ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.47.0-wmf.22 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ် 0 3718 22303 22095 2026-10-03T09:41:24Z AyeMyae 906 ရေးသားသူထည့်သွင်း 22303 wikitext text/x-wiki {{header | title = သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ် | author = သင်္ဂဇာဆရာတော်ဘုရားကြီး | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = | previous2 = | next = | next2 = | year = | notes = | edition = | categories = | shortcut = | portal = }} ==သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ်==
တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည်၊ လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊ နတ်ရွာဖို့လုံးလုံး၊ ကျက်၍သုံး။
==သားသမီးကျင့်ဝတ် ၅-ပါး==
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေးမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

[မိဘလုပ်ကျွေးခြင်း၊ မိဘ၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊ မိဘစကားကို နားထောင်၍ မိဘ၏ အမွေတို့ ခံထိုက်အာင် ပြုလုပ်ခြင်း၊ (မိဘစကားကို နားမထောင်က အမွေမခံထိုက်ဟူ၏) မိဘသေဆုံးသောအခါ ရေစက်သွန်းချ၍ အမျှပေးဝေခြင်း၊ အမျိုးအနွယ်ကို စောင့်ရှောက်ခြင်းဟူ၏၊]
==၂။ မိဘကျင့်ဝတ် ၅-ပါး==
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။
==၃။တပည့်ကျင့်ဝတ် ၅-ပါး==
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။
==၄။ ဆရာကျင့်ဝတ် ၅-ပါး==
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ။

[မိမိတတ်သမျှ အကုန်ပေးခြင်းကို-သိပ္ပမချန်၊ မိမိထက်ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးခြင်းကို- သင့်ရာအပ်ပို့-ဟု ဆို၏၊]
==၅။ လင့်ကျင့်ဝတ် ၅-ပါး==
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင့်ကျင့်ရာ။

[မိမိမယားအား မထီလေးစား မပြုခြင်းကို- မထီမဲ့ကင်း၊ အခြားမိန်းမတို့ကို မလွန်ကျူးခြင်းကို- မိစ္ဆာမမှား၊ စားရေးသောက်ရေး၌ အလိုရှိတိုင်း စီရင်ဖို့ လွှဲအပ်ခြင်းကို- ဥစ္စာအပ်နှင်းဟု ဆို၏၊ ငွေကိုအပ်ရန်မလို၊ ၎င်းအဓိပ္ပါယ်ကို “ပဉ္စမအပရိဟာနိယ“ အဖွင့်၌ အကျယ်ဆို၏၊]
==၆။ မယားကျင့်ဝတ် ၅-ပါး==
အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျှော်အောင်ဖြန့်ချီ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

[မိမိယောက်ျားမှ တစ်ပါးသောယောက်ျားတို့နှင့် မမှားမယွင်းခြင်းကို- မိစ္ဆာကြည်ရှောင်၊ မိမိ ဆွေမျိုး၊ လင်ဆွေမျိုးတို့၌ ဝတ်ကျေအောင်ပြုခြင်းကို- သင့်လျှော်ဖြန့်ချိဆို၏၊]
==၇။ မိတ်ဆွေကျင့်ဝတ် ၅-ပါး==
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

[ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်အတူတူ ထားခြင်းကို- ကိုယ်နှင့်ယှဉ်ထားဟု ဆို၏၊]
==၈။ ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး==
မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွေ့မပြစ်၊သားမြစ်စဉ်ဆက် မပျက်ချီးပင့်၊ ဝတ်ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။
==၉။ သခင်ကျင့်ဝတ် ၅-ပါး==
ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ မချွတ်ငါးခုသာ။

[သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေခြင်း၊ သင့်လျော်သော အချိန်၌ ခိုင်းခြင်းကို- ပြုရေးစီရင်၊ ထူးဆန်းသော အစာကို ရသောအခါ ဝေငှခြင်းကို- ငှဝေရသာဆို၏၊ ဥပုသ်နေ့၊ သီတင်းနေ့၊ ပွဲတော်နေ့ စသောအခါတို့၌ အခိုင်းအစေ စားရင်းငှါး ကျွဲ နွားတို့ကို မခိုင်းမစေဘဲ အနားပေးခြင်း အခွင့်လွှတ်ပေးခြင်းကို- အခါကိုလွှတ်ဆို၏၊]
==၁၀။ ကျွန်ကျင့်ဝတ် ၅-ပါး==
အိပ်သောနောက်ကျ၊ ထ,သော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

[အလုပ်ကို စေ့စေ့စပ်စပ် ဆောင်ရွက်ခြင်းကို- စေ့စပ်ဆောင်ရွက်၊ အရှင်၏ ကျေးဇူးကို ပြောဆိုခြင်းကို- ကျေးဇူးမြွက်ဟု ဆို၏၊]
==၁၁။ ဒါယကာ ကျင့်ဝတ် ၅-ပါး==
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ဝတ်ငါးထွေ၊ ပြုလေ ဒါယကာ။

[ရဟန်းသံဃာ၌ မေတ္တာစိတ် ရှေးထားခြင်း၊ ခင်ခင်မင်မင် ပြောဆိုခြင်း၊ အလိုရှိသော အရာများကို တောင်းပါဟု ဖိတ်ထားခြင်း၊ တတ်နိုင်သမျှ လှူဒါန်းခြင်းတို့ကို ပြုရမည်ဟူ၏၊]
==၁၂။ ရဟန်းကျင့်ဝတ် ၆-ပါး==
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။

[နာဖူးသော တရားကို ထပ်ဟောခြင်းကို- နာဖူးထပ်မံ၊ နတ်ပြည်သို့ ရောက်ဖို့ နည်းလမ်းကို ညွှန်ကြား ပြောပြခြင်းကို- နတ်ထံတင်ရာဟု ဆို၏၊]
==၁၃။ အကြီးအကဲကျင့်ဝတ် ၆-ပါး==
ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ကြည့်ရှု၊ ဤခြောက်ခု၊ ကြီးသူကျင့်ရာ တရားတည်း။

