ဝီကီရင်းမြစ် mywikisource https://my.wikisource.org/wiki/%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC MediaWiki 1.47.0-wmf.23 first-letter မီဒီယာ အထူး ဆွေးနွေးချက် အသုံးပြုသူ အသုံးပြုသူ ဆွေးနွေးချက် ဝီကီရင်းမြစ် ဝီကီရင်းမြစ် ဆွေးနွေးချက် ဖိုင် ဖိုင် ဆွေးနွေးချက် မီဒီယာဝီကီ မီဒီယာဝီကီ ဆွေးနွေးချက် တမ်းပလိတ် တမ်းပလိတ် ဆွေးနွေးချက် အကူအညီ အကူအညီ ဆွေးနွေးချက် ကဏ္ဍ ကဏ္ဍ ဆွေးနွေးချက် မုခ်ဝ မုခ်ဝ ဆွေးနွေးချက် စာရေးသူ စာရေးသူ ဆွေးနွေးချက် ဘာသာပြန် ဘာသာပြန် ဆွေးနွေးချက် စာမျက်နှာ စာမျက်နှာ ဆွေးနွေးချက် အညွှန်း အညွှန်း ဆွေးနွေးချက် TimedText TimedText talk မော်ဂျူး မော်ဂျူး ဆွေးနွေးချက် Event Event talk ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း 0 6425 22308 22230 2026-10-13T00:54:04Z Tejinda 173 22308 wikitext text/x-wiki {{header | title = ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[နိုင်သူနှင့် ရှုံးသူ]] | previous2 = | next = [[တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
စာမျက်နှာ-၁
ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း
ဓမ္မဒါန သာသနာတော်နှစ် - ၂၅၅၅ ခုနှစ်
ကောဇာသက္ကရာဇ် - ၁၃၇၃ ခုနှစ်
ခရစ်နှစ် - ၂၀၁၁ ခုနှစ်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။ တရားအလှူသည် အခြားအလှူကို အောင်၏။ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း တရားစာအုပ်ကို ဓမ္မဗျူဟာသာသနမာမကအဖွဲ့၊ လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်း၏ ဝိသုဒ္ဒိမဂ်၊ အဘိဓမ္မာ (ဂုဏ်ထူးဆောင်) နှင့် အဘိဓမ္မာ (ရိုးရိုး) စာအုပ်စု၊ ၂-ကြိမ်မြောက် ထုနှင်းပွဲ ကျေးဇူးရှပ်ပူဇော်ပွဲ အထိမ်းအမှတ် “အမတဒါန၊ ဓမ္မဒါနအဖြစ်” ထုတ်ဝေဓမ္မဒါနပြုပါသည်။
စာမျက်နှာ-၂
အပိုင်း (၁)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တပေါင်းလဆန်း ၄-ရက်၊ ခရစ်နှစ်-၂၀၁၅ ဖေဖေါ်ဝါရီလ ၁၆-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
အကြောင်းတရားနှင့် စပ်လျဉ်းပြီး ဗုဒ္ဓမြတ်စွာက “ပဋိစ္စ - သမုပ္ပါဒ်” ဆိုတဲ့ ဒေသနာတော်ကို ဟောကြားတော်မူခဲ့တယ်။ ထိုပဋိစ္စသမုပ္ပါဒ်ဒေသနာထက် ပိုမိုကျယ်ဝန်းတဲ့ “ပဋ္ဌာန” ဆိုတဲ့ “အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီး” ကိုလည်းပဲ ဟောကြားတော်မူခဲ့တယ်။
ပဋိစ္စသမုပ္ပါဒ်ရော ပဋ္ဌာန်းပါ အလွန်အမင်း နက်နဲပြီးတော့ ခက်ခဲလှတဲ့ ကျမ်းကြီးနှစ်ကျမ်းလို့ အများသိကြတယ်။ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေဟာ အကြောင်းတရားနဲ့ အကျိုးတရားပေါ်မှာ အခြေခံဟောတာဖြစ်လို့ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မကို လေ့လာတဲ့အခါမှာ ဒီဒေသနာတော်နှစ်ရပ်ရဲ့ အရေးပါမှုဟာ အလွန်တရာမှ ထင်ရှားတယ်။
အကြောင်းအကျိုး ဒေသနာတော် ၃-ရပ်
ပဋ္ဌာန်းကို လိုက်မယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်နဲ့ ချုံရမှာ ဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်ကို ထပ်ချဲ့ချင်ရင်တော့ သစ္စာလေးပါးနဲ့ တွဲရမှာ ဖြစ်တယ်။
အကြောင်းနဲ့ အကျိုးကို အကျဉ်းဆုံးဟောကြားတာကတော့ သစ္စာလေးပါးပဲ။ အကြောင်းနှစ်မျိုး အကျိုးနှစ်မျိုး၊ ပဝတ္တိ, နိဝတ္တိ လို့ သစ္စာနှစ်မျိုး ခွဲနိုင်တယ်။ သံသရာထဲမှာ ဆက်လက်ဖြစ်ပေါ်နေတာက ပဝတ္တိ၊ ဆက်လက်ဖြစ်ပေါ်မှုကနေ ရပ်ဆိုင်းသွားတာက နိဝတ္တိ။
သစ္စာလေးပါးကို ပဝတ္တိနဲ့ နိဝတ္တိ နှစ်မျိုးခွဲရင် ဒုက္ခသစ္စာနဲ့ ဒုက္ခသမုဒယသစ္စာဆိုတာ ပဝတ္တိသစ္စာပဲ။ သံသရာထဲမှာ ဒုက္ခသမုဒယက ထုတ်လုပ်လို့ ဒုက္ခတွေ ဆက်လက်ပြီးတော့ ဖြစ်ပေါ်နေတယ်လို့ ဒုက္ခနဲ့ ဒုက္ခသမုဒယ - အကျိုးတရားနဲ့ အကြောင်းတရားတစ်စုံကို မြတ်စွာဘုရားဟောကြားတော်မူတယ်။
စာမျက်နှာ-၃
ထိုသံသရာထဲကထွက်တဲ့ နိဝတ္တိသစ္စာအဖြစ် နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ နှစ်မျိုးကို ဟောတယ်။ မဂ္ဂသစ္စာကို ကျင့်သုံးခြင်းဖြင့် နိရောဓကို ဆိုက်ရောက်နိုင်တယ်၊ သံသရာဝဋ်ဒုက္ခ လုံးဝအဆုံးသတ်သွားတယ်။
အဲဒီ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို ချဲ့ထွင်ပြီး ဟောတဲ့အခါမှာ ပဋိစ္စသမုပ္ပါဒ် အနုလောမဒေသနာတော်ကို မြတ်စွာဘုရားဟောကြားခဲ့တယ်။ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာကို ချဲ့ထွင်ပြီးဟောတဲ့အခါမှာ ပဋိစ္စသမုပ္ပါဒ် ပဋိလောမဒေသနာအဖြစ် ဟောတယ်။ ဒါ့ကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်အနုလောမဒေသနာနှင့် ပဋိလောမဒေသနာနှစ်ရပ်ဟာ သစ္စာလေးပါးကို ချဲ့ဖွင့်ထားတာ ဖြစ်တယ်လို့ သိရမယ်။
ထိုပဋိစ္စသမုပ္ပါဒ်ကို ပြည့်ပြည့်စုံစုံဖြစ်ဖို့ ပဋ္ဌာန်းဒေသနာတော်မြတ်နဲ့ မြတ်စွာဘုရားက ထပ်ပြီးတော့ ရှင်းတယ်။
နည်းနှစ်မျိုးအထူး
အကြောင်းတရားကို ဟောကြားလို့ ထူးခြားတဲ့ ဒီဒေသနာတော်နှစ်ရပ်ဟာ ဘယ်ပုံဘယ်နည်း ထူးခြားမှုရှိသလဲဆိုတာ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ရေးတဲ့ အရှင်အနုရုဒ္ဓါက ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်း ဒီနည်းနှစ်ခုရဲ့ ခြားနားချက်ကို အတိုဆုံး စကားလုံးလေးနဲ့ ပြောထားတာ ရှိတယ်။ “တတ္ထ ဘာဝီဘာဝါကာရမတ္တာပလက္ခိတော ပဋိစ္စသမုပ္ပါဒနယော” တဲ့။ “ဒီအကြောင်းတရားတွေ ရှိနေသည့်အတွက်ကြောင့် အကျိုးတရား ရှိလာရတယ်” ဆိုတဲ့ ဒီအချက် (ဘာ့ကြောင့်ရှိလာရတယ်, ဘယ်လိုစွမ်းရည်သတ္တိတွေကြောင့် ရှိလာရတယ်ဆိုတဲ့ ဓမ္မရဲ့သတ္တိတွေကို ဖော်မပြဘဲနဲ့ ဒီအကြောင်းရှိလို့ ဒီအကျိုးတွေ ရှိနေရတယ်ဆိုတာ) ကို ဖော်ပြတာဟာ ပဋိစ္စသမုပ္ပါဒ်နည်းပဲတဲ့။
စာမျက်နှာ-၄
ပဋ္ဌာန်းနည်းကျတော့ အဲဒီလို မဟုတ်ဘူး၊ အကြောင်းတရားကိုလည်း ဖော်ပြတယ်၊ အကျိုးတရားကိုလည်း ဖော်ပြတယ်၊ အကြောင်းတရားရဲ့ စွမ်းဆောင်မှုသတ္တိကိုလည်း ဖော်ပြတယ်။ အကြောင်းရယ်၊ အကျိုးရယ်၊ အကြောင်းရဲ့သတ္တိရယ်ဆိုပြီး သုံးမျိုးဖော်ပြတယ်။ ပဋိစ္စသမုပ္ပါဒ်မှာတော့ အကြောင်းတရားနဲ့ အကျိုးတရား နှစ်မျိုးကိုသာ ဖော်ပြပြီး အကြောင်းတရားရဲ့ စွမ်းရည်သတ္တိကို ဖော်ပြမထားဘူး။
အခက်လေးပါး
ဒီလို ဖော်ပြမထားပေမယ့်လို့ ပဋိစ္စသမုပ္ပါဒ်ဒေသနာရဲ့ နက်နဲမှုဟာ အင်မတန်မှ ကြီးမားတယ်။ ပဋိစ္စသမုပ္ပါဒ်အကြောင်းကို ရှင်းပြဖို့ဆိုတာ အလွန်တရာခက်တယ်လို့ အခက်လေးမျိုးထဲမှာ အဋ္ဌကထာကျမ်းပြုဆရာကြီးက မှတ်တမ်းတင်ထားတယ်။
* လောကမှာ သစ္စာလေးပါးကို နားလည်အောင် ရှင်းလင်းပြောကြားဖို့ ခက်တယ်။
* သင်္ခါရတရားတွေကို သတ္တဝါလို့ ထင်နေသည့်အတွက်ကြောင့် ဒီသင်္ခါရတရားတွေရဲ့ သတ္တသုညဖြစ်ပုံ, သတ္တဆိုတဲ့ သဘာဝမပါဘဲနဲ့ သင်္ခါရသက်သက်လို့ - သတ္တဝါနဲ့ ဆက်စပ်ပြီး နားလည်အောင် ရှင်းပြဖို့ဆိုတာ အင်မတန်မှ ခက်တယ်။
* တစ်ဘဝက စုတေသွားလို့ နောက်ဘဝရောက်တယ်ဆိုတဲ့ ဘဝနှစ်ခုဆက်စပ်မှုကို ပြုတဲ့ ပဋိသန္ဓေအကြောင်းကို ရှင်းပြဖို့လည်း အလွန်ခက်တယ်။
* နောက်တစ်ခု အခက်ကတော့ ဒီ ပဋိစ္စသမုပ္ပါဒ်ပဲ။
စာမျက်နှာ-၅
ရှင်မဟာဗုဒ္ဓဃောသ၏ ဝန်ခံချက်
ပဋိစ္စသမုပ္ပါဒ်ဟာ ရှင်းပြဖို့လည်း အလွန်ခက်တယ်၊ နားလည်ဖို့လည်း အလွန်ခက်တယ်၊ ရှင်းရှင်းလင်းလင်းကြီး သိမြင်ဖို့လည်း အလွန်ခက်တယ်။ ဒါကြောင့်မို့ ရှင်မဟာဗုဒ္ဓဃောသက ပဋိစ္စသမုပ္ပါဒ်အခန်းကို ဖွင့်တဲ့အခါမှာ “ပင်လယ်ကြီးထဲမှာ ထောက်တည်ရာ မရသလို အင်မတန်နက်ရှိုင်းလှတဲ့ ပဋိစ္စသမုပ္ပါဒ်ကို သူ ကုန်စင်အောင် မသိနိုင်သည့်အတွက်ကြောင့် သူ့မှာ ထောက်တည်ရာ မရခဲ့ပါဘူး” တဲ့၊ “အလွန်ခဲယဉ်းပါတယ်” လို့ တိတိလင်းလင်း ဝန်ခံထားတာ။
“သို့သော်လည်း ရှေးဆရာတွေရဲ့နည်းကို အမှီပြုပြီးတော့သာ ဟောဒီပဋိစ္စသမုပ္ပါဒ်ကို သူ ရဲရဲကြီး ဖွင့်ဆိုနိုင်ခဲ့တာပါ။ သူ့ရဲ့စွမ်းရည်သတ္တိသက်သက်နဲ့ဆို ပဋိစ္စသမုပ္ပါဒ်ကို ပီပီပြင်ပြင်ဖွင့်ဆိုလို့ မဖြစ်နိုင်ဘူး။ အင်မတန်နက်တဲ့ ပင်လယ်ကြီးထဲမှာ ရေငုပ်တဲ့ ကရိယာတန်ဆာပလာ မပါဘဲနဲ့ ပင်လယ်ကြမ်းပြင်ထိအောင် ငုပ်ဆင်းဖို့ဆိုတာ မဖြစ်နိုင်သလိုဘဲ ရှင်မဟာဗုဒ္ဓဃောသလည်း ရေငုပ်အဆင်တန်ဆာနဲ့ အလားသဏ္ဌာန်တူတဲ့ ရှေးဟောင်းအဋ္ဌကထာကြီးများမှာ ဖွင့်ဆိုထားတဲ့ နည်းစနစ်တွေကိုမရဘဲနဲ့ ဒီပဋိစ္စသမုပ္ပါဒ်ကျမ်းကြီးကို ဖွင့်နိုင်မှာမဟုတ်ပါဘူး” တဲ့ - ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်တဲ့အခါ ရှင်မဟာဗုဒ္ဓဃောသက ရေးထားတယ်။
ရှင်အာနန္ဒမထေရ်မြတ်၏ အထင်
ပဋိစ္စသမုပ္ပါဒ်ရဲ့ နက်နဲမှုဟာ အင်မတန်မှ ကြီးမားတယ်။ တစ်ခါတုန်းက ရှင်အာနန္ဒာမထေရ်မြတ်က နက်နဲခက်ခဲတယ်ဆိုတဲ့
စာမျက်နှာ-၆
ပဋိစ္စသမုပ္ပါဒ်ကို သူ့ရဲ့ဉာဏ်ထဲမှာ လွယ်ကူနေသယောင် ရှိတယ်လို့ မြတ်စွာဘုရားရှေ့မှာ ပြောမိလို့ မြတ်စွာဘုရားက ချက်ချင်းပဲ ရှင်အာနန္ဒကို ဆုံးမဩဝါဒပေးတယ်။ “အာနန္ဒ - ပဋိစ္စသမုပ္ပါဒ် လွယ်တယ်ဆိုရင် ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီးတော့ ဘုရားဖြစ်မှာပေါ့” တဲ့။ တကယ်က ဘုရားဟောထားတာကို ကြည့်ပြီးတော့ လွယ်တယ်လို့ ထင်နေရတာ၊ ကိုယ်ပိုင်ဉာဏ်နဲ့ သိတာ မဟုတ်ဘူး။
အကြောင်းအကျိုးအမှန်ကို မသိခြင်းကြောင့်သာ
အကြောင်းအကျိုးအမှန်ကို မသိသည့်အတွက်ကြောင့် သတ္တဝါတွေဟာ သံသရာထဲက မလွတ်နိုင်ကြတာ၊ ဘာသာတရားတွေ အမျိုးမျိုး ပေါ်ထွန်းနေတာဟာလည်း ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ အကြောင်းတရားနဲ့ အကျိုးတရားကို မသိလို့ပဲ။ အကြောင်းတရား၊ အကျိုးတရားကို အမှန်အတိုင်းသိမယ်ဆိုရင် ဘာသာအယူအဆတွေ ကွဲပြားနေစရာ ဘာမှ အကြောင်းမရှိဘူး။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေထဲမှာ ပဋိစ္စသမုပ္ပါဒ်ဟာ အလွန်အရေးပါတယ်။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ ဘုရားအဖြစ်သို့ ရောက်ပြီးတဲ့နောက်မှာ ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်သုံးသပ်သလို ပဋိစ္စသမုပ္ပါဒ်ကိုလည်း ဆင်ခြင်သုံးသပ်တယ်။ အနုလုံ၊ ပဋိလုံ ဆင်ခြင်သုံးသပ်တဲ့အခါ သဘာဝတရားတွေထဲမှာ “ပဋိစ္စသမုပ္ပါဒ်နဲ့ နိဗ္ဗာန်” ဟာ အလွန့်အလွန် မြင်နိုင်ခဲတဲ့တရားတွေ, သတ္တဝါတွေ သဘောကျလောက်အောင် ရှင်းပြဖို့လည်း အလွန်ခက်တဲ့တရားတွေလို့ ဆင်ခြင်သုံးသပ်တယ်။
စာမျက်နှာ-၇
မြတ်စွာဘုရားသခင်ရဲ့စိတ်ထဲမှာ သတ္တဝါတွေရဲ့ အနေအထား, တရားတော်ရဲ့ နက်နဲခက်ခဲမှု- ဒီနှစ်ခု နှိုင်းယှဉ်လိုက်တဲ့အခါ အလွန့်အလွန် အလှမ်းကွာနေတာ သိရလို့... ဒီတရားတွေကို ရှင်းပြရင် ငါပဲ ပင်ပန်းရုံရှိမှာပဲလို့ - မြတ်စွာဘုရားဟာ ရုတ်တရက် အလှမ်းကွာလွန်းအားကြီးတာနဲ့ တရားဟောဖို့ရန် ဝန်လေးသွားတဲ့သဘောလေး ဖြစ်ပေါ်လာတယ်။ အဲဒီအချိန်မှာ သဟမ္ပတိဗြဟ္မာကြီးပေါ်လာပြီး တောင်းပန်တယ်။ ဒါ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်သုံးသပ်ပြီးတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်၊ ပဋိစ္စသမုပ္ပါဒ်ကို နားမလည်ရင် သံသရာရဲ့ထွက်ပေါက် ရဖို့ရာ အလွန်ခဲယဉ်းတယ်။
မြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းက ဘုရားမပွင့်ခင်ကတည်းက ဘာသာတရားတွေကို ဦးဆောင်ကြံစည်ပြီး ဟောပြောနေတဲ့ပုဂ္ဂိုလ်တွေဟာ သမထကျင့်စဉ် အောင်မြင်ပေါက်မြောက်ကြပေမယ့်လို့ သူတို့မှာ အတ္တဆိုတဲ့အစွဲလေး ကျန်နေသေးတယ်။ အတ္တဆိုတဲ့အစွဲ၊ ထာဝရမြဲတယ်ဆိုတဲ့အယူအဆတစ်ခုကို မကျော်လွှားနိုင်ဘဲ ရှိနေကြတယ်။ ဘာဖြစ်လို့လဲဆိုရင် ပဋိစ္စသမုပ္ပါဒ်ကို မသိလို့ပဲ။ အကြောင်းအကျိုးကို ဆင်ခြင်သုံးသပ်နိုင်တဲ့ ပညာရပ် မရှိသည့်အတွက်ကြောင့် သမာဓိအစွမ်းတန်ခိုးတွေ ဘယ်လောက်ထက်အောင်ကျင့်ကျင့် နောက်ဆုံးအတ္တအစွဲလေးကို ကျော်လွှားသွားခြင်းငှာ မစွမ်းနိုင်ကြဘူးတဲ့၊ အကြောင်းနဲ့ အကျိုး ဆင်ခြင်သုံးသပ်မှုက မပြည့်စုံကြဘူး။
မြတ်စွာဘုရားဟာ ကိုယ်ပိုင်ဉာဏ်နဲ့ ဝိပဿနာကျင့်စဉ်တစ်ခုကို တွေ့ရှိပြီး ဒီပဋိစ္စသမုပ္ပါဒ်အကြောင်းတရားတွေကို လေ့လာ
စာမျက်နှာ-၈
ဆန်းစစ်ရင်းနဲ့ အမှန်တရားကို သိရှိပြီးတော့ ဘုရားအဖြစ်သို့ ရောက်သွားတယ်။
သမထကျင့်စဉ်က မြတ်စွာဘုရားကိုယ်တိုင် တီထွင်ပြီးတော့ ဟောကြားရတာ မဟုတ်ဘူး။ ဝိပဿနာကျင့်စဉ်, ပဋိစ္စသမုပ္ပါဒ်အပါအဝင် အကြောင်းအကျိုးကို ဆင်ခြင်နိုင်တဲ့ ဒီအသိဉာဏ်မျိုးကျတော့ မြတ်စွာဘုရားဟာ ဓမ္မစကြာထဲမှာပါတဲ့အတိုင်း “ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု” ဘယ်သူ့ထံကမှ မကြားဖူးဘူး၊ ဘယ်သူ့ထံကမှ သင်လာခဲ့တာမဟုတ်တဲ့ အသိဉာဏ်ထူးတွေ ရလာတယ်လို့ ဒီလိုဟောတယ်။ ဘယ်ဆရာထံကမှ မကြားဖူးတဲ့ အကြောင်း, ကျိုး ဆက်နွယ်ပြီးဖြစ်တဲ့ ဒီပဋိစ္စသမုပ္ပါဒ်ဒေသနာဟာ မြတ်စွာဘုရားဟောတဲ့ တရားတော်တွေထဲမှာ အလွန့်အလွန် အရေးပါလှတယ်။
အခက်နှစ်ခုကို ယှဉ်တွဲလေ့လာသုံးသပ်ခြင်း
အဲဒီပဋိစ္စသမုပ္ပါဒ်ကို အလွန်တရာခက်ခဲတဲ့ ပဋ္ဌာန်းနည်းနဲ့ ယှဉ်တွဲပြီးတော့ လေ့လာမယ်ဆိုလို့ရှိရင် အလွန်စိတ်ဝင်စားစရာကောင်းမှာပဲ။ အဋ္ဌကထာဆရာကြီးတွေ ဖွင့်သွားပြီးသား ဖြစ်သည့်အတွက်ကြောင့် ဘုန်းကြီးတို့တစ်တွေဟာ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ဖို့အတွက် သိပ်အလွန်တရာကြီး ခက်ခဲစရာတော့ မရှိပါဘူး။ နားလည်နိုင်တဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်။ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် အင်မတန်နက်တဲ့ ပင်လယ်ထဲမှာ ဒီအတိုင်းငုပ်ရင်သာ ခက်တာကိုး၊ ရေငုပ်ဝတ်စုံ တစ်ခုခုအကူအညီနဲ့ ငုပ်မယ်ဆိုရင်တော့ အဲဒီလောက် ခက်ခဲစရာအကြောင်းမရှိဘူးလို့ ဒီလို ပြောရမယ်။
စာမျက်နှာ-၉
အရှင်အနုရုဒ္ဓါက အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်းကို သီးခြားစီ ရေးခဲ့တယ်။ သို့သော် နိဗ္ဗာန်ရောက်ကြောင်းတရား ဝိသုဒ္ဓိမဂ်ကျမ်းကို ဖွင့်ဆိုတဲ့ ရှင်မဟာဗုဒ္ဓဃောသက ပဋိစ္စသမုပ္ပါဒ်နည်းကို ပဋ္ဌာန်းနည်းနဲ့ ရောပြီးတော့ ဖွင့်ပြသွားတယ်။
အဲဒါကြောင့်မို့ ဘုန်းကြီးတို့တစ်တွေ ဝိသုဒ္ဓိမဂ်ကျမ်းကြီးကို အခြေခံလိုက်မယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်လို့ ရသွားနိုင်ပါတယ်။
အဲဒီတော့ လေ့လာသုံးသပ်လို့ရမယ်ဆိုတဲ့နေရာမှာ ရှေးဦးစွာ ပဋ္ဌာန်းဒေသနာတော်ကို မလေ့လာခင် ပဋိစ္စသမုပ္ပါဒ်မှာ အသုံးပြုထားတဲ့တရား တစ်ဆယ့်နှစ်ခု - အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာမရဏ တို့ရဲ့ အဓိပ္ပါယ်လေးတွေကို ရှေးဦးစွာ နားလည်ထားဖို့ လိုအပ်တယ်။
ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့လည်း ၂၄-ပစ္စည်းဆိုင်ရာ ပစ္စည်းတရား, ပစ္စယုပ္ပန်တရား, ပစ္စယသတ္တိဆိုတဲ့ ဒီအချက်သုံးချက်ကို အခြေခံအားဖြင့် လေ့လာထားဖို့ လိုအပ်တယ်။ အဲဒီလို လေ့လာထားပြီဆိုရင် ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ကြည့်လို့ အလွန်ကြီး ခက်ခဲတော့မှာ မဟုတ်ပါဘူး၊ နားလည်သဘောပေါက်နိုင်ပါတယ်။
ဒီကနေ့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ဆိုတဲ့ အပိုဒ်လေးတစ်ပိုဒ်ပဲ ပြောကြရအောင်။ ဒါမပြောခင် ရှေးဦးစွာ “ပဋိစ္စသမုပ္ပါဒ” ဆိုတာ ဘာလဲ?
စာမျက်နှာ-၁၀
ပဋိစ္စသမုပ္ပါဒ ဟူသည်
“ပဋိစ္စသမုပ္ပါဒ” မှာ “သမုပ္ပါဒ” က “ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရား” လို့ အဓိပ္ပါယ်ရတယ်။ “ပဋိစ္စ” က “အခြားအကြောင်းတစ်ခုကို အမှီပြုပြီး” လို့ အဓိပ္ပါယ်ရတယ်။ “အမှီပြုပြီး အကျိုးတရားကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရား”။ ပဋိစ္စသမုပ္ပါဒကို *dependent origination* လို့ အင်္ဂလိပ်လို ပြန်လေ့ရှိတယ်။ ပဋိစ္စကို *dependent* လို့ပြန်ပြီးတော့ သမုပ္ပါဒကို *origination* လို့ ပြန်လို့ရှိရင် ဖြစ်ပေါ်စေခြင်းဆိုတဲ့ အဓိပ္ပါယ်ပဲ ရတယ်။
အမှန်ကတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ အကြောင်းတရားကို ရည်ညွှန်းတာ။ အဲဒီအကြောင်းတရားသည် အခြားအကြောင်းတစ်ခုကို အမှီပြုတယ်။ ဒီစကားလုံးလေးကို ကြည့်လိုက်ရင် တခြားအကြောင်းတစ်ခုကို အမှီပြုရတယ်ဆိုကတည်းက သူဟာ မူလအကြောင်း မဟုတ်ဘူးဆိုတဲ့အဓိပ္ပါယ် ပေါ်တယ်ပေါ့။ ဒီအကြောင်းတရားကိုယ်တိုင်က အခြားအကြောင်းတစ်ခုကို အမှီပြုရသည့်အတွက်ကြောင့် သူကိုယ်တိုင်က အကျိုးတရားလို့ပဲ ပြောရမှာပဲ။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဟောတဲ့ တရားဓမ္မတွေထဲမှာ “အကြောင်းမဲ့ အကြောင်း” ဆိုတာ မရှိဘူး၊ “မူလအကြောင်း” ဆိုတာလည်း မရှိဘူး၊ “အကြောင်းနဲ့ အကျိုးဟာ အပြန်အလှန်ဆက်သွယ်နေတယ်” ဆိုတာသာ ရှိတယ်။
ဆိုပါစို့ - အိန္ဒိယ philosophy တွေထဲမှာ *Sankhya philosophy* ဆိုတာ ရှိတယ်၊ အဲဒါ မြန်မာလိုတော့ တချို့က
စာမျက်နှာ-၁၁
သံခ်ယာဝါဒလို့ ခေါ်ကြတာပေါ့။ သို့သော်လည်း အိန္ဒိယစကားလုံး *Sankhya philosophy* မှာ မူလအကြောင်းတစ်ခု ရှာထားတယ်။ အဲဒီမူလအကြောင်းကို “ပကတိ” လို့ ခေါ်တယ်။ အဲဒီ ပကတိဆိုတဲ့ မူလအကြောင်းဟာ သူ့ဘာသာနေလို့ရှိရင် နိစ္စထာဝရပဲ။ *Purusha* (ပုရုသျှ) ဆိုတဲ့ အရာတစ်ခုနဲ့ ပေါင်းလိုက်တဲ့အခါ သူဟာ လှုပ်ရှားလာတယ်၊ လှုပ်ရှားလာပြီးတော့ နောက် သတ္တဝါအဖြစ် သံသရာထဲမှာ လည်တယ်လို့ အချက်ပေါင်း ၂၅-ချက် ထည့်သွင်းပြီး သတ္တဝါတွေရဲ့ အစကို ရှာပြထားတဲ့ *philosophy* တစ်ခု။ အဲဒီ *philosophy* မှာ ပကတိဆိုတာ ပထမဆုံးအကြောင်းတရား၊ မူလအကြောင်းတရား ဖြစ်တယ်လို့ ပြောတယ်။
နောက်တစ်ခါ *Kanada* (ကဏာဒ) ဆိုတဲ့ အယူအဆရေးရာတွေးခေါ်သူ၊ ခုခေတ်လိုပြောရင်တော့ *philosopher* ပေါ့။ သူကလည်း အဏုမြူလေးဟာ နိစ္စထာဝရတဲ့၊ အင်မတန်သေးငယ်တဲ့ မြူမှုန့်လေးတစ်ခု၊ အဲဒီမြူမှုန့်လေးဟာ နောက်တစ်ခုနဲ့ ပေါင်းစပ်သွားလို့ရှိရင် အသက်ဝင်လှုပ်ရှားလာတယ်လို့ ပြောတယ်။ အဲဒီ ပထမအသေးဆုံးမြူမှုန့်လေးက ဘယ်တော့မှ ပျက်စီးသွားတာ မရှိဘူး၊ အဲဒါကြောင့်မို့ နိစ္စဆိုတဲ့ သဘောတရားကို သူတို့ကျော်လွှားပြီး မသွားနိုင်ကြဘူး။
အဲဒီ အယူအဆအတွေးအခေါ်တွေအရ မူလအကြောင်းဆိုတာ ရှိသော်လည်း ဗုဒ္ဓရဲ့ ဒေသနာတော်အရ မူလအကြောင်းဆိုတာ မရှိဘူး။ မြတ်စွာဘုရားက “အဝိဇ္ဇာ” ကို ပထမထား ဟောထားတာဟာ မူလအကြောင်းဖြစ်လို့ ဟောတာမဟုတ်ဘူး၊
စာမျက်နှာ-၁၂
အဓိကအကြောင်းဖြစ်လို့ စတင်ရှင်းတဲ့သဘောပဲ။ အဝိဇ္ဇာရဲ့ အကြောင်းဆိုတာ ရှိသေးတယ်။ “အာသဝသမုဒယာ အဝိဇ္ဇာ သမုဒယော” “အာသဝလို့ဆိုတဲ့ ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝ, အဝိဇ္ဇာသဝဆိုတဲ့ သဘာဝတရားတွေ စီးဝင်လာလို့ အဝိဇ္ဇာ ဖြစ်ရတယ်” လို့ ဒီလိုဟောတော့ အဝိဇ္ဇာဟာ အကြောင်းမဲ့အကြောင်း (*causeless cause*) မဟုတ်ဘူး၊ မူလအကြောင်း (*root cause*) လည်း မဟုတ်ဘူး၊ အဝိဇ္ဇာမှာလည်း အကြောင်းရှိတယ်။ အဲဒီအဓိပ္ပါယ်ကို ရှင်းလင်းလို၍ - မြတ်စွာဘုရားသုံးထားတဲ့စကားလုံးလေးကိုက “ပဋိစ္စသမုပ္ပါဒ” - “အကြောင်းတစ်ခုကိုစွဲမှီပြီးတော့မှ အကျိုးကိုထုတ်လုပ်နိုင်တဲ့ အကြောင်းတရား” တဲ့။ ပဋိစ္စသမုပ္ပါဒ်ရဲ့ အဓိပ္ပါယ်က သူကိုယ်တိုင်က အကြောင်းတစ်ခုကို အမှီပြုရတယ်၊ အဝိဇ္ဇာသည် ပဋိစ္စ - အကြောင်းတစ်ခုကို အမှီပြုပြီးတဲ့အခါမှာ သင်္ခါရဆိုတဲ့ အကျိုးတရားကို ဖြစ်စေတယ်။ *independent* မဟုတ်ဘူး, *dependent*, သူကိုယ်တိုင်က အကြောင်းတစ်ခုကို အမှီပြုပြီးတော့ ဖြစ်တာ။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ စကားလုံးဟာ အကြောင်းကို အမှီပြုပြီးတော့ အကျိုးတရားကို ထုတ်လုပ်တဲ့ အကြောင်းတရားလို့ ဒီလိုအဓိပ္ပါယ်ရတယ်။
ပဋိစ္စသမုပ္ပန္န ဟူသည်
နောက်စကားလုံးတစ်ခုမှတ်ဖို့ လိုသေးတယ်၊ ဘာလဲဆိုရင် ပဋိစ္စသမုပ္ပန္န။ ပဋိစ္စသမုပ္ပန္နဆိုတာ အကျိုးတရားကို ရည်ညွှန်းတယ်။ အဲဒီအကျိုးတရားဟာလည်း အကြောင်းကိုအမှီပြုပြီးတော့ အကြောင်း
စာမျက်နှာ-၁၃
တရားက ထုတ်လုပ်လိုက်တဲ့ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးတရား ဖြစ်တယ်။
အဲဒီစကားလုံးကို ကြည့်လို့ရှိရင်လည်း အကြောင်းကိုစွဲမှီမှု မရှိဘဲနဲ့ ဘယ်အရာမှ မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်ဟာ ရှင်းလင်းပြီးသား ဖြစ်သွားတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ ဒေသနာတော်အရ “အကြောင်းကင်းတဲ့ အကျိုး” ဆိုတာ မရှိဘူး၊ “အကြောင်းကင်းတဲ့ အကြောင်း” ဆိုတာလည်း မရှိဘူး၊ အားလုံးဟာ ဆိုင်ရာဆိုင်ရာအကြောင်းတွေနဲ့ ဖြစ်ပေါ်လာရတာချည်းပဲ၊ ဒီလိုဆိုလိုတယ်။
နှိုင်းယှဉ်လေ့လာစရာ အချက်ကလေးတစ်ခု
ဒီနေရာမှာ နှိုင်းယှဉ်လေ့လာစရာ အချက်ကလေးတစ်ခု ရှိတယ် - ပဋိစ္စသမုပ္ပန္န ဆိုတဲ့စကားလုံးနဲ့ ခပ်ဆင်ဆင်တူတဲ့ မိစ္ဆာဝါဒမှာဖော်ပြတဲ့ စကားလုံးလေးက အဓိစ္စသမုပ္ပန္နတဲ့၊ အဲဒီနှစ်ခုကို နှိုင်းယှဉ်ပြီး လေ့လာဖို့ လိုအပ်တယ်။
ပဋိစ္စသမုပ္ပန္နဆိုတာ အကြောင်းတစ်ခုကို မှီပြီးတော့မှ ဖြစ်ပေါ်လာတဲ့ အကျိုးတရားလို့ ပြောတာ။ အဓိစ္စသမုပ္ပန္နဆိုတာ ဘာအကြောင်းတရားကိုမှ မမှီဘဲနဲ့ သူ့ဖာသာဖြစ်လာတဲ့ အကျိုးတရားလို့ ဒီလိုဆိုလိုတယ်။ အဲဒီ အဓိစ္စသမုပ္ပန္နဆိုတဲ့ စကားလုံးက မိစ္ဆာဝါဒကို ဖော်ပြတဲ့စကားလုံးတစ်ခု၊ ဒါ့ကြောင့်မို့ အဓိစ္စသမုပ္ပန္နဝါဒဆိုတာ မိစ္ဆာဝါဒထဲမှာ ပါတယ်။
ဒီတော့ မြတ်စွာဘုရားရဲ့ ဝါဒက “အဓိစ္စသမုပ္ပန္န” မဟုတ်ဘူး, “ပဋိစ္စသမုပ္ပန္န” အကြောင်းတရားကို မှီပြီးတော့မှ အကျိုး
စာမျက်နှာ-၁၄
တရားဆိုတာ ဖြစ်နိုင်တယ်။ အကြောင်းတရား မရှိဘဲနဲ့ အကျိုးတရားဆိုတာ မရှိဘူး။
ပဋိစ္စဆိုတဲ့ စကားဖြင့် *causeless causes* တွေကို ဖယ်ရှားပစ်တာ။ လောကလူတွေက ပြောတယ်လေ - ကမ္ဘာကြီးကို ဘယ်သူဖန်ဆင်းလဲ? *God* ဖန်ဆင်းတယ်၊ *Hinduism* မှာဆိုရင် ဗြဟ္မာကြီးက ဖန်ဆင်းတယ်။ အေး ထပ်ပြီးတော့ မေးကြည့် - *God* ကို ဘယ်သူဖန်ဆင်းလဲ, ဗြဟ္မာကို ဘယ်သူဖန်ဆင်းလဲ? ဖန်ဆင်းတဲ့သူ မရှိဘူး၊ မရှိသည့်အတွက်ကြောင့် သူတို့အယူအဆအရ "*God*" of "*Goos*" os por *causeless cause*, *root cause* ဖြစ်နေတယ်။ အဲဒါမျိုးကို ဗုဒ္ဓတရားတော်မှာ မှားယွင်းတဲ့အယူအဆ တစ်ရပ်အဖြစ် ရှင်းလင်းဟောထားတယ်။
ဒါ ဘာနဲ့သိနိုင်တုန်းဆိုရင် ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ စကားလုံးနဲ့ပဲ ဖော်ပြလိုက်တာ၊ အရာခပ်သိမ်းဟာ ဆိုင်ရာအကြောင်းကို အမှီပြုပြီးတော့မှ ဖြစ်လာနိုင်တယ်။ အကြောင်းတရားသည်ပင်လျှင် အခြားအကြောင်းတရားတစ်ခုကို အမှီပြုပြီးမှ အကျိုးတရားကို ထုတ်လုပ်နိုင်တယ်လို့ ပဋိစ္စသမုပ္ပါဒ်မှာ ဒီလိုရှင်းထားတယ်နော်၊ ဒါ စကားလုံးက ဖော်ပြတဲ့ အဓိပ္ပါယ်တစ်ခုပဲ။
ပါဠိဝါကျ ၄-ကြောင်း
ပဋိစ္စသမုပ္ပါဒ်ဆိုတာကို အကြမ်းဖျင်းနားလည်ဖို့အတွက် ပါဠိဝါကျလေး ၄-ကြောင်းကို လေ့လာထားရမယ်။ အဲဒီပါဠိဝါကျလေး ၄-ကြောင်းက အရိယသာဝကသုတ် (နိဒါနသံယုတ်) နဲ့ ထိုထိုသုတ္တန်လေးတွေမှာ ပါတယ်ပေါ့။
စာမျက်နှာ-၁၅
“ဣမသ္မိံ သတိ ဣဒံ ဟောတိ” - “ဣမသ္မိံ - ဤအကြောင်းတရားသည်၊ သတိ - ရှိနေလို့ရှိရင်၊ ဣဒံ - ဤအကျိုးတရားသည်၊ ဟောတိ - ရှိနေတယ်” ဒီအကြောင်းတရားရှိရင် ဒီအကျိုးတရားရှိမယ်၊ ဆိုလိုတာက “ဒါရှိရင် ဒါရှိမယ်, အကြောင်းရှိရင် အကျိုးရှိမယ်၊ ဒါရှိလို့ ဒါရှိနေတာ”- ဒီအဓိပ္ပါယ်ကို ဖော်ပြတာ။
နောက်တစ်ခုက “ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” - “ဣမဿ- ဤအကြောင်းတရား၏၊ ဥပ္ပါဒါ - ဖြစ်ပေါ်လာမှုကြောင့်၊ ဣဒံ - ဤအကျိုးတရားသည်၊ ဥပ္ပဇ္ဇတိ - ဖြစ်လာ၏”။
ဒါ ပဋိစ္စသမုပ္ပါဒ်ရဲ့ အဓိပ္ပါယ်ကို ရှင်းတာ၊ “ဒါတွေရှိရင် ဒါတွေ ရှိလိမ့်မယ်၊ ဒါဖြစ်လို့ ဒီဟာဖြစ်တယ်” ဆိုတာက အဓိပ္ပါယ်က ရှင်းရှင်းလေးပဲ။
အဲဒါကို *negative* ဆန့်ကျင်ဘက်စကားလုံးနဲ့ ပြန်ပြီးပြောတဲ့အခါကျတော့ “ဣမသ္မိံ အသတိ ဣဒံ န ဟောတိ” “ဒါမရှိရင် ဒီဟာမရှိတော့ဘူး”။
“ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဇတိ” - “ဒါချုပ်ငြိမ်းသွားလို့ရှိရင် ဒီဟာလည်း ချုပ်ငြိမ်းသွားမှာပဲ”။ ဒီစကားလုံးလေးက သံသရာကလွတ်ကြောင်းရှိတယ်ဆိုတာကို ဖော်ပြတာ၊ သံသရာထဲမှာ ဘာ့ကြောင့်လည်နေတာကိုလည်း ဖော်ပြတယ်၊ သံသရာကလွတ်ကြောင်းထွက်ပေါက်ကိုလည်း သိမြင်စေတဲ့အရာ။ ပဋိစ္စသမုပ္ပါဒ်ကို အကျဉ်းလေးနဲ့ ရည်ညွှန်းပြောဆိုထားတဲ့ ပါဠိဝါကျ ၄-ခုပဲ။
(၁) “ဣမသ္မိံ သတိ ဣဒံ ဟောတိ”
ဒါရှိနေလို့ရှိရင်- ဒါရှိတယ်။
စာမျက်နှာ-၁၆
(၂) “ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ”
ဒါဖြစ်လို့- ဒီဟာဖြစ်ရတယ်။
(၃) “ဣမသ္မိံ အသတိ ဣဒံ န ဟောတိ”
ဒါမရှိရင်- ဒါမရှိဘူး။
(၄) “ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဇတိ”
ဒါချုပ်ငြိမ်းသွားရင်- ဒီဟာလည်း ချုပ်ငြိမ်းသွားမယ်။
ဒီလိုနားလည်လိုက်တဲ့နေရာမှာ၊ ဒါတကယ့်ထွက်ပေါက်ပဲ။ မြတ်စွာဘုရားဟောတဲ့ တရားထဲမှာ ခြွင်းချက်ဆိုတာ မရှိဘူး။ နခသိခါသုတ္တန်မှာ မြတ်စွာဘုရားက ဟောထားတာ ရှိတယ် - “အင်မတန်သေးငယ်တဲ့ မြူမှုန်လေးလောက်ပင်ဖြစ်စေ နိစ္စထာဝရ မြဲတဲ့အရာဆိုတာကို တွေ့လို့ရှိရင် မြတ်သောအကျင့်လို့ဆိုတဲ့ မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်စရာမလိုဘူး” တဲ့။ မြဲတာလေးရှိနေမယ်ဆိုရင် မြတ်သောအကျင့်ကို ကျင့်စရာမလိုဘူးတဲ့။ တကယ်တော့ မြဲတယ်ဆိုတာ တစ်ခုမှ မရှိဘူး။
ဒီအကြောင်းတရားတွေ ရှိနေရင် ဒီအကျိုးတရားတွေ ရှိနေမှာပဲ၊ ဒီအကြောင်းတရားတွေဖြစ်နေသမျှ ဒီအကျိုးတရားတွေ ဖြစ်နေမှာပဲ၊ ဒီအကြောင်းတရားတွေ မရှိတော့ဘူးဆိုလို့ရှိရင် ဒီအကျိုးတရားတွေလည်း မရှိတော့ဘူး၊ ဒီအကြောင်းတရားတွေ ချုပ်ငြိမ်းသွားတာနဲ့ တစ်ပြိုင်နက် ဒီအကျိုးတရားတွေ ချုပ်ငြိမ်းသွားမှာပဲလို့ ပဋိစ္စသမုပ္ပါဒ်ကို ဒီလိုမြတ်စွာဘုရားက ရှင်းတယ်။
တရားကိုမြင်ဖို့ဆိုတာ ပဋိစ္စသမုပ္ပါဒ်ကိုမြင်မှ တရားကိုမြင်မယ်၊ “ယော ပဋိစ္စသမုပ္ပါဒံ ပဿတိ, သော ဓမ္မံ ပဿတိ”၊
စာမျက်နှာ-၁၇
ပဋိစ္စသမုပ္ပါဒ်မှ မမြင်သေးလို့ရှိရင် တရားဓမ္မအစစ်အမှန်ကို မြင်ဦးမှာ မဟုတ်ဘူးတဲ့။ ဒါကြောင့်မို့လို့ ပဋိစ္စသမုပ္ပါဒ်ဟာ အလွန့်အလွန် အရေးကြီးတဲ့ တရားတစ်ခု ဖြစ်တယ်။
“အဝိဇ္ဇာပစ္စယာ သင်္ခါရာ”
ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရားက ဘာနဲ့စလဲ? “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ”- အဝိဇ္ဇာနဲ့စတယ်။ ဘာဖြစ်လို့ အဝိဇ္ဇာနဲ့စရသလဲ? အဝိဇ္ဇာနဲ့စခြင်းမှာ အကြောင်းမရှိတာ မဟုတ်ဘူး၊ အကြောင်းရှိတယ်။
ပဋိစ္စသမုပ္ပါဒ်တစ်ခုလုံးကို ခြုံငုံပြီးတော့ ပြောမယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်ကို နှစ်ပိုင်းထားရမယ်..
ရှေ့ပိုင်းမှာ အကြောင်းတရားက နှစ်ခုရှိတယ်၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”, “သင်္ခါရာပစ္စယာ ဝိညာဏံ” လို့ ဒီလိုဟောတယ်။ အဝိဇ္ဇာနဲ့ သင်္ခါရသည် အတိတ်နဲ့ဆိုင်တယ်- အတိတ်နဲ့ဆိုင်တဲ့အကြောင်းတရားက နှစ်ခု။ ဒီထဲမှာ တိုက်ရိုက်ဖော်ပြထားတာက တဏှာ, ဥပါဒါန်, ဘဝ လို့ ပစ္စုပ္ပန်နဲ့ဆိုင်တဲ့အကြောင်းတရားသုံးခု မြတ်စွာဘုရားက ဟောထားတယ်။ ပဋိစ္စသမုပ္ပါဒ်ဟာ သံသရာစဉ်ဆက်မပြတ်ဖြစ်နေတာကို ရှင်းပြတဲ့ဒေသနာ ဖြစ်တယ်။
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ဟာ အတိတ်, ပစ္စုပ္ပန်, အနာဂတ် ကာလသုံးပါးကို ဆက်စပ်ပြီးတော့ ဟောထားတဲ့ဒေသနာ ဖြစ်တယ်။ သို့သော်လည်း ပဋိစ္စသမုပ္ပါဒ်ဟာ သုံးဘဝကို ရှင်းပြတယ်ဆိုတာကို လက်မခံတဲ့သူတွေလည်း ရှိသေးတယ်။
စာမျက်နှာ-၁၈
ထိုင်းနိုင်ငံက နာမည်ကျော်ဆရာတော်တစ်ပါးက ပဋိသမုပ္ပါဒ်ဟာ တစ်ဘဝတည်းနဲ့သာ သက်ဆိုင်တယ်လို့ စာအုပ်ရေးတယ်၊ ဟောလည်း ဟောတယ်၊ သူ့ရဲ့ ဟောပြောချက်ဟာ ဂျာမဏီနိုင်ငံမှာ ပြန့်နေတယ်။ ဘုန်းကြီးတို့ရောက်သွားတော့ မြူးနစ်မှာ သူ့ရဲ့ သာဝကတွေနဲ့တွေ့တယ်။ အဲဒီမြူးနစ်က German Buddhist Union ဆိုတဲ့ အဖွဲ့ရဲ့ အဆောက်အဦးထဲမှာ ဘုန်းကြီးတို့က ပဋိစ္စသမုပ္ပါဒ်ဟာ တစ်ဘဝအတွက် မဟုတ်ဘူး၊ သုံးဘဝဟောတယ်ဆိုတာကို ရှင်းပြတယ်။ သို့သော် ဘယ်သူကမှ argument တော့ မလုပ်ဘူး၊ ငြိမ်ပြီးတော့ပဲ နားထောင်နေကြတယ်။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ဟာ တစ်ဘဝတည်း မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် သံသရာအတွက် ရှင်းပြတာဖြစ်လို့၊ တစ်ဘဝတည်းဆိုရင် သံသရာလည်စရာမှ မရှိတာ။ “အတိတ်ကအကြောင်း ရှိခဲ့လို့ ပစ္စုပ္ပန်မှာ လာဖြစ်တယ်၊ ပစ္စုပ္ပန်အကြောင်းတွေကြောင့် အနာဂတ်မှာ ဖြစ်ဦးမယ်” ဆိုတဲ့ အနေအထားတစ်ခုနဲ့ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းတယ်။
အဲဒီမှာ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းတဲ့အခါမှာ အကြောင်းနှစ်ခု ဦးဆောင်မှု ပေးထားတယ်၊ ဘာလဲဆိုရင် “အဝိဇ္ဇာနဲ့ တဏှာ”။ အတိတ်အကြောင်းကို မြတ်စွာဘုရားက ရှင်းပြတဲ့အခါမှာ အဝိဇ္ဇာကို ဦးတည်ပြီး ရှင်းတယ်။ အနာဂတ်အတွက် ပစ္စုပ္ပန်က အကြောင်းတရားကို ရှင်းတဲ့အခါမှာ တဏှာကို ဦးတည်ပြီး ရှင်းတယ်။ ဘာဖြစ်လို့လဲ? ကံတရားတွေကို ဖြစ်ပေါ်စေတဲ့နေရာမှာ စွမ်းအားကြီးတဲ့ သဘာဝတရားနှစ်ခုဟာ အဝိဇ္ဇာနဲ့ တဏှာပဲ။
စာမျက်နှာ-၁၉
ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်လို့ ဝဋ်သုံးပါးဆိုတာ ရှိတယ်။ ကိလေသာလို့ဆိုတဲ့အထဲမှာ အဓိကက အဝိဇ္ဇာနဲ့ တဏှာပဲ။ အဲဒီအဝိဇ္ဇာနဲ့ တဏှာကို အစွဲပြုပြီး ကံဆိုတာ ဖြစ်လာတာ၊ ဖြစ်လာတဲ့ကံက အဝိဇ္ဇာ၊ တဏှာ မပါဘဲ အကျိုးပေးလို့ မရဘူး။ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ ကိလေသာနဲ့ ကံကို တွဲတွဲပေးထားတယ်။ ကြည့်— “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”၊ “သင်္ခါရပစ္စယာ ဝိညာဏံ”၊ အဲဒီမှာ အဝိဇ္ဇာနဲ့ သင်္ခါရဆိုတာ ကိလေသာနဲ့ ကံပဲ။
နောက်တစ်ခါ အနာဂတ်အတွက် ပစ္စုပ္ပန်အကြောင်းနှစ်ခု— “တဏှာပစ္စယာ ဥပါဒါနံ”၊ “ဥပါဒါနပစ္စယာ ဘဝေါ”၊ “တဏှာနဲ့ ဥပါဒါန်” က ကိလေသာ၊ “ဘဝ” က ကမ္မဘဝမို့ ကံ၊ အဲဒီမှာလည်း ကိလေသာနဲ့ ကံ တွဲပေးထားတယ်။ ဒီတော့ ကိလေသာနဲ့ ကံ နှစ်ခု ပေါင်းစပ်လိုက်မှ ဘဝတစ်ခုဟာ ဖြစ်ပေါ်လာနိုင်တယ်။ ကိလေသာတွေထဲမှာ အဝိဇ္ဇာနဲ့ တဏှာသည် ကံရဲ့ အထူးခြားဆုံးသောအကြောင်းတရား ဖြစ်တယ်။ ဒါကြောင့်မို့ ဒီနှစ်ခုကို ဦးတည်ပြီး မြတ်စွာဘုရား ဟောတာ။
အဝိဇ္ဇာနဲ့ တဏှာ ဦးဆောင်ပုံ
အဲဒီ ကံဆိုတဲ့နေရာမှာ ကံဟာ သုဂတိဘုံ၊ ဒုဂ္ဂတိဘုံကို ရောက်စေတတ်တယ်။ ဒုဂ္ဂတိဘုံကို ရောက်စေတတ်တဲ့ကံက တစ်မျိုး၊ သုဂတိဘုံကို ရောက်စေနိုင်တဲ့ကံက တစ်မျိုး။ အဲဒီကံနှစ်မျိုးထဲမှာ “အဝိဇ္ဇာသည် ဒုဂ္ဂတိဘုံကို ရောက်စေတတ်တဲ့ ကံရဲ့ ထူးခြားတဲ့ အကြောင်း” တစ်ခု ဖြစ်တယ်၊ special cause ပေါ့။ ဝိသုဒ္ဓိမဂ်မှာ “ဒုဂ္ဂတိဂါမိနော ကမ္မဿ ဝိသေသဟေတု အဝိဇ္ဇာ” - “ဒုဂ္ဂတိ
စာမျက်နှာ-၂၀
ဂါမိနော ကမ္မဿ - ဒုဂ္ဂတိဘုံကို ရောက်စေတတ်သော ကံရဲ့၊ ဝိသေသဟေတု - special အကြောင်းတစ်ခု၊ အရေးပါတဲ့ ထူးခြားတဲ့အကြောင်းဟာ၊ အဝိဇ္ဇာ - အဝိဇ္ဇာပဲ” လို့ ပြောတာ။ တဏှာကျတော့ “သုဂတိဂါမိနော ကမ္မဿ ဝိသေသဟေတု တဏှာ” - “သုဂတိဘုံကို ရောက်စေတတ်တဲ့ ကံတွေကိုတော့ ဘယ်သူက ဦးဆောင်နေတာတုန်းဆိုတော့ တဏှာက ဦးဆောင်နေတာ” တဲ့။
ဒါကြောင့်မို့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာသာမက အခြားသုတ္တန်တွေမှာလည်း အဝိဇ္ဇာနဲ့ တဏှာ ဒီနှစ်ခုကို ဦးတည်ပြီးတော့ ဟောထားတာတွေ ရှိတယ်။ ပဋိစ္စသမုပ္ပါဒ်မှာလည်း ဒီလို ဟောထားတာ ရှိတယ်။
ဒါကြောင့်မို့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ အဝိဇ္ဇာကို ဦးတည်ပြီး မြတ်စွာဘုရားက အတိတ်အကြောင်းမှာ ဟောထားတယ်။ အဝိဇ္ဇာနဲ့ တဏှာဟာ ပူးတွဲပြီးတော့ နေကြတာနော်၊ တဏှာရှိတဲ့နေရာတိုင်းမှာ အဝိဇ္ဇာရှိတယ်၊ အဝိဇ္ဇာရှိတဲ့နေရာတိုင်းတော့ တဏှာ မရှိဘူး။ အဘိဓမ္မာသဘောနဲ့ ပြောမယ်ဆိုရင် အဝိဇ္ဇာက တစ်ခါတစ်ရံ ဒေါသနဲ့ပေါင်းတာရှိတယ်၊ တစ်ခါတစ်ရံ လောဘနဲ့ပေါင်းတာ ရှိတယ်။
လောကမှာ လူတွေ လိုချင်တာက “သုခ”၊ လူတွေရဲ့ အတွေ့အကြံဟာ သုခနဲ့ ဒုက္ခ - ချမ်းသာမှုနဲ့ ဆင်းရဲမှု၊ အဲဒီမှာ သုခ ဒုက္ခကို အကြောင်းပြုပြီးတော့ လူတွေဟာ ကံတရားကို ပြုလုပ်ကြတယ်။
အဲဒီလို ပြုလုပ်ကြတဲ့နေရာမှာ ဒုက္ခကို အကြောင်းရင် အဝိဇ္ဇာနဲ့ တဏှာမှာ - ဘယ်သူက ဦးဆောင်သွားလဲဆိုတာ စဉ်းစားကြည့်ပေါ့ ...
စာမျက်နှာ-၂၁
ဒုက္ခနဲ့ ပတ်သက်လာလို့ရှိရင် ဒုက္ခဆိုတာ တဏှာရဲ့ အကြိုက် မဟုတ်ဘူး၊ တဏှာက ဒုက္ခကို မကြိုက်တော့ တဏှာဖြစ်ဖို့ မလွယ်ဘူး။ အဲဒီအခါမှာ ဘယ်သူက ဦးဆောင်တုန်းဆိုတော့ အဝိဇ္ဇာက ဦးဆောင်သွားတယ်၊ တဏှာက အဝိဇ္ဇာပါသည့်အတွက်ကြောင့် နောက်က လိုက်သွားတယ်။
သုခနဲ့ ပတ်သက်လာတဲ့အခါကျတော့ တဏှာက ဦးဆောင်သွားတယ်၊ အဝိဇ္ဇာက နောက်က လိုက်တယ်။ ဒီလို အဝိဇ္ဇာနဲ့ တဏှာဟာ တစ်လှည့်စီ ခေါင်းဆောင်ကြတယ်လို့ ပြောတယ်။
ထင်ရှားတဲ့ ဥပမာလေးတစ်ခုနဲ့ စဉ်းစားကြည့်ပေါ့- ခုခေတ် ဖြစ်နေတဲ့ စိတ်ကြွဆေးစတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး သူငယ်ချင်းအပေါင်းအသင်းတွေက ဆွဲဆောင်လို့ မူးယစ်ဆေးဝါး စွဲသွားတဲ့ ငယ်ရွယ်သူ ကလေးတစ်ယောက်ကိုပဲ ကြည့်။
ပထမ အဲဒီကလေးဟာ မူးယစ်ဆေးဝါးရဲ့ အပြစ်ကို သူ မမြင်ဘူး၊ မမြင်သည့်အတွက်ကြောင့် သူစမ်းကြည့်တယ်။ မမြင်ဘူးဆိုကတည်းက ဒါဟာ “အဝိဇ္ဇာ”၊ စမ်းကြည့်တာက “တဏှာ”။
ကောင်းဆိုးမသိလို့ လုပ်မိတယ်ပေါ့၊ ကဲ မူးယစ်ဆေးဝါးရဲ့ အပြစ်ဟာ အင်မတန်ဆိုးတယ်ဆိုတာ သိသွားပြီ။ သိသွားပြီဆိုတဲ့အခါကျတော့ drug addict (ဆေးစွဲသူ) ဖြစ်သွားပြီ။ ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် ဖြတ်လို့ ရသေးလား၊ မရတော့ဘူး။ အဲဒါကျတော့ တဏှာက ဦးဆောင်သွားတယ်။ မကောင်းမှန်းတော့ သိတယ်၊ သို့သော်လည်း ဖြတ်လို့ မရတော့ဘူး၊ တဏှာက ဦးဆောင်နေပြီ။
ဝိသုဒ္ဓိမဂ်မဟာဋီကာမှာ “ဒုက္ခေ အဝိဇ္ဇာ တဏှာ အနုဝတ္တတိ” - ဒုက္ခနဲ့ ပတ်သက်လာလို့ရှိရင် အဝိဇ္ဇာက ဦးဆောင်သွားပြီးတော့
စာမျက်နှာ-၂၂
တဏှာက နောက်က လိုက်ရတာပါတဲ့။ ဘာဖြစ်လို့ အဝိဇ္ဇာက ဒုက္ခနဲ့ ပတ်သက်လာရင် ဦးဆောင်သတုန်း? ဒုက္ခကို ဒုက္ခလို့ မမြင်ရအောင် အဝိဇ္ဇာက ဖုံးပေးထားတယ်၊ ဒီလို ဦးဆောင်ဖုံးပေးထားသည့်အတွက်ကြောင့် တဏှာက လိုက်ပြီး တွယ်တယ်။ တွယ်သည့်အတွက်ကြောင့် ကံတရားတွေကို လုပ်တယ်၊ ဒီလို ပြောတယ်နော်။
သုခနဲ့ တွေ့လာတဲ့အခါကျတော့ - “သုခေ တဏှာ အဝိဇ္ဇာ အနုဝတ္တတိ” - သုခနဲ့ ပတ်သက်လာတဲ့အခါကျတော့ တဏှာ အကြိုက် ဖြစ်နေတယ်၊ အပြစ်မြင်စရာအကြောင်း မရှိတော့ဘူး၊ တဏှာက တွယ်တယ်၊ တွယ်တာတဲ့နောက် အဝိဇ္ဇာက လိုက်ရတယ်။ ဒါကြောင့် အဝိဇ္ဇာနဲ့ တဏှာ - ဒီနှစ်ခုရဲ့ အပြန်အလှန် ဦးဆောင်မှုနဲ့ သံသရာကြီးထဲမှာ ဘုန်းကြီးတို့တတွေ လည်ပတ်နေရတယ်လို့ - ပဋိစ္စသမုပ္ပါဒ်မှာ အချုပ်အားဖြင့် ဒီလိုရှင်းပြထားတာနော်။
အဝိဇ္ဇာဆိုင်ရာ သိဖွယ်
အဝိဇ္ဇာဆိုတာ “သာဝဇ္ဇ” - အပြစ်ရှိတဲ့ အကုသိုလ်တရား၊ အပြစ်ရှိတဲ့ အကုသိုလ်တရား ဖြစ်တဲ့အတွက်ကြောင့် “ဒုက္ခဝိပါက လက္ခဏာ” - မကောင်းတဲ့အကျိုးပဲ ထုတ်လုပ်တယ်။ ဒါက ပုံသေကားချပ် မှတ်ရမယ့် သဘာဝနော်၊ အဝိဇ္ဇာသည် အကုသိုလ်၊ အကုသိုလ်ဖြစ်သည့်အတွက်ကြောင့် အပြစ်ရှိတယ်၊ အပြစ်ရှိတဲ့တရားတစ်ခုသည် ကောင်းကျိုးချမ်းသာ မပေးဘူးတဲ့၊ “ဒုက္ခဝိပါက လက္ခဏာ” - မကောင်းတဲ့အကျိုးကို ပေးတယ်၊ ဒါ အဝိဇ္ဇာရဲ့ သဘောတရား။
စာမျက်နှာ-၂၃
အဘိဓမ္မာသဘောနဲ့ကြည့်ရင် အဝိဇ္ဇာဆိုတာ ဉာဏ်နဲ့ ဆန့်ကျင်ဘက်သဘောတရား၊ သိမှုရဲ့ဆန့်ကျင်ဘက် မသိမှုသဘောတရား၊ အကုသိုလ်စိတ် ၁၂-ခုနဲ့ ယှဉ်တွဲပြီးဖြစ်တဲ့ သဘောတရားပဲ။ လိုချင်မှုကို အခြေခံတဲ့စိတ်နဲ့လည်း ယှဉ်တွဲတယ်၊ မုန်းတီးမှုကို အခြေခံတဲ့စိတ်နဲ့လည်း ယှဉ်တွဲတယ်၊ သံသယဖြစ်တဲ့စိတ်နဲ့လည်း ယှဉ်တွဲတယ်၊ စိတ်ဓာတ်မတည်မငြိမ် ပျံ့လွင့်တဲ့စိတ်နဲ့လည်း ယှဉ်တွဲတယ်လို့ ဒီလို ပြောတာ။
ဘယ်အရာကို မသိတာကို အဝိဇ္ဇာလို့ သတ်မှတ်သလဲ? ဓမ္မရေးရာနဲ့ ပတ်သက်တဲ့အခါကျတော့ အဆင့်မြင့်တဲ့နေရာကို ကြည့်ရမှာပေါ့၊ သံသရာ ဘာ့ကြောင့် လည်သလဲ၊ သံသရာထဲမှာ ဆင်းရဲဒုက္ခတွေ ဘာကြောင့်ဖြစ်နေသလဲဆိုတဲ့ အဓိကအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လေ့လာထားတာဖြစ်လို့ ဟိုကိစ္စမသိ ဒီကိစ္စ မသိ၊ မသိတာတွေ မှန်သမျှကို အဝိဇ္ဇာလို့ ဒီလိုပြောလို့ မရဘူး။ ပြောလို့ မရတာ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် တချို့မသိမှုက အရေးမပါဘူးလေ၊ ဥပမာ - လမ်းမသိတာတို့၊ ရွာနာမည် မသိတာတို့၊ လူနာမည် မသိတာတို့၊ ဒါမျိုးတွေ မသိမှုတွေ အများကြီးရှိတယ်လေ၊ အဲဒါတွေက အရေးပါလားလို့ဆိုရင် မပါဘူး၊ သိရင်လည်း သံသရာဝဋ်က လွတ်ဖို့မှ မဟုတ်တာနော်။
လူ့သဘာဝနဲ့ ကြည့်လိုက်လို့ရှိရင် ဒီပန်းပွင့်လေး ဘယ်လိုခေါ်တုန်း - မသိဘူး၊ ဒါဟာ အရေးမပါဘူး။ သို့သော် ဆိုင်ရာဆိုင်ရာ လေ့လာတဲ့အခါကျတော့ အမည်နာမလေးတွေ သိတာတော့ ဒါပညာရပ်တစ်ခုပေါ့နော်၊ သို့သော် သံသရာဝဋ်က လွတ်ဖို့ဆိုတဲ့နေရာမှာ အရေးပါတဲ့ အသိမဟုတ်ဘူးလို့ - ဒီလို ပြောတာ။
စာမျက်နှာ-၂၄
ဒါကြောင့်မို့ အဝိဇ္ဇာက မသိတာဆိုတာ ဘာကို မသိတာလဲ? သုတ္တန်နည်း၊ အဘိဓမ္မာနည်း နှစ်မျိုးနဲ့ ပြောရင် အဝိဇ္ဇာဟာ သစ္စာလေးပါးကို အမှန်မသိအောင် ဖုံးထားတာတဲ့။ ဒါက အင်မတန် အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ၊ သစ္စာလေးပါးကို ဖုံးထားတယ်ဆိုတာက အကြောင်းနဲ့အကျိုးကို မသိအောင် လုပ်ထားတယ်လို့ ပြောတာ။ မြတ်စွာဘုရားဟောတဲ့တရားဟာ အကြောင်းနဲ့အကျိုးက အဓိကတရား ဖြစ်တယ်၊ ဒါကြောင့်မို့ သစ္စာလေးပါးကို မသိအောင် - ဒုက္ခကို ဒုက္ခလို့ မသိအောင် ဖုံးကွယ်တယ်၊ ဒုက္ခသမုဒယ - ဒုက္ခ၏ အကြောင်းတရားကို ဒုက္ခ၏အကြောင်းတရားလို့ မသိအောင် ဖုံးကွယ်တယ်၊ ဒုက္ခနိရောဓ - ဆင်းရဲဒုက္ခတွေ ချုပ်ငြိမ်းရာကို ချုပ်ငြိမ်းရာလို့ မသိရအောင် ဖုံးကွယ်ထားတယ်၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါ - ဒုက္ခနိရောဓကို ဆိုက်ရောက်စေတတ်တဲ့ အကျင့်ကိုလည်း မသိအောင် ဖုံးကွယ်ထားတယ်။
ဖုံးကွယ်ခြင်းဆိုတာ အဝိဇ္ဇာရဲ့ အဓိကဆောင်ရွက်ချက်ပဲ။ ဒါ - အမှန်မသိအောင် ဖုံးထားတယ်လို့ ဆိုလိုက်ကတည်းက အမှန်ကို မသိဘူးဆိုရင် သူက အမှားတော့ သိနေမှာပေါ့။ သဘာဝအစစ်အမှန်ကို မသိဘူး၊ မသိဘူးဆိုတာ လုံးဝကြီး မသိတာ မဟုတ်ဘူး၊ အမှန်မသိတာ၊ အမှားသိနေတယ်ပေါ့၊ ဒီလိုအဓိပ္ပါယ်ကို ပြောတာ။
အဲဒီသုတ္တန်နည်းအားဖြင့် “ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ၊ ဒုက္ခနိရောဓေ အညာဏံ၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါယ အညာဏံ” လို့ သစ္စာလေးပါးကို မသိတာကို အဝိဇ္ဇာလို့ ဒီလိုဖွင့်ဆိုတယ်။
စာမျက်နှာ-၂၅
အဘိဓမ္မာဒေသနာကျတော့ သူက နောက်ထပ်လေးခု ထပ်ထည့်လိုက်တယ် - “ပုဗ္ဗန္တေ အညာဏံ၊ အပရန္တေ အညာဏံ၊ ပုဗ္ဗန္တာပရန္တေ အညာဏံ၊ ပဋိစ္စသမုပ္ပါဒေသု ဓမ္မေသု အညာဏံ” လို့ - နောက်ထပ်လေးခု ထပ်ထည့်လိုက်တဲ့အခါ ရှစ်ခုဖြစ်သွားတယ်။ အတိတ်နဲ့သက်ဆိုင်တဲ့ ခန္ဓာကို မသိတာ၊ အနာဂတ်နဲ့သက်ဆိုင်တဲ့ ခန္ဓာကို မသိတာ၊ ထိုအတိတ်၊ အနာဂတ် နှစ်မျိုးလုံးနဲ့သက်ဆိုင်တဲ့ ခန္ဓာကို မသိတာ၊ ပဋိစ္စသမုပ္ပါဒ်ကို မသိအောင် ဖုံးတာတဲ့ - ဝါကိုလည်း အဝိဇ္ဇာလို့ ဒီလိုဟောတယ်။ ဒီတော့ အဝိဇ္ဇာရဲ့အလုပ်က ဘာလဲဆိုရင် အမှန်မသိအောင် ဖုံးကွယ်ပေးတာ။
အဝိဇ္ဇာ၏ လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်
အဝိဇ္ဇာဆိုတာ အမှန်မသိခြင်း သဘာဝလက္ခဏာ ရှိတယ်။ အဝိဇ္ဇာပေါ်လာလို့ရှိရင် အမှန်မသိတော့ဘူး၊ အမှန်မသိဘူးဆိုတာ သဘာဝတရားအတိုင်း မှန်ကန်သောအားဖြင့် မသိဘူး။ မသိတော့ ဘာဖြစ်လဲ၊ အဝိဇ္ဇာက ဘာကိစ္စဆောင်ရွက်သလဲဆိုရင် “သမ္မောဟန ရသ” တဲ့ - အမှန်တရားနဲ့ ပတ်သက်လာလို့ရှိရင် တွေဝေသွားအောင် လုပ်ထားတယ်။
အမှန်မသိရုံတင် မကဘူး၊ တွေဝေသွားအောင်လည်း လုပ်ထားတယ်။ တွေဝေသွားအောင် လုပ်ထားသည့်အတွက်ကြောင့် အဝိဇ္ဇာကို ရှုမြင်တဲ့အခါမှာ ဘယ်ပုံသဏ္ဌာန်နဲ့ ပေါ်လာသလဲဆိုရင် “ဆန္ဒန ပစ္စုပဋ္ဌာနာ” လို့ ဆိုတဲ့အတိုင်း အသိဉာဏ်ထဲမှာ အမှန်မသိရအောင် ဖုံးကွယ်ထားတဲ့သဘောပဲ။
စာမျက်နှာ-၂၆
လောကမှာ အကြောင်းအရာတစ်ခုကို ဖုံးကွယ်ထားပြီဆိုလို့ရှိရင် အမှန်မသိကြဘူးလေ၊ ကိုယ့်အိမ်မှာ အိမ်တွင်းရေးကိစ္စတို့၊ ဟိုကိစ္စ ဒီကိစ္စတို့ကို အမှန်မပြောဘဲ ဖုံးထားရင် ဘယ်သိမလဲ။ အဲဒီလို ဖုံးကွယ်ခြင်းအနေအထားအားဖြင့် အဝိဇ္ဇာကို ရှုမြင်ကြရတယ်။
အဝိဇ္ဇာဟာ ဘာ့ကြောင့် အင်အားတွေ ကောင်းပြီး ဖြစ်ပေါ်နေရသလဲဆိုလို့ရှိရင် လောဘတွေ စီးဝင်နေလို့၊ အမြင်မှားမှုတွေ စီးဝင်နေလို့၊ တွေဝေမှုတွေ စီးဝင်နေလို့ပဲ။ ဆိုလိုတာက အာသဝကြောင့် အဝိဇ္ဇာဖြစ်နေတယ်လို့ ဒီလို ပြောတာနော်၊ ကောင်းပြီ - ဒါ အဝိဇ္ဇာရဲ့သဘောတရား။
သင်္ခါရဆိုင်ရာ သိဖွယ်
အဲဒီလို အကုသိုလ်အစစ်ကြီးဖြစ်တဲ့ အဝိဇ္ဇာက ဘာတွေကို ထုတ်လုပ်နေသတုန်းဆိုတော့ သင်္ခါရကို ထုတ်လုပ်တယ်။ ဒီနေရာမှာ သင်္ခါရဆိုတာ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုတဲ့ သင်္ခါရနဲ့ မတူဘူး၊ “သင်္ခါရက္ခန္ဓာ” ဆိုတဲ့ သင်္ခါရနဲ့လည်း မတူဘူး၊ ခြားနားတယ်။ ဒီသင်္ခါရက ဘဝတစ်ခုကို တည်ဆောက်ပြုပြင်ပေးတတ်တဲ့ “စေတနာ သင်္ခါရ” ကို ပြောတာ။
“သဗ္ဗေ သင်္ခါရာ အနိစ္စာ” မှာပါတဲ့ “သင်္ခါရ” ဆိုတာ အကြောင်းတရားတွေက စုပေါင်းဖန်တီးတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ ယူရတယ်။ ဒီနေရာမှာ “သင်္ခါရ” က အကြောင်းတရားတွေ စုပေါင်းဖန်တီးတာ မဟုတ်ဘူး၊ သူကိုယ်တိုင်က ဘဝတစ်ခုကို တည်
စာမျက်နှာ-၂၇
ဆောက်ပြုပြင်နိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်လို့ ဆိုလိုတာ။ ဒါကြောင့်မို့ ဒီသင်္ခါရက ကံကို ပြောတာ။ သင်္ခါရကို သုံးမျိုးခွဲလိုက်တယ် -
(၁) ပုညာဘိသင်္ခါရ - ကုသိုလ်နဲ့ပတ်သက်လို့ရှိရင် ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှု လုပ်သမျှတွေဟာ ကာမာဝစရကုသိုလ်စိတ်မှာ ယှဉ်တဲ့စေတနာနဲ့ လုပ်တာပဲ။ အဲဒီတော့ ပုညာဘိသင်္ခါရဆိုတာ ဒါနစေတနာ၊ သီလစေတနာ၊ ဘာဝနာစေတနာလို့ ခေါ်ရတဲ့ ကာမာဝစရကုသိုလ်စေတနာ ၈-ခုနဲ့ ရူပါဝစရဈာန်ကုသိုလ်စေတနာ ၅-ခု၊ ဒီ ၁၃-ခုကို ခေါ်တာလို့ မှတ်ပါ။
(၂) အပုညာဘိသင်္ခါရ - အပုညာဘိသင်္ခါရဆိုတာ အကုသိုလ်စေတနာကို ပြောတာ၊ အကုသိုလ်စိတ်နဲ့ ယှဉ်တွဲလာတဲ့ စေတနာကို အဓိကထားလို့ အကုသိုလ်စေတနာ ၁၂-ခုဟာ အပုညာဘိသင်္ခါရပဲ။
(၃) အာနေဉ္စာဘိသင်္ခါရ - ရုပ်နဲ့ ဆက်စပ်မှု မရှိတော့သည့်အတွက်ကြောင့် ကုန်လှုပ်မှုကင်းသွားတဲ့ အဆင့်မြင့်တဲ့ သမာဓိစွမ်းအားကို ရထားတဲ့ အရူပါဝစရဈာန်ကုသိုလ်စေတနာ ၄-ခုကို အာနေဉ္စာဘိသင်္ခါရလို့ ခေါ်တယ်။
အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ်မှာ ဒီစေတနာ ၂၉-မျိုးပဲ၊ သင်္ခါရဆိုတာ ဒီစေတနာ ၂၉-မျိုးကို ခေါ်တယ်ပေါ့။ ဒီမှာ သတိထားဖို့ရာက သင်္ခါရဆိုတာ ကုသိုလ်လည်း ပါတယ်၊ အကုသိုလ်လည်း ပါတယ်။
စာမျက်နှာ-၂၈
သင်္ခါရသုံးမျိုးခွဲပုံ တစ်နည်း -
ကုသိုလ်၊ အကုသိုလ် ပြုလုပ်တဲ့အခါမှာ လှုပ်ရှားမှု action ကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေနဲ့ ပတ်သက်ပြီးတော့ ခွဲတာ ရှိသေးတယ်။
* ကာယသင်္ခါရ - ကာယဝိညတ် ကိုယ်အမူအရာနဲ့ ပြုလုပ်တာ၊
* ဝစီသင်္ခါရ - ဝစီဝိညတ် နှုတ်ကနေ ပြောဆိုပြီးတော့ ပြုလုပ်တာ၊
* စိတ္တသင်္ခါရ - စိတ်ထဲသက်သက် ဖြစ်တာ။
ကာယသင်္ခါရဆိုတာ ခန္ဓာကိုယ်ကို လှုပ်ရှားပြီးတော့ ပြုလုပ်တဲ့ အကုသိုလ်စေတနာ ၁၂-ခု၊ ကာမာဝစရကုသိုလ်စေတနာ ၈-ခု၊ အဲဒီ ၂၀ ကို ကာယသင်္ခါရလို့ ခေါ်တယ်။ နှုတ်မှာ ဖြစ်ပေါ်လာတဲ့ အကုသိုလ်စေတနာ ၁၂-ခုနဲ့ ကာမာဝစရကုသိုလ်စေတနာ ၈-ခု - အဲဒီ ၂၀ ကို ဝစီသင်္ခါရလို့ ခေါ်တယ်။
“အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်” ဟူသည် -
“အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ ဆိုတဲ့နေရာမှာ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ ဒါ ပဋိစ္စသမုပ္ပါဒ်အနေနဲ့ကတော့ ဒီလောက်ပဲ ပြောတယ်။ “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်” ဆိုတာ “အဝိဇ္ဇာက သင်္ခါရကို ထုတ်လုပ်နေတာလား” လို့ မေးရင် အဲဒီအဓိပ္ပါယ်မျိုးကို ပြောတာ မဟုတ်ဘူး။ ဆိုလိုတာက အဝိဇ္ဇာရှိနေလို့ သင်္ခါရ ရှိနေရတယ်လို့ ပြောတာနော်၊ “အဝိဇ္ဇာဝသေန သင်္ခါရဘာဝတော” တဲ့၊ ခုန “ဣမိဿာ သတိ ဣဒံ ဟောတိ” - “ဒါ ရှိလို့ ဒါ ရှိတယ်”၊ “အဝိဇ္ဇာရှိနေတဲ့အတွက်ကြောင့် သင်္ခါရဆိုတဲ့ ကံတရားတွေ ရှိနေရတယ်” လို့ ဒီလို ဆိုလိုတယ်။
စာမျက်နှာ-၂၉
အဲဒီလိုအဓိပ္ပါယ် မယူဘဲနဲ့ ပြောမယ်ဆိုရင် ... အဝိဇ္ဇာဆိုတာ မသိတာ၊ သင်္ခါရဆိုတာ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရဆိုပြီး ကုသိုလ်၊ အကုသိုလ် နှစ်မျိုးစလုံး ပါတယ်။ အဲဒီတော့ တချို့က ပြောကြတယ် - “မသိလို့ အကုသိုလ်ဖြစ်တယ်” “မသိလို့ ကုသိုလ်ဖြစ်တယ်” လို့၊ အေး - “မသိလို့ အကုသိုလ်ဖြစ်တယ်” ဆိုတာ လူကြားကောင်းသေးတယ် - ဟုတ်လား၊ “မသိလို့ ကုသိုလ်တွေ ပြုလုပ်နေကြတယ်” လို့ ပြောတော့ ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ “မင်း - ဒါနကောင်းမှုပြုနေတာလည်း မသိလို့ လုပ်တာ၊ မိုက်လို့ လုပ်တာ” လို့ ပြောလို့ ရတယ်နော်၊ ဈာန်တရားတွေ အားထုတ်ပြီးတော့ အောင်မြင်ပေါက်ရောက်နေတာ - ဒါတွေလည်းပဲ မသိလို့ လုပ်နေတာလား၊ အဝိဇ္ဇာကြောင့် လုပ်နေတာလို့ တချို့က ဒီလို ကောက်ချက်ဆွဲတယ်။
အဲဒီအဓိပ္ပါယ်မျိုးကို ပြောတာ မဟုတ်ဘူး၊ “ဒါရှိလို့ ရှိနေရတယ်” လို့ ပြောတာနော်၊ ကုသိုလ်ပဲဖြစ်ဖြစ်၊ အကုသိုလ်ပဲဖြစ်ဖြစ် ကံအရာမြောက်နေကြရတာ ဟောဒီ အဝိဇ္ဇာရှိလို့။ အဲဒီလို မဟုတ်ဘူးဆိုလို့ရှိရင် “အဝိဇ္ဇာကြောင့် ကုသိုလ်ဖြစ်တယ်၊ အဝိဇ္ဇာကြောင့် အကုသိုလ်ဖြစ်တယ်” ဆိုရင် - “အဝိဇ္ဇာကြောင့် အကုသိုလ်ဖြစ်တယ်” ဆိုတာ ထားတော့၊ “အဝိဇ္ဇာကြောင့် အကုသိုလ်ဖြစ်တယ်” ဆိုတာကို ဒါ လူတိုင်းလက်ခံတယ်။
“အဝိဇ္ဇာကြောင့် ကုသိုလ်ဖြစ်တယ်” ဆိုရင် ကုသိုလ်လည်း မလုပ်ရဘူးလို့ ကောက်ချက်ဆွဲပြီး misunderstand ဖြစ်နိုင်တယ်။ အဲဒီလို ဆိုလိုတာ မဟုတ်ဘူး၊ အဝိဇ္ဇာရှိနေသေးသည့်အတွက်ကြောင့် ကံတရားတွေဟာ စုမိဆောင်းမိ ဖြစ်နေတာ၊ အဝိဇ္ဇာက
စာမျက်နှာ-၃၀
ကိလေသာ။ ဒါကြောင့်မို့ အဝိဇ္ဇာကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံတွေဟာ မစုနိုင်တော့ဘူး။ ဆိုပါစို့ - ရဟန္တာတွေရဲ့ သန္တာန်မှာ ဈာန်တရားတွေ ရှိတယ်၊ သို့သော် အဝိဇ္ဇာမရှိတာနဲ့ တစ်ပြိုင်နက် ကံအရာ မမြောက်တော့ဘူးလို့ ဒီလိုပြောတာ။
ဒီတော့ အကုသိုလ်ဆိုတာက ကိလေသာပဲလေ၊ စိတ်ရဲ့ အညစ်အကြေးတွေပဲ၊ အကုသိုလ်ဆိုတဲ့ ကိလေသာတွေကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် - (အကုသိုလ်ကို တွန်းလှန်ဖို့ဆိုတာ ကုသိုလ်ရှိရတာကိုး)၊ အကုသိုလ်တွေ အားလုံး ဖယ်ရှားပြီးပြီဆိုရင် ကုသိုလ်ဆိုတာ လိုမှ မလိုတော့တာ၊ မလိုတော့လို့ ရဟန္တာပုဂ္ဂိုလ်တွေကျတော့ “ကုသိုလ်” လို့ မပြောတော့ဘူး၊ “ကြိယာ” လို့ ပြောတယ်နော်။ ဒီအဓိပ္ပါယ်မျိုးကို ဆိုလိုတာပေါ့။ အဝိဇ္ဇာရှိနေသည့်အတွက်ကြောင့် ဒီကံတရားတွေဟာ ဖြစ်ပေါ်ပြီး နေရတယ်။
မျက်မမြင် လမ်းသွားတာနဲ့ တူပုံ
နောက်တစ်နည်း အဓိပ္ပါယ်ပြောတာတော့ ရှိသေးတယ်၊ အဝိဇ္ဇာဆိုတာ အမှန်မသိတာ၊ အမှန်မသိသည့်အတွက်ကြောင့် သတ္တဝါတွေဟာ မျက်မမြင်လမ်းသွားတာနဲ့ အတူတူပဲပေါ့။ မျက်စိနှစ်ကွင်း အလင်းမရတဲ့ပုဂ္ဂိုလ်ဟာ လမ်းခရီးကို ဦးဆောင်သူမပါဘဲနဲ့ လျှောက်လှမ်းလို့ရှိရင် တစ်ခါတလေလည်း ဖြောင့်ချင်ရင်
စာမျက်နှာ-၃၁
ဖြောင့်သွားမယ်၊ လိုရာစခန်း ရောက်မယ်၊ တစ်ခါတလေလည်း မရောက်ဘူးတဲ့။
ထို့အတူပဲ အဝိဇ္ဇာမကင်းသေးတဲ့ ပုဂ္ဂိုလ်တွေ သံသရာခရီးကို သွားတဲ့အခါမှာ တစ်ခါတစ်ရံ ကောင်းတာလည်း လုပ်မိတယ်၊ တစ်ခါတစ်ရံ မကောင်းတာလည်း လုပ်မိတယ်၊ ကောင်းတာလုပ်မိရင် ကုသိုလ်၊ မကောင်းတာလုပ်မိရင် အကုသိုလ်ပေါ့၊ အဲဒီအဓိပ္ပါယ်မျိုးနဲ့ ရှင်းတာလည်း ရှိတယ်ပေါ့။
အမှန်မသိမှုကြောင့်မို့လို့ လုပ်မိလုပ်ရာ လုပ်တယ်၊ လုပ်မိလုပ်ရာ လုပ်တဲ့အထဲမှာ ကိုယ်ထင်တာ ကိုယ်လုပ်တယ်၊ ကိုယ်ထင်တာ ကိုယ်စွတ်လုပ်ပေမယ့် ကောင်းတာ လုပ်မိတဲ့အခါလည်း ရှိတယ်၊ မကောင်းတာ လုပ်မိတဲ့အခါလည်း ရှိတယ်ပေါ့။
လူတွေဟာ ကောင်းတာလုပ်မိလို့ ကောင်းတာတွေ ရလာရင် မသိဘဲနဲ့ ဘာပြောလဲ? “ကြက်ကန်းဆန်အိုးတိုးတယ်” လို့ ပြောကြတယ်နော်၊ ဒါမျိုးကလည်း ရှိသေးတာပဲလေ၊ ကိုယ်ကိုယ်တိုင် ရွေးချယ်နိုင်တဲ့ အစွမ်းသတ္တိမရှိပေမယ့်လို့ တစ်ခါတစ်ရံ အကောင်းနဲ့ စွတ်တွေ့သွားတာလည်း ရှိသေးတယ်။
အဲဒီလိုပဲ သံသရာကျင်လည်တဲ့အခါ အဝိဇ္ဇာရှိနေသေးတဲ့ ပုဂ္ဂိုလ်တွေဟာ ကောင်းတာလည်း လုပ်မိတယ်၊ မကောင်းတာလည်း လုပ်မိတယ်လို့ ဒီလိုပြောတာ၊ အဲဒီနည်းနဲ့လည်း ပြောလို့ရတယ်ပေါ့။
သစ္စာလေးပါးကို မသိ၍ သင်္ခါရပြုပုံ
နောက်တစ်ခါ “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်” ဆိုတဲ့နေရာမှာ သစ္စာလေးပါးထဲက ဒုက္ခဆိုတာကို တကယ်မသိဘူး၊ မသိသည့်အတွက်ကြောင့် ဒုက္ခကို သုခလို့ ထင်တယ်၊ သုခလို့ ထင်ပြီးတော့ ကောင်းမှုတွေ လုပ်တယ်၊ လုပ်လိုက်သည့်အတွက်ကြောင့် ရလာတော့ ဘာရတုန်းဆိုတော့ ဒုက္ခပြန်ရတယ်။
စာမျက်နှာ-၃၂
ဆိုပါစို့ - လူ့ဘဝကို ချမ်းသာတယ်လို့ ထင်တယ်၊ နတ်ဘဝကို ချမ်းသာတယ်လို့ ထင်တယ်၊ ဗြဟ္မာဘဝကိုလည်း ချမ်းသာတယ်လို့ ထင်တယ်၊ ထင်သည့်အတွက်ကြောင့် ကုသိုလ်ကောင်းမှုတွေ လုပ်ပြီးတော့ လူ့ချမ်းသာ ခံစားရပါလို၏၊ နတ်ချမ်းသာ ခံစားရပါလို၏၊ ဗြဟ္မာချမ်းသာ ခံစားရပါလို၏ လို့ ဆုတောင်းတယ်။ ရလာတော့ ဘာရလဲဆိုရင် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ - ဒုက္ခတွေ ပြန်ရတယ်ပေါ့။
အိမ်ထောင်ပြုတဲ့သူတွေလိုပဲ - ဘယ်သူပဲဖြစ်ဖြစ် တော်တော်များများ ငယ်ရွယ်သူတွေ အိမ်ထောင်ပြုပြီလို့ ဆိုလို့ရှိရင် စိတ်ထဲမှာ ပျော်မယ်ဆိုတဲ့ အရာလေးတစ်ခုပဲ စဉ်းစားပြီးတော့ ဘဝကြင်ဖော်အဖြစ် ရွေးချယ်ကြတယ်၊ နောက်ပိုင်းလာမယ့် ပြဿနာတွေကို စဉ်းစားမိတဲ့သူက အလွန်ရှားတယ်။ ပျော်ရွှင်မှုဆိုတာလေးတစ်ခုကို အကြောင်းပြုပြီးတော့ အိမ်ထောင်ကျကြတယ်၊ အဲဒါလိုပဲ ဒီဒုက္ခနဲ့ သုခ ယှဉ်တွဲလာတဲ့အခါမှာ သုခလေးတစ်ခုကို တစ်ဖက်သပ်ကြည့်ပြီးတော့ သုခရနိုးနဲ့ လုပ်ရင်း ဒုက္ခတွေနဲ့ တိုးကြတာ - အဲဒီအဓိပ္ပါယ်ကို ပြောတာနော်။
ဒုက္ခသမုဒယကို အမှန်မသိသည့်အတွက်ကြောင့် သုခရဲ့ အကြောင်းလို့ ထင်တယ်၊ သုခဖြစ်စေတတ်တဲ့ အကြောင်းလို့ ထင်တယ်၊ ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုပြုတယ်၊ ရလာပြန်တော့ ဒုက္ခတွေပဲ ရလာပြန်တယ်။
ဒုက္ခနိရောဓ - အစစ်အမှန် နိဗ္ဗာန်ဆိုတာကို မသိသည့်အတွက်ကြောင့် နိဗ္ဗာန်လို့ ထင်တဲ့အရာတွေကို မှန်းဆပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သို့မဟုတ် ကိုယ့်ဘာသာတရားက သင်တဲ့
စာမျက်နှာ-၃၃
အတိုင်း ကြိုးစားကြတယ်၊ ကြိုးစားတဲ့အတိုင်း ရလားဆိုတော့ မရဘူးလေ၊ ဒုက္ခနိရောဓအစစ် မဟုတ်ဘူးလေ။
ဘာသာတိုင်းမှာ “မောက်ခ်ရှ” ဆိုတဲ့ လွတ်မြောက်မှုလေးတွေ ရှိတယ်ပေါ့၊ ထာဝရဘုံလေးတွေ ရှိတယ်ပေါ့၊ ထာဝရကောင်းကင်ဘုံလို့ ပြောလိုပြောနော်၊ အမည်နာမလေးတွေသာ ကွဲနေတာ၊ ထာဝရဘုံလေးတွေကို သူတို့သတ်မှတ်ပြီးတော့ - ဗုဒ္ဓဘာသာက သတ်မှတ်တဲ့ နိဗ္ဗာန်လိုပဲ ဒုက္ခနိရောဓလို့ သတ်မှတ်ပြီးတော့ ကြိုးပမ်းအားထုတ်ကြတယ်၊ သို့သော် ဒုက္ခနိရောဓအစစ်ကို ရလားဆိုတော့ မရဘူး။
ဒုက္ခနိရောဓဂါမိနိပဋိပဒါကို မသိသည့်အတွက်ကြောင့် မှားမှားယွင်းယွင်း အကျင့်တွေကျင့်ပြီးတော့ တကယ့် ဒုက္ခနိရောဓကို ရောက်စေတတ်တဲ့ အရာမျိုးကို မရောက်ဘူးတဲ့၊ ဒါ သစ္စာလေးပါးကို မသိသည့်အတွက်ကြောင့် မှားယွင်းချွတ်ချော်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပြောတာ။
ကောင်းပြီ - အဝိဇ္ဇာက အခုလို သင်္ခါရတရားတွေကို ဖြစ်ပေါ်စေတာဟာ အဝိဇ္ဇာသည် သင်္ခါရတရားတွေ ဖြစ်ပေါ်ဖို့ရာအတွက် chance ပေးတဲ့သဘောပဲ။ အဝိဇ္ဇာရှိနေသည့်အတွက်ကြောင့် သင်္ခါရတရားတွေဟာ ဖြစ်ပေါ်လာရတယ်၊ အဝိဇ္ဇာက သင်္ခါရတရားတွေကို ထုတ်လုပ်တာ မဟုတ်ဘူး၊ သူရှိနေသည့်အတွက်ကြောင့် ဒီကံတရားတွေဟာ ရှိလာရတယ်။
စာမျက်နှာ-၃၄
အကုသိုလ်အဝိဇ္ဇာသည် ကုသိုလ်သင်္ခါရကို ကျေးဇူးပြုပုံ
ကောင်းပြီ - အဲဒီလို ကံတရားတွေ ရှိလာရတဲ့အခါမှာ အဝိဇ္ဇာက အကုသိုလ်ဖြစ်လျက်သားနဲ့ ကုသိုလ်ဖြစ်တဲ့ ပုညာဘိသင်္ခါရကို ဘယ်လိုနည်းနဲ့ ကျေးဇူးပြုတာလဲ? မတူညီတဲ့အကြောင်းတရားက မတူညီတဲ့အကျိုးတရားတွေကို ဖြစ်ပေါ်စေတာများ ရှိသလား? ဆိုပါစို့ - တမာစေ့စိုက်ပြီးတော့ သရက်ပင်ပေါက်တာများ တွေ့ဖူးသလား? မတွေ့ဖူးဘူးနော်၊ ဒါဖြင့် အဝိဇ္ဇာဆိုတဲ့ တမာစေ့စိုက်ပြီး ပုညာဘိသင်္ခါရဆိုတဲ့ သရက်ပင်ပေါက်နေတာကျတော့ ဘယ်လိုပြောမလဲ? အဲဒါကို ဘယ်လိုရှင်းသလဲဆိုလို့ရှိရင် မတူညီတဲ့အကျိုးတွေကိုလည်း ပေးတတ်တဲ့သဘာဝ ရှိတယ်။
သစ်ပင်လေးတစ်ပင်က မျိုးစေ့လေးတစ်ခုကိုကြည့် - သရက်စေ့လေးကို စိုက်လိုက်တဲ့အခါမှာ ဘယ်နှစ်မျိုးထွက်လာသလဲဆိုလို့ရှိရင် သရက်စေ့က အမြစ်ထွက်လာတယ်၊ အညှောက်ထွက်လာတယ်၊ အဲဒီအညှောက်က ပင်စည်ဖြစ်တယ်၊ နောက် အကိုင်းတွေဖြစ်တယ်၊ အရွက်တွေဖြစ်တယ်၊ အသီးတွေပေါ်လာတယ်၊ အပွင့်တွေပေါ်လာတယ်၊ အဲဒီထဲမှာ သရက်စေ့နဲ့တူတာဆိုလို့ရှိရင် သရက်သီးပဲရှိတယ်၊ ဟုတ်ကဲ့လား၊ အမြစ်ကလည်း သရက်စေ့နဲ့ တူရဲ့လား၊ မတူဘူး၊ ဟော - မတူတာတွေဖြစ်တယ်ဆိုတာ လက်တွေ့ပြတယ်ပေါ့။
အဝိဇ္ဇာက အကုသိုလ်ဖြစ်ပေမယ့်လို့ သူနဲ့ပတ်သက်ပြီး ဖြစ်လာတာက ကုသိုလ်ဖြစ်ချင် ဖြစ်မှာပဲ၊ ဒါက ဖြစ်နိုင်တယ်ဆိုတာကို ပြောတာနော်၊ အေး - မျိုးစေ့နဲ့ မတူတာ အမြစ်၊ မျိုးစေ့နဲ့ မတူတာ အပင်၊ မျိုးစေ့နဲ့ မတူတာ ပင်စည်၊ မျိုးစေ့နဲ့ မတူတာ အကိုင်း
စာမျက်နှာ-၃၅
အခက်၊ မျိုးစေ့နဲ့ မတူတာ အရွက်၊ မျိုးစေ့နဲ့ မတူတာ အပွင့်၊ မျိုးစေ့နဲ့ တူတာကျတော့ အသီး - ဒီတစ်ခုပဲရှိတယ်၊ တူတာလည်း ထုတ်တယ်၊ မတူတာလည်း ထုတ်တယ်လို့ ဒီလိုနားလည်ရမယ်ပေါ့။
အဲဒီတော့ အဝိဇ္ဇာသည် အကုသိုလ်စစ်စစ်ဖြစ်လျက်သားနဲ့ ပုညာဘိသင်္ခါရဆိုတဲ့ ကုသိုလ်ကို ဖြစ်စေတယ်၊ chance ပေးတယ်။ အဲဒီလို ပေးတဲ့အခါမှာ ပဋ္ဌာန်းပစ္စည်းအနေနဲ့ ဘာကို အကြောင်းပြုပြီးတော့ ပေးသလဲ?
ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ပုံ
ပဋ္ဌာန်းနည်းဖြင့် လေ့လာကြည့်မယ်ဆိုလို့ရှိရင် - အဝိဇ္ဇာက ကုသိုလ်ဖြစ်ဖို့ အကြောင်းပြုတဲ့အခါ “အာရမ္မဏပစ္စည်း”၊ “ဥပနိဿယပစ္စည်း” ဒီ ၂-ပစ္စည်းဖြင့် ကျေးဇူးပြုတယ်။
“အဝိဇ္ဇာ”ကို ဝိပဿနာရှုမယ်၊ ကိုယ့်သန္တာန်မှာ အဝိဇ္ဇာဖြစ်လာပြီ၊ ဓမ္မာနုပဿနာထဲပါတဲ့ နီဝရဏတရားတွေကို ရှုတဲ့အခါမှာ အဝိဇ္ဇာနီဝရဏ၊ သို့မဟုတ် စိတ္တာနုပဿနာကျတော့ အဝိဇ္ဇာကို တိုက်ရိုက်ရှုတာ မဟုတ်ဘူး - “သမ္မောဟံ ဝါ စိတ္တံ သမ္မောဟံ စိတ္တန္တိ ပဇာနာတိ” မောဟနဲ့ယှဉ်တဲ့စိတ်ကို ရှုတာကို ပြောတာနော်။
ဓမ္မအနေနဲ့ အဝိဇ္ဇာကို ဝိပဿနာရှုလို့ ရတယ်ပေါ့။ ကိုယ့်သန္တာန်မှာဖြစ်တဲ့ အဝိဇ္ဇာကို ဝိပဿနာရှုတဲ့အခါမှာ အဝိဇ္ဇာသည် အာရုံအကြောင်းတရား မဖြစ်ဘူးလား? ရှုတဲ့စိတ် ဝိပဿနာဉာဏ်က မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ် ဖြစ်တယ်။
ဒီနေရာမှာ အဝိဇ္ဇာဆိုတဲ့ အာရုံအကြောင်းတရားသည် မဟာကုသိုလ်ဆိုတဲ့ သင်္ခါရတရားကို ပဋ္ဌာန်းနည်းအရ အာရမ္မဏ
စာမျက်နှာ-၃၆
သတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒီလိုပြောတာ၊ ပဋ္ဌာန်းကျတော့ အဝိဇ္ဇာသည် ကာမာဝစရကုသိုလ်စိတ်ရဲ့ အာရုံ ဖြစ်နိုင်တယ်လို့ ပြောတာ။
ဒီကာမာဝစရကုသိုလ်စိတ်ဟာ အဝိဇ္ဇာကို အကြောင်းပြုပြီးတော့ ဖြစ်တာ၊ အဝိဇ္ဇာကို အာရုံပြုပြီးတော့ ဖြစ်တာ၊ ဒါ့ကြောင့်မို့ ဒီနေရာမှာ အဝိဇ္ဇာက ကာမာဝစရကုသိုလ်ကို အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်။
တစ်ခါ ရူပါဝစရဈာန် ရထားပြီးတော့ အဘိညာဉ်စိတ်ဖြစ်တယ်၊ အဘိညာဉ်တန်ခိုးတွေ ရတယ်၊ စေတောပရိယအဘိညာဉ်၊ ဒိဗ္ဗစက္ခုအဘိညာဉ် စသည်ဖြင့် အဘိညာဉ်တွေ ရထားတယ်၊ အဲဒီအဘိညာဉ်စိတ်နဲ့ အဝိဇ္ဇာကို ကြည့်လို့ရတယ်၊ ကိုယ့်သန္တာန်မှာဖြစ်တဲ့ အဝိဇ္ဇာကိုဖြစ်စေ၊ သူများသန္တာန်မှာဖြစ်တဲ့ အဝိဇ္ဇာကိုဖြစ်စေ၊ အဲဒီလို ရှုတဲ့အခါမှာလည်းပဲ အဝိဇ္ဇာသည် အဘိညာဉ်ကုသိုလ်စိတ်အား အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အဝိဇ္ဇာကို အာရုံပြုပြီးတော့ အဘိညာဉ်စိတ်တွေ ဖြစ်တယ်၊ ဒီလို ဆိုလိုတာနော်။
ကဲ နောက်တစ်ခု - ဘုန်းကြီးတို့တစ်တွေ တရားနာရလို့ အသိတရားတွေ ရလာတဲ့အခါကျတော့ “အဝိဇ္ဇာဆိုတာ မကောင်းဘူး၊ အကုသိုလ်တရားပဲ၊ သစ္စာလေးပါးကို အမှန်မသိတဲ့ အဝိဇ္ဇာကို တို့-ဖယ်ရှားပစ်မှဖြစ်မယ်” ဆိုပြီး အဝိဇ္ဇာက လွတ်မြောက်ဖို့အတွက် ဒါနကောင်းမှုတွေ လုပ်မယ်၊ သီလတွေ ဆောက်တည်မယ်၊ ဘာဝနာတွေ ပွားမယ်၊ ဒီလိုရော မလုပ်ဘူးလား၊ အဝိဇ္ဇာကို ဖယ်ရှားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုရင် အဲဒီအဝိဇ္ဇာဟာ
စာမျက်နှာ-၃၇
ဖြစ်ပေါ်လာတဲ့ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တွေကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်။
အဝိဇ္ဇာကို ဖယ်ရှားဖို့ ဈာန်တရားကို အားထုတ်တယ်၊ ဈာန်ရလာတယ်၊ အဲဒီဈာန်ကုသိုလ်စိတ်ကို အဝိဇ္ဇာက ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်။
နောက်တစ်ခု - လူတွေဟာ အမှန်တရားကို မသိသည့်အတွက်ကြောင့် ကုသိုလ်ကောင်းမှု ပြုလုပ်ကြတယ်၊ ကာမဘုံကို တောင့်တပြီးတော့ ပြုကြတယ်၊ ရူပဘုံကို တောင့်တပြီးတော့ ပြုကြတယ်၊ ကုသိုလ်ကောင်းမှုလုပ်တာ ကာမဘဝ, ရူပဘဝ ရလိုစိတ်နဲ့ ပြုလုပ်တယ်၊ အဲဒီကုသိုလ်စိတ်တွေကို အဝိဇ္ဇာက ဥပနိဿယသတ္တိနဲ့ အထောက်အကူပြုတယ်။
ဒါကြောင့်မို့ အဝိဇ္ဇာက ပုညာဘိသင်္ခါရကို ကျေးဇူးပြုတာ ပဋ္ဌာန်းနည်းနဲ့ပြောမယ်ဆိုလို့ရှိရင် အာရမ္မဏပစ္စည်းနဲ့ ဥပနိဿယပစ္စည်း ဒီလို ၂-ပစ္စည်း ဖြစ်တယ်။
တစ်ခါ အဝိဇ္ဇာက အာနေဉ္စာဘိသင်္ခါရဆိုတဲ့ အရူပါဝစရဈာန်ကုသိုလ်စိတ်ကို ဥပနိဿယပစ္စည်းတစ်မျိုးတည်းနဲ့ပဲ ကျေးဇူးပြုတယ်၊ အဝိဇ္ဇာကို လွန်မြောက်ဖို့ရန် ရည်ရွယ်ချက်နဲ့ အရူပဈာန်ကို အားထုတ်တယ်၊ အဲဒီလို အားထုတ်လို့ရှိရင် အဝိဇ္ဇာက အာနေဉ္စာဘိသင်္ခါရကုသိုလ်ကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်။
နောက် အရူပဘုံကို တောင့်တပြီးတော့ အရူပဈာန်ကို အားထုတ်တယ်၊ အဝိဇ္ဇာဖြင့် အမှန်မသိသည့်အတွက်ကြောင့် အရူပဘုံဟာ သံသရာက လွတ်တဲ့ဘုံပဲ၊ ဒုက္ခတွေအားလုံး ချုပ်ငြိမ်းတဲ့ဘုံပဲ
စာမျက်နှာ-၃၈
လို့ ဒီလို အထင်မှားပြီးတော့ အရူပဘုံကို တောင့်တပြီး လုပ်လို့ရှိရင်လည်း အဝိဇ္ဇာက အာနေဉ္စာဘိသင်္ခါရကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတယ်။
အကုသိုလ်အဝိဇ္ဇာသည် အကုသိုလ်သင်္ခါရကို ကျေးဇူးပြုပုံ
အဝိဇ္ဇာက အကုသိုလ်၊ အဲဒီအကုသိုလ်တရားက အပုညာဘိသင်္ခါရကို ကျေးဇူးပြုတယ်ဆိုတာကတော့ အင်မတန်မှ ရှင်းပါတယ်၊ ဒါက အဝိဇ္ဇာကို သာယာတဲ့တဏှာရာဂ ဖြစ်နိုင်တယ်၊ ဒိဋ္ဌိဖြစ်နိုင်တယ်၊ အဝိဇ္ဇာကို မုန်းတီးတဲ့ဒေါသ ဖြစ်နိုင်တယ်၊ ပုထုဇဉ်တွေမှာလေ။
အဝိဇ္ဇာနဲ့ပတ်သက်ပြီးတော့ ဒေါသဖြစ်တယ်၊ အယူမှားမှုတွေ ဖြစ်လာမယ်ဆိုလို့ရှိရင် အဝိဇ္ဇာက အပုညာဘိသင်္ခါရကို အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အဝိဇ္ဇာက အာရုံအကြောင်း တရားပစ္စည်း ဖြစ်ပေါ်လာတဲ့အကုသိုလ်တွေက အာရမ္မဏိက ပစ္စယုပ္ပန်၊ အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ပြောတာနော်။
တစ်ခါ အဝိဇ္ဇာကို အလေးအနက်ထားပြီးတော့ အာရုံပြုတယ်၊ စွဲလမ်းတယ်ဆိုလို့ရှိရင်တော့ အာရမ္မဏာဓိပတိ ဖြစ်နိုင်တယ်၊ အာရမ္မဏူပနိဿယ ဖြစ်နိုင်တယ်၊ ဒါကြောင့် ဖြစ်နိုင်တဲ့ ပစ္စည်းတွေက အာရမ္မဏ ဖြစ်နိုင်တယ်၊ အာရမ္မဏာဓိပတိ ဖြစ်နိုင်တယ်၊ အာရမ္မဏူပနိဿယ ဖြစ်နိုင်တယ်။
တစ်ဖန် အဝိဇ္ဇာနဲ့ အပြစ်မမြင်လို့ အကောင်းထင်ပြီးတော့ အကုသိုလ်တွေ လုပ်တယ်၊ အဲဒီလို အဝိဇ္ဇာဖြင့် အပြစ်မမြင်ဘဲနဲ့
စာမျက်နှာ-၃၉
အကုသိုလ်လုပ်လို့ရှိရင် အဝိဇ္ဇာသည် အကုသိုလ်ကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတာ။
ဒါ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့တွဲစပ်ပြီး လေ့လာတာပဲနော်၊ အဲဒီလို ဆက်သွယ်မှု ရှိတယ်ပေါ့။
နောက်တစ်ခု အကုသိုလ်စိတ်ဖြစ်တဲ့အခါမှာ အဝိဇ္ဇာဟာ လောဘနဲ့ တွဲဖြစ်တာ ရှိတယ်၊ ဒေါသနဲ့ တွဲဖြစ်တာ ရှိတယ်၊ အကုသိုလ်ဇောစိတ်တွေဖြစ်ရင် ပထမဇောကနေ ဒုတိယဇော၊ ဒုတိယဇောကနေ တတိယဇော၊ ဇောအချင်းချင်း တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ ဖြစ်သွားတာတွေ ရှိတယ်၊ အဲဒီလို ပထမဇောကနေ ဒုတိယဇောဆိုတာမျိုးကျတော့ အနန္တရသတ္တိ၊ သမနန္တရသတ္တိ၊ အာသေဝနသတ္တိ၊ ဥပနိဿယသတ္တိ၊ နတ္ထိသတ္တိ၊ ဝိဂတသတ္တိတွေနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတာနော်၊ ရှေ့နဲ့နောက်ကျတော့ အနန္တရမျိုး ဖြစ်သွားတယ်။
တစ်ခါ- အဝိဇ္ဇာဟာ လောဘမူစိတ်ထဲမှာ ယှဉ်တွဲပြီးတော့ ဖြစ်နေတယ်ဆိုရင် ဘာသတ္တိတွေနဲ့ ကျေးဇူးပြုတုန်း? အဝိဇ္ဇာနဲ့ အကုသိုလ်စိတ်ဆိုတာ တစ်ပြိုင်နက်ယှဉ်တွဲပြီး ဖြစ်လာတာ ဖြစ်တယ်၊ Born together သဟဇာတ အတူတကွ ဖြစ်လာကြတာ၊ အဝိဇ္ဇာက ဟိတ် ၆-မျိုးထဲမှာ မောဟဟိတ်အနေနဲ့ ပါတာ ဖြစ်သောကြောင့် ဟေတုပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ အတူတကွဖြစ်တာ ဖြစ်သောကြောင့် သဟဇာတပစ္စည်းနဲ့လည်း ကျေးဇူးပြုတယ်၊ အပြန်အလှန်ရလို့ အညမညပစ္စည်းနဲ့လည်း ကျေးဇူးပြုတယ်၊ အဝိဇ္ဇာကို အမှီပြုပြီးတော့ ကျန်တဲ့တရားတွေဟာ အပြန်အလှန်မှီခိုပြီး ဖြစ်ကြတာ ဖြစ်သောကြောင့် နိဿယသတ္တိနဲ့လည်း ကျေးဇူးပြုတယ်။
စာမျက်နှာ-၄၀
အဝိဇ္ဇာနဲ့ လောဘမူစိတ်တွေဟာ ဖြစ်တာလည်း အတူတူ၊ ချုပ်တာလည်း အတူတူ၊ အာရုံလည်းတူတယ်၊ မှီရာလည်း တူတယ်ဆိုတဲ့ စိတ်တစ်ခုတည်းမှာ ဖြစ်ကြတာ ဖြစ်သောကြောင့် သမ္ပယုတ္တသတ္တိနဲ့လည်း ကျေးဇူးပြုတယ်။
ရှိနေတုန်း ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ မကင်းကွာခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတသတ္တိနဲ့လည်း ကျေးဇူးပြုတယ်လို့ - အဝိဇ္ဇာက အကုသိုလ်ကျတော့ ပစ္စယသတ္တိတွေ မြောက်မြားစွာ ပါဝင်နိုင်တယ်လို့ ဒီလိုပြောတာနော်၊ ဒါပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်တဲ့ နည်းစနစ်တစ်ခုပါပဲ။
ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာရဲ့ အင်မတန်လေးနက်တဲ့ ဒေသနာတော်နှစ်ရပ်ကို မိမိတို့ဘဝနဲ့စပ်ဟပ်ပြီးတော့ သိအောင် ကြိုးစားရမယ်၊ မြတ်စွာဘုရားရဲ့ဒေသနာတော်တွေကို ကြိုးစားပြီးတော့ လေ့လာလိုက်စားခြင်းဖြင့် မှန်ကန်တဲ့အသိဉာဏ်တွေကို ရပြီး မိမိတို့ရဲ့သံသရာက လွတ်ကြောင်းဖြစ်တဲ့ အသိဉာဏ်ထူးတွေကို ကိုယ်စီကိုယ်ငှ ရအောင် အားထုတ်နိုင်ကြပါကုန်စေသတည်း။
စာမျက်နှာ-၄၁
အပိုင်း (၂)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ တောဇာသက္ကရာဇ် ၃၇၁-ခုနှစ်၊ တပေါင်းလဆန်း ၅-ရက်၊ ခရစ်နှစ် ၂၀၁၀၊ ဖေဖေါ်ဝါရီလ ၁၇-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော်အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာ အနန္တောအနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အာသာဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
ဒီကနေ့ “သင်္ခါရပစ္စယာ ဝိညာဏံ” ကို ပဋ္ဌာန်းနည်းအရ ရှင်းပြမယ်၊ မနေ့က “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” - အဝိဇ္ဇာဆိုတဲ့ ကိလေသာကို အကြောင်းပြုပြီးတော့ သင်္ခါရဆိုတဲ့ ကုသိုလ်အကုသိုလ်ကံတရားတွေ ဖြစ်ပေါ်တည်ရှိနေပုံကို ပြောခဲ့ပြီ၊ ဒီနေရာမှာ အဝိဇ္ဇာနဲ့ အကုသိုလ်က သဘောတူညီမှုရှိသော်လည်းပဲ အဝိဇ္ဇာနဲ့ ကုသိုလ်
စာမျက်နှာ-၄၂
ကျတော့ သဘောမတူဘူး၊ သဘာဝချင်း ကွဲပြားခြားနားပြီးတော့ ဒီလိုအကျိုးပြုနိုင်သလားလို့ မေးစရာရှိတယ်။
လောကမှာ သဘာဝချင်းမတူဘဲနဲ့ အကျိုးပေးတာတွေ အများကြီးရှိတယ်၊ ဥပမာ- မျိုးစေ့လေးတစ်ခုက အပင်ပေါက်လာအောင် လုပ်ရာမှာ ထိုမျိုးစေ့နဲ့ အလားသဏ္ဌာန်မတူတဲ့ ရေကလည်း အကျိုးပြုတာ ရှိတယ်၊ ထိုမျိုးစေ့နဲ့ အလားသဏ္ဌာန်မတူတဲ့ မြေကြီးကလည်းပဲ အကျိုးပြုတယ်ပေါ့။
နောက်တစ်ခု ကြည့်မယ်ဆိုလို့ရှိရင် စက္ခုဝိညာဏ်ဆိုတဲ့ မြင်သိစိတ်ကလေး ဖြစ်ပေါ်ဖို့ရာအတွက် အလင်းရောင်လေးက ကျေးဇူးပြုတယ်၊ အဲဒီအလင်းရောင်လေးနဲ့ စက္ခုဝိညာဏ်စိတ်ဆိုတာ သဘာဝအားဖြင့် တူညီမှုမရှိဘူး၊ အဲဒီလို ကူညီမှုမရှိတာတွေက အကျိုးပြုတယ်ဆိုတာ လောကမှာ အထင်အရှားရှိတယ်။
ဒါကြောင့်မို့ မတူညီတဲ့အကုသိုလ်တရားက ဘယ်လိုလုပ်ပြီးတော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကုသိုလ်တရားမျိုးကို ဖြစ်ပေါ်စေနိုင်သလဲဆိုတာကို ပဋ္ဌာန်းနည်းနဲ့ နားလည်သဘောပေါက်ကြရမယ်။
“သင်္ခါရပစ္စယာ ဝိညာဏံ”
သင်္ခါရဆိုင်ရာ သိဖွယ်
ဒီကနေ့ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ကံကို ပဋ္ိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက သင်္ခါရဆိုတဲ့ အမည်နဲ့ ဟောထားတယ်။ ပဋ္ိစ္စသမုပ္ပါဒ်ရှေ့ပိုင်းမှာ သင်္ခါရအမည်နဲ့ ဟောထားသော်လည်း
စာမျက်နှာ-၄၃
နောက်ပိုင်းမှာ “ဘဝပစ္စယာ ဇာတိ” ဆိုပြီးတော့ ဘဝဆိုတဲ့နာမည်နဲ့လည်း ဟောပြန်တယ်ပေါ့။
ဒါ လောကမှာသတ္တဝါတွေအဖို့ ကံတရားဟာ ဘယ်လောက် အရေးပါတယ်ဆိုတာကို ထင်ရှားသိစေတယ်၊ ကံတရားနဲ့ ကိလေသာဟာ တွဲဖက်ပြီးတော့ သတ္တလောကကြီးတစ်ခုလုံးကို ခြယ်လှယ်မွမ်းမံနေတယ်ဆိုတာကို ထင်ရှားသိစေလိုတဲ့အတွက် မြတ်စွာဘုရားက ကိလေသာနှင့် ကံကို နှစ်မျိုးနှစ်မျိုး တွဲဖက်ပြီးတော့ ပဋိစ္စသမုပ္ပါဒ်မှာ ဟောထားတာ။
ကံ - သင်္ခါရ - ဘဝ
ကံကို သင်္ခါရလို့ ဟောတယ်၊ ကံကိုပဲ ဘဝလို့ ဟောတယ်၊ အဲဒီတော့ ဘဝဟာ ၂-မျိုးရှိသည့်အတွက်ကြောင့် ဥပပတ္တိဘဝနဲ့ ကမ္မဘဝ၊ ကံက ထုတ်လုပ်လိုက်တဲ့ခန္ဓာကို ဥပပတ္တိဘဝလို့ ခေါ်ပြီး ကံတရားကိုတော့ ကမ္မဘဝလို့ ဒီလို ခွဲခြားပြီး ကြည့်ကြရတယ်။
သို့သော် “ဘဝပစ္စယာ ဇာတိ” ဆိုတဲ့ စကားလုံးမှာ ဘဝဆိုတာ ဥပပတ္တိဘဝကို ဆိုလိုတာ မဟုတ်ဘဲနဲ့ ကံကိုပဲ ဆိုလိုတယ်ဆိုတာ အဋ္ဌကထာကျမ်းဂန်တွေမှာ ရှင်းလင်းဖော်ပြထားတာ ရှိတယ်၊ ဘဝဂါမိကမ္မ - ဘဝကိုပို့ဆောင်ပေးတဲ့ကံ -သို့မဟုတ်- ဘဝကို ပစ်ချပေးတဲ့ကံမျိုးကို ဒီနေရာမှာ ဘဝလို့ပဲ သုံးလိုက်တယ်ပေါ့။
ဗုဒ္ဓဘာသာဖြစ်ဖို့ရာအတွက် အခြေခံအားဖြင့် ဘာလိုအပ်သလဲဆိုတာကို ဒါနဲ့ ဆက်စပ်ပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင် ကံနဲ့ ကံရဲ့အကျိုးကို လက်ခံဖို့ လိုအပ်တယ်၊ ကံတရားကို လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ကံရဲ့အကျိုးဆက်ကိုလည်း လက်ခံပြီးသားဖြစ်
စာမျက်နှာ-၄၄
တယ်၊ ကံတရားကို လက်မခံဘူး၊ ကံရဲ့အကျိုးကို လက်မခံဘူးဆိုလို့ရှိရင် ဗုဒ္ဓဘာသာဖြစ်ဖို့ အခြေခံမရှိဘူးလို့ ပြောလို့ရတယ်။
ပဋ္ိစ္စသမုပ္ပါဒ်မှာ ကံတရားရဲ့ အရေးပါမှုကြောင့် မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ”၊ “ဘဝပစ္စယာ ဇာတိ” လို့ ဒီလို ၂-ဌာန ဟောထားတယ်။
ဒုစရိုက် ၁၀-ပါးကို ပြတဲ့အခါမှာ မနောကံမှာ မိစ္ဆာဒိဋ္ဌိဆိုတာ ပါတယ်၊ သုစရိုက် ၁၀-ပါး မနောကံအရာမှာ သမ္မာဒိဋ္ဌိလို့ ပါတယ်။ အဲဒီမှာ ကံကိုငြင်းပယ်တဲ့ အယူအဆတစ်ရပ်ကို မိစ္ဆာဒိဋ္ဌိလို့ ပြောတာ၊ ဒါကြောင့်မို့ “နတ္ထိကဒိဋ္ဌိ” ဆိုတာ တိုက်ရိုက်အားဖြင့် ကံရဲ့အကျိုးကို ငြင်းပယ်
နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ - လှူတာ ပူဇော်တာ ပသတာ လက်ဆောင်ပေးတာဆိုတဲ့ ဒါနကောင်းမှုရဲ့ အကျိုးတွေကို လက်မခံတာ၊ အဲဒါလည်း ကံကိုလက်မခံတဲ့ သဘောပဲ။
နတ္ထိ သုကဋ ဒုက္ကဋာနံ ကမ္မာနံ ဖလာနံ ဝိပါကော - ကောင်းစွာပြုအပ် မကောင်းသဖြင့်ပြုအပ်တဲ့ ကုသိုလ်ကံအကုသိုလ်ကံတွေရဲ့ အကျိုးဆိုတာ မရှိဘူးလို့ ကံကို ငြင်းပယ်တယ်။
အဲဒီကံကို ငြင်းပယ်တဲ့ မိစ္ဆာဒိဋ္ဌိရှိနေလို့ဆိုရင် ကံကို ငြင်းပယ်တဲ့အတွေးရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာသုဂတိကို မရောက်နိုင်ဘူးတဲ့၊ ဒါကြောင့်မို့ အဲဒီမိစ္ဆာဒိဋ္ဌိကို “သဂ္ဂါဝရဏ” - ကောင်းရာသုဂတိကို တားမြစ်နိုင်တဲ့အပြစ်လို့ စာပေကျမ်းဂန်မှာ ဆိုတယ်။
ဒီမနောကံအရာ မိစ္ဆာဒိဋ္ဌိဆိုတာ သက္ကာယဒိဋ္ဌိကို ပြောတာမဟုတ်ဘူး၊ သက္ကာယဒိဋ္ဌိဆိုတာ သောတာပန်ဖြစ်မှ ဖယ်ရှားလို့ရ
စာမျက်နှာ-၄၅
မယ်၊ သက္ကာယဒိဋ္ဌိ ရှိနေပေမယ်လို့ ကံ, ကံ၏အကျိုးကို လက်ခံတဲ့ ပုဂ္ဂိုလ်ဆိုရင် ကောင်းရာသုဂတိကို ရောက်နိုင်တယ်၊ သက္ကာယဒိဋ္ဌိကို တဒင်္ဂအနေနဲ့ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ဖယ်ရှားနိုင်တယ်၊ အကြွင်းမဲ့ဖယ်ရှားတာကျတော့ သောတာပတ္တိမဂ်ဉာဏ်နဲ့မှ ဖယ်ရှားလို့ရတယ်။
ဒီတော့ ဗုဒ္ဓဘာသာဖြစ်ဖို့ အရေးကြီးတာဘာတုန်းဆိုရင် ကံကို လက်ခံဖို့ အရေးကြီးတယ်၊ ကံကို ငြင်းပယ်တယ်၊ ကံရဲ့အကျိုးကို ငြင်းပယ်ပြီဆိုလို့ရှိရင် ဘယ်လိုနည်းနဲ့မှ ဗုဒ္ဓဘာသာမဖြစ်နိုင်ဘူး၊ ဒါအခြေခံအားဖြင့် ဆိုလိုတာ။
ဝိနည်းကျမ်းဂန်ထဲမှာ မြတ်စွာဘုရားက ဘာသာအယူဝါဒကွဲပြားတဲ့ သာသနာတစ်ခုမှာ ဝင်ရောက်ပြီး သာသနာ့ဝန်ထမ်းလုပ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်အတွင်း ရဟန်းအဖြစ် ဝင်ရောက်ချင်တယ်ဆိုရင် ၄-လစောင့်ဆိုင်းပြီး အကဲခတ်ခြင်းကို ခံရမယ်၊ ၄-လတိုင်တိုင် ချမှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းကို လိုက်နာပြီးတော့ စောင့်ကြည့်တာကို ခံရမယ်။ ဆိုလိုတာ ၄-လ ဆိုင်းရမယ်၊ အညတိတ္တိယ ပရိဝါသ လို့ ခေါ်တယ်၊ သင်တန်းပေးထားတဲ့ အပိုင်းပေါ့၊ ၄-လဆိုင်းငံ့ထားပြီး အယူဝါဒတွေနဲ့ပတ်သက်ပြီးတော့ အကဲခတ်စမ်းသပ်လေ့ကျင့်လို့ ၄-လပြည့်တဲ့အခါကျမှ ကျေနပ်ပြီဆိုရင် ရဟန်းပြုပေးနိုင်တယ်လို့ ဒီလိုဆိုထားတယ်။
အဲဒီပညတ်ချက်ဟာ ကံနဲ့ ကံရဲ့အကျိုးကိုလက်ခံတဲ့ ကမ္မဝါဒီပုဂ္ဂိုလ်တွေဆိုလို့ရှိရင် အဲဒီလို ၄-လစောင့်ဆိုင်းပြီးတော့ စမ်းသပ်ခံတဲ့အတိုင်းအတာတစ်ခု လုပ်စရာမလိုဘူးတဲ့၊ ချက်ချင်း သာသနာ့
စာမျက်နှာ-၄၆
ထဲ ဝင်ခွင့်ပြုတယ်၊ ရဟန်းခံခွင့်ပြုတယ်၊ အဲဒါကို ထောက်ထားမယ်ဆိုလို့ရှိရင် ကံကို လက်ခံခြင်းဟာ ဗုဒ္ဓဘာသာဖြစ်ဖို့အတွက် တကယ့်အခြေခံကောင်းကြီးလို့ ယူဆရတယ်။
ဒီတော့ မြတ်စွာဘုရားဟောတဲ့ တရားတော်တွေဟာလည်းပဲ အကြောင်းနဲ့ အကျိုးကို ဟောတယ်၊ အဲဒီအကြောင်းနဲ့ အကျိုးဆိုတဲ့အထဲမယ် ကိလေသာဆိုတာလည်း အကြောင်းတစ်အုပ်၊ ကံဆိုတာလည်း အကြောင်းတစ်ခုပဲ။
ကံနှင့် ကိလေသာ အရေးကြီးပုံ
အကြောင်းတွေက တစ်ခုတည်းမဟုတ်ဘူး၊ အကြောင်းပေါင်း မြောက်မြားစွာ ဟောကြားထားတာ ဖြစ်တယ်၊ အဲဒီအကြောင်းတွေထဲမှာ အရေးပါတဲ့အကြောင်းကတော့ ကိလေသာနဲ့ ကံပဲဖြစ်တယ်၊ သံသရာဝဋ်က လွတ်ဖို့ဆိုတာလည်းပဲ ဒီအကြောင်းနှစ်ပါးထဲက ကိလေသာကို ပယ်ဖျက်ဖို့က အင်မတန်မှ အရေးကြီးတယ်၊ ကိလေသာဆိုတဲ့အဖော်သဟဲရမှ ကံဆိုတာ အကျိုးပေးလို့ရတယ်၊ ကိလေသာရဲ့အကူအညီ မရဘဲနဲ့ ကံတစ်ခုတည်းကနေ မထုတ်လုပ်နိုင်ဘူးတဲ့၊ ဟုတ်တာပေါ့ မျိုးစေ့ကလေးက သူ့ဖာသာသူနေရင် အပင်မပေါက်ဘူးလေ၊ မြေနဲ့ရေနဲ့ ထိတွေ့ပေးလိုက်မှ မြေရဲ့အကူအညီရ၊ ရေရဲ့အကူအညီရပါမှ မျိုးစေ့က အပင်ကို ဖြစ်ပေါ်စေတာ။
ထို့အတူပဲ ကံတရားဟာ သီးသီးသန့်သန့် ကံချည်းရှိနေမယ်၊ ကိလေသာအကူအညီမပါဘူးဆိုရင် ထိုကံတရားသည် အကျိုးတစ်စုံတစ်ရာကို ပေးစွမ်းနိုင်ခြင်း မရှိဘူးတဲ့၊ ဒီသဘောကို သိဖို့ အင်မတန်မှ အရေးကြီးတယ်။
စာမျက်နှာ-၄၇
ကံဆိုတာ ဖယ်ရှားလို့မရ
ဒါကြောင့်မို့ ဝဋ်သုံးပါး - ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် လို့ဆိုတဲ့အထဲမယ် ဘယ်ဝဋ်ကို ဖယ်ရှားရမှာလဲလို့ဆိုရင် ကိလေသာကို ဖယ်ရှားရမယ်၊ ကိလေသာကို ဖယ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် ရှိနေတဲ့ ကံတရားတွေဟာ အလုပ်မဖြစ်တော့ဘူး၊ စွမ်းဆောင်နိုင်မှုမရှိတော့ဘူး၊ ကံတွေက အကျိုးမပေးလို့သာ ကံကို ဖယ်ရှားတယ်လို့ ပြောနေကြတာ တကယ်တော့ ကံဆိုတာ ဖယ်ရှားလို့မရဘူး။
ဘာဖြစ်လို့တုန်းဆိုတော့ လုပ်ထားပြီးသား ကိစ္စတစ်ခုကို မလုပ်ဘူးလို့ ပြောလို့မှ မရတော့ဘဲ၊ လုပ်ပြီးသားဆိုတာ ပြီးခဲ့ပြီလေ၊ ပြီးခဲ့တဲ့အရာတစ်ခုကို ဘယ်သူက ပြင်လို့ရမလဲ၊ ရှိမှမရှိတော့တာ၊ လုပ်ပြီးဖြစ်နေပြီ၊ ပြီးပြီးသားဖြစ်နေပြီ၊ ပြီးပြီးသားဖြစ်နေတဲ့အရာကို ဘယ်လိုမှ ပြန်ယူလို့ရတာမဟုတ်ဘူး၊ ဒါကြောင့်မို့ ကံဆိုတာ ဖယ်ရှားပစ်လို့မရဘူး။
ဖယ်ရှားပစ်လို့ရတာက ကိလေသာ၊ ကိလေသာကုန်လို့ရှိရင် ကံကုန်တယ်၊ ဒါကြောင့်မို့ “ကိလေသနိရောဓာ ကမ္မနိရောဓော” တဲ့၊ ကိလေသာတွေ ချုပ်ငြိမ်းသွားမှ ကံတရားဟာ အလုပ်မဖြစ်တော့ဘဲ ငြိမ်းသွားမှာ၊ ကံတရားကို သိရှိနားလည်ဖို့ အလွန်တရာ အရေးပါတယ်။
အစွန်းရောက် ကမ္မဝါဒ
သို့သော် အရာရာဟာ အတိတ်ကလုပ်ခဲ့တဲ့ ကံကြောင့်ပဲလို့ အစွန်းရောက်ကမ္မဝါဒမျိုးကျတော့ မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်၊ အဲဒါက ပုဗ္ဗေကတဟေတုဒိဋ္ဌိ တဲ့၊ အခုဘဝဖြစ်နေတဲ့ သုခဒုက္ခ ဆင်းရဲ
စာမျက်နှာ-၄၈
ချမ်းသာခံစားရမှု ဘဝအတွေ့အကြုံ မှန်သမျှဟာ အရင်ကလုပ်ခဲ့တဲ့ကံကြောင့်လို့ တသမတ်တည်းစွဲယူခြင်းကို ပုဗ္ဗေကတဟေတုဒိဋ္ဌိလို့ ခေါ်တယ်၊ အဲဒါ ကမ္မဝါဒအစွန်းရောက်သွားတဲ့ သဘောပဲ။
မြတ်စွာဘုရားက ဘယ်အရာမှ အစွန်းရောက်တာကို လက်မခံဘူး၊ မဇ္ဈိမပဋိပဒါပဲ၊ အကောင်းပဲဖြစ်စေ လွန်သွားရင် အဆိုးဖြစ်တာပဲ၊ အဲဒီတော့ အရာရာ ကံကြောင့်သာလို့ ဒီလိုပြောလိုက်မယ်ဆိုရင် အခြားအကြောင်းတရားတွေကို ငြင်းပယ်ရာရောက်တယ်။ အခြားတရားတွေကို ငြင်းပယ်လိုက်တာနဲ့ တစ်ပြိုင်နက် မှန်ကန်တဲ့အတွေး မဟုတ်တော့ဘူး၊ မှားယွင်းတဲ့အတွေးတွေ ဖြစ်သွားတယ်။
ဆိုပါစို့ - လောကမှာ လူတွေရောဂါဖြစ်တယ်၊ နှာစေးချောင်းဆိုးဖြစ်တယ်၊ အစွန်းရောက်ကမ္မဝါဒီသမားက အဲဒီနှာစေးချောင်းဆိုးဖြစ်ရတာဟာ အတိတ်က အကုသိုလ်ကံကြောင့် ငါနှာစေးရတယ်၊ ချောင်းဆိုးရတယ်လို့ ဒီလိုယူလို့ရှိရင် ပစ္စုပ္ပန်အကြောင်းတရားကို သူမျက်ကွယ်ပြုရာရောက်တယ်။ တကယ်တော့ သူနှာစေးတာ၊ ချောင်းဆိုးတာက အအေးမိလို့၊ ပစ္စုပ္ပန်အကြောင်းတရားက ဆန့်ကျင်ဘက်အအေးဒဏ်ကို မခံနိုင်လို့၊ ခန္ဓာကိုယ်ရဲ့ ရာသီဥတုကို ခုခံနိုင်တဲ့စွမ်းအား လျော့ကျနေလို့၊ မတည့်တဲ့ရာသီဥတုကြောင့် မိမိမှာ ရောဂါတစ်ခုဖြစ်တယ်၊ ဒါဟာ အကြောင်းပဲ၊ ဒီအကြောင်းကိုလည်း လက်ခံရမယ်လို့ ပြောတယ်၊ အဲဒါကို လက်မခံဘဲနဲ့နေမယ်ဆိုလို့ရှိရင် အစွန်းရောက်ကမ္မဝါဒ ဖြစ်သွားလိမ့်မယ်။
သို့သော် ဘဝတစ်ခုမှာ ကံက အရေးပါတယ်ဆိုတာတော့ သေချာတယ်၊ “ကံဟု မူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာတည့်”၊ အဓိကအကြောင်းတရားအနေနဲ့ ကံကိုတော့ လက်ခံရ
စာမျက်နှာ-၄၉
မယ်၊ သို့သော် “ကံ - ဉာဏ် - ဝီရိယ” လို့ ဆိုတဲ့အတိုင်း ဉာဏ်ရည်ဉာဏ်သွေးရှိလို့ လုံ့လဝီရိယရှိလို့ ကောင်းကျိုးချမ်းသာတွေ ရနိုင်တာ၊ ကံရဲ့ အကျိုးတရားသက်သက်မဟုတ်ဘူး၊ ဉာဏ်ရဲ့စွမ်းဆောင်မှုကိုလည်း အသိအမှတ်ပြုရမယ်၊ ဝီရိယရဲ့စွမ်းဆောင်မှုကိုလည်း အသိအမှတ်ပြုရမယ်၊ ဒီလိုဆိုတယ်။
ဒါကြောင့် ကံတရားနဲ့ပတ်သက်ပြီးတော့ ကျကျနန နားလည်ဖို့ လိုတယ်၊ အခြေခံအားဖြင့် ဘုန်းကြီးတို့တစ်တွေ ဘဝတစ်ခုစလာရတာ ကံတရားကြောင့်ဆိုတာ သေချာတယ်၊ အခြားဘယ်အရာကမှ မလုပ်နိုင်တာကို ကံက အဓိကစွမ်းဆောင်မှုပေးသွားတယ်၊ အဲဒါကို “သင်္ခါရပစ္စယာ ဝိညာဏံ” သို့မဟုတ် “ဘဝပစ္စယာ ဇာတိ”၊ ဘယ်နေရာမှာ ဟောဟော မြတ်စွာဘုရားဟောတဲ့ တရားတွေဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်မှုမရှိဘူး၊ သတ္တဝါတို့ရဲ့ အကြိုက်အဇ္ဈာသယကိုလိုက်ပြီးတော့ စကားလုံးလေးတွေ ပြောင်းလဲပေးတာမျိုးတော့ ရှိတာပေါ့။
ဘဝသုတ္တန်
အင်္ဂုတ္တရနိကာယ် တိကနိပါတ်မှာ ဘဝသုတ္တန်ဆိုတဲ့ သုတ် ၂-သုတ် ရှိတယ်၊ ပထမဘဝသုတ်နဲ့ ဒုတိယဘဝသုတ်၊ အဲဒီသုတ်မှာ ဘဝနဲ့ပတ်သက်ပြီးတော့ ရှင်အာနန္ဒက မေးခွန်းထုတ်ထားတယ်၊ “အရှင်ဘုရား - အများက ဘဝ, ဘဝနဲ့ ပြောနေကြတာ ဘယ်လိုအတိုင်းအတာကြောင့် ဘဝတစ်ခု ရရှိနိုင်လာပါသလဲ” ဆိုတဲ့ မေးခွန်းတစ်ခု မေးထားတာရှိတယ်၊ အဲဒီမေးခွန်းရဲ့အဖြေ
စာမျက်နှာ-၅၀
အချုပ်က မြတ်စွာဘုရားက ကံကိုပဲ ဟောထားတယ်၊ “အကျိုးတရားကို ရင့်ကျက်စေတတ်တဲ့ကံတရား မရှိဘူးဆိုရင် ဘဝဆိုတာ မဖြစ်နိုင်ဘူး” တဲ့၊ အကျိုးပေးဖို့ ရင့်ကျက်လာတဲ့ ကံတရားကို အမှီပြုမှသာလျှင် ဘဝဆိုတာ ဖြစ်လာတယ်။
အဲဒီသုတ္တန်မှာ မြတ်စွာဘုရားက ဘဝတစ်ခုအစပြုလာတဲ့အခါမှာ ကံရဲ့စွမ်းဆောင်မှုကို ဘယ်လိုဥပမာပေးထားလဲဆိုရင် “ကမ္မံ ခေတ္တံ” - ကံဟာ မြေလွှာနဲ့ အလားသဏ္ဌာန်တူတယ်။ “ဝိညာဏံ ဗီဇံ” - ပဋိသန္ဓေဝိညာဏ်စိတ်ကလေးဟာ မျိုးစေ့နဲ့ အလားသဏ္ဌာန်တူတယ်၊ “တဏှာ သနေဟာ” - တွယ်တာမှု တဏှာလေးဟာ ရေနဲ့ အလားသဏ္ဌာန်တူတယ်၊ အစေးဓာတ်နဲ့ အလားသဏ္ဌာန်တူတယ်၊ Moisture ပေါ့။
အပင်တစ်ခုပေါက်လာတယ်ဆိုလို့ရှိရင် ဘာရမလဲ၊ မြေရှိရမယ်၊ ရေရှိရမယ်၊ မျိုးစေ့ရှိရမယ်၊ ဒီ ၃-မျိုးပဲ၊ အဲဒီ ၃-မျိုး ပေါင်းဆုံလာလို့ရှိရင် အပင်ပေါက်တာပဲ၊ ဒါမှန်တယ်၊ ဘဝတစ်ခုမှာလည်းပဲ ထို့အတူပဲ၊ မြေနဲ့ အလားသဏ္ဌာန်တူတဲ့ ကံဆိုတာ ရှိရမယ်၊ မျိုးစေ့နဲ့ အလားသဏ္ဌာန်တူတဲ့ ပဋိသန္ဓေစိတ်၊ ရေအစေးနဲ့ အလားသဏ္ဌာန်တူတဲ့ အတွယ်အတာ၊ ဒါတွေပေါင်းစပ်ပြီးတော့ ဘဝတစ်ခုဟာ ရရှိလာတယ်လို့ ပြောတယ်။
ဒီနေရာမှာ စဉ်းစားစရာက “ကမ္မံ ခေတ္တံ” - ကံကို မြေလွှာသဖွယ်ကားတာဟာ အကယ်၍ ကံမရှိဘူးဆိုလို့ရှိရင် ဝိညာဏ်လို့ဆိုတဲ့ သန္ဓေမျိုးစေ့လေးဟာ ပေါက်လာနိုင်စရာမရှိဘူး၊ ကံပေါ်မှာ အမှီပြုပြီးတော့ ဘဝတစ်ခုကို အစပြုတယ်ဆိုတာ ဘာမှအခြေပြုစရာမရှိသေးဘူး၊ အခြေပြုစရာမရှိတဲ့အချိန်မှာ ကံသက်သက်
စာမျက်နှာ-၅၁
ကိုသာ အမှီပြုကြရတာ၊ ဒါကြောင့်မို့ ကံဟာ မြေလွှာနဲ့ အလားသဏ္ဌာန်တူတယ်လို့ ဒီလိုဟောတာ၊ “ကမ္မံ ခေတ္တံ” - ကံဆိုတဲ့ မြေလွှာပေါ်မှာ သန္ဓေဆိုတဲ့ ဝိညာဏ်မျိုးစေ့လေး ပေါ်လာတယ်။ အဲဒီမျိုးစေ့လေး ရှင်သန်လာအောင် ကွယ်ကာမှုလေးကနေပြီးတော့ ရေဆွတ်ဖျန်းပေးတယ်၊ အစိုဓာတ်ကလေး ပေးတယ်၊ အင်မတန်ထင်ရှားတဲ့ဥပမာနဲ့ မြတ်စွာဘုရားက အဲဒီသုတ္တန်မှာ ဟောထားတယ်။
ပဋိစ္စသမုပ္ပါဒ်မှာ လူတွေရဲ့ ပဋိသန္ဓေစိတ်လေးဟာ ကံနဲ့ ဆက်သွယ်ပြီးတော့မှ ဖြစ်ပေါ်လာတယ်၊ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဒီလိုဟောတယ်၊ ကဲ ဒီနေရာမှာ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ကြည့်ကြရအောင်၊ မနေ့က အကျဉ်းအားဖြင့် ပြောထားခဲ့တယ်။
သင်္ခါရမည်ပုံနှင့် အရ
သင်္ခါရဆိုတာ ဒီနေရာမှာ ကံကိုပြောတာ၊ ဘာဖြစ်လို့ ကံကို သင်္ခါရလို့ ခေါ်သလဲဆိုရင် ဖန်တီးတတ်လို့၊ ဖြစ်ပေါ်စေတတ်လို့၊ “သင်္ခတံ အဘိသင်္ခရောန္တီတိ သင်္ခါရာ” - ရုပ်တွေနာမ်တွေကို ဖန်ဆင်းပေးတယ်၊ ဖန်ဆင်းတယ်ဆိုတာ ဆောက်လုပ်ပေးတာ၊ ဖြစ်ပေါ်စေတာ၊ ထုတ်လုပ်တာ - ဒီလိုဆိုလိုတယ်၊ ဒီနေရာမှာ သင်္ခါရဆိုတာ ကုသိုလ်ကံနဲ့ အကုသိုလ်ကံ ဒီ ၂-ခုကို ရည်ညွှန်းပြီးတော့ ပြောတယ်။
အကုသိုလ်ကံက ၁၂-မျိုး ရှိတယ်၊ ကုသိုလ်ကံဆိုတဲ့နေရာမှာ ပဋိစ္စသမုပ္ပါဒ်က သံသရာအကြောင်းရှင်းပြတာ ဖြစ်သောကြောင့် လက်လှမ်းမမှီတဲ့ လောကုတ္တရာကုသိုလ်တွေကို ထည့်မပြောဘူး၊ လောကီကုသိုလ်ကိုပဲ ထည့်ပြောလို့ရတယ်၊ ဒါကြောင့်မို့ ကာမာ
စာမျက်နှာ-၅၂
ဝစရကုသိုလ်စိတ် ၈-ခု၊ ရူပဈာန်တရားနဲ့ ပတ်သက်လာတဲ့ ရူပါဝစရကုသိုလ်စိတ်က ၅-ခု၊ အရူပဈာန်နဲ့ ပတ်သက်ပြီးတော့ အရူပါဝစရကုသိုလ်စိတ်က ၄-ခု၊ လောကီကုသိုလ် ၁၇-ခုပေါ့၊ အဲဒီ ၁၇-ခုမှာ ယှဉ်တွဲတဲ့စေတနာတွေနဲ့ အကုသိုလ်စိတ် ၁၂-ခုနဲ့ ယှဉ်ပြီးတော့ ဖြစ်ပေါ်လာတဲ့စေတနာတွေကို ဒီနေရာမှာ သင်္ခါရလို့ ပြောတယ်။
ကံမည်ပုံ
စေတနာကို ဘာကြောင့် ကံလို့ ခေါင်းစဉ်တပ်ရသလဲဆိုတော့ စေတနာတွေက အားလုံးကို စုပေးတဲ့သဘောရှိတယ်၊ အခုခေတ်စကားနဲ့ ပြောရမယ်ဆိုလို့ရှိရင် Organizer ပေါ့၊ သဘာဝတရားတွေကို စုစည်းပေးတာ၊ စုစည်းပေးလိုက်လို့ရှိရင် Energy စွမ်းအင်သတ္တိ ရမယ်၊ သူကိုယ်တိုင်ကလည်း စွမ်းဆောင်မှုရှိတယ်၊ အခြားသဘာဝတရားတွေကိုလည်း စွမ်းဆောင်မှုရှိလာအောင် စွမ်းအားတွေပေးတယ်၊ ဒါကြောင့်မို့ စေတနာကို အင်္ဂလိပ်လို ပြန်တဲ့အခါမှာ Volition လို့ ပြန်လေ့ရှိသော်လည်း တကယ်ပြန်သင့်တာက Stimulation ဖြစ်တယ်၊ အားလုံးရဲ့စွမ်းအားတွေ ထက်လာအောင် စုစည်းပေးတဲ့ သဘော၊ အဲဒီလို စွမ်းအားတွေစုပိသွားတာကြောင့် ဘာတွေပေါ်လာတုန်းဆိုလို့ရှိရင် စိတ်ကတွေးမှု မနောကံ၊ နှုတ်ကထုတ်ပြောမှု ဝစီကံ၊ ကိုယ်ထိလက်ရောက်မှု ကာယကံ သဘောတရားတွေ ပေါ်လာတယ်။
အဲဒီလို ကမ္မဆိုတဲ့ ပြုလုပ်မှုတွေ ပေါ်လာစေတတ်လို့ စေတနာကို ကမ္မလို့ ခေါ်လိုက်တာ၊ အားလုံး စိတ်ရဲ့တွေးခေါ်မှု၊
စာမျက်နှာ-၅၃
နှုတ်ရဲ့ပြောဆိုမှု၊ ကိုယ်ထိလက်ရောက် ဆောင်ရွက်လုပ်ကိုင်မှုဆိုတဲ့ အဲဒီအမှုတွေက ကမ္မပဲ၊ ကမ္မဆိုတဲ့ စကားလုံးက အမှုပဲ၊ အဲဒီပြုလုပ်မှုတွေ သက်သက်ကို မဆိုလိုဘဲနဲ့ အဲဒီပြုလုပ်မှုတွေရဲ့ နောက်ကွယ်ကနေပြီး ဒီလိုပြုလုပ်မှုတွေကို ဖြစ်ပေါ်စေအောင် ဘယ်သူက စွမ်းဆောင်နေသလဲဆိုရင် စေတနာက စွမ်းဆောင်နေတာ၊ ဒါကြောင့်မို့လို့ ဒီစေတနာလေးကို ကမ္မလို့လည်း ခေါ်တယ်၊ ဖန်တီးတတ်လို့ သင်္ခါရလို့လည်း ခေါ်တယ်၊ ဘဝတစ်ခုကို သယ်ဆောင်သွားတတ်လို့ ဘဝလို့လည်း ခေါ်တယ်ပေါ့။
လောကမှာ လူတွေ နေ့စဉ်နဲ့အမျှ ကြံတွေးနေတဲ့ကိစ္စတွေ၊ နှုတ်ကထုတ်ပြောနေတဲ့ ကိစ္စတွေ၊ ကိုယ်ထိလက်ရောက်လုပ်ကိုင်နေတဲ့ ကိစ္စတွေက ဘယ်သူရဲ့တွန်းအားလဲဆိုရင် ဟောဒီစေတနာရဲ့တွန်းအားတွေပဲ၊ သဘာဝတရားတွေကို တွန်းအားပေးလိုက်တဲ့အခါကျတော့ အင်အားတွေတက်လာတယ်၊ အင်အားတွေတက်လာလို့ လုပ်ဆောင်မှုတွေက ထင်ရှားလာတာပေါ့၊ ထင်ရှားလာသည့်အတွက်ကြောင့် ဒီလုပ်ရပ်ကို အမှီပြုပြီး ကောင်းကျိုးဆိုးကျိုးဆိုတာ ဖြစ်ပေါ်လာတယ်။
ဒီသင်္ခါရဆိုတဲ့ ကံတရားတွေဟာ လောဘ၊ ဒေါသ၊ မောဟ ဆိုတာတွေက ဦးဆောင်သွားလို့ရှိရင် မကောင်းတဲ့ကံ ဖြစ်တယ်၊ အလောဘ၊ အဒေါသ၊ အမောဟ စတဲ့တရားတွေက ဦးဆောင်သွားလို့ရှိရင် ကောင်းတဲ့စေတနာ၊ ကောင်းတဲ့ကံ ဖြစ်လာတယ်၊ ကုသိုလ်ကံ၊ အကုသိုလ်ကံလို့ ကံနှစ်မျိုးနှစ်စား ကွဲပြားခြားနားလာတယ်ပေါ့။
စာမျက်နှာ-၅၄
ဝိညာဏ မည်ပုံနှင့် အရ
အဲဒီ ကွဲပြားခြားနားလာတဲ့ ကံတရားတွေဟာ သူတို့ရဲ့ စွမ်းအားသတ္တိအလိုက် ဝိညာဏ်စိတ်တွေကို ဖြစ်ပေါ်စေတယ်၊ ဒီနေရာမှာ ဝိညာဏ ဆိုတာကို - မြန်မာပြည်မှာ သာမန်အရပ်သားတွေက ဝိညာဏ်ဆိုရင် ဝိညာဉ်ကောင်တို့ လိပ်ပြာကောင်တို့ သွားသတိရတယ်၊ လူတွေမမြင်ရတဲ့ လောကကိုလည်း ဝိညာဉ်လောကလို့ တချို့က ပြောတယ်၊ အဲဒါတွေနဲ့ ရောထွေးပြီးတော့ မျက်စိလည်စရာ ရှိတယ်။
ဒီနေရာမှာ ဝိညာဏဆိုတာ ဘာကိုပြောတာလဲဆိုတော့ အသိစိတ်လေးကို ပြောတာ၊ အဲဒီစိတ်ကလေးဟာ စိတ္တဆိုတဲ့ အသုံးလိုပဲ၊ စိတ္တနဲ့ တူတဲ့ အသုံးတစ်ခုက ဝိညာဏပဲ၊ တစ်ခါတစ်ရံ မနလို့ သုံးတာ ရှိတယ်၊ ဒါကြောင့်မို့ သုတ္တန်တစ်ခုမှာ ဒါအတူတူပဲလို့ မြတ်စွာဘုရားက “ယံ စိတ္တံ တံ မနော၊ ယံ မနော တံ ဝိညာဏံ” လို့ ဒီလိုသုံးထားတာ ရှိတယ်၊ စိတ္တရယ် မနရယ် ဝိညာဏရယ် အတူတူပဲ။
အဲဒီတော့ ဝိညာဏ ဆိုတဲ့ စကားလုံးမှာ ဝိ ဆိုတာ မတူ ထူးခြားတဲ့အနေအားဖြင့် ဉာဏ က သိတာ၊ ဘယ်သူနဲ့ မတူတာတုန်းဆိုရင် ပညာသိတဲ့ အသိနဲ့လည်း မတူဘူး၊ စိတ်ထဲကမှတ်ပြီးတော့သိတဲ့ သညာသိနဲ့လည်း မတူဘူးတဲ့၊ ပညာသိ သညာသိတွေနဲ့ မတူ၊ ထူးခြားတဲ့အသိရှိတဲ့ သဘောတရားလို့ ဒီလိုဆိုလိုတယ်။
စိတ်ထဲကသိတဲ့ အသိဟာ “အာရမ္မဏံ ဝိဇာနာတိ” ဆိုတဲ့ ဝိဂြိုဟ်စကားအရ “ဝိဇာနာတိ - မတူ ထူးခြားစွာသိတယ်” ဆိုတာ ကောက်ချက်ချတော့ ဘာတုန်းဆိုရင် “အာရုံကို ရယူတာ” ဒီလိုဆိုလိုတယ်၊ ပညာအနေနဲ့ သိတာလည်း မဟုတ်ဘူး၊ စိတ်ထဲက
စာမျက်နှာ-၅၅
မှတ်ထားတဲ့ သညာသိအနေနဲ့ သိတာလည်း မဟုတ်ဘူးတဲ့၊ ပညာသိ သညာသိတို့နဲ့ မတူ ထူးခြားတဲ့ အသိရှိတဲ့ သဘာဝတရားတစ်မျိုးကို ဝိညာဏလို့ ခေါ်တယ်။
“ဝိညာဏ”ဆိုတဲ့ တရားတစ်ခုဟာ နေရာလိုက်လို့ ကောက်ယူတဲ့ တရားဓမ္မအနေအထားချင်း မတူဘူး၊ “ဝိညာဏက္ခန္ဓာ”ဆိုတဲ့ ခန္ဓာနဲ့ ဆက်စပ်ပြီးပြောတဲ့ ဝိညာဏ်ကျတော့ စိတ်မှန်သမျှကို ဝိညာဏ်လို့ ခေါ်တယ်၊ classified လုပ်ထားတာ ရှိတယ် - စိတ်အကျဉ်း ၈၉-ပါး, အကျယ် ၁၂၁-ပါး ရှိတယ်၊ အဲဒီစိတ်အမျိုးအစားအားလုံးကို ခြုံငုံပြီးတော့ ဝိညာဏက္ခန္ဓာလို့ ခေါ်တာ။
သို့သော် “သင်္ခါရပစ္စယာ ဝိညာဏံ” ကျတော့ အဲဒီ ၈၉-မျိုးလုံးကို ဆိုလိုတာ မဟုတ်တော့ဘူး၊ သူ့နေရာနဲ့သူ စကားလုံးအဓိပ္ပါယ်က ယူရတယ်နော်၊ ဒါ လူတွေပြောတဲ့ စကားလုံးတွေရဲ့ အားနည်းချက်လို့ ပြောရမယ်။ စကားလုံးတွေ ထပ်မထွင်တော့ဘူး၊ “ဝိညာဏ”ဆိုတဲ့ စကားလုံးက တစ်နေရာမှာယူဆတဲ့ အနေအထားတစ်မျိုးရှိသော်လည်း နောက်တစ်နေရာမှာ တစ်မျိုးရှိတယ်ပေါ့။
ဒီနေရာမှာ “ဝိညာဏ” လို့ဆိုတာကျတော့ ဘာကိုပြောတာတုန်းဆို ကံရဲ့ အကျိုးတရားဖြစ်တဲ့ ဝိညာဏတွေကိုသာ ယူရမယ်၊ ကျန်တာတွေ မယူရဘူးလို့ ပြောတယ်။
ဒါကြောင့်မို့ “ဝိပါကဝိညာဏ” ကိုသာ ယူရတယ်၊ ဝိပါကဆိုတာ အကျိုးတရားတဲ့၊ မြန်မာလို ဝိပါက်, ဝိပါက်နဲ့ ခေါ်ကြတာ၊ ကာလဝိပါက် နောက်ပိုးတက်လို့ဆိုတာ ဝိပါကဆိုတဲ့ အဓိပ္ပါယ်က ဒီနေရာမှာ ဘာကိုပြောတာလဲဆိုရင် သဘာဝချင်း မတူတဲ့ လယ်၌ ဖြစ်သော သဘောကို ခေါ်သည်။
စာမျက်နှာ-၅၆
ကုသိုလ် အကုသိုလ်တို့ရဲ့ “ပါက” - “ရင့်ကျက်ဖြစ်ပေါ်လာတဲ့” အကျိုးတရား၊ ကုသိုလ်, အကုသိုလ်တို့ရဲ့ အကျိုးကို ဝိပါက လို့ ခေါ်တယ်။
အဲဒီ ဝိပါကကို အမျိုးအစားအလိုက် ခွဲခြားလိုက်တဲ့အခါ သံသရာဝဋ်နဲ့ပတ်သက်တဲ့ ပဋိစ္စသမုပ္ပါဒ်အကမှာ လောကီဝိပါက် ၃၂-မျိုးကို ယူရတယ်၊ အဲဒီ ၃၂-မျိုးကိုသာလျှင် “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့နေရာမှာ ဆိုလိုတယ်လို့ ဒီလိုမှတ်ရမယ်နော်၊ ဒီ ဝိပါက်စိတ် ၃၂-မျိုးဟာ ကံတရားရှိမှ ဖြစ်ပေါ်လာပါတယ်။
ဥပစိတကမ္မ
ကံဆိုတဲ့နေရာမှာလည်းပဲ ဝိသုဒ္ဓိမဂ်မှာ ပြောထားတယ် - “ဥပစိတကမ္မဘာဝ ဝိပါကဘာဝတော”တဲ့၊ ဥပစိတကမ္မဆိုတာ အကျိုးပေးဖို့ အနေအထားအထိ အင်အားရှိနေတဲ့ ကံမျိုးကိုခေါ်တာ၊ ကံကလည်းပဲ တချို့ကံက အကျိုးပေးနိုင်လောက်အောင် စွမ်းဆောင်မှုမရှိဘူးပေါ့၊ သတ္တိမရှိဘူး၊ ဒါကတော့ ထင်ရှားပါတယ်၊ သစ်ပင်ကနေပြီးတော့ အသီးလေးတွေသီးတဲ့အခါ တချို့အသီးလေးတွေက နုနုနဲ့ ကြွေကျသွားတယ်၊ အစေ့က မရင့်သေးဘူး၊ အစေ့မရင့်သေးလို့ရှိရင် အပင်မပေါက်နိုင်ဘူးပေါ့။
ကံတရားတွေမှာလည်းပဲ ထို့အတူပဲ - ရင့်ကျက်မှုမရသေးတဲ့ မပြည့်မစုံမလုံလောက်သေးတဲ့ ကံတွေကျတော့ ဥပစိတကမ္မ လို့ မခေါ်ဘူးတဲ့၊ အကျိုးပေးနိုင်လောက်အောင် အင်အားမရှိတဲ့ ကံတွေကလည်းပဲ အများကြီးပဲတဲ့၊ သစ်ပင်ကသီးတဲ့ အသီးတွေထဲမှာ အစေ့တိုင်း အပင်ပေါက်နိုင်တာ မဟုတ်ဘူး။
စာမျက်နှာ-၅၇
ကံတွေထဲမှာလည်းပဲ ကံတိုင်းဟာ အကျိုးပေးနိုင်စွမ်း မရှိဘူး၊ ဆိုပါစို့ - ပဋ္ဌာန်းမှာ ကမ္မပစ္စယော လို့ ဟောတဲ့အခါမှာ သဟဇာတကမ္မအနေနဲ့ စေတနာမှန်သမျှကို ကံလို့ပဲ ဟောတယ်၊ ဘာဖြစ်လို့လဲဆိုရင် စေတနာမှန်သမျှ စွမ်းဆောင်မှုကို ပေးတယ်, တွန်းအားတွေ ပေးတယ်။
အခု ဒီနေရာမှာ ဆိုလိုတဲ့ ကံကျတော့ အဲဒီကံမျိုး မဟုတ်ဘူး၊ ကုသိုလ်စိတ်တွေနဲ့ယှဉ်တွဲဖြစ်ပေါ်လာတဲ့စေတနာ, အကုသိုလ်စိတ်တွေနဲ့ ယှဉ်တွဲဖြစ်ပေါ်လာတဲ့စေတနာ၊ ဒီစေတနာမျိုးကိုသာလျှင် ဒီနေရာမှာ ကံလို့ ပြောတာ၊ အခြား ဝိပါက်စိတ်တွေနဲ့ ယှဉ်တွဲလာတဲ့စေတနာတွေ, ကြိယာစိတ်တွေနဲ့ ယှဉ်တွဲလာတဲ့စေတနာတွေ ရှိသေးတယ်၊ အဲဒီစေတနာတွေကိုတော့ အခု ဒီနေရာမှာ ဆိုလိုတဲ့ “သင်္ခါရပစ္စယာ ဝိညာဏံ”က သင်္ခါရဆိုတဲ့ ကံထဲမှာ မပါဘူးလို့၊ ဒီလိုမှတ်ယူရမှာပေါ့။
ဘုန်းကြီးတို့တစ်တွေဟာ နေ့စဉ်နှင့်အမျှ လောဘအခြေခံတဲ့စိတ်, ဒေါသအခြေခံတဲ့စိတ်, မောဟအခြေခံတဲ့စိတ် - သို့မဟုတ် အလောဘအခြေခံတဲ့စိတ်, အဒေါသအခြေခံတဲ့စိတ်, အမောဟအခြေခံတဲ့စိတ်တွေနဲ့ ကြံတွေးကြတယ်၊ နှုတ်က ပြောဆိုကြတယ်၊ ကိုယ်ထိလက်ရောက် လုပ်ကြတယ်၊ အဲဒီလိုဖြစ်ပေါ်နေဖို့ စေတနာဆိုတဲ့ တွန်းအားတွေက ဖြစ်နေတယ်၊ အဲဒီတွန်းအားတွေဟာ စိတ်စွမ်းဆောင်ဖို့ အောင်အောင်မြင်မြင်ကြီး ဖြစ်ပေါ်ပြီးရင်တော့ ရပ်တည်နိုင်တဲ့ အတိုင်းအတာတစ်ခုအတွင်းမှာ အားလုံးဟာ ပျက်စီးသွားတာပဲ။
စာမျက်နှာ-၅၈
စိတ်တစ်ခုရဲ့ သက်တမ်းဟာ အင်မတန်မှ တိုတယ်၊ ဖြစ်, တည်, ပျက် (ဥပါဒ်, ဌီ, ဘင်) ဆိုတဲ့ ခဏငယ်သုံးခုပဲ ရှိတယ်၊ ဖြစ်ခိုက်အချိန်ပိုင်းလေးရယ်, ပျက်သွားတဲ့အချိန်ပိုင်းလေးရယ်, ဖြစ်မှုပျက်မှုရဲ့ ကြားထဲမှာရှိတဲ့ အချိန်ပိုင်းလေးရယ်၊ စဖြစ်တဲ့အချိန်ပိုင်းလေးကို ဥပါဒ် လို့ ခေါ်တယ်၊ ပျက်သွားတဲ့အချိန်ပိုင်းလေးကို ဘင် လို့ ခေါ်တယ်၊ အဲဒီနှစ်ခုကြား အချိန်ပိုင်းလေးကို ဌီ လို့ ခေါ်တယ်။
စိတ်ဟာ အင်မတန်မှ တိုတောင်းသည့်အတွက်ကြောင့် မြတ်စွာဘုရားက စိတ္တယမိုက်ကို ဟောတဲ့အခါမှာ ခဏကို ထည့်တောင် မဟောဘူး၊ ဘာဖြစ်လို့လဲ သိပ်တိုလွန်းအားကြီးလို့။
ဒါကြောင့်မို့ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ စိတ်ကလေးဟာ ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် အကျိုးတရားတွေကို ထုတ်လုပ်လိုက်တယ်၊ စိတ်ဖြစ်တာနဲ့ တစ်ပြိုင်နက် စိတ္တဇရုပ်က တစ်ခါတည်း မွေးဖွားပြီးသားဖြစ်တယ်၊ ပြိုင်တူဖြစ်စေတယ်၊ အဲဒီလောက်ထိအောင် စွမ်းအားထက်တယ်၊ ဖြစ်တဲ့အခိုက်ဥပါဒ်ခဏမှာ စွမ်းအားတွေထွက်တယ်ပေါ့၊ ဒါကြောင့်မို့ စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဆိုင်ရာအကျိုးရုပ်တရားကို သူကထုတ်လုပ်ပြီးသားဖြစ်သွားတယ်၊ ထုတ်လုပ်လို့ရတဲ့စိတ်က အဲဒီလိုထုတ်လုပ်နေတယ်။
အဲဒီတော့ ကောင်းပြီ- ခုနက စေတနာဆိုတာလည်း စိတ်နဲ့ယှဉ်တွဲပြီးတော့ ဖြစ်ရတာ ဖြစ်တော့ စိတ်တစ်ခုမှာ စေတနာတစ်ခု၊ သာမန်စိတ်တွေမှာရှိတဲ့ စေတနာကျတော့ စွမ်းအားဒီလောက် မရှိဘူး၊ ကုသိုလ်စိတ်, အကုသိုလ်စိတ်တွေမှာ ဖြစ်ပေါ်လာတဲ့စေတနာကျတော့ စွမ်းအားတွေ တက်လာတယ်၊ အရှိန်အဟုန်တွေ energy တွေ ရှိလာတယ်၊ အဲဒီအရှိန်အဟုန်တွေက ကံ
စာမျက်နှာ-၅၉
တရားအနေနဲ့ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ accumulate ဖြစ်လာတယ်၊ accumulate ဖြစ်တယ်ဆိုတာ စုမိသွားတယ်၊ ကံတရားတွေဟာ ဥပစိတံ - စုဆောင်းမိသွားပြီ။ ကံတရားတွေက ဖြစ်ပြီး ဘယ်နေရာမှာ စုနေလဲ?
ဒါဖြင့် ကံတရားတွေ ဖြစ်ပြီး ဘယ်နေရာမှာ စုနေသလဲ? - စဉ်းစားကြည့်မယ်ဆိုရင် ဦးနှောက်ထဲမှာ စုတာလား၊ နှလုံးသားထဲမှာ စုတာလား၊ တစ်နေရာမှာ စုနေသလားလို့၊ ဖြစ်သွားတဲ့ကံတရားတွေဟာ ဘယ်နေရာမှာ တည်ရှိသလဲဆိုတာ စဉ်းစားရမယ်၊ အကယ်၍ ဦးနှောက်ထဲမှာ စုတယ်ဆိုရင် - ဦးနှောက်ဟာ ရုပ်တရားပဲ၊ လူသေရင် ဦးနှောက်သေသွားမှာ၊ တချို့ဆိုရင် လူမသေခင် ဦးနှောက်သေသွားတာ ရှိသေးတယ်၊ အကယ်၍ နှလုံးသားထဲမှာ စုနေတယ်ဆိုရင်လည်း - နှလုံးသားအစားထိုးလဲလှယ်လိုက်လို့ရှိရင် ကံတရားတွေဟာ အခြေအနေဆိုးသွားနိုင်တာပေါ့။ အဲဒီတော့ နှလုံးသားထဲမှာလည်းပဲ ဒီကံတရားတွေဟာ စုနေတာ မဟုတ်ဘူး၊ ကံတရားတွေရဲ့ စွမ်းရည်သတ္တိဟာ နှလုံးသားထဲမှာ ရှိတာ မဟုတ်ဘူး၊ ဦးနှောက်ထဲမှာ ရှိတာလည်း မဟုတ်ဘူး၊ ဘယ်မှာ ရှိတာလဲလို့ မေးမယ်ဆိုလို့ရှိရင် “စိတ္တသန္တတိ” လို့ခေါ်တဲ့ စိတ်ဖြစ်စဉ်လေးတစ်ခုမှာ ရှိတယ်ပေါ့။
စိတ်ဖြစ်စဉ်ဆိုတာ non-stop ဘယ်တော့မှ မရပ်ဘူး၊ စိတ်တစ်ခုပြီးရင် နောက်တစ်ခု၊ နောက်တစ်ခုပြီးရင် နောက်တစ်ခု၊ စိတ်ဖြစ်စဉ်ရပ်ဆိုင်းသွားတာ ၂-နေရာပဲရှိတယ် - နိရောဓသမာပတ် ဝင်စားခိုက်မှာ ခေတ္တခဏရပ်သွားတာ ရှိတယ်၊ အသညသတ်ဘုံ
စာမျက်နှာ-၆၀
ရောက်သွားလို့ရှိရင်လည်းပဲ ရပ်ဆိုင်းသွားတာ ရှိတယ်၊ ကျန်တဲ့အချိန်မှာဆိုရင် စိတ်ဖြစ်စဉ်ဟာ ဘယ်တော့မှ မရပ်ဆိုင်းဘူးတဲ့။
ဒါကြောင့်မို့ ကံတရားတွေဟာ accumulate ဖြစ်တယ်ဆိုတာ ဘယ်မှာ စုမိဆောင်းမိတာတုန်းဆို ကိုယ့်ရဲ့ စိတ်ဖြစ်စဉ်ထဲမှာ စုမိဆောင်းတယ်လို့ ဒီလိုပြောရမှာ စိတ်အစဉ်ဆိုတာ တွန်းအားပေးသွားတာ၊ ပထမစိတ်မှာရှိတဲ့ စေတနာရဲ့ စွမ်းအင်တွေဟာ ပထမစိတ်ချုပ်တာနဲ့ တစ်ပြိုင်နက် ဒုတိယစိတ်၊ ဒုတိယစိတ်ချုပ်သွားရင် တတိယစိတ်၊ တတိယစိတ်ချုပ်သွားရင် စတုတ္ထစိတ်ဖြစ်။
ခေတ်စကားနဲ့ ပြောရရင် ဒါ on-line ပေါ့နော်၊ ကိုယ့် line ထဲမှာ ဒီစေတနာကံတရားတွေဟာ ဖြစ်နေတာလို့ ပြောရတယ်။
အဲဒီလို on-line အနေနဲ့ ကိုယ့်ရဲ့ စိတ်ဖြစ်စဉ်ကြီးတစ်ခုတည်းမှာ တည်ရှိနေတဲ့ သင်္ခါရလို့ဆိုတဲ့ ကံတရားတွေဟာ ဘဝသစ်တစ်ခုကို အစပြုပြီးတော့ ထုတ်လုပ်ပေးနိုင်တာကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က “သင်္ခါရပစ္စယာ ဝိညာဏံ”လို့ ဒီလိုဟောတာနော်။
ဒီတော့ ဘဝသစ်ကို ကံတရားက ဘယ်ပုံထုတ်လုပ်တာလဲ။ သူ့ချည်း စွမ်းဆောင်နိုင်မှု ရှိရဲ့လားလို့ - ကံတရားအကြောင်းကို သေသေချာချာ လေ့လာလို့ရှိရင် ကံတရားတွေက မြောက်မြားစွာ စုမိကြတယ်၊ ဘုန်းကြီးတို့တစ်တွေ လွန်ခဲ့တဲ့ အတိတ်ဘဝတွေကလည်း မြောက်မြားစွာသော ကံတရားတွေ စုထားကြတယ်၊ ဒီဘဝမှာလည်းပဲ မြောက်မြားစွာသော ကံတရားတွေ စုမိကြတယ်၊ မိမိတို့ရဲ့ စိတ်အစဉ်ထဲမှာ ကံတရားတွေဟာ ဖြစ်နေတယ်၊ ပျောက်သွား
စာမျက်နှာ-၆၁
တာ မရှိဘူး၊ ပြောဆိုစရာလေးတစ်ခုတော့ ရှိတာပေါ့၊ ကံတွေမှာလည်း စွမ်းရည်သတ္တိချင်း မတူသည့်အတွက်ကြောင့် သူတို့ရဲ့ အတိုင်းအတာတွေကလည်း မတူကြဘူးလို့ ပြောတယ်။
ကံတို့ စွမ်းရည်သတ္တိချင်း မတူပုံ
တချို့ကံတရားက စွမ်းရည်သတ္တိ မပြည့်သည့်အတွက်ကြောင့် အကျိုးပေးချင်းပေးရင် ဒီဘဝမှာပဲ ပေးတယ်၊ နောက်ဘဝထိအောင် မလိုက်နိုင်တဲ့ ကံတရား ရှိသေးတယ်၊ အဲဒါကို ဒိဋ္ဌဓမ္မဝေဒနီယကံလို့ ခေါ်တယ်၊ အကျိုးပေးစရာရှိရင် ဒီဘဝတင်ပဲ အကျိုးပေးတယ်၊ အကယ်၍ ဒီဘဝအဆုံးသတ်သွားပြီဆိုရင် သူလည်း expired ဖြစ်သွားတယ်၊ အဲဒီ expire ဖြစ်သွားတဲ့ ကံတွေကိုပဲ အဟောသိကံလို့ ပြောတာနော်၊ အဟောသိကံဆိုတာ ကံအနေနဲ့သာ ဖြစ်ခဲ့တာ၊ သို့သော် အကျိုးတရားအနေနဲ့ လာမှာ မဟုတ်တော့ဘူးတဲ့၊ အခုခေတ်စကားနဲ့ ပြောရင်တော့ expired ဖြစ်သွားပြီပေါ့၊ ဒိဋ္ဌဓမ္မဝေဒနီယကံသည် မျက်မှောက်ဘဝမှာ အကျိုးပေးနိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်၊ နောက်ဘဝအထိအောင် သူက မပါနိုင်ဘူး၊ မပါနိုင်သည့်အတွက်ကြောင့် ဒီဘဝအဆုံးသတ်တာနဲ့ တစ်ပြိုင်နက် သူက အဟောသိကံဖြစ်သွားတယ်လို့ ခေါ်တယ်။
တစ်ခါ ဥပပဇ္ဇဝေဒနီယကံဆိုတာက သူ့ရဲ့ အကျိုးပေးနိုင်စွမ်းသတ္တိက ဒီဘဝကသေပြီး နောက်ဘဝမှာရှိတယ်၊ သူအကျိုးပေးရမယ့်အချိန်က ဒုတိယဘဝဖြစ်တယ်၊ သို့သော် ကံမကောင်းအကြောင်းမလှလို့ သူ့ထက်ဦးတဲ့ ကံကအကျိုးပေးသွားရင် သူက အကျိုးမပေးနိုင်တော့ဘူးပေါ့။
စာမျက်နှာ-၆၂
ဘောလုံးလေးတွေမှာ ဂဏန်းရေးပြီးတော့ ထီဖွင့်တာတွေ့ဖူးကြပါလိမ့်မယ်၊ အပေါက်ကလေးကျဉ်းကျဉ်းတစ်ခုတည်း ဖွင့်ထားပြီးတော့ ဂဏန်းမျိုးစုံရေးထားတဲ့ ဘောလုံးလေးတွေ လှည့်ပြီးတော့ ထုတ်လိုက်တဲ့အခါ ဘယ်နံပါတ်ထွက်မယ်ဆိုတာ မသိနိုင်ဘူး၊ အဲဒါလိုပဲ ကံတွေမြောက်မြားစွာထဲက ဒီဘဝအဆုံးသတ်သွားတဲ့အခါမှာ ဒုတိယဘဝမှာ ဘယ်ကံက အခွင့်အရေးရသွားမယ်ဆိုတာ မသိဘူး၊ အဲဒီတော့ ကံတစ်ခုက အခွင့်အရေးရသွားရင် ကျန်တဲ့ ဥပပဇ္ဇဝေဒနီယကံတွေက အခွင့်အရေးမရဘူးတွေ အများကြီး ဖြစ်သွားမယ်၊ အခွင့်အရေး မရတော့ဘူးဆိုရင် အခွင့်အရေးရတဲ့ကံက ဒုတိယဘဝမှာ ဝိညာဏဆိုတဲ့ အကျိုးကို ထုတ်လုပ်ပြီးတော့ ကျန်တဲ့ကံတွေကတော့ expired ဖြစ်သွားတယ်၊ မလာတော့ဘူး။
အပရာပရိယဝေဒနီယကံဆိုတဲ့ နောက်တစ်မျိုးရှိသေးတယ်။ ဇောနဲ့ သတ်မှတ်ပြီးတော့ ပြောတာပေါ့၊ အပရာပရိယဝေဒနီယကံဆိုတာကျတော့ သူက တတိယဘဝကနေပြီး ဘဝသံသရာအဆုံးသတ်အောင်၊ ဆိုလိုတာက သံသရာထဲရှိနေသမျှ ဒီကံကတော့ ဘယ်တော့မှ expire မဖြစ်ဘူး၊ သူ expire ဖြစ်တာက ရဟန္တာဖြစ်ပြီး ဘဝအဆုံးသတ်သွားပြီဆိုရင်တော့ expire ဖြစ်တယ်။
ပါဠိတော်လာ စကားနဲ့ ပြောမယ်ဆိုရင် အပရပရိယာယ၊ အပရဆိုတာ နောက်တစ်ခုဖြစ်တဲ့ ပရိယာယ အလှည့်အကြိမ် အခွင့်အလှည့်၊ ဒီဘဝဆိုတဲ့ အလှည့်လည်း မဟုတ်ဘူး၊ ဒုတိယဘဝဆိုတဲ့ အလှည့်လည်း မဟုတ်ဘူး၊ သင့်လျော်တဲ့အချိန်အလှည့်ကို ပြောတာ- သူ့အလှည့်က၊ သူက waiting list သဘောမျိုးပဲ၊ အမြဲတမ်းစောင့်ဆိုင်းနေမှာပဲ, သူကတော့ ready ပဲ၊ အကြောင်းတရား
စာမျက်နှာ-၆၃
တွေနဲ့ ပေါင်းဆုံမိတာနဲ့ တစ်ပြိုင်နက် အကျိုးတရားကို ထုတ်လုပ်ပေးတယ်၊ ကံတရားက သူ့ချည်းတော့ ထုတ်လုပ်လို့ မရဘူးတဲ့။
ဒါ့ကြောင့် အချိန်အကန့်အသတ်နဲ့ ပြောမယ်ဆိုရင် ဒိဋ္ဌဓမ္မဝေဒနီယကံကလည်းပဲ ဒီဘဝအဆုံးသတ်သွားရင် expire ဖြစ်သွားတယ် အဟောသိကံ ဖြစ်သွားတယ်၊ ဥပပဇ္ဇဝေဒနီယကံကလည်းပဲ ဒုတိယဘဝရောက်သွားတာနဲ့ အဟောသိကံ ဖြစ်သွားတယ်။
အပရာပရိယဝေဒနီယကံက ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာနစုတိ ပရိနိဗ္ဗာန်စံလိုက်တာနဲ့ တစ်ပြိုင်နက် ဘဝအဆုံးသတ်သွားသည့်အတွက်ကြောင့် သူလည်း အဲဒီကျတော့မှ expire ဖြစ်သွားတော့တယ်၊ ဒါက အတိုင်းအတာတစ်ခုနဲ့ ပြောပြတဲ့ ကံတရားတွေပေါ့။
ကံတို့ အကျိုးပေးရာအခါ
အဲဒီကံတရားတွေက ဝိညာဏဆိုတဲ့ အကျိုးတရားကို အခွင့်အခါသင့်တိုင်း ထုတ်လုပ်တယ်၊ အဲဒီလို အကျိုးထုတ်လုပ်တဲ့အခါမှာ ထုတ်လုပ်တဲ့အချိန်က ၂-ချိန် ရှိတယ်တဲ့၊ ဘယ်အချိန်မှာ ထုတ်လုပ်တုန်းဆိုရင် ဘဝတစ်ခုအစပြုတဲ့ ပဋိသန္ဓေကာလမှာ ထုတ်လုပ်တာကတစ်ခု၊ ပဋိသန္ဓေနေပြီးတဲ့နောက် ဘဝဆက်လက်တည်ရှိနေတဲ့အချိန် အသက်ရှင်နေသမျှ ကာလပတ်လုံး ပဝတ္တိဆိုတဲ့ ဆက်လက်ဖြစ်ပေါ်နေတဲ့ အချိန်ပိုင်းမှာ ထုတ်လုပ်တာကတစ်ခု၊ စာလိုပြောရင် ပဋိသန္ဓေအခါနဲ့ ပဝတ္တိအခါ။
“ပဋိသန္ဓေအခါ”ဆိုတာ ဘဝတစ်ခုအစပြုတဲ့ အချိန်ပိုင်းဖြစ်တယ်၊ “ပဝတ္တိအခါ”ဆိုတာ ဘဝတစ်ခုအစပြုပြီးတဲ့နောက် သေဆုံးသည်အထိ အချိန်ပိုင်းပဲ အဲဒီနှစ်ခုမှာ သင်္ခါရဆိုတဲ့ ကံတရား
စာမျက်နှာ-၆၄
က ဝိညာဏလို့ဆိုတဲ့ အကျိုးစိတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့၊ ဒီလိုပြောတာ။
နည်းနှစ်နည်း၌ ဟောပုံ
ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဒီလိုဟောထားတာ။
ပဋ္ဌာန်းနည်းနဲ့သုံးသပ်ပြီးတော့ ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက ဥပနိဿယပစ္စည်းမှာ ဘယ်လိုဟောထားလဲဆိုတော့ “ကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယပစ္စယေန ပစ္စယော”၊ “အကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယပစ္စယေန ပစ္စယော” တဲ့၊ ကုသိုလ်ကံသည် ဝိပါကဆိုတဲ့ အကျိုးတရားကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အင်အားကောင်းတဲ့ မှီရာတစ်ခုအနေနဲ့ ကျေးဇူးပြုတယ်လို့ပေါ့၊ ကံကနေပြီး ဝိပါက်စိတ်ကို ဖြစ်ပေါ်စေတာဟာ ဘယ်စွမ်းရည်သတ္တိကို ကျေးဇူးပြုသလဲဆိုတာ ပဋ္ဌာန်းမှာ သတ္တိပါ ထည့်ဟောတယ်၊ ပဋိစ္စသမုပ္ပါဒ်ကျတော့ “သင်္ခါရပစ္စယာ ဝိညာဏံ”၊ “ဘဝပစ္စယာ ဇာတိ” လို့ ဒီလောက်ပဲဟောတယ်၊
ပဋ္ဌာန်းမှာကတော့ ကုသိုလ်ကံကပဲဖြစ်ဖြစ်, အကုသိုလ်ကံကပဲဖြစ်ဖြစ် အကျိုးတရားတွေကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ကံတရားရှိလို့ အကျိုးတရားတွေ ရှိနေရတယ်လို့ ဒီလိုဆိုလိုတာ၊ ထို့အတူပဲ ကမ္မပစ္စည်းမှာ မြတ်စွာဘုရားက ဘယ်လို
စာမျက်နှာ-၆၅
ဟောတုန်းဆိုတော့ “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” - “ကုသိုလ်၊ အကုသိုလ်ကံဟာ ဝိပါက်နာမ်ခန္ဓာတွေအား ကမ္မသတ္တိနဲ့ ကျေးဇူးပြုပါတယ်” လို့ ဒီလိုဟောတယ်။
ဒီတော့ ကုသိုလ် အကုသိုလ်ကံဟာ ဝိပါကလို့ဆိုတဲ့ ဝိညာဏကိုသာ ကျေးဇူးပြုတာ မဟုတ်ဘူး၊ “ကဋတ္တာ စ ရူပါနံ” လို့ ကမ္မဇရုပ်တွေကိုလည်း ထုတ်လုပ်ပေးသေးတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာတော့ မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ပဲ ဟောထားတယ်၊ ရုပ်တွေကို ထုတ်လုပ်တဲ့အကြောင်းကို ဒီနေရာမှာ မဟောဘူးနော်၊ ဘာဖြစ်လို့ မဟောတာတုန်းဆိုလို့ရှိရင် ဝိညာဏကို ဦးတည်ထားတာ၊ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောတဲ့အခါကျတော့ အဲဒါပါလာတယ်၊ ဝိညာဏရှိလာတာနဲ့ တစ်ပြိုင်နက် နာမရူပတွေ ဖြစ်လာတယ်ဆိုတဲ့အထဲမယ် ပါတယ်။
ပဋ္ဌာန်းနဲ့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ အခြေခံအားဖြင့် တစ်ထပ်တည်းပါပဲ၊ ပဋ္ဌာန်းက စွမ်းရည်သတ္တိဓမ္မသတ္တိကို ဖော်ပြတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ အကြောင်းတရားနဲ့ အကျိုးတရားနှစ်မျိုးကိုပဲ ရှင်းတယ်၊ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုရှိတာတွေလောက်ပဲ ရှင်းတယ်ပေါ့။
ကံက ဘဝတစ်ခုကို ထုတ်လုပ်ပုံ
အဲဒီတော့ ကုသိုလ်ကံ အကုသိုလ်ကံတရားတွေက အကျိုးတရားတွေကို ထုတ်လုပ်ပြီဆိုတဲ့အခါမှာ ဘုန်းကြီးတို့ဘဝမှာ ဘယ်လိုနည်းနဲ့ ထုတ်လုပ်သလဲ?
လူတွေဟာ ဘဝတစ်ခုအဆုံးသတ်တော့မယ်ဆိုရင် ကိုယ်ဖြတ်သန်းလာတဲ့ဘဝမှာ ကောင်းတာတွေလည်း လုပ်ကြတယ်, ဆိုးတာတွေလည်း လုပ်ကြတယ်၊ နောက်ဆုံးအချိန်ရောက်လာပြီဆို
စာမျက်နှာ-၆၆
လို့ရှိရင် အဲဒီကိုယ်လုပ်ခဲ့တဲ့ အကောင်းအဆိုးတွေဟာ အရိပ်သဖွယ် မိမိရဲ့စိတ်ကို လွှမ်းမိုးပြီး ပေါ်လာတတ်တယ်၊ ဒါသေချာပေါက်ပဲ။
သေအံ့မူးမူးအချိန် ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ အိပ်မက်ထဲမှာလိုလို တကယ်ပဲမြင်ရတာလိုလို စိတ်အစဉ်မှာ လွှမ်းမိုးပြီး ပေါ်လာလိမ့်မယ်၊ အဲဒီလိုလွှမ်းမိုးပြီးတော့ ပေါ်လာတတ်တာ ၃-မျိုး ရှိတယ်ပေါ့။ - ကိုယ်လုပ်ခဲ့တဲ့ ကံအာရုံကတစ်ခု၊ - ကမ္မနိမိတ်ဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံကို လုပ်တဲ့အချိန်တုန်းက ပတ်ဝန်းကျင်အခြေအနေတွေကတစ်ခု၊ ဂတိနိမိတ်ဆိုတာ နောင်ဘဝမှာဖြစ်ပေါ်လာမယ့် အရိပ်နိမိတ်တွေကတစ်ခုဆိုပြီး - သုံးခုရှိတယ်။
အဲဒီ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် အာရုံတစ်မျိုးမျိုးဟာ သေခါနီးပုဂ္ဂိုလ်မှာ ပေါ်လာတတ်တယ်ပေါ့။
ကံအာရုံ
ကံဆိုတာ ဘယ်လိုကံမျိုးပေါ်လာသလဲဆိုရင် ဘဝတစ်ခုကို ထုတ်လုပ်တော့မယ့် စွမ်းအားပြည့်တဲ့ အခွင့်ရလာတဲ့ ကံတရားတစ်ခုဟာ စိတ်အစဉ်ကို လွှမ်းမိုးပြီး အဲဒီအချိန်မှာ ပေါ်နေတတ်တယ်၊ အဲဒီလို ဘာ့ကြောင့်ပေါ်တာတုန်းဆိုရင် ကံတရားရဲ့ စွမ်းရည်သတ္တိကြောင့်ပဲ ပေါ်တာ၊ ဘယ်သူကမှ လာလုပ်ပေးတာ မဟုတ်ဘူး၊ ကံတရားရဲ့ စွမ်းရည်သတ္တိနဲ့ စိတ်အစဉ်ထဲမှာ ဒါတွေ လာပေါ်တယ်။
စာမျက်နှာ-၆၇
အဲဒီကံ ပေါ်နေတယ်ဆိုလို့ရှိရင် ဥပမာ- လူတစ်ယောက်ဟာ စိတ်ဆိုးခဲ့တဲ့ဒေါသနဲ့ ပတ်သက်တဲ့ကံ ဆိုလို့ရှိရင် အဲဒီအချိန်မှာ အဲဒီစိတ်မျိုးတွေ ပေါ်လာတယ်၊ စိတ်တွေ ရှိနေတယ်၊ စိတ်တွေဆိုးနေတယ်၊ အရင်တုန်းက ခံစားမှုမျိုးတွေ ခံစားနေရတယ်။ ဒါမျိုးဖြစ်လာတယ်၊ ဒီလိုပဲ ကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်မှာ အရင်တုန်းက ကမ္မဋ္ဌာန်းထိုင်နေတယ်, ဘုရားကို အာရုံပြုနေတယ်ဆိုရင် အဲဒီအခြေအနေတွေ လာပေါ်တာပဲ၊ စိတ်အစဉ်ထဲမှာ အဲဒီလို ကံအာရုံ ပေါ်လာတတ်တယ်။
ကမ္မနိမိတ်
ကမ္မနိမိတ်ဆိုတာ ကံပြုစဉ်က အခြေအနေ (condition of kamma) ကို ပြောတာ၊ ဘုရားခန်းမှာ တရားထိုင်တယ်ဆိုရင် ဘုရားရုပ်ပွားတော် ပေါ်နေတယ်၊ ဘုရားကို ဆီမီး ပန်း ရေချမ်းတွေ ဆက်ကပ်ထားတာတွေ ပတ်ဝန်းကျင်အခြေအနေတွေ အကုန်လုံး စိတ်ထဲမှာ အိပ်မက်မက်သလို ပေါ်နေတတ်တယ်။
မကောင်းတာလုပ်ထားတဲ့ပုဂ္ဂိုလ်မှာ မကောင်းတဲ့အခြေအနေမျိုးတွေ လာပေါ်တတ်တယ်၊ ဆိုပါစို့ - တိရစ္ဆာန်တွေကို သတ်ဖြတ်နေတယ်ဆိုရင် အခုပဲ တိရစ္ဆာန်တွေကို သတ်နေရသလို ဒေါသဖြစ်တယ်၊ တိရစ္ဆာန်က ကိုယ့်ကို ရန်လုပ်တယ်၊ ကိုယ်က တိရစ္ဆာန်ကို သတ်နေတယ်၊ အဲဒီပုံစံမျိုးတွေ လာပေါ်တတ်တယ်ပေါ့၊ ပတ်ဝန်းကျင်အခြေအနေတွေ အကုန်လာပေါ်တယ်၊ အဲဒါကို ကမ္မနိမိတ်ပေါ်တယ်လို့ ခေါ်တယ်။
စာမျက်နှာ-၆၈
ဂတိနိမိတ်
ဂတိနိမိတ်ဆိုတာကျတော့ ပေါ်ပုံပေါ်နည်း အမျိုးမျိုးပေါ့၊ သို့သော် စာပေကျမ်းဂန်မှာ ရေးထားတာကတော့ လူ့ပြည်ပြန်ရောက်မယ့် ပုဂ္ဂိုလ်တစ်ယောက်ဟာ “အမိဝမ်းရေ” ပေါ်တယ်၊ ဒါပေါ်နိုင်တာတစ်ခုကို ပြောတဲ့သဘောပါ။ တခြားနည်းနဲ့လည်း ဂတိပေါ်တယ်လို့ ပြောနိုင်တယ်။
အဲဒီဂတိနိမိတ်ပေါ်တာ ဘာလဲဆိုရင် သေခါနီးအချိန်မှာ ကုသိုလ်ကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာ သေငယ်ဇောနဲ့ မျောသွားပြီဆိုတဲ့ အချိန်လေးမှာ အိပ်မက်ထဲမှာလိုလို ဘာတွေပေါ်တတ်တုန်း၊ လူ့ပြည်ပြန်ရောက်မယ့်ပုဂ္ဂိုလ်ဟာ မြို့တစ်မြို့ရောက်သွားတယ်, အိမ်တစ်အိမ်တွေ့တယ် အဲဒီအိမ်ပေါ် တက်သွားတယ်။ ဝါလည်း ဂတိနိမိတ်ပဲပေါ့၊ အဲဒီအိမ်ပေါ် သူတက်နေရတယ်လို့ ပေါ်တယ်၊ အဲဒီအိမ်ကလူတွေက သူ့ကို ခေါ်သွားတယ်တို့ ဒီလိုပေါ်တာမျိုးတွေပေါ့။
နတ်ပြည်ရောက်တော့မယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းပဲ နတ်ပြည်က နတ်သားတွေက သူ့ကို လာခေါ်နေကြတယ်, ရထားကြီးနဲ့တင် ခေါ်သွားတယ်, ဥယျာဉ်ဗိမာန်တွေထဲ သူရောက်သွားတယ်ဆိုတဲ့ အနေအထားမျိုးတွေ ပေါ်လာတယ်ပေါ့။ ကိုယ်ရောက်မယ့်နေရာတွေကို ကြိုတင်ပြီးတော့ ထင်ယောင်မြင်ယောင်ဖြစ်လာတယ်၊ ဒါ ဂတိနိမိတ်လို့ ခေါ်တယ်။
တကယ့်ကို မြင်ရတဲ့ ဂတိနိမိတ်ကလည်း ရှိသေးတယ်ပေါ့။ ဒိပြင်ပုဂ္ဂိုလ်တွေက မမြင်ရဘူး၊ ကာယကံရှင်ကိုယ်တိုင်ကတော့ တကယ့်မျက်စိနဲ့မြင်ရတဲ့ ဂတိနိမိတ်မျိုး ရှိတတ်တယ်ပေါ့။
စာမျက်နှာ-၆၉
ဓမ္မိကဥပါသကာဝတ္ထု
ဓမ္မိကဥပါသကာရဲ့ဝတ္ထုမှာ ဆိုထားတယ်၊ ဓမ္မိကဥပါသကာကြီးက ရောဂါဝေဒနာ အကြီးအကျယ်ဖြစ်ပြီး သေခါနီးဆဲဆဲ ရောက်နေတဲ့အချိန်မှာ ရဟန်းတွေပင့်ပြီး မဟာသတိပဋ္ဌာန်သုတ်ကို နာနေတယ်။
အဲဒီလို တရားနာနေတဲ့အချိန်မှာ နတ်ပြည်ခြောက်ထပ်က နတ်ရထားတွေ သူ့အိမ်ဝရောက်လာပြီး ခေါ်ကြတယ်၊ “ကျွန်တော်တို့ဘုံကို လိုက်ခဲ့ပါ” ဆိုပြီး အလုအယက်ခေါ်ကြတယ်၊ အခုခေတ် ဆိုက်ကားသမား မြင်းလှည်းသမားတွေ ရထားဆိပ်တို့ သင်္ဘောဆိပ်တို့မှာ အလုအယက်ခေါ်သလိုပဲ သူတို့ကခေါ်တဲ့အခါ ရဟန်းတွေရွတ်နေတဲ့ မဟာသတိပဋ္ဌာန်သုတ်ကို နာနေတဲ့ ဒကာကြီးက ဘာပြောတုန်းဆို “နေကြပါဦး၊ ဆိုင်းကြပါဦး” လို့ ပြောတယ်၊ သူက တကယ်မြင်နေတာ၊ တရားနာရင်း သူ့ကိုလာခေါ်နေတဲ့အသံတွေလည်း ကြားတယ်၊ “ဆိုင်းကြပါဦး၊ ဆိုင်းကြပါဦး” ဆိုတော့ ရဟန်းတော်တွေက “တို့ကို ရပ်ခိုင်းတာဖြစ်မယ်” ဆိုပြီးတော့ ဆက်မရွတ်တော့ဘူး၊ ရပ်လိုက်ကြတယ်။
အဲဒီအချိန်မှာ သူက မေ့မျောသွားတယ်၊ ရဟန်းတော်တွေ ပြန်သွားမှ သတိပြန်ရလာတဲ့အခါ မိသားစုတွေက ငိုနေကြတယ်၊ “ဘာဖြစ်လို့ ငိုနေကြတာလဲ” သူသတိပြန်လည်တော့ မေးတယ်၊ “ခုနက အဖေပဲ သံဃာတော်တွေပင့် တရားနာနေတာကို ရပ်ပါဦး၊ ဆိုင်းပါဦးဆိုလို့ ကိုယ်တော်တွေ ပြန်ကြွကုန်ပြီ” ဆိုတော့ “ငါကိုယ်တော်တွေကို ပြောတာမဟုတ်ဘူး” တဲ့၊ “ဟိုမှာ နတ်ပြည်ကရထားတွေနဲ့ လာခေါ်နေပြီ၊ မမြင်ကြဘူးလား” လို့ဆိုတော့ ဘယ်သူကမှ
စာမျက်နှာ-၇၀
မမြင်ဘူး၊ သူတို့အဖေ ကယောင်ကတမ်းနဲ့ ပြောတယ်ပဲ ထင်နေကြတာ။ တကယ်တော့ သူ့မျက်စိနဲ့ သေချာမြင်နေတာ၊ ဘုရားလောင်းတွေနေတဲ့ တုသိတာဘုံက အကောင်းဆုံးဆိုတာ သိရလို့ ပန်းကုံးတစ်ကုံးတောင်းပြီး အဲဒီတုသိတာဘုံက နတ်ရထားဆီ လှမ်းပစ်ပြီး ချိတ်လိုက်တဲ့အခါ ပန်းကုံးကိုတော့ မြင်ရတယ်တဲ့၊ ရထားကိုတော့ မမြင်ရဘူးတဲ့။ ဒါ ဂတိနိမိတ်ပဲပေါ့။ တကယ်မြင်ရတဲ့ အနေအထားတစ်ခုပဲပေါ့။
စိတ္တသူကြွယ်ဝတ္ထု
ထို့အတူပဲ အနာဂါမ်ဥပါသကာ စိတ္တသူကြွယ်ဟာလည်းပဲ သေအံ့မူးမူးအချိန် မိသားစုအားလုံး ဝိုင်းပြီးနေတဲ့အချိန်မှာ နှုတ်ကပြောတာ၊ ဘာတွေပြောတုန်း၊ “ဒါလည်း မမြဲပါဘူး၊ ဒါလည်း မခိုင်မာပါဘူး၊ အမြဲရှိတဲ့အရာ မဟုတ်ပါဘူး” အဲဒီလိုပြောတယ်၊ မိသားစုက “ဪ- သေခါနီးကြောက်လို့ ယောင်နေတာပဲ” ဒီလိုထင်တယ်နော်၊ အဲဒါမျိုးတွေက သေခါနီးမှာ ပြောတတ်ကြတယ်။
သတိလည်လာတဲ့အခါ ပြန်မေးကြတယ် - “ဘာဖြစ်လို့ အဲဒီလိုပြောတာတုန်း” “တစ်ယောက်တည်း စကားပြောနေလား” ဆိုတော့ “မဟုတ်ဘူး” တဲ့၊ “ငါ့ဆီ နတ်တွေလာတယ်” တဲ့၊ “လာပြီးတဲ့အခါ နတ်တွေကပြောတာ “သူဌေး စိတ်ကူးမလွဲနဲ့၊ သူတို့ နတ်ဘုံက ပျော်စရာကောင်းတယ်၊ အဲဒီကို စိတ်ညွှတ်လိုက်၊ အဲဒီလိုစိတ်ညွှတ်လိုက်ရင် အဲဒီနတ်ပြည်ကို ရောက်မှာ”။ အဲဒီလို လာ
စာမျက်နှာ-၇၁
ပြောကြတယ်၊ “အေး - မင်းတို့ဘုံလည်း မမြဲပါဘူး၊ ထာဝရဘုံမဟုတ်ပါဘူး” လို့ ငါကပြောတာ” တဲ့၊ “သူတို့နဲ့ စကားပြောနေတာ” တဲ့။
ဒီလို ဂတိနိမိတ်ထင်ပုံထင်နည်းတွေကတော့ အများကြီးပဲ။ ငရဲကျမယ့် ပုဂ္ဂိုလ်ဆိုလို့ရှိရင် ငရဲမီးတွေ ထင်တတ်တယ်၊ ခွေးနက်ကြီးတွေ ထင်တတ်တယ်၊ ကြောက်စရာကောင်းတဲ့ လူကြီးတွေက လာပြီးဆွဲခေါ်တာတို့ ဒါမျိုးတွေ ထင်တတ်တယ်၊ ဒါကြောင့်မို့ မျက်လုံးကြီးပြူးပြီး ရုန်းကန်သေရင်တော့ သေချာတာပဲ၊ အဲဒါ သူ့ကိုလာဆွဲခေါ်နေလို့ သူလန့်တဲ့သဘောပေါ့နော်၊ အဲဒီလို သေခါနီးအချိန်မှာဆိုရင် အာရုံနိမိတ်တွေ အမျိုးမျိုးရှိကြတယ်။
ပြုံးသေ မဲ့သေ
မနှစ်တုန်းက အမေရိကန်နိုင်ငံက လာတဲ့ အမျိုးသမီးတစ်ယောက် - သူက ဆေးရုံကြီးတွေမှာ သေခါနီး အခြေအနေမကောင်းတဲ့ လူနာတွေကို ပြုစုစောင့်ရှောက်ရတဲ့ nurse လုပ်တယ်၊ အဲဒီတော့ လူတွေသေသွားတဲ့အခါမှာ သူက အမျိုးစုံမြင်ဖူးတယ်၊ တချို့လူတွေက ရုန်းကန်ပြီးတော့ သေသွားတယ်၊ တချို့လူတွေက ပြန်လည်တိုက်ခိုက်ပြီးတော့ သေသွားတယ်၊ တချို့လူတွေက မျက်လုံးကြီးပြူးပြီးတော့ သေသွားတယ်၊ ကြောက်စရာလန့်စရာ မြင်လို့ ကြောက်ပြီးတော့ သေသွားတဲ့လူ၊ တချို့လူတွေကျတော့ ပြုံးပြုံးကလေးနဲ့ သေသွားတဲ့လူ စသည်ဖြင့် - လူမျိုးစုံသေတာတွေကို သူက အနီးကပ်ပြီးတော့ ကြည့်ရတယ်၊ အဲဒါတွေဟာ ဘာကြောင့်တုန်းလို့ မေးဖူးတယ်။
စာမျက်နှာ-၇၂
အဲဒီတော့ ဗုဒ္ဓဘာသာတရားတော်အရတော့ ခုနပြောတဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တွေ တွေ့နေတဲ့အခါမှာ လူတွေရဲ့မျက်နှာ အခြေအနေမှာ ပျော်စရာတွေတွေ့တဲ့အခါကျတော့ ပြုံးသေတာပေါ့နော်၊ ကြောက်စရာတွေတွေ့တဲ့အခါကျတော့ မဲ့သေတာပေါ့၊ ရုန်းတာကန်တာပေါ့။ အဲဒီတော့ ကြောက်စရာလန့်စရာတွေတွေ့တယ်ဆိုရင် မကောင်းတဲ့နိမိတ်တစ်ခုပဲပေါ့၊ ပျော်စရာတွေတွေ့လို့ ပြီးပြီဆိုလို့ရှိရင် အဲဒီလူဟာ ကောင်းတဲ့ဘုံရောက်တာ သေချာတယ်။ ဒါ့ကြောင့်မို့လို့ အဲဒီအချိန်မှာ ကိုယ်လုပ်ခဲ့တဲ့ကံတရားတွေဟာ အရိပ်သဖွယ် မိမိရဲ့စိတ်ကို လွှမ်းမိုးပြီးတော့ လာတတ်တယ်တဲ့။
အဝိဇ္ဇာ - တဏှာ - ကံ ၃-ဦးပေါင်း၍ အလုပ်လုပ်ပုံ
အဲဒီလို လွှမ်းမိုးလာပြီဆိုလို့ရှိရင် နောက်ဆုံးစိတ်ကလေးတွေ ဖြစ်လာတယ်၊ အဲဒီအာရုံလေးပေါ်မှာ စိတ်ကလေးဟာ ကိုင်းညွတ်နေပြီးတော့ အဲဒီစိတ်ထဲမှာ ပေါ်လာတဲ့အာရုံကို ခွာလို့မရဘူး၊ ဖယ်ပစ်လို့မရဘူး။ ဘာဖြစ်လို့မရလဲဆိုလို့ရှိရင် အဝိဇ္ဇာက အဲဒီအချိန်မှာ စိတ်ကို လွှမ်းမိုးထားတယ်။
အဝိဇ္ဇာက လွှမ်းမိုးထားနေတဲ့အချိန်မှာ တဏှာဆိုတဲ့ အတွယ်အတာကနေပြီးတော့ သဘောကျအောင် - ဥပမာဆိုပါတော့ မကောင်းတဲ့ဘဝတောင်မှပဲ တွယ်တာအောင် တဏှာကနေပြီး တွယ်တာမှုကို ပေးထားတယ်၊ အဲဒီလို တွယ်တာမှုပေးထားလို့ ဒီစိတ်အစဉ်လေးဟာ ဒီအာရုံပေါ်မှာ ညွတ်နေတယ်ဆိုတဲ့အချိန်လေးမှာ ကံတရားကနေ ဘဝသစ်တစ်ခုကို ပစ်ချလိုက်တယ်တဲ့။ သုံးဦးပေါင်းပြီးတော့ အလုပ်လုပ်တဲ့သဘောပေါ့။ အဝိဇ္ဇာက အာရုံရဲ့အပြစ်
စာမျက်နှာ-၇၃
တွေကို မမြင်အောင်၊ အမှန်မမြင်နိုင်အောင် ကွယ်ပေးထားတယ်၊ မဟုတ်တာတွေ မြင်နေတယ်နော်၊ မရှိတာတွေကို မြင်နေတယ်။
အဲဒီမြင်နေတဲ့အပေါ်မှာ တဏှာက ညွှတ်ကိုင်းစေတယ်၊ တဏှာက ညွတ်နေတဲ့အပေါ်မှာ ကံတရားကနေ စီမံပြီးတော့ ပစ်ချပေးလိုက်တယ်တဲ့၊ ဒါနဲ့ ဒီဘဝလည်း အဆုံးသတ်ရော နောက်ဘဝတစ်ခု ရောက်သွားတယ်ပေါ့။
ဒီတော့ ရောက်သွားတယ်ဆိုတာ ဘယ်သူရောက်သွားတာတုန်းဆိုတော့ ဘယ်သူမှ ရောက်သွားတာတော့ မဟုတ်ဘူး၊ အကြောင်းနဲ့ အကျိုးပဲနော်။ ဒီဘဝစိတ်အစဉ်တစ်ခု အဆုံးသတ်သွားတာနဲ့ တစ်ပြိုင်နက် ကံတရားကြောင့် ဘဝသစ်တစ်ခုမှာ ဝိညာဏ်လို့ဆိုတဲ့ ဝိပါက်စိတ်ကလေးပေါ်လာတာကို ပြောတာ။ အဲဒီဝိပါက်စိတ်ကလေးဟာ မသေခင်ကယူထားတဲ့ အာရုံနဲ့ ကံဆိုတဲ့ မြေလွှာပေါ်မှာ ပေါက်ဖွားလာတာဖြစ်လို့ ကမ္မံ ခေတ္တံ လို့ မြတ်စွာဘုရားက ဟောထားတယ်။
အဲဒီမှာ တဏှာကနေ အကောက်အကူပြုတာ ဖြစ်သောကြောင့် တဏှာ သွေဟော၊ ဘဝသစ်တစ်ခုမှာ ဝိညာဏ်ဆိုတဲ့ မျိုးစေ့လေးဟာ ကံဆိုတဲ့ မြေလွှာပေါ်မှာ တဏှာဆိုတဲ့ရေ လောင်းထည့်လိုက်သည့်အခါ အမြစ်ကလေးဆင်း အညှောင့်လေးပေါက်လာပြီး ဘဝတစ်ခု အသစ်ရကြပြန်တာပေါ့။ အဲဒီသဘောကို မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ” ကံတရားက ဖန်တီးလို့ ဘဝတစ်ခု ချက်ချင်းရောက်သွားတာ၊ ကြားထဲမှာ ဘဝမရှိဘူး။
သို့သော် ဒီနေရာမှာ အယူအဆ မတူညီတာတွေ ရှိတယ်ပေါ့။ ကံဆိုတဲ့မြေလွှာပေါ်မှာ ဝိညာဏ်ဆိုတဲ့ မျိုးစေ့လေးကို တဏှာ
စာမျက်နှာ-၇၄
ဆိုတဲ့ ရေလေး လောင်းထည့်လိုက်တဲ့အခါ ဘဝသစ်တစ်ခု ပြန်ပြီးတော့ အစပြုလာရတယ်၊ အဲဒီအဓိပ္ပါယ်ကို ဖော်ပြချင်လို့ တစ်လောကလုံး သက်ရှိသတ္တဝါတွေ မှန်သမျှ “သင်္ခါရပစ္စယာ ဝိညာဏံ”၊ “ဘဝပစ္စယာ ဇာတိ” လို့ ပဋိစ္စသမုပ္ပါဒ်မှာ ဆိုတယ်။
“ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကမ္မပစ္စယေန ပစ္စယော”၊ “ကုသလံ အကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ဥပနိဿယပစ္စယေန ပစ္စယော” လို့ ပဋ္ဌာန်းဒေသနာတော်မှာ ဟောတယ်။ ဘဝတစ်ခုကို ကိလေသာရယ် ကံရယ် ၂-ခု ပေါင်းစပ်ပြီးတော့ ထုတ်လုပ်တာ ဖြစ်တယ်။ အဝိဇ္ဇာက အမှန်မသိရအောင်၊ အာရုံရဲ့အပြစ်ကို မမြင်အောင် ဖုံးကွယ်ထားတယ်၊ တဏှာက ညွှတ်ကိုင်းပေးလိုက်တယ်၊ ကံက ပစ်ချပေးလိုက်သည့်အတွက်ကြောင့် ဘဝတစ်ခု အစပြုလာခဲ့ကြရတယ်။
လိပ်ပြာကောင် အယူအဆ
ဒီနေရာမှာ တချို့ရဲ့အယူအဆ ရှိတယ်... လူတစ်ယောက် သေဆုံးသွားပြီဆိုရင် ဝိညာဉ်လေးက အိမ်ပေါ်က ၇-ရက် မဆင်းဘူးလို့ ပြောကြတာ ရှိသေးတယ်နော်၊ တိဘက်လူမျိုးတွေ ယုံကြည်တာကတော့ ၄၉-ရက်၊ ဂျပန်လူမျိုးတွေလည်း spirit ဆိုတာ ယုံကြည်ကြတယ်၊ ဒါလူမျိုးတိုင်း လူမျိုးတိုင်း ဒီလိုသဘောရှိကြတယ်။ အတ္တ၊ အသက်၊ လိပ်ပြာ၊ ဝိညာဉ်ကောင်၊ မြန်မာတွေကျတော့ လိပ်ပြာလို့ ခေါ်တယ်။ လူ့အသက်ကလေးဟာ ဘဝတစ်ခုအစပြုဖို့အတွက် နေရာတစ်ခုကို ရှာရတယ်၊ ရှာမတွေ့သေးလို့ ခေတ္တခဏ
စာမျက်နှာ-၇၅
နားခိုတဲ့ အန္တရာဘဝဆိုတဲ့ ကြားဘဝကလေးတစ်ခု ရှိသေးတယ်လို့ ယူဆကြတယ်။
သို့သော်လည်း ဗုဒ္ဓမြတ်စွာဒေသနာအရ မသေခင်ကတည်းက ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်နေပြီ၊ မှတ်ပုံတင်လိုက်ပြီ။ သေခါနီးအချိန်မှာ ကံတရားက ဘယ်ဘုံကို ပို့မယ်ဆိုတာ မှတ်ပုံတင်ထားပြီးသားပဲ၊ အဲဒီပေါ်မှာ လွဲချော်မှုမရှိဘဲနဲ့ ရောက်သွားမှာ သေချာပါတယ်။ “ကြားဘဝ” ဆိုတာ မရှိပါဘူး။
လူ့ဘဝက သေသွားလို့ ပြိတ္တာဖြစ်ရင်လည်း ပြိတ္တာဘဝ၊ အဲဒီပြိတ္တာတို့၊ တစ္ဆေတို့၊ သရဲတို့ကိုပဲ လူတွေက မကျွတ်ဘူးလို့ ပြောနေကြတာ။ “သံသရာက မကျွတ်ဘူး” လို့ ပြောရင် ကိုယ်လည်း မကျွတ်သေးဘူးပဲနော်၊ တစ္ဆေ၊ သရဲဆိုမှ မကျွတ်တဲ့သတ္တဝါ မဟုတ်ဘူး၊ အားလုံးဟာ မကျွတ်တဲ့ပုဂ္ဂိုလ်တွေချည်းပဲ။
သို့သော် အစွဲအလမ်းတစ်ခုကြောင့် ကိုယ်မမြင်ရတဲ့ ဘုံဘဝရောက်နေတာကျတော့ ဝိညာဉ်လောကလို့ လူတွေက ခေါ်ကြတယ်၊ မမြင်ရလို့ ခေါ်တာပေါ့။ လူတွေမျက်စိနဲ့ မမြင်ရတာတွေ အများကြီးပဲ ရှိတယ်။ တကယ်တော့ ကံတရားကနေ စီမံဖန်တီးပေးလိုက်လို့ ၃၁-ဘုံထဲက ဘုံတစ်ခုကို ရောက်ရှိသွားတာပဲ။ လူတွေနဲ့ အနီးဆုံးဘုံကတော့ ပြိတ္တာဘုံပေါ့၊ ပြိတ္တာဘဝ ရောက်နေပြီဆိုရင်တော့ နေစရာမရှိ စားစရာမရှိ ဖြစ်တတ်တယ်။
ပြိတ္တာဘုံရောက်တယ်ဆိုရင် နည်းနည်းတော်သေးတယ်လို့ ခေါ်ရမယ်၊ သူ့ထက်ဆိုးတာ နှစ်ဘုံကျန်သေးတယ်၊ ငရဲနဲ့ တိရစ္ဆာန်နော်၊ ပြိတ္တာဘုံရောက်တဲ့ပုဂ္ဂိုလ်က အမျှဝေလို့ သာဓုခေါ်လိုက်ရင်
စာမျက်နှာ-၇၆
ကောင်းကောင်းမွန်မွန် နေလို့ရသေးတယ်ပေါ့။ တိရစ္ဆာန်တို့ ငရဲတို့ဆိုတာတော့ ကံမကုန်မချင်း သွားရော၊ ဒီတိုင်းပဲ ဒုက္ခခံရမယ်။
တိုက်တွန်းချက်
ဒါကြောင့်မို့လို့ “သင်္ခါရပစ္စယာ ဝိညာဏံ” - “ကံတရားတွေ ဖန်တီးလို့ ပဋိသန္ဓေစိတ်နဲ့ အကျိုးဝိပါက်စိတ်တွေဟာ ဖြစ်ပေါ်လာရတယ်” ဆိုတဲ့ မြတ်စွာဘုရားရဲ့ ဒေသနာတော်ကို မှတ်သားနားလည်ပြီး ပဋ္ဌာန်းဒေသနာတော်မှာပါတဲ့အတိုင်း ကုသိုလ်ကံ၊ အကုသိုလ်ကံတွေက အကျိုးတရားကို ကမ္မပစ္စည်း၊ ဥပနိဿယပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ အဲဒီစွမ်းရည်တွေကို အသုံးပြုပြီး ဝိညာဏဆိုတဲ့ အကျိုးတရားကို ဖန်တီးပေးနေတာပါလားလို့ အကြောင်းနဲ့ အကျိုးကို ဆင်ခြင်သိမြင်ကြပြီးတဲ့အခါမှာ “တို့တစ်တွေ မကောင်းတဲ့အကြောင်းတရားကို လုပ်မိလို့ရှိရင် မကောင်းတဲ့အကျိုးတရားတွေ ရမှာဖြစ်တယ်၊ မကောင်းတဲ့အကြောင်းတရားတွေကို ရှောင်ရှားလို့ ကောင်းတဲ့အကြောင်းတရားတွေကို ရအောင် ကြိုးစားမှတော်မယ်” လို့ ကိုယ်စီကိုယ်စီ သိမြင်တဲ့ဉာဏ်နဲ့ ကောင်းတဲ့အကျိုးတရားတွေကို ရစေနိုင်တဲ့ ကောင်းတဲ့အကြောင်းတရားတွေကို ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၇၇
အပိုင်း (၃)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ သက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တပေါင်းလဆန်း ၆-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဖေဖေါ်ဝါရီလ ၁၈-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မော်လာဈေး၊ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဖေါ်လှခင်မိသားစု၊ ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
ကံတရားနှင့် ပတ်သက်၍ နည်းနှစ်နည်းဖြင့် ဟောပုံ
မြတ်စွာဘုရားက ကံတရားနှင့်ပတ်သက်ပြီး “သင်္ခါရပစ္စယာ ဝိညာဏံ”၊ “ဘဝပစ္စယာ ဇာတိ” လို့ ပဋိစ္စသမုပ္ပါဒ်မှာ နှစ်ဌာန ဟောကြားခဲ့တယ်၊ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသ ကမ္မပစ္စည်းမှာတော့ “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” - ဒီလိုဟောတယ်။
စာမျက်နှာ-၇၈
ဒီတော့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းပါဠိတော်ရဲ့ ထူးခြားချက်က ဘာလဲလို့ဆိုရင် “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဟောလိုက်တာက ကံကြောင့် ပဋိသန္ဓေဝိညာဏ်စိတ်၊ ဝိပါက်စိတ်တွေဖြစ်တယ်လို့ ဒီအချက်တစ်ချက်ကိုပဲ ဦးတည်ပြီး ဟောလိုက်တယ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်တွေ ဖြစ်ပေါ်လာပုံကို “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့စကားအရ ဖော်ပြထားခြင်း မရှိဘူး၊ သို့သော် “ဝိညာဏပစ္စယာ နာမရူပံ” ဆိုကာလာတဲ့အခါကျတော့ ဝိညာဏကို ဦးတည်ပြီးတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်တရားတွေ ပေါ်လာပုံကို ဆက်ပြီးတော့ ဟောထားတယ်၊ အဲဒီ “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့ စကားရယ်၊ “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့ စကားရပ်ရယ် - အဲဒါ နှစ်ခု။
ပဋ္ဌာန်းပါဠိတော်မှာ “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ” လို့ဆိုတယ်။ “ကုသလာကုသလံ ကမ္မံ” ဆိုတဲ့စကားနဲ့ “သင်္ခါရပစ္စယာ” ဆိုတာ တူတယ်၊ “ဝိပါကာနံ ခန္ဓာနံ” ဆိုတာနဲ့ “ဝိညာဏံ” ဆိုတဲ့စကား တူတယ်၊ “ကဋတ္တာ စ ရူပါနံ” ဆိုတာကျတော့ “ဝိညာဏပစ္စယာ နာမရူပံ” ထဲမှာ ထည့်ဟောတယ်၊ အမည်မျှလောက်သာ ကွာခြားတာ ဖြစ်တယ်။
ဆိုလိုတာက...။
အဓိကကျတဲ့ ပဋိသန္ဓေစိတ် ဝိပါက်စိတ်တွေ၊ ကံရဲ့အကျိုးစိတ်တွေကို ရှေးဦးစွာဖော်ပြချင်လို့ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ စိတ်ကို ဦးတည်ပြီးတော့ ဟောလိုက်တာ၊ ကမ္မဇရုပ်ကိုတော့ ဝိညာဏ်ပေါ်လာမှ ပေါ်ရတာဖြစ်သည့်အတွက်ကြောင့် “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့အထဲမှာ ထည့်ဟောထားတယ်။
စာမျက်နှာ-၇၉
ပဋ္ဌာန်းမှာ ကံရဲ့အကျိုး နှစ်မျိုးစလုံးကို တစ်ပေါင်းတည်း ဟောတယ်၊ “ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ” တဲ့။ “ဝိပါကာနံ ခန္ဓာနံ” ဆိုတာ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ရဲ့ အကျိုးဖြစ်တဲ့ ဝိပါက်စိတ်စေတသိက်ကို ရည်ညွှန်းတယ်၊ “ကဋတ္တာ စ ရူပါနံ” ဆိုတာကတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်တရားတွေကို ရည်ညွှန်းတယ်။ ဒီတော့ ကံတရားက ထုတ်လုပ်တာ နှစ်မျိုးလို့ မှတ်ရမယ်။
ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းကို ပေါင်းစပ်ပြီးတော့ မှတ်တဲ့အခါမှာ စေတနာလို့ ခေါ်ရတဲ့ ကံတရား၊ ဒီနေရာမှာ သင်္ခါရလို့ ခေါ်တဲ့ ကံတရား၊ တခြားနေရာမှာ ဘဝလို့ခေါ်တဲ့ ကံတရား၊ အဲဒီကံတရားက အကျိုးနှစ်မျိုးကို ထုတ်တယ်၊ ပထမအကျိုးက မိမိနှင့် အလားတူတဲ့ ဝိပါကဆိုတဲ့ နာမ်အကျိုးတရားကို ထုတ်တယ်၊ ဒုတိယက မိမိနဲ့ သဘာဝချင်းမတူတဲ့ ကမ္မဇရုပ် - သို့မဟုတ် - ကဋတ္တာရုပ်ဆိုတဲ့ အကျိုးတရားကို ထုတ်လုပ်တယ်။ ဒါကြောင့် ကံတရားက နာမ်တရားကိုလည်း ဖြစ်စေတယ်၊ ရုပ်တရားကိုလည်း ဖြစ်စေတယ်၊ ဒါအားလုံးကို ခြုံပြီးပြောတာ။
ဘုံဘဝနဲ့ ထပ်ပြီးတော့ ခွဲပြောမယ်ဆိုရင် အသညသတ်ဘုံမှာဆိုရင် ကံတရားက ကဋတ္တာရုပ်လို့ခေါ်တဲ့ ဇီဝိတနဝကကလာပ် ကမ္မဇရုပ်တစ်မျိုးကိုသာ ထုတ်လုပ်ပေးတယ်၊ နာမ်တရားကို ထုတ်လုပ်ပေးခြင်း မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နာမ်တရားဖြစ်မှု မရှိတဲ့ဘုံဖြစ်လို့။ အရူပဘုံကျတော့ ကံတရားက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ဆိုတဲ့အတိုင်းပဲ ရုပ်တရားပါဝင်ခြင်း မရှိဘူး၊ နာမ်တရားသက်သက်ကိုသာ ထုတ်တယ်။ အရူပ ၄-ဘုံ၊ အသညသတ်ဘုံမှတစ်ပါး ကျန်တဲ့ ပဉ္စဝေါကာရ ၂၆-ဘုံဆိုတဲ့ ခန္ဓာ ၅-ပါးရှိတဲ့ဘုံမှာတော့ နာမ်
စာမျက်နှာ-၈၀
ဖြစ်တဲ့ အကျိုးဝိပါက်ကိုလည်း ထုတ်လုပ်တယ်၊ ရုပ်ဖြစ်တဲ့ ကမ္မဇရုပ်ကိုလည်း ထုတ်လုပ်တယ်။
ကံက ထုတ်လုပ်တာချင်း တူသော်လည်း အမည်အားဖြင့် မတူရခြင်း
စေတနာဆိုတဲ့ ကံတရားက ဒီလိုအကျိုးနှစ်မျိုး ထုတ်လုပ်တဲ့အခါမှာ အမည်နှစ်မျိုး ခွဲခြားပြီးတော့ ဖော်ပြထားတယ်၊ နာမ်တရားကိုတော့ ဝိပါက - အကျိုးတရားလို့ သုံးထားပြီးတော့ ရုပ်တရားကိုတော့ “ကဋတ္တာရူပ”၊ “ကမ္မဇရူပ”၊ “ကံကြောင့်ဖြစ်တဲ့ရုပ်” လို့ ဖေါ်ပြထားတယ်။ ဒီလိုခွဲခြားဖော်ပြတာဟာ အကြောင်းရှိသလားလို့ဆိုတော့ အကြောင်းရှိပါတယ်။
ကံဆိုတဲ့ စေတနာတရားဟာ နာမ်တရားဖြစ်တယ်၊ ထိုနာမ်တရားနဲ့ သဘာဝချင်းတူတဲ့ ဝိပါက်စိတ် နာမ်တရားတွေကို ထုတ်လုပ်တဲ့အခါ ကံတရားရဲ့ အကျိုးဖြစ်တဲ့ နာမ်တရားကိုတော့ “ဝိပါက” လို့ခေါ်တယ်၊ ရုပ်တရားတွေကိုတော့ ကံတရားရဲ့ အကျိုးဖြစ်ပေမယ့်လို့ ဝိပါကလို့ မသုံးဘူး၊ ဒီလိုဆိုလိုတယ်။
ဘာဖြစ်လို့ မသုံးတာတုန်းဆိုတော့... သစ်ပင်တစ်ပင်မှာကြည့် - အသီးဆိုတဲ့စကားလုံးကို ဖလ၊ သစ်ပင်တစ်ပင်ဟာ ဘယ်ကနေ စပြီးပေါက်ဖွားလာသလဲ၊ အကြောင်းရှာရင် မျိုးစေ့က စတင်ပေါက်ဖွားလာတယ်။ မျိုးစေ့လေးတစ်စေ့ ပိုက်လိုက်တဲ့အခါ ထိုမျိုးစေ့လေးက အမြစ်ကို ထုတ်လုပ်ပေးတယ်၊ ပင်စည်ကို ထုတ်လုပ်ပေးတယ်၊ အကိုင်းအခက်တွေကို ထုတ်လုပ်ပေးတယ်၊ အရွက်တွေကို ထုတ်လုပ်ပေးတယ်၊ အပွင့်တွေကို ထုတ်လုပ်ပေးတယ်၊ အသီးကို ထုတ်လုပ်ပေးတယ်။ အဲဒီလို ထုတ်လုပ်ပေးတဲ့အထဲမှာ မျိုးစေ့နဲ့
စာမျက်နှာ-၈၁
အလားတူတာက အသီးတစ်ခုတည်းပဲ၊ အသီးကိုသာ မျိုးစေ့နဲ့အလားတူလို့ ဖလ လို့ခေါ်တယ်၊ ကျန်တာတွေကျတော့ သူ့နာမည်နဲ့သူ ထားတယ်။
အဲဒီသဘောလိုပဲ စေတနာဆိုတဲ့ ကံတရားက မိမိနှင့် သဘာဝချင်းတူတဲ့ နာမ်တရားတွေကို ထုတ်လုပ်တဲ့အခါ အဲဒီနာမ်တရားတွေကို ဝိပါက လို့ခေါ်တယ်။ ဒါကို စာပေကျမ်းဂန်မှာ ရုဠ် လို့ခေါ်တယ်၊ ရုဠ်ဆိုတဲ့ သဘောတရားက ဒီပေါ်မှာ တက်ရောက်ထင်ရှားတဲ့သဘောရှိတယ်။
ဆိုပါစို့ - ပင်္ကဇဆိုတဲ့ စကားလုံးမှာ ပင်္ကံဆိုတာ ရွှံ့ညွန်၊ ဇဆိုတာ ပေါက်တာ၊ ရွှံ့ညွန်ထဲမှာ ပေါက်တယ်လို့ နာမည်ပေးလိုက်တာ၊ ရွှံ့ညွန်ထဲမှာ ပေါက်တဲ့အပင်တွေက အမျိုးအစား တော်တော်များလိမ့်မယ်၊ ကန်စွန်းပင်တွေလည်း ရွှံ့ညွန်ထဲပေါက်တာရှိတယ်၊ ကြာလည်းပေါက်တာရှိတယ်။ သို့သော်လည်း ပင်္ကဇ ဆိုတဲ့စကားလုံးက ကြာတစ်မျိုးတည်းကိုသာ ရည်ညွှန်းပြီးတော့ ပြောဆိုတာ၊ ကျန်တဲ့ ကန်စွန်းစတဲ့အပင်တွေကို မရည်ညွှန်းဘူးတဲ့၊ ပင်္ကဇ လို့ဆိုရင် “ကြာ” လို့ပဲ သိရတယ်ပေါ့။
ထို့အတူပဲ ဝိပါကဆိုတဲ့ စကားလုံးလေးက အကျိုးလို့ အဓိပ္ပါယ်ရပေမယ့်လို့ ကံရဲ့အကျိုးဖြစ်တဲ့ ရုပ်တရားကို ဝိပါက လို့ မခေါ်ဘူးတဲ့၊ ကံတရားနဲ့ နာမ်တရားချင်းတူတဲ့ ဝိပါက်စိတ်စေတသိက်ဆိုတဲ့ အကျိုးတရားမျိုးကိုသာလျှင် ဝိပါက လို့ခေါ်တာပါတဲ့၊ ကျန်တာတွေကို မခေါ်ဘူးလို့ ဆိုလိုတာ။
ဒါကြောင့်မို့ ကံတရားကထုတ်လုပ်တဲ့ ရုပ်ကို ခေါ်ဖို့ရာအတွက် စကားလုံးတစ်လုံး ထပ်ရှာရတယ်၊ ကမ္မဇရုပ် (သို့မဟုတ်)
စာမျက်နှာ-၈၂
ကဋတ္တာရုပ် (သို့မဟုတ်) ကမ္မသမုဋ္ဌာနရုပ်ဆိုတဲ့ အသုံးအနှုန်းတွေ သုံးထားတယ်ပေါ့။ ပဋ္ဌာန်းပါဠိတော်မှာ ကဋတ္တာရုပ်လို့ သုံးထားတယ်၊ ကံတရားကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်တွေလို့ သုံးတယ်။
နည်းနှစ်နည်း အထူး
ဒီတော့ ပဋ္ဌာန်းနဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ အကြောင်းတရား၊ အကျိုးတရား ဟောတာချင်း အတူတူပဲ၊ သို့သော် ဟောပုံဟောနည်း ကွဲပြားခြားနားတယ်။ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်း ထူးခြားချက်က ဘာတုန်း? -
ပဋိစ္စသမုပ္ပါဒ်က အကြောင်းတရားနဲ့ အကျိုးတရားကိုပဲ ဟောတယ်၊ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိတွေကို ဖော်မပြဘူးတဲ့။ ဒါက အကြောင်းတရားမှ ဒါက အကျိုးတရား - အဲဒီလောက်ပဲပြတယ်၊ ဒီအကြောင်းတရားတွေ ရှိနေလို့ ဒီအကျိုးတရားတွေ ဖြစ်ရတယ် ဆိုတဲ့သဘောလောက်ပဲ ဟောတယ်။
ပဋ္ဌာန်းကျတော့ ဒီထက်ပိုလာတယ်၊ ဒီအကြောင်းတရားကြောင့် ဒီအကျိုးတရားတွေ ဖြစ်ရတယ်၊ ဒီအကြောင်းတရားက ဒီလိုစွမ်းရည်သတ္တိတွေကို အသုံးပြုတယ်ဆိုပြီး ဓမ္မတင်မကဘူး၊ ဓမ္မရဲ့သတ္တိကိုပါ ဖော်ညွှန်းပြတယ်။
ဒီလို ဖော်ညွှန်းပြပေမယ့်လို့ ဓမ္မနဲ့ ဓမ္မသတ္တိဆိုတာ ခွဲခြားလို့ ရကောင်းတဲ့အရာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် စကားပြောတဲ့အခါမှာ ခွဲပြောလို့ရတယ်၊ လူနဲ့ လူ့ရဲ့သတ္တိ ခွဲပြောသလိုပဲ၊ ဓမ္မနဲ့ ဓမ္မရဲ့သတ္တိ ကွဲပြားခြားနားမှုရှိပေမယ့်လို့ ခွဲပြီးတော့ ပြောတာမျိုးရှိတယ်။ ဥပစာစကားနဲ့ ပြောလို့ရှိရင် အဘေဒဘေဒူပစာ
စာမျက်နှာ-၈၃
လို့ ပြောတယ်၊ “အဘေဒ” ဆိုတာ တကယ်ကွဲပြားခြားနားနေတာ မဟုတ်ဘဲနဲ့ “ဘေဒ” ကွဲပြားခြားနားသယောင် ပြောကြတဲ့စကားတွေကို အဘေဒဘေဒူပစာလို့ ခေါ်တယ်။ ဒီစကားမျိုးကို လူတွေလည်း သုံးနေတာပဲ၊ သတ္တိနဲ့ သတ္တိမန္တ ခွဲပြီးပြောတဲ့သဘော၊ ဓမ္မနဲ့ ဓမ္မသတ္တိကို ခွဲပြီးတော့ ပြောတဲ့သဘော၊ ဓမ္မနဲ့ ဓမ္မသတ္တိကို ခွဲခြားပြီး ဖော်ပြလိုက်တာ။
“သင်္ခါရပစ္စယာ ဝိညာဏံ”၊ “ဝိညာဏပစ္စယာ နာမရူပံ” - ဒီနှစ်ခု ဆက်စပ်ပြီး ကြည့်လိုက်တဲ့အခါ ပဋ္ဌာန်းပါဠိတော်မှာ ဟောထားတဲ့ “ကုသလာကုသလံ ကမ္မံ” - ကုသိုလ်၊ အကုသိုလ်ကံဆိုတာ၊ “ဝိပါကာနံ ခန္ဓာနံ” - ဝိပါက်နာမက္ခန္ဓာတွေကိုလည်း ကျေးဇူးပြုတယ်။ “ကဋတ္တာ စ ရူပါနံ” - ကဋတ္တာရုပ်လို့ခေါ်တဲ့ ကမ္မဇရုပ်တွေကိုလည်း ကျေးဇူးပြုတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ပေါင်းစပ်မိသွားပါတယ်။
ဗုဒ္ဓဟောပြောချက်နှင့် ဘာသာရေးဆရာ တချို့ဟောပြောချက်
ဗုဒ္ဓရဲ့ ဟောပြောချက်ထဲမှာ ကံတရားဟာ အင်မတန်မှ အရေးကြီးတယ်၊ မြတ်စွာဘုရားမပွင့်မီက၊ ပွင့်တော်မူတဲ့အချိန်မှာ ကံတရားနဲ့ပတ်သက်တဲ့ အယူအဆတွေဟာ အင်မတန်မှ ကွဲပြားခြားနားတယ်။
မြတ်စွာဘုရားပွင့်တဲ့အချိန်မှာ ထင်ရှားရှိနေတဲ့ ဘာသာတရားအမျိုးမျိုးကို ဟောပြောနေကြတဲ့ ဘာသာရေးဆရာကြီးတွေကလည်း ကံတရားကို ဟောပြောကြတာပဲ၊ သူတို့က ကံအကြောင်းကို ဟောပြောတဲ့အခါ ဘာကို အခြေပြုပြီးတော့ ဟောပြောသလဲဆိုရင် အတ္တ၊ ဇီဝကို အခြေပြုပြီး ဟောပြောတယ်။ အရာရာကို
စာမျက်နှာ-၈၄
အတ္တက ခံစားတယ်လို့ ဆိုတယ်၊ ခံစားတတ်တဲ့ အစဉ်ထာဝရရှိတဲ့ အရာတစ်ခုကို ဖန်တီးပြီး ကံအကြောင်းကို ရှင်းပြတယ်။
ပြုလုပ်သူနဲ့ ခံစားသူ - ဒါက သာမန်ပုဂ္ဂိုလ်တွေအနေနဲ့ ပြုလုပ်သူနဲ့ ခံစားသူဟာ ရှိနေတာပဲ။ “ငါလုပ်တယ်၊ ငါခံစားရတယ်”၊ “ငါ” ဆိုတာ ဘယ်သူလဲလို့ လိုက်ရှာတဲ့အခါမှာ အမျိုးမျိုးရှိတယ်။ ငါဆိုတဲ့ သတ်မှတ်ချက်ကလေးက အတ္တကို ပြောတာရှိတယ်။ ဇီဝကို ပြောတာရှိတယ်။ ခန္ဓာငါးပါးထဲက တစ်ခုခုကို လက်ညှိုးထိုးပြီးတော့ ငါလို့ ပြောကြတာရှိတယ်။
မြတ်စွာဘုရားက “ငါဆိုတာ တကယ်ရှိလား” ဆိုတော့ “မရှိဘူး၊ ခန္ဓာ ၅-ပါးပဲ ရှိတယ်” တဲ့။ “ခန္ဓာ ၅-ပါးပဲ ရှိသည့်အတွက်ကြောင့် ပြုလုပ်သူဆိုတာကို ရှာလို့မရဘူး၊ သဘာဝတရားတွေဟာ အကြောင်းတရားကြောင့် ဖြစ်တာသာ ဖြစ်တယ်၊ အဲဒီအကြောင်းတရားတွေကို ငါလို့ ပြောမယ်ဆိုရင် မမှန်ဘူး၊ ငါလို့ ပြောစရာ အကြောင်းတစ်ခုမှ မရှိဘူး” တဲ့။ ဘာဖြစ်လို့တုန်း? “သူ့သဘာဝအတိုင်း သူဖြစ်နေတာမို့ ငါလို့ပြောစရာမရှိဘူး၊ ငါလို့သတ်မှတ်စရာ မရှိသည့်အတွက်ကြောင့် ငါ့ဟာလို့လည်း ပြောစရာမရှိဘူး၊ ငါခံစားရတာလို့လည်း ပြောစရာမရှိဘူး” တဲ့။
ပြုလုပ်သူနဲ့ ခံစားသူဆိုတာ မရှိပုံ
ဒီနေရာမှာ ဓမ္မသဘာဝက အလွန်နက်နဲသည့်အတွက်ကြောင့် သာမန်ပုဂ္ဂိုလ်တွေမှာ ထိုးထွင်းသိနိုင်တဲ့ အသိဉာဏ်မရှိကြဘူးပေါ့။ မရှိသည့်အတွက်ကြောင့် “ငါလုပ်တယ်၊ ငါခံစားတယ်” ထင်ပြီး လုပ်သူကိုလည်း အသိအမှတ်ပြုတယ်၊ ခံစားမှုကိုလည်း အသိ
စာမျက်နှာ-၈၅
အမှတ်ပြုတယ်၊ စကားအနေနဲ့ ပြောရုံတင်မကဘူး၊ တကယ်လည်း ရှိတယ်လို့ ယူဆတယ်။ “ဒီဘဝ ငါကုသိုလ်ကောင်းမှုတွေလုပ်တယ်။ နောက်ဘဝ ငါခံစားရမယ်၊ ငါလုပ်လို့ ငါခံစားရတယ်၊ သူလုပ်တော့ သူခံစားရတယ်၊ ဒီဘဝ မကောင်းမှုအကုသိုလ်တွေလုပ်တယ်။ နောင်ဘဝ ခံရမယ်” လို့ - လုပ်သူနဲ့ ခံရသူ ဒီနှစ်ခုဟာ ရှိနေတဲ့ အနေအထားတစ်ခုအနေနဲ့ သတ္တဝါတွေရဲ့စိတ်ထဲမှာ အထင်မှား အမြင်မှားအနေနဲ့ ပွဲနေတယ်။
အဲဒါ မြတ်စွာဘုရားရဲ့ တရားတော်အရ “လုပ်သူ” ဆိုတာဘာလဲ၊ လုပ်သူဆိုတာ တကယ်တော့ မရှိဘူး၊ သဘာဝတရား အကြောင်းတရားဖြစ်ပေါ်လာကို “လုပ်သူ” လို့ ပြောတာ၊ ဒါကြောင့်မို့ ဝိသုဒ္ဓိမဂ်မှာ ရေးထားတဲ့ စကားလုံးလေးတစ်ခုက - “ကမ္မဿ ကာရကော နတ္ထိ” တဲ့၊ ကံကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ဆိုတာ မရှိဘူး။ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့သာပြောတာ၊ သတ္တဝါကို ထည့်မဟောဘူးနော်၊ ကံကြောင့် အကျိုးဖြစ်တယ်လို့ပဲ ပြောတယ်၊ ကံလုပ်တဲ့သူကို ထည့်မဟောဘူး။ ပဋ္ဌာန်းမှာလည်းပဲ “ကုသလာကုသလံ ကမ္မံ” - ကုသိုလ်အကုသိုလ်ကံဟာ “ဝိပါကာနံ ဓမ္မာနံ” - အကျိုးဝိပါက်စိတ်စေတသိက်တွေကို၊ ဝိပါက်ခန္ဓာတွေကို၊ “ကဋတ္တာ စ ရူပါနံ” - ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေကို “ကမ္မပစ္စယေန” - ကမ္မပစ္စယသတ္တိဖြင့် “ပစ္စယော ဥပကာရကော” - ကျေးဇူးပြုတယ်လို့ပဲ ဟောထားတယ်၊ ပြုလုပ်သူကို ဖော်ပြထားတာမရှိဘူး၊ ဒါဟာ အင်မတန်မှ အဓိပ္ပါယ်ရှိတယ်ပေါ့။
“ကမ္မဿ ကာရကော နတ္ထိ - ကံကိုပြုလုပ်တဲ့ပုဂ္ဂိုလ် မရှိဘူး” ဒါဖြင့် ဘာရှိတုန်းဆိုတော့ အကြောင်းတရားပဲရှိတယ်၊ ကံ
စာမျက်နှာ-၈၆
ကိုလုပ်သူမရှိဘူး၊ အကြောင်းတရားပဲရှိတယ်။ အကြောင်းတရားဖြစ်ပေါ်လာတာကို မျက်စိမှားပြီးတော့ လုပ်သူအဖြစ် သတ်မှတ်နေကြတယ်၊ တကယ်က လုပ်တဲ့ပုဂ္ဂိုလ်မရှိဘူး၊ သဘာဝတရား အကြောင်းတရားအနေနဲ့ ဖြစ်ပေါ်လာတာကိုပဲ ပြုလုပ်သူလို့ ပုဂ္ဂိုလ်နဲ့ ဆက်စပ်ပြီးတော့ မှတ်ယူနေကြတယ်။
“ဝိပါကဿ စ ဝေဒကော - ကံရဲ့ အကျိုးတရားကို ခံစားသူဆိုတာလည်း မရှိဘူး” တဲ့၊ ဒါဖြင့် ဘာရှိတုန်းဆိုရင် အကျိုးတရားဖြစ်ပေါ်လာမှုသာရှိတာ၊ အကြောင်းတရားရှိလို့ အကျိုးတရားပေါ်တာ၊ အဲဒါကိုပဲ အကြောင်းတရားကို လုပ်သူ၊ အကျိုးတရားကို ခံစားသူလို့ ဒီလိုအထင်မှားနေကြတာပေါ့။
အဲဒီလို အထင်မှားမှုရှိနေသည့်အတွက်ကြောင့် သံသရာမှာ လည်နေရတာ၊ အမှန်မတွေ့သေးတာ။ အဝိဇ္ဇာက ဖုံးထားသည့်အတွက်ကြောင့် အမှန်ကိုမမြင်နိုင်ဘူး၊ မမြင်နိုင်သည့်အတွက်ကြောင့် သံသရာထဲက ထွက်ပေါက်ကို ရှာမရဘူး။
အေး အမြင်မှန်ပြီဆိုတဲ့အခါကျတော့ ဘယ်လိုမြင်တုန်း၊ “သုဒ္ဓဓမ္မာ ပဝတ္တန္တိ” တဲ့ - သဘာဝတရားသက်သက်ပဲ ဖြစ်နေတယ်၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေ ဖြစ်လာတယ်၊ ထိုဖြစ်လာတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံက ဝိပါကဆိုတဲ့ အကျိုးတရားတွေကို ထုတ်လုပ်တယ်၊ ကဋတ္တာရူပလို့ဆိုတဲ့ အကျိုးတရားတွေကို ထုတ်လုပ်တယ်၊ ဒါပဲရှိတယ်၊ အကြောင်းကြောင့် အကျိုးပေါ်တာပဲရှိတယ်။ “သုဒ္ဓဓမ္မာ ပဝတ္တန္တိ ဧတံ သမ္မဒဿနံ” - အဲဒါမှ မှန်ကန်တဲ့အမြင်တဲ့၊ ဒီလိုဆိုထားတယ်။
စာမျက်နှာ-၈၇
ဒီတော့ မြတ်စွာဘုရားရဲ့ ဒေသနာတော်အရ ကံဆိုတာရှိတယ်၊ ကံကို ပြုလုပ်သူမရှိဘူး၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာ မရှိဘူး၊ သဘာဝတရားပဲ ဖြစ်ပေါ်နေတာ၊ ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်လာရတယ်ပေါ့။
ကံတရားတွေ ဖြစ်ပေါ်လာပုံကို ကြည့်လေ၊ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ကံကို ဘယ်သူကလုပ်တာတုန်း၊ ဘယ်သူ့ကြောင့် ဒီကံတရားတွေက ဖြစ်ပေါ်လာတာတုန်းဆိုတော့ အဝိဇ္ဇာကြောင့်ဖြစ်တယ်လို့ပဲ ဟောတယ်၊ ပုဂ္ဂိုလ်ကလုပ်လို့ ဖြစ်တယ်လို့ ဟောတာမဟုတ်ဘူးနော်၊ ဒီလိုသဘာဝဆိုက်ထိမှ မှန်တယ်၊ သဘာဝဆိုက်ထိအောင် မမြင်နိုင်သေးဘူးဆိုရင် သံသရာက လွတ်လမ်းကို မတွေ့နိုင်သေးဘူးတဲ့။
ဒါကြောင့်မို့ မြတ်စွာဘုရားက အကြောင်းတရားနဲ့ အကျိုးတရား ဒီနှစ်ခုကို ရှင်းပြတယ်၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေက ဝိပါက်နာမက္ခန္ဓာဆိုတဲ့ နာမ်အကျိုးတရားကို ထုတ်လုပ်တယ်၊ ကဋတ္တာရုပ်လို့ဆိုတဲ့ ရုပ်အကျိုးတရားတွေကို ထုတ်လုပ်တယ်၊ အဲဒီလို ထုတ်လုပ်တဲ့အခါမှာ ဘယ်သူတွေရဲ့ အကူအညီနဲ့ ထုတ်လုပ်ရတုန်းဆိုလို့ရှိရင် အဝိဇ္ဇာဆိုတဲ့ ကိလေသာ၊ တဏှာဆိုတဲ့ ကိလေသာ - ဒီစွမ်းအားထက်တဲ့ ကိလေသာနှစ်မျိုးရဲ့ အကူအညီနဲ့ ထုတ်လုပ်တာ။
အဝိဇ္ဇာက အမှောင်ချပေးလိုက်တယ် - သို့မဟုတ် - အမှန်မမြင်ရအောင် ဖုံးကွယ်ပေးထားတယ်၊ ဖုံးကွယ်ပေးထားလိုက်တဲ့အခါ တဏှာက တွယ်တာလာတယ်၊ အဲဒီတွယ်တာလာတဲ့အချိန်မှာ ထို
စာမျက်နှာ-၈၈
တွယ်တာမှုဆိုတာကို အခြေပြုပြီးတော့ ကံတရားက ဖန်တီးပေးလိုက်တယ်တဲ့။ ဒါနဲ့ပဲ ဘဝတစ်ခုဟာ အစပြုလာကြတယ်။
ဘဝတစ်ခု၌ အစပြုလာသော ဝိညာဏ်
အဲဒီသဘောကို မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ”၊ ပဋိစ္စသမုပ္ပါဒ်မှာ ပဋိသန္ဓေဝိညာဏ်စိတ် အကျိုးစိတ်တွေပေါ်လာတယ်၊ ဒီလိုပေါ်လာတဲ့အခါမှာ ပထမစတင်ပေါ်တာကို ပဋိသန္ဓေစိတ်လို့ခေါ်တယ်။ ပဋိသန္ဓေဆိုတာ ပဋိ - တစ်ဖန်၊ သန္ဓေ - ပြန်ဆက်တာ၊ ဘဝနှစ်ခု ဆက်စပ်ပေးတဲ့သဘော၊ ဟိုဘဝက စုတိစိတ်ကျလိုက်တာနဲ့ တစ်ပြိုင်နက် ပြတ်စဲမသွားအောင် ပဋိသန္ဓေစိတ်ကလေးက ပေါ်လာတာ၊ ဒါကြောင့်မို့ ဘဝနှစ်ခုကို ဆက်စပ်ပေးတဲ့စိတ်ဖြစ်လို့ သူ့ကို ပဋိသန္ဓေစိတ်လို့ ခေါ်တာ၊ သူ့ဆောင်ရွက်မှုကိစ္စက ရှေးဘဝနဲ့ နောက်ဘဝနှစ်ခုကို ဆက်ပေးလိုက်တာ၊ ကြားထဲမှာ အဆက်မပြတ်ရအောင် ဆက်ပေးလိုက်တာ၊ စိတ်အစဉ်ဆိုတာ ဘယ်တော့မှ အဆက်မပြတ်ဘူး၊ အဲဒီနှစ်ခုဟာ အမြဲတမ်း on line ဖြစ်နေတာ၊ စုတိစိတ်ဆိုတာ ချုပ်သွားတာနဲ့ တစ်ပြိုင်နက် ပဋိသန္ဓေစိတ်ဆိုတာ ပေါ်လာတာ။
အဲဒါကိုပဲ ပဋ္ဌာန်းပါဠိတော်မှာ စုတိစိတ်ချုပ်သွားပြီး ပဋိသန္ဓေစိတ်ပေါ်လာတာကိုပဲ “စုတိစိတ်က ချုပ်ပေးသွားခြင်းဖြင့် ပဋိသန္ဓေစိတ် ပေါ်လာဖို့ရန် အထောက်အကူပြုတယ်” လို့ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ ဥပနိဿယပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယောလို့ ဟောတာ၊ မရှိတော့မှ ကျေးဇူးပြုလိုက်တာ...
စာမျက်နှာ-၈၉
ပေးလိုက်တာကလည်း နောက်တစ်ခု ဖြစ်လာဖို့ရန်အတွက် ကျေးဇူး ပြုလိုက်တာပဲ။
ကျေးဇူးပြုတယ်ဆိုတဲ့ ပစ္စယအဓိပ္ပါယ်
ကျေးဇူးပြုတယ်ဆိုတဲ့ ပစ္စယရဲ့ အဓိပ္ပါယ်က ဖြစ်အောင် လုပ်တာကလည်း ကျေးဇူးပြုတာပဲ။ ရပ်တည်နေနိုင်အောင် လုပ်ထားတာကိုလည်း ကျေးဇူးပြုတယ်လို့ ခေါ်တယ်။
ပန်းပွင့်လေးတွေ လှလှပပစုပြီးတော့ ရပ်တည်နေနိုင်အောင် ပန်းအိုးကနေ အထောက်အကူပြုထားတယ်၊ ကျေးဇူးပြုတယ် ခေါ်တာပေါ့။ ဒီလိုပဲ အကြောင်းနဲ့ အကျိုးဆိုတာ ဆက်စပ်ပြီးတော့ ကျေးဇူးပြုနေတာ၊ ဒါတွေကို ရည်ညွှန်းပြီးတော့ မြတ်စွာဘုရားက ပစ္စယ လို့ ပြောတယ်။ ပစ္စယ ဆိုတာ ဖြစ်စေတာရယ်၊ ရပ်တည်စေတာရယ် ဒီနှစ်ခုနဲ့ ကျေးဇူးပြုတဲ့သဘောပဲ။
ကံနဲ့ ကမ္မဝိပါက - ဘဝတစ်ခုမှာ ကံတရားကြောင့် ကံရဲ့ အကျိုးတရားဖြစ်တဲ့ ပဋိသန္ဓေစိတ်ဟာ ပေါ်လာရတယ်။ ပဋိသန္ဓေစိတ်ပေါ်လာတဲ့အခါမှာ ထိုပဋိသန္ဓေစိတ်နဲ့တွဲဖက်ပြီးတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်တရားတွေလည်း ပေါ်လာတယ်။ “ဝိညာဏပစ္စယာ နာမရူပံ” နဲ့ ဒီသဘောကို ဆက်ပြီး ပြောရမယ်။
“ကံ၏ သဘောတရားများ”
ဒီကနေ့တော့ ကံတရားနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရား ထိုထိုသုတ္တန်မှာ ဟောထားတဲ့ အချက်အလက်ကလေးတွေ၊ ပဋိစ္စ-
စာမျက်နှာ-၉၀
သမုပ္ပါဒ်နဲ့ ပဋ္ဌာန်းကို ပိုပြီး နားလည်သဘောပေါက်ရအောင် ထိုထိုသုတ္တန်တွေမှာပါတဲ့ ကံရဲ့ သဘာဝတရားတွေကို ဆက်စပ်ပြီး မှတ်သားဖို့ လိုအပ်တယ်။
ကံတရားက မိမိရဲ့ အကျိုးဝိပါက်စိတ်ကို ထုတ်လုပ်တဲ့အခါ အချိန်အခါ ၂-ခုမှာ ထုတ်လုပ်တယ်။ ပထမအချိန်အခါက ပဋိသန္ဓေ လို့ခေါ်တဲ့ ဘဝအစမှာ တစ်ခါထုတ်လုပ်တယ်။ နောက်ဘဝတစ်ခု စတင်ပြီးတဲ့နောက် ဆက်လက်ဖြစ်ပေါ်နေတဲ့ တစ်သက်တာကာလ လို့ခေါ်တဲ့ ပဝတ္တိအချိန်ပိုင်းမှာလည်းပဲ ကံတရားက ဆက်လက်ပြီးတော့ အကျိုးဝိပါက်စိတ်တွေကို ဖြစ်ပေါ်စေတယ်။ အဲဒီလို ကံတရားက ထုတ်လုပ်ပေးလိုက်တဲ့ အကျိုးဝိပါက်စိတ်တွေဟာ တကယ်ကတော့ ကံတရားဆိုတာ ဘယ်ကံက ထုတ်လုပ်တာတုန်းလို့ဆိုရင် သေခါနီးမှာဖြစ်လာတဲ့ မရဏာသန္နဇောက အာရုံတစ်ခုအနေနဲ့ ရယူလိုက်တဲ့ အကျိုးပေးခွင့် အလှည့်အကြိမ် ကျလာတဲ့ အင်အားကောင်းတဲ့ ကံတစ်ခုက ထုတ်လုပ်ပေးလိုက်တာ။ ဒီတော့ ကံဟာ အတိတ်နဲ့ပဲ သက်ဆိုင်တယ်ပေါ့။
ကံနှင့် စိတ်-ဥတု-အာဟာရ
အတိတ်ဘဝ ကံကြောင့် ဖြစ်ပေါ်လာတဲ့ နာမ်တရား၊ ကံကြောင့်ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေဟာ ဘယ်လိုနည်းနဲ့ စဉ်ဆက်မပြတ် ဒီဘဝမှာ ဆက်လက်ပြီးတော့ သွားနေကြသလဲ ဆိုလို့ရှိရင် ပစ္စုပ္ပန်ဘဝမှာရှိနေတဲ့ ဥတုကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေ၊ အာဟာရကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေ၊ စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေ၊ အဲဒါတွေနဲ့ ဆက်စပ်ပြီးတော့ ကံကြောင့်
စာမျက်နှာ-၉၁
ဖြစ်တဲ့ရုပ်တရားဟာ ကံဆိုတဲ့ သဘာဝတရားက ထပ်ဆင့်ပြီးတော့ ထုတ်နေတာ မရှိတော့သော်လည်း သူဟာ အခြားအကြောင်းတရားတွေရဲ့ အထောက်အကူတွေနဲ့ ဆက်လက်ပြီးတော့ သွားနေတယ် လို့ ဆိုတယ်။
ဥပမာ - မျိုးစေ့လေးတစ်ခုကို မြေထဲမှာချပြီးတော့ စိုက်လိုက်ရင် အဲဒီမျိုးစေ့က အမြစ်က သက်ဆင်းလာတယ်၊ အညှောက်ကလေး ပေါက်လာတယ်၊ ပြီးတာနဲ့ တစ်ပြိုင်နက် ဒီမျိုးစေ့လေးဟာ ဆွေးသွားတယ်၊ ချစိုက်လိုက်တဲ့ မျိုးစေ့လေးက မရှိတော့ဘူး။ ဒီအပင်ကလေး သူချထားတဲ့ အမြစ်ကလေးနဲ့ အညှောက်ကလေး ဆက်လက်ရှင်သန်နေဖို့ ဘယ်သူက ထိန်းသွားတုန်းဆိုရင် မြေတို့၊ ရေတို့၊ လေတို့၊ အပူငွေ့တို့ဆိုတာတွေက ထိန်းသွားတာ။
အဲဒါလိုပဲ ကံမျိုးစေ့ကနေ ချပေးလိုက်တဲ့ သန္ဓေစိတ်နဲ့ ထိုသန္ဓေစိတ်နှင့် အတူတကွ ဖြစ်ပေါ်လာတဲ့ ကမ္မဇရုပ်ကလေးတွေ တစ်ဘဝတာကာလမှာ ရှင်သန်ရပ်တည်နေအောင် ဥတုကြောင့် ဖြစ်တဲ့ရုပ်တွေ၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်တွေ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေက အထောက်အကူပေးပြီးတော့ သွားကြတာပဲ၊ အားလုံးကနေ သယ်ဆောင်ပြီးတော့ သွားကြတာ။ ဒါကြောင့်မို့လို့ ကံက ထုတ်လိုက်တဲ့ ရုပ်ဟာ အနှစ်-၅၀, ၆၀, ၇၀, ၈၀, ၁၀၀၊ ကံရဲ့ အရှိန်ကောင်းရင် ကောင်းသလောက်၊ ဥတု၊ အာဟာရ စွမ်းရည်သတ္တိတွေ ဖြစ်ရင်ဖြစ်သလောက် ကံကနေ ထုတ်လုပ်ပေးထားတဲ့ ကမ္မဇရုပ်နဲ့ ဒီဝိပါက်စိတ်တွေဟာ ရှင်သန်နေကြတယ်။ အဲဒီလို ရှင်သန်နေဖို့ဆိုတာ ကံရဲ့စွမ်းအား တစ်ခုတည်းနဲ့ ဖြစ်တာ မဟုတ်ဘူး၊ အထောက်အကူတွေရဲ့ စွမ်းအားတွေ အများကြီး ပါတယ်ပေါ့။
စာမျက်နှာ-၉၂
ဒါကို စဉ်းစားကြည့်ဖို့က - စထုတ်လိုက်တဲ့ ကံက အင်မတန်မှ အရှိန်ပြင်းတဲ့ကံဆိုရင် အထောက်အကူပြုတဲ့ ဥတုတို့၊ အာဟာရတို့ကလည်းပဲ စွမ်းအားထက်တယ်ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်တစ်ယောက်ဟာ အသက်ရှည်တယ်လို့ ပြောကြတာပဲ၊ အသက် ၁၀၀, ၁၂၀ စသဖြင့် ရှည်သွားတယ်။ ကံက ထုတ်လုပ်တုန်းကလည်း ခပ်ညံ့ညံ့၊ အထောက်အကူပြုတဲ့ ဥတုတို့၊ အာဟာရတို့ကလည်း ညံ့လာတယ်ဆိုရင် သိပ်အသက်မရှည်ဘူး။
ဘုရားနှစ်ဆူတို့၏ သက်တမ်း
ဒီသဘောကို ဘာနဲ့ စဉ်းစားလို့ရလဲလို့ ဆိုတော့ ဘုန်းကြီးတို့တစ်တွေ ဆက်စပ်ပြီး စဉ်းစားရမှာက ကဿပမြတ်စွာဘုရားနဲ့ ဂေါတမမြတ်စွာဘုရားကို ယှဉ်ကြည့် - ကဿပမြတ်စွာဘုရားက လူတွေရဲ့ သက်တမ်း နှစ်သောင်းတမ်းမှာပွင့်လို့ အသက်နှစ်သောင်း နေရတယ်၊ ဂေါတမမြတ်စွာဘုရားကျတော့ အသက် ၁၀၀-တမ်းမှာ ပွင့်လို့ အသက်-၈၀ နေရတယ်။ ဒါ ကံကို ပုံချလို့ ရမလား။
ဘုရားဖြစ်အောင် ကျင့်ရတဲ့ကံဟာ ကဿပဘုရားဖြစ်အောင် ဖြည့်ကျင့်ရတဲ့ကံနဲ့ ဂေါတမမြတ်စွာဘုရားဖြစ်အောင် ဖြည့်ကျင့်ခဲ့ရတဲ့ ပါရမီကံတရားတွေဟာ အတူတူပါပဲ။ ဘုရားတိုင်း ဘုရားတိုင်းဟာ အနည်းဆုံး လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ၁၀-ပါး၊ အပြား-၃၀၊ စွန့်ခြင်းကြီး ၅-ပါးဆိုတာတွေကို ဖြည့်ကျင့်ပြီးတော့ လာကြရတာချည်းပဲ။ ဒီတော့ ကံနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဘာမှပြောစရာ အကြောင်းမရှိဘူး၊ တူညီတဲ့ ကံတရားတွေကို ဖြည့်ကျင့်လာခဲ့တာပဲ။ ကဿပမြတ်စွာဘုရားက ပိုကံကောင်းလို့
စာမျက်နှာ-၉၃
အသက်ရှည်တာ မဟုတ်ဘူး၊ ဂေါတမမြတ်စွာဘုရားက ကံညံ့လို့ အသက်တိုတာ မဟုတ်ဘူး။
ဘာအကြောင်းတရားလဲဆိုတာကို အဋ္ဌကထာက ဆောက်ပြထားတယ်- “ဥတုနာ ဘာဇနေန စ အာယု ဟာယတိပိ ဝဍ္ဎတိ” တဲ့။ ခုနကပြောတဲ့ ထိန်းတဲ့ဟာ လိုတယ်ပေါ့၊ ကံက သူ့လုပ်ငန်းလုပ်ပြီးသွားပြီ၊ ခုနက မျိုးစေ့လေးက မျိုးစေ့ချပြီးသွားပြီး သူ့လုပ်ငန်းသူလုပ်တာ ပြီးသွားပြီ၊ လုပ်ပြီးသွားတာနဲ့တစ်ပြိုင်နက် သူက မရှိတော့ဘူး။ ဆက်လက်ထိန်းသိမ်းရမှာက ဘယ်သူက ထိန်းသိမ်းတာတုန်း ဆိုတော့ - မျိုးစေ့ကို ဥတုတို့၊ အာဟာရတို့က ထိန်းသိမ်းသွားတာ။
ထို့အတူပဲ လူ့ရဲ့သက်တမ်းဟာ ကဿပမြတ်စွာဘုရားရှင် ပွင့်တော်မူရာ သက်တမ်းကာလမှာ ရှိကြတဲ့ ရာသီဥတုတို့၊ အာဟာရတို့ဆိုတာဟာ ဥတုက အလွန်ကောင်းသည့်အတွက်ကြောင့် ထိုဥတုကို မှီပြီးတော့ စိုက်ပျိုးရတဲ့ သီးနှံတွေဟာလည်း အဆီသြဇာ ပြည့်တယ်။ ဒီလို ဥတုကောင်းခြင်း၊ ဥတုကို မှီပြီး ဖြစ်ပေါ်လာတဲ့ သီးနှံတွေကလည်း အာဟာရဓာတ် ကြွယ်ဝခြင်းတို့ကြောင့် အဲဒီအာဟာရဓာတ်တွေကို စားသုံးနေရတဲ့ ကဿပမြတ်စွာဘုရားရဲ့ ရုပ်ခန္ဓာကိုယ်တော်ကို အဲဒီဥတုနဲ့ စားသုံးရတဲ့အာဟာရဓာတ်က အနှစ်နှစ်သောင်းတိုင်အောင် ရှည်ကြာစေနိုင်တယ်ပေါ့။
ဂေါတမဘုရားလက်ထက် ရောက်တဲ့အခါကျတော့ ဥတုကလည်း ညံ့သွားတယ်၊ ညံ့တဲ့ဥတုမှာ စိုက်ထားတဲ့ အသီးအနှံတွေကလည်း အဆီသြဇာ ညံ့လာတယ်၊ ညံ့တဲ့အာဟာရတွေကို စားသုံးရတဲ့အခါ ဂေါတမမြတ်စွာဘုရားရဲ့ ကံတရားဟာ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဘယ်လောက်ပဲ အရှိန်အဝါရှိရှိ အထောက်အကူ
စာမျက်နှာ-၉၄
ပြုတဲ့ အာဟာရဓာတ်တွေတို့၊ ဥတုတို့က ညံ့သွားတယ်။ ညံ့သွားသည့်အတွက်ကြောင့် အနှစ်-၁၀၀ ထက် ပိုပြီးတော့ ထိန်းထားနိုင်စွမ်း မရှိဘူးတဲ့။ ဒီသဘောကို ပြောတာနော်၊ ဒီတော့ ကံနဲ့ ပတ်သက်လာလို့ရှိရင် သူ့အတိုင်းအတာတစ်ခုအရသာ မှတ်သားကြရမှာ ဖြစ်တယ်။
ပဋိသန္ဓေစိတ်ဖြစ်ရန် အခြားအထောက်အကူများ
ဘုန်းကြီးတို့တစ်တွေ ဘဝတစ်ခု အခုရလာတော့ စွမ်းအားရှိတဲ့ ကံတစ်ခုကနေ ကိုယ့်ကို ပစ်ချပေးလိုက်တယ်။ မနေ့က ပြောတဲ့အတိုင်း “ကမ္မံ ခေတ္တံ၊ ဝိညာဏံ ဗီဇံ၊ တဏှာ သနေဟာ” ပေါင်းစပ်ပြီးတော့ အလုပ်လုပ်လိုက်တယ်။ အဲဒီအလုပ်လုပ်လိုက်တဲ့အခါမှာ ဝိပါကလို့ဆိုတဲ့ ပဋိသန္ဓေစိတ်ကလေး ဖြစ်ပေါ်လာတာဟာ ကံက ဖန်တီးပေးလိုက်တာတော့ မှန်တယ်၊ သို့သော် ဒီပဋိသန္ဓေစိတ်ကလေးဟာ အခြားအထောက်အကူတွေ သူ့မှာ ရှိနေသေးတယ်။
ဘာအထောက်အကူတွေလဲ လို့ဆိုရင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဆိုတဲ့ အာရုံအထောက်အကူတွေ သူ့မှာ ရှိနေသေးတယ်။ အဲဒီအာရုံလေးပေါ်မှာ မှီပြီးတော့မှ ဒီသန္ဓေစိတ်ကလေးဟာ ပေါ်လို့ရတယ်။ မှီစရာအာရုံ မရှိလို့ရှိရင် စိတ်ဆိုတာ မဖြစ်နိုင်ဘူး။ “အာရမ္မဏ ဝိဇာနန လက္ခဏာ - အာရုံကိုသိတဲ့ သဘောတရား” လို့ဆိုတဲ့နေရာမှာ အာရုံနဲ့ကင်းပြီး ဖြစ်တဲ့စိတ်ဆိုတာ မရှိဘူး၊ အာရုံမပါဘဲနဲ့ စိတ်ဆိုတာ ဘယ်တော့မှ မဖြစ်ဘူးတဲ့။ အာရုံကို မှီပြီးတော့မှသာ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒီလိုပြောတယ်၊ ဒီပဋိသန္ဓေစိတ်
စာမျက်နှာ-၉၅
ကို ကံက ဖန်တီးတာ မှန်တယ်၊ သို့သော် အာရုံဆိုတဲ့ ကြိုးတန်းကလေးကို ကိုင်ပြီးမှ သူဟာ ဖြစ်ပေါ်လို့ရတယ်။ နို့မို့ဆိုရင် ဒီသန္ဓေစိတ်ကလေးဟာ ပေါ်ပေါက်လာခြင်း မရှိနိုင်ဘူး။
စိတ်ဆိုတာ ခန္ဓာ ၅-ပါး ရှိတဲ့ ဘုံတွေမှာဆိုရင် အာရုံတင်မကဘူး၊ မှီရာဝတ္ထုရုပ်ကလေးကလည်း ရှိရသေးတယ်။ ဆိုလိုတာက အောက်က မှီစရာလည်း ရှိရမယ်၊ အပေါ်က ဆွဲကိုင်စရာလည်း ရှိရမယ်။ အာရုံက ကြိုးတန်းလေးနဲ့ အလားသဏ္ဌာန် တူတယ်၊ အာရုံကြိုးတန်းလေးကို ဆွဲကိုင်ပြီး အောက်က ထိုင်စရာဆိုတဲ့ ဝတ္ထုရုပ်လေးလည်း ရှိရတယ်၊ ဒီနှစ်ခုရှိမှ သူက ရပ်တည်နိုင်စွမ်းရှိတယ်ပေါ့။ (သို့သော် မှီစရာဝတ္ထုရုပ်ဆိုတာတော့ ဘုံတိုင်းမှာ မရှိဘူး၊ အရူပဘုံကျတော့ ရုပ်မရှိသည့်အတွက်ကြောင့် သူ့ကို အထူးမပြောတော့ဘူး)။
ပဋ္ဌာန်းသတ္တိများ
ကောင်းပြီ - ကံဆိုတာ အဓိကအကြောင်းတစ်ခုကို ဦးတည်ပြီးတော့ ပြောလိုက်တာ၊ သန္ဓေစိတ်ကလေး ပေါ်ဖို့ရန်အတွက် ကံဆိုတဲ့ အကြောင်းအပြင် အာရုံဆိုတဲ့ အကြောင်းတရားလေးလည်း ပါသေးတယ်။ အဲဒီအာရုံဆိုတဲ့ အကြောင်းတရားကို ပဋ္ဌာန်းကျတော့ “အာရမ္မဏပစ္စယော” လို့ ဒီလို ဟောထားတယ်။
စုတိစိတ်ကလေး ချုပ်ပေးတာကိုက ပဋိသန္ဓေစိတ်ကလေး ဖြစ်ဖို့ အထောက်အကူပြုတာပဲ၊ အဲဒါကို စုတိစိတ်ကလေးရဲ့ အခြားမဲ့မှာ ဒီပဋိသန္ဓေစိတ်ကလေး ပေါ်ရတာ ဖြစ်သောကြောင့် အနန္တရပစ္စယော၊ သမနန္တရပစ္စယော။ အဲဒီစုတိစိတ်ကလေး လုံးဝပျောက်-
စာမျက်နှာ-၉၆
ကွယ်သွားမှ ပဋိသန္ဓေစိတ်ကလေး ပေါ်လာခွင့်ရှိတာ ဖြစ်သောကြောင့် နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ ပဋ္ဌာန်းရဲ့စွမ်းရည်သတ္တိတွေနဲ့ ဒီလို အထောက်အကူပြုကြတာပေါ့၊ ရှေ့စိတ်ကနေပြီးတော့ အထောက်အကူပြုတာ။
ဒါကြောင့်မို့ ပဋ္ဌာန်းကို လေ့လာတဲ့အခါမှာ Four points of view ဆိုတဲ့ လေးဘက်လေးတန်ကနေပြီးတော့ အကြောင်းတရားတွေဟာ အထောက်အကူပြုကြပုံကို ရှုမြင်နိုင်တယ်။
ပဋိသန္ဓေစိတ်ကလေးကို လေးဘက်လေးတန် အကြောင်းတရားတွေက ဘယ်လိုအထောက်အကူပြုသလဲ ဆိုတော့ ပဋိသန္ဓေစိတ်ကလေးရဲ့ အရင်ဖြစ်ပြီးတော့ ချုပ်သွားတဲ့ စုတိစိတ်- (ဟိုဘဝက နောက်ဆုံးစိတ်ကလေး)- အဲဒီနောက်ဆုံးစိတ်ကလေးသည် သူကိုယ်တိုင်ချုပ်ငြိမ်းပေးခြင်းဖြင့် ပဋိသန္ဓေစိတ်ကလေး ဖြစ်ပေါ်ခွင့်ကို ပြုလိုက်တာ။ ဒါက အကြောင်းတစ်ခုပဲ၊ အဲဒီအကြောင်းကို ပဋ္ဌာန်းမှာ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယောလို့ ဒီလိုဟောလိုက်တယ်၊ အဲဒါက point တစ်ခုပဲ။
ဟောဒီ ပဋိသန္ဓေစိတ်ကလေးဟာ ကံကြောင့်ဖြစ်တာ ဖြစ်ပေမယ့်လို့ အာရုံနဲ့ ကင်းပြီးတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်လို့ဆိုတဲ့ သေခါနီးမှာ ကံကြောင့် ပေါ်လာပြီးတော့ မရဏာသန္နဇောက ရယူဖော်ပြပေးတဲ့ အာရုံလေးကို အမှီပြုပြီးတော့ ဖြစ်ပေါ်ရတာ ဖြစ်သောကြောင့် အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အဲဒါ point တစ်ခုပဲ။
နောက်တစ်ခုက ဒီသန္ဓေစိတ်ကလေးဟာ လူ့ဘုံဘဝနဲ့ ပြောမယ်ဆိုရင် သူ့မှာ အမှီမရှိဘဲနဲ့ မဖြစ်နိုင်ဘူး၊ သူ့အမှီလေးက ဘာ-
စာမျက်နှာ-၉၇
တုန်းဆိုရင် သူနဲ့ပြိုင်တူ ဖြစ်ပေါ်လာတဲ့ ဟဒယဝတ္ထုရုပ်ကလေးကို သူက မှီရတယ်။ ဒါကြောင့်မို့လို့ ဒီအခိုက်ကလေးမှာ ပဋိသန္ဓေစိတ်နဲ့ ဟဒယဝတ္ထုကို “ဩက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော” လို့ ဒီလိုဟောတာ၊ အပြန်အလှန် ပြိုင်တူဖြစ်လာတာ။
ဒီသန္ဓေစိတ်ကလေးနဲ့ ဟဒယဝတ္ထုဆိုတဲ့ ကံကြောင့်ဖြစ်လာတဲ့ ရုပ်ကလေး - ပဋိသန္ဓေစိတ်ကလေးကလည်းပဲ ကံက ထုတ်လုပ်လိုက်တာ၊ ဟဒယဝတ္ထုရုပ်ကလေးကလည်း ကမ္မဇရုပ် - ကံက ထုတ်လုပ်လိုက်တာပဲ။ နှစ်ခုစလုံးကို တစ်ပြိုင်နက် ထုတ်ပေးလိုက်တာ၊ ထုတ်ပေးလိုက်တဲ့ ပဋိသန္ဓေစိတ်ကလေးနဲ့ ဟဒယဝတ္ထုရုပ်တို့သည် အပြန်အလှန် အားပြုပြီး နေကြရတယ်။ အဲဒါကို သဟဇာတပစ္စယော၊ အညမညပစ္စယောလို့ ဟောတာ၊ ရှိနေခိုက်မှာ ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိပစ္စယော၊ ကင်းကွာပြီးတော့ မသွားခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတပစ္စယောလို့ ဒီလိုဟောတာ။
ဒီပဋိသန္ဓေစိတ်ကလေးကို ရှေ့စိတ်ကလည်း အထောက်အကူပြုတယ်၊ အာရုံကလည်း အထောက်အကူပြုတယ်၊ မှီရာဝတ္ထုရုပ်ကလည်း အထောက်အကူပြုတယ်။
တစ်ခါ internal condition - ပဋိသန္ဓေစိတ်ကလေးက သူတစ်ခုတည်း ရပ်တည်တာလားလို့ ဆိုရင် သူတစ်ခုတည်း မရပ်တည်နိုင်ဘူး၊ ပဋိသန္ဓေစိတ်ကလေးဟာ သူ့ရဲ့စိတ်အမျိုးအစား အလျော်စွာ ယှဉ်ဘက်စေတသိက်ကလေးတွေနဲ့ unity ဖွဲ့ထားတယ်။ ဥပေက္ခာသန္တီရဏစိတ် ဆိုလို့ရှိရင် စေတသိက်က ၁၀-ခု၊ အားလုံးပေါင်းလိုက်တဲ့အခါ unity of eleven ပေါ့။ သဘာဝ-
စာမျက်နှာ-၉၈
တရား ၁၁-ခုကို ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလေးတစ်ခု၊ molecule လေးတစ်ခု၊ အဲဒီ unit ကလေးတစ်ခု ဖွဲ့တာက ပဋိသန္ဓေစိတ်ကလေးတစ်ခုတည်းတင် မဖြစ်နိုင်ဘူး၊ ကျန်တဲ့ယှဉ်ဘက် စေတသိက်ကလေးတွေလည်း ပါတယ်။
မဟာဝိပါက်စိတ် ဆိုလို့ရှိရင် သူ့အတိုင်းအတာက ယှဉ်ဘက်စေတသိက် ၃၅-ခု ပါဝင်ပြီးတော့ ဖွဲ့စည်းထားတယ်၊ ၃၆-မျိုး ပါဝင်တဲ့ unity လေးတစ်ခုပဲ၊ အဲဒီ unity လေးဟာ အပြန်အလှန် အထောက်အကူပြုနေကြတယ်။ ဒီလို အပြန်အလှန် အထောက်အကူပြုတာတွေဟာ အတူတကွဖြစ်နေတာ ဖြစ်သောကြောင့် သဟဇာတပစ္စည်း၊ အပြန်အလှန် အထောက်အကူပြုနေကြတယ် - အညမညပစ္စည်း၊ ဟိုတစ်ခုရှိလို့ ဒီတစ်ခုရှိလို့ ရတယ်၊ ဟိုတစ်ခုနဲ့ ဒီတစ်ခုဟာ အပြန်အလှန် မှီတွယ်ပြီးတော့ နေကြရတယ်၊ တစ်ခုပျက်သွားရင် ကျန်တာတွေ အကုန်ပျက်သွားတယ်၊ ဒီလိုသဘောကို ပြောတာ။
ဒီတော့ ပဋိသန္ဓေစိတ်ကလေးဟာ သာမန်အားဖြင့် ပြောမယ်ဆိုရင် ကံတည်းဟူသော အကြောင်းကြောင့် ဖြစ်တယ် - “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ မြတ်စွာဘုရားက ဒီတစ်ခုတည်းကို ပဋိစ္စသမုပ္ပါဒ်မှာ ဟောလိုက်တာနော်၊ ပဓာနအကြောင်းကတော့ ကံဆိုတာ မှန်တယ်၊ သို့သော် ဒါတစ်ခုတည်း လုံလောက်သလားဆိုတော့ မလုံလောက်ဘူး၊ ပဋ္ဌာန်းကျတော့ လေးဘက်လေးတန်က ဟောထားတယ်။ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းကို တွဲဖက်လေ့လာတဲ့အခါမှာ ဒီသဘောတွေကို တွေ့ရတယ်ပေါ့။
စာမျက်နှာ-၉၉
အဓိက ကံအကြောင်းကို ရည်ညွှန်းပြီးတော့ မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဟောတာ၊ ပဋ္ဌာန်းကျတော့ လေးဘက်လေးတန် အကြောင်းတရားတွေက စုပေါင်းပြီးတော့ ဖန်တီးလိုက်တာတဲ့၊ အဲဒီသဘောကို ရည်ညွှန်းပြီးတော့ သင်္ခတ၊ အသင်္ခတ ဆိုတဲ့ အသုံးကို သုံးတာ။ သင်္ခတဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီးတော့ ပြုလုပ်ထားတဲ့အရာကို သင်္ခတ၊ အသင်္ခတဆိုတာ အကြောင်းတရားတွေက စုပေါင်းလုပ်ထားတာ မဟုတ်ဘူးလို့ ပြောတာ။
ကောင်းပြီ - ဒီကံတရားလေးက သတ္တဝါတွေအားလုံး၊ ကမ္ဘာလောကကြီးတစ်ခုလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုလို့ရှိရင် ဘဝတစ်ခုကို ဆက်စပ်မှုပေးတဲ့ အနေနဲ့ သူထုတ်လုပ်လိုက်တဲ့ ပဋိသန္ဓေစိတ် အမျိုးအစားပေါင်းက ၁၉-မျိုး ရှိတယ်။
အကုသိုလ်ကံက ထုတ်လုပ်သော ပဋိသန္ဓေစိတ်
ဆိုပါစို့ - အကုသိုလ်ကံက ထုတ်တဲ့ ဝိပါက်စိတ်က တစ်ခုရှိတယ်၊ အကုသိုလ်ကံကြောင့် ဖြစ်လာတဲ့ ဝိပါက်စိတ်က “ဥပေက္ခာသန္တီရဏ အကုသလဝိပါက်စိတ်”၊ ဥပေက္ခာသန္တီရဏ - သန္တီရဏထဲမှာ ခံစားမှုမထင်ရှားတဲ့ဟာ၊ သန္တီရဏဆိုတဲ့ နာမည်ကတော့ ခေါ်လို့ရအောင် ပေးထားတဲ့နာမည်ပဲ၊ သူ့ရဲ့ function က ဒီနေရာမှာ သန္တီရဏဆိုတဲ့ အလုပ်ကိုလုပ်တာ မဟုတ်ဘူး၊ သန္တီရဏဆိုတာ inquire ပေါ်လာတဲ့ အာရုံတစ်ခုကို စူးစမ်းတဲ့သဘောကို ပြောတာ။
စာမျက်နှာ-၁၀၀
ဒီနေရာမှာ သူလုပ်တဲ့ကိစ္စက ဘဝတစ်ခုကို ဆက်စပ်ပေးတဲ့ အလုပ်ကို လုပ်တာ၊ သန္တီရဏဆိုတဲ့ အသုံးကို မသုံးဘဲနဲ့ “အဟိတ်မနောဝိညာဏဓာတ်” လို့ ခေါ်တယ်၊ ဝိညာဏထဲမှာ သူက မနောဝိညာဏ၊ ဝိညာဏထက်ပိုပြီး သူက အစွမ်းထက်လို့ မနောဝိညာဏလို့ သုံးတာ။ အဲဒီ အဟေတုက မနောဝိညာဏ - အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ စိတ်ကလေးကို အကုသိုလ်တရားတွေက ထုတ်လုပ်လိုက်တာ။
အကုသိုလ်တရားလို့ ဆိုရာမှာ အကုသိုလ်စိတ်ဟာ ၁၂-ခု ရှိတယ် - လောဘကို အခြေခံတာက ၈-ခု၊ ဒေါသကို အခြေခံတာက ၂-ခု၊ မောဟသက်သက်ကို အခြေခံတာက ဥဒ္ဓစ္စတို့၊ ဝိစိကိစ္ဆာတို့ဆိုတဲ့ ပျံ့လွင့်မှုနဲ့ သံသယဖြစ်မှုကို အခြေခံဖြစ်တာက ၂-ခု၊ အဲဒီ ၁၂-ခုထဲက လောဘကို အခြေခံတဲ့ ကံစေတနာ ၈-ခု၊ ဒေါသကို အခြေခံတဲ့ ကံစေတနာ ၂-ခု၊ အဲဒါတွေက ပဋိသန္ဓေအကျိုးကို ထုတ်လုပ်တယ်။ သို့သော် ဥဒ္ဓစ္စ - ပျံ့လွင့်မှုဆိုတာနဲ့ ယှဉ်တွဲလာတဲ့ စေတနာလေးကျတော့ ပဋိသန္ဓေအကျိုးကို မထုတ်လုပ်ဘူးတဲ့၊ ဝိစိကိစ္ဆာဆိုတဲ့ သံသယဖြစ်မှုနဲ့ ယှဉ်တွဲလာတဲ့ စေတနာလေးကျတော့ ပဋိသန္ဓေအကျိုးကို ထုတ်လုပ်တယ်တဲ့။
ဥဒ္ဓစ္စစေတနာ ပဋိသန္ဓေအကျိုး မပေးခြင်းအကြောင်း
ဒီနေရာမှာ ဥဒ္ဓစ္စနဲ့ ယှဉ်တွဲလာတဲ့ စေတနာက ဘာဖြစ်လို့ ပဋိသန္ဓေအကျိုးကို မထုတ်သလဲဆိုတဲ့ မေးခွန်းလေးတစ်ခု ပေါ်လာတယ်။ အဋ္ဌကထာဆရာက အဖြေပေးတာကတော့ “သောတာပတ္တိမဂ်နဲ့ ပယ်တဲ့တရားတွေထဲမှာ ဥဒ္ဓစ္စ မပါလို့” လို့ဆိုတဲ့အဖြေကို ဖြေ-
စာမျက်နှာ-၁၀၁
တယ်၊ အဲဒီအဖြေက secondary အဖြေမျိုး ဖြစ်တယ်၊ တကယ့် အခြေခံကျတဲ့ အဖြေမျိုး မဟုတ်ဘူး၊ သို့သော် အဋ္ဌကထာမှာ ဒီလို ရေးထားတော့ ဒီလိုပဲ မှတ်ထားရမှာပေါ့။
ဒဿနေန ပဟာတဗ္ဗတရား လို့ဆိုတာ သောတာပတ္တိမဂ်နဲ့ ပယ်တဲ့အထဲမှာ ဝိစိကိစ္ဆာသာ ပါတယ်၊ ဥဒ္ဓစ္စ မပါဘူး၊ ဥဒ္ဓစ္စတာ အရဟတ္တမဂ်နဲ့မှ ပယ်လို့ရတယ်။ သူဆိုလိုတာက - ဥဒ္ဓစ္စကို ပယ်နိုင်တာက အရဟတ္တမဂ်တဲ့၊ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်တွေက မပယ်သေးသည့်အတွက်ကြောင့် အကယ်၍ ဥဒ္ဓစ္စစေတနာကသာ ပဋိသန္ဓေအကျိုးပေးမယ်ဆိုရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တွေဟာ အပါယ်ကျဦးမယ့်သဘော ဖြစ်နေတယ်။
ဒီနေရာမှာ နောက်အကြောင်းတစ်ခုကို ရှာကြည့်မယ်ဆိုရင် ဝိစိကိစ္ဆာနဲ့ ဥဒ္ဓစ္စ - သူတို့ဟာ ငြိမ်သက်မှုမရှိတဲ့ လှုပ်ရှားတဲ့ စိတ်နှစ်ခု၊ သူတို့က “ပဝဋကသဘာဝ” ဒီစေတသိက်တရားနှစ်ခုကို အာရုံပေါ်မှာ လိမ့်ဆင်းနေတဲ့ သဘောတရားတွေလို့ ပြောတယ်၊ အာရုံတစ်ခုတည်းမှာ ငြိမ်ငြိမ်သက်သက်နေနိုင်တဲ့အရာတွေ မဟုတ်ဘူး၊ ဥဒ္ဓစ္စက အာရုံတစ်ခုတည်းမှာ လွင့်ပျံ့နေတယ်၊ ဝိစိကိစ္ဆာကျတော့ အာရုံအမျိုးမျိုးပေါ်မှာ လွင့်ပျံလှုပ်ရှားနေတယ်။
ဒီတော့ ဥဒ္ဓစ္စဟာ တည်ငြိမ်မှု အားနည်းနေသည့်အတွက်ကြောင့် ဥဒ္ဓစ္စနဲ့ ယှဉ်လာတဲ့ စေတနာကလည်းပဲ တည်ငြိမ်မှု အားနည်းတယ်လို့ ပြောနိုင်တယ်။ ဘာဖြစ်လို့တုန်းဆို မငြိမ်သက်တဲ့အရာနဲ့ တွဲနေလို့ရှိရင် အားလုံးသဘာဝတရားတွေဟာ မငြိမ်မသက်တွေပဲ ဖြစ်မှာပေါ့၊ ဥဒ္ဓစ္စက စိတ်ကိုစုပေးနိုင်တဲ့ သမာဓိနဲ့-
စာမျက်နှာ-၁၀၂
လည်း ဆန့်ကျင်တဲ့သဘော ရှိတယ်၊ အာရုံတစ်ခုတည်းမှာ မငြိမ်မသက်လှုပ်ရှားနေတယ်၊ အာရုံတစ်ခုတည်းမှာ စုလို့မရတဲ့ သဘာဝတရားဖြစ်သည့်အတွက် သူနဲ့ယှဉ်လာသည့် စေတနာသည် ဘဝတစ်ခုကို ထုတ်လုပ်ဖို့ရန် စွမ်းအားမပြည့်ဘူးလို့ ပြောလို့ရတယ်ပေါ့။ အဲဒီလို စွမ်းအားပြည့်အောင် မရှိသည့်အတွက် ပဋိသန္ဓေအကျိုးကို မပေးနိုင်ဘူး၊ ပဋိသန္ဓေအကျိုး မပေးနိုင်သည့်အတွက်ကြောင့် သူဟာ ဒဿနေန ပဟာတဗ္ဗ - သောတာပတ္တိမဂ် ပယ်တဲ့တရားထဲမှာ မပါဘူးတဲ့။ ဒါကြောင့် ဥဒ္ဓစ္စစေတနာသည် ပဋိသန္ဓေအကျိုးကို မပေးဘူးလို့ ဆိုရရင် သင့်လျော်မယ်လို့ ထင်တယ်။
ပဋိသန္ဓေအကျိုးပေးတာက ဥဒ္ဓစ္စစေတနာမပါတဲ့ အကုသိုလ်စေတနာ ၁၁-ခု၊ သူတို့က ပဋိသန္ဓေစိတ်ကို အပါယ် ၄-ဘုံမှာ ထုတ်လုပ်တယ်။ ငရဲဘုံက သတ္တဝါတွေလည်းပဲ ဒီသန္ဓေစိတ်ပဲ၊ တိရစ္ဆာန်ဘုံက သတ္တဝါတွေလည်းပဲ ဒီသန္ဓေစိတ်ပဲ၊ ပြိတ္တာတို့၊ အသုရကာယ်တို့က သတ္တဝါတွေလည်းပဲ ဒီသန္ဓေစိတ်ပဲ၊ အကုသိုလ်က ထုတ်လုပ်လိုက်တာ။ ဒီတော့ ထုတ်လုပ်တာချင်း တူပြီးတော့ ဘာဖြစ်လို့ ဒုက္ခချင်း မတူရတာလဲ။
သန္ဓေစိတ်ချင်း တူသော်လည်း ဒုက္ခချင်း မတူပုံ
သန္ဓေစိတ်ချင်းတော့ တူတယ်၊ သို့သော် ငရဲဘုံရောက်တဲ့ သတ္တဝါတွေက ပိုပြီးတော့ ဒုက္ခပြင်းထန်တယ်၊ ငရဲသက်သက်သာတာက တိရစ္ဆာန်၊ တိရစ္ဆာန်ထက် သက်သာတာ ပြိတ္တာလို့ ပြောရမယ်၊ အဆိုးဆုံးကတော့ ငရဲပဲ၊ ငရဲပြီးရင် တိရစ္ဆာန်ပဲ၊ တိရစ္ဆာန်ပြီးရင် ပြိတ္တာက အဆိုးဆုံးတဲ့၊ ဒီလိုပြောရမှာပေါ့။ ဒီတော့ သန္ဓေစိတ်-
စာမျက်နှာ-၁၀၃
ချင်း တူလျက်သားနဲ့ ဘာဖြစ်လို့ ဒီလိုကွဲပြားခြားနားမှုရှိသလဲလို့ ဆိုလို့ရှိရင် တခြားအကြောင်းတရားတွေ ရှိသေးတယ်လို့ ပြောရမယ်။
ကံတစ်ခု ဆောင်ရွက်တဲ့အခါမှာ ထိုကံရဲ့ စွမ်းအားပြည့်မှု၊ စွမ်းအားလျော့ကျမှု ဒါမျိုးလေးတွေ ရှိသေးတယ်။ အဲဒီ ကံတရားနဲ့ ပတ်သက်လာလို့ရှိရင် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က လွဲလို့ ဘယ်သူမှ မသိနိုင်ဘူးတဲ့၊ ဒီကံက အကုသလဝိပါက် သန္တီရဏစိတ်ကို ငရဲဘုံမှာ ထုတ်လုပ်မှာလား၊ တိရစ္ဆာန်ဘုံမှာ ထုတ်လုပ်ပေးမှာလား၊ ပြိတ္တာဖြစ်အောင် ထုတ်လုပ်မှာလားဆိုတာ ဘုရားက လွဲပြီး ဒီစွမ်းအားတွေကို ခွဲခြားပြနိုင်တဲ့ပုဂ္ဂိုလ် မရှိဘူးလို့ ဆိုလိုတယ်။
မြတ်စွာဘုရားရှင်သာ သိနိုင်၏
“သဗ္ဗတ္ထဂါမိနီ ပဋိပဒါ” - တထာဂတဗလလို့ခေါ်တဲ့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်သာ ရနိုင်တဲ့ စွမ်းအားဆိုတာ ရှိတယ်၊ မြတ်စွာဘုရားသာ ရနိုင်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ မရနိုင်တဲ့ စွမ်းအား။ အဲဒီစွမ်းအားထဲမှာ “သဗ္ဗတ္ထဂါမိနီ ပဋိပဒံ ယထာဘူတံ ပဇာနာတိ” တဲ့ - မြတ်စွာဘုရားဟာ ဘယ်ဘုံဘယ်ဘဝ ရောက်မယ်ဆိုတဲ့ ကံတရားတွေကို ကြိုတင်ပြီး အကုန်လုံးသိတယ်။
ဆိုပါစို့ - လူတစ်ဦးတစ်ယောက် ဒါနကောင်းမှုပြုကြတဲ့အခါမှာ ပုဂ္ဂိုလ်တွေရဲ့ အသေးစိတ်အနေအထားတွေကို ကြည့်ပြီး မြတ်စွာဘုရားက “ဒီလူကတော့ လူ့ပြည်ဖြစ်မှာ၊ ဟိုလူကတော့ တာဝတိံသာနတ်ပြည်ဖြစ်မှာ၊ ဟိုလူကတော့ တုသိတာနတ်ပြည်ဖြစ်မှာ” ဆိုပြီးတော့ ပြောလို့ အကုန်လုံးရတယ်၊ လုပ်နေတဲ့ အချိန်အခါမှာ ကြည့်ပြီး မြတ်စွာဘုရားက ဒါကို ကြိုတင်ပြီးတော့-
စာမျက်နှာ-၁၀၄
ပြောလို့ ရတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် စုပေါင်းပြီးတော့ လုပ်ပေမယ့်လို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဓာတ်တွေ တူနိုင်ပါ့မလား? မတူနိုင်ဘူး၊ မတူညီတဲ့ အနေအထားတွေ အများကြီး ရှိတယ်။
အေး - ဝိပဿနာတရားကို ကျင့်တယ်ဆိုလို့ရှိရင်လည်း ဆိုပါစို့ - ယောဂီ-၁၀၀ ကမ္မဋ္ဌာန်း စုပြီးတော့ ထိုင်နေကြတယ်၊ အားလုံး ဝိပဿနာဉာဏ်စဉ်တွေ တတ်အောင် ကြိုးစားနေကြတယ်။ အဲဒီကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေရဲ့ ဝိပဿနာဉာဏ်တွေကို မြတ်စွာဘုရားက ကြည့်ပြီးတဲ့အခါ “ဒီပုဂ္ဂိုလ်ကတော့ သင်္ခါရုပေက္ခာဉာဏ်လောက်ပဲ ရောက်မယ်၊ ဟိုပုဂ္ဂိုလ်ကတော့ သောတာပန်ဖြစ်မယ်၊ ဟိုပုဂ္ဂိုလ်ကတော့ သကဒါဂါမ်အဆင့်ထိ ရောက်မယ်၊ ဟိုပုဂ္ဂိုလ်ကတော့ အနာဂါမ်၊ ဟိုပုဂ္ဂိုလ်ကတော့ ရဟန္တာထိအောင် ဖြစ်နိုင်တယ်” ဆိုတာကို အတိအကျ ပြောနိုင်တယ်၊ level တွေ, degree တွေ မတူညီဘူးဆိုတာ သာမန်ပုဂ္ဂိုလ်တွေ မသိနိုင်ဘူး။
ဒါကြောင့်မို့လို့ “ကမ္မဝိပါကော အစိန္တေယျော” တဲ့ - “ကမ္မဝိပါကော” - ကံရဲ့ အကျိုးတရားဆိုတာကို “အစိန္တေယျ” - ကြံစည်လို့ မရနိုင်ဘူးတဲ့၊ ဉာဏ်မမှီဘူးလို့ ပြောတာ။ ဉာဏ်မမှီလို့ မြတ်စွာဘုရားက “န စိန္တိတဗ္ဗာ” - မကြံနဲ့၊ ကြံရင် ဘာဖြစ်မလဲ၊ “ဥမ္မာဒဿ ဝိဃာတဿ ဘာဂီ” တဲ့ - ရူးသွားလိမ့်မယ်တဲ့၊ ဒါပဲ။ ရူးချင်ရင်တော့ ကြံပေါ့လို့ ဆိုလိုတာနော်၊ ဘာဖြစ်လို့တုန်းဆို မမှီတဲ့အရာတစ်ခု သွားသွားလို့ရှိရင် ရူးဖို့ပဲ ရှိတယ်ပေါ့။ အစိန္တေယျ ၄-ပါး ဆိုတဲ့အထဲမှာ ကမ္မဝိပါကော အစိန္တေယျော။
တချို့က “မကြံနဲ့” လို့ ပြောတာကို သဘောမပေါက်ဘူး၊ သဘောမပေါက်တော့ “မကြံရဘူး” လို့ ပြောတာကို ပိတ်ပင်တယ်-
စာမျက်နှာ-၁၀၅
လို့ ထင်တယ်၊ အလှမ်းမမှီတဲ့ အရာတစ်ခုကို လုပ်မယ်ဆိုရင် မနိုင်ဝန်ထမ်းတာနဲ့ အတူတူပဲပေါ့။ “ဘာဖြစ်ဖြစ် ကြံလို့ရတယ်” ဆိုတဲ့လူတွေကို သူမနိုင်တဲ့ အလေးချိန်ကြီးတစ်ခု ထမ်းခိုင်းရင် ဘယ်လိုနေမလဲ။ စူဠကမ္မဝိဘင်္ဂသုတ်နဲ့ မဟာကမ္မဝိဘင်္ဂသုတ်ဆိုပြီးတော့ ဟောထားတာ ရှိတယ်၊ အဲဒီကမ္မဝိဘင်္ဂသုတ်တွေကို လေ့လာကြည့်မယ်ဆိုလို့ရှိရင် ကံနဲ့ပတ်သက်ပြီး လူတွေ မျက်စိလည်စရာတွေ အများကြီးရှိတယ်။
မြတ်စွာဘုရားကိုယ်တိုင်သာလျှင် ကံနဲ့ ပတ်သက်ပြီးတော့ အဆုံးအဖြတ် ပေးနိုင်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ အဆုံးအဖြတ် မပေးနိုင်ဘူး၊ ဘာဖြစ်လို့တုန်း? ဖြစ်လာတဲ့စေတနာဟာ အခြေခံအားဖြင့် တူသော်လည်းပဲ တစ်ယောက်နဲ့တစ်ယောက် စွမ်းအင်သတ္တိချင်း မတူဘူး၊ အဲဒါကြောင့် မြတ်စွာဘုရားရဲ့ ဒသဗလ နံပါတ် (၃) “သဗ္ဗတ္ထဂါမိနီ ပဋိပဒံ ပဇာနာတိ” လို့ ပြောတာ၊ တကယ့် တထာဂတဗလ - မြတ်စွာဘုရားကိုယ်တော်မြတ်များသာ ရနိုင်တဲ့ စွမ်းအားတစ်မျိုးလို့ ဒီလိုခေါ်တာနော်။
ဒုတိယ တထာဂတဗလကလည်းပဲ ကံနဲ့ ပတ်သက်တယ်။ “ကမ္မသမာဒါနံ ဌာနသော ဟေတုသော ဝိပါကံ ယထာဘူတံ ပဇာနာတိ” တဲ့၊ အကျိုးတရားတွေနဲ့ ပတ်သက်လာလို့ရှိရင်လည်း ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေနဲ့ မြတ်စွာဘုရားက ခွဲခြားပြီးတော့ သိနိုင်တယ်ဆိုတာ - မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သာ သိနိုင်တယ်၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ သိဖို့ မလွယ်ဘူး။ ဒါကြောင့် မြတ်စွာဘုရားဟောတဲ့ “သင်္ခါရပစ္စယာ ဝိညာဏံ”၊ “စေတနာကြောင့် ဟောတဲ့ အစိန္တေယျတရားတွေကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး” ...
စာမျက်နှာ-၁၀၆
ပဋိသန္ဓေစိတ်ဖြစ်တယ်”ဆိုတာကို ဘုန်းကြီးတို့တစ်တွေ မှတ်သားရတယ်။
ကဲ ပဋိသန္ဓေစိတ်ဖြစ်တယ်ဆိုတာကို ပြောမယ်ဆိုရင် အပါယ်ဘုံမှာဖြစ်တဲ့ ပဋိသန္ဓေစိတ်က “အဟိတ်ပနောဝိညာဏ ဓာတ် ဥပေက္ခာသန္တီရဏ” ပေါ့၊ အဲဒီဥပေက္ခာသန္တီရဏစိတ်လေးက ပဋိသန္ဓေအခါမှာဆိုရင် ဘဝတစ်ခုနဲ့ တစ်ခု ဆက်စပ်မှုကို ဆောင်ရွက်ပေးတယ်၊ ကံရဲ့ စွမ်းအားကြောင့် သူပေါ်လာတယ်၊ နောက်လည်းပဲ ကံရဲ့စွမ်းအားကြောင့် ပေါ်ဦးမယ်၊ ဘယ်အချိန်ပေါ်မှာတုန်းဆိုရင် သေတဲ့အချိန်မှာ အဲဒီစိတ်နဲ့ပဲ သေတယ်၊ စုတိစိတ်ရဲ့ အာရုံက ပြောင်းလို့မရဘူး၊ ဒီစုတိစိတ်ရဲ့ အာရုံက ပဋိသန္ဓေစိတ်ရဲ့ အာရုံပဲ၊ ဒါ ပုံသေကားချပ်ပဲ၊ ပဋိသန္ဓေနဲ့ စုတိကြားမှာ ဖြစ်လာသမျှ ဘဝင်စိတ်တွေအားလုံးဟာလည်း ဒီစိတ်ပဲတဲ့၊ ကျန်တဲ့စိတ် မဖြစ်ဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဘဝတစ်ခုဆိုတာကို ဒါနဲ့ ကန့်သတ်ထားလို့ပဲ။
ကံတရားက အရှိန်နဲ့ စွမ်းအားတွေထည့်ပြီးတော့ ပေးလိုက်တဲ့အကျိုးတရားဟာ သူ့စွမ်းအားရှိသလောက် သွားနေမှာ၊ ဥပမာအခုခေတ်စကားနဲ့ပြောရင် ပစ်စင်တစ်ခုကနေပြီးတော့ လောင်ချာနဲ့ ဒုံးပျံကြီးတစ်ခု ပစ်လိုက်တယ်ပေါ့၊ ပစ်လိုက်တဲ့နေရာက သူ့ဟာသူ နေရာမှာပဲ ကျန်ရစ်တယ်၊ ဒုံးပျံကြီးက ရှေ့ဆက်ပြီး အရှိန်နဲ့ သွားနေတာ၊ အရှိန်မကုန်မချင်း သူကဆက်လက်ပြီးတော့ သွားနေမှာပဲ။ အရှိန်ကုန်တဲ့နေရာမှာ ထိုးကျတယ်။
ကံကနေ ဘဝတစ်ခု ဖန်တီးလိုက်တယ်ဆိုတာလည်း အဲဒီသဘောပဲ၊ ကံစွမ်းအားနဲ့ ဘဝတစ်သက်တာလုံး အရှိန်နဲ့ သွားနေ
စာမျက်နှာ-၁၀၇
တာ၊ အဲဒီလို အရှိန်နဲ့သွားနေတဲ့ ဒုံးပျံကြီးကို ဒုံးခွင်းဒုံး ပစ်လိုက်ရင်လည်း ဒီဒုံးပျံကြီးဟာ ပျက်ကျသွားနိုင်သေးတယ်၊ အရှိန်မကုန်ခင် ပျက်ကျသွားနိုင်တယ်၊ အဲဒါမျိုးလိုပဲ အခြားကံဆိုးတစ်ခုက ဝင်ပြီးတော့ အနှောင့်အယှက်ပြုလိုက်လို့ရှိရင်လည်းပဲ လူတွေရဲ့ကံကြမ္မာဟာ အဆုံးသတ်သွားနိုင်သေးတာပဲ။
ကံနဲ့ ပတ်သက်လာလို့ရှိရင် စတင်ပြီးတော့ ဖြစ်ပေါ်စေတဲ့ ကံကို ဇနကကံ လို့ ခေါ်လိုက်တယ်၊ သူက အကျိုးတရားကို ထုတ်လုပ်ပေးလိုက်တယ်၊ သူ ထုတ်လုပ်ပေးလိုက်တာကို အထောက်အကူပြုလို့ရှိရင် ဥပတ္ထမ္ဘကကံ လို့ ခေါ်တယ်၊ အထောက်အကူမပြုဘဲနဲ့ သူ့ကို ဖျက်ဆီးပစ်မယ်ဆိုလို့ရှိရင် ဥပစ္ဆေဒကကံ လို့ ခေါ်တယ်၊ ဒုံးခွင်းဒုံးစနစ်လိုပဲ ကံမှာလည်းပဲ ကံနဲ့ ကံကို ဖျက်ဆီးနေတာ ရှိတယ်။
ဘာဖြစ်လို့တုန်း? လူတွေမှာ လုပ်ထားတာတွေက ကောင်းတာတွေလည်း ရှိတယ်၊ မကောင်းတာတွေလည်း ရှိတယ်၊ စွမ်းအားပြည့်ပြီးတော့ အခွင့်အရေးရလာတဲ့ ကံတစ်ခုကနေ ဝင်ရောက်ပြီးတော့ နှောင့်ယှက်လို့ ရတယ်။
ဆိုပါစို့ - လူတစ်ယောက်ဟာ အတိတ်ဘဝမှာ ကုသိုလ်ကံတွေလည်း လုပ်ခဲ့တယ်၊ အကုသိုလ်ကံတွေလည်း လုပ်ခဲ့တယ်၊ အဲဒီထဲမှာ ကုသိုလ်ကံတစ်ခုကနေ ဝင်ပြီးတော့ အကျိုးပေးလိုက်လို့ လူ့ဘဝရောက်လာတယ်၊ သို့သော် သူလုပ်ထားတဲ့ အကုသိုလ်ကံတွေက “အေး- ကုသိုလ်ကံက လက်ဦးသွားတယ်၊ နေနှင့်ဦး” ဆိုပြီးတော့ အကွက်ကောင်းကို လိုက်ချောင်းနေတယ်၊ ကုသိုလ်ကံက လူ့ဘဝကို ပို့လိုက်တာ၊ ပို့လိုက်တော့ အကွက်ကောင်းကို လိုက်
စာမျက်နှာ-၁၀၈
ချောင်းပြီးတော့ လူ့ဘဝမှာ အနှောင့်အယှက်တွေ ပေးတယ်၊ အဲဒီလူ ခဏခဏ ရောဂါဖြစ်အောင် လုပ်တယ်၊ ဆေးရုံ ခဏခဏ တက်ရအောင် လုပ်တယ်၊ မတရားအစွပ်အစွဲ ခံရအောင်တွေ လုပ်တယ်၊ ဒုက္ခအမျိုးမျိုးတွေ့အောင် လုပ်တယ်၊ သူပိုင်တဲ့ပစ္စည်းတွေ ပျက်စီးအောင် လုပ်တယ်၊ အကုသိုလ်ကံက ဒုက္ခလိုက်ပေးတာတွေပေါ့။ နောက်ဆုံး သူက စွမ်းရည်သတ္တိမြင့်လာလို့ရှိရင်လည်း ဘဝတစ်ခု အဆုံးသတ်အောင် လုပ်လိုက်တယ်၊ accident နဲ့ သေသွားတယ်ပေါ့။
ထို့အတူပဲ ကုသိုလ်ကံ အကုသိုလ်ကံတွေ လုပ်တဲ့အထဲမယ် အကုသိုလ်ကံက အခွင့်အရေးရလို့ လက်ဦးသွားတယ်၊ မွေးဖွားဖြစ်ရတယ်၊ ဒီလို အကုသိုလ်က လက်ဦးသွားသည့်အတွက်ကြောင့် ကုသိုလ်က “အေး ငါကသာ အကျိုးပေးရရင် လူ့ဘုံတို့ နတ်ဘုံတို့ ပို့မှာ၊ ငါက နောက်ကျသွားတယ်၊ အကုသိုလ်ကံက လက်ဦးသွားလို့ ခွေးဘဝရောက်သွားတယ်၊ ဒါပေမယ့် ငါတတ်နိုင်သမျှ မင်းကို စောင့်ရှောက်မယ်”ဆိုပြီး သူဌေးအိမ် ပို့ထားတယ်၊ အဲဒီခွေးဟာ လူ့အဆင့်အတန်းနဲ့ နေရထိုင်ရတယ်၊ model မြင့်တဲ့ကားကြီး စီးလို့ တချို့အိမ်မှာဆိုရင် ရွှေပန်းကန်နဲ့ ထမင်းကျွေးတယ်လို့တောင် ကြားဖူးတယ်၊ ခွေးစာက သပ်သပ်၊ လူထက်တောင်မှ ခမ်းနားနေသေးတယ်၊ သူ့ဖို့က ကြက်ဥက ဘယ်နှစ်လုံးဆိုတာ ပါသေးတယ်၊ အဲဒါ ကုသိုလ်ကံတွေရဲ့ အကျိုးတရားလို့ ဒီလိုပြောတာနော်၊ အကုသိုလ်ကံက လက်ဦးသွားလို့ ခွေးဖြစ်ပေမယ့် ကုသိုလ်ကံက လိုက်ပြီးတော့ စောင့်ရှောက်တဲ့ သဘောတရားတဲ့၊ ဒါမျိုးတွေလည်း လောကမှာ ရှိတယ်။
စာမျက်နှာ-၁၀၉
သမ္ပတ္တိနဲ့ ဝိပတ္တိ
ကံတရားနဲ့ ပတ်သက်လာလို့ရှိရင် ကံသက်သက် မဟုတ်ဘူး၊ အခြေအနေတွေကိုပါ ကြည့်ရတယ်၊ သမ္ပတ္တိနဲ့ ဝိပတ္တိဆိုတာ ရှိတယ်၊ “သြကာသ” ဆိုတဲ့အထဲမှာ ဝိပတ္တိတရား ၄-ပါး ဆိုပြီးတော့ လူတွေဟာ ဝိပတ္တိတရား ၄-ပါးကို ကြောက်ပြီးတော့ အမြဲတမ်း လွတ်မြောက်ဖို့ရန်အတွက် ဆုတောင်းနေကြတယ်။
ဝိပတ္တိတရား ၄-ပါးဆိုတာ ဂတိဝိပတ္တိ - ချို့တဲ့ မကောင်းတဲ့ဘဝမျိုး၊ ဘယ်လိုဟာမျိုးလဲဆိုရင် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဘဝဟာ ဂတိဝိပတ္တိ၊ အဲဒီဘဝ ရောက်သွားလို့ရှိရင် ကုသိုလ်ကံတွေက အကျိုးပေးချင်သော်လည်းပဲ အကျိုးပေးလို့ မရဘူးတဲ့၊ ဝဝလင်လင် စားရုံလောက်ပဲ သူလုပ်နိုင်တယ်၊ ဒါပေမယ့် လူ့အဆင့် မပေးနိုင်ဘူး၊ လူ့အဆင့်ရောက်အောင် ဘယ်လိုမှ မလုပ်နိုင်ဘူး၊ ဂတိဝိပတ္တိလို့ ခေါ်တယ်၊ လူ့ဘုံလူ့ဘဝ နတ်ဘုံ နတ်ဘဝကို ဂတိသမ္ပတ္တိ လို့ ခေါ်တယ်၊ သမ္ပတ္တိနဲ့ ဝိပတ္တိ ၂-ခု မှတ်ထားရမယ်၊ ဂတိသမ္ပတ္တိဆိုတာ ပြည့်စုံတဲ့ဂတိ၊ ဂတိဝိပတ္တိဆိုတာ ချို့တဲ့တဲ့ဂတိ။
အဲဒီဘဝတွေ ရောက်လာပြီးတဲ့အခါမှာ နောက်တစ်ခုက ဥပဓိဝိပတ္တိနဲ့ ဥပဓိသမ္ပတ္တိတဲ့၊ ဥပဓိသမ္ပတ္တိဆိုတာ ရုပ်ရည်ချောမော လှပတင့်တယ်တာ၊ ဥပဓိဝိပတ္တိဆိုတာ အရုပ်ဆိုး အကျည်းတန်တာ၊ ခွေးတောင်မှပဲ ချောလို့ရှိရင် “ခွေးကလေးက လှလိုက်တာ” ဆိုပြီးတော့ လူတကာ မွေးချင်တယ်၊ အဲဒါ ဥပဓိသမ္ပတ္တိလို့ ခေါ်တယ်၊ ခွေးဝဲစားဆိုရင် ဟိုလူက ခဲနဲ့ ပေါက်ထုတ်လိုက်၊ ဒီလူက ခဲနဲ့ပေါက်ထုတ်လိုက်နဲ့ ဥပဓိဝိပတ္တိ ဖြစ်သွားတယ်။
စာမျက်နှာ-၁၁၀
လူဆိုလည်း အတူတူပဲ၊ ဥပဓိဝိပတ္တိ ဖြစ်လာပြီ ဆိုလို့ရှိရင် ဘုရင့်သားတောင် ဘုရင် မဖြစ်ဘူး၊ သီဟိုဠ်ကျွန်းမှာ ဘုရင့်သား တစ်ဦး - ငယ်ငယ်ကတည်းက ကြက်တိုက်ဝါသနာပါတယ်၊ ကြက်တိုက်ရင်း ကြက်အတက်နဲ့ ထိုးမိတဲ့အခါကျတော့ အဲဒီမင်းသားလေးဟာ မျက်လုံးတစ်ဖက် ပျက်သွားတယ်၊ အရွယ်ရောက်တဲ့အခါကျတော့ သူ့အမေမိဖုရားကြီးက ဘုရင်ကြီးဆီ သူ့သားကို မင်းမြှောက်ဖို့ ပြောတယ်၊ ဘုရင်ကြီးက ဘာပြောတုန်း။
“မင့်သားက အင်္ဂါချို့တဲ့နေတယ်၊ ဘုရင်မဖြစ်နိုင်ဘူး၊ တော်ကြာကျတော့ တစ်ဖက်ကန်းဘုရင်ကြီး ဖြစ်နေမှာစိုးလို့”တဲ့၊ ဒီတော့ သီဟိုဠ်ကျွန်းတစ်ကျွန်းလုံးကို အစိုးရတဲ့ မင်းရဲ့ ရာထူးမပေးဘူး၊ ကျွန်းသေးသေးလေးမှာ အရာခံဘုရင်လေး တစ်ဦးလောက်ပဲ သူဖြစ်တယ်၊ အကယ်၍သာ မျက်လုံးပျက်မသွားဘူး ဥပဓိဝိပတ္တိ မဖြစ်ဘူးဆိုရင် သူဘုရင်ဖြစ်မှာ သေချာတယ်၊ ကုသိုလ်ကံက အကျိုးပေးချင်ပေမယ့်လို့ ခုနကလို တစ်ခုခုပျက်စီးသွားလို့ရှိရင် အကျိုးပေးလို့ မရဘူးတဲ့။
ခြုံငုံပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် ကုသိုလ်ကံတွေ ဘယ်လောက်ကောင်းကောင်း ဝိပတ္တိနဲ့ ကြုံနေလို့ရှိရင် အလုပ်မဖြစ်ဘူးတဲ့၊ အကုသိုလ်ကံတွေက ဘယ်လောက်ကြီးကြီး သမ္ပတ္တိနဲ့ ပြည့်စုံနေရင် အလုပ်မဖြစ်ဘူး၊ ဒုက္ခသိပ်ပြီးတော့ မပေးနိုင်ဘူး၊ ဒီလို ဆိုလိုတယ်ပေါ့။ ကုသိုလ်ကံတွေကလည်း သမ္ပတ္တိနဲ့တွေ့မှ အပြည့်အဝ အကျိုးပေးတယ်၊ သူတို့နဲ့ ဆန့်ကျင်ဘက် ဖြစ်လာလို့ရှိရင် အကျိုးမပေးဘူးတဲ့၊ ဒီသဘောတရားတွေကိုလည်းပဲ ကံနဲ့ ဆက်စပ်ပြီးတော့ နားလည်ရမယ်ပေါ့။
စာမျက်နှာ-၁၁၁
ဘယ်လောက်ဆင်းရဲတဲ့ဘဝ ရောက်ရောက် - ဟိုးရှေးတုန်းကဆို ကျွန်စနစ်တွေ ရှိတော့ ကျွန်မရဲ့ သားသမီးပဲဖြစ်စေ ရုပ်အဆင်း လှတယ်ဆိုရင် ရာထူးကောင်းကောင်း ရတယ်၊ ဘယ်လောက်ပဲ ချမ်းသာတဲ့လူပဲဖြစ်ဖြစ် ရုပ်ဆိုးအကျည်းတန်လာလို့ရှိရင် သိပ်ပြီးတော့ လူရာမသွင်းချင်ဘူး။
သီဟိုဠ်ကျွန်းမှာ အမတ်ကြီးတစ်ဦးရဲ့ဇနီးက အတော်အရုပ်ဆိုးတာ၊ ပွဲနေထိုင်နေသွားလို့ရှိရင် သူ့ကို အိမ်ကျွန်မပဲ မှတ်နေကြတာ ဘယ်သူကမှ အရေးမလုပ်ဘူးနော်၊ ဥပဓိဝိပတ္တိဖြစ်လို့ သူ့ကို အမတ်ကတော်လို့ ဘယ်သူမှ မထင်ဘူး။
ဘုရားအလောင်း ကုသမင်း ကြည့်လေ- တိုင်းခန်းလှည့်တဲ့အခါကျတော့ သူ့ညီလေးကို ရှေ့ကတင်ပြီးတော့ သွားရတယ်၊ သူက အရုပ်ဆိုးလွန်းအားကြီးလို့၊ သူ့ရဲ့နေရာက ဘယ်နေရာတုန်းဆိုလို့ရှိရင် ဆင်ထိန်းတို့ မြင်းထိန်းတို့ လုပ်နေရတာ၊ အဲဒါ ဥပဓိဝိပတ္တိလို့ ခေါ်တယ်။
သီဟိုဠ်က စစ်သူကြီး ကြည့် - လူက ပုပုလေး၊ ပုက္ခနေတယ်၊ ဒါပေမယ့် လေးပစ် အင်မတန်မှ တော်တယ်၊ အဲဒီတော့ အရုပ်ဆိုးအကျည်းတန်နေတဲ့ လူတစ်ယောက်က ဘုရင့်ဆီမှာ လေးသည်တော်အနေနဲ့ အမှုထမ်းဖို့ ဘုရင်က မကြိုက်ဘူး၊ ဒီလို ပုပုကွကွ အရုပ်ဆိုးအကျည်းတန်တဲ့သူက ဘုရင့်ရဲ့လေးသည်တော်ဆိုရင် လူတကာမြင်ရင် ရယ်စရာကြီး ဖြစ်နေမှာစိုးလို့ ရုပ်ဖြောင့်တဲ့ လူတစ်ယောက်ကို ရှေ့တန်းတင်ပြီးတော့ သူက ခစားရတယ်၊ အလုပ်လုပ်စရာရှိရင် နောက်ကွယ်က သူက လုပ်ပေးရတယ်၊ ဥပဓိသမ္ပတ္တိနဲ့ ဥပဓိဝိပတ္တိဟာလည်းပဲ ရာထူးရဖို့ထိ အရေး
စာမျက်နှာ-၁၁၂
ပါတယ်။ ဒါကို သတိထားရတယ်ပေါ့၊ ဒါလည်း ကံတွေနဲ့ ပတ်သက်လာတာပဲ။
နောက် ကာလဝိပတ္တိနဲ့ ကာလသမ္ပတ္တိ၊ လူတွေ အကျင့်စာရိတ္တကောင်းတဲ့အခါမျိုးက ကာလသမ္ပတ္တိ၊ လူတွေ အကျင့်စာရိတ္တပျက်တဲ့အခါမျိုးက ကာလဝိပတ္တိတဲ့၊ အဲဒီကာလဝိပတ္တိ ဖြစ်နေလို့ရှိရင်လည်း အကုသိုလ်ကံတွေချည်းပဲ လာတာ၊ အကျင့်ပျက်တဲ့ အနေအထားတစ်ခု ခေတ်တစ်ခေတ်မှာ ဆိုလို့ရှိရင် ဘယ်သူမှ မငြိမ်းချမ်းဘူးပေါ့၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းဆိုရင် ဒါ ကာလဝိပတ္တိ ဖြစ်နေတာ၊ ကာလဝိပတ္တိဖြစ်နေတဲ့အခါကျတော့ ငြိမ်းချမ်းမှုကို လူတွေ မရနိုင်ကြဘူးတဲ့၊ ကောင်းကျိုးချမ်းသာတွေ မရနိုင်ဘူး၊ ကာလသမ္ပတ္တိဖြစ်ပြီဆိုရင်တော့ စီးပွားရေးတွေလည်း တိုးတက်ကြတယ်၊ ပညာရေးတွေလည်း တိုးတက်လာကြတယ်၊ အစစအရာရာ တိုးတက်လာတယ်လို့ ဒီလိုပြောတယ်။
ဒါကြောင့်မို့လို့ ကံတရားဟာလည်းပဲ သမ္ပတ္တိနဲ့ ဝိပတ္တိပေါ်မှာ မှီပြီးတော့ အကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်ကြရတယ်တဲ့၊ ကံတရားသက်သက်တင် မဟုတ်ဘူး၊ အထောက်အကူတွေ အများကြီး လိုအပ်တယ်လို့ ဒါ ပြောတာနော်။
လောဏကပလ္လသုတ်ကို ဒီနေရာမှာ မှတ်သားသင့်တယ်ပေါ့၊ ကံနဲ့ပတ်သက်လာလို့ရှိရင် လောဏကပလ္လသုတ်မှာ လူနှစ်ယောက် အကုသိုလ်လုပ်တာချင်း အတူတူ တစ်ယောက်က လုံးဝမခံရဘူး၊ တစ်ယောက်က အပြင်းအထန် ငရဲခံရတယ်၊ လုပ်တာချင်း အတူတူပဲ၊ ဘာဖြစ်လို့ ဟိုတစ်ယောက်က ခံရပြီးတော့ ဒီတစ်ယောက်က မခံ
စာမျက်နှာ-၁၁၃
ရသလဲလို့ ဆိုလို့ရှိရင် ပုဂ္ဂိုလ် ၂-ယောက်ရဲ့ အခြေအနေချင်း မတူဘူးတဲ့၊ ပုဂ္ဂိုလ်တစ်ယောက်က သီလ သမာဓိ ပညာဆိုတဲ့ စွမ်းရည်သတ္တိတွေ သူ့မှာရှိတယ်တဲ့၊ ဘာဝိတသီလ, ဘာဝိတစိတ္တ, ဘာဝိတပညာတဲ့၊ စိတ်ဓာတ်ရေးရာကအစ ဒီပုဂ္ဂိုလ်က ကောင်းတဲ့စိတ်ဓာတ်တွေ ကောင်းတဲ့ကိုယ်ကျင့်တရားတွေ ကောင်းတဲ့အသိဉာဏ်တွေ ရှိတယ်၊ ဟိုတစ်ယောက်က လုံးဝမရှိဘူး၊ မရှိသည့်အတွက်ကြောင့် အကုသိုလ်ကံ လုပ်တဲ့အခါမှာ ဟိုလူက ပြည့်ပြည့်ဝဝခံရပြီး ဒီလူကတော့ မခံရဘဲနဲ့ ပျောက်သွားတယ်၊ ဒါလည်း ဟုတ်တာပဲ။
ဒီခေတ်ထဲမှာရော မရှိဘူးလား၊ ဒါမျိုးတွေ ရှိတယ်လေ - ပိုက်ဆံချမ်းသာတဲ့လူ ရာဇဝတ်မှုကျူးလွန်ရင် ပျောက်သွားတာပဲ။ ဘာမှမရှိတော့ဘူး၊ ဆင်းရဲတဲ့လူ ရာဇဝတ်မှုကျူးလွန်နဲ့၊ ကျူးလွန်တာနဲ့ အပြည့်အဝခံရမယ်၊ ဒါ မတရားဘူးလို့ ပြောလို့ မရဘူး။ အခြေအနေချင်း မတူဘူးလို့ ပြောရမယ်၊ ကံမှာလည်းပဲ ဒီသဘော ရှိတာပဲ၊ ရာထူးရှိတဲ့လူ အာဏာရှိတဲ့လူ ဆိုရင် ပျောက်သွားတာပဲ။ ရာထူးအာဏာ မရှိတဲ့လူဆို ပိုခံရတယ်။
အဲဒါကို မြတ်စွာဘုရားက လောဏကပလ္လသုတ်မှာ ဆားခဲလေးနဲ့ ဥပမာပေးထားတယ်၊ ဆားခဲတစ်ခဲကို သောက်ရေတစ်ဖန်ခွက်ထဲ ထည့်လိုက်လို့ရှိရင် အဲဒီရေဟာ သောက်မရလောက်အောင် ငန်သွားနိုင်တယ်ပေါ့။ ဘာဖြစ်လို့တုန်း? ရေက နည်းတာကိုး၊ အဲဒီဆားခဲကို ကန်ထဲမှာ ထည့်လိုက်မယ်၊ မြစ်ထဲမှာ ထည့်လိုက်မယ်ဆိုရင် အငန်ဓာတ်က ပျောက်သွားတယ်၊ ဘာဖြစ်လို့တုန်း? ရေက များလို့၊ အဲဒါကြောင့်မို့လို့ ကံဆိုတာလည်း သိပ်ကြောက်ဖို့ မလိုဘူး၊ ကောင်းတာတွေ လုပ်ဖို့တော့ လိုတယ်ပေါ့၊
စာမျက်နှာ-၁၁၄
မကောင်းတာတွေ လုပ်ပြီး မကောင်းတာတွေ များရင်တော့ ခံရမှာပဲ၊ ဆားတွေ သိပ်များရင်တော့ ငန်မှာပဲလေ - သေချာတယ်၊ ရေနည်းရင်တော့ ဆားငန်မှာပဲ၊ ရေနဲ့ အလားသဏ္ဌာန်တူတဲ့ ကိုယ့်ရဲ့ အရည်အသွေးတွေ များအောင်လုပ်ဖို့ လိုအပ်တယ်၊ ကောင်းကံ မကောင်းကံဆိုတာတော့ ရှိတယ်။
အေး-
ဒါကြောင့်မို့လို့ ကံနဲ့ ပတ်သက်လာတဲ့ အချက်အလက်တွေဟာ ထိုထိုသုတ္တန်တွေမှာ မြောက်မြားစွာရှိတယ်၊ မြတ်စွာဘုရားက သဉ္စေတနိကသုတ်မှာ ကံနဲ့ပတ်သက်တဲ့ စေတနာနဲ့ လှုံ့ဆော်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စုမိဆောင်းမိဖြစ်တဲ့ (စုစည်းပြီးသား ကံဆိုတာ အကျိုးပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ကံကို ပြောတာ) ကံတစ်ခုဟာ သူ့ရဲ့အကျိုးတရားကို မခံစားရဘဲနဲ့ ပျောက်ကွယ်သွားတယ်ဆိုတာ မရှိဘူးတဲ့။
ဒါတော့ သေချာတယ်နော်၊ မြတ်စွာဘုရားက “သဉ္စေတနိကာနံ ကမ္မာနံ ကဋတ္တာနံ ဥပစိတာနံ” ဆိုတာ - ဥပစိတဆိုတာ အကျိုးပေးဖို့ အနေအထားထိအောင် အင်အားတွေ ပြည့်နေတဲ့ကံမျိုးကို ပြောတာ၊ ဥပစိတ - လုပ်ရုံတင် မဟုတ်ဘူး၊ လုပ်ပြီးတော့ အင်အားပြည့်နေတဲ့ ကံတစ်ခု၊ အဲဒီကံကို အကျိုးတရား မခံစားရဘဲနဲ့ ပျောက်သွားတယ်ဆိုတာ မရှိဘူးတဲ့။
မြတ်စွာဘုရားက ကံရဲ့အကျိုးတရားဟာ ဒိဋ္ဌဓမ္မ လို့ခေါ်တဲ့ ဒီဘဝမှာ ပေါ်ချင်လည်း ပေါ်မယ်၊ ဥပပဇ္ဇလို့ ခေါ်တဲ့ ဒုတိယဘဝမှာ ပေါ်ချင်လည်း ပေါ်မယ်၊ အပရပရိယာယ လို့ ခေါ်တဲ့ တတိယဘဝက စပြီးတော့ သံသရာထဲမှာရှိနေသမျှ ကာလပတ်လုံး ပေါ်ချင်လည်း ပေါ်မယ်တဲ့၊ အဲဒီကံတရားဟာ ဘယ်တော့မှ ပျောက်
စာမျက်နှာ-၁၁၅
မသွားဘူး၊ online ဖြစ်နေမယ် ဒီလိုပြောတာ၊ မနေ့က ပြောခဲ့သလို ဒိဋ္ဌဓမ္မကလည်း အချိန်ကုန်ရင်တော့ expire ဖြစ်မှာပဲ၊ ဒါတွေကတော့ -
မြတ်စွာဘုရားက နောက်တစ်ခု ဆက်ပြီးတော့ ဟောတာကတော့ အဲဒီလို စေတနာနဲ့ လှုံ့ဆော်ပြီးတော့ စုမိဆောင်းမိဖြစ်နေတဲ့ ကုသိုလ်ကံပဲဖြစ်ဖြစ် အကုသိုလ်ကံပဲဖြစ်ဖြစ် အဲဒီကံတရားတွေကို မခံစားရဘဲနဲ့ ဒုက္ခတစ်ခု အဆုံးသတ်သွားတယ်၊ နိဗ္ဗာန်ရသွားတယ်ဆိုတာလည်း မရှိဘူးတဲ့၊ ဒီကံတရားတွေကို မဖယ်ရှားဘဲနဲ့ ဒုက္ခတစ်ခု အဆုံးမသတ်နိုင်ဘူးတဲ့ ဒီလိုပြောတာ၊ ဒါ ကံတရားနဲ့ ပတ်သက်လာလို့ရှိရင် အင်္ဂုတ္တရနိကာယ်မှာ သဉ္စေတနိကသုတ်ဆိုတာ ဟောထားတာ ရှိတယ်။
နောက် နိဒါနသုတ်ဆိုတာလည်း ဟောထားတာ ရှိတယ်၊ မြတ်စွာဘုရားက လောဘဦးတည်ပြီးတော့ လုပ်တဲ့ကံ၊ ဒေါသဦးတည်ပြီးတော့ လုပ်တဲ့ကံ၊ မောဟဦးတည်ပြီးတော့ လုပ်တဲ့ကံ၊ အဲဒီကံတရားတွေဟာ သူတို့က အကျိုးပေးလာတဲ့အခါမှာဆိုရင် အဲဒီကံရဲ့ အကျိုးတရားတွေက ပေါ်လာတယ်၊ ပေါ်လာတဲ့အခါမှာ မျက်မှောက်ဘဝမှာ ခံစားရတာ ရှိတယ်၊ ဒုတိယဘဝမှာ ခံစားရတာ ရှိတယ်၊ သံသရာမဆုံးခင်အထိ ခံစားရတာ ရှိတယ်လို့ မြတ်စွာဘုရားက ဒီလို ဟောထားတယ်။
အခုက ပဋိသန္ဓေစိတ်ကို ဦးတည်ပြီးတော့ ပြောတာ၊ ပဝတ္တိအခါမှာ ကံကြောင့်ဖြစ်တဲ့ ဝိပါက်စိတ်တွေဟာ ဘယ်လိုဘယ်ပုံနည်းနဲ့ လူတွေရဲ့သန္တာန်မှာ ပေါ်ပေါ်လာတတ်တာလဲ၊ သို့မဟုတ် ဘဝတစ်ခုတည်းမှာ အကုသိုလ်ကံတွေက ဘယ်လိုဝင်ပြီးတော့
စာမျက်နှာ-၁၁၆
အကျိုးပေးတတ်တာလဲ၊ ကုသိုလ်ကံတွေကလည်း ဘယ်လိုဝင်ပြီးတော့ အကျိုးပေးတတ်တာလဲဆိုတာ ပဝတ္တိအခါနဲ့ ပတ်သက်ပြီး နောက်ရက်ကျမှ “သင်္ခါရပစ္စယာ ဝိညာဏံ” နဲ့ ဆက်ပြီးတော့ ဟောပါမယ်။
ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာရဲ့ ကံတရားနဲ့ ပတ်သက်တဲ့ ဒေသနာအရပ်ရပ်ကို ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်းတို့နဲ့ ဆက်စပ်ပြီး လေ့လာကြည့်မည်ဆိုလို့ရှိရင် ဘုန်းကြီးတို့တစ်တွေဟာ ကံတရားနဲ့ ပတ်သက်လာလို့ရှိရင် မကောင်းတဲ့ကံတွေကို ရှောင်ဖို့ ကောင်းတဲ့ကံတွေကို လုပ်မိဖို့၊ လုပ်မိထားတဲ့ မကောင်းတဲ့ကံကိုလည်း စိုးရိမ်ပြီးတော့ မနေဘဲနဲ့ ကံတွေပျောက်သည့် နည်းလမ်းတွေ ရှိသည့်အတိုင်း မကောင်းတဲ့ကံကို မကောင်းဘူးလို့ သိပြီး ထိုကံတွေရဲ့ ပျောက်ရာပျောက်ကြောင်း ကောင်းတဲ့ကံတွေကို များစွာပြုလုပ်ခြင်းဖြင့် ကမ္မက္ခယ လို့ဆိုတဲ့ ကံကုန်မှုကို ရရှိနိုင်တယ်၊ ကိလေသာတွေကို ကုန်အောင် လုပ်ခြင်းဖြင့် ကံတရားတွေက လွတ်မြောက်နိုင်တယ်ဆိုတာကို ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ နောက်ဆုံးမှာ ကိလေသာတွေ ကုန်အောင် အားထုတ်ခြင်းဖြင့် ကံတရားတွေက အားလုံး လွတ်မြောက်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၁၁၇
အပိုင်း (၄)
သာသနာတော်နှစ် ၂၅၄၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊ တပေါင်းလဆန်း ၇-ရက်၊ ခရစ်နှစ် ၂၀၀၉၊ ဖေဖေါ်ဝါရီလ ၁၉-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မော်လာဈေး၊ အစုအဖို့ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
“သင်္ခါရပစ္စယာ ဝိညာဏံ” - ကံတရားက ပဋိသန္ဓေအခါမှာ အကျိုးဝိပါက်စိတ်ကို ထုတ်လုပ်ပုံ၊ ပဝတ္တိအခါမှာ အကျိုးဝိပါက်စိတ်ကို ဖြစ်စေပုံတွေဟာ ကမ္မဝိပါကော အစိန္တေယျော လို့ဆိုတဲ့အတိုင်း နားလည်သဘောပေါက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်၊ ကံဆိုတဲ့နေရာမှာ ပဓာနအကြောင်းတစ်ခုကိုသာ ဦးတည်ပြီးတော့ ပြောရတာ၊ တခြားအကြောင်းတွေလည်း ပါနေသေးတယ်၊ ဒါ့ကြောင့်မို့
စာမျက်နှာ-၁၁၈
ထည့်တွက်ရမည့် အကြောင်းပေါင်းမြောက်မြားစွာကို ထည့်သွင်းစဉ်းစားမှသာလျှင် အဓိကထားတဲ့ကံတရားရဲ့ ထုတ်လုပ်မှုကို သဘောပေါက်နားလည်မှာ ဖြစ်တယ်။
အကုသိုလ်ကံတွေထဲမှာ ဥဒ္ဓစ္စစေတနာ မပါတဲ့ ကျန်တဲ့ အကုသိုလ်စေတနာ ၁၁-ခုက ပဋိသန္ဓေအခါမှာ အကျိုးတရားတစ်ခုကို ထုတ်လုပ်တယ်၊ အကျိုးထုတ်လုပ်တယ်ဆိုတာ တခြားစကားနဲ့ ပြောမယ်ဆိုလို့ရှိရင် ဘဝတစ်ခုကို ဖန်တီးတဲ့အခါမှာ အပါယ်ဘုံမှာသာ ဖန်တီးပေးလေ့ရှိတယ်ပေါ့။
အဲဒီကံကထုတ်လုပ်တဲ့ ဘဝတစ်ခုကို အစပြုတဲ့ သန္ဓေစိတ်လေးဟာ ဥပေက္ခာသန္တီရဏ လို့ဆိုတဲ့ အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့စိတ်, အင်မတန်မှ အင်အားနည်းတယ်၊ ကောင်းတဲ့အခြေအနေတွေ တစ်ခုမှ မပါဘူး၊ ခိုင်မြဲအောင်ဆောက်တည်ထားနိုင်တဲ့ အလောဘ အဒေါသ အမောဟဆိုတဲ့ ခိုင်မာစေနိုင်တဲ့ သဘာဝစွမ်းအားတွေလည်း တစ်ခုမှမပါဘူး၊ မပါသည့်အတွက်ကြောင့် အဟေတုကစိတ် - အဟိတ်စိတ်လို့ခေါ်တယ်၊ ငရဲဘုံက သတ္တဝါတွေ၊ တိရစ္ဆာန်ဘုံက သတ္တဝါတွေ၊ ပြိတ္တာဘုံက သတ္တဝါတွေဟာ ဒီဥပေက္ခာသန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေကြရတယ်၊ ဒီလို အဟိတ်ပဋိသန္ဓေနေသော သတ္တဝါတွေ ဖြစ်သောကြောင့် လူတွေက တိရစ္ဆာန်တွေကို အဟိတ်တိရစ္ဆာန်တွေလို့ ဒီလိုခေါ်ကြတာ။
လူတို့၏ ပဋိသန္ဓေစိတ်
လူတွေအနေနဲ့ ပြောမယ်ဆိုရင် ကုသိုလ်ကောင်းမှုကြောင့် လူ့ဘဝရလာကြတယ်၊ ကုသိုလ်ကောင်းမှုလို့ ဆိုတဲ့နေရာမှာ ဒါန
စာမျက်နှာ-၁၁၉
ကို အကြောင်းပြုပြီးရတဲ့ ကုသိုလ်၊ သီလဆောက်တည်မှုကို အကြောင်းပြုပြီးတော့ရတဲ့ ကုသိုလ်၊ ကမ္မဋ္ဌာန်းဘာဝနာပွားများလို့ ရှေ့ပိုင်းမှာရတဲ့ ကုသိုလ်တွေက ကာမာဝစရကုသိုလ်၊ ဒီကာမာဝစရကုသိုလ်ကို ၈-မျိုး ခွဲပြီးတော့ ထားတယ်။
ဒီကာမာဝစရကုသိုလ်စေတနာက ပဋိသန္ဓေအခါမှာ အကျိုးပေးပြီလို့ ဆိုတဲ့အခါမှာ အကျိုးဝိပါက်စိတ် ၉-မျိုးကို ထုတ်လုပ်ပေးတယ်၊ ၉-မျိုးဆိုတာ အလောဘ အဒေါသ အမောဟဆိုတဲ့ ဟိတ်နဲ့ မယှဉ်တဲ့ ဥပေက္ခာသန္တီရဏစိတ်က တစ်ခု၊ မဟာဝိပါက်စိတ်က ၈-ခု လို့ ပေါင်းလိုက်တော့ လူတွေမှာ ဖြစ်ပေါ်နိုင်တဲ့ ပဋိသန္ဓေစိတ်ဟာ ၉-မျိုး ရှိတယ်။
အဲဒီ ၉-မျိုးထဲမှာ ကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်ကတော့ လူစဉ်မမှီတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်တယ်၊ ဝမ်းတွင်းက ကန်းလာတဲ့ပုဂ္ဂိုလ်၊ ဝမ်းတွင်းက နားမကြားတဲ့ ပုဂ္ဂိုလ် တစ်ခုခုချို့တဲ့ပြီးတော့မှ လူ့ဘဝရောက်လာတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်တယ်၊ ဥပေက္ခာသန္တီရဏစိတ်ဟာ မဟာကုသိုလ်စိတ်က ထုတ်လုပ်တယ် ဆိုပေမယ့်လို့ ကံရဲ့စွမ်းအားက အင်မတန်မှ ပျော့ညံ့နေသည့်အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့သန္ဓေစိတ်ကလည်းပဲ အင်အားရှိတဲ့သန္ဓေစိတ် မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ လူ့ဘဝ ရသော်လည်းပဲ လူစဉ်မမှီတဲ့ဘဝမျိုး ဖြစ်လာတတ်တယ်။
ကျန်တဲ့ မဟာဝိပါက်စိတ်နဲ့ ပဋိသန္ဓေနေကြရတယ်ဆိုတဲ့ နေရာမှာလည်းပဲ ဉာဏ်ရှိ ဉာဏ်မရှိ နှစ်မျိုးထပ်ပြီးတော့ ခွဲတယ်၊ စာလိုပြောရင်တော့ ဉာဏသမ္ပယုတ်က ၄-မျိုး၊ ဉာဏဝိပ္ပယုတ်က ၄-မျိုး၊
စာမျက်နှာ-၁၂၀
မဟာကုသိုလ်ကို ဆောင်ရွက်ပြုလုပ်တဲ့အချိန်မှာ အသိဉာဏ်ရှိရှိနဲ့ ရှေ့နောက်အကုသိုလ်ခြံရံခြင်း မရှိဘူး၊ (အကုသိုလ် မခြံရံဘူးဆိုတာ မိမိလုပ်ထားတဲ့ ကုသိုလ်နဲ့ ပတ်သက်ပြီးတော့ အကုသိုလ်စိတ် မဖြစ်တာကို ပြောတာ၊ ပုထုဇဉ်ဆိုတာ ကုသိုလ်ဖြစ်လိုက် အကုသိုလ်ဖြစ်လိုက်တော့ ရှိနေမှာပေါ့ ဒါနဲ့ မပတ်သက်တဲ့ အကုသိုလ်တွေကို မဆိုလိုဘူး) ဆိုပါစို့ - ဒါနကောင်းမှုလေးတစ်ခု လုပ်တယ်၊ မလုပ်ခင်ကလည်းပဲ ဒီဒါနကောင်းမှုအတွက် ကုသိုလ်စိတ်တွေ ဖြစ်တယ်၊ လုပ်ပြီးတဲ့အခါမှာလည်း ဒီဒါနကောင်းမှုနဲ့ ပတ်သက်ပြီး ကုသိုလ်ပဲဖြစ်တယ်၊ အကုသိုလ်မဖြစ်ဘူးဆိုရင် ဒါ ရှေ့နောက်အကုသိုလ် မခြံရံဘူးလို့ ပြောတာ။
အဲဒီလို မဟုတ်ဘဲနဲ့ ဒါနကောင်းမှုပြုလုပ်တဲ့အခါမှာ မပြုလုပ်ခင်ကတည်းက မှားယွင်းတဲ့အတွေးတွေ အကုသိုလ်စိတ်တွေ ခြံရံပြီးနေတယ်၊ လုပ်လိုက်တဲ့အချိန်တော့ ကုသိုလ်ဖြစ်တယ်ပေါ့၊ လုပ်ပြီးတဲ့နောက်မှာလည်းပဲ ထိုကုသိုလ်နဲ့ ပတ်သက်ပြီးတော့ အကုသိုလ်စိတ်တွေ ဝင်ပြန်တယ်၊ အဲဒီလို ရှေ့နောက်အကုသိုလ် ခြံရံလိုက်တယ်ဆိုရင်ပဲ ဒီကုသိုလ်စိတ်ဟာ ပျော့ညံ့သွားတယ်။ အဲဒါမျိုးကို “ဩမက” လို့ ခေါ်တာပေါ့။
ရှေ့နောက်အကုသိုလ် မခြံရံဘဲနဲ့ ကိုယ်လုပ်တဲ့ကုသိုလ်ဟာ ရှေ့ကလည်း ကုသိုလ်၊ နောက်ကလည်း ကုသိုလ်၊ ကောင်းမှုနဲ့ ပတ်သက်ပြီး ကုသိုလ်စိတ်တွေချည်းပဲ ဖြစ်နေတယ်၊ ဒီလို ရှေ့နောက်အကုသိုလ်မခြံရံတဲ့ ကုသိုလ်မျိုး၊ အသိဉာဏ်ရှိရှိနဲ့ ဖြစ်ပေါ်လာတဲ့ စွမ်းအားကြီးတဲ့ ကုသိုလ်မျိုးကျတော့ “တိဟိတ်ဥက္ကဋ္ဌကုသိုလ်” လို့
စာမျက်နှာ-၁၂၁
ခေါ်တာပေါ့။ ဒီလို အသိဉာဏ်ရှိတာကိုပဲ အကုသိုလ်ခြံရံ မခြံရံနဲ့ အကောင်းနဲ့ အညံ့ ထပ်ခွဲသေးတယ်။
အသိဉာဏ်မပါဘူး ဆိုလို့ရှိရင်တော့ ဒွိဟိတ်လို့ ခေါ်တာပေါ့၊ ဒွိဟိတ်ဆိုတာ အလောဘဆိုတဲ့ဟိတ်၊ အဒေါသဆိုတဲ့ဟိတ်၊ အမောဟဆိုတဲ့ဟိတ် - ဟိတ်သုံးပါး၊ အဲဒီထဲမယ် အလောဘ အဒေါသတို့ ရှိတယ်၊ အမောဟ မပါဘူးဆိုလို့ရှိရင် ဒွိဟိတ်လို့ ခေါ်တယ် ဆိုလိုတာက အသိဉာဏ် မပါဘူး၊ အသိဉာဏ် အမောဟ ပါလာလို့ရှိရင် တိဟိတ်လို့ ခေါ်တယ်၊ အမောဟပါမှတော့ ကျန်တဲ့ အလောဘ အဒေါသဆိုတာ မပါဘဲ မရှိဘူး၊ အမောဟဆိုတဲ့ အသိဉာဏ်သာ ပါ-မပါ နှစ်မျိုးနဲ့ ခွဲတယ်၊ ဒါကြောင့်မို့လို့ အမောဟဆိုတဲ့ အသိဉာဏ် ဦးဆောင်လာပြီဆိုရင် ဉာဏသမ္ပယုတ်ကုသိုလ် လို့ ခေါ်တယ်၊ အမောဟဆိုတဲ့ အသိဉာဏ် ကင်းနေပြီဆိုရင်တော့ ဉာဏဝိပ္ပယုတ်ကုသိုလ် လို့ ခေါ်တယ်။
အဲဒီလို ကုသိုလ်ရဲ့ အဆင့်အတန်းက မတူသည့်အတွက်ကြောင့် ပဋိသန္ဓေအကျိုးကို ပေးတဲ့အခါမှာလည်းပဲ အဆင့်အတန်းမတူတဲ့ ပဋိသန္ဓေအကျိုးကို ပေးတယ်၊ မိမိကံနဲ့ အလားတူတဲ့ အကျိုးတရားကို ပေးတာ နိယာမပဲ၊ ဒါကို ပြောတာ။
ဆိုပါစို့ - အသိဉာဏ်ပါတဲ့ တိဟိတ်ကုသိုလ်သည် တိဟိတ်ပဋိသန္ဓေအကျိုးကို ပေးတယ်ပေါ့၊ အသိဉာဏ်မပါတဲ့ ဒွိဟိတ်ကုသိုလ်မျိုးကျတော့ ဒွိဟိတ်ပဋိသန္ဓေတို့ အဲဒီလိုအကျိုးမျိုးကို ပေးတယ်၊ မိမိကံနဲ့ အလားသဏ္ဌာန်တူတဲ့ အကျိုးမျိုးကို ပေးတာဟာ ကမ္မနိယာမသဘောတရားတစ်ခုလို့ မှတ်ရမယ်။
စာမျက်နှာ-၁၂၂
နောက်တစ်နည်းကတော့ ကမ္မနိယာမဆိုတာ ကိုယ်လုပ်ခဲ့တဲ့ကံနဲ့ အလားသဏ္ဌာန်တူတဲ့ အကျိုးတရားကို ကိုယ်ရတယ်၊ မိမိပြုမူဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်အတိုင်း အကျိုးပေးတဲ့အခါ အဲဒီလို အကျိုးမျိုး ပေါ်လာတာကိုလည်းပဲ ကမ္မနိယာမလို့ ဒီလိုသုံးတယ်ပေါ့၊ အဲဒီကမ္မနိယာမရဲ့ သဘာဝအတိုင်း ကံတရားတွေက ဆိုင်ရာဆိုင်ရာ အကျိုးတရားတွေကို ထုတ်လုပ်လာကြတယ်၊ လူဖြစ်လာတဲ့အခါမှာ လူ့ဘဝရောက်တဲ့ ကုသိုလ်ကံရဲ့အရည်အသွေး အားလျော်စွာ လူချင်းတူသော်လည်းပဲ ပဋိသန္ဓေစိတ်ချင်းက မတူလာကြဘူး။ တချို့ကျတော့ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်တယ်၊ တချို့ကျတော့ အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ် ဖြစ်တယ်ပေါ့။
အဲဒီအသိဉာဏ်ရှိမရှိဆိုတဲ့ ပုဂ္ဂိုလ်တွေမှာပဲ- တချို့ကျတော့ ဝမ်းသာမှုဆိုတဲ့ သောမနဿက လွှမ်းမိုးပြီးတော့ သန္ဓေစိတ်မှာ ပါလာလို့ ထိုပုဂ္ဂိုလ်ရဲ့ စိတ်နှလုံးဟာ အမြဲတမ်းကြည်ရွှင်ပြုံးတဲ့သဘောမျိုးတွေ အများဆုံးတွေ့ရတယ်ပေါ့၊ happy ပုံစံပေါ့။ ပျော်ရွှင်နေတဲ့ သဘောတရားတွေဟာ သန္ဓေစိတ်ကနေ အခြေခံပေးလိုက်တဲ့သဘောပေါ့၊ သောမနဿနဲ့ ပဋိသန္ဓေနေတယ်လို့ ဒီလိုပြောတယ်၊
ဥပေက္ခာလို့ဆိုတဲ့ သောမနဿလျော့နည်းသွားတဲ့ ခံစားမှုနဲ့ ပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ်တွေကျတော့ တော်ရုံနဲ့ ပြုံးချင်တာ မရှိဘူးပေါ့၊ အမြဲတမ်း သူက ခပ်တည်တည်ပုံစံမျိုး ဖြစ်နေတတ်တယ်၊ ပြုံးရွှင်မှုနည်းတယ်၊ အဲဒီလို ခံစားချက်နဲ့လည်းပဲ လူတွေဟာ ထူးခြားမှု ဖြစ်ပေါ်လာတတ်တယ်၊ အသိဉာဏ်နဲ့လည်းပဲ ထူးခြားမှုဖြစ်ပေါ်လာတယ်။
စာမျက်နှာ-၁၂၃
မြတ်စွာဘုရား၏ သန္ဓေစိတ်
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်လည်းပဲ ဟောဒီ မဟာဝိပါက်စိတ် ၈-ခုထဲက ၁-ခုနဲ့ ပဋိသန္ဓေနေတာပဲ၊ လူသားမှန်သမျှ မဟာဝိပါက်စိတ် ၈-ခုထဲက တစ်ခုခုနဲ့ နေရတယ်။
ဒါဖြင့် မြတ်စွာဘုရားရဲ့ သန္ဓေစိတ်က ဘယ်စိတ်လဲလို့ မေးလို့ရှိရင် ပထမမဟာဝိပါက်စိတ်လို့ ပြောတယ်၊ ပထမမဟာဝိပါက်စိတ်ဆိုတာ “သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်”၊ သောမနဿသဟဂုတ်ဆိုတာ- ဝမ်းသာမှုနဲ့ ယှဉ်တွဲတယ်၊ ဉာဏသမ္ပယုတ်ဆိုတာ - အသိဉာဏ်နဲ့ ယှဉ်တယ်၊ အသင်္ခါရိကဆိုတာ- ထက်မြက်မှုရှိတဲ့စိတ်တဲ့၊ ဒီလို အင်္ဂါ ၃-ချက်နဲ့ညီတဲ့ စိတ်ဓာတ်နဲ့ မြတ်စွာဘုရားအလောင်းတော်ဟာ ပဋိသန္ဓေတည်နေခဲ့တယ်လို့ ဒီလိုဆိုတယ်။
သို့သော် မြတ်စွာဘုရားရဲ့ ပဋိသန္ဓေနဲ့ ပတ်သက်ပြီးတော့ သီဟိုဠ်ကျွန်းမှာ အဘိဓမ္မာတတ်ကျွမ်းကြတဲ့ ဆရာတော်ကြီးတွေထဲက တချို့ပုဂ္ဂိုလ်တွေက မြတ်စွာဘုရားရဲ့ပဋိသန္ဓေစိတ်ဟာ သောမနဿ မဖြစ်နိုင်ဘူးတဲ့၊ မြတ်စွာဘုရားဟာ အရာရာ တည်ကြည်မှု ရှိတယ် ဆိုပြီးတော့ ဥပေက္ခာနဲ့ ပဋိသန္ဓေနေတယ်လို့ ဒီလိုယူဆတာလည်း ရှိတယ်ပေါ့။
သို့သော် အများလက်ခံထားတာတော့ သောမနဿပဲ၊ ဒါကြောင့်မို့ မြတ်စွာဘုရားကို ချီးမွမ်းတဲ့အခါမှာ ရှိတယ် ... ပိယမုခ - မြတ်စွာဘုရားဟာ အမြဲတမ်းပြုံးရွှင်တဲ့ မျက်နှာရှိတယ်၊ စကားပြောတဲ့အခါမှာလည်းပဲ ပြုံးပြီးတော့ ပြောလေ့ရှိတယ်၊ သုခသမ္ဘာသ - ဘုရားနဲ့ စကားပြောဖို့ရန်အတွက် အင်မတန်မှ...
Footnote: ၁။ စာမျက်နှာ ၁၀၆-၁၀၈ တွင် ဖော်ပြထားသော အကြောင်းအရာသည် ကံ၏ အကျိုးပေးပုံနှင့် ပတ်သက်၍ ဖြစ်သည်။
Footnote: ၂။ စာမျက်နှာ ၁၀၉-၁၁၂ တွင် ဝိပတ္တိတရား (၄) ပါးနှင့် သမ္ပတ္တိတရားတို့၏ အကျိုးသက်ရောက်ပုံကို ရှင်းပြထားသည်။
စာမျက်နှာ-၁၂၄
ဆက်ဆံရေးကောင်းတယ်လို့၊ မိဟိတပုဗ္ဗင်္ဂမ = စကားပြောရင် ပြီးပြီးမှ ပြောတတ်တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် သောမနဿ ပဋိသန္ဓေနေတယ်ဆိုတာက ပိုပြီးတော့ မှန်တယ်လို့ မှတ်ယူကြတယ်ပေါ့။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့ ပဋိသန္ဓေစိတ်ဟာ “သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်” လို့ဆိုတဲ့ စွမ်းအားပြည့် အထက်မြက်ဆုံး ပဋိသန္ဓေစိတ်ဖြစ်တယ်။ တိဟိတ်ပုဂ္ဂိုလ်တိုင်း တရားထူး ရနိုင်သလား?
ကျန်တဲ့လူသားတွေဟာ ကိုယ့်ဆိုင်ရာဆိုင်ရာ ပဋိသန္ဓေစိတ်တွေနဲ့ လူ့ဘဝကို ရလာကြတယ်၊ အသိဉာဏ်မပါတဲ့ ပုဂ္ဂိုလ်က ဉာဏ်စွမ်းအားထက်မြက်မှု အားပျော့ပြီးတော့ အသိဉာဏ်ပါတဲ့ ပုဂ္ဂိုလ်က ထက်ထက်မြက်မြက် ရှိတယ်ပေါ့။
ဒါကြောင့်မို့ အခုခေတ်မှာ အသိဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ကို bright ဖြစ်တယ်လို့ IQ မြင့်တယ်လို့ ဒီလို ပြောတာပေါ့။ သာမန် အကြောင်းအရာလေးတစ်ခုကိုပဲ အသိဉာဏ်အားပျော့တဲ့ပုဂ္ဂိုလ်က အချိန်ကြာကြာ စဉ်းစားပြီးတော့မှသာ သိနိုင်တယ်၊ ရုတ်တရက် အဖြေ မထုတ်နိုင်ဘူး၊ ချက်ချင်းနားလည်ပြီးတော့ သွက်လက်ချက်ချာတဲ့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးကို ဉာဏသမ္ပယုတ်နဲ့ ပဋိသန္ဓေနေတယ်လို့ ဒီလို ပြောရတယ်။
မြန်မာပြည်မှာ အရင်တုန်းက တရားအားထုတ်တဲ့အခါမှာ လူတွေက စဉ်းစားလေ့ ရှိကြတယ် “တိဟိတ်ပုဂ္ဂိုလ်မှ တရားထူး တရားမြတ် ရနိုင်တယ်” လို့ ဆိုပါစို့ - ဉာဏသမ္ပယုတ် ပဋိသန္ဓေ နေတဲ့ပုဂ္ဂိုလ်မှ ဒီဘဝမှာ ထူးခြားတဲ့အဆင့်မြင့်တဲ့ တရားဓမ္မတွေကို
စာမျက်နှာ-၁၂၅
မျက်မှောက်ပြုနိုင်တယ်ပေါ့၊ ဉာဏဝိပ္ပယုတ်နဲ့ ပဋိသန္ဓေနေလာလို့ရှိရင်တော့ အဆင့်မမှီဘူး၊ အဆင့်မမှီဘူးဆိုတာ တရားထူးတရားမြတ် ရလောက်အောင်ထိကို မဖြစ်ဘူးတဲ့၊ သို့သော် အလဟဿ ဖြစ်တာတော့ မဟုတ်ဘူး၊ အတိုင်းအတာတစ်ခုအထိတော့ ရတယ်ပေါ့။
အဲဒီတော့ တချို့က “တို့က တိဟိတ်မဟုတ်ဘူး၊ ဒွိဟိတ်များ ဖြစ်နေမလား၊ တိဟိတ်မှ တရားထူးတရားမြတ်ရတယ် ဒွိဟိတ်က မရဘူး ဆိုလို့ရှိရင် ကိုယ့်ကိုယ်ကို တိဟိတ်လား ဒွိဟိတ်လား” လို့ စဉ်းစားတွေးခေါ်မှုတွေ ဖြစ်ပေါ်လာတတ်တယ်ပေါ့။
ဒီတော့ တိဟိတ်လား ဒွိဟိတ်လားလို့ဆိုတာ ဘယ်လိုနည်းနဲ့ စမ်းသပ်ကြည့်ရမလဲလို့ဆိုရင် အက္ခဏသုတ္တန်မှာ ဆိုထားတဲ့အတိုင်း ကြည့်မယ်ဆိုရင် တစ်ဦးနဲ့ တစ်ဦး စကားပြောတဲ့အခါမှာ ကောင်းတဲ့စကားလား ဆိုးတဲ့စကားလား ခွဲခြားသိနိုင်စွမ်းရှိပြီဆိုရင်တော့ တိဟိတ်ပုဂ္ဂိုလ်လို့ သတ်မှတ်ရမှာပဲ။ ဒွိဟိတ်ပုဂ္ဂိုလ်ဆိုတာ ကျတော့ ကောင်းတာပြောတာလား ဆိုးတာပြောတာလားဆိုတာကိုပဲ ကောင်းကောင်းသိနိုင်တာ မဟုတ်ဘူး၊ ပြောစကားရဲ့ အနက်အဓိပ္ပါယ်ကို လွယ်လွယ်ကူကူနဲ့ သိနိုင်စွမ်း မရှိဘူးတဲ့။ တိဟိတ်ပုဂ္ဂိုလ်ကျတော့ ဒါမျိုးတွေ သိနိုင်စွမ်းတယ်။ ဒါ့ကြောင့်မို့လို့ ဒီလို ပြောစကားနဲ့ ပတ်သက်ပြီးတော့ ကောင်းစကားလား၊ ဆိုးစကားလား ခွဲခြားပြီးတော့ သိနိုင်စွမ်းရှိတဲ့အသိဉာဏ်ရှိရင်တော့ တိဟိတ်ပုဂ္ဂိုလ်ပဲ၊ ကြိုးစားရင် ကြိုးစားသလောက် ဒီဘဝမှာ အတိုင်းအတာတစ်ခုအထိ ရလာမှာပဲ၊ အဲဒါကိုပဲ ဥပနိဿယသမ္ပတ္တိလို့ ခေါ်တာ။
စာမျက်နှာ-၁၂၆
ဒါပေမယ့် အဲဒီလို တိဟိတ်ပုဂ္ဂိုလ်ဖြစ်တိုင်း တရားထူးရသလားဆိုတော့ မရဘူး၊ အခြားအကြောင်းတွေကြောင့် မရတာ၊ ဆိုပါစို့ - မလုပ်လို့ မရတာလည်း ပါတယ်၊ အစ္ဆန္ဒိက = စိတ်ဆန္ဒ မရှိတဲ့ ပုဂ္ဂိုလ်တွေမှာ မအောင်မြင်ဘူး၊ လုံ့လဝီရိယကင်းမဲ့တဲ့ပုဂ္ဂိုလ်ကလည်းပဲ တရားထူးတရားမြတ် မရနိုင်ဘူး။ သန္ဓေစိတ်က ဘယ်လောက် ကောင်းကောင်း မကြိုးစားဘူး, ပျင်းတယ်ဆိုရင် တရားထူးတရားမြတ် မရနိုင်ဘူး။
နောက်တစ်ချက်ကလည်းပဲ နည်းလမ်းပြတဲ့ ဆရာကောင်း သမားကောင်း မတွေ့ဘူးဆိုရင်လည်း မရနိုင်ဘူး၊ ဆရာကောင်း သမားကောင်းကို ရဖို့လည်း လိုအပ်တယ်၊ မိမိကိုယ်တိုင်ကလည်းပဲ ယောနိသောမနသိကာရ ရှိဖို့ လိုတယ် = မှန်ကန်သောအမြင်တစ်ခု ရှိဖို့လည်း လိုတယ်၊ တရားဓမ္မကိုလည်းပဲ လက်တွေ့ကျင့်သုံးဖို့ လိုအပ်တယ်။
သောတာပန်ဖြစ်ဖို့ ပညာရဖို့ အင်္ဂါရပ်တွေထဲမှာ အပြင်အင်္ဂါ (external condition) က နှစ်မျိုးနဲ့ အတွင်းအင်္ဂါ (internal condition) က နှစ်မျိုး - အဲဒီလေးမျိုး ပေါင်းစပ်မိမှ တရားထူး တရားမြတ်ဆိုတာ ရတာ။
အပြင်အင်္ဂါရပ်နှစ်ခုဆိုတာ သမ္ဗုရိသူပနိဿယနဲ့ သဒ္ဓမ္မသဝနံ၊ သူတော်ကောင်းနဲ့ ဆုံဆည်းမိဖို့ဆိုတာ သူတော်ကောင်းထံ ဆည်းကပ်မှုရမယ်၊ ကြည့်လေ - ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ အရှင်အဿဇိနဲ့မှ မဆုံဆည်းမိဘူးဆိုရင် သူ တရားနာခွင့်ရမှာ မဟုတ်ဘူး၊ ဘယ်လိုပဲ ဥပနိဿယနဲ့ ပြည့်စုံနေပါစေ၊ သိဉ္စည်းပရိဗိုဇ်ကြီးဆီ ရောက်နေတာကြာပြီပဲ၊ သို့သော် တရားထူးတရား
စာမျက်နှာ-၁၂၇
မြတ်နဲ့ အလှမ်းဝေးနေသေးတယ်၊ ရှင်အဿဇိနဲ့တွေ့လိုက်တာ တစ်ခဏပဲ ရှိသေးတယ်၊ ရှင်အဿဇိဆိုတဲ့ သမ္ဗုရိသူပနိဿယ သူတော်ကောင်းနဲ့ ပေါင်းမိခြင်းဆိုတဲ့ ဒီအကြောင်းတရားပြည့်စုံသွားတယ်၊ ပြည့်စုံရုံတင်မကဘူး၊ ရှင်အဿဇိရှင်းပြတဲ့ သစ္စာ ၄-ပါးကို အတိုချုပ်ရှင်းပြတဲ့ တရားဓမ္မကို နာလိုက်ရတယ် - သဒ္ဓမ္မသဝနံ၊ ဒါက အပြင်အကြောင်းတရားနှစ်ခု။
အဲဒီအပြင်အကြောင်းတရားနှစ်ခုအပြင် ကိုယ့်မှာရှိတဲ့ အခံတရားက ဘာတုန်းဆိုလို့ရှိရင် ယောနိသောမနသိကာရ - ကြားနာတဲ့တရားပေါ်မှာ မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်နိုင်တဲ့ attention ကို wise attention လို့ ခေါ်တယ်၊ မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်တဲ့ ယောနိသောမနသိကာရကို အများအားဖြင့် ပြောကြတာကတော့ မနောဒွါရာဝဇ္ဇန်းလို့ ပြောလေ့ရှိတယ်ပေါ့၊ အာဝဇ္ဇန်းလို့ ဆိုလေ့ရှိတယ်၊ သို့သော် ကျမ်းဂန်များကို သေသေချာချာ လေ့လာကြည့်လို့ရှိရင် ယောနိသောမနသိကာရဆိုတဲ့ စကားလုံးက သာမန်အာဝဇ္ဇန်းမျှသာ မကဘူး၊ သတိလည်း ပါနိုင်တယ်၊ ပညာလည်း ပါနိုင်တယ်၊ ဝီရိယလည်း ပါနိုင်တယ်၊ ဒီသဘာဝတရားတွေ စုစည်းထားတဲ့ သဘောတရားတစ်ခု။
ဒါ့ကြောင့်မို့ ဝိဘင်းပါဠိတော်မှာဆိုရင် သစ္စာနုလောမိက ဉာဏ်ထိအောင် ယောနိသောမနသိကာရကို ကောက်တယ်၊ မှန်ကန်စွာ နှလုံးသွင်းတတ်မှု၊ တစ်ခါတစ်ရံ ယောနိသောမနသိကာရလို့ဆိုတာ ဝိပဿနာဉာဏ်ကို ကောက်တာလည်း ရှိတယ်ပေါ့။
အဲဒီတော့ နေရာဌာနကို ကြည့်ပြီးတော့ မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်တတ်မှု, နှလုံးသွင်းတတ်မှု ဆင်ခြင်တတ်မှုဟာ
စာမျက်နှာ-၁၂၈
ယောနိသောမနသိကာရပဲ၊ ရှင်သာရိပုတ္တရာအလောင်း ရှင်ဥပတိဿပရိဗိုဇ်မှာ ယောနိသောမနသိကာရဆိုတာ ရှိတယ်။
ဒါ့အပြင် တရားဓမ္မပေါ်မှာ ဆင်ခြင်စဉ်းစားနိုင်မှု ရှိတယ်၊ တရားနာရင်းပဲ applied လုပ်ကြည့်တယ်လို့ ခေါ်တယ်၊ တရားနာရင်း ကျင့်တယ်ဆိုတာ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာမှာရှိတာနဲ့ စပ်ဟပ်ပြီးတော့ ကြည့်တာ၊ အချိန်တိုအတွင်းမှာ တရားကျင့်တဲ့သဘော၊ အဲဒါကို ဓမ္မာနုဓမ္မပဋိပတ္တိ လို့ ပြောတယ်၊ ဓမ္မဆိုတာ အဆင့်မြင့်တဲ့ လောကုတ္တရာတရား၊ အနုဓမ္မဆိုတာ ထိုအဆင့်မြင့်တဲ့ လောကုတ္တရာတရားနဲ့ လျော်တဲ့ ထိုလောကုတ္တရာတရားကို ရစေနိုင်တဲ့ သီလ သမာဓိ ပညာဆိုတဲ့ ကျင့်စဉ်ကို ပြောတာ၊ ဒီတော့ ဓမ္မအတွက်သင့်လျော်တဲ့ အနုဓမ္မဆိုတဲ့ ကျင့်စဉ်တစ်ခုကို ကျင့်တာဟာ တရားထူးတရားမြတ်ရခြင်း အကြောင်းတစ်ခုပဲ။ ဒီနှစ်ခုက internal condition တွေ။
အတွင်းအကြောင်းနဲ့ အပြင်အကြောင်း နှစ်မျိုး ပေါင်းစပ်လိုက်တဲ့အခါမှာ ထူးခြားတဲ့ တရားထူးတရားမြတ်တွေကို ရလာတယ်လို့ ပြောတာ၊ အပြင်အကြောင်းက ချို့တဲ့နေရင်လည်း မရနိုင်ဘူး၊ အတွင်းအကြောင်းက ချို့တဲ့နေရင်လည်း မရနိုင်ဘူး။
တစ်ခါတစ်ရံမှာ အနှောင့်အယှက်ဝင်ပြီးတော့ တရားထူးတရားမြတ် မရနိုင်တာ ရှိသေးတယ်၊ ကြီးမားတဲ့ အနှောင့်အယှက်ကြီးတစ်ခုက အခြေအနေကောင်းတွေကို ဖျက်ဆီးပစ်လိုက်တာမျိုးလည်း ရှိတတ်သေးတယ်၊ အဇာတသတ်လို ပုဂ္ဂိုလ်မျိုးပေါ့။
စာမျက်နှာ-၁၂၉
ကုစားမရသော အပြစ်
တကယ်တော့ အဇာတသတ်မင်းဟာ ဥပနိဿယသမ္ပတ္တိ ရှိတယ်၊ တိဟိတ်ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ၊ အသိဉာဏ်ထက်မြက်တယ်၊ သို့သော် ဒေဝဒတ်ဆိုတဲ့ မိတ်ဆွေယုတ်နဲ့ မှားမှားယွင်းယွင်း ပေါင်းမိပြီး ဒေဝဒတ်ရဲ့ စကားကို နားထောင်ပြီးတော့ မိမိရဲ့ ဖခင်အရင်းကို သတ်ဖြတ်မှုလို့ဆိုတဲ့ ပိတုဃာတကကံကြီးကို ကျူးလွန်လိုက်တယ်၊ ပြင်လို့မရတဲ့ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်တော့ အဲဒီအမှားကြီးက ကြားထဲမှာ ကန့်လန့်ပိတ်သွားတယ်၊ သူ့ရဲ့ အခွင့်အရေးတွေဟာ လုံးဝဆုံးရှုံးသွားတယ်၊ ပြင်လို့ မရဘူးဆိုတဲ့ စကားလုံးတစ်ခုကို အဒုကိစ္ဆာ လို့ ပြောတယ်၊ incurable ကုစားလို့ မရဘူးတဲ့။
တချို့ကိစ္စတွေက ပြင်လို့ မရဘူး၊ ပြင်လို့မရတာကိုပဲ ကုစားလို့ မရဘူးလို့ ပြောတာ၊ ပဉ္စာနန္တရိယကံတွေထဲက ကံကြီးတစ်ခုကို ကျူးလွန်လိုက်ပြီ ဆိုလို့ရှိရင် အဲဒီအမှားဟာ ပြင်ဖို့ တော်တော်ခက်သွားတဲ့ အမှားတစ်ခု ဖြစ်သွားတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အင်မတန်ကြီးမားတဲ့ပြစ်မှုကြီးတစ်ခုကို ကျူးလွန်လိုက်တာဖြစ်သည့်အတွက်ကြောင့် အခြေခံကောင်းတွေဟာ ပျက်စီးဆုံးရှုံးသွားတယ်၊ လက်လွတ်သွားတယ်လို့ ဒီလိုပြောတယ်ပေါ့။ ဒီလိုနည်းနဲ့လည်း တရားထူးတရားမြတ်က လွဲချော်သွားနိုင်သေးတယ်တဲ့။
တူညီသော အကျိုး
အေး - ကောင်းပြီ - လူ့ဘဝရဲ့သန္ဓေစိတ်ကလေးကို ကံက ပေးလိုက်တယ်၊ မဟာဝိပါက်စိတ် ၈-ခု၊ အကောင်းဆုံးဆိုရင် မဟာ
စာမျက်နှာ-၁၃၀
ဝိပါက်ဉာဏသမ္ပယုတ်စိတ် ၄-ခုဆိုတဲ့ ပဋိသန္ဓေစိတ်လေးခု ပေးထားတယ်၊ အဲဒီပဋိသန္ဓေစိတ် ရထားတဲ့ ပုဂ္ဂိုလ်ဟာ အခုနက internal condition တွေနဲ့ external condition တွေနဲ့ ပေါင်းဆုံပြီးတော့ - ပြင်ဘက်က ကောင်းတဲ့အကြောင်းနှစ်ခု, အတွင်းဘက်က ကောင်းတဲ့အကြောင်းနှစ်ခုနဲ့ ပေါင်းဆုံပြီးတော့ အကြောင်းညီညွတ်သွားပြီဆိုရင် တရားထူးတရားမြတ် ရသွားနိုင်ပါတယ်၊ တခြားအကြောင်းတွေကတော့ အများကြီး ရှိသေးတာပေါ့နော်၊ အကြောင်းတရားဆိုတာတစ်ခုတည်း မဟုတ်ဘူး၊ အကြောင်းပေါင်းမြောက်မြားစွာ ရှိတယ်။
နတ်ပြည် ၆-ထပ်မှာဖြစ်ကြတဲ့ နတ်တွေမှာလည်းပဲ ထို့အတူပဲ မဟာဝိပါက်စိတ် ၈-ခုနဲ့ပဲ သန္ဓေတည်ကြတယ်၊ ဗြဟ္မာတွေကျတော့ သူတို့ဘုံအားလျော်စွာ သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီး ဈာန်တွေကိုရရှိသွားလို့ ထိုဈာန်ကုသိုလ်တွေကနေပြီးတော့ တူညီသော အကျိုးတစ်ခုကို ပေးကြတယ်၊ “ဇနေတိ သဒိသံ ပါကံ” ကုသိုလ်နဲ့ ထပ်တူထပ်မျှ အကျိုးပေးတာကတော့ ဒီဈာန်ကုသိုလ်တွေကို ပြောတာ။
ကာမာဝစရကုသိုလ်တွေက ထပ်တူညီတဲ့အကျိုး မပေးဘူး၊ ထပ်တူညီတဲ့အကျိုး မပေးဘူးဆိုတာက - တိဟိတ်ကုသိုလ်ကလည်း ညံ့သွားလို့ရှိရင် ဒွိဟိတ်ပဋိသန္ဓေအကျိုးကို ပေးသေးတယ်၊ ဒွိဟိတ်ပဋိသန္ဓေကလည်းပဲ အဟိတ်ပဋိသန္ဓေအကျိုးကို ပေးသေးတယ်၊ ထပ်တူထပ်မျှ တူညီတဲ့အကျိုးကို ကာမာဝစရကုသိုလ်တွေက မပေးနိုင်ဘူး၊ ရူပါဝစရကုသိုလ်ကံကျတော့ အဲဒီလို မဟုတ်ဘူး၊ ကိုယ်ရထားတဲ့ ကုသိုလ်ရဲ့စွမ်းအားအတိုင်းပဲ၊ ဆိုလိုတာက ပထမဈာန်ရရင် ပထမဈာန်ဝိပါက်ဆိုတဲ့ အကျိုးကို ပေးတယ်။
စာမျက်နှာ-၁၃၁
နောက်ဆုံး အဆင့်မြင့်ဆုံး နေဝသညာနာသညာယတန ဈာန်ကုသိုလ် ရထားတဲ့ပုဂ္ဂိုလ်ရဲ့ ရရှိလာတဲ့အကျိုးက နေဝသညာနာသညာယတနဝိပါက်၊ ထပ်တူညီမျှတဲ့ အကျိုးပေးတယ်၊ အဲဒါကို အဘိဓမ္မတ္ထသင်္ဂဟကျမ်းထဲမှာ “ဇနေတိ သဒိသံ ပါကံ” လို့ အဲဒီလို ပြောတာ။
အေး - လူ့လောကမှာ သူတစ်ပါးကို သတ်ခဲ့လို့ ဒီဘဝ အသတ်ခံရတယ်ဆိုတာမျိုးကျတော့ “ကမ္မသရိက္ခက - ကံနှင့်အလားတူတဲ့အကျိုး” လို့ ဒီလိုပြောရမယ်၊ သို့သော် ရောပြီးတော့ ပြောနေကြတယ်၊ “ဇနေတိ သဒိသံ ပါကံ”၊ “အေး - ကံတူ အကျိုးပေးတွေ” လို့ပဲ ပြောကြတာနော်၊ အဲဒီတော့ ပုံစံတူအကျိုးပေးတာကတော့ ခုနက ဈာန်ကုသိုလ်တွေကမှ ပုံစံတူအကျိုးပေးတာ သေချာတယ်။
ကောင်းပြီ - လူ့ဘဝမှာ ပဋိသန္ဓေအခါမှာ ဘဝတစ်ခုအစပြုလာတဲ့အချိန်မှာ ဒီစိတ်ကလေးတွေက စတာ၊ ဒီစိတ်ကလေးတွေက စတာကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဒီလိုဟောတာ။
“ဝိညာဏပစ္စယာ နာမရူပံ” သန္ဓေစိတ်နှင့်အတူ ဖြစ်လာသော “နာမ”
ဒါဖြင့် ဒီသန္ဓေစိတ်ကလေး ပေါ်လာတဲ့အခါ ဒီသန္ဓေစိတ်ကလေး တစ်မျိုးတည်းပဲ ပေါ်သလား? လူ့ဘုံလူ့ဘဝနဲ့ ပြောရမယ်ဆိုရင် ဒီသန္ဓေစိတ်ကလေး ပေါ်လာလို့ရှိရင် ထိုသန္ဓေစိတ်ကလေး
စာမျက်နှာ-၁၃၂
နဲ့ယှဉ်တွဲလာတဲ့ စိတ်ရဲ့စွမ်းအားတွေ စိတ်ရဲ့လှုပ်ရှားမှုတွေလို့ ပြောရမယ့် စေတသိက်တွေ ပါလာပြီ၊ စိတ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီစေတသိက်တွေကလည်း ပြိုင်တူပေါ်လာကြတယ်။
ဆိုပါစို့ - မဟာဝိပါက်စိတ် ၈ ခုထဲက ၁-ခုခု ပေါ်လာပြီဆိုရင် ယေဘူယျအားဖြင့် ပြောလို့ရှိရင် ၃၃-မျိုးသော စေတသိက်တွေနဲ့ ပြိုင်တူပေါ်လာတယ်။
ဆိုပါစို့ - ပထမ မဟာဝိပါက်စိတ်ဆိုရင် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်၊ အဲဒီစိတ်ကလေးနဲ့ သန္ဓေတည်တဲ့ ပုဂ္ဂိုလ်မှာ စေတသိက်-၃၃ ပါလာတယ်၊ အဲဒီမှာ ပဋိသန္ဓေစိတ်ကလေးကိုတော့ “ဝိညာဏ” လို့ နာမည်ပေးတယ်၊ အဲဒီဝိညာဏဆိုတဲ့သန္ဓေစိတ်ကလေး ပေါ်လာတာကြောင့် သူနဲ့အတူတကွ ယှဉ်တွဲလာတဲ့ စေတသိက်တွေကိုတော့ “နာမ” လို့ အမည်ပေးပြီးတော့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာ “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့ အထဲမှာ ထည့်ဟောလိုက်တာ။
ဒီတော့ သန္ဓေစိတ်ကလေး ပေါ်လာရင် သူနဲ့ယှဉ်တဲ့ စေတသိက်လေးတွေဟာ အတူပါလာတယ်၊ ကံတရားက ဖန်တီးတဲ့အခါမှာ စိတ်နဲ့ စေတသိက်ကို နာမ်လို့ပဲ ဒီလိုရောပြီးတော့ မှတ်ရအောင်၊ စိတ်စေတသိက်အတိအကျကိုတော့ အဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေ ပြောနိုင်တာပေါ့။ စိတ်အားလျော်စွာ စေတသိက်တွေရဲ့ပမာဏတွေကို အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ လာတဲ့အတိုင်း ဒီလို ပြောရတယ်။
စာမျက်နှာ-၁၃၃
အခု သန္ဓေစိတ်ကလေးကတစ်ခု, သန္ဓေစိတ်နဲ့ ယှဉ်တဲ့ စေတသိက်က တစ်ခု၊ အဲဒါလေးက “နာမ်”၊ ကံကနေ ထုတ်လုပ်လိုက်တယ်။
သန္ဓေစိတ်နှင့်အတူ ဖြစ်လာသော “ရူပါ”
ကံက တခြားဘာထုတ်လုပ်သေးတုန်းဆို ကမ္မဇရုပ်ကိုလည်း ထုတ်လုပ်ပေးသေးတယ်၊ လူသားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် မဟာဝိပါက်စိတ်စေတသိက် ဒါက တစ်ပိုင်း၊ နောက် ကမ္မဇရုပ်၊ ကမ္မဇရုပ်ထဲမှာ လူ့ဘဝအတွက် အခြေခံအကျဆုံး ကမ္မဇရုပ်ကို ဘာကစပြောရမတုန်းဆိုလို့ရှိရင် body ဆိုတဲ့ လူ့ခန္ဓာကိုယ်မှာ ကာယပသာဒဟာ အရေးကြီးဆုံးပဲ၊ အဲဒီကာယပသာဒ ဦးဆောင်တဲ့ ရုပ်ပေါင်းက ၁၀-ခု၊
ရုပ်ဆိုတာ ဘယ်တော့မှ တစ်ခုတည်းတည်ပြီးတော့ မနေဘူး။ အနည်းဆုံး ၈-ခုနဲ့ ဖွဲ့စည်းတယ်၊ ထိုအနည်းဆုံး ၈-ခုကို အဋ္ဌကလာပ်ရုပ်လို့ ခေါ်တယ်၊ စုပြီးတော့ တည်တာ၊ အခြေခံအားဖြင့် အားလုံးရဲ့ တည်ရာအနေနဲ့ ပထဝီရုပ်, ထိုပထဝီဆိုတဲ့ မာမှုပျော့မှုသဘောကို စုစည်းပေးတဲ့ အာပေါ, ရင့်ကျက်စေတတ်တဲ့ တေဇောနဲ့ တွန်းကန်ထောက်ကူပြုထားတဲ့ ဝါယောဆိုတဲ့ မဟာဘုတ် ၄-ပါး၊ အဲဒီမဟာဘုတ် ၄-ပါး အစုအစည်းမှာ မျက်စိနဲ့ မြင်လို့ရတဲ့ အဆင်း, နှာခေါင်းနဲ့ နမ်းရှုလို့ရတဲ့ အနံ့, လျှာနဲ့ လျက်လို့ရတဲ့ အရသာ, အာဟာရဓာတ်သဘောဖြစ်တဲ့ ဩဇာဆိုတဲ့ ဒီမှီတွယ်ပြီးတော့ ဖြစ်လာတဲ့ ရုပ်က ၄-ခု၊ အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ရုပ်က ၈-ခု၊ အဲဒီရုပ် ၈-ခုဟာ အဝိနိဗ္ဗာဂ (indivisible) ခွဲစိတ်လို့ မရတဲ့
စာမျက်နှာ-၁၃၄
အရာပဲ၊ unity of matter ပေါ့၊ ၈-ခုကိုမှ ၁-ခု ဖွဲ့စည်းထားတာ၊ ဘယ်အရာပဲဖြစ်ဖြစ် မြူမှုန်လေးကအစ ဒီ ၈-ခုရဲ့အစုအဝေးလေးပဲ၊ အဲဒီ ၈-ခုက သူ့ရဲ့ သဘာဝအတိုင်းအတာတွေ မပျက်စီးဘဲနဲ့ ခွဲခြားလို့ မရဘူး၊ ခွဲလိုက်ရင် ပျက်စီးသွားတယ်၊ ဒါကြောင့် indivisible ခွဲလို့ မရဘူးလို့ ပြောတာ။
သက်ရှိသတ္တဝါတွေကျတော့ ဇီဝိတိန္ဒြေဆိုတာ တစ်ခုထပ်ထည့်ရတယ်၊ ဒါကြောင့်မို့ ဗုဒ္ဓစာပေအရ ဇီဝဆိုတာ ကံတရားက ထုတ်လုပ်တဲ့ အကျိုးတရားတစ်ခုသာ ဖြစ်တယ်၊ သက်ရှိသတ္တဝါတွေမှာသာလျှင် ဒီဇီဝိတိန္ဒြေဆိုတာ ဖြစ်နိုင်တယ်ပေါ့။ Biology တို့ ဘာတို့ကပြောတဲ့ ဇီဝမျိုးက ဗုဒ္ဓဘာသာတရားတော်နှင့် မဆိုင်တဲ့ဟာမျိုးပဲ၊ ဒီတော့ ဇီဝရှိနိုင်တာဟာ သက်ရှိသတ္တဝါတွေပဲ၊ ဘာဖြစ်လို့တုန်း၊ ကံက ထုတ်လုပ်တာဖြစ်လို့၊ ကံနှင့်သက်ဆိုင်တယ်။
ဒီတော့ ခုနရုပ်တွေထဲမှာ ဇီဝိတိန္ဒြေဆိုတဲ့ ရုပ်ကလေးတစ်ခုထည့်လိုက်တဲ့အခါ ၉-ခု၊ အဲဒီ ၉-ခုကို အခြေခံပြီးတော့ ဖွဲ့စည်းရမယ်၊ ဒီထဲမှာ ကာယပသာဒရုပ်ကို ထည့်လိုက်တဲ့အခါကျတော့ ရုပ် ၁၀-ခု အပေါင်း၊ ၁၀-ခုသည် ၁-ခုဖြစ်တယ်၊ 10 in one ပေါ့၊ ၁၀-ခုကို ၁-ခု လုပ်ထားတာ၊ ၁၀-ခုကို ၁-ခု unity လေး ဖွဲ့ထားတာ၊ အဲဒီရုပ်အစုလေးဟာ ခုနပဋိသန္ဓေစိတ်ကလေးနဲ့ အတူပေါ်လာတယ်၊ ကံကနေ ထုတ်လုပ်ပေးလိုက်တာ၊
အဲဒီလိုပဲ နောက်ထပ်အရေးပါတာတစ်ခုက ဘာတုန်းဆိုရင် ဝတ္ထုဒသကကလာပ် ဟဒယဝတ္ထုလို့ ပြောချင်ပြော၊ သို့မဟုတ် မြတ်စွာဘုရားဟောတဲ့အတိုင်း ဟဒယဆိုတဲ့စကားလုံး မထည့်ဘဲနဲ့ ဝတ္ထုဒသကကလာပ်၊ စိတ်ရဲ့မှီရာ ဝတ္ထုရုပ်၊ အဲဒီဝတ္ထုရုပ်ဦးဆောင်
စာမျက်နှာ-၁၃၅
တဲ့ ရုပ်ကလာပ်၊ ရုပ်ပေါင်း ၁၀-ခု အဲဒါက တစ်စု၊ ခုနက ကာယပသာဒဦးဆောင်တာက ၁၀-ခု၊ ဝတ္ထုရုပ်ဦးဆောင်တာက ၁၀-ခု၊ လူသားဖြစ်ဖို့ရန်အတွက် အဲဒီရုပ်ပေါင်း-၂၀။
တစ်ခါ လူသားတွေမှာ ဖိုမဆိုတဲ့ ကွဲပြားခြားနားမှုလေးက ရှိတယ်၊ ကွဲပြားခြားနားမှု ရှိလာသည့်အတွက်ကြောင့် ဖို, မအတွက် ဘာဝဒသကကလာပ်ဆိုတာ - အမျိုးသမီးတွေကျတော့ ဣတ္ထိဘာဝဒသကကလာပ်ဆိုတဲ့ ရုပ် ၁၀-ခု၊ အမျိုးသားဖြစ်မည့်ပုဂ္ဂိုလ်ကျတော့ ပုမ္ဘာဝဒသကကလာပ်ဆိုပြီးတော့ ရုပ် ၁၀-ခု... ပေါင်းလိုက်တဲ့အခါကျတော့ ရုပ်-၃၀ ရတယ်။
အဲဒီ ရုပ်ပေါင်း-၃၀ ရယ်၊ ခုနက စိတ်စေတသိက်ရယ် - အဲဒီအစုလေးဟာ ကံတရားကနေ ထုတ်လုပ်လိုက်လို့ လူ့ဘဝရဲ့အဆုံးပဲ၊ အဲဒီအစဆုံးကို ကလလ လို့ ခေါ်တယ်၊ ကလလဆိုတာ အလွန်သေးငယ်တဲ့ အစက်အပေါက်ကလေးတစ်ခုကို ပြောတာ။
ကလလရေကြည် ပမာဏ
ဘယ်လောက်သေးသလဲဆိုလို့ရှိရင် စာပေကျမ်းဂန်တွေမှာ ဖေါ်ပြတာ - အပ်ကလေးကို ဆီထဲနှစ်ပြီးတော့ အကြိမ်ကြိမ် ခါလိုက်တဲ့အခါ အပ်ဖျားလေးမှာကျန်နိုင်တဲ့ ဆီပေါက်ကလေးလောက် ဖြစ်တယ်တဲ့၊ သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး၊ microscope နဲ့ ကြည့်မှ မြင်ရတဲ့ အနေအထားမျိုးပေါ့၊ အဲဒီလောက်ထိအောင် သေးတဲ့ အဖွဲ့အစည်းလေးကို ပြောတာ။
ဒါ့ကြောင့်မို့ ကလလရေကြည်လေးက ဘယ်မှာတည်တာတုန်းလို့ မေးလို့ရှိရင် - မြတ်စွာဘုရားက “မာတာပတ္တိကသမ္ဘဝေါ”
စာမျက်နှာ-၁၃၆
လို့ - မိခင်ဖခင်တို့ရဲ့ ovum လို့ခေါ်တဲ့အရာနှင့် sperm လို့ခေါ်တဲ့အရာ၊ မိခင်ဖခင်တို့ရဲ့မျိုးဥထဲမှာ ဒီကလလရေကြည်လေးက တည်တယ်လို့ ဆိုတယ်၊ ဒီ ကလလရေကြည်ဆိုတာ ovum နှင့် sperm ကို ခေါ်တာ မဟုတ်ဘူး၊ ကလလရေကြည်ဆိုတာ ခုနက ရုပ်နဲ့ နာမ်အစုကလေးကို ခေါ်တာ၊ ဒါကြောင့်မို့လို့ အလွန်သေးတယ်၊ အဲဒီထဲမှာ ဒီလူ့ရဲ့သန္ဓေက စတာ။
လူသားရဲ့အစဟာ အဲဒီမှာ၊ အဲဒါကို ဘယ်သူက ဖန်တီးပေးတာတုန်းဆိုတော့ ကံက ဖန်တီးပေးတာ၊ ဒါဖြင့် ကံက ဖန်တီးပေးထားတဲ့ ဒီပဋိသန္ဓေစိတ်ကလေးရယ် စေတသိက်ကလေးတွေရယ် ခုနက ရုပ်ပေါင်း-၃၀ ရယ်... ဒါတွေက မိဘရဲ့ သုက်သွေးလို့ခေါ်တဲ့အရာပေါ်မှာ အခြေပြုပြီးတော့ ကြီးထွားရတယ်, အစပျိုးရတယ်။
ဥပမာ ဘာနဲ့တူတုန်း ဆိုလို့ရှိရင် - မိဘရဲ့သုက်သွေးက မြေလွှာနဲ့ တူတယ်၊ အခုပြောတဲ့ ကလလလေးက မျိုးစေ့လေးနဲ့ တူတဲ့ သဘောပေါ့။
ဒါဖြင့် ဒီကလလလေးဟာ မိခင်ရဲ့ဝမ်းထဲက မိဘရဲ့ သုက်သွေးပေါ်မှာသာ မှီတည်နိုင်သလားလို့ ဆိုတော့ ဒီကနေ့ခေတ်မှာ ဒါတွေ အမျိုးမျိုးလုပ်နေကြတာ ရှိတာပေါ့၊ လူတွေတီထွင်တဲ့ ဖန်ပြွန်လူသားဆိုတာ ရှိတယ်၊ မိဘရဲ့ သုက်သွေးကို တစ်နေရာပြောင်းရွှေ့ပြီးတော့ မွေးမြူကြတယ်၊ ဘာပဲဖြစ်ဖြစ် သန္ဓေတည်နိုင်လောက်တဲ့ အနေအထားတစ်ခုပေါ်မှာ သန္ဓေတည်တာကတော့ ဖြစ်နိုင်တာချည်းပဲ၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒီသန္ဓေတည်ရတယ်ဆိုတာ ခုနက ကလလဆိုတဲ့ မျိုးစေ့လေးရဲ့ ပေါက်ဖွားရာ ဖြစ်တာကိုး၊ ပေါက်
စာမျက်နှာ-၁၃၇
ဖွားနိုင်ဖို့ အခြေအနေပေးပြီဆိုလို့ရှိရင် ဘယ်နေရာပဲဖြစ်ဖြစ် ပေါက်ဖွားလို့ ရတယ်ပေါ့။
သတ္တဝါတွေ မွေးဖွားလာနည်း ၄-မျိုး
လောကမှာ အားလုံးသောသတ္တဝါတွေ မွေးဖွားလာပုံ မွေးဖွားလာနည်းက ၄-မျိုးလို့ဆိုတာ မဇ္ဈိမနိကာယ် မဟာသီဟနာဒသုတ်မှာ မြတ်စွာဘုရားက ဟောထားတာ ရှိတယ်။
နံပါတ်(၁)က အဏ္ဍဇ - ဥထဲမှာ သန္ဓေတည်လာတာလို့ ဆိုတယ်။
နံပါတ်(၂)က ဇလာဗုဇ - မိခင်ရဲ့သားအိမ်ထဲမှာ သန္ဓေတည်တာ။
နံပါတ်(၃)က သံသေဒဇ - အညှီအဟောက် အစိုဓာတ်တွေပေါ်မှာ သန္ဓေတည်တာ။
နံပါတ်(၄)က ဥထဲမှာ ဖြစ်တာလည်း မဟုတ်ဘူး၊ မိခင်ရဲ့သားအိမ်ထဲမှာလည်း မဖြစ်ဘူး၊ အပုပ်အညိုမှာ စွဲပြီးတော့ ဖြစ်တာလည်း မဟုတ်ဘူး၊ ရုတ်တရက် ဘွားကနဲ ခန္ဓာကိုယ်ထင်ရှား ပေါ်လာတာမျိုးကျတော့ ဩပပါတိက လို့ ခေါ်တယ်။
လူသားတွေ မွေးဖွားပုံမွေးဖွားနည်းက ဒီ ၄-မျိုးနဲ့ဆိုင်တယ်၊ ဒါကြောင့်မို့ ဥက မွေးတယ်ဆိုတဲ့ လူသားဆိုတာ ရာဇဝင်ထဲမှာ ရှိတယ်ပေါ့၊ ဒါတွေက ဖြစ်တောင့်ဖြစ်ခဲပေါ့။ များသောအားဖြင့် လူသားတွေက ဇလာဗုဇပဲ။
စာမျက်နှာ-၁၃၈
အဏ္ဍဇနဲ့ ဇလာဗုဇ နှစ်ခုပေါင်းပြီးတော့ ဂဗ္ဘသေယျက လို့ ဒီလိုလည်း ခေါ်တယ်၊ အမိဝမ်းထဲမှာ ကိန်းပြီးတော့ မွေးလာကြတာ၊ ကြက်ကလေးတွေ ငှက်ကလေးတွေက အဏ္ဍဇ၊ လူသားတွေ နွားတွေက ဇလာဗုဇ။
သံသေဒဇဆိုတာ လူသားတွေလည်းပဲ သံသေဒဇအနေနဲ့ မွေးလာတာ ရှိတယ်၊ အားလုံး ကြားဖူးကြလိမ့်မယ် - ပဒုမဒေဝီတို့ ဇာတ်လမ်းတွေနော်၊ နောက် ပေါက္ခရသာတိပုဏ္ဏားတို့ ကြာပွင့်ထဲမှာ မွေးလာတယ်ဆိုတာ၊ အစေးအညံ့တစ်ခုကို စွဲပြီးတော့ သန္ဓေတည်လာတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။
ဩပပါတိကဆိုတာကျတော့ ကမ္ဘာဦးမှာ ဖြစ်လေ့ရှိတဲ့ လူသားတွေပေါ့၊ အမေအဖေ မရှိသေးတဲ့ခေတ်က ကမ္ဘာဦးလူသားတွေဟာ ဩပပါတိကတဲ့၊ ကိုယ်ထင်ရှားဖြစ်ပေါ်လာတဲ့ မွေးဖွားနည်းနဲ့ မွေးဖွားလာတာ။
ဒီတော့ သတ္တလောကကြီးတစ်ခုလုံးမှာ သတ္တဝါတွေ မွေးဖွားလာမှုက ၄-ပါး ၄-နည်း ရှိတယ်လို့ ဒီလို ပြောတယ်၊ ဒါပေမယ့်လို့ အကုန်လုံးခြုံပြီး ပြောတဲ့အခါကျတော့ ဒီလိုပြောရတယ် - ငရဲတို့ နတ်ပြည်တို့ကျတော့ ဥပပါတ်ပဋိသန္ဓေပဲ၊ ဗြဟ္မာတွေလည်း ဥပပါတ်ပဋိသန္ဓေပဲ၊ ကိုယ်ထင်ရှား မွေးဖွားလာတာ၊ ငရဲမှာ သန္ဓေတည်ပြီးတော့ ၉-လ ၁၀-လလွယ်တဲ့ ငရဲသားရဲ့မိခင်ဆိုတာ မရှိဘူး၊ ငရဲရောက်တဲ့လူက ချက်ချင်းပဲ ဘွားကနဲပေါ်လာတဲ့ပုံစံနဲ့ ဖြစ်ကြရတယ်ပေါ့၊ “ဘုမ္မဇိုဝ်းဖြတ်၊ ကြွင်းနတ်-နိဇ္ဈာ၊ ငရဲရွာ၊ တစ်သာ ဥပပါတ်” တဲ့၊ ဥပပါတ်တစ်မျိုးတည်းပဲ ရှိတယ်၊ “အကြွင်းဂတိ၊ လေးယောနိ၊ ရဘိ ပုံသေမှတ်” လို့ဆိုတဲ့စကားအရ ကျန်တာ
စာမျက်နှာ-၁၃၉
တွေကတော့ ဒီလူ့ဘုံအပါအဝင် ၄-မျိုးလုံး ရနိုင်တယ်လို့ ဒီလို ပြောတယ်။
လူသားများ သန္ဓေတည်ပုံ
သို့သော် ယေဘူယျကတော့ လူတွေက ဇလာဗုဇပဲ များတယ်ပေါ့၊ ဘယ်သူ့ရဲ့စွမ်းအားနဲ့ ဒီသဘာဝတရားတွေ ပေါ်လာတုန်းဆိုလို့ရှိရင် ကံရဲ့စွမ်းအားနဲ့ ပေါ်တာ၊ ဒီကနေ့ခေတ်မှာ ovum နဲ့ sperm လို့ခေါ်တဲ့ ဒီကလလရေကြည်မျိုးစေ့ ကျဖို့ရန်အတွက် လူတွေဟာ အမျိုးမျိုးကြိုးစားပြီးတော့ ပုံတူဆိုပြီးတော့ human cloning ဆိုတာတွေ လုပ်လာကြတယ်၊ clone ဆိုတဲ့ ပုံတူတွေ မွေးဖွားဖို့ ကြိုးစားလာကြတယ်။
ဟိုလူ့ဆီက cell ကလေးယူ၊ မျိုးဥနဲ့စပ်၊ စပ်ပြီးတဲ့အခါကျတော့ သန္ဓေတည်အောင် လုပ်တာမျိုးတွေ၊ တိရစ္ဆာန်တွေမှာ စမ်းသပ်ပြီး ပုံတူလုပ်ယူတာမျိုးတွေပေါ့။
တစ်ခါတုန်းက ဂျာမနီသွားတော့ အဲဒီမှာ အဘိဓမ္မာသင်တန်းလာတက်တဲ့ ဂျာမန်ကြီးတစ်ယောက်က မေးဖူးတယ်၊ “clone နဲ့ ပတ်သက်ပြီးတော့ အဘိဓမ္မာအရ ဘယ်လိုဖြေရှင်းမလဲ၊ ဖြစ်နိုင်သလား” တဲ့၊ ဘုန်းကြီးက ဖြေလိုက်တယ် - “ဖြစ်နိုင်တယ်” လို့၊ “ဘာဖြစ်လို့တုန်းဆို သန္ဓေတည်နိုင်တဲ့ အနေအထားဆို ဘယ်နေရာဖြစ်ဖြစ် တည်နိုင်တယ်” လို့၊ သန္ဓေတည်ဖို့ရန်အတွက် အခြေအနေ ၃-ရပ် ဟောထားတာ ရှိတယ်၊ ဒါ ယေဘူယျသဘာဝကို ကြည့်ပြီး ဟောတာ၊ လူတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမှာ မာတာစ ဥတုနီ - မိခင်က ဓမ္မတာလာပြီးစ ဖြစ်ရမယ်၊ မာတာ ပိတရော သန္နိပတိတာ
စာမျက်နှာ-၁၄၀
* ovum နဲ့ sperm ပေါင်းစပ်တာ ဖြစ်ရမယ်၊ ဂန္ဓဗ္ဗ လို့ဆိုတဲ့ သန္ဓေလောင်းသတ္တဝါက ရှိရမယ်။
အဲဒီ ဂန္ဓဗ္ဗနဲ့ ပတ်သက်လာတဲ့ အယူအဆကျတော့ အမျိုးမျိုး ကွဲပြားခြားနားမှု ရှိတယ်၊ ဂန္ဓဗ္ဗ သန္ဓေလောင်းဆိုတာ ဘယ်သူ့ကို ခေါ်တာတုန်း၊ သေတဲ့လူကို ပြောတာနော်၊ သန္ဓေလောင်းအနေနဲ့ waiting list စောင့်နေတာမျိုးတော့ မရှိဘူးပေါ့နော်၊ ခရီးသွားတဲ့အခါ တစ်ခါတစ်လေ လက်မှတ်မရလို့ရှိရင် waiting list နဲ့ စောင့်နေရတယ်၊ အေး လူ့ပြည်ကိုလာချင်တဲ့လူကလည်းပဲ လက်မှတ်ကြီးကိုင်ပြီးတော့ waiting list နဲ့ စောင့်နေစရာ မလိုဘူး၊ ဒီလိုတော့ မဟုတ်ဘူးပေါ့။
ဂန္ဓဗ္ဗ - သန္ဓေလောင်းဆိုတာ သတ္တဝါတွေဟာ စက္ကန့်မလပ် သေဆုံးနေကြတယ်၊ အဲဒီသေဆုံးနေတဲ့အချိန်မှာ ခုနပြောတဲ့ အခြေအနေနှစ်ရပ်က ရှိနေတယ်ဆိုရင် အဲဒီသေဆုံးတဲ့သတ္တဝါက ကံအားလျော်စွာ ဒီနေရာမှာ ဖြစ်လာမှာပဲ၊ ဘယ်လောက်ဝေးလံတဲ့နေရာပဲ ဖြစ်ဖြစ်။
ဆိုပါစို့ - တယ်လီဗေးရှင်းလွှင့်တာလိုပေါ့၊ ဟိုး နိုင်ငံခြားက လွှင့်လိုက်ပေမယ့်လို့ ကိရိယာနဲ့ ဖမ်းယူလိုက်တဲ့အချိန်မှာ ချက်ချင်းရောက်လာတဲ့ ရုပ်သံမျိုးပဲ၊ အဲဒါမျိုးလိုပဲ သန္ဓေသားဟာ စုတိစိတ်ကျဆဲဖြစ်တဲ့ပုဂ္ဂိုလ်တွေ၊ စုတိစိတ်ကျလို့ ဥပါဒ်-ဌီ-ဘင် စုတိစိတ်ကလေး ချုပ်သွားတာနဲ့ တစ်ပြိုင်နက် သူဟာ ဂန္ဓဗ္ဗ- သန္ဓေလောင်းပဲ၊ အဆင်သင့်ဖြစ်နေတဲ့နေရာကို သူကျရောက်ပြီးတော့ မွေးဖွားမှာပဲ၊ အဲဒီလို အဆင်သင့်ဖြစ်နေတဲ့နေရာလည်း ရှိတယ်၊ ခုနက clone ဆိုတဲ့ပုံစံမျိုးနဲ့ ဖန်တီးထားတဲ့ နေရာမျိုးလည်း ဖြစ်နိုင်တယ်။
စာမျက်နှာ-၁၄၁
ဘယ်နေရာမျိုးမှာပဲဖြစ်ဖြစ် သန္ဓေတည်လို့ ရတယ်ပေါ့၊ သန္ဓေတည်နိုင်တဲ့ အနေအထားမျိုးတစ်ခု ဖြစ်အောင်တော့ ဖန်တီးရမှာပေါ့။
ဇာတ်တော်တွေထဲမှာပါတယ်- ပဒုမဒေဝီ သားငါးရာလို့ ဆိုတယ်၊ မိခင်တစ်ဦးတည်းက တစ်ချိန်တည်း သားပေါင်းငါးရာ မွေးဖွားဖို့ဆိုတာ ဖြစ်နိုင်စရာအကြောင်း မရှိဘူး၊ ငါးတစ်ကောင်ရဲ့ ဝမ်းထဲမှာတော့ အဥလေးတွေဟာ သန်းချီရှိနိုင်တာပေါ့၊ လူသားတစ်ယောက်ရဲ့သန္တာန်မှာ ဒါမျိုး ရှိဖို့ မဖြစ်နိုင်ဘူး။ ဘယ်လိုနည်းနဲ့ ပဒုမဒေဝီမိဖုရားဟာ သားငါးရာရသတုန်းဆိုရင် အကြီးဆုံးသားက ရိုးရာမွေးဖွားတာ၊ ကျန်တဲ့သားတွေက သွေးစက်ပေါ်မှာ ဇီဝကလပ် (cell) တည်ပြီး မွေးတာ၊ ဒီတော့ အကြီးဆုံးသားက ဇလာဗုဇ၊ ကျန်တဲ့သားတွေက သံသေဒဇ အညီမှာစွဲပြီး ဖြစ်တာပေါ့။ အဲဒီလို အညီမှာတောင်မှ စပြီး လူဖြစ်သေးတာပဲ၊ လူဖြစ်နိုင်တဲ့ အနေအထားတွေ ရှိပါတယ်။
လူတွေဟာ ပုံတူဆိုတဲ့ နေရာမှာ ကံကြမ္မာကူအောင်တော့ လုပ်လို့ မရဘူး၊ ရုပ်ပိုင်းဆိုင်ရာတော့ တူအောင်လုပ်လို့ ရတယ်၊ ရုပ်ပိုင်းဆိုင်ရာ တူအောင်လုပ်တာ ကံနဲ့ချည်းလည်း မဆိုင်ဘူး၊ ဆိုပါစို့ - မြေနက်တွင်းထဲမှာအောင်းတဲ့ ဖွတ်ရဲ့အရောင်ဟာ အနက်ရောင်ပဲ ဖြစ်တယ်၊ မြေနီတွင်းထဲမှာအောင်းတဲ့ ဖွတ်ရဲ့အရောင်ဟာလည်း အနီဖြစ်တယ်ပေါ့၊ ဒါ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုလို့ ဆိုလိုတာ။
အဲဒါကြောင့်မို့လို့ ခုနက clone ဆိုတာကို ဖန်တီးလိုက်တဲ့အခါကျတော့ ဆိုင်ရာဆိုင်ရာပုဂ္ဂိုလ်ရဲ့ cell လေးတွေ အပေါ်မှာ ခုနက ကလလဆိုတဲ့ မျိုးစေ့လေးက ကျလာတာ ဖြစ်သည့်အတွက်ကြောင့် အလားသဏ္ဍာန်တူတဲ့ ပုဂ္ဂိုလ် ဖြစ်သွားတယ်၊ ဒီရုပ်ပိုင်း
စာမျက်နှာ-၁၄၂
ဆိုင်ရာတူညီမှုလို့ ဆိုတဲ့နေရာမှာ တစ်ခါတစ်ရံကျတော့ စိတ်ရဲ့ လွှမ်းမိုးမှုကြောင့် တူသွားတာလည်း ရှိတယ်။
လူဖြူ ဇနီးမောင်နှံ
အားလုံးကြားဖူးကြလိမ့်မယ် - အနောက်တိုင်းမှာ လူဖြူဇနီးမောင်နှံနှစ်ယောက် ရှိတယ်၊ အဲဒီဇနီးမောင်နှံနှစ်ယောက်က မွေးလာတဲ့ သားလေးကျတော့ အမည်းဖြစ်နေတယ်၊ အမည်းဖြစ်တဲ့အခါ ယောက်ျားရဲ့ မသင်္ကာစိတ်တွေနဲ့ ပြဿနာဖြစ်တာပေါ့၊ လူဖြူ အမျိုးသမီးက အမည်းမွေးလာတယ်ဆိုတော့ ပြဿနာဖြစ်တယ်၊ အဲဒီပြဿနာကို မဖြေရှင်းနိုင်တော့ လင်မယားချင်း ကွဲရမည့်အနေအထားမျိုး ရောက်လာတယ်၊ နောက်တော့ အဖြေရှာလို့တွေ့သွားတယ်၊ အဖြေက ဘာလဲဆိုလို့ရှိရင် အဲဒီအမျိုးသမီးနေတဲ့အခန်းထဲမှာ ကပ္ပလီလူမည်းကြီးရဲ့ပုံ ချိတ်ထားတာ ရှိတယ်၊ အမြဲတမ်း အဲဒါချည်းပဲ မြင်နေတော့ ဒီပုံကြီးဟာ မျက်စိထဲမှာ စွဲပြီးတော့ စိတ်စွဲလမ်းမှုဆိုတာမျိုး ဖြစ်သွားတယ်ပေါ့။ အဲဒီစိတ်စွဲလမ်းမှုကြောင့် သူမွေးလာတဲ့ ကလေးဟာလည်းပဲ အမည်းကြီးဖြစ်သွားတယ်၊ အဲဒီရုပ်မျိုး ထွက်လာတယ်၊ ဒါက စိတ်က ဖန်တီးပေးလိုက်တဲ့ clone လို့ ပြောလို့ရတာပေါ့၊ ဒါက တစ်ဆင့်ကြားဖူးတာ။
ဇာတိရွာမှ ဖြစ်ရပ်
နောက်တစ်ခု တကယ်လက်တွေ့ဖြစ်ခဲ့တာတစ်ခုရှိတယ်၊ ဘုန်းကြီးတို့ရဲ့ ဇာတိရွာမှာ ဖြစ်တာ၊ အဲဒီဇာတိရွာမှာ တောသူတောင်သားတွေဆိုတာ အလွန်ရိုးသားကြတယ်၊ မြို့တောင်မှ
စာမျက်နှာ-၁၄၃
ရောက်ဖူးတာ မဟုတ်ဘူး၊ အဲဒီမိသားစုက မွေးလာတဲ့သားလေး နှစ်ယောက်က ဆံပင်က ငွေရောင်ဆံပင်နဲ့ မျက်လုံးပြာနဲ့ အသားက တကယ့်ဥရောပအရောင်။
ဘယ်လိုလုပ်ဖြစ်လဲလို့ စုံစမ်းလိုက်တဲ့အခါ မြန်မာပြည်မှာ ငှက်ဖျားရောဂါအတွက် တောနယ်တွေထိအောင် သွေးစစ်တာတွေ လုပ်တယ်၊ အဲဒီလို သွေးစစ်တာတွေလုပ်တဲ့အခါ ရွာအနှံ့ မျက်နှာဖြူ ပြင်သစ်လူမျိုး နိုင်ငံခြားဆရာဝန်ကြီးတွေ လာကြတယ်။ ရွာက အမျိုးသမီးငယ်တစ်ယောက်က အဲဒီနိုင်ငံခြားသားတွေကို မကြည့်ရဲဘူး ကြောက်တယ်၊ ကြောက်တော့ ပုန်းနေတာ၊ သူတို့လာပြီဆိုရင် သူထွက်ပြေးတယ်၊ ပုန်းတယ်၊ ရွာလူကြီးတွေက မရမက ပုန်းနေတဲ့ထဲက ဆွဲထုတ်ပြီးတော့ သွေးစစ်ခိုင်းတယ်၊ ဒီလူမျိုးခြားတွေ ကြည့်ပြီးတော့ စိတ်စွဲလမ်းမှုတွေ ရှိသွားတယ်၊ ကြောက်လို့ စွဲတဲ့အစွဲ၊ အဲဒီနောက်မှာ သူမွေးလာတဲ့ကလေးတွေက အဲဒီလို ဥရောပရုပ်တွေနဲ့ မွေးတယ်၊ ဒါလည်း clone တစ်ခုပဲပေါ့နော်။
ဘာမှ ခုနကလို cell တွေ ဘာတွေ ယူတာမဟုတ်ဘူး၊ စိတ်စွမ်းအားကြောင့် ဖြစ်သွားတာ၊ အဲဒီကလေးတွေ ဘုန်းကြီးတို့ကျောင်းတောင်မှ သင်္ကန်းလာဝယ်သေးတယ်၊ ဒီကလေးတွေ အခုလည်း ရှိကောင်း ရှိပါလိမ့်မယ်၊ သင်္ကန်းဝတ်နဲ့တော့ မရှိတော့ဘူးပေါ့၊ အဲဒီလို ထူးထူးဆန်းဆန်း စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာကြောင့်ဖြစ်စေ ထူးခြားမှုလေးတွေက ဒါဖြစ်တတ်တဲ့သဘောလေးတွေပါပဲ။
စာမျက်နှာ-၁၄၄
ကံကပေးတာ မှန်သော်လည်း
ရုပ်ရဲ့အခြေအနေတွေဟာ အခြေခံကံက ပေးလိုက်ပေမယ့်လို့ ပတ်ဝန်းကျင်ရဲ့အနေအထားတစ်ခုပေါ်မှာ ရပ်တည်ပြီး ရုပ်တရားရဲ့ပြောင်းလဲမှုဆိုတာ ရှိပါတယ်၊ ဥတုနဲ့ အာဟာရ ထောက်ပံ့မှုကို အခြေခံပြီးတော့ ကံတရားက ဖန်တီးတဲ့ရုပ်ဟာ ရပ်တည်ရတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဖန်တီးလိုက်တဲ့ ကံတရားက မရှိတော့ဘူးလေ။
မနေ့က ပြောခဲ့သလိုပဲ မျိုးစေ့လေးကို မြေထဲချ စိုက်လိုက်ရင် မျိုးစေ့လေးကတော့ ပုတ်ပြီး ဆွေးသွားမယ်၊ အဲဒီမျိုးစေ့လေးက ဖြစ်ပေါ်လာတဲ့အပင်လေးကို ရှင်သန်နေအောင် ရေတို့ အလင်းရောင်တို့ အပူတို့က စောင့်ရှောက်ထားတာ။
လူ့ဘဝမှာလည်းပဲ ထို့အတူပဲ- ကလလဆိုတဲ့မျိုးစေ့လေးချပြီးတော့ ကံတရားက ရုပ်တွေ ဆက်လက်ထုတ်နေပေမယ့် အဲဒီကံတရားကထုတ်သမျှရုပ်တွေဟာ စိတ်တို့ ဥတုတို့ အာဟာရတို့ဆိုတဲ့ အကြောင်း ၃-ပါးက ဝိုင်းပြီး ထောက်ပံ့ကူညီထားရတာ၊ အဲဒီစိတ်တို့ ဥတုတို့ အာဟာရတို့ဆိုတာတွေကလည်းပဲ ဒီကံရဲ့ စွမ်းရည်သတ္တိကြောင့်မို့ သူတို့ဖြစ်ပေါ်လာတာ၊ အပြန်အလှန်ပေါ့၊ ဒီအကြောင်းတရားတွေဟာ အပြန်အလှန် အထောက်အကူပြုပြီးတော့ ဘဝတစ်ခုဟာ ရှင်သန်နေကြတာတဲ့။
ဆိုပါစို့ - လူတွေက ပြောကြတယ်၊ လူတွေ အရပ်ပုတာ အရပ်ရှည်တာ ထွားကြိုင်းတာ ပိန်လှီတာ- ဒါမျိုးတွေဟာ အာဟာရပေါ် မူတည်ပြီးတော့ ဖြစ်တယ်၊ ဥတုပေါ်မှာ မှီပြီးတော့ ဖြစ်တယ်၊
ဒုတိယကမ္ဘာစစ် ကာလတုန်းက မြန်မာပြည်ကို invade လုပ်တဲ့ Japan တွေဟာ တကယ့်အပုလေးတွေ သေနတ်လေးတွေ
စာမျက်နှာ-၁၄၅
ကလည်း တစ်တောင်လောက်ပဲရှိတဲ့ သေနတ်ကလေးတွေပေါ့၊ ဂျပန်ငပုလို့ ခေါ်ကြတယ်၊ အဲဒီအချိန်တုန်းက အင်မတန်ပုတဲ့သူတွေ၊ သို့သော် အခုအချိန်မှာသွားကြည့်လို့ရှိရင် ဂျပန်တွေက အပုမဟုတ်တော့ဘူး၊ ဘာ့ကြောင့်မပုတာတုန်းဆိုလို့ရှိရင် အစာအာဟာရကို သူတို့ ပြင်ပေးလိုက်တယ်ပေါ့။
မြန်မာပြည်မှာလည်းပဲ တစ်ချိန်တုန်းက ရိုးရာမောင်းထောင်းဆန် စားသည့်အတွက်ကြောင့် ရွှေဘိုနယ်က လူကြီးတွေဟာ ထွားထွားကြိုင်းကြိုင်းကြီးတွေ ရှိတယ်တဲ့၊ ယောင်တစောင်းကြီးတွေနဲ့၊ မြန်မာလူမျိုးတွေဟာ အင်မတန်မှ ထွားကြိုင်းတယ်ဆိုတာ မှတ်တမ်းရှိတယ်ပေါ့၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဆိုရင် အလွန်ထွားကြိုင်းတယ်လို့ ပြောတယ်၊ သန်သန်မာမာ ထွားထွားကြိုင်းကြိုင်းကြီးတွေပေါ့။
နောက်ပိုင်းကျတော့ မြန်မာတွေက ဆန်အဖြူတွေ ကြိုက်လာတော့ ဖွတ်ရင်းဖွတ်ရင်းနဲ့ ဖွဲဓာတ်တွေကမရှိ ကော်တွေပဲကျန်တဲ့ ဆန်ဖြူတွေချည်းပဲ စားလာတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ ပုပုပြီးတော့ ညှက်ညှက်လာတယ်၊ မြန်မာလူမျိုးတွေဟာ ပိန်ပိန်သေးသေး ပုပုညှက်ညှက်ကလေးတွေ ဖြစ်ဖြစ်လာတယ်။
အဲဒါကြောင့်မို့လို့ အရင်တုန်းက “ဘားပလက်”ဆေးဆိုတာ တီထွင်ထားတာ၊ ဆန်လုံးညိုတွေ စားဖို့ဆိုပြီးတော့ မြန်မာပြည်မှာ တစ်ချိန်တုန်းက ဆော်သြခဲ့သေးတယ်၊ ဟိုးရှေးတုန်းကလူကြီးတွေက မောင်းထောင်းဆန်စားတာ၊ မောင်းထောင်းဆန်စားသည့်အတွက်ကြောင့် လူတွေမှာ အခုခေတ်လိုပြောရင် B ဓာတ်တွေပေါ့၊ B1 တို့ B2 တို့ဆိုတာတွေ ပြည့်ပြည့်ဝဝ ရတယ်ပေါ့၊ အခုခေတ်ကျတော့
စာမျက်နှာ-၁၄၆
ဆန်ကို ထပ်ပြီးတော့ ချောလိုက်သေးတယ်၊ ချောလိုက်တဲ့အခါကျတော့ ဖွဲဓာတ်တွေက တစ်ခုမှ မကျန်တော့ဘူး၊ ကော်လောက်ပဲ ကျန်တော့တယ်၊ အဲဒါတွေ စားတဲ့အခါကျတော့ လူတွေဟာ ထွားကြိုင်းမှု နည်းလာတယ်။
ဟော အခုတစ်ခါ အစာအာဟာရတွေ ကျွေးလိုက်တော့ ဒီကနေ့ခေတ် တချို့ကလေးတွေဟာ အမေအဖေထက် ထွားလာတာကို ပြန်တွေ့ရတယ်၊ မိသားစုနှစ်ဦးရှိပြီ- ဘုန်းကြီးတို့ သတိထားမိတာ၊ အမေအဖေထက်ကို ကလေးတွေက ထွားထွားကြိုင်းကြိုင်းကြီးတွေ ဖြစ်နေကြတယ်၊ ဘာဖြစ်လို့လဲဆိုရင် အစာအာဟာရ စားတာသောက်တာပေါ် မူတည်လို့ပဲ။
ဒီတော့ ရုပ်ခန္ဓာကိုယ်ဆိုတာက ကံတရားနှင့်ချည်း မဆိုင်ဘူး၊ အာဟာရဆိုတာတွေနဲ့လည်း သက်ဆိုင်မှုရှိတယ်၊ ဒါပြင်လို့ရတယ်ပေါ့။ သန္ဓေစိတ်ကိုတော့ ပြင်ပရ...
အေး- အဓိကက နာမ်တရားပဲ၊ အခြေခံဖြစ်တဲ့ ကံတရားက ပေးလိုက်တဲ့ အခြေခံနာမ်တရားဆိုတာကတော့ ပြင်ဖို့ရာ မရဘူး။ သန္ဓေစိတ်ပေါ်မှာ မှီပြီးတော့ ဖြစ်လာတဲ့အတိုင်းပဲ၊ ကံကပေးတဲ့အတိုင်း လူရဲ့စိတ်နေသဘောထားတွေက။
ကောင်းတဲ့ပုဂ္ဂိုလ်နှင့်ပေါင်းရင် အကောင်းဖြစ်တာမျိုးတို့ ဒီလိုပြင်လို့ရတာမျိုးလည်း ရှိတာပေါ့။ အခု ပြင်လို့မရဘူးဆိုတာက ဒွိဟိတ်ပဋိသန္ဓေ- ဉာဏ်မရှိတဲ့ ပဋိသန္ဓေနဲ့ နေလာတဲ့ပုဂ္ဂိုလ်တွေကို ဉာဏ်ရှိအောင် အဆင့်မှီအောင် ပြင်လို့တော့ မရဘူးနော်၊ ဒီဘဝ
စာမျက်နှာ-၁၄၇
မှာ သူ့ရဲ့အတိုင်းအတာလေးတစ်ခုလောက်သာ သူက သင်ကြားလို့ရမယ်၊ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ကလည်းပဲ ဉာဏ်ထက်သည့်အားလျော်စွာ သူကြိုးစားရင် ကြိုးစားသလောက် ဖြစ်လာတယ်။
ကောင်းပြီ - ကံတရားက ဖန်တီးပေးလိုက်တဲ့ ဒီပဋိသန္ဓေစိတ်ကတော့ ရာသက်ပန်တစ်ခုလုံးအတွက် ဒီအတိုင်းပဲ သွားတော့မယ်၊ ပထမဆုံးစိတ်ကလေးကို ပဋိသန္ဓေလို့ ခေါ်ပြီးတော့ နောက်ဆုံးစိတ်လေးကို စုတိလို့ ခေါ်တယ်၊ အာရုံလည်း အတူတူပဲ။ သေခါနီးမှာ ရယူပေးလိုက်တဲ့ ကံက ဖန်တီးပေးလိုက်တဲ့ အာရုံပေါ်မှာ အမှီပြုပြီးတော့ ဒီစိတ်တွေ ဖြစ်တယ်၊ မသေခင်စပ်ကြား ကြားမှာဖြစ်ပေါ်နေတဲ့ ဘဝဂ်လို့ဆိုတဲ့ ဘဝဆက်စပ်မှုကို ဖြစ်ပေါ်စေတဲ့ စိတ်တွေကိုတော့ ဘဝင်လို့ ခေါ်တယ်။
ဝီထိဖြစ်စဉ် နှစ်မျိုး
ဒီတော့ လူတွေရဲ့ စိတ်အစဉ်ကို နှစ်လိုင်းလို့ ခွဲပြီးတော့ မှတ်သင့်တယ်ပေါ့ - ငြိမ်သက်တဲ့စိတ်တွေရဲ့ဖြစ်စဉ်ကတစ်ခုနဲ့ လှုပ်ရှားတဲ့စိတ်တွေရဲ့ဖြစ်စဉ်ကတစ်ခုလို့ ဒီလိုပြောရမယ်၊ အရောင်နဲ့ ခွဲပြောမယ်ဆိုရင် blue line နဲ့ red line ပေါ့။ လူတွေက မွေးဖွားလာတဲ့အချိန်မှာ ငြိမ်သက်နေတာဖြစ်တော့ blue line ပေါ့။ Blue line ဆိုတာ ဘာလဲဆိုရင် ပဋိသန္ဓေရယ်၊ ဘဝင်ရယ်၊ စုတိရယ်၊ ဟော ဒါတွေက ငြိမ်သက်နေတာ၊ ငြိမ်သက်တယ်ဆိုတာ ပစ္စုပ္ပန်ဘဝမှာရှိတဲ့ အာရုံနဲ့ ဘာမှမပတ်သက်ဘူး၊ ဘဝတစ်ခုမှ ကံက ပစ်လွှတ်လိုက်တဲ့ အချိန်အတိုင်းပဲ သွားနေတာ၊ ကံရဲ့အရှိန်နဲ့ သွားနေတာ၊ ပစ္စုပ္ပန်အာရုံနဲ့ ဆက်သွယ်မှု ဘာတစ်ခုမှ မရှိဘူး။
စာမျက်နှာ-၁၄၈
ပစ္စုပ္ပန်အာရုံတစ်ခု ဝင်လာပြီဆိုတဲ့အခါ အဲဒီ blue line ဟာ ပြတ်သွားပြီးတော့ red line ဖြစ်လာတယ်ပေါ့၊ အဲဒါကြောင့်မို့ ဘဝင်စိတ်ကို mind door လို့ ခေါ်တယ်၊ မနောဒွါရလို့ ခေါ်တယ်။ အဲဒီကနေပြီးတော့ စိတ်တွေဟာ ပစ္စုပ္ပန်မျက်မှောက်ဘဝမှာ ရရှိတဲ့ မျက်စိက မြင်ရတဲ့ အာရုံ၊ နားက ကြားလိုက်ရတဲ့ အာရုံ၊ နှာခေါင်းက နမ်းလို့ရတဲ့ အာရုံ၊ လျှာက လျက်လို့ရတဲ့ အရသာအာရုံ၊ ခန္ဓာကိုယ်က ထိတွေ့လို့ရတဲ့ အာရုံ၊ စိတ်ထဲက စိတ်ကူးလို့ရတဲ့ အာရုံတွေဟာ ဖြစ်ပေါ်ပြီးတော့ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်လာတဲ့ အာရုံတွေနဲ့ စိတ်ဟာ ဖြစ်စဉ်တစ်ခု ဝင်လာတယ်၊ အဲဒါကို ဝီထိစိတ်လို့ ခေါ်တာပေါ့။
ခုနတုန်းက blue line ကို ဝီထိမုတ်စိတ်လို့ ခေါ်တာပေါ့။ အဲဒါကို အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ thought free လို့ ဒီလိုပြန်လေ့ရှိတယ်။
ဒီတော့ စိတ်ဖြစ်စဉ်ဟာ နှစ်ခုရှိတယ်လို့ ဒီလိုမှတ်ရမယ်၊ သူဟာသူ ငြိမ်သက်ပြီးတော့နေတဲ့ဖြစ်စဉ်ကတစ်ခု၊ လှုပ်ရှားတဲ့ဖြစ်စဉ်ကတစ်ခု၊ လှုပ်ရှားတဲ့ဖြစ်စဉ်က ပစ္စုပ္ပန်အာရုံတစ်ခုနဲ့ပတ်သက်ပြီး လှုပ်ရှားလာတယ်၊ အဲဒီလှုပ်ရှားတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ငြိမ်သက်တဲ့ဖြစ်စဉ်တစ်ခုက ရပ်တန့်သွားရမယ်၊ နှစ်ခုလုံး ပြိုင်ပြီးတော့ မသွားနိုင်ဘူးတဲ့၊ စိတ်ဟာ တစ်ခုချင်းပဲ သွားလို့ရတယ်၊ စိတ်နှစ်ခု ပြိုင်တူသွားတာမျိုး မရှိဘူး။
စာမျက်နှာ-၁၄၉
ပဝတ္တိအခါ၌ ကံတရားက အကျိုးတရားအချို့ကို ထုတ်လုပ်ပုံ
အဲဒီမှာ ပဋိသန္ဓေစိတ်တို့၊ ဘဝင်စိတ်တို့၊ စုတိစိတ်တို့ဆိုတာ ကံကနေ အခြေခံဖန်တီးပေးလိုက်တဲ့ ကံရဲ့အကျိုးတရားများသာဖြစ်တယ်၊ အဲဒီမှာ ပဋိသန္ဓေစိတ်နောက်ပိုင်းကနေပြီး မသေမီကာလအတွင်းမှာ ပဝတ္တိဆိုတဲ့အချိန်မှာလည်းပဲ ကံတရားက အကျိုးတရားအချို့ကို ဖြစ်စေတတ်သေးတယ်။
ဆိုပါစို့ - စက္ခုဝိညာဏ်စိတ်၊ သောတဝိညာဏ်စိတ်၊ ဃာနဝိညာဏ်စိတ်၊ ဇိဝှါဝိညာဏ်စိတ်၊ ကာယဝိညာဏ်စိတ်ဆိုတဲ့ - မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ လျက်သိစိတ်၊ ထိသိစိတ်- အဲဒီစိတ်တွေဟာ ကံရဲ့အကျိုးတရားတွေပဲ၊ သူတို့တွေကို ကံက ဖန်တီးပေးတာ၊ ဒါကြောင့်မို့လို့ ဓမ္မသင်္ဂဏီပါဠိတော်မှာ "ကမ္မဿ ကဋတ္တာ ဥပစိတတ္တာ ဥပ္ပန္နံ ဟောတိ စက္ခုဝိညာဏံ" - ကံတရားကို လုပ်ခဲ့လို့ ကံတရားတွေ စုစည်းမိခဲ့လို့ ကံတရားတွေက ရင့်ကျက်လာသည့်အတွက်ကြောင့် ဒီစိတ်လေးပေါ်ရတယ်လို့ - ဒီလိုပြောတာ။
ဒီစိတ်ကလေးပေါ်တဲ့အခါမှာ ကံတရားသက်သက်နဲ့ ပေါ်တာလားဆိုတော့ မဟုတ်ဘူး၊ ကံတရားသက်သက်နဲ့ သူတို့မပေါ်နိုင်ဘူး၊ ဘာကြောင့်ပေါ်ရတာတုန်းဆိုလို့ရှိရင် အာရုံနဲ့ဝတ္ထု တိုက်ဆိုင်မှုကြောင့် ပေါ်ရတာ၊ တခြားအချိန်မှာဆိုရင် ပေါ်လို့မရဘူး။
ဒါဖြင့် တခြားအချိန်မှာ ဒီစိတ်လေးတွေ ဘယ်သွားနေသလဲလို့ တချို့က စဉ်းစားကောင်း စဉ်းစားလိမ့်မယ်၊ အဲဒီလို စဉ်းစားမိလို့ရှိရင် မီးခြစ်ဘူးထဲက မီးကလေးဟာ ဘယ်နားနေသလဲလို့ ကိုယ့်ဟာကိုယ် မေးပြီး အဖြေရှာကြည့်ပေါ့။ gas မီးခြစ် - မီးကလေးဟာ ဘယ်နားနေသလဲလို့ အဖြေရှာကြည့်လို့ရှိရင် ဟောဒီမြင်သိ
စာမျက်နှာ-၁၅၀
စိတ်ကလေးတွေ ဘယ်နားနေသလဲဆိုတဲ့ အဖြေတွေ့မှာပေါ့၊ မီးခြစ်ဘူးထဲက မီးကလေးဟာ ဘယ်မှာနေတယ်လို့ ထင်လဲ? မေးကြည့်လိုက်ပေါ့။ မီးခြစ်ဘူးထဲမှာ မီးရှိသလား မရှိဘူးလား၊ မရှိဘူး။ သို့သော် ခုနက ပစ္စုပ္ပန်အကြောင်းနဲ့ တိုက်ဆိုင်တဲ့အခါကျတော့ မီးမရဘူးလား၊ ရတယ်။
ပြောရရင်တော့ possibility - ဖြစ်နိုင်တဲ့အနေအထားတစ်ခု ရှိတယ်၊ ဖြစ်နိုင်တဲ့အနေအထားက ဘာတုန်းဆိုရင် ကံတရားက ဖန်တီးပေးထားတဲ့ စက္ခုပသာဒရုပ်ရှိတယ်၊ အပြင်ဘက်က ရူပါရုံက ဒီစက္ခုပသာဒမှာ လာပြီးတော့- အရပ်ပြောပြောလို့ရှိရင် အပြင်ဘက်က မြင်စရာတစ်ခုက မျက်စိထဲမှာလာပြီးတော့ ထင်ဟပ်ပြီဆိုလို့ရှိရင် အဲဒီထင်ဟပ်မှုဟာ တိုက်ခိုက်မှုတစ်ခုပဲ၊ သာမန်အားဖြင့်တော့ ဒါတိုက်ခိုက်မှုလို့ မသိရဘူးပေါ့။
အဲဒီလို တိုက်လိုက်တာဟာ- ဆိုပါစို့ - နှစ်ခုတိုက်လိုက်လို့ မီးပွင့်သွားသလိုမျိုးပဲ၊ အဖိုနှင့် အမ ဝါယာကြိုးနှစ်ခုကို ထိလိုက်တာနဲ့ ဖျတ်ကနဲ မီးပွင့်သွားသလိုမျိုးပဲ၊ အဲဒီအပြင်ဘက်က မြင်စရာအာရုံဟာ စက္ခုပသာဒကို လာထိခိုက်တာနဲ့ တစ်ပြိုင်နက် ဝတ္ထုအာရုံဆုံစည်းမှုကို အကြောင်းပြုပြီးတော့ စက္ခုဝိညာဏ်စိတ် ဖြစ်ပေါ်လာတာတဲ့။
မြတ်စွာဘုရားက သုတ္တန်တွေမှာ ဒီလိုဟောတာပဲလေ၊ "ဝတ္ထုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ" တဲ့၊ စက္ခုပသာဒရုပ်ရယ်၊ ရူပါရုံရယ် ဒီနှစ်ခုပေါင်းဆုံမိသည့်အတွက်ကြောင့် မြင်သိစိတ်ကလေး ဖြစ်လာရတာလို့၊ မြင်သိစိတ်ကလေးကို ရှိနေတယ်လို့ ဟောတာမဟုတ်ဘူး၊ ဖြစ်လာရတယ်လို့ ဟောတာ၊ အဲဒီ
စာမျက်နှာ-၁၅၁
ဖြစ်လာရတဲ့ မြင်သိစိတ်ဟာ ဘယ်သူ့ရဲ့ အကျိုးဆက်လဲလို့ဆိုရင် ကံရဲ့အကျိုးဆက်လို့ပဲ ဟောတယ် မြတ်စွာဘုရားက၊ သို့သော် ကံကြောင့်ဖြစ်လာတဲ့ အကျိုးဆက်သည် ဝတ္ထုအာရုံ ဆုံတဲ့အခါမှာသာ ဖြစ်တယ်၊ ကျန်တဲ့အချိန်မှာ မဖြစ်ဘူးလို့ ဒီလိုပြောတယ်၊ အဲဒီသဘောလေးတွေကို၊ ကံတရားက ပဝတ္တိအခါမှာ အကျိုးဝိပါက်တွေကို ထုတ်လုပ်တယ်ဆိုတဲ့အချိန်မှာ ဖြစ်နိုင်ချေရှိတဲ့ အကျိုးဝိပါက်တွေကို ထုတ်လုပ်ထားတယ်။
အဲဒီ ကံတရားက အခြေခံ ထုတ်လုပ်ထားတဲ့အပေါ်မှာ ပစ္စုပ္ပန် အာရုံနဲ့ ဝတ္ထု ဆုံစည်းမှုဟာ အကြောင်းတရားတွေ ဖြစ်ပေါ်စေတယ်၊ အဲဒါကို သာဓာရဏပစ္စယနဲ့ အသာဓာရဏပစ္စယလို့ ဒီလိုခွဲခြားပြီး ဟောတယ်။
သာဓာရဏပစ္စယဆိုတာ အများနဲ့သက်ဆိုင်တဲ့ အကြောင်းတစ်ခု၊ အသာဓာရဏပစ္စယဆိုတာ အများနဲ့မသက်ဆိုင်တဲ့ အကြောင်းတစ်ခုလို့ မှတ်၊ ဒီနေရာမှာ ကံက အများနဲ့မသက်ဆိုင်ဘူး၊ မျက်စိဖြစ်ဖို့ ကံက မျက်စိဖြစ်ဖို့ ကံပဲ၊ ဒါကြောင့်မို့လို့ အသာဓာရဏပစ္စယ၊ ခုနက ဒွါရနဲ့ အာရုံ တိုက်ဆိုင်တာက အကြောင်းတရားတစ်ခုလို့ ဒီလိုသုံးတယ်၊ တခြားစိတ်တွေလည်းပဲ ဒွါရအာရုံ ဆုံပြီးတော့ ဖြစ်လာတာ ရှိတယ်ပေါ့။
အဲဒီလို ကံရဲ့ထုတ်လုပ်တဲ့ အကျိုးတရားတွေနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးတို့တစ်တွေ ပဝတ္တိအခါမှာ ဖြစ်ပေါ်လာတဲ့ အကျိုးဝိပါက်စိတ်တွေဟာ ဆိုင်ရာဆိုင်ရာ ဝတ္ထုနဲ့ အာရုံ ဆုံဆည်းပြီးတော့ ထိခိုက်မှုရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတယ်။ သို့သော်
စာမျက်နှာ-၁၅၂
အကြောင်းတရားအရင်းက ဘယ်သူလဲလို့ဆိုရင် ကံလို့ပဲ ပြောရမယ်။
စက္ခုဝိညာဏ်စိတ် နှစ်မျိုး
စက္ခုဝိညာဏ်စိတ်ကလေးဖြစ်တဲ့အခါမှာ မြင်သိစိတ်ကလေးဟာ အကောင်းမြင်တဲ့အခါ ရှိတယ်၊ အဆိုးမြင်တဲ့အခါ ရှိတယ်။
အကောင်းအဆိုးဆိုတာက တစ်ခါတစ်ရံ ခွဲရခက်တဲ့အရာမျိုးပဲ၊ ဆိုပါစို့- စာလိုပြောရင် ဣဋ္ဌာရုံနဲ့ အနိဋ္ဌာရုံပေါ့၊ လောကလူတွေက ကိုယ်ကြိုက်ရင် ဣဋ္ဌာရုံပဲ၊ မကြိုက်ရင် အနိဋ္ဌာရုံပဲ၊ ဒီတော့ တစ်ယောက်က ကြိုက်တယ်၊ တစ်ယောက်က မကြိုက်ဘူးဆိုရင် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ သတ်မှတ်ဖို့ရန် ခက်တယ်၊ ဒူးရင်းသီးကြိုက်တဲ့သူက ဣဋ္ဌာရုံပဲ၊ မကြိုက်တဲ့လူက အနိဋ္ဌာရုံပဲ၊ အဲဒီတော့ အဲဒီစံက ဘယ်လိုသတ်မှတ်တုန်းဆိုတော့ အကောင်းနဲ့အဆိုးဆိုတဲ့နေရာမှာ ယေဘူယျနှုန်းထားနဲ့ သတ်မှတ်တဲ့ဟာမျိုးပေါ့။
လူတကာ မကြိုက်တဲ့အရာ၊ လူတကာ ကြိုက်တဲ့အရာ၊ လူတကာက အကောင်းလို့သတ်မှတ်တဲ့အရာ၊ လူတကာက မကောင်းလို့သတ်မှတ်တဲ့အရာပေါ့၊ မျက်စိနဲ့မြင်ပြီးတော့ ဆင်းရဲတဲ့အရာတွေဆိုရင် ဒါမကောင်းတဲ့အရာလို့ ပြောမှာပေါ့၊ မျက်စိနဲ့မြင်ပြီးတော့ ပျော်ရွှင်စရာတွေဆိုရင် ကောင်းတဲ့အရာလို့ ပြောရမှာပေါ့။
အဲဒီမှာ မကောင်းတာကို မြင်ပြီးတော့ မြင်သိစိတ်ကလေး ပေါ်တယ်ဆိုရင် အကုသိုလ်ရဲ့အကျိုးလို့ သတ်မှတ်တယ်၊ ကောင်းတာကို မြင်ပြီးတော့ မြင်သိစိတ်ကလေး ပေါ်တယ်ဆိုရင် ကုသိုလ်ရဲ့
စာမျက်နှာ-၁၅၃
အကျိုးလို့ သတ်မှတ်တယ်၊ စက္ခုဝိညာဏ်စိတ်ဟာ နှစ်မျိုးလို့ ဒီလိုပြောတာ။
ထို့အတူပဲ နားက ကြားတဲ့အခါမှာလည်းပဲ ကောင်းတဲ့အသံ၊ မကောင်းတဲ့အသံ၊ နှာခေါင်းက နံတဲ့အခါမှာလည်းပဲ ကောင်းတဲ့အနံ့၊ မကောင်းတဲ့အနံ့၊ လျှာကလည်းပဲ ကောင်းတဲ့အရသာ၊ မကောင်းတဲ့အရသာ၊ ကိုယ်ကလည်းပဲ ကောင်းတဲ့အထိအတွေ့၊ မကောင်းတဲ့အထိအတွေ့- ကောင်း၊ မကောင်းဆိုတာ ရှိတယ်။ မကောင်းတာမှန်သမျှ အကုသိုလ်ရဲ့အကျိုး၊ ကောင်းတာမှန်သမျှ ကုသိုလ်ရဲ့အကျိုးလို့ မှတ်ရမယ်၊ ဒီဝိပါက်စိတ်တွေဟာ ပြုပြင်ပြောင်းလဲလို့မရဘူးတဲ့။
ဒါကြောင့်မို့ ဝိပါက်စိတ်တွေကို ဝိပါကပစ္စယောမှာ ဟောထားတာ - "နိရုဿာဟ သန္တဘာဝ" တဲ့၊ ဝိပါက်စိတ်တွေဟာ လှုပ်ရှားမှုကင်းပြီးတော့ ငြိမ်သက်တယ်၊ ဘာမှမလှုပ်ရှားဘူး၊ ဘာမှမလှုပ်ရှားဘူးဆိုတာ ဘာနဲ့တူတုန်းဆိုတော့ မှန်ထဲက ပုံရိပ်လိုပဲ။ မှန်ထဲက ပုံရိပ်ဆိုတာ အပြင်ဘက်က လူက လှုပ်မှ လှုပ်တာလေ၊ သူ့ချည်းလှုပ်လို့ရတာလား၊ မရဘူး၊ ဝိပါက်စိတ်တွေက ကံတရားရဲ့ပုံရိပ်အနေနဲ့ ထင်လာတာတဲ့၊ ဒါကြောင့်မို့လို့ သူတို့မှာ ဘာ activity မှ မရှိဘူး၊ ကံကလှုပ်လို့ လှုပ်တဲ့သဘောလောက်ပဲ ရှိတယ်၊ ကံအကျိုးပေးတဲ့အတိုင်းပဲ၊ အဲဒါက ပဝတ္တိအခါမှာ ကံတရားက ထုတ်လုပ်လိုက်တဲ့ အကျိုးတရားတွေပဲ။
စာမျက်နှာ-၁၅၄
ကံက ထုတ်လုပ်ပြီးတဲ့နောက် ...
ဘုန်းကြီးတို့ လူ့ဘဝရလာတဲ့အခါမှာ ကံက ပဋိသန္ဓေစိတ် စေတသိက်ဆိုတဲ့ အကျိုးတရားကို ထုတ်လုပ်တာနဲ့ တစ်ပြိုင်နက် အချို့အချို့သော ကမ္မဇရုပ်တွေကို စတင်ပြီးတော့ ထုတ်လုပ်တယ်။ နောက်ပိုင်းကျတော့ တဖြည်းဖြည်း ကမ္မဇရုပ်တွေ ပြည့်စုံပြီးတော့ လာတယ်၊ ဒီလိုနဲ့ လူ့ဘဝဟာ ပြည့်စုံပြီးတော့ ကိုယ်အင်္ဂါတွေ တဖြည်းဖြည်း ပြည့်ပြည့်စုံစုံနဲ့ လူရယ်လို့ ဖြစ်လာတဲ့အခါမှာ "ဝိညာဏပစ္စယာ နာမရူပံ" - နာမ်တွေ ရုပ်တွေ ဖြစ်လာတယ်။
နာမ်တွေ ရုပ်တွေ ဖြစ်လာတဲ့အခါကျ "နာမရူပပစ္စယာ သဠာယတနံ" တဲ့၊ အပြင်ဘက်အာရုံတွေနဲ့ ဆက်သွယ်ဖို့ရန်အတွက် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတာတွေ ပေါ်လာတယ်။ ပေါ်လာတဲ့အခါ ဘာဖြစ်တုန်းဆိုတော့ ဆက်သွယ်လို့ရတာပေါ့၊ "သဠာယတနပစ္စယာ ဖဿော" တဲ့၊ ဆက်သွယ်လိုက်တဲ့အခါ ဘာတွေဖြစ်တုန်းဆိုတော့ ခံစားမှုတွေ အတွေ့အကြုံတွေ ရလာတယ်။ ဒါမျိုးမြင်ရင် ပျော်တယ်၊ ဟိုဟာမျိုးမြင်ရင် စိတ်ညစ်တယ်ဆိုတာမျိုးတွေပေါ့။ အတွေ့အကြုံတွေ ခံစားမှုတွေ ပေါ်လာတယ်၊ "ဖဿပစ္စယာ ဝေဒနာ" ဖြစ်လာတယ်၊ အဲဒီခံစားမှုပေါ်မှာ အခြေခံပြီးတော့ ကြိုက်တယ်၊ မကြိုက်ဘူး ဖြစ်လာတယ်။
ကြိုက်တာတွေတွေ့လာတယ် - "ဝေဒနာပစ္စယာ တဏှာ"၊ တွေ့လာတဲ့အခါမှာ စွဲလမ်းမှုဆိုတဲ့ တဏှာ၊ ထိုအာရုံပေါ်မှာ အမြင်အမျိုးမျိုးမြင်မှုဆိုတဲ့ ဒိဋ္ဌိ၊ ဥပါဒါန်ဆိုတာ လာပြန်တယ် "တဏှာပစ္စယာ ဥပါဒါနံ"၊ အဲဒီဥပါဒါန်ဆိုတာ ရှိလာကာနဲ့ တစ်ပြိုင်နက် ဘဝတစ်ခုဆိုတာ ဖြစ်လာတယ် "ဥပါဒါနပစ္စယာ ဘဝေါ"။
စာမျက်နှာ-၁၅၅
ဘဝရှိလာသည့်အတွက်ကြောင့် ဇာတိဆိုတာ ရှိလာမယ် "ဘဝပစ္စယာ ဇာတိ"၊ ဇာတိရှိလာသည့်အတွက်ကြောင့် ဇရာတို့ မရဏတို့ဆိုတာ ရှိလာမယ် .. "ဇာတိပစ္စယာ ဇရာမရဏံ"၊ ဇရာမရဏ ရှိလာရုံတင်မကဘူး၊ ဘဝတစ်ခုမှာ စိုးရိမ်စရာတွေ ဖြစ်လာတဲ့အခါ သောကတွေ ဖြစ်လာမယ်၊ မထိန်းနိုင်တဲ့အခါ ရတယ်၊ ဝမ်းနည်းမှုတွေ ကြုံရတယ်၊ စိတ်ဆင်းရဲမှုတွေ ကြုံရတယ်၊ အပြင်းအထန် စိတ်ပင်ပန်းမှုတွေ ခံရတယ်တဲ့။
ဘဝကြီးတစ်ခုလုံးဟာ အကောင်းနဲ့ အဆိုး ယှဉ်ကြည့်လိုက်မယ်ဆိုရင် အဆိုးတွေက များတယ်၊ မြောက်မြားစွာသော ဆိုးကျိုးတရားတွေ ထုတ်လုပ်ပေးတာကို အကြောင်းပြုပြီးတော့ ဒုက္ခသက်သက်ကို ရထားကြတာပဲလို့ မြတ်စွာဘုရားက "ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ" - တကယ့် ဆင်းရဲဒုက္ခကြီးပဲလို့ အဲဒါမျိုးကို ရထားတာလို့ - ပဋိစ္စသမုပ္ပါဒ်မှာ ဒီလိုဟောထားတာ ဖြစ်ပါတယ်။
အဲဒီ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ ဆက်သွယ်ပြီး ကြည့်လိုက်တဲ့အခါ ပဋိသန္ဓေစိတ်ကလေးနဲ့ ခုနက ဟဒယဝတ္ထုရုပ်ကလေးတို့ဟာ အပြန်အလှန်ဖြစ်နေကြသည့်အတွက်ကြောင့် အညမညပစ္စယော၊ အတူတကွဖြစ်လာကြတာ ဖြစ်သောကြောင့် သဟဇာတပစ္စယော၊ မှီရာအနေနဲ့ဖြစ်လို့ နိဿယပစ္စယော၊ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုလို့ အတ္ထိပစ္စယော၊ အဝိဂတပစ္စယောလို့ ဒီလိုဟောတာပါ။
မနေ့ကပြောခဲ့တဲ့အတိုင်း four points of view လေးဘက်လေးတန်ကနေပြီး အထောက်အကူပြုတယ်ပေါ့၊ အချင်းချင်းအပြန်
စာမျက်နှာ-၁၅၆
အလှန်မှာလည်းပဲ သဟဇာတပစ္စည်းတို့၊ အညမညပစ္စည်းတို့၊ နိဿယပစ္စည်းတို့နဲ့ ဒီလိုအထောက်အကူပြုပြီးတော့ ဒီအကျိုးတရားလေးတစ်ခု ရပ်တည်ဖို့အတွက် အကြောင်းပေါင်း မြောက်မြားစွာ ဖန်တီးပြီးတော့ ဘဝဟာ ရပ်တည်နေရတာပါလားလို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ သဘာဝတရားကို ရှုမြင်သုံးသပ်ခြင်းဖြင့် မိမိတို့ဘဝပေါ်မှာ တွယ်တာမှုဆိုတဲ့ တဏှာကို ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၁၅၇
အပိုင်း (၅)
သာသနာတော်နှစ် ၂၅၅၃-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ တပေါင်းလဆန်း ၈-ရက်၊ ခရစ်နှစ် ၂၀၁၀၊ ဖေဖေါ်ဝါရီလ ၂၀-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မော်လာရော၊ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
ဗုဒ္ဓမြတ်စွာက ပဋိစ္စသမုပ္ပါဒ်ဖြင့် သတ္တဝါအားလုံးတို့၏ ဘဝရုပ်ပုံသရုပ်ကို ပုံဖော်ပေးခဲ့တာ ဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်ကို ခြုံငုံပြီး ကြည့်မယ်ဆိုရင် မြတ်စွာဘုရားက "သင်္ခါရပစ္စယာ ဝိညာဏံ" ဆိုတဲ့ စကားဖြင့် သတ္တဝါတွေ ဘာကြောင့်ဖြစ်လာတယ်ဆိုတာကို ဖော်ပြတာဖြစ်တယ်၊ “သင်္ခါရကြောင့် ပဋိသန္ဓေဝိညာဏ်စိတ် ဖြစ်ရတယ်” လို့ သတ္တဝါတွေ စတင်လာမှုဟာ ပဋိသန္ဓေဝိညာဏ်စိတ်က စတင်
စာမျက်နှာ-၁၅၈
လာတယ်၊ ထိုသတ္တဝါတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ဘဝကြီးတစ်ခုလုံးကို ပြုပြင်ဖန်တီးပေးတတ်တဲ့ "သင်္ခါရ" ဆိုတဲ့ "ကံတရားတွေ" ကို အကြောင်းတရားအဖြစ် မြတ်စွာဘုရားက ဟောပြတယ်။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ
ဒါဖြင့် ကံတရားက သူ့ဟာသူ အလိုအလျောက်ဖြစ်လာတာလားဆိုတဲ့အခါ "အဝိဇ္ဇာပစ္စယာ သင်္ခါရာ" လို့ အဝိဇ္ဇာဆိုတဲ့ အမှန်မသိမှု၊ အမှန်မသိမှုဆိုတာ အမှားကိုသိနေမှု၊ အမှန်တရားကို ဖုံးကွယ်ထားလို့ အမှန်ကိုမသိတဲ့ အနေအထားတစ်ခုမှာ သတ္တဝါတွေဟာ လုပ်မိလုပ်ရာ ကောင်းတဲ့အမှုဖြစ်စေ၊ မကောင်းတဲ့အမှုဖြစ်စေ ပြုလုပ်မိကြတယ်။ သင်္ခါရပစ္စယာ ဝိညာဏံ။
ထိုသို့ ပြုလုပ်မိခြင်းသည်ပင် သတ္တဝါတွေ ဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းတရားပဲလို့ ဒီစကားကို ဟောကြားခြင်းဖြင့် မြတ်စွာဘုရားဟာ ဘာကို ပယ်ဖျက်သလဲ?
သတ္တဝါတွေ ဖြစ်လာရတာ - သို့မဟုတ် - သတ္တဝါတွေ ကြုံတွေ့ရတဲ့ သုခ၊ ဒုက္ခတွေဟာ ဘယ်သူလုပ်တာတုန်းလို့ အဖြေထုတ်ဖို့ ကြိုးစားကြတဲ့အခါမှာ တချို့က "ဣဿရ နိမ္မာန" - လောကကြီးကို ကြီးစိုးထားတဲ့ တန်ခိုးရှင်ကြီးတစ်ဦးက ဖန်ဆင်းလို့ ဖြစ်လာတာလို့ - တန်ခိုးရှင်ရဲ့ဖန်ဆင်းမှုကို အကြောင်းတစ်ခုအဖြစ် ယူဆတယ်၊ သတ္တဝါတွေ လောကမှာ ဖြစ်ပေါ်လာတာတွေဟာ "ဣဿရ နိမ္မာန" လို့ဆိုတဲ့ တန်ခိုးရှင်ကြီးရဲ့ဖန်ဆင်းမှုသည် သတ္တဝါ...
