ဝီကီရင်းမြစ်
mywikisource
https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.17
first-letter
မီဒီယာ
အထူး
ဆွေးနွေးချက်
အသုံးပြုသူ
အသုံးပြုသူ ဆွေးနွေးချက်
ဝီကီရင်းမြစ်
ဝီကီရင်းမြစ် ဆွေးနွေးချက်
ဖိုင်
ဖိုင် ဆွေးနွေးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွေးနွေးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွေးနွေးချက်
အကူအညီ
အကူအညီ ဆွေးနွေးချက်
ကဏ္ဍ
ကဏ္ဍ ဆွေးနွေးချက်
မုခ်ဝ
မုခ်ဝ ဆွေးနွေးချက်
စာရေးသူ
စာရေးသူ ဆွေးနွေးချက်
ဘာသာပြန်
ဘာသာပြန် ဆွေးနွေးချက်
စာမျက်နှာ
စာမျက်နှာ ဆွေးနွေးချက်
အညွှန်း
အညွှန်း ဆွေးနွေးချက်
TimedText
TimedText talk
မော်ဂျူး
မော်ဂျူး ဆွေးနွေးချက်
Event
Event talk
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း
0
632
22293
21682
2026-09-01T08:32:57Z
~2026-47712-22
878
ရ နဲ့ ၇ မှား
22293
wikitext
text/x-wiki
{{header
| title = ကိုယ်ကျင့်အဘိဓမ္မာ
| author = အရှင်ဇနကာဘိဝံသ
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = စတုတ္ထအခန်း <b>မနသိကာရ အကြောင်း</b>
| previous = [[ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း|ဇိဝိတိန္ဒြေ အကြောင်း]]
| previous2 =
| next = [[ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း|ဝိတက် အကြောင်း]]
| next2 =
| year =
| notes =
| edition =
| categories = အဘိဓမ္မာ
| shortcut =
| portal =
}}
<p>မနသိကာရ အကြောင်း </p>
<p>နှလုံးသွင်းခြင်း သဘောသည် မနသိကာရ မည်၏။ ထို့ကြောင့် “နှလုံးသွင်းကို မနသိ ဆို၏”ဟု ဆိုခဲ့သည်။ “နှလုံး+သွင်း” ဟူရာ၌ စိတ်ကို “နှလုံး”ဟု ခေါ်၏။ ဤ စိတ်နှလုံး အတွင်းသို့ အာရုံတခုခု ပေါ်ထင်အောင် (သွင်းပေးသကဲ့သို့) ပြုပေးခြင်းကို နှလုံး+သွင်း”ဟု ခေါ်သည်။ အမှန်အားဖြင့် ဤ မနသိကာရသည် စိတ်ထဲတွင် အာရုံဝင်လာအောင် ဆွဲဆောင် သွင်းနိုင်သည် မဟုတ်။ သို့ရာတွင် မနသိကာရ၏ အစွမ်းကြောင့် အာရုံတခုခု အမြဲရလျက်ရှိရကား ဤ မနသိကာရသည်ပင် အာရုံကို ရအောင် ဆောင်ယူ သွင်းပေးသကဲ့သို့ တင်စား၍ ပြောဆိုရပေသည်။</p>
<h3>စေတသိက် ၇-ပါး စိတ်ဖြစ်တိုင်းပါပုံ</h3>
စိတ်တခုခုဖြစ်ရာ၌ အာရုံကိုထိမှု “ဖဿ”နှင့်“မနသိကာရ” တိုင်အောင် စေတသိက် ၇-ပါးကို အမြဲပါကြရသည်။ လောဘ ဒေါသ သဒ္ဓါ သတိ စသည်တို့ကား သူတို့ဆိုင်ရာ အာရုံကို ယူသောအခါ၌သာ အပို ပါဝင်လာကြသည်။ ထို၇-ပါးတွင် တစုံ တခုကို ခံစားနေသောအခါ ဝေဒနာသည် သတ္တိထင်ရှား၍ တစုံတခုကို မှတ်နေသောအခါ သညာသည် သတ္တိထင်ရှား၏။ ကံတခုကို ပြုနေသောအခါ စေတနာသည် သတ္တိထင်ရှား၍ အာရုံတခုခုကို စူးစိုက်သောအခါ ဧကဂ္ဂတာ ခေါ်သော သမာဓိက သတ္တိထင်ရှား၏။ ကြွင်းသော ဖဿ ဇီဝိတိန္ဒြေ မနသိကာရ ၃-ပါးတို့ကား ဘယ်အခါမျှ သတ္တိ မထင်ရှားလှချေ။</p>