[သူများထက် လုံ့လရှိခြင်း၊ သူများကို မိမိက ရှေ့ဆောင်ပြုလုပ်ခြင်းကို- ထကြွနိုးကြား၊ အရာရာမှာ ဉာဏ်ဖြင့် ဆင်ခြင်ခြင်းကို-ကြည့်ရှုဟု ဆို၏၊]

ဝတ်မကျေလျှင် အပြစ် - ကျေလျှင် အကျိုး

၁။ ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြ၊ သုံးဝမြတ်ဆရာ။

၂။ ကျင့်ဝတ်မပြေ၊ ပယ်လေးထွေ၊ လားလေ ရှည်မြင့်စွာ။

ဤသည့် ဝတ်ကန်၊ ဆွေမျိုးစုံ၊ ခြောက်ဘုံ ထက်နတ်ရွာ။

၃။ လှည်းဘီးပြင်က၊ နားစောင့်ချဖို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊ ဆရာ တပည့်၊ တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူသန့်စင်မူ၊ ရှင်လည်း မကွေ၊ သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ ခံစားမူ၍၊ နိဗ္ဗူရွှေပြည်၊ ဝင်အံ့သည်လည်း၊ မတည့်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊ မလွတ်သာသည်၊ လေးရွာဖို့ လုံးလုံး လူဖြစ်ရှုံး။

[အပါယ်လေးဘုံသို့ ရောက်သည်ကို- လေးရွာသို့ လုံးလုံး လူဖြစ်ရှုံးဟု ဆို၏၊]
==၁။ အရက်သေစာသောက်စားခြင်း အပြစ် ၆-ပါး ==
၁။ ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ၊ ပညာဆုတ်ငြား၊ ဤခြောက်ပါးကား၊ သောက်စားသေစာ အပြစ်တည်း။

[ဥစ္စာဆုတ်ယုတ်တတ်ခြင်း၊ ရန်ဖြစ်တတ်ခြင်း၊ ကြီးကျယ်သော ရောဂါစွဲကပ်တတ်ခြင်း၊ အရှိန်အစော် မဲ့တတ်ခြင်း၊ လျှို့ဝှက်သော အင်္ဂါများ ပေါ်တတ်ခြင်း၊ ဉာဏ်ပညာ ထိုင်းမှိုင်း ဆုတ်ယုတ်ခြင်း - ဟူသည်တည်း။]
==၂။ အခါမဲ့လမ်းသွားခြင်း အပြစ် ၆-ပါး==
ကိုယ်သားမယား၊ တခြားဥစ္စာ၊ လုံရာမဲ့ရှောင်း၊ မကောင်းအရာ၊ ရွံရှာလေအပ်၊ ယိုးစွပ်ရောက်မှု၊ ဆင်းရဲစု၊ ခြောက်ခုခါမဲ့သွားပြစ်တည်း။

[မိမိကိုယ်၊ မိမိသားမယား၊ မိမိဥစ္စာ မလုံခြုံရှိတတ်ခြင်း၊ မကောင်းမှု ပြုသူဟု အထင်ခံရတတ်ခြင်း၊ အစွပ်အစွဲ ခံရတတ်ခြင်း၊ ဆင်းရဲများစွာ ရတတ်ခြင်း ဟူသည်တည်း။]
==၃။ ပွဲလမ်းသဘင် အပြစ် ၆-ပါး==
ကခြင်းတလီ၊ သီခြင်းတသီး၊ မှုတ်တီးတသင်း၊ ပြိန်းဖျင်းတအုပ်၊ လက်ခုပ်တတည်၊ အိုးစည်းတဖြာ၊ ရှိရာရှာဟု၊ ဥစ္စာပျက်မှု၊ ဤခြောက်ခု၊ ကြည့်ရှုသဘင် အပြစ်တည်း။

[အဘယ်မှာကသနည်း၊ အဘယ်မှာ သီချင်းဆိုသနည်း၊ အဘယ်မှာ တီးမှုတ်သနည်း၊ အဘယ်မှာ ပြိန်ဖျင်းသော စကားကို ပြောသနည်းဟူ၍ မေးပြီးလျှင် ပွဲလည်၍ ကြည့်နေသဖြင့် အလုပ်အကိုင်ပျက်၊ အစားအအိပ်ပျက်၍ အကျိုးဆုတ်ယုတ်သည်-ဟူ၏၊]
==၄။ လောင်းတမ်းကစားသူ၏ အပြစ် ၆-ပါး==
အောင်သူရန်ပွား၊ ရှုံးကားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မဝင်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤခြောက်ပါးကား၊ ပျော်ပါးကြွေအန်အပြစ်တည်း။

[တရားရုံး၌ သက်သေအရာ၌ တည်၍ ပြောသောစကားကို ကစားသမား စကားဟု အယုံအကြည် မရှိခြင်း၊ မိတ်ဆွေများလည်း ကစားသမားဟု ကဲ့ရဲ့ခြင်း၊ သမီးရှင်များကလည်း ကစားသမားဟူ၍ သမီးနှင့် မပေးစားလိုခြင်းကို မလိုထိမ်းမြားဟု ဆို၏၊]
==၅။ မိတ်ဆွေပျက်နှင့် ပေါင်းသင်းခြင်း အပြစ် ၆-ပါး==
ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊ လှည့်စားတထောက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်၊ ပျက်ပြားမိတ်ဆွေ အပြစ်တည်း။

