ဝီကီးပီးဒီးယား
rkiwiki
https://rki.wikipedia.org/wiki/%E1%80%A1%E1%80%93%E1%80%AD%E1%80%80%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.12
first-letter
မီဒီယာ
အထူး
ဆွီးနွီးချက်
အသုံးပြုလူ
အသုံးပြုလူ ဆွီးနွီးချက်
ဝီကီးပီးဒီးယား
ဝီကီးပီးဒီးယား ဆွီးနွီးချက်
ဖိုင်
ဖိုင် ဆွီးနွီးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွီးနွီးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွီးနွီးချက်
အကူအညီ
အကူအညီ ဆွီးနွီးချက်
ကဏ္ဍ
ကဏ္ဍ ဆွီးနွီးချက်
TimedText
TimedText talk
Module
Module talk
Event
Event talk
ကဏ္ဍ:အဖွဲ့အစည်းတိ
14
912
20299
3211
2026-07-27T03:52:44Z
~2026-41768-15
1210
မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း အကြောင်းကို ရွီးသားခစာပါ။ အဓိက, က ၁၉၉၇ ခုနှစ်က ဒေကနိန်ထိ ရုန်းကန်ပြီးကေ ရပ်တည်လာစာအသင်းဖြစ်လို့ ကျနော်ရို့ ရခိုင်သူ, ရခိုင်သားတိလည်း သိထားသင့်ရေထင်ပါရေ။ ပြီးကေ အနာဂတ်ရခိုင်ပြည်မှာ စုံလင်ကွဲပြားမှုတိကိုလည်း လက်ခံတတ်ဖို့ မျှော်လင့်ပါရေ။
20299
wikitext
text/x-wiki
[[ကဏ္ဍ:လူအဖွဲ့အစည်း]]
[[ကဏ္ဍ:ရခိုင်ပြည်နန့်ဆိုင်ရာ]]
[[ကဏ္ဍ:နိုင်ငံရီး]]
== [https://www.mronlca.org/ မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း] ==
=== နိဒါန်း ===
စာပေဆိုစွာ လူမျိုးတစ်မျိုးအတွက် တန်ဖိုးဖြတ်မရရေ အသက်သွေးကြောလို့ ပြောရပါမည်။ မြိုလူမျိုးတိရေ မိမိရို့ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားကြရေ လူမျိုးတစ်မျိုးဖြစ်ပါရေ။ ယင်းအပြင် တန်ဖိုးကြီးမားရေ ဒေစာပေကို ထိန်းသိမ်းမြှင့်တင်ပီီီီီီီီီီီီးဖို့ကိုလည်းဖို့ကိုလည်ဖို့ကိုလည်း လူအရင်းသားအရင်းအမြစ်၊ ချစ်မြတ်နိုးတန်ဖိုးထားအသုံးပြုမှု နှင့်အခြားသောအရာများလိုအပ်ပါရေ။ ယေဇူးနန်း လက်ဟိ မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းအကြောင်းအနည်းငယ်ဖော်ပြလိုပါရေ။ မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းကို ၁၉၉၇ ခုနှစ်၊ ဧပြီလ မှာ ရခိုင်ပြည်မှာ ဖွဲ့စည်းခပါရေ။ ယေကေလ့ စာပီတတ်မြောက်မှုနည်းပါးရေ လူမျိုးဖြစ်လို့ ရေရှည်တည်တံ့ရေ အဖွဲ့အစည်းဖြစ်ဖို့ မနည်းရုန်းကန်ရပါရေ။ ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ငါးယောက်ကိုင်းကျေးရွာမှ ပြ စာပေညီလာခံကြောင့်ပေါ်ပေါက်လာသော အသင်းဖြစ်ပါသည်။ ဤညီလာခံတွင် မြို(ခမိ) ပြည်သူ (၅၀၀) ကျော်၊ ရဟန်းသံဃာ၊ နိုင်ငံရေးပါတီများနှင့် သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။<ref>https://www.mronlca.org/about/mnlca</ref>
=== စာပေညီလာခံဖြစ်ပေါ်ခဲ့ပုံ ===
မြိုအမျိုးသားစာပေကို ဆရာကြီးဦးကျော်သာအောင်က ၁၉၉၇ ခုနှစ်တွင် ဖော်ထုတ်နိုင်ခဲ့ပါရေ။ နိုင်ငံတကာဘာသာစကားကုဒ်နံပါတ် ISO-639-3 Mro (cmr) ရှိထားပြီး၊ စာပေပြန့်ပွားရေး၊ ထိန်းသိမ်းမြှင့်တင်ရေး၊ အသုံးပြုများပြားလာရေးအတွက် နွံတာခံလက်ဆင့်ကမ်းခဲ့ခရေ စာပေချစ်မြတ်နိုးသူ ပုဂ္ဂိုလ်များက အခက်အခဲများပေါင်းစုံကြားကနိန် ကြိုးပမ်းခြင်းကြောင့် ယခုအချိန်အထိ တည်တံ့ခြင်းဖြစ်ပါရေ။
ယကေလည်း နောက်ပိုင်းမှာ ပုဂ္ဂိုလ်ရေးဝိဝါဒစုံလင် ကွဲပြားမှုများ၊ လူသားအရင်းအမြစ်များ နှင့် အခြားသော အခက်အခဲများ ရှိလာစွာအတွက်ကြောင့် စာပေခရီးရှေ့ဆက်ဖို့ ကကောင်းခက်ခဲလာပါရေ။ ယင်းအတွက်ကြောင်း အမျိုးသားရေး၊ စာပေအရေးကို ချစ်မြတ်နိုးသော သက်ကြီးပုဂ္ဂိုလ်တိနန်း ပြည်တွင်းပြည်ပရှိ မြို(ခမိ) လူငယ်တိ zoom platform ကနိန် တစ်နှစ်တာခန့်ကြာမြင့်ရေ အချိန်ယူတွေ့ဆုံပြီးကေ အကြိမ်အကြိမ်ဆွေးနွေးခဲ့ကြပါရေ။
ယင်းနောက်မှာ ပြည်တွင်းပြည်ပရှိ မြို(ခမိ)လူငယ်များမှ စာပေညီလာခံပြုလုပ်ဖို့ အတွက် မြို(ခမိ) ပြည်သူတိနှင့် ပူးပေါင်းပြီးကေ ကြိုးပမ်းခဲ့ကြပါရေ။ ယင်းအပြင် မြိုလူမှုအသိုင်းအဝိုင်းထဲက သက်ဆိုင်ရာနိုင်ငံရေးပါတီများ၊ မြိုစာပေနန့်ရိုးရာယဉ်ကျေးမှုဖော်ထုတ်ရေးအသင်း(ယခင်) နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များအား ကြိုတင်တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးကေ အများပြည်သူများ လိုလားတောင့်တလျက်ရှိရေ အမျိုးသားစာပေတစ်ခုတည်း ရှိလာအောင် စာပေညီလာခံတစ်ရပ်ပြုလုပ်ကြဖို့စာကိုလည်း ကနဦးဆွေးနွေးဆုံးဖြတ်ခဲ့ကြပါရေ။
ယင်းနောက်မှာ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ ငါးယောက်ကိုင်းကျေးရွာမှာ ကျေးရွာသူ/သားများတိ၏ ပူးပေါင်းပါဝင်မှုတိနန့်အတူ ၂၀၂၃ ခုနှစ်၊ မေလ (၆) ရက်နေ့တွင် စည်းကား သိုက်မြိုက်စွာဖြင့် စာပေညီလာခံအား ကျင်းပခဲ့ကြပါရေ။<ref>https://www.mronlca.org/about/mnlca</ref>
=== စာပေဦးဆောင်ကော်မတီ ===
မြိုတမျိုးသားလုံးလက်ခံရေ မြိုအမျိုးသားစာပေ (ဝါ) မြို(ခမိ)စာပေရှိလာဖို့အရေးကို လိုလိုလားလား ဆန္ဒပြင်းပြစွာနန့် ပြည်သူများမှာပါဝင်ပူးပေါင်းတက်ရောက်လာကြပါရေ။ တက်ရောက်လာကတ်တေ မြို(ခမိ)ပြည်သူတိကလည်း ဤစာပေညီလာခံက ရွေးချယ်တင်မြောက်တာဝန်ပေးအပ်မည့် ကော်မတီများအား ဇာမှာလဲ? ဟု မေးမြန်းကြရာ ပြည်တွင်းပြည်ပရှိမြိုလူငယ်များနှင့် ဖွဲ့စည်းထားပြီးကေ စာပေညီလာခံဖြစ်မြောက်ရေးကော်မတီက ရွေးချယ်ထားစာ ကော်မတီတိကို မည်သူမည်ဝါဖြစ်ကြောင်း အဆိုတင်သွင်း ကြေငြာခဲ့ပါရေ။ တက်ရောက်လာကတ်တေ ပြည်သူအများစုမှ ထောက်ခံရေ အတွက်နန်း အဆိုပါကော်မတီကို ဦးဆောင်ကော်မတီအဖြစ် အတည်ပြုခဲ့ကြပါသည်။ ထို့ကြောင့် ဤကော်မတီသည် မြို(ခမိ)ပြည်သူများ၊ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တိ နန်း ပြည်တွင်းပြည်ပရှိလူငယ်တိ၏ ပူးပေါင်းပါဝင်မှုတိ နန့် အတူ ရှိနေပါသဖြင့် လူပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက်အား ကိုယ်စားပြုခြင်း၊ အဖွဲ့အစည်းတစ်ခုအားကိုယ်စားပြုခြင်းမဟုတ်ပါ။ မြိုတစ်မျိုးသားလုံး၏ ကျောထောက်နောက်ခံပြုထားသဖြင့် အသက်အရွယ်၊ ကျား/မ၊ ဘာသာရေးမရွေး နိုင်ရာဖက်မှကူညီပါဝင်နိုင်သော အသင်းဖြစ်ပြီး ကိုယ်စားပြုသောအသင်းဖြစ်ပါရေ။<ref>https://www.mronlca.org/about/mnlca</ref>
=== လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းစဉ်များ ===
နိုင်ငံရေးအကျပ်အတည်းကြောင့်သော်လည်းကောင်း၊ အခြေနေအရပ်ရပ်၊အခက်အခဲအမျိုးမျိုးကြောင့်သော်လည်းကောင်း မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း၏ လှုပ်ရှားမှုမှာ ရပ်တန့်ဟန်ဖြစ်နေခပါရေ။ ယကေလည်း ဦးဆောင်ကော်မတီတိက လုပ်ဆောင်နိုင်သည့် လုပ်ငန်းစဉ်တိကိုမြို(ခမိ)ပြည်သူတိ၏ အကြံပြုချက်ကောင်းများကို လက်ခံရယူပြီး ရှေ့ဆက်နေလျက်ရှိနိန်ပါရေ။<ref>https://www.mronlca.org/about/mnlca</ref>
=== နိဂုံး ===
အချုပ်ဆိုပြေရဖို့ဆိုကေ ဒေမြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းစာ လူငယ်တိနန့် မြို(ခမိ)ပြည်သူများက ကျော့ထောက်နောက်ခံပြုထားရေ အသင်းဖြစ်ပြီး၊ လူတစ်ဦးတစ်ယောက်၏ မူပိုင်အသင်းမဟုတ်ပါကြောင်း၊ ပြည်သူလူထုရှေ့မှာ ရွေးချယ်၊ ရွေးကောက်ထားရေ လုပ်ငန်းစဉ်တိကို ကြိုးပမ်းလုပ်ဆောင်နိန်ရေအသင်းဖြစ်ပါရေ။ ယေဇူးနန်း ရှေ့ဆက်လုပ်ဆောင်ရဖို့ စာပေနှင့်ရိုးရာယဉ်ကျေးမှု လုပ်ငန်းစဉ်များကိုအတူတကွ နိုင်ရာဖက်မှအကြံများပြုလျက် မြှင့်တင်ကြရဖို့လိုအပ်ပါရေလို့ တိုက်တွန်းနှိုးဆော် ဖော်ပြလိုက်ပါရေ။<ref>https://www.mronlca.org/about/mnlca</ref>
အကြောင်းအရာအသေးစိတ်၊ နောက်ခံသမိုင်းတိကို [https://www.mronlca.org/ မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်]း ဝဘ်ဆိုဒ်စာမျက်နှာများ လားဖတ်လို့ရပါရေ။
093sx60mn9ep55nexnio3bsdwbced61
မြိုလူမျိုး
0
1979
20298
15632
2026-07-27T03:25:28Z
~2026-41768-15
1210
လူမျိုးအမည်နာမကို အမုန်းစကား ပြန့်ပွားစာတိကို တည်းဖြတ်ပီးခါစာပါ။
20298
wikitext
text/x-wiki
တိဗက် - မြန်မာ အစု လူမျိုးတိအနက် '''မြိုလူမျိုး''' ရို့ရေ ချင်းပြည်နယ်တောင်ပိုင်း နန့် ရခိုင်ပြည်နယ် တွင် ပြန့်ကြဲ့ နီထိုင်ရေ။ ရခိုင်ရာဇဝင်တိဧ ဖော်ပြချက်တိတွင် မြိုလူမျိုးရို့ရေ ရခိုင်ပြည်နယ် သို့ ရှေးဦးစွာ ဝင်ရောက်လာရေ လူမျိုးတိ ဖြစ် ရေဟုဆိုရေ။ <ref>Pamela Gutman, “Burma’s Lost Kingdoms: Splendors of Arakan, p- 17</ref> မိမိ ကိုယ်ကို မြို စကားအားဖြင့် ခမိ ဟုခေါ်ဝေါ်ကတ်ရေ၊ ‘လူ’ ဟု အနက် ရ ရေ။<ref>Hughes, W. Gwynne, “The Hill Tracts Of Arakan,” P-12</ref> မြိုလူမျိုးတိရေ ကိုယ်ပိုင် ဘာသာ စကား၊ ယဉ်ကျေးမူ ဟိရေ။ မြို လူမျိုးရေ မျိုးနွယ်ကွဲ တိပြားရေ လူမျိုးဖြစ်ရေ။ မြို အမျိုးကွဲပေါင်း (၁၀၀) ကျော်ဟိရေ<ref>မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလိထုံးစံတိ (ရခိုင်၊ စာပေဗိမာန်ပုံနှိပ်တိုက်၊ ၁၉၇၆)၊
စာ - ၃၁
</ref>။
မြိုလူမျိုးရို့ရေ တချိန်က ရခိုင်ပြည်တွင် မင်းဧကရာဇ်တိအဖြစ် နန်းတက်၍ "မြို" မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခဘူးလီရေ။ ထိုသို့ မြိုမင်းဆက် နန်းတက်ခရေမှာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခလီရေ။
