားပြီ။ အပါယ်လေးဘုံမှာရှိတဲ့ သတ္တဝါတွေကအစ လူ့ပြည် နတ်ပြည် ကာမာဝစရ တဆယ့်တစ်ဘုံမှာရှိတဲ့ သတ္တဝါတွေ အကုန်လုံး ဘယ်ရောက်သွားလဲ? ဈာန်တွေရပြီးတော့ ဗြဟ္မာ့ပြည် ရောက်ရှိသွားကြတယ်။ ဗြဟ္မာ့ပြည် ရောက်သွားတဲ့ အချိန်အခါမှာ မီးကြောင့်ပျက်တဲ့ ကမ္ဘာဖြစ်ခဲ့မယ်ဆိုရင် ပထမဈာန်သုံးဘုံအထိ ပျက်စီးတော့ အဲဒီ ပထမဈာန်သုံးဘုံရဲ့ အထက်မှာရှိတဲ့ ဗြဟ္မာ့ပြည်တွေကို ရောက်ရှိသွားကြတယ်။

အဲဒီမှာ ရောက်သွားလိုက်တော့ ဘုန်းကြီးတို့ ဒီကမ္ဘာပျက်နေတာက ဘယ်လောက် ကြာသလဲလို့မေးရင် သံဝဋ္ဋ၊ သံဝဋ္ဋဌာယီ၊ ဝိဝဋ္ဋ၊ ဝိဝဋ္ဋဋ္ဌာယီဆိုပြီးတော့ ကမ္ဘာတစ်ခု တစ်ခုမှာ အသင်္ချေယျကပ်လို့ခေါ်ဆိုအပ်တဲ့ ကပ်လေးကပ် ရှိပါတယ်။ ဘုန်းကြီးတို့ ကမ္ဘာဦးကာလမှာဆိုကြပါစို့။ ဗြဟ္မာ့ပြည်ကနေပြီးတော့ လူ့ပြည် လူ့လောကကို သက်တမ်းကုန်နေတဲ့ ဗြဟ္မာတွေက ဆင်းပြီးတော့ ဥပပတ်ပဋိသန္ဓေအားဖြင့် လူလာဖြစ်ကြတယ်။ အဲဒီအချိန်အခါမှာ ကမ္ဘာဦးလူတို့ရဲ့ သက်တမ်းက မရေမတွက်နိုင်အောင် အသက်ရှည်ပါတယ်။

မရေမတွက်နိုင်အောင် အသက်ရှည်ရာကနေ လောဘ၊ ဒေါသ၊ မောဟတွေ ထူပြောလာတဲ့အတွက် သက်တမ်းက တိုလာလိုက်တာ ဆယ်နှစ်ရောက်ပြီ။ ဆယ်နှစ်ရောက်တဲ့ အချိန်အခါမှာ သတ်ကြ၊ ဖြတ်ကြနဲ့ နည်းနည်းပါးပါး ကျန်နေတဲ့ လူသားတွေကနေပြီးတော့ သတိသံဝေဂတွေ ရပြီးတော့ တောထဲ ပုန်းအောင်းပြီးတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ ပွားကြတယ်။

ပွားလိုက်တဲ့ အချိန်အခါမှာ တဖြည်းဖြည်း အသက်ရှည်သွားလိုက်တာ အသင်္ချေယျတမ်းအထိ ဆိုက်တယ်။ အဲဒီလို အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကြိမ် ပြည့်ပြီဆိုရင် ဓမ္မတာအလျှောက် ဒီကမ္ဘာကြီး ပျက်တယ်။ ပျက်သွားတာကလည်း အန္တရကပ် ခြောက်ဆယ့်လေးကြိမ်လောက်ပဲ ကြာတယ်။ ဒီတော့ တည်နေတာက ခြောက်ဆယ့်လေးကြိမ်၊ ပျက်နေတာကလည်း ခြောက်ဆယ့်လေးကြိမ်၊ ပျက်ပြီးတော့ ဘာမျှမရှိဘဲနဲ့ လဟာပြင်အတိုင်း တည်နေတာကလည်း ခြောက်ဆယ့်လေးကပ်လောက်ပဲ ကြာတယ်။

ခြောက်ဆယ့်လေးကပ်လောက်ကြာပြီးတဲ့အခါ ကမ္ဘာပြုမိုး စပြီး ရွာတဲ့အချိန်အခါကနေ စပြီးတော့ သတ္တဝါတွေ နေလို့ရတဲ့ အဆင့်အထိ သစ်ပင်၊ ရေ၊ မြေ၊ တော၊ တောင်တွေ ဖြစ်ပေါ်လာတယ်။ နေ၊ လ၊ နက္ခတ်၊ တာရာတွေ ပေါ်လာတယ်။ အဲဒီအချိန်အထိကလည်း ခြောက်ဆယ့်လေးကပ်လောက် ကြာတယ်။ ခြောက်ဆယ့်လေး ဘယ်နှစ်လီလဲ? လေးလီ။ အဲဒါကိုမှ တစ်ကမ္ဘာလို့ ခေါ်တယ်။