[အတုပြု၍ လှည့်ပတ်ခြင်းကို- အတုပြုငြား၊ လှည့်စားတစ်ထောက် ဆို၏၊ ထိုကဲ့သို့ သဘောရှိသော မိတ်ဆွေယုတ် ၆-ယောက်နှင့် ပေါင်းသင်းခြင်းကြောင့် မိမိလည်း ထိုမိတ်ဆွေယုတ်ကဲ့သို့ မကောင်းသော အကျင့်ကို ကျင့်တတ်၍ ထိုအကျင့်ယုတ်ဟု ဆိုအပ်သော အပြစ် ၆-ပါးကို ရသည်ဟု ဆိုလို၏၊]
==၆။ ပျင်းရိခြင်း အပြစ် ၆-ပါး==
အချမ်းပြင်းဝှန်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလွန်းလှရောင်၊ ဆာလောင်ပြင်းနေ၊ လွန်ထွေဝမ်းဝ၊ ဓနပညာ၊ မပွားရာသည်၊ ခြောက်ဖြာ ပျင်းသူ အပြစ်တည်း။

[ချမ်းလွန်းလှသေးသည်၊ ပူလွန်းလှသေးသည်၊ မိုးချုပ်လှသေးသည်၊ စောလွန်းလှသေးသည်၊ ဆာလှသေးသည်၊ ဗိုက်ပြည့်လှသေးသည်ဟု အလုပ်အကိုင်ကို မလုပ်က ဥစ္စာမရ ဟူ၏၊]
==ခင်ပွန်းတုများ== ==၁။ ယူသာယူတတ်သော ခင်ပွန်းတု ၄-ယောက်==
လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ခါ၊ ပြုလာတုံဘိ၊ မိမိကျိုးငှါ၊ မှီလာပေါင်းယှဉ်၊ လေးယောက်စဉ်ကား၊ အညဒတ္ထုဟရတည်း။
==၂။ နှုတ်ဖြင့်သာ ဟန်ဆောင်သော ခင်ပွန်းတု ၄-ယောက်==
ရှေ့ဖြင့်စေ့စပ်၊ တစ်ထပ်နောက်မှီး၊ ချည်းနှီးသင်္ဂြိုလ်၊ ပေးလိုစဟန်၊ ပစ္စုပ္ပန်မူ၊ ပြညွှန်ပျက်ပြား၊ ဤလေးပါးကား မှတ်သား ဝစီပရမတည်း။

[မနေ့က သင့်ကို မျှော်နေသည်စသော လွန်လေပြီးဖြင့် လောကွတ်လုပ်ခြင်း၊ နောက်မည်သည့်အခါ မည်ကဲ့သို့ ကျေးဇူးပြုမည်ဟု နောက်အဖို့ဖြင့် လောကွတ်လုပ်ခြင်း၊ မြင်းစီးလာရင်း လာလေ သူငယ်ချင်း မြင်းစီးပါဦးဟု အလကား လောကွတ်လုပ်ခြင်း၊ တကယ်ကိစ္စရှိ၍ အကူအညီ တောင်းသောအခါ ရှောင်လွှဲ၍ နေခြင်းဟူ၏၊]
==၃။ ချစ်ဖွယ်သော စကားကို ဆိုတတ်သော ခင်ပွန်းတု ၄-ယောက်==
[မြှောက်၍ စားတတ်သော ခင်ပွန်းလည်း ဟူ၏]

မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရှု၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊ ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့ချင်သည်၊ လေးအင်ပီယဘာဏီတည်း။
==၄။ ပျက်စီးစေတတ်သော ခင်ပွန်းတု ၄-ယောက်==
သောက်ထုတ်သေရက်၊ ညဉ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အံစာ၊ လေးရပ်မှာပင်၊ တကွထင်သည်၊ လေးအင် အပါယသဟဲတည်း။
==ခင်ပွန်းစစ်များ== ==၁။ ကျေးဇူးကို ဆောင်ရွက်တတ်သော ခင်ပွန်းစစ် ၄-ယောက်==
မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ၊ ချေးပေးလာသည်၊ လေးဖြာ ဥပကာရတည်း။

[ဘေးရောက်လာသည့်အခါ အားကိုးရသည်ကို- ဘေးရောက်ကိုးကွယ်ဟု ဆို၏၊]

၂။ ဆင်းရဲမကွာ ချမ်းသာမပစ်သော ခင်ပွန်းစစ် ၄-ယောက်

လျို့ဝှက်စကား၊ ကြားစတုံလျက်၊ သူလျို့ဝှက်၍၊ ဘေးတွေ့မစွန့်၊ မတွန့်တိုပါ၊ သူ့ကိုညှာလျက်၊ ကိုယ့်သက်စွန့်မြောက်၊ ဤလေးယောက်ကား၊ မျှလောက်ချမ်းသာ ဆင်းရဲတည်း။

[မိမိ၏ လျှို့ဝှက်အပ်သောစကားကို ပြောကြားခြင်း၊ မိတ်ဆွေ၏ လျှို့ဝှက်အပ်သော စကားကို လုံခြုံစွာ လျှို့ဝှက်ခြင်းကို- လျှို့ဝှက်စကား၊ ကြားစေတုံလျက်၊ သူလျှို့ဝှက်ဟု ဆို၏၊]
==၃။ အကျိုးစီးပွားကို ပြောကြားတတ်သော ခင်ပွန်းစစ် ၄-ယောက်==
မကောင်းမြစ်တား၊ ကောင်းရာကြား၍၊ မကြားစတောင်း၊ အကြောင်းကြားလာ၊ နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရ အတ္ထက္ခာယီတည်း။