စာမျက်နှာ-၁၅၉
အားလုံး သတ္တလောကကြီးတစ်ခုလုံး ဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းတရားလို့ ဒီလိုယူဆပြီးတော့ မှတ်သားထားကြတယ်။
ဗုဒ္ဓမြတ်စွာက ဒီအကြောင်းတရားကို reject လုပ်တယ်ပေါ့။ ဘာနဲ့ reject လုပ်လဲဆိုတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ” လို့ အကြောင်းတရားမှန်ကို ဖော်ထုတ်ခြင်းဖြင့် reject လုပ်လိုက်တယ်။
ဒီလို တန်ခိုးရှင်ကြီးရဲ့ ဖန်ဆင်းမှုကြောင့် ဖြစ်တယ်လို့ဆိုတဲ့ အယူအဆဟာ အားလုံးက လက်ခံထားတဲ့ အယူအဆမဟုတ်ဘူး၊ တချို့က တန်ခိုးရှင်ကြီးရဲ့ ဖန်ဆင်းမှုဆိုတဲ့ အကြောင်းတရားကို လက်မခံဘူး၊ ဘာပြောလဲဆိုရင် သတ္တဝါတွေ လောကမှာ ဖြစ်ပေါ်လာတာဟာ သူ့ဟာသူ သူ့အလိုအလျောက် ဖြစ်ပေါ်လာကြတာပါ လို့ အကြောင်းတရားကို ငြင်းပယ်တဲ့အယူအဆနဲ့ အကြောင်းတရားကို ပယ်ဖျက်တဲ့ဝါဒ, အကြောင်းတရားကို လက်မခံတဲ့ “အဟေတုက ဝါဒ”ဆိုတာနဲ့ အဖြေထုတ်ကြတယ်ပေါ့။
သူဖြစ်ချင်လို့ ဖြစ်လာတယ်ဆိုတာ “အဓိစ္စသမုပ္ပန္န”- ဘာကိုမှ စွဲမှီပြီး ဖြစ်လာတာမဟုတ်ဘူး, accidental မတော်တဆ သတ္တဝါ ဖြစ်လာတာလို့ ဒီလိုအယူအဆတစ်ခုကလည်းပဲ “ဣဿရ နိမ္မာန” ဆိုတဲ့အယူအဆတစ်ခုကို ဆန့်ကျင်ပြီးတော့ ပေါ်လာတာဖြစ်တယ်။
အဲဒီလို လောကမှာ အဖြေရှာကြတဲ့အခါမှာ အကြောင်း အမျိုးမျိုး ထုတ်ကြတယ်၊ အဲဒီအကြောင်းအမျိုးမျိုး ထုတ်ကြတဲ့အခါမှာ ဣဿရ နိမ္မာနဆိုတဲ့ မမှန်ကန်တဲ့ အကြောင်းတရားတွေကို ဖော်ပြပြီး ပြောဆိုတဲ့အရာကိုလည်း မြတ်စွာဘုရားက ပယ်ဖျက်
စာမျက်နှာ-၁၆၀
တယ်၊ အကြောင်းမဲ့ဖြစ်တယ်ဆိုတာကိုလည်း မြတ်စွာဘုရားက လက်မခံဘူးတဲ့။ ။
လောကမှာ သတ္တဝါတွေဖြစ်ပေါ်လာဖို့ အကြောင်းတရားဆိုတာ ရှိတယ်၊ အဲဒီအကြောင်းတရားဟာ “ဣဿရ နိမ္မာန” စတဲ့ အကြောင်းတရား မဟုတ်ဘူးတဲ့၊ ဘာအကြောင်းတရားလဲ ဆိုတော့ “အဝိဇ္ဇာနဲ့ သင်္ခါရ” “ကိလေသာနဲ့ ကံ”ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ထောက်ပြတယ်။ ပဋိစ္စသမုပ္ပါဒ်ရဲ့အနှစ်က အဲဒါပဲ။
ဝိညာဏပစ္စယာ နာမရူပံ
လူ့လောကမှာ ဒိဆိုင်ရာအကြောင်းတွေကြောင့် သတ္တဝါလို့ ဖြစ်လာပြီ ဆိုတဲ့အခါမှာ သတ္တဝါလို့ ခေါ်ဖို့ရာအတွက် အချက်အလက်တွေက ဘာတွေတုန်းဆိုတာကို စုံလင်အောင် ပြတယ်။ “ဝိညာဏပစ္စယာ နာမရူပံ”တဲ့၊ အာရုံရှိရာကို ကိုင်းညွှတ်တတ်တဲ့ -သို့မဟုတ်- သိတတ်တဲ့ နာမ်တရားနဲ့ အာရုံကို ရယူမှု မပြုတတ်တဲ့ ရုပ်တရား၊ ဆိုလိုတာက body and mind ပေါ့၊ သတ္တဝါလို့ ခေါ်ဖို့ရာအတွက် ခန္ဓာကိုယ်ကြီးနဲ့ အသိစိတ်- ဒီနှစ်ခုဟာ ယေဘုယျအားဖြင့် ရှိရတယ်၊ သို့သော် အင်မတန်ထူးဆန်းတဲ့ သတ္တဝါကြီးတွေလည်း ရှိတော့ ရှိသေးတာပေါ့။ ။
Body သာ ရှိပြီး စိတ်မရှိတဲ့သတ္တဝါကျတော့ သတ္တဝါလို့ မထင်မှာစိုးလို့ သတ္တဝါဆိုတဲ့ စကားလုံးကို ထည့်သုံးထားတာ ရှိတယ် “အသညသတ္တ”- သညာဆိုတာ အမှတ်စိတ်, အသိစိတ် ဒီလို ဆိုတယ်၊ အသိစိတ်ကင်းမဲ့တဲ့သတ္တဝါ - အသိစိတ်မပါတဲ့သတ္တဝါ, စိတ်မဲ့သတ္တဝါဆိုတာလည်း ရှိတယ်ပေါ့၊ ထူးထူးခြားခြား ဖြစ်ပေါ်
စာမျက်နှာ-၁၆၁
လာတဲ့ သတ္တဝါမျိုး၊ သူကျင့်တဲ့ သမထကျင့်စဉ်တစ်ခုကို အစွဲပြုပြီးတော့ သူ့ရဲ့ဆန္ဒအားလျော်စွာ “စိတ်မဲ့သတ္တဝါ” “သညာမဲ့သတ္တဝါ” အနေနဲ့ ဖြစ်လာတာလည်း ရှိတယ်။
အချို့သတ္တဝါတွေကျတော့ ရုပ်ခန္ဓာလို့ ခေါ်တဲ့ body ကြီး ပေါ်မှာ အပြစ်မြင်တယ်၊ ဒီရုပ်ခန္ဓာကြီးရှိနေလို့ ခေါင်းကိုက်ရတယ်, နားကိုက်ရတယ် စသည်ဖြင့် ဆင်းရဲဒုက္ခတွေဟာ ဒီခန္ဓာကိုယ်ကြီးကြောင့် ဖြစ်နေတာ၊ ရုပ်မရှိရင် ကောင်းမှာပဲဆိုတဲ့ ဆန္ဒအရ သူတို့ကျင့်ကြံအားထုတ်တဲ့တရားရဲ့ စွမ်းရည်သတ္တိ အကျိုးပေးမှုကြောင့် သူတို့ကျတော့ “ရုပ်မဲ့သတ္တဝါ” ဆိုပြီးတော့ ဖြစ်လာတယ်၊ ဒီလို “အရူပသတ္တဝါ” “ရုပ်မဲ့သတ္တဝါ”ဆိုတာလည်း ရှိသေးတယ်ပေါ့။
သို့သော် အများစုကိုကြည့်မယ်ဆိုလို့ရှိရင် အားလုံးဟာ ရုပ်နှင့် နာမ် နှစ်မျိုး တွဲဖက်ထားတဲ့ သတ္တဝါတွေတဲ့၊ ဒီတော့ သတ္တဝါလို့ ခေါ်ဖို့ရာက ဘဝတစ်ခုအစပြုလိုက်တဲ့အခါမှာ ဝိညာဏံဆိုတဲ့ အသိစိတ်လေးက စလိုက်တာ၊ အသိစိတ်လေး စလိုက်တာနဲ့ တစ်ပြိုင်နက် ထိုအသိစိတ်လေးသည် ရုပ်နဲ့နာမ်နှစ်လုံးကို ထုတ်ပေးလိုက်တယ်၊ သတ္တဝါဆိုတာ အခြေခံအားဖြင့် ရုပ်နဲ့ နာမ်လို့ နှစ်မျိုး ရှိတယ်။
နာမရူပပစ္စယာ သဠာယတနံ
ထိုရုပ်နာမ်နှစ်မျိုး ရှိလာတဲ့အခါမှာ ဘာဖြစ်လာလဲဆိုတော့ “နာမရူပပစ္စယာ သဠာယတနံ” - ပြင်ပအာရုံတွေနဲ့ ဆက်သွယ်ဖို့ရန်အတွက် မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဆိုတဲ့ ဆက်သွယ်ရေး အင်္ဂါရပ်တွေ ပေါ်ပေါက်လာခဲ့တယ်၊ အကယ်၍ ဆက်သွယ်ရေးအင်္ဂါ
စာမျက်နှာ-၁၆၂
ရပ်တွေ မပေါ်ဘူးဆိုရင် လူဟာ သစ်တုံးကျောက်တုံးကြီးလို ဖြစ်နေမှာပေါ့၊ သတ္တဝါဟာ ပြင်ပနဲ့ ဆက်သွယ်မှုမရှိဘဲ ဖြစ်နေမယ်၊ ဒါကြောင့်မို့ သတ္တဝါဆိုလို့ရှိရင်ကတော့ ပြင်ပဗဟိဒ္ဓအာရုံတွေနဲ့ ဆက်သွယ်မှု ရဖို့ရန်အတွက် မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဆိုတဲ့ အာယတန ၆-ပါး- ရုပ်နာမ်တွေ ဖြစ်ပွားလာရင် ဒါတွေ ပါရှိလာတယ်လို့ သတ္တဝါတွေကို ပုံဖော်ပြီးတော့ မြတ်စွာဘုရားက ဟောတယ်။
သဠာယတနပစ္စယာ ဖဿော
အေး - ရုပ်နဲ့ နာမ်ရှိလို့ ပြင်ပဗဟိဒ္ဓအာရုံနဲ့ ဆက်သွယ်မှုရဖို့အတွက် organ တွေပေါ့- sense organ လို့လည်း ခေါ်တယ်, အာရုံကို ရယူနိုင်တဲ့ အင်္ဂါရပ်တွေ ပေါ်လာတဲ့အခါမှာ ဘာလုပ်လဲဆိုရင် ထိုအင်္ဂါရပ်တွေကို အသုံးပြုပြီးတော့ သတ္တဝါတွေဟာ ပြင်ပ အာရုံတွေနဲ့ ဆက်သွယ်မှု ရလာတယ်၊ အဲဒါကို “သဠာယတန ပစ္စယာ ဖဿ” လို့ ဒီလိုခေါ်တာ။
ဖဿပစ္စယာ ဝေဒနာ
ဆက်သွယ်မှုရလာတဲ့အခါ ဘာတွေဖြစ်လာတုန်း ဆိုတော့ အဲဒီအာရုံပေါ်တွေမှာ ကောင်း မကောင်း အတွေ့အကြုံ ခံစားမှုတွေ ပေါ်လာတယ်၊ ဆက်သွယ်မှုအနေအထားပေါ်မှာ အမှီပြုပြီးတော့ ကောင်း, မကောင်း ခံစားမှုတွေ အထင်အရှားပေါ်လာတာ ဖြစ်သောကြောင့် “ဖဿပစ္စယာ ဝေဒနာ” လို့ ပဋိစ္စသမုပ္ပါဒ်မှာ ဒီလို သရုပ်ဖော်တယ်။
စာမျက်နှာ-၁၆၃
ဒီတော့ သတ္တဝါဆိုတာ ဒီလိုအချက်အလက်တွေ ရှိရမယ်၊ mind နဲ့ body ရှိရမယ်၊ အင်္ဂါရပ်တွေ ပါရမယ်၊ အင်္ဂါရပ်တွေ ပါသည့်အတွက်ကြောင့် ပြင်ပအာရုံနဲ့ ဆက်သွယ်မယ်၊ ဆက်သွယ်တဲ့အခါမှာလည်း ကောင်း မကောင်းဆိုတဲ့ ပြင်ပအာရုံတွေအပေါ်မှာ ခံစားမှုတွေ ပါလာမယ်၊ သတ္တလောကရဲ့ အခြေခံအချက်အလက်တွေလို့ဆိုတယ်၊ လူဆိုတာ ဒါပဲလို့ ပြောရမှာပဲ။
ဝေဒနာပစ္စယာ တဏှာ
ကဲ - အဲဒီလိုပေါ်လာတဲ့အခါ ဒီလောက်နဲ့တင် ရပ်သွားသလား ဆိုတော့ မရပ်ဘူး၊ သတ္တဝါမှန်သမျှ ဒီအခြေအနေရှိရာကနေပြီးတော့ မျိုးဆက်မပြတ်မှုအတွက် ဘာတွေဖြစ်လာပြန်လဲ။ နောက်ထပ် ဆက်ပြီးတော့ ထုတ်လုပ်ဖို့ တွယ်တာမှုပေါ်လာတယ်၊ အကယ်၍သာ အတွေ့အကြုံရပြီးတော့ ရပ်သွားမယ်ဆိုရင် သတ္တဝါတွေဟာ နောက်ထပ်မျိုးဆက် ဆက်ဖို့ မရှိတော့ဘူး၊ မျိုးဆက် ဆက်ဖို့အတွက် ဘာလာတုန်းဆိုရင် ရလာတဲ့ အတွေ့အကြုံခံစားမှုတွေအပေါ်မှာ ကောင်းတဲ့ခံစားမှုတွေကို တွယ်တာလာတယ်။ မကောင်းတာတွေ့တဲ့အခါမှာလည်း ကောင်းတာကို မျှော်လင့်လာတယ်ဆိုတဲ့ တဏှာ တွယ်တာမှု တောင့်တမှုတွေ ပေါ်လာတယ်၊ အဲဒီပေါ်လာခြင်းကို မြတ်စွာဘုရားက “ဝေဒနာပစ္စယာ တဏှာ” လို့ ဒီလို ဟောတယ်။
ဝေဒနာဆိုတဲ့နေရာမှာ ဒုက္ခဝေဒနာ, သုခဝေဒနာဆိုတာ ရှိတယ်၊ အဲဒီလို သုခ, ဒုက္ခဆိုတဲ့ ချမ်းသာ, ဆင်းရဲဝေဒနာ ရှိတဲ့အခါမှာ သာမန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် ချမ်းသာသုခနဲ့ ခံစား
စာမျက်နှာ-၁၆၄
ချက်ဆိုရင် လိုချင်တယ်, တွယ်တာတယ်, တဏှာဖြစ်တယ်၊ ဒုက္ခဝေဒနာနဲ့တွေ့တဲ့အခါကျတော့ တဏှာ မဖြစ်ဘူး၊ အဲဒီအာရုံကို မုန်းတီးတဲ့ဒေါသဖြစ်တယ်၊ သို့သော် ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက “ဝေဒနာပစ္စယာ ဒေါသော” လို့ မဟောဘူး၊ ဝေဒနာမှန်သမျှကို ခြုံပြီး “ဝေဒနာပစ္စယာ တဏှာ” လို့ပဲ ဟောလိုက်တယ်။
အတွေ့အကြုံခံစားမှုကို ကြည့်ပြီး ဖြစ်ပေါ်လာတဲ့အခါမှာ ထိုအာရုံတွေပေါ်မှာ တွယ်တာစွဲလမ်းမှုတွေ ဖြစ်တယ်လို့ဆိုတာ ဘာကြောင့် ဒီလိုဟောရသလဲ? ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ရှင်းထားတာကတော့ “ဒုက္ခ သုခံ ပတ္ထယတိ” သတ္တဝါတွေရဲ့ အခြေအနေ စရိုက်စိတ်နေသဘောထားကို ကြည့်လိုက်မယ်ဆိုရင် ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်က ချမ်းသာမှုကို လိုချင်တယ်၊ လိုချင်တာကို ရှောင်တိမ်းလို့ မရဘူးလို့ ပြောတယ်၊ “ဒုက္ခ သုခံ ပတ္ထယတိ” ဆင်းရဲဒုက္ခခံစားရတဲ့ ပုဂ္ဂိုလ်က ချမ်းသာတာကို လိုလားတယ်၊ “သုခီ ဘိယျောပိ ဣစ္ဆတိ” ချမ်းသာတဲ့ပုဂ္ဂိုလ်ကလည်း ပိုချမ်းသာချင်တယ်ဆိုတော့ တဏှာတွေပဲ ဖြစ်ပွားတာက ယေဘုယျအားဖြင့် များပြားတယ်တဲ့။
ဒါကြောင့်မို့ ပုထုဇဉ်သတ္တဝါတွေရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် လွှမ်းမိုးနေတာက တွယ်တာမှုပဲ၊ မုန်းတီးမှု မပါဘူးလားဆိုတော့ ပါတယ်။ သို့သော် တွယ်တာမှုရှိမှ မုန်းတီးမှုဆိုတာ ဖြစ်တာ၊ တွယ်တာမှုကင်းနေလို့ရှိရင် မုန်းတီးမှုဆိုတာ မလာဘူး၊ နီဝရဏတရားထဲမှာ ကာမစ္ဆန္ဒနီဝရဏရှိမှ နောက်က ဗျာပါဒ နီဝရဏဆိုတာ လာတာ၊ ကာမစ္ဆန္ဒနီဝရဏ လုံးဝရှင်းလိုက်ပြီဆိုရင် ဗျာပါဒနီဝရဏ လာစရာအကြောင်း မရှိဘူး၊ ဘာဖြစ်လို့တုန်းဆို
စာမျက်နှာ-၁၆၅
ကြိုက်တာရှိမှ မကြိုက်တာဆိုတာ လာတာကိုး၊ ဒီတော့ ကြိုက်တာ မရှိဘဲနဲ့ မကြိုက်တာဆိုတာ လာလို့မှ မရဘဲ။
ဒါကြောင့်မို့ သုခဝေဒနာနဲ့ပဲတွေ့တွေ့ ဒုက္ခဝေဒနာနဲ့ပဲတွေ့တွေ့ သတ္တဝါတွေရဲ့ စိတ်နေသဘောထားဟာ ဘာလဲဆိုရင် တွယ်တာတဲ့တဏှာပဲ၊ အကောင်းကို မျှော်လင့်တဲ့တဏှာဟာ ဖြစ်မြဲပဲ၊ ဒါကြောင့်မို့ မြတ်စွာဘုရားက “ဝေဒနာပစ္စယာ တဏှာ” လို့ပဲ ဒီလိုဟောလိုက်တာ။
မြားသုံးချက် စူးခံရသည်နှင့် တူပုံ
သံယုတ်ပါဠိတော် သလ္လသုတ်မှာ ကြည့်မယ်ဆိုလို့ရှိရင် လောကလူတွေမှာ ကာယိကဒုက္ခ လို့ခေါ်တဲ့ ခေါင်းကိုက်တာတို့ သွားကိုက်တာတို့ နားကိုက်တာတို့ ခန္ဓာကိုယ်မှာ ထိခိုက်မှုကြောင့် နာကျင်တာတို့ စတာတွေ ဖြစ်ပေါ်လာတဲ့အခါမှာ ကာယိကဒုက္ခဝေဒနာ ခံစားကြရတယ်၊ အဲဒီဒုက္ခဝေဒနာပေါ်မှာ ပဋိဃာနုသယ လို့ခေါ်တဲ့ မုန်းတီးမှုဒေါသဟာ ဖြစ်ပေါ်လာတတ်တယ်။
ထိုဖြစ်ပေါ်လာမှုသည် အကြိမ်ကြိမ်ဖြစ်ပေါ်လာမှု ဖြစ်သောကြောင့် ဒီအကြောင်းမျိုးနဲ့ ဆုံတိုင်းဆုံတိုင်း ဒီမုန်းတီးမှုဆိုတာ ပေါ်လာတယ်၊ “အနုရူပံ ကာရဏံ လဘိတွာ ဥပ္ပဇ္ဇန္တိ” အထောက်အကူပြုမယ့် အကြောင်းတစ်ခု ဝင်လာပြီဆိုလို့ရှိရင် ပေါ်ပေါ်လာတတ်တယ်၊ ခေတ်စကားနဲ့ပြောလို့ရှိရင် အနုသယဆိုတာ lie latent လို့ ပြောပေမယ့် positive ဆိုတဲ့ အဓိပ္ပါယ်မျိုးပဲ အကြောင်းတစ်ခု ပေါ်လာလို့ရှိရင် သူက သတ္တိပြလာတယ်ပေါ့၊ သင့်လျော်တဲ့ အကြောင်းနဲ့ ဆုံတိုင်း ဒါက ပေါ်လာတတ်တယ်၊ ဒုက္ခဝေဒနာနဲ့ ကြုံ
စာမျက်နှာ-၁၆၆
တိုင်း ကြုံတိုင်း ဒေါသဖြစ်ဖို့ဆိုတာ အလေ့အထလေးတစ်ခု ဖြစ်သွားတယ်၊
အဲဒီလို ဖြစ်လာတဲ့အခါမှာ သတ္တဝါတွေက ဒါနဲ့တင် ရပ်သလားဆိုတော့ မရပ်ဘူး၊ ဒေါသဖြစ်တဲ့အခါမှာ ဒေါမနဿဝေဒနာ ခံစားတယ်၊ စိတ်ကပါ ဒုက္ခဝေဒနာပေါ်မှာ မုန်းတီးမှုတွေ ဖြစ်လာသည့်အတွက် ဒေါမနဿဝေဒနာ ဆက်လက်ပြီး ဖြစ်ပေါ်တယ်၊ ဒုက္ခဝေဒနာဆိုတဲ့ ကာယိကဒုက္ခ ဖြစ်ပေါ်လာတာကို အကြောင်းပြုကာ စေတသိကဒုက္ခ ခေါ်တဲ့ စိတ်ဆင်းရဲမှုဆိုတာ ထပ်ပြီး ပေါ်လာတယ်။ ။
ဒါကြောင့်မို့လို့ သလ္လသုတ်မှာ ပထမ ကာယိကဒုက္ခ ခံစားရတာဟာ မြားတစ်ချက် စူးဝင်တာနဲ့ တူတယ်တဲ့၊ အဲဒီခြားတစ်ချက် စူးဝင်နေတဲ့အပေါ်မှာ စေတသိကဒုက္ခ ထပ်ဆင့်ဝင်လာတဲ့အခါကျတော့ ဒုတိယမြားတစ်ချက် စူးဝင်တာနဲ့ တူတယ်တဲ့။
ဒီတော့ သတ္တဝါတွေဟာ ကာယိကဒုက္ခမှ စေတသိကဒုက္ခဆိုတာကို ဘာနဲ့ အစားထိုးပြီးတော့ ဖယ်ရှားချင်သလဲ၊ ကာယိက ဒုက္ခ, စေတသိကဒုက္ခတို့ရဲ့ လွတ်မြောက်ရာနည်းလမ်းကို မသိသည့်အတွက်ကြောင့် ဘာရှာတုန်းဆိုတော့ - သုခကို ရှာတယ်၊ သုခနဲ့ အစားထိုးချင်တယ်၊ အဲဒီသုခနဲ့ အစားထိုးလို့ရှိရင် ဘာထပ်လာပြန်တုန်းဆိုရင် “သုခါယ ဝေဒနာယ ကာမရာဂါနုသယော အနုသေတိ”ဆိုတဲ့ တဏှာထပ်လာတယ်၊
သို့သော် - ဒုက္ခဝေဒနာတုန်းက ကာယိကဒုက္ခခံစားရတာက မြားဒဏ်တစ်ချက် စူးခံရတယ်၊ အဲဒီအပေါ်မှာ စိတ်မသက်မသာဖြစ်တော့ ဒုတိယမြားဒဏ်တစ်ချက် စူးခံရပြန်တယ်၊ တစ်ခါ ချမ်းသာမှု
စာမျက်နှာ-၁၆၇
ကို တောင့်တလိုချင်ပြန်တဲ့အခါကျတော့ မြားတစ်ချက် ထပ်စူးပြန်တယ်ဆိုတော့ လူတွေဟာ ဒုက္ခကြုံတိုင်း ကြုံတိုင်း မြားဒဏ်က ၃-ချက် အစူးခံရတယ်လို့ ဒီလို ဟောထားတာရှိတယ်။
အဲဒီအနေအထားကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “ဝေဒနာပစ္စယာ တဏှာ” လို့ ဒီလို ဟောတာ ဖြစ်တယ်။
အဲဒါကိုပဲ ဝိသုဒ္ဓိအဋ္ဌကထာက ရှင်းလိုက်တာ - “ဒုက္ခ သုခံ ပတ္ထယတိ” “ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်က သုခကိုပဲ လိုချင်တယ်” လိုချင်တယ်ဆိုကတည်းက တဏှာဖြစ်တယ်လို့ ပြောလိုတာပဲ။ အေး ... ဒါကြောင့်မို့လို့ “ဝေဒနာပစ္စယာ တဏှာ” လို့ပဲ ဟောလိုက်တယ်၊ ဒါက သတ္တဝါတွေဟာ နောက်ထပ်မျိုးဆက် ဖြစ်ပေါ်ဖို့ရာအတွက် အကြောင်းတရားတစ်ခု ထပ်ဆင့်ပြီးတော့ ပေါ်လာခြင်းပဲ။
သာမန်သတ္တဝါတစ်ယောက်ဟာ ရုပ်, နာမ် ရှိမယ်၊ ထိုရုပ်နာမ်က ဆင့်ပွားပြီးတော့ ဗဟိဒ္ဓအာရုံတွေနဲ့ ဆက်သွယ်ဖို့ sense organ တွေ ဆက်သွယ်ရေးတွေ အင်္ဂါရပ်တွေ ပါလာတယ်၊ အင်္ဂါရပ်တွေ ပါလာသည့်အတွက်ကြောင့် ပြင်ပဗဟိဒ္ဓအာရုံတွေနဲ့ ဆက်သွယ်လိုက်တယ်၊ ဆက်သွယ်တယ်ဆိုတာ မြင်စရာတွေ မြင်လိုက်တယ်, ကြားစရာတွေ ကြားလိုက်တယ်, နှာခေါင်းက အနံ့တွေ ရတယ်, လျှာက အရသာတွေ ရတယ်, ခန္ဓာကိုယ်က အထိအတွေ့တွေ ရတယ်, စိတ်ထဲကနေပြီး စိတ်ကူးစိတ်သန်းအာရုံတွေ ရလာတယ်၊ ဒါ ဆက်သွယ်မှုတွေပဲပေါ့။
စာမျက်နှာ-၁၆၈
တဏှာပစ္စယာ ဥပါဒါနံ
အဲဒီအာရုံအပေါ်မှာ ကြိုက်မကြိုက်ဆိုတာတွေ ဖြစ်လာပြီးတော့ တဏှာဆိုတာ ပေါ်လာပြန်တယ်၊ “ဝေဒနာပစ္စယာ တဏှာ”၊ ဒီနေရာမှာ တဏှာဟာ ဖြစ်လာစအချိန်မှာ အင်အားသိပ်မကောင်းသေးလို့ တဏှာလို့ပဲ ခေါ်ပြီး အင်အားကောင်းလာတဲ့အခါကျတော့ “တဏှာပစ္စယာ ဥပါဒါနံ” လို့ ပြင်းထန်တဲ့စွဲလမ်းမှုတစ်ခု ဖြစ်လာတယ်၊ တဏှာတင် ဖြစ်တာ မဟုတ်ဘူး၊ တဏှာကို အခြေခံပြီးတော့ ဘာလာပြန်တုန်းဆိုလို့ရှိရင် ဒိဋ္ဌုပါဒါန - အယူအဆရေးရာတွေပါ ဆက်ပြီးတော့ လိုက်လာတယ်။
ဒိဋ္ဌိဆိုတာက သာမန်အားဖြင့် ကြည့်မယ်ဆိုရင် အမြင်မှားမှုပဲ “ဒီလူ အသိဉာဏ်မရှိလို့ အမြင်မှားတယ်” လို့ ပြောကောင်း ပြောမယ်၊ ဒိဋ္ဌိက မောဟနဲ့ အဓိကယှဉ်တွဲတယ်လို့ ဒီလို ထင်ကောင်းထင်လိမ့်မယ်၊ သို့သော် ဒိဋ္ဌိစေတသိက်ဟာ လောဘမူစိတ်ထဲမှာ ယှဉ်ပြီးတော့ ဖြစ်တာ၊ လောဘကို အခြေခံပြီး ဖြစ်တာမို့ လောဘမူစိတ်မှာသာ ဒိဋ္ဌိက ယှဉ်တယ် မောဟကိုသာ အခြေခံမယ်ဆိုရင် မောဟမူစိတ်မှာ ဒိဋ္ဌိဖြစ်ကောင်း ဖြစ်မယ်ပေါ့။
အခုတော့ အဲဒီလို မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို တွယ်တာမှုဆိုတာကို အခြေပြုပြီးတော့ အယူမှားမှုတွေဟာ မျိုးစုံ ပေါ်လာတာ ဖြစ်တယ်၊ တဏှာဖြစ်တာနဲ့ တစ်ပြိုင်နက် မှားယွင်းတဲ့အယူအဆဆိုတဲ့ ဒိဋ္ဌိဟာလည်းပဲ ကပ်ပါလာတဲ့သဘော၊ ဒါကြောင့် “တဏှာပစ္စယာ ဥပါဒါနံ” လို့ ဘဝတစ်ခု ဖြစ်ပေါ်ရန်အတွက် ဟောဒီ အကြောင်းတရားတွေဟာ ထပ်ဆင့်ပြီးတော့ ဝင်လာတယ်။
စာမျက်နှာ-၁၆၉
ဥပါဒါနပစ္စယာ ဘဝေါ
ဒါ သတ္တဝါတွေရဲ့အခြေအနေဟာ ဒီအတိုင်းပဲနော်၊ အဲဒီလို ဥပါဒါန်ဖြစ်လာပြီး အယူအဆတွေ အမျိုးမျိုးဝင်လာမယ်၊ တွယ်တာမှုတွေ အမျိုးမျိုး ဝင်လာတယ်ဆိုရင် ဘာလုပ်လဲ? “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ကိုယ်စီကိုယ်စီ ကိုယ့်ဘဝလေးတွေ ရှိလာကြပြီပေါ့။ ဖန်တီးလာကြပြီ၊ ကိုယ့်ဘဝ, သူ့ဘဝဆိုပြီးတော့ ဘဝလေးတွေ ဖြစ်လာကြပြီ။ ။
ဒီနေရာမှာ ဘဝဆိုတာ ဘာကို ပြောတာတုန်းဆိုရင် ကံကြောင့်ဖြစ်ပေါ်လာတဲ့ ခန္ဓာငါးပါး၊ ထိုခန္ဓာငါးပါးကို ရရှိစေတတ်တဲ့ အကြောင်းကံတို့ကို ပြောတာ၊ ကံကြောင့် ဖြစ်ပေါ်လာတဲ့ခန္ဓာ ငါးပါးကို ဥပပတ္တိဘဝလို့ သုံးပြီးတော့ ထိုခန္ဓာငါးပါးကို ရရှိစေတတ်တဲ့ ဘဝကို ဖြစ်ပေါ်စေတတ်တဲ့ ကံကိုတော့ ကမ္မဘဝလို့ ဒီလို သုံးတယ်။
ဥပပတ္တိဘဝ, ကမ္မဘဝ နှစ်မျိုးလုံးကို “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ပြောတယ်၊ မြတ်စွာဘုရားသုံးစွဲထားတဲ့ စကားအတိုင်း သုံးလိုက်မယ်ဆိုရင် “ဥပါဒါနပစ္စယာ ဘဝေါ” - စွဲလမ်းမှုကို အခြေပြုပြီးတော့ လူတိုင်းမှာ ကိုယ်စီဘဝလေးတွေ ရှိလာကြတယ်လို့ ဒါ ဘဝကို သရုပ်ဖော်ထားတဲ့ စကားတစ်ခုပဲပေါ့။
ပယ်ဖျက်ပုံ
ဒီနေရာမှာ မြတ်စွာဘုရားက “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” ဖြင့် မမှန်ကန်တဲ့ အကြောင်းတရားတွေ - သို့မဟုတ် - အကြောင်းမဲ့ဆိုတဲ့ စကားတွေကို ပယ်ဖျက်တာ၊
စာမျက်နှာ-၁၇၀
နောက်ပြီးတော့ “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့စကားနဲ့က ဘာကို ပြောတာလဲဆိုရင် “ပဋိသန္ဓေဝိညာဏ်ဆိုတာ ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် နာမရူပဆိုတဲ့ နာမ်နဲ့ ရုပ် ပေါ်လာတယ်” လို့ - ဒီစကားက ဘာကို ရည်ညွှန်းတာလဲဆိုရင် အများထင်နေတာက ဒီဝိညာဏ်လေး ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် သတ္တဝါလို့ ဒီလိုသတ်မှတ်တယ်။
အဲဒီတော့ မြတ်စွာဘုရားက “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောလိုက်သဖြင့် သတ္တဝါမဟုတ်ဘူး, ဇီဝမဟုတ်ဘူး၊ နာမ်နဲ့ ရုပ် သက်သက်သာဖြစ်တယ်ဆိုတာကို ရှင်းပြတာပဲ။
ဝိသုဒ္ဓိမဂ်မဟာဋီကာကျမ်းကြီးမှာ ဒီအဓိပ္ပါယ်လေးကို ဖော်ပြထားတာ ရှိတယ်၊ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဆိုလိုက်တဲ့ စကားဟာ ဘာကို ပြောတာတုန်းဆိုရင် “ပဋိသန္ဓေဝိညာဏ်စိတ်ဆိုတာလေး ပေါ်လာတာနဲ့ တစ်ပြိုင်တည်း နာမ်နဲ့ ရုပ်တွေ ဖြစ်လာတယ်, သတ္တဝါဖြစ်လာတာ မဟုတ်ဘူး”၊ သို့သော် လူတွေကတော့ လူကလေး မွေးလာတယ်, သတ္တဝါလေး မွေးလာတယ်လို့ ဒီလိုပဲ ထင်ကြတယ်၊ တကယ်တော့ လူမွေးလာတာ မဟုတ်ဘူး၊ သတ္တဝါ မွေးလာတာ မဟုတ်ဘူး၊ နာမ်နဲ့ရုပ် ဒီနှစ်ခု ဖြစ်လာတာ၊ “ဝိညာဏပစ္စယာ နာမရူပံ”- ဒီအဓိပ္ပါယ်ကို ပြောတာ။
ဒါဖြင့် “နာမ်နဲ့ ရုပ်သာ ရှိတယ်” လို့ ပြောဆိုခြင်းဖြင့် ဘာကို ဖော်ပြတာတုန်းဆိုတော့ “အေး ... သတ္တဝါဆိုတဲ့ အထင်အမြင် အယူအဆဟာ ဟောဒီနာမ်နဲ့ ရုပ်ထဲမှာ လုံးဝမပါဘူး၊ နာမ်နဲ့ ရုပ်ဟာ သတ္တ ဇီဝတွေမှ ကင်းဆိတ်နေလို့ သုညသက်သက်သာ ဖြစ်တယ်” ဆိုတဲ့အဓိပ္ပါယ်ကိုလည်း မြတ်စွာဘုရားက ဖော်ပြတယ်၊ သုညဆိုတာ emptyness, ဘာတစ်ခုမှ ဒီထဲမှာ ထင်ထားတဲ့
စာမျက်နှာ-၁၇၁
အတိုင်း မရှိဘူး၊ သတ္တဆိုတာလည်း မရှိဘူး, ဇီဝဆိုတာလည်း မရှိဘူး၊ ရုပ်နာမ်သက်သက်မျှသာ ဖြစ်တယ် ။
ဒီရုပ်နာမ်တွေထဲမှာ ထိုအိန္ဒိယခေတ်ကတွေးခေါ်ထားတာတွေ အများကြီးပဲ၊ ဒီဝိညာဏ်ဆိုတာလေးက ဒီဘဝကနေ ဟိုဘဝ, ဟိုဘဝကနေ ဒီဘဝ, ဒီလိုကူးပြောင်းပြီးတော့ သွားလာနေတာတဲ့ သူတို့က ဘာနဲ့ ဥပမာပေးထားတုန်းဆိုတော့ “အဝတ်ကလေးတစ်ခု ဝတ်ထားတယ်၊ အဲဒီဝတ်ထားတဲ့ အဝတ်ကလေးဟောင်းလို့ရှိရင် နောက်ထပ်အဝတ်တစ်ခု လဲတယ်” နောက်ဥပမာတစ်ခုက “ဒီအိမ်ထဲက ထွက်ပြီး ဟိုအိမ်ထဲ ဝင်တယ်” ပေါ့။ အဲဒါကို သတ္တဝါလို့ သတ်မှတ်တယ်, ဇီဝလို့ သတ်မှတ်တယ်, ပုဂ္ဂလလို့ သတ်မှတ်တယ်, အတ္တလို့ သတ်မှတ်တယ်။
ဗုဒ္ဓမြတ်စွာရဲ့ သာသနာမှာဝင်ရောက်ပြီး ရဟန်းအဖြစ် ခံယူနေတဲ့ “သာတိ”ဆိုတဲ့ ကိုယ်တော်ကတောင်မှ အဲဒီအယူအဆကို လူ့ဘဝကတည်းက စွဲလမ်းနေတာ ဘုရားဟောတဲ့တရားကို သူ သဘောမကျနိုင်ဘူး၊ “ဒီဝိညာဏ်စိတ်ကလေး - သို့မဟုတ် - ဒီဝိညာဏ်ကလေး သတ္တဇီဝလေးဟာ ခန္ဓာကိုယ်တစ်ခုကနေ ခန္ဓာကိုယ်တစ်ခုကို ပြောင်းရွှေ့ပြီးတော့ သံသရာလည်နေတယ်”ဆိုတဲ့ ဒီအယူအဆကို သူလက်ခံတယ်၊ မြတ်စွာဘုရားက ရှင်းလင်းပြတာကို သူသဘောမကျနိုင်ဘူး။
ဘုရားလက်ထက်မှာလည်းပဲ အမြင်တစ်ခုဟာ စောင်းသွားပြီဆိုလို့ရှိရင် “အာဇာနဂ္ဂါဟီ”- စွဲစွဲလမ်းလမ်းယူတာ ဖြစ်သောကြောင့် “ဒုပ္ပဋိနိဿဂ္ဂိ”တဲ့၊ စွန့်လွှတ်ဖို့ဆိုတာ အလွန်ခက်တယ်။ အယူဝါဒတစ်ခုဟာ လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်မှာ မဟုတ်ဘူးတဲ့၊
စာမျက်နှာ-၁၇၂
မှားယွင်းတဲ့ အယူအဆတစ်ရပ်ကို အမြင်မှန်ရအောင် ချေဖျက်ပစ်ဖို့ဆိုတာ အလွန်တရာမှ ခဲယဉ်းတယ်တဲ့။
မှားယွင်းသောအယူရှိတဲ့ ပုဂ္ဂိုလ်နား မကပ်သင့်ပုံ
ဒါကြောင့်မို့ အဋ္ဌကထာဆရာကြီးတွေက တိုက်တွန်း နှိုးဆော်ထားတာ ရှိတယ်၊ အသက်ရှည်လိုတဲ့ပုဂ္ဂိုလ်ဟာ ပြင်းထန်တဲ့အဆိပ်အတောက်ရှိတဲ့ မြွေဆိုးတွေနား မကပ်သင့်ဘူးတဲ့၊ မြွေဆိုးတွေနားမှာ ကပ်လို့ မြွေကိုက်ခံရလို့ရှိရင် သေဆုံးသွားနိုင်တယ်၊ ဒါကြောင့်မို့ မှားယွင်းတဲ့ အယူရှိတဲ့ ပုဂ္ဂိုလ်နားမှာ သူပြောမယ့် မှားယွင်းတဲ့စကားတွေ မကြားမိအောင် သူ့စကားကို နားမထောင်မိဖို့ သူ့ကို ဝေးဝေးက ရှောင်ရမယ်။
မှားယွင်းတဲ့အယူအဆရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူက ယုတ္တိဆင်ပြီးတော့ ပြောလို့ ကိုယ်က နည်းနည်းသဘောကျသွားမယ်, မှားယွင်းတဲ့အယူအဆတစ်ရပ်ကို ကိုယ့်သန္တာန်မှာ လက်ခံသွားမိမယ်ဆိုရင် အလွန်အန္တရာယ်များတယ်ပေါ့။ ဒါကြောင့်မို့ ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ စကားကိုလည်း နားမထောင်မိစေနဲ့လို့ ပြောတာ နားထောင်မိရင် အယူအဆတစ်ရပ်ဟာ မှားယွင်းသွားနိုင်တယ်၊ ဒါမျိုးက ဖြစ်နိုင်တယ်၊ ဒါကြောင့်မို့ အဋ္ဌကထာဆရာကြီးတွေက ဒီဂါထာလေးနဲ့ သတိပေးထားတာ ရှိတယ် ... “တဉ္ဇ အကလျာဏဇနံ၊ အာသီဝိသ မိဝေါရဂံ၊ အာရကာ ပရိဝဇ္ဇေယျ၊ ဘူတိကာမော ဝိစက္ခဏာ”တဲ့။
စာမျက်နှာ-၁၇၃
သုညဆိုတဲ့ စကားလုံး
“ဝိညာဏပစ္စယာ နာမရူပံ” ရုပ်နာမ်သက်သက်သာ ဖြစ်တယ်လို့ ဒီလိုဟောလိုက်ခြင်းဖြင့် သတ္တ, ဇီဝ မပါဘူးဆိုတဲ့ သုညတရားကိုလည်း မြတ်စွာဘုရားက ရှင်းပြရာ ရောက်တယ်၊ သုညဆိုတဲ့စကားလုံးက ဘာပြောတာတုန်းဆိုရင် သူတို့ထင်တဲ့ အရာတွေ မပါတာကို သုညလို့ ပြောတယ်နော်။
သုညဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေဟာ နောက်ပိုင်းမှာ ပြောင်းလဲပြီးတော့ ဖွင့်ဆိုတာတွေ ရှိတယ်၊ ထေရဝါဒဗုဒ္ဓသာသနာတော်မှာ သုညလို့ မြတ်စွာဘုရား မူလဖွင့်ဆိုချက်ကို သိရမယ်၊ ဆိုပါစို့ - ပါရာယနသုတ္တန်မှာ မောဃရာဇဆိုတဲ့ ကျောင်းသားတစ်ဦးကို မြတ်စွာဘုရားက သူ့အမေးကို ဖြေတဲ့အခါ
“သုညတော လောကံ အဝေက္ခဿု၊
မောဃရာဇ သဒါ သတော”
အစဉ်ထာဝရ သတိထားပြီးတော့ လောကကြီးကို သုညအနေနဲ့ သေသေချာချာကြည့် -တဲ့၊ လောကကြီးတစ်ခုလုံးဟာ ထင်နေတဲ့ သတ္တ ဇီဝဆိုတာ လုံးဝမပါတဲ့၊ သတ္တ ဇီဝဆိုတာ ဆိတ်သုဉ်းနေတယ်ဆိုတာ မြင်အောင်ကြည့် -တဲ့။ ။
ဘုန်းကြီးတို့တစ်တွေရဲ့ မျက်စိထဲမှာ သတ္တဝါတွေချည်းပဲ မြင်နေတယ်, ဇီဝတွေချည်းပဲ မြင်နေတယ်, ပုဂ္ဂလတွေချည်းပဲ မြင်နေတယ်၊ မြဲတဲ့အရာတွေချည်းပဲ မြင်နေတယ်၊ အဲဒါမျိုး မရှိဘူးဆိုတာကို ထင်ရှားလာအောင် “သုညတော လောကံ အဝေက္ခဿု” သုညအနေနဲ့ မြင်အောင်ကြည့်လို့ ဒီလို ပြောတာ။
စာမျက်နှာ-၁၇၄
အဲဒီ သုညကို အဓိပ္ပါယ်ဖော်တဲ့အခါ အမျိုးမျိုးအဓိပ္ပါယ် ဖော်ကြတယ်၊ ဗုဒ္ဓဘာသာကို လေ့လာတဲ့ပုဂ္ဂိုလ်တွေကတော့ မြတ်စွာဘုရားဟောတဲ့ သုတ္တန်တွေကို Early Buddhism စောစောပိုင်းက ဗုဒ္ဓဝါဒလို့ ယူဆပြီး နောက်ပိုင်းမှာ အဓိပ္ပါယ်အမျိုးမျိုး ဖော်ဆောင်တာကိုတော့ Later Buddhism ဆိုပြီးတော့ ဒီလို ခွဲကြတယ်။
Early Buddhism ဆိုတာ အခု ထေရဝါဒ မြန်မာနိုင်ငံမှာ ထွန်းကားနေတဲ့ သံဂါယနာ ၆-တန်တင်ထားတဲ့ ပိဋကတ်မှာ လာတဲ့အတိုင်းကို Early Buddhism လို့ သူတို့က ယူဆတယ်၊ နောက်ပိုင်းမှာ တိုးတက်ဖြစ်ပေါ်လာတဲ့ အဓိပ္ပါယ်တွေက အမျိုးမျိုး ဖြစ်ပေါ်လာတာ ရှိတယ်။
သုညဆိုတဲ့ စကားလုံးကို မြတ်စွာဘုရားက ရှင်းတဲ့အခါမှာ “သုညံ အတ္တေန ဝါ အတ္တနိယေန ဝါ” လို့ ဒီစကားနဲ့ ရှင်းတယ်၊ အတ္တဆိုတာ မပါဘူး၊ “အတ္တ”ဆိုတာ မရှိသည့်အတွက်ကြောင့် အတ္တက ပိုင်ဆိုင်တယ်ဆိုတဲ့ “အတ္တနိယ” မရှိဘူး၊
တစ်ခါ စကားနဲ့ပြောမယ်ဆိုလို့ရှိရင် “ငါ”ဆိုတာ မရှိဘူး။ ငါမရှိရင် “ငါ့ဥစ္စာ”ဆိုတာလည်း မရှိဘူး၊ ရှိမှ ငါ့ဥစ္စာဆိုတာ ဖြစ်နိုင်တာကိုး၊ ငါမှမရှိဘဲ ငါ့ဥစ္စာဆိုတာ ပြောလို့ မရဘူး၊ အဲဒီ စကားလုံးကျတော့ စာပေကျမ်းဂန်မှာ “အဟံ မမ”ဆိုတဲ့ စကားလုံးနဲ့ သုံးတယ်။
( အဟံဆိုတာ တကယ်က “ငါ” လို့ ပြောတာ၊ အဲဒါ အတ္တကို ရည်ညွှန်းတာ၊ သတ္တ ပုဂ္ဂလကို ရည်ညွှန်းတာ၊ “ငါ” ဆိုတဲ့စကားလုံးက ကိုယ့်ကိုယ်ကိုရည်ညွှန်းတာကို ပြောတာမဟုတ်
စာမျက်နှာ-၁၇၅
ဘူး အတ္တကို ပြောတာ၊ ဒါကြောင့်မို့ “နာဟံ န အတ္တနော” ငါလည်း မဟုတ်ဘူး၊ ငါ့ဟာလည်း မဟုတ်ဘူး၊ “နာဟံ န မမ” - အဟံဆိုတာလည်း မဟုတ်ဘူး, မမဆိုတာလည်း မဟုတ်ဘူး၊ ဒီလို ဆိုလိုတယ်။ ။
အဲဒါ “အတ္တ အတ္တနိယ”ဆိုတဲ့ အဓိပ္ပါယ်နဲ့ အတူတူပဲလို့ ဒီလိုမှတ်၊ ရုပ်တရားကိုဖြစ်စေ နာမ်တရားကိုဖြစ်စေ မိမိတို့တကယ် ရှိတဲ့ ရုပ်နဲ့ နာမ်တစ်ခုခုကို ငါလို့ သတ်မှတ်လိုက်ရင် ကျန်တဲ့ဟာ ငါ့ဥစ္စာ၊ ငါနဲ့ ငါ့ဥစ္စာ၊ ဆိုပါစို့ - “ငါ”ဆိုတာဟာ လူတွေဟာ ကိုယ့်ကိုယ်ကို “ငါ”လို့ ပြောနေတာ ဘာကို ပြောတာတုန်းလို့ အသေးစိတ် မေးလိုက်မယ်ဆိုရင် တစ်ခုစီကို “ငါ” လို့ ပြောစရာ တစ်ခုမှ မရှိဘူးနော်။ ။
သို့သော် ပေါင်းပြီးတော့ အကုန်လုံးကို “ငါ”လို့ ပြောလိုက်တယ်၊ ဥပမာ- စိတ်ကလေးကို “ငါ”လို့ ပြောလိုက်လို့ရှိရင် ထိုစိတ်ကလေးနဲ့ မှီရာရုပ်တရားကြီးကို “ငါ့ဥစ္စာ”လို့ ဒီလို သတ်မှတ်တယ်။ ဒါကြောင့်မို့ လူတွေက ပြောကြတယ်၊ ငါ့မျက်လုံးလို့ ပြောတယ်။ ငါ့နား ငါ့စိတ် ငါ့ကိုယ် ငါ့ဘဝလို့ သုံးလာကြပြီ၊ “ငါ”ဆိုတာကို လက်ခံထားသည့်အတွက်ကြောင့် ငါ့မျက်လုံး ငါ့ကိုယ် ငါ့စိတ်ဆိုတာတွေ ပေါ်လာတာပါ။
တကယ်တော့ ငါ့ကိုယ် ငါ့စိတ် ငါ့မျက်လုံးဆိုတာ ရှိရဲ့လား ဆိုတော့ မရှိဘူး၊ ကံတည်းဟူသော အကြောင်းတရားကြောင့် ဖြစ်ပေါ်နေတဲ့ ရုပ်တရားသက်သက်မျှသာ ဖြစ်တယ်၊ ငါ့မျက်လုံးဆိုတာလည်း ရုပ်တရားသက်သက်မျှသာ ဖြစ်တယ်၊ ငါ့စိတ်ဆိုတာလည်း နာမ်တရားသက်သက်မျှသာ ဖြစ်တယ်လို့၊ အဲဒီအထဲမှာ ငါလို့
စာမျက်နှာ-၁၇၆
ပြောစရာလည်း တစ်ခုမှ မရှိဘူး၊ ငါ့ဥစ္စာလို့ ပြောစရာလည်း တစ်ခုမှ မရှိဘူး၊ ဒါကြောင့်မို့ “သုည အတ္တေန ဝါ အတ္တနိယေန ဝါ” လို့ဆိုတာ။
အေး ... အသေးစိတ်ပြောတဲ့အခါကျတော့ “စက္ခု သုညီ အတ္တေန ဝါ အတ္တနိယေန ဝါ” - မျက်လုံးလေးဟာ သုညတဲ့၊ မျက်လုံးဟာ မျက်လုံးပဲ, ရုပ်တရားပဲ၊ အဲဒီမျက်လုံးထဲမှာ အတ္တဆိုတာ မရှိဘူး၊ မျက်လုံးဟာ အတ္တရဲ့ ပိုင်ဆိုင်တဲ့အရာလည်း မဟုတ်ဘူး၊ ဒါကြောင့်မို့ သူ့ကို အင်္ဂလိပ်လို ပြောတဲ့အခါကျတော့ Eye is empty, eye ဟာ ဘာမှ မရှိဘူး၊ eye ဟာ just eye ပဲ၊ ဘာကြောင့် empty ဖြစ်လဲဆိုလို့ရှိရင် “Neither I nor My property” - ငါလည်း မဟုတ်ဘူး၊ ငါ့ဥစ္စာလို့ ပိုင်ဆိုင်တဲ့အရာလည်း မဟုတ်ဘူးလို့ ဒီလိုပြောတာ၊ အဲဒါဟာ Early Buddhism က ဖွင့်ဆိုတဲ့ အဓိပ္ပါယ်တစ်ရပ်ပဲ။
သုညနှင့် ပတ်သက်၍ မှားယွင်းစွာ ဖွင့်ဆိုချက်
အခုနောက်ပိုင်းမှာ တိုးတက်ဖြစ်ပေါ်လာတဲ့ ဗုဒ္ဓဘာသာလို့ ယူဆကြတဲ့ဝါဒတွေ ပေါ်လာတယ်၊ သုညနဲ့ ပတ်သက်ပြီးတော့ Nagarjuna ဆိုတဲ့ အိန္ဒိယက ရဟန်းတစ်ပါး၊ သူက သုညဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ချဲ့ပြတယ်၊ မြတ်စွာဘုရားဟောတာက အတ္တနဲ့ အတ္တနိယ မရှိတာကို သုညလို့ ပြောတာ၊ သူ့ကျတော့ အဓိပ္ပါယ်တွေ ဘာတွေထပ်ချဲ့လိုက်သလဲဆိုရင် သူက “သဗ္ဗ သုည - all are empty” အားလုံးဟာ ဘာမှ မရှိဘူးတဲ့၊ အားလုံးလို့ ဆိုလိုက်ကတည်းက ဘာတစ်ခုမှ မကျန်တော့ဘူး။
စာမျက်နှာ-၁၇၇
ဟိုတုန်းက မြတ်စွာဘုရားက “စက္ခု သုည အတ္တေန ဝါ အတ္တနိယေန ဝါ” - စက္ခုဆိုတာ ရုပ်တရားအနေနဲ့ ရှိတယ်၊ အဲဒီ ရုပ်တရားမှာ အတ္တဆိုတာ မရှိဘူး၊ အတ္တရဲ့ ပိုင်ဆိုင်တယ်ဆိုတာ မဟုတ်ဘူးလို့၊ အတ္တလည်း မဟုတ်ဘူး၊ အတ္တရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းလည်း မဟုတ်ဘူးလို့ - ဒီအဓိပ္ပါယ်ကို မြတ်စွာဘုရားက ဟောတာ။
အေး - သူကျတော့ ရုပ်တရားလည်း မရှိဘူး၊ နာမ်တရားလည်း မရှိဘူး၊ “သဗ္ဗ သုည - all are empty” ဆိုပြီး ဘာမှ မရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ကို သူက ဖွင့်တယ်၊ Nagarjuna ရေးတဲ့ မူလမဓျမိကာရိကာ (Mulamadhyamakakarika) ဆိုတဲ့ ကျမ်းတစ်ကျမ်း ရှိတယ်၊ အဲဒါကို မဟာယာနတွေက သူတို့ရဲ့ Philosophy အတွေးအခေါ်ကျမ်းတစ်ခုအနေနဲ့ သင်ရိုးပြုကြတယ်။
သုညအဓိပ္ပါယ်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မူရင်းသုညအဓိပ္ပါယ် မဟုတ်ဘဲနဲ့ ကိုယ်ပိုင်အတွေးအယူအဆနဲ့ “all are empty”၊ “သဗ္ဗံ သုည” အားလုံးဟာ သုညလို့ဆိုတာ၊ သူက ဘာနဲ့ ရှင်းပြတုန်းဆိုတော့ သူပြောချင်တဲ့သုညဆိုတာ ဘာလဲ? ပဋိစ္စသမုပ္ပါဒ်ကို သုညလို့ ပြောချင်တာတဲ့၊ ပဋိစ္စသမုပ္ပါဒ်ကို သုညဆိုတာ သူက ဘာကို ဆိုလိုတာတုန်းဆိုတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတဲ့ နေရာမှာ သင်္ခါရဆိုတာ မရှိရင် အဝိဇ္ဇာဆိုတာ မရှိနိုင်ဘူး၊ သင်္ခါရကို ထောက်ပြီးတော့ အဝိဇ္ဇာကို ပြောရတယ်တဲ့၊ အဝိဇ္ဇာကို ထောက်ပြီးတော့ သင်္ခါရဆိုတာ ပြောရတယ်တဲ့။
ဘာနဲ့ ဥပမာပေးတုန်းဆိုတော့ ပိတာပုတ္တ - သားနဲ့ အဖေ လိုပဲ၊ သားကို ထောက်ပြီး အဖေလို့ ခေါ်တာ၊ အဖေကို ထောက်ပြီး သားလို့ ခေါ်တာ၊ တစ်ခုခုကို ဖယ်လိုက်မယ်ဆိုရင် - အဖေကို ဖယ်လိုက်လို့ရှိရင် သားဆိုတာမရှိဘူး၊ သားကို ဖယ်လိုက်ရင်လည်း အဖေဆိုတာ မရှိနိုင်ဘူး၊ သူက အဲဒီဥပမာမျိုးကို ပေးပြီးတော့ ပြောတာ၊
စာမျက်နှာ-၁၇၈
ဆိုလိုတာက အပြန်အလှန် မှီနေရတယ်၊ သားနဲ့ အဖေဟာ အပြန်အလှန်ထောက်ထားပြီးတော့ ပြောနေတဲ့စကား၊ တစ်ခု ဖယ်လိုက်ရင် ကျန်တစ်ခုရပ်တည်နိုင်စွမ်း မရှိဘူး၊ နှစ်ခုပေါင်းမှ ရပ်တည်နိုင်တယ်ပေါ့။ ဒါကြောင့်မို့ All are empty - သုည လို့ သူက ပြောတာ။
သို့သော် မြတ်စွာဘုရားဆိုလိုတာထက် သူ့ “သုည” က ပိုလွန်းနေတယ်၊ ရုပ်တွေနာမ်တွေပါ မရှိဘူးဆိုတဲ့အဓိပ္ပါယ် ရောက်သွားတယ်၊ All are empty အဓိပ္ပါယ်က ဘာမှ မရှိဘူးဆိုတဲ့ အဓိပ္ပါယ် ရောက်သွားတာပေါ့ ... နိဗ္ဗာန်ကို သုညလို့ ပြောတာတောင်မှ ရာဂရဲ့ဆိတ်သုဉ်းမှု, ဒေါသရဲ့ ဆိတ်သုဉ်းမှု, မောဟရဲ့ ဆိတ်သုဉ်းမှုဆိုတာတွေနဲ့ တစ်ခုခုကိုင်ပြီးတော့ ပြောရတယ်။
Nagarjuna ဆိုတဲ့ အဲဒီသုညဝါဒီက သူလည်း ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးပဲ၊ သို့သော် သူရေးတဲ့နည်းက dialectic လို့ ခေါ်တယ်၊ ဒါပဋိစ္စသမုပ္ပါဒ်နဲ့ဆက်သွယ်နေလို့ ပြောတာ၊ dialectic ဝါဒလို့ ခေါ်တယ်၊ သူက အားလုံးကို ငြင်းပယ်တယ်၊ ငြင်းပယ်ပြီးတော့ အဖြေထုတ်သလားဆိုတော့ အဖြေမထုတ်ဘူး။
“ဘာဝ” လို့ ခေါ်တဲ့ ဖြစ်ပေါ်လာတဲ့သဘာဝတရားတစ်ခုဟာတဲ့ မိမိတည်းဟူသော အကြောင်းကြောင့် ဖြစ်တာလည်း မဟုတ်ဘူး၊ တခြားအကြောင်းကြောင့် ဖြစ်တာလည်း မဟုတ်ဘူး၊
စာမျက်နှာ-၁၇၉
မိမိအကြောင်း တခြားအကြောင်းဆိုတဲ့ အကြောင်းနှစ်မျိုးကြောင့် ဖြစ်တာလည်း မဟုတ်ဘူး၊ သို့သော် အကြောင်းမဲ့ဖြစ်တာလည်း မဟုတ်ဘူး” လို့ ရေးတယ်၊ ဘာကြောင့်ဖြစ်တာလဲဆိုတာတော့ သူက တိုက်ရိုက် မပြောဘူး၊ အဖြေ မထုတ်ဘူး။
နောက်တစ်ခု သူက ဘာပြောသလဲဆိုတော့ “သံသရာနဲ့ နိဗ္ဗာန်ဟာ အတူတူပဲ၊ ဘယ်လိုတူတာတုန်းဆိုရင် အမှန်တရားကို မမြင်နိုင်တဲ့ အမှန်တရားကို ဖုံးကွယ်ထားတဲ့ အဝိဇ္ဇာရှိနေတဲ့အချိန်မှာ နိဗ္ဗာန်ကို သံသရာအဖြစ် မြင်နေကြတာ၊ အဲဒီအမှန်တရားကို မမြင်တဲ့အဝိဇ္ဇာကို ဖယ်ရှင်းလိုက်တာနဲ့တစ်ပြိုင်နက် နိဗ္ဗာန်ကို မြင်ရတယ်” လို့ ဒီလိုပြောတယ်၊ အဲဒီ မဓျမိက Philosophy ကျမ်းကို သင်လို့ရှိရင်တော့ ခေါင်းတွေ ချာလပတ်ရမ်းသွားလိမ့်မယ်၊ ဘာမှ အဖြေမထုတ်နိုင်ဘူး။
သူက သံသရာနဲ့ နိဗ္ဗာန်တူတယ်ဆိုတာကို ဥပမာလေးတစ်ခုနဲ့ ပြောထားတယ်၊ ဟုတ်သယောင်ယောင်ပေါ့နော်၊ မှောင်စပျိုးချိန် လမ်းပေါ်မှာ မြွေလေးသဏ္ဌာန် ကြိုးခွေလေးတစ်ခု ကျနေတယ်၊ မှောင်ရီပျိုးနေတယ်ဆိုတော့ အဲဒီကြိုးကလေးကို ကြည့်လိုက်တဲ့အခါ အလင်းက ပြည့်ပြည့်ဝဝ မရတော့ မြွေဆိုပြီးတော့ လန့်တယ်၊ အဲဒီ မြွေလို့ထင်ရတဲ့ ကြိုးလေးကို ဓာတ်မီးနဲ့ဖြစ်စေ, အလင်းရောင်တစ်ခုခုနဲ့ဖြစ်စေ အသေအချာကြည့်လိုက်လို့ရှိရင် ကြိုးပဲ၊ အဲဒါကို သူက ဥပမာပေးထားတယ်။
“နဂိုတုန်းကလည်း ကြိုးပါပဲတဲ့နော်၊ အမှောင်ထဲတုန်းကလည်း ကြိုးပဲ, မြွေမဟုတ်ဘူး၊ အလင်းရောင်ထဲ ကြည့်လိုက်တဲ့အခါကျတော့လည်း ကြိုးပဲတဲ့၊ နဂိုက ကြိုးမို့ ကြိုးဖြစ်တယ်ပေါ့။
စာမျက်နှာ-၁၈၀
အဲဒီဥပမာနဲ့သူက နဂိုကတည်းက နိဗ္ဗာန်ပါတဲ့၊ မှောင်နေတဲ့အချိန်ကျတော့ မြွေထင်နေသလို သံသရာလို့ ထင်နေတာ” လို့ ဒီလို ပြောပြပြန်တယ်၊ အဲဒါ သုညဝါဒီရဲ့စကားပဲ။
မြတ်စွာဘုရားရဲ့ တရားတော်တွေကို နောက်ပိုင်း interpretation (အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်) တွေနဲ့ အမှန်တရားကနေ လွဲချော်သွားတဲ့ interpretation တွေ ပေါ်လာတယ်။
မြတ်စွာဘုရားက မဇ္ဈိမပဋိပဒါ - ဟိုဘက်ဒီဘက် ချိန်ခွင်လျှာမျှပြီးတော့ မှန်ကန်တဲ့လမ်းစဉ် အစွန်းမရောက်တဲ့လမ်းစဉ်နဲ့ သွားတာ၊ လွယ်လွယ်လေးနဲ့ အစွန်းရောက်သွားနိုင်တယ်၊ ဘုရားတရားတော်တွေက အလွန့်ကို သိမ်မွေ့နူးညံ့တယ်လို့ ပြောတာနော်။
သူပြောတဲ့ dialactic က မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် တစ်ခါတစ်ရံ မဖြေဘူးဆိုတဲ့ စကားတွေနဲ့လည်း သွားပြီး ဆက်စပ်နေတယ်၊ ဘုရားမဖြေတာက အဓိပ္ပါယ်ရှိတယ်လေ၊ ဖြေလို့ရှိရင် မမှန်ကန်တဲ့ဝါဒတစ်ခုကို လက်ခံရာ ရောက်သွားမှာ ဖြစ်လို့ပေါ့။
မြတ်စွာဘုရား အဖြေမပေးသော မေးခွန်းများ
ဆိုပါစို့ - “သတ္တဝါဟာ သေပြီးတဲ့နောက် ဖြစ်သလား?” “သတ္တဝါဟာ သေပြီးတဲ့နောက် မဖြစ်ဘူးလား?” “သတ္တဝါဟာ သေပြီးတဲ့နောက် တချို့ ဖြစ်တယ် တချို့မဖြစ်ဘူးလား?” “သတ္တဝါဟာ သေပြီးတဲ့နောက် လုံးဝမဖြစ်ဘူးလား၊ လုံးဝမဖြစ်တာလည်း မဟုတ်ဘူးလား?” ဆိုတဲ့ ဒီမေးခွန်း ၄-ခု။
စာမျက်နှာ-၁၈၁
အဲဒီမေးခွန်း ၄-ခုဟာ ဘယ်တစ်ခုကို မြတ်စွာဘုရားက အဖြေမပေးဘူး၊ ဘာဖြစ်လို့ အဖြေမပေးတာလဲဆိုတော့ ရှင်းရှင်းလေးပဲလေ၊ လူတစ်ယောက်ကို မေးကြည့်မယ်- “မင်းမှာ ကားရှိလား” လို့ မေးလိုက်တယ်၊ “မရှိဘူး” “အေး အဲဒီမရှိတဲ့ကားဟာ Made in Japan လား” လို့ မေးရင် ဘယ်လိုဖြေမလဲ၊ ကိုယ့်မှာ မရှိတဲ့ကားကို မေးတာဆိုတော့ ဟုတ်လား၊ “အဲဒီမရှိတဲ့ကားဟာ ဂျပန်မှာ လုပ်တာလား” ဆိုတာကို ဘယ်လိုလုပ်မလဲ။ ဖြေလို့ မရဘူးပေါ့။
နောက်ဥပမာတစ်ခုက သားသမီးမရှိပါဘူးဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့သားဟာ “အရပ်ရှည်သလား, အရပ်ပုသလား” လို့ မေးကြည့်မယ်၊ ဒီမေးခွန်းကို ဖြေလို့ ရမလား၊ မရဘူးနော်၊ အေး - အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက မဖြေတာ - အဓိပ္ပါယ်ရှိတယ်။
တချို့ကတော့ မြတ်စွာဘုရား မဖြေတာကို မသိလို့ မဖြေသယောင်ယောင်, နှုတ်ဆိတ်နေသယောင်ယောင်နဲ့ ဒီလိုတွေ ဘာသာပြန်ကြတာတွေ ရှိသေးတယ်၊ အမှန်ကတော့ သတ္တဝါလို့မှ ကိုယ်ကမှ လက်မခံတဲ့အရာတစ်ခုကို သတ္တဝါအဖြစ်ကိုင်ပြီးတော့ မေးပြီဆိုရင် ဘုရားက ဘယ်တော့မှ လက်ခံမှာ ဖြေဆိုမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆို မြတ်စွာဘုရားက သတ္တဝါလို့သတ်မှတ်တာ တစ်ခုမှ မရှိဘူးလေ၊ ရုပ်နဲ့ နာမ်ပဲ ရှိတာကိုး၊ အဲဒီနေရာတွေက အလွန်သိမ်မွေ့တယ်တဲ့။
ဒါကြောင့်မို့ ဒီပဋိစ္စသမုပ္ပါဒ်ကို ဟောတဲ့အခါမှာ မြတ်စွာဘုရားက “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောလိုက်တာဟာ သတ္တဝါဖြစ်တာ မဟုတ်ဘူး, ဇီဝဖြစ်တာ မဟုတ်ဘူး၊ နာမ်နဲ့ ရုပ်
စာမျက်နှာ-၁၈၂
နှစ်ခုတည်းပဲ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြရုံမျှမက နာမ်ရုပ်ဆိုတာ သတ္တဝါမပါတဲ့ သုညပဲ၊ သတ္တဝါတွေက ကင်းဆိတ်နေတဲ့ သုညပဲတဲ့၊ တကယ့်သုညအစစ်၊ ငါလို့ ပြောစရာ မရှိဘူး၊ ငါ့ဥစ္စာလို့ ပြောစရာ မရှိဘူး၊ နာမ်နဲ့ ရုပ်သက်သက်ပဲလို့ ဒီအဓိပ္ပါယ်ကို ဖော်ပြတာတဲ့။
ဒါတင်မကဘူး “ဝိညာဏပစ္စယာ နာမရူပံ” လို့ ပြောလိုက်သဖြင့် ဓမ္မစက္ကပဝတ္တနသုတ္တန်မှာ - (ဒီသုတ္တန်ဟာ အဓိကအားဖြင့် သစ္စာလေးပါးကို ရှင်းပြတဲ့သုတ္တန်ပဲ) - အေး နာမရူပံ လို့ ပြောလိုက်သဖြင့် ဒုက္ခလို့ ပြောလိုက်တာပဲ၊ ဒါဖြင့် ဝိညာဏ်ကြောင့် ဖြစ်လာတဲ့အရာဟာ ဘာလဲဆိုရင် ဒုက္ခပဲတဲ့၊ အဝိဇ္ဇာတို့ သင်္ခါရတို့က ဖန်တီးပေးလိုက်သည့်အရာသည် ဘာကို ဖန်တီးပေးတာလဲဆိုတော့ ဒုက္ခကို ဖန်တီးလိုက်တာပဲ။
ဒုက္ခ၏ ဆိုလိုချက်
“ဒုက္ခ” ဆိုတာ ဒီနေရာမှာ ဆင်းရဲတာကို ပြောတာ မဟုတ်ဘူး၊ ဒုက္ခရဲ့အဓိပ္ပါယ်တစ်ခုကို မှတ်ရမယ်၊ စကားလုံးချင်းက အသံတူနေလို့ သူ့ရဲ့အဓိပ္ပါယ်က ဒီနေရာမှာ ဒုက္ခဆိုတာ ဒု + ခ - “ဒု” ဆိုတာ နှစ်သက်ကျေနပ်စရာ မကောင်းဘူး၊ စက်ဆုပ်ရွံမုန်းစရာကောင်းတယ်၊ “ခ” ဆိုတာ ဘာမှ မရှိဘူး, ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှ မဟုတ်ဘူး၊ ဒီအဓိပ္ပါယ်မျိုးကို ပြောတာ၊ ထင်တဲ့အတိုင်း ဘာမှမဟုတ်သည့်အပြင် ဘေးရန်ဟူသမျှရဲ့တည်ရာကြောင့် ကျေနပ်စရာ မကောင်းဘူး၊ ကိုယ်ထင်တဲ့အရာတွေ တစ်ခုမှ မရှိဘူးဆိုတဲ့ အဲဒီအဓိပ္ပါယ်နဲ့ ဒုက္ခလို့ ပြောတာ။
စာမျက်နှာ-၁၈၃
ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှ မဟုတ်
သံယုတ်ထဲက သုတ္တန်တစ်ခုထဲမှာလည်းပဲ မြတ်စွာဘုရားဟောထားတယ်လေ၊ “ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ ဒုက္ခဿသော ဥပ္ပါဒေါ” ရုပ်တရားဖြစ်ပေါ်လာတာ ဘာဖြစ်ပေါ်လာတာတုန်းဆို ဒုက္ခဖြစ်ပေါ်လာတာ၊ အဲဒီဒုက္ခဟာ ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှမဟုတ်ဘူး၊ ရုပ်တရားဟာ ကိုယ်ထင်တဲ့အတိုင်း တစ်ခုမှ မဟုတ်ဘူး။
ဒါကြောင့်မို့ “တဏှာသင်္ခယသုတ်”, ရှင်မဟာမောဂ္ဂလာန်ရဲ့ မေးခွန်းကိုဖြေတဲ့ “ပစလာယနသုတ်” - တဏှာသင်္ခယအဓိပ္ပါယ်ကို ပြောတဲ့အခါ “သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယ” ဆိုတဲ့ ဒီစကားတစ်ခုဟာ အင်မတန်မှ မှတ်သားထိုက်တဲ့ စကားတစ်ခု၊ သဗ္ဗေ ဓမ္မာဆိုတာ ဘုန်းကြီးတို့တစ်တွေသန္တာန်မှာ ရထားတဲ့ ရုပ်တရား နာမ်တရားတွေအားလုံးဟာ “နာလံ အဘိနိဝေသာယ”၊ “အဘိနိဝေသ” ဆိုတာ စိတ်ထဲမှာ စွဲမှတ်ထားတာ၊ ငါလို့ ငါ့ဥစ္စာလို့ မြဲတယ်လို့ ချမ်းသာတယ်လို့ အများက ထင်နေကြတယ်၊ အဲဒီအထင်အမြင်တွေအတိုင်း မထင်သင့်တဲ့တရားပါလို့ - ဒီလိုပြောတာနော်။
ရုပ်တရား နာမ်တရားတွေဟာ ငါ ငါ့ဥစ္စာလို့ စိတ်ထဲမှာ စွဲလမ်းမထားသင့်တဲ့တရားတဲ့၊ မြဲတယ် ချမ်းသာတယ် ငါပိုင်တယ် လို့ မစွဲလမ်းသင့်တဲ့တရား ဖြစ်တယ်၊ ဘာ့ကြောင့် အဲဒီလို ဖြစ်တာတုန်းဆိုတော့ ကိုယ်ထင်တဲ့အတိုင်း ဟုတ်မှ မဟုတ်တာဘဲ၊ တလွဲတွေချည်းပဲ ဖြစ်နေတယ်။
ကိုယ်ကတော့ ထာဝရလို့ ထင်တယ်, သူက တစ်ခဏပဲ ဖြစ်တယ်၊ ကိုယ်ကတော့ သုခလို့ ထင်တယ်, သူက ဒုက္ခဖြစ်တယ်၊
စာမျက်နှာ-၁၈၄
ကိုယ်ကတော့ ကိုယ်ပိုင်ဆိုင်တယ် ကိုယ့်အလိုကျဖြစ်မယ် ထင်တယ်, ကိုယ့်အလိုကျ တစ်ခုမှ မဖြစ်ဘူး၊ အဲဒီသဘာဝတရားတွေက ဒီလိုအနေအထား ရှိနေသည့်အတွက်ကြောင့် “သဗ္ဗေ ဓမ္မာ နာလံ အဘိနိဝေသာယ” တဲ့ ဒါက နှလုံးသွင်းဖို့ကို ပြောတာနော်။
ဝိသုဒ္ဓိမဂ်မဟာဋီကာ ဖွင့်ဆိုပုံ
ဒါကြောင့်မို့ ဝိသုဒ္ဓိမဂ်မဟာဋီကာကျမ်းမှာ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောလိုက်တဲ့ဟာရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်လာတဲ့ အဓိပ္ပါယ်က - “ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်ဆိုတာ သတ္တဝါပေါ်လာတာ မဟုတ်ဘူး, ဇီဝပေါ်လာတာ မဟုတ်ဘူး, ရုပ်တရားနဲ့ နာမ်တရားသက်သက် ပေါ်လာတာ၊ ရုပ်တရား နာမ်တရားသည် သတ္တမှ ဇီဝ မဖက်တာဖြစ်သောကြောင့် သုညအစစ်ပဲ” တဲ့။
ရုပ်တရား နာမ်တရား မရှိလို့ သုညပြောတာ မဟုတ်ဘူး၊ ဆိုပါစို့ - အိမ်ထဲမှာ လူမရှိဘူးလို့ ပြောတာက အိမ်မရှိဘူးလို့ ပြောတာ မဟုတ်ဘူးနော်၊ အိမ်ထဲမှာလူမရှိတာကို ပြောတာ၊ အခုလည်းပဲ ရုပ်နာမ်ကို မရှိဘူးလို့ ပြောတာ မဟုတ်ဘူး၊ ရုပ်နာမ်ထဲမှာ သတ္တ, ဇီဝ မရှိဘူးလို့ ပြောတာ၊ ဗုဒ္ဓမြတ်စွာရဲ့ သုညအဓိပ္ပါယ်က ဒီလို။
အဲဒီရုပ်နာမ်တရားသည် ရုပ်နာမ်တရားကိုယ်တိုင်က အတ္တလည်း မဟုတ်ဘူး၊ အတ္တရဲ့ property အတ္တပိုင်ဆိုင်တဲ့ပစ္စည်းလည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ ငါ့ဟာလည်း မဟုတ်ဘူး၊ ဒါကြောင့် သုညလို့ ပြောထား
စာမျက်နှာ-၁၈၅
အေး - ရုပ်နာမ်သက်သက်သာ ဖြစ်တယ်၊ အများထင်နေသလို သတ္တ ဇီဝ မဟုတ်ဘူး၊ အဲဒီရုပ်နာမ်ဆိုတာလည်း ကြည့်လိုက်တဲ့အခါ ဓမ္မစက္ကပဝတ္တနသုတ်မှာ ရုပ်နာမ်ဟာ ဒုက္ခပဲ၊ အဲဒီ ဒုက္ခကို ဖော်ပြလိုက်ခြင်းအားဖြင့် ဒုက္ခရဲ့ အကြောင်းဖြစ်တဲ့ ဒုက္ခသမုဒယကိုလည်း ဟောပြောပြီးသား ဖြစ်သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဆက်နွယ်လာတာကို ဒုက္ခသမုဒယပြောခြင်းဖြင့် ဒုက္ခရှိနေရင် ဒုက္ခနိရောဓရှိရမယ်၊ ထိုဒုက္ခနိရောဓ ရှိလာဖို့အတွက် နည်းလမ်းဆိုတာလည်း ရှိရမယ်၊ ဒုက္ခနိရောဓဂါမိနိပဋိပဒါလို့။
“ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့စကားလေးက ဆက်နွယ်လာပြီး သစ္စာလေးပါးကိုပါ ဖော်ပြရာရောက်တယ်လို့ ပဋိစ္စသမုပ္ပါဒ်က ပဋ္ဌာန်းနည်းတင်မကဘူး သုတ္တန်နည်းနဲ့လည်း လေ့လာသုံးသပ်လို့ ရတယ်လို့ ဒီလိုပြောရမှာပေါ့။
“ဝိညာဏပစ္စယာ နာမရူပံ” ၌ ဝိညာဏ်အရ
အဲဒီမှာ ပဋ္ဌာန်းနည်းနဲ့ လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ဒီနေရာမှာ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ပြောတဲ့အခါ ဝိညာဏ်ဘယ်နှစ်မျိုးလဲလို့ မေးမယ်ဆိုရင် အဘိဓမ္မာကို လေ့လာထားတဲ့ပုဂ္ဂိုလ်တွေက ဝိညာဏ်ဆိုတာ စိတ် ၈၉-ပါးထဲက ကံတရားရဲ့အကျိုးဖြစ်တဲ့ ဝိပါက်စိတ်တွေကိုလည်း ဝိညာဏ်လို့ ခေါ်တယ်ဆိုတာ သိတယ်၊ ကုသိုလ်အကုသိုလ်စိတ်တွေကိုလည်းပဲ ဝိညာဏ်လို့ ခေါ်တယ်ဆိုတာ သိတယ်နော်။
သို့သော် “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့နေရာမှာ ဝိညာဏအရ ဝိပါကဝိညာဏဆိုတဲ့ ဝိပါက်စိတ်တွေကို ဆိုလိုတယ်၊
စာမျက်နှာ-၁၈၆
နောက်တစ်ခုက ကမ္မဝိညာဏ - သို့မဟုတ် - အဘိသင်္ခါရဝိညာဏ လို့ခေါ်တဲ့ ကုသိုလ်အကုသိုလ်ကိုလည်း ဒီနေရာမှာ ဝိညာဏအရ ကောက်ယူရမယ်။
“သင်္ခါရပစ္စယာ ဝိညာဏံ” တုန်းကတော့ အကျိုးဝိပါက်စိတ်တစ်ခုတည်းကိုသာ ကောက်ယူတယ်၊ “ဝိညာဏပစ္စယာ နာမရူပံ” မှာလာတဲ့ ဝိညာဏကျတော့ အကျိုးတင်မကဘူး၊ အကြောင်းစိတ်ကိုလည်း ကောက်ယူတယ်၊
ဒါ စကားလုံးလေးတွေကို define လုပ်တယ် ခေါ်တာပေါ့ ဒီနေရာမှာ “သင်္ခါရပစ္စယာ ဝိညာဏံ” တုန်းက ဝိပါက်စိတ်လောက်ပဲ ကောက်တယ်၊ “ဝိညာဏပစ္စယာ နာမရူပံ” ကျတော့ အဓိပ္ပါယ်တွေက ပိုပြီးကျယ်လာတယ်လို့ ဒီလို မှတ်သားရမှာပေါ့။
“နာမ” အရနှင့် “ရူပါ” အရ
ဒါဖြင့် “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဆိုတဲ့အခါမှာ နာမ အရ ဘာကောက်သလဲ ဆိုလို့ရှိရင် ဝိညာဏ အရ စိတ်တွေကို ကောက်ထားသည့်အတွက်ကြောင့် နာမ အရ စေတသိက်ကို ကောက်ရတယ်၊ စိတ်နဲ့စေတသိက် နှစ်ခုကို နာမလို့ ခေါ်တာ သို့သော် တစ်ခါတစ်ရံကျတော့ ပြောပြီးသားကို ထပ်ပြီး မပြောရတော့ဘူး၊ ကျန်တာကိုပဲ ယူရတယ်ဆိုတဲ့ နည်းစနစ်တစ်ခု ရှိတယ် “ပါရိသေသနည်း” လို့ ခေါ်တယ်၊ ဝိညာဏ အရ စိတ်ကို ဖော်ပြလိုက်သဖြင့် နာမအရ စေတသိက်ကိုပဲ ကောက်ရမယ်၊ ဒါက နည်းစနစ်နဲ့ ယူရတဲ့ပုံစံ၊ ဒီတော့ နာမ အရ စေတသိက်ပဲ ဆိုင်တယ်လို့ မှတ်ရမယ်၊
စာမျက်နှာ-၁၈၇
ရူပအရကျတော့ ရုပ်တွေအားလုံးကို ယူတယ်၊ စိတ်ဖြစ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် စေတသိက်နဲ့ ရုပ်တွေဟာ စိတ်ဖြစ်ပေါ်မှုကို အခြေပြုပြီးတော့ ဒီနေရာကနေ ဖြစ်ပေါ်လာတယ်လို့ ဒီလို ပြောတာ။
အဲဒါကို ပဋ္ဌာန်းနဲ့ လေ့လာမယ်ဆိုလို့ရှိရင် ပဋ္ဌာန်းဆိုတာ ခက်လည်း ခက်တယ်၊ အလွန်လည်း နက်နဲတယ်ပေါ့၊ ဒီလို တစ်ထိုင်တည်း ရှင်းပြဖို့ဆိုတာ အခြေခံကောင်းကောင်းမရှိဘဲနဲ့ မလွယ်ဘူး၊ ပဋ္ဌာန်းကို အပေါ်ယံ perspective ခြုံငုံပြောတာလေးပဲ ပြောနိုင်ပါတယ်၊ တကယ့်ပဋ္ဌာန်းကျမ်းကြီးအတိုင်း ပြောမယ်ဆိုရင် အင်မတန်ကျယ်လွန်းအားကြီးတယ်။
“ဝိညာဏပစ္စယာ နာမရူပံ” , - နာမံ, - ရူပံ ဟု သုံးမျိုး ဖြစ်နိုင်ပုံ
ကောင်းပြီ - ဝိညာဏ်က နာမ်ရုပ်ကို ကျေးဇူးပြုတယ်ဆိုတဲ့နေရာမှာ “ဝိညာဏပစ္စယာ နာမရူပံ” မှာ တစ်ခုစီ ခွဲလိုက်မယ်ဆိုရင် “ဝိညာဏပစ္စယာ နာမံ”, “ဝိညာဏပစ္စယာ ရူပံ”, “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဒီလို ပြောလို့ ရတယ် သုံးမျိုးထွက်သွားတယ်၊
ဝိညာဏကြောင့် “နာမ” ဖြစ်တာ ရှိတယ်၊ ဝိညာဏကြောင့် “ရူပ” ဖြစ်တာ ရှိတယ်၊ ဝိညာဏကြောင့် “နာမရူပံ” နှစ်မျိုးဖြစ်တာ ရှိတယ်၊ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဆိုတဲ့အထဲမှာ “ဝိညာဏပစ္စယာ ရူပံ” လို့ ယူလိုက်ရင် အသညသတ်ဘုံပါ cover ဖြစ်သွားနိုင်တယ်ပေါ့။ ဒီနေရာမှာ “ဝိညာဏ” အရ “အဘိသင်္ခါရဝိညာဏ်” လို့ဆိုတဲ့ ကံတရားကို ကောက်ယူပြီး “ရူပ” ကျတော့
စာမျက်နှာ-၁၈၈
ကမ္မဇရုပ်ကို ကောက်ယူတယ်၊ ဒီစနစ်နဲ့ သွားလို့ရှိရင် - အတိတ်ဘဝက ကမ္မဝိညာဏ်ကြောင့် အသညသတ်ဘုံမှာ ရူပဆိုတာ ပေါ်လာရတယ်၊ အကြောင်းမဲ့ပေါ်တာ မဟုတ်ဘူး၊ ဒီအဓိပ္ပါယ်ကိုလည်း ဖော်ပြတယ်။
“ဝိညာဏပစ္စယာ နာမံ” လို့ ဆိုပြန်တော့လည်း ခုနက အရူပဘုံမှာ နာမ်တရားချည်းသက်သက်ဖြစ်တယ်၊ ပဉ္စဝေါကာရဘုံ ခန္ဓာငါးပါးရှိတဲ့ဘုံပေါ့ လူ့ဘုံတို့လို နတ်ဘုံတို့ကျတော့ “ဝိညာဏပစ္စယာ နာမရူပံ” နာမ်လည်း ပါတယ်, ရုပ်လည်း ပါတယ်လို့ ဒီလို ပြောတာ။
အဲဒီလိုပြောတာကို ထပ်ပြီး ရှင်းပြရမယ်ဆိုရင် ... ဆိုပါစို့ - “ဝိညာဏ” အရ ဝိပါက်စိတ်ကလေးကို ကောက်လိုက်တယ်၊ ဝိပါက်စိတ်ဆိုတာ သန္ဓေစိတ်ကလေးပေါ့။
လူသားတစ်ယောက်အနေနဲ့ ယေဘုယျအားဖြင့် ပြောရရင် မဟာဝိပါက်စိတ် ၈-ခုထဲက စိတ်ကလေးတစ်ခု ယှဉ်လာတဲ့ စေတသိက်က ၃၃-ခုနဲ့ ပေါင်းလိုက်တဲ့အခါကျတော့ ၃၄-ခု၊ အဲဒီ ၃၄-ခုဆိုတဲ့ အဖွဲ့အစည်းထဲမှာ “ဝိညာဏ” အရ ဒီမဟာဝိပါက်စိတ်ကလေးတစ်ခုကို ယူလိုက်တယ်။ ဒီမဟာဝိပါက်စိတ်ကလေးတစ်ခု ဖြစ်ပေါ်လာသည့်အတွက်ကြောင့် စေတသိက် ၃၃-ခု ပါလာတယ်၊ “ဝိညာဏပစ္စယာ နာမံ” ဒီလိုဖြစ်တယ်။
ဒီမဟာဝိပါက်စိတ်ကလေးက ခုနပြောခဲ့တဲ့ ယှဉ်ဖက်ဖြစ်တဲ့ စေတသိက်တွေကို ပဋ္ဌာန်းပစ္စည်းနဲ့ ဘယ်လိုဆက်သွယ်မလဲ? - စိတ်ကလေးနဲ့ ခုနကစေတသိက်တွေရဲ့ကြားမှာ ဆက်သွယ်မှု မရှိ
စာမျက်နှာ-၁၈၉
ဘဲနဲ့ ပေါင်းစပ်လို့ မရဘူး, ဆက်သွယ်မှု ရှိတယ်၊ ဆက်သွယ်ထားလို့သာ ဒီလို unity တစ်ခု ဖွဲ့ထားနိုင်တာ၊
ဆိုပါစို့ - နာရီလေးတစ်ခုကို သေသေချာချာကြည့်လိုက်လို့ရှိရင် အစိတ်အပိုင်းလေးတွေအားလုံး အချိုးကျပေါင်းစပ်ထားတယ်၊ အဲဒီပေါင်းစပ်ထားတဲ့ အစိတ်အပိုင်းလေးတွေ အကုန်လုံး မှန်မှန်ကန်ကန်ရှိနေမှ နာရီလေးဟာ အချိန်ကို ပြောပြနိုင်တယ်၊ နို့မို့ဆို အချိန်ကို မပြောပြနိုင်ဘူး၊
တစ်ခုခု ချို့တဲ့လိုက်မယ်ဆိုရင် နာရီလေးမျက်နှာပြင်ပေါ်မှာ ရှိတဲ့ လက်တံအရှည်နဲ့ အတိုလေး ဆိုပါတော့ - တစ်ချောင်းကို ဖြတ်လိုက်မယ်၊ အချိန်ကို သိပါ့မလား၊ အရှည်ကြီးတစ်ချောင်းတည်းကလည်း အချိန်ကို မပြောနိုင်ဘူး၊ အတိုလေး မပါရင် သူပြောလို့ မရဘူး၊ အတိုလေးတစ်ချောင်းထဲကလည်း အရှည်မပါဘဲဆိုရင် ပြောလို့ ရမလား၊ မရဘူးတဲ့၊ ကြားထဲမှာ ဘတ္ထရီတို့ ပင်နယံတို့ဆိုတာတွေကို ဖယ်လိုက်မယ်ဆိုရင်လည်း ဒီနာရီလေးက အချိန်ကို ပြောနိုင်ပါ့မလား၊ မပြောနိုင်ဘူး။
ဒီမှာလည်းပဲ ထို့အတူပဲ၊ ဒီပဋိသန္ဓေစိတ်ကလေးရယ် ထိုစိတ်နဲ့ယှဉ်တွဲပြီးလာတဲ့စေတသိက်လေးတွေဟာ အပြန်အလှန်ဆက်သွယ်ထားတာတဲ့။ ဒါဖြင့် အပြန်အလှန်ဆက်သွယ်ထားတယ်ဆိုတာက သူတို့က တစ်ပြိုင်နက်ဖြစ်ကြသည့်အတွက်ကြောင့် ပဋ္ဌာန်းရှုထောင့်ကနေ ကြည့်မယ်ဆိုရင် တစ်ပြိုင်နက်ဖြစ်တာကို သဟဇာတ လို့ ခေါ်တယ်၊ တစ်ပြိုင်နက်ဖြစ်ခြင်းသည်ပင် သတ္တိတစ်ခုပဲ၊ ဒါကို သဟဇာတသတ္တိလို့ ခေါ်တယ်၊ ပြိုင်တူမွေးလာတာက သတ္တိတစ်ခုပဲ၊ ပြိုင်တူဖြစ်လို့ ဒီလိုအထောက်အကူပေးနိုင်တယ်
စာမျက်နှာ-၁၉၀
လို့ ပြောတာ၊ အဲဒါ born together ဆိုတာ သဟဇာတနဲ့ ကျေးဇူးပြုနိုင်တယ်။
အတူတကွဖြစ်လာရုံတင်မကဘူး၊ အပြန်အလှန်ဆိုတာလေးတွေ ရှိတယ်၊ အပြန်အလှန်ဆိုတာ စိတ်ကလေးက စေတသိက်တွေကို အထောက်အကူပြုတယ်၊ စေတသိက်လေးတွေကလည်း စိတ်ကို အထောက်အကူပြုတယ်တစ်ခုနဲ့တစ်ခု အမှီပြုနေကြရတယ်၊ အညမညပစ္စယော ဆိုတဲ့သတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒီလိုပြောတာ။
အဲဒီတော့ အပြန်အလှန်အားပြုပြီး မှီနေရတာ ဖြစ်သောကြောင့် နိဿယသတ္တိ လို့လည်း ပြောနိုင်တယ်၊ ဒီစိတ်နဲ့ စေတသိက်လေးတွေဟာတစ်ခုတည်းကဲ့သို့ တစ်ပြိုင်တည်း ဖြစ်တယ်၊ တစ်ပြိုင်တည်း ချုပ်တယ်၊ မှီရာဝတ္ထုတစ်နေရာတည်းက ပေါက်ဖွားလာတယ်၊ အာရုံတစ်ခုတည်းမှာ အလုပ်လုပ်ကြတယ်၊ ဒီအင်္ဂါ ၄-ချက်နဲ့ညီတော့တစ်ခုတည်းကဲ့သို့ ဖြစ်နေသည့်အတွက်ကြောင့် သမ္ပယုတ္တပစ္စယော - အားလုံးဟာ ယှဉ်တွဲပြီးတော့ နေတာ - သမ္ပယုတ္တပစ္စည်း။
ဝိပါက်စိတ်ဖြစ်သည့်အတွက်ကြောင့် ငြိမ်သက်တယ်တဲ့။ လှုပ်ရှားမှုကင်းတယ်၊ စိတ်က လှုပ်ရှားမှုကင်းသည့်အတွက်ကြောင့် စေတသိက်တွေကလည်း လှုပ်ရှားမှုကင်းသွားတယ်၊ မှန်ထဲမှာ ပေါ်တဲ့ ရုပ်ပုံလိုပဲ၊ လှုပ်ရှားမှုပြုပြင်မှု မရှိတော့ဘူးတဲ့၊ ဒါကြောင့် အဲဒါကို ဝိပါကသတ္တိ လို့ ခေါ်တယ်၊ စိတ်က ငြိမ်လို့ရှိရင် သူကလည်း ငြိမ်သွားရတာပဲပေါ့၊ ရေကလေးငြိမ်နေလို့ရှိရင် ရေပေါ်မှာရှိတဲ့ မှော်ကလေးတွေကော ငြိမ်မနေဘူးလား၊ ငြိမ်နေတယ်၊ ဝိပါက်
စာမျက်နှာ-၁၉၁
စိတ်ကလေး ငြိမ်နေသည့်အတွက်ကြောင့် ဝိပါက်စိတ်မှာ ယှဉ်လာတဲ့ စေတသိက်တွေရဲ့လှုပ်ရှားမှုဟာလည်း သိပ်မရှိဘူး၊ ငြိမ်သက်တယ်လို့ ဒီလို ပြောတာ၊ အဲဒါကို ဝိပါကသတ္တိလို့ ဒီလိုဆိုတယ်။
စိတ်နဲ့ စေတသိက်ဆိုတာ အပြန်အလှန်မှီတွဲနေတာ ဖြစ်သောကြောင့် အာဟာရတစ်မျိုးဖြစ်တဲ့ ဝိညာဏာဟာရ အရ အာဟာရသတ္တိနဲ့လည်း ကျေးဇူးပြုတယ်။
မနိန္ဒြေပါရှိနေသည့်အတွက်ကြောင့် ဣန္ဒြိယသတ္တိ နဲ့လည်း ကျေးဇူးပြုတယ်၊ အပြန်အလှန် ထင်ရှားရှိနေခိုက်မှာ ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိသတ္တိ နဲ့လည်း ကျေးဇူးပြုတယ်၊ မကင်းကွာဘဲ ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတသတ္တိ နဲ့လည်း ကျေးဇူးပြုတယ်။
အဲဒီပဋိသန္ဓေစိတ်ကလေးနဲ့ စေတသိက်လေးတွေဟာ အပြန်အလှန် ၉-ပစ္စယသတ္တိကို အသုံးပြုပြီးတော့ ယှဉ်တွဲနေကြတယ်တဲ့၊ ဒါက ပဋ္ဌာန်းရှုထောင့်ကနေ ကြည့်ရင် ဒီလိုပြောတာ။
ပဋိစ္စသမုပ္ပါဒ်မှာတော့ သာမန်ပဲ မြတ်စွာဘုရားက ဟောလိုက်တယ် - “ဝိညာဏပစ္စယာ နာမရူပံ” သန္ဓေစိတ်ကလေးဖြစ်လို့ စေတသိက်တွေ ဖြစ်လာရတယ်လို့ ဝိညာဏ်စိတ်ကလေးရှိနေသည့်အတွက်ကြောင့် နာမဆိုတာ ဖြစ်လာရတယ်လို့ ဒီလောက်လေးပဲ ပြောတယ်။
ပဋ္ဌာန်းနည်းကျတော့ သတ္တိပေါင်း ၉-မျိုး ယှဉ်တွဲပြီးတော့ ထားတယ်ဆိုတာကို သိရှိရတယ်ပေါ့။ ဒီတော့ ပဋ္ဌာန်းနည်းနဲ့ လေ့လာကြည့်မယ်ဆိုလို့ရှိရင် ဒီထက် အသေးစိတ်တာတွေ ရှိနိုင်တယ်ပေါ့။
စာမျက်နှာ-၁၉၂
ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် သုံးသပ်လေ့လာတယ်ဆိုတာ တကယ်ကတော့ အင်မတန်မှ ခဲယဉ်းပါတယ်၊ စာကိုပဲ တော်တော်မှတ်ပြီးတော့ သဘောကျအောင် တော်တော်ကြံရမှာ ဖြစ်ပါတယ်။ ရှေးဦးစွာပဋ္ဌာန်းကို ကျကျနန လေ့လာထားဖို့ လိုပါတယ်၊ ပြီးတဲ့အခါမှာ ဒီသဘာဝတရားတွေကို ပဋိစ္စသမုပ္ပါဒ်နဲ့ ဆက်စပ်ပြီးတော့ လေ့လာဖို့ လိုအပ်ပါတယ်။
အခုပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်းဆိုတာ အပေါ်ယံမြင်သာရုံလေး သဘောသွားလေးလောက် ပြောတာလို့ ဒီလိုမှတ်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက “ဝိညာဏပစ္စယာ နာမရူပံ” “နာမရူပပစ္စယာ သဠာယတနံ” “သဠာယတနပစ္စယာ ဖဿော” “ဖဿပစ္စယာ ဝေဒနာ” ဆိုပြီးတော့ သတ္တဝါရဲ့ သရုပ်ကို ပုံဖော်ပြတယ်၊ သတ္တဝါရယ်လို့ ဖြစ်လာပြီဆိုတဲ့အခါမှာ ထိုသတ္တဝါတွေ ညစ်နွမ်းဖို့ ဘာတွေဖြစ်ပေါ်လာတုန်းဆိုတော့ “ဝေဒနာပစ္စယာ တဏှာ” “တဏှာပစ္စယာ ဥပါဒါနံ” “ဥပါဒါနပစ္စယာ ဘဝေါ” လို့ဆိုပြီး ဘဝတစ်ခု ဖြစ်လာကြတယ်၊ ဘဝတစ်ခုရရှိလာပြီဆိုရင်တော့ “ဘဝပစ္စယာ ဇာတိ” ပဲ၊ မွေးဖွားခြင်းက အစပြုတယ်၊ မွေးဖွားမှုဆိုတာရှိလာပြီဆိုရင် “ဇာတိပစ္စယာ ဇရာမရဏ” ဆိုတာ လာမှာပဲ။
ဘုရားအလောင်းတော်တွေကျတော့ ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်သုံးသပ်တဲ့အခါမှာ လက်တွေ့ဘဝကနေ စပြီးကြည့်တယ်၊ လက်တွေ့ဘဝကစပြီး ကြည့်တယ်ဆိုတာ ဘယ်ပုံကြည့်တာတုန်းဆိုတော့ - “လောကကြီးဟာ သိပ်ပြီးစိတ်ပျက်စရာကောင်းတာပဲ” တဲ့၊ “ကိစ္ဆဝတာယံ လောကော အာပန္နော” သတ္တဝါတွေဟာ
စာမျက်နှာ-၁၉၃
problem တွေနဲ့ ပြဿနာတွေနဲ့ အင်မတန်မှ ဒုက္ခရောက်နေတာပါလားလို့ မြင်တယ်။
ဘုန်းကြီးတို့တစ်တွေကတော့ လောကကြီးဟာ ပျော်စရာချည်းလို့ပဲ မြင်နေတာနော်၊ မြင်ပုံမြင်နည်းကတော့ မတူဘူး၊ တို့ဟာ ဒုက္ခရောက်နေတယ်လို့ ဘယ်သူမှ မမြင်ဘူးနော်၊ စီးပွားရေးအဆင်မပြေမှ ဟိုဟာဒီဟာ အဆင်မပြေမှ မျက်ရည်လေးကျပြီးတော့ ဒုက္ခရောက်နေကြတယ် ထင်တာ၊ တကယ်ကတော့ သာမန်ကိုကပဲ သတ္တဝါတွေဟာ ဒုက္ခရောက်နေတယ်။
“ကိစ္ဆဝတာယံ လောကော အာပန္နော” ဘုရားအလောင်းတွေဟာ ဒီလိုသုံးသပ်တယ်၊ ဘာဖြစ်လို့တုန်း “ဇာယတိ စေဝ ဇီယတိ စ မီယတိ စ” - အို ... မွေးလာရတယ်လို့ ရှိသေးတယ်။ မွေးလာပြီးနောက် အေးအေးဆေးဆေးမွေးပြီး ပျော်ပျော်ပါးပါးနေရမလားဆိုတော့ မနေရဘူး၊ အိုလာတယ်နော်၊ အိုလာရုံတင် ကျေနပ်လား၊ မကျေနပ်သေးဘူး၊ သေရဦးမယ်၊ သေပြီးတော့ရော ပြီးပြီလားဆိုတော့ မပြီးသေးဘူးတဲ့၊ ဘဝတစ်ခုက ရွှေ့သွားပြီး နောက်ဘဝတစ်ခုက လာဦးမယ်ဆိုတော့ ဘယ်လောက်စိတ်ပျက်စရာကောင်းတဲ့ အခြေအနေလဲ' ဘုရားလောင်းတွေက အဲဒီလိုသုံးသပ်တယ်။
ဒီလိုအိုတာသေတာတွေဟာ ဘာကြောင့်များ ဖြစ်နေရတာတုန်းလို့ ကြည့်လိုက်တော့ - မွေးလို့ဖြစ်တာပဲဆိုတာ မြင်လာတယ်၊ ပဋိစ္စသမုပ္ပါဒ်ကို trace လိုက်လိုက်တာ အကြောင်းတရားတွေကို trace လုပ်တာ ခြေရာခံတယ်ပေါ့၊ မွေးလို့ဖြစ်လာတယ်။ ဒါဖြင့် ဒီလိုမွေးနေတာ ဘာဖြစ်လို့လဲ? ဘဝရှိလို့ပေါ့၊ ဘဝက ဘာ
စာမျက်နှာ-၁၉၄
လို့ ရှိတာတုန်း? လိုချင်တယ် တွယ်တာတယ် စွဲလမ်းတယ်ဆိုတဲ့ ဥပါဒါန်ရှိနေလို့၊ ဒီဥပါဒါန်က ဘာဖြစ်လို့ ဖြစ်တာတုန်းဆိုတော့ လိုချင်မှုတဏှာကြောင့် ဖြစ်တယ်၊ လိုချင်မှုတဏှာက ဘာကြောင့် လာတာတုန်းဆိုတော့ ခံစားရလို့ပဲ၊ ခံစားမှုက ဘယ်နှယ့်ကြောင့် ပေါ်လာရတာတုန်းဆိုတော့ အာရုံနဲ့ ဆက်သွယ်ထိတွေ့မှုကြောင့်ပဲ။
အာရုံနဲ့ ဆက်သွယ်ထိတွေ့မှုက ဘာကြောင့်တုန်းဆိုလို့ရှိရင် Organတွေ ဝတ္ထုတွေ ဆက်သွယ်ရေးအရာတွေ ပါလာလို့ပဲ။ အာယတန ၆-ပါး ပါလာလို့ပဲ၊ ဒါဖြင့် အာယတန ၆-ပါးက ဘာ ဖြစ်လို့ ဖြစ်လာရတာတုန်းဆိုတော့ ရုပ်နာမ်ကို ရထားလို့ပဲ၊ ရုပ်နာမ်တွေက ဘာ့ကြောင့်ကြီးထွားလာရတာတုန်းဆို သန္ဓေစိတ်ကလေးကြောင့်ပဲ၊ သန္ဓေစိတ်ကို ဘာ့ကြောင့်ရပြန်တုန်းဆိုတော့ ဖန်တီးထားတဲ့ ကံတရားကြောင့်ပဲ၊ ဒီဖန်တီးထားတဲ့ ကံတရားကို ဘယ်သူက လုပ်နေတာတုန်းဆိုတော့ ဟော - အဝိဇ္ဇာက လုပ်နေတာပါဆိုပြီး ဒီလို နောက်ကြောင်းပြန်ပြီးတော့ ပဋိစ္စသမုပ္ပါဒ်က “ဘဝ သရုပ်”ကို ဖော်ပြတာ ဖြစ်လာတယ်။ ။
ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ သည် အခုကဲ့သို့ ကျေနပ်စရာမကောင်းတဲ့လောကကြီးကို ချေဖျက်ချင်ပြီဆိုလို့ရှိရင် ဘာလုပ်ရမလဲ၊ အဝိဇ္ဇာဆိုတဲ့ အမှန်မသိတာကို ဖယ်ရှင်းဖို့ လိုတယ်၊ အမှန်မသိတာကို ဖယ်လိုက်နိုင်ပြီဆိုလို့ရှိရင် ဘဝတစ်ခုကို ဖန်တီးတဲ့ကံဆိုတာ ရပ်တည်နိုင်စွမ်း မရှိဘူး။
ဖန်တီးတဲ့ကံက ရပ်တည်နိုင်စွမ်း မရှိတော့ဘူးဆိုရင် ပဋိသန္ဓေ ဝိညာဏ်စိတ်ဆိုတာ ပေါ်လာမှာ မဟုတ်ဘူး၊ ပဋိသန္ဓေဝိညာဏ်
စာမျက်နှာ-၁၉၅
စိတ် ပေါ်မလာဘူးဆိုလို့ရှိရင် ရုပ်နဲ့ နာမ်ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး၊ ရုပ်နာမ်မှ မဖြစ်ဘူးဆိုရင် အာရုံကိုဖမ်းယူနိုင်တဲ့ အင်္ဂါရပ်တွေ ပေါ်လာမှာ မဟုတ်ဘူး၊ အာရုံကို ဖမ်းယူနိုင်တဲ့ အင်္ဂါရပ်တွေ ပေါ်မလာဘူးဆိုရင် ဆက်သွယ်မှုတွေ လာမှာ မဟုတ်ဘူး၊
ဆက်သွယ်မှုတွေ မရှိဘူးဆိုရင် ခံစားမှုပေါ်လာမှာ မဟုတ်ဘူး၊ ခံစားမှုဆိုတာ မရှိရင် တွယ်တာမှုဆိုတာလည်း လာမှာမဟုတ်ဘူး၊ မတွယ်တာရင် စွဲလမ်းတာဆိုတာလည်း မရှိနိုင်ဘူး၊ စွဲလမ်းမှုမှ မရှိရင် ဘဝဆိုတာ အဆက်ပြတ်သွားတာပေါ့၊ ဘဝမှ မရှိရင် ဇာတိဆိုတာ ဘယ်လာမလဲ၊ ဇာတိ မရှိဘူးဆိုရင် အိုရမှာတို့ သေရ မှာတို့ ဘာတို့ မရှိဘူးလို့ - ဒီလို ဆက်စပ်တွေးခေါ်ပြီးတော့ ဆုံးဖြတ်တာတဲ့။ ။
ဒါ ဘုရားအလောင်းတွေရှုတဲ့ ဝိပဿနာက အဲဒီအတိုင်းပဲ နော်၊ ပဋိစ္စသမုပ္ပါဒ်ရှုထောင့်ကနေပြီးတော့ ကြည့်လိုက်ရင် လူ့ဘဝကို အခုလို မြင်ရမှာ ဖြစ်တယ်။
ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်တို့ - ပဋိစ္စသမုပ္ပါဒ်ကို ဒီလိုမြင်အောင် ဘာနဲ့ ဆင်ခြင်တာတုန်းဆိုတော့ Right understanding လို့ ခေါ်တဲ့ သမ္မာဒိဋ္ဌိနဲ့ပဲ၊ သံသရာဝဋ်က လွတ်ဖို့ ရန်အတွက် မြတ်စွာဘုရားက သမ္မာဒိဋ္ဌိကို ရှေ့တန်းတင်ပြီး ဟောတယ်၊ သံသရာလည်ဖို့ကျတော့ အဝိဇ္ဇာကို ရှေ့တန်းတင်ထားတယ်။
သမ္မာဒိဋ္ဌိဆိုတာ ဝိဇ္ဇာပဲ အသိဉာဏ်ပဲ၊ အဝိဇ္ဇာကြောင့် သံသရာလည်တယ်၊ ထိုသံသရာကို ရပ်တန့်ချင်လို့ရှိရင် ဒီအသိ ပညာကိုရအောင် ရှာရမယ်၊ အဲဒီအသိပညာရဖို့အတွက် မှန်ကန်တဲ့
စာမျက်နှာ-၁၉၆
အတွေးတွေရှိဖို့ လိုတယ်၊ မှန်ကန်တဲ့အတွေးရှိဖို့အတွက် မှန်ကန်တဲ့အားထုတ်မှု လိုအပ်တယ်။
အဲဒီမှန်ကန်တဲ့အားထုတ်မှုဆိုတာ ကိုယ်ကျင့်တရားကို အခြေခံရမယ်၊ အဲဒီလို ရှိလာတဲ့အခါ စိတ်လေးဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခု အပေါ်မှာ စိတ်အာရုံစိုက်ထားဖို့ လိုတယ်၊ စိုက်ထားတဲ့အာရုံလေးဟာ တည်ငြိမ်သွားဖို့ လိုတယ်- လို့ဆိုတဲ့ ဒီမဂ္ဂင်၈-ပါး သဘောတရားတွေရဲ့ မိမိစွမ်းအားတွေ ပြည့်လာပြီ ဆိုလို့ရှိရင် ခုန ကပြောတဲ့ အမှန်မသိတဲ့အဝိဇ္ဇာကို ဖယ်ရှားပစ်လိုက်နိုင်ပါတယ်။
အဝိဇ္ဇာဆိုတဲ့ ကိလေသာကို ဖယ်ရှားပစ်လိုက်တာနဲ့ တစ် ပြိုင်နက် ကံတရားတွေ မလာတော့ဘူး၊ ကံတရားတွေ မလာခဲ့လို့ရှိရင် ခုနက နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာတွေ တစ်ခုမှ မလာတော့ဘူး၊ ပြဿနာတွေအကုန်လုံး ငြိမ်းသွားမှာ ဖြစ်တယ်။
အဲဒီ အငြိမ်းဓာတ်ရသွားတာကိုပဲ တကယ့်သန္တိသုခ ထာဝရ ငြိမ်းတဲ့ အငြိမ်းလို့ မြတ်စွာဘုရားက ဟောကြားတာ ဖြစ်လို့ - အားလုံးသော တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် သမ္မာဒိဋ္ဌိလို့ဆိုတဲ့ အသိဉာဏ်ကို ခိုင်ခိုင်မာမာ ဆောက်တည်ခြင်း ဖြင့် အဝိဇ္ဇာကို ဖယ်ရှားနိုင်ပြီး ပြဿနာတွေအားလုံးက သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။
စာမျက်နှာ-၁၉၇
# အပိုင်း (၆)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၈-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်း အနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မော်လမြိုင်အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုတော်သင်းဆေးဆိုင်၏ အတ္တဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
ဗုဒ္ဓမြတ်စွာရဲ့ ကြောင်းကျိုးဖေါ်ပြတဲ့ ဒေသနာတော်တွေထဲ မှာ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ထူးခြားတဲ့ဒေသနာတော်တစ်ရပ် ဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်ကို ထိုးထွင်းသိမြင်ဖို့ အင်မတန်မှခဲယဉ်းတယ်၊ မြတ်စွာ ဘုရားဟောကြားလို့ မြတ်စွာဘုရားရဲ့ တရားတော်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်လိမ္မာတဲ့ အဋ္ဌကထာဆရာ ဋီကာဆရာတွေက ရှင်းလင်း
စာမျက်နှာ-၁၉၈
ဖော်ပြပြီးလို့ အတော်အသင့် နားလည်နိုင်တယ်၊ ဒါတောင်မှပဲ ပဋိစ္စသမုပ္ပါဒ်ဟာ ခက်ခဲတုန်းပဲ ရှိသေးတယ် အကြောင်းတရားနဲ့ အကျိုးတရားကို ရှင်းလင်းပြတဲ့ ဒေသနာတော်ဖြစ်လို့ ဗုဒ္ဓမြတ်စွာရဲ့ ဒေသနာတော်တွေထဲမှာလည်းပဲ အလွန့်အလွန်အရေးပါတဲ့ ဒေသနာ တော်တစ်ရပ် ဖြစ်တယ်။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် သဗ္ဗညုတဉာဏ်တော်ကို ရပြီးခါစ မိမိထိုးထွင်း၍ သိတော်မူအပ်တဲ့ ပဋိစ္စသမုပ္ပါဒ်တရား၊ ထိုပဋိစ္စသမုပ္ပါဒ်ချုပ်ငြိမ်းရာ နိဗ္ဗာန်တရား - ပဋိစ္စသမုပ္ပါဒနဲ့ နိဗ္ဗာန်ကို ဆင်ခြင်သုံးသပ်လိုက်တဲ့အခါ အင်မတန်မှ ခဲယဉ်းတာကိုတွေ့ ရလို့ ဒီတရားတွေဟာဖြင့် အလွန့်အလွန်နက်နဲပြီး ခက်ခဲလှတယ်၊ ဒုဒ္ဒဿ - သတ္တဝါတွေ မြင်ဖို့ရန် အလွန်ခဲယဉ်းမယ်၊ သတ္တဝါတွေ အနေအထားကို ကြည့်လိုက်တဲ့အခါ ကာမဂုဏ်အာရုံတွေနဲ့ ပျော်ပါးချင်တဲ့စိတ်တွေက များနေတယ်၊ ဒီပဋိစ္စသမုပ္ပါဒ်ရဲ့သဘာဝ တရားတွေ နိဗ္ဗာန်ရဲ့သဘာဝတရားတွေကို သိဖို့ဆိုတာ အလွန့် အလွန်ခဲယဉ်းတယ်၊ တရား၏နက်နဲခက်ခဲမှု, သတ္တဝါတွေရဲ့ အသိ ဉာဏ်တိမ်ခြင်းရဲ့အကြောင်းဖြစ်တဲ့ ကာမဂုဏ်အာရုံတွေပေါ်မှာ ပျော်ပါးနေမှု - ဒီနှစ်ခု နှိုင်းယှဉ်ပြီးတော့ ကြည့်လိုက်တဲ့အခါ သိပ်အလှမ်းကွာနေလို့ မြတ်စွာဘုရားစိတ်ထဲမှာ “ငါတရားဟောရင် နားလည်တဲ့လူရှိမယ် မဟုတ်ဘူး၊ ငါပဲ ပင်ပန်းရုံ ရှိတော့မယ်” လို့ မြတ်စွာဘုရား စဉ်းစားခဲ့ဖူးတယ်ပေါ့။ အဲဒါကြောင့်မို့လို့ ဒီပဋိစ္စသမုပ္ပါဒ်ဟာ အလွန်နက်နဲတဲ့တရား ဖြစ်တယ်။
တစ်ဖန် ဒီထက်ကျယ်ဝန်းတဲ့ ပဋ္ဌာန်းတရားတော်ကြီးဆိုတာ ရှိသေးတယ်၊ ပဋိစ္စသမုပ္ပါဒ်ဟာ နက်နဲသလို ပဋ္ဌာန်းတရား
စာမျက်နှာ-၁၉၉
တော်ကြီးဟာလည်းပဲ နက်လည်းနက် ကျယ်လည်း ကျယ်တယ်၊ ပဋ္ဌာန်းတရားကို ဆင်ခြင် သုံးသပ်လိုက်တဲ့အခါမှာ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးဟာ ကျက်စားလို့ ရတယ်၊ အင်မတန်မှ စိတ်ဓာတ်တွေကြည်လင်ပြီး မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ကနေ စိတ္တဇဩဘာသဆိုတဲ့ ကြည်လင်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ်ရောင်ကိုယ် ဝါတွေ ထွက်ပေါ်လာစေတယ်၊ အင်မတန်နက်နဲပြီးတော့ ကျယ်ဝန်းတဲ့ ပဋ္ဌာန်းတရားတော်ကြီးဟာလည်း အင်မတန်ခက်ခဲတဲ့ ဒေသနာ တစ်ခုပဲ။
ဘယ်လောက်ပဲကျမ်းဆရာတွေ ရှင်းရှင်းပြ ဒီပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းဆိုတဲ့ တရားနှစ်ခုကတော့ နက်နဲခက်ခဲနေတုန်းပါပဲ။ အင်မတန်နက်နဲခက်ခဲတာကို သဘောပေါက်ရုံ ဟောဖို့ တောင်မှပဲ အင်မတန်မှ ကြိုးစားကြရပါတယ်၊ ဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်း နည်းဖြင့် လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် အခက်နှစ်ခုကို ဆက် စပ်ကြည့်သလို ဖြစ်တယ်၊ ဒါတောင် အသေးစိတ်အကုန်လုံးကို ကြည့်နိုင်စွမ်း မရှိပါဘူး၊ အဋ္ဌကထာဆရာတွေ ရှင်းပြထားတဲ့အထဲက သင့်တော်ရုံလောက်သာ ယူပြီး ဘုန်းကြီးတို့က ရှင်းလင်းပြတာ ဖြစ်ပါတယ်၊ “ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ် ခြင်း” အပိုင်း (၁)ကနေ (၅)အထိကို ဟောပြီးသား ဖြစ်တယ်၊ အခု ဒီကနေ့ အပိုင်း(၆)ကို ဟောပြောမှာ ဖြစ်ပါတယ်။
စာမျက်နှာ-၂၀၀
“ဝိညာဏပစ္စယာ နာမရူပံ” “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” “သင်္ခါရပစ္စယာ ဝိညာဏံ”ဆိုတဲ့ ဒီအပိုဒ်နှစ်ပိုဒ်ကို ပဋိစ္စသမုပ္ပါဒ်နည်းအရရော ထိုပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် ရောနှောပြီး ပြတဲ့နည်းစနစ်အရရော ဟောကြား လို့ ပြီးဆုံးပြီ၊ ဒီကနေ့ “ဝိညာဏပစ္စယာ နာမရူပံ”ဆိုတာကို ပဋ္ဌာန်းနည်းနဲ့ လေ့လာသုံးသပ်ပုံလေးကို ဟောကြားပါမယ်။
ဒီတော့ ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ပုံကို ပြောမယ်ဆို လို့ရှိရင် ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ်အရ နားလည်အောင် အရင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတော့ အင်မတန်မှ တိုတောင်း လှတဲ့ စကားလေးတစ်ခုပဲ၊ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ ဖြစ်တဲ့ နာမ်နဲ့ ရုပ်ဟာ ဝိညာဏ်တည်းဟူသော အကြောင်းတရားကြောင့် -သို့မဟုတ်- “ပဋိသန္ဓေဝိညာဏ်ရှိနေသည့်အတွက်ကြောင့် ဒီနာမ်နဲ့ ရုပ်တွေ ဖြစ်ရတယ်” လို့ အကျဉ်းချုပ် ဒီလိုပဲ မှတ်ရမှာပဲ။
အဝိဇ္ဇာကြောင့် သင်္ခါရဆိုတဲ့ ကံတရားတွေ ဖြစ်ခဲ့တယ်၊ သင်္ခါရဆိုတဲ့ ကံတရားက ထုတ်လုပ်လို့ ဘဝတစ်ခုမှာ ပဋိသန္ဓေ ဝိညာဏ်ဆိုတဲ့ ဝိညာဏ်စိတ် စပြီးတော့ ဖြစ်လာတယ်၊ အဲဒီ ဝိညာဏ်စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဆိုင်ရာဆိုင်ရာ တွဲဖက် လာတဲ့ နာမ်တရားတွေ ရုပ်တရားတွေဆိုတာ ဖြစ်ပေါ်လာတယ် လို့ မှတ်ရမယ်။
စာမျက်နှာ-၂၀၁
ဝိညာဏ ဟူသည် -
ဝိညာဏလို့ ဆိုတဲ့နေရာမှာ ဒီဝိညာဏဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကို သိဖို့ လိုတယ်၊ မြတ်စွာဘုရားက အဘိဓမ္မာ term မှာ “ဝိညာဏ” လို့ ရည်ညွှန်းတဲ့စကားလုံးက ဘာကို ရည်ညွှန်းတာ တုန်းဆိုရင် လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ အသိစိတ်ကလေးကို ရည် ညွှန်းတာပဲ။
သို့သော် မြန်မာလူမျိုးတွေက “ဝိညာဏ်”ဆိုလို့ရှိရင် ဘဝ တစ်ခုကနေ ဘဝတစ်ခုကို ကူးပြောင်းသွားနေတဲ့ အသက်ကောင် လိုလို လိပ်ပြာလိုလို- ဒါမျိုးတွေကိုတွေးပြီးတော့ ယူကြတာလည်း ရှိသေးတယ်ပေါ့၊ တကယ်ကတော့ “ဝိညာဏ - ဝိညာဏ်” လို့ဆိုတာ အရပ်ထဲမှာပြောနေတဲ့ ဝိညာဉ်ကို ပြောတာ မဟုတ်ဘူးဆိုတာကိုတော့ သတိထားဖို့ လိုတယ်ပေါ့၊ အရပ်ထဲမှာ ပြောနေတာက ဝိညာဉ်ကောင်လေး, လိပ်ပြာကောင်လေး, ဝိညာဉ်လောကတို့ - ဒီလို ပြောနေကြတယ်ပေါ့၊ သို့သော် အဲဒါကို ဆိုလိုတာ မဟုတ်ဘူး။
“ဝိညာဏ်”ဆိုတာ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ ဖြစ်တဲ့ အာရုံကိုသိတဲ့ အသိစိတ်ကို ပြောတာ၊ အာရုံကို ရယူတဲ့သဘော လေးကို ပြောတာ၊ အဲဒီသဘောလေးဟာလည်းပဲ တကယ်တော့ သိပ်ပြီးတော့ အခြေခံကျတဲ့သဘောလေး၊ ခန္ဓာငါးပါးမှာပါတဲ့ ဝိညာဏက္ခန္ဓာဆိုတာ လူတွေရဲ့သန္တာန်မှာ အာရုံကိုသိတဲ့ ပထမ ဆုံး ဖြစ်ပေါ်လာတဲ့ သဘောတရားလေး၊ ထိုသဘောတရားလေးဟာ စေတသိက်ဆိုတာတွေနဲ့ အမြဲတမ်းယှဉ်တွဲပြီးတော့ နေတယ်၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် စေတသိက်ဆိုတဲ့ သဘာဝတရား
စာမျက်နှာ-၂၀၂
တွေဟာ “စိတ်ရဲ့လှုပ်ရှားမှုတွေ” လို့ ပြောမယ်ဆိုရင်လည်း ပြောလို့ ရတယ်ပေါ့ ဒါကြောင့်မို့ တစ်ခါတစ်ရံ စေတသိက်ကို စိတ္တကိရိယာ - စိတ်ရဲ့ အမူအရာများလို့ စာပေကျမ်းဂန်များမှာ ဖွင့်ပြထားတယ်။
အဲဒီအမူအရာတွေကနေ ခွဲထုတ်ပြီး စိတ်ကလေးကို သူ့ချည်း ခွဲခြားသိဖို့ရာဆိုတာ အင်မတန်မှခဲယဉ်းတယ်၊ ဘယ်လောက်ထိ အောင် ခဲယဉ်းတုန်းဆိုလို့ရှိရင် ပင်လယ်ရေကြီးကို ခပ်ပြီးတော့ ဓာတ်ခွဲဖို့ရာ ခဲယဉ်းသလိုပဲ၊ ပင်လယ်ရေကို ခပ်လိုက်လို့ရှိရင် ဥပမာ - မြန်မာပြည်အနေနဲ့ ပြောမယ်ဆိုရင် ဒါက ဧရာဝတီမြစ်က စီးလာတဲ့ရေ ဒါက ဒုဋ္ဌဝတီက, ဒါက ချင်းတွင်းမြစ်က ရေလို့ ခွဲဖို့ ခက်သလို၊ အိန္ဒိယနိုင်ငံအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဒါက ဂင်္ဂါမြစ် ရေ ဒါက ယမုနာမြစ်ရေ၊ ဒါက သရဘူ အစိရဝတီမြစ်ရေ၊ ဒါက မိုးပေါ်ကကျတဲ့မိုးရေ စသည်ဖြင့် ပင်လယ်ရေကို ခွဲဖို့ရန် ခက်သလို ပဲ- ဒါက စိတ်ပဲ, ဒါက စေတသိက်ပဲလို့ ပြောဖို့ရာ အင်မတန်မှ ခဲယဉ်းတယ်လို့ ပြောတယ်။
ဝိညာဏ်သိ ဟူသည်
အဲဒီထဲမယ် ဝိညာဏ်လို့ဆိုတဲ့ စိတ်ကလေးဟာ “ဝိဇာနာတီတိ ဝိညာဏံ” လို့ ဆိုတဲ့အတိုင်း သူက “အထူး”ဆိုတာ မတူထူးခြား စွာ, “ဇာနာတိ” သိတယ်၊ အာရုံကို သိတဲ့နေရာမှာ “သညာသိ” လို တစ်ခါမြင်ထားတာကို မှတ်ပြီးတော့သိတဲ့ အသိမျိုးလည်း မဟုတ်ဘူး၊ မှတ်ထားတဲ့ အမှတ်နဲ့ သိတာလည်း မဟုတ်ဘူး၊ “ပညာသိ” လို သဘာဝကို ကွဲကွဲပြားပြားသိတဲ့ အသိမျိုးလည်း မဟုတ်ဘူးတဲ့။
စာမျက်နှာ-၂၀၃
“သညာသိ, ပညာသိ” တို့နဲ့ မတူ, “ဝိညာဏ်သိ”ဆိုတာ ထူးခြားတဲ့ အသိတစ်မျိုးပါလို့ ဒီလို ပြောတာ။
ဒီတော့ မတူထူးခြားတဲ့အသိဆိုတာ ဘယ်လိုအသိတုန်း ဆိုတော့ အာရုံကို ရယူနိုင်တဲ့ အသိကို ပြောတာတဲ့၊ အာရုံဆိုတာ မျက်စိက မြင်တဲ့ ရူပါရုံ, နားနဲ့ ကြားလို့ရတဲ့ သဒ္ဒါရုံ, နှာခေါင်းနဲ့ နမ်းရှူလို့ရတဲ့ ဂန္ဓာရုံ, လျှာနဲ့ လျက်လို့ သိရတဲ့ ရသာရုံ, ခန္ဓာကိုယ်နဲ့ ထိတွေ့လို့ရတဲ့ ဖောဋ္ဌဗ္ဗာရုံနဲ့ စိတ်ထဲမှာ ကြံတွေးသိရတဲ့ ဓမ္မာရုံ လို့ အာရုံခြောက်ပါး ရှိတယ်၊ အဲဒီအာရုံခြောက်ပါးကို ရယူသိတတ်တဲ့ အသိကလေးကို ပြောတယ်။
ယှဉ်ဘက်တရားများ
အဲဒီအသိစိတ်ကလေး ပေါ်လာပြီးတဲ့နောက်မှာ ထိုအသိ စိတ်လေးက ဆက်နွယ်ပြီး အသိစိတ်ထဲမှာ ပါလာတဲ့ သဘာဝလှုပ် ရှားမှုတွေ ဆောင်ရွက်မှုတွေကျတော့မှ စေတသိက်တွေလို့ ခေါ်တယ်၊ မတူညီတဲ့သဘာဝ ရှိပြီး function လို့ ခေါ်တဲ့ သူတို့ရဲ့ ဆောင်ရွက်မှုလေးတွေ မတူကြဘူးပေါ့၊ အင်္ဂလိပ်လိုပြောတော့ သူက an awareness of an object, simply an awareness, aware လုပ်ရုံလေးပဲ၊ သူ့မှာ ခံစားတယ်ဆိုတာ မပါဘူး၊ တွေးကြံတယ်ဆိုတာ မပါဘူး၊ အာရုံကို ရတဲ့သဘောလေးပဲ။
အဲဒီအာရုံကို ရတဲ့သဘောဟာ သူ့ချည်း ရလာတာ မဟုတ်ဘူး၊ အာရုံနဲ့ ဆက်သွယ်မိလာအောင် ဖဿက လုပ်ပေးရတယ်၊ ဆက်သွယ်လာတဲ့ အာရုံပေါ်မှာ အတွေ့အကြုံ ရသွားတာက ဝေဒနာ၊ မှတ်တမ်းတင်လိုက်တာက သညာ၊ သူကိုယ်တိုင်ရဲ့
စာမျက်နှာ-၂၀၄
ဆောင်ရွက်ရော, ကျန်တဲ့သဘာဝတရားတွေကိုရောလည်း ဆောင်ရွက်နိုင်အောင် လှုံ့ဆော်ပေးတာက စေတနာ၊ အာရုံလေး တစ်ခုပေါ်မှာ စိုက်ပြီးတော့ ကျသွားတာက ဧကဂ္ဂတာ၊ ဒီသဘာဝ တရားတွေက ပျက်သွားပြီးရင် ထပ်ဖြစ်လာဖို့ရန်အတွက် ထိန်းချုပ် ပေးထားတာက ဇီဝိတိန္ဒြိယ၊ အာရုံဘက်ကို အမြဲတမ်း ဦးလှည့်ပေး နေတာက မနသိကာရ။ ။
ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြိယ, မနသိကာရ - စိတ်ဟာ ဒီသဘာဝတရား ၇-မျိုးနဲ့ ကင်းပြီး ဘယ် တော့မှ မဖြစ်ဘူး၊ စိတ်ရယ် ဒီသဘာဝတရား ၇-ခုရယ်က ခွဲလို့ မရအောင် ယှဉ်တွဲပြီး နေကြတယ်၊ ခွဲလို့ မရတာကို ဘာနဲ့ ခွဲတုန်း လို့ဆိုတော့ function ချင်း မတူလို့ ခွဲတာ၊ တကယ်ကြည့်မယ် ဆိုရင်တော့ သူတို့က unity ဖြစ်နေတာ၊ အားလုံးဟာ တွဲနေတာ, တစ်ခုတည်းလို နေတာ၊ ခွဲလိုက်လို့ရှိရင် “နာမ်” လို့ ခေါ်စရာ မရှိ တော့ဘူး။
ဆိုပါစို့ - သိပ္ပံဆရာတွေပြောနေတဲ့ $H_2O$ ဆိုတာ ကြည့်၊ ရေဟာ $H_2O$ လို့ atom သုံးမျိုး ပေါင်းစပ်ထားတာ၊ ရေကို ခွဲ လိုက်လို့ရှိရင် သူ့ရဲ့ဆိုင်ရာ ဂုဏ်သတ္တိတွေ ပျက်သွားတယ်၊ စိတ် ဟာလည်းပဲ စိတ်ရယ် ခုနကပြောခဲ့တဲ့ စေတသိက် ၇-ခုရယ် ၈-ခု၊ အဲဒီ ၈-ခုကို တစ်ခုစီ ခွဲလိုက်လို့ရှိရင် ဂုဏ်သတ္တိတွေ မရှိတော့ဘူး၊ နာမ်လို့ ခေါ်စရာ မရှိတော့ဘူး၊ သို့သော် ဒီ ၈-ခု ပေါင်းစပ် ထားလို့ရှိရင်တော့ ခုနပြောခဲ့တဲ့ functionတွေဟာ လာတယ်၊ ဆိုလိုတာက ဒီအသိဆိုတဲ့ နာမ်တရားမှာ function ၈-ခု ရှိတယ် လို့ ပြောချင်လည်း ပြောလို့ ရတယ် ဆောင်ရွက်မှုကိစ္စ ၈-ခု ရှိ
စာမျက်နှာ-၂၀၅
တယ်၊ အဲဒီ ၈-ခု ရှိသည့်အတွက်ကြောင့် သဘောတရား ၈-ခု လို့ ပြောတယ်။
စိတ်က ဦးဆောင်၏
အဲဒီ ၈-ခု ထဲမှာ ဘယ်သူက ဦးဆောင်နေသလဲလို့ ဆိုရင် ဝိညာဏဆိုတဲ့ အသိစိတ်လေးက ဦးဆောင်နေတယ်၊ ကျန်တာတွေက ဝိညာဏဖြစ်လို့ ဖြစ်ကြရတာ၊ ဒါကြောင့်မို့ အဘိဓမ္မာသဘောကို သုတ္တန်မှာကျတော့ ဘယ်လိုဟောတုန်းဆိုတော့ “မနောပုဗ္ဗင်္ဂမာ ဓမ္မာ” လို့ ဟောထားတယ်၊ “ဓမ္မာ (အဋ္ဌကထာအဆိုအရဆိုရင်) - စေတသိက်တရားတွေဟာ, မနောပုဗ္ဗင်္ဂမာ - စိတ်ကသာ ရှေ့သွား ရှိတယ်” လို့ ဆိုတယ်၊ စိတ်ဖြစ်လို့ လိုက်ပါပြီးတော့ ဖြစ်လာကြရတာ၊ ဆိုလိုတာကတော့ functionတွေထဲမှာ ဒီဝိညာဏရဲ့ functionက အဓိကကျတယ်ဆိုတာကို ပြောတာ၊ ရှေ့နောက် ဒီလို ခွဲဖို့ ပြောတာ မဟုတ်ဘူး၊ စိတ်က အရင်ဖြစ်ပြီးတော့ စေတသိက် ၇-ခုက နောက်မှ လိုက်လာတာလို့ ဒီလိုပြောတာလည်း မဟုတ်ဘူး။
ဒီတော့ ခွဲလို့ မရလောက်အောင် ယှဉ်တွဲနေတဲ့ သဘာဝ တရားကြီးကို ဘာ့ကြောင့် ခွဲပြောနေရသလဲလို့ ဆိုရင် function လေးတွေ မတူညီတဲ့တရားလေးတွေ ရှိနေလို့ပဲလို့၊ ဒီလို ဆိုလိုတာ ပေါ့နော်။
ဒီ မတူညီတဲ့သဘောတရားလေးတွေကို အဘိဓမ္မာအဆို အတိုင်း သုတမယဉာဏ်နဲ့ ရှုရမယ်၊ သုတမယဉာဏ်နဲ့ စဉ်းစား ဆင်ခြင်ပြီး ဘာဝနာမယဉာဏ် နောက်ကလိုက်ရမယ်ပေါ့၊ လေ့လာ ပွားများတဲ့အခါမှာ ဒီသဘာဝတရားတွေရဲ့ဖြစ်မှုတွေဟာ ပိုပြီးတော့
စာမျက်နှာ-၂၀၆
ထင်ထင်ရှားရှားပေါ်လာနိုင်တယ်၊ ဘာဝနာမယဉာဏ်နဲ့ ကိုယ်တွေ့ သိလာနိုင်တယ်၊ စိတ်ရဲ့ သဘာဝတရားလေးကို အာရုံပြုကြည့်လို့ရှိရင် “ဪ - မတူ ထူးခြားတဲ့အာရုံကို ရယူတဲ့သဘောလေး” ပဲ။ “ဝိညာဏ်ဆိုတာလေးက သညာနဲ့လည်း မတူဘူး, ပညာနဲ့လည်း မတူဘူး”။
ဖဿကို ကြည့်၊ စိတ်နဲ့ အာရုံတွေ့ဆုံပေးတဲ့သဘောလေး ပဲ၊ ဝေဒနာကြည့်ပြန်တော့ ခံစားတဲ့သဘော၊ အတွေ့အကြုံ ရသွားတဲ့သဘောလေးပဲ၊ သညာကြည့်ပြန်တော့ စိတ်နဲ့တွေ့လိုက်တဲ့ အာရုံကို မှတ်တမ်းတင်တဲ့သဘောလေးပဲ၊ စေတနာကြည့်ပြန်တော့ လှုံ့ဆော်ပေးတဲ့ သဘောလေးပဲ၊ ဧကဂ္ဂတာကြည့်ပြန်တော့ အာရုံ တစ်ခုတည်းပေါ်မှာ ဒီ ၈-ခုလုံးဟာ စုစည်းသွားတဲ့သဘောလေးပဲ၊ စုကျသွားတဲ့သဘောလေးပဲ၊ မနသိကာရကြည့်ပြန်တော့ အားလုံးကို ဦးလှည့်ပေးတဲ့ သဘောလေးပဲ၊ ဒီသဘာဝတရားလေးတွေ ဆက်လက်ပြီး ဖြစ်ပေါ်နေအောင် ထိန်းချုပ်ပေးတာ ဇီဝိတိန္ဒြိယပဲ လို့ - ဒီလို သဘာဝတရားလေးတွေရဲ့ တစ်ခုစီ တစ်ခုစီသော ဆောင်ရွက်မှုကိစ္စလေးတွေကို ကြည့်ပြီးတော့ စ-လို့ ဒီလိုပြော တာပါ။
ဒီတော့ ဝိညာဏက္ခန္ဓာမှာ ဝိညာဏလို့ ပြောလိုက်တဲ့အခါ သဘာဂစိတ်တွေကို ပုံစံအမျိုးမျိုးနဲ့ ခွဲထားတဲ့ ၈၉ သို့မဟုတ် ၁၂၁အားလုံး ပါဝင်တယ်လို့ ဆိုလို့ ရတယ်ပေါ့၊ ခု “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” “သင်္ခါရပစ္စယာ ဝိညာဏံ” “ဝိညာဏပစ္စယာ နာမရူပံ” မှာလာတဲ့ ဝိညာဏကျတော့ ဒါတွေ အကုန်လုံး မပါပြန်ဘူးပေါ့။
စာမျက်နှာ-၂၀၇
ဆိုင်ရာ ဆိုင်ရာလေးတင် ပါတယ်၊ ဒီတော့ စကားလုံးလေးတွေကို သတ်မှတ်ပြီးတော့ ပေးထားရတယ်။
“ဝိညာဏ” အရ ဝိပါကဝိညာဏ
“ဝိညာဏပစ္စယာ နာမရူပံ”နဲ့ ပတ်သက်ပြီး ပြောရအောင်၊ ဝိညာဏလို့ ဆိုတဲ့နေရာမှာ ဘာဝိညာဏတွေကို ယူမလဲ? ပထမ နားလည်ထားရမှာက ဝိညာဏဆိုတာ စိတ် ၈၉- အကျယ် ၁၂၁လို့ ဒီလိုနားလည်ထားရမယ်၊ ဒါကတော့ အခြေခံနားလည်ထားရ မှာ၊ စိတ်အားလုံးကို ဝိညာဏ၊ သို့သော် ဒီနေရာမှာ အားလုံးလား လို့ မေးတဲ့အခါကျတော့ အားလုံးမဟုတ်ဘူး၊ ဒီနေရာမှာ လိုအပ်တဲ့ ဝိညာဏတွေကို ခွဲမယ်ဆိုလို့ရှိရင် “သင်္ခါရပစ္စယာ ဝိညာဏံ” တုန်းက ပဋိသန္ဓေစိတ်ကလေးတင်ကို ယူရတယ်ပေါ့။ နောက် သုတ္တန်ဒေသနာတော်နည်းအရ တခြားစိတ်တွေကိုလည်း ယူတာ ရှိတယ်ပေါ့နော်။
ကဲ ဒီနေရာမှာ ဝိညာဏကို အဋ္ဌကထာဆရာက ၃-မျိုး ခွဲပြတယ်၊ နံပါတ် ၁-က ဝိပါကဝိညာဏတဲ့၊ “ဝိပါကဝိညာဏ”ဆိုတာ ဝိညာဏက ကုသိုလ် ရှိတယ်, အကုသိုလ် ရှိတယ်, ဝိပါက် ရှိတယ်, ကြိယာ ရှိတယ်ပေါ့၊ ဇာတိဘေဒဆိုတဲ့ အမျိုးအားဖြင့် ခွဲလိုက်မယ် ဆိုရင် ကောင်းကျိုးပေးတဲ့ အမျိုးအစုက ကုသိုလ်၊ ဆိုးကျိုးတွေကို ထုတ်လွှတ်တတ်တဲ့အမျိုးအစုက အကုသိုလ်၊ ထိုကုသိုလ်အကုသိုလ်နဲ့ မတူညီတဲ့ သဘာဝနှစ်ခုက ထုတ်လုပ်ထားတဲ့ အကျိုးတရားတွေ ကျတော့ ဝိပါက၊ အဲဒါတွေနဲ့ မသက်ဆိုင်ဘူး၊ ပြုလုပ်ရုံသက်သက်
စာမျက်နှာ-၂၀၈
ဆိုတဲ့စိတ်တွေကျတော့ ကြိယာ၊ ဟော ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာလို့ အဘိဓမ္မာမှာ ဒီလို ခွဲခြားရတယ်ပေါ့။
အခုဒီနေရာမှာ ဝိညာဏအရ နံပါတ်(၁)က ဝိပါကဝိညာဏ လို့ဆိုတော့ ကုသိုလ်တွေ မပါဘူး, အကုသိုလ်လည်း မပါဘူး, ကြိယာလည်း မပါဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပြောတယ်၊ ဒီတော့ ဝိပါကဝိညာဏဆိုတော့ ဝိပါက်စိတ်ပေါင်းက ၃၆-မျိုး ရှိတဲ့အထဲမယ် ပဋိစ္စသမုပ္ပါဒ်နေရာ ဖြစ်သောကြောင့် လောကုတ္တရာဝိပါက် စိတ်ကို ထည့်ပြီးတော့ မပြောဘူး။
လောကုတ္တရာဝိပါက်စိတ် မယူခြင်းအကြောင်း
ဘာဖြစ်လို့တုန်းဆိုတော့ အပိုင်းကို နှစ်ပိုင်းခွဲထားတယ် - သံသရာပိုင်းနဲ့ နိဗ္ဗာန်ပိုင်း ဆိုပြီး၊ လောကုတ္တရာဆိုတာက ဝိပဿနာ ကျင့်ကြံကြိုးကုတ်အားထုတ်မှ ရရှိလာတဲ့သဘာဝတရား၊ အကြောင်း တရားလည်း ရှိရတယ်, အကျိုးတရားလည်း ရှိရတယ်၊ အကြောင်း တရားဆိုတာက မဂ်ပေါ့၊ အကျိုးတရားဆိုတာက ဖိုလ်ပေါ့၊ တစ်ဖက်က ပြောမယ်ဆိုရင် မဂ်စိတ်တို့ ဖိုလ်စိတ်တို့ဆိုတာ ဝိပဿနာရဲ့ အကျိုးအာနိသင်တွေပဲပေါ့၊ ဝိပဿနာတရားအားထုတ်ရင် အကျိုး အာနိသင်က ဘာရှိသလဲဆိုရင် မဂ်ဖိုလ်ပါပဲ၊ ဈာန်တရားအားထုတ် ရင်, သမထကျင့်စဉ်ကို ကျင့်ရင်တော့ သမထကျင့်စဉ်ရဲ့ အာနိသင် အကျိုးက ဘာလဲဆိုရင် အဘိညာဉ်ပဲပေါ့။ ။
မဂ်စိတ်ဖိုလ်စိတ်ဆိုတာ ဝိပဿနာဉာဏ် ရင့်သန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ ရရှိလာတဲ့ အဲဒီပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ဖြစ်ပေါ် လာတဲ့စိတ်မျိုးကို ပြောတာ၊ ဒီတော့ သာမန်နဲ့ မဖြစ်သည့်အတွက်
စာမျက်နှာ-၂၀၉
ကြောင့် လောကရဲ့ သဘာဝ သံသရာအကြောင်းကို ရှင်းပြတဲ့ ပဋိစ္စသမုပ္ပါဒ်မှာ သူတို့နဲ့ မသက်ဆိုင်ဘူး၊ မသက်ဆိုင်လို့ ဝိပါက ဝိညာဏ လို့ ဆိုတဲ့နေရာမှာ လောကီဝိပါက် - ၃၂ ကိုပဲ ကောက်တယ်၊ ဒါကြောင့် ဝိပါကဝိညာဏဆိုတာ လောကီဝိပါက် ၃၂-မျိုး လို့ ဒီလိုမှတ်ရမယ်။
ပဋိသန္ဓေ နှင့် ပဝတ္တိ
ဒီ ၃၂မျိုး ဆိုတဲ့အထဲမှာလည်းပဲ လူတွေရဲ့ဘဝမှာ အပိုင်း နှစ်ပိုင်း ခွဲပြီးတော့ မှတ်ထားရမယ်၊ ဘဝကို စတင်တဲ့အပိုင်းက တစ်ခု, ဆက်လက်သွားနေတဲ့အပိုင်းက တစ်ခု- နှစ်ခုရှိတယ်၊ ဘဝကို စတင်တဲ့အပိုင်းဟာ အတိတ်ဘဝနဲ့ ဒီဘဝကို ဆက်စပ်ပေးတာ မို့ ပဋိသန္ဓေ - ပြန်လည်ဆက်စပ်တဲ့အပိုင်းကလေးတစ်ခုပဲ၊ ပဋိသန္ဓေ အချိန်ဆိုတာ အင်မတန်တိုတောင်းတယ်၊ အတိတ်ဘဝပြီးဆုံးလို့ လက်ရှိဘဝ စတင်တဲ့အချိန်လေး, ပထမဆုံးအချိန်ကလေး၊ အဲဒါ လေးကို ပဋိသန္ဓေအခါလို့ ဒီလို သတ်မှတ်တယ်ပေါ့၊ ပဋိသန္ဓေစိတ် လေးပေါ်နေတဲ့အချိန်လေး- ဒါလေးက very short moment အလွန့်အလွန် တိုတောင်းတဲ့ အချိန်ပိုင်းလေး၊ ခဏငယ်သုံးချက် - စိတ္တက္ခဏတစ်ချက်မျှသာ ရှိတဲ့ တိုတောင်းတဲ့အချိန်ပိုင်းလေး။
အဲဒီနောက် နောက်ဆုံး စုတိထိအောင် အသက်ရှင်သမျှ ကာလပတ်လုံးပေါ့၊ ၈၀, ၉၀, ၁၀၀ ထိအောင် နှစ်ပေါင်းကြာအောင် ဆက်လက်ဖြစ်ပေါ်နေတာကို ပဝတ္တိပိုင်းလို့ ဒီလိုခေါ်တယ်၊ ဒီတော့ ပဋိသန္ဓေ, ပဝတ္တိ - နှစ်ခု မှတ်ထားနော်။
စာမျက်နှာ-၂၁၀
အဲဒီ ဝိပါက်စိတ်မှာလည်းပဲ ပဋိသန္ဓေ လို့ဆိုတဲ့ ဘဝတစ်ခုနဲ့ တစ်ခုကို စတင်ဆက်စပ်ပေးတဲ့ ဒီအကျိုးဝိပါက်စိတ်ဟာ ၁၉-ခုပဲ ရှိတယ်၊ ခုန လောကီဝိပါက် ၃၂-ထဲမှာ ၁၉-ခုပဲ ရှိတယ်၊ ဘဝ တစ်ခု စတင်တဲ့နေရာမှာ ဖြစ်ပေါ်လာနိုင်တာ ဒီ ၁၉-ခုပဲ၊ ဝိပါက် စိတ်အားလုံးဟာ ကံရဲ့အကျိုးတော့ မှန်တယ်၊ သို့သော် ပဋိသန္ဓေ ဖြစ်တာက ၁၉-ခုပဲတဲ့။
အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်
အဲဒီမှာ အကုသိုလ်ရဲ့ အကျိုး ပဋိသန္ဓေဆိုတာတစ်မျိုးတည်းပဲ ရှိတယ်၊ “အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်၊ သူ့ကို သန္တီရဏလို့ဆိုတာ ခေါ်လို့ လွယ်အောင်သာ ခေါ်ထားတာ၊ တကယ်ကတော့ သူက ဒီအချိန်မှာ သန္တီရဏကိစ္စ (စုံစမ်းခြင်းကိစ္စ)ကို လုပ်တာ မဟုတ်ဘူး၊ သူဆောင်ရွက်တာက ပဋိသန္ဓေကိစ္စ - ဘဝ တစ်ခုနဲ့ တစ်ခု ဆက်စပ်ပေးခြင်းကိစ္စကိုသာ ဆောင်ရွက်တယ်၊ သူ့ကို ဒီနေရာမှာ သန္တီရဏလို့ ခေါ်လို့ရှိရင် နာမည်နဲ့ ဆောင်ရွက်မှုဟာ လွဲနေတယ်ပေါ့နော်၊ သို့သော် လွယ်အောင်လို့သာ “ဥပေက္ခာ သန္တီရဏစိတ်”လို့ ခေါ်လိုက်တာ၊ သန္တီရဏဆိုတဲ့အမည်က စုံစမ်းတဲ့အခါမှာသာ ခေါ်ရတာ။ ။
ဥပေက္ခာသန္တီရဏစိတ်က ၅-ကိစ္စဆောင်ရွက်နိုင်တာ, ကိစ္စ ၅-မျိုး ထိအောင် ဆောင်ရွက်နိုင်တယ်ပေါ့။ ဒီတော့ ကိစ္စအလိုက် သူ့ကို ခေါ် ရတယ်၊ လူတွေကိုလည်း ကိစ္စအလိုက် ခေါ်နေကြတာ ပဲလေ၊ ရုံးမှာတော့ မန်နေဂျာ, အိမ်ကျတော့ ထမင်းချက် ဖြစ်ချင်လည်း ဖြစ်မှာပေါ့၊ သူလုပ်တဲ့အလုပ်ကို ကြည့်တာပေါ့။
စာမျက်နှာ-၂၁၁
အေး အဲဒီလိုပဲ- ဒီမှာလည်းပဲ အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်လေးဟာ ဘဝတစ်ခုကို စတင်ဆက်စပ်ပေးတဲ့အချိန်လေးမှာ ဖြစ်ပေါ်လာလို့ရှိရင် “ပဋိသန္ဓေ”ပဲ၊ အဲဒီနောက်မှာ သူ ဆက်လက်ဆောင်ရွက်တာကတော့ ဘဝတစ်ခု အဆက်ပြတ် မသွားအောင် သူက အကြောင်းတစ်ခုအနေနဲ့ ဆက်လက်ဖြစ်ပေါ် နေလို့ “ဘဝင်” လို့ ခေါ်တယ်၊ နောက်ဆုံး သေတဲ့အချိန်ကျတော့လည်း ဒီစိတ်နဲ့ သေတာမို့လို့ “စုတိ” လို့ ခေါ်လိုက်ပြန်တယ်။
ဒီကြားထဲမှာ ပဝတ္တိပိုင်းမှာ ဖြစ်ပေါ်လာတဲ့အခါ သူက အာရုံတွေနဲ့တွေ့တဲ့အခါ စုံစမ်းခြင်းကိစ္စကို ဆောင်ရွက်တယ် - “သန္တီရဏ”၊ ဇောပြီးတဲ့နောက်မှာ ဖြစ်ရလို့ရှိရင် သူက ပဋိသန္ဓေဘဝ အနေနဲ့ ဖြစ်တယ်၊ သို့သော် “တဒါရုံ” လို့ ခေါ်တယ်၊ အဲဒီလို ဆိုင်ရာဆိုင်ရာ သူဆောင်ရွက်တဲ့ သဘောလေးတွေကို ကြည့်ပြီးတော့ စိတ်ကို နာမည်ပေးထားတာ။
အကုသိုလ်ရဲ့ အကျိုးစိတ်က ဘုံဘဝနဲ့ပြောမယ် ဆိုလို့ရှိရင် ဘယ်ဘုံမျိုးမှာ ဖြစ်သလဲလို့ဆိုရင် ဆင်းရဲဒုက္ခတွေ အများဆုံးဖြစ်တဲ့ ငရဲဘုံ၊ ငရဲသူငရဲသားတွေဟာ တစ်ညီတည်း ဒီဝိပါက်ကလေးနဲ့ ဘဝကို စကြရတယ်၊ ဥပေက္ခာသန္တီရဏစိတ်လေးနဲ့ ဘဝကို စ,တယ်၊ ငရဲလောက် မဆင်းရဲပေမယ့် ဆင်းရဲတယ်ဆိုတဲ့ဘုံဘဝက တိရစ္ဆာန်ပဲ၊ အဲဒီတိရစ္ဆာန်တွေရဲ့ဘဝကိုလည်း ဘာနဲ့ စသလဲဆိုတော့ ဥပေက္ခာသန္တီရဏစိတ်လေးနဲ့ပဲ စတယ်၊ တစ်ခါ အဲဒီထက် ဆင်းရဲဒုက္ခတော့ နည်းနည်းသက်သာတယ်, အပါယ်ဘုံပဲ ဖြစ်တယ် - ပြိတ္တာတို့ အသုရကာယ်တို့၊ သူတို့ရဲ့ ဘုံဘဝတွေကိုလည်း ဘာနဲ့ စတုန်းဆိုတော့ ဒီဥပေက္ခာသန္တီရဏနဲ့ စတယ်၊ အကုသိုလ်ရဲ့။
စာမျက်နှာ-၂၁၂
အကျိုးဟာ အပါယ်လေးဘုံသားတို့ရဲ့ ပဋိသန္ဓေစိတ်အနေနဲ့ ဆောင်ရွက်တယ်တဲ့။ ဒီလို ဆိုလိုတာပေါ့။ ။
ကဲ ကောင်းပြီ - အဲဒီပဋိသန္ဓေစိတ်လေးဟာ အပါယ်ဘုံသားတွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဥပေက္ခာသန္တီရဏစိတ်ကလေး ပေါ်လိုက်တာနဲ့တစ်ပြိုင်နက် ယှဉ်ဘက်စေတသိက်တွေဆိုတာပါ ပေါ်လာတယ်၊ ယှဉ်ဘက်စေတသိက်ဆိုတာကလည်း အစကတည်းက တစ်စုတည်းတွေ လာတာပဲ၊ ပြောချင်လို့သာ ခွဲပြောနေရတာ၊ အမှန်ကတော့ တစ်စုတည်း လာတာ။
အဲဒီဥပေက္ခာသန္တီရဏနဲ့ ယှဉ်တွဲပြီးတော့လာတဲ့ စေတသိက် ပေါင်း ၁၀-ခု ရှိတယ်၊ အဲဒီ ၁၀-ခုရယ် ဥပေက္ခာသန္တီရဏရယ် ပေါင်းတော့ ၁၁-ခု ရှိတယ်၊ ဒီတော့ functionတွေ ၁၁-ခု ပါဝင်တဲ့ ယူနပ်ကလေးတစ်ခုပဲ၊ သူတို့ရဲ့ဘဝပါ။
“ဝိညာဏပစ္စယာ နာမံ”
ဒီပဋိစ္စသမုပ္ပါဒ်မှာ အဲဒါကို ဘာပြောချင်တုန်းဆိုလို့ရှိရင် - ပဋိစ္စသမုပ္ပါဒ်မှာ အခုပြောတဲ့ ဥပေက္ခာသန္တီရဏလေးက ဝိညာဏပစ္စယာ၊ ကျန်တဲ့စေတသိက် ၁၀ ခုက နာမရူပံထဲက နာမံ၊ ဥပေက္ခာသန္တီရဏလေးက ဝိညာဏ၊ ကျန်တဲ့ သူနဲ့အတူ ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့စေတသိက်တွေက နာမတဲ့၊ ဟုတ်လား၊ “ဝိညာဏပစ္စယာ နာမရူပံ” မှာ နာမလေးတင်ကို ပြောတာနော်၊ စေတသိက်ကို ရည်ညွှန်းတယ်လို့ ဒီလိုဆိုလိုတယ်။ ။
ဒီတော့ ပဋ္ဌိသန္ဓေအခါမှာ အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ် ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ယှဉ်ဘက်စေတသိက်
စာမျက်နှာ-၂၁၃
တွေက ပါလာတယ်တဲ့၊ အဲဒီမှာ ဥပေက္ခာသန္တီရဏစိတ်လေးသည် ဝိညာဏ၊ ယှဉ်ဘက်စေတသိက်သည် နာမ “ဝိညာဏပစ္စယာ နာမံ” လို့ ဒီလိုပြောလို့ ရတယ်၊ အဲဒီလို ဖြစ်လာတဲ့ စိတ်ကလေးဟာ ဒါက ပဋ္ဌိစ္စသမုပ္ပါဒ်နည်းကနေ ပြောတာ။
ပဋ္ဌာန်းနည်း
ပဋ္ဌာန်းနည်းကနေ ပြောမယ်ဆိုလို့ရှိရင် ပဋ္ဌာန်းက ၂၄ပစ္စည်း ရှိတဲ့အထဲမှာ အခု ဥပေက္ခာသန္တီရဏစိတ်ကလေးကလည်း နာမ်တရားပဲ၊ သူနဲ့ ယှဉ်ပြီးတော့ ဖြစ်တဲ့စေတသိက်တွေကလည်း နာမ်တရားပဲ၊ ဒီတော့ ပဋ္ဌာန်းနည်းနဲ့ ကျေးဇူးပြုရာမှာ အဘိဓမ္မတ္ထ သင်္ဂဟကျမ်းမှာ ၆-မျိုး ခွဲထားတယ်၊ တကယ်ခဲ့မယ်ဆိုရင်တော့ ၇-မျိုး ရနိုင်တယ်။
ဘယ်လိုခွဲတာတုန်းဆိုတော့ အဲဒီခွဲခြားချက်ကလေးက -
* နံပါတ် ၁ - နာမ်ကနေ နာမ်ကို ကျေးဇူးပြုတဲ့ အုပ်စုကတစ်ခု၊
* နံပါတ် ၂ - နာမ်ကနေ ရုပ်ကို ကျေးဇူးပြုတဲ့ အုပ်စုကတစ်ခု၊
* နံပါတ် ၃ - နာမ်ကနေ နာမ်ရုပ်နှစ်မျိုးကို ကျေးဇူးပြုတာကတစ်ခု၊
* နံပါတ် ၄ - ရုပ်ကနေ ရုပ်ကို ကျေးဇူးပြုတာကတစ်ခု၊
* နံပါတ် ၅ - ရုပ်ကနေ နာမ်ကို ကျေးဇူးပြုတာကတစ်ခု၊
* နံပါတ် ၆ - နာမ်ရုပ်ကနေ နာမ်ရုပ်ကို ကျေးဇူးပြုတာကတစ်ခု၊
နောက်တစ်ခု ဘာထည့်လို့ ရတုန်းဆိုရင် နာမ်, ရုပ်, နိဗ္ဗာန်, ပညတ်က နာမ်ကို ကျေးဇူးပြုတာ တစ်ခုလို့၊ ဒါ ပဋ္ဌာန်းရှုထောင့်ကနေ ပြောလို့ရှိရင် အဲဒါလည်း ထပ်ရှာကြည့်ရမယ်ပေါ့။
စာမျက်နှာ-၂၁၄
* နာမ်ကနေ နာမ်ကို ကျေးဇူးပြုတဲ့ ပစ္စည်းတွေက ၆-ခု ရှိတယ်၊ တချို့က ရှေ့နောက်သွားတာ ရှိတယ်၊ ရှေ့နောက်ကျတော့ အနန္တရပေါ့၊ မရှိတော့မှ ကျေးဇူးပြုတာကျတော့ နတ္ထိအုပ်စုပေါ့၊ ရှိနေတုန်း ကျေးဇူးပြုတာက အုပ်စုတစ်ခု၊ နာမ်ကနေ နာမ်ဆိုတဲ့ နေရာမှာ - ဒီတော့ အနန္တရ, သမနန္တရ, အာသေဝန, သမ္ပယုတ္တ, နတ္ထိ, ဝိဂတ။
အခု “ဝိညာဏပစ္စယာ နာမရူပံ” နာမံ ဆိုတဲ့နေရာ အခု ဥပေက္ခာသန္တီရဏစိတ်ကလေးက နေပြီးတော့ စေတသိက်တွေကို ဆက်သွယ်တဲ့နေရာမှာတော့ ရှေ့နောက် မဟုတ်ဘူး၊ ဥပေက္ခာသန္တီရဏစိတ်ကလေးက ဖြစ်ပြီး ချုပ်သွားမှ စေတသိက် ၁၀-ခုက ဖြစ်လာတာ မဟုတ်ဘူး၊ ဥပေက္ခာသန္တီရဏစိတ် ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် အတူတကွဖြစ်ခြင်း, အတူတကွချုပ်ခြင်း, တူညီသော အာရုံရှိခြင်း, တူညီသော မှီရာဝတ္ထုရှိခြင်းဆိုတဲ့ တူလေးတူနဲ့ လာလိုက်တာဆိုတော့ သူက တစ်ပြိုင်နက်ဖြစ်တာ- သဟဇာတမျိုးပေါ့။
ဒီနေရာမှာ နာမ်က နာမ်သက်သက်ကို သမ္ပယုတ္တ လို့ ပြောလို့ ရတယ်၊ နောက် ရနိုင်တာတွေက သဟဇာတလည်း ရတာပဲ၊ အညမညလည်း ရတာပဲ၊ နိဿယလည်း ရတာပဲ၊ ဝိပါက်စိတ် ဖြစ်သည့်အတွက်ကြောင့် ဝိပါကလည်း ရတာပဲ၊ အတ္ထိ, အဝိဂတတို့လည်း ရတာပဲ၊ ဒီလို ခွဲသွားရမှာပေါ့နော်။ ။
ဒီတော့ “နာမ်သက်သက်ကနေ နာမ်သက်သက်”ကို ကျေးဇူးပြုတာက ၆-ပစ္စည်း - အနန္တရ, သမနန္တရ, အာသေဝန, သမ္ပယုတ္တ, နတ္ထိ, ဝိဂတ၊
စာမျက်နှာ-၂၁၅
* နာမ်တရားသက်သက်က ရုပ်တရားသက်သက်ကို ကျေးဇူးပြုတာတော့ တစ်ပစ္စည်းတည်းပဲ ရှိတယ်၊ ပစ္ဆာဇာတပစ္စည်းလို့ ခေါ်တယ်၊ အဲဒါကျတော့ နာမ်ကနေ ရုပ်ကို သွားတာ။
* တစ်ခါ နာမ်က နေပြီးတော့ နာမ်ရောရုပ်ရော ပေါင်းပြီး ကျေးဇူးပြုတာက ၅-ပစ္စည်း ရှိတယ်၊ ဟေတုရယ်, ဈာနရယ်, မဂ္ဂရယ်, ကမ္မရယ်, ဝိပါကရယ်။
* တစ်ခါ ရုပ်သက်သက်က ရုပ်သက်သက်ကို ကျေးဇူးပြုတာက ရူပဇီဝိတိန္ဒြိယ၊ ရုပ်ကနေ ရုပ်ကို သွားတာ၊ ရုပ်ကို ထိန်းပေးတဲ့ရုပ်က ရူပဇီဝိတိန္ဒြိယဖြစ်တယ်၊ အဲဒီရူပဇီဝိတိန္ဒြိယက ဆိုင်ရာကမ္မဇရုပ်တွေကို ထိန်းပေးသွားတာ၊ ဒါကြောင့်မို့ ရုပ်ကနေ ရုပ်ကို ကျေးဇူးပြုတယ်၊
* တစ်ခါ ရုပ်သက်သက်က နာမ်သက်သက်ကို ကျေးဇူးပြုတာက ပုရေဇာတတစ်ပစ္စည်းပဲ။
* နာမ်ရုပ်နှစ်ပါးက နာမ်ရုပ်နှစ်ပါးကို ရောပြီးတော့ ကျေးဇူးပြုနိုင်တဲ့ ပစ္စည်းက ၉-မျိုးရှိတယ်တဲ့ - အဓိပတိ, သဟဇာတ, အညမည, နိဿယ, အာဟာရ, ဣန္ဒြိယ, ဝိပါက, အတ္ထိ, အဝိဂတ လို့ ဒီလို အကျဉ်းချုပ်မှတ်ထားပေါ့၊ ဒါတွေက လေ့လာထားတော့မှ ပိုနားလည်လို့ ရမှာနော်။
တစ်ခါ နာမ်ရယ်, ရုပ်ရယ်, နိဗ္ဗာန်ရယ်၊ ပစ္စည်းပိုင်းက နာမ်, ရုပ်, နိဗ္ဗာန်, ပညတ်က နာမ်တရားကို ကျေးဇူးပြုတယ်ဆိုတဲ့ ပစ္စည်းကျတော့ အာရမ္မဏနဲ့ ဥပနိဿယပစ္စည်း၊ ဒါဟာ ပဋ္ဌာန်းကို ခြုံငုံပြီးတော့ ခွဲတဲ့နည်း တစ်နည်းပေါ့။
စာမျက်နှာ-၂၁၆
အဲဒီမှာ “နာမ်က နာမ်ကို” ကျေးဇူးပြုလို့ရတဲ့ ပစ္စည်းတွေ အခုပြောလို့ ရတယ်ပေါ့။ ဒီတော့ ပြောမယ်ဆိုလို့ရှိရင် ဘာပစ္စည်းတွေ ရနိုင်တုန်းလို့၊ အခုပြောခဲ့တဲ့ အပါယ်ဘုံသားတွေရဲ့ ဥပေက္ခာသန္တီရဏစိတ်လေး ပေါ်လာလို့ရှိရင် ဒီစိတ်နဲ့ ပြိုင်တူပေါ်လာပြီးတော့ ယှဉ်တွဲလာတဲ့စေတသိက် ၁၀-ခုကို အတူတကွဖြစ်တာ ဖြစ်သောကြောင့် သဟဇာတ၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ အတူတူဖြစ်ပြီးတော့ အကျိုးပြုတာ၊ အတူတူဖြစ်ခဲ့သားနဲ့ ဘယ်လိုအကျိုးပြုတာတုန်းလို့ မေးလို့ရှိရင် ဒီဥပေက္ခာသန္တီရဏစိတ်လေးမှမဖြစ်ရင် ကျန်တဲ့စေတသိက် ၁၀-ခုက မဖြစ်နိုင်ဘူးတဲ့၊ အဲဒါ ကျေးဇူးပြုတာပဲပေါ့၊ ဥပေက္ခာသန္တီရဏစိတ်မှ မဖြစ်ရင် ကျန်တာတွေ ဖြစ်ခွင့်မရှိဘူး၊ သူဖြစ်မှ ကျန်တာတွေ ဖြစ်လို့ ရတယ်ပေါ့။ အဲဒါသည်ပင်လျှင် ကျေးဇူးပြုတယ်လို့ ပြောတာနော်၊ သဟဇာတ အတူတကွဖြစ်လာကြတယ်။
အညမည အပြန်အလှန်ဖြစ်ကြတယ်၊ အပြန်အလှန်ဆိုတာ - သူက အကြောင်းဖြစ်လိုက်, ကျန်တာက အကျိုးဖြစ်လိုက်- ဒီလို၊ အပြန်အလှန်ဆိုတာက အပြန်အလှန် ကျေးဇူးပြုတယ်၊ သူ့ကြောင့် သူရှိရတယ်၊ သူရှိလို့လည်း သူဖြစ်ရတယ်ဆိုတဲ့ အဓိပ္ပါယ်နော်။ အပြန်အလှန် မှီတင်းပြီးတော့ နေရတယ်၊ သုံးချောင်းထောက်နဲ့ ဥပမာပေးထားတယ်၊ သုံးချောင်းထောက်ဆိုတာ တစ်ချောင်းပြုတ်ရင် ကျန်တဲ့နှစ်ချောင်းက ရပ်လို့ မရဘူးလေ၊ အဲဒီသဘောကို ပြောတာ၊ အပြန်အလှန်ရဲ့ သဘောက ကြောင်းကျိုးပြန်လှန် ဆက်စပ်မှု ရှိတယ်။
စာမျက်နှာ-၂၁၇
နောက် နိဿယ - မှီခိုပြီးတော့ ဖြစ်ကြရတယ်၊ ဝိပါက်စိတ် ဖြစ်သောကြောင့် ဝိပါက၊ ဝိပါကရဲ့သဘောက အင်မတန်မှ တည်ငြိမ်တယ်၊ လှုပ်ရှားမှု မရှိဘူး၊ “ဝိပါက လှုပ်ရှားမှုမရှိဘူး”ဆိုတာ “ကြိုးစားအားထုတ်မှု မရှိဘူး” ဆိုတဲ့အဓိပ္ပါယ်ကို ပြောတာ မဟုတ်ဘူးနော်၊ အကျိုးဆိုတာ ပြင်လို့ရတဲ့အရာ မဟုတ်ဘူး၊ ဆိုပါစို့ - မှန်ရိပ်ထဲမှာပေါ်တဲ့ရုပ်ကို ပြင်လို့ရလား၊ ကိုယ့်သန္တာန်မှာရှိတဲ့ ကိုယ့်မျက်နှာမှာ တကယ်ရှိနေတဲ့မျက်နှာရုပ်က မှန်ထဲမှာ ပေါ်မှာကိုး၊ ဒီတော့ မှန်ထဲကရုပ်ကို သွားပြင်လို့ ရမလား၊ မရဘူးနော်၊ ဝိပါက်စိတ်တွေဆိုတာ အတိတ်ကံရဲ့ အကျိုးအနေနဲ့ ပေါ်လာတာမို့ ဘာမှ ပြင်လို့ရတဲ့အရာ မဟုတ်ဘူး၊ ငြိမ်သက်နေတယ်လို့ ပြောတာနော်၊ အဲဒီ ငြိမ်သက်နေတဲ့ဝိပါက်စိတ်က သူနဲ့ ယှဉ်ဖက်တွေကိုလည်း အဲဒီလို ငြိမ်သက်သွားအောင် လုပ်တယ်ပေါ့။ ။
ဒါလည်း သဘာဝကျတယ်လေ၊ တစ်ခုက ငြိမ်ပြီး တစ်ခုက မငြိမ်ဘူး ဆိုလို့ရှိရင် ဘယ်လိုလုပ်ကြမလဲ၊ သဘာဝတရားတွေ အတူဖြစ်ရင် တစ်ခုက ငြိမ်နေရင် ကျန်တာတွေလည်း ငြိမ်နေတာတွေပဲ ဖြစ်ရမှာပေါ့နော်၊ ငြိမ်နေတဲ့ရေပြင်ပေါ်မှာ ရှိနေတဲ့ဗေဒါပင်တွေဟာလည်း ငြိမ်နေကျမှာပေါ့။ မှော်သေးမွှေးညှင်းတွေလည်း ငြိမ်နေမှာပေါ့။ ရေက မငြိမ်ဘူးဆိုရင် ကျန်တာတွေလည်း ဘယ်ငြိမ်ပါ့မလဲပေါ့၊ အဲဒီသဘောမျိုးပဲ၊ အဲဒါကို ဝိပါကသတ္တိလို့ ပြောတာ၊ ဒီတော့ ဝိပါကသတ္တိနဲ့လည်း ကျေးဇူးပြုနိုင်တယ်တဲ့။
နောက်တစ်ခါ ဝိညာဏလို့ ဆိုသဖြင့် မနိန္ဒြိယလည်းပဲ ရနိုင်တယ်၊ ဝိညာဏဟာ သိခြင်းကိစ္စမှာ ကြီးစိုးထားတာဖြစ်လို့
စာမျက်နှာ-၂၁၈
သူ့ကို ဣန္ဒြိယလို့ ခေါ်တယ်၊ အသိကိစ္စမှာ ယှဉ်ဖက်သဘာဝတရားတွေကို လွှမ်းမိုးကြီးစိုးထားတယ်။
နောက်တစ်ခုက သမ္ပယုတ္တ၊ အပြန်အလှန် ယှဉ်တွဲပြီးတော့ နေကြတယ်- အတူတူ ဖြစ်တယ်, အတူတူ ချုပ်တယ်၊ ဖြစ်တူတူ ချုပ်တူတူ ဆိုကတည်းက သူ့ကို ဘယ်လိုလုပ်ပြီးတော့ နှစ်ခုလို့ ပြောလို့ ရတော့မှာတုန်း၊ ဖြစ်လာတာလည်း တစ်ပြိုင်နက်ပဲ၊ ပျက်သွားတာလည်း တစ်ပြိုင်နက်ပဲ၊ ဒါတင်လား ဆိုတော့ မကသေးဘူး၊ ဖြစ်ပေါ်လာရာဝတ္ထုကလည်း အတူတူပဲတဲ့၊ မှီရာဝတ္ထုကလည်း အတူတူပဲ၊ အာရုံပြတဲ့ အာရုံကလည်းပဲ အတူတူပဲဆိုတော့ ဘယ်လိုလုပ်မှ သူတို့ကို ခွဲလို့မရတဲ့သဘောနော်၊ ခွဲလို့ မရနိုင်ဘူးလို့ ဒီလိုပြောတဲ့ သဘောပဲ၊ အဲဒါဟာ သမ္ပယုတ္တပဲ၊ ယှဉ်တွဲတယ်ဆိုတာ ဒီပုံစံနဲ့ ယှဉ်တွဲတာ၊
ဒီဥပေက္ခာသန္တီရဏဆိုတဲ့ ဝိညာဏစိတ်လေးရှိတုန်း စေတသိက်တွေကလည်း ရှိနိုင်တာဖြစ်လို့ အတ္ထိ၊ ရှိနေခိုက်သာပင် ကျေးဇူးပြုလို့ အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတလို့ - ဒီသဘောတွေကို ပြောပြတာ သူကနော်၊ အဲဒါ “ဝိညာဏပစ္စယာ နာမံ”ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောလို့ရတယ်။
“ဝိညာဏပစ္စယာ ရူပံ”
တစ်ခါ “ဝိညာဏပစ္စယာ ရုပ်”နဲ့ ပြောမယ်ဆိုရင် အရူပဘုံက လွဲလို့ရှိရင် သန္ဓေစိတ်ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ကမ္မဇရုပ်တွေ တစ်ခါတည်းပါလာတယ်၊ ဥပပါတ်ပဋိသန္ဓေဆိုလို့ရှိရင် သဂြိုဟ်ထဲမှာ ပါတဲ့အတိုင်းနော် - ကမ္မဇရုပ် ၇-ခု၊ သံသေဒဇဆိုတဲ့ အမှီ
စာမျက်နှာ-၂၁၉
အဟောက်ကို စွဲပြီးတော့ဖြစ်တဲ့ သတ္တဝါတွေဆိုလည်း ၇-ခု၊ အများဆုံးရနိုင်တာကို ပြောတာ။
ငရဲဘုံဆိုတာ ဥပပတ္တိပဲ၊ ငရဲဘုံဆိုတာ လူ့ဘုံလို ဖြည်းဖြည်းချင်းကြီးပြီး ဖြည်းဖြည်းချင်း မွေးနေတာ မဟုတ်ဘူး၊ ဖြစ်မယ့် အတိုင်းအတာအတိုင်း သွားဖြစ်တာ၊ ထန်းပင်ကြီးလောက် ကိုယ်ကြီးဆိုလည်း ဟိုမှာ ထန်းပင်ကြီးလောက် ဖြစ်သွားတာပဲ၊ ဒီက ပျောက်ပြီး ဟိုမှာသွားပေါ်တဲ့သဘောပဲနော်၊ ဖြစ်မယ့်အနေအထားတစ်ခုအတိုင်း ငရဲဘုံမှာ ဥပပတ္တိက ရုတ်တရက် ကိုယ်ထင်ရှား ဖြစ်ပေါ်လာတယ်၊ အပေါ်ကနေ ဘွားကနဲကျလာသလို ဖြစ်တာမျိုး၊ အဲဒီ ငရဲတို့ နတ်ပြည်တို့ဆိုတာ မွေးဖွားနေကြတာ မဟုတ်ဘူး၊ ဖြစ်မယ့် ခန္ဓာကိုယ်အတိုင်းအတာအတိုင်း တစ်ခါတည်း သွားဖြစ်တယ်။
မြတ်စွာဘုရားကို ပြစ်မှားပြီး အာနန္တရိယကံကြီးနှစ်ခုကို ကျူးလွန်သွားတဲ့ ရှင်ဒေဝဒတ်ဟာ အဝီစိငရဲကျသွားတာနဲ့ တစ်ပြိုင်နက် ငရဲခံရမယ့် သူ့ခန္ဓာကိုယ်ပမာဏကြီးအတိုင်း တစ်ခါတည်း ဖြစ်တာပဲ၊ သူ ငရဲခံရပုံကလည်း တော်တော်ကြောက်စရာကောင်းတယ်၊ ခေါင်းက နားရွက်ထိအောင် အဲဒါ သံအမိုးထဲမှာ စိုက်ဝင်နေတယ်၊ ခြေထောက်ကလည်း ခြေဖမျက်ထိအောင် သံမြေထဲမှာ မြုပ်နေတယ်၊ ဘယ်လိုမှ လှုပ်လို့မရအောင် သဘောမျိုး ဖြစ်တာပေါ့။ တစ်ခါ သံချောင်းကြီးတစ်ခုက အရှေ့နံရံကနေ ထွက်ပြီးတော့ ခန္ဓာကိုယ်ကို ဖောက်ပြီး အနောက်နံရံထိ စူးဝင်သွားသေးတယ်။ ဘေးတစ်ဖက်ကလည်း အဲဒီအတိုင်း ဖောက်ပြီးတော့ စူးဝင်သွားသေးတယ်၊ ဘယ်လိုမှ လှုပ်မရအောင် ငရဲဒုက္ခကို ကြီးစွာခံရတယ်လို့ ဓမ္မပဒအဋ္ဌကထာကြီးကို ဖတ်ကြည့်လို့ရှိရင် တွေ့မှာပေါ့။ အရှင်
စာမျက်နှာ-၂၂၀
ဒေဝဒတ် ငရဲခံနေရတဲ့ပုံပန်းသဏ္ဌာန်ကို အဲဒီမှာ ဖော်ပြထားတာ ရှိတယ်။
ဒီတော့ ဖြစ်မယ့်ပုံသဏ္ဌာန်အတိုင်း သွားဖြစ်တယ်၊ ဒီကနေပြီးတော့ အကုသိုလ်ကံကနေ ဖန်တီးလိုက်တာ ရုပ်ပုံလွှာက အဲဒီမှာ ချက်ချင်းပေါ်တာပဲ။ ။
ဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ ကြည့်ပြီဆိုလို့ရှိရင် အခုပုံစံနဲ့ ကြည့်ရမှာ၊ ဘာပစ္စည်းတွေ ဆက်စပ်ပြီးတော့ ဖြစ်ပေါ်သလဲဆိုတော့ “ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့နေရာမှာ ဝိညာဏအရ နံပါတ် (၁)က ဝိပါကဝိညာဏလို့ မှတ်ထား၊ အကျယ်ပြောပြထားတာက ခုနက ဥပမာအနေနဲ့ ငရဲသားတွေရဲ့ သန္ဓေစိတ်ကို ပြောတာနော်၊ နောက် လူသားတွေရဲ့သန္ဓေစိတ်, နတ်တွေရဲ့ သန္ဓေစိတ်, ဗြဟ္မာတွေရဲ့ သန္ဓေစိတ်ကို ကြည့်ရမှာ၊ ဒီလို အမျိုးမျိုးခွဲပြီးတော့ ကြည့်ရမယ်။
“ဝိညာဏ” အရ အဘိသင်္ခါရဝိညာဏ်
နောက်တစ်ခု ဝိညာဏအရ နံပါတ်(၂)က အဘိသင်္ခါရဝိညာဏ်တဲ့၊ အဘိသင်္ခါရဝိညာဏ၊ အဘိသင်္ခါရဝိညာဏဆိုတာ တခြားဟာ ပြောတာ မဟုတ်ဘူးတဲ့၊ ကံကို ပြောတာ၊ ဝိပါကဝိညာဏတုန်းက ဝိပါက်တစ်မျိုးတည်းကိုယူထားတယ်၊ အဘိသင်္ခါရဝိညာဏကျတော့ ကုသိုလ်ကံ, အကုသိုလ်ကံ, ကုသိုလ်စိတ်, အကုသိုလ်စိတ်တွေကို ယူတယ်၊ အကုသိုလ်စိတ်ကတော့ ၁၂-ခု ပေါ့၊ ကုသိုလ်ကျတော့ လောကီကုသိုလ်တွေ ယူတာဆိုတော့ ၁၇
စာမျက်နှာ-၂၂၁
ခု၊ အားလုံး ၂၉-ခုပေါ့။ အဘိသင်္ခါရဝိညာဏ် ၂၉-ခု၊ တစ်လုံးတည်း မှတ်လို့ရှိရင် ဒီလို မှတ်ရတယ်။ “ဝိညာဏ” အရ စိတ်အားလုံး။
နောက် နံပါတ်(၃)ကို ဝိညာဏအရ ဘာကောက်တုန်းဆိုလို့ရှိရင် ကျန်တဲ့ဝိညာဏ်စိတ်တွေ အားလုံးကိုလည်း ကောက်နိုင်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ဝိညာဏ်စိတ်မှန်သမျှဟာ စေတသိက်နဲ့ ယှဉ်တွဲပြီးတော့ လာတာတွေချည်းပဲ။
ဒါ့ကြောင့်မို့လို့ ဒီပစ္စယသတ္တိတွေဟာ ကျေးဇူးပြုနိုင်တယ်လို့ “ဝိညာဏပစ္စယာ နာမရူပံ” မှာ ဝိညာဏအရ (၁) ဝိပါကဝိညာဏ၊ (၂) အဘိသင်္ခါရဝိညာဏ၊ (၃) ကျန်တဲ့ဝိညာဏ၊ ဒီလို ကောက်ရတယ်။
တစ်ခါ နာမရူပံမှာ နာမအရ ဘာကို ယူရမလဲလို့ ဆိုတော့ နာမဆိုတဲ့ စကားလုံးက စိတ်နဲ့ စေတသိက် နှစ်ခုလုံးကို ခေါ်တဲ့ အမည်နာမပဲ၊ သို့သော် ဒီနေရာမှာ ဝိညာဏက စိတ်ကို ယူထားပြီးဖြစ်သည့်အတွက်ကြောင့် နာမအရ စေတသိက်ကိုပဲ ယူရတယ်ပေါ့၊ အဲဒါကို ပါရိသေသနည်းလို့ ခေါ်တယ်၊ ယူပြီးသားကို ဖယ်ထားပြီးတော့ ကျန်တာပဲ ယူရမယ်၊ နို့မို့ဆိုရင် နှစ်ခုထပ်သွားမှာ စိုးလို့၊ အဲဒါကြောင့်မို့ နာမသဒ္ဒါဟာ စိတ်နဲ့ စေတသိက် နှစ်ခုလုံးဆိုင်ပေမယ့်လို့ ဒီနေရာမှာ စေတသိက်ကိုပဲ ယူတယ်၊ ဒီတော့
လောကီဝိပါက်စိတ်တွေနဲ့ ယှဉ်တဲ့စေတသိက်တွေကို ပထမယူမယ်၊ ဒါက နံပါတ်(၁)၊ နောက်ပြီးတဲ့အခါ အဘိသင်္ခါရဝိညာဏ ဆိုတော့ စေတသိက်တွေ အားလုံးနဲ့ သက်ဆိုင်သွားပြန်တယ်။
စာမျက်နှာ-၂၂၂
ဒါကြောင့်မို့ နံပါတ်(၂)ကျတော့ စေတသိက်-၅၂ အကုန်လုံး ယူထားတယ်။
ဒီတော့ အကျဉ်းချုပ်မှတ်ဖို့ရာက အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ဝိညာဏကို သုံးမျိုးခွဲထားပေမယ့်လို့ ပေါင်းလိုက်တော့ “ဝိညာဏ” အရ လောကီစိတ်တွေ အကုန်လုံးကောက်တဲ့ သဘောပဲ၊ “နာမ” အရက စေတသိက်တွေကို အားလုံးယူတဲ့ သဘောပဲ။
“ရူပ” အရကျတော့ ပထမ ကမ္မဇရုပ်တင်ပဲ ယူတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပဋိသန္ဓေအခါမှာ ပေါ်နိုင်တာက ကမ္မဇရုပ်ပဲ ပေါ်နိုင်သေးတယ်၊ စိတ္တဇရုပ်တွေ မပေါ်သေးဘူး၊ ဥတုဇရုပ်တို့, အာဟာရဇရုပ်တို့ မပေါ်သေးသည့်အတွက်ကြောင့် ကမ္မဇရုပ်တစ်မျိုးတည်းပဲ ယူတယ်၊ နောက် အဲဒီကနေ ဆက်နွယ်ပြီးတော့ ယူလိုက်တဲ့အခါ ရုပ်-၂၈ မျိုးလည်း ယူနိုင်တယ်လို့ ဆိုတယ်။ ။
“ဝိညာဏပစ္စယာ နာမရူပံ” ဆိုတဲ့ ဒေသနာတော်ရဲ့ အောက်မှာ အားလုံးခြုံပြီးတော့ ကြည့်လိုက်တဲ့အခါကျတော့ ဝိညာဏအရ - စိတ်အားလုံးကို ယူပြီးတော့ နာမအရ - စေတသိက်အားလုံးကို ယူတယ်၊ ရူပအရ - ရုပ်အားလုံးကို ယူတယ်။
“ဝိညာဏပစ္စယာ နာမရူပံ” ဆိုတာကို နှစ်ပိုင်းခွဲပြီးတော့ “ဝိညာဏပစ္စယာ နာမံ” “ဝိညာဏ်ကြောင့် နာမ်ဖြစ်တယ်” လို့ ဆိုတဲ့နေရာမှာ ပဋ္ဌာန်းနည်းနဲ့ ကြည့်လိုက်မယ်ဆိုရင် ပစ္စည်းဘယ်နှစ်မျိုးရှိနိုင်ဆိုတာကို ၉-မျိုး ရနိုင်တယ်လို့ ထောက်ပြထားတယ်နော်၊ ဘာတွေတုန်းဆိုတော့ အခုပြောတဲ့ ဒီဝိညာဏဆိုတာ စိတ်, နာမဆိုတာ စေတသိက်ဆိုတော့ ဒီစိတ်နဲ့စေတသိက်ဆိုတာ born together သဟဇာတ၊ အပြန်အလှန်ဖြစ်လို့ အညမည၊ အချင်းချင်း
စာမျက်နှာ-၂၂၃
မှီတင်းတာ ဖြစ်သောကြောင့် နိဿယ၊ ဝိညာဏအရ ဝိပါက်ကို ယူမယ်ဆိုရင် ဝိပါက၊ တစ်ခါ ဝိညာဏကို သာမန်ယူမယ်ဆိုလို့ရှိရင် ဝိညာဏာဟာရ ရှိသည့်အတွက်ကြောင့် အာဟာရ၊ မနိန္ဒြိယ ဖြစ်သောကြောင့် ဣန္ဒြိယ၊ စိတ်နဲ့ စေတသိက်ဟာ ယှဉ်တွဲပြီးတော့ ဖြစ်တာဖြစ်သောကြောင့် သမ္ပယုတ္တ၊ ရှိနေတုန်း ကျေးဇူးပြုလို့ အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတလို့ ခြုံငုံပြီးတော့ ၉-ပစ္စည်းလို့ - ဒီပဋ္ဌိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ ရောပြီးတော့ ဖွင့်ပြတဲ့ ဝိသုဒ္ဓိမဂ်တို့, သမ္မောဟဝိနောဒနီအဋ္ဌကထာတို့မှာ ဒီလိုရေတွက်ပြီးတော့ ပြထားတယ်။
တစ်ခါ “ဝိညာဏပစ္စယာ ရူပံ” ဆိုတာကို ကြည့်လိုက်မယ်၊ ဝိညာဏဆိုတဲ့သန္ဓေစိတ်လေးက ရုပ်ကို ကျေးဇူးပြုတယ်ဆိုတဲ့နေရာမှာ ဒီနေရာမှာ ရုပ်ဟာ ဘယ်ရုပ်လဲလို့ မေးရင် ပထမဆုံးစပြီးတော့ ဝိညာဏ်နဲ့ အပြန်အလှန် ရနိုင်တဲ့ရုပ်ဟာ ဟဒယဝတ္ထုရုပ်ကလေးပေါ့၊ ဆက်စပ်ပြီးတော့ ဖြစ်ပေါ်လာတာက ဟဒယဝတ္ထု၊ အတူတူ ဖြစ်တာက လူ့ဘဝအနေနဲ့ပြောမယ်ဆိုရင် ကာယပသာဒတို့, ဘာဝတို့ ဒါတွေလည်း ပါတယ်၊ အတူတူဖြစ်တာပဲ၊ သို့သော် ဒီနေရာမှာ ဟဒယဝတ္ထုရုပ်က သန္ဓေစိတ်ရဲ့မှီရာဖြစ်သောကြောင့် အဲဒီပဋိသန္ဓေဝိညာဏစိတ်ကလေးက ဟဒယဝတ္ထုရုပ်နဲ့ အပြန်အလှန် ဆက်သွယ်ပြီးတော့ ဖြစ်တယ်၊ ပဋ္ဌိစ္စသမုပ္ပါဒ်မှာ “ဝိညာဏပစ္စယာ ရူပံ” - ပဋိသန္ဓေဝိညာဏစိတ်က ရုပ်အား ကျေးဇူးပြုတယ်ဆိုတာ ဘယ်ပဋိသန္ဓေဝိညာဏက ဘယ်ရုပ်အားလဲလို့မေးရင် ပဋိသန္ဓေဝိညာဏက ဟဒယဝတ္ထုရုပ်ဆိုတော့ အရူပဘုံက ပဋိသန္ဓေမပါနိုင်ဘူး၊ ဒါကိုတော့ သတိထားပေါ့၊ ကျန်တဲ့ဘုံတွေမှာဆိုလို့ရှိရင် ပဋိသန္ဓေ
စာမျက်နှာ-၂၂၄
ဝိညာဏက နေပြီးတော့ ဟဒယဝတ္ထုအား ၉-ပစ္စယသတ္တိနဲ့ အကျိုးပြုနိုင်တယ်၊ ပဋ္ဌာန်းနည်းအရကျတော့ အကြောင်းတရား ၉-မျိုးနဲ့ ဆက်သွယ်ပြီးတော့ နေတယ်။ ။
လူတွေရဲ့ ပဋိသန္ဓေစိတ်လေးက ဟဒယဝတ္ထုကို မှီပြီးတော့ ဖြစ်တာ၊ ဖြစ်တယ်ဆိုပေမယ့်လို့ သူတို့က အပြန်အလှန် ဖြစ်နေကြတာ, ပြိုင်တူပေါ်ကြတာ ဖြစ်တယ်၊ ဒီတော့ ပြိုင်တူပေါ်လာတာ ဖြစ်သောကြောင့် သဟဇာတ၊ အပြန်အလှန် အထောက်အကူပြုလို့ အညမည၊ မှီရာဖြစ်လို့ နိဿယ၊ ပဋိသန္ဓေစိတ်ဆိုတာ ဝိပါက်စိတ်ဖြစ်လို့ ဝိပါက၊ ဝိညာဏာဟာရဖြစ်လို့ အာဟာရ၊ မနိန္ဒြိယ ဖြစ်လို့ ဣန္ဒြိယ၊ နောက်ပြီးတော့ စိတ်နဲ့ ရုပ်ဆိုတော့ အတူတူ ဖြစ်ကြပေမယ့်လို့ ရောလို့မရဘူး၊ ရောမရတာ သဘာဝချင်း မတူတာ၊ ရောမရသည့်အတွက်ကြောင့် ဝိပ္ပယုတ္တ၊ ရှိနေတုန်း ကျေးဇူးပြုလို့ အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတလို့ ဆိုတယ်။
သာမန်ကြည့်မယ်ဆိုလို့ရှိရင် ဒီနေရာမှာ ဒီလောက်စွမ်းရည်သတ္တိတွေ မရှိဘူးလို့ ထင်ကောင်းထင်လိမ့်မယ်၊ သတ္တိတွေ အများကြီး စွမ်းဆောင်ပြီးတော့ ပေးထားရတယ်၊ အမိဝမ်းတွင်းမှာ ပဋိသန္ဓေစိတ်လေး ဖြစ်တဲ့အခါမှာ ဒီသတ္တိတွေဟာ ထောက်ပံ့ထားပြီးတော့ ဒီသန္ဓေစိတ်ကလေးနဲ့ ဒီကျန်တဲ့ သဘာဝတရားတွေဟာ ခုလို ဆက်စပ်ပြီးတော့ ဖြစ်နေတာ၊ ဒါတွေကို သာမန်ပုဂ္ဂိုလ်တွေ ဘယ်လိုလုပ် မြင်မှာလဲ၊ မြတ်စွာဘုရားဉာဏ်တော်နဲ့သာ ကြည့်လို့ရတာကိုး၊ ဒီစွမ်းရည်သတ္တိတွေ ဒီလိုရှိနေတယ်ဆိုတာ၊ အဲဒီစွမ်းရည်သတ္တိတွေနဲ့ အထောက်အကူပြုထားလို့ ရှင်သန်လာတာပေါ့။ အကြောင်းမဲ့ဖြစ်တာ တစ်ခုမှ မရှိဘူး၊ အဲဒါကို ပြောတာ။
စာမျက်နှာ-၂၂၅
သင်္ခတမှာ သံဆိုတာ အကြောင်းတရားတွေက ပေါင်းပြီးတော့ ခတ ပြုလုပ်ခံထားရတဲ့အရာ၊ သင်္ခတ အကြောင်းတရားတွေက ပြုလုပ်ဖန်တီးထားခြင်းဆိုတဲ့ အဓိပ္ပါယ်တွေ ရတယ်၊ ဒါတွေကို သင်္ခတတရားလို့ ခေါ်တာပဲ၊ ဆိုင်ရာဆိုင်ရာအကြောင်းတရားတွေက ချုပ်ကိုင်ပြီးတော့ ဖန်တီးထားလို့ ဒါတွေဟာ ဖြစ်ပေါ်လာတာတွေ၊ ဒါ့ကြောင့်မို့လို့ “သင်္ခတံ ပဋိစ္စသမုပ္ပန္နံ အနိစ္စံ” ဆိုတဲ့အတိုင်း သင်္ခတတရားဟာ ပဋိစ္စသမုပ္ပန္န -ဆိုင်ရာအကြောင်းကို စွဲမှီ၍ ဖြစ်တာ၊ သင်္ခတံ - အကြောင်းတရားတွေက စုပေါင်းပြီးတော့ ဖန်တီးထားတာ၊ အနိစ္စ - အဲဒီသဘာဝတရားတွေဟာ တစ်ခုမှမြဲတာ မရှိဘူးတဲ့၊ ဘာဖြစ်လို့ မြဲတာ မရှိလဲဆိုတော့ ဆိုင်ရာအကြောင်းတရားတွေကလည်း အခိုက်အတန့် ဖြစ်လာတာမို့ မမြဲဘူး၊ မမြဲတဲ့ အကြောင်းတရားကြောင့် ဖြစ်လာတဲ့အကျိုးတရားဟာလည်း ဘယ်မှာ မြဲမှာလဲတဲ့၊ “အနိစ္စသမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ” တဲ့၊ ဘုရားက စဉ်းစားဖို့ ပေးထားတဲ့ စကားလေး၊ “အနိစ္စသမ္ဘူတံ - မမြဲတဲ့အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားဟာ ကုတော နိစ္စံ ဘဝိဿတိ - ဘယ်မှာ မြဲမှာတုန်း”တဲ့၊ ဆင်ခြင်သုံးသပ်ဖို့ကို ပြောတာနော်။ ။
ဒီတော့ ဘုန်းကြီးတို့တစ်တွေမှာရှိတဲ့ အနုစိပ်ပြီးတော့ ကြည့်လို့ရတဲ့ အခုရုပ်နာမ်ဓမ္မတွေဟာ ဘယ်လိုလုပ်ပြီးတော့ တည်ရှိနေတယ်ဆိုတာဟာ ပဋ္ဌာန်းနည်းနဲ့ ဆက်စပ်ပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် “- စွမ်းရည်သတ္တိတွေ ဒီလောက်တောင် ပါဝင်ထားလို့ ဒီသဘာဝတရားတွေဟာ ဖြစ်ပေါ်လာတာပါလား” လို့ သဘောပေါက်နားလည်နိုင်ပါတယ်။
စာမျက်နှာ-၂၂၆
တစ်ခါ နောက်တစ်ခုကို ကြည့်မယ်၊ အဲဒီ “ဝိပါကဝိညာဏက ဟဒယဝတ္ထုကို ၉-ပစ္စည်းနဲ့ ကျေးဇူးပြုတယ်” လို့ ဆိုတော့ ကျန်တဲ့ရုပ်တွေကို ကျေးဇူးမပြုဘူးလား၊ ဆိုပါစို့ - လူတွေရဲ့ သန္ဓေစိတ်မှာ ကမ္မဇရုပ်-၃၀ ပါတယ်လို့ ဆိုတယ်၊ တစ်နည်းအားဖြင့် ကမ္မဇကလာပ် ၃-စည်းပါတယ်၊ ကာယဒသကကလာပ်ရယ်, ဘာဝဒသကကလာပ်ရယ်, ဝတ္ထုဒသကကလာပ်ရယ်၊ အဲဒီ ၃-မျိုးထဲက ပဋိသန္ဓေစိတ်နဲ့ ဟဒယဝတ္ထုက ၉-ပစ္စည်း၊ ကျန်တဲ့ ကာယဒသကကလာပ်တို့, ဘာဝဒသကကလာပ်တို့ ဒါတွေလည်း ပြောရင်ရော ဘယ်လိုပြောမတုန်း?
အဲဒီကာယဒသကကလာပ်ကျတော့ ဒီပဋိသန္ဓေစိတ်လေးက မှီတာ မဟုတ်ဘူး၊ မှီတာမဟုတ်သည့်အတွက်ကြောင့် အပြန်အလှန် အထောက်အကူဖြစ်တာ မဟုတ်ဘူး၊ တူတူဖြစ်ရုံပဲ ဖြစ်ကြတာ၊ တူတူဖြစ်ရုံပဲ ဖြစ်ကြတာ ဖြစ်သောကြောင့် အညမညဆိုတာ မပါဘူး၊ ကျန်တဲ့ပစ္စည်း ၈-ပါး ရနိုင်တယ်တဲ့၊ ခုနပြောတဲ့ အညမည နှုတ်လိုက်လို့ရှိရင် သဟဇာတ, နိဿယ, ဝိပါက, အာဟာရ, ဣန္ဒြိယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ လို့ ဒီ ၈-ပစ္စယသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဒီလို မှတ်ရမယ်တဲ့နော်။
တစ်ခါ “ဝိပါကဝိညာဏပစ္စယာ နာမရူပံ” နာမ်ရော ရုပ်ရော နှစ်ခုပေါင်းပြီးတော့ ပြောမယ်ဆိုလို့ရှိရင်လည်း ပဋ္ဌာန်းမှာ နာမ်ကနေပြီးတော့ နာမ်ရုပ်ကို ကျေးဇူးပြုနိုင်တဲ့ ပစ္စည်းအားလုံးဟာ ဒီထဲမှာ ဝင်သွားနိုင်တယ်၊ အဋ္ဌကထာဆရာကြီးက ဘာပြောထားတုန်းဆိုရင် “ဒီဟာကို အကျယ်ချဲ့ပြောရရင်တော့ ပဋ္ဌာန်းကျမ်းကြီး ကုန်အောင် ပြောရမှာပဲ”တဲ့၊ ဟုတ်ကဲ့လား။
စာမျက်နှာ-၂၂၇
ဒီတော့ ပဋ္ဌာန်းကျမ်းထဲမှာ ဖြစ်နိုင်တာတွေကို ယူလိုက်လို့ရှိရင် ဟောဒီ ဝိပါက်ဝိညာဏ်ကနေပြီးတော့ နာမ်ရုပ်ကို ကျေးဇူးပြုတယ်ဆိုတာ ပစ္စယသတ္တိတော်တော်များများရနိုင်တယ်လို့ ဒါ ပြောတာနော်၊ အဲဒီလို သဘာဝတရားတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီးတော့ ပဋ္ဌိစ္စသမုပ္ပါဒ်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် “ဝိညာဏပစ္စယာ နာမရူပံ” - “ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်” လို့ ဒီလောက်ပဲ သိရတယ်၊ ဟောပဋ္ဌာန်းနည်းနဲ့ ဝင်လိုက်တဲ့အခါကျတော့ ဘယ်ဝိညာဏ်ကနေ ဘယ်နာမ်ရုပ်ကို ဘယ်နာမ်ကို ဘယ်ရုပ်ကို ဘာသတ္တိတွေနဲ့ ကျေးဇူးပြုလဲလို့ အသေးစိတ်လာတဲ့အခါကျတော့ အင်မတန်မှ နက်နဲကျယ်ဝန်းသွားတယ်။
ဒီတော့ တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ပဋ္ဌိစ္စသမုပ္ပါဒ်နည်းအရ ဘုန်းကြီးတို့တစ်တွေ လူ့ဘဝသန္ဓေစိတ်ကလေး စလာလိုက်တာနဲ့ တစ်ပြိုင်နက် ထိုသန္ဓေစိတ်ကို မှီပြီးတော့ဖြစ်တဲ့ စေတသိက်တွေ၊ ထို့နောက်မှာ ဆက်ပြီးတော့ ဖြစ်တဲ့စိတ်တွေကို အမှီပြုပြီးတော့ စေတသိက်တွေ မိမိတို့သန္တာန်မှာ ဖြစ်ပေါ်နေရတယ်ဆိုတာရယ်၊ စိတ်ကို အကြောင်းပြုပြီးတော့ ရုပ်တရားတွေ စိတ်နဲ့ ဆက်သွယ်ပြီးတော့ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သဘာဝတရားတွေရယ်၊ တစ်ခုနဲ့တစ်ခုဟာ အပြန်အလှန်ဆက်စပ်နေတယ်ဆိုတာကို ပဋ္ဌိစ္စသမုပ္ပါဒ်နည်းအရ သိရပြီ၊ ပဋ္ဌာန်းနည်းအရကျတော့ စွမ်းရည်သတ္တိအမျိုးမျိုးကို အခြေအနေအရပ်ရပ်ကို ဆက်စပ်ပြီးတော့ ဖြစ်ပေါ်နေကြတယ်။
စာမျက်နှာ-၂၂၈
ဒါ့ကြောင့်မို့လို့ သင်္ခတ - အကြောင်းတရားတွေက ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ထားတဲ့ အရာဖြစ်လို့ ဘယ်အရာမှ မမြဲဘူး၊ တကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် တို့ခန္ဓာကိုယ်ထဲမှာ ဆိုင်ရာအကြောင်းတရားကြောင့် အကျိုးတရားတွေ ပေါ်နေခြင်းမျှသာ ဖြစ်တယ်၊ ငါလို့ ခေါ်စရာဆိုတာလည်း တစ်ခုမှ မရှိဘူး၊ ငါလို့ ခေါ်စရာမှ မရှိလို့ရှိရင် ငါ့ဥစ္စာဆိုတာလည်း ဘာရှိမှာတုန်း၊ ဒီတော့ ငါဆိုတာလည်း မရှိဘူး၊ ငါ့ဥစ္စာဆိုတာလည်း မရှိနိုင်ဘူးတဲ့နော်၊ ဒီနေရာမှာ ငါလည်း မရှိဘူး, ငါ့ဥစ္စာလည်း မရှိဘူးလို့ - ဆိုလိုတာက သဘာဝတရားသက်သက်မျှသာ ဖြစ်တယ်၊ အဲဒီသဘာဝတရားသက်သက်ကိုသာ ငါလို့ ငါ့ဥစ္စာလို့ အထင်ရောက်နေခြင်းမျှသာ ဖြစ်တယ်။ ။
ဆိုင်ရာအကြောင်းတရားကြောင့် ဖြစ်နေတဲ့ သဘာဝတရားသက်သက်တွေကို ရှုမြင်သုံးသပ်နိုင်မှသာလျှင် ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ ဖြစ်နေတဲ့ တွယ်တာတဲ့ တဏှာရာဂတွေ၊ အထင်ရောက်နေတဲ့မာနတွေ, အမြင်မှားနေတဲ့ ဒိဋ္ဌိတွေ, ဒါတွေကို ဖယ်ရှားပြီး နောက်ဆုံးကျတော့ သဘာဝအစစ်အမှန်ကို သိမြင်ပြီးတော့ တွယ်တာမှုတဏှာတွေ အားလုံးဖြတ်နိုင်မှ နိဗ္ဗာန်ဆိုတဲ့အငြိမ်းဓာတ်ကို ရနိုင်မယ်ဆိုတာကို ကိုယ်စီကိုယ်ငှ သဘောကျပြီး တွယ်တာမှု တဏှာ ဖြတ်နိုင်ဖို့ သဘာဝအစစ်အမှန်တွေကို ကြည့်တတ်မြင်တတ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၂၂၉
အပိုင်း (၇)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၉-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မော်လာဈေး၊ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်း တူညီမှုနှင့် ထူးခြားမှု
ဗုဒ္ဓမြတ်စွာက အကြောင်းတရားနဲ့ အကျိုးတရား မည်သို့မည်ပုံ ဆက်သွယ်ဖြစ်ပေါ်နေတယ်ဆိုတာကို ရှင်းလင်းဖေါ်ပြတဲ့ ဒေသနာနည်းနှစ်မျိုး ရှိတယ်၊ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်း နည်းနှစ်မျိုး ဟောကြားတာ ဖြစ်တယ်။
စာမျက်နှာ-၂၃၀
ဒီတော့ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်းနှစ်ခု ဆက်စပ်ပြီးတော့ လေ့လာရအောင်၊ တူညီချက်နဲ့ ထူးခြားချက်က ဘာလဲလို့ ပြောမယ်ဆိုရင် “ဒါက အကြောင်းတရား ဒါက အကျိုးတရား၊ အကြောင်းတရားရှိရင် အကျိုးတရားတွေဟာ ပေါ်လာတာပဲ” လို့ အကြောင်းနဲ့ အကျိုးကို ဖေါ်ပြတာချင်းကတော့ တူတယ်၊ ထူးခြားချက်က ဘာတုန်းဆိုလို့ရှိရင် ပဋ္ဌာန်းသမုပ္ပါဒ်နည်းက အကြောင်းနဲ့ အကျိုး နှစ်မျိုးပဲ ပြောတယ်၊ ပစ္စယသတ္တိဆိုတဲ့ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိကို ထုတ်ဖေါ်ပြောတာ မရှိဘူး၊ ပဋ္ဌာန်းကျတော့ ပစ္စယသတ္တိကိုပါ ထည့်သွင်းပြီးဖေါ်ပြတယ်၊ ပဋ္ဌာန်းက ပဋိစ္စသမုပ္ပါဒ်ထက် တစ်ခုပိုတယ်လို့ ပြောရမှာပေါ့။
ဒါကြောင့် အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ “တတ္ထ တတ္တဝ ဘာဝီဘာဝါကာရမတ္တော ပဋိစ္စသမုပ္ပါဒနယော” လို့ဆိုတာ၊ “တတ္ထ”ဆိုတာ အကြောင်းတရားဖြစ်လာရင် သို့မဟုတ် အကြောင်းတရားထင်ရှားရှိနေရင် “ဘာဝီဘာဝါကာရမတ္တ” အကျိုးတရားဆိုတာ ဖြစ်လာရတယ်-သို့မဟုတ်- အကျိုးတရားဆိုတာ ရရှိလာရတယ်၊ အကြောင်းတရားရှိနေလို့ အကျိုးတရားဟာ ရှိလာရတယ်၊ အကြောင်းနဲ့ အကျိုး ဆက်စပ်မှုလေးတွေ ရှင်းလင်းဖေါ်ပြတဲ့နည်းက ပဋိစ္စသမုပ္ပါဒ်နည်းပါတဲ့။
ပဋ္ဌာန်းနည်းကျတော့ ဒါတင်မကဘူး “ပဋ္ဌာနနယော ပန အာဟစ္စပစ္စယဋ္ဌိတိ မာရဗ္ဗ ပဝုစ္စတိ” ဆိုတဲ့အတိုင်း အကျိုးတရားတွေကို တည်တံ့စေနိုင်တဲ့ -သို့မဟုတ်- အကျိုးတရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိကိုပါ ထည့်သွင်းပြီး ဟောကြားပါတယ်တဲ့၊ ဒါ့ကြောင့် ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်းနည်းမှာ
စာမျက်နှာ-၂၃၁
တူညီမှုလေးတွေ ရှိသော်လည်းပဲ ထူးခြားမှုလည်း ရှိတယ်လို့ - ဆိုလိုတာပေါ့။
ဒီတော့ ပဋ္စ္စသမုပ္ပါဒ်နည်းက ပစ္စည်းနဲ့ ပစ္စယုပ္ပန်၊ အကြောင်းနဲ့ အကျိုး ဘယ်ပုံဘယ်နည်း ဆက်သွယ်တယ် - ဒီလောက်ပဲ ပြတယ်။ ဒီအကြောင်းတရားရှိနေလို့ ဒီအကျိုးတရားရှိတယ် - ဒါပဲ ပြတယ်၊ ပဋ္ဌာန်းနည်းကျတော့ အဲဒီနှစ်မျိုးအပြင် ဘယ်လိုစွမ်းရည်သတ္တိတွေကို အသုံးပြုထားလို့ ဒီအကျိုးတရားတွေဟာ ရှိနေတယ်ဆိုတဲ့ အကြောင်းတရားရဲ့ သတ္တိ (ဓမ္မသတ္တိ) ကိုပါ ထုတ်ဖေါ်ပြပြီး ဟောထားတာ ဖြစ်တယ်။
အဋ္ဌကထာဆရာကြီးတွေက နည်းနှစ်နည်းကို ပေါင်းစပ်ပြ၏
အဲဒီနှစ်ခုကို မြတ်စွာဘုရားဟောတုန်းက တစ်ခုစီ တစ်ခုစီ ပဋိစ္စသမုပ္ပါဒ်နည်းက တစ်မျိုး၊ ပဋ္ဌာန်းနည်းက တစ်မျိုး သပ်သပ်စီ ဟောထားပေမယ့်လို့ အဋ္ဌကထာဆရာကြီးတွေက ပဋ္စ္စသမုပ္ပါဒ်ကို ဖွင့်တဲ့အခါမှာ ပဋ္ဌာန်းနည်းကိုပါ ရောထည့်ပြီး ဖွင့်ကြတယ်။ ဒါ ပေါင်းစပ်လို့ ရတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာပေါ့၊ အကြောင်းတရားနဲ့ အကျိုးတရားကို ရှင်းလင်းပြတဲ့အခါမှာ အတူတူပဲ၊ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ လေ့လာလို့ရှိရင် ဒီပုံ လေ့လာရမယ်၊ ဒီတော့ ပဋ္စ္စသမုပ္ပါဒ်ထဲကို ပဋ္ဌာန်းနည်း ထည့်သွင်းပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့ သမ္မောဟဝိနောဒနီအဋ္ဌကထာတို့မှာ ယှဉ်တွဲပြီး ရေးပြထားတယ်။
အင်မတန်ခက်ခဲနက်နဲတဲ့ ကျမ်းကြီးနှစ်ကျမ်းကို သို့မဟုတ် ဒေသနာတော်နှစ်ရပ်ကို စပ်ဟပ်ပြီး ဖွင့်ဆိုတဲ့ အဋ္ဌကထာဆရာကြီး
စာမျက်နှာ-၂၃၂
ဟာ လွယ်လွယ်ကူကူနဲ့ ဖွင့်ဆိုတာ မဟုတ်ပါဘူးတဲ့၊ ပဋ္စ္စသမုပ္ပါဒ်ကို ရှင်းလင်းဖေါ်ပြဖို့ရာ ကြိုးစားရတာဟာ “အင်မတန်နက်တဲ့ ပင်လယ်ကြီးထဲမှာ ထောက်တည်ရာ မရသလို သူ့မှာ ထောက်တည်ရာ မရနိုင်ပါဘူး” လို့ ဒီလိုပြောတယ်၊ ထောက်တည်ရာ မရလောက်အောင် ပဋ္စ္စသမုပ္ပါဒ်က နက်နဲလှပါတယ်လို့ - ဒီလို ဆိုခဲ့တယ်။
ဒါဖြင့် ဒီလောက်ခက်တဲ့ကျမ်းကြီးကို ဘယ်လိုအစွမ်းသတ္တိတွေနဲ့ ဖွင့်ပြတာတုန်းဆိုရင် ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါကာလ ရှင်သာရိပုတ္တရာ စတဲ့ တကယ့်ပညာတတ်အကျော် ပညာမှာ ဧတဒဂ်ဘွဲ့ရတဲ့ ပုဂ္ဂိုလ်ကျော်တွေရဲ့ ရှင်းပြမှု၊ အစဉ်အလာမှတ်သားထားမှု tradition လို့ ခေါ်တဲ့ ရှေးဟောင်းအဋ္ဌကထာတွေရဲ့နည်း ရှေးဆရာတွေဖွင့်ဆိုခဲ့တဲ့ နည်းနာနိဿယတွေကို အမှီပြုပြီး ပဋ္စ္စသမုပ္ပါဒ်ကို ဖွင့်ပြတာတဲ့။
အနည်းငယ်လေး သဘောပေါက်ရုံမျှဖြင့် အကျိုးကျေးဇူး များလှ၏
ဒီတော့ ဒီလိုခက်ခဲနက်နဲတာကို အနည်းငယ်လေး သဘောပေါက်ရတယ်ဆိုရင်ပဲ အကျိုးကျေးဇူးက မနည်းလှပါဘူး၊ ပင်လယ်ကြီးကို မမြင်ဘူးတဲ့ပုဂ္ဂိုလ်ကို ပင်လယ်ပြရင် ကမ်းစပ်က ရပ်ပြီးတော့ “ပင်လယ်ဆိုတာ ဒါပဲ” လို့ ဒီလိုပဲ ပြလို့ရမှာပေါ့။ ဘယ်သူမှ ပင်လယ်ကြီးထဲကို ဆင်းပြနိုင်မှာ မဟုတ်ပါဘူး၊ ပင်လယ်ကြီးကို ကြည့်တဲ့ပုဂ္ဂိုလ်ကလည်း “သြော် - ပင်လယ်ဆိုတာ ဒါပဲ” လို့ - နှစ်သိမ့်ကျေနပ်မှုတော့ ရသွားတာပဲ၊ သူ့ကိုယ်သူလည်း “ငါ ပင်လယ်မြင်ဖူး
စာမျက်နှာ-၂၃၃
တယ်” လို့ပဲ ခံစားသွားရမှာပေါ့၊ အဲဒီသဘောလေးလောက်တော့ ရှိမှာပေါ့။
“ဝိညာဏပစ္စယာ နာမရူပံ” ဒီတော့ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ပဋ္စ္စသမုပ္ပါဒ်မှာ ဆိုထားတဲ့ စကားလေးတစ်ခု မနေ့က ရှင်းပြောခဲ့ပြီ - ဝိညာဏဆိုတာ အသိစိတ်ကလေးတစ်ခု၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို သင်ထားတဲ့ ပုဂ္ဂိုလ်တွေအတွက်ဆိုရင် ဝိညာဏဆိုတာ စိတ် ၈၉-ပါး ပြောတာ၊ စိတ် ၈၉-ပါး ရှိခဲ့လို့ရှိရင် နောက်က ဘာတွေ ရှိလာနိုင်တုန်း? ပဋ္စ္စသမုပ္ပါဒ်ဆိုတာ “ဒါရှိရင် ဟိုဟာရှိတယ်” ဆိုတာကို ပြောတာပဲ၊ “ဣမသ္မိံ သတိ ဣဒံ ဟောတိ”၊ “ဒါ ရှိလို့ရှိရင် ဟိုဟာ ရှိတယ်” ဆိုပါစို့ - ဝိညာဏဆိုတဲ့ စိတ်ရှိလို့ရှိရင် နာမဆိုတဲ့ စေတသိက်နဲ့ ရူပဆိုတဲ့ ရုပ်တွေလည်း ရှိလာတယ်လို့ ဒီလို ပြောလိုတဲ့သဘော။
နောက်တစ်ခုက “ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” - ဒီအကြောင်းတရား ဖြစ်ပေါ်လာလို့ရှိရင် ဒီအကျိုးတရား ဖြစ်ပေါ်လာတယ်။ ပဋ္စ္စသမုပ္ပါဒ်ရဲ့ ရှုပုံရှုနည်းကတော့ အဲဒီပုံစံနဲ့ သွားတာ၊ “ဒါ ရှိလို့ ဟိုဟာ ရှိရတယ်၊ ဒါ ဖြစ်လို့ ဟိုဟာ ဖြစ်ရတယ်” လို့ ဆက်စပ်နေမှုလေးကို ဒီလောက်ပဲ ပြောတာနော်။ ။
ဒီတော့ “ဝိညာဏပစ္စယာ နာမရူပံ”မှာ ဝိညာဏဆိုတဲ့ စိတ် ရှိသည့်အတွက်ကြောင့် နာမဆိုတဲ့ စေတသိက်တွေရယ်၊ ရူပဆိုတဲ့ ရုပ်တရားတွေရယ် ရှိလာရတယ်၊ သို့မဟုတ် ဝိညာဏဆိုတဲ့စိတ် ဖြစ်ပေါ်လာမှုကြောင့် နာမဆိုတဲ့ စေတသိက်ရယ်၊ ရူပဆိုတဲ့ ရုပ်
စာမျက်နှာ-၂၃၄
တရားတွေရယ် ဖြစ်ပေါ်လာရတယ်လို့၊ ဒါ ပဋ္စ္စသမုပ္ပါဒ်နည်းအရ ဒီလို သဘောပေါက်ထားရမယ်။
ပဋ္ဌာန်းနည်း
ပဋ္ဌာန်းနည်းကျတော့ ဒီထက် ပိုလာတယ်၊ ဝိညာဏက သူရှိတာနဲ့ ဘာဖြစ်လို့ နာမဆိုတဲ့ စေတသိက်က ရှိလာရတာတုန်း၊ ဝိညာဏက သူတို့ကို ဘယ်လိုအထောက်အကူပြုလို့တုန်း ဘယ်လိုစွမ်းရည်သတ္တိတွေ အသုံးပြုထားတုန်းဆိုတာလေးကို ပဋ္ဌာန်းကျတော့ အဲဒါကို ထည့်ပြောထားတယ်။
ဘာဖြစ်လို့ ရှိလာတာတုန်းဆိုတာ အကြမ်းဖျင်းပြောမယ်ဆိုရင် စိတ်ရှိလာရင် စေတသိက်ရှိလာရတယ်ဆိုတဲ့သဘောက ဘာဖြစ်လို့တုန်း? သဟဇာတ born together အတူတကွ မွေးလို့ရှိတာပေါ့။ ဒီလို ဆိုလိုတာပေါ့၊ အတူတကွ မွေးလာကြတာပဲ။ အကြောင်းတရားကို ပြောတာ မဟုတ်ဘူးနော်၊ တစ်ခါတစ်ခါကျတော့ အတူဖြစ်နေတဲ့သဘောကို ပြောတာ၊ အဲဒီလို အတူတကွ မွေးလာတဲ့အခါမှာ အပြန်အလှန်သဘော ရလို့ အညမည။
တစ်ခုနဲ့တစ်ခု မှီခိုနေရလို့ နိဿယ၊ ပြိုင်တူဖြစ်တယ် ပြိုင်တူချုပ်တယ် တစ်ခုတည်းသော မှီရာဝတ္ထုရုပ်က ပေါက်ဖွားပြီးတော့ အာရုံတစ်ခုတည်းမှာ ကျက်စားပျော်မွေ့ကြတယ်ဆိုတဲ့ “တူလေးတူ”နဲ့ ကြည့်လိုက်တဲ့အခါ ယှဉ်တွဲနေသည့်အတွက်ကြောင့် သမ္ပယုတ္တ၊ ဝိညာဏဆိုတဲ့ စိတ်ကလေး ထင်ရှားရှိနေတုန်း ထိုဝိညာဏနဲ့ ယှဉ်ဘက်စေတသိက်တွေ ထင်ရှားရှိရတယ်၊ သို့မဟုတ် ဝိညာဏက ထုတ်လုပ်လိုက်တဲ့ စိတ္တဇရုပ်တွေဆိုတာ ဖြစ်ပေါ်လာရတယ်လို့
စာမျက်နှာ-၂၃၅
ရှိနေတုန်း မကင်းကွာမီ ဖြစ်ပေါ်လာတာ ဖြစ်သောကြောင့် အတ္ထိ၊ အဝိဂတ၊ ဒါလေးတွေဟာ စွမ်းရည်သတ္တိလေးတွေပဲ။
ဘယ်သူ့ရဲ့ စွမ်းရည်သတ္တိတုန်းလို့ မေးလို့ရှိရင် ဒီနေရာမှာ “ဝိညာဏပစ္စယာ နာမရူပံ”မှာ ဝိညာဏရဲ့ စွမ်းရည်သတ္တိလို့ ပြောရမယ်၊ ပစ္စည်းတရားရဲ့ ပစ္စယသတ္တိပဲ၊ သတ္တိဆိုတာ စွမ်းဆောင်နိုင်မှု၊ အကျိုးတရား ဖြစ်ပေါ်လာအောင် -သို့မဟုတ်- အကျိုးတရား တည်တံ့လာအောင် -သို့မဟုတ်- မိမိရှိနေသည့်အတွက်ကြောင့် အကျိုးတရား ရှိလာအောင် ဒီလို စွမ်းဆောင်ပေးနေတဲ့ သတ္တိလေးတွေကို ရည်ညွှန်းပြီးတော့ ပြောတာပါ။
ဝိညာဏဆိုတာ ၃-မျိုး ရှိတယ်
အဲဒါကို မနေ့က အဋ္ဌကထာမှာ ရှင်းထားတဲ့အတိုင်း ဝိညာဏဆိုတာ ၃-မျိုးလို့ ဝိပါကဝိညာဏ၊ အဘိသင်္ခါရဝိညာဏ၊ ကျန်တဲ့ဝိညာဏတွေလို့ အဲဒါ ပြောခဲ့ပြီ၊ ဒီတော့ သာမန်အားဖြင့် ဝိညာဏဆိုတာ စိတ်အားလုံးကို ရည်ညွှန်းတယ်လို့ ဒီလို ပြောလို့ရတယ်၊ ပဋိသန္ဓေစိတ်ကတော့ အဓိကပေါ့။
ကဲ တစ်ဖန်ပြောမယ်ဆိုလို့ရှိရင် “ဝိညာဏပစ္စယာ နာမရူပံ” မှာ ဝိညာဏဆိုတဲ့ စိတ်ဟာ ကံတရားနဲ့ ဆက်စပ်ပြီးတော့နေတဲ့ အဘိသင်္ခါရဝိညာဏကို ရည်ညွှန်းတယ်လို့ဆိုရင် အဲဒီအဘိသင်္ခါရဝိညာဏလို့ဆိုတဲ့ ဝိညာဏက ဘယ်နာမ် ဘယ်ရုပ်တွေကို ဖြစ်ပေါ်စေသလဲဆိုတာကို- ဒါ တရားနဲ့ ပတ်သက်လာလို့ရှိရင် ကြွင်းကျန်မရှိအောင် ပြတဲ့သဘောပါ။
စာမျက်နှာ-၂၃၆
ဒီတော့ ဝိညာဏအရ အဓိကအားဖြင့် ပဋိသန္ဓေ ဆိုတော့ ဝိပါက်စိတ်တွေကိုသာ ရည်ညွှန်းပြီးတော့ ကောက်ထားပေမယ့်လို့ ကုသိုလ်စိတ် အကုသိုလ်စိတ်တွေလည်း ပါနိုင်တယ်၊ ဒါကြောင့်မို့လို့ အဘိသင်္ခါရဝိညာဏ်ဆိုတာ တခြားဟာကို ပြောတာ မဟုတ်ဘူး၊ အကုသိုလ်စေတနာကံနဲ့ တွဲဖက်ပြီးတော့လာတဲ့ အကုသိုလ်စိတ် ၁၂-ခုရယ်၊ လောကီကုသိုလ်စေတနာကံနဲ့ တွဲဖက်လာတဲ့ လောကီကုသိုလ်စိတ် ၁၇-ခုရယ်၊ အားလုံးပေါင်းလိုက်လို့ရှိရင် ၂၉-ခု၊ အဲဒီ ၂၉-ခုကို အဘိသင်္ခါရဝိညာဏ်လို့ ခေါ်တယ်။
အဲဒီအဘိသင်္ခါရဝိညာဏ်က ကံတရားပဲ၊ ကံတရားနဲ့ ဆက်စပ်ပြီးတော့ စေတနာကို ကံလို့ ကောက်ပေမယ့်လို့ စေတနာက သူ့ချည်းနေလို့ ရတာ မဟုတ်ဘူး၊ သူနဲ့ အတူတကွ ယှဉ်တွဲလာတဲ့ ကုသိုလ်အကုသိုလ်စိတ်တွေလည်း မကင်းရာ မကင်းကြောင်း ပါလာတယ်ပေါ့ ဒါကြောင့်မို့ စေတနာဆိုတဲ့ ကံတရားနဲ့ ယှဉ်တွဲလာတဲ့ ဝိညာဏ်စိတ်တွေက ၂၉-ခု၊ အဲဒီ ၂၉-ခုကလည်းပဲ ကမ္မဇရုပ်ကို အထောက်အကူပြုတယ်တဲ့၊ ကမ္မဇရုပ်ကို ဖြစ်ပေါ်စေတယ်။
သတ္တဝါ သုံးမျိုး
ဒီနေရာမှာ သတ္တဝါတွေကလည်း အင်မတန်အမျိုးစုံတယ်၊ အမျိုးစုံပေမယ့်လို့ ခြုံငုံပြီးတော့ ပြောလိုက်မယ်၊ ခန္ဓာနဲ့ သုံးသပ်ပြီးတော့ ပြောမယ်ဆိုရင် သတ္တဝါသုံးမျိုးပဲ ရှိတယ်လို့ ပြောရမယ် - (၁) ခန္ဓာငါးပါးရှိတဲ့ သတ္တဝါက တစ်မျိုး၊ (၂) ခန္ဓာလေးပါးရှိတဲ့ သတ္တဝါက တစ်မျိုး၊ (၃) ခန္ဓာတစ်ပါးတည်းသာရှိတဲ့ သတ္တဝါက
စာမျက်နှာ-၂၃၇
တစ်မျိုးတဲ့၊ လောကကြီးမှာရှိတဲ့ သတ္တဝါတွေကို ဓမ္မနဲ့ ပြောမယ်ဆိုလို့ရှိရင် သုံးမျိုးလို့ ခွဲရမယ်။
အသညသတ်သတ္တဝါ
ဒီတော့ နည်းတာက စပြောမယ်၊ ခန္ဓာတစ်ပါးသာ ရှိတဲ့ သတ္တဝါဆိုတာ ရုပ်ခန္ဓာသက်သက်သာရှိတဲ့ အသညသတ်ဗြဟ္မာကြီးတွေ၊ ဒါကို တချို့က ရုပ်သက်သက်ရှိတဲ့ သတ္တဝါဆိုတာ ရှိနိုင်ရဲ့လားလို့ ယုံကောင်းမှ ယုံလိမ့်မယ်၊ သို့သော် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဒိဗ္ဗစက္ခုဉာဏ်တော်ကြီးနဲ့ ကြွင်းကျန်မရှိအောင် ကြည့်ပြီးတော့ ဟောတာ အစဉ်အလာ စာထဲပါလို့ ဟောတာလည်း မဟုတ်ဘူး၊ တခြားတခြားပုဂ္ဂိုလ်တွေ ပြောသွားလို့ ပြောတာလည်း မဟုတ်ဘူး၊ ရာဇဝင်သမိုင်းကို ထောက်ပြီးတော့ ပြောတာလည်း မဟုတ်ဘူး၊ သိပ္ပံဆရာတွေရဲ့ တွေ့ရှိချက် သူများတွေ့ရှိချက်ကို တဆင့်ခံပြီး ပြောတာလည်း မဟုတ်ဘူး၊ ကိုယ်တိုင် ဒိဗ္ဗစက္ခုဉာဏ်နဲ့ စကြဝဠာအားလုံးကို ဖြန့်ကျက်ပြီးတော့ ကြည့်လိုက်တဲ့အခါ ဒီလို သတ္တဝါရှိတယ်ဆိုတာ ကိုယ်တိုင်သိတယ်နော်။
ဒါကြောင့်မို့ မြတ်စွာဘုရားက “သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေ” တဲ့၊ လောကကြီးကို ကိုယ်တိုင်သိပြီး ကိုယ်တိုင်လေ့လာ သိရှိပြီးမှ ဟောတာ ဖြစ်တယ်၊
အဲဒီမှာ အသညသတ္တ - ခန္ဓာတစ်ပါးတည်း ရှိတယ်ဆိုတာ အဲဒီပုဂ္ဂိုလ်က ရုပ်ခန္ဓာတစ်မျိုးတည်းပဲ ရှိတယ်၊ နာမ်ခန္ဓာ မရှိဘူး၊ အသိစိတ်ကင်းမဲ့တဲ့ သတ္တဝါတစ်မျိုးပေါ့နော်၊ အသိစိတ်ကင်းမဲ့တဲ့ သတ္တဝါဆိုပေမယ့် သူက သာမန်သတ္တပါတော့ မဟုတ်ဘူး၊ အလွန်
စာမျက်နှာ-၂၃၈
အဆင့်မြင့်တဲ့သတ္တဝါတစ်မျိုးပဲ၊ အသညသတ်ဘုံဆိုတာ ရပ်ပြစ်ရှစ်ပါးထဲပါလို့ အဆင့်နိမ့်တယ်လို့တော့ မအောက်မေ့လေနဲ့၊ အခွင့်အရေး ဆုံးရှုံးလို့သာ ပြောတာ၊ သူက သနားစရာသတ္တဝါတော့ မဟုတ်ဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ သူက သမထကျင့်စဉ်တစ်ခုကို ကျင့်ပြီး ရူပဈာန်ငါးဆင့်ထိအောင် အောင်မြင်ပေါက်ရောက်သွားတာ၊ နည်းတဲ့သမာဓိ မဟုတ်ဘူး။
သူပေါက်ရောက်တဲ့သမာဓိမှာ သူ့ရဲ့စိတ်တွေဟာ တွေးတောမှုဆိုတာလည်း မပါဘူး၊ အတွေးမျိုးစိတ်တွေပေါ့၊ မတွေးဘဲနဲ့ အာရုံတစ်ခုကို ယူနိုင်စွမ်းရှိတဲ့စိတ်ဆိုတာ အင်မတန်အစွမ်းထက်တဲ့စိတ် ဖြစ်သွားပြီပေါ့၊ စာလိုပြောရင် ဝိတက်လည်း မပါဘူး၊ ဝိစာရလည်း မပါဘူးနော်၊ တွေးတောကြံစည်မှု မရှိဘဲနဲ့ အာရုံနဲ့တွေ့နိုင်တယ်၊ အဲဒီအာရုံပေါ်မှာ ကျေနပ်နေတဲ့ ပီတိဆိုတာလည်း မရှိဘူး၊ ချမ်းသာမှုကို ခံစားနေတဲ့ခံစားမှုဆိုတဲ့ သုခဝေဒနာလည်း မရှိဘူး။
သူ့မှာရှိနေတာက ချမ်းသာခံစားမှု မထင်ရှားတဲ့ ဥပေက္ခာဝေဒနာနဲ့ တည်ငြိမ်နေတဲ့သမာဓိတရား၊ ဒီနှစ်မျိုးနဲ့ ဖွဲ့စည်းထားတဲ့ ပဉ္စမဈာန်ဆိုတဲ့ ငါးခုမြောက်အဆင့်ကို သူ ရထားတာ၊ နည်းတဲ့အဆင့် မဟုတ်ဘူး၊ ဒါ လူ့ဘဝတုန်းကပေါ့။
လူတိုင်း လူတိုင်းဟာ အသညသတ်ဘုံ သွားချင်လို့ရှိရင်တော့ ဒီကျင့်စဉ်ကို ကျင့်ပြီး အဲဒီအဆင့်ရောက်ပြီးမှသာလျှင် သွားလို့ရတယ်နော်၊ သာမန်ပုဂ္ဂိုလ်တွေက “တို့တစ်တွေ အသညသတ်ဘုံ၌ ဖြစ်ပါရစေ” လို့ ဆုတောင်းနေလို့လည်း ဖြစ်မှာမဟုတ်ဘူးနော်၊
ဒါဖြင့် အဲဒီ အသညသတ္တ - ခန္ဓာတစ်ပါးတည်း ဖြစ်တဲ့ ပုဂ္ဂိုလ်၊ အဲဒီဗြဟ္မာကြီးက ဘာဖြစ်လို့ အဲဒီဘုံမှာ သွားဖြစ်ရသလဲလို့
စာမျက်နှာ-၂၃၉
ဆိုရင် (ဈာန်ဝင်စားတဲ့အချိန် မဟုတ်ဘူး။) ဈာန်ကနေ ထပြီးတော့ သူတွေးလိုက်တဲ့အခါမှာ ဘာတွေတွေးမိတုန်းဆိုတော့ စိတ်ရဲ့ အပြစ်အနာအဆာတွေကို သူများတွေးမိတယ်၊ “သြော် - စိတ်ရှိလို့ ဒုက္ခသုက္ခတွေ ဖြစ်နေတာ” လို့။ ။
ဒါ ဟုတ်တော့ဟုတ်တာပဲ၊ အိပ်ပျော်နေတယ်ဆိုရင် စိတ်ဟာ အင်မတန်သိမ်မွေ့သွားတယ်၊ ဘဝင်စိတ်တော့ ရှိသေးတာပဲ။ သို့သော်လည်းပဲ အိပ်မောကျနေတဲ့အချိန်မှာ ဘာမှမသိတဲ့အနေအထားမျိုး ရောက်သွားတယ်နော်၊ ဒါတောင် သိနေသေးတယ်။ “စိတ်လုံးဝမရှိဘူးဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ စားချင်တာလည်း ဒီစိတ်ကြောင့်ပဲ၊ သွားချင်တာလည်း ဒီစိတ်ကြောင့်ပဲ၊ ချင်တာမှန်သမျှ ဒီစိတ်ကြောင့်ပဲ” လို့ စိတ်နဲ့ပတ်သက်ပြီးတော့ သူက စိတ်ပျက်ဖွယ် ငြီးငွေ့ဖွယ်တွေကိုတွေးတောပြီးတော့ စိတ်ကို ရွံမုန်းတဲ့ အမြင်တွေ မြင်လာတယ်၊ မြင်လာတဲ့အခါ “စိတ်မဲ့သတ္တဝါ ဖြစ်ရရင် ဘယ်လောက်ကောင်းမလဲ” လို့၊ “စိတ်မပါဘူးဆိုရင် ရုပ်ချည်းက ဘာမှမသိဘူး အေးတာပဲ” လို့တွေးမိတယ်။ ။
တချို့လူတွေ ပြောတယ် မဟုတ်လား- “သေ အေးတာပဲ” ဆိုတာ၊ တကယ်တော့ သေရင် မအေးဘူး၊ ဒီထက်ပူတဲ့ဆီ ရောက်သွားနိုင်သေးတယ်နော်၊ ပစ္စုပ္ပန်တွေ့နေတဲ့ဆင်းရဲဒုက္ခတွေကို ကြည့်ပြီး “သေ အေးတာပဲ၊ သေ အေးတာပဲ” နဲ့ ခဏခဏ ပြောသံကြားနေရတယ်၊ သေလို့တော့ အေးမယ် မထင်နဲ့နော်၊ ဒီထက် ရှုပ်ထွေးတဲ့ဆီ ရောက်ချင်လည်း ရောက်သွားနိုင်တယ်။
အေး အဲဒီဗြဟ္မာဖြစ်မယ့်ပုဂ္ဂိုလ်က ဈာန်ရထားတဲ့ ယောဂီပုဂ္ဂိုလ်ကြီးပဲ၊ သမထကျင့်စဉ်အောင်မြင်ပေါက်ရောက်နေတဲ့ ယောဂီ
စာမျက်နှာ-၂၄၀
ပုဂ္ဂိုလ်ကြီးက ဒီအတွေးတွေတွေးမိသွားတယ်၊ တွေးမိသွားသည့်အတွက်ကြောင့် “စိတ်ဆိုတာ ဘယ်ရွံ့မုန်းစရာကောင်းတာပဲ၊ စိတ်ပျက်စရာအကောင်းဆုံးက စိတ်ပဲ” လို့ ဆိုပြီးတော့ “စိတ်မဲ့သတ္တဝါ ဖြစ်ရရင် ကောင်းမှာပဲ” လို့ဆိုတဲ့ ဆန္ဒဖြစ်သွားတယ်၊ wish ဖြစ်သွားတယ်၊ သူ့ရဲ့ဈာန်ကုသိုလ်ကလည်း အင်မတန်အစွမ်းထက်တယ်၊ အစွမ်းထက်တော့ သူ့ရဲ့ wish နဲ့ အကျိုးပေးမှာပဲတဲ့။
ဒါကတော့ ကံဆိုတာ လူ့ရဲ့ဆန္ဒအတိုင်း အကျိုးပေးတာလေ၊ စွမ်းရည်သတ္တိထက်တဲ့ကံဟာ သူ့ရဲ့ wish ပေါ်မှာ မူတည်တယ်။ စေတနာတို့ ပဏီဓိတို့ ပတ္ထနာတို့ဆိုတာ ရှိတာပေါ့။ စေတောပဏီဓိဆိုတာ စိတ်ရဲ့တောင့်တမှု ပြည့်စုံသွားတတ်တယ်၊ အဲဒါကြောင့် ဒီပဉ္စမဈာန်ရတဲ့ ယောဂီပုဂ္ဂိုလ်ကြီးဟာ စိတ်ရဲ့ အပြစ်ကို မြင်ပြီးတော့ “စိတ်မရှိတဲ့သတ္တဝါ ဖြစ်ရင် ကောင်းမှာပဲ” လို့ ဆန္ဒပြုသည့်အတွက်ကြောင့် သေတဲ့အခါကျတော့ ဗြဟ္မာပြည်မှာ အသညသတ္တဗြဟ္မာ ဖြစ်တာ စိတ်စွမ်းအားဟာနော်။
ဆန္ဒဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ သူ့ရဲ့ဆန္ဒအတိုင်း ဖြစ်ကို ဖြစ်သွားတာ၊ အဲဒါ ကြာလိုက်တာ ဘယ်လောက်ထိ ကြာတုန်းဆို ကမ္ဘာ-၅၀၀ တဲ့၊ တစ်ကမ္ဘာရဲ့ အတိုင်းအတာကလည်း အင်မတန်မှ ရှည်ကြာတယ်၊ ကမ္ဘာ-၅၀၀ သက်တမ်းစေ့လို့ရှိရင်တော့ ဒီရပ်ဆိုင်းနေတဲ့အသိစိတ်လေးဟာ ပြန်ပေါ်လာတယ်။
လူတွေကတွေးကောင်းတွေးလိမ့်မယ် - ဗြဟ္မာပြည်ရောက်နေတဲ့ကာလ သူ့စိတ်တွေ ဘယ်ရောက်နေတုန်းလို့၊ စိတ်ဆိုတာ ရှိနေတာမှ မဟုတ်တာ၊ အကြောင်းရှိမှ ပေါ်လာတာ၊ စောင်းလေးကို စားပွဲပေါ်မှာ အလှတင်ထားရင် စောင်းသံလေးတွေ ဘယ်ရောက်
စာမျက်နှာ-၂၄၁
နေတုန်းလို့တွေးမိကြရဲ့လား၊ အဲဒီလိုပဲ မှတ်၊ မတီးသေးရင် စောင်းသံပေါ်လာမှာ မဟုတ်ဘူးနော်၊ အဲဒီလို သူ့ရဲ့ဆန္ဒကြောင့် စိတ်မဲ့တဲ့ သတ္တဝါ ဖြစ်သွားတဲ့အခါမှာ “အကြောင်းမရှိလို့ စိတ်မပေါ်တာ” ပဲ ရှိတယ်၊ တီးမယ့်သူမရှိလို့ စောင်းသံ မကြားရသလိုပဲ။
သူဟာ ကမ္ဘာ-၅၀၀ ပတ်လုံး စိတ်ဖြစ်ပေါ်စရာ အကြောင်းတွေ မရှိဘူး၊ သူ့မှာ စိတ်ဖြစ်စရာအကြောင်း မရှိသည့်အတွက်ကြောင့် စိတ်မဖြစ်ဘူးတဲ့၊ သူ့စိတ်တွေ ဘယ်သွားနေတုန်းလို့တော့ မအောက်မေ့လေနဲ့နော်။
အဲဒီအသိစိတ်ကလေး ပြန်ပေါ်လာခြင်းသည်ပင်လျှင် သူ့ဘဝအဆုံးသတ်ခြင်းပဲတဲ့၊ အဲဒီလိုဆိုရင် သူ့ရဲ့အတိုင်းအတာတစ်ခုက ကုန်ဆုံးသွားပြီ၊ သူ့ရဲ့ဆန္ဒအရ အသညသတ်ဘုံ ရောက်သွားတဲ့ အတိုင်းအတာတစ်ခုဟာ ကမ္ဘာ-၅၀၀ ပြည့်တာနဲ့ ကုန်ဆုံးသွားပြီ၊ ကုန်ဆုံးသွားတာနဲ့ အသိစိတ်ကလေးက ပြန်ပေါ်လာတယ်လို့ ပြောတာနော်၊ ပြန်ပေါ်လာတာ ဘယ်ကနေ ပြန်ပေါ်လာတုန်း ဆိုတော့ အကြောင်းက ဖြစ်လာတာ၊ အသိစိတ်ပေါ်ဖို့ အကြောင်းတရား ဖြစ်လာတာ။
အသညသတ်ဘုံ၌ “ဝိညာဏပစ္စယာ ရူပံ” ဖြစ်ပုံ
ဒီတော့ ဒီနေရာလေးကို ပြောမလို့ - အသညသတ်ဘုံဟာ ရုပ်ခန္ဓာတစ်ခုတည်းသာ ရှိတယ်၊ ရုပ်ခန္ဓာတစ်ခုတည်းသာ ရှိတော့ အသညသတ်ဘုံ ရောက်သွားတဲ့ပုဂ္ဂိုလ်မှာ ဝိညာဏဆိုတာ မရနိုင်ဘူးပေါ့၊ ဒီတော့ “ဝိညာဏပစ္စယာ ရူပံ” လည်း မဖြစ်နိုင်ဘူး၊ “ဝိညာဏပစ္စယာ နာမံ” ဆိုတာတော့ ဝေးရောပေါ့နော်။
စာမျက်နှာ-၂၄၂
အဲဒါကျတော့ သုတ္တန်ဒေသနာတော်နည်းအရ ဒီထဲမှာ ပါဝင်အောင် ဘယ်လိုထည့်ပြတုန်းလို့ ဆိုလို့ရှိရင် သူ ယောဂီပုဂ္ဂိုလ်ဘဝတုန်းက ကျင့်လာတဲ့ ပဉ္စမဈာန်ကုသိုလ်ဟာ အဘိသင်္ခါရဝိညာဏ်ပဲတဲ့၊ အဲဒီအဘိသင်္ခါရဝိညာဏ်ကြောင့် အသညသတ်ဘုံရောက်တဲ့အခါ ဇီဝိတနဝကကလာပ်လို့ဆိုတဲ့ အသညသတ် ကမ္မဇရုပ် သူ့သန္တာန်မှာ ဖြစ်ပေါ်ရတယ်၊ ယောဂီဘဝတုန်းက ကျင့်ခဲ့တဲ့ အဘိသင်္ခါရဝိညာဏ်ကြောင့် ဝိညာဏ်တည်းဟူသော အကြောင်းကြောင့် ရုပ်တရားပေါ်တယ်ဆိုတော့ “ဝိညာဏပစ္စယာ ရူပံ” ပေါ့၊ ကမ္မဇရုပ်ကလေးဟာ အဲဒီမှာပေါ်တယ်၊ သုတ္တန်နည်းအရ အဲဒီလို ယူပြီးတော့ ဒီနေရာမှာ ထည့်သွင်းပြထားတယ်။ “အသညသတ်ဘုံမှာ အဘိသင်္ခါရဝိညာဏ်ကြောင့် ကမ္မဇရုပ်ဖြစ်တယ်” တဲ့။
“ဝိညာဏ်ကြောင့် ကမ္မဇရုပ် ဖြစ်နိုင်တယ်” ဆိုတာ ဒါ တစ်ဘဝတည်းမှာ ဖြစ်နေတာကို ပြောတာ မဟုတ်ဘူး၊ ဒီပြင်နေရာတွေမှာက တစ်ဘဝတည်းအကြောင်းတွေကို ပြောနေတာ၊ ဒါလေးကိုတော့ သိထားဖို့ လိုတယ်ပေါ့နော်၊ အဘိသင်္ခါရဝိညာဏ်ဆိုတာ အတိတ်ဘဝ၊ ကမ္မဇရုပ်ဆိုတာ အခုလက်ရှိ အသညသတ်ရဲ့ဘဝ၊ အဲဒီလို ဖြစ်တယ်တဲ့။ ။
အဲဒီလို အဘိသင်္ခါရဝိညာဏ်ကြောင့် အသညသတ်ဘုံမှာ ကမ္မဇရုပ် ပေါ်လာတယ် ဆိုတဲ့အခါမှာ ပဋ္ဌာန်းနည်းကျတော့ ဘာသတ္တိကို အသုံးပြုလဲ? ပဋ္စ္စသမုပ္ပါဒ်နည်းအရကတော့ “ဝိညာဏပစ္စယာ ရူပံ” ပေါ့၊ “ဝိညာဏပစ္စယာ”၊ “အဘိသင်္ခါရဝိညာဏ်လို့ဆိုတဲ့ အကြောင်းတရားကြောင့်”၊ “ရူပံ” “ကမ္မဇရုပ် ဖြစ်တယ်” တဲ့။
စာမျက်နှာ-၂၄၃
ဘာသတ္တိကို အကြောင်းပြုလဲလို့ဆိုရင် ဥပနိဿယသတ္တိတဲ့၊ ဒီတစ်ပစ္စည်းတည်းပဲ၊ ဥပနိဿယသတ္တိဆိုတာ အလွန်အစွမ်းထက်တယ်၊ ဥပနိဿယသတ္တိက သက်ရှိရော သက်မဲ့ရော အကုန်လုံး ခြုံငုံထားတာမို့ ၂၄-ပစ္စည်းထဲမှာ အင်မတန်အစွမ်းထက်တဲ့ ဥပနိဿယပစ္စည်းဆိုတာ ပါတယ်နော်။
ကမ္မဋ္ဌာန်းအားထုတ်ခဲ့တဲ့ လူ့ဘုံလူ့ဘဝမှာ ဖြစ်တဲ့ ရူပါဝစရပဉ္စမဈာန်ကုသိုလ်အလုပ်ဆိုတဲ့ အဘိသင်္ခါရဝိညာဏ်ကနေပြီးတော့ အသညသတ်ဘုံကမ္မဇရုပ်အား ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုပြီးတော့ ဖြစ်ပေါ်လာရတယ်လို့ ဒီထဲမှာပဲ ထည့်သွင်းပြီးတော့ ပြောတယ်၊ ဒါက ရုပ်ခန္ဓာတစ်ခုတည်းရှိတဲ့ ပုဂ္ဂိုလ်အတွက် ပြောတာ။
နာမ်ခန္ဓာလေးပါးရှိသော အရူပသတ္တဝါ
ကဲ - ဒါဖြင့် နာမ်ခန္ဓာလေးပါးရှိတဲ့ပုဂ္ဂိုလ် - အရူပဗြဟ္မာတဲ့၊ အရူပဘုံရှိတယ်၊ အရူပဘုံရောက်ဖို့ သမထကျင့်စဉ်က ပိုပြီးတော့ အဆင့်မြင့်တယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ရူပဈာန်အားလုံးကို ရပြီးမှ အရူပဈာန်ကို ဆက်ကျင့်လို့ရတာ၊ ရူပဈာန်မရဘဲနဲ့ အရူပဈာန်ကို တက်လို့မရဘူးပေါ့၊ ရူပဈာန် ၅-ခုလုံးကို ပိုင်ပိုင်နိုင်နိုင်ရပြီးပြီဆိုတော့မှ အာရုံတွေကို ပြောင်းပြောင်း ပြောင်းပြောင်းပြီးတော့ အရူပဈာန်အဆင့် မြင့်ဆုံးထိ တက်သွားလို့ရတယ်။
အရူပဈာန်ကို ကသိုဏ်းရုပ်တွေနဲ့ ဆက်စပ်ထားတာ မရှိသည့်အတွက် အရူပလို့ခေါ်တာ၊ ရူပဈာန်ဆိုတာက ကသိုဏ်းရုပ်တွေနဲ့ ဆက်သွယ်ပြီး နေသေးတယ်၊ အရူပဈာန်ကျတော့ ကသိုဏ်း
စာမျက်နှာ-၂၄၄
ရုပ်တွေနဲ့ ဆက်သွယ်မနေဘူး၊ ကသိုဏ်းရုပ်တွေကို ဖယ်ရှားပြီးတော့ တက်သွားတဲ့ ဈာန်မျိုးဖြစ်လို့ “အရူပဈာန်” လို့ ခေါ်တာ။
အရူပဘုံဆိုတာကျတော့ သူက ရုပ်မဲ့ - ရုပ်မရှိဘူး၊ သူ့မှာလည်း အတွေးတစ်ခု ရှိတာပဲ၊ ဘာတွေးတာတုန်းလို့ဆိုရင် “စားချင်တာတို့ သွားချင်တာတို့ ဘာတို့ဆိုတာ စိတ်ကဖြစ်တာ” ဒါမှန်တယ်၊ ဒါပေမယ့် တကယ်စားတဲ့အခါကျတော့ စိတ်က စားရတာ မဟုတ်ဘူး၊ ရုပ်ကြီးက စားနေတာ၊ ခေါင်းကိုက်ပြီဆိုရင်လည်း ရုပ်ကြီးက ကိုက်တာပဲ၊ ကျောအောင့်တာလည်း ရုပ်ကြီးက အောင့်တာပဲ၊ တစ်စုံတစ်ခု ဒဏ်ရာရသွားရင်လည်း ရုပ်ကြီးကပ်ရတာပဲ၊ အရိုက်အနှက်ခံရတာ၊ အဖမ်းအဆီးခံရတာ၊ အချုပ်အနှောင်ခံရတာ၊ အခုတ်အထစ်ခံရတာတို့ အရာရာဟာ အားလုံးရုပ်တွေချည်းပဲ၊ ရုပ်တွေကြောင့်မို့လို့၊ ဒီတော့ ရုပ်မရှိဘူးဆိုရင် ဘယ်လောက်ကောင်းမလဲ။
အခုခေတ်ဆို သေချာစဉ်းစားကြည့်လိုက်လို့ရှိရင် လူတွေမှာ စိတ်ကသာ သူ့ဟာသူ နေတာ၊ မနက်အိပ်ယာထတာနဲ့ တစ်ပြိုင်နက် စိတ်အတွက် လုပ်ရတာလား၊ ရုပ်အတွက် လုပ်ရတာလား၊ မနက်အိပ်ယာထတာနဲ့ တစ်ပြိုင်နက် မျက်နှာသစ်ပေးရတယ်၊ သူ့ကို သွားတိုက်ပေးရတယ်၊ toilet ထဲ ဝင်ရတယ်၊ သူ့ကိစ္စတွေက မနည်းဘူး၊ ဒါတင်မရသေးဘူး - ကော်ဖီကြိုက်ရင် ကော်ဖီတိုက်ရသေးတယ်၊ မနက်စာ စားရသေးတယ်၊ အိမ်ရှိတာနဲ့ မကျေနပ်ရင် ဈေးသွားရဦးမယ်၊ ပီးရတယ် လိမ်းရတယ်၊ ပြင်ရတယ် ဆင်ရတယ်။ ဝတ်စားဆင်ယင်ရတယ်။ အားလုံးဟာ လိုက်ကြည့်လိုက်မယ်ဆိုရင်
စာမျက်နှာ-၂၄၅
ဒီရုပ်ခန္ဓာကိုယ်ကြီးအတွက် လုပ်နေကြရတာတွေချည်းပဲ၊ ဒီတော့ သူတွေးမယ်ဆိုလည်း တွေးစရာပဲ။
သူလည်း လူ့ဘဝက သမထကျင့်စဉ်တစ်ခုကို အောင်မြင်ပေါက်ရောက်အောင် ကျင့်ပြီးတဲ့အခါမှာ စဉ်းစားတယ်၊ “သြော် - ဒီရုပ်ကြီး ရှိလို့ ဒုက္ခသုက္ခတွေ အလွန်များတာပဲ၊ ရုပ်မရှိရင် ကောင်းမှာပဲ” ဆိုတဲ့ ဆန္ဒ သူ့မှာ ပေါ်လာတယ်၊ အဲဒီစိတ်ဆန္ဒကြောင့် သူလုပ်ထားတဲ့ ကုသိုလ်ကံက အစွမ်းထက်ရင် သူ့ရဲ့ဆန္ဒအတိုင်း အကျိုးပေးလိုက်တယ်။
ဗြဟ္မာပြည်ရောက်သွားတဲ့အခါကျတော့ ရုပ်မပါတဲ့ဘဝမှာ “ရုပ်မဲ့သတ္တဝါ” ဆိုပြီး သွားဖြစ်တာပေါ့။ ဒီတော့ သူ့မှာ ဝေဒနာဆိုတဲ့ခံစားမှု ရှိတယ်၊ သညာဆိုတဲ့ မှတ်တဲ့စိတ် ရှိတယ်၊ သင်္ခါရဆိုတဲ့တွေးတောမှုလှုံ့ဆော်မှုတွေ ရှိတယ်၊ ဝိညာဏဆိုတဲ့ အသိစိတ် ရှိတယ်၊ သို့သော် ရုပ်မပါဘူးတဲ့၊ အရူပသတ္တဝါ - ရုပ်မဲ့သတ္တဝါ ဖြစ်တယ်၊ သူကလည်းပဲ အဲဒီဘုံမှာ အလွန်ရှည်လျားစွာ သက်တမ်းအလိုက် တည်နေရတယ်ပေါ့။
သူတို့ကို ရပ်ပြစ်ရှစ်ပါးထဲ ထည့်တာတော့ အကြောင်းမဲ့ မဟုတ်ဘူး၊ ဘာ့ကြောင့် ရပ်ပြစ်ရှစ်ပါးထဲ ထည့်တာတုန်းလို့ဆိုတော့ - အကယ်၍ လူ့ပြည်မှာ ဘုရားပွင့်လာလို့ရှိရင် သူတို့မှာ တရားနာခွင့် chance မရှိဘူးတဲ့၊ ဒါကြောင့် ရပ်ပြစ်ရှစ်ပါးထဲမှာ ထည့်ထားတာနော်၊ တကယ်ကတော့ ရှုတ်ချပြီး ထည့်တာတော့ မဟုတ်ပါဘူး၊ သံသရာဝဋ်ကလွတ်ဖို့ အခွင့်အလမ်း အင်မတန်မှ နည်းသွားပြီပေါ့။
စာမျက်နှာ-၂၄၆
ဒါလည်းပဲ အရူပဘုံမှာ သောတာပန်သာ မဖြစ်နိုင်တာ သောတာပန်ဖြစ်ပြီးသားပုဂ္ဂိုလ် ရောက်သွားရင်တော့ သူက အဆင့်ဆင့် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်သွားနိုင်သေးတာပဲ၊ ဒီတော့ စိတ်က အဓိကဆိုတာတော့ ထင်ရှားတာပေါ့နော်၊ အသညသတ်ဘုံကျတော့ သူက ပုထုဇဉ်သက်သက်ပဲ၊ အရူပဘုံကတော့ ပုထုဇဉ်သက်သက် မဟုတ်ဘူး အရိယာတွေလည်း ဖြစ်တတ်တယ်ပေါ့။
အရူပဘုံ၌ “ဝိညာဏပစ္စယာ နာမံ” ဖြစ်ပုံ
ကဲ အဲဒီဘုံမှာရောက်နေတဲ့ အရူပဗြဟ္မာတွေအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် သူတို့မှာ အသိစိတ်ရှိတယ်၊ သို့သော် ရုပ်မရှိဘူး၊ ရုပ်မရှိသည့်အတွက်ကြောင့် “ဝိညာဏပစ္စယာ နာမရူပံ” လို့ အစုံတော့ မရဘူး၊ “ဝိညာဏပစ္စယာ နာမံ” တော့ ဖြစ်တယ်၊ စိတ်ရှိသည့်အတွက်ကြောင့် ဆိုင်ရာဆိုင်ရာ စေတသိက်တွေ ဖြစ်ရတယ်ပေါ့။
ဆိုပါစို့ - အရူပဝိပါက်စိတ်လေးခု၊ အရူပဝိပါက်စိတ်လေးခုဆိုတဲ့ “ဝိညာဏ” ကြောင့် ဆိုင်ရာဆိုင်ရာ စေတသိက်လေးတွေဆိုတဲ့ “နာမ” ဟာ ဖြစ်ပေါ်လာတယ်၊ အဲဒါဖြစ်တာလည်း ဘာသတ္တိတွေနဲ့ ဖြစ်လာတုန်းဆိုတော့ စိတ်နဲ့ စေတသိက်ဆိုတာ သဟဇာတပဲ၊ အညမည အပြန်အလှန် အထောက်အကူပြုတယ်၊ နိဿယမှီရာ ဖြစ်ကြတယ်၊ ဝိပါက်စိတ် ဖြစ်သည့်အတွက်ကြောင့် ဝိပါကလည်း ရတယ်။
နောက်ပြီးတော့ ဝိညာဏာဟာရအနေနဲ့ အာဟာရလည်း ရတယ်၊ ဣန္ဒြိယဖြစ်သောကြောင့် ဣန္ဒြိယလည်း ရတယ်၊ စိတ်နဲ့... (စာသားပြတ်တောက်နေသည်)
*Follow-up: ဤစာသားများ၏ နောက်ဆက်တွဲပိုင်းများကို ဆက်လက်ဖော်ပြပေးရမည့်အပြင်၊ သင် သိလိုသည့် အခြားသော အချက်အလက်များ ရှိပါသေးသလားခင်ဗျာ။*
စာမျက်နှာ-၂၄၇
စေတသိက်ဟာ ပြိုင်တူဖြစ်၊ ပြိုင်တူချုပ်၊ မှီရာဝတ္ထုတစ်ခုတည်းက ပေါ်လာပြီးတော့ အာရုံအတူတူ ပြုကြတာ ဖြစ်သောကြောင့် သမ္ပယုတ္တရတယ်၊ စိတ်ရှိနေတုန်း စေတသိက်ဖြစ်တာ၊ စိတ်ကင်းကွာမသွားခင် စေတသိက်ဖြစ်တာ ဖြစ်သောကြောင့် အတ္ထိ၊ အဝိဂတလို့ ဒီသတ္တိတွေကို အသုံးပြုပြီးတော့ အကြောင်းတရားက အကျိုးတရားကို အထောက်အကူပြုနေတာပါ။ ပဋ္ဌာန်းနည်းကို သွင်းကြည့်ရင် အဲဒီပုံစံမြင်ရမှာပေါ့နော်။
ပဋိစ္စသမုပ္ပါဒ်သက်သက်ကြည့်မယ်ဆိုရင် အရူပဝိပါက်စိတ်လေးခုမှာ စေတသိက်-၃၀ ယှဉ်တယ်။ အရူပဝိပါက်စိတ်လေးခုက “ဝိညာဏ”၊ ယှဉ်ဘက်စေတသိက်-၃၀ က “နာမ”။ ဒီလိုဆိုလိုတာပေါ့။ အဲဒီစိတ်ရှိသည့်အတွက်ကြောင့် စေတသိက်-၃၀ ဆိုတာဖြစ်ရတယ်၊ ဒါကိုပဲ “ဣမသ္မိံ သတိ ဣဒံ ဟောတိ”၊ “ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” လို့ဆိုတယ်။ ပဋိစ္စသမုပ္ပါဒ်ရဲ့ ပုံသဏ္ဌာန်နဲ့ပြောတာ၊ ပဋ္ဌာန်းနည်းကျတော့ ခုနကလို စွမ်းရည်သတ္တိတွေထည့်ပြီးတော့ ပစ္စယသတ္တိတွေပါ ထည့်ပြောလာတယ်ပေါ့။
ခန္ဓာငါးပါးရှိသော သတ္တဝါ
နောက်တစ်ခါ ဘုံတစ်ဘုံကိုပြောမယ်ဆိုရင် ကျန်တဲ့ (၃၁ ဘုံထဲမှာ ဒီ ၅-ဘုံကို နှုတ်လိုက်လို့ရှိရင်) ၂၆-ဘုံ၊ အဲဒီ ၂၆-ဘုံဟာ ခန္ဓာငါးပါးရှိတဲ့ဘုံတဲ့၊ လူ့ဘုံအပါအဝင် ခန္ဓာငါးပါးရှိတဲ့ဘုံ။
ဒီတော့ ဘုံကို ခန္ဓာနဲ့ခွဲလိုက်တဲ့အခါ ခန္ဓာတစ်ပါးသာရှိတဲ့ဘုံကို “ဧကဝေါကာရဘုံ” လို့ ဒီလိုခေါ်တယ်။ ဝေါကာရဆိုတာ ဒီ
စာမျက်နှာ-၂၄၈
နေရာမှာ ခန္ဓာကိုပြောတာ။ ဘာဖြစ်လို့ “ဧကခန္ဓဘုံ” လို့ မသုံးတာလဲဆိုတာတော့ စာပေမှာ ဒီတိုင်းအစဉ်အလာအရ သုံးလာခဲ့တာ usage ရှိတယ်နော်။ “စတုဝေါကာရ” ဆိုတာ ခန္ဓာလေးပါးရှိတဲ့ဘုံ၊ “ပဉ္စဝေါကာရ” ဆိုတာ ခန္ဓာငါးပါးရှိတဲ့ဘုံလို့ ခန္ဓာနဲ့ရေတွက်ပြီးတော့ ၃၁-ဘုံကို ဒီလိုသုံးမျိုးခွဲလိုက်တယ်။
ဒီတော့ ပဉ္စဝေါကာရဘုံရောက်တဲ့အခါကျတော့ လူ့ဘုံအပါအဝင် အခုအဘိသင်္ခါရဝိညာဏ်လို့ဆိုတဲ့ ကံတရားက ကမ္မဇရုပ်အား ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်တဲ့။ ဒီလိုဆိုလိုတယ်။
နောက်တစ်ခု ဝိညာဏ - ဝိညာဏ်မှန်သမျှလို့ပြောမယ်။ ဆိုပါစို့ - ကျန်တဲ့ဝိညာဏ်စိတ်တွေ၊ ဘဝတစ်ခုအစပြုလာတဲ့အခါမှာ ပဋိသန္ဓေစိတ်ကလေးက အစပြုလာတာ၊ လူတွေရဲ့ပဋိသန္ဓေဆိုလို့ရှိရင် ၉-မျိုးထဲက တစ်မျိုးမျိုးက စမယ်ပေါ့။ အဲဒီအစပြုလာတဲ့သန္ဓေစိတ်လေးက စိတ်ဆိုပေမယ့်လို့ စိတ္တဇရုပ်ကို မထုတ်လုပ်နိုင်ဘူး။ ဘာဖြစ်လို့ မထုတ်လုပ်နိုင်တာတုန်းဆိုရင် ဘဝတစ်ခုမှာ စစချင်းအလုပ်နှစ်ခုကို မလုပ်နိုင်ဘူး၊ ဘဝဟောင်းနဲ့ ဘဝသစ်ကို ဆက်စပ်ရတဲ့အလုပ်က အင်မတန်ကြီးမားတဲ့အလုပ်ကြီးဖြစ်သည့်အတွက်ကြောင့် အခြားအလုပ်ကို သူမလုပ်နိုင်ဘူးတဲ့။
ဒါကြောင့်မို့ ပဋိသန္ဓေစိတ်ကလေးက စိတ္တဇရုပ်တွေကို မထုတ်လုပ်နိုင်ဘူး။
အဲဒီပဋိသန္ဓေနောက်မှာဖြစ်လာတဲ့စိတ်ကို “ပထမဘဝင်စိတ်” လို့ခေါ်တယ်။ ပထမဘဝင်စိတ်ဆိုတာ ဘဝမှာ ပဋိသန္ဓေပြီးနောက်ကလာတဲ့စိတ်၊ ပထမဆုံးဘဝင်စိတ်ဖြစ်လို့ ပထမဘဝင်စိတ်လို့ခေါ်တာ။ အဲဒီပထမဘဝင်စိတ်ကစပြီးတော့ နောက်ဖြစ်တဲ့စိတ်တွေဟာ သူတို့ဖြစ်တိုင်းဖြစ်တိုင်း ဖြစ်လိုက်တာနဲ့တစ်ပြိုင်
စာမျက်နှာ-၂၄၉
နက် စိတ္တဇရုပ်ကလေးတစ်ခုကိုပါ သူကမွေးဖွားပေးသွားတယ်။ စိတ်ဖြစ်တိုင်းဖြစ်တိုင်း စိတ္တဇရုပ်ကလေးတွေ မွေးဖွားပေးတယ်၊ သို့သော် စိတ္တဇရုပ်ကို မဖြစ်စေနိုင်တဲ့စိတ်ကလည်း ရှိသေးတယ်။
သာမန်လူတွေအနေနဲ့သိအောင် ပြောကြရမယ်ဆိုရင် မြင်သိစိတ်ကလေးကို စက္ခုဝိညာဏ်စိတ်လို့ခေါ်တယ်၊ ကြားသိစိတ်က သောတဝိညာဏ်စိတ်၊ နံသိစိတ်က ဃာနဝိညာဏ်စိတ်၊ လျက်သိစိတ်က ဇိဝှါဝိညာဏ်စိတ်၊ ထိသိစိတ်က ကာယဝိညာဏ်စိတ်။ ဒီတော့ ကုသိုလ်ရဲ့အကျိုး၊ အကုသိုလ်ရဲ့အကျိုး နှစ်မျိုးစီခွဲလိုက်တဲ့အခါ အဲဒီပဉ္စဝိညာဏလို့ အမည်ပေးထားတဲ့ စိတ်ကလေးက ၁၀-ခုရှိတယ်။ အဲဒီ ၁၀-ခုသော စိတ်တွေကတော့ စွမ်းအားသတ္တိ သိပ်ရှိတာမဟုတ်လို့ သူတို့လည်းပဲ စိတ္တဇရုပ်ကို မထုတ်လုပ်နိုင်ဘူးတဲ့၊ စိတ္တဇရုပ်ကို မထုတ်လုပ်တဲ့စိတ်တွေပဲ။
အရူပဝိပါက်လေးခုဆိုတာတော့ ဘုံကိုက ရုပ်မရှိတဲ့ဘုံမို့လို့ မထုတ်လုပ်တာ၊ ဒါကရှင်းတယ်ပေါ့၊ ရုပ်ရှိလျက်သားနဲ့ မထုတ်လုပ်နိုင်တာတော့ အဲဒီဒွေးပဉ္စဝိညာဏ်-၁၀ လို့ခေါ်ကြတဲ့ ဝိညာဏစိတ်-၁၀ ခုဟာ သူတို့ဖြစ်တဲ့အခိုက်မှာတော့ စိတ္တဇရုပ်ကို မထုတ်ဘူးတဲ့။
ကျန်တဲ့စိတ်တွေက ဘယ်စိတ်ပဲဖြစ်ဖြစ် စိတ္တဇရုပ်ကိုထုတ်တယ်။ အဲဒါဆိုရင် “ဝိညာဏပစ္စယာ ရူပံ” မှာ ဘာသတ္တိတွေကို အကြောင်းပြုသလဲလို့ဆိုရင် - စိတ်ကနေပြီးတော့ စိတ္တဇရုပ်ကိုထုတ်တယ်ဆိုရင် သဟဇာတ - ဝိတ်နဲ့ စိတ္တဇရုပ်သည် အကြောင်းနဲ့အကျိုးသည် ပြိုင်တူဖြစ်လာတာ၊ ဆီမီးဖြစ်တာနဲ့တစ်ပြိုင်နက် အလင်းရောင်လေးဟာ တစ်ပြိုင်နက်ဖြစ်လာတယ်၊ ပြိုင်တူဖြစ်တယ်
စာမျက်နှာ-၂၅၀
ပေါ့။ အဲဒီလိုပဲ စိတ်ကလေးပေါ်လာတာနဲ့တစ်ပြိုင်နက် စိတ်တွေဟာပေါ်လာတယ်၊ ဒါကြောင့်မို့ “ဝိညာဏပစ္စယာ ရူပံ” ဆိုတဲ့အထဲမှာ သူတို့လည်းရတယ်၊ သဟဇာတသတ္တိ။
မှီရာဖြစ်သည့်အတွက်ကြောင့် နိဿယသတ္တိ၊ နောက်တစ်ခါ စိတ်နဲ့ရုပ်ဆိုတာဟာ ယှဉ်တွဲလို့မရဘူး၊ ပြိုင်တူဖြစ်ပေမယ့်လို့ ဒီနေရာမှာ တူတာကတော့ ပြိုင်တူဖြစ်တယ်ဆိုတာကတော့ တူတယ်၊ ပြိုင်တူချုပ်တယ်ဆိုတာလည်း တူတယ်ဆိုဦးတော့ ဘာကမတူတုန်းဆိုလို့ရှိရင် မှီရာဝတ္ထုရုပ်က မတူဘူး၊ အာရုံပြုတာမတူဘူး၊ ရုပ်က အာရုံမပြုနိုင်ဘူး၊ စိတ်က အာရုံပြုတာ၊ ဒီလို တူလေးတူ မရသည့်အတွက်ကြောင့် သမ္ပယုတ္တ မရဘူး၊ မရတော့ ဝိပ္ပယုတ္တပေါ့။
ရှိနေတုန်းကိုထုတ်လုပ်တာဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင်ထုတ်လုပ်တာဖြစ်သောကြောင့် အဝိဂတဆိုတော့ ဟောပဋ္ဌာန်းနည်းကျတော့ ဒီသဘောတရားလေးတွေပါလာတယ်ပေါ့။ ဒီတော့ “ဝိညာဏပစ္စယာ နာမံ”၊ “ဝိညာဏပစ္စယာ ရူပံ” ဆိုတာ ဒီလိုသဘောပေါက် နားလည်ရမှာပဲ။
“နာမရူပပစ္စယာ သဠာယတနံ” ကဲ နောက်တစ်ခုသွားရအောင် “နာမရူပပစ္စယာ သဠာယတနံ” လို့ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားကဟောလိုက်တယ်။ အဲဒီမှာ နာမအရ ဘာယူရမှာလဲ၊ ရူပအရ ဘာကိုယူရမှာလဲ၊ သဠာယတနဆိုတာက ဘာတွေလဲဆိုတာကို အရင်ကြည့်
စာမျက်နှာ-၂၅၁
ရမယ်။ “ဝိညာဏပစ္စယာ နာမရူပံ” တုန်းကလိုပဲ နာမအရ ဒီနေရာမှာ စေတသိက်ကိုယူရမယ်၊ စေတသိက်-၅၂ ကိုယူတယ်။
ရူပအရကျတော့ ရုပ် ၂၈-ခုလုံးလားဆိုတော့ - မဟုတ်ဘူး၊ သူက မိမိသန္တာန်မှာဖြစ်တဲ့ မဟာဘုတ်လေးပါး - ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယာ (ဓာတ်ကြီးလေးပါးဆိုတာနဲ့ တစ်ပြိုင်နက် စာထဲချည်းပဲသွား သတိမရလေနဲ့၊ ကိုယ့်ခန္ဓာမှာရှိတဲ့ ဓာတ်ကြီးလေးပါးကိုပြောတာနော်၊) မြတ်စွာဘုရားကတော့ ထင်ရှားအောင် ဓာတ်ကြီးလေးပါးကိုပြောတဲ့အခါမှာ ၃၂-ကောဋ္ဌာသနဲ့လည်းပြောတာပဲလေ၊ ဆံပင်၊ မွေးညင်းစတဲ့ အတုံးအခဲတွေရှိတဲ့ ပထဝီဓာတ်က - ၂၁၊ နောက် အရည်သဘော ၁၂-မျိုးကျတော့ အာပေါဓာတ်လို့ ဒီလိုခေါ်တယ်၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သန္တပ္ပနတေဇော၊ ဒယှနတေဇော၊ ဇိရဏတေဇော၊ ပါစကတေဇောဆိုတဲ့ အပူလေးမျိုးက တေဇော၊
နောက် ခန္ဓာကိုယ်ထဲမှာ ဆက်စပ်ပြီးတော့ ဖြစ်ပေါ်နေတဲ့ လေ ၆-မျိုးက ဝါယော၊ ဒါတွေဟာ ဓာတ်ကြီးလေးပါးလို့ပဲ ဒီလိုမှတ်ထားပေါ့နော်။
အဲဒီ ရူပအရ မဟာဘုတ်လေးပါး သို့မဟုတ် ဓာတ်ကြီးလေးပါး၊ နောက်ပြီးတော့ ဝတ္ထုရုပ် ၆-ပါး၊ ဝတ္ထုရုပ် ၆-ပါးဆိုတာ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထု၊ ဝတ္ထုဆိုတာ စိတ်ရဲ့မှီရာလို့ အဓိပ္ပါယ်ရတယ်၊ စိတ်ရဲ့ဖြစ်ပွားရာ၊ စိတ်ရဲ့မှီရာ၊ ဒါ့ကြောင့်မို့ base of mind လို့ ဒီလိုပြန်တာ၊ ဝတ္ထုဆိုတာ base ပဲ၊ မှီရာ၊ စိတ်ကလေးတွေဖြစ်တဲ့အခါမှာ အဲဒီပေါ်ကနေမှီပြီးတော့ဖြစ်တယ်လို့ဆိုတယ်။ ဒီတော့
စာမျက်နှာ-၂၅၂
ဝတ္ထုရုပ်က ၆-ခုရှိတယ်၊ စက္ခုဝတ္ထုစတဲ့ ငါးခုက ပသာဒရုပ်တွေ၊ ဒါကြောင့် ဝတ္ထုရုပ် ၆-ပါးက ပသာဒရုပ် ၅-ခုနဲ့ ဟဒယရုပ်။
နောက်တစ်ခုက ဇီဝိတိနြေ၊ မိမိနဲ့အတူတကွဖြစ်တဲ့ ကမ္မဇရုပ်တွေကို ဆက်လက်ရှင်သန်နေအောင် ထိန်သိမ်းစောင့်ရှောက်ပေးတဲ့ ရုပ်ဇီဝိတတဲ့၊ အားလုံးပေါင်းလိုက်တဲ့အခါကျတော့ မဟာဘုတ် ၄-ပါးရယ်၊ ဝတ္ထုရုပ် ၆-ပါးရယ်၊ ဇီဝိတိနြေရယ်၊ ဒါကိုယူရမယ်တဲ့။ နာမအရ စေတသိက်-၅၂၊ ရူပအရ မဟာဘုတ် ၄-ပါး၊ ဝတ္ထုရုပ် ၆-ပါးနဲ့ ဇီဝိတိနြေ၊ ဒါကိုယူထားတာ။
အဲဒီလိုယူတဲ့အခါမှာ ခုနပြောသလိုပဲ သတ္တဝါတွေအလိုက်၊ ဘုံတွေအလိုက်ခွဲလိုက်တော့- စကားလုံးက ဒီနေရာမှာ “နာမရူပပစ္စယာ” လို့ နှစ်လုံးတည်းသုံးထားပေမယ့်လို့ နားလည်ရမှာ သုံးမျိုးနားလည်ရမယ်တဲ့ - “နာမပစ္စယာ” ကတစ်ခု၊ “ရူပပစ္စယာ” ကတစ်ခု၊ “နာမရူပပစ္စယာ” ကတစ်ခု၊ ဆိုလိုတာက သုံးမျိုးခွဲပြီးတော့ကြည့် - နာမ၊ ရူပ၊ နာမရူပ၊ နာမသက်သက်ကတစ်ခု၊ ရူပသက်သက်ကတစ်ခု၊ နာမရူပတွဲရက်ကတစ်ခုဆိုတော့ သုံးခု၊ အဲဒီသုံးခုကို တူရာကိုပေါင်းထားလိုက်တာ။
ဒါကို သဒ္ဒါနည်းအရ ဧကသိသ်ပြုတယ်လို့ခေါ်တယ်။ ဧကသိသ်ဆိုတဲ့အဓိပ္ပါယ်က ဧကသေသ - တစ်ခုတည်းချန်ထားလိုက်တယ်၊ ကျန်တာတွေကို ဖယ်ထားလိုက်ပြီးတော့ တစ်ခုတည်းပဲလုပ်ထားလိုက်တယ်ပေါ့။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် အားလုံးပေါင်းစုပြီး တစ်ခုလုပ်လိုက်တယ်ပေါ့နော်၊ တူတာတွေစုပြီး တစ်ခုလုပ်ထားတယ်။
စာမျက်နှာ-၂၅၃
ဒါကြောင့်မို့ စာပေကျမ်းဂန်တွေမှာရေးတယ် “နာမဉ္စ ရူပဉ္စ နာမရူပဉ္စ နာမရူပံ” လို့၊ တူတာတွေကို ဖယ်ထားလိုက်ပြီးတော့ နာမရူပံ လို့ ဒီလိုပဲ နှစ်လုံးတည်းပဲသုံးလိုက်တယ်၊ တကယ်သုံးရမှာကတော့ နာမ၊ ရူပ၊ နာမရူပ လို့ဒီလိုသုံးရမယ်၊ အဲဒီလိုခွဲပြီးတော့ယူတယ်။
နောက် သဠာယတန ဆိုတော့ အာယတန ၆-ပါး၊ အဇ္ဈတ္တိကာယတန ၆-ပါးကိုပြောတာ၊ အဇ္ဈတ္တိကာယတန ၆-ပါးဆိုတာ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတနတဲ့။ ဘုန်းကြီးတို့တစ်တွေရဲ့သန္တာန်မှာရှိတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကာယနဲ့ မန၊ အဲဒါကိုပဲ အဇ္ဈတ္တိကာယတန ၆-ပါးလို့ခေါ်တယ်။ အဲဒီထဲက စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယတို့က ရုပ်၊ မနက စိတ်၊ ဒီသဘာဝတရားတွေကောက်ယူမှုလေးကို ရှေးဦးစွာမှတ်သားထားရမယ်၊ အဲဒါမှ နောက်ထပ်ရှင်းပြောမယ့်အရာကို နားလည်မှာဖြစ်တယ်ပေါ့နော်။ ဒီတော့ “နာမအရ - စေတသိက်-၅၂၊ ရူပအရ - မိမိသန္တာန်မှာရှိတဲ့ မဟာဘုတ် ၄-ပါးနဲ့ ဝတ္ထုရုပ် ၆-ပါး၊ ဇီဝိတိနြေ”။
နောက် သဠာယတနမှာလည်း နှစ်ခုခွဲလိုက်တယ် - ဆဌာယတနနဲ့ သဠာယတနလို့ နှစ်ခုခွဲတယ်၊ ဆိုလိုတာက မနာယတနနဲ့ ကျန်တဲ့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဆိုတဲ့ အာယတန ၅-မျိုးတို့က သဘာဝချင်းမတူဘူး၊ ဒီတော့ မနာယတနကို ဆဌာယတန = ၆-ခုမြောက် အာယတနလို့ ဒီလိုခေါ်လိုက်တယ်၊ ကျန်တဲ့အာယတန ၅-ခုကိုတော့ “ပသာဒါယတန” သို့မဟုတ် “ပဉ္စာယတန” ၅-ခု၊ အားလုံးပေါင်းတဲ့အခါကျတော့ သဠာယတန
စာမျက်နှာ-၂၅၄
ဆိုတဲ့စကားလုံးကိုသုံးတယ်၊ “သ” ဆိုတဲ့အဓိပ္ပါယ်က ၆-ခုလို့ပြောတာ၊ သဠာယတန - ၆-ခုသောအာယတန။
အဲဒီမှာ “ဆဌာယတန” လို့ “ဆဋ္ဌ” လို့သုံးလိုက်လို့ရှိရင် ၆-ခုမြောက် တစ်ခုတည်းကိုပြောတာနော်၊ အဲဒါက မနာယတနကိုရည်ညွှန်းတယ်၊ ဒီတော့ ပေါင်းလိုက်တဲ့အခါ အဲဒါကလည်း နှစ်ခုခွဲယူတယ်၊ “ဆဠာယတန” လို့ မနာယတနကိုတစ်ခုယူတယ်။ ကျန်တာတွေကိုတစ်ခုယူတယ်၊ ရုပ်အာယတန ၅-ခုကိုတစ်ခုယူတယ်၊ နာမ်အာယတနကိုတစ်ခုယူတယ်ပေါ့။
ကောင်းပြီ - အဲဒီလိုခွဲပြီးတဲ့အခါမှာ ဘုန်းကြီးတို့နဲ့အလှမ်းကွာဝေးတဲ့ အရူပဘုံကို စဉ်းစားကြည့်၊ အရူပဘုံက ဗြဟ္မာတွေမှာ ရုပ်မရှိဘူး၊ နာမ်သက်သက်ပဲရှိတယ်၊ အခု မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာဟောထားတာက “နာမရူပပစ္စယာ သဠာယတနံ” လို့ဟောထားတာနော်၊ အားလုံးကပြောလို့ရှိရင် အာယတန ၆-ပါးဖြစ်တယ်လို့ ဒီလိုပြောထားတာ၊ ဒါကအကြမ်းဖျင်းမှတ်ဖို့ရာ၊ ဒါက နာမ်ရုပ်ရှိလို့ရှိရင် အာယတန ၆-ပါးရှိတယ်၊ နာမ်ရုပ်ဖြစ်ပေါ်လာမှုကြောင့် အာယတန ၆-ပါး ဖြစ်ပေါ်လာရတယ်လို့ - ပဋိစ္စသမုပ္ပါဒ်က ဒီလိုပြောတယ်။
အရူပဘုံ၌ “နာမရူပပစ္စယာ သဠာယတနံ” ဖြစ်ပုံ
အဲဒီလိုပြောတာကို ဘုံအလိုက်၊ သတ္တဝါအလိုက် ခွဲခြားပြီးတော့မှတ်မယ်ဆိုလို့ရှိရင် - ကဲ အရူပဘုံကိုလည်း ဒီစကားကိုဆက်စပ်ကြည့်ရအောင် - အရူပဘုံဆိုတာ နာမ်သက်သက်ပဲရှိတယ်၊ အဲဒီတော့ “နာမရူပပစ္စယာ သဠာယတနံ” လို့ဆိုတော့ အရူပဘုံ
စာမျက်နှာ-၂၅၅
မှာ ရူပမရှိသည့်အတွက်ကြောင့် ရူပဖြုတ်ရမယ်၊ ရူပဖြုတ်ပြီးတော့ နာမ်သက်သက်ကိုဟောတာ၊ “နာမပစ္စယာ” - နာမ်သက်သက်ပဲ။
နောက် အာယတန ၆-ပါးထဲကလည်း စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ ၅-ခုက ရုပ်ဖြစ်နေတယ်၊ ရုပ်ဖြစ်နေသည့်အတွက်ကြောင့် အရူပဘုံမှာမရှိဘူး၊ အရူပဘုံမှာရှိနိုင်တာက မနာယတနတစ်ခုတည်းပဲ ရှိနိုင်တယ်၊ ဒီတော့ နာမအရက စေတသိက်၊ မနာယတနက စိတ်၊
ပြောင်းပြန်နော်၊ ခုနတုန်းက “ဝိညာဏပစ္စယာ နာမရူပံ” တုန်းက ဝိညာဏက စိတ်၊ နာမက စေတသိက်၊ အခု “နာမရူပပစ္စယာ သဠာယတနံ” မှာကျတော့ “နာမပစ္စယာ ဆဌာယတနံ” သို့မဟုတ် “နာမပစ္စယာ မနာယတနံ” ဆိုတော့ စေတသိက်ကနေစိတ်၊ အပြန်အလှန်ဖြစ်နေပုံကို မြတ်စွာဘုရားကဟောထားတာနော်၊ စိတ်ရှိလို့ စေတသိက်ရှိရတယ်၊ စေတသိက်ရှိလို့ စိတ်ရှိရတယ်ဆိုတဲ့ အပြန်အလှန်သဘောလေးကို ဒီမှာဟောထားတာ။
ဒီတော့ အရူပဘုံလေးမှာ ပဋိသန္ဓေအခါမှာ နာမ်ကြောင့်အာယတနဖြစ်တယ်လို့ဆိုတော့ ဘယ်နာမ်၊ ဘယ်အာယတနတွေကို ယူရမှာလဲလို့မေးရင် အရူပဘုံမှာဖြစ်နိုင်တာလေးတွေကိုကြည့်ရတယ်၊ ဆိုပါစို့ - နာမက စေတသိက်ဖြစ်သည့်အတွက်ကြောင့် ခုန အရူပဝိပါက်လေးခုမှာဖြစ်နေတဲ့ စေတသိက်-၃၀ ရှိတယ်၊ အဲဒီစေတသိက်-၃၀ ထဲက တစ်ခုခုကို နာမလို့ယူတာ၊ ယူပြီးရင် မနာယတနလို့ဆိုတာ ဘယ်သူ့ကိုယူရမှာတုန်းဆိုတော့ အရူပဝိပါက်လေးခုကိုယူရမှာ၊ ခုနတုန်းကနဲ့ ပြောင်းပြန်မှတ်ရမယ်။
စာမျက်နှာ-၂၅၆
ဒီတော့ နာမအရ စေတသိက်၊ အရူပဝိပါက်စိတ်မှာယှဉ်တဲ့ စေတသိက်က အရူပဝိပါက်စိတ်အား အကျိုးပြုတယ်၊ ပဋိစ္စသမုပ္ပါဒ်နည်းအရဆိုလို့ရှိရင်တော့ အရူပဝိပါက်စိတ်မှာယှဉ်တဲ့ စေတသိက်-၃၀ ရှိသည့်အတွက်ကြောင့် အရူပဝိပါက်စိတ်ဆိုတာရှိရတယ်လို့ ဒီလောက်ပဲသိရတယ်။
ပဋ္ဌာန်းနည်း
ပဋ္ဌာန်းကျတော့ ဘာသတ္တိတွေနဲ့ကျေးဇူးပြုတာလဲ၊ ဘယ်လိုစွမ်းရည်သတ္တိတွေ အသုံးပြုသလဲ၊ စေတသိက်-၃၀ က အရူပဝိပါက်စိတ်လေးခုကို ဘာသတ္တိတွေနဲ့ကျေးဇူးပြုတာတုန်းဆိုတော့ - သဟဇာတ - အတူတကွဖြစ်လာတာ၊ အဲဒီအတူတကွဖြစ်လာခြင်းသည် ဓမ္မရဲ့သတ္တိတစ်ခုပဲ၊ နောက်ပြီးတော့ စိတ်နဲ့စေတသိက်ဆိုတာ အပြန်အလှန်အထောက်အကူဖြစ်တော့ အညမည၊ အချင်းချင်းမှီခိုရာဖြစ်နေသည့်အတွက်ကြောင့် နိဿယ၊ ဖြစ်ခြင်းတူတူ၊ ချုပ်ခြင်းတူတူ၊ မှီရာဝတ္ထုရုပ်လည်းတူတယ်၊ အာရုံလည်းတူတယ်၊ တူလေးတူရှိလို့ သမ္ပယုတ္တ၊ အရူပဝိပါက်စိတ်က ဝိပါက်နဲ့ဆိုင်တာဖြစ်သောကြောင့် ဝိပါက၊ ထင်ရှားရှိနေတုန်း ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတလို့ဆိုတယ်၊ ပဋ္ဌာန်းကျတော့ ပစ္စယသတ္တိ ၇-ခုနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုဆိုတယ်။
ပဋိစ္စသမုပ္ပါဒ်မှာကျတော့ အရူပဘုံမှာ စေတသိက်ရှိလို့စိတ်ရှိတယ်၊ ဒါလောက်ပဲပြောတယ်၊ စေတသိက်ဖြစ်နေလို့ စိတ်ဖြစ်တယ်လို့ပဲပြောတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒီနှစ်ခုက အပြန်
စာမျက်နှာ-၂၅၇
အလှန်ကို ခွဲလို့မှမရတာ၊ ခွဲလို့မရသည့်အတွက်ကြောင့် အပြန်အလှန်သဘော မြတ်စွာဘုရားကဟောထားတာ၊ ဒီတော့ “နာမရူပပစ္စယာ သဠာယတနံ”၊ “နာမရူပပစ္စယာ မနာယတနံ”၊ ၆-ခုမြောက် အာယတနတစ်ခုတည်းကိုယူပြီး “နာမရူပပစ္စယာ ဆဠာယတနံ” ဒီလိုပဲသုံးရတယ်၊ အရူပဘုံအတွက်သပ်သပ်ဆိုရင် စေတသိက်ကနေ စိတ်အား သတ္တိ ၇-ခုကိုအသုံးပြုပြီးတော့ ကျေးဇူးပြုတယ်လို့ ဒီလိုမှတ်ရမှာပေါ့နော်။
ကဲ စေတသိက်ဆိုတဲ့အထဲမှာ အသေးစိတ်လိုက်ပြီးတော့ ရှာကြည့်လိုက် - အလောဘဆိုတဲ့ စေတသိက် မပါနိုင်ဘူးလား၊ ပါတယ်နော်၊ အရူပဝိပါက်လေးခုမှာယှဉ်တာ အလောဘဆိုတဲ့စေတသိက် - အဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်ဆို ရှာလို့ရမယ်နော်၊ အလောဘဆိုတဲ့စေတသိက်ပါတယ်၊ အဒေါသဆိုတဲ့စေတသိက်၊ အမောဟဆိုတဲ့ စေတသိက်တွေပါလာတယ်၊ အဲဒါတွေပါလာလို့ရှိရင် နောက်ထပ်ထပ်ပြီးတော့ ဝင်လာတဲ့သတ္တိတစ်ခုက ဘာလဲဆိုရင် ဟေတုသတ္တိ၊ အလောဘ၊ အဒေါသ ထပ်ထည့်လိုက်လို့ရှိရင် ဟေတုသတ္တိ၊ ဒီ ၇-ခုထဲကို ဟေတုသတ္တိထပ်ထည့်တာ၊ ၇-ခုဆိုတာ ခုနပြောတဲ့ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပါက၊ အတ္ထိ၊ အဝိဂတ၊ အဲဒီ ၇-ခုထဲကို ဟေတုသတ္တိ ထပ်ထည့်လို့ရတယ်။
တစ်ခါ အမောဟကိုယူလိုက်မယ်ဆိုရင် ထပ်တိုးလာဦးမယ်၊ အမောဟဆိုတာကျတော့ ဟေတုလည်းပါမယ်၊ နောက်တစ်ခါ ဣန္ဒြိယလည်းပါလာမယ်၊ မဂ္ဂလည်းပါလာမယ်၊ တစ်ခါ စေတနာကိုယူလိုက်ဦးမယ်၊ (အဲဒီစေတသိက်တွေထဲမယ် စေတနာပါတယ်။)
စာမျက်နှာ-၂၅၈
စေတနာဆိုရင် အာဟာရထဲမှာ မနောသဉ္စေတနာဟာရဆိုတာ စေတနာကို အာဟာရလို့ခေါ်တာရှိတယ်၊ အဲဒါထည့်လိုက်မယ်ဆိုရင် ၇-ခုထဲက တစ်ခါ ၈-ခုဖြစ်ပြန်တယ်ပေါ့၊ အာဟာရကိုယူလို့ရှိရင် ၈-ခုဖြစ်တယ်။
နောက်တစ်ခါ ဖဿ၊ ဖဿစေတသိက်ကလည်း အာဟာရထဲပါလို့ ဖဿထည့်လို့ရှိရင် ၇-ခုထဲမှာတစ်ခုထပ်ထည့်တော့ ၈-ခုဖြစ်တယ်တဲ့၊ အဲဒီလို ပဋ္ဌာန်းကျတော့ ပစ္စယသတ္တိတွေကို ခွဲခြားပြီး ဟောကြားသွားတာဖြစ်ပါတယ်။
တော့ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ပြောလို့ရှိရင် အကြောင်းနဲ့အကျိုး ဒီနှစ်ခုဟာ တစ်ခုရှိလို့တစ်ခုရှိတယ်၊ တစ်ခုဖြစ်လို့ ကျန်တဲ့တစ်ခုဖြစ်တယ်လို့ ဆက်စပ်ပြီးပြောရုံမျှပဲ ပြောလို့ရတယ်၊ ပဋ္ဌာန်းကျတော့ အဲဒီအကြောင်းတရားရဲ့ စွမ်းရည်သတ္တိတွေပါ မြတ်စွာဘုရားက ထုတ်ဖော်ပြီးဟောထားတယ်၊ လုံးဝပြည့်စုံတဲ့ အကြောင်းကျိုးဖော်ပြတဲ့ ဒေသနာတော်ကြီးဖြစ်တယ်။
ဒါ့ကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့်လေ့လာမယ်ဆိုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ကိုလည်းပဲ ကျေညက်အောင်လေ့လာဖို့လိုတယ်။ ပဋ္ဌာန်းနည်းကိုလည်းပဲ ကျေညက်အောင် လေ့လာဖို့လိုတယ်၊ အဲဒီနှစ်ရပ်ပေါင်းစပ်ပြီးတော့မှသာလျှင် မြတ်စွာဘုရားဟောကြားထားတဲ့ ဒေသနာနယနှစ်ခုဟာ ပြီးပြည့်စုံမှာဖြစ်တယ်။
အခုကဲ့သို့ အကြောင်းတရားနဲ့ အကျိုးတရားကို ဆင်ခြင်သုံးသပ်နိုင်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ဟာ သံသရာက ထွက်မြောက်ဖို့ရာအတွက် များစွာအထောက်အကူဖြစ်တယ်ဆိုတာကို ကိုယ်စီကိုယ်ငှ
စာမျက်နှာ-၂၅၉
သဘောကျပြီးတော့ အကြောင်းတရား၊ အကျိုးတရားတွေရဲ့ ဆက်စပ်ဖြစ်ပေါ်နေမှုကို နားလည်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၂၆၀
*(ဤစာမျက်နှာသည် အလွတ်ဖြစ်ပါသည်)*
စာမျက်နှာ-၂၆၁
အပိုင်း (၈)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ဝါဆိုလဆန်း ၁-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၁၂-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ သီရိဗိမာန်တော်အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ် မော်လမြိုင်ကျောင်းတိုက် ဆရာတော် ဦးဉာဏိဿရက အနန္တောအနန္တငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှင်မိသားစု ကိုကျော်သင်းဆိုင်၏ အရေဒါန၊ ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
“နာမရူပပစ္စယာ သဠာယတနံ” ဆိုတာနဲ့ပတ်သက်ပြီး ပဋ္ဌာန်းနည်းဖြင့် ဆက်သွယ်ပုံ အစိတ်အပိုင်းတချို့ကို ရှင်းပြပြီးခဲ့ပြီ၊ “နာမရူပပစ္စယာ” ဆိုတဲ့စကားကို “နာမပစ္စယာ”၊ “ရူပပစ္စယာ”၊ “နာမရူပပစ္စယာ” လို့ အပိုင်း ၃-ပိုင်းခွဲခြားပြီး နားလည်ရမှာဖြစ်သလို “သဠာယတနံ” ဆိုတဲ့စကားလုံးကိုလည်း “သဠာယတနံ” နဲ့
စာမျက်နှာ-၂၆၂
“ဆဌာယတနံ” လို့ အပိုင်း ၂-ပိုင်းခွဲပြီး နားလည်ရမှာဖြစ်ပါတယ်။ “သဠာယတနံ” ဆိုတာ အဇ္ဈတ္တိကာယတန ၆-ပါးလုံးကို ရည်ညွှန်းတဲ့စကား၊ “ဆဌာယတနံ” ဆိုတာကတော့ ခြောက်ခုမြောက်ဖြစ်တဲ့ မနာယတနတစ်ခုတည်းကို ရည်ညွှန်းတဲ့စကားလို့ နားလည်ရပါမယ်။
အရူပဘုံမှာ ရုပ်မရှိသည့်အတွက်ကြောင့် “နာမရူပပစ္စယာ” ဆိုတဲ့အပိုင်းမှာ “နာမပစ္စယာ” တစ်မျိုးပဲရမှာပေါ့။ နောက် “သဠာယတနံ” ဆိုတဲ့အထဲမှာလည်းပဲ အဇ္ဈတ္တိကာယတန ၆-မျိုးရှိတဲ့အထဲမယ် စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ ပသာဒအာယတန ရှေ့ ၅-ခုက ရုပ်တွေသာဖြစ်တယ်၊ မနာယတနက နာမ်တရားဖြစ်တယ်။ မနာယတနအရ ဒီနေရာမှာ စိတ်ကိုပဲကောက်တယ်။
အဲဒီတော့ အရူပဘုံနဲ့ပတ်သက်ပြီးတော့ မနေ့က ပဋိသန္ဓေအခါ၊ ပဝတ္တိအခါမှာ “နာမ” ဆိုတဲ့ စေတသိက်တရားကို အကြောင်းပြုပြီးတော့ “မနာယတန” ဆိုတဲ့ စိတ်အာယတနတစ်ခု ဖြစ်ပေါ်ရပုံ၊ ပဋိသန္ဓေအခါမှာဖြစ်ပေါ်ရပုံနဲ့ ပဝတ္တိအခါမှာဖြစ်ပေါ်ရပုံ၊ အရူပဗြဟ္မာတွေရဲ့သန္တာန်မှာဖြစ်တဲ့ စိတ်နဲ့စေတသိက်တရားတွေရဲ့ အပြန်အလှန်ဆက်သွယ်မှု - ပဋိစ္စသမုပ္ပါဒ်နည်းအရကတော့ နာမဆိုတဲ့ စေတသိက်ရှိနေသည့်အတွက်ကြောင့် မနာယတနဆိုတဲ့ အာယတနဖြစ်ရတယ်လို့ ဤမျှလောက်သာ ရည်ညွှန်းပြောဆိုသော်လည်း ပဋ္ဌာန်းနဲ့ပတ်သက်လာတဲ့အခါကျတော့ ထိုနာမဆိုတဲ့ စေတသိက်တရားဟာ မနာယတနဆိုတဲ့စိတ်နဲ့ ဆက်သွယ်တဲ့အခါမှာ သာမန်ဆက်သွယ်မှုမျိုးမဟုတ်ဘဲနဲ့ စွမ်းရည်သတ္တိတွေ၊ ပစ္စယသတ္တိတွေ ပါဝင်ဆက်သွယ်နေမှုကို ပဋ္ဌာန်းနည်းအရ နားလည်ကြရမယ်။
စာမျက်နှာ-၂၆၃
စိတ်နဲ့စေတသိက်ဟာ ပြိုင်တူဖြစ်လာတာဖြစ်သောကြောင့် ပြိုင်တူဖြစ်ရခြင်းသည်ပင်လျှင် သတ္တိတစ်မျိုးပဲ၊ သဟဇာတ - အတူတကွဖြစ်လာခြင်းသည်ပင်လျှင် သဟဇာတသတ္တိလို့ခေါ်တယ်၊ စွမ်းရည်သတ္တိတစ်မျိုးရှိတယ်၊ တချို့က ပြိုင်တူဖြစ်ပေမယ့်လို့ အပြန်အလှန်မရတာရှိတယ်၊ စိတ်နဲ့စေတသိက်ကျတော့ အပြန်အလှန်အထောက်အကူဖြစ်နေကြတာဖြစ်သောကြောင့် အညမည၊ အပြန်အလှန်အထောက်အကူဖြစ်တယ်ဆိုတဲ့ စွမ်းရည်သတ္တိကိုလည်းပဲ အသုံးပြုထားတာဖြစ်တယ်။
ထိုစိတ်၊ စေတသိက်တွေဟာ အချင်းချင်း အပြန်အလှန်မှီရာဖြစ်နေသောကြောင့်လည်းပဲ နိဿယဆိုတဲ့သတ္တိ ပါဝင်ပတ်သက်တယ်၊ တစ်ခါ စိတ်နဲ့စေတသိက်ဟာ ခွဲလို့မရလောက်အောင် တူ ၄-တူနဲ့ ယှဉ်တွဲနေတာဖြစ်သောကြောင့် သမ္ပယုတ္တသတ္တိနဲ့လည်းပဲ ကျေးဇူးပြုတယ်။
ပဋိသန္ဓေအခါဆိုတော့ ဝိပါက်စိတ်တွေဖြစ်တာဖြစ်သောကြောင့် ဝိပါကသတ္တိတဲ့၊ တစ်နေ့ကပြောခဲ့သလို ဝိပါက - ကုသိုလ်၊ အကုသိုလ်ကံတို့ရဲ့အကျိုးတရားဆိုတာ လှုပ်ရှားမှု၊ ပြုပြင်မှုမရှိဘူး၊ အင်မတန်ငြိမ်သက်တယ်၊ သူနဲ့ယှဉ်တွဲဖြစ်ရတဲ့ သဘာဝတရားတွေဟာလည်း အားလုံးငြိမ်သက်သွားတယ်၊ ဒါသည်ပင်လျှင် ဝိပါကသတ္တိပဲ။
အတ္ထိသတ္တိဆိုတာက အကြောင်းတရားရှိခိုက် အကျိုးကိုဖြစ်ထွန်းစေသော်လည်း အကြောင်းတရားမရှိတော့ဘူးဆိုရင် မဖြစ်ထွန်းစေဘူး၊ အဲဒီတော့ ရှိခိုက်မှာ ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိသတ္တိ၊ အကြောင်းတရား ကင်းကွာမသွားခင် ကျေးဇူးပြုတာ
စာမျက်နှာ-၂၆၄
ဖြစ်သောကြောင့် အဝိဂတသတ္တိလို့ - ဒီလို အရူပဘုံနဲ့ပတ်သက်ပြီးတော့ ပဋိသန္ဓေအခါမှာရော၊ နောက် အရူပဝိပါက်စိတ်မှာ ယှဉ်တဲ့စေတသိက်တချို့က ပဝတ္တိအခါမှာ မနာယတနဆိုတဲ့စိတ်ကို ဒီ ၇-ပစ္စည်းနဲ့ ကျေးဇူးပြုတယ်။
အရူပဘုံမှာ ဝိပါက်စိတ်တင်ဖြစ်တာမဟုတ်ဘူး၊ ကုသိုလ်စိတ်လည်းဖြစ်သေးတယ်၊ ကြိယာစိတ်လည်းဖြစ်သေးတယ်၊ တခြားစိတ်တွေလည်းဖြစ်သေးတယ်၊ အဲဒီတော့ဖြစ်သည့်အတွက်ကြောင့် အရူပဘုံမှာဖြစ်လာပြီဆိုရင် ဖြစ်လာတဲ့ဆိုင်ရာစေတသိက်က မနာယတနဆိုတဲ့ ဆိုင်ရာစိတ်ကို အကယ်၍ ဝိပါက်မဟုတ်ဘူးဆိုလို့ရှိရင် ဝိပါကပစ္စည်းမပါတဲ့ စွမ်းရည်သတ္တိ ၆-မျိုးနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုမှတ်ရမယ်။
ပဉ္စဝေါကာရဘုံ၌ “နာမရူပပစ္စယာ သဠာယတနံ” ဖြစ်ပုံ
တစ်ခါ ပဉ္စဝေါကာရ (ခန္ဓာငါးပါးရှိတဲ့) ဘုံဆိုတာ လူ့ဘုံတို့၊ နတ်ဘုံတို့၊ အဲဒီခန္ဓာငါးပါးရှိတဲ့ဘုံတွေမှာလည်းပဲ “နာမရူပပစ္စယာ သဠာယတနံ” ဆိုတဲ့စကားကို ထပ်ပြီးခွဲခြမ်းစိတ်ဖြာမယ်ဆိုရင် “နာမလို့ဆိုတဲ့ စေတသိက်တရားရှိနေလို့ရှိရင် မနာယတနဆိုတဲ့ ခြောက်ခုမြောက် အာယတနဟာ ရှိလာရတယ်” ဆိုတဲ့ ကြောင်းကျိုးဆက်သွယ်မှု ပဋိစ္စသမုပ္ပါဒ်ကဆိုတယ်။ ဒီလိုယှဉ်ပြထားတဲ့အချက်ကို ပဋ္ဌာန်းနည်းနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင် ...
ပဋိသန္ဓေအခါမှာ - ဆိုပါစို့ - လူ့ဘုံဆိုလို့ရှိရင် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ၊ (ဒါက လူစဉ်မမှီတဲ့ အချို့သော
စာမျက်နှာ-၂၆၅
လူသားတွေရဲ့ ပဋိသန္ဓေစိတ်၊) လူစဉ်မှီတဲ့ လူသားတွေရဲ့ ပဋိသန္ဓေစိတ်ကတော့ မဟာဝိပါက်စိတ် ၈-ခုထဲကတစ်ခုခု။
အဲဒီစိတ် ၉-ခုမှာယှဉ်ပြီးတော့ ဖြစ်ပေါ်လာတဲ့စေတသိက်တွေကို ဒီနေရာမှာ နာမလို့ဆိုလိုတယ်။ အဲဒီနာမကနေပြီးတော့ ယှဉ်လာတဲ့စိတ်လို့ဆိုတဲ့ မနာယတန၊ ဆိုပါစို့ - မဟာဝိပါက်စိတ်မှာယှဉ်တဲ့ စေတသိက်ဆိုတဲ့နာမ ရှိနေသည့်အတွက်ကြောင့် မနာယတနဆိုတဲ့ မဟာဝိပါက်စိတ်ရှိလာရတယ်လို့၊ ဒါတော့ခွဲခြားလို့မရဘူး၊ ပြိုင်တူဖြစ်လာတာတွေမို့၊ အပြန်အလှန်ဆက်သွယ်နေပုံကို သဘောပြောပြတာ - ပဋိစ္စသမုပ္ပါဒ်မှာ “နာမရူပပစ္စယာ သဠာယတနံ” ဆိုတဲ့အထဲ ဒါအကျုံးဝင်သွားပြီး။
ကောင်းပြီ - အဲဒီစေတသိက်တွေက သက်ဆိုင်ရာ ပဋိသန္ဓေစိတ်လို့ဆိုတဲ့ မနာယတနအား ဘာပစ္စည်းတွေနဲ့ကျေးဇူးပြုတုန်းလို့ပြောလို့ရှိရင် ခုနပြောခဲ့တဲ့ ၇-ပစ္စည်းနဲ့ပဲကျေးဇူးပြုတယ်၊ စိတ်ယှဉ်၊ စေတသိက်ယှဉ်ဆိုတာ၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပါက၊ အတ္ထိ၊ အဝိဂတလို့၊ ဒါက ယေဘူယျခြုံငုံပြောတော့ ၇-ပစ္စည်းလို့ပြောတာ၊ သီးသီးသန့်သန့်ထုတ်ပြီးတော့ ၇-ပစ္စည်းလို့ပြောတာ။
မဟာဝိပါက်စိတ် ၈-ခုမှာ ယှဉ်တဲ့စေတသိက်တွေထဲမှာ အလောဘတို့၊ အဒေါသတို့လည်းပါတယ်၊ ဖဿဆိုတာလည်းပါတယ်၊ စေတနာဆိုတာလည်းပါတယ်ပေါ့၊ အလောဘ၊ အဒေါသတို့ဦးတည်ပြီးတော့ပြောမယ်... နာမအရ အလောဘ၊ အဒေါသကို ဦးတည်ပြီးတော့ယူလိုက်မယ်၊ မနာယတနအရက အလောဘ၊ အဒေါသနဲ့ယှဉ်တဲ့စိတ်ကိုပြောမယ်ဆိုရင်တော့ ပစ္စယ
စာမျက်နှာ-၂၆၆
သတ္တိတစ်ခု ထပ်တိုးလာတယ်၊ အလောဘ အဒေါသက ဟေတု ဖြစ်သောကြောင့် ဟေတုသတ္တိတစ်ခု ထပ်တိုးလာတယ်၊ ခုနက ပြောခဲ့တဲ့ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပါက၊ အတ္ထိ၊ အဝိဂတတို့အပြင် ဟေတုသတ္တိတစ်ခု ထပ်ပိုလာတယ်ပေါ့။ စွမ်းရည်သတ္တိတစ်ခု ထပ်တိုးတယ်လို့ ဒီလိုပြောရမယ်။ ။
အကယ်၍ ပစ္စည်းဘက်ကို ဖဿလို့ ထားပြီးတော့ ဖဿနဲ့ ယှဉ်တဲ့ စိတ်တွေကို ပစ္စယုပ္ပန်ဘက်က ထားလိုက်မယ် ဆိုလို့ရှိရင်လည်း ဖဿသည် ဆိုင်ရာစိတ်အား အာဟာရသတ္တိနဲ့ ကျေးဇူးပြုနိုင်တာ ဖြစ်သောကြောင့် အာဟာရ ထပ်ထည့်ရမယ်၊ ၇-ခုထဲမှာ အာဟာရထပ်ထည့်တော့ ၈-ခု ဖြစ်သွားမယ်။
တစ်ခါ စေတနာဆိုတဲ့ သဘာဝတရားဟာလည်းပဲ ဖဿ၊ စေတနာ၊ ဝိညာဏ လို့ဆိုတဲ့ အာဟာရထဲမှာ ပါတယ်၊ ပါသည့်အတွက်ကြောင့် ဒီနာမအရ စေတနာကို ထပ်ပြီးတော့ ပြောလိုက်မယ်၊ မနာယတနအရက ထိုစေတနာနဲ့ ယှဉ်တဲ့စိတ်တွေကို ကောက်ဦးမယ်ဆိုလို့ရှိရင် အာဟာရ ထပ်ပြီးတော့ ထည့်ရဦးမယ်၊ အဲဒီကျတော့ ၈-ပစ္စည်း ဖြစ်သွားပြီ၊ စွမ်းရည်သတ္တိတွေ တိုးလာမယ်၊ ဒါ အကြောင်းတရားပေါ်မှာ မူတည်ပြီးတော့ ပဋ္ဌာန်းပစ္စည်းတွေကို ဆက်သွယ်ပြီးတော့ ပြောတဲ့စကား။ ။
တစ်ခါ ဟေတုထဲက - မဟာဝိပါက်စိတ်မှာ ယှဉ်တဲ့ စေတသိက်တွေထဲမယ် အမောဟလို့ဆိုတဲ့ ပညိန္ဒြေ - အသိပညာ၊ အဲဒီအမောဟဆိုတာကို ပစ္စည်းအဖြစ် ယူလိုက်မယ် ... နာမ အရ အမောဟစေတသိက်ကို ပြောတယ်၊ အမောဟစေတသိက်က သူနဲ့ ယှဉ်တဲ့ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ်တွေကို ဘယ်ပစ္စယ
စာမျက်နှာ-၂၆၇
သတ္တိတွေကို အသုံးပြုပြီးတော့ အကြောင်းအကျိုးအဖြစ် ဆက်သွယ်သလဲလို့ ဆိုတဲ့အခါမှာ အမောဟက ဟိတ်ဖြစ်လို့ ခုနက ၇-မျိုးထဲမှာ ဟေတုဆိုတာ ထပ်ထည့်ရမယ်။ ။
အမောဟက ပညိန္ဒြေလည်း ဖြစ်သောကြောင့် ဣန္ဒြိယကို ထပ်ထည့်ရမယ်၊ မဂ္ဂင် ၈-ပါးထဲမှာ သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်ဟာလည်း အမောဟပ် ဖြစ်တာ ဖြစ်သောကြောင့် မဂ္ဂပစ္စည်းကို ထပ်ထည့်ရမယ်၊ ဒီလို ပစ္စည်းလေးတွေ တိုးလာတဲ့သဘောလေးတွေ ရှိတယ်ပေါ့နော်၊ အဲဒီလို ဆက်သွယ်ပြီးတော့ နားလည်ရမယ်တဲ့၊ ဒါ ပဉ္စဝေါကာရဘုံမှာ ဖြစ်နိုင်တဲ့သဘောတရားလေးတွေကို ပြောတာ။
နာမသည် ရုပ်အား ကျေးဇူးပြုပုံ
ပဉ္စဝေါကာရဘုံဆိုတော့ နာမဆိုတဲ့ စေတသိက်က နေပြီးတော့ မနာယတနဆိုတဲ့ စိတ်ကို ကျေးဇူးပြုရုံမျှမကဘူး နာမဆိုတဲ့ စေတသိက်က သဠာယတနထဲက အာယတန ၅-ပါး - ရုပ်အာယတနတွေကိုလည်းပဲ ပြန်လှန်ဆက်သွယ်မှု ရတယ်၊ ဘာလို့လဲဆိုတော့ ပဉ္စဝေါကာရဘဝမှာရှိတဲ့ သတ္တဝါတွေဟာ ခန္ဓာငါးပါးနဲ့ ဖွဲ့စည်းထားတာ ဖြစ်လို့ အပြန်အလှန်ဆက်သွယ်မှုတွေ ရှိလာတယ်၊ အဲဒီလိုရှိလာတော့ စေတသိက်ကနေပြီး စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနတို့နဲ့ အဆက်အသွယ် မဖြစ်တာ မဟုတ်ဘူး၊ သူကလည်း အဆက်အသွယ် ဖြစ်တယ်။
နာမဆိုတဲ့ စေတသိက်တရားတွေ ရှိသည့်အတွက်ကြောင့် စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ ဒီအာယတနတွေဟာလည်းပဲ ဆက်သွယ်
စာမျက်နှာ-၂၆၈
ပြီးတော့ ဖြစ်ပေါ်လာတယ်၊ နာမအရ နာမ်တရားကို ယူထားပြီး အာယတနအရ ရုပ်တရားယူသည့်အတွက်ကြောင့် နာမ်နဲ့ ရုပ်ဟာ အတူတကွ ဖြစ်ပေါ်လာနိုင်တယ်၊ ဒါကြောင့်မို့ သဟဇာတသတ္တိဆိုတာ ရတယ်၊ အချို့နာမ်နဲ့ ရုပ်သည် အတူတကွ ဖြစ်နိုင်တယ်။ နောက် မှီရာဖြစ်နိုင်သည့်အတွက်ကြောင့် နိဿယ။
ပဋိသန္ဓေအခါမှာ ပြောမယ်ဆိုရှိရင် ဝိပါက်စိတ်နဲ့သာ ဆိုင်တာမို့ ဝိပါက၊ နာမ်နဲ့ ရုပ် ဖြစ်သည့်အတွက်ကြောင့် အတူတကွ ဖြစ်ကြပေမယ့်လို့ နာမ်နဲ့ ရုပ်ဟာ သဘာဝချင်း ဆက်စပ်မှုမရှိတော့ ပြိုင်တူဖြစ်ခြင်း၊ ပြိုင်တူပျက်ခြင်း၊ မှီရာဝတ္ထုတူခြင်း၊ အာရုံတူခြင်းဆိုတဲ့ တူ ၄-မျိုးကို မရနိုင်သည့်အတွက်ကြောင့် ဝိပ္ပယုတ္တ၊ ရှိနေတုန်း ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင်ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတလို့ ဒီလိုပဋိသန္ဓေအခါမှာ အပြန်အလှန် ဆက်သွယ်မှုလေးတွေကို သဘောပေါက်ရမယ်တဲ့၊ ဒါ ပဋိသန္ဓေစိတ်နဲ့ စေတသိက် - သို့မဟုတ် - ပဋိသန္ဓေစိတ်နဲ့ မှီရာရုပ်ကလေးတွေ ဆက်သွယ်မှု၊ ဗုဒ္ဓစာပေက ဆိုထားတဲ့ လူသားတွေရဲ့ ပြောင်းလဲမှု။
ဒီနေရာမှာ လူသားတစ်ဦးအနေနဲ့ ပြောမယ်ဆိုရင် ပဋိသန္ဓေစိတ်ပေါ်တဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အာယတနဟာ သတ္တဝါ အမျိုးအစားအလိုက် ခွဲခြားပြီး ကြည့်မှ ပိုပြီး တိကျမယ်။
လူတွေ မွေးဖွားပုံမွေးဖွားနည်းက “ဂဗ္ဘသေယျက” သို့မဟုတ် “ဇလာဗုဇ” ပေါ့နော်၊ မိခင်ရဲ့သားအိမ်မှာ သန္ဓေတည်ပြီးတော့ မွေးဖွားကြတယ်၊ ဒါ ဒီကနေ့ခေတ် အများစုမွေးဖွားတာ။
စာမျက်နှာ-၂၆၉
သို့သော် မွေးဖွားနိုင်တာတွေကို ပြောမယ်ဆိုရင် လူသားတွေဟာ ကိုယ်ထင်ရှား ဘွားကနဲပေါ်လာတဲ့ ဥပပါတ်ပဋိသန္ဓေအနေနဲ့ မွေးဖွားလို့ ရတယ်၊ ဒါတော့ အင်မတန် ရှားပါလိမ့်မယ်၊ ကမ္ဘာဦးက လူသားတွေတော့ အဲဒီပုံစံနဲ့ မွေးဖွားလာတယ်လို့ ပြောတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အဲဒီတုန်းက လူ့ပြည်မှာ အမေလုပ်မယ့် ပုဂ္ဂိုလ် မရှိသေးဘူး၊ ပထမဆုံး စ,မွေးရတဲ့ သတ္တဝါဟာ ဘယ်က သတ္တဝါလဲလို့ဆိုတော့ ဗြဟ္မာပြည်မှာ သက်တမ်းစေ့လို့ စုတေစိတ် ကုလာတဲ့ ဗြဟ္မာကြီးတွေ၊
ဘယ်သတ္တဝါပဲဖြစ်ဖြစ် သူ့ဘုံသူ့ဘဝမှာ သက်တမ်းစေ့လို့ ကံကုန်ပြီဆိုလို့ရှိရင်ကတော့ ဘဝတစ်ခုကနေ ရွေ့လျောစမြဲပဲ။ အဲဒီတော့ ဗြဟ္မာကြီးတွေဟာ ကံကုန်လာတဲ့အခါ လူ့ဘုံလို့ သတ်မှတ်တဲ့ လူသားလို့သတ်မှတ်ရမယ့် သတ္တဝါတစ်မျိုးတည်းမှာ ရှေးဦးစွာ မွေးလာတယ်၊ အဲဒီလို ပထမဆုံးမွေးလာတဲ့ လူသားဟာ မိဘ ရှိတာ မဟုတ်ဘူး၊ မိဘမရှိသည့်အတွက် ကနေ့ခေတ် မွေးဖွားတဲ့ ပုံစံမျိုးနဲ့ မွေးဖွားတာမဟုတ်ဘူး၊ ခန္ဓာကိုယ်ထင်ရှားပေါ်လာတဲ့ မွေးဖွားနည်းနဲ့ မွေးဖွားလာတာ။
အဲဒီအချိန်တုန်းက ကမ္ဘာကြီးရဲ့ အခြေအနေဟာ ဒီကနေ့ပုံစံ မဟုတ်သေးဘူး၊ သဘာဝတရားဟာ အမြဲတမ်း ပြောင်းလဲနေတာ ဖြစ်တယ်၊ ကမ္ဘာရဲ့ မြေလွှာဆိုတာလည်း အခုလို တောတွေ တောင်တွေနဲ့ ပုံစံမျိုး မဟုတ်သေးဘူး၊ ကမ္ဘာကြီးက တည်ထွန်းကာစ ဆိုတော့ ရေပြင်ကြီးဖြစ်ပြီးတော့ ဒီကမ္ဘာကြီးကို အလင်းရောင်ပေးမယ့် နေတွေ လတွေဆိုတာလည်း အဲဒီတုန်းက မရှိသေးဘူး။
စာမျက်နှာ-၂၇၀
ကံပစ်ချလို့ လူ့ဘုံကိုရောက်လာတဲ့ ဗြဟ္မာပြည်က ပြောင်းရွှေ့လာတဲ့ -သို့မဟုတ်- ဗြဟ္မာပြည်က သေဆုံးလို့ လူ့ဘုံမှာဖြစ်လာတဲ့ အဦးဆုံး“ကမ္ဘာဦးလူသား”ဟာ အမှောင်ကြီးထဲမှာ လူလာဖြစ်ရတာ၊ သူ့အတွက် အလင်းမရှိဘူး၊ ဒါကြောင့်မို့လို့ သူ့ကို အလင်းပေးတဲ့အနေနဲ့ သူ့ခန္ဓာကိုယ်က ထွက်လာတဲ့ အလင်းရောင်နဲ့ သူက နေလို့ ရတယ်ပေါ့၊ ဒါကို “သယံပဘာ”- ကမ္ဘာဦးက လူသားတွေဟာ နေတွေလတွေရဲ့ အလင်းရောင်နဲ့ နေတာ မဟုတ်ဘူး၊ “ကိုယ်ပိုင်အလင်းရောင်” ရှိတယ်လို့ - အဲဒီလို ဆိုတယ်။
ပြီးတော့ ကမ္ဘာမြေကြီးက ယနေ့ကဲ့သို့ ပုံစံမျိုး မဟုတ်သေးသည့်အတွက်ကြောင့် သူတို့ကျက်စားသွားလာသည့် နေရာက ကောင်းကင်ပဲ၊ “အန္တလိက္ခ”ဆိုတာ ကောင်းကင်မှာပဲ သူတို့သွားလာတယ်။ ။
ဒီကနေ့ခေတ် လူတွေဟာ စိုက်ပျိုးပြီးတော့ အစာအာဟာရကို စားကြတယ်၊ အဲဒီခေတ်က စိုက်ပျိုးစရာ မြေလွှာလည်း မရှိသေးဘူး, စားစရာလည်း မရှိဘူးဆိုတော့ “ပီတိဘက္ခ” - ကျေနပ်မှုလေးဟာ သူ့အတွက် ထောက်ပံ့ပေးနေတဲ့ အာဟာရလေးတစ်မျိုးပဲ၊ ဒီတော့ ကမ္ဘာဦးက လူသားတွေ မွေးဖွားလာပုံကတော့ အဲဒီပုံစံပဲ၊ နောက်ပိုင်းကျမှ လူတွေဟာ ကိုယ်ရောင်ကိုယ်ဝါတွေလည်း ပျောက်တယ်၊ အဲဒီအချိန်တုန်းက “သတ္တ - သတ္တဝါ” လို့ပဲ ခေါ်တယ်ပေါ့၊ အမျိုးသား အမျိုးသမီး ခွဲခြားမှုလည်း မရှိသေးဘူး။
ဟိုး နောက်ပိုင်း ရောက်တဲ့အခါကျတော့မှ လူသားတွေဟာ ခုလို ပြောင်းလဲတိုးတက်လာတယ်၊ ဒါက ဗုဒ္ဓစာပေက ဆိုထားတဲ့ လူသားတွေရဲ့ ပြောင်းလဲမှု။
စာမျက်နှာ-၂၇၁
“ဒါဝင်”ဆိုတဲ့ သိပ္ပံဆရာကြီးကတော့ Evolutionဆိုတဲ့ သီအိုရီအရ မျောက်ကနေ တိုးတက်ပြီး လူဖြစ်လာတယ်လို့ ပြောတာ၊ အဲဒီတော့ နောက်က လူဖြစ်တာထက် ဗြဟ္မာက လူဖြစ်တာ ပိုကောင်းပါတယ်၊ Evolutionဆိုတာ ကမ္ဘာလူသားတွေပေါ်ပြီး နှစ်ပေါင်းအလွန်ကိုကြာမှ သူက အာဖရိကတိုက်တို့ကလို လူမျိုးနွယ်ရဲ့အရိုးတွေကို ကြည့်ရှုလေ့လာပြီးတော့မှ အဖြေထုတ်တာဆိုတော့ သူ့ဟာက ရှေးမကျဘူးပေါ့။ အင်မတန်မှ နောက်ကျတယ်လို့ ပြောရမယ်၊ သူဖော်ထုတ်တဲ့ ကမ္ဘာဦးလူသားဟာ သိပ်နောက်ကျတယ်။
မြတ်စွာဘုရားရဲ့ “အဂ္ဂညသုတ္တန်” မှာပါတဲ့ ဒီကမ္ဘာဦးလူသားဟာ လက်လှမ်းမမှီနိုင်လောက်အောင် အစောဆုံး ရှေးအကျဆုံး ဖြစ်လို့ ဒါကပိုပြီး မှန်ကန်မှုရှိတယ်ပေါ့၊ အရိုးကို မြေကြီးထဲက တူးပြီးတော့မှ လေ့လာရတာ မဟုတ်ဘူး၊ မြတ်စွာဘုရားက ဒိဗ္ဗစက္ခုဉာဏ်တော်ကြီးနဲ့ ကမ္ဘာမှာ ဘယ်ပုံစတင်ဖြစ်ပေါ်လာတယ်ဆိုတာ အကုန်လုံး ထင်ထင်ရှားရှားသိနိုင်တဲ့ဉာဏ်နဲ့ ကြည့်ပြီးမှ ဟောတာ ဖြစ်လို့ အရိုးကနေ ဆက်စပ်ပြီးတော့တွေးယူရတဲ့ သိပ္ပံဆရာတွေရဲ့ ပညာနဲ့ လက်လှမ်းမမှီဘူးပေါ့။
အဲဒါ ကမ္ဘာဦးလူသားတွေကတော့ သြပပါတိကပဋိသန္ဓေလို့ ဆိုပြီးတော့ ဒီလို သန္ဓေတည်နေခဲ့ကြတယ်ပေါ့၊ လူသားတွေ မွေးနိုင်တဲ့ နောက်တစ်နည်းက ဘာတုန်းဆိုလို့ရှိရင် အဏ္ဍဇတဲ့ - အဥကနေ မွေးတာ၊ မြန်မာရာဇဝင်တွေထဲမှာတော့ နဂါးအဥကနေ မွေးတာတွေ ဘာတွေ ရှိတယ်၊ ဘုရားသမိုင်းတွေ ဖတ်ကြည့်လိုက်လို့ရှိရင် အဥက မွေးတာတွေတွေ့ရတယ်။
စာမျက်နှာ-၂၇၂
နောက် မွေးနိုင်တဲ့နည်းတစ်နည်းကတော့ သံသေဒဇ လို့ ခေါ်တယ်၊ သံသေဒဇဆိုတာ အစိုဓာတ် အညှိ moisture တစ်ခုခုကို အစွဲပြုပြီးတော့ သန္ဓေတည်တာမျိုးတွေ၊ အဲဒါတွေက သံသေဒဇ လို့ ဒီလို ပြောလို့ရတယ်။
ခုခေတ် clone တို့ ဘာတို့ လုပ်တဲ့နည်းက ဒီပုံစံ သံသေဒဇ ပုံစံမျိုး ဖြစ်တယ်၊ လူသားတွေထဲမှာတော့ မြန်မာရာဇဝင်က ဝေဠုဝတီတို့ ဝါးပင်မှာသန္ဓေတည်သူလို့ ဒီလိုဆိုတယ်၊ ပါဠိစာပေမှာဘုရားလက်ထက်က မွေးဖွားလာတဲ့အထဲမှာတော့ ပေါက္ခရသာဒီပုဏ္ဏားတို့ဆိုတာ ကြာဖူးထဲမှာ လူဖြစ်လာတဲ့ပုဂ္ဂိုလ်၊ ဒါလည်း သံသေဒဇပုဂ္ဂိုလ်ပဲ၊ ငါးရာ့ငါးဆယ်ထဲမှာပါတဲ့ ပဒုမဝတီတို့ အဲဒီ ပဒုမဝတီမိဖုရားက မွေးဖွားလာတဲ့ ပစ္စေကဗုဒ္ဓါအလောင်းငါးရာတို့၊ အဲဒီငါးရာထဲမှာ တစ်ဦးကတော့ ပုံမှန်အတိုင်း သန္ဓေတည်ပြီး မွေးတာ၊ ကျန်တဲ့ ၄၉၉-ယောက်ကတော့ သံသေဒဇလို့ ပြောရမယ်။
အဲဒီလို လူသားတွေ မွေးဖွားပုံ မွေးဖွားနည်းက ၄-မျိုး ရှိတယ်၊ ယောနိ ၄-မျိုးလို့ခေါ်တယ်၊ အဲဒီယောနိ ၄-မျိုးထဲက တစ်မျိုးမျိုးနဲ့ လူသားတွေ မွေးဖွားနိုင်တယ်။
သို့သော် အခုပြောတာက ပဋိသန္ဓေအခါမှာ “နာမ”ဆိုတဲ့ စေတသိက်က စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ ဒီသဠာယတနနဲ့ ဆက်သွယ်ပြီးတော့ သဟဇာတ၊ နိဿယ၊ ဝိပါက၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတတို့ ဒီ ၆-ပစ္စည်းကို ပြောတာ၊ ဒါ ယေဘူယျ ခြုံငုံပြီးတော့ ပြောတာ။
ယနေ့ မွေးဖွားပုံမွေးဖွားနည်းနဲ့ ပြောမယ်ဆိုရင် လူတွေဟာ သန္ဓေတည်နေတဲ့အချိန် ကလလရေကြည်အခိုက်မှာ စက္ခာယတန
စာမျက်နှာ-၂၇၃
ဆိုတာ မရနိုင်သေးဘူး၊ အဲဒီလို နားလည်ရမယ်၊ စက္ခာယတန မရှိသေးဘူး၊ သောတာယတနလည်း မရှိသေးဘူး၊ ဃာနာယတနလည်း မဖြစ်သေးဘူး၊ ဇိဝှါယတနလည်း မဖြစ်သေးဘူး၊ ကာယာယတနတော့ ဖြစ်နေပြီ၊ ဒီတစ်မျိုးပဲ ရတယ်လို့ ဒီလိုပြောရမယ်၊ အဲဒီတော့ အသေးစိတ်ပြောမယ်ဆိုရင် သူက အကျယ်ကြီးပဲ။
အဘိဓမ္မာသဘော ဟူသည် ..
အဘိဓမ္မာသဘောဟာ သတ္တဝါအားလုံးကို ခြုံငုံပြီး သတ္တဝါအားလုံးကို cover ဖြစ်အောင် ပြောရတာ ဖြစ်တယ်၊ ဒီလို ခြုံငုံသုံးသပ်ပြောတဲ့အခါမှာ ယေဘူယျမှတ်တယ်၊ အသေးစိတ် တစ်ဦးစီတစ်ဦးစီ ပြောတဲ့အခါကျတော့ တစ်မျိုးပြောင်းမှတ်ရမယ်၊ အပြောင်းအလဲလေးတွေတော့ ရှိတယ်လို့ ဒီလို သဘောပေါက်ရမယ်။
ပဝတ္တိအခါ၌ ကျေးဇူးပြုပုံ
ပဝတ္တိအခါဆိုတာ - ပဋိသန္ဓေပြီးရင် “ပဝတ္တိ”လို့ ခေါ်တယ်။ မသေမချင်း ဆက်လက်ပြီး ဖြစ်ပေါ်နေတာ ပဝတ္တိ၊ အဲဒီမှာလည်းပဲ ဝိပါက်စိတ်၌ယှဉ်တဲ့ စေတသိက်တွေ - ဒါလူသားတွေရဲ့ သန္တာန်မှာဖြစ်တဲ့ ဝိပါက်စိတ်နဲ့ယှဉ်တဲ့ စေတသိက်တရားတွေဟာ ဝိပါက်စိတ်လို့ဆိုတဲ့ မနာယတနကို ၇-ပစ္စယသတ္တိဖြင့် ကျေးဇူးပြုတယ်၊ ဒါကတော့ (ခုနတုန်းကလို) စိတ်နဲ့စေတသိက်ဆိုတော့ သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ဒီ ၇-ခုပဲ၊ ခုနလိုပဲ ပြောင်းလဲတဲ့ သဘောတရားလေးတွေတော့ ရှိတယ်။
စာမျက်နှာ-၂၇၄
နောက်တစ်ခုက ပဝတ္တိအခါမှာ ဝိပါက်စိတ်သာ ဖြစ်တာ မဟုတ်ဘူး၊ ကျန်တဲ့စိတ်တွေလည်း ဖြစ်လာတယ် ဆိုပါစို့ - လူသားတစ်ယောက်ဟာ မိခင်ရဲ့ ဝမ်းထဲမှာ ကလလရေကြည်လို့ စတင်ဖွဲ့စည်းတည်နေပြီ ဆိုတဲ့အချိန်မှာ ပဋိသန္ဓေစိတ်လေးရယ်၊ စိတ်နဲ့ ယှဉ်ပြီးတော့ ဖြစ်တဲ့ စေတသိက်ရယ်၊ ကံက ဖန်တီးပေးလိုက်တဲ့ ကမ္မဇရုပ်အချို့ရယ်- ကာယ၊ ဘာဝ၊ ဝတ္ထုလို့ဆိုတဲ့ ကမ္မဇရုပ်-၃၀၊ လူသားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် အဲဒါလေးတွေက ပြိုင်တူဖြစ်လာကြတယ် ကလလရေကြည်ဆိုတဲ့အထဲမယ် ဒီသဘာဝတရားလေးတွေ ပါလာတယ်ပေါ့။ အဲဒီအချိန်မှာ စိတ်အနေနဲ့က ဝိပါက်စိတ်ပဲ ရှိသေးတယ်။
ဘဝအစ စိတ်ဖြစ်စဉ်
ပဋိသန္ဓေအခိုက်အတန့်လေးကို လွန်မြောက်သွားတဲ့အခါ ပဋိသန္ဓေနောက်မှာ ဒုတိယအနေနဲ့ ဖြစ်တဲ့စိတ်၊ ဒုတိယစိတ်ကို “ပထမဘဝင်စိတ်” လို့ ခေါ်တယ်၊ အဲဒီဒုတိယစိတ် ဖြစ်လာတဲ့အချိန်မှာလည်းပဲ ဝိပါက်စိတ်ပဲ ရှိသေးတယ်၊ သူ့ကျတော့ ပဋိသန္ဓေလို့ မခေါ်တော့ဘူး၊ ဘဝင်္ဂ လို့ပဲ ခေါ်တယ်၊ ဘာဖြစ်လို့ ဘဝင်လို့ ခေါ်လဲဆိုတော့ “ဘဝစဉ်ဆက် ပြတ်မသွားအောင် ဆောင်ရွက်တဲ့ ကိစ္စ” ရှိလို့၊ ဆောင်ရွက်မှုကိစ္စကို ကြည့်ပြီးတော့ သူ့ကို ဘဝင်လို့ ခေါ်တယ်၊ အဲဒီဘဝင်စိတ် ဘယ်နှစ်ကြိမ်ဖြစ်တုန်းဆိုရင် ၁၆-ကြိမ် ဖြစ်တယ်။ အဲဒီထိအောင် ဝိပါက်စိတ်ပဲ ရှိသေးတယ်။
ဘဝင်စိတ်တွေ ဖြစ်ပြီးတဲ့အဆုံးမှာ “မနောဒွါရာဝဇ္ဇန်း”ဆိုတဲ့ ကြိယာစိတ်ကလေး ဖြစ်လာတယ်၊ ဘယ်သူကနေ လုပ်ပေးလိုက်
စာမျက်နှာ-၂၇၅
တာတုန်းဆိုရင် ကံအရှိန်ကနေ တွန်းပို့ထားပြီး ဒွါရအာရုံထိခိုက်မှုကြောင့် ဖြစ်တာ၊ ရှေ့စိတ်ချုပ်သွားတဲ့အခါ နောက်စိတ်ပေါ်ဖို့ရာအတွက် စွမ်းရည်သတ္တိတွေ ဖြစ်လာတယ်။ အဲဒါကြောင့် နောက်ဆုံး ဘဝင်စိတ် ချုပ်ပြီးတဲ့အချိန်မှာ မနောဒွါရာဝဇ္ဇန်းဆိုတဲ့ စိတ်ကလေးဟာ ဖြစ်ပေါ်လာတယ်၊ သူကတော့ ကြိယာစိတ်တစ်မျိုးပဲ၊ ကံရဲ့ အကျိုးမဟုတ်ဘူး၊ ဝိပါက်စိတ်မဟုတ်ဘူး၊ သို့သော် ကံနဲ့ဆက်စပ်ပြီးတော့ ဘဝမှာ ဖြစ်ပေါ်ပြီးတော့ လာတာ။
မနောဒွါရာဝဇ္ဇန်း ပြီးတဲ့အခါမှာ ဘာစိတ်လာတုန်းလို့ဆိုတော့ အဲဒီကျတော့မှ “အကုသိုလ်ဇော” စိတ်က အရင်ဆုံးလာတယ်၊ လောဘမူစိတ် အရင်ဆုံးလာတယ်- “လောဘဇော” ဘဝတစ်ခုရလာတဲ့အခါမှာ အဲဒီဘဝအပေါ်မှာ တွယ်တာမှုဆိုတဲ့တဏှာက အရင်ဆုံးဖြစ်လာတယ်။
ဒါ့ကြောင့်မို့ လောဘမူစိတ်တွေထဲက စိတ်တစ်ခုက အရင်ပေါ်လာတယ်။ အရှိန်အဟုန်နဲ့ ပေါ်လာတာ ဖြစ်သောကြောင့် သူ့ကို “ဇော”လို့ ခေါ်တယ်၊ ဝိပါက်စိတ် မဟုတ်တော့ဘူး၊ ပထမဇောမှ ဒုတိယဇော၊ တတိယဇော၊ စတုတ္ထဇော၊ ပဉ္စမဇော၊ ဆဋ္ဌဇော၊ သတ္တမဇောထိအောင် အဲဒီမှာ အကုသိုလ်လောဘမူစိတ် စဖြစ်တယ်၊ ဒါကြောင့်မို့လို့ လူတွေရဲ့ဘဝဟာ ဝိပါက်စိတ်နဲ့ စတယ်၊ ပြီးရင် ကြိယာစိတ်လာတယ်၊ ပြီးရင် အကုသိုလ်စိတ်လာတယ်၊ ကုသိုလ်ဖြစ်ဖို့ရာ ဝေးနေသေးတယ်နော်၊ ဘဝတစ်ခုမှာ အကုသိုလ်က စတယ်၊
စာမျက်နှာ-၂၇၆
ပဋ္ဌာန်းနည်း - “နာမသည် မနာယတန” အား
အဲဒီတော့ ပဉ္စဝေါကာရဘုံဘဝ လူသားတွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် “ဘဝနိကန္တိပထမဇော”- ဘဝကို တွယ်တာမှုဆိုတဲ့ လောဘဇောလေး စောလာတယ်၊ အဲဒီ လောဘမှာယှဉ်တဲ့ စေတသိက်လေးက လောဘ၊ အဲဒီဇောစိတ်က မနာယတန - အတူတူဖြစ်ကြတာပဲ။
“နာမပစ္စယာ သဠာယတနံ”နဲ့ပြောမယ်ဆိုရင် အဲဒီလောဘဆိုတဲ့ တွယ်တာမှုလေးက “နာမ”၊ အဲဒီနာမနဲ့ ယှဉ်ပြီးတော့ လာတဲ့ လောဘမူစိတ်ကျတော့ “မနာယတန”၊ ဒါ “နာမရူပပစ္စယာ သဠာယတနံ”ထဲမှာ အကျုံးဝင်တယ်၊ အဲဒီတော့ ပြိုင်တူဖြစ်ကြတာ အတူတကွမွေးလာတာ ဖြစ်သောကြောင့် သဟဇာတ၊ အပြန်အလှန်ဖြစ်လို့ အညမည၊ မှီရာဖြစ်လို့ နိဿယ၊ ယှဉ်ပြီးတော့ ဖြစ်လို့ သမ္ပယုတ္တ။
ဒီနေရာမှာ ဝိပါကဆိုတာ မရဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ လောဘမူစိတ်ဆိုတာ အကုသိုလ်စိတ်ဖြစ်လို့ ဝိပါက်စိတ် မဟုတ်တော့ဘူး၊ ဒါကြောင့်မို့လို့ ဝိပါက ဖယ်ရတယ်၊ ခုနက ၇-ပစ္စည်းထဲမှာ ဝိပါက မပါလို့ ၆-ပစ္စည်း၊ ၆-ပစ္စယသတ္တိဖြင့် ကျေးဇူးပြုတယ်လို့ ဒီလို နားလည်ရမှာပေါ့နော်။
ပဋ္ဌာန်းသဘောက သိပ်ပြီး အသေးစိတ်လွန်းအားကြီးတော့ တစ်ခုတစ်ခုကို လေ့လာဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတယ်ပေါ့။
စာမျက်နှာ-၂၇၇
ကဲ နောက်တစ်ခု စဉ်းစားကြည့်ကြဦးစို့၊ ပဝတ္တိအခါပိုင်းမှာ ကြည့်လိုက်ဦး၊ ပဝတ္တိအခါပိုင်းမှာ “နာမရူပပစ္စယာ သဠာယတနံ” လို့ ခေါင်းစီးလေးကိုတော့ မမေ့နဲ့၊ နာမဆိုတာ စေတသိက်ကိုပဲ ယူရမယ်၊ စေတသိက်သည် ဝိပါက်စိတ်တွေမှာယှဉ်တဲ့ စေတသိက် ရှိတယ်၊ ဝိပါက်စိတ်မဟုတ်တဲ့ စိတ်တွေမှာယှဉ်တဲ့ စေတသိက်လည်း ရှိတယ်၊ အဲဒီစေတသိက်က စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ အာယတနတွေနဲ့ ဘယ်ပုံဘယ်နည်း ဆက်သွယ်မှု ရှိသလဲ၊ ဘာပစ္စည်းတွေနဲ့ အထောက်အကူပြုကြသလဲလို့ ဘယ်လိုဆက်သွယ်သလဲ၊ ဒါက ပစ္ဆာဇာတသတ္တိတဲ့၊ ခုန စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ ရုပ်တရားတွေဟာ ဘယ်သူ့ကြောင့် ဖြစ်တာတုန်းဆိုရင် ကံကြောင့်ဖြစ်တဲ့ရုပ်တွေပဲ၊ စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပသာဒ၊ ကာယပသာဒဆိုတာ ကမ္မဇရုပ်တွေ။
အဲဒီကမ္မဇရုပ်တွေဟာ ကံအရှိန်ကြောင့် ကံက ထုတ်လိုက်လို့ ပေါ်ချိန်တန်တဲ့အခါမှာ ပေါ်လာပြီး သူ့ရဲ့ သန္တာန်မှာ စိတ်ရဲ့ ခဏတိုင်း ခဏတိုင်းမှာ ဖြစ်ကြတယ်၊ (ခဏတိုင်း ခဏတိုင်းဆိုတာ စိတ်ဥပါဒ်ခဏအချိန်မှာလည်း သူတို့ဖြစ်တယ်၊ စိတ်ရဲ့ ဒီခဏမှာလည်း သူတို့ဖြစ်တယ်၊ စိတ်ရဲ့ ဘင်ခဏမှာလည်း သူတို့ဖြစ်တယ်။)
ဒီလို စိတ်နဲ့ ဆက်စပ်ပြီး ဖြစ်ပေမယ့်လို့ စိတ်ကြောင့် ဖြစ်တာ မဟုတ်ဘူး၊ သူတို့က ကံကြောင့် ဖြစ်တာ၊ အဲဒီကံကြောင့် ဖြစ်တဲ့ စက္ခုပသာဒ မျက်စိအကြည်ရုပ်၊ သောတပသာဒ နားအကြည်
စာမျက်နှာ-၂၇၈
ရုပ်၊ ဃာနပသာဒ နှာခေါင်းအကြည်ရုပ်၊ ဇိဝှါပသာဒ လျှာအကြည်ရုပ်၊ ကာယပသာဒ ကိုယ်အကြည်ရုပ်- ဒီအကြည်ရုပ်လေးတွေက သူတို့ဖာသာသူတို့ စဉ်ဆက်မပြတ် ဖြစ်နေပေမယ့်လို့ “ကံကြောင့် ဖြစ်နေပေမယ့်လို့ ဘယ်သူက သူတို့ကို အထောက်အကူပြုတုန်းဆိုတော့ သူတို့နောက်မှာဖြစ်မယ့် စိတ်စေတသိက်တွေက သူတို့ကို အထောက်အကူပြုထားတယ်၊ စိတ်စေတသိက်မဖြစ်တော့ဘူး ဆိုရင် သူတို့လည်း ဖြစ်မှာမဟုတ်တော့ဘူး၊ အဲဒါကို ပစ္ဆာဇာတ ပစ္စည်း” လို့ ခေါ်တယ်။
နောက်မှဖြစ်တဲ့ စိတ်စေတသိက်တွေက ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတဲ့ ရုပ်တရားတွေကို အထောက်အကူပြုတယ်၊ အထောက်အကူပြုတယ်ဆိုပေမယ့်လို့ နောက်မှ ဖြစ်တယ်လို့ ဆိုပေမယ့်လို့ - ရှိနေတုန်း ကျေးဇူးပြုတယ်ဆိုတာကိုတော့ သတိထားရမယ်၊ ရုပ်တွေက ကြိုတင်ဖြစ်နှင့်ပြီးတော့ ချုပ်သွားတာ မဟုတ်ဘူး၊ သူတို့က ကြိုတင်ဖြစ်နှင့်ပြီးတော့ ရှိနေတုန်းမှာ သူတို့နောက်က ဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တွေကနေ သူတို့ကို အထောက်အကူပြုတာ သူတို့ကို ဖြစ်စေတာ မဟုတ်ဘူး၊ ဒါကြောင့်မို့ ပစ္ဆာဇာတပစ္စည်းက ဥပက္ကာရကတစ်မျိုးတည်းပဲ ရတယ်၊ အထောက်အကူဖြစ်တာ - Supporting cause အထောက်အကူပြုရုံပဲ ပြုတယ်။
ဒီတော့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဆိုတဲ့ ဒီပသာဒရုပ်တွေကို စေတသိက်တွေက ပစ္ဆာဇာတသတ္တိနဲ့ အထောက်အကူပြုတယ်ဆိုတော့ ပစ္ဆာဇာတရယ်၊ ဝိပ္ပယုတ္တရယ်၊ အတ္ထိရယ်၊ အဝိဂတရယ် ၄-ပစ္စည်းနဲ့ ကျေးဇူးပြုတယ်။
စာမျက်နှာ-၂၇၉
ဝိပါက်စိတ်မဟုတ်တဲ့ ကျန်တဲ့စိတ်တွေကလည်းပဲ ဒီအတိုင်းပဲ၊ ကျန်တဲ့စိတ်တွေက စက္ခု၊ သောတာ၊ ဃာန၊ ဇိဝှါ၊ ကာယဆိုတဲ့ ကြိုတင်ဖြစ်နှင့်နေတဲ့ ကမ္မဇရုပ်တွေ ထင်ရှားရှိနေသေးခင်၊ မပျက်စီးသေးခင် သူတို့နောက်မှာ ဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တွေက အထောက်အကူပြုတယ်၊ အဲဒါကို ပစ္ဆာဇာတသတ္တိလို့ ပြောတယ်။
ပစ္ဆာဇာတသတ္တိနဲ့အတူ ပါဝင်လာနိုင်တာတွေက ဘာတွေတုန်းဆိုတော့ နာမ်နဲ့ ရုပ် ဖြစ်သည့်အတွက်ကြောင့် ဆက်စပ်မှုမရှိလို့ ဝိပ္ပယုတ္တ- ယှဉ်တွဲမှု မရှိဘူး၊ ရှိနေတုန်း ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်လို့ အဝိဂတလို့ ခေါ်တယ်၊ ၄-ပစ္စယသတ္တိနဲ့ ကျေးဇူးပြုတယ်။
ပဋ္ဌာန်းနည်း - “ရူပသည် သဠာယတန” အား
ကဲ နာမကို ဖယ်ထားလိုက် - ပြီးသွားပြီ “ရူပပစ္စယာ သဠာယတနံ”ကို ပြောကြရအောင်၊ သူက ထပ်စိပ်ဦးမယ်၊ ခုဟာ ရူပအကြောင်းကို ပြောမယ်၊ ခုနက နာမ်ချည်းပဲ ပြောလာခဲ့တာ နော်၊ “နာမရူပပစ္စယာ သဠာယတနံ” မှာ နာမရဲ့ အရနဲ့ ပြောလာတာ၊ အခုဟာက ရူပအရနဲ့ ပြောမယ်၊
ရူပဆိုတာ စောစောတုန်းက ပြောထားခဲ့တဲ့အတိုင်း ဝတ္ထုရုပ် ၆-ပါး၊ မဟာဘုတ် ၄-ပါး၊ ဇီဝိတိန္ဒြေကို - ဒါတွေကို ပြောတာ၊ “ရူပပစ္စယာ သဠာယတနံ” မှာ ဒီပြင်ရုပ်တွေကို ပြောတာ မဟုတ်ဘူး၊
စာမျက်နှာ-၂၈၀
ဟဒယဝတ္ထုရုပ်နှင့် ပဋ္ဌာန္ဓေစိတ်
ကဲ ကောင်းပြီ - ဝတ္ထုရုပ် ၆-ပါးထဲက ဟဒယဝတ္ထုရုပ်က မနာယတနကို ကျေးဇူးပြုတယ်၊ ဟဒယဝတ္ထုရုပ်ကနေ မနာယတနကို ကျေးဇူးပြုတာနဲ့ ပတ်သက်ပြီးတော့ ဘာစွမ်းရည်သတ္တိတွေကို အသုံးပြုခဲ့သလဲ?