ဒေပိုင်မြို့မင်းဆက် နှစ်ဆက် ထူထောင်ခဘူးရေ မြိုလူမျိုးရို့မှာ ယခုအခါ မထင်မရှားရေ လူမျိုးအနီဖြင့် တည်ဟိကာ၊ အခြား မြန်မာနိုင်ငံ တိုင်းရင်းဘွားရို့ကပင် မြိုလူမျိုးရို့အကြောင်းကို မသိဟိကတ်ပေ။<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (ခ)</ref>
မြိုလူမျိုးရို့ရေ မြို ရို့အခေါ် တွီပင်<ref>တွီဘင်ဧ အနက် ကား ရေကြည် အစိုင်အခ ထွက်ရာ အရပ်ဖြစ်ဧ။</ref>(တိဗက်) ဒေသမှ ဆင်းသက်လာကတ်ရေ မျိုးနွယ်စုဖြစ်ရေ ဟု မြို လူမျိုးရို့ဧ ရိုးရာသီချင်း၊ ဝတ္ထု၊ ပုံပြင်တိအရ သိရပေရေ။ ထိုနီရာမှ တောင်ဘက်သို့တရွေ့ရွေ့ ရွှေ့ပြောင်းလာကတ်ကြောင်း ဆိုရေ။ ယပြီးကေ ရုန်ခိုတွင်နှစ် သုံးဆယ်ခန့်နီထိုင်ကတ်ကြောင်း၊ ထိုမှတဆင့် မတူပီနယ် စဖွယ် (Cha Phawi) တောင် သို့ရောက်ဟိလာကာ ထိုနီရာတွင် နှစ်ပေါင်း ( ၃၀၀ ) ခန့်နီထိုင်ကတ်ကြောင်း ယပြီးကေ ပလက်ဝနယ် ခန်လုံးမွယ် ( Khang Lyhn Mawi) သို့ ပြောင်းရွှေ့ကတ် ကြောင်း ခန်လုံးမွယ်မှ ရခိုင်ပြည်နယ်သို့ စုန်ဆင်း လားကတ်ကြောင်း ခူမီး (ခမီး) သမိုင်းက အခိုင်မာ ဆိုထားရေ<ref>ကုလားတန်မြစ်ဝှမ်းနီ ကနဦးတိုင်းရင်းသားတိဧ ဝင်ရောက်လာရာလမ်းကြောင်း ပဏာမလိလာချက်စာတမ်း (ရိုဆန်း)</ref>။ မြိုလူမျိုးရို့ဧ ပါးစပ်ရာဇဝင်တွင် ရှေးက ဝါရဓမ္မတူဧသား ခေါစာပတိရေ နောက် လိုက်ဗိုလ်ပါတစ်ရေင်းနန့် အားသံပြည်မှ တဆင့် ကစ္ဆပနဒီမြစ်ညှာတစ်ခုရေ နီရာတွင် ခြံစည်းရိုး ( ၇ ) ထပ်ကာရံကာ နီထိုင်ခကြောင်း၊ တိဗက်ဒေသမှ အာသံ မဏိပူရ၊ ဂနိချင်းပြည်နယ်၊ မာတူပီ၊ ပလက်ဝ ဒေသမှ ရှေးခေတ် ရက္ခပူရတိုင်း ဓညဝတီ သို့ ဘီစီ ၃၃၂၅ မတိုင်မှီ ရောက်ဟိခကြောင်း၊ ဆင်းသက်လာကတ်စဉ် တွင် "ရွီစာ" ဦးဆောင်ရေ ရှေ့လား အုပ်စုနန့် "မရူစား" ဦးဆောင်ရေ နောက်လိုက် အုပ်စု ရို့ ကွဲ လွဲ ကတ်ရရေဟု ဆိုရေ။
ကစ္ဆပနဒီမြစ်ဝှမ်းဒေသသို့ ရခိုင်လူမျိုးတိ မြောက်ဘက်မှဝင်ရောက်လာရာ မြိုရို့ရေ အဆိုပါဒေသတွင်ဟိနန့်နီပြီးဖြစ်ကြောင်း ပထမဓညဝတီကိုတည်ထောင်ကာ ရခိုင်မင်းဆက်ကို တည် ထောင်ခရေ သူရဲကောင်း မင်းမာရယုရေ "မြို"အကြီးအကဲတစ်ဦးဧသမီး မပိန်နန့် လက်ထပ်ထိမ်းမြားခကြောင်း၊ ယပြီးကေ "မြို"လူမျိုးရို့နန့် ပူးပေါင်းကာ ထိုစဉ်က ကစ္ဆပနဒီ မြစ်ဝှမ်းတစ်ဝိုက် မင်းမှုဆိုးသွမ်းနီကတ်ရေ ဘီလူးတိကို တိုက်ခိုက်အောင်မြင်ခကြောင်း ရခိုင် သမိုင်းတိက ဆိုရေ။
ထိုအကြောင်းကို အဒူမင်းညိုဧ ရခိုင်မင်းသမီးဧချင်းအပိုဒ် ( ၆ ) တွင် 'မာရယုကေ၊ ဘဖြူမြိုထီး၊ သင်းကြီးအောင်လာ၊ ရီးချာဒေဝီ၊ သမီးဘီနန့် ယှဉ်မှီတကွ' ဟူ၍ စပ်ဆိုထားရေ။ ရခိုင်မဟာမုနိ ဘုရားသမိုင်းစာအုပ်တွင် 'မာရယုရေ စွမ်းရည်သတ္တိနန့် ပြည့်စုံရေ ဖြစ်၍ မြိုလူမျိုး ခေါင်းဆောင်ရအောင်လာဧ သမီးနန့်လက်ထပ်ရေ' ဟုဖော်ပြထားရေ။
ဒေါက်တာ ပင်မလာဂါတ်မင် ဧ Burma’s Lost Kingdoms စာအုပ်တွင် ဒေပိုင်ဖော်ပြထားရေ “ရခိုင်ပြည်တွင် မည်သူရို့ အစောဆုံးအခြေချနီထိုင်ခကတ်လဲ့ ဆိုရေ ကို တပ်အပ်မပြောနိုင်ပါ။ ဖြစ်နိုင်ခြေ အတိဆုံးမှာ ဝီးလံခေါင်ဖျား ဒေသတိတွင် ယခုအထိဟိနီဆဲဖြစ်သည့် ချင်း၊ မြို နန့် သက်စသည့် မျိုးနွယ်စုတိ ဖြစ်ပါလိမ့်မည် ဟုဖော်ပြထားရေ။” ( We cannot be sure who the earliest inhabitants of Arakan were. Most probably they included some minorities group still surviving in the remoter arears: the Chin, the Mro and the Sak<ref>Pamela Gutman, “Burma’s Lost Kingdooms: Splendours of Arakan, p- 17</ref> )
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုချင်းလူမျိုးတိစာအုပ်တွင် မြို (အဝ) ရို့မှာ ခူမီး (ခမီး) ရို့နန့်အတူဆင်း သက်လာပြီး ခန်းလုံတောင်တွင် ခူမီး(ခမီး) အုပ်စုတိနန့် ခွဲကာ မီးချောင်း၊ ရန်ချောင်း၊ သရီချောင်းအတိုင်းစုန်ဆင်းလီရေ။ မီးချောင်း၊ သမိန်ချောင်းတိတဝိုက်နန့် တောင်ပေါ်တွင်နီထိုင်သူတိကို တောင်မြို<ref>တောင်ပေါ်အရပ်တွင်နီထိုင်ရေကြောင့်တောင်မြို ဟုခေါ်ဝေါ်ခြင်းသာဖြစ်ရေ။ နောက်ပိုင်းတွင် ဘူးသီးတောင်၊ မောင်းတော မြို့နယ်မှ မရူစားတိကိုလည်း တောင်မြို ဟုခေါ်ဝေါ်လာရေ။</ref> တိဟုခေါ်ကာ မီးချောင်းနန့် သမိန်ချောင်းဝ တွင်နီထိုင်သူတိကို အဝမြိုဟုလည်းကောင်းခေါ်ရေ။ မြို မျိုးနွယ်တိရေ မီးချောင်းကို အခြေခံကာ ခူမီးရို့ဧ ဖိအားကြောင့် တောင်ဘက်သို့ ရွှေ့ပြောင်း ရခြင်းဖြစ်ဟန်တူပေရေ။ ထိုရွှေ့ပြောင်းခြင်းရေ ရှစ်ရာစုခန့်ဖြစ်နိုင်ကြောင်းယူဆရရေ။ မျိုးနွယ်စုတိဧ နှုတ်ရာဇဝင်တိအရ တောင်ဘက်သို့ ရောက်ဟိလာပြီးမှ မြောက်ဘက်သို့ပြန်ဆန်တက်ရကြောင်း တွေ့ရရေ။ ယင်းချင့်ကြောင့် တောင်ဘက်ဖျားဆုံး မင်းပြားနယ်သို့တိုင်ရောက်ဟိပြီး ထိုအရပ်တွင် မြိုတောင်အမည်ဟိ တောင်တွင် အရိုးအိုး တိထားဟိကြောင်းတွေ့ရရေ။<ref>Dr. E. Forchhammer, Report on the Antiquities of Arakan (Rangoon, Superintendent Government Printing, 1891), 54.</ref>
==နီထိုင်ရာဒေသ==
ရှေးဦးမြိုလူမျိုးတိရေ ဂူထဲတွင် အနီကြာလာပြီးနောက် လူဦးရေ တဖြည်းဖြည်းတိုးပွားလာကတ်ရာမှ ဂူထဲအနီမဆံ့သည့်အခါ လည်းကောင်း၊ အနာ၊ ရောဂါဘယတိပြားခြင်းကြောင့်လည်းကောင်း၊ အချင်းချင်းပြဿနာဟိလာကတ်ခြင်းကြောင့်လည်းကောင်း၊ အကြီးအကဲရို့ရဲ့ ခွင့်ပြုချက်အရ သဘာဝကျောက်ဂူခေါင်းထဲမှ အပြင်ထွက်ကတ်ပြီး ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကာရံလျက် နီထိုင်ကတ်ရေ။ ယင်းသို့ ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကျားရဲတိရစ္ဆာန်ရို့ဧ ဘေးရန်မှ ကာကွယ်နီထိုင်ခြင်းကို မြို ခေါ် ခမိ ဘာသာစကားဖြင့် မရူဆရီကာ အဲဒတ် ဟု ခေါ်ဆိုကတ်ရေ။ နောင်တွင် မရူမှ မရို၊ မြို ဖြစ်လာရေ။ ရှေးပညာဟိတိက မြို ခေါ် ခမိ ဘာသာစကား၊ ခြံစည်းရိုး အခေါ်အဝေါ် မြို ကို အခြေပြုပြီး ခြံစည်းရိုးအတွင်းနီထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ်တမ်းတိ တင်ခကတ်ရေ။ ယင်းမှတစ်ဖန် ခေါ်မှုန့် ကို အစွဲပြုပြီး မြို ခေါ် ခမိ ဘာသာစကားဖြင့် အချင်းချင်းခေါ်ဝေါ် ရည်ညွှန်းပြောဆိုလိ ဟိကတ်ပြီး '''ခမီ(လူသား)'''ကိုလည်း အမည်နာမပညတ်ပြီး ခေါ်ကတ်ရေ။
မြိုလူမျိုးရို့ရေ ချင်းပြည်နယ်တောင်ပိုင်း နန့် ရခိုင်ပြည်နယ် တောတောင်ထူထပ်ရေ အရပ်ဒေသ၊ မြစ်ချောင်းအင်းအိုင် အနီးရာသီဥတု အေးမြရေဒေသတိတွင် ပြန့်ကြဲ့ နီထိုင်ရေ။
မြိုလူမျိုးတိ ကို ချင်းပြည်နယ် မီးချောင်း နန့် သမိန်ချောင်းတွင်လည်းကောင်း၊ ရခိုင်ပြည်နယ် မြို့ဟောင်း (မြောက်ဦး) မြို့နယ် အကြီးတော်မတိုက်နယ် နန့် ရမ်းချောင်း တိုက်နယ်၊ ကျောက်တော်မြို့နယ်ဟိ သရီချောင်း၊ ပီချောင်း၊ ယိုးချောင်း နန့် တောမိရွာတွင်လည်းကောင်း၊ ပုဏ္ဏားကျွန်း မြို့နယ်ဟိ၊ စမ်းမတီးချောင်း၊ တောဖျားချောင်း၊ ကြိမ်ချောင်းနန့် မောင်မချောင်း တွင်လည်းကောင်း၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်းဒေသ<ref>မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးတိ အဘိဓာန်၊ (အလင်းသစ်စာပေတိုက် - ဒု၊ ၂၀၀၇)၊ စာ - ၉၉၊ ၁၄၃။</ref> နန့် ပေါက်တောမြို့နယ်ရို့တွင် ပြန့်ကြဲ့ နီထိုင်ရေ။
မြိုလူမျိုးရို့ရေ သမိုင်းလာရာဒေသတိတွင် ဂနိတိုင် ရပ်ရွာတည် ၍ နီထိုင်ကတ်ဆဲဖြစ်ရေ။ အမတ်ဓမ္မဇေယျရေ မြောက်ဘက်သို့ ဆုတ်ခွာရာတွင် ချင်းပြည်နယ် ပလက်ဝအောက်ပိုင်း မီးချောင်းဂူဝအထက်တွင်ခိုလှုံရေဟုဆိုရေ။ ထိုအရပ်ကို ဥတ္တရာဇ်ဟုခေါ်ရေ။ ထိုသူတိကို မြုံလူမျိုးတိဟု အမည်တွင်လာကြောင်း ရခိုင်မှတ်တမ်းတိတွင် ဖော်ပြထားလီရေ။<ref>“ဓမ္မဇေယျ စုံနှစ်မမူ၊ ထိုသူရဲမက်၊ သိမ်းခေါ်လျက်သာ၊ မြုံရွာအဝင်၊ တောင်ခွင်မြိုင်ခြေ၊ ရှောင်နီမလစ်၊ အားအံသစ်လျက်၊ ကစ္ဆပနဒီ၊ တပ်လုံးချီ၍၊ ကပ်မှီရောက်ခါ၊ မြောက် အညာသို့၊ လားရာမလိုက်၊ တော်၌ပုံတူ၊ လူအပုံကို၊ အမြုံဟုခေါ်ဝါ၊ ချောင်းအမြွှာတွင်၊ သုံးရွာစုစု၊ နီမှတ်ပြုရေ၊ တည်ဘူးရာတွင်၊ ထို့ပြင်မြေဝီး၊ ထွက်ပြေးလီတတ်၊ အမတ်နန့်ပါ၊ တိစွာသူပုန်း၊ နီတုံမလွဲ၊ အမည်စွဲ၍၊ ဟဲရုံခုတွင်၊ သို့စင်ပြည်ထဲ”</ref> စန္ဒာဒေဝီမိဘုရားရေ အမတ်ရို့နန့်တိုင်ပင်ပြီး၊ နတ်ရွာစံပြီးရေ ဘုရင်မင်းကြီးဧ အလိုအတိုင်း လက်စွပ်တော်နန့်တန်ရေသူကို မင်း ပြုရန် ရှာဖွေရာ နောက်ဆုံးတွင် မီးချောင်း အဖျားတွင် အဆင်းအဝါခွန်အားနန့် ပြည့်စုံရေ မြို သင်းကြီး ညီနောင် သားအဖ သုံးယောက်ရို့ကို ကွန်ပစ်၍တွေ့ကေ ဝေသာလီပြည်သို့ ဆောင်ယူကာ အစ်ကိုကြီး အမြတူကို စန္ဒာဒေဝီမိဘုရား နန့်လက်ဆက်စေလျှက် မင်းအဖြစ်တင်မြှောက်ကတ်ရေ။ ညီတော် အမြကူကို အိမ်ရှေ့အရာပီးပြီး၊ သားပဲဖြူကို မြောက်ဦးရွာ ကို အပ်နှင်းလီရေ။ အေဒီ ၇၉၆ - ၇၇၆ ခုနှစ် ဖြစ်ရေ ဟု ရခိုင် ပညာသျှင်တိက တွက်ချက်ကတ်ရေ။ ရခိုင်မင်းသမီး ဧချင်း အပိုဒ် ၁၄ တွင် -