[မကြားဖူး ထူးဆန်းသော အကြောင်းကို ပြောကြားခြင်းကို မကြားစတောင်း၊ အကြောင်းကြားလာ ဟူ၏၊]
==၄။ အစဉ်သနားတတ်သော ခင်ပွန်းစစ် ၄-ယောက်==
ဥစ္စာခမ်းနား၊ မပွားသမြို့၊ မနှစ်လိုငြား၊ ပွားကရွှင်မြူး၊ ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊ ကျေးဇူးနှစ်ကို၊ ဆိုလစ်ချီးမွှမ်း၊ သူတို့တမ်းကာ၊ မိတ်ကျွမ်းအနုကမ္ပကတည်း။
==၅။ အလေးအမြတ်ပြုအပ်သော အရပ် ၆-ပါး==
အရှေ့မိဘ၊ တောင်ကဆရာ၊ နောက်မှာမယား၊ မြောက်ကားမိတ်ဆွေ၊ အောက်ခြေကျွန်များ၊ အထက်ဖျားကား၊ ပုဏ္ဏားရဟန်း ခြောက်ရပ်တည်း။
==၆။ အလောင်းအလျာတို့ အလိုတော် ၆-ပါး==
လောဘ ဒေါသ၊ မောဟကင်းလို၊ တောခိုတစ်ဖြာ၊ ဆိတ်ရာငြိမ်သက်၊ ဝဋ်မှထွက်၊ ခြောက်ချက် လောင်းလျာလိုတော်တည်း။
==၇။ မပြတ်ဆင်ခြင်ရာတရား ၅-ပါး==
အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်ဖန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဉာဏ်သက်ဝင်၍ ဆင်ခြင်ကြ။
==၈။ အကျိုးဆောင်သောတရား ၁-ပါး==
သေခြင်းတစ်ပါး၊ ဤတရားကား၊ စီးပွားမြားမြောင်၊ အကျိုးဆောင်သည်၊ အိုအောင်အောက်မေ့ စီးဖြန်းကြ။
==၉။ အဂတိလေးပါး လိုက်စားခြင်း အပြစ် ၄-ပါး==
ချစ်၍ မုန်း၍၊ ကြောက်၍မိုက်မှား၊ တရားကိုသာ၊ လွန်ကျင့်ပါက၊ လဆုတ်ပက္ခ၊ ထွက်သည့်လ-သို့၊ မုချဧကန်၊ ပျက်မည်မှန်၏၊
==၁၀။ အဂတိလေးပါး မလိုက်စားခြင်းအကျိုး==
ချစ်၍မုန်း၍၊ ကြောက်၍ မိုက်မှား၊ တရားကိုသာ၊ မလွန်ပါက၊ လဆန်းပက္ခ၊ ထွက်သည့်လ-သို့၊ မုချဧကန်၊ တိုးမည်မှန်၏၊
==၁၁။ သင်္ဂဟတရား ၄-ပါး==
ချစ်ဖွယ်စကား၊ ပြောကြားလေလင့်၊ ချီးမြှင့်ပေးဝေ၊ ဆောင်လေကျိုးကို၊ ကိုယ်တူပြုငြား၊ ဤလေးပါး၊ မှန်သားဓမ္မသင်္ဂဟာ။
==၁၂။ ဥစ္စာစုနည်း==
ပျားအုံပျားက၊ ပြုလုပ်ကြဖို့၊ ခြကတောင်ပို့၊ သယ်ဖို့ကြနည်း၊ ပစ္စည်းဥစ္စာ၊ စည်းစုပါ မှန်စွာ ကြီးပွားမည်။
==၁၃။ ဥစ္စာပစ္စည်းကို သုံးစွဲနည်း==
ရှာ၍ရလာ ထိုဥစ္စာကို၊ ပုံပါလေးပုံ၊ တစ်ပုံစားပါ၊ နှစ်ဖြာထပ်ရင်း၊ အကြွင်းရန်ပုံ၊ ထားပါတုံ၊ မှတ်ယုံကြီးပွားမည်။

ဤကား သိင်္ဂါလောဝါဒခေါ် လူကျင့်ဝတ်တည်း။
[[Category:မြန်မာဘာသာ]] [[Category:မြန်မာကဗျာများ]] [[Category:သုတ္တန်များ]] gb3vxgqp6cm3ecoyaykhjfjah9y3lre 22304 22303 2026-10-03T09:44:01Z AyeMyae 906 /* သားသမီးကျင့်ဝတ် ၅-ပါး */ စာလုံးပေါင်း 22304 wikitext text/x-wiki {{header | title = သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ် | author = သင်္ဂဇာဆရာတော်ဘုရားကြီး | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = | previous2 = | next = | next2 = | year = | notes = | edition = | categories = | shortcut = | portal = }} ==သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ်==
တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည်၊ လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊ နတ်ရွာဖို့လုံးလုံး၊ ကျက်၍သုံး။
==သားသမီးကျင့်ဝတ် ၅-ပါး==
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

[[Category:မြန်မာဘာသာ]] [[Category:မြန်မာကဗျာများ]] [[Category:သုတ္တန်များ]] 4vc31furtcv0ickz7k2fojjn90iwoy6 22305 22304 2026-10-03T09:44:40Z AyeMyae 906 /* ၂။ မိဘကျင့်ဝတ် ၅-ပါး */ မကောင်းမြစ်တာမှ မကောင်းမြစ်ထာ 22305 wikitext text/x-wiki {{header | title = သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ် | author = သင်္ဂဇာဆရာတော်ဘုရားကြီး | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = | previous2 = | next = | next2 = | year = | notes = | edition = | categories = | shortcut = | portal = }} ==သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ်==
တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည်၊ လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊ နတ်ရွာဖို့လုံးလုံး၊ ကျက်၍သုံး။
==သားသမီးကျင့်ဝတ် ၅-ပါး==
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

[မိဘလုပ်ကျွေးခြင်း၊ မိဘ၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊ မိဘစကားကို နားထောင်၍ မိဘ၏ အမွေတို့ ခံထိုက်အာင် ပြုလုပ်ခြင်း၊ (မိဘစကားကို နားမထောင်က အမွေမခံထိုက်ဟူ၏) မိဘသေဆုံးသောအခါ ရေစက်သွန်းချ၍ အမျှပေးဝေခြင်း၊ အမျိုးအနွယ်ကို စောင့်ရှောက်ခြင်းဟူ၏၊]
==၂။ မိဘကျင့်ဝတ် ၅-ပါး==
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။

