ဝီကီးပီးဒီးယား
rkiwiki
https://rki.wikipedia.org/wiki/%E1%80%A1%E1%80%93%E1%80%AD%E1%80%80%E1%80%85%E1%80%AC%E1%80%99%E1%80%BB%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%AC
MediaWiki 1.47.0-wmf.19
first-letter
မီဒီယာ
အထူး
ဆွီးနွီးချက်
အသုံးပြုလူ
အသုံးပြုလူ ဆွီးနွီးချက်
ဝီကီးပီးဒီးယား
ဝီကီးပီးဒီးယား ဆွီးနွီးချက်
ဖိုင်
ဖိုင် ဆွီးနွီးချက်
မီဒီယာဝီကီ
မီဒီယာဝီကီ ဆွီးနွီးချက်
တမ်းပလိတ်
တမ်းပလိတ် ဆွီးနွီးချက်
အကူအညီ
အကူအညီ ဆွီးနွီးချက်
ကဏ္ဍ
ကဏ္ဍ ဆွီးနွီးချက်
TimedText
TimedText talk
Module
Module talk
Event
Event talk
သရက်ပင်
0
5758
21102
2026-09-11T13:02:57Z
Tejoebārsa
137
Created page with "[[File:Magnifera indica.jpg|thumb|သရက်ပင်]] ထူးကဲသောအနံ့အရသာနန့် ပြည့်စုံရေ အသီးကိုအကြောင်းပြပြီးကေ သရက်ပင်စွာ ကမ္ဘာ့အပူပိုင်း ဒေသမာ ထင်ရှားကျော်ကြားသော သီးစားအပင် တမျိုးဖြစ်လီရေ။ စားသောက်..."
21102
wikitext
text/x-wiki
[[File:Magnifera indica.jpg|thumb|သရက်ပင်]]
ထူးကဲသောအနံ့အရသာနန့် ပြည့်စုံရေ အသီးကိုအကြောင်းပြပြီးကေ သရက်ပင်စွာ ကမ္ဘာ့အပူပိုင်း ဒေသမာ ထင်ရှားကျော်ကြားသော သီးစားအပင် တမျိုးဖြစ်လီရေ။
စားသောက်စရာတိ၏ ထူးခြားကောင်းမွန်သောအရသာနန့်ဆက်စပ်ပြီးကေ '''အသီးမာသရက်၊ အသားမာဝက်၊ အရွက်မာ လက်ဖက်'''လို့ စံပြုရေဆိုရိုးလည်း ဟိခလီရေ။
==ရှီးကျရေအသီး==
သရက်ပင်၏မူလဘူတသည် အလွန်ပင် ရှီးကျလှလီရေ။ ဇာခေတ်အခါကစတင်ပေါ်ပေါက်ခစွာကို အတိအကျ ဆိုနှိုင်ဖို့ခဲယဉ်းလှရေ။ ဗုဒ္ဓအယူဝါဒ ကျမ်းကြီးကျမ်းခိုင်တိနန့် ဇာတ်နိပါတ်တော်တိမာပင်ဖြစ်ဖြစ်၊ အိန္ဒိယနန့်မြန်မာ ဒဏ္ဍာရီပုံပြင်များမာပင်ဖြစ်ဖြစ်၊ သရက်ပင်[[နွားစားသရက်]]ရို့နန့် စပ်လျဉ်းသော အဖြစ်အပျက်အကြောင်းထုပ္ပတ်တိ အမြောက်အမြားဟိလီရေ။ သာဝတ္ထိပြည် ကဏ္ဍမ္ဗ သရက်ဖြူပင်ရင်းမာ ဂေါတမမြတ်စွာဘုရားသခင်၏ ယမက ပြာဋိဟာ ပြတော်မူခပုံစွာ ဂေါတမဗုဒ္ဓဝင်မာ ထင်ရှားသော အကြောင်းတရပ် ဖြစ်လီရေ။ ရှီးခေတ်အိန္ဒိယမာ နွားစားသရက်စွာ လူရို့၏အရီးပါရေ အစားအစာ တရပ်ဖြစ်ရေအတွက် နွားစားသရက်ကို သင်္သကရိုက်ဘာသာနန့် ရီးသားသုံးနှုန်းထားရေ စကာလုံးအားဖြင့် သိရရေ။ နွားစားသရက်ကို အိန္ဒိယနိုင်ငံ၏အပ ကမ္ဘာမာ လူသိများပြားကျော်ကြားယောင် ဂုဏ်သတင်း ပျံ့ရွင့်စီခသူစွာ ခရစ်နှစ် ၆၆၂−၆၄၅ ခုနှစ်တိမာ အိန္ဒိယနိုင်ငံ ဟိန်းဒုတ်စတန်လွင်ပြင်သို့ ရောက်ဟိခသူ တရုတ်ခရီးသည်ကြီး ဟူအင်ဆန် ဖြစ်တေ။ မဂိုဘုရင်အက္ကဗာ (ခရစ် ၁၅၅၆−၁၆ဝ၅)စွာ ဒေလီမြို့တော်နံဘေးမာ အပင်တသိန်းမကသော နွားစားသရက် ဟင်းခင်းတော်ကြီးကို ပြုစုစိုက်ပျိုးစီခရေလို့ သိဟိရလီရာ ယင်းခေတ်ယင်းခါက ယလောက်များရေ အပင်အရွီအတွက်ဟိရေ သစ်သီးဟင်းခင်းတိ အလွန်နည်းပါးသိမ့်အနိန်နန့် တန်ခိုးအာဏာကြီးမားရေ ထိုဘုရင်ကြီးက ယလောက် အရီးထား စိုက်ပျိုးခြင်းကို ထောက်ရှုလို့ နွားစားသရက်၏ ဂုဏ်သတ္တိစွာ နှယ်နှယ်ရရ မဟုတ်ကြောင်း ထင်ရှားလှလီရေ။
==ပေါက်ရောက်ရာဒေသ==
သရက်ပင်၏ မူလပေါက်ရောက်ရာဇာတိဒေသစွာ [[အိန္ဒိယနိုင်ငံ]]အရှိပိုင်းဒေသတိ၊ [[အာသံပြည်နယ်]]နန့် [[မြန်မာနိုင်ငံ]]ရို့ ဖြစ်တေလို့ ဆိုကတ်တေ။ နောင်အခါအရာ [[အပူပိုင်းဒေသ]]တိသို့လည်း မျိုးပျံ့နှံ့လားရေ ဟူယူဆကတ်လီရေ။ သရက်ပင်စွာ အိန္ဒိယနိုင်ငံကတဆင့် [[အနောက်တိုင်းနိုင်ငံ]]တိသို့လည်း မျိုးပျံ့ခလီရေ။ [[ပေါ်တူဂီ]]ရို့စွာ အိန္ဒိယသို့ ရောက်လှာကတ်ရေအခါ နွားစားသရက်၏ထူးခြားသော အရသာကို မြည်းစမ်းကတ်ရရေ။ ယင်းအတွက်နန့် ကိုယ်ရို့နိုင်ငံရင်းသို့ မျိုးယူ စိုက်ပျိုးခကေလေ့ ယှူခပါသိမ့်ရေ၊၊ ပေါ်တူဂီရို့စွာ နွားစားသရက်ကို 'မန်းကေး၊'သို့မဟုတ်' မန်း ဂေး'ဟု ခေါ်ဝေါ်ကတ်ရာမှ [[အိန်းဂလိချ်ဘာသာ]]ဖြင့်' မန်းဂိုး'ဆိုရေအခေါ်အဝေါ်သို့ ရွီ့လျောလာခလီရေ။
သရက်ပင်ကို အနောက်နိုင်ငံများမာ [[၁၇ ရာစု]]နှစ်ခန့်မာမှ စိုက်ပျိုးအောင်မြင်ကြောင်းတွိရရေ။ ပထမ ဆုံးစိုက်ပျိုးဖြစ်ထွန်းသော ဒေသစွာ [[ဘရာဇီးနိုင်ငံ]]ဖြစ်တေ။ ယင်းကတဆင့် [[အနောက်အိန္ဒိယကျွန်းစု]]တိသို့ မျိုးပျံ့လားပနာ ဂုချိန်ခါ [[အမေရိကတိုက်]] အပူပိုင်းဒေသတိမာ နွားစားသရက်ပင်တိ အလိကျပေါက်ရောက်နီစွာကိုပင် တွိကတ်ရလီရေ။ သရက်ပင်စွာ ပင်လယ်ရီပြင်မှ အမြင့်ပေ ၃ဝဝဝ အထိဟိရေ အရပ်ဒေသတိထိတောင် ပေါက်ရောက် နိုင်လီရေ။ ယင်းအပင်စွာ ပူအိုက်သော ရာသီဥတုကို နှစ်သက်ပြီးကေ စမ်းမဆွဲ၊ ရေမဝပ်သော အရပ်ဒေသတိမာ ဖြစ်ထွန်းရေ။ မြန်မာနိုင်ငံမာ အထက်ပိုင်းနန့် ရခိုင်ဒေသရို့၏ နုံးမြီဆန်သော အရပ်မာပင်ဖြစ်ဖြစ်၊ အောက်ပိုင်းမာ ဂဝံ ကျောက်မြီဆံသော အရပ်ဒေသတိမာပင်ဖြစ်ဖြစ် ပေါက်ရောက် ဖြစ်ထွန်းလီရေ။
==မျိုးစိတ်==
သရက်ပင်သည် အန်နကားဒီယေးစီအီး မျိုးရင်းမာ ပါဝင်ပြီးကေ [[ရုက္ခဗေဒ]]နာမည်အနိန်နန့် မန်ဂျီဖီးယားအင်ဒေကား (''[[species:Mangifera indica|Mangifera indica]]'') ဟု ခေါ်ရေ။ ရွက်မပြတ်သော အပင်မျိုး ဖြစ်ပြီးက တခါတရီ ပေ ၅ဝ မှ ပေ ၆ဝ အထိမြင့်လီရေ။ ယကေလေ့ တချို့သရက်ပင်မျိုးရို့စွာ အပင်အလတ်စားတိ ဖြစ်ကတ်တေ။ သရက်ပင်ရို့စွာ အပင်သက် ရှည်ကြာကက်လို့ အကိုင်းအခက် ဝီဖြာစွာ ထွက်ပြီးကေ အရိပ်ကောင်းရေ အပင်တိအဖြစ် [[အပူပိုင်းဒေသ]]တိမာ ထင်ရှားလီရေ။
သရက်ရွက်တိစွာ အကိုင်းဖျားအခက်ဖျားရို့မာ စုရုံးထွက်ကတ်တေ။ ရွက်လွှဲ ထွက်ကြလို့ ရွက်ညှာရို့စွာ အရင်းတုတ်ရေ။ အရွက်ရို့၏ ပုံသဏ္ဌာန်စွာ
လှံစွပ်ပုံ ဟိပြီးးကေ အလျားခြောက်လက်မမှ ၁၆ လက်မအထိ ရှည်လျားရေ။ ဗြက်အကျယ်စွာ နှစ်လက်မလောက်မှ သုံးလက်မလောက်အထိ အမျိုးမျိုးဖြစ်တေ။ အရွက်ရို့မာ အကြောတိ ပေါ်လွင်နိန်ရေ။ အရွက်ရောင်သည် နုစဉ်အခါမာ အရဲရောင်၊ အညိုနုရောင်တိဖြစ်ကေလေ့ ရင့်လာကေ အစိမ်းပုပ်ရောင် ဖြစ် လာရေ။ အရွက်ရို့စွာ အနားညီလီရေ။
[[ဒီဇင်္ဘာလ]]အလယ်မှ [[ဖေဖဝါရီလ]]ကုန်အထိ သရက်ဖူးတိ ပွင့်ကတ်တေ။ သရက်အဖူးအပွင့်ရို့စွာ ထိပ်ဖျား မာဟိရေ ပန်းခိုင်မျိုးနန့် ဖူးပွင့်ကက်လို့ အပွင့်ချေတိက ငယ်ပြီးကေ ပန်းရောင်ဖျော့ဖျော့ဖြစ်လီရေ။ အဖူး အပွင့်ရို့မာ သင်းပျံ့ပျံ့ရနံ့ဟိရေ။ တချို့အပွင့်ရို့မာ ဝတ်ဆံအဖိုအမနှစ်မျိုး