ဒီတော့ ဒီကမ္ဘာကြီးအပေါ်မှာ သတ္တဝါတွေ အထူးသဖြင့် လူသားတွေ တည်နေရတဲ့ အချိန်အခါကာလကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့ ခြောက်ဆယ့်လေး တစ်လီပဲ ရှိတယ်။ ကျန်တဲ့ သုံးလီက ဘယ်မှာ နေရသလဲ? ဗြဟ္မာ့ပြည်မှာပဲ နေနေကြရတယ်။ ဒါကြောင့် ဒီတရားနာပရိသတ်တွေထဲမှာ ဗြဟ္မာ့ပြည်ကို မရောက်ဘူးတဲ့ပုဂ္ဂိုလ်ဆိုတာ ရှိသလား? မရှိဘူး။ ဗြဟ္မာ့ပြည်က လေယာဉ်စီးသွားလို့လည်း မရဘူး၊ ခြေလျင်လည်း သွားလို့ မရဘူး။ ဘာနဲ့ သွားရလဲ? ဈာန်တရားတွေနဲ့ သွားရတယ်။ ဒီတော့ ဈာန်ကို တစ်ချိန်က တစ်ကမ္ဘာကို လေးပုံ ပုံရင် သုံးပုံလောက် ဈာန်တရားတွေကို အားထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ဒါ မိမိကိုယ်ကို မိမိ အထင်မသေးဖို့ ဘုန်းကြီးက ပြောနေတာပါ။ ဒီတော့ စောက်ချပြီးသာ ရွံ့ရွံ့ချွန်ချွန် အားထုတ်စမ်းပါ။ ဒီဈာန်တရားတွေဟာ တစ်ချိန်က ကိုယ်ရခဲ့ဖူးတဲ့ ဈာန်တရားတွေဖြစ်ခြင်းကြောင့် တစ်ချိန်က အားထုတ်ခဲ့တဲ့ ဈာန်တရားတွေရဲ့ စွမ်းအင်သတ္တိတွေက ဒီဘဝမှာ လာပြီးတော့ ကျေးဇူးပြုပေးနိုင်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် ကြိုးစားအားထုတ်မယ်ဆိုရင်တော့ မရနိုင်ဘူးလား? ရနိုင်ပါတယ်နော်။

ကဲ ဒေသနာတော်လေးကို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဘယ်လို ဆက်ဟောလဲ?

‘‘အယံ ဝုစ္စတာဝုသော, ဗဟိဒ္ဓါသံယောဇနော ပုဂ္ဂလော အနာဂါမီ ဟောတိ, အနာဂန္တာ ဣတ္ထတ္တံ’’။

ဒီပုဂ္ဂိုလ်မျိုးကိုလည်း ဗဟိဒ္ဓသံယောဇဉ်ရှိတဲ့ပုဂ္ဂိုလ်, ကာမဘုံကို ပြန်လာခြင်းသဘော မရှိတဲ့ပုဂ္ဂိုလ်လို့ပဲ ခေါ်ပါတယ်။ အနာဂါမ်ပဲ။ အနာဂါမ်မှာ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက နှစ်မျိုး ခွဲဟောတယ်။ အဲဒီလို အရဟတ္တမဂ်ရအောင် ကျင့်နေတဲ့ အနာဂါမ်က တစ်မျိုး၊ အရဟတ္တမဂ် မရအောင် မကျင့်နိုင်သေးတဲ့ အနာဂါမ်က တစ်မျိုး။ ဒီလို နှစ်မျိုး ခွဲဟောထားပါတယ်။ အဲဒီလို ဟောပြီးတော့ ဒေသနာတော်ကို အဆုံးသတ်လိုက်တဲ့ အချိန်အခါမှာ ဗြဟ္မာတွေ သိန်းနဲ့ချီပြီးတော့ အရဟတ္တဖိုလ် တည်သွားကြပါတယ်။ သောတာပတ္တိအစရှိတဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်။ ဒီမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိသွားတဲ့ သူတော်ကောင်းတွေကတော့ မြတ်စွာဘုရားကို ရိုေစွာ ရှိခိုးပြီးတော့ မြတ်စွာဘုရားကို လျှောက်ထားကြတယ်။

မြတ်စွာဘုရား ... အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကတော့ ပုပ္ဖါရုံကျောင်းတိုက်မှာ တပည့်တော်တို့ကို အဇ္ဈတ္တသံယောဇဉ်တရားရှိတဲ့ပုဂ္ဂိုလ်, ဗဟိဒ္ဓသံယောဇဉ်တရားရှိတဲ့ ပုဂ္ဂိုလ်တွေကို ခွဲခြားပြီးတော့ ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ် မြတ်စွာဘုရား။ ထိုနေရာသို့ မြတ်စွာဘုရားလည်း အစဉ်သနားခြင်းကို အကြောင်းပြုပြီးတော့ ကြွရောက်တော်မူပါဆိုပြီး နတ်တွေက လာပြီး ပင့်ကြတယ်။