ပဋ္ဌန္ဓေအခါမှာ လူသားသတ္တဝါတစ်ယောက်ကို ကြည့် - လူတွေရဲ့ ကလလရေကြည်နဲ့ သန္ဓေစိတ်လေး ပေါ်တဲ့အချိန်မှာ မဟာဝိပါက်စိတ်နဲ့ ယှဉ်ဘက်စေတသိက်တွေ - ဒါက နာမ်အစု၊ အတူတကွပေါ်လာတာက ကာယဒသကကလာပ်ဆိုတဲ့ ရုပ် ၁၀-ခု၊ ဘာဝဒသကကလာပ် ရုပ် ၁၀-ခု၊ ဝတ္ထုဒသကကလာပ် ရုပ် ၁၀-ခု လို့ ဆိုပြီးတော့ “ကမ္မဇရုပ်-၃၀” ပေါ်လာတယ်၊ ကမ္မဇရုပ် ၃၀-ရယ် စိတ်ရယ် စေတသိက်ရယ် အားလုံးပေါင်းပြီးတော့ ကလလရေကြည်မှာ ဖြစ်ပေါ်လာကြတယ်။ ။
အဲဒီလို ဖြစ်ပေါ်လာတဲ့ ပဋ္ဌန္ဓေစိတ်ကလေးကို ဒီနေရာမှာ မနာယတနလို့ ပြောရမယ်၊ အဲဒီထဲမှာ ပါလာတဲ့ ဟဒယဝတ္ထုရယ်၊ ပဋ္ဌန္ဓေစိတ်ဆိုတဲ့ မနာယတနရယ်၊ အဲဒီနှစ်ခုက ဘယ်လို စွမ်းရည်သတ္တိတွေနဲ့ အတူတူရှိနေကြတာလဲ၊ (အင်မတန်သေးငယ်တဲ့အရာထဲမှာ ရှိနေကြတယ်၊ သာမန်အမြင်နဲ့တော့ မမြင်နိုင်ဘူးပေါ့၊ မြတ်စွာဘုရားဟောလို့ ဒါ သိရတာ၊ ဟဒယဝတ္ထုနဲ့ ပဋ္ဌန္ဓေစိတ်ကလေးဟာ အပြန်အလှန်အထောက်အကူပြုနေတာ၊) သူတို့က အတူတကွဖြစ်ပေါ်လာတာ ဖြစ်သောကြောင့် သဟဇာတ၊ အတူတကွတည်နေတာ၊ တစ်ခုနဲ့တစ်ခု အပြန်အလှန်မှီတင်းနေတာဖြစ်သောကြောင့် အညမည၊ မှီရာဖြစ်သောကြောင့် နိဿယ၊ အပြန်
စာမျက်နှာ-၂၈၁
အလှန်ဖြစ်ပေမယ့်လို့ စိတ်နဲ့ ရုပ် ဖြစ်သည့်အတွက်ကြောင့် ယှဉ်တွဲလို့ မရလို့ ဝိပ္ပယုတ္တ၊ ရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတလို့ သတ္တိ ၆-မျိုးနဲ့ သူတို့ဟာ စွမ်းဆောင်ထားတယ်။ ဒီလို ဆိုလိုတယ်၊ ဒါ ဟဒယဝတ္ထုလေးရဲ့စွမ်းဆောင်မှုကို ပြောတာ၊ ဟဒယဝတ္ထုက သန္ဓေစိတ်ကလေးကို -သို့မဟုတ်- ဟဒယဝတ္ထုဆိုတဲ့ ရုပ်တရားက မနာယတနကို ကျေးဇူးပြုပုံပဲ။
မြတ်စွာဘုရားကတော့ ပဋိစ္စသမုပ္ပါဒ်မှာ သာမန် ဒီလိုဟောလိုက်တယ်၊ cover ဖြစ်အောင် “နာမရူပပစ္စယာ သဠာယတနံ” လို့ - “နာမ်ရုပ်ကြောင့် အာယတန ၆-ပါး ဖြစ်ရတယ်”လို့ ဒီလောက်ပဲဟောလိုက်တယ်၊ အဲဒီမှာ ရုပ်ဆိုတာကို ဘယ်ရုပ်လို့ မပြောတော့ဘူး၊ ဟဒယဝတ္ထုရုပ်ကို ပြောမယ်ဆိုလို့ရှိရင် မနာယတနကို ခုပြောတဲ့ သတ္တိ ၆-မျိုးနဲ့ ကျေးဇူးပြုတယ်။
မဟာဘုတ်နှင့် ဥပါဒါရုပ်
တစ်ခါ ရုပ်ကို - မဟာဘုတ်လေးပါးပဲ ယူကြပါစို့၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဆိုတဲ့ မဟာဘုတ် ၄-ပါး၊ အဲဒီ မဟာဘုတ် ၄-ပါးကို ပဋ္ဌန္ဓေအခါမှာဖြစ်ဖြစ်၊ ပဝတ္တိအခါမှာ ဖြစ်ဖြစ် “နာမရူပပစ္စယာ သဠာယတနံ” မှာ ရူပအရ မဟာဘုတ် ၄-ပါးကို ပြောမယ်၊ သဠာယတနအရ အာယတန ၅-ပါးကိုပဲ ပြောမယ်။ ဒီလို ရုပ်ရုပ်ချင်းပြောလိုက်မယ်ဆိုလို့ရှိရင် စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ ပသာဒအာယတနတွေက ဥပါဒါရုပ်၊ မဟာဘုတ်နဲ့ ဥပါဒါရုပ်၊
စာမျက်နှာ-၂၈၂
“မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော” လို့ မဟာဘုတ်နဲ့ ဥပါဒါရုပ်ဟာ ပြိုင်တူဖြစ်လာတယ်။
ကြည့်လေ- ခွဲလို့မရတဲ့ ရုပ် ၈-ခုထဲမှာ ကြည့်ပေါ့၊ မဟာဘုတ်နဲ့ ဥပါဒါရုပ်တွေဟာ ပြိုင်တူဖြစ်ကြတယ်။ အဲဒီမှာ အတူတကွ ဖြစ်လာတာ ဖြစ်သောကြောင့် သဟဇာတ၊ မှီပြီးတော့ ဖြစ်တာ ဖြစ်သောကြောင့် နိဿယ၊ ရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတလို့ - ဒီသတ္တိ ၄-မျိုးကို အသုံးပြုပြီးတော့ “နာမရူပပစ္စယာ သဠာယတနံ” မှာ ဒါကိုလည်း နားလည်ရမယ်။
ရူပအရ ရုပ်ဇီဝိတ ယူလျှင်
နောက်တစ်ခါ “ရူပ” အရ ရုပ်ဇီဝိတကို ယူပြီး သဠာယတနမှာကျတော့ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနကို ယူမယ်ဆိုရင် ဒီအာယတန ၅-ပါးက ကံကြောင့်ဖြစ်တဲ့ရုပ်တွေ၊ အဲဒီကံကြောင့်ဖြစ်တဲ့ရုပ်တွေကို ရုပ်ဇီဝိတလို့ဆိုတဲ့ “ရူပ”က ထိန်းသိမ်းစောင့်ရှောက်တယ်။
ဒါကြောင့် ပဋ္ဌန္ဓေအခါမှာပဲဖြစ်ဖြစ် ပဝတ္တိအခါမှာပဲဖြစ်ဖြစ် ရုပ်ဇီဝိတကနေပြီးတော့ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတနဆိုတဲ့ အာယတန ၅-မျိုးကို ဣန္ဒြိယ၊ အတ္ထိ၊ အဝိဂတဆိုတဲ့ ၃-ပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ ဘာဖြစ်လို့တုန်းဆို ဇီဝိတိန္ဒြိယက ဣန္ဒြိယသတ္တိ လွှမ်းမိုးကြီးစိုးထားတယ်၊ ဘယ်နေရာမှာ လွှမ်းမိုးကြီးစိုးတုန်းဆိုလို့ရှိရင် မိမိနဲ့ အတူတကွ ဖြစ်တဲ့ ကမ္မဇရုပ်တွေကို စောင့်ရှောက်တဲ့နေရာမှာ သူက လွှမ်းမိုး
စာမျက်နှာ-၂၈၃
ကြီးစိုးတယ်၊ ဒါကြောင့်မို့ ဣန္ဒြိယ၊ အတ္ထိ၊ အဝိဂတ အနေနဲ့ ဆက်သွယ်မှုရှိကြတယ်၊ သတ္တိ ၃-မျိုးကို အသုံးပြုတယ်။
ရူပအရ အာဟာရယူလျှင်
တစ်ခါ “ရူပ” အရ ရုပ်အာဟာရကို ယူလိုက်မယ်၊ ရုပ်အာဟာရကို ယူပြီး သဠာယတနံအရကျတော့ ခုနက စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယလို့ အဲဒီ ၅-ခုကိုပဲ ယူလိုက်မယ်ဆိုရင် ဘာပစ္စည်းတွေ ရပြန်တုန်းဆိုတော့ “ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ” ဆိုတဲ့ အတိုင်းပဲ၊ အာဟာရ၊ အတ္ထိ၊ အဝိဂတ ပစ္စည်း ၃-မျိုး၊ စွမ်းရည်သတ္တိ ၃-မျိုးကို အသုံးပြုပြီး ဖြစ်လာတာ။
ရူပအရ ပသာဒရုပ်ကို ယူလျှင်
တစ်ခါ “ရူပ” အရ ပသာဒရုပ် ၅-ခုကို ယူလိုက်မယ်၊ ပသာဒရုပ် ၅-ခုကနေပြီးတော့ မနာယတနဆိုတဲ့ စိတ်နဲ့ ဘယ်လို ဆက်စပ်မှုရှိကြမလဲ၊ ပသာဒရုပ် ၅-ခုဆိုတာ ကြည့်လိုက်မယ်ဆိုရင် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ လို့ စက္ခုဝတ္ထုကို မှီပြီးတော့မှ စက္ခုဝိညာဏ်စိတ်ဆိုတာ ဖြစ်တာ၊ သောတဝတ္ထု စသည်ကို မှီပြီးမှ သောတဝိညာဏ်စသည် ဖြစ်တာ။
အဲဒီလိုဖြစ်တော့ မနာယတနအရ ဆိုင်ရာဆိုင်ရာ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်စိတ်တွေကို ယူလိုက်မယ်လို့ဆိုရင် စက္ခုဝတ္ထုပေါ်မှာ တည်ပြီးတော့ ဖြစ်တာ ဖြစ်သောကြောင့် မှီရာဖြစ်တဲ့ ဟောဒီ စက္ခုပသာဒရုပ်က စက္ခုဝိညာဏ်စိတ်ကို နိဿယသတ္တိနဲ့ ကျေးဇူးပြု။
စာမျက်နှာ-၂၈၄
မယ်နော် မှီရာဖြစ်လို့၊ စက္ခုဝတ္ထုက စက္ခုဝိညာဏ်စိတ်လေး မဖြစ်ခင် ကြိုတင်ဖြစ်နှင့်ပြီးသားဖြစ်လို့ ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုမယ်၊ Born together မဟုတ်ဘူး၊ သူတို့ကျတော့ born earlier၊ နောက် ပသာဒရုပ် ၅-ပါးဆိုတာမှာ စက္ခုန္ဒြေဆိုတဲ့ ဣန္ဒြိယ စက္ခုဝိညာဏ်စိတ်ဖြစ်ဖို့ရာမှာ မြင်ခြင်းကိစ္စမှာ လွှမ်းမိုးကြီးစိုးထားတာ ဖြစ်သောကြောင့် ဣန္ဒြိယသတ္တိနဲ့ ကျေးဇူးပြုမယ်။
နာမ်နဲ့ ရုပ်ဖြစ်လို့ ယှဉ်တွဲလို့ မရသည့်အတွက်ကြောင့် ဝိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုမယ်၊ ရှိနေတုန်း အထောက်အကူဖြစ်တာ ဖြစ်သောကြောင့် အတ္ထိပစ္စည်း၊ မကင်းကွာခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် ... အဝိဂတလို့ ... ပသာဒရုပ်ကနေပြီးတော့ မနာယတနကို အားလုံးပေါင်း ၆-ပစ္စည်းလို့ ဒီလိုမှတ်ရမယ်၊ ဒါက ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်း ထည့်ကြည့်လို့ရှိရင် ဒီအတိုင်း တွေ့ရမယ်။
ဝတ္ထုရုပ်တွေနဲ့ မနာယတနဆိုတဲ့ စိတ်
နောက်တစ်ခါ ဝတ္ထုရုပ်တွေနဲ့ မနာယတနဆိုတဲ့စိတ်၊ ပဉ္စဝိညာဏ်စိတ်မှတစ်ပါး ကျန်တဲ့စိတ်တွေ၊ ဝတ္ထုရုပ်တွေနဲ့ ကျန်တဲ့ မနာယတန ဆိုတဲ့ ကျန်တဲ့စိတ်တွေကို၊ အဲဒီ ကျန်တဲ့စိတ်တွေနဲ့ ပတ်သက်လာလို့ရှိရင်တော့ ဘာပစ္စည်းတွေ ကျေးဇူးပြုတုန်းဆိုရင် နိဿယ, ပုရေဇာတ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ လို့ ပဝတ္တိအခါမှာ ဒီသတ္တိ ၅-မျိုးနဲ့ ကျေးဇူးပြုတယ်။
စာမျက်နှာ-၂၈၅
ခြုံငုံပြောရင် ဒီသတ္တိတွေနဲ့ ကျေးဇူးပြုနိုင်တယ်။
နောက်တစ်ခု အားလုံးပေါင်းလိုက်တဲ့ အခါကျတော့ “နာမရူပပစ္စယာ သဠာယတနံ” လို့ ဆိုတဲ့အခါမှာ ပဉ္စဝေါကာရဘုံမှာ နာမဆိုတာ စေတသိက်တွေကို ပြောတာ၊ ရူပဆိုတာ ဝတ္ထုရုပ်တွေကို ပြောတာ၊ ဒီတော့ စေတသိက်တွေ ဝတ္ထုရုပ်တွေ ဆိုတဲ့ နာမရူပက မနာယတနဆိုတဲ့ စိတ်အား ဘာသတ္တိတွေနဲ့ ကျေးဇူးပြုနိုင်တုန်း၊ စေတသိက်တွေရယ် ဝတ္ထုရုပ်တွေက ခြုံငုံပြီးတော့ ပြောမယ်ဆိုလို့ရှိရင် စေတသိက်နဲ့ စိတ်ဆိုတာ အတူတကွဖြစ်လာတာ ဖြစ်သောကြောင့် သဟဇာတ, အညမည, နိဿယ, ဝိပါက, သမ္ပယုတ္တ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတ လို့ general ပေါ့- စိတ်ရော စေတသိက်ရော အကုန်လုံးပေါင်းပြီးတော့ ခြုံငုံပြောလိုက်လို့ရှိရင် ဒီလိုသတ္တိတွေနဲ့ ကျေးဇူးပြုနိုင်တယ်။
သဲလွန်စလေးလောက်သာ ဖြစ်ပုံ
မြတ်စွာဘုရားက ဟောလိုက်တာတော့ “နာမရူပပစ္စယာ သဠာယတနံ” “နာမ်ရုပ်တွေ ရှိနေသည့်အတွက်ကြောင့် အာယတန ၆-ပါးဟာ ရှိရတယ်” လို့ ပဋိစ္စသမုပ္ပါဒ်မှာ ဒီလို နားလည်လိုက်ရပေမယ့်လို့ ပဋ္ဌာန်းကြည့်လိုက်တဲ့အခါကျတော့ အင်မတန်မှ ကျယ်ဝန်းများပြားသွားတယ်၊ ဒါတောင်မှပဲ သဲလွန်စလေးလောက် အဋ္ဌကထာဆရာက နည်းနည်းလေးစီ ရှင်းပြီးတော့ ပြောထားတာ၊ အသေးစိတ်ပြောမယ်ဆိုရင် ဒီထက် ကျယ်ဝန်းသွားစရာရှိတယ်။
ဒါ့ကြောင့် ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်တယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်ကိုလည်း လေ့လာပြီးသား ဖြစ်ရမယ်၊
စာမျက်နှာ-၂၈၆
ပဋ္ဌာန်းကျမ်းကိုလည်း သင်ကြားပြီးသား ဖြစ်ရမယ်၊ အခြေခံအားဖြင့် ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋ္ဌာန်း နှစ်ခုစလုံးကို သင်ကြားပြီးမှသာလျှင် နားလည်နိုင်မှာ ဖြစ်ပါတယ်၊ အဲဒီလိုမှ မဟုတ်ရင် ကိုယ့်သန္တာန်မှာ ဖြစ်နေပေမယ့်လို့ ကိုယ်နားမလည်တာတွေ အများကြီးပဲနော်။
ကိုယ်နဲ့ နီးလို့ ကိုယ်သိတယ်လို့ ဒီလိုလည်း မအောက်မေ့ကြနဲ့၊ ကိုယ်နဲ့ နီးပြီးတော့ ကိုယ်မသိတာ- ဥပမာ ကိုယ့်မျက်ခုံးမွှေး ဘယ်နှစ်ပင်ရှိမှန်း သိမှမသိတာ၊ နီးပြီးတော့ မသိတာတွေ အများကြီးပဲ။
အဲဒီတော့ နီးတာတွေကို သိအောင် ကြိုးစားပေါ့၊ အထူးသဖြင့် မိမိတို့သန္တာန်မှာ ဖြစ်နေတဲ့ နာမ်တရားတွေ ရုပ်တရားတွေ မည်သို့မည်ပုံ ဆက်သွယ်ပြီးတော့ ဖြစ်ပေါ်နေတယ်ဆိုတာ ဟော ဒီပဋိစ္စသမုပ္ပါဒ်တို့ ပဋ္ဌာန်းတို့ကို အသေးစိတ်လေ့လာခြင်းအားဖြင့် သိရှိနားလည်နိုင်တယ်ပေါ့။
အေး တချို့က မေးကောင်းမေးလိမ့်မယ်၊ အခုလို အသေးစိတ်သိမှ နိဗ္ဗာန်ရမှာလားဆိုတော့ ဒီလို အသေးစိတ်သိမှ နိဗ္ဗာန်ရမှာတော့ မဟုတ်ပါဘူးနော်၊ ထိုက်သင့်သလောက် သိလို့ရှိရင်လည်းပဲ တွယ်တာမှုတဏှာကို ဖယ်နိုင်တယ်၊ အရေးကြီးတာက နိဗ္ဗာန်ရောက်ဖို့ရာကတော့ အတွယ်အတာကွာဖို့က အဓိကပဲ၊ အတွယ်အတာတွေကို ဖယ်ရှားနိုင်ဖို့က အဓိကပဲပေါ့။
ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန်
ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန်ကို ကြည့် - တရားအားထုတ်တဲ့အခါမှာ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန်-
စာမျက်နှာ-၂၈၇
သောတာပန်ဖြစ်တုန်းကတော့ နှစ်ဦးစလုံးဟာ ဂါထာလေးတစ်ပုဒ် နားကြားရင်းက နှစ်ပါဒလောက် ကြားလိုက်တာနဲ့ အကြောင်းနဲ့ အကျိုးဆိုတာကို သဘောပေါက်သွားလို့ သောတာပန်ဖြစ်သွားကြတယ်၊ ရဟန္တာဖြစ်ဖို့ ဝိပဿနာကျင့်စဉ်ကျင့်တဲ့အခါမှာ ရှင်သာရိပုတ္တရာက နှစ်ပတ်ကြာပေမယ့်လို့ ရှင်မဟာမောဂ္ဂလာန်ကျတော့ ၇-ရက်နဲ့ပဲ ပြီးသွားတယ်ပေါ့နော်၊ ဘာဖြစ်လို့ ရှင်သာရိပုတ္တရာ ကြာနေတာတုန်းလို့ မေးလို့ရှိရင်တော့ အသေးစိတ်လိုက်လို့။
အဲဒီတော့ အခုလို အသေးစိတ် လိုက်သင်နေရင် သံသရာထဲမှာ ကြာနေလိမ့်မယ်လို့ တချို့က ကြောက်ကောင်း ကြောက်နေကြလိမ့်မယ်၊ အဲဒီလိုတော့ ကြောက်လန့်စရာ မလိုပါဘူးနော်။
အသိဉာဏ်တန်ဖိုး
အသိဉာဏ်ဆိုတာဟာ အင်မတန်မှ တန်ဖိုးရှိပါတယ်၊ အသိဉာဏ်ရှိလေလေ မြတ်စွာဘုရားဟောကြားတဲ့ တရားဓမ္မတွေရဲ့ အတိမ်အနက်ကို သိလာလေလေမို့ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးကို ပိုပြီးတော့ တန်ဖိုးရှိမှန်း သိလာလေလေ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့သည် ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ လာတဲ့အတိုင်း “နာမရူပပစ္စယာ သဠာယတနံ” လို့ ရှင်းလင်းဟောကြားထားတဲ့ မြတ်စွာဘုရားရဲ့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို အဋ္ဌကထာဆရာကြီးက ပဋ္ဌာန်းနည်းနဲ့ ဆက်စပ်ပြီးတော့ ဖွင့်ပြထားတယ်၊ အဲဒီဖွင့်ပြတာကို အခု အကျဉ်းချုပ်ရှင်းပြထားခြင်း ဖြစ်ပါတယ်။
စာမျက်နှာ-၂၈၈
ဒါ့ကြောင့်မို့ “မြတ်စွာဘုရားတရားတော်ဟာ တို့တစ်တွေ လက်လှမ်းမမှီရလောက်အောင် အင်မတန်မှ နက်နဲတယ်ဆိုတာ မှန်ပါပေတယ်” လို့ တရားဓမ္မပေါ်မှာ ပိုပြီးတော့ ကြည်ညိုလေးစားမှုတွေ ဖြစ်ပြီးတော့ ဆထက်ထမ်းပိုး ကုသိုလ်တရားတွေ ရအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၂၈၉
အပိုင်း (၉)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပထမဝါဆိုလဆန်း ၂-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၁၃-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး၊ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
“သဠာယတနပစ္စယာ ဖဿော”
“သဠာယတနပစ္စယာ ဖဿော” လို့ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက ဟောထားတယ်၊ “အာယတန ၆-ပါးရှိလို့ ဖဿဆိုတာ ရှိလာရတယ်” လို့၊ အရပ်စကားနဲ့ ပြောရမယ်ဆိုရင် မျက်စိရှိလို့ ပြင်ပက မြင်စရာအာရုံနဲ့ ဆက်သွယ်မှုရလာတယ်၊ နားရှိလို့ ပြင်ပက အသံအာရုံနဲ့ ဆက်သွယ်မှုရလာတယ်၊ နှာခေါင်းရှိသည့်
စာမျက်နှာ-၂၉၀
အတွက်ကြောင့် အပြင်ဘက်က အနံ့အာရုံနဲ့ ဆက်သွယ်မှုရလာတယ်၊ လျှာရှိသည့်အတွက်ကြောင့် ပြင်ပက ရသအာရုံနဲ့ ဆက်သွယ်မှုဆိုတာရလာတယ်၊ ကိုယ်ကာယရှိသည့်အတွက်ကြောင့် အပြင်ဘက်က ဖောဋ္ဌဗ္ဗဆိုတဲ့အာရုံနဲ့ ဆက်သွယ်မှုရလာတယ်၊ မန ဆိုတဲ့စိတ်ရှိသည့်အတွက်ကြောင့် ပြင်ပက ဓမ္မဆိုတဲ့ အာရုံပေါင်းမျိုးစုံစုထားတဲ့ အထွေထွေအာရုံတွေနဲ့ ဆက်သွယ်မှုရလာတယ်လို့၊ ဒီလိုဆက်သွယ်မှုတွေ ရလာတယ်ဆိုတာ ဖဿကို ပြောတာ၊ စိတ်ကလေးကို အာရုံတစ်ခုနဲ့ ဆက်သွယ်မှုရလာစေတယ်ဆိုတာ ဖဿ။
အကြမ်းဖျင်း ပြောရမယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်က သက်ရှိသတ္တဝါတွေကို သရုပ်ဖော်ပေးထားတာ၊ သက်ရှိသတ္တဝါတွေ မိခင်ဝမ်းထဲမှာ ပဋိသန္ဓေတည်နေလိုက်တာနဲ့ တစ်ပြိုင်နက် ထိုပဋိသန္ဓေစိတ်နဲ့ ယှဉ်တွဲဖြစ်လာတဲ့ နာမ်တရား ရုပ်တရားတွေဟာ ဖွံ့ဖြိုးတိုးတက်လာတယ်၊ အဲဒါကို “ဝိညာဏပစ္စယာ နာမရူပံ” လို့ ခေါ်တယ်။
အဲဒီလို နာမ်တွေ ရုပ်တွေ ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ ဆက်သွယ်စရာအင်္ဂါတွေ sense organ တွေ ပါလာတယ်၊ အဲဒါကို “နာမရူပပစ္စယာ သဠာယတနံ” လို့ ဒီလိုဟောထားတာ၊ ဆက်သွယ်မှုကိုပြုနိုင်တဲ့ အင်္ဂါရပ်တွေ ပါလာသည့်အတွက်ကြောင့် ပြင်ပက အာရုံနဲ့ အဆက်အသွယ်တွေ ရလာတယ် ဆိုတာက - “သဠာယတနပစ္စယာ ဖဿော”၊ အဆက်အသွယ်တွေ ရလာတယ်ဆိုတော့ အကောင်းအဆိုးခံစားမှုတွေ ပေါ်လာတယ်၊ ဒါက “ဖဿပစ္စယာ ဝေဒနာ”။
ခံစားမှုတွေ ပေါ်လာတဲ့အတွက်ကြောင့် လိုချင်တပ်မက်မှု တွယ်တာမှုဆိုတဲ့ တဏှာတွေ ဖြစ်လာတယ် - “ဝေဒနာပစ္စယာ
စာမျက်နှာ-၂၉၁
တဏှာ”၊ အဲဒီတွယ်တာမှုတွေက ခိုင်မာစွဲလမ်းလာပြီဆိုရင်တော့ “တဏှာပစ္စယာ ဥပါဒါနံ” ဆိုပြီး ဖြစ်လာတယ်၊ အဲဒီလို စွဲလမ်းလာပြီဆိုရင် လူတွေမှာ ဘဝတစ်ခုကို တည်ဆောက်မယ့်ကံနဲ့ ထိုကံက တည်ဆောက်ထားတဲ့ဘဝဆိုတာ ရှိလာကြတယ်၊ အဲဒီလိုရှိလာတာကို “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ခေါ်တယ်။
ဘဝရှိလာမှတော့ ဖြစ်မှုစတင်ခြင်း - ဇာတိဆိုတာ ရှိလာတာပဲ၊ ဒါကြောင့်မို့ “ဘဝပစ္စယာ ဇာတိ”၊ ဇာတိရှိမှတော့ ဇရာမရဏဆိုတာ လာတော့တာပဲဆိုပြီး “ဇာတိပစ္စယာ ဇရာမရဏံ” ဒီကြားထဲမှာ အိုခြင်းသေခြင်းဆိုတဲ့ စပ်ကြားထဲမှာ ဇာတိရဲ့အကျိုးဆက်အနေနဲ့ ဘာတွေလာသလဲဆိုရင် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတွေ လာတယ်တဲ့၊ စိုးရိမ်ရတယ်, ငိုကြွေးရတယ်, ကိုယ်ဆင်းရဲမှုနဲ့ ကြုံရတယ်, စိတ်ပင်ပန်းနွမ်းနယ်မှုတွေနဲ့ လူ့ဘဝရလာတဲ့ ပုဂ္ဂိုလ်တိုင်း ကြုံရတယ်ဆိုတာကို ပဋိစ္စသမုပ္ပါဒ်က သက်ရှိသတ္တဝါတို့ရဲ့ဘဝကို သရုပ်ဖော်ပြီး ဟောထားတယ်။
ပဋိစ္စသမုပ္ပါဒ်က သက်ရှိသတ္တဝါတွေနဲ့သာ သက်ဆိုင်တယ်၊ ပဋ္ဌာန်းကျတော့ သက်ရှိနဲ့တင်မကဘူး၊ သက်မဲ့တွေပါ မြတ်စွာဘုရားက ထည့်သွင်းပြီး ဥပနိဿယပစ္စည်းကို ဟောတယ်၊ အင်မတန်မှ ကျယ်ဝန်းတယ်ပေါ့။
ဒီကနေ့ “သဠာယတနပစ္စယာ ဖဿော” ဆိုတာနဲ့ ပတ်သက်ပြီး သာမန်အရပ်တွေးနဲ့ ပြောရမယ်ဆိုရင် လူတွေမှာ မျက်စိပါလာတယ်, နားပါလာတယ်, နှာခေါင်းပါလာတယ်, လျှာပါလာတယ်, ကိုယ်ပါလာတယ်, စိတ်ပါလာတယ်၊ ဒီလိုပါလာတဲ့အတွက်ကြောင့် ပြင်ပအာရုံနဲ့ ဆက်သွယ်မှုဆိုတဲ့ ဖဿသဘောတရားတွေ
စာမျက်နှာ-၂၉၂
ဖြစ်လာတယ်၊ ဒါတွေ မပါရင် ဘယ်လိုမှ ဆက်သွယ်မှု မရဘူး၊ တယ်လီဖုန်းပါလာတဲ့အခါကျတော့ တယ်လီဖုန်းနဲ့ အဝေးကို လှမ်းပြီး ဆက်သွယ်ကြသလိုပဲ လူမှာဆက်သွယ်စရာကိရိယာလေးတွေ ပါလာတာ၊ အဲဒီပါလာသည့်အတွက်ကြောင့် ပြင်ပအာရုံတွေနဲ့ ဆက်သွယ်မှုတွေ ရလာတယ်။
သဠာယတနကို ဆဋ္ဌာယတန နဲ့ သဠာယတန ဟု နှစ်မျိုး ယူပုံ
“သဠာယတနပစ္စယာ ဖဿော” ဆိုတဲ့နေရာမှာ သတ္တဝါတွေကလည်း ဘဝအလိုက် အမျိုးမျိုးရှိတယ်၊ အဲဒီအမျိုးအစားအလိုက် သဠာယတနကို အရင်တစ်ခါပြောခဲ့သလို ဆဋ္ဌာယတနနဲ့ သဠာယတန လို့ ဒီစကားလုံးနှစ်ခုကိုပေါင်းပြီးတော့ သဠာယတနလို့ ပြောလိုက်တာ။ ဘာဖြစ်လို့တုန်းဆိုရင် အချို့သတ္တဝါက စိတ်သာရှိတယ်, ရုပ်မရှိဘူး၊ စိတ်သာရှိတဲ့သတ္တဝါအတွက်က “ဆဋ္ဌာယတန”-ခြောက်ခုမြောက် အာယတနဆိုတာ မနာယတနကို ပြောတာ၊ စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတနတို့ဆိုတာ ရုပ်တရားတွေပေါ့၊ အဲဒီရုပ်တရားတွေ မရှိတဲ့ အရူပဗြဟ္မာတွေကျတော့ နာမ်သက်သက်ပဲ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ သူတို့အတွက် ခြုံမိငုံမိအောင် ဆဋ္ဌာယတန- ခြောက်ခုမြောက်အာယတနလို့ ပြောတာ။
တစ်ခါ ရုပ်နဲ့ နာမ်ရောပြီးတော့လာတဲ့ ပဉ္စဝေါကာရဘုံသား- လူတွေလို, နတ်ပြည်ခြောက်ထပ်က နတ်တွေလို, တခြားသတ္တဝါတွေလို အဲဒီပုဂ္ဂိုလ်တွေကျတော့ ရုပ်နဲ့ နာမ်ရောထားတာ ဖြစ်သည့်အတွက် သဠာယတန (အာယတန ၆-ပါး) လို့ - ဆဋ္ဌာယတန,
စာမျက်နှာ-၂၉၃
သဠာယတန ဒီစကားလုံးနှစ်ခုကို ပေါင်းလိုက်ပြီး သဠာယတနဆိုတဲ့ စကားလုံးတစ်ခုတည်းကို သုံးလိုက်တယ်၊ ဒါကို သဒ္ဒါနည်းနဲ့ ပြောမယ်ဆိုရင် ဧကသိသ်လုပ်တယ်၊ တစ်ခုကြွင်းလုပ်ထားတယ်လို့ ပြောတယ်၊ စကားကျဉ်းအောင်လို့ ချုံးထားလိုက်တယ်။
အတွင်းအာယတနကိုသာ ယူသောနည်း
အဲဒီတော့ အာယတန ၆-ပါးနဲ့ ပတ်သက်လာတဲ့အခါမှာ သက်ရှိသတ္တဝါတွေနဲ့ သက်ဆိုင်တဲ့ အဇ္ဈတ္တိကာယတန internal base လို့ ခေါ်တယ်၊ လူတွေရဲ့သန္တာန်မှာ အတွင်းအာယတန ၆-ပါး၊ အဲဒီ အတွင်းအာယတန ၆-ပါးကိုသာလျှင် ပဋိစ္စသမုပ္ပါဒ်မှာ “သဠာယတနပစ္စယာ ဖဿော” လို့ ဒီလိုဟောတာ၊ များသောအားဖြင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရက သက်ရှိသတ္တဝါတွေနဲ့သာ သက်ဆိုင်တယ်၊ မျက်စိနဲ့ မြင်ရတဲ့အာရုံတို့, နားကကြားရတဲ့ အသံတို့ဆိုတာ တချို့က သက်မဲ့ကလာတာတွေ ရှိသေးတယ်၊ ပြင်ပကလာတာတွေ ရှိသေးတယ်၊ ဒါကြောင့်မို့လို့ ဒီနေရာမှာ အာယတန ၆-ပါးလို့ ပြောတဲ့အခါမှာ စက္ခု သောတ ဃာန ဇိဝှါ ကာယ မန လို့ဆိုတဲ့ အဇ္ဈတ္တိကာယတန - အတွင်းအာယတန ၆-ပါးကိုသာ ပြောတယ်လို့ ဒီလိုဆိုတယ်။
အပြင်အာယတနကိုပါ ယူသောနည်း
သို့သော် အဘိဓမ္မာနဲ့ ပတ်သက်ပြီးတော့ အားလုံး ခြုံမိငုံမိဖို့ရာအတွက် တချို့အဘိဓမ္မာဆရာတွေက အာယတန ၆-ပါးလို့ ဆိုတဲ့နေရာမှာတဲ့ အတွင်းအာယတန ၆-ပါးတင်မကပါဘူး၊
စာမျက်နှာ-၂၉၄
အပြင်အာယတနတွေကလည်းပဲ အကြောင်းတရားဖြစ်နိုင်ပါတယ်, ဖြစ်နိုင်ခွင့်ရှိပါတယ်၊ အကျိုးတရားကသာ သက်ရှိသတ္တဝါတွေရဲ့ သန္တာန်နဲ့ သက်ဆိုင်တယ်၊ အပြင်အာယတနတွေကတော့ မိမိသန္တာန် မဟုတ်ဘဲ တခြားသန္တာန်မှာ ဖြစ်တာနဲ့လည်း သက်ဆိုင်နိုင်ပါတယ်-လို့ ဆိုပြီးတော့ သူတို့ကျတော့ အဓိပ္ပါယ် ... ဘယ်လိုဖော်တုန်း ဆိုလို့ရှိရင် “သဠာယတနပစ္စယာ ဖဿော” ဆိုတဲ့ စကားလုံးမှာ သဠာယတနကို ၃-မျိုး ခွဲလိုက်တယ်။
နံပါတ်တစ်က ဆဋ္ဌာယတန၊ နံပါတ်နှစ်က အဇ္ဈတ္တိကကို ရည်ညွှန်းပြီးတော့ သဠာယတန၊ နံပါတ်သုံးက ဗာဟိရအာယတန ခြောက်ပါးကို ရည်ညွှန်းပြီးတော့ သဠာယတနလို့၊ စကားလုံးသုံးလုံးကို သုံးတယ်၊ “ဆဋ္ဌာယတန, သဠာယတန, သဠာယတန”၊ အဲဒီစကားလုံး ၃-လုံးကို တစ်ခါချုံးလိုက်တဲ့အခါ “သဠာယတန” လို့ ဖြစ်တယ်လို့ ဒီလိုယူဆကြတယ်။
အဲဒီယူဆတဲ့နည်းကိုလည်းပဲ အဋ္ဌကထာမှာ ပြထားတယ်၊ ဒါကြောင့်မို့ ဖြစ်နိုင်တဲ့ သဘာဝတရားတွေကို ရှင်းပြထားတာ ဖြစ်သောကြောင့် ဒါလည်းပဲ မှတ်သားသင့်တယ်ပေါ့၊ ထိုထိုသုတ္တန်တွေကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ဗာဟိရာယတန လို့ဆိုတဲ့ အပြင်အာယတနတွေကလည်း ဖဿနဲ့ ဆက်သွယ်တဲ့နေရာမှာ ဖြစ်ပေါ်လာနိုင်တယ်ပေါ့။
နှစ်နည်း မှတ်ရမယ် -
ဒါကြောင့်မို့ ဒီနေရာမှာ နှစ်နည်းမှတ်ရမယ် - သဠာယတနဆိုတဲ့ စကားလုံးကို ဆဋ္ဌာယတန, သဠာယတန ဆိုပြီးတော့ စကား
စာမျက်နှာ-၂၉၅
လုံးနှစ်လုံးကို ချုံးထားတယ်ဆိုတာက တစ်ခု၊ တစ်ခါ သဠာယတနဆိုတဲ့ စကားလုံးကို ဆဋ္ဌာယတန, သဠာယတန, သဠာယတန ဆိုတဲ့ စကားလုံး ၃-လုံးကို ချုံးထားတယ်လို့၊ ဒီတော့ အာယတနတွေ အားလုံးပါဝင်တယ်လို့ ဒုတိယနည်းက ဒီလိုဆိုလိုတယ်ပေါ့။
ဒီတော့ သဠာယတနဆိုတဲ့နေရာမှာ အကျဉ်းချုပ်ပြောရလို့ရှိရင် အခုဒီပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီးတော့ အာယတန ၁၂-ပါးလုံးကို ဖဿဖြစ်ဖို့ရာ အကြောင်းတစ်ခုအနေနဲ့ ထည့်သွင်းပြီး မှတ်သားရမယ်ပေါ့။
ဖဿ အရ
“သဠာယတနပစ္စယာ ဖဿော” မှာ- အာယတန ၆-ပါး ရှိသည့်အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးတရားကို ပြတဲ့အခါမှာ ဖဿ၊ ဖဿဆိုတာ စိတ်ကိုမှီပြီး ဖြစ်ပေါ်လာတဲ့ စေတသိက်တရားတစ်မျိုးပဲ၊ စိတ်တိုင်းစိတ်တိုင်းမှာ ဖဿရှိသည့်အတွက်ကြောင့် စိတ် ၈၉-ခု ရှိလို့ ဖဿလည်းပဲ ၈၉-မျိုး ရှိနိုင်တယ်၊ ဒီနေရာမှာ ပဋိစ္စသမုပ္ပါဒ်ဆိုတာ လောကီစိတ်တွေနဲ့သာ သက်ဆိုင်တာဖြစ်သောကြောင့် လောကီစိတ်-၈၁ ရှိသည့်အတွက်ကြောင့် ဖဿပေါင်း-၈၁ ရှိတယ်လို့ ဒီလိုပြောရမယ်။
သို့သော် ပဋိစ္စသမုပ္ပါဒ်မှာ အဓိကအားဖြင့်တော့ ဝိပါက်စိတ်-အကျိုးစိတ်တွေကို ရည်ညွှန်းတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် “သင်္ခါရပစ္စယာ ဝိညာဏံ” ကနေစပြီးတော့ အကျိုးစိတ်တွေကိုသာ ယေဘူယျအားဖြင့် ရည်ညွှန်းပြီး ပြောတာဖြစ်သောကြောင့် ဝိပါက်
စာမျက်နှာ-၂၉၆
စိတ်တွေကိုသာလျှင် ယေဘူယျအားဖြင့် ကောက်တယ်ပေါ့၊ ဝိပါက်နဲ့ ယှဉ်တဲ့ ဖဿကိုသာ ကောက်တယ်၊ သို့သော် တစ်ခါတစ်ရံကျတော့လည်း ဖဿရှိသမျှ အကုန်လုံးကို ကောက်ယူပြတာလည်း ရှိသေးတယ်ပေါ့။
ဒီတော့ ဖဿဆိုတာက သဘာဝအားဖြင့်ကတော့ တစ်ခုတည်းပဲ၊ သို့သော် ဒီနေရာမှာ ဖဿကို ၆-မျိုး မှတ်ရမယ်၊ ဘာနဲ့ ၆-မျိုး မှတ်တာတုန်းဆိုတော့ ဒွါရ ၆-ပါး ရှိလို့ ဖဿကိုလည်း ၆-မျိုးခွဲပြောတယ်၊ ဒွါရ ၆-ပါးလို့ဆိုတာ စာထဲကို သွားသတိမထားလိုက်နဲ့၊ စာထဲကဟာကို အမှတ်မထားနဲ့၊ ကိုယ့်သန္တာန်မှာ ဒွါရ ၆-ပါးဆိုတာ ဘာလဲလို့ဆိုတော့ စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရ, မနောဒွါရ ဒီဒွါရ ၆-ပါးပဲ။
ဒွါရ ဆိုတာ
ဒွါရဆိုတာ ပါဠိစကား, မြန်မာလိုပြန်ရင် တံခါးလို့ ပြောတာ၊ တံခါးဆိုတာ ဘာလုပ်တာလဲဆိုတော့ တံခါးဆိုတာ ဝင်ဖို့ထွက်ဖို့ပဲ၊ ဝင်တဲ့ထွက်တဲ့လူတွေ အသုံးချတာကို တံခါးလို့ ခေါ်တာ၊ “တံခါးဆိုတာ ဝင်စရာနဲ့ ထွက်စရာ”။
ဒါဖြင့် ဒီဒွါရဆိုတာကျတော့ ဘယ်သူ့ရဲ့တံခါးလဲဆိုတော့ “စိတ်ရဲ့တံခါး” လို့ ဒီလိုပြောမယ်၊ စိတ်ရဲ့ဝင်စရာထွက်စရာ၊ တကယ်တော့ ဒါတင်စားပြီးတော့ ပြောတာ၊ metaphorical word ပေါ့၊ စိတ်ဆိုတာ အပြင်ထွက်သွားတာလည်း မရှိဘူး၊ အတွင်းကို ဝင်လာတာလည်း မရှိဘူးပေါ့၊ မရှိပေမယ့်လို့ စိတ်နဲ့ပတ်သက်လာလို့ရှိရင် သုတ္တန်ပါဠိတော်တွေထဲမှာလည်း မြတ်စွာဘုရားဟောထားတယ်လေ- “ဒူရင်္ဂမံ ဧကစာရံ၊ အသရီရံ ဂုဟာသယံ” ဆိုတဲ့ ဓမ္မပဒမှာ-
စာမျက်နှာ-၂၉၇
“ဒူရင်္ဂမံ” စိတ်ဆိုတာ အဝေးကြီးကို သွားတတ်တယ်လို့ ဒီလိုဟောတယ်။ ဒါတင်စားပြီးတော့ ပြောတာ။
စိတ်က အဝေးသွားတယ်ဆိုတာ ဘာပြောတုန်း? အင်မတန်ဝေးလံတဲ့ ဒေသမှာရှိတဲ့ အာရုံကို ယူနိုင်တယ်လို့ ဒီလိုပြောတာ၊ ဘယ်လောက်ဝေးဝေး အင်မတန်ဝေးလံတဲ့အာရုံကို ချက်ချင်းယူနိုင်သည့်အတွက်ကြောင့် အဝေးကို သွားတယ်လို့ ဒီလိုပြောတာ။
ဒီနေရာမှာလည်းပဲ ဒွါရလို့ဆိုတဲ့နေရာမှာ အပြင်အာရုံကို ယူတာကို အပြင်ထွက်ပြီးတော့ အာရုံပြုတယ်လို့ အဓိပ္ပါယ်ပြုပြီး - မျက်စိကနေ အဆင်းအာရုံကို ယူတဲ့အခါမှာ “မျက်စိတံခါးဝက ထွက်ပြီး အဆင်းအာရုံကို ယူတယ်” လို့ ဒီလိုဆိုလိုတာ၊ ဒါကြောင့်မို့လို့ စိတ်ရဲ့ထွက်ပေါက် စိတ်ရဲ့ဒွါရတွေဟာ သက်ရှိသတ္တဝါတွေမှာ ၆-မျိုး ရှိတယ်တဲ့၊ အဲဒီ ၆-မျိုးက ဘာတွေတုန်းဆိုရင် မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်လို့ ဒီလို ၆-မျိုးရှိတာပေါ့။
ဖဿ ၆-မျိုး
ဒီဒွါရ ၆-ပါးရှိသည့်အတွက်ကြောင့် ထိုဒွါရ ၆-ပါးကနေ ထွက်ပြီး အာရုံယူတာ ဖြစ်သောကြောင့် ဖဿကို ဒွါရ ၆-ပါးနဲ့ နာမည်ပေးလိုက်တဲ့အခါကျတော့ ဖဿ ၆-မျိုး ဖြစ်သွားတယ်၊ စက္ခုနဲ့ နာမည်ပေးလိုက်တဲ့အခါကျတော့ စက္ခုသမ္ဖဿ၊ သံ ဆိုတဲ့ စကားလုံးလေးကို ထည့်ထားတယ်၊ ပါဠိမှာ စက္ခုဖဿ လို့တော့ မခေါ်ဘူး၊ မြတ်စွာဘုရားဟောတဲ့ တရားတော်တွေထဲမှာ သံ ဆိုတဲ့ စကားလုံးလေးကို ထည့်ထားပြီးတော့ စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနော-
စာမျက်နှာ-၂၉၈
သမ္ဖဿလို့ ဒွါရ ၆-ပါး ရှိသည့်အတွက်ကြောင့် ဖဿကို ၆-မျိုးခွဲယူတယ်၊ သဘာဝတရားကတော့ အတူတူပဲ, သို့သော် သက်ဆိုင်ရာ ဒွါရတွေကို ကြည့်ပြီး အမျိုးအစား ၆-မျိုး ခွဲယူတယ်။
အာယတနအများက ဖဿကို ဖြစ်စေပုံ
ဒါကြောင့်မို့လို့ ပဋိစ္စသမုပ္ပါဒ်အနေနဲ့ အာယတန ၆-ပါး ရှိလာလို့ရှိရင် ဟောဒီ ဖဿ ၆-မျိုးဆိုတာ ဖြစ်လာနိုင်တယ်၊ ဒါဖြင့် အာယတနတစ်မျိုးတည်းက ဖဿကို ဖြစ်စေတာလား၊ သို့မဟုတ် အာယတနအားလုံးက ဖဿတွေကို ဖြစ်စေတာလား? ဆိုတော့ မဟုတ်ဘူးတဲ့၊ အနည်းဆုံး အာယတန ၃-ခု ဆုံတဲ့အခါမှာ ဖဿကို ဖြစ်စေတယ်၊ ဒါကြောင့်မို့လို့ အာယတနအများက ဖဿကို ဖြစ်စေတယ်လို့ မှတ်ရမယ်။
ဆိုပါစို့ - စက္ခာယတနဆိုတဲ့ မျက်စိအကြည်၊ ထိုမျက်စိအကြည်ထဲမှာ ထင်ဟပ်လာတဲ့ ရူပါယတနဆိုတဲ့ အဆင်းအာရုံ၊ အဲဒီစက္ခာယတနနဲ့ ရူပါယတန နှစ်ခုဆုံလိုက်တဲ့အခါမှာ မနာယတနဆိုတဲ့ စိတ်ကလေး ပေါ်လာတယ်၊ အဲဒီစိတ်ပေါ်လာလိုက်တာနဲ့ တစ်ပြိုင်နက် ဖဿဆိုတာ ပေါ်လာတယ်၊ အဲဒီတော့ အာယတန ၃-မျိုး - ဖဿဖြစ်လာဖို့ရာအတွက်က စက္ခာယတန, ရူပါယတန, မနာယတနလို့ ဒီလို ၃-ခု ရှိတယ်။
သုတ္တန်ပါဠိတော်တွေမှာဆိုရင် မြတ်စွာဘုရားက ဘယ်လိုဟောတုန်းဆိုရင် “စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖဿော” လို့ ဒီလိုဟောတာ။
စာမျက်နှာ-၂၉၉
ဒါကို လက်တွေ့ဘဝနဲ့ ကိုက်ကြည့်ပေါ့၊ မျက်စိလည်း ရှိရမယ်၊ မြင်စရာအာရုံလည်း ရှိရမယ်၊ မျက်စိနဲ့ မြင်စရာအာရုံ ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ်ပေါ်လာပြီ၊ ဟော ၃-ခု ဖြစ်သွားပြီ၊ မျက်စိရယ်, မြင်စရာအာရုံရယ်, မြင်သိစိတ်ရယ်၊ အဲဒီ ၃-ခုဟာ အာရုံနဲ့ ဆက်သွယ်မှုရှိသည့်အတွက်ကြောင့် ၃-ခု ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် ဖဿဆိုတာ ပေါ်လာတာလို့ ဒီလိုပြောတာနော်။
ဒီတော့ ဖဿဖြစ်ပေါ်လာပုံလေးက ကြည့် - အာယတန ၃-ခုနဲ့ လာတာ၊ အဲဒီမှာ စက္ခုပသာဒဆိုတာ ရှိတယ်, ရူပါရုံဆိုတာ ရှိတယ်, စက္ခုဝိညာဏ်စိတ်ဆိုတဲ့ မနာယတနရှိတယ်၊ ဒီ ၃-ခုဆုံတဲ့အခါ ဖဿဆိုတာ လာတယ်လို့ - ဒါကို ပြလို၍ အာယတနများစွာကနေပြီးတော့ ဖဿတစ်ခုဖြစ်လာတယ်လို့ ဒီလိုဆိုလိုတာ။
ပဋိစ္စသမုပ္ပါဒ်နည်းအရကတော့ အာယတနတွေ ဖြစ်လာလို့ ဖဿဆိုတာ ဖြစ်လာရတာ၊ ဆိုပါစို့ - မျက်စိနဲ့ အဆင်းအာရုံမဆုံဘူးဆိုရင် မြင်သိစိတ်မဖြစ်ဘူး၊ မြင်သိစိတ်မဖြစ်လို့ရှိရင် စက္ခုသမ္ဖဿဆိုတဲ့ မျက်စိပေါ်မှာ မှီပြီးတော့ဖြစ်တဲ့ အထိအတွေ့ ဆက်သွယ်မှုဆိုတာ မဖြစ်နိုင်ဘူး၊ ဒါက ပဋိစ္စသမုပ္ပါဒ်က ဒီလောက်ပဲ ပြောတယ်။
ပဋ္ဌာန်းနည်း
ကောင်းပြီ - ပဋ္ဌာန်းနည်းကျတော့ “သဠာယတနပစ္စယာ ဖဿော” ဆိုတဲ့နေရာမှာ စက္ခာယတနနဲ့ ဖဿ ဘယ်လိုဆက်သွယ်သလဲ? ဒါကို အရင်ကြည့်ရမယ်။
စာမျက်နှာ-၃၀၀
သဠာယတနဆိုတာ စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတန ဆိုတဲ့ အဇ္ဈတ္တိကာယတန ၆-ပါး၊ အဇ္ဈတ္တိကာယတန ၆-ပါးနဲ့ အသီးသီးဖြစ်တဲ့အခါမှာ ဖဿနဲ့က ဘာပစ္စည်းတွေနဲ့ ဆက်သွယ်လာသလဲဆိုတာ ပဋ္ဌာန်းနည်းအရ လေ့လာသုံးသပ်ကြည့်ရမယ်။
စက္ခာယတနဆိုတာက ရုပ်တရား၊ ဖဿဆိုတာက နာမ်တရား စေတသိက်တရား- စက္ခုသမ္ဖဿလို့ခေါ်တယ်၊ စက္ခုဒွါရမှာ ပေါ်လာတဲ့ ဖဿဖြစ်သောကြောင့် စက္ခုသမ္ဖဿလို့ခေါ်တယ်၊ ဒီမှာ စက္ခာယတနဆိုတာကို တခြားနာမည်နဲ့ ပြောမယ်ဆိုရင် မှီရာဝတ္ထုရုပ်ကလေးပေါ့၊ စက္ခာယတနဆိုတာ စက္ခုဝတ္ထုပဲ၊ စက္ခုဝတ္ထုလို့ခေါ်ခေါ်, စက္ခာယတနလို့ခေါ်ခေါ်, စက္ခုပသာဒလို့ပဲခေါ်ခေါ်, စက္ခုဒွါရလို့ခေါ်ခေါ် အတူတူပဲလို့ ဒီလိုမှတ်ရမယ်။
စက္ခုပသာဒရုပ်ကလေးကို တစ်ခါတစ်ရံ စိတ်ရဲ့အာရုံကို ထွက်ယူရာ တံခါးဝသဖွယ်ဖြစ်သောကြောင့် စက္ခုဒွါရလို့ ဒွါရနဲ့ နာမည်ပေးတယ်၊ တစ်ခါတစ်ရံကျတော့ စိတ်ရဲ့မှီရာဝတ္ထုရုပ်ဖြစ်သောကြောင့် စက္ခုဝတ္ထုလို့ နာမည်ပေးတယ်၊ အာယတနနဲ့ ပတ်သက်လာတဲ့အခါကျတော့ စက္ခာယတနလို့ ဒီလိုနာမည်ပေးထားတယ်။
သဘာဝဖြစ်ပုံလေးကို သေချာကြည့်လိုက်ရင် မြင်သိစိတ် ဘယ်ဝတ္ထုရုပ်ပေါ်မှာ မှီပြီးဖြစ်လာသလဲ၊ ဆိုပါစို့ - စောင်းသံကလေးဟာ စောင်းအိုးပေါ်မှီပြီးတော့ဖြစ်တာ၊ စည်သံလေးဟာ စည်ကိုမှီပြီးတော့ဖြစ်တာ။
စာမျက်နှာ-၃၀၁
အဲဒါလိုပဲ မြင်သိစိတ်လေးဟာ စက္ခုပသာဒဆိုတဲ့ မျက်စိအကြည်ရုပ်ကိုမှီပြီးဖြစ်တယ်၊ အခု ဒီနေရာမှာ စက္ခာယတနဆိုတာ မျက်စိအကြည်ရုပ်ကလေးပဲ၊ စက္ခုဝတ္ထုလေးပဲ၊ သို့မဟုတ် မျက်စိတံခါးလေးပဲ၊ အဲဒါကို အမှီပြုပြီးတော့ စက္ခုဝိညာဏ်စိတ်ဖြစ်တယ်။ စက္ခုဝိညာဏ်စိတ် ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီစက္ခုဝိညာဏ်စိတ်နဲ့ ယှဉ်ပြီးပါလာတဲ့, အာရုံနဲ့ ဆက်သွယ်ပေးတဲ့ ဖဿဆိုတာ စက္ခုဝိညာဏ်စိတ်နဲ့ အတူတူ ပေါ်လာတာပဲ၊ အဲဒီတော့ မှီရာဝတ္ထုရုပ်ဖြစ်တဲ့ စက္ခုပသာဒရုပ် စက္ခာယတနက ဖဿဆိုတဲ့ (စက္ခုဝိညာဏ်စိတ်နဲ့ အတူတကွဖြစ်တဲ့ဖဿဆိုတဲ့) သဘာဝတရားကို ပဋ္ဌာန်းပစ္စည်းနဲ့ ဘယ်ပုံကျေးဇူးပြုထားတာတုန်း? ပဋ္ဌာန်းနည်း လေ့လာတဲ့အခါကျတော့ ဘယ်လိုဖြစ်တုန်းဆိုတာ သိရအောင် စိတ်အစဉ်ကို ကြည့်လိုက်ရအောင်။
စိတ်အစဉ် ဖြစ်ပုံ
မျက်စိနဲ့ အဆင်းအာရုံလေး.. ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်အစဉ်မှာ ပထမဆုံးဘာလာတုန်းဆိုတော့ (ဘဝင်စိတ်တွေကို ချန်ထားလိုက်ရင်) တံခါးကိုဖွင့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပေါ်လာတယ်၊ ဒီစိတ်ပေါ်ပြီး ပျက်သွားမှ မြင်သိစိတ်ဆိုတဲ့ စက္ခုဝိညာဏ်စိတ် ပေါ်လာတယ်၊ အဲဒီစိတ်ပျက်သွားပြီဆိုတဲ့အခါကျတော့မှ အဲဒီအာရုံကိုလက်ခံတဲ့ သမ္ပဋိစ္ဆင်းစိတ်ပေါ်လာတာ၊ အာရုံကိုလက်ခံတဲ့စိတ်ပျက်သွားမှ အာရုံကိုစုံစမ်းတဲ့ သန္တီရဏစိတ်ပေါ်လာတာ၊ အာရုံကိုစုံစမ်းတဲ့ သန္တီရဏစိတ်ပြီးတဲ့အခါမှာ ဆုံးဖြတ်တဲ့ သတ်မှတ်ချက်ချတဲ့ ဝုဋ္ဌောဆိုတဲ့ စိတ်ကလေးပေါ်လာတယ်၊ ပြီးတော့မှ
စာမျက်နှာ-၃၀၂
အာရုံ၏အရသာကို ခံစားတဲ့ဇော၊ ထိုဇောရဲ့နောက်က ဆက်ပြီး ဖြစ်ပေါ်လာတဲ့ တဒါရုံ၊ ပြီးတဲ့အခါမှ သက်တမ်းစေ့လို့ ဒီရူပါရုံလေးရဲ့ သက်တမ်းဟာစေ့သွားတယ်၊ သက်တမ်းစေ့သွားလို့ ချုပ်သွားတယ်ပေါ့၊ ဒီလိုဆိုလိုတာ။
စက္ခာယတနများစွာထဲမှ အမှီခံစက္ခာယတန
အဲဒီတော့ စက္ခာယတနဆိုတဲ့ စက္ခုပသာဒလေးဟာ ဘယ်အချိန်က ပေါ်နေတာတုန်းလို့ မေးမယ်ဆိုလို့ရှိရင် ဒီစက္ခာယတနလေးက ကမ္မဇရုပ်ကလေးပဲ- ကံကြောင့်ဖြစ်တဲ့ ရုပ်တရား၊ ကံကြောင့်ဖြစ်တဲ့ရုပ်တရားဟာ သူစတင်ဖြစ်လာတဲ့အချိန်မှ စပြီးတော့ စဉ်ဆက်မပြတ် ဖြစ်နေတာ၊ စိတ်ရဲ့ခဏတိုင်း ခဏတိုင်းမှာ ဟောဒီကမ္မဇရုပ်တွေက ဖြစ်နေတာ၊ ဖြစ်နှင့်ပြီးသားကမ္မဇရုပ်တွေက စိတ် ၁၇-ချက်ခန့်ဆိုရင် ပျက်သွားကြတယ်၊ နောက်ထပ် အသစ်ဖြစ်တာတွေက ဆက်လက်ပြီးဖြစ်နေတယ်၊ သူ့သက်တမ်းလေးတွေနဲ့ သူသွားနေတာပဲ အမြဲတမ်း စဉ်ဆက်မပြတ်။
စိတ္တက္ခဏတိုင်း ဖြစ်တယ်လို့ဆိုတာက စိတ်မှာ ဖြစ်, တည်, ပျက် ဆိုတဲ့ ခဏ ၃-မျိုးရှိတယ်၊ အင်မတန်တိုတောင်းတဲ့လေးတွေ၊ စိတ်ကလေးဖြစ်တဲ့အခိုက်မှာလည်း ကမ္မဇရုပ်က အသစ်ဖြစ်တယ်၊ တည်တဲ့အခိုက်မှာလည်း ကမ္မဇရုပ်အသစ်ဖြစ်တယ်၊ စိတ်ကလေးပျက်သွားတဲ့ အချိန်ပိုင်းမှာလည်း ကမ္မဇရုပ်က အသစ်ဖြစ်တယ်၊ သူက ကံရဲ့အရှိန်နဲ့ သွားနေတာ, စိတ်နဲ့မပတ်သက်ဘူး၊ သို့သော် ဆက်သွယ်မှုတော့ရှိတယ်ပေါ့၊ အဲဒီလို သွားနေတဲ့ စက္ခုပသာဒရုပ်လေးဟာ မျက်စိမပျက်မချင်း စပေါ်လာတဲ့-
စာမျက်နှာ-၃၀၃
အချိန်ကနေ တစ်သက်လုံး ဒီပုံစံနဲ့ သွားနေမှာပဲ၊ သွားနေတဲ့အခါ စက္ခာယတနတွေဟာ မြောက်မြားစွာရှိတယ်၊ သန်းချီ ကုဋေချီပြီး တော့ ရှိနေမယ်ပေါ့။
အဆင်းအာရုံလေးနဲ့ အဲဒီစက္ခုပသာဒလေးနဲ့ ဆုံပြီ၊ ဆုံလိုက် လို့ မြင်သိစိတ်ကလေး ပေါ်လာတယ်ဆိုတဲ့ အချိန်မှာ အဲဒီမြင်သိ စိတ်လေးဟာ မြောက်မြားစွာသောစက္ခုပသာဒရုပ်တွေထဲက ဘယ် စက္ခုပသာဒရုပ်ကို မှီသလဲလို့ သိရတယ်၊ သူနဲ့ပြိုင်တူဖြစ်တဲ့ စက္ခုပသာဒရုပ်ကို မှီသလားဆိုတော့ မမှီဘူး၊ သူ့ရဲ့အရင် ကြိုတင် ပြီးတော့ ရူပါရုံလေးပေါ်လာတဲ့ အချိန်မှာပေါ်တဲ့ စက္ခုပသာဒရုပ် လေးကို မှီတယ်။
စက္ခုဝိညာဏ်စိတ်လေးက ရူပါရုံနဲ့ စက္ခုပသာဒ ဆုံလိုက် တဲ့ အချိန်ကလေးမှာ ဘဝင်စိတ်က ချက်ခြင်းပြတ် မသွားနိုင်သည့် အတွက်ကြောင့် “အတီတဘဝင်”ဆိုတဲ့ လွန်သွားတဲ့ဘဝင်လေးက တစ်ချက်၊ အာရုံသစ် ဝင်လာသည့်အတွက်ကြောင့် ဘဝင်က မငြိမ် မသက် ဖြစ်သွားတာက တစ်ချက် “ဘဝင်္ဂစလန၊ ဘဝင်လေးပြတ် သွားတာက တစ်ချက် “ဘဝင်္ဂုပစ္ဆေဒ” ဆိုတော့ အနည်းဆုံး ဘဝင် ၃-ချက် လွန်သွားတယ်။
ဘဝင် ၃-ချက် လွန်သွားတဲ့အခါမှ ဒီရူပါရုံလေးနဲ့ ဆက်သွယ် ပြီး အလုပ်လုပ်ဖို့ရာ ဖွင့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဆိုတာ ပေါ် လာတယ်၊ အဲဒီစိတ်ပျက်တဲ့အချိန်မှ စက္ခုဝိညာဏ်စိတ် ဆိုတာ ပေါ်တာ၊ ဒီစက္ခုဝိညာဏ်စိတ်ကလေးဟာ ဘယ်စက္ခုပသာဒကို မှီ သလဲ? - သူမတိုင်ခင်က ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတဲ့ စက္ခု- ပသာဒရုပ်တွေ ရှိတယ်၊ သူဖြစ်ပြီးတဲ့နောက်မှ ဖြစ်လာတဲ့ စက္ခု-
စာမျက်နှာ-၃၀၄
ပသာဒရုပ်တွေ ရှိတယ်၊ သူနဲ့ကပ်ပြီးတော့ ဖြစ်တဲ့ စက္ခုပသာဒရုပ် တွေ ရှိတယ်၊ ရူပါရုံနဲ့ သက်တမ်းတူတဲ့ အတီတဘဝင်ရဲ့ဥပါဒ်နဲ့ ပြိုင်လာတဲ့ စက္ခုပသာဒရုပ်တွေ ရှိတယ်၊ ဒီလို စက္ခုပသာဒရုပ်တွေ အများကြီးရှိတဲ့အထဲက ဘယ်သူ့ကိုမှီသလဲလို့ဆိုရင် “ရူပါရုံနဲ့ ပြိုင် ပြီးတော့ ဖြစ်လာတဲ့ စက္ခုပသာဒရုပ်လေးကို မှီတယ်”တဲ့၊ သူ့ထက် စိတ်ပေါင်း ဘယ်လောက်စောသလဲဆိုရင် အတီတဘဝင်, ဘဝင်္ဂ- စလန, ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်းဆိုတဲ့ စိတ် ၄-ချက် သူက စော တယ်ပေါ့။
စက္ခာယတနက ဖဿကို ကျေးဇူးပြုပုံ
အဲဒီ စိတ် ၄-ချက်စောတဲ့ ဒီစက္ခာယတနလေးက စက္ခု- ဝိညာဏ်စိတ်နဲ့ ယှဉ်တွဲလာတဲ့ ဖဿကို ဘာပစ္စည်းတွေနဲ့ ကျေးဇူး ပြုတာတုန်းဆိုတော့ နိဿယပစ္စယော တဲ့၊ မှီရာအနေနဲ့ ကျေးဇူးပြု တယ်၊ နောက်တစ်ခါ ပုရေဇာတပစ္စယော- ကြိုတင်ဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုတယ်၊ စက္ခာယတနလေးက ဖဿမဖြစ်ခင် ကြိုတင်ပြီး တော့ ဖြစ်နေတယ်၊ ကြိုတင်ဖြစ်နှင့်သောအားဖြင့် ကျေးဇူးပြုတယ် ပုရေဇာတပစ္စယော။
နောက်တစ်ခုစက္ခာယတနလေးက စက္ခုန္ဒြေဆိုပြီး ဣန္ဒြေ လို့လည်း ခေါ်တယ်၊ အဲဒါကြောင့်မို့လို့ ဣန္ဒြိယသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ စက္ခာယတနလေးက ရုပ်တရား, ဖဿက နာမ် တရား၊ ရုပ်နဲ့ နာမ် ဆိုတာ ပေါင်းစပ်လို့ မရသည့်အတွက်ကြောင့် ဝိပ္ပယုတ္တပစ္စယော - ဒီသတ္တိနဲ့ ကျေးဇူးပြုတယ်၊ စက္ခာယတနလေး ရှိနေတုန်း ဖဿကို အကျိုးပြုတာ ဖြစ်သောကြောင့် အတ္ထိပစ္စယော၊
စာမျက်နှာ-၃၀၅
မကင်းကွာခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတပစ္စယော တဲ့။
“စက္ခာယတနပစ္စယာ ဖဿာ” လို့ ဆိုတဲ့နေရာမှာ ပဋ္ဌာန်း က ဘယ်နှစ်ပစ္စည်း ဝင်လာတုန်းဆိုတော့ ၆-ပစ္စည်း ဝင်လာတယ် လို့ ဒီလိုပြောတာ၊ ဒါပဋ္ဌာန်းနည်းနဲ့ ကြည့်လိုက်လို့ရှိရင် ၆-ပစ္စည်း - နိဿယပစ္စည်း, ပုရေဇာတပစ္စည်း, ဣန္ဒြိယပစ္စည်း, ဝိပ္ပယုတ္တ- ပစ္စည်း, အတ္ထိပစ္စည်း, အဝိဂတပစ္စည်းလို့ ဒါ သူ့ရဲ့ စွမ်းရည်သတ္တိ တွေကို အသုံးပြုတာ။
ဆိုလိုတာက ဒီသဘာဝတရားနှစ်ခုဟာ ဆက်သွယ်လာတဲ့ အခါမှာ ဒီအကြောင်းတရားမှာ စွမ်းရည်သတ္တိလေးတွေ ရှိတယ်၊ အဲဒီစွမ်းရည်သတ္တိတွေက ဘာတွေလဲဆိုတာကို ပဋ္ဌာန်းနည်းအရ ရှင်းပြတာ၊ ပဋိစ္စသမုပ္ပါဒ်မှာတော့ ဒီလောက် အသေးစိတ် မရှင်းပြ ဘူး၊ အကြောင်းတရား ရှိလို့ အကျိုးတရား ရှိရတယ်ဆိုတာ လောက် ပဲ ပြောတယ်၊ ပဋ္ဌာန်းကျတော့ အသေးစိတ် ထပ်ပြီးတော့ ရှင်းပြတယ် လို့ ဒီလိုပြောတာ။
ဒါလေးကို နားလည်လိုက်လို့ရှိရင် သောတာယတနနဲ့ “သောတာယတနပစ္စယာ ဖဿာ” ဆိုလည်း ဒီ ၆-ပစ္စည်းပဲ၊ “ဃာနာယတနပစ္စယာ ဖဿာ” ဆိုလည်း ဒီ ၆-ပစ္စည်းပဲ၊ “ဇိဝှါယတနပစ္စယာ ဖဿော” ဆိုလည်း ဒီ ၆-ပစ္စည်းပဲ၊ “ကာယာယတနပစ္စယာ ဖဿာ” ဆိုလည်း ဒီ ၆-ပစ္စည်းပဲ၊ ဆိုင်ရာ ဆိုင်ရာ အာရုံလေးတွေ ပြောင်းသွားတာပဲ ရှိတယ်။ ရူပါရုံနဲ့ စက္ခုပသာဒဆိုရင် စက္ခုဝိညာဏ်စိတ်ပေါ့၊ သဒ္ဒါရုံနဲ့ သောတပသာဒဆိုရင် သောတဝိညာဏ်စိတ်ပေါ့၊ ဂန္ဓာရုံနဲ့ ဃာန-
စာမျက်နှာ-၃၀၆
ပသာဒဆိုရင် ဃာနဝိညာဏ်စိတ်၊ ရသာရုံနဲ့ ဇိဝှါပသာဒဆိုရင် ဇိဝှါ-ဝိညာဏ်စိတ်၊ ဖောဋ္ဌဗ္ဗာရုံနဲ့ ကာယပသာဒဆိုရင် ကာယဝိညာဏ် စိတ်လို့ ဆိုင်ရာ ဆိုင်ရာ သဘာဝတရားလေးတွေ သူ့ဒွါရနဲ့ သူ, သူ့အာရုံနဲ့ သူ, သူ ဖဿနဲ့ သူ အဲဒီလိုသွားကြတယ်။
မနာယတနက ဖဿကို ကျေးဇူးပြုပုံ
ကဲ နောက်ဆုံးမနာယတနဆိုတာ ဘာကို ပြောတာတုန်း ဆိုတော့ - သာမန်အားဖြင့် စိတ်ပေါင်း ၈၉-ခုကို ပြောတာ၊ ဒီ နေရာမှာတော့ လောကီစိတ်ပဲ ယူတယ်၊ လောကီစိတ်ထဲမှာ တစ်ခါ ဝိပါက်စိတ်တွေလောက်တင် တချို့ကျမ်းက ယူတယ်ပေါ့။
ကဲ ထားတော့၊ မနာယတနဆိုတဲ့စိတ်၊ “မနာယတနပစ္စယာ ဖဿော” လို့ ဆိုလို့ရှိရင် ဘယ်ဖဿ ဖြစ်မှာတုန်းဆိုရင် မနော- သမ္ဖဿပဲ၊ မနောဒွါရမှာဖြစ်တဲ့ ဖဿတရား၊ ဒီမှာလည်းပဲ သုတ္တန် ပါဠိတော်အရ ပြောရမယ်ဆိုရင် “မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ တိဏ္ဏ သင်္ဂတိ ဖဿော” ပဲ၊ ဓမ္မ ဆိုတဲ့ အာရုံနဲ့ မန ဆိုတဲ့ မနောဒွါရ ဆုံတွေ့ လိုက်တဲ့အခါမှာ မနောဝိညာဏ်စိတ် ဖြစ်တယ်၊ အဲဒီ ၃-ခု ပေါင်းဆုံမိခြင်းကြောင့် ဖဿဆိုတာ ပေါ်လာ တယ်လို့ သုတ္တန်ပါဠိတော်တွေမှာ ဒီလိုရှင်းတယ်။
အခု ဒီပဋ္စ္စသမုပ္ပါဒ်မှာ “မနာယတနပစ္စယာ မနော- သမ္ဖဿော” လို့ ပြောမယ်၊ “မနာယတနကြောင့် ဖဿဖြစ်တယ်” ဆိုတဲ့နေရာမှာ မနောသမ္ဖဿဖြစ်ပုံ ကြည့်ရမယ်၊ မနာယတနက လည်းပဲ နာမ်တရားပဲ၊ မနောသမ္ဖဿကလည်းပဲ နာမ်တရားပဲ၊ စိတ်နဲ့ စေတသိက် ဆိုတာ born together အတူတကွ မွေးဖွား-
စာမျက်နှာ-၃၀၇
ကြတယ်၊ ခုနက ရုပ်နဲ့ နာမ်လို မဟုတ်ဘူး၊ ခုနက စက္ခုပသာဒတို့ သောတပသာဒတို့ ဃာနပသာဒတို့ ဇိဝှါပသာဒတို့ ကာယပသာဒ တို့ဆိုတာ ကြိုတင်မွေးဖွားထားတာ၊ ကြိုတင်မွေးဖွားပြီး စိတ်ကို အထောက်အကူပြုတာ,ဖဿကို အထောက်အကူပြုကြတာ၊ စိတ် နဲ့ စေတသိက်က ပြိုင်တူမွေးဖွားလာတာ ဖြစ်သောကြောင့် ပဋ္ဌာန်း ပစ္စည်းအရ မျိုးတူတာ ဖြစ်တယ်၊ ဘာမျိုးတုန်းဆိုရင် သဟဇာတမျိုး တဲ့၊ ပဋ္ဌာန်းမှာလည်း မတူညီတဲ့မျိုးလေးတွေ ရှိတယ်ပေါ့။
ဆိုပါစို့ ပြိုင်တူမွေးဖွားလာတာက သဟဇာတအုပ်စု၊ ကြိုတင်ပြီးတော့ မွေးဖွားလာတာကို ပုရေဇာတအုပ်စု၊ အကြောင်း တရားရဲ့နောက်မှာ မွေးဖွားလာတဲ့ ပစ္ဆာဇာတအုပ်စု၊ အာရုံအနေနဲ့ ကျေးဇူးပြုတာက အာရမ္မဏအုပ်စု၊ အဲဒီလို သူ့ အုပ်စုလေးနဲ့သူ ရှိ တယ်၊ အခု ဒီဟာကျတော့ စိတ်နဲ့ စေတသိက်ဆိုတော့ ပြိုင်တူ မွေးဖွားလာသည့်အတွက်ကြောင့် သဟဇာတအုပ်စု တဲ့။ သဟဇာတအုပ်စုဖြစ်သည့်အတွက်ကြောင့်အခု မနာယတန ကနေ မနောသမ္ဖဿဖြစ်လာတဲ့ အခါကျတော့ ဘယ်နှစ်ပစ္စည်းနဲ့ ကျေးဇူးပြုတုန်းဆိုတော့ ၉-ပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ ဒါလည်းပဲ ဝိပါက်ကို ယူသည့်အတွက်ကြောင့် ဝိပါက် ပါတယ်၊ ဝိပါက်စိတ် မဟုတ်ဘူး ဆိုရင်တော့ ဝိပါက် မပါရဘူးဆိုတာကိုတော့ မှတ်ရမှာ ပေါ့နော်။
အဲဒီတော့ ဝိပါက်ကိုရည်ရွယ်ပြီးတော့ ဝိပါက်စိတ် မနာယတန ဆိုတာ စိတ်ပဲ၊ မနောသမ္ဖဿဆိုတာ ဖဿတရား၊ အဲဒီမှာ ၉- ပစ္စယသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ၉-ပစ္စယသတ္တိဆိုတာ ဘာလဲဆိုရင် သဟဇာတ-အတူတကွဖြစ်ပြီးတော့ ကျေးဇူးပြုတယ်၊ အညမည-
စာမျက်နှာ-၃၀၈
အပြန်အလှန် ဖြစ်ပြီးတော့ ကျေးဇူးပြုတယ်၊ နိဿယ- မှီရာဖြစ်ပြီး တော့ ကျေးဇူးပြုတယ်၊ ဝိပါက - စိတ်က ငြိမ်သက်ပြီးတော့ နေတဲ့ အတွက်ကြောင့် စေတသိက်ကလည်း ငြိမ်သက်စေရတယ်ဆိုတဲ့ ဝိပါကသတ္တိနဲ့ ကျေးဇူးပြုတယ်။
နောက်တစ်ခုက စိတ်ဆိုတော့ ဝိညာဏာဟာရ ရှိနေသည့် အတွက်ကြောင့် အာဟာရသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ မနိန္ဒြေ ရှိသည့်အတွက်ကြောင့် ဣန္ဒြိယသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ နောက် စိတ်နဲ့ စေတသိက် ဖြစ်သည့်အတွက်ကြောင့် တူ ၄-တူ သမ္ပယုတ္တပစ္စည်းနဲ့လည်း ကျေးဇူးပြုတယ်၊ ရှိနေတုန်း ကျေးဇူးပြုလို့ အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတလို့ - ပေါင်းလိုက်တဲ့အခါကျတော့ ၉-ပစ္စယသတ္တိနဲ့ ကျေးဇူးပြုတယ်။
ပဋိစ္စသမုပ္ပါဒ်နဲ့ ပြောတဲ့အခါကျတော့ “သဠာယတနပစ္စယာ ဖဿာ” လို့ မြတ်စွာဘုရားက ဒါလောက်ပဲ ဟောတယ်၊ ပဋ္ဌာန်း ကျတော့ ထပ်ပြီး အသေးစိတ်လိုက်တာ၊ “စက္ခာယတနပစ္စယာ ဖဿာ၊ သောတာယတနပစ္စယာ ဖဿာ၊ ဃာနာယတနပစ္စယာ ဖဿာ၊ ဇိဝှါယတနပစ္စယာ ဖဿာ၊ ကာယာယတနပစ္စယာ ဖဿာ၊ မနာယတနပစ္စယာ ဖဿာ”ဆိုပြီး အသေးစိတ် ဆိုင်ရာ ဆိုင်ရာ တစ်ခုစီနဲ့ ပဋ္ဌာန်းနည်းတွေနဲ့ ဆက်သွယ်ပြီးတော့ ဒီလို မြတ်စွာဘုရားက ဟောထားတယ်၊ ဒါက သက်ရှိသတ္တဝါတွေ မိမိ တို့ရဲ့သန္တာန်တူမှာ ဖြစ်တဲ့တရားတွေနဲ့ ပြောသွားတာ။
ဥပမာမယ် စက္ခာယတနကလည်း ပုဂ္ဂိုလ်တစ်ဦးရဲ့ သန္တာန် မှာ ဖြစ်တယ်၊ ဖဿကလည်း ဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဖြစ်တဲ့ ဖဿ၊ ပုဂ္ဂိုလ် မကွဲဘူး၊ “သူ့သန္တာန်ဖြစ်တဲ့ စက္ခာယတနက ငါ့သန္တာန်မှာ”
စာမျက်နှာ-၃၀၉
ဖြစ်တဲ့ ဖဿကို ကျေးဇူးပြုတာမျိုး” မဟုတ်ဘူး၊ သန္တာန်တူတယ် လို့ ပြောတာက ကိုယ့်သန္တာန်မှာဖြစ်တဲ့ စက္ခာယတနက ကိုယ့် သန္တာန်မှာဖြစ်တဲ့ ဖဿကို ကျေးဇူးပြုတယ်လို့ ပြောတာ။
အပြင်အာယတနတွေက ကျေးဇူးပြုပုံ
ကဲ ကောင်းပြီ - “ဗာဟိရာယတန” အပြင်အာယတနတွေ ကနေပြီးတော့ ကျေးဇူးပြုနိုင်တယ်လို့ ဆိုတဲ့ အယူအဆတစ်ရပ်အရ ကျတော့ ပဌာန်းနည်းနဲ့ ဘယ်လိုရှုမြင်သုံးသပ်မလဲ? ဆိုပါစို့ - ခုန တုန်းက ပြောထားတဲ့ ဗာဟိရာယတနတွေကိုလည်း ထည့်ပြီးတော့ ပြောတယ်၊ ဗာဟိရာယတနတွေက ၆-ခု ရှိတယ်၊ ရူပါယတန အဆင်း, သဒ္ဒါယတန အသံ, ဂန္ဓာယတန အနံ့, ရသာယတန အရသာ, ဖောဋ္ဌဗ္ဗာယတန အထိအတွေ့, ဓမ္မာယတန သဘာဝ တရား ဆိုပြီးတော့ အားလုံး ဗာဟိရာယတန ၆-ပါး ရှိတယ်၊ အဲဒီ ၆-ပါးက နေပြီးတော့လည်းပဲ ဖဿကို ကျေးဇူးပြုနိုင်သေးတယ်။
တချို့အဘိဓမ္မာဆရာတွေရဲ့ အဆိုအရ ဒါကို ပဋ္ဌာန်းပစ္စည်း နဲ့ ဘယ်လိုပြောမလဲလို့ ဆိုတဲ့အခါကျတော့ ကြည့် - ရူပါယတန ကနေ ဖဿကို ကျေးဇူးပြုရမယ်၊ ဘယ်ဖဿတုန်းဆိုရင် ရူပါယတန က ကျေးဇူးပြုတာက စက္ခုသမ္ဖဿ၊ မျက်စိလေးပေါ်မှာ စက္ခု- ဝိညာဏ်စိတ်နဲ့ ယှဉ်တွဲပြီးတော့လာတဲ့ ဖဿလေးကို ကျေးဇူးပြု တာ၊ ဒီတော့ စက္ခုဝိညာဏ်စိတ်လေးက ဘာကို အာရုံပြုတာတုန်း ဆိုတော့ အဆင်းအာရုံကို အာရုံပြုတာ၊ အဆင်းအာရုံကို အာရုံပြု ပြီးတော့မှ စက္ခုဝိညာဏ်စိတ်ကလေး ပေါ်တယ်၊ စက္ခုဝိညာဏ်စိတ် လေးပေါ်လိုက်တော့မှ ဖဿ ပါလာတာ။
စာမျက်နှာ-၃၁၀
ဒီတော့ သုတ္တန်ပါဠိတော်မှာ ခုနကပြောထားတဲ့အတိုင်း “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏ သင်္ဂတိ ဖဿော” “မျက်စိနဲ့ အဆင်းအာရုံ ဆုံလိုက်မိတဲ့အခါမှာ ထိုမျက်စိ နဲ့ အဆင်းကို အကြောင်းပြုပြီးတော့ မြင်သိစိတ်လို့ခေါ်တဲ့ စက္ခု- ဝိညာဏ်စိတ်ကလေး ပေါ်လာရတယ်”၊ တိဏ္ဏ သင်္ဂတိ ဖဿော - အဲဒီ စက္ခုပသာဒရယ်, အဆင်းအာရုံရယ်, မြင်သိစိတ်ရယ် ၃-ခု ဆုံစည်းမိလိုက်ခြင်းကြောင့် ဖဿဆိုတာ ပေါ်လာရတယ်၊ အဲဒီလို ဟောတော့ ခုနက စက္ခာယတနနဲ့ ဖဿ ဆက်သွယ်မှုကို ပြောပြီးပြီ၊ နိဿယတို့ ပုရေဇာတတို့ နည်းတွေနဲ့ နော်၊ အဲဒီလို ၆-ပစ္စည်း။
ခုတစ်ခါ ရူပါယတနက ဖဿကို ဘာပစ္စည်းတွေနဲ့ ကျေးဇူး ပြုလဲလို့ ပဋ္ဌာန်းရှုထောင့်က ကြည့်မယ်ဆိုလို့ ရှိရင်တော့ သူက အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်၊ အာရုံအနေနဲ့ ကျေးဇူးပြုတာ ဖြစ်သောကြောင့် ရူပါယတနက အာရုံ, ရူပါယတနကို အာရုံပြုပြီး တော့မှ စက္ခုဝိညာဏ်စိတ်လေး ပေါ်လို့ရတာ ဖြစ်သောကြောင့် အာရမ္မဏ၊ အဲဒီအာရမ္မဏသည် ကြိုတင်ပြီးတော့ ဖြစ်နေတဲ့ အာရမ္မဏဖြစ်သောကြောင့် အာရမ္မဏပုရေဇာတ၊ ရှိနေတုန်း ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြု တာဖြစ်သောကြောင့် အဝိဂတဆိုပြီးတော့ ၄-ပစ္စယသတ္တိနဲ့ ကျေးဇူး ပြုတယ်၊ ဗာဟိရာယတနနဲ့ ထည့်ပြီးတော့ ဒီ “သဠာယတနပစ္စယာ ဖဿာ” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ လေ့လာသုံးသပ် လို့ရှိရင် ဒီလို အဖြေထုတ်လို့ ရတယ်ပေါ့။
ထို့အတူပဲ ဒါ နားလည်သွားလို့ရှိရင် သဒ္ဒါယတန ဆိုတဲ့ သဒ္ဒါရုံ, ဂန္ဓာယတနဆိုတဲ့ ဂန္ဓာရုံ, ရသာယတန ဆိုတဲ့ ရသာရုံ,-
စာမျက်နှာ-၃၁၁
ဖောဋ္ဌဗ္ဗာယတန ဆိုတဲ့ ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာယတနဆိုတဲ့ ဓမ္မာရုံ - အဲဒီဗာဟိရာယတန ၆-ပါးလည်းပဲ ဆိုင်ရာ ဆိုင်ရာ စိတ်သဘာဝ တရားတွေနဲ့ ဆက်သွယ်ပြီးတော့ ဖြစ်လာတဲ့ ဖဿကို ခုလိုပြောတဲ့ အာရမ္မဏသတ္တိနဲ့လည်း ကျေးဇူးပြုတယ်လို့ ဒီ ၄-ပစ္စည်းနဲ့ပဲ သွား တယ်ပေါ့နော်၊ နောက်ဆုံး အားလုံးခြုံငုံပြီးတော့ ပြောတဲ့အခါကျ တော့ တစ်ခါတစ်ရံ ဗာဟိရာယတန ၆-မျိုးလုံးက ကျေးဇူးပြုနိုင် သေးတယ်။
အဲဒီလို ကျေးဇူးပြုတဲ့အခါ ကျလို့ရှိရင် ဗာဟိရာယတနက နေပြီးတော့ မနောသမ္ဖဿတစ်ခုတည်းကို ကျေးဇူးပြုတယ်၊ ဘာ ဖြစ်လို့တုန်းဆိုတော့ စိတ်က အဲဒီအာရုံတွေအားလုံးကို တွေးခေါ် ပြီးတော့ ကြည့်လို့ ရတာကိုး၊ ရူပါရုံကိုလည်းပဲ စဉ်းစားလို့ ရတယ်၊ သဒ္ဒါရုံကိုလည်း စဉ်းစားလို့ ရတယ်၊ ဂန္ဓာရုံတို့ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ တို့ကိုလည်း စဉ်းစားလို့ ရတယ်၊ ဓမ္မာရုံကိုလည်း စဉ်းစားလို့ ရတယ်။
အဲဒီလို စဉ်းစားလို့ရလို့ ပေါ်လာတဲ့ မနောသမ္ဖဿကို ဘာ သတ္တိနဲ့ ကျေးဇူးပြုတုန်းဆိုတော့ အဲဒီကျတော့ အာရမ္မဏသတ္တိ တစ်ခုတည်းနဲ့ပဲ ကျေးဇူးပြုတယ်လို့ ပြောတာ၊ အာရုံဖြစ်ပြီးတော့ ကျေးဇူးပြုတယ်၊ ပုရေဇာတတို့ မပါလာတော့ဘူး၊ ဒါက “သဠာယတနပစ္စယာ ဖဿာ”ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပဌာန်းနည်း ဖြင့် သုံးသပ်ပြတဲ့နည်းပေါ့၊ အဋ္ဌကထာဆရာ သုံးသပ်ပြတဲ့နည်းပဲ။
စာမျက်နှာ-၃၁၂
“ဖဿပစ္စယာ ဝေဒနာ”
တစ်ခါ နောက်တစ်ခု သွားကြည့်ရအောင်၊ ဘုန်းကြီးတို့ တစ်တွေမှာ သဘာဝကို စဉ်းစားကြည့်လိုက် . . . အာရုံနဲ့ စိတ်နဲ့ ဆက်သွယ်မှု ရသွားတာဟာ ဖဿလို့ ပြောတာ၊ အဲဒီလို ဆက် သွယ်မှု ရသွားလို့ရှိရင် ဒီတိုင်းပဲ ရပ်နေသလားဆိုတော့ မရပ်ဘူး၊ အာရုံက နှစ်သက်စရာအာရုံ ဆိုလို့ရှိရင် ချမ်းသာတဲ့ခံစားမှု ပေါ် လာတယ်၊ အာရုံက နှစ်သက်စရာအာရုံ မဟုတ်ဘူး ဆိုလို့ရှိရင် ဆင်းရဲတဲ့ ခံစားမှု ပေါ်လာတယ်၊ ဆိုလိုတာက အာရုံကို ကြည့်ပြီး တော့ ခံစားမှုတွေ ပေါ်လာတာ၊ အာရုံနဲ့ စိတ်နဲ့ ဆက်သွယ်တာကို အကြောင်းပြုပြီးတော့ ခံစားမှုဆိုတဲ့ ဝေဒနာတွေ ပေါ်လာတယ်။
ဒါ မှန်တယ်လေ- မမြင်ဘဲနဲ့ အတွေ့ အကြုံဆိုတာ မရဘူး၊ မကြားဘဲနဲ့ အတွေ့အကြုံဆိုတာလည်း မရဘူး၊ အားလုံးဟာ စမ်း သပ်ပြီးတော့ ကြည့်ကြရတာ၊ မျက်စိနဲ့ မြင်ဖူးတဲ့အာရုံပေါ်မှာ အတွေ့ အကြုံ, နားနဲ့ ကြားဖူးတဲ့အသံပေါ်မှာ အတွေ့အကြုံ, နှာခေါင်းနဲ့ အနံ့ရဖူးတဲ့ အနံ့ပေါ်မှာ အတွေ့အကြုံ, လျှာနဲ့ လျှက်ဖူးတဲ့ အရသာ အာရုံပေါ်မှာ အတွေ့အကြုံ, ခန္ဓာကိုယ်နဲ့ ထိတွေ့ဖူးတဲ့ အတွေ့ အာရုံပေါ်မှာ အတွေ့အကြုံ, စိတ်ထဲမှာ ကူးဖူးတဲ့ အတွေးအာရုံ ပေါ်မှာ အတွေ့အကြုံ ဆိုတာ၊ အဲဒီအတွေ့အကြုံလေးတွေကိုပဲ ဝေဒနာလို့ ခေါ်တာ၊ ဝေဒနာဆိုတာ experience of object, feeling လို့လည်း ပြန်ကြတယ်ပေါ့၊ အများကတော့ ဝေဒနာ ဆိုတာ feeling လို့ပဲ သိကြတယ်၊ အာရုံလေးတစ်ခုကို ဆုံမိထား လို့ရှိရင် အတွေ့အကြုံလေးက ရ,ထားတယ်။
စာမျက်နှာ-၃၁၃
လူတွေမှာ အတွေ့အကြုံဆိုတာ ရှိတယ်လေ၊ သံပုရာသီး မြင်လို့ရှိရင် ချဉ်တယ်ဆိုတဲ့ အတွေ့ အကြုံက ရှိထားတော့ သံပုရာ သီးမြင်တာနဲ့ အလိုလိုချဉ်နေပြီ၊ ဆားမြင်တာနဲ့ ငန်နေပြီနော်၊ အတွေ့အကြုံနဲ့ ပြောတာ၊ ငရုတ်သီးမြင်လို့ရှိရင် စပ်နေပြီ - လူက ကြိုတင်ပြီးတော့၊ ဒိပြင်ဟာတွေတော့ သိပ်ပြီးတော့ မထင်ရှားဘူး၊ သံပုရာသီးမြင်လို့ရှိရင် အလိုအလျှောက်ကို တံတွေးက ဖြစ်လာ တာ၊ ဘာဖြစ်လို့တုန်းဆိုတော့ အတွေ့အကြုံရှိလို့၊ “ဖဿပစ္စယာ ဝေဒနာ” ဆိုတာ ဒီလို လာတာပေါ့၊ ဖဿရဲ့စွမ်းဆောင်မှုအား ကြီး လေလေ ဝေဒနာဖြစ်ပေါ်လာမှုအားက ကြီးလေလေပဲ၊ ဒါကြောင့် ပဋ္ဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက “ဖဿပစ္စယာ ဝေဒနာ” လို့ ဒီလို ဟောလိုက်တယ်။
အဲဒီလို ဟောတဲ့အခါမှာ ခုနတုန်းက ဖဿကို ဘယ်နှစ်မျိုး ခွဲတာလဲ၊ ဒွါရ ၆-ပါးကို ကြည့်ပြီး ဖဿကို ၆-မျိုးတဲ့၊ စက္ခုဒွါရမှာ ဖဿတစ်မျိုး- စက္ခုသမ္ဖဿ၊ သောတဒွါရက ဖဿတစ်ခု၊ ဃာနဒွါရ က ဖဿတစ်ခု၊ ဇိဝှါဒွါရက ဖဿတစ်ခု၊ ကာယဒွါရက ဖဿတစ်ခု၊ မနောဒွါရက ဖဿတစ်ခုလို့ ဆိုပြီးတော့ ဖဿကို ၆-မျိုးခွဲတယ်။
အဲဒီဖဿကို ၆-မျိုး ခွဲသလိုပဲ ဝေဒနာဟာလည်းပဲ ဖဿလို စေတသိက်သဘာဝတရားလေးတစ်ခုပဲ၊ စိတ်အားလုံးနဲ့ ဆက်သွယ် ပြီးတော့ ဖြစ်ပေါ်နိုင်တဲ့သဘာဝတရားလေးတစ်ခု၊ ဖဿကို ခွဲသလို ပဲ ဝေဒနာကိုလည်းပဲ ဒီနေရာမှာ ၆-မျိုး ခွဲတယ်၊ ဖဿကို ကြည့် ပြီး သူ့ကို နာမည်ပေးလိုက်တယ်၊ စာလိုပြောရင် “စက္ခုသမ္ဖဿဇာ-ဝေဒနာ” လို့ အဲဒီလိုခေါ်တယ်၊ စက္ခုသမ္ဖဿဇာဝေဒနာ ဆိုတာ စက္ခုသမ္ဖဿကြောင့် ဖြစ်လာတဲ့ ဝေဒနာလို့ - ဒီလို ပြောတာ၊
စာမျက်နှာ-၃၁၄
စက္ခုဝေဒနာ, သောတဝေဒနာလို့ အဲဒီလို စာထဲမှာ မသုံးဘူး၊ ဖဿနာမည်ပါ ထည့်ပြီးတော့ ပြောထားတာ၊ စက္ခုသမ္ဖဿဇာ- ဝေဒနာ, သောတသမ္ဖဿဇာဝေဒနာ, ဃာနသမ္ဖဿဇာဝေဒနာ, ဇိဝှါသမ္ဖဿဇာဝေဒနာ, ကာယသမ္ဖဿဇာဝေဒနာ, မနော- သမ္ဖဿဇာဝေဒနာ လို့ အကြောင်းတရားရဲ့နာမည်ကိုပါ ထည့်ပြီး တော့ ဝေဒနာကို ၆-မျိုး ခွဲပေးထားတယ်။
ဒီတော့ “ဖဿပစ္စယာ ဝေဒနာ” မှာလည်းပဲ ဝေဒနာကို ၆- မျိုးလို့ ဒီလို မှတ်ရမှာပေါ့၊ အဲဒီလိုပြောတော့ ပဋ္ဌာန်းနည်းအရ ဖဿနဲ့ ဝေဒနာဟာ ဘယ်လိုဆက်သွယ်မရှိသလဲ?သာမန်အကြမ်း သဘောပဲ စဉ်းစားကြည့်လိုက်၊ ဆိုပါစို့ - ခုနက ရူပါရုံနဲ့ စက္ခုပသာဒ ဆုံလိုက်တဲ့အခါမှာ (မျက်လုံးလေးနဲ့ အဆင်းအာရုံဆုံလိုက်တဲ့အခါ မှာ) မြင်သိစိတ်လေး ပေါ်လာတယ်။
အဲဒီမြင်သိစိတ် ပေါ်လာတာနဲ့တစ်ပြိုင်နက် ဘယ်သူလာတုန်း ဆိုရင် ဖဿ ဆုံစည်းပေးမှုလေး လာတယ်၊ ဖဿ လာလိုက်တာနဲ့ ဘာလာတုန်းဆိုရင် နောက်က “ဖဿပစ္စယာ ဝေဒနာ”ဆိုတာလာ တယ်၊ ဒါ သုတ္တန်ပါဠိတော်တွေမှာလည်း ဖြစ်စဉ်လေးကို ဒီလိုပဲ ဟောထားတာ၊ ဒါပေမယ့် ရှေ့နောက်ဖြစ်တယ်လို့တော့ မအောက် မေ့နဲ့၊ ပိုပြီး ထင်ရှားလို့ မြတ်စွာဘုရားက ရှေ့နောက်အနေနဲ့ ထားတာနော်။
မြန်မာလိုပြောရင် “စက္ခုပသာဒမျက်စိအကြည်နဲ့ အဆင်း အာရုံလေးနဲ့ ဆုံလိုက်တဲ့အခါမှာ မြင်သိစိတ်ပေါ်တယ်၊ အဲဒီ ၃-မျိုး ဆုံစည်းမှုလေးသည်ပင် ဖဿဖြစ်လာတယ်၊ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်လာတယ်၊ ဝေဒနာဖြစ်ခြင်းကြောင့် တဏှာဖြစ်တယ်”
စာမျက်နှာ-၃၁၅
လို့ ဒီလို သွားတယ်၊ ဒါက သုတ္တန်ပါဠိတော်တွေမှာ ဖြစ်စဉ်လေးကို ဒီလိုဟောထားတာ။
ဖဿဖြစ်ပြီးမှ ဝေဒနာ ဖြစ်လာတာ မဟုတ်
အဲဒီနေရာမှာ ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ် ဆိုတာ ဖဿ ဖြစ်ပြီးမှ ဝေဒနာဖြစ်လာတာ မဟုတ်ဘူး၊ ဖဿရဲ့အရှိန်ကို ကြည့် ပြီး ဝေဒနာရဲ့အရှိန်အဝါကို ဆုံးဖြတ်ရတာဖြစ်သောကြောင့် ဖဿနဲ့ ဝေဒနာသည် ပြိုင်တူဖြစ်သော်လည်းပဲ ဖဿအရှိန် ကြီးလေလေ ဝေဒနာအရှိန် ကြီးလေလေ ဖြစ်သောကြောင့် ဖဿကြောင့် ဝေဒနာ ဖြစ်တယ်လို့ ဒီလိုဟောတာ။
ကဲ ကောင်းပြီ - အဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေ - မြင်သိ စိတ်လေးမှာ စေတသိက်ပေါင်း ဘယ်လောက်ယှဉ်တုန်း ဆိုတော့ ၇-ခု ယှဉ်တယ်၊ အဲဒီ ၇-ခုက ဘာတွေတုန်းဆိုတော့ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြေ, မနသိကာရလို့ စေတသိက် ၇-ခု၊ စက္ခုဝိညာဏ်စိတ် ဖြစ်တိုင်းဖြစ်တိုင်း အဲဒီ ၇-ခု ကပါတယ်၊ အဲဒီ ၇-ခုရယ် စက္ခုဝိညာဏ်စိတ်ကလေးရယ် အားလုံး ပေါင်းလိုက်လို့ရှိရင် ၈-ခု။
ဒီ ၈-ခုက inseparable ခွဲစိတ်လို့ မရတဲ့ ၈-ခုပေါ့၊ စကား ပြောတဲ့အခါသာ ခွဲပြောလို့ ရတာ၊ သဘာဝတရားကို သွားခွဲစိတ် လိုက်လို့ရှိရင် သူ့ရဲ့စွမ်းရည်သတ္တိတွေ ပျက်သွားတယ်၊ စွမ်းရည် သတ္တိမပျက်ဘဲနဲ့ ခွဲလို့ တစ်ခုစီ တစ်ကန့်စီ ထားလို့ မရဘူးတဲ့၊ အဲဒီ တော့ ပြိုင်တူဖြစ်ကြတယ်လို့ ပြောတာက ဖဿနဲ့ ဝေဒနာဟာ ပြိုင်တူဖြစ်ပေမယ့်လို့ ပဋ္ဌာန်းသမုပ္ပါဒ်မှာ “ဖဿပစ္စယာ ဝေဒနာ” လို့
စာမျက်နှာ-၃၁၆
ပါတယ်နော်၊ ရှေ့နောက်ကဲ့သို့ ဟောထားတာ၊ တကယ်က ရှေ့ နောက် မဟုတ်ဘူး, ပြိုင်တူဖြစ်တာတဲ့၊ အဲဒီတော့ ပြိုင်တူဖြစ်တယ် ဆိုတဲ့နေရာမှာ ပဋ္ဌာန်းနည်းနဲ့ ဆင်ခြင်သုံးသပ်ကြည့်လိုက်မယ် ဆိုရင် ဘယ်လိုတွေ့နိုင်တုန်းဆိုတာကို ကြည့်ရအောင်။
ပဋ္ဌာန်းနည်း
ဆိုပါစို့ - စက္ခုသမ္ဖဿဆိုတာလေးက ဘယ်မှာရှိတာတုန်း ဆိုရင် စက္ခုဝိညာဏ်စိတ်မှာရှိတာ၊ အဲဒီစက္ခုသမ္ဖဿကြောင့် ဖြစ် လာတဲ့ ဝေဒနာလေးကရော ဘယ်မှာရှိတာတုန်းဆိုရင် စက္ခု- ဝိညာဏ်စိတ်မှာပဲ ရှိတယ်၊ ရှိသည့်အတွက်ကြောင့် သူတို့နှစ်ခုဟာ ပြိုင်တူဖြစ်လာကြတယ်၊ ပြိုင်တူဖြစ်လာသည့်အတွက်ကြောင့် ဘာ ပစ္စည်းတုန်းလို့ မေးလို့ရှိရင် သဟဇာတပစ္စည်းပေါ့၊ သဟ ဆိုတာ ပြိုင်တူ၊ ဇာတ ဆိုတာ ဖြစ်တာ။
ပြိုင်တူဖြစ်လာပြီးတော့ ဘာဖြစ်လို့ အကြောင်းရယ် အကျိုး ရယ်လို့ ပြောရတုန်းလို့ဆိုရင် - ကဲ စဉ်းစားကြည့်ပေါ့ ဖယောင်း တိုင်မီးလေးထွန်းလိုက်တာနဲ့ တစ်ပြိုင်နက် အလင်းရောင်လေးက ပေါ်လာတယ်လို့ ဆိုတဲ့အခါမှာ မီးတောက်ကလေး ပေါ်လိုက်တာ နဲ့ အလင်းရောင်ပေါ်တာဟာ ပြိုင်တူပဲ၊ ဘယ်သူ့ကို အကြောင်းလို့ ပြောမလဲဆိုရင် မီးတောက်ကလေးက အကြောင်း, အလင်းရောင် ကလေးက အကျိုးပဲလို့ ဒီလိုပြောရမယ်၊ နေမင်းကြီးပေါ်လာလို့ အလင်းရောင် ပေါ်လာတယ်ဆိုရင် နေမင်းကြီးက အကြောင်းပဲ, အလင်းရောင်က အကျိုးပဲပေါ့။
စာမျက်နှာ-၃၁၇
အဲဒါလိုပဲ အခု ဖဿနဲ့ ဝေဒနာဟာ ပြိုင်တူပေါ်လာပေ မယ့်လို့ ဖဿက အကြောင်းတရား, ဝေဒနာက အကျိုးတရားလို့ ဒီလို သုံးတယ်၊ အဲဒါဟာ သဟဇာတ born together ဆိုတာ အဲဒါပြောတာ၊ အတူတကွဖြစ်ပေါ်လာကြတယ်၊ အတူတကွဖြစ်ပေါ် လာသည့်အတွက်ကြောင့် သဟဇာတသတ္တိ ရတယ်၊ အပြန်အလှန် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အညမညသတ္တိ၊ မှီရာအနေနဲ့ ကျေးဇူးပြုတာ ဖြစ်သောကြောင့် နိဿယသတ္တိ၊ ဒီပဋ္ဌာန်းသမုပ္ပါဒ်မှာ ဝိပါက်တရားတွေကို အဓိကထားတာ ဖြစ်သောကြောင့် ဝိပါက သတ္တိ၊ စိတ်ဖြစ်သောကြောင့် အာဟာရသတ္တိ။
နောက် ဖဿနဲ့ ဝေဒနာဆိုတာ နာမ်တရားတွေချည်း ဖြစ် သောကြောင့် သမ္ပယုတ္တသတ္တိ၊ ရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သော ကြောင့် အတ္ထိသတ္တိ၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့် အဝိဂတသတ္တိ၊ ၈-ပစ္စယသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဖဿက ပစ္စယသတ္တိကို အသုံးပြုပြီးတော့ ဒီဝေဒနာလေးကို ဖြစ်ပေါ်စေ တယ်၊ ဝေဒနာရဲ့သဘာဝတရားတွေကို ထင်ရှားစေတယ်လို့ အကြောင်းအကျိုးအနေနဲ့ မြတ်စွာဘုရားက ဒီလိုဟောတာ။
တစ်ခါ အဲဒီဖဿလေးက စက္ခုဝိညာဏ်စိတ်နဲ့ အတူတကွ ဖြစ်တဲ့ ဝေဒနာလေးကို ဒီလိုကျေးဇူးပြုတယ်လို့ဆိုတော့ အဲဒီဖဿ က ဒီပြင်စိတ်တွေနဲ့ ယှဉ်တဲ့ဝေဒနာတွေကျတော့ ဘာပစ္စယသတ္တိနဲ့ ကျေးဇူးပြုတုန်း? ဥပမာ ဆိုပါစို့ - စက္ခုဝိညာဏ်စိတ်ကို မှီပြီးတော့ ဖြစ်တဲ့ ဖဿက သူ့နောက်မှာဖြစ်တဲ့ သမ္ပဋိစ္ဆင်းစိတ် ရှိတယ်၊ သန္တီရဏစိတ်ရှိတယ်၊ ဝိပါက်စိတ်တွေထဲက၊ နောက်တဒါရုံ ရှိတယ်၊ အဲဒီစိတ်တွေနဲ့ ယှဉ်ပြီးတော့ ဖြစ်လာတဲ့ဝေဒနာကို ဘာသတ္တိနဲ့
စာမျက်နှာ-၃၁၈
ကျေးဇူးပြုတုန်းလို့ဆိုတဲ့ အခါကျတော့ အဲဒါကျတော့ ဥပနိဿယ သတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတယ်၊ ခုနက အတူတူဖြစ်လာ တာ မဟုတ်သောကြောင့် ဥပနိဿယသတ္တိလို့ ဒီလိုပြောတာနော်၊ ဒါက ပဉ္စဒွါရပိုင်းမှာ ဒီလိုပြောတာ။
တစ်ခါ မနောဒွါရလို့ဆိုတဲ့ mind door ပေါ့၊ မနောဒွါရပိုင်း မှာဆိုလို့ရှိရင် မနောသမ္ဖဿဆိုတာ ရှိတယ်၊ မနောသမ္ဖဿ ဆိုတာ စိတ်နဲ့အတူတကွဖြစ်တဲ့ ဖဿ၊ အဲဒီဖဿလေးက သူနဲ့ အတူတကွ ဖြစ်တဲ့ ဝိပါက်စိတ်တွေမှာရှိတဲ့ ဝေဒနာလေး- ဒါ ပြိုင်တူဖြစ်ကြတာ၊ အဲဒီဝိပါက်စိတ်နဲ့ မနောသမ္ဖဿက နေပြီးတော့ ဆိုင်ရာဝိပါက်စိတ် နဲ့ အတူတကွဖြစ်လာတဲ့ ဝေဒနာကို ဘာသတ္တိနဲ့ ကျေးဇူးပြုတုန်း ဆိုတော့ ခုနကပြောခဲ့တဲ့ ၈-မျိုးပဲ၊ သဟဇာတ, အညမည, နိဿယ, ဝိပါက, အာဟာရ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတ ဒီ ၈-ပစ္စည်းနဲ့ပဲ ကျေးဇူးပြုတယ်လို့ ဒီလိုပြောတယ်၊ ဒါက မနောဒွါရပိုင်းမှာ။
တစ်ခါ ဆိုပါစို့ - ပဋိသန္ဓေစိတ်လေးမှာရှိတဲ့ ဖဿက အဲဒီ ပဋိသန္ဓေစိတ်ကလေးမှာရှိတဲ့ ဝေဒနာကို ဘာသတ္တိနဲ့ ကျေးဇူးပြု တုန်းဆို ဒီ၈-မျိုးပဲ၊ ဘဝင်စိတ်မှာရှိတဲ့ ဖဿက ဘဝင်စိတ်မှာရှိတဲ့ ဝေဒနာကို ဘာသတ္တိနဲ့ ကျေးဇူးပြုတုန်းဆို ဒီ ၈-မျိုးပဲ၊ စုတိစိတ် မှာရှိတဲ့ ဖဿက စုတိစိတ်မှာရှိတဲ့ ဝေဒနာကို ကျေးဇူးပြုတာလည်း ပဲ ဒီ ၈-မျိုးပဲလို့ ဟော ၈-ပစ္စည်းနဲ့ပဲ ကျေးဇူးပြုတယ်။
ဝိသုဒ္ဓိမဂ်အဆို
အဲဒီမှာက ဝိသုဒ္ဓိမဂ်မှာ ထူးဆန်းတာ ပြောထားတာ တစ်ခု ပါလာတယ်၊ အဲဒီ မနောဒွါရမှာ မနောဒွါရာဝဇ္ဇန်းစိတ်နဲ့ ယှဉ်တွဲ
စာမျက်နှာ-၃၁၉
လာတဲ့ ဖဿက မနောဒွါရမှာရှိတဲ့ တဒါရုံ၊ ဒီတဒါရုံနဲ့ အတူတကွ ဖြစ်လာတဲ့ ဝေဒနာကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်ဆိုတဲ့ စကားလေးတစ်ခု ပါလာတယ်။
ဘာဖြစ်လို့ ထူးဆန်းတယ်လို့ ပြောရတုန်းဆိုလို့ ရှိရင် အခု ပြောနေတာတွေက ပဋ္ဋိစ္စသမုပ္ပါဒ်မှာ ဝိပါက်စိတ်တွေကိုပဲ ပြောတာ များတယ်၊ မနောဒွါရာဝဇ္ဇန်းဆိုတာ ဝိပါက်စိတ် မဟုတ်ဘူး, ကြိယာ စိတ်၊ အဲဒီကြိယာစိတ်နဲ့ ယှဉ်လာတဲ့ ဖဿက တဒါရုံဆိုတဲ့ ဝိပါက် စိတ်နဲ့ ယှဉ်ပြီးတော့ ဖြစ်လာတဲ့ ဝေဒနာကို ပဋ္ဌာန်းပစ္စည်းအနေနဲ့ ဘယ်လိုကျေးဇူးပြုတုန်းဆိုတော့ သူက ဥပနိဿယသတ္တိနဲ့ ကျေးဇူး ပြုတယ်လို့ အဲဒီလို ရေးတာ။
ဘာဖြစ်လို့ ဒီလိုရေးတုန်းဆိုရင် ပစ္စည်းပိုင်းမှာဆိုရင် အပိုင်း ကို နှစ်ပိုင်းခွဲလိုက်တာပေါ့၊ အကြောင်းတရားပိုင်းနဲ့ အကျိုးတရား ပိုင်း၊ အကြောင်းတရားပိုင်းကျတော့ ခုနက ဝိပါက်စိတ်သာမကဘူး တခြားအကြောင်းတရားပါ ယူနိုင်တယ်ဆိုတဲ့ယူဆချက်နဲ့ မနောဒွါရာ-ဝဇ္ဇန်းကို ထည့်ပြီးတော့ ပြောတာ၊ ဒါက စဉ်းစားစရာတစ်ခုကို ပြောတာ။
ဒီသဘာဝတရားတွေကို အဘိဓမ္မာမသင်ဖူးရင် နားလည်ဖို့ ခဲယဉ်းတယ်ပေါ့နော်၊ သို့သော် မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးကို အာရုံပြုပြီး ကြည်ညိုနိုင်တယ်၊ ပဋ္ဋိစ္စသမုပ္ပါဒ်ကလည်း ခက်ခဲတယ်၊ ခက်ခဲတဲ့ ပဋ္ဋိစ္စသမုပ္ပါဒ်ကို လေးနက်အောင် ပဋ္ဌာန်းကျမ်းကြီးနဲ့ ဆင်ခြင်သုံးသပ်တယ်ဆိုတာ အလွန့်အလွန်ခက်ခဲတယ်၊ အလွန် ခက်ခဲတဲ့သဘာဝတရားတွေကို ဒီလိုရှင်းလင်းဟောကြားတဲ့ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးဟာ အင်မတန်မှ ကြီးမားပါတယ်
စာမျက်နှာ-၃၂၀
လို့ မြတ်စွာဘုရားရဲ့ဉာဏ်တော်တွေကို အာရုံပြုပြီးတော့ ကြည်ညို နိုင်ပါတယ်။
ဒါကြောင့် တရားချစ်ခင်သူတော်စင် ပရိသတ်အပေါင်းတို့ သည် ဗုဒ္ဓမြတ်စွာက “သတ္တဝါတွေ သိဖို့ရာခက်ခဲတဲ့ အခက်ခဲတွေ ထဲမှာ ပဋိစ္စသမုပ္ပါဒ်ဆိုတာ အင်မတန်နားလည်ဖို့ ခက်တယ်၊ နိဗ္ဗာန် ဆိုတာလည်း အင်မတန်နားလည်ဖို့ ခက်တယ်တဲ့၊ ဒီလောက် ခက်ခဲတဲ့တရားတွေကို ကာမဂုဏ်အာရုံတွေနဲ့ ပျော်ပါးနေကြတဲ့ သတ္တဝါတွေကို ရှင်းပြရင်တော့ နားလည်မှာ မဟုတ်ဘူး၊ ဒါကြောင့် မို့ တရားဟောရင် ငါဘုရားပဲ ပင်ပန်းမှာပဲ” လို့ ဆိုတဲ့ စိတ်အကြံ ပေါက်လောက်အောင် ခက်ခဲတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ တွဲဖက်လိုက်တဲ့အခါ ခက်သည်ထက် ပိုပြီးတော့ ခက်သွားတာ ပေါ့နော်။
အဲဒီလို ခက်သွားပေမယ့်လို့ မြတ်စွာဘုရားရဲ့ ဉာဏ်တော် ကြီးကို တအံ့တသြ ကြည်နူးဝမ်းသာပြီး ဘုရားကို အရင်က ထက် ပိုပြီး လေးစားကြည်ညိုလာပြီး သဘာဝတရားတွေကို အဓိပ္ပါယ်ရှိရှိ ခွဲခြမ်းစိတ်ဖြာပြီး ဟောကြားနိုင်တဲ့ မြတ်စွာဘုရားသခင်ရဲ့ဉာဏ် တော်ဟာ အင်မတန်မှ ကြီးမားပါပေတယ်လို့ ဘုရားဂုဏ်တော်ကို အာရုံပြုကာ “ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ် ခြင်း” ဆိုတဲ့ နားလည်ဖို့ ခက်ခဲတဲ့ ဒီသဘာဝတရားတွေကို ကြိုးစား ပြီး နားလည်အောင် အားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၃၂၁
အပိုင်း (၁ဝ)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်။ ပထမဝါဆိုလဆန်း ၃-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၁၄-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး၊ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
“ဝေဒနာပစ္စယာ တဏှာ”
“ဝေဒနာပစ္စယာ တဏှာ” - ဝေဒနာဆိုတာကို မြန်မာလူမျိုးတွေက ရောဂါနဲ့ တွဲဖက်ပြီး နားလည်နေကြတယ်၊ တကယ်တော့ ဝေဒနာတိုင်းဟာ ရောဂါဝေဒနာမဟုတ်ဘူး၊ ရောဂါဝေဒနာဆိုတာ ဒုက္ခဝေဒနာတစ်မျိုးတည်းကိုသာလျှင် ရည်စူးပြီးတော့ ပြောတာဖြစ်သည်။ ဒီနေရာမှာ ဝေဒနာလို့ဆိုတဲ့နေရာမှာ စိတ်ရဲ့ခံစားမှု
စာမျက်နှာ-၃၂၂
feeling လို့ အင်္ဂလိပ်လို ပြန်တယ်။ သို့သော် experience လို့ ပြန်လို့ရှိရင်လည်း အာရုံရဲ့သဘာဝကို အတွေ့အကြုံရသွားခြင်း၊ အာရုံနဲ့ဆုံလို့ရှိရင် စိတ်ပျော်တယ်၊ ဟိုအာရုံနဲ့ ဆုံလို့ရှိရင် စိတ်မပျော်ဘူးဆိုတာ အတွေ့အကြုံလေးတစ်ခုပဲပေါ့၊ စိတ်ရဲ့ခံစားချက်ကလေးတွေကို ဝေဒနာလို့ခေါ်တာ။
မြန်မာပြည်မှာ ရောဂါနဲ့ ဝေဒနာတွဲပြီးတော့ သုံးနေသည့်အတွက်ကြောင့် “ဝေဒနာပစ္စယာ တဏှာ” ဆိုလို့ရှိရင် ရောဂါကြောင့် တဏှာဖြစ်တယ်လို့ ဒီလိုအဓိပ္ပါယ်မျိုးတွေ သာမန်အားဖြင့် တွေးမိသွားနိုင်တယ်ပေါ့၊ ဒါ့ကြောင့်မို့ ဝေဒနာဆိုတာ စိတ်ရဲ့ခံစားမှုလို့ ဒီလိုမှတ်ရမယ်။
ဝေဒနာ ၃-မျိုး
ဝေဒနာကို သဘာဝအားဖြင့် ၃-မျိုးခွဲထားတာရှိတယ်၊ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်၊ စိတ်အားလုံးမှာ ဝေဒနာရှိတယ်၊ စိတ်ရှိရင် ဝေဒနာရှိတယ်လို့ အကြမ်းဖျဉ်းအားဖြင့် မှတ်ထားရမှာပေါ့။ ခံစားချက် ၃-မျိုးကို စာပေကျမ်းဂန်အရပြောရင် သုခဝေဒနာ, ဒုက္ခဝေဒနာ, အဒုက္ခမသုခဝေဒနာ၊ ဒီ ၃-မျိုးက သဘာဝရှုထောင့်က ခွဲတာ။
သုခဝေဒနာဆိုတာ ချမ်းသာတယ်၊ pleasant feeling ခန္ဓာကိုယ်အနေနဲ့ နေလို့ထိုင်လို့ ကောင်းတာလည်း သုခ၊ စိတ်ထဲက ပျော်တာလည်း သုခ၊ သုခဝေဒနာလို့ အားလုံး ကြုံတွေ့ဖူးကြတယ်၊ နေလို့ထိုင်လို့ ကောင်းတယ်, စားလို့သောက်လို့ ကောင်းတယ်, အိပ်လို့ ကောင်းတယ် စသည်ဖြင့် ပြောကြတာပေါ့၊ စိတ်က
စာမျက်နှာ-၃၂၃
လည်း ပျော်တယ်ဆိုရင် ဒါ သုခဝေဒနာပဲ၊ comfortable ပေါ့၊ စိတ်အခြေအနေလေး အဆင်ပြေနေတယ်ပေါ့၊ ဒီအာရုံလေးနဲ့ ကြုံတွေ့လိုက်လို့ရှိရင် သုခဝေဒနာဖြစ်တယ်၊ စာပေကျမ်းဂန်တွေမှာတော့ သုခဝေဒနာဆိုတာ ဣဋ္ဌာရုံရဲ့အရသာကို ခံစားတယ်၊ ဆိုတာ ကိုယ်လိုချင်တဲ့အာရုံ၊ ကိုယ်လိုချင်တာလေး ရတယ်ဆိုရင် စိတ်ပျော်တယ်ပေါ့၊ ကိုယ်လိုချင်တာလေးနဲ့ တွေ့နေရလို့ရှိရင် စိတ်ထဲမှာ နှစ်ခြိုက်နေတယ်၊ အဲဒီသဘောလေးကို “သုခဝေဒနာ”လို့ ခေါ်တယ်။
နောက်တစ်ခုက ဒုက္ခဝေဒနာ၊ ဒုက္ခဝေဒနာဆိုတာ ခံရခက်တယ်၊ ဘယ်သူမှ မခံချင်ဘူး၊ ခန္ဓာကိုယ်မှာဖြစ်တဲ့ ဝေဒနာတစ်မျိုးပဲ၊ ခါးကိုက်တယ် နားကိုက်တယ် ကျောအောင့်တယ် စသည်ဖြင့် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ခံရခက်တဲ့အနေအထားမျိုး၊ စိတ်ထဲမှာဖြစ်တဲ့ ခံရခက်တဲ့အနေအထားမျိုး၊ စိတ်မပျော်ဘူး စိတ်မချမ်းသာဘူး စသည်ဖြင့် စိတ်ထဲမှာ comfortable မဖြစ်တဲ့အရာတွေအားလုံး၊ ခန္ဓာကိုယ်ပေါ်မှာ အဆင်မပြေတာ၊ စိတ်ထဲမှာ အဆင်မပြေတဲ့ဟာတွေကို “ဒုက္ခဝေဒနာ”လို့ ဒီလိုသတ်မှတ်တယ်ပေါ့၊ အဲဒီဒုက္ခဝေဒနာ unpleasant feeling ပေါ့၊ ကိုယ်မကြိုက်တဲ့ ခံစားမှုလေးတစ်မျိုး။
တစ်ခါတစ်ရံကျတော့ လူတွေမှာ သုခလည်းမဟုတ်ဘူး, ဒုက္ခလည်းမဟုတ်ဘူး၊ သုခအနေနဲ့လည်း မထင်ရှားဘူး, ဒုက္ခအနေနဲ့လည်း မထင်ရှားဘူးဆိုတဲ့ သာမန်အနေအထား - စိတ်ထဲမှာ ခံစားမှုတစ်မျိုး ရှိသေးတယ်၊ အဲဒါကျတော့ “အဒုက္ခမသုခဝေဒနာ” လို့ ခေါ်တယ်၊ negative နှစ်ခုနဲ့ - အဒုက္ခဆိုတာ
စာမျက်နှာ-၃၂၄
ဆင်းရဲတာလည်း မဟုတ်ဘူး၊ မသုခဆိုတာ ချမ်းသာတာလည်း မဟုတ်ဘူး၊ Neither pleasant feeling nor unpleasant feeling လို့ ဒီလိုဆိုလိုတာပေါ့။
အဒုက္ခမသုခဝေဒနာကို တစ်နည်းအားဖြင့် နာမည်ပေးရင် ဥပေက္ခာလို့ ပြောတယ်၊ ဥပေက္ခာဆိုတာ ချမ်းသာတဲ့ခံစားမှုမျိုးလည်း မဟုတ်ဘူး, ဆင်းရဲတဲ့ခံစားမှုမျိုးလည်း မဟုတ်ဘူး၊ အလယ်အလတ် သဘောမျိုး ခံစားမှုမျိုး၊ စိတ်ဟာ အဲဒီအချိန်မှာ ချမ်းသာတာလည်း မဟုတ်ဘူး, ဆင်းရဲတာလည်း မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုး၊ ဒါလည်း စဉ်းစားပြီးကြည့်မယ်ဆိုရင် ပေါ်လွင်ထင်ရှားပါတယ်။
ရိပ်သာတရားသွားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေလောကမှာ သိကြတယ်၊ ယောဂီတွေ ပြောကြတယ်၊ “ဝေဒနာကို ကျော်အောင်မှတ်၊ ဝေဒနာကို ကျော်အောင်မှတ်” လို့ ဆိုတယ်၊ ဝေဒနာကို ကျော်အောင်မှတ် ဆိုတာ ဒုက္ခဝေဒနာ တစ်မျိုးတည်းကို ရည်စူးပြီးတော့ ပြောတာ၊ အဲဒီတော့ ပြည့်ပြည့်စုံစုံပြောရင် ဒုက္ခဝေဒနာကို ကျော်အောင်မှတ်လို့ ပြောရမယ့်သဘောပဲ၊ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် တရားထိုင်ပြီဆိုလို့ရှိရင် ဟိုနားကနာ ဒီနားကနာ, ဟိုကအောင့် ဒီကအောင့်၊ ကြာရှည်ထိုင်တော့ physical unpleasant feeling က ပေါ်လာတယ်၊ physical pain ပေါ့- ခန္ဓာကိုယ်ရဲ့ နာကျင်ကိုက်ခဲမှု၊ အဲဒီဝေဒနာတွေဟာ သမာဓိစွမ်းအားနဲ့ ဆက်ပြီးမှတ်လိုက်တဲ့အခါမှာ နာတာကျင်တာ ကိုက်တာခဲတာတွေ ပျောက်သွားတာကို ဝေဒနာကျော်တယ်လို့ ပြောကြတယ်၊ ဒုက္ခဝေဒနာကိုသာ ကျော်တယ်လို့ ပြောရမယ်၊ သုခဝေဒနာ ကျော်တာမဟုတ်
စာမျက်နှာ-၃၂၅
ဘူး၊ ဒီတော့ ဝေဒနာကျော်တယ်လို့ ပြောလို့ရှိရင် သုခဝေဒနာကို ပြောတာမဟုတ်ဘူး၊ ဒုက္ခဝေဒနာကို ပြောတာလို့ မှတ်ရမယ်။
သုခနဲ့ ဒုက္ခဆိုတာ သုခ မရှိရင် ဒုက္ခလာမှာပဲ၊ ဒုက္ခ မဖြစ်ရင် သုခ လာမှာပဲ၊ သုခ လျော့နည်းသွားလို့ရှိရင် ဥပေက္ခာ၊ ဒုက္ခ လျော့နည်းသွားရင်လည်း ဥပေက္ခာပဲ၊ ဒါကြောင့်မို့ သူတို့က ဥပေက္ခာကို neutral feeling လို့လည်း အင်္ဂလိပ်လိုပြန်တယ်ပေါ့၊ စပ်ကြားက ခံစားချက်ကလေးတစ်ခုပဲ၊ အဲဒါကသိဖို့ အင်မတန်မှ ခက်ခဲတယ်ပေါ့ သာမန်အားဖြင့် မသိနိုင်ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် လူတွေသိနိုင်တာက သုခနဲ့ ဒုက္ခပဲ၊ အဒုက္ခမသုခဆိုတဲ့ စပ်ကြားလေးကိုတော့ ထင်ထင်ရှားရှား မသိနိုင်ကြဘူးတဲ့။
ဒါကြောင့်မို့ “အဒုက္ခ မသုခဝေဒနာ” ဆိုတာကို အနုမာနဉာဏ်နဲ့ပဲ မှန်းဆပြီးတော့ ကြည့်လို့ရတယ်၊ သုခလျော့နည်းသွားတယ်, ဒုက္ခလည်း လျော့နည်းသွားတယ်၊ သုခလို့လည်း မဆိုသာဘူး, ဒုက္ခလို့လည်း မဆိုသာဘူးဆိုတဲ့ အနေအထားမျိုးလေးတစ်ခုက အဒုက္ခမသုခဝေဒနာ၊ ဒါဝေဒနာကို သဘာဝအားဖြင့် ခွဲတာ။
သုခနှစ်မျိုး
နောက်တစ်ခါ ထပ်ပြီးတော့ သုခကို နှစ်မျိုးခွဲလိုက်သေးတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် သုခဆိုတဲ့ ချမ်းသာမှုဟာ ခန္ဓာကိုယ်ပေါ်မှာ ဒီ physical body- က စ,လာတဲ့ ချမ်းသာခံစားမှုလား၊ စိတ်ထဲမှာ စဖြစ်တဲ့ ချမ်းသာခံစားမှုလားလို့ နှစ်မျိုးရှိတယ်၊ အဲဒါကို စာလိုပြောရင် “ကာယိကသုခနဲ့ စေတသိကသုခ”။
စာမျက်နှာ-၃၂၆
ကာယိကသုခဆိုတာ ရုပ်ခန္ဓာကိုယ်မှာဖြစ်တဲ့ - physical pleasant feeling ပေါ့၊ physical happiness လို့လည်း ပြန်တယ်၊ ရုပ်ခန္ဓာကိုယ်မှာဖြစ်တဲ့ နေလို့ထိုင်လို့ ကောင်းတဲ့အနေအထားမျိုး၊ ဒါကို ကာယိကသုခလို့ ခေါ်တယ်၊ စိတ်မပါဘူးလား ဆိုတော့ ပါတယ်၊ ခန္ဓာကိုယ်က နေထိုင်ကောင်းလို့ရှိရင် စိတ်ကလည်း ပျော်လာတာပဲပေါ့၊ ဒီတော့ ခန္ဓာကိုယ်နေထိုင်ကောင်းဖို့ သက်သက် comfortableness က ကာယိကသုခ။
ကာယိကသုခဆိုတာ ရုပ်ခန္ဓာကိုယ်က စပြီးတော့ စိတ်ကို ကူးဆက်သွားတယ်လို့ ဒီလိုမှတ်၊ ရုပ်ခန္ဓာကိုယ် နေရထိုင်ရတာ ရုပ်ပိုင်းဆိုင်ရာ တောင့်တောင့်တင်းတင်းကြီး မရှိဘူး၊ နေလို့ထိုင်လို့ အင်မတန်ကောင်းတယ် အဆင်ပြေတယ်ဆိုရင် ဒါ ကာယိကသုခ ဖြစ်တယ်ပေါ့၊ စိတ်လည်း ချမ်းသာတယ်။
စေတသိကသုခ ဆိုတာကျတော့ ရုပ်ခန္ဓာကိုယ်က စ,တာမဟုတ်ဘူး၊ သူက စိတ်ကပဲ စ,တာ၊ ရုပ်အနေအထားက ဘယ်လိုပဲရှိရှိ စိတ်က ပျော်တာ၊ တချို့ဆို ကြည့်လေ - အင်မတန်ပူပြင်းတဲ့ နွေရာသီ, ကတ္တရာလမ်းပေါ် ဖိနပ်မစီး ခေါင်းမဆောင်းဘဲနဲ့ သီချင်းလေး တအေးအေး သွားနေတဲ့ လူတွေကိုကြည့် သူတို့မှာ physical comfortable ဘယ်ရှိမလဲ၊ ကားနဲ့ ထီးလေးနဲ့ ဖိနပ်လေးနဲ့ သွားတဲ့လူလောက် ဘယ်လိုလုပ် ချမ်းသာမလဲနော်၊ အဲဒီလိုဟာမျိုးကျတော့ စိတ်ပျော်တာ၊ စိတ်ပျော်နေလို့ရှိရင် လူက ခန္ဓာကိုယ်ရဲ့ဒုက္ခကို ပမာမထားတော့ဘူးပေါ့၊ အဲဒါကျတော့ mental happiness လို့ ပြောလို့ရတယ်၊ အဲဒါကို “သောမနဿ”လို့ ပါဠိ
စာမျက်နှာ-၃၂၇
စာပေမှာ ပြောတယ်၊ ဝမ်းသာတယ်လို့ ဒီလိုပြန်ကြတယ်၊ စိတ်ထဲမှာဖြစ်တဲ့ ချမ်းသာသုခတစ်မျိုးပဲ ပေါ့နော်။
ဒုက္ခနှစ်မျိုး
ထို့အတူပဲ ဒုက္ခဝေဒနာကို နှစ်မျိုး ထပ်ခွဲလိုက်တယ်၊ physical pain နဲ့ mental pain - “ကာယိကဒုက္ခနဲ့ စေတသိကဒုက္ခ”၊ ကာယိကဒုက္ခကို “ဒုက္ခ”လို့ပဲ ခေါ်တယ်၊ စေတသိကဒုက္ခကျတော့ “ဒေါမနဿ” လို့ ခေါ်တယ်၊ ဒီတော့ ကာယိကဒုက္ခက ဒုက္ခလို့ဆိုတော့ ဆိုပါစို့ - သူကလည်းပဲ စိတ်ထိအောင် အကျိုးသက်ရောက်သွားတာ၊ စိတ်အနေနဲ့ကတော့ ချမ်းသာတယ် ပထမ၊ သို့သော်လည်း ခေါင်းတွေ မနေနိုင်မထိုင်နိုင်အောင် ကိုက်လာတယ်, သွားတွေ ကိုက်တယ်, နေမကောင်းဘူး, ကျောအောင့်တယ် စသည်ဖြင့် physical pain ဖြစ်လာလို့ရှိရင် စိတ်ကိုလည်းပဲ အကျိုးသက်ရောက်လာတာပဲ၊ စိတ်လည်း မပျော်တော့ဘူး၊ မပျော်ရုံတင်မကဘူး, တချို့မှာတော့ ဒေါမနဿတွေ ဖြစ်တယ်၊ ဒေါသတွေဖြစ်တယ်ဆိုတာ ဖြစ်လာတယ်ပေါ့၊ အဲဒါ ဆိုလိုတာက ရုပ်ပိုင်းခန္ဓာကိုယ်က စလာတဲ့ ဒုက္ခ၊ အဲဒါက “ကာယိကဒုက္ခ” စိတ်တော့ ပါရတာချည်းပဲ၊ ရုပ်က စတာ။
“ဒေါမနဿ”ဆိုတာ ရုပ်ခန္ဓာကိုယ်မှာတော့ ကျန်းကျန်းမာမာပဲ၊ သွားကိုက်တာလည်း မရှိဘူး, နားကိုက်တာလည်း မရှိဘူး, ဘယ်နေရာမှ အောင့်တာ နာတာ မရှိဘူး၊ သို့သော်လည်းပဲ စိတ်မချမ်းသာစရာသတင်း ကြားတယ် -သို့မဟုတ်- တစ်စုံတစ်ယောက်နဲ့ အဆင်မပြေလို့ စိတ်ဆိုးတယ် စိတ်ဆင်းရဲတယ်ဆိုတာတွေက
စာမျက်နှာ-၃၂၈
ဒေါမနဿ၊ အဲဒါကျတော့ စိတ်ကလာတာနော်၊ ရုပ်အနေနဲ့ ဘယ်လိုအဆင်ပြေပြေ စိတ်ကနေလာတဲ့ဟာကျတော့ ဒေါမနဿလို့ ခေါ်တယ်၊ အဲဒါကျတော့ mental pain ပေါ့၊ ဟော ဒီလို ထပ်ခွဲလိုက်တယ်။
ဝေဒနာ ၅-မျိုး
ဒီလို ထပ်ခွဲလိုက်တဲ့အခါကျတော့ ဝေဒနာဟာ ခံစားချက်ဟာ ၅-ခု ဖြစ်သွားတယ်၊ ခုနက အဒုက္ခမသုခကို ဥပေက္ခာလို့ ပြောပြီးပြီ၊ ဥပေက္ခာကျတော့ physical, mental မခွဲသည့်အတွက်ကြောင့် သူ့ကို တစ်မျိုးတည်းပဲ ထား၊ ဒုက္ခကိုတော့ physical, mental ခွဲတယ်၊ သုခကိုလည်း physical, mental ခွဲတယ်၊ ကာယိက, စေတသိက ခွဲလိုက်တယ်၊ ခွဲလိုက်သည့်အတွက်ကြောင့် “သုခ, သောမနဿ, ဒုက္ခ, ဒေါမနဿ, ဥပေက္ခာ” လို့ ဆိုပြီးတော့ ဝေဒနာ ၅-မျိုး ဖြစ်သွားတယ်ပေါ့၊ အဲဒီဝေဒနာ ၅-မျိုးဟာ ဆိုင်ရာဆိုင်ရာ မတူညီတဲ့ အာရုံတွေကြောင့် စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေ။
စိတ်ရှိတိုင်း ခံစားချက်ရှိတယ်၊ သို့သော် သိမ်မွေ့တာနဲ့ ကြမ်းတမ်းတာ မတူညီမှုတွေတော့ ရှိတာပေါ့နော်၊ ဒေါသနဲ့ တွဲလာတဲ့ ခံစားချက်ကျတော့ ဒေါမနဿလို့ ခေါ်တယ်၊ လောဘနဲ့ တွဲလာတဲ့ ခံစားချက်က သောမနဿလည်း ရှိတယ်, ဥပေက္ခာလည်း ရှိတယ်၊ ခန္ဓာကိုယ်နဲ့ ပတ်သက်လာလို့ရှိရင် သုခတို့ ဒုက္ခတို့ ဒီလိုရှိတယ်ပေါ့၊ ဝေဒနာဆိုတာ အဲဒါကို ပြောတာ။
စာမျက်နှာ-၃၂၉
ဒီတော့ လူတိုင်းလူတိုင်းမှာ ဝေဒနာဆိုတာ ရှိတယ်ပေါ့၊ ခံစားမှုလေးတွေ ရှိတယ်၊ အဲဒီခံစားမှုလေးတွေဟာ ဘာကိုဖြစ်ပေါ်စေတတ်သလဲ, ဘာရဲ့အကြောင်းလဲလို့ - ပဋ္စ္စသမုပ္ပါဒ်ကျတော့ “ဝေဒနာပစ္စယာ တဏှာ”လို့ မြတ်စွာဘုရားက ဟောတယ်၊ ခံစားချက်လေးဟာ တဏှာကို ဖြစ်ပေါ်စေတယ်လို့ ခံစားချက်ကို အကြောင်းပြုပြီးတော့ လူတွေက တဏှာဖြစ်တယ်၊ ဒီလိုဟောတယ်။
ဝေဒနာ ၆-မျိုး
အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆင်ခြင်စဉ်းစားကြည့်ဖို့ လိုတယ်ပေါ့၊ ဒါဖြင့် ခံစားချက်တွေက ဘယ်ကလာလဲ၊ ဘယ်လိုခံစားချက်တွေတုန်း၊ ခုနက ၃-မျိုးနဲ့ ၅-မျိုးကို ဆိုင်ရာဆိုင်ရာ ရှေ့ပိုင်းက ဖဿနဲ့ တွဲပြီးတော့ ပြောလိုက်မယ်၊ မျက်စိက အာရုံနဲ့ ဆုံပြီးတော့ ခံစားတာလား၊ နားက အသံနဲ့ ဆုံပြီးတော့ ခံစားတာလား၊ ဒွါရ ၆-ပါးနဲ့ အာရုံတွေနဲ့ တွဲလိုက်လို့ရှိရင် ဖဿဖြစ်သလိုပဲ ဝေဒနာဟာ ၆-မျိုး ဖြစ်လာတယ်နော်၊ “မျက်စိနဲ့ ရူပါရုံ ဆုံမိရာကနေပြီးတော့ ခံစားချက်ပေါ်တယ်၊ နားနဲ့ အသံ ဆုံမိရာက ခံစားချက်ပေါ်တယ်၊ နှာခေါင်းနဲ့အနံ့ ဆုံမိရာကနေ ခံစားချက်ပေါ်တယ်၊ လျှာနဲ့ အရသာ ဆုံမိရာကနေပြီးတော့ ခံစားချက်ပေါ်တယ်တဲ့၊ ခန္ဓာကိုယ်နဲ့ အထိအတွေ့အာရုံ ဆုံမိရာကနေပြီးတော့ ခံစားချက်ပေါ်တယ်၊ စိတ်နဲ့ ဓမ္မာရုံ ဆုံမိရာကနေပြီး ခံစားချက်ပေါ်တယ်”လို့ - မြတ်စွာဘုရား အဲဒီရှုထောင့်က ကြည့်ပြီးတော့ ဝေဒနာကို ၆-မျိုး ဟောထားတာလည်း ရှိတယ်။
စာမျက်နှာ-၃၃၀
မနေ့တုန်းက ပြောခဲ့တယ် - စက္ခုသမ္ဖဿဇာဝေဒနာ, သောတသမ္ဖဿဇာဝေဒနာ, ဃာနသမ္ဖဿဇာဝေဒနာ, ဇိဝှါသမ္ဖဿဇာဝေဒနာ, ကာယသမ္ဖဿဇာဝေဒနာ, မနောသမ္ဖဿဇာဝေဒနာလို့ ဝေဒနာ ၆-မျိုး၊ ဖဿ ၆-မျိုးအလိုက် ဝေဒနာ ၆-မျိုး ဟောထားတာ၊ ထိတွေ့မှု အားကောင်းလေလေ ခံစားမှု အားကောင်းလေလေပဲ၊ မှန်တယ်၊ ဒါကြောင့်မို့ “ဖဿပစ္စယာ ဝေဒနာ” လို့ ပဋိစ္စသမုပ္ပါဒ်မှာ ဟောထားတယ်၊ ထိတွေ့မှု အရှိန်ပြင်းရင် ခံစားမှု အရှိန်ပြင်းတယ်, ထိတွေ့မှု အရှိန်ပျော့ရင် ခံစားမှု အရှိန်ပျော့တယ်၊ ဟောဒီသဘောပဲ ဆိုလိုတယ်။
ဒီတော့ ကောင်းပြီ- ဒီကနေ့ပြောရမှာက “ဝေဒနာပစ္စယာ တဏှာ” ခံစားမှုကို အကြောင်းပြုပြီးတော့ တဏှာဖြစ်တယ်လို့ ဆိုတယ်၊ ဒါဖြင့် တဏှာအမျိုးအစား ဘယ်လောက်ရှိသလဲလို့- တဏှာနဲ့ ပတ်သက်ပြီးတော့ ပြောကြရအောင်။
တဏှာ ဟူသည်
တဏှာဆိုတာ လောဘစေတသိက်ကိုပဲ ခေါ်တာ၊ သူ့ကို ဘာဖြစ်လို့ တဏှာလို့ နာမည်ပေးလိုက်လဲဆိုရင် “တဿတိ ပရိတဿတီတိ တဏှာ” ဆိုတဲ့ ပါဠိ definition အရ ဒီသဘာဝတရား စိတ်ထဲမှာပေါ်လာလို့ရှိရင် စိတ်ဟာ အလိုလို ဆာလောင်မွတ်သိပ်လာတယ်၊ ဟိုဟာလိုချင် ဒါလိုချင် ဖြစ်လာတယ်၊ အားမရ ဖြစ်လာတယ်နော်၊ လိုချင်မှုတွေ ဖြစ်လာတယ်နော်၊ တဿတိ ပရိတဿတီတိ စိတ်ရဲ့ပူဆာမှုတွေ၊ ရေသောက်ချင်လို့ ရေငတ်လာတာလိုပေါ့, ထမင်းဆာလာတာလိုပေါ့၊ အာရုံကို လိုချင်လာတဲ့
စာမျက်နှာ-၃၃၁
သဘောတွေ ပေါ်လာတယ်တဲ့၊ အဲဒီအာရုံကို လိုချင်လာတဲ့ သဘောရှုထောင့်ကနေပြီးတော့ “တဏှာ” လို့ ခေါ်လိုက်တယ်နော်။
လောဘဆိုတာ လိုချင်တာ, ရာဂဆိုတာ စိတ်ကို အရောင်ဆိုးတာ စွဲနေတာ၊ ဟော- သူ့ရှုထောင့်လေးကနေသူ နာမည်ပေးလိုက်တာ၊ တကယ်ကတော့ လောဘပဲ၊ အကုသိုလ်စိတ်တွေမှာ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတဲ့ လောဘကိုပဲ ဒီနေရာမှာ တဏှာလို့ ခေါ်လိုက်တာတဲ့၊ ဒီတဏှာဟာ လောဘမူလစိတ်ဆိုတဲ့ စိတ် ၈-မျိုးနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်လေ့ရှိတယ်။
တဏှာ ၆-မျိုး
တဏှာနဲ့ ပတ်သက်ပြီးတော့ အမျိုးအစား ဘယ်လိုရှိသလဲလို့ တဏှာကို အမျိုးအစားခွဲတဲ့အခါ အာရုံနဲ့ခွဲရတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ တဏှာက အာရုံပေါ်လာတဲ့အခါမှာ တွယ်တာတာကိုး၊ ဆိုပါစို့ - လိုချင်တယ်လို့ဆိုတာ မျက်စိကမြင်လို့ နှစ်သက်စရာကောင်းလို့ လိုချင်တယ်၊ နားကကြားလို့ ကိုယ်ကြိုက်လို့ လိုချင်တယ်၊ နှာခေါင်းက အနံ့ရပြီးတော့ လိုချင်တယ်၊ လျှာက အရသာခံပြီးတော့ လိုချင်တယ်၊ ခန္ဓာကိုယ်က ထိတွေ့ပြီးတော့ လိုချင်တယ်၊ စိတ်ကူးထဲကနေ ကျေနပ်ပြီးတော့ လိုချင်တယ် ဆိုတော့ - ဟော လိုချင်တာဟာ အာရုံနဲ့ ဆက်သွယ်ပြီးတော့ ဖြစ်ပေါ်နေတာတွေ၊ အဲဒီတော့ အာရုံဟာ ဒီလိုချင်မှုတွေကို သွေးဆောင်ဖျားယောင်းနေသလို ရှိတယ်ပေါ့။
လိုချင်မှုတွေကြောင့် ဒီတဏှာဟာ ဖြစ်နေရတယ်၊ ဒါ့ကြောင့် တဏှာကို အာရုံနဲ့ နာမည်ပေးပြီးတော့ ခွဲရတယ်၊ မျက်စိနဲ့မြင်ရတဲ့
စာမျက်နှာ-၃၃၂
အာရုံကို ရူပါရုံလို့ ခေါ်တယ်၊ အဲဒီရူပါရုံကို လိုချင်တာကျတော့ ရူပတဏှာ၊ အသံကြားပြီးတော့ အဲဒီအသံကို နားထောင်ချင်တာကျတော့ သဒ္ဒတဏှာ၊ မွှေးကြိုင်တဲ့ အနံ့လေးကို ရပြီးတော့ အဲဒီအနံ့ကို ရှူရှိုက်ချင်တာက ဂန္ဓတဏှာ၊ အရသာရှိတာလေးကို စားပြီးတော့ အဲဒီအရသာလေးကို လိုချင်တာက ရသတဏှာ၊ ခန္ဓာကိုယ်နှင့် ထိတွေ့လို့ အိစက်ညက်ညောတဲ့ အထိအတွေ့ကောင်းတဲ့အရာကို ထိတွေ့ချင်လို့ လိုချင်တာက ဖောဋ္ဌဗ္ဗတဏှာလို့ စာပေကျမ်းဂန်မှာ ဒီလို မြတ်စွာဘုရားသုံးတဲ့ စကားလုံးတွေနဲ့ သုံးလို့ရှိရင် အဲဒီလို ခေါ်မှာပေါ့။
နောက်တစ်ခါ စိတ်ကူးထဲကနေပြီးတော့ရလာတဲ့ စိတ်ထဲမှာပေါ်လာတဲ့ အာရုံနဲ့ ပတ်သက်ပြီး လိုချင်တာကျတော့ general စကားလုံးတစ်ခုကို သုံးလိုက်မယ် - ဓမ္မ လို့၊ ဒါပေမယ့်လို့ ဓမ္မလို့ သုံးလိုက်တာနဲ့ “ဓမ္မံ သရဏံ ဂစ္ဆာမိ” တို့ “တရား” တို့နဲ့ ဘာမှမဆိုင်ဘူးနော်၊ ဒီဓမ္မဆိုတဲ့စကားလုံးက ဗုဒ္ဓစာပေမှာ အလွန်ကျယ်ဝန်းတယ်၊ ဒါကြောင့်မို့လို့ အင်္ဂလိပ်လို ပြန်ရင်တောင်မှ ဓမ္မကို ဘယ်တော့မှ ဘာသာမပြန်ကြဘူး၊ ဓမ္မလို့ပဲ ထားလိုက်တယ်ပေါ့၊ အေး အဲဒါကျတော့ ဓမ္မတဏှာလို့ ခေါ်တယ်ပေါ့၊ စိတ်နဲ့သိရတဲ့ အာရုံတွေကို လိုချင်တဲ့တဏှာလို့ - ဟော အာရုံနဲ့ ခွဲလိုက်တဲ့အခါကျတော့ တဏှာ ၆-မျိုးဖြစ်တယ်။
အဲဒီ တဏှာ ၆-မျိုးဟာ “ဝေဒနာပစ္စယာ - ဝေဒနာရှိနေလို့”, “တဏှာ - တဏှာဟာ ပေါ်လာတာ” လို့- ဒီလိုပြောရတာပေါ့၊ ဆက်စပ်မှုရှိတာကို ပြောတာ၊ အာရုံနဲ့ စိတ်နဲ့ တွေ့ဆုံလိုက်သည့် ဖဿဆိုတဲ့ တွေ့ဆုံမှု အားကောင်းသည့်အတွက်ကြောင့်
စာမျက်နှာ-၃၃၃
ခံစားမှုတွေ ပေါ်လာတယ်၊ ခံစားမှုကို နောက်ထပ်လိုချင်တယ်ဆိုတဲ့ တဏှာလိုက်လာတယ်ပေါ့၊ အဲဒီလို ဆက်သွယ်ပြီးတော့ လာတယ်။
တဏှာ ၃-မျိုး
ဒီတော့ တဏှာဟာ အာရုံရှုထောင့်ကနေ ခွဲလိုက်တဲ့အခါ တဏှာ ၆-မျိုး၊ အဲဒီတဏှာ ၆-မျိုးက ဖြစ်ပုံဖြစ်နည်းအားဖြင့် သုံးမျိုးရှိတယ်၊ အဲဒီတဏှာရဲ့ သဘာဝ၊ ဒါက သူ့ရဲ့ aspect ခေါ်တယ်၊ ဖြစ်ပေါ်လာပုံ၊ အာရုံပေါ်မှာ ရှုမြင်သုံးသပ်မှုပေါ်မှာ ကြည့်ပြီး တဏှာကို ၃-မျိုး ထပ်ခွဲပြန်တယ်၊ တစ်ခုစီ တစ်ခုစီကို ၃-မျိုး ထပ်ခွဲတယ်။
ဆိုပါစို့ - မျက်စိက အဆင်းအာရုံလေးကို မြင်ပြီးတော့ လိုချင်တပ်မက်တဲ့ တဏှာဖြစ်တယ် ဆိုတဲ့နေရာမှာ လိုချင်တပ်မက်မှု သက်သက်လား, ဒီ့ပြင် ဘာတွေပါသေးလဲ၊ လိုချင်တပ်မက်မှု သက်သက်ဆိုရင် ဖြစ်ပုံက တစ်မျိုး၊ တခြားအတွေးအခေါ်တွေနဲ့ ရောတွေးလာလို့ရှိရင် အတွေ့အကြုံက တစ်မျိုးဖြစ်သွားပြီ၊ ဒါကြောင့်မို့လို့ ဒီရူပတဏှာဆိုတာလေးကိုပဲ ၃-မျိုးထပ်ခွဲတယ်၊ “ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ” တဲ့၊ ဓမ္မစကြာထဲမှာ ပါတဲ့အတိုင်းပေါ့နော်။
“ကာမတဏှာ” ဆိုတာ မျက်စိကမြင်ရတဲ့ နှစ်သက်စရာကောင်းတဲ့ အဆင်းအာရုံလေးကို ကြည့်ပြီးတော့ လိုချင်တာ၊ အဲဒီအာရုံကို တပ်မက်တဲ့အနေနဲ့ လိုချင်တာကျတော့ ကာမတဏှာလို့
စာမျက်နှာ-၃၃၄
ခေါ်တယ်၊ ဘာမှအတွေးတွေ အမြင်တွေ အယူအဆတွေမှ မပါဘူး, လိုချင်ရုံသက်သက်ပဲ၊ အဲဒါက ကာမတဏှာပဲ။
အဲဒီလို မဟုတ်ဘဲနဲ့- အရာခပ်သိမ်းဟာ ခိုင်မာတယ် ခိုင်မြဲတယ် ဘယ်တော့မှ ပျက်စီးမသွားဘူးဆိုတဲ့ သဿတအယူအဆ အတွေးအမြင်တစ်ခု လွှမ်းမိုးပြီးတော့ လိုချင်တဲ့ လိုချင်မှုကျတော့ “ဘဝတဏှာ”လို့ ခေါ်တယ်၊ ဘဝဆိုတာ Becoming အမြဲတမ်း ဖြစ်နေတဲ့သဘောနော်၊ အမြဲတမ်း ဖြစ်နေတာကိုတွေးခေါ်ပြီးတော့ လိုချင်တဲ့ဟာကျတော့ ဘဝတဏှာလို့ ခေါ်တယ်။
အဲဒီလို အမြဲတမ်းဖြစ်တာ မဟုတ်ဘူးလို့ဆိုတဲ့ အယူအဆနဲ့ တွဲဖက်ပြီးတော့ လာလို့ရှိရင် “ဝိဘဝတဏှာ” လို့ ခေါ်တယ်၊ အဲဒါကလည်း အနိစ္စသဘောနဲ့ တွဲဖက်တဲ့သဘောကို ပြောတာမဟုတ်ဘူး၊ ဒီနေရာမှာ ဥစ္ဆေဒဒိဋ္ဌိအမြင်နဲ့ တွဲလာတာကို ပြောတာနော်။
အဲဒီတော့ အယူအဆက ၂-ရပ်ရှိတယ် - သဿတဒိဋ္ဌိရယ် ဥစ္ဆေဒဒိဋ္ဌိရယ်၊ တကယ်ကတော့ ဒီသဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဆိုတဲ့အယူအဆတွေဟာ အတ္တဆိုတာကို လက်ခံထားပြီးတဲ့နောက်မှာ ပေါ်လာတဲ့အယူအဆ ၂-ရပ်ပဲ။
ထာဝရမြဲတဲ့အရာ ရှိတယ်ဆိုတဲ့ သဿတအယူအဆနဲ့ တွဲလာလို့ရှိရင် ဘဝတဏှာ၊ ဖြစ်ပြီးရင် ပြီးသွားတာပဲ, နောက်ထပ် ဘာမှမလာတော့ဘူး၊ ရုပ်ဝါဒီတွေလိုပေါ့နော်၊ ဒီတော့ ဘာမှမလာတော့ဘူးလို့ ဘယ်တော့မှလည်း မဖြစ်တော့ဘူးလို့ ဒီလိုယူဆတဲ့ ဥစ္ဆေဒဝါဒနဲ့ ယှဉ်တွဲလာတဲ့ တဏှာကျတော့ ဝိဘဝတဏှာ၊
စာမျက်နှာ-၃၃၅
ဘဝ, ဝိဘဝ, ဝိ ဆိုတဲ့စကားလုံးလေး သုံးလိုက်တယ်၊ ထာဝရအစဉ် ဖြစ်နေတာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်။
ခုနက ရူပတဏှာကလည်းပဲ ဒီ ၃-မျိုး, သဒ္ဒတဏှာကလည်း ဒီလို ၃-မျိုး ရှိတယ်နော်၊ အသံနဲ့ပတ်သက်ပြီး ရိုးရိုးနှစ်သက်လို့ရှိရင် ကာမတဏှာ၊ သဿတဒိဋ္ဌိနဲ့ ယှဉ်တွဲလာလို့ရှိရင် ဘဝတဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနဲ့ယှဉ်တွဲလာပြီဆိုရင် ဝိဘဝတဏှာဆိုတော့ ဟော သဒ္ဒတဏှာကလည်းပဲ ၃-မျိုးဖြစ်သွားပြီပေါ့။
တဏှာ ၁၀၈
ဒီလို တဏှာ တစ်မျိုးတစ်မျိုးဟာ ၃-မျိုးစီ ဖြစ်သွားတယ်ဆိုတော့ ၆-ခုကို ၃-နဲ့မြှောက်တော့ ၁၈-ခု ဖြစ်သွားတယ်နော်၊ အဲဒီလို တဏှာအမျိုးအစားတွေကို analyze လုပ်ကြည့်တဲ့အခါကျတော့ ၁၈-မျိုး ရလာနိုင်တယ်ပေါ့။ ဒါ လူတိုင်းလူတိုင်းမှာ ၁၈-မျိုး ဖြစ်တယ်လို့ ဒီလိုပြောတာတော့ မဟုတ်ဘူး၊ ဖြစ်နိုင်တာလေးကို ပြောတာ - possible၊ တစ်ပြိုင်နက်ဖြစ်တာကို ပြောတာလည်း မဟုတ်ဘူး။
အေး ကောင်းပြီ - အဲဒီ ၁၈-မျိုးက တစ်ခါ အာရုံကို ခွဲကြည့်လိုက်ဦး - အဆင်းအာရုံဆိုတာ မှန်ထဲကြည့်ရင် ကိုယ့်ရုပ်ကို မမြင်ရဘူးလား၊ အေး ကိုယ့်ရုပ်ကို ကြိုက်တာက ရူပတဏှာ၊ ကိုယ့်အသံလေး ကိုယ်သဘောကျလို့ရှိရင် သဒ္ဒတဏှာ ဟုတ်လား၊ ကိုယ့်အသံမဟုတ်ဘူး အဆိုတော်တွေဆိုတဲ့ အသံတို့ သူများအသံတို့ အပြင်ဘက်က အသံတို့ကို ကြိုက်တယ်ဆိုရင် ဗဟိဒ္ဓ၊ ဒီတော့ internal နဲ့ external ပေါ့၊ အာရုံက internal အတွင်းအာရုံ၊
စာမျက်နှာ-၃၃၆
external အပြင်အာရုံလို့ ၂-မျိုးရှိတယ်၊ အဲဒီတော့ အတွင်းနဲ့ ပတ်သက်လာတဲ့ အာရုံပေါ်မှာ ဖြစ်တာက ၁၈-ခု၊ အပြင်အာရုံပေါ်မှာ ဖြစ်တာက ၁၈-ခု ဆိုတော့ ၃၆-ဖြစ်သွားတယ်၊ ဟော တဏှာတွေ ပွားလာတဲ့သဘောနော်။
အဲဒီ ၃၆-ကို အတိတ်တုန်းကလည်း ၃၆-ပဲ အခု ပစ္စုပ္ပန်မှာကြည့်ရင်လည်း ၃၆-ပဲ၊ နောင်လာလတ္တံ့မှာလည်းပဲ ၃၆-လို့ - ၃၆-ကို ၃-ခုနဲ့မြှောက်လိုက်တဲ့အခါကျတော့ ၁ဝ၈၊ တဏှာ-၁၀၈ဆိုတာ အဲဒါကို ပြောတာ။
ဘုန်းကြီးတို့ငယ်စဉ်က သင်လာခဲ့ရတဲ့ အဆိုလေးနဲ့တော့ အခု ဝိသုဒ္ဓိမဂ်မှာပြောထားတဲ့ ခွဲပုံလေးက မတူတာလေးတော့ ရှိတယ်ပေါ့။ အခုပြောတာက ၆-ပါးကို ၃-နဲ့ မြှောက်ပေါ့၊ ဝိသုဒ္ဓိမဂ်မှာက ၆-ကို ၃-နဲ့ မြှောက်ပြီးတော့မှ internal, external အဇ္ဈတ္တိက, ဗာဟိရ ၂-ခုနဲ့ မြှောက်တာ၊ ပြီးတော့မှ ကာလ ၃-ပါးနဲ့ မြှောက်တယ်၊ သူမြှောက်ပုံက ဘုန်းကြီးတို့ငယ်စဉ်တုန်းက ရထားတာတော့ “တဏှာသုံးတန် အရင်းခံ၊ အာ, ကာ, သန်နှင့် မြှောက်” ဆိုပြီးတော့ - တဏှာ ၃-ခုဆိုတော့ ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ သုံးခုကို တည်၊ အာဆိုတာ အာရုံ ၆-ပါးနဲ့ မြှောက်၊ အဲဒါကို ကာ ဆိုတာ ကာလသုံးပါးနဲ့ မြှောက်၊ သန်ဆိုတာ သန္တာန် ၂-ခုနဲ့ မြှောက်၊ သန္တာန်ဆိုတာ အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓ Internal External, ဘယ်လိုမြှောက်သွားသွား အစဉ်က အဓိကမဟုတ်ဘူး၊ ၁၀၈-ကတော့ ဖြစ်တာချည်းပဲနော်၊ သို့သော် ဝိသုဒ္ဓိမဂ်ကျမ်းမှာတော့ အခုပြောခဲ့တဲ့ပုံစံနဲ့ ခွဲပြထားတာပေါ့။
စာမျက်နှာ-၃၃၇
“ဝေဒနာပစ္စယာ တဏှာ” ဟု ဟောတော်မူခြင်း
ဒီတော့ “ဝေဒနာပစ္စယာ တဏှာ”- “ဝေဒနာဆိုတဲ့ ခံစားမှုလေးကြောင့် တဏှာဖြစ်ရတယ်” လို့ ဆိုတဲ့နေရာမှာ ခုနတဏှာကျတော့ တဏှာက အာရုံပြုတာ ဘာကို အာရုံပြုတာတုန်း ဆိုတော့ မျက်စိကမြင်တဲ့ အဆင်းအာရုံ၊ နားကကြားရတဲ့ အသံ၊ သူကြိုက်တာ အသံကြိုက်တာ၊ အဆင်းကြိုက်တာ၊ အနံ့ကို ကြိုက်တာ၊ အရသာကို ကြိုက်တာ၊ အထိအတွေ့ကို ကြိုက်တာ၊ စိတ်ကူးထဲက ကောင်းတဲ့ဟာလေးတွေကို ကြိုက်တယ်၊ “အာရမ္မဏပစ္စယာ တဏှာ” လို့ မပြောသင့်ဘူးလား၊ ဘာဖြစ်လို့ “ဝေဒနာပစ္စယာ တဏှာ” လို့ ပြောလဲ၊ ကြိုက်တာက အာရုံ၊ အာရုံကို ကြိုက်လို့ တဏှာဖြစ်တာကို ဘာဖြစ်လို့ ဝေဒနာကြောင့် တဏှာဖြစ်တယ်လို့ ပြောရသလဲ၊ ဒါ စဉ်းစားစရာလေးတစ်ခုနော်။ ။
ကဲ စဉ်းစားပြီးတော့ ကြည့်ရအောင်၊ မိခင်ဖခင်တွေက သားသမီးကို ချစ်ကြတယ်နော်၊ ကိုယ့်သားကိုယ့်သမီးဆို သိပ်ချစ်ကြတယ်၊ သားကို ချစ်ပါတယ်၊ သမီးကို ချစ်ပါတယ်ဆိုတဲ့ မိခင်တွေဟာ တစ်နေ့ကျတော့ အဲဒီသားသမီးတွေအပေါ်မှာ စိတ်ဆိုးပြီးတော့ အမွေပြတ် ကြေညာတာတွေရော မရှိဘူးလား။
အဲဒီနေရာမှာ စဉ်းစားကြည့် - မိခင်ချစ်တာက သားသမီးကို ချစ်တာ ဟုတ်ကဲ့လား? အစဉ်အမြဲ ချစ်နေတာရော ဟုတ်ကဲ့လား? တကယ်ကတော့ မိခင်ကချစ်တာ ဘယ်သူ့ကို ချစ်တာတုန်းဆိုရင် သူ့ရဲ့ခံစားချက်ကိုပဲ သူချစ်တာ၊ ဒီသားလေး ဒီသမီးလေးမျက်နှာ မြင်နေရရင် သူ့စိတ်ထဲမှာ ပျော်နေတာ၊ အဲဒီ ပျော်နေတယ်ဆိုတဲ့ သောမနဿဝေဒနာ သုခဝေဒနာလေးကို သူ
စာမျက်နှာ-၃၃၈
ချစ်နေတာ၊ အဲဒါလေးကို ပျက်စီးအောင် လုပ်လို့ရှိရင် သူ့ရန်သူဖြစ်သွားပြီး တကယ်က သားသမီးချစ်တာ မဟုတ်ဘူး၊ ဟော ဘုရားဟောတာကို လူတွေက သတိမထားမိဘူး၊ ဟုတ်ကဲ့လား။ ။
ပြောလို့ရှိရင် “သားချစ်တယ်၊ သမီးချစ်တယ်”ပဲ ပြောမယ်။ “ဘယ်ပစ္စည်းကို စုံမက်တယ်” ပဲပြောမယ်၊ မဟုတ်ဘူး၊ ပစ္စည်းချစ်တယ်ဆိုတာလည်းပဲ ဒီပစ္စည်းလေးမြင်နေရရင် သူက ပျော်နေတာ တကယ်က အဲဒီပျော်တာကို ချစ်တာ၊ ဒီပျော်ရွှင်မှုကို ဘယ်သူက ပေးလဲဆိုရင် ဒီပစ္စည်းလေးက ပေးတယ်၊ ဟောဒီဝမ်းသာမှုကြည်နူးမှု ပျော်ရွှင်မှုတွေကို ဘယ်သူက ပေးတုန်း? သားက ပေးနေတယ်၊ သမီးက ပေးနေတယ်၊ ပစ္စည်းဥစ္စာတွေက ပေးနေတယ်၊ ဒါ့ကြောင့်မို့ သူက သားကို ချစ်တယ်၊ သမီးကို ချစ်တယ်၊ ပစ္စည်းကို ချစ်တယ်လို့ နာမည်တပ်လိုက်တာ၊ တကယ်ချစ်တာက အဲဒါ မဟုတ်ဘူးတဲ့။ ။
တကယ်ချစ်တာက ကိုယ့်ရဲ့ feeling ကိုပဲ ကိုယ်ချစ်နေတာတဲ့၊ ကိုယ့် feeling ကို ပျက်စီးအောင် လုပ်ပြီဆိုရင် ဒီလူဟာ ရန်သူပဲ၊ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ဟုတ်ကဲ့လား၊ နောက်ဆုံးမှာ အမွေပြတ်ကြော်ငြာတာတွေထိအောင် ဖြစ်ကုန်ကြတာပေါ့၊ သူချစ်တာကို မဖျက်ဆီးနဲ့လေ၊ တကယ် သားချစ်တယ်ဆိုရင် ဘာပြောစရာလိုလဲ၊ ဒါ ဟုတ်လား၊ သားရှိနေရင် အမြဲတမ်း ချစ်နေရမှာပေါ့။ ဘာလုပ်လုပ်ပေါ့ သို့သော် သူသဘောမကျတော့ မချစ်တော့ဘူး။
သဘောကျတယ်ဆိုကတည်းက ဝေဒနာပဲ မဟုတ်လား၊ သူသဘောကျနေတာက သူ့ရဲ့သုခဝေဒနာလေး၊ အေး သူလိုချင်တာက သူ့ရဲ့သုခဝေဒနာလေး၊ ဒီသုခဝေဒနာလေးကို ဘယ်သူက ပေး
စာမျက်နှာ-၃၃၉
တာတုန်း သားက ပေးနေတာ၊ သမီးက ပေးနေတာ၊ သားသမီးက မပေးတော့ဘဲ သူ့ရဲ့ သုခဝေဒနာ သောမနဿဝေဒနာကို ဖျက်ဆီးပစ်ပြီဆိုရင် “ဒီသားသမီး သွားတော့ မလာနဲ့တော့” လို့ အိမ်ကနေ မောင်းချတာမျိုးတွေ ဖြစ်ကုန်တယ်နော်။
အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက “ဝေဒနာပစ္စယာ တဏှာ” လို့ ဟောတာ၊ မြတ်စွာဘုရားက အရင်းကျကျကို အမြဲတမ်း လိုက်တယ်၊ အပေါ်ယံလေးတင် မကြည့်ဘူး၊ ဒါကြောင့်မို့ တရားဟာ profound အင်မတန်နက်နဲတယ်လို့ ဒီလိုပြောတယ်၊ အဓိကက အဲဒါ။
အေး ကောင်းပြီ - “ဝေဒနာပစ္စယာ တဏှာ” အခုလို “တဏှာဆိုတာဟာ ဒီဝေဒနာဆိုတဲ့ ခံစားချက်ကို အကြောင်းပြုပြီးတော့ တဏှာဖြစ်ရတယ်” ဆိုတာ ဒါ ပဋိစ္စသမုပ္ပါဒ်အရ ဝေဒနာနဲ့ တဏှာ ဆက်သွယ်ပုံကို ဒါ သိရပြီး ပဋ္ဌာန်းနည်းကျတော့ ဘယ်လိုဆက်သွယ်သလဲလို့ ပြောရမယ်ဆိုရင် စိတ်ယှဉ် စေတသိက်ယှဉ်နဲ့ ကြည့်လိုက်မယ်ဆိုရင် ဝေဒနာသည် သဗ္ဗစိတ္တသာဓာရဏစေတသိက်ဆိုတော့ စိတ်အားလုံးမှာ ရှိတယ်၊ တဏှာကတော့ လောဘမူစိတ် ၈-ခုမှာ ရှိတယ်၊ ဒီတော့ လောဘမူစိတ် ၈-ခုမှာ ဝေဒနာနဲ့ တဏှာ ဆုံမိကြတယ်ပေါ့။ သို့သော် အဲဒီမှာဆုံမိတဲ့ ဝေဒနာသည် တဏှာကို ဖြစ်စေနိုင်လားလို့ဆိုရင် မဖြစ်စေနိုင်ဘူးပေါ့၊ တခြားဝေဒနာကသာ တဏှာကို ဖြစ်စေနိုင်တာဖြစ်သောကြောင့် အကယ်၍ လောဘမူစိတ်ထဲမှာရှိတဲ့
စာမျက်နှာ-၃၄၀
ဝေဒနာက တဏှာကို ဖြစ်စေတယ်ဆိုရင် သူတို့ဟာ born together အတူတကွဖြစ်လို့ သဟဇာတမျိုး ဖြစ်တာပေါ့၊ သဟဇာတတို့ အညမညတို့၊ ဒီနေရာမှာ အဲဒီပစ္စည်းတွေကို မပြောဘူး။
“ဝေဒနာပစ္စယာ တဏှာ” ဆိုတာ ဥပနိဿယသတ္တိတစ်မျိုးတည်းပဲ ပြောတယ်တဲ့၊ အားကြီးတဲ့ ခံစားချက်ဆိုတဲ့ အားကြီးမှုအပေါ်မှာ တွယ်တာမှုဆိုတဲ့ တဏှာဟာ လာတယ်တဲ့၊ ဥပနိဿယသတ္တိဆိုတဲ့ အားကြီးသော မှီရာတစ်ခုအနေနဲ့ စွမ်းရည်သတ္တိလေးတစ်ခုကို အသုံးပြုတယ်လို့ ဒီတစ်ပစ္စည်းတည်းကိုပဲ ပြောတယ်နော်၊ များသောအားဖြင့် ပဋိစ္စသမုပ္ပါဒ်မှာတော့ ဝိပါကအကျိုးတရားတွေနဲ့ ပတ်သက်ပြီး ပြောတယ်၊ သို့သော် အကျိုးတရားတင်မကဘူး၊ ယူလို့ရတာတွေ အားလုံးကို အကုန်လုံးဆက်သွယ်ပြီးတော့ ဟောထားတာတွေလည်း ရှိတယ်ပေါ့။
အေး “ဝေဒနာပစ္စယာ တဏှာ” လို့ လုံးပြီးတော့ ပြောထားတဲ့အခါကျတော့ ဝေဒနာက သုခရှိတယ်၊ ဒုက္ခရှိတယ်၊ အဒုက္ခမသုခရှိတယ်နော်၊ အဲဒီလို ရှိတဲ့အခါကျတော့ စဉ်းစားစရာက သုခဝေဒနာ ဖြစ်လို့ အဲဒီသုခဝေဒနာပေါ်မှာ တဏှာဖြစ်တယ်ဆိုတာ သဘာဝကျတယ်၊ လိုချင်စရာကောင်းလို့ လိုချင်တာဖြစ်လို့ ဒါ သဘာဝကျတယ်၊ ဒုက္ခဝေဒနာကျတော့ လိုချင်စရာမကောင်းဘဲနဲ့ ဘာဖြစ်လို့ လိုချင်တဲ့တဏှာ ဖြစ်ရတာလဲ။ “သုခဝေဒနာကြောင့် တဏှာဖြစ်တယ်”
ဒီတော့ ပြောမယ်ဆိုရင် “သုခဝေဒနာပစ္စယာ တဏှာ” - “သုခဝေဒနာကြောင့် တဏှာဖြစ်တယ်” ဆိုရင် သဘာဝကျတယ်။
စာမျက်နှာ-၃၄၁
တခြားနေရာမှာလည်းပဲ - မြတ်စွာဘုရားက သံယုတ်ပါဠိတော်မှာ ဟောထားတာ ရှိတယ်၊ “သုခါယ ဝေဒနာယ ရာဂါနုသယော အနုသေတိ” တဲ့၊ သုခဝေဒနာပေါ်မှာ ရာဂဆိုတာ ကိန်းသွားတယ်၊ သုခဝေဒနာကို အကြောင်းပြုပြီးတော့ ရာဂလေး ကိန်းသွားတယ်။ ကိန်းသွားတယ်ဆိုတာက ရာဂဟာ positive ဖြစ်သွားပြီလို့ ပြောတာနော်၊ သုခဝေဒနာလို့ ကြုံလိုက်တာနဲ့ တစ်ပြိုင်နက် ပုထုဇဉ်သတ္တဝါတွေဟာ ဒီချမ်းသာဆိုတာလေးနဲ့ တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ရာဂက ဖြစ်လာတော့တာပဲ၊ တစ်ခါတည်း positive ရောက်တာနော်၊ သုခဝေဒနာဖြစ်လာလိုက်တာနဲ့ တစ်ပြိုင်နက် အနုသယဓာတ်အနေနဲ့ ဟော- အတွေ့အကြုံလေးတစ်ခု ရသွားပြီး ဒီအာရုံနဲ့ ဒီစိတ်နဲ့ဆုံရင် တဏှာလာတော့တာပဲ၊ အနုသယဆိုတာ အဲဒါကို ပြောတာ။
အနုသယဆိုတာ “အနုရူပံ ကာရဏံ လဘိတွာ ဥပ္ပဇ္ဇတိ” သင့်လျော်တဲ့အကြောင်းကို ရလို့ ဖြစ်ပေါ်နေတဲ့ အနေအထားမျိုးတစ်ခုကို ပြောတယ်၊ သို့မဟုတ် သင့်လျော်တဲ့ အနေအထားတစ်ခုကို ရလာပြီး ဖြစ်နိုင်တဲ့အနေအထား potentiality လို့ ဒီလို ဆိုလိုတယ်၊ ဖြစ်နိုင်တဲ့အနေအထားတစ်ခုရောက်တာပဲနော်။ ။
ဆိုပါစို့ - ဂက်(စ)မီးခြစ်လေးကို ခြစ်လိုက်မယ်လို့ ဆိုရင် တစ်စုံတစ်ယောက်က လက်ကလေးနဲ့ဖိပြီး ဘီးလုံးလေးကို ခြစ်လိုက်ရင် မီးတောက်မယ့်အနေအထားလို ဖြစ်နေတယ်ပေါ့၊ အနုသယဆိုတာ အဲဒီပုံစံမျိုးလေး၊ စိတ်ထဲမှာ ဒီအာရုံနဲ့ ဒီစိတ်နဲ့ ဆုံလိုက်ရင် ဒါလေး ပေါ်လာမယ်၊ မီးလေး ပေါ်လာသလို ရာဂလေး ပေါ်လာမယ်၊ အဲဒါကို အနုသယလို့ ပြောတာနော်။
စာမျက်နှာ-၃၄၂
ကောင်းပြီ - “သုခါယ ဝေဒနာယ ရာဂါနုသယော အနုသေတိ” သုခဝေဒနာပေါ်မှာ လူတွေရဲ့စိတ်ထဲမှာ ရာဂဆိုတာ အတွေ့အကြုံကြီး ရသွားပြီးတော့ ရာဂဟာ ကိန်းသွားတယ်၊ ကိန်းသွားတယ်ဆိုတာ ဖြစ်ဖို့ အခြေအနေတစ်ခု ရသွားပြီး နောက်ထပ် လာရင် ဖြစ်တော့မယ်နော်။
ဒုက္ခဝေဒနာကြောင့် တဏှာ ဖြစ်ပုံ
“ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော အနုသေတိ” ဒုက္ခဝေဒနာကျတော့ ဒေါသ၊ ဆန့်ကျင်ဘက်၊ စိတ်ရဲ့ဆန့်ကျင်မှု ဒေါသကိန်းတယ်လို့ ပြောတယ်၊ ဒုက္ခဝေဒနာမှာ ရာဂဆိုတဲ့တဏှာ မကိန်းဘူးနော်၊ ဒုက္ခဝေဒနာကျတော့ ဒေါသကိန်းတယ်၊ အဲဒါ ဒေသနာတော်နဲ့ ညှိမယ်ဆိုရင် “ဒုက္ခဝေဒနာပစ္စယာ ဒေါသော” လို့ပဲ ဟောရမှာပေါ့ အဲဒီလို မဟောဘဲနဲ့ မြတ်စွာဘုရားက “ဝေဒနာပစ္စယာ တဏှာ” လို့ ဒီနေရာမှာ ဘာဖြစ်လို့ ဟောလဲ၊ ငါလည်း မေးခွန်းတက်စရာတစ်ခုပဲနော်။ ။
တစ်ခါ အဒုက္ခမသုခဝေဒနာဆိုတဲ့ နေရာမှာ သုခလည်း မထင်ရှားဘူး၊ ဒုက္ခလည်း မထင်ရှားဘူး၊ သုခလည်း မဟုတ်၊ ဒုက္ခလည်း မဟုတ်ဘူး ဆိုတော့ ဒီစပ်ကြား ခံစားချက်ကြီးတစ်ခုအပေါ်မှာလည်း ဘာဖြစ်လို့ တဏှာသွားဖြစ်ရတာတုန်း၊ ဘာမှန်းမှ မသိတဲ့အရာကြီးပဲ။ ။
သုတ္တန်ပါဠိတော်ကျတော့ “အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယော အနုသေတိ” တဲ့၊ “မသိဘူး၊ မသိလို့ အဝိဇ္ဇာ အနုသယကိန်းတယ်” လို့ ပြောတာ၊ သူ့ရဲ့သဘာဝကို မသိလိုက်
စာမျက်နှာ-၃၄၃
ဘူး၊ မသိလိုက်သည့်အတွက်ကြောင့် သူဖြစ်နေမှန်း မသိတာက ဒါ အဝိဇ္ဇာအနုသယပဲပေါ့နော်၊ အဲဒီလို ဆိုထားတယ်။
ဒီမှာတော့ ဝေဒနာတွေ ၃-မျိုးစလုံးကို လုံးပြီးတော့ မြတ်စွာဘုရားက ဘာဖြစ်လို့ “ဝေဒနာပစ္စယာ တဏှာ” လို့ တဏှာတစ်ခုတည်း ဟောသလဲ၊ အဲဒီမေးခွန်းကို ဝိသုဒ္ဓိမဂ်မှာ မေးခွန်းမထုတ်ပေမယ့်လို့ အဖြေပေးထားတာ ရှိတယ်ပေါ့။ ။
အဖြေက ဘာတုန်းဆိုလို့ရှိရင် ရှင်းရှင်းလေးပဲ လောကလူတွေရဲ့ စိတ်နေသဘောထားကို ကြည့်လိုက်တယ်၊ “ဒုက္ခ သုခံ ပတ္ထယတိ” - ဆင်းရဲဒုက္ခရောက်နေတဲ့လူက ဘာလိုချင်တာတုန်း ဆိုရင် သုခလိုချင်တယ်၊ ဟုတ်ကဲ့လား၊ ဆင်းရဲနေတဲ့သူက သုခလိုချင်တယ်၊ လိုချင်တယ်ဆိုတာ တဏှာပဲ မဟုတ်ဘူးလား၊ ဒုက္ခရောက်နေတဲ့လူက သုခကို လိုချင်နေတယ်၊ ဟော ဒုက္ခဆိုတာ ဒုက္ခဝေဒနာပဲ၊ ဒုက္ခဝေဒနာခံစားနေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သုခဝေဒနာကို မျှော်လင့်တောင့်တနေသည့်အတွက်ကြောင့် “ဒုက္ခဝေဒနာပစ္စယာ တဏှာ” ပဲ ဖြစ်ပြန်တယ်ပေါ့။
“သုခီ ဘိယျောပိ ဣစ္ဆတိ” တဲ့ - “ချမ်းသာတဲ့လူကျတော့ ပိုပြီး ချမ်းသာချင်တယ်” တဲ့၊ ချမ်းသာသုခရတဲ့ပုဂ္ဂိုလ်က ပိုပြီးတော့ ချမ်းသာချင်တယ်ဆိုတော့ သူကလည်းပဲ တဏှာပဲပေါ့။
ဒါဖြင့် အဒုက္ခမသုခ ချမ်းသာတာလည်း မဟုတ်ဘူး၊ ဆင်းရဲတာလည်း မဟုတ်ဘူးကျတော့ ဘာဖြစ်တုန်းဆို “ဥပေက္ခာ ပန သတ္တာ၊ သုခ ပိဏ္ဏဝ ဘာသိတာ”၊ သူက ချမ်းသာတာလည်း မဟုတ်ဘူး၊ ဆင်းရဲတာလည်း မဟုတ်ဘူးဆိုတော့ ဒီခံစားချက်ဟာ အင်မတန်ငြိမ်သက်သည့်ခံစားချက် ဖြစ်နေလို့ သူ့ကို သုခလို့ပဲ
စာမျက်နှာ-၃၄၄
မှတ်ယူရတယ်၊ ဟုတ်တယ်လေ၊ ဒုက္ခမဖြစ်ဘူးဆိုရင် သုခထဲပဲ သွင်းတယ်ပေါ့၊ ဒါ့ကြောင့် ဥပေက္ခာကလည်း သုခဖြစ်သည့်အတွက်ကြောင့် ပိုပြီးချမ်းသာမှုကို လိုချင်ပြန်တဲ့ တဏှာပဲ ဖြစ်တယ်လို့ - ဟော ဒီလို အဖြေပေးထားတယ်။ ဘာဝေဒနာနဲ့ပဲ ကြုံကြုံ “ဝေဒနာပစ္စယာ တဏှာ” ပဲ လာတယ်လို့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာ အဓိကပဓာန တဏှာပဲ ဖြစ်တာပဲ၊ ဒီလို ဆိုလိုတယ်နော်။
ဘုရားရဟန္တာမှာလည်း ခံစားချက် ရှိ၏
ဒါဖြင့်ရင် ကောင်းပြီ၊ နောက်ထပ် စဉ်းစားစရာလေးတစ်ခုက ဝေဒနာဆိုတာ လူတိုင်းမှာ ရှိတယ်၊ စိတ်ရဲ့ခံစားချက်ဆိုတာ လူတိုင်းမှာ ရှိတယ်၊ ဒီတော့ ရဟန္တာပုဂ္ဂိုလ်တွေမှာရော ခံစားချက် မရှိဘူးလား၊ ရှိတယ်၊ ရဟန္တာပုဂ္ဂိုလ်တွေကျတော့ ဝေဒနာရှိနေသော်လည်း “ဝေဒနာပစ္စယာ တဏှာ” ဟာ ဘာဖြစ်လို့ မလာသလဲ၊ သူတို့ကျတော့ “ဝေဒနာပစ္စယာ တဏှာ” မလာဘူး။
ဘာဖြစ်လို့ မလာတာတုန်းဆိုတော့ အနုသယ မရှိတော့လို့၊ possibilities တွေ အခြေအနေတွေ မရှိတော့ဘူး၊ ဂက်(စ)မီးခြစ်ထဲမှာ ဂက်(စ)တွေ ကုန်နေပြီ၊ ကုန်ရင် တောက်ပါဦးမလား၊ မတောက်တော့ဘူး၊ အဲဒါမျိုးလိုပဲ သူတို့သန္တာန်မှာ ဒီ possibility ဆိုတဲ့ ဖြစ်နိုင်ခြေတွေ လုံးဝမရှိတော့ဘူး၊ အနုသယ မရှိတော့ဘူးလို့ ပြောတာ၊ အနုသယမရှိသည့်အတွက်ကြောင့် “ဝေဒနာရှိရုံနဲ့ တဏှာ မလာဘူးတဲ့၊ ဝေဒနာရှိပြီးတော့ တဏှာဖြစ်ပေါ်ဖို့ အခြေအနေလေးကလည်း ရှိရဦးမယ်” ပေါ့၊ ဒီလို ဆိုလိုတာပေါ့၊ အဲဒီ တဏှာ
စာမျက်နှာ-၃၄၅
ဖြစ်စေနိုင်တဲ့ အခြေအနေလေးကို ဒီနေရာမှာ အနုသယလို့ ပြောတယ်။
ရဟန္တာပုဂ္ဂိုလ်တွေမှာ သုခဝေဒနာ ရှိတယ်၊ ဒုက္ခဝေဒနာ ရှိတယ်၊ အဒုက္ခမသုခဝေဒနာ ရှိတယ်၊ ရဟန္တာမှာလည်း ဝေဒနာရှိတာပဲ၊ ရဟန္တာမှာ မရှိတဲ့ဝေဒနာဟာ ဘာတုန်းဆိုရင် ဒေါမနဿဝေဒနာတော့ မရှိဘူး၊ mental pain မရှိဘူး၊ physical pain ကတော့ ရှိတယ်၊ ဘုရားတောင်မှ physical pain ရှိတာပဲ၊ ရဟန္တာပုဂ္ဂိုလ်တွေမှာလည်းပဲ ခါးအောင့်တယ်တို့ ကြောအောင့်တယ်တို့ နားကိုက်တယ်တို့ ရှိတာပဲ။
ခန္ဓာကိုယ်ရလာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းမှာ နေမကောင်းတာတို့ - မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဆိုရင် ဒေဝဒတ်က ဂိဇ္ဈကုဋ်တောင်ကနေပြီး ကျောက်တုံးကြီးကို လှိမ့်ချလိုက်တဲ့အခါမှာ အောက်က ကျောက်တုံးကြီးတစ်ခုနဲ့ တိုက်မိပြီး ကျောက်ဖတ်လေးက ကွာပြီး ဘုရားခြေထောက်ကို မှန်တာ အင်မတန်မှ နာကျင်တာပေါ့၊ မနာဘဲ ဘယ်ရှိမလဲ၊ ဘုရားလည်း သွေးနဲ့ သားနဲ့ပဲ- နာတာပေါ့။ သို့သော် နာတာပေါ်မှာ စိတ်ဆင်းရဲမှု မလိုက်ဘူး။
ဘုန်းကြီးတို့တစ်တွေက နာရင် စိတ်ဆင်းရဲမှု လိုက်လာတယ်၊ မြတ်စွာဘုရားကျတော့ စိတ်ဆင်းရဲမှု မလိုက်ဘူး၊ physical pain ကတော့ ရှိတာပေါ့၊ နာတာကို နာတယ်လို့ သိတာပဲပေါ့။ ဟုတ်တယ် မဟုတ်လား၊ နာတာကို နာတာလို့ သိတယ်၊ ဘုရားရဟန္တာတွေက နာတာကိုလည်း နာတယ်လို့ သိတာပဲ၊ သို့သော် ဒေါမနဿ မဖြစ်ဘူး၊ ကောင်းတာကိုလည်းပဲ ကောင်းတယ်လို့ သိတယ်၊ သို့သော် လောဘမဖြစ်ဘူး၊ ဘုန်းကြီးတို့တစ်တွေက ကောင်း
စာမျက်နှာ-၃၄၆
တာကို ကောင်းတယ်လို့ သိပြီးတဲ့နောက်မှာ လိုချင်တယ်ဆိုတာလေး လိုက်လာတယ်။ ။
ဒီကောင်းတာကို ကောင်းတယ်လို့ သိတယ်ဆိုတဲ့ နေရာမှာ နော် - ဘုရားရဟန္တာဖြစ်ရင် တချို့ကထင်တယ်၊ သစ်တုံးကြီးလိုများ ခံစားမှုတွေ မရှိတော့ဘူးလို့ ဒီလိုအောက်မေ့နေတယ်၊ ဒီလို မဟုတ်ဘူး၊ ဘုရားရဟန္တာလည်း ခံစားမှုရှိတယ်၊ သို့သော် အဲဒီခံစားမှုသည် လောဘမပါတဲ့ ခံစားမှု၊ ဒေါသမပါတဲ့ ခံစားမှု၊ အဲဒါကို နားလည်ရမယ်၊ သာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေက ဒီလိုနားလည်ဖို့တော့ မလွယ်ဘူးပေါ့။ ကိုယ်က ကိုယ်ခံစားတာက လောဘနဲ့ ခံစားတာကိုး၊ ဒေါသလေးနဲ့ တွဲလာတယ်၊ လောဘလေးနဲ့ တွဲလာတယ်၊ ကိုယ့်ရဲ့ခံစားချက်တွေကလေး၊
မြတ်စွာဘုရားကျတော့ ခံစားမှုတွေက လောဘပါမလာဘူး၊ ဒေါသပါမလာဘူး၊ ရဟန္တာတွေမှာလည်း ခံစားမှုတွေ ရှိတယ်၊
ကောင်းရင် ကောင်းတယ်၊ လှရင် လှတယ်လို့ မြင်တယ်၊ အရုပ်ဆိုးရင် အရုပ်ဆိုးတယ်လို့ မြင်တယ်နော်၊ နို့မို့ဆိုရင် ဘုရားက ပန်းလှတာကို မလှဘူးလို့ သိနေမှာပေါ့၊ ဘယ်လိုလုပ်ပြီး အသုဘကမ္မဋ္ဌာန်းချည်းပဲ ရှုခိုင်းနေမတုန်း၊ ဟုတ်လား၊ လှရင် လှတယ်လို့ပဲ မြင်တာပဲ၊ ကောင်းရင် ကောင်းတယ်လို့ပဲ မြင်တာပဲ။
ကြည့်လေ - မြတ်စွာဘုရားက ဣန္ဒသာလလှိုဏ်ဂူထဲမှာ သီတင်းသုံးနေတုန်း သိကြားမင်းကြီးက ဘုရားဆီ လာချင်တာ၊ ရှေ့ပြေးကြိုတင်ပြီး လျှောက်ခိုင်းလိုက်တာ၊ သူလာမယ်ဆိုတာ သတင်းပို့တာ၊ ပဉ္စသိင်္ခကို အရင်လွှတ်လိုက်တာ၊ ပဉ္စသိင်္ခဆိုတဲ့ နတ်ကလည်းပဲ စောင်းသမားကိုး၊ စောင်းသမားဆိုတော့ ဘုရားနဲ့ သူက
စာမျက်နှာ-၃၄၇
ရင်းရင်းနှီးနှီး အခွင့်အရေးရတာ၊ သိကြားမင်းက တပန်အနေနဲ့ လွှတ်လိုက်တာ၊ သိကြားမင်းလာမယ့်အကြောင်း လျှောက်ခိုင်းလိုက်တာ၊ သူက မလျှောက်ဘဲနဲ့ ဘုရားရှေ့မှာ သီချင်းဆို စောင်းတီးပေးခဲ့တာ၊ ဒါ အခွင့်အရေးယူတာလို့ ခေါ်တယ်နော်။
အခွင့်အရေးယူပြီးတော့ တစ်ခါတည်း စောင်းတီးတာမှ ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်သီချင်းတွေ တစ်ကိုယ်တော် songs တွေကိုဆိုပြီးတော့ စောင်းလည်း တီးတယ်၊ နောက်ပြီးတော့ သူ့ရဲ့ရည်းစား သူရိယဝစ္ဆသာရဲ့ လှပုံချောပုံတွေကို ဖွဲ့နွဲ့ပြီးတော့လည်းပဲ စောင်းတီးသေးတယ်၊ ဘုရားရှေ့မှာနော်။
အဲဒီလို စောင်းတီးပြီးတဲ့အခါ မြတ်စွာဘုရားက ဘာပြောတုန်းဆိုတော့ “ပဉ္စသိင်္ခ - မင်းသီချင်းသံနဲ့ စောင်းသံဟာ လိုက်ဖက်ပါပေတယ်”။
ဘုရားက သူ မင်းသားဘဝ အလောင်းတော်ဘဝတုန်းက သူလည်း စောင်းတီးတတ်တာပဲပေါ့၊ သီချင်းဆိုတတ်မှာပဲပေါ့၊ ဒီတော့ ပဉ္စသိင်္ခတီးတဲ့ စောင်းသံဟာ အဆင့်မြင့်တယ်ဆိုတာတော့ သိတာပေါ့နော်၊ “အေး စောင်းသံလေးနဲ့ သီချင်းသံလေးက လိုက်ဖက်လိုက်တာ” လို့ ဘုရားက ပြောတာ၊ သို့သော် ဘုရားက “ထပ်တီးပါဦး၊ ငါ နားထောင်ချင်သေးတယ်၊ ဒီသီချင်းလေး ထပ်ဆိုပါဦး” လို့တော့ မပြောဘူးပေါ့။ ကောင်းတာကို ကောင်းတယ်လို့တော့ appreciate လုပ်တာပေါ့၊ အဲဒီ appreciate လုပ်တယ်ဆိုတာ သိလို့လုပ်တာပေါ့၊ ဒါကြောင့် မြတ်စွာဘုရားက အကောင်းအဆိုး ခံစားတယ်ဆိုတာ မသိသာဘူးလား။
စာမျက်နှာ-၃၄၈
တဏှာကိုသာ တားမြစ်၏
ဘုန်းကြီးတို့ စစ်ကိုင်းနေတုန်းက နော်ဝေနိုင်ငံတက္ကသိုလ်မှာ music သင်တဲ့ ပါမောက္ခကြီးတစ်ယောက် လာဖူးတယ်၊ သူက မေးခွန်းမေးတယ်၊ ဘာမေးလဲဆိုရင် “အရှင်ဘုရားတို့ မြတ်စွာဘုရားက ဂီတကို တားမြစ်ပါသလား” တဲ့- သူက မေးတယ်နော်၊ “သီချင်းတို့ တီးလုံးသံတွေ ဒါတွေကို တားမြစ်သလား” လို့ ပြောကြမယ်ဆိုရင်တော့ လူတွေက “နစ္စ, ဂီတ, ဝါဒိတ, ဝိသုက, ဒဿန” ဆိုပြီးတော့လေ ၈-ပါးသီလဆောက်တည်တဲ့ပုဂ္ဂိုလ်တွေ၊ ဒါက မြတ်စွာဘုရားက ဥပုသ်စောင့်တဲ့အခါမှာ “ဒါ တဏှာရာဂကို ပွားစေတတ်လို့ ဒါတွေက အချိန်ဖြုန်းတာသက်သက်ဖြစ်လို့ မကြည့်နဲ့” လို့ပဲ ပြောတာပေါ့နော်၊ သို့သော် လောကကြီးမှာ ဂီတတွေ ဘာတွေ မရှိရဘူးလို့ ဒီလို ပြောတာမှ မဟုတ်တာ၊ ဒီတော့ ဘုန်းကြီးတို့ကို အဲဒီမေးခွန်းလေး လာမေးတယ်၊ “မြတ်စွာဘုရားက ဂီတကို music ကို ကန့်ကွက်သလား” တဲ့။ “reject လုပ်သလား၊ တားမြစ်သလား” ဆိုတော့ “မြတ်စွာဘုရားက မတားမြစ်ပါဘူး” လို့ “အဲဒီဂီတပေါ်မှာ သာယာတဲ့တဏှာကိုပဲ ဘုရားက တားတာပါ” လို့ ပြောတော့ သူ ဆက်မမေးတော့ဘူး။
အကယ်၍ “ဂီတကို တားတယ်” လို့ဆိုရင် သူက ဆက်ပြီးတော့ ပြောကောင်းပြောလိမ့်မယ်၊ ပဉ္စသိင်္ခ စောင်းလာတီးတာကို “ဟေ့ ပဉ္စသိင်္ခ - ငါ့နားဆူတယ်၊ မလုပ်နဲ့လို့ မပြောဘူး” လို့၊ ဘုရားက သီချင်းဆုံးအောင် နားထောင်တယ်။ ဒီတော့ မြတ်စွာဘုရားက ဒီတူရိယာသံတွေ ဂီတသံတွေ သီချင်းသံတွေကို မတားမြစ်ပါဘူး။ သို့သော် ရဟန်းတွေကိုတော့ တရားကို သီချင်းလုပ်မဆိုရဘူးလို့
စာမျက်နှာ-၃၄၉
တော့ ပြောတယ်၊ ဘာဖြစ်လို့လဲ၊ သီချင်းလုပ်ဆိုလို့ရှိရင် ကိုယ့်အသံကိုလည်း ကိုယ်သာယာမှုတဏှာတွေ ပေါ်မယ်၊ သူများတွေကလည်း အသံကောင်းလိုက်တာ ဆိုပြီးတော့ သာယာမှုတွေ ဖြစ်လိမ့်မယ်၊ အဲဒါကြောင့်မို့လို့ သီချင်းလုပ်မဆိုရဘူးလို့ ပြောတယ်။
မြတ်စွာဘုရားက ဟောထားတာ ရှိတယ်၊ သို့သော် ရဟန်းတော်တွေမှာ “ဓမ္မနဲ့ ပတ်သက်တဲ့ ဂီတကိုတော့ နားထောင်လို့ရတယ်၊ ဓမ္မကိုတော့ သီချင်းလုပ်ပြီးတော့ မဆိုရဘူး” လို့ ဒီလိုဆိုတယ်၊ “ဓမ္မူပသံဟိတံ တံ ဝဇ္ဇတိ” လို့ စာထဲမှာ ဆိုထားတယ်၊ ဓမ္မူပသံဟိတံ - တရားနဲ့ ပတ်သက်တဲ့၊ ဂီတံ - ဂီတသည် ဝဇ္ဇတိ - သင့်လျော်တယ်။
ဆိုပါစို့- အောင်ခြင်း ၈-ပါးတို့ ဘာတို့ ဆိုတဲ့အခါမှာ ခုနက လောဘစိတ်တွေ ဒေါသစိတ်တွေ မဖြစ်ဘူးလေ၊ ဘုရားကို အာရုံပြုပြီးတော့ ကြည်နူးဝမ်းသာတဲ့ ဘုရားဂုဏ်တော်တွေကို အာရုံပြုတဲ့စိတ်ပဲ ဖြစ်တာပေါ့၊ ဟိုမဟုတ်တဲ့- “ကိုကိုရေ ရူးပြီ ရူးပြီ” ဆိုတာကျတော့ ဘယ်လိုလုပ်မတုန်း၊ အဲဒါမျိုးကျတော့ ဒိပြင်စိတ်တွေ ဖြစ်မှာပေါ့နော်၊ “ဂီတူပသံဟိတံ ဓမ္မံ” “ဓမ္မကို သီချင်းလုပ်ပြီးတော့ မဆိုနဲ့” လို့ ဒီလိုပြောတာ၊ သို့သော် တရားနဲ့ ပတ်သက်တဲ့သီချင်းကတော့ ကောင်းကျိုးချမ်းသာတွေကို ပေးစွမ်းနိုင်လို့ အောင်ခြင်း ၈-ပါးတို့ ဘုရားဂုဏ် တရားဂုဏ်နဲ့ ပတ်သက်တဲ့ ထူးမခြားနားတို့ ဘာတို့ ဒီလိုဟာမျိုးကျတော့ နားထောင်ကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်လေးကို ပြောတာပေါ့နော်။
အေး တချို့က နားထောင်ချင်တဲ့လူတွေကလည်း ပြောကြသေးတယ်နော်၊ ပွဲကြည့်ချင်တဲ့သူတွေက ဘာပြောလဲဆိုတော့-
စာမျက်နှာ-၃၅၀
“မကြည့်တတ်ရင် တဏှာ၊ ကြည့်တတ်ရင် ဘာဝနာ” ဆိုပြီး - ပွဲခင်းထဲသွားပြီးတော့ ကမ္မဋ္ဌာန်းတရားပဲ အားထုတ်နေသယောင်ယောင် လုပ်နေတာ၊ အဲဒီလိုတော့လည်း မလုပ်သင့်ဘူးပေါ့နော်၊ အဲဒါနဲ့ချည်းပဲ အမြဲတမ်းသွားလုပ်မနေနဲ့ပေါ့။ ဒီတော့ ကိုယ့်သန္တာန်မှာ ကိုယ်ကြည့်၊ တဏှာဖြစ်တာလား ဘာဝနာဖြစ်တာလား- ကိုယ့်ဖာသာကိုယ် ကြည့်မှာပေါ့နော်၊ အဲဒီလို ရှိတယ်။
မြတ်စွာဘုရားက ဂီတတို့ အလှအပတို့ကို ဒီလို တားမြစ်တာ မဟုတ်ဘူး၊ ဒါကြောင့်မို့ နိုင်ငံခြားမှာ စာအုပ်လေးတွေ ရေးထားတာ ရှိတယ်၊ Buddhism in beauty ဆိုပြီး အလှအပနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာက ဘယ်လိုယူဆတုန်းဆိုရင် ဗုဒ္ဓဘာသာက အလှအပကို အသိအမှတ်ပြုတာပဲ၊ ကျောင်းတွေ ဘာတွေဆိုရင် ပန်းချီကားချပ်တွေဘာတွေ ချယ်ဖို့ မြတ်စွာဘုရားက ခွင့်ပြုတယ်၊ သို့သော် အမျိုးသမီးရုပ်တွေ ဘာတွေ ဒီလိုလှအောင်ရေးတာမျိုးတော့ ခွင့်မပြုဘူး၊ ဘာပြုလို့တုန်းဆိုရင် ဘုရားက reasonable ဖြစ်တယ်လေ၊ ဒါကိုကြည့်ပြီးတော့ တဏှာရာဂစိတ်တွေ ပွားမှာစိုးလို့ တခြားပန်းခက်ပန်းတောင်ကလေးတွေ ကျောင်းကို ဒီလိုလုပ်တာချယ်တာမျိုး၊ တခြားပန်းချီကားတွေကို ခွင့်ပြုတယ် မြတ်စွာဘုရားကနော်၊ ကျောင်းတွေမှာ လှအောင်ပအောင် လုပ်တာ၊ ဒါကို မြတ်စွာဘုရားက မတားမြစ်ဘူးပေါ့ - ဒါမျိုးကျတော့နော်၊ ဒါ ဂီတနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားရဲ့ ဟောကြားချက် ဖြစ်တယ်။
ဂီတလောက၊ အဆိုအကလောကက လူတွေမှာ အယူအဆက နှစ်မျိုးရှိတယ်။
စာမျက်နှာ-၃၅၁
ဇာတ်ဆရာအမေးနှင့် ဘုရားရှင်အဖြေ
သံယုတ်ပါဠိတော်မှာ တာလပုဋသုတ်ဆိုတာ ရှိတယ်၊ အဲဒီတာလပုဋသုတ်နဲ့ ပတ်သက်ပြီးတော့ မှတ်သားစရာတစ်ခုပေါ့။ မြတ်စွာဘုရားမိန့်ကြားတဲ့စကားက တကယ်ပဲ reasonable ဖြစ်ပါတယ်၊ ကျိုးကြောင်းဆီလျော်မှု ရှိတယ်၊ တာလပုဋဆိုတာ ဇာတ်ဆရာကြီးပဲ၊ သူ့ဇာတ်အဖွဲ့မှာ လူပေါင်းထောင်ချီပါတယ်၊ တကယ့်ကို ကြီးမားတဲ့ ဇာတ်အဖွဲ့ကြီး၊ နိုင်ငံတစ်နိုင်ငံလုံးကို လှည့်ပြီး သူတို့ကပြကြတယ်၊ ဇာတ်အဖွဲ့ဆိုတော့ ထမင်းချက်တွေလည်း ပါမှာပေါ့။ အထုပ်ထမ်းမယ့်လူတွေလည်း ပါမှာပေါ့။ လူပေါင်း ၁ဝဝဝ ဆိုတာနော်၊ မင်းသားမင်းသမီးတွေလည်း ပါမယ်ပေါ့၊ လူပျက်တွေလည်း ပါမယ်ပေါ့၊ ခုခေတ်လိုဆိုရင် လူရွှင်တော်တွေရော တီးတဲ့မှုတ်တဲ့လူတွေရော အားလုံး သူ့အဖွဲ့သားတွေက တစ်ထောင်လောက်ရှိတယ်။
တစ်နေ့ကျတော့ သူတို့က သာဝတ္ထိပြည်ဘက်ကို လာပြီး ကပြတယ်၊ ကပြရင်း အားတဲ့အခါကျတော့ ဘုရားကို လာဖူးတယ်ပေါ့၊ ဖူးပြီးတော့ ဇာတ်ဆရာကြီးက ဘာလျှောက်တုန်းဆိုတော့ - “အရှင်ဘုရား - တပည့်တော်တို့ ဇာတ်သဘင်လောကမှာ ပြောတာ ရှိတယ်ဘုရား” တဲ့၊ ရှေးတုန်းက အစဉ်အလာပြောလာတဲ့ စကားလေးရှိတယ် “ဒီဇာတ်သဘင်နဲ့ လူတွေကို ပျော်ရွှင်အောင် လုပ်တာကြောင့် သေတဲ့အခါ ပဟာသဆိုတဲ့ နတ်ပြည်မှာ ဖြစ်ရတယ်လို့ဆိုပါတယ်၊ အဲဒါ ဟုတ်ပါသလား” တဲ့၊ ဘုရားကို မေးတယ်။
ဘုရားက အဲဒီမှာ လိုက်တော့ ဘယ်လိုဖြေဘုန်းဆိုတော့ “အေး - နဂိုကမှ လူတွေမှာ တဏှာရာဂက ရှိနေတယ်၊
စာမျက်နှာ-၃၅၂
ဒေါသက ရှိနေတယ်၊ မာန်မာနတွေ ရှိနေတယ်၊ အဲဒီ တဏှာရာဂစိတ်တွေ ဒေါသစိတ်တွေ လူတွေမှာ တိုးသထက်တိုးလာအောင် လုပ်တာ၊ (ဟုတ်တယ်လေ ဇာတ်ပွဲသွားကြည့်လို့ရှိရင် ငိုခန်းကျတော့ ငိုကြတာပဲလေ၊ ငိုခန်းကျ ငိုအောင်လုပ်တယ်၊ ရယ်ရမယ့်အခန်းကျတော့ ရယ်အောင်လုပ်တယ် - ဆိုကတည်းက လောဘတွေ ဖြစ်စေတယ်၊ ဒေါသတွေ ဖြစ်စေတယ်) လောဘ ဒေါသ မောဟတွေကို တိုးတက်လာအောင် လုပ်တာ ဖြစ်သည့်အတွက်ကြောင့်” တဲ့၊ “နဂိုကမှ လောဘရှိနေတဲ့လူတွေ လောဘတိုးအောင်၊ ဒေါသရှိနေတဲ့လူတွေ ဒေါသတိုးအောင် လုပ်သည့်အတွက်ကြောင့် သေလို့ရှိရင်တော့ ပဟာသနတ်ပြည် မဟုတ်ဘူး၊ ပဟာသငရဲကို ကျမယ်” တဲ့၊ ဒီလိုဟောတယ်။ ။
ဒီတော့ ငရဲရောက်တဲ့အခါလည်းပဲ အဲဒီလူရွှင်တော်ကို ဘေးကလူက ကြည့်ရင်တော့ ပျက်လုံးထုတ်နေသလို ထင်မှာ၊ မဟုတ်ဘူး - သူ့ခမျာ အော်နေတာ၊ ဒုက္ခရောက်လို့ အော်နေတာ၊ ဘေးကလူက ကြည့်ရင်တော့ dance လုပ်နေတာလို့ အောက်မေ့မယ်၊ မဟုတ်ဘူး- ပူလွန်းလို့ ခုန်ပေါက်နေတာ၊ အဲဒီလိုပဲ ဖြစ်မယ်။
အဲဒီသုတ္တန်မှာ ဖတ်ကြည့်ပေါ့၊ သံယုတ်ပါဠိတော်မှာ ရှိတယ်၊ ဂါမဏိသံယုတ် တာလပုဋသုတ်ပဲ၊ မြတ်စွာဘုရားကတော့ အဲဒီလို ဟောထားတာ ရှိတယ်၊ အဲဒါလည်းပဲ စိတ်နေသဘောထား ပါဦးမယ်လို့ ထင်တယ်၊ အေး လောဘရှိတဲ့သူတွေ ပိုပြီးတော့ လောဘဖြစ်အောင်၊ ဒေါသရှိတဲ့သူတွေ ဒေါသပိုဖြစ်အောင် ဒီလိုသွေးဆောင်ဖြားယောင်းပြီးတော့ ကပြတယ်ဆိုလို့ရှိရင် လူတွေကို
စာမျက်နှာ-၃၅၃
ပိုပြီးတော့ မေ့လျော့မိန်းမောစေတတ်တာမို့ သူကလည်းပဲ ယစ်ပူးစေတတ်တဲ့ အရာတစ်ခုဖြစ်တော့ မူးယစ်ဆေးတစ်မျိုးလို ဖြစ်တာပေါ့။
ဘယ်အရာပဲဖြစ်ဖြစ် စွဲတတ်တယ်၊ အဲဒီလို စွဲလာလို့ရှိရင် အကောင်းစွဲရင် ကိစ္စမရှိဘူး၊ မကောင်းတာစွဲမိလို့ရှိရင် တော်တော်ဆိုးတယ်နော်၊ ခု တရုတ်ပြည်မှာ ကလေးတွေ Internet စွဲနေတယ်ဆိုတာ ရှိသေးတယ်နော်၊ Internet မသွားရရင် မနေနိုင်လို့၊ ဒီတော့ တရုတ်ပြည်က အစိုးရကနေ အဲဒီကလေးတွေကို training ပေးနေရတယ်တဲ့ အကုန်လုံး၊ Internet စွဲမသွားရအောင်လို့။
အဲဒီလို တစ်ခုခုစွဲသွားတာလိုပဲ- ခုဟာ ဇာတ်ပွဲကလည်း မကြည့်ဘဲ မနေနိုင်အောင် အဲဒီလို စွဲသွားအောင် လုပ်မယ်လို့ ဒီစေတနာဆိုး ပါလာမယ်ဆိုရင်တော့ မြတ်စွာဘုရားဟောတဲ့အတိုင်း ပဟာသငရဲ ကျဖို့ရာရှိတယ်ပေါ့၊ အဲဒါ တာလပုဋသုတ်မှာ မြတ်စွာဘုရား ဒီလိုဟောထားတာ ရှိတယ်ပေါ့။ ။
မြတ်စွာဘုရားကတော့ စိတ်စေတနာပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ချက်ချတယ်၊ တစ်ဖက်သားကို အကုသိုလ်ပွားအောင် လုပ်လို့ရှိရင် ကိုယ်လည်း အကုသိုလ်ပွားမယ်၊ တစ်ဖက်သားလည်း အကုသိုလ်ပွားမယ်၊ အကုသိုလ်ပွားရင် ဒီအကုသိုလ်က မကောင်းကျိုးပေးတာပဲပေါ့။ ဒီလိုဆိုလိုတယ်။
ဒီတော့ အလှအပကို လှတယ် ပတယ်လို့ ဒီလိုသိတာကတော့ ဒါ appreciate လုပ်တာပဲ၊ ဘုရားရဟန္တာတွေက ကောင်းတာကို ကောင်းတယ်လို့ သိတယ်၊ မကောင်းတာကို မကောင်းဘူးလို့ သိတယ်၊ မကောင်းဘူးဆိုတဲ့နောက်မှာ ဒေါသမလိုက်ဘူး၊ ကောင်းတယ်ဆိုတဲ့နောက်မှာလည်းပဲ လောဘမလိုက်ဘူးတဲ့၊ ဒီ
*အကြောင်းအရာနှင့် ပတ်သက်၍ နောက်ထပ်သိရှိလိုသည်များ သို့မဟုတ် ဆက်လက်ဆွေးနွေးလိုသည်များ ရှိပါသလားခင်ဗျာ?*
စာမျက်နှာ-၃၅၄
နေရာမှာပဲ သဘာဝကိုသိပြီးတော့ စဉ်းစားဆင်ခြင်တတ်တယ်လို့ ဒီလိုဆိုလိုတယ်နော်။
အေး “ဝေဒနာပစ္စယာ တဏှာ” မှာ ဝေဒနာရှိတိုင်း တဏှာ ဖြစ်တာတော့ မဟုတ်ဘူး၊ ဘုရားရဟန္တာတွေမှာ ဝေဒနာရှိပေမယ့် တဏှာ မလာဘူးတဲ့။ ကျန်တဲ့ပုဂ္ဂိုလ်တွေမှာတော့ ဝေဒနာရှိရင် အကျင့်ကြီးပါနေလို့ အနုသယဓာတ်က ရှိနေသည့်အတွက်ကြောင့် ဝေဒနာပြီးရင်တော့ တဏှာလာတယ်၊ အဲဒီလို ဝေဒနာကြောင့် တဏှာဖြစ်ရတယ်ဆိုတာကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ် လို့ ပဋ္ဌာန်းရှုထောင့်ကနေပြီးတော့ ဆင်ခြင်လေ့လာသုံးသပ်လို့ ရတယ်။
ဒါ့ကြောင့် တရားချစ်ခင်သူတော်စဉ် ပရိသတ်အပေါင်းတို့ သည် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ သဘာဝတရားတွေကို ဆင်ခြင်စဉ်းစားပြီးတဲ့အခါ ဗုဒ္ဓမြတ်စွာရဲ့ဉာဏ်တော်ကြီးကို မှန်းမျှော်ပြီးတော့ ကြည်ညိုကာ ဗုဒ္ဓါနုဿတိဘာဝနာဖြင့် ကြည်နူး ဝမ်းသာမှုတွေဖြစ်ခါ နောက်ဆုံးမှာ မဂ် ဖိုလ် နိဗ္ဗာန် ရသည်အထိ အသိဉာဏ်တွေ တိုးတက်သွားအောင် ကြိုးစားအားထုတ်နိုင်ကြပါစေ ကုန်သတည်း။
စာမျက်နှာ-၃၅၅
အပိုင်း (၁၁)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပထမဝါဆိုလဆန်း ၄-ရက်၊ ခရစ်နှစ် ၂၀၁၁၊ ဇွန်လ ၁၅-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်း အနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မော်လမြိုင်၊ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဘေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
“တဏှာပစ္စယာ ဥပါဒါနံ”
“တဏှာပစ္စယာ ဥပါဒါနံ” - “တဏှာတည်းဟူသော အကြောင်းကြောင့် ဥပါဒါနလို့ခေါ်တဲ့ အာရုံကို မြဲမြံစွာဆုပ်ကိုင် ထားခြင်း စွဲလမ်းခြင်းဆိုတဲ့ သဘာဝတရားဟာ ဖြစ်ပေါ်လာရတယ်” လို့ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က မိန့်ကြားတော်မူခဲ့တယ်၊ “ဝေဒနာပစ္စယာ တဏှာ” - အာရုံတွေကို ထိ
စာမျက်နှာ-၃၅၆
တွေ့လာလို့ ခံစားမှုတွေ ပေါ်လာတဲ့အခါမှာ သတ္တဝါတွေရဲ့ သန္တာန်မှာ တဏှာ ဖြစ်လာတယ်၊ ထိုတဏှာက ဖြစ်ရုံတင် ရပ်မသွားသေးဘဲနဲ့ ဥပါဒါန အစွဲအလမ်းဆိုတဲ့ အဆင့်ထိအောင် တိုးတက်ပြီးတော့ သွားတယ်၊ ခိုင်ခိုင်မာမာကြီး စွဲလမ်းတယ်လို့။
“တဏှာပစ္စယာ ဥပါဒါနံ” လို့ ဆိုတဲ့နေရာမှာ ဥပါဒါနကို ဥပ + အာဒါန၊ ဒီလို ပုဒ်ခွဲလိုက်၊ ဥပရဲ့ အဓိပ္ပါယ်က ခိုင်ခိုင်မြဲမြဲ၊ အာဒါနဆိုတာ ဆုပ်ကိုင်ထားခြင်းလို့ အဓိပ္ပါယ်ရတယ်။
ဝိဘာဝိနီဋီကာကျမ်းမှာ ဥပမာပေးထားတယ်၊ ဖားတစ်ကောင်ကို မြွေက ကိုက်ဖမ်းတဲ့အခါမှာ မလွတ်တမ်း ခိုင်ခိုင်မာမာ ဆွဲပြီး ဖမ်းသလို၊ တဏှာကလည်း အာရုံကို အဲဒီလို စွဲစွဲမြဲမြဲ ဖမ်းဆုပ်ထားတယ်၊ မလွတ်တမ်း ဖမ်းဆုပ်ထားတယ် အဲဒီလို ဆိုတယ်။
မြန်မာစကားမှာတော့ ဥပါဒါန်ကို စွဲလမ်းတယ်လို့ ပြောတယ်၊ စွဲလမ်းတယ်ဆိုတာ စွဲမြဲစွာ ဖြစ်တာ၊ ရုတ်တရက်ဖြည်လွှတ်လို့ မရတဲ့သဘောကို ပြောတာပဲနော်။
ဒီတော့ ဥပါဒါန်ဆိုတဲ့နေရာမှာ သဘာဝတရား ဘယ်နှစ်မျိုးကို ဥပါဒါန်လို့ ခေါ်သလဲဆိုရင် တဏှာနဲ့ ဒိဋ္ဌိ နှစ်မျိုးကို ခေါ်တာ၊ တဏှာဆိုတဲ့ အာရုံကိုတပ်မက်တဲ့ လောဘ၊ ဒိဋ္ဌိဆိုတဲ့ အမြင်မှားမှု - အဲဒီနှစ်ခုကို ဥပါဒါန်လို့ သုံးတာ၊ ဒါကြောင့် ဥပါဒါန်ဆိုတာ တဏှာနဲ့ ဒိဋ္ဌိကိုပဲ ပြောတယ်၊ ကျန်တဲ့ကိလေသာတွေကို မပြောဘူး။
တဏှာက “ဝေဒနာပစ္စယာ တဏှာ” ဆိုတဲ့အတိုင်း ဝေဒနာရှိလို့ ဖြစ်တယ်၊ “တဏှာပစ္စယာ ဥပါဒါနံ” အရ ဥပါဒါန်ရဲ့ အကြောင်းကတော့ တဏှာဖြစ်တယ်၊ ဥပါဒါန်အရ တဏှာနဲ့ ဒိဋ္ဌိ လို့ နှစ်ခုယူထားတယ်၊ အဲဒီမှာ ဒိဋ္ဌိဆိုတာကတော့ စဖြစ်ကတည်း
စာမျက်နှာ-၃၅၇
က စွဲလမ်းတတ်တဲ့ သဘောရှိလို့ ဒိဋ္ဌိကိုတော့ အစကတည်းက ဥပါဒါန်လို့ပဲ ခေါ်လိုက်တယ်။
တဏှာကို အဆင့်နှစ်ဆင့်အနေနဲ့ မှတ်ရမယ်၊ ဒိဋ္ဌိကတော့ အဆင့်တစ်ဆင့်တည်းပဲ ရှိတယ်။ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် ဒိဋ္ဌိက စွဲလမ်းမှု ဖြစ်တယ်၊ ဘာလို့လဲဆိုတော့ လောကမှာ လူတွေက အယူအဆဆိုတာကို လွယ်လွယ်ကူကူနဲ့ စွန့်နိုင်ကြတာ မဟုတ်ဘူး၊ “ဣဒမေဝ သစ္စံ မောဃမညံ” - “ဒါသာလျှင် အမှန်, တခြား အမြင်တွေဟာ အလွဲအမှား” လို့ အယူအဆတစ်ရပ်၊ အမြင်နဲ့ ပတ်သက်လာရင် စွဲလမ်းမှုက ဖြစ်ကတည်းက စွဲလာတာဖြစ်လို့ ဒိဋ္ဌိဟာ စဖြစ်ကတည်းက ဥပါဒါန်ပဲ။ တဏှာက အဆင့်နှစ်ဆင့် ရှိတယ်။
တဏှာကတော့ အဲဒီလို မဟုတ်ဘူးတဲ့၊ တဏှာက အဆင့်နှစ်ဆင့် ရှိတယ်၊ မရသေးရင် လိုချင်တယ်၊ ပြီးရင် စွဲလမ်းတယ်၊ အာရုံက နှစ်မျိုးရှိတယ်၊ မရသေးတဲ့အာရုံကတစ်ခု၊ ရပြီးတဲ့ အာရုံကတစ်ခု၊ အဲဒါကို စာပေကျမ်းဂန်မှာ ဘယ်လိုပြောတုန်းဆို - “အပတ္တဝိသယ ပတ္ထနာ” - ကိုယ်မရသေးတဲ့အာရုံကို တောင့်တတာက တဏှာတဲ့နော်၊ လူဆိုတာ မရသေးရင် လိုချင်တာပဲ၊ မရသေးတဲ့အာရုံတစ်ခု၊ မပိုင်ဆိုင်ရသေးတဲ့အာရုံတစ်ခုကို လိုချင်နေတယ်၊ အဲဒီလိုချင်မှုဟာ သိပ်ပြင်းထန်သေးတာ မဟုတ်သေးဘူး။ “သပ္ပတ္တဝိသယ ဂဟဏံ ဥပါဒါနံ” - ရပြီးတဲ့အာရုံကိုတော့ ဆုပ်ကိုင်ထားတယ်၊ အဲဒါကျတော့မှ စွဲလမ်းဆိုတာ လာတာပေါ့။ ဒါကြောင့် တဏှာအနေနဲ့က နှစ်ဆင့်လို့ ဒီလို မှတ်ရမယ်။
စာမျက်နှာ-၃၅၈
“ဝေဒနာပစ္စယာ တဏှာ” ဆိုတဲ့ တဏှာက အပျော့စား တဏှာ၊ စွဲလမ်းမှုမပါသေးတဲ့ တဏှာ၊ ဥပါဒါန်ဆိုတဲ့အမည် ရသွားတဲ့ တဏှာကျတော့ ပြင်းထန်သွားတဲ့တဏှာ၊ ဖြည်ချွတ်လို့ မရနိုင်တဲ့ တဏှာမျိုးလို့ - တဏှာကို နှစ်ဆင့်ခွဲပြီးတော့ မှတ်ရမယ်၊ ဒီတော့ မရသေးခင် လိုချင်တောင့်တနေတဲ့ တဏှာဟာ ထိုက်တန်သလောက် ရှောင်လွှဲမယ်ဆိုရင် ရှောင်လွှဲလို့ ရတယ်၊ ပြောင်းလဲလို့ ရတယ်၊ ဥပါဒါန်အဆင့်ရောက်သွားပြီဆိုရင် ဖြည်ဖို့ အင်မတန်မှ ခက်သွားပြီ။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က တဏှာနဲ့ ဥပါဒါန်ရဲ့ ဒီသဘောကို ပိုင်ပိုင်နိုင်နိုင်သိလို့ သတ္တဝါတွေကို ချေချွတ်တဲ့အခါမှာ တဏှာအဆင့်ဆိုရင် ဘာနဲ့ချွတ်ရမယ်၊ ဥပါဒါန်အဆင့်ဆိုရင် ဘာနဲ့ချေချွတ်ရမယ်ဆိုတာ မြတ်စွာဘုရားက သတ္တဝါတွေရဲ့ စရိုက်ကို လိုက်ပြီးတော့ တရားဓမ္မဟောတယ်၊ ဆုံးမမှုနည်းပရိယာယ်တွေ အသုံးပြုပြီးတော့ ဆုံးမတယ်၊ ဒါကြောင့် မြတ်စွာဘုရားကို “အနုတ္တရော ပုရိသဒမ္မသာရထိ” လို့ဆိုတာ၊ “ပုရိသဒမ္မ” ဆိုတာ “ဆုံးမထိုက်တဲ့ပုဂ္ဂိုလ်ကို”၊ “သာရထိ - ဆုံးမတဲ့နေရာမှာ”၊ “အနုတ္တရ - အသာဆုံးပဲ” တဲ့၊ အတော်ဆုံးပဲလို့ ဒီလိုပြောတာနော်။
ဒီနေရာမှာ တဏှာနဲ့ ဥပါဒါန်ကို ခွဲခြားရှုမြင်ပြီး တဏှာကို ဘာနဲ့ ဖျောက်မလဲ၊ ဥပါဒါန်ကို ဘာနဲ့ ဖျောက်မလဲဆိုတာ နည်းပရိယာယ်တွေကို အသုံးပြုပြီးတော့ သတ္တဝါတွေရဲ့စရိုက် သတ္တဝါတွေရဲ့သန္တာန်မှာဖြစ်ပေါ်နေတဲ့ တဏှာနဲ့ဥပါဒါန်ကို မြတ်စွာဘုရား ချေချွတ်ခဲ့ပုံကို အားလုံးသိကြတဲ့ ဇာတ်လမ်းလေးတွေ ရှိတယ်ပေါ့။
စာမျက်နှာ-၃၅၉
ညီတော် နန္ဒမင်းသားကို ချေချွတ်ပုံ
ထင်ရှားတဲ့ ဇာတ်လမ်းတစ်ခုက ညီတော်နန္ဒမင်းသား၊ နန္ဒမင်းသားနဲ့ အာနန္ဒာနဲ့ မရောစေနဲ့ပေါ့၊ အာနန္ဒာက ငမ်းကွဲ၊ နန္ဒဆိုတာက အဖေတူအမေကွဲ၊ အရင်းလို့ပဲ ပြောပါတော့၊ နန္ဒမင်းသားက သုဒ္ဓေါဒနမင်းကြီးနဲ့ မဟာပဇာပတိဂေါတမီတို့က မွေးတာ၊ သူက မြတ်စွာဘုရားထက် တစ်ရက်နှစ်ရက်ပဲ ငယ်တယ်၊ ရှင်အာနန္ဒာက ဘုရားနဲ့ ဖွားဖက်တော်၊ အဖေကွဲ အမေကွဲ၊ နန္ဒမင်းသားကျတော့ အဖေတူ အမေကွဲ၊ ဘုရားနဲ့ အင်မတန်မှ ရုပ်တူတယ်။
အာနန္ဒာကတော့ ဒီလောက် ရုပ်မတူဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ သုဒ္ဓေါဒနမင်းကြီးရဲ့ ညီတစ်ယောက်က မွေးတာကိုး၊ ညီအစ်ကိုဆိုတာ တစ်ခါတစ်လေ ရုပ်ကကွဲချင်ကွဲတာပဲ၊ ဆင်ဆင်လေး တူပြီးတော့ တစ်ခါတစ်လေ အစ်ကိုက အသားညိုပြီးတော့ ညီက အသားဖြူနေတာလည်း ရှိတာပဲ၊ ညီအကိုမောင်နှမ ဆိုပေမယ့် ရုပ်အဆင်း ကွဲနေတာလေး ရှိတတ်သေးတာကိုးနော်။
ညီတော်နန္ဒက မြတ်စွာဘုရားနဲ့ အင်မတန်တူတယ်၊ အရပ်အမောင်းအားဖြင့်လည်း မြတ်စွာဘုရားထက် လက်လေးသစ်ပဲ နိမ့်တယ်၊ လက်လေးသစ်ဆိုတာ ဘာမှ မပြောပလောက်ဘူး၊ တိုင်းကြည့်မှပဲ သိမှာကိုးနော်၊ ဝိနည်းကျမ်းထဲမှာ မှတ်တမ်းပါလို့ ဒီအချက်ကို သိရတာ၊ မြတ်စွာဘုရားဝတ်တဲ့သင်္ကန်းက ခပ်ဖားဖား၊ ရဟန်းတော်တွေဝတ်တဲ့သင်္ကန်းက ဘုရားသင်္ကန်းလောက် မကြီးဘူး၊ ခပ်သေးသေး၊ သင်္ကန်းကို ကြည့်လိုက်တာနဲ့ ဘုရားဝတ်တဲ့ သင်္ကန်းနဲ့ ရဟန်းတွေဝတ်တဲ့သင်္ကန်းက ကွဲပြားခြားနားမှုရှိတယ်။
စာမျက်နှာ-၃၆၀
တစ်ခါတုန်းက ညီတော်နန္ဒဟာ သာသနာ့ဘောင်ဝင်လာပြီး မြတ်စွာဘုရားဝတ်သလို သင်္ကန်းခပ်ဖားဖားကြီး ဝတ်ပြီးတော့ လာတယ်၊ ခပ်လှမ်းလှမ်းက ညီတော်နန္ဒကို မြင်ကြတဲ့အခါမှာ စုပြီး ထိုင်နေကြတဲ့ ရဟန်းတော်တွေက “ဟိုမယ် ဘုရားကြွလာပြီ၊ ဘုရားကြွလာပြီ” ဆိုပြီး အမြင်မှားကြတယ်၊ မှားပေမှာပေါ့ ညီအစ်ကိုပဲနော်၊ အနီးရောက်တဲ့အခါကျတော့မှ “ဘုရားမဟုတ်ဘူး၊ ညီတော်နန္ဒ” လို့ ကွဲကွဲပြားပြား သိကြရတယ်၊
ဒါ့ကြောင့်မို့ မြတ်စွာဘုရားက ဝိနည်းစည်းကမ်းမှာ ဘုရားနဲ့ ပမာဏတူတဲ့သင်္ကန်းမျိုးကို မဝတ်ရဘူးလို့ ဥပဒေစည်းကမ်းလုပ်ထားရတယ်ပေါ့။ တခြားပုဂ္ဂိုလ်ဆိုရင်တော့ ရောချင်မှ ရောမှာ၊ ညီအစ်ကိုဆိုတော့ ရောသွားတာ ရှိတယ်ပေါ့။
အားလုံးသိတဲ့အတိုင်း ညီတော်နန္ဒဟာ သာသနာ့ဘောင်ကို ကြည်ညိုလို့ ဝင်လာတာ မဟုတ်ဘူး၊ အစ်ကိုအရင်းကို လေးစားကြောက်ရွံ့ရလို့ ဝင်လာတာ၊ မင်္ဂလာအခမ်းအနား ကျင်းပမယ့်နေ့မှာ သူ့လက်ထဲ မြတ်စွာဘုရားက သပိတ်ထည့်လိုက်တယ်၊ ထည့်လိုက်တော့ ဒီသပိတ်ကြီးကို လက်က ကိုင်ထားရတယ်၊ ဘုရားကြွတဲ့နောက်က သူထမ်းလိုက်ရတာပေါ့၊ ဘုရားက ဘာမှ မပြောဘူး၊ သူ့လက်ထဲ သပိတ်ထည့်လိုက်တော့ သပိတ်ကို လိုက်ပို့ရတယ်။ ဟိုနား ယူနိုး၊ ဒီနား ယူနိုးနဲ့ အဲဒီမှာ လိုက်သွားလိုက်ရတာ၊ ကျောင်းရောက်ရော ဆိုပါစို့၊ သပိတ်ပေးပြီးတော့ ခေါ်သွားတာ၊ အဲဒါကို သပိတ်ထမ်းခေါ်တယ်လို့ ပြောကြတယ်၊ ထမ်းချင်မှလည်း ထမ်းမှာပါ၊ ပွေ့ချင်လည်း ပွေ့မှာပေါ့၊ ဒါပေမယ့် ပုံထဲမှာတော့ သပိတ်ကလေး ထမ်းပြီး လိုက်သွားရတယ်ပေါ့။
စာမျက်နှာ-၃၆၁
ဒီတော့ မင်္ဂလာအခမ်းအနားကျင်းပမယ့်နေ့ - မင်္ဂလာဆောင်မှာကလည်း တခြားလူ မဟုတ်ဘူး၊ အဖေတူအမေတူ နှမအရင်းနဲ့ မင်္ဂလာဆောင်မှာ၊ မောင်နှမနှစ်ယောက်စလုံးကို နာမည်တူ ပေးထားတာ နန္ဒနဲ့ နန္ဒာ၊ တစ်ခါတစ်ခါကျတော့ သုန္ဒရီနန္ဒာလို့လည်း နာမည်ပေးတယ်၊ သို့မဟုတ် အဘိရူပနန္ဒာလို့လည်း ခေါ်တယ်၊ “ဇနပဒကလျာဏီ” ဆိုတာတော့ ဘွဲ့ဖြစ်လောက်တယ်၊ ခုခေတ်လိုပဲ မယ်ဘွဲ့ရွေးတာမျိုးတွေရဲ့ နာမည်ဖြစ်မှာပေါ့လေ၊ Miss Universe လိုပဲပေါ့၊ ဇနပဒကလျာဏီဆိုတာ ဒီဒေသမှာ အချောဆုံးလို့ ဒီလို အဓိပ္ပါယ်ရတယ်၊ ဒီတော့ “ဇနပဒကလျာဏီ” ဆိုတာ နာမည် မဟုတ်ဘူး၊ အချောဆုံးလို့ ဒီလိုပြောတဲ့အဓိပ္ပါယ်နော်။
သူ့ရဲ့နာမည်က နန္ဒာပဲ၊ သို့မဟုတ် အဘိရူပနန္ဒာ၊ နန္ဒမင်းသားနဲ့ မောင်နှမအရင်း၊ သို့သော် သာကီဝင်မင်းတွေရဲ့ ထုံးတမ်းစဉ်လာအရ မောင်နှမအရင်း လက်ဆက်ကြတယ်၊ ဘာဖြစ်လို့ မောင်နှမအရင်း လက်ဆက်တုန်းဆိုတော့ - မြန်မာတွေတောင် ပြောကြတယ် မဟုတ်လား.. “အမျိုးချင်းထပ်ရင် မြတ်တယ်” လို့။ တခြားလူ ဝင်လာမှာ စိုးတယ်၊ တချို့က မျိုးရိုးမဟုတ်ဘူး၊ ပစ္စည်းဥစ္စာတွေ “ဖိတ်ခြင်း ဖိတ် ကိုယ့်အိတ်ထဲ ဖိတ်” ဆိုပြီး လုပ်ကြတာပေါ့လေ။
အေး အဲဒီမှာ မောင်နှမချင်းလက်ဆက်ဖို့ မင်္ဂလာပွဲကျင်းပမယ့်နေ့မှာ သပိတ်ကမ်းပြီးတော့ ခေါ်သွားတာနဲ့ လိုက်သွားရတာ ဟိုလည်းရောက်ရော “သင်္ကန်းဝတ်မလား” လို့ မေးတော့ မဝတ်ချင်ဘူးလို့ မပြောရဲဘူး၊ မပြောရဲတော့ ခေါင်းငြိမ့်ရတာပေါ့၊ ခေါင်းငြိမ့်လိုက်တာနဲ့ တစ်ပြိုင်နက် ခေါင်းအရိတ်ခံလိုက်ရတော့တာပေါ့။
စာမျက်နှာ-၃၆၂
အဲဒီလို ရဟန်းဖြစ်သွားတဲ့အခါမှာ ဘယ်လိုမှ သူမပျော်နိုင်ဘူးပေါ့၊ စိတ်က နန်းတော်ပဲ ရောက်နေတယ်၊ နန်းတော်ရောက်ရုံတင် မကဘူး၊ မင်္ဂလာပွဲကြီး ကျင်းပတော့မှာဆိုတော့ နှမတော် ဇနပဒကလျာဏီ နန္ဒာအပေါ်မှာ စိတ်ရောက်ပြီးတော့ နေတယ်၊ အဲဒါက စွဲလမ်းနေတဲ့ ဥပါဒါန်အဆင့် ရောက်သွားပြီ၊ လိုချင်တဲ့ တဏှာ မဟုတ်ဘူး၊ စွဲလမ်းတဲ့ ဥပါဒါန်အဆင့် ရောက်သွားပြီ၊ အဲဒီဥပါဒါန်ဟာ တရားဟောပြီးတော့ ချွတ်လို့ မရဘူး၊ စွဲလမ်းနေတာနဲ့ ဘယ်လိုမှတရားမတိုးဘူး၊ ရောဂါဆိုးတော့ ဆေးမတိုးဘူး။
ရှင်နန္ဒရဲ့သန္တာန်မှာဖြစ်တဲ့ တဏှာက လွန်ကဲသွားတဲ့အခါ စွဲလမ်းတဲ့ဥပါဒါန် ဖြစ်သွားပြီ၊ တရားမတိုးတော့ဘူး၊ တရားမတိုးလို့ရှိရင် ဘာနဲ့ ပြန်လုပ်ရတုန်းဆိုတော့ - မြန်မာတွေပြောတဲ့ စကားလိုပေါ့၊ “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်” ဆိုတာ၊ ဥပါဒါန်ကို ဘာနဲ့ ပြန်နှုတ်တုန်းဆိုရင် တဏှာတစ်ခုခုနဲ့ ပြန်နှုတ်လိုက်တယ်၊ စာပေကျမ်းဂန်မှာ ဥပမာပေးထားတယ်၊ “ဆူးစူးလို့ရှိရင် ဆူးနဲ့ထွင်”၊ သစ်ပင်ပေါ်က သရက်သီးလိုချင်လို့ရှိရင် အောက်က သရက်သီးတစ်လုံး ကောက်ယူပြီး ပစ်ချတယ်ပေါ့၊ သရက်သီးကို သရက်သီးနဲ့ ပစ်ချသလို၊ ဆူးကို ဓားနဲ့ထွင်သလို၊ မြန်မာစကားပုံက ငါးကြင်းဆီနဲ့ ငါးကြင်းကြော်၊ အဲဒီပုံစံမျိုးပဲ။
မြတ်စွာဘုရားက နန္ဒမင်းသားကို ဥပါဒါန်အစွဲ ပြုတ်ဖို့ရန်အတွက် နောက်ထပ် တဏှာအာရုံအသစ်ကို ဖန်တီးပေးတယ်၊ ဒါ အင်မတန်လိမ္မာပါးနပ်တဲ့ နည်းစနစ်တစ်ခုပဲပေါ့၊ ဘယ်လိုဖန်တီးပေးတာတုန်းလို့ဆိုတော့ တာဝတိံသာနတ်ပြည် အလည်ခေါ်သွားတယ်၊ တာဝတိံသာနတ်ပြည် သွားတဲ့အခါကျတော့ သိကြားမင်းကြီး
စာမျက်နှာ-၃၆၃
ရဲ့အခြံအရံနတ်သမီးတွေက အင်မတန်ချောတယ်၊ အဲဒီအင်မတန်ချောတဲ့ နတ်သမီးတွေကို မြင်လိုက်တာနဲ့ပဲ နန်းတော်က ဇနပဒကလျာဏီကို မေ့သွားတယ်၊ ဥပါဒါန်က အဲဒီမှာတင်ပဲ ပြတ်သွားတယ်၊ တရားနဲ့ ဖြုတ်တာ မဟုတ်ဘူး၊ အာရုံအသစ်နဲ့ ပြောင်းလိုက်တာနော်။
ဇနပဒကလျာဏီထက် ရုပ်ပိုချောတဲ့နတ်သမီးတွေ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဇနပဒကလျာဏီအပေါ်မှာ စွဲနေတဲ့ ဥပါဒါန်ဟာ အလိုအလျောက် ပြုတ်သွားတယ်၊ စိတ်များ တော်တော် ထူးဆန်းတယ်နော်၊ အဲဒီဥပါဒါန်ပြုတ်သွားပြီးတော့ နတ်သမီးတွေအပေါ်မှာ တဏှာသွားဖြစ်ပြန်တယ်၊ အဲဒါ “အပတ္တဝိသယ ပတ္ထနာ” - မရသေးတာကို ပိုင်ဆိုင်ချင်တဲ့တဏှာ ဖြစ်သွားတယ်၊ မစွဲလမ်းသေးဘူး မပိုင်သေးဘူး၊ နတ်သမီးဆိုတဲ့အာရုံကို ပြလိုက်တာနဲ့ပဲ နန္ဒမင်းသားရဲ့စိတ်ထဲမှာ စွဲနေတဲ့ ဥပါဒါန်တရားဟာ အလိုအလျှောက် ပြုတ်သွားတယ်၊
ပြုတ်သွားတာမှ ဘယ်လောက်ထိအောင် ပြတ်သွားတုန်းဆိုရင် ဇနပဒကလျာဏီဟာ နတ်သမီးတွေနဲ့ ယှဉ်ပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် လမ်းမှာတွေ့ခဲ့တဲ့ သစ်ငုတ်တိုပေါ်မှာ ထိုင်နေတဲ့မျောက်အိုမကြီးလောက်အဆင့်ပဲ ရှိတော့တယ်တဲ့၊ ဒါ တဏှာလုံးဝကို မရှိတော့တဲ့သဘောပဲ၊ ဥပါဒါန်တင်မကဘူး တဏှာပါ မကျန်တော့ဘူး အကုန်ပြုတ်ထွက်သွားတာနော်၊ အဲဒါ ဆေးမီးတိုလို့ ခေါ်တယ်ပေါ့။
“ဆေးမီးတို” ဆိုတော့ တချို့က အမြီးတိုတဲ့ဆေး ထင်တယ် မဟုတ်ဘူး၊ ဆေးမြီး မဟုတ်ဘူး၊ ဆေးမယ်၊ အမယ်များ
စာမျက်နှာ-၃၆၄
တဲ့ဆေးဆိုတာ ရှိတယ်၊ အမယ်တစ်မယ်တည်းကျတော့ “ဆေးပယ်တို” ဆေးအမယ် မရှိဘူး တစ်မယ်ပဲပေါ့၊ ဘိစပ်တို့ စူလာနဖာတို့လို နေမှာပေါ့။ တစ်မျိုးတည်းဖော်တဲ့ ဆေးပေါ့နော်။
အဲဒီမှာ နတ်သမီးအာရုံကို တဏှာဖြစ်သွားတာနဲ့ တစ်ပြိုင်နက် ဇနပဒကလျာဏီအပေါ်မှာ စွဲလမ်းနေတဲ့ ဥပါဒါန်တရားသည် အလိုအလျှောက် ပြုတ်ထွက်သွားတယ်တဲ့၊ နတ်သမီးအပေါ်မှာ ဖြစ်ပေါ်လာတဲ့ တောင့်တတဲ့တဏှာကိုတော့ တရားနဲ့ ချွတ်တယ်၊ ဒီနည်းစနစ်ကို အသုံးပြုတာနော်။
ဒီနည်းစနစ်ကို မသိတဲ့ မြန်မာနိုင်ငံက မိဘတွေဟာ သားသမီးတွေနဲ့ ပတ်သက်လာလို့ရှိရင် ဒီနည်းစနစ်ကို မသုံးသည့်အကွက်ကြောင့် အိမ်က ထွက်ပြေးကြတာတို့ ကိုယ့်ကိုယ်ကို သတ်သေသွားကြတာတို့ ဖြစ်ကုန်ကြတာ၊ ဒါ ထွက်ပေါက်ပိတ်လိုက်တာကိုး။
မြတ်စွာဘုရားက ထွက်ပေါက် မပိတ်ဘူး၊ ဖွင့်ပေးလိုက်တာ၊ ဇနပဒကလျာဏီအပေါ်မှာ စွဲနေတဲ့ နန္ဒမင်းသားရဲ့စိတ်ကို မပိတ်လိုက်ဘူး၊ “နင် စွဲရမလား” လို့ဆိုပြီး တရားဖိမဟောဘူးနော်၊ လမ်းဖွင့်ပေးလိုက်တယ်၊ သူ့ထက်သာတာကို ပြလိုက်တယ်၊ ပြလိုက်တာနဲ့ သူ့ဟာသူ ထွက်ပေါက်ရသွားတယ်၊ အဲဒီကျတော့မှ တရားချတာ၊ အဲဒီနည်းစနစ်ကလေးလည်း သုံးကြည့်ဖို့တော့ ကောင်းတယ်ပေါ့။
ကိုယ့်သားသမီးက စွဲနေတာ တစ်ယောက်၊ ကိုယ်က ပိတ်ထားလိုက်တဲ့အခါ ချောင်ပိတ်ရိုက်လိုက်သလို ဖြစ်သွားပြီး ကိုယ်ထင်တဲ့အတိုင်း ဖြစ်မလာတော့ဘူးပေါ့။ အေး အဲဒါ ဥပါဒါန်နဲ့
စာမျက်နှာ-၃၆၅
တဏှာရဲ့ သဘောကို နားလည်ဖို့၊ လူ့ရဲ့စိတ်ဟာ အဲဒီလို ရှိတယ်၊ သူ့အလိုအလျှောက် ပြောင်းသွားတာ။
ဇနပဒကလျာဏီကို ချေချွတ်ပုံ
ဒါတင်လားလို့ ဆိုတော့ ဒါတင်မကသေးဘူး။ အဲဒီ နန္ဒမင်းသားရဲ့နှမတော် ဇနပဒကလျာဏီ အဘိရူပနန္ဒာကိုယ်တိုင်ကလည်း ရုပ် အင်မတန်မှ လှတယ်၊ စာထဲမှာတော့ ယသောဓရာ ပြီးရင် သူအချောဆုံးလို့ ဒီလိုပြောတာ၊ ဒီလို ရုပ်အချောဆုံးဆိုတော့ သူကလည်း သူ့ရုပ်အလှအပပေါ်မှာ အလှမာန်တက်နေတယ်။ သိပ်လှသည့်အတွက်ကြောင့် သူ့ကိုယ်သူ သူ့လောက်လှတာ မရှိဘူး ဆိုပြီးတော့ သူ့ရုပ်ပေါ်မှာ မာန်တက်နေတယ်၊ အဲဒီမာန်တက်နေတာကို မြတ်စွာဘုရားက ဘာနဲ့ကုတုန်းဆိုရင် အာရုံအသစ်နဲ့ပဲ ဖြေတယ်၊ ဒါ တရားဟောလို့ မရဘူး။ သူ့ရုပ်အဆင်းပေါ်မှာ သူ ဥပါဒါန်ဖြစ်နေတာကို သူ့ထက်လှတဲ့ ရုပ်အဆင်းတစ်ခုကို ဖန်တီးပြလိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရုပ်ပေါ်မှာ သူ စိတ်ပျက်သွားတယ်၊ ဒါလည်း ဥပါဒါန်ကို တဏှာနဲ့ ချွတ်လိုက်တဲ့နည်း တစ်နည်းပဲပေါ့နော်၊ ဆေးမီးတိုနဲ့ ကုတာ။
ခေမာမိဖုရားကို ချေချွတ်ပုံ
အဲဒီဥပမာအတိုင်းပဲ - ဗိမ္ဗိသာရမင်းကြီးရဲ့ အလွန်ချောမောလှပတဲ့ ခေမာမိဖုရား၊ ခေမာမိဖုရားကလည်း အလွန်ချောတော့ သူ့ကိုယ်သူ သူ့လောက်လှတာ မရှိဘူးဆိုပြီး အလှမာန်တက်နေတယ်၊ မြတ်စွာဘုရားက ခေမာမိဖုရားကို ချွတ်တာလည်းပဲ ဒီပုံစံ
စာမျက်နှာ-၃၆၆
ပဲ၊ ဘယ်လိုမှ တရားဟောလို့ မရဘူး၊ ၃၂-ကောဌာသတို့ အသုဘကမ္မဋ္ဌာန်းတို့ သွားဟောရင် ကျောင်းဘယ်လာလိမ့်မတုန်းနော်၊ ဘုရားစကား ဘယ်လက်ခံလိမ့်မလဲ၊ “ကိုယ်တော်ကြီးက မှိုမျှစ်ချိုး ပြောတယ်” ဆိုပြီးတော့တောင် နှုတ်ခမ်းမဲ့ရွဲ့ပြဦးမှာနော်။
မြတ်စွာဘုရားကျောင်း မရောက်ရောက်အောင် ဗိမ္ဗိသာရမင်းကြီးက သီချင်းရေးဆရာတွေကို ဝေဠုဝန်ဥယျာဉ်ကြီးရဲ့ ဘွဲ့ကို သီချင်းတွေစပ်ပြီးတော့ သီချင်းအဆိုကောင်းတဲ့ လူတွေကို နန်းတွင်းမှာ ဆိုခိုင်းလိုက်တဲ့အခါ ဝေဠုဝန်ဥယျာဉ်ကို သွားချင်စိတ်တွေ ပေါက်လာတယ်၊ အဲဒါနဲ့ ကျောင်းရောက်တာ။
ဘုရားမရှိဘူး ထင်ပြီး ကျောင်းသွားတာ ဘုရားနဲ့ တန်းတိုးတယ်၊ တန်းတိုးတဲ့အခါ မြတ်စွာဘုရားအနီးအပါးမှာ အင်မတန်ချော အင်မတန်လှပတဲ့ နိမ္မိတရုပ် အမျိုးသမီးလေး ဖန်ဆင်းထားတယ်၊ အဲဒီအမျိုးသမီးမြင်လိုက်တာနဲ့တစ်ပြိုင်နက် သူ့ရဲ့အလှအပတွေဟာ မရှိတော့ဘူး၊ စာထဲမှာ ဘယ်လောက်ထိအောင် ဆိုထားတုန်းဆို ဒေါင်းနဲ့ ကျီးကန်းလို ကွာသွားတယ်ပေါ့၊ ဒေါင်းဆိုတာ အလွန်လှတယ် မဟုတ်လား၊ သူ့ကိုယ်သူ ကျီးကန်းလို ဖြစ်သွားတယ်၊ ဟိုက ဒေါင်းဖြစ်နေတယ်၊ ဘုရားအနီးအပါးမှာ ယပ်လေခပ်နေတဲ့အမျိုးသမီးရဲ့ အလှက သူ့ကိုယ်သူ ပြန်ကြည့်လိုက်တဲ့အခါကျတော့ အဲဒီမှာ သူ့ကိုယ်သူ စိတ်ပျက်သွားတယ်၊ ဒါကလည်း သူ့ရုပ်သူ စွဲလမ်းနေတဲ့ ဥပါဒါန်ကို တဏှာနဲ့ ချွတ်ပေးလိုက်တာပဲ။ ပြီးတော့မှ တဏှာကို မြတ်စွာဘုရားက တရားနဲ့ ချွတ်ပေးတာတဲ့။
စာမျက်နှာ-၃၆၇
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က နည်းပရိယာယ်သုံးပြီးတော့ ဥပါဒါန်ကို တဏှာနဲ့ ပြန်ချွတ်ပေးတဲ့ နည်းစနစ်တွေပေါ့၊ အဲဒီလိုနည်းနဲ့ သတ္တဝါတွေကို ကယ်တင်ခဲ့တယ်၊ လမ်းမှားနေတဲ့နေရာကနေပြီးတော့ လမ်းမှန်ရောက်အောင် ဆုံးမသွန်သင်ပေးခဲ့တယ်။
အေး ဒါကြောင့်မို့လို့ တဏှာဆိုသည်မှာ မရသေးခင်တော့ လိုချင်တာ၊ ရပြီးရင် ဆုပ်ကိုင်ထားတယ်၊ ဆုပ်ကိုင်ထားပြီဆိုလို့ရှိရင် ဥပါဒါန်ဖြစ်သွားပြီလို့ ဒီလိုမှတ်ရမယ်ပေါ့။
ဥပါဒါန် ၄-မျိုး
ကဲ “တဏှာပစ္စယာ ဥပါဒါနံ” လို့ ပြောလိုက်တဲ့အခါမှာ ဥပါဒါန်က ဘယ်နှစ်မျိုး ရှိတာတုန်းဆိုတော့ ဥပါဒါန်ကို လေးမျိုးခွဲပြီးတော့ ဟောထားတယ်၊ နံပါတ်တစ်က ကာမုပါဒါန၊ နံပါတ်နှစ်က ဒိဋ္ဌုပါဒါန၊ နံပါတ်သုံးက သီလဗ္ဗတုပါဒါန၊ နံပါတ်လေးက အတ္တဝါဒုပါဒါန လို့၊ ကာမုပါဒါန်ဆိုတာ တဏှာကို ပြောတာ၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် - ဒီသုံးခုက ဒိဋ္ဌိ။
မှားယွင်းတဲ့အမြင်နဲ့ ပတ်သက်တဲ့ အယူအဆသုံးမျိုးကို ပြောတယ်၊ ဒီတော့ တရားကိုယ်အားဖြင့် ပြောမယ်ဆိုရင် တဏှာနဲ့ ဒိဋ္ဌိ၊ အဲဒီနှစ်ခုသည် အာရုံပေါ်မှာ မလွတ်တမ်း ဆုပ်ကိုင်စွဲလမ်းထားတတ်တယ်၊ လွှတ်ဖို့ အင်မတန်ခက်သည့်အတွက်ကြောင့် “ဥပါဒါနံ” လို့ ခေါ်တယ်။
စာမျက်နှာ-၃၆၈
ကာမုပါဒါန
အဲဒီမှာ ကာမုပါဒါနဆိုတဲ့ စကားလုံးကို ကာမ + ဥပါဒါန လို့ ပုဒ်ခွဲတယ်၊ ကာမဆိုတာကို နှစ်မျိုးမှတ်ရမယ်၊ “လိုချင်စရာအာရုံ” နဲ့ “လိုချင်တာ” ဒီလို နှစ်မျိုးခွဲပြီးတော့ မှတ်ရမယ်၊ ဒီနှစ်မျိုးလုံးကို ကာမဆိုတဲ့ စကားလုံးကပဲ ဖော်ပြတာပဲ၊ လိုချင်စရာအာရုံကိုလည်း ကာမလို့ခေါ်တယ်၊ လိုချင်စရာအာရုံကို လိုချင်တာလည်း ကာမပဲ။
လိုချင်စရာအာရုံကို ဝတ္ထုကာမ လို့ ခေါ်တယ်၊ လိုချင်စရာအာရုံကို လိုချင်တာကျတော့ ကိလေသာကာမ လို့ ခေါ်တယ်။
အဲဒီအဓိပ္ပါယ်နှစ်ခုနဲ့ ဥပါဒါန်နဲ့တွဲပြီးတော့ ပြောရင် - လိုချင်စရာအာရုံကို စွဲစွဲလမ်းလမ်း ဖြစ်နေတဲ့တဏှာသည် ကာမုပါဒါန၊ ဒါနံပါတ်တစ် တစ်ခုမှတ်ရမယ်၊ နောက် နံပါတ်နှစ်ကျတော့ လိုချင်စရာအာရုံကို လိုချင်တဲ့တဏှာသည်ပင်လျှင် စွဲစွဲလမ်းလမ်းဖြစ်မှု - ဥပါဒါနလို့ ဒီလိုအဓိပ္ပါယ်ရှိတယ်။
ဒီတော့ ကာမကို ဝတ္ထုကာမ၊ ကိလေသာကာမလို့ နှစ်မျိုးမှတ်ရမယ်၊ ကာမကို “ဝတ္ထုကာမ” လို့ ယူရင် - လိုချင်စရာအာရုံကို စွဲလမ်းခြင်းလို့ မှတ်၊ လိုချင်စရာအာရုံက ကာမ(ဝတ္ထုကာမ)၊ စွဲလမ်းတဲ့ ဥပါဒါနက တဏှာ၊ ဟော ဒီလိုကွဲပြားတယ် နှစ်ခု။
ကာမအရ လိုချင်တဲ့တဏှာကို ကောက်ယူတယ်၊ ဥပါဒါနကလည်းပဲ စွဲလမ်းတဲ့တဏှာကို ကောက်ယူတယ်ဆိုရင် ဒီနှစ်ပုဒ်ဟာ အရတူတယ်၊ အဲဒါကျတော့ ကာမကလည်းပဲ တဏှာကို ပြောတာပဲ၊ ဥပါဒါနကလည်း တဏှာကိုပဲ ပြောတယ်၊ အဲဒီစွဲလမ်းမှုဟာ ကာမနဲ့ပတ်သက်တဲ့ စွဲလမ်းမှု၊ လိုချင်စရာအာရုံကို လိုချင်တတ်တဲ့
စာမျက်နှာ-၃၆၉
တဏှာနဲ့ ပတ်သက်တဲ့ စွဲလမ်းမှုလို့ ဒီလိုဆိုလိုတယ်၊ တရားကိုယ်ကောက်ယူလိုက်တဲ့အခါ ခိုင်မြဲတဲ့တဏှာကိုပဲ ကာမုပါဒါနလို့ ခေါ်တယ်။
ဒိဋ္ဌုပါဒါန
တစ်ခါ ဒိဋ္ဌုပါဒါန - ဒိဋ္ဌိ + ဥပါဒါနလို့ ပုဒ်ဖြတ်၊ ဒိဋ္ဌိဆိုတာ မှားယွင်းတဲ့အမြင်၊ ဥပါဒါနဆိုတာ စွဲလမ်းတာ၊ အဲဒီမှာလည်းပဲ မှားယွင်းတဲ့အမြင်ကို စွဲလမ်းတာလား သို့မဟုတ် မှားယွင်းသောအမြင်သည်ပင် စွဲလမ်းမှုလားလို့ - ဟော ဒီလို စဉ်းစားလိုက်မယ်ဆိုရင် နှစ်မျိုးစလုံး အဓိပ္ပါယ်ရတယ်။
မှားယွင်းသောအမြင်ကို စွဲလမ်းခြင်းလို့ ဆိုလို့ရှိရင်လည်း မှားယွင်းသောအမြင်ဆိုတာက ရှေ့ပိုင်းကအမြင်၊ စွဲလမ်းခြင်းဆိုတာ နောက်ပိုင်းက မှားယွင်းတဲ့အမြင်၊ နှစ်ခုစလုံးဟာ ဒိဋ္ဌိချည်း အရကောက်တယ်ပေါ့၊ တစ်ဖန် ဒိဋ္ဌိဆိုတာ မှားယွင်းတဲ့အမြင်၊ ဥပါဒါနက စွဲလမ်းခြင်းလို့ ဆိုလို့ရှိရင် မှားယွင်းသောအမြင်သည်ပင်လျှင် စွဲလမ်းခြင်းလို့ ဒီလိုအဓိပ္ပါယ်ရတယ်။
ဒီတော့ ဒိဋ္ဌုပါဒါနဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်တာလဲ၊ ဘယ်လိုအမြင်ကို ဒိဋ္ဌုပါဒါနလို့ ခေါ်တာတုန်းလို့ဆိုတော့ “ဒသ ဝတ္ထုကာ မိစ္ဆာဒိဋ္ဌိ” တဲ့၊ အခြေခံအချက် ၁၀-မျိုးနဲ့ ပတ်သက်လာတဲ့အမြင်ကို မိစ္ဆာဒိဋ္ဌိလို့ ဒီနေရာမှာ ဆိုလိုတယ်။
ဒီအချက် ၁၀-မျိုးဆိုတာ နတ္ထိကဒိဋ္ဌိနဲ့ ပတ်သက်တယ်၊ (၁) နတ္ထိ ဒိန္နံ - လှူခြင်းတန်းခြင်းရဲ့ အကျိုးဆိုတာ မရှိဘူး၊ အကျိုး
စာမျက်နှာ-၃၇၀
ကို ငြင်းပယ်တဲ့အမြင်တစ်ခု၊ ဒါက တစ်ချက်၊ (၂) နတ္ထိ ယိဋ္ဌံ - အကြီးအကျယ်ယဇ်ပူဇော်ခြင်းရဲ့ အကျိုးဆိုတာ မရှိဘူး၊ (၃) နတ္ထိ ဟုတံ - လက်ဆောင်ပဏ္ဏာပေးတာစတဲ့ အသေးအဖွဲပေးကမ်းမှုတွေရဲ့ အကျိုးတရားဆိုတာ မရှိဘူးလို့ ဒါနနဲ့ ပတ်သက်တဲ့ အကျိုးတရားသုံးမျိုးကို ငြင်းပယ်ထားတယ်၊ နတ္ထိကဒိဋ္ဌိလို့ ခေါ်တယ်။ အကျိုးကို ငြင်းပယ်တဲ့ဝါဒ၊
နောက်တစ်ခုနံပါတ် (၄) က နတ္ထိ သုကဋဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊ သုကဋဆိုတာ ကောင်းစွာပြုအပ်တဲ့၊ ဒုက္ကဋ်ဆိုတာ မကောင်းသဖြင့် ပြုအပ်တဲ့ ကုသိုလ်အကုသိုလ်တို့ရဲ့ အကျိုးဆိုတာ မရှိဘူးလို့ အကျိုးတရားကို ငြင်းပယ်တယ်။
နံပါတ် (၅) က နတ္ထိ မာတာ - အမေဆိုတာ မရှိဘူး၊ အမေကို အသိအမှတ် မပြုတာပေါ့၊ သို့သော် အဓိပ္ပါယ်ယူတဲ့အခါကျတော့ အမေမရှိဘူးလို့ ပြောလိုတာ မဟုတ်ဘူး၊ အမေပေါ်မှာ ပြုစုလုပ်ကျွေးလို့ ကုသိုလ်ရတယ်ဆိုတာ မရှိဘူး၊ အမေကို စော်ကားလို့ အပြစ်ဖြစ်တယ်ဆိုတာလည်း မရှိဘူး၊ ဘာဖြစ်လို့တုန်း အမေကိုမှ အသိအမှတ် မပြုတာကိုး။
နံပါတ် (၆) က နတ္ထိ ပိတာ - အဖေဆိုတာ မရှိဘူး၊ အဖေကို အသိအမှတ် မပြုဘူး၊ အဖေကို အသိအမှတ်မပြုဘူးဆိုတာ အဖေအပေါ်မှာ ပြုစုလုပ်ကျွေးခြင်းကြောင့်လည်း ကုသိုလ်မရဘူး၊ စော်ကားခြင်းကြောင့်လည်း အပြစ်မဖြစ်ဘူးလို့ ဒီလိုယူဆတယ်။
နံပါတ် (၇) က နတ္ထိ အယံ လောကော - တခြားဘဝ ပရလောကမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ဒီလောကဆိုတာ မရှိဘူး၊ နံပါတ် (၈) နတ္ထိ ပရော လောကော - တမလွန်လောကမှာ ရှိ
စာမျက်နှာ-၃၇၁
နေတဲ့ပုဂ္ဂိုလ်အတွက်လည်းပဲ ဒီလောကဆိုတာ မရှိဘူး၊ တမလွန်လောကလူတွေအတွက် ဒီလောကဆိုတာ မရှိဘူး၊ ဒီလောကလူအတွက် နောက်လောကဆိုတာ မရှိဘူးလို့ ဒီလိုဆိုလိုတာ၊ ဆိုလိုတာက ကိုယ့်ဖြစ်ရာဘဝမှာပဲ ကိုယ်အဆုံးသတ်မယ်ပေါ့။ ခွေးကလည်း လူလာမဖြစ်ဘူး၊ လူကလည်း ခွေးသွားမဖြစ်ဘူးပေါ့နော်၊ တစ်ဘဝဟာ တစ်ဘဝပြီးရင် ပြီးတာပဲဆိုတဲ့ ဥစ္ဆေဒအယူအဆ။
နောက် နံပါတ် (၉) က နတ္ထိ သတ္တာ သြပပါတိကာ - သတ္တဝါတွေ သေပြီးတော့ ပြန်မွေးတယ်ဆိုတာ မရှိဘူး၊ သေပြီးရင် ပြီးတာပဲ နောက်ထပ်ဘယ်သူမှ ပြန်မဖြစ်တော့ဘူး၊ အဲဒီအယူအဆ။
နောက် နံပါတ် (၁၀) က နတ္ထိ သမဏဗြာဟ္မဏာ - သူတော်စင် သမဏဗြာဟ္မဏတွေ၊ သမ္မဂ္ဂတာ သမ္မာပဋိပန္နော - မှန်ကန်တဲ့ အကျင့်ကို ကျင့်လို့ မှန်မှန်ကန်ကန် တရားထူးတရားမြတ်တွေ ရပြီး ဟောဒီလောကကြီးရဲ့အကြောင်းကို ကိုယ်တိုင်သိပြီးတော့ မျက်မှောက်ပြုပြီး ဟောနိုင်ပြောနိုင်တဲ့ သမဏဗြာဟ္မဏဆိုတာ မရှိဘူး၊ ဘုရားဆိုတာ မရှိဘူးပေါ့။
အားလုံး မရှိဘူးဆိုတာ ၁၀-ချက်၊ အဲဒီ အခြေခံ ၁၀-ချက် ပေါ်မှာ ဒီလိုငြင်းပယ်ထားတဲ့ အယူဝါဒဟာ နတ္ထိကဒိဋ္ဌိ၊ အဲဒီ နတ္ထိကဒိဋ္ဌိကိုပဲ ဒီနေရာမှာ ဒိဋ္ဌုပါဒါနလို့ ပြောတာ၊ ဒုစရိုက် ၁၁ ပါးထဲမှာပါတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာလည်း ဒါကိုပဲ ပြောတယ်။
အဲဒီအယူဝါဒရှိတဲ့ပုဂ္ဂိုလ်ဟာ ကောင်းရာသုဂတိကို မရောက်နိုင်ဘူး၊ ကံ၊ ကံ၏အကျိုးကို ငြင်းပယ်တယ်၊ ကံ၏အကျိုးကို ငြင်းပယ်လိုက်သဖြင့် ကံကိုလည်းပဲ ငြင်းပယ်ပြီးသား ဖြစ်သွားတယ်ပေါ့။
စာမျက်နှာ-၃၇၂
အကျိုးကို ငြင်းပယ်လိုက်တာနဲ့ တစ်ပြိုင်နက် အကြောင်းကံကိုလည်း ငြင်းပယ်လိုက်ပြီးသား ဖြစ်သွားတယ်။
အဲဒီငြင်းပယ်မှုဟာ ဒီအယူအဆကို သာမန်ယူဆတာ မဟုတ်ဘူး၊ ဣဒမေဝ သစ္စံ = ဒါသာလျှင် အမှန်၊ ငါ့အမြင်ဟာ မှန်တယ်၊ မောဃမညံ = တခြားအယူဝါဒတွေဟာ အလကားပဲရှိတယ်၊ မရှိဘူးလို့ - ဟော ဒီအမြင်မျိုး မြင်လာလို့ရှိရင် အဲဒီအယူသည် ဒိဋ္ဌုပါဒါနလို့ ပြောတာ၊ မှားယွင်းတဲ့ စွဲလမ်းမှုအယူတစ်ခုပဲ။
သီလဗ္ဗတုပါဒါန
သီလဗ္ဗတုပါဒါန = သီလဗ္ဗတ + ဥပါဒါန၊ သီလဆိုတာ တိရစ္ဆာန်တွေရဲ့ အကျင့်စရိုက် အလေ့အထကို ဒီနေရာမှာ သီလလို့ ခေါ်တယ်၊ ငါးပါးသီလ၊ ရှစ်ပါးသီလကို ပြောတာ မဟုတ်ဘူး၊ အဲဒီအလေ့အထကို ဆောက်တည်တာက ဝတ၊ အဲဒီအလေ့အထကို ဆောက်တည်ကျင့်သုံးလို့ရှိရင် သံသရာက စင်ကြယ်တယ်လို့ ယူဆစွဲလမ်းတာက ဥပါဒါန။ ။
ဆိုပါစို့ - ခွေးရဲ့အလေ့အထက သီလ၊ အဲဒီခွေးရဲ့ အလေ့အထအတိုင်း လိုက်နာကျင့်သုံးဖို့ ဆောက်တည်လိုက်တာက ဝတ၊ အဲဒီဝတကို ကျင့်သုံးလို့ရှိရင် သံသရာဝဋ်ကလွတ်တယ်၊ ကိလေသာတွေက စင်ကြယ်တယ်လို့ မှားယွင်းစွာဖြစ်တာ စွဲလမ်းတာက ဥပါဒါန၊ ဒီနေရာမှာတော့ သီလဗ္ဗတုပါဒါန၊ အဲဒီ သီလ၊ ဝတပေါ်မှာ စွဲလမ်းတာတဲ့၊ ဒီအကျင့်ဟာ ကျင့်လို့ရှိရင် သံသရာဝဋ်က လွတ်တယ် သို့မဟုတ်- ကိလေသာ အာသဝေါတွေက စင်ကြယ်
စာမျက်နှာ-၃၇၃
တယ်လို့ ဆိုပြီးတော့ ဒီအယူအဆတစ်ရပ်ဟာ စွဲစွဲမြဲမြဲယူဆတယ်ပေါ့။ အဲဒါ သီလဗ္ဗတုပါဒါနလို့ ခေါ်တယ်။
အတ္တဝါဒုပါဒါန
အတ္တဝါဒုပါဒါနမှာ ဝါဒဆိုတာ ပြောစရာ၊ ဥပါဒါနဆိုတာ စွဲလမ်းစရာ၊ ပြောစရာနဲ့ စွဲလမ်းစရာဆိုတာ ဘာလဲလို့ဆိုရင် အတ္တပဲ၊ Soul လို့ ခေါ်တဲ့ ခန္ဓာကိုယ်ထဲမှာ ခန္ဓာကိုယ်ရဲ့ပိုင်ရှင် - သို့မဟုတ် - အရာခပ်သိမ်းကို ပြုလုပ်တတ်တဲ့ ကာရက၊ အကျိုးတရားတွေကို ခံစားတတ်တဲ့ ဝေဒက၊ ခန္ဓာကိုယ်ကြီးကို ပိုင်စိုးထားတယ်ဆိုတဲ့ ဒီအတ္တဟာ ခန္ဓာကိုယ်မှာရှိတယ်လို့ အဲဒီယူဆပြောဆိုမှုကို အတ္တဝါဒလို့ ခေါ်တယ်၊ အဲဒီအတ္တသည် ပြောစရာ စွဲလမ်းစရာမျိုး ဖြစ်လာသည့်အတွက်ကြောင့် ဥပါဒါန၊ အဲဒါကိုပဲ “အတ္တဝါဒုပါဒါန” လို့၊ ဒါက အဓိပ္ပါယ်တစ်မျိုး။
နောက်အဓိပ္ပါယ်တစ်မျိုးက “အတ္တ”ဆိုတာ ပြောစရာစကားအဖြစ်သာ ပြောရတာ၊ ပရမတ္ထအားဖြင့်တော့ တကယ်ရှိတာ မဟုတ်ဘူးတဲ့၊ ပြောစရာသက်သက်မျှ ဖြစ်တာကို စွဲလမ်းနေတယ်လို့ ဆိုတဲ့အဓိပ္ပါယ်နဲ့ “အတ္တဝါဒုပါဒါန” လို့ ဒီလိုအဓိပ္ပါယ်ရတယ်။
ဒီတော့ အတ္တဝါဒုပါဒါနဆိုတာ သူက သက္ကာယဒိဋ္ဌိကို ပြောတာ၊ သက္ကာယဆိုတာ ခန္ဓာငါးပါး၊ ဒိဋ္ဌိဆိုတာ ခန္ဓာငါးပါးနဲ့ ဆက်ပြီးတော့ မှားယွင်းတဲ့ အယူအဆတစ်ရပ်၊ ခန္ဓာငါးပါးမှာ မှားယွင်းတဲ့ အယူအဆတွေ ဖြစ်တယ်၊ ခန္ဓာတစ်ပါးမှာ လေးမျိုးလေးမျိုး ဆိုတော့ ခန္ဓာငါးပါးဆိုတော့ ၂၀-ဖြစ်တာပေါ့။ အဲဒါကိုပဲ သက္ကာယဒိဋ္ဌိ-၂၀ လို့ ပြောတယ်။
စာမျက်နှာ-၃၇၄
ရုပ်နဲ့ ပတ်သက်လာလို့ရှိရင် ... (အတ္တကို ငါဆိုတဲ့ စကားလုံးလေးနဲ့ပဲ ပြောရအောင်) ငါဆိုတဲ့ စကားလုံးနဲ့ ပြောမယ်ဆိုရင် “ရုပ်သည်ပင် ငါ၊ ငါသည်ပင် ရုပ်ပဲ၊ ငါဆိုတာ ဘယ်ဟာလဲ၊ ဒီရုပ်ကို ပြောတာပဲ၊ ရုပ်ဆိုတာ ငါပဲ၊ ရုပ်နဲ့ ငါ အတူတူပဲ” ရူပံ အတ္တတော သမနုပဿတိ၊ ရုပ်ကိုပဲ အတ္တလို့ ရှုမြင်လို့ရှိရင် ဒါလည်း သက္ကာယဒိဋ္ဌိတစ်ခုပဲ။
နောက်တစ်ခါ ရုပ်ကို အတ္တလို့ မရှုဘူး၊ “ရုပ်ဟာ အတ္တရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုပဲ” လို့၊ အတ္တက ဒီရုပ်ကို ပိုင်တာ၊ အတ္တက သူပိုင်တဲ့မျက်စိနဲ့ အပြင်ဘက်အာရုံကို ကြည့်တယ်၊ သူပိုင်တဲ့နားနဲ့ အသံကို နားထောင်တယ်ပေါ့။ အတ္တဆိုတာ ရှိတယ်၊ ကျန်တာက သူ့ရဲ့အသုံးအဆောင်ပစ္စည်းတွေလို့၊ မျက်စိ နား နှာ လျှာ ကိုယ် တို့က သူ့ရဲ့အသုံးအဆောင်ပစ္စည်းပေါ့။ အတ္တရဲ့ property အနေနဲ့ ဒီလိုမြင်တာက တစ်ခု၊ အမျိုးစုံပေါ့ မြင်ပုံမြင်နည်း မတူဘူးပေါ့။
နောက်တစ်ခုကျတော့ ဘယ်လိုမြင်တုန်းဆိုရင် “ရုပ်ဟာ အတ္တပေါ်မှာ တည်ရှိနေတယ်” လို့၊ အတ္တက ကြီးရင် ရုပ်က ကြီးတယ်ပေါ့၊ အတ္တက သေးရင် ရုပ်ကသေးတယ်ပေါ့၊ ဆင်ကောင်ကြီးကျတော့ အတ္တက ကြီးလို့ ရုပ်က အကြီးကြီး ဖြစ်ရတယ်ပေါ့။ ပုရွက်ဆိတ်လေးကျတော့ အတ္တက သေးလို့ ရုပ်ကလေးက သေးသေးလေး ဖြစ်တယ်ပေါ့၊ ဒီလိုယူဆတာ။
နောက်တစ်ခါ “အတ္တဟာ ရုပ်ထဲမှာပဲ တည်နေတယ်” လို့ ရုပ်ကို အတ္တရဲ့တည်ရာ location အဖြစ် သတ်မှတ်လိုက်တယ်၊ အားလုံးပေါင်းလိုက်တော့ လေးမျိုးပေါ့။
စာမျက်နှာ-၃၇၅
ရုပ်နဲ့ ပတ်သက်တာ လေးမျိုး၊ “ရုပ်ကို အတ္တလို့ ရှုမြင်တယ်။ ရုပ်ကို အတ္တရဲ့ပစ္စည်းအဖြစ် ရှုမြင်တယ်၊ ရုပ်ဟာ အတ္တမှာ ရှိတယ်လို့ ရှုမြင်တယ်၊ အတ္တဟာ ရုပ်မှာ ရှိတယ်လို့ ရှုမြင်တယ်” - မှားယွင်းတဲ့အမြင်လေးမျိုးပေါ့။
အဲဒီလိုပဲ ဝေဒနာဆိုတဲ့ ခံစားချက်နဲ့လည်း ပတ်သက်လာလို့ရှိရင် ဒီလိုပဲ မြင်တယ်၊ “ခံစားတယ်ဆိုတာ ငါပဲ၊ ငါသည်ပင် ခံစားတာပဲ” ဆိုရင် - ဟော ဝေဒနာနဲ့ အတ္တ အတူတူထားပြီး ပြောတဲ့စကားပေါ့။ “ငါ့ရဲ့ခံစားချက်” ဆို ခံစားချက်က သူ့ရဲ့ property ဖြစ်သွားတယ်၊ ဒီလိုပုံစံမျိုးနဲ့ ဝေဒနာမှာလည်းပဲ လေးမျိုး၊ သညာမှာလည်း လေးမျိုး၊ သင်္ခါရမှာလည်း လေးမျိုး၊ ဝိညာဏမှာလည်း လေးမျိုးဆိုတော့ အားလုံးပေါင်းလိုက်တဲ့အခါ-၂၀၊ အဲဒါ သက္ကာယဒိဋ္ဌိ-၂၀ လို့ ခေါ်တယ်၊ အဲဒီ သက္ကာယဒိဋ္ဌိ-၂၀ ကိုပဲ ဒီနေရာမှာ “အတ္တဝါဒုပါဒါန” လို့ ဒီလိုပြောတာ၊ ဒါလည်း စွဲလမ်းတဲ့အရာတစ်ခုပဲ။ ။
ဒီသက္ကာယဒိဋ္ဌိကတော့ တရားဓမ္မကို မကြားနာရဘူးတဲ့ ပုဂ္ဂိုလ်တွေမှာ “ပရိယုဋ္ဌာန” အနေနဲ့ ဖြစ်တယ်ပေါ့၊ တရားဓမ္မကို ကြားနာထားတဲ့ပုဂ္ဂိုလ် ရုပ်တရားနာမ်တရားတွေကို ကွဲကွဲပြားပြား သိပြီဆိုရင်တော့ ပရိယုဋ္ဌာန မဖြစ်ဘူး၊ “အနုသယ” အနေနဲ့တော့ ရှိမယ်ပေါ့။ သို့သော် သက္ကာယဒိဋ္ဌိက အနုသယအနေနဲ့ ရှိနေရုံနဲ့တော့ အပါယ်မကျဘူး၊ ဒါကြောင့်မို့လို့ သက္ကာယဒိဋ္ဌိကို “မဂ္ဂါဝရဏ” လို့ ပြောတယ်၊ မဂ်ဖိုလ်တော့ မရနိုင်ဘူး၊ သက္ကာယဒိဋ္ဌိတန်းလန်း ရှိနေလို့ရှိရင် မဂ်ဖိုလ်မရဘူး၊ သက္ကာယဒိဋ္ဌိ တဒင်္ဂပဟာန ပျောက်အောင်လုပ်နိုင်မှ မဂ်ဖိုလ်ရတယ်လို့ ဒီလိုပြောတယ်။
စာမျက်နှာ-၃၇၆
ဒါကြောင့်မို့လို့ ပူရဏကဿပတို့ မက္ခလိဂေါသာလတို့ရဲ့ တပည့်တွေလည်းပဲ နတ်ပြည်မှာ ရောက်နေတာတွေ ရှိတယ်၊ ဗကဗြဟ္မာကြီးတို့ဆိုလည်း ဗြဟ္မာပြည်ရောက်နေပြီပဲ၊ မိစ္ဆာအယူဝါဒရှိနေတာတွေပဲ၊ အဲဒီတော့ သူက သဂ္ဂါဝရဏတော့ မဟုတ်ဘူး၊ မဂ္ဂါဝရဏပဲ ဖြစ်တယ်။ (သဂ္ဂါဝရဏ = နတ်ပြည်ရောက်ဖို့ အဟန့်အကား)
ဒါကြောင့်မို့လို့ သက္ကာယဒိဋ္ဌိကို ဒုစရိုက် ၁၀-ပါးထဲက မိစ္ဆာဒိဋ္ဌိလို့ မပြောရဘူး၊ အဲဒါနဲ့ မဆိုင်ဘူး၊ ဒုစရိုက် ၁၀-ပါးထဲက မိစ္ဆာဒိဋ္ဌိက နတ်ပြည်ကို မရောက်တာ၊ နတ္ထိကဒိဋ္ဌိကမှ ဒုစရိုက် မိစ္ဆာဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိကို မိစ္ဆာဒိဋ္ဌိဆိုတာနဲ့ ရောပြီးတော့ မပြောရဘူး၊ တခြားစီ ခွဲခြားပြီးတော့ မှတ်ရမယ်။ ။
ဒီတော့ ဒီသက္ကာယဒိဋ္ဌိဆိုတာဟာ သိမ်မွေ့သွားပြီ၊ သိမ်မွေ့သွားသည့်အတွက်ကြောင့် သက္ကာယဒိဋ္ဌိ ရှိနေသော်လည်းပဲ သူက သဂ္ဂါဝရဏတော့ မဖြစ်ဘူးတဲ့၊ မဂ္ဂါဝရဏပဲ ဖြစ်တယ်။ (မဂ္ဂါဝရဏ = မဂ်ရဲ့ အဟန့်အတား)
အဲဒါကြောင့်မို့လို့ သက္ကာယဒိဋ္ဌိပယ်ဖို့ရန်အတွက် နာမရူပပရိစ္ဆေဒဉာဏ်ကနေ စပြီးတော့ ဝိပဿနာကျင့်စဉ်ကို ကျင့်ရတာ သူက ရုပ်နဲ့နာမ် ကွဲကွဲပြားပြားသိသွားပြီ၊ နောက်ဆုံး သောတာပန် ဖြစ်တဲ့အခါကျမှ သက္ကာယဒိဋ္ဌိဆိုတာ လုံးဝပျောက်သွားတာပေါ့။ အဲဒါ အတ္တဝါဒုပါဒါန်၊
ဒီဥပါဒါန်လေးမျိုးမှာ ကာမုပါဒါန်ဆိုတာကတော့ တဏှာကိုပဲ ပြောတယ်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဆိုတဲ့ ဒီသုံးမျိုးကတော့ ဒိဋ္ဌိကိုပဲ ပြောတယ်လို့ - မိစ္ဆာအယူဝါဒသုံးမျိုး၊
စာမျက်နှာ-၃၇၇
ဒိဋ္ဌိကို သုံးမျိုးခွဲပြောတာဟာ ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် သူက အဆင့်ဆင့်ရှိတာကိုး၊ အရေးကြီးဆုံးက လူ့လောကမှာ လူရယ်လို့ ဖြစ်လာပြီ - သို့မဟုတ် - သတ္တဝါတစ်ယောက်အနေနဲ့ ဖြစ်လာပြီဆိုရင် ဘာဖြစ်လာလဲဆိုရင် ကိုယ့်ဘဝအရေးကို ကိုယ်စဉ်းစားလာတယ်၊ စဉ်းစားလာတဲ့အခါမှာ လူဆိုတာ ဘဝမှာ တည်မြဲချင်လာတယ်၊ တည်မြဲချင်လာတဲ့အခါကျတော့ ဘဝမှာ တည်မြဲနိုင်တဲ့အရာလေးတစ်ခုကို စဉ်းစားစိတ်ကူးပြီးတော့ လာတယ်၊ စဉ်းစားစိတ်ကူးလာတော့ အတ္တဆိုတဲ့ အယူအဆ ပေါ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီအတ္တဟာ မြဲတယ်လို့ ယူဆလိုက်လို့ရှိရင် သဿတဒိဋ္ဌိဘက် ရောက်သွားတယ်၊ မမြဲဘူး သေပြီးတဲ့နောက် လုံးဝထာဝရပြတ်သွားတယ်လို့ ယူဆလိုက်လို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိဘက် ရောက်သွားပြန်တယ်ပေါ့။
သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိဆိုတာ အတ္တအယူဝါဒကနေ ပေါက်ဖွားလာတဲ့ အရာနှစ်ခုပဲ ဖြစ်တယ်၊ အတ္တဝါဒလက်ခံမှု မရှိဘဲနဲ့ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိဆိုတာ မဖြစ်ဘူးတဲ့၊ အတ္တအယူအဆကနေပြီးတော့ ပေါက်ပွားလာတဲ့ သဘောတရားပေါ့၊ ရုပ်နဲ့နာမ်သာ ရှိတယ်၊ အတ္တဆိုတာ မရှိဘူးလို့ ဒီလိုမြင်လိုက်တာနဲ့ တစ်ပြိုင်နက် သဿတလည်း လာစရာအကြောင်း မရှိဘူး၊ ဥစ္ဆေဒလည်း လာစရာအကြောင်း မရှိဘူးပေါ့။
အေး ကောင်းပြီ၊ နတ္ထိကဒိဋ္ဌိဆိုတဲ့ မိစ္ဆာအယူကို ပြင်းစွာ စွဲလမ်းတဲ့ ဒိဋ္ဌုပါဒါန်ဆိုတာ အင်မတန်မှ အရေးကြီးလို့ ဒုစရိုက်ထဲမှာလည်း ပါတယ်၊ ဒါ့ကြောင့် အဲဒီဒိဋ္ဌုပါဒါန်ဟာ ပိုပြီးတော့ အရာကျယ်တာ ဖြစ်လို့ “သဂ္ဂါဝရဏ = နတ်ပြည်တောင် မရောက်နိုင်
စာမျက်နှာ-၃၇၈
ဘူး” ကံရဲ့အကျိုးကို ငြင်းပယ်တာမို့လို့၊ သံသရာဝဋ်က လွတ်ဖို့ဆိုပြီးတော့ ကြိုးပမ်းလာကြတဲ့အခါမှာ အကျင့်တရားတွေနဲ့ ပတ်သက်ပြီးတော့ ဆင်ခြင်သုံးသပ်မှု မှားယွင်းတဲ့ အလေ့အထတွေကို ဆောက်တည်ပြီးတော့ ကျင့်သုံးတတ်ကြလို့ အဲဒါကျတော့ သီလဗ္ဗတုပါဒါန်၊ ခန္ဓာငါးပါးနဲ့ပတ်သက်လာတဲ့ အယူအဆနဲ့ ပတ်သက်ပြီးတော့ ပြောကြ ဆိုကြ ငြင်းကြခုန်ကြတဲ့အခါကျတော့ အတ္တဝါဒုပါဒါန်၊ ဒိဋ္ဌိကိုပဲ သုံးမျိုးခွဲပြီးတော့ ဟောတယ်။
သို့သော် လယ်တီဆရာတော်ကြီးကတော့ ဒိဋ္ဌုပါဒါန်မှာ (၆၂)ပါးသော မိစ္ဆာဒိဋ္ဌိအယူဝါဒတွေအားလုံးကိုပဲ ထည့်ပြီးတော့ ဖွင့်ပြတယ်၊ ဝိသုဒ္ဓိမဂ်မှာတော့ အခုပြောခဲ့တဲ့အတိုင်း နတ္ထိကဒိဋ္ဌိက ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတပရာမာသက သီလဗ္ဗတုပါဒါန်နဲ့ သက္ကာယဒိဋ္ဌိ ၂၀-က အတ္တဝါဒုပါဒါန်လို့ ဒါကို ဝိသုဒ္ဓိမဂ်မှာ ဒီလိုပဲ ရေးတယ်ပေါ့၊ အဲဒီဥပါဒါန်အားလုံးဟာ တဏှာကို အခြေခံပြီးတော့ ဖြစ်တာပါလို့ ဒီလို ဆိုလိုတယ်။
ဒိဋ္ဌိရဲ့ အခြေခံတရား
ဒါဖြင့် မှားယွင်းတယ်ဆိုတဲ့ ဒိဋ္ဌိဟာ မောဟကို အခြေမခံဘဲနဲ့ ဘာဖြစ်လို့ တဏှာကို အခြေခံရတာလဲ? စဉ်းစားကြည့်၊ အဘိဓမ္မာမှာ ဒိဋ္ဌိစေတသိက်ဟာ လောဘမူစိတ်နဲ့ ယှဉ်တယ်ပေါ့၊ မောဟမူစိတ်နဲ့ မယှဉ်ဘူး၊ လောဘနဲ့ပဲ ယှဉ်တွဲဖြစ်တယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ သတ္တဝါဆိုတာ ကိုယ့်အရေး ကိုယ်စဉ်းစားတာလေ၊ လူတိုင်းလူတိုင်းဟာ ကိုယ့်အရေးက နံပါတ်တစ်ပဲ၊ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားတော့ ကိုယ့်ကိုယ်ကို လုံခြုံချင်တယ်၊ ကိုယ့်ကိုယ်ကို ထာဝရ
စာမျက်နှာ-၃၇၉
မြဲချင်တယ်ဆိုတဲ့ အတွေးတွေ၊ ကိုယ်ခံစားဖို့ဆိုတဲ့ အတွေးတွေဟာ အရင်ဝင်လာတယ်၊ Selfish လို့ ခေါ်တာပေါ့နော်။
အဲဒီအတွေးဟာ ဘာ့ကြောင့်တုန်းဆိုရင် ကိုယ့်ကိုယ်ကို ချစ်လို့၊ ကိုယ့်ကိုယ်ကို စွဲလမ်းတဲ့တဏှာကို အကြောင်းပြုပြီး ဒီအယူအဆအတွေး ပေါ်လာတာ ဖြစ်တယ်၊ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ချစ်ခင်မြတ်နိုးမှုဆိုတဲ့ တဏှာကို အကြောင်းပြုပြီး ဒီမိစ္ဆာအယူဝါဒ ပေါ်လာတာ လောဘနဲ့ ယှဉ်တွဲပြီး လာတာမို့ “တဏှာပစ္စယာ ဥပါဒါန” ထဲမှာ ဒိဋ္ဌိကို ထည့်ထားတာလို့ - ဒါ ဒီလိုစဉ်းစားလို့ရတာပေါ့နော်။
ပဋ္ဌာန်းနည်း
ဒီတော့ တဏှာက တဏှာကို ကျေးဇူးပြုတယ်။ ဆိုပါစို့ - “တဏှာပစ္စယာ ဥပါဒါန”ကို ဥပါဒါန်လေးမျိုးနဲ့ ပြောတယ်၊ ကျန်တဲ့ ဥပါဒါန်တွေကို မပြောဘဲနဲ့ “တဏှာပစ္စယာ ကာမုပါဒါန” = “တဏှာဟူသောအကြောင်းကြောင့် ကာမုပါဒါန်ဖြစ်တယ်”လို့ ဒီလိုပြောမယ်ဆိုရင် ပဋ္ဌာန်းနည်းနဲ့အရ ဒီတဏှာက ကာမုပါဒါန်ကို ဘာသတ္တိနဲ့ ကျေးဇူးပြုတာတုန်းဆိုရင် ရှေ့တဏှာက အားပျော့တဲ့တဏှာ၊ နောက်တဏှာက အားကောင်းတဲ့တဏှာ၊ ရှေ့နောက်ဖြစ်သည့်အတွက်ကြောင့် ဥပနိဿယသတ္တိလို့ ပြောတယ်၊ ရှေ့မှာဖြစ်တဲ့တဏှာက ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုလိုက်လို့ နောက်တဏှာသည် ဥပါဒါန်အဆင့် ရောက်သွားတာတဲ့။
ရှေ့ရှေ့စိတ်တွေရဲ့ စွမ်းရည်သတ္တိကို နောက်နောက်စိတ်တွေက ဆက်ခံရတာဖြစ်လို့ ရှေ့ရှေ့စိတ်တွေကို အကြောင်းပြုပြီးတော့
စာမျက်နှာ-၃၈၀
နောက်နောက်စိတ်တွေက ပိုပိုပြီး ခိုင်မာ၊ ပိုပိုပြီး ရင့်ကျက်လာတာကိုး၊ ဒါ့ကြောင့် ရှေ့ရှေ့စိတ်တွေက နောက်နောက်စိတ်တွေကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ် - “တဏှာက ကာမုပါဒါန်ကို ဥပနိဿယတစ်ပစ္စည်းနဲ့ ကျေးဇူးပြုတယ်”ပေါ့။ ပဋ္ဌာန်းနည်း - “တဏှာက ဒိဋ္ဌိကို”
တဏှာက ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် လို့ဆိုတဲ့ ဥပါဒါန်တွေကိုတော့ ဘာသတ္တိတွေနဲ့ ကျေးဇူးပြုတုန်းဆိုတော့ တဏှာနဲ့ ဒိဋ္ဌိဆိုတာကျတော့ သဘာဝချင်း မတူတော့ဘူး၊ သဂြိုဟ်သရုပ်မှာ ကြည့်မယ်ဆိုရင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ်မှာဆိုရင် လောဘယှဉ်တဲ့ ဒိဋ္ဌိရှိတယ်၊ ဒီတော့ လောဘနဲ့ ဒိဋ္ဌိဟာ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်မှာ အတူတကွ ဖြစ်ကြတာ၊ အတူတကွ ဖြစ်လာတဲ့ လောဘက အတူတကွ ဖြစ်လာတဲ့ ဒိဋ္ဌိကို သဟဇာတသတ္တိ၊ ကျေးဇူးပြုနိုင်တယ်။
အပြန်အလှန်ဖြစ်သည့်အတွက်ကြောင့် အညမညသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ နိဿယသတ္တိနဲ့လည်း ကျေးဇူးပြုတယ်။ သမ္ပယုတ္တသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ပြိုင်တူဖြစ်တယ်။ ပြိုင်တူချုပ်တယ်၊ မှီရာဝတ္ထုတစ်ခုတည်း၊ အာရုံပြုရာတစ်ခုတည်း၊ တူညီတဲ့အာရုံ တူညီတဲ့မှီရာရှိလို့ သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ရှိနေခိုက်မှာ ကျေးဇူးပြုလို့ အတ္ထိသတ္တိ၊ မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတသတ္တိ။
ပဋ္ဌာန်းရှုထောင့်ကပြောလို့ရှိရင် “တဏှာပစ္စယာ ဒိဋ္ဌုပါဒါနံ” သို့မဟုတ် “တဏှာပစ္စယာ သီလဗ္ဗတုပါဒါန” “တဏှာပစ္စယာ
စာမျက်နှာ-၃၈၁
အတ္တဝါဒုပါဒါန” ဆိုတဲ့နေရာမှာ ဘာပစ္စယသတ္တိတွေနဲ့ စွမ်းရည်သတ္တိနဲ့ ပဋ္ဌာန်းနည်းအရ ကျေးဇူးပြုတယ်လို့ ပြောရမလဲလို့ဆိုရင် သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ဒီသတ္တိတွေနဲ့ ကျေးဇူးပြုတယ်လို့ ပြောရမယ်။
နောက်တစ်ဖန် ဘာပါနိုင်သေးတုန်းဆိုတော့ တဏှာလို့ဆိုတာ လောဘပဲ၊ လောဘဟာ ဟိတ်ပဲလေ၊ ဟေတု ၆-မျိုးထဲမှာ ပါတယ်၊ ဟေတုခြောက်မျိုးထဲ ပါသည့်အတွက်ကြောင့် လောဘဆိုတဲ့ဟိတ်က ဒိဋ္ဌိဆိုတဲ့ ဥပါဒါန်အား ဟေတုသတ္တိနဲ့လည်း ကျေးဇူးပြုနိုင်တယ်လို့၊ ဒီလိုအဓိပ္ပါယ်ရတယ်၊ ဒီတော့ ဟေတုသတ္တိ ထည့်လိုက်မယ်၊ ခုနတုန်းက သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ၆-ခုထဲကို ဟေတု ထည့်လိုက်လို့ရှိရင် ၇-ပစ္စည်း ဖြစ်သွားတယ်။
နောက်တစ်နည်းပြောမယ်ဆိုလို့ရှိရင် စိတ်တစ်ခုတည်းမှာ ဖြစ်တဲ့ လောဘတဏှာကနေပြီးတော့ ဒီဒိဋ္ဌုပါဒါန်ကို ကျေးဇူးပြုတာ မဟုတ်ဘူး၊ ကွဲပြားခြားနားတဲ့စိတ်မှာ ဖြစ်တဲ့ တဏှာက ဒိဋ္ဌိကို ကျေးဇူးပြုတာ၊ အတူဖြစ်တာက ကျေးဇူးပြုတာ မဟုတ်ဘူးလို့ ဒီလိုယူရင်ရော မရဘူးလားဆိုရင် ရတယ်၊ အဲဒီလို ယူလိုက်တဲ့အခါ တဏှာက ဒိဋ္ဌိကို ကျေးဇူးပြုတာ ဥပနိဿယသတ္တိလို့ ပြောတယ်။
တဏှာဆိုတဲ့ အားကြီးတဲ့မှီရာကို ရသည့်အတွက်ကြောင့် ဒိဋ္ဌိဆိုတဲ့ မှားယွင်းတဲ့ စွဲလမ်းမှုတစ်ခု ပေါ်လာရတယ်၊ ဥပနိဿယသတ္တိ အားကြီးတဲ့မှီရာတစ်ခုလို့ ဒီလိုအထောက်အကူ ဖြစ်တယ်။
ဒါ့ကြောင့်မို့လို့ ဗုဒ္ဓမြတ်စွာက ပဋိစ္စသမုပ္ပါဒ်မှာ “တဏှာပစ္စယာ ဥပါဒါန” လို့ဆိုရာမှာ ဘုန်းကြီးတို့တစ်တွေ နားလည်ရမှာ
စာမျက်နှာ-၃၈၂
က တဏှာဆိုတာ အားပျော့သေးတဲ့တဏှာ၊ ဥပါဒါနံဆိုတာ အားကောင်းတဲ့တဏှာနဲ့ မှားယွင်းတဲ့အယူအဆ ဒိဋ္ဌိ၊ ဒီနှစ်ခုကို ဆိုလိုတယ်၊ အဲဒီနှစ်ခုစလုံးဟာ တဏှာကို အခြေခံပြီး ဖြစ်တာဖြစ်သောကြောင့် တဏှာရှိနေသေးလို့ရှိရင် နောက်က ဥပါဒါန်ဆိုတာ လာမှာပဲလို့။
ဒါ့ကြောင့်မို့လို့ ပဋိစ္စသမုပ္ပါဒ်နည်းကို ပဋ္ဌာန်းနည်းနဲ့ ကြည့်ရင် စွမ်းရည်သတ္တိတွေ အသုံးပြုပြီး ကျေးဇူးပြုတယ်ဆိုတာကို သိရတယ်၊ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည့် ပဋိစ္စသမုပ္ပါဒ်၊ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်း၊ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ပဋ္ဌာန်းနည်း ဒီနှစ်ရပ်ကို ပေါင်းစပ်ပြီးတော့ သဘာဝတရားတွေရဲ့ ဖြစ်မှုကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် မိမိတို့သန္တာန်မှာ တဏှာတရားတွေ မကြီးထွားရလေအောင် ဥပါဒါန်တရားတွေ မဖြစ်ရလေအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၃၈၃
အပိုင်း (၁၂)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၃-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၂၀-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိဗိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်လင်းစံတို့၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
“ဥပါဒါနပစ္စယာ ဘဝေါ” “ဥပါဒါနပစ္စယာ ဘဝေါ” - “ဥပါဒါန်ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝလို့ ခေါ်တဲ့ ဘဝနှစ်မျိုး ဖြစ်ပေါ်လာရတယ်” ပါဠိစကားလုံး အသုံးအနှုန်းအတိုင်း ပြောမယ်ဆိုရင် “ဥပါဒါန်ကြောင့် ဘဝဖြစ်ရတယ်။”
စာမျက်နှာ-၃၈၄
ဥပါဒါန်အကြောင်းကို ရှင်းပြပြီးခဲ့ပြီ၊ ပြင်းထန်တဲ့ စွဲလမ်းတဲ့ တဏှာနဲ့ မှားယွင်းတဲ့အယူအဆ၊ ဒီသဘာဝတရားနှစ်ခုဟာ ပြင်းပြင်းထန်ထန် စွဲလမ်းတတ်သည့်အတွက် ဥပါဒါန်လို့ ခေါ်တယ်။ နှစ်သက်စရာ ကာမအာရုံတွေကို စွဲလမ်းလို့ရှိရင် ကာမုပါဒါန်လို့ ခေါ်တယ်၊ ဒါက တဏှာရာဂနဲ့ ပတ်သက်တဲ့ ဥပါဒါန်က တစ်မျိုး။
နောက် အယူဝါဒနဲ့ ပတ်သက်တဲ့ ဥပါဒါန်ကျတော့ ၃-မျိုး၊ ဒိဋ္ဌုပါဒါန (အမြင်နဲ့ ပတ်သက်တဲ့ အစွဲအလမ်း)၊ အတ္တဝါဒုပါဒါန (အတ္တဆိုတဲ့ အယူဝါဒနဲ့ ပတ်သက်တဲ့ အစွဲအလမ်း)၊ သီလဗ္ဗတုပါဒါန် (အလေ့အထကို ဆောက်တည်ကျင့်သုံးခြင်းဟာ သံသရာဝဋ်က လွတ်မြောက်ခြင်းအကြောင်းဖြစ်တယ်လို့ ဒီလိုစွဲလမ်းတဲ့ အယူဝါဒနဲ့ ပတ်သက်တဲ့ စွဲလမ်းမှု) ပေါင်း ၃-မျိုး၊ အဲဒီဥပါဒါန် ၄-မျိုးကို အကြောင်းပြုပြီး ဥပါဒါန်ရှိနေသေးသမျှ ကာလပတ်လုံး ဘဝဆိုတာ လာမှာပဲ။
ဘဝဆိုတဲ့စကားလုံးကို လူတိုင်းသိနေကြတာပဲ၊ အင်္ဂလိပ်လို ပြန်တော့လည်း ဘဝကို becoming ဖြစ်ပေါ်နေမှုလို့ ဒီလိုပြန်တယ်၊ အဲဒီတော့ ဖြစ်ပေါ်နေတာဟာ ဘာတွေဖြစ်ပေါ်နေတာလဲဆိုတာ ဘုန်းကြီးတို့ စဉ်းစားကြရမယ်။
“ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတော့ ဘဝဆိုတာ ဘာလဲ “ဘဝတီတိ ဘဝေါ” - “ဖြစ်လာတတ်လို့ ဘဝလို့ ခေါ်တယ်”၊ မြန်မာလူမျိုးတွေအဖို့ ဒီစကားလုံးဟာ ရင်းနှီးပြီးသား ဖြစ်တယ်၊ ဒါပေမယ့် of literal meaning ကို ဘုန်းကြီးတို့ မစဉ်းစားမိကြဘူး၊ သူ့ဘဝ ကိုယ့်ဘဝ - ဘဝဆိုတာ ဘာလဲလို့ မေးလို့ရှိရင် ဘဝ
စာမျက်နှာ-၃၈၅
ဆိုတာ ဘဝပဲပေါ့လို့ ပြောကောင်းပြောကြမှာပဲနော်၊ အင်္ဂလိပ်လို ပြန်တော့လည်း life (သို့မဟုတ်) becoming လို့ ပြန်တယ်။
ဘဝ၏အဓိပ္ပါယ်
ဘဝဆိုတာ ရှိနေတယ်၊ ဒီတော့ ပါဠိစာပေအနေနဲ့ ဘဝရဲ့အဓိပ္ပါယ်ကို ရှင်းပြောကြစို့၊ ဘဝကို ဝစနတ္ထပြုတယ်၊ အင်္ဂလိပ်တော့ definition ပေါ့၊ define လုပ်တယ်လို့ ခေါ်တယ်၊ definition နဲ့ ပြောမယ်ဆိုရင် “ဘဝတီတိ ဘဝေါ” - ဖြစ်လာတတ်သောကြောင့် ဘဝခေါ်တယ်။
ဒီတော့ “ဖြစ်လာတယ်”ဆိုတာ ဘာတွေဖြစ်တာတုန်းလို့ တစ်ခါထပ်ဆင့်ပြီး စဉ်းစားရမယ်၊ ဖြစ်လာတာ နှစ်မျိုးရှိလို့ ဘဝဟာ နှစ်မျိုးရှိတယ်ပေါ့၊ “ကမ္မဘဝ”တဲ့၊ လူတွေဟာ အစွဲအလမ်းတစ်ခု ရှိပြီးတော့ လုပ်ကိုင်ဆောင်ရွက်လာကြတယ်၊ စိတ်ထဲကတွေးကြံလာတယ်၊ တွေးကြံထားတဲ့အတိုင်း နှုတ်က ထုတ်ပြောတယ်၊ နှုတ်က ထုတ်ပြောရုံတင်မကဘူး၊ ကိုယ်ထိလက်ရောက် လုပ်တယ်၊ အဲဒီ အတွေး အပြော အလုပ်ဆိုတာတွေဟာ သရုပ်ထုတ်ကြည့်လိုက်တဲ့အခါကျတော့ ဒါကိုပဲ ကမ္မ - ကံလို့ ခေါ်တာပဲပေါ့။
အဓိကအကြောင်းတရားက ဘယ်သူတုန်းဆိုတော့ စေတနာပဲပေါ့၊ စေတနာကြောင့်တွေးတယ်၊ စေတနာရဲ့ လှုံ့ဆော်မှုကြောင့် နှုတ်က ထုတ်ပြီးတော့ ပြောတယ်၊ စေတနာရဲ့ လှုံ့ဆော်မှုကြောင့် ကိုယ်ထိလက်ရောက် ပြုလုပ်တယ်၊ စာလိုပြောရင် စိတ်က စပြောမယ်ဆိုရင် မနောကံ၊ ဝစီကံ၊ ကာယကံပေါ့၊ အစဉ်က အဓိကမဟုတ်ဘူးပေါ့။ ဖြစ်စဉ်နဲ့ ပြောမယ်ဆိုရင် မနောကံက စတယ်လို့
စာမျက်နှာ-၃၈၆
ပြောလို့ရတယ်ပေါ့။ စိတ်ထဲကတွေးတယ်၊ တွေးတဲ့အတိုင်း ပြောတယ်၊ အလုပ်လုပ်တယ်ပေါ့။
သို့သော် စာပေကျမ်းဂန်မှာ ဟောစဉ်အနေနဲ့ “ကာယကံ၊ ဝစီကံ၊ မနောကံ” ဒီလိုဟောတယ်၊ ဘာဖြစ်လို့ ဟောစဉ်မှာ ကာယကံကို အဓိကထားတာတုန်းဆိုရင် ကာယကံဆိုတာက ပိုပြီးထင်ရှားတာကိုး၊ ကိုယ်ထိလက်ရောက်လုပ်တယ်ဆိုတာ ပိုပြီးထင်ရှားတယ်၊ ဝစီကံဆိုတာကတော့ ကြားလိုက်တဲ့လူအတွက်သာ ထင်ရှားတာ၊ မကြားလိုက်တဲ့လူက ရှိသေးတာကိုး၊ မနောကံဆိုတာက ဖြစ်တဲ့ပုဂ္ဂိုလ်ကလွဲပြီး ကျန်တဲ့ပုဂ္ဂိုလ်က သိချင်မှသိမှာ၊ အဲဒါက ဟောစဉ်မှာ ကာယကံက သိသာထင်ရှားလို့ ပထမဆုံးထား ဟောတယ်၊ ထို့နောက်မှာ ဝစီကံကို ဟောတယ်၊ ထို့နောက်မှာ မသိသာတဲ့ မနောကံကို ဟောတယ်၊ ဖြစ်စဉ်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် မနောကံနဲ့ တွေးကြံပြီးတဲ့အခါကျတော့ ဝစီကံနဲ့ ထုတ်ပြီးတော့ ပြောတယ်၊ ကာယကံနဲ့ ပြုလုပ်တယ် ဒီလိုဆိုလို့ရတယ်ပေါ့။
ကဲ ကောင်းပြီ - ကမ္မဘဝဆိုတာ အဲဒါနဲ့ပဲ ဖြစ်လာတာပဲ၊ ကိုယ့်သန္တာန်မှာ အတွေးတွေ ဖြစ်လာတယ်၊ ပြောဆိုမှုတွေ ဖြစ်လာတယ်၊ လုပ်ကိုင်ဆောင်ရွက်မှုတွေ ဖြစ်လာတယ်၊ အဲဒီဖြစ်လာတဲ့ စေတနာနဲ့ ပတ်သက်လာတဲ့ သဘာဝတရားတွေ၊ စေတနာဦးဆောင်တဲ့ သဘာဝတရားတွေကို “ကမ္မဘဝ”လို့ ခေါ်တယ်၊ လူတွေက ဘဝ၊ ဘဝလို့ ရည်ညွှန်းနေတာတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင် ကိုယ့်ခန္ဓာနဲ့ ဆက်စပ်ပြီးတော့ ကိုယ့်ရဲ့စားဝတ်နေရေး၊ ကိုယ့်ရဲ့ပညာရေး၊ ကိုယ့်ရဲ့အရေးကိစ္စတွေကို ဘာလို့ပြောနေကြတာ များသောအားဖြင့် ဘဝဆိုတာကို ဒီလိုပဲ နားလည်ကြတယ်။
စာမျက်နှာ-၃၈၇
နိုင်ငံခြားတိုင်းပြည်တွေမှာ သူများအတွက်ချည်းပဲ လုပ်ပေးနေရတယ်၊ သူများစိတ်တိုင်းကျ နေရတယ်၊ ကိုယ့်စိတ်တိုင်းကျ မနေရဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေက ဘာပြောတုန်းဆိုတော့ "I have not my life"တဲ့၊ သူတို့ ပြောလေ့ရှိတဲ့စကားတစ်ခု၊ "I have not my life" “ငါ့ဘဝ မရှိပါဘူး” သူ့ဘဝချည်းပဲ ဖြည့်ဆည်းပေးနေရတဲ့ လူတွေက အဲဒီလို ငြီးတွားပြီးတော့ ပြောလေ့ရှိကြတယ်။
ဒါဖြင့် ကိုယ့်ဘဝဆိုတာ ဘာတုန်းဆိုတော့ ကိုယ့်စိတ်တိုင်းကျ ကိုယ်နေချင်သလို နေတယ်၊ ကိုယ်ပြောချင်သလို ပြောမယ်၊ ကိုယ်သွားချင်တဲ့နေရာ သွားမယ်၊ တချို့ကျ ကိုယ်နေချင်သလိုနေလို့ မရဘူး၊ ကိုယ်ပြောချင်သလိုလည်း ပြောလို့မရဘူး၊ ကိုယ်သွားချင်တဲ့နေရာလည်း သွားလို့မရဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ကိုယ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အလိုကျ အမြဲတမ်းငဲ့ညှာပြီးတော့ နေရတဲ့ဘဝပဲ ရှိတယ်လေ၊ အဲဒီလိုနေရတယ်ဆိုရင် လူတွေက “ငါ့ဘဝ မရှိဘူး” လို့ ဒီလိုပြောကြတာပေါ့။ ။
ဘဝဆိုတာ ကမ္မဘဝတဲ့၊ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စေတနာစွမ်းအားတွေဟာ ဒါကမ္မဘဝပဲပေါ့၊ ကုသိုလ်စေတနာတွေ ဖြစ်ရင် ကုသိုလ်ကမ္မဘဝ၊ အကုသိုလ်စေတနာတွေ ဖြစ်ရင် အကုသိုလ်ကမ္မဘဝ၊ ကိုယ့်သန္တာန်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ကိုယ့်ဟာကိုယ် အသိဆုံးပဲ၊ ကိုယ့်ဟာကိုယ် အသိဆုံးဆိုတာ သိနိုင်တယ်လို့ ပြောတာ၊ လူတိုင်းသိကြလားလို့ဆိုတော့ မသိဘူး၊ ဘာဖြစ်လို့မသိလဲဆိုတော့ ကိုယ်က သိနေတာ တခြားဟာတွေကိုပဲ သိနေတာ၊ ကိုယ့်သန္တာန်မှာ ဖြစ်နေတာကို သတိမထားသည့်အတွက်ကြောင့် အသိဉာဏ် မပေါ်လာဘူးပေါ့။
စာမျက်နှာ-၃၈၈
အေး ကောင်းပြီ “ဥပါဒါနပစ္စယာ ဘဝေါ” နံပါတ် ၁-က ကမ္မဘဝ၊ ကမ္မဘဝဖြစ်လာတယ် - သို့မဟုတ် - သူ့ကို အဓိပ္ပါယ်တစ်မျိုးနဲ့ ယူမယ်ဆိုလို့ရှိရင် ဖြစ်လာခြင်းရဲ့ အကြောင်းတရားလို့။
နောက်ဘဝတစ်ခု ရှိသေးတယ်၊ အဲဒီဘဝကို “ဥပပတ္တိဘဝ”လို့ ခေါ်တယ်၊ ဒါဘာကိုပြောတာတုန်းဆို ကံကြောင့် ဖြစ်လာတဲ့ခန္ဓာ၊ ကံကြောင့် ရလာတဲ့ခန္ဓာ၊ ဆိုပါစို့ - လူသားတွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် လူသားတွေဟာ ကုသိုလ်ကံလုပ်ခဲ့သည့်အတွက်ကြောင့် ကုသိုလ်ကံက ဖန်တီးပေးလိုက်တဲ့ လူ့ရဲ့ဘဝတစ်ခုရတယ်၊ လူ့ရဲ့ဘဝဆိုတာ ဘာတုန်း? လူ့ရဲ့ခန္ဓာပဲ၊ လူ့ရဲ့ခန္ဓာဆိုတာ ဘာတုန်း? ရုပ်ခန္ဓာကြီးရှိတယ်၊ ခံစားမှုတွေရှိတယ်၊ မှတ်သားမှုတွေရှိတယ်၊ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်တွေးတောကြံစည်မှုတွေရှိတယ်၊ အသိစိတ်တွေရှိတယ် - အဲဒီခန္ဓာ ၅-ပါး ပေါင်းစပ်ထားတဲ့ ဘဝတစ်ခုကို ဥပပတ္တိဘဝလို့ ဒီလိုခေါ်တယ်ပေါ့၊ ဥပပတ္တိဘဝကို စာက ဘယ်လိုပြောတုန်းဆို “ကမ္မာဘိနိဗ္ဗတ္တာ ခန္ဓာ” - “ကံကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာတွေဟာ ဥပပတ္တိဘဝပဲ”တဲ့။
ဥပပတ္တိဘဝဆိုတာ ကံကြောင့်ရလာတဲ့ ခန္ဓာတွေ၊ သတ္တဝါတွေမှာ ရုပ်နဲ့နာမ် ဒီနှစ်ခုရှိတယ်၊ အဲဒီရုပ်နဲ့နာမ်ကို ခန္ဓာနဲ့ ပြောတဲ့အခါ ခန္ဓာ ၅-ပါးလို့ ဒီလိုပြောတာပေါ့။ ဒီတော့ ကံကြောင့် ရလာတဲ့ ရုပ်နဲ့နာမ်လို့ ဒီလိုပြောလည်း ရတာပဲ၊ အဲဒါကို အကျယ်ချဲ့ရင် ခန္ဓာ ၅-ပါး၊ ကံကြောင့်ရလာတဲ့ အာယတန၊ ကံကြောင့်ရလာတဲ့ ဓာတ်လို့ ဒီလိုပြောလို့လည်း ရတယ်။
စာမျက်နှာ-၃၈၉
ကောင်းပြီ - ဥပပတ္တိဘဝဆိုတာ “ကမ္မာဘိနိဗ္ဗတ္တာ ခန္ဓာ” - “ကံတရားကို အခြေပြုပြီး ဖြစ်ပေါ်လာတဲ့ ခန္ဓာတွေကို ဥပပတ္တိဘဝ” လို့ ခေါ်တယ်၊ ကံတရားကို ကမ္မဘဝလို့ ခေါ်တယ်။ ကမ္မဘဝအရ စေတနာသာမက ...