[[Category:မြန်မာဘာသာ]] [[Category:မြန်မာကဗျာများ]] [[Category:သုတ္တန်များ]] icxzsa9112dop0ox66kklceg2zejqhw 22306 22305 2026-10-03T09:47:32Z AyeMyae 906 /* ၂။ မိဘကျင့်ဝတ် ၅-ပါး */ မြစ်တာအဓိပ္ပာယ် 22306 wikitext text/x-wiki {{header | title = သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ် | author = သင်္ဂဇာဆရာတော်ဘုရားကြီး | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = | previous2 = | next = | next2 = | year = | notes = | edition = | categories = | shortcut = | portal = }} ==သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ်==
တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည်၊ လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊ နတ်ရွာဖို့လုံးလုံး၊ ကျက်၍သုံး။
==သားသမီးကျင့်ဝတ် ၅-ပါး==
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

[မိဘလုပ်ကျွေးခြင်း၊ မိဘ၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊ မိဘစကားကို နားထောင်၍ မိဘ၏ အမွေတို့ ခံထိုက်အာင် ပြုလုပ်ခြင်း၊ (မိဘစကားကို နားမထောင်က အမွေမခံထိုက်ဟူ၏) မိဘသေဆုံးသောအခါ ရေစက်သွန်းချ၍ အမျှပေးဝေခြင်း၊ အမျိုးအနွယ်ကို စောင့်ရှောက်ခြင်းဟူ၏၊]
==၂။ မိဘကျင့်ဝတ် ၅-ပါး==
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။

[မြစ်တာသည် ပေါရာဏ (ရှေးသုံး) စကားဖြစ်သည်။ "တားမြစ်သည်"ဟု အဓိပ္ပာယ်ရသည်။]

[[Category:မြန်မာဘာသာ]] [[Category:မြန်မာကဗျာများ]] [[Category:သုတ္တန်များ]] o36l38xvjd3uahg93mnut87ijhc9a6s 22307 22306 2026-10-03T09:47:59Z AyeMyae 906 /* ၂။ မိဘကျင့်ဝတ် ၅-ပါး */ 22307 wikitext text/x-wiki {{header | title = သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ် | author = သင်္ဂဇာဆရာတော်ဘုရားကြီး | override_author = | editor = | translator = | contribuor = | override_contributor = | section = | previous = | previous2 = | next = | next2 = | year = | notes = | edition = | categories = | shortcut = | portal = }} ==သိင်္ဂါလောဝါဒခေါ် လူ့တို့ကျင့်ဝတ်==
တစ်လောကလုံး၊ ညွှတ်ရုံးဦးချ၊ နှိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မူပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည်၊ လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊ နတ်ရွာဖို့လုံးလုံး၊ ကျက်၍သုံး။
==သားသမီးကျင့်ဝတ် ၅-ပါး==
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

[မိဘလုပ်ကျွေးခြင်း၊ မိဘ၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊ မိဘစကားကို နားထောင်၍ မိဘ၏ အမွေတို့ ခံထိုက်အာင် ပြုလုပ်ခြင်း၊ (မိဘစကားကို နားမထောင်က အမွေမခံထိုက်ဟူ၏) မိဘသေဆုံးသောအခါ ရေစက်သွန်းချ၍ အမျှပေးဝေခြင်း၊ အမျိုးအနွယ်ကို စောင့်ရှောက်ခြင်းဟူ၏၊]
==၂။ မိဘကျင့်ဝတ် ၅-ပါး==
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။

["မြစ်ထာ"သည် ပေါရာဏ (ရှေးသုံး) စကားဖြစ်သည်။ "တားမြစ်သည်"ဟု အဓိပ္ပာယ်ရသည်။]
==၃။တပည့်ကျင့်ဝတ် ၅-ပါး==
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။
==၄။ ဆရာကျင့်ဝတ် ၅-ပါး==
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ။

[မိမိတတ်သမျှ အကုန်ပေးခြင်းကို-သိပ္ပမချန်၊ မိမိထက်ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးခြင်းကို- သင့်ရာအပ်ပို့-ဟု ဆို၏၊]
==၅။ လင့်ကျင့်ဝတ် ၅-ပါး==
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင့်ကျင့်ရာ။

[မိမိမယားအား မထီလေးစား မပြုခြင်းကို- မထီမဲ့ကင်း၊ အခြားမိန်းမတို့ကို မလွန်ကျူးခြင်းကို- မိစ္ဆာမမှား၊ စားရေးသောက်ရေး၌ အလိုရှိတိုင်း စီရင်ဖို့ လွှဲအပ်ခြင်းကို- ဥစ္စာအပ်နှင်းဟု ဆို၏၊ ငွေကိုအပ်ရန်မလို၊ ၎င်းအဓိပ္ပါယ်ကို “ပဉ္စမအပရိဟာနိယ“ အဖွင့်၌ အကျယ်ဆို၏၊]
==၆။ မယားကျင့်ဝတ် ၅-ပါး==
အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျှော်အောင်ဖြန့်ချီ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

[မိမိယောက်ျားမှ တစ်ပါးသောယောက်ျားတို့နှင့် မမှားမယွင်းခြင်းကို- မိစ္ဆာကြည်ရှောင်၊ မိမိ ဆွေမျိုး၊ လင်ဆွေမျိုးတို့၌ ဝတ်ကျေအောင်ပြုခြင်းကို- သင့်လျှော်ဖြန့်ချိဆို၏၊]
==၇။ မိတ်ဆွေကျင့်ဝတ် ၅-ပါး==
ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

[ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်အတူတူ ထားခြင်းကို- ကိုယ်နှင့်ယှဉ်ထားဟု ဆို၏၊]
==၈။ ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး==
မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွေ့မပြစ်၊သားမြစ်စဉ်ဆက် မပျက်ချီးပင့်၊ ဝတ်ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။
==၉။ သခင်ကျင့်ဝတ် ၅-ပါး==
ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ မချွတ်ငါးခုသာ။

[သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေခြင်း၊ သင့်လျော်သော အချိန်၌ ခိုင်းခြင်းကို- ပြုရေးစီရင်၊ ထူးဆန်းသော အစာကို ရသောအခါ ဝေငှခြင်းကို- ငှဝေရသာဆို၏၊ ဥပုသ်နေ့၊ သီတင်းနေ့၊ ပွဲတော်နေ့ စသောအခါတို့၌ အခိုင်းအစေ စားရင်းငှါး ကျွဲ နွားတို့ကို မခိုင်းမစေဘဲ အနားပေးခြင်း အခွင့်လွှတ်ပေးခြင်းကို- အခါကိုလွှတ်ဆို၏၊]
==၁၀။ ကျွန်ကျင့်ဝတ် ၅-ပါး==
အိပ်သောနောက်ကျ၊ ထ,သော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

[အလုပ်ကို စေ့စေ့စပ်စပ် ဆောင်ရွက်ခြင်းကို- စေ့စပ်ဆောင်ရွက်၊ အရှင်၏ ကျေးဇူးကို ပြောဆိုခြင်းကို- ကျေးဇူးမြွက်ဟု ဆို၏၊]
==၁၁။ ဒါယကာ ကျင့်ဝတ် ၅-ပါး==
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ဝတ်ငါးထွေ၊ ပြုလေ ဒါယကာ။

[ရဟန်းသံဃာ၌ မေတ္တာစိတ် ရှေးထားခြင်း၊ ခင်ခင်မင်မင် ပြောဆိုခြင်း၊ အလိုရှိသော အရာများကို တောင်းပါဟု ဖိတ်ထားခြင်း၊ တတ်နိုင်သမျှ လှူဒါန်းခြင်းတို့ကို ပြုရမည်ဟူ၏၊]
==၁၂။ ရဟန်းကျင့်ဝတ် ၆-ပါး==
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။

[နာဖူးသော တရားကို ထပ်ဟောခြင်းကို- နာဖူးထပ်မံ၊ နတ်ပြည်သို့ ရောက်ဖို့ နည်းလမ်းကို ညွှန်ကြား ပြောပြခြင်းကို- နတ်ထံတင်ရာဟု ဆို၏၊]
==၁၃။ အကြီးအကဲကျင့်ဝတ် ၆-ပါး==
ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ကြည့်ရှု၊ ဤခြောက်ခု၊ ကြီးသူကျင့်ရာ တရားတည်း။

[သူများထက် လုံ့လရှိခြင်း၊ သူများကို မိမိက ရှေ့ဆောင်ပြုလုပ်ခြင်းကို- ထကြွနိုးကြား၊ အရာရာမှာ ဉာဏ်ဖြင့် ဆင်ခြင်ခြင်းကို-ကြည့်ရှုဟု ဆို၏၊]

ဝတ်မကျေလျှင် အပြစ် - ကျေလျှင် အကျိုး

၁။ ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြ၊ သုံးဝမြတ်ဆရာ။

၂။ ကျင့်ဝတ်မပြေ၊ ပယ်လေးထွေ၊ လားလေ ရှည်မြင့်စွာ။

ဤသည့် ဝတ်ကန်၊ ဆွေမျိုးစုံ၊ ခြောက်ဘုံ ထက်နတ်ရွာ။

၃။ လှည်းဘီးပြင်က၊ နားစောင့်ချဖို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊ ဆရာ တပည့်၊ တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူသန့်စင်မူ၊ ရှင်လည်း မကွေ၊ သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ ခံစားမူ၍၊ နိဗ္ဗူရွှေပြည်၊ ဝင်အံ့သည်လည်း၊ မတည့်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊ မလွတ်သာသည်၊ လေးရွာဖို့ လုံးလုံး လူဖြစ်ရှုံး။

[အပါယ်လေးဘုံသို့ ရောက်သည်ကို- လေးရွာသို့ လုံးလုံး လူဖြစ်ရှုံးဟု ဆို၏၊]
==၁။ အရက်သေစာသောက်စားခြင်း အပြစ် ၆-ပါး ==
၁။ ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ၊ ပညာဆုတ်ငြား၊ ဤခြောက်ပါးကား၊ သောက်စားသေစာ အပြစ်တည်း။

[ဥစ္စာဆုတ်ယုတ်တတ်ခြင်း၊ ရန်ဖြစ်တတ်ခြင်း၊ ကြီးကျယ်သော ရောဂါစွဲကပ်တတ်ခြင်း၊ အရှိန်အစော် မဲ့တတ်ခြင်း၊ လျှို့ဝှက်သော အင်္ဂါများ ပေါ်တတ်ခြင်း၊ ဉာဏ်ပညာ ထိုင်းမှိုင်း ဆုတ်ယုတ်ခြင်း - ဟူသည်တည်း။]
==၂။ အခါမဲ့လမ်းသွားခြင်း အပြစ် ၆-ပါး==
ကိုယ်သားမယား၊ တခြားဥစ္စာ၊ လုံရာမဲ့ရှောင်း၊ မကောင်းအရာ၊ ရွံရှာလေအပ်၊ ယိုးစွပ်ရောက်မှု၊ ဆင်းရဲစု၊ ခြောက်ခုခါမဲ့သွားပြစ်တည်း။

[မိမိကိုယ်၊ မိမိသားမယား၊ မိမိဥစ္စာ မလုံခြုံရှိတတ်ခြင်း၊ မကောင်းမှု ပြုသူဟု အထင်ခံရတတ်ခြင်း၊ အစွပ်အစွဲ ခံရတတ်ခြင်း၊ ဆင်းရဲများစွာ ရတတ်ခြင်း ဟူသည်တည်း။]
==၃။ ပွဲလမ်းသဘင် အပြစ် ၆-ပါး==
ကခြင်းတလီ၊ သီခြင်းတသီး၊ မှုတ်တီးတသင်း၊ ပြိန်းဖျင်းတအုပ်၊ လက်ခုပ်တတည်၊ အိုးစည်းတဖြာ၊ ရှိရာရှာဟု၊ ဥစ္စာပျက်မှု၊ ဤခြောက်ခု၊ ကြည့်ရှုသဘင် အပြစ်တည်း။