ပင့်လိုက်တဲ့ အချိန်အခါမှာ မြတ်စွာဘုရားကလည်း ဆိတ်ဆိတ်နေတော်မူခြင်းဖြင့် လက်ခံတော်မူလိုက်ပါတယ်။ လက်ခံတော်မူပြီးတဲ့ အချိန်အခါမှာ ဘုရားရှင်က အဘိညာဏ်တန်ခိုးဖြင့် ကွေးသောလက် ဆန့်လိုက်သလို, ဆန့်တဲ့လက် ကွေးလိုက်သလို ဇေတဝန်ကျောင်းတိုက်တော်ကနေ ကွယ်ခဲ့ပြီးတော့ ပုပ္ဖါရုံကျောင်းတိုက်ကို ရောက်ရှိသွားတော်မူပါတယ်။ အဲဒီ ပုပ္ဖါရုံကျောင်းတိုက်ကို ရောက်ရှိသွားပြီးတော့ ဘုရားရှင်အတွက် ခင်းကျင်းထားတဲ့နေရာမှာ ထိုင်ပြီးတော့ သီတင်းသုံးတော်မူလိုက်ပါတယ်။ သီတင်းသုံးတော်မူပြီးတဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားက ဘာအမိန့်ရှိသလဲ?

‘‘ဣဓ, သာရိပုတ္တ, သမ္ဗဟုလာ သမစိတ္တာ ဒေဝတာ ယေနာဟံ တေနုပသင်္ကမိံသု’’ စသည်ဖြင့် မြတ်စွာဘုရားက နိဒါန်းပျိုးပြီးတော့ တရားဒေသနာဟောပေးပါတယ်။

ချစ်သား သာရိပုတ္တရာ ... သမစိတ္တအမည်ရနေတဲ့ ဒီနတ်တွေက ငါဘုရား ရှိရာအရပ်ကို ချဉ်းကပ်ပြီးတော့ လာကြတယ်။ ငါဘုရားကို ချဉ်းကပ်ပြီးတော့ ရိုသေစွာ ရှိခိုးပြီး သင့်တင့်လျောက်ပတ်တဲ့နေရာမှာ ရပ်ကြတယ်။ ရပ်တည်ပြီးတဲ့ အချိန်အခါမှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဗဟိဒ္ဓသံယောဇဉ်တရား, အဇ္ဈတ္တသံယောဇဉ်တရားရှိတဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို ဟောကြားပြသ ဆိုဆုံးမတော်မူပါတယ် စသည်ဖြင့် လာပြီး လျှောက်ထားကြတယ်ဆိုပြီး မြတ်စွာဘုရားက နတ်တွေ လျှောက်ထားတဲ့အတိုင်း ပရိသတ်ထဲမှာ ရှင်သာရိပုတ္တရာကို ဦးတည်ပြီးတော့ ဟောကြားပေးတယ်။

ဘာကြောင့် ဒီလို ဟောကြားပေးရသလဲလို့ မေးရင်တော့ တချို့ တချို့ ပရိသတ်ထဲမှာ ကျွတ်တမ်းမဝင်တဲ့ ပုထုဇန်တွေလည်း ရှိကြတယ်။ ဒီပုထုဇန်တွေဖက်က ဘယ်လိုထင်မလဲ? ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို ဒီလောက် ပရိသတ်တွေက ကြည်ညိုပြီးတော့ တရားနာနေတဲ့ အချိန်အခါမှာ ဘုရားရှင်က ဒီပရိသတ်များများက ရှင်သာရိပုတ္တရာကို ကြည်ညိုနေတာကို မလိုလားတဲ့စိတ်ထားဖြင့် ကြွလာတယ်လို့ ဒီလိုများ ထင်ခဲ့ရင် အဲဒီလို ထင်နေတဲ့ ပရိသတ်တွေဟာ အပါယ်လေးပါးသို့ ရောက်တော့မယ်လို့ ဒီအပါယ်လေးပါးကို မရောက်အောင်ဆိုပြီး ဘုရားရှင်က ဒီတရားပွဲသို့ ကြွရောက်လာခြင်းရဲ့ အကြောင်းရင်းကို နိဒါန်းသွယ်ပြီးတော့ ဒီနေရာမှာ တင်ပြတယ်။

အဲဒီလို ပရိသတ်ကို ဟောကြားပြီးတဲ့ အချိန်အခါကျတော့ ဘုရားရှင် ဘာဆက်ဟောသလဲ? ဒီအပိုင်းလေးကတော့ ဒီနေ့ ပရိသတ်တွေကို ဘုန်းကြီး ဟောချင်တဲ့ အပိုင်းပါနော်။ ဘာလဲ?