ဧေး ဧေး ဗိန့်စေရုန်၊ ပန်နှယ်ကုံဗိန့်၊ ပြည်လုံနှုန်မျှ၊ တိုင်မရ၍၊ ဆားဝမည်ထဲ၊ တောင်ရွာထဲဝယ်၊ အမြေဲနီပင်၊ မြိုတွင်ထင်ရှား၊ သင်းကြီးသားဟု၊ ရည်လားလုံးရပ်၊ စေ့ကြပ်ကျစ်ကြော၊ ချောမောဆင်ယောင်၊ ညီနောင်သားဘ၊ သုံးယောက်ရလျဂ်၊ အစတည်တုံ၊ အမြထုံနန့်၊ တူစုံသာအောင်၊ ထီးနန်းဆောင်း၍၊ နောင်းကကြိန်မူ၊ သာပေဖျူနန့်၊ ရိပ်ဖြူဆောင်ချုပ်၊ ပြည်ရွာအုပ်လျှက်၊ တုံလှုပ်မစွန်၊ ခပ်ယိုစွန်တွင်၊ သျှန်ကိုသိန်သျှင်၊ဘိုးခင်ဘွားကြီး၊ တောင်ရိုးစီး၍၊ ဖျက်ဆီးလီခါ၊ ရို့ရွာတကြိန်၊ မင်းမဲ့ဘိန်ရေ စည်းစိမ်မထွန်း၊ ရှူးတဲ့လီ<ref>ထွန်းရွေခိုင် ( မဟာဝိဇ္ဇာ)၊ ရခိုင်မင်းသမီးဧချင်း၊ (ယဉ်မျိုးစာပေ၊ ရန်ကုန်၊ ၂၀၁၆)၊ စာ - ၅၂။</ref>၊ ထိုမြိုသားအဖရို့ နီရေနီရာရေ ဂနိ ချင်း ပြည်နယ် ပလက်ဝဒေသ မီးချောင်းမှ ဆားဝရွာကိုပင် ဆိုလိုခြင်း ဖြစ်ရေ။
အမြတူမင်းရေ မင်းပြုနန်းစံပြီးခြောက်နှစ်ဟိလတ်ကေ စန္ဒာဒေဝီမိဖုရားရေ လင် မင်းကြီးအမြတူကိုထက် မတ်တော်ဖြစ်ရေ အိမ်ရှေ့မင်းအမြကူရေ အရောင်အဆင်း၊ အရည်အချင်း၊ ခွန်အား၊ လက်ရုံးနန့်ပြည့်စုံခြင်းကြောင့် တပ်မက်ခြင်းဖြစ်၍ မှားယွင်းကျူးလွန်လီရေ။ လင် မင်းကြီးအမြတူကိုသတ်၍ မတ်တော်အမြကူ အိမ်ရှေ့မင်းသားနန့် မင်းပြုနန်းစံမည်ကြံရေကို မင်းကြီးသိလီရေ။ ထိုအခါမိဖုရားနန့် ငါ့ညီရို့ရေ ငါ့အားအသက်ကိုကြံစည်နိုင်ကြောင်း ရိပ်မိသဖြင့် သူ့ကို ငါလျင်အောင်ကြံစည်မည်ဟု ပရိယာယ်ဖြင့်ရိုးရာပွဲတော် (ဆနိ) ပြုလုပ်ရန်ဟုဆိုကာ နွားနောက်နန့်ကျွဲဖြူရို့ကိုယူလျက် မြိုရို့ဧရိုးရာအဝတ်အစားဖြစ်ရေ ကြိမ်နွယ်၊ ကြွေပေါက်၊ ဦးဖွဲ့စရေရို့ကို ဝတ်ဆင်လျက် တောင့်၊ လေး၊ မြှား ရို့ကိုကိုင်၍ ညီအားရှေ့မှ နွားကြိုး၊ကျွဲကြိုးကို ကိုင်ငင်စေပြီး ရှေ့ကလားစေရေ။
မြိုမင်းကြီးအမြတူရေ တောင့်၊ လေး၊ မြှား၊ လွှား၊ ရို့ကိုကိုင်လျက် နောက်မှလိုက်လီ၍ အစဉ်အတိုင်းလားကတ်လီကေ လဆုတ်ကာလဖြစ်ရေ ညဉ့်သန်းခေါင်ယံလွှဲ၊ မိုးရေက်လုခါနီးအချိန်တွင် ညီတော်ဖြစ်ရေ အိမ်ရှေ့မင်းကို အဆိပ်လူးရေမြှားဖြင့် ပစ်ခတ်သတ်ဖြတ်လီရေ။ ၎င်းကို မြိုလူမျိုးရို့ရေ ရှေ့အစဉ်အလာ စကားအရ အမြတူမင်းကြီးရေ ညီတော်အမြကူအား သနား၊ ကြင်နာ၊ လွမ်းဆွေး၊ သတိ အမှတ်ရစွာဖြင့်လွမ်းစေတီတစ်ဆူတည်ထားလီရေ။
၎င်းစေတီကို "နွားလိုက်စေတီ" ဟူ၍ ရှေးမြိုလူမျိုးရို့က ခေါ်ဆိုကတ်လီရေ။ ယခုအခါ "နားလိပ်စေတီတော်<ref>မာယုလှိုင်(ကျောက်တော်)၊ တိုင်းရင်းနွယ်ဖွား မြိုလူမျိုး အမြတူ၊အမြကူနန့်ပဲဖြူမင်းရို့ အုပ်ချုပ်စိုးစံတော်မူပုံအကြောင်း</ref>" ဟုခေါ်ဆိုကတ်ရေ။ မြိုပဲဖြူမင်း နန်းစံနှစ် တဆယ့် ခုနှစ်အကြာတွင် ကိုးရေင်းရေ ရှမ်းရို့ရေ လိမြို့ မြစ်ဖျားမှ ဆင်းသက်လာပြီး စစ်မက်ပြုလီရေ။ ပဲဖြူမင်းရေ အားမတန်ရေကြောင်း နောက်လိုက်တိနန့် တကွ ယိုးချောင်းဖျား သပိတ်တောင်တွင် မြို့တည်ကာ နီရာ တိ မကြာမှီ ကွယ်လွန်လီရေ။ ထို သပိတ်တောင် ဆိုရေမှာ ယခုအခါ ရွှေပန်းခိုင် (မြိုရွာ)ဖြစ်ရေ။ ကျောက်တော်မြို့ဧအနောက်တောင်ဘက် ( ၇၁၅ ) မိုင် ခန့်ဟိရေဟုဆိုရေ။
==ဘာသာစကား နန့် စာပေ==
မြို လူမျိုးရို့တွင် နီရာ ဒေသ နန့် လိုက်၍ ဒေသိယ ဘာသာစကား အနည်းငယ် ကွဲပြားမှုဟိရေ။ ကိုယ်ခန္ဓာ အစိပ်အပိုင်’ကိုခေါ်ဆိုရေအခါ “အ” သို့မဟုပ် “လ”နန့်စ၍ ခေါ်ဝေါ်လိဟိရေ<ref>ထင်အောင် (ကျောက်တော်)၊ နိုင်ငံတော်မှပီးရေ အခွင့်အရီးနန့် ဌာနီတိုင်းရင်းသား မြို ( ခမိ ) တိရပ်တည်မှုစာတမ်း ( ၂၀၁၅၊ စာ-၇</ref>။ တစ်ဦးနန့်တစ်ဦး ဆက်သွယ်ပြောဆိုရေစကား တိအား ခြုံငုံကြည်ကေ အောက်ပါ ဒေသိယ အုပ်စုတိကိုတွေ့ရရေ။
# ဝါကုန် (Vaqkun)
# တွီရွန် (Tuiron)
# ခိုင်နက် (Xienauq)
# ခါတက် (Xautau)
# ပါမနက် (Pamnauq)
# လေခခ် (Likhy)
# အကေအလောင် (Akiealon)
ရို့ ဖြစ်ရေ<ref>မောင်စာခေါင်၊ မြို ဘာသာစကားဧ စကားသံတိကို အသုံးချ သဒ္ဒဗေဒအမြင်နန့် လိလာချက်၊ (ရန်ကုန် တက္ကသိုလ်၊ ၁၉၉၀၊ စာ- ၄။</ref>။
အထက်ပါ အကြောင်းအရာရေ ချင်းပြည်နယ်မှရေ ရခိုင်ပြည်နယ် ကုလားတန် မြစ်ဝှမ်းတလျှောက် ပြောဆို ဆက်ဆံကတ်ရေ မြိုလူမျိုးရို့ဧ ဒေသိယ စကားပြော ဆိုရေ အစုပင် ဖြစ်ရေ။
မျိုးနွယ်စု ကြားတွင် ဝါကုန်းစကား အပြော တိဆုံး ဖြစ်ရေ။ ၁၉၁၁ ခုနှစ် ဗမာ့ သန်းခေါင်စာရင်း အစီရင်ခံစာ အပိုင်း ( ၁ ) နောက်ဆက်တွဲ့ စာမျက်နာ ၄၃၇ တွင် မြိုလူမျိုးရို့ဧ ဘာသာစကားကို ဒေပိုင်ဖော်ပြထားရေ<ref>Morgan, Census of Burma 1911, volume IX, Burma Part-I, Reports, - 256</ref>။
မြို လူမျိုးရို့ဧ ဘာသာစကားနန့် ရိုးရာဓလိရို့ရေ တောင်ပိုင်း ချင်း တိနန့် ပိုမို တူညီမှုတိရေ။ မြိုလူမျိုးရို့ရေ ဘာသာစကားတွင် ခူမီး( ခမီး ) တိနန့် ၇၈% ရာခိုင်နှုန်းတူပြီး မရူစား ( မြို) နန့် ၃၉% ရာခိုင်နှုန်း တူရေ<ref>SIL, 2012</ref>။ ထို့ကြောင်း Captain G.C. Rigby ဧ History Of Operation in Northern Arakan and the Yawdwin Chin Hills (1896-97) စာအုပ်တွင် ဒေပိုင်ဖော်ပြထားရေ။ Mro much resemble the Kwaymis. The dialect spoken by them is different, but allied to that of the kwaymis<ref>Captain G. C. Rigby, “History Of Operations in Northern Arakan and the Yawdwin Chin Hills, (MIZORAM, 1896-97), P-175.</ref> .
မြိုလူမျိုးရို့ရေ ခူမီး တိနန့်တိစွာ တူညီမှုဟိဧ။ ဘာသာစကားတွင်ကွဲရေ။ ယကေလည်းလည်း အပြန်အလှန် ဆက်စပ်မှု ဟိရေ၊ ( မြို ရို့ရေ တိနွယ်ကွဲတိစွာ ဟိနီသိမ်းရေကိုနားလည်စေရန်သာ ဖြစ်ရေ။ )
စာပေတွင်ဝါကုန်းစကားကို အဓိက ထားသုံးရေ။ မြို ရို့တွင် ကိုယ်ပိုင်စာပေ ဟိရေ။ ၎င်းစာပေကို ၁၉၉၇ - ခုနှစ် တွင် ဆရာ ဦးကျော်သာအောင် (ကေဖ) က ဂျာမန် စာပေပညာသျှင် Dr. Kenneth Greggerson ဧအကူညီရယူကာ ရောမအက္ခရာဖြင့် တီထွင်ရေ။ ၎င်းရို့ ဂျာမန် ဆရာ မ ဟေလဂါ ဧ မြို လူမျိုးရို့ အပေါ် ထား ဟိရေ မေတ္တာရေရေ အဓိက အချက်ပင် ဖြစ်ရေ။ သူမရေ မြို စာ ဖြစ်မြောက်ရီးအား အဓိက ကူညီပီးသူ ဖြစ်ရေ။<ref>ထင်းအောင် ( ကျောက်တော်)၊ ဘဝပုံရိပ်တိ၊ ( Grace စာပေ၊ ၂၀၀၆)၊ စာ-၉၈။</ref>။
==ယုံကြည်ကိုးကွယ်မှု==
ရှေးကမြိုလူမျိုးရို့ရေ မိရိုးဖလာ နတ်ကိုးကွယ်ကတ်ရေ။ နောက်ပိုင်းတွင် အတိစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကတ်ရေ။ ခရစ်ယာန် ဘာသာ ကိုးကွယ်သူတိလည်း ဟိရေ။ ဗုဒ္ဓဘာသာကိုးကွယ်သူတိရေလည်း မိမိရို့ ရိုးရာနတ်ကိုလည်း ပူဇော်ကတ်ရေ။ ရိုးရာ နတ်တိ မှာ အိမ်စောင့်နတ်၊ ယာစောင့်နတ် တိ ဖြစ်ရေ<ref>မောင်စာခေါင်၊ မြို ဘာသာစကားဧ စကားသံတိကို အသုံးချ သဒ္ဒဗေဒအမြင်နန့် လိလာချက်၊ (ရန်ကုန် တက္ကသိုလ်၊ ၁၉၉၀)၊ စာ - ၄၆။</ref>။ နတ်ကိုးကွယ်မှု ဆိုရာ ၌ ထူးခြားချက်တစ်ခုတွင် မြို လူမျိုးရို့ရေ “KNIQKHOEQMAQ” ကနိခွတ်မာ ဟူရေ ရိုးရာနတ် ဘုရားအဖြစ် အထူးယုံကြည်ဟန်ဟိရေ။ “ကနိခွတ်မာ” ဟူရေ ဝေါဟာရရေ မြိုရို့ ရိုးရာယဉ်ကျေးမှုအားဖြင့် စကားလုံး နှစ်လုံး အား ပေါင်းစပ်ထားရေ အရာ ဖြစ်ရေ။ မြို ဘာသာစကားဖြင့် “နီ” အား “ကနိ” ဟု ခေါ်ရေ “ခွတ်မာ “ရေ စကြဝဠာ ဟု အနက် ရရေ။ “ကနိခွတ်မာ” ရေ နီနန့် စကြဝဠာကို ပိုင်ရေ ဖန်ဆင်းသျှင်ဟု အဓိပ္ပာယ်ရရေ။
မြိုလူမျိုးတိရေ အထူးအဆန်း အံ့ဖွယ်သရဲတိကို တွေ့ကတ်ရာ၌ "ကနိယို´ခှါယို" (Kniq Jy, Xajy) (နီနဲ့လ)ဆိုပြီး၊ အာမေဍိတ်သံကို ပြုနီကတ်ရေကြောင့် ဖြစ်ပေရေ။ ယကေလည်း မြို လူမျိုးရို့တွင် အခက်ခဲ ပြဿနာတိ၊ဖျားနာမှုတိဟိကေသာ “ကနိခွတ်မာ” အား တောင်းတကတ်ရေ<ref>Luke Ahka, “The Anthropological Studies of Mrokhami People with Relevant Method for the Gospel: Cultural Anthropology For Christian Mission,” (Yangon, 2012), Page -2.</ref>။ ဖန်ဆင်းခြင်း ပုံပြင်တိတွင် KOEQMRIKOEQMRAN “ခွတ်မရိခွတ်မရင်” ဟူရေ အသက်ကြီး အဖွားအိုရေ လူ့မိန်းမနန့် ယောက်ျားအား မြေမှုန့်မှ ဖန်ဆင်းရေဟု ဆိုရေ။
# - ဒသရာဇမင်း လက်ထက် ( ၄၈၅ ခုနှစ် ) တွင် နှစ်ပေါင်းတိစွာ ပျောက်ကွယ်နီရေ မဟာမုနိရုပ်ပွားတော်အား ရှာဖွေရန် စေခိုင်း လိုက်ရေ မြိုသင်းကြီး ရဟောင်လာ၊ အပေါင်လာရို့ကို “မြိုခွေးမွေး”၊ “ခွေးမွေးတောင်မြို”ဟုတညီတည်း မှတ်တမ်း တင်ထားပေရာ မြိုလူမျိုးရို့ရေ ဗုဒ္ဓဘာသာအား ယခင်ကပင် ယုံကြည် ကိုးကွယ် လာခကြောင်း သိဟိနိုင်ပေရေ<ref>ရခိုင် မင်းသမီး ဧချင်း အပိုဒ်(၁၉)တွင်ေဧး တုံမွေးမိ၊ နာထွေဟိလော၊ ဂေါလိယမင်း၊ သားရင်းရီးချာ၊ ဒသရာကေ၊ မဟာမုနိ၊ ဟိရာအကြောင်း၊ ပေါင်းလောင်းမြို့ထီး၊ သင်းကြီးညွှန်ပြ၊ ပုညကြီးတွေ၊ လွန်ရိုသေလျက်၊ ဝင်လီသင်းတက်၊ ထွက်ခသင်တုတ်၊.......</ref>။
# - မြိုလူမျိုးရို့ဧ ရှောဦးစွာ ခရစ်ယာန် ဘာသာ ကိုးကွယ် မှု ရေ မီးချောင်းသေဒမှ ဖြစ်ရေ။ ၁၉၃၂ ခုနှစ် တွင် ဧပြီလတွင် ပလက်ဝမြို့နယ် မီးချောင်းဒေသမှ မြို လူမျိုး ခရစ်တော် ကို ပထမဆုံးလက်ခံပြီး နှစ်ခြင်းခံရေဟု ဆိုရေ<ref>A. T. Houghton, Dense Jungle Green, 1937. 172-190.</ref>။
# - ၁၉၀၇၊ ဇူလှိုင်လတွင် မရာဧဝံဂေလိ သာသနာရေ မြို လူမျိုရို့ကြား ဝင်ရောက်ခရေ ဟု ဆိုရေ<ref>HC. Bizo, the Study of Mara Evangelical Church and her Mission: Education in Mission Fields (Thesis, MIT, Yangon, 2017), 124.</ref>။
ယခုအခါ မြိုလူမျိုးကိုးကွယ်ကတ်ရေ အဓိကဘာသာတိမှာ ဗုဒ္ဓဘာသာနန့် ခရစ်ယာန်ဘာသာတိ ဖြစ်ကတ်ပေရေ။ ရိုးရာနတ်ကို ပူဇော်ပသရေ အချို့ရေ မြိုလူမျိုးတိလည်း ဟိကတ်ပေသိမ်းရေ။