[အဘယ်မှာကသနည်း၊ အဘယ်မှာ သီချင်းဆိုသနည်း၊ အဘယ်မှာ တီးမှုတ်သနည်း၊ အဘယ်မှာ ပြိန်ဖျင်းသော စကားကို ပြောသနည်းဟူ၍ မေးပြီးလျှင် ပွဲလည်၍ ကြည့်နေသဖြင့် အလုပ်အကိုင်ပျက်၊ အစားအအိပ်ပျက်၍ အကျိုးဆုတ်ယုတ်သည်-ဟူ၏၊]
==၄။ လောင်းတမ်းကစားသူ၏ အပြစ် ၆-ပါး==
အောင်သူရန်ပွား၊ ရှုံးကားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မဝင်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤခြောက်ပါးကား၊ ပျော်ပါးကြွေအန်အပြစ်တည်း။

[တရားရုံး၌ သက်သေအရာ၌ တည်၍ ပြောသောစကားကို ကစားသမား စကားဟု အယုံအကြည် မရှိခြင်း၊ မိတ်ဆွေများလည်း ကစားသမားဟု ကဲ့ရဲ့ခြင်း၊ သမီးရှင်များကလည်း ကစားသမားဟူ၍ သမီးနှင့် မပေးစားလိုခြင်းကို မလိုထိမ်းမြားဟု ဆို၏၊]
==၅။ မိတ်ဆွေပျက်နှင့် ပေါင်းသင်းခြင်း အပြစ် ၆-ပါး==
ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊ လှည့်စားတထောက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဖြစ်လားကြောင့်၊ ပျက်ပြားမိတ်ဆွေ အပြစ်တည်း။

[အတုပြု၍ လှည့်ပတ်ခြင်းကို- အတုပြုငြား၊ လှည့်စားတစ်ထောက် ဆို၏၊ ထိုကဲ့သို့ သဘောရှိသော မိတ်ဆွေယုတ် ၆-ယောက်နှင့် ပေါင်းသင်းခြင်းကြောင့် မိမိလည်း ထိုမိတ်ဆွေယုတ်ကဲ့သို့ မကောင်းသော အကျင့်ကို ကျင့်တတ်၍ ထိုအကျင့်ယုတ်ဟု ဆိုအပ်သော အပြစ် ၆-ပါးကို ရသည်ဟု ဆိုလို၏၊]
==၆။ ပျင်းရိခြင်း အပြစ် ၆-ပါး==
အချမ်းပြင်းဝှန်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလွန်းလှရောင်၊ ဆာလောင်ပြင်းနေ၊ လွန်ထွေဝမ်းဝ၊ ဓနပညာ၊ မပွားရာသည်၊ ခြောက်ဖြာ ပျင်းသူ အပြစ်တည်း။

[ချမ်းလွန်းလှသေးသည်၊ ပူလွန်းလှသေးသည်၊ မိုးချုပ်လှသေးသည်၊ စောလွန်းလှသေးသည်၊ ဆာလှသေးသည်၊ ဗိုက်ပြည့်လှသေးသည်ဟု အလုပ်အကိုင်ကို မလုပ်က ဥစ္စာမရ ဟူ၏၊]
==ခင်ပွန်းတုများ== ==၁။ ယူသာယူတတ်သော ခင်ပွန်းတု ၄-ယောက်==
လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်ခါ၊ ပြုလာတုံဘိ၊ မိမိကျိုးငှါ၊ မှီလာပေါင်းယှဉ်၊ လေးယောက်စဉ်ကား၊ အညဒတ္ထုဟရတည်း။
==၂။ နှုတ်ဖြင့်သာ ဟန်ဆောင်သော ခင်ပွန်းတု ၄-ယောက်==
ရှေ့ဖြင့်စေ့စပ်၊ တစ်ထပ်နောက်မှီး၊ ချည်းနှီးသင်္ဂြိုလ်၊ ပေးလိုစဟန်၊ ပစ္စုပ္ပန်မူ၊ ပြညွှန်ပျက်ပြား၊ ဤလေးပါးကား မှတ်သား ဝစီပရမတည်း။

[မနေ့က သင့်ကို မျှော်နေသည်စသော လွန်လေပြီးဖြင့် လောကွတ်လုပ်ခြင်း၊ နောက်မည်သည့်အခါ မည်ကဲ့သို့ ကျေးဇူးပြုမည်ဟု နောက်အဖို့ဖြင့် လောကွတ်လုပ်ခြင်း၊ မြင်းစီးလာရင်း လာလေ သူငယ်ချင်း မြင်းစီးပါဦးဟု အလကား လောကွတ်လုပ်ခြင်း၊ တကယ်ကိစ္စရှိ၍ အကူအညီ တောင်းသောအခါ ရှောင်လွှဲ၍ နေခြင်းဟူ၏၊]
==၃။ ချစ်ဖွယ်သော စကားကို ဆိုတတ်သော ခင်ပွန်းတု ၄-ယောက်==
[မြှောက်၍ စားတတ်သော ခင်ပွန်းလည်း ဟူ၏]

မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရှု၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊ ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့ချင်သည်၊ လေးအင်ပီယဘာဏီတည်း။
==၄။ ပျက်စီးစေတတ်သော ခင်ပွန်းတု ၄-ယောက်==
သောက်ထုတ်သေရက်၊ ညဉ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အံစာ၊ လေးရပ်မှာပင်၊ တကွထင်သည်၊ လေးအင် အပါယသဟဲတည်း။
==ခင်ပွန်းစစ်များ== ==၁။ ကျေးဇူးကို ဆောင်ရွက်တတ်သော ခင်ပွန်းစစ် ၄-ယောက်==
မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ၊ ချေးပေးလာသည်၊ လေးဖြာ ဥပကာရတည်း။