‘‘တာ ခေါ ပန, သာရိပုတ္တ, ဒေဝတာ ဒသပိ ဟုတွာ ဝီသမ္ပိ ဟုတွာ တိံသမ္ပိ ဟုတွာ စတ္တာလီသမ္ပိ ဟုတွာ ပညာသမ္ပိ ဟုတွာ သဋ္ဌိပိ ဟုတွာ အာရဂ္ဂကောဋိနိတုဒနမတ္တေပိ တိဋ္ဌန္တိ, န စ အညမညံ ဗျာဗာဓေန္တိ။’’

သာရိပုတ္တရာ ... ဒီနတ်တွေဟာ (၁၀)ယောက် (၂၀) (၃၀) (၄၀) (၅၀) (၆၀) ဒီလို အုပ်စုလေးစု ဖွဲ့ပြီးတော့ ဆောက်ဖျားပမာဏရှိတဲ့ အရပ်ကလေးတွေမှာ ရပ်တည်ပြီး နေနိုင်ကြတယ်။ ဘုန်းတန်ခိုးကြီးတဲ့ပုဂ္ဂိုလ်တွေက ပုံစံတစ်မျိုး, ဘုန်းတန်ခိုးငယ်တဲ့ပုဂ္ဂိုလ်တွေကလည်း ပုံစံတစ်မျိုး, အခြံအရံ နည်းပါးတဲ့ပုဂ္ဂိုလ်တွေ, အဆင့်အတန်း နိမ့်ကျတဲ့ပုဂ္ဂိုလ်ကတစ်မျိုး, အဆင့်အတန်း မြင့်မားနေတဲ့ပုဂ္ဂိုလ်ကတစ်မျိုးဆိုပြီး ဒီလို နှစ်မျိုးခွဲထားတယ်။

ဘုန်းကံ နည်းပါးတဲ့ပုဂ္ဂိုလ်တွေကျတော့ (၁၀)ယောက်တစ်စု စသည်ဖြင့် စုပေါင်းပြီးတော့ ဆောက်ဖျားပမာဏရှိတဲ့ အရပ်ထဲမှာ စုပေါင်းပြီး နေထိုင်ကြတယ်။ ဘုန်းတန်ခိုးကြီးတဲ့ပုဂ္ဂိုလ်တွေကျတော့ သူတို့က ခန္ဓာကိုယ်ကို ကျကျနန ဖန်ဆင်းပြီးတော့ (၄၀) (၆၀)စသည်ဖြင့် စုပေါင်းပြီး နေထိုင်ကြတယ်။ အဲဒီလို နေထိုင်ကြတဲ့ အချိန်အခါကျတော့ ဒီနေရာမှာ ဒီလို နေထိုင်မှုနဲ့ ပတ်သက်ပြီး ဘုရားရှင်က ဘာအမိန့်ရှိလဲ?

အညမညံ၊ အချင်းချင်း တစ်ယောက်သည်တစ်ယောက်ကို။ န စ ဗျာဗာဓေန္တိ၊ ညှဉ်းပမ်းနှိပ်စက်မှုလည်း မရှိကြပေ။

ဆောက်ဖျားပမာဏလောက်ရှိတဲ့ အလွန် ကျဉ်းမြောင်းနေတဲ့ နေရာလေးမှာ (၁၀)ယောက်ကနေ စသည်ဖြင့် (၆၀)လောက်အထိ စုပေါင်းပြီး တည်နေရသော်လည်း တစ်ဦးနဲ့တစ်ဦး ညှဉ်းပမ်းမှု, နှိပ်စက်မှု, တစ်ဦးရဲ့ စိတ်ဓာတ်ကို အနှောင့်အယှက်ပြုမှုဆိုတာ လုံးလုံး မရှိကြဘူးနော်။

‘‘န ခေါ ပနေတံ, သာရိပုတ္တ, ဧဝံ ဒဋ္ဌဗ္ဗံ။’’

ချစ်သား သာရိပုတ္တရာ ... ဒီနတ်တွေဟာ ဒီလို အလွန် ကျဉ်းမြောင်းကြပ်တည်းနေတဲ့ နေရာလေးမှာ ခုလို (၁၀)ယောက်ကနေ စပြီး (၆၀)လောက်အထိ စုပေါင်းပြီး နေထိုင်နိုင်ဖို့ရန်အတွက် စိတ်ဓာတ်တွေ ဒင်းတို့ လေ့ကျင့်ထားတာ ဟုတ်မှဟုတ်ပါရဲ့လားလို့ ဒီလိုတော့ မထင်လိုက်နဲ့နော်။ ဘယ်လိုလဲ?