[[Category:မြန်မာဘာသာ]]
[[Category:အဘိဓမ္မာ]]
0a8r40m5533ph9v15h2l6h0wjctsmee
မွန်မင်းသမီးလေး တလထော်
0
2909
22292
9362
2026-09-01T05:55:31Z
~2026-47364-77
877
/* ရတနာသုံးပါး တို့အားထား */
22292
wikitext
text/x-wiki
{{header
| title = ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
| author = ဓမ္မစကူးလ်ဖောင်ဒေးရှင်း
| override_author =
| editor =
| translator =
| contribuor =
| override_contributor =
| section = <b>သင်ခန်းစာ (၁၅) မွန်မင်းသမီးလေး တလထော်</b>
| previous = [[ဘုန်းကံကြီးလှ ကိုရင်တိဿ|သင်ခန်းစာ (၁၄) ဘုန်းကံကြီးလှ ကိုရင်တိဿ]]
| previous2 =
| next = [[မင်းမြတ်အနော်ရထာ|သင်ခန်းစာ (၁၆) မင်းမြတ်အနော်ရထာ]]
| next2 =
| year =
| notes =
| edition =
| categories = ဓမ္မစကူးလ်
| shortcut =
| portal =
}}
'''သင်ခန်းစာ (၁၅)'''
==မွန်အမျိုးသမီးလေး တလထော်==
မွန်အမျိုးသမီးလေး တလထော်သည် မြစ်ထဲတွင် ရေချိုးစဉ် ဆင်းတုတော်တစ်ဆူကို တွေ့ရှိခဲ့သည်။ ထိုဆင်းတုတော်ကို ဆယ်ယူပြီး စေတီတစ်ဆူတွင် ထားရှိပူဇော်သည်။
ထိုအကြောင်းကို ဗုဒ္ဓဘာသာဝင် မဟုတ်သော ဘုရင်ကြီးသိသွားသောအခါ စိတ်ဆိုးသွား၏။ ထို့ကြောင့် တလထော်ကို ဖမ်းခိုင်းပြီး သတ်ရန် အမိန့်ပေးခဲ့သည်။
တလထော်က သရဏဂုံကို ရွတ်ဆိုနေသဖြင့် သတ်၍ မရခဲ့ပါ။ တလထော်ကို သတ်၍ မရကြောင်း စစ်သည်တော်များက ဘုရင်ကြီးအား လျှောက်တင်ကြသည်။
ဘုရင်ကြီးက ဗုဒ္ဓဆင်းတုတော်များ ကောင်းကင်ပျံတက်အောင် ပြုလုပ်နိုင်လျှင် မသတ်တော့ဟု တလထော်ကို ပြော၏။ တလထော်က သစ္စာဆိုလိုက်ရာ ဗုဒ္ဓဆင်းတုတော်များ ကောင်းကင် (ပျံတက်၍ တည်နေကြသည်။ ။
ဘုရင်ကြီးသည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို သိရှိသွား၍ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့၏။ တလထော်ကို အသက်ချမ်းသာပေးခဲ့သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာ သော ဘုရင်ကြီးသည် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားအောင် ကြိုးပမ်းခဲ့လေသည်။
==ရတနာသုံးပါး တို့အားထား ==
<poem>ဘုရား တရား မြတ်သံဃာ၊ ဦးထိပ်ပန်ဆင်ကာ။
ရိုသေစွာ မြတ်နိုးလို့၊ တို့တစ်တွေ ဆည်းကပ်စို့။
ဆည်းကပ်ကြတဲ့ တို့တစ်တွေ၊ ကောင်းကျိုးများလှပေ။
အန္တရာယ်တွေ ကင်းစေသည့်၊ သရဏဂုံ ရွတ်ဆိုကြည့်။ ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ .. သံဃံ သရဏံ ဂစ္ဆာမိ။ ။
</poem>
[[Category:ဓမ္မစကူးလ်]]
[[Category:ယဉ်ကျေးလိမ္မာ]]
[[Category:မြန်မာဘာသာ]]
7vx21pb1kqfzpcgq5ddit45orhf5sg7