==ဝတ်စားဆက်ယင်မှု==
မြိုလူမျိုးရို့ရေ ယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုး လာရေနန့်အညီ ဝတ်စား ဆင်ယင်မှုတိရေလည်း ခေတ်ပေါ် ဝတ်စားဆင်ယင်မှုတိကို အလီးထား ဝတ်စား ဆင်ယင်လာကတ်ရေ။ တိုင်းရင်းသားဆိုင် ရိုးရာယဉ်ကျေးမှု ပွဲလန်းသဘင်တိတွင်သာ မိမိရိုးရာ ဝတ်စုံတိကိုသာ ဝတ်ဆင်လာကတ်ရေ။ ယကေလည်း ခေတ်အလိုက် ပုံစံအနည်းငယ် ပြောင်းလဲမှုတိလည်း ဟိရေ။
===ရှေးအမျိုးသားရို့ဧ ဝတ်စားဆင်ယင်မှု===
ရှေး မြို လူကြီးရို့ရေ အလျှား (၁၂)တောင်၊ အရှည်ဟိရေ တောင်ရှည်ပုဆိုးကို ရှေ့တစ်စ၊ နောက်တစ်စထား၍ ခါးတောင်း ကျိုက် ဝတ်ဆင်ကတ်ရေ။ ရှေ့အစ နောက်အစရေ တွဲလွဲကျရေ။ ပွဲလမ်းသဘင်တိ၌ ပိုးလုံချည်၊ ခေါင်းပေါင်း ကို ဝတ်ဆင်ကတ်ရေ။ ထိုသို့ဝတ်ကေ ဂုဏ်သရေ ဟိရေဟု ယူဆကတ်ရေ<ref>မောင်စာခေါင်၊ မြို ဘာသာစကားဧ စကားသံတိကို အသုံးချ သဒ္ဒဗေဒအမြင်နန့် လိလာချက်၊ (ရန်ကုန် တက္ကသိုလ်၊ ၁၉၉၀)၊ စာ - ၄၆။</ref>။ မင်္ဂလာပွဲနန့် မင်းခန်း မင်းနားရို့တွင် ပေ (၂၀) ထက်ကျော်ရေ ဂျက်ခုတ်ရက်ထည်ကို ခါးတွင် သုံးပတ် ပတ်ပြီး နောက်မြီး စွမ်း ရှည် ကို ပေါင် နှစ်ဘက်လုံး သုံးပတ် ကျော့ဝတ်ကာ ရှေး မြီး နောက် မြီးကို လက်ဝဲဘက် ခါးဆီတွင် အစချင်းပူး ချည်နှောင်လျှက် အစွန်းတူ ချထားရရေ။ ကိုယ်ဝတ် အင်္ကျီကို ကား ကောင်းမွန်စွာ ရက်လုပ်ထားရေ အဖြူ ရက်ထည်ပေါ်တွင် အနီစင်းကြောင်း လက်ဝဲ၊ လက်ယာ နှစ်ကြောင်းစီ ရှေ့နောက် လေးကြောင်းပါရေ ဂျက်ခုတ်ရက်ထည် အင်္ကျီလက်တို ဝတ်ဆင်ကတ်ရေ။ သို့မဟုပ် အလျှား (၆) ပေ၊ အနံ (၄) ပေ ဟိ ပန်းအလှတိ ဖော်ဆောင် ရက်လုပ်ထားရေ “နီလိုင်”(Ielien)ခေါ် ကိုယ်လွှမ်းစောင်ကို လည်း ဘယ်ဖက် ပခုံးပေါ်တင်ပြီး လွှမ်းခြုံလိဟိရေ<ref>စိန်သာအောင် ( ပလက်ဝ)၊ “မြို”ရို့အကြောင်း ရှေးဖြစ်ဟောင်းဆောင်းပါးစုတိ၊ ၂၀၁၅၊ (စာ- ၁၂၄)</ref>။ ယကေလည်း မြိုလူမျိုးတိရေ ရှေးရှေးကခန္မာကိုယ် အထက်ပိုင်းတွင် အဝတ်မဲ့ နီလိဟိကတ်ရေ။
ရှေးမြိုလူကြီးတိရေ ယောင်ထုံးကို ဘယ်စောင်းထုံးလျှက် “လူ့ပေါင့်”(Luponq) ဟုခေါ်ရေ ခေါင်းပေါင်း ဖြူ ပိတ်စ (သိုမဟုပ်) ပန်းရောင် ကို ပေါင်းကတ်ရေ။ ပွဲလမ်းသဘင်တိတွင် ပိုးခေါင်း ပေါင်းကို ပေါင်းကတ်ရေ။ ခေါင်းပေါင်ထည်ကို “လူ့ပေါင့်”(Luponq)ဟုခေါ်ရေ။ ဆံထိုးကို “ဆင်ဘိန်းဟုခေါ်ကာ ပန်းဖွာကို “အဆွီ”ဟုခေါ်ရေ။ နား နှစ်ဖက်တွင်အချင်း နှစ်လက္မဟိ အဝိုင်းကွင်း နားကွင်းကြီး နှစ်ကွင်းကိုဝတ်ဆင်ထားရေ။ ထိုနားကွင်းရေ ဆင်းရဲ ချမ်းသာလိုက်၍ ဆင်းခသူရို့က ငွေသားနန့်လုပ်ထားရေ နားကွင်းကိုဝတ်ဆင်ကာ ချမ်းသာသူရို့ကား ရွှေဖြင့်လုပ်ထားရေ သူနားကွင်းတိကို ဝတ်ဆက်၍ မင်းမျိုးမင်းနွယ်ကား “တံကွစီ” “ရှည်စလ”ခေါ်ရေ ရတနာကိုးပါးဖြင့် စီခြယ်ထားရေ နားကွင်းကြီးကို ဝတ်ဆင်၍ အန်ဘောင်ခေါ် နားကွင်းဝိုင်းတွင် ပန်းစွယ် ကဲ့သို့ ရှေ့သို့ကွေးချထားရေ နား ဋောင်းမျိုးကိုလည်းကောင်း စဉ်စဉ် ဓာတ်ရောင် (Deronq) ခေါ် ရတနာ စုံပါရေ ပန်းဖူးနားဋောင်းမျိုးကို လည်းကောင်း ဝတ်ဆင်ကတ်ရေ။ သို့ဖြစ်ရာ မန်နရစ်ဧ မှတ်တမ်းတွင် ဒုတိယမြောက်ဦးခေတ် နောက်ဆုံး မြို မင်း ဖြစ်ရေ သီရိသုဓမ္မရာဇာမင်းဧ နားဋောင်းအကြောင်းကို ထွန်းရွှေခိုင် (စစ်တွေကောလိပ်) တွင် ဒေပိုင်ဖော်ပြရေ<ref>ထွန်းရွှေခိုင်(စစ်တွေကောလိပ်)၊ ရခိုင်ရှေ့ဟောင်း မြို့တော်တိ၊ စာ - ၁၄၁</ref>။
ဒေကျောက်မျက် ရတနာရို့ရေ သီရိသုဓမ္မဘုရင်ဧ ကြီးမားရေ တွင်းနှစ်ဖက်မှ တွဲကျနီပြီး ယင်းရို့ တောက်ပမှုကြောင့် ရာဇပလ္လင်အား စီခြယ်ထားသည့် အခြားကျောက်မျက်ရတနာတိနန့် ပုလဲရို့ရေပင် အရောင် မှေးမိန်ကုန်ကတ်လီရေ ဟု ဖော်ပြထားလီရေ။
===အမျိုးသမီးရို့ဧ ဝတ်စားဆင်ယင်မှု===
မြိုအမျိုးသမီး တိရေ ဒူးအောက်နားထိရှည်ရေ စကပ်ပုံ စံအိန ( ခေါ် ) ထဘီကို ရစ်ပစ်၍ ဝတ်ဆင်ကတ်ရေ။ အနံတစ်ပေခွဲ၊ အလျှား ၂ ပေခွဲခန့်ဟိရေ လေးတောင့်စွန့်ဟိ ရင်ကပ် (Ielienq) ကို ဘယ်ဘက်ချိုင့်ကြားမှ ညာဘက်ပခုံးပေါ် သို့ သိုင်းတင် ချည်နှောင်ရသည့် ရင်ဖုံး အဝတ်ကို ဝတ်ဆင်ကတ်ရေ။ ခါးတွင် သန္တာစေ့တိကို သီထားသည့် ခါးပတ်တိ၊ ငွေဒင်္ဂါးတန်ဆာတိကို ဝတ်ဆင်ကတ်ရေ။ သန္တာစေ့ပုတီးလည်ဆွဲတိ၊ ငွေဒင်္ဂါးတန်ဆာ လည်ဆွဲတိကိုလည်း ဆင်မြန်းကတ်ရေ။
ငွေလက်ကောက်၊ ငွေခြေကျင်း၊ ငွေနားဒေါင်းတိကို ဝတ်ဆင်ကတ်ရေ။ နားဒေါင်းမှာ ကန်စွန်းပွင့် သဏ္ဌာန်၊ ခါးတွင် အနည်းငယ် ကျဉ်း၍ ၂ -လက်မခန့် ရှည်ရေ။ ပွဲလန်းသဘင်တိတွင် ငွေထည် လက်ဝတ် လက်စား တိကို ဆင်မြန်း၍ ထောက်ပင် (ခေါ်) တံဘက် သင်တိုင်းကို ဝတ်ဆင်ကတ်ရေ။ ဦးခေါင်းပေါ်တွင် သန္တာစေ့ ပုတီးကုံး တိကို တင်ထား ဆင်မြန်း ကတ်ရေ<ref>မောင်စာခေါင်၊ မြို ဘာသာစကားဧ စကားသံတိကို အသုံးချ သဒ္ဒဗေဒအမြင်နန့် လိလာချက်၊ (ရန်ကုန် တက္ကသိုလ်၊ ၁၉၉၀)၊ စာ - ၄၆။</ref>။
တိုးတက်မှုမြန်နီရေ ဂနိလူ့အဖွဲ့စည်းတွင် ခေတ်ပေါ်ဝတ်စားဆင်ယင်မှုတိ ဝတ်ဆင်လာမှုတိ ဟိလာပြီ ဖြစ်ရေ။ တချို့ ရိုးရာ ဓလိ ဝတ်စားဆင်ယင်မှု မှုလတိ အား မီးချောင်း၊ ပီချောင်း ဘက်တွင်သာ တွေ့ဟိနိုင်တောမည် ဖြစ်ရေ။
==အိမ်ထောင် မင်္ဂလာပြုခြင်း==
မြိုတိုင်းရင်းသားတိတွင် တရားဝင် လက်ထပ်ထိမ်းမြားခြင်းမပြုဘဲ အိမ်ထောင်ပြုခြင်း ထုံးစံမဟိချေ။ အချင်းချင်း မေတ္တာမျှ၍ဖြစ်စေ၊ လူကြီး မိဘချင်း သဘောတူ စေ့စပ်၍ ဖြစ်စေ တရားဝင် လက်ထပ်ထိမ်းမြားပီးလိဟိဧ။ မိခင်ဧ မောင်ဘွားသမီးတော်စပ်သူ သားအတွက်စေ့စပ်တောင်းဆိုလိ ဟိရေ။ ( မြိုတိုင်းရင်းသားရို့တွင် မောင်ဘွားရို့ဧ သားက ညီမ၊ အစ်မတော်စပ်သူရို့ဧ သမီးပျိုတိကို ထိမ်းမြားခြင်း မပြုရချေ။ ) မည်သို့ဆိုစေ မြိုအပျိုလူပျိုတိရေ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဟိရေ။
မြိုလူမျိုးရို့ဧ မင်္ဂလာဆောင်ပုံမှာ သရို့သားဧ မိဘရို့ရေ ယူသည့်မျိုးနွယ် (M’joe Kshanq) နန့်မယူသင့်၊ ပီးသင့်ရေ အမျိုး (M’joe Kaumien) ဟူ၍ ဟိသည့်အနက် မိမိရို့ ယူသင့်ရေမျိုးနွယ်ဖက်က သရို့သမီး တစ်ယောက်ကို သားအတွတ် စေ့စပ်တောင်းလိုကေ ကြက်ဖတစ်ကောင်ဖြင့် ကြက်မြုတွင်ထည့်ပြီး ဓားတစ်ချောင်းဖြစ်စေ၊ လှံတစ်ချောင်းဖြစ်စေ ကြက်မြူးတွင်ထည့်ထိုး ၍ သရို့သမီးမိဘ အိမ်သို့လား၍ စေ့စပ်ကြောင်း မေးမြန်းရရေ။
မိဘရို့က သဘောမတူကေမရချေ။ အချို့ မိဘရို့ရေ မိဘက သဘောမတူကေလည်း - သမီးဧဆန္ဒကိုသိလို၍ သမီးနန့်တိုင်ပင်ပါအုံးဟုပြောတတ်ကတ်ရေ။ ထိုအခါ “လော်ကီ” ခေါ် အောင်သွယ်ကသရို့သမီးဧအိပ်ရာသို့ ညနီ အချိန်လားရောက်၍ ကြားနီပြောဆိုပီးရရေ။
မိမိရို့ အချင်းချင်း မေတ္တာဟိက ယောက်ျားချေရ မိဘဆွေမျိုးကို အသိပီး၍ တောင်းဆိုခိုင်းရရေ။ မိဘရို့ကလည်း လူငယ်ရို့သဘောကို မေးမြန်းနားချပြီးမှ ဆောင်ရွက်လိဟိကတ်ရေ။ ယကေလည်း ညီအစ်ကိုဆွေမျိုးအုပ်စု အချင်းချင်းဖြစ်စေ၊ တူမတော်အုပ်စု ဖြစ်စေ ထုံးစံအရ သဘောမတူနိုင်ကတ်ချေ။ အကယ်၍ လွန်ကျူးမိပါက မိမချေဘက်က မရမကဖျက်ယူကတ်ရေ။ ဖျက်မရက ဆွေပြတ် မျိုးပြတ် ပြုကတ်ရေတိ ဟိကတ်ရေ။ ယကေလည်း ယခုခေတ်တွင်ကား မဟိကတ်တော့ချေ။
===(က) ချွေးမရှာလားခြင်း===
ချွေးမရှာလားရာ၌ သူငယ်ချင်းတိနန့် လူလတ်ပိုင်း အိမ်ထောင်ဟိသူ တစ်ဦး, ဦးကိုခေါ်ဆောင်လားရရေ။ ဒေပိုင်လားရာ၌ ‘စုံ’ မလားရပေ။ ‘စုံ’ လားကေ ‘မ’ မရနိုင်ဘဲ ‘မ’ လားကေ ‘စုံ’ ရနိုင်ရေဟု အယူဟိကတ်ရေ။ ကျေးရွာသို့ရောက်ကေ မိမိရို့ဆွေမျိုး သို့မဟုတ် အသိမိတ်ဆွေအိမ်၌ တည်းခိုပြီး ရွာလူပျိုခေါင်းကို အကူအညီတောင်းရရေ။ ရွာလူပျိုခေါင်းကလည်း တော်စပ်သည့်အမျိုးအနွယ်မှ သမီးပျိုတိကို ပြပီးရေ။ ရွာလူပျိုခေါင်းက လမျိုးဓလိ၊ ရွာဓလိထုံစံအရ တာဝန်ကျေအောင်ဆောင်ရွက်ပီးရေ။ မိမိရို့စိတ်ကြိုက်အပျိုချေကိုတွေ့ကေ အမူအကျင့်ရို့ကို လိလာပြီး သက်ဆိုင်ရာမိဘတိသို့ အသိပီးတောင်းဆိုရရေ။ အပျိုချေ ဆန္ဒကိုလည်း အောင်သွယ်၍ မေးမြန်းရလီရေ။
အပျိုချေကို လပျိုချေအိမ်သို့ ခေါ်ယူရာ၌ မိမချေရေ အော်ဟစ်ငိုကြွေးလိဟိရေ။ ဒေရေမှာ သဘောမတူ၍ မဟုတ်ဘဲ မိဘအိမ်မှထွက်ခါနီး မျက်ရည်ကျမှ လင်သားအိမ်ရောက်ရေအခါ ဆန်ရေစပါး ဥစ္စာရွှေငွေ ပေါတိကတ်လိမ့်မည်ဟု အယူအဆဟိကတ်ရေ။ အမှန်တွင် မိဘမောင်ဘွားတိနန့် မခွဲစဖူးခွဲရတော့မည်အသိဝင်၍ ဝမ်းနည်းရခြင်းဖြစ်ပေလိမ့်မည်။
===(ခ) အဘုံရွှီ (Abun Xui)===
မိမချေကို ယောက်ျားအိမ်သို့ ခေါ်ဆောင်လာပြီး သုံးလေးရက်အကြာတွင် မိမချေဧ မိဘဆွေမျိုးတိက သမီးကိုယူရန်လားရရေ။ ၎င်းကို ‘အဘုံရွှီ’ ဟုခေါ်ရေ။
အဘုံရွှီရန်အတွက် မိဘက အရင်းနှီးဆုံးဆွေမျိုး တစ်ဦး,ဦးကို အဆုံးအဖြတ်ပီး၍ အခြားနီးစပ်ရာရို့နန့်လားစေရေ။ သမက်သျှင်ဘက်မှ သမီးသျှင်ကို အဘုံရွှီရန်လာသည့်အခါ ကျွေးမွေးဧည့်ခံရန် ကြက်ငှက်နန့် ခေါင်ရည်အရက်ရို့ကို အဆင်သင့်ထားရရေ။ ချွေးမအသွင်းအတွက် ငွေဒင်္ဂါး၊ ကြေးမောင်း၊ ဟင်းရံ (တူရိယာတစ်မျိုး)၊ ဓား၊ လှံ၊ တောင်နွား စရေရို့ကို စုဆောင်းထားရရေ။ ယခုခေတ်တွင်ကား ပစ္စည်းတိရှားပါးပြီဖြစ်၍ ငွေဒင်္ဂါးအစား ငွေစက္ကူတိကို တန်ဖိုးကိုက်၍ ပီးကတ်ရရေ။