အဲဒီ ကံတရား ဆိုတဲ့နေရာမှာ စေတနာတင်လားလို့ မေးလို့ရှိရင် စေတနာတင် မကဘူး၊ များသောအားဖြင့်တော့ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ဆိုတဲ့ နိဗ္ဗေဓိကသုတ္တန်မှာ ပါတဲ့ စကားလေးကို ကြည့် - စေတနာကို အဓိကထားပြီးတော့ ကံ လို့ ပြောနေကြတယ်။
သို့သော် စေတနာမဟုတ်တဲ့ ကံတွေ ရှိသေးတယ်၊ မနောကံ ၃-မျိုးမှာကြည့် - ကုသိုလ်မနောကံ၊ အကုသိုလ်မနောကံလို့ မနောကံ ၃-မျိုးစီ ရှိတယ်၊ ကုသိုလ်မနောကံဆိုတာ အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ၊ အဲဒါလည်းပဲ ကံပဲ၊ အနဘိဇ္ဈာဆိုတာ အလောဘ၊ အဗျာပါဒဆိုတာ အဒေါသ၊ သမ္မာဒိဋ္ဌိဆိုတာ အသိဉာဏ် အမောဟ၊ အဲဒီသဘာဝတရားတွေဟာ စေတနာမဟုတ်ဘူး၊ စေတနာမဟုတ်ပေမယ့် သူတို့ကို ကံလို့ ခေါ်တယ်၊ ကံဆိုတာဟာ စေတနာတင် ပြောတာ မဟုတ်ဘူးတဲ့၊ စေတနာသမ္ပယုတ္တဓမ္မ စေတနာနဲ့ ယှဉ်တဲ့ တရားအချို့ကိုလည်း ကံလို့ခေါ်တယ်။
တချို့သုတ္တန်တွေမှာဆိုရင် မဂ္ဂင် ၈-ပါးကိုလည်း ကံလို့ ခေါ်တာ ရှိသေးတယ်၊ ဗောဇ္ဈင် ၇-ပါးကိုလည်း ကံလို့ ခေါ်တယ်၊ ဆိုလိုတာကတော့ တစ်စုံတစ်ခုအကျိုးကို ထုတ်လုပ်မယ့်သဘာဝတရားတွေကို ရည်ညွှန်းပြီး ခေါ်ထားတယ်လို့ ဒီလို မှတ်ရမှာပေါ့ အေး။
စာမျက်နှာ-၃၉၀
“ငါ့ကံပဲ၊ သူ့ကံပဲ”နဲ့ ကံကို ပြောနေကြတဲ့အခါမှာတော့ လူတွေဟာ ကုသိုလ်ကံ၊ အကုသိုလ်ကံ ဒီနှစ်ခုကိုသာ သာမန်လောက်ကို ရည်ညွှန်းပြီးတော့ ပြောနေကြတယ်။
အကုသိုလ်မနောကံဆိုတဲ့ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ ဒီ ၃-ခုကိုလည်း ကံလို့ ခေါ်တာပဲ၊ အဘိဇ္ဈာဆိုတာ လောဘ၊ ဗျာပါဒဆိုတာ ဒေါသ၊ မိစ္ဆာဒိဋ္ဌိဆိုတာ ဒိဋ္ဌိ၊ အဲဒီတော့ လောဘ၊ ဒေါသ၊ ဒိဋ္ဌိဆိုတဲ့ ဒီသဘာဝတရား ၃-ခုကိုလည်း စေတနာမဟုတ်ပေမယ့်လို့ ကံလို့ ခေါ်တယ်လို့ ဒီလိုမှတ်ရမယ်။
ဒီတော့ ကမ္မဘဝဆိုသည်မှာ စေတနာနှင့်တကွ ဝေဒနာနှင့်ယှဉ်သော စေတသိက်တချို့ကိုပါ ကမ္မဘဝအရ မှတ်ယူရမယ်။ ဥပပတ္တိဘဝဆိုတာကျတော့ အဲဒီကံတရားက ထုတ်လုပ်လိုက်လို့ ရလာတဲ့ခန္ဓာကို ဥပပတ္တိဘဝလို့ မှတ်ရမယ်၊ “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတဲ့နေရာမှာ ဟောဒီဘဝနှစ်မျိုးကို ရတယ်လို့ ဒီလိုမှတ်ရမယ်။
ဘုန်းကြီးတို့ ကိုယ့်ဘဝ ကိုယ်ကြည့်လည်းပဲ ဘဝနှစ်ခု ရှိနေကြတာပဲ၊ လူတွေမှာနော် ဘဝတစ်ခုတည်း မဟုတ်ဘူး၊ သူ့မှာ ဘာဘဝတွေ ရှိတုန်းဆိုရင် ကမ္မဘဝတွေ ရှိတယ်၊ နေ့စဉ်နဲ့အမျှ တွေးကြတယ်၊ ပြောကြတယ်၊ လုပ်ကိုင်ဆောင်ရွက်ကြတယ်ဆိုတာ ဒါတွေက ကမ္မဘဝတွေပဲ၊ အတိတ်ကကံကြောင့် အခုရလာတဲ့ ခန္ဓာကြီးကျတော့ ဥပပတ္တိဘဝ၊ ဒီဘဝမှာလည်းပဲ အတိတ်ကပေးလိုက်တဲ့ ဘဝကတော့ ဥပပတ္တိဘဝ၊ အခုဆက်ပြီး လုပ်နေတာတွေက ကမ္မဘဝတဲ့၊ အဲဒီနှစ်ခုစလုံးဟာ ဥပါဒါန်တွေ ရှိနေလို့ ရှိနေရတာလို့ ဒီလိုဆိုလိုတယ်၊
စာမျက်နှာ-၃၉၁
“ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတာ ဥပါဒါန်တွေ ရှိနေလို့ ဘဝရှိနေကြရတယ်။
တစ်ခါ ဥပပတ္တိဘဝကို ထပ်ပြီးတော့ အသေးစိတ် ခွဲသေးတယ်၊ ၃၁-ဘုံနဲ့ထပ်ပြီးတော့ ခွဲကြည့်တဲ့အခါ ဥပပတ္တိဘဝကို တူရာတူရာ ပေါင်းလိုက်တယ်၊ အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေ ဘဝကြီး ၉-ပါးဆိုတာ ကြားဖူးကြလိမ့်မယ်၊ ဘဝကြီးဆိုတာ ကြီးလို့ ခေါ်တာ မဟုတ်ပါဘူး၊ ကိုယ်ရထားတဲ့ဘဝဟာလည်း ဘဝပါပဲ၊ သို့သော်လည်း ဘဝကြီး ၉-ပါးလို့ စာထဲမှာ ရေးလေ့ရှိတယ်ပေါ့၊ အခု ပြောတဲ့ဥပပတ္တိဘဝကို ၉-မျိုး ခွဲပြီးတော့ ပြောတယ်၊ ကမ္မဘဝကို ခွဲတာ မဟုတ်ဘူး၊ ဥပပတ္တိဘဝကို ခွဲလိုက်တဲ့အခါ ၉-မျိုးတဲ့။
ဘဝကြီး ၉-ပါး
အဲဒီ ၉-မျိုးက ဘာတွေတုန်းဆိုရင် နံပါတ် ၁ - ကာမဘဝ၊ ကာမဘုံ။ ကာမနဲ့ ကမ္မနဲ့ အသံချင်း နဲနဲတူတော့ ရောထွေးပြီးတော့ မှားတတ်တယ်၊ ကာမဘဝဆိုတာ အပါယ် ၄-ဘုံ၊ လူ့ပြည်၊ နတ်ပြည်တို့ ကာမရာဂနဲ့ ပတ်သက်ပြီးတော့ ဖြစ်နေတဲ့ ဘုံဘဝတွေပေါ့၊ ကာမ ၁၁-ဘုံ၊ အဲဒါတွေက ကာမဘဝ။
ကာမကို လွန်မြောက်အောင် သမထကျင့်စဉ်တစ်ခုနဲ့ ကျင့်ပြီး ကာမဆန္ဒတွေအားလုံး ကျော်လွှားသွားပြီး ဈာန်အဘိဉာဏ်ရတဲ့ပုဂ္ဂိုလ်တွေ ပျော်စံတဲ့နေရာကျတော့ နံပါတ် ၂ - ရူပဘဝနဲ့ နံပါတ် ၃ - အရူပဘဝတဲ့။
ဒီတော့ ဘဝဟာ အဆင့်လိုက် ခွဲလိုက်တဲ့အခါကျတော့ ကာမဘဝ၊ ရူပဘဝနဲ့ အရူပဘဝ၊ ရူပဘဝဆိုတာ ရူပဈာန်ကို
စာမျက်နှာ-၃၉၂
အခြေခံပြီးတော့ ရောက်ရှိသွားတဲ့ ရူပဗြဟ္မာ ၁၆-ဘုံ၊ အရူပဘဝဆိုတာ အရူပဈာန်ကို အခြေခံပြီးတော့ရတဲ့ အရူပဗြဟ္မာ ၄-ဘုံ၊ အဲဒီဗြဟ္မာဘုံတွေကို ရူပဘဝ၊ အရူပဘဝလို့ ဒီလိုခေါ်လိုက်တယ်။
အဲဒီတော့ မှတ်မှာက ၃၁-ဘုံက ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊ ဒီ ၃-ခုနဲ့ ပြောလိုက်ရင် ၃၁-ဘုံ ကုန်သွားတယ်၊ ကာမဘဝက ကာမ ၁၁-ဘုံ၊ ရူပဘဝက ရူပ ၁၆-ဘုံ၊ အရူပဘဝက အရူပ ၄-ဘုံ ပေါင်းလိုက်ရင် ၃၁-ဘုံပဲ။
တစ်ခါ ၃၁-ဘုံလုံးကိုပဲ ခြုံပြီး အသိစိတ်နဲ့ သညာနဲ့ ခွဲပြီးတော့ ဘုံ ၃-မျိုး ထပ်ခွဲပြန်သေးတယ်၊ ဒါ နောက်တစ်မျိုးထပ်ခွဲတာ၊ “သညီဘဝ၊ အသညီဘဝ၊ နေဝသညီနာသညီဘဝ” ဝိသုဒ္ဓိမဂ်မှာတော့ သညီဆိုတဲ့အသုံးကို မသုံးဘဲနဲ့ “သညာဘဝ၊ အသညာဘဝ၊ နေဝသညာနာသညာဘဝ” လို့ ဒီလိုသုံးတယ်။
ဒီလို သညာနဲ့ ခွဲရင်လည်းပဲ ၃၁-ဘုံပဲ၊ နံပါတ် ၄ - သညာဘဝဆိုတာ ပဋိသန္ဓေစိတ်မှာ အမှတ်သညာကို ဦးတည်ပြီးတော့ ပြောတာ၊ အသိစိတ်နဲ့တကွဖြစ်တဲ့ အမှတ်သညာ ပြည့်ပြည်ဝဝနဲ့ တကွဖြစ်တဲ့ ဘုံဘဝလို့ ဒီလိုပြောတာ။
နောက်တစ်ခုက နံပါတ် ၅ - အသညာဘဝ၊ အသိစိတ်၊ အမှတ်သညာ မရှိတဲ့ ဘုံဘဝတဲ့။
နံပါတ် ၆ - နေဝသညာနာသညာဘဝဆိုတာ အသိစိတ်၊ အမှတ်သညာ ရှိတယ်လို့လည်း မဟုတ်ဘူး၊ သို့မဟုတ် လုံးဝမရှိဘူးလည်း မဟုတ်ဘူးဆိုတဲ့ - ပြောရလောက်အောင် သိမ်မွေ့တဲ့ သညာသာရှိတဲ့ ဘုံဘဝလို့ ဒီလို ပြောပြန်တာ၊ ဒီတော့ နေဝသညာ
စာမျက်နှာ-၃၉၃
နာသညာဘဝဆိုတာ တစ်ဘုံတည်းပဲ၊ အရူပ ၄-ဘုံထဲက နေဝသညာနာသညာဈာန်ရဲ့ အကျိုးပေးအနေနဲ့ ဖြစ်သွားတဲ့ဘုံဟာ နေဝသညာနာသညာဘုံဘဝပဲ၊ အဲဒီဘုံဘဝမှာ အမှတ်သညာလေးဟာ မရှိဘူးလို့လည်း ပြောလို့ရတယ်၊ မရှိတာ လုံးဝမဟုတ်ဘူးလို့လည်း ပြောလို့ရတယ်၊ စကားကို နှစ်ခွပြောလို့ ရတယ်နော်။ ဒီတော့ “နေဝသညာ” “သညာ မရှိဘူး”ဆိုတာ ဘာမရှိတာလဲဆိုတော့ “ကြမ်းတမ်းတဲ့ သိသာထင်ရှားတဲ့ အမှတ်သညာ မရှိဘူး” “သိမ်မွေ့တဲ့သညာ မရှိဘူးဆိုတာတော့ မဟုတ်ဘူး၊ ရှိတယ်” ဟော သူက double negativeနဲ့ သုံးလိုက်တော့ “န အသညာ”၊
“နေဝသညာ”ဆိုတာ “အမှတ်သညာ မရှိဘူး”လို့ ပြောလိုက်တာ၊ အဲဒီစကားကို ပြန်ပြီးတော့ double negativeနဲ့ “န အသညာ” “မရှိဘူးချည်းလည်း မဟုတ်ပါဘူး” လို့ ပြန်ပြောတဲ့ စကားပဲ၊ ဘာနဲ့ ဥပမာနားလည်ရမလဲဆိုရင် မီးဖိုချောင်ထဲမှာ ဆီပုလင်း ထောင်ပြီးတော့ သုံးတဲ့အိမ်မှာ ဆိုလို့ရှိရင် ဆီဆမ်းမလို့ သို့မဟုတ် ဆီခပ်မလို့ ဆီပုလင်းကြည့်လိုက်တဲ့အခါ ဆီတွေကုန်နေတာ မြင်လို့ရှိရင် “ဆီမရှိတော့ဘူး”လို့ ပြောကြတယ်၊ “ဆီမရှိရင် အဲဒီပုလင်းထဲ ဆေးထည့်မယ်” ဆိုရင် အဲဒီကျတော့ ပြောင်းပြီးတော့ ပြောဦးမယ် - “ဟာ ဆီတွေနဲ့” လို့ ပြောဦးမယ်၊ ခုနတုန်းက “မရှိဘူး” လို့ ပြောတယ်၊ ဆေးထည့်မယ်ဆိုပြန်တော့ “ဆီရှိတယ်” လို့ ပြောပြန်တယ်ပေါ့၊ လူတွေက ဒီလိုပဲ ပြောတာနော်။
ဒီတော့ “မရှိဘူး”ဆိုတာ “သုံးလောက်အောင် မရှိတာ”ကို ရည်ရွယ်ပြီး ပြောတာ၊ “ရှိနေတယ်”ဆိုတာ “မသုံးလောက်ပေမယ့်လို့ ရှိနေတယ်” လို့ ပြောတာ၊ ဟော အဲဒီစကားမျိုးပဲ၊ နေဝသညာ
စာမျက်နှာ-၃၉၄
နာသညာရဲ့ အဓိပ္ပါယ်ကို အဲဒီလို မှတ်ရမယ်တဲ့၊ အဲဒီတော့ လုံလောက်အောင် မရှိဘူး၊ နဲနဲလေးတော့ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ အဲဒီလို သတ္တဝါမျိုးကလည်း ရှိတယ်တဲ့၊ အမှတ်သညာ လုံးဝ မရှိဘူးလို့ ပြောတာ “ကြမ်းတမ်းတဲ့အမှတ်သညာ လုံးဝမရှိဘူး၊ သိမ်မွေ့တဲ့အမှတ်သညာ မရှိတာတော့ မဟုတ်ဘူး၊ ရှိတယ်” ဆိုတဲ့ သတ္တဝါမျိုး ဘုံမျိုးက တစ်ဘုံတည်းပဲတဲ့၊ အဲဒါ အမြင့်ဆုံးအရူပဘုံမှာရှိတဲ့ သတ္တဝါ။
အသိစိတ်၊ အမှတ်သညာ လုံးဝမရှိတဲ့ဘုံ “အသညာဘဝ”ကျတော့ အသညသတ်လို့ ခေါ်တယ်၊ ရူပါဝစရဘုံထဲက ပဉ္စမဈာန်ဘုံထဲမှာ ပါဝင်တဲ့ အသညသတ်ဘုံတဲ့၊ ရုပ်ချည်းပဲ ဖြစ်တယ်၊ အဲဒါလည်း တစ်ဘုံပဲ။
ဒီတော့ ၃၁-ဘုံထဲမှာ ဒီနှစ်ဘုံ နှုတ်လိုက်တော့ ၂၉-ဘုံ ကျန်တယ်၊ အဲဒီကျန်တဲ့ ၂၉-ဘုံဟာ “သညာဘဝ” လို့ ခေါ်တယ်။ ကျန်တဲ့ဘုံတွေဟာ လူ့ဘုံက သညာရှိတယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ် ၄-ဘုံလည်း သညာရှိတယ်၊ နတ်ပြည် ၆-ထပ်လည်း အမှတ်သညာ ရှိတယ်၊ ဒါကြောင့်မို့ အဲဒီဘဝတွေကျတော့ သညာဘဝတဲ့၊ ကျန်တဲ့ ရူပ ၁၅-ဘုံနဲ့ အောက်အရူပ ၃-ဘုံဆိုတဲ့ ဗြဟ္မာဘဝတွေလည်း သညာရှိတယ်၊ ဟော ဒီလို သညာနဲ့ ခွဲလိုက်တဲ့အခါကျတော့လည်းပဲ ဘုံ ၃၁-ပဲ ရပြန်တယ်၊ ဘဝကြီး ၆-မျိုး ရှိသွားပြီနော်၊
နောက်တစ်ခါကျတော့ ဝေါကာရလို့ ခေါ်တဲ့ ခန္ဓာနဲ့ ခွဲပြန်တယ်၊ ခန္ဓာကို ဒီနေရာမှာ “ဝေါကာရ”ဆိုတဲ့ စကားလုံးကို သုံး
စာမျက်နှာ-၃၉၅
ထားတယ်၊ ဧကဝေါကာရ - ခန္ဓာတစ်ခုသာ ရှိတဲ့ဘုံ၊ စတုဝေါကာရ - ခန္ဓာ ၄-ခုရှိတဲ့ဘုံ၊ ပဉ္စဝေါကာရ - ခန္ဓာ ၅-ခုရှိတဲ့ဘုံလို့ ဆိုပြီးတော့ ဘဝကို တစ်ခါထပ်ပြီးတော့ ခန္ဓာရှုထောင့်ကနေ ကြည့်ပြီးတော့ ထပ်ခွဲလိုက်တယ်။
ဧကဝေါကာရဘဝ - ခန္ဓာတစ်ခုတည်းသာ ရှိတယ်ဆိုတဲ့ ဘုံဟာ အသညသတ်ဘုံပဲ၊ ရူပက္ခန္ဓာတစ်မျိုးပဲ ရှိတယ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတာ မရှိဘူး၊ ဒါကြောင့် ဧကဝေါကာရ - ခန္ဓာတစ်ခုသာ ရှိတယ်၊ အဲဒါက ၃၁-ဘုံထဲက တစ်ဘုံ။
နောက်တစ်ခါ စတုဝေါကာရဘဝ - ခန္ဓာ ၄-ခု ရှိတယ်ဆိုတာ အရူပ ၄-ဘုံမှာ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုတဲ့ ခန္ဓာ ၄-မျိုးပဲ ရှိတယ်၊ ရူပက္ခန္ဓာ မရှိဘူးတဲ့။ အဲဒီအရူပဘုံက ၄-ဘုံ။
၃၁-ဘုံထဲမှာ အဲဒီ ၅-ဘုံနှုတ်လိုက်တဲ့အခါကျတော့ ကျန်တာ ၂၆-ဘုံ၊ အဲဒီ ၂၆-ဘုံကို ပဉ္စဝေါကာရဘဝ - ခန္ဓာ ၅-ပါးရှိတဲ့ ဘဝ - ဒီလို သတ်မှတ်တယ်။
ပေါင်းလိုက်တဲ့အခါကျတော့ နံပါတ် ၇ - ဧကဝေါကာရဘဝ၊ နံပါတ် ၈ - စတုဝေါကာရဘဝ၊ နံပါတ် ၉ - ပဉ္စဝေါကာရဘဝ လို့ မှတ်။
ကာမ၊ ရူပ၊ အရူပ ရှုထောင့်က ခွဲတာ တစ်စု၊ သညာနဲ့ ခွဲတာ တစ်စု၊ ဝေါကာရဆိုတဲ့ ခန္ဓာနဲ့ ခွဲတာ တစ်စု၊ အားလုံးဟာ ၃၁-ဘုံကို ခွဲတာချည်းပဲ ပေါင်းလိုက်တဲ့အခါကျတော့ ၉-ခု ရှိသွားတယ်၊ အဲဒါကို ဥပပတ္တိဘဝ - ဘဝ ၉-မျိုး၊ ဘဝကြီး ၉-ပါးလို့ အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေ မှတ်ကြတယ်၊ ဘဝကြီး ၉-ပါးဆိုတာ တခြား
စာမျက်နှာ-၃၉၆
မဟုတ်ဘူး၊ အကုန်လုံး ၃၁-ဘုံက ဘဝတွေချည်းပဲ၊ တခြားဘဝ မဟုတ်ဘူး၊
လူသားတို့၏ ဘဝ
ဒီတော့ လူသားတွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဘယ်ဘဝထဲ ပါတုန်းဆိုရင် လူသားတွေဟာ “ကာမဘဝ” ထဲမှာ ပါတယ်။ “သညာဘဝ” ထဲမှာ ပါတယ်၊ “ပဉ္စဝေါကာရဘဝ” ထဲမှာ ပါတယ်ပေါ့၊ အဲဒီဥပပတ္တိဘဝတွေဟာ ဘယ်သူ့ကြောင့် ဖြစ်နေတာတုန်းဆိုရင် ခုနက “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ၊ ဥပါဒါန်ကြောင့်မို့လို့ ဒီဘဝတွေ ရထားတယ်လို့ ဒီလိုဆိုလိုတယ်နော်၊ ဥပါဒါန်ရှိနေသေးသမျှကာလပတ်လုံး ကမ္မဘဝကလည်း ဖြစ်လာဦးမယ်၊ ဥပပတ္တိဘဝတွေလည်း ဖြစ်လာဦးမယ်။
သင်္ခါရနှင့် ကမ္မဘဝ
ဘဝရဲ့သရုပ်တွေကို ရှေးဦးစွာကြည့်ပြီး “ဥပါဒါနပစ္စယာ ဘဝေါ” “ဥပါဒါန်ကြောင့် ဘဝဖြစ်လာတယ်” ဆိုတဲ့နေရာမှာ ကံကိုလည်းပဲ ယူထားတယ်၊ ကံကြောင့်ဖြစ်လာတဲ့အကျိုးတရားကိုလည်း ယူထားတယ်၊ ကံကို ယူထားတာက ကမ္မဘဝ၊ ကံကြောင့်ဖြစ်လာတဲ့အကျိုးတရားကို ယူတာက ဥပပတ္တိဘဝ၊ ဘဝနှစ်ခုစလုံး ယူတယ်။
ပဋိစ္စသမုပ္ပါဒ်မှာ စစချင်းတုန်းက “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ဆိုပြီးတော့ အဲဒီတုန်းက ဒီကံတရားကို သင်္ခါရဆိုတဲ့ နာမည်နဲ့ သုံးခဲ့တယ်၊ သင်္ခါရဆိုတာလည်း ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရဆိုတာ ဒီကံကိုပဲ
စာမျက်နှာ-၃၉၇
ပြောတာပဲ၊ အခု “ဥပါဒါနပစ္စယာ ဘဝေါ” မှာ ကမ္မဘဝကို ပြောမယ်ဆိုလို့ရှိရင်လည်း ဒီကံပဲ ပြောတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ ကံက နှစ်ထပ်ကွမ်း ပါမနေဘူးလား၊ ဒီလိုထပ်ပြီးတော့ ပြောတာဟာ အကျိုးရှိရဲ့လားလို့ မေးမြန်းစရာ ရှိလာတယ်။
အဲဒီတော့ အဖြေက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ပြောတဲ့အချိန်တုန်းက အတိတ်ဘဝက ကံတရားတွေကို ရည်ညွှန်းတာပါတဲ့၊ အတိတ်ဘဝက အကြောင်းတရား၊ ဒီဘဝ သန္ဓေစိတ်ဖြစ်ဖို့အတွက် အတိတ်ဘဝက အကြောင်းတရားကို “သင်္ခါရ”လို့ နာမည်ပေးလိုက်တယ်၊ သင်္ခါရဆိုတာ ဖန်တီးတယ်၊ တည်ဆောက်တယ်ဆိုတဲ့ အဓိပ္ပါယ်တဲ့။
သင်္ခါရကြောင့် ဒီဘဝမှာ ဝိညာဏက စပြီးတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်လို့ဆိုတာတွေ ဖြစ်မနေဘူးလား၊ ဥပါဒါန်ထိအောင် ဖြစ်လာတယ်၊ ဒီဘဝမှာ အကယ်၍ ကံတွေ ဆက်လုပ်နေဦးမယ်ဆိုရင် အလားတူ ဆက်ဖြစ်နေဦးမှာပဲ၊ ဒီဘဝမှာ ဆက်လုပ်နေတဲ့ကံတွေကို ပြောချင်တဲ့အခါကျတော့ “ဘဝ”ဆိုတဲ့ စကားလုံးနဲ့ပဲ ပြောလိုက်တယ်၊ ဒီဘဝမှာ ကံတွေ ဆက်လုပ်နေသေးတယ်၊ ဒီဘဝလုပ်နေတဲ့ကံက နောင်ဘဝဖြစ်ဖို့အတွက်၊ အဲဒါကြောင့်မို့လို့ “ဘဝပစ္စယာ ဇာတိ” လို့ လာဦးမယ်၊ ဒီတော့ နောင်ဘဝအတွက် ပဋိသန္ဓေအကျိုးပေးမယ့် ဒီဘဝမှာလုပ်နေတဲ့ ကံတွေကို ရည်ညွှန်းပြီးတော့ ဒီနေရာမှာ “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ဒီလို ထပ်ပြောတာပါတဲ့။
ဆိုလိုတာက ဒီပဋိစ္စသမုပ္ပါဒ်ဟာ သုံးဘဝကို ရှင်းပြတဲ့ စကား၊ သို့သော် ဒီပဋိစ္စသမုပ္ပါဒ်ကို အယူဝါဒတစ်မျိုး ရှိကြသေး
စာမျက်နှာ-၃၉၈
တယ်၊ “ပဋိစ္စသမုပ္ပါဒ်ဟာ တစ်ဘဝတည်းနဲ့ သက်ဆိုင်တယ်၊ သုံးဘဝ ရှင်းပြတယ်ဆိုတာ မဟုတ်ဘူး”လို့ အင်္ဂလိပ်လိုရေးတဲ့ စာအုပ်တစ်အုပ်မှာ အဲဒီလိုရေးထားတာ ရှိတယ်၊ တချို့ကလည်း ဒါကို ယုံကြည်တယ်၊ ဘဝမကြိုက်တဲ့ပုဂ္ဂိုလ်တွေပေါ့လေ၊ မကြိုက်ဘူးဆိုတာလည်း နိဗ္ဗာန်လိုချင်လို့ ဘဝမကြိုက်တာ မဟုတ်ဘူးပေါ့၊ တချို့က အတိတ်ဘဝ မယုံတာ ရှိတယ်၊ အနာဂတ်ဘဝ မယုံတာ ရှိတယ်၊ ဘဝကို မယုံတဲ့ပုဂ္ဂိုလ်တွေက ပဋိစ္စသမုပ္ပါဒ်ကို ဒီဘဝနဲ့သာ သက်ဆိုင်တယ်လို့ ဒီလိုပြောတယ်။
ထိုင်းနိုင်ငံက ဘုန်းကြီးတစ်ပါးရေးထားတဲ့ စာအုပ်တစ်အုပ်မှာ ဆိုထားတယ်၊ ရှင်မဟာဗုဒ္ဓဃောသရေးတာတွေ မှားတယ်ဆိုပြီး ဝေဖန်ရေးထားတာတွေ ရှိတယ်၊ သူက ပဋိစ္စသမုပ္ပါဒ်က ဒီဘဝနဲ့သာ သက်ဆိုင်တယ်၊ နောင်ဘဝနဲ့ မဆိုင်ဘူး၊ အဲဒီလို ဆိုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်က ဒီဘဝနဲ့သာ သက်ဆိုင်တယ်၊ အတိတ်နဲ့လည်း မဆိုင်ဘူး၊ အနာဂတ်နဲ့လည်း မဆိုင်ဘူး၊ သံသရာက ပြတ်နေတာပေါ့။
မြတ်စွာဘုရားဟောလိုတာက ပဋိစ္စသမုပ္ပါဒ်ဆိုတာ အကြောင်းအကျိုးဆက်နွယ်ပြီးတော့ သံသရာလည်နေပုံကို ဟောတာ၊ အကြောင်းတရားတွေကို ပြောချင်တာ၊ ဒါကြောင့်မို့ အဝိဇ္ဇာနဲ့ သင်္ခါရဟာ အတိတ်နဲ့ ပတ်သက်တယ်လို့ ဒီလိုဟောပြီးတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ - ဒါတွေက ပစ္စုပ္ပန်ဘဝနဲ့ သက်ဆိုင်တယ်၊ ဇာတိကျတော့ အနာဂတ်နဲ့ သက်ဆိုင်တယ်လို့ ဒီလိုသွားတာ။
စာမျက်နှာ-၃၉၉
အဲဒီလို သွားတော့ သုံးဘဝကို ရှင်းပြမှ သံသရာဆိုတာ ရှိတယ်၊ နို့မို့ဆိုရင် သံသရာမရှိဘူးဆိုတဲ့ အဓိပ္ပါယ် ရောက်သွားမယ်။ ဒီအကြောင်းအကျိုးတွေ ဆက်စပ်နေသည့်အတွက်ကြောင့် သံသရာထဲမှာ ဒုက္ခကြီးဟာ ဆက်နေဦးမှာပဲလို့ဆိုတဲ့ အဓိပ္ပါယ်ကို ရှင်းပြတယ်၊ နိဂုံးမှာ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော” ဆိုပြီးတော့ ဟောတာ၊ ဒုက္ခလို့ နာမည်ပေးထားတဲ့ ဘဝကြီးဟာ ဟောဒီအကြောင်းတွေ ဆက်စပ်ပြီးတော့ ဖြစ်ပေါ်နေသည့်အတွက်ကြောင့် စဉ်ဆက်မပြတ် ဒီဒုက္ခကြီးဟာ ဖြစ်ပေါ်နေဦးမှာပဲတဲ့၊ အဲဒါကို ပြတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းပဲ မြတ်စွာဘုရားက နည်းပေးထားတယ်၊ “အဝိဇ္ဇာယတွေဝ အသေသဝိရာဂ နိရောဓာ” ပဋိလောမပဋိစ္စသမုပ္ပါဒ်မှာ ဟောတယ်။
အဝိဇ္ဇာကို “အသေသဝိရာဂ နိရောဓ”ဆိုတာ ဝိရာဂဆိုတာ ဒီနေရာမှာ မဂ်ကို ပြောတာ၊ အဲဒီမဂ်စိတ်နဲ့ အကြွင်းအကျန်မရှိအောင် အဝိဇ္ဇာကို ဖြတ်လိုက်နိုင်ပြီဆိုရင် အဝိဇ္ဇာ မရှိတော့ဘူး၊ အဝိဇ္ဇာ မရှိရင် သင်္ခါရ မရှိနိုင်ဘူး၊ သင်္ခါရ မရှိရင် ဝိညာဏ မရှိတော့ဘူး၊ ဝိညာဏ မရှိရင် နာမရူပ မလာတော့ဘူး၊ နာမရူပမှ မရှိရင် သဠာယတနဆိုတာ မလာဘူး၊ သဠာယတနမှ မရှိရင် ဖဿ မလာဘူး၊ ဝေဒနာ မလာဘူး၊ တဏှာ မလာဘူး၊ ဥပါဒါန် မလာဘူး၊ ဘဝဆိုတာ မလာဘူးဆိုတာ အားလုံးဟာ စဉ်ဆက်ပြတ်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ရှင်းပြတယ်နော်။
အဲဒီလို မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်ကို အတိတ်ရယ် အနာဂတ်ရယ် ပစ္စုပ္ပန်ရယ် ကြောင်းကျိုးစဉ်ဆက်ဖြစ်ပေါ်နေမှုတွေကို ရှင်းပြတယ်၊ ဒီတော့ ဘုရားဟောတဲ့ တရားပေမယ့်လို့ အယူ
စာမျက်နှာ-၄၀၀
အဆလွဲသွားလို့ မှားယွင်းတဲ့အမြင်တစ်ခုဟာ ဖြစ်ပေါ်လာရင် အတော်မှ အန္တရာယ်ကြီးတယ်ပေါ့။ မြတ်စွာဘုရားလက်ထက်ကလည်းပဲ မှားယွင်းတဲ့အယူရှိတဲ့ပုဂ္ဂိုလ်တွေက ဘုရားဟောတာလို့ပဲ ထောက်ပြကြတာပဲ၊ သာတိရဟန်းတို့ဆိုရင် ဘုရားဟောတဲ့တရား သူနားလည်တဲ့အတိုင်း ပြောရမယ်ဆိုရင်တဲ့ “ဟောဒီဝိညာဏ်လေး သည်ပင် တစ်ဘဝကနေ တစ်ဘဝ ကူးနေတာ”လို့ ဒီလိုပြောတာပဲ။
တရားဓမ္မနဲ့ ပတ်သက်တဲ့ အယူအဆ
ဒါကြောင့် တရားတွေ ဖတ်ရင်းဖတ်ရင်းကနေပြီးတော့ မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်သေးတယ်ဆိုတာ သတိထားဖို့ပဲ၊ အယူအဆ မတတ်ဘူးဆိုရင် မှားယွင်းတဲ့အတွေးအခေါ်တစ်ခု ဝင်သွားတတ်တယ်၊ ဝင်သွားရင် မိစ္ဆာဒိဋ္ဌိ၊ မှားယွင်းတဲ့အမြင် ဖြစ်တတ်တယ်၊ ဥပမာ - ပဋိစ္စသမုပ္ပါဒ်ကို သုံးဘဝနဲ့ မပတ်သက်ဘူး၊ တစ်ဘဝတည်းသာ ဟောတာလို့ ဒီအယူအဆကိုတင်ပြရင် မိစ္ဆာဒိဋ္ဌိ ဖြစ်သွားမယ်၊ အဲဒါမျိုးက မြတ်စွာဘုရားကို စွပ်စွဲရာလည်း ရောက်တယ်၊ အဲဒါကြောင့် တရားဓမ္မနဲ့ ပတ်သက်ပြီး အလွန်သတိထားရမယ်၊ မှားမှားယွင်းယွင်းတွေ မဖြစ်စေချင်ဘူး၊ ကိုယ့်အယူအဆ အတွေးအခေါ်တွေက မှားယွင်းသွားတတ်တယ်၊ အဲဒီမှားယွင်းမှု မဖြစ်စေဖို့ ဘက်စုံကြည့်တတ်ရတယ်။
အေး ကောင်းပြီ - “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတာ ဒီနေရာမှာ ယုတ္တိလည်း ရှိတယ်၊ သဘာဝလည်း ကျတယ်၊ လူတွေဟာ ဥပါဒါန်စွဲလမ်းမှုကြောင့် ဘဝမှာတွေးကြတယ်၊ ကြံကြတယ်၊ ပြောကြတယ်၊ ဆိုကြတယ်၊ ကံတရားတွေ လုပ်နေကြတယ်၊ အဲဒီကံ
စာမျက်နှာ-၄၀၁
တရားတွေ လုပ်နေခြင်းသည်ပင်လျှင် နောင်ဘဝဖြစ်ဖို့ရာအတွက် “ဘဝပစ္စယာ ဇာတိ” ဖြစ်တော့မှာပေါ့၊ အခုဘဝ လူတိုင်းလူတိုင်းဟာ အိပ်ချည်းနေတာမှ မဟုတ်တာပဲ၊ အချိန်မရွေး ဘာတွေ ဖြစ်နေတာတုန်းလို့ မေးလို့ရှိရင် လူတွေရဲ့ သန္တာန်မှာ ကံတရားတွေ ဖြစ်နေတာပဲ၊ အဲဒါ accumulation ကံတရားတွေဟာ လူတွေရဲ့စိတ်ထဲမှာ စုမိဆောင်းမိ ဖြစ်လာတယ်။
ပုထုဇဉ်တို့၏ အတွေး
ကြည့်လေ - မနက်မိုးလင်းတဲ့ အချိန်ကစပြီး မျက်လုံးလေး နှစ်လုံးဖွင့် အိပ်ရာက နိုးလိုက်တာနဲ့ သွားပြီ၊ အဲဒီတော့ ကိုယ့်ကိုယ်ကိုလည်း ဆန်းစစ်ကြည့် - “ငါတွေးတဲ့အတွေးဟာ အကောင်းတွေးလား၊ အဆိုးတွေးလား” ဆန်းစစ်ဖို့ လိုတယ်ပေါ့ ဘာက စတွေးတာတုန်းလို့ ကိုယ့်ကိုယ်ကို မေးကြည့်လိုက်ပေါ့၊ မနက်မိုးလင်းရင် ဘာက စတွေးလဲ၊ အဲဒီအတွေးဟာ လောဘနဲ့တွေးသလား၊ ဒေါသနဲ့တွေးသလား၊ မောဟနဲ့တွေးသလား၊ မာန်မာနတွေနဲ့တွေးသလားလို့ဆိုတဲ့ အတွေးတွေကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေနဲ့တွေ့ပြီဆိုလို့ရှိရင် အဲဒါ အကုသိုလ်ဖြစ်တာပဲ၊ အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ကုသိုလ်စိတ်တွေနဲ့တွေးတဲ့အခါ ကုသိုလ်ဖြစ်တာပေါ့။
သတ္တဝါတွေဟာ များသောအားဖြင့် နိုးလာတဲ့အချိန်က စပြီးတော့ တွေးလိုက်တာ ညအိပ်ရာဝင်တဲ့အထိပဲ၊ အိပ်ပျော်သွားမှ ရပ်သွားတယ်၊ အဲဒီတွေးသမျှ အတွေးတွေဟာ ကုသိုလ်ဆိုရင်လည်း ဖြစ်မယ်၊ အကုသိုလ်ဆိုရင်လည်း ဖြစ်မယ်၊ ဒီနှစ်ခုက ရှောင်တိမ်းလို့
စာမျက်နှာ-၄၀၂
ရရဲ့လား၊ မရဘူး၊ ကိုယ်တွေးနေတဲ့ အတွေးသည် ကုသိုလ်တွေးတာတွေလည်း ဖြစ်မယ်၊ အကုသိုလ်တွေးတာတွေလည်း ဖြစ်မယ်။
ရဟန္တာတို့၏ အတွေး
ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်တွေလည်း မတွေးဘူးလားဆိုတော့ တွေးတယ်၊ သို့သော် ရဟန္တာပုဂ္ဂိုလ်တွေက လောဘနဲ့ မတွေးဘူး၊ ဒေါသနဲ့ မတွေးဘူး၊ မောဟနဲ့ မတွေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လောဘ၊ ဒေါသ၊ မောဟတွေက သူတို့သန္တာန်မှာ မရှိတော့ဘူး၊ လောဘ၊ ဒေါသ၊ မောဟဆိုတာက လုံးဝချုပ်ငြိမ်းသွားပြီ။ ချုပ်ငြိမ်းသွားသည့်အတွက်ကြောင့် သူတို့တွေးသမျှ အတွေးသည် အလောဘနဲ့တွေးရင်တွေးမယ်၊ အဒေါသနဲ့တွေးရင်တွေးမယ်၊ အမောဟနဲ့တွေးရင်တွေးမယ်၊ ဒါမျိုးနဲ့ပဲတွေးလို့ ရတော့တာပေါ့။
ရဟန္တာတို့ ပြုသမျှသည် ကံမမြောက်
ဒီတော့ သူတို့တွေးတဲ့ အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ အတွေးတွေက ကံဖြစ်သလားလို့ဆိုတော့ ကံမဖြစ်ဘူး၊ ဘာဖြစ်လို့တုန်းဆိုရင် ကံရဲ့အဖော်သဟဲ အဓိကအကြောင်းတရားတွေ၊ ကံအကျိုးပေးဖို့ အဓိကအကြောင်းတရားတွေက ကိလေသာတွေ ဖြစ်တယ်၊ ကိလေသာတွေကမှ ကံဖြစ်ဖို့ရာအတွက် အားပေးတယ်။
“အဝိဇ္ဇာပစ္စယာ သင်္ခါရာ” မှာ အဝိဇ္ဇာဆိုတာ ကိလေသာ၊ “ဥပါဒါနပစ္စယာ ဘဝေါ” မှာ တဏှာတို့ ဥပါဒါန်တို့ဆိုတာ ကိလေသာ
စာမျက်နှာ-၄၀၃
တွေလေ၊ အဲဒါတွေနဲ့လာမှ ကံဆိုတာ လာတာ၊ ရဟန္တာတွေရဲ့ သန္တာန်မှာ ကိလေသာတွေ အမြစ်ပြတ်နေသည့်အတွက်ကြောင့် သူတို့တွေးတဲ့အတွေးဟာ သန့်ရှင်းတဲ့အတွေးမျှသာ ဖြစ်တယ်၊ ကံမျိုးစေ့ မပါဘူး၊ ဒါကြောင့်မို့ “ကြိယာ”လို့ ခေါ်တာနော်၊ ကြိယာဆိုတာ ပြုခြင်းသက်သက်ပဲ။
ဘာနဲ့ ဥပမာတူတုန်းဆိုလို့ရှိရင် သရက်ပင်ကြီးတစ်ပင် အပွင့်တွေ ပွင့်နေတယ်၊ ပွင့်နေတဲ့အချိန်မှာ ရေသောက်မြစ်ကို ဖြတ်လိုက်မယ်လို့ ဆိုလို့ရှိရင် အဲဒီသရက်ပင်က အပွင့်တွေကနေ အသီးသီးဦးမလား၊ ရေသောက်မြစ်နဲ့ အလားသဏ္ဌာန်တူတဲ့ ကိလေသာတွေကို ဖယ်လိုက်တဲ့ ရဟန္တာပုဂ္ဂိုလ်ရဲ့စိတ်က ဖြစ်ပေါ်လာတဲ့ နေ့စဉ်ပြောနေတဲ့ လှုပ်ရှားမှုတွေဟာ ဒီအဖူးအပွင့်တွေ ဖြစ်သွားပြီ၊ အဖူးအပွင့်တွေ ဖြစ်ရာကနေ အသီးဆိုတာ မလာတော့ဘူးပေါ့။ ဒီလိုဆိုလိုတာပေါ့။
ရဟန္တာပုဂ္ဂိုလ်တွေလုပ်သမျှ အကုသိုလ် မလုပ်ဘူး၊ ကုသိုလ်တွေတော့ လုပ်တယ်၊ ရှင်သာရိပုတ္တရာ တရားဟောတယ်၊ မကျန်းမာတဲ့ပုဂ္ဂိုလ်တွေကို ပြုစုစောင့်ရှောက်တယ်၊ ကျန်တဲ့ရဟန္တာပုဂ္ဂိုလ်တွေလည်း ကောင်းတဲ့အလုပ်တွေကို လုပ်ကြတယ်၊ အဲဒါတွေဟာ သာမန်ကြည့်ရင် ကုသိုလ်လို့ ပြောရမယ်၊ သို့သော် ကုသိုလ်လားဆိုတော့ မဟုတ်တော့ဘူး၊ ကြိယာ - ပြုကာမျှပဲဆိုတဲ့အဓိပ္ပါယ် ရသွားတယ်၊ အဲဒါ ဘာ့ကြောင့် ဒီလိုခေါ်ရလဲဆိုလို့ရှိရင် ကံကို ဆက်စပ်ပေးနိုင်မယ့် ကိလေသာတွေ မရှိတော့လို့ - ဒီလိုပြောရမယ်၊ အေး ဒါကြောင့်မို့လို့ ကိလေသာနဲ့တွဲဖက်မှ ကံဆိုတာက ဖြစ်
စာမျက်နှာ-၄၀၄
တာဖြစ်လို့ ရဟန္တာပုဂ္ဂိုလ်တွေအားလုံးတွေးသမျှဟာ အပြစ်ကင်းတဲ့တွေးတောမှုတွေသာ ဖြစ်တယ်။
ပုထုဇဉ်တို့ ပြုသမျှသည် ကံမြောက်၏
ပုထုဇဉ်တွေကျတော့ တွေးသမျှတွေမှာ အပြစ်မကင်းတာက ပိုများတာပေါ့၊ အေး တွေးတာက အပြစ်မကင်းဘူးဆိုရင် ပြောတာ အပြစ်ကင်းနိုင်ပါ့မလား၊ မကင်းနိုင်ဘူး၊ ပြောတာက အပြစ်မကင်းဘူးဆိုရင် လုပ်တာလည်း အပြစ်မကင်းနိုင်တော့ဘူးပေါ့။ ဒီတော့ ကိုယ့်ရဲ့လှုပ်ရှားမှု၊ ကိုယ့်ရဲ့ပြောဆိုမှုတွေဟာလည်းပဲ အကုသိုလ်ဝစီကံ၊ အကုသိုလ်ကာယကံတွေ ဒီလိုဖြစ်လာတတ်တယ်၊ ဒီဘဝမှာ ကံတွေဟာ ကိုယ့်သန္တာန်မှာ accumulate စုမိဆောင်းမိတွေ ဖြစ်လာတယ်၊ စုမိဆောင်းမိတယ်ဆိုတာ အသီးသီးလာတာပဲ၊ အသီးလေးက သီးသီးချင်းတော့ သူက အားမရှိသေးဘူးပေါ့၊ အချိန်တန်လို့ ရင့်ကျက်လာပြီဆိုရင် အစေ့ကလေးထွက်လာပြီး နောက်အပင်ပေါက်ဖို့ အဆင်သင့်ဖြစ်လာပြီး၊ ကံရဲ့ သဘောက အဲဒီအတိုင်းပဲပေါ့၊ မျိုးစေ့လေးတွေနဲ့ အလားသဏ္ဌာန်တူတယ်၊ အပင်ပေါက်ဖို့ အနေအထားမျိုး ရင့်ကျက်ပြီးတော့ လာပြီဆိုရင် သူက မျိုးစေ့တစ်ခုကို ထုတ်လုပ်တယ်။
အေး ဒါ့ကြောင့်မို့ ဒီမှာ “ဥပါဒါနပစ္စယာ ဘဝေါ” နေ့စဉ်နှင့်အမျှ ဘုန်းကြီးတို့တစ်တွေရဲ့ သန္တာန်မှာ ကံတရားတွေ စုမိဆောင်းမိနေတယ်၊ ပစ္စုပ္ပန်ဘဝမှာ ကံတရားတွေ စုမိဆောင်းမိဖြစ်နေခြင်းသည် နောင်ဘဝတစ်ခုအတွက် စုဆောင်းနေတာနဲ့ အလားတူတယ်၊ ယခုနှစ်မှာ သရက်ပင်ကြီးက သရက်သီးတွေ သီးနေ
စာမျက်နှာ-၄၀၅
တယ်၊ အဲဒီသရက်သီးတွေ ရင့်လာပြီးတော့ ဒီနှစ်သရက်စေ့လေးက နောင်နှစ်အခါကျတော့ အပင်ပေါက်ဖို့အတွက် ဖြစ်နေတယ်ပေါ့။ ဒီလိုဆိုလိုတာ၊ အခုဘဝမှာ ပြုထားတဲ့ ကံတရားတွေက နောက်ဘဝတွေအတွက် ဒါမျိုးဆက်အသစ်တွေ ဖြစ်လာပြန်တယ်ပေါ့၊ အဲဒီလိုနဲ့ ကံတရားတွေဟာ ဘုန်းကြီးတို့တစ်တွေရဲ့သန္တာန်မှာ အများကြီး ဖြစ်လာကြတယ်။
“ကိလေသနိရောဓာ ကမ္မနိရောဓော”
အဲဒီတော့ အများကြီးဖြစ်လာတဲ့ ဒီကံတွေ မကုန်ဘဲနဲ့ သံသရာဝဋ်က ဘယ်လိုလုပ်လွတ်နိုင်မလဲဆိုတော့ ကံကို ကုန်အောင် လုပ်လို့ မရဘူး၊ ကံဆိုတာ လုပ်ပြီးသွားပြီလေ၊ လုပ်ပြီးသွားတဲ့အရာတစ်ခုကို သွားဖျက်ဆီးလို့ ဘယ်ရတော့မလဲ၊ ပြီးနေပြီပဲ၊ ပြီးနေတဲ့အခါကျတော့ တကယ်က အဲဒီကံတွေ အကျိုးပေးလို့မရအောင် ဘာလုပ်ရမတုန်းဆိုတော့ ကိလေသာကိုပဲ ပယ်ရတယ်၊ မသိတာ သိအောင် လုပ်ရမယ်၊ တွယ်တာတာတွေကို ဖြုတ်ရမယ်၊ ဒေါသတွေကို မေတ္တာနဲ့ ဖလှယ်ရမယ်ပေါ့။ အဲဒီတော့ လောဘ၊ ဒေါသ၊ မောဟတွေကို ဖယ်ရှားပစ်ခြင်းဟာ ကံအသစ်တွေ မဖြစ်ဖို့၊ ကံတွေအကျိုးပေးဖို့ အခွင့်အလမ်း မရှိအောင် လုပ်တာနဲ့ တူတူပဲပေါ့။
ဒါကြောင့်မို့လို့ တရားဓမ္မ နာနေတဲ့အချိန်မှာ လောဘတွေ မဖြစ်ဘူး၊ ဒေါသတွေ မဖြစ်ဘူး၊ မောဟတွေ မဖြစ်ဘူးဆိုလို့ရှိရင် ဒီတရားနာခြင်းသည် လောဘ၊ ဒေါသ၊ မောဟတွေကို ဖယ်ရှားတဲ့သဘောပေါ့။ အဲဒီဖယ်ရှားနေတဲ့ သဘောလေးဟာ အခုချိန်မှာ
စာမျက်နှာ-၄၀၆
အကုသိုလ်ကံတွေ ကိလေသာတွေ မဖြစ်သည့်အတွက်ကြောင့် ကံအကျိုးပေးမှုတွေကို အားပျော့သွားအောင် လုပ်နေတာနဲ့ တူတယ်။ ဒီလိုဆိုလိုတာပေါ့နော်၊ နည်းလမ်းက ဒါပဲ၊ ကံကို ပယ်ရမှာ မဟုတ်ဘူး၊ ပယ်ရမှာက ကိလေသာ။
ဆိုပါစို့ - “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” မှာ အဝိဇ္ဇာကို ဖယ်ရမှာ၊ သင်္ခါရကို ဖယ်လို့ မရဘူး၊ အဝိဇ္ဇာကို ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက် သင်္ခါရကလည်း ဖယ်ပြီးသား ဖြစ်သွားတာပဲ၊ တဏှာ၊ ဥပါဒါန်၊ ဘဝဆိုတဲ့နေရာမှာလည်းပဲ တဏှာနဲ့ ဥပါဒါန်ကို ဖယ်ရမှာ၊ တဏှာနဲ့ ဥပါဒါန်ကို ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကမ္မဘဝဆိုတာကလည်းပဲ အကျိုးပေးလို့ မရတော့ဘူးပေါ့၊ ဒါကြောင့်မို့ “ကိလေသနိရောဓာ ကမ္မနိရောဓော” တဲ့၊ “ကိလေသာချုပ်သွားလို့ရှိရင် ကံတရားတွေလည်း ချုပ်တာပါပဲ” တဲ့။
“ကံကုန်တယ်” ဟူသည်
သို့သော် တစ်ခါတစ်ရံ “ကံကုန်တယ်” လို့ ပြောကြတယ်၊ ကံကုန်တာကတော့ “တစ်ဘဝ သေသွားတာ”ကို “ကံကုန်တယ်”လို့ ပြောကြတာနဲ့ တူပါတယ်။ သို့သော် “ကပ္ပက္ခယ” “ကံကုန်တယ်” ဆိုတဲ့စကားလုံးကို တစ်ခါတစ်ရံမှာ ကံတွေကို ကုန်စေတတ်တယ်ဆိုတာ အရဟတ္တမဂ်ကို ရည်စူးပြီးတော့ ဟောတာ၊ သို့သော် အများဆုံးကတော့ အာသဝက္ခယ လို့ ပြောတာနော်၊ အာသဝလို့ဆိုတာကို ကြည့်လိုက်ရင် အာသဝဆိုတာ ကိလေသာတွေပဲပေါ့။ အာသဝတွေကုန်မှ ကံဆိုတာ ကုန်မှာ ဖြစ်တယ်။
စာမျက်နှာ-၄၀၇
ဒါ့ကြောင့်မို့လို့ တကယ်ကုန်အောင် လုပ်ရမှာက ကံမဟုတ်ဘူး၊ ဘာကို ကုန်အောင် လုပ်ရမှာလဲ? ကိလေသာကို ကုန်အောင် လုပ်ရမှာ၊ အဲဒီတော့ မဂ်က ကိလေသာကို ပယ်တာပဲ၊ သို့သော် တစ်ခါတစ်ရံ ကံကို ပယ်တယ်လို့ ပြောတဲ့စကားလည်း ရှိတယ်၊ ရှိပေမယ့်လို့ အဓိကတိုက်ရိုက်ပြောမယ်ဆိုရင် ကိလေသာကို ပယ်ရမယ်၊ ကိလေသာကို ပယ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံတရားတွေဟာ အကျိုးပေးခွင့် မရတော့ဘူး။
အချိန်လွန်သွားတဲ့ ကံတွေကလည်း သူ့ဖာသာသူ expire ဖြစ်သွားတယ်၊ အချိန်မလွန်သေးတဲ့ ကံကလည်း အကျိုးပေးစရာ မရှိတော့ဘူး၊ ပေးလို့ မရတော့တဲ့ အနေအထားမျိုး ရောက်သွားတယ်၊ တစ်ဘက်က ပြောမယ်ဆိုရင် ကိလေသာကုန်ရင် ကံလည်း ကုန်သွားတယ်လို့ပဲ ပြောရမှာပေါ့၊ ဒီလိုဆိုလိုတယ်ပေါ့။
အေး ကောင်းပြီ- နေ့စဉ်နှင့်အမျှ ဥပါဒါန်တွေကို အကြောင်းပြုပြီး ကမ္မဘဝတွေ ဖြစ်နေကြတယ်၊ အဲဒီအတိတ်က ကမ္မဘဝတွေကြောင့် ဥပပတ္တိဘဝတွေ ရနေကြတယ်၊ ဥပပတ္တိဘဝကို အခြေခံပြီးတော့ ကမ္မဘဝတွေထပ်ဖြစ်ကြပြန်တယ်၊ ဒါ လက်ရှိအနေအထားက ဒီလိုဖြစ်နေကြတယ်။ ဥပါဒါန်ကြောင့် ဘဝဖြစ်ပုံ
ကဲ ကောင်းပြီ- “ဥပါဒါနပစ္စယာ ဘဝေါ” “ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်” လို့ ဆိုတော့ ဘယ်လိုဖြစ်သလဲ၊ ကာမအစွဲအလမ်းကြောင့် ဘဝဖြစ်တယ်ဆိုရင် ကာမုပါဒါန ဘုန်းကြီးတို့တစ်တွေ နေ့စဉ်နှင့်အမျှ လူတွေဟာ လုပ်ကိုင်ဆောင်ရွက်နေကြတယ်၊ ဘယ်သူ
စာမျက်နှာ-၄၀၈
ပဲဖြစ်ဖြစ် ဘာလို့လုပ်နေကြတာတုန်းဆိုရင် ချမ်းသာချင်လို့ လုပ်နေကြတာချည်းပဲ။
တခြားဘာသာဝင်တွေ - ဥပမာမယ် သူတို့ဘာသာရဲ့ဓလေ့ထုံးတမ်းစဉ်လာ သတ္တဝါတွေကို သတ်တယ် ဖြတ်တယ်ဆိုတာက ဘာလုပ်ဖို့လဲဆိုတော့ ချမ်းသာချင်လို့ လုပ်တာ၊ ချမ်းသာဖို့ဆိုတဲ့ ကာမကို တောင့်တပြီးတော့ အဲဒါကို စွဲလမ်းပြီးတော့ အလုပ်တစ်ခု လုပ်နေကြတာပဲ မဟုတ်ဘူးလား။
လောကလူတွေဟာ ဒီနှစ်သက်စရာအာရုံတွေပေါ်မှာ စွဲလမ်းမှုကို အခြေခံပြီးတော့ ကောင်းတာတွေလည်း လုပ်တယ်။ ဆိုးတာတွေလည်း လုပ်တယ်၊ ဟော “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ။ ကံတွေ ဖြစ်နေတာ ကြည့်။
ဒီထဲမှာ အတွေးလေးတွေက ဝင်လာသေးတယ်၊ မှားယွင်းတဲ့အမြင်ကလေးနဲ့ လုပ်တာ ရှိတယ်၊ ခွေးလိုကျင့် နွားလိုကျင့်တယ်၊ “ဒီအကျင့်တွေ ဆောက်တည်ပြီးတော့ ကျင့်မယ်ဆိုရင် ဒီထက်ကောင်းတဲ့ဘဝ ငါရမှာ” ဆိုလို့ရှိရင် ဒါသီလဗ္ဗတုပါဒါန်ကို အခြေခံပြီးတော့ ကမ္မဘဝတွေ ဖြစ်လာတယ်၊ ဘဝတစ်ခုရအောင် လုပ်တာ။
ဒီဘဝမှာ ဒါနကောင်းမှုတွေ လုပ်တယ်၊ သီလတွေ ဆောက်တည်တယ်၊ ဘာဖြစ်ချင်လို့လဲ၊ နောင်ဘဝ နတ်ပြည်မှာ ရွှေဗိမာန်ကြီးနဲ့ နတ်သမီးသွားဖြစ်မယ်၊ နတ်သားသွားဖြစ်မယ် စသည်ဖြင့် ဒီထက်ပြည့်စုံချမ်းသာတဲ့ ဘဝကြီးတစ်ခုကို မျှော်လင့်တောင့်တတယ်၊ မျှော်လင့်တောင့်တပြီးတော့ စွဲလမ်းနေတာက ကာမုပါဒါန၊ လုပ်သမျှကုသိုလ်ကံတွေက ကမ္မဘဝ၊ အဲဒီကမ္မဘဝ
စာမျက်နှာ-၄၀၉
ကြောင့် နောင်ဘဝရလာတာက ဥပပတ္တိဘဝ - ဒီလိုဖြစ်လာတာ နော်။
ဒီတော့ ပုထုဇဉ်ဆိုတာ “ပုထုဇ္ဇနော ဥမ္မတ္တကော” တဲ့။ “ပုထုဇဉ်ဆိုတာ အရူးပဲ” လို့ ပြောတာ၊ ပုထုဇဉ်ကလည်း ရူးတဲ့လူကို အရူးလို့ ပြောသေးတာ၊ အရိယာသူတော်စင်တွေအမြင်နဲ့ ကြည့်မယ်ဆိုရင် တကယ်ကတော့ ပုထုဇဉ်ဟာ အရူးပဲ၊ မကောင်းတာကို အကောင်းထင်နေတာ၊ မဟုတ်တာကို အဟုတ်ထင်နေကြတာ၊ ကြည့် - ကာမဂုဏ်အာရုံတွေပေါ်မှာ တွယ်တာမှုကို အကြောင်းပြုပြီး လုပ်ချင်ရာတွေ လုပ်နေတယ်၊ လုပ်ချင်ရာ လုပ်လို့ ငရဲကျသွားတယ်၊ ကောင်းတာတွေ လုပ်တဲ့အခါ ကောင်းတဲ့ဘုံဘဝ ရောက်သွားတယ်၊ တရားကျင့်တဲ့လူကလည်း ဒီထက်ကောင်းတဲ့ ဘဝရချင်လို့ တရားကျင့်တယ်၊ ရူပဘုံရောက်ရောက် အရူပဘုံရောက်ရောက် ဘယ်ဘုံပဲရောက်ရောက်၊ “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ၊ ဒီထဲကနေ သွားတာချည်းပဲ အကုန်လုံးနော်၊ အယူအဆမှားယွင်းမှုကို အခြေခံပြီးတော့ လုပ်လို့ရှိရင် ဘဝဆိုတာ ဖြစ်လာတာပဲ။
အတ္တဆိုတာ သေရင်တော့ ပြတ်တာပဲ၊ အဲဒီတော့ ပြတ်တဲ့အခါ ဘယ်ဘုံမှာပြတ်ရင် ပိုကောင်းသလဲဆိုတဲ့ အယူအဆတစ်ခု၊ သေရင်တော့ ကောင်းကင်ဘုံကို ရောက်မှာပဲ၊ ကောင်းကင်ဘုံကျတော့ ထာဝရနေရမှာပဲ၊ ထာဝရကောင်းကင်ဘုံကြီးကို ရောက်မှာပဲဆိုတဲ့ အယူအဆတစ်ခုနဲ့ ကောင်းတာတွေကို လုပ်မယ်ဆိုလို့ရှိရင် မှားယွင်းတဲ့ အယူအဆတစ်ရပ်ကို အခြေခံပြီး လုပ်တာပဲ၊ အဲဒါလည်း “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်
စာမျက်နှာ-၄၁၀
ဒီထဲက လွတ်မသွားဘူး၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် “ဥပါဒါနပစ္စယာ ဘဝေါ” ထဲမှာ ပါတယ်။
ဓမ္မပဒဝတ္ထု
ကောင်းပြီ- လောကမှာ ထူးဆန်းတာလေးတွေကို စဉ်းစားကြည့်လို့ ရတယ်၊ ဥပါဒါန်အခြေခံပြီးတော့ ဘဝတွေရကြတယ်ဆိုတာ ဟုတ်တယ်၊ လူ့ရဲ့ဆန္ဒဆိုတာ အမျိုးမျိုးရှိတယ်၊ ဓမ္မပဒထဲမှာလာတဲ့ ကာဠိယက္ခိနိဝတ္ထု တို့ဘာတို့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် မုန်းတီးမှုအာဃာတကို အကြောင်းပြုပြီး “နောင်ဘဝကျ နင့်ကို ငါဂလဲ့စားချေရပါလို၏၊ နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို၏” ဆိုတဲ့ဆုတောင်းမှုတွေနဲ့ သွားတာရော မရှိဘူးလား၊ ရှိတယ်၊ အဲဒါလည်း “ဥပါဒါနပစ္စယာ ဘဝေါ” ထဲမှာ ပါတာပဲ။
ကံတစ်ခုကို လုပ်ပြီဆိုကတည်းက ဥပါဒါန်ကို အခြေခံတာပဲ၊ လုပ်ပြီးတဲ့အခါ အဲဒီထဲမှာ ပါဝင်လာတာတွေက ဘာတုန်းဆို စေတနာတို့ ပတ္ထနာတို့ ဖြစ်တယ်၊ ဦးတည်ချက်ကလေးတွေ ရှိလာတယ်။
သာဝတ္ထိပြည်က အမျိုးသမီးနှစ်ဦးဆိုရင် အိမ်ထောင်ဖက်အတူတူဖြစ်ကြပြီးတော့ ရန်ဘက်ဖြစ်သွားကြတယ်၊ အဲဒီလိုရန်ဘက်ဖြစ်သွားကြပြီးတော့ ဂလဲ့စားချေကြတာ ကြောင်ဘဝရောက်သွားလိုက်၊ ကြက်ဘဝရောက်သွားလိုက်၊ သမင်ဘဝရောက်လိုက်၊ ကျားဘဝရောက်လိုက်နဲ့ နောက်ဆုံး လူ့ဘဝနဲ့ ဘီလူးမဘဝမှာ ဘုရားနဲ့တွေ့လို့ အဆုံးသတ်သွားကြတာ၊ နို့မို့ သူတို့ရန်ငြိုးက အပြန်
စာမျက်နှာ-၄၁၁
အလှန် ဂလဲ့စားချေနေကြတာ၊ အဲဒီအနေအထားမျိုးတွေ ဖြစ်တယ်ပေါ့။ အဲဒါတွေဟာလည်း “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ။
အစွဲအလမ်းဆိုတာက အင်မတန်မှ ကြောက်စရာကောင်းတယ်၊ နိကန္တိဆိုတဲ့ တဏှာဟာ ကံကြီးတစ်ခုလုံးကိုတောင် အဆုံးအဖြတ်ပေးနိုင်တဲ့ အလားအလာရှိတယ်။
ဗိမ္ဗိသာရမင်းကြီး၏ အစွဲ
ဥပမာလေးတစ်ခု ကြည့်ရအောင်၊ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ပထမဆုံးကြွကြွခြင်း ခရီးဦးကြိုဆိုပြီး သောတာပန်ဖြစ်သွားတဲ့ ဗိမ္ဗိသာရမင်းကြီး၊ ဗိမ္ဗိသာရမင်းကြီးဟာ နောက်ဆုံးမှာ ထောင်သွင်းအကျဉ်းချပြီးတော့ အသတ်ခံလိုက်ရတယ်၊ အသတ်ခံလိုက်ရတော့ ဘယ်ရောက်သွားလဲဆို စတုမဟာရာဇ်နတ်ဘုံက ဝေဿဝဏ်နတ်မင်းကြီးရဲ့ အခြံအရံထဲက ဘီလူးကြီး သွားဖြစ်တယ်။
ဒီတော့ သောတာပန်ဖြစ်လျက်သားနဲ့ ဘာကြောင့် ဘီလူးကြီးသွားဖြစ်ရတာလဲ၊ ဘာဖြစ်လို့ အဆင့်မြင့်တဲ့နတ်ပြည် မရောက်တာလဲ၊ အောက်ဆုံးနတ်ပြည်လည်း ရောက်သေးတယ်၊ ဘုရင်လည်းမဟုတ်ဘူး၊ အညံ့စားပဲရောက်သွားတယ်၊ ဘယ်သူကနေ အဆုံးအဖြတ်ပေးသွားတာလဲဆိုတော့ “နိကန္တိ” လို့ဆိုတဲ့ ဘဝပေါ်မှာ တွယ်တာမှုလေးက အဆုံးအဖြတ်ပေးသွားတာ၊ သူက အဲဒီဘဝမှာ အကြိမ်ကြိမ်ဖြစ်ခဲ့သည့်အတွက်ကြောင့် သေခါနီးမှာ အဲဒီဘဝကိုပဲ ဆန္ဒရှိတယ်၊ အဲဒီမှာပဲ ဖြစ်ချင်စိတ်ရှိတယ်၊ အဲဒီဘဝသွားဖြစ်တယ်၊ နိကန္တိကြောင့် အဆင့်မြင့်တဲ့ဘဝ မရောက်နိုင်ဘူး။
စာမျက်နှာ-၄၁၂
သူ့ရဲ့စေတနာတွေ ပတ္ထနာတွေက အဲဒီဘဝကို စုဝေးရောက်သွားတယ်၊ ဘဝတစ်ခုဟာ ဖြစ်နေကျနေရာလေးကို ပြန်ပြီးတော့ ဖြစ်တတ်တယ်၊ မသိမသာ တွယ်တာမှုတွေက ရှိနေတာ၊
ဒါ့ကြောင့် လူတွေမှာ ဒေသစွဲ ရှိတယ်၊ အရပ်စွဲရှိတယ်။ အိမ်စွဲရှိတယ်၊ နောက်ဆုံး စွဲပြီဆိုရင် အိမ်ပေါ်ကဘောင်မဆင်းဘူးဆိုတာ ရှိသေးတာပဲနော်၊ အဲဒီလို နိကန္တိကြောင့် ဖြစ်ရတာ၊ အဲဒီတော့ ကံကို နိကန္တိကနေ ဦးဆောင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိရတယ်ပေါ့။
ဗိမ္ဗိသာရမင်းကြီးဟာ အထက်နတ်ပြည်တွေမှာ ဖြစ်နိုင်တဲ့ ကုသိုလ်တွေ ရှိပါလျက်သားနဲ့ စတုမဟာရာဇ်နတ်ပြည်က ဇနဝသဘဆိုတဲ့ နတ်ဘီလူးသွားဖြစ်တယ်၊ ပုဏ္ဏကတို့ အာဠာဝကတို့နဲ့ တစ်တန်းတည်းပေါ့၊ သူငယ်ချင်းတွေ သွားဖြစ်တယ်။
မေဏ္ဍကသူဌေး မိသားစု
မေဏ္ဍကသူဌေးရဲ့ ဇာတ်လမ်းကို ကြည့်မယ်ဆိုရင်လည်း အတိတ်ဘဝက သုတို့ ပစ္စေကဗုဒ္ဓကို ဆွမ်းလှူကြတယ်၊ သူဌေးကြီးရယ် သူဌေးကတော်ကြီးရယ် သားရယ် ချွေးမရယ် ကျွန်ရယ် ၅ဦးသား လှူကြတာ၊ အဲဒီထဲမယ် ကျွန်လုပ်တဲ့လူက ကောင်းတဲ့ဆုတွေတောင်းရင် ရလျက်သားနဲ့ “ကျွန်ဆု”ပဲ ပြန်တောင်းတယ်။
လူ့ရဲ့စိတ်ဓာတ်ဟာ တော်တော်ထူးဆန်းတယ်၊ ကျွန်ဆုတောင်းသည့်အတွက်ကြောင့် ကျွန်ပဲ ပြန်ဖြစ်တယ်၊ တကယ်ကတော့ ဆုတောင်းမယ်ဆိုရင် သူစိတ်ညွှတ်လိုက်မယ်ဆိုရင် ဒီထက်အဆင့်သာအောင် ဆုတောင်းပေါ့၊ အဲဒါကို သတိထားရမယ်။
စာမျက်နှာ-၄၁၃
မကောင်းတဲ့ နိမ့်ကျတဲ့ ဒီဆန္ဒတွေကို မမွေးမြူရဘူး၊ မြင့်မြင့်ကြံဖို့ လိုတယ်ပေါ့နော်။
ပြောချင်တော့ ပြောမှာပေါ့ - “လူနေခြုံကြား၊ စိတ်နေ ဝိဘုံဖျား” လို့၊ ဒါပေမယ့် စိတ်နေ ဂတိဘုံဖျားက ပိုကောင်းတယ်၊ နို့မို့ဆို ခြုံကြားထဲက ထွက်မှာမဟုတ်ဘူး၊ လူရဲ့စိတ်ဓာတ်မှာ တွယ်တာမှုက အင်မတန်မှ ထူးဆန်းတယ်။
မဂ္ဂဇင်းတစ်စောင်မှာပါတဲ့ ဇာတ်လမ်းတစ်ပုဒ်
မဂ္ဂဇင်းတစ်စောင်ထဲမှာ ဖတ်ဖူးတယ်၊ တကယ့်အဖြစ်အပျက် ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော် - ရန်ကုန်မြို့က ရွှေတိဂုံဘုရားပေါ်မှာ တန်ဆောင်းကြီးဆောက်လှူတဲ့ သူဌေးကြီးတစ်ယောက်အကြောင်းကို ရေးထားတာ ဖတ်ဖူးတယ်။ အဲဒီသူဌေးက ရွှေတိဂုံဘုရားမှာ တန်ဆောင်းဆောက်လှူပြီး ဘုရားကိုနေ့စဉ်လာပြီး ဆုတောင်းတယ်တဲ့၊ “ဘုရားအလောင်းတွေ ပျော်စံတဲ့ တုသိတာနတ်ပြည်မှာ ဖြစ်ရပါလို၏” လို့ အမြဲတမ်းဆုတောင်းတယ်၊ ဒါသူ့ဆုတောင်း။
အဲဒီအချိန်က မြန်မာပြည်ကို အင်္ဂလိပ်အုပ်စိုးနေတဲ့အချိန်ပေါ့၊ အင်္ဂလန်ကပြန်လာတဲ့လူတွေက (အဲဒီတုန်းကတော့ ဘိလပ်ပြန်လို့ ခေါ်တာပေါ့နော်။) “ဟာ သူဌေးမင်း - တုသိတာနတ်ပြည်ဆိုတာ ခင်ဗျားလည်း မြင်ဖူးတာမဟုတ်ဘူး၊ ဘယ်မှန်းလည်းမသိဘူး၊ အဲဒါ ဆုတောင်းမနေနဲ့ ဘိလပ်ကမှ တကယ့်နတ်ပြည်ဗျ။ ဘိလပ်ကို ဆုတောင်း” ဆိုတော့ စိတ်ပြောင်းသွားတယ်၊ “သူတို့ပြောတာ ဟုတ်ကောင်းဟုတ်လိမ့်မယ်” အင်္ဂလန်ဆိုတာ ဘယ်လို
စာမျက်နှာ-၄၁၄
ကောင်းတာ၊ နိုင်ငံကြီးက ဘယ်လောက်ကြီးကျယ်တာ၊ ဘယ်လိုတိုးတက်တာနဲ့ ပြောတော့ သူစိတ်ပါသွားပြီး အင်္ဂလန်ဖက် စိတ်ညွှတ်သွားတယ်၊ သေတဲ့အခါ အင်္ဂလန်သွားဖြစ်တယ်တဲ့။
ဒါ “ဥပါဒါနပစ္စယာ ဘဝေါ” ကို ပြောတာနော်၊ စိတ်တွေ စေတနာတွေက အဲဒီဘက်ကို ဦးလှည့်သွားတာ၊ အဲဒီလို အင်္ဂလန်သွားဖြစ်ပြီး တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ ကျောင်းတက်တယ်၊ အဲဒီမှာ မြန်မာကျောင်းသားတစ်ယောက်မှာ ရွှေတိဂုံဘုရားပုံတော်တစ်ခုပါလာတယ်၊ တစ်နေ့ကျတော့ ရွှေတိဂုံဘုရားပုံ အမှတ်မထင်မြင်လိုက်တော့ သူ့စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ်၊ ဒါဘယ်ကလဲ မေးတော့ မြန်မာပြည်ကလို့ ပြောတယ်၊ ရွှေတိဂုံဘုရားပုံ သူ့မျက်စိထဲက မထွက်ဘူး၊ ဒါနဲ့ သူ မြန်မာပြည်လာတယ်။
မြန်မာပြည်လာအခါ အဲဒီခေတ်က သင်္ဘောနဲ့ လာကြရတယ်၊ လာရင်းကနေ ရွှေတိဂုံဘုရားမြင်တဲ့အခါကျတော့ သူ့စိတ်ထဲမှာ အတိတ်ဘဝက ပုံရိပ်တွေ ပေါ်လာတယ်၊ မြန်မာပြည်မှာ သူ့သားတစ်ယောက်ရှိတယ်ဆိုတာပါ မှတ်မိလာတယ်၊ တဖြည်းဖြည်းချင်း ပေါ်လာတယ်၊ နောက်ဆုံး ရွှေတိဂုံဘုရားပေါ်ရောက်သွားပြီးတော့ သူဘယ်သူဆိုတာပါ စိတ်ထဲပေါ်လာတယ်တဲ့၊ သူ့သားကို ခေါ်ခိုင်းတယ် ။
သူနဲ့အတူလာတဲ့ အင်္ဂလိပ်ကတော့ စိတ်ပျက်နေပြီ၊ “ဒီကောင်တော့ ရူးသွားပြီ” လို့၊ သားခေါ်ခိုင်းပြီးတွေ့လည်းတွေ့ရော ဖက်ငိုတယ်တဲ့၊ သူက သူ့လျှို့ဝှက်ချက်ကို ပြောတယ်၊ ဘုရားရုပ်ထုရဲ့ပလ္လင်ထဲမှာ အဖိုးတန်ပတ္တမြားတစ်လုံးကို မြှုပ်နှံပြီး ဘုရားကို
စာမျက်နှာ-၄၁၅
ပူဇော်ထားတာ ရှိတယ်၊ အဲဒါကို သူသတိရတယ်၊ “မင်းတို့ ငါ့ကိုမယုံလို့ရှိရင် ဒီအောက်မှာ ပတ္တမြားရှိတယ်၊ ငါသက်သေပြတဲ့အနေနဲ့ တူးကြည့်” ဆိုတော့ ဂေါပကတွေနဲ့ ညှိနှိုင်းပြီးတော့ အဲဒီပလ္လင်ကို တူးကြတယ်၊ အဲဒီပတ္တမြားတွေ့တယ်တဲ့၊ သူဟာ မြန်မာပြည်က မပြန်တော့ဘူးတဲ့၊ မြန်မာပြည်မှာပဲ အသက်ဆုံးသည်အထိ နေသွားတယ်လို့ ပြောတယ်၊
True story ဆိုတာတော့ စိတ်ဝင်စားစရာပဲ၊ အဲဒီအတိုင်း ဖြစ်နိုင်ချေကတော့ ရှိတာပေါ့နော်၊ တကယ်ဖြစ်နိုင်ချေရှိတယ်။ ဘဝဆိုတာ ဆက်တိုက်ဖြစ်တတ်တယ်၊ ဘဝဆိုတာ ဆက်တိုက်ဆက်တိုက် ဖြစ်တတ်တယ်၊ မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာ ရွှေပန်းတိမ်သည်သားလေးဟာ ဘဝ-၅၀၀ ရွှေပန်းတိမ်သည်ချည်းပဲဖြစ်တယ်လို့ ဒီလိုဟောတာ၊ ဥပသာဠကပုဏ္ဏားကြီးလည်း သေပြီး သူ့အလောင်း ဒီနေရာမှာ မြှုပ်တာချည်းပဲ၊ ဥပသာဠကဆိုတဲ့ နာမည်နဲ့ ဘဝ-၅၀၁ ရှိပြီ၊ ဒီသင်္ချိုင်းကို သူသဘောကျတာ၊ လူဆိုတာက အမျိုးမျိုး၊ သူသေရင် ဒီနားမြှုပ်ဆိုတာ သင်္ချိုင်းသဘောကျတာ ခေါ်တာပေါ့။ အဲဒီလို လူတွေမှာ တွယ်တာမှုလေးတွေရှိလို့ ဖြစ်တယ်။
စစ်ကိုင်းကျောင်းက ဦးဇင်းတစ်ပါး
နောက် စဉ်းစားစရာတစ်ခု ပြောပြမယ်၊ ဘုန်းကြီးတို့ စစ်ကိုင်းကျောင်းမှာ ဦးဇင်းတစ်ပါးရှိတယ်၊ တစ်ရက်ကျတော့ သူ့
စာမျက်နှာ-၄၁၆
ခေါင်းမှာ အနာရွတ်ကြီးတွေ မြင်လို့ မေးမိတယ်၊ “ဘယ်သူက ခေါင်းရိုက်ထားလို့ ဒီအနာရွတ်ဖြစ်နေတာလဲ” မေးတော့ “မဟုတ်ဘူးဘုရား”တဲ့၊ “မွေးရာပါ”တဲ့၊ အနာရွတ်က မွေးရာပါရှိတယ်။
ဘယ်လိုဖြစ်တာတုန်းဆိုတော့ ဟိုဘဝတုန်းက သူက တံငါသည်တဲ့၊ အင်းစောင်းက တံငါဘဲလေးမှာ နေတာတဲ့၊ ညကျတော့ ဓားပြလာတိုက်ပြီး သူ့ကို ရိုက်သတ်သွားတာတဲ့၊ ခေါင်းမှာ အနာရွတ်ကြီး၊ အဲဒီအနာရွတ်ကြီးက ဒီဘဝအထိ ပါလာတာ၊ အဲဒါ ဘာဖြစ်လို့ပါလာတုန်းဆိုလို့ရှိရင် ခုနက စိတ်စွဲလမ်းမှုတွေပဲ။
အေး တချို့ကျတော့- ခြေထောက်လေးတွေ ပြတ်နေတာ၊ လက်လေးတွေ ပြတ်နေတာ၊ သိပ္ပံနည်းအရ ဘာဓာတ်မပြည့်စုံလို့လို့ ပြောကြမှာပေါ့နော်၊ တကယ်တော့ စိတ်စွဲလမ်းမှုကြောင့် ဖြစ်တာပေါ့။ ဆိုပါစို့ - လူသတ်ခံရတဲ့လူက သူမသေခင် လက်တွေအရင်ဖြတ်တယ်၊ “ငါ့လက်ကြီးပြတ်သွားပြီ” “လက်မရှိတော့ဘူး” ဆိုတဲ့စိတ်စွဲလမ်းမှုကြီးနဲ့ သေသွားတဲ့အခါ ဒီဘဝမှာလည်း လက်ပြတ်ကြီး ဖြစ်နေတယ်၊ စိတ်ရဲ့စွဲလမ်းမှုက အဲဒီလောက်ပြင်းထန်တယ်လို့ ပြောတာ၊ ဒါလည်း “ဥပါဒါနပစ္စယာ ဘဝေါ” ထဲမှာ ပါတာပဲပေါ့။
မိခင်ရဲ့စိတ်စွဲလမ်းမှု
သူလုပ်တဲ့ကံတရားတွေကို အခြေခံပြီး စိတ်စွဲလမ်းမှုကြောင့် ဖြစ်တာတွေလည်း ရှိတယ်၊ ဘုန်းကြီးတို့ဇာတိရွာမှာ မိခင်ရဲ့စိတ်စွဲလမ်းမှုကြောင့် သားကလေးတွေ ရုပ်ပြောင်းနေတာလည်း ရှိတယ်။ ဒါလည်း စိတ်နဲ့ပတ်သက်တယ်လို့ ပြောရမယ်၊ အဲဒီအမျိုးသမီးက
စာမျက်နှာ-၄၁၇
မြို့တွေဘာတွေ ရောက်ဖူးတာမဟုတ်ဘူး၊ တောရွာကလေးမှာပဲ နေတာ၊ ဘုန်းကြီးတို့ဇာတိရွာက ဧရာဝတီမြစ်ဘေး ဟိုးအညာက စဉ့်ကူးမြို့နယ် မြစ်ကူးချောင်းကြားဆိုတော့ သွားရေးလာရေးခက်တယ်ပေါ့။
အဲဒီရွာဖက် နိုင်ငံခြားက မျက်နှာဖြူဆရာဝန်တွေ ငှက်ဖျားရောဂါ ရှိမရှိ လိုက်ပြီးစစ်တယ်၊ အဲဒီလိုစစ်တဲ့အခါ အဲဒီအမျိုးသမီးက နိုင်ငံခြားက မျက်နှာဖြူကြီးတွေကို မကြည့်ရဲဘူး၊ ကြောက်တယ်၊ [?]
ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ကုလားဆို သိပ်ကြောက်တာ၊ လူကြီးတွေကလည်း ကုလားကြီးလာပြီဆိုပြီး ခြောက်ထားတာ၊ အဟုတ်မှတ်နေတာ ကြောက်တာပေါ့။ အဲဒီတုန်းက ကုလားဆို ကြောက်စရာမှတ်နေတာ။
အဲဒီအမျိုးသမီးကလည်း နိုင်ငံခြားသားကို သိပ်ကြောက်တယ်၊ ဒီလူကြီးတွေ လာပြီဆိုရင် သူက ပုန်းတော့တာပဲ၊ ရွာလူကြီးတွေက လူတိုင်းစေ့ သွေးဖောက်စစ်ဖို့ရာ သူ့ကို မရမကဆွဲထုတ်ပြီး စစ်တာ၊ အဲဒီစိတ်စွဲလမ်းမှုကြောင့် သူမွေးလာတဲ့ကလေးနှစ်ယောက်က တကယ့်ဥရောပရုပ်ပဲ၊ ဆံပင်က ငွေရောင်နဲ့ မျက်လုံးက အပြာ၊ အသားကလည်း နီစပ်ကြီး၊ ခုချိန်ထိ ရှိသေးတယ်၊ ဒါအတွက် အကြောင်းရှာလိုက်မယ်ဆိုလို့ရှိရင် ခုနက “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ပြောရမှာပဲ။
ဒီတော့ ဥပါဒါန်စွဲလမ်းမှုကို အခြေခံပြီး ကံတရားတွေကို ပြုလုပ်ကြတယ်၊ ထိုကံအားလျော်စွာ စေတနာစွမ်းအားတွေ၊ ဆန္ဒစွမ်းအားတွေ၊ စိတ်စွမ်းအားတွေကြောင့် ဥပပတ္တိဘဝဆိုတဲ့ခန္ဓာကြီး
စာမျက်နှာ-၄၁၈
တစ်ခုက ပေါ်လာရတယ်၊ ပေါ်လာတဲ့အခါလည်း သဏ္ဌာန်အမျိုးမျိုးနဲ့ အသွင်အပြင်အမျိုးမျိုးနဲ့ ပေါ်လာတယ်။
ပထမ စိတ်ဆန်းကြယ်တယ်၊ စိတ်ဆန်းကြယ်လို့ သညာဆန်းကြယ်တယ်၊ သညာတွေ ဆန်းကြယ်သည့်အတွက်ကြောင့် ကံဆန်းကြယ်တယ်၊ ကံဆန်းကြယ်သည့်အတွက်ကြောင့် species လို့ခေါ်တဲ့ အမျိုးဇာတ်တွေ ဆန်းကြယ်တယ်၊ အမျိုးဇာတ်တွေ ဆန်းကြယ်လာလို့ ပုံသဏ္ဌာန်တွေလည်း ဆန်းကြယ်တယ်။
လိပ်ပြာလေးတွေရဲ့အတောင်ကို ဘယ်ပန်းချီဆရာက လာခြယ်ထားတာတုန်းဆိုရင် အကိုဒီအကြောင်းတွေနဲ့ ပြောရမှာပဲ၊ ဘယ်လိုလုပ်ပြီးတော့ ဒီလိပ်ပြာအတောင်က colour မျိုးစုံ ရှိရတာလဲ? ဘယ် design ဆရာက ဆွဲပေးတာလဲ? စိတ်ဆန်းကြယ်မှုကို အကြောင်းပြုပြီးတော့ ဒီလိုဖြစ်လာတာ၊ စိတ်ဆန်းကြယ်မှုဟာ လောကသဘာဝဆန်းကြယ်တာတွေ၊ ကျန်တဲ့ရုပ်ဝတ္ထုဆန်းကြယ်တာတွေ လိုက်မမှီလောက်အောင် ဆန်းကြယ်တယ်၊ အဲဒီဆန်းကြယ်မှုကို အကြောင်းပြုပြီးတော့ ဘဝအမျိုးမျိုးဆန်းကြယ်ရတယ်၊ အားလုံးဟာ “ဥပါဒါနပစ္စယာ ဘဝေါ” ထဲမှာ အကျုံးဝင်နိုင်တယ်ပေါ့။
ပဋ္ဌာန်းနည်း
အေး ကောင်းပြီ - ပဋ္ဌာန်းရှုထောင့်က ပြောမယ်ဆိုရင် ဥပါဒါန် ၄-မျိုးက ဘဝကံကို အထောက်အကူပြုတဲ့အခါ ဘာသတ္တိတွေကို အသုံးပြုသလဲ၊ ဥပါဒါန် ၄-မျိုး တစ်မျိုးစီကပဲဖြစ်စေ ရူပဘုံ အရူပဘုံက ကံတရားတွေ, ကာမဘုံက ကုသိုလ်ကံတွေကို
စာမျက်နှာ-၄၁၉
ဥပနိဿယပစ္စည်း တစ်မျိုးတည်းနဲ့ သူက စွမ်းဆောင်ပေးတယ်။ ဥပနိဿယသတ္တိလို့ ဒီလိုယူရမယ်။
နောက်တစ်ခါ ဥပါဒါန်ဆိုတာ ကြည့်လိုက်မယ်ဆိုရင် တဏှာနဲ့ ဒိဋ္ဌိပဲ၊ အဲဒီတဏှာဒိဋ္ဌိကနေပြီးတော့ ကမ္မဘဝ အကုသိုလ်ကံ ဖြစ်ခဲ့မယ်ဆိုရင် အကုသိုလ်စေတနာနဲ့ ဒီဥပါဒါန် (တဏှာတို့ ဒိဋ္ဌိတို့ဟာ စိတ်တစ်ခုတည်းမှာ အတူဆုံဖြစ်ကြလို့) ဥပါဒါန်ကြောင့် အကုသိုလ်ကမ္မဘဝ ဖြစ်လာကြတဲ့အခါ အတူတကွဖြစ်ခြင်းလို့ဆိုတဲ့ သဟဇာတ၊ မှီရာအထောက်အကူပြုတဲ့ နိဿယ၊ အပြန်အလှန် အညမည၊ ယှဉ်တွဲသည့် သမ္ပယုတ္တ၊ ရှိနေတုန်း ကျေးဇူးပြုသည့် အတ္ထိ၊ မကင်းကွာခင် ကျေးဇူးပြုလို့ အဝိဂတလို့ဆိုပြီး ဒီသတ္တိတွေနဲ့လည်း ကျေးဇူးပြုတယ်။
နောက်တစ်ခုက အကယ်၍ တဏှာဆိုရင် တဏှာက ထိုတဏှာနဲ့ အတူတကွယှဉ်ပြီး ဖြစ်လာတဲ့စေတနာကို ကျေးဇူးပြုတယ်ဆိုရင် ဟေတုသတ္တိပါ ပါလာနိုင်တယ်ပေါ့။ ဒိဋ္ဌိဆိုရင်တော့ ဟေတုသတ္တိမပါဘူး၊ တဏှာဆိုရင် ဟေတုသတ္တိပါ ပါလာတယ်၊ ဒီတော့ ဟေတု, သဟဇာတ, အညမည, နိဿယ, သမ္ပယုတ္တ, အတ္ထိ, အဝိဂတတဲ့၊ ရုပ်နဲ့နာမ်ကို ပြောမယ်ဆိုရင်တော့ ဝိပ္ပယုတ္တ၊ ဒါက ပဋ္ဌာန်းရှုထောင့်ကနေ ကြည့်တာ၊ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းနဲ့ သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင် အဲဒီပစ္စည်းတွေ ပါဝင်လာတယ်လို့ ဒီလိုမှတ်ရမှာပေါ့။
“ဥပါဒါနပစ္စယာ ဘဝေါ” လို့ မြတ်စွာဘုရား ဟောထားတဲ့တရားတော်ဟာ အင်မတန်မှ ကျယ်ဝန်းပါပေတယ်၊ ကမ္ဘာလောကကြီးတစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီးတော့ အားလုံးကို ခြုံမိငုံမိအောင်
စာမျက်နှာ-၄၂၀
ဟောထားတဲ့တရား ဖြစ်ပါတယ်၊ ဒီထဲမှာ အားလုံးအကျုံးဝင်ပြီးတော့ နေတယ်။
“ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတဲ့အတိုင်း တို့တစ်တွေဟာ ဥပါဒါန်ရှိနေသေးသမျှ ဒီကမ္မဘဝဆိုတဲ့ ကံတရားတွေလည်း လာနေဦးမှာပဲ၊ ဥပပတ္တိဘဝဆိုတာလည်း ရနေကြဦးမှာပဲ၊ အဲဒီတော့ ဖယ်ရှားရမှာကတော့ “ဥပါဒါန်ဆိုတဲ့ တဏှာဒိဋ္ဌိ အစွဲအလမ်းတွေကို တို့တစ်တွေကြိုးစားပြီးတော့ ဖယ်ရှားရမယ်”လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီး တဏှာ, ဒိဋ္ဌိဆိုတဲ့ ကိလေသာတွေကို ဖယ်ရှားနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
စာမျက်နှာ-၄၂၁
အပိုင်း (၁၃)
သာသနာတော်နှစ် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၃-ရက်၊ ခရစ်နှစ်-၂၀၁၀၊ ဇွန်လ ၂၉-ရက်၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီပိမာန်တော် အတွင်းဝယ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်အခမ်းအနားဝယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာ အနန္တောအနန္တ ငါးပါး ဦးထိပ်ထားလျက် ဘိုးဘွားမိဘများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်ခင်မိသားစု ကိုကျပ်သင်းဆေးဆိုင်၏ အမတဒါန ဓမ္မဒါနအဖြစ်ဖြင့် ဟောကြားတော်မူသည်။
ဒီကနေ့ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်းကို နိဂုံးချုပ်ဟောကြားမယ့်နေ့ ဖြစ်ပါတယ်။
စာမျက်နှာ-၄၂၂
မနေ့တုန်းက “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတာနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းဟောကြားခဲ့ပြီ၊ ဘဝဆိုတာ ကမ္မဘဝနဲ့ ဥပပတ္တိဘဝလို့ ဘဝနှစ်မျိုးရှိတယ်၊ ကံတရားတွေကိုလည်း ဘဝ (ကမ္မဘဝ)လို့ ခေါ်တယ်၊ ကံတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးခန္ဓာကိုလည်း ဘဝ (ဥပပတ္တိဘဝ)လို့ ခေါ်တယ်။
ဒီနေရာမှာ သုံးထားတဲ့စကားလေးရှိတယ်- “ကမ္မဘဝ, ဝိပါကဘဝ” လို့၊ အဲဒီအသုံးလေးက ပိုပြီးတော့ ရှင်းသလိုရှိတယ်၊ ကမ္မဘဝဆိုတာ သတ္တဝါတွေရဲ့သန္တာန်မှာ ကံတရားတွေ ဖြစ်ပေါ်နေမှုသည် ကမ္မဘဝ၊ အဲဒီကံတရားကနေပြီးတော့ ထုတ်လုပ်လိုက်လို့ အကျိုးတရားတွေ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေမှုသည် ဝိပါကဘဝ၊ ဒီလို ကမ္မဘဝ, ဝိပါကဘဝ ဆိုတဲ့အသုံးကိုလည်း သုံးထားတာရှိတယ်။
သို့သော် အများသိတဲ့အသုံး၊ စာပေမှာ တွင်ကျယ်နေတဲ့အသုံးကတော့ ကမ္မဘဝနဲ့ ဥပပတ္တိဘဝတဲ့၊ ဥပပတ္တိဆိုတာ ခန္ဓာအနေနဲ့ ဖြစ်ပေါ်လာတာ၊ ကံကနေ အကျိုးတရားတွေကို ထုတ်လုပ်လိုက်လို့ အကျိုးခန္ဓာတွေ ရရှိလာတာက ဥပပတ္တိဘဝ၊ “ဥပါဒါနပစ္စယာ ဘဝေါ” မှာ ဒီနှစ်ခုစလုံး သက်ဆိုင်တယ်။ “ဘဝပစ္စယာ ဇာတိ” ၌ ဘဝအရ
သို့သော် “ဘဝပစ္စယာ ဇာတိ” မှာ ပါတဲ့ဘဝက ဥပပတ္တိဘဝနဲ့ မဆိုင်ဘူး၊ ကမ္မဘဝတစ်မျိုးတည်းကိုပဲ ယူရမယ်၊ ဘာဖြစ်လို့
စာမျက်နှာ-၄၂၃
ဥပပတ္တိဘဝကို မယူရလဲဆိုတော့ ဇာတိဆိုတာလည်း ဥပပတ္တိဘဝပဲ။ “ဘဝပစ္စယာ ဇာတိ” လို့ သွားပြောတဲ့အခါ “ဥပပတ္တိဘဝကြောင့် ဥပပတ္တိဘဝ ဖြစ်တယ်” ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်သွားတယ်၊ စာပေမှာ သူ့နေရာလေးနဲ့သူ တစ်ခါတစ်ခါ ယူဆရတာလေးတွေရှိတယ်ပေါ့၊ အဓိပ္ပါယ်ကို define လုပ်တယ်လို့ခေါ်တယ်၊ ဒီနေရာမှာ ဒါပဲလိုအပ်တယ်၊ မလိုအပ်တဲ့ဟာတွေကို မယူရဘူး၊ လိုအပ်တာတွေကိုသာ ယူရတယ်။
တစ်ခါတစ်ရံမှာ ကျယ်ပြန့်တဲ့စကားလုံးတစ်လုံးကို သုံးလိုက်တဲ့အခါ ဒီနေရာမှာ သက်ဆိုင်တဲ့အနက်အဓိပ္ပါယ်တစ်မျိုးကိုသာ ယူကြရတယ်၊ အဲဒီလိုမဟုတ်လို့ရှိရင် စကားလုံးက ဖော်ပြတဲ့အထဲ မလိုအပ်တာတွေ ပါလာနိုင်တယ်တဲ့၊ ဒါ့ကြောင့် စကားလုံးအရ လိုအပ်ချက်တွေကို ခွဲခြားသတ်မှတ်ပြီး ပြောကြရတယ်။
ဒီနေရာမှာ အဋ္ဌကထာဆရာတွေ ဋီကာဆရာတွေ ဖွင့်ပြကြတယ် - “ဘဝပစ္စယာ ဇာတိ” ဆိုတဲ့နေရာမှာ ဥပပတ္တိဘဝကို မလိုအပ်ဘူး၊ ကမ္မဘဝတစ်မျိုးကိုသာ ယူပါလို့ - ဒါဘယ်နေရာမှာပဲဆို ဒီလိုချည်းပါပဲ။
မြန်မာစကားထဲမှာ လိုက်ရှာရင်လည်း ဒါမျိုးတွေ အများကြီးတွေ့မှာပေါ့၊ အရှေ့ အနောက် တောင် မြောက်လို့ ပြောလိုက်မယ်ဆိုလို့ရှိရင် သက်ဆိုင်ရာသက်ဆိုင်ရာ စကားအရ အရှေ့တို့ အနောက်တို့နဲ့ တွဲပြီးပြောတာဖြစ်သောကြောင့် တောင်သည် “mountain” လို့ပြောတဲ့ “တောင်” မဟုတ်ဘူးတဲ့၊ “အရပ်ဒေသ” ဆိုတဲ့ “တောင်”တဲ့၊ ဒီလိုယူကြရတာရှိတယ်ပေါ့။
စာမျက်နှာ-၄၂၄
ဒါကြောင့်မို့လို့ စကားလုံးတစ်လုံးဟာ တစ်ခုခုနဲ့ ထိန်းချုပ်ထားရတယ်၊ အဲဒီလို ထိန်းချုပ်မှုမရှိတဲ့စကားလုံးကျတော့ ခုနကလို သတ်မှတ်ပြီးတော့ ပေးရတယ်။
*“အတ္ထပကရဏ လိင်္ဂါ၊ ဩစိတျာ ကာလဒေသတော၊*
*သဒ္ဒက္ကာ ဝိဘဇီယန္တိ၊ န သဒ္ဒါယေဝ ကေဝလာ”* - လို့ ဆိုတယ်။
“စကားဝေါဟာရနဲ့ ပတ်သက်လာတဲ့အခါမှာ သဒ္ဒါစကားလုံးက ဖော်ပြတဲ့ အနက်အဓိပ္ပါယ်တွေကို အကုန်လုံး မယူရဘူး”တဲ့၊ “အတ္ထ - လိုအပ်တဲ့အနက်၊ ပကရဏာ - အရာဌာန စသည်ကိုကြည့်ပြီး ယူရမယ်”တဲ့၊ လိင်္ဂ - ဆိုတာ ဒီနေရာမှာ gender ပေါ့၊ ဣတ္ထိလိင် ပုလ္လိင် နပုလ္လင်ပေါ့၊ အဲဒီ gender ကိုကြည့်ပြီးတော့လည်း ယူရတယ်၊ ဩစိတျာ - အသင့်ယုတ္တိရှိတာကိုသာ ယူရတယ်တဲ့၊ ကာလ - အချိန်ကာလကိုကြည့်ပြီး ယူရတယ်၊ ဒေသ - အရပ်ဒေသကိုကြည့်ပြီး ယူရတယ်၊ စကားလုံးရဲ့အဓိပ္ပါယ်ကို ယူတဲ့အခါမှာ ဆောက်စရာလေးတွေနဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို အနက်မှန်ဖော်ထုတ်ကြရတယ်။
အခု “ဘဝပစ္စယာ ဇာတိ” လို့ ဆိုတဲ့နေရာမှာ ဘဝဆိုတဲ့စကားလုံးသည် ကမ္မဘဝနဲ့လည်း သက်ဆိုင်တယ်၊ ဥပပတ္တိဘဝနဲ့လည်း သက်ဆိုင်တယ်၊ သို့သော် နောက်က ဇာတိလို့ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ဥပပတ္တိဘဝဆိုတာလည်း ဇာတိပဲပေါ့။ ဒါ့ကြောင့် “ဘဝပစ္စယာ” မှာ ဘဝအရ ကမ္မဘဝတစ်မျိုးတည်းကိုပဲ ယူရမယ်၊ နောက်စကားလုံးကနေ အဓိပ္ပါယ်ကို ပြန်ကန့်သတ်ပေး
စာမျက်နှာ-၄၂၅
တဲ့သဘောပဲပေါ့။ ဒီလိုဆိုင်ရာဆိုင်ရာ ကန့်သတ်ပေးမှုလေးတွေဟာ စာပေကျမ်းဂန်မှာ ရှိတယ်။
မြန်မာစကားမှာ “တောင်” ဆိုတဲ့စကားလုံးကို မှတ်ကြည့်လေ၊ “တောင်တောင်အီအီတွေ လျှောက်မတွေးနဲ့” ဆိုရင် အရပ်မျက်နှာ “တောင်”ကိုလည်း ပြောတာလည်းမဟုတ်ဘူး၊ ကျောက်တွေနဲ့ရောပြီး မြင့်မောက်နေတဲ့ “တောင်ကြီး”ကို ပြောတာလည်းမဟုတ်ဘူး၊ ဒီလိုစကားလုံးလေးတွေဟာ ဆိုင်ရာဆိုင်ရာ ကန့်သတ်ပြီးတော့ အဓိပ္ပါယ်အမှန်ကို ယူဆကြရတယ်။
ဒါကြောင့်မို့ ဒီနေရာမှာလည်း “ဘဝပစ္စယာ ဇာတိ” လို့ ဆိုလိုက်တော့ “ကံတရားလို့ဆိုတဲ့ ဘဝမှာ ကံတရားတွေ ဖြစ်ပေါ်နေမှုကြောင့် ဇာတိလို့ဆိုတဲ့ ဘဝတစ်ခုမှာ အစပြုမှုတွေ ပဋိသန္ဓေတွေ ပေါ်လာရတယ်”၊ ဒါကြောင့်မို့လို့ ဘဝအရ ကမ္မဘဝတစ်မျိုးတည်းကိုသာ ယူရမယ်။
ဇာတိ ဟူသည်
ဇာတိဆိုတဲ့ စကားလုံးလေးက ဖြစ်မှု မွေးဖွားမှု၊ ဘာတွေဖြစ်တာတုန်း ဘာတွေမွေးဖွားတာတုန်းဆိုတော့ ဒီစကားလုံးအရ အဓိပ္ပါယ်မထင်ရှားဘူး၊ ဇာတိရဲ့အဓိပ္ပါယ်က ဖြစ်ခြင်း, မွေးဖွားခြင်း ဆိုတဲ့အဓိပ္ပါယ်ရတယ်ပေါ့။ ဒီတော့ ဇာတိဆိုတဲ့စကားလုံးလေးက ဘာကိုညွှန်းတာတုန်း, ဘာတွေဖြစ်တာတုန်းလို့ဆိုရင် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ - ဒါတွေဖြစ်တယ်လို့ ဆိုလိုတာ၊ ဘဝဆိုတာ ဘယ်ကစတုန်းဆိုတော့ လူ့လောကနဲ့ ပြောမယ်ဆိုလို့ရှိရင် ပဋ္ဌာန္ဓေစိတ်လေးက စတယ်။
စာမျက်နှာ-၄၂၆
ဘဝတစ်ခုခုဟာ ဝိညာဏ်က စတယ်၊ ဘာ့ကြောင့် ဒီဝိညာဏ်က စရတုန်းဆိုရင် ကံကြောင့် စရတာ၊ ဒါကြောင့်မို့လို့ ပဋိစ္စသမုပ္ပါဒ်အစမှာဆိုရင် “သင်္ခါရပစ္စယာ ဝိညာဏံ” - သင်္ခါရတရားတို့ကြောင့် ဝိညာဏ်တရားတို့ ဖြစ်ကုန်၏လို့ ဒီလိုဟောခဲ့တာ၊ အခု နောင်ဘဝအတွက် ရည်ညွှန်းပြီးတော့ “ဘဝပစ္စယာ ဇာတိ” - ဘဝတရားတို့ကြောင့် ပဋိသန္ဓေနေမှု (ဇာတိ) ဖြစ်၏လို့ ဟောတာ၊ ဇာတိဆိုတာ ဖြစ်ခြင်း၊ ဘာတွေဖြစ်တာတုန်းဆိုရင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ - ဒါတွေပဲ ဖြစ်တာပေါ့။
အဲဒီဖြစ်မှုတွေကို ရည်ညွှန်းပြီးတော့ ဇာတိဆိုတဲ့ စကားလုံးလေးကို သုံးတယ်၊ ဇာတိကို အင်္ဂလိပ်လို birth လို့ ပြန်တယ်၊ မွေးဖွားခြင်းပေါ့။ တစ်ခါတစ်ရံ ဇာတိဆိုတဲ့ စကားလုံးဟာ မွေးဖွားရာဒေသကိုလည်း ရည်ညွှန်းတာရှိတယ်၊ ဇာတိဒေသလို့ ပြောတာ၊ အခု ဒီနေရာမှာတော့ ဓမ္မစကြာမှာပါတဲ့ “ဇာတိပိ ဒုက္ခာ” - မွေးဖွားရခြင်းဟာလည်းပဲ ဒုက္ခ၊ ဒီလိုဆိုတဲ့ အနက်အဓိပ္ပါယ်နဲ့ တူတယ်။
ဒါကြောင့်မို့ ဒီနေရာမှာ ဇာတိဆိုတာ birth၊ ဘဝတစ်ခုမှာ မွေးဖွားလာတာ၊ “မွေးဖွားလာတယ်” ဆိုတာ တရားအရ ပြောမယ်ဆိုရင် “ခန္ဓာနံ ပါတုဘာဝေါ” - ခန္ဓာတို့၏ ထင်ရှားဖြစ်ပေါ်လာခြင်း - လို့ ဒီလိုဆိုတယ်၊ “မွေးတယ်ဆိုတာ ခန္ဓာတွေ ပေါ်လာတာ”။
လူသားတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် ပထမဆုံး ပဋိသန္ဓေစိတ်ကလေး ပေါ်လာတယ်၊ ဒါဟာ ဝိညာဏက္ခန္ဓာ ပေါ်လာတာ၊ ဝိညာဏက္ခန္ဓာ ပေါ်လာသည့်အတွက်ကြောင့် ထိုဝိညာဏက္ခန္ဓာနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတဲ့ စေတသိက်တွေ ပေါ်လာတယ်၊ ဝေဒနာက္ခန္ဓာတို့ သညာက္ခန္ဓာတို့ သင်္ခါရက္ခန္ဓာတို့ဆိုတဲ့ နာမ်ခန္ဓာတွေ ပေါ်လာတယ်၊ ကံကနေ အတူတကွ ပူးပေါင်းပြီး
စာမျက်နှာ-၄၂၇
ထုတ်လုပ်လိုက်လို့ အပြန်အလှန် အကျိုးပြုပြီးတော့၊ အပြန်အလှန် မှီခိုမယ့် ကမ္မဇရုပ်တွေလည်းပဲ ဖြစ်ပေါ်လာတယ်၊ ဒါ ရူပက္ခန္ဓာ ပေါ်တာ။
ဘဝတစ်ခုမှာ ပဋိသန္ဓေစိတ်ကိုလည်း ကံက ထုတ်လုပ်တာ၊ ရုပ်ဆိုတဲ့ ကမ္မဇရုပ်ကိုလည်း ကံက ထုတ်လုပ်တယ်၊ အဲဒီရုပ်နဲ့ နာမ်ဟာ တစ်ပြိုင်နက်တည်း ဘဝတစ်ခုကို အစပြုတာ၊ အဲဒီလို ဘဝတစ်ခုမှာ ရုပ်နဲ့ နာမ် နှစ်ခုစလုံး ပြိုင်တူအစပြုသော်လည်း အဓိက ပဓာနကျတဲ့ အကြောင်းတစ်ခုကို ဦးတည်ပြီးတော့ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ (ဝိညာဏ်ကို ဦးတည်ပြီး ပြောတာနော်၊ ပြီးတော့မှ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ရှေ့နောက်ကဲ့သို့ မြတ်စွာဘုရားက ဟောထားတာ၊ သို့သော်လည်း ဝိညာဏ်နဲ့ နာမ်ရုပ်က ပြိုင်တူပေါ်တယ်လို့ ဒီလိုမှတ်ရမယ်။
ဘဝတစ်ခုမှာ နာမ်တွေ ရုပ်တွေ ဖြစ်လာတယ်၊ ဒါကြောင့်မို့ “ခန္ဓာနံ ပါတုဘာဝေါ” တဲ့၊ ဇာတိရဲ့ အဓိပ္ပါယ်ကို ပြောချင်လို့ရှိရင် “ခန္ဓာတွေရဲ့ ဖြစ်ပေါ်လာမှု” တဲ့၊ လူဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် သတ္တဝါတွေ “ဘဝတစ်ခုရတယ်” ဆိုတာ “ခန္ဓာရလာတာ” ကို ပြောတာ၊ “ခန္ဓာရလာတယ်” ဆိုတာ အသိစိတ်ရယ် ထိုအသိစိတ်ကို မှီပြီးဖြစ်တဲ့ ခံစားချက်တွေရယ်၊ မှတ်သားမှုတွေရယ်၊ စေ့ဆော်မှုတွေရယ်၊ ၎င်းတို့ရဲ့မှီရာဖြစ်တဲ့ ရုပ်တရားတွေရယ် - ပေါင်းလိုက်တဲ့အခါကျတော့ ခန္ဓာ ၅-ပါး၊ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ လို့ဆိုတဲ့ ခန္ဓာ ၅-ပါး၊ အဲဒီ ခန္ဓာ ၅-ပါး ပေါ်လာတာကိုပဲ “ဇာတိ” လို့ ဒီလိုခေါ်တာ။
စာမျက်နှာ-၄၂၈
အဲဒါ ဘယ်သူ့ကြောင့် ပေါ်လာရသလဲဆိုတော့ “ဘဝပစ္စယာ ဇာတိ” တဲ့၊ ဘဝဆိုတာ ကမ္မဘဝ၊ ကံတွေ စုဆောင်းမိလို့၊ ကံတွေ ဖြစ်နေလို့ ထိုကံတရားတွေက ထုတ်လုပ်လိုက်လို့ ဇာတိဆိုတဲ့ ရုပ်နာမ်ဓမ္မတွေ ဘဝတစ်ခုမှာ အစပြုပေါ်လာတယ်။ “သင်္ခါရပစ္စယာ ဝိညာဏံ” နှင့် “ဘဝပစ္စယာ ဇာတိ”။
နောက် ဒီနေရာမှာ ဇာတိလို့ဆိုတဲ့နေရာမှာ “သင်္ခါရပစ္စယာ” တုန်းကလို “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ဆိုရင် ပဋိသန္ဓေစိတ်တစ်မျိုးပဲ အဓိပ္ပါယ်ရတယ်၊ ဒီမှာကျတော့ ပဋိသန္ဓေစိတ်လို့ မပြောဘဲနဲ့ “ဘဝပစ္စယာ ဇာတိ” လို့ ပြောလိုက်ခြင်းအားဖြင့် ဒီစကားလုံးက ၃၁-ဘုံကို ခြုံမိငုံမိ ဖြစ်သွားတယ်။
“သင်္ခါရပစ္စယာ ဝိညာဏံ” တုန်းက ဘယ်သူလွတ်နေတုန်းဆိုရင် “သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်” လို့ဆိုတော့ - လောကမှာ “ဝိညာဏ်မဲ့တဲ့ သတ္တဝါ” ဆိုတာ ရှိသေးတယ်၊ ဝိညာဏ်မဲ့သတ္တဝါဆိုတာ အသညသတ်ဘုံက ဗြဟ္မာကြီးတွေ၊ ဒီအသညသတ်ဘုံက ဗြဟ္မာကြီးတွေကျတော့ သန္ဓေစိတ်မရှိဘူး၊ ရုပ်သက်သက် ဖြစ်တာကိုး၊ အဲဒါကျလို့ရှိရင် “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့စကားထဲမှာ မပါနိုင်ဘူး ဖြစ်နေတယ်၊ အေး ခုပြောလိုက်တယ် - “ဘဝပစ္စယာ ဇာတိ” ဆိုတဲ့အထဲမှာ မွေးဖွားခြင်းလို့ သုံးလိုက်သည့်အတွက်ကြောင့် ဝိညာဏ်လည်း ပါတယ်၊ နာမ်ရုပ်လည်း ပါတယ်၊ အကုန်လုံး ပါသွားတယ်ပေါ့။ ဒါကြောင့်မို့ “သဗ္ဗတ္ထ ဘဝဂါမိကမ္မံ ကမ္မဘဝေါ” တဲ့၊ ဘဝကို ပို့ဆောင်ပေးတဲ့ ကံအားလုံးဟာ ကမ္မဘဝ။
စာမျက်နှာ-၄၂၉
အသညသတ်ဘုံ ရောက်သွားအောင်လည်း ကံက ပို့ပေးတယ်။ ဘယ်ကံက ပို့ပေးတာလဲဆိုတော့ သမထကျင့်စဉ်ထဲမှာ ကျင့်ပြီးတော့ အောင်မြင်သွားတဲ့ ပဉ္စမဈာန်ကုသိုလ်ကံက အသညသတ်ဘုံကို ပို့ပေးလိုက်တာ၊ ရိုးရိုးမပို့ဘဲနဲ့ ဘာဖြစ်လို့ ရုပ်ချည်းသက်သက်ဖြစ်အောင် ပို့ပေးရတာတုန်းဆိုတော့ ဒါ သူ့ဆန္ဒပဲ၊ ဆန္ဒက အဆုံးအဖြတ်ပေးသွားတာပဲ။
ဘဝကို ဆန္ဒတို့ နိကန္တိတို့က အဆုံးအဖြတ်ပေးနိုင်တယ်၊ ဒါကြောင့်မို့လို့ ကိုယ့်ဘဝမှာ ဆန္ဒဟာ အင်မတန်မှ အရေးကြီးတယ်၊ wish လို့ ခေါ်တယ်၊ ဆန္ဒဟာ သာမန်အားဖြင့်တော့ သိပ်ပြီးတော့ မကြီးထွားဘူးလို့ ထင်ရတယ်၊ အင်မတန်မှ ပြင်းထန်တဲ့ ဆန္ဒရဲ့ စွမ်းဆောင်မှုပဲ။
တကယ်တော့ ပဉ္စမဈာန်ကုသိုလ်ရဲ့ အကျိုးပေးရာ တစ်ပြင်တည်းဖြစ်တဲ့ ဗြဟ္မာက ဝေဟပ္ဖိုလ်ဗြဟ္မာပဲ၊ အဲဒီဝေဟပ္ဖိုလ်ဗြဟ္မာတွေကျတော့ ရုပ်ရောနာမ်ရော အပြည့်အစုံလာတယ်၊ သူ့ကျတော့မှ နာမ်မပါဘဲနဲ့ ရုပ်ချည်းသက်သက် ဖြစ်ရတယ်ဆိုတာ သူ့ဆန္ဒအရ ဖြစ်တာ၊ လူတွေလည်းပဲ ကိုယ့်ဆန္ဒနဲ့ကိုယ် လုပ်နေကြတာပဲလေ၊ လက်ရှိဘဝမှာတောင်မှလည်းပဲ ဆန္ဒကနေ အဆုံးအဖြတ်ပေးတာ အများကြီးပဲ။ အေး ဒီနေရာမှာ “ဘဝပစ္စယာ ဇာတိ” မှာ ဇာတိလို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်ရောနာမ်ရော ဆိုင်မယ်လို့ မှတ်ရတယ်။
စာမျက်နှာ-၄၃၀
ပဋ္ဌာန်းနည်း
ဒီနေရာမှာ ကံကြောင့် ရုပ်ပဲဖြစ်ဖြစ် နာမ်ပဲဖြစ်ဖြစ်၊ ကံနဲ့ ပတ်သက်လာတဲ့ ရုပ်တွေ နာမ်တွေ ဖြစ်ရတာ၊ ပဋ္ဌာန်းနည်းအရ ဘယ်သတ္တိက ကျေးဇူးပြုတာတုန်းဆိုရင် အင်မတန်အင်အားကောင်းတဲ့ ဥပနိဿယပစ္စည်း၊ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ တစ်ခုမှတ်ရမယ်၊ နောက်တစ်ခုကတော့ နာနာက္ခဏိကကမ္မလို့ဆိုတဲ့ ကမ္မပစ္စည်းကနေပြီးတော့ ကျေးဇူးပြုတယ်၊ အဲဒီ ကမ္မသတ္တိ၊ ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုထားသည့်အတွက်ကြောင့် ကမ္မဘဝကြောင့် ဇာတိဆိုတာ သံသရာထဲမှာ ဒီလိုဖြစ်ပြီးတော့ နေကြရတယ်လို့ ပဋိစ္စသမုပ္ပါဒ်မှာ “ဘဝပစ္စယာ ဇာတိ” လို့ ဟောတာကို မြတ်စွာဘုရားက ပဋ္ဌာန်းကျတော့ “ကမ္မံ ဝိပါကာနံ ခန္ဓာနံ” ဆိုပြီးတော့ ဒီလိုဟောတာနော်။
အဲဒီလို ကံက ဝိပါကခန္ဓာတွေကို ဥပနိဿယသတ္တိ၊ နာနာက္ခဏိကကမ္မသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒီနေရာမှာတော့ ရှင်းပါတယ်။ ပဋ္ဌာန်းက အခက်အခဲ မရှိတော့ဘူး။
အနာဂတ်ဘဝကို ပြောတဲ့အခါကျတော့ ဇာတိဆိုတာ “ကံတွေ ရှိနေသေးသမျှ နောင်မွေးဖွားရဦးမှာပဲ” လို့ ပြောလိုက်တဲ့စကားပဲ၊ ကုသိုလ်ကံဆိုလို့ရှိရင် ကောင်းတဲ့ဘုံတွေမှာ မွေးဖွားရမှာပေါ့၊ အကုသိုလ်ကံဆိုလို့ရှိရင် မကောင်းတဲ့ဘုံတွေမှာ မွေးဖွားမယ်၊ ဒီတော့ ကံရှိနေသေးသမျှ မွေးဖွားရမယ်ဆိုတဲ့ ဇာတိလာမယ်။ ဥပနိဿယသတ္တိ၊ ကမ္မသတ္တိတွေနဲ့ ကျေးဇူးပြုတယ်၊ ဒါကြောင့်မို့ ဇာတိဆိုတဲ့ စကားလုံးလေးဟာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊
စာမျက်နှာ-၄၃၁
ဖဿ၊ ဝေဒနာ - ဒီ ၅-မျိုးကိုပဲ ပြန်ပြီးတော့ ရည်ညွှန်းပါတယ်လို့ ဒီလိုမှတ်ရမယ်။
ဇာတိရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုတဲ့အခါ “ခန္ဓာနံ ပါတုဘာဝေါ” အပြင် “အာယတနာနံ ပဋိလာဘော” တဲ့၊ အာယတနတွေကို ရလာတယ်၊ အာယတနဆိုတာလည်း ရုပ်နဲ့နာမ်ပဲ၊ ခန္ဓာဆိုတာလည်း ရုပ်နဲ့နာမ်ပဲ၊ ဒါတွေရလာတာလို့ ပဋိစ္စသမုပ္ပါဒ်မှာ ဒီလိုဟောတယ်။
သုတ္တန်ပါဠိတော်မှာတော့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဟောထားတာ ရှိတယ်၊ ဒါဖြင့် ခန္ဓာရလာတယ်ဆိုတာ အကောင်းရတာလားလို့ဆိုတော့ သံယုတ်ပါဠိတော်မှာ “ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ ဒုက္ခဿသော ဥပ္ပါဒေါ၊ ရောဂါနံ ဌိတိ၊ ဇရာမရဏဿ ပါတုဘာဝေါ” လို့ ဒီလိုဟောထားတယ်၊ “ရုပ်တရားရဲ့ ဖြစ်ပေါ်လာမှုသည် ဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲ။ ဒုက္ခဖြစ်ပေါ်လာမှုပဲ။”
ဒါဖြင့် ဘုန်းကြီးတို့တစ်တွေ “ဘဝပစ္စယာ ဇာတိ” လို့ ရလာတဲ့ ဇာတိဟာ သုခလား ဒုက္ခလားလို့ဆိုရင် ဒုက္ခကို ရသွားတာ၊ ဒီနေရာမှာ ဒုက္ခဆိုတဲ့နေရာမှာ ဖြစ်မှုပျက်မှုတွေက တရစပ် အမြဲမပြတ် အနှောင့်အယှက်ပေးနေတာကို ခံရတဲ့အတွက်ကြောင့် ဒုက္ခ၊ တစ်ခုခုက နှောင့်ယှက်နေလို့ရှိရင် ဘယ်ချမ်းသာတာ ဟုတ်မလဲ၊ ဆင်းရဲနေတာပေါ့၊ အဲဒီဆင်းရဲမျိုးကို ပြောတာနော်၊ “ဥဒယဗ္ဗယ ပဋိပီဠန” တဲ့၊ ဖြစ်မှုပျက်မှုတွေက အမြဲတမ်းကပ်ပြီးတော့ နှိပ်စက်နေတယ်၊ အဲဒါကြောင့် ဒုက္ခ။
စာမျက်နှာ-၄၃၂
တစ်နည်းအားဖြင့် ဆင်းရဲပေါင်းစုံ ပြဿနာပေါင်းစုံတို့ရဲ့ တည်ရာဖြစ်လို့ ဒုက္ခလို့ ဒီလိုပြောတာ၊ အေး problems တွေ အားလုံးဟာ ဘဝတစ်ခုမှာ မွေးဖွားလာပြီဆို လာပြီလေ၊ ခေါင်းကိုက်ရတာလည်း problem ပဲ၊ နားကိုက်တာလည်း problem ပဲ၊ ဖျားကြနာကြတာတွေလည်း ပြဿနာတွေပဲ၊ ဟိုကိစ္စ ဒီကိစ္စ လူမှုရေး စီးပွားရေး ပညာရေး နိုင်ငံရေးစတဲ့ အရေးကိစ္စတွေ အဆင်မပြေဖြစ်ရတာမှန်သမျှ လူ့လောကကြီးမှာ ပြဿနာအားလုံးဟာ သူ့ကြောင့်ပဲ၊ သူ့နဲ့ ဆက်စပ်ပြီးတော့ နေတယ်၊ ဖြစ်လာတဲ့အပေါ်မှာ မူတည်ပြီးတော့ ဒါတွေဖြစ်ကြတာ။
အဲဒါတွေကို ရှုမြင်နိုင်အောင် မြတ်စွာဘုရားက “ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ ဒုက္ခဿသော ဥပ္ပါဒေါ၊ ယော ဘိက္ခဝေ ဝေဒနာယ ဥပ္ပါဒေါ ဒုက္ခဿသော ဥပ္ပါဒေါ”၊ ဆိုလိုတာက ခန္ဓာ ၅-ပါးလုံးပဲ၊ ဘာခန္ဓာပဲရရ ရတာဒုက္ခလို့ ဒီလိုဟောတယ်။
“ဇာတိပစ္စယာ ဇရာမရဏံ”
ဒုက္ခတင်ရတာလားဆိုတော့ မဟုတ်ဘူး၊ “ဇရာမရဏဿ ပါတုဘာဝေါ” တဲ့၊ ရလာတဲ့ဒုက္ခဟာ အိုတာ နာတာ သေတာဆိုတာ ရှိလာဦးမယ်၊ “ရောဂါနံ ဌိတိ” တဲ့၊ ရလာတဲ့ ရုပ်တရား နာမ်တရားတွေမှာ ရောဂါဆိုတာ ပါလာပြီးသားပဲ၊ အဲဒါတွေကိုပဲ ရောဂါလို့ ခေါ်တာပေါ့၊ ရောဂါရဲ့အဓိပ္ပါယ်က “ရုဇ္ဇတီတိ ရောဂေါ” - နာတယ် ကျင်တယ် နှိပ်စက်တယ်၊ အဲဒါကို ရောဂါလို့ ခေါ်တာ။
စာမျက်နှာ-၄၃၃
ပါဠိစကားလုံး ရောဂါဆိုတာ မြန်မာစကားလုံးလို ဖြစ်နေပြီ၊ နာကျင်ကိုက်ခဲ နှိပ်စက်နေတဲ့ဟာကို ရောဂါလို့ ခေါ်တာပဲ။
အဲဒီရောဂါတစ်ခု ဖြစ်ပေါ်နေတယ်ဆိုတာ ဟောဒီ ရုပ်တရား နာမ်တရားပေါ်လာတာဟာ ရောဂါပေါ်လာတာပဲလို့ ဒီလိုပြောတာ၊ ဟော အဲဒါကို သိမယ်ဆိုလို့ရှိရင် ဘုန်းကြီးတို့တစ်တွေ “ကျန်းမာတယ်” လို့ ပြောဖို့ မသင့်တဲ့စကား ဖြစ်လာတယ်ပေါ့၊ လူတွေက “ကျန်းမာတယ်” လို့ ပြောတာ ရုပ်တရားနာမ်တရားတွေက သူ့အကြောင်းနဲ့ အကျိုးညီညွတ်နေတဲ့အခါ “ကျန်းမာတယ်” လို့ ပြောကြတာပဲ၊ အဆင်ပြေဖြစ်နေတာလည်း သူ့ဟာနဲ့သူ ဖြစ်နေတာ၊ အဆင်မပြေဘူးဆိုတာလည်း သူ့ဟာနဲ့သူ လာတာပဲ၊ ကိုယ်ဘာမှတတ်နိုင်တာမှမဟုတ်ဘူး၊ သို့သော် အဆင်ပြေအောင် အထောက်အကူဆိုတာမျိုးလေးတွေတော့ ပေးနိုင်တယ်ပေါ့၊ အဲဒီအထောက်အကူက သာမန်အကူအညီလောက်ပဲ ရှိတယ်၊ အေး ရာသီဥတုကို ဂရုစိုက်ပြီးနေတယ်၊ ဆေးဝါးဓာတ်စာ စားပေးတယ်၊ ကျန်းမာရေးဂရုစိုက်တယ်ဆိုတာလေးကျတော့ သူ့အဆင်ပြေမှုတွေ ပါလာတယ်ပေါ့၊ အဲဒီလောက်ပဲ လုပ်လို့ရတယ်။
သို့သော် အတိုင်းအတာတစ်ခုထက် ကြာရှည်ခံအောင် လုပ်လို့ရပါ့မလား၊ မရဘူး၊ သူ့အကြောင်းနဲ့သူ ဖြစ်နေတာဖြစ်တော့ ကိုယ်က အထောက်အကူပြုပေးနိုင်ရုံလောက်ပဲ၊ အကူအညီပေးရုံလောက်ပဲ ပေးနိုင်တယ်။ လုံးဝကြီးကောင်းအောင် မလုပ်နိုင်ဘူးတဲ့။
အေး ကောင်းပြီ၊ “ဘဝပစ္စယာ ဇာတိ” လို့ ဇာတိဖြစ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီဇာတိရှိလာရင် နောက်ဆက်က ဘာလာ
စာမျက်နှာ-၄၃၄
တုန်းဆိုတော့ “ဇာတိပစ္စယာ ဇရာမရဏံ” ဆိုပြီး ဇရာမရဏလာတယ်၊ ဒါဖြင့် ဇရာဆိုတာ ဘာပြောတာတုန်းဆို အိုတာကို ပြောတာ။
ဇရာ၏ သရုပ်
မြတ်စွာဘုရားက ပါဠိတော်မှာ ဇရာရဲ့သရုပ်ကို ဖွင့်ဆိုထားတဲ့စကားလုံးတွေ ရှိတယ်၊ အဲဒီဖွင့်ဆိုထားတဲ့ စကားလုံးတွေထဲမှာ စကားလုံးတစ်လုံးက ခဏ္ဍိစ္စ တဲ့၊ ခဏ္ဍိစ္စဆိုတာ ကျိုးပဲ့တာ၊ ဘာတွေကျိုးပဲ့တာတုန်းဆိုတော့ သွားတွေဘာတွေ ကျိုးပဲ့ကုန်တာ၊ ဇရာရဲ့သဘောက သွားတွေကျိုးလာတယ်၊ နောက်တစ်ခုက ပါလိစ္စ တဲ့၊ ခေါင်းဖြူလာတယ်၊ နောက်တစ်ခုက ဝလိတ္တစတာ အရေတွေတွန့်လာတယ်၊ ဟော... ဒါ ဇရာရဲ့သဘောကို ပြောပြတာနော်၊ ခဏ္ဍိစ္စ၊ ပါလိစ္စ၊ ဝလိတ္တစတာ လို့ ဇရာကို ဒီစကားလုံးတွေနဲ့ သရုပ်ဖော်တယ်။
နောက်ဆုံးထင်ရှားအောင် သရုပ်ဖော်ပုံက ဘာတုန်းဆိုတော့ ဣန္ဒြိယာနံ ပရိပါကော တဲ့၊ သစ်ပင်က သစ်သီးလေးတွေဟာ ပထမသီးလာခါစတုန်းက စိမ်းစိမ်းနုနုလေး၊ စိမ်းတာတောင်မှ အနုကလေးနဲ့ စိမ်းတာ၊ တဖြည်းဖြည်းကျတော့ စိမ်းရောင်ရင့်လာတယ်၊ နောက်ပိုင်းရင့်လာတဲ့အခါကျတော့ အစိမ်းရောင်ကနေပြီးတော့ ဝါတတ်တဲ့အသီးဆို ဝါသွားတာပေါ့နော်၊ အဲဒါဘာဖြစ်လာတာတုန်းဆိုရင် ရင့်ကျက်တဲ့သဘောကို ပြောတာ၊ ဘုန်းကြီးတို့တစ်တွေ ရထားတဲ့ “စက္ခု သောတ ဃာန ဇိဝှာ ကာယ - မျက်စိ နား နှာ လျှာ ကိုယ်” လို့ဆိုတဲ့ ဣန္ဒြေရယ်၊ ဣန္ဒြေဆိုတာ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ လို့ဆိုတဲ့ ဒီသဘာဝ
စာမျက်နှာ-၄၃၅
တွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ရင့်လာတယ် မှည့်လာတယ်၊ အဲဒါကို ပြောတာ၊ “ဣန္ဒြိယာနံ ပရိပါကော” တဲ့၊ ဣန္ဒြေတို့ရဲ့ ရင့်မှည့်လာတဲ့သဘောတဲ့။
ဟုတ်ပြီ - မျက်လုံးကလည်း မှည့်လာတယ်တဲ့၊ မျက်လုံးမှည့်လာတဲ့အခါကျတော့ အရောင်ပြောင်းသွားတာလည်း ရှိတယ်၊ မှုန်သွားတာလည်း ရှိတယ်၊ နားကလည်း မှည့်လာတယ်၊ လေးသွားတယ်ပေါ့၊ နှာခေါင်းကလည်း အနံ့အရင်ကလောက် မကောင်းတော့ဘူး၊ လျှာကလည်းပဲ အရင်ကလောက် မသွက်လက်တော့ဘူး၊ အရသာခံလို့ မကောင်းတော့ဘူး။
အဲဒါကြောင့်မို့လို့ အဖိုးကြီးအဖွားကြီးတွေက ပြောကြတယ် - “တို့ငယ်ငယ်တုန်းက အသီးအနှံတွေက အရသာရှိတယ်၊ ခုခေတ်အရသာ မရှိတော့ဘူး”၊ ဘယ်အရသာရှိမလဲ၊ သူ့လျှာကမှ မကောင်းတော့တာကိုး၊ အပြင်ဖက်က မကောင်းတာတင်မဟုတ်ဘူး၊ သူ့လျှာကိုက မကောင်းတော့တာ၊ လျှာကိုက ယုတ်ညံ့လာတာ၊ ပျက်စီးမှုန်သလို ပြောမယ်ဆိုလို့ရှိရင် လျှာက အရသာခံဖို့ စွမ်းအားတွေလည်း လျော့လာတယ်လို့ ပြောရမယ်။
နားက ကြားနိုင်မှုစွမ်းအားတွေလည်း လျော့လာတယ်၊ နှာခေါင်းက အနံ့ရမှုစွမ်းအားတွေလည်း လျော့လာတယ်၊ ခန္ဓာကိုယ်က ထိတွေ့မှုအားတွေဟာလည်း လျော့လာတယ်၊ အင်မတန်မှ သိသာတယ်။
ကမ္ဘာအေးလှိုင်ဂူထဲမှာ တပေါင်းလပြည့်နေ့ဆိုရင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် သံဃနာယက အစည်းအဝေးကြီး ကျင်းပတယ်၊ နှစ်စဉ်ကျင်းပတဲ့အထဲမယ် နှစ်စဉ်နှစ်စဉ် ဖိနပ်တရံ
စာမျက်နှာ-၄၃၆
၃၀-လောက် အဲဒီမှာ ကျန်ရစ်တယ်၊ ဘာဖြစ်လို့ ကျန်ရစ်တာတုန်းဆိုတော့ မှားပြီးတော့ စီးသွားကြလို့၊ ခြေထောက်က ကိုယ့်ဖိနပ် သူ့ဖိနပ်ဆိုတာကို မပြောနိုင်တော့ဘူး၊ သတင်းမပေးနိုင်တော့ဘူး။
ဘုန်းကြီးတို့လည်း ကိုယ်တွေ့ပဲ၊ ငယ်ငယ်တုန်းက သူများဖိနပ် မှားစီးတယ်ဆိုတာ မရှိဘူး၊ မှားစီးသွားတဲ့လူကို “ဘာလို့ မှားစီးရတာလဲ” လို့ “ကိုယ့်ခြေထောက်နဲ့ ကိုယ့်ဖိနပ်နဲ့ဟာ အံကျပဲ၊ မှားစရာအကြောင်းမရှိဘူး” လို့ ငယ်ငယ်က ထင်တယ်၊ အခုမဟုတ်ဘူး၊ ကိုယ်လည်း မှားစီးချင်လာပြီ၊ မမှတ်မိတော့ဘူး၊ ခြေထောက်က မသိတော့ဘူး၊ အဲဒီတော့ ကာယပသာဒရုပ်တွေဟာ ယုတ်လျော့လာတာ၊ ဒါကိုပြောတာ ဇရာဆိုတာ ဣန္ဒြိယာနံ ပရိပါကော။
ကိုယ့်ဖိနပ် သူ့ဖိနပ် မျက်စိကလည်း မမှတ်နိုင်တော့ဘူး၊ ခြေထောက်က စွပ်ကြည့်လည်း မသိတော့ဘူး၊ သူ့ဟာ ကိုယ့်ဟာ မခွဲနိုင်တော့ဘူး၊ ငယ်ငယ်တုန်းက အဲဒါတွေ အကုန်ခွဲလို့ရတယ်၊ သူများဖိနပ် ကိုယ့်ဖိနပ်ဆိုရင် စွပ်ကြည့်ရင် သိတယ်၊ မှောင်ထဲမှာတင်ကို ရွေးလို့ရတယ်၊ အခုချိန်မှာတော့ မရဘူး၊ မှောင်ထဲမပြောနဲ့ မြင်နေတာတောင် သူများဖိနပ်မှားစီးတာ ရှိတယ်။
အဲဒီလို ဘုန်းကြီးတို့ နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင် အစည်းအဝေး တက်နေတုန်းကဆိုရင် နှစ်စဉ်နှစ်စဉ် ဖိနပ်တွေ ကျန်ရစ်တယ်၊ ဘာဖြစ်လို့ ကျန်ရစ်တုန်းဆို ရှေ့က ကိုယ်တော်ကြီးက မှားစီးသွားတော့ နောက်က ကိုယ်တော်က ကိုယ့်ဖိနပ်မဟုတ်တော့ ထားပစ်ခဲ့တာ၊ အဲဒါဘာကိုပြောတာတုန်းဆိုရင် ဇရာရဲ့သဘောကို ပြောတာ။
စာမျက်နှာ-၄၃၇
ဇာတိရှိလို့ ဇရာလာတယ်ဆိုတာ ပဋ္ဌာန်းနည်းနဲ့ ပြောမယ်ဆိုရင် ဥပနိဿယသတ္တိပဲ၊ ဇာတိရှိနေရင် ဇရာလာမှာပဲ၊ ရှောင်တိမ်းလို့မရဘူး။
မရဏ ဟူသည်
နောက်လာမယ့်ဟာကတော့ မရဏပဲ၊ သေတယ်ဆိုတာ ဘာပြောတာတုန်းဆိုတော့ သေခြင်းတရားနဲ့ပတ်သက်ပြီး စကားလုံးနှစ်လုံးနဲ့ သရုပ်ဖော်ထားတာ ရှိတယ်၊ သေတယ်ဆိုတာ “ခန္ဓာနံ ဘေဒေါ” တဲ့၊ ခန္ဓာတွေ ပျက်စီးသွားတာကို သေတယ်လို့ခေါ်တာ၊ ဝိညာဏက္ခန္ဓာ ပျက်စီးသွားတယ်၊ ဝေဒနာက္ခန္ဓာ ပျက်စီးသွားတယ်၊ သညာက္ခန္ဓာ ပျက်စီးသွားတယ်၊ သင်္ခါရက္ခန္ဓာ ပျက်စီးသွားတယ်၊ ရူပက္ခန္ဓာက ကမ္မဇရုပ်တွေ စိတ္တဇရုပ်တွေ အာဟာရဇရုပ်တွေ ပျက်စီးသွားတယ်၊ ဥတုဇရုပ်ကြီးတော့ ကျန်ရစ်တာပေါ့။
ဒါကြောင့်မို့ ရှေးတုန်းကဆိုရင် ရုပ်ကလာပ်ကို ဥတုဇရုပ်ကလာပ်လို့ ဒီလိုရေးတယ်၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်ပဲ ကျန်တော့တယ်၊ အားလုံး ဘာတွေပါသွားတုန်းဆိုတော့ ကမ္မဇရုပ်တွေပါသွားတယ်၊ စိတ္တဇရုပ်တွေ ပါသွားတယ်၊ အာဟာရဇရုပ်တွေလည်း အသစ်မဖြစ်တော့ဘူး၊ သေသွားလို့ ကျန်နေရစ်တဲ့ရုပ်က ဥတုဇရုပ်တစ်မျိုးပဲ ကျန်ရစ်တဲ့အတွက်ကြောင့် သေသွားတဲ့ပုဂ္ဂိုလ်ရဲ့ အလောင်းနဲ့ ခုနရှင်နေတုန်းက ရုပ်နဲ့ မတူတတ်ဘူး၊ တစ်ခါတစ်လေကျလို့ရှိရင် တော်တော်လေးကွာသွားတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ကမ္မဇရုပ်ကလည်း ချုပ်သွားတယ်၊ စိတ္တဇရုပ်ကလည်း ချုပ်သွားတယ်၊ အာဟာရဇရုပ်ကလည်း ချုပ်သွားတယ်၊ ကျန်တာက ဥတုဇရုပ်
စာမျက်နှာ-၄၃၈
တစ်မျိုးပဲ ကျန်ရစ်တယ်၊ အဲဒါကို ပြောတာ “ခန္ဓာနံ ဘေဒေါ”၊ ခန္ဓာတွေ ပျက်စီးသွားတယ်၊ ရူပက္ခန္ဓာက ကမ္မဇရုပ်တွေ ပျက်စီးသွားပြီ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာတွေ အားလုံးပျက်စီးသွားတာကို သေတယ်လို့ခေါ်တယ်။
နောက်တစ်ခု သရုပ်ဖော်တာက “ကဠေဝရဿ နိက္ခေပေါ” တဲ့၊ အလောင်းကောင်ကြီးကို ချရတယ်၊ မြှုပ်နှံရတယ်၊ မီးသင်္ဂြိုဟ်ရတယ်၊ “ကဠေဝရဿ” ဆိုတာ ရုပ်အလောင်း၊ “နိက္ခေပေါ” ဆိုတာ မြေကြီးထဲမြှုပ်တာ သို့မဟုတ် ချတာ၊ မီးသင်္ဂြိုဟ်တာပေါ့။ အဲဒါနဲ့ သေတယ်ဆိုတာကို သရုပ်ဖော်လိုက်တယ်။
အဲဒီနှစ်ခုမှာ “ခန္ဓာနံ ဘေဒေါ” လို့ သရုပ်ဖော်တာက ပိုပြီးတော့ သဘာဝတရားဆိုင်ရာပဲ၊ “ကဠေဝရဿ နိက္ခေပေါ” ဆိုတဲ့စကားလုံးကျတော့ ရုပ်အလောင်းကြီးကို ချသွင်းမြှုပ်နှံရတယ်၊ ဂူသွင်းမြှုပ်နှံရတယ်လို့ဆိုတာကတော့ အများသိအောင်လို့ သမ္မုတိသစ္စာပိုင်းကနေ ပြောလိုက်တဲ့စကား၊ “ခန္ဓာနံ ဘေဒေါ” ဆိုတာ ပရမတ္ထသစ္စာပိုင်းက ပြောလိုက်တာ၊ သေတယ်ဆိုတာ ခန္ဓာတွေ ပျက်စီးသွားတာကို ပရမတ္ထသစ္စာအနေနဲ့ ပြောတာ၊ သမ္မုတိအနေနဲ့ ပြောလို့ရှိရင် အသုဘချတာကို ပြောတာ၊ ရုပ်အလောင်းကြီးကို သဂြိုဟ်မြှုပ်နှံရတာကို ပြောတာတဲ့၊ မြတ်စွာဘုရားက ဒီစကားလုံးလေးနဲ့ သရုပ်ဖော်တာ၊ ပါဠိတော်တွေမှာ ဒီအတိုင်းပဲရှင်းထားတယ်။ ဒါရှင်းရှင်းလေးပဲ နားမလည်နိုင်စရာ ဘာမှအကြောင်းမရှိဘူး။
မရဏဆိုတာ ဘာလဲဆိုရင် မြတ်စွာဘုရားက “ခန္ဓာနံ ဘေဒေါ” တဲ့၊ ခန္ဓာတို့ရဲ့ ပျက်စီးသွားမှုကို မရဏလို့ခေါ်တာ။
စာမျက်နှာ-၄၃၉
“ကဠေဝရဿ နိက္ခေပေါ” - ရုပ်အလောင်းချမှုကိုလည်း မရဏလို့ခေါ်တယ်။
ရုပ်အလောင်း ကျန်မှု မကျန်မှု
အဲဒီတော့ ၃၁-ဘုံမှာရှိတဲ့ သတ္တဝါတွေမှာ အားလုံး ရုပ်အလောင်းကြီး ကျန်ရစ်သလားဆိုတော့ ရုပ်အလောင်းမကျန်ရစ်တာလည်း ရှိတယ်၊ ဥပမာ - ငရဲတို့ဘာတို့မှာ ရုပ်အလောင်းမကျန်ရစ်ဘူး၊ တစ္ဆေတွေ ပြိတ္တာတွေဟာ လူတွေရဲ့မျက်စိမှာ မရောက်လာဘူး၊ သူတို့ကို လူတွေက မမြင်ရဘူးပေါ့။ ဒါဖြင့် အဲဒီ တစ္ဆေတို့ သရဲတို့ဆိုတာ ပြိတ္တာပဲပေါ့။
သူတို့သေသွားတဲ့အခါ အလောင်းချစရာ မရှိဘူးလားဆိုတော့ စာအုပ်တစ်အုပ်က ရေးထားတယ် - တစ္ဆေသေလို့ရှိရင် ပုတ်သင်ညိုအသေကို တွေ့ရတယ်တဲ့၊ အဲဒါ ဟုတ်မဟုတ်တော့ မသိဘူး၊ အတည်ပြုလို့တော့ မရဘူး၊ အဲဒီတော့ အသက်ရှင်တုန်းကမှ လူတွေရဲ့မျက်စိအောက် မရောက်ဘူးဆိုရင် သေရင်လည်း မရောက်ဘူးပေါ့၊ ရှိတော့ရှိတယ်၊ လူ့မျက်စိအောက် မရောက်တာတွေ ရှိတာပဲ၊ လေရှိတယ်၊ ဒါပေမဲ့ မျက်စိက မြင်ရရဲ့လား။ မမြင်ရဘူး။
အဲဒီတော့ ၃၁-ဘုံကျင်လည်ကြတဲ့ ပုဂ္ဂိုလ်သတ္တဝါတွေထဲက နတ်တွေဆိုတာ “ကဠေဝရဿ နိက္ခေပေါ” ဆိုတာ မရှိဘူး၊ သူတို့မှာ အလောင်းချရတယ်လို့ မရှိဘူး၊ ဒါကြောင့် နတ်ပြည်မှာ သင်္ချိုင်းမရှိဘူး၊ သင်္ဂြိုဟ်စက်လည်း မရှိဘူး၊ ရေခဲတိုက်တွေလည်း မရှိဘူး၊ နတ်တွေရဲ့ ခန္ဓာကိုယ်က အလွန်သိမ်မွေ့တယ်၊ သေလို့ရှိရင်
စာမျက်နှာ-၄၄၀
မီးတောက်လေး ငြိမ်းသွားသလို ငြိမ်းသွားတယ်၊ သေသွားတာနဲ့ တစ်ပြိုင်နက် ဥတုဇရုပ်ဆိုတာ မကြွင်းကျန်ဘူး၊ သူတို့ရဲ့ခန္ဓာကို ကမ္မဇရုပ်က လွှမ်းမိုးထားတယ်။
လူတွေရဲ့သန္တာန်မှာတော့ ဥတုဇရုပ်က လွှမ်းမိုးနေတယ်၊ ဟုတ်တာပေါ့၊ ကံတွေနဲ့ ပေးတုန်းက ကလလရေကြည်ဆိုတာ အင်မတန်သေးတဲ့ဟာလေးပဲ၊ နောက်ပိုင်းရောက်တဲ့အခါကျတော့ တဖြည်းဖြည်း ကြီးထွားလာတာ၊ အစာတွေစားရင်း စားရင်းနဲ့ ကြီးလာတာဆိုတော့ လူတွေရဲ့ ရုပ်က ရုပ်ကြမ်းတွေက များလာတာကိုး၊ များလာတော့ သေတော့ ဒါကြီးကျန်ရစ်တာပေါ့။
နတ်တွေကျတော့ သူတို့ရဲ့ခန္ဓာကိုယ်ကိုက ကံက ဖန်တီးပေးထားတာသက်သက်ဆိုတော့ ကမ္မဇရုပ်ချုပ်သွားတာနဲ့ တစ်ပြိုင်နက် အကုန်လုံးချုပ်သွားတယ်၊ အဲဒီတော့ နတ်ပြည်မှာ အသုဘချရတာ မရှိဘူး၊ ဗြဟ္မာပြည်မှာလည်း ဗြဟ္မာအလောင်းဆိုတာ မရှိဘူးပေါ့၊ သေသွားတာနဲ့ တစ်ပြိုင်နက် ပျောက်သွားတယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒီဘုံတွေကို ကြည့်ပြီးတော့ “ခန္ဓာနံ ဘေဒေါ” လို့ မြတ်စွာဘုရားက ဟောတယ်လို့ အဓိပ္ပါယ်ယူလည်းရတယ်။
လူတွေကို ကြည့်ပြီးတော့ “ကဠေဝရဿ နိက္ခေပေါ” လို့ ဟောတယ်လို့ ယူလို့ရတယ်ပေါ့၊ လူတွေကျတော့ အလောင်းက ချနေရသေးတယ်၊ ၃၁-ဘုံကို cover ဖြစ်အောင်လို့ မြတ်စွာဘုရားက ဒီမရဏဆိုတဲ့ စကားလုံးကို သရုပ်ဖော်ပြတယ်။
ကောင်းပြီ “ဇာတိပစ္စယာ ဇရာမရဏံ”၊ မွေးဖွားလာလို့ရှိရင် တဖြည်းဖြည်း အိုမင်းရင့်ရော်လာခြင်းဆိုတဲ့ ဇရာ၊ နောက်ဆုံး သေဆုံးရခြင်းဆိုတဲ့ မရဏ - ဒါနဲ့ပဲ ဘဝတစ်ခုဟာ အဆုံးသတ်ရ
စာမျက်နှာ-၄၄၁
တယ်၊ ဇာတိရှိလို့ ဇရာမရဏ ဖြစ်ရတယ်ဆိုတာ ဥပနိဿယသတ္တိနဲ့ ဖြစ်လာတာ။
ဇာတိဖြစ်ရင် ဇရာမရဏ ဖြစ်၏
အဲဒီနောက်ဆက်အနေနဲ့ ဇာတိဖြစ်လာလို့ရှိရင် ဇရာမရဏဆိုတာ သေချာပေါက်အကျိုးတစ်ခုအနေနဲ့ မြတ်စွာဘုရားက ဟောတာ၊ လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် ဗြဟ္မာပဲဖြစ်ဖြစ် ဇာတိရှိရင် နောက်က ဇရာနဲ့ မရဏက လာမှာပဲ။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့ ရုပ်ခန္ဓာကိုယ်တော်ကြီးဟာ ပါရမီပုံရိပ် အမှတ်တံဆိပ်နဲ့ အင်မတန်မှ သပ္ပါယ်တဲ့ ခန္ဓာကိုယ်ဖြစ်ပေမယ့်လို့ အသက် ၇၀-ကျော်လာလို့ ၈၀-ထဲရောက်လာတဲ့အခါ တစ်ခုသောနေ့မှာ မြတ်စွာဘုရားက အရှေ့ဖက်ကိုလှည့်ပြီး ထိုင်နေတယ်၊ ကျောပေါ်က သက္ကန်းလေးက အောက်ကိုကျနေတော့ ရှင်အာနန္ဒာက အနားနားမှာ ထိုင်နေရင်း ကျောမှာ အရေကလေးတွေ တွန့်နေတာကိုတွေ့တယ်၊ တွေ့တဲ့အခါ မြတ်စွာဘုရားကို လျှောက်တယ်၊ “အံ့သြစရာကောင်းလိုက်တာ၊ ဇရာတရားက အရှင်ဘုရားခန္ဓာကိုယ်မှာလည်း အရေကလေးတွေ တွန့်နေပြီ” တဲ့၊ တွန့်ရောပေါ့၊ အသက် ၇၀-ကျော် ၈၀-ဆိုတာ၊ ဘုရားလည်း အရေတွန့်တာပဲ။
အဲဒီမှာ မြတ်စွာဘုရားက - “ဇိဏ္ဏံ ဇမ္ဗိ ဇရာ အတ္ထု၊ ဒုဗ္ဗဏ္ဏကရဏီ ဇရာ” - “အိုခြင်းတရားက လူကို အရုပ်ဆိုးအောင် လုပ်တာ” တဲ့။
စာမျက်နှာ-၄၄၂
ဟုတ်လိုက်လေနော် - သွားတွေ ကျိုးသွားလို့ရှိရင် တချို့ပါးတွေ နှစ်ဖက်စလုံး ချိုင့်သွားပြီးတော့ ပေးစေ့ကြီးက ရှေ့ထိုးလာတယ်၊ ခုခေတ်တော့ အဲဒီလိုမဖြစ်တော့အောင် သွားစိုက်ဆိုင်သွားပြီး စိုက်ထားကြတာကိုး၊ နို့မို့ဆို လူတွေက သွားတွေအကုန် ကျိုးသွားလို့ရှိရင် သွားတွေမပါတော့ဘူးဆိုရင် အတော်အရုပ်ဆိုးတာနော်၊ လူတိုင်းတော့မဟုတ်ဘူး၊ တချို့ကျတော့ ပိုအရုပ်ဆိုးသွားတယ်၊ သွားတွေကျိုးလို့ရှိရင် မေးစေ့ကြီးက ချွန်ပြီး ရှေ့ထိုးလာတယ်၊ အဲဒီတော့ စကားပြောတော့လည်း နှုတ်ခမ်းသားလေးနဲ့ သွားဖုံးကလေးနဲ့ ပြောတာဆိုတော့ မပီကလာပီကလာတွေ ဖြစ်လာတယ်၊ အဖိုးကြီးအဖွားကြီးတွေမှာ ဒီလိုဖြစ်ရတာ၊ အဲဒါကိုပြောတာ “ဒုဗ္ဗဏ္ဏကရဏီ ဇရာ” - “ဇရာတရားဟာ လူကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်တယ်”။
ဘယ်သဘာဝတရားပဲဖြစ်ဖြစ် အိုခြင်းနဲ့ လာပြီးဆုံစည်းရတယ်၊ ရုပ်တရားတွေကျတော့ အိုခြင်းဆိုတာ အင်မတန်မှ ထင်ရှားတယ်၊ နာမ်တရားတွေကတော့ အိုခြင်းဆိုတာကို မတွေ့ရဘူး။ မတွေ့ရတာလည်း ပုံသဏ္ဌာန်မရှိလို့ မတွေ့ရတာ၊ သို့သော် မပျက်ခင်ကလေးမှာ အိုခြင်းဆိုတာ ရှိတာပဲ၊ အဲဒါကို “ဌိတိ” လို့ ခေါ်တာပေါ့နော်၊ “ဥပါဒ် ဌီ ဘင်” - ဖြစ် တည် ပျက် ဆိုတဲ့ ခဏငယ် ၃-ခုနဲ့ အရာခပ်သိမ်းဟာ ဒီလိုပဲ သွားနေတာချည်းပဲ၊ ဖြစ်လာတယ်၊ ပျက်သွားတယ်၊ မပျက်ခင်စပ်ကြားလေးမှာ ရပ်တန့်သွားတယ်၊ ဒါလေးကို ဆိုလိုတာ၊ အဲဒီ မပျက်ခင်စပ်ကြားလေး ရပ်တန့်သွားတာကို “ဌိတိ” လို့ ခေါ်တာပဲ၊ “ဌိတိ” ဆိုတာကိုက ရပ်သွားတာကို ပြောတာ။
စာမျက်နှာ-၄၄၃
ခဲလေးတစ်လုံး ကောက်ပြီးတော့ ကောင်းကင်ကို မြှောက်ကြည့်ပါလား၊ မြှောက်လိုက်လို့ရှိရင် အပိုင်းနှစ်ပိုင်းတွေ့ရလိမ့်မယ်၊ မြှောက်လိုက်တဲ့အချိန်မှာ မြှောက်လိုက်တဲ့အချိန်နဲ့ ခဲလေးအပေါ်တက်နေတဲ့အပိုင်း ရှိတယ်၊ အချိန်ကုန်ရင် ပြန်ကျတဲ့အပိုင်း ရှိတယ်၊ တက်နေတာရယ် ပြန်ကျတာရယ်၊ မမြင်ရဘူးလား၊ အေး မကျခင်စပ်ကြားလေးမှာ ရပ်သွားတယ်ဆိုတာလေးလည်း ရှိသေးတယ်၊ အဲဒီရပ်သွားတဲ့အပိုင်းလေးကို “ဌိတိ” လို့ ခေါ်တာပဲ၊ အတက်နဲ့အကျတင်ရှိတာမဟုတ်ဘူး၊ တက်တာရပ်သွားတဲ့အပိုင်းလေးက ခဏလေးရှိသေးတယ်ပေါ့။ အဲဒီ moment ကို “ဌိတိ” လို့ ပြောတာပဲ။
ရုပ်တရားတွေမှာလည်း ဒီအတိုင်းပဲ၊ ရုပ်တရားတွေကျတော့ ဖြစ်လာတဲ့အချိန်လေးက တိုတောင်းတယ်၊ ပျက်သွားတဲ့အချိန်လေးက တိုတောင်းတယ်၊ တည်တန့်တဲ့အချိန်က ရှည်လျားတယ်၊ နာမ်တရားတွေကျတော့ ဖြစ်တာရယ် တည်တန့်တာရယ် ပျက်သွားတာရယ် ၃-မျိုးလုံး တူညီတဲ့အချိန်ပိုင်း ရှိတယ်ပေါ့။
ရုပ်တရားတွေကျတော့ မတူညီဘူး၊ ဖြစ်တဲ့အချိန်လေးက တိုတယ်၊ ပျက်တဲ့အချိန်လေးက တိုတယ်၊ ရပ်တည်နေတဲ့အချိန်က ရှည်လျားတယ်တဲ့၊ ဒါ့ကြောင့်မို့ ရုပ်တရားတွေက ကြာကြာရှိနေတယ်ပေါ့၊ အေး အဲဒါကို ပဋိစ္စသမုပ္ပါဒ်နဲ့ သတ္တဝါတွေရဲ့ဘဝကို မြတ်စွာဘုရားက ရှင်းပြတဲ့အခါမှာ “ဇာတိပစ္စယာ ဇရာမရဏံ” လို့ ဇာတိရှိလာရင် သေချာရှိမယ့်အချက်တွေက ဘာလဲဆိုရင် ဇရာနဲ့ မရဏ ဖြစ်တယ်လို့ ဒီလိုဟောတာ။
စာမျက်နှာ-၄၄၄
“သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ”
အဲဒီနောက်မှာ ဆက်ပြောတာက “သောက ပရိဒေ၀ ဒုက္ခ၊ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ” လို့ နှစ်ပိုင်းခွဲထားတယ်။ ဇာတိရှိလို့ရှိရင် သောက၊ ပရိဒေဝတို့၊ ဒုက္ခတို့၊ ဒေါမနဿတို့၊ ဥပါယာသတို့ လာလိမ့်မယ်။ အဲဒါက လူတိုင်းမှာ မလာဘူး။ ငါ့ကြောင့်မို့ လူတိုင်းမှာ လာတာမဟုတ်သည့်အတွက်ကြောင့် “ဇာတိပစ္စယာ ဇရာမရဏံ” ဆိုတာကို အဓိကထားဟောတာ။
လေး။ တချို့လည်း သတ္တဝါတွေထဲမှာ သောကမရှိတဲ့ပုဂ္ဂိုလ်လည်း ရှိနိုင်တာပဲ။ မွေးဖွားလာပေမယ့် အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာတော့ ရှိမယ်။ သို့သော် သောကမဖြစ်ဘူးဆိုတာ - ဆိုပါစို့ - ရဟန္တာတွေကျတော့ သောကဘယ်ဖြစ်မလဲနော်။ ပရိဒေဝ - လောကမှာ မငိုရတဲ့ပုဂ္ဂိုလ်လည်း ရှိကောင်းရှိနိုင်တယ်ပေါ့။ ပြောလေ့ရှိကြတယ်၊ လူ့ဘဝရောက်လာတာ ကလေးလေးတွေဟာ ငိုပြီးတော့ ရောက်လာကြတာ။ သေသွားတဲ့အခါ သူက မငိုနိုင်တော့ ဘေးကလူတွေက ငိုပြီးတော့ လွှတ်လိုက်တယ်။
အဲဒါနဲ့ ပတ်သက်ပြီးတော့ လောကမှာ လူ့ဘဝရရချင်း မငိုဘဲနဲ့ မွေးတဲ့ကလေး ရှိသလားလို့ ဘုန်းကြီး တစ်ခါတုန်းက စဉ်းစားမိတယ်။ လောကရဲ့ အစဟာ ငိုခြင်းနဲ့ပဲ စလာတာ။ အဲဒီတော့ မငိုဘဲနဲ့ လောကထဲ ရောက်လာတဲ့လူ ရှိသလားလို့ ဂျာမဏီမှာတုန်းက အဘိဓမ္မာသင်ရင်း အဲဒီမေးခွန်းလေးကို မေးလိုက်တယ်။ ဂျာမန်အမျိုးသမီးတစ်ယောက်က “ရှိတယ် ဘုရား” လို့ ဖြေတယ်။ သူကိုယ်တွေ့မို့ ပြောတာလားတော့ မသိဘူးနော်။
စာမျက်နှာ-၄၄၅
မြန်မာပြည်မှာတော့ မွေးပြီဟေ့ဆိုရင် အော်ဟစ်လာတာပဲ။ မငိုရင်လည်း ရိုက်တယ် ထင်တယ်၊ ကျောထုပေးတာတို့။ အဲဒီတော့ ငိုရတဲ့သဘော ရှိတယ်ပေါ့။ ငိုခြင်းနဲ့စပြီး လောကကြီးထဲ ရောက်လာခဲ့ကြတယ်။ ဒီတော့ လောကကြီးထဲ ရောက်လာတာကိုက အငိုနဲ့စတာ ဘယ်ကောင်းမလဲ၊ လူ့ဘဝရောက်လာတာ ငိုပြီးတော့ ရောက်လာတာ ဖြစ်နေပြီနော်။ ဒါပေမဲ့ လူတိုင်းတော့ မဟုတ်ဘူးလို့ ပြောရမှာပေါ့။ ဟုတ်တာပေါ့ - ဘုရားအလောင်းလေးတော့ အဲဒီလို ငိုထွက်လာတာ မဟုတ်ဘူး။
ဘုရားအလောင်းတော်လေး၏ ဘဝအစ
ဘုရားအလောင်းလေး မွေးဖွားတဲ့အခါမှာ မယ်တော်က မတ်တပ်ရပ်လျက် မွေးဖွားတာ။ ဒါ သူများနဲ့ မတူတဲ့အချက်၊ မိခင်လုပ်သူက မွေးဖွားတဲ့အခါမှာ မတ်တပ်ရပ်လျက် မွေးဖွားတာ။ ဘုရားအလောင်းလေးက မွေးဖွားလာတဲ့အခါမှာ ပထမဆုံး နတ်တွေက ဖမ်းယူလိုက်တယ်ပေါ့။ နတ်တွေလက်ထဲ ရောက်တယ်၊ လူမမြင်ရတဲ့နတ်တွေ၊ ပြီးတော့မှ လူတွေလက်ထဲ ရောက်တယ်၊ ပြီးတော့မှ မြေကြီးပေါ်မှာ ခြေစုံရပ်ပြီးတော့ ၇-လှမ်း လှမ်းတယ်၊ ပြီးတော့ စကားပြောတယ်ဆိုတာ အားလုံး ဗုဒ္ဓဝင်ဖတ်ဖူးကြလိမ့်မယ်။ ဒါက အင်မတန်ထူးခြားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပေါ့နော်။
မွေးမွေးချင်း မဆိုဘဲနဲ့ စကားပြောတာက ရှိသေးတယ်လေ။ ဘုရားအလောင်းမှာ မွေးမွေးချင်း စကားပြောတာ သုံးဘဝရှိတယ်လို့ ဆိုတယ်။ မဟောသဓဇာတ်တော်မှာ လာတဲ့အခါ ဘုရားအလောင်းလေးက မွေးမွေးချင်း သူ့လက်ထဲမှာ နတ်ဆေးကလေး
စာမျက်နှာ-၄၄၆
ပါလာတယ်။ မွေးမွေးချင်း စကားပြောတယ်၊ သူ့အမေကို အဲဒီဆေးလေး ပေးတယ်။ ဒါကြောင့် မဟောသဓ - မဟာ + ဩသဓ - ကောင်းမြတ်တဲ့ဆေး ရှိသူ၊ ဆေးကို ယူဆောင်လာတဲ့သားဆိုတဲ့ အဓိပ္ပါယ်အနေနဲ့ “မဟောသဓ” လို့ နာမည်ပေးတာ။ ဩသဓဆိုတာ ဆေးပေါ့နော်။ အဲဒါလည်း မဟောသဓဘဝမှာ ဆိုလို့ရှိရင် မွေးမွေးချင်း ဆေးကလေးကို ပြုပြီးတော့ စကားပြောလို့ သူ့ကို မွေးမွေးချင်း စကားပြောတယ်လို့ ပြောတယ်။
တစ်ခါ ပါရမီတော်တွေဖြည့်လို့ ပါရမီပြည့်တဲ့ နောက်ဆုံးဘဝမှာဆိုရင် ဝေဿန္တရာဖြစ်တယ်။ နန်းတော်မှာ မွေးတာမဟုတ်ဘူး၊ မြို့လှည့်လည်ရင်းကနေ ကုန်သည်တွေနေတဲ့လမ်းကို ကျော်လွန်ပြီးတော့ အဲဒီဖြတ်အကူးလေးမှာ မွေးဖွားတာဖြစ်လို့ သူ့ကို “ဝေဿန္တရ” လို့ ခေါ်တာ။ ဝေဿဆိုတာ ကုန်သည်ပဲ၊ တရဆိုတာ ကုန်သည်လမ်းကို ဖြတ်ကျော်ပြီးတော့ မွေးတာဖြစ်လို့ သူ့ကို ဝေဿန္တရာလို့ အမည်ပေးထားတာ။ ဝေဿန္တရာမွေးတော့လည်းပဲ လက်ဖဝါးလေး ဖြန့်ပြီးတော့ မိခင်ကို တောင်းတယ်တဲ့၊ “ဘာလှူစရာရှိတုန်း၊ သူများကို ပေးချင်တယ်”ပေါ့။ “ဘာပေးစရာရှိတုန်း သူ့ကိုပေးပါ”တဲ့။ ဒါကြောင့်မို့ ဝေဿန္တရာတဲ့။ အင်မတန်မှ အလှူရေစက် လက်နဲ့မကွာဆိုတာ သူမှအစစ်ပဲ။ နောက်ဆုံးပါရမီ ဖြည့်သွားတာ၊ ဒါနကိုပဲ အကြီးအကျယ်ဖြည့်သွားတာ ဝေဿန္တရာဘဝမှာနော်။ ဘုရားအလောင်းတွေ ပါရမီဖြည့်တာလည်းပဲ ဒါနနဲ့ပဲ ဖြည့်တယ်၊ နောက်ဆုံး ဖြည့်သွားတာလည်းပဲ ဒါနပဲ။
အေး ဘုရားအလောင်းဘဝမှာ မဟောသဓဘဝရယ်၊ ဝေဿန္တရာဘဝရယ်၊ သိဒ္ဓတ္ထမင်းသားဘဝရယ်လို့ မွေးမွေးချင်း
စာမျက်နှာ-၄၄၇
စကားပြောတာ သုံးဘဝရှိတယ် - ဒီလိုမှတ်တမ်း ရှိတယ်ပေါ့။ ကျန်တဲ့ဘဝလည်း ရှိချင်ရှိဦးမှာပေါ့၊ အဲဒီလို ထူးခြားတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။
ဒါကြောင့် “ဇာတိပစ္စယာ ဇရာမရဏံ” ဆိုတာတော့ သေချာပေါက်ဖြစ်သည့်အတွက်ကြောင့် အဲဒါကိုဟောပြီး သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသဆိုတဲ့ ရင်ထဲမှာ အခံရခက်တဲ့ သဘာဝတရားတွေဟာလည်း မွေးဖွားလာလို့ရှိရင် လူတွေကြုံတွေ့နိုင်တဲ့ ဆင်းရဲဒုက္ခတွေပဲလို့ ဆိုပြီးတော့ အဲဒါတွေလည်း ဖြစ်လာနိုင်တယ်လို့ ပြောတာနော်။
သောက
အဲဒီမှာ သောကဆိုတာ ဘာတုန်းလို့ဆိုရင် တစ်စုံတစ်ခု ပျက်စီးဆုံးရှုံးတော့မယ်ဆိုရင် သောကဖြစ်တယ်၊ ပျက်စီးဆုံးရှုံးသွားပြီဆိုရင်လည်း သောကဖြစ်တယ်။ သောကဆိုတာ စိုးရိမ်တာ။ ကိုယ့်အတွက်လည်း စိုးရိမ်တယ်၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်လည်း စိုးရိမ်တယ်၊ ပစ္စည်းဥစ္စာတွေအတွက်လည်း စိုးရိမ်တယ်၊ တစ်ခုခုဖြစ်တဲ့အခါကျတော့ လူတွေက ပြောကြတယ် မဟုတ်လား စိတ်ပူတယ်၊ တစ်စုံတစ်ခုဖြစ်တော့မယ်။ ဥပမာ - ရောဂါရတယ်၊ ရောဂါအကြောင်းကြားရင် စိတ်ပူတယ်၊ အဲဒါသောကပဲ၊ Worry လို့ခေါ်တယ်။ အဲဒါဟာ ဝမ်းနည်းကြေကွဲစရာတွေနဲ့ ကြုံတွေ့တဲ့အခါမှာ သောကဆိုတာ ဖြစ်ပေါ်လာတတ်တယ်။ လူအများစုမှာတော့ ဖြစ်တယ်ပေါ့။ ဒါကြောင့် ဇာတိရဲ့ အကျိုးဆက်အနေနဲ့ သောကကို ပြတယ်။
စာမျက်နှာ-၄၄၈
ပရိဒေဝ
အဲဒီသောကကို မထိန်းနိုင်လို့ရှိရင် အသံထွက်လာတာ၊ ငိုယိုတဲ့အသံနော်။ အမျိုးစုံငိုတယ်လို့ ပြောတာပဲ၊ တချို့ဆို ဖွဲ့ဖွဲ့နွဲ့နွဲ့ငိုနေတာ၊ ရိုးရိုးငိုတာမဟုတ်ဘူး။ ငယ်ငယ်တုန်းက ကြားဖူးလိုက်တယ် - ဓမ္မကထိကဆရာတော်တစ်ပါး ဟောတဲ့အထဲမယ် ကြားဖူးလိုက်တယ်။ သမီးလေးသေတဲ့အခါကျတော့ အမေလုပ်တဲ့လူကိုက ရိုးရိုးမငိုဘူး၊ “အမလေး သမီးရဲ့ - ကင်မုံသီးလို ပြားပြားကြီးနော်”တဲ့။ သူ့သမီးလေးက အလောင်းပြင်ထားတဲ့အခါကျတော့ အဲဒီမှာ ပြားပြားချပ်ချပ်ဖြစ်နေတာကို ကင်မုံသီးလိုဆိုတော့ အနားနားရှိတဲ့သမီးက တဘောင်နဲ့တိုးမယ်၊ “အမေ ကင်မုံသီးဆိုတာ အလုံးကြီး”တဲ့။ အဲဒီတော့ သူငိုတာနဲ့ မှားနေတယ်၊ အဲဒါကို သူက မလျှော့ဘူး၊ “ထုပြီးမို့ပါအေ” လို့ ပြောတယ်၊ ကြံကြံဖန်ဖန်နော်၊ အဲဒါမျိုးကို ပရိဒေဝလို့ခေါ်တယ်။
ဝစီဝိပ္ပလာပတဲ့ - ပါးစပ်က ထွက်မထွက်ရာတွေ လျှောက်ပြောတာ။ သောကတွေဖြစ်ပြီးတဲ့အခါကျတော့ အသံက ပြောချင်ရာတွေ လျှောက်ပြောလာတာ၊ အဲဒါ ပရိဒေဝလို့ခေါ်တယ်။ စိတ္တဇသဒ္ဒါဆိုတဲ့ ရုပ်ကိုကောက်တယ်၊ ပရိဒေဝဆိုတာ အသံကိုပဲကောက်တယ်။ သောကဖြစ်လာလို့ မထိန်းနိုင်လို့ရှိရင် ပါးစပ်က ပြောချင်ရာတွေ လျှောက်ပြောတဲ့ အသံတွေ၊ ငိုယိုတဲ့အသံတွေ အဲဒါတွေကိုပဲ ပရိဒေဝလို့ခေါ်တယ်။
စာမျက်နှာ-၄၄၉
ဒုက္ခနဲ့ ဒေါမနဿ
နောက်တစ်ခုက ဒုက္ခနဲ့ ဒေါမနဿတဲ့။ ဒုက္ခဆိုတာ သွားကိုက်တာတို့၊ နားကိုက်တာတို့၊ ခါးကိုက်တာတို့ စတဲ့ ကိုယ်ဆင်းရဲမှုတွေ။ ဒေါမနဿဆိုတာကတော့ စိတ်ဆင်းရဲမှုတွေ။ တရားကိုယ်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် သောကကလည်း ဒေါမနဿဝေဒနာပဲ၊ ခံရခက်တဲ့ စိတ်ဆင်းရဲမှုပဲ၊ ဒေါမနဿကလည်း ဒေါမနဿဝေဒနာပဲ။
ဘာဖြစ်လို့ ဒေါမနဿဝေဒနာကို နှစ်မျိုးထည့်ဟောရတာလဲလို့ဆိုရင် သောကဆိုတာ ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီးတော့ ဖြစ်တဲ့ စိုးရိမ်မှုကို ပြောတာ။ ဆုံးရှုံးတော့မယ် - သို့မဟုတ် - ဆုံးရှုံးသွားပြီဆိုလို့ရှိရင် သောကဆိုတာဖြစ်တာ။ ဒေါမနဿဆိုတာ အဲဒီလိုမဟုတ်ဘူး၊ ဆုံးရှုံးတာနဲ့ မဆိုင်ဘူး။ စိတ်ဆိုးလို့ရှိရင်လည်း စိတ်ထဲမှာ မကျေမနပ်ဖြစ်တာ - အဲဒါ ဒေါမနဿ။ ဒါကြောင့် ဒုက္ခနဲ့တွဲပြီး ဒေါမနဿလို့ဟောတာ။
ဥပါယာသ
နောက်ဆုံး ဥပါယာသဆိုတာကျတော့ ပေါက်ကွဲလာတဲ့ ပြင်းထန်တဲ့ဒေါသ၊ လူကို ပင်ပန်းသွားစေတတ်တဲ့ ဒေါသမျိုး။ တချို့ကျတော့ ဒေါသကြီးလွန်းအားကြီးတဲ့အခါ ပေါက်ကွဲသွားတတ်တာတွေ ရှိတယ်။ ကိုယ့်ဒေါသ ကိုယ်မထိန်းနိုင်တဲ့လူ နောက်ဆုံးကျတော့ အသံတောင် မထွက်နိုင်တော့ဘူး။ အော်ရင်း ဟစ်ရင်း ခုန်ရင်း ပေါက်ရင်းနဲ့ အသံကို မထွက်တော့ဘူး၊ အဲဒါ ဥပါယာသ ဖြစ်သွားတာ။
စာမျက်နှာ-၄၅၀
အဲဒီလို အခြေအနေဆိုးတွေ ကြုံတွေ့ရတာဟာလည်းပဲ ဇာတိကြောင့် ဖြစ်တာပါ၊ ပဋ္ဌာန်းနည်းနဲ့ ပြောမယ်ဆိုလို့ရှိရင် ဒါ ဥပနိဿယသတ္တိပဲ။ ဥပနိဿယသတ္တိကြောင့်မို့လို့ ဒါတွေ အမျိုးမျိုးလာတယ်။ ဒါ ဇာတိနဲ့ပတ်သက်ပြီး ပြောရင် ဥပနိဿယသတ္တိ၊ အကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ပြောလို့ရှိရင်နော်။
ဒါကြောင့်မို့ ပါဠိကအမှန်ဆိုတဲ့အခါမှာ ပဋိစ္စသမုပ္ပါဒ်မှာ “ဇာတိပစ္စယာ ဇရာမရဏံ” လို့ ဆိုရမယ်။ ဒါက ဝါကျ၊ ဝိဘတ် အဆုံးသတ်ထားတာ၊ ပြီးတော့မှ “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ”။ တချို့က “ဇရာမရဏံ” လို့ မဆိုဘဲနဲ့ “ဇရာမရဏ သောက ပရိဒေဝ” အဲဒီလိုဆိုတာလည်း ရှိတယ်၊ မဟုတ်ဘူး။ အမှန်က “ဇာတိပစ္စယာ ဇရာမရဏံ”၊ ဒါ မရှောင်လွဲနိုင်တဲ့ အရာတစ်ခုကို ပြောတာ။
ဈေးဝယ်တာလိုပေါ့၊ ဈေးဝယ်ရင်းနဲ့ အဆစ်ကလေး တောင်းကြသေးတာပဲလေ၊ အဲဒါလိုပဲ နောက်ဆက်တွဲအဆစ်လေးက “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ” တဲ့။ အဲဒါတွေလည်း ဖြစ်လာမယ်လို့ ဒီလို မြတ်စွာဘုရားက ဟောတာ။ ပေါင်းလိုက်တဲ့အခါကျတော့ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” တဲ့။ “ကေဝလဿ - ဘာနဲ့မှ မရောဘူး”၊ “ဒုက္ခက္ခန္ဓဿ - ဆင်းရဲဒုက္ခသက်သက်” လို့ ဟောတာ။ “ခုပြောတဲ့ ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် ဒုက္ခအစုဟာ ဒီလိုဖြစ်ပေါ်လာရတယ်” လို့ ဒီလိုဟောတယ်။
စာမျက်နှာ-၄၅၁
ပဋိစ္စသမုပ္ပါဒ်ကို သဘာဝတရား ၁၂-ခုဖြင့် ပုံဖော်ပုံ
ဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို ကြည့်မယ်ဆိုလို့ရှိရင် မြတ်စွာဘုရားက မှားယွင်းတဲ့ အယူအဆတွေကို တားမြစ်ဖို့အတွက် သဘာဝတရား ၁၂-ခုကို အသုံးပြုပြီးရှင်းတာ။ ဘဝတစ်ခုကို သရုပ်ဖော်သွားတာ။ သဘာဝတရား ၁၂-ခုဆိုတာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏပေါ့။ ဒီသဘာဝတရား ၁၂-မျိုးကို ပင်တိုင်ထားပြီးတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ရှင်းတယ်တဲ့။
အယူမှားတို့ကို တားမြစ်ပုံ
အဲဒီမှာ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ ဒီလိုဟောလိုက်သဖြင့် မြတ်စွာဘုရားက ဒီစကားနဲ့ ပတ်သက်ပြီးတော့ ဘာကိုတားမြစ်သလဲ?
လောကလူတွေက ဘယ်လိုယုံကြည်နေသလဲလို့ဆိုရင် “ဘဝတစ်ခု ရလာတာဟာ ထာဝရဘုရားကြီးက ဖန်ဆင်းလို့၊ ဘုရားသခင် အလိုတော်ကျ လူလာဖြစ်ရတယ်” ဆိုတဲ့ အယူအဆဟာ အင်မတန်မှ ကြီးမားတဲ့ အယူအဆတစ်ခုပဲ။ ဖန်ဆင်းရှင်ဝါဒ၊ အိန္ဒိယ Philosophy တွေကြည့်မယ်ဆိုလို့ရှိရင် အဲဒါတွေက အင်မတန်မှ ထင်ရှားတယ်။ အိန္ဒိယ Philosophy တွေမှာ ဗြဟ္မာကြီးက ဖန်ဆင်းတာ၊ “ဣဿရနိမ္မာန” ဗြဟ္မာကြီးကနေ ဖန်ဆင်းလို့ လောကလူတွေဆိုတာ ဖြစ်လာတာ၊ အဲဒီအယူအဆဟာ လူတွေခေါင်းထဲမှာ စွဲနေတယ်။
စာမျက်နှာ-၄၅၂
စွဲနေသည့်အတွက်ကြောင့် မြတ်စွာဘုရားက “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ ပြောလိုက်လို့ရှိရင် အေး - ဖန်ဆင်းရှင်ဆိုတာ မရှိဘူးတဲ့၊ ဟောဒီသဘာဝတရားပဲရှိတယ်။ “အဝိဇ္ဇာကြောင့် ကံတရားတွေဖြစ်လာတယ်”။ သင်္ခါရဆိုတဲ့ စကားလုံးကို သုံးတာကိုက ကြည့် - မသိမှုအဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။
သင်္ခါရဆိုတဲ့ အဓိပ္ပါယ်က ဖန်ဆင်းခြင်း၊ ပြုပြင်စီမံခြင်းဆိုတဲ့ အဓိပ္ပါယ်ရတယ်။ အဲဒီတော့ သင်္ခါရဆိုတဲ့ စကားလုံးကို ရွေးသုံးထားတာကို ကြည့်၊ “အဝိဇ္ဇာပစ္စယာ ကမ္မံ” လို့ မသုံးဘဲနဲ့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” လို့ သုံးထားတာ။ ဘဝတစ်ခုကို ဖန်ဆင်းတာဟာ ဘယ်သူက ဖန်ဆင်းတာလဲဆိုရင် အဝိဇ္ဇာကြောင့် ဘဝကို ဖန်ဆင်းတတ်တဲ့ သင်္ခါရဆိုတာ ပေါ်လာတယ်လို့ - ဒီလိုပြောလိုတာ။ ဖန်ဆင်းရှင်ဆိုတာ မရှိဘူး၊ အဝိဇ္ဇာကြောင့် ဘဝတစ်ခုကို တည်ဆောက်တတ်တဲ့ သင်္ခါရဆိုတာ ဖြစ်လာရတယ်လို့ ဒီလိုဟောတာ။
အဲဒီစကားလုံးဖြင့် မြတ်စွာဘုရားက ဘာကိုပယ်ဖျက်သလဲဆိုရင် လူတွေရဲ့ခေါင်းထဲမှာ စွဲနေတဲ့ “ကာရက လို့ဆိုတဲ့ ပြုလုပ်တဲ့ ဖန်ဆင်းတဲ့ပုဂ္ဂိုလ်ရှိတယ်” ဆိုတဲ့ ယူဆချက်ကို မြတ်စွာဘုရားက ပယ်ဖျက်လိုက်တာပဲ။
နောက်တစ်ခုက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဟောလိုက်သဖြင့် ဘာကိုပယ်ဖျက်တာလဲဆိုရင် “သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်” လို့ ပြောလိုက်တာနဲ့ပဲ “အတ္တဟာ ဒီဘဝကသေပြီး နောက်ဘဝကို ကူးလာတယ်” ဆိုတဲ့ အယူအဆတစ်ခုကို ပယ်ဖျက်လိုက်တာပဲ။
စာမျက်နှာ-၄၅၃
ကံတရားကနေပြီးတော့ ဝိညာဏ်ကို ထုတ်လုပ်ပေးလိုက်တယ်ဆိုကတည်းက ကူးလာတာမဟုတ်ဘူးဆိုတာ ထင်ရှားတယ်လေ၊ ကူးလာတာမဟုတ်ဘူး၊ ကံတရားကြောင့် ဝိညာဏ်ဖြစ်လာတာ။ အတိတ်ဘဝက ဝိညာဏ်လေးက ဒီကိုကူးလာတာမဟုတ်ဘူးလို့ ပြောတာ။ “သင်္ခါရပစ္စယာ ဝိညာဏံ” ကို ကြည့်မယ်ဆိုလို့ရှိရင် “ကံတရားကနေ ဖန်တီးပေးတာ” လို့၊ “ဘဝတစ်ခုကနေ တစ်ခု ဝိညာဏ်လေးက ကူးပြောင်းပြီးတော့ သံသရာထဲမှာ လည်နေတယ်” ဆိုတဲ့ အယူအဆတစ်ရပ်ကို မြတ်စွာဘုရားက တားမြစ်လိုက်တာပဲ၊ မှန်ကန်တဲ့ အယူအဆတစ်ခု ဖြစ်ပေါ်စေတယ်။
တစ်ခါ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောလိုက်သဖြင့် ဝိညာဏ်ကြောင့် နာမ်တွေရုပ်တွေဆိုတာ ဖြစ်လာရတယ်။ အဲဒီလိုမဟောလို့ရှိရင် သတ္တဝါဆိုတဲ့ အယူအဆနဲ့ ဃနသညာ (သဘာဝတရားဟာ တစ်ဆက်တည်းဖြစ်နေသည့်အတွက်ကြောင့်) တစ်ခုတည်းလို့ ထင်နေတဲ့ အထင်ကြီးတစ်ခုလုံးကို မြတ်စွာဘုရားက ပယ်ဖျက်လိုက်တယ်။ ဒါ ရုပ်နဲ့ နာမ်နဲ့ ပေါင်းစပ်ထားတာ၊ တစ်ခုတည်းမဟုတ်ဘူး။ ဒီလိုဆိုလိုတယ်ပေါ့။
နောက် “နာမရူပပစ္စယာ သဠာယတနံ” ဆိုတာနဲ့ မြတ်စွာဘုရားက ဘာကိုရှင်းပြတုန်းဆိုရင် “လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အတ္တဆိုတဲ့ ပိုင်စိုးနေတဲ့အရာ ရှိတယ်၊ အဲဒီအတ္တဆိုတဲ့ ပိုင်စိုးနေတဲ့ အရာလေးက ကြည့်တတ်တယ်၊ မြင်တတ်တယ်၊ တပ်မက်တတ်တယ်၊ ထိတွေ့တတ်တယ်၊ ခံစားတတ်တယ်” ဆိုတဲ့ အယူအဆ
စာမျက်နှာ-၄၅၄
တွေရှိတယ်။ အဲဒီလိုဟာ မဟုတ်ဘူး၊ သဘာဝတရား ဖြစ်ပေါ်နေမှုသာ ဖြစ်တယ်။
သဠာယတနဆိုတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တွေ ပေါ်လာသည့်အတွက်ကြောင့် ပြင်ပအာရုံနဲ့ ဆက်သွယ်လာတာ၊ အတ္တမဟုတ်ဘူး။ သဘာဝတရားတွေ ဆက်သွယ်လာတာ ဖြစ်တယ်။ အဲဒါကို ဖဿလို့ခေါ်တယ်။ ဖဿဟာ အတ္တမဟုတ်ဘူး။ တစ်ခါ “ဖဿပစ္စယာ ဝေဒနာ” လို့ ဟောလိုက်တော့ ခံစားတာကလည်း အတ္တက ခံစားတာမဟုတ်ဘူး၊ ဝေဒနာက ခံစားတာ။ “ဝေဒနာပစ္စယာ တဏှာ” လို့ ဟောသဖြင့် ခံစားမှုကြောင့် လိုချင်မှုဖြစ်ပေါ်လာတာလည်း အတ္တက လိုချင်မှုဖြစ်ပေါ်လာတာမဟုတ်ဘူး၊ တဏှာက လိုချင်မှုဖြစ်ပေါ်လာတာ။
“တဏှာပစ္စယာ ဥပါဒါနံ” ကို ဟောလိုက်သဖြင့် စွဲလမ်းမှုကလည်းပဲ တဏှာနဲ့ ဒိဋ္ဌိက စွဲလမ်းတာ၊ အတ္တဆိုတာက စွဲလမ်းတာမဟုတ်ဘူးလို့ - မြတ်စွာဘုရားက အဓိပ္ပါယ်တွေကို ရှင်းသွားတာ။
“ဥပါဒါနပစ္စယာ ဘဝေါ” - အစွဲအလမ်းကြောင့် ကံတရားတွေ ခန္ဓာတွေဖြစ်ပေါ်လာတယ်ဆိုတာလည်း အတ္တက ဖြစ်တာမဟုတ်ဘူး၊ ဒီအကြောင်းရှိလို့ ဒီအကျိုးတွေ ဖြစ်လာတာ။
“ဘဝပစ္စယာ ဇာတိ” - ဖြစ်လာတာတွေကလည်း ဘဝတည်းဟူသောအကြောင်းကြောင့်၊ ကံဆိုသောအကြောင်းကြောင့် နောက်ထပ် ဇာတိဖြစ်လာတာပဲ၊ အတ္တကောင်လေး ဖြစ်လာတာမဟုတ်ဘူးလို့
စာမျက်နှာ-၄၅၅
... ဒီလိုမှားယွင်းတဲ့ အယူအဆတွေကို မြတ်စွာဘုရားက ပယ်ဖျက်လိုက်တယ်။ ပယ်ဖျက်လိုက်ပြီးတော့ သဘာဝတရားသက်သက်သာ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ အကြောင်းအကျိုးအနေနဲ့ ဖြစ်ပေါ်နေတယ်ဆိုတာကို သရုပ်ဖော်ပြတယ်။
သတ္တဝါဟုခေါ်စရာ တစ်ခုမှ မရှိပုံ
ဒီထဲမယ် သတ္တဝါလို့ခေါ်စရာ တစ်ခုမှ မရှိဘူး။ “အဝိဇ္ဇာကို သတ္တဝါလို့ ခေါ်မှာလား” “သင်္ခါရကို သတ္တဝါလို့ ခေါ်မှာလား” လို့ဆိုတော့ “ဘယ်အရာကိုမှ သတ္တဝါလို့ ခေါ်စရာအကြောင်းမရှိဘူး” တဲ့။ သူ့သဘာဝအတိုင်း ဖြစ်နေတဲ့ သဘာဝတရားသက်သက်မျှသာဖြစ်တယ်။ အဲဒီသဘာဝတရားတွေ စုဝေးပြီး ဖြစ်ပေါ်လာတဲ့ သဘာဝတရားတွေအပေါ်မှာ လူတွေက “သူပဲ၊ ငါပဲ၊ သတ္တဝါပဲ၊ လူပဲ၊ နတ်ပဲ” ဆိုတဲ့ အတွေးအထင်တွေ ရောက်လာတာ။ အဲဒီအတွေးအထင်ဟာ အမှန်မဟုတ်ဘူးတဲ့။
အမှန်ကတော့ အခုပြောတဲ့ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် - ဒီသဘာဝတရားတွေသာ ဖြစ်တာလို့... နောက်ဆုံးမှာ မြတ်စွာဘုရားက “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” - ဟာ ဒီအကြောင်းတရားတွေရှိလို့ အကျိုးတရားတွေရှိတယ်၊ ဒုက္ခတရားအစုသက်သက်ပဲ ဖြစ်ပေါ်နေတာ ဖြစ်တယ်လို့ ဟောတော်မူတယ်။
တရား ၁၂-မျိုးလုံး သုည
အဝိဇ္ဇာဟာ အတ္တမဟုတ်ဘူး၊ အတ္တမဟုတ်ရုံတင်မကဘူး အတ္တရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းလည်း မဟုတ်ဘူး၊ အတ္တမှာ အဝိဇ္ဇာတည့်
စာမျက်နှာ-၄၅၆
နေတာလည်း မဟုတ်ဘူး၊ အဝိဇ္ဇာမှာ အတ္တရှိနေတာလည်း မဟုတ်ဘူးလို့ဆိုပြီးတော့ လေးဖက်လေးတန်က ငြင်းပယ်ထားတယ်။ အဲဒါကို သုညလို့ ပြောတာပဲ။
အဝိဇ္ဇာကလည်း ဆိုင်ရာအကြောင်းတရားတွေကြောင့် ဖြစ်တာ၊ သင်္ခါရကလည်း ဆိုင်ရာအကြောင်းတရားတွေကြောင့် ဖြစ်ကာ၊ အဲဒီတရားတွေဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတရားနဲ့ ဆက်စပ်ပြီး ဖြစ်တာဖြစ်သောကြောင့် ဝသဝတ္တန ကိုယ့်အလိုအတိုင်း ဖြစ်နိုင်တယ်ဆိုတဲ့ “အတ္တသဘာဝ” မရှိဘူးတဲ့။ အဲဒီအတ္တသဘာဝက ဆိတ်သုဉ်းနေတဲ့တရားမျှသာဖြစ်လို့ ပဋ္ဌာန်းသမုပ္ပါဒ်မှာ အသုံးပြုတဲ့ တရား ၁၂-မျိုးဟာ သုညပဲ။ ဘာမှမရှိဘူးလို့ ပြောတာ၊ မရှိဘူးဆိုတာ “အတ္တ” ဆိုတာ မရှိဘူးလို့ပြောတာနော်။
တော်ကြာ Empty (သုည) ဆိုတဲ့ စကားလုံးဟာ “မရှိဘူး” ဆိုတာ “အဝိဇ္ဇာလည်း မရှိဘူး၊ သင်္ခါရလည်း မရှိဘူး” ဒီလို ပြောလိုတာမဟုတ်ဘူး။ “အဝိဇ္ဇာမှာ အတ္တဆိုတာ မရှိဘူး၊ အဝိဇ္ဇာဟာ အဝိဇ္ဇာတရားသက်သက်ပဲ ဖြစ်တယ်၊ အတ္တမဟုတ်ဘူး၊ ဒါကြောင့်မို့ အဝိဇ္ဇာဟာ အတ္တလည်းမဟုတ်ဘူး၊ အတ္တရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းလည်း မဟုတ်ဘူး” ဒီလိုဆိုလိုတယ်။
“ဒါကြောင့် သုညပဲ၊ သုညတရားသက်သက်မျှသာ ဖြစ်တယ်” ဆိုတဲ့ ဒီသဘာဝတရားကို ပဋ္ဌာန်းသမုပ္ပါဒ်မှာ မြတ်စွာဘုရားက ရှင်းလင်းဖော်ပြတယ်။
အဲဒီလို ရှင်းလင်းဖော်ပြတာတွေကို သဘောပေါက်နားလည်မှသာလျှင် ဘဝမှာတွယ်တာနေတဲ့ တဏှာကို ဖယ်ရှားနိုင်မှာဖြစ်တယ်။ အရေးအကြီးဆုံး အဓိကကတော့ “အမှန်မြင်မှ အတွယ်အကာကို ဖယ်ရှားနိုင်မှာ”။
စာမျက်နှာ-၄၅၇
ဘဝကြီးတစ်ခုလုံးကို ကြီးစိုးထားတာက ဘယ်သူလဲဆိုရင် အဝိဇ္ဇာနဲ့ တဏှာပဲ။ အဝိဇ္ဇာက အမှန်မမြင်အောင် ဖုံးကွယ်ပေးထားတယ်၊ တဏှာက တွယ်ထားတယ်။ သူတို့နှစ်ခု ပူးပေါင်းပြီး အလုပ်လုပ်လို့ ဒီနှစ်ခုကို “ဝဋ်မြစ်” လို့ပြောတာ။ သံသရာထဲမှာ တွယ်မနေအောင် သူတို့နှစ်ခုကို ဖယ်ရှားဖို့ လိုအပ်တယ်။
ပဋ္ဌာန်းသမုပ္ပါဒ်မှာ အဝိဇ္ဇာကို အစထားပုံ
အဲဒါကြောင့် အမှန်မြင်ဖို့ရာအတွက် မြတ်စွာဘုရားက ပဋ္ဌာန်းသမုပ္ပါဒ်မှာ အဝိဇ္ဇာကို အစဆုံးပြောတာဟာ ဘာဖြစ်လို့တုန်းဆိုတော့ အဓိကပဓာနဖြစ်လို့ ပြောတာ။
ဆိုပါစို့ - မြွေတစ်ကောင်က လူကို ရစ်ပတ်ထားပြီဆိုလို့ရှိရင် အရေးအကြီးဆုံးနေရာက ဘာတုန်းဆိုရင် မြွေရဲ့ခေါင်းက အရေးအကြီးဆုံးပဲ။ မြွေရဲ့ခေါင်းကို ကိုင်နိုင်ပြီဆိုရင် အပြီးသတ်တော့ ကိုယ်တို့က လူကို ဘာမှအန္တရာယ် မပေးနိုင်ဘူး၊ ခေါင်းကသာ အန္တရာယ်ပေးနိုင်တာ။ ထို့အတူပဲ အဝိဇ္ဇာဟာ ခေါင်းနဲ့အလားသဏ္ဌာန်တူတယ်ပေါ့။ အဝိဇ္ဇာကို ဖယ်လိုက်နိုင်တာနဲ့ တစ်ပြိုင်နက် နောက်ကဟာတွေက အလိုလိုချုပ်ကိုင်ပြီးသား ဖြစ်သွားတယ်။
ဒါကြောင့် အဝိဇ္ဇာကို ပဋ္ဌာန်းသမုပ္ပါဒ်မှာ ရှေးဦးစွာတင်ပြီး ဟောတာ အကြောင်းမဲ့မဟုတ်ဘူး၊ အဓိကပဓာနကျတဲ့ တရားတစ်ခုအနေနဲ့ မြတ်စွာဘုရားက ဟောတာ။ သံသရာလည်ဖို့အတွက် အမှန်မသိတာက အဓိကအကြောင်းတရား ဖြစ်တယ်။
စာမျက်နှာ-၄၅၈
မဂ္ဂင် ၈-ပါးမှာ သမ္မာဒိဋ္ဌိကို အစထားပုံ
အမှန်မသိသည့်အတွက်ကြောင့် တွယ်တာမှုဆိုတာ လိုက်လာတယ်။ ဒါဆိုရင် အမှန်သိအောင် ဘာလုပ်ရမလဲဆိုလို့ရှိရင် မဂ္ဂင် ၈-ပါး ဖြစ်ပွားစေရမယ်။ မဂ္ဂင် ၈-ပါးကျတော့ ကြည့်လေ - သမ္မာဒိဋ္ဌိတဲ့၊ အမှန်မြင်မှုကို ရှေ့တန်းတင်ပြီးတော့ ဟောလိုက်တာ။ သံသရာဝဋ်က လွတ်ဖို့ရာကျတော့ အမှန်မြင်ဖို့က အဓိကကျတယ်။
ဒါကြောင့်မို့လို့ အဝိဇ္ဇာရဲ့ဆန့်ကျင်ဖက်က “သမ္မာဒိဋ္ဌိ” ပဲပေါ့။ ဒီသဘာဝတရားနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် သမ္မာဒိဋ္ဌိ မိမိသန္တာန်မှာ ရင့်သန်လာပြီဆိုရင် အဝိဇ္ဇာရဲ့ သဘောကို သိသွားပြီ။ သိသွားလို့ အဝိဇ္ဇာကို ဖယ်ရှားနိုင်ပြီဆိုလို့ရှိရင် အဝိဇ္ဇာငြိမ်းသွားတာနဲ့ တစ်ပြိုင်နက် သင်္ခါရဆိုတာ မလာတော့ဘူး၊ သင်္ခါရမလာရင် ဝိညာဏဖြစ်စရာ မရှိတော့ဘူး၊ ဝိညာဏဖြစ်စရာမရှိရင် နာမရူပလည်း မလာနိုင်ဘူး၊ နာမရူပမှ မရှိရင် သဠာယတနဆိုတာ မရှိနိုင်ဘူး၊ သဠာယတနမှ မရှိရင် ဖဿတို့၊ ဝေဒနာတို့၊ တဏှာတို့ဆိုတာ မလာဘူး၊ တဏှာမှမလာရင် ဥပါဒါန်တို့၊ ဘဝတို့၊ ဇာတိတို့ဆိုတာ မလာတော့ဘူးပေါ့။ အဲဒါသည်ပင်လျှင် ဒုက္ခဿ နိရောဓော ဒုက္ခရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဆိုတာ အဲဒါပဲလို့ ပဋ္ဌာန်းသမုပ္ပါဒ်နဲ့ မြတ်စွာဘုရားက ရှင်းလင်းဟောကြားပြခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့သည် ပဋ္ဌာန်းသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ပြီး သဘာဝတရားတွေရဲ့ စွမ်းဆောင်နိုင်မှုတွေကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် နောက်ဆုံးမှာ ဒီသဘာဝတရားတွေ ချုပ်ငြိမ်းသွားတဲ့ တကယ့်
စာမျက်နှာ-၄၅၉
အငြိမ်းဓာတ်နိဗ္ဗာန်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။ 568j0mhex8g3h2std2bg640ifoi5l5a တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ 0 6457 22309 2026-10-13T00:55:28Z Tejinda 173 "{{header | title = တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous =..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22309 wikitext text/x-wiki {{header | title = တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း]] | previous2 = | next = [[ဉာတပရိညာ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
သာသနာတော်နှစ် ၂၅၅၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပို့တွဲလပြည့်ကျော် (၁၃)ရက်၊ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂ဝ)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်၊ မြတ်ဗုဒ္ဓသာသနာ တော်နှစ် ၂၆ဝဝ ပြည့် အထိမ်းအမှတ် ညဉ့်ဦးယံ ဓမ္မ သဘင်အခမ်းအနား၌ ဟောကြားအပ်သော “တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ"အကြောင်းတရားဒေသနာတော်။
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ မဇ္ဈိမနိကာယ်မှာလာတဲ့ မဟာသကုလုဒါယီသုတ် ဆိုတာ ရှိတယ်။ ဥဒါယီဆိုတဲ့ ပရဗိုဇ်တစ်ဦးရဲ့ လျှောက်ထား ချက်ကို အကြောင်းပြုပြီးတော့၊ ဒီသုတ္တန်ကို မြတ်စွာ ဘုရားက ဟောကြားခဲ့တာ ဖြစ်တယ်။ ဒီသုတ္တန်ကိုပဲ
အခု (၂၆၀၀)လို့ဆိုတာ ဗုဒ္ဓမြတ်စွာ ဘုရား အဖြစ်သို့ ရောက်တော်မူတဲ့နှစ် (သို့မဟုတ်) ဓမ္မစကြာ တရားဦး ဟောတော်မူခဲ့တဲ့နှစ်က စတွက်တာ။ သာသ
အဲတော့ ဗုဒ္ဓနှစ်ဆိုရင်လည်း (၂၆၀၀)ပဲ၊ ဓမ္မနှစ်လို့ပြောရင်လည်း (၂၆၀၀)ပဲ၊ သံဃာ့နှစ် လို့ပြောရင်လည်း (၂၆၀၀)ပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ဘဝနဲ့ ပတ်သက်ပြီးတော့ ဘုရားမွေးဖွားတဲ့နှစ်က စပြီးတော့ တွက်မယ်ဆိုရင် (၂၆၃၅)နှစ်။ ဒီကနေ့ အသုံးပြုနေတဲ့ (၂၅၅၅)ဆိုတာက ဗုဒ္ဓမြတ်စွာရဲ့ “ပရိနိဗ္ဗာန်နှစ်” ဖြစ်ပါတယ်။ ပရိနိဗ္ဗာန်စံတော်မူခဲ့တာ ၂၅၅၅ နှစ် ရှိပြီလို့ ဆိုလိုတယ်ပေါ့။ မြန်မာသက္ကရာဇ်နဲ့ ဘယ် လောက်ကွာသလဲလို့ဆိုရင် “ဥဩရေကြက် ရော စွက် သာသနာ” လို့ မှတ်တမ်းပြုထားတဲ့အတိုင်း (၁၁၈၂)ကို မြန်မာသက္က ရာဇ်ထဲ ထည့်ပေါင်းလိုက်ရင် သာသနာသက္ကရာဇ် မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူ တဲ့နှစ်ကို တွက်လို့ရပါတယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်မှာ ဝါဆိုဖို့ ကြွရောက်နေထိုင်တဲ့အချိန် ရာဇဂြိုဟ်မြို့ကို ထူးထူး ခြားခြား တစ်ခြားဘာသာဝင် “ဂဏာစရိယ”ဆိုတဲ့ ဂိုဏ်းဆရာကြီးတွေ ( ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဂိုဏ်းဆရာ ကြီး(၆)ဦး ) ရာဇဂြိုဟ်မြို့ကို ရောက်ရှိလာကြတယ်။ ထိုခေတ် ထိုအချိန်အခါ ကာလတုန်းက မဂဓတိုင်း ဟာ ဘာသာရေးထွန်းကားတဲ့နယ်မြေကြီးတစ်ခု ဖြစ်ခဲ့တယ်ပေါ့။ ဒါကြောင့်မို့ မြတ်စွာဘုရားကို တရား ဟောဖို့ တောင်းပန်လျှောက်ထားတဲ့ သဟမ္ပတိဗြဟ္မာ ကြီးက ဖွင့်ဟပြီးတော့ ဘုရားကို လျှောက်တဲ့အထဲမှာ “ပါတုရဟောသိ မဂဓေသု ပုဗ္ဗေ၊ ဓမ္မော အသုဒ္ဓေါ
မြတ်စွာဘုရားဟာ နံနက်မိုးသောက် အလင်း ရောက်တဲ့အချိန် ကျောင်းတော်ကထွက်ပြီးတော့ ရာဇဂြိုဟ်မြို့ထဲကို ဆွမ်းခံကြွတဲ့အခါမှာ ရာဇဂြိုဟ် မြို့တွင်းကြွဖို့ အချိန်စောနေသေးတယ်ဆိုပြီး လမ်း ဘေးမှာ ကြုံတဲ့ပရဗိုဇ်တွေရဲ့ကျောင်းကို ခေတ္တခဏ ဝင်ရောက်တော်မူတယ်။ စာထဲမှာ ကြုံလို့ဝင်တဲ့ အဓိပ္ပာယ် ဖော်ပြထားသော်လည်းပဲ တကယ်ကတော့ မြတ်စွာဘုရားဟာ ဘယ်ကိစ္စပဲဖြစ်ဖြစ် ကြိုတင်မြင် ပြီးသား ဖြစ်ပါတယ်။ ဒီသုတ္တန်ကိုဟောဖို့ အခြေအ နေတွေ ဖန်တီးတဲ့အနေနဲ့ ပရဗိုဇ်ကျောင်းဥယျာဉ်ထဲ
လောကလူတွေဟာ ဆုံမိတဲ့အခါမှာ ရောက် တက်ရာရာ ပြောလေ့ရှိကြတယ်။ အဲဒီပြောတဲ့စကား တွေဟာ တကယ်တော့ စပ်မိစပ်ရာ လျှောက်ပြောနေ
အဲဒီတော့ ဘုရားကျောင်းသွားတဲ့အခါ တရားဟောနေတဲ့ အသံကြားရင် ကြားမယ်။ စကား တွေ ဆူညံဆူညံ ပြောတဲ့အသံမျိုးကို မကြားရဘူး။ ဒီအကြောင်းကို တခြားဘာသာဝင် ပုဂ္ဂိုလ်တွေအား လုံးက သိထားကြတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရား ကြွလာတဲ့အခါမှာ တိတ်တိတ်နေဖို့ သတိပေးတယ်။ အားလုံး ငြိမ်သွားတယ်။ ငြိမ်သွားတဲ့အခါ မြတ်စွာ ဘုရားက ပရဗိုဇ်တွေ စုရုံးနေထိုင်တဲ့ အဆောက်အဦး ဘက်ကြွသွားတယ်။ ကြွသွားတော့ သကုလုဒါယီ ပရဗိုဇ်က ဆင်းလာပြီး မြတ်စွာဘုရားကို ကြိုဆိုတယ်။ အဲဒီခေတ်က မြတ်စွာဘုရားဟာ လူ့ဘဝက လည်း အင်မတန်မှ ဂုဏ်ရှိသရေရှိတယ်။ ရဟန်းဝတ် လာတဲ့အခါမှာလည်း အင်မတန်မှ ကြည်ညိုဖွယ်
တပည့်တော် တစ်ခု လျှောက်ချင်တယ်တဲ့။ မကြာခင် ရက်များတုန်းက အယူဝါဒ အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ “ကောတုဟလသာလာ” လို့ခေါ်တဲ့ အဆောက်အဦးကြီးတစ်ခုထဲမှာ ဘာသာပေါင်းစုံ မကြာခဏ ဆွေးနွေးကြတဲ့နေရာကြီးလို့ ပြောရမယ်။
နောက်လိုက်နောက်ပါ တပည့်သာဝကတွေ
တစ်ခါတုန်းက ပုရာဏကဿပ ဟာ သူ့ရဲ့ အကိရိယဝါဒ ဟောပြောနေတဲ့အချိန်မှာ တပည့်တစ် ဦးက ထပြီးတော့ ကန့်ကွက်တယ်။ မေးခွန်းတွေတက် လာတဲ့အခါမှာ တပည့်တစ်ဦးက ထပြီးတော့ ကန့်
အဲဒီဝါဒနဲ့ ပတ်သက်ပြီးတော့လည်းပဲ ပရိသတ်တွေဟာ မာက္ခလိဂေါသာလ အပေါ်မှာ ကျေနပ်ကြတာ မဟုတ်ဘူး၊ သူ့ရဲ့တပည့် နောက်လိုက်နောက်ပါ လုပ်နေပေမဲ့လို့ ဒီဝါဒနဲ့ပတ်သက်ပြီး မာက္ခလိဂေါသာလဟာ မသိဘူး၊ ငါတို့ကမှ သိတာ၊ သူပြောတာတွေ မှားနေတာတွေရှိတယ်ဆိုပြီးတော့ သူ့ကို စိန်ခေါ်ပြီးတော့ ပရိသတ်ကြားကနေ ထွက်ခွာသွားတာတွေ ရှိတယ်။
နောက်တစ်ခါ အဇိတကေသကမ္ဗလ။ သူကတော့ အဇိတ ဘယ်သူကမှ သူ့ကိုအနိုင်မယူနိုင်ဘူး ဆိုတဲ့ နာမည်နဲ့၊ ကေသကမ္ဗလဆိုတာ လူတွေရဲ့ ဆံပင်နဲ့ ရက်လုပ်ထားတဲ့ Special ဝတ်ရုံကြီးကို ဝတ်ထားတယ်။ သူကရိုးရိုးချည်အဝတ်ကို မဝတ်ဘူး။
နတ္ထိ သတ္တာ ဩပပါတိကာ - သတ္တဝါတွေ သေပြီးတော့ ပြန်ဖြစ်တယ်ဆိုတာ မရှိဘူး။ လောကမှာ မှန်ကန်တဲ့အကျင့် ကျင့်ပြီး ထူးခြားတဲ့အသိဉာဏ် ရပြီး လောကကို ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဟာ တစ်ယောက်မှ မရှိဘူးလို့ ဘုရားဆိုတာကိုပါ ငြင်းပယ်ထားတာ။
အဲဒီဝါဒကို ဟောနေတဲ့ အဇိတကေသကမ္ဗလကိုလည်း သူ့တပည့်တွေက အားလုံးသူ့နောက်က လိုက်မပြောကြဘူး။ သူ့ကို ဆန့်ကျင်ဘက်လုပ်ပြီးတော့ သူ့ကို ဝေဖန်ရှုတ်ချပြီးတော့ ထွက်သွားကြတာတွေ ရှိတယ်။ သူ့ပရိသတ်ကို သူမနိုင်ဘူးလို့ ဒီလိုပြောတာ။ အဲတော့ တပည့်ပရိသတ်တွေရဲ့ ချီးမွမ်းမှုကို သူလည်းမရဘူး။
နောက်တစ်ဦးက ဘယ်သူတုန်းဆိုတော့ ပကုဓကစ္စာယန။ သူကတော့ ဧကစ္စသဿတဝါဒ-
ဟော နောက်တစ်ဦးကတော့ သဉ္စယဗေလဋ္ဌပုတ္တ။ သူကတော့ ပရဗိုဇ်ပဲ။ သူ့ရဲ့ဝါဒက “အမရာဝိက္ခေပဝါဒ။” ဘယ်တော့မှ ဆုပ်ကိုင်လို့ မရဘူး။ အမြဲတမ်းရှောင်ပြီးတော့ ပြောလေ့ရှိတဲ့ဝါဒ။ အရှင်သာရိပုတ္တရာတို့ အရှင်မဟာမောဂ္ဂလာန်တို့ လူ့ဘောင်ကနေပြီးတော့ တရားရှာဖို့ ထွက်လာတဲ့အခါမှာ သူ့ထံကို ပထမဆုံး ရောက်သွားကြတယ်။ သူ့ရဲ့ဝါဒက ရှောင်တိမ်းဝါဒ၊ “ဒါကုသိုလ်လား ဆိုလို့ရှိရင် ကုသိုလ်လို့လည်း မဆိုလိုပါဘူး။ ဒါဖြင့် ကုသိုလ်
အဲဒီဝါဒ ကိုင်စွဲထားတဲ့ သဉ္စယဗေလဋ္ဌပုတ္တ ဆိုတဲ့ နောက်လိုက်နောက်ပါ တပည့်များတဲ့ဆရာကြီးကိုလည်းပဲ သူ့တပည့်တွေက အားလုံးက ကြည်ညိုလက်ခံကြတာ မဟုတ်ဘူး။ လူလယ်ခေါင်မှာ အရှက်ခွဲပြီးတော့ သူ့ရဲ့အယူဝါဒကနေ ထွက်ခွာသွားကြတဲ့ ပုဂ္ဂိုလ်တွေဟာ အများကြီး ရှိခဲ့တယ်။
နောက်တစ်ဦးက နိဂဏ္ဌနာဋပုတ္တ။ ဒီကနေ့ခေတ် အိန္ဒိယနိုင်ငံမှာ ဂျိန်းလို့ခေါ်တယ်။ မဟာဝီရ
သူက အစွန်းရောက် “အဟိံသာ” သမားနော်။ ဘာကိုမှ မပိုင်ဆိုင်ရဘူးလို့ သူက ပညတ်ထားတာ၊ “အပရိဂ္ဂဟ” တဲ့။ သူကိုယ်တိုင်ကလည်း မိမွေးတိုင်း ဖမွေးတိုင်း နေတယ်။ ဝတ်စရာအဝတ်မရှိဘူး၊ ဆွမ်းစားစရာ သပိတ်မပါဘူး ပိုင်ဆိုင်မှုအားလုံးကို စွန့်လွှတ်ထားတဲ့ ပုဂ္ဂိုလ်။ အဟိံသာတရားကိုလည်း အစွန်းရောက် လက်ခံကျင့်သုံးနေတာ။ ဘယ်အရာပဲဖြစ်ဖြစ် ဇီဝရှိတယ်။ ရေကို အစိမ်းသောက်ရင် ပါဏာတိပါတကံ ဖြစ်တယ်လို့ဆိုပြီးတော့ Fresh water ကို သူကရှောင်တယ်။ ဒီလိုကျင့်တဲ့ ပုဂ္ဂိုလ်ပေါ့။ ဒါကြောင့်မို့ သူ့ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေဟာတောင် သူလယ်သမားတွေ မဟုတ်ကြဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ တောင်သူလယ်သမားတွေက သစ်ပင်တွေ ခုတ်ဖြတ်ရတယ်။ မြေကြီးတူးရတယ်။ သူ့ဝါဒအရ
အဲ ဘယ်သူတွေက ကိုးကွယ်တုန်းဆိုတော့ ကုန်သည်ပွဲစားတွေက ကိုးကွယ်တယ်။ ကုန်သည်ပွဲစားဆိုတာ အရောင်းအဝယ်ပဲ လုပ်တယ်။ မြေကြီးလည်း မတူး သစ်ပင်လည်း မခုတ်ဘူး၊ ဒါကြောင့်မို့ ကုန်သည်ပွဲစားတွေက ကိုးကွယ်တာ၊ ဒါ့ကြောင့် သူ့ဝါဒဟာ ဒီကနေ့ထိအောင် အိန္ဒိယမှာ ရှင်သန်နေတယ်။ အဲဒီ နိဂဏ္ဌနာဋပုတ္တ ဆရာကြီးကိုလည်း တပည့်တွေက ထော်လော်ကန့်လန့်လုပ်ပြီးတော့ ထွက်သွားကြတာရှိတယ်။ ဒါကြောင့်မို့ တပည့်တွေရဲ့လေးစားမှုကို ဒီဆရာကြီး ခြောက်ဦးလုံးဟာ မရဘူးတဲ့။ ဒါသူတို့ ဝေဖန်ဆွေးနွေးနေကြတာ။
နောက် ဂေါတမဗုဒ္ဓဟာ နောက်လိုက်နောက်
ဒါတင်မကဘူး ဂေါတမမြတ်စွာဘုရားရဲ့ သာသနာတော်မှာ မြတ်သောအကျင့်ကို မကျင့်နိုင်လို့ ဘုန်းကြီးတွေ လူထွက်သွားတာတွေ ရှိတယ်။ အဲဒီ လူ့ဘောင်ရောက်သွားတဲ့ဘုန်းကြီးတွေဟာလည်း ဘုရားကို မကဲ့ရဲ့ဘူး၊ တရားကို မကဲ့ရဲ့ဘူး၊ သံဃာကို မကဲ့ရဲ့ဘူး။ သူ့ကိုသူပဲ အပြစ်တင်ကြတယ်၊ “ငါတို့ကိုက မနေနိုင်တာ၊ ငါတို့ကိုယ်က မကျင့်နိုင်တာ။ မကျင့်နိုင်လို့ တို့တစ်တွေဟာ သာသနာတော်က ထွက်ခွာလာခဲ့တာ သာသနာ့ကျင့်စဉ်က ... မှားလို့ မဟုတ်ဘူး” လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး နောက်
ဒါက ဂေါတမဗုဒ္ဓနဲ့ ပတ်သက်ပြီးတော့ ကြည်ညိုလေးစားမှုခံရတာကို သကုလုဒါယီ ပရဗိုဇ်က မြတ်စွာဘုရားကို လျှောက်တာ။ မြတ်စွာဘုရားက အဲဒီမှာမေးတယ်။ “ဥဒါယီ ငါ့ကိုအခုလို တပည့်သာဝကတွေက လေးစားတာ၊ မြတ်နိုးတာ ဘာကြောင့်လို့ ထင်သလဲ၊ ဘယ်လိုအရည်အချင်းတွေရှိလို့လို့ ထင်သလဲ၊ ဘယ်ဂုဏ်ရည်တွေဟာ ဒီလို လေးစားလောက်တယ်လို့ ယူဆသလဲ?”
ဒီတော့ သကုလုဒါယီ ပရဗိုဇ်က သူ့အထင်ကို လျှောက်တယ်။ “အရှင်ဘုရားကို ... တပည့်သာဝကတွေက လေးစားတာဟာ တပည့်တော်အမြင် အချက် ၅ ချက် ရှိတယ်ဘုရား”တဲ့။ အချက် ၅ ချက်က ဘာတုန်းဆိုတော့ အရှင်ဘုရားက အစာအာဟာရနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ဘုန်းပေးတယ်။
ပရဗိုဇ်တွေက တစ်ခါတစ်ခါ သူတို့မှာ လျှော့စားတာကို ဂုဏ်ယူတဲ့အကျင့်ရှိတယ်။ အစာကို နည်းနည်းလေးစားပြီး နေနိုင်တာကိုပဲ တကယ့် ကျင့်စဉ်ကြီး တစ်ခုလိုလုပ်တာ။ ဗမာပြည်မှာလည်း လိုက်ကျင့်ကြတာရှိတယ်လေ၊ ၉ ရက် မီးလွတ်စား တာတို့၊ ၉ ရက် သစ်သီးလေးပဲ စားတာတို့ ဒီကျင့်စဉ် တွေပဲ။
အစာအာဟာရနည်းနည်းလေး စားတာ သူများတွေလို အများကြီးမစားဘဲနဲ့ ရေသောက် ကျင့်တယ်ဆိုတာမျိုးလိုပေါ့။ အရှင်ဘုရားဟာ နည်းနည်းလေးစားတဲ့အပေါ်မှာ ပြုလုပ်ဆောင်ရွက် လေ့ရှိတယ်။ ဒီအချက်ဟာလည်းပဲ အရှင်ဘုရားကို တပည့်တွေ လေးစားမြတ်နိုးခြင်းအကြောင်း ဖြစ်ပါ လိမ့်မည်တဲ့။
နောက်တစ်ခုက ဘာတုန်းဆိုရင် သင်္ကန်းနဲ့
ဆွမ်းနဲ့ ပတ်သက်လာလို့ ရှိရင်လည်း အရှင်ဘုရားဟာ ရရသမျှ ဆွမ်းနဲ့ပဲ တင်းတိမ်ရောင့်ရဲတယ်။ ဒါကြောင့်မို့ တပည့်တွေက ရိုသေလေးစားကြတယ်။ ကျောင်းကန်နဲ့ပတ်သက်လာလို့ ရှိရင်လည်း ဘယ်လို ကျောင်းကန်မျိုးပဲဖြစ်ဖြစ် ရရသမျှ ကျောင်းကန်နဲ့ အရှင်ဘုရားက ကျေနပ်တယ်တဲ့။ ဒါကြောင့်မို့ တပည့်တွေက အရှင်ဘုရားကို ရိုသေလေးစားကြတာ ဖြစ်နိုင်တယ်။
နောက်တစ်ခုက အရှင်ဘုရားဟာ ဘယ်သူနဲ့မှ ရောရောနှောနှော မနေတတ်ဘူး။ အရှင်ဘုရား နေလို့ရှိရင် တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေတတ်တဲ့
အဲဒီလို မြတ်စွာဘုရားကို လျှောက်တော့ မြတ်စွာဘုရားက အစာနည်းနည်းစားလို့ ငါ့ကို လေးစားတာလည်း မဟုတ်ဘူး။ ငါ့တပည့်တွေထဲမှာ တချို့ကိုယ်တော်တွေဟာ ဥသျှစ်သီးလုံးလောက်လေးပဲ စားမယ်လို့ အဓိဋ္ဌာန်ပြီးတော့ ဥသျှစ်သီးလုံးလေးလောက်ပဲ စားကျင့်တဲ့ကိုယ်တော်တွေ ရှိတယ်။ ဥသျှစ်သီး တစ်ခြမ်းလောက် စားပြီးနေတဲ့ ကိုယ်တော်တွေလည်း ရှိတယ်တဲ့။ ကျင့်ကြတာ။ တချို့ကျတော့ အိမ်တွေမှာ ထမင်းကို သီးသန့်ချက်ပြီးတော့ ဦးဦးဖျားဖျား ဆိုပြီးတော့ ခွက်ငယ်၊ ပန်းကန်ငယ်လေးတွေနဲ့ ထည့်ထားတယ်။ ကြွလာတဲ့ပုဂ္ဂိုလ် ဘယ်သူပဲ ဖြစ်ဖြစ် အဲဒီ ခွက်တစ်ခွက် လှူလိုက်တယ်။ အဲဒီမှာ တချို့ကိုယ်တော်တွေဟာ အဲဒီခွက်ကလေး တစ်ခွက်စာလောက်နဲ့ တင်းတိမ်နေကြတာမျိုးတွေ အများကြီး
အကယ်၍သာ အစာအာဟာရနည်းနည်း လေးစားလို့ ငါ့ကို ကြည်ညိုမယ် ဆိုလို့ရှိရင် ငါ့ကို လေးစားတယ်ဆိုရင် အဲဒီလို တပည့်မျိုးတွေက ငါ့ကို ဘယ်လေးစားမှာတုန်းတဲ့။ သူတို့က ငါ့ထက်စားတာ နည်းတယ်တဲ့၊ အာဟာရနဲ့ပတ်သက်ပြီးတော့ ငါ့ထက်ခြိုးခြိုးခြံခြံ ကျင့်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်တဲ့။ ဒါလည်းပဲ အကြောင်းမဟုတ်ဘူးတဲ့။
နောက်တစ်ခု သင်္ကန်းနဲ့ပတ်သက်လာလို့ရှိရင်လည်း ငါ့ရဲ့တပည့်တွေထဲမှာ ရာသက်ပန် ပံ့သကူ သင်္ကန်းဝတ်နေကြတာတွေ ရှိတယ်။ ငါကမှ သူဌေးတွေလှူတဲ့အဝတ်တွေ ဘုရင်တွေကလှူတဲ့အဝတ်တွေ အင်မတန်မှ ကောင်းတဲ့အဝတ်တွေကို တစ်ခါတစ်ရံ ဝတ်သေးတယ်တဲ့။ ငါ့တပည့်တွေက တကယ့်ကို သုဿာန် သင်္ချိုင်း အမှိုက်ပုံတွေက ရလာတဲ့ ပံ့သကူ သင်္ကန်းတွေကို ချုပ်ပြီးဝတ်ကြတာ။ တစ်သက်လုံး
ဆွမ်းနဲ့ ပတ်သက်လာလို့ ရှိရင်လည်း ငါ့ရဲ့ တပည့်တွေထဲမှာ အမြဲတမ်း ဆွမ်းခံစားကြတာ ရှိတယ်။ မြို့ထဲရွာထဲရောက်လို့ “တပည့်တော်တို့ အိမ်ကိုကြွပါဦး ဘုရား၊ ဆွမ်းစားပါဦး ဘုရား”ဆိုရင် လက်မခံဘူး၊ ပင့်ပြီးကျွေးတဲ့ ဆွမ်းကို လက်မခံတဲ့ တပည့်တွေအများကြီးရှိတယ်။ ဆွမ်းခံလို့ရတဲ့ ဆွမ်းနဲ့ပဲ ကျေနပ်ပြီး ကျင့်တဲ့တပည့်တွေ ရှိတယ်။ ငါကကျတော့ အဲဒီလို မဟုတ်ဘူး။ တစ်ခါတလေ ဆွမ်းစားပင့်တာ လိုက်ရတယ်။ ကောင်းပေ့ဆိုတဲ့ ဆွမ်းတွေနဲ့ တစ်ခါတစ်ရံ ဘုန်းပေးတာရှိတယ်။ ဆွမ်းစားပင့်တာတွေ ရှိတယ်။ ဆွမ်းခံတာတင် မဟုတ်ဘူးတဲ့။
နောက်တစ်ခါ “အရှင်ဘုရားဟာ ဘယ်သူနဲ့မှ ရောရောနှော မနေဘူး”လို့ သင်ကပြောတယ်။ ဒီအချက်ဟာလည်း မဖြစ်ဘူးတဲ့။ ငါ့တပည့်တွေထဲမှာ ဘယ်သူနဲ့မှ အတွေ့မခံဘဲ တောထဲမှာ ဧကစာရီ ကျင့်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ဘယ်သူနဲ့မှ အတွေ့မခံဘူး။ အစွန်အဖျားကျတဲ့ တောနက်တွေထဲသွားပြီး တစ်ဦးတစ်ယောက်တည်းနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ သူတို့ဟာ ဝိနည်းစည်းကမ်းအရ ဥပုသ်ပြုဖို့ဆိုပြီးတော့ လပြည့်လကွယ် တစ်လမှာ နှစ်ကြိမ်ပဲ
ဒါက အလွန်မှန်ကန်တယ်။ ခေါင်းဆောင် လုပ်တယ်လို့ ဆိုပေမယ့်လို့ တစ်ခါတစ်ရံ ခေါင်း ဆောင်တွေရဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှုတွေ ရှိတတ်တယ်။ မြတ်စွာဘုရားကျတော့ ကိုယ်ကျင့်
နောက် နံပါတ်(၂)အချက်က ဘာတုန်းဆိုတော့ “အဘိက္ကန္တဉာဏဒဿန” ထူးခြားတဲ့ အမြင်ဉာဏ်ပဲ။ သာမန်ပုဂ္ဂိုလ်တွေ အမြင်ဉာဏ်မျိုး မဟုတ်ဘူး၊ ဘုရားရဲ့အမြင်ဟာ အင်မတန်မှ ထူးခြားတန်ဖိုး ကြီးမားတယ်။ ရှေ့ကိုလည်း မြင်နိုင်တယ် နောက်ကိုလည်း မြင်နိုင်တယ်။ ဘာဖြစ်လာမယ် ဆိုတာကိုလည်း အတိအကျ။ အားလုံးအရာခပ်သိမ်းကို သိနိုင်တဲ့စွမ်းရည်မြင့်မားတဲ့ အမြင်မျိုးရှိတယ်။ အဲဒီအမြင်နဲ့
ရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်မျိုးတောင်မှ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ရှိတယ်လေ။ ရွှေပန်းတိမ်သည် သားရဟန်းလေးကို ကမ္မဋ္ဌာန်းပေးတဲ့အခါမှာ ဩော် လူငယ်လူရွယ်တွေဆိုတာ ရာဂများတတ်တယ် တွယ်တာမှုတွေ အားကြီးလိမ့်မယ်။ အဲဒီတော့ အသုဘကမ္မဋ္ဌာန်းပေးမှ တော်မယ်ဆိုပြီး အသုဘကမ္မဋ္ဌာန်းပေးတာ။ လေးလအားထုတ်တာ သမာဓိတောင် မရဘူး။ မြတ်စွာဘုရားထံ ရောက်တော့ ကမ္မဋ္ဌာန်း Technique ကို ပြောင်းလိုက်တာ ချက်ချင်းပဲ ရဟန္တာဖြစ်သွားတယ်။ အဲဒီလို အမြင်မျိုးကျတော့ မြတ်စွာဘုရားလို မြင်တဲ့ပုဂ္ဂိုလ် တစ်ယောက်မှ မရှိဘူး။
အဲဒီ အချက်ကြောင့်မို့လို့ ရှင်သာရိပုတ္တရာလို ပညာထက်တဲ့တပည့်မျိုးက စပြီးတော့ ဘုရားကို
နောက် တတိယနံပါတ်(၃)အချက်က ဘာလဲလို့ဆိုရင် ပညာဉာဏ် ကြီးမားထက်မြတ်မှုပဲ။ ပညာဉာဏ် ကြီးမားထက်မြတ်မှုဆိုတာ မြတ်စွာဘုရားရဲ့ပညာဟာ ဘယ်လောက် ကြီးမားတုန်းဆိုရင် ဘယ်ဘက်ကပဲ မေးမေး၊ ဘယ်ဘက်ကပဲ အပြစ်တင်တင် မြတ်စွာဘုရားမှာ ဖြေစရာ၊ ရှင်းလင်းစရာ ဟောပြောနိုင်တဲ့ အနေအထားမျိုးတွေ ပညာရဲ့စွမ်းအားဟာ အင်မတန်မှ မြင့်မားတယ်လို့ ဒီလိုပြောရ
နောက်စတုတ္ထ နံပါတ်(၄)အချက်က ဘာလဲလို့ဆိုလို့ရှိရင် သစ္စာလေးပါးနဲ့ ပတ်သက်လာတဲ့ မေးခွန်းတွေပဲ။ အေး ဒုက္ခရောက်လာလို့ ဒုက္ခအကြောင်း ကောင်းကောင်းသိချင်လို့ အရိယသစ္စာနဲ့ ပတ်သက်လာတဲ့ မေးခွန်းတွေဆိုလို့ရှိရင် မြတ်စွာဘုရားရဲ့ဖြေဆိုချက်ဟာ အားလုံးရဲ့စိတ်ကို ကျေနပ်သွားအောင် ဖြေပြနိုင်တယ်။ လောကမှာ အမှန်လို့
လယ်တီဆရာတော်ဘုရားကြီး ရေးသား ထားတဲ့ သဘာဝသစ္စာ၊ အရိယသစ္စာ၊ ပရမတ္ထ သစ္စာ ခွဲခြားချက်လိုပဲ၊ ဆိုပါစို့ သဘောပေါက်အောင် ပြောရမယ်ဆိုလို့ရှိရင် စာပေကျမ်းဂန်မှာ ဘာရေး ထားတုန်းဆိုတော့ “ကုသလာ အနဝဇ္ဇသုခဝိပါက လက္ခဏာ” ကုသိုလ်တရားသည် အပြစ်ကင်းတယ်။ ကောင်းကျိုးချမ်းသာကို ပေးနိုင်တယ်လို့ ရှုထောင့်ကနေ ဒီလိုပြောထားတယ်။
မှန်တယ်။ ကုသိုလ်ဆိုတာ ချမ်းသာတဲ့ အကျိုးကိုပေးတာ မှန်တယ်။ သို့သော် ကုသိုလ်လုပ်ပြီး တော့ လူဖြစ်တယ်။ လူ့စည်းစိမ်ချမ်းသာတွေ ရတယ်။ ကောင်းတဲ့အကျိုးတွေရတယ်။ မှန်တယ် သို့သော်
အရိယသစ္စာ ရှုထောင့်က ကြည့်မယ်ဆိုရင် “သဗ္ဗေသင်္ခါရာ ဒုက္ခာ” သင်္ခါရတရား မှန်သမျှ ဒုက္ခ။ ဒါကြောင့်မို့ အရိယသစ္စာ ကျတော့ အမှားလုံးဝ မရှိတော့ဘူး။ ဒုက္ခလို့ပဲ အကုန်လုံးပြောလိုက်တယ်။ သုခ ဆိုတာ မပါဘူး။ သုခတွေ အားလုံးဟာလည်းပဲ
အဲဒီဒုက္ခကို ထုတ်လုပ်နေတဲ့ အဓိကအ ကြောင်း တဏှာသမုဒယ။ ထိုဒုက္ခဆင်းရဲ မှန်သမျှ တွေ ချုပ်ငြိမ်းသွားတာ နိရောဓနိဗ္ဗာန်။ ထိုနိဗ္ဗာန်ကို ရောက်ကြောင်းဖြစ်တဲ့ ပဋိပဒါအကျင့်ကအဓိက မဂ္ဂင် ရှစ်ပါး၊ သစ္စာလေး ပါးနဲ့ပတ်သက်ပြီး အရိယာသူမွန် တို့ ထိုးထွင်း၍သိရတဲ့ သို့မဟုတ် အရိယာအဖြစ်ကို ဆောင်စွမ်းနိုင်တဲ့ တရား တွေကို ဟောပြောတဲ့အခါ မှာ မြတ်စွာဘုရားရဲ့ ဖြေရှင်းဟောပြောသမျှကို အားလုံးဟာ စိတ်ထဲမှာလုံးဝကျေနပ် လက်ခံသွားပြီး တော့ အမှားအယွင်းမရှိတဲ့ သစ္စာတရား။
လောကမှာ တခြားအယူဝါဒတွေမှာလည်း သစ္စာဆိုတာ ရှိတယ်။ သူတို့ပြောလိုက်လို့ရှိရင်
ခုနတုန်းကလို သာမန်ကျင့်စဉ်တွေ မဟုတ်ဘူး၊ တခြားအယူဝါဒတွေဆိုရင် ဘယ်လောက် ခြိုးခြိုးခြံခြံ ကျင့်နိုင်တယ်၊ အစာလေး နည်းနည်းစားတယ်။ အဝတ်မဝတ်ဘဲ ခြိုးခြိုးခြံခြံ နေတယ်ဆိုတာတွေက ပရဗိုဇ်ဂိုဏ်းတွေ၊ အစေလကဂိုဏ်းတွေ ကျင့်နေတဲ့ “က” အကျင့်တွေထဲမှာပါတယ်။ ဒါ့ကြောင့် အဲဒါတွေက ဘာမှထူးခြားတာ မဟုတ်ဘူးတဲ့။ အဲ့ဒါတွေနဲ့ လေးစားခံရလောက်အောင် မဖြစ်နိုင်ဘူးတဲ့၊ အခုလို တကယ့်ကို ပြည့်ဝတဲ့ အရည်အချင်းကြောင့်သာ တပည့်တွေက ဘုရားကိုလေးစားကြတာ ဖြစ်တယ်ပေါ့၊ ဆရာအဖြစ်လေးစားတာ ဒီအရည်အချင်းတွေကြောင့်ပဲ။
ဥပမာမယ် ရွှေတိဂုံဘုရားကြီးကို တက်မယ်
အဲဒီမှာ နံပါတ်(၁) ပဋိပဒါမှာ ဘာကို အမိန့်ရှိတုန်းဆိုတော့ သာဝကတွေကို ကျင့်ရမယ်လို့ ကျင့်စဉ်တစ်ခု ချမှတ်တဲ့အခါမှာ ဒီအကျင့်အတိုင်း ကျင့်သွားလို့ရှိရင် သတိပဋ္ဌာန်လေးပါး အောင်မြင် ပေါက်ရောက်သွားနိုင်တယ်။ သတိပဋ္ဌာန ပဋိပဒါ သတိပဋ္ဌာန် အကျင့်ပဲ။ အဲဒီသတိပဋ္ဌာန် အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ကာယာနုပဿနာ။ contemplation of the body ခန္ဓာကိုယ်နဲ့ဆက်စပ်နေတဲ့အရာတွေပေါ်မှာ နှလုံးသွင်းဆင်ခြင်ပြီးတော့ ရှုမှတ်ပွားများမှုပေါ့။
ဝေဒနာနဲ့ ပတ်သက်ပြီးတော့ ရှုမှတ်ဆင်ခြင်မှု။ စိတ္တာနုပဿနာ စိတ်နဲ့ပတ်သက်ပြီး ရှုမှတ်ဆင်ခြင်မှု။ ဓမ္မာနုပဿနာ ကျန်တဲ့ သဘာဝတရားတွေ အားလုံးနဲ့ ပတ်သက်ပြီးတော့ ရှုမှတ်ဆင်ခြင်မှုဆိုပြီး သတိကို အဓိကထားပြီးတော့ ဟောထားတယ်။ သတိကို အဓိကဟောတယ်ဆိုပေမယ့် သတိတစ်ခုတည်းနဲ့ ဖြစ်တာမဟုတ်ဘူး။ အားလုံးဟာ ပေါင်းစုပြီးတော့လုပ်တာ၊ ဆိုလိုတာကတော့ ဒီထဲမှာ မဂ္ဂင်ရှစ်ပါး အကုန်ပါတယ်။ ဒါကြောင့်မို့ ရှင်းပြောတဲ့အခါမှာ “ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ ဆိုတဲ့အထဲမယ် ... အာတာပီလို့ဆိုတဲ့ စကားက သမ္မာဝါယာမကို ရည်ညွှန်းတယ်။ သမ္ပဇာနော ဆိုတဲ့စကားက သမ္မာဒိဋ္ဌိကို ရည်ညွှန်းတယ်။ သတိမာက သတိကို ရည်ညွှန်းတယ်။
အထွတ်အထိပ်ကို ရောက်တယ်။ မြတ်စွာဘုရားရဲ့သာသနာတော်မှာ အရဟတ္တဖလပရိယောသာနံ ဘဂဝတော သာသနံ မြတ်စွာဘုရားသာသနာတော်ရဲ့ ပန်းတိုင်ဟာ ဘာလဲလို့ဆိုရင် အရဟတ္တဖိုလ်ပဲ ဖြစ်တယ်ပေါ့။ ဒီကျင့်စဉ် တစ်ခုအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်လိုက်တဲ့အခါမှာ အရဟတ္တဖိုလ်ဆိုတဲ့ ပန်းတိုင်ကို ရောက်တယ်လို့ ဆိုလိုတာပေါ့။ အထွတ်အထိပ်ကို ရောက်တယ်။ မြတ်စွာဘုရားရဲ့သာသနာတော်မှာ အရဟတ္တဖလပရိယောသာနံ ဘဂဝတော သာသနံ မြတ်စွာဘုရားသာသနာတော်ရဲ့ပန်းတိုင်ဟာ ဘာလဲလို့ဆိုရင် အရဟတ္တဖိုလ်ပဲ ဖြစ်တယ်ပေါ့။ ဒီကျင့်စဉ် တစ်ခုအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်လိုက်တဲ့အခါမှာ အရဟတ္တဖိုလ်ဆိုတဲ့ လမ်းဆုံးပန်းတိုင်ကို ဆိုက်ထိတယ်။ အားလုံး တပည့်သာဝကတွေဟာ
ထို့အတူပဲ နံပါတ် (၂) က သမ္မပ္ပဓာန်၊ နံပါတ် (၃) က ဣဒ္ဓိပါဒ်။ နံပါတ် (၄) က ဣန္ဒြေ၊ နံပါတ် (၅) က ဗိုလ်၊ နံပါတ် (၆) က ဗောဇ္ဈင်၊ နံပါတ် (၇) က မဂ္ဂင်လို့ ဗောဓိပက္ခိယတရား တစ်ခုစီတစ်ခုစီ ဘယ်ဟာပဲကျင့်ကျင့် သူတို့ရဲ့လမ်းဆုံးက အရဟတ္တဖိုလ် နိဗ္ဗာန်ကို ချည်းပဲ။ ဆိုလိုတာက ထူးခြားတဲ့
နောက်ထပ် နံပါတ် (၉) က အဘိဘာယတန ရှစ်ပါးဆိုတာလည်း ဈာန်အကျင့် တစ်မျိုးပဲ။ ဒါလည်းပဲ ကျွမ်းကျင်မှုဆိုတဲ့လမ်းဆုံးပန်းတိုင်ကို ရရှိတာပဲ။ နောက်တစ်ခါ နံပါတ် (၁၀) က ကသိဏာ
ဒါက ရှိနေတယ်ဆိုတာ သိရုံပဲပြောပြတာပါ။ ရှင်မဟာဗုဒ္ဓဃောသ ရေးတယ်ဆိုတာလည်းပဲ မြတ်စွာဘုရားရဲ့ ဒေသနာတော်တွေထဲက ထုတ်နုတ်ပြီးတော့ ရေးတာပဲ။ ဘယ်အချက်ဟာဖြင့် ဒေသနာတော်နဲ့ ဘယ်လိုကွဲလွဲတယ်ဆိုတာ ထောက်ပြပြီးပြောလို့ရှိရင် လက်ခံရမှာပေါ့။ အခုတော့ ထောက်ပြနိုင်စွမ်း မရှိဘဲနဲ့ ရမ်းပြီးတော့ ပြောတာကတော့ အရေးစိုက်စရာ မဟုတ်ဘူး၊ မှန်ကန်တာ မဟုတ်ဘူးပေါ့။ တချို့ကကုန်အောင်လည်း မဖတ်ဖူးဘူး၊ အဋ္ဌကထာကို ပြောနေကြတာ။ နောက်ဆုံးမှာ စာအုပ်အနှောင့်ကိုတောင် မဖတ်ဖူးဘဲနဲ့ ဘာသာညာညာ ပြောတာကတော့ လွန်တယ်၊ မမှန်တဲ့ဟာတွေပဲ လျှောက်ပြောကြတာပေါ့။ မြတ်စွာဘုရားက ဝိပဿနာကျင့်စဉ်
နံပါတ်တစ်က “အယံကာယော-ငါ့ရဲ့ body လို့ခေါ်တဲ့ ရုပ်ခန္ဓာကိုယ်ကြီးဟာ၊ စာတုမဟာဘူတိကော- မဟာဘုတ်လေးပါး (ဓာတ်ကြီးလေးပါး) နဲ့ တည်ဆောက်ထားတာ။” ဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့။ ခန္ဓာကိုယ်ကြီးထဲမှာ အသားစိုင်တွေ၊ မာမာတွေ အတုံးအခဲတွေရှိတယ်။ အတုံးအခဲတွေဟာ ပထဝီ။ သွေးစတဲ့ အရည်တွေမှန်သမျှ အာပေါ၊ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့အပူငွေ့တွေ အအေးတွေက တေဇော၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့လေတွေက ဝါယော။ ခန္ဓာကိုယ်ကြီးကို ဓာတ်ခွဲကြည့်လိုက်မယ်ဆိုရင် ပထဝီရယ်၊ အာပေါရယ်၊ တေဇောရယ်၊ ဝါယောရယ်ပဲ ရှိတယ်။ ဒါကြောင့်မို့ ဒီခန္ဓာကိုယ်ကြီးဟာ
“အယံကာယော ရူပီ စာတုမဟာဘူတိကော ခန္ဓာကိုယ်ကြီးကို ရုပ်နဲ့တည်ဆောက်ထားတယ်၊ မဟာဘုတ်လေးပါးနဲ့ ဖန်တီးထားတယ်။ မာတာပေတ္တိက သမ္ဘဝေါ၊ အမေအဖေတို့ရဲ့ sperm ovum ဆိုတာတွေကို မှီတည်ပြီး ဖြစ်လာတာ၊” ဒါကတော့ မှန်တာပေါ့။ လူမွေးတယ်ဆိုတာ sperm နဲ့ ovum နှစ်ခုပေါ်မှာ သန္ဓေတည်ကြတာပဲ။ clone ဆိုတာတွေ လုပ်တဲ့ပုဂ္ဂိုလ်တွေလည်း ဒါတွေနဲ့ပဲ လုပ်တာပဲလေ။ ဖန်ပြွန်လူသား ဖန်တီးတဲ့ပုဂ္ဂိုလ်တွေ လည်း ... ဒါတွေနဲ့ပဲ လုပ်တာပဲ။ မာတာပေတ္တိက သမ္ဘဝေါ သစ်စေ့လေး, မျိုးစေ့လေးချရင် မြေနဲ့ရေနဲ့ ရှိရမှာပေါ့။ အဲဒီလိုပဲ မိဘရဲ့ သုတ်သွေးဆိုတဲ့အရာ
အဲဒီလို ဖြစ်လာတဲ့ခန္ဓာကိုယ်ကြီး မိခင်ဝမ်းကနေ ကျွတ်လာတဲ့အခါမှာ အခုလို လူကောင်းကြီး ကြီးလာအောင် ... ဘာဖြစ်တုန်းဆိုတော့ “ဩဒန ကုမ္မာသူပစယော-ထမင်းတွေ မုန့်တွေစားပြီးတော့ ကြီးလာတာ။” ဒါက လူတိုင်းနားလည်အောင် ပြောတဲ့ စကားတွေနော် လူ့ခန္ဓာကိုယ်ကြီးဟာ မိဘရဲ့သုတ်သွေးအပေါ်မှာ အမှီပြုဖြစ်လာပြီးတဲ့အခါ ထမင်းတွေ, မုန့်ပဲသရေစာတွေ စားပြီးကြီးလာတယ်။ အဲဒီကြီးလာတဲ့ ခန္ဓာကိုယ်ကြီးဟာ ဒီအတိုင်း တည်တံ့နေတာလား .. ခိုင်မြဲနေတာလားဆိုတော့ မတည်တံ့ဘူး၊ မခိုင်မြဲဘူးတဲ့။ အနိစ္စ-မမြဲဘူး၊ ပြောင်းလဲနေတယ်၊ ထာဝရ ပြောင်းလဲနေတယ်။ ထာဝရ ပြောင်းလဲနေရုံ
ဒါတင်မရသေးဘူး၊ ပရိမဒ္ဒန-နှိပ်နယ်ပေးရသေးတယ်။ massage တွေ ဘာတွေလုပ်ပေးရသေးတယ်။ ဒီလိုခန္ဓာကိုယ်ကြီးရဲ့ သဘောကို ပြောတာနော်။ အနိစ္စစ္ဆာဒန ပရိမဒ္ဒန၊ ဒီလိုလုပ်ပေးတော့ ခန္ဓာကိုယ်ကြီးက တည်မြဲနေသလားဆိုတော့ မတည်မြဲဘူး၊ ပရိဘေဒန နောက်ဆုံးမှာ ပြိုကွဲသွားတယ်။ ဟိုနားက ဟိုဟာဖြစ်၊ ဒီနားက ဒါဖြစ်၊ ဝိဒ္ဒေသန ပျက်စီးတဲ့ သဘောရှိတယ်။ ဒါဟာ ရုပ်ခန္ဓာကိုယ်ကြီးရဲ့သဘောကို ဖော်ပြတာပဲ။ ပြီးတော့ “ဣဒဉ္စ ပန ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓ ငါ့ရဲ့အသိဆိုတဲ့ နာမ်တရားလေးဟာ ဟောဒီရုပ်ခန္ဓာကိုယ်ကြီးမှာ
ဥပမာမယ်တဲ့ သေသေချာချာ ထွင်းထားတဲ့ ကြိုးနဲ့သီထားတဲ့ ပတ္တမြားလေးမှာဆိုရင် ပတ္တမြားလေးကိုလည်း မြင်ရ ပတ္တမြားကို သီကုံးထားတဲ့ ကြိုးလေးကိုလည်း မြင်ရတယ်။ ရုပ်ကတစ်ခြား နာမ်ကတစ်ခြားလို့ ဒီလိုဆိုလိုတာနော်။ ရုပ်နဲ့နာမ်ဟာ ဆက်စပ်နေပေမယ့်လို့ သဘာဝချင်း မတူဘူး။ ပတ္တမြားလုံးနဲ့ ပတ္တမြားကို ဖောက်ပြီး သီထားတဲ့ ကြိုးနဲ့မတူဘူး။ ပတ္တမြားလုံးထဲမှာ ကြိုးရှိနေတာကို မြင်ရသလိုပဲ ဟောဒီရုပ်ခန္ဓာကိုယ်ကြီးထဲမှာ ဒီနာမ်
ဒီအကျင့်ဟာလည်းပဲ မှန်ကန်တယ်။ ဒီအကျင့်ကို ဟောသည့်အတွက်ကြောင့် အားလုံးဟာ ကျေနပ်ကြတယ်။ တပည့်တွေဟာ ဒါကြောင့်မို့ လေးစားကြတယ်။ နောက်တစ်ခု သမထကျင့်စဉ်နဲ့ကျင့်လို့ စိတ်နဲ့ ကိုယ့်ရုပ်ကိုယ် ဖန်တီးနိုင်တဲ့ မနောမယိဒ္ဓိအဘိညာဉ် ဆိုတာ ရတယ်။ အဲဒါဟာလည်းပဲ ဒီအကျင့် ကျင့်ရင် ဒီလိုလုပ်နိုင်တယ်လို့ မြတ်စွာဘုရားက ဟောထားတဲ့အတိုင်း တကယ်ဖြစ်တယ်ပေါ့။ နောက် ၁၄ ခုမြောက်ကတော့ ဣဒ္ဓိဝိဓအဘိညာဉ် ပုံစံ အမျိုးမျိုး
နောက်ထပ် တစ်ဆယ့်ရှစ်ခုမြောက်ကျတော့ ဒိဗ္ဗစက္ခု၊ ဘယ်လောက် ဝေးဝေး၊ ဘယ်လောက် ကွယ်နေနေ အားလုံးကို မြင်နိုင်တဲ့ဒိဗ္ဗစက္ခုအဘိညာဉ် ဆိုတာရှိတယ်။ အဲဒါဟာလည်း ကျင့်ကြံလို့ အောင်မြင်ပေါက်ရောက်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ဒီအချက်တွေကို ထောက်ထားပြီးတော့ တပည့်များရဲ့ လေးစားမြတ်နိုးမှုခံရတဲ့ ဂုဏ်ရည်တွေဟာ ဒီအကျင့်တရားတွေကို မှန်မှန်ကန်ကန်ဟောလို့ ဟောတဲ့အတိုင်း အောင်မြင်ပေါက်ရောက်တဲ့ဂုဏ်ဟာ နည်းလှတဲ့ဂုဏ်မဟုတ်ဘူး။ တချို့ကျတော့ လမ်းစဉ်ကြီး ချမှတ်ထားပေမယ့် အဲဒီလမ်းစဉ်တိုင်း လိုက်လုပ်လို့ မဖြစ်တာတွေ အများကြီးပဲ။ လမ်းစဉ်ကြည့်လိုက်တော့ အင်မတန် ကောင်းတယ်။ အကောင်အထည် ဖော်လို့မရတာတွေ အများကြီးပဲ။
မြတ်စွာဘုရားကို တပည့်တွေက ရိုသေလေး စားတယ်ဆိုတာ တခြားအကြောင်းတွေကြောင့် မဟုတ်ဘူး။ (၁) အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရား၊ (၂) အရာရာကို စူးစူးရှရှ မြင်နိုင်တဲ့ အမြင်၊ (၃) ကြီးမားတဲ့ ဉာဏ်ပညာ၊ (၄) သစ္စာတရား ဟောကြားတဲ့နေရာမှာ တိကျခိုင်မာမှုနဲ့၊ (၅) ကျင့်စဉ် ကို ကျင့်တဲ့အခါမှာ အောင်မြင်ပေါက်ရောက်နိုင်တဲ့ အကျင့်မှန် လမ်းမှန်တွေကို ဖော်ပြဟောပြပေးနိုင်မှု ဆိုတဲ့ ဒီ အချက် (၅) ချက်ဟာ တပည့်များက မြတ်စွာ ဘုရားကိုလေးစားမြတ်နိုးရခြင်းရဲ့ အဓိကအကြောင်း
ဒါကြောင့် ... တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ ဗုဒ္ဓမြတ်စွာကို ကြည်ညိုလေးစား ကြရတယ်ဆိုတာ သူမတူအောင် အလွန်ထူးချွန်တဲ့ ဒီအချက်တွေကို ကြည့်ပြီး မြတ်စွာဘုရားဟာ တစ် လောကလုံးက ဦးညွှတ်လေးစားရတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ် မြတ်ဖြစ်သောကြောင့် ဗုဒ္ဓဂုဏ်ကို အာရုံပြုပြီး မြတ်စွာဘုရားချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ကျင့် ကြံကြိုးကုတ်အားထုတ်ကြမယ်ဆိုရင် ဘုရားဟောတဲ့ အတိုင်း ဒီလမ်းလျှောက်လို့ရှိရင် ဒီစခန်း ရောက် တယ် ဆိုတာကို ယုံကြည်သိမှတ်ပြီးတော့ မဂ္ဂင်ရှစ်ပါး အကျင့်တရားတွေကို ကျင့်ကြံကြိုးကုတ် အားထုတ် ခြင်းဖြင့် နောက်ဆုံး ထာဝရအငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြ ပါစေကုန်သတည်း။
nu50jq1s6l6v7wygw7cgjww1e2n8ipt 22310 22309 2026-10-13T00:58:51Z Tejinda 173 22310 wikitext text/x-wiki {{header | title = တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း]] | previous2 = | next = [[ဉာတပရိညာ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ
[၁] မှတ်တမ်း
သာသနာတော်နှစ် ၂၅၅၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပို့တွဲလပြည့်ကျော် (၁၃)ရက်၊ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂ဝ)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်၊ မြတ်ဗုဒ္ဓသာသနာ တော်နှစ် ၂၆ဝဝ ပြည့် အထိမ်းအမှတ် ညဉ့်ဦးယံ ဓမ္မ သဘင်အခမ်းအနား၌ ဟောကြားအပ်သော “တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ"အကြောင်းတရားဒေသနာတော်။
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ မဇ္ဈိမနိကာယ်မှာလာတဲ့ မဟာသကုလုဒါယီသုတ် ဆိုတာ ရှိတယ်။ ဥဒါယီဆိုတဲ့ ပရဗိုဇ်တစ်ဦးရဲ့ လျှောက်ထား ချက်ကို အကြောင်းပြုပြီးတော့၊ ဒီသုတ္တန်ကို မြတ်စွာ ဘုရားက ဟောကြားခဲ့တာ ဖြစ်တယ်။ ဒီသုတ္တန်ကိုပဲ [၂] “တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ” လို့ ခေါင်း စဉ်တပ်ပြီးတော့ ဘုန်းကြီးတို့ ဟောမှာဖြစ်တယ်။ ဒီကနေ့ ဗုဒ္ဓမြတ်စွာသာသနာတော်နဲ့ ပတ် သက်ပြီးတော့ မြတ်ဗုဒ္ဓသာသနာတော် (၂၆ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓမြတ်စွာကို ပူဇော်တဲ့အနေနဲ့ ဆင်ယင်ကျင်းပပြုလုပ်အပ်တဲ့ ဒီဓမ္မသဘင် အခမ်းအ နားကိုပေါ့။ ဗုဒ္ဓမြတ်စွာ သာသနာတော်နဲ့ပတ်သက် ပြီး မှတ်သားစရာက မြတ်စွာဘုရားပရိနိဗ္ဗာန်စံတဲ့နှစ် ကို ရည်ညွှန်းတော့ ဘုရားပရိနိဗ္ဗာန်စံတဲ့နှစ်က စပြီး တော့ရေတွက်လို့ သာသနာ(၂၅၅၅)ခုလို့ ပြောတယ်။ ဆိုလိုတာက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် ခြွင်းချန်ရစ်တဲ့သာသနာ၊ တည်ထားခဲ့တဲ့ သာသနာ နှစ်ဟာ (၂၅၅၅)ရှိပြီလို့ ဆိုလိုတယ်။
အခု (၂၆၀၀)လို့ဆိုတာ ဗုဒ္ဓမြတ်စွာ ဘုရား အဖြစ်သို့ ရောက်တော်မူတဲ့နှစ် (သို့မဟုတ်) ဓမ္မစကြာ တရားဦး ဟောတော်မူခဲ့တဲ့နှစ်က စတွက်တာ။ သာသ [၃] နာသက္ကရာဇ်နဲ့ပတ်သက်ပြီး မှတ်သားစရာက ဗုဒ္ဓ မြတ်စွာရဲ့ မွေးနေ့နဲ့ တွက်မယ်ဆိုလို့ရှိရင်၊ ( အကယ် ၍များ မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေမယ်ဆို လို့ရှိရင် ) ဒီကနေ့ဟာ ဗုဒ္ဓမြတ်စွာရဲ့ သက်တော် (၂၆၃၅)နှစ်မြောက်မွေးနေ့လို့ ပြောရမယ်။ ဘုရား အလောင်းတော်လေး မွေးဖွားတဲ့ သက္ကရာဇ်နဲ့ပတ် သက်ပြီးပြောတာ။ ဘုရားဖြစ်တဲ့နှစ်ကို တွက်ပြီးတော့ (၂၆ဝဝ)လို့ ပြောတာကို “ ဗုဒ္ဓနှစ် ”လို့ ဒီလို မှတ်သား လို့ရသလို။ ထိုဘုရားဖြစ်တဲ့ နှစ်မှာပဲ မြတ်စွာဘုရား ဟာ ဓမ္မစကြာတရားဦးကို (ဝါ) သစ္စာဒေသနာတော် ကို ဟောကြားခဲ့တာဖြစ်သောကြောင့် “ ဓမ္မနှစ် ”လို့ ပြောလို့ရှိရင်လည်း (၂၆၀၀)ပဲ။ ဓမ္မစကြာတရားဦး ဟောပြီးတဲ့နောက်မှာ ရှင်ကောဏ္ဍညဟာ ပထမဆုံး သာသနာကို ဝင်ရောက်ပြီး ဓမ္မစကြာတရားဦး ဟော တဲ့နောက် (၅)ရက်မြောက် အနတ္တလက္ခဏသုတ်ကို ဟောတဲ့နေ့မှာ ပဉ္စဝဂ္ဂီရဟန်းငါးပါးလုံးဟာ သာသနာ [၄] ဘောင်ကို ရောက်ရှိလာလို့ သံဃာပေါ်လာတာဖြစ် သောကြောင့် (၂၆ဝဝ)ကိုပဲ “သံဃာနှစ်” လို့ ဒီလို ပြောလို့ရတယ်။
အဲတော့ ဗုဒ္ဓနှစ်ဆိုရင်လည်း (၂၆၀၀)ပဲ၊ ဓမ္မနှစ်လို့ပြောရင်လည်း (၂၆၀၀)ပဲ၊ သံဃာ့နှစ် လို့ပြောရင်လည်း (၂၆၀၀)ပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ဘဝနဲ့ ပတ်သက်ပြီးတော့ ဘုရားမွေးဖွားတဲ့နှစ်က စပြီးတော့ တွက်မယ်ဆိုရင် (၂၆၃၅)နှစ်။ ဒီကနေ့ အသုံးပြုနေတဲ့ (၂၅၅၅)ဆိုတာက ဗုဒ္ဓမြတ်စွာရဲ့ “ပရိနိဗ္ဗာန်နှစ်” ဖြစ်ပါတယ်။ ပရိနိဗ္ဗာန်စံတော်မူခဲ့တာ ၂၅၅၅ နှစ် ရှိပြီလို့ ဆိုလိုတယ်ပေါ့။ မြန်မာသက္ကရာဇ်နဲ့ ဘယ် လောက်ကွာသလဲလို့ဆိုရင် “ဥဩရေကြက် ရော စွက် သာသနာ” လို့ မှတ်တမ်းပြုထားတဲ့အတိုင်း (၁၁၈၂)ကို မြန်မာသက္က ရာဇ်ထဲ ထည့်ပေါင်းလိုက်ရင် သာသနာသက္ကရာဇ် မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူ တဲ့နှစ်ကို တွက်လို့ရပါတယ်။
[၅] အင်မတန်မှ ရှည်ကြာတဲ့ကာလက ဗုဒ္ဓမြတ် စွာဟောကြားခဲ့တဲ့ တရားတွေဟာ ဒီကနေ့ထိအောင် ဘုန်းကြီးတို့တစ်တွေ သင်ယူလေ့လာခွင့် ကြားနာ မှတ်သားခွင့် ကျင့်သုံးလိုက်နာခွင့်တွေ ရနေတာဟာ အလွန်တရာ ကံကောင်းကြတယ်လို့ ပြောကြရမှာပါ။ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တရားဓမ္မထဲက ထုတ်နုတ်ပြီးတော့ ဒီကနေ့ “တပည့်များ လေးစား မြတ်နိုးတဲ့ဆရာ”ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတာ တုန်းဆိုတော့ “ဗုဒ္ဓမြတ်စွာ”ကို ရည်ညွှန်းတာပါ။ ဒီ သုတ္တန်မှာ “တပည့်တွေရဲ့ လေးစားမှုကို မြတ်နိုးမှု ကို အခံရဆုံးဖြစ်တဲ့ ဘာသာရေးခေါင်းဆောင် သို့မ ဟုတ် အယူဝါဒ ဘာသာတစ်ခု တည်ထောင်ပြီးတော့ ဟောပြောတဲ့ ဆရာတွေထဲမှာ တပည့်တွေရဲ့ မြတ်နိုး မှုကို အရရှိဆုံးသော ဆရာဟာ ဘယ်သူတုန်းလို့ဆို ရင် ဂေါတမဗုဒ္ဓပဲ ဖြစ်ပါတယ်ဆိုတာကို တခြားဘာ သာဝင်တွေကပါ အသိအမှတ်ပြုခဲ့တယ်။ ဒီအချက် [၆] ကို “မဟာသကုလုဒါယီ” သုတ္တန်မှာ ရှင်းလင်းဖော် ပြထားတာကို တွေ့ရတယ်၊ ဘုန်းကြီးတို့ ဒီကနေ့ ဓမ္မလက်ဆောင်အနေနဲ့ ဒီတရားကို ဟောပြောမှာ ဖြစ်ပါတယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်မှာ ဝါဆိုဖို့ ကြွရောက်နေထိုင်တဲ့အချိန် ရာဇဂြိုဟ်မြို့ကို ထူးထူး ခြားခြား တစ်ခြားဘာသာဝင် “ဂဏာစရိယ”ဆိုတဲ့ ဂိုဏ်းဆရာကြီးတွေ ( ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဂိုဏ်းဆရာ ကြီး(၆)ဦး ) ရာဇဂြိုဟ်မြို့ကို ရောက်ရှိလာကြတယ်။ ထိုခေတ် ထိုအချိန်အခါ ကာလတုန်းက မဂဓတိုင်း ဟာ ဘာသာရေးထွန်းကားတဲ့နယ်မြေကြီးတစ်ခု ဖြစ်ခဲ့တယ်ပေါ့။ ဒါကြောင့်မို့ မြတ်စွာဘုရားကို တရား ဟောဖို့ တောင်းပန်လျှောက်ထားတဲ့ သဟမ္ပတိဗြဟ္မာ ကြီးက ဖွင့်ဟပြီးတော့ ဘုရားကို လျှောက်တဲ့အထဲမှာ “ပါတုရဟောသိ မဂဓေသု ပုဗ္ဗေ၊ ဓမ္မော အသုဒ္ဓေါ [၇] သမလေဟိ စိန္တိတော” ဘာသာ ဝါဒ အမျိုးမျိုး မာဂဓတိုင်းမှာ ထွန်းကားခဲ့တယ်ဆိုတာ ထွန်းကား လျက် ရှိနေတယ်ဆိုတာကို ပြောခဲ့တယ်။ အဲတော့ မဂဓတိုင်းဟာ ထိုအချိန်က အယူ ဝါဒရေးရာ ဘာသာတရားတို့ရဲ့ထွန်းကားရာ နယ် မြေကြီးဖြစ်ခဲ့တယ်။ မြတ်စွာဘုရား သီတင်းသုံးတဲ့ အချိန်မှာပဲ မဂဓတိုင်းအသီးသီးမှာ။ ပုရာဏ ကဿပ၊ မာက္ခလိဂေါသာလ၊ အဇိတ ကေသကမ္ဗလ၊ ပကုဓကစ္စာယန၊ သဉ္စယ ဗေလဋ္ဌပုတ္တ၊ နိဂဏ္ဌ နာဋပုတ္တဆိုတဲ့ ဆရာကြီး (၆) ဦးဟာလည်း သူတို့ရဲ့ တပည့် ပရိသတ်စုံလင်စွာနဲ့ နောက်လိုက်နောက်ပါ မြောက်မြားစွာနဲ့ ရာဇဂြိုဟ်မြို့ရှိ ဆိုင်ရာဆိုင်ရာ သူ တို့ရဲ့ အာရာမ်ဥယျာဉ်တွေမှာ လာရောက်ပြီးတော့ နေထိုင်နေကြတယ်။ အဲဒီအချိန်မှာပဲ “ပရိဗ္ဗာဇက” ဆိုတဲ့ ပုဂ္ဂိုလ်တွေ မြန်မာလိုတော့ “ပရဗိုဇ်” လို့ ခေါ်ကြတယ်ပေါ့။ အဲဒီ ဘာသာခြား ပရဗိုဇ်တွေထဲ [၈] မှာလည်းပဲ အလွန်နာမည်ကြီးတဲ့ ထင်ရှားကျော်ကြား တဲ့ ပရိဗ္ဗာဇက ခေါင်းဆောင်တွေဟာလည်းပဲ အဲဒီနှစ် က တိုက်တိုက်ဆိုင်ဆိုင် ရာဇဂြိုဟ်မြို့ကို ရောက်ရှိပြီး တော့ ပရိဗ္ဗာဇကတို့ရဲ့ ကျောင်းအာရာမ်မှာ နေထိုင် လျက်ရှိကြတယ်။ အဲဒီအချိန်မှာ ဒီသုတ္တန်ဖြစ်ပေါ်လာ ဖို့ အခြေအနေတစ်ခု ဖြစ်ပေါ်လာတယ်။
မြတ်စွာဘုရားဟာ နံနက်မိုးသောက် အလင်း ရောက်တဲ့အချိန် ကျောင်းတော်ကထွက်ပြီးတော့ ရာဇဂြိုဟ်မြို့ထဲကို ဆွမ်းခံကြွတဲ့အခါမှာ ရာဇဂြိုဟ် မြို့တွင်းကြွဖို့ အချိန်စောနေသေးတယ်ဆိုပြီး လမ်း ဘေးမှာ ကြုံတဲ့ပရဗိုဇ်တွေရဲ့ကျောင်းကို ခေတ္တခဏ ဝင်ရောက်တော်မူတယ်။ စာထဲမှာ ကြုံလို့ဝင်တဲ့ အဓိပ္ပာယ် ဖော်ပြထားသော်လည်းပဲ တကယ်ကတော့ မြတ်စွာဘုရားဟာ ဘယ်ကိစ္စပဲဖြစ်ဖြစ် ကြိုတင်မြင် ပြီးသား ဖြစ်ပါတယ်။ ဒီသုတ္တန်ကိုဟောဖို့ အခြေအ နေတွေ ဖန်တီးတဲ့အနေနဲ့ ပရဗိုဇ်ကျောင်းဥယျာဉ်ထဲ [၉] ကို ဝင်ရောက်လာတယ်။ အဲဒီကျောင်းကြီးကလည်းပဲ တောအုပ်ကြီးနဲ့ လမ်းခရီးမှာရှိတော့ မောရနိဝါပ ဥဒေါင်း ငှက်တွေကို အစာကျွေးထားတဲ့ ငှက်တွန်သံ တွေနဲ့ဆူညံနေတဲ့ ပရဗိုဇ်တို့ရဲ့ အာရာမ်ကျောင်းကြီး လို့ ဒီလိုဆိုလိုတယ်ပေါ့။ အဲဒီကျောင်းကြီးကို မြတ်စွာ ဘုရား ဆွမ်းခံကြွရင်း ဝင်လာတဲ့အချိန်မှာ ဥဒါယီ ခေါင်းဆောင်တဲ့ (“သကုလဒါယီ”လို့ဆိုတဲ့ သူနာ မည် အတိုကောက်ခေါ်ရင်တော့ “ဥဒါယီ” ပေါ့။) ဥဒါယီခေါင်းဆောင်တဲ့ ပရဗိုဇ်တွေဟာ ဆူညံဆူညံနဲ့ ထွေရာလေးပါး ပြောဆိုနေကြတယ်။ ထွေရာလေး ပါးဆိုတာ ဟိုရောက်သည်ရောက် စပ်မိစပ်ရာတွေ လျှောက်ပြောကြတာ။ အဲဒါကို မြတ်စွာဘုရားက “တိရစ္ဆာနကထာ”လို့ ခေါ်တယ်။
လောကလူတွေဟာ ဆုံမိတဲ့အခါမှာ ရောက် တက်ရာရာ ပြောလေ့ရှိကြတယ်။ အဲဒီပြောတဲ့စကား တွေဟာ တကယ်တော့ စပ်မိစပ်ရာ လျှောက်ပြောနေ [၁၀] ကြလို့ မဆုံးနိုင်ဘူး။ ဦးတည်ချက်မရှိတဲ့ စကားမျိုး တွေချည်းပဲ။ အဲဒီ စကားမျိုးတွေကို “တိရစ္ဆာနကထာ”လို့ ခေါ်တယ်။ ဆူညံဆူညံနဲ့ စကားပြောနေတဲ့ ပရဗိုဇ် အာရာမ်ထဲကို မြတ်စွာဘုရား ဝင်လာတာကို ခပ်လှမ်းလှမ်းက မြင်တဲ့အခါမှာ ဘုရားကို ကြည်ညို လေးစားရင်းရှိတဲ့ ဥဒါယီက သူ့ရဲ့တပည့်တွေကို သတိပေးတယ်။ “ဟိုမှာ သမဏဂေါတမ ကြွလာ တယ် အားလုံး တိတ်တိတ်နေကြ၊ သူကတိတ်ဆိတ် ငြိမ်သက်တာကို အင်မတန်မှ ကြိုက်တယ်။ တိုးတိုး တိတ်တိတ် နေတာကိုလည်း အမြဲတမ်း ချီးမွမ်းစကား ပြောလေ့ရှိတယ်” တဲ့။ ဒါ မြတ်စွာဘုရားရဲ့ ဂုဏ် သတင်း တစ်ခုပဲ။ မြတ်စွာဘုရားဟာ ဘယ်အခါမှာပဲ ဖြစ်ဖြစ် ငြိမ်သက်နေတာ။ အမြဲတမ်း တိတ်ဆိတ်ငြိမ် သက်မှုကို မြတ်နိုးတယ်၊ ရဟန်းတော်တွေကိုလည်းပဲ အမြဲတမ်း ဆုံးမလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်။ “အေး တစ်ဦးနဲ့တစ်ဦး ဆုံမိပြီဆိုရင် တရားစကားရင် [၁၁] လည်းပြော၊ မပြောလို့ရှိရင် Noble Silence အရိယတုဏှိဘာဝ တိတ်တိတ်ဆိတ်ဆိတ် နေရမယ်လို့ သင်ပေးထားတာ။
အဲဒီတော့ ဘုရားကျောင်းသွားတဲ့အခါ တရားဟောနေတဲ့ အသံကြားရင် ကြားမယ်။ စကား တွေ ဆူညံဆူညံ ပြောတဲ့အသံမျိုးကို မကြားရဘူး။ ဒီအကြောင်းကို တခြားဘာသာဝင် ပုဂ္ဂိုလ်တွေအား လုံးက သိထားကြတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရား ကြွလာတဲ့အခါမှာ တိတ်တိတ်နေဖို့ သတိပေးတယ်။ အားလုံး ငြိမ်သွားတယ်။ ငြိမ်သွားတဲ့အခါ မြတ်စွာ ဘုရားက ပရဗိုဇ်တွေ စုရုံးနေထိုင်တဲ့ အဆောက်အဦး ဘက်ကြွသွားတယ်။ ကြွသွားတော့ သကုလုဒါယီ ပရဗိုဇ်က ဆင်းလာပြီး မြတ်စွာဘုရားကို ကြိုဆိုတယ်။ အဲဒီခေတ်က မြတ်စွာဘုရားဟာ လူ့ဘဝက လည်း အင်မတန်မှ ဂုဏ်ရှိသရေရှိတယ်။ ရဟန်းဝတ် လာတဲ့အခါမှာလည်း အင်မတန်မှ ကြည်ညိုဖွယ် [၁၂] ကောင်းပြီးတော့ ဂုဏ်သတင်းကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ မြတ်စွာဘုရား ကြွလာတယ်ဆိုတာနဲ့ မကြိုဆိုတဲ့ ပုဂ္ဂိုလ် မရှိဘူး၊ အားလုံးက ကြိုဆိုတယ်။ သကုလု ဒါယီပရဗိုဇ်က ဆင်းလာပြီး “အရှင်ဘုရားကြွပါ” သူတို့သုံးတဲ့ စကားလုံးဟာ အခုခေတ်သုံးတဲ့ စကား လုံးနဲ့ အင်မတန်မှ နီးစပ်တယ်။ “သွာဂတံ ဘန္တေ” ဆိုတဲ့ စကားနဲ့ ကြိုဆိုတာ။ သွာဂတံဆိုတဲ့ စကား လုံးက သု+အာဂတ- ကောင်းသော လာရောက်ခြင်း ပါ။ အင်္ဂလိပ်လို ဘာသာပြန်ရင်တော့ “ကြိုဆိုပါ တယ်” ဆိုတဲ့ Welcome နဲ့ ဆင်တူတယ်။ အဲဒီလို ကြိုဆိုပါတယ် ဆိုပြီးတော့ နေရာထိုင်ခင်းပေးတယ်။ “အရှင်ဘုရား မကြွလာတာကြာပြီ။ ကြွပါ ဘုရား ဒီနေရာမှာထိုင်ပြီး သီတင်းသုံးပါ” လို့ ကြိုဆို တယ်။ မြတ်စွာဘုရားက ထိုင်ပြီး သီတင်းသုံးတဲ့အခါ မှာ သကုလုဒါယီပရဗိုဇ်က ဘုရားကို အင်မတန်မှ လေးစားတယ်။ ဒါကြောင့်မို့ နိမ့်တဲ့နေရာမှာ ထိုင် [၁၃] တယ်။ ကျန်တဲ့ ပရဗိုဇ်တွေအားလုံးလည်း ထိုင်ကြ တယ်။ ငြိမ်ငြိမ်ဆိတ်ဆိတ် ထိုင်နေကြတယ်။ အဲဒီမှာ မြတ်စွာဘုရားက မေးတယ်။ “ဥဒါယီ, ဒို့ ကြွလာတဲ့ အချိန်မှာ ဘာစကားတွေ ပြောနေကြတာတုန်း” ဆိုတော့ သူတို့က တောင်ရောက် မြောက်ရောက် ထွေရာလေးပါး ပြောနေကြတာ။ အဲတော့ သူက “အရှင်ဘုရား တပည့်တော်တို့ ပြောတဲ့စကားဟာ အရှင်ဘုရား ကြားရဖို့ မခဲယဉ်းပါဘူး၊ ဒီစကား ထားလိုက်ပါ”တဲ့။ သူတို့ဘာတွေ ပြောနေတယ်ဆို တာကို ထားလိုက်ပါတဲ့။ နောက်လည်းပဲ ကြားဖို့လွယ် ပါတယ်တဲ့။
တပည့်တော် တစ်ခု လျှောက်ချင်တယ်တဲ့။ မကြာခင် ရက်များတုန်းက အယူဝါဒ အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ “ကောတုဟလသာလာ” လို့ခေါ်တဲ့ အဆောက်အဦးကြီးတစ်ခုထဲမှာ ဘာသာပေါင်းစုံ မကြာခဏ ဆွေးနွေးကြတဲ့နေရာကြီးလို့ ပြောရမယ်။
[၁၄] အဲဒီ ကောတုဟလသာလာကြီးထဲမှာ အယူဝါဒ မျိုးစုံ ရှိတဲ့ပုဂ္ဂိုလ်တွေစုပြီး စကားပြောခဲ့ ကြတယ်တဲ့။ အဲဒီ စကားပြောတဲ့အခါမှာ မေးခွန်းတစ်ခု ထွက်လာပါ တယ်တဲ့။ အဲဒီ မေးခွန်းကဘာလဲဆိုတော့ “ဘာသာ ရေးဂိုဏ်းတွေ တည်ထောင်ပြီးတော့ နောက်လိုက် နောက်ပါ တပည့်ပရိသတ် အင်မတန်များတဲ့ ထင်ရှား ကျော်ကြားတဲ့ ဘာသာရေးဂိုဏ်းဝင် ဂိုဏ်းကြီးတွေ ဦးဆောင် ခေါင်းဆောင်လုပ်နေတဲ့ ဘာသာရေး ဆရာကြီးတွေ။ (သတ္ထာဆိုတဲ့ ဒီစကားလုံးဟာ အင်မ တန်မှ ကြီးကျယ်တဲ့ဆရာတွေကို ရည်ညွှန်းတာ။) နောက်လိုက်နောက်ပါ တပည့်တွေကို ဆုံးမဩဝါဒ ပေးတဲ့ “သတ္ထာ” လို့ခေါ်တဲ့ နောက်လိုက်တွေ အလွန် များတဲ့ ဆရာကြီးတွေ မဂဓတိုင်းမှာ ရှိကြတယ်။ အဲဒီဆရာကြီးတွေထဲက ဘယ်ပုဂ္ဂိုလ်ဟာ တပည့်တွေ ရဲ့ မြတ်နိုးမှုကို အခံရဆုံးလဲ”တဲ့။
နောက်လိုက်နောက်ပါ တပည့်သာဝကတွေ [၁၅] ရဲ့ ကြည်ညိုလေးစားမှုကို ဘယ်ပုဂ္ဂိုလ် အခံရဆုံး လဲဆိုတဲ့ ဒီမေးခွန်းလေး ထွက်လာတယ်။ တပည့်သာ ဝကတွေက ဘယ်ဆရာကို လေးစားမြတ်နိုးပြီး မှီခို အားထားပြီးတော့ နေကြသလဲလို့ မေးခွန်းထွက်လာ တဲ့အခါမှာ ထင်မြင်ချက်အမျိုးမျိုးတွေ ပြောကြတယ်။ အဲဒီမှာ တစ်ဦးက ဘာပြောတုန်းဆိုတော့ နောက် လိုက်နောက်ပါ အလွန်များတဲ့ အကိရိယဝါဒကြီးကို ဦးဆောင်ဟောပြောနေတဲ့ ပုရာဏကဿပ ဆိုတာရှိ တယ်။ အဲဒီ “ပုရာဏကဿပ” ဟာ နောက်လိုက် တပည့်တွေရဲ့လေးစားခံရမှုကို မရပါဘူးတဲ့။ နောက် လိုက်တပည့်တွေက သူ့ကိုလေးစားမြတ်နိုးမှု မရှိကြ ဘူးတဲ့။ ဘာဖြစ်လို့တုန်း?
တစ်ခါတုန်းက ပုရာဏကဿပ ဟာ သူ့ရဲ့ အကိရိယဝါဒ ဟောပြောနေတဲ့အချိန်မှာ တပည့်တစ် ဦးက ထပြီးတော့ ကန့်ကွက်တယ်။ မေးခွန်းတွေတက် လာတဲ့အခါမှာ တပည့်တစ်ဦးက ထပြီးတော့ ကန့် [၁၆] ကွက်တယ်။ “ပုရာဏကဿပကို မမေးကြနဲ့၊ ပုရာဏကဿပ ဘာမှမသိဘူး၊ မေးစရာရှိ ငါ့မေး၊ ငါကမှသိတာ” ဆိုပြီး သူ့တပည့်က ပရိသတ်ထဲမှာ ထပြောတယ်။ အဲဒီလို ထပြောတဲ့အခါမှာ ပုရာဏကဿပ ဆရာကြီးက “အရှင်တို့ကို မေးတာ မဟုတ်ပါဘူး၊ ဒီမေးခွန်းက ကျွန်ုပ်ကိုမေးတာပါ၊ ဒါကြောင့်မို့လို့ တိတ်တိတ်နေကြပါ၊ စကားမပြောကြပါနဲ့၊ ငြိမ်ငြိမ်နေကြပါလို့ လက်မြှောက်ပြီးတော့ အော်ဟစ် ပြောတာတောင်မှပဲ ပြောလို့မရဘူးတဲ့။ ပရိသတ်ငြိမ်အောင် မလုပ်နိုင်ဘူး။ သူ့တပည့်တွေက သူ့ကိုထအော်ကြတယ်။ လူကြားထဲမှာ အရှက်ခွဲတာနဲ့ ကြုံခဲ့ရတယ်။ “ဒါတင်မကဘူး” တဲ့။ သူ့ရဲ့အယူဝါဒကို ဝေဖန်ရှုတ်ချပြီးတော့ အကိရိယဝါဒ ဂိုဏ်းကြီးကနေ ထွက်ခွာသွားတဲ့ ပုဂ္ဂိုလ်တွေအများကြီးပဲ။ ထွက်ခွာသွားတဲ့ပုဂ္ဂိုလ်တွေက ဒီပုရာဏကဿပကို ဘယ်လိုထိအောင် ပြောသွားကြသလဲဆိုလို့ရှိရင် ဒီ အကိရိယ [၁၇] ဝါဒ ဓမ္မစကူးလ်ကြီးကို တည်ထောင်ထားတဲ့ ဒီပုဂ္ဂိုလ်ဟာ တကယ်တော့ ကျကျနန အကိရိယဝါဒကို မသိဘူးပေါ့။ ဂိုဏ်းခေါင်းဆောင်ကြီး လုပ်နေပေမဲ့လို့ မသိဘူး။ သိတာက ငါ။ ဘာဖြစ်လို့ မသိတုန်းဆိုတော့ ပုရာဏကဿပဟာ မှန်ကန်တဲ့ အကျင့်မရှိဘူးတဲ့။ မှားယွင်းတဲ့ အကျင့်တွေကျင့်တာ။ တို့ကမှ မှန်ကန်တဲ့ အကျင့်ရှိတာ။ သူပြောတဲ့ စကားတွေဟာ ရှေ့နောက်လွဲနေတယ်။ ညီညွတ်စေ့စပ်ခြင်း မရှိဘူး၊ ဒါကြောင့်မို့ ပုရာဏကဿပကို Challenge လုပ်တယ်၊ စိန်ခေါ်တယ်။ အခုပဲ သူပြောတဲ့စကားတွေ မှားတယ်ဆိုတာ ပြောဆိုမယ်။ ယှဉ်ပြောမယ်ဆိုရင် လာပြော။ ပြောတဲ့အခါမှာ သူတစ်သက်လုံး လိမ်လာခဲ့တဲ့ဟာ အခုတစ်ချက်တည်းနဲ့ သူအရှက်ကွဲသွားမယ်။ ပြန်ဖြေနိုင်ရင် ဖြေ။ သူ့ရဲ့ဝါဒကို သူကျကျနန သိသူမဟုတ်ဘူးဆိုပြီးတော့ ပရိသတ်ထဲက ထွက်ခွာသွားကြတာ တွေ့ကြုံခဲ့ဖူးတယ်။ ဒါကြောင့်မို့ [၁၈] ပုရာဏကဿပဟာ တပည့်ပရိသတ်ရဲ့ လေးစားမှုကို မခံရဘူးတဲ့။ ဟော အတွေ့အကြုံနဲ့ အဖြေပြောတာ။ ထို့အတူပဲ မာက္ခလိဂေါသာလရော နောက်လိုက်နောက်ပါတွေ အလွန်များတယ်။ သူ့ရဲ့ဝါဒက “သံသာရသုဒ္ဓိဝါဒ”လို့ ဆိုတယ်။ “အဟေတုကဝါဒ” လို့လည်းဆိုတယ်။ ဘာပဲဖြစ်ဖြစ် အကြောင်းမဲ့ဖြစ်လာတာ။ အကြောင်းမရှိဘူး၊ သူဖြစ်ချင်လို့ ဖြစ်တာ ဆိုတဲ့ အကိရိယဝါဒ။ တစ်နေ့တစ်ချိန်ကျလို့ရှိရင် မဟာကပ် လေးသန်းပြည့်တဲ့အခါမှာ လူတွေအားလုံး အဆုံးသတ်သွားမယ်။ ပညာရှိလို့ သံသရာတိုချင်လို့လည်း မရဘူး။ လူမိုက်မို့ သံသရာပိုရှည်မှာလည်း မဟုတ်ဘူး။ သူက ဥပမာလေး ပေးထားသေးတယ်။ အမြင့်ကနေပြီးတော့ အပ်ချည်လုံးလေးရဲ့ အပ်ချည်စလေးကို ကိုင်ထားပြီးတော့ .. ပစ်ချလိုက်မယ်ဆိုရင် အပ်ချည်လုံးလေးဟာ လိမ့်ဆင်းသွားလိမ့်မယ်။ အပ်ချည်လေးတွေ ဆုံးသွားတဲ့အချိန်မှာ ရပ်သွားလိမ့် [၁၉] မယ်။ မဆုံးမချင်းတော့ လိမ့်နေမှာပဲ။ ထို့အတူပဲ ရက်စေ့ရင် သံသရာအားလုံးဟာ ဆုံးသွားကြမှာပဲတဲ့။ သူဟောတဲ့ဝါဒက ဒီဝါဒ။
အဲဒီဝါဒနဲ့ ပတ်သက်ပြီးတော့လည်းပဲ ပရိသတ်တွေဟာ မာက္ခလိဂေါသာလ အပေါ်မှာ ကျေနပ်ကြတာ မဟုတ်ဘူး၊ သူ့ရဲ့တပည့် နောက်လိုက်နောက်ပါ လုပ်နေပေမဲ့လို့ ဒီဝါဒနဲ့ပတ်သက်ပြီး မာက္ခလိဂေါသာလဟာ မသိဘူး၊ ငါတို့ကမှ သိတာ၊ သူပြောတာတွေ မှားနေတာတွေရှိတယ်ဆိုပြီးတော့ သူ့ကို စိန်ခေါ်ပြီးတော့ ပရိသတ်ကြားကနေ ထွက်ခွာသွားတာတွေ ရှိတယ်။
နောက်တစ်ခါ အဇိတကေသကမ္ဗလ။ သူကတော့ အဇိတ ဘယ်သူကမှ သူ့ကိုအနိုင်မယူနိုင်ဘူး ဆိုတဲ့ နာမည်နဲ့၊ ကေသကမ္ဗလဆိုတာ လူတွေရဲ့ ဆံပင်နဲ့ ရက်လုပ်ထားတဲ့ Special ဝတ်ရုံကြီးကို ဝတ်ထားတယ်။ သူကရိုးရိုးချည်အဝတ်ကို မဝတ်ဘူး။
[၂၀] လူရဲ့ဆံပင်နဲ့ ရက်ထားတဲ့အဝတ်ကို ဝတ်တာမို့ ကေသကမ္ဗလ လို့ခေါ်တယ်။ သူက ဘာဝါဒကို ဟောပြောတာတုန်းဆိုတော့ “နတ္ထိကဝါဒ”။ နတ္ထိကဝါဒ ဆိုတာ လှူတာတန်းတာ မှန်သမျှ ဘာအကျိုးမှ မရှိဘူး။ ကုသိုလ် အကုသိုလ်မှန်သမျှ လုပ်သမျှ ဘာအကျိုးမှ မရှိဘူး။ ဒီလောကဆိုတာလည်း မရှိဘူး၊ နောက်လောကဆိုတာလည်း မရှိဘူး။ အမေဆိုတာလည်း မရှိဘူး၊ အဖေဆိုတာလည်း မရှိဘူး။ “နတ္ထိ မာတာ၊ နတ္ထိ ပိတာ” အမေအဖေ မရှိဘူးလို့ ပြောတာ အမေအဖေကို အသိအမှတ်မပြုတာ။ အမေအဖေကို အသိအမှတ်မပြုခြင်းဖြင့် သူပြောလိုတာ ဘာလဲလို့ ဆိုရင် အမေဆိုတာမရှိဘူးဆိုရင် အမေကို အသိအမှတ် မပြုသည့်အတွက်ကြောင့် အမေကို စော်ကားလို့လည်း အပြစ်မဖြစ်ဘူး၊ ပြုစုလို့လည်း အကျိုးမရဘူး။ ဒီဝါဒကိုဟောတာနော်။ အဖေကို စော်ကားလို့လည်း အပြစ်မရဘူး။ ပြုစုလို့လည်း အကျိုးမရှိဘူး။ နတ္ထိ မာတာ၊ [၂၁] နတ္ထိ ပိတာ လို့ သူကငြင်းပယ်တယ်။
နတ္ထိ သတ္တာ ဩပပါတိကာ - သတ္တဝါတွေ သေပြီးတော့ ပြန်ဖြစ်တယ်ဆိုတာ မရှိဘူး။ လောကမှာ မှန်ကန်တဲ့အကျင့် ကျင့်ပြီး ထူးခြားတဲ့အသိဉာဏ် ရပြီး လောကကို ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဟာ တစ်ယောက်မှ မရှိဘူးလို့ ဘုရားဆိုတာကိုပါ ငြင်းပယ်ထားတာ။
အဲဒီဝါဒကို ဟောနေတဲ့ အဇိတကေသကမ္ဗလကိုလည်း သူ့တပည့်တွေက အားလုံးသူ့နောက်က လိုက်မပြောကြဘူး။ သူ့ကို ဆန့်ကျင်ဘက်လုပ်ပြီးတော့ သူ့ကို ဝေဖန်ရှုတ်ချပြီးတော့ ထွက်သွားကြတာတွေ ရှိတယ်။ သူ့ပရိသတ်ကို သူမနိုင်ဘူးလို့ ဒီလိုပြောတာ။ အဲတော့ တပည့်ပရိသတ်တွေရဲ့ ချီးမွမ်းမှုကို သူလည်းမရဘူး။
နောက်တစ်ဦးက ဘယ်သူတုန်းဆိုတော့ ပကုဓကစ္စာယန။ သူကတော့ ဧကစ္စသဿတဝါဒ- [၂၂] တချို့ မြဲတယ်၊ တချို့ မမြဲဘူးတဲ့။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဓာတ်ကြီးလေးပါး၊ သုခ၊ ဒုက္ခဆိုတဲ့ ချမ်းသာ ဆင်းရဲ၊ ဇီဝအသက်၊ ဒီခုနစ်ခုကလွဲရင် ဘာမှမမြဲဘူး၊ ဒီခုနစ်ခုကတော့ ထာဝရမြဲတဲ့အရာတွေ လို့ ဟောတယ်။ သူ့ဝါဒကို သူ့နောက်လိုက်တဲ့ တပည့်တွေကလည်း ဝေဖန်ရှုတ်ချပြီးတော့ သူ့ရဲ့အယူဝါဒက စွန့်လွှတ်ပြီးတော့ ထွက်ခွာသွားကြတာပဲ။
ဟော နောက်တစ်ဦးကတော့ သဉ္စယဗေလဋ္ဌပုတ္တ။ သူကတော့ ပရဗိုဇ်ပဲ။ သူ့ရဲ့ဝါဒက “အမရာဝိက္ခေပဝါဒ။” ဘယ်တော့မှ ဆုပ်ကိုင်လို့ မရဘူး။ အမြဲတမ်းရှောင်ပြီးတော့ ပြောလေ့ရှိတဲ့ဝါဒ။ အရှင်သာရိပုတ္တရာတို့ အရှင်မဟာမောဂ္ဂလာန်တို့ လူ့ဘောင်ကနေပြီးတော့ တရားရှာဖို့ ထွက်လာတဲ့အခါမှာ သူ့ထံကို ပထမဆုံး ရောက်သွားကြတယ်။ သူ့ရဲ့ဝါဒက ရှောင်တိမ်းဝါဒ၊ “ဒါကုသိုလ်လား ဆိုလို့ရှိရင် ကုသိုလ်လို့လည်း မဆိုလိုပါဘူး။ ဒါဖြင့် ကုသိုလ် [၂၃] မဟုတ်ဘူးလား ဆိုလို့ရှိရင် မဟုတ်ဘူးလို့လည်း မဆိုလိုပါဘူး။” ဒီလိုလျှောက်ပြီးတော့ ငြင်းနေတာ။ ဘယ်ဟာရယ်လို့ တိတိကျကျ မပြောဘူး။ သူက ကြောက်တယ်။ သူတစ်ခုခုကို ကိုင်စွဲလိုက်ရင် သူ့ကို ပြစ်တင်မှာ ဝေဖန်မှာကြောက်တယ်။ ဒါကြောင့်မို့ ရှောင်တိမ်းတဲ့ဝါဒ။ ဘယ်လိုမေးမေး သူ့ကို ဖမ်းလို့မမိဘူး။ ဟိုရှောင်ဒီတိမ်းလုပ်တဲ့ “အမရာဝိက္ခေပ” ဝါဒ လို့ ဆိုတာပေါ့နော်။
အဲဒီဝါဒ ကိုင်စွဲထားတဲ့ သဉ္စယဗေလဋ္ဌပုတ္တ ဆိုတဲ့ နောက်လိုက်နောက်ပါ တပည့်များတဲ့ဆရာကြီးကိုလည်းပဲ သူ့တပည့်တွေက အားလုံးက ကြည်ညိုလက်ခံကြတာ မဟုတ်ဘူး။ လူလယ်ခေါင်မှာ အရှက်ခွဲပြီးတော့ သူ့ရဲ့အယူဝါဒကနေ ထွက်ခွာသွားကြတဲ့ ပုဂ္ဂိုလ်တွေဟာ အများကြီး ရှိခဲ့တယ်။
နောက်တစ်ဦးက နိဂဏ္ဌနာဋပုတ္တ။ ဒီကနေ့ခေတ် အိန္ဒိယနိုင်ငံမှာ ဂျိန်းလို့ခေါ်တယ်။ မဟာဝီရ [၂၄] သူတို့ကျမ်းစာအရဆိုရင်တော့ ဝဍ္ဎမာနမဟာဝီရလို့ ခေါ်တယ်။ ဒီ မဟာဝီရဆိုတဲ့ ဂျိန်းဂိုဏ်းခေါင်းဆောင်ကြီးကလည်း “စာတုယာမသံဝရ”လို့ဆိုတဲ့ လေးဘက်လေးတန်က ကိုယ့်ကိုယ်ကို စောင့်စည်းခြင်းဆိုတဲ့ မှန်ကန်တဲ့ တရားကိုတော့ ဟောတယ်။ သူဟောတဲ့ ဝါဒတွေက အကုသိုလ်ရှောင်ဖို့ အဓိက။ သို့သော် သူ့မှာ အပြစ်တင်စရာ ဘာလဲလို့ဆိုရင် အတ္တကို စွဲကိုင်ထားတယ်။ ထာဝရမြဲတဲ့ အရာတစ်ခုကို သူက မကျော်ဖြတ်နိုင်ဘူး။ ဒါကြောင့်မို့ အရှင်မဟာဗုဒ္ဓဃောသကတောင် သူ့ဝါဒကို ဘယ်လိုပြောတာတုန်း ဆိုတော့ ဧတဿ ဝါဒေ ကိဉ္စိ သာသနာနုလောမမ္ပိ အတ္ထိ မြတ်စွာဘုရားရဲ့ အဆုံးအမနဲ့တူတဲ့အရာတွေ သူ့ဝါဒထဲမှာ ပါပါတယ်တဲ့။ ဘာလဲလို့ဆိုရင် မကောင်းမှုကို တားမြစ်တဲ့ဝါဒ။ မကောင်းမှု မလုပ်ရဘူးဆိုတဲ့ဝါဒ တူတယ်။ သို့သော်လည်းတဲ့ “အသုဒ္ဓလဒ္ဓိတာယ သဗ္ဗါဒိဋ္ဌိယေဝဇာတာ” သူ့ရဲ့ အယူ [၂၅] ဝါဒတွေဟာ မှားယွင်းတာတွေ အခြေခံထားလို့ သူ့ဝါဒလည်းပဲ မိစ္ဆာဝါဒထဲ ပါသွားတယ်။
သူက အစွန်းရောက် “အဟိံသာ” သမားနော်။ ဘာကိုမှ မပိုင်ဆိုင်ရဘူးလို့ သူက ပညတ်ထားတာ၊ “အပရိဂ္ဂဟ” တဲ့။ သူကိုယ်တိုင်ကလည်း မိမွေးတိုင်း ဖမွေးတိုင်း နေတယ်။ ဝတ်စရာအဝတ်မရှိဘူး၊ ဆွမ်းစားစရာ သပိတ်မပါဘူး ပိုင်ဆိုင်မှုအားလုံးကို စွန့်လွှတ်ထားတဲ့ ပုဂ္ဂိုလ်။ အဟိံသာတရားကိုလည်း အစွန်းရောက် လက်ခံကျင့်သုံးနေတာ။ ဘယ်အရာပဲဖြစ်ဖြစ် ဇီဝရှိတယ်။ ရေကို အစိမ်းသောက်ရင် ပါဏာတိပါတကံ ဖြစ်တယ်လို့ဆိုပြီးတော့ Fresh water ကို သူကရှောင်တယ်။ ဒီလိုကျင့်တဲ့ ပုဂ္ဂိုလ်ပေါ့။ ဒါကြောင့်မို့ သူ့ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေဟာတောင် သူလယ်သမားတွေ မဟုတ်ကြဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ တောင်သူလယ်သမားတွေက သစ်ပင်တွေ ခုတ်ဖြတ်ရတယ်။ မြေကြီးတူးရတယ်။ သူ့ဝါဒအရ [၂၆] မြေကြီးတူးရင် မြေကြီးကို သတ်ရာရောက်တယ်။ သစ်ပင်ကိုခုတ်ရင် သစ်ပင်ကို သတ်ရာရောက်တယ်။ ဇီဝတွေသတ်တယ်ဆိုတော့ သူ့ဝါဒနဲ့ အပြစ်မလွတ်ဘူး။
အဲ ဘယ်သူတွေက ကိုးကွယ်တုန်းဆိုတော့ ကုန်သည်ပွဲစားတွေက ကိုးကွယ်တယ်။ ကုန်သည်ပွဲစားဆိုတာ အရောင်းအဝယ်ပဲ လုပ်တယ်။ မြေကြီးလည်း မတူး သစ်ပင်လည်း မခုတ်ဘူး၊ ဒါကြောင့်မို့ ကုန်သည်ပွဲစားတွေက ကိုးကွယ်တာ၊ ဒါ့ကြောင့် သူ့ဝါဒဟာ ဒီကနေ့ထိအောင် အိန္ဒိယမှာ ရှင်သန်နေတယ်။ အဲဒီ နိဂဏ္ဌနာဋပုတ္တ ဆရာကြီးကိုလည်း တပည့်တွေက ထော်လော်ကန့်လန့်လုပ်ပြီးတော့ ထွက်သွားကြတာရှိတယ်။ ဒါကြောင့်မို့ တပည့်တွေရဲ့လေးစားမှုကို ဒီဆရာကြီး ခြောက်ဦးလုံးဟာ မရဘူးတဲ့။ ဒါသူတို့ ဝေဖန်ဆွေးနွေးနေကြတာ။
နောက် ဂေါတမဗုဒ္ဓဟာ နောက်လိုက်နောက် [၂၇] ပါ အလွန်များတယ်။ ဒါပေမဲ့ ဂေါတမဘုရားရဲ့ တပည့်တပန်း သာဝကတွေဟာ ဂေါတမဗုဒ္ဓကို သိပ်ရိုသေလေးစားကြတာကို တွေ့ရတယ်တဲ့။ တစ်ခါတုန်းက ပရိသတ်အလယ် ဂေါတမဘုရား တရား ဟောနေတဲ့အချိန်မှာ တပည့်သာဝကတစ်ဦးက ချောင်းဟန့်မိတယ်။ အနားနားရှိတဲ့ ကိုယ်တော်က ဒူးတို့ပြီးတော့ သတိပေးဖူးတယ်။ “ကိုယ်တော် တိတ်တိတ်နေ၊ တိတ်တိတ်နေ မြတ်စွာဘုရား တရားဟောနေတယ် အသံမလုပ်ပါနဲ့၊ အသံမထွက်ပါနဲ့” လို့ တားတာကို သိလိုက်ကြရတယ်၊ မြင်လိုက်ကြရတယ်။ ဘယ်လောက်ထိအောင် ဂေါတမဗုဒ္ဓရဲ့တပည့် သာဝကတွေဟာ ဘုရားကို လေးစားကြသလဲတဲ့။ နောက် ဂေါတမဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ မြတ်စွာဘုရား တရားဟောပြီဆိုတဲ့အချိန်ကျရင် ဘုရားဟောတဲ့ တရားပွဲတွေမှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ချောင်းဟန့်သံလည်း မကြားရဘူး၊ ချေဆတ်သံ [၂၈] လည်း မကြားရဘူး။ တိတ်ဆိတ်ငြိမ်သက်ပြီးတော့ နားထောင်နေကြတယ်တဲ့။ အားလုံးဟာ ဘုရားရဲ့ တရားကို တလေးတစား နားထောင်နေကြတာ တွေ့ရတော့ ဂေါတမဗုဒ္ဓရဲ့တပည့်သာဝကတွေဟာ သူတို့ဆရာကို အင်မတန်မှ လေးစားမြတ်နိုးတယ် ဆိုတာကို သိရတယ်။
ဒါတင်မကဘူး ဂေါတမမြတ်စွာဘုရားရဲ့ သာသနာတော်မှာ မြတ်သောအကျင့်ကို မကျင့်နိုင်လို့ ဘုန်းကြီးတွေ လူထွက်သွားတာတွေ ရှိတယ်။ အဲဒီ လူ့ဘောင်ရောက်သွားတဲ့ဘုန်းကြီးတွေဟာလည်း ဘုရားကို မကဲ့ရဲ့ဘူး၊ တရားကို မကဲ့ရဲ့ဘူး၊ သံဃာကို မကဲ့ရဲ့ဘူး။ သူ့ကိုသူပဲ အပြစ်တင်ကြတယ်၊ “ငါတို့ကိုက မနေနိုင်တာ၊ ငါတို့ကိုယ်က မကျင့်နိုင်တာ။ မကျင့်နိုင်လို့ တို့တစ်တွေဟာ သာသနာတော်က ထွက်ခွာလာခဲ့တာ သာသနာ့ကျင့်စဉ်က ... မှားလို့ မဟုတ်ဘူး” လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး နောက် [၂၉] ဆုံးမှာ ဥပါသကာအဖြစ် ခံယူပြီးတော့ နေကြတာတွေ ရှိတယ်။
ဒါက ဂေါတမဗုဒ္ဓနဲ့ ပတ်သက်ပြီးတော့ ကြည်ညိုလေးစားမှုခံရတာကို သကုလုဒါယီ ပရဗိုဇ်က မြတ်စွာဘုရားကို လျှောက်တာ။ မြတ်စွာဘုရားက အဲဒီမှာမေးတယ်။ “ဥဒါယီ ငါ့ကိုအခုလို တပည့်သာဝကတွေက လေးစားတာ၊ မြတ်နိုးတာ ဘာကြောင့်လို့ ထင်သလဲ၊ ဘယ်လိုအရည်အချင်းတွေရှိလို့လို့ ထင်သလဲ၊ ဘယ်ဂုဏ်ရည်တွေဟာ ဒီလို လေးစားလောက်တယ်လို့ ယူဆသလဲ?”
ဒီတော့ သကုလုဒါယီ ပရဗိုဇ်က သူ့အထင်ကို လျှောက်တယ်။ “အရှင်ဘုရားကို ... တပည့်သာဝကတွေက လေးစားတာဟာ တပည့်တော်အမြင် အချက် ၅ ချက် ရှိတယ်ဘုရား”တဲ့။ အချက် ၅ ချက်က ဘာတုန်းဆိုတော့ အရှင်ဘုရားက အစာအာဟာရနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး ဘုန်းပေးတယ်။
[၃၀] အစာ အင်မတန်မှ ခြိုးခြံတယ်တဲ့။
ပရဗိုဇ်တွေက တစ်ခါတစ်ခါ သူတို့မှာ လျှော့စားတာကို ဂုဏ်ယူတဲ့အကျင့်ရှိတယ်။ အစာကို နည်းနည်းလေးစားပြီး နေနိုင်တာကိုပဲ တကယ့် ကျင့်စဉ်ကြီး တစ်ခုလိုလုပ်တာ။ ဗမာပြည်မှာလည်း လိုက်ကျင့်ကြတာရှိတယ်လေ၊ ၉ ရက် မီးလွတ်စား တာတို့၊ ၉ ရက် သစ်သီးလေးပဲ စားတာတို့ ဒီကျင့်စဉ် တွေပဲ။
အစာအာဟာရနည်းနည်းလေး စားတာ သူများတွေလို အများကြီးမစားဘဲနဲ့ ရေသောက် ကျင့်တယ်ဆိုတာမျိုးလိုပေါ့။ အရှင်ဘုရားဟာ နည်းနည်းလေးစားတဲ့အပေါ်မှာ ပြုလုပ်ဆောင်ရွက် လေ့ရှိတယ်။ ဒီအချက်ဟာလည်းပဲ အရှင်ဘုရားကို တပည့်တွေ လေးစားမြတ်နိုးခြင်းအကြောင်း ဖြစ်ပါ လိမ့်မည်တဲ့။
နောက်တစ်ခုက ဘာတုန်းဆိုရင် သင်္ကန်းနဲ့ [၃၁] ပတ်သက်လာလို့ရှိရင် အရှင်ဘုရားဟာ ရသမျှနဲ့ ရောင့်ရဲတယ်၊ တင်းတိမ်တယ်။ အဲဒီ ရောင့်ရဲတင်းတိမ်မှုဆိုတဲ့ဂုဏ်နဲ့ပြည့်စုံတယ်၊ ဒါကြောင့် တပည့်တွေ လေးစားတယ်။
ဆွမ်းနဲ့ ပတ်သက်လာလို့ ရှိရင်လည်း အရှင်ဘုရားဟာ ရရသမျှ ဆွမ်းနဲ့ပဲ တင်းတိမ်ရောင့်ရဲတယ်။ ဒါကြောင့်မို့ တပည့်တွေက ရိုသေလေးစားကြတယ်။ ကျောင်းကန်နဲ့ပတ်သက်လာလို့ ရှိရင်လည်း ဘယ်လို ကျောင်းကန်မျိုးပဲဖြစ်ဖြစ် ရရသမျှ ကျောင်းကန်နဲ့ အရှင်ဘုရားက ကျေနပ်တယ်တဲ့။ ဒါကြောင့်မို့ တပည့်တွေက အရှင်ဘုရားကို ရိုသေလေးစားကြတာ ဖြစ်နိုင်တယ်။
နောက်တစ်ခုက အရှင်ဘုရားဟာ ဘယ်သူနဲ့မှ ရောရောနှောနှော မနေတတ်ဘူး။ အရှင်ဘုရား နေလို့ရှိရင် တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေတတ်တဲ့ [၃၂] အကျင့်ရှိတယ်။ အဲဒါကြောင့်လည်း တပည့်တွေက လေးစားတာဖြစ်နိုင်တယ်။
အဲဒီလို မြတ်စွာဘုရားကို လျှောက်တော့ မြတ်စွာဘုရားက အစာနည်းနည်းစားလို့ ငါ့ကို လေးစားတာလည်း မဟုတ်ဘူး။ ငါ့တပည့်တွေထဲမှာ တချို့ကိုယ်တော်တွေဟာ ဥသျှစ်သီးလုံးလောက်လေးပဲ စားမယ်လို့ အဓိဋ္ဌာန်ပြီးတော့ ဥသျှစ်သီးလုံးလေးလောက်ပဲ စားကျင့်တဲ့ကိုယ်တော်တွေ ရှိတယ်။ ဥသျှစ်သီး တစ်ခြမ်းလောက် စားပြီးနေတဲ့ ကိုယ်တော်တွေလည်း ရှိတယ်တဲ့။ ကျင့်ကြတာ။ တချို့ကျတော့ အိမ်တွေမှာ ထမင်းကို သီးသန့်ချက်ပြီးတော့ ဦးဦးဖျားဖျား ဆိုပြီးတော့ ခွက်ငယ်၊ ပန်းကန်ငယ်လေးတွေနဲ့ ထည့်ထားတယ်။ ကြွလာတဲ့ပုဂ္ဂိုလ် ဘယ်သူပဲ ဖြစ်ဖြစ် အဲဒီ ခွက်တစ်ခွက် လှူလိုက်တယ်။ အဲဒီမှာ တချို့ကိုယ်တော်တွေဟာ အဲဒီခွက်ကလေး တစ်ခွက်စာလောက်နဲ့ တင်းတိမ်နေကြတာမျိုးတွေ အများကြီး [၃၃] ရှိတယ်တဲ့။
အကယ်၍သာ အစာအာဟာရနည်းနည်း လေးစားလို့ ငါ့ကို ကြည်ညိုမယ် ဆိုလို့ရှိရင် ငါ့ကို လေးစားတယ်ဆိုရင် အဲဒီလို တပည့်မျိုးတွေက ငါ့ကို ဘယ်လေးစားမှာတုန်းတဲ့။ သူတို့က ငါ့ထက်စားတာ နည်းတယ်တဲ့၊ အာဟာရနဲ့ပတ်သက်ပြီးတော့ ငါ့ထက်ခြိုးခြိုးခြံခြံ ကျင့်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်တဲ့။ ဒါလည်းပဲ အကြောင်းမဟုတ်ဘူးတဲ့။
နောက်တစ်ခု သင်္ကန်းနဲ့ပတ်သက်လာလို့ရှိရင်လည်း ငါ့ရဲ့တပည့်တွေထဲမှာ ရာသက်ပန် ပံ့သကူ သင်္ကန်းဝတ်နေကြတာတွေ ရှိတယ်။ ငါကမှ သူဌေးတွေလှူတဲ့အဝတ်တွေ ဘုရင်တွေကလှူတဲ့အဝတ်တွေ အင်မတန်မှ ကောင်းတဲ့အဝတ်တွေကို တစ်ခါတစ်ရံ ဝတ်သေးတယ်တဲ့။ ငါ့တပည့်တွေက တကယ့်ကို သုဿာန် သင်္ချိုင်း အမှိုက်ပုံတွေက ရလာတဲ့ ပံ့သကူ သင်္ကန်းတွေကို ချုပ်ပြီးဝတ်ကြတာ။ တစ်သက်လုံး [၃၄] ပံ့သကူသင်္ကန်းနဲ့ နေသွားကြတာ အများကြီးရှိတယ်။ အကယ်၍သာ သင်္ကန်းနဲ့ခြိုးခြံလို့ ကြည်ညိုကြတယ်ဆိုရင် ငါ့ထက်ခြိုးခြံတဲ့ တပည့်တွေက ငါ့ကို ဘယ်ကြည်ညိုမလဲ၊ ဒါ့ကြောင့်မို့ မင်းပြောတဲ့ အချက်ဟာ မဟုတ်သေးဘူးတဲ့။
ဆွမ်းနဲ့ ပတ်သက်လာလို့ ရှိရင်လည်း ငါ့ရဲ့ တပည့်တွေထဲမှာ အမြဲတမ်း ဆွမ်းခံစားကြတာ ရှိတယ်။ မြို့ထဲရွာထဲရောက်လို့ “တပည့်တော်တို့ အိမ်ကိုကြွပါဦး ဘုရား၊ ဆွမ်းစားပါဦး ဘုရား”ဆိုရင် လက်မခံဘူး၊ ပင့်ပြီးကျွေးတဲ့ ဆွမ်းကို လက်မခံတဲ့ တပည့်တွေအများကြီးရှိတယ်။ ဆွမ်းခံလို့ရတဲ့ ဆွမ်းနဲ့ပဲ ကျေနပ်ပြီး ကျင့်တဲ့တပည့်တွေ ရှိတယ်။ ငါကကျတော့ အဲဒီလို မဟုတ်ဘူး။ တစ်ခါတလေ ဆွမ်းစားပင့်တာ လိုက်ရတယ်။ ကောင်းပေ့ဆိုတဲ့ ဆွမ်းတွေနဲ့ တစ်ခါတစ်ရံ ဘုန်းပေးတာရှိတယ်။ ဆွမ်းစားပင့်တာတွေ ရှိတယ်။ ဆွမ်းခံတာတင် မဟုတ်ဘူးတဲ့။
[၃၅] အကယ်၍သာ ဆွမ်းကွမ်းနဲ့ပတ်သက်ပြီး ခြိုးခြံလို့ ရောင့်ရဲလို့ ကြည်ညိုမယ်ဆို ငါ့ကို ဘယ်ကြည်ညိုမလဲတဲ့။ သူတို့လောက် ငါကျင့်တာ မဟုတ်ဘူးတဲ့။ နောက်တစ်ခု ကျောင်းနဲ့ပတ်သက်တဲ့အခါ မှာလည်း ငါ့ရဲ့တပည့်သာဝကတွေမှာ ရှစ်လတိတိ အမိုးအောက်ကို မဝင်ဘူး။ Shelter ဆိုတဲ့ အမိုးအကာ အောက်မှာ မရှိဘူး။ သစ်ပင်အောက်နဲ့ လွင်ပြင်မှာ သာ နေကြတယ်။ ရှစ်လဆိုတာ ဆောင်းလေးလနဲ့ နွေလေးလကို ပြောတာ။ မိုးရာသီကျတဲ့အခါမှာ အမိုးအောက် ဝင်တာ။ ရုက္ခမူဓုတင်တို့ အဗ္ဘောကာသိကဓုတင်တို့ ဒီလိုဆိုလိုတာပေါ့။ လွင်ပြင်မှာနေတဲ့ ဓုတင်အကျင့်။ သစ်ပင်ရင်း သစ်ပင်ရိပ်မှာနေတဲ့ ဓုတင်အကျင့်။ အဲ့ဒီ ဓုတင်အကျင့်တွေကို ကျင့်ကြံကြိုးကုတ်အားထုတ်နေတဲ့ ငါ့ရဲ့တပည့်တွေ ရှိတယ်။ ငါက သူတို့လိုနေတာ မဟုတ်ဘူးတဲ့။ လှလှပပ ဆောက်ထားတဲ့ ဂန္ဓကုဋီ ကျောင်းကြီးတွေ ခမ်းနား [၃၆] တဲ့အဆောက်အဦးကြီးတွေမှာ တစ်ခါတစ်လေ ငါက နေတာတဲ့။ အဲဒီတော့ ကျောင်းနဲ့ပတ်သက်ပြီး ရသမျှ ကျေနပ်လို့ ငါ့ကိုကြည်ညိုတယ်ဆိုလို့ရှိရင် ခုနက အမိုးအကာအောက် ရှစ်လတိတိ မဝင်တဲ့တပည့်တွေက ဘယ်လိုလုပ် ငါ့ကို ကြည်ညိုနိုင်ကြမလဲ၊ လေးစားမလဲတဲ့။ မလေးစားနိုင်ပေဘူးတဲ့။ ဒါကြောင့်မို့လို့ ဒါလည်း အကြောင်းမဟုတ်ဘူးတဲ့။
နောက်တစ်ခါ “အရှင်ဘုရားဟာ ဘယ်သူနဲ့မှ ရောရောနှော မနေဘူး”လို့ သင်ကပြောတယ်။ ဒီအချက်ဟာလည်း မဖြစ်ဘူးတဲ့။ ငါ့တပည့်တွေထဲမှာ ဘယ်သူနဲ့မှ အတွေ့မခံဘဲ တောထဲမှာ ဧကစာရီ ကျင့်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ဘယ်သူနဲ့မှ အတွေ့မခံဘူး။ အစွန်အဖျားကျတဲ့ တောနက်တွေထဲသွားပြီး တစ်ဦးတစ်ယောက်တည်းနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ သူတို့ဟာ ဝိနည်းစည်းကမ်းအရ ဥပုသ်ပြုဖို့ဆိုပြီးတော့ လပြည့်လကွယ် တစ်လမှာ နှစ်ကြိမ်ပဲ [၃၇] သံဃာ့အလယ်ကို ရောက်တယ်။ ကျန်တဲ့အချိန်မှာ ဘယ်သူနဲ့မှ မတွေ့ဘူး။ ရောရောနှောနှောမနေလို့ ငါ့ရဲ့တပည့်တွေက ငါ့ကို လေးစားတယ်ဆိုလို့ရှိရင် ရောရောနှောနှော မနေတဲ့အရာမှာ ငါ့ထက်သာတဲ့ ဒီတပည့်တွေက ငါ့ကို ဘယ်လိုလုပ် လေးစားမတုန်းတဲ့။ ဒါကြောင့်မို့ ဒါလည်းပဲ မဟုတ်ဘူးတဲ့။ အဲဒီတော့ ဥဒါယီပြောတဲ့ အချက် ၅ ချက်လုံးဟာ မြတ်စွာဘုရားကို တပည့်တွေက လေးစားမြတ်နိုးခြင်းရဲ့ဂုဏ်ရည်တွေ မဟုတ်နိုင်ဘူး။ ဒီအချက်တွေကြောင့် ငါ့ကို လေးစားတာ မဟုတ်ဘူးတဲ့။ ငါ့ကို လေးစားကြခြင်းရဲ့ အကြောင်း ၅ မျိုးရှိတယ်လို့ မြတ်စွာဘုရားက ဒီတပည့်တို့ရဲ့ လေးစားမြတ်နိုးရတဲ့ ဂုဏ်အရည်အချင်းတွေကို ဟောတယ်။ ဒါက အင်မတန်မှ မှတ်သားစရာကောင်းတယ်။ ရဟန်းတွေ၊ နောက်လိုက် တပည့်သာဝကတွေက ဘာဖြစ်လို့ ဒီလောက် လေးစားတာလဲ၊ လေးစားရခြင်းရဲ့ အ [၃၈] ကြောင်းက ဘာလဲဆိုတာကို မြတ်စွာဘုရားက ထုတ် ပြီးတော့ ဟောပြောထားတာ။ နံပါတ်တစ်က ငါ့ကို တပည့်တွေ လေးစား မြတ်နိုးရတဲ့ အကြောင်းတစ်ခုက အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရား ငါ့မှာရှိတယ်။ အဆင့်မြင့်တဲ့သီလ ကို အဓိသီလလို့ ခေါ်တယ်။ အဲ့ဒီအဆင့်မြင့်တဲ့ ကိုယ်ကျင့်သီလပေါ်မှာ၊ ကိုယ်ကျင့်တရားနဲ့ပတ်သက် တဲ့အခါမှာ လုံးဝပြောစရာမရှိအောင် မှဲ့တစ်ပေါက် မစွန်းတဲ့၊ အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရား ရှိတယ်ဆို တာကို တပည့်သာဝကတွေက သိလို့ ငါ့ကို ကြည်ညို ကြတာဖြစ်တယ်။ အဆင့်မြင့် တဲ့သီလဟာ လေးစား ခံရခြင်းရဲ့အကြောင်း တစ်ခုပဲတဲ့။
ဒါက အလွန်မှန်ကန်တယ်။ ခေါင်းဆောင် လုပ်တယ်လို့ ဆိုပေမယ့်လို့ တစ်ခါတစ်ရံ ခေါင်း ဆောင်တွေရဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှုတွေ ရှိတတ်တယ်။ မြတ်စွာဘုရားကျတော့ ကိုယ်ကျင့် [၃၉] တရားပျက်ပြားမှု ဆိုတာ လုံးဝမရှိဘူးနော်။ သာမန် ကိုယ်ကျင့်တရားမျိုးမဟုတ်ဘဲနဲ့ အလွန့်အလွန် အဆင့်မြင့်တဲ့ကိုယ်ကျင့်တရား၊ ဘယ်လိုနည်းနဲ့မှ မြတ်စွာဘုရားရဲ့ အကျင့်တရားနဲ့ပတ်သက်ပြီးတော့ ထောက်ပြစရာ မရှိအောင် စင်ကြယ်သန့်ရှင်းမှု ရှိတယ်။ အဲဒီ အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရားရှိမှုဟာ တပည့်များရဲ့ လေးစားမြတ်နိုးမှုကို ခံရခြင်းရဲ့ အကြောင်းတစ်ခုပဲတဲ့။
နောက် နံပါတ်(၂)အချက်က ဘာတုန်းဆိုတော့ “အဘိက္ကန္တဉာဏဒဿန” ထူးခြားတဲ့ အမြင်ဉာဏ်ပဲ။ သာမန်ပုဂ္ဂိုလ်တွေ အမြင်ဉာဏ်မျိုး မဟုတ်ဘူး၊ ဘုရားရဲ့အမြင်ဟာ အင်မတန်မှ ထူးခြားတန်ဖိုး ကြီးမားတယ်။ ရှေ့ကိုလည်း မြင်နိုင်တယ် နောက်ကိုလည်း မြင်နိုင်တယ်။ ဘာဖြစ်လာမယ် ဆိုတာကိုလည်း အတိအကျ။ အားလုံးအရာခပ်သိမ်းကို သိနိုင်တဲ့စွမ်းရည်မြင့်မားတဲ့ အမြင်မျိုးရှိတယ်။ အဲဒီအမြင်နဲ့ [၄၀] ပတ်သက်လာလို့ရှိရင်လည်း မြတ်စွာဘုရားကို မှီတဲ့ ပုဂ္ဂိုလ် ဘယ်သူမှ မရှိဘူး။
ရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်မျိုးတောင်မှ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ရှိတယ်လေ။ ရွှေပန်းတိမ်သည် သားရဟန်းလေးကို ကမ္မဋ္ဌာန်းပေးတဲ့အခါမှာ ဩော် လူငယ်လူရွယ်တွေဆိုတာ ရာဂများတတ်တယ် တွယ်တာမှုတွေ အားကြီးလိမ့်မယ်။ အဲဒီတော့ အသုဘကမ္မဋ္ဌာန်းပေးမှ တော်မယ်ဆိုပြီး အသုဘကမ္မဋ္ဌာန်းပေးတာ။ လေးလအားထုတ်တာ သမာဓိတောင် မရဘူး။ မြတ်စွာဘုရားထံ ရောက်တော့ ကမ္မဋ္ဌာန်း Technique ကို ပြောင်းလိုက်တာ ချက်ချင်းပဲ ရဟန္တာဖြစ်သွားတယ်။ အဲဒီလို အမြင်မျိုးကျတော့ မြတ်စွာဘုရားလို မြင်တဲ့ပုဂ္ဂိုလ် တစ်ယောက်မှ မရှိဘူး။
အဲဒီ အချက်ကြောင့်မို့လို့ ရှင်သာရိပုတ္တရာလို ပညာထက်တဲ့တပည့်မျိုးက စပြီးတော့ ဘုရားကို [၄၁] ရိုသေလေးစားကြရတယ်။ မြတ်နိုးတန်ဖိုးထားကြရတယ်။ ဒါ ဒုတိယရိုသေလေးစားဖို့အတွက် အရေးကြီးတဲ့ ဆရာ့ရဲ့ ဂုဏ်ရည်တစ်ရပ်ပဲ ဖြစ်တယ်။ ဟုတ်တယ်၊ ဒါလည်း ဆရာဆိုတာ တပည့်တွေထက် သာလွန်တဲ့ စူးရှထက်မြက်တဲ့အမြင် ရှိဖို့လိုတယ်။ တပည့်တွေနဲ့ တန်းတူအမြင်ဆိုလို့ရှိရင် ဆရာလုပ်ဖို့ခက်တယ်။ ဒါကြောင့်မို့ ဒီအချက်မှာ တပည့်တွေထက် သာလွန်နေလို့ တပည့်တွေက ငါ့ကိုလေးစားတာတဲ့။
နောက် တတိယနံပါတ်(၃)အချက်က ဘာလဲလို့ဆိုရင် ပညာဉာဏ် ကြီးမားထက်မြတ်မှုပဲ။ ပညာဉာဏ် ကြီးမားထက်မြတ်မှုဆိုတာ မြတ်စွာဘုရားရဲ့ပညာဟာ ဘယ်လောက် ကြီးမားတုန်းဆိုရင် ဘယ်ဘက်ကပဲ မေးမေး၊ ဘယ်ဘက်ကပဲ အပြစ်တင်တင် မြတ်စွာဘုရားမှာ ဖြေစရာ၊ ရှင်းလင်းစရာ ဟောပြောနိုင်တဲ့ အနေအထားမျိုးတွေ ပညာရဲ့စွမ်းအားဟာ အင်မတန်မှ မြင့်မားတယ်လို့ ဒီလိုပြောရ [၄၂] မယ်။ ဘယ်ပုဂ္ဂိုလ်မှ ပညာအရာမှာ ဘုရားကို တုယှဉ်လို့မရဘူး။ ဒါကြောင့်မို့ ကြီးမားတဲ့ပညာရှိမှုဟာလည်း တပည့်သာဝကတွေက မြတ်စွာဘုရားကို လေးစားမြတ်နိုးရခြင်းရဲ့ အကြောင်းတစ်ခု ဖြစ်တယ်။ မှန်တယ် အမြင်စူးရှရုံတင် မဟုတ်ဘူး၊ ပညာဉာဏ်ထက်မြတ်ကြီးမားမှုဟာလည်းပဲ အင်မတန်မှ အရေးကြီးတယ်။ ဉာဏ်ကြီးတဲ့အရာမှာ ဘုရားနဲ့ယှဉ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ မရှိဘူး။ ဒါကြောင့်မို့ တပည့်သာဝကတွေက လေးစားတာ။
နောက်စတုတ္ထ နံပါတ်(၄)အချက်က ဘာလဲလို့ဆိုလို့ရှိရင် သစ္စာလေးပါးနဲ့ ပတ်သက်လာတဲ့ မေးခွန်းတွေပဲ။ အေး ဒုက္ခရောက်လာလို့ ဒုက္ခအကြောင်း ကောင်းကောင်းသိချင်လို့ အရိယသစ္စာနဲ့ ပတ်သက်လာတဲ့ မေးခွန်းတွေဆိုလို့ရှိရင် မြတ်စွာဘုရားရဲ့ဖြေဆိုချက်ဟာ အားလုံးရဲ့စိတ်ကို ကျေနပ်သွားအောင် ဖြေပြနိုင်တယ်။ လောကမှာ အမှန်လို့ [၄၃] ပြောတဲ့ အရာတွေဟာ မှားယွင်းမှုတွေ ရှိနေတတ် တယ်။ မြတ်စွာဘုရားရဲ့ အရိယသစ္စာ ကျတော့ အမှားဆိုတာ ထောက်ပြစရာ မရှိဘူး။ ဒါကြောင့်မို့ သစ္စာလို့ဆိုတဲ့အတိုင်း မှန်ကန်တာ။
လယ်တီဆရာတော်ဘုရားကြီး ရေးသား ထားတဲ့ သဘာဝသစ္စာ၊ အရိယသစ္စာ၊ ပရမတ္ထ သစ္စာ ခွဲခြားချက်လိုပဲ၊ ဆိုပါစို့ သဘောပေါက်အောင် ပြောရမယ်ဆိုလို့ရှိရင် စာပေကျမ်းဂန်မှာ ဘာရေး ထားတုန်းဆိုတော့ “ကုသလာ အနဝဇ္ဇသုခဝိပါက လက္ခဏာ” ကုသိုလ်တရားသည် အပြစ်ကင်းတယ်။ ကောင်းကျိုးချမ်းသာကို ပေးနိုင်တယ်လို့ ရှုထောင့်ကနေ ဒီလိုပြောထားတယ်။
မှန်တယ်။ ကုသိုလ်ဆိုတာ ချမ်းသာတဲ့ အကျိုးကိုပေးတာ မှန်တယ်။ သို့သော် ကုသိုလ်လုပ်ပြီး တော့ လူဖြစ်တယ်။ လူ့စည်းစိမ်ချမ်းသာတွေ ရတယ်။ ကောင်းတဲ့အကျိုးတွေရတယ်။ မှန်တယ် သို့သော် [၄၄] အိုရတာလည်း ဒုက္ခ၊ နာရတာလည်း ဒုက္ခ၊ သေရတဲ့ဒုက္ခဟာ ဘာဖြစ်လို့ ရတာတုန်းဆိုရင် ကုသိုလ်ရဲ့အကျိုးထဲမှာ တွဲဖက်ပြီးတော့ ပါလာတာ။ အဲ့တော့ လူ့ဘဝ ရလာတာ သုခဝိပါကလို့ပြောရင် အိုတာဟာ သုခလား၊ နာတာဟာ သုခလား၊ သေရတာဟာ သုခလား ဆိုတော့ မဟုတ်ပြန်ဘူးနော်။ ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုလုပ်ခြင်းဟာ ချမ်းသာတဲ့ အကျိုးကိုပေးတယ်လို့ ဆိုပေမယ့်လို့ ဒီစကားဟာ အရိယသစ္စာ ရှုထောင့်ကကြည့်ရင် မှားနေသလို ဖြစ်သွားတယ်။ မမှန်ကန်သေးဘူး။ လုံးဝမှန်ကန်တာ မဟုတ်သေးဘူး။
အရိယသစ္စာ ရှုထောင့်က ကြည့်မယ်ဆိုရင် “သဗ္ဗေသင်္ခါရာ ဒုက္ခာ” သင်္ခါရတရား မှန်သမျှ ဒုက္ခ။ ဒါကြောင့်မို့ အရိယသစ္စာ ကျတော့ အမှားလုံးဝ မရှိတော့ဘူး။ ဒုက္ခလို့ပဲ အကုန်လုံးပြောလိုက်တယ်။ သုခ ဆိုတာ မပါဘူး။ သုခတွေ အားလုံးဟာလည်းပဲ [၄၅] ဒုက္ခထဲဝင်သွားတယ်။ ဈာန်ချမ်းသာတွေလည်းပဲ ဒုက္ခသစ္စာ ထဲမှာ အကုန်ပါတယ်။ လောကီသဘာဝ တရားတွေ မှန်သမျှ ဒုက္ခသစ္စာထဲ အကုန်ပါသွား တယ်။
အဲဒီဒုက္ခကို ထုတ်လုပ်နေတဲ့ အဓိကအ ကြောင်း တဏှာသမုဒယ။ ထိုဒုက္ခဆင်းရဲ မှန်သမျှ တွေ ချုပ်ငြိမ်းသွားတာ နိရောဓနိဗ္ဗာန်။ ထိုနိဗ္ဗာန်ကို ရောက်ကြောင်းဖြစ်တဲ့ ပဋိပဒါအကျင့်ကအဓိက မဂ္ဂင် ရှစ်ပါး၊ သစ္စာလေး ပါးနဲ့ပတ်သက်ပြီး အရိယာသူမွန် တို့ ထိုးထွင်း၍သိရတဲ့ သို့မဟုတ် အရိယာအဖြစ်ကို ဆောင်စွမ်းနိုင်တဲ့ တရား တွေကို ဟောပြောတဲ့အခါ မှာ မြတ်စွာဘုရားရဲ့ ဖြေရှင်းဟောပြောသမျှကို အားလုံးဟာ စိတ်ထဲမှာလုံးဝကျေနပ် လက်ခံသွားပြီး တော့ အမှားအယွင်းမရှိတဲ့ သစ္စာတရား။
လောကမှာ တခြားအယူဝါဒတွေမှာလည်း သစ္စာဆိုတာ ရှိတယ်။ သူတို့ပြောလိုက်လို့ရှိရင် [၄၆] အမြဲတမ်း ပြောလေ့ရှိတယ်။ “ဣဒမေဝ သစ္စံ မောဃမညံ” “ဒါသာအမှန်၊ ကျန်တာတွေက အမှားချည်းပဲ အလကား” ဒီလို ပြောတယ်။ သို့သော် တစ်ခုနဲ့တစ်ခုဟာ လုံးဝ ဆန့်ကျင်ပြီးတော့ ပြောနေတာ။ ဟိုလူကလည်း သူပြောတာ အမှန်။ နောက်လူကလည်း သူပြောတာ အမှန်။ အမှန်လိုပြောတဲ့အရာ နှစ်ခုသည် တောင်နဲ့မြောက်၊ အရှေ့နဲ့အနောက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့အရာတွေ ဖြစ်တယ်ပေါ့။ မြတ်စွာဘုရားရဲ့ သစ္စာလေးပါးကျတော့ အဲ့ဒီ အနေအထားမျိုး မရှိဘူး၊ လုံးဝမှန်ကန်တယ်။ အမှား လုံးဝ မပါတဲ့ အမှန်မျိုးဖြစ်လို့ သစ္စာတရားနဲ့ ပတ်သက်လို့ ရှင်းလင်းဟောကြားတဲ့နေရာမှာ မြတ်စွာဘုရားရဲ့ဟောကြားချက်ကို အားလုံးက စိတ်တိုင်းကျတယ် အဲဒီသစ္စာတရားကို ဟောကြားနိုင်ခြင်းဟာလည်း သာဝကတွေရဲ့ အရာမဟုတ်ဘူး ဒါကြောင့်မို့ သာဝကတွေဟာ သစ္စာမေးခွန်းနဲ့ပတ်သက်လာလို့ရှိ [၄၇] ရင် မြတ်စွာဘုရား ဟောကြားထားတာကို လုံးဝကြီး ကျေနပ်ကြလို့ ဘုရားဟာ တပည့်များရဲ့လေးစားမှုကို ခံရတယ်ဆိုတာ ဒီအချက်ကြောင့်လည်း ဖြစ်တယ်လို့ ဆိုလိုတာ။
ခုနတုန်းကလို သာမန်ကျင့်စဉ်တွေ မဟုတ်ဘူး၊ တခြားအယူဝါဒတွေဆိုရင် ဘယ်လောက် ခြိုးခြိုးခြံခြံ ကျင့်နိုင်တယ်၊ အစာလေး နည်းနည်းစားတယ်။ အဝတ်မဝတ်ဘဲ ခြိုးခြိုးခြံခြံ နေတယ်ဆိုတာတွေက ပရဗိုဇ်ဂိုဏ်းတွေ၊ အစေလကဂိုဏ်းတွေ ကျင့်နေတဲ့ “က” အကျင့်တွေထဲမှာပါတယ်။ ဒါ့ကြောင့် အဲဒါတွေက ဘာမှထူးခြားတာ မဟုတ်ဘူးတဲ့။ အဲ့ဒါတွေနဲ့ လေးစားခံရလောက်အောင် မဖြစ်နိုင်ဘူးတဲ့၊ အခုလို တကယ့်ကို ပြည့်ဝတဲ့ အရည်အချင်းကြောင့်သာ တပည့်တွေက ဘုရားကိုလေးစားကြတာ ဖြစ်တယ်ပေါ့၊ ဆရာအဖြစ်လေးစားတာ ဒီအရည်အချင်းတွေကြောင့်ပဲ။
[၄၈] ဟော - နောက်ဆုံး ၅ ခုမြောက်ကို သကုလုဒါယီသုတ် မှာ ဟောလိုက်တာက ဒီ ဗုဒ္ဓ သာသနာမှာ ကျင့်ရတဲ့ ပဋိပဒါ ၁၉ မျိုး၊ အပိုင်း ၁၉ မျိုးကို ပိုင်းခြားပြီးတော့ ဟောသွားတယ်။ အဲ့ဒါတွေကိုတော့ ဘုန်းကြီးတို့ အတိုချုံးပြီးတော့ ပြောပြမယ်။ ဒီ သကုလုဒါယီသုတ်မှာ ၁၉ မျိုးရှိတယ်။ အကျဉ်းချုပ်ပြီးတော့ဟောတဲ့အတွက်ကြောင့် သိစရာတွေအများကြီး ကျန်တာတော့ မဟုတ်ဘူး။ perspective အနေနဲ့ ခြုံငုံ သုံးသပ်လိုက်လို့ရှိရင် မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေကို ချမှတ်ပေးထားတဲ့လမ်းစဉ် တပည့်သာဝကတွေကို ချမှတ်ပေးထားတဲ့ နိဗ္ဗာန်သွားဖို့ အကျင့်တရား သို့မဟုတ် တစ်စုံတစ်ခုအတွက် ရည်ညွှန်းပြီးတော့ ကျင့်ရတဲ့အကျင့်တရားတွေဟာ အားလုံးပြောတဲ့အတိုင်း လိုက်နာကျင့်သုံးလို့ရှိရင် တကယ်ရောက်တယ်။
ဥပမာမယ် ရွှေတိဂုံဘုရားကြီးကို တက်မယ် [၄၉] အနောက်ဘက်က တက်တက်၊ မြောက်ဘက်က တက်တက်၊ အရှေ့ဘက်က တက်တက်၊ တောင်ဘက်က တက်တက် ဘုရားကြီးပေါ်ရောက်တာချည်းပဲ။ မြတ်စွာဘုရားဟောတဲ့ ဒီပဋိပဒါ ၁၉ မျိုးရှင်းပြတာ ဆိုင်ရာဆိုင်ရာ လမ်းကြောင်းကို ရောက်တာချည်းပဲ။ မရောက်တဲ့လမ်းကြောင်း တစ်ခုမှ မရှိဘူး။
အဲဒီမှာ နံပါတ်(၁) ပဋိပဒါမှာ ဘာကို အမိန့်ရှိတုန်းဆိုတော့ သာဝကတွေကို ကျင့်ရမယ်လို့ ကျင့်စဉ်တစ်ခု ချမှတ်တဲ့အခါမှာ ဒီအကျင့်အတိုင်း ကျင့်သွားလို့ရှိရင် သတိပဋ္ဌာန်လေးပါး အောင်မြင် ပေါက်ရောက်သွားနိုင်တယ်။ သတိပဋ္ဌာန ပဋိပဒါ သတိပဋ္ဌာန် အကျင့်ပဲ။ အဲဒီသတိပဋ္ဌာန် အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ကာယာနုပဿနာ။ contemplation of the body ခန္ဓာကိုယ်နဲ့ဆက်စပ်နေတဲ့အရာတွေပေါ်မှာ နှလုံးသွင်းဆင်ခြင်ပြီးတော့ ရှုမှတ်ပွားများမှုပေါ့။
[၅၀] နောက်တစ်ခုက ဝေဒနာနုပဿနာ။
ဝေဒနာနဲ့ ပတ်သက်ပြီးတော့ ရှုမှတ်ဆင်ခြင်မှု။ စိတ္တာနုပဿနာ စိတ်နဲ့ပတ်သက်ပြီး ရှုမှတ်ဆင်ခြင်မှု။ ဓမ္မာနုပဿနာ ကျန်တဲ့ သဘာဝတရားတွေ အားလုံးနဲ့ ပတ်သက်ပြီးတော့ ရှုမှတ်ဆင်ခြင်မှုဆိုပြီး သတိကို အဓိကထားပြီးတော့ ဟောထားတယ်။ သတိကို အဓိကဟောတယ်ဆိုပေမယ့် သတိတစ်ခုတည်းနဲ့ ဖြစ်တာမဟုတ်ဘူး။ အားလုံးဟာ ပေါင်းစုပြီးတော့လုပ်တာ၊ ဆိုလိုတာကတော့ ဒီထဲမှာ မဂ္ဂင်ရှစ်ပါး အကုန်ပါတယ်။ ဒါကြောင့်မို့ ရှင်းပြောတဲ့အခါမှာ “ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ ဆိုတဲ့အထဲမယ် ... အာတာပီလို့ဆိုတဲ့ စကားက သမ္မာဝါယာမကို ရည်ညွှန်းတယ်။ သမ္ပဇာနော ဆိုတဲ့စကားက သမ္မာဒိဋ္ဌိကို ရည်ညွှန်းတယ်။ သတိမာက သတိကို ရည်ညွှန်းတယ်။
[၅၁] ကာယေ ကာယာနုပဿီလို့ ဆိုတဲ့အထဲမှာ သမာဓိလည်း ပါတယ်၊ သမ္မာသင်္ကပ္ပလည်း ပါတယ် ဆိုတော့ သီလမဂ္ဂင်ဖယ်ထား၊ တကယ်တရားအားထုတ်တဲ့အချိန်မှာ တရားအလုပ်လုပ်တဲ့ မဂ္ဂင် ၅ မျိုး သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ။ ဒီ ၅ ခုဟာ တရားအားထုတ်နေတဲ့အချိန်မှာ ဟန်ချက်ညီညီ အလုပ်လုပ်နေတာကို အကုန် ထည့်သွင်းပြီး မြတ်စွာဘုရားက ဟောထားတာ။ ဒီ သတိပဋ္ဌာန်နဲ့ ကျင့်တဲ့အခါမှာ မြတ်စွာဘုရားက ဒီကျင့်စဉ် ကျင့်တဲ့ ပုဂ္ဂိုလ်တိုင်း၊ ပုဂ္ဂိုလ်တိုင်းဟာ လမ်းဆုံးက ဘယ်လဲလို့ဆိုရင် အဘိညာ ဝေါသာန, အဘိညာ ပါရမီပတ္တ ဆိုတဲ့စကားကို သုံးထားတယ်။ အဘိညာဆိုတာ ကိုယ်တိုင်ထူးခြားတဲ့ဉာဏ်နဲ့သိပြီးတော့ ဝေါသာန ပြီးဆုံးမှုကို ရရှိသွားတယ်။ ပန်းတိုင် ရောက်သွားတယ်လို့ ပြောတာ။ သတိပဋ္ဌာန် ကျင့်စဉ်ကို ကျင့်ပြီးတော့လည်း အရဟတ္တမဂ် အရဟတ္တဖိုလ် [၅၂] ဆိုတဲ့ပန်းတိုင်ကို ရောက်တယ်လို့ ဆိုလိုတာပေါ့။
အထွတ်အထိပ်ကို ရောက်တယ်။ မြတ်စွာဘုရားရဲ့သာသနာတော်မှာ အရဟတ္တဖလပရိယောသာနံ ဘဂဝတော သာသနံ မြတ်စွာဘုရားသာသနာတော်ရဲ့ ပန်းတိုင်ဟာ ဘာလဲလို့ဆိုရင် အရဟတ္တဖိုလ်ပဲ ဖြစ်တယ်ပေါ့။ ဒီကျင့်စဉ် တစ်ခုအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်လိုက်တဲ့အခါမှာ အရဟတ္တဖိုလ်ဆိုတဲ့ ပန်းတိုင်ကို ရောက်တယ်လို့ ဆိုလိုတာပေါ့။ အထွတ်အထိပ်ကို ရောက်တယ်။ မြတ်စွာဘုရားရဲ့သာသနာတော်မှာ အရဟတ္တဖလပရိယောသာနံ ဘဂဝတော သာသနံ မြတ်စွာဘုရားသာသနာတော်ရဲ့ပန်းတိုင်ဟာ ဘာလဲလို့ဆိုရင် အရဟတ္တဖိုလ်ပဲ ဖြစ်တယ်ပေါ့။ ဒီကျင့်စဉ် တစ်ခုအတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်လိုက်တဲ့အခါမှာ အရဟတ္တဖိုလ်ဆိုတဲ့ လမ်းဆုံးပန်းတိုင်ကို ဆိုက်ထိတယ်။ အားလုံး တပည့်သာဝကတွေဟာ [၅၃] ချမှတ်ထားတဲ့ သတိပဋ္ဌာန်ကျင့်စဉ်ကို ကျင့်ခြင်းအားဖြင့် အရဟတ္တဖိုလ် ထိအောင်ပေါက်တဲ့ပုဂ္ဂိုလ်တွေ မြောက်များစွာရှိတယ်။ ဒီအကျင့်နဲ့ ပတ်သက်ပြီးတော့ တပည့်တွေအားလုံးဟာ ကျေနပ်ကြတယ်။ ကျေနပ်ကြသည့်အတွက်ကြောင့် အကျင့်နဲ့ပတ်သက်ပြီးတော့ လေးစားတယ်။ အကျင့်နဲ့ပတ်သက်ပြီးတော့ ဟောပြောတာမှန်ကန်သည့်အတွက်ကြောင့် တကယ်ကျင့်ရင် တကယ်ရတဲ့ အကျိုးကျေးဇူးတွေကို ကိုယ်တွေ့ ခံစားကြရလို့ တပည့်တွေရဲ့ လေးစားမြတ်နိုးမှု အရဆုံး ဆရာဖြစ်ရတယ် ဒီလိုဆိုလိုတာနော်။
ထို့အတူပဲ နံပါတ် (၂) က သမ္မပ္ပဓာန်၊ နံပါတ် (၃) က ဣဒ္ဓိပါဒ်။ နံပါတ် (၄) က ဣန္ဒြေ၊ နံပါတ် (၅) က ဗိုလ်၊ နံပါတ် (၆) က ဗောဇ္ဈင်၊ နံပါတ် (၇) က မဂ္ဂင်လို့ ဗောဓိပက္ခိယတရား တစ်ခုစီတစ်ခုစီ ဘယ်ဟာပဲကျင့်ကျင့် သူတို့ရဲ့လမ်းဆုံးက အရဟတ္တဖိုလ် နိဗ္ဗာန်ကို ချည်းပဲ။ ဆိုလိုတာက ထူးခြားတဲ့ [၅၄] အရဟတ္တဖိုလ် နိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကို ကျင့်စဉ်တွေ အားလုံးဟာ ဆိုက်ရောက်သွားကြတာ ချည်းပဲ။ ဒီအကျင့်နဲ့ ပတ်သက်ပြီးတော့ လမ်းချော်သွားတာဆိုတာ တစ်ခုမှမရှိတာကြောင့် တပည့်တွေဟာ အကျင့်နဲ့ ပတ်သက်လာတဲ့အခါမှာ အလွန်ကျေနပ်ကြတယ်။ ဒါကြောင့် တပည့်သာဝကတွေရဲ့ မြတ်နိုးမှုကို အခံရဆုံး ဖြစ်တယ်လို့ ဒီလိုပြောတာနော်။ နောက်တစ်ခုကျတော့ သမထကျင့်စဉ်တွေနဲ့ ပတ်သက်တယ်။ နံပါတ် (၈) ဝိမောက္ခရှစ်ပါး အကျင့်တရား၊ အဲဒီ ဝိမောက္ခရှစ်ပါး အကျင့်တရားဟာလည်းပဲ ကျင့်ကြံကြိုးကုတ်အားထုတ်မယ်ဆိုလို့ရှိရင် ဆိုင်ရာ ဆိုင်ရာအကျိုးတရားတွေကို ပြီးစေတယ်။
နောက်ထပ် နံပါတ် (၉) က အဘိဘာယတန ရှစ်ပါးဆိုတာလည်း ဈာန်အကျင့် တစ်မျိုးပဲ။ ဒါလည်းပဲ ကျွမ်းကျင်မှုဆိုတဲ့လမ်းဆုံးပန်းတိုင်ကို ရရှိတာပဲ။ နောက်တစ်ခါ နံပါတ် (၁၀) က ကသိဏာ [၅၅] ယတန ဆယ်ပါးလို့ဆိုတဲ့ ကသိုဏ်းဆယ်ပါး ကျင့်စဉ်ဟာလည်းပဲ ဆိုင်ရာဆိုင်ရာပန်းတိုင်ကို ရောက်တာ ချည်းပဲ မရောက်တာ တစ်ခုမှမရှိဘူး။ နောက်တစ်ခု နံပါတ် (၁၁) ဈာန်လေးပါးကို ကျင့်ကြံအားထုတ်လို့ရှိရင်လည်း ဆိုင်ရာဆိုင်ရာ လမ်းစဉ်တွေကို ရတယ်။ နောက်တစ်ခု နံပါတ် (၁၂)က ဘာတုန်းဆိုတော့ ဝိပဿနာကျင့်စဉ်။ အဲဒီ ဝိပဿနာ ကျင့်စဉ်နဲ့ ပတ်သက်ပြီးတော့ အနည်းငယ် မှတ်သားကြည့်ကြမယ်, မြတ်စွာဘုရားဟောတဲ့ ဝိပဿနာတရား။ ဒီကနေ့ခေတ်မှာ ဗုဒ္ဓမြတ်စွာသာသနာတော်နဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေမှာ ဖြစ်ပေါ်နေတာတွေရှိတယ်။ တစ်လောတုန်းက ကိုရီးယားကပြန်လာတဲ့ ဘုန်းကြီးတစ်ပါးက ပြောတယ်၊ မြန်မာပြည်မှာ အားထုတ်နေကြတဲ့တရား ဝိပဿနာတရားတွေဟာ မြတ်စွာဘုရားကိုယ်တိုင် ဟောခဲ့တဲ့တရားတွေ မဟုတ်ဘူး၊ ဗုဒ္ဓဃောသ ရေးထားတဲ့အတိုင်းလိုက်ပြီးတော့ [၅၆] ကျင့်နေကြတာ၊ ဘုရားဟောတဲ့ဝိပဿနာ မဟုတ်ဘူးလို့ ပြောဆို,ရေးသားနေတာတွေတောင် ရှိတယ်ပေါ့။
ဒါက ရှိနေတယ်ဆိုတာ သိရုံပဲပြောပြတာပါ။ ရှင်မဟာဗုဒ္ဓဃောသ ရေးတယ်ဆိုတာလည်းပဲ မြတ်စွာဘုရားရဲ့ ဒေသနာတော်တွေထဲက ထုတ်နုတ်ပြီးတော့ ရေးတာပဲ။ ဘယ်အချက်ဟာဖြင့် ဒေသနာတော်နဲ့ ဘယ်လိုကွဲလွဲတယ်ဆိုတာ ထောက်ပြပြီးပြောလို့ရှိရင် လက်ခံရမှာပေါ့။ အခုတော့ ထောက်ပြနိုင်စွမ်း မရှိဘဲနဲ့ ရမ်းပြီးတော့ ပြောတာကတော့ အရေးစိုက်စရာ မဟုတ်ဘူး၊ မှန်ကန်တာ မဟုတ်ဘူးပေါ့။ တချို့ကကုန်အောင်လည်း မဖတ်ဖူးဘူး၊ အဋ္ဌကထာကို ပြောနေကြတာ။ နောက်ဆုံးမှာ စာအုပ်အနှောင့်ကိုတောင် မဖတ်ဖူးဘဲနဲ့ ဘာသာညာညာ ပြောတာကတော့ လွန်တယ်၊ မမှန်တဲ့ဟာတွေပဲ လျှောက်ပြောကြတာပေါ့။ မြတ်စွာဘုရားက ဝိပဿနာကျင့်စဉ် [၅၇] ဆိုပြီးတော့ ဟောတဲ့နေရာမှာ ရုပ်နဲ့နာမ် နှစ်ခုကို ခွဲခွဲခြားခြား မြင်ဖို့လေးအတွက် ဟောထားတာလေး တစ်ခုရှိတယ်။ ကိုယ့်ကိုယ်ကို ဆင်ခြင်စဉ်းစားဖို့ရာ ဟောထားတာ။
နံပါတ်တစ်က “အယံကာယော-ငါ့ရဲ့ body လို့ခေါ်တဲ့ ရုပ်ခန္ဓာကိုယ်ကြီးဟာ၊ စာတုမဟာဘူတိကော- မဟာဘုတ်လေးပါး (ဓာတ်ကြီးလေးပါး) နဲ့ တည်ဆောက်ထားတာ။” ဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့။ ခန္ဓာကိုယ်ကြီးထဲမှာ အသားစိုင်တွေ၊ မာမာတွေ အတုံးအခဲတွေရှိတယ်။ အတုံးအခဲတွေဟာ ပထဝီ။ သွေးစတဲ့ အရည်တွေမှန်သမျှ အာပေါ၊ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့အပူငွေ့တွေ အအေးတွေက တေဇော၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့လေတွေက ဝါယော။ ခန္ဓာကိုယ်ကြီးကို ဓာတ်ခွဲကြည့်လိုက်မယ်ဆိုရင် ပထဝီရယ်၊ အာပေါရယ်၊ တေဇောရယ်၊ ဝါယောရယ်ပဲ ရှိတယ်။ ဒါကြောင့်မို့ ဒီခန္ဓာကိုယ်ကြီးဟာ [၅၈] စာတုမဟာဘူတိကော- မဟာဘုတ်လေးပါးနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကြီးတဲ့၊ ဒါ မြတ်စွာဘုရား ကိုယ်တိုင် ခန္ဓာကိုယ်ရှုပုံနဲ့ ပတ်သက်ပြီးတော့ ပြောတဲ့ စကားနော်။
“အယံကာယော ရူပီ စာတုမဟာဘူတိကော ခန္ဓာကိုယ်ကြီးကို ရုပ်နဲ့တည်ဆောက်ထားတယ်၊ မဟာဘုတ်လေးပါးနဲ့ ဖန်တီးထားတယ်။ မာတာပေတ္တိက သမ္ဘဝေါ၊ အမေအဖေတို့ရဲ့ sperm ovum ဆိုတာတွေကို မှီတည်ပြီး ဖြစ်လာတာ၊” ဒါကတော့ မှန်တာပေါ့။ လူမွေးတယ်ဆိုတာ sperm နဲ့ ovum နှစ်ခုပေါ်မှာ သန္ဓေတည်ကြတာပဲ။ clone ဆိုတာတွေ လုပ်တဲ့ပုဂ္ဂိုလ်တွေလည်း ဒါတွေနဲ့ပဲ လုပ်တာပဲလေ။ ဖန်ပြွန်လူသား ဖန်တီးတဲ့ပုဂ္ဂိုလ်တွေ လည်း ... ဒါတွေနဲ့ပဲ လုပ်တာပဲ။ မာတာပေတ္တိက သမ္ဘဝေါ သစ်စေ့လေး, မျိုးစေ့လေးချရင် မြေနဲ့ရေနဲ့ ရှိရမှာပေါ့။ အဲဒီလိုပဲ မိဘရဲ့ သုတ်သွေးဆိုတဲ့အရာ [၅၉] ပေါ်မှာ ဝိညာဏ်မျိုးစေ့လေးဟာ စတင်ဖြစ်ပေါ်တယ်။ ဘုန်းကြီးတို့တစ်တွေရထားတဲ့ ခန္ဓာကိုယ်ကြီးဆိုတာ မာတာပေတ္တိက သမ္ဘဝေါ။ အဲဒီပေါ်မှာ အခြေပြုပြီးတော့ ဖြစ်ပေါ်လာတယ်။
အဲဒီလို ဖြစ်လာတဲ့ခန္ဓာကိုယ်ကြီး မိခင်ဝမ်းကနေ ကျွတ်လာတဲ့အခါမှာ အခုလို လူကောင်းကြီး ကြီးလာအောင် ... ဘာဖြစ်တုန်းဆိုတော့ “ဩဒန ကုမ္မာသူပစယော-ထမင်းတွေ မုန့်တွေစားပြီးတော့ ကြီးလာတာ။” ဒါက လူတိုင်းနားလည်အောင် ပြောတဲ့ စကားတွေနော် လူ့ခန္ဓာကိုယ်ကြီးဟာ မိဘရဲ့သုတ်သွေးအပေါ်မှာ အမှီပြုဖြစ်လာပြီးတဲ့အခါ ထမင်းတွေ, မုန့်ပဲသရေစာတွေ စားပြီးကြီးလာတယ်။ အဲဒီကြီးလာတဲ့ ခန္ဓာကိုယ်ကြီးဟာ ဒီအတိုင်း တည်တံ့နေတာလား .. ခိုင်မြဲနေတာလားဆိုတော့ မတည်တံ့ဘူး၊ မခိုင်မြဲဘူးတဲ့။ အနိစ္စ-မမြဲဘူး၊ ပြောင်းလဲနေတယ်၊ ထာဝရ ပြောင်းလဲနေတယ်။ ထာဝရ ပြောင်းလဲနေရုံ [၆၀] မကဘူး၊ ဥစ္ဆာဒန အနံ့အသက်တွေဆိုးလို့ သနပ်ခါး အမွှေးအကြိုင်တွေလိမ်းကျံကြရတယ်။ နောက်ဆုံးမှာ ဆပ်ပြာအမွှေးလေးတွေနဲ့သုံးပြီးတော့ ခန္ဓာကိုယ်ကြီးရဲ့အနံ့ကို ဖျောက်ပေးနေကြရတယ်။ ဒါက ဟုတ်တယ်။
ဒါတင်မရသေးဘူး၊ ပရိမဒ္ဒန-နှိပ်နယ်ပေးရသေးတယ်။ massage တွေ ဘာတွေလုပ်ပေးရသေးတယ်။ ဒီလိုခန္ဓာကိုယ်ကြီးရဲ့ သဘောကို ပြောတာနော်။ အနိစ္စစ္ဆာဒန ပရိမဒ္ဒန၊ ဒီလိုလုပ်ပေးတော့ ခန္ဓာကိုယ်ကြီးက တည်မြဲနေသလားဆိုတော့ မတည်မြဲဘူး၊ ပရိဘေဒန နောက်ဆုံးမှာ ပြိုကွဲသွားတယ်။ ဟိုနားက ဟိုဟာဖြစ်၊ ဒီနားက ဒါဖြစ်၊ ဝိဒ္ဒေသန ပျက်စီးတဲ့ သဘောရှိတယ်။ ဒါဟာ ရုပ်ခန္ဓာကိုယ်ကြီးရဲ့သဘောကို ဖော်ပြတာပဲ။ ပြီးတော့ “ဣဒဉ္စ ပန ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓ ငါ့ရဲ့အသိဆိုတဲ့ နာမ်တရားလေးဟာ ဟောဒီရုပ်ခန္ဓာကိုယ်ကြီးမှာ [၆၁] မှီပြီးတော့ ဖြစ်နေတာပါလား”။ ဆိုလိုတာက နာမ်တရားဟာ ရုပ်တရားနဲ့ကွဲပြားသွားအောင် ရုပ်နဲ့ နာမ်နဲ့ နှစ်ခုခွဲပြီး ရှင်းပြတာ။ သာမညဖလသုတ်မှာလည်း မြတ်စွာဘုရားက ဒီအတိုင်းပဲ ဟောတယ်။ အခု မဟာသကုလုဒါယီသုတ်ကို ဟောတော့လည်း ဒီအတိုင်းပဲ ဟောတယ်။ ရုပ်နဲ့နာမ် နှစ်ခုခွဲပြီးပြတာ။
ဥပမာမယ်တဲ့ သေသေချာချာ ထွင်းထားတဲ့ ကြိုးနဲ့သီထားတဲ့ ပတ္တမြားလေးမှာဆိုရင် ပတ္တမြားလေးကိုလည်း မြင်ရ ပတ္တမြားကို သီကုံးထားတဲ့ ကြိုးလေးကိုလည်း မြင်ရတယ်။ ရုပ်ကတစ်ခြား နာမ်ကတစ်ခြားလို့ ဒီလိုဆိုလိုတာနော်။ ရုပ်နဲ့နာမ်ဟာ ဆက်စပ်နေပေမယ့်လို့ သဘာဝချင်း မတူဘူး။ ပတ္တမြားလုံးနဲ့ ပတ္တမြားကို ဖောက်ပြီး သီထားတဲ့ ကြိုးနဲ့မတူဘူး။ ပတ္တမြားလုံးထဲမှာ ကြိုးရှိနေတာကို မြင်ရသလိုပဲ ဟောဒီရုပ်ခန္ဓာကိုယ်ကြီးထဲမှာ ဒီနာမ် [၆၂] တရားဟာ ဖြစ်ပေါ်လာတယ် ဆိုတာကို သိရတယ်။ ဒီရုပ်နဲ့နာမ်ကို ကွဲကွဲပြားပြားသိပြီး အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ ရှုမြင်သုံးသပ်နိုင်တဲ့ ဝိပဿနာဉာဏ် ဖြစ်ပုံကို ဒီနေရာမှာ အတိုချုပ်ကလေး ဟောထားတာ။ အဲဒါဟာလည်း ဝိပဿနာကျင့်စဉ် ကျင့်ခြင်းဖြင့် လမ်းဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရတာချည်းပဲတဲ့။
ဒီအကျင့်ဟာလည်းပဲ မှန်ကန်တယ်။ ဒီအကျင့်ကို ဟောသည့်အတွက်ကြောင့် အားလုံးဟာ ကျေနပ်ကြတယ်။ တပည့်တွေဟာ ဒါကြောင့်မို့ လေးစားကြတယ်။ နောက်တစ်ခု သမထကျင့်စဉ်နဲ့ကျင့်လို့ စိတ်နဲ့ ကိုယ့်ရုပ်ကိုယ် ဖန်တီးနိုင်တဲ့ မနောမယိဒ္ဓိအဘိညာဉ် ဆိုတာ ရတယ်။ အဲဒါဟာလည်းပဲ ဒီအကျင့် ကျင့်ရင် ဒီလိုလုပ်နိုင်တယ်လို့ မြတ်စွာဘုရားက ဟောထားတဲ့အတိုင်း တကယ်ဖြစ်တယ်ပေါ့။ နောက် ၁၄ ခုမြောက်ကတော့ ဣဒ္ဓိဝိဓအဘိညာဉ် ပုံစံ အမျိုးမျိုး [၆၃] ဖန်ဆင်း၊ မြေလျှိုးမိုးပျံ ပုံသဏ္ဌာန် အမျိုးမျိုး လုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေဟာလည်းပဲ၊ တကယ်လုပ်ရင် တကယ်ဖြစ်တယ်။ မြတ်စွာဘုရားဟောတဲ့အတိုင်း နောက်တစ်ခါ ဒိဗ္ဗသောတ အင်မတန် ဝေးလံတဲ့နေရာက အသံတွေ သေးငယ်တဲ့အသံတွေ နားထောင်ရတာ၊ နားထောင်နိုင်တာပေါ့။ နောက်တစ်ခုက စေတောပရိယ အဘိညာဉ်၊ တစ်ဖက်သားရဲ့စိတ်တွေကို သိထားနိုင်တယ်။ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သိနိုင်တဲ့ စေတောပရိယ အဘိညာဉ်ဟာလည်း တကယ်လက်တွေ့ ဆောင်ရွက်နိုင်တယ်တဲ့။ နောက်တစ်ခါ ပုဗ္ဗေနိဝါသာနုဿတိ ကျင့်စဉ်အတိုင်း တကယ်ကျင့်ကြံ ကြိုးကုတ်အားထုတ်လို့ရှိရင် ကိုယ့်ဘဝ အတိတ်ဘဝက အကြောင်းအရာတွေ ကမ္ဘာချီအောင် သိနိုင်တယ်ဆိုတာလည်း တကယ့်လက်တွေ့ ဘုရားဟောထားတဲ့အတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်လို့ အောင်မြင် [၆၄] ပေါက်မြောက်သွားတဲ့ပုဂ္ဂိုလ်တွေ များစွာရှိတယ်။ ဒါကလည်းပဲ ကျေနပ်စရာ တစ်ခုပဲတဲ့။
နောက်ထပ် တစ်ဆယ့်ရှစ်ခုမြောက်ကျတော့ ဒိဗ္ဗစက္ခု၊ ဘယ်လောက် ဝေးဝေး၊ ဘယ်လောက် ကွယ်နေနေ အားလုံးကို မြင်နိုင်တဲ့ဒိဗ္ဗစက္ခုအဘိညာဉ် ဆိုတာရှိတယ်။ အဲဒါဟာလည်း ကျင့်ကြံလို့ အောင်မြင်ပေါက်ရောက်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ဒီအချက်တွေကို ထောက်ထားပြီးတော့ တပည့်များရဲ့ လေးစားမြတ်နိုးမှုခံရတဲ့ ဂုဏ်ရည်တွေဟာ ဒီအကျင့်တရားတွေကို မှန်မှန်ကန်ကန်ဟောလို့ ဟောတဲ့အတိုင်း အောင်မြင်ပေါက်ရောက်တဲ့ဂုဏ်ဟာ နည်းလှတဲ့ဂုဏ်မဟုတ်ဘူး။ တချို့ကျတော့ လမ်းစဉ်ကြီး ချမှတ်ထားပေမယ့် အဲဒီလမ်းစဉ်တိုင်း လိုက်လုပ်လို့ မဖြစ်တာတွေ အများကြီးပဲ။ လမ်းစဉ်ကြည့်လိုက်တော့ အင်မတန် ကောင်းတယ်။ အကောင်အထည် ဖော်လို့မရတာတွေ အများကြီးပဲ။
[၆၅] ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ပဋိပဒါဆိုတဲ့ ကျင့်စဉ်တရားတွေဟာ အကောင်အထည် ဖော်လို့ရ တာ ချည်းပဲလို့ ဒီလိုဆိုလိုတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ အောင်မြင်ပေါက်မြောက်သွားတဲ့ပုဂ္ဂိုလ်တွေ မြောက်များစွာရှိတယ်၊ ဒီအကျင့်အတိုင်း ကျင့်သွားလို့ ပေါက်မြောက်အောင်မြင်သွားကြတာ။ နောက်ဆုံးက တော့ အာသဝက္ခယ ကျင့်စဉ်တစ်ခု၊ ၁၉ ခုမြောက် ပေါ့။ အာသဝက္ခယ ကျင့်စဉ်ဆိုတာ အရဟတ္တမဂ် အရဟတ္တဖိုလ်ထိအောင် သီးခြားတော့ မဟုတ်ဘူး။ ဝိပဿနာကျင့်လာလို့ နောက်ဆုံးမှာ မဂ်ဖိုလ်နိဗ္ဗာန် ကိုရပြီး အာသဝတရား ကုန်သွားပြီးတော့ စေတောမုတ္တိ ပညာဝိမုတ္တိဆိုတဲ့ ကိလေသာတွေက လွတ် မြောက်မှုတွေကို ရရှိသွားတယ်။ ဒီရရှိမှုတွေဟာ ဒီမြတ်စွာဘုရား ဟောထားတဲ့ကျင့်စဉ်အတိုင်း ကျင့်ကြံကြိုးကုတ်အားထုတ်လို့ ပေါက်ရောက်အောင်မြင် သွားတဲ့ပုဂ္ဂိုလ်တွေ မြောက်များစွာရှိတယ်။
[၆၆] ဒါကြောင့်မို့လို့ ဒီအချက်တွေကို ထောက် ထားပြီး ဒီအကျင့် ၁၉ မျိုး ဟောကြားချက်အတိုင်း ကျင့်ကြံ ကြိုးကုတ်အားထုတ်လို့ အောင်မြင်သည့် အတွက်ကြောင့် တပည့်များရဲ့လေးစားမြတ်နိုးမှုကို အခံရဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်လို့ သကုလုဒါယီပရိဗ္ဗာဇ် ကို မြတ်စွာဘုရားက ရှင်းပြပါတယ်။
မြတ်စွာဘုရားကို တပည့်တွေက ရိုသေလေး စားတယ်ဆိုတာ တခြားအကြောင်းတွေကြောင့် မဟုတ်ဘူး။ (၁) အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရား၊ (၂) အရာရာကို စူးစူးရှရှ မြင်နိုင်တဲ့ အမြင်၊ (၃) ကြီးမားတဲ့ ဉာဏ်ပညာ၊ (၄) သစ္စာတရား ဟောကြားတဲ့နေရာမှာ တိကျခိုင်မာမှုနဲ့၊ (၅) ကျင့်စဉ် ကို ကျင့်တဲ့အခါမှာ အောင်မြင်ပေါက်ရောက်နိုင်တဲ့ အကျင့်မှန် လမ်းမှန်တွေကို ဖော်ပြဟောပြပေးနိုင်မှု ဆိုတဲ့ ဒီ အချက် (၅) ချက်ဟာ တပည့်များက မြတ်စွာ ဘုရားကိုလေးစားမြတ်နိုးရခြင်းရဲ့ အဓိကအကြောင်း [၆၇] တရားတွေ ဖြစ်တယ်လို့ မြတ်စွာဘုရားက ဒီလို ရှင်းလင်းဟောကြားတာဖြစ်ပါတယ်။
ဒါကြောင့် ... တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့ ဗုဒ္ဓမြတ်စွာကို ကြည်ညိုလေးစား ကြရတယ်ဆိုတာ သူမတူအောင် အလွန်ထူးချွန်တဲ့ ဒီအချက်တွေကို ကြည့်ပြီး မြတ်စွာဘုရားဟာ တစ် လောကလုံးက ဦးညွှတ်လေးစားရတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ် မြတ်ဖြစ်သောကြောင့် ဗုဒ္ဓဂုဏ်ကို အာရုံပြုပြီး မြတ်စွာဘုရားချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ကျင့် ကြံကြိုးကုတ်အားထုတ်ကြမယ်ဆိုရင် ဘုရားဟောတဲ့ အတိုင်း ဒီလမ်းလျှောက်လို့ရှိရင် ဒီစခန်း ရောက် တယ် ဆိုတာကို ယုံကြည်သိမှတ်ပြီးတော့ မဂ္ဂင်ရှစ်ပါး အကျင့်တရားတွေကို ကျင့်ကြံကြိုးကုတ် အားထုတ် ခြင်းဖြင့် နောက်ဆုံး ထာဝရအငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြ ပါစေကုန်သတည်း။
kjp70ym41jui3ddqvy15aq04vpenp6n ဉာတပရိညာ 0 6458 22311 2026-10-13T01:02:02Z Tejinda 173 "{{header | title = ဉာတပရိညာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = တပည့်များ လေးစားမြတ်န..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22311 wikitext text/x-wiki {{header | title = ဉာတပရိညာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ]] | previous2 = | next = [[တမလွန်ဘဝက ဆွေမျိုးများအရေး]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
ဉာတပရိညာ
ပုံမှတ်တမ်း သာသနာတော်နှစ် ၂၅၅၁ နှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ နတ်တော်လဆန်း (၉) ရက်။ ၂၀၁၁ ခုနှစ်၊ မတ်လ (၁၃) ရက်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မိုးကုတ်ရိပ်သာအတွင်း၌ဟောကြားအပ်သော “ဉာတပရိညာ” အကြောင်းတရားဒေသနာတော်။
ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီ ဆိုလို့ရှိရင် သာမာန် အသိမျိုးမဟုတ်ဘဲ ထူးခြားတဲ့အသိတစ်ခုရရှိဖို့ လိုအပ် တယ်။ ဘဝသံသရာ ကျင်လည်တဲ့နေရာမှာ ကံ,ကံ၏ အကျိုးကိုသိတယ်လို့ဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိက အရေးကြီးတယ်။ ဘုရားအလောင်းတွေ၊ ပစ္စေကဗုဒ္ဓါ [၁] တွေ၊ တစ်ခြား သူတော်သူမြတ်တွေ ဟောပြောတာ နာရလို့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဆိုတဲ့ မှန်ကန်တဲ့ အမြင်ဟာ လူ့ဘဝမှာ ရနိုင်ဖို့အခွင့်အရေးရှိတယ်လို့ ပြောရမယ်။ ရနိုင်တဲ့ဘဝနဲ့ မရနိုင်တဲ့ဘဝ ခွဲခြားကြည့် လို့ရှိရင် မရနိုင်တဲ့ဘဝက များတယ်ပေါ့။
မြတ်စွာဘုရားက သာသနာတော်အတွင်း၌ ကြုံတွေ့လာတဲ့အခါ ပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ပြီး တော့ အလုပ်ပေးတရားကို ဟောကြားလေ့ရှိတယ်။ တရားဟောတိုင်းဟောတိုင်း တရားနာပရိသတ်ထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တစ်ဦးစီ တစ်ဦးစီရဲ့ သဒ္ဓါတရား ထက်သန်မှု ရှိမရှိ၊ ဝီရိယတို့၊ သတိတို့၊ သမာဓိတို့၊ ပညာတို့ ထက်သန်မှုရှိမရှိ သို့မဟုတ် ရင့်ကျက်မှုရှိမရှိ ဒါတွေကို ရှေးဦးစွာ ဉာဏ်တော်နဲ့ကြည့်တယ်။ ပ နောက်ပြီးတော့ . အာသယာနုသယဉာဏ် နဲ့ သိတယ်၊ ဘဝသံသရာက ပါလာတဲ့ တစ်ဦးနဲ့တစ်ဦး မတူတဲ့အမြင်ကလေးတွေ၊ အာသယ ဆိုတာ မတူညီတဲ့ အမြင်ကလေးတွေ။ အမြင်ဆိုတာ လူတိုင်းလူတိုင်း [၂] တစ်ဦးနဲ့တစ်ဦးတူတာမဟုတ်ဘူး။ စိတ်ထဲကအတွေးနဲ့ အမြင်ကလေးတွေ ကွဲပြားခြားနားမှုရှိတယ်။ အနုသယ ဓာတ်အနေနဲ့ ပါလာတဲ့ သဘောတွေနဲ့ စိတ်နေ သဘောထားတွေနဲ့ အနေအထားကိုမြင်တယ်။ အဲဒီ နောက် “ဣန္ဒိယပရော ပရိယတ္တိ” ဉာဏ်လို့ခေါ်တဲ့ ဉာဏ်နဲ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ရင့်ကျက်မှု ရှိမရှိသိတယ်။ ဣန္ဒိယပရောပရိယတ္တိဉာဏ်နဲ့ သတ္တဝါ တို့ရဲ့ စိတ်နေသဘောထား၊ နှလုံးသွင်းအနေအထားကို သိတာ၊ အာသယာနုသယဉာဏ်။ အဲဒီ ဉာဏ်နှစ်မျိုးကို ဗုဒ္ဓစက္ခုလို့ခေါ်တယ်။ အဲဒီ ဗုဒ္ဓစက္ခုနဲ့ ကြည့်ပြီးတဲ့ အခါမှာ ဘယ်တရားဟောရမလဲဆိုတာ မြတ်စွာဘုရား က ဆုံးဖြတ်ချက်ချတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ သာဝက တွေက ဒီလိုသိနိုင်စွမ်းမရှိဘူး။ ဘုရားကိုယ်တော်တိုင် သာ ရနိုင်တဲ့ဉာဏ် ဖြစ်တဲ့အတွက်ကြောင့် . ဒါကို ဗုဒ္ဓစက္ခု၊ ဘုရားတို့ရဲ့ မျက်လုံးလို့ ဒီလိုသတ်မှတ်ထား တယ်၊ အဲဒါနဲ့ကြည့်ပြီးတော့ ဟောတဲ့အခါမှာ သတ္တဝါ [၃] တွေရဲ့စိတ်ထဲ နှလုံးထဲမှာ တိုက်ရိုက်ရောက်ရှိပြီးတော့ အသိဉာဏ်တွေဟာ မြန်မြန်ဆန်ဆန် ပွင့်လင်းနိုင်တာ။ အဲဒီ မြတ်စွာဘုရား ဟောကြားတဲ့ တရားဓမ္မကိုပဲ အားလုံးခြုံငုံသုံးသပ်ပြီး ကျန်တဲ့သာဝကတွေဟာ ဒီလို ဟောကြရတယ်။ ဘာနဲ့ဥပမာတူတုန်းဆိုတော့ ခဲနဲ့ ဆုပ်ပြီးတော့ ပရိသတ်ထဲကိုကြဲရင် မှန်တဲ့သူမှန်၊ မမှန် တဲ့သူ မမှန်ဘူးပေါ့၊ ဒီလိုလေးတော့ဖြစ်မယ်။ ပန်းပွင့်နဲ့ ဆုပ်ပြီးတော့ ပရိသတ်ထဲကြဲလိုက်လို့ရှိရင် ပန်းပွင့်နဲ့ ထိတဲ့လူရှိတယ်၊ မထိတဲ့လူ ရှိတယ်ပေါ့။ သို့သော် မြတ်စွာဘုရားတရားတော်ဟာ ကြားနာခွင့် ရလိုက် တယ်ဆိုတဲ့ ပုဂ္ဂိုလ်တိုင်း၊ ပုဂ္ဂိုလ်တိုင်းဟာ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရရှိတယ်။ ထူးခြားတဲ့ အကျိုး ကျေးဇူးဆိုတာ ပုဂ္ဂိုလ်အလိုက် မှတ်သားကြရတယ် ပေါ့။ အဲ တစ်ချို့ပုဂ္ဂိုလ်က ဒီစကားလုံးသုံးလိုက်လို့ အသိဉာဏ်တွေ ပွင့်သွားတဲ့ ပုဂ္ဂိုလ်ရှိတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်က စဉ်းစားတုန်းရှိသေးတယ် ဒီလိုဟာမျိုးပေါ့။
[၄] ထပ်ဆင့်ပြီးတော့ရှင်းလိုက်တဲ့အခါ အဲဒီစဉ်းစားနေတဲ့ ပုဂ္ဂိုလ်က ဉာဏ်ပွင့်သွားတာမျိုးလည်း ရှိတယ်ပေါ့။ တချို့ပုဂ္ဂိုလ်တွေကျတော့ ပြောရုံနဲ့ ဟောရုံနဲ့ ရှင်းပြရုံနဲ့ အသိဉာဏ်မပွင့်သေးဘူး။ ပုံမှန် တရားစခန်း တွေသွားလို့ နေ့စဉ်လည်း တရားတွေကျင့်ကြံကြိုးကုတ် အားထုတ်လို့ မကြာမကြာ တရားကိုနှလုံးသွင်းပြီးတော့ နေမှ အသိဉာဏ်ပွင့်လာတဲ့ ပုဂ္ဂိုလ်လည်း ရှိတယ်။ တစ်ချို့ပုဂ္ဂိုလ်ကျတော့ ဒီဘဝမှာ အသိဉာဏ်မပွင့်ဘူး။ ကြားဖူးနားဝ ရှိသွားတယ်။
အဲဒါကို စာလိုပြောရင် ဟောလိုက်တာနဲ့ အသိ ဉာဏ် ပွင့်သွားတာ “ဥဋိတညူ” လို့ခေါ်တယ်။ ဥဏ္ဍိတ ဆိုတာ နှုတ်ကထုတ်ပြောလိုက်တာနဲ့၊ ညူ ဆိုတာ သိသွားတယ်ပေါ့။ အဲဒီတော့ တရားနာပရိသတ်တွေ ဘယ်ပရိသတ်ပဲဖြစ်ဖြစ် “ဥဋိတညူ” ထုတ်ပြောလိုက် တာနဲ့ သဘောပေါက်သွားတဲ့ပုဂ္ဂိုလ်၊ အသိဉာဏ် ပွင့်သွားတဲ့ပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ်တွေကတော့ နံပါတ်တစ် ပုဂ္ဂိုလ်၊ အင်မတန်ရှားတယ်။
[၅] ရှင်သာရိပုတ္တရာတို့လို ပုဂ္ဂိုလ်မျိုးတွေ အရှင် အဿဇိနဲ့တွေ့တော့မေးတယ်။ “သင်တို့ဆရာ ဘာပြော တာတုန်း ပြောပြစမ်းပါ”လို့၊ “ငါ အကျယ်ကြီး မပြောနိုင် ဘူး။ အတိုလေးပဲ ပြောမယ်” “အရှင်ဘုရားတဲ့ အကျယ်ကြီးပြောစရာမလိုပါဘူးတဲ့ တပည့်တော် အတို လေးပဲ ပြောပါ”ဆိုတော့ အကြောင်းနဲ့အကျိုး ဒီသစ္စာ လေးပါး ပဋိစ္စသမုပ္ပါဒ်ကို ခြုံပြီးတော့ သစ္စာလေးပါးကို ပြောလိုက်တာ။ “အကြောင်းကိုလည်း ဟောတယ်၊ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးကိုလည်း ဟောတယ်။ အကြောင်းရဲ့ ချုပ်ငြိမ်းမှုကိုလည်း ဟောတယ်” ဒါလေး အတိုချုပ်ဟောလိုက်တာနဲ့ ဟော- လုံးဝကို သဘော ပေါက်သွားတယ်နော်။ သောတာပန် ဖြစ်သွားတယ်။ သောတာပန် ဖြစ်သွားတယ်ဆိုတာ . တရားဓမ္မနဲ့ ပတ်သတ်ပြီး သံသယ မရှိတော့ဘူး။ အမြင်တွေဟာ ရှင်းသွားတယ်။ ဒါကို ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို ပယ်တယ်လို့ ပြောတာ။ ဘယ်တော့မှ ပြန်မလာတဲ့ အရှင်းမျိုးနဲ့ ရှင်းသွားတာနော်။ ပြန်ပြန်ပြီးရှုပ်တဲ့ အရှင်းမျိုး [၆] မဟုတ်သေးဘူး။ တစ်ခါတည်း အပြီးတိုင် တရားဓမ္မနဲ့ ပတ်သတ်တဲ့ အမြင်ဟာ ရှင်းရှင်းလင်းလင်း ရှိသွား ပြီးတော့ သံသယဆိုတဲ့ အတွေးတွေ ဘယ်တော့မှ မလာတော့ဘူး။ ရှင်သာရိပုတ္တရာလို ပုဂ္ဂိုလ်မျိုးကို ဥဂ္ဃဋိတညူ' လို့ခေါ်တယ်။
“ဝိပက္ခိတညူ” ဆိုတာ အဲဒါလေးနဲ့ နားမလည် သေးဘူး၊ ထပ်အမိန့်ရှိပါဦး။ အသေးစိတ်ရှင်းပြတယ်။ ဆိုပါစို့- ပဉ္စဝဂ္ဂီတွေထဲက ဆိုလို့ရှိရင် ဓမ္မစကြာတရား မြတ်စွာဘုရား အသေးစိတ်ဟောတယ်။ ရှင်ကောဏ္ဍည ပထမရက် ... သဘောပေါက်သွားတယ်။ ကျန်တဲ့ ကိုယ်တော်တွေ သဘောမပေါက်သေးဘူး၊ နောက် တစ်ရက် ရှင်းရှင်း ရှင်းရှင်း ဟောတဲ့အခါကျတော့ သဘောပေါက်သွားကြတယ်။ အဲဒါတွေကျတော့ ဝိပဉ္စိတညူလို့ခေါ်တယ်။
နောက်တစ်မျိုးကျတော့ နေယျပုဂ္ဂိုလ်။ နေယျ ပုဂ္ဂိုလ်ဆိုတာ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားဖို့ လိုအပ်တယ်။ ခုခေတ်လိုပြောရင် တရားစခန်းတွေ [၇] အကြိမ်ကြိမ်ဝင်၊ နေ့စဉ်နဲ့အမျှ တရားအားထုတ်၊ အဲဒီလို လုပ်ရင်းလုပ်ရင်း လုပ်ရင်းနဲ့မှ ရင့်ကျက်လာ ပြီးတော့ နောက်ဆုံးသေခါနီးအချိန်မှာဖြင့် တရားထူး တရားမြတ်ရသွားတဲ့ ပုဂ္ဂိုလ်မျိုးတွေ နေယျပုဂ္ဂိုလ် လို့ ခေါ်တာပဲ။
တစ်ချို့ပုဂ္ဂိုလ်ကျတော့ အဲဒီသုံးမျိုးထဲမှာမပါဘူး။ ဘုရားဆီမှာ တရားတော့နာတယ်၊ မှတ်တယ်။ ဒါပေ မယ့် တရားရဲ့အဓိပ္ပာယ် အနှစ်သာရအတိုင်း သဘော ပေါက် သိရှိ နားလည်သွားခြင်း မရှိဘူး။ သာမန် လောက်ပဲသိတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ “ပဒပရမ” စကားလုံး ပဲတဲ့၊ စကားလုံးထက်ပိုပြီး မသိဘူးပေါ့နော်။ စကား တော့ ရလိုက်တာပဲ။
ဒီနေရာမှာ “ပဉ္စဂ္ဂပုဏ္ဏား” ဆိုတာ ကြားဖူးလိမ့် မယ်။ ဘာလှူလှူ အဦးအဖျား သူ ငါးမျိုး ငါးမျိုးလှူလေ့ ရှိတာ၊ အဦးငါးမျိုးလှူလို့ ပဉ္စဂ္ဂ လို့ခေါ်တ ကဿပဘုရားလက်ထက်တုန်းက သူက“နာမရူပ’
ဆိုတဲ့ စကားလုံးကို ကြားခဲ့တယ်။ ကြားပြီးတော့ [၈] စကားလုံးသာ သူမှတ်မိနေတယ်။ နာမ်ရုပ်ရဲ့ သဘာဝ တွေကို သူ သိရှိနားလည်ခဲ့ခြင်း မရှိဘူး။ ဝိပဿနာ ဉာဏ် ကောင်းကောင်းမဖြစ်ခဲ့ဘူးပေါ့။ ဟော- ဂေါတမ ဘုရားလက်ထက်ကျတော့ “ဘိက္ခုဆိုတာ ဘာခေါ်တာ တုန်းဘုရား” လို့ဆိုတော့ မြတ်စွာဘုရားက “သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ” နာမ်နဲ့ရုပ်ပေါ်မှာ ငါဆိုတဲ့ တဏှာနဲ့တွေးတော့ သိမ်းပိုက်မှု လုံးဝကင်း သွားတဲ့ပုဂ္ဂိုလ်ဟာ ဘိက္ခုလို့ခေါ်တယ်” လို့ ပြောလိုက် တာနဲ့ “ဒီစကားလုံး ငါကြားဖူးပါတယ်”လို့ စဉ်းစားရင်း စဉ်းစားရင်းနဲ့ သူက အနာဂါမ်ထိအောင်ဖြစ်သွားတာ၊ အဲဒီစကားလုံးက ဘယ်တုန်းက ကြားခဲ့တာလဲဆိုတော့ ကဿပဘုရား လက်ထက်တုန်းက ကြားခဲ့တာ။ အဲဒီ တုန်းက ကြားခဲ့တဲ့ စကားလုံးလေးက ဒီမှာလာ အထောက်အကူပြုလိုက်တာ၊ နာမ်ရုပ်လို့ ဆိုတာနဲ့ သဘောပေါက်သွားပြီးတော့ သောတာပန် သကဒါဂါမ် အနာဂါမ်အဆင့်ထိအောင် ရောက်သွားတယ်။
[၉] အဲဒါ ကဿပဘုရားလက်ထက်တုန်းက သူက ပဒ ပရမ ပုဂ္ဂိုလ်ဖြစ်ပေမယ့်လို့ ဂေါတမ မြတ်စွာဘုရား လက်ထက်ရောက်တဲ့အခါ ရင့်ကျက်လာတဲ့သဘောပဲ။ အဲဒါကြောင့်မို့လို့ ယောဂီပုဂ္ဂိုလ်တွေအနေနဲ့ ကိုယ် ရနိုင်တဲ့အဆင့်အတန်း ကိုယ်လုပ်နေဖို့ပဲ လိုတယ်ပေါ့။ အေး- တချို့က တို့ပါရမီမရှိသေးဘူး၊ တို့က မရှိသေးဘူး ဆိုပြီး မလုပ်ဘဲနဲ့ အေးအေးဆေးဆေးနေရင် ဘယ် တော့မှ ရမှာမဟုတ်ဘူးမှတ်၊ လုပ်နေခြင်းဟာ မှန်ကန် တယ်လို့ ဒီလိုပြောရမယ်။ ကျင့်နေရမယ်၊ လုပ်နေရ မယ်။ မလုပ်တဲ့သူတွေ အများကြီးလေ။ တရားစကား မကြားဘူးတဲ့သူတွေ အများကြီးပဲ။
ဒီ့ပြင်မကြည့်နဲ့၊ ဒီ ထားဝယ်မြို့မှာပဲ လူဦးရေ ဘယ်လောက်ရှိလဲ ကိုယ့်ဟာကိုယ်တွက်ကြည့်၊ အဲဒီ လူဦးရေထဲကနေပြီးတော့ တရားကို ဝါသနာပါတဲ့လူ၊ မပါတဲ့လူ။ တရားနာတဲ့လူ၊ မနာတဲ့လူ။ ဒီတစ်နေရာ ထဲတင် ဘယ်ဟာကများမယ်ထင်လဲ။ အဲဒီတော့ ဘုရား သာသနာတော်နဲ့ပွင့်တိုင်း တရားဓမ္မနဲ့ကြုံတိုင်း၊ ကြားဖူး [၁၀] တယ်ဆိုတာ ပြောလို့မရဘူးလေ။ မြန်မာနိုင်ငံမှာ လူဦးရေသန်းပေါင်း ၆ဝ-ကျော်ရှိတယ်။ အခု နေ့စဉ်နဲ့ အမျှ တိုးပွားနေတယ်။ သန်းပေါင်း ၆ဝ၊ ၇၀၊ ၈၀၊ ၉၀၊ ၁ဝဝ နော်၊ သန်းပေါင်း ၁ဝဝ ထိအောင် ဖြစ်လာမယ်။ အဲဒီသန်းပေါင်း ၁၀၀ ထဲက လူတွေက ဒီရုပ်နာမ် ဆိုတဲ့ ဝိပဿနာဉာဏ်အဆင့်ကိုရောက်တဲ့ ပုဂ္ဂိုလ်ဟာ တစ်သန်းတောင် ရှိဖို့မလွယ်ဘူးနော်။
အဲဒီတော့ ကမ္ဘာနဲ့ချိန်ကြည့်မယ်ဆိုလို့ရှိရင် ကမ္ဘာ မှာကြည့် သန်းပေါင်း ၆၀၀၀ ဆိုတာရှိတယ်။ နေ့စဉ်နဲ့ အမျှ ... တိုးတက်နေတယ်။ မကြာခင် သန်းပေါင်း တစ်သောင်းထိအောင် ရောက်သွားမှာ။ အဲဒီလို နေ့စဉ် လူဦးရေတိုးနေတယ်လေ။ ဝိပဿနာဉာဏ် အသိတွေ တိုးနေတာမဟုတ်ဘူး။ မကြားဖူးတဲ့လူတွေ အများကြီး ပဲ၊ ကြားဖူးတဲ့လူက နည်းနည်း။ အဲဒါတွေနဲ့ ကြည့်မယ် ဆိုလို့ရှိရင် တို့တတွေ ဒီလိုကြားနာခွင့်ရရှိတာ တို့ အတွက် အင်မတန်မှ အခွင့်အရေး ကောင်းတယ်လို့ ဒီလိုမှတ်ရမယ်။ ဘယ်တရားဖြစ်ဖြစ် ကြိုးစားနာပြီး [၁၁] နှလုံးသွင်းဖို့ လိုအပ်တယ်ပေါ့။ အသိဉာဏ်ရဖို့ရာ အတွက်၊ အသိပညာရာဖို့ရာအတွက်၊ အပြင်ဘက်က အကြောင်းနှစ်မျိုးနဲ့ အတွင်းအကြောင်းနှစ်မျိုးဆိုတာ ရှိတယ်။ ဘယ်အရာပဲဖြစ်ဖြစ် အတွင်းနဲ့အပြင် နှစ်ခု ပေါင်းစပ်ရတယ်။ တစ်ခုတည်းနဲ့ ဘာမှမဖြစ်ဘူး။ မီးခြစ်လေးတောင်မှပဲ ပေါင်းစပ်ရတယ် မဟုတ်လား။ မီးခြစ်ဟာ နှစ်ခုပေါင်းတာပဲ မဟုတ်လား။ မီးခြစ်ဗူး ဆိုလို့ရှိရင်လည်းပဲ ဂက်စ်မီးခြစ်ဗူးဆိုလို့ရှိရင် အထဲမှာ လည်း ဂက်စ် ရှိရတယ်နော်။ ဘီးလုံးတပ်ဆင်ပြီးသား ဖြစ်ရမယ်။ ဒါက အတွင်းအကြောင်းဖြစ်တယ်၊ အပြင် ဘက်က ဖိခြစ်တယ်ဆိုတဲ့ အကြောင်းတစ်ခု မလာရင် မီးတောက်ပါ့မလား။ အတွင်းနဲ့အပြင် ပေါင်းစပ်ရ တယ်။
၁၀ ဘယ်အရာဖြစ်ဖြစ် အတွင်းနဲ့ မျက်စိကနေ ပြီးတော့ အဆင်းတစ်ခုကို မြင်တာပဲကြည့်၊ အတွင်းက မျက်လုံး၊ အပြင်ကမြင်စရာ၊ အဲဒီမျက်လုံးနဲ့မြင်စရာနှစ်ခု မပေါင်းဘဲနဲ့ မြင်သိဆိုတာ ဖြစ်ပါ့မလား။ မဖြစ်ဘူး။
[၁၂] အတွင်းနဲ့အပြင် ပေါင်းနေတယ်ဆိုတာ ပေါင်းလိုက်မှ။ စောင်းတီးတာလည်းကြည့်ပေါ့။
ဘာပဲတီးတီးပေါ့။ စောင်းတီးတာ ကြည့်လို့ရှိရင်ကြည့် စောင်းအိုး၊ စောင်းကြိုး အတွင်းပစ္စည်းနှစ်ခု၊ ပြီးတော့ လက် အပြင်က အဲဒါပေါင်းလိုက်မှ အသံဆိုတာထွက်လာ တာ။ သူ့ဟာသူနေရင် မထွက်ဘူး။ အဲဒီအတိုင်းပဲမှတ်၊ အသိပညာရဖို့ရာအတွက် အတွင်းနဲ့အပြင် နှစ်ခု ပေါင်း ရမယ်။ အတွင်းကို (Internal condition) လို့ခေါ်တယ်။ အပြင်ကို (External condition) လို့ ခေါ်တယ်။ အပြင်ဘက်ကအကြောင်းလို့ခေါ်တယ်။ နေ့စဉ်စားနေတဲ့အစာတွေပဲကြည့်ပါဦး။ လူတွေ ဟာ ခန္ဓာကိုယ်ထဲမှာ ကမ္မဇအာဟာရ ကံကြောင့်ဖြစ်တဲ့ အာဟာရဩဇာရုပ် ဆိုတာရှိတယ်။ ခန္ဓာကိုယ်ထဲမှာ အာဟာရရုပ် ဆိုတာရှိတယ် ... ဟုတ်ကဲ့လား။ အဲဒီ အာဟာရရုပ်ချည်း ဒီအတိုင်းထားလို့ အာဟာရဇရုပ် ဆိုတာ မဖြစ်ဘူး။ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်ဆိုတာ မဖြစ်ဘူး။ အာဟာရနဲ့ အာဟာရဇကို ကွဲပြားအောင် [၁၃] သတိထား၊ အာဟာရဆိုတာ ဩဇာရုပ်ကိုပြောတာ၊ အာဟာရဇဆိုတာ အဲဒီ ဩဇာရုပ်က ထုတ်လုပ်လိုက် တဲ့ အကျိုးကျေးဇူးကိုပြောတာနော်။ ကဲ လူတွေကြည့် လေ။ မွေးရာပါ အာဟာရဆိုတာ ကိုယ့်သန္တာန်ထဲမှာ ဩဇာရုပ်ဆိုတာ ရှိတယ်။ အပြင်ဘက်က အစာနဲ့ မပေါင်းလို့ရှိရင် အဲဒီဩဇာရုပ်က အာဟာရဇရုပ်ကို မထုတ်နိုင်ဘူး၊ စားပေးရတယ်။ အတွင်းကအာဟာရ နှစ်ခုပေါင်းပြီးတော့မှ ခန္ဓာကိုယ်ကို ထောက်ပံပေးနိုင်တဲ့ အသက်ကိုရှည်အောင်၊ တည်တံ့အောင် လုပ်ပေးနိုင်တဲ့ အာဟာရကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်ဆိုတာ ပေါ်လာ တယ်၊ သူ့ချည်းမပေါ်ဘူး။ ဒါကြောင့်မို့ အတွင်း အာဟာရ ညံ့သွားလို့ရှိရင် အပြင်က ဘယ်လောက် စားစား အားမဖြစ်တော့ဘူး။ အတွင်းရော အပြင်ရော ကောင်းဖို့ လိုအပ်တယ်ပေါ့။ ဒါ ဥပမာအနေနဲ့ပြောတာ၊ ဘယ်အရာပဲဖြစ်ဖြစ် ဒီလိုပဲ အတွင်းနဲ့အပြင်။ အဲဒီတော့ မြတ်စွာဘုရားသာသနာတော်နဲ့ ပွင့်နေ တဲ့အချိန်မှာ ပညာတစ်ခုရဖို့ ဆိုပါစို့- ဝိပဿနာဉာဏ် [၁၄] ရဖို့ဆိုတာ အတွင်းနဲ့အပြင်ပေါင်းရတယ်။ အပြင်ဆိုတာ ဘာလဲ။ “သပ္ပုရိသူပ နိဿယ” သူတော်ကောင်း အမှီရခြင်း၊ “သပ္ပုရိသူပ သံသေဝ” သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း။ ဒီနေရာမှာ သူတော်ကောင်းဆိုတာ တကယ့် သူတော်ကောင်းက ဘုရားပဲပေါ့။ အဲဒီ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့ထံကနေပြီး ရ,ထားတဲ့ တရား ကို မှန်မှန်ကန်ကန် ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ကိုလည်း ဒီအထဲမှာထည့်တယ်။
နောက်တစ်ခုက “သဒ္ဓမ္မသဝန” အဲဒီပုဂ္ဂိုလ်က ဟောပြောတဲ့တရား၊ ဒီနှစ်ခုကအပြင်။ ဆိုလိုတာက တရားဟောနိုင်တဲ့ပုဂ္ဂိုလ် ဟို- ဝိပဿနာအသိဉာဏ် ကို ပေးနိုင်တဲ့ပုဂ္ဂိုလ်၊ ဝိပဿနာဉာဏ် ပေးတဲ့တရား ဒီနှစ်ခုက အပြင်အကြောင်းတရားနှစ်ခု၊ စာလိုပြော တော့ အဲဒါက “သပ္ပုရိသူပသံသေဝ သဒ္ဓမ္မသဝန” ဟုတ်တယ်လေ၊ ရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ သောတာပန် ဖြစ်တယ်ဆိုတာ သူ့ဟာသူဖြစ်သွားတာ မဟုတ်ဘူးပေါ့။ နံပါတ်တစ် ရှင်အဿဇိနဲ့တွေ့တယ်၊ [၁၅] သူကိုယ်တိုင်က တွေ့အောင်ကြိုးစားတယ်၊ ဟုတ်ကဲ့ လား။ တွေ့တယ်ဆိုတာနဲ့ မြင်တယ်ဆိုတာနဲ့ တစ်ခြားစီ နော်။ တွေ့တယ်ဆိုတာ တွေ့ချင်လို့သွားတာ၊ ရှင်အဿဇိနဲ့တွေ့တယ်။ တွေ့တော့ ရှင်အဿဇိဆီက တရားနာရတယ်။ အဲဒီနှစ်ခုဟာ အပြင် အကြောင်း တရားနှစ်ခု။ အဲဒီတော့ ဒီ အပြင်အကြောင်းနဲ့တင် ပြည့်စုံရဲ့လား။ အခုဒီမှာ ဓမ္မကထိက ဆရာတော်တွေ ကြွလာတယ်၊ ဟောကြတယ်၊ ပြောကြတယ်၊ ဒါ အပြင် အကြောင်းတွေ။ အရေးကြီးတဲ့ အတွင်းအကြောင်းနှစ်ခု လိုသေးတယ်။ ဒီ အပြင်အကြောင်း နှစ်ခုထဲနဲ့ ဝိပဿနာဉာဏ် မရနိုင်ဘူး။
ရော အတွင်းအကြောင်းနှစ်ခုက ဘာလဲ၊ အတွင်း အကြောင်းဆိုတာ ပုဂ္ဂိုလ်အသီးသီးရဲ့ သန္တာန်မှာ ရှိတယ် နော်။ လူတိုင်း လူတိုင်းမှာ ဒီဟာကတော့ မတူညီနိုင် ဘူး။ ဥပမာပြောမယ်- ဓမ္မကထိကဆရာတော်တစ်ပါး ကြွလာပြီးတော့ တရားဟောတယ်။ လူ ၅ဝဝ၊ ၁ဝဝဝ လာပြီးနာတယ်။ အပြင်အကြောင်းရတာခြင်း အတူတူ [၁၆] ပဲ၊ သူတို့ အပြင်အကြောင်း အတူတူပဲ၊ တရားနာလို့ ရတယ်ဆိုတဲ့ အခွင့်အရေးတစ်ခု အတူတူပဲ။ သို့သော် လည်း မတူတာတွေကဘာတုန်းဆိုရင် ကိုယ်တိုင် အသီးသီးမှာရှိနေတဲ့ အတွင်းအကြောင်းတွေမတူဘူး။ မတူသည့်အတွက်ကြောင့် အကျိုးရှိပုံခြင်း တူနိုင်ပါ့ မလား။ မတူတာက အတွင်းအကြောင်းခြင်း မတူလို့။ ဆိုပါစို့ - လူနှစ်ယောက် ... အာဟာရဓာတ် ဆိုပါစို့ ပြည့်အောင် ... အစားကောင်းကောင်း စားကြတယ်။ တစ်ယောက်က မကျန်းမာဘူး၊ တစ်ယောက်က ကျန်းမာတယ်။ ကျန်းမာတဲ့ပုဂ္ဂိုလ် စားလိုက်လို့ရှိရင် သူက အာဟာရအကျိုးကိုပိုပြီးတော့ရတယ်။ မကျန်းမာ တဲ့ပုဂ္ဂိုလ် စားလိုက်တဲ့အခါ ဒါလောက်ကြီး ထိထိ ရောက်ရောက် မရဘူး။ စားတဲ့အစာ တူပေမယ့်လို့ အခြေခံမကောင်းလို့ရှိရင် ပြည့်စုံအောင် မလာနိုင်ဘူး။ ဟုတ်ကဲ့လား။ အဲဒါကြောင့်မို့လို့ အတွင်းအကြောင်း အပြင်အကြောင်းဆိုတဲ့ နှစ်ခုဟာ ပေါင်းပြီးတော့ နှစ်ခု [၁၇] စလုံးကောင်းပြီဆိုရင် အခြေအနေကောင်းပြီ ဆိုလို့ ရှိရင်တော့ ထူးခြားတဲ့ အသိဉာဏ်တစ်ခု ရလာမှာပဲ။ ဒါဖြင့် အတွင်းအကြောင်းနှစ်ခုဆိုတာ လူတိုင်း လူတိုင်းမှာ ဒါက ကိုယ်စီကိုယ်စီ လိုအပ်တယ်။ တူညီ သောအကျိုး မရနိုင်ဘူး။ ဒါက တူညီတဲ့ အခွင့်အရေး မရလို့ ကိုယ်ကိုယ်တိုင်ရနိုင်တဲ့ အခွင့်အရေးလေးသာ ဖြစ်တယ်။ ဒါက (Indivitual) လို့ခေါ်တယ်။ ပုဂ္ဂိုလ် ဆန်တဲ့ အကြောင်း၊ အဲဒါက ဘာလဲ ဆိုလို့ရှိရင် “ယောနိသောမနသိကာရ ဓမ္မာနုဓမ္မပဋိပတ္တိ” တဲ့၊ ဒါ ဘုရားဟောထားတာနော်။ ယောနိသောမနသိကာရ၊ ယောနိသော-ဆိုတာ မှန်ကန်တဲ့အတိုင်း၊ မနသိကာရ- နှလုံးသွင်းတာ၊ မှန်မှန်ကန်ကန် နှလုံးသွင်းတတ်တာလို့ ပြောတာ။ (Right attention) လိမ္မာပါးနပ်တဲ့ နှလုံး သွင်းမှုလို့ ဒီလိုပြောရမယ်။ အဲဒီ ယောနိသောမန’ သိကာရ ဆိုတာ အလွန်အရေးကြီးတယ်။ ယောနိ- သောမနသိကာရ၊ လောကမှာ စိတ်ထဲမှာ ကုသိုလ် ဖြစ်သမျှ ယောနိသောမနသိကာရ ရှိမှဖြစ်တာ။
[၁၈] ယောနိသောမနသိကာရ မရှိရင် ကုသိုလ်လုပ်လုပ်၊ တရားထိုင်နေနေ ယောနိသောမနသိကာရ မပါဘူး ဆိုရင် ကုသိုလ်ဖြစ်ကိုမဖြစ်ဘူး။ ဒါကြောင့်မို့လို့ စိတ် သဘောထား အင်မတန်မှ အရေးကြီးတယ်။ ကုသိုလ် ဖြစ်အောင် နှလုံးသွင်းတတ်တဲ့စိတ် အဲဒါပါဖို့လိုတယ်။ အဲဒါ ယောနိသောမနသိကာရ ဆိုတာ အင်မတန် အရေးကြီးတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ နှလုံးသွင်း နိုင်ရမယ်၊ စိတ်သဘောထား မှန်ကန်မှုရှိရမယ်။ နောက်တစ်ခုက “ဓမ္မာနုဓမ္မပဋိပတ္တိ” အဲဒီမှာ စကားလုံးသုံးလုံးရှိတယ်။ ဓမ္မ အနုဓမ္မ ပဋိပတ္တိ ဆိုတာ စာလုံးသုံးလုံးပေါင်းတာနော်။ ဓမ္မရယ်၊ အနုဓမ္မ ရယ်၊ ပဋိပတ္တိရယ်။ ပဋိပတ္တိ ဆိုတာ ကျင့်တာ၊ လိုက်နာ ကျင့်သုံးတာ၊ အသုံးပြုနေတာ၊ ပဋိပတ္တိ တရားကျင့် တယ်ဆိုတာ စိတ်နဲ့အာရုံနဲ့ တွေ့ပြီးတော့ မှန်ကန်တဲ့ လမ်းစဉ်အတိုင်းလုပ်နေတာ၊ သွားနေတာ၊ ဟုတ်ရဲ့ လူဆိုလို့ လမ်းလျှောက်ရင်တော့ သွားနေတာပဲ ရပ်နေတာ မဟုတ်ဘူး။ အဲဒီတရားနဲ့ လုပ်နေတာ လား။
[၁၉] ပဋိပတ္တိကျင့်တယ်လို့ပြောတာ၊ လေ့ကျင့်နေတယ်ပေါ့။ ဘာကိုလေ့ကျင့်တာတုန်းဆိုတော့ အနုဓမ္မကို လေ့ကျင့် တာ။ အနုဓမ္မဆိုတာ လျော်တဲ့တရား၊ လျော်တဲ့တရားကို ကျင့်တယ်။ လျော်တဲ့တရားဆိုတာ ဘာပြောတာတုန်း ဆိုတော့ သီလအကျင့်၊ သမာဓိအကျင့်၊ ပညာအကျင့်၊ သိက္ခာသုံးပါး အကျင့်တရား သို့မဟုတ် ဝိပဿနာ ကျင့်စဉ်တစ်ခုကိုကျင့်တယ်။ ဒါ အနုဓမ္မကိုကျင့်တယ်။ အနုဓမ္မ ပဋိပတ္တိ၊ တရားအားထုတ်တယ်ဆိုတာ အနုဓမ္မ ကို ကျင့်နေတာလို့ ပြောရမယ်။
၇ မဂ်ဖိုလ်ဆိုတာ ကျင့်ရတာ မဟုတ်ဘူး။ ကျင့်ရ တာက ဝိပဿနာအကျင့်၊ သမထအကျင့် ဝိပဿနာ အကျင့် ဒါကျင့်ရတာ။ သီလ ဆိုတာ ကျင့်သုံးရတယ်။ သမာဓိဆိုတာ ကျင့်သုံးရတယ်။ ဝိပဿနာဆိုတာ ကျင့်သုံးရတယ်၊ လုပ်ရတယ်။ အဲဒါတွေကို ခြုံငုံပြီးတော့ အနုဓမ္မလို့ခေါ်တာ။ တစ်ခါတစ်ရံကျတော့ မိုးကုတ် ဆရာတော်ကြီးသုံးတာတွေ့တယ်။ ပုဗ္ဗဘာဂမဂ် ဆိုတာ ဝိပဿနာကိုပြောတာ။ ပုဗ္ဗဘာဂ ရှေ့ပိုင်းက မဂ် ဆိုတဲ့ [၂၀] စကားလုံးက မဂ္ဂဆိုတာ ဘာလဲ။ မဂ္ဂဆိုတဲ့စကားလုံးက ဘာကိုရည်ညွှန်းတာလဲဆိုရင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဒီ ရှစ်ခုအစုကို မဂ္ဂလို့ ခေါ်တာ၊ တစ်ခုတည်းကို မဂ္ဂလို့ခေါ်လိုက်တာ မဟုတ် ဘူး။ အစုပေါင်းထားတာ။ အဲဒါကို ပုဗ္ဗဘာဂမဂ္ဂ လို့ ပြောတာ၊ ဒီရှစ်ခုဖြစ်နေအောင် လုပ်နေတာ။
အဲဒီ ရှစ်ခုကလည်းပဲ အကျဉ်းချုံးလိုက်ရင် ဘာလဲ ဆိုရင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ က သီလ ပဲလေ။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိက သမာဓိပဲ။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပက ပညာပဲဆိုတော့ ဒါ လေ့ကျင့်နေတာ။ အဲဒါကို အနုဓမ္မ လို့ခေါ်တယ်။ အဲဒီ အနုဓမ္မ ကိုကျင့်တာ၊ အဲဒီ အနုဓမ္မကိုကျင့်မှ ဓမ္မ ဆိုတာကိုရမယ်။ မဂ်ဖိုလ် နိဗ္ဗာန်ကို ဓမ္မ လို့ပြောတာ။ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ ဓမ္မကို ရတယ်။ ဒါကြောင့်မို့ ဓမ္မံ သရဏံ ဂစ္ဆာမိ ဆိုတာ ဒီ မဂ်ဖိုလ် နိဗ္ဗာန်ကိုပြောတာ။ အဓိက ဓမ္မကိုအားကိုးရာအဖြစ် အသိအမှတ်ပြုပါတယ် [၂၁] ဆိုတာ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားပဲ။ ဒါ ဓမ္မ၊ ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ လို့ ဆိုနေကြတယ် မဟုတ်လား။ ဓမ္မဆိုတာ မဂ်ဖိုလ်ကိုပြောတာ၊ အဲဒီ မဂ်ဖိုလ်ဆိုတာ ကျင့်ရတဲ့ဟာမဟုတ်ဘူး။ ရ,ရမယ့်ဟာ။ ကျင့်ရမယ့်ဟာက အနုဓမ္မကို ကျင့်တာ။ အနုဓမ္မကို ကျင့်ပြီးတော့ ဓမ္မကိုရတာ ဒီလိုဆိုလိုတာနော်။ အဲ ကိုယ် ကျင့်နေတာ အနုဓမ္မ၊ အဲဒီတော့ ဓမ္မာနုဓမ္မပဋိပတ္တိ ဆိုတာ မကျင့်ဘဲနဲ့ ဓမ္မဆိုတဲ့ မဂ်ဖိုလ်နိဗ္ဗာန်တရား မရနိုင်ဘူး။ ဝိပဿနာကျင့်စဉ်တစ်ခု မကျင့်ဘဲနဲ့၊ သမာဓိကျင့်စဉ်တစ်ခု မကျင့်ဘဲနဲ့၊ လိုအပ်တဲ့ အတိုင်း အတာတစ်ခု မိမိသန္တာန်မှာဖြစ်အောင် မလုပ်ဘဲနဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ဘူး။
ဆိုပါစို့- အဆောက်အဦကြီးတစ်ခုတက်မယ် ဆိုလို့ ရှိရင် တက်စရာ လှေခါးတို့၊ ဝင်စရာတံခါးတို့ မရှိဘူး လား။ အဲဒီ လှေကားကနေ မတက်ဘဲနဲ့ နံရံကနေ တက်လို့ ရောက်ပါ့မလား။ မရောက်ဘူး။ လှေကားကပဲ တက်ရမယ်။ သူ့လှေကားရှိတယ်။ ဒါ ဝိပဿနာကျင့်စဉ် [၂၂] ကျင့်တယ်ဆိုတာ မဂ်ဖိုလ် လှေကားပဲလေ။ အဲဒီလို ဆိုလိုတာ။ အဲဒီတော့ ပေါင်းလိုက်တဲ့အခါ ယောနိသောမနသိကာရ၊ ယောနိသောမနသိကာရ ဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ နှလုံးသွင်းတာလည်း ယောနိသောမနသိကာရပဲ။ ကုသိုလ်ဖြစ်အောင် နှလုံး သွင်းနိုင်တာမှန်သမျှ ယောနိသောမနသိကာရ ဓမ္မာနု ဓမ္မပဋိပတ္တိကျင့်စဉ်အတိုင်း ကျင့်တာ။ ဓမ္မာနုဓမ္မပဋိ ပတ္တိ၊ အဲဒီနှစ်ခုဟာ (Internal condition) လူအသီးသီး ရဲ့ ယောဂီအသီးသီးရဲ့သန္တာန်မှာ ထက်သန်မှု၊ ဉာဏ် နုံ့နှေးမှုဆိုတာ ... မတူညီဘူး။ တစ်ယောက်နှင့် ခ တစ်ယောက် ယောဂီပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာရှိတဲ့ အနေအထားအတိုင်း ဒီနှစ်ခုက နှံ့နှေးမှုဆိုတာ မတူညီ ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ယောဂီပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာရှိနေတဲ့ အနေအထားအတိုင်း ဒီနှစ်ခုက အကျိုးပြုရင် ပြုသလောက်ပဲ။ ခုနက အပြင်အကြောင်း နှစ်ခုဖြစ်တဲ့ ... သူတော်ကောင်းကို ... ဆည်းကပ်ခြင်း၊ သူတော်ကောင်း တရားကို နာခြင်း ဆိုတဲ့ အပြင် [၂၃] အကြောင်း နှစ်ခုရယ်။ နာပြီးတဲ့ တရားအပေါ်မှာ မှန်ကန်တဲ့ နှလုံးသွင်းတရားနဲ့ လက်တွေ့ကျင့်သုံးမှု ဆိုတဲ့ ဓမ္မာနုဓမ္မပဋိပတ္တိ။ အဲဒီမှာ ရှင်သာရိပုတ္တရာတော့ မကျင့်လိုက်ရဘဲ တရားရသွားတယ်လို့ ဒီလိုမအောက် မေ့နဲ့။ ကျင့်တယ်ဆိုတာ ဟောနေတဲ့အချိန်မှာ ခန္ဓာ ကိုယ်နဲ့ စပ်ကြည့်တာကို ကျင့်တယ်ပြောတာ။ ဟုတ် တယ်မဟုတ်လား။ ၄၊ တရားထိုင်တယ်ဆိုတာ ဒီလိုထိုင်နည်းကိုပြောတာ မဟုတ်ဘူး။ ထိုင်ပြီးတော့ အိမ်တွေးနေရင် ဘယ်လို လုပ်မလဲ။ လူကတော့ တရားထိုင်နေတာပဲ၊ တရား ကျောင်းမှာသွားပြီးစဉ်းစားနေတာက အရောင်းအဝယ် ကိစ္စတွေ စဉ်းစားနေတယ်၊ အိမ်တွေးနေတယ်၊ မနေ့က ကိစ္စကိုတွေးနေတယ်၊ ဟို မနက်ဖန်ခါ ဘာတွေလုပ် မယ်ဆိုတာ စဉ်းစားနေရင် တရားထိုင်တာ ဟုတ်ပါ့ မလား။ အေး- လူကတော့ထိုင်လို့ရတာပေါ့၊ တရားထိုင် တယ်ပေါ့၊ ငုတ်တုတ်ကြီး ထိုင်ပြီးတော့ သူတွေးချင်ရာ တွေးနေမယ်ပေါ့။ အဲဒါ တရားထိုင်တာမှ မဟုတ်တာ။
[၂၄] အဲဒီတော့ တရားထိုင်တယ်ဆိုတာ ဘာလဲလို့ဆိုတာ စိတ်က မှန်ကန်တဲ့အာရုံတစ်ခုကိုတွေးပြီးတော့ အလုပ် လုပ်နေတာကို ပြောတာ။ ကိုယ်လုပ်နေတဲ့အာရုံ၊ ကိုယ် တွေးနေတဲ့ အတွေးဟာ တရားကော ဟုတ်ကဲ့လား။ ဒါပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရတာ။ သာမာန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ အေး- ယောဂီတွေ တရားထိုင် နေတယ်လို့ပဲ ပြောမှာပဲ။ ယောဂီတွေဟာ တရားထိုင် နေတယ်လို့ပဲ ဖြစ်မှာပဲ။ ဒါပေမယ့် သူတွေးနေတာကို သိနိုင်ပါ့မလား။ ဟော- တရားထိုင်တယ် မထိုင်ဘူး ဆိုတာ ကိုယ့်ကိုယ်ကိုပဲသိတယ်။ နော ဒါကြောင့်မို့လို့ ယောနိသောမနသိကာရ ဓမ္မာနု- ဓမ္မပဋိပတ္တိ ဆိုတာ ဒါ ကိုယ်တိုင်လုပ်ရမှာ။ အကြောင်း မပြည့်စုံဘူး ဆိုလို့ရှိရင် ထူးခြားတဲ့ အသိဉာဏ်တစ်ခု ဖြစ်ပေါ်မလာနိုင်ဘူးတဲ့။ ဒါ အင်္ဂုတ္တရနိကာယ်မှာ မြတ်စွာဘုရားက ဟောထားတာ။ သုတ္တန်တစ်ခုမှာ သောတာပန် ဖြစ်ဖို့အတွက် အင်္ဂါလေးရပ်လိုတယ်။ သို့မဟုတ် ဝိပဿနာဉာဏ် အသိဉာဏ်ရဖို့အတွက် [၂၅] အကြောင်းတရား လေးမျိုးလို့လည်း ခေါ်တယ်။ ဒါ စာထဲမှာပါတဲ့အတိုင်းပဲ ရှင်းပြတာနော်။ အဲဒီတော့ ဒီလိုအသိဉာဏ်တွေဖြစ်ဖို့ ဆိုတာဟာ သူတော်ကောင်း ဆည်းကပ်ပြီး သူတော်ကောင်းတရားနာဖို့က တစ်ပိုင်း၊ ကိုယ်ကိုယ်တိုင်က ယောနိသောမနသိကာရနဲ့ ဓမ္မာနု– ဓမ္မပဋိပတ္တိ ကတစ်ပိုင်း၊ နှစ်ပိုင်းစုံရမယ်။ အတွင်း အကြောင်း နှစ်မျိုး၊ အပြင်အကြောင်းနှစ်မျိုး ဒီလေးမျိုး ကို အချိုးညီညီပေါင်းစပ်လိုက်ပြီ ဆိုလို့ရှိရင် ရလာတဲ့ အကျိုးအမြတ် (Result)က ဘာတုန်းဆိုရင် ပညာပဲ၊ ဒါကို အဓိဂမ လို့ခေါ်တယ်နော်။ အဓိဂမ ဆိုတာ ရရှိ တာကိုပြောတာ။ ဒိလောကလူတွေက စီးပွားရေး လုပ်ရင်တော့ အမြတ်တွက်ကြတယ် မဟုတ်လား၊ ဈေးရောင်းတယ်။ ဒီနေ့... ဘယ်လောက် ရင်းလိုက်တယ်၊ မြတ်တယ်၊ တွက်လို့ရတယ် မဟုတ်လား။ အသားတင်အမြတ် ဘယ်လောက်ဆိုပြီးတော့ တွက်တာ။ တရားထိုင်ရင် လည်း အဲဒီလို တွက်လို့ရတာပဲ၊ ရင်းနှီးလိုက်တာ [၂၆] တစ်နာရီ ရင်းနှီးလိုက်တယ်၊ အလုပ်လုပ်လိုက်တယ်။ အသိဉာဏ် ဘယ်လောက်ထိရလာလည်း ကိုယ့်ကို ဈေးတွက်တွက်ကြည့်၊ စီးပွားရေးဈေးတွက် တွက်ကြည့် ရင်သိတာပဲ။ အမြတ်ရဖို့ အရေးကြီးတယ်။ အမြတ် ရတာ မရတာ မသိဘူး ဆိုလို့ရှိရင် နောက်ဆုံးမှာ အပြောခံရလိမ့်မယ်။
ငယ်ငယ်တုန်းက ဘုန်းကြီးတို့ .. စာသင်တော့ ပြောကြတယ်။ စာမတတ်ဘူးဆိုရင် မင်းဟာ ဒူးပွန်း တာနဲ့ တံတောင်ပွန်းတာပဲ အဲဒီလို အပြောခံရတယ် နော်။ ဒူးပွန်း တံတောင်ပွန်း ဆိုလို့ရှိရင် ယောဂီတွေ ကျတော့ ဘယ်လိုပြောရမလဲ၊ ကြမ်းပြောင်ရုံပဲရှိမယ် ထင်တယ်။ ဟုတ်ကဲ့လား။ အကျိုးအမြတ်တွက်ရမယ်။ ကိုယ့်ဟာကိုယ် တွက်ရမယ်။ မရသေးရင်လုပ်ဖို့ မြတ်စွာ ဘုရားက ဘယ်အခါဖြစ်ဖြစ် သင့်တဲ့နေရာကို ဆင်ခြင် သုံးသပ်မှုရှိရမယ်။ စီးပွားလုပ်တဲ့လူတွေဟာ ဒီလို တွက်နေတာ၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဟာလည်း [၂၇] ၁၀. မဟာသတိပဋ္ဌာနသုတ် ဓမ္မာနုပဿနာ အခန်း ကြည့်လေ၊ “ငါ့သန္တာန်မှာ သတိသမ္ဗောဇ္ဈင် ဖြစ်ရဲ့လား။ ဓမ္မဝိဓယသမ္ဗောဇ္ဈင် ရှိလား မရှိဘူးလား” ဆိုတာ ဒါပဲ တွက်ခိုင်းတယ်။ နီဝရဏတရားတွေနဲ့ ပတ်သက်လာလို့ ရှိရင်လည်း “ကာမစ္ဆန္ဒနီဝရဏတွေ ငါ့သန္တာန်မှာ ရှိနေ သလား” ရှိနေလို့ရှိရင် ပယ်ဖို့ကြိုးစားရမယ်။ မရှိဘူး ဆိုလို့ရှိရင် အေး- နောင်လည်းမရှိအောင် သတိထား ရမယ်၊ မရှိဘူးဆိုရင် ဝမ်းသာရမယ်။ ဒီလိုကိုယ့်ကိုယ်ကို (checking) လုပ်တာ၊ ဘယ်အရာဖြစ်ဖြစ် (checking) မလုပ်ရင် ဘာမှမသိဘူး။ အဲဒီလို ကိုယ့်ကိုယ်ကို အမြဲတမ်း သတိထားပြီးတော့နေတာ။ လခ ကောင်းပြီ- အဲဒါ ပညာရခြင်း အကြောင်းတရား ဆိုတာ ဝိပဿနာအလုပ်ကို စလုပ်တော့မယ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လမ်းကြောင်းပေါ် တက်ရ မယ်ပေါ့။ ဝိပဿနာလမ်းကြောင်းပေါ် တက်ရမယ်။ ဝိပဿနာ လမ်းကြောင်းဆိုတာ ဘယ်ဟာလဲ၊ ခုနက ပြောခဲ့တဲ့ ပုဗ္ဗဘာဂမဂ်ပဲ၊ ပုဗ္ဗဘာဂမဂ်လမ်းကြောင်းမှာ [၂၈] ထားတာ၊ သမ္မာဒိဋ္ဌိ ကို မြတ်စွာဘုရားက ဦးစီးဦးဆောင်အနေနဲ့ ဘာဖြစ်လို့တုန်းဆိုရင် ဘာလုပ်လုပ် မှန်မှ ဖြစ်မှာ၊ တရားအားထုတ်ရင်လည်း မှားမှားယွင်းယွင်း တွေ ထုတ်နေရင်လည်း အကျိုးရမှာ မဟုတ်ဘူး။ မမှန် မကန်တွေဆိုရင် ကောင်းကျိုးရမှာ မဟုတ်ဘူး။ မျှော်လင့်တဲ့အထိ ရောက်မှာမဟုတ်ဘူး။ ဆိုပါစို့- ခု ရေးဘက်ကနေ ထားဝယ်ဘက် လမ်းဆိုပြီးတော့ သွား တယ်။ သွားတာက ထားဝယ်ဘက်သွားတဲ့လမ်း မဟုတ် ဘူး၊ တစ်ခြားလမ်းဆိုရင် ထားဝယ် ရောက်ပါ့မလား။ လမ်းမှန်ဖို့ အရေးကြီးတယ်ဆိုတာ အင်မတန်မှ ဟုတ်ရဲ့ လား။ မောင်းမကန်သွားတဲ့လမ်းကိုမယူဘဲနဲ့ဟိုဘက်ကို ထွက်သွားတယ် ဆိုလို့ရှိရင် ဘယ်လိုလုပ် မောင်းမကန် ကို ရောက်မလဲ၊ ရောက်ပါ့မလား။ အဲဒါကြောင့်မို့လို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို တင်ပေးတာ၊ တင်ပေး ရတယ်။ အဲဒီ မှန်ကန်တဲ့ လမ်းကြောင်းကို မြတ်စွာ ဘုရားက နံပါတ်တစ် သီလစင်ကြယ်အောင်လုပ်။ ဟော မဂ္ဂင်ရှစ်ပါးပေါ် စတက်တာပဲ။ သမ္မာဝါစာ၊ [၂၉] သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဒါ မဂ္ဂင်ရှစ်ပါးပေါ်ကို ရောက်လာတာ။ ခုနက ရှစ်ပါးသီလ ယူလိုက်တယ်။ ဘယ်ပေါ်ရောက်သွားတာတုန်း၊ မဂ္ဂင်ရှစ်ပါးပေါ်ထဲက သီလပေါ်ရောက်သွားပြီ ဟုတ်ကဲ့လား။ အဲ-တက် လိုက်တာပဲ၊ ဒါ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုပေါ် တက်စပြုတယ်။ တက်လိုက်တာက လမ်းကြောင်းပေါ် တော့ တက်တာပဲ၊ ဒါပေမယ့် ထိုင်နေတယ် မသွားဘူး။ ရှေ့ဆက်ပြီးရောက်ပါ့မလား။ အင်း- လမ်းကြောင်းပေါ် တတ်ပြီးတော့လည်း လျှောက်ဦးမှနော်။ အဲဒီတော့ ရှေ့ဆက်လျှောက်ဖို့ရာအတွက် မြတ်စွာဘုရားက သီလ ပြီးရင် သမာဓိကျင့်စဉ်တဲ့၊ သမာဓိပြီးရင် ဝိပဿနာ ကျင့်စဉ် ဉာဏ်အမြင်။ အဲဒါတွေကို ပြည့်စုံအောင် မြတ်စွာဘုရားက မဂ္ဂဆိုတဲ့လမ်းကြောင်းပေါ်မှာ အကုန် လုံးတည့်။ ဒါတွေကိုဆင်ခြင်သိတတ်ဖို့ သမ္မာဒိဋ္ဌိဆိုတာ ဒါ မှန်မှန်ကန်ကန် မြင်ပစေ။ ကိုယ်သွားနေတာ မှန်မှန် ကန်ကန်မြင်တဲ့ဘက်ကိုပဲ(Right Understanding)
[၃၀] သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဒါ မဂ္ဂင်ရှစ်ပါးပေါ်ကို ရောက်လာတာ။ ခုနက ရှစ်ပါးသီလ ယူလိုက်တယ်။ ဘယ်ပေါ်ရောက်သွားတာတုန်း၊ မဂ္ဂင်ရှစ်ပါးပေါ်ထဲက သီလပေါ်ရောက်သွားပြီ ဟုတ်ကဲ့လား။ အဲ-တက် လိုက်တာပဲ၊ ဒါ မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုပေါ် တက်စပြုတယ်။ တက်လိုက်တာက လမ်းကြောင်းပေါ် တော့ တက်တာပဲ၊ ဒါပေမယ့် ထိုင်နေတယ် မသွားဘူး။ ရှေ့ဆက်ပြီးရောက်ပါ့မလား။ အင်း- လမ်းကြောင်းပေါ် တတ်ပြီးတော့လည်း လျှောက်ဦးမှနော်။ အဲဒီတော့ ရှေ့ဆက်လျှောက်ဖို့ရာအတွက် မြတ်စွာဘုရားက သီလ ပြီးရင် သမာဓိကျင့်စဉ်တဲ့၊ သမာဓိပြီးရင် ဝိပဿနာ ကျင့်စဉ် ဉာဏ်အမြင်။ အဲဒါတွေကို ပြည့်စုံအောင် မြတ်စွာဘုရားက မဂ္ဂဆိုတဲ့လမ်းကြောင်းပေါ်မှာ အကုန် လုံးတည့်။ ဒါတွေကိုဆင်ခြင်သိတတ်ဖို့ သမ္မာဒိဋ္ဌိဆိုတာ ဒါ မှန်မှန်ကန်ကန် မြင်ပစေ။ ကိုယ်သွားနေတာ မှန်မှန် ကန်ကန်မြင်တဲ့ဘက်ကိုပဲ(Right Understanding)
[၃၁] နော်။ မှန်မှန်ကန်ကန် နားလည်တာ ပညာပဲ။ ပညာ ဆိုတာ အမြဲတမ်းလိုအပ်နေတယ်။ မဟာသတိပဋ္ဌာနသုတ်မှာကျတော့ ဟိုရှေ့ပိုင်းကို သမ္ပဇည လို့ဟောတာပဲ။ ဒီ သမ္ပဇည နဲ့ သမ္မာဒိဋ္ဌိက အတူတူပဲပေါ့။ ဒါမှမဟုတ် သမ္မာဒိဋ္ဌိကို ခွဲလိုက်တဲ့ အခါမှာ ကမ္မဿကတာသမ္မာဒိဋ္ဌိတဲ့၊ ဈာနသမ္မာဒိဋ္ဌိတဲ့၊ ဝိပဿနာသမ္မာဒိဋ္ဌိတဲ့၊ မဂ္ဂသမ္မာဒိဋ္ဌိတဲ့၊ ဖလသမ္မာဒိဋ္ဌိ ဆိုပြီးတော့ အဆင့်ဆင့်ခွဲသွားတာ။ အဲဒီတော့ မှန်မှန် ကန်ကန် မြင်ဖို့အတွက်က အင်မတန်မှ အရေးကြီး တယ်။ သီလ အရေးကြီးတယ်ဆိုတာ မြင်တာလည်း သမ္မာဒိဋ္ဌိနဲ့မြင်တာပဲပေါ့။ ဒီလိုမှန်မှန်မြင်ဖို့ရာလည်းပဲ အမှန်အကန် စဉ်းစားမိမှ မြင်တာလေ။ မစဉ်းစားဘဲနဲ့ သူ့ဟာသူမြင်တာမှ မဟုတ်ဘဲ။
ကြည့်တဲ့လူတစ်ယောက်ဟာ မျက်လုံးဖွင့်ကြည့်မှ မြင်တယ်ဆိုတာဖြစ်တာ မဟုတ်လား။ မျက်လုံး ပိတ် ထားရင် ဘယ်မြင်မလဲ။ အဲဒီတော့ မျက်လုံးဖွင့်ကြည့် သလိုပဲ သမ္မာသင်္ကပ္ပနဲ့ တွေးတောကြည့်တာ၊ မှန်မှန် [၃၂] ကန်ကန် တွေးတာ၊ မှန်မှန်ကန်ကန်တွေးတော့ မှန်မှန် ကန်ကန် မြင်လာတယ်။ မြင်တာရော တွေးတာရော သူအဆင့်နဲ့သူပဲ။ သမ္မာဝါယာမ ဆိုတဲ့ ကြိုးပမ်း အားထုတ်မှု၊ ကြိုးပမ်းအားထုတ်မှုတိုင်းမှာ သတိရှိရ တယ်။ သတိမရှိဘဲနဲ့ ကြိုးပမ်းအားထုတ်ရင် လွဲလွဲ ချော်ချော်တွေဖြစ်မှာပေါ့။ ဒါကြောင့်မို့ သတိရှိရတယ်။ အေး- သတိရှိပြီဆိုလို့ရှိရင် အရေးကြီးတာ ဘာတုန်း ဆိုရင် သတိတော့ရှိပါရဲ့ စိတ်က မငြိမ်လို့ရှိရင် မှန်မှန် ကန်ကန်မြင်မှုဆိုတာ ခက်တယ်ပေါ့။ ရေအိုင်လေး တစ်ခုနား သွားရပ်ပြီး ရေကကြည်နေတယ်ဆိုရင် ကိုယ့်အရိပ်မမြင်ရဘူးလား။ ကိုယ့်အရိပ် မြင်ရတယ်၊ ဒါပေမယ်လို့ အဲဒီရေထဲကို ခဲလေးတစ်လုံး ချလိုက်လို့ ရှိရင် အဲဒီ (View) ဟာ ဘယ့်နှယ့်ဖြစ်သွားလဲ၊ လှုပ်ရှား မသွားဘူးလား။ အဲဒီလို ရေထဲမှာ ခဲလေးကျလိုက်လို့ အရိပ်ဟာ လှုပ်ရှားသွားတယ်။ လူက မလှုပ်ပါဘူး၊ ရေလှုပ်တာနော်။ ရေလှုပ်ရင်လှုပ်ရှားသွားတော့ အမြင် ဟာလည်း ဝိုးဝါးသွားတာပေါ့။ အဲဒီလိုပဲ စိတ်ဟာ [၃၃] တည်ငြိမ်မှုဆိုတာ မရဘူးဆိုလို့ရှိရင် အမြင်ဟာလည်း ဝိုးတိုးဝါးတား ဖြစ်သွားတယ်။ ဒါကြောင့်မို့ သမ္မာသမာဓိ ဆိုတဲ့ စိတ်တည်ငြိမ်မှုဟာ အရေးကြီးတယ်။ အားလုံး ဟာ မြင်ဖို့အတွက်ချည်းပဲ။ မြင်တာနဲ့စတယ်။ မြင်တာ အလယ်ပဲ။ မြင်တာ အဆုံးပဲ။
ဒါကြောင့်မို့ သမ္မာဒိဋ္ဌိဟာ သမ္မာဒိဋ္ဌိ ပုရေဇဝံ မြတ်စွာဘုရားက ဟောထားတယ်။ သမ္မာဒိဋ္ဌိက ရှေ့ဆောင်သွားနေတာ။ ဘယ်ကိစ္စဖြစ်ဖြစ် သူပါနေ တယ်နော်။ နောက်ဆုံးမှာ နိဗ္ဗာန်ကိုမြင်တာလည်း သူဦးဆောင်တာပဲ။သင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ နဲ့ သူဦးဆောင်တာပဲ။ သူ့ရဲ့ စွမ်းရည်သတ္တိချင်း သာ မတူတာ။ မြင်တဲ့အာရုံသာ ပြောင်းသွားတာ အမှန် ကတော့ သူ့ရဲ့ဦးဆောင်မှုပဲ။ ဒါကြောင့်မို့ မဂ္ဂင်ရှစ်ပါးမှာ သမ္မာဒိဋ္ဌိက ရှေ့တန်းထားတာ၊ ဒါ သံသရာဝဋ်က လွတ်မြောက်ကြောင်းမှာ ဒီလိုရှေ့တန်းထားတာ။
ကဲ တစ်ဖက်ကကြည့်လိုက်၊ ပဋိစ္စသမုပ္ပါဒ်ကျတော့ ဘယ်သူ့ကို ရှေ့ထားသလဲ။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ [၃၄] လို့ဆိုပြီးတော့ အဝိဇ္ဇာ ဆိုတာ မောဟတဲ့။ အဝိဇ္ဇာကို ရှေ့ထားလိုက်တာ။ အေး- အဝိဇ္ဇာ ရှေ့ကနေရင်တော့ သံသရာလည်မှာပဲ၊ သံသရာလည်ခြင်း အကြောင်း တရားတွေကျတော့ အဝိဇ္ဇာက ရှေ့ဆောင်နေတယ်၊ တဏှာက ရှေ့ဆောင်နေတယ်။ သံသရာဝဋ်ကကျွတ်ဖို့ ကျတော့ သမ္မာဒိဋ္ဌိဆိုတဲ့ ဝိဇ္ဇာက ရှေ့ဆောင်တယ်။ ဟော- ဒီနှစ်ခုကို မြတ်စွာဘုရားက မစဉ်းစားဘဲ ဟောတာမဟုတ်ဘူး။ တမင် သေသေချာချာ ဒီ အစီ အစဉ်အတိုင်းထားတာနော်။ ဖြစ်စဉ်ကော ဟောစဉ် ကော အင်မတန်မှ သဘာဝကျတယ်။ သံသရာဝဋ်က လွတ်ဖို့အတွက် မှန်မှန်ကန်ကန် နားလည်ခြင်း၊ မှန်မှန် ကန်ကန်သိခြင်းဆိုတာ အရေးကြီးတယ်။ သံသရာ လည်တာ မသိလို့လည်တာကိုး။ ဘာမသိတာတုန်း၊ သစ္စာမသိတာပေါ့၊ အမှန်ကိုမသိတာပေါ့။
အေး- ကောင်းပြီ၊ အဲဒီမှာ မဂ္ဂင်ရှစ်ပါးလမ်းပေါ် တက်လိုက်တယ်။ သီလ ဆောက်တည်လိုက်တယ်။ တက်ပြီးတဲ့အခါမှာ အလုပ်လုပ်ပြီဆိုရင် ဘာနဲ့လုပ်မလဲ။
[၃၅] ဆိုပါစို့- အရောင်းအဝယ်လုပ်တယ်ဆိုရင် ဘာနဲ့ လုပ် မလဲ၊ ကိုယ့်ဆိုင်ရာဆိုင်ရာအလုပ်၊ အလုပ်ခွင် ဆိုတာ တစ်ခုခုနဲ့ ပူးတွဲပြီးတော့ အလုပ်လုပ်ရတာလေ။ ဝိပဿနာကျင့်စဉ် အလုပ်လုပ်ပြီ ဆိုလို့ရှိရင် ဒီစိတ်ကလေးဟာ အာရုံတစ်ခုနဲ့ လုပ်ရမှာလေ။ အဲဒီ အာရုံကို သိစရာတရားတွေကို သိတယ်ဆိုတဲ့ အသိဉာဏ်ရှိဖို့ ဖြစ်အောင်လုပ်ချင်တယ်ဆိုရင် သိစရာ တွေ အရင်ရှာရလိမ့်မယ်။ အဲဒီသိစရာတွေကို “ဉာတ လို့ခေါ်တယ်။ သိစရာတွေက လော့ကမှာ အများကြီး ပဲ။ အဲဒီအများကြီးထဲက ဝိပဿနာဉာဏ်ဆိုတာ ဖြစ်ဖို့ရာအတွက် သိစရာတရားက ရုပ်နဲ့နာမ်နှစ်ပါး။ အဲဒီ ရုပ်နဲ့နာမ်နှစ်ပါးကို ပိုင်းခြားပြီး ပိုင်ပိုင်နိုင်နိုင် သိတယ်။ ပိုင်းခြားပြီးသိတယ်ဆိုတာ ဒါက ရုပ်ပဲ၊ ဒါက နာမ်ပဲ ပိုင်းခြားပြီးသိတယ်။ ရုပ်ဆိုတာဒါပဲ ဒီ့ထက်မပို ဘူး။ နာမ်ဆိုတာလည်းဒါပဲ ဒီ့ထက်မပိုဘူးနော်။ ဒီလို သိတာကို ပိုင်းခြားသိတာလို့၊ ဒီရုပ်နာမ်တွေဟာဘယ်က လာတာတုန်း၊ အကြောင်းကြောင့် ဖြစ်ပေါ်လာတာ။
[၃၆] ဆိုင်ရာ ဆိုင်ရာ ဘယ်ကမှ လာတာမဟုတ်ဘူး။ အကြောင်းတွေကြောင့် ဖြစ်ပေါ်လာတာ၊ ဒီလိုသိတာ လည်း ပိုင်းခြားသိတာပဲပေါ့။ အဲဒါကြောင့်မို့လို့ ဉာတ ပရိညာ လို့။ ဉာတ ဆိုတာ သိစရာ၊ ရုပ်နဲ့နာမ်နှစ်ခု၊ ပရိညာ ဆိုတာ ပိုင်ပိုင်နိုင်နိုင်သိတာ။ ဝိပဿနာအသိ တစ်ခုကို ပရိညာ လို့ခေါ်တယ်။
အဲဒီတော့ ဝိပဿနာဉာဏ်ဆိုတာ အားလုံးသိတဲ့ အတိုင်း သူ့အဆင့်နဲ့သူသွားတာ။ ဝိပဿနာလုပ်ငန်းစဉ် ကို စပြီဆိုလို့ရှိရင် ဉာတပရိညာ ကစတယ်။ မစဘဲနဲ့ အနိစ္စ ဒုက္ခက အရင်စလို့မရဘူး။ အဆောက်အဦ တစ်ခုဆောက်တယ် ဆိုလို့ရှိရင် နံရံက စတက်ရမှာ မဟုတ်ဘူး။ (Foundation) က စချရတာနော်။ အဲဒီ တော့ (Foundation) ခိုင်ခိုင်ချပြီးတော့မှ အဆောက် အဦ ဆိုတာ ဆက်တက်ရတယ်။ အမိုးကစမိုးရင် ပြိုကျ သွားမှာပေါ့။
အဲဒါလိုမျိုးပဲ ဉာတပရိညာ ဆိုတဲ့ အနေအထား ရောက်အောင် ခုနက ကိုယ်ကျင့်သီလ ပြည့်စုံအောင် [၃၇] လုပ်။ ပြည့်စုံအောင်လုပ်ပြီးတဲ့အခါကျတော့ ဝိပဿနာ ရဲ့ အာရုံအစစ်အမှန်ဖြစ်တဲ့ သင်္ခါရအာရုံ သို့မဟုတ် ရုပ်နဲ့နာမ် ရုပ်နာမ်ရယ်။ ဒီနေရာမှ သင်္ခါရလို့ပြောတာ ရယ် အတူတူပဲလို့မှတ်ထား။ ရုပ်နာမ်ဟာ သင်္ခါရပဲ၊ သင်္ခါရဟာ ရုပ်နာမ်။
သို့သော် ပဋိစ္စသမုပ္ပါဒ်က သင်္ခါရနဲ့မတူဘူးဆိုတာ မှတ်ထား။ သင်္ခါရက သုံးမျိုးရှိတယ်။ အကျဉ်းအားဖြင့် သုံးမျိုး ခွဲနိုင်တယ်ပေါ့။ လေးမျိုးခွဲတာလည်း ရှိတယ်။ သို့သော် သုံးမျိုးကိုပဲ မှတ်ကြည့်မယ်။ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ မှာပါတဲ့ သင်္ခါရက စေတနာ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံ တွေကိုပြောတာ။
သဗ္ဗေ သင်္ခါရာ ဘဝတစ်ခုကို ပြုပြင်တည်ဆောက် နိုင်သလို၊ ဆိုင်ရာဆိုင်ရာ ရုပ်တွေနာမ်တွေကို ဖြစ်ပွား စေတတ်သလို တည်ဆောက်လို့ သင်္ခါရလို့ခေါ်တာ။ အဲဒါက အခုပြောတဲ့ ရုပ်နာမ်သင်္ခါရနဲ့မဆိုင်ဘူး။ “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ဆိုတဲ့အထဲမယ် သင်္ခါရပါတယ်။ အဲဒီသင်္ခါရက သင်္ခါရတရားအားလုံးနဲ့သက်ဆိုင်တယ်။
[၃၈] အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တွေနာမ်တွေ အားလုံးကို သင်္ခါရလို့ ပြောလိုက်တာ၊ အကြောင်း ကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တွေနာမ်တွေ သင်္ခါရဆိုတာ ကံက၊ အကြောင်းတရားတွေက စုပေါင်းပြီး သင်္ခါရ ပြုလုပ်ထားတာ။ အကြောင်းတရားကို ပေါင်းပြီးတော့ လုပ်တဲ့အရာတွေဟာ ဘာလဲပြောလိုက်မယ်ဆိုရင် ရုပ်နဲ့နာမ်ပဲရှိတာ။ ဒါကြောင့်မို့ သင်္ခါရလို့ပြောတာ။ နောက်တစ်ခါ သင်္ခါရက္ခန္ဓာ လို့ဆိုတဲ့ ခန္ဓာထဲမှာ ပါတဲ့ သင်္ခါရကျတော့ သူ့အဓိပ္ပာယ်ကတစ်မျိုး၊ စိတ် ထဲမှာ ဖြစ်ပေါ်လာတဲ့ ဝေဒနာ၊ သညာမှကြွင်းတဲ့ စေတသိက်တွေ၊ တွေးတာတွေ၊ ကြံတာတွေ၊ လိုချင် တာတွေ၊ စိတ်ဆိုးတာတွေ၊ မသိတာတွေ အားလုံး ပေါင်းပြီးတော့ သင်္ခါရလို့ ပြောတာ။ အဲဒီတော့ သင်္ခါရက္ခန္ဓာမှ သင်္ခါရရယ်၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာမှ သင်္ခါရရယ် ဒီနေရာမှာ ပြောလိုရင်း မဟုတ်ဘူး။ ဒီနေရာမှာ ပြောချင်တဲ့ သင်္ခါရက “သဗ္ဗေ သင်္ခါရာ အနိစ္စာ” နဲ့ ပြောချင်တာ။ ဟော- ဝိပဿနာဉာဏ်နဲ့ [၃၉] ကြည့်လို့ရှိရင် “သဗ္ဗေ သင်္ခါရာ အနိစ္စာ” ထဲမှာပါတဲ့ ရုပ်နဲ့နာမ် သင်္ခါရတရားဟာ .. ကိုယ့်ရဲ့အာရုံအဖြစ် အသုံးချရမယ်တဲ့။ ဒါဖြင့် အဲဒီသင်္ခါရကို ဘယ်လိုက်ရှာ ရမလဲဆိုလို့ရှိရင် တရားရှာကိုယ်မှာတွေ့ ဆိုတဲ့အတိုင်း ကိုယ့်သန္တာန်မှာပဲရှိတယ်။ ကိုယ့်သန္တာန်မှာရှိတဲ့ သင်္ခါရ ကို ရှာရမယ်။ အဲဒီတော့ မရှိတဲ့ ကိုယ့်အသိဉာဏ်ထဲမှာ ပေါ်တာတွေ အကုန်လိုက်ရှာနေဖို့မလိုဘူး။ ပေါ်တာကို မိမိ ပိုင်ပိုင်နိုင်နိုင်သိဖို့ လိုတယ်ပေါ့။ ဘယ်အရာပဲ ဖြစ်ဖြစ် တပြိုင်နက် ဖြစ်နိုင်တာ တစ်ခုမှမရှိဘူး။ ဒီ အဆောက်အဦကြီးတောင်မှပဲ ဟိုတစ်ဖက်ကကြည့်ရင် တစ်ဖက်ပုံစံပဲမြင်ရမယ်။ ကျန်တဲ့နောက်ကျော မမြင်ရ ဘူး။ မြင်ရရဲ့လား။ တိုင်လေးတစ်လုံးတောင်မှပဲ ဒီဖက် ကကြည့်ရင် ဒီဖက်ပဲ မြင်ရမယ်။ ဟိုဖက်မမြင်ဘူး။ မြင်တာလေးကိုသိဖို့ လိုအပ်တယ်ပေါ့၊ ဆိုလိုတာက ဪ - ရုပ်နာမ်တရားတွေထဲမှာလည်းပဲ ကိုယ် မြင်တာ ကိုယ့်အသိဉာဏ်ထဲမှာ ပေါ်တဲ့ဟာကြည့်။
[၄၀] ရုပ်နာမ်တွေအားလုံး . တစ်ချို့ကတော့ ရုပ်နာမ်တွေ အကုန်လုံးမြင်မှ အကျွတ်တရား ရတယ်လို့လည်း ပြောကြတယ်ပေါ့။ မြတ်စွာဘုရားက ဟောထားတာ ရှိပါတယ်။ “သဗ္ဗ ဘိက္ခဝေ အဘိဇာနိတဗ္ဗ” အားလုံးကို သိရမယ်။ အဲဒီ အားလုံးကိုဆိုတာ အာယတနတွေ ရည်ညွှန်းပြီးတော့ပြောတယ်။ ခန္ဓာကို ရည်ညွှန်းပြီး တော့ ပြောတယ်။ အားလုံးသိဖို့ဆိုတာ မလွယ်ဘူး။ ကိသုကောပမသုတ်ကိုကြည့်မယ် ဆိုလို့ရှိရင် အားလုံး သိတာ မဟုတ်ဘူး။ ကိုယ်သိတဲ့ဟာကလေးကနေပြီး သိလိုက်တာ။ ကျန်တာတွေက အနုမာန လို့ခေါ်တယ်။ ပစ္စက္ခဉာဏ်နဲ့ တစ်ခုကို ပိုင်ပိုင်သိလို့ရှိရင် ကျန်တာ တွေကို အနုမာနနဲ့သိတယ်။
အဲဒီတော့ ပစ္စက္ခ အနုမာနဆိုတာနဲ့ သိတော့ သိတာချည်းပဲ။ သို့သော် သိပ္ပံသိနည်းကွာသွားတယ်။ ပစ္စက္ခသိတယ်ဆိုတာ (Direct Knowledge) တိုက်ရိုက် သိတာ။ အနုမာနဆိုတာ (Inference) မှန်းဆ တွေးကြည့်တာ။ ဒီနှစ်ခုလုံးဟာ မှန်ကန်တဲ့အသိတွေ [၄၁] ချည်းပဲ အကုန်ဆုံး။ ဆိုပါစို့ လူတစ်ယောက်က ပန်းကန် လေးထဲမှာ ဆားထည့်လာတယ်။ ဆားထည့်လာတဲ့ အခါမှာ ဆားပန်းကန်လေးတစ်ခုတည်းမှာဆိုရင် ဆား ပွင့်ပေါင်း အများကြီးပါမယ်ပေါ့နော်။ ကဲ-ဆားပွင့် လေးတစ်ပွင့်ကို လျှာလေးပေါ်မှာတင်ပြီးတော့ ကြည့် လိုက်ရင် အရသာ မသိဘူးလား။ အဲဒါက ကိုယ်တိုင် သိလိုက်တဲ့အသိ။ ကျန်တဲ့ဆားတွေလည်းပဲ ငံမှာပဲ ဆိုတာကို သိတာကျတော့ ခုနက ဒီလိုတိုက်ရိုက်သိတာ ဟုတ်ကဲ့လား။ အဲဒီတော့ တိုက်ရိုက်သိချင်လို့ ဆားမှန် သမျှ အကုန် လျှာပေါ်တင်ဖို့ လိုသလား။ ဘယ်လိုမလဲ သိသွားပြီလေ။ ဆားဆိုတာ ငံတယ်ဆိုတာ ဒါသူ ဆုံးဖြတ်တာ မှားသလား၊ မှန်သလား၊ မှန်တယ်။ အဲဒါ ကြောင့်မို့လို့ ပစ္စက္ခအသိနဲ့ အနုမာနအသိဆိုတာ တူတယ်ပေါ့။ အကုန်လိုက်သိစရာမှ မလိုဘဲနဲ့။ မောင်းမကန် ကမ်းခြေကနေ ကြည့်လိုက်မယ် ဆိုရင် ပင်လယ်ကြီး အကုန်လုံး မြင်ရသလား၊ ဘယ် မြင်ရမှာလဲ။ ကိုယ့်မျက်စိတစ်ဆုံးပဲ .. မြင်ရမှာပေါ့။