‘‘ဣဓေဝ ခေါ, သာရိပုတ္တ, တာသံ ဒေဝတာနံ Tထာ စိတ္တံ ဘာဝိတံ, ယေန တာ ဒေဝတာ ဒသပိ ဟုတွာ ဝီသမ္ပိ ဟုတွာ တိံသမ္ပိ ဟုတွာ စတ္တာလီသမ္ပိ ဟုတွာ ပညာသမ္ပိ ဟုတွာ သဋ္ဌိပိ ဟုတွာ အာရဂ္ဂကောဋိနိတုဒနမတ္တေပိ တိဋ္ဌန္တိ, န စ အညမညံ ဗျာဗာဓေန္တိ။’’

ဒီလူ့ပြည်လူ့လောက သာသနာတော်ထဲမှာ။ သာသနာတော်ဆိုတာကတော့ ကဿပဘုရားရှင်ရဲ့ သာသနာတော်အစရှိတဲ့ သာသနာတော်တွေလည်း ပါပါတယ်။ ဂေါတမဘုရားရှင်ရဲ့ သာသနာတော်တွေလည်း ပါပါတယ်။ အဲဒီလို ဒီလူ့ပြည်လူ့လောက သာသနာတော်တွင်းမှာ ဒီနတ်တွေက စိတ်ဓာတ်တွေကို နိုင်နင်းအောင် လေ့ကျင့်ခဲ့ကြတယ်။ ဘယ်လို နိုင်နင်းအောင် လေ့ကျင့်ခဲ့ကြသလဲလို့ မေးရင် ဒီဆောက်ဖျားပမာဏလောက်ရှိတဲ့ အလွန် ကျဉ်းမြောင်းနေတဲ့ ဒီနေရာလေးတွေမှာ (၁၀)ယောက်တစ်တွဲ, (၂၀) (၃၀) (၄၀) (၅၀) (၆၀) စသည်ဖြင့် စုပေါင်းပြီး နေထိုင်နိုင်လောက်တဲ့ စွမ်းအားရှိတဲ့ စိတ်ဓာတ်တွေကို တစ်ချိန်က သူတို့ ကြိုးစားအားထုတ်ခဲ့ကြတယ်။ ဒီသာသနာတော်အတွင်းမှာပဲ ကြိုးစားအားထုတ်ခဲ့ကြတာဖြစ်တယ်။ ဒီသာသနာတော်ရဲ့နောက်ပိုင်း သူတို့က ဒီလို စိတ်ဓာတ်တွေကို ပွားများအားထုတ်ခဲ့တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။

ဒီလိုဆိုရင် ဒကာကြီးတွေ, ဒကာမကြီးတွေ ဒီလို စိတ်ဓာတ်ကလေးတွေကို ပွားများထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ သံသရာခရီးဆိုတာက မပြောနိုင်ဘူး။ ဒီတော့ ဒီလို စိတ်ဓာတ်ကလေးတွေကို ပွားများလို့ ဒီသာသနာတော်အတွင်းမှာ ရတယ်ဆိုရင် ဘုန်းကြီးတို့ သာသနာတော်ကြီးဟာ အလွန် အားရကျေနပ်ဖို့ကောင်းတဲ့ သာသနာတော်ကြီးတစ်ခု မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်နော်။ ဒါပေမယ့်လို့ အဲဒီလောက်အထိနေသော်လည်း သူတို့က ဘာဖြစ်လဲ?

အညမညံ၊ အချင်းချင်း တစ်ယောက်သည်တစ်ယောက်ကို။ န စ ဗျာဗာဓေန္တိ၊ ညှဉ်းပမ်းနှိပ်စက်မှုလည်း မရှိကြကုန်။

ဒီလောက် ကျဉ်းမြောင်းကြပ်တည်းတဲ့ နေရာလေးမှာ နေရသော်လည်း တစ်ယောက်နဲ့တစ်ယောက် ညှဉ်းပမ်းမှု, နှိပ်စက်မှု, တစ်ယောက်ကိုတစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုမူပြောဆိုဆက်ဆံမှု လုံးလုံး မရှိကြဘူးနော်။ မကောင်းဘူးလား ဒကာကြီးတွေ, ဒကာမကြီးတွေ? သိပ်ကောင်းတယ်။ ဒါ ဘာဖြစ်လို့လဲ? စိတ်ဓာတ်တွေ နိုင်နင်းအောင် လေ့ကျင့်ထားတယ်။ ဒါကြောင့် ဘုရားရှင်က ဒီနေရာမှာ ဘာဆုံးမလဲ?

‘‘တသ္မာတိဟ, သာရိပုတ္တ, ဧဝံ သိက္ခိတဗ္ဗံ – ‘သန္တိန္ဒြိယာ ဘဝိဿာမ သန္တမာနသာ’တိ။ ဧဝဉှိ ဝေါ, သာရိပုတ္တ, သိက္ခိတဗ္ဗံ။’’

သာရိပုတ္တ၊ ချစ်သား သာရိပုတ္တရာ ...။ တသ္မာ၊ ထို့ကြောင့်။ ဣဟ၊ ဤသာသနာတော်မြတ်အတွင်း၌။ တုမှေ၊ သင်ချစ်သားတို့သည် (သင်ချစ်သမီးတို့သည်)။ မယံ၊ ငါတို့သည်။ သန္တိန္ဒြိယာ၊ ငြိမ်သက်တည်ကြည်သော ဣန္ဒြေရှိကုန်သည် studs ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ သန္တမာနသာ၊ ငြိမ်သက်အေးချမ်းသော စိတ်ရှိကုန်သည် studs ဘဝိဿာမ၊ ဖြစ်ကြပါကုန်အံ့။ ဣတိ ဧဝံ၊ ဤသို့လျှင်။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြစမ်းပါ။