အသွင်းငွေတိ အားလုံးကို စုံစုံလင်လင် မပီးနိုင်ကေလည်း နှစ်ချို့တချို့ကို မင်္ဂလာနိ့တွင် ပီးရရေ။ ကျန်ရေအသွင်းငွေတိကို ကာယကံသျှင် ဇနီးမောင်နှံက တဖြည်းဖြည်းပီးဆောင်ကလည်း ရရေ။ အကယ်၍ ဇနီးမောင်နှံရေ အသွင်းငွေကို စုံစုံလင်လင် မပီးနိုင်သည့်အကြားက သေဆုံးခကေ ကျန်ရစ်သူ သားစဉ်မြေးဆက် ပီးကတ်ရရေ။ သားသမီးတိမကျန်ခကေ အမွေဆက်ခံသူက ပီးရရေ။
ထိုအသွင်းငွေအပြင် ချွေးမဧ ဦးရီးတော်သူကို ‘Abiedkan’ ခေါ် အသွင်းငွေအဖြစ် နွားတစ်ကောင် သို့မဟုတ် ငွေဒင်္ဂါး ၃၀ ကို ပီးရရေ။ အကယ်၍ မိဘတိသေဆုံးသည့် နောက်ပိုင်းတွင် မိဘတိကိုယ်စား အရီးတယူ ကြည့်ရှုစောင်မရန် ဖြစ်ရေ။
အသွင်းငွေကိစ္စကို အဘုံရွှီမင်္ဂလာတွင် မစားမရေက်မီ ဆွေးနွေးကတ်ရလီရေ။ နှစ်ဦးနှစ်ဖက် ပြေလည်ပြီးမှသာကေ ပွဲတော်ကိုကျင်းပကာ စားရေက်ကတ်ရေ။ အကယ်၍ မပြေလည်က သမီးကိုခေါ်ယူပြီး ပြန်လားကတ်ရေ။ မင်္ဂလာပွဲလည်း မကျင်းပတော့ချေ။
===(ဂ) မင်္ဂလာပွဲစာခြင်း===
သမီးသျှင်နန့် သမက်သျှင်ရို့ ပြေလည်ကတ်ရေနန့် ချက်ချင်းခေါင်ရည်ဖွင့်ကာ ရေက်စားကတ်ရေ။ ထမင်းဝိုင်းပြင်သည့် အခါ ဧည့်ရေတိကို ဦးစွာကျွေးမွေးရရေ။ သားသျှင်ရို့က ဝက်သားစားရပြီး သမီးသျှင်ရို့က ကြက်သားစားကတ်ရရေ။ ရောနှောစားမိက အမှားခံပြီး လျော်ကြေးပီးရရေ။ မင်္ဂလာဆောင်ပွဲတွင် ရွာသားတိက ‘XuKau’ ခေါ် သစ်သားဗန်းကြီးတိဖြင့် ထမင်းလာပို့ကတ်ရေ။ အိမ်တစ်အိမ်မှ ကြက်တစ်ကောင် အရက်တစ်ပုလင်းစီ လာရောက်ကုူညီကတ်ရေ။ ဒေရေမှာ မြိုတိုင်းရင်းသားရို့ဧ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီတတ်ရေ ဓလိဖြစ်ရေ။ ထမင်းကို နံနက်တစ်ကြိမ်၊ နိ့လယ်တစ်ကြိမ်နန့် ညနီစာတစ်ကြိမ် စရေဖြင့် တစ်နိ့ သုံးကြိမ် ကျွေးမွေးကတ်ရေ။
===(ဃ) အဘုံလာ (Abun La)===
မိမချေမိဘတိမှ ‘အဘုံရွှီ’ မင်္ဂလာပွဲပြုလုပ်ပြီး ချွေးမဖြစ်သူကိုအိမ်သို့ ပြန်ခေါ်လားရေ။ ဒေပိုင်ပြန်ခေါ်လားရခြင်းမှာ သမီးကို ပီးသင့်ပီးထိုက်ရေ ပစ္စည်းတိကို အမွေပီးရန်နန့် သမက်သျှင်ဆွေမျိုးရို့အား မိမိရို့က တဖန်ပြန်လည်ဧည့်ခံကျွေးမွေးရန် ဖြစ်လီရေ။ ထိုသို့ ချွေးမဖြစ်သူအား မိဘရို့ခေါ်လားပြီး လေးငါးရက်အကြာတွင် ယောက်ျား ဖြစ်သူက ဇနီးဖြစ်သူအား ခေါ်ယူရန် ဆွေမျိုးအပေါင်းအသင်းရို့အား ဖိတ်ခေါ်၍ လာကတ်ရေ။ ၎င်းကို ‘အဘုံလာ’ ဟုခေါ်ရေ။
အဘုံလာ လားရာ၌ သမက်ဖြစ်သူက ယောက္ခမအတွက် ခေါင်ရည်ငင်ပြီး ယူလားရရေ။ ယခုခေတ်တွင် အချို့က နို့ဆီတိ ယူဆောင်လားကတ်ရေ။ ငယ်စဉ်တောင်ကျေးက တိုက်ကျွေးရေ မိခင်နို့ရည်ကို ပီးဆပ်ခြင်းအဓိပ္ပာယ်ဟု ဆိုကတ်ရေ။ ပီးရန်ကျန်ရေ အသွင်းငွေနန့် ကြက်တိကိုလည်း ယူလားရရေ။ တချို့မျိုးနွယ်စုတိတွင် ကြက်တိကို ယောက္ခမဆွေမျိုး ညီအစ်ကိုတိကို တစ်ကောင်စီ အသေသတ်၍ ပို့ကတ်ရရေ။ ယောက္ခမအိမ်သို့ ရောက်ရေအခါ ယောက္ခမက သမက်ဆွေမျိုးတိနန့် မိမိရို့ဆွေမျိုးသားသမီးတိကို မိတ်ဆက်ပီးရေ။ သမီးနန့် သမက်အတွက် မိမိရို့ကိုယ်တိုင်ရက်ရေ ‘ပဂျင်း’ ခေါ် မြို စောင်ထူကြီးကို ငါးထည်မှ ခုနှစ်ထည်ကိုလည်းကောင်း၊ ‘IeLienq’ ခေါ် “ရင်ကပ်”တိကိုလည်းကောင်း၊ ‘Ienau’ ခေါ်ထဘီတိကိုလည်းကောင်း လက်ဖွဲ့ပီးကတ်ရေ။ တချို့တတ်နိုင်ရေသူရို့က သမီးနန့် သမက်ရို့အတွက် ကျွဲ၊ နွားတိကို အမွေပီးကတ်ရေ။ ‘အဘုံလာ’ မင်္ဂလာပွဲအပြီး ပြန်ကတ်မည့် နံနက်တွင် သမီးသမက်ရို့အတွက် ‘Awla’ ခေါ် စွယ်စုံဝက်ကောင်ကြီးကြီးကို သတ်၍ ထက်ဝက်ကိုချက်ပြုတ်ကျွေးမွေးပြီး ထက်ဝက်ကိုအိမ်ပြန်လက်ဆောင် ထည့်ပီးလီရေ။<ref>ထင်းအောင် ( ကျောက်တော်)၊ ဘဝပုံရိပ်တိ၊ (Grace စာပေ၊ ၂၀၁၆)၊ စာ-၁၆၈-၁၇၃။</ref>
မှတ်ချက်။ ဂနိ ခေတ်တွင် ကိုးကွယ်မှု ဘာသာအရ ခေတ်သစ် မင်္ဂလာဆောင်ခြင်း တိကို ကျင်းသုံး လာကတ်ရေ။
==အချေမွေးဖွားခြင်း==
မြိုလူမျိုးရို့ဧ ရိုးရာဓလိတွင် အချေမွေးဖွားသန့်စင်ပြီးနောက် ရက်ပေါင်း ၃၀ မှ ၆၀ ကြား မိသားစု နန့် ထိတွိ့ဆက်ဆံမှု မပြု လုပ်ရပေ။ မွေးဖွားမိခင်ရေအတွက် နီအိမ်ဧနောက်ဖေးခန်းတွင် သီးသန့်မွေးဖွားခန်း ကိုဆောက်လုပ်ပီးရရေ။
မြို ရို့တွင် အချေ မွေးဖွား သန့်စင်ရေ မိခင်ရေ ယောက်ျားချေ မွေးရေ ဖြစ်စေ၊ မိမချေ မွေးရေ ဖြစ်စေ ရက်ပေါင်း ( ၃၀ ) ခန့် ထ္မင်း ဆားအနည်းငယ် နန့် ရေ ကိုသာ သုံးဆောင်ရရေ။ ၎င်းရေ သန့်စေခြင်း ဖြစ်ရေဟု ဆိုရေ။
ရက်ပေါင်း ( ၃၀ )ခန့် ထ္မင်းဖြူ နန့် ရေ တစ်ခုသာ သုံးဆောင်ပြီးရေ နောက်တွင်၊ နောက် ထက် ( ၁၀ ) ရက်ထက်မံပြီးဟင်းသီးဟင်းရွက် ဖြင့် ရေလုံ ပြု တ် ဆားအနည်းငယ် ထည့် စားရပြန်ရေ။ ယပြီးကေမှ ပုံ မှန် သုံးဆောင် နိုင်ရေ ဟု ဆိုရေ။ ၎င်းရေ သန့်စင်ခြင်းဟု ယူဆကတ်ရေ။ နောက် ရက်ပေါင်း ၆၀ လွန်မှသာ မွေးဖွားခန်း ဟိ အသုံးဆောင် ပစ္စည်း တိအား ဝီးရာသို့ လွှင့်ပစ်ပြီးမှ မိသားစုနန့် အတူတကွ နီထိုင်ရရေ။
မွေးဖွားပြီ အချေရေ ရက်တစ်ပတ် ပြည့်ပြီး ချက် ကြွေပြီ ဆိုပါက လူကြီးတိကို ခေါ်ပြီး ကင်ပွန်းတပ် ခေါင်းကြီး တောင်းခံရရေ။ ဂနိခေတ်တွင် တချို့သာ ကျင့်သုံးကတ်ရေ<ref>Luke Ahka, “The Anthropological Studies of Mrokhami People with Relevant Method for the Gospel: Cultural Anthropology For Christian Mission,” (Yangon, 2012), Page -5</ref>။
==ရှေးရိုးရာအသုဘ အခမ်းအနားစီရင်ပုံ==
မြိုလူမျိုးရို့ဧ အသုဘ စီရင်ရီးတွင် ရှေးဦးစွာ ဗုဒွတ် (Budoe) တစ်ယောက်နန့် ခွတ်ယာ (Khoejaq) တစ်ယောက်စီ ထားရရေ။ ဗုဒွတ်အမည် ခံသူရေ သေရေသူ အလောင်းဧ ခြေ၊ လက်, မျက်နာရို့ကို ရေနွေး ဖြင့် ဆေးကြောသုတ်သင်၍ အဝတ်တန်ဆာ သစ်ရို့ကို ဝတ်ဆင်ပီးရရေ။ ထိုအချိန်မှ စ၍ ဗုဒွတ် နန့် ခွတ်ယာ ရို့ ရေ သာမှန်သူရို့အနန့် အတူတကွ စားရေက်နီထိုင် ခြင်း မပြု ရချေ။ သေသူဧနားနှစ်ဘက်တွင် ထစ်ထွာခန်းဟိ သံစူးနှစ်ချောင်း ကိုဖြစ်စေ၊ ဝါးစိပ်ခြမ်းကို စူးလုပ်၍ ဖြစ်စေ၊ တစ်ဘက် တစ်ခုစီ နှစ်ချောင်း ထောင်ထားရလီရေ။ ချည်ဖြူ တစ်လိပ်ကိုလည်း တလားချည် အဖြစ် ခြေရင်းဘက်တွင် ထားပီးရရေ။ တစ်ဘဝ မှ တစ်ဘဝသို့ ကူတိုးကူရန် အတွက် ကူတိုးခအလို့ငှါ ငွေတိကို မိဘဆွေမျိုး မိသင်္ဂရို့ကသေသူဧရင်ဘက်ပေါ်တွင် တင်ထားပီးထားကတ်ရေ။ အလောင်းထားရန်ခေါင်းကို ဗုဒွတ်လုပ်သူက သေသူဧ အရပ် အမောင်းအတိုင်း၊ နှီးဝါးဖြင့် ဖြစ်စေ၊ သစ်သားရို့ဖြင့်ဖြစ်စေ ဆွေမျိုးရို့နန့် ပြုလုပ်ကတ်ရရေ။ ပြုလုပ်ပြီးရေအခါ အလောင်းကို ခေါင်းသွင်းရန်အတွက် ဗုဒွတ်ဆိုသူက ဝါးဆစ်နှစ်ဆစ်ဟိရေ ဝါးပိုင်းနှစ်ပိုင်းကို ယူ၍ အလယ် ဆစ်ဖောက် ပြီး ဝါး နှစ်လုံး ပူချည်၍ ရေဖြည့်အလောင်း ရေချိုးရန် ရေနွေးထမင်းချက်ရရေ။
ဟင်းအတွက် ကြက်ငယ်တစ်ကောင်ကိုယူ၍ အလောင်းမသွင်းရသိမ်းရေ ခေါင်းတွင် ရိုက်သတ်ရလီရေ၊ အမွှေးနှုတ်၊ မီးပြ၊ ကျောကုန်းမှခွဲအူနှုတ်ပြီးချက်ရေ။ အလောင်းခေါင်းမသွင်းမီဧည့်ရေတိ စားရေက်ရန် ဝက်ကြီးတစ်ကောင်ကိုသတ်၍ ဗုဒွတ် ဆိုသူက ဝက်သွေးကိုယူပြီး ခေါင်းတွင်ကင်းပွန်းတိုက်ရရေ။
ထိုအခါမှ ခွတ်ယာ ဆိုသူက ထမင်းဟင်းရို့ကိုချက်ပြုတ်ပီးရရေ။ ချက်ပြုတ်ပြီး ရေအခါ ဗုဒွတ် ဆိုသူကဦးဆောင်၍ ဆွေမျိုးရို့ကအလောင်းကိုခေါင်းထဲတွင် သွတ်သွင်း ကတ်ရလီရေ။ အလောင်းအထက်တည့်တည့်တွင်လည်း အမိုးမျက်နှာကျက်ကို ပြုလုပ် ပီးထားရရေ။ ခေါင်းသွင်းပြီးနောက် ဗုဒွတ်လုပ်သူက ခွက်ငယ်တစ်ခုတွင် ချက်ပြုတ် ထားရေ ထမင်းနန့်ကြက်သား၊ ဝက်သားစရေ ဟင်းလျာတိကို ထည့်၍ ရေက်ရေတစ်ခွက်နန့်အတူ သေသူဧခေါင်းဖက်တွင် ဘုရားကိုရည်စူး၍ အမြတ်တနိုး တင်ထားပီးရရေ။ သို့ဖြစ်၍ ထိုသူကိုပင် ဘုရားဆွမ်းတင်သူဖြစ်၍ ဗုဒွတ်ဟူရေ အမည်ကို အလုပ်သဘောအရ ခဏယာယီခေါ်ဆိုထားခြင်းဖြစ်ရေ။ ခွတ်ယာဆိုရေကား ဗုဒွတ်ဆိုသူ စားရေက်ရန် သီးသန့်ခွဲဝေပီးရီးနန့် အသုဘရှုသူတိစားရေက်ရန် ထမင်းဟင်းလျာ တိကို ဦးဆောင်ချက်ပြုပီးတာဝန်ယူရရေ။ ခွတ်ယာ ဆို သူ ထမင်းချက် ပြုတ်၍မလောက် မှကေလည်း အခြားအိမ်မှ ထမင်းဟင်းတိကို တောင်းပိုင်ခွင့် ပို့ပိုင်ခွင့်မဟိချေ။ မချက်ရသိမ်းရေဆန်၊ ဟင်း၊ ထင်းတိသာကူညီပိုင်ခွင့်ဟိရေ။ ထမင်းဟင်းတိကို ခွတ်ယာဆိုသူကသာကေ လောက်အောင်ချက်ပြုတ်ပီးရရေ။ ပထမနိ့ကသတ် ဝက်သားကိုလည်း နှစ်ရက်၊ သုံးရက်စာအခြောက်ခံထားရရေ။
ဒေပိုင်ဖြင့် အသုဘကိုနှစ်ရက်၊ သုံးရက်ထားပြီးညအချိန်တွင် အပျိုလူပျို ရို့ရေ ရိုးရာဝတ်စုံတိဝတ်ဆင်ပြီး ရိုးရာတူရိယာတိဖြစ်ရေ (Riesa, Xieqxan, Phoeli, Tietiwn) စတူရိယာတိကို ကိုင်ဆောင်ပြီးကေ အိပ်ခန်းဧ အလယ်တွင် အခု တခေါင်းကို ပတ်လည်ဝိုင်းတိုင်ကဆီ မီးခွက်တိတပြောင်ပြောင် ထွန်းညှီးစေလျှက် ဂီတတူရိယာတိတီးမှုတ်၍ ပျော်ရွှင်စွာမိုးတလင်း အသုဘစောင့်ကတ်ရရေ။
အသုဘချမည်နိ့ကို ရောက်ရေအခါ နံနက်စာထမင်းဟင်း တိကို ဗုဒွတ်ဆိုသူက လုပ်ထုံးလုပ်နည်းအတိုင်းပြင်ဆင်ရရေ။ ထို့ပြင် အိမ်ဧတံခါးဝမှ ထရီ အနည်းငယ်ကိုလည်း ကင်ပွန်းသဘောယူကာ၊ မီးသင်္ဂြိုဟ်ရာတွင် မီးရှို့မည့် ဝါးစည်းတိထဲတွင် ထည့်၍ သချိုင်းသို့ယူဆောင်လားရရေ။ အသုဘအလောင်းခေါင်းကို ဆွေမျိုးတိက ဝိုင်းဝန်းပိုး၍ လူသေဧခြေထောက်ဖက်ကို အလျင်လားစေပြီး ဦးခေါင်းဖက်ကို နှောက် ချရရေ။ အိမ်အောက်ချရေအခါ ခြေရင်းဖက်မှထမ်း သူက လှေကားရင်းကို ( ၃ )ခါ ဖနောင့်ဖြင့် စတိတိုက်ကာ အိမ်ပေါ် ကျန်ဟိသူရို့ ကစပါးအနည်းငယ်ကို လှေကားရင်းနားတွင် အပေါ်မှနီ၍ အနည်းငယ်သွန်ချပီးရရေ။ ယပြီးကေမှသာ သင်္ချိုင်းသို့ အသုဘပို့ရန် ဆွေမျိုးတိနန့်အတူ လိုက်ပါပို့ဆောင်ရလီရေ။
