ဝီကီးပီးဒီးယား
rkiwiki
https://rki.wikipedia.org/wiki/%E1%80%A1%E1%80%93%E1%80%AD%E1%80%80%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.18
first-letter
မီဒီယာ
အထူး
ဆွီးနွီးချက်
အသုံးပြုလူ
အသုံးပြုလူ ဆွီးနွီးချက်
ဝီကီးပီးဒီးယား
ဝီကီးပီးဒီးယား ဆွီးနွီးချက်
ဖိုင်
ဖိုင် ဆွီးနွီးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွီးနွီးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွီးနွီးချက်
အကူအညီ
အကူအညီ ဆွီးနွီးချက်
ကဏ္ဍ
ကဏ္ဍ ဆွီးနွီးချက်
TimedText
TimedText talk
Module
Module talk
Event
Event talk
ဒိုင်လူမျိုး
0
4152
21051
18201
2026-09-06T02:39:38Z
~2026-48163-81
1310
/* */
21051
wikitext
text/x-wiki
ချင်းလူမျိုးနွယ် (၅၃) စုမာပါဝင်ရေ ဒိုင်ရ်လူမျိုးနွယ်စုတိစွာ မြန်မာပြည်အနောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များဖြစ်ရေ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ပလက်ဝ ဒေသများတွင်မှီတင်း နေထိုင်ကတ်ရေ ချင်းလူမျိုးနွယ်စု (၅၃) စု၊ မြန်မာနိုင်ငံဧ့ ၁၃၅ မျိုးရေ တိုင်းရင်းသားလူမျိုးများမာ တမျိုးအပါအဝင်ဖြစ်တေ။ ဒိုင်ရ်လူမျိုးရို့စွာ ကိုယ်ပိုင် ရိုးရာယိုင်ကျေးမှု အစိုင်အလာတိကို ဂနိထက်တိုင် ကျင့်သုံးကတ်ရေ။ ဒေနိမြန်မာပြည်၊ ဒိုင်ရ်ဒေသမာ လူဦးရွီ ၆၀၀၀ဝ ကျော်လောက် နီထိုင်လို့ဟိပြီးး မြန်မာပြည်တဝှမ်းနန့် ပြည်ပရောက် ဒိုင်ရ်လူမျိုးများ စုစုပေါင်း လူဦးရွီ ၉၀၀၀ဝ လှောက်ဟိရေ။ မြန်မာနိုင်ငံမာ ရှီးကျရေ လူမျိုးတမျိုးအဖြစ် ဒေနိန့်ထိ နီထိုင်လို့ဟိကတ်တေ။ ဒိုင်ရ်လူမျိုးများ ဧ့ နခေါင်းမှုတ်ပလွီမာ တောင်ပိုင်းချင်းလူမျိုးများ အကြားထင်ရှား ကျော်ကြားရေ။ အရာတောင်ပိုင်းချင်းလူမျိုးများနည်းတူ ဒိုင်ရ်လူမျိုးတိ၏ အမျိုးသမီးတိမာ အယင်က ပရဲ ခေါ် ပါးမည်း(မျက်နှာပြင် ထိုးကွင်းမှင်ကြောင်) ထိုးလေ့ဟိခရေ။ ဒိုင်ရ်လူမျိုးနွယ်စုဧ့ ပင်တိုင်ဟင်းဖြစ်ရေ ပြာဟင်း (ပြာရည်ဖြင့်ချက်လုပ်ရေဟင်း) စွာ ချင်းလူမျိုးများ ရို့၏ တမျိုးတည်းသော ဂုဏ်ယူရဖို့ နာမည်ကျော် ဟင်းတမျိုးဖြစ်တေ။ ဒိုင်ရ်လူမျိုးတိကို ချင်းပြည်နယ်မာ ဒေသလေးခုအကြား နယ်မြီများပိုင်းခြားကာ ထည့်သွင်း ထားရေအတွက် ဘာသာစကားပြောဟန်စွာလေ့ မျိုးနွယ်စုများအကြား စိကေချေကွဲပြားရေ။ အယင်က ဝတ်စားဆင်ယင်ပုံကိုလိုက်လို့ “ရင်ဒူး” ချင်း (အမျိုးသမီးများ စွာ အင်္ကျီကို ကေမှစဝတ်ကာ ထမိန်ကို ဒူးအထိသာ ဝတ်ဆင်အတွက်နန့်) ဟုနယ်နိမိတ်ချင်းထိစပ်နိန်ရေ ယောလူမျိုး(တောင်သားချင်းမျိုးနွယ်စုများ)မှ ခေါ်ဆိုကတ် ရေ။ ဂျာမန် အက္ခရာစိုင်ကို အခြီခံတည်ထွင်ထားရေ ဒိုင်ရ်ဘာသာစာ မာ ဒေနိမာ ခရစ်ယာန် ဓမ္မကျမ်းစာကို ဘာသာပြန်ဆိုနှိုင်ခရေ။ ယင်းအပြင် ဒိုင်ရ်လူမျိုးတိအတွက် ဒိုင်(Dai) သဒ္ဒါစာအုပ်မာလည်း ကမ္ဘာသိ ထုတ်ဝီပြီးဖြစ်တေ။ ဒိုင်ရ်လူမျိုးတိ၏ ကိုယ်ပိုင်ဟန်ပန်မာ အအီးသသာတည်ကြည် ဖော်ရွှေစွာနီတတ်ပြီး၊ ရဲရင့်ပြတ်သားကာ အမှန်တရားအတွက် အလုပ်လုပ်တတ်ရေ လူမျိုးအဖြစ် ချင်းလူမျိုးနွယ်စုများအကြား ထင်ရှားရေ။ လူမျိုးစု ဧ့ ၉၉% မာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်ကတ်တေ။ ဒိုင်နယ်ဒေသအထဲဟိ သဘာဝ သစ်ခွတောတိနန့် သားငှက်တိရစ္ဆာန်တိစွာ ခရီးလားပြည်သူတိကို ကြည်နူးမှုအပြည့်အဝ ပီးနှိုင်စွမ်းဟိရေ။ ဒေသအထဲ လေးမြို့မြစ်စွာ အဓိကမြစ်အဖြစ် စီးဆင်းပြီး၊ မုန်းချောင်း၊ ဆောချောင်းရို့မာ လည်းထင်ရှားရေချောင်းတိဖြစ်တေ။ အရာရေဝေ စိမ့်၊ စမ်း၊ ချောင်းတိလေ့ ဒိုင်နယ်မာ အနှံအပြားဟိရေ။ ဒိုင်လူမျိုးရို့၏ တော်ဝင်ငှက်မာ [[:en:Greater Racket-tailed Drongo|ငှက်မင်း]] (ကျီးမိတ်ဆွေမျိုးနွယ်စုဝင်ငှက်တမျိုး) ဖြစ်ပြီးကေ၊ [[:en:Bulbophyllum refractum|ရွက်လှ သဇင်ပန်း]] (Ling Leih) စွာ ဒိုင်ရ်လူမျိုးရို့၏ တော်ဝင် ပန်းဖြစ်တေ။ ဒိုင်ရ်လူမျိုးတိစွာ အရာချင်းလူမျိုးတိနန့်တတူ ကိုယ့်လူမျိုးနန့်နိုင်ငံကိုချစ်ရေ လူမျိုးတမျိုးဖြစ်တေ။ ဒိုင်ရ်လူမျိုးတိကို ယောလူမျိုးတိနန့် အရာချင်းလူမျိုးတိက ဒိုင်ရ် နန့် ရင်ဒူး ချင်းအဖြစ် အမျိုးမျိုးခေါ်ဝေါ်ကတ်တေ။