သာရိပုတ္တရာ ...သင်ချစ်သားတို့တစ်တွေဟာ ဒီသာသနာတော်မြတ်အတွင်းမှာ ငါတို့ဟာ ငြိမ်သက်တည်ကြည်တဲ့ ဣန္ဒြေရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်, ငြိမ်သက်အေးချမ်းတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်လို့ ဒီလို စိတ်ဓာတ်မျိုးကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြစမ်းပါ။ ငြိမ်သက်တည်ကြည်တဲ့ ဣန္ဒြေရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်စေရမယ်, ငြိမ်သက်အေးချမ်းတဲ့ စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်အောင် ဘယ်လို ပွားရမလဲ? ခုနက ပြောခဲ့ပြီးပြီနော်။ သမထဘာဝနာ, ဝိပဿနာဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့် အဇ္ဈတ္တသံယောဇဉ်တရားရှိတဲ့ပုဂ္ဂိုလ်, ဗဟိဒ္ဓသံယောဇဉ်တရားရှိတဲ့ပုဂ္ဂိုလ်, အဇ္ဈတ္တ ဗဟိဒ္ဓ သံယောဇဉ် ကုန်ခန်းနေတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်။ အဲဒီလို ပွားများအားထုတ်လိုက်ရင် ဘာဖြစ်မလဲ?

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ ...။ ဧဝံ ဟိ၊ ဤသို့လျှင်။ ဝေါ၊ သင်ချစ်သားတို့သည်။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။

‘‘သန္တိန္ဒြိယာနဉှိ ဝေါ, သာရိပုတ္တ, သန္တမာနသာနံ သန္တံယေဝ ကာယကမ္မံ ဘဝိဿတိ သန္တံ ဝစီကမ္မံ သန္တံ မနောကမ္မံ။ သန္တံယေဝ ဥပဟာရံ ဥပဟရိဿာမ သဗြဟ္မစာရီသု’’

သာရိပုတ္တ၊ ချစ်သား သာရိပုတ္တရာ ...။ သန္တိန္ဒြိယာနံ၊ ငြိမ်သက်တည်ကြည်သော ဣန္ဒြေရှိကြကုန်သော။ သန္တမာနသာနံ၊ ငြိမ်သက်အေးချမ်းသော စိတ်ရှိကြကုန်သော။ ဝေါ၊ ချစ်သားတို့၏။ ကာယကမ္မံ၊ ကာယကံသည်။ သန္တံယေဝ၊ ငြိမ်သက်အေးချမ်းသည်သာလျှင်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ လာပေလိမ့်မယ်။ ဝစီကမ္မံ၊ ဝစီကံသည်။ သန္တံ၊ ငြိမ်သက်အေးချမ်းသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ လာပေလိမ့်မယ်။ မနောကမ္မံ၊ မနောကံသည်။ သန္တံ၊ ငြိမ်သက်အေးချမ်းသည်။ ဘဝိဿတိ၊ ဖြစ်ပေါ်၍ လာပေလိမ့်မယ်။ ဥပဟာရံ၊ ချဉ်းကပ်မှုကို (သို့မဟုတ် ပေးလှူပူဇော်မှုကို)။ သန္တံယေဝ၊ ငြိမ်သက်အေးချမ်းသည်ကိုသာလျှင်။ သဗြဟ္မစာရီသု၊ သီတင်းသုံးဖော်တို့အပေါ်၌။ ဥပဟရိဿာမ၊ ဆောင်ကြဉ်းကြပါကုန်အံ့ (သို့မဟုတ် ချဉ်းကပ်ကြပါကုန်လိမ့်မယ်)။

ငြိမ်သက်တဲ့ ဣန္ဒြေရှိနေတဲ့ပုဂ္ဂိုလ်, ငြိမ်သက်တဲ့ စိတ်ထားရှိနေတဲ့ပုဂ္ဂိုလ်။ အဲဒီလို Ngြိမ်သက်အေးချမ်းတဲ့စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ငြိမ်သက်အေးချမ်းတဲ့ ကာယကံသာလျှင် ဖြစ်ပေါ်နေလိမ့်မယ်။ ငြိမ်သက်အေးချမ်းတဲ့ ဝစီကံတွေသာ ဖြစ်ပေါ်နေလိမ့်မယ်။ မကောင်းဘူးလား ဒကာကြီးတွေ, ဒကာမကြီးတွေ? သိပ်ကောင်းတယ်။ ငြိမ်သက်အေးချမ်းတဲ့ ကာယကံ, ဝစီကံ, မနောကံတွေ ဖြစ်နေပြီဆိုရင် ထိုပုဂ္ဂိုလ်သန္တာန်မှာ အအေးဓာတ်တွေ ကိန်းဝပ်မနေဘူးလား?