[ဘေးရောက်လာသည့်အခါ အားကိုးရသည်ကို- ဘေးရောက်ကိုးကွယ်ဟု ဆို၏၊]

၂။ ဆင်းရဲမကွာ ချမ်းသာမပစ်သော ခင်ပွန်းစစ် ၄-ယောက်

လျို့ဝှက်စကား၊ ကြားစတုံလျက်၊ သူလျို့ဝှက်၍၊ ဘေးတွေ့မစွန့်၊ မတွန့်တိုပါ၊ သူ့ကိုညှာလျက်၊ ကိုယ့်သက်စွန့်မြောက်၊ ဤလေးယောက်ကား၊ မျှလောက်ချမ်းသာ ဆင်းရဲတည်း။

[မိမိ၏ လျှို့ဝှက်အပ်သောစကားကို ပြောကြားခြင်း၊ မိတ်ဆွေ၏ လျှို့ဝှက်အပ်သော စကားကို လုံခြုံစွာ လျှို့ဝှက်ခြင်းကို- လျှို့ဝှက်စကား၊ ကြားစေတုံလျက်၊ သူလျှို့ဝှက်ဟု ဆို၏၊]
==၃။ အကျိုးစီးပွားကို ပြောကြားတတ်သော ခင်ပွန်းစစ် ၄-ယောက်==
မကောင်းမြစ်တား၊ ကောင်းရာကြား၍၊ မကြားစတောင်း၊ အကြောင်းကြားလာ၊ နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရ အတ္ထက္ခာယီတည်း။

[မကြားဖူး ထူးဆန်းသော အကြောင်းကို ပြောကြားခြင်းကို မကြားစတောင်း၊ အကြောင်းကြားလာ ဟူ၏၊]
==၄။ အစဉ်သနားတတ်သော ခင်ပွန်းစစ် ၄-ယောက်==
ဥစ္စာခမ်းနား၊ မပွားသမြို့၊ မနှစ်လိုငြား၊ ပွားကရွှင်မြူး၊ ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊ ကျေးဇူးနှစ်ကို၊ ဆိုလစ်ချီးမွှမ်း၊ သူတို့တမ်းကာ၊ မိတ်ကျွမ်းအနုကမ္ပကတည်း။
==၅။ အလေးအမြတ်ပြုအပ်သော အရပ် ၆-ပါး==
အရှေ့မိဘ၊ တောင်ကဆရာ၊ နောက်မှာမယား၊ မြောက်ကားမိတ်ဆွေ၊ အောက်ခြေကျွန်များ၊ အထက်ဖျားကား၊ ပုဏ္ဏားရဟန်း ခြောက်ရပ်တည်း။
==၆။ အလောင်းအလျာတို့ အလိုတော် ၆-ပါး==
လောဘ ဒေါသ၊ မောဟကင်းလို၊ တောခိုတစ်ဖြာ၊ ဆိတ်ရာငြိမ်သက်၊ ဝဋ်မှထွက်၊ ခြောက်ချက် လောင်းလျာလိုတော်တည်း။
==၇။ မပြတ်ဆင်ခြင်ရာတရား ၅-ပါး==
အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်ဖန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဉာဏ်သက်ဝင်၍ ဆင်ခြင်ကြ။
==၈။ အကျိုးဆောင်သောတရား ၁-ပါး==
သေခြင်းတစ်ပါး၊ ဤတရားကား၊ စီးပွားမြားမြောင်၊ အကျိုးဆောင်သည်၊ အိုအောင်အောက်မေ့ စီးဖြန်းကြ။
==၉။ အဂတိလေးပါး လိုက်စားခြင်း အပြစ် ၄-ပါး==
ချစ်၍ မုန်း၍၊ ကြောက်၍မိုက်မှား၊ တရားကိုသာ၊ လွန်ကျင့်ပါက၊ လဆုတ်ပက္ခ၊ ထွက်သည့်လ-သို့၊ မုချဧကန်၊ ပျက်မည်မှန်၏၊
==၁၀။ အဂတိလေးပါး မလိုက်စားခြင်းအကျိုး==
ချစ်၍မုန်း၍၊ ကြောက်၍ မိုက်မှား၊ တရားကိုသာ၊ မလွန်ပါက၊ လဆန်းပက္ခ၊ ထွက်သည့်လ-သို့၊ မုချဧကန်၊ တိုးမည်မှန်၏၊
==၁၁။ သင်္ဂဟတရား ၄-ပါး==
ချစ်ဖွယ်စကား၊ ပြောကြားလေလင့်၊ ချီးမြှင့်ပေးဝေ၊ ဆောင်လေကျိုးကို၊ ကိုယ်တူပြုငြား၊ ဤလေးပါး၊ မှန်သားဓမ္မသင်္ဂဟာ။
==၁၂။ ဥစ္စာစုနည်း==
ပျားအုံပျားက၊ ပြုလုပ်ကြဖို့၊ ခြကတောင်ပို့၊ သယ်ဖို့ကြနည်း၊ ပစ္စည်းဥစ္စာ၊ စည်းစုပါ မှန်စွာ ကြီးပွားမည်။
==၁၃။ ဥစ္စာပစ္စည်းကို သုံးစွဲနည်း==
ရှာ၍ရလာ ထိုဥစ္စာကို၊ ပုံပါလေးပုံ၊ တစ်ပုံစားပါ၊ နှစ်ဖြာထပ်ရင်း၊ အကြွင်းရန်ပုံ၊ ထားပါတုံ၊ မှတ်ယုံကြီးပွားမည်။

ဤကား သိင်္ဂါလောဝါဒခေါ် လူကျင့်ဝတ်တည်း။
[[Category:မြန်မာဘာသာ]] [[Category:မြန်မာကဗျာများ]] [[Category:သုတ္တန်များ]] 5oy5ioji0moiizkyjpiqks3dr2nm4n4