[၄၂] ဟိုဖက်မှာ ပင်လယ်ရှိသေးလား မရှိဘူးလား။ ဟော- မောင်းမကန်ကမ်းခြေကနေ ကြည့်ပြီးတော့ ပင်လယ် မြင်ဖူးရင် “ငါ ပင်လယ်မြင်ဘူးတယ်” လို့ပဲ ပြောကြ တာပဲ။ ဟုတ်တယ် မဟုတ်လား။ ပင်လယ်မြင်ဖူးတယ် ပြောတယ်၊ သူအကုန်မြင်ခဲ့ရဲ့လားဆိုတော့ မမြင်ဘူး။ ရန်ကုန်သွားတဲ့ လူတွေလည်း ရွှေတိဂုံဘုရား ဖူးခဲ့တယ် လို့ ပြောချင်ပြောမယ်။ သူ တစ်ဖက်ကိုဖူးလာတာ။ ကျန်တစ်ဖက်ကို ရောက်ချင်မှ ရောက်မှာ။ ရောက်ဦး သူမြင်တာ တပြိုင်နက် မဟုတ်ဘူး။ အရှေ့မုခ်ကိုမြင်ရင် အရှေ့မုခ်ပဲ မြင်ရမှာပဲ။ အနောက်မုခ်က ကွယ်နေဦး မှာပဲ၊ အဲဒီလိုပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် မြင်ရင် ဪ-ဒီအတိုင်းပဲလို့ ဆိုတာ ခြုံငုံသိလို့ရတယ်လေ။ သစ်ပင်တစ်ပင်မှာရှိတဲ့ အရွက်တစ်ရွက်၊ တမာပင် ဆိုပါစို့- တမာရွက်လေး တစ်ရွက် ခူးပြီးတော့ .. လျှာနဲ့ဝါးကြည့်လိုက်တဲ့အခါ ခါးတယ်။ ဟ- ဒါခါးတယ်။ ကျန်တာတွေ ခါးမခါး လိုက်စုံစမ်းစရာ လိုသေးလား။ ကျန်တာတွေက [၄၃] အနုမာနဉာဏ်နဲ့ ဟော- တမာရွက်ဆိုတာ ခါးတယ်လို့ ပြောမှာပဲ။ တစ်ကမ္ဘာလုံးမှာရှိတဲ့အရွက်တွေ ဒီအတိုင်းပဲ ပြောမှာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ အဲဒီလို ဆုံးဖြတ် နိုင်သွားလို့ရှိရင် သိတဲ့အသိက မှန်ကန်တဲ့အသိလို့ ပြောရမယ်။ ဘာဖြစ်လို့တုန်းဆိုတော့ လက်တွေ့ကို အခြေခံပြီး ဆုံးဖြတ်တာလေ။ ဆားကိုလျှာပေါ်မှာ လုံးဝမတင်ဘဲနဲ့ သူက ငံတယ်ပြောနေရင်တော့ သူရမ်း ပြောတာပဲ။ အဲဒါကြောင့်မို့လို့ ပစ္စက္ခနဲ့ အနုမာနဆိုတဲ့ နေရာမှာ ပစ္စက္ခဉာဏ်ကို အကြောင်းပြုပြီးတော့လည်း ကိလေသာ ပယ်လိုက်တယ်။ ကျန်တာတွေကိုလည်း အနုမာနနဲ့ ကိလေသာပယ်သွားတယ်။
အဲဒီတော့ ကီသုကောပမသုတ်မှာ မြတ်စွာဘုရား ဟောထားတာကို သေသေချာချာ လေ့လာကြည့်ရ မယ်။ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ရှုထောင့်က ကိုယ် ရှုသွားတာပဲ။ တရားဓမ္မကို အကုန်သိပြီးမှ ဖြစ်တာမဟုတ်ဘူး။ အေး- ဒါလည်း သတိထားစရာ အချက်တစ်ခုပဲပေါ့။ အဲဒီသုတ္တန်မှာ တွေ့တာလေးကို [၄၄] ဉာတပရိညာအနေနဲ့ ကြည့်ကြမယ်။ ဝိပဿနာ အလုပ် ကိုလုပ်မယ် ဆိုတဲ့အခါ တစ်ချို့ က မေးလျှောက်ကြ တယ်။ “ဝိပဿနာလုပ်ရင် ဘာက စရှုရမှာတုန်း” လူ့ရဲ့ သန္တာန်မှာ ရုပ်နဲ့နာမ်နှစ်ခုရှိတယ်။ ဒါက ပုဂ္ဂိုလ်အလိုက် ပြောရမှာပဲ။ တစ်ချို့ပုဂ္ဂိုလ်မှာ ရုပ်ကထင်ရှားရင် ရုပ်က စပေါ့။ နာမ်ကထင်ရှားရင် နာမ်က စရှု။ ပုံသေကားချ ကြီးကို ပြောလို့မရဘူး။ သို့သော် ဝိသုဒ္ဓိမဂ်မှာ မှာထား တာတစ်ခုရှိတယ်။ ဒါ့လည်းပဲ (Advise) လုပ်တာပါ၊ အကြံပေးတဲ့ သဘောလေးနဲ့ အကြံပေးတာ၊ ဒါပဲလုပ်ရ မယ်လို့ ပြောတာမဟုတ်ဘူး။
အဲဒီတော့ သမထယာနိက သမထ ကျင့်စဉ် ကျင့်ပြီးတော့ .. ဝိပဿနာသွားမယ်။ သမာဓိတွေကို ခိုင်ခိုင်မာမာဖြစ်အောင် ဥပစာရသမာဓိ အဆင့် သို့မဟုတ် အပ္ပနာသမာဓိ အဆင့်အထိ ထူထောင်ပြီး တော့မှ ဝိပဿနာရှုမယ် ဆိုလို့ရှိရင် သမာဓိစွမ်းအား တွေ ကောင်းနေသည့်အတွက်ကြောင့် နာမ်တရားဟာ ထင်ထင်ရှားရှားကြီး ပေါ်နေတယ်။ သူ့စိတ်ထဲမှာ [၄၅] ဖြစ်နေတဲ့ နာမ်တရားတွေကို ထင်ထင်ရှားရှားသိနေ တယ်။ ရုပ်ထက် နာမ်က ပိုပေါ်လွင်နေတယ်။ ဒါကြောင့်မို့ သူ့ကျတော့ နာမ်က စရှုလို့ပြောတယ်၊ နာမ်က စရှုရတယ်။
အဲဒီလို မဟုတ်ဘဲနဲ့ သုဒ္ဓဝိပဿနာယာနိက ဝိပဿနာကို တိုက်ရိုက်သွားတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရုပ်က စရှုလို့ ဒီလိုပြောတာနော်။ ဒါဖြင့် သမထယာနိက က နာမ်ကပဲ စရမှာလားဆိုတော့ မဟုတ်ဘူး။ နာမ်က စချင်စ၊ ရုပ်ကစချင်စ။ သို့သော် ဝိပဿနာ ယာနိက သက်သက်သွားရင် ရုပ်ကစပါတဲ့၊ ဒါဘာဖြစ်လို့ အကြံ ပေးတာတုန်းဆိုတော့ ပေါ်လွင် ထင်ရှားအောင်၊ လွယ်ကူအောင်လို့ပါ။ လုပ်တယ်ဆိုတာ လွယ်တာက စလုပ်ရတာ၊ ခက်တာက စလုပ်ရင် ဘယ်ဖြစ်မလဲ။ ဘယ်အလုပ်ပဲဖြစ်ဖြစ် လွယ်တာက စရမှာပေါ့။ အဲဒါ ကြောင့် ဝိသုဒ္ဓိမဂ်မှာ ဒီလိုအကြံပေးထားတာရှိတယ်။ ကဲ-ကောင်းပြီ၊ ရုပ်ကစရှုမယ်ဆိုလို့ရှိရင် များသော အားဖြင့် ထွက်လေဝင်လေကတော့ အလွယ်ကူဆုံးပဲ။
[၄၆] ဘာလို့ လွယ်ကူတုန်းဆိုတော့ အသက်မရှူဘဲမှ နေမှ မရတာကို၊ အသက်ရှူနေတာဆိုတော့ ဒီကိုယ့်နှာခေါင်း မှာ လေလေးက အမြဲထွက်နေတယ်။ ထွက်တိုင်း နှာသီးဖျားထိနေတာဆိုတော့ ဒီလေကို အာရုံစိုက် လိုက်ရုံပဲ။ အမြဲရနေတဲ့ အာရုံတစ်ခုအနေနဲ့ ဖြစ်တာ ပေါ့နော်။ ဝေဘူဆရာတော်ကြီးကတော့ လက်ချောင်း လေး နှစ်ချောင်းကို ပွတ်နေတယ်လို့ ကြားဖူးတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ အဲဒါ ထိတာနဲ့သိတာ လုပ်နေတဲ့သဘော။ အဲဒီတော့ ရှုလို့တော့ရတာလေ။
မဟာစည် ဆရာတော်ကြီးတို့ကျတော့ ပိန်ဖောင်း ကိုရှူတယ်။ ဒီ ပိန်ဖောင်းကလည်း မဟာစည် ဆရာတော်ကြီး စထွင်တာမဟုတ်ဘူး။ မင်းကွန်း ဇေတဝန် ဆရာတော်ကြီးက စတာ။ မင်းကွန်း ဆရာတော်ကြီးဆီကနေ မဟာစည် ဆရာတော် နည်းရလာတာ။ ဘာပဲဖြစ်ဖြစ် ကမ္မဋ္ဌာန်းဆိုတာ မြတ်စွာဘုရားဟောတဲ့ တရားတွေထဲမှာ ရုပ်နဲ့နာမ် ဆိုရင် ရှုကောင်းတာပဲ။ တစ်ချို့ကတော့ နှလုံးခုန် [၄၇] တာကို ရှုတဲ့လူလဲရှိတယ်။ ဘာပဲရှူရှူ သမာဓိရပြီးတော့ သဘာဝတရားတွေကို မှန်မှန်ကန်ကန်သိဖို့က အဓိက။ ဒီ အဲဒီတော့ ထွက်လေ ဝင်လေကို ရှုတယ်ဆိုပါစို့။ ရုပ်နာမ်ကို စမယ်။ ရုပ်က စရှုတယ်။ အဲဒီတော့ ဝိပဿနာကျင့်စဉ်ကျင့်တဲ့ ပုဂ္ဂိုလ်ဟာ နံပါတ်တစ် ရုပ် ကပဲစစ နာမ်ကပဲစစ သိတာတော့ ရုပ်လည်းသိရမယ်၊ နာမ်လည်းသိရမယ်၊ နှစ်ခုလုံးကိုလည်းပဲ သိရမယ်။ ကဲ - ဝင်လေ ထွက်လေကို မြတ်စွာဘုရား ကိုယ်တိုင် ဘုရားလောင်းတုန်းကကျင့်တာ။ ဘုရား ဖြစ်တဲ့ ကမ္မဋ္ဌာန်း ဘာကမ္မဋ္ဌာန်းတုန်းလို့မေးရင် အာနာပါနဿတိကမ္မဋ္ဌာန်း။ အဲဒါကိုကျင့်တာ၊ အဲဒီတော့ ကိုယ့်နှာခေါင်းက ကိုယ့်စိတ်လေးကို သက်သာတဲ့နည်း နဲ့ ထိုင်ပြီးတော့ ဟို-မြတ်စွာဘုရား ညွှန်ကြားတဲ့ အတိုင်း ပေါ့။ ခါးအထက် ကိုယ်လေးကို ဆန့်ဆန့်ထား၊ သတိက နှာသီးဖျားကိုပို့ပြီးတော့ မှန်ကန်တဲ့ အနေအထားနဲ့ ပုံမှန်အနေအထားလေး ရှုခိုင်းတာ။ သိပ်ပြင်းပြင်းရှုရင် လည်း မောပြီးတော့သွားတတ်တယ်။ သိပ်ပြီးတော့ [၄၈] လျော့လျော့လေး ရှုလို့ရှိရင်လဲ .. အိပ်ပျော်သွားတတ် သေးတယ်။ အဲဒီတော့ ပုံမှန်လေးအနေအထားနဲ့ သတိ တို့ ဝီရိယတို့ ပြင်းပြင်းထားပြီးတော့ ကြိုးစားကြည့်ခြင်း အားဖြင့် ဘာတွေမတုန်းဆိုတော့ နံပါတ်တစ် လေ လေး တွေ့လိမ့်မယ်။ အဲဒီ လေလေး တိုးသွားတဲ့ နေရာ လေး တွေ့လိမ့်မယ်။ လေက အကုန်လုံး ထိနေတာ မဟုတ်ဘူး။ ထိတာ နှာသီးဖျားပဲထိမှာ။ တစ်ချို့ နှုတ်ခမ်း တိုတဲ့လူကျတော့ နှုတ်ခမ်းအထက်ဖျားကိုထိတဲ့လူလဲ ရှိတာပေါ့။
အဲဒီတော့ ထိတဲ့နေရာသာမှတ်၊ ကိုယ်အသက်ရှူ တော့ ဘယ်နားထိလဲ၊ ထိတဲ့နေရာသာမှတ်ဖို့ အရေး ကြီးတယ်။ စာဆိုတာက (General Point) ပဲ ပေးရ တယ်နော်။ အဲဒီမှာ လေဆိုတာတွေ့မယ်။ လေထိတဲ့ နေရာတွေ့မယ်။ လေက ဝါယော ဖောဋ္ဌဗ္ဗရုပ်ပဲ။ လှုပ်ရှားတွန်းကန်တဲ့ သဘောရှိတယ်။ ဒါဝါယောဓာတ် ရဲ့ သဘောပဲ၊ အဲဒီ လှုပ်ရှား တွန်းကန်မှုကလေးက ကာယပသာဒကို သွားထိတာ၊ ကာယပသာဒ ရုပ်ကို [၄၉] ထိတာ၊ အဲဒီတော့ ကာယပသာဒရုပ်ရယ်၊ ဝါယော ဖောဋ္ဌဗ္ဗရယ် လှုပ်ရှားတဲ့ သဘောလေးကို အာရုံစိုက်ရင် ဝါယောဓာတ်ကို သိတယ်လို့ပြောတာ။ တစ်ခါတစ်ခါ ရှူလိုက်တဲ့လေက အေးတာကို သွားသတိထားမိရင် တေဇော။ ရှူလိုက်တဲ့လေလေးက တစ်ခါတစ်လေ ကျတော့ ပူတာလည်းရှိတယ်လေ။ လေက နွေးနွေး လေးကို သွားသတိထားမိရင်တော့ တေဇော။ အေးတာ လေးကို သတိထားမိလို့ရှိရင် တေဇော။ လှုပ်ရှားတာကို သတိထားမိတယ်ဆိုရင် ဝါယော။ ဝင်တဲ့အထိလေးက ညင်သာတယ်လို့ထင်လာရင် ပထဝီ၊ ဟော ပထဝီရယ်၊ တေဇောရယ်၊ ဝါယောရယ်၊ ဘယ်နှစ်ခုရလဲ။ သုံးခုပဲ နော်။ ဒီနေရာမှာ အာပေါ မပါဘူး၊ လေလေးထဲမှာ ဝါယောဖောဋ္ဌဗ္ဗတွေထဲမှာ ဖောဋ္ဌဗ္ဗရုပ်ဆိုတာ ဒီသုံးခုနဲ့ ခွဲတာနော်။
အဲဒီတော့ ... ကိုယ်နှလုံးသွင်းပြီးတဲ့ဟာပေါ်မှာ တစ်ပြိုင်နက်ထဲ နှလုံးသွင်းလို့မရဘူး။ လှုပ်ရှားတယ် ဆိုတာရယ်၊ ပူတယ်အေးတယ်ရယ်၊ ညင်သာတယ်ရယ်၊ [၅၀] မညင်သာဘူးဆိုတာ ဒါတစ်ခါတည်းတွေးလို့မရဘူး။ စိတ်ဟာ တစ်ခုစီပဲ လုပ်လို့ရတယ်။ ဟုတ်ကဲ့လား။ တစ်ပြိုင်နက်မသိနိုင်ဘူး။ အဲဒီတော့ ပူတယ်အေးတယ် သိရင် တေဇောကိုသိတယ်လို့ပြောရမယ်။ လှုပ်ရှားတာ တွန်းကန်တာလေးကို သတိထားမိလို့ရှိရင် ဝါယောကို သိတယ်။ နောက်ပြီးတော့ ညင်သာတယ် မညင်သာဘူး အထိအတွေ့လေးက ပထဝီကိုသိတယ်လို့ ပြောရမယ်။ ဟောဒီလို သုံးမျိုးဟာ သွားတွေ့တယ်။ အဲဒါကမ္မဋ္ဌာန်း အာရုံတစ်ခုပဲ။
တစ်ဖက်က ကာယပသာဒကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကာယပသာဒရုပ်ကလေးက ဒီနေရာမှာ ကာယပသာဒကတော့ သူတစ်ခုတည်း မဟုတ်ဘူး၊ အဘိဓမ္မာသဘောက ရုပ် ၁၀-ခု အပေါင်းပဲ။အာရုံနဲ့ ထိလို့ (Sensitive) ဖြစ်တဲ့နေရာကို ပသာဒရုပ် ခေါ်တယ်။ အဲဒါက ပသာဒရုပ်၊ ဟော ဒီရုပ်တွေကို ပိုင်ပိုင်နိုင်နိုင်သိသွားတယ်။
[၅၁] အဲဒီလို ထိလိုက်တဲ့အခါမှာ ထိမှန်းသိလိုက်တဲ့ အသိစိတ်ကလေး ပေါ်မလာဘူးလား။ အဲဒီပေါ်လာ တာလေးကျတော့ နာမ်တရားလို့၊ အဲဒီတော့ အကြမ်း ဖျင်းအားဖြင့် ကမ္မဋ္ဌာန်းထိုင်နေတဲ့အချိန်မှာ ဒီလောက် သိလိုက်လို့ရှိရင် ရုပ်နဲ့နာမ်ကွဲတယ်။ ဒါကိုသိဖို့လိုတာ။
အဲဒီကနေပြီး ထိုင်နေတဲ့ကြမ်းပြင်က မာလို့ မာတယ်လို့ အဲဒီကို အာရုံရောက်သွားလို့ရှိရင် ဒါ မာတဲ့သဘောကိုသိလို့ အဲဒီက ပထဝီကို သိပြန်တယ်။ ပျော့ရင် ပျော့တဲ့သဘောကို သိပြန်တယ်။ ဒီထဲ လေပူ လေး ပူတာလေး ခန္ဓာကိုယ်ထဲမှာ ပူကနဲဖြစ်ရင် တေဇော၊ အေးကနဲဖြစ်ရင်လည်း တေဇော။ မာမာ ကြမ်းကြမ်းဆိုရင် ပထဝီ၊ အထဲက လှုပ်လှုပ်ရှားရှား တွေဆိုရင် ဝါယော၊ ဒီလို ခန္ဓာကိုယ်ထဲမှာ ပေါ်လာ တာတွေ မှန်သမျှဟာ ကိုယ့်ဟာကို နာမည်မတပ်ပေ မယ့်လို့ သဘာဝအတိုင်း လိုက်သိနေလို့ရှိရင် ဒါ ဘာကို သိတာတုန်းဆို ရုပ်ကိုသိနေတာ။ သင်္ခါရကိုသိနေတာ လို့ပြောတယ်။ လားရွာ ရွာဝင် [၅၂] ့ အဲဒီ သိသိနေတာ ဘယ်သူနဲ့သိတာတုန်းဆိုတော့ သမ္မာဒိဋ္ဌိနဲ့ သိနေတာ။ သမ္မာသင်္ကပ္ပက ဆင်ခြင်ပေး တာ၊ သိနေအောင် ကြိုးစားတာက ဝီရိယ၊ အဲဒီအသိ အာရုံလေးပေါ်မှာ စိတ်စိုက်နေတာက သမ္မာသတိ၊ ဒီပေါ်မှာ စိတ်လေးက ငြိမ်ကျသွားတာ သမ္မာသမာဓိ လို့ဆိုတော့ မဂ္ဂင်ငါးပါး၊ ဒါကို ကာရကမဂ္ဂင်က အလုပ် လုပ်နေတယ်၊ ကမ္မဋ္ဌာန်းထိုင်နေတယ်ဆိုတာ ဒီငါးခုက လုပ်နေတာ၊ သူတို့ငါးခု အလုပ်လုပ်နေတာ။ အဲဒီ အလုပ်ငါးခုနဲ့ အလုပ်လုပ်တဲ့အခါ အာရုံတစ်ခုကို ပိုင်ပိုင်နိုင်နိုင်သိသွားပြီ ဆိုလို့ရှိရင် ... ဘယ်လောက် ထိအောင် အသိက တက်လာတုန်းဆိုရင် အေး- လူ ဆိုတာ မရှိပါလား၊ သတ္တဝါဆိုတာမရှိပါလား၊ ဟောဒီ ရုပ်နဲ့နာမ် နှစ်မျိုးထဲပါလားလို့ ... ကျန်တဲ့ ရုပ်တွေပါ ဆက်စပ်ပြီးတော့ သိရှိလာတယ်။ အဲဒါ ဉာတပရိညာပဲ။
ဒီအချိန်မှာ အနိစ္စ ဒုက္ခ မမြဲတဲ့သဘောတွေကို မစဉ်းစားရဘူးနော်၊ မစဉ်းစားရဘူး။ စဉ်းစားလိုက်လို့ ရှိရင် သူ့ သဘာဝတွေ လွတ်ထွက်သွားတယ်။ ဒီနေရာ [၅၃] မှာ ရုပ်ရဲ့သဘာဝ နာမ်ရဲ့သဘာဝ သဘာဝလက္ခဏာ ကိုပဲသိရတယ်။ ဒီအချိန်မှာ ဉာတပရိညာပိုင်းမှာ သဘာဝလက္ခဏာကိုသာသိတယ်။ သဘာဝလက္ခဏာ ဆိုတာ (Indivitual characteristic) ကိုယ်ပိုင်သဘော လေးတွေ ကိုယ်ပိုင်အမှတ်အသားလေးတွေ။ ကိုယ်ပိုင် အမှတ်အသားဆိုတာ ကြည့်- ဝါယောဆိုတာ လှုပ်ရှား တယ် တွန်းကန်တယ်။ ပထဝီ ဆိုတာနော် ခက်မာတယ် ပျော့ပြောင်းတယ်။ တေဇောဆိုတာ ပူတယ်အေးတယ်။ ဒါသူ့သဘာဝလေးတွေ၊ သဘာဝကနေပြီးတော့သိတာ အမှတ်အသားကနေပြီးတော့ ဒီတရားကိုသိနေတာ။ အဲဒီတော့ ဒီ ဉာတပရိညာပိုင်းမှာ သဘာဝ လက္ခဏာကိုသာ သိတယ်၊ သိပြီးတဲ့အခါမှာ အကြောင်းကိုပါ နောက်ပိုင်းကျတော့ သိလာတယ်။ ဒီသဘာဝလေးတွေက သူ့ဟာသူဖြစ်နေတာ မဟုတ် ပါလား။ ဆိုပါစို့ ဒီ ထွက်လေ ဝင်လေလေးဟာ စိတ် ကြောင့်ဖြစ်နေတာပါလား။ စိတ်ထဲက ခန္ဓာကိုယ်များ သေသွားတဲ့လူ၊ စိတ်မရှိတော့တဲ့လူဟာ ထွက်လေ [၅၄] ဝင်လေ မဖြစ်တော့ဘူးလေ။ နောက် သတိမေ့မျော သွားတဲ့ ပုဂ္ဂိုလ်လည်းပဲ ထွက်လေဝင်လေ ပြတ်သွား တယ်လေ။ အဲဒါလေးကြည့်လိုက်မယ်ဆိုရင် ဒါ ဟော အသိစိတ်ကလေးကြောင့် ... ထွက်လေ ဝင်လေလေး ဖြစ်နေတာ၊ အောင့်ကြည့်ပါလား လေကရပ်နေမှာပေါ့။ အဲဒီတော့ အသက်ရှူချင်တဲ့စိတ် ပေါ်မလာဘူး လား။ အသက်ရှူတာ စိတ်ကြောင့်ဖြစ်နေတာလို့ ပြောတာနော်။ အဲဒါလေးက သူ့ရဲ့အကြောင်းတရားက စိတ်ပဲဆိုတာ ဆုံးဖြတ်တာ။ နောက်တစ်ခါ အဲဒီလေ လေးက နှာသီးဖျားက ကာယပသာဒကို ထိလိုက် တယ်။ ထိလိုက်လို့သိတဲ့စိတ်ပေါ်တယ်။ ဟော အာရုံနဲ့ စက္ခု နှစ်ခုဆုံလို့ ဒီ စိတ်ဆိုတာ ဖြစ်ပေါ်လာတာ ပါလားလို့ဆိုတော့ အကြောင်းလေးနဲ့ တွဲဖက်ပြီးတော့ သိလိုက်တာ၊ ခုနကတုန်းက ရုပ်ဆိုတာဒါပဲ နာမ်ဆိုတာ ဒါပဲလို့ ကွဲကွဲပြားပြားသိတယ်။ သိပြီးတော့ အကြောင်း တရားကိုပါ တွဲဖက်ပြီးသိလာတယ်။ ခုခ [၅၅] ဘုရားလောင်းတွေကျတော့ ဒီ့ထက်ကျယ်ကျယ် ပြန့်ပြန့်သိတယ်။ ပဋိစ္စသမုပ္ပါဒ်နဲ့လည်း သိနိုင်တယ်။ မြတ်စွာဘုရားအလောင်းက ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ် ရလာတဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ် တစ်ခုလုံး ကို ပစ္စယပရိဂ္ဂဟဉာဏ်နဲ့ ဆင်ခြင်တာပေါ့။ ကျန်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီလိုသိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဘုရားလောင်းတွေကျတော့ ပဋိလောမ နည်းနဲ့ ဆင်ခြင်တယ်။ ပဋိလောမဆိုတာ အချုပ်ဘက် ကိုပြောတာ မဟုတ်ဘူး။ အနုလောမကို ပြောင်းပြန်ပြန် သွားတဲ့ ပဋိလောမ၊ ဇာတိ ဇရာ မရဏကနေစပြီးတော့ ဘုရားလောင်းတွေဟာ ဆင်ခြင်တယ်။ အေး နောက်က လူတွေ အိုကြတယ်၊ ဘာ့ကြောင့် အိုတာတုန်း။ သေ တယ်၊ ဘာဖြစ်လို့သေရတာတုန်းဆိုတော့ ဩော် မွေး လို့ပဲ၊ ဇာတိကြောင့်ပဲ။ ဇာတိရှိနေလို့ အိုတယ် နာတယ် ဆိုတာ ရှိနေရတာ၊ ဒါဖြင့် ဇာတိက ဘာလို့ရှိရတာတုန်း၊ ဘဝရှိနေလို့၊ ဘဝကဘာလို့ရှိရတာတုန်း ဥပါဒါန်ဆိုတဲ့ စွဲလမ်းမှု ရှိနေလို့၊ ဥပါဒါန်ကဘာလို့ရှိတာတုန်း တဏှာ [၅၆] ဆိုတဲ့ လိုချင်မှုရှိနေလို့၊ တဏှာကဘာဖြစ်လို့ ဖြစ်ရတာ တုန်းဆို ဝေဒနာဆိုတဲ့ခံစားမှု၊ ဝေဒနာခံစားမှုက ဘာလို့ လာတာတုန်းဆိုတော့ အာရုံနဲ့စိတ်နဲ့ ဆက်သွယ်မှု ဖဿကြောင့်လာတာ။ အာရုံနဲ့စိတ်နဲ့ ဆက်သွယ်မှုက ဖဿက ဘာကြောင့်လာတာတုန်း ဆိုလို့ရှိရင် လူတွေရဲ့ သန္တာန်မှာ (sense organ) ဆိုတဲ့ အာယတန ၆ ပါး ရှိနေလို့။ အဲဒါတွေမရှိရင် မျက်စိမရှိရင် ဘယ်လို လုပ် အပြင်ဘက်ကနေ ဆက်မလဲ၊ နားမရှိရင်လည်း အပြင်ဘက်က အသံနဲ့ .. ဘယ်လို ဆက်သွယ်မလဲ။ နှာခေါင်းမရှိရင်လည်း အနံ့နဲ့ဆက်သွယ်လို့မရဘူးလေ။ လျှာမရှိရင်လည်း အရသာကိုသိနိုင်မှာမဟုတ်ဘူးလေ။ အဲဒီတော့ ပြင်ပနဲ့ဆက်သွယ်ရေး ကိရိယာတွေပေါ်လာ တယ်။ အဲ- ခုခေတ်လူတွေက တယ်လီဖုန်းလေးနဲ့ ဆက်ကြတာပေါ့၊ ရန်ကုန်လည်း လှမ်းဆက်၊ ဟိုလည်း လှမ်းဆက် ဆက်သွယ်ရေးတွေ ။ တယ်လီဖုန်းမရှိတဲ့လူ ဆက်လို့ရလား၊ အဲဒါလိုပဲ .. သဠာယတနဆိုတာ ဆက်သွယ်ရေး ...ကိရိယာပဲ၊ အဲဒါရှိလို့ ဆက်သွယ် [၅၇] လာတာ။
ဒါဖြင့် ဒီ ဆက်သွယ်မှု ကိရိယာတွေရှိတာ ဘာကြောင့်ရှိလာရတာတုန်းဆိုတော့ ဟော- နာမ်တွေ ရုပ်တွေရှိလို့၊ နာမ်တွေ ရုပ်တွေက ဘာကြောင့်ရှိတာ တုန်းဆိုတော့ ပဋိသန္ဓေဆိုတဲ့ ဝိညာဏဓာတ်ရှိလာလို့၊ ဝိဉာဏ်က ဘာကြောင့် ရှိရတာတုန်းဆိုတော့ သင်္ခါရလို့ ဆိုတဲ့ အတိတ်က ကုသိုလ်ကံ အကုသိုလ်ကံတွေ လုပ်ခဲ့ လို့၊ ဒီကုသိုလ်ကံ အကုသိုလ်ကံတွေက ဘာကြောင့် ရှိနေရတာတုန်းဆိုတော့ အဝိဇ္ဇာ- အမှန်တရားကို မသိလို့ဆိုတော့ ဟော- ပဋိစ္စသမုပ္ပါဒ် အတိုင်းပဲ။ အကြောင်းအရာတွေကို ဆက်သွယ်ပြီးတော့ကြည့်တာ။ အဲဒီလိုကြည့်တတ်တာဟာ ပစ္စယပရိဂ္ဂဟဉာဏ် လို့ခေါ်တယ်။ အကျဉ်းချုပ်အားဖြင့်တော့ ကိုယ် သိရ မှာက ဟော- ထွက်လေဝင်လေလေးက နှာသီးဖျားကို လာထိလို့ ထိသိစိတ်ပေါ်တယ်။ ကြမ်းမှာထိုင်နေရင်း ကနေ အောက်က ထိုင်ခုံကမာလို့ သို့မဟုတ် ပျော့လို့ တင်ပါးမှာလာပြီးတော့ ဟုတ်လား မာတယ် ဆိုတဲ့ အသိစိတ်လေးဖြစ်ရတယ်။ မျက်စိကလည်း အဆင်း [၅၈] အာရုံကိုမြင်လို့ မြင်သိစိတ် ဖြစ်ရတယ်။ နားက အသံ ကိုကြားလိုက်လို့ ကြားသိစိတ်ဆိုတာ ဖြစ်ရတယ်။ နှာခေါင်းနဲ့အနံ့ဆုံမိလို့ နံသိစိတ်ဆိုတာ ဖြစ်ရတယ်။ လျှာနဲ့အရသာနဲ့ ဆက်သွယ်မိလို့ လျက်သိစိတ်ဆိုတာ ဖြစ်ရတယ်ဆိုတာ ဒါလေးတွေဟာ အကြောင်းလေး တွေ သိလာတယ်လို့ ဒီလိုပြောတာ။
ယောဂီပုဂ္ဂိုလ်တွေဟာ ဒီလောက်သိလာပြီ ဆိုလို့ ရှိရင် ပစ္စယပရိဂ္ဂဟဉာဏ်ထဲ ရောက်လာတယ်လို့ ပြောတာ။ အဲဒီ ပစ္စယပရိဂ္ဂဟဉာဏ် ရောက်သည် ထိအောင် (Indivitual characteristic) လို့ခေါ်တဲ့ သဘာဝလက္ခဏာနဲ့ သွားရတယ်။ အနိစ္စ ဒုက္ခ မရှိတော့ ဘူး။ ဒီအချိန်မှာ သဘာဝလက္ခဏာကို ပိုင်ပိုင်နိုင်နိုင် သိရမယ်။
ြ ဘုရားလောင်းနဲ့ အတူတူတောထွက်ခဲ့တဲ့ ရှင်ဆန္န ဟာ ဉာတပရိညာကို ပိုင်ပိုင်နိုင်နိုင်သိအောင်မလုပ်ဘဲနဲ့ အနိစ္စ ဒုက္ခ အနတ္တတွေကို သွားစဉ်းစားသည့် အတွက် ကြောင့် သူ တရားထူး မရနိုင်ဘူး။ အဲဒါကြောင့်မို့လို့ [၅၉] ဒီဉာတပရိညာ အကြောင်းနဲ့အကျိုး ပိုင်ပိုင်နိုင်နိုင်ကို သိအောင် လုပ်ရမယ်။ နာမရူပပရိစ္ဆေဒဉာဏ်ရယ် ပစ္စယပရိဂ္ဂဟဉာဏ်ရယ် အဲဒီဉာဏ်နှစ်ခုဟာ ဝိပဿနာ ဉာဏ်ရဲ့ အခြေခံဉာဏ်နှစ်ခုဖြစ်တယ်။
ရာ ဉာတပရိညာဆိုတာ သိစရာတွေကို သိအောင် လုပ်ရမယ်ဆိုတာ ဒီဉာဏ်နှစ်ခုရဲ့ ဒါအခြေခံတွေပဲ။ အဲဒီလို ဒီအခြေခံနှစ်ခုရပြီးတဲ့အခါမှာ နောက်ပိုင်းမှာ တိရဏပရိညာကျတော့ သဘာဝလက္ခဏာကို ကျော် ပြီးတော့ သာမညလက္ခဏာလို့ခေါ်တဲ့ အများဆိုင်တဲ့ အနိစ္စ ဒုက္ခ အနတ္တကို သိသွားတယ်။ အဲဒီလို မမြဲတဲ့ သဘောတွေကို ဆင်ခြင်စဉ်းစားလာတဲ့ အချိန်ဟာ သမ္မသနဉာဏ်။ မမြဲတာကို သိလာတဲ့အတွက်ကြောင့် မြဲတယ်ဆိုတဲ့အမှတ်ကို မမြဲဘူးဆိုတာကို ဆုံးဖြတ်ချက် ချလာနိုင်တယ် တိရဏပရိညာ။ အဲဒီလို နောက်ပိုင်းကျ တော့ ဥဒယဗ္ဗယဉာဏ်တွေ ကျော်သွားပြီးတော့ ဘင်္ဂ ဉာဏ် ရောက်လာတဲ့အခါကျတော့ မမြဲဘူးဆိုတာတွေ ပျောက်သွားတယ်နော်။ ချမ်းသာတယ်ဆိုတဲ့ အမှတ် [၆၀] သညာတွေ ပျောက်သွားတယ်။ အဲဒီလို ဉာတပရိညာ၊ တိရဏပရိညာ၊ ပဟာနပရိညာ ဆိုတဲ့ အပိုင်းတွေဟာ နောက်ဆုံးဝိပဿနာဉာဏ်ဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်သည်ထိအောင် ရင့်သန်ရင့်သန်ပြီးတော့ အဲဒီလိုသွားတယ်။
အရေးကြီးဆုံးက ဝိပဿနာရဲ့ (foundation) ဖြစ်တဲ့ ဝိပဿနာ တည်ဆောက်တော့မယ်ဆိုရင် ဟောဒီ (foundation) ဖြစ်တဲ့ ဒီဉာဏ်နှစ်ခု မိမိသန္တာန် မှာ အခြေခိုင်အောင်ကြိုးစားအားထုတ်ရမှာဖြစ်တယ်။ သိစရာအာရုံပေါ်မှာ ပိုင်ပိုင်နိုင်နိုင်သိအောင် ကြိုးစား အားထုတ်ကြရမှာဖြစ်တယ်။ ဝိသုဒ္ဓိမဂ်မှာ အဋ္ဌကထာ ဆရာကြီးက ဒီဉာဏ်နှစ်ခုနှင့်ပြည့်စုံရင် သာသနာတော် မှာ ရပ်တည်ရာ ရပါပြီတဲ့၊ နောက်ဆုံးမှာ သောတာပန် စူဠသောတာပန်ပုဂ္ဂိုလ်ဖြစ်ပြီလို့ပြောတာ။ ဒီဉာဏ်နှစ်ခု နဲ့ သောတာပန်က အစစ်ပြောတာ မဟုတ်ဘူး။ စူဠ သောတာပန် အခြေခံကောင်းသွားပြီလို့ ဒီလို ပြောတာ နော်။ ဒါကြောင့်မို့လို့ ဝိပဿနာကျင့်စဉ် တစ်ခုကို
dtesmnt8h0260gcvi2rejmc2xr6sem6 တမလွန်ဘဝက ဆွေမျိုးများအရေး 0 6459 22312 2026-10-13T01:03:23Z Tejinda 173 "{{header | title = တမလွန်ဘဝက ဆွေမျိုးများအရေး | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဉာတ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22312 wikitext text/x-wiki {{header | title = တမလွန်ဘဝက ဆွေမျိုးများအရေး | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဉာတပရိညာ]] | previous2 = | next = [[ဒါနအခြေခံတဲ့ သမထ ဝိပဿနာ]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
တမလွန်ဘဝက ဆွေမျိုးများအရေး
[၁] သာသနာတော်နှစ် ၂၅၅၃-နှစ်၊ ကောဇာသက္က ရာဇ် ၁၃၇၁-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၄)ရက်၊ ရန်ကုန်တိုင်း လှိုင်မြို့နယ် ကျောင်းကုန်း (၁,၂,၃)လမ်း လူငယ်များ၏ ဒုတိယအကြိမ်မြောက် ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မပူဇာ၊ဓမ္မသဘင်အခမ်းအနားဝယ် ဟောကြားအပ်သော “တမလွန်ဘဝက ဆွေမျိုးများ အရေး” တရားဒေသနာတော်။
စာပေမှာ ဘဝနဲ့ပတ်သက်ပြီး နှစ်မျိုးခွဲခြား ပြောလေ့ရှိတယ်။ မျက်မှောက်ဘဝ နဲ့ တမလွန် ဘဝ။ အသက်ထင်ရှား ရှိနေတဲ့ အချိန်အတွင်းကာ လကို မျက်မှောက်ဘဝလို့ ခေါ်တယ်။ မျက်မှောက် ဘဝကို ပါဠိစာပေမှာ “ဒိဋ္ဌဓမ္မ” လို့ သုံးတယ်။
[၂] လက်ရှိ ဘဝအဆုံးသတ်သွားပြီး နောက် ရလာတဲ့ဘဝကို တမလွန်ဘဝလို့ခေါ်တယ်။ တမလွန်ဘဝကို ပါဠိစာပေမှာ ‘သမ္ပရာယ” လို့ သုံးတယ်။ ဒါကြောင့် မျက်မှောက်ဘဝ ဆိုတာက တစ်ခု၊ နောင်ဖြစ်ရမယ့် တမလွန်ဘဝဆိုတာက တစ်ခုလို့ ဘဝနှစ်ရပ်ကို ခွဲခြားဖော်ပြလေ့ရှိတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရား ဒေသနာမှာ မျက်မှောက်ဘဝမှာ ရနိုင်တဲ့အကျိုးကို ဖြစ်စေတတ်တဲ့တရားနဲ့ တမလွန်ဘဝမှာ ရနိုင်မယ့် အကျိုးကို ဖြစ်စေတတ်တဲ့တရားလို့ ဒီလို နှစ်မျိုး ခွဲခြားပြီးဟောတယ်။ ဒိဋ္ဌဓမ္မဟိတ- မျက်မှောက်ဘဝ မှာ အကျိုးဖြစ်ထွန်းစေတဲ့ အကြောင်းတရား၊ သမ္ပရာယဟိတ- တမလွန်ဘဝမှာ အကျိုးဖြစ်ထွန်း စေမည့် အကြောင်းတရားလို့ ၂-မျိုး ရှိတယ်။လောက လူတွေဟာ မျက်မှောက်ဘဝ အတွက်သာ အလုပ် [၃] လုပ်ကြရတာ မဟုတ်ဘူး၊ တမလွန် ဘဝအတွက်ပါ အလုပ်လုပ်ကြရတယ်။
အတွေးအခေါ်မရှိတဲ့ တစ်ချို့လူတွေက တမလွန်အရေးကို စဉ်းစားလေ့ မရှိကြဘူး။ “မျက်မှောက်ဘဝမှာ ချမ်းသာရင်ပြီးရော၊ နောင်ဘဝ ကိုယ်သိတာမှ မဟုတ်ဘဲ'ဆိုပြီး တမလွန်ဘဝအရေး ကို ပစ်ပယ်ထားကြတယ်။
မြတ်စွာဘုရားက- ဒိဋ္ဌိ ဓမ္မေ စ ယော အတ္ထော၊ ယော စတ္ထော သမ္ပရာယိကော၊ အတ္ထာဘိသမယာ ဓီရော၊ ပဏ္ဍိတောတိ ပဝုစ္စတိ။
ဒိဋ္ဌိ ဓမ္မေ စ ယော အတ္ထော - မျက် မှောက်ဘဝမှာ ရရှိရမယ့်အကျိုး၊ ယော စတ္ထော သမ္ပရာယိကော - တမလွန်ဘဝမှာ ရရှိမယ့်အကျိုး၊ [၄] အတ္ထာဘိသမယာ ဓီရော - အဲဒီအကျိုး နှစ်မျိုးလုံး ကို ရအောင်လုပ်နိုင်တဲ့ ပညာရှိကိုမှ၊ ပဏ္ဍိတောတိ ပဝုစ္စတိ တကယ့်ပညာရှိလို့ ခေါ်ပါတယ်။ ဒီလို ဟောတော်မူတယ်။
ဆိုလိုတာက ဒီဘဝကောင်းစားရေး၊ နောင် ဘဝကောင်းစားရေးလို့ နှစ်မျိုးခွဲခြား စဉ်းစားရမယ်။ ဒီဘဝ ကောင်းစားရေး သက်သက်ကိုသာ လုပ်ပြီး နောင်ဘဝကောင်းစားရေး မလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာ ပညာရှိမဟုတ်ဘူး။ အမြော်အမြင်ရှိသူ မဟုတ်ဘူး။ ဥပမာ ဒီနေ့ စားရပြီးရော၊ မနက်ဖြန်အတွက် မစဉ်း စားဘူးဆိုတဲ့ လူမျိုးဟာ ပညာမဲ့သာဖြစ်တယ်။
ကဲ.. စဉ်းစားကြည့်ကြရအောင် ဒီကနေ့ အရေး တစ်ခုသာ စဉ်းစားမယ်၊ မနက်ဖြန်အရေး မတွေးဘူးဆိုရင် ဘာဖြစ်နိုင်သလဲ၊ ကလေးငယ်တွေ မှတ်လာက်သားလောက်အောင် သင်ခန်းစာ ပေး [၅] ထားတဲ့ ပုံပြင်ကလေး တစ်ပုဒ်ရှိတယ်။ အဲဒီမှာ “ပုရွက် ဆိတ်နဲ့ နှံကောင် အကြောင်း”ကြည့်။ “ပုရွက်ဆိတ်ကလေးတွေဟာ အလွန်အ လုပ်လုပ်တဲ့ အကောင်လေးတွေ၊ နားနေတယ်မရှိ ဘူး။ သူတို့ အသိုက်အအုံထဲမှာ အစာတွေ ဖြည့်တင်း လေ့ရှိကြတယ်။ အမြဲတမ်း အစာရှာပြီး အစာကို သိုမှီး သိမ်းဆည်းကြတယ်။ နေ့ရောညရော ပုရွက် ဆိတ်ဟာ အိပ်တယ်လို့ မရှိဘူး အလုပ်လုပ်တယ်။ တစ်နေ့မှာ တစ်နေ့စား ဒီလိုမဟုတ်ဘူး၊ အစာအာ ဟာရ ရိက္ခာတွေကို စုဆောင်းထားလေ့ ရှိကြတယ်။ မိုးရာသီ မိုးတွေရွာတဲ့အခါမှာ အစားအစာဒုက္ခ မရောက်ရအောင် ပုရွက်ဆိတ်တွေက ကြိုတင် ပြင်ဆင်ထားကြတယ်။
အေး. . နှံကောင်ဆိုတဲ့ အကောင်ကတော့ အဲဒီလို ပြင်ဆင်ထားခြင်း မရှိဘူး။ ဒီနေ့ရ ဒီနေ့စား၊ စားစရာတွေ သူ့အဖို့ မကုန်လောက်ဘူးလို့ ဒီလိုထင် [၆] တယ်။ မိုးတွေရွာလို့ ရေတွေ လွှမ်းသွားတဲ့အခါ နှံကောင်ဟာ စားစရာ မရှိတော့ဘူး။ စားစရာမရှိ တော့ အစာငတ်ပြီး သေဆုံးရတယ်။”
နှံကောင်က မနက်ဖြန်အရေး မတွေးဘူး၊ ဒီကနေ့အရေးပဲ တွေးတယ်တဲ့. . နော်။ ပုရွက်ဆိတ် က လေးတွေက ဒီနေ့ အရေးတင်မကဘူး မနက်ဖြန် အရေးပါ တွေးတယ်။ ဒီကနေ့လည်း ဝအောင် စား မယ်၊ မနက်ဖြန်အတွက်လည်း ရှိစေရမယ်။ မြတ်စွာဘုရားက မျက်မှောက်ဘဝမှာ ရရှိ တဲ့အကျိုး၊ တမလွန်ဘဝမှာ ရရှိနိုင်တဲ့အကျိုး၊ အဲဒီ အကျိုးနှစ်မျိုးလုံးကို ရအောင်ကြိုးစားရမယ်။ အဲဒီလို အကျိုးနှစ်မျိုးလုံးကို ရအောင်ကြိုးစားယူမှ တကယ့် ပညာရှိပုဂ္ဂိုလ်လို့ ဒီလို ဟောတယ်။
အဲဒီကော့ ဘုန်းကြီးတို့တတွေဟာ မျက် မှောက်ဘဝ အကျိုးအတွက်လည်း အလုပ်လုပ်ကြ [၇] ရမယ်၊ တမလွန်ဘဝ အကျိုးအတွက်လည်း ပြင်ဆင် ထားကြရမယ်။
မိသားစုထဲမှာ တမလွန်ဘဝ ရောက်သွားကြ တဲ့ ဆွေတွေမျိုးတွေ မရှိဘူးလား၊ ရှိတယ်။ ဒီဘဝမှာ အတူနေရတဲ့ ဆွေတွေမျိုးတွေ ရှိသလိုပဲ ဒီဘဝကို စွန့်ခွာသွားပြီး တမလွန်ဘဝ ရောက်သွားကြတဲ့ ဆွေတွေမျိုးတွေလည်း ရှိနေကြတယ်။
ဘုန်းကြီးတို့မိသားစုမှာ ညီအစ်ကို မောင်နှမ ၁၂-ယောက် ရှိတယ်။ ၁၂-ယောက်ထဲက မျက် မှောက်ဘဝမှာ ရှိတာ ၄-ယောက်ပဲ ရှိတော့တယ်။ ကျန်တဲ့ပုဂ္ဂိုလ် ၈-ယောက်က တမလွန်ဘဝ ရောက် သွားကြပြီ။ အဲဒီတမလွန်ဘဝက ဆွေမျိုးတွေ ရဲ့အရေးကို ဘယ်လိုစဉ်းစားမလဲ။ မိသားစုတိုင်းဟာ တမလွန်ဘဝရောက်သွားတဲ့ ဆွေမျိုးတွေရဲ့အရေးကို စဉ်းစားကြတယ်။ စဉ်းစားပုံ စဉ်းစားနည်းကတော့ [၈] မတူကြဘူး။ မိမိတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ စဉ်းစားကြတယ်၊ ဆောင်ရွက်လုပ်ကိုင်ကြတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကတော့ တမ လွန်ဘဝ ရောက်သွားတဲ့ ဆွေတွေမျိုးတွေအတွက် ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှအတမ်း ပေးဝေလေ့ ရှိကြတယ်၊ ဒါက အစဉ်အလာ တစ်ခုပေါ့။ မိမိတို့ ရိုးရာ အစဉ်အလာအရ တမလွန်ဘဝက ဆွေမျိုး များအရေးကို ဆောင်ရွက်ပေးကြတဲ့ အလေ့အထ တွေ နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ရှိကြတယ်။ တမလွန် ဘဝက ဆွေမျိုးတွေအရေးနဲ့ ပတ်သက်ပြီး ဆောင် ရွက်လေ့ရှိကြတယ်။
နိုင်ငံခြား တိုင်းပြည်များမှာ (ဆိုပါစို့ အနောက်တိုင်းက လူတွေ၊) ဆွေမျိုးတွေ ကွယ်လွန် သွားတဲ့ နှစ်ပတ်လည် အခါသမယမှာ သင်္ချိုင်း သွားပြီး ပန်းခြင်းလေးတွေ ချကြတယ်။ ပန်းခြင်းလေး [၉] တွေချပြီး ဆွေမျိုးတွေကို အမှတ်ရကြောင်း ပြသကြ တယ်။ သို့သော် ပန်းခြင်း ကလေးချပြီး ဆွေမျိုးတွေ ကို အမှတ်ရကြောင်း ပြတာဟာ တမလွန်ဘဝက ဆွေမျိုးတွေအတွက် အကျိုးရှိသလား ဆိုတာ စဉ်းစားရမှာ ဖြစ်တယ်။
ဒီဘဝက ပုဂ္ဂိုလ်တွေက တမလွန်ဘဝ ဆွေမျိုးသားချင်းတွေကို အမှတ်ရလို့ ပန်းခြင်းကလေး သွားချရရင် အလွမ်းပြေမှာပေါ့။ မိဘခေါင်းချသွားတဲ့ နေရာကို သွားပြီး ပန်းခြင်းကလေးချ၊ ထုံးတမ်းစဉ် လာအရ ရှိခိုးဦးချ၊ မျက်ရည်ကလေးကျပြီး တမလွန် ဘဝက ဆွေမျိုးအရေးကို မျက်ရည်ကလေးနဲ့ စဉ်း စားတဲ့ လူမျိုးတွေလည်းရှိတာပဲ။ အဲဒီ တစ်စက်တစ် စက်ကျတဲ့ မျက်ရည်ကလေးတွေက တမလွန်ဘဝ ဆွေမျိုးတွေအတွက် အကျိုးရှိသလား စဉ်းစားကြ ရမှာ ဖြစ်တယ်။
[၁၀] အေး. . တချို့ပုဂ္ဂိုလ်တွေကလည်း တမလွန် ဘဝ ဆွေမျိုးသားချင်းတွေကို ရည်စူးပြီး ဆီမီးတွေ ထွန်း၊ ပန်းတွေလှူဒါန်းပြီး ဆုတောင်းကြတယ်။ “ကောင်းရာသုဂတိ ရောက်ပါစေ၊ တမလွန်ဘဝမှာ ပျော်ရွှင်ချမ်းမြေ့ပါစေ”လို့ ဆုတောင်းကြတယ်။ အဲဒီလို ဆုတောင်းတာကရော အကျိုးဖြစ်ထွန်းမှု ရှိရဲ့လား စဉ်းစားသင့်တယ်။ စဉ်းစားရမယ့်အချက် တွေကို ပြောတာနော်။
ဂျပန်လူမျိုးတို့၏ ယုံကြည်ချက် ဘုန်းကြီးတို့ ၁၉၉၇-ခုနှစ်က ဂျပန်နိုင်ငံ ရောက်သွားတယ်။ အိုဆာကာ မြို့နားမှာ ကိုယာဆန်ဆိုတဲ့ တောင်ပေါ်မြို့တစ်မြို့ ရှိတယ်။ အဲဒီ ကိုယာဆန်မြို့က ကိုယာဆန်ဆိုတဲ့ တောင်ပေါ် မှာ ဂျပန်ဘုန်းကြီးကျောင်းတွေ အများကြီးရှိတယ်။
[၁၁] အဲဒီကိုယာဆန်မြို့မှာ အကျယ်ဝန်းဆုံး နေရာက သင်္ချိုင်းကြီးပဲ။ အဲဒီသင်္ချိုင်းကြီးထဲ လျှောက်ကြည့်မယ် ဆိုရင် မဆုံးနိုင်ဘူး။ တမလွန်ဘဝက ဆွေမျိုးများ အရေး ဆောင်ရွက်ထားကြတာ အံ့ဩစရာပဲ၊ ပိုက်ဆံ တတ်နိုင်ရင် တတ်နိုင်သလောက် လုပ်ထားပေးကြ တယ်။
ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ တော့ အကုန်မသိဘူးပေါ့။ သို့သော် တမလွန်ဘဝက ဆွေမျိုးတွေရဲ့အရေး စဉ်းစားပေးထားကြတာက တော့ အားရစရာပဲ။ တချို့က ကလေးငယ် ဆုံးသွား တာ ထင်ပါရဲ့၊ ကလေးကစားစရာ အရုပ်ကလေး တွေ ချပေးထားတယ်။ အေး. . တချို့ကျတော့ သင်္ချိုင်းဂူအနီးမှာ လိပ်ရုပ်ကလေးတွေ၊ မျောက်ရုပ်က လေးတွေ ထားပေးတယ်၊ ပျင်းနေမှာစိုးလို့ ထင်ပါရဲ့။ တချို့ကျတော့ ခွေးရုပ် ကလေးတွေ ချပေးထားတာ [၁၂] လည်း ရှိတယ်။ အဲဒီလို မိမိစိတ်ကူးတည့်ရာ လုပ်ထားကြတာကိုတွေ့ရတယ်။
‘Anniversary’ လို့ခေါ်တဲ့ ကွယ်လွန် အနိစ္စရောက်တဲ့ နှစ်ပတ်လည်နေ့ ရောက်တိုင်း ဂျပန်ဘုန်းကြီးတွေကို ပင့်တယ်။ ဂျပန်ဘုန်းကြီးတွေ က သင်္ချိုင်းသွားပြီး ဗုံတောင်လေးခေါက်ကာ ရွတ်ဖတ်ပေးကြတယ်။ အဲဒီ ကိုယာဆန်မှာ ဘုန်းကြီး တို့ (၃)ရက်လောက် သီတဂူဆရာတော်ဘုရားကြီးနဲ့ အတူတူနေခဲ့တယ်။
တစ်နေ့တော့ အဲဒီရွတ်ဖတ်ပေးတဲ့ ဂျပန် ဘုန်းကြီးနဲ့ စကားစပ်မိတယ်၊ ဘုန်းကြီးက “နေပါဦး တမလွန်ဘဝပြောင်းသွားတဲ့ ပုဂ္ဂိုလ်အတွက် အခုလို ရွတ်ဖတ်ပေးတာ ဘာအတွက်လဲ၊ ဘယ်လိုအဓိပ္ပာယ် နဲ့ ရွတ်ဖတ်ပေးတာလဲ” မေးတယ်။ ဂျပန်ဘုန်းကြီးက ပြောတယ်၊ “သေသွားတဲ့ပုဂ္ဂိုလ်ရဲ့ ဝိညာဉ်ဟာ [၁၃] နောင်ဘဝကူးဖို့ရာအတွက် လမ်းရှာနေတာ။ ကောင်းတဲ့လမ်း တွေ့အောင်လို့ ဆုတောင်းပတ္တနာ ပြုပေးတာ”တဲ့။ နို့မို့ဆို ဝိညာဉ်လေးဟာ လမ်းပျောက် နေတာ။ လမ်းပျောက်နေ သူကောင်းရာမွန်ရာ မရောက် နိုင်ဘူးပေါ့။ မျက်စိလည်နေရင် ဒီနားတင် သူတဝဲ လည်လည် ဖြစ်နေမှာပေါ့။ အဲဒီလို လမ်း ကြောင်း တွေ့သွားအောင် ကောင်းတဲ့ဘဝရောက် သွားအောင် ရွတ်ဖတ်ပေးတာပါတဲ့။
“ဪ. . အဲဒီလိုလား။ ဒီလိုဆိုလို့ရှိရင် ရွတ်ဖတ်ပေးလိုက်လို့ ဝိညာဉ်လေးတွေ ကောင်းရာ သုဂတိ ရောက်သွားတယ်ဆိုတဲ့ မှတ်တမ်းများ ရှိသလား” “ဟာ. . အဲဒီလိုတော့ မသိပါဘူးတဲ့။ အဲဒီလိုတော့ မသိဘူး၊ ထုံးစံမို့ပဲ ရွတ်ပေးတာပါ။” အဲဒီလို ဂျပန်ဘုန်ကြီး ဖြေတာကို ကြားနာ မှတ်သားခဲ့ရတယ်။ အဲဒါဆို အကျိုးရှိလိုရှိငြား [၁၄] လုပ်တာ။ အကျိုး ရှိမရှိ ဘယ်သူမှ မပြောနိုင်ဘူး။
တမလွန်ဘဝ ရောက်သွားတဲ့ ပုဂ္ဂိုလ်ကလည်း ဘယ် နေမှန်းလည်း မသိဘူး။ သို့သော် အကျိုးရှိလို ရှိငြား တမလွန်ဘဝက ဆွေမျိုးများအရေးကို စဉ်းစားပေးပုံ တစ်မျိုးပေါ့။
ဒတ်ချ်လူမျိုးတို ့၏ ယုံကြည်မှု နယ်သာလန်နိုင်ငံ နာဒန်မြို့မှာ တောအုပ် ကြီးတစ်ခုကို ဖြတ်လိုက်တာနဲ့တပြိုင်နက် သုသာန် ကြီး တွေ့ရတယ်။ သုသာန်ဆိုပေမဲ့ သန့်သန့်ပြန့်ပြန့် ပန်းဥယျာဉ်ကြီးလို လုပ်ထားတာ။ ထူးထူးခြားခြား သုသာန်အဝင်နားမှာ သစ်ပင်ကြီးတွေက ဆံပင် ဖားလျား ချရပ်နေတာနဲ့တူတယ်။ သစ်ကိုင်းကြီးတွေ က အပေါ်ထောင်မနေဘဲနဲ့ အောက်ကို ပြားကျပြီး ကားထွက်နေကြတယ်။ ဆံပင် ဖားလျားချထားတဲ့ [၁၅] ပုံစံဘဲ။ အဲဒီ သစ်ပင်ကြီးတွေကို weeping tree “ငိုနေသောသစ်ပင်ကြီး”များလို့ ခေါ်တယ်။
အဲဒီ ငိုနေသောသစ်ပင်ကြီးများရဲ့ အောက် မှာ တောယုန်လေးတွေ ခိုအောင်းပြီးနေကြတယ်။ သုသာန်ထဲ လှည့်လည်ကြည့်တဲ့အခါမှာ ပန်းခြင်း လေးတွေ ချထားတာရှိတယ်။ အရုပ်ကလေးတွေ ချထားတာရှိတယ်။ နာမည်လေးတွေ ရေးထားတာ ရှိတယ်၊ ဘယ်နေ့ဘယ်ရက်က ဘယ်သူ ကွယ်လွန် အနိစ္စ ရောက်သည်ဆိုတာ မှတ်တမ်းလေးတွေ ရေးထားတယ်။ ကျောက်ပြားလေးတွေ ကပ်ထား တယ်။ တမလွန်ဘဝက ဆွေမျိုးများ အရေးကို ဒီလိုဆောင်ရွက်ထားကြတယ်။
အဲဒီ ဆောင်ရွက်မှုတွေဟာ ဒီဘဝကပုဂ္ဂိုလ် အတွက်တော့ အလွမ်းဖြေစရာ ဖြစ်ကောင်းဖြစ်မယ်။ တမလွန်ဘဝက ပုဂ္ဂိုလ်အတွက် အကျိုးရှိလား၊ မရှိဘူးလားဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး။
[၁၆] တရုတ်လူမျိုးတို့၏ ယုံကြည်မှု တရုတ်လူမျိုး ကွယ်လွန်အနိစ္စ ရောက်သွား တဲ့အခါ တမလွန်ဘဝမှာ အသုံးပြုဖို့ ငွေစက္ကူ အတု တွေ မီးရှို့ပြီးပေးလိုက်တယ်။ သို့သော် တမလွန်ဘဝ ပါသွားတာကတော့ ဘာမှမမြင်ဘူး။ ရှို့လိုက်တာနဲ့ ပြာဖြစ်သွားတာကိုပဲ တွေ့လိုက်ရတယ်။ လမ်းတစ် လျှောက်မှာလည်း စာရွက်တွေ ခင်းသွားတယ်၊ ဘာ တွေ ရေးထားသလဲတော့ မသိဘူးပေါ့။ အဝတ်တွေ အစားတွေလည်း ပြည့်စုံအောင် မြေထဲမြုပ်ပြီး ထည့် ပေးလိုက်ကြတယ်။ သို့သော် ညကျတော့ သုသာန် စောင့်တွေ၊ သုဘရာဇာတွေက ဖော်ပြီး ကောင်းတာ တွေ ယူလိုက်ကြတယ်။ တုံးလုံးပဲ ကျန်ရစ်တယ်။ နောင်ဘဝမှာ နေဖို့ထိုင်ဖို့ အိမ်၊ စီးဖို့ ယာဉ်တွေရော ထည့်ပေးလိုက်ကြတယ်၊ အမျိုးစုံပဲ။
[၁၇] သင်္ချိုင်းတစ်ခုကို လေ့လာကြည့်မယ် ဆို လူသားမျိုးနွယ်တွေဟာ အမျိုးမျိုး စိတ်ကူးကြံဆပြီး တမလွန်ဘဝက ဆွေမျိုးများအရေးကို ဒီကနေ့အထိ ဆောင်ရွက်နေကြတုန်းပဲ။ အဲဒီ ဆောင်ရွက်သမျှတွေ ဟာ တကယ်ရော အကျိုး ရှိပါ့မလားလို့ စဉ်းစားသင့် တယ်။ သို့သော် မစဉ်းစားဘဲနဲ့ တကယ် အကျိုးရှိ မရှိ မသိဘဲနဲ့ လုပ်နေကြတယ်။ ဒီလိုလုပ်တာ ဘာ အကျိုးရှိတုန်းဆိုတာ စဉ်းစားသင့်တာပေါ့။
အခု မြန်မာပြည်မှာ လုပ်နေတာလေးတွေ ရှိသေးတယ်။ သေတဲ့လူက သေသွားပြီ၊ မွေးနေ့တွေ လုပ်နေကြတယ်။ သေသွားတဲ့ပုဂ္ဂိုလ်ကို အသက် ၁၀၀-ပြည့် မွေးနေ့တဲ့၊ သေသွားတဲ့ပုဂ္ဂိုလ်က အသက် ရှိပါ့ဦးမလား။ လူတစ်ယောက်ဟာ သေသွားပြီ၊ ဆိုပါစို့ ၇ဝ-၈ဝ လောက်က သေသွားပြီ။ သူ့ရဲ့မွေးနေ့ အနှစ် ၁၀၀-ပြည့်ဆိုပြီးတော့ နောက်အနှစ် ၂၀- [၁၈] ကြာတော့လုပ်တယ်။ လူက ရှိသေးလို့လား၊ တကယ် အသက်ရှင်နေတာလားလို့ ယုံမှားစရာ ဖြစ်တယ်။ သေတာဖြင့် ကြာပြီ၊ အရိုးတောင် ဆွေးသွားပြီ၊ သို့သော် မွေးနေ့ပွဲဆိုပြီး လုပ်ကြတယ်။ မွေးနေ့လုပ်ပြီး ကုသိုလ်ကောင်းမှု လုပ်ရင် ကုသိုလ်ရတာပေါ့၊ အမှတ်တရလည်း ဖြစ်တာပေါ့။ သို့သော် အဲဒီလူက အသက်- ၁ဝဝ ဟုတ်ပါ့မလား။ သူသေတာ ၈ဝ- လောက်က သေသွားတာဆိုတော့ သူဘယ်လိုလုပ် ပြီး အသက် ၁၀၀-ပြည့်မလဲ၊ မပြည့်ဘူးပေါ့။ နိုင်ငံရပ်ခြားမှာ ဆိုပါစို့ စင်ကာပူတို့ မလေး ရှားတို့ ရောက်တဲ့အခါ ဓာတ်ပုံကြီးတွေနဲ့ လွမ်းပြထား တဲ့သတင်းတွေ သတင်းစာထဲမှာ အများကြီး တွေ့ရ တယ်။ ဗမာပြည်မှာတော့ တစ်ခါတခါတော့ တွေ့ပါ တယ်။ “ဘယ်နှစ်နှစ် ပြည့်သွားပြီ၊ မေ့လို့မရသေးဘူး” ဆိုတဲ့ အလွမ်းစာတွေ၊ အလွမ်းကဗျာတွေကို ဓာတ်ပုံ [၁၉] ကြီးတွေနဲ့ ဖော်ပြကြတယ်။ မလွမ်းသင့်ဘူးလား ဆိုတော့ လွမ်းသင့်တာပေါ့။ ဒါပေမဲ့ လွမ်းပြလိုက်လို့ ရတဲ့အကျိုးက ကိုယ့်အတွက် ဖြေသိမ့်စရာလေး တစ်ခုတော့ ဖြစ်ကောင်းဖြစ်မယ်။ တမလွန်ဘဝက ဆွေမျိုးတွေအတွက် ဘာအကျိုးရမလဲ၊ ဘာအကျိုးမှ မရဘူး။ ပြီးတော့ ကိုယ်ကသာ လွမ်းတာ၊ သူက လွမ်းချင်မှ လွမ်းမှာ။
ဖြစ်ရာဘဝမှာ ပျော်တယ် ကိုယ်ကသာလွမ်းပြီး သူက လွမ်းချင်မှ လွမ်းမယ်ဆိုတာ တကယ်ပဲ။ ကြားဖူးကြပါလိမ့်မယ်။ “ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့ အင်မတန် ချောမော လှပတဲ့မိဖုရားငယ်ငယ်ရွယ်ရွယ် သေဆုံးသွားတဲ့ အခါ အဲဒီ ရုပ်အလောင်းကို မစွန့်ပစ်ရက်ဘူး။ မပုပ်မသိုးအောင် စီမံ မှန်ခေါင်းထဲထည့်ပြီး မစား [၂၀] မသောက်နိ်ုင် မအိပ်နိူင် အဲဒီ အလောင်းနားမှာပဲ ထိုင်ပြီး တငိုငို တယိုယို လုပ်နေတယ်။ ဘယ်သူကမှ နားချလို့ မရဘူး။ သေသွားတဲ့ ပုဂ္ဂိုလ်ဆိုတာ ပြန်ခေါ် လို့လည်း ရတာမဟုတ်ဘူး။ နောက်ဆုံးတော့ ပညာရှိ အမတ်တွေက ဥယျာဉ်ထဲမှာ ရောက်နေတဲ့ ပညာရှိ ရသေ့ကြီးကို ပင့်ပြီးတော့ နားချခိုင်းရတယ်။ ရသေ့ကြီးက ပြောတယ်တဲ့ “အရှင်မင်းကြီး၊ ဘယ်သူ့ကို လွမ်းနေတာတုန်း”၊ “မိဖုရားလေးကို လွမ်းနေတယ်”။ “အဲဒီ မိဖုရားလေး ဘယ်ရောက်နေ တယ်ဆိုတာ သိလား”။ “မသိဘူး၊ အရှင်ဘုရားသိရင် ပြောစမ်းပါ”။ “မင်းကြီးရဲ့ မိဖုရားလေး ဥယျာဉ်ထဲ ရောက်နေတယ်၊ လူတော့မဟုတ်ဘူး။ နောက်ချီး ပိုးထိုး ဖြစ်နေတယ်”။
လူ့ဘဝတုန်းကလည်း အလှပြင်နေတာနဲ့ အချိန်ကုန်တယ်။ သေတော့ နောက်ချီးပိုးထိုး [၂၁] ဖြစ်တယ်။ ဘုရင်ကြီးကသာ လွမ်းနေတယ်။ ဟိုက နောက်ချေးပိုးထိုးဘဝမှာ နောက်ချေးပိုးထိုးဖိုကြီးနဲ့ ပျော်လို့။ နောက်ချေးပိုးထိုး အဖိုက ရှေ့ကသွားတယ်၊ သူက နောက်က လိုက်နေတယ်။ နောက်ဘဝမှာ သူ့အတွဲနဲ့ သူ ဖြစ်နေတယ်။ ဒီက သူ့အလောင်းကို မစွန့်နိုင်ဘူး၊ တငိုငိုတယိုယို လုပ်နေတယ်။ ဘုရင်ကြီးက ရသေ့ကြီး ပြောစကားကို မယုံဘူး။ “အေး.. မယုံလို့ရှိ သူကိုယ်တိုင်ပြောရင် ကော ယုံမလား”၊ “ယုံမယ်”။ ဒါဖြင့် ဥယျာဉ်ကို သွားကြမယ်။ ဥယျာဉ်မှာ နောက်ချီးပိုးထိုးကောင် တွေ့တယ်။ “နင် ဘယ်သူတုန်း” လို့ မေးတော့၊ နောက်ချီးပိုးထိုးက သူဟာ “ဥပရိဒေဝီ မိဖုရားပါ”တဲ့။ “ဒီဘုရင်ကြီးကို ချစ်သလား”လို့ မေးတဲ့အခါ “ဟိုတုန်းကတော့ ချစ်တာပေါ့။ ခုတော့ သူ့ကို သတိ မရပါဘူး”လို့ ပြောတယ်။ သူက သတိမရပါဘူးလို့ [၂၂] ပြောတာက တော်သေးတယ်၊ ဘာပြောတုန်းဆို “ဘုရင်ကြီးရဲ့ လည်ချောင်းသွေးနဲ့ နောက်ချီးပိုးထိုး အဖိုရဲ့ ခြေထောက်ကို ဆေးပေးချင်တယ်”တဲ့။ အဲဒီအသံကြားရတော့ ဘုရင်ကြီး စိတ်နာ သွားတယ်။ ချက်ချင်းပဲ မှန်ခေါင်းထဲက အလောင်း ကို မီးသင်္ဂြိုဟ်ခိုင်းလိုက်တယ်။ ရေမိုးချိုး ပျော်ပျော် ပါးပါး နေနိုင်တဲ့ဘဝ ရောက်သွားတယ်။ ဒါတကယ့် ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုအနေနဲ့ ဟောပြထား တာ ဖြစ်တယ်။
အေး. . လောကကြီးမှာ လူတွေက ဘယ်လို လွမ်းနေနေ တမလွန်ဘဝက ဆွေမျိုးက ကိုယ့်ကို လွမ်းချင်မှ လွမ်းမှာ၊ ဒါကတော့ သေချာတယ်။ သို့သော် လွမ်းသည်ဖြစ်စေ မလွမ်းသည်ဖြစ်စေ တမလွန်ဘဝက ဆွေမျိုးများအရေးကိုတော့ အလေး [၂၃] ထားစဉ်းစားသင့်တယ်။ အကျိုးရှိတဲ့ အလုပ်တစ်ခုကို လုပ်ပေးသင့်တယ်။
တိရောကုဋသုတ် အကျိုးရှိတဲ့အလုပ် လုပ်နိုင်ဖို့ မြတ်စွာဘုရား က တိရောကုဋသုတ် ကို ဟောထားတယ်။ “တိရောကုဋ” ဆိုတာ “နံရံရဲ့ ဟိုဘက်မှာ”လို့ အဓိပ္ပာယ်ရတယ်။ လူတွေက အိမ်နံရံရဲ့ အတွင်းမှာ နေကြတာ။ တမလွန်ဘဝက ဆွေမျိုးများကတော့ ဟိုဘက်ရောက်သွားပြီ။ နံရံဟိုဘက်ကလူဖြစ်သွားပြီ။ မြတ်စွာဘုရားက “ဆွေမျိုးသားချင်းတွေနဲ့ ပတ် သက်ပြီး ငိုယိုပြီး မျက်ရည်ကျလွမ်းပြနေလို့ သူတို့ အတွက် ဘာမှ အကျိုးမရှိဘူး”တဲ့။
ဆိုပါစို့၊ ဆွေမျိုးသားချင်းတစ်ယောက်ဟာ ပြိတ္တာဖြစ်သွားတယ်။ အဲဒီပြိတ္တာဘဝမှာ စီးပွားရေး [၂၄] လုပ်ငန်းဆိုတာ ဘာမှမရှိဘူး။ ဆိုင်ဖွင့်ပြီး ဈေးရောင်း လို့လည်းမရဘူး။ ကျွဲနွားမွေးပြီး စီးပွားလုပ်လို့လည်း မရဘူး။ မြေကွက်တွေရှာပြီး လယ်ယာလုပ်ငန်း လုပ်လို့လည်း မရဘူး။ သူတို့ဘဝမှာ ကံပေးသမျှနဲ့ အသက်ရှင်နေကြရတယ်တဲ့။
အဲဒီတော့လုပ်သင့်လုပ်ထိုက်တာက ဘာလဲ ဆိုတော့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေရမယ်။ ကုသိုလ်ပြု အမျှဝေခြင်းဟာ တမလွန်ဘဝက ဆွေမျိုးများအရေး ကို မှန်ကန်သော နည်းဖြင့် ဆောင်ရွက်ခြင်းပဲ။
ဇာဏုသောဏိသုတ် “မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန် ကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် သာဝတ္ထိပြည်မှာ 'ဇာဏုသောဏိ' ဆိုတဲ့ ပုဏ္ဏားကြီးတစ်ယောက် [၂၅] ရှိတယ်။ ဇာဏုသောဏိ ဆိုတာ ရာထူးရဲ့ နာမည်လို့ ပြောတယ်။ မင်းဆရာ ပုရောဟိတ်ရာထူးပဲ သူက မြတ်စွာဘုရားကို မေးတယ်။ သူတို့အစဉ်အလာ ယုံကြည်ချက်အရ တမလွန်ဘဝက ဆွေမျိုးများ အတွက် ကုသိုလ်ကောင်းမှုတွေ ဒါနကောင်းမှုတွေ ပြုပေးကြတယ်၊ အလှူအတန်း လုပ်ပေးကြတယ်။ တမလွန်ဘဝ ပြောင်းသွားတဲ့ ပုဂ္ဂိုလ်တွေကို ရည်စူးပြီး ထမင်းဟင်းတွေ ကျွေးမွေးကြတယ်။ ဒါကို ပါဠိလို “သဒ္ဓ”လို့ ခေါ်တယ်။ “အဲဒီလို လုပ်တာဟာ တမလွန်ဘဝ ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေအတွက် တကယ်ပဲ အကျိုးရှိနိုင်သလား၊ ဒီ ဒါနကောင်းမှ တွေကို သူတို့တကယ်ပဲ ခံစားရသလား” ဒီမေးခွန်း မေးတာ။
ဘုန်းကြီးတို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အစဉ်အလာအရ လူတွေဟာ တမလွန်ဘဝက [၂၆] ဆွေတွေမျိုးတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ကို လုပ်ကြတယ်။ “အဲဒီလို လုပ်တာဟာ တမလွန် ဘဝရောက်သွားတဲ့ ပုဂ္ဂိုလ်တွေအတွက် အကျိုးရှိ သလား” လို့ဆိုတာ စဉ်းစားဖို့ လိုအပ်တယ်ပေါ့။ တမလွန်ဘဝက ပုဂ္ဂိုလ်ဆိုတာ ဘယ်နေမှန်း မသိဘူး။ လိပ်စာလည်း မရှိဘူး။ တယ်လီဖုန်းနံပါတ် လည်း မရှိဘူး။ တယ်လီဖုန်းနံပါတ်ရှိရင် လှမ်းခေါ်ရ သေးရဲ့။ လိပ်စာရှိရင်လည်း စာနဲ့ဆက်သွယ်လို့ ရသေးတယ်။ အခုတော့ တယ်လီဖုန်းနံပါတ်လည်း မရှိဘူး။ လိပ်စာလည်း မရှိဘူး။ ဘယ်မြို့ ဘယ်ရွာ ဆိုတာ မသိဘူး။ အဲဒီလို မသိဘဲ မှန်းရမ်းပြီး လုပ်နေ ကြခြင်းဟာ သူတို့အတွက် အကျိုးရနိုင်ပါ့မလားလို့ မစဉ်းစားသင့်ဘူးလား။ စဉ်းစားသင့်တယ်။ သို့သော် မစဉ်းစားကြဘူး။ အစဉ်အလာ အရပဲ လုပ်ကြတယ်။ ခုနက ဂျပန်ဘုန်းကြီး ပြောသ [၂၇] လို ထုံးစံအရသာ လုပ်လိုက်တာ။ ဝိညာဉ်တွေ ဘယ်နှစ်ဦး လွတ်သွားတယ် ဆိုတာ သူတို့မသိဘူး။ အေး.. တို့တတွေလည်း ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး အမျှအတမ်းတော့ ပေးဝေနေကြတာပဲ။ ကိုယ်ပေးဝေနေတဲ့ ကုသိုလ်ကောင်းမှု အမျှအတမ်း ကို သူတို့ရလား မရဘူးလားဆိုတာ မစဉ်းစားဘူး ဆိုရင် မတော်ဘူး။ ဒါကြောင့်မို့ စဉ်းစားတတ်တဲ့ ဇာဏုသောဏိ ပုဏ္ဏားကြီးက မြတ်စွာဘုရားကို မေးတယ်။ “ဒီလို ရည်စူးပြီးလုပ်တဲ့ ဒါနကောင်းမှုရဲ့ အကျိုးကို သူတို့ခံစားရသလား”တဲ့။ မြတ်စွာဘုရားက တိုတို ဖြေလိုက်တယ်။ “ဌာနေ ကပ္ပတိ၊ အဋ္ဌာနေ န ကပ္ပတိ”တဲ့၊ “ရနိုင်တဲ့ နေရာဆိုရင် ရတယ်။ မရနိုင်တဲ့ နေရာဆိုရင် မရနိင် ဘူး” တဲ့။ “အရှင်ဘုရား တပည့်တော် နားမလည်ဘူး၊ ရနိုင်တဲ့နေရာ၊ မရနိင်တဲ့နေရာကို ခွဲပြောပေးပါဦး”။
[၂၈] မြတ်စွာဘုရားက ရှင်းပြတယ်။ ဘယ်သူပဲ ဖြစ်ဖြစ်၊ သတ္တဝါဆိုတာ ကံစီမံရာဘဝ ရောက်ကြရ တယ်။ ကိုယ်လုပ်ခဲ့တဲ့ ကံအားလျော်စွာ တမလွန် ဘဝ ရောက်ရှိသွားတယ်။ သေသွားပြီးတဲ့နောက်မှာ ဝိညာဉ်အနေနဲ့ စောင့်ဆိုင်းနေရတာမျိုး မရှိဘူး။ အခုသေ အခုနောက်ဘဝမှာ မွေးမယ်။ အနန္တရ ပစ္စယောအရ သေသည်၏ အခြားမဲ့မှာ ချက်ခြင်း ဖြစ်တယ်။ ကြားထဲမှာ ဘာမှမခြားဘူး။ တမလွန်ဘဝ ဆိုတာ သေသည်၏ အခြားမဲ့ပဲ။ အခု စုတိစိတ် ကျလိုက်တာနဲ့တပြိုင်နက် ပဋိသန္ဓေစိတ် နောက်က လိုက်လာတာပဲ။
သို့သော် လူတွေက မျက်မှောက်ဘဝနဲ့ တမလွန်ဘဝ ဒီဘဝနှစ်ခု စပ်ကြားမှာ “အန္တရာဘဝ” ကြားကာလ ဘဝလေးတစ်ခု ရှိသေးတယ်လို့ [၂၉] ယုံကြည်ကြတယ်။ ဒါ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းမှာ ကိုပဲ အဲဒီလို ယုံကြည်တယ်ဆိုတာ ရှိတယ်။ တိဗက်နိုင်ငံ တိဗက်ဗုဒ္ဓဘာသာဝင်တွေက လူတစ်ယောက် သေသွားလို့ရှိရင် ကြားကာလ ဘဝမှာ ၄၉-ရက် နေတယ်။ ၄၉-ရက် အတွင်း ဆုတောင်းပေးမယ်၊ မေတ္တာပို့ပေးမယ်၊ ကုသိုလ်တွေ လုပ်ပေးမယ်ဆိုရင် ကောင်းရာမွန်ရာ ရောက်တယ် လို့ ယုံကြတယ်။ မြန်မာလူမျိုးတွေမှာလည်း ဒီလို ယုံကြည်ချက်သဘောလေး ရှိတာပဲ။ “၇-ရက် မစေ့မချင်း သေသွားတဲ့လူက အိမ်ပေါ်ကမဆင်းဘူး”
တဲ့။
ကြားကာလ ဘဝတစ်ခု ရှိတယ်လို့ယူတဲ့ “အန္တရာဘဝဝါဒီ” ဆိုတာ ရှိတယ်။ ဒါကြောင့်မို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်း ဝီထိမုတ်ပိုင်းမှာ “ဘဝန္တရ ပဋိသန္ဓာရဝသေန ပဋိသန္ဓေသင်္ခါတံ မာနသံ ဥပ္ပဇ္ဇ [၃၀] မာနမေဝ ပတိဋ္ဌာတိ ဘဝန္တရေ” တဲ့၊ ပဋိသန္ဓေစိတ် လေး ပေါ်လိုက်ကတည်းက တမလွန်ဘဝ ရောက် သွားပြီတဲ့။ ဘုန်းကြီးတို့တတွေလည်း ဟိုဘဝက သေလာတာ ဒီဘဝ အသက် ၅ဝ-ရှိရင် သေလာတာ အနှစ် ၅၀-ရှိပြီ။ ဒီဘဝ အသက် ၆၀ ရှိတဲ့လူက သေလာတာ အနှစ် ၆ဝ ရှိလာပြီ။ သေပြီးတာနဲ့ တစ်ပြိုင်နက် ချက်ချင်းဖြစ်ကြတယ်။
ဘဝကူးတဲ့နေရာမှာ အဓိက အဆုံးအဖြတ် ပေးနေတာတွေက ဘယ်အရာလဲဆိုရင် သုစရိုက်နဲ့ ဒုစရိုက်ပဲ။ သုစရိုက်လုပ်သူတွေက လူ့ဘဝ၊ နတ်ဘဝ ရောက်ကြတယ်။ ဒုစရိုက် လုပ်သူတွေက ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘဝ ရောက်ကြတယ်။
ဒုစရိုက် ၁၀-ပါးထဲမှာ မနောဒုစရိုက်ကို သိပ်ပြီးလူတွေက အသိအမှတ် မထားကြဘူး။ ကျန် တာတွေကိုသာ ဒုစရိုက်လို့ထင်တာ၊ စိတ်မှာဖြစ်တဲ့ [၃၁] မနောဒုစရိုက်က ဘာတွေလဲ - အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ။ အဘိဇ္ဈာ ဆိုတာ သူများပိုင်တဲ့ပစ္စည်းကို ကိုယ်ပိုင်ဖြစ်ချင်တဲ့အတွေး၊ လောဘနဲ့တွေးတာ၊ သူ့ပစ္စည်း ကိုယ့်ပစ္စည်း လုပ်ချင်တဲ့အတွေး၊ အဲဒီ တွေးရုံနဲ့တင် ဒုစရိုက်ဖြစ်သွားပြီ။ ကမ္မပထ မြောက် သွားပြီ။ အဲဒီ အဘိဇ္ဈာဆိုတဲ့ လောဘကိုယ်တိုင် ကိုယ်က ကံဖြစ်သွားပြီ။ ကံဖြစ်သွားတယ်ဆိုတော့ အကျိုးပေးမှာပေါ့၊ ဟုတ်လား။
ထို့အတူပဲ ဗျာပါဒ၊ ရိုးရိုးစိတ်ဆိုးတာ မဟုတ် ဘူး။ “ဒီလူ ဒုက္ခရောက်သွားပါစေ၊ သေသွားရင် ကောင်းမှာပဲ၊ ပျက်စီးသွားရင် ကောင်းမှာပဲ”။ ဒီ အတွေးလေး တွေးလိုက်ရင် ဗျာပါဒ ဖြစ်သွားပြီ။ အဲဒီ ဗျာပါဒအတွေးလေးဟာ ကံအရာ မြောက်သွား လို့ အကျိုးပေးဖို့ အခြေအနေ ဖြစ်သွားပြီ။
[၃၂] နောက်တစ်ခုက မိစ္ဆာဒိဋ္ဌိ မမှန်မကန် တွေး လိုက်တယ်၊ ကံတရားတွေရဲ့ အကျိုးဆိုတာ မရှိဘူး၊ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ရဲ့ အကျိုးကို ငြင်းပယ် တယ်။ ဒီဘဝ၊ ဟိုဘဝကို ငြင်းပယ်တယ်။ အမေ အဖေကို ငြင်းပယ်တယ်။ အမေအဖေပေါ်မှာ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှု ကျေးဇူးပြုမှု၊ စော်ကား မှုတွေကို ငြင်းပယ်တယ်။ သေပြီး ပြန်ဖြစ်တယ် ဆိုတာကို ငြင်းပယ်တယ်။ လောကကြီးကို ထူးထူး ခြားခြား သိမြင်ပြီးတော့ အကျင့်မှန်နဲ့ လောကကြီး အကြောင်းကို ပြောပြနိုင်တဲ့ဘုရား ရှိတယ်ဆိုတာကို ငြင်းပယ်တယ်။ အဲဒီ ငြင်းပယ်တဲ့ အတွေးအမြင်ကို မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ သက္ကာယဒိဋ္ဌိ တို့ ဘာတို့နဲ့ မဆိုင်ဘူး။ မနောဒုစရိုက်ထဲမှာပါတဲ့ မိစ္ဆာဒိဋ္ဌိ၊ အဲဒီ မိစ္ဆာဒိဋ္ဌိသည် ဖြစ်လိုက်တာနဲ့ ကံအရာမြောက်သွားပြီ လို့ ဆိုတယ်။ အပါယ်ကို ကျစေနိုင်တယ်၊ ငရဲမှာ [၃၃] ဖြစ်စေနိုင်တယ်၊ တိရစ္ဆာန်ဘဝ ရောက်စေနိုင်တယ်၊ ပြိတ္တာဘဝ ရောက်စေနိုင်တယ်။ နှုတ်ကပြောတဲ့ ဝစီဒုစရိုက်ကို လူအများ သိကြတယ်။ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ၊ တဖန် ကိုယ်ထိလက်ရောက် လုပ်တဲ့ ကာယဒုစရိုက်က ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ ပေါင်းလိုက်တော့ ဒုစရိုက် ၁၀-မျိုး၊ အဲဒီ ဒုစရိုက် ၁၀-မျိုးကို ပြုလုပ်တဲ့ ပုဂ္ဂိုလ် ဟာ သေသည်၏အခြားမဲ့မှာ အပါယ် ၄-ဘုံ ရောက် တယ်တဲ့။
ငရဲဘုံမှာ ရှိနေသမျှ ကုသိုလ်အမျှ မရ ငရဲဘုံရောက်သွားတဲ့ ပုဂ္ဂိုလ်ဟာ ငရဲဘုံမှာ ရရှိထားတဲ့ အနေအထားအတိုင်းပဲ ဆင်းရဲဒုက္ခ ခံစားပြီး နေကြရတယ်။ ငရဲရောက်နေတဲ့ပုဂ္ဂိုလ်က [၃၄] သူ့ကံနဲ့သူ။ ငရဲမှာ ဆက်ပြီးရှင်သန်နေမှာပဲ။ ငရဲဘုံ မှာ သတ်လို့သေတာ မဟုတ်ဘူး။ ကံမကုန်မချင်း မသေဘူးတဲ့။ လက်ဖြတ်ခြေဖြတ် ဘယ်လောက် သတ်သတ် မသေဘူး။ ကံကုန်မှ သေတာ။ ကံမကုန် မချင်း လွတ်လမ်းမရှိဘူး။ ဆင်းရဲတာတော့ အလွန့် အလွန်ပဲ။ မီးတွေ ဘယ်လောက် လောင်လောင်၊ ငရဲဘုံရောက်တဲ့လူက ပြာဖြစ်မသွားဘူး၊ လက်တွေ ခြေတွေဖြတ်လို့ သွေးလွန်သွားတယ် ဆိုတာမရှိဘူး။ အသက်ကတော့ ရှင်နေတုန်းပဲ။ ကိုသက်ပြင်းတို့ မသက်ပြင်းတို့ဟာ ငရဲပြည်မှာမှ ရှိကြတာ။ ဘယ်လို ဒုက္ခရောက်လို့မှ မသေဘူး။ ကံကုန်မှ သေတယ်။ သတ်လို့ သေမယ်ဆိုရင် ငရဲက တခဏနဲ့ ကျွတ်သွား မှာပေါ့။ အဲဒီလို မသေဘူး။
ငရဲရောက်သွားတဲ့ ပုဂ္ဂိုလ်ဟာ သူ့ကံနဲ့သူ ရပ်တည်နေမှာပဲတဲ့။ ဒီကနေ ကုသိုလ်ကောင်းမှု [၃၅] လုပ်ပေးပေမယ်လို့ ကုသိုလ်ကောင်းမှု အကျိုးကို သူမခံစားရဘူးတဲ့။ ဘာဖြစ်လို့ မခံစားရတာတုန်းလို့ မေးလို့ရှိရင် သူနဲ့အဆက်အသွယ် ပြတ်သွားပြီ။ ဒီက ကုသိုလ်ကောင်းမှု လုပ်တာကို သူမသိဘူး။ မသိလို့ သာဓု မခေါ်နိုင်ဘူး။ ပတ္တိဒါနအနေနဲ့ အမျှပေးဝေ လိုက်တဲ့အခါမှာ ပတ္တာနုမောဒနလို့ဆိုတဲ့ “သာဓု သာဓု” ဆိုတဲ့ ဝမ်းမြောက်အနုမောဒနာ လက်ခံလိုက် မှ ကုသိုလ်ဆိုတာရတာ၊ ဒီအတိုင်းမရဘူး။ ဒါကြောင့် မို့ ‘အမျှအမျှ’ ဆိုတဲ့အခါ ‘သာဓုသာဓု’နဲ့ ခေါ်ကြရ တာ။ သာဓုမခေါ်ဘဲ ပါးစပ်ပိတ်နေလို့ရှိရင် အမျှ မရဘူး။
အေး. . တချို့က သူများ ကုသိုလ်ကောင်းမှု လုပ်လို့ သာဓုခေါ်တာဟာ အကျိုးမရှိဘူးလို့ ထင် ကောင်း ထင်လိမ့်မယ်။ သို့သော် သက်ရှိထင်ရှား [၃၆] ဘဝမှာ သာဓုခေါ်ရင် အကျိုးပေးတယ်ဆိုတာ ၅၅၀ -ဇာတ်နိပါတ်ထဲမှာ ရှိတယ်။
သင်္ခဇာတ်လမ်း “သင်္ခပုဏ္ဏား ဆိုတာ ဘုရားလောင်းပဲ။ ပင်လယ်ခရီးကို သွားခါနီး လမ်းမှာတွေ့တဲ့ အရှင် မြတ်တစ်ပါးကို သူစီးလာတဲ့ဖိနပ်ကိုချွတ်ပြီး သန့်ရှင်း အောင်ပွတ်သပ်ကာ ဖိနပ်တစ်ရံ လှူလိုက်တယ်။ လှူပြီး သူက သင်္ဘောတက်တယ်။ သင်္ဘောနဲ့ ခရီး ဆက်တဲ့အခါ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီးတော့ သဘောပျက်ပါလေရော။
သူ့နောက်က သူ့ရဲ့အဖော် သူ့ ရဲ့အလုပ် အကျွေး တစ်ယောက်ပါတယ်။ ဆရာတပည့်နှစ် ယောက် သဘောက ပျဉ်ချပ်တစ်ခုကိုရလို့ အဲဒီ ပျဉ်ချပ်ကိုမှီတွယ်ပြီး ပင်လယ်ထဲ မျောပါနေကြတယ်။
[၃၇] ၇-ရက် လောက်ကြတယ်။ ဖိနပ်လှူခဲ့တဲ့ ကုသိုလ် ကောင်းမှုကြောင့် မဏိမေခလာနတ်သမီးက လာ ကယ်တယ်။ မဏိမေခလာက ကယ်တယ်ဆိုတာ ကုသိုလ်ကြောင့် ကယ်လို့ရတာ။ ကုသိုလ်ကြောင့် ဒီပုဂ္ဂိုလ် ဒုက္ခရောက်နေတာကို မြင်ရတာ။ နို့မို့ဆို မမြင်ဘူး။ ပြောရရင် ကုသိုလ်က ကယ်တာ။ အဲဒီ ကုသိုလ်ကံကြောင့် မဏိမေခလာနတ်သမီးက သဘော်ကြီးဖန်ဆင်းပြီး ကယ်သွားတာ။ (ခုခေတ်မှာ ဆို နိုင်ငံခြားသဘော်တစ်စီးက တွေ့လို့ ကယ်လာခဲ့ တယ်လို့ပဲ ပြောရမှာပေါ့။)
အဲဒီမှာ သူ့ကို ကယ်ပေမယ်လို့ သူ့နောက် က ပါတဲ့လူကို လှည့်တောင် မကြည့်ဘူး၊ မကယ်ဘူး။ မကယ်တော့ ကယ်ဖို့ ပြောတယ်၊ နတ်သမီးက ကုသိုလ်ကံမရှိရင် မကယ်နိုင်ဘူးလို့ ပြောတယ်။ ဘုရားအလောင်းဆိုတာ အင်မတန် စဉ်းစားဉာဏ် [၃၈] ရှိတယ်။ ဘုရားအလောင်းက “ငါ့တပည့် ငါ သဘော တက်ခါနီးမှာ ဖိနပ်တစ်ရံ လှူခဲ့တယ်၊ အဲဒီကောင်းမှု ရဲ့အဖို့ကို မင်းအား အမျှဝေပါတယ်”၊ ဟိုလူက “သာဓု သာဓု” ခေါ်တယ်။ အဲဒီကျတော့မှ အဲဒီလူကို နတ်သမီးက ကယ်တယ်။ အဲဒီဇာတ်အရ သာဓုခေါ် တာ အကျိုးပေးတယ်လို့ပဲ မှတ်ကြပါ။ ခုချိန်မှာလည်း သာဓုခေါ်ရင် သာဓုက အကျိုးပေးမှာပဲ။
တိရိစ္ဆာန်ဘဝ အမျှဝေလိုမရ အေး. . နောက်တစ်ဦးကတော့ အကုသိုလ် တွေလုပ်လို့ သေတဲ့အခါ တိရစ္ဆာန်ဖြစ်တယ်။ တိရစ္ဆာန်ဘဝမှာ သူ့ကံနဲ့သူ ရပ်တည်တယ်။ ဒီဘဝ က ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်းပေးဝေ ပေမယ့် ဒီကုသိုလ်အမျှကို သူရမှာ မဟုတ်ဘူး။
[၃၉] လူ့ဘဝ အမျှကုသိုလ် နောက်တစ်ဦးကတော့ ကုသိုလ်ကောင်းမှု တွေ သူလုပ်တယ်။ သုစရိုက်(၁၀)ပါး အကျင့်တရား တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်တယ်။ သေ သည်၏အခြားမဲ့၌ လူဖြစ်တယ်။ လူ့ဘဝရောက်တဲ့ အခါမှာ လူ့စည်းစိမ်ချမ်းသာခံစားပြီး အသက်ရှင် နေတယ်။ ကျန်ရစ်တဲ့ ဆွေတွေမျိုးတွေက အမျှ အတမ်း ပေးဝေပေမယ့် လူ့ဘဝရောက်တဲ့ ပုဂ္ဂိုလ်က မရဘူး။ ရစေကာမူ များစွာထူးခြားမှု မဖြစ်ဘူး။
နတ်ဘဝ အမျှကုသိုလ် တစ်ဦးက ကုသိုလ်ကောင်းမှုတွေ လုပ်လို့ သေသည်၏အခြားမဲ့၌ နတ်ပြည်ရောက်သွားတယ်။ အဲဒီနတ်ပြည်ရောက်သွားတဲ့ ပုဂ္ဂိုလ်လည်း နတ်စည်း စိမ်ချမ်းသာနဲ့ နတ်ဘုံနတ်ဘဝမှာ ပျော်မွေ့နေတယ်။
[၄၀] ဒီဘဝကကျန်ရစ်တဲ့မိဘဆွေမျိုးတွေက အမျှအတမ်း ပေးဝေလို့ သူ မရဘူးလို့ ဆိုတယ်။
ကဲ. . အားလုံး တမလွန်ဘဝ ရောက်သွား တဲ့ ပုဂ္ဂိုလ်ဟာ (၁) ငရဲကျသွားရင်လည်း အမျှဝေလို့ မရဘူး၊ (၂) တိရစ္ဆာန်ဖြစ်နေရင်လည်း အမျှအတန်း ပေးဝေလို့ မရဘူး၊ (၃) လူ့ပြည်ရောက်နေရင်လည်း အမျှဝေလို့ မရဘူး၊ (၄)နတ်ပြည်ရောက်နေရင် လည်း အမျှဝေလို့မရဘူးတဲ့ ဒီလိုဆိုလိုတယ်။
ပြိတ္တာဘဝ အမျှရ အကုသိုလ်ကံတွေ လုပ်သည့်အတွက် သေ သည်၏အခြားမဲ့၌ ပြိတ္တာဖြစ်သွားတယ်။ ပြိတ္တာ ဆိုတာ တစ္ဆေတို့ သရဲတို့ပဲ ပြောပါစို့။ ပစ္စည်းစွဲလို့ပဲ ဖြစ်စေ၊ မိသားစုအပေါ် စွဲလို့ဖြစ်စေ အိမ်နှင့် အိမ်အနီးအပါးမှာ ပြိတ္တာဖြစ်နေတယ်။ လူတွေက [၄၁] မကျွတ်ဘူးလို့ ပြောကြတယ်။ သံသရာဝဋ်က မလွတ် သေးသမျှ မကျွတ်သူတွေချည်းပဲ။ သို့သော် တစ္ဆေ ဖြစ်တာကိုမှ မကျွတ်ဘူးလို့ ထင်နေကြတာ။ အဲဒီလို ပြိတ္တာဘဝရောက်နေတဲ့ပုဂ္ဂိုလ်ဟာ ပြိတ္တာဘဝမှာ သူ့ အကျိုးပေးသမျှနဲ့ ရပ်တည်တာက တစ်ခုတဲ့။ ဒီဘဝက ဆွေတွေမျိုးတွေက ကုသိုလ် ကောင်းမှုလုပ်ပြီး အမျှအတမ်း ပေးဝေလို့ရှိလည်း အဲဒီ ကုသိုလ်ကောင်းမှုကို အမှီပြုပြီး ဘဝရပ်တည်မှု ရနိုင်တယ်တဲ့။ ဘဝရပ်တည်ဖို့ လမ်းကြောင်းက နှစ်ခုရှိတယ်၊ သူ့ကံ အကျိုးပေးနဲ့ ရပ်တည်တာက တစ်ခု၊ ဒီဘဝက ဆွေတွေမျိုးတွေက ကုသိုလ်ပြုပြီး အမျှဝေတဲ့အခါမှာ သာဓုခေါ်လိုက်လို့ရတဲ့ ကုသိုလ် ကို မှီပြီး ရပ်တည်နိုင်တာက တစ်ခု၊ ဒီလိုပြောတာ။
[၄၂] ဂတိ ငါးပါး ဂတိဆိုတာ ငါးပါးရှိတယ်။ ‘နိရယဂတိ’ ‘တိရစ္ဆာနဂတိ’၊ ‘ပေတဂတိ’၊ ‘မနုဿဂတိ’၊ ‘ဒေဝဂတိ’။ သတ္တဝါတွေရဲ့ သွားရာလမ်းကြောင်း ကြီး ၅-သွယ်ရှိတယ်၊ အဲဒီထဲမှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဆိုတာ ဒုစရိုက်ကြောင့် ရောက်ရတဲ့ဂတိ။ လူ့ဘုံ၊ နတ်ဘုံဆိုတဲ့ ဒီဂတိနှစ်ခုကိုတော့ သုစရိုက် ကြောင့် ရောက်ရတဲ့ ဂတိလို့ ဒီလိုမှတ်ရမယ်။ အဲဒီထဲမှာ ပေတဂတိ ရောက်တဲ့ပုဂ္ဂိုလ် တစ်ဦးတည်းသာလျှင် ဒီဘဝက ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှအတမ်းပေးဝေရင် အကျိုးရှိနိုင်တယ်လို့ ဒီလို ဟောတယ်နော်။
ဇာဏုသောဏိပုဏ္ဏားကြီးကို အဲဒီလိုရှင်းပြီး ဟောလိုက်တဲ့အခါ ပုဏ္ဏားကြီးက ထပ်မေးတယ်၊ “အရှင်ဘုရား တပည့်တော်တို့ ရည်စူးတဲ့ ပုဂ္ဂိုလ်ကတဲ့ [၄၃] အဲဒီပြိတ္တာဘုံမှာ မဖြစ်ဘူးဆိုရင် အမျှအတမ်း ပေးဝေလိုက်တဲ့ ကုသိုလ်ကို ဘယ်သူရတုန်း” တဲ့။ ဒါလဲ စဉ်းစားစရာကောင်းတဲ့ မေးခွန်းတစ်ခုပဲ။ အဲဒီ မေးခွန်းကို မြတ်စွာဘုရား ဖြေတာက “အေး.. ကိုယ်ရည်ညွှန်းတဲ့ပုဂ္ဂိုလ် မရဘူးဆိုရင် ဆွေဟောင်း မျိုးဟောင်း ဘိုးဟောင်းဘွားဟောင်းတွေ ရှိတာပေါ့ တဲ့ အဲဒီဆွေတွေမျိုးတွေက ရတာပဲ”တဲ့။ ကိုယ်ကသာမေ့ချင်မေ့နေမှာ ဆွေမျိုးတွေဆို တာက မေ့ချင်မှမေ့မှာလေ။ ရှင်သာရိပုတ္တရာ လွန်ခဲ့ တဲ့သုံးဘဝက မယ်တော်ကြီးဟာ ပြိတ္တာမကြီးဖြစ်နေ တယ်။ အားကိုးလိုက်ရှာတဲ့အခါ ရှင်သာရိပုတ္တရာကို တွေ့တယ်၊ “ဪ. . ဒါငါ့သားကြီးပဲ” ဆိုပြီး အကူ အညီ လာတောင်းတယ်။ ရှင်သာရိပုတ္တရာ မထေရ် မြတ်က ဝါးကျောင်းလေးဆောက်ပြီး သံဃာအားလှူ၊ ဆွမ်းခံရတဲ့ ဆွမ်းကိုလည်း သံဃာအားလှူဒါန်းပြီး [၄၄] အဲဒီ ပြိတ္တာမကြီးကို အမျှဝေလိုက်တဲ့အခါ နေစရာ ဗိမာန်ကြီး ရသွားတယ်၊ စားစရာ နတ်ဩဇာတွေ လည်း ရသွားတယ်။
ဒီလိုပုံဝတ္ထုတွေကိုသိချင်လို့ရှိရင် ပေတဝတ္ထု တို့ ဝိမာနဝတ္ထုတို့ကို ဖတ်ရမယ်။ မြန်မာနိုင်ငံမှာ လည်း ဒီလိုအတွေ့ အကြုံရေးထားတဲ့ ဝတ္ထုမျိုးတွေ လည်း ရှိတယ်။ အမျှအတမ်း ပေးဝေလိုက်လို့ရှိရင် ရတယ်၊ ကုသိုလ်ကောင်းမှုကြောင့် ချမ်းသာသုခ ရသွားကြတာတွေ မြောက်မြားစွာ ရှိတယ်ပေါ့။
အဲဒီမှာ ဇာဏုသောဏိပုဏ္ဏားကြီးကမေးတဲ့ အခါ မြတ်စွာဘုရားက “ကိုယ်ရည်စူးတဲ့ ဆွေမျိုးသား ချင်းက တမလွန်ဘဝ ပြိတ္တာဘုံမှာ မရှိဘူးဆိုရင် ရှိတဲ့ဆွေတွေမျိုးတွေ ရတာပေါ့”လို့မေးတယ်။ ပုဏ္ဏား ကြီးကထပ်မေးတယ်။ “အရှင်ဘုရား တပည့်တော်တို့ ရည်စူးတဲ့ ပုဂ္ဂိုလ်လည်းမရှိဘူး တခြားဆွေမျိုးသား [၄၅] ချင်းတွေလည်း မရှိဘူးဆိုရင်ကော ဘယ်သူရမှာလဲ”။ မြတ်စွာဘုရားက “သံသရာဆိုတာ အလွန်ကြာ တယ်။ ကိုယ့်ဆွေမျိုးတွေမရှိတဲ့ ပြိတ္တာဘုံဆိုတာ ဘယ်တော့မှ မရှိနိုင်ဘူး”တဲ့။
လွန်ခဲ့တဲ့ ၉၂-ကမ္ဘာ ဖုဿဘုရားလက်ထက် က ဗိမ္ဗိသာရမင်းကြီးရဲ့ ဆွေတွေမျိုးတွေ ပြိတ္တာဘုံ ရောက်နေတာတွေ ရှိတယ်။
ပြိတ္တာဘဝရောက် ဆွေတွေမျိုးတွေက ကိုယ့် ဆွေမျိုး အမျှအတမ်းပေးဝေမှာကို စောင့်စားပြီးနေ ကြတယ်၊ အမျှအတမ်း ပေးဝေတဲ့အခါ ဝမ်းမြောက် နုမော် သာဓုခေါ်လိုက်တာနဲ့ တပြိုင်နက် သူတို့ရဲ့ ဘဝအခြေအနေတွေဟာ တိုးတက်ပြောင်းလဲသွား တယ်တဲ့။ ဘယ်အရာကြောင့် ပြောင်းလဲတာတုန်း ဆိုရင် သူတို့ သန္တန်မှာဖြစ်တဲ့ ကုသိုလ်ကြောင့် ပြောင်းလဲတာ။
[၄၆] ကုသိုလ်ဟာ အဓိကကျတယ် ဆိုတဲ့ အ ကြောင်းနဲ့ ပတ်သတ်ပြီး မှတ်သားစရာတစ်ခု ပြောရ ဦးမယ်။
“ဘဝတုသဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ၊ သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။' သဗ္ဗဗုဒ္ဓါနုဘာဝေန ကို “အလုံးစုံသော ဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် လို့ ဒီလို ဘာသာပြန်လေ့ ရှိကြတယ်။
“ဘုရားရဲ့တန်ခိုးကြောင့် ချမ်းသာတယ်' လို့ ဒီလိုပြောရင် လူတွေဟာ တန်ခိုးကို အားကိုးကြမယ်။ အစွမ်းတန်ခိုးရှိတဲ့ ပုဂ္ဂိုလ်ဆိုရင် အားကိုးကြမယ်၊ ချမ်း သာလိမ့်နိုး မြှောက်ကိုးကြမယ်။ တကယ်ကတော့ ဘုရားတန်ခိုးကြောင့် ချမ်းသာတာ မဟုတ်ဘူး။
[၄၇] သဗ္ဗဗုဒ္ဓါနုဘာဝေန ကို တကယ်ဘာသာပြန် သင့်တာက ဘာတုန်းဆို “အလုံးစုံသော ဘုရားသခင် ကိုယ်တော်မြတ်တို့ကို ရှိခိုးပူဇော်ရတဲ့ ကုသိုလ် ကောင်းမှု၏ အစွမ်းတန်ခိုးကြောင့်” လို့ ဒီလိုဘာသာ ပြန်သင့်တယ်။ ဘုရားကို အာရုံပြုပြီး ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ကုသိုလ်တရားကမှ တကယ့်အစွမ်း တန်ခိုးထက်တာ။ အဲဒီအစွမ်းတန်ခိုးကြောင့် ချမ်းသာ ကြပါစေဆိုမှ ပိုမှန်ကန်တယ်။ မြတ်စွာဘုရားက မ,တာ မဟုတ်ဘူး။ ကိုယ်လုပ်တဲ့ ကုသိုလ်က မ,တာ။ အဲဒါကြောင့်မို့ ကိုယ့်သန္တာန်မှာ ကုသိုလ်ဖြစ် အောင်ကြိုးစားရမယ်။ အဲဒီလို မသိလို့ရှိရင် လူတွေ က ဘုရားကိုးကွယ်တာတောင်မှ လာဘ်ကောင်းတဲ့ ဘုရားကိုမှ ကိုးကွယ်ကြမယ်။ လာဘ်မကောင်းရင် စွန့်ပစ်ကြလိမ့်မယ်။ လာဘ်မျှော်ကိုးကွယ်ရန် သရဏဂုံတောင် မမြောက်ဘူး။
[၄၈] မြတ်စွာဘုရား ကိုယ်တိုင်ကလည်း “ပုညာနံ ဘိက္ခဝေ မာ ဘာယိတ္ထ၊ သုခဿေတံ အဓိဝစနံ ယဒိဒံ ပုညာနီတိ' ချမ်းသာချင်ရင် ကုသိုလ်ကို မကြောက်နဲ့တဲ့၊ ကုသိုလ်များများလုပ်၊ ကုသိုလ်များမှ ချမ်းသာမယ်။ ဒီလိုဟောထားတာ။
အေး ဒါကြောင့်မို့ တမလွန်ဘဝပြောင်းသွား တဲ့ ပုဂ္ဂိုလ်လည်း ဒီကကုသိုလ်ကြောင့် ချမ်းသာသုခ ရသွားတယ် ဆိုတဲ့နေရာမှာ ဆက်စပ်မှုရှိတာကိုသာ ပြောတာ။ ဒီက အမျှဝေလျက်သားနဲ့ သူတို့က သာဓု မခေါ်ဘူးဆိုရင် မရဘူး။ သာဓုခေါ်တာဟာ ပုညကြိယာဝတ္ထု ၁၀-မျိုးထဲမှ ပတ္တာနမောဒန ကုသိုလ်တစ်ခုပဲ။
ပုညကြိယာဝတ္ထု ဆိုတာ ပြုလုပ်သင့်ပြုလုပ် ထိုက်တဲ့ ကုသိုလ်မို့ ပုညကိရိယ၊ ချမ်းသာသုခရဲ့ တည်ရာဖြစ်လို့ ဝတ္ထု၊ ချမ်းသာသုခရဲ့ အကြောင်း [၄၉] တရားဖြစ်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ် ၁၀- မျိုးထဲမှာ သာဓုခေါ်တာလည်း ကုသိုလ်တစ်မျိုးပဲတဲ့။ အဲဒီသာဓုခေါ်တဲ့ ကုသိုလ်ကြောင့် ပြိတ္တာဘုံရောက် နေတဲ့ ပုဂ္ဂိုလ်တွေ အကျိုးခံစားကြရတာလို့ ဒီလို မှတ်ရမယ်၊ အကယ်၍ သာဓုမခေါ်နိုင်ဘူးဆိုရင် သူတို့မရဘူး။
မြတ်စွာဘုရားကဖြေတယ် “ပြိတ္တာဘုံမှာ ကိုယ့်ဆွေမျိုးသားချင်းတွေ မရှိတဲ့အခါဆိုတာ မရှိနိုင်ပါဘူး”တဲ့။ “ဒါ့အပြင် လှူသူကိုယ်တိုင် ကုသိုလ်တွေ အများကြီးရပါတယ်”လို့ ဒီလိုဟော တာ။ ပြုသူကိုယ်တိုင်က အများကြီးရတယ်လို့ ပြော တာ၊ ဆွေမျိုးသားချင်းကို ရည်စူးပြီးတော့ ပြုတာ ဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင် ကုသိုလ်ရဘို့ လုပ်တာပဲ ဖြစ်ဖြစ်၊ ပြုလုပ်တဲ့ပုဂ္ဂိုလ်ကတော့ကုသိုလ်ရပြီးသားပဲ။
[၅၀] တချို့ကထင်တယ် “ဒီကောင်းမှုက အမေ့ အတွက်လုပ်တယ်၊ အဖေ့အတွက် လုပ်တယ်၊ ကိုယ့် အတွက်မပါဘူး'လို့ ဒီလိုထင်ကောင်းထင်မယ်။ မဟုတ်ဘူး ကုသိုလ်ကောင်းမှု လုပ်လို့ရှိရင် ဘယ်သူ့ အတွက်ပဲ ရည်စူးရည်စူး၊ ပထမ ကုသိုလ်ရသူက ကိုယ်ပဲ။ တဖက်သားက သာဓုခေါ်နိုင်မှသာ အဲဒီ ကုသိုလ်ကို သူတို့ရတာ၊ သာဓုမခေါ်နိုင်ရင် သူတို့ မရဘူး” ဒီလိုမှတ်ရမယ်။
အေး.. ကောင်းပြီ မြတ်စွာဘုရားက “လှူသူ တန်းသူ ကုသိုလ်ကောင်းမှု ပြုသူကိုယ်တိုင်က ဒီ ကုသိုလ်ရဲ့ အကျိုးတွေကို ခံစားရတယ်” လို့ ရှင်းပြတဲ့ အခါ ပုဏ္ဏားကြီးက ဝမ်းသာတယ်။ “အရှင်ဘုရား အဲဒီလိုဆို မဖြစ်နိုင်တဲ့ နေရာမှာလည်းပဲ အရှင်ဘုရား အကျိုးခံစားရတယ်”လို့ဆိုလိုတာလား လို့ မေးပြန် တယ်။
[၅၁] မြတ်စွာဘုရားက ရှင်းပြတယ်။ “ဆိုပါစို့တဲ့ လူတစ်ယောက်ဟာ ဒုစရိုက်လုပ်ငန်းတွေလုပ်တယ် ဒုစရိုက်တွေကြောင့် သေသွားတဲ့အခါမှာ ဆင်သွား ဖြစ်တယ်၊ သို့သော် သူက ဒုစရိုက်တွေ လုပ်ပေမယ့် လို့ လှူမှုတန်းမှု ဝါသနာပါတယ်၊ လှူတယ်။ ဒါကြောင့်မို့ သူဟာ ဒုစရိုက်လုပ်လို့ ဆင်ဖြစ်တယ်၊ တိရစ္ဆာန်ဘဝ ရောက်သွားတယ်၊ လှူခဲ့တန်းခဲ့သည့် အတွက်ကြောင့် ဆင်ဖြူတော်ဆိုပြီးတော့ ခမ်းခမ်း နားနား၊ သူ့ အကာအရံနဲ့ အမိုးနဲ့ ကျွေးတာမွေးတာ တွေနဲ့ ရေချိုးပေးမယ့်လူနဲ့ နေရတယ်။” ဆင်ပေမယ့် လို့ ဇိမ်နဲ့ နေရတဲ့ဆင်က ရှိသေးတယ်။
အဲဒီအတိုင်းပဲ ခွေးတွေရော ဇိမ်နဲ့နေရတဲ့ ခွေးမရှိဘူးလား၊ ရှိတယ်။ အခုခေတ်ဆို ခွေးတွေက မော်ဒယ်မြင့်တဲ့ ကားကြီးတွေစီးလို့၊ လူအိပ်တဲ့ နေရာကြီးတွေအိပ်လို့၊ ခွေးစာတောင်မှပဲ စပါယ်ရှယ် [၅၂] ထုတ်လုပ်ထားတဲ့ ခွေးစာကြွေးရတယ်။ တချို့များ ကြက်ဥကဘယ်နှစ်လုံး အသားကဘယ်နှတုံးနဲ့ လူ အချို့ထက်တောင် သာနေသေးတယ်။ အဲဒါ ဒါနရှိခဲ့ တဲ့ခွေးပဲ။ ဒါနမရှိခဲ့တဲ့ ခွေးကျတော့ ဟိုအမှိုက်ပုံးနမ်း၊ ဒီအမှိုက်ပုံးနမ်းနဲ့ စားစရာ လိုက်ရှာနေကြရတာ။ တိရစ္ဆာန်ဘဝ ရောက်တောင်မှ ဒါနကုသိုလ်ရဲ့ အကျိုးကို ခံစားရတယ်လို့ မြတ်စွာဘုရားက ဟော တာနော်။ လှူတဲ့ပုဂ္ဂိုလ်ဟာ တိရစ္ဆာန်ဖြစ်ဦးတော့ ကောင်းကျိုးချမ်းသာတွေ ရတယ်လို့ပြောတာ။ ထို့အတူပဲ လှူတဲ့ပုဂ္ဂိုလ်ဟာ လှူပြီဆိုလို့ရှိရင် ထိုလှူတဲ့ အကျိုးဟာ ဖြစ်လေရာဘဝမှာ အကျိုးပေး မယ်။ ဒါနကောင်းမှုလုပ်တယ်၊ သုစရိုက်တရားတွေ ကျင့်သုံးဆောက်တည်တယ်။ ကျင့်သုံး ဆောက်တည် သည့်အတွက်ကြောင့် လူ့ပြည်ရောက်တယ်၊ ဒါန ကောင်းမှုတွေ လုပ်ခဲ့သည့်အတွက်ကြောင့် လူ့ဘုံ [၅၃] လူ့ဘဝမှာ လူချမ်းသာတစ်ယောက် ဖြစ်တယ်။ သုစရိုက် လုပ်သည့်အတွက်ကြောင့် လူဖြစ်တယ် ဆိုတာက သီလကြောင့် လူဖြစ်တယ်၊ သီလကြောင့် လူ့ဘဝ ရောက်တယ်။ ဒါနကြောင့် လူချမ်းသာ ဖြစ်တယ်။
ထို့အတူပဲ သုစရိုက်တရားတွေကို ကျင့်သုံး ခဲ့သည့်အတွက်ကြောင့် နတ်ပြည်ရောက်တယ် ဒါန ကောင်းမှုကြောင့် နတ်စည်းစိမ်ချမ်းသာ သူများနဲ့ မတူအောင် ချမ်းသာတယ်၊ ဟော. . ဒီအကျိုးရ တယ်။
ဒါကြောင့်မို့ သူ့ အကျိုးနဲ့သူပဲ၊ ဒါနကောင်းမှု လုပ်တဲ့ပုဂ္ဂိုလ်က တိရစ္ဆာန်ဖြစ်လည်း ကောင်းကျိုး ချမ်းသာတွေ ခံစားရတယ်၊ လူဖြစ်လဲ ကောင်းကျိုး ချမ်းသာတွေ ခံစားရတယ်၊ နတ်ဖြစ်လဲ ကောင်းကျိုး ချမ်းသာတွေ ခံစားရတယ်။ ဒါကြောင့်မို့ ဒါနကောင်း [၅၄] မှုပြုလုပ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ အကျိုးမဲ့မဖြစ် ဘူးလို့ မြတ်စွာဘုရားက ဟောထားတာ။ အဲဒီလိုဟောလိုက်တဲ့ အခါဆွေတွေမျိုးတွေ ကို ရည်စူးပြီး ဒါနကောင်းမှုပြုတာ ဆွေမျိုးတွေ အတွက်သာ၊ ပြုတဲ့သူမရဘူးလို့ ထင်နေတဲ့ ပုဏ္ဏား ကြီးဟာ “အရှင်ဘုရား ဝမ်းသာစရာပဲ၊ ဒီလိုဆိုရင် ဒါနတွေ သိပ်လုပ်သင့်တာပေါ့”တဲ့။ လှူသင့်တန်းသင့် တယ် ဖြစ်လေရာဘဝမှာ ဘယ်ဘဝရောက်ရောက် ချမ်းချမ်းသာသာ နေရတယ်ဆိုတော့ အင်မတန်မှ တန်ဘိုးရှိပါလားလို့ ဝမ်းမြောက်စကား လျောက်ကြား တယ်။ အဲဒီ ဇာဏုသောဏိသုတ်ဆိုတာ အင်္ဂုတ္တရ နိကာယ် မှာ ပါရှိတယ်။
အေး မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ဟာ တမလွန်ဘဝက ဆွေမျိုး တွေရဲ့အရေးကို မှန်ကန်တဲ့နည်းလမ်းနဲ့ စဉ်းစားပြီး [၅၅] ထိုဆွေမျိုးတွေအတွက် ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှအတမ်း ပေးဝေကြတယ်။ ထိုအမျှအတမ်း ပေးဝေတဲ့အလုပ်ဟာ မှန်ကန်တဲ့ အလုပ်တစ်ခု ဖြစ်တယ်။ ဘာကြောင့် မှန်ကန်သလဲဆိုရင် လုပ်သူ တွေ ကိုယ်တိုင်လည်း ကုသိုလ်ရတယ်။ အလွမ်း ပြေရုံမျှမက ဒီကုသိုလ်ကောင်းမှုကို တမလွန်ဘဝက ဆွေတွေမျိုးတွေ သိရှိပြီး ဝမ်းမြောက်နုမော် သာဓု ခေါ်မယ်ဆိုရင် သူတို့ဘဝဟာလည်း တိုးတက် ကောင်းမွန်သွားကြမှာ ဖြစ်ပါတယ်။
ဒီဘဝမှာ အဆောက်အဦး ဆောက်လှူပြီး အမျှဝေလိုက်ရင် ဟိုဘက်မှာ သူတို့ဘုံဗိမာန်တွေ ရမယ်။ ဒီဘဝက အဝတ်အစား လှူပြီး အမျှဝေလိုက် ရင် ဟိုဘက်မှာ နတ်ဝတ်တန်ဆာတွေရတယ်၊ ဒီဘဝ က က လှူလိုက်တဲ့ ကုသိုလ်ကောင်းမှုဟာ ချက်ချင်း သူတို့ဘဝမှာ အကျိုးပေးတယ်။
[၅၆] ချက်ချင်းလို့ဆိုတာ ဘယ်လောက်ထိ မြန်သလဲဆိုတာ မြတ်စွာဘုရားက ဥပမာနှစ်ရပ်နဲ့ ရှင်းပြတယ်။
ဥန္နမေ ဥဒကေ ဝုဋ္ဌံ၊ ယထာနိန္န ပဝတ္တတိ၊ ဧဝမေဝ ဣတော ဒိန္န၊ ပေတာနံ ဥပကပ္ပတိ၊ ကုန်းမြင့်ပေါ် ရွာချလိုက်တဲ့မိုးရေတွေဟာ နိမ့် ရာအရပ်ကို ဒလဟောစီးဆင်းသွားတယ်၊ အဲဒါလိုပဲ ဒီဘဝက ကုသိုလ်ကောင်းမှုတွေကို အမျှပေးလိုက် တာနဲ့တပြိုင်နက် တစ်ခါတည်း ပြည့်ပြည့်စုံစုံကြီး ရသွားတယ်တဲ့။
နောက်ဥပမာတစ်ခုက- ယထာ ဝါရိဝဟာ ပူရာ၊ ပရိပူရေန္တိ သာဂရံ၊ [၅၇] ဧဝမေဝ ဣတော ဒိန္န၊ ပေတာနံ ဥပကပ္ပတိ။ မြစ်ချောင်းအင်းအိုင်တွေက မြစ်တွေဟာ ပင်လယ်ထဲကို စီးဝင်နေကြတယ်၊ ရေတွေ ပင်လယ် ထဲကို စီးဝင်သွားသလိုပဲ ဒီဘဝက လှူလိုက်တဲ့ ကုသိုလ်ကောင်းမှုတွေဟာ မိမိတို့ရည်ညွှန်းတဲ့ ပုဂ္ဂိုလ် တွေရဲ့ ဘဝထဲကို စီးဝင်သွားတယ်။
အေး ဒါကြောင့်မို့ တမလွန်ဘဝက ဆွေမျိုး တွေအရေးကို စဉ်းစားမယ်ဆိုရင် ကုသိုလ်လုပ်ပြီး အမျှဝေရမယ်။ သတင်းစာထဲ အလွမ်းပြေထည့်တာ ကလည်း ကိုယ့်အတွက် စိတ်ဖြေသိမ့်ရုံမှတစ်ပါး သူတို့အတွက် ဘာမှ အကျိုးမရှိဘူးတဲ့။ သင်္ချိုင်းသွား ပြီး ပန်းခြင်းလေးတွေ ချတာကလည်း ကိုယ့်အတွက် စိတ်ဖြေသိမ့်ရုံမှတစ်ပါး သူတို့အတွက် ဘာမှအကျိုးရ မှာ မဟုတ်ဘူး။ ကြိုက်တတ်တဲ့ အစားအစာလေး [၅၈] တွေ သွားချတာလည်းပဲ သူတို့အတွက် အကျိုးရမှာ မဟုတ်ဘူး။ သူတို့အတွက် တကယ်အကျိုးရတာက တော့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်း ပေး ဝေခြင်းဖြစ်တယ်၊ အဲဒါကသာလျှင် သူတို့အတွက် ကောင်းကျိုးချမ်းသာ ရနိုင်တယ်။
ယခုကို မှန်ကန်တဲ့ အသိနဲ့ တမလွန်ဘဝက ဆွေမျိုးတွေရဲ့ အရေးကို စဉ်းစားပြီး အကျိုးရှိတဲ့ အလုပ်ကိုလုပ်ဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို တမလွန်ဘဝက ဆွေမျိုးများအရေး တရားဒေသနာနဲ့ ရှင်းလင်းဟောကြားခြင်း ဖြစ်ပါ တယ်။
တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်း တို့သည် တမလွန်ဘဝက ဆွေမျိုးတွေရဲ့ အရေးကို စဉ်းစားမယ်ဆိုရင် ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှ အတမ်းပေးဝေခြင်းသည်သာလျှင် မှန်ကန်သော
as76maaeeu5kh2qc7ia3oopqnmw6a74 ဒါနအခြေခံတဲ့ သမထ ဝိပဿနာ 0 6460 22313 2026-10-13T01:04:45Z Tejinda 173 "{{header | title = ဒါနအခြေခံတဲ့ သမထ ဝိပဿနာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = တမလွန်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22313 wikitext text/x-wiki {{header | title = ဒါနအခြေခံတဲ့ သမထ ဝိပဿနာ | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[တမလွန်ဘဝက ဆွေမျိုးများအရေး]] | previous2 = | next = [[ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
ဒါနအခြေခံတဲ့ သမထ ဝိပဿနာ
[၁] သာသနာတော်နှစ် ၂၅၅၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်၊ ၂၀၁၂-ခု ဒီဇင်ဘာလ(၆)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သော အထူးတရားပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး ဆေးရောင်းဝယ်ရေး မိသားစုများနှင့် ဓမ္မမိတ်ဆွေများ၏ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ ကျောင်းတိုက်၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကျောင်းတိုက် အသီးသီးတို့ ၌ သီတင်းသုံးတော်မူကြသော သံဃာတော်အရှင်မြတ် (၄၃၀၀)ကျော်တို့အား ဆွမ်းအစရှိသော လှူဖွယ်ပစ္စည်း တို့ကို ဆက်ကပ်လှူဒါန်းခြင်း သာသနာ့ပူဇာအောင်ပွဲ အထိမ်းအမှတ်အဖြစ်ဖြင့် ဟောကြားအပ်သော - “ဒါန အခြေခံတဲ့ သမထဝိပဿနာ"အကြောင်း တရားဒေသနာ တော်။
[၂] ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်မှာ သံဃာဆိုတဲ့ ဦးတည်ချက်နဲ့ သံဃာ့ဂုဏ်ကို အာရုံပြုပြီး ဒါန ကောင်းမှု လုပ်ကြတယ်၊ မြတ်စွာဘုရားက ပုဂ္ဂလိက ဒါနနဲ့ သံဃိကဒါန ခွဲခြားဟောခဲ့တယ်၊ 'ပုဂ္ဂလိကဒါန' ဆိုတာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ပိုင်ဆိုင်မှုအဖြစ် လှူဒါန်းတာ၊ ပုဂ္ဂိုလ်တစ်ဦးပိုင်တဲ့ပစ္စည်းကို ပုဂ္ဂလိက လို့ ခေါ်တယ်နော်၊ သံဃိက ဆိုတာ သံဃာပိုင်ဆိုင် တဲ့ပစ္စည်းကို ခေါ်တယ်၊ 'သံဃိကဒါန'ဆိုတာ သံဃာ ပိုင်လှူတာ။
အဲဒီတော့ ဒီနေရာမှာ ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်ကို ရည်ညွှန်းပြီး လှူဒါန်းတဲ့ဒါနကို ပုဂ္ဂလ ဒါနလို့လည်း ခေါ်တယ်၊ ပြောမယ်ဆိုရင် ပုဂ္ဂလိက အဖြစ် လှူတဲ့ဒါနမို့ ပုဂ္ဂလိကဒါန၊ သံဃာကို ဦးတည် ပြီး လှူတာက သံဃဒါနနော်၊ သံဃာအားလုံးကို ရည်ညွှန်းတယ်၊ နောက်တစ်ခါ သံဃာရဲ့ အများပိုင် ပစ္စည်းအဖြစ် လှူဒါန်းတာကို သံဃိကဒါန၊ ဒီလို လည်း ခေါ်ကြတာပေါ့။
[၃] အဲဒီတော့ ပုဂ္ဂလဒါနနဲ့ သံဃဒါန၊ ဒီလို နှစ်ခု ခွဲခြားမှတ်သားထားရမယ်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကိုလှူတဲ့ ပုဂ္ဂလိကဒါန (သို့မဟုတ်) ပုဂ္ဂလဒါနဟာ အများသံဃာကို ရည်ညွှန်းပြီးတော့ လှူဒါန်းတဲ့ သံဃဒါန (သံဃိကဒါန)နဲ့ လုံးဝကွဲပြားခြားနားတယ်၊ ဘာဖြစ်လို့ ကွဲပြားခြားနားသလဲလို့ဆိုရင် ... ပုဂ္ဂိုလ် ဆိုတာ တစ်ဦးတစ်ယောက်နဲ့သာ သက်ဆိုင်သည့် အတွက် ဒီပုဂ္ဂိုလ်တစ်ဦးတည်းရဲ့ အရည်အချင်းအား လျော်စွာသာ အကျိုးပေးတယ်၊ သံဃာဆိုတာကျ တော့ ပုဂ္ဂိုလ်မျိုးစုံ ပါဝင်တယ်၊ တစ်ဦးမကောင်း တစ်ဦးကောင်း ဆိုတာလိုနော်၊ စွမ်းအားတွေ ပိုပြီး တော့ ပြည့်တယ်။
အလှူခံပုဂ္ဂိုလ်အနေနဲ့ ပြောမယ်ဆိုရင် ပုဂ္ဂိုလ် လှူတဲ့အခါ အဲဒီပုဂ္ဂိုလ်က ထူးမြတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ ရှိရင်၊ ထူးမြတ်တဲ့ပုဂ္ဂိုလ်ဆိုတာ သူ့ကို အကြောင်း ပြုပြီး ကောင်းမှုဟာ အကျိုးကျေးဇူးတွေ ဖြစ်ပွါးနိုင် တယ်၊ ဒါက တစ်ခု။ သံဃိကဒါန ဆိုတာတော့ [၄] သံဃာတွေအားလုံးကို ရည်ညွှန်းတာ၊ သံဃာတွေ ထဲမှာ ထူးခြားတဲ့ပုဂ္ဂိုလ်တွေဆိုတာ ပါလာတတ် တယ်၊ ဒီတော့ ကိုယ်က ရည်ညွှန်းလိုက်တာလည်း သံဃာဆိုတော့ ကိုယ့်ရဲ့ကုသိုလ်နယ်ပယ်ကြီးဟာ ပို ကျယ်သွားတယ်၊ ပုဂ္ဂလိကဒါနကျကုသိုလ်နယ်ပယ် က ကျဉ်းမြောင်းတယ်၊ ဒီလိုပြောရမှာပေါ့နော်၊ တစ်ဦး တည်းကို အာရုံစိုက်တာ။ တစ်ချို့နေရာမှာဆိုရင် မြတ်စွာဘုရားက ပုဂ္ဂိုလ်တစ်ဦးတည်းကို ကြည်ညိုလို့ရှိရင် ဖြစ်ပေါ် လာနိုင်တဲ့ အခြေအနေတွေကို ဟောထားတာတွေ ရှိတယ်။ ပုဂ္ဂလပသာဒ တစ်ဦးတစ်ယောက်တည်း ကို ကြည်ညိုလို့ရှိရင် အဲဒီပုဂ္ဂိုလ် တိမ်းယိမ်း ဖောက်ပြန်တာမျိုး ဖြစ်လာတဲ့အခါမှာ သူ့ရဲ့အမူ အကျင့်နောက် ကိုယ်က လိုက်သွားရင် ဒုက္ခရောက် တတ်တယ်ပေါ့။ အဲဒါကြောင့်မို့ ပုဂ္ဂလဆိုတာ ရွေး ချယ်ဖို့တော့ လိုတယ်၊ ဒီစကားက မကြည်ညိုရဘူး လို့ ပြောတာ မဟုတ်ဘူးနော်။
[၅] ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကို ကြည်ညို လို့ရှိရင်- ဆိုပါစို့ - သူ့ ရဲ့ကိုယ်ကျင့်တရားအရ သံဃာ တွေက အရေးယူတယ်ဆိုရင် ဒီပုဂ္ဂိုလ်ကို အလေး ထားသည့်အတွက်ကြောင့် သံဃာတွေကို သွား ပြစ်မှားလို့ရှိရင် ကိုယ့်မှာ ဒုက္ခရောက်တတ်တယ်။ အနာထပိဏ်သူဌေးကြီးဟာ သံဃာတွေထဲ မှာဆိုရင် အရှင်သာရိပုတ္တရာကို အကြည်ညိုဆုံးပဲ၊ လူဆိုတာ တစ်ဦးနဲ့ တစ်ဦး မတူကြဘူးပေါ့နော်၊ ကြည်ညိုတယ်ဆိုတဲ့နေရာမှာ ဘဝပါရမီရေစက် ဆိုတာလည်း ပါတတ်သေးတယ်၊ တစ်ချို့ဆိုလို့ရှိရင် ဘုရားထက် ပိုကြည်ညိုတဲ့ပုံစံမျိုးတောင် ပေါက်တယ် ပေါ့နော်။
တစ်ခါတုန်းက ကလေးငါးရာ မုန့်တောင်းကြီး တွေ ထမ်းပြီးတော့ ပျော်ပွဲစားထွက်လာကြတယ်၊ ဘုရားနဲ့ သံဃာတွေ တွေ့တဲ့အခါမှာ မုန့်တောင်းတွေ ချပြီး ကန်တော့ရုံ ကန်တော့လိုက်ကြတယ်၊ ဘယ်သူ [၆] မှ လှူချင်စိတ် မပေါက်ကြဘူး၊ မလှူကြဘူး၊ သူတို့ လမ်း သူတို့ဆက်သွားကြတယ်။
နောက်က တစ်ပါးတည်းကြွလာတဲ့ အရှင် မဟာကဿပမထေရ်ကြီး တွေ့တဲ့အခါကျတော့ အားလုံး မုန့်တောင်းတွေ ချပြီး အရှင်မဟာကဿပ ကို လှူကြတယ်၊ သူတို့ပိုပြီးတော့ သဒ္ဓါဖြစ်တယ်လို့ ဒီလိုပြောရမယ်။
အဲဒီကိစ္စမှာ မြတ်စွာဘုရားက ဘယ်လောက် စိတ်ကောင်းရှိတယ်ဆိုတာ ကြည့် - သာမန်ပုဂ္ဂိုလ် တွေ ခေါင်းဆောင်ဖြစ်နေမယ်ဆိုလို့ရှိရင် . ကိုယ့်ကို ကျော်ပြီး နောက်လိုက်တွေအတွက် ဦးစားပေးလုပ် တာ မကြိုက်ကြဘူး၊ လူတွေ တော်တော်များများဟာ ဒီအတိုင်းပဲ။
လူတွေရဲ့စိတ်က တစ်မျိုးပဲ၊ “ အဖွဲ့အစည်း တစ်ခုမှာ ငါ ခေါင်းဆောင်၊ (သို့မဟုတ်) ဒီနေရာမှာ ငါ ခေါင်းဆောင်”ဆိုပြီး သူ့ကို ကျော်လုပ်ရင် မကြိုက် [၇] တတ်တဲ့သူတွေ အများကြီးပဲ၊ ကြိုက်တဲ့သူ ခပ်နည်း နည်းပဲ။”
မြတ်စွာဘုရားကျတော့ ကြည့်လေ၊ ဘုရား, သံဃာတွေကို ကျော်ပြီး အရှင်မဟာကဿပကို လှူ တာ သိတယ်၊ ရဟန်းတွေကို ခဏဆိုင်းခိုင်းတယ်၊ နောက်က မုန့်တောင်းတွေ လှူလိမ့်မယ်၊ သစ်ပင်ရိပ် ကနေ ခဏစောင့်ပေးတယ်၊ အရှင်မဟာကဿပက ခေါ်လာတယ်၊ “လာကြ၊ ရှေ့နားမှာ ဘုရားရှိတယ်၊ ဘုရားသွား လှူကြမယ်” ဘုရားက “ငါနဲ့ တွေ့တုန်း ကတော့ မလှူဘူး၊ ခုမှ မလှူနဲ့” လို့ မပြောဘူး၊ မြတ်စွာဘုရားမှာ ဣဿာတို့, မစ္ဆရိယတို့ ဆိုတာ အရိပ်အရောင်ကလေးတောင် မရှိဘူး။ ကျန်တဲ့ပုဂ္ဂိုလ်တွေမှာ ရှိတတ်သေးတယ်တဲ့၊ ရဟန္တာဖြစ်သွားတာတောင် အရိပ်အရောင် ရှိသေး တယ်၊ အရိပ်အရောင်ဆိုတာ ဝါသနာကို ပြောတာ နော်၊ ဝါသနာရဲ့ အဓိပ္ပါယ်က ဥပမာ- အရက်ထည့် ထားတဲ့ပုလင်းက အရက်တွေ ကုန်အောင် သွန်ပစ် [၈] လိုက်ပေမယ့် အနံ့ကလေးတော့ ကျန်သေးတယ်၊ ရဟန္တာပုဂ္ဂိုလ်မှာ ကိလေသာတွေ ကုန်အောင် ပယ် သတ်လိုက်ပေမယ့်လို့ အနံ့အသက်ကလေး ကျန် နေတတ်သေးတယ်။
မြတ်စွာဘုရားကျတော့ အဲဒီလို အနံ့အသက် တောင် မကျန်တာ၊ ဝါသနာနဲ့တကွ ကိလေသာကို ပယ်တယ်ဆိုတာ ဘုရားတစ်ပါးပဲ ရှိတယ်၊ ဒါကြောင့် မို့ ဘုရားကျတော့ လုံးဝကြည်ညိုစရာကောင်းတဲ့ အနေအထား၊ လုံးဝဖြူစင်တယ်, လုံးဝစင်ကြယ်တယ် ဆိုတဲ့အနေအထားမျိုး ရောက်တယ်၊ မြတ်စွာဘုရား ကျတော့ ကိလေသာတွေဟာ အနံ့အသက်တောင် မကျန်ဘူးတဲ့။
ကျန်တဲ့ပုဂ္ဂိုလ်တွေကျတော့ ... စရိုက်ကလေး တွေ အနံ့အသက်ကလေးတွေ ရှိနေသေးတယ်၊ ရဟန္တာပုဂ္ဂိုလ် ဖြစ်တောင်မှပဲ . အဲဒီစရိုက်ဆိုးလေး တွေက ပါနေသေးတယ်၊ သို့သော် စိတ်ကတော့ စင်ကြယ်သွားပြီ၊ Intentionally action တော့ [၉] မလုပ်တော့ဘူး၊ ဒီလိုဆိုလိုတာ၊ “လွှတ်ခနဲ” ပါးစပ် က နှုတ်ကျိုးနေလို့ ပြောချင် ပြောလိုက်မယ်။ အရှင်ပိလိန္ဒဝစ္ဆဆိုတာ ရှိတယ်၊ လူ ့ဘဝတုန်း က သူက ဝိဇ္ဇာဓိုရ်ကြီး၊ ဂန္ဓာရီဝိဇ္ဇာလိုင်းကို လိုက် တာ၊ ဖိုထိုးတာတော့ မဟုတ်ဘူး၊ မန္တာန်နဲ့ အလုပ်, လုပ်တာ၊ သူက ဘယ်လောက် အစွမ်းတန်ခိုးထက် တုန်းဆိုတော့ သူများစိတ်ကို သိတယ်၊ သူများအတွေး ကို ဖတ်နိုင်တယ်၊ “မင်း, ဒါတွေ တွေးနေတာ မဟုတ် လား၊ ဒီလာတုန်းက မင်း, ဒါတွေ ကြံနေတာပဲ၊ အခု ဒါတွေတွေးနေတယ်” ဆိုတာ သူက ဖတ်နိုင် တယ်၊ အဲဒီလို သူများစိတ်ကို သိတယ်၊. အဲဒီသိနိုင် တဲ့အတတ်ပညာ သူ့မှာ ရှိတယ်၊ နောက်တစ်ခုက ဘာတုန်းဆိုတော့ သူလိုအပ်လို့ရှိရင် ကောင်းကင် ကို ပျံနိုင်တယ်၊ အဲဒီအစွမ်းတန်ခိုးနှစ်ခုကို အဲဒီ ဝိဇ္ဇာဓိုရ်ကြီးက ရထားတာ။
မြတ်စွာဘုရားကြွလာတဲ့အခါကျတော့ သူ့ရဲ့ အတတ်ပညာတွေ အသုံးချလို့ မရတော့ဘူး၊ ဘုရား [၁၀] ရဲ့နယ်မြေထဲလည်း ရောက်လာရော သူများစိတ် လည်း သူမသိတော့ဘူး၊ သူ့အတတ်ပညာတွေက မထိရောက်တော့ဘူး၊ လောကီပညာရပ်ဟာ အကန့် အသတ်ရှိတယ်၊ နေရာတိုင်းမှာ အစွမ်းမထက်ဘူး။ ဒိပြင်ဟာ မပြောနဲ့၊ ဈာန်အဘိညာဉ်တောင် မှပဲ တစ်ခါတစ်ခါ ကိလေသာတွေက လွှမ်းမိုးတတ် တယ်၊ ရသေ့ကြီးဈာန်လျောတယ်ဆိုတာ ကြားဖူးမှာ ပေါ့နော်၊ ဈာန်တန်ခိုးနဲ့ နေပေမယ်လို့ ကိလေသာရဲ့ စွမ်းအားကို သူ မတားနိုင်ဘူး၊ မတားနိုင်သည့် အတွက်ကြောင့် . ရင်ထဲက ကိလေသာထွက်လာ တာနဲ့ ဈာန်လျောကျသွားတာနော်၊ မလျောနိုင်တာ မပျက်တာကတော့ လောကုတ္တရာဈာန်ပါပဲတဲ့၊ လောကုတ္တရာမဂ်ဖိုလ်ရရင် မလျောတော့ဘူး၊ မပျက် တော့ဘူး၊ လျောရင် ပျက်ရင် လောကုတ္တရာမဟုတ် ဘူးတဲ့။
ငယ်ငယ်တုန်းက သတင်းစာထဲမှာ ဖတ်လိုက်ရ တယ်၊ သန်လျင်ဘက်မှာ ရဟန္တာပူဇော်ပွဲဆိုပြီး [၁၁] ! တော့ ကြေငြာတယ်၊ အမျိုးသမီးတွေလည်း ပါ တယ်၊ အမျိုးသားတွေလည်း ပါတယ်၊ နောက်တော့ အဲဒီရဟန္တာတွေက လူထွက် အိမ်ထောင်ကျကုန် တယ်၊ လျောကုန်တာနော်၊ အဲဒါမျိုးတွေလည်း ရှိ တတ်တယ်၊ မဟုတ်ဘူးဆိုရင်တော့ လျောမှာပဲ။ အဲဒီတော့ ခုနက ဝိဇ္ဇာကြီးဟာ သူ့အတတ် ပညာတွေ အသုံးချလို့ မရတော့ဘူး၊ အဲဒီတော့ သူက ကြားဖူးတယ်၊ မဟာဂန္ဓာရီဝိဇ္ဇာတစ်ဦးရဲ့ နယ်မြေမှာ စူဠဂန္ဓာရီဝိဇ္ဇာ အစွမ်းမထက်တော့ဘူး၊ အရှုံးပေးရမယ်ဆိုတာ သူက သိနေတော့ “ဂေါတမ ဘုရားဟာ မဟာဂန္ဓာရီဝိဇ္ဇာကြီး ဖြစ်မယ်၊ သူ ့ဆီ မှာ ပညာသင်မယ်”ဆိုတဲ့ရည်ရွယ်ချက်နဲ့ သာသနာ့ ဘောင်ဝင်တာ၊ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းပြပေး ပြီးတော့ တရားအားထုတ်ခိုင်းလိုက်တာ သူ ရဟန္တာ ဖြစ်သွားတယ်။
အဲဒီပိလိန္ဒဝစ္ဆရဟန္တာကြီးဆိုတာ အစွမ်းတန်ခိုး အင်မတန်မှ ထက်တယ်၊ လူ့ဘဝတုန်းက ဝိဇ္ဇာဓိုရ် [၁၂] ကြီး၊ သူ့မှာ နှုတ်ကျိုးနေတာတစ်ခု ရှိတယ်၊ လူမြင် လို့ရှိရင် “ပါပီမ’လို့ ခေါ်လေ့ ရှိတယ်၊ ပါပိမဆိုတာ “မကောင်းတာလုပ်သူ”လို့ အဓိပ္ပါယ် ရတယ်၊ ... သူယုတ်မာပေါ့၊ မကောင်းမှုရှိသူကို ပါပိမ၊ မကောင်း တာလုပ်တဲ့သူ, လူဆိုးလို့ ခေါ်တယ်ပေါ့။ (အခု ခေတ်လည်း ချစ်စနိုးနဲ့ခေါ်တာ ရှိတယ်၊ “လူဆိုး, လူဆိုး'နဲ့ ဟုတ်လား) အဲဒီလို သူကလည်း နှုတ်ကျိုး နေတယ်၊ “လူဆိုး, လူယုတ်မာ'နဲ့ ခေါ်လေ့ရှိတယ်။ အဲဒီတော့ ဒါကို သင်ခန်းစာယူပြီး ကိုယ့်ဘဝ မှာ မကောင်းတဲ့နှုတ်တွေ ကျိုးမနေအောင် ပြင်ဖို့ လိုတာပေါ့၊ နှုတ်မကျိုးစေနဲ့၊ ကျိုးနေရင် အခုဘဝ ထဲက ပြင်၊ မပြင်လို့ရှိရင် သံသရာမှာ နှုတ်ကျိုးသွား လိမ့်မယ်နော်၊ စရိုက်ဆိုးတွေနဲ့ နှုတ်မကျိုးစေနဲ့၊ နှုတ် လည်း မကျိုးစေနဲ့၊ အမူအရာလည်း မကျိုးစေနဲ့၊ အမူအရာကျိုး နှုတ်ကျိုးသွားလို့ရှိရင် ... သွားပြီ၊ ရဟန္တာဖြစ်တဲ့ဘဝတောင်မှ နှုတ်ကျိုးနေရင် မဖျောက် နိုင်တော့ဘူး။
[၁၃] မြတ်စွာဘုရားကျတော့ အဲဒီလို နှုတ်ကျိုးတာ မရှိဘူး၊ စကားတစ်ခုပြောပြီဆိုလို့ရှိရင် သဗ္ဗ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ မြတ်စွာဘုရားက စကားပြောမယ်ဆိုရင် ဘုရားရဲ့ပါးစပ်က ‘လွှတ်ခနဲ’ ထွက်သွားမျိုး မရှိဘူး၊ ဒီစကားပြောသင့်လို့ ပြော တာ၊ ပြန်ပြင်စရာမရှိဘူး၊ စကားပြောပြီးမှ ပြန်ပြင် တယ်ဆိုတဲ့လူက အမှတ်တမဲ့ပြောလို့၊ ပြီးမှ မှားမှန်း သိလို့ ပြင်တာလေ၊ မြတ်စွာဘုရားမှာ စကားမှားလို့ ပြန်ပြင်ရတယ်ဆိုတာ ရှိကို မရှိဘူး၊ အဲဒီတော့ ကိုယ်ကိုယ်တိုင်က သိသိချည်းနဲ့ မမှားမိအောင်တော့ ကြိုးစားရမှာပဲ၊ ဘုရားလည်း ဒီလိုပါပဲ၊ ပါရမီပြည့် ပြီးလို့ ကြိုးစားလာလို့ နောက်ဆုံးမှာ စကားလုံးဟာ အမှားမရှိဘူး။
ရှင်ရာဟုလာကို ဆုံးမတဲ့အခါ “ရာဟုလာ- ပြောတော့မယ်ဆိုရင် မပြောမီက စဉ်းစား၊ ပြော နေတုန်း စဉ်းစား၊ ပြောပြီး စဉ်းစား၊ အဲဒီလို စဉ်းစားပြောရင် ဘယ်တော့မှ မမှားဘူး” တဲ့နော်၊ [၁၄] အဲဒီအလေ့အကျင့်လေး လုပ်ထားလို့ရှိရင် ကိုယ် ပြောတဲ့စကားဟာ အမှားမရှိနိုင်ဘူး။
‘စဉ်းစား' ဆိုတာ ဘယ်လိုစဉ်းစားရမှာလဲ၊ “ငါပြောတဲ့စကားသည် ငါ့ကို .. ထိခိုက်သလား? ပတ်ဝန်းကျင်ကို ထိခိုက်သလား? ကောင်းကျိုး ချမ်းသာတွေကို ဖြစ်စေတာလား? ... ဆိုးကျိုးကို ဖြစ်စေတာလား?”လို့ စဉ်းစားရမယ်၊ အဲဒီစံနဲ့ စဉ်းစား။ .. “မပြောခင်က ... စဉ်းစား”တဲ့၊ . တစ်ခါစဉ်းစား မယ်၊ 'ပြောနေတုန်းလည်း ထပ်ပြီး စဉ်းစား'၊ “ပြောပြီးတော့လည်း ထပ်စဉ်းစား' တဲ့၊ အဲဒီလို ၃- ကြိမ်, ၃-ခါ စကားအရာမှာ စဉ်းစားမှုတွေနဲ့ လွှမ်းခြုံ ထားမယ်ဆိုရင် အမှားဆိုတာ မထွက်တော့ဘူး၊ အဲဒီ နည်းနဲ့ နှုတ်မကျိုးအောင် ပြင်ဆင်ထားဖို့ လိုအပ် တာပေါ့နော်။
တစ်ခါတစ်ရံ အရေးမကြီးဘူးထင်ရတဲ့ ကိစ္စ မျိုးမှာတောင် သတိထားစရာတွေ..အများကြီးရှိတယ်၊ [၁၅] အကုသိုလ်မှ အကျိုးပေးတာ မဟုတ်ဘူး၊ အကုသိုလ် လို့ မပြောပလောက်တဲ့အရာကလည်း ဝင်ပြီး အကျိုး ပေးချင် ပေးနေတတ်တယ်။
အဲဒါနဲ့ ပတ်သက်ပြီး သတိရလို့ ပြောရဦး မယ်နော်၊ စာအုပ်လေးတစ်အုပ် ဖတ်ဖူးတဲ့အထဲ မယ် လူတစ်ယောက်ဟာ နားမကြားဘူး၊ နားလေး နေတယ်၊ ဘာဖြစ်လို့ ဒီလူ ဒီရောဂါဖြစ်တာလဲ? ဘာဖြစ်လို့ ဒီနားရောဂါဖြစ်ရသလဲဆိုတော့ ဟိုဘဝ တုန်းကတဲ့, အလှူခံလာတာကို မကြားချင်ယောင် ဆောင်နေလို့ ဖြစ်တာတဲ့၊ ကဲ အဲဒီတော့ ကိုယ်လှူ နိုင်သလောက်တော့ နည်းနည်းလေးဖြစ်ဖြစ် လှူ လိုက်၊ မကြားချင်ယောင်တော့ မဆောင်နဲ့တဲ့၊ နား လေးတတ်တယ်တဲ့၊ အဲဒါ ဘုရားဟောတာတော့ မဟုတ်ဘူး။
Many Mansions ဆိုတဲ့ စာအုပ်ကို ချမ်းမြေ့ ဆရာတော်ကြီးက “အနောက်တိုင်းမှ ဘဝပြဿနာ” အမည်နဲ့ ဘာသာပြန်ထားတဲ့ စာအုပ်လေးတစ်အုပ် [၁၆] ရှိတယ်၊ အဲဒီစာအုပ်လေးကို ဖတ်ကြည့်၊ ဒေါက်တာဂီနာစာမီနရာရေးတာ၊ အဲဒီစာအုပ်ဖတ် ကြည့်လို့ရှိရင် ကံအကြောင်းတွေ တွေ့ရလိမ့်မယ်၊ သူတို့က ကံယုံတဲ့သူတွေ မဟုတ်ဘူး၊ အိပ်မွေ့ချပြီး တော့ ရောဂါကုတာ၊ အဲဒီအိပ်မွေ့ချတဲ့အချိန်မှာ သူမြင်တာတွေ ပြောတာ၊ သူ့စိတ်ထဲမှာ ပေါ်တာ တွေ ပြောတာ၊ သူက သိလို့ ပြောတာ မဟုတ်ဘူး၊ အိပ်မွေ့ချတဲ့အချိန်အတွင်းမှာ ဘေးကလူက မေး တာ “ဒီလူ ဘာကြောင့် ဒီရောဂါဖြစ်တာတုန်း” ဆိုတော့ . သူပြောတာက, “တစ်ချိန်တုန်းကတဲ့ အလှူခံလာတာကို မကြားချင်ယောင်ဆောင်နေလို့ ဖြစ်ရတာ”လို့ ပြောတယ်။
အဲဒီတော့ ဒီစာအဓိပ္ပါယ်ရှိရဲ့လား၊ အကုသိုလ် မဟုတ်ဘဲနဲ့ အကျိုးပေးတာ ဖြစ်နိုင်ရဲ့လားဆိုရင် ဖြစ်နိုင်တယ်၊ မြတ်စွာဘုရားဟောတဲ့သုတ္တန်တစ်ခု ရှိတယ်၊ ဝဏိဇ္ဇသုတ်လို့ ခေါ်တယ်၊ အဲဒီသုတ်ကို ကြည့်ရင်တော့ သူပြောတာ ဖြစ်နိုင်တယ်နော်။
[၁၇] ဝဏိဇ္ဇသုတ်မှာ အရှင်သာရိပုတ္တရာက မြတ်စွာဘုရားကို မေးလျှောက်တယ်၊ ကုန်ရောင်း ကုန်ဝယ်ကိစ္စတွေနဲ့ ပတ်သက်တယ်ပေါ့၊ မင်္ဂလာဈေး ဆိုတော့ အရောင်းအဝယ်လုပ်နေကြတာ၊ `အဲဒါ သတိထားစရာပေါ့နော်၊ ပစ္စည်းကို အရောင်းအဝယ် လုပ်တဲ့အခါမှာ လေးမျိုးလေးစားကွဲသွားတယ်တဲ့။ (၁) တစ်ယောက်က ရောင်းအဝယ်လုပ်တာ အရှုံးပေါ်တယ်၊ (၂) နောက်တစ်ဦးကတော့ ထင် သလောက် မရဘူး၊ မမြတ်ဘူး၊ ထင်သလောက် ဖြစ် မလာဘူး၊ (၃) နောက်တစ်ယောက်ကျတော့ မှန်း ထားတဲ့အတိုင်း ရတယ်တဲ့၊ (၄) နောက်တစ်ယောက် ကျတော့ မှန်းတာထက် ပိုရတယ်တဲ့။
ဒီပစ္စည်းတစ်ခုတည်းကိုပဲ .. အရောင်းအဝယ် လုပ်တာနော်၊ အဲဒီလို ပစ္စည်းတစ်မျိုးတည်းမှာ အရောင်းအဝယ်လုပ်တာ လူ ၄-ယောက် ဘာဖြစ် လို့ ဒီလို ဖြစ်ရသလဲ?
[၁၈] ပစ္စုပ္ပန်အကြောင်းတော့ ရှိချင် ရှိမယ်၊ မြတ်စွာဘုရားက ပစ္စုပ္ပန်အကြောင်းကို မဖြေဘူး၊ ကံနဲ့ဆက်စပ်ပြီး ဖြေတာ၊ အဲဒါ အင်္ဂုတ္တရနိကာယ် ဝဏိဇ္ဇသုတ်မှာ ပါတယ်၊ ဝဏိဇ္ဇဆိုတာ ကုန်သွယ်မှု ဆိုတဲ့အဓိပ္ပါယ် ရတယ်၊ ကုန်ရောင်းကုန်ဝယ်မှု၊ အဲဒီ မှာ ဖြေထားတာတွေ သတိထားစရာလေးပေါ့။ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကုန်ပစ္စည်းကို ရောင်း တယ်တဲ့၊ ပျက်တယ် ရှုံးတယ်၊ ဘာဖြစ်လို့လဲ? သူ ဟာ သံသရာမှာ ကျင်လည်ခဲ့တုန်းက သူတော်စင် တစ်ဦးဦးကို ချဉ်းကပ်ပြီး “အရှင်ဘုရား လိုတာ ရှိရင် အမိန့်ရှိပါ”ဆိုပြီးတော့ ဖိတ်ကြားတယ်၊ ဖိတ် ကြားပေမယ့် ... လိုတဲ့အခါကျတော့ မလှူဘူးတဲ့၊ အဲဒီလို မလှူလို့ ဖြစ်တာတဲ့။
ကဲ ခုနက မကြားချင်ယောင်ဆောင်တာမျိုး ဖြစ်နေပြီ၊ မလှူတာ အကုသိုလ်တော့ မဟုတ်ဘူး နော်၊ ကံတရားဟာ ဆန်းကြယ်တယ်ဆိုတဲ့အကြောင်း ပြောတာ၊ ကိုယ်လုပ်တာဟာ အကောင်းအဆိုး [၁၉] အကုန်တွက်လို့ ရအောင်နော်၊ အကုသိုလ်ဖြစ်မှလို့ မဟုတ်ဘူး၊ ဒီဟာလည်း ကြည့် - မဖြည့်ဆည်း ဘူး၊ ကိုယ်ပြောတဲ့အတိုင်း ဖြည့်ဆည်းမှု မလုပ်ဘူး၊ ဒါကြောင့် ရှုံးတာ၊ ဒါက ဘုရားဖြေထားတဲ့စကား နော်၊ သူက ကုန်သွယ်လုပ်ငန်းလုပ်တဲ့အခါကျတော့ ပျက်စီးတယ်၊ မအောင်မြင်ဘူးတဲ့၊ ဘာဖြစ်လို့တုန်း၊ သူ့ကတိအတိုင်း မတည်ခဲ့လို့ပေါ့၊ ဒါက တစ်ခု။ နောက်တစ်ယောက်ကျတော့ သူလည်း ဒီလိုပဲ ဖိတ်မန်ထားတယ်၊ သို့သော် ယထာဓိပ္ပါယ - လိုသလောက်ကို သူက မဖြည့်ဆည်းဘူးတဲ့၊ ဒါကြောင့်မို့ သူထင်သလောက် အမြတ်မရဘူးတဲ့၊ ကြည့် - ဆက်စပ်နေပုံလေးတွေကို ပြောတာ၊ လူ ဆိုတာ ကံနဲ့ချည်းပဲဆိုတော့ ဒီဟာ တကယ်မှန်တယ်။ နောက်တစ်ယောက်ကျတော့ လိုချင်တဲ့အတိုင်း ရတယ်တဲ့၊ လိုချင်တဲ့အတိုင်း ဖြစ်တယ်၊ သူက ဝန်ခံထားတဲ့အတိုင်း လိုသလောက်ဖြည့်ဆည်း [၂၀] လှူဒါန်းပေးတယ်၊ ဒါကြောင့် သူက လိုချင်တဲ့အတိုင်းရတယ်တဲ့။
နောက်တစ်ယောက်ကျတော့ . လိုတာထက် ပိုပြီးတော့ ... သူက ́ ဖြည့်ဆည်းလှူဒါန်းတယ်တဲ့၊ ဒါကြောင့်မို့ လိုတာထက် ပိုရတယ်တဲ့၊ တကယ် စဉ်းစားကြည့်ရင်၊ ဒီ ၄-ယောက်ဟာ ဘယ်လိုလုပ် အတူတူဖြစ်နိုင်မှာတုန်း? မဖြစ်နိုင်ဘူးပေါ့၊ သူတို့ ၄-ယောက်ရဲ့ လုပ်ရပ်ချင်းဟာ တူမှ မတူတာကိုး၊ တစ်ယောက်ကလုံးဝကတိပျက်တယ်၊ တစ်ယောက်က ကတိရဲ့တစ်ဝက်လောက်ပဲ လုပ်တယ်၊ တစ်ယောက်ကျတော့ ကတိအတိုင်း လုပ်တယ်၊ ဟိုတစ်ယောက်ကျတော့ ကတိပေးတာထက် ပိုလုပ် တယ်ဆိုတော့ ၄-ယောက်ကို အတူထားမယ် ဆိုရင်တော့လည်း “နွားထီးငါးကျပ် နွားမငါးကျပ်” ဖြစ်တော့မယ်ပေါ့။
အဲဒီလို ကံတရားဟာ မတူဘူးဆိုတာ သတိ ထားဖို့ လိုတယ်လို့ ပြောရမှာပေါ့နော်၊ အဲဒီတော့ [၂၁] ဒီဘဝမှာ လုပ်စရာတွေ အများကြီးရှိတယ်၊ ကုသိုလ် ကောင်းမှုလုပ်ကြတာ မှန်တယ်၊ လုပ်ကြတယ်၊ အရေးကြီးတာက ကုသိုလ်ကောင်းမှုလည်း လုပ်၊ စရိုက်ဆိုးတွေလည်း ပြင်၊ နှုတ်မကျိုးစေနဲ့နော်၊ ကိုယ်အမူအရာ အချိုးကျပါစေပေါ့၊ နောက်ဆုံး မျက်နှာအမူအရာကစပြီးတော့ ပြုံးမရ ရယ်မရတဲ့ မျက်နှာမျိုး မဖြစ်အောင် သတိထားရမယ်၊ တစ်ချို့ တကယ့်ကို ဘယ်လိုမှ ပြုံးမရတဲ့မျက်နှာမျိုး ရှိသေး တယ်၊ ဇီးကွက်မျက်နှာမျိုးလို၊ ဘယ်ပြုံးရမလဲနော်၊ ဘယ်လိုမှ ပြုံးမရတဲ့မျက်နှာမျိုး၊ အဲဒါမျိုး မဖြစ်စေ နဲ့နော်။
မေတ္တာနှလုံးသားနဲ့ သူများကို အကျိုးစီးပွါး လိုလားတဲ့စိတ် မွေးတာက ပိုက်ဆံလည်း မကုန်ဘူး နော်၊ ကုန်ကျစရိတ် ဘာမှမရှိဘူး၊ မေတ္တာထားနိုင်လို့ ရှိရင် အများကြီးကုသိုလ်ဖြစ်တယ်၊ အဲဒီစိတ်ကလေး တောင် မထားနိုင်ဘူးဆိုရင် ဖြစ်လေရာဘဝမှာ အတွန့်တွေအတက်တွေ မျက်နှာမှာ ပေါ်နေမှာပဲ၊ [၂၂] စိတ်ထဲက အတွန့်အတက်များရင် မျက်နှာမှာလည်း အတွန့်အတက်တွေ ဖြစ်ကုန်မှာပဲ။ မြတ်စွာဘုရားရဲ့အဆုံးအမကို Mind Centred Teaching လို့ ခေါ်တယ်၊ စိတ်ကို ဗဟိုပြုပြီး ဆုံးမ တာ၊ အဲဒါကို သတိထားဖို့နော်၊ အရာရာကို စိတ် ဓာတ်နဲ့ တိုင်းတာရတယ်၊ . စိတ်ကောင်းနှလုံးကောင်း မွေးမြူရာမှာ ဒါ အရေးကြီးတယ်၊ ဘယ်သူ့ အပေါ် ဖြစ်ဖြစ် စိတ်ကောင်းနှလုံးကောင်း ထားရမယ်၊ လူ တွေက စိတ်ကောင်းနှလုံးကောင်းထားရင် အရှုံးပေး တယ်လို့ ထင်နေကြတယ်၊ အဲဒါကိုက အထင်မှား နေကြတာ၊ မိစ္ဆာဒိဋ္ဌိပဲနော်။
အဲဒီမိစ္ဆာဒိဋ္ဌိကို အကြောင်းပြုပြီး ဆိုးကျိုးတွေ ဖြစ်တယ်၊ မိစ္ဆာဒိဋ္ဌိအခေါ်ခံရတယ်လို့ ကြိုက်ချင်မှ ကြိုက်မှာ၊ မှားတာကို မြင်နေရင် မိစ္ဆာဒိဋ္ဌိပဲလေ၊ ဘာကိစ္စပဲဖြစ်ဖြစ် .. အယာထာဝဒိဋ္ဌိ- မမှန်မကန် မြင်တာ၊ အမှန်ကို မမှန်ဘူးလို့ မြင်တာ မိစ္ဆာဒိဋ္ဌိပဲ၊ ဘုရားဟောတဲ့မိစ္ဆာဒိဋ္ဌိဆိုတာ အဲဒါ ပြောတာနော်၊ [၂၃] အဲဒီတော့ မှန်မှန်ကန်ကန်မြင်ပြီး ကိုယ့်ကို ကိုယ် ဆင်ခြင်သုံးသပ်ရမယ်၊ ကိုယ့်ကို ကိုယ် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်နိုင်ဖို့ မြတ်စွာဘုရားရဲ့အဆုံးအမ ကို ရဖို့ လိုတယ်၊ ရဖို့ ဆိုတာ သာသနာနဲ့ကြုံမှသာ ရတာလေ၊ အင်မတန်မှ ခဲယဉ်းတယ်၊ မမျှော်မှန်း နိုင်လောက်အောင် ခဲယဉ်းတာနော်၊ မတော်တဆ ရနေတာကို အဟုတ်ကြီးထင်နေလို့ရှိရင်တော့ အခါ ကောင်းတွေ လွတ်သွားမှာပဲ၊ ဒါက သေချာတယ်၊ အမြဲတမ်း အမှန်တရားဆိုတာ သိခွင့်ရတာ မဟုတ် ဘူး။
ဘုရားပွင့်တဲ့အချိန်တောင် တကယ့်ကို လက် တစ်ဆုပ်စာလူလေးတွေသာ အမှန်တရားကို သိခွင့်ရ တာ၊ ကံကောင်းလွန်းလို့ အမှန်တရား သိခွင့်ရတာ၊ ပြောမယ်ဆိုရင် ကမ္ဘာ့လူသားတွေထဲက အလွန်သေး ငယ်တဲ့ အပြောက်အစက်ကလေးကသာ ဘုရားရဲ့ အဆုံးအမကို ရကြတာ၊ ဦးရေများပြားလှတဲ့လူသား [၂၄] တွေဟာ ဒီအဆုံးအမကို မရကြဘူးဆိုတာ သေချာ တယ်။
သူတို့က အလေးအနက်စဉ်းစားကြည့် ဘယ်လိုအဆုံးအမတွေ ရတုန်း၊ လုပ်ချင်တာ လုပ်၊ ဘုရားရှေ့မှာ ဒူးထောက်လိုက်လို့ရှိရင် အကုန်လုံး ပြည့်စုံတယ်နော်၊ တိရစ္ဆာန်ဆိုတာ မိုးကျောပေးထား တဲ့သတ္တဝါတွေ ဖြစ်တယ်၊ လူတွေစားဖို့ ဖန်ဆင်းပေး တာဆိုတဲ့အတွေးတွေနော်၊ သတ်ပြီးတော့ ဘုရား ကို ပူဇော်တယ်ဆိုရင် အမြတ်ဆုံးပဲဆိုတဲ့ အတွေး ဟာ အတော့်ကို ကြောက်စရာကောင်းတဲ့အတွေးပဲ၊ ဒီအဆုံးအမအတိုင်း လိုက်နာရင်တော့ တွေးဝံ့စရာ တောင် မရှိဘူး၊ ဘဝဖြစ်တိုင်း ဇက်ပြတ်သေရတာ၊ ဒါ အတိတ်ဘဝတုန်းက လုပ်ခဲ့တဲ့လူတွေပဲ ဖြစ်မှာ နော်။
တစ်ခါတစ်ခါ စဉ်းစားကြည့်မိတယ်၊ လမ်း သွားတဲ့အခါမှာ ကြက်တွေကို ခြေထောက်တွေမှာ စုချည်ပြီး ဇောက်ထိုးဆွဲသွားတာ၊ အရှင်တွေပဲနော်၊ [၂၅] ဒါက “ပြုသူအသစ်၊ ဖြစ်သူအဟောင်း” ဆိုတဲ့ အတိုင်း သူတို့ တစ်ချိန်က သူများကို အဲဒီလို ဆွဲခဲ့ တာ ဖြစ်လောက်တယ်၊ အခု သူတို့အလှည့် ရောက် နေပြီ၊ အတုံ့အလှည့်ဆိုတာ လာတာပဲ၊ မရဘူးနော်။ မေးခွန်းထုတ်ဖို့ ကောင်းတယ်၊ ဆိုင်တွေ ဆိုင် တွေမှာ ရေးထားတာ “ဘယ်သူ့ အလှည့်လဲဟေ့”လို့၊ အဲဒီတော့ ကိုယ်က ကောင်းတာတွေချည်းပဲ လုပ် ထားလို့ရှိရင် ကောင်းတာတွေက ကိုယ့်အလှည့်ချည်း ပဲ ဖြစ်မှာပေါ့၊ မကောင်းတာ လုပ်ထားလို့ရှိရင်တော့ ကိုယ့်အလှည့် လာလိမ့်မယ်နော်။ အကုသိုလ်တွေရဲ့အကျိုးခံစားရမယ့်အလှည့် ဟာ ကြောက်စရာကောင်းမယ့်အလှည့်ပဲ၊ ခံနေရ တဲ့သူက အဟောင်းခံရတယ်လို့ မှတ်၊ လုပ်တဲ့သူက သာ အသစ်လုပ်နေတာ၊ လာလိမ့်မယ်, အလှည့် ဆိုတာ ရောက်လာမှာပဲ၊ ကိုယ့်အလှည့် သူ ့အလှည့် ဆိုတာ ရှိတယ်လေ၊ အဲဒါကြောင့်မို့ “ဒီဘဝမှာ စရိုက် ဆိုးတွေ နှုတ်ကျိုးနေတာတွေ ဒါတွေကို ဖယ်ရှားပြီး [၂၆] တော့ အကောင်းဆုံးဖြစ်အောင် တို့တစ်တွေ ကြိုးစား ရမယ်”လို့ ဒီလို ပြောတာနော်။
အခုလို ကုသိုလ်ကောင်းမှု အတူတူပြုကြ တယ်၊ ပြုဖေါ်ပြုဖက်တွေနဲ့ ကုသိုလ်ကောင်းမှုလုပ် တယ်၊ သံဃာတော်တွေကို ဆွမ်းကပ်မယ်ဆိုတဲ့ ဆန္ဒ၊ သံဃိကဒါနအလှူကို လှူမယ်ဆိုတဲ့ ဆန္ဒတွေ ကို စုလိုက်ပြီးတော့ အတူတကွလုပ်ကြတယ်၊ ဒီ အချိန်မှာ စေတနာတွေက တူတယ်၊ စေတနာတူ သည့်အတွက်ကြောင့် ဖြစ်လေရာဘဝမှာ အတူတူ အကျိုးပေးတတ်တယ်ပေါ့၊ အဲဒီလို အတူတူအကျိုး ပေးတဲ့အထဲမယ် ဆန္ဒ ဝီရိယ စိတ္တ ဝီမံသလို့ဆိုတဲ့ အဓိပတိတပ်တဲ့ပုဂ္ဂိုလ်က ပိုပြီးတော့ ထူးချွန်သွားမှာ ပဲ၊ အလတ်တန်းစားရှိတဲ့ပုဂ္ဂိုလ်က အလတ်တန်းစား ဖြစ်မှာပဲ၊ ညံ့နေတဲ့ပုဂ္ဂိုလ်က အညံ့ထဲမှာ ပါမှာပဲ။ အတိတ်ဘဝတုန်းက ကုသိုလ်ကောင်းမှုအတူ လုပ်ခဲ့ကြသည့်အတွက်ကြောင့် အခုမင်္ဂလာဈေးမှာ အတူတူဈေးရောင်းကြရတာနော်၊ မွေးတာက မင်္ဂလာ [၂၇] ဈေးမှာ မဟုတ်ဘူး၊ ဒါပေမယ့် လာပြီး အလုပ်လုပ်ကြ တော့ အတူတူဖြစ်နေကြတယ်၊ ဒါကြောင့်မို့ အခု လည်း ကုသိုလ်ကောင်းမှု အတူတူလုပ်ကြတော့ နောင်ဘဝလည်း အတူတူဖြစ်ကြရဦးမှာပဲ၊ အတူတူ ဖြစ်ဖို့ သေချာနေတယ်၊ မှတ်မိတာ မမှတ်မိတာက တော့ တခြားပေါ့၊ မမှတ်မိဖို့ကတော့ များတာပေါ့ နော်။
သာသနာမှာ ပထမဆုံး ဘိက္ခုနီဝတ်ခွင့်ရတာ မိထွေးတော်ဂေါတမီ၊ သူနဲ့အတူပါလာတာက သာကီဝင်မိဖုရားငါးရာ၊ မိထွေးတော်ဂေါတမီအမှူး ပြုတဲ့ မိဖုရားငါးရာဟာ ကုသိုလ်ကောင်းမှုလုပ်လာ ကြတုန်းကလည်း အတူတူလုပ်လာကြတာ၊ အတူတူ လုပ်လို့လည်း ဘဝမှာ အတူတူဖြစ်ကြတယ်၊ အမှန် ကတော့ သူတို့ဟာ တစ်အိမ်ထောင်စီ နေကြတာ၊ နောက်တော့ ပေါင်းမိသွားကြတယ်၊ ဘိက္ခုနီဝတ်တဲ့ အခါ အတူတူဖြစ်သွားကြတယ်။
[၂၈] ဆိုလိုတာက သံသရာမှာ ခရီးသွားလည်း အတူတူ၊ ကုသိုလ်ကောင်းမှုလုပ်လည်း အတူတူပဲ၊ စုန်ချည်ဆန်ချည်ဖြစ်တတ်တယ်၊ ဘာဖြစ်လို့ ဒီလို တူရသလဲဆိုတော့ ခုနက စေတနာတူ ဆန္ဒတူ ပေါင်းပြီးတော့ ကုသိုလ်တစ်ခုကို ဦးတည်ပြီး လုပ် ကြလို့၊ ဒါကြောင့်မို့ တူကြတာတဲ့။ မကောင်းမှုလုပ်တဲ့သူတွေကလည်း .. အဲဒီလို တူတတ်တယ်၊ သာကီဝင်မင်းတွေ ဝိဋဋ ဘက ကျူး ကျော်တိုက်ခိုက်တဲ့စစ်ပွဲမှာ အများကြီးအသတ်ခံလိုက် ရတယ်၊ အဲဒီလို အသတ်ခံလိုက်ရတာ ဘာလုပ်ခဲ့လို့ တုန်းဆိုတော့ တစ်ခါတုန်းက မြစ်ထဲ အဆိပ်ခတ်ပြီး သူများတွေ သေအောင် လုပ်ခဲ့ကြတယ်တဲ့၊ အဆိပ် ခတ် သတ်ခဲ့ကြတဲ့သူတွေပေါ့၊ အဲဒါကြောင့်မို့ တော့လည်း အတူတူသေကြတာ၊ ကံတရားဆိုတာ တော်တော်ကြောက်စရာကောင်းတယ်နော်။ ကောင်းတဲ့အလုပ်မှာ အတူတူလုပ်ရင် ကောင်း တဲ့အကျိုးတွေ အတူတူခံစားကြရတယ်၊ မကောင်း [၂၉] တဲ့အလုပ်တွေမှာ အတူတူလုပ်ရင် မကောင်းတဲ့ အကျိုးတွေကို အတူတူခံစားကြရတယ်တဲ့၊ ကံရဲ့ သဘောဟာ နိယာမချည်းပဲ၊ The Law of Kamma (ကမ္မနိယာမ)အရ ဖြစ်တာ၊ ဘယ်သူကမှ ဖန်ဆင်း တာမဟုတ်ဘူး၊ ကိုယ့်ရင်ထဲမှာ ဖြစ်သွားတဲ့အရာ တစ်ခုဟာ အကျိုးပေးရင် ကိုယ့်ပဲ ပေးမှာပေါ့၊ စိတ် ထဲမှာ ဖြစ်တာကိုး။
ရုပ်မှာဖြစ်တာကျ လူတွေက ကြောက်တယ် လေ၊ HIV Positive ဆိုရင် ကြောက်နေပြီနော်၊ စီပိုး, ဘီပိုး, အေပိုး Positive ဆို ကြောက်နေတယ်၊ သံသရာကပါလာတဲ့ လောဘ, ဒေါသ Positive တွေ ကျတော့ မကြောက်ကြဘူး၊ အဲဒီလောဘ ဒေါသက မှ ကြောက်စရာကောင်းတာ၊ အဲဒါ positive ဖြစ် နေတာ၊ အဲဒါတွေကို negative ဖြစ်အောင် လုပ်ရ မယ်၊ မဖြစ်သေးတောင်မှ Non Activate ဖြစ် အောင် လုပ်ထားဖို့ လိုတယ်နော်၊ နှိမ်ထားရမယ်၊ ဘာနဲ့ နှိမ်ရမလဲ၊ ဒါနနဲ့ နှိမ်ရမယ်၊ သီလနဲ့ နှိမ်ရ [၃၀] မယ်၊ ဘာဝနာနဲ့ နှိမ်ရမယ်၊ အဲဒီအလုပ်ကို လုပ် ထားလို့ရှိရင် သူက activate မဖြစ်တော့ဘူး၊ ... Negative ဖြစ်အောင်ကတော့ .. ဘယ်ကျတော့မှ ဖြစ်မလဲဆိုရင် ရဟန္တာဖြစ်မှ Negative ဖြစ်မှာ။ ရဟန္တာဖြစ်ဖို့ကျတော့ အရင်းအနှီးတွေ အများ ကြီးပေးရလိမ့်မယ်၊ ပေးရမယ်ဆိုတာက စွန့်လွှတ်မှု တွေ လုပ်ရမယ်၊ အားလုံးစွန့်လွှတ်ပြီး နိဗ္ဗာန်တစ်ခု တည်း ဦးတည်ပြီးတော့ ကျင့်မှ ဖြစ်တယ်၊ ဒါတောင် မှ ရမယ်လို့ အာမခံတာ မဟုတ်ဘူး၊ ရတာ,မရတာ ကိုယ့်တာဝန် မဟုတ်ဘူးနော်၊ ဒီဘဝ မရရင် နောက် ဘဝကျတော့ ကိုယ်ရဖို့ ရှိတာပေါ့။
မြတ်စွာဘုရားက ဟောထားတာ ရှိတယ်၊ “အေး တရားကို ကြိုးကြိုးစားစား အားထုတ်လို့ ရှိ ရင်”တဲ့ “အခုလောလောဆယ် မရသေးဘူးဆို တောင် သေခါနီးကျတော့ ရနိုင်တယ်”၊ လူတွေက နောက်ဆုံး last chance မှာ သက်စွန့်ကြိုးပမ်း လုပ်တတ်ကြတယ်၊ “သေမှာပဲ၊ မထူးဘူး” ဆိုပြီး [၃၁] အစွမ်းကုန် ကြိုးစားတတ်ကြတယ်၊ “အဲဒီ Last Chance မှာ ရဟန္တာဖြစ်နိုင်တယ်”လို့ ဒီလို ဟောတာ။ မဖြစ်လို့ လွဲသွားရင်လည်း ကိစ္စမရှိဘူး၊ နတ် ပြည်ရောက်သွားမယ်၊ နတ်ပြည်ရောက်သွားရင် တရား နာရမယ်၊ ဟိုမှာ ဘုရားပွင့်သွားတာ မကြာသေးဘူး၊ ဘုရားအကြောင်း ပြောကြတုန်းပဲရှိဦးမယ်၊ လူ့ပြည် မှာသာ ကြာနေဟာ၊ ကြာနေတော့ ဟိုကျတော့ တရားနာလိုက်ရတာနဲ့ “ဪ - လူ့ပြည်တုန်းက ငါ ကျင့်လာတဲ့တရားတွေပဲ” ဆိုပြီး ချက်ချင်းသဘော ပေါက်တယ်၊ ရဟန္တာဖြစ်နိုင်တယ်တဲ့။
အကယ်၍ ပါရမီက နုနယ်သေးတယ်, မလုံ လောက်သေးဘူးဆို ကိစ္စမရှိဘူး ထားလိုက်၊ သံသရာ လည်တဲ့အခါမှာ ပစ္စေကဗုဒ္ဓ ဖြစ်နိုင်သေးတယ်တဲ့၊ ဒီလိုဆိုတာပဲနော်၊ ပါရမီပြည့်ပြီးတော့ ပေါ့လေ ပစ္စေကဗုဒ္ဓ ဖြစ်နိုင်တယ်၊ သို့မဟုတ်လို့ရင် ဘုရား ပွင့်တာနဲ့ ကြုံတဲ့အခါမှာ ကုသိုလ်ကောင်းမှုတွေ ရ ပြီး တစ်မဂ်တစ်ဖိုလ် ရသွားနိုင်လို့ ဒီလိုပြောတာ။
[၃၂] အဲဒါကြောင့်မို့ လုပ်တာက ကိုယ့်တာဝန်ပဲ၊ ဖြစ်တာက ကိုယ့်တာဝန် မဟုတ်ဘူး၊ “လုပ်နေခြင်း သည် ကိုယ့်အလုပ်၊ ဖြစ်လာခြင်းသည် သူ ့အလုပ်” လို့ ခွဲခြားထားပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ် လုပ်မယ်။
ကိုယ်လုပ်ရမယ့်အလုပ်က အခြေခံကနေ စပြီး တော့ ဘာတုန်း? နှုတ်မကျိုးစေနဲ့၊ မကောင်းတဲ့စရိုက် ဆိုးတွေ ပါမလာစေနဲ့၊ စိတ်ထဲမှာ မရှိအောင် ရှင်း ထုတ်၊ နှုတ်ထဲမှာ ပါမလာအောင် ရှင်းထုတ်၊ ကိုယ် ထဲမှာ ပါမလာအောင် ရှင်းထုတ်နော်၊ အဲဒီလို ရှင်း ထုတ်တာတွေ လုပ်ထားမှ သန့်ရှင်းပြီးတော့ ကြည်လင် တာ ဖြစ်မယ်တဲ့။
ကဲ - အခု ဒါနကောင်းမှုလုပ်တယ်လို့ဆိုတာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘဆိုတဲ့ အညစ်အကြေး တစ်ခုကို ရှင်းထုတ်တဲ့သဘော၊ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် ဒါနကောင်းမှုလို့ ဒီလို ပြောကြ တယ်ပေါ့၊ သို့သော် တွယ်တာမှုကို ဖယ်ရှားပစ်တဲ့ [၃၃] သဘောပဲ၊ အဲဒီမှာ စိတ်သဘောထားက တွယ်တာမှု ကို ဖယ်ရှားရမယ့်အစား တွယ်တာမှုတစ်ခု ထပ်တိုး လာတတ်တယ်ဆိုတာ သတိထားဦး၊ ဒါနကောင်းမှု လုပ်တဲ့အခါမှာ တွယ်တာမှုကို ဖယ်ရှားတာ ဖြစ်ရ မယ်၊ မဖယ်ရှားဘဲနဲ့ “ညောင်စေ့ကလေးလောက် လှူ ပြီးနောက် ညောင်ပင်ကြီးလောက် ခံစားမယ်” ဆိုတဲ့ အတွေးနဲ့တော့ မလှူနဲ့၊ အဲဒီလို လှူလို့ ရှိရင် ဒီတစ်ခု ကို လွှတ်ပြီး နောက်တစ်ခုအတွက် တွယ်တာမှုတဏှာ က ရှင်းမထုတ်ဘဲ ထပ်ပိုးလာတဲ့သဘော ဖြစ်သွား တယ်။
ဒါနဆိုတာ ... တကယ်တော့ .. အလောဘပဲ နော်၊ ပစ္စည်းပေါ်မှာ တွယ်တာမှုကို စွန့်လွှတ်ရတာ၊ “ထောင်မြင် ရာစွန့်” ဆိုတာ မလုပ်နဲ့ပေါ့၊ အတွေး ထဲမှာ မထားနဲ့ပေါ့၊ “လုပ်သင့်လို့ လုပ်တယ်”လို့ပဲ ထား၊ ဒါနကောင်းမှုကုသိုလ်ဆိုတာ လုပ်ကို လုပ်ရ မယ်၊ ဘုရားအစရှိတဲ့ သူတော်ကောင်းတွေ ကျင့်သွား တဲ့လမ်းစဉ် ဖြစ်တယ်၊ လုပ်ရမယ်၊ ဒါ တစ်ခု။
[၃၄] နောက်တစ်ခုက “အေး - တို့က စီးပွါးရှာနေ မယ်၊ ဘုရားတရားတော်တွေကို ကျက်မှတ်နေကြ တဲ့သံဃာတွေက စီးပွါးမရှာရဘူး၊ တို့အနေနဲ့ တာဝန် ဝတ္တရားအရ လုပ်ကို လုပ်ရမယ်၊ (သို့မဟုတ်) မြတ်စွာဘုရားဟောတဲ့တရားတွေကို မပျောက်ပျက် အောင် ကျက်မှတ်ထိန်းသိမ်းနေတဲ့ ဒီလိုသံဃာတွေ ကို လှူဒါန်းထောက်ပံ့ပေးမှ ... သာသနာဆိုတာ တည်တံ့နိုင်တယ်၊ သာသနာတည်မှ မြတ်စွာဘုရား ရဲ့အဆုံးအမတရားတွေ ကြားနာရမယ်၊ ဒီအခွင့် အရေးတွေ ... တို့ရဲ့သားမြေးစဉ်ဆက် ဘယ်သူမှ မပျောက်ပျက်အောင် တို့ပြည်တို့ရွာ တို့သာသနာ မှာ တို့လုပ်သင့်တယ်”ဆိုပြီးတော့ လှူတဲ့အလှူမျိုး။ နောက်တစ်နည်းက “မြတ်စွာဘုရားသာသနာ အရှည်တည်ပါစေ၊ အရှည်တည်မှ လူတွေ ဘုရား အဆုံးအမရပြီးတော့ လိမ္မာယဉ်ကျေးကြမှာ ဖြစ်တယ်၊ စိတ်နှလုံးတွေ နူးညံ့ကြမှာ ဖြစ်တယ်”လို့. ဆိုတဲ့ [၃၅] ချီးမြှောက်လိုတဲ့ စိတ်ဓာတ်ကလေးနဲ့ လှူဖို့ လိုတယ် တဲ့။
“ဒီဒါနအကျိုးကို နောင်ဘဝ . ငါခံစားမယ်” ဆိုရင်တော့ Give and Take ဖြစ်သွားမယ်နော်၊ တဏှာကို တစ်ဖက်ကစွန့်ပြီး တစ်ဖက်က ယူတာ ဖြစ်နေတယ်နော်၊ အဲဒါကို ‘အပေးအယူ’လို့ ခေါ် တယ်နော်၊ အပေးသက်သက် မဟုတ်ဘူး၊ အယူပါ ပါလာတာ၊ အယူနဲ့ တွဲဖက်လာတာ၊ Give and Take ပေါ့၊ ‘အပေးအယူ' လုပ်တယ်၊ မင်္ဂလာဈေးထဲ မှာ နေ့တိုင်း အပေးအယူလုပ်ကြတယ်၊ ဒီက ကုန် ပစ္စည်း ပေးလိုက်၊ ဟိုက ပိုက်ဆံယူလိုက်၊ တစ်ဖက် က ပိုက်ဆံကို ယူလိုက်၊ တစ်ဖက်က ကုန်ပစ္စည်း ပေးလိုက်နော်၊ အပေးအယူဆိုတာ အရောင်းအဝယ် ပဲလေ၊ ပေးတယ်ယူတယ်, အရောင်းအဝယ်လုပ်တာ မျိုး ဖြစ်သွားပြန်ရော၊ အဲဒီလို မဖြစ်အောင် မွန်မြတ် တဲ့ဒါနမျိုးဖြစ်အောင် ကြိုးစားအားထုတ်ကြဖို့ လိုအပ် တယ်ပေါ့၊ အရေးကြီးဆုံးက စိတ်နေသဘောထားပဲ၊ [၃၆] တို့လုပ်သင့်တဲ့အလုပ် လုပ်ရပြီလို့ ဝမ်းသာစရာဖြစ် တယ်။
ကဲ - ကောင်းပြီ၊ ဒီဒါနလုပ်ပြီးတဲ့အခါမှာ ဒါနရဲ့အကျိုးတရားကို ကြည့်လိုက်၊ ဘဝသံသရာ မှာ လူဖြစ်ရင်လည်း အဆင်ပြေ၊ ကြည့်လေ၊ ဒါန ရှိသူနဲ့ မရှိသူဟာ ဘယ်ဘဝရောက်ရောက် ကွာသွား တယ်၊ နောက်ဆုံးမှာ ပြောရမယ်ဆိုရင် ခွေးဖြစ်သွား လည်း ဒါနရှိတဲ့ခွေး (ဒါနလုပ်ခဲ့တဲ့ဘဝက လာတဲ့ ခွေး)ကျတော့ သူဌေးအိမ်မှာ ကားတွေဘာတွေ စီး လို့၊ ကောင်းတာတွေ စားလို့၊ ကြက်ဥတို့ အသားတို့ အဲဒီလိုကောင်းတာတွေ စားရတာ။
ဒါနမရှိတဲ့ခွေးကျတော့ ဟိုအမှိုက်ပုံထဲ နှိုက်, ဒီအမှိုက်ပုံထဲ နှိုက်၊ ဒီအထဲမှာ ခဲနဲ့အထုခံရတာတို့ ရေနွေးပူနဲ့ အလောင်းခံရတာတို့ ရှိတယ်၊ ကွဲပြား ခြားနားပုံလေးကို ပြောတာ၊ ဒါ သတိထားရမှာလေ၊ ကိုယ့်မျက်စိအောက်မှာ တွေ့နေရတာတွေ မတူဘူး ဆိုတာ တွေ့ရတယ်၊ အဲဒီတော့ ဒါနဟာ လုပ်သင့် [၃၇] သလား မလုပ်သင့်ဘူးလားဆိုတာ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပေါ့။
ကြည့်ပါလား၊ မတော်တဆ တိရစ္ဆာန်ဖြစ်သွား တာတောင် ဒါနရှိတဲ့အကောင်က ချမ်းချမ်းသာသာ နေရတယ်၊ ဒါနမရှိတဲ့အကောင်က ဆင်းဆင်းရဲရဲနေ ရတယ်၊ ကဲ - လူထဲလည်း ကြည့်ဦး၊ မင်္ဂလာဈေးထဲ မှာ အထုပ်ထမ်းနေရတဲ့သူတွေ ရှိတယ်၊ ဆိုင်ပိုင်ရှင် တွေ ရှိတယ်၊ အကူလုပ်နေတဲ့လူတွေလည်း ရှိတယ်၊ အဲဒါ ဘာလို့ ကွဲနေတာလဲ၊ “ဘယ်သူမပြု မိမိမှု”ပဲ နော်၊ ကိုယ်ကိုယ်တိုင်က ဒါနကောင်းမှု နည်းပါးလာ တဲ့အချိန်ကျတော့ လူ့ဘဝ ရောက်လာပေမယ့်လို့ တစ်ယောက်နဲ့ တစ်ယောက် မတူတာတွေ ဖြစ်လာ တယ်။
ဒီမေးခွန်းလေးကို အဖြေထုတ်ကြည့်ပေါ့၊ ဒါန ဆိုတာ လုပ်သင့်သလား? .. မလုပ်သင့်ဘူးလား? တော်ကြာကျတော့ “ဒါနဟာ သံသရာရှည်တယ်၊ ဒါနလုပ်စရာမလိုဘူး”လို့ ဟောတာနဲ့ သွားတိုးနေ [၃၈] လို့ ရှိရင်, ဟော- နဂိုကမှ ပိုက်ဆံကုန်မှာလည်း ကြောက်ကြောက်ဆိုတော့, ဒါနမလုပ်ဘဲနဲ့ နေရင် နောင်ဘဝမှာ ပိုဆိုးမယ်နော်၊ အတွေးတွေ လွဲသွား တတ်တယ်တဲ့။
ဘုရားအလောင်းပါရမီဖြည့်တာ ကြည့်လေ၊ သုမေဓာဘဝမှာ ဒါနက စလိုက်တာ၊ အကြီးအကျယ် လှူတာပဲလေ၊ နောက်ဆုံးပါရမီဖြည့်တဲ့ဘဝလို့ ဆိုတဲ့ ဝေဿန္တရာဘဝမှာတောင် တိုင်းပြည်က နှင်ထုတ် ခံရသည့်တိုင် လှူတာပဲ၊ သားလှူတယ် သမီးလှူ တယ် ဇနီးလှူတယ်၊ ဟော- လှူတာမှ အကုန်လှူ တာ၊ နောက်ဆုံး သူ့ပဲ လှူဖို့ ကျန်တော့တာနော်၊ အဲဒီလောက်ထိအောင် ဒါနကောင်းမှု လုပ်သွားတာ၊ ဒါတွေကို သတိထားပြီးတော့ ကြည့်ရမယ်၊ ဝိပဿနာ သန်တဲ့သူက “ဝိပဿနာပဲ လုပ်၊ ဒါနလုပ်စရာ မလိုဘူး”လို့များ ပြောမယ်ဆိုလို့ရှိရင် နားမယောင် လေနဲ့နော်၊ သူ့ အပိုင်းနဲ့ သူပဲ။
[၃၉] ဒါနဆိုတာ ပိုက်ဆံချမ်းသာမှ လုပ်လို့ရတယ် လို့လည်း မတွက်လေနဲ့၊ ကိုယ်စားနေတဲ့အထဲက လှူတာလည်း ဒါနပဲနော်၊ တစ်နေ့ကို ထမင်းတစ်လုပ် လျှော့စားလို့ ပိန်တဲ့သူ မရှိပါဘူး၊ တချို့ ဝိတ်တောင် ချနေတယ်၊ .အဲဒီဝိတ်ချတဲ့အထဲကလည်း လှူလို့ ရ တာပဲ၊ အဲဒီတော့ ဒါနကောင်းမှုဆိုတာ လုပ်တတ် ရင် ဖြစ်ပါတယ်။
မြတ်စွာဘုရားက ဘယ်လောက်ထိ ဟောထား တုန်းဆိုတော့ ကိုယ့်ရဲ့စားကြွင်းစားကျန် အိုးခွက် ကလေးဘာလေး ဆေးတာကြောတာကအစ သွန်တဲ့ အခါမှာ “တိရစ္ဆာန်လေးတွေ စားကြပါစေ” လို့ အာရုံ ပြုလိုက်ပါတဲ့၊ အဲဒီဒါနရဲ့အကျိုးက ... ကိုယ့်ဆီ ရောက်တာပဲ၊ ဝစ္ဆဂေါတ္တသုတ်မှာ ဟောထားတယ်၊ ဝစ္ဆဂေါတ္တသုတ်ဟာ အင်္ဂုတ္တရနိကာယ်မှာ ရှိတယ်၊ မြတ်စွာဘုရားက ဒါနနဲ့ပတ်သက်ပြီး အဲဒီလောက် ထိအောင် ဟောထားတာနော်၊ အဲဒီတော့ ဒါနဖြစ်ဖို့ ဆိုတာ ပိုက်ဆံချမ်းသာမှ ဖြစ်တာ မဟုတ်ဘူး၊ ပိုက်ဆံ [၄၀] ချမ်းသာမှ ဒါနလုပ်နိုင်တာ မဟုတ်ဘူး၊ အားလုံး လုပ်နိုင်ကြတယ်၊ ကောင်းပြီ - ဒါနဆိုတာ လုပ်မိ အောင် လုပ်ပါ ကိုယ့်အတိုင်းအတာအရ ဒါနဆိုတာ လုပ်ရမယ်။
ကဲ အဲဒီဒါနကို အခြေခံတဲ့ သမထဝိပဿနာ ကျတော့ ဘယ်လိုကျင့်မှာတုန်း၊ အခု နှစ်စဉ်နှစ်တိုင်း စာသင်တိုက်ကြီးတွေက သံဃာတွေကို လှူတယ်, တန်းတယ်၊ စိတ်ထဲအာရုံထဲ ကြည်နူးတယ်၊ မလှူခင် ကလည်း “လှူမယ်”ဆိုပြီး ဝမ်းသာနေကြတယ်၊ လှူ နေတဲ့အချိန်မှာလည်း ဝမ်းသာ၊ လှူပြီးတဲ့နောက်မှာ လည်း ဝမ်းသာ၊ ဝမ်းသာမှု ၃-ရပ် ပြည့်စုံပြီဆိုရင် ဒီဒါနဟာ အောင်မြင်တဲ့ဒါန ဖြစ်တယ်။ လှူတာတန်းတာကို စိတ်ထဲအာရုံထဲမှာ မှတ် ထားပြီးတော့ တစ်နေ့ကို တစ်ခါပဲဖြစ်စေ နှစ်ခါဖြစ်စေ အိပ်ရာဝင်အိပ်ရာထလေးမှာ “တို့ ဘယ်တုန်းက ဒါန ကောင်းမှုတွေ လုပ်တယ်” ဆိုတာ ကိုယ်လုပ်တဲ့ဒါန တွေကို တစ်နေ့မဟုတ် တစ်ခါမဟုတ် အကြိမ်ကြိမ် [၄၁] ကိုယ့်စိတ်ထဲမှာ ဝမ်းသာအားရ ဖြစ်သည်ထိအောင် အထပ်ထပ် ဆင်ခြင်သုံးသပ်တာကို စာဂါနုဿတိ ကမ္မဋ္ဌာန်းလို့ ခေါ်တာပဲ၊ သမထကျင့်စဉ်တစ်ခု ဖြစ် လာတယ်နော်၊ အဲဒီပေါ်မှာ စိတ်ကလေးငြိမ်လာပြီး လို့ ရှိရင် သမထ ဖြစ်လာတာ၊ အဲဒါကို “ဒါန အခြေခံတဲ့ သမထ”လို့ ခေါ်တယ်၊ အဲဒီလို သမာဓိ ရပြီး ပီတိတွေ ဖြစ်လာသည်ထိအောင် ဆင်ခြင် စဉ်းစား၊ အဲဒါက သမထဘာဝနာ။ ဝိပဿနာဖြစ်အောင်ကျတော့ ... စဉ်းစားလို့ လွယ်တယ်၊ အေး “တို့လှူတဲ့ဆွမ်း မရှိတော့ဘူး”၊ အခု ကျောင်းလှူရင်လည်း “ကျောင်းလှူတာ၊ ဟို တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားပြီ” အဝတ်သင်္ကန်း လှူရင်လည်း “အဝတ်သင်္ကန်းဆိုတာ တစ်နှစ် ဝတ်ရုံ လိုက်တယ်ဆိုရင် တစ်နှစ်အတွင်းမှာပဲ ဟောင်းနွမ်း သွားတယ်၊ တစ်ခုစီ ဒီလို စဉ်းစားကြည့်ပြီး “ဘယ် အရာမှ မမြဲဘူး၊ တို့ အဲဒီတုန်းက ဖြစ်ခဲ့တဲ့စေတနာ တွေကလည်း သင်္ခါရသဘောအရ ပျက်စီးသွားပြီ၊ [၄၂] အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတဲ့သဘာဝတရား တွေဟာ ဖြစ်ပြီးရင် ပျက်သွားတာပဲ၊ တို့လှူတဲ့ဆွမ်း ခဲဘွယ် ဘောဇဉ် ချိုချဉ်အရသာဆိုတဲ့ သဘာဝတရား တွေဟာ ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘာဝတရားတွေ ဖြစ်သောကြောင့် အနိစ္စ၊ မမြဲတဲ့အန္တရာယ်ကြီးက အမြဲတမ်းနှိပ်စက်နေလို့ ဒုက္ခ၊ (ဒုက္ခဆိုတာ အရပ် ထဲမှာ အရောင်းအဝယ် မကောင်းလို့ ညည်းတဲ့ဒုက္ခ မဟုတ်ဘူး)၊ မမြဲတဲ့သဘောတရားကြီးက နှိပ်စက်နေ လို့ ဒုက္ခ၊ အဲဒီလို နှိပ်စက်နေတာကို ကိုယ်က ဘာမှ မတတ်နိုင်လို့ အနတ္တ” လို့ ဒီသဘောလေးတွေကို ဆင်ခြင်စဉ်းစားခြင်းအားဖြင့် ဒါနကနေ ဆင့်ပွါးပြီး တော့ ဝိပဿနာတရား ဖြစ်လာတယ်။
အဲဒီကနေတစ်ဆင့် အဆင့်မြင့်မြင့် ဆင်ခြင် ရင် ဘယ်လိုဆင်ခြင်မတုန်း၊ “တို့ လှူခဲ့တဲ့တန်းခဲ့တဲ့ ဆွမ်းတွေဆိုတာ ရုပ်တရားတွေပဲ၊ ရုပ်တရားတွေ ဆိုတာ ဖြစ်ပြီး ပျက်သွားတာပဲ၊ အလှူခံပုဂ္ဂိုလ် ရဟန်းသံဃာတွေဟာလည်း ရုပ်နာမ်တရားတွေပဲ၊ [၄၃] အဲဒီတော့ ရုပ်တရား နာမ်တရားကလွဲလို့ ဘာမှ မရှိ ဘူး၊ အားလုံးဟာ ရုပ်တရားနာမ်တရားဆိုတာ ဖြစ်ပြီး ရင် ပျက်သွားတတ်တဲ့သဘောတွေပဲ” လို့ ဆင်ခြင်ရ မယ်။
ဒါနစေတနာဆိုတာက နာမ်တရားလေးပဲ၊ ကလည်း ဖြစ်လာပြီးတဲ့နောက် ... ပျက်သွားတာ၊ အလှူခံပုဂ္ဂိုလ်ဆိုတဲ့ အာရမ္မဏပစ္စည်း၊ အလှူဝတ္ထု ဆိုတဲ့ အာရမ္မဏပစ္စည်း၊ အဲဒါကို အကြောင်းပြုပြီး တော့ သဒ္ဓါတို့ အလောဘတို့ ဆိုတဲ့ ဒီတရားတွေ ပေါင်းစုပြီး ဖြစ်ပေါ်လာတတ်တယ်၊ အဲဒါတွေက အာရမ္မဏပစ္စည်းရဲ့အကျိုးတရားတွေပဲလို့-အကြောင်း နဲ့အကျိုးကို ဆင်ခြင်စဉ်းစားလိုက်ရင်လည်း ဒါ ဝိပဿနာလမ်းကြောင်းပေါ် ရောက်လာတာပဲ၊ “ဘယ်အရာမှ မမြဲဘူး၊ အားလုံးဟာ ဖြစ်ပြီးတဲ့နောက် ပျက်သွားတာချည်းပဲ”လို့ ဆင်ခြင်သုံးသပ်နိုင်တယ်။ နောက်ဆုံး အနီးကပ် ဆင်ခြင်သုံးသပ်ချင်ရင် တော့ ဒါနကောင်းမှုကို ဆင်ခြင်သုံးသပ်တဲ့အခါ ပီတိ [၄၄] တွေ ဖြစ်လာတယ်၊ အဲဒီဖြစ်လာတဲ့ပီတိကိုပဲ ဆင်ခြင် တာ၊ “ဪ - စိတ်ထဲမှာ အခုလို လှိုက်လှိုက် လှိုက်လှိုက်နဲ့ ဝမ်းသာလာတာဟာ ပီတိပါလား၊ ဒီ ပီတိတရားဟာ အာရုံကို အကြောင်းပြုပြီး အာရုံနဲ့ စိတ် နှစ်ခုပေါင်းစပ်လာလို့ ဖြစ်လာတာပါလား” လို့ အကြောင်းတရားကို ဆင်ခြင်တယ်၊ မမြဲတဲ့သဘော အနိစ္စလို့ ဆင်ခြင်တယ်၊ ဒီမမြဲမှုဟာ အမြဲဒုက္ခပေး နေလို့ အနှောက်အယှက်ပေးနေလို့ ဒုက္ခ၊ ကိုယ် ဘာမှ မတတ်နိုင်လို့ အနတ္တလို့ဆိုတဲ့ ဒီသဘော တရားတွေကို ဆင်ခြင်တယ်၊ ဒါ ဝိပဿနာလမ်း ကြောင်းပေါ် ရောက်သွားတယ်။
အဲဒီတော့ ဒါနကို အခြေခံပြီးတော့ သမထ ကို ကျင့်လို့ ရတယ်၊ ဝိပဿနာကို ကျင့်လို့ ရတယ်၊ ဝိပဿနာကျင့်ခြင်းအားဖြင့် ဘယ်အထိအောင် ရောက်သွားနိုင်တုန်း? ကိုယ့်ပါရမီရှိသည့် အားလျော် စွာ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး နောက်ဆုံး သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်၊ အဲဒီကနေ [၄၅] ဝိပဿနာတိုးမြှင့်လိုက်တဲ့အခါ သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်၊ ဝိပဿနာကို အဆင့်မြှင့်ရင် အနာဂါမိမဂ် အနာဂါမိဖိုလ်၊ အမြင့်ဆုံးကျင့်နိုင်ပြီ ဆိုလို့ရှိရင် ... အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ မဂ်အဆင့်ဆင့် ... တိုးမြင့်သွားတယ်၊ နောက်ဆုံး နိဗ္ဗာန်ဆိုတာကို အပြည့်အဝရရှိကြရမှာ ဖြစ်တယ် လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး “ဒါနအခြေခံတဲ့ သမထဝိပဿနာ”ကို မှတ်သားနာယူကြပြီး သမထ ဝိပဿနာဖြစ်အောင် ကြိုးစားပွားများနိုင်ကြပါစေကုန် သတည်း။
သာဓု • သာဓု • သာဓု။
72pv37vf7ych9xt1gzeit9offfbbzoq ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား 0 6461 22314 2026-10-13T01:05:32Z Tejinda 173 "{{header | title = ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = ဒါ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည် 22314 wikitext text/x-wiki {{header | title = ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား | author = ဒေါက်တာနန္ဒမာလာဘိဝံသ | override_author = | editor = | translator = | contribuor = | override_contributor = | section = စာစစ်ရန်လိုအပ်သည် | previous = [[ဒါနအခြေခံတဲ့ သမထ ဝိပဿနာ]] | previous2 = | next = [[]] | next2 = | year = | notes = | edition = | categories = ဒေါက်တာနန္ဒမာလာဘိဝံသ | shortcut = | portal = }}
ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား
[၁] သာသနာတော်နှစ်၂၅၅၆- ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၄-ခုနှစ်၊ နယုန်လပြည့်ကျော် (၅)ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇွန်လ(၉)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိ ဓမ္မဗိမာန်တော် အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်း အနား၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး မိဘဘိုးဘွား ဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင် အမတဒါန ဓမ္မဒါနအဖြစ် ဟောကြား အပ်သော “ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား” အကြောင်း တရားဒေသနာတော်။
ဒုဂ္ဂတိဘုံဆိုတာ ဒုဂ္ဂတိဆိုတာ ပါဠိစကားလုံးဖြစ်တယ်။ “ဒုက္ခဿ ဂတိ ဒုဂ္ဂတိ” ဆင်းရဲဒုက္ခတို့ရဲ့ လားရာဘုံဌာနကို ဒုဂ္ဂတိလို့ ခေါ်တာ။ လောကသတ္တဝါတွေဟာ မကောင်းမှု အကုသိုလ်တွေပြုလို့ မကောင်းမှု အကုသိုလ်တွေရဲ့ အကျိုးပေးရာဖြစ်တဲ့ ဒုဂ္ဂတိဘုံကို ရောက်ကြရတယ်။ မကောင်းမှု အကုသိုလ်တွေဟာ ဒုဂ္ဂတိဘုံမှာ စုပြုံပြီး အကျိုးပေးလေ့ရှိတယ်။
[၂] သုဂတိဘုံမှာရော အကုသိုလ်က အကျိုးမပေးဘူးလား ဆိုတော့ ပေးတယ်။ သို့သော် သုဂတိဘုံမှာ အကျိုးပေးတဲ့အခါ ဒုက္ခတွေအားလုံး စုပြုံပြီးမပေးဘူး၊ ကုသိုလ်ကံရဲ့ အကျိုးတရား အဖြစ် ချမ်းသာသုခ ခံစားနေရမှုတွေ ရှိတယ်ပေါ့။
သို့သော် ဒုဂ္ဂတိဘုံ ရောက်သွားပြီဆိုရင် အကုသိုလ်တွေ စုပြုံပြီး အကျိုးပေးတာဖြစ်တယ်။ အကုသိုလ်ရဲ့ အကျိုး တရားသည် ဆင်းရဲဒုက္ခသာ ဖြစ်တယ်။ “အကုသလာ သာဝဇ္ဇ ဒုက္ခဝိပါကလက္ခဏာ” တဲ့။ အကုသိုလ်ဆိုတာ အပြစ်ရှိပြီး ဆင်းရဲတဲ့အကျိုးကိုပေးခြင်း လက္ခဏာရှိတယ်။ မကောင်းတဲ့ ဆင်းရဲတဲ့ အကျိုးမှန်သမျှဟာ အကုသိုလ်ရဲ့အကျိုးလို့ ဒီလို သတ်မှတ်တယ်ပေါ့။ ဒါကြောင့် အကုသိုလ်ကံတွေ စုပြုံ အကျိုး ပေးရာ ဘုံဌာနမျိုးကို ဒုဂ္ဂတိဘုံလို့ခေါ်တာဖြစ်တယ်။
သုဂတိဘုံဆိုတာ အဲဒီ ဒုဂ္ဂတိဘုံရဲ့ ဆန့်ကျင်ဘက် ကုသိုလ်ကံတွေ အကျိုး ပေးလို့ ချမ်းသာသုခတွေ ရရှိတဲ့ဘုံမျိုးကို သုဂတိဘုံ လို့ ခေါ် တယ်။ ဘုန်းကြီးတို့တတွေ အခုရရှိနေတဲ့ လူ့ဘုံဟာ သုဂတိဘုံ ထဲမှာ ပါတယ်။ “သုခဿ ဂတိ သုဂတိ” ချမ်းသာသုခရဲ့ တည်ရာ ဘုံဌာနလို့ ဆိုလိုတယ်။
[၃] ဂတိငါးမျိုး ဂတိကို ငါးမျိုးခွဲတာရှိတယ်။ နှစ်မျိုးခွဲရင်တော့ ဒုဂ္ဂတိနဲ့ သုဂတိပေါ့။ ဂတိဆိုတာ သတ္တဝါတွေ ကံအားလျော်စွာ ရောက်ရတဲ့ ဘုံဌာနတွေကို ဂတိလို့ခေါ်တယ်။ အင်္ဂလိပ်လိုတော့ Destination လို့ သုံးတယ်။ ကံအားလျော်စွာ ရောက်ရှိသွားရတဲ့ ဘုံဟာ ငါးမျိုးရှိတယ်။ ငါးမျိုးက ဒုဂ္ဂတိကို သုံးမျိုးခွဲလိုက်တယ်။ အဆိုးဆုံးက“နိရယဂတိ”ငရဲဘုံ၊ အဲဒီထက်နဲနဲသက်သာတာက “တိရစ္ဆာနဂတိ” တိရစ္ဆာန်ဘုံ၊ အဲဒီထက် နဲနဲသက်သာတာက “ပေတဂတိ” ပြိတ္တာဘုံ။ ဒုက္ခတွေ အင်မတန်မှ များပြားလှတဲ့ ဘုံတွေကို အဆင့်ဆင့် ဒီလိုပြောထားတာ။ နိရယဂတိ၊ တိရစ္ဆာန- ဂတိ၊ ပေတဂတိ ဆိုပြီး ဒုဂ္ဂတိသုံးမျိုးပေါ့။ သုဂတိကို ခွဲတဲ့အခါ “ဒေဝဂတိ” နတ်ဘုံ, ဗြဟ္မာ့ဘုံနဲ့ “မနုဿဂတိ” လူ့ဘုံဆိုပြီး နှစ်မျိုးပေါ့။ စုပေါင်းတော့ ဒီလိုဂတိငါးမျိုးလို့ မှတ်သားကြရမယ်။
ဘုံဆိုသည်မှာ သုံးဆယ့်တစ်ဘုံကို ခြုံငုံပြီး ငါးမျိုးခွဲရင် ဒုဂ္ဂတိဘုံက သုံးမျိုး၊ သုဂတိဘုံက နှစ်မျိုး၊ နှစ်မျိုးခွဲတဲ့အခါမှာ ဒုဂ္ဂတိဘုံနဲ့ သုဂတိဘုံ ပေါ့။ ဘုံဆိုသည်မှာ ကံအားလျော်စွာ သတ္တဝါတွေ ဖြစ်ရတဲ့ ဌာနကို ဘုံလို့ပြောတာ။ အဲဒီတော့ သတ္တဝါနဲ့ ဘုံနဲ့၊ ကံနဲ့ ဘုံနဲ့ ဆက်စပ်ပြီးနေတာ။ ဘုံကို မယုံဘူးဆိုတဲ့လူက ကံကိုမယုံဘူး ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ်။
[၄] တချို့က ဘုံနဲ့မြှောက်တယ်ဆိုပြီး ဘုံကိုမယုံဘူး။ မျက်စိနဲ့ မြင်ရတဲ့ လူ့ဘုံနဲ့ တိရစ္ဆာန်ဘုံ ဒီနှစ်ခုပဲလက်ခံတယ်။ ကျန်တာ တွေ မျက်စိနဲ့ မမြင်ရလို့ မရှိဘူးလို့ ငြင်းပယ်တယ်။ မျက်စိနဲ့ မမြင်ရလို့ မရှိဘူးဆိုရင် လောကမှာ မရှိတဲ့အရာတွေ ပိုများသွား မယ်။ မျက်စိနဲ့ မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ လောက မှာ ရှိနိုင်တဲ့အရာတွေ အများကြီးပဲ။ တခြားဟာမတွေးနဲ့။ အသံ ဆိုတာ မျက်စိနဲ့ မြင်ရတာ မဟုတ်ဘူးနော်။ အနံ့ဟာလည်း မျက်စိနဲ့မမြင်ရဘူး။ အရသာဟာလည်း မျက်စိနဲ့ မမြင်ရဘူး။ အထိအတွေ့ကလည်း မျက်စိနဲ့မမြင်ရဘူး။ လောကမှာ မျက်စိနဲ့ မြင်လို့ရတာ ရုပ် ၂၈-ပါးထဲမယ် ရူပါရုံဆိုတဲ့ အဆင်း ရုပ်ကလေးတစ်ခုပဲ ရှိတယ်။ ကျန်တဲ့ ၂၇-ပါးဟာ မျက်စိနဲ့ မြင်ရတဲ့ ရုပ်တွေမဟုတ်ဘူး။ ဒါကြောင့် လူတွေရဲ့ မျက်စိအောက် ရောက်တဲ့အရာဟာ အင်မတန်နည်းပါးတယ်။ မမြင်ရပေမယ့် လောကကြီးမှာ ရှိနေတာတွေ အများကြီးပေါ့။ အဲဒီတော့ ကံရယ် ဘုံရယ် သတ္တဝါရယ်ဆိုတာ ဆက်စပ်ပြီးတော့ နားလည်ရမယ့် အရာတွေသာဖြစ်တယ်၊ သတ္တဝါတွေရဲ့ဖြစ်ရာကို ဘုံလို့ခေါ် တယ်။
၃၁-ဘုံနှင့်သတ္တဝါ ဘာကြောင့်ဖြစ်လဲ?
ထိုသတ္တဝါတွေဟာ ဘာ့ကြောင့် အသီးသီး မတူညီတဲ့ ဘုံတွေမှာ ဖြစ်ရသလဲဆိုရင် .. ကံကြောင့်ဖြစ်ရတယ်။ ဒါက မြတ်ဗုဒ္ဓရဲ့ ဟောပြောချက်အရ ကံကြောင့်ဖြစ်တယ်လို့ပြောတာ။
[၅] ကံကြောင့်ဖြစ်တယ်လို့ ဘာကြောင့်ပြောသလဲ။ ဒိဗ္ဗစက္ခုကို အခြေခံပြီးတော့ ရလာတဲ့ ယထာကမ္မူပဂဉာဏ် ဆိုတာ မြတ်စွာ ဘုရားမှာရှိတယ်။ တဖန် “ဒသဗလ” ဆိုတဲ့ မြတ်စွာဘုရားရဲ့ အားဆယ်မျိုးထဲမှာကံနဲ့ပတ်သက်တဲ့ ဉာဏ်တော်ကြီးတစ်ခု ရှိတယ်။ အဲဒီဉာဏ်တွေနဲ့ကြည့်ပြီးတော့ မြတ်စွာဘုရားက ကံကြောင့်လို့ဟောတာဖြစ်တယ်။ မသိဘဲနဲ့ဟောတာမဟုတ်ဘူး။ လက်တွေ့ကြည့်ရှုပြီးတော့မှ ဟောတာမျိုး ဖြစ်တယ်တဲ့။ မြတ်စွာဘုရားဟာ “သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေမိ” လို့ဆိုတဲ့အတိုင်း .. ကိုယ်တိုင် လက်တွေ့သိပြီး၊ မျက်မှောက်ပြုပြီးတဲ့အခါမှ ဟောတာဖြစ်တယ်ပေါ့။ ဒါကြောင့်မို့ သတ္တဝါတွေဟာ ကံကိုအခြေခံပြီးတော့ ကိလေသာတွေရဲ့ အကူအညီနဲ့ ဘဝတွေမှာ ဖြစ်နေကြတယ်။ ကိလေသာ အကူ အညီ မပါဘဲနဲ့လည်း ကံတစ်ခုတည်းက အကျိုးမပေးဘူး။ ကိလေသာဆိုတာ အဝိဇ္ဇာနဲ့တဏှာပဲ။ အဝိဇ္ဇာက အမှန်မသိ အောင် ဖုံးလွှမ်းတယ်။ တဏှာက တွယ်တာတယ်။ တွယ်တာမှုကို အခြေခံပြီး ကံတရားက ဖန်တီးလိုက်တာဆိုတော့ ကိလေသာ နဲ့ကံ ပေါင်းစပ်ပြီး ဘဝတစ်ခုကို ဖန်တီးတယ်ပေါ့။ ဒါက မြတ်စွာ ဘုရားရဲ့ ဟောပြောချက်။
တခြားဘာသာတွေကတော့ သတ္တဝါတွေ ဘာကြောင့် ဖြစ်လဲဆိုရင် တန်ခိုးရှင်ကြီး ဖန်ဆင်းလို့ ဖြစ်တယ်လို့ ဒီလို ဆိုတယ်။ ဒီအယူအဆဟာ အင်မတန်မှ ရှေးကျတယ် “ဣဿရ နိမ္မာနဝါဒ” လို့ ခေါ်တယ်။ ကံကိုငြင်းပယ်ပြီး တန်ခိုးရှင် [၆] ဖန်ဆင်းရှင်ကြီးရဲ့ ဖန်ဆင်းမှုကြောင့် တောတောင်ရေမြေ စတဲ့ သက်မဲ့တွေရော သက်ရှိသတ္တဝါတွေရော ဖြစ်တယ်လို့ဆိုတယ်။ သို့သော် တန်ခိုးရှင်ကြီးဖန်ဆင်းလို့ ဖြစ်တယ်ဆိုတဲ့ အယူအဆ ကို အားလုံးက လက်ခံတာလားဆိုတော့ လက်မခံဘူး။ တစ်ချို့က ငြင်းပယ်တယ်။ ဘာကြောင့်မှမဟုတ်ဘဲ မတော်တဆ Acci- dental ဖြစ်လာတာလို့ဆိုကြတယ်။ အကြောင်းမရှိဘူး။ သူ့ဟာသူ ဖြစ်ချင်လို့ ဖြစ်တယ်ဆိုတဲ့ အယူအဆလဲရှိတယ်။
မြတ်စွာဘုရားကတော့ ဖြစ်ချင်လို့ ဖြစ်တာလည်း မဟုတ် ဘူး။ တန်ခိုးရှင်ဖန်ဆင်းလို့ ဖြစ်တာလည်း မဟုတ်ဘူး။ လောက မှာ သတ္တဝါတွေ ဖြစ်လာတယ်ဆိုတာ ကိလေသာနဲ့ပေါင်းစပ်ပြီး ကံတရားရဲ့ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာတာတဲ့။ ဒါဖြင့် ဒီကံက ဘယ်မှာဖြစ်တာလဲဆိုရင် အသီးသီးသော သတ္တဝါတွေရဲ့ နေ့စဉ် တွေးကြံပြောဆိုပြုမူမှုတွေ အပေါ်မှာ ဖြစ်တာ။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး စိတ်နေ သဘောထားချင်း မတူ တော့ ပြုလုပ်တဲ့ ကံချင်းကလည်း မတူကြဘူး။ မတူညီတဲ့ ကံပေါ် မှာ အခြေခံပြီး ကံကြမ္မာပုံရိပ်တွေဟာ သတ္တဝါတွေမှာ ထင်ဟပ် ပေါ်လွင်နေတယ်။ ဒါက လွဲမှားစရာ မရှိဘူး။
ထာဝရဘုရားက ဖန်ဆင်းတယ်ဆိုရင် ပုံစံတူပဲ ဖန်ဆင်း ရမှာပေါ့။ ဘာပြုလို့တုန်းဆိုရင် သူက မူကလေးလုပ်ပြီး ဖန်ဆင်း ရမှာ။ ပန်းပုဆရာဆိုရင် မူလုပ်ပြီးဖန်ဆင်းတာ ပုံတူဖြစ်တာပေါ့။ အဲ သူက ပုံစံမတူအောင် အမျိုးမျိုး ဖန်ဆင်းရတယ်ဆိုရင် တော်တော်လက်ဝင်မှာပဲ။ လိပ်ပြာဆိုတဲ့ Species တစ်ခုတင်ပဲ [၇] ပန်းချီဆရာတွေ ရေးလို့မမှီအောင် ဒီဇိုင်းအမျိုးမျိုးနဲ့လေ။ လိပ်ပြာ ဖန်ဆင်းတာနဲ့တောင် သူ့အသက် လောက်ချင်မှ လောက်မယ် နော်။ လိပ်ပြာဖန်ဆင်းတာနဲ့ပဲ အချိန်တွေ အများကြီးကုန်သွား မယ်။ သို့သော် ပြောကြလိမ့်မယ် တန်ခိုးရှင်ပဲ “ဥုံဖွ” ဆို အကုန်ဖြစ်တယ်လို့။
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားတော်အရ ကံတရားနဲ့ ဘုံဘဝတွေဟာ ကိလေသာနဲ့ ဆက်စပ်မှုရှိနေတယ်။ ကံတရားကို လက်ခံရင် ဘုံဘဝကိုလည်း လက်ခံရမယ်။ သုံးဆယ့်တစ်ဘုံ ဘာ့ကြောင့်ဖြစ်လဲ? မတူညီတဲ့ ကံတရားတွေ ကြောင့် ဖြစ်တယ်ပေါ့။
ဒုဂ္ဂတိဘုံသား ပြိတ္တာများ သတ္တဝါတွေဖြစ်ရာ ဘုံဌာနတွေကို “ဘူမိ” သို့မဟုတ် “ဘဝ” လို့ ဆိုတယ်။ ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကားမှာ ဒုဂ္ဂတိ ဘုံသားဆိုတာ ဘယ်သူတွေကို ပြောတာလဲဆိုရင် စဉ်ဆက် မပြတ် ဒုက္ခတွေကျရောက်နေတဲ့ ငရဲသူ ငရဲသား သတ္တဝါတွေ၊ တိရစ္ဆာန်တွေ၊ ပြိတ္တာတွေပဲဖြစ်တယ်။ အဲဒီတော့ “ဒုဂ္ဂတိဘုံသား တို့ရဲ့ အမှာစကား” ဆိုတာ ပေတဝတ္ထု ပါဠိတော်မှာလာတဲ့ လူ့ဘုံ လူ့ဘဝနဲ့ ဆက်စပ်ပြီး အကုသိုလ်ရဲ့အကျိုးကို ခံနေရတဲ့ သတ္တဝါအချို့ရဲ့ အမှာစကားကို ဆိုလိုတယ်။
ပိဋကတ်သုံးပုံထဲမယ် ပေတဝတ္ထုဆိုတာ ရှိတယ်။ ပြိတ္တာ တွေရဲ့ အကြောင်းကို စုစည်းဖော်ပြထားတဲ့ စာပေဖြစ်တယ်။
[၈] လူ့ဘဝ အဆုံးသတ်သွားတဲ့အခါ ဒုဂ္ဂတိဘုံ ရောက်သွားတယ်။ နောက်ဆုံး လွတ်လာတဲ့အခါ လူ့ ဘဝမရောက်သေးဘဲနဲ့ ပြိတ္တာ ဘုံ ရောက်ရှိနေကြတယ်။ ရံဖန်ရံခါ လူ့ ဘဝကနေ တိုက်ရိုက် ရောက်သွားတာလည်း ရှိတယ်ပေါ့။ ခုခေတ် တစ္ဆေတို့ သရဲတို့ လည်း ပါဝင်တယ်ပေါ့။ သူတို့ပြောတဲ့ အမှာစကားတွေကို ပေတ ဝတ္ထုပါဠိတော်မှ ကောက်နှုတ်ပြီး ဟောပြောမှာဖြစ်တယ်။
Reasonable ဖြစ်တဲ့ ပေတဝတ္ထု ဒီပေတဝတ္ထု ပါဠိတော်ဆိုတာ ယုံတမ်းစကားလားလို့ မေးစရာရှိတယ်။ သို့သော် အကြောင်းနဲ့ အကျိုးနဲ့ ဘာ့ကြောင့် ဖြစ်တယ် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာတွေနဲ့ဖော်ပြတာဖြစ်တယ်။ အရမ်းမဲ့ဖော်ပြတာ မဟုတ်ဘူး။ ဘယ်တုန်းက ဘာတွေဖြစ်ခဲ့ တယ်၊ ဘာဖြစ်ပြီး ဘာတွေလုပ်ခဲ့လို့ ဒီဘဝရောက်တော့ ဒီဒုက္ခ တွေ ခံစားနေရတယ်ဆိုတာကို အကြောင်းနဲ့ အကျိုးနဲ့ အသေးစိတ်ဖော်ပြတာဖြစ်သောကြောင့် Reasonable ဖြစ်တယ်။
လူတွေဟာ ယုတ္တိမရှိတာတွေတောင်မှ လက်ခံနေကြတာ ပေါ့။ ဒီပေတဝတ္ထုဆိုတာ အင်မတန်မှ ယုတ္တိရှိတဲ့ အရာတွေပဲ ဖြစ်တယ်။ ကိုယ်ကိုယ်တိုင် မမြင်ရ မကြားရပေမယ့်လို့ အကြောင်းနဲ့အကျိုးကိုက်ညီရင် လက်ခံရတာတွေအများကြီးပဲ။ ပိဋကတ်ထဲမှာ ပါတာထက် ပိုများတဲ့ အကြောင်းအရာတွေ ရှိသော်လည်း အားလုံးကို မှတ်တမ်းတင်နိုင်တာတော့ မဟုတ် ဘူး။
[၉] ငါးရာ့ငါးဆယ် နည်းသေးတယ် မြတ်စွာဘုရား ပါရမီဖြည့်တဲ့ ဘဝပဲကြည့် - “ငါးရာ့ ငါးဆယ်” ပဲ မှတ်တမ်းတင်နိုင်တာ။ စာထဲမှာ “ငါးရာ့ လေးဆယ့်ခုနစ်ဇာတ်”ပဲ ရှိတာနော်။ လေးအသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းမှာဖြစ်တဲ့ ဘဝဟာ နည်းတဲ့ဘဝလား။ တစ်ကမ္ဘာမှာ တောင် ငါးရာ့ငါးဆယ် မကနိုင်ဘူးလေ။ သို့သော် မြတ်စွာဘုရား အလောင်းဟာ ဘဝပေါင်း ငါးရာ့ငါးဆယ်ပဲ ဖြစ်ခဲ့တာလား၊ ဒို့ပြင်မရှိဘူးလားလို့ မေးစရာရှိတယ်။
တစ်ခါတုန်းက သိသပါဝန ဆိုတဲ့ ယင်းတိုက်တောကြီးထဲ မှာ ကြွေကျနေတဲ့ ယင်းတိုက်ရွက်ကလေးတွေကို လက်ထဲမှာ ဆုပ်ကိုင်ပြီး “ချစ်သားရဟန်းတို့၊ ငါဘုရားလက်ထဲမှာ ရှိနေတဲ့ အရွက်ကလေးတွေနဲ့ တောကြီးထဲမှာရှိနေတဲ့ အရွက်တွေ ဘယ် ဟာကပိုများလဲ”လို့ မေးတယ်။ “တောထဲက မရေမတွက်နိုင် အောင် များပါတယ်၊ အရှင်ဘုရားလက်ထဲမှာ နည်းနည်းလေးပဲ ရှိပါတယ်”“အဲဒီအတိုင်းပဲ၊ ငါသိပြီး မပြောတာတွေက အများကြီးပဲ” တဲ့နော်။
မြတ်စွာဘုရားဟောခဲ့တာနည်းနည်းပဲ။ သိသမျှဟောမယ် ဆိုရင်လည်း ဆုံးနိုင်ဖွယ်ရာမရှိဘူးပေါ့။ အတိတ်ဘဝ ဇာတ်တော် ကို ပြန်ဟောတယ်ဆိုတဲ့ နေရာမှာလည်းပဲ အင်မတန်မှ နည်းပါး တဲ့ ဇာတ်ကြောင်းတွေလောက်ပဲ အကြောင်းပေါ် လာတဲ့အခါမှာ ဟောတာမျိုးဖြစ်တယ်။ ငါးရာ့ငါးဆယ်ဆိုတာ အလွန်ကို နည်းတယ်ပေါ့။ ငါးရာ့ငါးဆယ်ထဲမပါတဲ့ ဇာတ်လမ်းတွေလည်း [၁၀] ပိဋကတ်သုံးပုံထဲမှာ ရှိနေသေးတယ်။ ဥပမာ အင်္ဂုတ္ထိုရ်ထဲမှာ ပါတဲ့ “သစေတနသုတ်” တို့လိုဟာမျိုးပေါ့။ အဲဒီလို စာပေကို အကြောင်းနဲ့အကျိုးနဲ့ သေချာ လေ့လာသုံးသပ်ကြည့်ရင် မှတ်တမ်းတင်ထားတာဟာ အင်မတန်မှနည်းတယ်။ ဒီလောက် နည်းတာတောင် ဘုန်းကြီးတို့တတွေ တိုတောင်းလှတဲ့ ဘဝ အတွင်းမှာ သိရှိမှတ်သားဖို့ များနေသေးတယ်လို့ပဲ ပြောရမှာ နော်။
အကြောင်းနဲ့အကျိုး အေး-ကောင်းပြီ၊ မြတ်စွာဘုရားရဲ့ တရားတော်ဟာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်လို့ဆိုတဲ့ လည်ပတ်ပြီး ဖြစ်နေ တဲ့ သဘာဝတရားတွေ ဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်အရပြောရင် အကြောင်းတရားတစ်ခုကို အမှီပြုပြီး အကျိုးတရားတွေကို ထုတ်လုပ်နေတဲ့ အကြောင်းတရားတွေ၊ အကြောင်းတရားက ထုတ်လုပ်ထားတဲ့ အကျိုးတရားတွေ ဖြစ်တယ်။ ဒါတွေဟာ စဉ်ဆက်မပြတ် ဖြစ်နေသည့်အတွက် ဘဝဆိုတာ ဖြစ်တယ်လို့ မှန်ကန်တဲ့အမြင်နဲ့ သိဖို့လိုတယ်။ အကြောင်းနဲ့အကျိုး ဆက်စပ် ပြီး ဖြစ်နေတာဆိုရင် အကျိုးကို မလိုချင်တဲ့အခါ အကြောင်းကို ဖယ်ရှားဖို့လိုတယ်ပေါ့။ အကြောင်းတွေ ဖယ်ရှားနိုင်ဖို့ နည်းစနစ် တွေကိုလည်း မြတ်စွာဘုရားက ဟောပြောခဲ့တယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာလည်း ဟောထားတယ်။ ဖြစ်တာတွေကို မလိုချင် တော့ဘူး ဆိုရင်လည်း ဘယ်နည်းနဲ့ ချုပ်ငြိမ်းအောင် လုပ်လို့ [၁၁] ရတယ် ဆိုတာကိုလည်း ဟောခဲ့တယ်။ အင်မတန်မှ ပြီးပြည့်စုံတဲ့ တရားဓမ္မတွေပဲ။
သံသရာဝဋ်က လွတ်တဲ့နည်း သံသရာဝဋ်က လွတ်ဖို့ဆိုတာ တရားမကျင့်ဘဲနဲ့ လွတ်နိုင် တာ မဟုတ်ဘူး။ အကြောင်းကို ဖယ်ရှားဖို့ဆိုတာ မှန်ကန်တဲ့ နည်းလမ်းကို မသုံးဘဲနဲ့ ဖယ်ရှားလို့ရတာမဟုတ်ဘူး။ ဖယ်ရှားလို့ ရမယ်ဆိုရင် အလွယ်တကူ လူတိုင်းဖယ်ရှားမှာပေါ့။ မှန်ကန်တဲ့ အကျင့်လို့ခေါ်တဲ့ “ဗြဟ္မစရိယ” မြတ်သောအကျင့်ကို ကျင့်သုံး ခြင်းဖြင့် ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေကို ဖယ်ရှားနိုင် တယ်။ ဆိုပါစို့- သံသရာဝဋ်က လွတ်ချင်တယ်ဆိုရင် ကိလေသာ တွေကို ဖယ်ရှားရမယ်။ ကိလေသာတွေကို ဖယ်ရှားခြင်းဖြင့် ကံကိုဖယ်ရှားပြီးဖြစ်သွားတယ်။ ကိလေသာနဲ့ကံကို ဖယ်ရှားခြင်း အားဖြင့် ဝိပါကဆိုတဲ့ အကျိုးတရားတွေဟာ မလာတော့ဘူး။ ဒါ သံသရာဝဋ်က လွတ်တဲ့နည်းပဲ။
သတ္တဝါဘယ်လိုဖြစ်?