== တည်နီရာနန့် မြီမျက်နှာသွင်ပြင်==
{{split|ချင်းပြည်နယ်ဧ့ ပထဝီဝင်}}
ဒိုင်ရ်ဒေသစွာ ချင်းပြည်နယ်ဧ့တောင်ပိုင်း၊ မြန်မာပြည်ဧ့ အနောက်ပိုင်း၊ အရှိတောင်အာသျှ ပင်မကုန်းမြီအထဲ တည်ဟိရေ။ မြောက်လတီတွဒ် ၂၀˚ ၃၀' နန့် ၂၁˚ ၃၀' ကြား အရှိလီာင်တီတွဒ် ၉၃˚ ၁၀' နန့် ၉၄˚ ၁၀' အကြားမာတည်ဟိရေ။ ဒိုင်ရ်ဒေသစွာ မင်းတပ်မြို့နယ် အနောက်ပိုင်း၊ ကန်ပက်လက် မြို့နယ်ဧ့ အနောက်မြောက်ပိုင်း၊ ပလက်ဝမြို့နယ်ဧ့ အရှိမြောက်ပိုင်း နန့် မတူပီမြို့နယ်ဧ့ အရှိတာင်ပိုင်းမာတည်ဟိရေ။ ဒိုင်ရ်ဒေသစွာ အလျားမိုင် ၁၂ဝ ခန့် ရှည်လျားပြီး အနံ မိုင် ၆ဝ လှောက်ထိဟိရေ။ ဒိုင်ရ်ဒေသစွာ ပင်လယ်ရီမြင်နှာပြင် အထက် မီတာ ၈၀ဝ မှ ၃၂၀ဝ အထဲတည်ဟိပြီး တောင်ကုန်းတောင်တန်း ထူထပ်များရေ ဒေသတခုဖြစ်တေ။ လေမြို့မြစ်စွာ ဒိုင်ရ်ဒေသအထဲ မြောက်မှတောင်သို့ မှုန်းသနူးရွာအထိ စီးဝင်ကာ ထိုရွာမှတဆင့် တောင်က အနောက်မြောက်ဘက်ရို့ ဦးတည်သွား စီးဆင်းလားပြီးကေ ဒိုင်ရ်ဒေသမားနောက်ထပ် မြောက်မှတောင်သို့ စီးဆင်းကာ ဘင်္ဂလာပင်ခရာဝအော်အတွင်းကို စီးဆင်းလားရေ။ အရာထင်ရှားရေ ချောင်းကြီးဖြစ်ရေ မုန်းချောင်းစွာ ဒိုင်ရ်ဒေသအထဲ မြောက်မှ အရှိတောင်ပိုင်းထိ စီးဆင်းကာ ဧရာဝတီမြစ်အထဲစီးဝင်လားရေ။ အရာချောင်း အမြောက်အမြားနန့် စိမ့်စမ်းတိစွာ ဒိုင်နယ်အထဲ အဓိက ရီဝေကြောကြီးတိအဖြစ် တည်ဟိကတ်တေ။ ဝိတိုရိယတောင်စွာ ဒိုင်ရ်နယ်အထဲ အမြင့်ဆုံးတောင်ဖြစ်တေ။ ဝိတိုရိယကို အခြီပြုဗျာယ် တောင်တန်း ကြီးငယ်အသွယ်သွယ်စွာ ဒိုင်ရ်လူမျိုးရို့၏ ဝိသေသနယ်ပယ်လက္ခဏာအဖြစ် ထင်ရှားစွာ တည်ဟိနိန်ကတ်တေ။
===ဝိတိုရိယတောင်===