ဒီနေ့ပဲ ဒကာမကြီးတစ်ယောက်က လျှောက်တယ်။ တပည့်တော်က အပူတွေ သိပ်များတယ်ဘုရားတဲ့။ ဘာဖြစ်လို့ပူသလဲ? ငြိမ်သက်အေးချမ်းတဲ့ ဣန္ဒြေရှိအောင်လည်း မကြိုးစားရသေးဘူး။ ငြိမ်သက်အေးချမ်းတဲ့ စိတ်ထားရှိအောင်လည်း မကြိုးစားရသေးဘူး။ မကြိုးစားရသေးတော့ မပူကြဘူးလား? ပူကြတယ်နော်။ နောက်တစ်ခု — ငြိမ်သက်အေးချမ်းနေတဲ့ ကာယကံ, ဝစီကံ, မနောကံရှိတဲ့ပုဂ္ဂိုလ်တွေက တစ်ဦးနဲ့တစ်ဦး ချဉ်းကပ်ပြီဆိုရင် ငြိမ်သက်အေးချမ်းတဲ့ ကာယကံ, ဝစီကံ, မနောကံနဲ့ပဲ ချဉ်းကပ်တယ်။ တစ်ဦးနဲ့တစ်ဦး ပူလောင်နေတဲ့ ကာယကံ, ဝစီကံ, မနောကံနဲ့ပဲ ချဉ်းကပ်ကြပါ့မလား? မချဉ်းကပ်ဘူး။ တစ်ဖက်သား မကျေနပ်တဲ့ အပြုအမူကို ဘယ်တော့မှ လုပ်မပြဘူး။ တစ်ဖက်သား မကျေနပ်နိုင်တဲ့ စိတ်အမူအယာတွေကို ဘယ်တော့မှ ထင်ရှားမပြကြဘူး။ အဲဒီလို မပြကြဘူးဆိုရင် တစ်ဦးနဲ့တစ်ဦး တွေ့ကြုံတဲ့ အချိန်အခါမှာ အေးချမ်းတဲ့ ဓာတ်ကလေးတွေ ဝင်မလာနိုင်ဘူးလား? ဝင်လာနိုင်တယ်။ တစ်ဦးနဲ့ တစ်ဦး မကြည့်ချင်တဲ့စိတ်ထားတွေ ရှိဦးမလား? မရှိတော့ဘူး။ ဒါ ဘာကြောင့်လဲလို့မေးတော့ စိတ်ဓာတ်တွေကို နိုင်နိုင်နင်းနင်း ဒီသာသနာတော်မှာ လေ့ကျင့်နိုင်လို့။ စိတ်ဓာတ်တွေကို နိုင်နိုင်နင်းနင်း ပြုပြင်နိုင်လို့ ဒီလို အကျိုးတရားတွေကို ရရှိခြင်းဖြစ်တယ်။

အဲဒီ အကျိုးတရားတွေ ရလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ခုနက ပြောခဲ့သလိုပဲ။ ကာမ (၁၁)ဘုံကို ပြန်လာခြင်းသဘော။ ကာမရာဂသံယောဇဉ် အစရှိတဲ့ သံယောဇဉ်တွေကို မဖြတ်တောက်နိုင်သေးရင် ကာမဘုံကိုတော့ ပြန်လာခြင်းသဘော ရှိသော်လည်း အပါယ်လေးဘုံမှတော့ မလွတ်နိုင်ဘူးလား? လွတ်နိုင်တယ်။ အကယ်၍ ကာမရာဂသံယောဇဉ် အစရှိတဲ့ ဒီသံယောဇဉ်တွေကို စျာန်နဲ့ ခွာထားနိုင်တယ်။ သို့မဟုတ် အရိယာမဂ်တရားဖြင့် အကြွင်းမဲ့ ပယ်ရှားနိုင်တယ်ဆိုရင်လည်း ကာမဘုံကို ပြန်လာနိုင်တဲ့ သဘောရှိဦးမလား? မရှိတော့ဘူး။ ငြိမ်သက်အေးချမ်းနေတဲ့ ဗြဟ္မာ့လောကမှာသာလျှင် နေထိုင်ရမယ့်သဘောရှိတယ်။ ဒါကြောင့် —

‘‘ဧဝဉှိ ဝေါ, သာရိပုတ္တ, သိက္ခိတဗ္ဗံ။’’

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ ...။ ဝေါ၊ သင်ချစ်သားတို့သည်။ ဧဝံ ဟိ၊ ဤသို့လျှင်။ သိက္ခိတဗ္ဗံ၊ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြစမ်းပါ။