ကံကို တိုက်ရိုက်ဖယ်ရှားလို့ မရဘူး။ ဘာဖြစ်လို့တုန်း၊ ဆိုပါစို့ စိတ်ကူးတယ်ဆိုတဲ့ မနောကံ မိမိသန္တာန်မှာ ဖြစ်သွားပြီ၊ ဖြစ်သွားပြီးတဲ့နောက်မှာ “မဖြစ်ဘူး”လို့ ငြင်းဆိုလို့မှ မရတာ။ နှုတ်ကပြောပြီးရင်လည်း ပြောပြီးသွားပြီ။ ကိုယ်ထိလက်ရောက် လုပ်ပြီးသွားရင်လည်း လုပ်ပြီးသွားပြီ။
[၁၂] ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ အဲဒီ ကြံစည်မှု၊ ပြောဆိုမှု၊ လုပ်ကိုင်မှုရဲ့နောက်မှာ စွမ်းအားပြည့်နေတဲ့ စေတနာတွန်းအားလေးတွေဟာ စိတ်အစဉ် Remain ဖြစ်သွားပြီပေါ့။ Accumulate ဖြစ်သွားပြီ။ Accu- mulate ဖြစ်သွားတယ်ဆိုတာ မျိုးစေ့ပါတဲ့ အသီးလေး သီးလာ တာ။ အသီးလေးဟာ တဖြည်းဖြည်း ရင့်လာပြီ၊ မြေနဲ့ ရေနဲ့ တွေ့ ရင် ပေါက်မယ့်အနေအထား ရောက်တာပဲ။ ဒီလိုဆိုလို တာပေါ့။
မျိုးစေ့ထဲမှာ သတ္တိဝင်သွားသလို သတ္တဝါတွေရဲ့ စိတ် အစဉ်ထဲမှာလည်း သတ္တိလေးတွေ ဝင်သွားတာ။ ဘာသတ္တိတုန်း ဆိုတော့ ကမ္မသတ္တိ၊ အာသေဝနသတ္တိ၊ ပံ့ပိုးတဲ့ ကျန်တဲ့သတ္တိတွေ အတ္ထိသတ္တိတို့၊ အဝိဂတသတ္တိတို့ ဖြစ်တယ်ပေါ့။ သတ္တဝါတွေရဲ့ စိတ်အစဉ်မှာ ကံရဲ့စွမ်းရည်သတ္တိတွေ ပျံ့နှံ့စိမ့်ဝင်သွားတဲ့အခါ ကိလေသာရဲ့ အကူအညီရတာနဲ့ တပြိုင်နက် ဘဝတစ်ခုဖြစ်ဖို့ရာ အဆင်သင့် ဖြစ်လာတယ်။ ဒီလိုနဲ့ သတ္တဝါတွေဟာ စဉ်ဆက် မပြတ် ဖြစ်နေတယ်။ ဒီလိုဆိုတာပေါ့နော်။
ဗုဒ္ဓမြတ်စွာရဲ့ ကမ္မဝါဒ အဲဒီတော့ ဗုဒ္ဓမြတ်စွာရဲ့ ကမ္မဝါဒနဲ့ တခြားကမ္မဝါဒတွေ တူသလား? ဥပမာ ဗုဒ္ဓပွင့်တော်မူခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ဗြဟ္မဏ တွေလည်း ကံရှိတယ်လို့ လက်ခံတယ်။ ဒီနေ့ခေတ် Hinduism ဟိန္ဒူဝါဒကလည်း ကံကိုလက်ခံတယ်။ ဗုဒ္ဓဝါဒကလည်း ကံကို လက်ခံတယ်။ နောက် Jainism ကလည်း ကံကိုလက်ခံတယ်။
[၁၃] သို့သော် ကံလို့ပြောလိုက်တာနဲ့ တူသလားဆိုရင် မတူညီတဲ့ အချက်တွေ အများကြီးရှိတယ်။
မြတ်စွာဘုရားက . ကံဆိုတာ .. စေတနာကိုပြောတာ။ စေတနာဆိုတာ လူတွေရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ သဘာဝ တွန်းအားတစ်ခုပဲ။ တွန်းအားဆိုတာ ကြံစည်အောင် လှုံ့ဆော် တယ်၊ ပြောဆိုမိအောင် လှုံ့ဆော်တယ်၊ လုပ်မိအောင် လှုံ့ဆော် တယ်။ အဲဒီ လှုံ့ဆော်တဲ့ တွန်းအားကို ကံလို့ခေါ်တာ။ တွန်းအား ဟာ တွန်းအားသက်သက်မျှသာ ဖြစ်တယ်။ ငါလည်းမဟုတ်ဘူး၊ ငါ့ဟာလည်းမဟုတ်ဘူး၊ ထာဝရမြဲတဲ့ အရာလည်း မဟုတ်ဘူး။ ဆိုင်ရာအကြောင်းတွေကြောင့် ဆက်လက်ဖြစ်ပေါ် နေခြင်းမျှသာ ဖြစ်တယ်။ သင်္ခါရတရား သက်သက်မျှသာ ဖြစ်တယ်လို့ မြတ်စွာ ဘုရားက ဒီလိုဟောပြောတယ်။
ဟိန္ဒူဝါဒကတော့ မဟုတ်ဘူး။ ဒီကံဆိုသည်မှာ အတ္တရဲ့ တွေးခေါ်မှု၊ အတ္တရဲ့ပြောဆိုမှု၊ အတ္တရဲ့လုပ်ကိုင်မှုတွေသာ ဖြစ်တယ်။ ပြုလုပ်သူက အမြဲတမ်းရှိနေတယ်။ ဗုဒ္ဓဘာသာမှာ ပြုလုပ်သူမရှိဘူး၊ ခံစားသူလည်းမရှိဘူး၊ ပြုလုပ်သူဆိုတာ အကြောင်းတရား၊ ခံစားသူဆိုတာ အကျိုးတရား။ Hinduism မှာတော့ ပြုလုပ်သူဆိုတာ အတ္တ၊ ခံစားသူဆိုတာလည်း အတ္တ၊ ထာဝရမြဲတဲ့ အရာလေးတစ်ခုဖြစ်တယ်။ မြတ်စွာဘုရားကတော့ အားလုံးကို အနတ္တလို့ ဟောတယ်။
အနတ္တဆိုတာ ဆိုင်ရာ အကြောင်းတရားတွေကြောင့် ဖြစ်လာတာ။ စဉ်းစားကြည့်ပေါ့၊ ထင်ရှားအောင်ပြောမယ်ဆိုရင် [၁၄] ကိုယ့်အိမ်မှာ သရက်ပင်လေး တစ်ပင်စိုက်တယ်။ ကိုယ်လုပ်ပေး နိုင်တာ ဘာလဲဆိုတော့ အစေ့လေးကို မြေကြီးထဲထည့်ပြီး ရေလောင်းပေးတယ်။ ဒါပဲ ကိုယ်တတ်နိုင်တာ။ သရက်စေ့က အမြစ်ထွက်လာတာတို့၊ အညှောင့်ထွက်လာတာတို့၊ အပင် ကြီးထွား အကိုင်းအခက်တွေ ထွက်လာတာတို့၊ အပွင့် ပွင့်တာ တို့၊ အသီးသီးတာတို့ဟာ ကိုယ်လုပ်တာ မဟုတ်ဘူး။ ဆိုင်ရာ အကြောင်းတရားတွေကလုပ်တာ။ သရက်စေ့ကိုက ကိုယ်လုပ် တာ မဟုတ်ဘူး။ ဆိုင်ရာ အကြောင်းတရားတွေက ဆိုင်ရာ အကျိုးတရားတွေကို ဖြစ်စေတာပေါ့။ သို့သော် ကိုယ်နဲ့ ဆက်စပ် နေတာ ဖြစ်သောကြောင့် လူတွေက “ငါစိုက်တာ ငါ့အပင် ငါ့အသီး” နဲ့ ဒီလိုပြောကြတာကိုး။
အဲဒါလိုပဲ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ကံတရားတွေကို လည်း “ငါ့ကံ ငါလုပ်တာ”လို့ပြောတာဟာ ဆက်စပ်နေလို့သာ ပြောလို့ရတာ။ တကယ်တော့ ကိုယ်လုပ်တာ မဟုတ်ဘူးတဲ့။ အကြောင်းတရားတွေ ဆုံစည်းပြီး ဖြစ်ပေါ်သွားတာလို့ ဆိုတာ နော်။
အဆင့်မြင့်တဲ့ ဝိပဿနာဉာဏ်နဲ့ ကြည့်တဲ့အခါ ငါဆိုတာ မရှိဘူး၊ ငါ့ဟာဆိုတာမရှိဘူး။ ငါမှမရှိရင် ငါ့ဟာဘယ်ရှိမတုန်း။ ဒီလို အမှန်မြင်နိုင်မှ အမှားမြင်တဲ့ အဝိဇ္ဇာကို ဖယ်ရှားနိုင်မယ်။ အဝိဇ္ဇာမရှိမှ တွယ်တာမှုတဏှာဆိုတာ ပယ်နိုင်မှာ။ တွယ်တာမှ တဏှာပယ်နိုင်မှ ကံတရားတွေက အကျိုးပေးလို့ မရမှာ။ ဒါဟာ သံသရာပြတ်ဖို့ အတွက်ပဲ။
[၁၅] ဒါကြောင့် “တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော”လို့ ဟောတာ။ အစပိုင်းမှာ “အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော” ပေါ့။ ဒါ သူ့ဟာသူ ချုပ်တဲ့ အချုပ်လားဆိုတော့ မဟုတ်ဘူး။ “အသေသ ဝိရာဂ- နိရောဓာ” ဝိရာဂလို့ခေါ်တဲ့ အဝိဇ္ဇာကို ချုပ်အောင်လုပ်နိုင်တဲ့ မဂ်ဉာဏ်မျိုး ဖြစ်ပေါ်တာကို ဆိုလိုတယ်။ သူ ့ဟာသူ ချုပ်တဲ့ အချုပ်မျိုးမဟုတ်ဘူး။ တရားကျင့်လို့ချုပ်တဲ့ အချုပ်မျိုးဖြစ်တယ်။
အဲတော့ ကံတရားရှိနေသမျှ ဘဝဆိုတာ ရနေမှာပဲ။ ဘဝ ရနေသမျှ သုခ ဒုက္ခဆိုတာ လာနေမှာပဲ။ ဗုဒ္ဓဟောတဲ့ ကံတရား ဘဝနဲ့ဆက်စပ်ပြီးဖြစ်နေတယ်ဆိုပေမယ့် ဆိုင်ရာအကြောင်း တရားတွေကြောင့် ဆိုင်ရာအကျိုးတရားတွေ ဖြစ်ပေါ်နေခြင်း မျှသာ ဖြစ်တယ်။
ဒါဖြင့် ခံရတော့ ဘာဖြစ်လို့ ခံရလဲ? ဆိုပါစို့ - မီးက ဖယောင်းတိုင်ကိုလောင်ရင် ဘယ်သူ့ကို ဖျက်ဆီးမှာလဲ? ဖယောင်းတိုင်ကိုပဲ ဖျက်ဆီးမှာ။ မီးတောက်လေးက ထင်းပေါ်မှာ တောက်တယ်ဆိုရင် ဘယ်သူ့ကို ဖျက်ဆီးမှာလဲ? ထင်းကိုပဲ ဖျက်ဆီးမှာ။ အိမ်ကိုစွဲတယ်ဆိုရင် ဘယ်သူ့ကို ဖျက်ဆီးမှာလဲ? အိမ်ကိုပဲ ဖျက်ဆီးမှာ။ ဒီတိုင်းပဲ ဖြစ်ရာဌာနကို လောင်ကျွမ်း ပျက်စီးစေတာပဲပေါ့။ သဘာဝတရားက ဒီတိုင်းပဲ။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဟောပြောချက်အရ “ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ကမ္မဿ ဒါယာဒါ ဘဝိဿာမ” တဲ့။ ဘယ်အလုပ်ပဲ လုပ်လုပ်၊ စိတ်နဲ့ပဲ [၁၆] တွေးတွေး၊ နှုတ်နဲ့ပဲပြောပြော၊ ကိုယ်ထိလက်ရောက်ပဲ လုပ်လုပ်၊ ကောင်းတဲ့အလုပ်ပဲ လုပ်လုပ်၊ ဆိုးတဲ့အလုပ်ပဲ လုပ်လုပ်၊ အကောင်းအဆိုး တွေးသမျှ၊ ပြောသမျှ၊ လုပ်သမျှတွေဟာ ကံအရာမြောက်သွားရင် အဲဒီကံရဲ့ အမွေကို ခံရမှာပဲတဲ့။ ဘာလို့ တုန်းဆို ကိုယ့်သန္တာန်မှာ ဖြစ်သည့်အတွက် ကိုယ်နဲ့ ဆက်စပ် နေတာကိုး။ မီးတောက်ကလေးသည် ဘယ်နေရာမှာစွဲစွဲ စွဲတဲ့ နေရာ လောင်ကျွမ်းပျက်စီးမှာပဲ ဒီအဓိပ္ပါယ်မျိုးပြောတာ။
အကုသိုလ်ကံနဲ့ ကုသိုလ်ကံ အေး- အကုသိုလ်ကံဟာ သတ္တဝါတွေရဲ့ စိတ်ဆန္ဒထဲမှာ “အယောနိသောမနသိကာရ” လို့ဆိုတဲ့ Unwise Attention မမှန်မကန် နှလုံးသွင်းခြင်း၊ သတိကင်းမဲ့ခြင်း၊ ဆင်ခြင်ဉာဏ် ကင်းမဲ့ခြင်းဆိုတဲ့ အကြောင်းတရားတွေကြောင့် ဖြစ်တာ။ နောက် “အသပ္ပုရိသူပသဝန” သူတော်မဟုတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းမိခြင်း၊ “အသဒ္ဓမ္မသဝန”သူယုတ်မာတို့ရဲ့ဟောပြောချက် တွေကို နားယောင်မိခြင်းဆိုတဲ့ အကြောင်းတရားတွေကို အခြေခံပြီး မကောင်းတဲ့ အကုသိုလ် အပြောတွေ၊ အတွေးတွေ၊ လုပ်ရပ်တွေဖြစ်တာ။
အဲဒီလို ဖြစ်သွားရင် ဒီကံကြမ္မာက ဘယ်သူနဲ့ ပတ်သက် သွားတုန်းဆိုတော့ ဖြစ်ရာပုဂ္ဂိုလ်နဲ့ပဲ ပတ်သက်တယ်။ အကျိုး ပေးရင်လည်း ဖြစ်ရာပုဂ္ဂိုလ်ကိုပဲ အကျိုးပေးတယ်။ အကုသိုလ်ကံ ဆိုတာ ဘယ်သူ့သန္တာန်မှာဖြစ်ဖြစ် ဖြစ်ပြီဆိုရင် အတိုင်းအတာ [၁၇] တစ်ခုအရ သာဝဇ္ဇ အပြစ်ရှိပြီး၊ ဒုက္ခ၀ိပါက ဆင်းရဲတဲ့အကျိုးကို ထုတ်လုပ်တယ်။ ကုသိုလ်ကံကတော့ အနဝဇ္ဇ အပြစ်ကင်းပြီး သုခဝိပါက ကောင်းကျိုးချမ်းသာတွေ ဖြစ်စေတယ်။ ဒီသဘာဝ တရားကြီးနှစ်ခုဟာ သတ္တဝါတွေရဲ့သန္တာန်မှာ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေ ဦးဆောင်ပြီး ဖြစ်ပေါ်လေ့ရှိတယ်။
သတ္တဝါတွေဟာ မကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းသင်းမိ ခြင်း၊ မကောင်းတဲ့ အပြောအဆိုတွေကို ကြားနာရခြင်း၊ မကောင်းတဲ့ လမ်းညွှန်ချက်တွေကို နာခံရခြင်း၊ မကောင်းတဲ့ တိုက်တွန်းမှုတွေကို ခံရခြင်း စတာတွေကြောင့် မကောင်းတဲ့ အကုသိုလ်တွေ လုပ်ဖြစ်တယ်။ လူတော်လူကောင်းတွေနဲ့ ပေါင်းမိလို့ ကောင်းတဲ့စကားတွေ ကောင်းတဲ့လမ်းညွှန်ချက်တွေ ရတယ်။ ကောင်းတဲ့လမ်းညွှန်ချက်တွေရလို့ ကောင်းတဲ့အတွေး၊ ကောင်းတဲ့ အပြောအဆို၊ ကောင်းတဲ့ လုပ်ရပ်တွေကို လုပ်ဖြစ်ကြ တယ်။
ဟော အကောင်းနဲ့အဆိုးဟာ ဆိုင်ရာအကြောင်းတရား တွေရဲ့ ဦးဆောင်မှုနဲ့ ဖြစ်တာ။ မတူညီသော လမ်းကြောင်းကြီး တွေပေါ်မှာ လျှောက်လှမ်းနေကြတယ်တဲ့။ အဲလိုလျှောက်လှမ်း တဲ့အထဲမယ် ကံတရားဟာဘယ်သူ့သန္တာန်မှာပဲဖြစ်ဖြစ် မကောင်း တဲ့ အကုသိုလ်ကံက မကောင်းတဲ့အကျိုးတွေကို ပေးတယ်။ ကောင်းတဲ့ကုသိုလ်ကံက ကောင်းတဲ့အကျိုးကိုပေးတယ်။ သတ္တဝါ တွေဟာ ဒီလို ကောင်းကျိုးဆိုးကျိုးကို ရရှိခံစားကြရတယ်တဲ့။
[၁၈] သင်ခန်းစာစု ပေတဝတ္ထု စာပေမှာပေတဝတ္ထုကိုမှတ်တမ်းတင်ထားတာ အများကြီး မဟုတ်ဘူး၊ ငါးဆယ့်တစ်ပုဒ်ပဲရှိတယ်။ အဲဒီ ငါးဆယ့်တစ်ပုဒ် ထဲက သင့်တော်ရာ ဝတ္ထုအချို့ကိုထုတ်နှုတ်ပြီး ဟောပြောပေး မယ်။ ဒီတရားကို နာယူပြီးတော့ ဘဝအတွက် သင်ခန်းစာတွေ ရလာနိုင်မယ်။ လောကမှာ ဘဝသင်ခန်းစာဆိုတာ ယူကြရတယ်။ သင်ခန်းစာယူပြီးတဲ့အခါ မိမိရဲ့ဘဝ အဆင်ပြေဖို့ မှန်ကန်တဲ့ လမ်းကြောင်းကို ကြိုးစားလျှောက်လှမ်းကြရမယ်။ ငါးဆယ့်တစ် ဝတ္ထုထဲက သင့်တော်ရာ ဝတ္ထုလေးတွေကို ရွေးကောက်ပြီး “ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကား” အဖြစ် ဟောပြောမှာ ဖြစ်တယ်။
ဒီကနေ့ခေတ်မှာလည်း “သေရွာပြန်တို့ရဲ့ အကြောင်း” ဆိုပြီး ရေးထားတဲ့စာအုပ်တွေရှိတယ်။ အတွေ့ အကြုံက တစ်ဦးနဲ့ တစ်ဦး မတူကြဘူးပေါ့။ တချို့ အတွေ့ အကြုံက အင်မတန်မှ ထူးဆန်းတယ်။ ယုံနိုင်စရာ မရှိဘူးပေါ့။ မြတ်စွာဘုရား ကိုယ်တိုင် ကိုက အကုန်လုံးမပြောဘူး။ ဘာဖြစ်လို့တုန်းဆိုရင် ယုံကြမှာ မဟုတ်လို့ပဲ။ သတ္တလောကကြီးဆိုတာ အင်မတန်မှ ဆန်းကြယ် တယ်။ သက်သေသာဓက ရှိတဲ့အခါမှ မြတ်စွာဘုရားက ဟောပြောတာဖြစ်တယ်။ ဘယ်ဟောပြောချက်ပဲဖြစ်ဖြစ် ဒိဗ္ဗစက္ခု ကို အခြေခံတဲ့ “ယထာကမ္မူပဂဉာဏ်” ကံအားလျော်စွာ သတ္တဝါတွေဟာ ဘုံဘဝကို ရောက်တယ်ဆိုတာကို သိတဲ့ဉာဏ်နဲ့ ဟောတာ။
[၁၉] သတ္တဝါတွေရဲ့ ကံစွမ်းရည်သတ္တိ၊ ပတ်ဝန်းကျင် အခြေ အနေ ဒါတွေအားလုံးကို ဘုရားပဲမှန်အောင် ပြောနိုင်တယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေက အကုန်မသိဘူး၊ အပေါ်ယံလောက်ပဲ ပြောနိုင်တယ်။
အရှင်နာရဒနှင့် ပြိတ္တာများ ပေတဝတ္တုပါဠိတော်မှာ အရှင်နာရဒရဲ့ အတွေ့အကြုံ ဇာတ်လမ်းတွေကို မှတ်တမ်းတင်ထားတယ်။ ရှင်လက္ခဏနဲ့ ရှင်မောဂ္ဂလာန်တို့လည်း အတွေ့ အကြုံ ဇာတ်လမ်းတွေ ရှိတယ် နော်။ သံယုတ်ပါဠိတော်မှာ ထူးဆန်းတဲ့ ဒုဂ္ဂတိဘုံသားတွေနဲ့ ကြုံတွေ့ခဲ့တဲ့ မှတ်တမ်းတွေရှိတယ်။ ဘုန်းကြီးတို့ မကြာခင်က “ထူးဆန်းသော သတ္တဝါကြီးများ”ဆိုတဲ့ ခေါင်းစီးနဲ့ ရှင်မဟာ မောဂ္ဂလာန်တို့ရဲ့ အတွေ့ အကြုံကို ဟောထားတာ ရှိတယ်။
အခု ဒီကနေ့ “ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကား” ကို ဟောမှာဖြစ်တယ်။ များသောအားဖြင့် ရာဇဂြိုဟ်ပြည်က ဂိဇ္ဈကုဋ် တောင် နေရာဟာ ဒုဂ္ဂတိဘုံသားတွေ များပြားတဲ့နေရာတစ်ခု ဖြစ်နိုင်တယ်ပေါ့။ အဲဒီမှာ ဒီနေ့ခေတ်တောင်မှပဲ ရှိသေးတယ်နဲ့ တူတယ်။ ရေပူတွင်းတွေဆိုတာရှိတယ်။ မြန်မာပြည်မှာလည်းပဲ ရေပူတွင်းတွေရှိတယ်။ ဟန်လင်းကြီးဘက်မှာရှိတယ်၊ ထားဝယ် ဘက်မှာ ရှိတယ်။
အိန္ဒိယမှာရှိတဲ့ ရေပူတွင်းကို တပေါဒါ လို့ ခေါ်တယ်။ တပေါဒါရဲ့ အဓိပ္ပါယ်က ရေပူလို့ ပြောတာပဲ။ တပဆိုတာ [၂၀] ပူလောင်နေတဲ့၊ ဥဒဆိုတာ ရေ၊ ရေပူရှိတဲ့မြစ်ကို တပေါဒါမြစ် ရေပူတွင်းပေါ့။ အဲဒီရေက ဘာလို့ ပူတာတုန်းဆိုတော့ လောဟကုမ္ဘီ ငရဲအိုးကြီး နှစ်လုံးကြားက ဖြတ်စီးလာလို့တဲ့။ ဟုတ်တာပေါ့။ ဒီနေ့ခေတ် ရေချိုးခန်းထဲမှာ ရေနွေးနဲ့ ရေချိုး ချင်ရင် လျှပ်စစ်ရေနွေးအိုးက ဖြတ်စီးလာတဲ့ ရေပူနဲ့ချိုးရတာပဲ။ အဲဒီရေပူတွင်းက ရေဟာလည်း ငရဲအိုးနှစ်လုံးကြားက ဖြတ်စီး လာတာ ဖြစ်နိုင်တယ်။
ကမ္ဘာမှာ မီးတောင်တွေ အများကြီးရှိတာပဲ။ သတ္တဝါတွေ ဟာ ကံကြမ္မာရဲ့ အကျိုးပေးမှုကြောင့် အဲဒီ မီးတောင်တွေထဲမှာ သွားဖြစ်တာရော မဖြစ်နိုင်ဘူးလား။ ထူးဆန်းတယ်။ အင်မတန် ပူတဲ့ မီးတောင်ထဲ သတ္တဝါသွားဖြစ်တာ။ အဲဒီသတ္တဝါဟာ ငရဲ သတ္တဝါလို့ ပြောလို့ရနိုင်တယ်။ အဲတော့ လောဟကုမ္ဘီ ငရဲမှာ ခံစားနေကြရတဲ့ သတ္တဝါတွေရှိတယ်။ အဲဒီငရဲအိုးနှစ်လုံးကြားက ဖြတ်စီးလာလို့ ရေကပူတယ်လို့ဆိုတယ်။
ဝက်နှုတ်သီးနဲ့ လူတူပြိတ္တာ တစ်နေ့တော့ ရှင်နာရာဒဆိုတဲ့ ရဟန်းတော်တပါးဟာ ဂိဇ္ဈကုဋ်တောင်ပေါ်ကနေ ဆင်းလာတဲ့အခါမှာ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကို မြင်ခဲ့ရတယ်။ သူမြင်ခဲ့တဲ့ သတ္တဝါက ဝက်နှုတ်သီးနဲ့ လူပုံစံ ပြိတ္တာတစ်ကောင်ဖြစ်တယ်။ အဲဒီ ပြိတ္တာရဲ့ ခန္ဓာကိုယ်က အင်မတန်မှလှတယ်။ အသားရေက ဝင်းပြီး ပတ်ဝန်းကျင်တောင်မှ ဖိတ်ဖိတ်တောက်တယ်။ သို့သော် သူ့ [၂၁] နှုတ်သီးက ဝက်နှုတ်သီးကြီးတဲ့။ ကဲ-ဘယ်လောက်ထူးဆန်းတဲ့ သတ္တဝါတုန်းဆိုတော့ ဝက်နှုတ်သီးနဲ့ ပြိတ္တာကြီးပေါ့။ ကြည့် လိုက်ရင်တော့ အင်မတန်မှ လှပတဲ့လူတစ်ယောက်၊ သို့သော် မျက်နှာမြင်လိုက်တာနဲ့ ဝက်နှုတ်သီးကြီးနဲ့ လူတစ်ယောက် ဖြစ်နေတယ်။
အင်မတန်မှ ထူးဆန်းတဲ့ သတ္တဝါကို သူမြင်တော့ အနီး ရောက်လာတဲ့အခါမှာ သူ စကားပြောကြည့်တယ်။ “ထူးဆန်း လှချေလား။ ခန္ဓာကိုယ်ကတော့ အင်မတန်မှလှတယ်။ အသား အရေတွေက စိုပြေဝါဝင်းပြီး မျက်နှာကတော့ ဝက်နှုတ်သီး ကြီးနဲ့။ ဘာကြောင့် ဒီဘဝမျိုး ရောက်တာလဲ?”လို့ မေးတယ်။
သူကပြောတယ် “သူဟာ အရင်ဘဝတုန်းက လူသား တစ်ယောက်ပါ” တဲ့။ “ကိုယ့်အမှုကိုတော့ စောင့်စည်းတယ်။ သူများကို ပုတ်တာ ခတ်တာ မလုပ်ဘူး။ သို့သော် နှုတ်ကိုတော့ မစောင့်စည်းခဲ့ဘူး”တဲ့။ “ဆဲရေးတိုင်းထွာတယ်၊ ကြမ်းတမ်းသော စကားကို ပြောတယ်၊ နှုတ် အင်မတန် ကြမ်းတမ်းခဲ့တယ်။ သူတော်ကောင်းတွေကို ဆဲရေးတယ်၊ ရဟန်းသံဃာတွေကို ဆဲရေးခဲ့တယ်” တဲ့။
ဆဲတယ်လို့ ဆိုကတည်းက သူ့စိတ်ဟာ ဒေါသပြင်းထန် တဲ့ စိတ်မျိုးဖြစ်တာပေါ့။ အဲဒီလို ဒေါသပြင်းထန်တဲ့ စိတ်နဲ့ ဆဲရေး တာ။ အဲဒီဒေါသရဲ့အရှိန်ကြောင့် လူ့ဘဝသေဆုံးတဲ့အခါ ငရဲကို ကျသွားတယ်။ ငရဲက လွတ်လာတဲ့အခါ ကံကြမ္မာက မကုန်သေး တော့ သူ့ရဲ့ပုံပန်းသဏ္ဌန်ဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်တယ်။
[၂၂] ဒေါသဖြစ်ပြီး စိတ်ဆိုးရင် နှုတ်သီးက ချွန်သွားတာလေ။ အဲတော့ ဝက်နှုတ်သီးလို နှုတ်သီးချွန်တဲ့ ပြိတ္တာဘဝ ရောက်လာတယ်။ အင်မတန်မှ အရုပ်ဆိုးအကျည်းတန်တဲ့ မျက်နှာဖြစ်တယ်။
သူက မှာလိုက်တယ်တဲ့။ “တပည့်တော်ကို အရှင်ဘုရား ကိုယ်တိုင် မြင်တယ်မဟုတ်လား။ တပည့်တော်ဟာ ကာယကံ ကိုတော့ ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။ ယဉ်ယဉ်ကျေးကျေး နေခဲ့တယ်။ သို့သော် နှုတ်ကို မစောင့်စည်းဘဲ ဆဲရေးတယ်၊ လိမ်ညာတယ်၊ ပါးစပ်နဲ့ပတ်သက်တဲ့ အကုသိုလ်တွေ အကုန် လုပ်တယ်။ ဒါကြောင့် အပါယ်ငရဲကျပြီးတဲ့အခါမှာ တပည့်တော် ဒီအခြေအနေမျိုး ရောက်လာရတာပါ”တဲ့။ ကံကြမ္မာပုံရိပ်ဆိုတာ စိတ်ဓာတ်ပေါ် မူတည်ပြီးတော့ဖြစ်တာ။ “အရှင်ဘုရား၊ တပည့် တော်ကိုပဲကြည့်၊ ဘယ်တော့ပဲဖြစ်ဖြစ် နှုတ်ကိုစောင့်စည်းပါ၊ နှုတ်ကို မထိန်းသိမ်း မစောင့်ရှောက်ရင် တပည့်တော်အဖြစ်မျိုးနဲ့ ကြုံတွေ့နိုင်ပါတယ်” လို့ အမှာစကား ပါးလိုက်တာပေါ့။
သူပြောလိုက်တဲ့ စကားကိုကြည့်ရင် သူဘာလုပ်ခဲ့လို့ ဒီဘဝကို ရောက်ရတယ်ဆိုတာ ထင်ရှားတယ်။ သူ အတိတ်ဘဝ တုန်းက လုပ်ခဲ့တာကို ပြန်ပြီးမှတ်မိနေလို့ ပြောတဲ့စကား ဖြစ်တယ်။ အဲဒီလို ဝက်နှုတ်သီးနဲ့ ပြိတ္တာကြီးတစ်ကောင်ရဲ့ မှာကြားချက်ကို ရှင်နာရဒက မြတ်စွာဘုရားကို လျှောက်ထားတဲ့ အခါ မြတ်စွာဘုရားက ရောက်ရှိလာတဲ့ ပရိသတ်တွေကို ထပ်ပြီး ဟောပြောတယ်။ ဝစီဒုစရိုက် မကျူးလွန်ဖို့၊ ဝစီဒုစရိုက်ရဲ့ အပြစ် တွေဟာ အင်မတန်မှ ကြီးမားတယ်၊ နှုတ်နဲ့ ပတ်သက်တဲ့ [၂၃] အကုသိုလ်တွေ ပြုမိမယ်ဆိုရင် ဒီလို အရုပ်ဆိုး အကျည်းတန်တဲ့ ဘဝ ရောက်တတ်တယ် ဆိုတာကို ဟောပြော ဆုံးမခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။
နှစ်ဦးကြားကုန်းတိုက် ပါးစပ်ပိုးလောက်ကိုက် နောက်တစ်ခါ အရှင်နာရဒဟာ ဂိဇ္ဈကုဋ်တောင်ပေါ်က ဆင်းလာတဲ့အခါ ကောင်းကင်ယံမှာ ကိုယ်ရောင်ကိုယ်ဝါနဲ့ အလွန်လှပတဲ့ ပြိတ္တာတစ်ကောင်ကို မြင်ရပြန်တယ်။ အဲဒီ ပြိတ္တာဟာ ခန္ဓာကိုယ်အနေနဲ့ အင်မတန်မှ လှပတယ်။ သို့သော် ပါးစပ်ကပုပ်ပြီး လောက်တွေ တဖွားဖွား ထွက်နေတယ်။ အဲဒီလို လောက်တွေ တဖွားဖွားနဲ့ ပါးစပ်ကြီးတစ်ခုလုံး ပုပ်နေတာကို တွေ့ရတော့ အရှင်နာရဒက တအံ့တဩ ဖြစ်တာပေါ့။ အဲဒီ ပြိတ္တာနဲ့ ဆုံတဲ့အခါ မေးကြည့်တယ်တဲ့။ ဘာဖြစ်လို့ ဒီအခြေ အနေမျိုး ရောက်ရတာတုန်းပေါ့။
သူကပြောတယ် “သူဟာ ယခင်ဘဝတုန်းက ဘုန်းကြီး တစ်ပါး ဖြစ်ခဲ့တယ်။ နှုတ်ကိုမစောင့်စည်းဘဲ တစ်ပါးနဲ့တစ်ပါး မတည့်အောင် ဂုံးတိုက်တယ်၊ မဟုတ်တမ်းတရားတွေ ပြော တယ်။ တရားကျင့်ခဲ့တဲ့အတွက်ကြောင့် သူ့ရဲ့ခန္ဓာကိုယ် ရုပ် အဆင်းက လှပတယ်။ သို့သော် ပါးစပ်ကပုပ်ပြီး လောက်တွေ တဖွားဖွားကျနေတယ်။ ဒီလို ဖြစ်ရတာက တစ်ခါတုန်းက သူတော်ကောင်း ရဟန်းတော်နှစ်ပါးကို သူက ဂုံးတိုက်ခဲ့လို့”တဲ့။
[၂၄] တောရကျောင်း တစ်ကျောင်းမှာ အင်မတန်မှရင်းနှီးတဲ့ ရဟန်းတော်ကြီးနှစ်ပါး သီတင်းသုံးနေကြတယ်။ ဝါတော်တွေလဲ အတော်ရပြီ။ ဒီကိုယ်တော်က အာဂန္တုအဖြစ် အဲဒီကျောင်းလေး ကို ရောက်သွားတယ်။ အဲဒီရွာက လူတွေက သဒ္ဓါတရား အင်မတန် ကောင်းကြတယ်။ ကိုယ်တော်ကြီး နှစ်ပါးနဲ့အတူ ရွာထဲဆွမ်းခံကြွတဲ့အခါ လူတွေက လှူကြတန်းကြတာ၊ ရိုသေ လေးစားကြတာကိုမြင်တော့ “ဪ ဒီရွာကလူတွေ တယ်တော် တာပဲ။ သဒ္ဓါတရားလည်း အင်မတန်ကောင်းတယ်။ ငါဒီရွာမှာ အမြဲနေရအောင်ကြံဦးမှ၊ ဒီကိုယ်တော်ကြီးနှစ်ပါးနဲ့ နေရင်တော့ ငါ သူတို့တပည့်ဖြစ်မှာ။ ငါကိုယ်တိုင်ပဲ ဒီကျောင်းကို ဦးစီးဦးကိုင် နေလို့ရအောင်လုပ်မှပဲ” လို့ ကျောင်းလုဖို့ ကြံတာပေါ့နော်။
ကျောင်းရောက်တဲ့အခါ ဒီကိုယ်တော်နှစ်ပါး မတည့် အောင် ဂုံးတိုက်ဖို့ စဉ်းစားတယ်။ နှစ်ပါးလုံးနဲ့ ခင်မင်ရင်းနှီး အောင် ပေါင်းတယ်။ တစ်ရက်တော့ အကြီးကိုယ်တော်ထံကနေ ဆုံးမဩဝါဒတွေ နာခံပြီးတော့ ကျောင်းကအဆင်းမှာ ပြန်တက် လာတယ်။ ပြန်တက်လာတော့ အကြီးကိုယ်တော်က မေးတယ်။ ဘာလို့လာတာလဲဆိုတော့ တပည့်တော် လျှောက်စရာလေး တစ်ခုကျန်လို့ လာတာပေါ့။ ဘာလျှောက်ချင်တာတုန်းမေးတော့ “အရှင်ဘုရား ဟိုကိုယ်တော်နဲ့ အဆင်ပြေရဲ့လား” တဲ့။ “ဟ- တို့အတူတူနေလာတာ ကြာလှပြီ၊ ဘာမှမဖြစ်ပါဘူး။ အဆင် ပြေပါတယ်” လို့ ဖြေတော့ “အရှင်ဘုရားကသာ သူတော်ကောင်း စိတ်ရှိလို့ အဆင်ပြေတယ်လို့ပြောတာ သူက တပည့်တော်ကို [၂၅] ပြောတယ်၊ မင်းဒီကိုယ်တော်ကြီးနဲ့ မပေါင်းနဲ့၊ ဒီကိုယ်တော်ကြီး က အင်မတန်ဆိုးတာ၊ ကိုယ်ကျင့်တရား မကောင်းဘူးလို့ တပည့်တော်ကို ပြောတယ်” တဲ့။ “မင်းမဟုတ်တာတွေ မပြောနဲ့” ဆိုတော့ “အရှင်ဘုရား တပည့်တော် မဟုတ်တာ မပြောဘူး။ အကျိုးလိုလားလို့ အရှင်ဘုရားကိုပြောတာ။ ယုံတာ မယုံတာ တော့ အရှင်ဘုရား သဘောပဲ၊ တပည့်တော်ကြားတာ လာလျှောက်တာပါ” လို့ ပြောခဲ့သတဲ့။
ပုထုဇဉ်ဆိုတော့ စိတ်ထဲမှာ သံသယ ဖြစ်သွားတာပေါ့။ မဆုံးဖြတ်နိုင်ဘူး။ ဟုတ်များဟုတ်နေမလားပေါ့။ အဲဒီစကားကို တစ်ခါ ဒုတိယကိုယ်တော်ကို သွားပြောပြန်တာပဲ။ ဟိုကိုယ်တော် ကလည်း သံသယဖြစ်သွားတယ်။ ကိုယ်တော်နှစ်ပါးဟာ စိတ်ဝမ်း ကွဲပြီး ကျောင်းမှာမနေကြတော့ဘဲ ထွက်သွားကြတယ်။ ဒီလိုတွေ ထိအောင် ဖြစ်သွားတယ်ပေါ့နော်။ ဓမ္မပဒမှာပါတဲ့ ဝတ္ထုနဲ့ ခပ်ဆင်ဆင်ပဲ။ ဒါကတော့ ပေတဝတ္ထုမှာ ပါတာ။
အဲဒီလို ကိုယ်တော်နှစ်ပါးကို ဂုံးတိုက်လိုက်တယ်။ ဂုံးတိုက် လိုက်တော့ ခါတိုင်းဆို တော်တော်ကို သင့်သင့်မြတ်မြတ်နေတဲ့ ကိုယ်တော်ကြီးနှစ်ပါးဟာ အဲဒီကျောင်းကနေ ထွက်သွားကြ တယ်။ အဲဒီကျတော့မှ သူက ကျောင်းကိုအပိုင်စီးတာ။ နောက်ပိုင်း သူဘာဖြစ်သလဲဆိုတော့ “သော် တကယ့် အနေ အထိုင်ကောင်းတဲ့ ပုဂ္ဂိုလ်တွေကို ငါ မဟုတ်တမ်းတရားတွေနဲ့ ပြောမိပြီ”ဆိုပြီး သူ့စိတ်ထဲ ယူကျုံးမရ ဖြစ်လာတယ်။ စိတ်တွေ ပူလာတယ်။ အိပ်လို့လဲ မပျော်ဘူး။ စားလို့လဲ အဆီဩဇာ မဖြစ် [၂၆] တော့ဘူး။ မကြာခင်ဘဲ သူ့လုပ်ရပ်အပေါ် နောင်တကြီးစွာရပြီး ဒီကိုယ်တော် ပျံတော်မူသွားခဲ့တယ်။ သူ ဘယ်ရောက်သွားလဲ ဆိုတော့ ငရဲရောက်သွားတယ်။
ဟိုကိုယ်တော်ကြီး နှစ်ပါးကတော့ ဟိုဟိုဒီဒီ ရွှေ့ပြောင်း သွားလာရင်း ပြန်ဆုံမိပြီး တစ်ပါးနဲ့တစ်ပါး ပွင့်ပွင့်လင်းလင်း မေးတဲ့အခါ သူကလည်း မပြောရပါဘူး၊ ဟိုကလဲ မပြောရပါဘူး ဆိုပြီး ပြန်အဆင်ပြေသွားကြတယ်။ ဂုံးတိုက်တဲ့ ကိုယ်တော်က စိတ်နှလုံးပူပန်ပြီး သေတဲ့အခါ ငရဲကျသွားတယ်။
ငရဲကနေလွတ်တဲ့အခါ အခုလို ပါးစပ်ပုပ်တဲ့ ပြိတ္တာကြီး ဖြစ်ရတယ်ပေါ့။ သင်္ကန်းဝတ်ပြီး တရားအကျင့်တွေ ကျင့်ခဲ့လို့ ကပိလငါးကြီးလို ခန္ဓာကိုယ် အနေနဲ့ကတော့ အဆင်းလှပပြီး ရွှေရောင်ထွက်နေတယ်။ သို့သော် နှုတ်နဲ့ မကောင်းတာတွေ လုပ်ခဲ့တယ်၊ သူတော်ကောင်းတွေကို တစ်ဦးနဲ့တစ်ဦး ကွဲပြား အောင် ပြစ်မှားဂုံးတိုက်ခဲ့တာကြောင့် ပါးစပ်ပိုးလောက်ကျပြီး ပုပ်စော်နံတဲ့ ကြောက်စရာကောင်းတဲ့ ပြိတ္တာကြီး တစ်ကောင် ဖြစ်ရတယ်တဲ့။
သူ့ဘဝဇာတ်လမ်းကို ရှင်းပြပြီး ရှင်နာရဒကို လျှောက် လိုက်တယ်။ “အရှင်ဘုရား၊ တပည့်တော် အခုလို မှားယွင်းတဲ့ မိုက်ပြစ်မိုက်ဒဏ်တွေကြောင့် ဒီဘဝရောက်တာဘုရား။ ဘယ် တော့ဖြစ်ဖြစ် နှုတ်ကို စောင့်စည်းပါဘုရား။ နှုတ်ကို မစောင့်စည်း ဘဲ လိမ်လည်ပြောမိမယ်၊ ဂုံးတိုက်စကား ပြောမိမယ်ဆိုရင် တပည့်တော်လို အဖြစ်ဆိုးနဲ့ ကြုံနိုင်ပါတယ်”လို့ မှာလိုက်တယ်။
[၂၇] ဒါက သူ့ကိုယ်တွေ့ ခံစားရတဲ့ ဒုက္ခကို ဖော်ပြပြီး မှာလိုက်တာ။ အဲဒီဇာတ်လမ်းတစ်ပုဒ်လည်းပဲ ပေတဝတ္ထုမှာ မှတ်တမ်းတင် ထားတယ်ပေါ့။
ကိုယ့်ကလေးကိုယ်စား ပြိတ္တာ နောက်ထပ် မှတ်တမ်းတင်ထားတဲ့ ဝတ္ထုဇာတ်လမ်းနှစ်ပုဒ် က ခပ်ဆင်ဆင်ပဲ။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်း ပေါ့။ တစ်ခုက မနက်မှာ သားသမီးငါးယောက် မွေးတယ်၊ ညနေမှာ သားသမီးငါးယောက် မွေးတယ်၊ မွေးပြီးပြီးချင်း အဲဒီ သားသမီးတွေကို စားပစ်တဲ့ပြိတ္တာမျိုး သွားဖြစ်တယ်။
နောက် တစ်ခုကလည်း မနက်မှာ သားသမီးခုနစ်ယောက် မွေးတယ်၊ မွေးပြီးတာနဲ့ တစ်ပြိုင်နက် အဲဒီသားသမီးတွေ အကုန် စားပစ်တယ်။ ညနေမှာသားသမီးခုနစ်ယောက်မွေးတယ် အကုန် စားပစ်တယ်။ အခုခေတ်မှာလည်း တွေ့ဖူးကြပါလိမ့်မယ်။ ခွေးမကြီးတွေ ခွေးလေးတွေမွေးပြီးရင် စားပစ်တယ်။ ခွေးစုန်းလို့ ခေါ်ကြတယ်။ အခုပြိတ္တာကလဲ သားသမီးတွေ အကုန်စားပစ် တယ်။ ဝလားဆိုတော့ မဝဘူး။ အမြဲတမ်း ဆာလောင်နေတယ်။ စားတာတော့ ဆာလို့စားတာပဲ၊ ကိုယ့်သားသမီးကို စားတယ် ဆိုကတည်းက သူ့မှာ ခံစားချက်နှစ်မျိုး ရှိနိုင်တယ်။ သားသမီး အပေါ် သံယောဇဉ်ရှိလျက် စားရလို့ သနားတဲ့ ခံစားချက်က တစ်မျိုး၊ ဆာလွန်းလို့ မနေနိုင်လို့ ဝမ်းမီးပူတဲ့ ခံစားချက်က တစ်မျိုး၊ ဒီဒုက္ခနှစ်မျိုးကို တစ်ပြိုင်နက် ခံစားစေတယ်ပေါ့။
[၂၈] ထူးဆန်းတဲ့ ဒီပြိတ္တာနှစ်ဦးကိုလည်းပဲ ဂိဇ္ဈကုဋ်တောင် စောင်းမှာဆုံတော့ ဘာဖြစ်လို့ ဒီဘဝ ရောက်လာကြတာလဲ မေးတယ်တဲ့။ အင်မတန်မှ ထူးဆန်းတဲ့ ပြိတ္တာတွေ။ ခဏခဏ လည်း သားသမီးတွေ မွေးဖွားတယ်။ မွေးဖွားပြီးတိုင်းလည်း စားပစ်တယ်။ စားပြီးတော့လည်း ဆာလွန်းလို့ ပူလောင်ပြီး အော်ဟစ်နေရတယ်။ “ဘာဖြစ်လို့ ဒီဘဝ ရောက်တာလဲ?” ဆိုတော့ နှစ်ဦးလုံးဟာ သာဝတ္ထိမြို့က အိမ်ရှင်မတွေပဲ။ သူတို့မှာ သားသမီးမရတဲ့အခါ ယောက်ျားက နောက်အိမ်ထောင်ပြုတယ်။ ဆိုပါစို့၊ အဲဒီ နောက်အိမ်ထောင်က သားသမီးရလာတဲ့အခါ ဆေးဆရာတစ်ဦးနဲ့ပေါင်းပြီး ကိုယ်ဝန်တွေ ဖျက်ချခဲ့ကြတယ်။
အိန္ဒိယရဲ့ထုံးစံက သားသမီးမထွန်းကားရင် ပစ္စည်းလည်း ပိုင်ဆိုင်ခွင့် မရှိဘူး။ သားသမီးထွန်းကားမှ သားသမီးကို အကြောင်းပြုပြီး ယောက်ျားရဲ့ပစ္စည်းကို ပိုင်ဆိုင်ခွင့်ရှိတာ။ အဲဒီ တော့ သားသမီးမရတဲ့ပုဂ္ဂိုလ်က အမြဲတမ်း မနာလိုဖြစ်နေတာ။ ပစ္စည်းရေးနဲ့ပတ်သက်ပြီး မနာလိုဖြစ်နေတာ။ မနာလိုဖြစ်ပြီး အခုလို သားသမီးမရအောင် ကိုယ်ဝန်ဖျက်ချတာတွေ ဘာတွေ လုပ်လာတဲ့အခါ ဟိုတဖက်ကမိဘတွေက သူ့လက်ချက်လို့ ထင်လာတယ်။ ထင်တော့ သူ့ကိုစွပ်စွဲတာပေါ့။
လောကမှာ အစွပ်စွဲခံရပြီ ဆိုတဲ့အခါမှာ လူတွေက ကျိန်တတ်ကြတယ် မဟုတ်လား။ ကိုယ်ပြောတဲ့စကား ယုံအောင် ကျိန်တာကို “သပထ” လို့ခေါ်တယ်။ “ယုံကြည်စေလို သစ္စာ [၂၉] ဆိုတာ”ပေါ့။ အဲဒီ ကျိန်တာဟာလည်း အင်မတန်မှ ကြောက် စရာကောင်းတာ။
သူတို့က ဘာကျိန်တုန်းဆိုရင် “သူလုပ်တာ မဟုတ်ပါဘူး၊ အကယ်၍ သူလုပ်တာဆိုရင် နောင်ဘဝမှာ ကိုယ်မွေးတဲ့ သားသမီးကို ကိုယ်စားရပါလို၏” လို့ ကျိန်ခဲ့တယ်။ လုပ်လျက်နဲ့ မလုပ်ဘူးလို့ ကျိန်တဲ့အခါ အကုသိုလ်က မနေဘူး။ ကျိန်လိုက် တယ်ဆိုကတည်းက ဒီကျိန်စာဟာ ဘယ်သူ့မှာသွားသင့်တုန်းဆို သူ ့အပေါ်မှာ သွားသင့်တယ်ပေါ့။ ကျိန်စာသည် သူ့ရဲ့ Wish ဆန္ဒလို ဖြစ်သွားတယ်။
ဒီအဖြစ်မျိုးကို ကျိန်စာဆိုပြီး ရောက်လာတဲ့အခါကျတော့ ကိုယ့်သားသမီးကို စားရပါလို၏ဆိုပြီးတော့ စားပေမယ့်လို့ မဝ ဘဲနဲ့ အမြဲတမ်း ဆာလောင်မွတ်သိပ်နေတယ်။ “သွေးရဲရဲ သံရဲရဲနဲ့ စားပြီး ဆာလောင်မွတ်သိပ်နေရပါလို၏” လို့ ကျိန်ခဲ့တာကိုး။ ဒါကြောင့် ဒီနှစ်ဦးလုံးဟာ တူညီတဲ့ အဖြစ်ဆိုးတွေကို ရရှိခဲ့ကြ တယ်။
တစ်ကြိမ်စီတွေ့တဲ့ သူတို့နှစ်ဦးလုံးက အမှာစကား ပြောကြတယ်။ “သူတို့ဟာ အခုလို မကောင်းတာတွေလုပ်ပြီး လိမ်လည် ကျိန်စာဆိုခဲ့သည့်အတွက်ကြောင့် ဒီအဖြစ်မျိုးကို ရပါ တယ်။ ဒါကြောင့် နှုတ်ကနေ လိမ်လည်ပြီး ကျိန်တာဟာ အင်မတန်မှ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ရရှိနိုင်ပါတယ်” တဲ့။ ဒါ သူတို့ရဲ့အမှာစကားပေါ့။ အဲဒါကို ရှင်နာရဒက တွေ့ကြုံခဲ့လို့ ပြန်ပြီးတော့ ဟောပြတာ။
[၃၀] အစားသွေးပုပ်ကြီး အဝတ်ပီးရဲပြီး နောက်ဇာတ်လမ်းလေး တစ်ပုဒ်ကတော့ ရှေးတုန်းက အိန္ဒိယနိုင်ငံမှာ အင်မတန်ဝေးလံတဲ့ ခရီးတွေကို သွားကြတဲ့အခါ တောတွေဘာတွေ ဖြတ်သွားရတော့ တစ်ဦးတည်းသွားလို့ အန္တရာယ် မကင်းဘူးပေါ့။ အဲဒါနဲ့ ကုန်သည် လှည်းတွေနဲ့ အတူတူလိုက်ရတာနော်။ ကုန်သည်တွေဟာ လှည်းပေါင်းငါးရာ စုပေါင်းပြီးတော့ သွားတာ။ သူတို့ကိုအမှီပြုပြီး ခရီးသွားတဲ့ ဘုန်းကြီးတစ်ပါး ပါလာတယ်။
တောထဲမှာ စခန်းချတဲ့အခါ ဘုန်းကြီးဆိုတော့ လူတွေနဲ့ ရောနှောပြီး မနေတတ်လို့ ချောင်ကျတဲ့နေရာမှာ သူ့ဟာသူ တစ်ပါးထဲသွားပြီး သီတင်းသုံးနေတာ။ အဲဒီအချိန်မှာ ကုန်သည် တွေက ဒီဘုန်းကြီးကိုခေါ်ဖို့မေ့ပြီး ခရီးဆက်သွားကြတယ်။ ဘုန်းကြီးကပြန်လာတဲ့အခါ တစ်ယောက်မှမတွေ့တော့ သူလည်း ကြုံရာလမ်း လိုက်တာပေါ့နော်။ ဘယ်ရောက်သွားတုန်းဆိုတော့ အင်မတန်မှ ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်ရှိတဲ့ လမ်းထဲကို ရောက်သွားတာ။ အဲဒီသစ်ပင်မှာရှိတဲ့ ရုက္ခစိုးနတ်ကြီးက ဒီ ဘုန်းကြီးကို မြင်တဲ့အခါမှာ သဒ္ဓါတရားဖြစ်လို့ လူ့အသွင် ဖန်ဆင်းပြီး ဆွမ်းတွေဘာတွေကပ်ပြီး ပြုစုတယ်။
အဲဒီအချိန်မှာ အမျိုးသမီးတစ်ဦး ရုက္ခစိုးနတ်ကြီးနား ရောက်လာတယ်။ သူက အဝတ်လဲ မပါဘူး၊ စားစရာလဲ မရှိဘူး၊ “သူ့ကို အဝတ်ပေးပါ၊ စားစရာပေးပါ” လို့ တောင်းတယ်။ တောင်းတော့ အဲဒီရုက္ခစိုးနတ်ကြီးက သူတို့စားတဲ့ အင်မတန် [၃၁] မွန်မြတ်တဲ့ အစာအာဟာရတွေ ပေးတယ်။ ကောင်းပေ့ဆိုတဲ့ အဝတ်တွေ သူဝတ်ဖို့ပေးတယ်။ ဒါပေမယ့် အဲဒီ အမျိုးသမီး လက်ထဲလည်းရောက်ရော စားဖွယ် သောက်ဖွယ်တွေက မစင် ကျင်ကြီးတွေ ဖြစ်သွားတယ်၊ သွေးတွေပြည်တွေ ဖြစ်သွားတယ်။ သူ့လက်ထဲရောက်တာနဲ့ အစာအာဟာရတွေဟာ ပြောင်းလဲ သွားတယ်။ ပေးလိုက်တဲ့ အဝတ်က သူလည်းဝတ်လိုက်ရော မီးရဲရဲပူနေတဲ့ သံပြားကြီးဖြစ်သွားတယ်။ ပူလှချေရဲ့ လောင်လှ ချေရဲ့ဆိုပြီး ချွတ်ချပြီး အော်ဟစ်ထွက်ပြေးသွားရတယ်။
ဒီလိုပဲ နေ့စဉ်နဲ့အမျှ လာလာတောင်းပြီး ပေးလိုက်တိုင်း လည်း ဒီအဖြစ်ဆိုးနဲ့ပဲ ကြုံတယ်တဲ့။ ဒီအဖြစ်ဆိုးကို ဘုန်းကြီး မြင်လိုက်ရတော့ ဘာဖြစ်လို့လဲ မေးတာပေါ့။ ရုက္ခစိုးနတ်ကြီးက ပြောပြတယ်တဲ့။ “သူက တခြားမဟုတ်ဘူး ဘုရား။ အရင်ဘဝ တုန်းက တပည့်တော်ရဲ့ဇနီးပဲ။ အိမ်မှာ ရဟန်းသံဃာတွေပင့်ပြီး ဆွမ်းခဲဘွယ် ဘောဇဉ် ချိုချဉ် အရသာ အဖြာဖြာ ဆက်ကပ် လှူဒါန်းတယ်။ သင်္ကန်းတွေ လှူဒါန်းတယ်။ အဲလို လှူတဲ့အခါမှာ သူက လှူရမလားလို့ဆိုပြီး ရဟန်းသံဃာတွေကို ဆဲတယ်။ တပည့်တော်ကိုလည်း ဆဲတယ်။ ရဟန်းသံဃာတွေကို ဆဲတဲ့အခါ ရိုးရိုးမဆဲဘဲ သူလှူတဲ့ ဆွမ်းဟင်းတွေ သွေးပုပ် ပြည်ပုပ်တွေ ဖြစ်ပါစေ၊ ဝတ်ထားတဲ့ အဝတ်သင်္ကန်းတွေလည်း မီးရဲရဲငြီးတဲ့ သံပြားကြီးဖြစ်ပါစေလို့ ဆဲခဲ့ပါတယ်ဘုရား” တဲ့။
အဲဒီအမျိုးသမီးက အမြဲတမ်းဆဲနေတော့ ယောက်ျားက စိတ်ညစ်ပြီး သဘောကောင်းတဲ့ သူ့ညီမနဲ့ အိမ်ထောင်ပြုခဲ့တယ်။
[၃၂] ဒီလိုပဲ ရဟန်းသံဃာတွေကို ဆက်လက်ပြုစုလုပ်ကျွေးခဲ့တယ်။ သူမကတော့ အမြဲတမ်း ရန်လုပ်ပြီး ဆဲရေး တိုင်းထွာနေခဲ့တယ်။ သေတော့ ငရဲကျသွားပြီး ပြိတ္တာမ လာဖြစ်တယ်။ ကုသိုလ် ကောင်းမှုလုပ်ခဲ့တဲ့ သူ့ယောက်ျားကတော့ အခု ရုက္ခစိုး နတ်ကြီး ဖြစ်တာ။ အမျိုးသမီးကတော့ သူဆဲရေး ပြောဆိုခဲ့တဲ့အတိုင်းပဲ အစားအစာဟာ သူ့လက်ထဲရောက်တာနဲ့ တစ်ပြိုင်နက် သွေးပုပ် ပြည်ပုပ်တွေ ဖြစ်သွားတယ်။ အဝတ်ကလည်း မီးရဲရဲငြီးတဲ့ သံပြားကြီး ဖြစ်တယ်ပေါ့။
ဒါကိုကြည့်ပြီး ဒီလို မကောင်းတဲ့ အကုသိုလ်ကံတွေကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့် ဒီဘဝမျိုးကို ရောက်ကြရတယ်။ အင်မတန်မှ ကြောက်စရာ ကောင်းပါတယ်။ “အရှင်ဘုရား ဘယ်သူမပြု မိမိမှုဆိုတဲ့အတိုင်း သတ္တဝါတွေဟာ ကိုယ်လုပ်ခဲ့တဲ့ ကံအားလျော်စွာ အကောင်းအဆိုးကို ခံနေကြရတယ်” ဆိုတဲ့ အမှာစကားကိုပါးလိုက်တယ်။ ဒီလို မြတ်စွာဘုရားကို လျှောက်တဲ့ အကြောင်းကို ပေတဝတ္ထုမှာ “မဟာပေသကာရပေတိ” ဆိုပြီး ဇာတ်လမ်းတစ်ခုအနေနဲ့ မှတ်တမ်းတင်ထားတယ်ပေါ့။
ဒီကနေ့ “ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကား”ကို ဝတ္ထုငါးပုဒ် နဲ့ မှတ်သားကြပြီးဖြစ်တယ်။ အားလုံးဟာ ကံကြမ္မာရဲ့အကျိုးတွေ ကို ဖော်ပြထားတာဖြစ်သောကြောင့် ဘုန်းကြီးတို့တတွေ ဘဝ သင်ခန်းစာ ယူရမယ်။ ကိုယ့်စိတ်ကိုလည်း ထိန်းချုပ်ဖို့ လိုအပ် တယ်။ မကောင်းတဲ့ အတွေးအကြံတွေဖြစ်တဲ့ မနောဒုစရိုက်တွေ မဖြစ်အောင် တစ်ဖက်သားကို ထိခိုက်သော “မုသာဝါဒ၊ [၃၃] ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ” ဆိုတဲ့ ဝစီဒုစရိုက် တွေ မဖြစ်အောင်၊ ကာယဒုစရိုက်တွေ မဖြစ်အောင် ထိန်းသိမ်း ကြရမယ်။
ဒီလို ဒုစရိုက်ဆယ်ပါး အဆိုးတရားတွေ မိမိတို့သန္တာန်မှာ မဖြစ်မှသာလျှင် အခုလို ဆိုးဝါးတဲ့ ဘုံဘဝမျိုးမှာ ဆိုးကျိုးတွေ မခံရမှာဖြစ်တယ်။ တို့တတွေ အခုလို သိတတ်တဲ့ဘဝမှာ ရှောင်ကြဉ်ဖို့ လိုအပ်တယ်။ ကောင်းမွန်တဲ့ မနောသုစရိုက်၊ ဝစီသုစရိုက်၊ ကာယသုစရိုက် ကုသိုလ်ကမ္မပထတရား ဆယ်ပါး ကို လုပ်မိအောင် သတိထားပြီး ကြိုးစား အားထုတ်ကြရမှာလို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ဒုစရိုက်တရားတွေကို ရှောင်ရှားလို့ သုစရိုက်တရားတွေကို ပွားများ အားထုတ်နိုင်ကြပါစေကုန် သတည်း။
သာဓု သာဓု သာဓု [၃၅] သာသနာတော်နှစ်၂၅၅၆- ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၄-ခုနှစ်၊ နယုန်လပြည့်ကျော် (၆)ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇွန်လ(၁၀)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၊ ဇမ္ဗူသီရိ ဓမ္မဗိမာန်တော် အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်း အနား၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး မိဘဘိုးဘွား ဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင် အမတဒါန ဓမ္မဒါနအဖြစ် ဟောကြား အပ်သော “ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား အပိုင်း(၂)” အကြောင်း တရားဒေသနာတော်။
ကိုယ့်ဘဝကိုယ်ပုံဖော် ပေတဝတ္ထုပါဠိတော်လာ ဝတ္ထုပုဒ်ပေါင်း ၅၁-ပုဒ် ထဲက ရွေးထုတ်ပြီး ဘုန်းကြီးတို့ ဟောပြောပေးပါမယ်။ ဇာတ်လမ်း ဇာတ်ကွက်က အဓိကမဟုတ်ဘူး။ ကံကြမ္မာရဲ့ ပုံရိပ်တွေဟာ သတ္တဝါတွေရဲ့အပေါ် လာရောက် ထင်ဟပ်ပေါ်လွင်နေတတ် တယ်ဆိုတာ သတိပြုပြီး သင်ခန်းစာယူကြဖို့ ဖြစ်တယ်။ အဲဒီလို [၃၆] သင်ခန်းစာယူမှ ကိုယ့်ဘဝကိုယ် ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်ဘဝကိုယ် ပုံဖော်နေတာသာဖြစ်တယ်။ ကိုယ်ဖော်တဲ့ပုံအတိုင်း သို့မဟုတ် ကိုယ်ရေးတဲ့ ပန်းချီရုပ် အတိုင်းပဲ ဘဝမှာထင်ဟပ်နေတယ်။ ဒါကိုသတိထားပြီး သိတတ် တဲ့ဘဝမှာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားကြဖို့ အရေးအကြီးဆုံးပါ။
လူတိုင်းလူတိုင်းဟာ “အတ္တာဟိ အတ္တနော နာထော” လို့ ဆိုတဲ့ ဗုဒ္ဓရဲ့တရားတော်အတိုင်း ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကိုယ်ဖန်တီးကြရမှာ ဖြစ်တယ်။ ဒီလိုဖန်တီးတဲ့အခါမှာ ဆရာကောင်း သမားကောင်းရဲ့ အကူအညီ၊ မိတ်ကောင်း ဆွေကောင်းတို့ရဲ့ အကူအညီ၊ မှန်ကန်တဲ့ တရားဓမ္မ အကူအညီ ဟာ လိုအပ်ပါတယ်။ မိတ်ကောင်း ဆွေကောင်းတွေဆီက အကြံဉာဏ်၊ တရားဓမ္မအသံတွေ၊ မှန်ကန်တဲ့ လမ်းကြောင်း မှန်ကန်တဲ့ အတွေးအခေါ်တွေရဖို့ ကြိုးစားကြရမှာ ဖြစ်တယ်။
ပစ္စုပ္ပန်ရဲ့အတိတ် ဘဝမှာ ဇာတ်လမ်းဇာတ်ကွက်တွေ ဆိုတာတော့ နေ့စဉ်နဲ့ အမျှရှိနေကြမှာပဲ။ ရာဇဝတ်မှုခင်းတွေနဲ့ ကြည့်မယ်ဆိုရင် တစ်လောကတင်ပဲ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ်။ သနားစရာ ကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလိုက် ရတယ်တဲ့။ တစ်ဖက်ကနေကြည့်မယ်ဆိုရင် ဒါလူသတ်ကောင်ရဲ့ လုပ်ဆောင်မှုလို့ အပြစ်တင်ကြမယ်။ ပစ္စုပ္ပန် အကြောင်းတရား [၃၇] အနေနဲ့ သူနဲ့ပတ်သက်နေတာကိုး။ သို့သော် ထိုကဲ့သို့ဖြစ်ဖို့ အတွက် ကံကြမ္မာက ဘယ်လိုဖန်လာတယ်ဆိုတာတော့ မသိနိုင် ဘူး။ မြတ်စွာဘုရားရှိမယ်ဆိုရင် အတိတ်အကြောင်း ဟောပြော ကောင်း ဟောပြောလိမ့်မယ်ပေါ့။
ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရား လက်ထက်တော်က ကာလဆိုတဲ့ အမျိုးကောင်းသားတစ်ယောက်ဟာ တစ်ညလုံး ဘုရားကျောင်းတော်မှာ တရားနာတယ်။ တရားနာပြီးတဲ့အခါ နံနက်စောစောထပြီး ရေကန်နားသွား မျက်နှာသစ်နေတဲ့အချိန် မြို့ထဲကသူခိုးတွေက နောက်ကလူအုပ်ကြီး လိုက်လာတော့ မလွတ်တော့ဘူးဆိုတဲ့အခါမှာ လွတ်ရာလွတ်ကြောင်း ကြံစည် တဲ့အနေနဲ့ ခိုးယူလာတဲ့ပစ္စည်းထုပ်ကို ကာလဆိုတဲ့အမျိုးကောင်း သား အနီးမှာ ချသွားကြတယ်။ အဲဒီအထုပ် သူ့ အနီးချသွား သည့်အတွက် သူ့ ဘဝဟာ ပြောင်းလွဲသွားတယ်။ လိုက်လာတဲ့ လူတွေက သူ့ကိုသူခိုးလို့ မှတ်ယူပြီး ခိုးထုပ်ခိုးထည်နဲ့ မိပြီဆိုကာ ဝိုင်းဝန်းရိုက်နှက်ကြတယ်။
ရိုက်နှက်ကြတဲ့အထဲမယ် ကံကြမ္မာဆုံတာ နှစ်ဦးရှိတယ်။ တစ်ဦးကသေဆုံးသွားတယ်။ အဖြစ်အပျက်ကတော့ တစ်ချိန်စီ ပေါ့။ တစ်ဦးကမသေဘူး။ မသေတာ ဘာဖြစ်လို့တုန်းဆိုတော့ ကုမ္ဘဒါသီ လို့ခေါ်တယ်၊ ရေခပ်တာဝန်ကို ဆောင်ရွက်ရတဲ့ အမျိုးသမီးတွေ ရောက်လာပြီး “မဟုတ်ဘူး၊ မလုပ်ကြနဲ့ ဒီပုဂ္ဂိုလ် ဟာ လူတော်လူကောင်း၊ ဘုရားတရား နာနေတာ”လို့ ဝိုင်းဝန်း ပြောဆို ကယ်တင်လိုက်လို့ ဖြစ်တယ်။
[၃၈] ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဒီအကြောင်းကို မြတ်စွာဘုရားဆီ လျှောက်ထားတော့ သေတဲ့လူက အတိတ်ဘဝတုန်းက သူက သေအောင် သတ်ခဲ့ တယ်။ ဒီဘဝကြည့်မယ်ဆိုရင် လူတွေက မှားယွင်းပြီး ရိုက်သတ် လို့ သေသွားတယ်လို့ ပြောရမယ်။ သို့သော် ဒီလို ရိုက်သတ်လို့ သေသွားတာက အတိတ်အကြောင်း ရှိတယ်ပေါ့။ ကံကြမ္မာ ဟောင်းကို ပေးဆပ်ရခြင်းပဲ ဖြစ်တယ်။ ရေခပ်လာတဲ့ အမျိုးသမီး တွေက ဝိုင်းဝန်းထောက်ခံပြောကြားလို့ သေဘေးက လွတ်သွား တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ အတိတ် ဘဝတုန်းက သူက သူများကို သေအောင်မသတ်ခဲ့ဘူး။ အဲဒါကြောင့် သူအသတ် မခံရတာဖြစ်တယ်လို့ မြတ်စွာဘုရားက ဖြေရှင်းပြီး ဟောကြား တယ်။
ကံကြမ္မာလှည်းဘီး ဆိုလိုတာက မမြင်နိုင်တဲ့ ကံကြမ္မာတွေဟာ လူတွေရဲ့ စိတ်အစဉ်မှာ လိုက်ပါပြီးနေတယ်၊ အရိပ်သဖွယ်ပေါ့။ ကံဆိုးကို တော့ မြတ်စွာဘုရားက လှည်းရုန်းနေရတဲ့ နွားကြီးရဲ့နောက်က လှည်းဘီးလို့ ဥပမာပေးတယ်။ ဒုက္ခတွေဟာ လှည်းဘီးလို လိုက်ပါတယ်။ ကံဟာ အခွင့်ရတိုင်း ဒီပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကို အကျိုးပေးလေ့ရှိတယ်။ ကံကြမ္မာရဲ့စွမ်းအားက ဒီပုဂ္ဂိုလ် အခြေ အနေကောင်းရင် အကုသိုလ်ကံက များများအကျိုးမပေးနိုင်ဘူး။ အခြေအနေ မကောင်းဘူးဆိုရင် ဖိပြီး အကျိုးပေးတတ်တယ်။ အဲဒီတော့ ကံကြမ္မာရဲ့ သဘောအတိုင်းပဲ လောကလူသား [၃၉] တွေဟာ ဖြစ်နေကြရတယ်။ တို့ဒီဘဝကစပြီးတော့ မကောင်းမှု အကုသိုလ်တွေကို ရှောင်မယ်၊ ဒုစရိုက်တရားတွေကိုရှောင်မယ်။ ဒုစရိုက်တွေရဲ့အပြစ်ဟာ အင်မတန်မှဆိုးတယ် ဆိုတာကို သင်ခန်းစာယူဖို့ အဓိကကျတာပေါ့။
ဇာတ်လမ်း ဇာတ်ကွက်ဆိုတာ အမြဲတမ်းဖြစ်ပေါ်နေမှာ။ Story လို့ ခေါ်တဲ့ ဝတ္ထုတွေဇာတ်လမ်းတွေ၊ True story ရှိတယ်၊ လုပ်ကြံပြီးရေးထားတဲ့ ဇာတ်လမ်းတွေရှိတယ်။ ဘယ်ဇာတ်လမ်း ပဲဖြစ်ဖြစ် ဇာတ်လမ်းက အဓိကမဟုတ်ဘူး။ သင်ခန်းစာယူပြီး ကိုယ်တိုင် လက်တွေ့ကျင့်သုံးမှုက ပိုပြီး အဓိကကျတယ်။ ဇာတ်လမ်းတင် လမ်းမဆုံးပဲနဲ့ ဒီဇာတ်လမ်းမှာ ရယူရမယ့် သင်ခန်းစာကို မိမိကိုယ်တိုင်သင်ယူပြီး ရှောင်သင့်တာရှောင်ဖို့နဲ့ ဆောင်သင့်တာဆောင်ဖို့ အရေးကြီးတာပေါ့။
“ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကား” ဆိုတာ ဒုဂ္ဂတိဘုံ ရောက်သွားလို့ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ အခြေအနေကနေ လှမ်းပြောလိုက်ကြတဲ့ စကားတွေဖြစ်တယ်။ သူတို့လိုမမှားဖို့နော်။ အဲဒီအချိန်မှာ သူတို့ ဘာမှမတတ်နိုင်ကြပါဘူး။ ဒါကြောင့် တတ်နိုင်တဲ့အချိန်မှာ မြတ်စွာဘုရားဟောတဲ့တရားကို ဦးထိပ် ထားပြီး “အကုသိုလ်မှန်သမျှရှောင်၊ ကုသိုလ်မှန်သမျှ မိမိတို့ သန္တာန်မှာဖြစ်အောင် ကျင့်သုံး၊ စိတ်နှလုံးဖြူစင်အောင်ထား” ဆိုတဲ့အတိုင်း ဒီလိုသင်ခန်းစာ ယူကြရမယ်။
[၄၀] ဝတ်လစ်စလစ် ပြိတ္တာ ဒီကနေ့ ရွေးချယ်ထားတဲ့အထဲက ခြောက်ခုမြောက် ဇာတ်လမ်းက “ခလ္လာဋိယ ပေတိ” ဝတ္ထုဖြစ်တယ်။ ဆံပင်တွေ ကျွတ်ပြီး ခေါင်းပြောင်နေတဲ့ ပုဂ္ဂိုလ်မျိုးကို ခလ္လာဋလို့ခေါ်တယ်။ သူနဲ့ပတ်သက်တဲ့ ဇာတ်လမ်းမို့ ခလ္လာဋိယ ပေတဝတ္ထုလို့ ခေါင်းစဉ်တပ်တဲ့သဘောရှိတယ်။ သို့သော် ခေါင်းပြောင်နေတဲ့ အချိန်မှာ သူဟာ လူသားတစ်ဦးမျှသာ ဖြစ်သေးတယ်။ သူ ကိုယ်တိုင်က ပြန်ပြီးတော့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို ဟောပြော ထားတာ။ သူဘာတွေလုပ်ခဲ့လို့ ဘယ်လိုအကျိုးတွေ ခံစားရတယ်၊ တွေ့ကြုံရတယ်ဆိုတာ ကဗျာဂါထာတွေနဲ့ မှတ်တမ်းတင်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။
ကဗျာဂါထာတွေနဲ့ ဇာတ်လမ်းဆင်ထားတဲ့ နေရာက စတင်ပြီး ပြောကြမယ်ဆိုရင် “အိန္ဒိယနိုင်ငံမှာ ရှေးတုန်းက ရွက်လှေတွေနဲ့ ပင်လယ်ခရီးကိုဖြတ်သန်းပြီး ကုန်ရောင်းကုန်ဝယ် လုပ်ကြတယ်” ခုခေတ်တော့ သင်္ဘောလို့ခေါ်တယ်နော်။ အခု ကုန်သည်တစ်စုဟာ ရွက်လှေကြီးတွေ သင်္ဘောကြီးတွေနဲ့ အိန္ဒိယ သမုဒ္ဒရာလို့ဆိုတဲ့ ပင်လယ်ခရီးကြီးကို ဖြတ်သန်းပြီး သုဝဏ္ဏဘူမိ ဆိုတဲ့အရပ်ကို ကုန်ရောင်းကုန်ဝယ် သွားကြတယ်။
သုဝဏ္ဏဘူမိကို ဒီနေ့ခေတ် Identify လုပ်ကြတာ အမျိုးမျိုး ရှိတယ်ပေါ့။ တချို့ စာအုပ်တွေက အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဒီနေ့ခေတ် ဘင်္ဂလားဒေ့ရှ် နယ်ထဲမှာလို့ Identify လုပ်တာ ရှိတယ်။ မြန်မာစာပေအရ သို့မဟုတ် သီရိလင်္ကာကလာတဲ့ [၄၁] ပါဠိစာပေတွေအရ ဇာတ် အဋ္ဌကထာတို့မှာ ဆိုထားတဲ့ သုဝဏ္ဏ ဘူမိ ဆိုတာ သထုံမြို့ ပတ်ဝန်းကျင်လို့ ယုံကြည်ကြတယ်ပေါ့။ သို့သော် တချို့ကလည်း အင်ဒိုနီးရှားနိုင်ငံ စူမားတြားကျွန်းနဲ့ ထိုင်းနိုင်ငံတို့ အပါအဝင် အရှေ့တောင်အာရှ ဒေသကြီးကို “သုဝဏ္ဏဘူမိ”လို့ သတ်မှတ်တဲ့ ပုဂ္ဂိုလ်လည်းရှိတယ်။ ဒါကြောင့် ထိုင်းနိုင်ငံက စူဝမ်ဏဘူမိဆိုတဲ့ လေဆိပ်ကြီးတောင်မှ ဒီနာမည် နဲ့ မှည့်ထားတာ ရှိတယ်ပေါ့။
ရာဇဝင်နဲ့ပတ်သက်လို့ နေရာဒေသဆိုတာ အငြင်းပွားတာ လေးတွေ ရှိပါတယ်။ ဥပမာ တစ်ခုပြောရမယ်ဆိုရင် မြတ်စွာ ဘုရား မွေးဖွားတဲ့ ကပိလဝတ်သည်ပင်လျှင် အိန္ဒိယနိုင်ငံက သူတို့နိုင်ငံထဲမှာရှိတယ်ဆိုပြီးတော့ နီပေါနယ်စပ် မြို့တစ်မြို့ကို Identify လုပ်တယ်။ Location ဖော်ပြတယ်၊ အများစုကတော့ အိန္ဒိယနိုင်ငံက မဟုတ်ဘဲနဲ့ နီပေါနိုင်ငံထဲမှာရှိတဲ့ ကပိလဝတ္ထု ဆိုတာကို လက်ခံထားကြတယ်ပေါ့။ ဒီလိုပဲ ရာဇဝင်နဲ့ပတ်သက် တဲ့ Historical side ဆိုတာဟာ မတူညီမှုတွေ ရှိတတ်ပါတယ်။
အဲဒီတော့ ဒီကုန်သည်တွေဟာ ပင်လယ်ခရီးကို ဖြတ်ပြီး တော့ သုဝဏ္ဏဘူမိမှာ ကုန်ပစ္စည်းတွေကို အရောင်းအဝယ် သွားလုပ်ကြတာ။ အခုအိန္ဒိယတောင်ပိုင်း ဩရိဿပြည်နယ် ကနေပြီးတော့ အရှေ့ကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံ ပုသိမ် ကမ်းရိုးတန်း မော်လမြိုင်တို့ထိအောင် အရှေ့စူးစူး အနေအထား မျိုးကို တွေ့ ရတယ်ပေါ့။ အဲဒီပင်လယ်ကမ်းရိုးတန်းကို ဖြတ်သန်း [၄၂] ပြီးတော့ သုဝဏ္ဏဘူမိအရပ်ကို ရွက်လှေလွှင့်ပြီး စီးပွားရှာကြ တယ်။
တစ်ခါတစ်ရံ ကံမကောင်း အကြောင်းမလှတဲ့အခါ မုန်တိုင်း နဲ့တွေ့ပြီး ရွက်လှေ ပျက်စီးပြိုကွဲ၊ လူတွေဟာ ကစင့်ကလျား ဖြစ်ပြီး သေဆုံးကြရတာလည်းရှိတယ်။ ဆိုပါစို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအားလုံး ကြားဖူးတဲ့ မဟာဇနကဇာတ်တော် ကြီးပဲ ကြည့်၊ ပင်လယ်ခရီး ဖြတ်သန်းတဲ့အခါမှာ လှိုင်းဒဏ် လေဒဏ်ခံရလို့ ရွက်လှေကြီးကွဲပြီး နစ်မြုပ်သွားတာနဲ့ ကြုံရတယ်။ အခု ဒီဇာတ်လမ်းမှာတော့ သုဝဏ္ဏဘူမိဘက်ကို ရွက်လွှင့် သွားရာက မုန်တိုင်းမိပြီးတော့ ရွက်ပြဲတက်ကျိုးပြီး လှေကြီးဟာ မျောချင်ရာမျောပြီးတော့ ပင်လယ်ထဲက ကျွန်းတစ်ကျွန်းကို ရောက်သွားတယ်၊ သုဝဏ္ဏဘူမိကို မရောက်ဘဲနဲ့ ကျွန်းတစ်ကျွန်း ကို ရောက်သွားတယ်။
အဲဒီကျွန်းမှာ ဘုံဗိမာန်နဲ့နေတဲ့ ဝေမာနိက ပြိတ္တာမတစ်ဦး နဲ့ သွားတွေ့ကြတယ်။ ဘုံဗိမာန်ကြီးက အင်မတန်မှလှတယ်။ အဲဒီဘုံဗိမာန်ကြီးထဲမှာ ဗိမာန်ရှင်ရှိနေတယ်။ စကားပြောသံ ကြားရတယ်။ သို့သော် ဘုံဗိမာန်ထဲက ထွက်မလာဘဲနဲ့ အသံ လောက်သာ ပေးနေတယ်။ ဒီတော့ လှေသူကြီးလုပ်တဲ့ပုဂ္ဂိုလ်က သူ့ကို လှမ်းပြီးတော့ပြောတဲ့စကားနဲ့ ဒီဇာတ်လမ်းကို စထား တယ်။ “ဒီလိုလှပတဲ့ ဗိမာန်ကြီးထဲက ထွက်မလာဘဲနဲ့ စကား ပြောနေတဲ့ ဗိမာန်ရှင်၊ ကိုယ်ထင်ပြပြီးထွက်လာခဲ့ပါ။ အားလုံးက တွေ့ချင်ကြပါတယ်”လို့ အပြင်ဘက်က အသံပေးခေါ်ကြတယ်။
[၄၃] အဲဒီလိုခေါ်တဲ့အခါ ဗိမာန်ထဲက တုန့်ပြန်တဲ့အသံက “သူ ဟာ အဝတ်မပါ ဗလာကိုယ်တီးဖြစ်နေလို့ ထွက်ရမှာရှက်တယ်။ သူ့မှာဝတ်ထားတဲ့အဝတ်မရှိဘူး။ သူ့တစ်ကိုယ်လုံးကို အင်မတန် ရှည်လျားတဲ့ ဆံကေသာနဲ့ဖုံးပြီးတော့ နေရတာ။ ထွက်ပြီးတော့ ပြရမှာ အင်မတန်မှရှက်လို့ သူလုပ်ထားတဲ့ ကုသိုလ်ကံလေး ကလည်း အင်မတန်မှ အားနည်းလို့ သူ့မှာ ပြည့်ပြည့်စုံစုံမရှိပါ ဘူးတဲ့။ ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတာလို ဝတ်စရာအဝတ်တောင် မရှိပါဘူး”တဲ့။ ဗိမာန်ရှင်က အဲဒီလို အကြောင်းပြန်တယ်။
ဘဝကူးသူ ဖေးမကူ အကြောင်းပြန်တဲ့အခါ လှေသူကြီးက သူ ့မှာ ပါလာတဲ့ အဝတ်တွေကို ဘုံဗိမာန်ထဲကို လှမ်းပြီးတော့ ထည့်ပေးလိုက် တယ်။ ဗိမာန်ရှင်က ဘာပြန်ပြောတုန်းဆိုတော့ “သူတို့ဘဝဟာ အခုလို လက်နဲ့ပေးလို့ ဘာပစ္စည်းမှ ရနိုင်စွမ်း မရှိပါဘူး” တဲ့။ သရဲကားတွေ ဘာတွေ ကြည့်ဖူးကြလိမ့်မယ်။ တချို့ သရဲကား တွေမှာကြည့်၊ ထိလို့ကိုင်လို့ မရဘူး။ ပေးလို့ ကမ်းလို့လည်း မရနိုင်ဘူးပေါ့။ သူတို့ဘဝက အဲဒီလို သူများကပေးတဲ့ပစ္စည်းကို လှမ်းယူပြီးတော့ ဝတ်ဆင်လို့မရဘူးတဲ့နော်။
လူ့ဘဝက တော်တော်ဟန်ကျတာပဲ။ လူ့ပြည်မှာတော့ ကံကြမ္မာက တယ်ကောင်းတယ်လို့ပဲ ပြောရမယ်။ အဝတ်အစား လှလှလေး လက်ဆောင်ပေးလည်း ဝတ်လို့ရတာပဲ။ ဟိုလူကပေး [၄၄] ဒီလူကပေးလည်း ဝတ်လို့ရတယ်။ အဲဒီ ဗိမာန်ရှင်ကတော့ ရွှေဗိမာန်ကြီးနဲ့ နေပေမယ့်လို့ အခုလို လှမ်းပေးတဲ့ အဝတ်ကို ရယူပြီးတော့ ဝတ်နိုင်စွမ်းမရှိပါဘူးတဲ့။ ဒါ သူပြောတဲ့စကားအရ ဆိုရင် “ဟတ္ထေန ဟတ္ထ တေ ဒိန္နံ၊ န မယှံ ဥပကပ္ပတိ” လက်ဆင့်ကမ်းပေးတဲ့အဝတ်မျိုးက သူ့ဆီဘယ်တော့မှ မရောက် ဘူးတဲ့။ ဒါကြောင့်ထင်တယ်၊ ခုခေတ် နတ်တင်ထားတာတွေက ဒီအတိုင်းပဲရှိတယ်နော်။ ငှက်ပျောသီး အုန်းသီးတွေ အဝတ်တွေ ဆက်ထား ဒီအတိုင်းပဲ။ ထောက်ကြံ့က ရွှေညောင်ပင် သွားကြည့် ပေါ့။ ကားအသစ်ကလေးတွေ ဆက်ကြသေးလားမသိပါဘူး။ ဒီအတိုင်းပဲ လက်နဲ့ပေးတာမျိုးက သူ့အတွက် ဘာမှအကျိုးမဖြစ် ဘူးတဲ့။
သူက နည်းလမ်းပေးတယ်။ သူ့ကို ပေးချင်ရင်တဲ့ “ရှင်တို့ ထဲမှာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပြီး ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ ဥပါသကာတစ်ယောက်ရှိတယ်။ သူဟာ သဒ္ဓါတရား လည်း ကောင်းတယ်၊ ကိုယ်ကျင့်သီလနဲ့လည်း ပြည့်စုံတယ်၊ မြတ်စွာဘုရားရဲ့ တပည့်သာဝကလည်းဖြစ်တယ်၊ အဲဒီဥပါသကာ ကိုလှူပါ။ လှူပြီးတော့ အဲဒီ ကုသိုလ်ကောင်းမှုကို ကျွန်မအတွက် ရည်ညွှန်းအမျှဝေပါ” တဲ့။ ဒါပြဿနာဖြေရှင်းတဲ့ နည်းလမ်းကို ပေးတာ။
ဘုန်းကြီးတို့ တစ်ခါတုန်းက“တမလွန်ဘဝက ဆွေမျိုး များ အရေး” ဆိုပြီး ဟောထားတာရှိတယ်။ ကိုယ့်မိဘဆွေမျိုး တွေ တမလွန်ဘဝ ရောက်သွားလို့ရှိရင် အကျိုးရှိအောင် ဘယ်လို [၄၅] ကူညီနိုင်မလဲဆိုတာ ပါတယ်။ တချို့ကတော့ ပန်းခြင်းလေး သွားချထားတယ်။ ပန်းခြင်းလေးသွားချထားလို့ သူပန်ရမှာတော့ မဟုတ်ဘူးနော်။ စားစရာ သောက်စရာလေးတွေ သွားပြီးတော့ တင်ထားတာလည်း အကောင်ပလောင်တွေတော့ စားရတာပေါ့။ တချို့ကလည်း ခွေးယောင်ဆောင်ပြီး စားတယ်လို့ထင်တာ။ တကယ်တော့ ခွေးနက်ကြီးက စားသွားတာပါ။
တမလွန်ဘဝရောက်သွားတဲ့ ဆွေမျိုးတွေကို ကူညီချင် တယ်ဆိုရင် သူတို့အတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှု လုပ်ပေး သင့်တယ်ပေါ့။ အခုခေတ် လုပ်နေကြတာ ရှိတယ်။ အကျွတ် အလွတ်ပွဲဆိုပြီး ကုသိုလ်ကောင်းမှုတွေလုပ်၊ သင်္ချိုင်းတွေကိုသွား၊ အမျှအတန်း ပေးဝေကြတယ်။ အလွန်ကောင်းတယ်။ သူတို့ အတွက် ကုသိုလ်လုပ်ပေးတာ။ ကိုယ့်အတွက် ကုသိုလ်လုပ်တာ မဟုတ်ဘူး။ အားလုံးအတွက် ရည်စူးပြီး အမျှအတန်း ပေးဝေ တယ်။ အင်မတန်မှ ကောင်းတဲ့ ကူညီမှုတစ်ခုပဲ။ သာဓုခေါ်ရင် သူတို့ အပြည့်အဝ ရပါတယ်တဲ့။ ဒါ ဖြေရှင်းတဲ့နည်းတစ်ခု၊ သူတို့ကို ပေးချင်တယ်ဆိုရင် အဲဒီနည်းနဲ့ပဲ လုပ်ပေးလို့ရမယ်။ တစ်ခြားနည်းတွေနဲ့ လုပ်ပေးလို့မရဘူးတဲ့။
ကူညီချင်တဲ့ ကုန်သည်တွေကလည်း အဲဒီ ဥပါသကာကို ရေမိုးချိုးစေပြီး သူတို့ပါလာတဲ့ စားစရာတွေ၊ အဝတ်တွေ သူ့ရှေ့ မှာချပြီး လှူဒါန်းကြတယ်။ ဗိမာန်ရှင်အတွက် ရည်ညွှန်းအမျှဝေ ကြတယ်။ ဒါကြောင့် ဗိမာန်ရှင်ဟာ အင်မတန်မှလှပတဲ့ ဝတ်စုံကြီး တစ်ခု ဝတ်ဆင်ပြီးသား ဖြစ်သွားတယ်။ အတော်အံ့ဩစရာပဲ။
[၄၆] ကုသိုလ်ကံရဲ့ အကျိုးဆိုတာ သာဓုခေါ်လိုက်တာနဲ့ သူ့မှာ ဝတ်စရာပြည့်စုံသွားတယ်။ စားစရာတွေ ရသွားတယ်။ အရင် ကလို “ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်” မဟုတ်တော့ ဘဲ ပြည့်ပြည့်စုံစုံ ဖြစ်သွားတယ်။ သူ့မှာ နဂိုက ဆံပင်နဲ့ဖုံးပြီး ဝတ်စရာမရှိ၊ စားစရာမရှိ ဗိမာန်ကြီးထဲမှာ နေရတဲ့ဘဝက လွတ် သွားတယ်။ အခုတော့ ဝတ်စရာ စားစရာတွေ ပြည့်ပြည့်စုံစုံ ရလာတယ်။ အဲဒီလို ရလည်းရရော ပြုံးပြုံးရွှင်ရွှင် ရယ်ရယ် မောမောနဲ့ ဘုံဗိမာန်ထဲက ထွက်ပြီးပြတယ်။
ကုသိုလ်အကျိုးက ချက်ချင်းရတယ်။ ချက်ချင်းရတယ် ဆိုတာကလည်းပဲ .. မြတ်စွာဘုရား ဟောထားတာ ရှိတယ်။ “ဥန္ဒမေ ဥဒကံ ဝုဋ္ဌ” မြင့်ရာမှာ ရွာချလိုက်တဲ့ မိုးရေဟာ “ယထာ နိစ္စံ ပဝတ္တတိ” နိမ့်ရာကို စီးသွားသလိုပဲ။ “ဧဝ မေဝ ဣတော ဒိဒံ ပေတာနံ ဥပကပ္ပတိ” ဒီဘဝက လှူလိုက်တဲ့ ကုသိုလ်ကံရဲ့ အကျိုးတရားဟာ တမလွန်ဘဝက ဆွေမျိုးတွေဆီ ချက်ချင်း ရောက်ပါတယ်၊ အချိန်မဆိုင်းပါဘူး၊ သာဓုခေါ်လိုက်တာနဲ့ ချက်ချင်းရသွားတယ်။ ဒီလို ဆိုတာနော်။
“ယထာ ဝါရိဝဟာ ပူရာ ပရိပူရေန္တိ သာဂရံ” မြစ်ချောင်းတွေက စီးသွားတဲ့ ရေတွေအားလုံးဟာ ပင်လယ်ထဲ ဝင်သွားသလိုပဲ ဒီကရည်စူးပြီး လုပ်လိုက်တဲ့ ကုသိုလ်ကောင်းမှုရဲ့ အကျိုးကျေးဇူးတွေဟာ ကိုယ်ရည်စူးတဲ့ ပုဂ္ဂိုလ်ဆီ အပြည့်အဝ ရောက်သွားတယ်၊ စီးဝင်သွားတယ်တဲ့။ ဒါက “တိရော ကုဋ သုတ်မှာ မြတ်စွာဘုရား ဟောထားတဲ့ ဂါထာဖြစ်တယ်။
[၄၇] ပုညကိရိယာ ဝတ္ထုဆယ်မျိုးဆိုတာရှိတယ်။ အဲဒီ ဆယ်မျိုး ထဲမှာ ကြည့်လေ “ပတ္တိဒါန” တဲ့။ ပတ္တိ-ဆိုတာ ကိုယ်ရ,ထားတဲ့ ကုသိုလ်ကောင်းမှုကို၊ ဒါန-တမလွန်ဘဝက ဆွေမျိုးသားချင်း တွေကို Share လုပ်တယ်၊ အမျှဝေတယ်ပေါ့။ “ပတ္တာနုမောဒန” တစ်ဖက်က သူ့အတွက် Share လုပ်လိုက်တဲ့ ကုသိုလ်ကို ဝမ်းမြောက်နုမော် သာဓုခေါ်တယ်။ ဒီဖက်ကပေးတယ် ဟိုဖက် က ခံယူတယ်။ ဒီနှစ်ခု ကိုက်ညီသွားတာနဲ့ တစ်ပြိုင်နက် အကျိုး ကျေးဇူးဟာ ချက်ခြင်းရောက်သွားတယ်။ မှန်ကန်တဲ့ နည်းစနစ် တစ်ခုပေါ့။ ဒီနည်းနဲ့ ကောင်းကျိုးချမ်းသာတွေ ရတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို ပုံဝတ္ထုလေးတွေ ခဏခဏ ကြားရတယ်။ သူ့အတွက် အမျှဝေပေးပါလို့ အိပ်မက်ပေးတာတို့ ကြားဖူးတယ်ပေါ့။
ဒီဗိမာန်ရှင်ဟာလည်း အခုလို အမျှအတန်း ပေးဝေလိုက် တာနဲ့ တစ်ပြိုင်နက် လှပတဲ့ဝတ်စုံကြီး ဝတ်ဆင်ပြီး ဗိမာန်ထဲက ထွက်လာတယ်။ “ဒက္ခိဏ” လို့ဆိုတဲ့ တစ်စုံတစ်ခု ရည်ညွှန်းပြီး လုပ်လိုက်တဲ့ ကုသိုလ်ကံရဲ့ အကျိုးကျေးဇူးဟာ ချက်ချင်းဖြစ်လာ တယ်။ အားလုံး ကြည့်ကြပါ ဆိုပြီးတော့ သူရထားတာကို ပြုံးပြုံး ရွှင်ရွှင်နဲ့ ဗိမာန်ထဲကထွက်ပြီးပြတယ်။
အဲဒီမှာ ကုန်သည်တွေက ဝိုင်းမေးကြတယ်။ “ဘာဖြစ်လို့ ဒီလောက်လှတဲ့ ဗိမာန်ကြီးကိုရတာလဲ?၊ ဘာကုသိုလ် လုပ်ခဲ့တာ လဲ?” ပေါ့။
[၄၈] ခေတ်ယုံကြည်ချက် သနားလျက် သူကပြောတယ် “သူဟာ တစ်ခုသောဘဝ ဗာရာဏသီ ပြည်မှာ ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်စားသောက်ရတဲ့ အမျိုးသမီး ဖြစ်တယ်”တဲ့။ ပြည့်တန်ဆာလို့ ခေါ် တယ်။ ရှေးက တစ်ခါတစ်ရံ အမျိုးသမီးငယ်လေးတွေ အင်မတန်မှ သနားစရာကောင်းတယ်။ သူတို့ခေတ် လူနေမှုစနစ်တွေ၊ ခေတ်ရဲ့ ယုံကြည်ချက်တွေ၊ လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကြောင့် သနားစရာ ကောင်းတယ်။
အမေရိကန်ကထုတ်တဲ့ Geography မဂ္ဂဇင်းထဲမှာ တွေ့လိုက်ရတယ်။ လူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေက တော်တော်ထူးဆန်းတယ်။ တချို့ လူမျိုးတွေက ရုပ်ကလေး တွေက သနားကမား လှလှပပလေးတွေ အင်္ကျီမဝတ်ဘူး။ တချို့ ဝါးကျည်တောက်ကြီးတွေကို ပါးစပ်မှာ ဆွဲထားတာ။ နှုတ်ခမ်းကြီး က အောက်တွဲကျနေတယ်။ ဘာလို့ဆွဲတယ် မသိဘူး။ ဓါတ်ပုံ ထဲမှာ အဲဒီလို တွေ့ရတယ်။ အမျိုးမျိုးပဲ နှာခေါင်းတွေကို ဖောက် ထားတယ်။ နားရွက်တွေကို ဖောက်ထားတာလည်း တွေ့ရတယ်။
ဗမာတိုင်းရင်းသားတွေထဲမှာလည်း ပဒေါင်လူမျိုးတွေ ကြည့်၊ လည်ပင်းကြီးကို ရှည်နေအောင် ကြေးကွင်းကြီးတွေ စွပ်ထားတာ။ ဒါ သူတို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ ဒီလို ယုံကြည်ချက်ကလည်း လူ့ရဲ့ အလှအပတွေကို ဖျက်ဆီးနေသလို ဖြစ်တာပဲ။ အဲဒီတော့ ရုပ်တန်ဆာဆင်တာတောင်မှပဲ မတူညီကြ ဘူး။ အခုခေတ် နားကပ်ပန်တာ တစ်ပွင့်တင် မကဘူး နားရွက် [၄၉] တစ်ခုလုံးပန်တာတောင် ရှိတယ်။ နားကပ်တင် အားမရလို့ တစ်ချို့ ပါးစပ်ဖောက်ပြီး ပန်တာရှိသေးတယ်။ ဩော် လူ့ရဲ့စိတ် ဆိုတာ အင်မတန်မှဆန်းကြယ်တယ်။ နောက်ဆုံး မျက်လုံးမျက်ခုံး လေးတွေတောင်မှပဲ စိန်စီဦးမလား မသိဘူးနော်။ လူတွေက လှတယ်ထင်ရင် လုပ်ကြတယ်။
ရှေးခေတ်တုန်းက ယုံကြည်မှုစနစ်အရ သိပ်လှတဲ့ အမျိုးသမီးဟာ ပြည့်တန်ဆာ ဖြစ်သွားတယ်။ ပြောရရင်တော့ ဘုံဆိုင်ပစ္စည်း လုပ်တာပေါ့။ ဘုရားလက်ထက် ဇီဝကရဲ့ မယ်တော်က အင်မတန်မှရုပ်ချောတယ်။ ရုပ်ချောလို့ အဲဒီနေရာ ရောက်သွားတာ။ အမ္ဗပါလီ ဆိုတာလည်း ဒီအတိုင်းပဲ။ အင်မတန်မှ ရုပ်ချောသည့်အတွက် ပြည့်တန်ဆာဘဝ ရောက် သွားရှာတာ။ သူတို့ခေတ်ရဲ့ စနစ်ပေါ့။
အခု ဗာရာဏသီပြည်က ဗိမာန်ရှင်ကလည်း အတိတ်ဘဝ က ရုပ်အင်မတန်မှ ချောမောလှပတယ်တဲ့။ သူ့ရဲ့ အလှအပဟာ ဘာတုန်းဆိုတော့ ကေသကလျာဏီလို့ ခေါ်ရလောက်အောင် ဆံပင်က သူများထက် ပိုလှတယ်။ ရှေးခေတ်အလှကတော့ ဆံပင်ရှည်ပြီး ကော့ပျံနေတာကို အလှလို့ယူတယ်။ ကနေ့ခေတ် က လှပုံလှနည်း တစ်မျိုးပြောင်းသွားပြီ။ တိုနိုင်သမျှ တိုအောင် ဖြတ်ရတယ် ထင်ပါတယ်။ နောက်ဆုံး ကတုံးဖြစ်သွားတယ်။ အခု သူ့ရဲ့ ဆံပင်က အင်မတန်မှရှည်ပြီး လှပတော့ အားကျတဲ့ အမျိုးသမီးက အားကျ၊ မနာလိုတဲ့ အမျိုးသမီးကမနာလိုဖြစ်ကြ တယ်။ ဒါ ဆံပင်ကို တန်ဖိုးထားတဲ့ခေတ်လို့ ပြောရမယ်။ အဲဒီ [၅၀] ဆံပင်ကို မနာလိုဖြစ်တော့ ဆေးဆရာတစ်ယောက်နဲ့ပေါင်းပြီး ဆံပင်ကျွတ်ဆေး ဖော်စပ်တယ်။ အနီးကပ်ပြုစုတဲ့ အမျိုးသမီး တစ်ယောက်ကို ပိုက်ဆံပေးပြီး ဆံပင်လျှော်တဲ့အထဲ အဲဒီ ဆံပင် ကျွတ်ဆေးတွေ ထည့်လိုက်တယ်။
လူ့လောကဆိုတာ တော်တော်ဆန်းတယ်နော်။ အဲဒီ ဆံပင်ကျွတ်ဆေးကလည်း တော်တော်ပြင်းပုံရတယ်။ ဘာနဲ့ ဖော်စပ်တယ်မသိဘူး၊ ခေါင်းလျှော်ပြီး ရေထဲငုံ့လိုက်တာနဲ့ တစ်ပြိုင်နက် ဆံပင်တွေ အကုန်ကျွတ်ပြီး ကတုံးဖြစ်သွားတယ်၊ အဲဒါကို ရည်ညွှန်းပြီး “ခလ္လာဋိယ” ဦးထိပ်ပြောင်လို့ ဆိုတယ်။ ဆံပင်တွေကျွတ်သွားပြီး ကတုံးပြောင်ဖြစ်သွားတော့ ရှက်တာ ပေါ့။
ဘုန်းကြီးတို့ ငယ်ငယ်တုန်းကတောင်မှပဲ ကတုံးဆိုတာ ရှက်စရာကြီး။ ငယ်ငယ်တုန်းက ဗုံးကခဏခဏချတော့ “ကတုံးမ ဒေဝီ ဗုံးချသေပြီ” လို့ ဆိုကြတာ ကြားဖူးတယ်။ ကတုံးတွေ့ ရင် အဲဒီလို ပြောကြတယ်။ အခုခေတ်ကတော့ ကတုံး ခေတ်စား နေတာ၊ ကိစ္စမရှိဘူး။ ဦးထုပ်လေးဆောင်းလိုက်လည်း ရတယ်။ ဆံပင်တုလေးနဲ့ဆိုလည်း အဆင်ပြေတယ်။ ဒါကြောင့် အမျိုးသမီး လေးတွေ သီလရှင်ဝတ်ကြတယ်။ ကောင်းတယ်။ နို့မို့ဆိုရင် သီလရှင်ဝတ်ဖို့ တော်တော်ခက်တယ်နော်။ ကနေ့ခေတ်တော့ ခေါင်းတုံးတာ ဘာမှပြဿနာမရှိတော့ဘူး။ ဘုန်းကြီးတို့ ငယ်ငယ် ခေါင်းတုံးဖို့ ခက်သေးတယ်။ ယောက်ျားတွေတောင်မှ သျှောင်ထုံးတွေနဲ့။ ဒါသူ့ရဲ့ ထုံးတမ်းစဉ်လာ။ ခေတ်ရဲ့ အခြေ [၅၁] အနေတွေ၊ ခေတ်ရဲ့အမြင်တွေ၊ ခေတ်ရဲ့အတွေးတွေဆိုတာက ထာဝရ ပြောင်းလဲနေတဲ့ အရာတွေသာ ဖြစ်တယ်။
အမေရိကန်နိုင်ငံရဲ့ ရှေးဦးလူသားတွေဖြစ်တဲ့ Red In- dian တွေကို အမေရိကန်အစိုးရက ကိုလိုနီနယ်မြေတစ်ခု သတ်မှတ်ပြီး ထောက်ပံ့ကြေးပေးထားတယ်။ အစိုးရထောက်ပံ့ တာ စားပြီး သူတို့က အေးအေးဆေးဆေး နေကြတယ်၊ အရက် သောက်ကြတယ်၊ အသက်(၄၀)လောက်ဆို သေကုန်ကြတယ်။ သူတို့တွေမှာ ယုံကြည်ချက်တစ်ခု ရှိတယ်။ သူတို့ဆီကိုသွားရင် ကတုံးနဲ့မသွားနဲ့။ လူဆိုးဆိုပြီး ပိုဒုက္ခပေးတယ်တဲ့။
ဗမာပြည်က ဆရာဝန်တစ်ဦး အဲဒီဘက်ကို ခရီးထွက်ရ မယ်။ ဒုလ္လဘရဟန်းဝတ်ဖို့လည်းရှိတယ်။ အဲဒီတော့ ဒုလ္လဘ ရဟန်းဝတ်ပြီးမှ ခရီးထွက်ရင် ကတုံးနဲ့ဖြစ်မှာကိုး။ ဆံပင်က ရှည်မှာမဟုတ်ဘူး။ ဒါကြောင့် သူ့အစီအစဉ် ပြောင်းလိုက်ရ တယ်။ အဲဒီကပြန်မှ ဒုလ္လဘရဟန်းဝတ်တော့မယ်။ ဒီ Red In- dian ကိုလိုနီဒေသကို သွားဖို့အတွက် ရဟန်းဝတ်တာကို ရွှေ့ဆိုင်း လိုက်ရတယ်။ နို့မို့ဆိုရင် သူ့ကိုလူဆိုးလို့ အောက်မေ့မှာ။ တကယ် ကတော့ ဆေးကုပေးဖို့ သွားတဲ့ဆရာဝန်ပဲ။ ဒါက သူကိုယ်တိုင် ပြောပြလို့သိရတဲ့ အကြောင်းအရာလေးတစ်ခု ဖြစ်တယ်။ အဲဒီလို ခေါင်းပြောင်အောင် ... တုံးထားလို့ရှိရင် သူတို့က လူဆိုးလို့ သတ်မှတ်တယ်တဲ့နော်။
အိန္ဒိယနိုင်ငံရဲ့ထုံးစံတစ်ခုက ဟိန္ဒူတွေ မိဘသေလို့ရှိရင် သားတွေ ကတုံးတုံးရတယ်။ အမျိုးသမီးတွေတော့ မပါဘူး။
[၅၂] ကတုံးတုံးပေမယ်လို့ ထိပ်ပေါ်မှာ ဆံပင်အရှည်လေးတစ်စု ချန်ထားရတယ်။ အဲဒီအရှည်လေးက ဘာလို့ ချန်ထားတာတုန်း ဆိုတော့ ဗြဟ္မာ့ပြည်တက်တဲ့ “ဗြဟ္မရဏ္ဍ” လို့ခေါ်တယ်၊ အတ္တက အဲဒီကနေထွက်ပြီး ဗြဟ္မာ့ပြည်ကိုသွားတာ။ အတ္တ လမ်းပျောက်မှာစိုးလို့ အဲဒီဆံပင်စု ချန်ထားရသေးတယ်လို့ ပြောတာပဲ။ အကုန်လုံးရိတ်လိုက်ရင် လမ်းပိတ်သွားမှာစိုးလို့တဲ့။ ယုံကြည်ချက်က အဲဒီလိုရှိတာ။
တစ်ခါတစ်လေ ယုံကြည်ချက်တွေက ဟုတ်လား မဟုတ် လားလည်း ဘာမှမပြောနိုင်ဘူး။ Tradition တို့၊ Custom တို့ ဆိုတာ ရယ်စရာလည်း ကောင်းတယ်၊ စိတ်ပျက်စရာလည်း ကောင်းတယ်။ တချို့က Reasonable ဖြစ်တယ်။ တ ချို့က Reasonable မဖြစ်ဘူး။ သို့သော် ယုံကြည်ချက်တွေက မစွန့်လွှတ် နိုင်ကြဘူးပေါ့။
ဘုန်းကြီးတို့ အရပ်တွေမှာ တူးရွင်းထမ်းရင် အသွားကို ရှေ့ကမထားရဘူး။ ဘာကြောင့်လဲဆိုတာတော့ မပြောဘူး။ မထားကောင်းဘူးတဲ့။ လူတွေက လိုက်နာကြရတယ်။ တချို့ အရပ်က နောက်က မထားရဘူး။ ရှေ့ကထားရတယ်။ တစ်ရပ်နဲ့ တစ်ရပ် မတူဘူး။ ရှေ့ကထားပြီးသွားရင် ရှေ့လူ ထိုးမိမှာ စိုးလို့လားမသိပါဘူး။ အဲဒီလို ယုံကြည်ချက်တွေက အမျိုးမျိုးပဲ။
ဘုန်းကြီးတို့ မိသားစုတောင်မှ နတ်နဲ့ ပတ်သက်တဲ့ ပညတ်ချက်ရှိတယ်။ ဘောင်းဘီရှည် မဝတ်ရဘူး။ အဝတ်နက် မဝတ်ရဘူး။ ဘွတ်ခြေနင်း မစီးရဘူး။ အဲဒါ ဘယ်သူက ပညတ် [၅၃] တာတုန်းဆိုတော့ အစဉ်အလာပဲ။ နတ်က မကြိုက်ဘူးလို့ ပြောတာပဲ။ အဲဒီနတ်ကိုလည်း တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး။ တစ်ခုတော့ကောင်းတာရှိတယ်။ နတ်တင်တဲ့အခါ မုန့်ကောင်း ကောင်း စားရတယ်။ အဲဒီလို လူတွေရဲ့ ယုံကြည်ချက်ဆိုတာ Reasonable တော့ မဖြစ်ဘူးပေါ့။
မုန့်ညက်လှူဖူး ဗိမာန်ထူး အခုလည်း ဒီအမျိုးသမီးဟာ ဆံပင်ကျွတ်ဆေးတွေ ခေါင်းလျှော်ရည်ထဲမှာ ရောထည့်ပြီး လိမ်းပေးခံလိုက်ရတဲ့အခါ ဆံပင်တွေ ကျွတ်ထွက်သွားတယ်။ ကတုံးမဘဝ ရောက်သွား တယ်။ သူရှက်တော့ မြို့ထဲတောင် မဝင်နိုင်ဘူး။ မြို့ပြင် တစ်နေရာမှာ နေတယ်။ ကတုံးမဖြစ်သွားတော့ သူ့ရဲ့ ဖောက် သည်တွေလည်း မလာတော့ဘူး ထင်ပါရဲ့။ အဲဒီတော့ သူ့မှာ စားဝတ်နေရေး ခက်ခဲသွားတော့ ဘာလုပ်စားတုန်းဆို ဆီရောင်း စားတယ်၊ အရက်ရောင်းစားတယ်။ အဲဒီလို ဘဝဝမ်းကြောင်းကို ကျောင်းနေရရှာတယ်။
အဲဒီအချိန် သူတော်စင်ရဟန်းတစ်ပါး ဆွမ်းခံကြွလာတာ မြင်တဲ့အခါ အိမ်ပင့်ပြီး အရသာရှိတဲ့ နှမ်းမုန့်ညက်ကို ရဟန်းရဲ့ သပိတ်ထဲ လောင်းထည့်ပြီး တရိုတသေ ဝပ်ချတယ်။ ကုသိုလ် ကောင်းမှုတွေ သူလုပ်ခဲ့တယ်တဲ့။ ဆီရောင်းဖို့ဆီကြိတ်တဲ့အခါ ထွက်လာတဲ့ နှမ်းစချည်ထွေး သို့မဟုတ် နှမ်းမုန့်ညက်ကို သူက လှူတယ်။ အဲဒီ ကုသိုလ်ကံရဲ့ အထောက်အပံ့ကြောင့် ဒီရွှေဗိမာန် [၅၄] ကြီးမှာ နေရတာတဲ့။ ကုသိုလ်ကံကနေ အကျိုးပေးတာပေါ့။ ဒါ ဗိမာန်ရခြင်းရဲ့ အကြောင်းကို သူပြောတာ။
သူဘာဖြစ်လို့ ဝတ်လစ်စလစ် ဖြစ်သွားတာတုန်းဆိုရင် သူ့ဆီ အရက်လာသောက်တဲ့ အရက်သမားတွေ ပုဆိုးကျွတ် ဘာကျွတ် ကျွတ်တဲ့အခါ အဲဒီအဝတ်တွေ သူကခိုးထားလိုက် တယ်။ အဲဒီလို ခိုးယူလိုက်တဲ့ အကုသိုလ်ကံကြောင့် နောက်ဘဝ ရောက်တဲ့အခါ သူ့မှာ ဝတ်စရာအဝတ် မရှိဘူးတဲ့။ ဒီလောက် လေးလုပ်တာနဲ့ ပြင်းထန်လှချေလားလို့ မပြောကြနဲ့။ လူဆိုတာ တစ်ဦးနဲ့တစ်ဦး မတူဘူး။ လူတိုင်းမှာတော့ ပြင်းထန်ချင်မှ ပြင်းထန်မယ်ပေါ့။ ကုသိုလ်ကံ လုံးဝမရှိတဲ့ ပုဂ္ဂိုလ်တွေကိုတော့ အကုသိုလ်က နည်းနည်းလေးလည်း အကျိုးပေးတယ်။ ကုသိုလ် ကံရှိပြီး ကောင်းတာတွေလုပ်ပြီး မကောင်းတာ တစ်ခါ တစ်ခါ ဖြစ်တဲ့ ပုဂ္ဂိုလ်မျိုးကိုတော့ ကောင်းတာတွေက အကာအကွယ် ပေးသွားတယ်။
မြတ်စွာဘုရားက နားလည်အောင် ဥပမာနဲ့ ဟောထား ရှိတယ်။ “လောဏကပလ္လ”သုတ် (အင်္ဂုတ္တရနိကာယ်)မှာ ဆားခဲနဲ့ ဥပမာပေးထားတယ်။ ဆီးသီးလုံးလောက် ဆားခဲလေး ကို ဖန်ခွက်ထဲကရေထဲ ထည့်လိုက်မယ်ဆိုရင် သောက်မဖြစ် လောက်အောင် ငံသွားမယ်။ မြစ်ထဲ ချောင်းထဲမှာ ထည့်လိုက်လို့ ရှိရင် ဘာအရသာမှ မပေါ်ဘူး။ ဆိုလိုတာက ကုသိုလ်ကံ အင်မတန်နည်းပြီး အကုသိုလ်ကံတွေ များနေတဲ့ ပုဂ္ဂိုလ်ဟာ နည်းနည်းလေးလုပ်လည်း ခံရမယ်လို့ ဒီလိုပြောတာ။
[၅၅] လောကမှာ ဒီကနေ့ လူလုပ်တဲ့ ဥပဒေတောင်မှပဲ ပိုက်ဆံ ချမ်းသာတဲ့လူ ကျူးလွန်တဲ့အမှုနဲ့ ဆင်းရဲတဲ့လူ ကျူးလွန်တဲ့အမှု၊ အမှုချင်းတူတယ်။ ပိုက်ဆံချမ်းသာတဲ့လူမှာတော့ အမှုပေါ့တယ်၊ ငွေပေးနိုင်တာကိုး။ ဒါသဘာဝပဲလေ၊ အဲဒါဆိုရင် မတရားဘူးလို့ မပြောနဲ့။ သူက Condition ကောင်းတယ်လေ။ ပိုက်ဆံပေးနိုင် တာကိုက Condition ကောင်းတယ်လို့ပြောတာ။ သို့မဟုတ် သူက အားကိုးလောက်တဲ့ လူတွေရဲ့ အကူအညီကို ရတယ်။ အပြစ်ဒဏ်က လွတ်တယ်။ ကံကြမ္မာအရာမှာ ပိုက်ဆံရှိတာလို ကုသိုလ်ကောင်းမှုတွေ ရှိတယ်။ တခြားကုသိုလ်တွေလုပ်တယ်။ အကုသိုလ် လုပ်တာချင်း တူပေမယ့် ကုသိုလ်ကံရှိတဲ့လူက သက်သာပြီး ကုသိုလ်ကံနည်းတဲ့သူက အပြည့်အ၀ ခံရတတ် တယ်တဲ့။ ဒီလိုမတူညီတဲ့ အခြေအနေလေးတွေကို သတိထားရ မယ်။
လူတိုင်းဟာ တူညီတဲ့အကျိုး ရလိမ့်မယ်လို့တော့ မအောက်မေ့လေနဲ့။ ပတ်ဝန်းကျင် အခြေအနေဆိုတာ လူ့ရဲ့ အခြေအနေတွေပေါ်မှာ မူတည်တယ်။ Condition ပေါ့။ အဲဒီ Condition တွေဟာ သိပ်ပြီးတော့ အရေးပါတယ်။ ဒါကိုပဲ ဥပနိဿယပစ္စယောလို့ ပြောတာ။
သစ်စေ့လေး စိုက်တာတောင်မှ မြေဩဇာကောင်းတဲ့ နေရာစိုက်တာနဲ့ ကြတ်တီးကုန်းစိုက်တာ ကွာတယ်။ မြေဩဇာ ကောင်းတဲ့နေရာစိုက်ရင် အပင်ကြီးထွားမှု အင်မတန်မှ ကြီးမား တယ်။ ကြတ်တီးကုန်း သွားစိုက်ရင် လှီလှီလေး ဖြစ်မှာပေါ့။
[၅၆] မျိုးစေ့ခြင်း တူတာတောင်မှပဲ အထောက်အကူချင်းက ကွာခြား တယ်။ မိုးခေါင်ရေရှားအရပ် စိုက်တာနဲ့ မိုးကောင်းတဲ့အရပ် စိုက်တာ မတူပြန်ဘူး။ အခြေအနေချင်း မတူတာကို ဆိုလိုတယ်။ ကံကြမ္မာမှာလည်း ဒါတွေကို ထည့်သွင်းစဉ်းစားရတယ်။ “လောဏကပလ္လ” သုတ်ကို နားလည်သဘောပေါက်ရင် ကံကြမ္မာဆိုတာ လုပ်မိပေမယ့် စိုးရိမ်စရာ မရှိဘူး။ စိုးရိမ်စရာ မရှိဘူးဆိုတာ လုပ်သာလုပ်လို့ ပြောတာမဟုတ်ဘူး။ လုပ်တော့ မလုပ်နဲ့၊ သို့သော် လုပ်မိထားရင် ဘာလုပ်ရမလဲ? ကောင်းတာ တွေလုပ်ပေါ့။
မြတ်စွာဘုရားနဲ့ တစ်ခေတ်ထဲပွင့်တဲ့ မဟာဝီရဆိုတဲ့ ဂျိန်းဘုရားက ဘယ်လိုဟောတုန်းဆိုတော့ “ယော ကောစိ ပါဏ မတိပါတေတိ၊ သဗ္ဗော သော နိရယံ ဥပပဇ္ဇတိ” ပါဏာတိပါတ လုပ်တဲ့လူမှန်သမျှ ငရဲကျတယ်လို့ ဒီလိုဟော တာ။ သူက အတိအကျကြီး ဟောတာ။ မြတ်စွာဘုရားကတော့ “ပါဏာတိပါတော နိရယသံဝတ္တနိကော” ပါဏာတိပါတ ဆိုတဲ့ အကုသိုလ်အမှုသည် ငရဲ၌ဖြစ်စေနိုင်တယ်လို့ ဟောတယ်။ ဒီစကားနှစ်ခုက အင်မတန်မှ ကွာခြားတယ်။ ဖြစ်နိုင်တယ်လို့ ပြောတာ။ ဖြစ်ချင်မှလည်း ဖြစ်တယ်။ ဖြစ်ချင်မှဆိုတာ တခြား Condition တွေ ပါလာလို့ရှိရင် ဖြစ်ချင်မှ ဖြစ်မှာပေါ့။ အဲဒီတော့ ဘယ်လောက် စိတ်သက်သာရာရစရာ ကောင်းသလဲ။ မြတ်စွာ ဘုရား တရားတွေဟာ အင်မတန်မှ Logical ဖြစ်တယ်၊ Rea- sonable ဖြစ်တယ်။ ဆိုင်ရာ အကြောင်းတရားတွေကို ထည့်သွင်း [၅၇] စဉ်းစားရမယ်ဆိုတာ လောကလက်တွေ့ နဲ့လည်း အင်မတန် မှန်ကန်တယ်။
ပိုက်ဆံချမ်းသာရင်၊ အားကိုးလောက်တဲ့ လူတွေနဲ့သိရင် ပြစ်မှုသက်သာတယ်။ မိတ်ကောင်း ဆွေကောင်း အထောက် အကူပြုမယ့် လူတွေလာရင်လည်း ပြစ်မှုသက်သာတယ်။ ကူမယ့် လူ မရှိဘူး။ ပိုက်ဆံလည်း မပေးနိုင်ဘူးဆိုရင် အပြစ်လေးတယ်။ ဒါက လောကမှာလည်း ဒီအတိုင်းရှိတယ်။ ကံကြမ္မာမှာလည်း အဲဒီအတိုင်းပဲ။ အဲဒီတော့ ကောင်းတာတွေလုပ်ရင် ကောင်းတာ တွေက မကောင်းတာတွေကို ဖယ်ထုတ်သွားမှာပဲ။ ကောင်းတဲ့ အလုပ်တွေကို များများလုပ်ဖို့ လိုအပ်တယ်။
အခု ဒီအမျိုးသမီးက အဝတ်လေးခိုးလိုက်တာနဲ့ ဝတ်လစ် စလစ်ဘဝရောက်ရတယ်ဆိုတာ ကုသိုလ်ကံကလည်း အင်မတန် မှ နည်းတာကိုး။ သူလုပ်ကိုင်စားသောက်ရတဲ့ဘဝ ကုသိုလ်ဖြစ်တဲ့ အချိန်ဟာ အင်မတန်မှနည်းတယ်။ ဖြစ်လိုက်တဲ့ ကုသိုလ်က လည်း နှမ်းစချည်ထွေး သို့မဟုတ် နှမ်းပျစ်မုန့်လေးကို စေတနာ ထက်ထက်သန်သန်နဲ့ လှူခဲ့လို့ ဘုံဗိမာန်ကြီးရတယ်။ ဒါ ကုသိုလ် ကံရဲ့ အကျိုးတွေ ဖော်ပြတာနော်။
သူ့ဘဝမှာ သူဆုံးရှုံးသွားတာ ဘာတုန်းဆို ဆံပင်ပဲ။ ဒါကြောင့် သူလုပ်တဲ့ကုသိုလ်ကံရဲ့ အကျိုးကို သူဘာဆုတောင်း သလဲဆိုရင် “နောင်ဘဝမှာ အလွန်လှပပြီး ရှည်လျားတဲ့ ဆံပင် ပိုင်ရှင် ဖြစ်ရပါလို၏”လို့ ဆုတောင်းခဲ့တယ်။ ဒါကြောင့် သူဟာ လှပတဲ့ဆံပင်ရှိတဲ့ ဗိမာန်ရှင် ဖြစ်သွားတာ။ သူများရဲ့ အဝတ်ကို [၅၈] ချွတ်ယူခဲ့သည့်အတွက် အဝတ်တော့ ဝတ်စရာ မရှိဘူး။ ဟော ကံကြမ္မာရဲ့ ပြောင်လှောင်မှုကို ခံရတယ်။ လူတွေဟာ ကိုယ်သိ သည်ဖြစ်စေ မသိသည်ဖြစ်စေ တစ်ကြိမ်တစ်ခါတုန်းက ကံဟာ ကိုယ့်ရဲ့သန္တာန်မှာ စဉ်ဆက်မပြတ် သတ္တိတွေလိုက်ပါပြီး အကျိုး ပေးပြီဆိုရင်လည်း တူညီတဲ့အကျိုးကို ခံစားကြရတယ်လို့ ဆိုလို အဲဒီနောက် သူက ဝမ်းနည်းစကားပြောတယ်။ “သူလုပ်ခဲ့ တဲ့ ကုသိုလ်ကံက အင်မတန်မှ နည်းပါးတဲ့အတွက် လေးလပဲ ဒီဗိမာန်မှာ နေခွင့်ရမယ်။ လေးလကျော်တာနဲ့ သူက သေပြီး တော့ အဝီစိငရဲကျမယ်” သူသွားရမယ့်လမ်းကို ဝမ်းနည်းကြေကွဲ ပြီး စိတ်ပူနေတယ်။ ဒီမှာနေဖို့ရာ သူ လေးလပဲ အချိန်ရတော့ တယ်။ သူ့ကို ကယ်တင်နိုင်တဲ့ နည်းလမ်းတွေ မရှိဘူးလားလို့ ဆိုတော့ ခုနက ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့ ဥပါသကာက အကြံပေးတယ်။ ဒီဗိမာန်ရှင် ချက်ချင်း ကုသိုလ်ရဲ့ အကျိုးကျေးဇူး ခံစားရတာကို သိရှိပြီး လှေသင်္ဘောပေါ်က ကျန်တဲ့လူတွေကလဲ ရတနာသုံးပါးကို ကြည်ညိုတဲ့ ဥပါသကာ အဖြစ် ခံယူပြီးဖြစ်တဲ့အတွက် သူတို့ကိုလည်း ကောင်းမှုကုသိုလ် လုပ်ပါ။ သက်တော်ထင်ရှား မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကိုလည်း ကောင်းမှု ကုသိုလ်လုပ်ပါတဲ့။
ဥပါသကာ အကြံပေးတဲ့အတိုင်း ကုသိုလ်ကောင်းမှုတွေ လုပ်တယ်။ သာဝတ္ထိပြည်မှာ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားအတွက် သူလှူလိုက်တဲ့ ဝတ်စုံတစ်စုံ ယူသွားပြီး [၅၉] ဘုရားကို လှူပေးဖို့နဲ့ သူလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်း လျှောက်ကြားဖို့ကို အဲဒီ ဥပါသကာ ကုန်သည် တွေက တာဝန်ယူကြတယ်။
ပင်လယ်ထဲမှာ မုန်တိုင်းမိလို့ လွင့်ချင်ရာလွင့် မျောချင်ရာ မျောပြီး ကမ်းတင်လာတဲ့ လှေသင်္ဘောကြီးဟာ ဗိမာန်ရှင်ရဲ့ စွမ်းရည်သတ္တိနဲ့ပဲ သူတို့နေရပ်ကို ပြန်ရောက်သွားကြတယ်။ ပြန်ရောက်တဲ့အခါ သာဝတ္ထိပြည်မှာ သီတင်းသုံးနေတဲ့ မြတ်စွာ ဘုရားကို အကျိုးအကြောင်း လျှောက်ထားတယ်၊ ဝတ်စုံလှူဒါန်း ပြီး သူ့ကိုအမျှဝေတော့ သူက သာဓုခေါ်လိုက်တယ်။ သာဓု ခေါ်တဲ့ ကုသိုလ်ရဲ့စွမ်းအားကြောင့် လေးလကုန်ရင် ငရဲကျရမယ့် အစား တာဝတိံသာနတ်ပြည်မှာ နတ်သမီးတစ်ထောင် ခြံရံတဲ့ ဘုံဗိမာန်ရှင် ဖြစ်သွားတယ်တဲ့။
ဒီဇာတ်လမ်းမှာ သူ့ရဲ့ဘဝတွေ ကံကြမ္မာရဲ့ ပြောင်လှောင် မှုကို ခံရလို့ သူလုပ်ခဲ့တဲ့ကံတွေရဲ့ အကျိုးအတိုင်း သူခံစားရ တယ်ဆိုတဲ့ လူသားတွေအတွက် သူပြောလိုက်တဲ့ အမှာစကား ဟာ အင်မတန်မှ ထိရောက်တယ်။ အဲဒီ အမှာစကားကို မှတ် သားပြီးတော့ ဘုန်းကြီးတို့တတွေလည်း မကောင်းတဲ့ ကံကြမ္မာ တွေ မပြုမိအောင် ကောင်းတဲ့ကံတွေ လုပ်မိအောင် နေ့စဉ်နဲ့အမျှ သတိထားကြဖို့ အရေးကြီးတယ်ပေါ့။
[၆၀] သွေးပြည်စုပ် ပြိတ္တာ နောက်ထပ် ဇာတ်လမ်းလေးတစ်ပုဒ်က “နာဂပေတ” ဆိုတဲ့ နာမည်နဲ့ရေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်း က အားလုံး ကြားဖူးကြတဲ့ သံကိစ္စသာမဏေ ဆိုတာရှိတယ်။ ခုနစ်နှစ်အရွယ်က ရဟန္တာ ဖြစ်သွားတာ။ သူနဲ့ဆက်စပ်တယ်။ တစ်နေ့ သူ့ရဲ့တူတော်တဲ့ ကိုယ်ရင်ငယ်တစ်ပါး ရဟန်းဘဝမှာ မပျော်လို့ လူထွက်ဖို့ ခွင့်တောင်းတယ်၊ သူနဲ့နှစ်ပါး ခရီးသွား တယ်ပေါ့။ တောစပ်ကို ဖြတ်သန်းလိုက်တော့ ရဟန္တာဖြစ်တဲ့ သံကိစ္စသာမဏေက ဘာတွေ တွေ့တုန်းဆိုတော့ အင်မတန်မှ ထူးဆန်းတဲ့ ခရီးသွားနေတဲ့ နတ်နဲ့ပြိတ္တာတွေကို သွားတွေ့တယ်။ တွေ့တော့ ဒီကိုရင်လေး မြင်ရအောင်ဆိုပြီး တန်ခိုးနဲ့ပြလိုက် တယ်။
သူ ဘာမြင်ရတုန်းဆိုတော့ ရှေ့က အစ်ကိုကြီးက ဆင်ဖြူကြီးစီးပြီးတော့ သွားတယ်။ သူ့နောက်က ညီငယ်က မြင်းလေးကောင်ကတဲ့ ရထားကြီးကို စီးတယ်။ နောက်ဆုံး ညီမနဲ့တူတဲ့ နှမငယ်ကတော့ ထမ်းစင်ကြီး စီးပြီးတော့ ခရီးသွား နေကြတယ်။ ခရီးရဲ့နောက်ဆုံးက အရုပ်ဆိုး အကျည်းတန်တဲ့ ပြိတ္တာနှစ်ကောင်ကတော့ သံတင်းပုတ်ကြီးတွေ ကိုင်ထားပြီး တစ်ကောင်နဲ့တစ်ကောင် ထုနေကြတယ်။ ထုလိုက်တော့ ခေါင်းက ဘုကြီးထလာတယ်။ အဲဒီ ဘုကြီးကနေပြီး သွေးတွေ ပြည်တွေ ယိုကျလာတယ်။ ယိုကျလာတဲ့ သွေးပြည်တွေကို အတင်းလုပြီးစုပ်ကြတယ်။ တစ်ကောင်နဲ့ တစ်ကောင် ဘုထွက် [၆၁] အောင်ရိုက်ပြီး ထွက်လာတဲ့ သွေးပြည်တွေကို အငမ်းမရ အော်ဟစ်စုပ်သောက်ရင်း လိုက်လာတဲ့ ပြိတ္တာနှစ်ကောင်ဟာ အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းတယ်ဆိုတဲ့ မြင်ကွင်းကို မြင်ခဲ့ရတယ်။
အဲဒီ မြင်ကွင်းကြီးကို မြင်တဲ့အခါ သံကိစ္စမထေရ်က သူ့ ကိုရင်ကို “ဘာလုပ်ခဲ့လို့ သူတို့ဒီလိုဖြစ်တာလဲ?” ဆိုတာ သွားမေး ခိုင်းတယ်။ မေးတဲ့အခါ ဆင်ပေါ်ကနေ ကြော့ကြော့ကြော့ကြော့ နဲ့ သွားတဲ့သူကို မမေးဘူး။ မြင်းလှည်းပေါ် စီးသွားတဲ့ သူကိုလည်း မမေးဘူး။ ထမ်းစင်ပေါ်က ညီမငယ်ကိုလည်း မမေးဘူး။ ခုနက သွေးပြည်တွေ အလုအယက် လုသောက်နေကြတဲ့ ပြိတ္တာ နှစ်ကောင်ကို မေးတဲ့အခါ သူတို့ပြောပြပုံလေးက “သူတို့ဟာ လူ့ဘဝတုန်းက သားအမိသားအဖ ငါးယောက်တဲ့။ ကြမ်းတမ်း ရက်စက်စွာ တူကြီးနဲ့ထုပြီး သွေးလုသောက်နေတဲ့ သူတို့ နှစ်ယောက်က ဟိုဘဝတုန်းက ဇနီးမောင်နှံ၊ ရှေ့ကသွားတာက သားအကြီးဆုံး၊ အလယ်ကောင်က သွားတာက သားလတ်၊ နောက်ဆုံးသွားတာက သူတို့ရဲ့ သမီး ဖြစ်တယ်”လို့ ပြောပြကြ တယ်။
“ဘာဖြစ်လို့ ဒီဘဝမျိုးရောက်တာလဲ?” ဆိုတော့ သူတို့ မိသားစုဟာ ဘုရား တရား သံဃာကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးတဲ့။ သူတို့ရဲ့ မိတ်ဆွေတစ်ဦးကို အကြောင်းပြုပြီး သားအကြီးက ကုသိုလ်ကောင်းမှုတွေလုပ်တယ်။ သားအလတ်နဲ့ သမီးငယ်ကလည်း ကုသိုလ်ကောင်းမှုတွေ လုပ်တယ်။ အိမ်မှာ [၆၂] အလှူအတန်းလုပ်တိုင်း အမေ အဖေဖြစ်တဲ့ သူတို့က လုံးဝ မကျေနပ်ဘူး။ သားသမီးတွေနဲ့ အလှူခံပုဂ္ဂိုလ်တွေကို ဆဲတယ် တဲ့။ ဒီလိုနဲ့ အိမ်ပြိုကျပြီး သားအမိသားအဖ ငါးယောက်စလုံး သေသွားတယ်။
သေသွားတဲ့အခါ သားအကြီးဆုံးက ခုနက ဆင်စီးရတဲ့ ဘုမ္မစိုးနတ် ဖြစ်လာတယ်။ ညီငယ်လုပ်တဲ့သူက မြင်းရထားကြီး စီးရတဲ့ နတ်သား၊ ညီမငယ်ကလည်း ထမ်းစင်စီးရတဲ့ နတ်သမီး ဖြစ်လာကြတယ်တဲ့။ နောက်က အမေနဲ့အဖေ ဖြစ်တဲ့ သူတို့က တော့ ဒီလို တင်းပုတ်ကြီးထမ်းပြီး တစ်ယောက်နဲ့တစ်ယောက် ရက်စက်စွာ ထုရိုက်လို့ ယိုကျလာတဲ့ သွေးပြည်တွေကို အငမ်းမရ စုပ်ရတဲ့ ပြိတ္တာတွေ ဖြစ်ရတယ်တဲ့။ ဘယ်တော့မှလည်း မဝဘဲ ဆင်းရဲဒုက္ခတွေ ခံနေရတယ်။ သားသမီးတွေက ကုသိုလ် ကောင်းမှုကြောင့် ချမ်းသာသုခ ခံစားနေရချိန် သူတို့ကတော့ မကျေမနပ် ဆဲဆိုမှုကြောင့် ဒီလိုဘဝကို ရောက်လာကြတာ။ ဒီအကုသိုလ်တွေကြောင့် တမလွန်ဘဝမှာလည်း သူတို့တစ်ကိုယ် လုံးဟာ ပူလောင်ပြီး အမြဲတမ်း ဆာလောင်လို့ တစ်ဦးနဲ့တစ်ဦး ညှဉ်းဆဲပြီး ဆင်းရဲဒုက္ခတွေ ခံစားနေကြရတယ်တဲ့။
စည်းစိမ်ဥစ္စာ ခဏပါ အဲဒီပြိတ္တာနှစ်ဦးက ကိုရင်ကို ဘာအမှာစကား ပြောလိုက် တုန်းဆိုတော့ “ဣတ္တရံဟိ ဓနံ ဓညံ၊ ဣတ္တရံ ဣဓ ဇီဝိတံ” ဣတ္တရဆိုတာ သိပ်တိုပါတယ်။ ဆိုလိုတာက “ကိုယ်ပိုင်ဆိုင်တဲ့ [၆၃] ဓနကြေးငွေ၊ စားစရာသောက်စရာ စပါး ဆန်ရေတွေဆိုတာ အချိန်တိုလေးအတွင်းမှာပဲ ရှိပါတယ်။ တစ်သက်ထာဝရ စားရ မယ့်အရာ မဟုတ်ပါဘူး” မှန်တယ်နော်။ ပိုင်ဆိုင်တဲ့ ဥစ္စာဆိုတာ အချိန်တိုလေးပဲ။ ရန်ကုန်မြို့ကြီး ကြည့်လေ။ အရင်ပိုင်ခဲ့တဲ့ လူတွေ ရှိသေးလား? မရှိဘူး။ ပိုင်ရှင်တွေ ပြောင်းနေကြတာ။ တချို့က ကိုယ်တစ်သက်လုံးပိုင်မှာ အောက်မေ့နေကြတယ်။ “ငါ့အိမ် ငါ့အိမ် ငါ့တိုက် ငါ့တိုက်”နဲ့။ ကိုယ့်ရှေ့က ပိုင်သွား တာတွေ အများကြီးပဲလေ။
ရန်ကုန်မှာ နေသွားတဲ့ ဆာဘိုးသာတို့ ဆာမောင်ကြီး တို့ ဒီလို ဆာဘွဲ့ရသူဌေးကြီးတွေ ပိုင်သွားတာ အများကြီး ရှိတာပဲ။ အဲဒီတော့ ဘယ်အရာပဲဖြစ်ဖြစ် ပိုင်တယ်ဆိုတာ ခဏလေးပဲ။ အချိန်တိုလေးပဲပိုင်တာ။ ဒီကြားထဲမှာပဲ လွှဲပြောင်း လိုက်ရတာတွေလည်း အများကြီးပဲလေ။ ခဏလေးပဲ ပိုင်တာ။ ဒါကြောင့် သူတို့ကပြောတယ်။ “ဣတ္တရံဟိ ဓနံ ဓညံ” ဓနဆိုတဲ့ ငွေကြေးတွေက အချိန်တိုလေးအတွင်းပါ၊ ဓညဆိုတဲ့ စားစရာ သောက်စရာတွေကလည်းအချိန်တိုလေးအတွင်းပါတဲ့။ “ဣတ္တရံ ဣဓ ဇီဝိတံ” လူ့ဘဝ သက်တမ်းလေးကလည်း အင်မတန်တိုပါ တယ်တဲ့။
တစ်ရာဟိုဖက် ရောက်တဲ့လူ အင်မတန်မှ ရှားတယ်။ ခြောက်ဆယ်၊ ခုနစ်ဆယ်၊ ရှစ်ဆယ်ဆို သေကုန်ကြပြီ၊ မရှိကြ တော့ဘူး။ အကုန်ထားခဲ့ပြီး သွားကြရတာ။ သတိမထားမိလို့ ပါ၊ နေ့တိုင်းသွားနေကြတာ။ သူများသာသွားတာ ငါမသွားသေး [၆၄] ဘူးလို့ပဲ ထင်နေတာ။ လူတွေက ကမ္မဋ္ဌာန်းပွားတာတောင်မှပဲ “သူသေငါရို့၊ ငါပို့သူသေ”တဲ့။ ငါသေမဟုတ်ဘူး သေတဲ့ ဖက်မှာ သူများပဲထားတာ။ ကိုယ်မထားဘူး။ အဲဒီလို သေခြင်း တရားကို ကိုယ့်အတွက် ဘယ်တော့မှ မထားဘူး။
ဒီလို မေ့မေ့လျော့လျော့ နေတာတွေကို မမေ့ရအောင် သူတို့ကပြောတာ။ “ကိုယ်ပိုင်ဆိုင်မှုဆိုတာ ခဏလေးပဲ တိုတောင်းတယ်တဲ့။ . အသက်ဆိုတာလည်း ခဏလေးပဲ” သေသေချာချာ အလေးအနက်ထား စဉ်းစားပြီး ကိုယ့်အတွက် အားကိုးရာဖြစ်မယ့်အရာကို လုပ်သင့်တယ်တဲ့။ ဟုတ်တယ်လေ၊ ဒီပိုက်ဆံကို အကြောင်းပြုပြီး ကုသိုလ်ရအောင် လုပ်ရမယ်။ အစားအစာကို အကြောင်းပြုပြီး ကုသိုလ်ရအောင် လုပ်ရမယ်။ အသက်ရှင်နေတဲ့ အတွင်းလေးမှာ ကုသိုလ်များများရအောင် လုပ်ရမယ်။ ဒါကြောင့် ကိုယ့်အတွက် အထောက်အကူဖြစ်မယ့် အရာကို များများလုပ်ပါ။ မလုပ်ဘဲနဲ့ တိုတောင်းတဲ့အရာတွေကိုပဲ တစ်သက်လို့ထင်ပြီး တစ်သံသရာလို့ထင်ပြီး နေမယ်ဆိုရင် သူတို့လို လွဲမှားလိမ့်မယ်တဲ့။ “ဒီပံ ကယိရာထ အတ္တနော” ကိုယ့်ရဲ့အားကိုးရာ ကုသိုလ်ကောင်းမှု ကြိုတင်ပြီး ပြင်ထားကြဖို့ မှာတယ်။
အဲဒီလိုသိပြီဆိုရင်“ယေတေဧဝံ ပဇာနန္တိ နရာ ဓမ္မဿ ကောဝိဒါ” ဓမ္မအရေးနဲ့ ပတ်သက်ပြီး လိမ္မာကျွမ်းကျင်လို့ ဒီအချက်ကို ကောင်းကောင်းမွန်မွန် နားလည်တဲ့ ပုဂ္ဂိုလ်တိုင်းဟာ တဲ့ “တေ ဒါနေ န ပမန္တ” ဒါနကောင်းမှု၌ ဘယ်တော့မှ [၆၅] မမေ့ဘူးတဲ့။ ကိုယ်စားတဲ့အထဲက Share လုပ်ပြီး အများကို လှူဒါန်းဖို့ ဘယ်တော့မှမမေ့ဘူးတဲ့။ “သုတွာ အရဟတံ ဝစော” သူတော်ကောင်းတွေ၊ ဘုရား ရဟန္တာတွေရဲ့ ဆုံးမစကားကို နာခံမှတ်သားပြီး ဒါနကောင်းမှုကို မမေ့ဘူးတဲ့။ ဒါနဆိုတာ အဓိက ပဓာနတစ်ခုပဲပြောတာ။ သီလလည်း မမေ့ဘူး။ ဘာဝနာ လည်း မမေ့ဘူး။ ကုသိုလ်ရေးနဲ့ ပတ်သက်ပြီး မမေ့ဘူးတဲ့။ ဒါတွေကို လုပ်သင့်တယ်လို့ နောင်တရလာတဲ့ ခုနက ပြိတ္တာကြီး နှစ်ကောင်က ကိုရင်ကို ပြောကြားရင်း အမှာစကား ပါးလိုက်တာ ဖြစ်တယ်။
ဒါကြောင့် တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့၊ “ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကား”ဟာ ကိုယ့်အတွက် ကြီးမားတဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်၊ ကိုယ်မှတ်သားရမယ့် အဓိက အချက်ကတော့ မှားယွင်းတဲ့၊ မလုပ်သင့်တဲ့ အကုသိုလ်တရား တွေ ရှောင်ကြဉ်ပြီး လုပ်သင့်တဲ့ ကုသိုလ်တရားတွေ ကြိုးစား အားထုတ်ပြီး .. စိတ်ဖြူစင်အောင်ထားဖို့က ... အရေးကြီးဆုံး ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ဘုရားအဆူဆူ ဟောကြားတော်မူခဲ့တဲ့ အဆုံးအမအတိုင်း အကုသိုလ်ကိုရှောင်၊ ကုသိုလ်ကိုဆောင်၊ စိတ်ဖြူစင်အောင်ထားခြင်းဖြင့် မိမိဘဝ သင်ခန်းစာရအောင် ယူနိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု [၆၇] သာသနာတော်နှစ်၂၅၅၆- ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၄-ခုနှစ်၊ နယုန်လပြည့်ကျော် (၇)ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇွန်လ(၁၁)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိ ဓမ္မဗိမာန်တော် အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်း အနား၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး မိဘဘိုးဘွား ဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင် အမတဒါန ဓမ္မဒါနအဖြစ် ဟောကြား အပ်သော “ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား အပိုင်း(၃)” အကြောင်း တရားဒေသနာတော်။
ရခဲလှတဲ့ လူ့ဘဝ ဘဝဆိုတာ အမျိုးမျိုး ကျင်လည်ကြရတာ။ အမျိုးမျိုး ကျင်လည်ရတဲ့ ဘဝတွေမှာ ကိုယ်လုပ်ခဲ့တဲ့ ကံပေါ်မှာပဲ မှီတည် ပြီး သတ္တဝါတွေ သုခ ဒုက္ခကို ခံစားကြရတာ ဖြစ်တယ်။ ကံ မကောင်း အကြောင်းမလှလို့ အကုသိုလ်ကံတွေ အကျိုးပေး အလှည့် ကြုံတဲ့အခါ ဒုဂ္ဂတိဘုံ ရောက်သွားပြီး ဆင်းရဲဒုက္ခတွေနဲ့ တွေ့ကြုံကြရတယ်။
[၆၈] ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် လူ့ဘုံသည် ဘဝ အားလုံးကိုသွားနိုင်တဲ့ Junction ကြီးတစ်ခုနဲ့ တူတယ်။ လူ့ဘုံမှာ ရောက်ရှိနေတဲ့အခိုက် ဘယ်ဘဝ သွားရမယ်ဆိုတာ ရွေးချယ်ဖို့ အတွက် အနေအထားတွေအားလုံး ပြည့်စုံတယ်။ လူ့ဘုံက လုပ်ကိုင်ဆောင်ရွက် ကြံစည် ပြောဆိုကြတဲ့ အရာတွေအားလုံး ကံအရာမြောက်ပြီး ဂတိငါးပါး Destination လို့ဆိုတဲ့ လမ်း ကြောင်းကြီး ငါးသွယ်ကို အသီးသီး ရောက်ရှိသွားကြတယ်။ လူ့ဘုံလူ့ဘဝဟာ ထိုလမ်းကြောင်းကြီးငါးသွယ်ရဲ့ ဗဟိုအချက် အချာမှာ ရှိနေတယ်လို့ ပြောနိုင်တယ်။ ဒါကြောင့် ဘုန်းကြီးတို့ တတွေဟာ အင်မတန်မှ အရေးကြီးတဲ့ဘဝ ရောက်နေကြပြီပေါ့။
“မနုဿတ္တဘာဝေါ ဒုလ္လဘော” ရခဲတဲ့ လူ့ဘဝကို ရနေကြတယ်။ ရခဲလှတဲ့လူ့ဘဝကို ရနေတဲ့လူတိုင်းဟာ ရရှိထား တဲ့ ဘဝတစ်ခုကို အကျိုးရှိအောင် အသုံးချသွားကြသလားလို့ ဆိုတော့ အသုံးချမသွားကြဘူး။ ရရှိထားတဲ့ ဘဝတစ်ခုကို မှန်မှန် ကန်ကန် အသုံးမချတတ်ရင် အချိန်ဆိုတာ တစ်နေ့ ကုန်ဆုံး လာမှာ ဖြစ်တယ်။ မိမိလုပ်သမျှ ကံအရာမြောက်ပြီး အကြောင်း တရားတွေအဖြစ် အကျိုးပေးဖို့ အဆင်သင့်ဖြစ်လာမှာဖြစ်တယ်။
ဒါကြောင့် လူ့ဘဝရတဲ့ အခိုက်လေးမှာ အမှတ်တမဲ့ မနေကြဘဲ “သတိသမ္ပဇည” ရှိကြရမယ်။ သတိသမ္ပဇည ဆိုတာ သတိထားပြီး ဆင်ခြင်တုံတရားရှိခြင်းဖြစ်တယ်။ ဒါဟာ အရေး အကြီးဆုံးပဲ။ လောကမှာ မစဉ်းစားရင်ဘာမှမသိဘူး။ စဉ်းစားမှု [၆၉] ဟာ အင်မတန်မှ အရေးပါတယ်။ စဉ်းစားနိုင်အောင် အရာရာကို သတိထားတတ်ဖို့ လိုတယ်။
ကိုယ်ရ,ထားတဲ့ ဘဝဟာ ထာဝရလား တစ်ခဏလား၊ အချိန်ကောင်းဆိုတာ ထာဝရလား တစ်ခဏလား။ ဘယ်အချိန် ထိအောင် ကိုယ်ဟာအသုံးကျနေတဲ့ပုဂ္ဂိုလ်ဖြစ်မလဲ။ ကျန်းမာရေး ဆိုတာ ထာဝရလား တစ်ခဏလား ဆင်ခြင်စဉ်းစားကြည့်ရမယ်။ ကျန်းမာနေတဲ့အခိုက် ဘာတွေလုပ်ရမယ် ဆိုတာကိုလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်ဖို့လိုတယ်။
အဲဒီလိုမှမဟုတ်ဘဲ စားကာ, အိပ်ကာ, ပျော်ကာ, ပါးကာ, ရှာကာ, ဖွေကာနဲ့ ဘဝတစ်ခု အဆုံးသတ်သွားရင် ကိုယ်ရ,ထား တဲ့ ဘဝရဲ့အကျိုးအမြတ်ကို ရလိုက်မှာမဟုတ်ဘူး။ အင်မတန်မှ တန်ဖိုးရှိလှတဲ့ ဒီလူ့ဘဝကြီးရဲ့ အခြားမဲ့ဘဝမှာ အင်မတန်မှ ကြောက်စရာကောင်းလောက်တဲ့ အနေအထားမျိုးကို ကြုံတွေ့ နိုင်တယ်။ မှန်မှန်ကန်ကန် အသုံးမချတတ်ဘူးဆိုရင် ဤဘဝ၏ အခြားမဲ့ဆိုတာ အင်မတန်မှ ကပ်နေတယ်နော်။ မျက်စိလေး မှိတ်သွားတာနဲ့ တစ်ပြိုင်နက် အကြီးအကျယ် ပြောင်းလွဲသွားမှာ ဖြစ်တယ်။ အပြောင်းအလဲ ဆိုတာ အကောင်းလည်း ရှိတယ်၊ အဆိုးလည်း ရှိတယ်။ ဒီဘဝ လုပ်ရပ်တွေပေါ်မှာ မူတည်ပြီး အပြောင်းအလွဲဆိုတာဖြစ်တယ်။ ဒါကြောင့် အခုလက်ရှိဘဝဟာ ဘဝတွေထဲမှာ အရေးအကြီးဆုံးပဲလို့ ဒီလိုနှလုံးသွင်းရမယ်။
လူ့ဘဝဆိုတာ “ကမ္မဘူမိ” ကံတရားတွေ ဆည်းပူး အားထုတ်တဲ့ နေရာဖြစ်တယ်။ အကုသိုလ်ကံ ဆိုလည်းပဲ [၇၀] ကမ်းကုန်အောင် လူ့ဘဝမှာ ဖြစ်နိုင်တယ်။ ကုသိုလ်ကံဆိုလည်း ကမ်းကုန်အောင် ဖြစ်နိုင်တယ်။ ကုသိုလ်ကံ ကမ်းကုန်တယ် ဆိုတာ ရဟန္တာဖြစ်ရင် ကုသိုလ်ကံ ကမ်းကုန်တယ်လို့ ပြောရ မယ်။ အရဟတ္တမဂ် ကုသိုလ်ဆိုတာ အမြင့်ဆုံးကုသိုလ်ပဲ။ အဲဒီ ကုသိုလ်ထိအောင်ရနိုင်တဲ့ ဘုံဘဝဖြစ်တယ်။
“အယံ ကမ္မဘူမိ” တဲ့၊ လူ့ဘဝသာလျှင် တကယ့်ကို အကောင်းအဆိုး အကြောင်းအကျိုး အားလုံးဆောင်ရွက်လို့ရတဲ့ ဘုံဘဝမျိုးဖြစ်တယ်။ တန်ဖိုးရှိတယ်။ ဒါပေမယ့် လူတိုင်းအတွက် တန်ဖိုးရှိချင်မှရှိမယ်။ အသုံးချတတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် တန်ဖိုးရှိတယ်လို့ ဒီလိုဆိုလိုတာ။ လူဖြစ်ကျိုးမနပ်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတာပဲ။ ဒါကြောင့် လူ့ဘဝရတဲ့ အခိုက်လေးမှာ သတိသမ္ပဇညထားပြီး လုပ်သင့်လုပ်ထိုက်တာတွေ ရွေးချယ်ပြီး လုပ်ဖို့၊ မလုပ်သင့် မလုပ်ထိုက်တာတွေ ရွေးချယ်ပြီး ရှောင်ဖို့ ဆိုတာ အရေးအကြီးဆုံးပေါ့။
လူ့ဘဝထဲမှာ ရွေးချယ်စရာ ဘဝတစ်ခုရလာရင် ဘဝရပ်တည်ဖို့အတွက် အသက်မွေး ဝမ်းကျောင်းဆိုတာ ရှိလာတယ်။ အသက်မွေးဝမ်းကျောင်း ပြုတဲ့အခါ ပတ်ဝန်းကျင်ဟာ .. သိပ်အရေးကြီးသွားတယ်။ ဒါကြောင့် မြတ်စွာဘုရားက (၂၄)ပစ္စည်းထဲမှာ “ဥပနိဿယ ပစ္စယော” ဆိုတာ အင်မတန်မှ အားကြီးတဲ့ အမှီကြီးတစ်ခုပဲ လို့ ပြောတာ။ “ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော”
[၇၁] ဒါကအင်မတန်မှ အရေးကြီးတယ်။ ဘဝတစ်ခု ရောက်လာတယ် ဆိုတာ တစ်ကိုယ်တည်းလာကြတာမဟုတ်ဘူး။ မိသားစု တစ်ခု ထဲ ရောက်လာတာ။ အဲဒီအချိန်လေးမှာ မိမိရောက်လာတဲ့ မိသားစုရဲ့ စိတ်ဓာတ်တွေ၊ မိမိရောက်လာတဲ့ ပတ်ဝန်းကျင်တွေ၊ မိမိရောက်လာတဲ့ မိသားစုရဲ့ အနေအထားတွေအတိုင်း လူတွေ ဖြစ်သွားကြတာပဲ။ အများအားဖြင့် မိသားစုအတွေးအခေါ်၊ မိသားစု အလုပ်အကိုင်၊ မိသားစု အသက်မွေးဝမ်းကျောင်း အတိုင်း မှီတည်လုပ်ကိုင်ကြတာ။
လူသတ္တဝါတွေပဲလားဆိုတော့မဟုတ်ဘူး။ တခြားသတ္တဝါ တွေ မှန်သမျှလည်း ဒီပုံစံပဲပေါ့။ ဥပမာ တောထဲက ရိုင်းစိုင်းတဲ့ ခြင်္သေ့တို့ ကျားတို့ အသိုင်းအဝိုင်းထဲ ရောက်သွားတယ်ဆိုရင် ဘာလုပ်မလဲ? သားကောင်တွေဖမ်းပြီး ကိုက်ဖြတ်စားသောက်တဲ့ အလုပ်ပဲ သူတို့လုပ်ကြတော့မှာ။ သူတို့ အသက်မွေးဝမ်းကျောင်း က ဒီအတိုင်းပဲ။ ကျွဲနွားတွေရဲ့ အသိုင်းအဝိုင်းထဲ ရောက်သွားလို့ ရှိရင်တော့ မြက်စားပြီး ကျား ခြင်္သေ့တွေရဲ့ ကိုက်စားမှု အန္တရာယ် ကနေ မလွတ်နိုင်တဲ့ သနားစရာ သတ္တဝါတွေ ဖြစ်ကုန်ကြပြန် တာပေါ့။
အဲဒီတော့ ... အသိုင်းအဝိုင်းကို ရှောင်ကွင်းဖို့ဆိုတာ အင်မတန်မှခဲယဉ်းတယ်။ လူ့ဘဝရောက်လာတဲ့အခါ ရှောင်လို့ ရတာတွေ အများကြီးရှိတယ်။ မကောင်းတဲ့ အသက်မွေးမှုနဲ့ အသက်မွေးတဲ့ မိသားစုထဲ ရောက်လာဦးတော့ ကိုယ် အရွယ် ရောက်လာတဲ့အခါ ကိုယ်ပိုင်ရွေးချယ်ခွင့်တွေ ရှိတယ်။ တခြား [၇၂] သတ္တဝါတွေမှာတော့ ရွေးချယ်နိုင်စွမ်းမရှိဘူးပေါ့။ ဒါကြောင့် လူ့ဘဝ ကိုယ်ပိုင်အသိဉာဏ်လေးနဲ့ ဆင်ခြင်စဉ်းစားပြီး လုပ်ကြ ရမှာပေါ့။
မုဆိုးလုပ်ငန်း ပြိတ္တာဆန်း ဒီနေ့ ဒုဂ္ဂတိဘုံရောက်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ခုကို ဘဝသင်ခန်းစာ ယူကြမယ်။ “သူဟာ လူသားတစ်ဦးပဲပေါ့။ လူသားတစ်ဦးအနေနဲ့ ဘဝ ရပ်တည်မှု အတွက် သူ ဘာလုပ်ကိုင် စားသောက်လဲလို့ဆိုတော့ မုဆိုး လုပ်ငန်း လုပ်တယ်။ မုဆိုးအလုပ်ကို သူဘယ်တော့မှ နောင်တ မရဘူး” မုဆိုးအလုပ်ကို စဉ်းစားကြည့်၊ လက်နက်ကိုင်ပြီး သတ္တဝါ တွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ လုပ်ငန်းတစ်ခုပဲပေါ့။ သတ္တဝါတစ်ကောင် တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် အမိအရ ဖမ်းပြီး သတ်ဖြတ်ချင်တဲ့ ဒေါသစိတ်တွေ လွှမ်းမိုးနေတဲ့ အနေ အထားမျိုးပေါ့။ လူသားဖြစ်ပါလျက် ကျားတစ်ကောင်ရဲ့ စိတ်ဓာတ်မျိုးတွေ သူ့ စိတ်ထဲမှာ ကိန်းဝပ်နေတယ်လို့ ပြောရ မှာပဲ။ တောလိုက် မုဆိုးတစ်ယောက်ဟာ သတ္တဝါမြင်ရင် သတ်ဖို့ပဲ ကြိုးစားတယ်။ ဒါပေမယ့် သတ်လို့ရတာရှိတယ်၊ သတ်လို့မရတာ ရှိတယ်။ သတ်ဖို့ ကြိုးစားတယ် ဆိုကတည်းက သူ့ရဲ့စိတ်ထဲမှာ အကုသိုလ်တွေ လွှမ်းမိုးနေတာ။ အကုသိုလ်စိတ်တွေ ဖြစ်နေ ပြီပေါ့။
[၇၃] ပါဏာတိပါတ ကံအကျိုး၊ ငါးချက်စုံက အဖြစ်ဆိုး သတ်မှုဖြတ်မှု ဆိုတဲ့နေရာမှာ သတ္တဝါတစ်ကောင်ကို တွေ့ပြီး (၁) သတ္တဝါလို့လည်း အမှတ်ရှိတယ်၊ မေတ္တာတရား ကရုဏာတရားဆိုတာ လုံးဝမကပ်လာဘူး၊ (၂) သတ္တဝါအစစ် လည်း ဖြစ်တယ်၊ (၃) သေစေလိုတဲ့ စိတ် စေတနာတွေလည်း သူ့မှာရှိတယ်၊ (၄) သေအောင် ဖမ်းမိအောင် ကြိုးစားအားထုတ်မှ တွေလည်း သူ့မှာရှိတယ်၊ (၅) တကယ်လည်း အဲဒီသတ္တဝါ သေသွားတယ်။ ဒီ အင်္ဂါငါးချက် ပြည့်ပြည့်စုံစုံဖြစ်ရင် ပါဏာတိပါတ စေတနာဟာ ကံအရာ မြောက်သွားပြီ။ သူ့ရဲ့ စိတ်အစဉ်ထဲမှာ Accumulation ဖြစ်သွားတယ်။ ပါဏာတိပါတကံ ဖြစ်သွားပြီလို့ ဒီလိုဆိုတာနော်။
အကယ်၍ သတ္တဝါက မသေဘူး၊ မိမိရဲ့ ကြိုးပမ်း အားထုတ်မှု မအောင်မြင်ဘူးဆိုတဲ့ အခါမှာလည်းပဲ သူ့မှာ ဒေါသစိတ်တွေနဲ့ လွှမ်းမိုးနေတဲ့ စိတ်အစဉ်တွေ ဖြစ်ခဲ့တယ်။ ဒီစိတ်အစဉ်တွေနဲ့ပဲ သူ့မှာ ကုသိုလ်စိတ်ဆိုတာဖြစ်ဖို့ အင်မတန် ခဲယဉ်းတယ်။ ဒါကြောင့် ဒေါသစိတ်တွေ လွှမ်းမိုးပြီး သူများ အသက်ကို သတ်ဖြတ်စားရတဲ့ဘဝရဲ့ နောင်ရေးဟာ ဘယ်မှာ စိတ်အေးစရာရှိမလဲ။ မကောင်းတဲ့ဘဝပဲ ရောက်သွားမှာ ဖြစ်တယ်။
ကံကြမ္မာဆိုတဲ့သဘောက ကိုယ်လုပ်သမျှတွေဟာ ကိုယ့် အပေါ် ပြန်ပြီးထင်ဟပ်တတ်တဲ့ သဘောရှိတယ်။ Echo လိုပဲ တုန့်ပြန်မှုက တူညီတယ်လို့ ပြောတာနော်။ ကိုယ်က သတ်ဖြတ် [၇၄] သည့်အတွက် ... ကိုယ့်အတွက် ရရှိလာတဲ့ရလာဒ်ဟာကိုယ် ကိုယ်တိုင် အသတ်ခံရတာမျိုး ဖြစ်တတ်တယ်။ ဒါက The law of nature ပဲ။ သဘာဝတရားကြီးရဲ့ မရှောင်လွှဲနိုင်တဲ့ နိယာမ ကြီးတစ်ခုလို့ ဒီလိုပြောတာ။
အဲဒီတော့ ပါဏာတိပါတ ကျူးလွန်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ လွှမ်းမိုးနေတဲ့ စိတ်ဟာ ဒေါသမူလစိတ် (ဒေါသ အခြေခံနေတဲ့စိတ်) ဖြစ်တယ်။ လှုပ်ရှားမှုတွေကလည်း အဲဒီ စိတ်နဲ့ လှုပ်ရှားနေတာ။ မိမိသတ်လိုတဲ့ သတ္တဝါနောက် လိုက် တယ်၊ ပြေးတယ်၊ လွှားတယ်၊ လှုပ်ရှားတယ်၊ တွေးတော ကြံစည် တယ်၊ အားလုံးဟာ ဒေါသမူလစိတ်ပဲ။ ဒေါသရဲ့ စေခိုင်း လွှမ်းမိုး ထားမှုအောက်မှာ ရှိနေတယ်။ ရှိနေသည့်အတွက် လှုပ်ရှားသမျှ တွေဟာ ခိုင်မာနေလို့ ဒီဒေါသလေးက ကျန်တဲ့လှုပ်ရှားမှုတွေ အားလုံးကို ဟေတုသတ္တိနဲ့ ကျေးဇူးပြုနေတယ်။ ဒါကြောင့် သူလုပ်သမျှ လုပ်ငန်းတွေဟာ ဒီဒေါသနဲ့ ဆက်နွယ်နေတဲ့ အလုပ် တွေ ဖြစ်တယ်။
ဒေါသအကြောင်းခံရင် အပြစ်ကင်းတဲ့အလုပ် တစ်ခုမှ မရှိဘူး။ တွေးတာလည်း အပြစ်မကင်းဘူး။ ပြောတာလည်း မပြစ်မကင်းဘူး။ လုပ်တာလည်း အပြစ်မကင်းဘူး။ ကာယကံ၊ ဝစီကံ၊ မနောကံတွေအားလုံး အပြစ်လွှမ်းမိုးနေတော့ ကာယကံ တွေလည်း ကံအရာမြောက်နေတယ်၊ ဝစီကံတွေလည်း ကံအရာ မြောက်နေတယ်၊ မနောကံတွေလည်း ကံအရာမြောက်နေတယ်။ နောက်ဆုံး ပါဏာတိပါတဆိုတဲ့ ကံဟာ စေတနာစွမ်းအားနဲ့ [၇၅] အောင်မြင်သွားပြီဆိုရင် ကမ္မပထ ဆိုတဲ့ လမ်းကြောင်းထဲ ရောက်သွားပြီ။ အောင်မြင်တဲ့ မျိုးစေ့လိုပဲ ဖြစ်သွားတယ်။ အောင်မြင်တဲ့မျိုးစေ့ဆိုတာ တစ်ချိန်ချိန်မှာ အပင်တစ်ခုကို ထုတ်လုပ်နိုင်တယ်။
အဲဒီလိုလူတွေရဲ့ စိတ်အစဉ်ထဲမှာ ကံကြမ္မာမျိုးစေ့တွေ၊ ကမ္မသတ္တိတွေ ရောက်ရှိလာတဲ့အခါ ... အကြောင်းအကျိုး ညီညွတ်တဲ့ အချိန်တိုင်း ဒီကမ္မသတ္တိတွေဟာ အကျိုးတွေကို ထုတ်လုပ်တယ်။ အဲဒီ ကမ္မသတ္တိတွေထဲမှာ တချို့ ကမ္မသတ္တိက ဒီဘဝမှာပဲ အကျိုးပေးမယ်။ တချို့ ကမ္မသတ္တိက ဒီဘဝရဲ့ အခြားမဲ့နောင်ဘဝမှာအကျိုးကိုထုတ်လုပ်မယ်။ တချို့ ကမ္မသတ္တိ ကတော့ တတိယ ဘဝကနေစပြီး သံသရာထဲမှာ ရှိနေသမျှ အခွင့်စောင့်ပြီး အကျိုးထုတ်တဲ့ကံမျိုးဖြစ်တယ်။ နိဗ္ဗာန် မရမချင်း ပြေးမလွတ်တော့ဘူး။ Accumulation ဖြစ်ပြီး အမြဲတမ်း posi- tive ဖြစ်နေမှာပဲ။ ဒီကံကို ဘယ်တော့မှ negative ပြောင်းပစ်လို့ မရဘူး။ သံသရာရှိနေသမျှ သူက လိုက်နေဦးမှာပဲ။ ရဟန္တာ ဖြစ်သွားလို့ ဒီဘဝမှာ နောက်ဆုံး positive ဖြစ်တာမျိုးတော့ ရှိတယ်။ ပဋိသန္ဓေကျိုး မပေးတောင်မှဘဲ ပဝတ္တိကျိုးအနေနဲ့ ဒုက္ခပေးဖို့ အဆင်သင့်ပဲ။
ရှင်မဟာမောဂ္ဂလာန်ကိုပဲ ကြည့်လေ၊ အတိတ်ဘဝက လုပ်ခဲ့တဲ့ ကံတွေဟာ လိုက်လာတယ်။ ရဟန္တာ ဖြစ်သွားလို့ ကံအသစ်တွေ သူ့သန္တာန်မှာ မဖြစ်တော့ပေမယ့် condition ဆိုတဲ့ အခါအခွင့် သင့်လာရင် ကံဟောင်းတွေက အကျိုးတွေ [၇၆] ထုတ်လုပ်တယ်။ ကံဟောင်းတွေက ချောင်းနေတာ။ ရှင်မဟာ မောဂ္ဂလာန်က သံဃာတွေထဲမှာ သီတင်းမသုံးဘူး။ ဝေဠုဝန် ကျောင်းတော်ကြီးထဲမှာ သံဃာတွေနဲ့နေမယ်ဆိုရင် ဒီအဖြစ်ဆိုး မျိုးကြုံမှာမဟုတ်ဘူး။ သူ အဖြစ်ဆိုး ကြုံတဲ့အချိန်မှာ “ကာဠ သိလာ” ဆိုတဲ့ တောင်ပေါ်မှာ တစ်ပါးထဲ “ဧကစာရီ” သွားနေ တာကိုး။ ဧကစာရီ သွားနေတယ်ဆိုတော့ လုပ်ကြံသတ်ဖြတ်ဖို့ လွယ်သွားတာပေါ့။ သံဃာတွေထဲမှာနေရင် ဒီအဖြစ်ဆိုး ကြုံချင် မှကြုံမယ်။
သို့သော် ကံကြမ္မာ ဖန်လာတယ်လို့ပဲ ပြောရမယ်။ ဒီကံက တစ်ပါးတည်းနေသည့်အတွက် အခွင့်ရတယ်။ အခွင့်ရလာပြီ ဆိုရင်တော့ ရှောင်လို့မရတော့တဲ့ အနေအထားတစ်ခု ဖြစ်တယ်။ ခန္ဓာရှိသည့်အတွက် ပဝတ္တိအကျိုးကို ပေးနိုင်တယ်လို့ ဆိုလိုတာ။ သို့သော် အရဟတ္တမဂ်ကုသိုလ်က ကိလေသာတွေအားလုံး ချေမှုန်းပစ်လိုက်သည့်အတွက် ကံမျိုးစေ့တွေဟာ နောင်ဘဝ ထိအောင် ဆက်ပြီး အကျိုးမပေးတော့ဘူး။ ဘဝဆိုတာ မရှိတော့ သည့် အတွက် နောင်ဘဝကို လိုက်နိုင်တဲ့ကံမရှိတော့ဘူး။
ကောင်းဆိုးနှစ်တန် ကြုံရပြန် အခု ဒီအမျိုးသားက လူ့ဘဝရလာတဲ့အခါ မုဆိုး လုပ်ငန်းနဲ့ အသက်မွေးတယ်။ သတ္တဝါတွေကို သွေးရဲရဲ သံရဲရဲ သတ်ဖြတ်ရုံတင် မကဘူး၊ အသားပေါ်ပြီး ရောင်းချ စားသောက် တယ်။ ကိုယ်တိုင်လည်း စားတယ်။ ဒါ သူလုပ်နေကျ အလုပ် [၇၇] တစ်ခုဖြစ်တယ်။ တောထဲမှာတိရစ္ဆာန်တွေ လိုက်လံသတ်ဖြတ်ပြီး အသားပေါ်ပြီး ရွာပြန်လာတယ်။ သူက ဗာရာဏသီအနီးမှာရှိတဲ့ “စုန္ဒဋ္ဌိလ”ရွာကဖြစ်တယ်။ အဲဒီရွာမှာ မုဆိုးအလုပ်နဲ့ အသက်မွေး ဝမ်းကြောင်း လုပ်တယ်။ အသားရလို့ ပြန်လာတဲ့အခါ ရွာက ကလေးတွေက သူ့ဆီက အသားဝေစု ယူကြတယ်။
တစ်ရက်တော့ အသားမရလို့ သူက ဘာတွေလုပ်တုန်း ဆို တောထဲမှာ ပွင့်နေတဲ့ ငုဝါပန်းတွေကို ချိုးယူလာခဲ့တယ်။ တစ်ချို့ကို သူ့ခေါင်းမှာပန်၊ တစ်ချို့ ပန်းခက်ကြီးတွေကို ကလေး တွေ တောင်းတဲ့အခါ အသားကို မပေးနိုင်လို့ ငုဝါပန်းတွေကို ပေးခဲ့တယ်။ အဲဒီတော့ ငုဝါပန်းပေးတာနဲ့ အသားပေးတာချင်း မတူဘူး။ ကလေးတွေကို ပျော်ရွှင်စေချင်တဲ့စိတ်နဲ့ ပေးခဲ့တာ ဖြစ်တယ်။
မုဆိုးအလုပ်နဲ့ တစ်သက်လုံး မကောင်းမှု အကုသိုလ်တွေ လုပ်ပြီး အသက်မွေးတော့ နောက်ဘဝ သူ အပါယ်ငရဲ ရောက် သွားတယ်။ အပါယ်ငရဲက လွတ်လာတော့ အဆစ်ခံရတဲ့ သဘောနဲ့ ပြိတ္တာဘုံရောက်တယ်။ ကံကြမ္မာကလည်းပဲ အဆစ် ရတယ်။ မကောင်းမှု အကုသိုလ်ဆိုတာ အရှိန်လျော့သွားလည်းပဲ ဒုက္ခပေးနိုင်တဲ့ အနေအထားတစ်ခုက ဆက်ပြီးဒုက္ခပေးတဲ့ သဘောပေါ့။ ပြိတ္တာဘုံရောက်တဲ့အခါ ကုသိုလ်ကောင်းမှုတွေ မလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်လို့ ဘာမှ စားစရာ သောက်စရာလည်း မရှိဘူး။ အမြဲတမ်း ဆာလောင်နေတယ်၊ ရှာဖွေလို့လည်း မရဘူး။
[၇၈] သို့သော် ကလေးတွေကို ပန်းပွင့်ပေးခဲ့တဲ့ ကုသိုလ်ကံ ကြောင့် ခေါင်းမှာတော့ ပန်းပန်လျက်ပဲ။ ငုပန်းတွေ ပန်ထား တာ။ ကုသိုလ်ကံက ပေးထားတာကိုတော့ သူရတယ်ပေါ့နော်။ ကံဆိုတာအလွန်ဆန်းတယ်။ ငုပန်းလေးခေါင်းပေါ်မှာ ပန်ထား ပြီး အဝတ်မပါ ဗလာကိုယ်တီး ရုပ်ကလည်း အင်မတန်မှ ဆိုးတယ်ပေါ့။ ဘာဖြစ်လို့ အရုပ်ဆိုးတုန်းဆိုရင် သတ္တဝါတွေ ကို လိုက်သတ်နေတဲ့အချိန်မှာ သူ့မျက်နှာဟာ ဒေါသဖြစ်နေတဲ့ မျက်နှာဆိုတာ ဘယ်တော့မှလှတာမရှိဘူး။ ဒါကြောင့် အင်မတန် ရုပ်ဆိုးပြီး ကြောက်မက်ဖွယ် မျက်နှာနဲ့ပေါ့။ သို့သော် ခေါင်းမှာ တော့ ငုပန်းခိုင်ကြီးကို ပန်လျက်ပဲ။
ကမ္မဇိဒ္ဓိ ထူးဆန်းဘိ တစ်နေ့တော့သူက ဂင်္ဂါမြစ်ကြောပေါ်မှာ မြစ်ရေကြောင်း အတိုင်း သူ့ရဲ့ “ကမ္မဇိဒ္ဓိ” တန်ခိုးနဲ့ လမ်းလျှောက်လာတယ်။ ကမ္မဇိဒ္ဓိဆိုတာက သတ္တဝါတွေဟာ ကံပေးတဲ့ အစွမ်းတန်ခိုးပဲ။ ဆိုပါစို့- လူတွေဟာ ကိုယ့်ခြေကိုယ့်လက်နဲ့ ကောင်းကင်ကို ပျံမတက်နိုင်ပေမယ့် ငှက်တွေကတော့ တောင်ပံအားနဲ့ ကောင်းကင်ကိုပျံနိုင်ကြတယ်။ ဒါဘာလဲဆိုရင် ကမ္မဇိဒ္ဓိလို့ခေါ်တဲ့ အစွမ်းတန်ခိုးလို့ ဒီလိုပြောရတာနော်။ ဒါဖြင့် လူတွေက တန်ခိုး မရှိဘူးလားဆိုတော့ ရှိတယ်။ လူမြင်ရင် ဘယ်တိရစ္ဆာန်ပဲဖြစ်ဖြစ် ကြောက်ကြတယ်။ ဆင်ကြီးတွေကစပြီး လူမြင်လို့ရှိရင် ဒေါသ မုန်တိုင်း ထန်နေချိန်မှသာ သူတို့ လူသတံတာ။ နို့မို့ဆိုရင် လူကို [၇၉] အင်မတန်မှကြောက်ကြတယ်။ ဒါက လူရဲ့ အစွမ်းသတ္တိတန်ခိုး ပဲ။ သတ္တဝါတိုင်းမှာ အစွမ်းသတ္တိဆိုတာ ကိုယ်စီရှိကြတယ်။ မြွေတွေမှာလည်း မြွေတွေရဲ့ အစွမ်းသတ္တိရှိတယ်။ တစ်ခြား တိရစ္ဆာန်တွေမှာလည်း ကံကပေးတဲ့ စွမ်းရည်သတ္တိလေးတွေ ရှိကြတယ်။
ဒီပြိတ္တာမှာလည်းပဲ ကံကြမ္မာကပေးထားတဲ့ အစွမ်းသတ္တိ ကြောင့် ရေမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်ပြီး လာလို့ရတာ ဖြစ်တယ်။ သာမန်လူသားတစ်ယောက်ဆိုရင် ရေမျက်နှာပြင် ပေါ် ဘယ်လမ်းလျှောက်နိုင်မလဲ။ အဲဒီအချိန်မှာ ဗိမ္မိသာရ မင်းကြီးရဲ့ အမတ်စစ်သူကြီး ကောလိယက တိုင်းပြည်မှာ မငြိမ်မသက် ဖြစ်နေတဲ့အချိန် သူပုန်တွေကို နှိမ်နင်းပြီး ရာဇဂြိုဟ် ကိုအပြန် သူဦးဆောင်တဲ့ တပ်တွေကို ကုန်းကြောင်းက လွှတ်လိုက်ပြီး သူက အခြံအရံနှင့်တကွ အေးအေးဆေးဆေး မြစ်ကြောင်းက စုန်ဆင်းပြီး လာခဲ့တယ်။ ညအခါမှာ အဲဒီ ထူးဆန်းတဲ့ပြိတ္တာနဲ့ သွားတွေ့တယ်။
သာဓုခေါ်က ချက်ချင်းကျိုးရ ရေပြင်ပေါ်မှာ လမ်းလျှောက်လာပြီးတော့ ခေါင်းမှာ ငုပန်ကြီးပန်လို့ ကြောက်စရာ ရုပ်အသွင် အဝတ်မပါ ဗလာ ကိုယ်တီးနဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးကို မြင်တယ်။ အဲဒီ ထူးဆန်းတဲ့ သတ္တဝါကြီး သူ့လှေနားကို ချဉ်းကပ်တဲ့အခါ သူက မေးတယ်။ “ဘယ်ကိုသွားမလို့ လာတာလဲ”
[၈၀] မေးကြည့်လိုက်တဲ့အခါ သူဟာ “မစားရတာ ကြာပြီ။ ဝတ်စရာလည်း မရှိဘူး။ နေစရာလည်း မရှိဘူး။ အစာအာဟာရ အတွက် အင်မတန်မှ ဒုက္ခရောက်တယ်။ အမြဲတမ်း ဆာလောင် မွတ်သိပ်ပြီးနေတယ်။ ဒီဒုက္ခကြီးကို မခံစားနိုင်ဘူး။ အားကိုးရာ လိုက်ရှာလိုက်တဲ့အခါ သူ့ရဲ့ လူ့ဘဝတုန်းက မိသားစုကို အားကိုးလို့ ရလို့ရငြား မိသားစုရဲ့ မူလရွာ စုန္ဒဋ္ဌိလ ရွာလေးကို သွားမလို့ပါ။ သူတို့ဆီကနေ အကူအညီတောင်းပြီး စားစရာများ ရလိုရငြား အဲဒီကို သွားချင်လို့ပါ” လို့ သူကပြောပြတယ်။ ကောလိယ ဆိုတဲ့ အမတ်ကြီးကလည်း မြတ်စွာဘုရားဆီ က တရားဓမ္မတွေ နာနေတဲ့ ပုဂ္ဂိုလ်ထင်တယ်။ ဗိမ္မိသာရမင်းရဲ့ အမတ်ကြီးဆိုတော့ ဘုရားတရားနဲ့ သိပ်မဝေးဘူး။ ဒါကြောင့် ဒီပြိတ္တာကြီးကို သူ ကူညီချင်တယ်။ အဝတ်မရှိတော့ အဝတ် ပေးချင်တယ်။ စားစရာမရှိတာ စားစရာတွေ ကျွေးချင်တယ်။ လက်နဲ့ပေးလို့တော့ သူ တစ်ခုမှရမှာမဟုတ်ဘူး။ ဒီလိုဘဝခြား နေတဲ့ သတ္တဝါတစ်ဦးကို ကူညီချင်တယ်ဆိုရင် သူ့အတွက် ရည်စူးတဲ့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်း ပေးဝေခြင်း သာလျှင် မှန်ကန်တဲ့ နည်းလမ်းဖြစ်တယ်။ ဒီလိုအသိဟာ လူတိုင်း မရှိဘူး။ တစ်ခြား ဘာသာတွေမှာလည်း ဒီလိုမျိုးမရှိဘူး။ ကုသိုလ်ကောင်းမှုလုပ်ပြီး ရည်စူးအမျှအတန်းဝေရင် ရနိုင်တယ် ဆိုတာ မသိသည့်အတွက် လူတွေဟာ ရှမ်းမှန်းပြီး လုပ်ကြတာ။ ဒီအမတ်ကြီးကတော့ သဘောပေါက်လို့ သူ့အခြံအရံ ပရိသတ်ထဲမယ် ဘုရားကရား လေးစားတဲ့ ဆေတ္တာသည်ကို [၈၁] သူ့မှာပါလာတဲ့ အစားအစာတွေ ကျွေးတယ်။ အဝတ်တွေ ပေးတယ်။ ပြီးတော့ အဲဒီ ပြိတ္တာကို အမျှဝေလိုက်တယ်။ သူက လည်းပဲ သူ့အတွက် လုပ်ပေးတယ်ဆိုတော့ ဝမ်းသာပြီး သာဓု ခေါ် လိုက်တာနဲ့ တစ်ပြိုင်နက် ချက်ချင်းကြီး သူ့မှာ အဝတ်တွေ ရသွားတယ်။ စားစရာလည်း ရသွားတယ်တဲ့။ ကုသိုလ်ကောင်းမှု ဆိုတာ အင်မတန်မှ အားကိုးရတယ်။
ဒါနအကျိုး မြတ်နိုးစရာ ဒါနကောင်းမှုဆိုတာ သာဓုခေါ်တဲ့ ပြိတ္တာတွေ ချက်ခြင်း အကျိုးရပြီး ကိုယ်တိုင်လှူဒါန်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘာဖြစ်လို့ ချက်ခြင်းအကျိုးမရသလဲလို့ မေးကောင်း မေးကြလိမ့်မယ်။ ရေထဲမှာ မိုးရွာနေရင် သိပ်မထင်ရှားဘူးပေါ့။ ရှိနေတဲ့ပုဂ္ဂိုလ်တွေ အတွက် ဒါနကောင်းမှုက မထင်ရှားသလို ဖြစ်နေတယ်။ သို့သော်လည်း တကယ် စဉ်းစားကြည့်ရင် ဒါနကောင်းမှုတွေ လုပ်နေတဲ့ပုဂ္ဂိုလ်ဟာ အစစအရာရာအဆင်ပြေနေတယ် ဆိုတာ တော့ သေချာတယ်။
ကုသိုလ်ကောင်းမှုလုပ်သူနဲ့မလုပ်သူ အင်မတန်မှကွာခြား တယ်။ အတိတ်ဘဝက အခြေအနေတော့ ရှိကောင်း ရှိနိုင်တယ် ပေါ့။ ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်က အားလုံးအဆင်ပြေလာပြီးတော့ လာဘ်လာဘ ရှားပါးတယ်လို့ မရှိဘူး။ ဘုန်းကြီးတို့လည်း ငယ်စဉ်ကစပြီးတော့ ကိုယ့်ကိုယ်ကို သတိထားမိတာ။ ကိုရင် ဘဝကတည်းက ကိုယ်ရလာတဲ့ သင်္ကန်းလေးတွေကို ကိုယ့် [၈၂] မိတ်ဆွေ သူငယ်ချင်းတွေကို မျှဝေပေးခဲ့တယ်။ ရဟန်းခံတဲ့ အရွယ်ရောက်လို့ ရဟန်းခံတယ်ဆိုရင် ရဟန်းသစ်အနေနဲ့ သိမ်အဆင်းမှာ လောင်းလှူကြတာ။ အဲဒီတုန်းက လှူတဲ့သင်္ကန်း တွေ၊ မျက်နှာသုတ်ပုဝါတွေ၊ ဆပ်ပြာခဲတွေကို ရဟန်းခံပွဲကို လာကြတဲ့ သူငယ်ချင်းတွေကို ခွဲပေးလှူလိုက်ရတာ အမှတ်တရ ပဲ။ အဲဒီလို လှူလိုက်သည့် အတွက်ကြောင့် သင်္ကန်းနဲ့ ပတ်သက် ပြီး ရှားပါးတယ်လို့ တစ်ခါမှ မကြုံခဲ့ဖူးဘူး။ အဆင်သင့် ကိုယ့်မှာ ရှိနေတာချည်းပဲ။ အဲဒီတုန်းက ဒီလို ဒါနရဲ့အကျိုးလို့ သိပ်ပြီးတော့ မသိပါဘူး။
နောက်တစ်ခါ ရဟန်းသုံးဝါရတော့ မန္တလေးသကျသီဟ စာသင်တန်းကိုအောင်တယ်။ အဲဒီလိုအောင်တဲ့အခါ စာသင် တန်း အောင်တဲ့ ပုဂ္ဂိုလ်ငါးပါးကို မဲချတော့ အကောင်းဆုံး ပဒေသာပင်ကို ပေါက်တယ်။ ပဒေသာပင်ထဲမှာ သင်္ကန်းအစုံ သုံးဆယ်ပါတယ်။ စားပွဲ၊ ကုလားထိုင်၊ ဘီရို၊ အိပ်ယာခင်း၊ အိပ်ယာ၊ ခုတင် အပြည့်အစုံ အားလုံး အဲဒီခေတ်က ငါးထောင် တန်ဆိုတာ အင်မတန်မှများတယ်လို့ ပြောကြတယ်။ ခုခေတ် ငါးသိန်းလောက် မကဘူး တန်ကြေးရှိတယ်ပေါ့။ အဲဒီတုန်းက ရလာတဲ့ သင်္ကန်းအစုံသုံးဆယ်ကို မှတ်မှတ်ရရ စစ်ကိုင်းကျောင်း ဝါဆိုသံဃာ အပါးသုံးဆယ်ကို ဝါဆိုသင်္ကန်းကပ်လှူလိုက်တယ်။ ဒီလို ကုသိုလ်ကောင်းမှုလုပ်လို့ ကိုယ့်မှာပြည့်စုံတယ် ဆိုတာကို နောက်ပိုင်းမှ သတိထားမိလာတယ်။ သို့သော် ရချင်လို့လှူတာ [၈၃] မဟုတ်ဘူး။ လှူချင်လို့ လှူလိုက်တာပဲ။ ဒါက ကိုယ်တွေ့လေး ကို ပြောပြတာ။
အဲဒီတော့ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဒါနကောင်းမှု လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ လိုအပ်ချက်တွေကို ထပ်ပြီး ဖြည့်ဆည်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ရတယ်။ အခုပြိတ္တာကြီးလို အင်မတန်မှ ဆင်းရဲဒုက္ခ ရောက်နေတဲ့အချိန်မှာ ပုညကိရိယာ ဝတ္ထုဆယ်ပါးထဲက ပတ္တာ- နုမောဒန၊ သူများပေးတဲ့ ကုသိုလ်လေးကို သာဓုခေါ်လိုက်တာနဲ့ ကိုယ့်မှာ ပြီးပြည့်စုံသွားတယ်ဆိုတာ လွန်လွန်းတာလို့တော့ မဆိုနိုင်ဘူး။ ကုသိုလ်တရားရဲ့အကျိုးဟာ ချက်ခြင်း ခံစားရ တယ်လို့ ဒီလိုဆိုတာ။
သာဓုခေါ်မှ အကျိုးပြု ဒါဖြင့် ခုခေတ်လူတွေ ခဏခဏ သာဓုခေါ်နေကြတာ ဘာလို့မရတာတုန်းလို့ မေးကောင်း မေးလိမ့်မယ်။ ခုနကလိုပဲ ရေထဲ မိုးရွာနေတာပဲလေ။ ဆိုပါစို့- ရှိနေတဲ့လူတွေကို ထမင်း တစ်နပ် ခေါ် ကျွေးတော့ သူ့မှာစားရလည်း သိပ်ပြီးမထူးခြားဘူး။ မစားရလည်း သိပ်ပြီး မထူးခြားဘူး။ ဘာဖြစ်လို့တုန်း ဆိုတော့ ပြည့်စုံနေတာကိုး။ မပြည့်စုံတဲ့ လူတွေကျတော့ အင်မတန်မှ ကွာခြားသွားတယ်။ အခု မပြည့်စုံတဲ့ ပြိတ္တာမှာ ချက်ခြင်းကြီး ရသွားတယ်။
ပြိတ္တာဘုံရောက်နေတဲ့ ပုဂ္ဂိုလ်တွေအဖို့တော့ “အကျွတ် အလွတ်ပွဲ”တွေလုပ်ပြီး အမျှအတန်း ပေးဝေတာ အင်မတန်မှ [၈၄] ကောင်းတဲ့ လုပ်ငန်းတစ်ခုပဲ။ သူတို့အတွက် ချက်ခြင်းအကျိုး ရှိတယ်။ အဲဒီတော့ လူသားတစ်ယောက် ဒီလိုသာဓုခေါ်ရုံနဲ့ ကောင်းကျိုးချမ်းသာတွေရတာ မရှိဘူးလားဆိုတော့ ငါးရာ့ ငါးဆယ်ဇာတ်ထဲမှာ သင်္ခဇာတ်ဆိုတာရှိတယ်။ ဘုရားအလောင်း သင်္ခပုဏ္ဏားကြီးက ... ကုသိုလ်ကောင်းမှုလုပ်တယ်။ တစ်နေ့ ပင်လယ်ခရီးထွက်တဲ့အခါ သင်္ဘောပျက်လို့ သူ့နောက်က ပါလာတဲ့ တပည့်နဲ့ သူတို့နှစ်ယောက် ပျဉ်ချပ်တစ်ခုပေါ်မှာ မျောပါပြီး ခုနစ်ရက်လုံးလုံး ပင်လယ်ထဲမှာ ဒုက္ခ ရောက်နေကြ တယ်။ သူလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် ပင်လယ်စောင့် နတ်သမီးကလာပြီး သူ့ကိုကယ်တယ်။ ကယ်တဲ့အခါ သင်္ခပုဏ္ဏား တစ်ယောက်ထဲပဲကယ်တယ်၊ သူ့တပည့်ကိုမကယ်ဘူး။ ဘာဖြစ် လို့ မကယ်လဲဆိုတော့ သူ့မှာ ဘာကုသိုလ်မှ မရှိဘူးတဲ့။ ကုသိုလ် ရှိမှ ကယ်လို့ရတာ။
လူဆိုတာ သနားချင်ပေမယ့် သနားလို့ မရဘူးဆိုတာ ရှိတယ်။ ကံမပါရင် သနားလို့မရဘူး။ ဆိုပါစို့ - မြတ်စွာဘုရားက အင်မတန်ကြီးမားတဲ့ တန်ခိုးရှင်ဖြစ်ပေမယ့် လူတိုင်းကို “ဧဟိဘိက္ခု” ခေါ်ပြီး တန်ခိုးနဲ့ပြီးတဲ့ သင်္ကန်းသပိတ်ပေးလို့ မရဘူး။ ကုသိုလ်ကံရှိတဲ့ ပုဂ္ဂိုလ်ကိုသာ ကံလမ်းဖွင့်ပေးတဲ့ သဘောပဲ။ အတိတ်ဘဝတုန်းက သင်္ကန်းသပိတ်လှူပြီး ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မဟုတ်ရင် မြတ်စွာဘုရားတောင် လုပ်ပေး လို့မရဘူး။
[၈၅] အဲဒီတော့ တပည့်က ကုသိုလ်ကံ မရှိသည့်အတွက် နတ် သမီးက လျစ်လျူရှုထားတော့ ဘုရားအလောင်း သင်္ခပုဏ္ဏား က သူ့ကို ကုသိုလ်ရှိအောင် ဘယ်လိုလုပ်ပေးတုန်းဆိုရင် “လမ်း မှာတုန်းက ဖိနပ်တို့ ထီးတို့ လှူခဲ့တဲ့ ငါ့ရဲ့ ကုသိုလ် ကောင်းမှ ရှိတယ်။ အဲဒီကုသိုလ်ကို မင်းအတွက် အမျှဝေပါတယ်” လို့ ပြောပြီး အမျှဝေပေးတယ်။ ဟိုလူက သာဓုခေါ်တယ်။ သာဓု ခေါ်လိုက်တဲ့အခါမှ သူ့ကိုကယ်လို့ရသွားတယ်။ သာဓုခေါ်တဲ့ ကုသိုလ်က လူသားစင်စစ်ပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိတယ်နော်။ ဒါကို သတိထားရမယ်။
အမျှပေးဝေခြင်း အခုလည်း မုဆိုးဘဝမှ ဒုဂ္ဂတိဘုံသို့ ရောက်သွားလို့ ဆင်းရဲဒုက္ခကြုံနေတဲ့ ဒီပြိတ္တာကြီးကို နားလည်ပါးလည်ရှိတဲ့ ကောလိယ အမတ်ကြီးက ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှပေးဝေ လိုက်တယ်။ ချက်ခြင်း သူ့မှာ စားစရာတွေ ဝတ်စရာတွေ ရသွား တယ်။ ဝမ်းသာလွန်းလို့ သူက ဘာပြောတုန်းဆို “တသ္မာ ဒဇ္ဇေထ ပေတာနံ၊ အနုကမ္ပာယ ပုနပ္ပုနံ” တမလွန်ဘဝမှာ ဒုက္ခရောက်သွားတဲ့ ပုဂ္ဂိုလ်တွေအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး အမျှအတန်း ပေးဝေကြပါတဲ့။ အမျှပေးဝေခြင်းဖြင့် ချက်ခြင်း ဒုက္ခမှ ကယ်တင်လိုက်နိုင်တယ်ပေါ့။
ပေးဝေ ဘုန်းကြီးတို့ စစ်ကိုင်းမှာနေတုန်းက အမျှအတန်း တဲ့ ပွဲလေးတစ်ခု လုပ်ကြည့်တယ်။ ကိုယ်ကိုယ်တိုင်တော့ ဘာမှ [၈၆] မမြင်ရဘူး။ မြင်ရတဲ့ ဒကာမကြီးတစ်ယောက်က နာမည်နဲ့တကွ ပြောပြီးဖိတ်တယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ ဘယ်သူတွေ လာတယ်ဆိုတာ ပြောတယ်။ အမျှ လိုချင်လို့လာတာ။ တစ်ချို့ အဝတ်မပါဘူးတဲ့။ အမျှလိုချင်လို့ လာတဲ့အထဲမယ် ဘုန်းကြီး တွေ၊ သီလရှင်တွေလည်း ပါတယ်။ အမျိုးစုံ လာကြတယ်တဲ့။ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်း ပေးဝေခြင်းဟာ သူတို့ အတွက် အကျိုးရှိတယ်ဆိုတာ သေချာတယ်။ တခြားသူ ကိုယ်တွေ့တွေ ပြောတာကိုလည်း ကြားဖူးတယ်ပေါ့။ ကိုယ်တိုင် မမြင်ရသည့်အတွက် ဖြစ်နိုင်တယ်လို့ပဲ ပြောရမယ်။ ကိုယ်မြင်တဲ့ အရာ မဟုတ်သည့်အတွက် ဖြစ်နိုင်တဲ့အဆင့်လောက်ပဲ ထားရ တာပေါ့။
ပြိတ္တာမျိုးစုံရောက်လို့လာ သာဓုခေါ်ဖို့ပါ ဒီပြိတ္တာကြီးကို ကူညီလိုက်ရတဲ့အတွက် အမတ်ကြီးက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတယ်။ မနက်မိုးလင်းတဲ့အခါ ဗာရာဏသီ ဆိပ်ကမ်းကို ရောက်တယ်။ ဆိပ်ကမ်းမှာ မြတ်စွာ ဘုရားက ရှိနေတော့ ဘုရားကိုပင့်တယ်။ သူ တွေ့ကြုံခဲ့တဲ့ သနားစရာ ပြိတ္တာကြီးကို ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်း ထပ်ဝေချင်တယ်။ ဘုရားအမှူးရှိတဲ့ သံဃာတွေ သီတင်းသုံးဖို့ မဏ္ဍပ်ကြီးတစ်ခုထိုးပြီး အမျှအတန်းဝေဖို့ စီမံတယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ့ အဓိဋ္ဌာန် တန်ခိုးနဲ့ ဗာရာဏသီ ပတ်ဝန်းကျင်မှာရှိတဲ့ ပြိတ္တာတွေ အားလုံး [၈၇] ရောက်လာကြတယ်။ မြတ်စွာဘုရားရဲ့အစွမ်းတန်ခိုးနဲ့ ဖိတ်မန္တက ပြုလို့ ဒီပွဲမှာ အမျှလာပြီး ယူကြတယ်။ “အကျွတ်အလွတ်ပွဲ” ပေါ့။ အဲဒီတော့ ပြိတ္တာတွေ ရောက်လာလိုက်ကြတာ အမျိုးကို စုံနေတာပဲတဲ့။ အဝတ်မပါတဲ့ပြိတ္တာတွေကတစ်မျိုး၊ ခန္ဓာကိုယ်က ကြီးပြီး ပါးစပ်ပေါက်ကသေးနေတဲ့ ပြိတ္တာကတစ်မျိုး၊ မျက်လုံးက ခေါင်းမှာမရှိဘဲနဲ့ ဗိုက်မှာရောက်နေတာက တစ်မျိုး၊ အမျိုးကို စုံနေတာပဲတဲ့။
ပြိတ္တာတွေ အများကြီး အဲဒီပွဲကို ရောက်လာတဲ့အခါ ဘုရားရဲ့ တိုက်တွန်းချက်အရ .. ဘာကြောင့် သူတို့ ဒီဘဝ ရောက်တယ်ဆိုတာကို ပြောပြကြတယ်။ အားလုံး သူတို့လုပ်ခဲ့တဲ့ ကံတွေကို ပြောပြကြတယ်။ အဓိကကတော့ သူတို့ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို မလှူရုံ မတန်းရုံတင် မကဘူး လာရောက် တောင်းရမ်းတဲ့ ပုဂ္ဂိုလ်တွေကို ဆဲလွှတ်တာတို့၊ ကြိမ်းမောင်း လွှတ်တာတို့၊ ပစ္စည်းဥစ္စာတွေအပေါ် တွယ်တာတာတို့၊ လှူတဲ့ တန်းတဲ့ ပုဂ္ဂိုလ်တွေကို ဆဲဆိုကြိမ်းမောင်းတာတို့ ဒီလိုအလုပ်တွေ ကြောင့် သူတို့ ဒုက္ခရောက်ရတဲ့အကြောင်း ပြောပြကြတယ်။
တစ်ချို့ဆို ဘယ်လောက် ဒုက္ခရောက်တုန်းဆို အစာဆာ လို့ လိုက်ရှာတာ ဖတ်ဖတ်မောပြီး စားစရာမတွေ့ ဘူး။ မောပြီး လဲသွားတယ်။ ရေငတ်လို့ ရေလိုက်ရှာ သောက်စရာရေ မတွေ့ ဘူး။ မြစ်ကြီးထဲဆင်းသွားရင်လည်း ရေမတွေ့ ဘူး။ တစ်ခါတုန်း ကဆို ပြိတ္တာကြီးတစ်ကောင် ဂင်္ဂါမြစ်ကြောမှာ တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ ပြေးနေတာ။ ဆွမ်းခံသွားတဲ့ ကိုယ်တော် [၈၈] တွေနဲ့တွေ့တော့ ဘာလို့ပြေးတာတုန်း၊ ဘာလိုချင်လို့တုန်းလို့ ပေးတဲ့အခါ ရေဆာလွန်းလို့ ရေသောက်ချင်လို့တဲ့၊ ဒီမှာ မြစ်ကြီး စီးနေတာပဲဆိုတော့ သူ မမြင်ရဘူးတဲ့လေ။
“မင်းမျက်စိထဲ မြစ်မမြင်ရဘူးဆိုရင် ဒီသဲခုံပေါ်မှာ ပက်လက်လှန်ပြီးအိပ်၊ တို့ ရေတိုက်ကြမယ်” ဆိုပြီး ရဟန်းတွေက သပိတ်တွေနဲ့ ရေတွေခပ်ပြီး သူ့ပါးစပ်ထဲ လောင်းထည့်ကြတယ်၊ အခေါက်ပေါင်းများစွာတဲ့။ ဆွမ်းခံချိန်ရောက်လို့ ကိုယ်တော် တွေက “ရေတွေအများကြီး တို့တိုက်ပြီးပြီ၊ မင်းလည်း ဒီလောက် ဆိုရင် ဝလောက်ပါပြီ”လို့ဆိုတော့ “အရှင်ဘုရားတို့ တိုက်တဲ့ရေ လည်ချောင်း ဟိုဖက်ရောက်ရင် တပည့်တော် ပြိတ္တာဘဝက မလွတ်ပါရစေနဲ့” လို့ပြန်ပြောတယ်။ လည်ချောင်း ဟိုဖက်ကို မရောက်ဘူးတဲ့။ အကုသိုလ်ကံများ အင်မတန်မှ ကြောက်စရာ ကောင်းတယ်။ အင်မတန်ဆာလောင်ပြီး ဒုက္ခရောက်ကြတယ်။ ခရီးဝေးကြီး ပြေးလွှားပြီးတော့ အစာအာဟာရရှာတာ မစားရ ဘဲနဲ့ ပိန်ချုံးပြီး အရိုးပြိုင်းပြိုင်းထနေတဲ့ ပြိတ္တာတွေ အမျိုးစုံပဲတဲ့။
သူတို့လုပ်ခဲ့တဲ့ အကုသိုလ်တွေကြောင့် ဒုက္ခရောက်ရတဲ့ အကြောင်းတွေကို သူတို့ကိုယ်တိုင် မြတ်စွာဘုရားရှေ့မှာ ပြောပြ ကြတယ်။ ပရိသတ်တွေ အားလုံးကြားကြရတယ်။ သူတို့ ပြောတဲ့ ထဲမယ် ဘာတွေပါတုန်းဆိုတော့ “အကမ္မကာမာ အလသာ အလုပ်မလုပ်ချင်ဘူး။ လူ့ဘဝရောက်လာပြီး လုပ်ကိုင် မစား သောက်ချင်ဘူး။ ပျင်းတယ်တဲ့။ “သာဒုကာမာ မဟဂ္ဂုသာ” အကောင်းကြိုက်တယ်။ အစားကြီးတယ်။ တစ်ချို့ လူတွေက [၈၉] အဲဒီအတိုင်းပဲလေ။ အလုပ်လုပ်ရမှာတော့ပျင်းတယ်။ အစားကြီး တယ်၊ အကောင်းကြိုက်တယ်။ “အာလောပပိဏ္ဍဒါတာရော၊ ပဋိဂ္ဂဟေ ပရိဘာသိမှသေ” သူတို့အစာထဲက ခွဲပေးရမယ် ဆိုရင် မကျေနပ်ဘူး။ ဆဲတယ်နော်။
တစ်ခါတုန်းက အိမ်တစ်အိမ်မှာ ဘုန်းကြီးတွေ ဆွမ်းဘုဉ်း ပေးနေတုန်း ကလေးလေးက ဘာပြောတုန်းဆို “ဘုန်းကြီးတွေ အကုန်စားမသွားနဲ့၊ ငါ့အတွက်ချန်ဦး”တဲ့။ တကယ်ပြောတာနော်။ အဲဒီလိုမျိုးတွေလည်း ရှိတတ်သေးတယ်၊ ကလေးမို့ မသိတတ် သေးလို့ ပြောတယ်ဆိုပေမယ့် သူ့ရင်ထဲရှိတာ ပြောတာပေါ့။ သူ့အတွက် စဉ်းစားနေတာလေ။ ကလေးမို့ စဉ်းစားတယ်၊ လူကြီးကရော မစဉ်းစားဘူးလားဆိုရင် စဉ်းစားမှာပဲ။ နှမြောတာ လူ့ သဘာဝမို့ ဒီလိုပဲစဉ်းစားမှာပဲ။
“တေဃရာတာစဒါသိယော၊ တာနေဝါ ဘရဏာ- နိနော” ဆိုလိုတာက “သူတို့ လူ့ဘဝရတဲ့ အချိန်မှာ ဒီကုသိုလ် ကောင်းမှုကို လုံးဝသတိမရဘူး။ သူတို့ပိုင်ဆိုင်ခဲ့တဲ့ အဝတ်အစား တွေ စားစရာတွေ ရှာဖွေစုဆောင်းခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို သူတို့ သေသွားတဲ့နောက် ဘယ်သူတွေ သုံးစွဲရစ်တုန်းဆိုရင် တခြား လူတွေ သုံးနေရစ်ကြတယ်။ အဲဒီလို လူတွေလည်း အများကြီး ရှိတယ်။ ရှာရုံရှာသွားတယ်။ တစ်ခါမှလည်း အလှူအတန်း မလုပ်ဘူး။ ကိုယ်ကိုယ်တိုင် ရှာပြီးစုသွားတယ်။ စုနေတုန်းပဲ မစားရခင် သေသွားတယ်။ သူတို့သေသွားတာနဲ့ တစ်ပြိုင်နက် ဒီပစ္စည်းတွေက သူ့တို့အတွက် ဘာမှတန်ဖိုးမရှိတော့ဘူး။ မျက်စိ [၉၀] နှစ်လုံး မှိတ်သွားတာ၊ ဇီဝိန်ချုပ်သွားတာနဲ့ တစ်ပြိုင်နက် သူတို့ ဒုက္ခကိုခံစားကြရတယ်။
ရာဇဂြိုဟ်ပြည်က ဈေးသည်မကြီး လေးယောက်ဟာ အလေးခိုးပြီး ဈေးရောင်းကြတယ်။ ပစ္စည်းထဲ ဟိုဟာ ဒီဟာတွေ ထည့်ရောင်းတယ်။ မမှန်မကန် ရောင်းဝယ်ကြပြီး ရသမျှတွေ စုထားကြတယ်။ ရုတ်တရက်သေတော့ ပြိတ္တာမကြီးတွေ သွား ဖြစ်တယ်။ သူတို့ရှာထားတဲ့ ပစ္စည်းတွေ၊ ဆောက်ထားတဲ့ အိမ် တွေကို သားစဉ်မြေးဆက် အမွေရတဲ့လူတွေက ဇိမ်နဲ့သုံးစွဲ နေထိုင်ကြတယ်။ ယူကြုံးမရဖြစ်ပြီး ညညမှာ အော်ကြတယ်တဲ့။ “မယံ ဘောဂေ သံဟရိမှ၊ သမေန ဝိသမေနစ” တို့ကတော့ တရားတဲ့နည်းနဲ့ရော မတရားတဲ့နည်းနဲ့ရော စည်းစိမ် ဥစ္စာတွေ ရှာလိုက်ကြ၊ စုလိုက်ကြ။ “တေ အညေ ပရိဘုဉ္ဇန္တိ” တို့ရှာထားတာတွေကို တခြားလူတွေ သုံးနေကြတယ်။ “မယံ ဒုက္ခဿ ဘာဂိနီ” တို့ကတော့ ဒုက္ခခံနေကြရတယ်။ တို့ရှာတာ တွေလည်း တို့မသုံးရဘူးလို့ ငြီးကြသတဲ့။
ဟုတ်တယ်လေ၊ ပစ္စည်းဆိုတာ မျက်စိနှစ်လုံးမှိတ်ပြီး ဇီဝိန် ချုပ်သွားတာနဲ့ ကိုယ်နဲ့ဘာမှမဆိုင်တော့ဘူး။ ဒီဘဝကပစ္စည်း တွေ အကုန်ထားခဲ့ရတာကိုး။ ဒါလည်း သတိထားစရာ ကောင်း တယ်။ ကိုယ်ရှိနေတုန်း ကိုယ့်ခြေကိုယ့်လက် ကုသိုလ်ကောင်းမှု တွေ လုပ်ဖို့လိုအပ်တယ်။ သေခြင်းတရားဆိုတာ ကပ်နေတာ။
“တေ ဃရာ တာ စ ဒါသိယော” တို့ဆောက်ထားတဲ့ အိမ်တွေ တို့ငှားထားတဲ့ လူတွေ၊ “တာနေဝါ ဘရဏာနိနော”
[၉၁] တို့ဝယ်ထားတဲ့ လက်ဝတ်တန်ဆာတွေ အဝတ်အစားတွေ၊ “တေ အညေ ပရိစာရေတိ” အဲဒါတွေနဲ့ သူတို့က ကြော့လို့ မော့လို့ သုံးနေကြတာ။ “မယံ ဒုက္ခဿ ဘာဂိနော” ငါတို့တော့ အခု ဒုက္ခခံနေရပြီလို့ ငြီးငြူကြသတဲ့။ ဒါကြောင့် ဒါနကောင်းမှုဆိုတာ ပြုသင့်ပြုထိုက်တဲ့ အရာတစ်ခုပဲပေါ့။
နှမြောခြင်းနဲ့ မေ့လျော့ခြင်း မြတ်စွာဘုရားက ဟောထားတယ်။ လောကမှာ အစာ အာဟာရနဲ့ ကင်းပြီး သတ္တဝါတွေ အသက်မရှင်ကြဘူး။ အဲဒီ အစာအာဟာရက ဘယ်လိုပုဂ္ဂိုလ်ဆီ ရောက်လဲဆိုရင် လှူခဲ့ တန်းခဲ့တဲ့ ပုဂ္ဂိုလ်ဆီသာ စုရောက်တာ။ စားချင်တိုင်း ကိုယ့်ဆီ ရောက်မယ်လို့ မအောက်မေ့လေနဲ့။ လှူခဲ့တန်းခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဆီပဲ ရောက်တယ်တဲ့။ သူစားနိုင်သည် ဖြစ်စေ၊ မစားနိုင်သည် ဖြစ်စေပေါ့။ ကျန်တဲ့ပုဂ္ဂိုလ်ကိုတော့ လှည့်တောင်ကြည့်မှာ မဟုတ်ဘူးတဲ့။ ဒါမှန်တယ်။ တကယ့်ကို ကံက အကျိုးပေးပြီ ဆိုရင် စားစရာ သောက်စရာတွေ သူ့ထံ စုပြုံရောက်လာတယ်။ ဒါကြောင့် မြတ်စွာဘုရားက ပစ္စည်းဥစ္စာနဲ့ ပတ်သက်ပြီး မစ္ဆရိယ စိတ်တွေ မထားကြဖို့နဲ့ မစ္ဆရိယကို တော်လှန်ပြီး ဒါနကောင်းမှု ကို လုပ်သင့်တယ်လို့ တဖွဖွဟောခဲ့တာ ဖြစ်တယ်။
စားစရာ သောက်စရာတွေ ပေါနေတဲ့ဆီကို သွားပြီးတော့ မငြူစူလေနဲ့။ သူလုပ်ခဲ့တာတွေ သူပြန်ရနေတာ။ လောက လူတွေက ကိုယ်ပိုင်တဲ့ ပစ္စည်းတွေရှိလျက်သားနဲ့ ဘာဖြစ်လို့ [၉၂] ကုသိုလ်ကောင်းမှု မလုပ်ကြတာလဲဆိုရင် “မစ္ဆေရာ စ ပမာဒါစ ဧဝံဒါနံ န ဒီယတိ” တဲ့။ ကိုယ့်အတွက်သာ ကိုယ်ကြည့်တယ်။ ကိုယ့်အတွက်သာ ကိုယ်စဉ်းစားတယ်။ ဒါကို မစ္ဆရိယလို့ ခေါ်တယ်။ ကိုယ်သာသုံးမယ် သူများကိုမမျှဘူးဆိုတဲ့ စိတ်ဓာတ် ဟာ လူတွေမှာ ရှိနေတတ်တယ်။ အဲဒါကို မစ္ဆရိယစိတ်လို့ ခေါ်တယ်။
မစ္ဆရိယဆိုတဲ့ သဘောတရားက စိတ်ကို မှီပြီးဖြစ်တဲ့ သဘောတရား ဖြစ်တယ်။ ဒေါသနဲ့ တွဲဖက်ပြီး လာတယ်။ လောဘနဲ့တွဲတာ မဟုတ်ဘူး။ ဒေါသနဲ့ တွဲတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။ ကိုယ်ပိုင်ပြီဆိုရင် “မထိနဲ့”ဆိုတာ လာတော့တာပဲ။ အဲဒီကတည်းက တစ်ဖက်သားကို ရန်လုပ်တာ။
ကြောင်ကလေးတွေ ကြည့်၊ ပါးစပ်ထဲ ကြွက်ကလေး သို့မဟုတ် အစာလေးတစ်ခု ရောက်သွားရင် အနားနား ကြောင် တစ်ကောင်လာရင် မာန်ဖီတော့တာပဲ။ အဲဒါဘာလုပ်တာတုန်းဆို သူ့ဟာကိုသူ ကာကွယ်တာပဲ။ ကလေးလေးတွေ မုန့်ပေးပြီး ပြန်တောင်းကြည့်ပါလား မရဘူး။ သူတို့လက်ထဲ ရောက်သွား ရင် မပေးတော့ဘူး။ ဘာဖြစ်လို့လဲ? ဒါမစ္ဆရိယရဲ့ သဘောကို ပြတာပေါ့။ သူပိုင်ပြီဆိုရင် ပေးမယ်မထင်နဲ့။ အဲဒီလို ပေးဖို့ကမ်းဖို့ လက်တွန့်သွားတာ မစ္ဆရိယကြောင့်ပဲ။ မစ္ဆရိယဆိုတဲ့ သဘော တရားဟာ အစာရေစာ ရှားပါးခြင်းရဲ့ အကြောင်းဖြစ်တယ်။ ကိုယ်ကိုယ်တိုင်က ရက်ရက်ရောရော ပေးကမ်းခြင်း မရှိသည့် [၉၃] အတွက် ကိုယ့်ဆီမှာလည်း ရက်ရက်ရောရော ရောက်လာမှာ မဟုတ်တော့ဘူး။
ကုသိုလ်ကောင်းမှု လုပ်မယ့်အပေါ်မှာ စိတ်မဝင်စားဘူး၊ မေ့ထားတယ်၊ မေ့နေလို့မလှူတာတဲ့။ “မစ္ဆေရာ စ ပမာဒါစ ဧဝံဒါနံ နဒီယတိ လောကလူတွေဟာ နှမြောလို့ မလှူတာနဲ့ မေ့နေလို့ မလှူတာ ဒီနှစ်ခုကြောင့် အလှူဒါနက မဖြစ်မြောက် ဘူးတဲ့။ အလှူဒါနဆိုတာ အကြီးအကျယ်လှူမှ အလှူဒါန မဟုတ်ဘူး။ ကိုယ်စားတဲ့ထဲကနေ တစ်လုပ်တစ်ဆုပ် သတ္တဝါ လေးတွေကိုပဲ ဖြစ်ဖြစ်၊ ကိုယ်နဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ် ပေးတာ ကမ်းတာ ကျွေးတာ မွေးတာ ဒါတွေဟာ ဒါနပဲ။ အိမ်လာတဲ့လူ ကော်ဖီတိုက်တာ၊ လက်ဖက်ရည်တိုက်တာက အစ ဒါနပဲ။
ဒါပေမယ့် လူတွေက တစ်ခါတစ်ရံ မဟုတ်တဲ့နေရာ သွားပြီး သဒ္ဓါတရား ကောင်းတတ်ကြတယ်။ ကော်ဖီတိုက် ရမှာတော့ ဈေးကြီးလို့တဲ့။ အရက်ဝိုင်းမှာ သောက်ဖော် သောက်ဖက်ကိုသွားပြီး သဒ္ဓါတရားကောင်းနေတယ်။ ဒီတစ်ခါ ဒကာခံလိုက်ဦးမယ်နဲ့. လုပ်နေသေးတာလေ။ တကယ့်ကို တစ်ဖက်သားအကျိုးရှိမယ့် ဒါနမျိုးဖြစ်အောင်လုပ်ဖို့ အင်မတန် မှ အရေးကြီးတယ်။ မလုပ်ဘူးဆိုရင် ဒေါသနဲ့ တွဲဖက်လာတဲ့ ဒီမစ္ဆရိယ သဘောတရားက ဖြစ်လေရာဘဝမှာ အမွေအ ရှားရှားပါးပါး ဘဝမျိုးကို ရောက်စေနိုင်တယ်လို့ ဒီလိုဆိုတာ [၉၄] နော်။ ဒါကြောင့်မို့ ဒီပြိတ္တာတွေဟာလည်းပဲ ဒုက္ခရောက်ကြ တယ်တဲ့။
ဘဝမှာ အောက်တန်းကျတဲ့ အမျိုးတွေ၊ ဆင်းရဲတဲ့အမျိုး တွေမှာ မစ္ဆရိယကြီးမားတဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်တယ်တဲ့။ ဆိုပါစို့ လူ ့ဘဝရောက်လာပြီဆိုရင် မွေးကတည်းက တဲစုတ်နဲ့အိမ်မှာ သွားမွေးတယ် သို့မဟုတ် နေစရာမရှိတဲ့ မိသားစုထဲ သွားမွေး တယ်။ မစ္ဆရိယ နည်းပြီးတော့ ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်က မွေးကတည်းက တိုက်အိမ်မှာ သွားမွေးတယ်။ သူဋ္ဌေးအိမ်မှာ သွားမွေးတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို ဆုံးဖြတ်ရမှာ။ ငါ နောင်ဘဝ ကျရင် တဲစုတ်ထဲသွားမွေးမလား သို့မဟုတ် သူဌေးအိမ် သွားမွေး မလား။ သူဌေးအိမ်မွေးချင်ရင် ကုသိုလ်ကောင်းမှုတော့ လုပ်နေ ရမှာပဲ။ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ မစ္ဆရိယကို တော်လှန်ဖို့ အရေးကြီး တာ။ စိတ်ထဲ နှလုံးထဲမှာ မထားဖို့ အရေးကြီးတာ။ မစ္ဆရိယ ကလည်း တော်တော်ကို လူ့စိတ်ကို လွှမ်းမိုးထားနိုင်တဲ့ အနေ အထားမျိုး ရှိတယ်ပေါ့။
မစ္ဆရိယကင်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ အင်မတန်မှ အဆင်ပြေတဲ့ နေရာမျိုးကို ရောက်တယ်တဲ့။ မစ္ဆရိယကင်းလို့ ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့ပုဂ္ဂိုလ်ဟာ ဒီဘဝမှာ ချမ်းသာတဲ့ အမျိုး၊ မြင့်မြတ်တဲ့အမျိုး၊ မိသားစုထဲမှာ မတောင့်မတ မကြောင့် မကြ စားရတဲ့အမျိုးထဲမှာ လာပြီးတော့ လူဖြစ်တယ်တဲ့။ လူဖြစ်ပြီး [၉၅] တော့ သူ့ဘဝမှာ အမြဲတမ်း ပြီးပြည့်စုံတဲ့ဘဝမျိုးကို ရောက်တယ် တဲ့။
ကုသိုလ်ပြုက ချမ်းသာရ ဒါကြောင့်မို့ ဒီနေရာမှာ သတိပေးတဲ့အနေနဲ့ မှတ်သား စရာ ရေးသားထားတဲ့ စကားလေးတစ်ခုက “သုခံ အကတ ပုညာနံ၊ ဣဓ နတ္ထိ ပရတ္တစ” တဲ့။ အကတပုည ဆိုတာ ကုသိုလ်ကောင်းမှု မလုပ်တဲ့ပုဂ္ဂိုလ်ကို ပြောတာ။ ကုသိုလ် ကောင်းမှုဆိုတာ ဒါနကောင်းမှုရှိတယ်၊ သီလကောင်းမှုရှိတယ်၊ ဘာဝနာကောင်းမှုရှိတယ်။ ကုသိုလ်ကောင်းမှုဆိုတာ တန်ပြန် တူညီတဲ့အကျိုးတွေကို ပေးတတ်တာဖြစ်လို့ ကုသိုလ်ဆိုတာ စုံအောင်လုပ်သင့်တယ်။ တစ်ချို့က ဒါန လုပ်စရာမလိုဘူး ပြောရင်လည်း နားမယောင်လေနဲ့။ နောင်ဘဝ ရှားပါးလိမ့်မယ်။ ဒါနလည်း လုပ်ရမှာပဲ၊ သီလလည်း လုပ်ရမှာပဲ၊ ဘာဝနာလည်း လုပ်ရမှာပဲ။
ဒါနကောင်းမှု မလုပ်ဘူးဆိုတာနဲ့ ပတ်သက်လို့ အားလုံး လည်း ကြားဖူးကြလိမ့်မယ်။ ကဿပ ဘုရားလက်ထက်က ရဟန်းနှစ်ပါးက ကမ္မဋ္ဌာန်းတရား အားထုတ်နေတဲ့ ကိုယ်တော် တွေပဲ။ တစ်ပါးက ဘယ်လိုတွေးလဲဆိုရင် ဘုန်းကြီးဆိုတာ လှူစရာမလိုဘူးတဲ့။ ကိုယ့်တရား ကိုယ်အားထုတ်၊ တရား အားထုတ်ရင် ပြီးတာပဲ။ ဘာမှလုပ်စရာမလိုဘူးလို့ အတွေး အခေါ်ရှိတယ်။ ကျန်တဲ့ကိုယ်တော်တစ်ပါးက အဲဒီလို မဟုတ် [၉၆] ဘူး။ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ မျှဝေသုံးသင့်တယ်။ ဒါနကောင်းမှု လုပ်သင့်တယ်။ ဒီလိုအယူရှိတယ်။ တစ်ပါးရဲ့အတွေးကို တစ်ပါးက ပြောပေမယ် လို့ လက်မခံဘူး။ သူငယ်ချင်း နှစ်ယောက် အင်မတန်မှ ရင်းနှီးကြ တယ်။
အဲဒီ ကိုယ်တော်နှစ်ပါး ပျံလွန်တော်မူတဲ့အခါ နတ်ပြည် ရောက်တယ်။ ဒါနကောင်းမှု လုပ်သင့်တယ်ဆိုပြီး လုပ်တဲ့ ကိုယ်တော်က အစစအရာရာသာတယ်။ လုပ်စရာမလိုဘူးဆိုတဲ့ ကိုယ်တော်က အောက်ကျနောက်ကျ ဖြစ်တယ်။ နတ်ဘဝကနေ လူ့ ဘဝ ရောက်လာတော့လဲ ဒါနကောင်းမှု လုပ်သင့်တယ်လို့ ခံယူပြီး လုပ်တဲ့ကိုယ်တော်က ဘုရင့်သားလာဖြစ်တယ်။ လုပ်စရာ မလိုဘူးဆိုတဲ့ ကိုယ်တော်က အထိန်းတော်သား သွားဖြစ်တယ်။ တစ်ရက်တည်းမွေးကြတယ်။ အထိန်းတော်သားက အောက်မှာ အိပ်ရတယ်။ မင်းသားကတော့ ရာဇပလ္လင်ပေါ်မှာ ထီးဖြူနဲ့ အိပ်ရတယ်။ ကွာခြားတယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ်။
ဒါကြောင့် ဒါနဆိုတာ လုပ်မိအောင် လုပ်ရမယ်။ ဒါန ရှိသူနဲ့ မရှိသူ ဘဝသံသရာမှာ ကွဲပြားခြားနားမှု ရှိတယ်။ နောက်ဆုံး အရဟတ္တဖိုလ် ရသွားတာတောင်မှပဲ ဒါနရှိတဲ့ ပုဂ္ဂိုလ်က ဝဝလင်လင် စားရတယ်။ ဒါနမရှိဘူးဆိုရင် ငတ်ငတ် ပြတ်ပြတ်နဲ့ ရဟန္တာဖြစ်ရတယ်။ ဒါနကောင်းမှု ဆိုတာလည်း လုပ်ရမယ်၊ သီလဆိုတာလည်း လုပ်ရမယ်၊ ဘာဝနာဆိုတာ လည်း လုပ်ရမယ်။ ဒါကို ရည်ညွှန်းပြောတာ။ “သုခံ အကတ [၉၇] ပုညာနံ” ကောင်းမှုကုသိုလ် မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်မှာ “ဣဓ နတ္ထိ ပရတ္တစ” ဒီဘဝမှာလည်း သူ့အတွက် ချမ်းသာဆိုတာ မရှိဘူး။ နောင်ဘဝရောက်ရင်လည်း သူ့အတွက် ချမ်းသာဆိုတာ မရှိနိုင်ဘူးတဲ့။ ချမ်းသာဆိုတာ ကုသိုလ်ရဲ့ သင်္ကေတတစ်ခုပဲလို့ ဒီလိုပြောတာ။
မြတ်စွာဘုရားကိုယ်တိုင်က သုတ္တန်တစ်ခုမှာ ဟောထား တာရှိတယ်၊ “မာဘိက္ခဝေ ပုညာနံ ဘာယိတ္ထ၊ သုခဿေတံ အဓိဝဓနံ ယဒိဒံ ပုညာနိ” ဆိုတဲ့ စကားလေးရှိတယ်။ “ချစ်သား ရဟန်းတို့ ကုသိုလ်ကို မကြောက်ကြနဲ့။ ချမ်းသာဆိုတာ ကုသိုလ်ရဲ့နာမည်ပါ”လို့ ဒီလိုပြောတာ။ ချမ်းသာတယ်ဆိုတာ ကုသိုလ်ကပေးတာလို့ ပြောတာ။ ချမ်းသာတာဆိုရင် လူတွေက လိုချင်တယ်။ ကုသိုလ်ကျတော့ ကြောက်တယ်။ ချမ်းသာကို လိုချင်ရင် ကုသိုလ်ကို မကြောက်နဲ့လို့ ပြောတယ်။ ကုသိုလ် လုပ်ပါ။
“သုခံ အကတ ပုညာနံ၊ ဣဓ နတ္ထိ ပရုတ္တ ကုသိုလ်ကောင်းမှု မလုပ်တဲ့ပုဂ္ဂိုလ်အတွက် ချမ်းသာဆိုတာ ဒီဘဝမှာလည်းမရှိဘူး။ နောင်ဘဝမှာလည်း မရှိဘူးတဲ့။ “သုခဉ္ဇ ကတပုညာနံ၊ ဣဓ စေဝ ပရတ္ထ စ” ကုသိုလ်ကောင်းမှု လုပ်ပြီဆိုတဲ့ ပုဂ္ဂိုလ်တွေအတွက် ဒီဘဝမှာလည်း ချမ်းသာ၊ နောင်ဘဝမှာလည်း ချမ်းသာမယ်တဲ့။ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီး ဘုရားကိုယ်တိုင် ဟောထားတဲ့ သုတ္တန်တွေ၊ ဂါထာ တွေ အလွန်များတယ်။ “ဧဝံ ဇာတေန မစ္စေန ကတ္တဗ္ဗိ [၉၈] ကုသလံ ဗဟုံ”လူ့ဘဝ လူရယ်လို့ ဖြစ်လာရင် ကုသိုလ်ကောင်းမှု များများ လုပ်ပါလို့ တိုက်တွန်းထားတာ။ ဘာလို့လည်းဆိုတော့ ကုသိုလ်ရဲ့ အကျိုးတရားက ချမ်းသာသုခ ဖြစ်လို့ပဲ၊ ဒီလိုဆိုလို တာ။ ဘဝတစ်ခုမှာ ကုသိုလ်ကောင်းမှုရဲ့ အကူအညီကြောင့် ဆင်းရဲဒုက္ခ ရောက်နေတာတောင်မှပဲ ချမ်းသာသုခကို ရသွား တယ်။
အဲဒီတော့ ကောလိယ အမတ်ကြီးက ကုသိုလ်ကောင်းမှု လုပ်ပြီး ပြိတ္တာတွေကို အမျှအတမ်း ပေးဝေလိုက်တဲ့အခါ အားလုံး ပြိတ္တာတွေ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြတယ်။ ဒီသာဓုခေါ်တဲ့ ကုသိုလ်က သူတို့ကို ကယ်တင်သွားတယ်။ (အဘိဇ္ဇမာန ပေတဝတ္ထု) သူတို့တွေ ချမ်းသာသုခတွေ ခံစား ကြရတယ်။ အင်မတန်မှ ဝမ်းသာ ကြည်နူးဖွယ်ရာ ကောင်းသည့် အတွက်ကြောင့် “ကုသိုလ်တရားကို မမေ့မလျော့ ကြိုးစား လုပ်သင့်တယ်” ဆိုတာ ဒုဂ္ဂတိဘုံသားတွေရဲ့ အမှာစကားပေါ့။ ဒုဂ္ဂတိဘုံသားတို့ လက်တွေ့ခံစားရတဲ့ အကုသိုလ်ရဲ့အကျိုး ဆင်းရဲဒုက္ခတွေ၊ ကုသိုလ်ရဲ့အကျိုး ချမ်းသာသုခတွေ ဒါတွေကို သိရှိကြပြီး ဘုန်းကြီးတို့တတွေ လူ့ဘဝရနေတဲ့အချိန် ကုသိုလ် လုပ်ဖို့လိုတယ်။ အခွင့်ကောင်းတွေ ကြုံပါလျက် ကုသိုလ် မလုပ် ဘဲနဲ့ မေ့လျော့နေကြမယ်၊ ပစ္စည်းဥစ္စာကို တစ်သက်လို့ထင်ပြီး မက်မောတွယ်တာနေကြမယ်ဆိုရင် တန်ဖိုးရှိတဲ့ လူ့ဘဝကြီးမှာ လူဖြစ်ကျိုးနပ်မှာ မဟုတ်ဘူးလို့ ဒီလို သတိသမ္ပဇညထားပြီး ကုသိုလ်တရားဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်တယ်လို့ ကိုယ်စီ [၉၉] ကိုယ်စီ သဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု [၁၀၁] သာသနာတော်နှစ်၂၅၅၆- ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၄-ခုနှစ်၊ နယုန်လပြည့်ကျော် (၈)ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၁-ခုနှစ်၊ ဇွန်လ(၁၂)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဇမ္ဗူသီရိ ဓမ္မဗိမာန်တော် အတွင်း ဆင်ယင်ကျင်းပ ပြုလုပ်အပ်သည့် ဓမ္မသဘင် အခမ်း အနား၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေး မိဘဘိုးဘွား ဆွေမျိုးများနှင့် ဦးတင်စိုးတို့အား ရည်စူး၍ ဒေါ်လှခင်မိသားစု ကိုကျော်သင်းဆေးဆိုင် အမတဒါန ဓမ္မဒါနအဖြစ် ဟောကြား အပ်သော “ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား အပိုင်း(၄)” အကြောင်း တရားဒေသနာတော်။
ဒီကနေ့ “နန္ဒက ပေတဝတ္ထု”အကြောင်း ဟောပြောမှာ ဖြစ်တယ်။ ပေတဝတ္ထုမှာ ဝတ္ထုအပုဒ်ပေါင်း ငါးဆယ့်တစ်ပုဒ် မှတ်တမ်းတင်ထားသော်လည်း အားလုံးစုစုပေါင်း ရှစ်ဝတ္ထု လောက်ပဲ ဘုန်းကြီးတို့တတွေ ဟောကြားပေးမယ်။ ထူးခြားတဲ့ ဝတ္ထုတွေကို ရွေးချယ်ပြီး မှတ်သားရမယ့် အချက်တွေကို ဟောပြောမှာ ဖြစ်ပါတယ်။
[၁၀၂] ကံမကောင်း အကြောင်းမလှလို့ ဒုဂ္ဂတိဘုံဘဝ ရောက် သွားကြတဲ့အခါ လက်တွေ့ ခံစားကြရတဲ့ ဒုက္ခတွေ ဘာကြောင့် ဖြစ်ခဲ့တယ်ဆိုတာ ပြန်လည်တွေးတော ဆင်ခြင်ကြည့်ခြင်းအား ဖြင့် ဘာတွေ အမှားလုပ်ခဲ့လို့ အခုလို ဒုက္ခရောက်ရတယ် ဆိုတာ တွေ သိရှိနားလည်လာကြတယ်။ အဲဒီလို နားလည်လာတဲ့အခါ အင်မတန်မှ နောက်ကျသွားတဲ့ အနေအထားမျိုး ရောက်တယ် ပေါ့။ ဒုဂ္ဂတိဘုံ ရောက်နေကြတဲ့ သတ္တဝါတွေ အထူးအားဖြင့် ပြိတ္တာတွေ အစားဆင်းရဲ အနေဆင်းရဲ ဒုက္ခအကြီးအကျယ် ခံစားနေရာကနေ မှာကြားလိုက်တဲ့ အမှာစကားတွေကို မှတ် သားပြီး သံဝေဂယူဖို့ဖြစ်တယ်။
မှတ်သားရန် ဒီ နန္ဒက ပေတဝတ္ထုက ပိဋကတ်စာပေထဲမှာ အတော် နောက်ကျမှ ဝင်လာပြီး မှတ်တမ်းတင်ခဲ့တာ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသွားလို့ သာသနာတော်နှစ် အနှစ် (၂ဝဝ) ရောက်တဲ့ အချိန် ဒီဇာတ်လမ်းဟာ ဖြစ်ပေါ်လာတယ်။ လူသားတွေ ရှိနေ သမျှ ဒီလိုဝတ္ထုဇာတ်လမ်းတွေကတော့ အမြဲတမ်းရှိနေမှာပဲ။ မှတ်တမ်းတင်နိုင်တဲ့ ဝတ္ထုဇာတ်လမ်းရှိသလို မှတ်တမ်းမတင် နိုင်တဲ့ ဝတ္ထုဇာတ်လမ်းတွေလည်း အများကြီးရှိတယ်။ လုပ်ကြံ မှတ်တမ်းတင်တဲ့ စိတ်ကူးယဉ်ဝတ္ထုမျိုးတွေ မဟုတ်ဘူး။ တကယ့် အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတာ။
[၁၀၃] အခု နန္ဒကပေတဝတ္ထု ကို မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးတဲ့နောက် အနှစ် (၂ဝဝ)၊ အသောကမင်းကြီး လက်ထက် တတိယ သံဂါယနာတင်တဲ့ အချိန်လောက်မှ စာပေထဲ ထည့် သွင်းခဲ့တာပေါ့။ ဒါကိုကြည့်မယ်ဆိုရင် ပထမသံဂါယနာတုန်းက မပါတဲ့ ကျမ်းတစ်ချို့ကို ဒုတိယသံဂါယနာကျမှ ထပ်ဖြည့်တယ်။ တစ်ခါ နောက်ပိုင်းမှာဖြစ်တဲ့ အကြောင်းအရာတွေကိုလည်း တတိယသံဂါယနာမှာ ထပ်ဖြည့်တယ်။ အဲလိုထပ်ဖြည့်တာလေး တွေရှိတယ်။ သို့သော် ဘုရားလက်ထက်က ဘုရားဟောတဲ့တရား ဆိုတဲ့ ပုံစံမျိုးနဲ့ ဖြည့်တာမဟုတ်ဘူး။ အဖြစ်မှန်အတိုင်းပဲ မှတ်တမ်းတင်ထားတာဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓရဲ့တရားတော် တွေသည် လုပ်ကြံထားတဲ့အရာမျိုး မဟုတ်ဘူး၊ နောက်တိုး ဆိုတာလည်း နောက်တိုးတာမှန်းသိအောင် သိသိသာသာ ပွင့်ပွင့်လင်းလင်း ထည့်သွင်းထားတယ်။ ဘာဖြစ်လို့ ထည့်သွင်း သလဲ? မှတ်သားဖို့ရာ အင်မတန်မှကောင်းလို့ ထည့်သွင်းတာ ဖြစ်တယ်။
ဗုဒ္ဓစာပေ အခု မြန်မာနိုင်ငံမှာ အားလုံးသိကြတဲ့အတိုင်း ဗုဒ္ဓ သာသနာ(၂၅ဝဝ) အထိမ်းအမှတ်အနေနဲ့ ဆဋ္ဌသံဂါယနာ တင်ခဲ့တယ်။ အဲဒီ သံဂါယနာတင်တဲ့အချိန်မှာ အသိအမှတ်ပြုပြီး ကျမ်းစာအချို့ တိုးတာလည်း ပါတယ်ပေါ့။ ပိဋကတ်တော် ပါဠိတော် အုပ်ရေ (၄၀)၊ ထို အုပ်ရေ(၄၀)ကို ထပ်ဖွင့်တဲ့ [၁၀၄] အဋ္ဌကထာ (၅၂)အုပ်၊ အဋ္ဌကထာထဲမှာ ကျန်နေတာတွေ၊ မရှင်းတာတွေကို ထပ်ဖြည့်ရှင်းတဲ့ ဋီကာ (၂၆)အုပ်၊ ဒါတွေဟာ ဒီဆဋ္ဌသံဂါယနာမှာပါတဲ့ ကျမ်းတွေပေါ့။
သို့သော် သံဂါယနာထဲမှာ မပါဘဲနဲ့ မြန်မာပြည်မှာ ရွတ်ဖတ်သရဇ္ဈာယ်နေတဲ့ သုတ္တန်နှစ်ခုရှိတယ်။ ဒါတွေက ထေရဝါဒသုတ္တန် ဟုတ်ချင်မှဟုတ်မယ်။ “ပရိမိတ္တဇာလသုတ်” နဲ့ “ဓာရဏပရိတ်” တို့ဖြစ်တယ်။ သံဂါယနာမှာ မပါတဲ့ စာပေ တွေ မရှိဘူးလားဆိုတော့ ရှိတယ်။ မြန်မာပြည်မှာ သံဂါယနာ မတင်တဲ့ စာပေတွေလည်း တော်တော်များများ ရောက်လာတာ ရှိတယ်။
ဥပမာမယ် ခုခေတ် ချင်းမိုင်လို့ခေါ်တဲ့ ဇင်းမယ်မှာ ငါးရာ့ ငါးဆယ်ပုံစံ ရေးထားတဲ့ ပါဠိရေး ကျမ်းစာတစ်စောင်ရှိတယ်။ ဇာတ်လမ်းဇာတ်ကွက်က အင်မတန်မှ ထူးထူးခြားခြားတွေ ရေးထားတာ။ ဇင်းမယ်ပဏ္ဏာသ လို့ ခေါ်ကြတယ်။ အဲဒီ ချင်းမိုင်က ဆရာတော်တစ်ပါးရေးပြီး မှတ်တမ်းတင်ခဲ့တာ။ သို့သော် သူမှတ်တမ်းတင်တာက ဘုရားလက်ထက်က ဖြစ်ပျက် ခဲ့တဲ့ တကယ့်အဖြစ်အပျက် အကြောင်းအရာတွေ ဆိုပြီးတော့ မှတ်တမ်းတင်တာပဲ။
“ပဏ္ဏာသ” ဆိုတာ ငါးဆယ်၊ ဇာတ်လမ်း ဇာတ်ကွက် ငါးဆယ်ရှိတယ်လို့ပြောတာ။ ဇမ္ဗုပတိ ချွတ်ခန်းတို့ ဘာတို့ဆိုတာ အဲဒီထဲပါတယ်။ သို့သော် သံဂါယနာတင်တဲ့ အသိအမှတ်ပြု ကျမ်းထဲမှာ မပါဘူး။ မြန်မာလူမျိုးတွေ တစ်ချို့ ရွတ်ဖတ်နေကြ [၁၀၅] တဲ့ ပရိမိတ္တဇာလသုတ်၊ ဓာရဏပရိတ် တို့ဆိုတာ ဒီ သံဂါယနာတင်တဲ့အထဲမှာ မပါတဲ့ ကျမ်းစာတွေလို့ ဒီလိုပြောရ မယ်။ အဲဒီအထဲမယ် ပါဠိတွေကလည်း အင်မတန်မှ ထူးဆန်း တယ်၊ ပရိမိတ္တဇာလသုတ်မှာဆိုရင် “ဣတ္ထိ၊ မိလ္လိ၊ နိလ္လိ၊ ရောရုဝေ၊ မဟာရောရုဝေ” တို့ ကြားရခဲတဲ့ ပါဠိစကားလုံး တွေပေါ့။ အနက်အဓိပ္ပါယ် ပြန်ထားတာလည်း မကြားဖူးတဲ့ အနက်အဓိပ္ပါယ်တွေပဲ။ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတယ် ဆိုတာတော့ မပြောနိုင်ဘူးပေါ့။
ဘုရားဟော ပါဠိတော်တွေထဲမှာပါတဲ့ တကယ့် ပရိတ္တ အစစ်တွေကတော့ အခု မြန်မာပြည်မှာ မှတ်တမ်းတင်ထားတဲ့ ပရိတ်ကြီးပါဠိ ဖြစ်တယ်။ အဲဒီထဲမှာလည်း ဂါထာတွေ၊ နိဒါန်း တွေ၊ သစ္စာဆိုပုံတွေထပ်ဖြည့်ထားတယ်။ သို့သော် အဲဒီ “ “ဣတ္ထိ၊ မိလ္လိ၊ နိဋ္ဌိ” ဆိုတာတွေပါတဲ့ဟာကတော့ သံဂါယနာမှာလည်း မရှိဘူးပေါ့နော်။
ဓါရဏပရိတ်မှာ တစ်ချို့ အပိုဒ်ကလေးတွေက ပါဠိ စာပေထဲမှာ တွေ့နိုင်တယ်။ မဟာယာနကျမ်းစာတွေမှာလည်း မြတ်စွာဘုရားရဲ့ ဂုဏ်တော် တစ်ဆယ့်ရှစ်ပါး၊ “အဋ္ဌရသဟိ ဓမ္မေဟိ” လို့ဆိုတယ်။ အာဝေဏိက ဂုဏ်တော်လို့လည်း ခေါ်တယ်။ အဲဒါတွေကတော့ ပါဠိ ဝိဘင်းကျမ်းကြီးကို ဖွင့်တဲ့ “သမ္မောဟဝိနောဒနီအဋ္ဌကထာ”၊ အဲဒီ အဋ္ဌကထာကို ထပ် ဖွင့်တဲ့ “မူလဋီကာ” မှာ တစ်ဆယ့်ရှစ်ကို သရုပ်ဖော်တဲ့အခါ ဒီ အာဝေဏိကဂုဏ်တော်တစ်ဆယ့်ရှစ်ပါးကို ရေတွက်ပြထား [၁၀၆] တယ်။ ဒါပေမယ့် အခုရွတ်နေတဲ့ ဓါရဏပရိတ်မှာပါတာ အကုန် မဟုတ်ဘူး။
ပါဠိပိဋကတ်မှာ မြတ်စွာဘုရားကိုယ်တိုင်ဟောတဲ့ သုတ္တန် တွေကို ပိုပြီးတော့ အလေးထားသင့်တယ်ပေါ့။ အဲဒါတွေက လူတွေထဲမှာ သိပ်ပြီး မရောက်ကြဘူး။ လက်တွေ့ကျင့်သုံးရမယ့် တရားစာပေတွေကိုပဲ ပိုပြီး အလေးအနက်ထားဖို့ လိုတယ်။ သာသနာ နှစ်ပေါင်းများစွာကြာပြီး ခေတ်အဆက်ဆက် ဖြတ် လာတဲ့အခါမှာ ရေးဖြည့်ထားတာတွေ မရှိဘူးတော့ မဟုတ်ဘူး၊ ရှိတယ်။ အဲဒါတွေကို ခွဲခြားသိရမယ်ပေါ့။
Buddhism & Tradition ဘုန်းကြီးငယ်ငယ်က ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ် သတိထားစရာ ဗဟုသုတအဖြစ် ပြောပြမယ်။ မြန်မာနိုင်ငံမှာ မြန်မာလိုရေးထုတ်တဲ့ စာအုပ်တစ်အုပ်မှာ ဒီ နန္ဒကပေတဝတ္ထုကို ကိုးကားပြီး ဘာတွေ သူက Conclusion ဆွဲသွားသလဲ၊ ကောက်ချက်ချသွားသလဲဆိုရင် ဗုဒ္ဓရဲ့ ပိဋကတ်တော်တွေ ထဲမှာလည်း ဟိန္ဒူဝါဒတွေ ပါဝင်နေတယ်တဲ့။ တကယ်တော့ ဝတ္ထုကို သူ သေသေချာချာဖတ်ပုံမရဘူး။ ဝတ္ထုထဲက ပြိတ္တာကြီး က သူ ဒီလိုမှားယွင်းတဲ့ အယူအဆတွေ ယူခဲ့တာကြောင့် ပြိတ္တာဘဝ ရောက်တယ်ဆိုတာ ပြောပြထားတာ။
ပိဋကတ်ထဲမှာ ဟိန္ဒူဝါဒတွေဝင်တာ မဟုတ်ဘူးနော်။ ဒါကို သူက မှားမှားယွင်းယွင်း ကိုးကားပြီး ပိဋကတ်စာပေ [၁၀၇] မသန့်စင်သယောင် ရေးသွားတယ်။ စာမဖတ်ဘဲနဲ့ Conclusion ဆွဲသွားတာ။ ဒါမျိုးတွေကလည်း ရှိတတ်တယ်ပေါ့။ သတိထား စရာပေါ့နော်။ အဲဒီကော့ “ဗုဒ္ဓစာပေထဲမှာ ဟိန္ဒူဝါဒတွေ ရောနေ တယ်” ဆိုတာ မဟုတ်ဘူး၊ လုံးဝမရောဘူး။ လူတွေရဲ့ အတွေး အခေါ်ထဲတော့ ရောချင်ရောမယ်၊ စာပေထဲမှာ မရောဘူး၊ စာပေက သန့်စင်တယ်။
တစ်ခါတုန်းက သမိုင်းဘာသာရပ်ကို ပို့ချတဲ့ ဆရာကြီး တစ်ဦးက ပြောသွားတယ်။ မြန်မာနိုင်ငံရဲ့ ထေရဝါဒဟာလည်း မသန့်ရှင်းဘူးပေါ့။ နတ်ကိုးကွယ်မှုတွေ ဟိုဟာဒီဟာ ကိုးကွယ်မှု တွေနဲ့ ရောနေတယ်တဲ့။ ဘာလို့တုန်းဆို ရွှေတိဂုံဘုရားပေါ် တက်ကြည့်တဲ့၊ ဘိုးတော်ရုပ်တွေ နတ်ရုပ်တွေ ပြည့်နေတာတဲ့။ အဲဒီတော့ သူပြောချင်တဲ့စကားရဲ့ အဓိပ္ပာယ်ကို ကွဲအောင်တော့ ပြောသင့်တာပေါ့။ မြန်မာပြည် ထေရဝါဒလို့ဆိုတဲ့ မြတ်စွာဘုရား ဟောတဲ့ တရားထဲမှာတော့ ဒီလိုရောတာမရှိဘူး။ ထေရဝါဒ သာသနာကို ကိုးကွယ်တဲ့ လူတွေထဲမှာတော့ ရောနှောတာ ရှိနိုင် တယ်။ ဒါက တရားနဲ့ မဆိုင်ဘူးလေ၊ လူနဲ့ဆိုင်တာ။ ဘယ်နိုင်ငံ မှာပဲဖြစ်ဖြစ် Tradition တွေ၊ Custom တွေ ရောနှောနေကြ တယ်။ ဒါက အင်မတန်မှ သတိထားစရာကောင်းတဲ့ အချက် တစ်ခုပေါ့။
မြန်မာပြည်ကို နိုင်ငံခြားသူ အမျိုးသမီးတွေ ရောက်လာ ကြတယ်။ မြန်မာနိုင်ငံက ဘုရားတွေထဲမှာရှိတဲ့ ဂန္ဓကုဋီတိုက် တွေမှာ “အမျိုးသမီး မဝင်ရ” လို့ရေးထားတယ်။ ကျိုက်ထီးရိုး [၁၀၈] ဘုရားမှာ ဘုရားစေတီတော်နားထိအောင် တံတားကို ဖြတ်ပြီး တော့ အမျိုးသမီးများ မတက်ရတို့ ဆိုတာလေးတွေရှိတယ်။ အဲဒီ ဆိုင်းဘုတ်တွေမြင်ရင် သူတို့က စိတ်ဆိုးတယ်။ Discrimi- nation ခွဲခြားဆက်ဆံတာလို့ ထင်တယ်။ ဒါကို မလည်မဝယ် Guide လုပ်တဲ့လူတွေက လျှောက်ပြောရင် ပိုဆိုးကုန်တယ်။ အဲဒါ တကယ်တော့ အဖြေက အလွယ်လေးရယ်။
တစ်ခါတုန်းက မက်ဆီကို က မက်ဆီကန် လူမျိုး သုံးဆယ်လောက် ဘုန်းကြီးတို့ဆီ ရောက်လာတယ်။ မန္တလေး မဟာမြတ်မုနိ ဘုရားကြီးထဲမှာ “အမျိုးသမီး မဝင်ရ” ဆိုတဲ့ ဆိုင်းဘုတ်ကို မကျေမနပ် ဖြစ်လာပြီး မေးခွန်းမေးတယ်။ အမျိုးသမီးတစ်ယောက်က မေးတယ်။ Is this Buddhism? ဒါ Buddhism လားတဲ့နော်။ ဒီလိုအမျိုးသမီးနဲ့ အမျိုးသား ခွဲခြားဆက်ဆံတာ ဗုဒ္ဓတရားတော်အရလားလို့ဆိုတော့ ဘုန်းကြီး ကတော့ သူ့ကို တိုတိုပဲပြောတယ်။
This is not the Buddhism. This is tradition. လို့ ပြောလိုက်တယ်၊ သူနားလည်သွားတယ်။ ဒါက ဗုဒ္ဓဘာသာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူး။ ဒါက မြန်မာလူမျိုးတွေရဲ့ Tradition သာ ဖြစ်တယ်လို့ဆိုရင် သူတို့ နားလည်သွားတယ်။ ဘာမှ စောဒကမတက်တော့ဘူး။
လူမျိုးတိုင်း လူမျိုးတိုင်း နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ Tra- dition ဆိုတာရှိတယ်။ အဲဒီတော့ Guide လုပ်တဲ့ လူတွေက လည်း သိပ်သတိထားဖို့ လိုအပ်တယ်ပေါ့။ ဘာမှ ရှည်ရှည် [၁၀၉] ဝေဝေ ပြောမနေနဲ့။ Tradition ဆိုရင် သူတို့နားလည်တယ်။ Buddhism နဲ့ မဆိုင်ဘူး။
အဲဒီတော့ ရွှေတိဂုံဘုရားပေါ်မှာ ဘိုးတော်ရုပ်တွေ ရောက်တာလည်း ဒါ ယုံကြည်သူတို့ရဲ့ Tradition ပဲ။ ထေရဝါဒ တရားတော်မှာ ဒီအယူအဆတွေ ရောနှောနေတာမဟုတ်ဘူး။ တရားတော်က သန့်စင်တယ်။ ဘုရား သာသနာ ကိုးကွယ်တဲ့ လူတွေက ရောထွေးနေတယ်ပေါ့။ ဒါကတော့လူနဲ့ဆိုင်တာလေ။ အရေးကြီးတာ ဘုန်းကြီးတို့က ဘုရားတရားတော် သန့်စင်နေဖို့ လိုတယ်။ ဘုရားတရားတော်တွေထဲမှာ မှားယွင်းတဲ့ အယူအဆ တွေ ထည့်သွင်းလက်ခံပြီဆိုရင်တော့ တရားတော် ပျက်စီး သွားနိုင်တယ်ပေါ့။ ဒါကြောင့်မို့ သန့်စင်တဲ့တရား Authentic Buddhism ကို ဘုန်းကြီးတို့တတွေ လေ့လာဖို့ လိုအပ်တယ်။ ပိဋကသုံးပုံထဲမှာ တကယ်ပါတဲ့ တရားမျိုးကို လေ့လာလိုက်စား ရမယ်။
မြတ်စွာဘုရားက မဟာပဒေသလေးပါး ဆိုပြီး ဟောထားခဲ့တာ ရှိတယ်။ ပရိနိဗ္ဗာန်စံခါနီး မြတ်စွာဘုရားရဲ့ မှာကြားချက်တွေကို ဘုန်းကြီးတို့ သီးသန့်ဟောထားတာရှိတယ်။ “ဗုဒ္ဓရဲ့မှာကြားချက်များ” ဆိုတာပေါ့။ အဲဒီတော့ ရည်ညွှန်းချက် တွေနဲ့ဆိုရင် ဘုရားက ဒါတွေမြင်လို့ မှာထားတာဖြစ်မယ်။ ဘုရားက “ငါဟောတာပါလို့ပြောလာရင် လက်မခံနဲ့ဦး။ စာပေနဲ့ ညှိကြည့်။ စာပေထဲမှာ မပါဘူးဆိုရင် ပြောဆိုရေးသားသူရဲ့ မှားယွင်းတင်ပြချက်သာ ဖြစ်တယ်။ ငါဟောတာ မဟုတ်ဘူး”
[၁၁၀] ဆိုပြီး မဟာပဒေသလေးပါးကို ဟောထားတယ်။ မဟာပရိနိဗ္ဗာန သုတ်မှာရှိတယ်။ “ဓမ္မမှတ်ကျောက်” ဆိုတဲ့ အထဲမှာလည်း ဘုန်းကြီးတို့ ရှင်းပြပြီးတော့ ဟောထားတယ်။ ဒါလေးတွေက သိသင့်သိထိုက်တဲ့ အချက်တွေပေါ့နော်။
အယူမှားက ပြိတ္တာဖြစ်ရ ကဲ ကောင်းပြီ၊ ဒီဝတ္ထုက သာသနာနှစ်(၂ဝဝ)ကျမှ ဖြစ်လာတာ။ ဇာတ်လမ်းက “သုရဋ္ဌ” တိုင်း “ပိင်္ဂလက” ဆိုတဲ့ ဘုရင်ကြီးနဲ့ ပတ်သက်တယ်။ သူက အသောကမင်းကြီးရဲ့ လက်အောက်ခံဖြစ်တယ်။ အသောကမင်းကြီးရှိတဲ့ ပါဋလိပုတ် ပြည်ကို ဆင်တပ် မြင်းတပ်ခြံရံပြီး အခွန်ဘဏ္ဏာဆက်သဖို့ သွားတယ်၊ သွားကန်တော့တာပေါ့။
မြန်မာနိုင်ငံမှာလည်း ဒီလိုပဲပေါ့။ မြန်မာ ဘုရင်တွေ ရှိတုန်းက တိုင်းကြပ်၊ ပြည်ကြပ်၊ စော်ဘွားတို့ ဘာတို့ဆိုတာ ပြည်ငယ်လေးတွေက သွားပြီး ဘုရင်ဆီ ဦးခိုက်ကြရတယ်။ လက်ဆောင်ပဏ္ဏာ နှစ်စဉ်ဆက်သကြရတယ်။ ကိုယ့်နေရာတော့ ကိုယ်ဘုရင်ပဲ၊ သို့သော် ကိုယ့်အထက်က ဗဟိုမှာအုပ်ချုပ်နေတဲ့ ဘုရင်ကြီးဆီ သွားကြရတယ်။
အသောက ဘုရင်ကြီးက မောရိယ အင်ပါယာကို တည်ထောင်ပြီးတော့ အိန္ဒိယနိုင်ငံကို အုပ်စိုးတယ်။ မောရိယ မင်းဆက်ကို မောရိယလို့ သုံးတယ်။ ပိင်္ဂလကဘုရင်အုပ်စိုးတဲ့ သုရဋ္ဌတိုင်းဆိုတာ အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုပေါ့။
[၁၁၁] ဒါကြောင့် ပိင်္ဂလကဆိုတဲ့ ဘုရင်ကြီးဟာ အသောကမင်းကြီးဆီ သွားပြီး လက်ဆောင်ပဏ္ဏာ ဆက်သရတယ်။
လက်ဆောင်ပဏ္ဏာ ဆက်သပြီး ပြန်အလာ တောခရီး တစ်ခုကို ဖြတ်သန်းရင်း ဘာတွေ့တုန်းဆိုတော့ ဖြောင့်ဖြူးပြီး အင်မတန်မှ သာယာတဲ့လမ်းကြီးတစ်ခုကိုတွေ့ တယ်။ သွားတွေ့ တော့ “ဒီလမ်းကသွားရအောင်” ဆိုပြီး သူ့ရဲ့ ဆင်ဦးစီးကို လမ်းသစ်ကိုရွေးချယ် မောင်းနှင်စေတယ်။ နေ့လည်အချိန်ကြီး ခါတိုင်း လမ်းရိုးကမသွားဘဲ အဲဒီလမ်းကို ဖြတ်သွားတယ်။
ဝင်လိုက်တဲ့အခါ နောက်ဆုံးက လိုက်လာတဲ့လူက ဘာ သတိပြုမိတုန်းဆိုတော့ ရှေ့မှာလမ်းကြီး ဖြောင့်ဖြူးနေတာ ဟုတ် တယ်။ အမှတ်တမဲ့ နောက်လှည့်ကြည့်လိုက်တဲ့အခါ နောက်က လမ်းပျောက်နေတယ်ဆိုတာကိုသတိထားမိတယ်။ ရှေ့မှာတော့ လမ်းရှိတယ်၊ နောက်ကြည့်လိုက်တဲ့အခါ သူတို့လာခဲ့တဲ့လမ်းက လုံးဝပျောက်ပြီး တောကြီးဖြစ်နေတယ်။ အဲဒီမှာ သူကလန့်ပြီး ဘုရင်ဆီကို ပြေးသွားပြီး “အရှင်မင်းကြီး၊ ကျွန်ုပ်တို့ လမ်းမှား လာပြီ။ နောက်မှာ လမ်းတွေပျောက်နေပြီ။ ပြန်ကွေ့ချင်လို့ မရတော့ဘူး” ဆိုပြီး လျှောက်တယ်။ ရှေ့က လမ်းကြောင်းကြီး ကတော့ ဖြူးနေတယ်။ နောက်လှည့်ကြည့်လိုက်ရင် လမ်းမရှိ တော့ဘူး။
ရှေ့ဆက်သွားလိုက်တဲ့အခါ ဘာတွေဖြစ်တုန်းဆိုတော့ ကြောက်မက်ဖွယ်ရာ အသံတွေလည်း ကြားနေရတယ်။ လူသား တွေရဲ့ အနံ့မဟုတ်တဲ့ အနံ့တစ်မျိုးကိုလည်း သူတို့ရတယ်။
[၁၁၂] နေ့လည်ကြောင်တောင်ကြီးမှာ သူတို့လမ်းမှားပြီး ပြိတ္တာဘုံ ဘက်ကို သွားမိလျက်သား ဖြစ်နေတယ်။ ဒီလိုသွားမိအောင် လည်းပဲ တန်ခိုးရှိတဲ့ ပြိတ္တာက လမ်းကြောင်းကြီး ဖန်တီးပြီး အဲဒီဘက်ကို မရောက်ရောက်အောင် ဆွဲခေါ်သွားတာပေါ့။ ခုခေတ်မှာလည်း ကျတ်ဆိုတာတွေ ရှိတယ်လေ။ ဖန်ဆင်းပြီး ပြတတ်တယ်။
အဲဒီလို လမ်းမှားလိုက်မိပြီး ဘုရင်ကြီးက ဆင်ပေါ် ကနေ ကြည့်တဲ့အခါ ခပ်လှမ်းလှမ်းမှာ အုံ ့ဆိုင်းပြီး အရိပ်အာဝါသ ကောင်းတဲ့ ညောင်ပင်ကြီးတစ်ပင်တွေ့တယ်။ “ဟေ့ ဟိုရှေ့က အုံ့အုံ့ဆိုင်းဆိုင်း အပင်ကြီးဆီ တို့ရောက်အောင်သွားရအောင်၊ အဲဒီမှာ စခန်းချမယ်” လို့ ဘုရင်ကြီးက ပြောပြီး ညောင်ပင်ကြီး ဆီ ရောက်အောင်သွားကြတယ်။
ညောင်ပင်ကြီးကလည်း အင်မတန်မှကြီးပြီး အရိပ် အာဝါသလည်းကောင်းတယ်။ ညောင်ပင်ကြီးအောက်ဝင်လိုက် တာနဲ့ သူတို့ကို ဧည့်ခံဖို့ မုန့်ပဲသရေစာတွေ၊ သောက်စရာတွေ ပြင်ဆင်ထားတာကို ထူးထူးဆန်းဆန်း တွေ့ ရတယ်။ အဲဒီအချိန် မှာ ပြိတ္တာက လူယောင်ဆောင်ထားတဲ့ လူတစ်ယောက်က ဘုရင်ကြီးကို ခရီးဦးကြိုပြုတယ်။ “အရှင်မင်းကြီး ဘာမှမပူပါနဲ့၊ ဒါတွေကို စားသောက်ပါဦး” ဆိုပြီး မုန့်တွေ ရေချမ်းတွေနဲ့ ဧည့်ခံတယ်။ ဘုရင်ကြီးကလည်း ဒီတောကြီးထဲမှာ မုန့်ပဲသရေစာ တွေနဲ့ ဒီလူက တို့ကို ဘာလို့ဧည့်ခံနေရတာတုန်းဆိုပြီး [၁၁၃] တအံ့တဩဖြစ်နေတယ်။ ဒီလူဟာ လူတော့ဟုတ်ပုံမရဘူးဆိုပြီး မေးတယ်။
“ဘယ်သူလဲ ? တို့က ဘယ်လို နားလည်ရမလဲ? မင်းက လူတော့ဟုတ်ပုံမရဘူး။ သိကြားမင်းလား၊ ဂန္ဓဗ္ဗနတ်လား၊ တောစောင့်နတ်လား? ” လို့ မေးတော့ သူက “မဟုတ်ပါဘူး။ ကျွန်တော်မျိုးဟာ ဝေမာနိကပြိတ္တာ ဗိမာန်ရှိတဲ့ ပြိတ္တာပါ။ တခြားသူမဟုတ်ဘူး၊ ဟိုဘဝတုန်းက အရှင်မင်းကြီးရဲ့ စစ်သူကြီး နန္ဒကပါ” လို့ဖြေတယ်။
“ဘာဖြစ်လို့ ဒီဘဝမျိုး ဖြစ်ရတာတုန်း” ဆိုတော့ သူက “နတ္ထိကဒိဋ္ဌိ လို့ခေါ်တဲ့ ကံ၊ ကံ၏အကျိုးကို မယုံကြည်တဲ့ အယူဝါဒကို စွဲကိုင်ထားတယ်။ လှူဒါန်းရမယ် ဆိုတာတွေ မယုံကြည်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ကူညီရမယ်ဆိုတာ တွေ မယုံကြည်ဘူး။ ဘာလုပ်လုပ် အကုသိုလ်လည်း မဖြစ်ဘူး။ ကုသိုလ်လည်း မဖြစ်ဘူး။ ဒီဘဝသေပြီးရင် နောက်ဘဝဆိုတာ မရှိဘူး။ အားလုံးဟာ သတ်မှတ်ထားတဲ့အတိုင်း သွားကြမှာပဲ ဆိုတဲ့ မှားယွင်းတဲ့ မိစ္ဆာအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်” လို့ သူက ရှင်းပြတယ်။
အဲဒီလို ရှင်းပြတဲ့အခါမှာ သူ့ မိစ္ဆာဒိဋ္ဌိ အယူဝါဒတွေနဲ့ ပတ်သက်ပြီး သူဘာတွေပြောတုန်းဆို “ဝိပါကော နတ္ထိ ဒါနဿ” သူများကိုပေးတာ ကမ်းတာ၊ လက်ဆောင်ပေးတာ ပေးသမျှ ဘာအကျိုးမှမရှိဘူး။ ပေးကမ်းခြင်းကြောင့် ဖြစ်ပေါ် လာနိုင်တဲ့အကျိုး တစ်ခုမှမရှိဘူးတဲ့။
[၁၁၄] ပြီးတော့ ဘာပြောသေးတုန်းဆို “လောကမှာ ဆရာဆိုတာ လည်း မရှိဘူး” တစ်ယောက်က တစ်ယောက်ကို သင်ပြနိုင်တယ် ဆိုတာ မရှိဘူး။ ယဉ်ကျေးတဲ့လူ ဆိုတာလည်း သူ့ဟာသူ ယဉ်ကျေးလာတာ။ ဘယ်ဆရာမှဆုံးမလို့ ယဉ်ကျေးတာ မဟုတ် ဘူး။ ရိုင်းတဲ့လူကလည်း ဆရာက မဆုံးမလို့ ရိုင်းတာမဟုတ်ဘူး။ သူ့ဟာသူရိုင်းတာ။ ဒါကြောင့် ဆရာဆိုတာကိုလည်း အသိ အမှတ် မပြုဘူး။ အမေဆိုတာကိုလည်း အသိအမှတ်မပြုဘူး။ အဖေဆိုတာကိုလည်း အသိအမှတ်မပြုဘူး။ အကြီးအငယ် ဆိုတာလည်း အသိအမှတ်မပြုဘူး။ သတ္တဝါဟာ အတူတူပဲတဲ့။ ကိုယ့်ရဲ့ အကိုကြီးတွေ၊ ဦးကြီးတွေ၊ ဦးလေးတွေ၊ ကြီးတော်တွေ၊ ဒေါ်ဒေါ်တွေ ဒါတွေတစ်ခုမှ အသိအမှတ်မပြုဘူး။ အတူတူပဲတဲ့။
အကြီးကို အသိအမှတ်မပြုသည့် အတွက်ကြောင့် ကြီးတဲ့ လူကို ရိုသေရမယ် ဆိုတာမျိုးလည်း သူလက်မခံဘူး။ “ဝုဍ္ဎာပစာယန” ဟုတ်လား “ငယ်သူကို သနား၊ ကြီးသူကို လေးစား” ဆိုတဲ့ အဆိုအမိန့်ကို သူလက်မခံဘူး။ ဘယ်သူ့ ဘယ်သူမှ လုပ်စရာမလိုဘူး။ အတူတူပဲတဲ့။
နောက်ထပ် သူပြောပုံက “လူတွေမှာ စွမ်းရည်သတ္တိ ဆိုတာလည်း ဘာမှမရှိဘူး။ လုံ့လဝီရိယ ဆိုတာလည်း ဘာမှ မရှိဘူး။ ဘာလုပ်လုပ် ဘာမှမဖြစ်ဘူး။ အရင်သတ်မှတ်ထားတဲ့ အတိုင်းပဲ ဖြစ်တယ်” လုံ့လဝီရိယရဲ့ အကျိုးကိုလည်း သူလက်မခံ ဘူးတဲ့။ ဒါတွေက မြတ်စွာဘုရား လက်ထက်တော် အခါကာလ [၁၁၅] တုန်းက တိတ္ထိဆရာကြီး ခြောက်ယောက် ဟောပြောထားတဲ့ အယူအဆတွေပဲ။ သူတို့ရဲ့ Philosophy တွေပဲ။
မာက္ခလိဂေါသာလ ဆိုတာ ဟောတယ်လေ။ “ဝီရိယ ဆိုတာ အလကား၊ ဘာမှလုပ်မနေနဲ့။ မင်း အေးအေးဆေးဆေး နေ။ လုပ်ရင် မင်းဒုက္ခနဲ့ပဲ တွေ့ မယ်။ လုပ်သည့်အတွက်လည်း ဘာအကျိုးမှ မရဘူး” တဲ့။ ဒီလို သူကပြောဆိုတယ်။
နောက်တစ်ခု ဒီပြိတ္တာကြီးက ဘာပြောတုန်းဆို ... အတိတ် ဘဝတုန်းက ကုသိုလ်ကောင်းမှုလုပ်လို့ ဒီဘဝ ချမ်းသာကြွယ်ဝ တယ်ဆိုတာ မဟုတ်ဘူး၊ ရသင့်တာကို သူရတာဖြစ်တယ်။ ရဖို့ရာအတွက် သူ့ဟာသူ သတ်မှတ်ပြီးသားပဲ။ ဒီလူက ရရမယ်၊ ဒီလူက မရရဘူး၊ ဒီလူက ဆင်းရဲမယ်၊ ဒီလူက ချမ်းသာမယ် ဆိုတာ ကြိုတင်သတ်မှတ်ချက် ရှိတဲ့အတိုင်းပဲဆိုတဲ့ “နိယတိ ဝါဒ” ကို လက်ခံတယ်တဲ့။ ဒါလည်း မာက္ခလိဂေါသာလရဲ့ ဝါဒပဲ။
နောက် သူ့ရဲ့ အင်မတန်မှ ဆိုးဝါးတဲ့ Philosophy တစ်ခုက “ပကုဓ ကစ္စာယန” ရဲ့ ဝါဒဖြစ်တယ်။ “လောကမှာ လူတစ်ယောက်က လူတစ်ယောက်ကို သတ်လို့မရဘူး။လူ တစ်ယောက်ကို ဓားနဲ့ခုတ်သတ်တယ်ဆိုတာ ပထဝီကာယ၊ အာပေါကာယ၊ တေဇောကာယ၊ ဝါယောကာယ၊ သုခ၊ ဒုက္ခ၊ ဇီဝဆိုတဲ့ Seven Bodyကာယကြီး ခုနစ်ခုထဲ ဓားဝင်သွားတာ သာဖြစ်တယ်၊ သတ်တာ မဟုတ်ဘူး” တဲ့။ ပြစ်မှုကျူးလွန်ဖို့ မြှောက်ပေးတဲ့ သူ့ရဲ့ Philosophy ပဲနော်။ ရက်ရက်စက်စက် [၁၁၆] ဖြစ်အောင် လုပ်ပေးတဲ့ ဝါဒမျိုးပဲ။ ဒါတစ်ချိန်တုန်းက အိန္ဒိယ နိုင်ငံမှာ ထွန်းကားခဲ့တဲ့ Philosophy တစ်ခုပဲ။
နောက်တစ်ခု သူက အတ္တဝါဒကို လက်ခံတယ်တဲ့။ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ထာဝရ မြဲတယ်ဆိုတဲ့ အတ္တ၊ ဗြဟ္မာ ကြီးက ဖန်ဆင်းပေးထားတဲ့ Individual Soul ဆိုတာလေး ရှိတယ်ပေါ့။ အဲဒီ Individual Soul ကို ဘယ်သူမှ ဖျက်ဆီးလို့ မရဘူးတဲ့။
အဲဒီ Soul လေးရဲ့ ပုံသဏ္ဌာန်က တစ်ခါတစ်ရံ ရှစ်မြှောင့် သဏ္ဌာန် ရှိတယ်။ တစ်ခါတစ်ရံ အလုံးကလေး သဏ္ဌာန်ရှိတယ်။ ဒါသူတို့ တွေးကြံကြတာ။ အတ္တနဲ့ ပတ်သက်လို့ အိန္ဒိယ Phi- losophy မှာ အများကြီး ရှိတယ်။ အတ္တကို အသေး အကြီး ဒီလိုရှိတာ။ ပုရွက်ဆိတ်ကသေးလို့ သူရဲ့အတ္တက သေးသေး လေးပေါ့။ ဆင်ကြီးရဲ့အတ္တကတော့ ကြီးတယ်ပေါ့။ အတ္တဆိုတာ တစ်ကိုယ်လုံး ပျံ့နှံ့ပြီးနေတာတဲ့။ အိန္ဒိယမှာ အတ္တဝါဒနဲ့ ပတ်သက်ပြီး အမျိုးမျိုး ကြံဆပြောဆိုတဲ့ထဲမယ် ဒီလို အယူအဆ တွေက ပိုတယ်ပေါ့။
နောက်တစ်ခါ သူပြောတဲ့ စကားလေးက “လူမိုက်ဖြစ်ဖြစ် ပညာရှိဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အချိန်အတိုင်း သွားမှာပဲတဲ့။ လူမိုက်ကလည်း ငါလူမိုက်ဆိုပြီး သံသရာရှည်ချင်လို့ မရဘူး။ ပညာရှိကလည်း ငါပညာရှိဆိုပြီး သံသရာ တိုချင်လို့ မရဘူး”တဲ့။ သူပြောတဲ့ဥပမာက မာက္ခလိဂေါသာလရဲ့ ဥပမာအတိုင်းပဲ။ မြင့်ရာကနေ အပ်ချည်လုံးတစ်လုံးရဲ့ အပ်ချည်စလေးကို ကိုင်ပြီး [၁၁၇] အဲဒီအပ်ချည်လုံးကို အောက်ကိုပစ်ချလိုက်တဲ့။ ကြိုးမဆုံးမချင်း အပ်ချည်လုံးက လိမ့်နေမှာပဲတဲ့။ အပ်ချည်ကြိုးဟာ သူ့ အတိုင်းအတာဆုံးတဲ့နေရာ ရပ်မှာပဲတဲ့။ လူတွေရဲ့ ဘဝဟာ လည်း သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုအတိုင်းပဲ သွား မယ်။ သံသရာခရီးသွားတယ်ဆိုတာ .. အဲဒီအတိုင်းအတာနဲ့ သွားနေကြတာ။ ကြိုးကုန်တဲ့နေ့တစ်နေ့ရပ်ကြမှာပဲတဲ့။ ဒီကြား ထဲမှာ ရပ်ချင်လို့လည်း မရဘူးတဲ့၊ ဒီလိုဆိုတာနော်၊ ဒီလို အယူ အဆတွေ သူ့မှာရှိခဲ့တယ်ဆိုတဲ့ အကြောင်းကို ပြန်ပြောပြတယ်။
နောက်တစ်ခါ လူတစ်ယောက် သေဆုံးခြင်းနဲ့ ပတ်သက် ပြီး သူယူခဲ့တဲ့ မှားယွင်းတဲ့အယူအဆကို ဥပမာလေးနဲ့ ပြောပြ တယ်။
“ယထာ ဂါမတော နိက္ခမ္မ၊ အညံ ဂါမံ ပ၀ိသတိ။ ဧဝမေဝံ စ သော ဇီဝေါ၊ အညံ ဗောန္တိ ပ၀ိသတိ” လူတစ်ယောက်ဟာ တစ်ရွာကထွက်ပြီး တစ်ရွာဝင်သွား သလို့ပဲ Soul ဆိုတဲ့ အတ္တလေးဟာ Body တစ်ခုကနေ ထွက်သွားပြီး Body တစ်ခုထဲ ဝင်တာပါတဲ့။
စာအုပ်တစ်အုပ်မှာ ဒါကိုရည်ညွှန်းပြီး “ဗုဒ္ဓဝါဒထဲမှာ ဟိန္ဒူဝါဒတွေ ရောနေတယ်” လို့ ပြောတာ။ ဒါက ဒီလို မိစ္ဆာဝါဒ ရှိခဲ့တဲ့အကြောင်းကို ဒီပြိတ္တာကြီးက ပြန်ပြောနေတဲ့စကားသာ ဖြစ်တယ်။ စာပေထဲမှာရောတာ မဟုတ်ဘူးနော်။ အဲဒါဆိုရင် ဗြဟ္မဇာလသုတ်တို့၊ သာမညဖလသုတ်တို့မှာ မိစ္ဆာဝါဒတွေ ထည့်သွင်းဟောထားတာ။
[၁၁၈] အခု သူပေးတဲ့ ဥပမာအတိုင်း ဗမာတွေပြောတဲ့ “ဝင်စား တယ်” ဆိုတာ အရပ်စကားအနေနဲ့တော့ ပြောလို့ရတယ်၊ အစစ်အမှန်အနေနဲ့ ဝင်စားတာတော့ မရှိဘူး။ ဒီဘဝကနေ နောက်ဘဝကို ပါသွားတာ ဘာမှမရှိဘူး။ ပါသွားတာ မရှိဘူး ဆိုပေမယ့် အကြောင်းတရားအနေနဲ့ ဆက်စပ်မှုရှိတာဖြစ်တယ်။ နောင်ဘဝ ဖြစ်ပေါ်ဖို့အတွက် ဒီဘဝဟာ အကြောင်းဖြစ်တယ်။ ဒီဘဝ အကြောင်းမပါဘဲနဲ့ နောင်ဘဝ မဖြစ်ဘူးလို့ ဒီလိုဆိုလို တာနော်။
သို့သော် ဒီဘဝက တစ်ခုခုက ထွက်သွားပြီး နောင်ဘဝ ထဲကို ဝင်သွားတာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့တုန်းဆို ဒီဘဝတင်ပဲ ကြည့်လေ၊ စိတ်ကလေးတွေဟာ ဖြစ်ပြီး ပျက်နေ တာချည်းပဲ။ ဘယ်အထိပျက်တာတုန်းဆိုရင် ပျက်ပြီး နောက် ထပ် ပြန်မရတဲ့ အပျက်မျိုးဖြစ်တယ်။ ဥပမာ ဖယောင်းတိုင် မီးလေးကို ငြိမ်းလိုက်မယ်ဆိုရင် မီးတောက်ဟာ နောက်ထပ် ပြန်ယူလို့ မရတော့ဘူး။ နောက်ထပ်ထွန်းတာ နောက်မီးပဲ။ အဲဒီသဘောပဲ၊ ပျက်သွားတယ်ဆိုတာ Forever အမြဲတမ်း ပျက်သွားတာ။
အကြောင်းကြောင့် ပေါ်လာတဲ့အရာဟာ ပျက်သွားတဲ့ အရာက ပြန်ပေါ်လာတာ မဟုတ်ဘူး။ သူ ့အကြောင်းကြောင့် နောက်တစ်ခုက အသစ်ပြန်ဖြစ်တာ။ စဉ်ဆက်မပြတ် ဖြစ်နေတဲ့ သဘော။ ပုနဘဝ ပုနဘဝနဲ့ သုံးတဲ့ စကားလုံးက အဲဒါပဲ။ ထပ်ဖြစ်တယ်၊ ထပ်ဖြစ်တယ်ဆိုတဲ့သဘော။ ဘာလို့ဖြစ်ရတာလဲ [၁၁၉] အကြောင်းရှိလို့ဖြစ်တာ။ အကြောင်းရှိနေသေးရင် ထပ်ဖြစ်မှာ။ သစ်ပင်တစ်ပင်ကို ခုတ်လိုက်၊ အောက်က အမြစ်ကျန်နေ သေးရင် ပြန်ပေါက်မှာပဲ။ ဒီလိုပဲ အကြောင်းရှိနေသေးရင် ပြန်ဖြစ်တယ်။ အကြောင်းမရှိတော့မှ တစ်ခါတည်း ပြတ်သွား တယ်။
အခုသူပြောတဲ့ စကားက “ရွာတစ်ရွာကနေထွက်ပြီး နောက်တစ်ရွာ ဝင်သလိုပဲတဲ့။ ဇီဝဆိုတဲ့ အတ္တလေးဟာလည်း ခန္ဓာတစ်ခုကနေထွက်ပြီး နောက်ခန္ဓာတစ်ခုကို ဝင်တယ်” လို့ ဆိုလိုတာ။ ဒီနေ့ခေတ် ဗုဒ္ဓဘာသာလို့ နာမည်ခံနေတဲ့ တိဘက် တွေဟာ Reincarnation ဆိုတဲ့ ပြန်လည်ဝင်စားခြင်းကို လက်ခံ တယ်။ ဗုဒ္ဓဘာသာဝင် ဗမာတွေလည်း ဒီစကားတော့ ပြောနေ တာပဲ။ သို့သော် မြတ်စွာဘုရားရဲ့ တရားတော်ကို အမှန်အတိုင်း သိပြီဆိုရင် Reincarnation ဆိုတာ မရှိဘူး။ အကြောင်းရှိလို့ အကျိုးပေါ်တာလို့ပဲ ယူရတယ်။ နောက်ထပ် ဒီကနေပြီးတော့ သွားတယ်ဆိုတာ တစ်ခုမှမရှိဘူး။ သို့သော် ဆက်စပ်မှုတော့ ရှိတယ်။
ဘယ်လိုဆက်စပ်တာလဲ? Processအနေနဲ့ ဆက်သွယ်မှု တော့ရှိတယ်။ အရင်တုန်းက ဘုန်းကြီးတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းဟောထားတဲ့ “န စ သော န စ အညော” ဆိုတာ ရှိတယ်။ “သူလည်းမဟုတ်ဘူး တစ်ခြားသူလည်း မဟုတ်ဘူး” ဒီလိုဆိုလိုတာ။ ဆက်စပ်မှုကတော့ ရှိတယ်ပေါ့။ နောက် ဥပမာ တစ်ခုက - [၁၂၀] “ယထာ ဂေဟတော နိက္ခမ္မ၊ အညံဂေဟံ ပဝိသတိ” တဲ့။ အိမ်တစ်အိမ်ကနေထွက်ပြီး နောက်အိမ်တစ်အိမ်ထဲ ဝင်သွားသလိုပဲတဲ့။ “ဧဝ မေဝံ စ သော ဇီဝေါ၊ အညံ ဗောဋ္ဌိ ပဝိသတိ” တဲ့။ ဇီဝဆိုတဲ့ အတ္တလေးဟာ Body တစ်ခုကထွက်ပြီး Body တစ်ခုထဲ ဝင်တာပါတဲ့။ ဒီဇီဝလေးဟာ ထာဝရမြဲပြီး Body ကြီးသာ ပြောင်းလဲနေတာ။ ဇီဝကတော့ မပြောင်းလဲဘူး၊ ဒီလိုဆိုလိုတယ်နော်။ ဒါဖြင့် ဒီ ဇီဝလေးပဲ ခွေးကိုယ်ထဲ ရောက်လိုက်၊ နွားကိုယ်ထဲ ရောက်လိုက်၊ ဝက် ကိုယ်ထဲ ရောက်လိုက် ဒီလိုနေတာပေါ့။
ဒီဇီဝလေးက မြဲနေတယ်လို့ဆိုရင် မဂ္ဂင်ရှစ်ပါးကျင့်ပြီး သံသရာဝဋ်က လွတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ မြတ်စွာဘုရားက ဟောတယ်၊ ဒီလိုမဟုတ်ဘူး၊ အကြောင်းနဲ့အကျိုး ဆက်သွယ်နေလို့ဖြစ်တာ။ အမှန်မမြင် သေးလို့ ဖြစ်တာ။ အမှန်မြင်လာတဲ့အခါ အကြောင်းနဲ့အကျိုးနဲ့ ရှင်းရှင်းလင်းလင်း သိသွားပြီဆိုတဲ့အခါ အကြောင်းတရားတွေကို ငြိမ်းသတ်လိုက်တာနဲ့တစ်ပြိုင်နက် အကျိုးတရား နောက်ထပ် မလာတော့ဘူး။ အကြောင်းသတ်တဲ့နည်းနဲ့ သွားတာ။
သမီးကျေးဇူး အဲဒီတော့ ဒီနန္ဒကဆိုတဲ့ ပြိတ္တာကြီးက သူဒီလို မိစ္ဆာ အယူဝါဒတွေ ရှိသည့်အတွက်ကြောင့် ပြိတ္တာဘဝ ရောက်ခဲ့ရတဲ့ [၁၂၁] အကြောင်းကို ဘုရင်ကြီးကို ရှင်းပြတယ်၊ တွေ့ ချင်လို့ကို သူက လမ်းလွှဲပြီးတော့ သူ့ဆီခေါ်တာ။
ဘုရင်ကြီးက နောက်တစ်ခုမေးတယ်။ “ဒီလို မိစ္ဆာအယူ ဝါဒ ရှိလျက်သားနဲ့ ဘာဖြစ်လို့ ဒီဘုံဗိမာန်ကြီးရပြီးတော့ အခုလို မုန့်တွေ ရေချမ်းတွေနဲ့ တို့ကိုဧည့်ခံနိုင်တာလဲ”
သူ့မှာ ဥတ္တရာလို့ခေါ်တဲ့ လိမ္မာတဲ့ သမီးတစ်ယောက် ရှိပါတယ်တဲ့။ ဘုရားတရား အင်မတန်မှ ကြည်ညိုတယ်။သဒ္ဓါ တရား အင်မတန်မှ ကောင်းတယ်။ သူသေသွားတဲ့အခါ သမီးလေးက အဖေ့အတွက်လို့ဆိုပြီး ဆွမ်းခံကြွလာတဲ့ ရဟန်း တစ်ပါးကို သေသေချာချာပင့်ပြီးတော့ သောက်စရာ ရေချမ်းတို့ မုန့်တို့ လောင်းလှူပြီး “ဒီကောင်းမှုသည် တမလွန်ဘဝသို့ ရောက်သွားတဲ့ ကျွန်ုပ်အဖေရဲ့ ကောင်းမှုဖြစ်ပါစေ” လို့ ဒီလို အမျှဝေခဲ့တယ်။ အမျှဝေလိုက်တာကို သာဓုခေါ်လိုက်တဲ့ အချိန်ကစပြီး သူ့မှာ ရေချမ်းတွေလည်း အများကြီးရလာတယ်။ မုန့်တွေလည်း စားမကုန်အောင် သူလိုချင်တဲ့ အချိန်တွေတိုင်း ရလာတယ်။ ဒါ သမီးလေးရဲ့ ကျေးဇူးကြောင့်လို့ ပြန်ပြောပြ တယ်။
ခြောက်လလွန်က ငရဲကျမည် အဲဒီလို ပြန်ပြောပြပြီးတော့ ဘုရင်ကြီးကို သူဟာ မိစ္ဆာ အယူဝါဒကြောင့် ခုပြိတ္တာဘဝမှာ သူရောက်ရှိနေတယ်။ သမီးရဲ့ ကျေးဇူးကြောင့် စားစရာတွေ ပေါများသော်လည်း နောင် [၁၂၂] ခြောက်လလွန်တဲ့အခါ ဒီမိစ္ဆာအယူဝါဒကြောင့်ပဲ ငရဲကျရ တော့မယ်။ ဒီဘဝမှာ သူအကြာကြီးနေလို့ မရဘူးပေါ့။ အဲဒီတော့ မိစ္ဆာအယူဝါဒ မိစ္ဆာဒိဋ္ဌိဆိုတာကို သာမန် မထင်နဲ့။ သူယူတဲ့ မိစ္ဆာဒိဋ္ဌိကို ဒုစရိုက်ဆယ်ပါးထဲမှာ မနော ဒုစရိုက်လို့ ခေါ်တယ်နော်။ အဲဒီ မနောဒုစရိုက်ကို စာလိုပြောတဲ့ အခါ အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ ဒီလိုပြောတာနော်။ အကုသိုလ် ကမ္မပထတရား ဆယ်ပါးထဲမှာ မနောကံသုံးပါးလို့ ခေါ်တယ်။ ဒုစရိုက် ဆယ်ပါးထဲမှာဆိုရင် မနောဒုစရိုက်။ သူတို့က စေတနာ နဲ့ မဆိုင်ဘူး၊ “စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” လို့ ဟောပေမယ်လို့ ဒီနေရာမှာ စေတနာကို ကံပြောတာ မဟုတ် ဘူး။ အဘိဇ္ဈာဆိုတဲ့ လောဘ၊ ဗျာပါဒဆိုတဲ့ ဒေါသ၊ မိစ္ဆာဒိဋ္ဌိ လို့ဆိုတဲ့ ဒိဋ္ဌိ ဒီတရားသုံးမျိုးဟာလည်းပဲ ကံအရာ မြောက် သွားတယ်တဲ့။ စေတနာလိုပဲ ကံဖြစ်တယ်။ ကံဖြစ်တယ်ဆိုတာ Accumulate ဖြစ်ပြီးတော့ အကျိုးကို ထုတ်လုပ်နိုင်တဲ့ စွမ်းရည် သတ္တိတွေ ရှိတယ်လို့ ဆိုလိုတာ။
အဲဒီတော့ ဒီထဲမယ် အဘိဇ္ဈာဆိုတာ ဘာပြောတာတုန်း ဆိုတော့ သူများပစ္စည်းကို ကိုယ့်ပစ္စည်း ဖြစ်ချင်တယ်၊ “ဒါ ငါ့ဟာဖြစ်ရင် ကောင်းမှာ” ဆိုတဲ့ လောဘဖြစ်တယ်။ သူများ ပစ္စည်းကိုတော့ မလိုချင်ဘူး။ သူများပိုင်တဲ့ပစ္စည်းမျိုး ဒါမျိုးလေး ငါရချင်တယ်။ အဲဒါဆိုရင် ရိုးရိုးလောဘ။ သူများပစ္စည်းကိုမှ ကိုယ့်ပစ္စည်း လုပ်ချင်တာကတော့ အဘိဇ္ဈာလို့ခေါ်တယ်။ ဒီ [၁၂၃] လောဘက စေတနာလိုပဲ တွန်းအားတစ်ခုဖြစ်ပြီး ကံဖြစ်သွား တယ်။ အဲဒါ မနောကံ။
သားကိုစိတ်ဆိုးတယ်၊ သမီးကိုစိတ်ဆိုးတယ်၊ မလိမ္မာတဲ့ လူတွေကိုစိတ်ဆိုးတယ်။ ဒီလို ရိုးရိုးစိတ်ဆိုးတာက ဒေါသ ဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ “ဒီကောင်သေသွားရင် ကောင်း မှာပဲ၊ ဒီကောင် ဒုက္ခရောက်သွားရင် ကောင်းမှာပဲ၊ ဒီကောင် မမြင်ရရင် ကောင်းမှာပဲ” လို့ဆိုတဲ့ ဒီလို သူပျက်စီးဖို့ရာ တွေးတဲ့ ဒေါသမျိုးကျတော့ ဗျာပါဒတဲ့။ အဲဒါကျတော့ မနောကံဖြစ်သွား ပြန်ရော။
ရိုးရိုးစိတ်ဆိုးတဲ့ ဒေါသက ဒေါသပဲ။ ဒုစရိုက် မဟုတ်ဘူး။ မနောကံ မဟုတ်သေးဘူး။ အခု ဒါကတော့ မနောကံ ဖြစ်သွား ပြီ၊ ပျက်စီးသွားပါစေ၊ သေသွားပါစေဆိုတဲ့ စိတ်ဆိုးပြီး တွေးတဲ့ အတွေးမျိုးတွေ ရောက်လာပြီဆိုရင် ဗျာပါဒတဲ့။ အဲဒါ မနောကံ မြောက်သွားပြီလို့ ဆိုတာ။
တစ်ခါ မိစ္ဆာဒိဋ္ဌိ မှားယွင်းတဲ့ အမြင်ဆိုတာ (၆၂)မျိုး ရှိတယ်။ အဲဒီ(၆၂)မျိုးလုံးကို ဒီနေရာမှာ ဒုစရိုက်လို့ ပြောတာ လား ဆိုတော့ မဟုတ်ဘူး။ အဓိကက “ကံ၊ ကံ၏အကျိုးကို ငြင်းပယ်တဲ့ နတ္ထိကဒိဋ္ဌိကို ပြောတာ” နတ္ထိက ဆိုတာမရှိဘူးလို့ ငြင်းပယ်တာ။ ဘာမရှိဘူးလဲဆိုရင် ကုသိုလ်ကံရဲ့ အကျိုးမရှိဘူး၊ အကုသိုလ်ကံရဲ့အကျိုး မရှိဘူး၊ တမလွန်ဘဝမရှိဘူး၊ သေပြီး ပြန်ဖြစ်တာမရှိဘူး၊ ကုသိုလ်လုပ်လုပ် အကုသိုလ်လုပ်လုပ် အကျိုးဆိုတာ မရှိဘူး၊ အမေမရှိဘူး၊ အဖေမရှိဘူး၊ အမေ အဖေ [၁၂၄] မရှိသည့်အတွက် ကြောင့် အမေ အဖေကို အသိအမှတ် မပြုဘူး၊ မပြုသည့် အတွက်ကြောင့် အမေ အဖေကို စော်ကားလည်း ဘာမှမဖြစ်ဘူး၊ ပြုစုလုပ်ကျွေးလည်း ဘာမှ မရဘူး ဆိုတဲ့ အယူအဆမျိုးကို မိစ္ဆာဒိဋ္ဌိ လို့ ခေါ်တာ။ အဲဒီ မိစ္ဆာဒိဋ္ဌိကို မနောကံလို့ ခေါ်တာ။ ဟိုသက္ကာယဒိဋ္ဌိတို့ ဘာတို့ ဆိုတာမျိုးကို ခေါ်တာမဟုတ်ဘူး။
သက္ကာယဒိဋ္ဌိဆိုတာ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် လို့ဆိုတဲ့ ခန္ဓာငါးပါးထဲက တစ်ခုခုကို ထာဝရမြဲတဲ့ အရာလို့ပဲ ဖြစ်စေ၊ ထာဝရမမြဲဘူး ပျက်သွားရင် နောက်ထပ် မဖြစ်တော့ဘူးဆိုတဲ့ အယူမျိုးဖြစ်စေ၊ အဲဒီခန္ဓာငါးပါးထဲက တစ်ခုခုကို အတ္တလို့ မှားယွင်းစွာ မှတ်ယူတာဖြစ်စေ ဒါကို သက္ကာယဒိဋ္ဌိ လို့ခေါ်တယ်။ အဲဒါက သံသရာဝဋ်က မလွတ်ရုံဘဲ ရှိတယ်။ အပါယ်ငရဲချတာ မဟုတ်ဘူး။
အခုပြောတဲ့ မိစ္ဆာဒိဋ္ဌိကတော့ အပါယ်ငရဲကို ကျစေနိုင်တဲ့ နတ္ထိကဒိဋ္ဌိဖြစ်တယ်။ ကံ၏အကျိုးတရားကို ငြင်းပယ်တယ်။ အကျိုးတရားကို ငြင်းပယ်တယ်လို့ ဆိုကတည်းက ကံကိုလည်း ငြင်းပယ်ပြီးသား ဖြစ်သွားတယ်။ ဒါကြောင့် “အဟေတုကဒိဋ္ဌိ” “အကိရိယဒိဋ္ဌိ” “နတ္ထိကဒိဋ္ဌိ” ဆိုတဲ့ ဒီသုံးခုဟာ အဆိုးဆုံး မိစ္ဆာဒိဋ္ဌိတွေဖြစ်တယ်။
အဟေတုကဒိဋ္ဌိဆိုတာ အကြောင်းမဲ့ ဖြစ်တယ်လို့ ယူဆတာ။ အကိရိယဒိဋ္ဌိ ဆိုတာ ကံကို ငြင်းပယ်တာ၊ ကံဆိုတာ မရှိဘူး၊ လုပ်လို့လည်း မရဘူး၊ ကုသိုလ်ဆိုတာ မရှိဘူး၊ ကုသိုလ် [၁၂၅] ဆိုတာ လုပ်လို့မရဘူး၊ အကုသိုလ်ဆိုတာလည်း မရှိဘူး၊ လုပ်လို့ လည်း မရဘူးလို့ဆိုတဲ့ အယူဝါဒဟာ အကိရိယဒိဋ္ဌိဖြစ်တယ်။ အချက်(၁ဝ)ချက်ကို ငြင်းဆိုထားတာကတော့ နတ္ထိကဒိဋ္ဌိ ဖြစ်တယ်။ ဒီ(၁၀)ချက်က ဘာတုန်းဆိုရင် ကံရဲ့အကျိုးနဲ့ ပတ်သက်တဲ့ (၁၀)ချက်ဖြစ်တယ်။ ဒါနနဲ့ ပတ်သက်ပြီးတော့ (၃)မျိုးကို ငြင်းဆိုတယ်။ “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ” ပေးကမ်းခြင်းအကျိုးဆိုတာ မရှိဘူးဆိုတာ အကျိုးကို ရည်ညွှန်း ပြီးတော့ ပြောတာ။ ပေးလို့ကမ်းလို့ ဘာအကျိုးမှ မရှိဘူး။ ပူဇော်ပသလို့ ဘာအကျိုးမှ မရှိဘူး။ လက်ဆောင်ပဏ္ဏာ ပေးလို့ လည်း ဘာအကျိုးမှ မရှိဘူး။
“နတ္ထိသုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံဝိပါကော” တဲ့။ ကုသိုလ်၊ အကုသိုလ်တို့ရဲ့ အကျိုးရင်း အကျိုးဆက်ဆိုတာ မရှိဘူး။ “နတ္ထိ မာတာ နတ္ထိ ပိတာ” အမေဆိုတာ မရှိဘူး အဖေဆိုတာ မရှိဘူး။ “နတ္ထိ အယံ လောကော” ဒီလောက ဆိုတာလည်း မရှိဘူး။ “နတ္ထိ ပရော လောကော” နောက် လောက ဆိုတာလည်း မရှိဘူး။ “နတ္ထိ သတ္တာ သြပပါတိကာ” သေပြီး ပြန်မွေးတဲ့သတ္တဝါဆိုတာ မရှိဘူး။
“နတ္ထိ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမံ စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ” တရားဓမ္မကို ကျင့်ကြံလို့ အသိဉာဏ်ထူးရပြီး လောကကြီး အကြောင်းကို ပြည့်ပြည့်ဝဝ ဟောနိုင်တဲ့ ဘုရား ဆိုတာ မရှိဘူးတဲ့။ ဘုရားကိုလည်း ငြင်းပယ်တယ်။ အဲဒီ [၁၂၆] ဒိဋ္ဌိမျိုးကျတော့ ဒုစရိုက်ထဲက မိစ္ဆာဒိဋ္ဌိဖြစ်တယ်။ အဲဒီ မိစ္ဆာဒိဋ္ဌိ ရှိတဲ့ ပုဂ္ဂိုလ်သည် နတ်ပြည်တောင် မရောက်ဘူးတဲ့။ ကောင်းရာ သုဂတိ မရောက်ဘူး။ လူ ့ဘဝလည်း မရောက်ဘူးလို့ ဒီလို ပြောတာနော်။ ဒီ မိစ္ဆာဒိဋ္ဌိကိုမှ ဒုစရိုက်လို့ခေါ်တယ်။ ဟို သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတွေကို ပြောတာ မဟုတ်ဘူး။
သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိဆိုတာ သက္ကာယဒိဋ္ဌိပဲဖြစ်တယ်။ ခန္ဓာနဲ့ ပတ်သက်ပြီး Soul လို့ခေါ်တဲ့ အတ္တကို လက်ခံတယ်။ အတ္တဒိဋ္ဌိကို ရည်ညွှန်းတာ။ Soulဆိုတဲ့ အတ္တလေးရှိတယ်လို့ လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ထို အတ္တရဲ့ မြဲတယ်မမြဲဘူး ဆိုတဲ့ နှစ်ခုဟာ ပေါ်လာတာပဲပေါ့။ ခန္ဓာငါးပါးထဲက တစ်ခုခုကို အတ္တလို့ ယူဆလိုက်တယ်ဆိုရင် သက္ကာယဒိဋ္ဌိ, အတ္တဒိဋ္ဌိ ဖြစ်လာ တယ်။ အဲဒီ အတ္တဒိဋ္ဌိကိုမှ မြဲတယ်လို့ ယူဆရင် သဿတဒိဋ္ဌိ။ မမြဲဘူးလို့ ယူဆရင် ဥစ္ဆေဒိဋ္ဌိပေါ့။
အခု ဒီ နန္ဒကပြိတ္တာကြီးက ပြောနေတဲ့ စကားထဲက သူက သဿတဒိဋ္ဌိကို ပြောတာ။ ဇီဝဆိုတဲ့ ဒီအတ္တလေးဟာ ခန္ဓာကိုယ် တစ်ခုကနေပြီးတော့ ခန္ဓာကိုယ်တစ်ခုထဲ ဝင်သွားတယ်လို့ ဒီလို ပြောတာ။ ဒါမြဲနေတဲ့ သဘောကို ပြောတာနော်။ မမြဲဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေက ရုပ်ဝါဒီ သမားတွေ ဖြစ်တယ်။ ဒီဘဝသေပြီးရင် နောက်ဘဝဆိုတာ မရှိဘူး။ အဲဒါကျတော့ မမြဲဘူးဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ ဖြစ်တယ်။ ကျန်တဲ့ မိစ္ဆာအယူဝါဒတွေဟာလည်း အတ္တဒိဋ္ဌိကို အခြေခံပြီးတော့ ပေါက်ဖွားလာတာတွေပဲ။ တွေးတောပုံချင်း တော့ မတူဘူးပေါ့။
[၁၂၇] ဗမာလူမျိုးတွေကျတော့ လိပ်ပြာတဲ့၊ ဝိညာဉ်ကောင်တဲ့။ လိပ်ပြာဝိညာဉ်ကောင်လဲ အတ္တဆိုတာနဲ့ အတူတူပဲ။ ဇီဝဆိုတာနဲ့ အတူတူပဲ။ အသက်ထွက်တယ်လို့ ဗမာတွေက ပြောကြတယ်။ အဲဒီ အသက်ဟာ ထွက်သွားတာ မဟုတ်ဘူးနော်။ သို့သော် ယုံကြည်ချက်အတိုင်း ဒီစကားလုံးကို ပြောတာ။ အသက်က ထွက်သွားပြီးတော့ နောင်ဘဝ ဝင်စားသွားတာ ဒီလိုမဟုတ်ဘူး။ ချုပ်သွားတာပဲ။ တရားဓမ္မအနေနဲ့ဆိုရင် အကြောင်းကုန်လို့ ချုပ်တာ။ နောက်ထပ် ဖြစ်တာက အသစ်။ အကြောင်းတရား ကြောင့် ဆက်ပြီးတော့ ဖြစ်တာ ဒီလိုယူရမယ်။
အေး- အဲဒီတော့ ဒီနန္ဒကပြိတ္တာကြီးက ဒီလို အယူအဆ တွေ ယူခဲ့သည့်အတွက်ကြောင့် ဒီပြိတ္တာဘုံ ရောက်တာ။ ဒီ အယူအဆကြောင့်ပဲ ခြောက်လလွန်ရင် ဒုက္ခတွေ အင်မတန်မှ ကြီးမားတဲ့ အဝီစိငရဲကို သူကျရမှာပါ။ ဒါကြောင့် သူနေ့စဉ်နဲ့ အမျှ စိတ်မချမ်းသာဘူး၊ စိုးရိမ်နေရတယ်။ နောက်ခြောက်လ ဆိုရင် ငါသွားရတော့မယ်ဆိုပြီး လက်ချိုးရေတွက်နေရမှာ။ သွားရင် ဒီထက်ဆိုးတဲ့ဒုက္ခ သူခံရတော့မယ်ဆိုတာ သိနေတယ် နော်။ ထွက်ရာလမ်းကိုတော့ သူမသိဘူး။ ဒီတော့ ဘုရင်ကြီးကို သူက အမှာစကားပါးလိုက်တယ်။ “မိစ္ဆာအယူဝါဒတွေ မယူပါနဲ့။ လိမ္မာတဲ့သမီးလေးကြောင့် သူဒီဘဝမှာ ခေတ္တခဏ ချမ်းသာခံစား ရတာပါ”တဲ့။ အမှန်တရားကို မမြင်နိုင်သည့် အတွက်ကြောင့် မိစ္ဆာအယူဝါဒကို ယူမိတာပါတဲ့။
[၁၂၈] အမြင်ဆိုတာ အင်မတန်မှ ပြင်နိုင်ခဲတယ်။ ဒါကြောင့်မို့ လူတွေရဲ့အမြင်ဟာ စွဲလမ်းမှုတစ်ခုလို့ပြောတာ။ တခြားမပြောနဲ့၊ လူတွေ သူ့အယူအဆ ကိုယ့်အယူအဆမတူလို့ ငြင်းနေကြတာ ပေါ့။ သာမန်ကိစ္စလေးတောင်မှပဲ လူတွေက စွန့်လွှတ်နိုင်ခဲတယ်။ ကိုယ့်အမြင်မှ၊ ကိုယ်ပြောတာမှ အဟုတ်ထင်တယ်။ သူများ ပြောရင် လက်မခံနိုင်ဘူး။
ဘုရင့်အတွက် မှာကြားချက် နောက်ဆုံးမှာတော့ ပြိတ္တာကြီးက ဘုရင်ကြီးကို တရား ဟောလိုက်တယ်။ “လောကမှာ အကောင်းဆုံး အမြတ်ဆုံး ကတော့ မြတ်စွာဘုရားပဲဖြစ်ပါတယ်” ဗုဒ္ဓကို ကိုးကွယ်ပါတဲ့။ “သဒေဝကဿ လောကသဿ၊ ဗုဒ္ဓေါ အဂ္ဂေါ ပဝုစ္စတိ” “လူ့လောကမှာပဲဖြစ်ဖြစ်၊ နတ်လောကမှာပဲဖြစ်ဖြစ် အမြတ်ဆုံး ဆိုတာ ဗုဒ္ဓပဲဖြစ်ပါတယ်၊ ဒါကြောင့်မို့ အရှင်မင်းကြီး စိတ်ကူး မလွဲနဲ့၊ ဗုဒ္ဓကို ဆည်းကပ်ပါ။ သူ့ရဲ့ ဆုံးမဩဝါဒကို ခံယူပါ”လို့ သူက တိုက်တွန်းပြီး အမှာစကားပြောကြားလိုက်တယ်။ လက်တွေ့ကျင့်သုံးဖို့ ဘာလုပ်မလဲလို့ဆိုတော့ - “အဋ္ဌင်္ဂိကေန မဂ္ဂေန၊ ဖုသန္တိ အမတံ ပဒံ” သူပြော တဲ့ စကားလေးတွေက အဆင့်မြင့်တယ်။ “မသေရာ နိဗ္ဗာန် ဆိုတာ ဘာနဲ့ရောက်နိုင်မလဲဆိုရင် မဂ္ဂင်ရှစ်ပါးနဲ့မှ ရောက်နိုင် တယ်”တဲ့။ မဂ္ဂင်ရှစ်ပါး မပါဘဲနဲ့ မျက်စိနဲ့ နိဗ္ဗာန်ကို မြင်လို့မရဘူး၊ နားနဲ့နိဗ္ဗာန်ကို ကြားလို့မရဘူး၊ နှာခေါင်းနဲ့ အနံ့ခံလို့ မရဘူး၊ [၁၂၉] လျှာနဲ့ လျက်လို့မရဘူး၊ ခန္ဓာကိုယ်နဲ့ ထိတွေ့လို့မရဘူး၊ သာမန် အသိစိတ်တွေနဲ့လည်း နိဗ္ဗာန်ကို အာရုံပြုလို့မရဘူးတဲ့နော်။ မဂ္ဂင်ရှစ်ပါးဆိုတဲ့ အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့်သာလျှင် အမတဆိုတဲ့ နိဗ္ဗာန်ထိရောက်နိုင် ပါတယ်။ ဒါကြောင့်မို့ အဲဒီ အမတဆိုတဲ့ နိဗ္ဗာန်ကို ရောက်စေ နိုင်တဲ့ မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကိုးကွယ်ဆည်းကပ်ပါတဲ့။ ဒါကို ကျင့်သုံးပါလို့ သူက အမှာစကား ပြောကြားတယ်။ နောက်တစ်ခါ - “စတ္တာရော စ ပဋိပန္နာ၊ စတ္တာရော စ ဖလေဌိတာ” သံဃာတွေနဲ့ ပတ်သက်လာတဲ့ အခါမှာ အရိယာသံဃာ ဟာ အဓိကဖြစ်တယ်။ “သံဃံ သရဏံ ဂစ္ဆာမိ” လို့ ဆိုတဲ့ အထဲမယ် ပုထုဇဉ်သံဃာတွေကို ရည်ညွှန်းတာ မဟုတ်ဘူး။ အရိယာသံဃာတွေကို ရည်ညွှန်းတာဖြစ်တယ်။ ဒါကြောင့် စတ္တာရော စ ပဋိပန္နာ ဆိုတာ ကျင့်နေဆဲ ပုဂ္ဂိုလ်လေးဦးတဲ့။ ကျင့်နေဆဲပုဂ္ဂိုလ်ဆိုတာ မဂ်စိတ် ဖြစ်ပေါ်နေဆဲကို ဆိုလိုတယ်။ ဆိုပါစို့ ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ နောက်ဆုံးမှာ ဝိပဿနာ ဉာဏ်ရဲ့ ဟိုဘက်မှာ မဂ်စိတ်နဲ့ ဝိပဿနာဉာဏ်ကြား ပေါင်းကူး တံတားလေးလိုဖြစ်တဲ့ အနုလောမဉာဏ်ကိုရပြီး မဂ်ဉာဏ်လေး ပေါ်လာလိုက်တဲ့အခိုက်ကလေးကို သူက ကျင့်ဆဲပုဂ္ဂိုလ် “မဂ္ဂဋ္ဌ” ပုဂ္ဂိုလ်လို့ ဒီလိုခေါ်တာနော်။ အဲဒီ အခိုက်ကလေးကို မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လို့ခေါ်တယ်။
[၁၃၀] မဂ္ဂဋ္ဌာန်ဆိုတာ မဂ္ဂဋ္ဌ၊ မဂ္ဂဆိုတာ မဂ်စိတ်ကလေး အခိုက် မှာ တည်နေတဲ့ ပုဂ္ဂိုလ်ကိုခေါ်တယ်။ အဲဒီတော့ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် လို့ဆိုတာ ပုဂ္ဂိုလ်သီးသန့်ရှိတာမဟုတ်ဘူး။ အဲဒီ အခိုက်အတန့် (Moment) ကို စွဲပြီးတော့ခေါ်တာ။
တစ်ချို့က မဂ်ကျပြီး ဖိုလ်မကျသေးဘဲနဲ့ စောင့်နေတာ တွေ ့ရှိသေးတယ်လို့ ထင်ကြတယ်။ အဲဒီလို မရှိနိုင်ဘူး။ အကာလိကော မဂ် ကျပြီးရင် ဖိုလ် ချက်ခြင်းကျတယ်။ စတ္တာရော စ ပဋိပန္နာ ကျင့်ဆဲဆိုတဲ့ နေရာမှာ အထွဋ်အထိပ် ရောက်တာက မဂ်စိတ်ပေါ်တဲ့အချိန်မှာ အထွဋ်အထိပ် ရောက် သွားတယ်။
အထွဋ်အထိပ် မရောက်သေးခင် Starting Point စတဲ့ နေရာက စပြောမယ်ဆိုရင် သီလကစတင်ပြီးတော့ လုပ်နေပြီ၊ သီလဆောက်တည်ပြီးတဲ့အခါ သမာဓိကျင့်စဉ်ကို ကျင့်နေပြီ ကျင့်နေပြီးတော့ နောက် နာမရူပပရိစ္ဆေဒဉာဏ် ရသွားပြီ၊ ပစ္စယပရိဂ္ဂဟဉာဏ် ရသွားပြီ၊ အဲဒီကနေ တစ်ဆင့်တက်၊ သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုစ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါ ဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်၊ ဒါတွေရသွားပြီ။
ဝိပဿနာ ကျင့်စဉ်ကိုကျင့်လို့ နောက်ဆုံးမှာ အနုလောမ ဉာဏ် ရသွားပြီးတဲ့အခါ ဒီတံတားလေးကနေပြီး ဟိုဖက်ကို ကူးလိုက်ချိန်မှာ မဂ်စိတ်လေးပေါ်သွားတယ်။ အဲဒီထိအောင်ကို ပဋိပန္နလို့ခေါ်တယ်နော်။ သောတာပတ္တိမဂ်ကို ဦးတည်ပြီးတော့ [၁၃၁] ကျင့်နေတဲ့ အကျင့်တွေကို ဒါက ပဋိပန္နလို့ ဒီလိုပြောလို့ရတယ်။ ဒါကြောင့် ဝိပဿနာကျင့်စဉ် တစ်ခုကို ကျင့်နေတယ်ဆိုတဲ့ အထဲမယ် ဒီအထွဋ်အထိပ် မရောက်သေးတဲ့ ပုဂ္ဂိုလ်ပါထည့်ပြီး အကျုံးဝင်တယ်လို့ ဒီလိုပြောတာ။ သို့သော် Perfect မဟုတ်ဘူး။
Perfect ကတော့ မဂ္ဂဋ္ဌ မဂ်ပေါ်မှ၊ မဂ်ကို ရောက်သွားတဲ့ ပုဂ္ဂိုလ်မှ အဲဒီ အခိုက်အတန့်လေးမှ သောတာပတ္တိ မဂ္ဂဋ္ဌဆိုတဲ့ ပုဂ္ဂိုလ်ကို ခေါ်တာ။ အဲဒီကျမှ အရိယာလို့ ခေါ်တာနော်။ သောတာပတ္တိ မဂ္ဂဋ္ဌ မဖြစ်သေးခင် ကြားမှာတော့ “အာရဒ္ဓ- ဝိပဿက” ဝိပဿနာ အားထုတ်နေတဲ့ ပုဂ္ဂိုလ်လို့ပဲ ဒီလို ခေါ်လို့ရတယ်။ မဂ္ဂဋ္ဌလို့ ခေါ်လို့ မရသေးဘူး။ မဂ်စိတ် ပေါ် လာတဲ့ အခါကျတော့မှ မဂ္ဂဋ္ဌလို့ ခေါ်တာ။
သောတာပန် ဖြစ်ပြီးရင်လည်း ဝိပဿနာကျင့်စဉ်ကို ပြန်ကျင့်ရမယ်။ ဆိုလိုတာက ဝိပဿနာဆိုတာ မဂ္ဂင်ရှစ်ပါးကိုပဲ ကျင့်တာပဲ။ တိုးမြှင့်ပြီးတော့ ကျင့်လိုက်တဲ့အခါ သောတာပတ္တိ မဂ်ကို ရသွားတယ်။ နောက်ထပ် ထပ်ပြီး တိုးမြှင့်ကျင့်တဲ့အခါ သကဒါဂါမိမဂ်ကို ရတယ်။ တိုးမြှင့်ပြီးတော့.. ကျင့်တဲ့အခါ အနာဂါမိမဂ်ကို ရတယ်။ နောက်ထပ် အဆင့်မြှင့်ပြီးတော့ ကျင့်တဲ့အခါမှာ အရဟတ္တမဂ်ကို ရောက်တယ်။ အဲဒီရောက်တဲ့ အခိုက်လေးကို စတ္တာရောစ ပဋိပန္နာ လို့ အထွဋ်အထိပ် ရောက်သွားတဲ့ပုဂ္ဂိုလ် ၊ မဂ္ဂဋ္ဌပုဂ္ဂိုလ်၊ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်လေးယောက် လို့ ဒီလိုပြောတာနော်။ အဲဒီ အခိုက်ကလေးကိုပြောတာ။
[၁၃၂] အဲဒီ အခိုက်ကလေးကိုပြောတာ၊ အဲဒီတော့ “စတ္တာရော စ ပဋိပန္နာ၊ စတ္တာရောစ ဖလေဋ္ဌိတာ” မဂ်စိတ်ဆိုတာ ပေါ်ပြီးတာနဲ့ တစ်ပြိုင်နက် အလုပ်လေးခုကို တစ်ပြိုင်နက် လုပ်တယ်။ ဗမာစကားမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ်လို့ ပြောတယ်။ သူကတော့ တစ်ချက်ခုတ်ရင် လေးချက်ပြတ်တယ် လို့ ပြောရမယ်နော်။ ကိုယ့်ဟာကိုယ် ဖယောင်းတိုင်လေးကို ထွန်းကြည့်။ ဖယောင်းတိုင်လေး ထွန်း လိုက်တာ အလုပ်လေးခု တစ်ခါတည်းပြီးတယ်လို့ ဒီလိုပြော တယ်။ ဘယ်လိုအလုပ်လေးခုလည်းလို့ဆိုတော့ ဖယောင်းတိုင် လေး ထွန်းလိုက်တဲ့အခါ လင်းလိုက်တာနဲ့ တစ်ပြိုင်နက် (၁) အမှောင်ကို ပယ်ဖျောက်ခြင်းကိစ္စ၊ (၂)အလင်းကို ဖော်ဆောင် ခြင်း ကိစ္စ၊ (၃) ဆီမီးစာလေးကို တိုသွားအောင် လောင်ကျွမ်း ပေးခြင်းကိစ္စ၊ (၄) ဆီလေးကို လောင်ပစ်ခြင်းကိစ္စတို့ဖြစ်တယ်။ ဒီလေးခုက တစ်ပြိုင်နက်သွားတာ။
သေသေချာချာ စေ့စေ့စပ်စပ် အဲဒီလိုပဲ အကြမ်းဖျင်း ပြောမယ်ဆိုရင် မဂ်စိတ်လေးက တစ်ဖက်က ကိလေသာကို ပယ်လိုက်တယ်၊ တစ်ဖက်က ဖိုလ်ကို ထုတ်လုပ်တယ်။ သစ္စာလေးပါးကို သိတယ်ဆိုရင် (၁) ဒုက္ခသစ္စာ ကို ပိုင်းခြားသိလိုက်တယ်၊ (၂) သမုဒယသစ္စာကို ပယ်လိုက်တယ်၊ (၃) နိရောဓသစ္စာကို မျက်မှောက်ပြုလိုက်တယ်၊ (၄) မဂ္ဂသစ္စာ ပွားပြီးသားဖြစ်သွားတယ်။ ဟော- လေးချက်ပြီးတယ်လို့ ဒီလို ပြောတာနော်။
[၁၃၃] အဲဒီတော့ စတ္တာရော စ ဖလေဌိတာ ဒီဖိုလ် ရောက် အောင် ဘာနဲ့သွားရတုန်း? အကုန်လုံး ဝိပဿနာဉာဏ်နဲ့ပဲ သွားရတယ်။ အဲဒီတော့ မဂ်ကို လေးခါရောက်ရမယ်၊ ဖိုလ် ကလည်း လေးခါရောက်မယ်။ မဂ်ရောက်ပြီးရင် ဖိုလ် တိုက်ရိုက် ရောက်တယ်။ ဥက္ကန္တသံယုတ် ကို ဖတ်ကြည့်ရင် ဘယ်လို ရေးထားတုန်းဆို မဂ်ရောက်ပြီးတဲ့နောက်မှာ ဖိုလ်မဖြစ်ဘဲနဲ့ လွဲချော်သွားတယ်ဆိုတာ လုံးဝမရှိဘူးလို့ ဒီလိုပြောတာ။
အဲဒီလိုပြောတော့ တစ်ချို့က ဘယ်လိုယူတုန်းဆိုတော့ မဂ်ရောက်ပြီးလို့ရှိရင် ဖိုလ်က သေချာရောက်မှာ။ သို့သော် မဂ် ပြီးရင် ဖိုလ်ချက်ခြင်းလာတယ်လို့ မပြောဘဲနဲ့ “မဂ်တော့ကျပြီးပြီ ဖိုလ်မကျသေးဘူး၊ လေးငါးလ ရှိနေပြီ၊ ဖိုလ်ကျဖို့ ဆိုင်းနေ တယ်”လို့ ပြောတာမျိုးက လုံးဝမဟုတ်တဲ့စကားကို ပြောတာနော်။ ဩက္ကန္တသံယုတ်မှာ Impossible မဖြစ်နိုင်တာတွေကို ရှင်းပြတာ။ ဒီမဂ်နဲ့ ဖိုလ်ကြားမှာ ဘာမှ အန္တရာယ်မရှိတော့ဘူးလို့ ဒီလို ပြောလိုတာ။ မဂ်ကျပြီးတဲ့နောက် အကြောင်းမညီညွတ်လို့ ဖိုလ် မရောက်တော့ဘူး ဆိုတာမျိုး မဖြစ်နိုင်ဘူးလို့ ဒီလိုဆိုလိုတာ။ မဂ်ရောက်တာနဲ့ တစ်ပြိုင်နက် ဖိုလ်တိုက်ရိုက်ရောက်မယ်။
အေး ကောင်းပြီ၊ ဒီပြိတ္တာကြီးက ဘုရင်ကြီးကို ရှင်းပြ တယ်။ စတ္တာရော စ ပဋိပန္နာ၊ စတ္တာရော စ ဖလေ ဌိတာ မဂ္ဂဋ္ဌပုဂ္ဂိုလ်လေးယောက် ဖလဌပုဂ္ဂိုလ်လေးယောက် အားလုံး “ဧသ သံဃော ဥဇုဘူတော၊ ပညာသီလ သမာဟိတော”တဲ့။ ပညာလည်း မြင့်မားတယ်၊ ကိုယ်ကျင့်သီလနဲ့လည်း လုံးဝပြည့်စုံ [၁၃၄] တယ်၊ သမာဓိနဲ့လည်း ပြည့်စုံတယ်ဆိုတဲ့ ဒီအရိယာရှစ်ဖော် သံဃာတော်အရှင်မြတ်ကို ဆည်းကပ်ပါလို့ သူက မှာလိုက်တာ နော်။ ဘုရား တရား သံဃာ ရတနာ သုံးပါးကို ဆည်းကပ်ပါ။ သူ့ရဲ့သမီးလိမ္မာ ဥတ္တရာကြောင့် ကောင်းကျိုးချမ်းသာတွေ ရတယ်ဆိုတဲ့ အကြောင်းကို ရှင်းပြတယ်။
ရတနာသုံးပါးကိုဆည်းကပ်ပြီးတဲ့နောက်မှာ “ပါဏာတိ- ပါတာ ဝိရမခိပ္ပံ” သရဏဂုံ ဆောက်တည်လိုက်တာနဲ့ တစ်ပြိုင်နက် သူများအသက်သတ်ခြင်းမှ မြန်မြန် ရှောင်ကြဉ် လိုက်ပါတဲ့၊ မသတ်ပါနဲ့တဲ့၊ ငါးပါးသီလ ဘယ်လောက်အရေးကြီး တယ်ဆိုတာကိုပြောတာ။ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုးကွယ်လိုက်တာနဲ့ တစ်ပြိုင်နက် သူများအသက်သတ်တဲ့ အလုပ်လည်း မလုပ်နဲ့တော့။ လုံးဝရှောင်တဲ့။
“လောကေ အဒိန္နံ ပရိဝဇ္ဇယ” ဘယ်သူ့ပစ္စည်းမှ မတရားယူတာ မလုပ်နဲ့။ “အမဇ္ဇပေါ” အရက်သေစာ မသောက် စားနဲ့။ “မာ ခ မုသာ အဘာကိ” သူများကို လွဲမှားတဲ့ သတင်းတွေမပေးနဲ့။ လိမ်လည်ပြီးတော့ မပြောနဲ့။ မမှန်မကန် တွေ မပြောနဲ့တဲ့။ “သကေန ဓာရေန စ ဟောဟိ တုဋ္ဌော အိမ်ထောင်ရှိရင် . ကိုယ့်ဇနီးနဲ့ကိုယ်ကျေနပ်၊ ဒီလိုဆိုလိုတာ ပေါ့နော်။ ကာမေသုမိစ္ဆာစာရကို ရှောင်ပါလို့ ဒီပြိတ္တာကြီးက မှာလိုက်တယ်။
အဲဒီတော့ ဘုရင်ကြီးကလည်း သံဝေဂကြီးစွာ ရသွား တယ်။ သူ့ရဲ့ စစ်သူကြီးဟာ အခုလို တောထဲမှာ ပြိတ္တာဘဝ [၁၃၅] ရောက်ပြီး တစ်ခဏတော့ အင်မတန်ကြီးမားတဲ့ ဘုံဗိမာန်ကြီး အောက်မှာ ချမ်းသာတယ်လို့ ထင်ရသော်လည်း မကြာခင် အင်မတန်မှ ကြမ်းတမ်းတဲ့ ငရဲကိုကျတော့မှာ ဆိုတာကို သူကိုယ်တိုင်ကလည်း သိလာတယ်။ ထိတ်လန့်တုန်လှုပ်တယ်။
ဒါကြောင့် ဒီနေ့ကနေစပြီး သရဏဂုံသုံးပါးကိုလည်း သူဆောက်တည်မယ်။ ငါးပါးသီလကိုလည်းပဲ ခံယူကျင့်သုံးမယ်။ လောကမှာ ချမ်းသာသုခရဖို့ရန်အတွက် သရဏဂုံသုံးပါး ငါးပါး သီလက လွဲပြီးတော့ အခြေခံအားဖြင့် မရှိဘူး။ ဒါတွေ ရှောင်ကွင်းလို့ မရဘူး။ ဒီအတိုင်းပဲ ဒီလမ်းကြောင်းကနေ လျှောက်မှသာလျှင် သံသရာဝဋ်က လွတ်မြောက်နိုင်တဲ့ လမ်းစ ဆိုတာ တွေ့နိုင်တယ်လို့ သူကိုယ်တိုင် ခံယူချက်ရှိပြီး အဲဒီပြိတ္တာ ကြီးကို ကတိပေးတယ်၊ ပြိတ္တာကြီးရဲ့ တန်ခိုးနဲ့ လမ်းမှန်ပေါ် ပြန်ရောက်လို့ ထိုနေ့မှာပဲ သူ့တိုင်းပြည်ကို ပြန်ရောက်သွား တယ်။ ဒီဇာတ်လမ်းကို ပေတဝတ္ထုမှာ မှတ်တမ်းတင်ထားတာ ရှိပါတယ်။
အေး- ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်ပရိသတ် အပေါင်းတို့၊ အခုပြောခဲ့တဲ့အတိုင်း နိဗ္ဗာန်ကို မျက်မှောက် ပြုချင်ရင်တော့ မဂ္ဂင်ရှစ်ပါးကလွဲပြီး ကျင့်စရာ အခြားမရှိဘူး။ မဂ္ဂင်ရှစ်ပါးဆိုသည်မှာ အဆင့်မမြင့်သေးခင် အခြေခံကျင့်နေတဲ့ အချိန်ပိုင်းမှာ “ဝိပဿနာ”လို့ ခေါ်တယ်။ အဲဒီ မဂ္ဂင်ရှစ်ပါး ကျင့်တာ အထွဋ်အထိပ် ရောက်သွားတာနဲ့ တစ်ပြိုင်နက် [၁၃၆] ကိလေသာကို ပယ်နိုင်တဲ့အဆင့် ရောက်သွားပြီဆိုရင် “မဂ်” လို့ ခေါ်တာပဲ။
ဒီ မဂ္ဂဆိုတာဟာ နိဗ္ဗာန်ကို ပို့ဆောင်ပေးတဲ့တရား ဖြစ်တယ်။ မဂ္ဂဆိုတာ Unite of eight ရှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ မိမိတို့ရဲ့ စိတ်ထဲမှာ ထူထောင်ရမယ့် သဘာဝစွမ်းအားတွေ ဖြစ်တယ်။ (၁) သမ္မာဒိဋ္ဌိအမှန်မြင်ရမယ်၊ အမှန်မြင်ဖို့အတွက် (၂) သမ္မာသင်္ကပ္ပ- မှန်မှန်ကန်ကန် တွေးနိုင်ရမယ်၊ မှန်မှန် ကန်ကန် တွေးပြီးတော့ (၃) သမ္မာဝါစာ - တွေးတဲ့အတိုင်း ပြောတာလည်း မှန်ကန်မှု၊ (၄) သမ္မာကမ္မန္တ-လုပ်တာလည်း မှန်ကန်မှု (၅) သမ္မာအာဇီဝ-အသက်မွေးမှု မှန်ကန်မှု၊ ဒီလို မှန်ကန်မှုတွေအတွက် (၆) သမ္မာဝါယာမ - မှန်မှန်ကန်ကန် ကြိုးစားအားထုတ်မှု၊ ကြိုးစားအားထုတ်တိုင်း သတိထားမှုဆိုတဲ့ (၇) သမ္မာသတိ- စိတ်တည်ငြိမ်မှု ဆိုတဲ့ (၈) သမ္မာသမာဓိ- ဒီ မဂ္ဂင်ရှစ်ပါးနဲ့ ဖွဲ့စည်းထားတဲ့ ရင့်ကျက်တဲ့ စိတ်ဓာတ်နဲ့သာလျှင် ရနိုင်ခဲတဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်စီသဘောကျပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေကုန်သတည်း။
သာဓု သာဓု သာဓု
1n1irxuu6ltsvh6sxmoskqmheuszzae