သင်္ချိုင်းသို့မရောက်မီရွာအပြင်လမ်းခုလပ် (အမြဲသတ်မှတ်ထားရေနီရာ) တွင် စကောတစ်ချပ်ကို ပူးချည်ထားရေ ဝါးကျည်တောက်နှစ်လုံးနန့် အလယ်တွင် ငုတ်ရိုက်စိုက်ကာ ဗုဒွတ်လုပ်သူက ကြက်သားတစ်ဖုံနန့် စပါးစေ့အနည်းငယ်ကို စုထားရရေ။ မိန်းမဖြစ်ကေ မုန့် ( ၆ )ချပ်၊ ယောက်ျားဖြစ်ကေမုန့် ( ၇ ) ချပ် ရို့ကို အိမ်၌ တစ်ချပ်(အသုဘထားရာနီရာ) လမ်းခုလပ်စကာရိုက်ရာတွင် တစ်ချပ်ထားရရေ။ ကျန်မုန့်တိကိုသချိုင်းသို့ ယူလား၍ ဝိညာဉ်တဲအိမ်ချေဆောက်ပြီး ပန်းကန်၊ ခွက်ရို့နန့်တင်ထားရရေ။
မီးသင်္ဂြိုဟ်ရန်ထင်းပုံစီနည်းမှာ အရှေ့နန့်အနောက်ကိုအလျားပြုပြီး မိန်းမ ဖြစ်ကေထင်းစီးခြောက်ထပ်၊ ယောက်ျားဖြစ်ကေယင်းစီးခုနှစ်ထပ်စီ၍ ပုံရရေ။ ထင်းပုံထက်သို့ အလောင်းကို တင်ရေအခါတွင်လည်း ယောက်ျားဖြစ်ကေနီထွက် ကြည့်ဟန်ဦးခေါင်းကို အနောက်ဘက်တွင်ထားရေ၊ မိန်းမဖြစ်ကေ နီဝင်ကြည့်ဟန် ဦးခေါင်းကိုအရှေ့ဘက်သို့ ထားရရေ။ နန်းတော် ဦးတိုက်၊ နန်းတော်ကြည့်ဟူ၍လည်းခေါ်ရေ။
ယပြီးကေဗုဒွတ်ဆိုသူ ရေ အလောင်းကို မီးရှို့ သဂြိုဟ်မှုပြုရရေ။ လူကြီး၊ ဘိုးဘွားစရေ ဂုဏ်သရေဟိသူရို့ဖြစ်မူအရိုးမကျွမ်းမီ ဗုဒွတ်ဆိုသူက ရေလုံအိုးဖြင့်မီးငြိမ်းရရေ။ အရိုး ကိုကိုးဖြင့်ကောက်ယူထားကတ်ရေ။ သို့မဟုတ် အရိုးဂူ တည်ထားကတ်ရေ။ စဉ့်အိုးတစ်လုံးတည်းတွင် လူသေအရိုး ဟူသမျှကို စုပေါင်းထည့်ထားကတ်ရ ရေဟူဧ။ ယခုခေတ်၌လူငယ်တိသေ၍ မီးသင်္ဂြိုဟ်ကေ ပြာဖြစ်ရေအထိ မီးကျွမ်း သဂြိုဟ်ပြီးမှ မီးသတ်ကတ်ရေ။ ထိုသို့အသုဘအလောင်းကိုမီးငြိမ်းသတ်ပြီးရေအခါ ထိုသင်္ချိုင်းတွင် (တပေါင်) ခေါ် ဝိညာဉ်တဲအိမ်ချေကို အလျား၊ အနံ ( ၂ )တောင်ပတ်လည် ဆောက်လုပ်ထားရရေ။ ဝိညာဉ် တဲအိမ်ပေါ်တွင် သေလားသူ အသက်သျှင်စဉ်က အသုံးအဆောင်ပစ္စည်း ရို့ကိုထားသကဲ့သို့ နီရာတကျထားပီးရရေ။
လူအို ဖြစ်ကေ လူအိုရို့ဧအသုံးအဆောင်၊ လူပျို၊ အပျိုဖြစ်ကေ လူပျိုအပျိုရို့ဧအသုံး အဆောင်နန့်အချေဖြစ်ကေ အချေအသုံးအဆောင်ရို့ကို ထားပီးရရေ။ ဒေပိုင်ဝိညာဉ်တဲအိမ်ချေတိ ရှေးရိုးရာဆောက်လုပ်ထားရရေ ဓလိရို့ရေ လည်း သစ်၊ ဝါးပေါတိရေ တောတောင်ဒေသရို့တွင်နီထိုင်ကတ်ရေ လူမျိုး ရို့သာ ပြုလုပ်မြဲဟိကတ်သိမ်းဧ။ သစ်ဝါးရှားပါးရေဒေသတွင် နီထိုင်သူရို့မှာ မီးသင်္ဂြိုဟ်ရာ မီးသွေးပုံတွင် သစ်ရွက်၊ သစ်ခက်စိုက်၊ မိုးထားခြင်းရို့သာပြုနိုင်ကတ်ရေ။ ဒေပိုင်မြိုလူမျိုးရို့ဧ ရှေးရိုးရာထုံးတမ်းစဉ်လာနန့် အလောင်းကို မီးသင်္ဂြိုဟ်မှု ပြုကတ်ပြီးကေ ရေချိုးခြင်း၊ ကင်းပွန်းရည်တိုက်၊ အိမ်ပြန်ကတ်ခြင်း ရို့ရေကား ရှေးအိန္ဒိယ ထုံးစံနန့် တူညီဟန်ဟိလီရေ။ အသုဘသဖြိုလ်ပြီးကေ အသုဘနန့်ပတ်သက်ရေ အညစ်အကြေးတိ ကင်းစင်လားစေခြင်း၊ ကင်းဝီးလားစေခြင်းအကျိုးငှာရေလောင်း၊ ရေချိုးပြန်ကတ်ခြင်းဖြစ်ရေ။
ရခိုင်ဒေသသို့ ကိုလိုနီခေတ်တွင် အစောဆုံး ရောက်ဟိခသည့် Forchhammer ဧ စာအုပ်တွင် မြို လူမျိုးရို့ဧ ရှေးဟောင်းသင်္ချိုင်းမြေဟိ ကြောင်း၊ အရိုးအိုတိဖြင့် မြှုပ်နှံထားရေကိုတွေ့ရကြောင်း၊ ဖော်ပြပါရေ။ ထိုသင်္ချိုင်းမြေရေ မင်းပြားကျိန်းတောင်၊ တောင်တန်းဧမြောက်ဘက်ကျရေ တောင်ထိပ်တွင်ဟု ဆိုရေ။
မြို(ခမိ) မျိုးနွယ်တိရေ မီးချောင်းကို အခြေခံကာ ခူမီးရို့ဧ ဖိအားကြောင့် တောင်ဘက်သို့ ရွှေ့ပြောင်း ရခြင်းဖြစ်ဟန်တူပေရေ။ ထိုရွှေ့ပြောင်းခြင်းရေ ရှစ်ရာစုခန့်ဖြစ်နိုင်ကြောင်းယူဆရရေ။ မျိုးနွယ်စုတိဧ နှုတ်ရာဇဝင်တိအရ တောင်ဘက်သို့ ရောက်ဟိလာပြီးမှ မြောက်ဘက်သို့ပြန်ဆန်တက်ရကြောင်း တွေ့ရရေ။ ယင်းချင့်ကြောင့် တောင်ဘက်ဖျားဆုံး မင်းပြားနယ်သို့တိုင်ရောက်ဟိပြီး ထိုအရပ်တွင် မြိုတောင်အမည်ဟိ တောင်တွင် အရိုးအိုး တိထားဟိကြောင်းတွေ့ရရေ<ref>Dr. E. Forchhammer, Report on the Antiquities of Arakan (Rangoon, Superintendent Government Printing, 1891), 54.</ref>။ ထိုအချက်မှာ အရှေ့ဘက်မှ မွန်ဂိုလွိုက်မျိုးနွယ်တိ ရခိုင်ပြည်သို့စတင် ဝင်ရောက် လာချိန်လည်းဖြစ်လီရေ။ ထိုဖိအားကြောင့် မြောက်ဘက်နန့်အနောက်ဘက်သို့ ပြန်လည်ရွှေ့ပြောင်းလားပြီး နီရာ ဖယ်ပီးရရေ<ref>Maurice Collis, “ Araken’s Place in the Civilization of the Bay: A Study of Coinage andForeign Relations”, Journal of the Burma Research Society, vol. XV, I, p 488, 1925. Quoted in Noel F. Singer, Vaishali and the Indianization of Araken( New Dehli, APH Publishing Corporation, 2008), p 90-91</ref>။
အချေငယ်သေကေ လသားငယ်မဟုပ်က သို့မဟုပ် တပတ်အတွင်းဆုံးသူဖြစ်က သင်္ချိုင်းတွင် မသင်္ဂြုဟ်ရပေ။ အလောင်းကို ဖျာဖြင့်လိပ်ကာ ရွာအနီးဟိ ဆိပ်ငြိမ်နီရာ၌ ကြိုးဖြင့်ချည်ကာ သစ်ပင်၌တွဲလောင်းထားရရေ။ ၎င်းကို အသက်ကြီးရေလူကြီးတွေ သာလုပ်ရရေ။ မြိုစကားဖြင့် NABAUQBAN<ref>နာဘာ့ဘင် ဧအဓိပ္ပာယ်ရေ တွဲလောင်း ချထားခြင်း ဖြစ်ရေ။</ref> နာဘာ့ဘင် ဟူခေါ်ရေ။
== မြိုလူမျိုးရို့ဧ ဆွေမျိုးနာမည်တိ ==
မြိုလူမျိုးရို့ရေ ဖသားစုမှ စတင်ရေတွက်ရေ ဓလိကို ကျင့်သုံးရေ။ မြိုလူမျိုးရို့တွင် ဆွေ မျိုးစု ( ၁၀၂ ) ကျော်ဟိရေ။ ယကေလည်း အဓိက ဆွေမျိုးစု ( Clans) တိအား ( ၆၈) ခု အနီဖြင့်လိလာတွေ့ဟိနိုင်ရေ။
၎င်းရို့မှာ<ref>"The British Burma Gazetteer in two Volume, VOL II," Rangoon Printed At The Government Press, 1879, P- 425.</ref> -
:(၁) ဝါးကုန် ( Wakun )
:(၂) ကွက်စိန် ( Korqsien )
:(၃)ခဘော်စိန် ( Khboeshin )
:(၄) ဒေရာဆိန (Dronshing)
:(၅) လေတု (Lietau)
:(၆) လေတက် (Lietaug)
:(၇)မတိုင်မအေ (Mteinmauei)
:(၈) ကြိမ် (Kring)
:(၉) ခဘွေနက် ( Khboinau)
:(၁၀) ခအေ့နက် (X'eignau)
:(၁၁) ပတ်ဆင်နက် (Peshan-nau)
:(၁၂) တာတိန်း (Tating)
:(၁၃) လက်လောင်စစီ (Laoonsxi)
:(၁၄) ယက်စိန် (Jausin)
:(၁၅) ခုနွယ် (Khuqnoi)
:(၁၆) ခေါ်ဘွေနက် (Khunqboinau)
:(၁၇) ဒီစာ (Disa)
:(၁၈) ပလော်နက် (plawnau)
:(၁၉) တာတောင် (Tauton)
:(၂၀) မေ့တော်နက် (Meiqtawnau)
:(၂၁) ခပ်တူ (Xeqtu)
:(၂၂) မခွီပီ (Mxuiqpi)
:(၂၃) လပိုင်နက် (Lpy-nau)
:(၂၄) မတိုနက် (Mty-nau)
:(၂၅) ခတွေနက် (khtoig nau)
:(၂၆) ဝါဒိန်နက် (Wading- nau)
:(၂၇) ဒိန်နက် (Ding nau)
:(၂၈) လခက်နက် (Laxau nau)
:(၂၉) ပေါဆိန်နက် (Poshing nau)
:(၃၀) စတူ (Stu)
:(၃၁) မေအး (Mau-ei)
:(၃၂) လင့် (Lang)
:(၃၃) ဆက်ကောက်နက် (Shkawnau)
:(၃၄) လာထွက် (Lathoeq)
:(၃၅) ခါလိုင်း (Xalien)
:(၃၆)လွတ်စွတ်နက် (Loeqsoe nau)
:(၃၇) ဘွတ်ဆိန်း (Boeqshinq )
:(၃၈) ဆင်ဘွေ (Shanboi)
:(၃၉) အင်ဘွေစခွီ (Anb-bisxui)
:(၄၀)အောင်သာ (Onta)
:(၄၁) လုံးတက် (Luntau)
:(၄၂) ကဆင် (KShanq)
:(၄၃) ဆေ့နက် (Shien-nau)
:(၄၄) လီခိုင် (Likhy)
:(၄၅) အိုလား (Uh-lan)
:(၄၆) မေ့နက် (Meignau)
:(၄၇) သတော့နက် (Tadaw nau)
:(၄၈) ခါတက် (Xautau)
:(၄၉) လူဒီးနာ ( Ludiq nau)
:(၅၀) ထလာ (Thlaq)
:(၅၁) ပဆိန့် (Pshinq)
:(၅၂) တာဦးနက် (Ta' uq-nau)
:(၅၃) စင်မာ (Sawma)
:(၅၄) ခူးတူ (Khutu)
:(၅၅) ကလပ် (Kle)
:(၅၆) မိနက် (Miquau)
:(၅၇) ထရိုနက် (Thro-nau)
:(၅၈) ထာခွီးနက် (Thaxuiqnau)
:(၅၉) ကနီဆိုင်း (Kniqshie)
:(၆၀) ကြာဆိန် (Krashiwng)
:(၆၁) ယူလနက် (Juloe nau)
:(၆၂) လတူ (Latu)
:(၆၃) နာလော်စခွီ (Nalawsxui)
:(၆၄) ခေနက် (Xie-nau)
:(၆၅) ရက်ဆိန်နက် (Rashing nau)
:(၆၆) ကတေ့နက် (Kteiq nau)
:(၆၇) တိန်စာ (Tin Sa)
:(၆၈) အရှဲဉ်ဆာဆီ (Axien Sha shi)
ရို့ဖြစ်ရေ။ The British Burma စာအုပ်တွင် ဂနိ ချင်းပြည်နယ် နန့် မီးချောင်းပီချောင်း တဝိုက်ဟိ မြိုလူမျိုး ဆွေမျိုးစု ( Clans) (၁၅) ခုအား ဖော်ပြထားရေကို တွေ့ရရေ။
==ရိုးရာဓလိ ပုံပြင်တိ==
===ဖန်ဆင်းခြင်း ပုံပြင်===
== ကိုလိုနီခေတ် ==
ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးနောက် ရခိုင်နန့် တနင်္သာရီကို ကိုလိုနီစနစ်ဖြင့် နယ်ချဲ့ရို့က ဖိနှိပ်အုပ်ချုပ်ခြင်းကို ရခိုင်နန့်အတူ မြို ခေါ် ခမိ တိုင်းရင်းသားတိလည်း ခံခကတ်ရရေ။
== လွတ်လပ်ရီးရပြီး ==
၁၉၄၇ ခုနှစ် နယ်မြေဒေသစုံစမ်းစစ်ဆေးရီးကော်မတီဧအစီရင်ခံစာ တွင် မြိုလူမျိုးရို့ရေ ဗမာတိနန့်ပူးပေါင်းချင်ပါကြောင်း ယကေလည်း မိမိရို့ လူမျိုးအား မိမိရို့ဧ ဓလိထုံးစံတိဖြင့်နဲ့သာ အုပ်ချုပ်လိုပါကြောင်း အထက်ပါအကြောင်း အရာတိရေ မိတ်စာဝကျေးရွာ တွင် မြို တမျိုးသားလုံးတိနန့် စည်းဝီး ဆုံးဖြတ်ခြင်း ဖြစ်ပါကြောင်း ဦးလွန်ပု<ref>ဦးလွန်ပု မြိုချင်းရေ မြိုဘာသာစကားဧ စကားသံတိကို အသုံးချသဒ္ဒဗေဒအမြင်နန့် လိလာချက် (ရန်ကုန်တက္ကသိုလ်) မ ( ၁၉၈၂ - ၈၃ ) မဟာဝိဇ္ဇာ (မြန်မာစာ) ဘွဲအတွက် တင်သွင်းရေကျမ်း၊ မောင်စာခေါင် ( ၁၉၉၀) ဧ အဖိုးဖြစ်ရေ။</ref> ( မြိုချင်း ) Lunpu Mro Chins ဆိုထားရေ<ref>REPORT OF THE FRONTIER AREAS COMMITTEE OF ENQUIRY, 1947,(P. 95, 96) </ref>။
ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်လပ်ရီးရပြီးနောက်ပိုင်း ဖဆပလပါလီမန် ဒီမိုကရေစီခေတ်တွင် မြိုအမျိုးသားစည်းလုံးညီညွှတ်ရီးပါတီကို တည်ထောင် ခွင့်ရဟိခရေ။
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နိ့တွင် မြို (ခေါ် ) ခမိအမျိုးသားညီညွတ်ရီး ပါတီကို ဦးစံသာအောင်မှ ထူထောင်ရေ။ ယင်း ခေတ်အချိန်က မြို ခေါ် ခမိ အမျိုးသားတိရေ အသိပညာ ဗဟုသုတ နည်းပါးကတ်သိမ်းသည့်အတွက် ဝိဝါဒတိ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲတိ ဟိနီကတ်ခြင်းကြောင့် လူမျိုး အမည်နာမကို သမိုင်းမှတ်တမ်းအရ မြို မှန်ရေ သို့မဟုတ် ဘာသာစကားအားဖြင့် ရည်ညွှန်းခေါ်ဝေါ်ကတ်သည့် ခမီ မှန်ရေဟု အငြင်းပွားပြဿနာဖြစ်ခဖူးရေ။
၁၉၇၁-၇၂ ခုနှစ် တော်လှန်ရီးကောင်စီလက်ထက်တွင် နိုင်ငံတော်မှ တိုင်းရင်းသားလူမျိုး သန်းခေါင်စာရင်းကောက်ခံသည့်အခါ နီထိုင်သည့် ဒေသတစ်ခုစီရဲ့ အစွဲ၊ ဝိဝါဒတိကြောင့် မြို နန့် ခမိ တိုင်းရင်းသားဟု နှစ်မျိုးဖြစ်လာရေ။ <ref>၁၃ ရက် ၁ဝ လ ၂၀၁၀ ပြည့်နှစ်၊ ကြေးမုံသတင်းစာ။</ref>
== ကိုးကား ==
{{DEFAULTSORT:မြိုအမည်ခံ ခမီလူမျိုး}}
[[Category:ရခိုင်မျိုးနွယ်စုတိ]]
cwhb1sf442nfa53i45d5uq6258u5g4z
20300
20298
2026-07-27T04:06:10Z
Thein Awng
1211
လင့်ထည့်ပီးခစာပါ။
20300
wikitext
text/x-wiki
တိဗက် - မြန်မာ အစု လူမျိုးတိအနက် '''[https://www.mronlca.org/history-of-mro-people မြိုလူမျိုး]''' ရို့ရေ ချင်းပြည်နယ်တောင်ပိုင်း နန့် ရခိုင်ပြည်နယ် တွင် ပြန့်ကြဲ့ နီထိုင်ရေ။ ရခိုင်ရာဇဝင်တိဧ ဖော်ပြချက်တိတွင် မြိုလူမျိုးရို့ရေ ရခိုင်ပြည်နယ် သို့ ရှေးဦးစွာ ဝင်ရောက်လာရေ လူမျိုးတိ ဖြစ် ရေဟုဆိုရေ။ <ref>Pamela Gutman, “Burma’s Lost Kingdoms: Splendors of Arakan, p- 17</ref> မိမိ ကိုယ်ကို မြို စကားအားဖြင့် ခမိ ဟုခေါ်ဝေါ်ကတ်ရေ၊ ‘လူ’ ဟု အနက် ရ ရေ။<ref>Hughes, W. Gwynne, “The Hill Tracts Of Arakan,” P-12</ref> မြိုလူမျိုးတိရေ ကိုယ်ပိုင် ဘာသာ စကား၊ ယဉ်ကျေးမူ ဟိရေ။ မြို လူမျိုးရေ မျိုးနွယ်ကွဲ တိပြားရေ လူမျိုးဖြစ်ရေ။ မြို အမျိုးကွဲပေါင်း (၁၀၀) ကျော်ဟိရေ<ref>မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလိထုံးစံတိ (ရခိုင်၊ စာပေဗိမာန်ပုံနှိပ်တိုက်၊ ၁၉၇၆)၊

2q66xy6w6zidbet6gxh9u60rud1cz2g
ပါရှန်ပင်လယ်ကွေ့
0
4870
20301
20295
2026-07-27T11:18:16Z
CommonsDelinker
141
Removing [[:c:File:Al-Ahsa_Palm_Oasis_2023.jpg|Al-Ahsa_Palm_Oasis_2023.jpg]], it has been deleted from Commons by [[:c:User:Gbawden|Gbawden]] because: per [[:c:Commons:Deletion requests/Files uploaded by Cergun62|]].
20301
wikitext
text/x-wiki
{{Infobox body of water|name=ပါရှန်ပင်လယ်ကွေ့ |image=PersianGulf vue satellite du golfe persique.jpg|caption=အာကာသမှ ပါရှင်ပင်လယ်ကွေ့ လှမ်းမြင်ရပုံ|image_bathymetry=|caption_bathymetry=
|location= [[အာသျှ|အနောက်အာသျှ]]
|coords={{Coord|26|N|52|E|type:waterbody_scale:5000000}}
|type=[[ပင်လယ်ကွေ့ ]]|inflow=[[မိုမန်ပင်လယ်ကွေ့ ]], [[Shatt al-Arab]]|outflow=|catchment=
|basin_countries=[[အီရန်နိုင်ငံ]], [[အီရတ်နိုင်ငံ]], [[ကူဝိတ်နိုင်ငံ]], [[ဆော်ဒီအာရီးဘီးယားနိုင်ငံ]], [[ဘာရိန်းနိုင်ငံ]], [[ကာတာနိုင်ငံ]], [[အာရပ်စော်ဘွား ပြည်ထောင်စုနိုင်ငံ]], နန့် [[အိုမန်နိုင်ငံ]]
|length={{convert|989|km|abbr=on}}|area={{convert|251000|km2|abbr=on}}|depth={{convert|50|m|abbr=on}}|max-depth={{convert|90|m|abbr=on}}|volume={{cvt|8780|km3|cumi|-2}}|other_name=}}
[[ဖိုင်:ISS-63_Persian_Gulf_at_night.jpg|thumb|၂၀၂၀ ခုနှစ်၊ [[နိုင်ငံတိုင်း အာကာသ စခန်း|ISS]] မှ ညအချိန်မာ ပါရှန်ပင်လယ်ကွေ့ ။]]
'''ပါရှန်ပင်လယ်ကွေ့ ''' ၊ {{Efn|{{langx|fa|خلیج فارس|translit=Xalīj-i Fârs}}, {{IPA|fa|xæˈliːdʒ e ˈfɒːɹs|pron}}.}} တခါတရီမာ '''အာရေဗျပင်လယ်ကွေ့ ''' လို့လေ့ ခေါ်ဆိုကတ်ပြီး {{Efn|{{langx|ar|الخليج العربي|al-Khalīj al-ˁArabiyy}}, {{IPA|ar|al.xaˈliːdʒ al.ʕaraˈbijj, - alˈʕarabiː|pron}}.}} စွာ [[အာသျှ|အနောက်အာသျှ]]ဟိ မြေထဲပင်လယ်တခုဖြစ်တေ။ ရီပြင်စွာ [[အာရေဗျမော်|အာရေဗျ မော်]] နန့် [[အီရန်နိုင်ငံ|အီရန်]] (ပါရှား) အကြားမာ တည်ဟိရေ [[အာရေဗျပင်လယ်]] နန့် [[အိန္ဒိယသမုဒ္ဒရာ]] ကြီးဧ့ တိုးချဲ့မှုတခုဖြစ်တေ။ <ref>{{Cite web |title=Persian Gulf summary {{!}} Britannica |url=https://www.britannica.com/summary/Persian-Gulf |access-date=2025-02-22 |website=www.britannica.com |language=en}}</ref> <ref name="unstats.un.org">United Nations Group of Experts on Geographical Names [http://unstats.un.org/unsd/geoinfo/ungegn/docs/23-gegn/wp/gegn23wp61.pdf Working Paper No. 61] {{Webarchive|url=https://web.archive.org/web/20121003154349/http://unstats.un.org/unsd/geoinfo/UNGEGN/docs/23-gegn/wp/gegn23wp61.pdf|date=2012-10-03}}, 23rd Session, Vienna, 28 March – 4 April 2006. accessed 9 October 2010</ref> ယင်းစွာ အရှိဖက်ဟိ အိုမန်ပင်လယ်ကွေ့ နန့် [[ဟော်မုဇ် ရီလက်ကြား|ဟော်မုဇ်ရီလက်ကြား]]ဖြင့် ဆက်သွယ်ထားရေ။ ရှတ်အယ်လ်-အာရပ် [[မြစ်ဝကျွန်းပေါ်|မြစ်ဝကျွန်းပေါ်ဒေသ]]စွာ အနောက်မြောက်ကမ်းရိုးတန်းကို ဖွဲ့စည်းရေ။
== ပထဝီဝင် ==
ပါရှန်ပင်လယ်ကွေ့ စွာ ဧရိယာစတုရန်းကီလိုမီတာပေါင်း ၂၅၁,၀၀၀ ခန့် ကျယ်ဝန်းပြီး အရှည် ၉၈၉ ကီလိုမီတာလှောက် ဟိရေ။ ယင်းကို ဝန်းရံထားရေ နိုင်ငံတိမာ-
* အီရန်နိုင်ငံ
* အိုမန်နိုင်ငံ
* အာရပ်စော်ဘွား ပြည်ထောင်စု
* ဆော်ဒီအာရေဗျနိုင်ငံ
* ကာတာနိုင်ငံ
* ဘာရိန်းနိုင်ငံ
* ကူဝိတ်နိုင်ငံ
* အီရတ်နိုင်ငံ
ပင်လယ်ကွေ့ စွာ ပျမ်းမျှအားဖြင့် ၅၀ မီတာ (၁၆၀ ပေ) လှောက်သာ နက်သဖြင့် တိမ်သော ပင်လယ်အမျိုးအစားမာ ပါဝင်ရေ။
=== သီးသန့်စီးပွားရီးဇုန် ===
ပါရှန်ပင်လယ်ကွေ့ ဟိ သီးသန့်စီးပွားရီးဇုန်တိ - <ref>{{Cite web |title=EEZ |url=http://www.seaaroundus.org/data/#/eez |access-date=2021-02-25 |website=www.seaaroundus.org}}</ref> <ref>{{Cite web |title=Catches by Taxon in the waters of Oman (Musandam) |url=http://www.seaaroundus.org/data/#/eez/911?chart=catch-chart&dimension=taxon&measure=tonnage&limit=10 |access-date=2021-02-25 |website=www.seaaroundus.org}}</ref>
{| class="wikitable" style="font-size:100%"
! width="75" |နံပါတ်
! width="250" | နိုင်ငံ
! width="100" | ဧရိယာ (ကီလိုမီတာ <sup>၂</sup> )
|-
| align="center" | ၁
|'''{{IRN}}'''
| align="center" | ၉၇,၈၆၀
|-
| align="center" | ၂
|'''{{ARE}}'''
| align="center" | ၅၂,၄၅၅
|-
| align="center" | ၃
|'''{{SAU}}'''
| align="center" | ၃၃,၇၉၂
|-
| align="center" | ၄
|'''{{QAT}}'''
| align="center" | ၃၁,၈၁၉
|-
| align="center" | ၅
|'''{{KWT}}'''
| align="center" | ၁၁,၇၈၆
|-
| align="center" | ၆
|'''{{BHR}}'''
| align="center" | ၈,၈၂၆
|-
| align="center" | ၇
|'''{{OMN}}'''
| align="center" | ၃,၆၇၈
|-
| align="center" | ၈
|'''{{IRQ}}'''
| align="center" | ၅၄၀
|- style="background:#9acdff;"
! စုစုပေါင်း
| '''ပါရှန်ပင်လယ်ကွေ့ '''
| align="center" | '''၂၄၀,၇၅၆'''
|}
=== ကမ်းရိုးတန်းတိ ===
ကမ်းရိုးတန်းအရှည် အလိုက် နိုင်ငံတိ
{| class="wikitable" style="font-size:100%"
! width="75" |နံပါတ်
! width="250" | နိုင်ငံ
! width="100" | အရှည် (ကီလိုမီတာ)
|-
| align="center" | ၁
|'''{{IRN}}'''
| align="center" | ၁,၅၃၆
|-
| align="center" | ၂
|'''{{SAU}}'''
| align="center" | ၁,၃၀၀
|-
| align="center" | ၃
|'''{{ARE}}'''
| align="center" | ၉၀၀
|-
| align="center" | ၄
|'''{{QAT}}'''
| align="center" | ၅၆၃
|-
| align="center" | ၅
|'''{{KWT}}'''
| align="center" | ၄၉၉
|-
| align="center" | ၆
|'''{{BHR}}'''
| align="center" | ၁၆၁
|-
| align="center" | ၇
|'''{{OMN}}'''
| align="center" | ၁၀၀
|-
| align="center" | ၈
|'''{{IRQ}}'''
| align="center" | ၅၈
|- style="background:#9acdff;"
! စုစုပေါင်း
| '''ပါရှန်ပင်လယ်ကွေ့ '''
| align="center" | '''၅,၁၁၇'''
|}