ပါလို့ တချို့အပွင့်ရို့မာ ဝတ်ဆံဖိုသာ ပါလီရေ။ သရက် အဖူးအပွင့်ရို့ကို မြန်မာနိုင်ငံမာ ဟင်းရို့အဖြစ် စားသုံးကတ်လီရေ။ [[မာ့ခ်ျလ]]လောက်မာ တို့စားနှိုင်ရေ အရွယ်နွားစားသရက် အကင်းများရဟိရေ။ [[ဧပြီလ]]ကုန် [[မေလ]]ဆန်းမှစပြီးကေ နွားစားသရက်တိ မှည့်ဝင်းလာကတ်တေ။ နွားစားသရက်မှည့်တိကို ဧပြီလမှ [[ဂျုန်လ]]ထိတောင် စားကတ်ရရေ။ တချို့သရက်မျိုးရို့ကား [[မိုး]]ကျပြီးမှ အမှည့်ပေါ်စွာနန့် ဝါဆိုသရက်မျိုးဟု ခေါ်ကတ်တေ။ သရက်ပင်စွာ အသီးစိမ်းတိကိုသော် ပင်ဖြစ်ဖြစ်၊
အသီးမှည့်တိကိုလေ့သော့၊ ထောင်ပုံ၊ ရာပုံဈီးမာတင်ပနာ ရောင်းချနှိုင်လောက်ယောင် မကန်မဝှန်သီးသော အပင်မျိုးဖြစ်လီရေ။ ယကေလေ့ နှစ်နှစ်လျှင် တခေါက်ပိုပြီးကေ အသီးလှိုင်လှိုင် သီးတတ်လီရေ။
နွားစားသရက်စိမ်းတိကို နုစဉ်အခါဟင်းရို့ အဖြစ်အစိမ်း တို့စားကတ်တေ။ အသီးစိကေချေကြီးလာကေ သုပ်လို့လည်း စားကတ်တေ။ သနပ်ပြုလုပ်ခြင်း၊ ဆားရည်စိမ်ခြင်း အစဟိစွာအနိန်နန့်လည်း ပြုလုပ်သုံးဆောင်ကတ်တေ။ နွားစားသရက်မှည့်တိကိုကျကေ ယင်းအတိုင်း စားသုံးကတ်လီရေ။
နွားစားသရက်ရို့စွာ အမျိုးအစားလိုက်ပြီးကေ အရွယ်အစား ပုံသဏ္ဌာန်အမျိုးမျိုး ဟိကတ်လီရေ။ အငယ်ဆုံးအမျိုးအစားစွာ [[ဆီးသီး]]လောက်ရာဟိပြီးကေ တချို့အမျိုးအစားစွာ
တလုံးလျှင် နှစ်သိုက်ခွဲကျော်လောက်ပင် အလီးချိန်စီးအောင် ကြီးမားရေ။ တချို့အသီးတိစွာ ဘဲဥပုံဖြစ်ပနာ တချို့သည် လုံးဝန်းရေ။ တချို့သည် အရင်းကားလို့ အဖျားရှူးပြီးကေ တချို့ရို့စွာ ရှည်လျားလျား ပုံသဏ္ဌာန် ဖြစ်ကတ်တေ။ များရွီတွက်နန့် အသီး၏အဖျားပိုင်းသည် [[ငှက်နှုတ်သီး]]ပိုင် ခပ်ကောက်ကောက် ဟိတတ်လီရေ။ နွားစားသရက်တိ မှည့်လာကေ အသီးခွံက လှပစွာ ဝါဝင်းလာရေ။ အနံ့လည်း မွှီးလာရေ။ တချို့အသီးမှည့် တိစွာ အနီတပိုင်း အဝါတပိုင်းနန့် တမျိုးတဖုံ လှပကက်လီရေ။ တချို့သရက်မျိုးရို့ကားမှည့်ချိန်ထိတောင် အစိမ်းပုပ်ရောင်ပင် ဟိနီတတ်လီရေ။
အသီးမှည့်၏အထဲသားသည် ဝင်းဝါလို့ပင်ဖြစ်ဖြစ်၊ လိမ်မော်ရောင်ပင်ဖြစ်ဖြစ် ဟိတတ်လို့ နူးနိန်ရေယင်းအထဲသားစွာ ချိုအီးသောအရသာနန့်