ပေ ၁၀၅၀ဝ အမြင့်ဟိ ဝိတိုရိယတောင်စွာ အရာအမွှာတောင်တန်း တခုနန့်အတူ ချင်းပြည်နယ်မာဟိ အမြင့်ဆုံးတောင်ဖြစ်တေ။ ဒေသအခေါ်အဝေါ်အရ ခေါ်နူးစုမ် (Kho Nu Msung) ဧ့ အဓိပ္ပာယ်မာ ကြီးမားရေတောင်ဟု အဓိပ္ပာယ်ရရေ။ ၁၉၉၄ ခုနှစ်မှစတင်ပနာ နတ်မတောင်ဟု တိုက်ရိုက်နာမည်ပြန်လို့ သဘာဝထိန်းသိမ်းရီးစခန်းထားဟိကာ ဒေသအထဲ သားငှက်တိရစ္ဆာန်တိနန့် သဘာဝသစ်တောတိကို ကာကွယ် စောင့်ယှောက်ထားရေ။ ဝိတိုရိယတောင်စွာ ချင်းတောင်တန်းတိနန့်ရခိုင်ရိုးမအထဲတည်ဟိရေ အမြင့်မားဆုံးတောင် တခုဖြစ်တေ။ ခေါ်နူးစုမ် ကာကွယ်တောဧရိယာအမာကောင်းကောင်းများရေ သားငှက်တိရစ္ဆာန်တိနန့် သစ်ခွပန်းတိစွာ အလွန်ထူးခြားကာ လိ့လာစရာကောင်းမွန်ရေ။ ဝိတိုရိယတောင်စွာ တောင်တက်သမားတိုင်း အလွယ်ကူဆုံးတက်နှိုင်ရေ တောင်တခုဖြစ်ပနာ အပျော်တမ်းတောင်တက်သမားတိအတွက် တဗျင်းကောင်းမွန်ရေ တောင်တက်ခရီးစိုင် ဖြစ်တေ။
== ရာသီဥတု ==
ဒိုင်ဒေသအထဲမြန်မာပြည်ကဲ့ပင် ဒေသသုံးခုဟိရေ။ ဖေဖဝါရီလနှောင်းပိုင်းမှ မေလကုန်ထိ နွီဥတု၊ ဂျုန်လဆန်းမှ အောက်တိုဘာလကုန်ထိ မိုးဥတုနန့် နိုဗန်ဘာလဆန်းမှ ဂျန်နဝါရီလကုန်ထိ ဖြတ်သန်းရရေ ဆောင်းဥတုရို့ဖြစ်တေ။ မိုးဥတုအလယ်ပိုင်း မာ မိုးတိစွာ။ အအီးဆုံးအချိန်မှ ဒီဇန်ဘာလနှောင်းပိုင်းနန့် ဂျန်နဝါရီလဆန်းပိုင်းရို့ဖြစ်တေ။ ဧပြီလလည် စွာဂန်ဒူးသွေ့ဆုံး၊ အပူပြင်းဆုံးကာလဖြစ်တေ။ သာမန်ပျဉ်းမျှအပူချိန်မာ သုညဒီဂရီ စင်တီဂရိတ်မှ ၂ဝ ဒီဂရီ စင်တီဂရိတ်အထိဟိရေ။ ဒိုင်ဒေသစွာ သမိုင်းပိုင်းဇုံအထဲ ကျရောက်ဗျာယ် ရာသီဥတု အထူး မျှတရေ။
== သစ်တောတိ ==
ဒိုင်ဒေသအထဲ ပေါက်ရောက်ရေ သစ်တောတိမာ အပူလျော့ပိုင်း သမပိုင်းသစ်တောတိဖြစ်တေ။ ရွက်ဟောင်းလှဲသစ်တောဖြစ်ရေ ရွက်လှဲသစ်တော[http://en.wikipedia.org/wiki/Deciduous] စွာ ဒိုင်ဒေသအထဲ ၄ဝ %၊ အမြဲစိမ်းတောများ ၃၅ % နန့် အရာအပူပိုင်းရွက်ပြတ်တောများပေါက်ရောက်ရေ။ ဝိတိုရိတောင်တန်းပတ်ဝန်းကျင်မာ ထင်းရှုးတောတိနန့် အအီးပိုင်းသစ်များ ပေါက်ရောက်ရှင်သန်ကတ်တေ။ ကျွန်း၊ ကန်းကျင်၊ အင်၊ ကုလားမသွီး၊ ပိတောက် ပင်တိလေ့ ဒေသအထဲပေါက်ရောက်ရေ။
== သဘာဝအရင်းအမြစ်များ ==