ပါရှန်ပင်လယ်ကွေ့ မာ အာရပ်နိုင်ငံတခုဖြစ်ရေ ဘာရိန်းပိုင်ယှောင် ကျွန်းတိစွာဟိရေ။ ပထဝီဝင်အနိန်အထားအရ ပါရှန်ပင်လယ်ကွေ့ ဟိ အကြီးဆုံးကျွန်းမာ အီရန်ပိုင် ကွစ်ဟမ်ကျွန်း ဖြစ်ပြီးကေ [[ဟော်မုဇ် ရီလက်ကြား|ဟော်မုဇ်ရီလက်ကြား]] မာ တည်ဟိရေ။ ပါရှန်ပင်လယ်ကွေ့ ဟိ အရာအရေးပါသောကျွန်းတိမာ အီရန်အုပ်ချုပ်ရေ Greater Tunb ၊ Lesser Tunb နန့် Kish ၊ ကူဝိတ်အုပ်ချုပ်ရေ Bubiyan ၊ ဆော်ဒီအာရေဗျအုပ်ချုပ်ရေ Tarout နန့် UAE အုပ်ချုပ်ရေ Dalma ရို့ ပါဝင်ရေ။ မကြာသိမ့်ခင်နှစ်တိအထဲ [[ဒူဘိုင်းမြို့|ဒူဘိုင်း]] ဟိ The World Islands နန့် [[ဒိုဟာမြို့|ဒိုဟာ]] ဟိ The Pearl Island ပိုင်ယှောင် ခရီးလားသိမ်းသွင်းမှု တိအတွက် လူလုပ်ကျွန်းတိကို ထပ်မံထည့်သွင်းလာကတ်တေ။ ပါရှန်ပင်လယ်ကွေ့ ကျွန်းတိစွာ သမိုင်းကြောင်းအရ အရေးပါသောကျွန်းတိဖြစ်ပြီးကေ [[ပေါ်တူဂီ အင်ပါယာ|ပေါ်တူဂီ]] နန့် [[ဗြိတိသျှအင်ပါယာ|ဗြိတိသျှ]] ပိုင်ယှောင် ကိုလိုနီအင်အားကြီးနိုင်ငံတိက အတိတ်ကာလက ယင်းရို့၏ ကုန်သွယ်မှုမာ သို့မဟုတ် ယင်းရို့၏ အင်ပါယာတိအတွက် ဝယ်ယူမှုတိအဖြစ် အသုံးပြုခကတ်တေ။ <ref>{{Cite web |last=Ramerini |first=Marco |title=Portuguese in the Arabia and the Persian Gulf |url=http://www.colonialvoyage.com/eng/asia/persian_gulf/index.html |archive-url=https://web.archive.org/web/20150911015234/http://www.colonialvoyage.com/portuguese-persian-gulf-arabian-peninsula/ |archive-date=2015-09-11 |access-date=2010-11-27}}</ref>
== သမုဒ္ဒရာဗေဒ ==
ပါရှန်ပင်လယ်ကွေ့ စွာ [[ဟော်မုဇ် ရီလက်ကြား|ဟော်မုဇ်ရီလက်ကြား]]ကတဆင့် [[အိန္ဒိယသမုဒ္ဒရာ]]နန့် ဆက်သွယ်ထားပြီးသား ယင်းဧ့ ရေပမာဏမျှခြေကို သဘာဝအလျောက် ထိန်းညှိဗျာယ်ဟိရေ။ <ref>{{Cite journal |last=Pous |first=Stéphane |year=2015 |title=A model of the general circulation in the Persian Gulf and in the Strait of Hormuz: Intraseasonal to interannual variability |url=https://archimer.ifremer.fr/doc/00244/35563/ |journal=Continental Shelf Research |volume=94 |pages=55–70 |bibcode=2015CSR....94...55P |doi=10.1016/j.csr.2014.12.008}}</ref>ဒေသမား အပူချိန်မြင့်မားမှုကြောင့် ရေဖေသာ့ပျံနှုန်းမာ ကောင်းကောင်းတိလှသဖြင့် အီရန်နန့် အီရတ်နိုင်ငံရို့မှ စီးဝင်လှာသော မြစ်ရီတိနန့် မိုးရီချိန်ပမာဏရို့ ပေါင်းစပ်လျှင်ပင် ရေဆုံးယှုံးမှုကို မကာမိဘဲ တနှစ်လျှင် ရီကုဗမီတာအမြောက်အမြား လိုဖေသာပြဗျာယ်ဟိရေ။<ref>{{Cite journal |last=Xue |first=Pengfei |date=July 2015 |title=Estimation of the Heat and Water Budgets of the Persian (Arabian) Gulf Using a Regional Climate Model |journal=Journal of Climate |volume=28 |issue=13 |pages=5041–5062 |bibcode=2015JCli...28.5041X |doi=10.1175/JCLI-D-14-00189.1}}</ref> ဒေကွာဟချက်ကို ဖြည့်ဆည်းဖို့အတွက် အိန္ဒိယသမုဒ္ဒရာမှ ဆားငန်ဓာတ်နည်းသော ရီတိစွာ ရီလက်ကြားဧ့ အပေါ်ယံပိုင်းကတဆင့် ပင်လယ်ကွေ့ ထဲကို စီးဝင်လှာပြီး၊ ဆားငန်ဓာတ် ပိုပြီးကေများပြားကာ လီးလံသော ပင်လယ်ကွေ့ ရီတိစွာ ရီလက်ကြားဧ့ အောက်ခြီအလွှာကတဆင့် ပြန်ပနာစီးထွက်ခြင်းနန့် ရေဝင်ရီထွက်ကို မျှတအောင် ထိန်းညှိပီးနေခြင်းဖြစ်တေ။
== မြို့တိနန့် လူဦးရွီ ==
ပါရှန်းပင်လယ်ကွေ့ တလျှောက်မာ နိုင်ငံသျှစ်နိုင်ငံစွာ ကမ်းရိုးတန်းတိဟိပါယင့်- [[ဘာရိန်းနိုင်ငံ|ဘာရိန်း]] ၊ [[အီရန်နိုင်ငံ|အီရန်]] ၊ [[အီရတ်နိုင်ငံ|အီရတ်]] ၊ [[ကူဝိတ်နိုင်ငံ|ကူဝိတ်]] ၊ [[အိုမန်နိုင်ငံ|အိုမန်]] ၊ [[ကာတာနိုင်ငံ|ကာတာ]] ၊ [[ဆော်ဒီအာရီးဘီးယားနိုင်ငံ|ဆော်ဒီအာရေဗျ]] နန့် [[အာရပ်စော်ဘွား ပြည်ထောင်စုနိုင်ငံ|အာရပ်စော်ဘွား ပြည်ထောင်စု]] ။ ပါရှန်းပင်လယ်ကွေ့ ဧ့ မဟာဗျူစွာကျသော တည်နီရာကြောင့် အချိန်ကြာလာရေနန့်တတူ လူသားဖွံ့ဖြိုးတိုးတက်မှုအတွက် စံပြနီရာတခု ဖြစ်လာခရေ။ ဒေနိခေတ်မာ အရှိအလယ်ပိုင်းဟိ အဓိကမြို့ကြီးတိစွာရေ ဒေဒေသမာ တည်ဟိရေ။
{|
|<gallery mode="packed">
ဖိုင်:سواحل_کیش_در_روز_طبیعت1400011322240458522511884.jpg|alt=Kish island, Iran| ကစ်ရှ်ကျွန်း ၊ [[အီရန်နိုင်ငံ|အီရန်]]
ဖိုင်:Murthadha.80.jpg|alt=Kuwait City, Kuwait| [[ကူဝိတ်မြို့]] ၊ [[ကူဝိတ်နိုင်ငံ|ကူဝိတ်]] မြို့
ဖိုင်:Abu_dhabi_skylines_2014.jpg|alt=Abu Dhabi, UAE| [[အဘူဒါဘီမြို့|အဘူဒါဘီ]] ၊ [[အာရပ်စော်ဘွား ပြည်ထောင်စုနိုင်ငံ|ယူအေအီး]]
ဖိုင်:Dubai_skyline_unsplash.jpg|alt=Dubai skyline at night, Dubai, UAE| ဒူဘိုင်းမြို့၊ [[ဒူဘိုင်းမြို့]] ၊ ညည့်ခါသား မိုးကုပ်စက်ဝိုင်း
ဖိုင်:Bandarabbashomahotel.jpg|alt=Bandar Abbas, Iran| ဘန်ဒါ အဘတ်စ် ၊ အီရန်
ဖိုင်:Dhow_in_the_fjords_of_Khasab,_Oman_-_panoramio.jpg|alt=Khasab, Musandam, Oman| ခါဆက် ၊ မူဆန်ဒမ် ၊ [[အိုမန်နိုင်ငံ|အိုမန်]]
ဖိုင်:مرسى_القوارب_بالجبيل_الصناعية.jpg|alt=Jubail, Saudi Arabia| ဂျူဘိုင်းလ် ၊ [[ဆော်ဒီအာရီးဘီးယားနိုင်ငံ|ဆော်ဒီအာရေဗျ]]
ဖိုင်:West_Bay_district_of_Doha_seen_from_the_corniche_at_night.jpg|alt=Doha, Qatar| [[ဒိုဟာမြို့|ဒိုဟာ]] ၊ [[ကာတာနိုင်ငံ|ကာတာ]]
ဖိုင်:Manama_Night_(59168542).jpeg|alt=Manama, Bahrain| [[မာနာမာမြို့|မနာမာ]] ၊ [[ဘာရိန်းနိုင်ငံ|ဘာရိန်း]]
ဖိုင်:Basrah_faw_shat_alarab.jpg|alt=Al-Faw, Iraq| အယ်လ်-ဖော ၊ [[အီရတ်နိုင်ငံ|အီရတ်]]
</gallery>
|}
== ရီနံနန့် သဘာဝဓာတ်ငွိ ==
[[ဖိုင်:Oil_and_Gas_Infrastructure_Persian_Gulf_(large).gif|thumb|[[ရီနံ]] နန့် [[သဘာဝဓာတ်ငွိ|သဘာဝဓာတ်ငွိပိုက်လိုင်း]] တိနန့် လယ်ပြင်တိ]]
ပါရှန်ပင်လယ်ကွေ့ နန့် ယင်းဧ့ကမ်းရိုးတန်းဒေသတိစွာ ကမ္ဘာ့အကြီးဆုံး ရီနံအရင်းအမြစ်တခုတည်းဖြစ်ပြီးကေ <ref>{{Cite book |last=Northrup |first=Cynthia Clark |year=2013 |title=Encyclopedia of World Trade: From Ancient Times to the Present |publisher=Routledge |location=London, UK |via=Credo Reference}}</ref> ဆက်စပ်စက်မှုလုပ်ငန်းတိစွာ ဒေသမားကို လွှမ်းမိုးထားရေ။ ကမ္ဘာ့အကြီးဆုံး ကမ်းလွန်ရီနံမြေဖြစ်ရေ Safaniya ရီနံမြေစွာ ပါရှန်ပင်လယ်ကွေ့ မာ တည်ဟိရေ။ ကာတာနန့် အီရန်ရို့စွာ နယ်မြီအလယ်မျှိုင်းတလျှောက်ဟိ ဧရာမမြီကွက်တခုကို မျှဝီသုံးစွဲခြင်းနန့် ကြီးမားရေဓာတ်ငွိတွိ့ဟိမှုတိလေ့ ဟိခရေ (ကာစွာကဏ္ဍမာ မြောက်ပိုင်းမြီကွက်၊ အီရန်ကဏ္ဍမာ တောင်ပိုင်းပါ့စ်မြီကွက်)။ ဒေဓာတ်ငွိကို အသုံးပြုပနာ ကာစွာရေ ကကောင်းများလွန်းရေ [[အယ်လ်အန်ဂျီ (LNG)|အရည်ပျော်သဘာဝဓာတ်ငွိ]] (LNG) နန့် ရီနံဓာတုဗေဒလုပ်ငန်းကို တည်ဆောက်ခရေ။
၂၀၀၂ ခုနှစ်မာ ဘာရိန်း၊ အီရန်၊ အီရတ်၊ ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေဗျနန့် ယူအေအီးရို့ပါဝင်သော ပါရှန်းပင်လယ်ကွေ့ နိုင်ငံတိစွာ ကမ္ဘာ့ရီနံဧ့ ၂၅% လောက်ကို ထုတ်လုပ်ခပြီး ကမ္ဘာ့ ရီနံစိမ်းသိုက် ဧ့ သုံးပုံနှစ်ပုံနီးပါးနန့် ကမ္ဘာ့ [[သဘာဝဓာတ်ငွိ]] သိုက်ဧ့ ၃၅% လောက်ကို ထိန်းချုပ်ထားရေ။ <ref>{{Cite web |last=Persian Gulf Online |title=Persian Gulf Oil and Gas Exports Fact Sheet (U.S. Department of Energy) |url=http://www.persiangulfonline.org/interestgroups/oilfacts.htm |archive-url=https://web.archive.org/web/20090714233158/http://www.persiangulfonline.org/interestgroups/oilfacts.htm |archive-date=14 July 2009 |access-date=4 March 2011}}</ref> <ref>{{Cite web |last=U.S. Energy Information Administration (EIA) |title=Persian Gulf Oil and Gas Export Fact Sheet |url=http://www.eia.doe.gov/cabs/pgulf2.html |archive-url=https://web.archive.org/web/20110102032341/http://www.eia.doe.gov/cabs/pgulf2.html |archive-date=2 January 2011 |publisher=EIA/DOE (Energy Information Administration/Department of Energy)}}</ref> ပါရှန်းပင်လယ်ကွေ့ မာ ကမ်းရိုးတန်းဟိရေ ရီနံကြွယ်ဝသောနိုင်ငံတိ ( [[အီရတ်နိုင်ငံ|အီရတ်]] မှအပ) ကို ပါ ''[[ပါရှန်ပင်လယ်ကွေ့ ဟိ အာရပ်ပြည်တိ|ရှန်းပင်လယ်ကွေ့ နိုင်ငံတိ]]'' ဟု ရည်ညွှန်းရေ။ ပါရှန်းပင်လယ်ကွေ့ သို့ အီရတ်ဧ့ ထွက်ပေါက်စွာ ကျိုင်းမြောင်းပြီး အလွယ်ချေ ထီးထားပြီးသား [[ယူဖရီးတီးမြစ်|ယူဖရီးတီးစ်]] နန့် [[တိုင်းဂရစ်မြစ်|တိုက်ဂရစ်]] မြစ်တိ၏ ရီတိကို သယ်ဆောင်လာရေ ရှတ်အယ်လ်အာရပ် မြစ်ဧ့ ဗိတ်ကျူတ်မြစ်ဝကျွန်းပေါ်ဒေသ ပါဝင်ဗျယ် အရှိဖက်ကမ်းကို အီရန်က ထိန်းချုပ်ထားရေ။
== ဆက်ပနာ ဖတ်ရှုရန် ==
* [[ပင်လယ်ကွေ့ စစ်ပွဲ|ပင်လယ်ကွေ့ စစ်ပွဲ]]
== မှတ်စုတိ==
{{Notelist}}
== ကိုးကားချက်တိ ==
{{Reflist}}
[[ကဏ္ဍ:အာသျှတိုက်ဧ့ ပင်လယ်တိ]]
[[ကဏ္ဍ:အနောက်အာသျှဧ့ ပထဝီဝင်]]
[[ကဏ္ဍ:အရှိအလယ်ပိုင်းဒေသဧ့ ပထဝီဝင်]]
[[ကဏ္ဍ:အာရပ်ဘာသာစကား ပါဝင်ရေ ဆောင်းပါးတိ]]
[[ကဏ္ဍ:ပါရှန်းဘာသာစကား ပါဝင်ရေ ဆောင်းပါးတိ]]
[[ကဏ္ဍ:ဝီကီးဒေတာဟိ ကိုဩဒိနိတ်တိ]]
s7cntje7myx2d18yormjck92k87bsjq