တကွချိုမွှီးလို့နီလီရေ။ နွားစားသရက်မှည့်၏အရသာကို တချို့စာဆိုတိက နတ်သုဒ္ဓါနန့်ပင် ခိုင်းနှိုင်းကတ်လီရေ။ မျိုးကောင်းရေ နွားစားသရက်မှည့်၏ အရသာသည်လျှာမာ စွဲကျန်ကာစားရသူမာ နှစ်သိမ့်တင်းတိမ်မှုကိုဖြစ်စီရေ။ [[ဟယ်မီလတန်]]နာမည်ဟိ အနောက်တိုင်းစာရီးဆရာအကျော်
အမော်ကြီးတဦးကကမ္ဘာပေါ်က သစ်သီးတိအနက် အပူပိုင်း ဒေသထွက် နွားစားသရက်မှည့်၏ အရသာသည် နှိုင်းနိူင်းပနာ မရ
လောက်ယောင်ကောင်းလှလီရေဆိုပနာပင်ဖြစ်ဖြစ်၊ အရာ
စာရီးဆရာအကျော်အမင်ာ်တိကလေ့ အသီးဘုရင်ဟုပင်
ပင်ဖြစ်ဖြစ် တင်စားခေါ်ဝေါ်ကတ်လီရေ။ ဗုဒ္ဓစာပီ
ကျမ်းဂန်ဇာတ်နိပါတ်ရို့မာ [[ဟိမဝန္တာ]]မာပေါက်ရောက်သော
အဗ္ဗန္တရနွားစားသရက် သည်အတုမဟိ၊ ထူးမြတ်လှသော
အနံ့အရသာနန့်ပြည့်စုံအတွက်နန့် [[ဝေဿဝဏ်နတ်]]မင်းရို့
သုံးဆောင်ကတ်ကြောင်း ပါဟိရေ။
သရက်ရွက်စွာ နှုတ်ကို မြိန်စီတတ်၏။ ဝမ်းမီးကို တောက်စီတတ်၏ဟုဆိုရေ။ နွားစားသရက် စိမ်းနုစွာ ချိုင်၏၊ အဆီမဟိ၊ ခြောက်သွိ၏။သွီးသည်းချေကို ဖျက်စီတတ်၏။ နှုတ်ကို မြိန်စီတတ်၏။ သရက်နဘန်စွာလေ့ ချိုင်ဖန်အရသာဟိ၏။ နှုတ်ကို မြိန်စီတတ်၏။ နွားစားသရက်စိမ်းခြောက်က ဖန်ချိုင် အရသာဟိ၏။ လီသလိပ်ကို နိုင်၏။ ကျင်ကြီးအစုကိုဖျက်လို့ ဝမ်းကို ရွှင်စီတတ်၏ ဟုဆိုလီရေ။
နွားစားသရက်ပင်မှည့်စွာကြေခဲ၏။ သကြားလုံးမျက်ချိုရသာဟိ၏။ လီကိုအလွန်နိုင်၏။ စဉ်းငယ်သည်းခြီကိုပျက်စေ တတ်၏ ဆိုပနာဆိုလီရေ။ ယင်းအပြင်နွားစားသရက်မှည့်ကိုနယ်လို့ အဖတ်နန့်တကွ သုံးဆောင်လျှင်ပင်ဖြစ်ဖြစ်၊ နွားစားသရက် မှည့်ရည်နန့် နွားနို့ကိုသုံးဆောင်လျှင်ပင်ဖြစ်ဖြစ်၊ ပျားရည်နန့်ဖြစ်စီ၊ ထောပတ်နန့်ဖြစ်စီ ရောလို့သုံးဆောင်လျှင်ပင်ဖြစ်ဖြစ် ရဟိနှိုင်ရေအကျိုးအပြစ်တိကိုလေ့ မြန်မာဆီးကျမ်းတိမာ အကျယ်တဝင့် ဖော်ပြထားပေသိရေ။
အိန္ဒိယဆီးကျမ်းတိ အလိုဖို့ နွားစားသရက်မှည့်သည် အားကိုဖြစ်စီ၏။ စိတ်ချောက်ချားခြင်း၊ အစာမကြေခြင်း၊ ဓါတ်ချုပ်ရို့အတွက်အသုံးပြုနှိုင်ရေ။ မမှည့်သိမ့်ရေ အသီးကို မီးဖုတ်ပနာအသားကို ယူပြီးကေ သကြားနန့်ဖျော်ထားရေ ယမကာကို ပုလိပ်ရောဂါ၊ ဝမ်းရောဂါများဖြစ်ရေအခါ သုံးဆောင်ရရေ။ ယင်းအပြင်တကိုယ်လုံးနှိမ်းထားကေ ထိုရောဂါတိကိုကာကွယ်နှိုင်ရေဟုဆိုရေ။ အသီးမှကေပင်ဖြစ်ဖြစ်၊ အခွံမှကေပင်ဖြစ်ဖြစ် ထုတ်ယူသောအရည်သည် ဆုံစို့နာအစဟိရေ ရောဂါဆိုးတိမာ ချုပ်ဆီးအဖြစ်အသုံး ပြုနှိုင်ရေ။ တချို့အရပ်ဒေသမာ ယင်းအရည် ကို သွီးလွန်ရေအခါ နှိမ်းပီးကတ်လီရေ။