ဒိုင်ဒေသ ဧ့ အကြီးမားဆုံး သဘာဝ အရင်းအမြစ်မာ သန့်စင်ရေ လေ နန့် သတ္တုဓာတ်ပါဝင်ရေ ရေဝေကြောကြီးများ (mineral water)[http://en.wikipedia.org/wiki/Mineral_water] ဖြစ်တေ။ ယင်းအပြင်ဒိုင်ဒေသစွာ သားငှက်တိရစ္ဆာန်တိနန့် အပင်ပန်းမာန်များ ပေါတိကြွယ်ဝရေ ဌာနေဇာတိဖြစ်တေ။ ဒေသအထဲ လောက်ငှရေ သစ်ဝါးများဟိနိုင်ရုံရာမက အရာမြို့နယ်တိကို တင်ပို့နှိုင်ရေ သစ်တောတိဟိပါယင့်။ သစ်တောကြီးများအထဲ ဆီးဘက်ဝင် အပင်မြောက်မြားစွာ နန့်အတူ စားသုံးနှိုင်ရေ သီးနှံအရွက်တိလေ့ပေါက်ရောက်ရေ။ သားငှက်တိရစ္ဆာန်တိက ဒေသအတွက်လိုအပ်ရေ အဟာရဓာတ်တိကို ပီးစွမ်းနှိုင်ရုံရာမက ဒေသဂုဏ်ကိုပါမြှင့်တင်ပီးရေ။
== သဘာဝပေါက်ပင်များ နန့်စိုက်ပျိုးပင်များ ==
# ထင်းရှုး
# သစ်အယ်
# ပိတောက်
# အင်
# ကန်းကျင်
# ကုလားမသွီး
# လက်ပံ
# လဲပင်
# ချယ်ရီ
# တောင်ဇလပ်
# သရက်
# ပိန္နဲ
# လိမ္မော်
# ရှောက်
# သံပရာ
# ကျွဲကော
# မန်ကျီး
# မာလကာ
# ကြိမ်
# ဝါး
== သစ်ခွပန်းပင်များ ==
# စက္ကူပန်း Dendrobium Crystallinum
# ချင်းသစ်ခွနီ Renanthera imschootiana
# ဒိုင်လေဒီရှုး Paphiopedilum villosum
# တပင်လုံးရွှီ
# အာမဲလက်တံတို
# အာမဲလက်တံရှည်
# မိုးလုံးပြာ
# မိုးလုံးမှိုင်း
# ရွက်လှ သဇင်<ref>[https://en.wikipedia.org/wiki/Dai_People],[http://daifamilylive.blogspot.com/2008/07/sketch-history-of-dai-people.html]</ref>
== ကျောက်ပျိုင်ချီပွဲတော် ==
ကျောက်ပျိုင်ချီပွဲတော် (သို့မဟုတ်) လုံးယူပွဲတော်မာ ဒိုင်ရ်ချင်းလူမျိုးများအကြား အထင်ရှားဆုံးရိုးရာပွဲတော်တမျိုးဖြစ်တေ။ ဒိုင်ရ်လူမျိုးရို့စွာ ကိုယ်ရို့ဧ့ ဂုဏ်သိက္ခါအတွက်ကေလည်းကောင်း၊ မျိုးနွယ်စုဧ့ ဂုဏ်ကိုဖော်ဆောင်ဖို့အတွက်ကေလည်းကောင်း ကျောက်ပျိုင်ချီပွဲတော်ကို ပြုလုပ်ကျင်းပလေ့ဟိကတ်တေ။ နွီဦးရာသီဖြစ်ရေ ဧပြီလမာ အများအားဖြင့် ကျင်းပကတ်တေ။ ယင်းကျောက်ပျိုင်ချီတိမာ အနောက်တိုင်း အင်္ဂလန်နိုင်ငံမာ တည်ဟိရေ stone henge ဟုခေါ်ဆိုရေ ကျောက်ပျိုင်ချီတိကဲ့သို့ဖြစ်တေ။ ယကေလေ့ ဒိုင်ရ်ချင်းလူမျိုးရို့၏ ကျောက်ပျိုင်မာ အရွယ်အစားအားဖြင့် အနောက်တိုင်းဒေသမှကျောက်ပျိုင်ကြီးတိလောက် မဟိပါ။ အရာချိုးချင်းလူမျိုးတိစွာလည်း ဒိုင်ရ်လူမျိုးတိကဲ့သို့ကျောက်ပျိုင်ချီပွဲများ ပြုလုပ်ကျင်းပကတ်တေ။