‘‘အနဿုံ ခေါ, သာရိပုတ္တ, အညတိတ္ထိယာ ပရိဗ္ဗာဇကာ ယေ ဣမံ ဓမ္မပရိယာယံ နာဿောသုံ’’။

သာရိပုတ္တ၊ ချစ်သားသာရိပုတ္တရာ ...။ ယေ အညတိတ္ထိယာ ပရိဗ္ဗာဇကာ၊ အကြင် သာသနာတော်ရဲ့ ပြင်ပ၌ တည်ရှိကြကုန်သော ပရိဗိုဇ်တို့သည်။ ဣမံ ဓမ္မပရိယာယံ၊ ဤတရားဒေသနာတော်ကို။ နာဿောသုံ၊ မကြားနာကြရလေကုန်။ တေ၊ ထိုသာသနာတော်ရဲ့ ပြင်ပ၌ တည်ရှိကြကုန်သော ပရိဗိုဇ်တို့သည်။ အနဿုံ ခေါ၊ ပျက်စီးခြင်းမက ပျက်စီးကြလေပြီ။

ချစ်သားသာရိပုတ္တရာ ...ဒီလို တရားဒေသနာတော်မျိုးကို နာကြားခွင့် မရရှိတဲ့ သာသနာတော်ပြင်ပက ပုဂ္ဂိုလ်တွေ ရှိကြတယ်။ အဲဒီပုဂ္ဂိုလ်တွေကတော့ ဒီဘဝမှာ မပျက်စီးကြဘူးလား? ပျက်စီးပြီ။ ဘာကြောင့် ပျက်စီးလဲ? အဇ္ဈတ္တသံယောဇဉ်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် သို့မဟုတ် ဗဟိဒ္ဓသံယောဇဉ်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် သို့မဟုတ် အဇ္ဈတ္တသံယောဇဉ်, ဗဟိဒ္ဓသံယောဇဉ်တွေ ကင်းရှင်းတဲ့ပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ရန်အတွက် နည်းလမ်းကောင်းတွေကို သူတို့ ရနိုင်သလား? မရနိုင်ဘူး။ ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတွေက ဒီနည်းကောင်းစနစ်တွေကို မရနိုင်ဘူးလား? ရနိုင်ကြတယ်။

နည်းကောင်းစနစ်တွေကို ရနိုင်လို့ ဒီတရားတွေကို နာကြားခွင့် ရရှိတဲ့ အချိန်အခါမှာ နာကြားရုံတွင် ရပ်တန့်ပြီး နေရမလား? မနေရဘူး။ တကယ်လက်တွေ့ သမထဘာဝနာ, ဝိပဿနာဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့် ငြိမ်သက်တည်ကြည်တဲ့ ဣန္ဒြေရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင်, ငြိမ်သက်အေးချမ်းနေတဲ့ စိတ်ထားတွေရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြစမ်းပါဆိုပြီးတော့ မြတ်စွာဘုရားက တိုက်တွန်းထားတယ်နော်။

မြတ်စွာဘုရား တိုက်တွန်းတော်မူတဲ့အတိုင်း ဒီနေ့ ကထိန်ဒါယကာ, ကထိန်ဒါယိကာမ အမှူးရှိနေတဲ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ဘုရားရှင် တိုက်တွန်းတော်မူတဲ့အတိုင်း ရှေးသူတော်ကောင်းတို့ရဲ့ ထုံးဟောင်းကို အတုလိုက်ပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါလို့ ဘုန်းကြီးကလည်း ထပ်ဆင့်တိုက်တွန်းရင်း တရားသိမ်းကြစို့။

တရားဒေသနာတော်နိဂုံး

‘‘ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။ တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။’’

သန္တော၊ ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်းဟို တို့ရှေ့က သူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ၊ နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ၊ ရှေးက ပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ပိုင်သသည့် ကာမဝတ္ထု အစုစုတို့ကို။
ဟိတွာ၊ ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့်ဆက်ဆံ ဘေးတွေက ဝန်းခြံ၊ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော်ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု၊ ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေပြီ။
တုမှေပိ၊ မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ၊ ဝတ္ထုကာမဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက်ကြကုန်သည်ဖြစ်၍။
သုပေသလာ၊ စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည်ဖြစ်၍။
တေ၊ ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို ... တို့ရှေ့က သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ၊ အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓုပါဘုရား ...။

ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း။
8rg2raw62xxdnoah9j35ywqynqzeyyv 22051 22050 2026-06-11T03:53:51Z Tejinda 173 22051 wikitext text/x-wiki {{header | title = သမစိတ္တသုတ် | author = ဖားအောက်တောရဆရာတော် | override_author = | editor = | translator = | contribuor = | override_contributor = | section = '''စာစစ်ရန် လိုအပ်သည်''' | previous = [[သံခိတ္တဓနသုတ်နှင့် သီလဝန္တသုတ်]] | previous2 = | next = [[နန္ဒကောဝါဒသုတ်]] | next2 = | year = | notes = | edition = | categories = ဖားအောက်တောရ | shortcut = | portal = }}

agwhbpk43h5cmhlpg9yepqgzr4ltuai