နွားစားသရက်မှည့်လှိုင်လှိုင်ပေါရေအခါ နွားစားသရက်မှည့်ရည်ကို နိန်ခြောက်လှန်းလို့ သရက်ပျိုင်ပြုလုပ်ကတ်တေ။ ယင်းသရက်ပျိုင်စွာ ရီဆာခြင်း၊ အော့အန်ခြင်း၊
လီရီးခြီကိုနိုင်၏။ ပျံ့နှံ့လွယ်၏။ နှုတ်ကိုမြိန်စီတတ်၏။ နီရောင်ဖြင့်ကျက်အတွက်နန့်ကြေလွယ်၏ဟု မြန်မာဆီးကျမ်းရို့မာ ဆိုလီရေ။
မျိုးကောင်းနွားစားသရက်သည် နတ်သုဒ္ဓါနန့် နှိုင်းနိူင်းရလောက်ယောင် အရသာထူးကဲကေလေ့ကပျက်ကလျော် ချိုင်စုတ်စုတ်နန့် ဟိုင်သောအညံ့စား သရက်မျိုးတိလေ့
ဟိလီရေ။ မျိုးကောင်း နွားစားသရက်မှည့်သည် ဇွန်းနန့်ကော်ခပ်လို့ပင်စားနှိုင်လောက်ယောင် အသားနူးနုညက်ကေလေ့ မျိုးညံ့ နွားစားသရက်မှည့်တိစွာ အသားမာ အမျှင်တဗျင်းများလွန်းသနန့် အစားရခက်လီရေ။
နွားစားသရက်မှည့်တိစွာ နွီရာသီစာဖြစ်ကေလေ့ အစားကကောင်းတိကေဝမ်းလျှောတတ်ရေ။ နွားစားသရက် မှည့်ပေါ်ချိန် ယင်ကောင်တိလေ့ အလွန်ပေါတတ်လို့ ကာလနာရောဂါ ဖြစ်ပွားတတ်သနန့် နွားစားသရက်မှည့်ပေါ်ချိန်မာ ကာလနာရောဂါ ဖီးကို သတိထားကတ်ရလီရေ။
အပူပိုင်းဒေသတိမာ သရက်ပင်တိကို အဝှမ်း အမြောက်အမြားတွိရသလောက် အမျိုးအစားလည်းများ ပြားလီရာ နွားစားသရက်မျိုးပေါင်း ၅ဝဝ ကျော်ဟိရေဟု
ဆိုကတ်တေ။ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နန့်မလ္လာယု မော်ရို့ကလေ့ သရက်မျိုးကောင်း မကန်မဝှန် ထွက်လီရေ။
မြန်မာနိုင်ငံမာ သရက်မျိုးကောင်းများစွာဟိရေ။ တချို့သည် တနိုင်ငံလုံးမာ ကျော်ကြားထင်ရှားသောအမျိုးအစားဖြစ်ကေလေ့ တချို့မာမူ ဆိုင်ရာနယ်ပယ်မာရာ ကျော်ကြားကတ်တေ။ တခါတရီ သရက်တမျိုးတည်းပင် တနယ်မာ နာမည်တမျိုးစီဖြင့် ကျော်ကြားနီစွာကို တွိကတ်ရလီရေ။ တနိုင်ငံလုံးမာရာမက အရှိအာသျှတိုက်မာပါ ကျော်ကြားသော မြန်မာသရက်မျိုးရို့မာ မြန်မာနိုင်ငံ အထက်ပိုင်းမှ မန္တလေးနန့် အောက်မြန်မာနိုင်ငံ အောက်ပိုင်းမှ ဆံစုမေ့သရက်ရို့ ဖြစ်လီရေ။ မြန်မာနိုင်ငံအထက်ပိုင်းမှ နာမည်ကျော်အရာသရက်တိမာ ရာဇမတ်၊ အောင်ဒင်နန့် ပလူအိုက်ရို့ ဖြစ်ကတ်တေ။ ဝါဆိုသရက်၊ ရွှီစာရံသရက်ရို့ စွာလေ့ သရက်မျိုးကောင်းတိမာ ပါဝင်ရေ။ အောက်ပိုင်းမာ ဆံစုမေ့အပြင် တလဖက်၊ ဥသျှစ်၊ မချစ်စု၊ ပန်းယတ်ရို့စွာလေ့ နာမည်ကျော်ကြားသော သရက်မျိုးကောင်းတိ ဖြစ်ကတ်လီရေ။ စိုင်သရက်မျိုးကား အသီးနုစိုင်ကပင် အနံ့မွှီးလို့ရို့စားရာမာ ကြွပ်ရေအတွက်နန့်အသီးစိမ်းကို ပိုပြီးကေ နှစ်ခြိုက်ကတ်လီရေ။
အရာ မြန်မာသရက်မျိုးရို့မာ ကောက်ချိတ်၊ ချမ်းသာအိုး၊ ငှက်ပြာ၊ စိမ်းစား၊ ဆင်ပေါင်၊ တလုပ်ထော်တမောက်၊ ပန်းစိတ်ကေသျှေ၊ တောင်စွန်းရင်ကွဲ၊ ထိပ်နီ၊ ထိပ်ပေါက်၊ ထိပ်လုံး၊ မနော်နွယ်၊ ပါးနီ၊ပျို့တငုံ ၊မင်းကြီး၊ မေတော်လက်သည်း၊ မရမ်းကြောင်၊ မိကျောင်းခေါင်း၊ မျိုးက်ခေါင်း၊ ရင်ကွဲ၊ ရီနံ၊ ရီဝင်၊ရွှီပေ၊ ရွှီလက်ရုံး၊
ရွှီလက်ဝါး၊ ရွှီလောက်စာ၊ ဝက်ခေါက်၊ သကြားဩဇာ၊ သရက်ညို၊ သရက်နီ၊ ငရက်ဖြူ၊ သလပ်ညို၊ သလပ်ဖြူ၊ ညိုကြီး၊ သုံးနှစ်၊ အစိစုတ်၊ အိုးတုတ် အစဟိစွာရို့ပင်တည်း။ အိန္ဒိယနိုင်ငံမှသရက်မျိုးရို့ကိုလေ့ မျိုးယူစိုက်ပျိုးကတ်ရာ ထိုသရက်မျိုးရို့ကို ဗင်္ဂလားဟုခေါ်ကတ်တေ။ ဗင်္ဂလား သရက်မျိုးပေါင်းလည်း မကန်မဝှန်ဟိလီရေ။
သရက်ပင်မျိုးတိကို မြန်မာနိုင်ငံမာများရွီတွက်နန့် အစိကိုပျိုးလို့စိုက်ပျိုးကတ်တေ။ နွားစားသရက်မာ အစိ တစိတည်းပါဟိရေ။ အစိခွံအိမ်သည် ခပ်ပြားပြားပုံသဏ္ဌာန်ဖြစ်ပနာ အမျှင်တိလေ့ဟိလီရေ။ အစိမှအပင်တိပေါက်လွယ်ကေလည်း မျိုးကောင်းရေ အစားထဲက ကောင်းဘီယက် နွားစားသရက်အစိကိုပျိုးနိုင်မှကျကေ မူလအသီး၏ အရသာ ကိုမှီနှိုင်ရေ။ ယင်းအပြင်အသားနွှင်ပြီးစ အစိကိုပျိုးမှကျကေ အညှောက် ထွက်ကောင်းလီရေ။
အိန္ဒိယနန့်အခြားသော အပူပိုင်းဒေသနိုင်ငံများမာ သရက်ကို ကိုင်းကူးခြင်း (ပင်မကြီးကူးခြင်း) ဖြင့်စိုက်ပျိုးကတ်တေ။ ယင်းနည်းစွာ အစိစိုက်ခြင်းထက်ပိုပြီးကေ အကျိုးကျေးဇုများရေ။ အစိစိုက်သရက်ပင်က သျှစ်နှစ်ခန့်ကြာမှ အသီးသီးပြီးကေ ကိုင်းစိုက်ပင်စွာ လေးနှစ်နန့် အသီးသီးနှိုင်ရေ။ အစိစိုက်အပင်စွာ ကိုင်းစိုက်ပင်နန့် နှိုင်းစာကေ အသီး နည်းရေလို့လေ့ဆိုကတ်တေ။ ယင်းအပြင် ကိုင်းစိုက်ပင်စွာ အစိစိုက်အပင်ထက် မူလပင်မ၏ အသီးအရသာအတိုင်း ရဟိစီနှိုင်ရေလို့လေ့ ဆိုကတ်လီရေ။ အစိစိုက်ပင်တိကို ပျိုးခင်းမှ ရွှိပြောင်းကေ အနက်သုံးပေ၊ အကျယ်သုံးပေဟိရေ တွင်းကိုတူးလို့ မြီဩဇာ ထည့်ပြီးမှ အပင်ပေါက်ကိုပြောင်းစိုက်ရရေ။ မိုးခါသားအခါမာရာ အပင်ပြောင်းရွိသင့်လီရေ။ စိုက်ခင်းမာ တပင်နန့်တပင်ကို ၂၆ ပေမှ ပေ ၃ဝအထိကွာခြားစီရေရေ။ မြီကောင်းရေ နီရာမျိုးဖြစ်ကေ ၃၂ ပေထက်ပင် ပိုပြီးကေ အလှမ်းကွာပီးရရေ။ ကိုင်းစိုက်ပင်တိကို ပေ ၃ဝ ခန့်ကွာခြားလို့ စိုက်ရလီရေ။
သရက်ပင်၏အခေါက်က ညိုမှိုင်းမှိုင်းအရောင်ဟိပြီးကေ အသားက ညိုမွဲမွဲဖြစ်လီရေ။ အသားစွာ အတော်အသင့်မာပနာခိုင်ခံ့ရေ။ စိကေချေကြမ်းတမ်းသနန့် ချောမွတ်အောင်ပြုလုပ်ဖို့ ခဲယဉ်းရေ။ လီဟပ်ခံလို့ အသားသီယောင်ပြုလုပ်ဖို့ မခဲယဉ်းကေလေ့ အယင့်ယင် မယူမခံပါက အရောင်ပြောင်းလား တတ်ရေ။ သရက်သားကို အိမ်အဆောက်အအုံ၊ ဆောင်းဒူ၊ လောင်း၊ စက်သီး ၊လောင်းတက်၊ ရီစည်အစဟိစွာရို့ပြုလုပ်ရာမာ အသုံး ပြုနှိုင်ရေ။ ယင်းအပြင် မီးဂြုတ်အိမ် ပြုလုပ်ဖို့အတွက်လေ့ သရက်သားကို အသုံးပြုကတ်တေ။ လောင်းလှီတိကိုလေ့ သရက်သားဖြင့်ပြုလုပ်ကတ်တေ။ သရက်ပင်အခေါက်မှအစီးတမျိုးကို ဆိုးဆီးမာ အသုံးချနှိုင်ကြောင်း သိဟိရလီရေ။
တနင်္သာရီတိုင်း သောင်းရင်းနယ်မာ သရက်မျိုးဝင် ဖြစ်ကတ်သော တောင်သရက်၊ သရက်စမ်း၊ သရက်ကင်း၊ သရက်ကန်၊ သရက်လည်ဟုခေါ်သော အပင်တိဟိသိရေ။ ယင်းရို့စွာအန်နကားဒီယေးစီအီးမျိုးရင်းဝင်ဖြစ် ကေလေ့ မျိုးစိတ်ကွဲပြားခြားနားရေ။ [[ဆင်နင်းသရက်ပင်|ဆင်နင်းသရက်]]စွာလေ့
သရက်တမျိုးပင်ဖြစ်ပနာ နွားစားသရက်လို့လေ့ ခေါ်ဝေါ်ကတ်လီရေ။
ယင်းအပြင် [[သီဟိုဠ်သရက်]]စွာလေ့ အရာသရက်ပင်တိနန့် မျိုးရင်းတူဖြစ်ကေလေ့ မျိုးစိတ်ကွဲပြားလီရေ။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
<ref>my.wikipedia.org</ref>
== ကိုးကား ==
[[ကဏ္ဍ:အပင်တိ]]
ttx0t48rk18gu48w00sif4ykv3xj2il