ဒိုင်ရ်လူမျိုးရို့၏ ကျောက်ပျိုင်ချီပွဲတော်ကို အောက်ပါအတိုင်းပြုလုပ်ကျင်းပကတ်တေ။
# ဆာယမ်ဖာ ခေါ် အကြိုပြင်ဆင်နိ
# ချိန်းစုံ ခေါ် ရပ်ဝီးဧည့်ရောက်နီ့
# လုံးကော့ ခေါ် ကျောက်ပျိုင်ချီရေနိ
# လုံးဆောင် ခေါ် ကျောက်ပျိုင်တင်ရေနိ
# လုံးကာ ခေါ် ကျောက်ပျိုင်ပေါ်တက်ရေနိ
# ပိုးပြင် ခေါ် ဧည့်ပြန်လားရေနိရို့ဖြစ်တေ။
ကျောက်ပျိုင်ချီရာမာ ကျောက်ပျိုင်တိနန့်တတူ ဆယ်ပေါင်ခေါ် အထိန်းအမှတ် သစ်သားတိုင်တိကို ကိုယ့်သတ်ရေနွားနောက်ကောက်ရေ အတိုင်းစိုက်ထူကတ်တေ။ မှတ်သားစရာအချက်မာ ကျောက်ပျိုင်များအောက်မာ အရိုးတိုက်တိကို မြှပ်နှံထားခြင်းနန့် ကျောက်ပျိုင်တိစွာ အနားယူအပန်းဖြီထိုင်စရာ ခုံတိအဖြစ်အသုံးပြုကတ်ခြင်းရို့ ဖြစ်တေ။ အချုပ်အနိန်နန့် ဆိုရကေ ကျောက်ပျိုင်ချီပွဲတော်မာ မျိုးရိုးဂုဏ်သိက္ခါမြှင့်တင်ခြင်းအဆင်ပြေပိုင့် သဒ္ဓါသထာလို့ အလှုပီးအပ်ခြင်း သဘောလည်းဆောင်ပါရေ။ ထိုပွဲနိမာ ကျောက်ပျိုင်ချီရေ မိသားစုနန့်အတူ ဆွီမျိုးညီရကိုမောင်နှများ၊ မိတ်ဆွီသူငယ်ချင်းတိနန့် ရပ်ဝီး၊ ရပ်နီးအာဂန္တုတိအားလုံး တတူတကွ ပျော်ရွှင်ရန် ကျင်းပရေ ချစ်ဖို့ကောင်းရေ ရိုးရာဓလိတခု ဖြစ်တေ။
== ကျမ်းကိုး ==
<references/>
၁။ ဒိုင်သက်ဆော - ဒိုင် (သို့) ဒိုင်ရ် ချင်းလူမျိုးများအကြောင်း
၂။ ဒေါမီနစ်သက်ဆော - ဒိုင်နယ်မာပေါက်ရေ အပင်များ [http://daifamilylive.blogspot.com/2010/06/tree-cultivated-in-dai-land.html]
၃။ ဒိုင်ရ်ဆောမနား - ဒိုင်ရ်ချင်းရိုးရာ ကျောက်ပျိုင်ချီပွဲတော်
{{မြန်မာပြည် လူမျိုးများ}}
[[Category:မြန်မာနိုင်ငံလူမျိုးတိ]][[Category:ချင်းလူမျိုးစုတိ]]
[[Category:ရခိုင်နန့် အခြားလူမျိုးတိ]]
bh0bxifpfsxmzhiz8w3pv44ogmscxc7